07/07/14


ရှမ်းပြည်တောင်ပိုင်းမှစ၍ ရှမ်းပြည်အရှေ့ပိုင်းဒေသထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၆)ရက် နံနက်(၉)နာရီအချိန်မှစ၍ နေ့လည်(၁၂)နာရီအချိန်ထိ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် လူထုဟောပြောပွဲပြုလုပ်ရာ စိတ်ပါဝင်စားသူများပြားစွာ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။

အဆိုပါ လူထုဟောပြောပွဲတွင် ပထမဦးစွာ NLD ၏ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ-၄၃၆အား အဘယ့်ကြောင့် ပြင်ဆင်သင့်ကြောင်းကို ရှင်းလင်းဟောပြော ဆွေးနွေးသွားခဲ့သည်။

ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ-၄၃၆အား ပြင်နိုင်ရန်အတွက် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက "ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြသည့်အဆိုကို ရွေးချယ်ခံထားသည့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များက ဟင့်အင်း ဟုငြင်းပယ်လိုက်ပါက ဤအဆိုသည် ပယ်ခံရမှာဖြစ်သည့်အတွက် ပုဒ်မ-၄၃၆ကို ပြင်ရန်လိုကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းလင်း ဟောပြော ဆွေးနွေးသွားသည်။

ဆက်လက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ-၄၃၆အား ပြင်ဆင်သင့်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦး မှ မိနစ်(၃၀)ကျော်အကြာ ၎င်း၏ အတွေ့အကြုံနှင့် လက်ရှိနိုင်ငံရေးအနေအထား သဘောတရားများကို ဟောပြောသွားခဲ့သည်။

တဆက်တည်းမှာပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးတွင် ပြည်သူလူထုက လက်မှတ်ရေးထိုးပါဝင်ဆောင်ရွက်ရန် နည်းလမ်းများကို စာရေးဆရာ ဦးထင်လင်းဦး က အချိန်(၁၅)မိနစ်အကြာ ရှင်းလင်းတင်ပြသွားခဲ့သည်။

အဆိုပါ လူထုဟောပြောပွဲတွင် တက်ရောက်လာသူများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံသောအားဖြင့် လက်မှတ်ရေးထိုးကြတာကိုလည်း တွေ့ရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံ နှင့် မိုင်းဖြတ်တို့တွင် ဟောပြောခဲ့ကြပြီးနောက် ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် တာချီလိတ်မြို့၌ ဟောပြောခဲ့ကြခြင်းဖြစ်သည်။

သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ကောင်းဆက်လင်း ( ဓါတ်ပုံဗီဒီယို )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
www.tachileik.net
http://www.tachileik.net/2014/07/nld-tachileik.html

နေ့စွဲ -၂၀၁၄ခုနှစ်ဇူလိုင်လ(၅)ရက်

၁။မန္တလေးမြို့သည် ရတနာပုံ မင်းနေပြည်တော်အဖြစ် သက္ကရာဇ် (၁၂၂၁)ခုနှစ်မှာ
စတင် တည်ထောင်စဉ် ကတည်းက ယဉ်ကျေး ဖွယ်ရာသော မြို့၊ လူမျိုး ဘာသာမရွေး
လူတန်းစားပေါင်းစုံ ငြိမ်းချမ်းစွာ အေးအတူပူအမျှ ညီညီညွတ်ညွတ် နေထိုင်ခဲ့ကြသော “မင်းနေပြည်တော်” မြို့ကြီးတမြို့ ဖြစ်ပါသည်။

၂။မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီးကလည်း မန္တလေးတောင်တော်မြတ်ကို ဦးထိပ်ထား၍ ရွှေမြို့တော်အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ စနစ်တကျ ၀န်းပတ်တည်ထားကာ ပဉ္စမသင်္ဂါယနာတင်သည်အထိ အလေးအမြတ်ပြုခဲ့သကဲ့သို့
ရွှေမြို့တော် အရိပ်ကို ခိုလှုံကာ အစဉ်အဆက်နေထိုင်ခဲ့ကြသည့် အခြားဘာသာဝင်များ
ကိုလည်း ၀တ်ပြုကျောင်း၊ ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်နေရာပေးခြင်းဖြင့်လည်း ချီးမြှောက်အားပေးခဲ့သောကြောင့် ဘာသာရေးကြောင့်ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ပဋိပက္ခ ဖြစ်ခြင်း အလျဉ်းမရှိခဲ့သောအစဉ်အလာ ကောင်းခဲ့သည့် ရွှေမြို့တော်ကြီး
လည်း ဖြစ်ခဲ့သည်။

