08/02/14

မြန်မာပြည်မှာ ဝန်ကြီးတွေက အတော် "ပေါ" တယ်။ ..

ဒီနေရာမှာ "ပေါ" တယ်ဆိုတာ အဓိပ္ပါယ် ၂ မျိုးစလုံးနဲ့ ပေါတာကို ပြည့်ပြည့်ဝဝ ရည်ညွန်းလို့ ရတယ်။

ဝန်ကြီးတွေ (အများစု)ရဲ့ စဉ်းစားတွေးခေါ် ပြောဆို လုပ်ကိုင်ပုံတွေဟာ အရည်အချင်း မပြည့်ဝတဲ့ "ပေါတောတော" တွေ ဖြစ်ပြီး ... ဝန်ကြီးအရည်အတွက်ကို ကြည့်ရင်လည်း လိုတာထက် ပိုပြီး "ပေါများ" နေတယ်။

ဒီတော့ဗျာ ...ဘယ်ဝန်ကြီးဌာနတွေ တိုင်းပြည်မှာ မလိုအပ်ဘူးလည်း ဆိုတာ ပြန်ကြည့်ရင် ရှေ့ဆုံးစာရင်းမှာ ပြန်ကြားရေး ဝန်ကြီးဌာနကို တွေ့ရလိမ့်ယ်။

..ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ ... တိုင်းပြည်မှာ မလိုအပ်ဘူး။ သူမရှိလို့ ပြည်သူတွေ ဘာမှ မထိခိုက်ဘူး။ သူ့တာဝန်က အစိုးရအဖွဲ့နဲ့ ပြည်သူကြားကို သတင်းအချက်အလက်နဲ့ ပေါင်းကူးဆက်ဆံပေးတာ မဟုတ်လား။

ဒီ ပြန်ကြားရေး တာဝန်ဖြစ်တဲ့ အစိုးရ အဖွဲ့တွေနဲ့ ပြည်သူတွေကြားက ဆက်ဆံရေးကို လုပ်ဆောင်နိုင်ဖို့ အတွက်ဆို.... သက်ဆိုင်ရာ ဝန်ကြီးဌာန အတွက်ဆို ... သူ့ဌာန ပြောရေးဆိုခွင့်ရှိသူ အဖြစ် .. ညွှန်မှုးလောက်ကို တာဝန်ပေးထားလိုက် ... သမ္မတအတွက်ဆို သမ္မတရုံးမှာ တာဝန်ရှိသူ တစ်ယောက်ကို သက်သက်ထားလိုက်။

ဝန်ကြီးဌာနကြီး တစ်ခုလုံး သီးခြား ထားနေစရာ မလိုဘူး။ အဲဒီ ပြန်ကြားရေး ဝန်ကြီးဌာနလို မလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို တိုင်းပြည်မှာ ပယ်ဖျက်လိုက်ရင် ... ပြည်သူ့ဘဏ္ဍာငွေတွေ ကျပ်ငွေပေါင်း ဘီလျှံချီပြီး နှစ်စဉ် သက်သာလာမယ်။ အဲဒီက ငွေတွေကို ပညာရေးလို၊ ကျန်းမာရေးလို နေရာတွေမှာ သုံးလိုက်ရင် ဘယ်လောက် အသုံးဝင်လိုက်မလဲ။

ဒါကြောင့် မြန်မာပြည်မှာ မလိုအပ်ဘဲ ဖေါင်းပွနေတဲ့ "ပြန်ကြားရေး ဝန်ကြီးဌာန" အပါအဝင် အခြားသော ဝန်ကြီးဌာနတွေကို သေချာ စီစစ်ပြီး ... ဖျက်သိမ်းဖို့အတွက် လိုအပ်နေပြီ ဆိုတာ ....

.ပြန်ကြားရေး ဝန်ကြီး ရာထူး အပြောင်းအလဲ ဖြစ်စဉ်ကနေ ဆင့်ပွားတွေးမိတာပါ .. ။

(ကိုထိုက်) —

မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊

(1) EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
-------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ်ရောပိုးဖြစ်သည် ။

အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက်ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင်ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။

၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည်။.

အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာအလွန်ကံကောင်းသည်ဟုဆိုရမည်။ ၄င်းသည်တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။

သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအားထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သော
အရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။

ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီးဆက်တိုက်ပျံ့ပွားသွားမည်ဖြစ်သည်ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း
သေဆုံးမည်ဖြစ်သည် ။

(2) ရောဂါလက္ခဏာတွေကဘယ်လိုလဲ
--------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်းမလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်းခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး
ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည်။

ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်း
စသည့် ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး
စေမည်ဖြစ်သည်။

ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊အိပ်ယာတို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင်TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့်
အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။

ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါကမည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်
ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။

(3) ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့်ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်
နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်
အမြန် ကူးဆက်လျှက် ရှိသည်။

အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ(၁၂၀၀) ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။
၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံး
မှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည်။

ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည်အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည်။

အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို
ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။

ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည်အဆိုပါအီဗိုလာ ရောဂါ အား စောင့်ကြည့်ဖြေရှင်း ရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။

(4)မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုရှီနေပြီလား
-------------------------------------------------------
ကျွန်တော်တို့မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုမတွေ့ရသေးပါဟုပြောရပေမည်။သို့သော်မြန်မာနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့်လေကြောင်းအရဆက်သွယ်မှုတွေရှိသဖြင့် ဖြေရှင်းကိုင်တွယ်နိုင်ရန်အတွက် ထိုရောဂါနှင့်ပတ်
သည့်သည့်ကာကွယ်ရန်အသုံးအဆောင်များ၊ခေတ်မှီကရိယာများယခုအချိန်ကကတည်းကကျန်းမာရေးဝန်ကြီးဌာနအနေနှင့်ပြင်ဆင်
ထားရန်လိုအပ်နေပြီဖြစ်သည်။

လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ်The International Civil Aviation Organization (ICAO) နှင့်လည်းဆွေးနွေးဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။

(5) ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ

--------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည်။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာနေသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။

Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသောထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ
သေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန်လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ
ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည်

ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည်။

Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီးအစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။

Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY,လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲ
ပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။

အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်
ကဲမှုများပြုလုပ်နေရပြီဖြစ်သည်။

လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသောရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား
ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့်နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်းနိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်
ထုတ်ပြန်ခဲ့ရပြီဖြစ်သည်။

အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်းနှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာ
နက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီ ရယူကာမြန်မာနိုင်ငံသားများ သိရှိရန် ဘာသာပြန် တင်ဆက်ပေးခြင်းဖြစ်သည် ။

ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာသူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန်မြန်မာနိုင်ငံသားများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်၊၊
......................................
credit to - သား ငယ်


အယ်ဘိုလာ ဗိုင်းရပ်စ်စတင်ကူးစက်ခံစားရရင်စတင်ဖြစ်ပေါ်ခံစားရပြီးနောက်ဆုံးသေဆုံးတော့မဲ့ videoသရုပ်ပြ(ရုပ်.သံ)

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက အနောက် အာဖရိကတွင် အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၇၂၉) ဦးရှိနေပြီ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သတင်းပတ် ကြာသပတေးနေ့မှ စနေနေ့ အတွင်းတွင် ဂီနီယာ၊ နိုင်ဂျီးရီးယား၊ လိုင်ဘေးရီးယား နှင့် ဆီယာရာလီယွန်တို့ တွင် အယ်ဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ (၅၇) ဦးရှိခဲ့ကြောင်း ကဗ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အထက်ပါ (၄) ရက် အတွင်းတွင် ရောဂါထပ်မံ ဖြစ်ပွားမှုပေါင်း (၁၂၂) ခု ဖြစ်ပွားခဲ့ပြီး၊ ရောဂါ ကူးစက်ခံရသူ (၁၃၂၃) ဦးအထိ ရောက်ရှိ စေခဲ့သည်။

အယ်ဘိုလာ ဖြစ်ပွားခဲ့သည့် နိုင်ငံများ အနက် ဂီနီယာ နိုင်ငံသည် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် သတင်းပတ် နောက်ဆုံး (၄) ရက် အတွင်းတွင် ဂီနီယာ နိုင်ငံတွင် အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀ဦးကျော် ရှိခဲ့ရာ ယင်းကြောင့် ဂီနီယာနိုင်ငံတွင် အယ်ဘိုလာ ဗိုင်းရပ်ကြောင့် သေဆုံးသူ (၃၃၉) ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

အာဖရိကတိုက်၏ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံတွင်လည်း အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ပြီးခဲ့သည့် သတင်းပတ်တွင် ပထမဆုံး အကြိမ်စတင် ဖြစ်ပွားခဲ့သည်။
Messenger journal

(၁)

သူကတော့..
တစ်ဦးတည်းသော မြေးတစ်ယောက်ဖြစ်ပါတယ်..

ပြီးခဲ့တဲ့နှစ်နှစ်ရက်ကျော်လောက်က
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်
၈၇ နှစ်မြောက် အခမ်းအနားကို ကျင်းပခဲ့တဲ့အချိန်မှာ..

ထူးခြားတာက..အဲဒီအခန်းအနားမှာ..

အခုထက်ထိ နိုင်ငံတကာခရီးစဉ်တွေမှာ..
VIP နိုင်ငံကူးလက်မှတ်နဲ့ စီးနေဆဲဖြစ်သူ...
ဘဘဗိုလ်ချုပ်များဒူးညွှတ်မတတ် အဖါးခံခဲ့ရသူ.

စည်းစိမ်ချမ်းသာ ၊ ငွေကြေး ကြွယ်ဝသူ..

အခြံအရံ ၊ မိန်းမ..အားလုံး..ပြည့်စုံသူ...၊

မြေးတော်လေးတစ်ပါး....
တက်ရောက်ခဲ့ပါတယ်.၊

အနေအထားကတော့..
သာမန်လို့ထင်စရာပါ...

ဒါပေမဲ့ သေချာတွေးကြည့်ရင်တော့..
ရင်နာစရာပါ...

ဘာလို့လဲဆိုတော့..
ကျွန်တော်တို့နိုင်ငံကသယံဇာတတွေကို..
သူခိုးဈေးနဲ့ရသမျှယူပြီး..

စီးပွားရေး လက်နက်တွေကိုနည်းပေါင်းစုံအသုံးပြုလို့..
မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကိုထိပါးထားတဲ့..
တရုတ်နိုင်ငံရဲ့တပ်မတော်နေ့ကို ..
တရုတ်ကို အဖေအရင်းတစ်ယောက်လို အားကိုးခဲ့တဲ့
အဖိုးဖြစ်သူ ရဲ့အလိုကျ..
မြေးဖြစ်သူကိုယ်တိုင်တက်ရောက်တာဟာ..

သာမန် မော်ဒယ်မလေးတစ်ယောက်ရဲ့
မွေးနေ့ပွဲတက်ရောက်တာမျိုးထက်ပိုပြီး..
အဓိပ္ပါယ်တွေရှိနေလို့ပါပဲ..၊

တစ်ချိန်တုန်းက..
သေူ့မြေးကို အသေအလဲပွဲထုတ်ချင်တဲ့..
သူ့အဖိုးကိုယ်စား လာတက်တာလား.ဆိုတာကို
သူပဲသိမှာပါ..

သေချာတာကတော့...
တရုတ်နိုင်ငံတပ်မတော်နေ့အခန်းအနားကို
သွားရောက်ခဲ့တဲ့ အာဏာရှင်ရဲ့မြေးတော်လေးဟာဆိုရင်..

တမျိုးသားလုံးပူဆွေးခဲ့ကြတဲ့..
အာဇာနည်နေ့မှာ...
အာဇာနည်ဗိမာန်မှာ
သွားရောက်အလေးမပြုတာတော့..
သေချာပါတယ်...။

ဘာတွေကွာနေသလဲဆိုတာတော့
သူပဲသိမှာဖြစ်ပါတယ်..။

သူဟာ..အာဏာရှင် လက်မရွံ့...
ဦသန်းရွှေရဲ့မြေးတွေဖြစ်ပါတယ်..

---------------------------------------

(၂)

နောက် မြေးတစ်ဖွဲ့ကျတော့...

နိုင်ငံတော်အာဏာကိုသိမ်းယူဖို့အထိ
ကြံစည်ခဲ့တဲ့အပြင်..

စစ်တိုင်းမှုး (၃) ယောက်ကိုစည်းရုံးပြီး..
တပ်မတော်ကို နှစ်ပိုင်းဖြိုခွဲကာ အိမ်ကြက်ချင်း
အိုးမဲသုတ်ပြီးခွတ် ခိုင်းမဲ့အနေအထားအထိ
အထိကြံစည်ခဲ့သူတွေပါ..၊

ဗေဒင်ယတြာအဆောင်အယောင်အပြင်၊
ဘိုးတော် တွေကိုပါ မွေးမြူစီရင်ပြီး..
သူတို့အာဏာရရင် အသုံးပြုမဲ့ Logo ကအစ
ဖန်တီးရေးဆွဲထားခဲ့ကြတဲ့အထိ...
အာဏာကြောင် ရောဂါဆန်းကို..ခံစားခဲ့ကြသူတွေပါ..

စီးပွားရေး အရူးဘ၀ကနေ...
အာဏာရူးဘ၀ကိုရောက်တဲ့အချိန်မှာ..
သူတို့အားကိုးတဲ့ မောင်ခင်ညွန့်ဆိုတဲ့လူယုံကပဲ
သူတို့ကို ပြန်သတ်တဲ့ဘ၀ကိုခံခဲ့ရပါတယ်..

ထောင်ဒဏ်တစ်သက်တစ်ကျွန်းဒဏ်နဲ့
သေဒဏ်တွေပါကျခံခဲ့ပြီး..
ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အောက်မှာ
ဆူဖြိုးစွာနဲ့ ပြန်လွတ်လာခဲ့သူတွေပါ..

နောင်လာနောက်သားတွေသိစေချင်တာက..
တကယ်လို့သာ...
သူတို့ရဲ့အာဏာသိမ်းမှုအကြံအစည်သာ
အကောင်အထည်ပေါ်လာခဲ့ရင်တော့..

စစ်တပ်အချင်းချင်းပြန်တိုက်တဲ့..
ပြည်တွင်းစစ်ဆိုးဒဏ်ကို ပြည်သူတွေ...
သေလုမျောပါး ခံစားရမယ်ဆိုတာ မငြင်းနိုင်ပါဘူး..
( အမှန်တကယ်...တပ်မတော်ကို.ဖြိုခွဲသူ ..
ဘယ်သူလဲဆိုတာ ဖွတ်လ်ာဘီ..နလပိန်းတုံးတွေသိပါလေစ..)

သူတို့ရဲ့...ဂိုဏ်းစတားရူးနေတဲ့အနေအထားတွေလဲ....
အခုထက်ထိမပျောက်သေးဘူးဆိုတာ..
သူတို့ရဲ့ ထောင့်မကျိုးတဲ့ ...
အနေအထားတွေကိုကြည့်တာနဲ့သိမှာပါ..
သူ့အဖိုးသတ်မှတ်ခဲ့တဲ့ ကြယ်(၁၄)ပွင့်အလံဟောင်းကို
ရင်ဘတ်မှာအခုထက်ထိချိတ်ဆက်နေတုန်းပါ..

အခုလဲ...
မြန်မာပြည်မှာ...၁၅၀၀ တန်
ှSim ဖုန်းကဒ်တွေရောင်းနေတာမြင်တော့
သတိရမိပါတယ်..

တစ်ချိန်က...
ဦးနေ၀င်းမြေးတွေရဲ့..
Sky Link ကုမ္ပဏီဟာ...
မိုဘိုင်းဖုန်းတစ်လုံးကို..
သိန်း(၄၀) အထိ မြင့်တက်စေခဲ့တဲ့
မိုးဘိုင်း လက်ဝါးကြီးအုပ်မှုရဲ့
အဓိက တရားခံတွေ..ဆိုတာပါပဲ.၊

သူတို့ဟာ...
အာဏာရှင် ဟောင်း ဦးနေ၀င်းရဲ့
မြေးတွေဖြစ်ပါတယ်...။

-----------------------------------

(၃)

နောက်ဆုံး မြေးနှစ်ယောက်ကတော့..
ထူးဆန်းပါတယ်...

သူတို့ဟာ..
သူတို့အဖိုးကို...လုံးဝမမြင်တွေ့ခဲ့ရပါဘူး..

သူတို့မိခင်ကလေးဘ၀ကတည်းက..
သူတို့အဖိုးဟာ...လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့်..
ကျဆုံးခဲ့ရပါတယ်...

သူတို့ကို...စသတိထားမိတာကတော့..
၁၉၉၀ ခုနှစ်နောက်ပိုင်း .....
နော်ဝေနိုင်ငံ အော်စလိုမှာ ဖြစ်ပါတယ်..

