07/03/14

တုတ်ဓားကိုင်ရမ်းကားနေသူကိုတွေ့ ရစဉ်
လမးမပေါ်ရှိတုတ်ဓားကိုင်ရမ်းကားသူလူနှစ်ယောက်ကိုတွေ့ ရစဉ် ဓာတ်ပုံ - ဧရာဝတီ
၂၇လမ်း၊ ၃၅လမ်းတဝိုက်ရှိ ဗလီများကို ယနေ့ည မီးတင်ရှို့မည်ဆိုသည့် သတင်းများပြန့်နေချိန် ပုသိမ်ကြီးမြို့နယ် မပါ ကျန်မြို့နယ် ၆ခုဖြစ်သည့် အမရပူရ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ အောင်မြေသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်တို့တွင် ည ၉နာရီမှ မနက် ၅နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို အာဏာပိုင်များ ထုတ်ပြန်လိုက်သည်။

မိတ္ထီလာရှိ တပ်မ ၉၉ အား မန္တလေးမြို့သို့ စေလွှတ်နေကြောင်း Yangon Time က ဖော်ပြခဲ့သည်။ မန္တလေး ဆန်းကဖေးတွင် ဇူလိုင် ၁ရက်နေ့ညမှစတင်ကာ ဘာသာရေး၊ လူမျိုးရေးအခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဒုတိယမြောက်နေ့တွင် လူ ၂ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး တတိယမြောက်နေ့တွင် တစ်မြို့လုံး ကောလဟာလများ ပြန့်နှံ့နေပြီး အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုကျောင်းများရှိသည့် ၂၇ လမ်း (၈၁မှ ၈၃လမ်းကြားထိ)နှင့် ၂၈ လမ်း (၈၁မှ ၈၃ လမ်းအထိ) လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားသည်။

မန္တလေးမြို့မှာ ဇူလိုင် ၂ရက်နေ့ ညသန်းခေါင်ကနေ ဇူလိုင် ၃ရက်နေ့မနက်အထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ ၈ကြိမ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၂ဦးသေဆုံးပြီး ၁၄ယောက် ဒဏ်ရာရခဲ့တယ်လို့ တိုင်းလုံခြုံရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

ဆိုင်ကယ်စီး လူတစ်စုက ဈေးဆိုင်တွေ၊ နေအိမ်တွေကို မီးတင်ရှို့ဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ပြီး မနက် ၄နာရီမှာ လူစုကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ အမျိုးသားနှစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်နဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက်တို့ဖြစ်ပြီး အကြမ်းဖက်သူ ၄ယောက်ကို တော့ ဖမ်းဆီးမိထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့သူနှစ်ဦးဟာ ၈၃ x ၃၄လမ်းနဲ့ ၈၃ x ၂၉လမ်းထောင့်တွေမှာ လူအုပ်ကြီးရဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဒီမနက်ပိုင်း အခြေအနေတွေ တည်ငြိမ်စ ပြုနေပြီဆိုပေယ့် ရဲတပ်ရင်း ၂ဝနဲ့ လုံခြုံရေးကို အထူးတင်းကြပ်ထားတယ်လို့ မန္တလေးတိုင်း အစိုးရက ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောပါတယ်။
မဘသ အဖွဲ့နဲ့ အခုအကြမ်းဖက်တိုက်ခိုက်မှုတွေ လုံးဝမဆိုင်ဘူးလို့ ဦးဝီရသူက ပြောဆိုခဲ့ပြီး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ကြေညာချက်ထုတ် ပြောဆိုခဲ့ပါတယ်။

ဂဠုန်နီဆရာတော်ဦးဆောင်ပြီး အခြေအနေတွေကို ဝင်ရောက်ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာ NLD အမတ် ဦးဝင်းထိန်က ရဲတပ်ဖွဲ့တွေဟာ မဆိုင်တဲ့ကိစ္စတွေကို ဝင်လုပ်နေလို့ အခြေအနေတွေ ထိန်းမရဖြစ်တာလို့ BBC ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။

မန္တလေးမှာ အဓမ္မပြုကျင့်မှုနဲ့ဆိုင်တဲ့ ရဲတိုင်တန်းချက်ကို သစ်ထူးလွင် Blog ကနေ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုဆီ ဦးတည်တဲ့ သွေးထိုးလှုံ့ဆော်တဲ့ အရေးအသားတွေကြောင့် ဇူလိုင် ၁ရက်နေ့ညမှာ ပဋိပက္ခတွေ စတင်ခဲ့ရတယ်လို့ သတင်းမီဒီယာတွေက သုံးသပ်ခဲ့ပေမယ့် သစ်ထူးလွင်ထူထောင်သူ ကိုဒီက သူတို့အနေနဲ့ စိတ်မကောင်းဖြစ်ကြောင်းသာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Kamayut media



