07/27/14

ကျော်စိုးဦး ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၉)
Photo..mizzima
ရန်ကုန်၊ ဇူလိုင် ၂၅- သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်၏ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုကို ဇူလိုင် ၂၂ ရက် တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးမှုပြုလုပ်ရာတွင် မီဒီယာသမားများ ကို ဝင်ရောက်သတင်းယူခွင့် ကန့်သတ်ခြင်း ခံရသည်ဟု တရားရုံးသို့ သွားရောက်သတင်း ယူသည့် မီဒီယာသမားများက ပြောသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယခင်စွဲဆိုတားသော ပုဒ်မ ၄ဝ၉ နှင့် ပူးတွဲစွဲဆိုတားသော ပုဒ်မ ၁ဝ၉ ကို တရားရုံးမှ ဖျက်သိမ်းပေးလိုက်ပြီး ထပ် မံပြီး ပုဒ်မ ၁၂၄(က)နိုင်ငံတော် အကြည်ညို ပျက်စေရန် လှုံ့ဆော်မှုဖြင့် အဆိုပါနေ့တွင် ထပ်မံစွဲဆိုခဲ့သည်။

သတင်းယူခွင့် ကန့်သတ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးကျော်က ''အစိုးရ ရဲ့ တရားစီရင်ရေးစနစ်က အရင်စစ်အစိုး ရလက်ထက်စနစ်လို ဘာမှ မပြောင်းဘူး။တရားစီရင်ရေးကလဲ မပြောင်းဘူး။ တရား ရေးပေါ်မှာ ပွင့်လင်းမှုရှိတယ်ဆိုရင် မီဒီ ယာတွေကို သတင်းယူခွင့် လွတ်လပ်စွာပေး သင့်တယ်။ အရင်လို အမှုကို သူတို့ပဲဆင် သူတို့ပဲ အမိန့်ချဆိုရင် တရားစီရင်ရေးစနစ် က စိုးရိမ်စရာပါ''ဟု ပြောသည်၊၊
အစိုးရဌာနများတွင် မီဒီယာသ မားများ သတင်းယူခွင့်ကန့်သတ်မှုကို မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ကန့် ကွက်မှုများကို နိုင်ငံတော်အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။

ယင်းအဖွဲ့မှ ဦးဇော်သက်ထွေး က ''အစိုးရအဖွဲ့တွေနဲ့ ဆိုင်တဲ့ရုံးတွေမှာ မီဒီယာသမားတွေကို လွတ်လပ်စွာသတင်း ယူခွင့်ရဖို့ အစိုးရထံ တင်ပြထားတယ်။ ဘာ မှ အကြောင်းမပြန်ဘူး။ အစိုးရက ဒီမိုက ရေစီအစိုးရသာ ပြောတယ်။ လုပ်ပုံတွေက ဘာမှ မပြောင်းဘူး''ဟု ပြောသည်၊၊

ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကွင်းသာရွာ ဇာတိဖြစ်ပြီး တက္ကသိုလ်စာမေးပွဲကို ရေကြည်မြို့တွင် အောင်မြင်ခဲ့ကာ ရန်ကုန်တက္ကသိုလ်တွင် ခြောက်လခန့် တက်ရောက်ခဲ့ပြီး စစ်တက္က သိုလ်အပတ်စဉ် (၁၅)ကျောင်းဆင်းဖြစ်ကာ ဗိုလ်အဆင့်မှ ဒုတိယဗိုလ်ချုပ်ကြီးတာဝန် ဖြင့် တပ်မတော်တွင် နှစ်ပေါင်း ၄ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်၊၊

ဇမ္ဗူထွန်း ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၉)

မြန်မာအစိုးရအနေ ဖြင့်NLD ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတရွေးချယ်ခ့ခွင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တားဆီးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိ ပါက အမေရိကန်နိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ဆန်ရှင်ပိတ်ပင် ထားမှုကို ဖယ်ရှားပေးသွားရန်မရှိဟု အမေ ရိကန် အထက်လွှတ်တော်အမတ်တစ်ဦး က ကြာသပတေးနေ့တွင် ပြောကြားလိုက် သည်။

ရီပတ်ဘလီကင်ပါတီခေါင်း ဆောင် လွှတ်တော်အမတ် မိုက်မက်ကွန် နဲလ်က အမေရိကန်လွှတ်တော်အနေဖြင့် ဆယ်စုနှစ်များစွာ စစ်အစိုးရကာလအတွင်း ဆန်ရှင် အရေးယူထားရှိခဲ့မှုများကို ဖယ်ရှား ပေးရန် ဆန္ဒရှိနေသည်။ သို့သော် မြန်မာ အစိုးရအနေဖြင့် မျက်မှောက်ကာလ ပြုပြင် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို ပိုမိုပြောင်းလဲတိုး တက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဆန်ရှင်ပိတ်ဆို့ အရေးယူမှုများကို အဆုံး သတ်နိုင်မည်မဟုတ်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးသော အ မေရိကန်လွှတ်တော်အမတ် မက်ကွန်နဲလ် က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တချို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များ ကို ပြင်ဆင်မှုများ တိုးတက်လာခြင်းမရှိပါ က ကျောက်မျက်ရတနာနှင့် တစ်ဦး တစ် ယောက်ချင်းစီအပေါ် ပိတ်ဆို့အရေးယူထား သော ဆန်ရှင်များကို ဖယ်ရှားရန်ခက်ခဲစေ လိမ့်မည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာမှုသည် ဦးစားပေးကိစ္စရပ် တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ဝါရှင်တန်အနေဖြင့် ပြုပြင် ပြောင်းလဲရေး အစီအစဉ်များက နောက် ကြောင်းပြန်လှည့်လာခဲ့သော မြန်မာနိုင်ငံ အပေါ် စိုးရိမ်လာခဲ့သည်ဟု ဆိုသည်။

မက်ကွန်နဲလ်က မြန်မာနိုင်ငံတွင် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အဆိုပြုချက်များအတွက် လွှတ်တော် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆောင်ရွက် လျက်ရှိသော်လည်း အပြောင်းအလဲများမ ဖြစ်လာမည်ကို စိုးရိမ်မိသည်ဟု ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းဌာန၌ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။


http://www.7daydaily.com
လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင်က ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ရေးဆွဲခဲ့သော အမျိုးသားညီလာခံမှ ဒီချုပ်က အဘယ်ကြောင့် သပိတ်မှောက် ထွက်ခွာခဲ့သလဲဆိုသည်မှာ သမိုင်းစာမျက်နှာတွင် အရေးကြီးသော ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ခဲ့သည်။

စစ်အစိုးရက NLD သည် တစ်ပါတီအလိုကျ ညီလာခံမျိုးဖြစ်စေရေးနှင့် အစိုးရကို သြဇာလွှမ်းမိုးရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များ တမင်တောင်းဆိုပြီး ညီလာခံက သပိတ်မှောက်ထွက်သွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အချို့ကလည်း ညီလာခံစည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် NLD ထုတ်ပယ်ခံရသည်ဟုဆိုသည်။

သို့သော် ဒီချုပ်ဘက်ကမူ ညီလာခံတွင် အာဏာပိုင်များက ပေးထားသည့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို သေးသိမ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သဖြင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တကယ်အဖြစ်မှန်မှာတော့ NLD သည် ညီလာခံကို သပိတ်မှောက်ထွက်ခွာသွားခြင်း မဟုတ်ပါ။ စစ်အစိုးရနှင့် တွေ့ဆုံရေး တောင်းဆိုထားခြင်းအတွက် ညီလာခံမတက်ဘဲ စောင့်ဆိုင်းနေချိန်တွင် ညီလာခံဥပဒေအရ ၄၈ နာရီ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ စစ်အစိုးရအလိုကျ အကောင်အထည်ဖော်သော ကော်မရှင်က ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ သုတေသနစာတမ်းများက ဖော်ပြနေသည်။

