07/21/14

ဒဂုံတောင်(၁၀၇) ရပ်ကွက်အတွင်း ရေလွှမ်းမိုးနေသည့် လမ်းတခုတခုပေါ်မှ ဖြတ်သန်းနေသည့် အမျိုးသမီးတစ်ဦး
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)


မုန်တိုင်းရဲ့အရှိန်နဲ့ မိုးရွာသွန်းတာများလို့ ရန်ကုန်မြို့အနှံ့ ရေတွေကြီးပြီး အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်တွေပျက်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တာမွေ၊ သမိုင်းလိုနေရာတွေမှာ ရေကြီးတာကို အများစုက သတိထားမိကြပေမယ့် လှိုင်သာယာစက်မှုဇုန်ဘက် ရေကြီးလို့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်ဘူး ဖြစ်နေကြပါတယ်။

စက်မှုဇုန်မှာ နေထိုင်အခြေချတာ ကြာပြီဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာမတစ်ယောက်ကတော့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း နေအိမ်ထဲထိ ရေတွေဝင်လာလို့ အောက်ထပ်ကို တစ်ပေမြှင့်ပြီး နေတာတောင် အခုလို ရေကြီးတဲ့အချိန် စင်ထိုးပြီး ချက်ပြုတ်စားသောက်နေရတယ်လို့ ပြောပါတယ်။

ရေကြီးလို့ ကျောင်းသားတွေကို ကျောင်းပို့လို့မရသလို မသန့်ရှင်းတဲ့ရေတွေကြောင့် ဝမ်းရောဂါနဲ့ ယားနာတွေလည်း အဖြစ်များတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပေမယ့် ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီဘက်တွေမှာ ရေကြီးရေလျှံမယ်လို့ မိုးဇလပညာရှင်တွေက သတိပေးထားပါတယ်။

ရေတွေအများကြီး နေအိမ်ထဲဝင်တာကို ကြုံတာ ၂နှစ်ရှိပေမယ့် ဒီတစ်ခေါက် အဆိုးဆုံးပါလို့ ပြောလာသူက လှိုင်သာယာက သူရိန်စတိုးဆိုင်က မသော်တာဆန်းပါ။ ပစ္စည်းတွေရွှေ့ပြီး ဆိုင်ပါပိတ်ထားရသလို မီးကလည်း ပျက်လို့ သောက်သုံးရေအတွက်လည်း အခက်အခဲဖြစ်၊ နေထိုင်ချက်ပြုတ်ရေးလည်း အဆင်မပြေဖြစ်နေတယ်လို့ ငြီးပါတယ်။

ရေကြီးရေလျှံရတဲ့ အဓိကအကြောင်းကတော့ ရေမြောင်းတွေပိတ်ဆို့နေလို့ဖြစ်ပြီး အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာကြောင့်လို့ ဒေါ်သက်သက်လွင်က ပြောပါတယ်။ ရပ်ကွက်ထဲကလူတွေ စုပေါင်းပြီး မြောင်းဆယ်ပေမယ့် လမ်းထိပ်မှာပိတ်ဆို့နေတာကို ဌာနဆိုင်ရာက လုပ်ပေးသင့်တယ်လို့ ထောက်ပြပါတယ်။

Kamayut Media


 http://7daydaily.com
နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များအရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေဖုံးလွှမ်းရန်အ လားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ရေဖုံးလွှမ်းရန်အလားအ လာများနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။ မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တောင်ပိုင်းတို့ဖြစ်ပြီးသ တိထားကြရန်၊ လိုအပ်သောကြို တင်ပြင်ဆင်မှုများပြုလုပ်ရန်လို အပ်ကြောင်းဒေါက်တာထွန်းလွင် က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၂၀ည ၁၁နာရီခွဲဝန်းကျင်တွင်ရေး သားသတိပေးထားသည်။
နာဆာဂြိုဟ်တုများ၏ ဇူလိုင် ၂၀တိုင်းတာချက်များအရ ပြည် နယ်နှင့်တိုင်းဒေသကြီးဆယ်ခု တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပစဉ်
http://www.news-eleven.com
လွတ်လပ်၍တရားမျှတသော လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပနိုင်ရေးတွင် ဘက်မလိုက်သော၊ ကြားကျသော၊ သမာသမတ်ရှိသော ကော်မရှင်နှင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများသည် သော့ချက်ပင်ဖြစ်သည်။ ကော်မရှင်က ဘက်မလိုက်၊ ကြားနေသော်လည်း ဥပဒေ၊ စည်းမျဉ်းများက တင်းကျပ်လွန်းလျှင်သော်လည်းကောင်း၊ ဥပဒေ၊ စည်းမျဉ်းများက တရားမျှတသော်လည်း ကော်မရှင်က သမာသမတ်မရှိလျှင်သော်လည်းကောင်း၊ ရွေးကောက်ပွဲများ၏ လွတ်လပ်တရားမျှတမှုသည် သုညတပင်ဖြစ်မည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခြေလှမ်းများသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပါတီများ၏မဲဆွယ်စည်းရုံးရေးကို ထိန်းချုပ်နိုင်ရန်၊ ပါတီခေါင်းဆောင်များ၏ ပါတီမဲဆွယ်စည်းရုံးနိုင်ခွင့်ကို တားမြစ်နိုင်ရန်၊ ပါတီများ၏ သတင်းမီဒီယာများအပေါ် အားကိုယူလျက် မဲဆွယ်စည်းရုံးနိုင်ခြေကို ထိန်းသိမ်းနိုင်ရန် ပြင်ဆင်လာနေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိဒါန်းအစကို ပြန်ကောက်သော် ၂ဝ၁ဝ ပြည့်နှစ်သို့ ပြန်ပြောင်းကြည့်ရမည် ဖြစ်သည်။

အေးချမ်းဖြိုးကော်မရှင်

၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်သဖြင့် အေးချမ်းဖြိုးကော်မရှင်ဟု ဆိုနိုင်သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၄၃) နှင့်အေးချမ်းဖြိုးကောင်စီက ပြဌာန်းထားသော ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ပုဒ်မ ၃ တို့အရ ၂ဝ၁ဝပြည့် နှစ် မတ် ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဌဦးသိန်းစိုးနှင့် ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေးနှင့် ဦးအောင်မြင့် အပါအဝင် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂ဝ၁ဝ ပြည့်နှစ် မတ် ၁ဝ ရက်တွင် ဒုတိယတရားသူကြီးချုပ် ဦးသိန်းစိုး၊ ဒုတိယရှေ့နေချုပ် ဦးမြင့်နိုင်၊ တရားရုံးချုပ်တရားသူကြီး ဒေါက်တာတင်အောင်အေး၊ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအောင်မြင့်တို့ကို တာဝန်မှ အနားယူခွင့်ပြုခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၄၇/ ၂ဝ၁ဝ)မှ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို အမှုထမ်းရာထူး ၇၆ နေရာ၊ အမှုထမ်းရာထူး ၁၂၄ နေရာ စုစုပေါင်း ရာထူးနေရာ ၂ဝဝ ဖြင့် ဖွဲ့စည်းခဲ့သည်။

အစိုးရသစ်နှင့် ကော်မရှင်သစ်

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အစိုးရသည် အစိုးရသစ်နှင့်အတူ ကော်မရှင်သစ်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ကသစ်သည်ဟု ထင်ရသော်လည်း၊ အဖွဲ့ဝင်အားလုံးနီးပါးသည် ကော်မရှင်ဟောင်းမှ လူများဖြစ်သည်။ ထို့ကြောင့် အရေခွံလဲရုံသက်သက်ထက် မပိုခဲ့ဟု သုံးသပ်နိုင်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် သမ္မတသည် အစိုးရသစ်ကိုဖွဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သောအခါ ကော်မရှင်သည် ထူးမခြားနား ဖြစ်ခဲ့ရသည်။ ၂ဝ၁၁ ခုနှစ်၊ မတ် ၃ဝ ရက်တွင် ဦးတင်အေးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဖြစ်လာသည်။ သမ္မတဦးသိန်းစိန် လက်ထက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်လည်း အေးချမ်းဖြိုးကောင်စီမှ ဖွဲ့စည်းပေးခဲ့သော ကော်မရှင်နှင့် ထူးမခြားနားပင်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်အဖွဲ့ဝင်များအားလုံးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟောင်းအဖွဲ့ဝင်များ ဖြစ်သည်။

ကော်မရှင်ရုံးများတိုးချဲ့ခြင်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲများကို အောင်မြင်စွာ ကြီးကြပ်ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရေးတို့အတွက် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ရုံး၊ နေပြည်တော်နှင့် ခရိုင် ၆၇ ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ရုံး၊ မြို့နယ် ၃၃ဝ ရုံးတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးလက်အောက်ခံ၊ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်အဖြစ် ဖွဲ့စည်းခဲ့သည်။

အရာထမ်း ရာထူး ၅၁၈ နေရာ၊ အမှုထမ်းရာထူး ၁၆၉၆ နေရာ၊ စုစုပေါင်းရာထူး ၂၂၁၄ နေရာဖြင့် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန် ၂ဝ၁၂ ခုနှစ် ဩဂုတ် ၉ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃ဝ/၂ဝ၁၂) တွင် သဘောတူခွင့်ပြုပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး ၅၉၄ နေရာ၊ အမှုထမ်းရာထူး ၁၈၂ဝ နေရာ၊ စုစုပေါင်းရာထူး ၂၄၁၄ နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ဘောင်းဘီဝတ်မှ ပုဆိုးဝတ်သို့


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၃ ခုနှစ်၊ ဒီဇင် ဘာ ၃ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၇/၂ဝ၁၃)ကို ထုတ်ပြန်ကြေညာပြီး လက်ထောက်ညွှန်ကြားရေးမှူးများကို ခန့်ထားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံး၏ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲပါ စာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြုခဲ့သော ဗိုလ်မှူးအဆင့် ၅၈ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး လက်အောက် ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၊ နံနက်ပိုင်းမှစ၍ ခန့်ထားခဲ့သည်။ ဘောင်းဘီဝတ်တို့ ဘောင်းဘီချွတ်ကာ၊ ပုဆိုးဝတ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးလက်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သော တပ်မတော်အရာရှိ ၅၈ ဦးတို့ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁၁/၂ဝ၁၄) ထုတ်ပြန်လျက်၊ ကယားပြည်နယ်မှ လွဲ၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခြောက်ခု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှစ်ခု၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် နေပြည်တော်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံး အပါအဝင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး ၄၉ ရုံးတို့တွင် လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ချထား ခဲ့သည်။

ဗျူဟာခင်းပြီလား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစားဗိုလ်မှူး)များကို ပြောင်းရွှေ့ခန့်အပ် တာဝန်ချထားခြင်းမရှိသော ခရိုင်အများစုသည် လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်၊ အားမကောင်းသောနေရာများ ဖြစ်နေသည်ကို ထူးခြားစွာသတိပြုမိသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်၊ ပူတာအိုခရိုင်၊ ရှမ်းပြည်နယ်တွင် လင်းခေးခရိုင်၊ ကွန်လုံခရိုင်၊ လောက်ကိုင်ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဖြတ်ခရိုင်တို့တွင် အငြိမ်းစားဗိုလ်မှူးများကို တာဝန်ချထားခြင်း မရှိပေ။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နေရာနှင့် တာဝန်ချထားမှုများသည် ပြည်ခိုင်ဖြိုးပါတီ၏ လူထုစည်းရုံးရေးဗျူဟာများနှင့် ဆက်စပ်ကောင်းဆက်စပ်နေနိုင်သည့် အသွင်များကို သတိပြုမိသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု မှုစနစ်(ပီအာ)ကို ပြောင်းလဲကျင့်သုံးရန် အလားအလာမြင့်မားနေသည့်အချိန်တွင် အငြိမ်းစားဗိုလ်မှူးများကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ တာဝန်ပေးခဲ့ခြင်းကို အကြောင်းပြုလျက်၊ အချိုးကျကိုယ်စားပြုမှုစနစ်တွင်လည်း ခရိုင်များကို အခြေခံသည့်ပုံစံပြောင်းလဲနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ခရိုင်များအထိ တိုက်ရိုက်ညွှန်ကြား၊ တာဝန်ပေး၊ သတင်းပို့၊ ပြန်လည်အစီရင်ခံနိုင်မည့် ဆက်ကြောင်းတစ်ခုကို ပြင်ဆင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပုံရသည်။

ဘောင်းဘီချွတ်အုပ်ချုပ်ရေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးယန္တရားတစ်ခုကို စိတ်ချယုံကြည်ရသူများနှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နိုင်သည်။ ကြိုတင်ပြင်ဆင်ထားသော၊ မဟာဗျူဟာမြောက်သော၊ ရည်မှန်းချက်များ အောင်မြင်ရေးကိုဦးတည်သော အထူးစီမံချက်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်နေသည်ဟု ယူဆနိုင်သော လက္ခဏာများကိုလည်း သတိပြုမိသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လတ်တလောခြေလှမ်းများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို အားလျော့စေရန် ဗျူဟာမြောက်ပုံဖော်နေသည့်အသွင် ယိုးစွပ်မှုများမြင့်မားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။

တပ်မတော်အစိုးရ အုပ်ချုပ်မှုစနစ်မှ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်သို့ ပြုပြင်ပြောင်းလဲနေပါသည်ဟု ကြွေးကြော်နေသည့်ကာလတွင် တပ်မတော်အရာရှိများကို အငြိမ်းစားယူစေပြီး အရပ်သားအရာရှိများ အသွင်ပြုပြင်ပြောင်းလဲ ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် အစိုးရနှင့် အုပ်ချုပ်ရေးယန္တရားတွင် သွတ်သွင်းနေခြင်းသည် အငြိမ်းစားတပ်မတော်အရာရှိများကို ဆက်လက်ကျောရိုးပြုနေခြင်းဖြစ်သည့်အလျောက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေတည် စတင်ခဲ့သော အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးပုံစံနှင့် တစ်ထပ်တည်းကျနေသည်ဟု သုံးသပ်နိုင်သည်။ တိုင်းပြည်နှင့်ပြည်သူလူထုကို အဆင်းရဲ၊ အမွဲတေဆုံး ဖြစ်စေခဲ့သည့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်သော အငြိမ်းစားတပ်မတော်အရာရှိများကို ကျောရိုးပြုသည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးစနစ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲနိုင်မှသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် အနှစ်သာရ ပြည့်ဝမည်ဖြစ်သည်။

တိုက်တွန်းဆော်သြခြင်း

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်သူလူထုအများစု ကြည်ညိုလေးစားသော၊ ကြားနေသော၊ ဘက်လိုက်နိုင်ခြေမရှိသော ပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းသင့်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် အငြိမ်းစားတပ်မတော်အရာရှိများ ပါဝင်မှုကို သုညအဆင့်သို့ လျှော့ချသင့်သည်ဟု ထင်မြင်မိသည်။ သို့မှသာ လာမည့်အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်မှုကိုမြှင့်တင်နိုင်မည်ဖြစ်သည်။

ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဟု လက်ခမောင်းခတ်ကြွေးကြော်နေသော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပြင်ဆင်ဖွဲ့စည်းနိုင်ရေးနှင့် အငြိမ်းစားတပ်မတော်အရာရှိများ ပါဝင်မှုကို သုညအဆင့်သို့ လျှော့ချနိုင်ရေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို မဖြစ်မနေဆောင်ရွက်သင့်သည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ယခုအချိန်ကတည်းက စီမံချက်ချမှတ်ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ၊ လှည်းနေလှေအောင်းမြင်းဇောင်း မကျန် စောင့်ကြည့်လေ့လာနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် လာမည့် ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး၏လွတ်လပ်မှု၊ တရားမျှတမှု၊ ဘက်မလိုက်မှု၊ ဩဇာလွှမ်းမိုးခြင်းကင်းမှုတို့ကိုရှေးရှုလျက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့်အဖွဲ့ဝင်များနေရာတွင် အစဉ်အလာအားဖြင့် ကြားကျသူများ၊ ဩဇာတိက္ကမရှိသူများ၊ ပြည်သူလူထုအကြား ယုံကြည်မှုမြင့်မားသူများနှင့် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးကို အဆိုတင်သွင်း အဆုံးအဖြတ်ရယူသင့်သည်ဟု ထင်မြင်မိသည်။ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦး အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်နေခြင်းသည် ကြောင်းကျိုးဆီလျော်မှု နည်းပါးလွန်းသည်ဟု လည်းကောင်း၊ နိုင်ငံရေးအရ မိုက်ရူးရဲဆန်လွန်းသည်ဟုလည်းကောင်း ကောက်ချက်ပြုနိုင်သည်။