သူတို့ရဲ့..မိခင်ဖြစ်သူကို..
မြန်မာပြည်ကထွက်ခွင့်မပေးပဲ..
အာဏာရှင်က နှိပ်ကွပ်နေချိန်မှာ..

မိခင်ရဲ့ကိုယ်စား.. ငြိမ်းချမ်းရေး နိုဘယ်လ်
ဆုကို... ဖခင် နဲ့အတူ....
ဝမ်းနည်းဆွေးမြေ့တဲ့မျက်နှာတွေနဲ့..
သွားရောက် ရယူခဲ့တဲ့...
အလိုလောဘ မာနကင်းတဲ့..
မျက်နှာပိုင်ရှင်လေးတွေဖြစ်ပါတယ်...

အဲဒီနောက်ပိုင်း...
သူတို့မိခင်နဲ့ တွေ့ဖို့မြန်မာပြည်ကို
တစ်ခါတစ်လေပြန်လာတဲ့အချိန်..
မိခင်က သင်္ကံန်းစီးပေးခဲ့ပါတယ်..

အဖိုးဖြစ်သူ ရယူပေးလို့..လွတ်လပ်ခဲ့တဲ့.
.မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို..
စောင့်ရှောက်ဖို့တာဝန်ရှိတယ်..ဆိုတဲ့..
မိခင်ရဲ့ ခိုင်မာတဲ့စိတ်ထားကို....
သူတို့လေးတွေ...သဘောပေါက်ကြပါတယ်..၊

ဗုဒ္ဓဘာသာကိုးကွယ်ပြီး...ပါဠိဘာသာကိုကျွမ်းကျင်ကာ..
ဗုဒ္ဓဘာသာ ကိုးကွယ်မှုဆိုင်ရာကျမ်းအချို့ပြုစုခဲ့တဲ့..
သူတို့ရဲ့ဖခင်ကြီး ကွယ်လွန်သွားတဲ့အချိန်မှာ..

သူတို့ရဲ့ မိခင်ဖြစ်သူက သူတို့ဆီလာဖို့ကြိုးစားပေမဲ့..
အာဏာရှင်အစိုးရက...."ထွက်သွားရင်
ပြန်ဝင်မလာနဲ့ "လို့ သူတို့မခင်ကိုပြော တဲ့အတွက်
သူတို့ မိခင်ဟာ....သူတို့ဆီ လာလို့မရတော့ပါဘူး...

အဲဒီနောက်ပိုင်း...အာဏာရှင်ဟာ..
သူတို့မိခင်ကို ဆယ်စုနှစ်ကျော် အကျယ်ချုပ်နဲ့ထားပြီး..၊
သူတို့ ညီအစ်ကိုနှစ်ယောက်ကိုလဲ..
နိုင်ငံသားအဖြစ်က စွန့်လွှတ်ခဲ့ပါတယ်...

သူတို့ဟာ....

မြန်မာပြည်သူတွေအတွက်
အနစ်နာခံပေးဆပ်နတဲ့...
သူတို့မိခင်ကို နားလည်စွာ...

သူတို့မိခင် သိပ်ချစ်တဲ့..
မြန်မာပြည်သူတွေကိုနားလည်စွာ..

သူတို့ရဲ့ အဖိုး ထူထောင်ခဲ့တဲ့.
.မြန်မာပြည်ကြီး ကို နားလည်စွာနဲ့...၊

မြန်မာပြည်သူပြည်သားတွေဆီက..
ဘာအခွင့်အရေးမှ မယူတဲ့အပြင်..၊

သူတို့ရဲ့မိခင်ကြီးရဲ့နွေးထွေးမှုနဲ့
ကင်းကွာနေတဲ့....အဝေးဒေသမှာပဲ ...

သူတို့ဘ၀ကို..
တစ်ယောက်တစ်နေရာစီ..
ကြံ့ကြံ့ခံ...တည်ဆောက်နေကြရှာပါတယ်..၊

သူတို့ဟာ....

လွပ်လပ်ရေးရဲ့ဖခင် ဗိုလ်ချုပ်ရဲ့မြေး..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့...
သား နှစ်ယောက်ပဲဖြစ်ပါတယ်...

----------------

ကဲ..

ကျွန်တော်မေးပါပြီ..

ပြည်သူတွေ အနေနဲ့..

ဘယ်လိုမြေးမျိုးကို...ချစ်မလဲဗျာ...။

( ပုရစ်)

( Photo - Original uploader)

ကုလသမဂ္ဂ ဖွံ့ ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုကို ၂၀၁၄ ခုနှစ် အတွက် မြန်မာနိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့  ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ နဲ့  တစ်ဦးချင်းအဖြစ် နိုင်ငံရေးအကျဉ်း သူဟောင်း မဝေဝေနုနဲ့  တိုင်းရင်းသားအရေးလှုပ်ရှားသူ မိခင်ခင်ကြူတို့ ရရှိပါတယ်။

ဒီဆုဟာ အာရှတိုက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့  အမျိုးသမီးရေးရာတွေမှာ တက်တက်ကြွကြွ ဆောင် ရွက်နေသူတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ အခုလိုဆုရရှိတာနဲ့ ပတ်သက်လို့  ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့  က ဒေါ်နော်အုန်းလှက RFA ကို အခုလိုပြောပါတယ်။

"ကျမက ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်ပါ၊ ကျမတို့အဖွဲ့အစည်းကို ပေးတာလို့ပြောတယ် ပြီးတော့ ဝေဝေနု တို့ပါတယ်"

ဒီဆုကို ၂၀၁၁ ခုနှစ်ကစလို့ နှစ်စဉ်ချီးမြှင့်နေပြီး၊ သြစတေးလျ နိုင်ငံတကာဖွံ့ ဖြိုးမှုအေဂျင်စီ AusAID က ပံ့ပိုးကူညီနေပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ဆုတွေမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတို့က အမျိုးသမီး ၁ ဦးစီ၊ အာဖဂန်နစ္စတန်နဲ့  ပါကစ္စတန်က အမျိုးသား ၁ ဦးစီရရှိကြောင်း ကြေညာထားပါတယ်။

အခုသြဂုတ်လနဲ့ စက်တင်ဘာလမှာ ဆုရသူတွေကို မှတ်တမ်းရုပ်ရှင်တိုတွေ ရိုက်ကူးထုတ်လုပ်မှာဖြစ် ပြီး အောက်တိုဘာလမှာတော့ ဆုချီးမြှင့်ပွဲကျင်းမယ်လို့  ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။
RFA

ကုလသမဂ္ဂ ဖွံ့ ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုရှင် မဝေဝေနု
Wai Wai Nu
Myanmar
From political prisoner to peace and anti-discrimination activist

Wai Wai Nu is a former political prisoner. At the age of 18 she was arrested and sentenced to 17 years in prison, together with her mother, sister and brother, for supporting and promoting the idea of a democratic Myanmar. Her father was sentenced to a much longer term. In 2012, after seven years in prison, she was released under a presidential amnesty for political prisoners. Since being freed she has dedicated herself to promoting human rights and democracy in Myanmar.

A Rohingya from Arakhan (Rakhine) State, Wai Wai Nu was deeply moved by the the escalation of violence that she encountered upon her release from prison. Therefore, Wai Wai decided to form the Women’s Peace Network, Arakhan as a platform to build peace and mutual understanding between Myanmar’s different ethnicities, and advocate for the rights of marginalized women in Arakhan. Through the Women’s Peace Network Wai has campaigned in Myanmar and around the world for women’s rights, an end to impunity, and an end to the persecution and marginalization of her people, the Rohingya. She has conducted women’s empowerment trainings, offered legal education seminars, and organized human rights and peacebuilding activities. Wai Wai recently completed her law degree and founded Justice for Women, which operates as a network of women lawyers providing legal aid for the women of Myanmar.

ကုလသမဂ္ဂ ဖွံ့ ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ဆိုတဲ့ ငြိမ်းချမ်းရေးဆုရှင် မိခင်ခင်ကြူ

Mi Khin Khin Kyu
Myanmar
Building a voice for Mon women

Mi Khin Khin Kyu (or Mi Kun Chan Non, as she is often called) is an ethnic Mon who for over a decade has been leading by example in a relentless struggle for women’s advancement in Myanmar society. Her engagement and commitment to women’s empowerment cannot be understated. Mi Kun holds several key positions of influential importance. She is the Vice Chair and Director of the Mon Women’s Organization, an advisor to the Mon National Education Committee, Chairperson of Mon University Student Welfare Association, and an Advisor to the Mon Community Based Organizations Network.

The Mon people were one of the first to settle in Myanmar, but today are part of an ethnic minority group that continue to be under-represented in most state institutions. Recognizing the marginalization of the Mon people in Myanmar and the double burden and exclusion of Mon women, Mi Kun works across all levels to highlight and ensure the importance of involving women in decision-making processes. She has coordinated and facilitated leadership training programmes, seminars and grassroots workshops for marginalized women in impoverished communities. By providing women with the skills and confidence to lead, Mi Kun believes that women will begin to challenge traditions and customs that exclude them, and demand opportunities to fully participate in their communities. There is good reason for Mi Kun’s words to hold true as she is one of the few women in the world who have been involved in a peace settlement process. Mi Kun served as an observer for the ceasefire talks between the Myanmar Government and the New Mon State Party in April 2012.

Mi Kun’s wide-ranging experience and her knowledge of equality issues and empowerment mechanisms are an inspiration to many during Myanmar’s ongoing peace efforts.

လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ PR စနစ်ကို ကျင့်သုံးရင် လွှတ်တော် ထဲကို ရွေးကောက်ခံစရာ မလိုဘဲ ရောက်လာမယ့် ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းထားသူတွေပဲ အစိုးရဖြစ်နိုင်ပြီး သြဇာအာဏာ ဆက်လက် ကြီးထွားနေဦးမှာ ဖြစ်ပါတယ်….။

၂၀၁၅ မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅% ဆက်လက်ပါဝင်ပြီး ကျန် ၇၅% ကို PR စနစ်နဲ့ ရွေးကောက် တင်မြှောက်ခဲ့တယ်ဆိုရင်…….

(၁) တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရှိဘဲ အစိုးရဖွဲ့..၊ ဥပဒေပြု ဖို့ အလွန် ခက်ခဲသွားမယ်….။

(၂) အမတ်တစ်နေရာ..၊ ၂ နေရာ ရတဲ့ ပါတီငယ်တွေရဲ့ ဘက်ပြောင်းမှု..၊ သာကူးမှုက ဘယ်သူအုပ်ချုပ်မလဲ ဆိုတာအတွက် အဆုံးအဖြတ် ဖြစ်သွားမယ်….။

(၃) လူများစုရဲ့ ဆန္ဒနဲ့ မဲအများဆုံးရတဲ့ ပါတီဟာ အစိုးရဖွဲ့နိုင်တော့မှာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရတဲ့ ပါတီကသာ အစိုးရဖြစ်လာမယ်…..။

မေ ၂၂ မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပါတီတွေကို မြေနေရာပေးဖို့..၊ ကား ၅ စီး အခွန်ကင်းလွတ်ခွင့် နဲ့ တင်သွင်းခွင့်ပေးဖို့ဆိုတဲ့ အချက်တွေကို သမ္မတရုံးကို စာပို့ခဲ့တယ် ဆိုတဲ့အတွက် အဲဒီ အခွင့်အရေးတွေသာ ပေးခဲ့ပြီဆိုရင် လက်ရှိအာဏာရပါတီ နဲ့ အစိုးရအဖွဲ့ရဲ့ အောက်ဆွဲပါတီတွေ ဘယ်လောက်များများ ပေါ်ထွက်လာဦးမလဲဆိုတာ ခန့်မှန်းကြည့်နိုင်တယ်….။

တပ်မတော်သား ၂၅ % နဲ့ PR စနစ် ပေါင်းစပ် ကျင့်သုံးမယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ် ကြီးလှသလို ပါတီတွေကို ဆိုခဲ့ပါ အခွင့်အရေး ထပ်ဆောင်းပြီးပေးခဲ့မယ် ဆိုရင်.. မြန်မာ့နိုင်ငံရေး အခြေအနေဟာ စစ်ယူနီဖောင်း အုပ်ချုပ်ရေးမှသည် ယူနီဖောင်းချွတ်အစိုးရဘ၀မှ နောက်ထပ် အသွင်ပြောင်း အာဏာရှင်စနစ်ကြီးတစ်ခု ဆက်လက်ကြီးစိုးဖို့သာ ရှိပါကြောင်း မီးမောင်း ထိုးပြလိုက်ရပါတယ်……..။

မြန်မာပို့စ် ဂလိုဘယ် “သမိုင်းထဲက ရွေးကောက်ပွဲများကို PR စနစ်ဖြင့် ချဉ်းကပ်ခြင်း..” ဆောင်းပါးမှ

Ko Nay Myo Fb

PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့်နိုင်ငံ မည်သည့်နေရာတွင်မှ မရှိသေးကြောင်းနှင့် PR စနစ်သည် ဖွဲ့စည်းပုံနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်ရှိလွှတ်တော်၌ သြဂုတ် ၁ ရက်က တွေ့ဆုံစဉ်)
အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့် နိုင်ငံများအနေဖြင့် ယင်းသို့ဖြစ်ပေါ်လာရန် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီး လုပ်ကိုင်ခဲ့သည့်အတွက် PR စနစ်ကြောင့်ဟု ထင်မြင်ဖွယ်ရာ ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ PR တင် မဟုတ်ပါဘူး။ ဘယ်စနစ်ပဲသုံးသုံး စနစ်ကြောင့်တော့ အမျိုးသားရင်ကြားစေ့ရေး မရရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုတွေကပဲ အမျိုးသားရင်ကြားစေ့ရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာ ရရှိမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံရဲ့ တကယ့်အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ဆိုရင် တွေ့ဆုံဖြေရှင်းမှရမယ်။ ဒါမှ သူ့အမြင်ကိုယ့်အမြင်တွေ ထွက်လာမယ်။ ဒါမှ ပူးပေါင်းဖြေရှင်းလို့ ရမှာပေါ့။ ပါတီတွေ အများကြီးရှိတဲ့ အထဲက ဒီပါတီက ခေါင်းဆောင်နဲ့တွေ့တာ မကောင်းပါဘူးဆိုပြီး ပြောကြားတာတွေရှိတယ်။ မတွေ့ချင်လို့ အကြောင်းအမျိုးမျိုးပြနေတယ်လို့ ထင်တယ်။ လေးပွင့်ဆိုင် ဆွေးနွေးဖြစ်တယ်ဆိုရင် တိုင်းပြည်အပေါ် ဘယ်သူက စေတနာရှိတယ်ဆိုတာ သိရမှာပဲ။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင် အဓိကအတိုက်အခံ အဖွဲ့အစည်းဆိုတာကို သူ့ဟာနဲ့သူ လက်ခံတယ်။ လက်ခံတာဟာ ဘာလို့လည်းဆိုတော့ ပြည်သူလူထုမျက်နှာကြောင့် ပြည်သူက ဒုတိယအများဆုံး ထောက်ခံထားတဲ့ အဖွဲ့ဆိုပြီး သတ်မှတ်ထားလို့လည်းပဲ” ဟု ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများတွင် အတိုက်အခံ ပါတီခေါင်းဆောင်ကို အလေးထားတွေ့ဆုံမှုများရှိကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသူတိုင်း ဝေဖန်ပြောဆိုကြမည် မဟုတ်ကြောင်း၊ နိုင်ငံ၏ အခက်အခဲများကို တွေ့ဆုံဖြေရှင်းသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်ချင်တဲ့ အခါတွေမှာတော့ ပညာရှင်တွေနဲ့ တိုင်းပြည်အကျိုးကို လိုလားတဲ့သူတွေ စသည်ဖြင့် သေသေချာချာဆွဲခဲ့တဲ့ ဥပဒေပါဆိုပြီးတော့ ခုခံကာကွယ်ကြတယ်။ အဲဒီတုန်းက ရေးဆွဲခဲ့တာထဲမှာ PR စနစ်မပါဘူး။ အခုကျမှ ကောက်ကာငင်ကာ ဘာလို့ပြောင်းချင်တာလည်းဆိုပြီး ဦးဝင်းမြင့်က ဆွေးနွေးခဲ့တယ်။ တပ်မတော်သား တစ်ဦးကလည်း ၂ဝ၁၂ ဇူလိုင်ကျမှ PR စနစ်အကြောင်း ပေါ်လာတယ်လို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ထွက်ပေါ်လာတယ် ဆိုတာကတော့ အမှန်ပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံမှာကတည်းက ဒီမိုကရေစီမရှိခဲ့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ခဲ့စဉ်က PR စနစ်အကြောင်း ပြောကြားမှုများ မရှိခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီ နိုင်ပြီးနောက်တွင်မှ PR ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် PR စနစ်နှင့်ပတ်သက်ပြီး တပ်မတော်သားတစ်ဦး ဆွေးနွေးစဉ်က PR ကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံကို ပြောင်းရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “PR စနစ် ကျင့်သုံးဖို့အတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်။ ပြီးရင် ပြည်သူ့ဆန္ဒခံယူရမယ်။ နောက်ဆုံးကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်နိုင်တယ်ဆိုတာလည်း ဖြစ်သွားနိုင်တာပေါ့။ အခုဖွဲ့လိုက်တဲ့ ကော်မရှင်က ဆွေးနွေးပြီး သုံးသပ်ချက်တွေကို လွှတ်တော်တင်မှာပေါ့။ လွှတ်တော်က ဆုံးဖြတ်မှာပေါ့။ ဒါမှမဟုတ်ရင်လည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု ရှိမရှိပေါ့။ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာကတော့ ငြင်းစရာမရှိဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြုပြင်မလဲ၊ ပြောင်းလဲရမလဲဆိုတာကို နောက်ဆုံးပိတ် ဆုံးဖြတ်ရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးပေါ့” ဟု ပြောကြားသည်။