Aungmyo Tun's Facebook Status
ဇာတ်အဆုံးမှာတော့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်နှစ်ယောက်စလုံး “စောင့်ကြည့်ရမှာပေါ့” ဆိုတာနဲ့ အဖျားရှူးသွားကြပါတယ်။ ANP ဒု-ခေါင်းဆောင် Dr အေးမောင်က “စောင့်ကြည့်ရင်တော့ ပြည်သူ့ ဘက်က စောင့်ကြည့်ရမှာပေါ့၊ သူပြောတဲ့စကားတွေ၊ သူ့ ရဲ့ ဆောင်ရွက်ချက်တွေက သမိုင်းမှာ ကျန်ခဲ့လိမ့်မယ်”လို့ ပြောဆိုခဲ့သလို “ကျနော်တို့ မှာ စောင့်ကြည့်ရမယ့်တာဝန်ရှိပါတယ်။ တကယ်ဘဲ ရခိုင်ပြည်သူတွေရဲ့ အကျိုးကို ဘယ်လောက်အထိ လုပ်မလဲ၊ မလုပ်ဘူးလဲ ဆိုတာကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ မှာ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ့်တာဝန်ရှိပါတယ်” ဆိုပြီး ANP ပ-ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ရခိုင်ဝန်ကြီးချုပ် အသစ်ချပ်ကျွတ်လေး ဗိုလ်မောင်မောင်အုန်းအပေါ် လေသံတူ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဇွန်လ ၂၇ ရက်နေ့ အထိ ကန့် ကွက်မယ့်အမတ် တယောက်တလေမျှ ထွက်မလာလို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့လူ ဗိုလ်မောင်မောင်အုန်းဟာ ပြဿနာပေါင်းစုံအောက်မှာ သပွတ်အူလိုက်နေတဲ့ ရခိုင်ပြည် ၀န်ကြီးချုပ်ရာထူးကို ၂၀၀၈ ဖွဲ့ စည်းပုံ အခြံအရံနဲ့ ဆင်စီးမြင်းရံကာ လေတချွန်ချွန် ဒူးတနန့် နန့် တက်ထိုင်ဖို့  သေချာသွားပါပြီ။ စစ်ယူနီဖောင်းချွတ်စရာ လို၊မလို ပိတ်ကားထက် မျှော်ရပါဦးမယ်။ ဒီအဆင်အတိုင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ဇော်မင်းလည်း စစ်အမတ်ဘ၀ကနေ ပုဆိုးတိုက်ပုံနဲ့ ခေါင်းပေါင်း စွတ်ဝတ်ပြီး အရေခွံလဲခဲ့ဖူးပါတယ်။ ဒါ့အပြင် နုတ်ထွက်သွားခဲ့တဲ့ ရခိုင်ဝန်ကြီးချုပ်ဟောင်း လှမောင်တင်ဟာလည်း စစ်တပ်မှာ ဗိုလ်မှူးကြီးအဖြစ် အမှုထမ်းရွက်ခဲ့ဖူးသူပါ။ လှမောင်တင်က ရခိုင်လူမျိုးဖြစ်ပြီး အခုဝန်ကြီးချုပ်သစ်က ရခိုင်မဟုတ်တဲ့အချက်မှာသာ ကွာခြားပါတယ်။ တပ်ထဲမှာ ရခိုင်တိုင်းရင်းသားထဲက ဗိုလ်ချုပ်အဆင့်နဲ့ အထက်ရှိသူ မျိုးပြုန်းသွားမှုကြောင့် ရခိုင်ဗိုလ်ချုပ်တယောက်ကို ခန့် ထားနိုင်ခြင်းမရှိတာလား မေးခွန်းထက် စစ်တပ်ဘက်က အရာရှိကြီးများသာ ရခိုင်ပြည်နယ်ရဲ့  အာဏာအရှိဆုံးရာထူးကို လက်ဆင့်ပြောင်းယူနေကြတာဟာ ဗမာပြည်မှာ စစ်ကြီးစိုးရေးဝါဒ လွှမ်းမိုးချယ်လှယ်နေဆဲဆိုတာ လက်ညှိုးထိုးပြစရာ သာဓကတခုဖြစ်လာပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကြံ့ဖွံ့ အမတ် ၀န်ကြီးချုပ် လှမောင်တင် တာဝန်မှ နုတ်ထွက်တဲ့ ကြေညာချက်၊ ထိုနေ့ မတိုင်မီ တရက်စောပြီး ပြည်ထောင်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို စစ်ဘက်မူလတာဝန်သို့ ပြန်လည်ထမ်းဆောင်စေတဲ့ ကြေညာချက်၊ ဇွန် ၂၀ ရက်နေ့ စွဲနဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ဗိုလ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် စစ်အမတ်အဖြစ် နေရာယူပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တို့ ဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာကြောင့် ဗိုလ်တင်အေး၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်သိန်းစိန်တို့  သုံးဦးသုံးဖလှယ်ဟာ ဒီကိစ္စမှာ နားလည်မှုရှိရှိ အပေးအယူတည့်စွာ စီမံဆောင်ရွက်သွားကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့ မဟုတ်တဲ့ ရခိုင်လူမျိုး နိုင်ငံရေးသမားတွေဘက်က တက်လာနိုင်တဲ့ ဆန့် ကျင်အော်ဟစ်သံများကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ရေပက်မ၀င် ထောင့်စေ့စွာ ခုခံပြင်ဆင်ထားခဲ့ပါတယ်။ စစ်အုပ်စုဘက်က ခန့် အပ်လိုက်တဲ့ ရခိုင်ဝန်ကြီးချုပ်ကို မလိုလားပါက ဇွန်လ ၂၇ ရက် နောက်ဆုံးထားပြီး ချက်ကျလက်ကျ ကန့် ကွက်ဖို့  ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ အထိ ကန့် ကွက်စာရင်းပေးသွင်းမယ့် အမတ်များ ထွက်မလာတာကြောင့် ဒီကနေ့ (၃၀. ဇွန်. ၂၀၁၄)မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကနေ ကာချုပ်လူ ဗိုလ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် တညီတညွတ်တည်း တင်မြှောက်ပါတော့တယ်။

