07/09/14

မန္တလေးနန်းတွင်းကနေ မျက်ပါးရပ် စစ်တပ်ကွင်းကို လှည့်လည်ပတ်မောင်းသွားတဲ့ စစ်ကားတွေတဲ့!!!

မသိရင်… မန်းလေးမှာ ကမ္ဘာစစ်ကြီးဖြစ်တော့မလိုလို…

အမေရိကန်ကပဲ မန်းလေးကို လာသိမ်းတော့မှာမလို့ ရှိသမျှ စစ်အင်အားတွေ ထွက်လာကြသလိုလို…

လူရှိန်သွားတာပေါ့……မြန်မာ့တပ်မတော်ကြီးမှာ ဘယ်လိုအင်အားတောင့်တင်းကြောင်း ချော်လဲတုန်းရောထိုင် ပြလိုက်တာ…

ဒေါသထွက်နေတဲ့ လူအုပ်ကြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားမှ စစ်အင်အားတွေ ထုတ်ပြနေလေရဲ့…

ဘာအထာလည်းဆိုတာ သဘောပါတယ်မလား?????

သက်နှင်း သုန္ဒရီ


မန္တလေးမြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ ပုဒ်မ ၄၃၆ ပြင်ဆင်မှုမှာ လူထုထောက်ခံမှု ယခင်ကထက် ထက်ဝက်ခန့် လျော့ကျသွားသည်ဟု သိရသည်။

မန္တလေးမြို့တွင် ယခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ ၃၇ မြို့နယ်မှ တစ်မြို့နယ်လျှင် တစ်လအတွင်း လူဦးရေ သုံးသောင်းခန့် ထောက်ခံမှု ရရှိခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁ရက်နေ့မှစပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်နေသောကြောင့် ယခုအခါ တစ်မြို့နယ်လျှင် လူဦးရေ တစ်သောင်းကျော်ခန့်သာ လက်မှတ်ထိုးမှုများ ရှိနေကြောင်း သိရသည်။

“တချို့ကပြောတယ်။ ဘာသာရေး ပဋိပက္ခကြောင့် ပုဒ်မ ၄၃၆ပြင်ဆင်ရေး မထိခိုက်ဘူးလို့ သုံးသပ်တယ်။ ဒါဟာ မှားပါတယ်။ မထိခိုက်ဘူးဆိုတာတော့ မရှိပါဘူး။ အနည်းနဲ့အများကတော့ ထိခိုက်ရပါတယ်။ အရင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုက တက်တက်ကြွကြွနဲ့ လာရောက် လက်မှတ်ထိုးကြတယ်။ အခုကျတော့ ပဋိပက္ခကလည်း ဖြစ်တယ်။ ဒီကြားထဲ မာရှယ်လောကပါ ထုတ်လိုက်တဲ့အတွက် လူထုတွေ အနေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာကြတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း လက်မှတ် လာထိုးတဲ့အခါ အရင်လို တက်တက်ကြွကြွ မရှိတော့ကြောင်း တွေ့ရပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး ခရိုင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကိုကိုလေးမှ ပြောသည်။

ယခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တစ်လအတွင်း တစ်မြို့နယ်လျှင် လူဦးရေ သုံးသောင်းခန့် လက်မှတ်လာ ထိုးသော်လည်း ယခုအခါ တစ်သောင်းကျော်ခန့်သာ လက်မှတ် လာထိုးကြောင်း သိရသည်။
http://www.tomorrow.com.mm

 
အင်တာနက်လူမှုကွန်ရက် Facebook စာမျက်နှာတချို့ပေါ်မှာ တွေ့နေရတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမယ့် အရေးအသားတွေကို မယုံကြည်ကြစေလိုကြောင်း၊ ရခိုင်ပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖေ့စ်ဘုတ်လို စာမျက်နှာကနေ လှုံ့ဆော်သူတွေကိုလည်း အစိုးရထံတင်ပြခဲ့ကြောင်း အနုပညာရှင် ဦးဇာဂနာက ပြောပါတယ်။
RFA သတင်းထောက် ကိုကျော်သူ


၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီ ရှုံးမှာစိုးလို့ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ် PR ကို ကျင့်သုံးတယ်လို့ ယူဆရင် မှားမယ်လို့ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ပြီးတော့ ၂ဝ၁၅မှာ သူဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ဆိုပါတယ်။ တကယ်ပဲ ကြံ့ခိုင်ရေး ပြန်နိုင်ဦးမှာလား။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ပြည်သူ့ပါတီအဖြစ် ဖော်ဆောင်နိုင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲ နိုင်မှာဖြစ်ပြီး အနိုင်ရရေးဟာ သူတို့ပါတီရဲ့ အဓိကစိန်ခေါ်မှုပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကြိုးပမ်းနေတဲ့ ပုဒ် ၄၃၆ပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒပြုတဲ့ လှုပ်ရှားမှုဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အထောက်အကူမပေးနိုင်တာကြောင့် လွှတ်တော်ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကပဲ လုပ်ပါလို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အရှိန်အဟုန်ကို ပျက်မယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်မှာမဟုတ်ဘူးလို့ သဘောထားတင်းမာသူတွေလို့ အများကသိထားတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်တဲ့ အနိဌာရုံတွေ မရှိတာဟာ အရင်က အာဏာရှိသူတွေ ဒီမိုကရေစီဖော်ဆောင်ပေးမှုကြောင့်လို့ သူရဦးရွှေမန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ကို ချီးကျူးပြောဆိုခဲ့ပြီး လက်ရှိ နိုင်ငံရေးနဲ့စီးပွားရေးစနစ်တွေ ကျင့်သုံးနိုင်တာဟာ သူဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကြောင့်ဖြစ်သလို ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်လို့ ပြောဆိုခဲ့ပါတယ်။
Kamayut media

http://www.7daydaily.com/
 မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ထို့ပြင် ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း အမှန်တကယ် စစ်ဆေးပေါ်ပေါက်ခဲ့ပါက ယင်း လုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင်လ ၇ ရက်နေ့နံနက်က မြို့တော်ခန်းမရှေ့တွင် MCDF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ် ရှားသူများ အင်အားစု)အဖွဲ့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ရွေးချယ်၍
ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာမှုပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့မှ ဦးကျော်လွင်ကပြောသည်။

အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး ယနေ့အစိုးရသည် အလုပ်လက်မဲ့နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားများ ပြဿနာ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းမှုများရှိနေခြင်း၊ လယ်ယာမြေပြဿနာများကို မဖြေရှင်းပေးဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေခြင်းတို့ကြောင့် လက်ကျန် ပြည်ထောင်စုအစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို
ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်လိုက်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါသတင်းကို မွန်းတည့်နေဂျာနယ်က ဇူလိုင် ၇ ရက်ထုတ်တွင် မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစိုးရက ဇူလိုင် ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.