08/03/14

ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ဟောပြောခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးက ပီအာစနစ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"အခုနိုင်ငံမှာက လုပ်နေတာက အခုလွှတ်တော်ထဲမှာ လုပ်တဲ့ပုံစံတွေရော၊ အစိုးရတွေလုပ်တဲ့ပုံစံတွေရော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စပြီးအတည်ပြုပြီးကတည်းက ကျနော်တို့က ဘုမသိ၊ ဘမသိနဲ့ မဲထည့်ထည့်ဆို အတင်းထည့်ခဲ့ရပြီးတော့ အကြောက်တရားတွေနဲ့ပေါ့ဗျာ၊ ဒါတွေနဲ့လုပ်ခဲ့ကြတာ အခုလိုမျိုးပွင့်လင်းလာပါပြီ၊ အစိုးရကလည်း တာဝန်ယူမှုတွေကို တည်ဆောက်နေပါတယ်ဆိုတဲ့ အချိန်မျိုးမှာ ပီအာစနစ်ကို ပြောင်းကျင့်သုံးမယ်ဆိုပြီးတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်၊ ဒါပေမဲ့ အဲ့ဒီပီအာဟာ ကောင်းတာဘယ်လို၊ ဆိုးတာဘယ်လို ပြည်သူကို အသိမပေးပဲနဲ့ အာဏာရတဲ့ ပါတီကရတဲ့ပါတီက ဆုံးဖြတ်သွားတာမျိုးကို ကျနော်တို့က လက်မခံနိုင်ဘူး၊ ဒီစနစ်သည် ကောင်းတယ်ဆိုရင် ကျနော်တို့ လက်ခံမယ်၊ ဒီစနစ်မှာ မကောင်းဘူးဆိုရင် ကျနော်တို့ ဒါကိုငြင်းပယ်ရမယ် ဒါပြည်သူတွေရဲ့ အခွင့်အရေးပါ၊ အဲ့ဒါကို ပြည်သူတွေသိဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်"

အဲ့ဒီ ဟောပြောပွဲမှာ တရားရုံးချုပ်ရှေ့နေ ဦးကိုနီ၊ စာရေးဆရာ ထင်လင်းဦး၊ ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဦးဝင်းချိုတို့က ဟောပြောခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပီအာစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံအနည်းငယ်သာရှိပြီး လူဦးရေနည်းတဲ့ နိုင်ငံနဲ့ ပါတီအရေအတွက်နည်းတဲ့ နိုင်ငံတွေသာ ကျင့်သုံးတာဖြစ်တယ်လို့ တရားရုံးချုပ်ရှေ့နေ ဆရာဦးကိုနီက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပီအာစနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မတီကို အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်မှာတော့ မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

Credit : RFA


ကုမ္ပဏီသတ်မှတ်တဲ့ ကျပ် ၁၅ဝဝထက် ပိုပြီးရောင်းတဲ့ ဖုန်းကတ်အရောင်းဆိုင်တွေကို သတ်မှတ်တဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူဖို့ Ooredoo က စဉ်းစားနေချိန်မှာပဲ ဝယ်လိုအား ရောင်းလိုအားမမျှတဲ့အခြေအနေတွေ ရန်ကုန်မြို့မှာ ဖြစ်ပျက်နေပါတယ်။

3G ကွန်ရက်ဆင်းကတ်တွေ တရားဝင်စတင်ရောင်းချတဲ့ သြဂုတ် ၂ရက်နေ့ကစပြီး ဖုန်းဆိုင်တွေမှာ လူရာပေါင်းများစွာ မိုးထဲရေထဲ တန်းစီတိုးဝှေ့ စောင့်ဆိုင်းနေကြသူတွေရှိသလို ကတ်တွေကုန်သွားလို့၊ ရောင်းချိန် ကျော်သွားလို့ စတဲ့ စတဲ့ ပြည်တွင်းဖြစ်မှောင်ခိုဈေးကွက်နဲ့အတူ တကယ်ပဲ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဖုန်းဆင်းကတ်ဝယ်ဖို့ နာရီဝက်ကျော် စောင့်ဆိုင်းခဲ့ရပြီးမှ ဝယ်နိုင်ခဲ့တဲ့ ကိုစိုးခိုင်လင်းက အင်တာနက်ကို သုံးစွဲတဲ့ ပမာဏအလိုက် ငွေဖြတ်မယ်ဆိုတာတော့ ဈေးများမယ်လို့ ထင်ထားသလို အခုတော့ အစမ်းသုံးကြည့်တာဖြစ်ပြီး တယ်လီနော်ကတ်တွေ ထွက်လာရင်လည်း သုံးမယ်လို့ ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးက Quota စနစ်နဲ့ မဲနှိုက်ပေးတဲ့ ၁၅ဝဝ တန် MPT ဆင်းကတ်တွေမှာလည်း မဲမပေါက်ဖူးဘဲ သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်တွေပဲ အများဆုံး ယူသွားတာကြောင့် သူ့ဘဝမှာ ဖုန်းတစ်ခါမှ ကိုယ်ပိုင်မသုံးဘူးလို့ ဒီနေ့ လာဝယ်တာပါလို့ ပြောပြသူက မသိန်းသိန်းအေးပါ။

တယ်လီဖုန်းအရောင်းဆိုင် အများစုက ဆင်းကတ်နဲ့ Handset ကို တွဲပြီးရောင်းတာမျိုးတွေရှိသလို၊ ဆင်းကတ်တွေ ကုန်သွားလို့ စာတန်းချိတ်ထားရတဲ့ဆိုင်တွေလည်း ရှိပါတယ်။ ဖုန်းငွေဖြည့်ကတ်တွေက အခမဲ့သုံးစွဲခွင့်ပြုထားတဲ့ သြဂုတ် ၁၄နောက်ပိုင်းမှ စတင်သုံးစွဲရမှာဖြစ်ပေမယ့် ငွေဖြည့်ကတ်တွေကို ဆင်းကတ်နဲ့ မဖြစ်မနေ တွဲရောင်းတဲ့ဆိုင်တွေလည်းရှိနေပါတယ်။

Ooredoo ဖုန်းကတ်ကို စမ်းသပ်သုံးစွဲဖူးတဲ့ ကိုထက်ခိုင်ကျော်ကတော့ လက်ရှိ အခမဲ့ ဝန်ဆောင်မှုပေးတဲ့ကာလမှာ အင်တာနက်ရော ဖုန်းပါ ခေါ်ဆိုရတာ အဆင်မပြေမှုတွေ ရှိနေပြီး လာမယ့် ဝန်ဆောင်မှုတွေ ကောင်းလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဖုန်း Handset အဟောင်းတန်းမှာ ဆိုင်ဖွင့်ထားတဲ့ ကိုရဲကတော့ Ooredoo ဆင်းကတ်တွေ ဝယ်ပြီးသူတွေ 3G ကွန်ရက်နဲ့ကိုက်မယ့် Handset ဖိုး မတတ်နိုင်လို့ ဝယ်မသုံးနိုင်တဲ့သူတွေ များနေတယ်လို့ ဆိုပါတယ်။

Kamayut media

(ရှစ်) …… ရှစ်သောင်းလေးထောင်အစု…

ယူဇနာအထု…မြေပန်သုကို…

သွက်သွက်ခါစေ…တုန်လှုပ်စေတဲ့

ဒီမိုငလျှင် ဥဒါန်းတွင်ရစ်

သမိုင်းသစ်ပန်းချီ…ရွှေဝါပြည်…

တရွာလုံးနီ…တမြို့လုံးရဲ

တတိုင်းလုံးစည်…တပြည်လုံးရွှဲ

အဖိနှိပ်ခံတို့ ပွဲ ။

(လေး). လေးအသင်္ချေနဲ့ ကမ္ဘာမကြေ …

အာဇာနည်အထောင်သောင်းကုဋေ…

ထောင်းလမောင်းကျေအောင်…

ဘ၀တွေပေး…အသက်တွေစတေးလို့ 

သွေးနဲ့ ရေးခဲ့တဲ့သမိုင်း…

စင်္ကြ၀ဠာတံတိုင်းလွန်ပစေ ။

 (လုံး) …. လုံးဝ တထစ်ချ ယုံကြည်ကြ….

မဝေးလှတဲ့တနေ့ …အေးမြမဲ့နေ့ 

အမှန်တရားတွေရှင်ပြန်ထမြောက်…

သွေ့ ခြောက်ပျားရည်မြစ်တွေ…စီးဆင်းရစ်ခွေ…

ချိုမြိန်စေလိမ့်….ငိုသံတွေတိတ်လို့ …

ရီသံတွေဖိတ်ဝေ….ဒေါင်းပျိုတေးချွေ

အိုးဝေ… အိုးဝေ… အိုးဝေ ။ ။

မင်းကောင်းချစ်

ဇူလှိုင်လ ၂၀ ရက် ၂၀၁၄ ခုနှစ်

ဒီလှိုင်း ၊ အတွဲ (၁) ၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြသည်
သြဂုတ် ၁၊ ၂၀၁၄

အရပ်ထဲ ဆူညံပူညံနဲ့ ဘာသံတွေတုန်းဗျ။

တစ်နေ့သား ကျုပ်လည်း ဟိုဟာကြား၊ ဒီဟာကြား နားပူလာတယ်။ နီးရာလူလူကို လက်တို့မေးကြည့်မိတယ်။ သူ့အဖြေက ဝါးတားတားပဲ။ ဘာတဲ့။ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ဆိုလား ဘာလား မသိပါဘူး။ ဂဃဏနလေး ပြောစမ်းပါကိုယ့်လူရဲ့လို့ ကျွဲမြီးတိုသံနဲ့ ကျုပ်က မာန်မိတာပေါ့။ သူက ကျုပ်ကို ပြန်ငေါက်တယ်။

င်္ိ“ဟာ အဘကလည်း သူတို့ဟာကြီးက မရေမရာ၊ ဇဝေဇဝါ၊ ကလေကမာဗျ။ ကျွန်တော်လည်း ကြားသလောက် ပြန်ပြောရတာ”

င်္ိ“ဒါဇြင့် မင်းက ဘာလို့ ကလီကမာလို့ ပြောနိုင်ရတာလဲ”
င်္ိင်္ိင်္ိင်္ိ
င်္ိ“ဟာ အဘကလည်း နားပင်းကိုးကန်းလုပ်ပြန်ပါပြီ။ ကလီကမာမဟုတ်ပါဘူး။ ဇဝေဇဝါအရှိန်လွန်သွားလို့ ကလေကမာလို့ နဘေထပ်မိတာပါဗျ။ ဆောရီး၊ ဆောရီး” တဲ့။