Eleven Media Group

(သြဂုတ် ၁ ရက်က ကိုထင်ကျော်အားရုံးထုတ်စဉ် တရားရုံး၌လဲလျောင်း၍ သပိတ်မှောက် ဆန္ဒပြသောကြောင့် တာဝန်ရှိသူများ ခေါ်ဆောင်လာစဉ်)

၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို သြဂုတ် ၁ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် နံနက်ပိုင်းခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၁)ရပ်ကွက်တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ၎င်းအား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းမှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် အင်းစိန်ထောင်မှ ကိုထင်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး ဒဂုံမြို့သစ် တောင်ပိုင်းတရားရုံးတွင် ရုံးထုတ်ရာတွင် ကိုထင်ကျော်သည် တရားရုံးကို လဲလျောင်းသပိတ်မှောက်ကာ ဆန္ဒပြခဲ့သည်။ အဆိုပါသပိတ်မှောက် ဆန္ဒပြရာတွင် ကိုထင်ကျော်အား ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားခဲ့ရကြောင်းလည်း သိရသည်။

“ကိုထင်ကျော်ကိုခေါ်လာတဲ့ကားက တရားရုံးအတွင်းထိ မောင်းလာတယ်။ ကိုထင်ကျော်ထွက်လာတော့ သူကလဲလျောင်းပြီး တရားရုံးကို သပိတ်မှောက်ကာ သူပြောချင်တဲ့ ဆန္ဒတွေကို ပြောတယ်။ အဲဒီမှာ ရဲတွေအများကြီးက သူ့ကို ခြေထောက်ကမသူကမ၊ လက်ကမသူကမပြီးတော့ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ်။ အဲဒီလိုမြင်ကွင်းမျိုးနဲ့ ကိုထင်ကျော်ကိုမြင်ရတာ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရတယ်။ ရဲတွေကလည်း တာဝန်အရ ပြဿနာပိုမကြီးအောင် ခုလိုဆောင်ရွက်ရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ အမှန်တကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြေပြေလည်လည် ဖြစ်သင့်ပါတယ်” ဟု အဆိုပါရုံးချိန်းသို့ လာရောက်သူ လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးနေမျိုးဇင်က ဆိုသည်။

ကိုထင်ကျော်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှ ရုံးချိန်းကိုးချိန်းမြောက်ချိန်းဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

(MDCF)အဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးကလည်း “ခုလိုမျိုး သူ့ကို အတင်းဆွဲမ၊ ဆွဲထူတာမျိုး မဖြစ်သင့်ပါဘူး။ အဲ့ဒါကြောင့် ရဲတွေကို အဲ့လိုမလုပ်ပါနဲ့လို့ ကျွန်တော်တို့က အော်ပြောရင်း နည်းနည်းလေး ရုန်းရင်းဆန်ခတ်ဖြစ်ရတာပါ။ ပြီးတော့ ချက်ချင်းပြန်ပြီးတော့ အခြေအနေကောင်းသွားပါတယ်” ဟုဆိုသည်။

ကိုထင်ကျော်အား ဇူလိုင် ၂၁ ရက်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ် တရားရုံးတို့မှ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ပြီးဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

ပြီးခဲ့တဲ့အပတ်ကဒဂုံတက္ကသိုလ်နဲ့ရတနာပုံတက္ကသိုလ်ကကျောင်းသားတွေလွှတ်တော်လေ့လာရေးသွားရောက်ရာမှာအမေစုနဲ့တွေ့ဆုံခွင့်ရတော့အမေစုက‘သားတို့ကျောင်းသားအရေးချည်းပဲမလုပ်ပါနဲ့။ကျောင်းသားမှန်ရင်နိုင်ငံရေးလုပ်ကိုလုပ်သင့်တယ်။ဒါကြောင့်နိုင်ငံရေးဖြစ်စဉ်တွေထဲမှာထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့ကြိုးစားကြပါ’လို့မှာလိုက်တယ်လို့အဲဒီကျောင်းသားတွေဆီကနေတဆင့်စကားတဆင့်နားနဲ့ပြန်ကြားခဲ့ရပါတယ်။

ဒါကြောင့်`ယောကျာ်းကလဲလိုချင်သေး၊ဟိုဟာကလဲကြောက်သေး’ဆိုတဲ့စကားလိုသမဂ္ဂအလံတော်အရှိန်နဲ့လူရာတော့ဝင်ချင်ပြီးအာဏာပိုင်ငြိုငြင်မှာ၊ထောင်ကျမှာကြောက်ကြသူလစ်ဘရယ်ယောင်ယောင်ဘာယောင်ယောင်ကျောင်းသားများနဲ့ပတ်သက်ပြီးပြောစရာစကားတချို့ရှိလာပါတယ်။ဒီအချက်တွေကအခုမှမြင်လာတာလားဆိုတော့လဲမဟုတ်ပါဘူး။အရင်ကတည်းကမြင်နေတွေ့နေရပေမယ့်ကျောင်းသားထုညီညွတ်ရေးကိုရှေ့ရှုပြီးမပြောသင့်သေးဘူးထင်လို့မပြောတာပါ။အခုတော့လူထုခေါင်းဆောင်အမေစုကိုယ်တိုင်ကထောက်ပြပြောဆိုလာရပြီဆိုတော့ပြောသင့်တဲ့အချိန်ကျပြီထင်လို့ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရပါတော့မယ်။

ဒါကလဲနိုင်ငံနဲ့ပြည်သူအတွက်အနာဂါတ်ကောင်းစေလိုတဲ့စေတနာနဲ့ပြောတာဖြစ်လို့ဘယ်သူမုန်းမုန်းအမုန်းခံဖို့အသင့်ပါပဲ။ကုန်လွန်ခဲ့တဲ့၂၀၁၀ခုနှစ်ကနေ၂၀၁၃ခုနှစ်ကာလအစိုးရသစ်ရဲ့အခြေအနေမှန်ကိုခန့်မှန်းလို့မရခင်နိုင်ငံရေးကိုမြေစမ်းခရမ်းပျိုးသလိုအရဲစွန့်လုပ်ကိုင်ရစဉ်အခါတုန်းကတော့တကယ်လဲစွန့်လွှတ်ရဲတဲ့ကျောင်းသားတချို့သာကျောင်းသားသမဂ္ဂကိုရဲရဲရင့်ရင့်ဖွဲ့ခဲ့ကြပြီးအဲဒီကာလကဖွဲ့စည်းခဲ့ကြတဲ့ကျောင်းသားသမဂ္ဂတွေဟာတနိုင်ငံလုံးမှာနယ်အလိုက်လက်ချိုးရေတွက်လို့ရသလိုအခုအချိန်ထိလဲတိုင်းပြည်နဲ့လူထုအတွက်တတ်အားသရွေ့ကြိုးကြိုးစားစားလုပ်ဆောင်နေကြဆဲဖြစ်လို့ဒီကာလကသမဂ္ဂများဟာစေတနာမှန်ပြီးနောက်လက်မပါ၊နာမည်ကြီးလူရာဝင်ချင်တဲ့ရောဂါမစွဲကပ်တဲ့ဖြူဖြူစင်စင်သမဂ္ဂတွေပါပဲ။

ဒါပေမယ့်၂၀၁၃ခုနှစ်နောက်ပိုင်းကာလမှာဦးသိန်းစိန်အစိုးရရဲ့ယောင်ပြဒီမိုကရေစီအောက်မှာအနည်းငယ်လွတ်လပ်ခွင့်ရလာတဲ့အခြေအနေမှာဗမာ့နိုင်ငံရေးသမိုင်းကြောင်းတလျှောက်နာမည်ကောင်းရခဲ့တဲ့`ကျောင်းသားသမဂ္ဂ’ကိုနိုင်ငံရေးလုပ်စားသူတချို့ရဲ့လူမွေးတဲ့`နောက်လိုက်မွေးထုတ်ရေးအစီအစဉ်’အရနိုင်ငံရေးစင်မြင့်ပေါ်မှာပြန်ပြီးပွဲထုတ်လာကြပါတယ်။

ဒါကြောင့်နိုင်ငံရေးခံယူချက်မရှိ၊နိုင်ငံရေးယုံကြည်ချက်နတ္ထိနဲ့လူရာဝင်နာမည်ကြီးချင်တာတခုတည်းသိသူကျောင်းသားလေးတွေကိုအသုံးချပြီးချော့တခါမြှောက်တလှည့်နဲ့အမည်ခံကျောင်းသားသမဂ္ဂတွေကိုဟောတခုဟောတခုဆိုသလိုမိုးဦးကျပေါက်တဲ့မှိုပွင့်များလိုဟိုမှဒီမှမွေးထုတ်ပျိုးထောင်အားပေးခဲ့ကြပါတယ်။ဒီသမဂ္ဂတွေထဲကကျောင်းသားအများစုဟာသမဂ္ဂမှာပါဝင်ပြီးလူရာလဲဝင်ချင်ကြပါတယ်။နိုင်ငံရေးလုပ်ရမှာလဲကြောက်ကြပါတယ်။ဒါကြောင့်သူတို့ရဲ့နိုင်ငံရေးလုပ်ရမှာကြောက်တဲ့စိတ်ကိုလူသိမခံရဲလို့စကားလုံးလှလှလေးနဲ့ကျောင်းသားကကျောင်းသားအရေးပဲလုပ်ရမယ်နိုင်ငံရေးမလုပ်ရဘူးဆိုပြီးလူကြားကောင်းအောင်အော်နေကြတာပါ။ပြီးတော့ကြောက်မယ့်သာကြောက်ကြတာပါသမိုင်းကြီးတဲ့ခွပ်ဒေါင်းအလံလေးကလဲကိုင်ချင်ကြသေးတယ်လေ။

ဒါကြောင့်သမဂ္ဂအလံကကျောင်းသားတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အတွေးအခေါ်လေးကိုပါထည့်အော်လိုက်ကြပါသေးတယ်။ယိုသူမရှက်မြင်သူရှက်ပေါ့ဗျာ။မြင်နေကြားနေရတာတွေကတော်တော်ရှက်ဖို့ကောင်းပါတယ်။ရှေ့ကမျိုးဆက်ဟောင်းကြီးတွေကတော့မျိုးဆက်သစ်ကျောင်းသားငယ်တွေပဲလေဆိုတဲ့ခွင့်လွှတ်စိတ်နဲ့မပြောကြရှာပါဘူး။ဒါပေမယ့်ကျောင်းသားအချင်းချင်းစိတ်ဝမ်းကွဲမှာစိုးတာကြောင့်ထုတ်ဖော်မပြောကြပေမယ့်မျိုးဆက်သစ်ကျောင်းသားတွေထဲမှာလဲသူတို့အစားရှက်တဲ့သူကရှက်လာကြပါပြီ။စစ်အာဏာရှင်အဆက်ဆက်ကကျောင်းသားလှုပ်ရှားမှုများကိုကြောက်ရွံ့လို့ဝါဒဖြန့်ချီခဲ့ကြတဲ့‘ကျောင်းသားကနိုင်ငံရေးနဲ့ဘာမှမဆိုင်၊နိုင်ငံရေးဟာရှုပ်ထွေးပွေလိမ်လို့ဖြူစင်သူကျောင်းသားတွေနဲ့လားလားမျှမသက်ဆိုင်၊ဒါကြောင့်ကျောင်းသားများနိုင်ငံရေးမလုပ်ရ’ဆိုပြီးဝါဒဖြန့်ချီခဲ့ကြပါတယ်။

အပေါ်ယံကြည့်ရင်တော့ကျောင်းသားတွေအပေါ်စေတနာထားလို့တားမြစ်ထားသယောင်ထင်ရပေမယ့်စစ်အာဏာရှင်တွေရဲ့တကယ့်စေတနာမှန်ကတော့၎င်းတို့မဟုတ်တာမမှန်တာလုပ်နေတာမှန်သမျှသာမာန်ပြည်သူလူထုကမတွေးတတ်၊မပြောတတ်ကြပေမယ့်ပညာတတ်လူတန်းစားကျောင်းသားများကတော့တွေးခေါ်မျှော်မြင်သိရှိပြီးခေတ်အဆက်ဆက်ကကျောင်းသားတွေရဲ့ထုံးစံအတိုင်းဘယ်ပါတီဘယ်ပုဂ္ဂိုလ်ရဲ့မျက်နှာကိုမှမထောက်ထားပဲလူထုကောင်းစားရေးအတွက်ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုလာမှာကိုစိုးရွံ့တဲ့အတွက်ကြောင့်ကြိုတင်ထားဆီးတဲ့အနေနဲ့ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းခွင့်မပေးခဲ့ပဲကျောင်းသားနဲ့နိုင်ငံရေးကိုခွဲထုတ်ထားတဲ့လုပ်ရပ်သာလျှင်ဖြစ်ပါတယ်။

ဒီလိုအာဏာရှင်အဆက်ဆက်ရဲ့လက်သုံးစကားဟာယနေ့ခေတ်ကျောင်းသားသမဂ္ဂတချို့နဲ့ကျောင်းသားတချို့ရဲ့ပါးစပ်ထဲမှာရောက်နေတာကတော့တော်တော်လေးတုန်လှုပ်စရာကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဒီလိုအယူအဆမျိုးကိုကျောင်းသားအများစုကသာမှားယွင်းလက်ခံကျင့်သုံးလာခဲ့ကြရင်ကျွန်တော်တို့နိုင်ငံရဲ့အနာဂါတ်ကလဲအလားအလာမကောင်းနိုင်ပါဘူး။ကိုလိုနီခေတ်ကနေပြီးလွတ်လပ်ရေးခေတ်၊စစ်အာဏာရှင်ခေတ်စတဲ့ဗမာ့နိုင်ငံရေးသမိုင်းစဉ်တလျှောက်တိုင်းပြည်ရဲ့တကယ့်အရေးပါတဲ့အချိုးအကွေ့အလှည့်အပြောင်းတိုင်းမှာကျောင်းသားနဲ့သံဃာဟာတပ်ဦးကဦးဆောင်ပါဝင်ခဲ့ကြတာချည်းပါပဲ။ဒီမတူတဲ့လူတန်းစားနှစ်ခုမှာတူညီကြတာတခုကတော့ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နိုင်ငံရေးဖြစ်စဉ်တိုင်းကိုပါဝင်ရာမှာစိတ်စေတနာဖြူစင်ကြပုံခြင်းကတော့တူညီကြပါတယ်။

ကျောင်းသားအရွယ်ဆိုတာပါတီထောင်ပြီးလွှတ်တော်အမတ်တက်လုပ်လို့မရသလိုအစိုးရရာထူးများကိုလဲဝင်ရောက်တာဝန်ယူရမယ့်အရွယ်မဟုတ်ပါဘူး။ထို့အတူပဲရဟန်းသံဃာများဟာလဲရာထူးယူ၊လွှတ်တော်အမတ်ဝင်လုပ်လို့ရတာမဟုတ်ပါဘူး။ဒါကြောင့်ကျောင်းသားနဲ့သံဃာများနိုင်ငံရေးဖြစ်စဉ်များမှာပါဝင်ခဲ့ကြခြင်းဟာအာဏာလိုချင်လို့၊ရာထူးရချင်လို့နိုင်ငံရေးလုပ်ခြင်းမဟုတ်ပဲတိုင်းပြည်နဲ့လူထုအပေါ်တကယ်ချစ်တဲ့စေတနာမှန်နဲ့ပါဝင်ကြတာဖြစ်တဲ့အတွက်အင်မတန်မှဖြူစင်မြင့်မြတ်လှပါတယ်။နောက်တစ်ချက်ကတော့အာဏာရှင်တွေဝါဒဖြန့်ချီသလိုနိုင်ငံရေးဆိုတာအလွန်ရှုပ်ထွေးပွေလီညစ်ပတ်တယ်ဆိုတာလဲမဟုတ်မှန်ပါဘူး။