နိဂုံး


အချုပ်အားဖြင့်ဆိုသော် သီးခြားလွတ်လပ်မှု၊ ကြားနေမှု၊ အမှီအခိုကင်းမှု၊ လွတ်လပ်မှု၊ အများပြည်သူလူထု၏ ကြည်ညိုလေးစားမှုတို့ မြင့်မြင့်မားမားရှိသည့် အရပ်သားပုဂ္ဂိုလ်ကြီးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်မှုကို အာမခံနိုင်မည်ဖြစ်သည်။ အများကြည်ညိုလေးစားပြီး ဘက်မလိုက်ကြားနေသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ စီမံခန့်ခွဲမှုအောက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည်သာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မဟာဗျူဟာ လှေကားထစ်နောက်တစ်ထစ်သို့ တွန်းပို့နိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်။ -

http://www.news-eleven.com/

ပုဒ်မ ၅၉ စ ကို မပြင်ပေးခြင်းဖြင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည်
http://burma.irrawaddy.org/
မြန်မာအစိုးရနှင့် လှိုက်လှဲနွေးထွေးသောဆက်ဆံရေး ထူထောင်ရရှိပြီးသည့် ယခုအချိန်တွင် အနောက်နိုင်ငံများ အနေဖြင့် မြန်မာ့ တပ်မတော်နှင့် ဆက်သွယ်မှုများ ပြန်လည်ထူထောင်ရန် သင့်မသင့် ကို ဂရုတစိုက် ဆင်ခြင် သုံးသပ်နေကြ ပြီဖြစ်သည်။

အမေရိကန် စစ်တပ်မှ ကိုယ်စားလှယ်များနှင့် မြန်မာအရာရှိများကြား တိတ်တိတ် ဆိတ်ဆိတ် အစည်းအဝေးပွဲ များ ပြုလုပ်ခဲ့ကြပြီးဖြစ်ပြီး အင်္ဂလန် နိုင်ငံကလည်း မြန်မာစစ်တပ်ကို လူ့အခွင့်အရေး သင်တန်းပေးခဲ့သည်။ ဩစတြေးလျကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာစစ်သား များ ပါဝင်လာနိုင်ရန် ဖြစ်နိုင်ချေ များ ရှာဖွေမည်ဟု ပြောသည်။ ယခုမှ အခြေတည်လာသည့် ပူးပေါင်း ဆောင်ရွက်မှုအပေါ် ဝေဖန်သူများလည်း ရှိနေပြီး Burma Campaign UK က မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက် ရက်စက်မှုများအတွက် တာဝန်ရှိနေကြောင်း အထူး သဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် ဒေသများတွင်ဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာစစ်တပ်က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို လက်နက်ကြီးများ၊ ရုရှား နိုင်ငံလုပ် Hind တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ အသုံးပြု၍ အဓိက ထိုးစစ် တရပ်ဆင်နွဲခဲ့သည်။ တိုက်ခိုက်မှု၏ ရလဒ်အဖြစ် လူ ၁၀ဝ၀ဝ၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အရပ်သားများ အသတ်ခံရမှုများ၊ အမျိုးသမီးများကို မတရား ကျင့်မှုများနှင့် လုံးလုံးလျားလျား ဖျက်ဆီးခံ လိုက်ရသည့် ကျေးရွာများကို မှတ်တမ်းပြုစုခဲ့သည်။ KIA ကိုလည်း အကြမ်းဖက် ရက်စက်မှုများအတွက် စွပ်စွဲခြင်းများရှိခဲ့သည်။ သို့သော် အစိုးရတပ်လောက် မများပေ။

အဆိုပါ အကြမ်းဖက်မှုများကို အနောက်နိုင်ငံ များကလည်း သတိပြုမိခဲ့သည့်အတွက် စိုးရိမ်ကြောင်း အခါ အားလျော်စွာ ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်နှင့် ဆက်သွယ်ရေး လုပ်ဆောင်မှုကို မရပ်တန့်ပါ။ ဥပမာပြရလျှင် အမေရိကန်အစိုးရသည် အတားအဆီး အခက်အခဲများ ရှိနေသည့်တိုင် မြန်မာစစ် အရာရှိများကို အမေရိကန်ပြည်ထောင်စုတွင် လေ့ကျင့်သင်တန်း ပေးရန် စဉ်းစားနေခြင်း အပါအဝင် ၎င်း၏ မူလ ရည်ရွယ်ချက်များကို ဆက်လက် လုပ်ဆောင်နေ သည်။ အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈ က ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နှိမ်နင်းခြင်း မပြုမိ အချိန်အထိ မြန်မာ နှင့် အမေရိကန်တို့ စစ်ရေး ပူးပေါင်းမှု အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ သည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်သွားသော ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရအား အာရှတွင် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းမှ ကာကွယ်ပေးနေသည့် တံတိုင်းတခုသဖွယ် ရှုမြင်ခဲ့သည်ကို အမှတ်ရ နေဖို့ အရေးကြီးပါသည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရ က မိမိကိုယ်မိမိ ဆိုရှယ်လစ်ဟု သမုတ်ခဲ့သော် လည်း မြန်မာစစ်တပ်သည် တရုတ်နိုင်ငံက ထောက်ပံ့ထား သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို ဆန့် ကျင်တိုက်ခိုက်ခဲ့သည်။

၁၉၆၆ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီး နေဝင်း အမေရိကန်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်ခဲ့ ပြီး ထိုစဉ်က အမေရိကန် သမ္မတဖြစ် သည့် လင်ဒန်ဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့သွား ရောက်လည်ပတ် သည့် အချိန်တွင် တရုတ်နိုင်ငံ က မော်စီတုန်း၏ တော်လှန်ရေးဝါဒကို အရှေ့ တောင် အာရှသို့ စတင် တင်ပို့ နေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်မေလက အိမ်ဖြူတော်သို့ (၁၉၆၆ ခုနှစ် နောက် ပိုင်း ပထမဆုံးသော မြန်မာ ခေါင်းဆောင်အဖြစ်) သမ္မတ ဦးသိန်းစိန် ရောက်ရှိချိန်တွင် တရုတ်နိုင်ငံက စီးပွားရေးကို ဦးစားပေးသည့် နိုင်ငံအဖြစ် ကြီးထွား လာနေပြီဖြစ်သည်။ တရုတ်နိုင်ငံက ၎င်း၏အရှိန်အဝါ ကို ဒေသတွင်းတွင် တိုးချဲ့ပြီး ဈေးကွက်ကို စိုးမိုးကာ သဘာဝအရင်း အမြစ်များကို သိမ်းယူရန် ဆန္ဒရှိနေ သည်။ ယခုအချိန်တွင် တရုတ်နိုင်ငံ ၏ အစီအစဉ် သည် ယခင်နှင့် ခြားနားခဲ့ပြီဖြစ်သော်လည်း အာရှ ဗျူဟာပြိုင်ပွဲတွင် တရုတ်နှင့် အမေရိကန်က ဆန့် ကျင်ဘက် အစွန်းများတွင် ရှိနေကြဆဲဖြစ်သည်။ အာရှကို လွှမ်းခြုံမည့် စစ်အေးတိုက်ပွဲသစ်တွင် အမေရိကန်က မြန်မာနိုင်ငံကို ၎င်းဘက်၌ ရှိစေချင် သည်။ ထို့ကြောင့် စစ်တပ်ချင်း ဆက်သွယ်ရန် ပြန်လည် စီစဉ်လာခြင်းကို ထိုအချက်၏ နောက်ဆက်တွဲ အဖြစ် ရှုမြင်သင့်သည်။ ဗျူဟာမြောက်စွာ တည်ရှိနေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် အမေရိကန် နိုင်ငံအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထက် ပိုအရေးကြီး သည့် တခြားသော ဦးစားပေးရမည့် အချက်များ ရှိနေကြောင်း အလွန်ထင်ရှားနေသည်။

၁၉၅၇ ခုနှစ်ခန့်တွင် မြန်မာထောက်လှမ်းရေး အရာရှိ အနည်းဆုံး ၂ ဦးခန့်ကို အမေရိကန် ဗဟို ထောက်လှမ်း ရေး အေဂျင်စီ (CIA) မှ ဖွင့်လှစ်သည့် သင်တန်းတက်ရောက်ရန် ပစိဖိတ် သမုဒ္ဒရာအတွင်း ရှိ အမေရိကန်ပိုင် ဆိုင်ပံကျွန်းသို့ စေလွှတ်ခဲ့သည်။ ထိုအရာရှိ ၂ ဦးထဲမှတဦးမှာ ပြည်တွင်းတွင် မျက်မှန် တင်ဦးဟု သိကြသည့် ဗိုလ်မှူးချုပ် တင်ဦးဖြစ်ပြီး ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးသည့် အချိန်တွင် စစ်ထောက်လှမ်းရေး အဖွဲ့၏ အကြီးအကဲ ဖြစ်လာသည်။ ဦးနေဝင်း၏ အရိုက်အရာကို ဆက်ခံ မည့်သူအဖြစ်လည်း တချိန်က သတ်မှတ်ခြင်းခံရသူ လည်းဖြစ်သည်။ ဆိုင်ပံကျွန်းတွင် သင်တန်းတက်ခဲ့ သော နောက်ထပ် မြန်မာအရာရှိ တဦးမှာ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသော ဦးလေးမောင်ဖြစ် သည်။ တချိန်တည်းမှာပင် ဃှုဗ က ရန်ကုန်မြို့တွင် သုတေ သနဌာနတခု ဖွင့်လှစ်နိုင်ရန်အတွက် အထောက် အပံ့ ပေးခဲ့သည်။ ၎င်းတို့၏ အဓိက ဘုံရန်သူမှာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် သူ့၏ တရုတ်ကျောထောက် နောက်ခံများဖြစ်သည်။ ဗကပကို တိုက်ခိုက် ရန်အတွက် အမေရိကန်ပြည်ထောင်စုက လက်နက်များပေးပို့ခဲ့ သေးသော်လည်း အနည်းအကျဉ်းမျှသာ ဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်က ၎င်း၏ ကိုယ်ပိုင် ကာကွယ်ရေးစက်ရုံများမှ ထုတ်လုပ်သည့် လက်နက်များကိုသာ ဆက်လက်အားထားခဲ့သည်။

အမေရိကန်နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ ကြသော မြန်မာစစ်ဘက်အရာရှိ အမြောက်အမြားရှိပြီး ၎င်းတို့ ထဲတွင် ၁၉၅၅-၅၆ အတွင်း Fort Leavenworth ရှိ စစ်ဦးစီးကောလိပ် တက်ရောက်ခဲ့ သော ဗိုလ်မှူးကြီး ကြည်မောင်လည်း ပါဝင်သည်။ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဖွဲ့စည်းခဲ့ သည့် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင်ဖြစ်လာသော်လည်း နောက်ပိုင်း တွင် ရာထူးမှဖယ်ရှားခြင်း ခံခဲ့ရကာ ၁၉၈၈ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်လာသည်။ နောက် တဦးမှာ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဖြစ်ပြီး ၁၉၆၀ အစောပိုင်းနှစ်များထဲတွင် အလားတူသင်တန်းမျိုး တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရကျော်ထင် သည် သူ၏ဘဝတလျှောက်လုံး ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ အပေါ် သစ္စာစောင့်သိခဲ့သူဖြစ်သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကာကွယ်ရေး ဦးစီးချုပ် ရာထူးနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

အဆင်ပြေနေသည့် အမေရိကန် – မြန်မာ ဆက်ဆံရေးသည် ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ပြောင်းလဲသွား ခဲ့ရသည်။ ဆက်ဆံရေးကနိမ့်ကျသည့် အခြေအနေသို့ ကာလကြာမြင့်စွာ ရောက်ရှိသွားခဲ့ပြီး ပြန်လည်မြှင့်တင် ခြင်း မပြုလုပ်နိုင်သည်မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအထိဖြစ်သည်။ သိသာထင်ရှားစွာပြောရ လျှင်၂၀၁၁ ခုနှစ် စက်တင် ဘာလတွင် ဦးသိန်းစိန် အစိုးရက တရုတ်အထောက် အပံ့ဖြင့် ဆောင်ရွက်နေသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ကာလ အထိဖြစ်သည်။ ထိုသို့ ရပ်ဆိုင်း လိုက်သည့်သတင်းက အမေရိကန်အစိုးရ၏ နားထဲတွင် ဂီတသံပမာဖြစ်ပြီး ထိုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင် ဘာလတွင် အမေရိကန် သမ္မတ အိုဘားမားလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ထို့နောက် ပြီးခဲ့ သည့်နှစ် မေလတွင် သမ္မတဦးသိန်းစိန်ကို ဝါရှင်တန် ၌ ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြသည်။

အမေရိကန် စစ်တပ်မှ သုတေသီတဦးဖြစ်ပြီး မြန်မာနိုင်ငံဖွား အိန္ဒိယလူမျိုးတဦး၏ သားလည်းဖြစ်သူ ရာဗီဘာ လာရမ်းက အမေရိကန်နိုင်ငံမှ နိုင်ငံတကာ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် (IMET) တွင် တက်ရောက်ခဲ့သော မြန်မာ စစ်ဘက်အရာရှိများစာရင်းကို ပြုစုထားပြီးဖြစ်သည်။ အမေရိကန်နှင့် အကျွမ်းတဝင် ရှိရန် အလားအလာ ကောင်းသည့် သူများဟုလည်း ယူဆရသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ သော ရာဗီဘာ လာရမ်း၏ စာတမ်းတွင် ဖော်ပြထားသူများမှာ ယခု ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေသော ရေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ဝါရှင်တန် ရှိ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီးမြင့် သိန်း၊ ရေတပ်လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူးချုပ် တင်အောင်ဆန်း၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် လှဝင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်နှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးဖေတို့ဖြစ်သည်။

ယခုအချိန်တွင် အခြားသော အင်အားကြီး အနောက်နိုင်ငံများကလည်း မြန်မာစစ်တပ်နှင့် ပြန်လည်ဆက်ဆံ ရေးတွင် မည်သည့်အတိုင်းအတာအထိ ပါဝင်နေသနည်းဆိုသည့် မေးခွန်းတခု ရှိလာသည်။ သို့သော်လည်း သမိုင်းအစဉ်အလာအရ ကြည့်မည် ဆိုလျှင် ဩစတြေးလျ နိုင်ငံကလည်း အရေးပါသည့် နေရာမှ ပါဝင်လာနိုင် သည်။ ဩစတြေးလျ နိုင်ငံက မြန်မာနိုင်ငံသည် ဗျူဟာအရ အရေးပါကြောင်း အစောကြီးကတည်းက သတိထားမိပြီးဖြစ်သည်။ ၁၉၅၀ နှစ်များအတွင်း ဦးနုခေါင်းဆောင်သည့် မြန်မာအစိုးရကို အကူအညီပေးရေး သည် အလွန် အကဲဆတ်ခဲ့သည့်အချိန်တွင် ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံအတွက် အရက်ရောဆုံး အလှူရှင်နိုင်ငံ တခုဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကွန်မြူနစ်ဝါဒက လည်း ဒေသတခုလုံးကို ရစ်ဝဲခြိမ်းခြောက် နေသည်။ ၁၉၅၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “ဩစတြေးလျ ကာကွယ်ရေးမူဝါဒ အခြေခံဗျူဟာ” အမည်ရှိ ဩစတြေးလျအစိုးရ၏ အစီရင်ခံစာတွင် “ကွန်မြူနစ် ဆန့်ကျင်ရေး အစီအစဉ်အရ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများ၏ ကာကွယ်ရေးသည် ဩစတြေးလျနိုင်ငံ၏ ကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်လာလိမ့် မည်” ဟု ဖော်ပြထားသည်။