ဗိုလ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်ခန့် အပ်ဖို့  သမ္မတ ဗိုလ်သိန်းစိန်ရဲ့ အမိန့် ဒီဂရီ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌထံ ရောက်ရှိပြီးတဲ့နောက် ဇွန်လ ၂၅ ရက်နေ့ မှာ လွှတ်တော်တွင်းက အမတ်များအားလုံး သိရှိစေနိုင်ရန် လွှတ်တော်အစည်းအဝေးကို အရေးပေါ် ခေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မတိုင်မီ ဇွန် ၂၃ ရက်မှာ ဦးအေးသာအောင်နဲ့ Dr အေးမောင်တို့ ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသားပါတီက ကြေညာချက်တစောင် လူသိရှင်ကြား ထုတ်ပြန်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လုပ်မယ့်သူမှန်သမျှဟာ (၁) ရခိုင်တိုင်းရင်းသားထဲက ဖြစ်ရမယ် (၂) ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အမတ်ဖြစ်ရမယ် (၃) ဒီမိုကရေစီစနစ်သာ ကျင့်သုံးမယ်ဆိုရင် ရခိုင်လွှတ်တော်ထဲမှာ နေရာအများစု ပိုင်ဆိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီထဲကသာ ဖြစ်သင့်တယ်ဆိုတဲ့ အချက် ၃ ချက် ပါဝင်ခဲ့ပါတယ်။ ဗိုလ်မောင်မောင်အုန်းကိစ္စ ပွဲကြီးပွဲကောင်းနဲ့ လိပ်ခဲတည်းလည်း ဖြစ်လာဟန်ရှိချိန်မှာ ရခိုင်ဒေသအတွင်းက ပြည်သူတချို့ ရဲ့ ဝန်ကြီးချုပ်သစ်အပေါ် သံပုံးတီး တောနှင်ထုတ်တဲ့ လှုပ်ရှားမှုတချို့  ပေါ်ခဲ့ပါတယ်။ နိုင်ငံရေး အကဲခတ်သူများကလည်း ရခိုင်ကိစ္စ ဘယ်လို အဆုံးသတ်လေမလဲ ဆိုပြီး စိတ်ဝင်တစားအရှိန် မြင့်တက်လာခဲ့တယ်။

ဒီလိုနောက်ခံအခြေအနေမှာ ဇွန်လ ၂၆ ရက် ရန်ကုန်မြို့  MPC မှာ ပြုလုပ်သွားတဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ ရခိုင် ရပ်မိရပ်ဖများ အပါအ၀င် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ၊ မစ္စတာ နမ်ဘီးယားတို့ နဲ့ တွေ့ ဆုံပွဲအပြီး ရှင်းလင်းပွဲတခုမှာ ဗိုလ်မောင်မောင်အုန်းက ရခိုင်မဟုတ်ပေမယ့် ရခိုင်စိတ်ဓာတ်မွေးပြီး ရခိုင်ဒေသအကျိုးကို အိတ်သွန်ဖာမှောက် လုပ်ပေးပါ့မယ်ဆိုတဲ့ လေလုံး လွှင့်ထုတ်ကာ ၀န်ကြီးချုပ်အရေး ကဂျီကဂျောင် ထဖောက်သူတွေကို ပျားရည်နဲ့ ဝမ်းချ ကျောသတ်လိုက်ပါတယ်။ စစ်ကဲကြီးများတာဝန် ယူခဲ့သူတွေသာ ပြည်ထောင်စုတွင်းက မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသလိုနေရာမှာ အုပ်အုပ်စီးစီးနဲ့ တည်ငြိမ်တိုးတက်အောင် စွမ်းဆောင်နိုင်ပါတယ်ဆိုတဲ့ အမြင်မျိုးကို စစ်ကြီးစိုးရေးဝါဒ သွတ်သွင်းတဲ့သဘောနဲ့  ထုတ်ပြောခဲ့တာဖြစ်ပြီး အနာဂတ် ဗမာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ “တာ”သွား ထိရောက်မှု ရှိနေဦးမယ်လို့  အချက်ပြလိုက်တာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုဘက်က သူတို့ လုပ်ကိုင်ရမယ့် စီမံချက်များကို စစ်ကျွန်ဖွဲ့ စည်းပုံ အားကိုးနဲ့  တစိုက်မတ်မတ် ရှေ့ တိုးလုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

ဗိုလ်မောင်မောင်အုန်းနဲ့  ရခိုင်တိုင်းရင်းသားများပြဿနာမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များရဲ့  အတိုက်အခံလုပ်ရပ်များဟာ အဆံမပါတဲ့ သင်္ကြန်အမြှောက်နဲ့ တူလှပါတယ်။ Dr အေးမောင်နဲ့  ဦးအေးသာအောင်ဟာ နိုင်ငံရေးဝမ်းစာ မပြည့်ဝသူတွေ မဟုတ်ပါ။ နိုင်ငံရေး အင်မတန် ပါးနပ်ပြီး လည်ဝယ်ကြသူများ ဖြစ်ပါတယ်။ ANP က ထုတ်ပြန်လိုက်တဲ့ အချက် ၃ ချက်ပါ သဘောထားဟာ နိုင်ငံရေးအရ အတိုက်အခံ “တန်း”တခုဆီ တွန်းပို့ နိုင်ခဲ့တာဖြစ်လို့  စံမီပြီး ဟန်ကျတဲ့လုပ်ရပ်လို့ မြင်ပါတယ်။ ဒါပေမယ့် မိမိတို့ ရဲ့  ထုတ်ပြန်မှုကို တဘက်က လိုက်လျောလိုမှုမရှိ၊ ရခိုင်ဝန်ကြီးချုပ်နေရာမှာ ကာချုပ်လူတယောက်ကို မဖြစ်မနေ ခန့် အပ်မယ်လို့ ရှေ့ ဆက် ဇွတ်တိုး လုပ်လာခဲ့ရင် နောက်တဆင့် Plan B အနေနဲ့  ဘာလုပ်ကြမလဲ ဆိုတာ အရန်သင့်ရှိထားဖို့  လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဥက္ကဌလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ၂၀၀၈ ဖွဲ့ စည်းပုံကို လေးစားလိုက်နာ ကာကွယ်ပါ့မယ် ဆိုပြီး ကတိက၀တ် အခါခါပြုထားတဲ့၊ ရခိုင်လူမျိုးများ ဦးဆောင်တဲ့ပါတီတွေအနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံစာအုပ်ထဲက ဥပဒေ ပုဒ်မများကို အလွတ်နီးပါး ကျေညက်ထားပြီးနေမှာပါ။ ဒါကြောင့်လည်း စစ်အုပ်စုဘက်က ဗိုလ်ချုပ်တယောက်ကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ဆက်သမယ့် အရိပ်အယောင်ကို ကြိုတင် တွက်ဆပြီးသားဖြစ်ပါလိမ့်မယ်။ ဖွဲ့ စည်းပုံ ခြေမန်းကွင်းမှာ ထူးခတ်မိနေရှာတဲ့ သူတို့ အဖြစ်ကိုလည်း သိကြမှာပါ။ ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့ အမတ် ၁၄ ဦး၊ စစ်အမတ် ၁၂ ဦး ရှိပြီး ၂ အုပ်စုပေါင်းဟာ ၂၆ ဦး ရှိကြလို့  ANP အမတ် ၁၈ ဦးထက် များစွာ သာလွန်နေတဲ့အတွက် ဖွဲ့ စည်းပုံအရ မဟုတ်ဘဲ သဘောချိုစွာနဲ့  “ကဲ.. ရခိုင်လွှတ်တော်မှာ မဲခွဲကြစို့ ” ဆိုရင်တောင် မရှုမလှ ရှုံးကြမယ့်ပုံ ရှိပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ANP ခေါင်းဆောင်တွေ ကောင်းကောင်း ကြိုမြင်ပြီးဖြစ်လျက်နဲ့  ဇွန်လ ၂၃ ရက် ရက်စွဲနဲ့  ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ပေါ်ထွက်လာတာဟာ ဘာကြောင့်လဲဆိုတာ နားလည်ရခက်ပါတယ်။

