07/26/14




နေ့စဉ်ထုတ်သတင်းစာနှင့်အပတ်စဉ်ထုတ်ဂျာနယ်များ ရောင်းချနေသည့်ဆိုင်တစ်ဆိုင်(ဓာတ်ပုံ−ကျော်ဇင်သန်း)
http://www.7daydaily.com/
 မြန်မာနိုင်ငံတွင် လူအုပ် စုချင်းအကြမ်းဖက်သတ်ဖြတ်မှု များနှင့် မီးရှို့သည့်ဖြစ်စဉ်များမှာ ပြည်တွင်းပြည်ပမီဒီယာအချို့၏ ကျင့်ဝတ်နှင့်မညီသော အမုန်းပွား စေသည့် လှုံ့ဆော်မှုများကြောင့် ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် သိက္ခာ ကျဆင်းမှုများကြုံတွေ့ခဲ့ရ ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်လုံခြုံရေးကို ထိပါးလာ ပါက သတင်းမီဒီယာများကို ထိ ရောက်စွာ အရေးယူမည်ဟု ပြင်း ထန်သည့် မိန့်ခွန်းပြောကြားမှု အပြီး ပဋိ့ပက္ခများမှာ ပြည်တွင်း ပြည်ပမီဒီယာအချို့ကြောင့်ဖြစ် ပွားခြင်းဖြစ်ကြောင်း  မီဒီယာအ မည်တစ်ခုခုကို တိတိကျကျ အမည်တပ်မထားဘဲ ထုတ်ဖော် စွပ်စွဲပြောကြားလာခြင်းလည်း ဖြစ်သည်။
ထို့အပြင် လတ်တလော ဖြစ်ပွားထားသည့် မန္တလေးပဋိပ က္ခမှာသတင်းများစုစည်းသည့် အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုနှင့် လူမှုကွန်ရက်များတွင် စတင်ရေး သားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ များနှင့် မီဒီယာတိုက်များက သိရှိ ထားသော်လည်း သမ္မတ၏ သ ၀ဏ်လွှာတွင် ပြည်တွင်းပြည်ပ မီဒီယာအချို့ဟုသာသုံးနှုန်းထား သည်။

‘‘အခုပြည်တွင်းပြည်ပမီဒီ ယာအချို့ဆိုပြီး သမ္မတသုံးနှုန်း တာဟာ အစိုးရနဲ့ မီဒီယာကြားမှာ နားလည်မှုပိုပြီးကွာဟသွားနိုင် တယ်။ အားလုံးသိနေတဲ့ ဆိုရှယ် အွန်လိုင်းမီဒီယာကိုတောင်ထည့် မပြောဘဲ အခုလိုသုံးနှုန်းတာဟာ မီဒီယာအားလုံးကို စော်ကားလိုက် သလိုဖြစ်သွားတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဒါမျိုးပြော တာတော်တော်များနေပြီ။ အစိုးရ က လုံးဝလျှော့ပေးမှာမဟုတ်ဘူး ဆိုတဲ့ သဘောပဲ’’ဟု စာနယ်ဇင်း ကောင်စီယာယီအတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောသည်။

 သတင်းမီဒီယာများ၏ အခက်အခဲများကို ပြန်လည်သုံး သပ်ရန် တိုက်တွန်းသည့် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ သ၀ဏ်လွှာကို သမ္မတဦးသိန်းစိန်က ပြန်လည်တုံ့ ပြန်သည့် သ၀ဏ်လွှာထဲတွင် ယင်းသို့ပြောကြားထားခြင်းဖြစ် သည်။
ထို့အပြင်အစိုးရလျှို့ဝှက် ချက်အက်ဥပဒေကို ချိုးဖောက် ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းက တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်က ဥပဒေနှင့် အညီလွတ်လပ်စွာ တရားစီရင် ခြင်းသည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက် ခြင်းမရှိဘဲ သမ္မတအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိ သည်ဟု သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာတွင်ပြောကြားထား သည်။
ယခုသ၀ဏ်လွှာအရ ကောင်စီမှာ ၀န်ကြီးအဆင့်နှင့်ပင် တိုင် ပင်ဆွေးနွေး၍ သမ္မတက တွေ့ဆုံ ရန် မလိုကြောင်း အကြောင်းပြန် လိုက်သည့်သဘောမျိုးဟုလည်း ယူဆစရာရှိကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

တရားဥပဒေနှင့် အညီ နေ ထိုင်လုပ်ကိုင်ဆောင်ရွက်မည်ဆို ပါက မည်သည့်ပုဂ္ဂိုလ်အဖွဲ့အ စည်းကိုမဆိုအကာအကွယ်ပေး သွားမည်ဖြစ်ကြောင်းဖြင့် သမ္မတ က သ၀ဏ်လွှာကို အဆုံးသတ် ထားသည်။

‘‘အမုန်းစကားလှုံ့ဆော်ပြော တာ ငါတို့ပုဂ္ဂလိကမီဒီယာတွေ မဟုတ်ဘူး။ သူတို့နိုင်ငံပိုင် သတင်းစာကတောင် ရခိုင်ကိစ္စမှာ မွတ်စ လင်တွေကို သုံးနှုန်းသွားတာရှိ သေးတယ်။ ငါတို့တစ်တိုက်မှ အဲဒီလိုမရေးဘူး။ အခုပဋိပက္ခတွေကို လှုံ့ဆော်တာ အွန်လိုင်းမီဒီယာ တွေ။ အရေးယူခံရတော့ အွန် လိုင်းမီဒီယာတစ်ခုမှ မရှိသေးဘူး။ ပရင့်မီဒီယာတွေချည်းပဲ။ နာမည် တပ်ပြောလို့ရတာပဲ ဘယ်မီဒီယာ ဆိုတာ အားလုံးလည်းသိနေတာ ကို။ အခုလိုရောချပြီး သမ္မတပြော လိုက်တာ ပိုရှုပ်ထွေးသွားပြီ’’ဟု မြန်မာ့ဖရီးဒမ်းနေ့စဉ်သတင်းစာ ၏ အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။


ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အရေးယူထောင်ချခဲ့သလို ဒီအမှုနဲ့ ပတ်သက်နေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း စစ်ဥပဒေအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ စစ်တပ်ဖက် ကိုလည်း အရေးယူတယ်ဆိုပေမယ့် မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေက ပြောင်းလဲသွား တာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြမှာပါ။

မကြာသေးခင်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်တာဟာ သတင်းမီဒီယာတွေကို ပစ်မှတ်ထားတာမဟုတ်ပဲ စစ်တပ်က တာဝန်ရှိတဲ့သူတွေကိုလည်း အရေးယူဖို့ပြင်ဆင်နေကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက မနေ့ကပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်လို့ ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နဲ့ သတင်းထောက်လေးဦး ကိုထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့သလို ဒီအမှုနဲ့ ဆိုင်တဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ ပြင်ဆင်နေတဲ့အကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ယူနတီကိစ္စနဲ့ပတ်သက်လို့ သတင်းသမားတွေကို ထောင်ချပြီး ဥပဒေအရ အရေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုနေတဲ့ အချိန်မှာ တပ်မတော်ဘက်မှာ သက်ဆိုင်ရာ ကပစ စက်ရုံ တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေ၊ သက်ဆိုင်ရာ အရာရှိတွေ၊ ဒါတွေကိုလည်း ကျနော်တို့ စစ်တပ်ဘက်က တပ်မတော်ဘက်ကနေ စစ်စည်းကမ်း၊ စစ်ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တပ်မတော်ဘက်မှာကျတော့ ဒီလိုမျိုး လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဆိုတာ အမြင့်ဆုံး ပြစ်ဒဏ်ပေါ့နော် အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဆိုလိုတာက ဒီယူနတီဂျာနယ်က သတင်းထောက်တွေ လုပ်လိုက်တဲ့ကိစ္စက ဒီဘက်က တပ်မတော် သက်ဆိုင်ရာ အဖွဲ့အစည်းမှာလည်း ဒီလိုမျိုး အရေးယူမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ အဲ့တာလေး ပြောချင်ပါတယ်။ ဆိုလိုတာက ဒီဥပဒေနဲ့ ငြိစွန်းတဲ့သူတွေ အကုန်လုံး ပါဝင်သွားတဲ့ သဘောပါ။"


ဒါပေမယ်လို့ သတင်းသမားတွေကို ဖိနှိပ်တဲ့ကိစ္စကို စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူပါတယ်ဆိုပြီး နှိုင်းယှဉ်ကာကွယ်ပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီကိစ္စကို ယှဉ် ပြောလို့မရပါဘူး။ ယူနတီ ကို အရေးယူပြီးတဲ့နောက်မှာလည်း အခု ဘိုင်မွန်းတည့်နေက သတင်းသမားတွေကို အရေးယူအပြစ်ပေးဖို့ လုပ်နေပါတယ်။ အထူးထောက်လှမ်းရေးတွေက မီဒီယာဥပဒေနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေကို စနစ်တကျ စစ်ဆေးမေးမြန်းတာ စတဲ့အချက်တွေ ပါနေတာပါ။ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ အပြုအမူတွေဟာ သတင်းသမားတွေကို ခြိမ်းခြောက်နေတာပါ။"

သတင်းမီဒီယာဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကစီကို မနေ့ သ၀ဏ်လွှာ ပို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီဆောင်ရွက်နေ တယ်လို့လည်းဖေါ်ပြထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂)ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြတဲ့ သတင်းသမား(၇)ဦးကို ပုဒ်မ (၁၈) လူစုလူဝေးနဲ့ လှည့်လည်ဆန္ဒပြမှု ဥပဒေအရ အရေးယူထားတဲ့နဲ့ ပတ်သက်လို့ လည်း အကြီးတန်းအရာရှိက အခုလို အကျယ်တ၀င့် ရှင်းပြပါတယ်။

" နိုင်ငံတော်သမ္မတကြီး ရန်ကုန်မှာ ရုပ်ရှင် သဘင် ဂီတပေါ့ အဲ့ဒီ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဆန္ဒပြတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ ရဲစခန်းက တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင် တာတွေ၊ ပြောဆိုတာတွေ ရှိပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တည်ဆဲဥပဒေပေါ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဆန္ဒပြမယ်ဆိုရင် အသိပေးခြင်း၊ အရင်တုန်းကဆိုရင် ခွင့်ပြုချက်တောင်းခံခြင်း သက်ဆိုင်ရာ ရဲစခန်းကို လုပ်ရပါတယ်။ အဲ့တာ မလုပ်ပဲနဲ့ အသိပေးခြင်းမရှိပဲ ဆန္ဒပြတယ်ဆိုတာကတော့ ဥပဒေနဲ့ မညီဘူးဗျ။ မညီတဲ့အတွက် သူသက်ဆိုင်တဲ့ ရဲစခန်းက တရားစွဲဆိုခြင်းဖြစ်တယ်။

ဒါပေမဲ့ အဲ့တာနဲ့ပတ်သက်လို့ ပြောတယ်ဆိုရင် ကျနော်တို့က ဘာပြောချင်လဲဆိုတော့ လက်ပံတောင်းကြေးနီ စီမံကိန်း ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့ အချိန်မှာ အဲ့လိုမျိုး ကန့်ကွက် ဆန္ဒပြတာတွေ့တဲ့ အချိန်မှာ သူပြောထားတာတွေရှိတယ်။ သူဆိုလိုတာက အကြမ်းဖျင်းပြောရမယ်ဆိုရင် ဆန္ဒပြချင်ရင် ပြ အဲ့ ဒါပေမဲ့ ရဲစခန်းကိုတော့ ခွင့်ပြုချက်တင် ဥပဒေနဲ့အညီ ဆန္ဒပြရမယ်။ ဥပဒေနဲ့ မညီရင်တော့ အရေးယူခံရမယ်လို့ပြောတယ်။ ဒါက ဒီမိုကရေစီခေါင်းဆောင်ပေါ့နော်။ ဒီလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ပြောထားတဲ့စကားက။"

ဒါပေမဲ့လို့ RSF နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ မြန်မာ့ သတင်းမီဒီယာလောကဟာ တနေ့ထက်တနေ့ပိုပြီးဆိုးလာနေပြီး အရင် နအဖ စစ်အစိုးရခေတ်က သတင်းသမားတွေကို ဖိနှိပ်ကန့်သတ်တဲ့ ပုံစံမျိုးအတိုင်းပြန်ပြီး ဖြစ်နေတာတွေ့ရတယ်လို့ Benjamin Ismail ကဆိုပါတယ်။

ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ မိသားစုနဲ့ သတင်းထောက်တွေကို ၁၉၅၀ ခုနှစ်က ထုတ်ထားတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ပြီး ရုံးထုတ်စစ်ဆေးနေတာကိုလည်း RSF အနေနဲ့ ကန့်ကွက်ရှုတ်ချတဲ့ အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါအပြင် သမ္မတရဲ့သ၀ဏ်လွှာမှာ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လှုံဆော်မှုတွေကို ပြည်တွင်းပြည်ပ မီဒီယာအချို့ကနေ ရေးသားဖေါ်ပြခဲ့ကြတယ်လို့ ဆိုထားပေမယ့် တကယ့် လက်တွေ့မှာ ကျင့်ဝတ်ကိုချိုးဖောက်ပြီးရေးနေတဲ့ သတင်းစာဂျာနယ်တွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူးလို့လည်း သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ပြောပါတယ်။

