07/14/14

ဂျာမနီ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ဖို့ အနိုင်ဂိုးသွင်းပေးခဲ့သူ မာရီယို ဂေါ့ဇီ
ဂျာမနီ ဂိုးသမား က ရွှေလက်အိတ် ဆုကို လက်ခံရယူခဲ့ပြီး အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက The adidas Golden Ball ဆုကို လက်ခံရယူခဲ့ပါတယ်။
၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီက ၁ ဂိုး၊ ဂိုးမရှိနဲ့ အာဂျင်တီးနားကို အနိုင်ရသွားခဲ့ပါပြီ။

ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဂျာမနီရော ၊ အာဂျင်တီးနားပါ အချိန်ပို ပထမပိုင်းထိ ဂိုးမသွင်းနိုင်ကြပဲ အချိန်ပို ဒုတိယပိုင်း ၂၂ မိနစ်ကျမှ ဂျာမနီဘက်က ဒီပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။

ဂျာမနီဘက်က မာရီယို ဂေါ့ဇီဟာ အန်ဒရေ ရှာလာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ဒါရိုက် ကန်သွင်းရာမှာ အာဂျင်တီးနား ဂိုးသမား ရိုမီယိုရဲ့ ဘယ်ဘက်က ကပ်ပြီး ဂိုးဝင်သွားတာ ဖြစ်ပါတယ်။

ဂေါ့ဇီဟာ ဒီပွဲမှာ ကလိုဆာရဲ့ နေရာမှာ လူစားထိုး ၀င်လာသူ ဖြစ်ပြီး ကမ္ဘာ့ဖလားဖိုင်နယ်မှာ အစားထိုး ၀င်လာသူက အနိုင်ဂိုးသွင်းနိုင်တာ ဒါပထမဆုံးလို့ သိရပါတယ်။

ဂေါ့ဇီဟာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး ဘိုင်ယန် မြူးနစ်မှာလည်း ကစားနေသူ ဖြစ်ပါတယ်။
bbc

ကျွန်မက ၅၉(စ)နဲ့ပတ်သက်ပြီး နဲနဲရှင်းပြချင်ပါတယ်....
၅၉(စ)ဟာ သမ္မတ ဖြစ်ရမဲ့ သူရဲ့ အရည်ချင်း ကန့်သန့်ချက်ပေါ့နော်
ဘာလဲဆိုတော့ သမ္မတဖြစ်ရမဲ့သူရဲ့ သားသမီး ချွေးမစသည်ဖြင့် နိုင်ငံခြားသားမဖြစ်ရဘူးဆိုတာပါ
တစ်ချို့က ပြောကျတယ် ကျွန်မသားနှစ်ယောက် မြန်မာနိုင်ငံသားခံယူလိုက်ရင် ကျွန်မသမ္မတ ဖြစ်လို့ ရပြီပေါ့
ကျွန်မပြောမယ် ကျွန်မ သမ္မတ ဖြစ်တာမဖြစ်တာဟာ အဓိက မဟုတ်ဘူး အဓိက က ဥပဒေကြောင်းရ မမျှတလို့ ပြင်တာ
ဘယ်လိုမကြိုက်တာလဲဆိုရင် ကျွန်မသားတွေဟာ နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပီ ၁၉၉၈နောက်ပိုင်း ကျွန်မအကျယ်ချုပ်ကျတော့ ကျွန်မသားတွေကို အရင်အဆိုးရက နိုင်ငံသားလက်မှတ်တွေရုတ်သိမ်းလိုက်တယ်။
အဲ့နောက်ပိုင်း ကျွန်မသားတွေ ဗြိတိသျှနိုင်ငံသားဖြစ်သွားတယ်။

ဒါတွေထားပါ ကျွန်မဘာမှ မပြောလိုဘူး.......