ဗိုလ်မောင်မောင်အုန်းတယောက် သူ့ လက်ထက်မှာ ရခိုင်ဒေသကို မိုးပျံမတတ် ကောင်းမွန်သွားအောင် လုပ်နိုင်ခြင်း ရှိ၊ မရှိဆိုတာ ရခိုင်အပါအ၀င် တိုင်းရင်းသားများပေါင်းစုံ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ သာတူညီမျှခွင့်တူရရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီပြည်ထောင်စုစနစ် ဖော်ဆောင်ရေး ပန်းတိုင်များနဲ့  စပ်လျဉ်းမှု မရှိပါ။ စစ်ကြီးစိုးရေးဝါဒ အခြေကျခိုင်မြဲအောက်မှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်းသည်သာ ဗမာတပြည်လုံးရဲ့  ထွက်ရပ်လမ်းမှန် ဖြစ်ပါတယ်။ ANP ပါတီက ထုတ်ပြန်ခဲ့တဲ့ သဘောထားမှာ ဒီထွက်ရပ်လမ်းရဲ့ အနံ့ အသက်နဲ့  လှုပ်ရှားမှုတွေ လွှမ်းခြုံနေတာကို သတိပြုမိလောက်အောင် ပေါ်လွင်နေပါတယ်။ ဒါကြောင့်လည်း စစ်ဖိနပ်အောက်မှ ကွင်းလုံးကျွတ် လွတ်မြောက်လိုတဲ့၊ ရခိုင်လူမျိုး မဟုတ်တဲ့ ရဟန်းရှင်လူ ပြည်သူတွေဘက်က ANP ရဲ့  အချက် ၃ ချက်ပါ သဘောထားကို “မိမိတို့ အရေး”လို့ မှတ်ယူကာ သည်းသည်းလှိုက်လှိုက် ထောက်ခံအားပေး ဓားသွေးထားခဲ့ကြပါတယ်။ စစ်အုပ်စုက အလျှော့မပေး၊ ရှေ့ တိုး ဆက်လုပ်မယ် ဆိုလာခဲ့ရင် ရခိုင်ပြည်နယ် လွှတ်တော်ထဲက ANP ပါတီအမတ်တွေအားလုံး လက်ကျန်သက်တမ်း ၁ နှစ်ကျော် ကာလအတွင်း လွှတ်တော်ကို ဆက်မတက်ဘဲ တယောက်မကျန် ညီညီညွတ်ညွတ်နဲ့  လွှတ်တော်ကို သပိတ်မှောက်၊ လွှတ်တော်ကို စွန့် ခွာထွက်လာ၊ “ဒါမရရင် ဒါကိုလုပ်မယ်” ဆိုတဲ့ အဆင်ဒီဇိုင်းများ တက်လာလေမလားလို့ တွက်ဆ မျှော်လင့်ထားကြတာပါ။

ဒါပေမယ့် “စောင့်ကြည့်ရမှာပေါ့”နဲ့  တုံးတိတိ ကိစ္စပြတ်သွားရတာကြောင့် ဟာခနဲ ဖြစ်ကုန်ကြတယ်။ နောင်အခါ ပေါ်ထွက်လာဦးမယ့် အတိုက်အခံ လှုပ်ရှားသူများရဲ့ ထစ်ချုန်းသံများအတွက်လည်း ချီတုံချတုံ ဖြစ်လာရပါပြီ။ နည်းနာပြောင်းလဲမှုကို လက်ခံနိုင်စရာရှိပေမယ့် မူဝါဒ ဗွက်ပေါက်ခြင်းဟာ နိုင်ငံရေးအဖွဲ့ အစည်းတခုရဲ့ ရှေ့ အလားအလာအတွက် ကောင်းကျိုးထက် ဆိုးကျိုးဆီကိုသာ ဦးတည်စေပါတယ်။