VOA

ပီအာ စနစ်ကို ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် သုံးရက်တိုင်တိုင်ဆွေး နွေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစု၏ထောက်ခံမှုဖြင့် ပြည်သူ့ လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခု ဖော်ဆောင် နိုင်ရေး ပီအာစနစ်ကျင့်သုံးရေးအဆို အား လွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ် ၄၇ ဦးမှ တင်ပြ ထား ခြင်းကြောင့် ဆွေးနွေးမည့်ကိုယ်စား လှယ်ဦးရေနှင့်ဆွေးနွေးရန် အချိန်တို့ ကြောင့် ဇူလိုင် ၂၅ရက်တွင် ကျင်းပ သည့် ပြည် သူ့  လွှတ်တော် အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏သ ဘောတူ ညီချက်ဖြင့် ယင်းကဲ့ သို့ ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကန့်ကွက်ဆွေးနွေးမယ့်သူနဲ့ ထောက်ခံဆွေးနွေးမယ့်သူ မျှနေတာ တွေ့ရပါတယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
PR စနစ် ပြောင်းလဲကျင့်သုံးပါ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်ရာ၊ ကျော်လွန်ရာရောက်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း တိုင်း ရင်းသားလွှတ်တော်ကိုယ်စားလှယ် များမှ ဆွေးနွေးတင်ပြခဲ့သည်။

''လောလောဆယ် ရွေးကောက် ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးမယ်ဆို ရင် ပထမဦးစွာ အခြေခံဥပဒေပြဋ္ဌာန်း ချက်နဲ့ညီအောင် အခြေခံ ဥပဒေပြဋ္ဌာန်း ချက်တချို့ကို အရင်ပြင်ဖို့လိုလိမ့်မယ် လို့ထင်ပါတယ်။ အဲလိုပြင်ပြီးမှသာ လျှင် ဒီရွေးကောက်ပွဲစနစ် တစ်ခု ကို ကူးပြောင်း ဖို့ မှန်ကန်တယ်လို့ယူဆပါ တယ်။ ဘာကြောင့်လဲဆိုရင် တခြား နေရာတွေမှာတော့ အခြေခံဥပဒေ ဟာ နိုင်ငံရဲ့ အကြီးဆုံး ၊ နိုင်ငံမှာစွမ်း အားပါဝါအကြီးဆုံးဖြစ်တဲ့အတွက် ကြောင့် ဒီအခြေခံဥပဒေကြီးကိုကျော် ဖြတ်လို့ ကျော်လွန်ပြီးတော့ တစ်ခုခု ပြဋ္ဌာန်း မယ်ဆိုရင် မဖြစ်နိုင်တာဖြစ် ပါတယ်။ ဒါကြောင့်မိုလို့ ဒီအခြေခံ ဥပဒေကြီးကို အရင်ပြင်ကြရအောင် လို့တင်ပြ လိုပါတယ်။ နောက်ပြီးတော့ အခြေခံဥပဒေနိုင်ငံတော်ရဲ့အခြေခံ မူတွေမှာကြည့်ရင် ကျွန်တော်တို့နိုင် ငံမှာ အဓိကဖော်ပြနေ တာ ကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခြေခံဥပဒေမှာလဲ အလေး ထားပြီး ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့သော်လည်းကောင်း၊ လွှတ်တော်အနေ နဲ့သော် လည်းကောင်း တိုင်းရင်သားစည်းလုံး ညီညွတ်ရေး အတွက် အဓိကထားပြီးဆောင်ရွက် နေကြတာဖြစ်တဲ့အတွက်ကြောင့် ယခု လိုရွေးကောက် ပွဲစနစ်ပုံစံပြောင်း လဲ ခြင်းဖြင့် ရှုပ်ရှုပ်ထွေးထွေးနဲ့ နေရာ ဒေသအတော်များများမှာ နားမလည် နိုင်လို့၊ သဘော မပေါက်နိုင်လို့မဖြစ် သင့် တာတွေဖြစ် နိုင် တဲ့ အခြေတောင် ရှိကောင်းရှိလာနိုင်ပါတယ်။ အဲလိုဖြစ် လာရင် တိုင်းရင်းသား စည်းလုံးညီ ညွတ်မှုကို ထိခိုက်သွားမှာဖြစ်တဲ့အ တွက်ကြောင့် ဒီ PR စနစ်ဟာ အချိန် ယူလေ့လာသင်ကြားပြီး ဥပဒေညီ အောင်ပြုလုပ်ပြီးမှသာလျှင် ကျွန် တော်တို့ကျင့်သုံးရင် ပိုပြီးကျွန်တော် တို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ယူ ဆပါတယ်။ ဒါကြောင့် PR စနစ်ကို လောလော ဆယ်အနေနဲ့ မကျင့်သုံး သေးဘဲနဲ့ လက်ရှိအခြေအနေအရဘဲ ဆက်လက်ပြီးတော့သွားရင် ပိုပြီးတော့ နိုင်ငံအတွက်အကျိုးရှိ မယ်''ဟု ဖလန်း မဲဆန္ဒနယ်မှ ဦးခွန်မိန်းက တင်ပြခဲ့ သည်။

ပီအာစနစ် ကျင့်သုံးရေးအား သဘောမတူသည့်အတွက် ပီအာ စနစ်ကျင့်သုံးရေးအဆိုအား ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့ သည့် ဇူလိုင် ၂၄ရက်တွင်ကန့်ကွက်ခဲ့သည့် အနေဖြင့် လွှတ်တော်မတက်ခဲ့သည့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စား လှယ် များသည် ယနေ့ကျင်း ပသည့် လွှတ်တော်အစည်းအဝေးအား ဆက်လက်တက်ရောက်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်ခဲ့ ခြင်းမရှိသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနု က ''နဂိုကတည်းက ဒီစနစ်ကို ကန့် ကွက်ခဲ့တယ်။ လွှတ်တော်မတက်ဘဲ နဲ့လဲ ကန့်ကွက်ခဲ့တယ်။ ပီအာစနစ် ကို ကန့်ကွက်ထားတဲ့အတွက်ကြောင့် အဆိုကိုလဲ ဆွေးနွေးစရာမလိုဘူးလို့ ထင်လို့ပါ''ဟု ပြောသည်။

ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်မှ လည်း ''ဥပဒေတစ်ခုဟာ ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့်မဆန့်ကျင်မှသာ အာ ဏာသက်ရောက် မှာဖြစ်ပါ တယ်။ ဥပ ဒေပြုရေး၊ အုပ်ချုပ်ရေးနိုင်ငံတော်အ ခြေခံမူများနှင့်အညီ အလေးပြုဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဥပဒေပြုသူ သည် ဥပဒေချိုးဖောက်မှု မဖြစ်စေရန် မမေ့မလျော့ရန်ဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံသည် ဒီမိုကရေစီအမြစ် တွယ်ရေး ကြိုး စားနေ ကြတဲ့ ကျွန် တော်တို့ကိုယ်စားလှယ်တွေဟာ ဒီမို ကရေစီအမြစ်ဖယ်ရေးမဖြစ်စေဖို့ သ တိပြုရမှာဖြစ်ပါတယ်။

တိုင်းရင်းသား ပြည်သူလူထုတွေနဲ့ ပြည်တွင်ငြိမ်းချမ်း ရေးတို့ကိုလဲ ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အလေးအနက်ထားကြရမှာ ဖြစ်ပါ တယ်။ သတိကြီးစွားထားပြီးဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်များရဲ့ ဒီနေ့ဆုံးဖြတ် ချက်များ ဟာ ပြည်ထောင် စုမြန်မာ နိုင်ငံတော်ရဲ့အနာဂတ်လဲဖြစ်ပါတယ်။ တစ်မြေတည်းနေ တစ်ရေတည်း သောက် ပြည်ထောင်စု သားများရဲ့ ဘဝကံကြမ္မာလဲဖြစ်ပါတယ်။ ဤလွှတ် တော်ကြီးရဲ့သမိုင်းပုံရိပ်လဲဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်စား လှယ်များရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းမှတ် တိုင်များဖြစ်ပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေး နွေရန်အတွက် လွှတ်တော်ကိုယ်စား လှယ် ၄ရဦးစာရင်းတင်ထား ရှိကြောင်း ဆွေးနွေး သူများအနေဖြင့် ဆွေးနွေးချိန် ၆မိနစ်သာရရှိမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်။ ယနေ့အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁ဝဦးမှဆွေးနွေခဲ့ကြသည်။

''အခု PR စနစ်ကို လုပ်လို့မို့ ပါ တီများလာမယ်လို့ တစ်ထစ်ချမတွက် ထားပါနဲ့။ ကျွန်မတို့ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ဥပဒေတွေထွက် လာဦးမယ်။ ဘာလဲဆိုတော့ မဲဆန္ဒ ဘယ်လောက်ရမယ်ဆိုတဲ့ အနည်း ဆုံးလာဦးမယ်။ အဲဒီမှာ ကျွန်မတို့ရ ပြီးသားအခွင့်အရေးမှာပါ အဲဒီပါတီ ငယ်က ဆုံးရှုံးမှာ။ အခု ကျွန်မတို့တိုင်း ရင်သားပါတီတွေအစုံရှိတယ်။ ဘယ် လောက်နည်းနေ ပါစေ။ လူနည်းစုအ နည်းဆုံးဖြစ်တဲ့ လူနည်းစုတစ်ခုက အစ လွှတ်တော်ထဲမှာ သူကကိုယ်စား လှယ်အဖြစ် ဝင်ရောက်လို့ရတယ်။ တစ်နိုင်ငံလုံးနဲ့ လွှမ်းခြုံလိုက်မယ် ဆို ရင် အဲဒီရထားတဲ့ဟာတောင်မှ ရာခိုင် နှုန်းအားဖြင့် နည်းသွားလျော့သွားပြီး တော့မှ ရပြီး သား အခွင့် အရေးကိုဆုံး ရှုံးမှာ၊ အင်မတန်အန္တရာယ်ကြီးပါတယ်။ လူနည်းစုတွေအတွက် ပါတီငယ်တွေ အတွက် ဒါကြောင့် မိုလို့ သာ ဒီမှာရှိနေ တဲ့လူမျိုးစုအားလုံးက ကျွန်မတို့ဒီလွှတ် တော်မှာ ဒီအဆိုမဆွေးနွေးခင်ကတည်း ကိုက လက်မှတ်တွေ ထိုး ယူပြီးတော့ မှ ပါတီအစုံ တိုင်းရင်းသားပါတီအစုံက နေပြီးတော့မှ ဥက္ကဋ္ဌဆီလက်မှတ်ထိုး တင်ပြီးသား။ သူတို့လက်မခံဘူးဆို တဲ့ဟာ ကို ဒီ စနစ်နဲ့ပတ်သက်ပြီး တ ကယ်လို့များ ကျွန်မတို့ကလွှတ်တော် မှာ ဆက်ပြီးဆွေးနွေးခဲ့မယ်ဆိုရင် ကျွန်မတို့ လွှတ်တော် သည်ဖွဲစည်းပုံ အခြေခံဥပဒေကနေ တင်းတင်းကျပ် ကျပ်နဲ့ ကန့်ကွက်ထားပါရက်နဲ့ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင် ပြီးတော့လုပ်တဲ့ လွှတ်တော်အဖြစ်နဲ့ တော့ ကျွန်မ မဖြစ်စေလိုပါဘူး။ နံပါတ် (၁) အရေးကြီးဆုံးဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်စေလိုပါတယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ပြီးမှသာလျှင် ဒီဥပဒေနဲ့အညီ ဥပဒေပြဋ္ဌာန်းရမှာ ပါ။ အဲလိုမဟုတ်ဘဲ နဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေကလဲ မလုပ်ရပါဘူးလို့ပြော ထားပါရက်နဲ့ ဇွတ်ကျွန်မတို့အဖွဲ့ က နေ ကော်မ တီကော်မ ရှင်တွေဖွဲ့ပြီး ဒီဥပဒေကြမ်းကိုရေးဆွဲမယ်ဆိုရင် သိပ်ကို ဥပဒေကိုမလေးစားတဲ့ လွှတ် တော်ကြီးဖြစ် လာ မှာတော့ စိုးရိမ်ပါ တယ်''ဟု တံတားဦးမဲဆန္ဒနယ်မှပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က သတင်းထောက်များအား လွှတ် တော် အစည်းအဝေးအပြီးတွင် ပြော ကြားခဲ့သည်။
Yangon Media Group
Photo.aungyi dvb


ပီအာစနစ်ဆိုတာကို လူပိန်းတွေးနဲ့ ခပ်ရှင်းရှင်းနားလည်သလို ပဲပြောလိုက်မယ်။
ပါတီက ရွေးပြီး လွှတ်တော်ထဲကို အမတ်ပို့တဲ့စနစ်ပဲ။
ကာချုပ်က ရွေးပြီး ပို့လိုက်တဲ့ အမတ် ၁၁၀ ကိုတောင် မကြိုက်ဘူးအော်နေပြီတော့
ပါတီက ရွေးပို့လိုက်တဲ့ အမတ်တွေကို ငါတို့ လက်ခံရမှာလာ။
ငါတို့ ကြိုက်တဲ့အမတ်ကို ငါတို့ ရွေးတင်ခွင့်တောင် မပေးတော့ဘူးလား။
ငါ့ဒေသ ငါ့ရပ်ရွာအကျိုးအတွက် ငါ့ယုံကြည့်တဲ့ အမတ်ကို ငါ့ကို ရွေးခွင့်မပေးတော့ဘူးလား။

