07/17/14


မြန်မာငြိမ်းချမ်းရေးစင်တာမှာ သမ္မတနဲ့ ရုပ်ရှင်ဂီတသဘင်လောကသားတွေ တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြလိုက်တာဟာ နိုင်ငံတကာက သတင်းထောက်တွေမှာတောင် ဒီလိုစိတ်ဓာတ်မျိုး မတွေ့ရဘူးလို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါပြီ။ မီဒီယာသမားတွေကိုထိရင် သူပါ ထိခိုက်သလို ခံစားရတယ်လို့ ဘာ့ကြောင့်ပြောတာလဲ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့က ဦးသိန်းစိန်နဲ့ အနုပညာလောကသားတွေ တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြတာဟာ ထိရောက်မှုရှိတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။ ပုဒ်မ ၁၈ကို နိုင်ငံရေးပုဒ်မဆိုတဲ့ ခေါင်းစဉ်အောက် ထည့်ထည့်မထည့်ထည့် နိုင်ငံရေးအရ ဖြစ်တာအားလုံးကို အလေးအနက်ထားရမယ်လို့ သူက ဆိုပါတယ်။

သတင်းသမားတွေကို ပုဒ်မ ၁၈နဲ့ အရေးယူတဲ့ကိစ္စကို သူ့အနေနဲ့ ခြိမ်းခြောက်မှုအဖြစ် ယူဆပြီး ဒီမိုကရေစီကို မြတ်နိုးသူချင်းအတူတူ မတူကွဲပြားတဲ့ကိစ္စတွေမှာ ငြင်းခုံတာတွေရှိပေမယ့် မီဒီယာသမားတွေကို တစ်စိတ်တစ်ပိုင်းလောက် ထိခိုက်လာရင် သူပါထိခိုက်သလို ခံစားရတယ်လို့ ပြောပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၂၆နှစ်ပြည့် အခမ်းအနားကို ကျင်းပဖို့ ကြိုတင်ညှိနှိုင်းတဲ့ အစည်းအဝေးကို ဇူလိုင် ၁၆ရက်နေ့က ကျိုက္ကဆံ ဓမ္မပိယရိပ်သာများ ပြုလုပ်ခဲ့ပါတယ်။ ဓမ္မပီယကျောင်းမှာပဲ နှစ်ပတ်လည်အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ကျင်းပရေးအတွက် ကော်မတီ ၅ခု ဖွဲ့စည်းထားပြီး ရန်ပုံငွေ ကောက်ခံမှု မရှိဘူးလို့ ဦးမြင့်အောင်က ပြောပါတယ်။

သမီးကလေး ကျေးရွာလေ။ မှတ်မိကြမှာပါ။ လှည်းကူးကလေ။ ၂၀၁၀ တုန်းက မရှိဘူးဆိုတဲ့ ရွာလေးလေ။ ကိုယ်ထူကိုယ်ထ ကျောင်းလေးတွေ၊ ဘုန်းကြီးကျောင်းတွေ ရှိတယ်လေ။ တပ်ပိုင်မြေဆိုပြီး ဘူဒိုဇာနဲ့ ထိုးကြတာလေ။ ဂျာနယ်ကြီးတွေရဲ့ မျက်နှာဖုံးပေါ်ရောက်တဲ့ သတင်းလေ။ အိမ်ဖျက်ခံရလို့ ဘုန်းကြီးမှာ ခိုလုံတာတောင် ဖယ်ရှားခံရလို့ DKBA က လာခေါ်သွားတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေလေ။

နယ်စပ်မှာ ရာဘာခြံအလုပ်က ကြမ်း။ ငှက်ဖျားကဖြစ်။ ကျောင်းက မရှိ။ ဒုက္ခများစွာနဲ့ ဖွတ်ရင်ခွင်ကို ခိုဝင်ရတော့တာပေါ့။

မတန်ကာတော့ မာန်လျော့ပြီး ဖွတ်က ကရတော့တာပေါ့။ အခုတော့ သမီးလေးကျေးရွာဆိုတာ တရားဝင် မြေပုံပေါ်မှာ တစ်နေရာ ရသွားပါပြီ။ ရွာလုံးကျွတ်လည်း ပါတီဝင်ကဒ်ပေးတယ်။ ၁၈ နှစ် မပြည့်သေးတဲ့ ကျောင်းသားအရွယ်တွေကိုလည်း ပါတီဝင်ကဒ်ပေးတယ်။ သစ်ပင်လည်း စိုက်ပေးတယ်။ ထရန်စဖော်မာလည်း တပ်ပေးတယ်။ ဓါတ်တိုင်တွေလည်း ထောင်ပေးတယ်။ ကလည်း ကခိုင်းတယ်။ တဲတွေလည်း ဆောက်ပေးတယ်။ ယင်လုံအိမ်သာတွေ လည်း ဆောက်ပေးတယ်။

တာဝန်ရှိတဲ့ အစိုးရက ပြန်လည်နေရာချထားပေးတာတော့ မဟုတ်ပါဘူး။ Human Security လို့ ကုန်းအော်နေတဲ့ ကာချုပ်ကလည်း ပြန်လည်နေရာပေးပြီး ကူညီခဲ့တာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးက လယ်မြေလေး ဧက ၂၀ လောက်ကို ပေါပေါလေးနဲ့ ၀ယ်ပြီး ဖွတ်ရွာ ထူထောင်လိုက်တာပါပဲ။

ဖွတ်ပဲ ဖြစ်ရ ဖြစ်ရ၊ ချေးပဲ စားရ စားရ ပေါ့ဗျာာာာ။ နေဖို့က အမိုးလိုတယ်၊ ခြေချဖို့က မြေလို တယ်လေ။ ရွာသားတွေကတော့ ဖွတ်ပါတီဝင်ခဲ့ရပေမယ့် အိပ်မက်မက်တိုင်း ဘူဒိုဇာတွေရဲ့ အသံကြီးတွေကို ကြားယောင်နေမှာပါ။

Credit..ဒီမို အန်းဂရီးဘတ်

 စိန်တောင်…စိန်သွား…
ယုံကြည်ခြင်းတရား…ဘောင်ကျက်ထားတဲ့…
ပြည်သူ့ နှလုံးသား…ကင်းဘတ်ပြားပေါ်မှာ…
အောင်ဆန်းနဲ့…အာဇာနည်တွေ…
ရဲရင့်စွာဖန်ဆင်း…
စုတ်ချက်ပြင်း…ပန်းချီကား…
တောက်တောက်ကြွားကြွား…ခန့် ခန့် ညားညား
ပျိုမြစ်နီမောင်း…သမိုင်းသစ်လောင်းဆဲ…။


အဲဒီ့…မှော်ဝင်ပန်းချီကားကို…
သူခိုးစစ်ဓါးပြ…လူပွေ…
အမျိုးမစစ်သ…သူတွေက…
မလိုတမာ စရိုက်ကြမ်းနဲ့…
အိမ်ဦးခန်းကဖယ်….
မေ့ပင်လယ်မှာ…ချောင်ထိုး…
မှိုချိုး မျစ်ချိုး…
ဒါ…သွေးရိုး…သားရိုးမဟုတ်…။


 ဒီ ပန်းချီကား…
ဖျက်လို့လည်း မ၀ါး…
ပျက်လို့လည်း မသွား…
လူထုနှလုံးသားမှာ စွဲထင်…
အသက်ဝင်လို့ မဆုံး…
ဖျက်သူသာ…သုဉ်းမဟေ့....
တိမ်ဆိုတာ…အမြဲ မဖုံးဘူးမိတ်ဆွေ….။ ။


မင်းကောင်းချစ်

မေးလ်မှတဆင့်ပေးပို့လာသော ကိုသန်းဝင်းအား အထူးကျေးဇူးတင်ရှိပါသည်..