ဒါနဲ့ ကျုပ်လည်း တွေးမိတွေးရာ လုပ်မိပြန်တာပေါ့။

ကျုပ်တို့ ဒီချုပ်မှာ ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းက စဉ်းစားခဲ့ကြဖူးသဗျ။ ဒီနေ့ အချိုးကျကြီးလို ကာလပေါ်ကိစ္စ မဟုတ်ဘူး။

၁၉၈၈ စက်တင်ဘာ ၂၇ မှာ ဒီချုပ်ဖွဲ့တယ်။ စက်တင်ဘာ ၃၀ မှာ ပါတီမှတ်ပုံတင်တယ်။ အောက်တိုဘာထဲမှာ ပါတီဗဟိုကော်မတီ ညီလာခံလုပ်တယ်။ ပါတီက အောင် - စု - တင် (ဗိုလ်မှုးချုပ် အောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီး တင်ဦး) သုံးဦးစပ်ဆိုတော့ တစ်ဖက် ၁၄ ယောက်စီနဲ့ ဗဟိုကော်မတီ ၄၂ ယောက်။ အဲဒီ ဗဟိုကော်မတီ ညီလာခံကို ဒီချုပ်အတွင်းရေးမှုးအဖွဲ့ဝင် ဗိုလ်မှုးကြီးကြည်ဟန်ရဲ့ အိမ်မှာကျင်းပတယ်။ အင်းလျားမြီုင်လမ်းမှာ။

ညီလာခံမှာ ဗိုလ်မှုးချုပ်အောင်ကြီးအုပ်စုက ဗိုလ်မှုးကြီးခင်ညိုက လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်သုံးဖို့ အဆိုတင်တယ်။ ကျုပ်တို့က ကန့်ကွက်တယ်။ ဒါနဲ့ PR ဆိုတာကြီး လျှောမွေးဖြစ်သွားတယ်။ ဗာရာဏသီ မချဲ့လိုက်နိုင်ဘူး။

ဒီနေ့ ဒီအသံတွေညံလာပြန်တယ်။ သဘောရိုးနဲ့လား၊ မနောဆိုးနဲ့လား။ အတွေးဥာဏ်နဲ့လား၊ အကွေးအကြံနဲ့လား။ လျှောမွေးဆရာတွေပဲ ပြောရေးသာပါလိမ့်မယ်ထင်ပ။

ဒီလို နိုင်ငံရေးပါတီတွေအကြား၊ မဲဆန္ဒရှင်ပြည်သူတွေအကြား မညီမညာဖြစ်လေမယ့် ပီအာရ်ဆိုတာကြီးက ဘယ်လိုတဲ့တုန်း။ ရှင်းပါဦးဟဲ့ လင်းပါဦးဟဲ့ လုပ်မနေကြနဲ့။ အင်တာနက်တက်ရှာ။ နည်းတွေ နာတွေ စနစ်တွေ ဇယားတွေကလည်း သဗ္ဗရနံပေါင်း သောင်းပြောင်းထွေလာပါပဲဗျာ။ ရှာသာဖတ်ကြပါတော့။

ဒီစနစ်ရဲ့ အချုပ်သဘောကတော့ တစ်မဲသာ တစ်ပွဲနိုင်စနစ် မကောင်းဘူးဗျို့။ အပိုအလျှံမဲနဲ့ အကြွင်းအကျန်ခဲတဲ့စနစ်ရယ်၊ စုပေါင်းစပ်ပေါင်း ရောသမမွှေ စနစ်ရယ်၊ နှစ်ကျော့ပြန်စနစ်ရယ်ဆိုတဲ့ စနစ်တွေ ကောင်းတယ်ဗျို့။

တစ်မဲသာ တစ်ပွဲနိုင်စနစ်က ပါတီကြီးစနစ်ကို တွန်းပို့တယ်။ ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဖန်တီျးနိုင်တယ်တဲ့။

အချိုးကျ ကိုယ်စားပြုစနစ်ကတော့ အရွေးခံရသူကို မဲမပေးတဲ့ မဲဆန္ဒရှင်တွေရဲ့ လွှတ်တော်တွင်းကိုယ်စားပြုနေရာ ဖန်တီးနိုင်တယ်တဲ့။ လူနည်းစုတွေ၊ ပါတီငယ်တွေရဲ့ နိုင်ငံရေးပါဝင်မှုကို ဖန်တီးနိုင်တယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ဗမာ့နိုင်ငံရေးသမိုင်းမှာ အသံကျယ်ကျယ် မြည်ဟည်းခဲ့တဲ့ ပြဋ္ဌာန်းချက်တစ်ချက်ရှိခဲ့တယ်ဆိုတာ မမေ့စေချင်ဘူး။ အဲဒါက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို သယ်ပိုးဆောင်ကြဉ်းချင်သလား။ ချင်တယ်ဆိုရင် နိုင်ငံရေးပါတီအဖွဲ့အစည်းကို အင်အားကြီးမားတောင့်တင်း
အောင် လုပ်ရမယ်ဆိုတာ ဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်းကြီးကြီးတွေကသာ တိုင်းပြည်ကို ခိုင်ခိုင်မာမာ သန်သန်စွမ်းစွမ်း ဦးဆောင်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ တစ်မျိုးပြောရမယ်ဆိုရင် ဗြုတ်စဗျင်းတောင်း ဖားလောင်းပါတီလေးတွေနဲ့ တိုင်းပြည်ကို ရှေ့တန်းအရောက် တွန်းမပို့နိုင်ဘူး။ ပြည်သူရဲ့ အကျိုးစီးပွားကိုလည်း ထိပ်တန်းအရောက် ထမ်းမတင်နိုင်ဘူး။

ကျုပ်တို့ ဒီချုပ်မှာ ဒီသဘောထားရှိခဲ့တယ်။ အဖွဲ့ချုပ် စတင်သန္ဓေတည်ကတည်းက ဆိုပါတော့။ ဘာကြောင့် ကျုပ်တို့ ဒီ သဘောထားကို ကိုင်စွဲခဲ့သလဲ။ ဗမာ့သမိုင်းကြောင်းကိုကြည့်။ ကမ္ဘာ့ဖြစ်စဉ်တွေ ဖြစ်ရပ်တွေကိုကြည့်။ အဖွဲ့ချုပ် ဖွဲ့ဦးစကာလမှာ ဒီသမိုင်းအမြင် ရှိသူရှိတယ်။ မရှိသူ မရှိဘူး။ အဖွဲ့ချုပ်က သုံးစု သုံးစပ်ထားတာ။ အဲဒီကာလ မျက်မှောက်ပြုနေကြရတာက စစ်တပ်ဗျ။ တိုင်းပြည်ကို သိမ်းပိုက်ထားတယ်။ စစ်တပ်ကြီးက ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်ကတည်းက ကြံ့ခိုင်ရေးအသင်းဆိုတာ ထောင်ခဲ့တယ်။ တစ်နေ့သောအခါ စစ်တပ်နဖားကြိုးဆွဲမယ့် နိုင်ငံရေးပါတီကြီးထောင်ဖို့ စိတ်ကူးရှိခဲ့တယ်။ ဒါကို ဒီချုပ်ခေါင်းဆောင်ကြီးတွေထဲက ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေက နောကျေနေအောင်သိတယ်။

ကျုပ်တို့ကလည်း စစ်နိုင်ငံရေးရဲ့ ကင်ဆာရောဂါကိုသိတယ်။ အဲဒီအသိနဲ့အတူ ပြည်သူ့ဒီမိုကရေစီအရေးတော်ပံ
ုကြီးရဲ့ အင်အားကိုမြင်တယ်။

ဒီတော့ တချို့ခေါင်းဆောင်တွေက ဒီချုပ်ကို စစ်နိုင်ငံရေးလောင်းရိပ် မိမှာပဲ။ ပါချည်ပါချဲ့ ပါတီပဲ့လေးအဖြစ်နဲ့ ပါတီစဉ်မီမှာ မဟုတ်ဘူးလို့မြင်။ ဒါ့ကြောင့် အနာဂတ်နိုင်ငံရေးမှာ အရိုးအရင်းကိုက်ဘဝကို မှန်းတယ်။ သူတို့အဖို့ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် အဖိုးတန်မှာပဲလို့ ထင်တယ်။

ခေါင်းဆောင်ပိုင်းတချို့ကတော့ ဒီမိုကရေစီ မိုးစင်စင်လင်းရင် ဒီချုပ်ဟာ အင်အားကြီးပါတီဖြစ်လာမယ်။ ပါတီကြီးအင်အားနဲ့ တိုင်းပြည်ကို ဦးဆောင်မယ်။ ပြည်သူကို အကျိုးပြုမယ်မှန်းတယ်။

ဒီလို မတူကွဲပြားတဲ့ နိုင်ငံရေး အမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေရဲ့ အားပြိုင်ပွဲမှာ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ‘နောက်ကောက်’ ကျခဲ့တယ်။

လာပြန်ပြီ ဒါကြီးက။ ဘယ်နှယ့် ဘယ်နှယ်။ မိုးသီးလိုကြွေ၊ မှိုတွေလိုပွင့်လာပြန်ရတာလဲ။ မိုးလေဝသတော့ မှန်ကြပါလေရဲ့နော်။ ၂၀၁၀ တုန်းကတောင် ဘာသံမကြား၊ ညာသံမကြား၊ ကြိတ်ဝါးမြိတ်ကစားနေခဲ့ကြတာ မဟုတ်လား။

စစ်စစ်မှန်မှန် ဒီမိုကရေစီနိုင်ငံရေးမှာ ပိစိညှက်ကွေး ပါတီသေးသေးတွေလည်း စားကျက်မပျောက်ပါဘူး။ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ကောင်းကောင်းကြီး ‘ပလေး’ င်္ိ(ပါဝင်လှုပ်ရှားကစား) နိုင်မှာပါ။

လွှတ်တော်ထဲ ဝင်ချင်သပဆိုရင်တော့လည်း ကိုယ့်အဖွဲ့ကိုယ် ဝဝဖြိုးဖြိုး အလှတိုးအောင် ကြိုးစားစည်းရုံးကြရမှာပေါ့လေ။

ငယ်သော်လှ၏ဆိုတဲ့ စကားရှိတယ်။ ငယ်ရင်လှတယ်တဲ့။ ကျုပ်ကတော့ ငယ်သော်လည်းလှ၏ လို့ စကားပြင်ချင်တယ်။ ငယ်ပေမဲ့လည်း လှတာပါပဲလို့ ဆိုလိုတာပါ။ မှန်ကန်တဲ့ ဒီမိုကရေစီလူ့ဘောင်မှာ မှန်ကန်တဲ့ နိုင်ငံရေးလုပ်တတ်ဖို့ပဲ လိုပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေးနဲ့ ပြည်သူကို မှန်မှန်ကန်ကန် အလုပ်အကျွေးပြုနိုင်မှာပါပဲ။