မင်းတို့ကိုယ့် မင်းတို့၊ မင်းတို့ပါတီကို မင်းတို့ သိပ်ကောင်းတယ်လို့ ယုံကြည့်နေပေ
မည့် ငါတို့မယုံဘူး။
ဘယ်မလဲ မင်းတို့ပါတီတွေ မူဝါဒ၊ လမ်းစဉ်၊ စီမံကိန်း၊
နိုင်ငံကို ဘယ်လို ဦးဆောင်မလဲဆိုတဲ့ မူဝါဒ။
နိုင်ငံစီးပွားရေးကို ဘယ်လို ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့ စီမံချက် မူဝါဒ။
နိုင်ငံခြားဆက်ဆံေ၇းကို ဘယ်လို ကိုင်တွယ်မယ်ဆိုတဲ့ မူဝါဒ။
နိုင်ငံရဲ့ လူမူရေးမူဝါဒ ဘယ်မလဲ။
ပြည်တွင်းပြသနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ မူဝါဒ။

မင်းတို့ ပါတီတွေ ဒါတွေ ထုတ်ပြောသလား။ ဒါတွေကို ပြည်သူကိုချပြသလား။
မင်းတို့မှာ ပါတီတွင်းမှာတောင် ဒီလို မူဝဒါတွေ၊ ပေါ်လစီတွေ ချထားပြီးပလား။
မင်းတို့မှာ ကိုယ့်ပါတီတွင်းက ပါတီဝင်တွေကိုတောင် ဒါတွေကို ချပြရှင်းပြပြီးပလား။

ငါတို့ လူထုကို ချပြ ရှင်းပြဖို့ နေနေသာသာ မင်းတို့ ပါတီတွင်းမှာတောင် မလုပ်ဘူး။
မရှိဘူးမဟုတ်လား။ မင်းတို့ ပါတီတွင်းမှာတောင် အထက်နဲ့ အောက်နဲ့ ခေါင်းဆောင်
နဲ့ နောက်လိုက်နဲ့ အချင်းချင်း အချင်းများ အုပ်စုဖွဲနေတုန်းမဟုတ်လား။

ငါတို့ လူထုကို ဘာမှ ချမပြ၊ ပြောမပြပဲနဲ့ ငါတို့က မင်းတို့ပါတီကို ယုံရမတဲ့လား။
မင်းတို့ ပါတီက ရွေးပြီး ပို့လိုက်တဲ့အမတ်တွေကို ငါတို့က လက်ခံရမလား။
မင်းတို့ ပါတီတွေက ရွေးပြီး ပို့လိုက်တဲ့အမတ်တွေက မင်းတို့ ပါတီအတွက်ပဲလုပ်
တော့မပေါ့။ မင်းတို့ချင်း ပါတီတွင်းမှာ နေရာရရေးအတွက်ပဲ လုပ်တော့မပေါ့။

တကယ်တော့ မင်းတို့ဟာ တိုင်ပြည်နဲ့ ပြည်သူကောင်းကျိုး အတွက်လုပ်နေတာမှမဟုတ်ပဲ။

ကဲ မေးပါပြီ။ အခု ပီအာစနစ်ကို အဆိုတင်တဲ့ အမတ် ၂ ယောက် တိုင်းကျိုးပြည်ပြု အဆို
ဘယ်နှစ်ခု လွှတ်တော်မှာ တင်ပြီးပြီလဲ။ ဒေသ၊ ရပ်၇ွာအတွက် မေးခွန်း ဘယ်နှစ်ခုမေး
ပြီးပြီလဲ။

Win Minthein

ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့၂၀၁၂ခုနှစ်မှာရွေးကောက်ပွဲ
ကော်မရှင်ဥက်္ကဋ္ဌကနေပြီးတော့တင်ပြတဲ့အချက်မှာကျွန်မတို့ပြည်ထောင်စုလွှတ်တော်
နာယကကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချိန်ကျမှ ပြင်ရမယ်ဆိုပြီးတော့ပြောသွား
ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံမှုနှင့်တင်မကဘဲနဲ့တစ်နိုင်ငံလုံး
လူထုဆန္ဒရယူပြီးမှသာတစ်နည်းအားဖြင့်ပြောရင် ပြည်လုံးကျွတ်ဆန်္ဒခံယူပြီးမှသာ
ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲလို့ရမယ်လို့ထင်ပါတယ်။အခုအဲဒီဟာနဲ့ပတ်သက်ပြီးတော့
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူသိန်းငါးဆယ်ကျော်ကနေပြီးတော့မှလက်မှတ်ထိုးဆန္ဒတွေ
ပြုထားတဲ့ပုဒ်မ၄၃၆(က)မှာပါပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း
၂၀၁၃ခုနှစ်အတွင်းမှာပဲစတင်ဆောင်ရွက်ရမှာသာလျှင်အချိန်လုံလောက်မယ်။
စနစ်ပြောင်းလဲဖို့ကအချိန်လုံလောက်မယ်ဆိုတဲ့သဘောမျိုးဆွေးနွေးသွားခဲ့ပါတယ်။

ကျွန်မတို့ကျင့်သုံးခဲ့တဲ့ဒီင်္စနစ်မှာမြို့တိုင်းမှာရှိတဲ့မဲဆန်္ဒရှင်ပြည်သူတွေကကိုယ်မဲပေးလိုက်
တဲ့၊ဒါမှမဟုတ်ကိုယ်မဲမပေးလိုက်တဲ့ကိုယ်စားလှယ်အားလုံးကိုသိပါတယ်။လျှို့ဝှက်မဲပေ;
စနစ်ဖြစ်တဲ့အတွက်လည်းပဲကိုယ်ကဒီကိုယ်စားလှယ်ကိုမဲပေးခဲ့ရင်၊မပေးခဲ့ရင်ဆိုတာ
ကိုလည်းပဲဒီကိုယ်စားလှယ်ကအနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်ကမသိပါဘူး။

ဒါကြောင့်အနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်နဲ့တိုင်ပင်ဆွေးနွေးတင်ပြလို့ရပါတယ်။
အဲဒီအတွက်ရှုံးမဲတွေဖြစ်သွားတဲ့မဲဆန်္ဒရှင်တွေရဲ့မဲဟာလုံးဝဆုံးရှုံးမှုမရှိပါဘူး။ ပြည်သူ့မဲ
ဆနရှင်များဆုံးရှုံးမှုလုံးဝမရှိပါဘူး။အခုလက်ရှိအခြေအနေမှာလည်းပဲ၊မနေ့တုန်းက
အဆိုတင်သွားတဲ့အဆိုကိုကန့်ကွက်ဖို့ပြောသွားခဲ့တဲ့၊ဆွေးနွေးသွားခဲ့တဲ့လွှတ်တော်
ကိုယ်စားလှယ်ပြောသလိုပါပဲ၊ကျွန်မတို့အနေနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အင်မတန်အရေးကြီးပါတယ်။ကျွန်မတင်ပြလိုပါတယ်။

လွှတ်တော်အတွင်းမှာရှိတဲ့တိုင်းရင်းသားပါတီအားလုံးနီးပါးအပြင်းအထန်ကိုပဲတညီ
တညွတ်တည်းကန့်ကွက်နေကြပါတယ်။လွှတ်တော်ထဲမရောက်ရှိကြသေးတဲ့တိုင်းရင်းသား
ပါတီတွေကလည်းလက်မခံကန့်ကွက်ကြောင်းကြားသိရပါတယ်။နောက်အချက်က
ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲကျင့်သုံးတာသည်နိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်လား၊
ပါတီများအတွက်လားဆိုတာကိုလည်းပဲသေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။

ပါတီစုံဖြစ်ဖို့ဆိုရင်လည်းအခုလွှတ်တော်ထဲမှာလည်းပဲပါတီအစုံရှိပါတယ်။အဲဒီပါတီအစုံ
ကပဲနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်ရှေးရှုပြီးလက်မခံဘဲကန့်ကွက်နေကြတာပါ။
နိုင်ငံရဲ့ပြောင်းလဲစဒီမိုကရေစီအစမှာအင်မတန်ရှုပ်ထွေးတဲ့ဒီလိုပြောင်းလဲတဲ့စနစ်ကို
ဆွဲထုတ်ပြီးတော့မှမြေစမ်းခရမ်းပျိုးရမယ့်အခြေအနေဟာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကို
ကောက်ကွေ့အောင်လုပ်သလို ဖြစ်ပါလိမ့်မယ်။ဒီစနစ်ဟာအမတ်လောင်းများဟာ
ဒီမိုကရေစီစနစ်ရဲ့အခြေခံမူအတိုင်းများဖြစ်တဲ့ ပြည်သူ့ရဲ့မျက်နှာကိုမကြည့်ဘဲပါတီရဲ့
နေရာပေးမှုကိုရယူဖို့၊အရယူဖို့ပဲကြိုးစားကြပါလိမ့်မယ်။

ကျွန်မအနေနဲ့အလေးအနက်တင် ပြလိုတာကကိုယ့်ရဲ့မဲဆန်္ဒနယ်၊ ဒေသခံ ပြည်သူအများစု
ရဲ့ယုံကြည်မှု၊ထောက်ခံမှုမရှိလို့ရှုံးသွားတဲ့မဲများတစ်နည်းအား ဖြင့်ပြောရင်ဒေသခံပြည်သူ
အများစုကလက်မခံတဲ့ကိုယ်စားလှယ်သည် ရှုံးသွားတဲ့မဲများကိုတစ်နိုင်ငံလုံးမှာစု၊
ရှုံးမဲများကိုကောက်သင်းကောက်ပြီး နိုင်ငံကိုဦးဆောင်မည့်အပိုင်းမှာဝင်ထိုင်ခွင့်ပေးတဲ့
ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါလျက်နဲ့မျက်နှာပြောင်တိုက်ပြီးခေါင်း ဆောင်များ
နေရာဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများကကျွန်မတို့ကိုယ်စားလှယ်များကိုဝေဖန်ကြ
မှာဖြစ်ပါတယ်။

အခုလက်ရှိအခြေအနေမှာလည်းပဲ ကျွန်မတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို
လည်းပဲကျွန်မတို့ ပြည်သူတွေက ရွေးချယ်လို့မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ
ပြည်သူ့ဆန်္ဒမပါဘူး။ အခုတစ်ခါဥပဒေပြုရေးမှာပါဒီစနစ်ကြောင့် ပြည်သူကို၊ ပြည်သူ့
ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့်၊တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူးဆိုရင်ကျွန်မတို့နိုင်ငံ
ဟာဘာနိုင်ငံဖြစ်နေလဲဆိုတာက်္ဘာမှာချပြဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါ
လို့ကြွေးကြော် ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့တင်ပြလိုတာကတော့ ဒီမိုကရေစီစနစ်မှာကျွန်မတို့အားလုံးဟာအနိုင်အရှုံး
ကိုရင်ဆိုင်ရဲရပါလိမ့်မယ်။ ပြည်သူရဲ့ရွေးချယ်မှုကိုသတိ္တရှိရှိ၊ သိက်္ခာရှိရှိလက်ခံရပါလိမ့်မယ်။
အမြဲတမ်းအနိုင်၊အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာရှိမှာမဟုတ်ပါဘူး။ ကျွန်မတို့
ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ်္တိနဲ့သိက်္ခာကိုရွေးကောက်ပွဲစနစ်တစ်ခုကို
ပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလိုမဖုံးကွယ်ပါရစေနှင့်မဖုံးကွယ်ကြပါနှင့်
လို့တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်းအဆိုပြုတင်ပြအပ်ပါတယ်ရှင်။

NLD FB


မြန်မာပြည်မှာ PR စနစ်ကိုကျင့်သုံးဖို့ကြံစည်နေတာဟာ ဓမ္မတာတောင်မလာသေးတဲ့ မိန်းမငယ်လေးကို လင်ပေးစားဖို့ကြံနေကြတာပါလားလို့ နားလည်လိုက်ပါတယ်။ ဒီလိုစဉ်းစားတာဟာ ကိုယ့်သမီးအရင်းမဟုတ်လို့ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှေ့ဆက်ဘာတွေဖြစ်မယ်ဆိုတာသိသိချည်းနဲ့လုပ်နေကြတာပါ။ မိန်းမငယ်အတွက်မစဉ်းစားပဲ ငတေမာပြီးရောစဉ်းစားချက်ပါ။ မိဘအရင်းကတော့ လင်ပေးစားတောင် ကိုယ့်သမီးရဲ့အသက် အရွယ် ရင့်ကျက်မှု အိမ်မှုကိစ္စနိုင်နင်းမှု အသိပညာ စသဖြင့်ပေါ့လေ တော်၏မတော်၏ ဘက်ပေါင်းစုံကစဉ်းစားမှာပါ။ ကျနော်ကတော့လက်ရှိမြန်မာပြည်နဲ့ PR လို့ခေါ်တဲ့ လွှတ်တော်တွင်းအချိုးကျကုလားထိုင်လုရေးစနစ်ကို ဤသို့ဤပုံဟုနားလည်ရပါကြောင်း........
ပဏ္ဍိတ်ထွန်း