မဇ္ဇျိမ သတင်းစာ၊ ၁၆-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မကွေး အမှတ် (၁၂) အမတ် ဦးလှဆွေက သမ္မတ နဲ့ တပ်မတော် ဆက်ဆံရေး ဘယ်လို ရှိသလဲ ဆိုတာနဲ့ ပါတ်သက်ပြီး မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ မေးခွန်းမေးတဲ့သူ ဘယ်လို ရည်ရွယ်တယ်၊ ဖြေတဲ့သူ ဘယ်လို သဘောထားသိတယ် မပြောနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေကို ထင်ဟပ် ပေါ်လွင်စေတဲ့ မေးခွန်းနဲ့ အဖြေ ဖြစ်တာမို့ ဆွေးနွေးဖို့ အတော်ကောင်းပါတယ်။ အရင် စစ်အာဏာရှင်တွေက ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကို စိတ်ကြိုက်ရေးဆွဲသွားခဲ့ပြီး စိတ်ကြိုက် ဖန်တီးသွားခဲ့တဲ့ ဒီကနေ့ နိုင်ငံ့ အခင်းအကျင်း အောက်မှာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တယ် ဆိုတဲ့ သမ္မတ နဲ့ စစ်တပ် ဘယ်လို ဆက်ဆံရေး ရှိတယ်၊ ဘယ်လို ဖြစ်သင့်တယ် ဆိုတာ ဒီကနေ့ ဆွေးနွေး ဝေဖန်ကြည့်ကြရအောင်ပါ။

ဦးလှဆွေ မေးခဲ့တဲ့ မေးခွန်းအပြည့်အစုံက ဒီလိုပါ။ “ နိုင်ငံတော်ဇ။် အထွတ် အထိပ်ဖြစ်သော နိုင်ငံတော် သမ္မတ အား တပ်မတော်မှ နှစ်စဉ် ပုံမှန် အခန်းအနားဖြင့် ချီတက် အလေးပြုသော နေ့အား မည်သည့်နေ့ရက်၌ သတ်မှတ်သွားမည် ကို သိရှိလိုကြောင်း” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သူမေးတဲ့ မေးခွန်း အကြမ်းဖျဉ်းရည်ရွယ်ချက်ဟာ နိုင်ငံရဲ့ အထွတ်အထိပ် ဖြစ်တဲ့ သမ္မတ ကို ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ တပ်မတော်က ဘယ်လောက် အသိအမှတ်ပြု အရေးထားသလဲ ဆိုတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေတဲ့သူက ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ပါ။ သူက ဗိုလ်ချုပ်ကြီးနေ၀င်း တိုင်းပြည်အာဏာကို မတရာသိမ်းယူ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ မတိုင်ခင်က အခြေအနေတွေကို ရည်ညွှန်းပြီး အဲဒီ အချိန်က လွတ်လပ်ရေးနေ့ ရောက်တိုင်း ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေ သမ္မတ ကို ချီတက် အလေးပြုခဲ့ကြတဲ့အကြောင်း၊ လက်ရှိ အခြေအနေမှာတော့ နိုင်ငံတော် သမ္မတကို တပ်မတော်က အခန်းအနားနဲ့ ချီတက် အလေးပြုဖို့ဆိုရင် သမ္မတကြီးရဲ့ စိတ်ဆန္ဒ သဘောအတိုင်းပဲ ဖြစ်တယ် ဆိုပြီး ဖြေသွားပါတယ်။

ဒီနေရာမှာ ဗိုလ်ချုပ်ကျော်ညွန့် ဖြေဆိုခဲ့တဲ့ အထဲက မှားယွင်းတဲ့ အချက်ကို အရင် ထောက်ပြလိုပါတယ်။ သူ နမူနာပြု ပြောဆိုသွားတဲ့ ၁၉၄၈ ကနေ ၁၉၆၂ ကြားက ဒီမိုကရေစီ ခေတ် သမ္မတ တွေဆိုတာဟာ ဂုဏ်ထူးဆောင် သမ္မတ တွေပဲ ဖြစ်တယ် ဆိုတာပါ။ အဲဒီ အချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တိုင်းပြည်ကို အဓိက စီမံခန့်ခွဲ အာဏာရှိတဲ့ သူဟာ သမ္မတ မဟုတ်ပါဘူး။ ၀န်ကြီးချုပ်ဖြစ်ပါတယ်။ ဒီအတွက် အဲဒီတုန်းက သမ္မတ တွေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရဲ့ အထွတ်အထိပ် လို့ သတ်မှတ်ထားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နှိုင်းယှဉ်တာဟာ လုံးဝ မှားယွင်းနေပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၅၈ မှာ ခုလို ပြဌာန်းထားပါတယ်။ “ နိုင်ငံတော် သမ္မတ သည် ပြည်ထောင်စု သမ္မတ နိုင်ငံတော် တစ်ဝှမ်းလုံးတွင် နိုင်ငံသား အားလုံးဇ။် အထွတ် အထိပ် နေရာ ရရှိသည်။ ” လို့ ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ သမ္မတဟာ အခြား လွှတ်တော် ဥက္ကဌ တွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေ၊ ကာကွယ်ရေး ၀န်ကြီးတွေ အားလုံး ဘယ်သူနဲ့မှမတူ တိုင်းပြည်ရဲ့ နံပါတ် (၁) အဖြစ် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အတိုင်းဆိုရင်တော့ တပ်မတော်ရဲ့ နံပါတ်(၁) အကြီးအကဲ ဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ သမ္မတ ရဲ့ လက်အောက်မှာပဲ ရှိနေတယ်၊ သမ္မတ ကို နာခံရမယ် ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ထူးခြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်ကို အလုံးစုံ စီမံခန့်ခွဲပိုင်ခွင့် ရှိနေတဲ့အပြင် ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်နိုင်တဲ့အထိ အာဏာကလည်း ရထားပါတယ်။
ရှုတ်ရှုတ်ထွေးထွေး ဘယ်လို ရေးထားပေမယ့်၊ ဖွဲ့စည်းပုံထဲမှာ သမ္မတ ကို နိုင်ငံသား အားလုံးဇ။် အထွတ် အထိပ် လို့ ဖော်ပြထားပေမယ့် တကယ် နံပါတ်(၁) အာဏာကြီးသူဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေပါတယ်။ ဒါကို အကျယ် မရှင်းပြလိုတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်တစ်ပြည်မှာ တိုင်းပြည်ရဲ့ အထွတ်အထိပ်လို့ သတ်မှတ်ထားတဲ့ သမ္မတ ဟာ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းနေတယ် ဆိုတဲ့ ပုံရိပ်၊ ပုံသဏ္ဍာန် အားဖြင့် ဖြစ်စေ၊ အများအမြင်မှာ ထင်ဟပ်နိုင်အောင် ဖြစ်စေ၊ သမ္မတ ဟာ တပ်မတော်အပေါ် သြဇာညောင်းတယ်၊ တပ်မတော်ကလည်း သမ္မတ အပေါ် လေးစားသမှု ရှိတယ်ဆိုတာမျိုး ဖြစ်စေ၊ ဖော်ပြဖို့ လိုပါတယ်။ ဒါဟာ တိုင်းပြည်အနေနဲ့ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကျရောက်မနေဘူးဆိုတာ၊ စစ်ဘုရင် တစ်ယောက်ရဲ့ လက်ထဲမှာ ရှိမနေဘူးဆိုတာ ပြတဲ့ ပြယုဂ်လည်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာပဲ အရင် က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာတာ ၃ နှစ်ကျော် ကြာလာတဲ့တိုင် အဲဒီ အချက်ကို သက်သေ မပြနိုင်ခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်ဟာ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် တပ်ရင်းတပ်ဖွဲ့တွေရဲ့ တရားဝင် ဂုဏ်ပြုမှု၊ အလေးပြုမှု မခံခဲ့ရပါဘူး။ သမ္မတ တစ်ယောက် အနေနဲ့ တပ်ရင်းတပ်ဖွဲ့ တစ်ခုခုကို တရားဝင် သွားရောက် စစ်ဆေးတာ၊ တပ်မတော်သားတွေ ဒါမှမဟုတ် သင်တန်းသားတွေနဲ့ တွေ့ဆုံတာမျိုးတောင် ဖိတ်ကြား မခံခဲ့ရပါဘူး။