၃။မေတ္တာတရားကို ဦးထိပ်ထားခဲ့သည့် ဗုဒ္ဓဘာသာရဟန်းတော်များကလည်း မည်သည့် ဘာသာဝင်ဖြစ်စေ ရွှေမြို့တော်ကြီး အရိပ် အာဝါသအောက် အစဉ်အဆက်ညီညွတ်စွာ
နေထိုင်ခဲ့ကြသူ မြို့တော်သူမြို့တော်သား တိုင်းကိုလည်း ကျောသားရင်သားခွဲခြားခြင်း မပြုဘဲ မေတ္တာဓာတ်ကို ထီးပမာရိပ်မိုး၍ စောင့်ရှောက်တော်မူခဲ့ကြသည့် ထူးမြတ်
ဂုဏ်ယူဖွယ်ကောင်းသော ရွှေမြို့တော်ကြီးအဖြစ် ထင်ရှားခဲ့ပါသည်။

၎။ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းပျောက်၍ တိုင်းတစ်ပါးအောက်ရောက်သည့်
ကာလ မတရားကျွန်ပြုသူ တိုင်းတပါးကိုသာ အဓိကရန်သူအဖြစ် ပစ်မှတ်ထားကာ ဆီးပန်းနီဆရာတော်ကြီး၏ “မြို့သုဉ်း ၊ သုည ၊ သုဉ်း သုံးဝဖြင့်...” ဟူသော သံဝေဂ
လင်္ကာကို ဦးထိပ်ထား၍ ရဟန်းသံဃာတော်များနှင့် ရွှေမြို့တော်သူ ရွှေမြို့တော်သား
မှန်သမျှ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကျူးကျော်သူကိုသာ ခုခံပုန်ကန်ခဲ့ကြပါသည်။

၅။ထို့နောက် လွတ်လပ်ရေးတိုက်ပွဲအတွက် တစ်ပြည်လုံးအရှိန်အဟုန်မြှင့်တိုက်ပွဲဝင်
ကြမည့်အချိန်နှင့် ကိုက်၍ အုပ်စိုးသူက မလို လားအပ်သော လူမျိုးရေးအဓိကရုဏ်း
တစ်ခုကို (၁၉၃၈)ခုက ဖန်တီးစဉ်ကလည်း ရွှေမြို့တော် အရိပ်အောက် အတူတကွ
ခိုလှုံနေ ထိုင်ကြသော မြို့တော်သူမြို့တော်သားအချင်းချင်း ရန်မီးပွါးတောက်လောင်၍ အမုန်းမပွားစေရန် မြို့ခံရဟန်းသံဃာတော်များ ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲ၍ အခြား
ဘာသာရေး ခေါင်းဆောင်များနှင့်အတူ စောင့်ရှောက်ခဲ့ကြသော အစဉ်အလာရှိခဲ့သည့်
မြို့လည်း ဖြစ်ပါသည်။

၆။အုပ်စိုးသူ၏ ပရိယာယ်ဖြင့် လမ်းလွှဲခဲ့သော လူမျိုးရေးအဓိကရုဏ်းကို ကျော်လွှား
ခဲ့ပြီးနောက် ၁၃၀၀ပြည့် (၁၉၃၉)ခုနှစ် အရေး တော်ပုံကြီးတွင်လည်း မန္တလေး
ရွှေမြို့တော်မှ ကျောင်းသား၊ ပြည်သူ၊ ရဟန်း၊ ရှင်လူတို့က ငြိမ်းချမ်းစွာဖြင့် အုပ်စိုးသူ
၏ မတရားဖိနှိပ် မှုကိုပဲ ဦးတည်ဆန့်ကျင်ခဲ့ကြရာ၌ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အာဇာနည်
(၁၇)ဦး ကျဆုံးခဲ့ရာတွင် ရဟန်းသံဃာများနှင့်အတူ ဘာသာ ခြားများ၊ ကျောင်းသား
ပြည်သူများလည်း ပါရှိခဲ့ခြင်းကလည်း မန္တလေးသည် ဘာသာပေါင်းစုံလက်တွဲ၍
နိုင်ငံနှင့်လူမျိုးအတွက် လွတ် လပ်ရေးတိုက်ပွဲ ၀င်ခဲ့ကြသည့် အစဉ်အလာကောင်း
ရှိသော မြို့အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။