အချိုးကျကိုယ်စားလှယ်စနစ် Proportional Representative System (PR)
အလွယ်ဆုံး အရှင်းဆုံးပြောရလျှင် မိမိကြိုက်နှစ်သက်တဲ့ “ပါတီ”အား ရွေးချယ်ပေးရတဲ့စနစ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့၌သာ သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ ကျင့်သုံးနေသောစနစ် ဖြစ်ပါတယ်။

မဲဆန္ဒနယ်တစ်နယ်တွင် မဲဆန္ဒရှင်ပြည်သူ ကြိုက်နှစ်သက်သည့် “ပါတီ”အား မဲပေးရွေးချယ်ရသည့်စနစ်ဖြစ်ပါတယ်။ ထိုပါတီရရှိ သည့် မဲအရေအတွက်၊ အချိုးအစားအပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရမည့်စနစ်ပင် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာပါတီမှ ရွေးချယ်ခြင်းဖြစ်ပါတယ်။ အဘယ်သူသည် မိမိအား ကိုယ်စားပြုမည်မှန်း မသိဘဲ မဲဆန္ဒရှင်ပြည်သူများက မဲပေးရတဲ့စနစ် ဖြစ်ပါတယ်။

သို့ပါ၍ လွှတ်တော်တွင်း၌ ပါတီငယ်တွေ အများအပြားရောက်ရှိလာကာ ဥပဒေပြုရာ၌လည်းကောင်း၊ အစိုးရဖွဲ့စည်းရာ၌လည်း ကောင်း အခက်အခဲများကြုံတွေ့နိုင်ပြီး တစ်သီးပုဂ္ဂလအမတ် မရှိနိုင်သဖြင့် မိမိလိုလားသူပုဂ္ဂိုလ်အား လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့် ဆုံးရှုံးသွားစေနိုင်ပါတယ်။ ယင်းအချက်မှာ နိုင်ငံသားတစ်ဦး၏ လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးရခြင်းဖြစ်ပြီး နိုင်ငံသား ပြည်သူများ၏ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် အခွင့်အရေးဆုံးရှုံးသွားရခြင်းလည်း ဖြစ်ပါတယ်။

ထို့အပြင် ပါတီငယ်အမြောက်အများ ပေါ်ထွက်လာစေရေးကို အားပေးနေတဲ့စနစ်ဖြစ်သဖြင့် (လူမျိုးရေး၊ ဘာသာရေးအစွန်း ရောက်ပါတီများ ပေါ်ပေါက်လာနိုင်စရာ ရှိပါတယ်။

ကမ္ဘာ့နိုင်ငံကြီးများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနိုင်ငံတို့တွင်လည်း (PR)စနစ်၏ ရှုတ်ထွေးမှု၊ မိမိတိုင်းပြည်၏ ပကတိ အခြေအနေများကြောင့် ကျင့်သုံးကြခြင်းမရှိဘဲ။ “နိုင်သူ အာဏာယူစနစ်” (FPTP) ကျင့်သုံးနေကြပါသည်။ တိုင်းပြည်လူဦးရေ၏ ၇၀% မှာ တောင်သူလယ်သမားများဖြစ်သော ကျနော်တို့တိုင်းပြည်၌ (PR)စနစ် ကျင့်သုံးရန်မှာ လက်တွေ့ ပကတိအခြေအနေ များအရ ကိုက်ညီခြင်းမရှိသဖြင့် ကျင့်သုံးရန် မသင့်တော်သေးပါ။
MrMaung KoThet

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် လက်ထက် ၂၀၁၂ ခုနှစ်ကစပြီး ဘာသာရေး၊
လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုတွေရဲ့ သရုပ်သကန်ဟာ ဘာသာနှစ်ခု၊ လူမျိုး နှစ်ခု တစ်ခုနဲ့တစ်ခု အမုန်းပွား
အပြန်အလှန် တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြဆိုတာမျိုးထက် လူနည်းစုက အကြမ်းဖက်ခံ၊
တိုက်ခိုက်ခံရတဲ့ အနေအထားမျိုး ပိုပြီး ပေါ်လွင်ပါတယ်။

အမုန်းတရား ဖြန့်ဖြူးတာကအစ အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာအဆုံး
ထွက်ပေါ်လာတဲ့ သတင်းအချက်တွေက အဲဒီအချက် မှန်ကန်ကြောင်း သက်သေပြနေသလို
နိုင်ငံတကာ မိသားစုကြီးကလည်း အဲဒီအတိုင်း ပုံဖော်ပြောဆို ရေးသားကြပါတယ်။

သမ္မတ အိုဘားမား အာရှ ခရီးစဉ်တုန်းကလည်း ဒီသဘော ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ခါးသီးပေမယ့် ငြင်းလို့ မရတဲ့ အမှန်တရားပါ။ အခုလို လူနည်းစု မြန်မာနိုင်ငံသား
ဘာသာခြားတွေ ဖိနှိပ်ခံရတဲ့ ကိစ္စ ဘယ်သူလုပ်တယ်၊ ဘယ်ဝါ လုပ်တယ်၊ နောက်ကွယ်မှာ
ကြိုးကိုင်သူ ရှိတယ် စသဖြင့် ဝေဖန်ပြောဆိုနေကြပေမယ့် အစိုးရပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး
တိုက်ရိုက် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေ
ကိုတော့ ထိထိရောက်ရောက် အရေးမယူ၊ တမင် မွေးမြူထားတယ်၊ လွှတ်ပေးထားတယ်ဆိုတဲ့
စွပ်စွဲမှုမျိုးတော့ ရှိပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ကို အရေးယူဖမ်းဆီးမှုမှာတော့
အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဘာသာခြား လူနည်းစုတွေကို ဖိနှိပ်တဲ့အထဲ ပါဝင်နေပြီလား
ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အားလုံးသိကြတဲ့အတိုင်း သိပ်မကြာသေးခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က
အက်စ်ဘီခေါ် ရဲအထူးသတင်းတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ် တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး
ငွေရေးကြေးရေး၊ ထုတ်ဝေမှုဆိုင်ရာ ကိစ္စတွေကို မေးမြန်း စစ်ကြောခဲ့ပါတယ်။

ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ တကယ်လုပ်ရမှာ စသုံးလုံး အဖွဲ့ဖြစ်တယ်။ ထူးခြားတာက
ခေါ်ယူစစ်ဆေးမှုမှာ မွန်းတည့်နေနဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ်တာဝန်ရှိသူတွေလည်း
ပါဝင်ခဲ့ပါတယ်။

အက်စ်ဘီဘက်က အဓိက စစ်ဆေးခဲ့တာက အဲဒီဂျာနယ် နှစ်စောင် ထုတ်ဝေတာ ပြည်ပက
အိုအိုင်စီလို အစ္စလာမ္မစ် အဖွဲ့အစည်းတွေက ငွေကြေး ထောက်ပံ့တာ ရှိသလား၊ ပြည်တွင်းက
အစ္စလာမ် လုပ်ငန်းရှင်တွေကရော ငွေကြေး ထောက်ပံ့ထားသလားဆိုတာပါ။

တာဝန်ရှိသူတွေကတော့ အဲဒီလို မရှိတဲ့အကြောင်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းစာမှာတော့ အခုလို သတင်းတစ်ပုဒ်
ပါလာပါတယ်။

ဇူလိုင် ၄ ရက်က 'အိုအိုင်စီ အပါအ၀င် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့
ရယူနေသည့် သတင်းမီဒီယာများကို အစိုးရက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်
အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်'နဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး
စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းဦး ကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းပါ။

သတင်းထုတ်ပြန်ချက်ကိုကြည့်ရင် အချက်အလက် ခိုင်လုံပုံလည်း မရပါဘူး။ ခိုင်လုံတယ်ဆိုရင်
တိုက်ရိုက် နာမည်တပ်ပြီး စွပ်စွဲဖော်ပြမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို ဦးဆောင်နေတဲ့သူတွေကတော့ ကိုရဲမင်းဦး၊ အရင် ဒီဗီဘီမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံရေး
အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ရွှေသံစဉ် ကိုဝင်းမော်၊ သိပ်မကြာသေးခင်တုန်းက အော်ရီဒူး ဖုန်း
မသုံးဖို့ လှုံ့ဆော် ဟောပြောခဲ့တဲ့ ရန်ကုန်က မကွေးကျောင်းတိုက်ဆရာတော်စတဲ့ လူနဲ့
သံဃာတချို့ ပါဝင်ကြပါတယ်။

ဒီ ထုတ်ပြန်ကြေညာချက်ဟာ တိကျသေချာ ခိုင်လုံမှု မရှိသလောက် စွပ်စွဲခံရတဲ့ဘက်ကို
ဘယ်လောက်ကြီးတဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

ဆက်တိုက်ဆိုသလိုပါပဲ။ မန္တလေး အကြမ်းဖက်မှုကိစ္စ သမ္မတမိန့်ခွန်းပြောတဲ့ ဇူလိုင်လ ၇ ရက်နေ့
မှာပဲ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်နဲ့ အယ်ဒီတာတွေကို အက်စ်ဘီက ဖမ်းပါတယ်။

သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး
စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ ရဲ့ ထုတ်ပြန်ကြေညာချက်ကို
'ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ်
ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်' ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ
ဖော်ပြခဲ့တာကြောင့်လို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။

ဘိုင်မွန်းတည့်နေလိုပဲ အဲဒီသတင်းကို နောက်နေ့မှာ ဖော်ပြခဲ့ကြတဲ့ တခြားသတင်းစာဂျာနယ်တွေ
ကိုတော့ လုံးဝ အရေးယူတာ မတွေ့ရပါဘူး။

အကြောင်းကတော့ ဒီသတင်းထည့်တာဟာ MDCF အဖွဲ့က ဆန္ဒပြပွဲလုပ်ပြီး ကြေညာချက်
ဖြန့်ဝေမယ့်နေ့နဲ့ ချိန်ကိုက်ဖြစ်အောင် လုပ်တယ်လို့ ယူဆပြီး ဖမ်းရတာလို့ ဆိုပါတယ်။

ပုဒ်မ ၁၀ (ဃ)၊ ၁၀ (ည) တပ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ဘာတွေ စစ်ဆေးတယ်ဆိုတာ
မသိရပါဘူး။

ဇူလိုင် ၂၂ ရက်နေ့ ရမန်ထပ်ယူ တရားရုံးကို ခေါ်လာတော့လည်း ဘယ်တစ်စုံတစ်ယောက်ကိုမှ
စကားတစ်ခွန်းမှ ပြောခွင့်မပေးပါဘူး။

ဒါပေမဲ့ ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ လိုင်စင်ပိုင်ရှင်ရဲ့ ခင်ပွန်း ဦးစံတင်နဲ့ ဒီဇိုင်နာ ကိုဇွဲ
တို့ကို ခေါ်ယူစစ်ဆေးရာမှာတော့ အိုအိုင်စီက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားဘဏ်
တွေကနေ ငွေလွှဲပေးတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်တွေက
ငွေကြေးထောက်ပံ့တာတွေ ရှိသလား စတဲ့ မေးခွန်းတွေ အဓိက မေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ပေါ်လွင်နေတာက အက်စ်ဘီရဲ့ ရည်ရွယ်ချက်ပါ။ MDCF နဲ့ ပတ်သက်တဲ့ သတင်းရေးလို့
ဖမ်းဆီးရတယ် ဆိုပေမယ့် သူတို့ အဓိက စွပ်စွဲပြီး အရေးယူချင်တာက အိုအိုင်စီလို နိုင်ငံတကာ
အစ္စလာမ္မစ် အဖွဲ့အစည်းကနေ ငွေကြေးထောက်ပံ့မှု ယူပြီး ထုတ်နေတယ်ဆိုတဲ့ ပုံစံမျိုး
ဖြစ်ပါတယ်။

ဒါကြောင့်လည်း နောက်ပိုင်း သတင်း ဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ဂျာနယ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့
ငွေရင်းနှီးစိုက်ထုတ် လုပ်ကိုင်သူ ပုံနှိပ်တိုက်ပိုင်ရှင် ကိုကျော်မင်း မိသားစုကို ဖမ်းဆီးဖို့
အသည်းအသန် ကြိုးစားပါတော့တယ်။

အက်စ်ဘီတွေဟာ အရမ်းတော်ပါတယ်။ ချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို
ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာအိအိစံ၊ သူတို့ကလေး နှစ်ယောက်နဲ့
ကိုယဉ်မင်းထွန်း အားလုံးကို ထိုင်းရဲက ဖမ်းဆီးပြီး အက်စ်ဘီ လက်ထဲရောက်အောင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (အခုနောက်ဆုံးသတင်း ဒေါက်တာအိအိစံနဲ့ ကလေးနှစ်ယောက်ကို
သူ့အိမ် ပြန်ပို့ထားပြီလို့ သိရပါတယ်။)

တစ်ဆက်တည်းဆိုသလိုပါပဲ။ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ
သမ္မတ အကြံပေး နေဇင်လတ်ရဲ့ စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်
ဖော်ပြပါရှိပါတယ်။