အဓိပ္ပါယ်ကတော့ စစ်တပ်ဆိုတာ စစ်တပ် သပ်သပ်၊ စစ်တပ်ဆိုတာ ကာကွယ်ရေး ဦးစီးချုပ်ကလွဲပြီး ဘယ်သူ့ကိုမှ မနာခံဘူး ဆိုတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသ ထားရာလည်း ရောက်ပါတယ်။ ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်လို အရင် စစ်အာဏာရှင်တွေရဲ့ ဥခွံတစ်ခုတည်းက ထွက်လာတာ မှန်ပေမယ့်၊ အရင်က တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့် အထိ တာဝန်ယူခဲ့တာ မှန်ပေမယ့် စစ်တပ်ရဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် ပေါ်လွင်စေမယ့် ဘယ်လို အခန်းအနားမျိုးမှ လုပ်မပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြောရရင် တပ်မတော်ဟာ ကာကွယ်ရေး ဦးစီးချုပ်ကလွဲရင် ကျန်တဲ့သူ ဘယ်သူ့ကိုမှ နာခံဖို့ မလိုဘူးဆိုတဲ့၊ ဟန်ဆောင် ပန်ဆောင် ၀ါဒဖြန့်တာမျိုးတောင် မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန် သမ္မတ ရာထူးရယူထားချိန် စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်နဲ့ တပ်မတော် ဆက်ဆံရေးကောင်းမွန်တယ် ဆိုတဲ့ အနေအထားမျိုး ပြသထားဖို့ လိုပါတယ်။ သမ္မတ က တပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေးတာ၊ စစ်သင်တန်းဆင်းပွဲ တစ်ခုခုကို တက်ရောက်ချီးမြှင့်တာမျိုး လုပ်ပြဖို့ လိုပါတယ်။ ဒါမှသာ တပ်မတော်ဆိုတာ ငါတို့ ကိုယ့်ဥခွံထဲမှာပဲ နေသူမဟုတ်၊ ကာချုပ်တစ်ယောက်ကိုပဲ နာခံသူ မဟုတ်၊ နိုင်ငံ့ အထွတ်အထိပ် သမ္မတ ကိုလည်း လေးစားသမှု ရှိတယ်ဆိုတာ ဟန်ပြဖြစ်စေ ပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် နောင် ၂၀၁၅ နောက်ပိုင်း ရိုးရိုးအရပ်သား သမ္မတ တစ်ယောက်ယောက် တက်လာရင် သမ္မတနဲ့ တပ်မတော် ဆက်ဆံရေး ဒီထက် စိမ်းကားနေကြမှာ ဖြစ်ပါကြောင်း၊ ဒီအခါ စစ်အာရှင် အရိပ်က မလွတ်ကင်းသေးတဲ့ တိုင်းပြည်အဖြစ် ဝေဖန် သတ်မှတ်ကြမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

http://www.tomorrow.com.mm/
မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ နောက်တော့ သူတို့ လမ်းဖြတ်ကူးသွား၏။ အတွင်းဝန်ရုံး၏ အထွက်ဟု ဆိုင်းဘုတ်တပ်ထားသော စပတ်လမ်းဘက်မှ အတွင်းဝန်ရုံးတွင်းသို့ လမ်းလျှောက် ၀င်သွားကြလေသည်။ ကားအနားမှာ မောင်နီ တစ်ယောက်သာ ကျန်ခဲ့၏။ ယူနီဖောင်း ၀တ်ထားသော ခင်မောင်ရင်နှင့် မှုံကြီးက ခပ်သုတ်သုတ် ရှေ့ကို လျှောက် သွားသော်လည်း ဘညွန့်က တုံ့ဆိုင်းဆိုင်း။ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွားခဲ့လေတော့သည်။

မနက် ၁၀ နာရီ ကာကွယ်ရေး ၀န်ကြီး၏ ရုံးခန်းမကြီးထဲမှာ ဦးရွှေဘော် (၀န်ကြီးများ ကောင်စီ၏ အတွင်းဝန်)၊ ဦးတင်အုန်း (လက်ထောက် အတွင်းဝန်)နှင့် ရုံးအုပ်ကြီး ဦးခတို့က စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ နေရာချထားရင်း အလုပ်ရှုပ်နေကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက်ထပ် တည့်တည့်မှာ ရဲမင်းကြီး (DIG) ဦးထွန်းလှအောင်၏ ရုံးခန်းရှိသည်။ ထိုအခန်းထဲသို့ ဗိုလ်မှူးချုပ်နက်ရှ် (Burma command လက်အောက်ခံ တောင်ပိုင်းတိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးချုပ်နိုက်(တ်) (ထောက်လှမ်းရေးမှူးချုပ်)နှင့် ဗိုလ်ချုပ် သောမတ်စ်တို့ ၀င်လာကြသည်။ ဗိုလ်ချုပ် သောမတ်စ်၏ ကိုယ်ရေး အတွင်းဝန် ဗိုလ်သန်းဝင်း ကတော့ အထဲလိုက်မ၀င် အပေါ်ထပ်သို့ ဆက်တက်သွားသည်။
ထိုအချိန်မှာပင် အတွင်းဝန်ရုံး ဗဟိုလှေကားကြီး ခြေရင်းသို့ ၀ူစလီကား အနက်ရောင် (ကားနံပါတ် RC/၂၈၇၄ )တစ်စင်း ထိုးဆိုက်လာသည်။ ဗိုလ်ထွန်းလှက ရှေ့က ဗိုလ်ချုပ်အောင်ဆန်းက နောက်မှ ဆင်းလာပြီး လှေကားအတိုင်း ခပ်သွက်သွက် တက်သွားတော့၏။