နိုင်ငံရေးဆိုတာတစ်တိုင်းပြည်လုံးမှာရှိတဲ့အများပြည်သူငြိမ်းချမ်းဖို့ကောင်းစားဖို့လုပ်တာဖြစ်တဲ့အတွက်အမှန်တကယ်ကောင်းမွန်တဲ့ပရဟိတအလုပ်ဖြစ်ပြီးကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်သူရေးတဲ့ဆောင်းပါးတပုဒ်မှာ‘နိုင်ငံရေးဆိုတာတကယ်စိတ်ထားတတ်ရင်ပရဟိတလုပ်ငန်းတွေထဲကအမြင့်ဆုံးသောပရဟိတအလုပ်ပါပဲ’လို့ရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖွင့်ဆိုပြသွားခဲ့ပါတယ်။တကယ်တော့နိုင်ငံရေးဆိုတာအင်မတန်မြင့်မြတ်တဲ့အလုပ်ဖြစ်ပြီးအများအကျိုးဆောင်ရွက်တဲ့အလုပ်ဖြစ်လို့ဖြူစင်သန့်ရှင်းတဲ့လမ်းစဉ်ပါပဲ။အဲဒီနိုင်ငံရေးကိုအာဏာအတွက်၊ကိုယ်ကျိုးအတွက်အသုံးချလုပ်ဆောင်ကြတဲ့သူများကသာလျှင်ရှုပ်ထွေးပွေလီညစ်ပတ်သူများဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လဲကိုယ့်ပတ်ဝန်းကျင်ကွက်ကွက်လေးမှာသာအကျိုးဆောင်နေတဲ့ပရဟိတသမားဘ၀ကနေအထက်ပါဗိုလ်ချုပ်အောင်ဆန်းရဲ့ဆောင်းပါးကြောင့်စေ့စေ့တွေးလေရှင်းရှင်းမြင်လေဆိုသလိုနိုင်ငံရေးသမားလို့ကိုယ့်ကိုကိုယ်ခံယူပြီးအမိမြေရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာတက်ကြွစွာပါဝင်ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

အထက်ကပြောခဲ့တဲ့ကြောက်စိတ်ကြောင့်အချောင်သမားဝါဒကိုတွင်တွင်အော်နေသူကျောင်းသားအင်အားစုများဟာ၎င်းတို့ကိုင်စွဲထားတဲ့မူဝါဒအပေါ်မှာလဲခိုင်ခိုင်မာမာရပ်တည်လုပ်ဆောင်ချက်မျိုးကိုမတွေ့ရပါဘူး။တကယ်နိုင်ငံရေးမလုပ်ပဲကျောင်းသားအရေးပဲဦးစားပေးလုပ်မယ်ဆိုတဲ့မူကလဲခိုင်မာသလားဆိုတော့မခိုင်မာပြန်ပါဘူး။

တပြည်လုံးကကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေမှာအာဏာပိုင်နဲ့ထိပ်တိုက်တွေ့ရမယ့်ကိစ္စမျိုးတွေမှာမသိချင်ယောင်ဆောင်ပြီးလက်ရှောင်ကြပေမယ့်ကိုမင်းကိုနိုင်တို့၈၈မျိုးဆက်များလိုနိုင်ငံရေးလောကမှာနာမည်ကြီးပြီးသားအဖွဲ့အစည်းများ၊ပုဂ္ဂိုလ်များကရှေ့ကဦးဆောင်(cover)လုပ်မယ့်ကိစ္စမျိုး၊အန္တရာယ်မရှိလောက်တဲ့၊အာဏာရှင်မငြိုငြင်လောက်တဲ့၊အဖမ်းမခံရတာသေချာလောက်တဲ့နိုင်ငံရေးကိစ္စမျိုးမှာတော့ထမီလုံချည်ကျွတ်မတတ်အတင်းတိုးဝှေ့ပြီးရဲရင့်တက်ကြွပြကြပြန်ပါရော။

ကျောင်းသားသမိုင်း၊ဗမာ့နိုင်ငံရေးသမိုင်းများကိုမသိလို့ရောပါနေတဲ့ကျောင်းသားများကိုအပြစ်မတင်လိုပေမယ့်သိလျက်နဲ့မလိုက်နာသူများကတော့ဘယာကတိကြောင့်မျိုးဆက်သစ်တွေကိုလမ်းမှားရောက်အောင်ဦးဆောင်နေသူများဖြစ်လို့နောင်တစ်ချိန်သမိုင်းရဲ့တရားခံဖြစ်မှာမလွဲပါဘူး။

ဟိုအရင်လွတ်လပ်ရေးကြိုးပမ်းစဉ်ကကျောင်းသားများရဲ့အတွေးအခေါ်များမှာတော့ယခုလိုအချောင်သမားဝါဒမကိန်းဝပ်ခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လိုမိမိနဲ့ဝါဒတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေနိုင်ငံရေးလုပ်တဲ့ကျောင်းသားမှန်သမျှလက်တွဲခေါ်ဆောင်လမ်းညွှန်မှုပေးခဲ့ကြတဲ့မျိုးဆက်ဟောင်းခေါင်းဆောင်ကြီးတွေရှိခဲ့ကြလို့ဖြစ်ပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့နာယကကြီးအဖြစ်ကျောင်းသားတွေရဲ့ရှေ့ကဦးဆောင်မှုပေးပြီးနိုင်ငံချစ်စိတ်ကြောင့်နိုင်ငံရေးလုပ်နေတဲ့ဘယ်ကျောင်းသားမဆိုအဲဒီနိုင်ငံချစ်စိတ်ကိုပဲလေးစားတန်ဖိုးထားလို့အတူပါဝင်လက်တွဲလမ်းညွှန်ခဲ့တဲ့အတွက်အဲဒီခေတ်ကာလကကျောင်းသားများဟာမူဝါဒရေးရာယိုင်နဲ့သွားခြင်းမရှိတဲ့အပြင်မိမိတို့ရဲ့ဦးတည်ချက်ဖြစ်တဲ့လွတ်လပ်ရေးရရှိဖို့ကိုမျက်ခြေမပြတ်တစိုက်မတ်မတ်ဦးတည်လျှောက်လှမ်းနိုင်ခဲ့ကြတဲ့အတွက်ယနေ့ခေတ်ကာလလိုအချောင်သမားဝါဒ၀င်ရောက်ဖို့အခွင့်မသာခဲ့ပါဘူး။

ဒီနေ့ခေတ်ကာလကျောင်းသားမျိုးဆက်ဟောင်းနိုင်ငံရေးသမားကြီးများကတော့ဆရာကြီးသခင်ကိုယ်တော်မှိုင်းလိုအာဏာရှင်နဲ့ပြည်သူကြားပြတ်သားတဲ့မူဝါဒနဲ့ရပ်တည်မပေးတဲ့အပြင်ကျောင်းသားမျိုးဆက်သစ်တွေအပေါ်မှာလဲကိုယ်ပြောသမျှနာခံလိုက်နာမယ့်ပြောသမျှယုံ၊လက်ညိုးထောင်ခေါင်းညိတ်တတ်တဲ့အသိပညာနုံနဲ့ပြီးရပ်တည်ချက်မခိုင်မာတဲ့အတွေးအခေါ်မရှိသူကျောင်းသားများကိုနောက်လိုက်အင်အားအဖြစ်လက်သပ်မွေးစည်းရုံးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်သာလျှင်ယနေ့ကျောင်းသားထုကြားမှာအချောင်သမားဝါဒရှင်သန်ရပ်တည်နေနိုင်ခြင်းပဲဖြစ်ပါတယ်။၂၀၁၃၊၂၀၁၄ခုနှစ်ကာလအတွင်းတကသအမည်ခံဖွဲ့စည်းခဲ့ကြတဲ့တက္ကသိုလ်အသီးသီးကကျောင်းသားသမဂ္ဂအသီးသီးတွေထဲမှာနယ်တက္ကသိုလ်အခြေပြုဖွဲ့စည်းခဲ့တဲ့သမဂ္ဂများကလွဲလို့ရန်ကုန်မှာအခြေပြုဖွဲ့စည်းခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)အများစုဟာရန်ကုန်ကနိုင်ငံရေးမျိုးဆက်ဟောင်းများရဲ့လက်လှမ်းမီခဲ့တဲ့အတွက်ရန်ကုန်နိုင်ငံရေးလို့ခေါ်တဲ့ပွဲတက်နိုင်ငံရေးနဲ့မျက်နှာပေါ်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးနိုင်ငံရဲ့အနာဂါတ်နဲ့ပြည်သူ့အကျိုးစီးပွားများအတွက်တော့မေ့လျော့စွာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နေရပါတယ်။

ကျောင်းသားမျိုးဆက်ဟောင်းများဖြစ်တဲ့(၈၈)မျိုးဆက်များဟာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များကို၎င်းတို့ရဲ့နောက်မှီးဆွဲအင်အားစုအဖြစ်ငွေအား၊လူအားနဲ့ကူညီထောက်ပံ့ပြီးနိုင်ငံရေးစင်မြင့်မှာလူရာဝင်အောင်ဗိုလ်ဝင်ခံပွဲကျင်းပပေးနေခြင်းအပေါ်တကသများဘက်ကလဲမိန်းမူးသာယာပြီးမိမိတို့ကိုယ်ကိုတကယ့်လူတတ်ကြီးများသဖွယ်ငါလိုလူဇမ္ဗူမှာရှိသေးလားဆိုတဲ့ထင်တစ်လုံးနဲ့တဖြေးဖြေးကမ်းတက်လာကြတာကိုတွေ့နေရပါတယ်။ဘယ်လောက်ထိအောင်ကမ်းတက်လာသလဲဆိုရင်အချောင်သမားဝါဒကြောင့်ထင်ပေါ်လိုခြင်း၊လူရာဝင်လိုခြင်း၊လူထင်ကြီးခံလိုခြင်း၊နိုင်ငံခြားခရီးအလကားသွားရောက်လိုခြင်း၊ပညာတော်သင်ဆုအချောင်ရလိုခြင်းစတဲ့ရည်ရွယ်ချက်ပေါင်းစုံနဲ့တကသကိုဝင်ရောက်လာတဲ့လူပေါင်းစုံကြောင့်အင်အားများလာတဲ့အပေါ်အဟုတ်ထင်မှတ်ကာမလုပ်သင့်မလုပ်အပ်တဲ့ကိစ္စတွေကိုလုပ်ဆောင်လာပါတော့တယ်။

လက်ရှိတိုင်းပြည်ရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာနှောင့်နှေးကြန့်ကြာနေတဲ့နိုင်ငံရေးဖြစ်စဉ်အပေါ်အနာဂါတ်ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ကျောင်းသားတွေအနေနဲ့လုပ်ဆောင်ရမယ့်တာဝန်အများအပြားရှိနေတာကိုမသိကျေးကျွန်ပြုမဆိုင်သလိုနေကာအနှစ်မရှိတဲ့တောကြက်ဆူပင်မင်းမူဆိုသလိုမလုပ်သင့်တဲ့၊လုပ်စရာမလိုသေးတဲ့ကိစ္စတွေအပေါ်မှာသာပုံကြီးချဲ့ပြီးမျောက်ဟိုဟာအနာလုပ်သလိုဆွေ့ဆွေ့ခုန်လုပ်ဆောင်လာကြပါတော့တယ်။

ကိုအောင်ဆန်းတို့ကိုဗဟိန်းတို့အပါအ၀င်အရည်အချင်းရှိတဲ့ကျောင်းသားခေါင်းဆောင်ကြီးများကကျောင်းသားထုတစ်ရပ်လုံးနဲ့အတူစုပေါင်းတိုင်ပင်ရေးဆွဲခဲ့ကြတဲ့ဗကသများအဖွဲ့ချုပ်ရဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေရှိနေရက်နဲ့ခေတ်နဲ့မလျော်ညီတော့တဲ့စည်းမျဉ်းများကိုဗကသကျောင်းသားများနဲ့အတူညှိနှိုင်းပြင်ဆင်ဖို့မစဉ်းစားပဲငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုတဲ့တရူးထိုးပုံစံနဲ့တကသအသီးသီးဟာကိုယ်ပိုင်စည်းမျဉ်းဥပဒေများကိုရေးဆွဲခဲ့ကြပါတယ်။အဲဒီလိုကိုယ်ပိုင်စည်းမျဉ်းရေးဆွဲခဲ့ကြတဲ့တကသကျောင်းသားများဟာလွတ်လပ်ရေးရယူပေးခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုအောင်ဆန်းတို့လူစုက၎င်းတို့လောက်အရည်အချင်းမရှိသူများလို့သတ်မှတ်ကြပုံပေါ်ပါတယ်။ဒီလိုအထင်ရှိနေလို့သာအခုလိုမျိုးကြံစည်တွေးတောလုပ်ဆောင်ဝံ့တာဖြစ်ပါတယ်။

တကသအသီးသီးကကျောင်းသားများကတော့ဒီလုပ်ဆောင်ချက်ဟာကျောင်းသားသမဂ္ဂများ(တကသများ)ဘယ်လောင်းရိပ်အောက်ကိုမှမခံလိုလို့ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိဖို့ကြိုးစားတာဖြစ်ကြောင်းအကြောင်းပြချက်ပေးကြပါတယ်။ဒါပေမယ့်ဒီအကြောင်းပြချက်ဟာလည်းမှားယွင်းစွာရေလိုက်လွဲနေတာကိုတွေ့ရပြန်ပါတယ်။ကျောင်းသားထုအခွင့်အရေးကိုအာမခံချက်ပေးနိုင်တဲ့လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်(Autonomous University)ရရှိဖို့အတွက်ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရ
ခြင်းကစလို့ဗမာပြည်ရဲ့အမျိုးသားပညာရေးဥပဒေ(မူကြမ်း)အထိလက်သင့်မခံပဲတိုက်ထုတ်ပစ်ရမယ့်အစားမယောင်ရာဆီလူးခြင်းသက်သက်သာဖြစ်ပါတယ်။

ယခုလက်ရှိနယ်ခရိုင်အသီးသီးမှာရှိတဲ့တက္ကသိုလ်များကဗကသကျောင်းသားများရဲ့တက္ကသိုလ်ကျောင်းရှေ့တွေမှာပြုလုပ်နေကြတဲ့အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကန့်ကွက်ဆန္ဒပြပွဲမျိုးတွေပြုလုပ်ဖို့ဝေလာဝေးလို့ကျောင်းသားချင်းနှုတ်၏ဆောင်မခြင်း၊လက်၏ဆောင်မခြင်းမျိုးဖြစ်တဲ့ထောက်ခံပါတယ်ဆိုတဲ့စကားမျိုး၊ကြေငြာချက်မျိုးထွက်ဖို့အတွက်တောင်နှာစေးနေကြပြီးကျောင်းတွင်းကျောင်းပြင်ပြုလုပ်သမျှပွဲလမ်းတွေမှာသာပျော်မြူးနေကြတာကိုတွေ့ရပါတယ်။

ဒီအချောင်သမားဝါဒီကျောင်းသားများရဲ့မိမိကိုယ်မိမိအထင်ကြီးကမ်းတက်မှုဟာဒီလောက်နဲ့ရပ်တန့်မသွားသေးပါဘူး။ကိုအောင်ဆန်းတို့လိုအရည်အချင်းရှိကျောင်းသားခေါင်းဆောင်များရေးဆွဲထားတဲ့စည်းမျဉ်းများကိုငြင်းပယ်အသိအမှတ်မပြုရုံတင်မကပဲသမိုင်းအစဉ်အလာကြီးတဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်နဲ့တံဆိပ်ကိုပါထိပါးစော်ကားလာတာကိုတွေ့ရပါတယ်။ကျောင်းသားသမဂ္ဂများအဆက်ဆက်အသုံးပြုခဲ့ကြတဲ့ခွပ်ဒေါင်းအလံတော်နဲ့တံဆိပ်ဟာပန်းချီဆရာတစ်ယောက်ကစိတ်ကူးယဉ်ရေးဆွဲထားတဲ့ပုံတွေမဟုတ်ပဲအလံမှာရောတံဆိပ်မှာပါသူ့ဟာနဲ့သူအဓိပ္ပါယ်ကိုယ်စီရှိကြပါတယ်။