ပြောစရာတွေ ကျန်သေးသဗျ။

ပါတီကြီးလွှမ်းမိုးမှာစိုးသတဲ့လား။ ဆန်းသလား။ ကြီးမှတော့ လွှမ်းမိုးပေလိမ့်မပေါ့ဗျာ။ အလွှမ်းမခံချင် ကိုယ့်ပါတီကိုယ် ကြီးအောင်ကြိုးစားကြပေါ့။ ပါတီဝင်စားကြပေါ့။ ပါတီကြီးထဲကို ခြေစုံပစ်ဝင်နိုင်ကြတယ်လေ။ ဒါမှမဟုတ်။ တပ်ပေါင်းစုဖွဲ့ပေါ့။ တပ်ဦးဖွဲ့ပေါ့။ မဟာမိတ်အင်အားစုဖွဲ့ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ဒီလမ်းလိုက်ခဲ့တာပဲ။ ဒေါ်စုလည်း ဒီအကွက်ဖော်ခဲ့တာပဲ။

ပီအာရ်ပရောဟိတ်တွေကသာ လူနည်းစုတို့၊ တိုင်းရင်းသားတို့၊ အမျိုးသမီးတို့ကို မစားရဝခမန်း မြှုဆွယ်နေကြတာ။ တိုင်းရင်းသားပါတီတချို့က ခေါင်းခါနေကြပါပေါ့လား။

ဒီ ပီအာရ်ဆိုတဲ့ စနစ်က ကောက်သင်းကောက် ရွေးကောက်ပွဲစနစ်ဗျ။ ဒီတော့ ပါတီတွေ များများကြီးထောင်၊ တစ်ကောင်တစ်မဲဆိုသလို ပါတီပြောက်သောက်က မဲကြွင်းမဲကျန်တွေ စုပြီးကောက်သင်းကောက်လိုက်
်ရင် အမတ်တစ်ယောက်စာလောက
်တော့ ရကောင်းရနိုင်မှာပေါ့။

ဒီတော့ ပါတီတွေ မှိုလိုပေါက်အောင် ဖွဲ့ကြလိမ့်မပေါ့။

င်္ိ- အမျိုအဆို့ သဲသဲမဲမဲညီတဲ့ ခရိုခရို့ရဲရဲနီနီပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
င်္ိ- အုပ်ထုပ်ခိုးမယ့် ကျုပ်တို့အမျိုးပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
င်္ိ- နေရာတကာ ပြည်ရွာမြေခွာတဲ့ ရွှေမသာပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
င်္ိ- ဇွတ်ဝါးမယ့် ဖွတ်ကျားပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။
င်္ိ- မသတီစရာ ကလီကမာ၊ ဒီဗမာပါတီ ဆိုတာမျိုးတွေ ပေါ်တော်မူကြလိမ့်မပေါ့။

ကိုင်း …… ကိုင်း မကြားဝံ့မနာသာတွေ တော်တန်တိတ်ကြ။

ဒီလို မဖြစ်ညစ်ကျယ် စနစ်သစ်ဆိုတာရယ်တွေကို ဖယ်ကြကွဲ့၊ ဖယ်ကြ။ စောလွန်းသေးသကွဲ့။ အချိန်တန်တော့မှ နွားပိန်တွေ ကန်ကြပေါ့ကွယ်ရို့။

မအောင့်နိုင်ကြဘူးတဲ့လား။ မစောင့်နိုင်ကြတော့ဘူးတဲ့လား။ ဒီလိုဆို ကြိုတင်မဲဆိုတာတွေပိုင်တဲ့ မဲသူဌေးကြီးတွေဆီသွား၊ တစ်ပြားတစ်ချပ်ရလိုရငြား မဲ မာဒင်္ဂ လုပ်ချေကြကွဲ့။ ဒါမှမဟုတ်လည်း အမျိုးအမည်မမှန်တဲ့ အဖိုးပြည်တန် ၂၅ ရာခိုင်နှုန်းမဲတွေကို သိမ်းကျုံးပိုင်စိုးတ်ာမူတဲ့ ရဲဘော်ကြီးတွေထံ မဲ အလှုခံ ချီတက်ကြပေရော့ကွဲ့။ ။

ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်း ၊ အတွဲ (၁) ၊ အမှတ် (၃၀)

(၁)
ကိုးရီးယားနိုင်ငံက
ကမ္ဘာကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့.

2NE 1 ဆိုတဲ့ အဖွဲ့မြန်မာပြည်ကိုလာဖျော်ဖြေပါတယ်..

ကျွန်တော်တို့မြန်မာတွေဟာ..
တောင်ကိုးရီးယားရုပ်ရှင် ၊ ကိုးရီးယားဂီတ.ကို
နှစ်ခြိုက်ကြရာမှာ...
အခု လာဖျော်ဖြေတဲ့ Show ပွဲလက်မှတ်တောင်
၉ သိန်း အထိ တန်ကြေးရှိပါတယ်..၊

လက်မှတ်ကဈေးကြီးလွန်းပါတယ်..
သာမန်လူတွေမမှန်းနိုင်တဲ့ဈေးပါ..

----------------------

(၂)

တောင်ကိုးရီးယား K-pop ကို Crazy ဖြစ်တဲ့..
မြန်မာလူငယ်တွေ အများကြီးပါ..၊

ကိုးရီးယားနိုင်ငံဟာ..
နည်းပညာ ၊ စီးပွားရေး စတဲ့ ကဏ္ဍတွေ
တိုးတက်ထွန်းကားရုံတင်မဟုတ်ပါဘူး..

သူတို့ရဲ့ရုပ်ရှင် နဲ့ ဂီတ အနုပညာတွေကိုပါ..
ကမ္ဘာကနှစ်ခြိုက်ကြလို့..
အနုပညာ လုပ်ငန်း ထွက်ကုန် ဆိုတဲ့
ထုတ်ကုန်အမျိုးအစားနဲ့ လုပ်စားလို့ရတဲ့..
လက်တစ်ဆုပ်စာပဲရှိတဲ့ နိုင်ငံတွေထဲမှာ
ပါနေပါပြီဖြစ်ပါတယ်..

ကိုးရီးယားတင် မဟုတ်ပါဘူး..
ကျွန်တော်တို့ရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံတောင်
သူ့ရဲ့ရုပ်ရှင် ဂီတ လုပ်ငန်း ထုတ်ကုန်တွေကို
ကမ္ဘာကလက်ခံအောင် လုပ်နေပါပြီ..

အစိုးရကို ကာကွယ်ပြောဆိုပြီး..
ဖေ့စ်ဘုတ် ၀ါဒဖြန့်ဖို့လောက်ပဲသိတဲ့..
ကျွန်တော်တို့ရဲ့ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့
ဒီအချက်တွေကိုသာ ကြိုတင်စဉ်းစားခဲ့ရင်
မြန်မာပြည်မှာတစ်ချိန်က..အခြေခံကောင်းခဲ့တဲ့..
ရုပ်ရှင် ၊ ဂီတ လုပ်ငန်းတွေ တိုးတက်တာကြာပေါ့ဗျာ..

---------------------

(၃)

ကျွန်တော်တို့လူငယ်တွေ အရမ်း Crazy ဖြစ်တဲ့..
အနုပညာရှင်တွေ အများကြီးရှိတဲ့...
တောင်ကိုးရီးယားနိုင်ငံသား တွေက ..
အရမ်းလေးစားတဲ့သူတစ်ဦးဟာ..
မြန်မာနိုင်ငံမှာ ရှိနေပါတယ်.၊

တောင်ကိုးရီးယားအစိုးရနဲ့..
တောင်ကိုးရီးယား တာဝန်ရှိသူတွေရင်ထဲမှာ
စွဲကျန်နေတဲ့သူတစ်ဦးပါ...

ဘယ်သူလဲ ဆိုတော့..
ဒေါ်အောင်ဆန်းစုကြည်.. ပဲဖြစ်ပါတယ်.၊

ဘာလို့လဲဆိုတော့..
ဒေါ်စုရဲ့တောင်ကိုးရီးယားခရီးစဉ်ကြောင့်ပါ..၊

-------------------

(၄)

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်
ဇန်န၀ါရီလမှာ တောင်ကိုးရီးယားနိုင်ငံကို
ရောက်ရှိချိန်မှာ တောင်ကိုးရီးယားပြည်သူတွေနဲ့
တောင်ကိုးရီးယားအစိုးရတို့က အံ့သြလောက်အောင်
ကြိုဆိုခဲ့ကြပါတယ်..၊

တောင်ကိုးရီးယား သမ္မတအိမ်ပြာတော်မှာ
သမ္မတက နွေးထွေးစွာ နှုတ်ဆက်ဧည့်ခံခဲ့ပါတယ်၊

တောင်ကိုးရီးယားအစိုးရက
လူ့အခွင့်ရေးဆုကိုပေးအပ်ခဲ့ပါတယ်၊

တောင်ကိုးရီးယားမြို့တော်ဝန်က
လိုလေသေးမရှိဧည့်ဝတ်ပြုခဲ့ပါတယ်..၊

တောင်ကိုးရီးယား ရုပ်ရှင်မင်းသားမင်းသမီးတွေက
Special Dinner နဲ့ ဧည့်ခံခဲ့ပါတယ်..၊

တောင်ကိုးရီးယားနိုင်ငံအမျိုးသာဂူဗိမာန်ကို
သွားရောက်ဂါရ၀ပြုခဲ့တဲ့အချိန်မှာ..
တောင်ကိုးရီးယားအစိုးရတာဝန်ရှိသူတွေဟာ..
ဒေါ်စုနဲ့ယာဉ်တွဲလျှောက်ရတဲ့အတွက်..
အရမ်းကို ကျေနပ်အားရခဲ့ကြတယ်...

------------------------

(၄)

ကျွန်တော်တို့သေချာမသိလိုက်တဲ့အချက်က..

တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့..
နိုင်ငံပေါင်း (၁၀၀) ကျော် ကစိတ်ဓာတ်အင်အား
ချို့တဲ့သူ( Mind Disable)တွေပါဝင်တဲ့ ..
Special Olympic ပြိုင်ပွဲမှာ.
ဒေါ်စုဟာ အဖွင့်မိန့်ခွန်းပြောကြားလိုက်ခြင်းပါပဲ..