တနည်းပြောရလျှင် ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံ၏ ကာကွယ်ရေးကို ၎င်းနိုင်ငံ အမျိုးသား လုံခြုံရေး၏ နယ်နိမိတ်အစွန်းအဖြစ် သတ်မှတ်ထား ခြင်းဟု ဆိုနိုင်ပါသည်။ ဩစတြေးလျ စစ်တပ်၏ Command and Staff College တွင် မြန်မာ အရာရှိ အမြောက်အမြား တက်ရောက်ခွင့်ပေးခဲ့ သည်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိ ၂ ဦးဖြစ်သည့် ဗိုလ်မှူးကြီး မောင်မောင်နှင့် ဒုတိယဗိုလ်မှူးကြီး တင်စိုးတို့ ဩစတြေးလျနိုင်ငံသို့ ရောက်ရှိလာပြီး မဲလ်ဘုန်းမြို့ တွင် ဩစတြေးလျစစ်တပ် လေ့ကျင့်ရေးဌာနမှ ဒုတိယ ဗိုလ်မှူးကြီး F.P “တဒ် “ စီရွန်နှင့် တွေ့ဆုံခဲ့ကြ သည်။ ၁၉၅၄ ခုနှစ် ဩဂုတ်လအထိ ၁၆ ဦးထက် မနည်းသော မြန်မာစစ်အရာရှိများ ဩစတြေးလျတွင် လေ့ကျင့်သင်တန်း တက်ရောက်ခဲ့ကြသည်။ ဒုတိယ ဗိုလ်မှူးကြီး “တဒ်” စီရွန်လည်း ရန်ကုန်မြို့သို့ ၁၉၅၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ “တဒ်” စီရွန်သည် လက်နက်ကိုင် ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး ကျွမ်းကျင်သူတဦးဖြစ်ပြီး ဩစတြေးလျ စစ်တပ်၏ တောတွင်းတိုက်ပွဲ လေ့ကျင့် ရေးကျောင်းကို Queensaland ရှိ Canungra တွင် စတင်တည်ထောင်ခဲ့သူ လည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီးနောက် ဆက် ဆံရေးများ ရပ်ဆိုင်းသွားခဲ့သော်လည်း ဩစတြေးလျ နိုင်ငံက မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် စိတ်ဝင်စားမှု ရှိနိုင် ကြောင်း ဖော်ပြနေသည့် အချက်များလည်းရှိနေသည်။ ယခု အချိန်တွင် ၁၉၅၀ နှစ်များကဲ့သို့ပင် တရုတ်နိုင်ငံ၏ အနေအထားက အခြားအရာများထက် ပို၍ထည့် သွင်းစဉ်းစားရမည့် အရေးပါသောအချက် ဖြစ်နေသည်။

ပြန်လည်တည်ဆောက်နိုင်သည့် ရေခံမြေခံ လည်းရှိနေသည်။ သို့သော်လည်း နောက်ဆုံးတွင် မြန်မာနိုင်ငံက ကြီးမားသည့် ပါဝါကစားပွဲသစ်တခု၏ အလယ်တွင် ထိန်းချုပ်မှုအနည်းငယ် သို့မဟုတ် လုံးဝမရှိနိုင်သည့် အနေ အထားတခုကို ရှာဖွေသွား ဖွယ်ရှိနေသည်။ အနောက်နိုင်ငံများကလည်း မြန်မာ နိုင်ငံတွင် ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မျှော်လင့်မထားသည့် ရုတ်တရက် အပြောင်းအလဲမျိုးထက် ဆက်လက် တည်ငြိမ်မှုရှိနေ သည်ကို လိုလားသည်ဟု ယူဆနိုင်စရာများလည်း ရှိသည်။ အနောက်အင်အားကြီး နိုင်ငံများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်လေးစား ဂါရဝထားနေကြချိန်တွင် သူတို့က လက်ရှိအစိုးရနှင့် အနည်းနှင့်အများတူညီမှု ရှိသည့် နောက်အစိုးရကို သဘောကျကြဖွယ်ရာရှိသည်။ အဘယ် ကြောင့်ဆိုသော် အနောက်နိုင်ငံများ အတွက် ဒေသလုံခြုံရေးသည် လူ့အခွင့်အရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးထက် အမြဲတမ်း ပို၍ အရေးကြီးသောကြောင့် ဖြစ်ပါသည်။

မလေးရှား လေယာဉ် MH17 ပေါ်မှာ လိုက်ပါသွားခဲ့သူ ခရီးသည်တွေရဲ့ အလောင်းတွေကို ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ဘူတာရုံတစ်ခုမှာ ဒတ်ခ်ျ မှုခင်းဆိုင်ရာ ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့ပါတယ်။

ခရီးသည်တွေရဲ့ အလောင်းတွေကို တင်ဆောင်လာတဲ့ ရထားကို လေယာဉ် ပစ်ချခံရတဲ့ နေရာနဲ့ ၁၅ ကီလိုမီတာ အကွာမှာ ရှိတဲ့ Torez မြို့မှာ OSCE ခေါ် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က စောင့်ကြည့် လေ့လာသူတွေနဲ့ အတူ ဒတ်ခ်ျ မှုခင်း ဆေးသိပ္ပံ ပညာရှင်တွေက ကြည့်ရှု စစ်ဆေးခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင် Peter Van Vliet ကတော့ ရထားပေါ်မှာ အလောင်းတွေကို ထိန်းသိမ်းထားပုံ ကောင်းမွန်ပါတယ်လို့ ပြောပါတယ်။

ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာ ရထားကို ထွက်ခွာခွင့် ပေးမယ်လို့ သိရကြောင်းလည်း ဆေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အခုအချိန်အထိ ခရီးသည် ၂၇၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။

ခရီးသည် ၂၉၈ ယောက် လိုက်ပါသွားတဲ့ မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း သူပုန်တွေရဲ့ နယ်မြေမှာ ဒုံးကျည် ထိမှန် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/

ဆက်စပ်သတင်း......

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း က၊ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရသူ က၊ ပျက်ကျခဲ့တဲ့ မလေးလေယာဉ်ပျံ ရဲ့ ခရီးသည် ရုပ်အလောင်း ၂၀ဝ နီးပါးကို၊ တောရက်ဇ် မြို့အနီးမှာ ရှိတဲ့၊ အအေးခန်း ရထားတွဲတွေ ထဲ၊ ရွေ့ပြောင်း တင်ထားတယ် လို့ ပြောပါတယ်။

ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး OSCE အဖွဲ့က လည်း၊ အဆိုပါ ရထားတွဲတွေ ပေါ်မှာ၊ ရုပ် အလောင်းထည့် တဲ့ အိတ်တွေ အများအပြား မြင်ခဲ့ရတယ် လို့ ဆိုပါတယ်။

ဒီ ရထားတွဲတွေ အေးနေအောင်၊ ဖွင့်ထားရတဲ့ အင်ဂျင်အတွက် ဆီတွေ ကုန်ကာနီး ဖြစ်နေပြီ လို့၊ သူပုန်တွေဘက် က ပြောကြောင်း၊ အဲဒီ့မှာ ရောက်နေတဲ့၊ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကီးယက်ဗ် ကို ရောက်နေတဲ့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး လျောင် တိယော်န် လိုင်း က၊ အလောင်းတွေ ကို တင်ဆောင်ထား တဲ့ ရထားတွဲတွေ ဟာ၊ ကီးယက်ဗ်ကို လာလိမ့်မယ် ဆိုပြီး ပြောပါတယ်။

ဒီအချိန်မှာပဲ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက၊ မလေးလေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးကျည် စနစ်ကို၊ သူပုန်တွေဆီ ရုရှားက ထောက်ပံ့ ပေးခဲ့တာ ဖြစ်တယ် လို့ စွပ်စွဲ ခဲ့ပါတယ်။

လေယာဉ် ပျက်ကျရာ အရပ်မှာ လည်း သူပုန်တွေကြောင့်၊ ခြေရာလက်ရာတွေ အကုန် ပျက်နေတဲ့ အပေါ်ကို မစ္စတာ ကယ်ရီက ဝေဖန်ခဲ့ပါ တယ်။

အခုဆို ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမဏီ နိုင်ငံတွေကနေ၊ ရုရှား သမ္မတ ပူတင်ကို၊ သူပုန်တွေ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ အတူ လက်တွဲလုပ် ဖို့ ၊ ဖြောင့်ဖြပေးပါရန်၊ တိုက်တွန်း ထားပါတယ်။

နော်နိုရင်း(DVB)

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်မဲပေးစနစ်ပါအ၀င် ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ နည်းဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လယ်ဒီ) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ်က ဒီကနေ့ ရက်စွဲ နဲ့ ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်ဆီ အကြံပြုချက် ၁၀ ချက်ကို တင်ပြထုတ်ပြန် ထားတာဖြစ်ပါတယ်။

ဒီအကြံပြုလွှာ မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၃၀ အစား ရက်ပေါင်း ၆၀ ပေးသင့်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီးတဲ့ နေ့ကစလို့ ၁၅ ရက် အတွင်း စုဝေးဟောပြောမယ့် အစီစဉ်ကို ကော်မရှင်ဆီ လျှောက်ထားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်းနဲ့ ဟောပြောမယ့်ရက်မတိုင်ခင် ၅ ရက်ကြိုတင်အကြောင်းကြားရုံနဲ့ လုံလောက်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေး ပါတီက လွှတ်တော် ကိုယ်စားလှယ်တချို့ဟာ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုတင်ပြရတာဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေချင်တဲ့အတွက် တင်ပြရတာလို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ အကြံပြုချက်တွေထဲမှာ မဲဆန္ဒရှင် အသုံးအနှုန်း၊ မဲရုံထဲ ၀င်ခွင့်ရတဲ့ ပုဂ္ဂိုလ်နဲ့ ပယ်မဲကိစ္စတွေအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟာ သမာသမတ်ကျတဲ့ အများပြည်သူလေးစားပြီး ဂုဏ်သိက္ခာရှိတဲ့သူ၊ နိုင်ငံရေးပါတီဝင်အဖြစ်က ၅ နှစ် ကင်းလွတ်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေလည်း ပြင်ဆင်ဖို့ ထောက်ပြထားပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး မူကြမ်းအဆင့်ပဲရှိသေးတာကြောင့် အကြံပြုထားတဲ့ အချက် ၁၀ ချက်ကို ထည့်သွင်းစဉ်စားပြီး ပြင်ဆင်ပေးဖို့လည်း အန်အယ်လ်ဒီပါတီက တောင်းဆိုထားပါတယ်။

နိုင်ငံရေးပါတီတွေဟာ အရင်ကလည်း အလားတူပြင်ဆင်မှုတွေ ပြုလုပ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ဖူးပေမယ့် ကော်မရှင်က ပြင်ဆင်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ နိုင်ငံရေးပါတီတွေဆီ ပေးပို့ထားတာဖြစ်ပါတယ်။

dvb


မြန်မာပန်းချီဆရာတွေရဲ့ လက်ရာတွေအကြောင်းကို လေ့လာရင်း ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံသူတစ်ယောက်အကြောင်း
Video..MRTV


နိုင်ငံခြားကိုတင်ပို့တဲ့
မြန်မာပြည်ကထုတ်လုပ်တဲ့..
အကျီကြော်ငြာတာလား..

မဟုတ်ပါ..

နိုင်ငံခြားမှာကျောင်းတက်နေတဲ့
မြန်မာကျောင်းသူလေးတွေရဲ့..
ကျောင်းတွင်းလှုပ်ရှားမှုတွေလား..

မဟုတ်ပါ...၊

မြန်မာခရီးသွားအေဂျင်စီတစ်ခုရဲ့
ကြော်ငြာတစ်ခုလား...

မဟုတ်ပါ...။

Specialises in Myanmar Domestic Helpers
လိုရေးသားထားတဲ့ စင်္ကာံပူမှာကြော်ငြာထားတဲ့
မြန်မာအိမ်ဖေါ်မလေးတွေရဲ့ ပုံပဲဖြစ်ပါတယ်..၊

ဖွတ်တွေရဲ့သောက်ပါးစပ်တွေက
တွင်တွင်ပြောနေတဲ့...
သယံဇာတပေါ်များကြွယ်ဝတယ်ဆိုတဲ့...

မြန်မာနိုင်ငံက..မြန်မာအမျိုးသမီးတွေကို..

အဲဒီဘ၀ရောက်အောင်..
ဘယ်သူလုပ်တာပါလဲ...?

---------------

တိုင်းပြည်က သယံဇာတ ပို့စရာမရှိတော့..
လူသားသယံဇာတတွေကို..တရားဝင်အဖြစ်..
ထပ်ပြီးပို့ဆောင်နေကြပြီမလား ?

အဲဒီလိုပဲ တစ်နိုင်ငံလုံးရဲ့မြို့ကြီးတွေမှာ
အကြီးအကျယ် တိုးပွားလာတဲ့..
အနှိပ်ခန်း ၊ကေတီဗီခန်း နဲ့ စစ်တင်တွေဘားတွေမှာ
အလုပ်လုပ်နေတဲ့ မြန်မာမလေးတွေရဲ့
ဘ၀မြင့်မားလှပရေးအတွက်..
ခင်ဗျားတို့ ဘာမှမလုပ်နိုင်ခဲ့ဘူး မလား ?

---------------

လူမှုရေးဦးတည်ချက် ၄ ရပ်ကို
သောက်ကြီးသောက်ကျယ်နဲ့
ချမှတ်တုန်းက ချမှတ်ခဲ့ပြီး..

ခင်ဗျားတို့ကိုယ်တိုင်က..
ဘာပညာမှမတတ်ခဲ့လေတော့..

ကိုယ်ကြိုးစီးပွားပဲ ကြည့်ခဲ့လေတော့...

ကိုယ့်အမျိုးဘာသာထိန်းသိမ်းရေး..
ကိုယ့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးအတွက်...
ဘာမှမလုပ်တတ်ခဲ့ပဲ..

ပညာမြှင့်တင်လို့မြှင့်တင်ရကောင်းမှန်းမသိ..
အရည်အချင်းရှိသူကို အားပေးရကောင်းမှန်းမသိလို့...

ကိုယ့်တိုင်းပြည်ထဲက ...
လူသားအရင်းမြစ်တွေ..
လုပ်ကိုင်နှိုင်စွမ်းတွေ.ဟာ..

သူများနိုင်ငံထဲကို ....
ရေစီးသလို စီးနေတယ်ဆိုတာကို..
ခင်ဗျားတို့ လက်တွေ့ကြုံခဲ့တယ်မဟုတ်လား..

သဘာဝသယံဇာတတွေဟာ.. သူခိုးဈေးနဲ့
ပြည်ပကို ထွက်တယ်..

တစ်ဘက်က..လူစွမ်းအားသယံဇာတတွေ.ကလည်း.
ခင်ဗျားတို့သူခိုးတွေကြောင့်....ပြည်ပကိုထွက်တယ်..

သဘောတရားကတော့..အတူတူပဲမဟုတ်လား..၊

---------------------

အဲဒီလောက်ဖြစ်နေတာတောင်..
ခင်ဗျားတို့.တွေ..သောက်ရှက်မရှိပဲ ...
အုပ်ချုပ်နေချင်တုန်းပဲလား..

ဒါလား.. စီမံခန့်ခွဲမှုကောင်းတာ..
ဒါလား စည်းရုံးရေးစွမ်းရည်..
ဒါလား. အုပ်ချုပ်ရေးစွမ်းရည်..

လဲသေလိုက်ပါလား....

ခင်ဗျားတို့အချင်းချင်း...
သခင်အားရ ကျွန်ပါးဝကြလို့..
ပေးထားကြတဲ့ ရာထူးတွေ..

ခင်ဗျားတို့အချင်းချင်း..
ဖေါ်လံတွေဖါးကြပြီး...အခိုးပြိုင်ကြလို့..
ရရှိထားကြတဲ့စည်းစိမ်တွေဟာ..

အခုပုံထဲက...
မြန်မာအမျိုးသမီးငယ်လေးတစ်ယောက်ရဲ့
သာမန်လုပ်ခလေးလောက်တောင်..
ဖြူစင်ပါ့မလား...၊

ခင်ဗျားတို့စဉ်းစား...