၇။မြန်မာ့နိုင်ငံရေးသမိုင်း၏ ကြီးမားသော နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်သည့် (၁၉၈၈)
ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးကာလတွင် လည်း အစိုးရ၏ အုပ်ချုပ်မှု ယန္တယား
တရားစီရင်ရေး ယန္တရားကြီး ရပ်ဆိုင်းသွားသည့် ကာလက လည်းမြို့ခံရဟန်း
သံဃာတော်များ ကြီးကြပ်မှုဖြင့် ဘာသာပေါင်းစုံ အဖွဲ့အစည်းအသီးသီး ရပ်ကွက်
အသီးသီး၊ စာသင်ကျောင်းအသီးသီး ၊ စက်ရုံ ရုံးဌာနအသီးသီး၏ တူရာအစုအစည်း
များကို စစ်ကြောင်းကြီးများဖွဲ့ကာ ထိန်းသိမ်း၍ ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့
ကြသောကြောင့် ထိုစဉ်ကာလက မန္တလေးရွှေမြို့တော်ကြီးတွင် ကြီးမားသော မှုခင်းများမရှိဘဲ ရွှေမြို့တော်ကြီးကို မှည့်တစ်ပေါက်မျှ စွန်းထင်းခြင်းမရှိခဲ့သည့်
သာဓက လည်း ဂုဏ်ယူဖွယ် အထင်အရှားဖြစ်ခဲ့ပါသည်။

၈။ယခုအခါ မြန်မာတိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် အနှစ်နှစ်အလလ အသက်သွေးချွေးပေါင်း မြောက်မြားစွာ အရင်းအနှီး ပြုပြီး မျှော်လင့်ခဲ့ကြသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အရေးကြီးသော ကာလသို့
ရောက်ရှိနေသည့် (အရေးတကြီး)နှစ်ကာလ ဖြစ်ပါသည်။ ဤအချိန်တွင် မန္တလေး
ရွှေမြို့တော်သူ မြို့တော်သားများ အပါအ၀င် မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး
မျှော်လင့်ကြိုးစားနေကြသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး
လုပ်ငန်းစဉ်ကို ပျက်ပြားစေသော အနှောင့်အယှက် ဖြစ်စေသော လမ်းလွဲစေသော တုံ့နှေးစေသော ဆိုင်းငံ့စေသော မည်သည့်ပဋိပက္ခကိုမဆို သဘောထားကြီးစွာဖြင့် ညှိနှိုင်းဖြေရှင်း၍ ဦးတည်ချက် မပျောက်ရေးဆောင်ရွက်ရမည့် ကာလဖြစ်ပါသည်။

၉။၂၀၁၄ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ညက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ
ဖြစ်စဉ်သည် တရားဥပဒေစိုးမိုးမှုကို အခြေခံကာ ဥပဒေဘောင်အတွင်းမှ ဖြေရှင်း
ရမည့်ဖြစ်စဉ်ဟု ယုံကြည်ပါသည်။ မည်သည့်ဘာသာဝင်ဟူသော စွပ်စွဲချက်မျိုး
မဟုတ်ဘဲ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု ရှိမရှိဟူသည့် တရားဥပဒေ၏
အဆုံးအဖြတ်ကိုသာ နာခံရမည့်ကိစ္စ ဖြစ်ပါသည်။ သို့ပါသော်လည်း အမှိုက်ကစ
ပြဿာ ဒ်မီးလောင်ဟူသော စကားအတိုင်း ဇူလိုင်လ (၂)ရက်နေ့ညနှင့် ဇူလိုင်လ (၃)ရက်နေ့ နေ့ခင်းအခြေအနေများသည် နှစ်ပေါင်း(၁၅၀)လုံးလုံး ငြိမ်းချမ်းစွာ လက်တွဲ၍ ရွှေမြို့တော်ကြီးအရိပ်ကို ခိုလှုံကြသည့် မန္တလေးရွှေမြို့တော်သူ ရွှေမြို့တော် သားများအားလုံး စိတ်မချမ်းမသာစွာဖြင့် အသက်အိုးအိမ်စည်းစိမ် ပျက်ယွင်းကာ
ပြာဿ ဒ် သာမက တစ်မြို့လုံး မီးဟုန်းဟုန်း တောက်လောင်လေမလားဟု စိုးရိမ်ဖွယ်
အခြေအနေသို့ ရောက်ရှိခဲ့ကြရပါသည်။