ချင်းရေးရာ အတိုင်ပင်ခံ ၀န်ကြီး ဦးဝမ်ကိုဟောက ဗိုလ်ချုပ် အောင်ဆန်းကို စာတစ်အိတ် ပေးဖို့ရောက်လာရာ ဗိုလ်ချုပ်က အစည်းအဝေးခန်းသို့ ၀င်သွားပြီဖြစ်လို့ ဗိုလ်ထွန်းလှ လက်ထဲသို့ ထိုစာအိတ်ကို ပေးလိုက်သည်။ ထိုစဉ် ဗိုလ်ချုပ်လှမ်းခေါ်သဖြင့် ဗိုလ်ထွန်းလှက အစည်းအဝေးခန်းသို့ ၀င်သွားတော့၏။ အလုပ်သမားသမဂ္ဂမှ သခင်ဝတင်ကြီးက ဗိုလ်ထွန်းလှ အခန်းသို့ ၀င်လာခဲ့တော့ အခန်းထဲမှာ တစ်ယောက်မှမရှိ။ သခင်ဝတင်ကြီးက ထိုင်စောင့်ရကောင်း နိုးနိုး၊ ပြန်သွားရ ကောင်းနိုးနိုးဖြင့် ချီတုံချတုံ။ ထိုစဉ် ဗိုလ်သန်းဝင်းက အခန်းထဲ ၀င်လာ၏။ တစ်ယောက် နှင့် တစ်ယောက်က မသိကြတော့ နှုတ်မဆက်မိ။ သခင်ဝတင်က အခန်းထဲမှ ထွက်သွားတော့သည်။

ဗိုလ်ထွန်းလှ ရုံးခန်းထဲ ပြန်ရောက်လာတော့ ဗိုလ်သန်းဝင်း ထိုင်နေတာ တွေ့ရ၏။ ဗိုလ်သန်းဝင်းက ဗိုက်ဆာသည်ဟုဆို၏။ ဗိုလ်ထွန်းလှကလည်း အစာအိမ် အောင့်နေသလိုလို ဖြစ်နေသောကြောင့် တရုတ်ဆိုင်မှ ဆန်ပြုတ် တစ်ခွက်နှင့် ထမင်းတစ်လုံးမှာ လိုက်သည်။ ရုံးခန်းစောင့် ရဲဘော် လှမောင်က တရုတ်ဆိုင်သွားဖို့ လှေကားမှ ဆင်းလာခဲ့တော့၏။

လှေကားရင်းမှာ မယောင်မလည် လုပ်နေသော ခင်မောင်ရင်က သခင်ဝတင် ဆင်းလာတာရော၊ ရဲဘော်လှမောင် ဆင်းလာတာကိုရော တွေ့လိုက်ရသည်။ ရဲဘော်လှမောင် အနားသို့ကပ်ပြီး ခင်မောင်ရင်က မေးလိုက်၏။ “အစည်းအဝေး စပြီလား”

၄၁ လမ်းထိပ်က ကာကာဆိုင်မှာ မောင်နီနှင့် ဘညွန့်တို့ထိုင်ပြီး လက်ဖက်ရည် သေက်နေကြ၏။ ထိုစဉ် ခင်မောင်ရင် ရောက်လာပြီး ဆိုင်မှ လက်လှည့်ဖုန်းဖြင့် တစ်နေရာသို့ ခေါ်လိုက်သည်။ ခင်မောင်ရင်၏ အသံက တိုးတိုးဖွဖွ “ဆရာကြီး ပစ်စတင် ကွင်းတွေ ကျလာပြီ”

အစည်းအဝေးခန်း အ၀ဆီသို့ ရန်ကြီးအောင်၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ ခပ်သွက်သွက် ရောက်လာကြတော့ ရုံးအကူလေးက ထတားသည်။ မောင်စိုးက ရုံးအကူလေးကို တွန်းဖယ်လိုက်ပြီး တံခါးကို ဆောင့်ကန် တွန်းဖွင့်လိုက်၏။ ရန်ကြီးအောင်က ဒူးထောက် ထိုင်ချလိုက်ပြီး စတင် ပစ်ခတ်လိုက်တော့သည်။ အတွင်းဝန်ရုံး တစ်ခုလုံး သေနတ်သံတွေ ဆူညံပွက်လောထ။

ဗိုလ်ချုပ် သောမတ်စ်၊ ဗိုလ်မှူးချုပ် နက်ရှ်၊ ဗိုလ်မှူးချုပ် နိုက်(တ်)တို့က လက်ဖက်ရည်သောက်ရင်း စကားကောင်းနေသည်။ ဒီလောက် ဆူညံနေသော သေနတ်သံတွေကို သူတို့မကြားချေ။ ဗိုလ်သန်းဝင်းက အထိတ်တလန့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်သမားတွေ ၀င်ပစ်သွားပြီဟု လာပြောတော့ အင်္ဂလိပ် ဗိုလ်ချုပ်တွေ၏ မျက်နှာတွေက ဘာမှမပြောင်းလဲ။ ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။ အပေါ်ထပ်သို့ တက်လို့တောင် ကြည့်မသွားခဲ့ချေ။

ဗိုလ်ထွန်းလှက မိုင်းပွန် စော်ဘွားကြီးကို ပြုစုနေရ၏။ သူ့ဆရာ ဗိုလ်ချုပ်အောင်ဆန်းကတော့ စားပွဲထိပ်မှာ သေနတ်ဒဏ်ရာ ၁၃ချက်ဖြင့် ပက်လက်လဲနေပြီ။ သွေးအိုင်ထဲမှာ ၀န်ကြီးတွေ အတုံးအရုံး။ ဦးဗဂျမ်း၊ ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေတို့ကတော့ အတွင်းဝန် ဦးရွှေဘော်၏ ရုံးခန်းဖက်ဆီသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့လေပြီ။

ရန်ကုန်တစ်မြို့လုံး သတင်းဆိုးကြီး ပျံ့နှံ့သွားတော့ မြို့သူမြို့သားတွေ စကားမှ မပြောနိုင်၊ ဆွံ့ကုန် အကုန်ပြီ။ ဆရာ ဒဂုန်တာရာကတော့ ဘာမှမသိ၊ သတင်းဆိုးကိုလည်း မကြားခဲ့။ အတွင်းဝန်ရုံးထဲသို့ အူလည်လည် ရောက်လာခဲ့သည်။ ဆရာဇော်ဂျီ၏ အခန်းထဲသို့ ရောက်တော့မှ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရတာ သိသွားတော့၏။

တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြတာကို သေသေချာချာ သိသွားသော လူတစ်စုရှိနေသည်။ သူတို့ကား အင်္ဂလိပ် စစ်ဗိုလ်သုံးယောက်၊ ပင်လယ်ဝမှာ ရပ်ထားသော အင်္ဂလိပ် စစ်သင်္ဘောဆီသို့ သူတို့၏ အမြန်ယာဉ် မော်တော်ဘုတ်ကလေးက ဦးတည် သွားလေသည်။

ဆရာဇော်ဂျီကတော့ ကဗျာ တစ်ပုဒ် ချရေးနေလေပြီ။

မိုးကစိုစို ကျီးအုပ်ပြို၍၊
ထိုမှ ဤမှ တို့လမ်းမ၀ယ်
ပျံကြ၀ဲကြ ငရဲထသို့၊
အုံကြွ မြည်အာ မသာယာကို
ငါကြားခဲ့သည် မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ
ကြွေလိုက်ရ၏။