-------------

ခင်ဗျားတို့လုပ်မှပဲ..

သယံဇာတအပေါဆုံးနိုင်ငံဘ၀ကနေ..
ဖါနိုင်ငံ ဖြစ်ရပြီ..

ပညာတတ်တွေအပေးဆုံးနိုင်ငံဘ၀ကနေ
ကျွန်နိုင်ငံဖြစ်ရပြီ...

ဒါကို ခင်ဗျားတို့က...
ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေအားကိုးနဲ့
မသိချင်ယောင်ဆောင် ပြီး..
ငြိမ်နေကြတုန်းပဲလား..

ဆင်းကြပါတော့ဗျာ..

ဆင်းကြပါတော့...၊

( ပုရစ်)

( Photo - Ko Htike)

အတိုက်အခံပါတီ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် NLD က ဆောင် ရွက်လျက်ရှိသည့် အခြေခံ ဥပဒေပြင် ဆင်ရေးလှုပ်ရှားမှုအား ပြည်သူလူထု ထောက်ခံမှုမှာ မျှော်မှန်းသည်ထက် ပိုမို ခဲ့သည်ဟု ပါတီကဆိုသည်။ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံ ဥပဒေပြင်ဆင်ရေးထောက်ခံသူများ ၏ အမည်နှင့်လက်မှတ်များအား စု ဆောင်းသည့် လှုပ်ရှားမှု တစ်ခု ပြုလုပ် ခဲ့သည်။ အခြေခံဥပဒေအားပြင်ဆင် ရန် လွှတ်တော်အမတ် ၇၅ ရာခိုင် နှုန်းနှင့်အထက် ထောက်ခံရမည်ဆိုသည့်အချက်အားပြင်ဆင်ရန် တောင်းဆို လှုပ်ရှားနေခြင်းဖြစ်သည်။ လက် ရှိအခြေခံဥပဒေအရ စစ်တပ်သည် အမတ်နေရာ ၂၅ ရာခိုင်နှုန်းရရှိသ ဖြင့် မည်သည့်အခြေခံဥပဒေပြောင်း လဲမှုကိုမဆို ဗီတိုအာဏာဖြင့် ပယ်ချ ပိုင်ခွင့်ရသကဲ့သို့ဖြစ်နေသည်။ ထိုသို့ အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံရ မည်ဟု သတ်မှတ်ထားသည့် ပုဒ်မ ၄၃၆ မှာ ဒီမိုကရေစီစံနှုန်းနှင့်မညီဟု NLD ကပြောကြားသည်။

လှုပ်ရှားမှုတွင် ထောက်ခံလက်မှတ်ရေးထိုးသူအရေအတွက်က NLD အား ခွန်အားဖြစ်စေသည်ဟုဆို သည်။ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက “မြန် မာပြည်သူတွေဟာ နိုင်ငံရေးနဲ့စီးပွား ရေး ပြောင်းလဲမှုကိုလိုချင်တဲ့အတွက် လက်မှတ်ထိုး ထောက်ခံကြပါတယ်” ဟု ဆိုသည်။

လက်မှတ်ထိုးလှုပ်ရှား မှုအား မေ ၂၇ ကစတင်ခဲ့ခြင်းဖြစ် ပြီး ဇူလိုင် ၁၉ အာဇာနည်နေ့ထိ စု ဆောင်းမည်ဖြစ်သည်။ ထို့နောက် လက်မှတ်များအား သမ္မတနှင့်လွှတ် တော်ထံပေးပို့ မည်ဖြစ်သည်။ ထောက် ခံလက်မှတ်များနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “မျှော်လင့် ထားတာထက် ပိုရခဲ့တဲ့အတွက် လွှတ်တော်က ပြန် စဉ်းစားရမှာပါ။ ကျွန်တော်တို့က လှုပ် ရှားမှုနဲ့ပတ်သက်ပြီး အသိပေးဖို့ကြိုး စားနေပါတယ်။ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေကလွဲ ရင် ကျန်အမတ်တွေက ပြည်သူတွေ ရွေးကောက် တင်မြှောက် ထားတာဖြစ် တဲ့အတွက် ပြည်သူ့ဆန္ဒကို ဂရုစိုက် ရမှာပါ” ဟု ပြောကြားသည်။

သို့သော်လည်း လက်မှတ်ထိုးသူ များမှာ ၎င်းင်းတို့၏လုပ်ဆောင်မှုကို သေ ချာနားလည်မှုရှိ၊ မရှိနှင့် လက်မှတ် အားလုံး အစစ်အမှန်ဖြစ်မှုတို့အပေါ် အချို့က မေးခွန်းထုတ်နေကြသည်။ အချို့ပြည်သူများကNLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ပြသရန်အတွက် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

ရုပ်ရှင်သရုပ်ဆောင်များ၊ အဆို တော်များနှင့် မြန်မာလူမှုအဖွဲ့အစည်း တွင် အရေးပါသူများက အခြေခံဥပ ဒေပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှား မှုတွင် ပါဝင်သည့်ဓာတ်ပုံများ၊ လူမှု ကွန်ရက် များတွင် အများအပြားပေါ် ထွက်လာခဲ့သည်။ “စစ်သား၊ ရဲနဲ့ ဘုန်း ကြီးအချို့ လက်မှတ်ထိုး တာကိုလည်း တွေ့ခဲ့ရပါတယ်” ဟု လေ့လာသူများ ကဆိုသည်။

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမြတ်သူက “ဒီလှုပ်ရှားမှုအပြီးမှာ လူတွေက အခြေခံ ဥပဒေပုဒ်မ ၄၃၆ အကြောင်းစိတ်ဝင်စားလာပြီး လူအ များအပြားက နိုင်ငံရေးကို စိတ်ဝင်စား တယ်ဆိုတာ ပြသခဲ့ပါတယ်။ ပူး ပေါင်းပါဝင်မှုမရှိရင် ဒီမိုကရေစီမြန် မြန်ဆန်ဆန် မရနိုင်ဘူးဆိုတာ လူတွေ သိကြပါတယ်” ဟု ပြောကြားသည်။

သို့သော် ထိုလက်မှတ်ထိုးလှုပ်ရှားမှု က လွှတ်တော်၏ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်သည့် ရည်ရွယ် ချက်အား လွှမ်းမိုးမှုအနည်းငယ်သာ ရှိနိုင်သည်ဟု လွှတ်တော် ဥက္ကဋ္ဌနှင့် အာဏာရပါတီခေါင်းဆောင်များက ဆိုသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် များပေးပို့သည့်အခါ သမ္မတနှင့် အစိုးရအဖွဲ့က မည်သို့တုံ့ပြန် မည်ကို ပြည်သူများက ဂရုစိုက်စောင့် ကြည့်လျက်ရှိသည်။

KHTun
အတွဲ ၂ အမှတ်စဉ် ၂၂၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။



Photo..Thaung su nyein,video..Kamayut media

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအချို့သည် ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းများ ဖြန့်ဝေခြင်းကြောင့် ပိုမိုဖြစ်ပွားနေသည်ဟူသော ယူဆချက်ဖြင့် အသုံးပြုခွင့် ပိတ်ပင်သွားမည်ကို စိုးရိမ်မိသည်ဟု အိုင်တီပညာရှင် တစ်ဦးဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့ (U (Myanmar ICT For Development Organization – MIDO)၏ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ကိုနေဘုန်းလတ်က “ဆိုရှယ်မီဒီယာဟာ အရမ်းမြန်တဲ့အတွက် မြန်နှုန်းမြင့်ခေတ်မှာ ဆင်ခြင်တုံတရားအတွက် နေရာ မရှိတော့ဘူး။ တုံ့ပြန်တဲ့နေရာမှာလည်း ဉာဏ်ကို ရှေ့တန်း မတင်တော့ဘူး။ အစိုးရအနေနဲ့ ဒီလိုဖြစ်နေတာကို စေတနာအမှန်နဲ့ စိုးရိမ်တာဆိုရင် ပြဿနာမရှိပေမယ့် ဒါကို အကြောင်းပြပြီး တစ်ဖက်က ပိတ်ပင်တာ မျိုးလုပ်လာမှာကိုတော့ စိုးရိမ်တယ်”ဟု ဆိုသည်။

ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် အမုန်းစကားများ၊ ကောလာဟလသတင်းများကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းကို ကာကွယ်တားဆီးနိုင်ရန်အတွက် ရန်ကုန်မြို့ MICT Park တွင် Community Forum on Responsible Social Media in Myanmar ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ကိုနေဘုန်းလတ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းနည်းပညာပညာရှင်များ၊ နာမည်ကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာတို့၏ အာရှဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကိုနေဘုန်းလတ်က “ဆိုရှယ်မီဒီယာဆိုတာ ရှောင်လွှဲလို့မရတဲ့ အပိုင်းပါ။ ၀င်ပြီးစီးမျောရမယ့်အရာပါ။ ဒီနေရာမှာ ဘယ်လိုပုံစံနဲ့ စီးမျောမလဲ။ အဆိုးဘက်ကို မဖြစ်အောင်ထိန်းထိန်းသိမ်းသိမ်းလုပ်တဲ့နေရာမှာ ထိန်းသိမ်းတယ်ဆိုတာကိုပဲ သုံးချင်တယ်။ ထိန်းချုပ်တယ်ဆိုတာကို မသုံးချင်ဘူး။ အစိုးရပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ဖြစ် စဉ်းစားတဲ့နေရာမှာ ထိန်းချုပ်တယ်ဆိုတာမျိုး မလုပ်ဖို့လိုတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ အင်တာနက်အသုံးပြုသူ ပိုမိုများပြားလာနေပြီး ဆိုရှယ်မီဒီယာများကို လက်နက်တစ်ခုအဖြစ် အသုံးပြုလာပါက အန္တရာယ်များသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောသည်။

၎င်းက “နည်းပညာသမားအနေနဲ့ ပြောရရင် မိုဘိုင်းသိပ်သည်းမှုနဲ့အတူ အင်တာနက် အသုံးပြုမှု မြင့်တက်လာပါတယ်။ ၁ ဒသမ ၈ သန်းလောက်က ဖေ့ဘွတ်ခ်ကို နေ့စဉ်သုံးနေပါတယ်။ ဒါကို လက်နက်တစ်ခုအဖြစ် သုံးလာရင် အန္တရာယ်ရှိနိုင်တဲ့အတွက် မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ဆိုသည်။

ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည့် သတင်းများ၊ အမုန်းစကားများကို ဆိုရှယ်မီဒီယာများတွင် ဖော်ပြနေခြင်းနှင့် ပတ်သတ်ပြီး အိုင်တီပညာရှင်၊ ဘလော့ဂါတစ်ဦးဖြစ်သည့် ကိုညီလင်းဆက်ကလည်း “ပွင့်လင်းမြင်သာမှုမရှိတဲ့ ကာလဟာ အရမ်းကြာခဲ့တဲ့အတွက် လူတွေအားလုံးက အရမ်းပြောချင်တယ်။ ဖော်ထုတ်ချင်တယ်။ ဒီအချိန်မှာ Digital Culture (ဒီဂျစ်တယ် ယဉ်ကျေးမှု)နဲ့ မရင်းနှီးခဲ့တဲ့သူတွေက တစ်ပြိုင်နက်ဝင်သုံးလာကြတဲ့အခါ ကသောင်းကနင်းနိုင်တဲ့ အဖြစ်မျိုး ဖြစ်သွားတယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

ယင်းအပြင် ဂူးဂဲလ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာတို့၏ အာရှဆိုင်ရာကိုယ်စားလှယ်များက မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာများတွင် မိမိကိုယ်ကိုယ်တာဝန်ယူမှုနှင့် ပတ်သက်ပြီး လေ့လာနိုင်မည့်အချက်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က စတင်ပြီး မန္တလေးတွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် အွန်လိုင်းအသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမိုမပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုထားသေးသည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားခဲ့သည့် ရက်ပိုင်းအတွင်းက ညပိုင်းတွင် လူမှုကွန်ရက်ဖေ့စ်ဘွတ် သုံးစွဲမရခြင်းနှင့်လည်း ကြုံတွေ့ခဲ့ရသေးသည်။
Mizzima news


 “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဦးဝီရသူ
မဇ္ဈိမ သတင်းစာ၊

ဇူလိုင် လဆန်းက ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ ည မထွက်ရ အမိန့်ထုတ်ပြန်ထားရဆဲ မန္တလေး အကြမ်းဖက်မှုကြီးကို စတင်စေခဲ့တဲ့ မုဒိန်းမှုဆိုတာဟာ လီဆယ် တိုင်တန်းမှု တစ်ခုပဲ ဖြစ်တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါပြီ။ လီဆယ်တိုင်တန်း မှု တစ်ခုတောင် ခုလို အကြမ်းဖက်မှုကြီး ဖြစ်ရတယ် ဆိုရင် တကယ့်မှုခင်းတွေဆို ဒီထက်မက ဖြစ်နိုင်ခြေ အများကြီး ရှိတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါတင်မက ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် ဖန်တီးရ၊ လှုံ့ဆော်ရ အလွန်လွယ်ကူ၊ အဲလို လုပ်လို့လဲ ဘာမှ အရေးယူ မခံရဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း ထွက်ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဘက်က ဘာမှ သုံးသပ်တာ၊ အရေးယူ ဆောင်ရွက်တာ မလုပ်တော့ဘူးလားလို့ မေးစရာ မေးခွန်း ရှိလာပါတယ်။ ဒီကနေ့ ဒီအကြောင်း သုံးသပ်တင်ပြသွားပါ့မယ်။

ပထမ တစ်ချက်ကတော့ မုဒိန်းကျင့်ခံရပါတယ် ဆိုတဲ့ တိုင်တန်းချက်တစ်ခုကို ဘယ်မီဒီယာတွေက ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာပါ။ “ တိုင်ကြားထားချက် ” ကို “ တိုင်ကြားထားချက်” လောက် မဖော်ပြပဲ တကယ်ပဲ ဖြစ်ခဲ့သယောင်၊ စွတ်စွဲခံရသူတွေက တကယ်ပဲ ကျူးလွန်ခဲ့သယောင် ရေးသားမှုက ပထမ ဦးဆုံး တာဝန်ရှိပါတယ်။ ဒုတိယ တစ်ချက်ကတော့ “ တိုင်ကြားထားဆဲ ” အဆင့်လောက်ပဲ ရှိနေသေးတဲ့ မှုခင်းတစ်ခုခုကို စွတ်စွဲခံရသူဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အချက်တစ်ခုထဲနဲ့ အသည်းအသန် လိုက်လံ စုံစမ်း၊ သတင်းဖြန့်ဖြူး လုပ်ခဲ့ကြသူတွေလည်း တာဝန်ရှိပါတယ်။ အခုဖြစ်စဉ်မှာ အရှင်ဝီရသူဟာ အဲဒီ ကိစ္စ တိုင်ချက် “ပ ” နံပါတ်ရဖို့ မဘသ အဖွဲ့ဝင်တွေကို ပျဉ်းမနားရဲစခန်းအထိ သွားပြီး မေးမြန်း ခိုင်းခဲ့တာပါ။ တစ်နှစ်ကို မုဒိန်းမှုပေါင်း ၇၀၀ ကျော်လောက် ဖြစ်ပွားနေတဲ့၊ သက်ငယ်မုဒိန်းမှုတွေ အလွန်ပေါများ အရုပ်ဆိုး အကျည်းတန်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ ခုလို အဓမ္မပြုကျင့်တယ် ဆိုပြီး ဘာသာခြားကို စွတ်စွဲတဲ့ ကိစ္စမျိုးတွေကိုမှ ရွေးပြီး ဘာကြောင့် စုံစမ်းခိုင်းရတာလဲ။ ဒါဟာ ဘုရားသားတော် သံဃာတွေ လုပ်ရမယ့် လုပ်အပ်တဲ့ အလုပ် ဟုတ်ပါရဲ့လား။ စသဖြင့် မေးစရာရှိလာပါတယ်။