လူယုတ်မာတွေ နဖူးမှာ ချို ပေါက်မနေဘူး ဆိုတာ သတိထားကြပါ
----------------------------------------------------------------------------
မနက်ကတင်ပဲ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက် ကြေညာချက် အမှတ်၅/၀၇ရ၁၄ကို ဦးကြည်တိုးထံမှ ရရှိတဲ့အတွက် တင်ပေးခဲ့ပါတယ် ။

အဲဒီကြေညာချက်ကို
မန္တလေးဖြစ်ရပ်ကြေညာချက်ကို စာသားများပြောင်းပြီး အွန်လိုင်းမှာတင်ထားတာတွေ့ရပါတယ်။
အလွန်အောက်တန်းကျကျ တိုက်ခိုက်ချင်တဲ့ စိတ် နဲ့ ပြုလုပ်တယ်ဆိုတာ ထင်ရှားလှပါတယ် ။

မန္တလေးဖြစ်ရပ်ကို ဘယ်သူတွေက မီးမွှေးတယ် ၊ ဘယ်သူတွေက ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ကြီးမားလာစေချင်ပြီး တိုင်းပြည်ကို ဘယ်လို ချောက်ထဲဆွဲချချင်တယ် ။ ဘယ်သူက ကယ်တင်ရှင်လုပ်ချင်တယ် ဆိုတာ စဉ်းစားဆင်ခြင်တတ်သူ နိုင်ငံသားတိုင်း အသိဖြစ်ပါတယ်

အဲဒီသူတွေဟာ သူတို့ရည်ရွယ်ထားသလို ပဋိပက္ခတွေ အကြီးအကျယ် မဖြစ်အောင် မန္တလေးက မြို့သူမြို့သားစစ်စစ်တွေ တက်ညီလက်ညီ ၀ိုင်းဝန်းဟန့်တားခဲ့တာ
ဒေသအသီးသီးက အသိညဏ်ရှိသူတွေက ၀ိုင်းဝန်း အသိပေးခဲ့ ဟန့်တားခဲ့ကြတာတွေကြောင့်
အကျယ်အကျယ်မဖြစ်ခဲ့ရတာကို ကြိတ်မနိုင်ခဲမရဖြစ်သွားပုံရပါတယ်

NLD ကို အောက်လမ်းနည်းနဲ့ ပေါ်ပေါ်ထင်ထင် အောက်တန်းကျကျ တိုက်ခိုက်တာကတော့ အရှင်းသားကြီးပါ

ပြည်သူများကို သတိပေးချင်တာကတော့ ခင်ဗျား တို့ ကျနော်တို့အတွက် ဒါတွေက အဆုံးမဟုတ်သေးပါဘူး ၊အာဏာကို လက်မလွှတ်ချင်တဲ့သူတွေက အမျိုးမျိုး ကောက်ကျစ်ဦးမှာပါ ၊ အာဏာရှင်တွေရဲ့ ပေးစာကမ်းစာကို စားနေတဲ့ သူတွေကလည်း အဖုံဖုံယုတ်မာဦးမှာပါ

အဲဒီအချက်ကို အမြဲသတိရှိကြလို့ တိုက်တွန်းလိုက်ပါတယ် ။ ကြေညာချက် အတုနဲ့ အစစ်ကိုလည်း ပူးတွဲတင်ပေးလိုက်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်၍ အရေးကြီးအကြောင်းအချက်များကို ပာရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား

၁။ ဦးဥာဏ်ဝင်း ၀၉-၅၁၇၉ ၂၄၇
၂။ ဦးဝင်းမြင့် ၀၉-၄၃၁၄ ၀၉၈၀

ထင် လင်း ဦး

လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများအား ရှောင်ရှားနိုင်ရန်အတွက် -

- ပြောတာ ကြားတိုင်း၊ မြင်တာ ဖတ်ရတိုင်း ချက်ချင်း အလွယ်တကူ မယုံကြည်ပါနှင့်။

- မိမိ မျက်စိဖြင့် တပ်အပ်မမြင်နိုင်သည့်အပေါ်ကောက်ချက်ချ ဝေဖန်သုံးသပ်မှုမျိုး မပြုလုပ်ပါနှင့်။

- မိမိကိုယ်တိုင်ကိုယ်ကျ မသိနိုင် မမြင်နိုင်သည့် သတင်းများအပေါ် ခိုင်လုံမှု မရှိဘဲ မိမိမှတစ်ဆင့် ထပ်မံ မဖြန့် ချီပါနှင့်။

ပဋိပက္ခဘေးရန် ကာကွယ်ရန် -

- မိမိ၏ ဒေါသစိတ်အား အရင်ဆုံး မိမိဖာသာ ဦးစွာ ထိန်းသိမ်းပါ။

- မိမိနှင့် နီးစပ်သူအား မိမိကိုယ်တိုင်က အားပေးအားမြောက် မပြုလုပ်ဘဲ၊ စဉ်းစားဆင်ခြင်နိုင်ရန်နှင့် အချိန်ယူ စုံစမ်းနိုင်ရန် ဖြောင်းဖြပါ။

- ပဋိပက္ခပိုမို ကြီးထွားစေရန် နှစ်ဘက်အစုတွင် ပါဝင် ပြောဆိုနေကြသူ ဖန်တီးနေကြသူများကို မည်သူမည်ဝါ ဖြစ်သည်ကို လေ့လာဆန်းစစ်ပါ၊ အထောက်အထားနှင့်တစ်ကွ မှတ်တမ်းရယူထားပါ။

- မည်သည့် အကြမ်းဘက်မှု မဆို၊ မည်သည့် အကြမ်းဘက်သမားမဆို တရားဥပဒေအရ အရေးယူနိုင်စေရန်ကိုသာ ဦးတည်ပါ။

မိမိကိုယ်ကို အကြမ်းဘက်သမားအဖြစ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ မဖြစ်မိစေရန် သတိထားပါ။
Nik Nayman facabook