‘‘ကျွန်တော်တို့က ဒီအချက်၊ ဒီအချက်တွေကြောင့် တွေ့ဆုံလိုပါတယ်ဆိုပြီး ကော်မရှင်ကို ၁၉၉၅ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ပေးပို့တယ်။ စာပို့ထားလို့ ညီလာခံကို မတက်ဘဲ စောင့်နေတုန်း ၄၈ နာရီတောင် မပြည့်သေးပါဘူး။ စာပို့ပြီး နောက်တစ်နေ့မနက်မှာပဲ ကျွန်တော်တို့အားလုံးကို ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ ကော်မရှင်က ထုတ်ပယ်ပစ်လိုက်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမြင့်ကပြောသည်။

ဒီချုပ်၏တောင်းဆိုမှုကို ညီလာခံကော်မရှင်က နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

ဒီချုပ်က စစ်မှုထမ်းဟောင်း၊ အမျိုးသမီးနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသားလူငယ်များကိုပါ ညီလာခံဖိတ်ကြားရန် အဆိုပြုသည်။ ညီလာခံတွင် အချိန်ဇယားသတ်မှတ်ချက်မရှိခြင်း၊ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ရာခိုင်နှုန်းအင်မတန်နည်းပါးခြင်းကို ထောက်ပြသည်။ ယင်းလုပ်ရပ်သည် တစ်ပါတီစိတ်ကြိုက် မူချမှတ်ရန်နှင့် ကိုယ်စားလှယ်များကို ပါတီအလိုကျ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဖြစ်သည်ဟု ကော်မရှင်က စွပ်စွဲခဲ့သည်။

ဒီချုပ်၏တောင်းဆိုမှုများသည် ညီလာခံမှုများကို ဖျက်သိမ်းရန်၊ စိတ်ကြိုက်မူများချမှတ်ရန် ကြိုတင်ကြံစည်မှုဖြင့် လုပ်ဆောင်ကြောင်း သုံးသပ်သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အစိုးရအပေါ် သြဇာပေးခြယ်လှယ်နိုင်ရန် ရည်ရွယ်၍ မလိုအပ်ဘဲ တွေ့ဆုံဆွေးနွေးရေးကိုသာ တွင်တွင်တောင်းဆိုနေခြင်းဟု ကော်မရှင်ကပြောပြီး နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်တွင် သဘာပတိထံ ကြိုတင်အကြောင်းမကြားဘဲ ညီလာခံတက်ရန် နှစ်ရက်ဆက်တိုက်ပျက်ကွက်သည်ဟု အကြောင်းပြကာ ဒီချုပ်ကိုယ်စားလှယ်အားလုံးကို ထုတ်ပယ်လိုက်သည်ဟု သတင်းစာများတွင် ဖော်ပြခဲ့သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့သော အမျိုးသားညီလာခံသို့ ဒီချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ကိုယ်စားလှယ် ၈၆ ဦး တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီတွင် သင်္ကြန်ပိတ်ရက် ညီလာခံခေတ္တရပ်နားထားချိန်တွင် အခြေခံမူ ၁၀၄ ချက်ကို ညီလာခံ၌ ချပြခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးစီး၍ လူထုထောက်ခံပွဲများ ပြုလုပ်အတည်ပြုလိုက်သည်။ ထို့ကြောင့် ညီလာခံထဲတွင် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့ သဘောထားကွဲလွဲမှု စတင်ခဲ့သည်။

ယင်းလုပ်ရပ်မှာ မသင့်လျော်သည့် အလွန်ဆိုးရွားသည့် အခြေအနေကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း RFA တွေ့ဆုံခန်းတွင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က ဖြေကြားခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခါစလည်း ဖြစ်သည်။

န၀တအစိုးရ၏ ထုတ်ပြန်ချက် ၁/၉၀ တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲရန်တာဝန်ဟုဆိုခဲ့သည်။ ထို့အပြင် န၀တ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း ဖွဲ့စည်းပုံရေးဆွဲရန်မှာ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ တာဝန်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

သို့သော် ညီလာခံဦးတည်ချက် လုပ်ထုံးလုပ်နည်းများမှာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုမရှိခြင်း၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်မှာ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ထာဝစဉ်လူနည်းစုဖြစ်ခြင်း၊ စာတမ်းများကို လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များအလိုကျ စိစစ်ပြင်ဆင်ပေးရခြင်း၊ ကိုယ်စားလှယ်များ၏ တင်ပြချက်အများစု ဥပက္ခာအပြုခံရခြင်းနှင့် ညီလာခံတွင် အချိန်ဇယားသတ်မှတ်ထားခြင်းမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးကို NLD က စာပို့တောင်းဆိုခဲ့သည်။

ထို့အပြင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးအချက်ကို NLD က လက်မခံခဲ့ပေ။

သို့သော် စစ်အစိုးရကလည်း ထိုအချက်များကို တစ်ချက်မှအထိမခံခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။

‘‘တရားမျှတမှုမရှိဘဲနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တဲ့နေရာတော့ ဘယ်သူနေမှာလဲ။ ကန့်ကွက်ရဲရမယ်။ ကျောခိုင်းရဲရမယ်။ အစတည်းက အခြေခံမူ နံပါတ် ၆ ကို မကြိုက်ခဲ့တာ။ နောက်ပြီး ဒီအလုပ်သမားကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်အစုအဖွဲ့တွေ ရွေးတဲ့အခါ လယ်သမားအစည်းအရုံးသမဂ္ဂမရှိဘဲနဲ့ ဘယ်လိုရွေးမှာလဲ။ ကန့်ကွက်နေတဲ့ကြားက သူတို့စိတ်ကြိုက် ၇၀၂ ယောက်ကို ခေါင်းခေါက်ရွေးလာတယ်’’ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။ SNLD ကလည်း ၂၀၀၄ တွင် ညီလာခံကို စွန့်ခွာခဲ့သဖြင့် ပါတီဝင်များ အဖမ်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှားသွားသည့်တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညီလာခံကျင်းပရေးအတွက် ပါတီ ၁၀ ခုနှင့် တွေ့ဆုံစဉ်ကတည်းက ညီလာခံအခြေခံမူခြောက်ချက်ကို ပြင်းပြင်းထန်ထန် မကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။ အခြေခံမူခြောက်ချက်အနက် နံပါတ်ခြောက်ဖြစ်သည့် တပ်မတော်က နိုင်ငံရေးဦးဆောင်မှုတွင် အစဉ်တစိုက်ပါဝင်ရေးအချက်မှာ ဒီမိုကရေစီအခြေခံမှုများကို ချိုးဖဲ့ဖျက်ဆီး၍ အာဏာရှင်စနစ်ကို အသက်သွင်းနေမှန်းသိလျက်နှင့် န၀တ ကြေညာချက် ၁/၉၀ ကို ယုံကြည်မိ၍ ညီလာခံကို တက်ရောက်ခဲ့ကြောင်း ထုတ်ပယ်ခံရပြီးမှ ဒီချုပ်က ကြေညာချက်ပြန်ထုတ်ခဲ့သည်။