တဆက်တည်း ဒီ ကိစ္စကို ဦးဝီရသူနဲ့ မတူကွဲပြားပါတီ ခေါင်းဆောင် နေမျိုးဝေတို့ သူတို့ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ရေးကြသားကြပါတော့တယ်။ ဦးဝီရသူဆိုရင် ဇူလိုင် ၃ ရက်နေ့မှာ ခုလို ရေးခဲ့ပါတယ်။ “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဒီထက် ဆိုးတာတွေတောင် အများကြီး ရှိပါသေးတယ်။ တကယ်တော့ ဒါဟာ အမုန်းတရား ဖြစ်ပေါ်ဖို့ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှု တစ်မျိုးလို့ ဆိုရင် မမှားပါဘူး။ နေမျိုးဝေကတော့ အမုန်းတရား ဖြစ်ဖို့ လှုံ့ဆော်ရုံမက အကြမ်းဖက်ဖို့တောင် လှုံ့ဆော်ခဲ့ပါတယ်။

ဒီလောက်တောင်ပဲလား ဆိုတော့ မက သေးပါဘူး။ မန္တလေးမှာ ဆူပူမှု စဖြစ်တော့ မန္တလေး မဘသ အဖွဲ့ကြီးဟာ တစ်ဖက်က ဒီဆူပူမှုတွေဟာ သူတို့ကြောင့် မဟုတ်ပါဘူး လို့ ပြောပြီး အခြားတစ်ဖက်က အဲဒီ တိုင်ကြားထားဆဲ မုဒိန်းမှု ကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆိုပြီး တရားဝင် ကြေငြာချက်ထုတ် တောင်းဆိုတာမျိုးတောင် လုပ်လိုက်ပါသေးတယ်။ ပြောရရင် မန္တလေးမှာ အကြမ်းဖက်မှုကြီး ဖြစ်ပွားအောင် အဦးအစ လှုံ့ဆော်သူတွေဟာ အဲဒီ သံဃာ၊ အဲဒီ လူပုဂိုလ်နဲ့ အဲဒီ အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ တစ်တိုင်းတစ်ပြည်လုံးလဲ သိကြပါတယ်။

တတိယ တစ်ချက်ကတော့ တိုင်ကြားထားဆဲ အမှုတစ်ခုက တိုင်ကြားခံလူတွေကို ထုတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတာပါ။ တကယ်တော့ လူတွေ ဒီလို စုရုံးပြီး စွတ်စွဲခံရသူတွေကို ထုတ်ပေးဖို့ တောင်းဆိုမှု လုပ်လာအောင် ကနဦး လှုံ့ဆော်ပေးခဲ့သူတွေဟာ အဲဒီ လီဆယ် တိုင်တန်းထားတဲ့ မုဒိန်းမှုကို တကယ့်ဖြစ်ရပ်ကြီးသဖွယ် မီးမောင်းထိုး လှုံ့ဆော် ရေးသားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တကယ့် မုဒိန်းမှု အစစ်အမှန် ဖြစ်ခဲ့ရင်တောင် ဒီလို လူစုလူဝေး လူအုပ်ဝါဒနဲ့ ရိုင်းစိုင်းကြမ်းတမ်း တဲ့သူတွေလို ဥပဒေ အပြင်ဘက်က ကိုယ့်ဖာသာကိုယ် အပစ်ပေးချင်တဲ့ ပုံစံမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ တရားဥပဒေ အတိုင်း စီရင်စေရမှာပဲ ဖြစ်ပါတယ်။
စတုတ္တ တစ်ချက်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာချိန် ဒုတ်ဒါးကိုင်ဆောင် လှည့်လည် သွားလာသူတွေကို တားဆီးဖို့ မကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ပြသနာပါ။ အဲလို အကြမ်းဖက်မှုကို တစ်ပြိုင်နက်တည်း မနှိမ်နင်းတဲ့အခါ အကြမ်းဖက်သူတွေ ပို အတင့်ရဲလာပါတယ်။ နောက်ပိုင်းမှ ဖမ်းမယ် ဆိုတဲ့အခါ လိုရင် လိုသလို မလိုရင် မလိုသလို၊ အရေးယူတာတွေ၊ အရေးမယူပဲ လျစ်လျူရှုပေးထားလိုက်တာတွေ အားလုံး လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ခုဆိုရင် အာဏာပိုင်တွေဟာ လူသတ်မှု နှစ်မှုရဲ့ လက်သည်တရားခံ ဖော်ထုတ်ပြီး ပြည်သူတွေကို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းပြည်တစ်ပြည်မှာ အမုန်းတရား ပေါက်ဖွားနိုင်ပါတယ်။ ဆူပူဖို့ လှုံ့ဆော်မှုသူတွေ ရှိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီမှာ အစိုးရ တစ်ရပ်ရဲ့ တာဝန်ဟာ နောက်နောင် အဲလို ထပ်မဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ အရေးယူတားဆီးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်သူတွေကို ပညာပေးတာမျိုး လုပ်ရပါမယ်။ အခုကတော့ ဗြောင်းပြန်ပါပဲ။ အမုန်းတရား ဖြန့်ဖြူးသူတွေ အရှိန်အဟုန် မပျက် ဆက်ပြီး ဖြန့်ဖြူးနေနိုင်ကြပါတယ်။ ဆူပူဖို့ လှုံ့ဆော်သူတွေ ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်။ အကြမ်းဖက် သမားတွေကလည်း အခွင့်ပေါ်လာတိုင်း အကြမ်းဖက်ကြပါဦးမယ်။ အကြောင်းကတော့ အာဏာပိုင် အဖွဲ့အစည်းက ထိထိရောက်ရောက် အရေးယူမှု မရှိတာ၊ တမင် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က စ လိုက်တဲ့ အကြမ်းဖက်မီး မိတ္တီလာ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ အခုနောက်ဆုံး မန္တလေး ရွှေမြို့တော်အထိ မရပ်မနား ကူးစက် လောင်ကျွမ်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု မန္တလေး ဇတ်လမ်းအစ အဖြစ်မှန်ပေါ်လာပါပြီ။ အာဏာပိုင်တွေအနေနဲ့ ဒီလို ပြသနာမျိုး နောက်ထပ် ဖြစ်ပေါ်မလာရလေအောင် ကာကွယ်တားဆီးရမယ့် အပြင် လီဆယ် တိုင်တန်းသူကို ဥပဒေ အရပဲ အရေးယူရပါမယ်။ သူ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ၀ါဒဖြန့်ပြီး တရားလွန် အပစ်ပေးတာမျိုး ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်အောင် မလုပ်သင့်ပါဘူး။ ပုံမှန် တရားဥပဒေအတိုင်း စီရင်ရပါမယ်။ အလားတူ စွတ်စွဲခံရတဲ့၊ နစ်နာသွားတဲ့ လဖက်ရည်ဆိုင်ပိုင်ရှင်တွေ သူတို့ အလုပ် သူတို့ ဆက်လုပ်နိုင်အောင် အာဏာပိုင်တွေက အပြည့်အ၀ အကာအကွယ်ပေး တာဝန်ယူရပါမယ်။ အပြစ်မရှိတဲ့ နိုင်ငံသားတွေကို အစိုးရက အကာအကွယ်ပေးတာမျိုး ဖြစ်ပါတယ်။

အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်တဲ့ ဒီပဲရင်း လို အကြမ်းဖက်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမဲစက် စွန်းထင်းခဲ့ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့ အဲလို အခြေအနေမျိုး မဖြစ်အောင် ရှောင်ရှားလိုတယ်ဆိုရင် အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စတွေ စပြီး ကိုင်တွယ်ပါ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူပါ၊ နောက်နောင် မဖြစ်ပွားအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ဖို့ စပြီး ပြင်ဆင်ပါ၊ စာနယ်ဇင်း သတင်းသမားတွေကို တကယ့် တိုင်းပြည်ဖျက်မယ့် ရန်သူကြီးတွေ သဖွယ် ဖိနှိပ်ရန်ရှာနေတာတွေကို ရပ်ပါတော့လို့သာ မေတ္တရှေ့ထား၊ တိုက်တွန်း ပြောကြားလိုက်ရပါတယ်။
စည်သူအောင်မြင့်။


သြဂုတ်လ (၇) ရက်နေ့တွင် ကျရောက်မည့် (၂၆) နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားပွဲသို့ အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီ တို့အား ဖိတ်ကြား သွားမည် မဟုတ်ကြောင်း (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီမှ သတင်း ရရှိသည်။ ယမန်နှစ်က ကျင်းပခဲ့သည့် ရှစ်လေးလုံးငွေရတု အခမ်းအနားပွဲသို့ တက်ရောက်ရန် အစိုးရနှင့်ပြည်ခိုင်ဖြိုးပါတီတို့အား ဖိတ်ကြားခဲ့ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ ဥက္ကဋ္ဌတို့ တက်ရောက် ခဲ့သည်။ ဒီနှစ် မှာတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစု တွေနဲ့ တိုင်းရင်းသား တွေသာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ် ဟု (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

ပထမအကြိမ် (၂၆) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပရေး ကော်မတီ အစီးအဝေးတွင်

(က) အခမ်းအနား ပြင်ဆင်ရေးနှင့် ပြခန်း ကျင်းပရေးကော်မတီ
(ခ) ဖိတ် ကြားရေးနှင့် ကြိုဆို ဧည့်ခံရေးကော်မတီ
(ဂ) ပြန်ကြားရေးကော်မတီ
(ဃ) ဘဏ္ဍာရေး ကော်မတီ
(င) လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီ စသည့်ကော်မတီ (၅) ရပ် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ယင်းနှစ်ပတ်လည် အခမ်းအနားကျင်းပရန် အလှူခံကောက်ခံခြင်း ပြုလုပ်သွားမည် မဟုတ်ဘဲ ပါဝင်သည့် အဖွဲ့အစည်းများသာ ငွေကြေး စိုက်ထုတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ငွေရတုတုန်းက ထုတ်ပြန်ခဲ့တဲ့ အချက်သုံးချက်ကို ဘယ်လောက်ထိ အကောင်အထည်ဖော်ထားလဲ၊ ဘယ်လိုလုပ်ဆောင်နေတာလဲ ဆိုတာ ဒီပွဲမှာတင်ပြသွားမှာပါ ဟု ၎င်း ကဆက်ပြောသည်။

(၂၅) နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားတွင်

(၁) ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး

(၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး

(၃) အားလုံး ပါဝင်သည့် အမျိုးသား ညီလာခံကျင်းပရေးစသည့် အ ချက်များအား ကြေညာခဲ့သည်။ ယင်းအချက် များကို အကောင်အထည်ဖော်ရန်အတွက် လည်း ရှစ်လေးလုံးငွေရတု ကြေညာ စာတမ်း ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ကိုလည်း ဖွဲ့စည်းထားသည်။

(၂၆) နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခန်းအနားအား သင်္ကန်းကျွမ်းမြို့နယ် ကျိုက်ကစံ-ဓမ္မပီယ ရိပ်သာ ကျောင်းတိုက်တွင် နံနက်ကိုးနားရီမှ စတင် ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD နာယကဦးတင်ဦးတို့မှ တစ်ဦးဦး မိန့်ခွန်းပြောကြား သွားမည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။

Messenger News Journal



http://www.7daydaily.com/
အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။
ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။
မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။
ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။
ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။



ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ဆွာမင်းလမ်းကျေးရွာအုပ်စု၊ဒိုးတန်းကျေးရွာအုပ်စု၊
ညောင်ပင်သာကျေးရွာအုပ်စုတို့မှကျေးရွာဆယ့်နှစ်ရွာ၏မြေယာဧက(၂၂၈၆)နှစ်ထောင့်
နှစ်ရာရှစ်ဆယ့်ခြောက်ဧကကို ၁၉၉၄၊၁၉၉၅၊၁၉၉၆ခုနှစ်များတွင် လယ်ယာစိုက်ပျိုးရေး
နှင့်ဆည်မြောင်းဝန်ကြီးဌာနမှအပိုင်းလိုက် သိမ်းယူခဲ့ကြသည်။

တောင်သူများထံမှမတရားသိမ်းယူခဲ့သောမြေယာများအားလယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ခံ၊မြန်မာ့ကြံလုပ်ငန်းရေတာရှည်မြို့ နယ်အမှတ်
(၆)သကြားစက်မှကြံစိုက်ကွင်းလုပ်ကွက်များဖော်၍သိမ်းဆည်းခံထားရသော
တောင်သူများအားနေ့စားအခစားများအဖြစ်ပြန်လည်လုပ်ကိုင်စေခဲ့သော်လည်းမြေသိမ်းခံ
လယ်သမားလုပ်ကိုင်ခွင့်မရရှိကြပဲ၊စက်ရုံအာဏာပိုင်အသိုင်းအဝိုင်းနှင့်ပတ်သတ်သူများ
သာလုပ်ကိုင်ခွင့်ရရှိခဲ့ကြသည်။မြေသိမ်းခံတောင်သူများမှာကြုံရာကျဘမ်းအလုပ်များဖြင့်
ဆင်းရဲစွာအသက်မွေးဝမ်းကျောင်းခဲ့ရသည်။

ရေတာရှည်မြို့နယ်အမှတ်(၆)သကြားစက်ရုံသည် ၂၀၁၁ခုနှစ်တွင် Delicious food
ကုမ္ပဏီကိုထပ်ဆင့်လွဲပြောင်းလုပ်ကိုင်စေခဲ့သည်။မြေသိမ်းဆည်းခံနေရသောတောင်သူများ
အနေဖြင့်လည်းကောင်းတို့၏နစ်နာမှုများအားအာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်သို့
တင်ပြခဲ့ကြသော်လည်းမည်သည့်အဖြေတစ်စုံတရာမျှမရရှိခဲ့သည့်အတွက်ခွင့်ပြုရန်
ဆန္ဒပြကြရခြင်းဖြစ်ပါသည်။

သတင်းဓါတ်ပုံ- ဟန်ဝင်းအောင်


လာမယ့် သြဂုတ်လအစောပိုင်း မြန်မာနိုင်ငံမှာကျင်းပမယ့် ARF ခေါ် အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲ ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသစ် တက်ရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သံတမန် အသိုင်းအဝိုင်းက ပြောဆိုကြောင်း The Korea Times သတင်းက ဖေါ်ပြပါတယ်။

ဒီနှစ် အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲ ARF ကို သြဂုတ်လ ၉ ရက် နဲ့ ၁ဝ ရက် နှစ်ရက်ကြာ နေပြည်တော် မှာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး သစ် အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ရီဆုယောင်ဟာ မြန်မာ နိုင်ငံကို သြဂုတ်လ ၉ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး၊ ၁ဝ ရက်နေ့မှာ ARF ဆွေးနွေးပွဲတက်ရောက်မယ်လို့ သိရ ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားမှာကျင်းပမယ့် အာရှအားကစားပွဲတော်မှာ ပါဝင်ချင်နေတဲ့အတွက် မြန်မာနိုင်ငံ နေပြည်တော် ARF ဆွေးနွေးပွဲအတွင်း မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယန်ဗျောင်ဆီနဲ့ ဆွေးနွေးပြောဆို ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့ တချို့ကတော့ မြောက်ကိုရီးယားဟာ မကြာခင်က နှစ်နိုင်ငံနယ်စပ်မှာ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ် ခဲ့တဲ့အတွက် နှစ်ဘက်စကားပြောဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်ဟာ အာဆီယံဒေသတွင်း နှီးနှောဖလှယ်ပွဲအပြီး၊ ဇူလိုင် ၁၁ ရက်နေ့ မှာ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားကို ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။
RFA

ငါတို့ကို ဒေါ်စုလော်ဘီပြောပြော
NLD လော်ဘီပြောပြော ... စိတ်သန့်တယ်။
ဒေါ်စုက, NLDက
ငါတို့ကိုတပြားမှ ပေးနိုင်တာမဟုတ်ဘူး
မြေကွက်တွေ ပါမစ်တွေဆိုတာ အဝေးကြီး။
ဘာအခွင့်ရေးမှလည်း မရှိဘူး။

ငတုံးတွေ သွားပုတ်လေလွင့်လျှောက်ပြောသလို
ဘယ်သူမှလည်း အားအားယားယာား
ငါတို့ကို ဒေါ်လာတွေ လာမပေးဘူး။