၁၀။ထို့ကြောင့်(က) ရတနာပုံရွှေမြို့တော်ကြီးတည်သည်မှစ၍ ရွှေမြို့တော်ကြီး၏
ကျုံးမြို့ရိုးနှင့် ၄၈ရပ်သောပြဿာ ဒ်များ အရိပ်တွင် ခိုလှုံခဲ့ကြသော မန္တလေးသူ မန္တလေးသားများသည် ကမ္ဘာကျော်အောင် ယဉ်ကျေးဖွယ်ရာဖြစ်ကြခြင်း၊ ဘာသာ
ပေါင်းစုံ ညီညွတ်စွာ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ကြခြင်းဟူသော အစဉ်အလာ
ကောင်းများကို ဆက်လက် ထိန်းသိမ်းကြပါ။(ခ) သက်ဆိုင်ရာအာဏာပိုင်အဖွဲက
အစည်း၊ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့အသီးသီးကလည်း တည်ငြိမ်မှုကို ပျက်ပြားစေသော၊
အုပ်စုဖွဲ့ အကြမ်းဖက်မှုကို ဖြစ်ပွားစေမည့် မည်သည့်ကိစ္စရပ်မဆို ဥပဒေနှင့်အညီ ချက်ချင်းအရေးယူ ဆောင်ရွက်ပေးပါ။

(ဂ) မန္တလေးမြို့တည်နန်းတည် နှစ်(၁၅၀)ကာလတစ်လျှောက်လုံး ရေဘေး မီးဘေးမှ
အစ မတရားဖိနှိပ်မှုဟူသော အဓမ္မမှုများအလယ်၊ နိုင်ငံလွတ်လပ်ရေးတိုက်ပွဲအဆုံး
ရှေ့တန်းမှ ဦးဆောင်၍လူမျိုးဘာသာမရွေး ရွှေမြို့တော်သူ ရွှေမြို့တော်သားများကို
မေတ္တာဖြင့် ဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိသော ရဟန်းသံဃာတော် အရှင်သူမြတ်များကလည်း ပဋိပက္ခဖြစ်စဉ်များ ကြီးထွားပြီး ရွှေမြို့တော်ကြီး မီးဟုန်းဟုန်း
တောက်မည့်ဘေးမှကင်းဝေးစေရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပေးတော်မူကြပါရန်
လျှောက်ထားအပ်ပါသည်ဘုရား။

မန္တလေးစာပေအနုပညာရှင်များ
Kyaw Swar Myint


“ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ”

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်ဟာ ရန်ကုန်တက္ကသိုလ်သမိုင်းမှာရော မြန်မာနိုင်ငံ ကျောင်းသားထုရဲ့ သမိုင်းမှာပါ အရေးပါတဲ့နေ့ ၊ မေ့ပျောက်လို့ မရနိုင်တဲ့နေ့ ၊ ဖျောက်ဖျက်လို့ မရနိုင်တဲ့နေ့ ၊ နီရဲတဲ့နေ့ တနေ့ ဘဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ တရားဝင်အစိုးရဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုရဲ့  ပြည်ထောင်စုပါတီအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တပ်မတော်က အင်အားသုံးပြီး အာဏာသိမ်းခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့  တော်လှန်ရေးကောင်စီအစိုးရဟာ အာဏာသိမ်းတာနဲ့  တချိန်တည်းမှာဘဲ သမ္မတ မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုနဲ့  ပထစ အစိုးရ အဖွဲ့ ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတဟောင်း စ၀်ရွှေသိုက်နဲ့  ဖဆပလ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ထိုစဉ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသများအဖွဲ့ ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့  ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ က ကန့် ကွက်ခဲ့ ကြတယ်။