‘‘မြန်မာ့မြေပေါ်မှာ ဘယ်သူမှ တပ်စခန်းမချရတို့၊ ၅၉ (စ)တို့ကို အခြေခံမူအဖြစ် ချမှတ်တဲ့သတင်းလည်းကြားရော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က ရန်ကုန်ရောက်ချလာတယ်။ ဒေါ်စုနဲ့တွေ့လည်းပြီးရော ဦးအောင်ရွှေဦးဆောင်တဲ့ NLD ၈၆ ယောက် ထွက်သွားကြတာပဲ။ ညီလာခံကို ခွင့်မဲ့ပျက်ကွက်လို့ သူတို့ကိုထုတ်ပစ်လိုက်တာ။ ဒါရှင်းပါတယ်။ သူတို့ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဖိအားပေးတာပေါ့’’ဟု ညီလာခံတက်ခဲ့သည့် တတ်သိပညာရှင်အစုအဖွဲ့ဝင်၊ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင် တက္ကသိုလ်မြတ်သူက သူ၏အမြင်ကိုပြောသည်။

NLD သည် စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း အလုပ်သမားအစုအဖွဲ့မှ သဘာပတိ ဒေါက်တာမျိုးသန့်တင်ကလည်း ဆိုသည်။

ညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့တို့ကလွဲ၍ ကျန်အစုအဖွဲ့များမှာ စစ်အစိုးရအလိုကျလူများသာဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုတို့က ဝေဖန်ခဲ့သည်။ ဒေါက်တာမျိုးသန့်တင်ကမူ ဆွေးနွေးချက်များကို လွတ်လပ်စွာတင်ပြနိုင်ကြောင်း ပြောသည်။

‘‘NLD က ဆွေးနွေးတာ သိပ်မကြားရပါဘူး။ သူတို့က စည်းကမ်းချိုးဖောက်လို့ ထုတ်ခံရတာ။ ဘယ်အဆိုမဆို အစုအဖွဲ့မှာ ဆွေးနွေးတင်ပြလို့ရတာပဲ။ ပြီးတော့ အလွှာအသီးသီးကလူတွေ ပါတယ်။ အစိုးရကရွေးတဲ့လူတွေ မဟုတ်ပါဘူး။ အစိုးရ၀န်ထမ်းတို့၊ ဘာတို့တော့ ပါတာပေါ့။ ညီလာခံတက်ဖို့ဆိုတာ အပေါ်က ခေါင်းခေါက်ရွေးလို့ရတာမှ မဟုတ်တာ။ အဆင့်ဆင့်ဖြတ်သန်းရသေးတာ’’ဟု ၎င်းကဆိုသည်။ တက္ကသိုလ်မြတ်သူ၊ ဒေါက်တာမျိုးသန့်တင်တို့ ပြောသကဲ့သို့ ညောင်နှစ်ပင်ညီလာခံမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးတင်ပြ၍မရကြောင်း ညီလာခံတက်ရောက်ခဲ့သော ဒီမိုကရေစီအင်အားစုများက တညီတညွတ်တည်းပြောသည်။

ဒီချုပ်သည် အခွင့်အရေးကို ဆုံးရှုံးခံခဲ့ခြင်းမဟုတ်ဘဲ။ ပြောရေးဆိုခွင့်အတွက် တောင်းဆိုရင်းကပင် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ညီလာခံတစ်လျှောက်လုံးတွင် ဒီချုပ်ပြောဆိုဆွေးနွေးမှုများ အရာမထင်ခဲ့။ စစ်အစိုးရအလိုကျ လူပုဂ္ဂိုလ်အများစု၏ ဆန္ဒသဘောထားများကသာ ညီလာခံတွင် လွှမ်းမိုးခဲ့သည်။

‘‘ဒီနေ့စာတင်ထားတုန်းပဲ နောက်နေ့မနက်ချက်ချင်း ညီလာခံထဲကနေ ဒီချုပ်ကိုယ်စားလှယ်ထိုင်ခုံတွေကို ဆွဲထုတ်သွားတာပဲ’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

၁၉၉၃ မှ ၁၉၉၆ အထိ ညီလာခံမှတ်တမ်းများတွင်လည်း ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ တင်ပြဆွေးနွေးချက်များအပေါ် စစ်အစိုးရက လက်သင့်မခံဘဲ သူတို့လုပ်ချင်ရာသာ လုပ်ခဲ့သည်မှာ ထင်ရှားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

‘‘၁၉၉၆ မှာ ဒီချုပ် အမျိုးသားညီလာခံကို ဆက်မတက်တာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ မြင်တယ်။ စစ်အစိုးရက ပြောချင်တာပြော၊ ငါတို့က ငါတို့အစီအစဉ်တိုင်းပဲလုပ်မယ်ဆိုတဲ့ သဘောပဲရှိခဲ့တယ်’’ဟု ၎င်းကပြောသည်။

‘‘ဒီချုပ်ထွက်ပြီးမှ ကျွန်တော်က ညီလာခံတက်တယ်။ နှစ်ဖက် ဘယ်သူမှားတယ်၊ မှန်တယ်တော့ သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဒီချုပ်တောင်းဆိုမှုထဲမှာပါတဲ့ စာတမ်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့်မရခဲ့တာတော့ အမှန်ပဲ။ အဆိုတော်တော်များများဟာ မှတ်တမ်းအဖြစ်ပဲ ရှိခဲ့ကြတယ်။ ဘယ်လိုပဲ ဒီမိုကရေစီစနစ်နဲ့ လုပ်တယ်လို့ အစိုးရကပြောပြော ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ညီလာခံအဆင့် လုံးဝမဟုတ်ခဲ့ဘူး’’ဟု ညီလာခံသို့ ဖိတ်ကြားခံခဲ့ရသူ ကချင်အထူးဒေသ (၂)မှ ဒေါက်တာတူးဂျာကပြောသည်။

ရှစ်နှစ်ကြာရပ်နားပြီး ၂၀၀၄ တွင် ပြန်စသော ညီလာခံတွင် ဒီချုပ်တောင်းဆိုချက်များ လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ဒီချုပ်က ညီလာခံဖိတ်ကြားချက်ကို လက်မခံတော့ပေ။

‘‘တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်တယ်ဆိုတဲ့အချက်ကို ဦးအောင်ရွှေတို့က သဘောမတူလို့ထွက်တာ။ နောက်တော့ အပြင်မှာ ပါတီဝင်တွေ သဘောထားတွေညှိပြီး ဦးအောင်ရွှေတို့က ပြန်ဝင်မယ်အလုပ်မှာ ကော်မရှင်က လက်မခံတော့တာ။ ထွက်သွားလည်း အေးတယ်ဆိုတဲ့ပုံစံမျိုး လုပ်လိုက်တာ။ ဦးအောင်ရွှေတို့ ဘာမှလုပ်လို့မရဘူး ဖြစ်သွားတယ်။ ဒါကို န၀တအကြီးအကဲတွေက သတင်းထုတ်ပြန်တော့ NLD က ထွက်သွားတယ်။ နောက်ပြန်ခေါ်လည်း မလာတော့ဘူးဆိုပြီး သမိုင်းအမှားတွေကို လူငယ်တွေ ကောက်ချက်ချမှာစိုးတယ်။ အဲဒီတုန်းက န၀တအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဦးအောင်ရွှေက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကြောင့် တီဗီပေါ်ကတောင် စိန်ခေါ်ခဲ့သေးတယ်။ ဒါ ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ကို လုပ်ပစ်လိုက်တာ’’ဟု တပ်မတော်အငြိမ်းစား စစ်သည်တစ်ဦးက ညီလာခံတွင် ဒီချုပ်ပါဝင်ခွင့်မရခဲ့သည့်အကြောင်း ပြောကြားသည်။