ကျောင်းသားများဟာ‘လွတ်လပ်ရေးကိုအသာတကြည်တောင်းနေလို့မရ၊တိုက်ယူမှသာရမယ်’ဆိုတဲ့ပြတ်သားတဲ့အမြင်နဲ့ပညာရဲ့ကိုယ်စားပြုအမှတ်အသားဖြစ်တဲ့ကဒေါင်းစိမ်းကိုရွှေဝါရောင်ခွပ်ဒေါင်းအဖြစ်ပြောင်းလဲခဲ့ပြီးမတရားသောဖိနှိပ်ချုပ်ချယ်မှုရဲ့ပြယုဂ်ဖြစ်တဲ့စက်ဝိုင်းပုံစံကျော့ကွင်းကိုအနီရောင်နောက်ခံမှာရွှေဝါရောင်ခွပ်ဒေါင်းကနင်းဖြတ်ထိုးထွက်နေဟန်ပုံစံနဲ့သမဂ္ဂအလံတော်ကိုအဓိပ္ပါယ်ရှိရှိဖန်တီးခဲ့ကြတာဖြစ်ပါတယ်။သမဂ္ဂအလံတော်ရဲ့နီစွေးတဲ့နောက်ခံအရောင်ကတော့ခေတ်အဆက်ဆက်တိုင်းပြည်နဲ့လူထုအတွက်ပေးဆပ်ကျဆင်းခဲ့ကြတဲ့ကျောင်းသားတွေရဲ့နီမောင်းတဲ့သွေးစက်တွေကိုကိုယ်စားပြုပါတယ်။အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်မူကွဲများစွာရှိပေမယ့်ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်စေဗမာ့နိုင်ငံရေးသမိုင်းတလျှောက်မှာကျောင်းသားများရဲ့ရဲရင့်ဖြူစင်တဲ့ပေးဆပ်ခြင်းကိုဂုဏ်ပြုတဲ့အနေနဲ့အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။

သမဂ္ဂရဲ့တံဆိပ်ဖြစ်တဲ့ကမ္ဘာလုံးပုံနောက်ခံမှာဖွင့်ထားတဲ့စာအုပ်နဲ့မီးဒုတ်ကိုင်ထားတဲ့လက်တဖက်ဟာကမ္ဘာ့ကျောင်းသားများသမဂ္ဂ(IUS)ရဲ့တံဆိပ်ဖြစ်ပြီးဗမာ့ကျောင်းသားများရဲ့ဂုဏ်ပြောင်လှတဲ့တိုက်ပွဲဝင်သမိုင်းကိုဂုဏ်ပြုတဲ့အနေနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့တရားဝင်တံဆိပ်အဖြစ်ယူဆောင်သုံးစွဲခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအဓိပ္ပါယ်အနှစ်သာရတွေနဲ့ပြည့်ဝနေတဲ့ခွပ်ဒေါင်းအလံနဲ့တံဆိပ်ကိုတချို့တက္ကသိုလ်များကဥာဏ်ကြီးရှင်တကသကျောင်းသားများကရွှေဥာဏ်တော်စူးရောက်တဲ့ထိပါးစော်ကားမှုများကတော့သက်ဆိုင်ရာတက္ကသိုလ်သမဂ္ဂ(တကသ)များကိုယ်စားပြုအမှတ်တံဆိပ်များကိုထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ရေကြောင်းတက္ကသိုလ်သမဂ္ဂ(တကသ)ကျောင်းသားများကခွပ်ဒေါင်းအလံမှာခွပ်ဒေါင်းကနင်းဖြတ်ထားတဲ့စက်ဝိုင်းပုံကျော့ကွင်းနေရာမှာသင်္ဘောမောင်းတဲ့တပ်မကြီးကိုအစားထိုးထည့်သွင်းပြီး၎င်းတို့ကျောင်းရဲ့မူပိုင်တံဆိပ်အနေနဲ့အသုံးပြုပါတယ်။တဖန်ကွန်ပြူတာတက္ကသိုလ်သမဂ္ဂ(တကသ)များကတော့ကွန်ပြူတာကြီးရဲ့ရှေ့မှာခေါင်းမမော့ရင်မကော့နိုင်တော့တဲ့ယောင်လည်လည်ခွပ်ဒေါင်းလေးကိုထည့်သွင်းပြီး၎င်းတို့ကျောင်းရဲ့ကိုယ်စားပြုတံဆိပ်အဖြစ်သုံးပါတယ်။နောက်ထပ်လဲခွပ်ဒေါင်းအလံနဲ့သမဂ္ဂတံဆိပ်ကိုလိုသလိုလိုအမျိုးမျိုးပြုလုပ်ထားတဲ့ပုံစံတွေအများကြီးရှိသေးပေမယ့်စာဖတ်သူများမြင်သာအောင်ဥပမာအနေနဲ့ဒီနှစ်ခုပဲရေးပြပါရစေ။

အခုလိုအချောင်သမားဝါဒီကျောင်းသားများရဲ့အသိပညာနုံနဲ့မှုဟာပညာရေးလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေတဲ့တစ်နိုင်ငံလုံးကလက်ရှိတိုက်ပွဲဝင်ကျောင်းသားများကိုစော်ကားလိုက်တာဖြစ်တဲ့အပြင်ခေတ်သမိုင်းအဆက်ဆက်ကလွတ်လပ်ရေး၊စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြတဲ့ကျောင်းသားအာဇာနည်အပေါင်းရဲ့ပေးဆပ်မှုသမိုင်းကိုလဲစော်ကားလိုက်တာပဲဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)အသီးသီးကအသိပညာနုံနဲ့မှုနဲ့ရေသာခိုအချောင်လိုက်ခွပ်ဒေါင်းအရောင်နဲ့ပါးပြောင်ချင်ကြသူကျောင်းသားများရဲ့ယခုလိုမဟုတ်မဟပ်လုပ်ဇာတ်များကို၎င်းတို့နဲ့နီးစပ်သူကျောင်းသားခေါင်းဆောင်ဟောင်းများအနေနဲ့ထောက်ပြဝေဖန်ပြောဆိုဖို့ပျက်ကွက်ခဲ့ကြတာကိုတွေ့ရပါတယ်။(၈၈)မျိုးဆက်အပါအ၀င်တကသကျောင်းသားများနဲ့နီးစပ်တဲ့ကျောင်းသားမျိုးဆက်ဟောင်းခေါင်းဆောင်များဟာတကသကျောင်းသားများကို၎င်းတို့ရဲ့နောက်လိုက်အင်အားစုများအဖြစ်လက်ရှိဗမာ့နိုင်ငံရေးစင်မြင့်မှာနိုင်ငံရေးဗိုလ်ဝင်ခံပွဲများကိုငွေအားလူအားကောင်းကောင်းနဲ့စီစဉ်ပြုလုပ်ပြီးစင်ပေါ်တင်ပေးခဲ့ကြပေမယ့်တကသများရဲ့ကျောင်းသားသမိုင်းကိုစော်ကားတဲ့လုပ်ဆောင်ချက်များကိုတော့ဝေဖန်လမ်းညွှန်ပေးမှုမရှိပဲရေငုံနှုတ်ပိတ်နေကြတာဟာသာမာန်သွေးရိုးသားရိုးကိစ္စမျိုးမဖြစ်နိုင်ပဲနောက်ကွယ်မှာနက်နဲတဲ့ကိစ္စတစ်ခုခုရှိပုံရတယ်လို့မပြေးသော်လဲကန်ရာကရှိဆိုသလိုကောက်ချက်ဆွဲချင်စရာကောင်းလှပါတယ်။

ဒီလိုအဖြစ်အပျက်အချက်အလက်များအပြင်တကသကျောင်းသားများရဲ့ကျောင်းသားထုတစ်ရပ်လုံးရဲ့ဆန္ဒသဘောထားများကိုငြင်းပယ်ခဲ့တဲ့ကိစ္စရပ်များလဲရှိပါသေးတယ်။၁၉၆၀ခုနှစ်ဆဌမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးမှာအဲဒီကာလကကျောင်းသားထုတစ်ရပ်လုံးသဘောထားဆန္ဒအရတူညီစွာချမှတ်ခဲ့ကြတဲ့ဗကသများအဖွဲ့ချုပ်ရဲ့အမျိုးသားရေး(သို့မဟုတ်)စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ဒီမိုကရေစီရေး၊ဒီမိုကရေစီပညာရေး၊ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ငြိမ်းချမ်းရေးစတဲ့မူဝါဒ(၅)ချက်ကိုငြင်းပယ်ပြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂများကမဟာမိတ်ပုံစံစုပေါင်းခြင်းကွန်ဖက်ဒရေးရှင်း(confederation)ကိုဗကသများအဖွဲ့ချုပ်နဲ့စင်ပြိုင်သမဂ္ဂအဖြစ်တည်ထောင်ဖို့ကြိုးစားကြရာမှာတကသများရဲ့လမ်းလွဲနေတဲ့ပုံစံနဲ့ကျောင်းသားသမဂ္ဂများစင်ပြိုင်တည်ထောင်ခြင်းကြောင့်ကျောင်းသားထုအတွင်းညီညွတ်ရေးပြိုကွဲနိုင်တဲ့အလားအလာရှိမှုအပေါ်မှာလည်းမျိုးဆက်ဟောင်းကျောင်းသားခေါင်းဆောင်များဟာခေါင်းဆောင်ပီသစွာအမုန်းခံဟန့်တားမှုမရှိခဲ့ကြပြန်ပါဘူး။

တကသများရဲ့အကြောင်းပြချက်ကတော့ဗကသမူ(၅)ချက်ဟာခေတ်စနစ်နဲ့မလျော်ညီတော့တဲ့အတွက်လက်မခံခြင်းဖြစ်ကြောင်းအကြောင်းပြကြပေမယ့်လက်ရှိဗကသများအဖွဲ့ချုပ်အဖြစ်ဗမူ(၅)ချက်ကိုလက်ခံကျင့်သုံးပြီးစုစည်းထားကြတဲ့တပြည်လုံးကကျောင်းသားသမဂ္ဂ(၂၆)ခရိုင်အပါအ၀င်လူမျိုးစုကျောင်းသားသမဂ္ဂနှစ်ခုကပါတူညီစွာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ကြိုးစားနေကြတဲ့သတ္တမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးဖြစ်ပေါ်ရေးလုပ်ငန်းစဉ်များမှာလည်းယနေ့အချိန်ထိဘယ်ခရိုင်သမဂ္ဂ၊ဘယ်လူမျိုးစုသမဂ္ဂများနဲ့မှပါဝင်ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ပြည်လုံးကျွတ်ညီလာခံကြီးဖြစ်မြောက်ဖို့အတွက်ကျောင်းသားအဖွဲ့အစည်းများလာရောက်ပူးပေါင်းဆောင်ရွက်ကြဖို့လက်ကမ်းကြိုဆိုကြောင်းဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီကရော၊ခရိုင်အသီးသီးကဗကသကျောင်းသားများကပါသတင်းမီဒီယာများမှာအသိပေးကြေငြာပြီးဖြစ်ပါတယ်။

အကယ်၍သာတကသများအနေနဲ့ကျောင်းသားထုညီညွှတ်ရေး၊ပညာရေးစနစ်တိုးတက်ရေးအတွက်စိတ်ရင်းစေတနာမှန်ရှိခဲ့မယ်ဆိုရင်မတူတာတွေခဏဘေးဖယ်ပြီးတကသတစ်ခုခြင်းအလိုက်ဖြစ်စေ၊တကသကြီးတစ်ခုလုံးအနေနဲ့ဖြစ်စေဗကသများအဖွဲ့ချုပ်ကခရိုင်များနဲ့လွတ်လပ်စွာလာရောက်ချိတ်ဆက်ဆောင်ရွက်ပြီးညီလာခံကြီးဖြစ်ပေါ်လာမှသာခေတ်စနစ်နဲ့မလျော်ညီတော့သောစည်းမျဉ်းများကိုမတူကွဲပြားတဲ့အမြင်ကိုယ်စီနဲ့အတူစုပေါင်းပြင်ဆင်ချမှတ်နိုင်ဖို့ကြိုးစားကြရမှာဖြစ်ပေမယ့်တကသထဲမှာအချောင်သမားအများစုမင်းမူနေတဲ့အတွက်ရေသာခိုအချောင်သမားတို့ရဲ့ထုံးစံအတိုင်းညီလာခံဖြစ်ထွန်းပေါ်ပေါက်ရေးကိုမကူညီမကြိုးစားပဲပွဲတက်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးအကယ်၍ဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားများရဲ့ကြိုးစားမှုကြောင့်ကျောင်းသားညီလာခံကြီးဖြစ်မြောက်လာခဲ့ရင်အခန့်သင့်ဝင်ရောက်နေရာယူကြမယ့်သဘောထားရှိပုံရပါတယ်။

တကသများဟာကွန်ဖက်ဒရေးရှင်း(confederation)ပုံစံစုပေါင်းထားတယ်လို့ပြောတဲ့အတွက်သက်ဆိုင်ရာတကသအသီးသီးကခေါင်းဆောင်များဟာတကသကြီးတစ်ခုလုံးရဲ့ဦးဆောင်မှုမှာပါဝင်ခေါင်းဆောင်ရမှာဖြစ်ပေမယ့်လက်တွေ့ဖြစ်စဉ်များအရတကသခေါင်းဆောင်ပိုင်းအတွင်းမှာလက်တဆုပ်စာလူတစ်စုကပဲကြီးစိုးမင်းမူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရပ်ခြားအစည်းအဝေးသွားရောက်ရာမှာဖြစ်စေ၊တကသများကိုယ်စားပြုကြေငြာချက်ထုတ်ရာမှာဖြစ်စေ၊သတင်းမီဒီယာများမှာပြောဆိုရာမှာဖြစ်စေဒီလက်တဆုပ်စာလူတစ်စုကသာရရှိသမျှအခွင့်အရေးတိုင်းကိုအရင်သိမ်းကြုံးရယူနေကြပြီးတက္ကသိုလ်အသီးသီးကတကသခေါင်းဆောင်များကတော့သတင်းမီဒီယာနဲ့လူထုရှေ့မှာယနေ့အထိလုံးဝမတွေ့ရှိကြရသေးပါဘူး။ဒီကျောင်းသားတွေထဲမှာလည်းတကယ်အရည်အချင်းရှိသူ၊ဦးဆောင်နိုင်သူများရှိနေကြပေမယ့်ဘာကြောင့်ပြည်သူလူထုရဲ့မျက်နှာစာရှေ့ကိုအခုထိရောက်မလာနိုင်ကြသေးတာလဲဆိုတာကတော့တွေးတောစရာပါပဲ။ဒီဖြစ်စဉ်ကိုတကသများမှာရှိကြတဲ့ကျောင်းသားငယ်များဘက်ကရဲရဲရင့်ရင့်ဝေဖန်ကန့်ကွက်ကြဖို့အချိန်တန်ပြီဖြစ်ကြောင်းအကြံပြုလိုပါတယ်။