ဗိုလ်ထွန်းလှ၏ အခန်းထဲမှာတော့ တစ်စက်မှ မသောက်ရသေးသော ဆန်ပြုတ် တစ်ခွက်နှင့် ပိုင်ရှင်မဲ့ မိုးကာအင်္ကျီ တစ်ထည်တို့ ကျန်ခဲ့လေသည်။ ပြန်လာယူမည့် သူကား ယနေ့ထက်ထိ ပေါ်မလာ ခဲ့တော့ချေ။ ပိုင်ရှင်မဲ့ မိုးကာကတော့ ယနေ့အချိန်အထိ ပဟေဌိ ဖြစ်နေဆဲပါပဲ။

ဇာဂနာ

အဆိုးဆုံးကတော့မီဒီယာ၈ျာနယ်လစ်တွေကို(၁၈)နဲ့ တရားစွဲမယ်ဆိုတာပါပဲ။
သူတို့ တီရှပ် ၀တ်တာ ဘာဖြစ်လို့ လဲ။ ဘယ်ဝန်ကြီးကိုဒုတ် နဲ့ထိုးလို့ လဲ။ ကိုယ့်ပါးစပ် ကိုယ်ပလာစတာ ကပ်တာ ဘာဖြစ်လဲ။ ဘယ်ဝန်ကြီးဖင် ကို မီးသွေးခဲ နဲ့ ပွတ်လို့ လဲ။
---------------------------------------------------------------------------------
တစ်နေ့ က ရုပ်ရှင်၊ဂီတ၊သဘင်၊ အနုပညာရှင်တွေ နဲ့ သမ္မတ နဲ့ တွေ့ ကြတယ် ခမျ။အဆိုအက မပါ၊ချိုမြ အထာ တွေနဲ့ (အမှန်ကတော့) ငိုပြတာပေါ့လေ။ လူကြားကောင်းအောင်လို့ တော့ ဆွေးနွေးတယ်။ တိုင်ပင်တယ်၊ တင်ပြတယ်ပေါ့ဗျာ။ တကယ်ကတော့ ငိုပြတာပါပဲ။ငိုတဲ့ကလေး ချိုချိုစို့ 
ရတယ် ဆိုတဲ့စကားလို သမ္မတ ကလဲ နွားနို့ သောက်ခိုင်းနေတာ ဆိုတော့ ရုပ်ရှင်၊ဂီတ၊သဘင် သမားတွေနွားနို့စို့ ရတာပေါ့ခမျာ။

ရုပ်ရှင်ရုံတွေ ဆိုတာတဲ့၊၁၉၈၈ခုနှစ် မတိုင်ခင်တုန်းက ၃၀၀ ကျော် ရှိနေရာ
ကနေခုတော့ ၂၉ရုံပဲ ရှိတော့တယ် ဆိုပဲ။ဘာတွေ ဖြစ်ကုန်ပါလိမ့်လို့ ဇာဂနာ စိတ်ဝင်စားသွားတယ်ခမျ။ရုပ်ရှင်ရုံပေါင်း နှစ်ရာခြောက်ဆယ် ကျော်
ပျောက်ဆုံးသွားတာ န၀တအစိုးရ နဲ့ နအဖ အစိုးရ က ရောင်းစား ပစ်တာ
တဲ့ခမျာ။ကိုင်းကောင်းကြသေးရဲ့လား။

အဲသည်လို ဆွေးနွေးပွဲ လုပ်နေတုန်း အပြင်မှာ မိကျောင်းကန် မြေသိမ်း
ခံရသူတွေ က သပိတ်လာမှောက်နေတယ် ဆိုတော့ ဇာဂနာ အံ့အားတွေ
တောင် သင့်လို့ ။အမှန်ကရုပ်ရှင်ရုံ အသိမ်းခံ ရတဲ့ သူတွေ က ရုံပြန်ပေးရုံ
ပြန်ပေး လို့  ဆန္ဒပြ ဖို့ ပိုကောင်းတာပေါ့နော်။ အသိမ်းခံရတဲ့ရုံပေါင်း ၂၆၀ကျော် မြို့နယ်ပေါင်း ၃၀၀နီးပါးလေ။ ပို နစ်နာ တာပေါ့ဗျာ။ဒါပေမဲ့
ဇာဂနာ က ရုံပြန်ပေး ရုံပြန်ပေးလို့ ထ မအော်ရဲ့ပေါင် ၊ကြောက်တယ်ခမျ။
သမ္မတ လက်ထဲ (၁၈) ရှိတယ်။မတော် ယူနတီ လိုဆို၁၀နှစ်လောက်
ဂိမ်းသွားနိုင်တယ်။

သတင်းထောက်တွေလဲ ကပ် ဆိုက်နေပါရောလား။အလဲဗင်းက မခိုင်၊
ဒီဗီဘီကကိုဇော်ဖေ၊ ခု ယူနတီ။ဆက္တိုက္ပဲခမ်။ ပရက်စ်ကောင်စီ ဆိုတာကြီးကလဲ သိန်း၅၀၀ယူပြီး ကထဲက ဆွံ့အ နားမကြားဖြစ်သွားတော့
တာကိုး။ကြေညာချက်တွေတော့ခနခန ထုတ်တာပဲလေ။ ကန့်ကွက်ပါတယ်၊
ရှုံ့ ချပါတယ် နဲ့ပဲ ပြီးနေတော့တာ။ ကိုယ့်လောကသားတွေကို ကိုယ်ဘယ်လို ကာကွယ်ပေးရမလဲ စဉ်းကို မစဉ်းစားနိုင်တော့ တာ။ကျင့်ဝတ် ကို လိုက်နာ
ပါ တို့  စောင့်ထိန်းပါတို့ ၊ဒါတွေ နဲ့ပဲ Looping ပတ်နေတာပါပဲ။

အမှန်ကတော့ တရားသူကြီးချုပ်တွေ။ရှေ့ နေချုပ်တွေ နဲ့ တိုက်ရိုက်တွေ့ ပြီး အပြတ်ပြော ရမှာ။လိုအပ်ရင် ဘယ်သူမှ သတင်းစာ ဂျာနယ် မထုတ်ကြေး သပိတ်မှောက် ပစ်ရမှာခမျ။သူတို့ ပဲ ခနခန လွှတ်တော် ထဲသွား၊
အမတ်မင်းတွေ နဲ့ တွေ့ ၊ပြန်လာ။ ဒုံရင်း ကဒုံရင်းပဲ။ ဒါတွေလဲ ဇာဂနာ သိလို့ ပြောနေတာ မဟုတ်ပါဖူး။ သတင်းထောက်လေးတွေ လာလာ
ပြောနေလို့  သိသလိုလို လုပ်ပြီးပြောကြည်တာပါ။ ဟဲဟဲ။

ရုပ်ရှင်အစည်းအရုံးကြီးကိုလဲ အဲသည်လိုဖြစ်သွားမှာ ဇာဂနာ အရမ်းကို
စိုး၇ိမ္တာ ခမ်။တော်သေးရဲ့။သမ္မတ က ဆယ်သိန်းပဲပေးသွားလို့ ။ သိန်းငါးရာသာပေးလိုက် လို့ ကတော့ အစည်းအရုံးနာယက ကြီးတွေ
ယိမ်းများ ထက ကြမလားပဲ။