ထို့ကြောင့် အခြေခံဥပဒေရေးဆွဲရန် ကမ္ဘာတွင် အရှည်ကြာဆုံးညီလာခံ ကျင်းပပြီး ဥပဒေရေးဆွဲကာ ထိုဥပဒေအတိုင်း နိုင်ငံအပြောင်းအလဲများ အကောင်အထည်ဖော်ခြင်းမှာ စစ်အစိုးရခေါင်းဆောင်အချို့၏ စနစ်တကျ အကွက်ချစီမံခဲ့သော နှစ်ရှည်စီမံကိန်းတစ်ခု ဖြစ်သည်။ ညောင်နှစ်ပင်ညီလာခံမှာလည်း ၎င်းတို့ ပြဋ္ဌာန်းလိုသောဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကစားကွက်တစ်ခုသာ ဖြစ်ခဲ့သည်။

လက်ရှိ ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်လာသော ဒီချုပ်၏ ရှေ့အနာဂတ်ခရီးလမ်းမှာ လွှတ်တော်ပြင်ပတွင် အောင်မြင်မှု အထိုက်အသင့် ရရှိထားပြီဖြစ်သည်။

၅၄ ရက်အတွင်း အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အချက်ကို ပြည်သူငါးသန်းကျော်မှ လက်မှတ်ရေးထိုးထားပြီး ဒီချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ကြိုးပမ်းမှု၊ ပြည်သူငါးသန်းကျော်၏ သဘောထားကို လွှတ်တော်က မည်သို့တုံ့ပြန်မည်ဆိုသည်မှာ မကြာမီ အဖြေပေါ်တော့မည်ဖြစ်သည်။

ပီအာရ် ဆိုတာကို မအီမသာ နဲ့ ပလီပလာ ဆွေးပိုးကြောက်သမို့ ခွေးတိုးပေါက် စီမံကိန်း ကို ညီညာစွာနဲ့ မလိုချင်ပါကြောင်း ပြည်သူတွေ က အခုလို ပြသခဲ့ကြပါသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရန်ကုန်အ နောင်းပိုင်းခရိုင် မှ လူတန်းစားအလွှာပေါင်းစုံမှ စုပါင်းချီတက်ဆန္ဒပြပွဲကို ဒီနေ့ ဇူလှိုင်လ ၂၇ ရက်နေ့ နေ့ လည် ၁နာရီမှာ မြေနီကုန်းဒဂုံCenterမှလမ်းလျှေက် ချီတက်ဆန္ဒထုတ် ဖော်ရာ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကစားကွင်းတွင် အဆုံးသတ်ပြီး ၄၃၆နှင့်ပတ်သက်ပြီး ဟောပြောပွဲများ ကျင်းပ
Nay myo zin,bbc burmese



ပီအာရ် ဆိုတာကို ပြည်မြန်မာမှာ အတင်းထိုး၊ အဆင်းညိုးတဲ့ ပြည်သူ
လူတယောက်အနေနဲ့ ....
ပလီပလာ မဆို၊ တည်မာမညှာ အလိုမကျ သမို့
ပုံတူဆောင် ပီအာရ် ကို အမည်သညာ မှဲ့လိုက်ချင်ရဲ့။
အလစ် ရေး၊ အညစ်တွေး နဲ့ အပြစ်လေး လူ မချစ်သူ၊ မဖြူညစ်တဲ့ အာဏာ့ပလူ လို့
ချွတ်ချော်ဆဲ လွှတ်တော်ထဲ ....လူထုစားလှယ် မဟော် တွေ ခုထိ မသဲကွဲ။
အချို့က ဟန်ရေးပြင်၊ တချို့က သဏ္ဍန်တွေ တု၊ တချို့ကတော့ ဇွတ် အတင်း ၀င်ကာ အာဏာ ခုံခြေလု မကွဲ့ ဟု ခြေဥ က ဝေစုဖြစ်။

အသစ်ရေးမယ့် အပေါက် ၊ ခေတ် အရေးပျက်လောက်ကဲ့။

ဟိုလူလည်း ကြောက် ဒိလူ့လည်း ကြောက် ခေတ်ဆွေးက လန်းဆတ်ဆဲပေမို့။

အမယ်မင့် ကိုသန်းရွှေ ရေ ယာမုတ်တဲ့ စနက် မက်နေတုန်းလားကွယ့်.... အရှက် ကယ် မကုန်သေးဘူးလား။
အားမနာ စတမ်း

ပြောရရင်လေ

ကြိုက်သလို မင်း ထွင် လူညာတို့ လိမ်ပွဲ။ လူအာတို့ ကလိန်ဆွဲမယ့် ပီအာရ် နို့ ဒိန်မခဲဘူး။
မှတ်သားထား

ဟန်ရေးငယ် တပြင်ပြင်၊ ။ နောင်ရေးအတွက် သူတို့ မစဉ်းစား၊ လတ်တလောသာ ငါ တကောများနဲ့

စားဖါးတို့ ညီပွဲ။ ကြောင်ဘားတို့ ခံတွင်းပြင်ပွဲ လို့ သာ အမည်ထွင် တပ်လိုက်ချင်ရဲ့
ပြည်တခွင် ညီလျှင် တော့ မ ပီ ပဲ အာချင်သူတို့ ဂွီ ကနဲ ပြာသွားအောင် လူထုရေ စီကနဲ စွာ ပြလိုက်စို့ .........

ပီအာရ် ဆိုတာ ညီညာစွာနဲ့ ပြည်သာမှာ ကို မလိုသူတွေ တကိုယ်ကောင်းသမား ငို့ဘ ကဏ္ဍားတွေ ပြည်သူကို တရားဝင်
ထပ် ခြောက် ချင်လို့ ။ ရသလောက် ဥာဏ်ဆင်၊ ကလဖန်အသွင်နဲ့

ခေတ်ဆွေး ပိုး နှောက်ခဲ့ သူတို့ က အသစ် ခွေးတိုးပေါက် ထွင် တာပဲ

လို့ ပီအာရ် မှ ပီအာရ် ဆိုသူတို့ သိအောင်

ဗျို့ အကြိမ်ကြိမ် ထပ် ဟစ်လိုက်ချင် ............................
သူ့ နံမည် ဘယ်လိုမှည့် မလဲဆို

ခေတ်ဆွေး ပိုး လောက်တွေရဲ့ အသစ်ခွေးတိုးပေါက် ပဲ လို့။

သခင်ဗိုလ်ဆရာစင်္ကြာဝတေးလူ
Nay Myo Zin

http://www.7daydaily.com
လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။

Sunwing လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် အမှတ်(၇၇၂)သည် တိုရန်တိုမြို့မှ ပနားမားနိုင်ငံသို့ ဇူလိုင်(၂၅)ရက်နေ့က ဦးတည်ပျံသန်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ခရီးသည် တစ်ဦးကြောင့် တိုရန်တိုသို့ ပြန်လှည့်လာကာ ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပျံတက်သွားပြီး (၄၅)မိနစ်မျှ အကြာတွင် လေယာဉ်မှူးက ထိန်းသိမ်းရေး မျှော်စင်သို့ အခြေအနေကို အကြောင်းကြားခဲ့သည့်နောက် F16 ဂျက်တိုက်လေယာဉ် နှစ်စီးက ခရီးသည် (၁၈၁)ဦးနှင့် အမှုထမ်း(၆)ဦး ပါရှိသည့် လေယာဉ်ကို ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီး လေဆိပ်သို့ ဆင်းသက်ချိန်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ရသည်။

လေယာဉ်ပေါ် ပါရှိသူ အများစုသည် ပနားမားသို့ အပန်းဖြေ ခရီးထွက်ကြမည့် ကနေဒါ နိုင်ငံသားများ ဖြစ်ကြသည်။ လေဆိပ်သို့ လေယာဉ်ပြန်လည် ဆိုက်ကပ်လာသည်နှင့် ရဲများက လေယာဉ်ပေါ် တက်လာကာ သောင်းကျန်းနေသည့် ခရီးသည်ကို ဖမ်းဆီးခဲ့ကြသည်။ လေယာဉ်ပေါ် လိုက်ပါလာသူများက လက်နက်ကိရိယာ အပြည့်အစုံနှင့် လုံခြုံရေး အရာရှိများက လေယာဉ်ပေါ် တက်လာပြီး ထိုသူကို ဖမ်းဆီးခဲ့ပုံကို မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး Social Media များပေါ် လွှင့်တင်ခဲ့ကြသည်။