အာဏာပိုင်တွေ မျက်မုန်းကျိုးခံရတာ
အန္တရာယ်တောင် များသေးတယ်။

ဒီလိုဖြစ်လျက်က ငါတို့ဘာဖြစ်လို့
ဒေါ်စုလော်ဘီလုပ်သလဲ?
အမှန်တရားဘက်လို့ ယုံကြည်တဲ့
ယုံကြည်မှုတစ်ခုကြောင့် လော်ဘီလုပ်တယ်။

နှစ်ပေါင်းများစွာ
အဖွဲ့စည်းတစ်ခုတည်းလက်အောက်နေရလျက်
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်နေရတဲ့အဖြစ်ကို
ပြောင်းလဲနိုင်ဖို့
အပြောင်းအလဲတစ်ရပ်ကိုလိုလားလို့
လော်ဘီလုပ်တယ်။

ဒီတော့ ငါတို့ဟာ အခွင့်ရေးသမားတွေမဟုတ်ဘူး
ပါမစ်မျှော် ဖော်လံဖားတွေ မဟုတ်ဘူး
တိုင်းပြည်နာလည်း ငါစားသာဖို့အဓိကဆိုတဲ့
ငို့ဘသမားတွေ မဟုတ်ဘူး
ဒီအတွက် ငါတို့လူဖြစ်ရတာ လိပ်ပြာသန့်တယ်။

Thorn Nay Soe

မန္တလေး ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စ နောက်ကွယ် မှ အမှုဖွင့်လီဆယ်တိုင်ကြားသူ ငါး ဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ် ခြင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ တရားစွဲဆိုသွားရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ယခုအခါ အဆိုပါအမှုကို မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေး ပေါ်ပေါက်ချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြု ချက်များဖြင့် ပျဉ်းမနားရဲစခန်း တွင် လီဆယ်တိုင်ကြားခဲ့သည့် မဖြူဖြူမင်း(ခ)ကတုံးမ၏ ပုဒ်မ ၃၇၆ အမှုအား ဇူလိုင် ၁၇ရက်တွင် အမှု ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူ မဖြူဖြူမင်း(ခ)ကတုံးမနှင့် ညွှန်ကြား စီစဉ်သူ မနုနုမြတ်နှင့် ရဲထွဋ် အပါအ ဝင် ယင်းအမှုနှင့်ဆက်စပ်ပြီး ဒေါ်ဟေ မာကျော်နှင့် ဒေါ်မာလာတို့က ပြင်ဦး လွင်တွင် လီဆယ်တိုင်တန်းခဲ့သည့် ပုဒ်မ၃၇၆ အမှုကိုလည်း ပိတ်သိမ်း ကာလီဆယ်တိုင်တန်းသူ နှစ်ဦးစုစု ပေါင်း ငါးဦးကို ဥပဒေအရအမှုဖွင့် အရေးယူရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရသိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ပြည်ထောင် စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်နဲ့ အညီ ဒီအမှုကို ဆက်လက်စစ်ဆေး မှာပါ။ ဒီလီဆယ်မှုက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိပါးစေတဲ့အ တွက် အဲဒီပုဒ်မအပါအဝင် အခြား ပုဒ်မတွေနဲ့ပါ တရားစွဲဆိုမှာပါ။ စီစဉ်ဆောင်ရွက်နေဆဲပါ။ လီဆယ် တိုင်ကြားတဲ့အထဲက ပျဉ်းမနားမှာ လီဆယ်တိုင်ကြားတဲ့ အမျိုးသမီး နှစ်ယောက်ကိုတော့ ဖမ်းဆီးရမိထားပြီ။ အမျိုးသားတစ်ယောက်နဲ့ အမျိုး သမီးနှစ်ယောက်ကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်။ အမြန်ဆုံးဖမ်း ဆီးရမိရေးအတွက်ဆောင်ရွက်နေ ပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ တိုင်း၊ ရဲတပ်ဖွဲ့တွေရဲ့အင်အားနဲ့ရှာဖွေနေ ပါတယ်''ဟုပြောသည်။

ယင်းကဲ့သို့ ပုဒ်မ၃၇၆ဖြင့် လီ ဆယ်အမှုဖွင့်သူများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့် ယှက်သည်သာမကဘဲ လက်ရှိဒီမို ကရေစီစနစ်ဖြင့် နိုင်ငံတော်ကြီး တည်ဆောက်နေသည်ကိုလည်း စနစ်တကျဖျက်ဆီးပစ်ရာရောက် သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ''ဒီလီဆယ်တိုင် တန်းမှုက မန္တလေးအပါအဝင် တစ် ပြည်လုံးကို တုန်လှုပ်ချောက်ချား စေတယ်။ လူတွေသေတယ်။ ဒဏ်ရာ တွေရကြတယ်။ တစ်ဘက်နဲ့တစ်ဘက် အငြိုးထား သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့်အပြစ်ကြီး တယ်။ ဒါ့ကြောင့် သာမန်လီဆယ် မှုနဲ့ အရေးယူဖို့ထက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အ ယှက်ဖြစ်တဲ့ဥပဒေအပါအဝင် အခြား ပုဒ်မကြီးတွေနဲ့ပါ ထိထိရောက် ရောက်အရေးယူဖို့လိုအပ်ပါတယ်'' ဟုပြောသည်။

မန္တလေး ချမ်းအေးသာစံမြို့ နယ်နေသူ ကိုရဲကျော်ဌေးက ''ဒီလို အမှုလိမ်တိုင်တဲ့ အကျိုးဆက်ကြောင့် ကျွန်တော်တို့ မန္တလေးမှာဆိုရင် အခုလုပ်စားကိုင်စားရတာခက်ခဲမှုတွေ ရှိတယ်။ နေရတာ လုံခြုံမှုမရှိဘူး။ လူတွေသေတယ်။ ဒဏ်ရာရကြတယ်။ နစ်နာမှုတွေအများကြီးပဲ''ဟု သုံး သပ်ပြောကြားသည်။

ဆရာတော်ဦးဝီရသူက ''ဒီကိစ္စ က အဆုံးစွန်ထိပြောလို့မရသေး ပေမယ့် သူတို့ဘာသာဝင်အချင်းချင်း လုပ်ကြံမှုဆိုတာတော့ သေချာတယ်။ အစိုးရအနေနဲ့ကတော့ ဒါနဲ့ပတ်သက် ပြီးစနစ်တစ်ခုကိုပြင်ရမယ်။ မုဒိမ်းမှု ဆိုတိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖမ်းတော့တာပဲ။ တိုင်သူလာရင် မစစ် ဘဲဖမ်းတော့ မကျူးလွန်တဲ့သူတွေ မှာ နစ်နာပြီး အပြစ်ဖြစ်ရတယ်။အခုက လူတစ်ယောက်ကို မကျေ နပ်ရင် မုဒိမ်းမှုနဲ့သာလုပ်လိုက်သလိုဖြစ်နေတယ်။ ဒါတွေကိုပြင်ရမယ်။ အရင်စစ်ဆေးပြီးမှသာ အရေးယူမှုမျိုး လုပ်သင့်တယ်။ မန္တလေးကိစ္စဟာလူမျိုး ရေးဘာသာရေး အဓိကရုဏ်းမဟုတ်ဘူး။ အကွက်ချပြီး လုပ်ဆောင်မှု တစ်ခုပဲ''ဟု မိန့်ကြားသည်။

ရွှေညဝါဆရာတော် အရှင် ပညာသီဟက ''ဒီအမျိုးသမီး ဒီလိုလုပ်ခြင်းဟာ တကယ်ဖြစ်တဲ့ အမျိုး သမီးတွေကိုနစ်နာဆုံးရှုံးစေတယ်။ သူ့လုပ်ရပ်ကြောင့် တကယ့်အမှုတွေ ကို ပေါ့သွားစေတယ်။ မန္တလေးကိစ္စကို နမူနာယူပြီး ရဟန်းရှင်လူပြည်သူ တွေအနေနဲ့ ဥာဏ်ရည်မနည်းဖို့မှာ ချင်တယ်။ မြန်မာ့အနာဂတ်အရေး ဟာ အရေးကြီးဖြတ်သန်းရမယ့် အချိန်ကျရင် နည်းလမ်းကောင်း တွေရွေးချယ်ပြီး ဆုံးဖြတ်စေချင် တယ်''ဟု မိန့်ကြားသည်။

အဆိုပါမှုခင်းဖြစ်ရပ်မှာ ဇွန် ၂၈ရက်တွင် မန္တလေးမြို့ ၂၈လမ်း နှင့် ၈၂လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်တွင် ဆိုင်ဝန်ထမ်း မစိုးစိုး(ခ)မဖြူဖြူမင်းကို ဆိုင်ပိတ် သိမ်းစဉ် ဆိုင်ရှင်ဆန်းမောင်ဆိုသူ သည် ၄င်း၏အစ်ကို နေဝင်းနှင့်အတူ ယာဉ်အမှတ် မမှတ်မိသည့်အဖြူရောင် ယာဉ်နှင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင်သစ်ဖွင့်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ် ဆောင်သွားပြီး ဇွန်၂၉ရက် ပျဉ်း မနား တောင်ညိုကားလမ်း တော်ဝင် နန်းစားသောက်ဆိုင်အနီး ကားလမ်းဘေးတွင် သားမယားအဖြစ်ပြုကျင့် ကာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်း တွင် လီဆယ်တိုင်ကြားခဲ့သည့်အမှု ဖြစ်ပြီး၊ ယင်းအမှုနှင့်ဆက်စပ်၍ အလားတူ ရဲထွဋ်နှင့် ဒေါ်မာလာ တို့က မန္တလေးခရိုင် တရားရုံးစာရေး ဦးတင်မောင်ဝင်းက မဟေမာကျော်အား သားမယားအဖြစ် ပြုကျင့်ခဲ့ သည်ဟုဆိုကာ မဟေမာကျော်က တရားလိုပြုလုပ်ပြီး ပြင်ဦးလွင်ရဲစခန်း တွင် ပုဒ်မ၃၇၆ ဖြင့် လီဆယ်ကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရသိရသည်။

KMZ,SYMZ
Yangon media group

photp..NLD Chairperson
- ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ပရော်ဖက်ဆာ မိုဟာ မက်ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံ၏လူမှု စီးပွားရေးလုပ်ငန်းများ၏အနာဂတ် အလားအလာများဆိုင်ရာနှင့် ပတ် သက်ပြီး ပြည်တွင်းရှိစီးပွားရေး၊ လှုမှု ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ ဇူလိုင်၂ဝ ရက် တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိ တိသျှကောင်စီရုံးတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆုရှင် ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်က ''မြန်မာနိုင်ငံ အတွင်း လူမှုစီးပွားရေးလုပ်ငန်းများ ကို ဆောင်ရွက်ခြင်းအားဖြင့် လူမှုအ ခက်ခဲတစ်ခုခုကိုဖြေရှင်းရာမှာ စီးပွား ရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့ စည်းများ ပါဝင်ဆောင်ရွက်သင့်ပါ တယ်''ဟု အကြုံပြုပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ် သည် အသေးစားငွေချေးခြင်းလုပ် ငန်းအား
စတင်လုပ်ကိုင်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းရှိ ဆင်းရဲမှုတိုက်ဖျက်ရေး နှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး တို့တွင် အသေးစားငွေချေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုစီးပွားစွန့် ဦးတီထွင်သူတစ်ဦးဖြစ်ပြီး ယင်းသို့ ဆောင်ရွက်မှုများကြောင့် ၂ဝဝ၆ ခု နှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့သူဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် စီးပွားရေး ပညာရှင်ဒေါက်တာအောင်ထွန်းသက် က ''ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ် မြန်မာနိုင်ငံကို လာရောက်မှုဟာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေးကဏ္ဍအား မြှင့်တင်ရာတွင် အထောက်အကူဖြစ် စေပါလိမ့်မယ်''ဟု ပြောသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ် သည် ဗြိတိသျှကောင်စီ၏ ဖိတ်ကြား မှုအရ ဇူလိုင် ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ရောက်ရှိခဲ့ပြီး ယနေ့ကျင်းပ သည့်ဆွေးနွေးပွဲအပြီး ဇူလိုင် ၂၁ ရက်တွင် နေပြည်တော်တွင် ထိပ်တန်း အစိုးရအရှိကြီးများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်သော စီးပွားရေး လုပ်ငန်းများဖော်ဆောင်ရန် ဆွေး နွေးကြမည်ဖြစ်သည်။
Yangon media group

တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာအမည်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကိုကျင်းပနေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
 http://www.7daydaily.com
လူမှုကွန်ရက်စာမျက်နှာ များတွင်အမုန်းစကား (Hate Speech) များနှင့် ပတ်သက်၍ ဝေမျှခြင်းများကို သမ္မတရုံးမှတာ ၀န်ရှိသူအချို့ကိုယ် တိုင်ပင်ပြော ခဲ့ဖူးသည်ကို တွေ့ခဲ့ရကြောင်း ‘‘တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိ သော လူမှုကွန်ရက်မီဒီယာ’’ လူထုဆွေးနွေးပွဲစကားဝိုင်းတွင် ဘလော့ဂါ ကိုညီလင်းဆက်က ပြော သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း ၍ ဖြစ်စဉ်အား သေချာစွာ မသိရ သေးသည့်အချိန်တွင် သမ္မတရုံး မှတာဝန်ရှိသူအချို့သည် အမုန်း စကားအဖြစ် သက်ရောက်စေ သည့်စကားမျိုး ပြောကြားခဲ့သည် ကို လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ခဲ့ရကြောင်း ကိုညီလင်းဆက် ကဆိုသည်။

‘‘အမုန်းစကားတွေနဲ့ ပတ် သက်ရင် သမ္မတရုံးကို၌ပင် တ ကယ့် Hate Speech ကိုပြောခဲ့ တာမျိုးတွေရှိတယ်။ သုံးရက် လောက်ကြာလို့ ကြည့်လိုက်တော့မရှိတော့ဘူး။ အကုန် Clean လုပ် လိုက်တယ်’’ဟု ကိုညီလင်းဆက် ကဆိုသည်။

လက်ရှိ လူမှုကွန်ရက်စာ မျက်နှာများတွင်  ပဋိပက္ခဖြစ်စေ သော စာသားများ၊ အမုန်းစကား များဖြင့် လှုံ့ဆော်ခြင်းနှင့်ပတ် သက်ပြီး စနစ်တကျစိစစ်လုပ် ဆောင်သွားရန် သမ္မတရုံးဝန်ကြီးဌာနမှ အဆိုပါဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်ရန် တရားဝင်ကမ်းလှမ်းမှု များပြုလုပ် ရန် လိုအပ်နေကြောင်း ကိုညီလင်းဆက်ကပြောသည်။

တာဝန်ခံမှုရှိသော လူမှုကွန် ရက်မီဒီယာတစ်ခုဖြစ်စေရန်အ တွက် အရပ်ဘက်အဖွဲ့အစည်း များအား အသိပညာပေးနေရုံဖြင့် မလုံလောက်ဘဲ အစိုးရဘက်ပိုင်း တွင်လည်း Awarness များစွာ ရှိရန်လိုအပ်နေပြီး အရေးပေါ်ကိစ္စ တစ်ခုခုကြုံလာပါ ဌာနဆိုင်ရာမှ မသိရှိလိုက်သည့် အခြေအနေများ အများကြီးရှိခဲ့ဖူးကြောင်း မြန်မာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ (Admin & LogisticsManager) မရတနာထွန်းက ပြောသည်။

‘‘အရက်ဘက်အဖွဲ့အစည်း တွေကိုပဲ ပညာပေးမယ်ပြောနေ တယ်။ တကယ်တမ်းကျ အစိုးရ ကိုလည်း အရည်အချင်းပြည့်မီ လာဖို့အတွက် အသိပညာပေး တာတွေလုပ်ရဦးမယ်’’ဟု MIDO ၏ စီမံခန့်ခွဲရေးဒါရိုက်တာ ကိုနေ ဘုန်းလတ်ကပြောသည်။
လူမှုကွန်ရက်မီဒီယာများ သည် ပြည်တွင်း၌ရေးသားထုတ် ဝေနေသော သတင်းစာ၊ ဂျာနယ်များဖြစ်သည့် ပုံနှိပ်မီဒီယာများကဲ့သို့ တာဝန်ယူမည့်သူမရှိဘဲ ရေးသူကိုလည်း မသိရှိနိုင်သည့်အတွက် အဆိုပါရေးသားမှုများအား   ဖတ်မည်ဆိုပါက ကိုယ်တိုင်စိစစ်ဆုံး ဖြတ်၍ ဖတ်ရန်လိုအပ်ကြောင်း ကိုနေဘုန်းလတ်ကဆိုသည်။