ရန်ကင်း၊ ဆယ့်နှစ်လုံးတန်းမှတ် တိုင်တွင် ဘီအမ်ကားတစ်စီး လမ်း လယ်တွင်ရပ်ကာ လူအတင်အချလုပ် သည်။ ကားပေါ်မှဆင်းလာသော အ သက် ၂၆ နှစ်အရွယ် မိန်းကလေး တစ်ဦး လမ်းလယ်တွင်ပင်ဆင်းလိုက် သည်။ ထိုစဉ်တွင် နောက်ကားတစ် စီးက အောက်ကြောမှ အရှိန်ပြင်းပြင်း ဖြင့် မောင်းလာကာ ကောင်မလေး အနီး တစ်ပေခန့်အကွာမှ ဖြတ်သွား သည်။ ထိုကောင်မလေးယိုင်ပြီး လဲ မလိုဖြစ်သွားသဖြင့် သူဆင်းခဲ့သည့် ကားပေါ်မှ စပယ်ယာက ဖမ်းဆွဲထား လိုက်ရသည်။

“ရှေ့တစ်လှမ်းတိုးမိရင် သေမှာ ပဲ” ဟု ထိုကောင်မလေးက ညနေ ပိုင်းတွင် ပြန်ပြောပြသည်။
ရန်ကုန်မြို့တွင် ထိုကဲ့သို့သော အဖြစ်အပျက်တို့သည် အဆန်းမဟုတ် တော့။ လူတိုင်း နေ့စဉ်နီးပါး ကြုံတွေ့ နေရသည်။ ကားဖြင့် တိုက်မိလျှင်သာ အဆန်းဖြစ်တော့သည်။

ဖေဖော်ဝါရီ ၁ ရက်က ကမ်းနား လမ်းတွင် လမ်းမရှင်းသေးသဖြင့်လမ်း လယ်တွင်ရပ်ကာ စောင့်နေသူတစ်ဦး ကို ဆယ်ဘီးကားက ဖြတ်တိုက်လိုက် သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေ သည်။ အသက် ၅၃ နှစ်အရွယ် လူ ပျိုးကြီးဖြစ်သည်။ နောက်တစ်နေ့တွင် ဆယ်ဘီးကားမောင်းသူ ကိုယ်တိုင် ဆွေမျိုးများရှိရာသို့လိုက်လာပြီး သိန်း ငါးဆယ်ပေးသည်။ ဆယ်ဘီးကား မောင်း အိပ်ငိုက်သွားသဖြင့် ယခုလို လမ်းလယ်တွင် ရပ်နေသူကိုတိုက်မိ ခြင်းဖြစ်ကြောင်းပြောသည်။ လူတစ် ယောက်၏ အသက်နှင့် သိန်းငါးဆယ် လဲလိုက်ရသည်။
ထိုသို့ ကားတိုက်မှုသည်လည်း မဆန်းတော့။ များသောအားဖြင့် ကား က လူကိုတိုက်လျှင် သေတာကများ သည်။

၂၀၁၃ တွင် မြန်မာနိုင်ငံအနှံ တွင် ယာဉ်တိုက်မှုတစ်သောင်းကျော် ဖြစ်ခဲ့ပြီး လူ ၃၀၀၀ နီးပါး သေဆုံး ခဲ့ရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုနှုန်းသည်တစ် ရက်လျှင် ၁၀ ဦးနီးပါး ယာဉ်တိုက်မှု တစ်ခုခုကြောင့် သေဆုံးခြင်းပင်။
ကားက လူကိုတိုက်သောအမှု များတွင် ကားစည်းကမ်းမဲ့စွာ အရှိန် ပြင်းမောင်းနှင်မှုကြောင့် တိုက်ရသည် များလည်းရှိသလို လူကလည်း စည်း ကမ်းမဲ့စွာ လမ်းကူးသဖြင့် အတိုက် ခံရသည်များလည်း ရှိပါသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်က လည်း အင်းယားမြိုင်လမ်းတွင် ရဲအ ရာရှိတစ်ဦး ကားတိုက်ခံလိုက်ရသည်။ တိုက်သည့်ကားက မောင်းပြေးသွား သည်။ ရဲအရာရှိလည်း ဦးခေါင်းကို ထိသွားသဖြင့် ဒဏ်ရာပြင်းကာ သတိ မရသေး။

ယခုနှစ် ဇွန် ၁၇ ရက်ကလည်း လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် စက်ဘီးတွန်းလာသူ တစ်ဦးကို ၄၈ အ ထူးကားက ၀င်တိုက်ပြီး ထွက်ပြေး သွားသည်။ ကားတိုက်ခံရသောလူ မှာ ဆေးရုံရောက် နောက်ကျသဖြင့် လမ်းတွင် သေဆုံးသွားရသည်။ ယ ခုကဲ့သို့ ကားဖြင့်တိုက်ပြီး ထွက်ပြေး သွားသောကားများမှာလည်း မနည်း လှပါ။ ယာဉ်ထိန်းတပ်ဖွဲ့ကလည်း ထို ကဲ့သို့ တိုက်ပြေးသော ကားများကို အမှုမပိတ်ဘဲ အရေးယူမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။ သို့သော်လည်း ထိုသို့ တိုက်ပြေးသွားသောယာဉ်များ ကို ဖမ်းမိသည်ဟူသော သတင်းကို မကြားဖူးခဲ့ပေ။

“ကားနံပါတ်နဲ့ အတိအကျတိုင် တာတောင် မိအောင် မဖမ်းပေးနိုင် ပါဘူးဗျာ” စမ်းချောင်းမြို့နယ်တွင် နေ ထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပြသည်။