အသက်(၂၅)နှစ်ရှိ အလီရှာဟီသည် အနှောင့်အယှက်ပေးမှု၊ ခြိမ်းခြောက်မှု၊ လေယာဉ်လုံခြုံရေးကို ထိပါးမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။ Sunwing လေကြောင်းလိုင်းက ယခုဖြစ်ရပ်ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် ညနေပိုင်းတွင် အဆိုပါလေယာဉ်သည် ပနားမားသို့ မူလအစီအစဉ်အတိုင်း ပြန်လည် ထွက်ခွာခဲ့ကြောင်း ကြေညာခဲ့သည်။

မြန်မာပြည်တွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မီဒီယာတချို့ရဲ့ ရေးသားလှုံ့ဆော်မှုတွေ ကြောင့်လို့ သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကရဲ့ မီဒီယာတွေအပေါ် ဖြေလျှော့စဉ်းစားပေးဖို့ တောင်းဆိုတဲ့ သ၀ဏ်လွှာကို ပြန်ကြားလိုက်တဲ့ ဇူလိုင် ၂၂ရက် ရက်စွဲပါ သ၀ဏ်လွှာမှာ သမ္မတက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

News Paper and Journalသမ္မတရဲ့ ပြန်ကြားစာထဲမှာ ပြည်တွင်းပြည်ပမီဒီယာအချို့ရဲ့ အမုန်းပွားစေနိုင်တဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ လှုံ့ဆော်မှုတွေကြောင့် နိုင်ငံထဲ လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုတွေ မီးရှို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဘယ်မီဒီယာလဲ ဆိုတာ တခုချင်း ထုတ်ပြောဖို့လိုတယ်လို့ မှတ်ချက်ပေးပါတယ်။

“မီဒီယာကြောင့်ဆိုတဲ့ဟာမျိုးက သိမ်းကျုံးပြီး ပြောတဲ့ ဟာမျိုးဖြစ်နေတယ်။ ဘယ်မီဒီယာလဲ ဘယ်ဟာလဲ တခုချင်းပြောဖို့လိုတာပေါ့။ ဘယ်ဖော်ပြမှုလဲ ဆိုတဲ့ဟာမျိုး တခုချင်း တခုချင်း ပြောဖို့လိုတယ်။ တခါတလေ ဆိုရှယ်မီဒီယာတွေနဲ့ ရောထွေးပြီး ပြောနေတယ်။ တရားဝင် တာဝန်ခံပြီး ထုတ်နေတဲ့ မီဒီယာနဲ့ ဆိုရှယ်မီဒီယာ ရောထွေးပြီးပြောနေတယ်။ အဲဒါမျိုးက သဘာဝ မကျဘူး ဆိုရှယ်မီဒီယာက ကိစ္စရပ်တခုပေါ့နော်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး ကလည်း ဒီလို မီဒီယာတွေဆိုပြီး သိမ်းကျုံးပြောဖို့ မသင့်ဘူးလို့ ပြောပါတယ်။

“မီဒီယာဆိုပြီး အကုန်လုံးကို သိမ်းကျုံးပြီးပြောတာ မမှန်ဘူးလို့ထင်တယ်။ တိတိလင်းလင်း ထောက်ပြရမယ်ဆိုလို့ရှိရင် ဆိုရှယ်မီဒီယာတွေမှာ တဖက်နဲ့တဖက် ပြဿ နာ ဖြစ်စေနိုင်တဲ့ အရေးအသားတွေကို ပရိုဖိုင်း အစစ်အမှန်တွေနဲ့ လူသိတဲ့သူတွေတောင်မှ ရေးနေကြသေးတာပဲ။ အဲဒါ ဘာဖြစ်လို့ အစိုးရပိုင်းအနေနဲ့ ဖိဖိစီးစီးအရေးမယူနိုင်တာလဲ။ နောက်ဆုံးဗျာ ဒီလူသိတဲ့ လူတွေအနေနဲ့ သတ်မယ်ဖြတ်မယ်လို့ ရေးနေတာတွေလည်း တွေ့နေရတာပဲဗျာ။ အဲဒါတွေကို မသိချင်ယောင်ဆောင်ပြီးတော့ မီဒီယာတခုလုံးကို သိမ်းကျုံးပြောတာကတော့ မမှန်ဘူးလို့ ယူဆပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးတာတွေ မလိုချင်ပါဘူး။ မဖြစ်စေချင်ပါဘူး။”

မြန်မာနိုင်ငံစာရေးဆရာသမဂ ဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်ကတော့ မီဒီယာကြာင့် အကြမ်းဖက်မှု ဖြစ်တယ်ဆိုတာကို လက်မခံပါဘူး။

“ဆရာတို့ သိသလောက်ကတော့ မီဒီယာတွေကြောင့်တော့ ဒီလိုဖြစ်တယ်လို့ မယူဆဘူး။ အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေက သမ္မတကြီးကိုယ်တိုင်ပြောတာကတော့ နောက်ကွယ်က လူတစုကြောင့်လို့ သူပြောတာပဲ။ နောက်ကွယ်က လူတစုကို မဖော်နိုင်ပဲနဲ့ နောက်ဆုံး မီဒီယာတွေဟာ နောက်ကွယ်က လူတစု ဖြစ်နေတယ်လို့ သမ္မတကြီး သတ်မှတ်တယ်ဆိုရင်တော့ အဲဒါကို ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ်နဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့ ကောင်းတယ်။ ဆရာတို့ကတော့ ဒါကို မီဒီယာတွေကြောင့် ဖြစ်တယ်လို့ မယူဆဘူး။ ဒီလို စွပ်စွဲတာကိုလည်း လက်မခံနိုင်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတာက အုပ်စိုးတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့ သူတွေက ဒါကို အမှန်အတိုင်း ပွင့်လင်းမြင်သာစွာနဲ့ ဖြေရှင်းပေးနိုင်ဖို့ပဲ မျှော်လင့်တယ်။ အခုလို မီဒီယာတွေကို အပြစ်ပေး အရေးယူနေတာကတော့ မီဒီယာ ဖိနှိပ်မှုပဲလို့ ယူဆတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောထားကို လက်မခံနိုင်ပါဘူး။”

ပြည်သူ့လွှတ်တော် ပြန်ကြားဆက်ဆံယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် သီပေါအမတ် ဦးရဲထွန်းကတော့ သမ္မတအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းသင့်တယ်လို့ ပြောပါတယ်။

“များသောအားဖြင့် ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆောင်တာက အင်တာနက် မှာပဲ တွေ့တာများတယ်။ အင်တာနက်မှာ ၂ ပိုင်းခွဲမယ်ဆိုရင် နာမည်နဲ့ ပရိုဖိုင်းအစစ်အမှန်နဲ့ ဗြောင်ပြောတဲ့ လူတွေ ရှိသလို၊ နာမည်နဲ့ ပရိုဖိုင်း အတုတွေနဲ့ ပြောတဲ့သူက ပိုများမယ်လို့ ထင်ပါတယ်။ နောက် မီဒီယာ နဲ့ ပတ်သက်လို့တော့ အစောပိုင်းကတော့ နည်းနည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ Conflict Reporting နဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုရေးသင့်တယ် ဆိုတာကို ကောင်းကောင်းမကျွမ်းကျင် နားမလည်တဲ့အခါကျတော့ လှုံ့ဆော်တဲ့ သဘောမျိုးသက်ရောက်တာ ရှိတယ်။ ဖတ်လိုက်လို့ရှိရင် ဘာသာဝင်တွေက နည်းနည်းမခံမရပ်နိုင်အောင် ဖြစ်သွားတာမျိုး ရှိတယ်။ ဘယ်သူ ဘယ်ဝါ ဘယ်ဂျာနယ်လဲဆိုတာ တိတိကျကျတော့ မမှတ်မိဘူး။ ရှိတာတော့ ရှိတယ်။”