ပရိတ်သတ်အလယ်မှာ ဒေါ်စုဟာ..
အခန်းအနားကြေငြာသူဖြစ်တဲ့
ကမ္ဘာ့အိုလံပစ်ရေခဲစကိတ် ရွှေဆုများရှင်
Kim Yu Na နဲ့အတူ ရပ်တန့်ကာ..
အားကစားသမားတွေစိတ်ဓာတ်မြင့်မားစေမဲ့
မိန့်ခွန်းတစ်ခုပြောခဲ့ပါတယ်..
ဒေါ်စုလက်တန်းပြောလိုက်တဲ့..
စကားတစ်ခုဟာ...
တောင်ကိုးရီးယားတွေအနေနဲ့
မြန်မာနိုင်ငံကိုအလေးအနက်ထားစရာဖြစ်လာခဲ့ပါတယ်..

" တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး
နောက်ဆုံးမှ ပန်းဝင်တဲ့ ကလေးတစ်ယောက်က
ကျနော် နောက်ဆုံးက နိုင်တယ် လို့
ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။
ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ
တွေးမိပါတယ်……
ရှေ့ဆုံးက ရှုံးရှုံး ၊ နောက်ဆုံးကဘဲ နိုင်နိုင်
အရေးမကြီးလှပါဘူး ။
အဓိကကတော့ စိတ်ဓါတ်ပါဘဲ ..

လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို
ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို
လမ်းညွှန်ပြသခြင်းအားဖြင့်
ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ ..
အများကြီး လာရောက်ကူညီပေးကြလိမ့်မယ်လို့
ကျမ မျှော်လင့်ယုံကြည်ပါတယ် ။
ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို
ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်……
.ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း ၊
ဒုက္ခတိုင်း ဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို
နားလည်စေတဲ့အတွက်ပါ "

လို့...ပြောကြားခဲ့ပါတယ်..

ဒီစကားဟာ ကိုယ့်တိုင်းပြည်အတွက်
လိုအပ်ချက်တွေကို..
ထည့်သွင်းပြောကြားခဲ့တဲ့စကားပါ..။

---------------------

(၅)

အဲဒီနောက်မှာ..
အားကစားသမားတွေထဲက..
Down Sydrome ရောဂါ ခံစားနေရသူနှစ်ဦးကို
ဖိတ်ခေါ်ပြီး..

ဘ၀မှာ သူတို့ဖြစ်စေချင်တဲ့..
ရည်မှန်းချက်အိမ်မက်( Dream)က..ဘာလဲ ?
လို့မေးပါတယ်..၊

သူတို့ကဖြေကြားပြီးတဲ့နောက်မှာ..
ဒေါ်စုကိုမေးပါတယ်..
What is your Dream ? တဲ့.

ဒေါ်စုကပြန်ဖြေလိုက်ပါတယ်..

" ကမ္ဘာကြီးကို ဒီထက်ပိုကောင်းတဲ့ နေရာတခုဖြစ်အောင်
ဝိုင်းဝန်းကြိုးပမ်းကြရာမှာ ကျမတိုင်းပြည်ကိုလည်း
ပါဝင်စေချင်ပါတယ် ။
ကျမတို့ မြန်မာပြည်သူတွေကို
အဲလိုလုပ်ရာမှာ သူတို့လည်း ပါဝင်နိုင်ကြောင်း ပြဖို့
အခွင့်အရေး ရစေချင်ပါတယ်"

ဆိုတဲ့ စကားပါ..၊

ဒေါ်အောင်ဆန်းစုကြည်ဟာ....
သူ့တိုင်းပြည်ကိုဘယ်လောက်ချစ်ကြောင်းကို..
သူ့ကိုလေးစားကြတဲ့..
တောင်ကိုးရီးယားပြည်သူတွေရှေ့မှာ..
ပြသသွားခဲ့တဲ့စကားဖြစ်ပါတယ်..၊

လှိုက်လှိုက်လှဲလှဲကို ခံစားရပါတယ်ဗျာ..၊

( ပုရစ်))


ဓာတ်ပုံ−အေးဇော်မိုး(စက်မှု)
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှုပုံသဏ္ဌာန်ကို သရုပ်ဖော်ရိုက်ကူးခဲ့သော နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာ ဂီတဗီဒီယိုထွက်ရှိလာခဲ့သည်။ မရှေးမနှောင်းတွင်ပင် မဂ္ဂဇင်းတစ်ခု၏မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုဟန်ပန်နှင့် ယုသန္တာတင်၏ ဓာတ်ပုံများ မြင်တွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ခပ်ဆင်ဆင်တူသည်အထိ နီးစပ်ခဲ့သဖြင့် စုသန္တာတင်ဟု ချစ်စနိုးခေါ်ဝေါ်ကြသူများပင်ရှိသလို လူ့သဘာဝအတိုင်း ဝေဖန်မှုများကိုလည်း လက်ခံခဲ့ရသည်။ စူပါစတားမင်းသားများစင်တင်သည့် အနုပညာပျိုးခင်း၏ မင်းသမီးတစ်လက်လည်းဖြစ်သော ယုသန္တာတင်နှင့် သူမ၏ဓာတ်ပုံများအကြောင်း၊ အနုပညာခြေလှမ်းများအကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။


မေး- မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အသွင်တူအောင် ရိုက်ထားတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံစရိုက်ဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ စဉ်းစားခဲ့သေးလား။ ချက်ချင်းလက်ခံခဲ့တာလား။ ရိုက်ဖြစ်ခဲ့တဲ့အကြောင်း မျှဝေပေးပါဦး။

ဖြေ- သူတို့က ညီမကို ကာဗာရိုက်ဖို့ ပြောထားတယ်။ နောက်ပြီး ဇူလိုင်လအတွက် ကာဗာဆိုတော့ ၁၉ဇူလိုင်(အာဇာနည်နေ့)ရှိတဲ့အတွက်ပါ။ အန်တီစုရဲ့ ပုံစံတစ်ထပ်တည်းတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီစုက အရမ်းတော်တဲ့ အမျိုးသမီးတစ်ယောက်လေ။ ညီမတို့နဲ့ ဘယ်လိုမှယှဉ်လို့မရဘူးလေ။ အဲဒါကြောင့် အန်တီစုရဲ့ဖက်ရှင်ကိုယူပြီး ငယ်ငယ်တုန်းက ဖက်ရှင်ရယ်၊ အခုဖက်ရှင်ရယ်ပုံစံနဲ့ ရိုက်ဖြစ်တာပါ။ ၁၉ ဇူလိုင်အတွက်လည်း အမှတ်တရဖြစ်အောင် ရိုက်ဖြစ်ခဲ့တာပါ။

မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ အသွင်တူအောင် ဖန်တီးယူတဲ့အခါ စိတ်ထဲမှာ မ၀ံ့မရဲဖြစ်မိတာမျိုး၊ စိုးရိမ်ပူပန်တာမျိုး ဖြစ်မိလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို အသုံးချတယ်လို့ ဝေဖန်တဲ့သူတွေကိုကော ဘယ်လိုတုံ့ပြန်ချင်သလဲ။

ဖြေ- လူတစ်ယောက်နဲ့တစ်ယောက်က အမေတစ်ယောက်တည်းက မွေးတာတောင် မတူနိုင်ဘူးလေ။ နောက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ညီမပုံတွေကို အများလက်မခံမှာတော့ စိုးရိမ်စိတ်ဖြစ်တယ်။ အဲဒါကြောင့် အန်တီစုရဲ့ ဖက်ရှင်နဲ့တူအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ရိုက်ပေးခဲ့တယ်။ ထွက်လာတဲ့အခါမှာ ညီမရဲ့ဖက်ရှင်ကို အန်တီစုနဲ့တူတယ်ဆိုပြီး လက်ခံပေးကြတယ်။ ကြိုက်တဲ့သူတွေလည်းရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ခံတဲ့သူ များတဲ့အတွက် ကျေနပ်ပါတယ်။ ဒီဓာတ်ပုံရိုက်ဖြစ်ခဲ့တာက တခြားဘာပုဂ္ဂိုလ်ရေးမှမပါဘူး။ ညီမရဲ့ အနုပညာဖန်တီးမှုတစ်ခုအနေနဲ့ပဲ ရိုက်ပြခဲ့တာပါ။

မေး- ပရိသတ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တူတယ်ဆိုပြီး မှတ်ချက်ပြုတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။

ဖြေ- အဲဒီလိုပြောကြတာလည်း အဲဒီဖက်ရှင်တွေချုပ်ပေးတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ဆရာနဲ့ ဓာတ်ပုံရိုက်ပေးတဲ့သူတွေ တော်လို့ပါ။ ဒီလိုရိုက်ရတာက ကိုယ့်အတွက် တာဝန်လည်းကြီးပါတယ်။ ရင်လည်းခုန်ပါတယ်။ ဒါပေမဲ့ ကာဗာထွက်လာတဲ့အချိန်မှာ တော်တော်များများ အားပေးခဲ့တဲ့အတွက် ပျော်ပါတယ်။

မေး- မြန်မာဝတ်စုံတွေ ၀တ်လေ့ရှိပေမယ့် ဒီလိုဖက်ရှင်က ပထမဆုံးအကြိမ်ရိုက်ဖြစ်တာဆိုတော့ ရိုက်ကူးခဲ့ရတဲ့အပေါ်မှာကော ကျေနပ်လား။

ဖြေ- ဒီလိုရိုက်ကူးရတာကိုလည်း သဘောကျပါတယ်။ ကျေနပ်မှုလည်းရှိပါတယ်။

မေး- အနုပညာပျိုးခင်းကနေ နောက်ထပ်သရုပ်ဆောင်အသစ်တွေ ရွေးတော့မှာဆိုတော့ အနုပညာပျိုးခင်းက စင်တင်ပေးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ မျိုးဆက်သစ်တွေအတွက် ဘာတွေပံ့ပိုးပေးဖို့ စဉ်းစားထားလဲ။

ဖြေ- အဲဒါနဲ့ပတ်သက်ပြီး ဘာမှတော့ မသိသေးပါဘူး။ ဒါပေမဲ့ နောက်ထပ်တက်လာမယ့် အသစ်တွေကိုတော့ ညီမတို့က လက်ကမ်းကြိုဆိုနေပါတယ်။

မေး- ညီမကို အနုပညာပျိုးခင်းက တင်ခဲ့တာဆိုတော့ ဒီလိုအခြေအနေထိရောက်အောင် အနုပညာပျိုးခင်းဘက်က ဘယ်လောက်ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့လဲ။