၁၉၅၈ ခုနှစ်က နန်းတွင်းလုပ်ကြံမှုပုံစံမျိုးနဲ့  ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့စဉ် ကလည်း အထက်ပါ ကျောင်းသားအဖွဲ့ အစည်းတွေ ကန့် ကွက်ခဲ့ကြဖူးပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းဟာ ကျောင်းသားတွေအပေါ်မှာ အကြီးအကျယ် အာဃာတ ထားခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် များမကြာမီမှာဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၂၁ ချက်ကို ကြေညာခဲ့ပါတယ်။ တော်လှန်ရေးကောင်စီအစိုးရဟာ တက်တက်ချင်းမှာဘဲ ဆိုရှယ်လစ်လေသံ ပေးခဲ့တဲ့အတွက် ဆိုရှယ်လစ်စနစ်ကို လိုလားကြတဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေရော၊ လွတ်လပ်ရေး ဒီဘက်ခေတ် မြန်မာ့နိုင်ငံရေးခရီး တလျှောက်မှာ နိုင်ငံရေးခြေကုန်လက်ပန်းကျနေကြတဲ့ နိုင်ငံရေးသမားတွေပါ ဗိုလ်ချုပ်နေ၀င်းရဲ့  တော်လှန်ရေးကောင်စီကို ၀င်လုံးဖို့  စဉ်းစားလာကြတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ချိန်မှာ တော်လှန်ရေးကောင်စီကို ပြင်းပြင်းထန်ထန် ဆန့် ကျင်တာမျိုးတွေ မရှိခဲ့ပါဘူး။ တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့တာကို တကယ်တမ်း ဆန့် ကျင်ခဲ့သူတွေကတော့ ဗကသ၊ တကသ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦးနဲ့ ရကသ တို့ ဘဲဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းနဲ့ တော်လှန်ရေးကောင်စီတို့ ဟာ ကျောင်းသားထုကို အပြတ်ချေမှုန်းဖို့  လျှို့ ဝှက် မဟာဗျူဟာ ချမှတ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် သူ့ ရဲ့ ဆရာရင်းဖြစ်တဲ့ ဦးကာကို ခန့် ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ချုပ်ကိုင်ဖို့ အတွက် နောက်တိုး အဆောင်စည်းကမ်းတွေကို ချမှတ်ခဲ့တယ်။ အဆောင်နေ ကျောင်းသားတွေရဲ့  အဆောင်သို့  ၀င်ချိန်ထွက်ချိန်တွေကို ကန့် သတ်ခဲ့တယ်။ ကျောင်းသားထု အကြားမှာ တော်လှန်ရေးကောင်စီ (စစ်တပ်)အစိုးရအပေါ် မကျေနပ်မှုတွေ တိုးပွားလာပါတယ်။ ဒီအတွင်းမှာဘဲ ရန်ကုန်ခရိုင်အတွင်းမှာ တန်းမြှင့်ကျောင်းထွက်စာမေးပွဲ (HSF)ကို ဖျက်သိမ်းလိုက်တဲ့အတွက် ကျောင်းသားထုအစည်းအဝေးတရပ်ကို တကသ အဆောက်အအုံမှာ ကျင်းပခဲ့တယ်။ ဇူလိုင် ၆ ညဥ့်မှာ ရွှေဘိုဆောင်က ကျောင်းသားတွေက တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေကို ကန့် ကွက်ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသားတွေဟာ အဆောင်တံခါးတွေကို ရိုက်ချိုးပြီး အဆောင်အပြင်ဘက်ထွက်ကာ ကျောင်းသားရေးမှူး ဦးယုခင်အိမ်ကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင် ၇ ရက်နေ့  နေ့ လယ်မှာတော့ တကသ က ကြီးမှူးပြီး သမဂ္ဂအဆောက်အအုံမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။

ထိုအစည်းအဝေးမှ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးဖို့  တောင်းဆိုခဲ့တယ်။ ထိုနေ့ က အစည်းအဝေးပြီးလို့  လူစုကွဲချိန်မှာတော့ တက္ကသိုလ်ဝန်းထဲကို ရဲကားတွေ ရောက်လာကြပြီး တကသ ဥက္ကဌ ကိုဗဆွေလေး၊ ဗကသ ခေါင်းဆောင် ကိုသက် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ထိုလုပ်ရပ်ကြောင့် ကျောင်းသားထုဟာ ဒေါသပေါက်ကွဲကာ ဆန္ဒပြခဲ့ကြတယ်။ ကျောင်းတွင်းမှာရှိနေတဲ့ အဆောင်ကျောင်းသားတွေနဲ့ နေ့ ကျောင်းသားတွေဟာ အဓိပတိလမ်းထိပ်က ၀င်ပေါက်တံခါးမကြီးကိုပိတ်ပြီး တကသ အဆောက်အအုံမှာ စုဝေးကာ အော်ဟစ်ဆန္ဒပြခဲ့ကြတယ်။ များမကြာမီမှာဘဲ ပြည်လမ်း အသံလွှင့်ရုံမှာ တပ်စွဲထားတဲ့ အမှတ် ၄ သေနတ်ကိုင်တပ်ရင်း စစ်ကားတွေရောက်ရှိလာပြီး အဓိပတိလမ်းနဲ့  တကသ အဆောက်အအုံရှေ့ မှာ စုဝေးနေတဲ့ ကျောင်းသားတွေကို ဂျီသရီးနဲ့  ပစ်ခတ်ခဲ့တယ်။