ပြည်တွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရတာ မီဒီယာရဲ့ လှုံ့ဆော်မှုကြောင့်လို့ သမ္မတက ထုတ်ဖော်ပြောကြားလာတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

ရွှေအောင်(DVB)


ဧရာဝတီဖောင်ဒေးရှင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို လှူဒါန်းတဲ့ မြက်ခင်းတု ဘောလုံးကွင်းသစ် ဇူလိုင် ၂၆ရက်က သုဝဏ္ဏအားကစားကွင်းရဲ့မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိတဲ့ မြက်ခင်းတုနှစ်ခု မြန်မာပြည်ဘောလုံးလောကအတွက် ဘယ်လောက် အရေးပါပါသလဲ။

မြန်မာ့ဘောလုံးလောက တိုးတက်ဖို့အတွက် နိုင်ငံတကာပြိုင်ပွဲဝင်မယ့် ကစားသမားတွေ လေ့ကျင့်ဖို့ ကွင်းကောင်းကောင်းလိုတာအပြင် မိုးများတဲ့ မြန်မာပြည်မှာ မိုးရာသီ ဘောလုံးကစားဖို့ ကွင်းရှားပါးတာကြောင့် အခုလို လှူဒါန်းတာဖြစ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က ပြောပါတယ်။
Kamayut media

အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတွေ ကန့်ကွက်တဲ့ကြားက ပြည်သူ့လွှတ်တော်မှာလည်း ပီအာရ်စနစ် ဆွေးနွေးဖို့ အတည်ပြုလိုက်ပါပြီ။ ဆွေးနွေးဖို့အဆိုတင်သူက အင်န်ဒီအက်ဖ်ပါတီက ပုဇွန်တောင်အမတ် ဦးအောင်ဇင်ပါ။ ပြည်သူ့လွှတ်တော်မှာ အဲဒီအဆိုတင်ဖို့ ဆွေးနွေးမယ်ဆိုကတည်းက တိုင်းရင်းသားအမတ် ၃၀ကျော်က လွှတ်တော်မတက်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဒီအတွက် လွှတ်တော်မတက်ဘဲ ပထမဦးဆုံးအကြိမ် ဆန္ဒပြမှုအဖြစ် မှတ်တမ်းဝင်သွားပြီလည်း ဖြစ်ပါတယ်။

အခုတစ်ကြိမ် အဆိုတင်တာ၊ အဆိုကို ဆွေးနွေးဖို့ အတည်ပြုတာတွေဟာ အရင်အကြိမ်တွေတုန်းကလောက် ရိုးရှင်းမှု မရှိတော့ပါဘူး။ အဆို ဘယ်လိုတင်သလဲ၊ အင်န်ဒီအက်ဖ်ပါတီရဲ့ သဘောထား အစစ်အမှန်၊ ပြည်ခိုင်ဖြိုးပါတီရဲ့သဘောထား အစစ်အမှန် ဆိုတာ ဘာဖြစ်နိုင်မလဲ၊ ရှေ့ဆက်ဘာဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ဦးအောင်ဇင်ရဲ့ တရားဝင်အဆိုစာသားမှာ လူတွေ မုန်းတီးနေပြီဖြစ်တဲ့၊ သတင်းမီဒီယာတွေရဲ့ဝေဖန်မှုကို အကြီးအကျယ် ခံနေရပြီဖြစ်တဲ့ ပီအာရ်ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ဆိုပြီး ဖော်ပြမထားတော့ပါဘူး။ သူ့အဆိုက ဒီလိုပါ။

 မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပမည့်စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်းဆိုတာပဲ ဖြစ်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ခပ်ပါးပါးပဲ တင်သွင်းလိုက်တဲ့အဆိုပါ။ နောက်ပိုင်း လွှတ်တော်ထဲ ရှင်းလင်းတဲ့အခါကျမှသာ ဦးအောင်ဇင်က သူ့အဆိုနဲ့ ပတ်သက်ပြီး ပီအာရ်စနစ်ကို ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးသင့်တဲ့အကြောင်း၊ အမျိုးသားလွှတ်တော်အပါအ၀င် ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတော့ နဂိုက ကျင့်သုံးခဲ့တဲ့ FPTP စနစ်ကိုပဲ ဆက်ကျင့်သုံးသင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဦးအောင်ဇင်ရဲ့အဆိုဟာ ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီးမှ တင်တာဖြစ်တဲ့အတွက် လွှတ်တော်တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး နဂိုရည်ရွယ်ထားတာတွေကို အများကြီး ပြင်ဆင်လိုက်ပုံရပါတယ်။ ခုဆို အမျိုးသားလွှတ်တော်မှာ ကျင့်သုံးဖို့ မသင့်ဘူးလို့ ဆိုလာပြန်ပါတယ်။ ဒါဆိုရင် အမျိုးသားလွှတ်တော်ဘက်မှာ အက်န်ဒီအက်ဖ် အမတ် ဒေါ်ခင်ဝိုင်းကြည် တင်ထားတဲ့အဆိုကရော အင်န်ဒီအက်ဖ်ပါတီရဲ့ အာဘော်ပဲ မဟုတ်ဘူးလား။ အခု နောက်ထပ် ပါတီဝင်လွှတ်တော်အမတ်တစ်ယောက်က အရင် အဆိုတင်သွားခဲ့သူနဲ့ ဆန့်ကျင်တာမျိုး ဘာကြောင့် ပြောဆိုရတာလဲလို့ မေးစရာရှိလာပါတယ်။ ဖြစ်နိုင်တာကတော့ အင်န်ဒီအက်ဖ်ပါတီဟာ ဗလောင်းဗလဲနိုင်တဲ့ ပါတီ၊ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးအတွက် တင်ပေးရတာဖြစ်လေတော့ အခြေအနေအချိန်အခါအလိုက် ညှိနှိုင်းပြီး သင့်သလိုပြောင်းလဲ တင်ပြရတာ စသဖြင့် တစ်ခုခု ဖြစ်နိုင်ပါတယ်။