ဖြေ- အများကြီး အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ညီမတို့ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်မြင်ခွင့်ရအောင် အနုပညာပျိုးခင်းအစီအစဉ်က ရာနှုန်းပြည့် ထောက်ပံ့ပေးခဲ့တာပါ။

မေး- အနုပညာပျိုးခင်းနဲ့ ချုပ်ထားတဲ့စာချုပ် ပြည့်သွားပေမယ့် အစ်ကိုမင်းသားတွေနဲ့ ဆက်တိုက်ရိုက်နေရတာဆိုတော့ ကိုယ်တိုင် ဈေးကွက်ဝင် မင်းသမီးတစ်ယောက် ဖြစ်ပြီလို့ပြောလို့ရသလား။

ဖြေ- ဒါကတော့ ပရိသတ်တွေပေးတဲ့နေရာပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

မေး- ဇာတ်ရုပ်တွေက ရွေးချယ်ခံနေရတဲ့ သရုပ်ဆောင်ရတဲ့ဘ၀ကနေ ဇာတ်ရုပ်တွေကို ရွေးချယ်ခွင့်ရဖို့ ဘာတွေကြိုးစားရဦးမယ်လို့ ထင်သလဲ။

ဖြေ- အဲဒါကိုတော့ ညီမ မပြောတတ်ဘူး။ ဒါပေမဲ့ ညီမအနေနဲ့ကတော့ အခုအချိန်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်လက်ခံနိုင်မယ့် ဇာတ်ရုပ်တွေပဲ ရိုက်သွားဖို့ရှိပါတယ်။

မေး- ဇာတ်ကားရိုက်ကူးတဲ့အပိုင်းမှာ အချိန်ပေးပြီးမရိုက်တာက အနုပညာအရည်အသွေး ကျဆင်းတဲ့အချက်တစ်ချက်လို့ ဝေဖန်တာတွေရှိတော့ ဇာတ်ကားတစ်ကားရိုက်ရင် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ တစ်လကို ဘယ်နှကားလောက် လက်ခံရိုက်ကူးဖြစ်သလဲ။

ဖြေ- ညီမကတော့ သူတို့သတ်မှတ်ထားတဲ့ ရိုက်ရက်အတိုင်း အပြည့်အ၀ပေးပြီး ရိုက်ဖြစ်တာပဲရှိပါတယ်။

မေး- လက်ရှိအချိန်အထိ ရိုက်ကူးခွင့်ရတဲ့ ဇာတ်ကားတွေမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ပေးဆပ်ထားနိုင်ပြီလို့ ယုံကြည်ထားလဲ။ ပရိသတ်တွေအတွက် ဇာတ်ရုပ်ထူးထူးခြားခြားနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေရောရှိလား။

ဖြေ- ညီမရိုက်ထားတဲ့ဇာတ်ကားတိုင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ရိုက်ထားတဲ့ ဇာတ်ကားတွေတော့ အများကြီးရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပရိသတ်လက်ထဲကို ရောက်လာမှာပါ။

မေး- ပြီးခဲ့တဲ့ရက်ကသွားခဲ့တဲ့ တရုတ်ခရီးစဉ်ကကော ဘာအတွက်သွားခဲ့တာလဲ။ အဲဒီခရီးစဉ်အကြောင်းလေး ပြောပြပေးပါလား။

ဖြေ- အဲဒီခရီးစဉ်က ညီမ သံတမန်အဖြစ် တာဝန်ယူထားတဲ့ Golden City ကုမ္ပဏီရဲ့ ကြော်ငြာရိုက်ရင်း သူတို့ဆီက အခန်းဝယ်ထားတဲ့သူတွေအတွက် စီစဉ်ပေးတဲ့ နိုင်ငံခြားခရီးစဉ်မှာ လိုက်သွားဖြစ်တာပါ။ ခရီးက ငါးရက်ကြာခရီးပါ။ တရုတ်နိုင်ငံစီချွန်း(Sichuan)ပြည်နယ် ချန်ဒူး(Chengdu)မြို့နားမှာရှိတဲ့ ဘုရားတွေရောက်ဖြစ်တယ်။ နောက်ပြီး အော်ပရာတွေ သွားကြည့်ဖြစ်တယ်။ ပြည်ပခရီးတွေ သွားဖြစ်ပေမယ့် ဒီတစ်ခေါက်က ကိုယ်မရောက်ဖူးတဲ့ နေရာတွေ ရောက်ခဲ့တာဆိုတော့ အထူးအဆန်းတွေမြင်ရတယ်။ ကိုယ်မဖူးဖူးတဲ့ ဘုရားတွေ ဖူးခွင့်ရခဲ့တဲ့အတွက် ပျော်ပါတယ်။

မေး- အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ- ညီမရိုက်ထားတဲ့ ဇာတ်ကားလေးတွေ ၂၀၁၄ မှာ ထွက်လာဖို့ရှိပါတယ်။ နောက်ပြီး အသစ်ရိုက်ထားတဲ့ ကြော်ငြာတွေလည်းရှိတဲ့အတွက် ထွက်လာတဲ့ ဗီဒီယိုကားတွေ၊ ကြော်ငြာတွေကို ပရိသတ်ကြီးတွေ အားပေးကြပါဦး။

ကျေးဇူးတင်ပါတယ်။

7day daily


အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်
ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာ ကူးစက်ရောဂါတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး ကြက်ငှက်တုပ်ကွေးH5N1၊ ၂ဝဝ၉ မှာ လူတုပ်ကွေးကပ်ရောဂါ။ အဲဒီနောက်ပိုင်းH7N9 ကြက်ငှက်တုပ်ကွေးရောဂါ။ နောက်မားစ်ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတယ်။ အခု အီဘိုလာဗိုင်းရပ်စ်က ၂ဝ၁၄ မတ်လမှ စဖြစ်ခဲ့တာဆိုတော့ ဒီမှာမေလလောက်ကတည်းက ရောဂါစောင့်ကြပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ ဆားရ်စ်ရောဂါဖြစ်တုန်းကဆိုရင် ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ အခု အီဘိုလာကျတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အဲလိုညွှန်ကြားချက် မထုတ်ထားဘဲ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ပဲ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာ ဝင်ပေါက်/ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ သင်္ဘော ဆိပ်များရှိ ကျန်းမာရေးဌာနများတွင် ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါများအတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ သိရသည်။

အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက “အခုဒီဗိုင်းရပ်စ်ပိုးက လက်ရှိ မြန်မာနိုင်ငံမှာလည်း မတွေ့ရသေးဘူး။ ပြီးတော့ ဒီဗိုင်းရပ်စ်ပိုးက သဘာဝတိရစ္ဆာန်တွေက ကူးစက်တာဖြစ်တဲ့အတွက် ဒီလိုတိရစ္ဆာန်တွေကို မြန်မာတွေက စားသုံးလေ့မရှိဘူး။ ဒါကြောင့် ကူးစက်နိုင်ခြေရာနှုန်း နည်းတယ်လို့ဆိုရမှာပါ။ တကယ်လို့ဖြစ်လာခဲ့မယ် ဆိုရင်လည်း အရင်တိရ စ္ဆာန်ကတစ်ဆင့် ကူးစက်မြန်ရောဂါတွေတုန်းကလို အရေးပေါ်စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ဆိုသည်မှာ သဘာဝတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရပါက အသက်ဆုံးရှုံးနိုင်ခြေမှာ ရာနှုန်းပြည့်ရှိနေပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် အာဖရိကတိုက် အနောက်အလယ်ပိုင်းနိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံစသည့် တိရစ္ဆာန်များတွင် တွေ့ရှိရပြီး ယင်းရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူသို့ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရ သူ ၁၃၂ဝ ကျော်၊ သေဆုံးသူ ၇ဝဝ ကျော်ရှိပြီဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။

ယင်းဗိုင်းရပ်စ်ကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိက အနောက်ခြမ်းနိုင်ငံဖြစ်သည့်Guinea တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေရသူများသည် ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်Liberia၊ Sierra Leone နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါ သုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်လည်း အနောက်အာဖရိကတွင် ဖြစ်ပွားနေသည့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်စီမံကိန်းတစ်ခု စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့သည့် နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ တွေ့ဆုံကာ ရောဂါပြန့်ပွားမှုနှုန်း၊ ထိန်းချုပ်ကာကွယ်နိုင်မှု အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများသို့ ဆေးကုသရန်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လုပ်အားပေးဆရာဝန်နှင့် လုပ်အားပေးများ ကူးစက်ခံရခြင်းကြောင့် ယင်းနိုင်ငံသုံးနိုင်ငံသို့ အမေရိကန်မှ လုပ်အားပေးရောက်ရှိနေသော အမေရိကန်နိုင်ငံသား ၃ဝဝ ခန့်ကို အမေရိကန်က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်၊ လန်ဒန်၊ ဥရောပနိုင်ငံများ အပါအဝင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိ နေရပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အီဘိုလာဗိုင်းရပ်စ်သည် ရောဂါရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေး၊ သလိပ် စသည်တို့အား ထိတွေ့ကိုင်တွယ်မိခြင်း၊ အသားများကို စားသုံးမိခြင်း၊ ရောဂါခံစားနေရသောသူနှင့် ထိတွေ့မိခြင်း၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ အချွဲ၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရပါက ကူးစက်ပြီးရက်ပေါင်း ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရပြီး ထိုမှတစ်ဆင့် လူအများသို့ ဆက်လက်ကူးစက်နိုင်ကာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးတတ်ကြောင်းနှင့် ရောဂါလက္ခဏာများမှာ အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ စသည်တို့ ဖြစ်တတ်ရာ ထိုမှတစ်ဆင့် ရောဂါပြင်းထန်လာကာ ကျောက်ကပ်၊ အသည်းများကို ပျက်စီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည့် ဒွာရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားပေါက်ပြဲကာ သွေးထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်းအပြင်တို့မှ သွေးထွက်ကာ အသက်ဆုံးရှုံး စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 News Eleven