အဲဒီ ဆောင်းပါးထဲမှာ အိုအိုင်စီ အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ အထောက်အပံ့
ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး
အရေအတွက်အားဖြင့် ငါးခု ခန့်ရှိကာ ၎င်းတို့ကို ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စု
အစိုးရကို တိုက်တွန်းကြောင်း ထိုအဖွဲ့ကကြေညာခဲ့သည်ဆိုပြီး ကိုးကားဖော်ပြထားပါတယ်။

သမ္မတရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွပ်စွဲချက်တစ်ခုကို
အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ်ဆိုတာ တွေ့လိုက်ရတော့ ရိုးသားပါတယ်ဆိုတဲ့
သမ္မတကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။

ဆက်ရေးထားတာ ကြည့်ပါဦး။ တစ်ဆက်တည်းပဲ ဆောင်းပါးမှာ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူ
များကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍
တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါလို့ ဖော်ပြထားပါတယ်။

အလွန်ကြောက်စရာကောင်းတဲ့ မှတ်ချက်ပါ။ ဒီလောက်ဆိုရင် ဇာတ်လမ်းတစ်ခုလုံးကို
ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။

တကယ်ဆို သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်၊ ၂၀၁၂ ဇွန်လ စာပေစိစစ်ရေး ရုပ်သိမ်းပြီး
နောက်ပိုင်း စာနယ်ဇင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရလာတဲ့ အချိန်မှာ တခြားသော
စာနယ်ဇင်း ပေါင်းစုံနည်းတူ မွန်းတည့်နေ၊ ဘိုင်မွန်းတည့်နေနဲ့ အစ္စလာမ် ဘာသာဝင် ထုတ်ဝေသူ
တချို့ကလည်း ဂျာနယ်လေးတွေ ထုတ်ဝေလာကြပါတယ်။

အဲဒီ ဂျာနယ်နှစ်စောင်စလုံးမှာ သီးခြား အယ်ဒီတာချုပ်၊ အယ်ဒီတာနဲ့ သတင်းထောက်တွေ
ရှိကြပြီး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် သတင်းရေးသား တင်ဆက်ပါတယ်။ တခြားသော
သတင်းစာဂျာနယ်တွေနည်းတူ အစိုးရဘက်ကို ဝေဖန်တာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
အတိုက်အခံဘက်ကို ထောက်ခံတဲ့ သတင်း၊ ဆောင်းပါး ဖော်ပြတာမျိုးတွေ လုပ်ပါတယ်။

သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ထူးခြားချက်ကတော့ ရခိုင်ပြည်နယ်ဘက်က
ဘင်္ဂါလီတွေအရေး၊ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု
ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေမှာ ဖော်ပြထားတာတွေကို တိုက်ရိုက်
ဘာသာပြန် ဖော်ပြထားတာမျိုး လုပ်လေ့ရှိပါတယ်။

ဂျာနယ်ထဲမှာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို နိုင်ငံတကာက သုံးနှုန်းသလို ရိုဟင်ဂျာလို့
သုံးနှုန်းပါတယ်။ စထွက်စဉ် ကာလတုန်းက နိုင်ငံတကာ အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်တဲ့
သတင်းတိုထွာ ဘာသာပြန်ဖော်ပြတာတွေ ရှိပါတယ်။ ဒီလောက်ပါပဲ။

အခု အဲဒီဂျာနယ်နှစ်စောင်က တာဝန်ရှိသူတွေကို ဖမ်းဆီးထားလို့ ဂျာနယ်နှစ်စောင် စလုံးလည်း
ရပ်တန့်နေပါပြီ။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အက်စ်ဘီ၊ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး နေဇင်လတ်တို့ ဘာတွေ
လိုချင်ကြပါသလဲ၊ ဘာတွေ လုပ်ချင်ကြပါသလဲ၊ သိပ်အကြာကြီး ဖုံးဖိလို့ မရပါဘူး။

ဖြစ်နိုင်ရင်တော့ ပြည်ထဲရေး၊ အက်စ်ဘီ၊ သမ္မတအကြံပေး အားလုံး ဒီကိစ္စကို ဥပဒေနဲ့အညီပဲ
ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြပါလို့သာ တိုက်တွန်းလိုပါတယ်။

-စည်သူအောင်မြင့်

နေပြည်တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။ နေပြည်တော် ဒုတိယနေ့ ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ၀န်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ (၁၀) ရက်တာခရီး မကြာခင် အဆုံးသတ်တော့မယ့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခဖြစ်ပွားရာနေရာတွေအပါအ၀င် နေရာအတော်များများကို သွားရောက်လေ့လာခဲ့တာပါ။ Ms. Yanghee Lee (ယန်ဟီလီ)ရဲ့ နေပြည်တော် ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

မကြာသေးခင်က အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

Ms. Yanghee Leeနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ တာတွေ ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ နေပြည်တော် ခရီးစဉ် ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ မနက်ပိုင်းမှာတော့ အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး တချို့နဲ့ အချိန်ယူပြီး တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ရေး ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီး တို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။


"မနက်က ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နောက် နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းနဲ့ တွေ့တယ်။ နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီး ဒေါ်မြမြအုန်းခင်နဲ့တွေ့တယ်။ နောက် အလုပ်သမားရေးရာ ဝန်ကြီးနဲ့ တွေ့တယ်။ နောက် ဦးခင်ရီနဲ့ တွေ့တယ်။ နောက် ပညာရေးကတော့ ဒုတိယဝန်ကြီးနဲ့တွေ့တယ်။ လောလောဆယ်ကတော့ ပြီးသွားပြီ။ "

ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း က Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ ဒီကနေ့ နေပြည်တော် ခရီးစဉ် အကြောင်း ပြောသွားတာပါ။
နေပြည်တော်ကို ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ သမ္မတ ဦးသိန်းစိန်နဲ့တော့ သီးသန့် တွေ့ဆုံခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လမှာ အသစ်ခန့်အပ်ခံရတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနားနေရာ မှာ အစားထိုး ခန့်အပ်ထားတဲ့ အခု ကိုယ်စားလှယ် အသစ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ထောက်ပြဝေဖန်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဇူလိုင်လ (၁၇) ရက်နေ့က စတင်ခဲ့တဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ အင်းစိန်ထောင်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေက ဒုက္ခသည်စခန်းတွေ အပြင် ပဋိပက္ခကြောင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့တွေဆီ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာတော့ အစိုးရအဖွဲ့ ၀န်ကြီးတချို့အပြင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံခဲ့တာပါ။

ဇူလိုင်လ (၂၆) ရက်နေ့ ခရီးစဉ် နောက်ဆုံးနေ့ မှာတော့ မြန်မာပြည် တွင်းလေ့လာတွေ့ရှိခဲ့သမျှ Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ တွေ့ရှိချက်တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း တင်ပြသွားဖို့ ရှိပါတယ်။
VOA


PR စနစ်ဟာ နိုင်ငံရဲ့ဒီမိုကရေစီစနစ်ကို လမ်းလွဲအောင်လုပ်နေသလို အမတ်လောင်းများဟာ ပြည်သူရဲ့မျက်နှာကိုမကြည့်ပဲး ပါတီရဲ့နေရာပေးမှုကိုပဲအရယူဖို့ကြိုးစားပါလိမ့်မယ်လို့ လွှတ်တော်မှာကန့်ကွက်ဆွေးနွေးသွားပါတယ်..
+++++++++++++++++++++++++
ဒေါ်ခင်သန္တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံတာဦးမဲဆန္ဒနယ်
ဓာတ်ပုံသတင်း..Aung Gyi Dvb

၂၀၀၈ ဖွဲ့ စည်းပုံ၊ စစ်အမတ် ၂၅ ရာခိုင်နှုန်း၊ စစ်တပ်လိုလားတဲ့ ကြံ့ဖွံ့ ပါတီ၊သူ့ ရဲ့ မိတ်ဖက်ပါတီတချို့ နဲ့  နိုင်ငံရေးအင်အားစုများ စသဖြင့် ရေပက်မ၀င်အောင်ပြင်ဆင်ထားတာနဲ့ တင် လုံလောက်မှုမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် စစ်အုပ်စုဟာ
သူတို့ အာဏာ ခံကတုတ်ကို သေချာသည်ထက်သေချာအောင် အထပ်ထပ်ကာရံတဲ့အနေနဲ့  သူတို့ ကိုယ်တိုင် သိဒ္ဒိတင်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ တွန်းတွန်းတိုက်တိုက် လုပ်လာခဲ့တာ ဒီနေ့ ဆိုရင် ပြည်သူ့ လွှတ်တော်ဘက်မှာ
PR စနစ် ဆွေးနွေးဖို့  အဆိုတင်သွင်းမှုတရပ် ထမြောက်အောင်မြင်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ ဒီအဆင့်တွေကို ကျော်လွန်ခဲ့ပြီးပါပြီ။ PR စနစ်ကျင့်သုံးရေးအတွက် အမျိုးသားလွှတ်တော်မှာ NDF ပါတီအမတ် အဆိုတင်တဲ့အခါကာချုပ် မင်းအောင်လှိုင် ပို့ လွှတ်လိုက်တဲ့ စစ်အမတ်အားလုံးက အဲဒီအဆိုကိုကန့် ကွက်ခဲ့ကြပါတယ်။ နာမည်ကြီး တိုင်းရင်းသားပါတီများနဲ့  ဒီချုပ်ပါတီအမတ်များဆန္ဒနဲ့  စစ်အမတ်တို့ ရဲ့ သဘောထားဟာ နီးစပ်သယောင်ရှိခဲ့လို့  အမျိုးသား
လွှတ်တော်က စစ်အမတ်များကို ၀မ်းသာအဲလဲ ချီးမွှမ်းထောပနာပြုခဲ့ကြပါတယ်။

ဒါပေမယ့် ကန့် ကွက်ခြင်းရဲ့ နောက်ကွယ်က နိုင်ငံရေးပစ်မှတ်များဟာ အနှစ်သာရချင်းအလွန်ခြားနားတာကို သတိပြုမိကြပါတယ်။ အဆိုကို ဆွေးနွေးရန် သင့် မသင့်မဲခွဲတဲ့အခါ ဘယ်လိုအဖြေထွက်မလဲဆိုတာ ကြိုတင်သိထားပြီး ဖြစ်ပါတယ်။
တကယ်တမ်း ကျလာတဲ့ရလဒ်ကလည်း စစ်အုပ်စု လိုလားတဲ့အဖြေသာဖြစ်ပါတယ်။PR စနစ်အပေါ် စစ်အမတ်များရဲ့ ရပ်တည်ချက်ကို အပေါ်ယံရှပ်ကြည့်ကြတဲ့နိုင်ငံရေးသုံးသပ်သူတချို့ က “စစ်တပ်ကြီးတောင် ကန့် ကွက်နေပြီ” ဆိုတဲ့
ဒိုင်းလွှားကို ကောက်ယူဆွဲကာပြီး PR ကို အမြှောက်နဲ့ ထု ၀ုန်းဒိုင်းကျဲကြပါတယ်။ဒါ့အပြင် ပြည်သူ့ လွှတ်တော်မှာ PR ကို တင်လာခဲ့ရင် ကန့် ကွက်မှု ရာခိုင်နှုန်းဟာအမျိုးသားလွှတ်တော်ထက် ပိုမိုမြင့်မားလိမ့်မယ်လို့  မျှော်လင့်ထားခဲ့ပြန်ပါတယ်။

အမျိုးသားလွှတ်တော်ထဲမှာလို NDF ပါတီ ကိုယ်စားပြုအမတ်ကဘဲ PR စနစ်ကျင့်သုံးရေးအဆိုကို ပြည်သူ့ လွှတ်တော်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအဆိုကိုပြည်သူ့ လွှတ်တော်ဘက် ရောက်မလာမီ တိုင်းရင်းသားပါတီကြီးများက
အပြင်းအထန် ကန့် ကွက်မှုတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြမယ် ကြိမ်းဝါးမှုတွေကြောင့်လွှတ်တော်လူ ဗိုလ်ရွှေမန်းကိုယ်တိုင် PR မကြိုက်သူ အမတ်မင်းများကို ခေါ်ယူပင့်ဖိတ်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ခဲ့ပါသေးတယ်။ ဘယ်လို နားလည်မှုတွေ
ရခဲ့သလဲဆိုတာ အသေးစိတ် ထုတ်ပြောတာမျိုး မတွေ့ ခဲ့ရပါ။ ဖြစ်နိုင်တာကတော့ဗွေဆော်ဦး ကျင့်သုံးလာမယ့် PR စနစ်ကို တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ပြည်နယ်တွေမှာ လက်ရှောင်လိုက်တာမျိုးနဲ့  ဈေးတည့်သွားနိုင်ပါတယ်။ ဒီချုပ်ပါတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့လွှတ်တော် ဖြစ်တာကြောင့်လည်းပြည်သူ့ လွှတ်တော်ဘက်က PR မြင်ကွင်း ဘယ်လိုရှိမလဲ ဆိုတာကို ပြည်သူတွေကအထူးတလှယ် စိတ်ဝင်စားနေပါတယ်။