အခု ဒီအဆိုတင်မယ်ဆိုတာ သိတဲ့အတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေ လွှတ်တော်မတက်ဘဲ သပိတ်မှောက် ဆန္ဒပြကြပါတယ်။ ဦးအောင်ဇင်က သူတင်တာ ပြည်နယ်တွေအတွက် မဟုတ်ပါဘူး၊ တိုင်းဒေသကြီးတွေအတွက်ပဲ ဆိုတာကြောင့် တိုင်းရင်းသားတွေ သပိတ်မှောက်တာ သူနားမလည်နိုင်ဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ပီအာရ်စနစ် ကျင့်သုံးရေးကိစ္စ နည်းနည်းရှုပ်ထွေးလာပါပြီ။ တိုင်းရင်းသားတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကြောင့် ပြည်နယ်တွေမှာ ဒီစနစ်ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ သူရဦးရွှေမန်းနဲ့ လွှတ်တော်တာဝန်ရှိသူတွေ၊ တစ်နည်းအားဖြင့် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတွေ သိရှိသွားပြီးနောက် ခုလို ပြောင်းလဲ ပြောဆိုလာတာ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခု ဆွေးနွေးဖို့လိုတာက ဦးအောင်ဇင်ရဲ့ ပြောဆိုချက်ပါ။ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေရှင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က တိုင်းရင်းသားတွေ လွှတ်တော်မတက်ဘဲ ဆန္ဒပြခဲ့ပြီ၊ ဒါကို လွှတ်တော်နှစ်ရပ်က ခေါင်းဆောင်တွေ ဆက်စဉ်းစားဖို့လိုပြီ ဆိုပြီး ပြောဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်ဇင်ရဲ့ တုံ့ပြန်ချက်ပါ။ သူက ကျွန်တော် ဖြစ်စေချင်တာက ပြဿနာအ၀၀ကို လွှတ်တော်မှာပဲ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ သူပြောတာကို ဝေဖန်ဖို့၊ လက်ရှိ လွှတ်တော်ဆိုတာ ဘယ်လိုလွှတ်တော်မျိုးလဲ ပြန်ကြည့်ဖို့လိုလာပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေဟာ သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံတစ်ခုရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ ပြည်သူ့သဘောထားလို့ ဘယ်လိုပဲပြောပြော မသမာမှုတွေ အပါအ၀င် နည်းပေါင်းစုံ အသုံးပြုပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံပါ။ အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့၊ စိတ်ကြိုက် ရွေးကောက်ပွဲဥပဒေ နည်းဥပဒေရေးဆွဲ၊ စိတ်ကြိုက် အကောင်အထည်ဖော် ကျင်းပခဲ့လို့ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ တရားမျှတမှုမရှိတဲ့ ဥပဒေစည်းမျဉ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိကြပါဘူး။

ဒီလို အခြေအနေအောက်မှာ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကနေ သူတို့ လိုချင်တဲ့ ရလဒ်တွေကို ရအောင် ထုတ်ယူခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၄၆၃ နေရာရွေးကောက် ပွဲလုပ်ရာမှာ ပြည်ခိုင်ဖြိုးပါတီက ၃၈၈ နေရာမှာ အနိုင်ယူခဲ့ပါတယ်။ ၈၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဒါတောင် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) စဒကလို ပြည်ခိုင်ဖြိုး မဟာမိတ်ပါတီတွေကရတဲ့ အမတ်တွေကို မတွက်သေးပါဘူး။ ပြောရရင် ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကို ပြည်ခိုင်ဖြိုးပါတီက သိမ်းပိုက်ထားတာပါ။ ဒီအမတ်တွေအားလုံး တကယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်စစ်တွေလို့ ပြောရ အလွန်ခက်ခဲပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲ ရလဒ်အရ အင်န်အယ်လ်ဒီ အမတ် ၄၀ ကျော် ပြည်ထောင်စုလွှတ်တော်ထဲ ရောက်သွားပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်တစ်ခုလုံး ချုပ်ကိုင်ထားမှုကိုတော့ ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဒီနေရာမှာ ဦးအောင်ဇင်ပြောတဲ့ ပြဿနာအ၀၀ လွှတ်တော်မှာပဲ ဆွေးနွေးဖို့ဆိုတာဟာ ပြည်ခိုင်ဖြိုးပါတီလုပ်သမျှလက်ခံဖို့ကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။

ခုဆိုရင် ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီအကြိုက်တွေ လုပ်ကိုင်နေတဲ့ အင်န်ဒီအက်ဖ်ပါတီဟာ တိုင်းရင်းသားတွေ ဘာပြောပြော၊ အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေ ဘာဆိုဆို၊ သတင်းမီဒီယာတွေ ဘယ်လိုဝေဖန် ဝေဖန်၊ ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကျင့်သုံးအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့အကောင်အထည်ဖော်သွားမှာ သေချာပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ လိုလားချက်ဆိုတာထက် ပြည်ခိုင်ဖြိုးဟာ လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ကြောင့် သူ့အာဏာ လက်မလွှတ်စေရေး၊ အင်န်ဒီအက်ဖ်ဟာ သူ့ပါတီလုံးဝ ကျဆုံးမသွားစေရေး လုပ်ကိုင်မယ်ဆိုတာ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


Written by စည်သူအောင်မြင့်
Mizzima


ယနေ့ ၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၄ ခုနှစ် နံနက်(၁ဝးဝဝ)နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee LEE နှင့်အဖွဲ့သည် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့လာရောက်ခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mrs. Yanghee LEE၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး လူ့အခွင့် အရေးအရာရှိ Ms. AnnSyauta၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းတို့သည် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊မြအေး၊ ဂျင်မီ တို့နှင့် တွေ့ဆုံကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲနေမှု အခြေအနေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး၊ ၂ဝ၁၅ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သော သဘောထားအမြင်၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များ နှင့် ပတ်သက်သော သဘောထားအမြင်၊ အလုပ်သမား၊ လယ်သမား များ အခွင့်အရေးချိုးဖောက်ခံနေရမှု အခြေအနေများ၊ လူကုန်ကူးမှု ဆိုင်ရာ ပြဿနာများအား ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society

The Ladies News Journal
အခေါင်းတွေကို သစ်သားဖြင့်ပြုလုပ်ထားပါသည်။ သယ်ယူပို့ ဆောင်ရေးစစ်လေယာဉ်နှစ်စင်းကမှု သထ္ထူုမီးခိုရောင် ။

လူအယောက်လေးဆယ်ကို သယ်လာသည့် အသုဘယာဉ်များကတော့ အနက်ရောငိ

ထိုမြင်ကွင်းက သေးငယ်လှသည့်နယ်သာလန်နိုင်ငံလေး၏ တတိုင်းပြည်လုံးကြေကွဲဝမ်းနည်းရသည့်နေ့  အဖြစ်သတ်မှတ်ကာ အားလုံးတမိနစ်ငြိမ်သက်ခဲ့ရသော ဗုဒ္ဓဟူးနေ့က မြင်ကွင်းတခုဖြစ်ပါသည်။ အနှစ်ငါးဆယ်အတွင်းမှာ ပြေးဆွဲနေသောမီးရထားတွေလည်းရပ်.။