 မဇ္ဈိမ သတင်းစာ
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြည်သူနဲ့ တိုင်းပြည်အတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ စ ပြီး အသက်ဝင်လာပါပြီ။ သိပ်မကြာခင် အရင် စစ်အာဏာရှင်တွေလက်ထက်က ပြည်သူတွေကို ဒုက္ခရောက်အောင် ဖန်တီးထားခဲ့တဲ့၊ တိုင်းပြည်ကိုလည်း အထူးတလည် နစ်နာမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ဆိုးရွားလှတဲ့ ဆက်သွယ်ရေးကဏ္ဍဟောင်းကြီး နိဂုံးချုပ်တော့မှာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မှာ ဆင်းကဒ်တွေ စ ပြီး ရောင်းချပေးလိုက်လို့ပါပဲ။ အော်ရီဒူးရဲ့ ၀န်ဆောင်မှု အစ ဟာဘယ်လို ပုံစံမျိုးလဲ။ နောက်ပိုင်း ဆက်သွယ်ရေး အော်ပရေတာ ၀န်ဆောင်မှု ပြိုင်ပွဲ ဘယ်လို ဖြစ်လာနိုင်သလဲ၊ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဘ၀ ပြောင်းလာမှာ၊ တိုးတက်လာမှာ ကရော တကယ်ပဲလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အော်ရီဒူးရဲ့ စစချင်း ၀န်ဆောင်မှုမှာ ဆင်းကဒ် တစ်ခု ကျပ် ၁၅၀၀ နဲ့ ရောင်းတယ်လို့ ဆိုပါတယ်။ ရန်ကုန် ဘားလမ်းထိပ် အနော်ရထာလမ်းပေါ်က မိုဘိုင်းဖုန်း ဟင်းဆက်ဆိုင်မှာတော့ ဇူလိုင် ၃၁ ရက် ညနေက တစ်ကဒ် ကျပ် ၅၀၀၀ နဲ့ ရောင်းတာ တွေ့ရပါတယ်။ ဆင်းကဒ်ထဲမှာ အော်ရီဒူး ဖုန်း အချင်းချင်း မိနစ် ၉၀၀ စာ၊ အခြား ဖုန်းတွေကို မိနစ် ၉၀ စာ အခမဲ့ ပြောနိုင်မယ့်အပြင် 3G ဖုန်းနဲ့ အင်တာနက် 1MB ပမာဏ အခမဲ့ သုံးနိုင်မယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရှိ မြန်မာ့ဆက်သွယ်ရေးက ကောက်ခံနေတဲ့ ဖုန်းပြောခ နှုန်းနဲ့ တွက်ရင် အော်ရီဒူး ဆင်းကဒ်ထဲမှာ ကျပ် ၄သောင်း ၅ သောင်း ပမာဏ တန်ဘိုးရှိတဲ့ ၀န်ဆောင်မှု ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ပြောရရင် မြန်မာ့ဆက်သွယ်ရေး သမိုင်းတလျောက် တခါမှ မပေးဘူးတဲ့ ၀န်ဆောင်မှု အမျိုးအစားပါ။ အင်တာနက်ကိုလည်း ထပ်ပြီးလျောက်ရမယ်၊ ငွေဘယ်လောက် ပေးရမယ်၊ ဘာညာသာရကာ လုပ်မထားပါဘူး။ တစ်ခါတည်း သုံးရုံပါပဲ။ ပြောရရင် ဆက်သွယ်ရေး စနစ်ဟောင်း ချုပ်ငြိမ်းတော့မယ် ဆိုတာ စ ပြီး ပြလိုက်တဲ့ အရိပ်လက္ခဏာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အော်ရီဒူးက စမ်းသပ် ရောင်းချပေးနေတာပဲဖြစ်ပြီး ဘယ်တော့ တကယ် ရောင်းပေးမလဲ ဆိုတာကိုတော့ လာမယ့် သြဂုတ်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွေမှာ ကြေငြာသွားမယ်လို့ ဆိုပါတယ်။ အော်ရီဒူး ဆင်းကဒ် ၀ယ်လိုအားဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး (၃) နေရာလောက်မှာပဲ အတော်လေး များနိုင်ပါတယ်။ အကြောင်းကတော့ မိုဘိုင်းဖုန်း မကိုင်နိုင်သေးတဲ့၊ မကိုင်ရသေးတဲ့သူတွေ ကိုင်လာကြမှာ ဖြစ်သလို အရင် မြန်မာ့ဆက်သွယ်ရေး ဆင်းကဒ် အသုံးပြုနေသူတွေထဲကလည်း ပြောင်းလဲ ကိုင်ဆောင်လာမယ့် အလားအလာ ရှိနေလို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာ အောက်တိုဘာ လောက်ဆိုရင် နော်ဝေ အခြေစိုက် တယ်လီနော မြန်မာကလည်း ပြိုင်ပွဲထဲ ၀င်လာပါဦးမယ်။ ဒါတင်မက ဂျပန် အခြေစိုက် KDDI , ဆူမီတိုမို ကုမ္ပဏီတွေရဲ့ ၁၀ နှစ်အတွက် ဒေါ်လာ သန်း ၂၀၀၀ စာ ငွေကြေးနဲ့ နည်းပညာ အထောက်အကူရထားတဲ့ မြန်မာ့ဆက်သွယ်ရေးကလည်း ပြိုင်ပွဲထဲ ၀င်ရောက်လာပါဦးမယ်။ ကုမ္ပဏီတွေအနေနဲ့ နက်ခ်ဝပ်တွေ ပိုပို ဖြန့်ကျက်လာနိုင်တာနဲ့အမျှ မြန်မာပြည်သူတွေ တောရောမြို့ပါ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ပါလိမ့်မယ်။

ဒီနေရာမှာ ထူးခြားတာ တစ်ခုက အခု ၀န်ဆောင်မှုပေးနေတဲ့ နောင်ပေးမယ့် အော်ရီဒူးနဲ့ တယ်လီနော တို့ရဲ့ ၀န်ဆောင်မှုဟာ မြန်မာနိုင်ငံသားတွေ တစ်သက်လုံးနားလည်ခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ ဟယ်လို၊ ကြားလား၊ ကြားလား ဆိုတဲ့ အသံဝန်ဆောင်မှု တစ်ခု တည်းမဟုတ်ဘူး ဆိုတာပါ။ ဘက်စုံ ၀န်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။ အသံဝန်ဆောင်မှု အရည်အသွေး ကောင်းပါမယ်။ အကြောင်းကတော့ စက်တပ်ဆင် ၀န်ဆောင်မှု လုပ်ပေးရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း မိုဘိုင်းဖုန်း အရည်အတွက် ဘယ်လောက်အတွက် စက်တပ်ဆင်မှုအင်အား ဘယ်လောက်၊ အင်တာနက် အသုံးပြုမှု ဘယ်လောက်အတွက် ဖြန့်ဝေပေးရမယ့် ပမာဏ ဘယ်လောက် သတ်မှတ်ဝန်ဆောင်မှုပေးမှာကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် မိုဘိုင်းဖုန်းကနေ တဆင့် အင်တာနက် ၀န်ဆောင်မှုပေးတာပါ။ အဲဒီ အသံဝန်ဆောင်မှုနဲ့ ဒေတာ ၀န်ဆောင်မှုကနေ တဆင့် မိုဘိုင်းဘဏ်လုပ်ငန်းတွေ ၀န်ဆောင်မှုပေးတာ၊ ငွေလွှဲလုပ်ငန်းတွေ လုပ်တာ၊ ဒီဂျစ်တယ်စာအုပ်၊ ရေဒီယို၊ ရုပ်သံ ၀န်ဆောင်မှုတွေ၊ ကုန်ပစ္စည်းရောင်းချမှု လုပ်ငန်းတွေပါ တစ်ပြိုင်တည်း ပေါ်ပေါက်လာပါလိမ့်မယ်။ အခု အော်ပရေတာတွေဟာ ပြည်တွင်း ပြည်ပ ကုမ္ပဏီ အတော်များများနဲ့ သီးသန့်စာချုပ်တွေ ချုပ်ဆိုထားပြီးကြပါပြီ။ မိုဘိုင်းပက်လက်ဖေါင်းကနေ နောက်ထပ် စီးပွားရေး လုပ်ငန်းတွေ အများကြီး ပေါ်ထွက်လာမှာ ဦးမှာ ဖြစ်ပါတယ်။

ဒါတင်မကပါဘူး။ မိုဘိုင်းအသုံးပြု ကျန်းမာရေးဝန်ဆောင်မှု၊ မိုဘိုင်းအသုံးပြု တောင်သူလယ်သမား အထောက်အကူပြု ၀န်ဆောင်မှု၊ မိုဘိုင်းအသုံးပြုစိုက်ပျိုးရေး အထောက်အကူပြု ၀န်ဆောင်မှု အပါအ၀င် အထွေထွေ ၀န်ဆောင်မှုတွေ ပါလာဦးမှာ ဖြစ်ပါတယ်။ ပြောရရင် မိုဘိုင်းဖုန်း ပက်လက်ဖေါင်းကို အသုံးပြုပြီး မြန်မာနိုင်ငံသားတွေ နေ့စဉ် နေထိုင်မှုဘ၀ ပြောင်းလဲလာမယ့် လက္ခဏာပဲဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေအရလည်း မိုဘိုင်းဖုန်း အသုံးပြုမှုများလာတာနဲ့ အမျှ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ နဲ့ တိုင်းပြည် စီးပွားရေးကို အချိုးညီ တိုးတက်စေတဲ့ သာဓကတွေလည်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါတောင် လက်ရှိ မြန်မာနိုင်ငံထဲ ၀င်လာတဲ့ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွေဟာ အရင် ရှေ့ အနှစ် တစ်ဆယ် နှစ်ဆယ်က မိုဘိုင်းဖုန်းတွေရဲ့ စွမ်းရည်မျိုးတွေလည်း မဟုတ်တော့ပါဘူး။ အတော်တိုးတက် ရှေ့ရောက်နေပါပြီ။

ဒီလောက် ပြည်သူနဲ့ တိုင်းပြည်အတွက် ကောင်းကျိုးတွေ ဆောင်ကျဉ်းပေးမယ့် လုပ်ငန်းဆောင်တာကြီးတွေအတွက် အနှောင့်အယှက် အဟန့်အတား ရှိနေသေးတာကလည်း အံ့သြစရာပါ။ အစွန်းရောက် လူ၊ ရဟန်းနဲ့ အဖွဲ့အစည်းတစ်ချို့ရဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဟိုဘာသာကိုးကွယ်တဲ့ ဟိုနိုင်ငံက ဟိုကုမ္ပဏီရဲ့ ဖုန်းနဲ့ ဆက်လာရင် မကိုင်ဘူး၊ ကိုင်တဲ့သူတွေဟာ မျိုးဖျက်တွေ၊ အမျိုးသားသစ္စာဖေါက်တွေ ဆိုပြီး လှုံ့ဆော်နေမှုတွေပါ။ တိုင်းပြည်ကို ရတဲ့နည်းနဲ့ မီးရှို့ဖို့ ကြံစည်နေကြသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါမျိုး အစိုးရက လျစ်လျူရှုထားရင် ဆိုးကျိုးတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြည်သူနဲ့ တိုင်းပြည်ကို ကြီးကြီးမားမား အကျိုးပြုမယ့် ဆက်သွယ်ရေး ကဏ္ဍကြီး စတင်နိုင်ပြီဖြစ်တဲ့အတွက် သမ္မတ ဦးသိန်းစိန်၊ စီးပွားရေးအကြံပေးတွေ နဲ့ အစိုးရအဖွဲ့ကို ချီးကျူးအားပေးရမှာပါ။ သူတို့ခမျာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ခရိုနီတစ်ပိုင်း၊ အမတ်တစ်ပိုင်း စစ်ဗိုလ်ဟောင်း အသိုင်းအ၀ိုင်းရဲ့ ကြီးမားတဲ့ ဆန့်ကျင်မှုတွေကြားကနေ အောင်အောင်မြင်မြင် အကောင်အထည် ဖော်ခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ခေတ်သစ်တစ်ခု စတင်နိုင်ခဲ့ပြီဖြစ်ပြီး ပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး လူမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