ဂီတ နဲ့ သဘင် ကြည့်ရပြန်တာလဲ မစွန်ဖူးခမျ။ဂီတ အစည်းအရုံးခမျာ
ခိုးကူးတွေကို လဲ မနိုင်ရှာဖူး ။ဒီတော့ အဆိုတော် တွေ သီချင်း မဆို
နိုင်ဖူးတဲ့။ဒါလေးများဗျာ။ငါးတန်း နဲ့ ပြိုင် ဘယ်သူနိုင် သွားရိုက်ကြပေါ့။
ဒါမှ မဟုတ် ချန်နယ် ဆဲဗင်းမှာ ဂိမ်းသွားကစားကြပေါ့ဗျာ။ခိုးကူးဆိုတာ
ကတော့ ဘယ်တော့ မှ ပျောက် မှာ မဟုတ်ဖူးလေ။ကိုယ် က အရင်
ခိုးခဲ့တာကိုး။ ၀ဋ်လည်တာပေါ့လေ။ သူများနိုင်ငံက သီချင်းတွေ ကို
တစ်ခါမှ ခွင့်ပြုချက်မတောင်းပဲ စာသားသွပ်ပြီး ဆိုခဲ့တာဖြင့်ကြာပေါ့။

သဘင်လောကကြီးခမျာလဲ ဇာတ်ရုံမရှိလို့ တဲ့။နိုင်ငံခြားသားတွေ လာရင်ပြတောင်မပြရဲ ဖူးဆိုပဲ။ မိုးရေထဲမှာ နှင်းတွေထဲမှာ အနုပညာရှင်
တွေရော၊ ပရိသတ်ပါ အစိုအရွှဲ ခံပြီးကနေ ဖျော်ဖြေ နေရ သတဲ့ဗျာ။
ဟောဗျာ ၊ဒါဆို ပရိသတ်တွေက ပိုပြီးသနားဖို့ကောင်း တာပေါ့။သူတို့က
ပိုက်ဆံပေးကြည့်တာလေ။နိုင်ငံခြားသားတွေကလဲ လာကြည့်မယ် မထင်ပါဖူး။ဇာတ်ရုံထဲမှာ မိုက်ကယ် ဂျက်ဆင် အက နဲ့ ဖျော်ဖြေနေ၊
ရှာကီယာ အက နဲ့ ဖျော်ဖြေနေ၊ရိန်း ရဲ့ သီချင်း နဲ့ ကပြနေတာတွေ
ကိုတော့ နိုင်ငံခြားသားက မြန်မာ့ရိုးရာ ဆိုပြီး တကူးတက လာကြည့်ပါ့
မလားဗျာ။ဒါလဲ ဇာဂနာ သိလို့ ပြောနေတာ မဟုတ်ပါဖူး။ အနားက လူတွေ ပြောတာ နားထောင်ပြီးသံ့ယောင်လိုက်ပြောကြည့်တာပါ။

အဆိုးဆုံးကတော့ မီဒီယာ၈ျာနယ်လစ်တွေကို(၁၈) နဲ့ တရားစွဲမယ် ဆိုတာ
ပါပဲ။သူတို့ တီရှပ် ၀တ်တာ ဘာဖြစ်လို့ လဲ။ ဘယ်ဝန်ကြီးကိုဒုတ် နဲ့ထိုး
လို့ လဲ။ ကိုယ့်ပါးစပ် ကိုယ်ပလာစတာ ကပ်တာ ဘာဖြစ်လဲ။ ဘယ်ဝန်ကြီး
ဖင် ကို မီးသွေးခဲ နဲ့ ပွတ်လို့ လဲ။ဇာဂနာ တို့ လဲ ဦးနေ၀င်း ခေတ် က စင်ပေါ်တက်ပြီး ပလာစတာ ကပ်လို့ ဆန္ဒပြခဲ့ဖူးပါတယ်။ ဒိတုန်းကတောင် အဖမ်းမခံခဲ့ရ၊တရား အစွဲ မခံခဲ့ရပါဖူး။

ရုပ်ရှင်၊ သဘင်၊ ဂီတ နဲ့ မီဒီယာ ဆိုတာ ကျောချင်းကပ် ရင်ချင်း အပ်ကြရ
မှာပေါ့ဗျာ။သမ္မတကြီး ခင်ဗျား မီဒီယာ သမားတွေကိုအရေးယူတာ သိတ်များ
နေပါပြီ ၊ပြန်စဉ်းစား ပါဦးလို့  ရုပ်ရှင်၊ဂိတ၊သဘင် အနုပညာရှင်တွေ ကပြောသင့်တာပေါ့ဗျာ။ ဘာဖြစ်လို့ ပြောရမှာလဲ ဆိုပြီး ဇာဂနာ့ကိုတော့
လာပြီး မငေါက်ပါနဲ့ခင်ဗျာ။ ဇာဂနာ ကြောက်ပါတယ်။ခုဟာကလဲ သိလို့ 
ပြောနေတာ မဟုတ်ပါဖူး။ဇာဂနာ့ သူငယ်ချင်း အရိုင်း ကမြှောက်ပေးလို့ 
ပြောနေရတာပါ။တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
(ပဲ့တင်သံ ဂျာနယ်ဆောင်းပါး)

မဟာသန္တိသုခမှသံဃာများကို ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် လုံခြုံရေးပေးနေသည့် ရဲတပ်ဖွဲ့ဝင်များ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
http://www.7daydaily.com/
မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီးဖြေရှင်းရာတွင် ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည် စိုးရိမ်သောကြောင့်လား (သို့မဟုတ်) ပြန်လည်ရန်ပြုတိုက်ခိုက်မည် စိုးသောကြောင့်လား။ မည်သည့်အကြောင်းပြချက်ရှိပါစေ ရဲတပ်ဖွဲ့က အလိုရှိနေသော သံသယရှိသူနေထိုင်သည့် ပတ်ဝန်းကျင်ကို ညအချိန်ဝင်ရောက်စီးနင်းသောကြောင့် အချို့ပြဿနာများမှာ မလိုအပ်ဘဲ ပို၍ကြီးသွားရသည်။

မှုခင်းဖြစ်စဉ်နှင့် လားလားမျှ မသက်ဆိုင်သည့် ပြည်သူအချို့မှာ ကျီးလန့်စာစား ဖြစ်ကြရသည်။ ပို၍ဆိုးသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တာဝန်ယူထားသည့် ရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှု လိုအပ်ချက် အချို့ကြောင့် ပြည်သူလူထုကိုယ်တိုင် အယုံအကြည်ကင်းမဲ့သွားခြင်းဖြစ်ပါသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် မန္တလေးပဋိပက္ခ တည်ငြိမ်စပြုနေပြီဖြစ်သည့် အခြေအနေတွင် နောက်ဆက်တွဲ သံသယရှိသူအချို့ကို အရပ်ဝတ်ရဲများက ညအချိန် ဝင်ဖမ်းသောကြောင့် ဒေသခံများနှင့် ရဲများကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ မြို့ခံများမှာ စိုးထိတ်မှုများဖြင့် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်ခဲ့ရသည်။ ဇူလိုင် ၁၂ ရက် ညဦးပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်၌ လူနှစ်ဦး သေဆုံးခဲ့ရသည့် ပဋိပက္ခကြောင့် ညမထွက်ရအမိန့်နှင့်အတူ စစ်တပ်ကပါ လုံခြုံရေးစောင့်နေသောကြောင့်သာ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကို အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ချမ်းအေးသာစံဖြစ်စဉ်ကဲ့သို့ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည့်အပြင် ရဲတပ်ဖွဲ့၏ ပုံရိပ်ကျဆင်းရသော ဖြစ်စဉ်များ အစိုးရသစ်လက်ထက်တွင် မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်။