တရားရုံးတွေလည်းရပ်နား၊ ဆွေးနွေးမှုတွေလည်းရပ်ဆိုင်းထားခဲ့ကြသည်။ယခုစစ်စခန်းလေဆိပ်မှာလည်း အားလုံးကငြိမ်သက်နေပြီး အသံဆို၍ အလံတိုင် ၁၇ခုက သထ္ထုကွင်းတွေလေတိုးသည့်အသံဘဲကြားနေရသည်။ တ၀က်တပျက်လွှင့်ထားသော ထိုအလံများက မလေးရှားလေယာဉ်အမှတိ MH 17လေယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးရသူ ခရီးသည်နှင့်လေယာဉ်အမှုထမ်းများကို ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။
ထို့ နောက်နယ်သာလန်ဘုရင်၏ လေတပ်မတော်တပ်ဖွဲ့ ဝင်များကစတင်လှုပ်ရှားသက်ဝင်လာပါသည်။ သူတို့ ကပုံစံတကျ စနစ်တကျ အတန်းနှစ်တန်းတန်းစီပြီး လေယာဉ်တွေအကြားမှာပျောက်ကွယ်သွားသည်။ ပြန်ထွက်လာသောအခါ လေးယောက်တတွဲတပ်ဖွဲ့ ဝင်များက အခေါင်းတခုဆီကို အသင့်စောင့်နေသော အသုဘကား အနက်များဆီသို့  သယ်ယူသွားကြသည်။
ထိုဖြစ်ရပ်က တပတိလောက်အကြာအငြင်းပွား ရှုပ်ထွေးခဲ့ရသောခရီးသည်တင်လေယာဉ်ကို ဒုံးကျည်ဖြင့် ပစ်ချခံရမှုအတွက် ဘယ်သူ့ ကို အပြစ်တင်ရမလဲဆိုသည့် ပြသာနာ၏ အဆုံးသတ်တခုလည်းဖြစ်ပါသည်။ ဒတ်ခ်ျအစိုးရ အာဏာပိုင်များက လေယာဉ်ပျက်ကျခဲ့သည့်အရှေ့ ယူကရိန်းဒေသကို ရောက်ရှိနိုင်ရန် အတော်ကြိုးစားလုံးပန်းခဲ့ရပါသည်။ ပျက်ကျသေဆုံးခဲ့သူများ၏အလောင်းများ ဘယ်တော့ နယ်သာလန်ကို ပြန်ရောက်မည်ဆိုတာလည်းမသေချာခဲ့ ။ပျက်ကျသွားသည့် မလေးရှားလေယာဉ်မှာ နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့ တော်လေဆိပ်က ပျံတက်ခဲ့ တာဖြစ်ပြီး သေဆုံးသူထဲမှာနယ်သာလန်နိုင်ငံသား ဒတ်ခ်ျလူမျိုး ခရီးသည် ၁၉၃ဦးပါဝင်သည်။
ယခုရောက်ရှိလာသည့်အလောင်းများက ပထမဆုံးအသုတ်ဖြစ်၏ အလောင်း၄၀ဖြစ်ပြီး စစ်လေယာဉ်နှစ်စီးဖြင့်သယ်လာခြင်းဖြစ်သည်။ထိုအလောင်းတွေကို ဒတ်ခ်ျအာဏာပိုင်များကစမ်းသပိစစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရတွေ၏ပြောကြားချက်အရ ရုပ်အလောင်းနှစ်ရာကျော်ခန့် ကို လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်ပေးသည့် Black box ခေါ်မှတ်တမ်းသေတ္တာနှင့်အတူသူပုန်တွေဆီကပြန်ရခဲ့သည်ဟုဆိုသည်။
အလောင်းတွေကိုအအေးခန်းပါသည့်ရထားနှင့်တင်ပြီး အခင်းဖြစ်ပွားသည့်နေရာမှာယူကရိန်းအစိုးရ ထိန်းချုပ်ရာခါကိဗ်မြို့ ကို သယ်ဆောင်လာခြင်းဖြစ်၏ ခါကိဗ်မြို့ တွင် ခရီးသည်များ၏အလောင်းကိုယူကရိန်းစစ်တပ်က အစောင့်အရှောက်ဖြင့် စောင့်ကြပ်ပေးပြီး နိုင်ငံတကာ ကျွမ်းကျင်သူများပါသည့်အဖွဲ့ အစည်းများကလည်း ကူညီပေးခဲ့သည် ထို့ နောက်စစ်လေယာဉ်ဖြင့်အလောင်းများကို နယ်သာလန်သို့ သယ်ဆောင်ခဲ့သည်။

ယူကရိန်းဒုဝန်ကြီးချုပ် ဗောလိုဒိုင်မာ ဂရိုင်မန်က ၀မ်းနည်းကြေကွဲမှုတင်သာမက ဒေါ်သကိုပါဖော်ပြခဲ့သည်။ ယူကရိန်းအစိုးရအနေဖြင့်ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့သူများကို ဥပဒေနှငိ့အညီ စီရင်မညိဟုပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရဲ့ကြေကွဲမှုတွေ ကြားထဲမှာဘဲ ခိုင်ခိုင်မာမာပြောချင်တာက အဲဒိလူတွေကို အကြမ်းဖက်မှုဥပဒေနဲ့ အညီ အပြစ်ပေးမယ်ဆိုတာဘဲ” သူကပြောကြားခဲ့သည်၊

နယ်သာလန်နိုင်ငံ၏ အင်ဒိုဗန်လေတပ်စခန်းမှာ ဒတ်ခ်ျဘုရင်နှင့်မိဘုရားကလည်း အခမ်အနားကို ကိုယ်တိုင်တက်ရောက်စောင့်ကြည့်နေသည်။သူတို တွေနှင့်အတူ သေဆုံးသူများမိသားစုဝင် တရာကျော်လည်းပါသည်။အခမ်းအနားကိုရုပ်သံဖြင့် တနိုင်ငံလုံးသို့ တိုက်ရိုက်လွှင့်ထုတိခဲ့ သည်။ စစ်တပ်ဂိတ်တံခါးဝကနေ မိုင်၆၀ အကွာမှာ အဆိုပါအလာင်းတွေကိုထားမည့် စစ်တန်းလျားများရှိသည်။ လမ်းတလျှောက်ထောင်ချီသောပြည်သူများကလည်း သေဆုံးသူများကိုလေးစားသောအားဖြင့် ငြိမ်သက်စွာရပ်ကာအသုဘယာဉ်တန်းများကို ကြည့်နေခဲ့သည်။

“ တကားလောက်မြင်ရတာကိုဘဲ အတော်ကြေကွဲရတာ.အခုတော့ ကားလေးဆယ်တောင်မြင်ရတယ်”
အဆိုပါအသုဘယာဉ်တန်းကို စောင့်ကြည့်နေသည့်အသက် ၃၈နှစ်အရွယ် ဆာဘရီနာဆိုသူအမျိုးသမီးကေ ပြာပါသည်။
“ရှင်သိလား အဲဒိထဲမှာလေ ကလေးတွေလည်းပါတယ်”

နယ်သာလန်က ယခုအခါတွင်ရုရှကို ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေပါသည်။ အဂါင်္နေ့ က နယ်သာလန်အပါအ၀င်အီးယူဥရောပကော်မရှင်က ရုရှကို ပိတ်ဆို့ အရေးယူမှုတချို့ ပြုလုပ်ခဲ့သည်။

ခရီးသည်တင်ရုပ်အလောင်းတွေဆိုက်ရောက်ရာ စစ်လေတပ်စခန်း၏အပြင်ဘက်မှာတော့ လူတွေက နွေရာသီ၏အပူဒဏ်အောက်မှာ အလောင်းတွေကို သယ်လာသော အသုဘယာဉ်တွေကို စောင့်ကြည့်နေကြ၏လူဦးရေ ၁၇ သန်းသာရှိသော နိုင်ငံငယ်လေးမှာ ဘယ်လိုကြေကွဲဝမ်းနည်းရသည်ဆိုတာကို လူအတော်များများကပြောကြသည်။ တယောက်မဟုတ်တယောက်က ခရီးသည်တွေ သို့မဟုတ် ခရီးသည်များနှင့်ပတ်သက်သူဆွေမျိုးများကို သိနေသူတွေဖြစ်သည်။

ခင်ပွန်းသည်နှင့်အတူရပ်ကြည့်နေရင်း လင်ဒန်ဆိုသူအမျိုးသမီးက သူ့ အနေဖြင့်နိုင်ငံရေးပြသာနာများ ပိတ်ဆို့ အရေးယူမှုများကို သေချာမသိပါဟုဆိုသည်။ သို့ သော်အသက်များစွာဆုံးရှုံးရသည်အတွက် သူဝမ်းနည်းခံစားရသည်။ထို့ ကြောင့် သည်နေရာကို ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။
“သိပ်စိတ်မကောင်းဖြစ်ရတာပေါ့။ ဟုတ်တယ်မဟုတ်လားရှင်”

ဝါရှင်တန်ပို့ စ်သတင်းစာပါ Dutch Mourn as remain of Flight 17 victims come home ဆောင်းပါးကို ဘာသာပြန်ဆိုသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.