အွန်လိုင်းပေါ်တွင် အမုန်း စကားများ ပြောကြားခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အရေးယူခြင်းမျိုး မရှိသေးဘဲ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဆင်ဆာဖြတ်ခြင်း၊ အရေးယူခြင်းမျိုးထက် စနစ်တကျဖြင့်  မည်ကဲ့သို့ ကာကွယ်မည်ဆိုသည်ကို ပူးပေါင်းဆောင်ရွက်ပြီး အကောင် အထည်ဖော်သွားရန် စီစဉ်ထား ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီများ ဖြစ်သည့် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည် တွင်းမှ ပညာရှင်များ၊ အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ဆွေးနွေးခဲ့ကြ သည်။

ကာတွန်း.. ဖောင်းဖောင်း

.ပြောရင်လည်း ပြောတယ် ဖြစ်မယ် ..... ။

စစ်တပ်က ဆိုတိုင်း "အကုန်သိ၊ အကုန်တတ်" လုပ်ချင်သူတွေ များနေတဲ့ မြန်မာနိုင်ငံမှာ ... နိုင်ငံရေး နဲ့ နိုင်ငံရေးသမား ဆိုတာကို ချောင်ထဲထိုးဖို့ လုပ်တယ်။

ရလဒ်က တိုင်းပြည်မွဲတယ်။ အဲဒီ စစ်တပ်ကိုယ်တိုင်လည်း လူမွှေး၊ သူမွှေးတောင် မပြောင်ဘူး။ မြန်မာ့ စစ်တပ်ရဲ့ လက်ရှိ အဆင့်က .... ကမ္ဘာအဆင့် မပြောနဲ့ အရှေ့တောင်အာရှ အဆင့်မှာတောင် အဆင့်ရှိလှတဲ့ တပ်မဟုတ်ဘူး။ ဘယ်သူကမှလည်း မြန်မာစစ်တပ်ကို မလေးစားဘူး။ ဒါ အမှန်အတရားပဲ။

စစ်ရေးဆိုတာ နိုင်ငံရေးကို အခြားသော နည်းနဲ့ ဖေါ်ဆောင်တာဖြစ်တယ်။

ဟုတ်သလား မဟုတ်သလားကို .... သေချာ စဉ်းစားကြည့် ... နိုင်ငံရေး ကင်းတဲ့ စစ်ပွဲ ဆိုတာ မရှိဘူး။ .... စစ်ပွဲကင်းတဲ့ နိုင်ငံရေးပဲ ရှိတယ်။

စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပဲ။ နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကသာ စစ်ရေးကို ချုပ်ကိုင်ရတာ ဖြစ်တယ်။ ဒီတော့ နိုင်ငံရေး သမားတွေဆိုတာ .... စစ်ရေးသမားတွေရဲ့ ဆရာတွေသာဖြစ်တယ်။

.မြန်မာပြည်မှာစစ်တပ်က သူတို့ရဲ့ ဆရာတွေ ဖြစ်တဲ့ နိုင်ငံရေးသမားတွေက လုပ်ရမယ့် အလုပ်ကို သူတို့ သိတယ် တတ်တယ်ထင်ပြီး သေနတ်ကလေးပြပြီး ဝင်လုပ်နေလို့ပဲ။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးသမားဆိုတာ စစ်တပ်ရဲ့ အထက်မှာ အမြဲရှိတယ်။ မရှိဘဲ ပြောင်းပြန်ဖြစ်ရင် အဲဒီ တိုင်းပြည်နဲ့ အဲဒီစစ်တပ် မွဲတာပဲ။ ဒါကို ငြင်းနိုင်သူရှိရင် အချက်အလက်နဲ့ လာငြင်းကြည့်။

အစ်ကိုလို ခင်ရတဲ့သူ တစ်ယောက် ပြောပြတာကို ပြန်ပြောရရင် ...... အင်္ဂလိပ် အရေးပိုင်တစ်ယောက်က သူလုပ်သမျှကို ကြည့်နေတဲ့.... သူ့အိမ်က ခိုင်းတဲ့ လူတစ်ယောက်ကို ပြောလိုက်တယ်။ ...
ငါလည်း အနားယူတော့မယ်။ မင်းက သစ္စာလည်းရှိတယ်။ အားလည်း ကိုးရတယ်။ ဒီတော့ ငါ အနားယူပြီးရင် မင်းဘာဖြစ်ချင်သလဲလို့ မေးတော့ ... စာမတတ် ပေမတတ် အိမ်စေက ... အရေးပိုင်မင်းလိုပဲ “အရေးပိုင်မင်း” ဖြစ်ချင်တယ်လို့ ဖြေတယ်။ ဒါနဲ့မင်းကအရေးပိုင် ဖြစ်ချင်ရအောင် ဘာလုပ်တတ်လဲ မေးတော့ ... အရေးပိုင်မင်း လုပ်သမျှ သူကြည့်ထားတယ်။ အရေးပိုင်မင်း အလုပ်က စာရွက်တွေမှာ လက်မှတ်ထိုးနေတာပဲ။ ဒီတော့ စာရွက်မှာ လက်မှတ်ထိုးတာလောက်တော့ သူလည်း တတ်တယ်။ ဒါကြောင့် အရေးပိုင်မင်း လုပ်ချင်တယ် လို့ ဆိုတယ်။

အခု မြန်မာပြည်က စစ်တပ် ဆိုတာလည်း အဲဒီ အတိုင်းပဲ .... ။ နိုင်ငံရေးသမားတွေလုပ်တာကို သူတို့ လုပ်တတ်မယ် ထင်နေပုံရတယ်။

အမှန်က ကိုယ်က နိုင်ငံရေးမှာ စာမတတ် ပေမတတ်ဆိုတာကို မသိဘူး။ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်ပြီး …. ဘဝင်မြင့်ပြီး .. သူတို့ ဆရာသမား နိုင်ငံရေးသမားတွေ လုပ်ရမယ့် အလုပ်ကို အတင်းဝင်လုပ်နေတော့ … အကုန်မွဲတော့တာပဲ။

ဒီတော့ .... ကိုယ့်နေရာ ကိုယ်သိပါလို့ပဲ …။

(ကိုထိုက်)

( Ladies Journal Vol.2, No 22 July 18, 2014)   

       အခုတလောမှာ မီဒီယာလောကနဲ့ စာပေချစ်သူများ၊ တနည်းအားဖြင့်
ဂျာနယ်လစ်နဲ့ ဂျာနယ်ချစ်တို့ ကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရတဲ့ စိတ်
မကောင်းစရာ သတင်းတစ်ပုဒ်ကတော့ "ယူနတီစီအီးအိုနဲ့ သတင်း ထောက်များ
ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဆယ်နှစ်ချလိုက်တယ်"ဆိုတဲ့
သတင်းပါပဲဗျာ။ နိုင်ငံတော် လျှို့ ၀ှက်ချက်ဥပဒေဆိုတာကြီးကိုက  စပိုင်တို့
သူလျှို့တို့လုပ်ပြီး နိုင်ငံတော်ရဲ့ လျှိဲ့ဝှက်ချက်တွေကို ပေါက်ကြားစေ လိုတဲ့
စေတနာဆိုးနဲ့ လုပ်တဲ့ကိစ္စမျိုးပေပဲလို့ စွပ်စွဲဆုံးဖြတ်ပြီး ပြစ်ဒဏ်ကြီးကြီးပေးလို့
ရတဲ့ဟာကြီးဖြစ်နေတာမို့ အခု ဖြစ်ခဲ့တဲ့အမှုနဲ့ ဆီလျော်သင့်တော်မှုမှ ရှိရဲ့လားလို့
သံသယဖြစ်စရာကောင်းနေလေတော့ "သတင်းလွတ်လပ်မှု"ဆိုတဲ့ ခေါင်းစဉ်
အောက်မှာ "မင်းတို့ဒီလိုတော့ လာမလုပ်နဲ့ မရဘူး"လို့များ ပြောလိုရင်းက အဓိက
ဖြစ်နေလေသလားလို့ စဉ်းစားစရာ ဖြစ်ရပြီပေါ့ဗျာ။                               

       ဒါဆိုရင်လည်း ကျွန်တော်တို့တတွေက "ဒီမိုကရေစီ"ဆိုတဲ့
ခေါင်းစဉ်ကြီးအောက်မှာ ဒီလိုကြီး ရက်ရက် စက်စက်လုပ်လိုက်တာကဖြင့် မသင့်
လျော်လှပါကြောင်းလို့ ပြန်လှန်တင်ပြလျှောက်လဲဖို့ လိုအပ်လာပြီပေါ့ခင်ဗျ။
တကယ်တော့ ဒီကိစ္စမှာ ကျွန်တော်တစ်ဦးတည်းအနေနဲ့ အများကြီးစာနာမှု ဖြစ်မိ
ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ]နိုင်ငံတော်လျှို့ဝှက်ချက
်ပေါက်ကြားမှု}နဲ့ အလုပ်က ထုတ်ပယ်ခြင်းခံခဲ့ရဖူးတာကိုး။ ဒီ တုန်းက ကိုယ်တိုင်က

တာဝန်ရှိအစိုးရအရာထမ်းတစ်ဦးဖြစ်ခဲ့ပြီး မီဒီယာကို ပြည်သူသိသင့်တဲ့ သတင်း
အချက် အလက်တချို့ပေးခဲ့မှုအတွက် မောင်မင်းဟာ ဒီရာထူးနဲ့မထိုက်တန်သူပဲ
ဆိုပြီး ရာထူးကနှုတ်ပယ်စေအမိန့်ချခံခဲ့ရဖူးသူကိုး။ ဒီတုန်းက ကိုယ်ခံရတာကို
မသက်သာလှဘူးထင်ခဲ့မိပေမယ့် "သြော်၊ ရာထူးကနှုတ်ပယ်ရုံနဲ့ မတင်းတိမ်သေးပဲ
အင်းစိန်ဂျေးလ်မှာ (တာလပေါတို့၊ ငပိတစ်ကော်တို့နဲ့) ထမင်းမြိန်ကျွေးဖို့  ထောင်
ဆယ့်လေးနှစ်အထိတောင် ချလို့ရသကိုး"လို့ အခုမှ သဘောပေါက်ရပါသဗျာ။                   

    ယခုလို ပြစ်ဒဏ်ချခံရသူများထဲမှာ သတင်းထောက်ကိုလူမော်နိုင်ရဲ့ဇနီး
မလွင်လွင်မြင့်က ထောင်ဆယ် နှစ်ဆိုလို့ သူတစ်ယောက်တည်း သမီးလေးရဲ့
ပညာရေးကအစ တာဝန်ယူရမှာ၊ ထောင်ဝင်စာကို ပခုက္ကူအထိ တကူးတကသွား
တွေ့ရမှာ၊ ကာလအတန်ကြာ ရုန်းကန်ရဦးမှာတွေကို ပြောပြပြီး အခုလိုဖြစ်တာ
နဲ့ ပတ်ဝန်းကျင် ကကြောက်ပြီး မဆက်သွယ်ရဲတော့ပဲ သူတို့ထောင်ထားတဲ့
ကျောင်းကလေးမှာတောင် စာသင်မယ့်လူမရှိသလောက် ဖြစ်သွားတာ ကြားရလို့
စိတ်မကောင်းမိဘူး။ လူတွေရဲ့သဘာဝက ဒီလိုပါပဲ။ ဘူးသီးရင်အရီးတော်ချင်ကြ
ပေမယ့် "၅ည"ဆို တံခါးဝတောင် လာပြီး မျက်နှာမပြရဲကြတာ ကိုယ်တွေ့မို့ပါ။
 အထူးသဖြင့် မလွင်လွင်မြင့်ဆိုတာက အရှင်ဂမ္ဘီရနဲ့ညီမအဖြစ်နဲ့လည်း တစ်ခါ
အဖမ်းခံရဖူးပြီး အခုတစ်ခါ ကိုလူမော်နိုင်ဇနီးအဖြစ် ထပ်အဖမ်းခံရတာကိုလည်း
စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော့်ကို ပြစ်ဒဏ်ချတော့လည်း ထောင်ဒဏ်
၇နှစ်ဆိုတာကို မိသားစုက တစ်ခါမှဒီလိုမျှော်လင့်ထားဘူးတာမဟုတ်တော့

အတော်လေးစိတ်ထိခိုက်သွားခဲ့ကြတယ်ဆိုတာကို ပြန်သတိရမိရင်း စာနာမိပါတယ်။                  

    ယခုဖြစ်စဉ်ကို ကျွန်တော်နားလည်သလောက် ပြန်ပြောရရင် ယူနတီ
ဂျာနယ်က ပေါက်မြို့နယ်မှာရှိတဲ့ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံစီမံကိန်း
မှာ ကာလတန်ကြေး သိန်း၂၀လောက်ရှိတဲ့လယ်မြေတွေကို တစ်ဧက ကျပ်၅၀၀၀
ပဲ လျော်ကြေးပေးပြီး သိမ်းယူခံခဲ့ရတဲ့ လယ်သမားတွေကိစ္စကို တင်ပြဖို့ ရည်ရွယ်
ပြီး ဒီသတင်းကို စုံစမ်းခဲ့တာပါ။ စုံစမ်းတဲ့အခါ အဲဒီဝန်းကျင်ကရွာသားများအဆိုအရ
 ဓာတုလက်နက်စက်ရုံလို့ ပြောကြတာကို စိတ်ဝင်စားတဲ့အတွက် (တရားလိုပြ
သက်သေထွက်ချက်တွေအရ) အဲဒီကာလမှာ တားမြစ်နယ်မြေလို့ ဆိုင်းဘုတ် ချိတ်
တားမြစ်ထားခြင်း မရှိခဲ့ဖူးတဲ့ စက်ရုံတွင်း ၀င်ရောက်စုံစမ်းပြီး (တရားရုံးစီရင်ချက်
အဆိုအရ) စက်ရုံနားက ပေ၅၀၀မြင့်တဲ့ တောင်ကုန်းပေါ် တက်လို့ pက်ရုံကို
ဓာတ်ပုံရိုက်ယူကာ ဓာတုစက်ရုံဖြစ်ကြောင်း သတင်းရေး သားဖော်ပြခဲ့ပါတယ်။
ဒီသတင်းကို ယူနတီဂျာနယ်မှ နှစ်ပတ်ဆက်တိုက်ဖော်ပြပြီးမှ အရေးယူခဲ့တာ
ဖြစ်ပါတယ်။       
        တကယ်တော့ ယူနတီဂျာနယ်အနေနဲ့က လယ်သမားများ
နစ်နာတဲ့ကိစ္စကို လူသိထင်ရှားဖြစ်စေလိုတဲ့ အတွက် ၀န်းကျင်ကပြောကြားတဲ့
ဓာတုလက်နက်စက်ရုံဆိုတာကိုလည်း ရိုးရိုးသားသားပဲ ယုံကြည်လို့ ရေးသား
ခဲ့ပုံပေါ်ပါတယ်။ ခေါင်းစဉ်တပ်တာကလည်း အဲဒီကာလမှာ လူကြိုက်သိပ်များ
နေတဲ့ ဂျာနယ်တစ်ခုကို အားကျပြီး တပ်ခဲ့မိပုံပေါ်ပြီး  သတင်းခိုင်မာအောင်
တည်ဆောက်နိုင်မှုနဲ့ သတင်းပညာ၊ သတင်းကျင့်ဝတ်တွေ အားနည်း တယ်ဆိုရင်
လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သတင်းကျင့်ဝတ်အားနည်းတာနဲ့ နိုင်ငံတော်လျှို့ဝှက်
ချက်ပေါက်ကြား တာနဲ့ဟာ တခြားစီလို့ထင်ပါတယ်။ တရားသူကြီးရဲ့ စီရင်ချက်ကို
က အချက်အလက်ကိုးကားမှုနဲ့ နောက်ဆုံး ကောက်ချက်ဆွဲစီရင်မှုတွေ လွဲမှားနေ
တယ်လို့ ယူဆမိပါတယ်။ တရားသူကြီးက "သတင်းထောက်များက အလုပ်သမား
များနှင့်ရောနှောပြီး စက်ရုံတွင်း ၀င်ရောက်စုံစမ်းခဲ့ခြင်းကို တစ်စုံတရာ မှတ်ချက်
မပေးလိုသော်လည်း "လို့ ဆို ထားတဲ့အတွက် ယခုစွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်
ချက်ဥပဒေမှာ ဖော်ပြထားတဲ့ ]ပိတ်ပင်ထားတဲ့နေရာတစ်ခု ကို ချဉ်းကပ်ခြင်း၊
ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း (သို့မဟုတ်) ထိုအနီူးအနားတွင်ရှိလျှင်
(သို့မဟုတ်) ၀င် ရောက်လျှင်"ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့တော့ အပြစ်ရှိတယ်မရှိတယ်
မပြောလိုပါဘူးဗျာလို့ ဆိုလိုရာရောက်ပါတယ်။ တရားသူကြီးကမှတ်ချက်မပေးလို
သော်လည်းလို့ ဆိုပြီးတဲ့နောက် "ရေးသားချက်များတွင်"လို့ အစချီပြီး ယူနတီဂျာနယ်
မှာ ဖော်ပြခဲ့တဲ့ "အလုပ်သမားများက မြန်မာနိုင်ငံတွင် အကြီးဆုံးဓာတုလက်နက်
စက်ရုံဟု အခိုင်အမာပြောဆို နေကြသည်"ဟု ရေးသားပုံမျိုး၊ "နိုင်ငံတကာမှ စစ်သုံး
စရိတ်လျှော့ချရန် ဖိအားပေးချိန်မှာ ကျပ်သန်းပေါင်းများစွာ ကုန်ကျသော လက်နက်
စက်ရုံကြီးများ တည်ဆောက်နေခြင်းသည် ဒီမိုကရေစီပြောင်းလဲစ မြန်မာနိုင်ငံအပေါ်