မဇ္ဈိမ သတင်းစာ၊
Photo..Aungyidvb
ကျင်းပပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အချိုးကျ ကိုယ်စားပြု စနစ်လို့ ခေါ်တဲ့ ပီအာရ်ကိစ္စ အပြီးသတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပထမ တစ်ကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ အမတ်တွေနဲ့ တိုင်းရင်းသားတွေ ထိုင်ရမလို၊ ထရမလို၊ ကန့်ကွက်ရမလို၊ ထောက်ခံရမလို ဇဝေဇ၀ါ ဖြစ်ခဲ့ပြီးနောက် မရှင်းလို့ဆိုပြီး ဒေါ်စုက ဥက္ကဌ ကို ပြန်မေးရပါတယ်။ သူရဦးရွှေမန်းက ရှည်ရှည်လျားလျား ပြန်ရှင်းပါတယ်။ နောက်ဆုံး စကားလုံးက ခုလိုပါ။ “ ဦးအောင်ဇင်ရဲ့ အဆိုနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ဆောင်ရွက်ဖို့ အတွက် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ကို (လွှတ်တော်က သဘောတူပါသလား- သဘောတူပါတယ်။) ၃ ကြိမ်။
ဦးအောင်ဇင်ရဲ့ အဆို အတည်ဖြစ်ကြောင်း ကြေငြာပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။

ဒီတစ်ကြိမ် သူရဦးရွှေမန်းပြောတာကို ဒေါ်အောင်ဆန်းစုကြည်တို့ မကန့်ကွက်တော့ပဲ ထောက်ခံမှုပေးခဲ့ပါတယ်။ ထောက်ခံမှုပေးခဲ့ရတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲ သိပ် ရှင်းခဲ့ပုံတော့ မရပါဘူး။ အစည်းအဝေးအပြီး သတင်းထောက်တွေကို သူပြောခဲ့တာက “ အန်တီတို့ ထောက်ခံတာ ဥက္ကဌကြီးပြောသွားတဲ့ အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုင်း မဟုတ်ဘူး။ ဒါကို အန်တီတို့ရဲ့ ကိုယ်စားလှယ်အားလုံး လက်မှတ်ထိုးပြီး တရားဝင် တင်မယ်” လို့ ဆိုပါတယ်။ ဒီဆောင်းပါးဟာ အဲဒီနေ့တွေတုန်းက ပီအာရ် ကိစ္စ ပြည်သူ့လွှတ်တော်ထဲ အပြင်းအထန် ဆွေးနွေးကြတာ၊ အဆိုတွေ အမျိုးမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် မရှင်းမရှင်း ဖြစ်ကုန်တာ၊ အစည်းအဝေး ပြီးတာတောင် မရှင်းမလင်း ဖြစ်ခဲ့တာ အဲဒီအကြောင်းတွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရတဲ့ ပြသနာတွေထဲက တစ်ခုကိုပဲ မီးမောင်းထိုးပြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေသလဲ၊ သူလုပ်နေတာတွေနဲ့ သူရင်ဆိုင်နေရတာတွေ ဘာတွေ ကွာခြားနေသလဲ၊ သူ့ရဲ့ နိုင်ငံရေး နည်းဗျူဟာ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ ဝေဖန်သုံးသပ်သွားမယ် ဖြစ်ပါတယ်။
လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အဓိက လုပ်ကိုင်နေတာဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ သူ့ရဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုချက်အရ ဆိုရင် စစ်တပ် စစ်တန်းလျားကို ဂုဏ်သိက္ခာရှိရှိ ပြန်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အားလုံးမြင်တွေ့ကြပြီးဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု ပြည်သူတွေ တစ်ခဲနက် ထောက်ခံအားပေးကြတာ တွေ့ရမယ် ဖြစ်ပါတယ်။

တကယ်တော့ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးလာတာ ခုမှ မဟုတ်ပါဘူး။ အရင်နှစ်ပေါင်းများစွာကတည်းက ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ဆိုတာမျိုးမဟုတ်ပဲ အခြား လှုပ်ရှားမှု တစ်ခုခု လုပ်ခဲ့ရင်လည်း ပြည်သူလူထုကြီးက ထောက်ခံမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်နေတဲ့ နိုင်ငံရေး နည်းဗျူဟာ အောင်မြင်မယ် ဆိုတဲ့ အာမခံချက်တော့ မဟုတ်ပါဘူး။
ပြည်သူလူထုကြီးက တစ်ခဲနက် ထောက်ခံတဲ့တိုင် “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” အောင်မြင်နိုင်မယ် မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကတောင် မှတ်ချက်ပြုထားကြပြီး ဖြစ်ပါတယ်။

အလားတူ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒီလှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ချို့ကတောင် သိပ်ပြီး တက်တက်ကြွကြွ မရှိလှဘူး ဆိုတဲ့ ကိစ္စပါ။ ဒါလည်း အများကြီးဖြစ်နိုင်ခြေ ရှိပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး နည်းဗျူဟာ ဟာ လက်တွေ့အခြေအနေနဲ့ အလွန်ဝေးကွာလွန်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိုလည်း ဆောင်ကျဉ်းနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။
တကယ်တန်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနဲ့ ပြည်သူတွေ ရင်ဆိုင်တိုးနေရတဲ့ ပြသနာကတော့ အဲဒါတွေ မဟုတ်ပါဘူး။ အာဏာရထားသူ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ တဆင့် နောက်ထပ် သက်တန်းတစ်ခု ထပ်ပြီး အုပ်ချုပ်နိုင်ရေး လှုပ်ရှားမှု အမျိုးမျိုး လုပ်လာတာပဲ ဖြစ်ပါတယ်။ ဆောင်းပါး အစမှာ ဖော်ပြထားတဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ် စနစ် ကျင့်သုံးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်တွေ ချမှတ်ပြီး အင်န်အယ်လ်ဒီနဲ့ အတိုက်အခံတွေကို ထိန်းချုပ်ရေး၊ သတင်းမီဒီယာကို ထိန်းချုပ်ရေး၊ လူမျိုးရေး ဘာသာရေး အမုန်းတရား ဖြန့်ဖြူးနေမှုတွေ၊ လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆက်ပြီး လျစ်လျူရှုထားရင်း ပြည်သူအတွင်း တည်ငြိမ်မှု ကင်းမဲ့နေအောင် ဖန်တီးထားရေး စသဖြင့် စသဖြင့် လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာအစိုးရ နောက်ကြောင်းပြန်လှည့်လိုတဲ့ လက္ခဏာ တွေ့ရတယ် လို့ ဝေဖန်တာပါ။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဘက်မှာလည်း ဒီ ကိစ္စ အကြောင်းနှစ်မျိုးနဲ့ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ ပထမ အကြောင်းကတော့ ရိုးရိုးသားသား ၂၀၁၅ နောက်ပိုင်း အာဏာ လွှဲမပေးချင်တာဖြစ်ပြီး နောက်အကြောင်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲ အမတ် နေရာ ၄၀ ကျော်လောက် ရနေရုံ၊ အခြား ဘာအာဏာ ဘာ လုပ်ပိုင်ခွင့်မှ မရသေးခင် “ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” လုပ်နေပြီ။ နောင် ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကို စိုးမိုး၊ အစိုးရ အာဏာပါရသွားရင် ငါတို့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလမ်းစဉ်ကို မကျင့်သုံးနိုင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ အုပ်စု၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်စု၊ အင်အားစု နှစ်စုဟာ တစ်နေ့တခြား ထိပ်တိုက်ရင်ဆိုင်ရေးဘက်ဆီ၊ နိုင်ငံရေး အကြပ်အတည်း တစ်ခုစီ ရှေးရှုလာနေတာ ဖြစ်ပါတယ်။

ခုဆို အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူတွေဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” လှုပ်ရှားမှုကြောင့် ပင်ပန်းနေပါပြီ။ တိုင်းပြည်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်လာရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေး၊ အဲဒီကနေ တဆင့် ပြည်သူတွေဆန္ဒနဲ့ ထပ်တူကျတဲ့ အစိုးရအဖွဲ့ပေါ်ပေါက်လာရေး၊ ဒီမိုကရေစီထွန်းကားရေး အတွက် ခက်ခက်ခဲခဲ လုပ်ရပါဦးမယ်၊ ပြည်သူ့အားကို အများကြီးယူရပါဦးမယ်။ ဒီကနေ့ ပြည်သူတွေဟာ အရင် စစ်အာဏာရှင်တွေလက်ထက်တုန်းကထက် နည်းနည်း အသက်ရှူချောင်လာတာက လွဲရင် ဆင်းရဲမြဲ၊ ပညာမဲ့မြဲ၊ အခွင့်အလမ်းနည်းပါးမြဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သတိပြုမိဖို့ လိုပါတယ်။ ပြည်သူတွေ အင်အားချိနဲ့နေဆဲဆိုတာ လေးနက်ဖို့ လိုပါတယ်။

မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး နောက်ထပ် နှစ်ဘယ်လောက်ကြာမယ် ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ အချိန် တစ်နှစ်ကြာတာနဲ့ ပြည်သူတွေဟာ တစ်နှစ်စာ စီးပွားရေး၊ ပညာရေး စသဖြင့် အင်အားပိုရှိလာတဲ့ ပြည်သူတွေဖြစ်လာဖို့ လိုပါတယ်။ ကာလ ကြာရှည်လေ အင်အားပိုရှိတဲ့ ပြည်သူတွေ ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” နည်းဗျူဟာ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီမှုရှိမရှိ၊ ပြည်သူ၊ တိုင်းပြည်၊ ယုတ်စွအဆုံး အင်န်အယ်လ်ဒီ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိမရှိ ပြန်သုံးသပ်ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။