မန္တလေးဆောင်ပေါ်က အော်ဟစ်ဆန္ဒပြနေတဲ့ ကျောင်းသားတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သံတွေဟာ ဘ၀ဂ်အထိ ညံသွားခဲ့တယ်။ ကျောင်းသားအချို့ က တကသ အဆောက်အအုံရှေ့ ရှိ အလံတိုင်ပေါ်တက်ကာ ခွပ်ဒေါင်းအလံကို လွှင့်ထူခဲ့တယ်။ ဗိုလ်မှူးကြီးစိန်လွင်နဲ့  ဒုဗိုလ်မှူးကြီးလှမြင့် (ဘဲလ်အဲယားလှမြင့်)တို့  ဦးစီးတဲ့ စစ်သားတွေဟာ တက္ကသိုလ်ဂိတ်တံခါးကို ကားနဲ့ တိုက်ဖွင့်ပြီး ၀င်းထဲကို ၀င်လာခဲ့ကြတယ်။ ထိုအချိန်မှာတော့ ကျောင်းသားတွေဟာ (ကျောင်းသူအတော်များများလည်း ပါဝင်ပါတယ်) မန္တလေးဆောင်ဘက်ကို တချို့ ဆုတ်ခွာပြီး အချို့ ကတော့ သထုံဆောင်ဘက်ကို ဆုတ်ခွာရှောင်တိမ်း ခဲ့ကြတယ်။ ကျောင်းသားအတော်များများဟာ သေနတ်ထိမှန်ပြီး အဓိပတိလမ်းပေါ်မှာ လဲကျသွားခဲ့တယ်။ ကျောင်းသားအချို့ ကတော့ အဓိပတိလမ်းဘေး မန္တလေးဆောင်ရှေ့ က ရေမြောင်းထဲမှာ လဲကျနေခဲ့တယ်။ အဓိပတိလမ်းပေါ်မှာ ကျောင်းသားထုရဲ့ သွေးကွက်တွေ အိုင်ထွန်းနေပါတယ်။ လမ်းတလျှောက်မှာတော့ ပိုင်ရှင်မဲ့သွားတဲ့ဖိနပ်ကလေးတွေ၊ လက်ပတ်နာရီတွေ ပြန့် ကျဲလို့ နေတယ်။

တက္ကသိုလ်ပရ၀ုဏ်ကို အမှောင်ဖုံးချိန်မှာတော့ စစ်ဖိနပ်သံတွေဟာ အဓိပတိလမ်း တလျှောက်မှာ ဆူညံစွာပေါ်ထွက်ခဲ့ပါတယ်။ နောက်နေ့  ဇူလိုင် ၈ ရက်၊ မနက် ငါးနာရီခွဲခန့် မှာတော့ ကမာရွတ်မြို့ နယ်အတွင်းမှာ ကျယ်လောင် ပြင်းထန်လှတဲ့ ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့တယ်။ စစ်ဘီလူးတွေက မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့  အချက်အချာ နေရာတခု ဖြစ်တဲ့ သမိုင်းဝင် တကသ အဆောက်အအုံကြီးကို ဒိုင်းနမိုက် အလုံးပေါင်းများစွာ တပ်ဆင်ပြီး ဖြိုဖျက်ခဲ့ကြပါတယ်။