နိုင်ငံတကာယုံကြည်မှုလျော့နည်းသွားစေနိုင်}}ဆိုသည်မျိုး၊ ]]ကာကွယ်ရေးအသုံး
စရိတ်မြင့်မားနေခြင်း၊ လက်နက် စက်ရုံများတည်ဆောက်နေခြင်းတို့က တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့များက အစိုးရအပေါ်ယုံကြည်မှုလျော့ကျ သွားစေ}}ဆိုသည်မျိုး
ကို ရည်ညွှန်းကိုးကားပါတယ်။ ဒီလို ရည်ညွှန်းပြီးတော့ အဲဒီလိုဖော်ပြချက်များဟာ နိုင်ငံ
တော် အစိုးရကို အထင်အမြင်လွဲမှားစေသည်ဆိုတာမျိုး၊ ဒါမှမဟုတ် သိက္ခာကျစေသည်
ဆိုတာမျိုး သုံးသပ်ရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုတော့ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်
ဥပဒေကို ဖေါက်ဖျက်ကျူးလွန်ရာ ရောက်ပေသည်လို့ ဆိုလိုက်တာကတော့ အတော်ကို
ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်းနေပါရောလား။ (အထက်က ဖော်ပြ
လိုက်သည်များဟာ ဟုတ်နေလို့ ဒီလျှို့ဝှက်ချက်တွေကို ဖော်ပြရမလားလို့ အပြစ်ရှိရာ
ရောက်သွားတာကိုး)။       
    ဒီနေရာမှာ နိုင်ငံခြား ဟာသတစ်ခုကို သတိရမိသဗျာ။ လူတစ်ယောက်ကို
သူ့မိတ်ဆွေက သတင်းတစ်ခု ပေးသတဲ့။ "ဟေ့လူ၊ ဖရီးဒမ်းအိပ်စ်ပရက်စ်သတင်းစာကြီး
က အယ်ဒီတာကို အစိုးရကတရားစွဲလိုက်ပြီတဲ့ဗျ"၊ "ဟုတ်လား၊ ဘာဖြစ်လို့လဲဗျ"၊
"သတင်းတစ်ပုဒ်ရေးလိုက်လို့ဗျာ၊ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်ကြီးဟာ လူပျို ကြီး
လည်ဖြစ်၊ တရားမ၀င်ဇနီးလည်းမရှိပေမယ့် တိတ်တိတ်ပုန်းယောက်ျားရှိတဲ့ အခြောက်
ကြီးဖြစ်ကြောင်း ရေးလိုက် လို့တဲ့ဗျာ}} ]]ဟာ၊ ဒါဆို၊ အသရေဖျက်မှုနဲ့ တရားစွဲတာပေါ့
နော်"၊ "မဟုတ်ဘူးဗျ၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့တဲ့" (ဟဲဟဲ၊ နိုင်ငံခြား
ဟာသလို့သာဆိုတယ်၊ အင်္ဂလိပ်လိုလည်း တစ်ခါမှ မဖတ်ဖူးပါလားလို့ မပြောကြေးနော်)။
    တကယ်တော့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဆိုတာ ကျွန်တော့်လို
လူသိထင်ရှားမဟုတ်တဲ့ဝတိတောင် ထိခဲ့ဖူးတာမို့ တခြားလူတွေ အရေးမယူခံရတာဖူး
တာမျိုး မဟုတ်ပါဘူး။ ဒီအမှုမှာ တရားခံပြသက်သေအဖြစ် သွားရောက်သက်သေခံပေး
တဲ့ သတင်းစာဆရာကြီးနှစ်ဦးထဲက ၀ါရင့်ဆရာကြီးဖြစ်တဲ့ ဖိုးသောကြာတောင် ဒီပုဒ်မ နဲ့
အရေးယူခံရခဲ့ပုံကို တရားရုံးမှာ တင်ပြထွက်ဆိုခဲ့ပါတယ်။ အဲဒီတုန်းက တပ်မှူးညီလာခံမှာ
 တပ်မတော်က ချွေတာတဲ့အနေနဲ့ စီးကရက်အစား ဆေးပေါ့လိပ်၊ နိုင်ငံခြားအရက်အစား
အာမီရမ် သုံးစွဲမယ်ဆိုတဲ့ သတင်းကို ဖော်ပြလို့ အဲဒီဥပဒေနဲ့တရားစွဲပြီး သတင်းစာဆရာ
များအသင်းက တောင်းဆိုတဲ့အခါမှာတော့ ၀န်ကြီးချုပ် ဦးနုက ကျေအေးပေးခဲ့ပါသတဲ့။
အဲဒီမှာ အာဃာတမထားရေး၊ သင်ပုန်းချေရေး၊ ဆင်ခြင်စွာရေးသားရေးတို့ကို ညိနှိုင်းပြီး
အဆင်ပြေခဲ့တာတဲ့ဗျာ။ ထူးခြားတစ်ခုက ဒီကိစ္စကျေအေးနိုင်ဖို့ တပ်မတော်ရဲ့သဘောထား
ကို ရယူတော့  ဗိုလ်ချုပ်ကြီးနေ၀င်းက "ရိုးရိုးသားသားဖော်ပြတဲ့သတင်းပါ"လို့ သဘောထား
ပေးခဲ့တယ်ဆိုတာပါပဲ။ ကဲ၊  ဒီနေရာ မှာတော့ သူတို့နဲ့ယှဉ်တဲ့အခါ ရာဇ၀င်လူဆိုးကြီးတောင်

ရွှေမင်းသားကြီးဖြစ်လို့နေပါရောလား။               
    အမှန်တော့ ဒီကိစ္စဟာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုကြီးသာဖြစ်ရင်
ကျွန်တော်တို့ အစိုးရကြီးလည်း နိုင်ငံတကာဥပဒေကို ချိုးဖေါက်သူကြီးဖြစ်သွားနိုင်တာမို့
ကျွန်တော်တို့ကတော့ ဒီလိုမဟုတ်နိုင်ဘူးလို့ အလေးအနက် ယုံကြည်ပါတယ်။ အစိုးရကြီး
ပြောသလို ဒီစက်ရုံကြီးကလည်း ရိုးရိုးသားသား လက်နက်စက်ရုံကြီးဖြစ်ပြီး အများစွပ်စွဲ
ထင်မြင်နေသလို မဟုတ်တာ သေချာလောက်ပါတယ်ဗျာ၊ ဘာကြောင့်ဆိုတော့ တားမြစ်
နယ်မြေဆိုတဲ့ ဆိုင်းဘုတ် များတောင် တရားစွဲပြီးကာလမှ အပြေးအလွှား လိုက်ပြီးချိတ်ရ
ဆိုသမဟုတ်လား။ တကယ်သာ လျှို့ဝှက်လက်နက် စက်ရုံကြီးဆိုရင် အဲဒီလို ပေါ့ပေါ့
ဆဆ လုပ်မတဲ့လား။ ရိုးရိုးသားသားမို့သာ ကပ်လို့ရ၊ ဖြတ်လို့ရ၊ ကြည့်ခွင့်ဝင်ခွင့်ရ၊ သိခွင့်မြင်
ခွင့်ရသလောက်ရခဲ့တယ် မဟုတ်လား။ ဒီတော့ ]လျှို့ဝှက်ချက်}ကြီး မဟုတ်တာသေချာပြီ။
 ဒါဆို ဘာ များ ပေါက်ကြားစရာရှိလို့တုန်း။ ကျင့်ဝတ်နဲ့မညီဘူးဆိုရင် ဝေဖန်ပါ၊ ဆွေးနွေးပါ၊
သင်ကြားပါ။ ဒါပေမဲ့ မဆိုင်တဲ့ စွတ်စွဲမှုများနဲ့ အရေးယူမယ်ဆိုရင် ခံရသူမှာ နစ်နာသလို
လုပ်ရက်သူမှာလည်း အများမြင်လို့ကြားလို့ မတင့်တယ် ပါဘူးလို့ သတိပေးတောင်းပန်ချင်ပါတယ်။          

    ယူနတီဆိုတာက ညီညွတ်ခြင်းပါ။ ယူနတီဂျာနယ်ပြဿနာကြောင့် ကျွန်တော်
တို့ကြားမှာ ဒစ်စ်ယူနတီ (မညီမညွတ်) မဖြစ်စေချင်ဘူး။ အစိုးရနဲ့ပြည်သူအကြား၊ အစိုးရနဲ့
မီဒီယာအကြား၊ တပ်မတော်နဲ့ ပြည်သူအကြား ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်ရှိစေချင်ပါတယ်။
နန်းတော်ရှေ့ဆရာတင်ရဲ့ "ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင် မင်ခင် လက်ရည်တပြင်
တည်း ရှေးကတော့ ပိုချစ်ကြတယ်"ဆိုတာမျိုး ဟိုရှေးတုန်းက အစိုးရနဲ့ တပ်မတော်နဲ့ပြည်သူ
ကြား၊ အစိုးရနဲ့ တပ်မတော်နဲ့ မီဒီယာအကြား ဘယ်လို ချစ်ကြတယ်ဆိုတာ မြင်ခဲ့ကြားခဲ့ကြ
ပါပြီ။ ကျွန်တော်တို့ခေတ်မှာ "ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်  ရှေးကထက်
 ပိုချစ်ကြရင်" သိပ်ကောင်းမှာပဲ စိတ်ကူးအိပ်မက် မက်ကြည့်မိချင်ပါတယ်ဗျာ။   ။                  

                            ရီနေနိုင်

မေ ၁၅ ရက်က ပြုလုပ်သည့် ဇလွန်ပြည်ခိုင်ဖြိုးပါတီ၏ ၅၉ (စ) မပြင်ဆင်ရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အချို့အား တွေ့ရစဉ်

ဇလွန်ပြည်ခိုင်ဖြိုးပါတီမှ မေ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော ၅၉(စ) မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးကာ ဆောင်ရွက်ခဲ့သည်ဟု NLD ပါတီ၏တိုင်ကြားမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်က ငါးဦးကော်မတီအဖွဲ့ ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်တွင် ဇလွန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးခိုင်မြင့်၊ သတင်း/ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မိုးနှင့် သတင်း/ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးမြင့်အောင်တို့အား မေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် မြို့နယ်ရဲမှူး၊ ပြည်သူသက်သေ ခုနစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတို့အား မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။

ကော်မရှင်တွင်ပါဝင်သော ဇလွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်မြင့်က “NLD ပါတီ ဗဟိုက ဦးဥာဏ်ဝင်း လက်မှတ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြလာတဲ့အတွက် ဘာသာရေးကို နိုင်ငံရေးမှာ ရောထွေးဆောင်ရွက်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး မြဇလွန်ဧည့်ရိပ်သာမှာ စုံစမ်းမေးမြန်းမှုတွေကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဖက်ပါတီနဲ့ပြည်သူ စုစုပေါင်း ၁၃ ယောက်ကို မေးမြန်းခဲ့ပါတယ်။ NLD ပါတီက အထောက်အထားတွေနဲ့ တင်ပြခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း လော်လည် ဖောက်ပြားမှု မရှိဘူးဆိုတာ တင်ပြခဲ့တယ်။ ရပ်ရွာတွေမှာ ဘာသာရေးကို အကြောင်းပြပြီး ခေါ်တယ်ဆိုတာကိုတော့ စစ်ဆေးတွေ့ရှိရပါတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ တင်ပြပြီး NLD ပါတီကလည်း ခိုင်ခိုင်လုံလုံနဲ့တင်ပြလို့ ငြင်းပယ်လို့မရတဲ့ အကြောင်းကို သုံးသပ်ချက်၊ အကြံပြုချက်အနေနဲ့ ခုံရုံးအဖွဲ့ကိုတင်ပြဖို့ မနက်ဖြန်မှာ တိုင်းကော်မရှင်ဥက္ကဋ္ဌ ယူသွားမှာပါ။ ဆုံးဖြတ်ချက်ကိုတော့ ခုံရုံးအဖွဲ့လုပ်ဆောင်မှာပါ” ဟု ပြောကြားသည်။

ဇလွန် NLD ပါတီ၊ သတင်း/ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးမြင့်အောင်က “ပြည်ခိုင်ဖြိုးပါတီက ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးခဲ့တယ်ဆိုတာကို မြို့နယ်ကော်မရှင်ကို တင်ပြခဲ့တယ်။ ပြီးတော့ အထောက်အထား မှတ်တမ်းတွေနဲ့ ပါတီဗဟိုကို တင်ပြခဲ့သလို ပါတီကလည်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက်တင်ပြခဲ့တယ်။ ဆန္ဒပြပွဲမှာ ဘုရားပေးမယ်၊ ဝက်သားပေးမယ်ဆိုလို့ လာပြီးမှ ဆန္ဒပြပွဲမှာပါခဲ့ရသူတွေ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး လာမယ်ဆိုပြီးခေါ်လို့ လာခဲ့ပြီးမှ ဆန္ဒပြပွဲမှာပါခဲ့ရတဲ့ ကရင်တိုင်း ရင်းသားတွေရဲ့ လက်မှတ်တွေကိုပါထည့် သွင်းတင်ပြခဲ့တယ်။ ကော်မရှင်ရဲ့ ဘုတ်အဖွဲ့က တွေ့ဆုံမေးမြန်းမယ် ဆိုတာကို ဇူလိုင် ၁၅ ရက်၊ ညနေပိုင်းကျမှ အကြောင်းကြားခဲ့တာပါ။ ဇူလိုင် ၁၇ ရက်မှာ ပြည်သူတချို့ကို မေးမြန်းခဲ့ရာမှာတော့ ကျွန်တော်တို့ တင်ပြထားတဲ့အထဲမှာ လက်မှတ်ထိုးထားတဲ့ ပြည်သူ ငါးဦးအပြင် ဒီဆန္ဒပြပွဲကို ပိုက်ဆံတစ်သောင်းပေးမယ်လို့ အခေါ်ခံရတဲ့ပြည်သူ နှစ်ဦးကပါ တင်ပြချင်တယ်ဆိုပြီး လာရောက် တင်ပြခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

Eleven Media Group