သူ့ကို ၂၀၀၇ ခုနှစ်က မြေနီ ကုန်းတွင် ကားတစ်စီးက တိုက်သွားခဲ့ သည်။ ကားနံပါတ်လည်း မှတ်မိလိုက် သည်။ သ/၉၀၀၅ ဖြစ်သည်။ ယာဉ် ထိန်းများက ကားလိုင်စင်လုပ်ထား သော အိမ်သို့သွားသောအခါ လိုင် စင်အငှားဖြင့် လုပ်ထားကြောင်း၊ ထိုသို့ လုပ်ထားပါက မိမိတို့ဘာမှ မတတ် နိုင်ကြောင်းဖြင့် နှစ်ပွင့်နှင့်ယာဉ်ထိန်း ရဲ ပြောဆိုခဲ့သည်ဟု အထက်ပါကာ ယကံရှင်က ပြန်ပြောပြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ လမ်း များကို စီစီတီဗီဖြင့်ကြည့်ပြီး ထိန်း ချုပ်ထားသည်။ ထို့ကြောင့် ကားဖြင့် တိုက်ပြီး ထွက်ပြေးသွားသည့်ယာဉ် များကို အလွယ်တကူဖမ်းမိနိုင်သည်။ မြန်မာနိုင်ငံတွင်တော့ အချို့သော မီးပွိုင့်များတွင် စီစီတီဗီတပ်ဆင်ထား သည်။ ယာဉ်စည်းကမ်းဖောက်ဖျက် သောကားများကို အရေးယူရန်ဖြစ် သည်။ ထိုမီးပွိုင့်နား တွင်တော့ ကား များက စည်းကမ်းမဖောက်ပါ။

၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက် မှုပေါင်း တစ်သောင်းကျော်တွင် ဆိုင် ကယ်မတော်တဆမှုက ငါးထောင် ကျော်ရှိသည်။ ဆိုင်ကယ်တိုက်မှုများ ကြောင့် သေဆုံးသူအများစုကို ပြန် ကြည့်လိုက်လျှင် အသက် ၃၀ ၀န်း ကျင်အောက် လူငယ်အများဆုံးဖြစ် သည်ကို တွေ့ရသည်။ လူငယ်သဘာဝ အရှိန်မြင့်မောင်းနှင်မှုနှင့် ဦးထုပ် မ ဆောင်းမှုတို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ယာဉ်ထိန်းအရာရှိကြီး တစ်ဦးကဆိုသည်။ ၂၀၁၃ ခုနှစ်အ တွင်းက သတင်းထောက်တစ်ဦးလည်း မန္တလေးတွင် ဆိုင်ကယ်မတော်တဆ ဖြစ်ကာ သေဆုံးသွားခဲ့ဖူးပြီ။

ကားရှုပ်သော ရန်ကုန်တွင်တော့ ဆိုင်ကယ်စီးလျှင် ယာဉ်တိုက်မှုပိုမို ဖြစ်ပွားနိုင်သည့်အတွက် ရန်ကုန်စည် ပင်သာယာနယ်နိမိတ်အတွင်း ဆိုင် ကယ်မစီးရဟု ညွှန်ကြားထားသည်။ သို့သော် ဆိုင်ကယ်မရှိမဖြစ်လိုအပ် သည့်ဌာနများဖြစ်သည့် စာပို့နှင့်လျှပ် စစ်ဝန်ထမ်းများကိုတော့ ဆိုင်ကယ် စီးနင်းခွင့်ပေးထားပြီး ထိုအရေအ တွက်မှာ ဆိုင်ကယ်အစီးရေ ၁၀၀ မ ကျော်ပေ။ သို့သော်လည်း ရဲတပ်ဖွဲ့ ၀င်များအနေဖြင့် လူဆိုးဖမ်းရာတွင် အဆင်ပြေစေရန် ဆိုင်ကယ်များ ကို နယ်မြေခံယာဉ်ထိန်းနှင့် နားလည်မှု ယူကာ စီးနင်းကြသည်ဟုဆိုသည်။ ရဲနှင့်နီးစပ်သော သတင်းပေးများမှ လည်း ရဲအယောင်ဆောင်ကာ ဆိုင် ကယ်စီးကြသည်။ ထို့ပြင် ပြည်သူအ ချို့ကလည်း ပုံမှားရိုက်ကာဆိုင်ကယ် စီးကြပြန်သည်။ သို့နှင့် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင် ကယ်စီးနင်းမှုများပြားလာခြင်းဖြစ်သည်။ ဆိုင်ကယ်များသည်နှင့်အမျှ ယာဉ်တိုက်မှုလည်း များလာသည်။ စည်ပင်သာယာပြင်ပမြို့နယ်များမှ ဆိုင်ကယ်များကလည်း ပုံမှားရိုက် ကာ ရန်ကုန်မြို့တွင် စီးကြပြန်သည်။ ထိုသို့ စီးနင်းမှုများကြောင့်သာ ရန် ကုန်မြို့တွင် ဆိုင်ကယ်တိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယာဉ်တိုက်မှုများလျှော့ချရန်အ တွက် စည်းကမ်းမဲ့လမ်းကူးမှု၊ စည်း ကမ်းမဲ့ မောင်းနှင်မှုတို့ကို မရှိအောင် ဆောင်ရွက်ရမည်ဟု ပညာရှင်များ၊ အာဏာပိုင်များက မကြာခဏပြော ကြားနေကြသည်။ လွန်ခဲ့သော တစ် နှစ်က မြို့တော်ခန်းမရှေ့ရှိ လူကူး မျဉ်းကျားတွင် လမ်းကူးနေသူ ၁၉ နှစ် အရွယ် အမျိုးသမီးတစ်ဦးကိုမီနီဘတ်စ် တစ်စီးက ၀င်တိုက်မိခဲ့သည်။ ထိုမိန်း ကလေးသည် သေဆုံးသည်။ ထိုသို့ မျဉ်းကျားတွင် လမ်းကူးနေသူများကို လည်း ကားများက၀င်တိုက်သည်မှာ အဆန်းမဟုတ်တော့ပါ။ မျဉ်းကျား တွင် ကားလမ်းကူးသဖြင့် ကားတိုက် ခံရသည့်သတင်းများကို လူတိုင်းကြား ဖူးကြသည်။ မျဉ်းကျားတွင် လမ်းကူး သူရှိပါက အရှိန်လျှော့ခြင်း၊ ရပ်ပေး ခြင်းပြုလုပ်သော အချို့အိမ်စီးကား များကိုလည်း နောက်ကားများက ဆဲ ဆိုကြသည်။ ထို့ကြောင့် လူအများ သည် မျဉ်းကျားကို အယုံအကြည် မရှိတော့ပေ။ မျဉ်းကြားကို အယုံအ ကြည်မရှိတော့သဖြင့် လူတိုင်း အဆင် ပြေရာနေရာမှ လမ်းကူးကြသည်။ မျဉ်းကျားမှ မကူးသဖြင့် အဖမ်းခံရ သည်။ လူများ အလုပ်အကိုင်ပျက် ကြသည်။ ယာဉ်ထိန်းကို ကျိန်ဆဲကြ သည်။