အဆိုတင်သွင်းတဲ့ ဒီနေ့ လွှတ်တော် အစည်းအဝေးမှာတော့ ဗိုလ်မင်းအောင်လှိုင်စေလွှတ်ထားတဲ့ စစ်အမတ်များအားလုံးဟာ PR အဆိုကို ကန့် ကွက်ခြင်းမပြုဘဲထိုင်ခုံများမှာ ကျောက်ချထိုင်ပြခြင်းဖြင့် နိုင်ငံရေး ဂုရုကြီးတွေရဲ့  အပိုင်တွက်ကိန်းများ
သွက်သွက်ခါ လွဲထွက်သွားစေပါတယ်။ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေပါတယ်။
ကာချုပ်များ စိတ်မနှံ့ တော့ဘူးလား လို့  တွေးယူရတဲ့အထိ ဇောက်ထိုးမိုးပျံတွေဖြစ်ကုန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတ်တပ်ရပ်ပြီး ကန့် ကွက်နေတဲ့ ပြည်သူ့ လွှတ်တော်အမတ် ၄၂ ယောက်ရဲ့  ဆန္ဒဟာ စစ်အမတ်တွေ မတ်တပ်ထရပ်ခဲ့ရင်တောင် ပြည့်ဝနိုင်မှာ မဟုတ်ပေမယ့် အခုလို ဒီချုပ်ဥက္ကဌနဲ့ အတူတူ လူမြင်ကွင်းမှာ “တူညီမျှကြောင်း” ထွက်မပြနိုင်တာကို ထောက်ချင့်ပြီးဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ စစ်အုပ်စု ရပ်တည်ချက် အထူအပါးကို
ရှင်းလင်းစွာ ဖော်ပြလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ထွက်လာမယ့်လာလတ္တံ့ သော နိုင်ငံရေး ဆုံးဖြတ်ချက်များဟာ ပရိယာယ် ကြွယ်ဝစွာနဲ့  တွက်ဆရခက်ခဲမယ် ဆိုတာကို အများသိအောင် ပြသလိုက်တာဖြစ်ပြီး စစ်တပ်အမတ်တွေရဲ့ 
“တန်ဖိုး”ကို ကြေးဆွဲမြှင့်တင်လိုက်တာမျိုးလည်း ဖြစ်ပါတယ်။

PR အဆို တင်သွင်းတော့မှာဖြစ်လို့  ဒီနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးကိုရှမ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီကြီးများက အမတ် ၂၃ ဦး ရောက်မလာကြပါ။
တချို့ သတင်းတွေမှာတော့ မဲခွဲလာတဲ့အခါ ပေးရမယ့် သူတို့ ရဲ့ သဘောထားကိုကြိုတင်ပို့ ထားတယ်လို့  သိရပါတယ်။ အဆိုပါ မဲတွေဟာ တရားဝင်သဘောနဲ့ ကန့် ကွက်တဲ့စာရင်းထဲ ပေါင်းထည့် မထည့် ရှင်းရှင်းလင်းလင်း မသိရပါ။ သူတို့ 
ရောက်မလာကြတာဟာ PR စနစ်ကို မလိုလားကြောင်း အမြင့်မားဆုံး ဆန္ဒပြသပိတ်မှောက်မှုလို့  ယူဆနိုင်ပါတယ်။ တဖက်က ကြည့်ပြန်ရင် ရှေ့ ဆုံးစင်ပေါ်မှာငုတ်တုတ်ကြီး ထိုင်နေတဲ့ လွှတ်တော်လူ ဗိုလ်ရွှေမန်းနဲ့  ညှိပြီးသားအဖြေက
လွှတ်တော်ကို တရက်စာ သပိတ်မှောက်တဲ့ တိုင်းရင်းသားအမတ်တွေအတွက်နေရထိုင်ရ ခက်စေပြီး မျက်နှာပူစရာကိစ္စ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီချုပ်ဥက္ကဌနဲ့ အတူတူ မတ်တပ်ရပ် ပွဲမထွက်ခဲ့ခြင်း၊ ဘေးမှာ ကျောက်ချထိုင်နေတဲ့ ကာချုပ်လူ
စစ်သားတွေနဲ့  ဆန့် ကျင်သမှု မပြုခြင်းတို့ က သူတို့ ရောက်မလာနိုင်ခဲ့မှုရဲ့ အနက်အဓိပ္ပာယ်ကို အခြား အဖြေတခုဆီသို့  မလွဲမသွေ ဦးတည်စေပြန်ပါတယ်။တိုင်းရင်းသား အမတ်များဘက်က လွှတ်တော်ကို အယုံအကြည်မရှိ ကြွေးကြော်ပြီး
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအနေနဲ့  လွှတ်တော်အမတ်များအဖြစ်ကလုံးဝဥဿုံ နုတ်ထွက်လိုက်ခြင်းဖြင့် PR စနစ်ကို ဆန့် ကျင်ကြောင်း ပြသခြင်းသည်သာအမှန် သိပ်သည်းပြီး နိုင်ငံရေးအရ စံမီတဲ့ တိုက်ကွက်လို့  သတ်မှတ်ရမှာပါ။
ဘာမှ မကျန်တော့တဲ့ လွှတ်တော်သက်တမ်းလေးနဲ့  ပြည်သူ့ ဆန္ဒဖြစ်တဲ့ PR စနစ်မလိုလားခြင်းကို ၀က်သားနဲ့  ချဉ်ပေါင်ဟင်း လဲသလို လဲပစ်ရမှာပါ။ လူထုကြီးရဲ့ အသည်းစိုင်ကို ဆွဲလှုပ်ခါပစ်ရမှာပါ။ တရက်မတက် တိုက်ကွက်က ခုတ်ရာတခြား
ရှရာတလွဲမှန်း သူတို့ ကြိုသိနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် “အာတဲ့သူတွေ မပီ”မီ စစ်အုပ်စုဘက်က “ပီလို့  အာ”လာကြပါပြီ။
Aungmyo Tun
photo.Aung Gyi Dvb
ကာတွန်း-ဖောင်းဖောင်း

11
သမ္မတ ဦးသိန်းစိန်၏ အကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ၌ ““စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့လိုသည်”” ဆောင်းပါး၌ ““စီးပွားရေး သက်သက် သော် လည်းကောင်း၊ နိုင်ငံရေးကို အသုံးချ၍ သော်လည်းကောင်း၊ မီဒီယာထဲ ရောက်လာ ကြသူများမှာ အခြေအနေ မဟန်လျှင် မီဒီယာလောကမှ အလွယ်တကူ ထွက်ခွာ သွားနိုင်ကြသော်လည်း ကျန်ရစ်မည့် သူများအတွက် ၎င်းတို့ ထားခဲ့သော ဆိုးမွေများကို မလွဲမသွေ ခံစားကြရမည် ဖြစ်သည်”” ဟု စာနယ်ဇင်း လောကအပေါ် သုံးသပ်ထားခြင်းအပေါ် သတင်းစာဆရာများက ဝေဖန်လျက်ရှိသည်။

ထို့ပြင် ““ယခင်ထက်စာလျှင် မီဒီယာ လွတ်လပ်ခွင့်များစွာ ရခဲ့ပါသည်။ များစွာ ကျပ်တည်းမှု ကြားက စာရေး လာခဲ့ကြရ သူများဖြစ်၍ ယခုကဲ့သို့ လွတ်လပ်စွာ ရေးသားနိုင်မှုကို တန်ဖိုးထားရပါမည်။ မနေ့ တစ်နေ့ကမှ စာ“စ”ရေးပြီး ပေါ်ပင်ဖြင့် အကျိုးစီးပွားရှာသူ တချို့ကြောင့် ကျန်သူများ၏ စာပေလွတ်လပ်မှု အခွင့်အလမ်း များစွာ ထိခိုက်နိုင်ပါသည်””ဟု လည်း ဒေါက်တာနေဇင်လတ်က ဆောင်းပါး၌ ထည့်သွင်း ရေးသားထားသည်။

““နိုင်ငံတော် သမ္မတ အကြံပေး တစ်ယောက်ကတော့ ဒီလိုပဲ ပြောမှာပဲ။ အဓိက,က သုံးနှစ်အတွင်းရတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အသားမကျ သေးဘူးလေ။ အသားမကျသေးတဲ့ အချိန်မှာ ထိန်းချုပ် လိုတဲ့သူတွေက စာနယ်ဇင်း သမားတွေ မီဒီယာ လွတ်လပ်ခွင့်နဲ့ မတန်ဘူးဆိုပြီး လက်ညှိုးထိုးကြမှာပဲ။ သန်း ၆၀ ရှိတဲ့ နိုင်ငံ၊ သသတင်းသမားက ၄၄၀၀ ပဲ ရှိတယ်။ ဒီ ၄၄၀၀ က စနစ်တကျ သင်ထားတဲ့ Juournalism တက္ကသိုလ် တွေက ဆင်းလာတာ မဟုတ်ဘူး။ အခြေအနေအရ လုပ်ကိုင် ဆောင်ရွက်ရင်းနဲ့ သင်ထားတဲ့ လူတွေပေါ့။ ဒီမိုကရေစီအရ ရင့်ကျက်ဖို့၊ သတင်းကျင့်ဝတ်အရ လိုက်နာရေးတို့ ဆိုတာက စောင့်ရဦးမှာပေါ့။ ဒီလို မစောင့်ဘဲနဲ့တော့ အပြစ်တင် လက်ညှိုးထိုးလို့ မရဘူး။ ယူနတီ သတင်းထောက်နဲ့ ပတ်သက်တာလည်း ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်။ တိုင်းသူပြည်သားတွေက အရင်အစိုးရရဲ့ ဆိုးမွေတွေကို ပိုခံရတာလေ။ မီဒီယာ လောက ကတော့ ပြောမနေနဲ့တော့ပေါ့။ တိုင်းသူ ပြည်သားတွေက တရားဥပဒေတောင် လေးစားလိုက်နာ တတ်တာ မဟုတ်ဘူး။ အခွင့်အရေးရရင် အကုန်လုပ်မယ့် သူတွေ ဖြစ်နေပြီ။ အကုန်လုံး ပျက်စီးနေတဲ့ အချိန်မှာ မီဒီယာတစ်ခုထဲကိုပဲ မီးမောင်းမထိုးပါနဲ့။ နယ်ပယ် တစ်ခုတည်းကိုပဲ လက်ညှိုးထိုးလို့ မရဘူး””ဟုမြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
12
၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေးအဖွဲ့များအနက် နိုင်ငံရေး အကြံပေး အဖွဲ့အနေဖြင့် ဦးကိုကိုလှိုင်အား အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်စေ၍ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့အား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ဒေါက်တာ နေဇင်လတ်မှာ သမ္မတ အကြံပေးအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာနေဇင်လတ်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ဆင်း ဖြစ်ပြီး အမှတ် ၉၀၁ စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲနှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်အင်ဂျင်နီယာရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် အမှတ် ၉၅၅ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၉၁ တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။
ဒီမိုကရေစီတူဒေး သတင်းစာ၌ ဖော်ပြထားသော ဒေါက်တာ နေဇင်လတ်၏ ဆောင်းပါး၌ပင် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသည့် ယူနတီ သတင်း ထောက်များနှင့် ပတ်သက်၍ များသည်ဟု ဆိုသော်လည်း အမေရိကန် ၀ါရင့်သတင်းစာသမား တစ်ဦးကို ကိုးကား၍ ““အမေရိကန်မှာ မနှစ်က လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ Bradley Manning ကို ထောင်ဒဏ် ၃၅ နှစ်ချမှတ် လိုက်တယ်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကုန်သော ဆုံးဖြတ်ချက်ဖြစ်သည်”” ဟု ဆိုကာ လက်ရှိ ယူနတီ သတင်းထောက်များ ထောင်ဒဏ် ၁၀နှစ် ကျခံ ခဲ့ရသည်မှာ နည်းနေသည့် သဘောပင် သက်ရောက် အောင်လည်း ရေးသားထားသည်။