တကသကျောင်းသားအများစုအထင်မှားနေကြသလိုဗကသများအဖွဲ့ချုပ်ဟာဗဟိုစည်းရုံးရေးကော်မတီဆိုတဲ့ဖွဲ့စည်းပုံရှိပေမယ့်လက်တွေ့ကျင့်သုံးရာမှာတော့တကသကျောင်းသားများစွပ်စွဲသလိုဗဟိုဦးစီးချုပ်ကိုင်မှုမရှိပဲဗကသဗဟိုကော်မတီဟာဆိုင်ရာဗကသခရိုင်အသီးသီးကလိုအပ်ချက်တွေဖြစ်တဲ့အလံ၊တံဆိပ်၊ပွဲဖြစ်မြောက်ရေးစီစဉ်ပေးခြင်း၊ခရိုင်အချင်းချင်းချိတ်ဆက်ခြင်းစတဲ့ကိစ္စရပ်တွေမှာဗဟိုစည်းရုံးရေးကော်မတီဟာဥက္ကဌကစပြီးရေးရာတာဝန်ခံများအထိခရိုင်အသီးသီးကကျောင်းသားငယ်များရဲ့ခိုင်းဖတ်များသဖွယ်၊လိုအပ်လာရင်ပြဿနာကိုခေါင်းခံတာဝန်ယူပေးရတဲ့ဓါးထိုးခံမယ့်အငှားဗိုက်များသဖွယ်သာရပ်တည်ပေးနေတာကိုဗကသခရိုင်အသီးသီးကကျောင်းသားများသက်သေရှိပါတယ်။ဗဟိုစည်းရုံးရေးကော်မတီဝင်များနဲ့ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များဟာညီရင်းအစ်ကိုရဲဘော်ရဲဘက်ဆက်ဆံရေးသာရှိကြပြီးဘယ်သောအခါကမှအာဏာရှင်ဆန်သည့်ထင်ရာစိုင်းတစ်ချက်လွှတ်အမိန့်ပေးလုပ်ဆောင်ချက်များမရှိခဲ့ပါဘူး။ဒါကိုဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များသိကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှာဗဟိုစည်းရုံးရေးကော်မတီဝင်များအပြင်ခရိုင်အသီးသီးကဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များလဲမွေးဖွားပေါ်ပေါက်နေပြီဖြစ်တယ်ဆိုတာကိုခရိုင်အသီးသီးကကျောင်းသားများကိုဦးဆောင်နေပြီးသတင်းမီဒီယာများနဲ့စာနယ်ဇင်းများမှာကလောင်သွေးနေပြီဖြစ်တဲ့ခရိုင်ကျောင်းသားခေါင်းဆောင်များရဲ့နိုင်ငံရေးဖြစ်စဉ်များမှာပါဝင်မှုကသက်သေခံနေပေမယ့်တကသများထဲမှာတော့လက်တဆုပ်စာအခွင့်အရေးသမားများကကြီးစိုးမင်းမူနေကြတဲ့အတွက်ဒီလိုဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များပေါ်ပေါက်မလာကြသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာမူဝါဒမခိုင်မာမှုအပြင်အဲဒီခေါင်းဆောင်ငယ်များရဲ့တိုးတက်ရေးခြေလှမ်းတွေကိုရှေ့ကအခွင့်အရေးသမားတစ်စုကပိတ်ဆို့တားဆီးနေလို့သာဖြစ်ပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်ကဗကသကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေအားကောင်းလာတဲ့အခါထုံးစံအတိုင်းကျောင်းအာဏာပိုင်များကဗကသကိုဖက်ပြိုင်ဖို့စာသင်ခန်းတွေထဲကသူတို့အလိုကျခိုင်းကောင်းမယ့်(EC)ကျောင်းသားတွေကိုစုစည်းပြီးကျောင်းအာဏာပိုင်တွေဦးဆောင်တဲ့ကျောင်းသားသမဂ္ဂတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ကိုယ်ပိုင်လွတ်လပ်စွာရပ်တည်တယ်လို့ဒီကျောင်းသားတွေဘယ်လောက်အော်နေပါစေကျောင်းစားသောက်ဆိုင်တန်းမှာပြုလုပ်တဲ့အဲဒီကျောင်းသားသမဂ္ဂရဲ့အစည်းအဝေးမှာအစိုးရရဲ့ကျောင်းသားလှုပ်ရှားမှုစောင့်ကြည့်ရေးမူဝါဒအရစစ်တပ်ကနေပြောင်းလာတဲ့ကျောင်းသားရေးရာမှူးဆိုသူစစ်ဗိုလ်ဟောင်းကြီးတစ်ဦးကအစည်းအဝေးစားပွဲထိပ်မှာမိန့်မိန့်ကြီးနေရာယူနေပါတယ်။

ဒီစစ်ဗိုလ်ဟောင်းဟာသန်လျင်နည်းပညာတက္ကသိုလ်ကကျောင်းသားတွေကိုဖိနှိပ်တဲ့နေရာမှာနာမည်ကြီးပါ။ဒီလိုပုဂ္ဂိုလ်မျိုးတွေအစည်းအဝေးမှာပါဝင်တဲ့ကျောင်းသားသမဂ္ဂဆိုတာအားမနာတမ်းဝေဖန်ရရင်ကျောင်းသားတွေကိုနိုင်ငံရေးစိတ်ဝင်စားမှုလမ်းကြောင်းပေါ်ကဆွဲချလို့ကျောင်းတွင်းအပျော်ပွဲများကိုသာဖန်တီးပြီးလမ်းလွှဲမယ့်လက်ကိုင်တုတ်သူသျှိုအဖွဲ့အစည်းသာသာပါ။တနည်းပြောရရင်ကျောင်းသားစွမ်းအားရှင်အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒီလိုကျောင်းသားသမဂ္ဂမျိုးကတကသများအဖွဲ့ထဲဝင်ရောက်ချိတ်ဆက်တာကိုလက်ခံပြီးတကသများအများစုအသုံးပြုနေတဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်ကိုပေးသုံးခွင့်ပြုထားတဲ့တကသများအဖွဲ့ရဲ့မူဝါဒဟာကျောင်းသားချင်းသံသယမျက်စိနဲ့စောင့်ကြည့်ရမယ့်အနေအထားထိဆိုးဝါးလာနေပါတယ်။ဒီလိုသမဂ္ဂမျိုးကကျောင်းသားတွေရဲ့အစဉ်အလာကြီးမြတ်တဲ့ခွပ်ဒေါင်းအလံတော်ကိုကိုင်ဆောင်အသုံးပြုနေကြတာမြင်ရတော့ရင်နာလို့မဆုံးပါဘူး။

ဗမာ့သမိုင်းမှာဘယ်ကျောင်းသားသမဂ္ဂကမှကျောင်းအာဏာပိုင်ကဦးဆောင်ဖွဲ့ပေးခဲ့တာမရှိပါဘူး။အကယ်၍ရှိခဲ့ရင်လဲလက်ကိုင်ဒုတ်အဖွဲ့သာဖြစ်ခဲ့တယ်ဆိုတာသမိုင်းသက်သေတွေရှိခဲ့ဖူးပါတယ်။ကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေကပဲဦးဆောင်ဖွဲ့စည်းပြီးဘယ်အဖွဲ့၊ဘယ်အာဏာပိုင်ရဲ့သြဇာလွှမ်းမိုးမှုကိုမှလက်မခံပါဘူး။ဒီလိုသမဂ္ဂမျိုးသာလျှင်ကျောင်းသားထုကိုတကယ်ကိုယ်စားပြုတိုက်ပွဲဝင်ပေးမယ့်သမဂ္ဂမျိုးဖြစ်ပါတယ်။တကသများရဲ့အဖွဲ့ဝင်အင်အားများရင်ပြီးရောအနူလာလာ၊အ၀ဲလာလာ၊သူသျှိုလာလာလက်ခံမယ်ဆိုတဲ့စည်းရုံးရေးမူဝါဒအပေါ်မှာလဲခံပြင်းဒေါသထွက်မိတယ်။နောက်တခါလွန်ခဲ့တဲ့နှစ်ပတ်လောက်ကဒဂုံတက္ကသိုလ်(တကသ)ကဦးဆောင်ပြုလုပ်တဲ့အပတ်စဉ်စာဖတ်ဝိုင်းမှာ‘အောင်ရင်ငြိမ်း’ရဲ့‘ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ’စာအုပ်ကိုဆွေးနွေးကြတယ်လို့သတင်းကြားရတဲ့အခါဗမာ့စာပေလောကမှာဆွေးနွေးစရာစာအုပ်ကောင်းဒီလောက်တောင်ရှားပါးနေပြီလား၊ဒီကျောင်းသားတွေနှယ်လေ့လာဆွေးနွေးစရာအကြောင်းအရာကဏ္ဍအများကြီးရှိရက်နဲ့ဘယ်လိုဦးနှောက်မျိုးနဲ့တွေးပြီးဒီစာအုပ်ကိုအပတ်စဉ်စာဖတ်ဝိုင်းရဲ့ဆွေးနွေးစရာအဖြစ်ရွေးချယ်သတ်မှတ်လိုက်ကြတာလဲလို့ကရုဏာဒေါသထွက်ခဲ့မိတယ်။

ဘယ်လိုအကြောင်းအရာကိုဆွေးနွေးဆွေးနွေးသူတို့လွတ်လပ်ခွင့်နဲ့သူတို့ပဲလို့တွေးထင်စရာရှိပါတယ်။ဒါပေမယ့်ဒီလိုတွေးမိခဲ့မယ်ဆိုရင်တစ်ခုသိထားဖို့ကကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေရဲ့တပ်ဦးဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုဟာသမဂ္ဂ၀င်သည်ဖြစ်စေမ၀င်ဘူးဖြစ်စေသမဂ္ဂရဲ့လှုပ်ရှားမှုတွေကိုမိမိတို့ရဲ့စံပြအဖြစ်သတ်မှတ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ဒဂုံတက္ကသိုလ်တကသကိုဦးဆောင်သူများရဲ့အခုလိုမထော်မနန်းလုပ်ရပ်တွေဟာကျောင်းသားတွေအတုခိုးမှားအောင်ကျောင်းသားထုရဲ့အတွေးအခေါ်ကိုအဆိပ်ခတ်နေသလိုပါပဲ။ခွပ်ဒေါင်းအလံထောင်ပြီးသမဂ္ဂရုံးခန်းအဖြစ်နားနေဆောင်ကိုဝင်ရောက်သိမ်းပိုက်ခဲ့လို့အထင်ကြီးလေးစားနေတဲ့ကျောင်းသားများရဲ့စိတ်ကိုအောက်ဆုံးထိဆွဲချနေသလိုပါပဲ။ဒါ့အပြင်ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းမှာလဲရှင်းလင်းတဲ့မူဝါဒကိုမတွေ့ရပါဘူး။တက္ကသိုလ်သမဂ္ဂအသီးသီးကကျောင်းသားများရဲ့ဘဏ္ဍာငွေများကိုတကသကြီးတစ်ခုလုံးအနေနဲ့ဘယ်လိုသုံးစွဲတယ်၊ဘယ်သူကသုံးစွဲတယ်၊ဘယ်လိုကိစ္စတွေမှာသုံးစွဲတယ်ဆိုတာကတော့သက်ဆိုင်ရာတကသကျောင်းသားကျောင်းသူများကပဲအသိဆုံးဖြစ်လို့မဝေဖန်လိုပေမယ့်အာဏာပိုင်များ၊ခရိုနီများနဲ့ပတ်သက်ပြီးဘဏ္ဍာရေးဆိုင်ရာမူဝါဒခိုင်ခိုင်မာမာချမှတ်ထားခြင်းမရှိတာကိုတွေ့ရပါတယ်။

ဒါကြောင့်ဗကသခရိုင်တွေမှာသင်္ကြန်သံချပ်နဲ့ပတ်သက်ပြီးဘယ်လောက်အကြွေးတင်သလဲလို့မေးနေရချိန်မှာတကသကျောင်းသားများကတော့သင်္ကြန်ကာလအတွင်းစင်းလုံးငှားခရီးသည်တင်လေအိတ်ကားကြီးနဲ့ခမ်းခမ်းနားနားမဏ္ဍပ်များကိုသံချပ်ရွတ်ဖို့လှည့်လည်သွားလာနိုင်ပြီးဧရာဝတီတိုင်းအထိခြေဆန့်နိုင်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်။ဗကသကျောင်းသားတွေရဲ့ရှင်းလင်းတဲ့အမြင်ကတော့အိမ်ကမိဘများထံကမုန့်ဖိုးလက်ဖြန့်တောင်းရတဲ့ကျောင်းသားတွေရဲ့သမဂ္ဂဟာလက်ဖျားငွေသီးသလိုငွေတွေဒီလောက်သုံးဖြုန်းနိုင်တာဟာအမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလိုအရင်ခေတ်အဆက်ဆက်ထမင်းငတ်ခံပြီးသမဂ္ဂအကျိုးကိုဆောင်ခဲ့တဲ့သက်ရှိထင်ရှားသမဂ္ဂမျိုးဆက်ဟောင်းနောင်တော်ကြီးများကိုအားနာစရာကောင်းလှပါတယ်။ဒီငွေတွေဟာဘယ်သူ့ဆီကတဆင့်ဘယ်အဖွဲ့ကိုကြားခံပြီးတကသတွေဆီဘယ်လိုစီးဆင်းနေတယ်ဆိုတာမသိလို့မဝေဖန်လိုပေမယ့်ပြည်သူကိုညှင်းပန်းနေတဲ့ခရိုနီများနဲ့ပွဲတကာမှာအကြောင်းအပေါင်းသင့်နေတာတွေလက်တွေ့မြင်နေကြားနေရတော့ကျောင်းသားသမဂ္ဂဆိုတဲ့အမည်သုံးစွဲထားခြင်းအပေါ်ဗကသကျောင်းသားအတော်များများကခံပြင်းဒေါသတော့ဖြစ်မိကြတယ်ဆိုတာဝန်ခံပါတယ်။

နိုင်ငံရေးဆိုင်ရာအထိမ်းအမှတ်ပွဲတွေနဲ့အခြားပွဲအသီးသီးများအလွန်အကျွံငွေသုံးစွဲနေကြတာတွေ့ရတော့ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့တိုင်းရင်းသားဒေသတွေကဒုက္ခသည်စခန်းကညစ်ပတ်စုတ်ပေနေတဲ့လွယ်အိတ်လေးတွေကိုယ်စီနဲ့တိုင်းရင်းသားကျောင်းသားလေးများကိုပြန်မြင်ယောင်လာမိပါတယ်။ဒီငွေတွေသာရေများရာမိုးရွာဆိုသလိုမလိုအပ်တဲ့နေရာမှာမဖြုန်းပစ်ပဲလိုအပ်တဲ့နေရာတွေထံစီးဆင်းသွားခဲ့တယ်ဆိုရင်ပြည်သူလူထုအနေနဲ့ရောဗကသကျောင်းသားတွေအနေနဲ့ပါတစ်စုံတစ်ရာရှာကြံနားလည်ပေးနိုင်မှာပါ။

ခရိုင်အသီးသီးကဗကသကျောင်းသားတွေရပ်ကွက်တွေထဲကလမ်းပေါ်မှာလမ်းတကာလှည့်ပြီးတိုင်းရင်းသားစစ်ဘေးသင့်ပြည်သူများအတွက်၊ရေဘေးသင့်ပြည်သူများအတွက်ပြည်သူတွေဆီကပဲအလှူငွေလှည့်လည်ကောက်ခံပြီးပြန်လည်လှူဒါန်းတဲ့လုပ်ဆောင်ချက်တွေကိုတက်ကြွစွာလုပ်နေကြပေမယ့်အချောင်သမားဝါဒီကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများကတော့နိုင်ငံရေးကကျောင်းသားနဲ့ဘာမှမဆိုင်၊ကျောင်းသားကကျောင်းသားအရေးပဲလုပ်ကြမယ်လို့မျက်စိစုံမှိတ်အော်ဟစ်ပြီးမိဘပြည်သူများရဲ့လူမှုဒုက္ခအ၀၀နဲ့တိုင်းပြည်ရဲ့အနာဂါတ်အရေးကိုလျစ်လျူရှုနေကြတုန်းပါပဲ။ဒီလိုလုပ်ရပ်၊ဒီလိုစိတ်ဓါတ်တွေနဲ့ကျောင်းသားတွေရဲ့ကြီးမြတ်တဲ့ခွပ်ဒေါင်းအလံကိုကိုင်ဖို့မတန်ပါဘူး။ဒီလိုသာရှေ့ဆက်စခန်းသွားနေကြမယ်ဆိုရင်တော့တစ်ချိန်ချိန်မှာပြည်သူကဒါဏ်ခတ်တဲ့သမိုင်းတရားခံများအဖြစ်၎င်းအချောင်သမားဝါဒီကျောင်းသားများရောမြှောက်ထိုးပင့်ကော်နိုင်ငံရေးသမားကျောင်းသားခေါင်းဆောင်ဟောင်းများပါခံကြရပါလိမ့်မယ်။

အာဏာရှင်များ၊ခရိုနီများကတော့ရဲရဲတောက်နီစွေးခဲ့တဲ့ကျောင်းသားတွေရဲ့သတ္တိကိုကြောက်ရွံ့တုန်လှုပ်နေကြတဲ့အတွက်ကျောင်းသားများလယ်သိမ်းခံလယ်သမားများအရေးမှာဝင်ရောက်မဦးဆောင်နိုင်အောင်၊နည်းပါးတဲ့လုပ်ခလစာ၊မမျှတတဲ့လုပ်အားနဲ့အဖိနှိပ်ခံနေရတဲ့အလုပ်သမားတွေဘက်က၀င်ရောက်မရပ်တည်နိုင်အောင်ရှိတဲ့ကျောင်းသားအင်အားစုများကိုရာထူး၊အာဏာ၊ငွေ၊အကြောက်တရားများနဲ့ဆွဲဆောင်စည်းရုံးခြောက်လှန့်ကာသွေးခွဲနေကြဦးမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့လက်ရှိသမဂ္ဂ၀င်ကျောင်းသားများအနေနဲ့အာဏာရှင်များခရိုနီများရဲ့လှည့်ကွက်အတွင်းမသက်ဆင်းရအောင်ကျောင်းသားအင်အားစုများထဲကလက်တဆုပ်စာအချောင်သမားများကိုစုပေါင်းတိုက်ထုတ်ကြဖို့အချိန်တန်ပီဖြစ်ပါတယ်။