ကျွန်မပြောချင်တာ လူတစ်ယောက်ဟာ အသက် ၁၈နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လွတ်လပ်ခွင့်ရှိရပါတယ်
ဥပမာ အသက်၁၈နှစ်ပြည့်ပီးသားတစ်ယောက် ပြစ်မှုကျူးလွန်ရင် သူဘာသာသူ ဥပဒေကြောင်းရခံရမှာပါ မိဘက အစားဝင်ခံလို့မရပါဘူး
ဥပဒေကြောင်း အရ အသက်၁၈ပြည့်လျှင် မိဘနဲ့သားသမီးက မသက်ဆိုင်ဘူး ဒါဥပဒေကြောင်းအရနော် မိဘ သားသမီး သံယောဇဉ်က တခြားဆက်နွယ်မှုဒီလို ဥပဒေကြောင်းအရ ရှိနေတဲ့ ကိစ္စကို ဘာကြောင့် သူတပါးကို လွှမ်းမိုးချင်တဲ့ သားသမီး ချွေးမ သမက် နိုင်ငံခြားသား ဖြစ်ရင် သမ္မတ မဖြစ်ရဆိုတဲ့ ဥပဒေကို မကြိုက်တာ ကျွန်မ သမ္မတဖြစ်တာ မဖြစ်တာ ကိစ္စမဟုတ်ဘူး ဖြစ်ရင်တော့ နိုင်ငံဒီထက် တိုးတက်မယ် ထင်ပါတယ် ..
ဒါ ကျွန်မအမြင်သက်သက်ပါ.... ကျွန်မဖြစ်ရင်လည်း ကျွန်မကြိုးစားသွားမှာပါ

ဒီလို သူတပါးကို လွှမ်းမိုးထားတဲ့ ဥပဒေမျိုးရှိနေတာ အာဏာရှင်ဆန်တယ်လို့ ကျွန်မမြင်တယ်
အဲ့ဒီတော့ အာဏာရှင်ဆန်တဲ့ ဥပဒေကို ပြင်ဖို့
လက်မှတ်ထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်
ပခုက္ကူဟောပြောပွဲ
၁၂.၇.၂၀၁၄
Nga Thant



အနုပညာရှင် တချို့ကို ရုပ်ရှင်ခြံ အတွက်
သမ္မတက မြေဧကပေါင်းများစွာ
ချပေးမယ်လို့ သိရပါတယ်..။

အဲဒါကို ..ဘ၀င်မကျမိတာတော့ အမှန်ပါပဲ..။-
-
အခု လက်ရှိ မြန်မာ့ အနုပညာရှင်
နာမည်ကြီးမင်းသားမင်းသမီးတွေ
ယခင်ကတည်းက စီးနေတဲ့ ..
-
LEXUS LX570 တွေ ..Land Cruiser တွေ ရဲ့
မြန်မာနိုင်ငံပေါက်ဈေးတွေနဲ့ ..
၎င်းတို့ရဲ့ ရုပ်ရှင်ဝင်ငွေတွေ..။

နာမည်ကြီးဗီဒီယို ထုတ်လုပ်ရေး Production တွေရဲ့
တစ်လ ဗီဒီယိုကားပေါင်းများစွာကရတဲ့ ၀င်ငွေတွေကို ..
နည်းနည်း .အားနာမိလို့ပါ..။

မိမိတို့ဘာသာ မိမိတို့ ငွေကြေးစုပေါင်းစိုက်ထုတ်ပြီး ...
မြေ၀ယ်လို့မရဘူးလား..။

သမ္မတက ပေးမှ ...ရမှ ...

နောက်ဆုံး ပြောရရင် အစိုးရက ထောက်ပံ့မှ ...
ရုပ်ရှင်လောကကြီး တိုးတက်မှာလားဆိုတာပါပဲ..။

မြန်မာ့ရုပ်ရှင်လောကမှာ ..
ရုပ်ရှင်ရုံပိုင်ရှင်တစ်ဦးတည်းက ချယ်လှယ်နေတာ..
ကြာပါပြီ..။

မင်္ဂလာဇော်မင်း တစ်ယောက်ထည်းက
ရန်ကုန်မြို့က ရုပ်ရှင်ရုံအားလုံးနီးပါးကို
ချုပ်ကိုင်ထားပြီး မြန်မာ့ရုပ်ရှင် ပြသတဲ့ Box office ဈေးကွက်ကို
လက်ဝါးကြီးအုပ်ထားပါတယ်..။

မြန်မာကားဆိုရင်...
နာမည်ကြီးမင်းသားမှ ..
ဟာသကားမှ ...
အဲဒီကုမဏီအတွက် တွက်ခြေကိုက်မှ..