နောက်တရက်မှာတော့ ဗိုလ်ချုပ်နေ၀င်းက “ဓားဓားချင်း လှံလှံချင်းဘဲ”ဆိုတဲ့ ကျောင်းသားထုကို စိန်ခေါ်တဲ့ မိန့် ခွန်းတရပ် ပြောခဲ့တယ်။ သို့ ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့  ဦးနေ၀င်းတို့ ဟာ သမဂ္ဂအဆောက်အအုံကြီးကို ဖြိုဖျက်တဲ့လုပ်ရပ်မှာ သူအမိန့် ပေးတာ၊ ငါအမိန့် ပေးတာဆိုပြီး တယောက်နဲ့  တယောက် လွှဲချခဲ့ကြပါတယ်။ သို့ ပေမယ့် တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ သမိုင်းက သိနေပါတယ်။ မင်းဟန်စော (ပြည်သူ့ ခေတ်ဂျာနယ် အတွဲ၃၊ အမှတ် ၁၅၂ တွင် ဖော်ပြပါရှိသော မင်းဟန်စော ၏ “ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ”မှ ကူးယူပါသည်)
Aungmyo Tun facebook




ဆရာတော်အားယနေ့ ညနေ( ၄ )နာရီတွင်ကျောင်းတိုက်မှဖယ်ရှားပေးရန် နှင့်မဖယ်ခဲ့လျှင် လူဝတ်လဲစေပြီး ထောင်ဒဏ်တစ်လ ဟုအမိန့် စာကိုမြို့ နယ်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။ဆရာတော်မှ ဒကာ ဒကာမများပြသာနာ
မဖြစ်စေရန်ကျောင်းတိုက်မှဆင်းပေးခဲ့ပါတယ်။

သို့ ရာတွင်တရပ်ကွက်လုံးနှင့်အနီးနားရပ်ကွက်များမှဆရာတော်သည်တရွာလုံးအတွက် ကိုးကွယ်ယုံကြည်ရသောကြောင့် ကျောင်းဟောင်းလေးမှ ကျောင်းသစ်ဆောက်
လုပ်ရန် ဝိုင်းဝန်းလှူဒါန်းခဲ့ကြကြောင်း အကျင့်သီလနှင့်ပြည့်စုံသောဆရာတော်အား
လှူဒါန်းထားခြင်းသာဖြစ်သောကြောင့် ဆရာတော်ကျောင်းတိုက်မှဆင်းခြင်းကို
ခွင့်မပေးကြပါ။

ဆာပါချောင်တရပ်ကွက်လုံးရှိပြည်သူများမှာမိုးလင်းကတည်းက ဆရာတော်သွားမှာစိုးသောကြောင့် ထမင်းမစားနိုင်ဘဲ မိုးရေထဲတွင်ပင်ကျောင်းနေရာအသီးသီး၌စောင့်စားနေကြပါတယ်။

ဆရာတော်၏ကျောင်းတိုက်မှ ကားလမ်းသို့ ထွက်သောလမ်းများတလျောက် လက်ချင်းချိတ်ပြီးပိတ်ထားခဲ့ပါတယ် ။
ဆရာတော်ထွက်လာသောအခါမြေပြင်တွင်ပုံသဏ္ဌန်အမျိုးမျိုးဖြင့် ရိုခိုးကန့် တော့ကာမထွက်သွားရန် တောင်းပန်ကြပါတယ်။

ဒကာ ဒကာမ တို့ အော်ဟစ်ငိုယိုသံကြားဆရာတော်ပါ မျက်ရည်ကျခဲ့ရပါပြီ။ဆရာတော်မှ တရားဟောသော်လဲ သူတို့ နားထဲ
တရားမဝင်နိုင်တော့ပါ ။
ဆရာတော်ကို ကျောင်းအထွက်မုဉ်ဦးဝတွင် အတင်းဆွဲ၍ထမ်း၍ပြေးကြပါတယ်။
မမြင်ရက်စရာမြင်ကွင်းမျိုးပါ။ အားလုံးလူထုကြီးနဲ့ သတင်းယူသူမျက်ဝန်းတို့ ပါ မျက်ရည်မဆယ်နိုင်ကြပါအခုချိန်ထိ ထို့ သိုပင်ဖြစ်နေပါတယ်။
စိုးရိမ်ရသောအခြေနေတွင်ပင်ရှိနေပါတယ်။ လူအုပ်ကြီးကိုအကြမ်းဘက်နှိမ်နင်းမှာတွေ
စိုးမိပါတယ်..ဒုတိယ သန္တိသုခ မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။
သတင်းဓါတ်ပုံ- Net Soe.


photo Credit : Mya Thein

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.