ယခင် စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေး အပါအဝင် ရဲတပ်ဖွဲ့များ နှစ်ခြိုက်စွဲလမ်းခဲ့သည့် ဗျူဟာတစ်ခုလည်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ကြိုးတုပ်အရိုက်ခံခဲ့ရသည့် နေပြည်တော် ဝဲကြီးဖြစ်စဉ်သည် နိုင်ငံအတွင်း ဂယက်ရိုက်မှုကြီးခဲ့သည်။ မဟာသန္တိသုခဖြစ်စဉ်သည် ပြဿနာတစ်ခုကို အရင်းခံ၍ အလိုရှိနေသည့် သံဃာများကို ဖမ်းဆီးသည်ထက် လက်နက်မဲ့သူကို တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရထားသူက ညအချိန်မတော် ဝင်ရောက် အင်အားသုံးပြီး အကြမ်းဖက်သည်နှင့် ဆင်တူနေသည်။

‘‘ကျုပ်တို့အာဏာပိုင်များဟာ အတော်လေး အမှောင်ကြိုက်ပုံရပါတယ်။ တစ်ခုခုမဟုတ်တာ လုပ်မယ်ဆိုရင် သူတို့ ဗျူဟာမြောက်ရွေးတဲ့အချိန်ဟာ ညအခါပါ။ ဟိုတစ်နှစ်က လက်ပံတောင်းသပိတ်စခန်းကို ၀င်စီးပြီး သံဃာအချို့ကို မီးလောင်ဗုံးစာကျွေးတဲ့ အချိန်ဟာလည်း သန်းခေါင်ကျော် လေးချက်တီးတဲ့ အရုဏ်တက်ချိန်ကြီးမှာ မဟုတ်လားဗျာ’’ဟု သရော်စာရေးသားသူ ဘစီက သူ့ဆောင်းပါးတစ်ပုဒ်တွင် သရော်ထားသည်။ ရဲတပ်ဖွဲ့ဝင်များဘက်ကတော့ သံသယရှိသူများကို ညအချိန် ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်စဉ်များပေါ် မူတည်၍ ရင်ဆိုင်လာရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်လုံသော အကြောင်းပြချက်မျိုးစုံ အဆင်သင့်ရှိနေပါသည်။

‘‘အော်ပရေးရှင်းမလုပ်ဖူးတဲ့သူတွေ မသိနိုင်တဲ့ အချက်တွေရှိတယ်။ ညကြီးဝင်ဖမ်းတော့ ကာယကံရှင်မိသားစုရဲ့ ဂုဏ်သိက္ခာအရလည်း ကောင်းတယ်။ လူမသိလိုက်ဖူးပေါ့။ တို့ရဲ့တပ်ဖွဲ့ဝင်တွေက လိုအပ်တယ်ဆိုရင် တရားခံတစ်ယောက်ကို ဘယ်အချိန်မဆို ဝင်ဖမ်းနိုင်တယ်။ ဖမ်းဝရမ်းနဲ့ လိုအပ်တဲ့ အထောက်အထားတွေတော့ ပါရမှာပေါ့’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့သော် ယခုလတ်တလော နမူနာများက လူပုဂ္ဂိုလ်တစ်ဦးဦး ဂုဏ်သိက္ခာအတွက် ညအမှောင်တွင် စောင့်ဖမ်းရမည့် ပြဿနာများ မဟုတ်ပါ။

‘‘သေနတ်တွေနဲ့ လမ်းထဲကို ရုတ်တရက်ဝင်လာတာ။ မြင်မြင်ချင်း ကြောက်လန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ တကယ်ဆိုရင် ပဋိပက္ခဖြစ်နေဆဲအချိန်မို့လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်။ အခုတော့ ကလေးတွေရော လူကြီးတွေပါ နေစရာမရှိတော့အောင် လန့်ဖျပ်ကုန်တာ’’ဟု ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင် ၁၂ ရက်ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် နေရာအနီးမှ ဒေသခံအမျိုးသားတစ်ဦးက ရင်ဆိုင်ခဲ့ရသည့်အခြေအနေကို ပြောပြသည်။

မိမိကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်သူမဟုတ်ပါဘဲ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများ ရင်ဆိုင်ရခြင်းမှာ လူ့အခွင့်အရေးပေတံနှင့် တိုင်းတာပါက ဒေသဆိုင်ရာအစိုးရ၏ တာဝန်မဲ့မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက သုံးသပ်ပြောကြားသည်။

‘‘ဒီဖြစ်စဉ်တွေက စစ်အုပ်ချုပ်ရေးကာလတုန်းက ပုံစံတွေလိုပဲ။ အရေးတကြီးတရားခံဆိုရင် မပြောလိုပါဘူး။ အခုက အမှုသေးသေးလေးတွေဆိုရင် ညဘက်ဝင်ဖမ်း၊ ဘာမဟုတ်တဲ့ အမှုလေးတွေကိုလည်း အချိန်မတော် ရဲက ၀င်ဖမ်းတော့ ဘေးကလူတွေကိုပါ လှန့်လိုက်သလို ဖြစ်နေတာပေါ့။ လူ့အခွင့်အရေးနဲ့တိုင်းတာရင် အရမ်းနစ်နာပါတယ်’’ဟု ဦးမြင့်အေးကဆိုသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ချိန်ကလည်း ထိုကဲ့သို့ ညအမှောင် လူခြေတိတ်ချိန်တွင် ဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ကျူးကျော်ဝင်စီးသည့်အခါတွင်လည်း လူခြေတိတ်ချိန်ရွေးချယ်ကာ အပြန်အလှန်ရိုက်ကြ၊ နှက်ကြနှင့် ဇာတ်သိမ်းမကောင်းဖြစ်ကြရသည်။

‘‘ရပ်ကွက်တစ်ခုမှာ သင်္ကာမကင်းကိစ္စနဲ့ ၀င်ဖမ်းမယ်ဆိုရင် ရပ်ကွက်တာဝန်ရှိသူတွေပါမယ်။ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်မှ ရပ်ကွက်ရဲ့ အေးချမ်းသာယာရေးကို လုပ်ဆောင်ရာကျတယ်လို့ ယူဆတယ်။ ရဲတပ်ဖွဲ့အပေါ်လည်း သံသယမဝင်တော့ဘူးပေါ့’’ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် ကိုဖြိုးမြင့်သိန်းကပြောသည်။