အမှန်တကယ်တော့ လူကူးမျဉ်း ကျား အလုံအလောက်ရှိအောင်ဆောင် ရွက်ပေးသင့်သည်ဟု မြို့ပြပညာရှင် များကဆိုထားသည်။ ထိုမျဉ်းကျားတိုင်းတွင်လည်း ကား များ အရှိန်လျှော့စေရန်၊ ရပ်တန့်ပေး ရန် ကြပ်မတ်သူတစ်ဦးလည်း ထား ပေးသင့်သည်။ သို့မှသာ ပြည်သူတွေ မျဉ်းကျားကို အယုံအကြည်ရှိလာပြီး စည်းကမ်းရှိလာကြမည်ဖြစ်သည်။

သတင်းဆောင်းပါးတစ်ပုဒ်တွင် တော့ အိန္ဒိယရှိ ကလေးငယ်များကို လမ်းကူးရန် သင်မပေးသဖြင့် နှစ်စဉ် လူ သောင်းနှင့်ချီကာ ကားတိုက်ခံပြီး သေဆုံးနေကြရသည်ဟု ဖော်ပြထား သည်။

ထိုဆောင်းပါးတွင်တော့ “ညာ ကြည့်၊ ဘယ်ကြည့်၊ ညာပြန်ကြည့်၊ ဘယ်ပြန်ကြည့်” ဆိုသော ဆောင် ပုဒ်လေးသည် လူ့အသက်ပေါင်းများ စွာကို ကယ်တင်နိုင်ကြောင်း၊ ထိုနိုင်ငံ က လမ်းသုတေသီက ပြောကြားထား သည်။ မြန်မာနိုင်ငံတွင်လည်း “ဘယ် ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်” ဟူသည့် လမ်းမကူးခင် လိုက်နာရမည့် စည်းမျဉ်းလေးကို က လေးဘ၀က သင်ကြားပေးသင့်သည်။

မြန်မာနိုင်ငံတွင် ကားလမ်းတွေ ပိတ်၊ ယာဉ်တိုက်မှုတွေဖြစ်ရခြင်းအ ကြောင်းရင်းကို ပြန်ကြည့်လိုက်လျှင် တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် ဖြစ်ရခြင်းသာဖြစ်သည်။ စည်းကမ်းမဲ့ ယာဉ်များကို ထိရောက်သော အရေး ယူမှုများမပြုလုပ်နိုင်သေးသရွေ့ ယာဉ် များ စည်းကမ်းဖောက်နေဦးမည်ဟု အသက် ၅၀ အရွယ် တက္ကစီယာဉ် မောင်း ကိုမျိုးမြင့်ကဆိုသည်။

ထို့ပြင် မျဉ်းကျားကို အရှိန်ပြင်း စွာ မောင်းနှင်ကြဦးမည်။ ကားဖြင့် တိုက်ပြီး ထွက်ပြေးပါက လွတ်မြောက် နိုင်သည်ဟု ထင်ကာ ထွက်ပြေးနေ ကြဦးမည်။ ဖြူနီကြားတွင် ယာဉ်တွေ ရပ်ထားကြဦးမည်။ လူတွေကလည်း စည်းကမ်းမဲ့ကာ မျဉ်းကျားမဟုတ် သည့်နေရာတွင် လမ်းကူးနေကြဦး မည်ဟု သူကဆိုသည်။

၂၀၁၃ ခုနှစ်အတွင်း ကေအိုင် အေနှင့် ပဋိပက္ခကြီးထွားနေချိန်တွင် စစ်ပွဲအတွင်း သေဆုံးသူ စစ်သား ၃၀၀ ကျော်ရှိကြောင်း အစိုးရက သ တင်းတစ်ခုထုတ်ပြန်ရာတွင် ပူးတွဲဖော် ပြခဲ့သည်။ သေနတ်နှင့် သူသေကိုယ် သေ ပစ်ခတ်သည့် စစ်ပွဲတွင်မှသေဆုံး သူ ၃၀၀ ပဲရှိသည်။ မြို့ပေါ်တွင်တော့ သေနတ်တစ်ချက်မဖောက်လိုက်ရပါ ပဲ ယာဉ်တိုက်မှုကြောင့် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။ ဆယ်ဆကွာ ပါသည်။ မြို့ပေါ်တွင် မနေဘဲ စစ် သွားတိုက်နေတာမှ သေဆုံးဖို့ အခွင့် အလမ်းနည်းနေပါဦးမည်။

အတွဲ (၂) အမှတ်စဉ် ၁၉၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.