ဒီအချောင်သမားဝါဒီကျောင်းသားများနဲ့အတူရိုးသားဖြူစင်တဲ့ကျောင်းသားကျောင်းသူများရောယောင်အဝေဖန်ခံရ၊သမိုင်းတရားခံအဖြစ်သတ်မှတ်ခံရမှာစိုးတဲ့အတွက်ဒီဆောင်းပါးနဲ့ရိုးသားတဲ့ကျောင်းသားထုကိုအိပ်ပျော်ရာကနှိုးလိုတဲ့အတွက်ကြောင့်ရည်ရွယ်ရေးသားရတာဖြစ်ပါတယ်။ကျောင်းသားအချင်းချင်းရန်မီးပွားချင်လို့၊နစ်နာစေချင်လို့မဟုတ်ပဲကျောင်းသားထုညီညွတ်ရေးဆက်လက်ပျက်ပြားနေခဲ့ရင်အာဏာရှင်များ၊ခရိုနီများအကြိုက်ဖြစ်နေမှာစိုးတဲ့အတွက်ကြောင့်သမိုင်းပေးတာဝန်ကြေပွန်အောင်အမုန်းခံတင်ပြပေးနေတယ်လို့နားလည်ပေးစေလိုပါတယ်။

မတူညီတဲ့အမြင်နဲ့ဝေဖန်ခံရတဲ့အပေါ်မှာတကသကျောင်းသားများအနေနဲ့စိတ်ဆိုးဒေါသမဖြစ်ကြပဲတစ်ချိန်ကဒဂုံတာရာရဲ့‘အောင်ဆန်းသို့မဟုတ်အရိုင်း’ဆိုတဲ့ဆောင်းပါးနဲ့ကျောင်းသားချင်းရေးသားဝေဖန်ခံရစဉ်ကိုအောင်ဆန်းက‘လှမြိုင်ကတော့ကွာငါ့ကိုအရိုင်းတဲ့၊ငါဒီလောက်လဲမရိုင်းပါဘူး’ဆိုတဲ့စကားလေးနဲ့ခေါင်းဆောင်ကောင်းပီသစွာခွင့်လွှတ်ခဲ့တဲ့သမဂ္ဂသမိုင်းမှာရှိခဲ့ဖူးတဲ့လှပတဲ့အဖြစ်အပျက်လေးထဲကကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းလိုပဲခွင့်လွှတ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့အရေးကိစ္စတွေကိုလျစ်လျူရှုတဲ့‘ကျောင်းသားဟာကျောင်းသားအရေးပဲလုပ်ရမယ်၊နိုင်ငံရေးလုပ်စရာမလို၊ကျောင်းသားနဲ့နိုင်ငံရေးမသက်ဆိုင်’ဆိုတဲ့အချောင်သမားဝါဒကိုတကသများထဲကစေတနာမှန်သူကျောင်းသားများကဦးဆောင်ပြီးပြန်လည်သုံးသပ်ပြုပြင်ကြဖို့စေတနာကောင်းနဲ့တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ကျောင်းသားများဟာတိုင်းပြည်ရဲ့အနာဂါတ်အညွန့်အဖူးများဖြစ်တဲ့အတွက်ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအပေါ်ကျေပွန်ရမယ့်တာဝန်ဝတ္တရားများရှိပါတယ်။ကျွန်တော်တို့ကျောင်းသားတွေရဲ့တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ကျေပွန်ရမယ့်တာဝန်ဝတ္တရားများကိုနောင်အခါမှာအမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမယ့်ဗိုလ်ချုပ်အောင်ဆန်းဟာကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းဘ၀က၁၉၃၆ခုနှစ်ရန်ကုန်မြို့ဂျူဗလီဟောခန်းမကြီးမှာဗမာတစ်နိုင်ငံလုံးကကျောင်းသားများစုဝေးဆွေးနွေးခဲ့ကြပြီး‘ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ’‘ဗကသ’ကိုဖွဲ့စည်းတည်ထောင်လိုက်ကြတဲ့အခါ‘ဗကသ’ကိုဖွဲ့စည်းတည်ထောင်လိုက်ခြင်းနဲ့ပတ်သက်ပြီးကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းက‘ကျောင်းသားဝတ္တရား’ဆိုတဲ့ဆောင်းပါးကိုရေးသားရာမှာအခုလိုရှင်းရှင်းလင်းလင်းရေးသားခဲ့ပါတယ်။‘…..နောင်ခေတ်ဗမာပြည်ကိုဖန်တီးမည့်ကျောင်းသားများသည်ယခုလူများကဲ့သို့မညီမညွတ်မလုပ်တတ်မကိုင်တတ်မဖြစ်ရလေအောင်ကျွန်ုပ်တို့သည်ယခုအခါ‘ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအသင်းကြီး’ကိုအထင်အရှားတည်ထောင်ထား၏။ထိုအသင်းကိုဝင်ရောက်အားပေးရန်မှာကျောင်းသားတိုင်း၊တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏တာဝန်ဝတ္တရားပေတည်း’

(အောင်ဆန်း)။ကျွန်တော်တို့ယနေ့ခေတ်ကျောင်းသားအားလုံးကိုအောင်ဆန်းပြောတဲ့ကျောင်းသားဝတ္တရားကိုကိုယ်စီကျေပွန်ကြရင်းနိုင်ငံအတွက်အားထားရတဲ့သားကောင်းသမီးမွန်များဖြစ်အောင်ကြိုးစားကြပါစို့။ ။
မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်

ယနေ့ မနက် တောင်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်လာတဲ့ ကိုထင်ကျော် နဲ့ အခြားသော အချုပ်သား အကျဉ်းသားများ ရှိရာဆီ ကျနော်သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါသည်။ အချုပ်ခန်း အတွင်းသို့ အ၀င်ပေါက်မှာ အခန်းကျဉ်းလေးမှ တဆင့် အချုပ်သားများသည် လေးဘက်ထောက် လေးဘက်တွားပြီး တိရိစ္ဆာန်သဖွယ် ၀င်ရအောင် လုပ်ထားခြင်းမှာ ဘယ်လိုနည်းဖြင့်မှ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် မကိုက်ညီကြောင်း၊ မြန်မာ့ တရားစီရင်ရေး စနစ် နှင့် မြန်မာနိုင်ငံသားများကို လူကဲ့သို့ တန်ဖိုးမထားသော ပုံစံများကို တွေ့မြင်ခဲ့ရသော အခါ လွန်စွာ ၀မ်းနည်း ကြေကွဲဖြစ်ခဲ့ရပါသည်။ ဗီဒီယိုဖိုင်လေးကို မဖြစ်ဖြစ်အောင် ကြည့်ရှုလေ့လာပြီး ဝေဖန်မှတ်ချက်လေးများ ချီးမြင့်ခဲ့ကြပါဟု ပန်ကြားလိုက်ရပါသည်။


မြို့ပြ စည်ကားမှုတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်စွန့်လွှတ်နေရသော ပြည်သူ့သူရဲကောင်းတွေ အခုလို တိုင်းပြည်အတွက် အမြဲ အဆင်သင့် အလုပ်လုပ်နေတယ်။ ပေးဆပ်နေတယ်ဆိုတာလေး သိစေချင်လို့ပါ။ ယနေ့သြဂုတ်လ (၁) ရက် ၂၀၁၄ ခုနှစ်။ တောင်ဒဂုံ တရားရုံးသို့ ရုံးထုတ်လာသော ကိုထင်ကျော် အားသွားရောက် တွေ့ဆုံနှုတ်ဆက်သည့် မှတ်တမ်း။ တာဝန်ကျ ရဲကတော့ အသံမဖမ်းဖို့ ပြောသော်လည်း ခေတ်တခေတ်၏ သမိုင်း မ၀င်ပေသည့် သမိုင်းတင်ရမည့် မှတ်တမ်းများမို့ မချွင်းမချန် ရအောင် မှတ်တမ်းယူခဲ့သည်။ ယနေ့ သည် ဒီမိုကရေစီ စနစ်ကို တည်ဆောက်နေသည်ဟု အစိုးရ အဖွဲ့ကိုယ်တိုင် တွင်တွင်ကြီးပြောနေလေသည်မို့ ကျနော် မှတ်တမ်းအဖြစ် ရိုက်ကူးယူခဲ့ခြင်းသည်မည်သူ့ကိုမှ ထိခိုက်နစ်နာမှု မဖြစ်စေပဲ။ အများပြည်သူ အတွက် အများပြည်သူသိသင့်သည့် အကြောင်းအရာကို မှတ်တမ်း တင်ခြင်းသာဖြစ်သည်။ ပွင့်လင်းမြင်သာ သော အစိုးရတရပ်ဖြစ်ပေါ်လာရေး အတွက် တစုံတခုသော အတိုင်းအတာထိ ကူညီမှုဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကိုထင်ကျော်အား အကြမ်းဖက် ခေါ်ဆောင်ပြီး အချုပ်သို့သွင်းသွားပုံ



သတင်း VIDEO ...ကိုနေမျိုးဇင်

တကယ်လို့ ကျွန်တော်တို့ တိုင်းပြည်ကို ၂၀၁၀က စသည်ဆိုလျှင် ခုမူကြိုရောက်ပြီဟု ဆိုရမည်။ ရောဂါဘယ ပယောဂ ထူပြောလှသော မူကြို ကျောင်းသားလေးပင် ဖြစ်သည်။ ဒီနှစ် တစ်နှစ်ထဲမှာပင် အမျိုးစုံ ကြိုးခုန်လွန်းလှသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ညာသံပေးချိန်မှာ PR ခေါင်းထောင်ထလာတော့၏။ တစ်ခါ သန္တိသုခ ဇာတ်လမ်းတွဲက ခုချိန်ထိ မပြီးသေး။ မန္တလေးကို ကိုင်လှုပ်ခဲ့သော ကတုံးမ ဇာတ်ရှုတ်က အရေးအသား ညံ့လှသော ဇာတ်ညွှန်းရေးဆရာ တစ်ယောက်၏ စာကို ဖတ်နေရ သလိုပင်။ဒီကြားထဲ ၀န်ကြီး ဦးဆန်းဆင့် အမှုက အောင်ရင်ငြိမ်းထက် လူစိတ်ဝင်စားသွားတော့၏။

ဒီလောက် ရှုတ်ထွေးပွေလီ လွန်းလှချိန်မှာ နောက်တစ်လက်မမှ မဆုတ်ပဲ တိုင်းရင်းသားတွေ အတွက်ပါလို့ အကြောင်းပြပြီး လွှတ်တော်ထဲမှာ PR နောက်တစ်ခါ လာပြန်ပါပေါ့။ ဒီတစ်ခါလဲ ပီအာက ပလီပလာနဲ့  မသတီစရာ လုပ်လာပြန်ပါပြီ။ PR စနစ်ကို မကောင်းဖူးဟု ကျွန်တော် မပြောပါ။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ နှင့် လုံးဝ မကိုက်ညီပါဘူးဟု ပြောနေခြင်းသာဖြစ်၏။

လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေး ကိုယ်စားလှယ်က “၂၀၁၀တုန်းက ပြတ်ပြတ်သားသား အနိုင်ရခဲ့သလို လာမယ့် ၂၀၁၅မှာလည်း သေချာပေါက် အနိုင်ရမယ့် ပြင်ဆင်ထားပြီးသား ဖြစ်တဲ့ ကျွန်တော်တို့ (အာဏာရ) ပါတီကြီးက FPTPကနေ PRစနစ်ကို ဘာကြောင့် ပြောင်းလဲ ထောက်ခံနေရတာလဲ။ ရှင်းပါတယ်၊ ပြည်သူ့အကျိုး တိုင်းရင်းသား အကျိုးအတွက်ပါ”လို့ အားပါးတရ ပြောသွားတာ နားနှင့် ဆတ်ဆတ် ကြားလိုက်ရပါသည်။ ပြောရဲလိုက်တာလို့ လည်း ချီးကျူးမိ၏။

ရွေးကောက်ပွဲဆိုတာ ရှုံးတာ နိုင်တာ ဘာမှမဆန်း။ တစ်သက်လုံး နိုင်နေသော ပါတီဆိုတာ မရှိ။ ဒါပေမဲ့ ကိုယ်နိုင်မှာကို သိသိကြီးနှင့် အလျော့ပေးလိုက်တယ် ဆိုတာမျိုးကတော့ “သွေးဆုံးနေတဲ့ မိန်းမကြီးက သားကြောဖြတ်ပါရစေလို့  လာပြောနေတာမျိုး ဖြစ်နေသည်။

PRစနစ်ကို ကျင့်သုံးချင်သူတိုင်းက တိုင်းရင်းသားတွေ အကျိုးအတွက်ဆိုတာကိုပဲ ဇောင်းပေး နေကြသည်။ ပြောနေသူတွေက တိုင်းရင်းသား မဟုတ်။ တိုင်းရင်းသားတွေ ကတော့PR ကို ကန့်ကွက် နေကြသည်။ သပိတ်မှောက်မည်ဟုလည်း ဆိုသည်။ နိုင်ငံရေး အကျပ်အတည်းတွေလည်း ဖြစ်ကုန်မည်ဟု သတိပေးကြ၏။

ဆိုပါတော့.. ဥရောပ နိုင်ငံတွေမှာ လူနည်းစု အခွင့်အရေးကို မျက်ကွယ် မပြုချင်လို့ PRကို ကျင့်သုံးရကြောင်း ပြောကြသည်။ လူနည်းစုနှင့် တိုင်းရင်းသား မတူကြောင်း ပါတီ ကိုယ်စားလှယ်များ သတိပြုကြစေချင်သည်။
တကယ်တမ်း PRကို တိုင်းတာချင်လျှင် အောက်ပါအချက်တွေကို အရင်စိစစ်သင့်ပါသည်။

၁။ငွေကြေး ဖောင်းပွမှု
၂။စီးပွားရေး ဖွံ့ ဖြိုးမှု
၃။အလုပ်အကိုင် အခွင့်အလမ်း
၎။တစ်ဦးချင်းဝင်ငွေ
၅။စီးပွားရေး တန်းတူညီမျှမှုတို့ ဖြစ်၏။

ရိုးရိုးလေးတွေးလျှင် ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်ပင်လျှင် မတူပါ။ အခြေခံ အဆောက်အဦချင်းပင် မတူပါ။ လမ်းပန်း ဆက်သွယ်ရေး တစ်ခုတည်းနှင့်ပင် လုံလောက်ပြီ ထင်ပါသည်။ ရခိုင်ပြည်နယ်မှာ ကိုယ့်ပြည်နယ်က ထွက်သည့် ဓါတ်ငွေ့ကိုတောင် ကိုယ်မသုံးရသည့် အခြေအနေမှာ ရှိနေသေးသည်။ အထက်မှာ ဖော်ပြခဲ့သည့် အချက်၅ချက်လုံးက တစ်နိုင်ငံလုံး ရင်ဆိုင်နေရတာ အတူတူပဲ ဖြစ်သည်။ ပြည်နယ်တွေက တစ်ပူပေါ် နှစ်ပူဆင့် နေရတာ ဖြစ်သည်။

တကယ်က PR စနစ်ကို ကြောင်ရေ ချိုးနေတာမျိုး မလုပ်ပဲ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်မှန်မှန် ပေါ်လာရေးကိုသာ ဦးစားပေးသင့်သည်။ အာဏာခွဲဝေ ကျင့်သုံးရေးကို ဦးထိပ်ထားသင့်ပါသည်။ ကနေ့ထက်တိုင် ဗဟို အစိုးရနှင့် ပြည်နယ် အစိုးရ အာဏာခွဲဝေတာ မတွေ့ရ။ ဒါမျိုးကို အသက်ဝင်လာအောင် မပြောပဲ PRကိုချည်း စွတ်တင်နေတာက ခါးတောင်းကျိုက် တစ်ခြား ဖင် တစ်ခြား ဖြစ်နေ၏။

တစ်နိုင်ငံလုံးမှာ အကြောသေနေသည့်  ၊တာဝန်ယူမှု မရှိခဲ့သည့်၊တာဝန် မသိခဲ့သည့် ဗျူရိုကရေစီ ယန္တရားကြီးတစ်ခုလုံး ကို ပြုရ ပြင်ရပေဦးမည်။ဒါကပို အရေးကြီးသည်။

အသေချာဆုံးက ခံတွင်းမတွေ့နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင်ဆုံး ပြုပြင်ပြီးမှသာ ရွေးကောက်ပွဲ စနစ်တွေကို ပြင်ဖို့ပြောင်းဖို့ လုပ်ရမှာ ဖြစ်သည်။ တစ်ဆင့်ကျော် နေပါသည်။ အလှမ်းကျယ်က အလယ် လပ် တတ်ပါသည်။

လွှတ်တော်ထဲက ဆရာ ဆရာမများ သတိပြုမိစေဖို့ တစ်ခုလောက် ပြောခွင့်ပြုပါ။ မြန်မာနိုင်ငံကို လူကြီးမင်းများ ချစ်ကြမည်ဟု ကျွန်တော်တို့ ယုံပါသည်။ တကမ္ဘာလုံးကို စနစ်တကျ တိတိကျကျ သုံးသပ်ထားသည့် စာတမ်းတစ်စောင် ရှိပါသည်။ ဖတ်ကြည့်ကြပါဦးဟု ပြောချင်ပါသည်။

အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့ဥရောပတို့က နိုင်ငံပေါင်းစုံ၏ ရွေးကောက်ပွဲ စနစ်တွေကို သုံးသပ်ထားတာဖြစ်၏။ Guy Laedeyret ( ပဲရစ် အခြေစိုက် ဒီမိုကရေစီ အင်စတီကျု၏ ညွှန်ကြားရေးမှူး)က ဒီစာတမ်းကို ပြဿနာPRဟု ကင်ပွန်းတပ်ထားပါသည်။ ဒီမိုကရေစိ ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်ချိန်မှာ PRစနစ်ကို လုံးဝ မကျင့်သုံးသင့်ကြောင်း အထောက်အထားပေါင်း များစွာဖြင့် တင်ပြထားပါသည်။ ဒီနေရာမှာ စာဖတ်သူတို့ အာရုံနောက်မှာ စိုးသဖြင့် ထိုစာတမ်းကို တစ်ခုတ်တရ ဘာသာ မပြန်လိုတော့ပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို အားနာတတ်ပါသည်။ ငဲ့ညှာတတ်ပါသည်။ သို့ သော် ထိုစာတမ်း၏ အချုပ်ကလေးကိုတော့ ဖောက်သည် ချပါရစေ။

ပီအာရ် စစ်စစ်၊
ပါလီမန်+ပီအာရ်၊
သမ္မတစနစ်+ပီအာရ် နှင့်
ဗြိတိသျှပုံစံ ပီအာရ်ဆိုပြီး လေးမျိုးရှိသည့်အနက် အဆိုးဆုံး ပီအာရ်ကတော့ အီတလီ၊ အစ္စရေးတို့ သုံးနေသည့် ပီအာရ် စစ်စစ်၊ ဖြစ်ပြီး ဂရိ နှင့် ဂျာမနီတို့ သုံးနေသော ပါလီမန်+ပီအာရ်ကတော့ ဒုတိယ အဆိုးဆုံး ပီအာရ် ဖြစ်သည်ဟု ဆို၏။

ဘာပီိအာရ်ကို ဒီမှာ သုံးမှာလဲဟု မေးချင်သည်။ ညွန့်ပေါင်း အစိုးရက အဖြေလား၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အဖြေလားဆိုတာ အရင် စဉ်းစားကြစေချင်သည်။ ပီအာရ် ဖြစ်ဖြစ် နိုင်သူ အကုန်ယူ စနစ်ပဲဖြစ်ဖြစ် ကြိုက်တာသာသုံး ရွေးကောက်ပွဲ ၀င်စရာ မလိုသည့် နှစ်ဆယ့် ငါးရာခိုင်နှုန်းကတော့ ပြုံးပြုံးကြီး နှင့် မိန့်မိန့်ကြီး လုပ်နေမှာတော့ သေချာလှပါတော့သည်။

ဇာဂနာ
Tomorrow news journal

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့၊ တရားစွဲဆိုခံနေရတဲ့ သတင်းထောက်တွေ နစ်နာမှုမရှိအောင် သမ္မတက သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ကူညီသွားမယ်လို့ သြဂုတ် ၁ရက်နေ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တွေကို သမ္မတက အရေးယူတာတွေ ပယ်ဖျက်ပေးတော့မှာလား။
ယူနတီဂျာနယ်က သတင်းထောက်တွေ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခံခဲ့ရတာ၊ Bi မွန်းတည့်နေဂျာနယ်က သတင်းအယ်ဒီတာ ၅ယောက်အပါအဝင် ကမာရွတ်ရဲစခန်းမှာ ပုဒ်မ ၁၈နဲ့ အရေးယူဖို့ ပြင်ဆင်နေမှုတွေကို ဘယ်လို လုပ်ပေးမယ်ဆိုတာ အသေးစိတ်ပြောဆိုခဲ့တာ မရှိပါဘူး။

သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူ ၇ယောက်တို့ နေပြည်တော် လယ်တောရိပ်သာမှာ မနက် ၁ဝနာရီက တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းကောင်စီဟာ အစိုးရနဲ့ သတင်းမီဒီယာတွေကြားက ကြားခံအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ၃ခုနဲ့ သတင်းမီဒီယာတွေကြားက နားလည်မှုလွဲနေတာတွေ၊ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပေးသွားမည်လို့လည်း သမ္မတက ကတိပေးခဲ့ပါတယ်။ သမ္မတနဲ့ စာနယ်ဇင်းကောင်စီ တွေ့ဆုံတဲ့နေ့မှာပဲ ပြည်ထောင်စုလွှတ်တော်က ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးအဖြစ်နဲ့ ခန့်အပ်တဲ့ကိစ္စ ကန့်ကွက်သူမရှိလို့ အတည်ပြုခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးရဲထွဋ်နဲ့ မြန်မာသတင်းမီဒီယာသမားတွေ၊ စာနယ်ဇင်းကောင်စီကြားမှာ မပြေလည်မှုတွေ အများကြီးရှိခဲ့ပြီး အထူးသဖြင့် သတင်းမီဒီယာဥပဒေရေးဆွဲတဲ့အချိန်နဲ့ ပြန်ကြားရေးက တင်သွင်းထားတဲ့ အများပြည်သူဆိုင်ရာ မီဒီယာ PSM ဥပဒေကြမ်းမှာ အစိုးရက မီဒီယာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နေမှု၊ စွပ်စွဲနေမှုတွေနဲ့ စပ်လျဉ်းပြီး အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အစိုးရရဲ့ ဝါဒဖြန့်ချိရေးမူဝါဒကို တစိုက်မတ်မတ် အကောင်အထည်ဖော်ခဲ့တဲ့သူဖြစ်တယ်လို့ အမြဲလိုလို စွပ်စွဲခံနေရသူတစ်ဦးလည်းဖြစ်ပြီး သတင်းမီဒီယာတွေအပေါ် ဆုံးမသလိုလိုနဲ့ တိုက်ခိုက်မှုတွေကို စနစ်တကျလုပ်တတ်သူလို့လည်း ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။
Kamayut media


မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။ သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။

ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။

Tomorrow

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ ၁ လအစား ၂ လပြင်ဆင်သတ်မှတ်ပေးဖို့ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ပါတီက အကြံပြုထားတဲ့ အချက်အတော်များများကို ကော်မရှင်က ပြင်ဆင်ပေးမယ်လို့ ပြောတဲ့အကြောင်း ဒီနေ့ ကော်မရှင်နဲ့တွေ့ခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

Union Election Commissionပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့ထားတဲ့ ရွေးကောက်ပွဲနည်းဥပဒေဆိုင်ရာ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ သြဂုတ် ၁ ရက်က အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး ရှင်းလင်းဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ရှင်းလင်းဆွေးနွေးပွဲရလာအရ ကော်မရှင်က အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက် ၉ ချက်ထဲက ၂ ချက်ကလွဲပြီး ပြင်ဆင်သတ်မှတ်ပေးမယ်လို့ ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းမြင့်က ကော်မရှင်က ပြင်ဆင်ပေးဖို့ မဖြစ်နိုင်တဲ့ ၂ ချက်ကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၇ ချက်လောက် ရလိုက်တယ်။ ၂ ချက်က တချို့က ဘာပြောလဲဆိုတော့ ကြိုတင်ဆန္ဒမဲ ကိစ္စကို မြို့နယ် ကော်မရှင်ဘက်က မဲပေးတဲ့နေ့ မနက် ၆ နာရီမှာ စာရင်းကို ဘယ်လောက်ရတယ်ဆိုတာ တခါတည်းပြောဖို့ရှိတယ် မှတ်လား။ အဲဒါပြောထားတာကတော့ သူက ရွေးကောက်ပွဲ ဥပဒေမှာကိုက ညနေ ၄ နာရီအထိ ပေးထားလို့ပါတယ်။ အဲဒီတော့ နည်းဥပဒေ မနက် ၆ နာရီအထိ ထပ်မယ်ဆိုရင် ဥပဒေကို ကျော်လွန်ပြီး လုပ်လို့ မရလို့ပါတဲ့။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က အကျိုးအကြောင်းနဲ့ ရှင်းပြတော့။ စာရင်းကိုတော့ ဘယ်လောက်ပေးခွင့်ရှိတယ်ဆိုတာ ပုံစံ ၁၊ ၁ မှာ ကြေညာပေးပါ့မယ်လို့ ပြောတယ်ဗျာ။ ၁ ကတော့ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ဟာပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာက နိုင်ငံရေး ပါတီဝင် မဖြစ်ရဘူးလို့ ပါနေတဲ့အခါကျတော့ ဒီမှာက ၃ နှစ် ကင်းရမယ်၊ ၅ နှစ် ကင်းရမယ်။ သူတို့ကနေပြီး ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံကျော်ပြီး ပြဋ္ဌာန်းလို့ မရလို့ပါတယ်။ ရွေးကောက်ပွဲဥပဒေ မှာလည်း အဲဒီအချက်က မပါလို့ ဥပဒေကျော်ပြီး နည်းဥပဒေပြဋ္ဌာန်းလို့ မရလို့ပါတဲ့။ ဒါလေး ၂ ချက်ပဲ သောင်မတင်ရေမကျ ဖြစ်တာပေါ့ဗျာ။”

အဖွဲ့ချုပ်က ကြိုတင်မဲတွေကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ မနက် ၆ နာရီအထိပဲ လက်ခံဖို့ ပြင်ဆင်သင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

တခါ ရွေးကောက်ပွဲကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီဝင်အဖြစ်မှ ၅ နှစ် ကင်းလွတ်သူဖြစ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

နည်းဥပဒေထွက်ပြီးသွားပြီဖြစ်တာမို့ အဖွဲ့ချုပ်ရဲ့ အကြံပြုချက်တွေကို ညွှန်ကြားချက်တွေထုတ်ပြန်ပြီး ပြင်ဆင်ပေးမယ်လို့ ကော်မရှင်က ကတိပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြံပြုချက်တွေ ထဲမှာ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး ရက်ပေါင်း ၆၀ ပေးဖို့၊ မဲရုံထဲသို့ ဝင်ခွင့်ရသူများကို “ကော်မရှင်က ခွင့်ပြုထားသူများ” ဆိုပြီး ဖြည့်စွက်ခဲ့တဲ့အပေါ် ပယ်ဖျက်ပေးဖို့နဲ့ ကြိုတင်မဲကိစ္စ အပါအ၀င် အချက် ၉ ချက် ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနည်းဥပဒေမူကြမ်းကို ပြင်ဆင်ချက် ၄၄ ခုနဲ့ ဇူလိုင် ၂၈ ရက်က ဥက္ကဋ္ဌလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ီDVB



ချမ်းသာအောင် လုပ်ကြသူများ
“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ်ကြ” ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ပြုနေ သော ပုဏ္ဍားဘကွန်း ဝတ္ထုကြီးအား ရေးသားခဲ့သူ အဘဆရာကြီး မင်းသိင်္ခ၏ သားတပည့် ဆရာ ဇင်ယော် နီ၊ အဘ၏ တပည့်ပရိသတ်များနှင့် အဘဆရာကြီး မင်းသိင်္ခ၏ တပည့်တစ်ဦးဖြစ်သူ ကျော်သူတို့ ယနေ့ မထင်မှတ်ဘဲ ဆုံဆည်းခဲ့ရပြန်သည်။
ယနေ့ သြဂုတ် (၁) ရက်နေ့သည် အဘဒေါက်တာ မင်းသိင်္ခ ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွာခြင်း (၆) နှစ် တင်းတင်း ပြည့်မြောက်သည့် နေ့ရက်ဖြစ်ပေသည်။ ယင်းနေ့ရက်တွင် ဆရာကြီး၏ တပည့်ဖြစ်သူ ဆရာ ဇင်ယော်နီနှင့် အဘ၏ တပည့်ပရိသတ်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ရေဝေးသုဿန်ရှိ အဘဆရာကြီး မင်းသိင်္ခ၏ ဂူဗိမ္မာန်အား သွားရောက်၍ ကန်တော့ မေတ္တာပို့သခြင်းနှင့် ဆရာသခင်အား ဂါရဝပြု ကန်တော့ပန်းဆင်ခဲ့ကာ ဆရာကြီး၏ အနုပညာတပည့် တစ် ဦးဖြစ်သူ ဦးကျော်သူ ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်တွေ့ဆုံ လေ့လာခဲ့ကြသည်။ ဆရာဇင်ယော်နီသည်လည်း အဘဆရာကြီး မင်းသိင်္ခ၏ “ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်” ဟူသော သြဝါဒစကားအတိုင်း ဖြစ်အောင်လုပ်ခဲ့သည့် ဆရာကြီး၏ အနီးကပ်လူယုံ သားတပည့်တစ်ဦး ဖြစ်သည်။ ဦး ကျော်သူသည်လည်း အနုပညာလောကတွင် ဆရာကြီးသည် “ကျော်သူ” ဟူသော အမည်နာမဖြင့် အများ ပြည်သူပရိသတ်တို့၏ နှလုံးသားအား ဆွဲကိုင်နိုင်ခဲ့ပြီး ဆရာကြီးရေးသားခဲ့သော ပုဏ္ဍားဘကွန်း ဝတ္ထုအပြင် ဆရာကြီး၏ ဝတ္ထုပေါင်းမြောက်များစွာအား သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်သည့် အပြင် အနုပညာလောကမှ ရပ်ဆိုင်းခြင်း ခံခဲ့ရစဉ်ကလည်း “ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်” ဟူသော ဆရာကြီး မင်းသိင်္ခ၏ ဆောင်ပုဒ်အတိုင်း ပရဟိတအကျိုးကို ယနေ့တိုင် ပေးဆပ်နေသူတစ်ဦးလည်း ဖြစ် သည်။

ဆရာဇင်ယော်နီနှင့် ဦးကျော်သူတို့သည် အဘဆရာကြီး မင်းသိင်္ခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွား သော နေ့ရက်မှစ၍ ယနေ့အချိန်အထိ ပြင်ပတွင် ပြန်လည်တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြ။ တစ်ဦးနှင့်တစ်ဦး စိတ် ခြင်းသာ မေတ္တာပွားများ ဆက်သွယ်မှုရှိနေကြသည်။ ယနေ့တွေ့ဆုံချိန်တွင် တစ်ဦးနှင့်တစ်ဦး ဝမ်းသာအား ရ တွေ့ဆုံဂါရဝပြုကြပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းစဉ်များဖြစ်သော နာရေး၊ ကျန်း မာရေး၊ ပညာရေးကဏ္ဍများအား လိုက်လံလေ့လာမှုများ ပြုလုပ်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းမဆောင်၌ မေတ္တာပို့ ဆုတောင်းကန်တော့ခဲ့ကြသည်။ ထို့နောက် ဦးကျော်သူနှင့် အမှတ်တရ ဘဘ ဦးသုခ ရုပ်တုရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ဦးကျော်သူအား စိန်ရတုအမှတ်တရ ထုတ် ဝေသည့် ဆရာကြီး မင်းသိင်္ခ၏ “ရတနာသိုက်” စာအုပ်များနှင့် မနောမယ ဂီတဉ္ဇလီ ပူဇော်တေး CD ချပ် များအား အမှတ်တရ လက်ဆောင်ပေးခဲ့ပါသည်။

ယနေ့ဆုံတွေ့ခဲ့သော ထိုသူတို့နှစ်ယောက်နှင့် သူတို့နှစ်ယောက်၏ တပည့် သားသမီးများ အားလုံး တို့သည် လူ့ကျင့်ဝတ်ကို စောင့်ထိန်းကြသူများ၊ ပရဟိတစိတ်ဓါတ် မွေးဖွားနေသူများ၊ ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု နေကြသူများ ဖြစ်ကြသည့်အတွက် “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ် ကြသူများ” ဖြစ်ကြသည်။ လူ့လောကကြီးအတွင်း ကျင်လည်ကျက်စားနေကြသော လူသားများ၏ အား နည်းသော လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာ၊ ချို့ယွင်းနေသော သီလငါးပါး၊ ပျက်ပြယ်လုဖြစ်နေကြသော ဒါနနှင့် ဆင်းရဲနေသော ဘာဝနာတရားများအား မိမိတို့ နိုင်သည့်ဘက်မှနေ၍ အတတ်နိုင်ဆုံး ကူညီဖေးမ ဖြည့် ဆည်းပေးနေကြသူများ ဖြစ်သည့်အတွက် “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ်ကြ” ဟူ သော စကားအရ ချမ်းသာအောင် ဆောင်ရွက်ပေးဆပ်နေကြသော သူများဟူ၍ တင်စားလိုက်ရပါသည်။
-ကျော်သူ