““ယူနတီဂျာနယ်က ထောင်ဒဏ် ၁၀ နှစ်ကိစ္စက အမေရိကန်လို နိုင်ငံမျိုးနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ဝေးပါသေးတယ်။ အဲဒီလို နှိုင်းယှဉ်ရအောင် ကျွန်တော်တို့ဆီက သတင်းမီဒီယာ သမားတွေက အဲဒီလောက်ထိ လွတ်လပ်ခွင့် အခြေအနေက ရပြီလားဆိုတာ မေးခွန်းထုတ်စရာပဲလေ။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတသလား၊ မမျှတဘူးလားဆိုတာ လူတိုင်းသိတယ်။ မီဒီယာကဏ္ဍသည် စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့အတွက် ဂျာနယ်လစ်သည် ဂျာနယ်လစ် အလုပ် လုပ်ရမယ်။ သူတို့အနေနဲ့ သွယ်ဝိုက်ပြောစရာ မလိုဘူး။ ပြောချင်ရင် တိုက်ရိုက်ပြောရမယ်။ မီဒီယာသမားက အမှန်အတိုင်း ရေးတာကို မကြိုက်လို့ ပြန်ထိန်းချုပ်ချင်တာကို ကျန်တဲ့ဟာတွေနဲ့ အကြောင်းပြတာကတော့ အဓိပ္ပာယ် မရှိပါဘူး””ဟု Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။
မြန်မာဂျာနယ်လစ် နက်ဝပ် တွဲဖက်အတွင်းရေးမှူး (၁) ဦးသန်းဌေးကလည်း ““အခု ကိုယ့်တို့ တောင်းဆို နေတာက နိုင်ငံတကာ စံနှုန်းအတိုင်း ညီတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တောင်းဆိုနေတာပဲလေ။ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် ဘယ်လောက်ရှိပြီလို့ သမ္မတက ပြောထားတာပဲလေ။ အာဆီယံမှာ ဘယ်လောက် ရတယ်ပေါ့။ အဲဒီစံနှုန်းတွေကို သူတို့ ပြောချင်ပြောပါစေ။ ဒါပေမဲ့ နိုင်ငံတကာရဲ့ စံနှုန်းကို လိုချင်တာဆိုတော့ အမေရိကန်ရဲ့ မီဒီယာ လွတ်လပ်ခွင့်စံနှုန်းကို မရသေးဘဲနဲ့ အမေရိကန်က ကျင့်တဲ့ နိုင်ငံတော် အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲတဲ့ ဥပဒေအရ မမီသေးဘူး။ နည်းတောင် နည်းသေးတယ်ပြောရင် ပြောစရာ ရှိတာက ဒါကနိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ စွဲလို့ရတဲ့ အရာလား၊ စွဲသင့်တဲ့ အရာလားဆိုတာ စဉ်းစားဖို့လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်ရဲ့ အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲဆိုလို့ ရနိုင်တဲ့ နေရာတွေက ဘယ်နေရာ တွေလဲ၊ ဘယ်လို သတ်မှတ်ချက် ရှိတယ်ဆိုတာက တစ်ခါမှ ထုတ်ပြန်ထားတာ မရှိဘူး။ သတင်းသမားက သတင်းရယူတဲ့ နေရာမှာ အများပြည်သူ အကျိုးအတွက် ဆိုပြီးတော့ စုံစမ်း လေ့လာတာကို အတတ်နိုင်ဆုံး ကြိုးစားတာပေါ့။ သူတို့ပြောသလို ရိုးရိုးသာမန် လက်နက်စက်ရုံလို့ ပြောထားတာဆိုရင် ဒီပုဒ်မနဲ့အရေး ယူစရာ အကြောင်းမရှိဘူး။ ပိုင်နက် ကျူးလွန်မှုတို့နဲ့ပဲ အရေးယူရမှာပေါ့။ ဒီသတင်းသမားတွေကို ကြီးမားတဲ့ ပြစ်ဒဏ်၊ ရာဇ၀တ်သားတွေထက် ပြင်းထန်တဲ့ ထောင်ဒဏ်တွေချတာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာ။ လွတ်လပ်စွာ သတင်းရယူခွင့်၊ ရေးသားခွင့် ရှိတယ်ဆိုတာ ဥပဒေ မှာပါပြီးသားပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဒေါက်တာနေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌ လည်းဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက် ရှိသည်။

ထို့ပြင် ဒေါက်တာနေဇင်လတ်မှာ ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ ချောင်းသာကျေးရွာရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများမှာ ဒေါက်တာနေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း တိုင်ကြား ခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

မြန်မာသံတော်ဆင့်

နိုင်လည်း နိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ် ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အခါမှာ ပြည်သူလူထုရဲ့ ကြည်ညို လေးစားမှုတွေက ကျဆင်းခဲ့တယ် …
14
ရန်ကုန်၊ ဇူလိုင် ၂၃
အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယခုအချိန်အထိ စစ်တပ်နှင့် စိတ်သဘောထားချင်း တိုက်ဆိုင်လျက် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇူလိုင်လ ၁၈ ရက်နေ့က မြန်မာသံတော်ဆင့်သို့ ပြောဆိုလိုက်သည်။

ယင်းပြောဆိုမှုမှာ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Hot News ဂျာနယ်ပါ ““နောက်ကွယ်က ကြိုးကိုင်သူ (သို့မဟုတ်) ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးပဲ အစိုးရဖွဲ့နိုင်မှာ”” ဆိုတဲ့ ဆောင်းပါးမှာ ““၂၀၁၅မှာ အာဏာမရမှာ စိုးလို့ဆိုတာလည်း ပူစရာ မလိုဘူး။ ၂၀၁၅ မှာ ကြံ့ခိုင်ရေးက သမ္မတ ဖြစ်ဦးမှာမုချပါပဲ။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ တပ်က ၂၅ ရာခိုင်နှုန်း ရှိနေပြီ။ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းပဲ မဲနိုင်ပါစေ။ ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် ၅၁ ရာခိုင်နှုန်း ဖြစ်ပြီပေါ့။ ဒါဆို ကိုယ့်သမ္မတနဲ့ ကိုယ့်အစိုးရအဖွဲ့နဲ့ ဖြစ်ပြီပေါ့။ မိတ်ဖက်ပါတီတွေပါ ထည့်တွက်ရင် ၂၆ ရာခိုင်နှုန်းက ပြေးမလွတ်ပါဘူး””ဟု ရေးသားထားသည့် အပေါ် မြန်မာသံတော်ဆင့် က မေးမြန်းရာမှာ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့က စိတ်သဘောချင်း တိုက်ဆိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြံ့ခိုင်ရေးကို စပြီးတည်ထောင် ပေးခဲ့တာလေ။ ဒါကြောင့်မို့လို့ စိတ်သဘောချင်း တိုက်ဆိုင် တယ်လို့ ပြောနိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးမယ်လို့ ကျွန်တော်က ဒီလိုပဲ ယူဆပါတယ်။ ကျွန်တော်က အဲဒီလို ယုံကြည်တယ်။ ဒါကတော့ တကယ်ပေး၊ မပေးဆိုတာတော့ သူတို့ စိတ်ထဲမှာ ရှိမှာပေါ့””ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့မှာ တစ်သားတည်း ဖြစ်သည်ဟု ၀န်ခံ လိုက်ခြင်းပင်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အစိုးရ ဖွဲ့နိုင်ရေးအတွက် ယုံကြည်မှု ရှိနေသည့် သဘောပင် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီသည် စစ်တပ်မှ မွေးထုတ်ပေးခဲ့သည့် ပါတီဖြစ်ကြောင်းလည်း ပါတီဗဟိုတိုင်ပင်ခံ ဦးအောင်သောင်းက““ပါတီက တပ်မတော်ကြောင့် ဖြစ်လာတယ်။ ဒီအသင်းက တပ်မတော်က လုပ်တာ။ တပ်မတော်က မွေးထုတ်ပေး လိုက်တယ်။ တပ်မတော်ကြောင့် ဖြစ်လာတယ်””ဟု မြန်မာသံတော်ဆင့်သို့ ဒီဇင်ဘာလ ၂၆ရက်နေ့က ပြောဆိုခဲ့ဖူးသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီမှာပင် ၂၀၁၅ လွန် အစိုးရသည် ကြံ့ခိုင်ရေး အစိုးရသာ ဖြစ်ရမည် ဆိုသည့် ဦးလှဆွေ၏ပြော စကားမှာ နိုင်ငံရေးအရ အသာစီးယူ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် လှုပ်ရှားမှုများ လုပ်နေချိန် ကြံ့ခိုင်ရေး ပါတီအနေဖြင့်၂၀၁၅တွင် နေရာရဖွယ်မရှိဟု သုံးသပ်မှုများ ရှိနေချိန်တွင် ကြံ့ခိုင်ရေးအမတ် ဦးလှဆွေက မနိုင်စရာအကြောင်း မရှိ၊ သမ္မတမှာ ကြံ့ခိုင်ရေးပါတီ ကသာလျှင် ဖြစ်ရမည်ဟု ပြောဆိုနေခြင်းမှာ ပါတီအောင် နိုင်ရေးအတွက် ကြိုတင် စီမံကိန်း ဆွဲထားဟန်ပင် ပေါ်နေသည်။

၂၀၁၅ ခုနှစ် သက်တမ်းအတွင်း လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် တပ်မတော်သား ကိုယ်စားလှယ် များ၏ အားကို ရယူမှသာလျှင် အောင်နိုင်မည် ဖြစ်ကြောင်း ဦးလှဆွေ ပြောဆိုသကဲ့သို့ပင် ယခင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံ့အာဏာအား ကြံ့ခိုင်ရေးပါတီသို့ ပေးခဲ့ကြောင်းကိုလည်း ဗိုလ် ချုပ်မှူးကြီး၏ အထူးယုံကြည် အားကိုးခြင်း ခံခဲ့ရသောဝန်ကြီးနှင့် ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောဆိုခဲ့ဖူးသည်။
““နယက (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က အာဏာလွှဲတာ အစိုးရကို လွှဲတာ မဟုတ်ဘူး။ ပါတီကို လွှဲတာ။ လွှတ်တော် အစည်းအဝေး မစခင် နယက နောက်ဆုံး အစည်းအဝေးမှာ (၂၀၁၀ ရွေးကောက်ပွဲပြီးကာလ) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော်အလံကို ပြည်ခိုင်ဖြိုးပါတီကို လွှဲခဲ့တာ။ အဓိပ္ပာယ်က အလံကို ပါတီကို လွှဲကတည်းကိုက အာဏာကို ပါတီကိုပေးခဲ့တာ။ အဲဒီသဘောပဲ။ အဲဒီအစည်း အဝေးမှာ ၀န်ကြီးတွေနဲ့ အစိုးရအဖွဲ့နေရာလျာထားခြင်း ခံရသူတွေ အကုန်ပါတယ်။ ဒါကြောင့် ပါတီရဲ့ ဦးဆောင်မှုကို အစိုးရက ခံယူရမှာပေါ့””ဟု မြန်မာသံတော်ဆင့်သို့၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက ပြောဆို ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လွှတ်တော် အတွင်းသို့ ၀င်ရောက်မည့် တပ်မတော်သား ကိုယ်စားလှယ်များကို ယခင်ကတည်းကပင် ကြိုတင် ရွေးချယ်ခဲ့ကြောင်းကို စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်ယူခဲ့ရသည့် သရေစည်သူ ဦးဆန်းဆင့်ကလည်း ““ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ကြားတွင် ထုတ်ဖော် ပြောကြား၍မရသော ကတိက၀တ်များ ရှိနေကြောင်း၊ ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံတော် အကြီးအကဲနှင့် နာယကကြီး တာဝန်ရှိစဉ်က ပါတီစုံ စနစ်သို့ ပြောင်းလဲ၍ ရွေးကောက်ပွဲများ မကျင်းပမီ အခြေအနေများအတွင်း တပ်မတော် အကြီးအကဲများကို ထမ်းဆောင်နေသော တာဝန်မှ အငြိမ်းစားပေး၍ ကြံ့ခိုင်ရေးပါတီ အကြီးအကဲများ တာဝန်ကို ပြောင်းလဲ ထမ်းဆောင်စေခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အစိုးရပိုင်း တာဝန်များ ထမ်းဆောင်မည့်သူများကို အစော ကတည်းကပင် ကြိုတင်လျာထားပြီး ဖြစ်ကြောင်း၊ တစ်ပြည်လုံး တပ်မတော်သား ကိုယ်စားလှယ်များကို သေချာ စိစစ်ခဲ့ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်မပြုမီ ကိုယ်တိုင်စိစစ် တင်ပြပေးခဲ့ရကြောင်း ၂၀၁၂ ခုနှစ် မေလက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

အထက်ပါ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်နှင့် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပြောစကားများအရ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦသန်းရွှေအနေဖြင့် အရပ်သား အစိုးရ မဖွဲ့မီကပင် စစ်တပ်အတွင်းမှ ခေါင်းဆောင်ပိုင်းများအား အရပ်ဝတ်လဲ၍ အရပ်ဘက် ပြောင်းစေကာ ရွေးကောက်ပွဲ ၀င်စေခဲ့ခြင်း၊ ၂၀၀၈ အခြေခံ ဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား ထည့်သွင်းထားခြင်းမှာ နိုင်ငံ့အာဏာအား ဘက်နှစ်ဖက်ဖြင့် ၀င်ရောက် ထိန်းသိမ်းရန် ကြိုတင်ပြင်ဆင် ခဲ့ခြင်းပင် ဖြစ်သည်ဟု ကောက်ချက်ချရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၁၀ ရွေးကောက်ပွဲ၌ တပ်မတော်သား ကိုယ်စားလှယ်များအတွက်၂၅ ရာခိုင်နှုန်း မှလွဲ၍ ကျန်နေရာအများစု၌ ကြံ့ခိုင်ရေးပါတီမှ အနိုင်ရခဲ့သည်။ သို့သော် ယင်းကဲ့သို့ အနိုင်ယူခဲ့ရာ၌လည်း မဲဆန္ဒနယ် အတော်များများတွင် ရှုံးနိမ့်နေခဲ့ရာမှ မည်သည့်နေရာက ရောက်လာမှန်းမသိသော ကြိုတင်မဲများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်းလည်း ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သေးသည်။