ပြည်သူတစ်ယောက်အနေဖြင့် ကိုယ်တိုင်က နိုင်ငံသားတစ်ယောက်အနေဖြင့် ရနိုင်မည့် အခွင့်အရေးကို လုံးစေ့ပတ်စေ့ မသိနိုင်သေးမီ နိုင်ငံတော်ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စနစ်တကျသင်ယူခွင့်ရသူတို့က ဥပဒေကို တလွဲအသုံးချသောအခါ (သို့မဟုတ်) စီမံခန့်ခွဲမှု လွဲချော်သွား၍ နောက်ဆုံးနစ်နာသူမှာ ပြည်သူထဲမှ ပြည်သူသာ ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာများသည် ပွင့်လင်းမြင်သာမှု ‘Transpancy’ဆိုသည့် အသုံးအနှုန်းကို တွင်တွင်သုံးနေသည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ။

မဟာသန္တိသုခကျောင်းတော်ကြီးကို ညဘက်ဝင်စီးပြီးနောက်တွေ့ရစဉ် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

ဇူလိုင်လ ၁၉ရက်၌ ကျရောက်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်တစ်မြို့လုံးတွင် မီးသတ်ကားများ ဖြန့်ကျက် ဥသြဆွဲခြင်း၊ သင်္ဘောများမှလည်း ဥသြဆွဲခြင်းများဖြင့် ဂုဏ်ပြုမည်ဟု ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကို ပြောသည်။

“ဥသြဆွဲဖို့ မီးသတ်ကားတွေကော သင်္ဘောတွေပါ ဆွဲမှာပါ၊ ပြည်သူတွေ အနေနဲ့လည်း လုပ်ဆောင်လို့ရပါတယ်၊ ကျွန်တော်တို့ တိုင်းကတော့ သူများတိုင်းဒေသကြီးနဲ့  မတူဘူး၊ ဝန်ကြီးချုပ်က အာဇာနည်နေ့ကို အလေးထား ဆောင်ရွက်ပေးထားပါတယ်၊ မြို့တော်ခန်းမဆိုရင် ဗိုလ်ချုပ်
မိန့် ခွန်းတွေ၊ သီးချင်းတွေကို ၁၈ ရက်မှာ ဖွင့်လှစ်ပေးမယ်” ဟု ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့တွင် ၁ဝနာရီ ၃၇မိနစ်၌ အာဇာနည်နေ့ဥသြဆွဲချိန်တွင် ပြည်သူများကလည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းရန်လည်း ၎င်းက တိုက်တွန်းလိုက်သေးသည်။

ယခုနှစ် အာဇာနည်နေ့အတွက် ယခင်နှစ်ထက် ပိုမိုထူးခြားစေရန် ဗိုလ်ချုပ်အောင်ဆန်းအောက်မေ့ဖွယ်အမှတ်တရ ပြခန်းကို ပြည်သူများ ကြည့်ခွင့်ရအောင် လုပ်ဆောင်ထားပြီးပြခန်းများကို ဇူလိုင်လ ၁၇၊ ၁၈၊ ၁၉ရက်များတွင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်း ရုပ်ရှင်၊ ဓါတ်ပုံ၊ စာအုပ်စာတမ်းတွေကိုလည်း ပြသွားမည်ဟု ဦးချစ်ကိုကိုက ပြောသည်။ ယင်းအပြင် ကျောင်းများတွင်လည်း အာဇာနည်နေ့အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲများ လုပ်နေပြီဖြစ်ပြီး ဇူလိုင်လ ၁၈ရက်တွင် ဆုပေးပွဲ လုပ်မည်ဟုသိရသည်။

အာဇာနည်နေ့တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ နံနက် ၄နာရီခွဲတွင်ဆရာတော် ၁၁ပါးအား ဆွမ်းကပ်ပြီး၊ အာဇာနည်ကျောက်တိုင် တွင် နံနက် ၇း၃ဝ၌ နေရာယူကာ၊ နံနက် ၈ နာရီမှ စတင်ပြီး တိုင်းဒေသကြီးအစိုးရတွင် လွမ်းသူပန်းခွေချခြင်း၊ ပါတီများနှင့် ပြည်သူများက ဆက်လက် အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။ ပုသိမ်မြို့ လူမှုရေး
အဖွဲ့များမှလည်း လမ်းထောင့်များတွင် ဥသြဆွဲခြင်းများ ပြုလုပ်မည်ဖြစ်သည်။

အာဇာနည်နေ့၌ ရန်ကုန်တွင်မူ ဥသြဆွဲဂုဏ်ပြုသည့် ကားများကို လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု ကြေငြာထားသည်။

သတင်း- စည်သူမောင်မောင်(မဇ္ဈိမ)


ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကနေ အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့သံဃာတော်တွေက နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ကို မတရားချုပ်နှောင်ထားမှု မတရား တားဆီး ကန့်ကွက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးမှာ ဒီကနေ့ အမှုဖွင့်လှစ်ကြပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကနေလူဝတ်လဲဖယ်ရှားခံခဲ့ရပြီးတရားရင်ဆိုင်နေတဲ့သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ကို ပြန်လည်တရားစွဲဆိုဖို့ ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၀ နာရီက ဗဟန်းမြို့နယ်
တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

နေလယ်ပိုင်းမှာတော့ ဗဟန်းတရားရုံးက လက်မခံနိုင်ကြောင်း ပယ်ချခဲ့တယ်လို့ အမှုဖွင့် သံဃာထဲက ဆရာတော် ဦးဥတ္တရက မိန့်ကြားပါတယ်။

“တရားရုံးက လက်မခံဘူးလေ။ လက်မခံဘူးဆိုတာက ဒီဟာက စီမံခန့်ခွဲမှု
အရ လက်မခံတာပါတဲ့။ ဥပဒေအရ လက်မခံတာ မဟုတ်ပါဘူးဆိုပြီး
ပြောပြီးတော့ ဘုန်းကြီးတို့တရားစွဲတာ ပြန်ပေးလိုက်တယ်ဆိုတော့ လက်မခံတာပဲပေါ့။”ဒါပေမယ့် ဒီကိစ္စကို ဥပဒေကြောင်းအရ ဆက်လက်
လုပ်ဆောင်သွားမယ်လို့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းထွန်းအောင်က ပြောပါတယ်။

“တိုက်ရိုက်အကြောင်းပြချက်နဲ့ တရားစွဲလာတော့ ဘယ်လိုလုပ်ရမလဲ
ဆိုတာ စီမံခန့်ခွဲမှုအရ တရားရုံးတွေကို ညွှန်ကြားထားတာရှိတယ်။ အဲဒီညွန်ကြားချက်အရ ဒါကို ပြန်ပေးတာပါတဲ့။ စွဲတာကို ပယ်တာ မဟုတ်ဘူးတဲ့။ ဒီအပေါ်မှာ ဥပဒေနဲ့ ဆက်စပ်ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်ပါတဲ့။”

ဇွန်လ ၁၁ ရက်နေ့က ပီနန်ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်တွေ သတင်းသုံးနေတဲ့ သံန္တိသုခ ကျောင်းတိုက်ကို လုံခြုံရေး အင်အားသုံးဝင်ရောက်ခဲ့ပါတယ်။ ဒီနောက် ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲခဲ့တာပါ။

ဒီနောက်အင်းစိန်ထောင်မှာ ချုပ်နှောင်ဖမ်းဆီးခံခဲ့ရပြီး အာမခံနဲ့ လွှတ်ပေးထား
တာပါ။ ဒီနောက်မှာတော့ ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆိုခဲ့တာကြောင့် အမှုရင်ဆိုင်နေကြရပါတယ်။
DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.