ရုံတင်ပြပသခွင့်ရနေတာ..
ဆယ်စုနှစ် တစ်ခုမကပါဘူး.။

အဲဒီလို လက်ဝါးကြီးအုပ်ခွင့်ပေးထားခဲ့တဲ့အတွက်..
ထုတ်လုပ်သူတွေက တွက်ခြေမတိုက်တဲ့အတွက်..

ရုပ်ရှင်ရုံတွေ... ရုပ်ရှင်ကားတွေ ..
အများကြီး နည်းပါးသွားတယ်ဆိုတာ....
သက်သေအထောက်အထားတွေ အများကြီးပါ.။

-------------------------

အဲဒီစနစ်တွေ ..လုပ်ပိုင်ခွင့်ပေးထားတာတွေကို..

ဖောက်ထွက်ဖို့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ မတိုက်တွန်းကြပဲ..
လိုအပ်တာမှန်သမျှ ..အစိုးရကထောက်ပံမှ တိုးတက်ကြမယ်လို့ .
မျှော်လင့်ကြတဲ့ အနုပညာရှင်အချို့ကိုမေးလိုတာက ...

အနုပညာဆိုတာ ...ဘာလဲလို့..?

( Credit- ငရဲသား)


သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သာ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် Unity ဂျာနယ် သတင်းထောက် ၅ယောက်ကို အလုပ်ကြမ်းနဲ့ထောင် ၁ဝနှစ်ချမှတ်တဲ့ကိစ္စ ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန် ရှုတ်ချမယ်လို့ ရှေ့နေ ဦးကိုနီက ပြောလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ မီဒီယာအပေါ် အပြင်းထန်ဆုံး ဖိနှိပ်မှုတွေ ဘာကြောင့် မြင့်တက်လာတာလဲ။

ပေါက်မြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်စက်ရုံအကြောင်း Unity ဂျာနယ်က ဓာတုလက်နက်စက်ရုံ မျက်နှာဖုံးဆောင်းပါး ဖော်ပြခဲ့လို့ ဂျာနယ်တိုက်ပိုင်ရှင်နဲ့ သတင်းသမား စုစုပေါင်း ၅ယောက်ကို ထောင် ၁ဝနှစ်နဲ့ အလုပ်ကြမ်း ချမှတ်လိုက်ဟာ ပြင်းထန်လွန်းပြီး အခုလို မီဒီယာကို ပိတ်ပင်ခြိမ်းခြောက်တာဟာ ဒီမိုကရေစီရေးအတွက် အဟန့်အတားဖြစ်မယ်လို့ ရှေ့နေဦးကိုနီက ဆိုပါတယ်။

တော်ဝင်နှင်းဆီမှာကျင်းပတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ၁၅ကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၂ရက်နေ့က ကျင်းပခဲ့ပြီး လူ ၂၆ယောက်နဲ့ အဖွဲ့အစည်းတစ်ခုကို ကျပ် ၇၆သိန်း ထောက်ပံ့ခဲ့ပါတယ်။ ဦးဝင်းတင် ဖောင်ဒေးရှင်းထူထောင်တဲ့ ၂ဝ၁၂ မတ်လကနေ အခုထိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သတင်းမီဒီယာသမား စုစုပေါင်း ၄ဝဝကျော်ကို ကျပ်သိန်း ၁၂ဝဝကျော် ပေးအပ်ခဲ့ပါတယ်။

ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခဲ့ပေမယ့် ဖောင်ဒေးရှင်းကိစ္စ အဆင်ပြေပါ့မလား စိုးရိမ်ခဲ့ပေမယ့် ဦးဝင်းတင်ရဲ့ အရှိန်အဝါ သိပ်ကြီးမားတာကြောင့် အခုထိ ရှင်သန်ဆဲဖြစ်ပြီး ဖောင်ဒေးရှင်း ရေရှည်တည်တံ့ရေး လုပ်ဆောင်မယ်လို့ ဦးကိုနီက ပြောပါတယ်။

ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ အကူအညီဟာ သောင်းနဲ့ချီနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှမ်းခြုံဖို့ ခက်ခဲပေမယ့် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။ ဖိလစ်ပိုင်နဲ့ ချက်သမ္မတနိုင်ငံတွေက နမူနာယူပြီး နိုင်ကျဉ်းတွေ ပြန်လည်ထူထောင်ရေး အစိုးရက တာဝန်ယူဖို့ ဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
Kamayut media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.