““တပ်အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုကို ကျောထောက် နောက်ခံပြုမှု၊ နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့ နိုင်ငံရေးပါတီတစ်ခုကို ကျောထောက်နောက်ခံပြုမှု အပိုင်းကိုတော့၊ အဲဒီလိုမျိုး ပေါ်ပေါ်တင်တင်ကြီး ပူးပေါင်း လုပ်ဆောင်နေမယ် ဆိုရင်ပေါ့လေ။ မသင့်တော်ဘူးလို့ မြင်ပါတယ်။ အရင်တုန်းက ဖဆပလခေတ်ကလည်း ရှိပါတယ်။ ဖဆပလ ခေတ်မှာ ဦးနုရဲ့ ပထစနဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ ဖဆပလနဲ့ မဲရွေးတုန်းကလည်းပဲ တပ်က ဦးဗဆွေတို့ဘက်က ရပ်တည်ပြီးတော့ နိုင်လည်းနိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ် ဆိုပြီးတော့ ရပ်တည်ခဲ့ တဲ့အခါမှာ ပြည်သူလူထုရဲ့ ကြည်ညို လေးစားမှုတွေက ကျဆင်းခဲ့တယ်။ နောက်ဆုံး တကယ်တမ်းလည်း ဦးနု အစိုးရ နိုင်သွားတယ်၊ ပြည်သူလူထုက အဆုံးအဖြတ်ပဲ။ အဲဒီတော့ ၂၀၁၅ မှာ ရှေ့ဆက်ပြီးတော့ ဖြစ်လာမယ့် အစိုးရသည် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံမှု၊ အားပေးကူညီမှု၊ နောက် ပြည်သူလူထုရဲ့၊ဒါကိုရဖို့ ဆိုလို့ရှိရင်တော့ ဒီဖွဲ့စည်းပုံအရ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ပြီးတော့ ၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် အစိုးရသည် ပြည်သူလူထုရဲ့ တကယ့် ရွေးချယ် တင်မြှောက်မှုက လာတယ်ဆိုတဲ့ အနေအထားတစ်ခုကိုတော့ လုပ်ပြဖို့ လိုပါတယ်။ အဲဒီလို လုပ်မပြနိုင်ဘူး၊၂၀၁၀ လည်း ဒီပုံပဲ၊ ၂၀၁၅ လည်း ဒီပုံပဲ။ ဒီနည်းနဲ့ပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်နဲ့ပဲ ပေါင်းပြီးတော့ လုပ်သွားကြမယ် ဆိုရင်တော့ ပြည်သူလူထုရော၊ နိုင်ငံတကာကော ယုံကြည်မှု ကျဆင်း သွားနိုင်စရာ အကြောင်း ရှိပါတယ်””ဟု လူမှုတရားမျှတရေး ဖော်ဆောင်မှုအဖွဲ့ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများက မည်သို့ပင် သုံးသပ်ကြ စေကာမူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောစကားနှင့် ယခင့်ယခင်က ကြံ့ခိုင်ရေးနှင့် စစ်တပ် ထိပ်တန်းရာထူး ရယူထားသူများ၏ ပြောစကားများအရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည် နေခြင်းမှာ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ချပေးထားသော လမ်းကြောင်း ခိုင်မာခြင်းနှင့် ကြံ့ခိုင်ရေးပါတီမှာ အရပ်ဝတ် လဲထားသော်လည်း စစ်တပ်၏ ပါတီတစ်ခု ဖြစ်ကြောင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၅ အလွန်၌လည်း အရပ်ဝတ်လဲ စစ်မင်းဆက်အာဏာ ဆက်လက် ကိုင်စွဲနိုင်ရေးအတွက် တပ်မတော်ကို ခုတုံးလုပ်လိမ့်ဦးမည်ဟု လေ့လာသူများက သုံးသပ်သည်။

လူကြီးမို့လို့ သက်ကြီးဝါကြီးမို့လို့ ရိုရိုသေသေ ကန်တော့ခဲ့တာပါ။ ဘာဖြစ်လို့လဲ …
သူရဦးတင်ဦးကို NLD ရုံး၌တွေ့ရစဉ်
ရန်ကုန်၊ ဇူလိုင် ၂၃
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက သူရဦးတင်ဦးကို သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယကကြီး တာဝန်ယူခဲ့သည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ရိုသေစွာ ကန်တော့၍ ဂါရ၀ပြုခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်စူးသော သံဃာတော်များ ဆွမ်းကပ် လှူဒါန်း ပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ခဲ့စဉ် ဂါရ၀ပြု ကန်တော့ခြင်း ပြု လုပ်ခဲ့ကြောင်း ဒီချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင် (မုံရွာအောင်ရှင်) က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်နှစ် ၂၀၁၃ အာဇာနည်နေ့တွင် အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သော ဆွမ်းကပ် လှူဒါန်းပွဲသို့ ယခုပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်း တက်ရောက်ခဲ့သည့် သတင်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဘော်ဂျာနယ်ဖြစ်သော ““ဒီလှိုင်း”” ဂျာနယ် အပါအ၀င် သတင်းမီဒီယာ များတွင် အကျယ်တ၀င့် ဖော်ပြမှုများ ရှိခဲ့ပြီး ယခုနှစ်တွင် သူရဦးရွှေမန်းအပြင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပါ ဆွမ်းကပ်လှူဒါန်းပွဲသို့ တက်ရောက် ခဲ့သော်လည်း သတင်းဖော်ပြမှုများ မရှိသဖြင့် သူရဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဆွမ်းကပ်လှူဒါန်းပွဲသို့ လာရောက်ခဲ့ခြင်း မရှိဟု ယူဆကာ နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း ကောက်ချက်ချ လွဲချော်မှုများ ထွက်ပေါ်ခဲ့ရသည်။
1
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ၎င်း၏ရုံးခန်း၌ တွေ့ရစဉ်
နိုင်ငံရေး အသိုင်းအ၀ိုင်းမှ လတ်တလော ဖြစ်ပေါ်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကြား ဆက်ဆံရေး တင်းမာနေကြောင်း သုံးသပ်ချက်များအရ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း မတက်ရောက်ဟု ယူဆကာ အင်အားကြီး ပါတီနှစ်ရပ်၊ ခေါင်းဆောင်နှစ်ဦးကြား ရှိနေသော နိုင်ငံရေးအရ ညီညွတ်မှု ပျက်ပြားသွားခြင်းမှာ အမှန်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသုံးသပ်ချက်များ ထွက်ပေါ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း အမှန် တကယ် တက်ရောက်ခဲ့ခြင်း ရှိ၊ မရှိ အတည်ပြု မေးမြန်းရာ ဒီချုပ်ပြန်ကြားရေး တာဝန်ခံဖြစ်သူ မုံရွာ ဦးအောင်ရှင်က ဆွမ်းကပ်ပွဲသို့ သူရဦးရွှေမန်း သာမက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပါ တက်ရောက်ခဲ့ကြောင်း ဖြေကြားမှုနှင့် ဆက်စပ်ကာ အထက်ပါ ဖော်ပြချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
““သူရဦးရွှေမန်း တက်တယ်။ ဦးခင်အောင်မြင့်တောင် တက်သေးတယ်။ သူတို့ကြံ့ခိုင်ရေးက လုပ်တဲ့ ဆွမ်းကျွေးကို မသွားခင်မှာ ဒေါ်စုအိမ်ကို အရင်လာကြတာ။ ဒါကြောင့် ဒေါ်စုကတောင် နောက်နေသေးတယ်။ ကြံ့ခိုင်ရေး ဆွမ်းကျွေးကို အရင်သွားကြပါဆိုပြီးတော့၊ အဲဒီဆွမ်းကျွေးကို အန်ကယ် ဦးတင်ဦးလည်း တက်တယ်။ အန်ကယ် ဦးတင်ဦးကို ဦးခင်အောင်မြင့်ကတောင်မှ ကန်တော့သေးတယ်”” ဟုပြောသည်။

ကာယကံရှင်ဖြစ်သူ ဒီချုပ်နာယက သူရဦးတင်ဦးကလည်း ““ဟုတ်ပါတယ်။ သေသေချာချာ ရိုရိုသေသေကို ကန်တော့သွားတာ။ ဘုန်းကြီးတွေရှေ့မှာ သေသေချာချာကို ရိုရိုသေသေ ကန်တော့တာ။ အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့တာရယ်၊ ဟိုတုန်းက ကျွန်တော်က တပ်မတော်က အကြီးအကဲပေါ့ဗျာ။ ခုတော့ အဘ အရွယ်ပေါ့။ ဒါတွေကို အကြောင်းပြုပြီး ရိုရိုသေသေ ကန်တော့ သွားပါတယ်။ ကျွန်တော်လည်း ကောင်းကောင်း မွန်မွန် ဆုလေးဘာလေး ပေးလိုက်ပါတယ်””ဟု အတည်ပြု ပြောကြားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ကိုယ်ရေးအရာရှိ ဦးဝဏ္ဏကို မြန်မာသံတော်ဆင့်မှ ဇူလိုင် ၂၄ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ““အဘ (ဦးခင်အောင်မြင့်)က ပြောပါတယ်။ လူကြီးမို့လို့ သက်ကြီးဝါကြီး မို့လို့ ရိုရိုသေသေ ကန်တော့ခဲ့တာပါ။ ဘာဖြစ်လို့လဲလို့ ပြောပါ တယ်””ဟု မြန်မာ သံတော်ဆင့်သို့ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့၏ ဆက်ဆံရေးမှာ ယခုလွှတ်တော် အစည်းအဝေး စတင်သည့် ကာလအတွင်း ယခင်ကဲ့သို့ မဟုတ်ဘဲ ထူးခြားမှုများ ရှိနေသည် ဆိုသော်လည်း သူရဦး ရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည်ဟု ဦးအောင်ရှင်က မြန်မာသံတော်ဆင့်သို့ ထပ်ဆင့်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့နှစ်ဦး၏ နိုင်ငံရေးအရ ဆက်ဆံရေး အခြေအနေနှင့် ပတ်သက်၍ သုံးသပ်မှု အမျိုးမျိုး ရှိနေသော်လည်း အတည်ပြုနိုင်သည့် သတင်းထွက်ပေါ်မှုမျိုး မရရှိပေ။

ယခုကဲ့သို့ အခြား သတင်းမီဒီယာများနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးသည့် ဆွမ်းကပ်လှူဒါန်းပွဲ သတင်းကို ဖော်ပြထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တွင်ပင် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ ဆွမ်းကပ် လှူဒါန်းပွဲ တက်ရောက်ခဲ့ကြောင်းကို ဖော်ပြမှုမရှိခြင်းသည် ထူးခြားသော အခြေအနေတစ်ရပ် ဖြစ်ကြောင်း မြန်မာသံတော်ဆင့်၏ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယက တာဝန် ၂နှစ်ခွဲ ထမ်းဆောင်ခဲ့သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် တပ်မတော် အစိုးရလက်ထက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တာဝန်နှင့် ယဉ်ကျေးမှုဝန်ကြီး တာဝန်တို့ကို ထမ်းဆောင်ခဲ့ရပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး တာဝန်လည်း ထမ်းဆောင်လျက်ရှိပြီး ယခင်နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားထားရသော လူယုံတစ်ဦး အဖြစ်လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လူသိများသူဖြစ်ကာ ယခုနှစ်ပိုင်းအတွင်း ၎င်း၏ မဲဆန္ဒနယ်မြေများဖြစ်သော ပျော်ဘွယ်နှင့် ရမည်းသင်း မြို့နယ်များသို့ မကြာခဏ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယခင်နိုင်ငံတော် အကြီးအကဲနှင့် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တစ်နှစ်လျှင် ၂ကြိမ် သွားရောက်တွေ့ဆုံ ဂါရ၀ပြု သြ၀ါဒခံယူကြောင်းကိုလည်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

မြန်မာသံတော်ဆင့်

အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ပုံ

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ဖို့လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်အထက် လွှတ်တော်က ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်သူ မစ်ခ်ျ မက်ကောနဲလ်Mitch McConnell က မြန်မာအစိုးရကို မနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

မစ်ခ်ျ မက်ကောနဲလ်ဟာ အမေရိကန်အထက် လွှတ်တော်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေး အတွက် စစ်အစိုးရကို နှစ်ပေါင်းများစွာ ဖိအားပေးဆောင်ရွက်ခဲ့သူတွေထဲမှာ သြဇာ အကြီးမားဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံခြားသား မိသားစုဝင်ရှိသူတွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့ပျက်ကွက်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားဝင်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်တွေရဲ့အမြင်မှာ မနှစ်မြို့စရာ အခြေအနေတွေနဲ့ ပေါ်ပေါက်လာနိုင်လို့လည်း လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ပြောပါတယ်။

ဒီထိန်းချုပ်ကန့်သတ်ထားမှုတွေဟာ ဒီမိုကရေစီနည်းလမ်းမကျကြောင်း၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ ကတိပြုထားတဲ့ အခုလိုအချိန်အခါမှာ မြန်မာအစိုးရအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်းကိုလည်း မစ္စတာ မက်ကောနဲလ်က အမေရိကန်အထက်လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။
RFA

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ်အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။

အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။ စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင်စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေ၊အလေးအမြတ်ပေးသော အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီးတစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်းရန် ပြင်းထန်စွာ သတိပေးခဲ့ပါသည်။ Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သော ၀န်ဆောင်မှုများ ကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ်အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေး ထားရှိပါသည်။
သတင်း : Tourism Myanmar
သတင်းဓါတ်ပုံ- ကျော်စိုးနိုင်