လက်မှတ်ဈေးနှုန်း စံချိန်တင်နှုန်းထားဖြင့် ရောင်းချခဲ့သော K Pop ထိပ်တန်းအဖွဲ့ 2NE1 ၏ ဖျော်ဖြေပွဲကို ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ပြုလုပ်ခဲ့ရာ ပရိသတ်တစ်သောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်။ ဖျော်ဖြေပွဲပြုလုပ်ချိန်ကို ည ၇ နာရီဟု သတ်မှတ်ထားသော်လည်း ပရိသတ်များမှာ ညနေ ၃ နာရီဝန်းကျင်ခန့် ကတည်းကပင် Myanmar Event Park သို့စုရုံးရောက်ရှိနေပြီး ပွဲကျင်းပမည့် ခန်းမအတွင်းသို့ ဝင်ရောက်ရန်တန်းစီ စောင့်ဆိုင်းခဲ့ကြသည်။ ခန်းမအတွင်းဝင်ပေါက်များကို ညနေ ၅ နာရီကျော်မှသာ စတင်ဖွင့်လှစ်ခဲ့ပြီး ကြည့်ရှုသည့်ပရိသတ် များပြားခြင်းကြောင့် ဝင်ပေါက်များတွင် တိုးဝှေ့ဝင်ရောက်ခဲ့ကြရသည်။ ဖျော်ဖြေပွဲတွင် လက်မှတ်များကို ဈေးနှုန်းအမျိုးမျိုးအလိုက် ခွဲခြားသတ်မှတ်ထားပြီး လက်မှတ်ဈေးနှုန်းအလိုက်ဝင်ပေါက်များကို ခွဲခြားထားခဲ့သည်။ လက်မှတ်ဈေးနှုန်းများမှာ ငွေကျပ်နှစ်သောင်းခွဲမှ ငွေကျပ်ကိုးသိန်းအထိ အစားစားသတ်မှတ် ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲများအနက် ဈေးနှုန်းအမြင့်ဆုံး သတ်မှတ်ရောင်းချခဲ့သည့် ဖျော်ဖြေပွဲလည်းဖြစ်သည်။ ဖျော်ဖြေပွဲတွင်ထိုင်ခုံ လက်မှတ်များအားလုံး အပြည့်လာရောက် ကြည့်ရှုကြပြီး ငွေကျပ်လေးသောင်းနှင့်နှစ် သောင်းခွဲတန်း မတ်တပ်ရပ်နေရာများတွင်လည်း ပရိသတ်အပြည့်နီးပါး လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဖျော်ဖြေပွဲကို ည ၇ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ထူးခြားသည့်စတေ့ခ်ျဒီဇိုင်း၊ နောက်ခံပရိုဂျက်တာများတွင် ကွန်ပျူတာ အထူးပြုလုပ်ချက်များ၊ ထူးခြားသည့်အသံစနစ်၊ Lighting စနစ်များဖြင့်တင်ဆက်ခဲ့သည်။ စင်မြင့်တည်ဆောက်မှုအတွက် မြန်မာငွေကျပ် သိန်းနှစ်ထောင်ဝန်းကျင်ခန့် ကုန်ကျခံဆောက်လုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ 2NE1 အဖွဲ့ဝင်လေးဦးဖြစ်သည့် CL၊ Dara၊ Bom နှင့် Minzy တို့လေးဦးသည် ဖက်ရှင်ကျနသည့် ဝတ်စုံဒီဇိုင်းများဖြင့်ဝတ်ဆင်ကာ ၎င်းတို့၏ ထင်ရှားအောင်မြင်သည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ တေးသီချင်းတစ်ပုဒ်ချင်းစီတိုင်းတွင် မတူကွဲပြားသည့် နောက်ခံတင်ဆက်မှုများ၊ ကိုရီးယားအကအဖွဲ့၏အား ဖြည့်တင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့သည်။ စတေ့ခ်ျဒီဇိုင်း တစ်ခုလုံးမှာ နိုင်ငံတကာဖျော်ဖြေပွဲများ၏ တင်ဆက်မှုပုံစံအတိုင်းပင် တင်ဆက်ခဲ့ခြင်းကြောင့် မြန်မာပရိသတ်များအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။ လာရောက်ကြည့်ရှုသည့် ပရိသတ်များမှာလည်း 2NE1 အဖွဲ့၏ တေးသီချင်းများကို လိုက်ပါသီဆိုရင်း၊ လက်များကိုဝှေ့ယမ်းကခုန်ရင်း ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျော်ဖြေမှု၌ တေးသီချင်းသုံးပုဒ်ခန့် အပြီးတွင် 2NE1 အဖွဲ့ဝင်တစ်ဦးချင်းစီက နှုတ်ဆက်စကား ပြောကြားခဲ့သည်။ CL က မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ရခြင်းအတွက် အရမ်းစိတ်လှုပ်ရှားမိကြောင်း၊ ယနေ့ဖျော်ဖြေပွဲတွင် ယခုကဲ့သို့ လာရောက်အားပေးခြင်းသည် ၎င်းတို့ကိုအားပေးချစ်ခင်မှုကို ထုတ်ဖော်ပြသခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ Dara ကလည်း မြန်မာနိုင်ငံ၏ ဖျော်ဖြေပွဲအတွေ့အကြုံမှာ စိတ်ဝင်စားစရာ အလွန်ကောင်းမွန်ကြောင်း၊ မြန်မာပရိသတ်များအားလုံးနှင့် တွေ့ဆုံရခြင်းအတွက်လည်း ပျော်ရွှင်မိကြောင်း၊ ယခင်နေ့ညပိုင်းတွင် မြန်မာနိုင်ငံ၏ ထင်ရှားသည့် ရွှေတိဂုံဘုရားသို့ သွားရောက်ဖြစ်ခဲ့ကြောင်းကို ပြောကြားခဲ့သည်။ ကျန်အဖွဲ့ဝင်နှစ်ဦးဖြစ်သော Bom နှင့် Minzy တို့ကလည်း ၎င်းတို့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုရသည်ကို ကျေနပ်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲတွင် အဖွဲ့လိုက်သီဆိုမှုအပြင် CL ကလည်းတစ်ဦးတည်း သီဆိုဖျော်ဖြေမှုကို ပြုလုပ်ခဲ့သည်။ ဝတ်စုံလေးကြိမ်ခန့် လဲခဲ့ပြီးနောက် ဝတ်စုံလဲချိန်များတွင် ပရိုဂျက်တာဖြင့်၎င်းတို့၏ တေးသီချင်းများကို ပြသထားခဲ့သည်။ ဖျော်ဖြေပွဲ၏ နောက်ဆုံးအပိုင်းအဖြစ် ၎င်းတို့၏ အအောင်မြင်ဆုံးတေးသီချင်း I am the best သီချင်းကို သီဆိုပြီးနောက် နောက်ဆုံးတေးသီချင်း နှစ်ပုဒ်ကိုသီဆိုကာ နှုတ်ဆက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်ဖျော်ဖြေပွဲကို ည ၈ နာရီခွဲဝန်းကျင်တွင် ပြီးဆုံးစေခဲ့ကာ အဖွဲ့ဝင်များအားလုံးက ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ world tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက် ရှိကြောင်းသိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL ၊ Bom ၊ Dara ၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အမျိုးသမီး အဆိုရှင်လေးဦးဖြင့် ဖွဲ့စည်းထားသည့် 2NE1 KPop Girl Band အဖွဲ့သည် “I Don't Care”၊ “I am the Best” တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။ 2NE1 အဖွဲ့၏ တေးသီချင်းများသည် မြန်မာလူငယ်များကြားတွင်လည်း ထင်ရှားအောင်မြင်သည့် တေးသီချင်းများဖြစ်ပြီး မြန်မာပရိသတ် ကြိုက်နှစ်သက်မှု များပြားသည့် K Pop အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven media group

Myanmar Press Council (Interim) met with The President U Thein Sein on 1st, August 2014 in Naypyidaw.( Photo..Kyaw min swe)
သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်ကျခံနေရသော သတင်းထောက်များနှင့် တရားစွဲဆိုခံနေရသော
သတင်းထောက်များကို နစ်နာမှု မရှိစေရန် တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု
အား မထိခိုက်စေဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးသွားမည်ဟု
ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် လယ်တောအိမ်၌ ဩဂုတ် ၁ ရက်က တွေ့ဆုံစဉ်
ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီကိုလည်း မီဒီယာကြားခံ အဖွဲ့အစည်းအဖြစ်
အသိအမှတ်ပြုသည်ဟု ပြောခဲ့ကြောင်း ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

"လတ်တလောဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးခဲ့တယ်။
သတင်းထောက်တွေ တရားစွဲခံနေရတာတွေ၊ ဖမ်းဆီထောင်ချခံနေရတာတွေ အတွက်ကတော့
သမ္မတက သ၀ဏ်လွှာမှာ ပါတဲ့အတိုင်းပဲ ပြောခဲ့တယ်"ဟု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့သော သ၀ဏ်လွှာတွင်
'မြန်မာနိုင်ငံအစိုးရ လှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့်
အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်
ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့်
တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဌာန်းသတ်မှတ်ပြီးဖြစ်ကြောင်းနှင့်
သမ္မတအနေဖြင့် အခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း
ဖော်ပြထားသည်။

ထို့ပြင် နောက်နောင် သတင်းမီဒီယာနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက စာနယ်ဇင်းကောင်စီက
သမ္မတရုံးနှင့် တိုက်ရိုက်ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်ဖြစ်စေ ဖြေရှင်းရန်ကိုလည်း
သဘောတူခဲ့ကြကြောင်း ဦးကျော်မင်းဆွေက ပြောသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့်
သတင်းမီဒီယာအကြား နားလည်မှုများ မလွဲချော်စေရန်အတွက်လည်း အလုပ်ရုံဆွေးနွေးပွဲများ
ပြုလုပ်ပေးသွားရန်ကိုလည်း သမ္မတက သဘောတူညီခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က
ပြောသည်။

"အစိုးရ၀န်ကြီးဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်စနစ်တွေ ပိုကောင်းအောင်နဲ့ သတင်းမီဒီယာ
သမားတွေက စာနယ်ဇင်းကျင့်ဝတ် မလိုက်နာတဲ့အတွက် အစိုးရဌာနဘက်က အခက်အခဲတွေ
ရှိတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်"ဟု ၎င်းက ပြောသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းထုတ်ပြန်ချက်တွင် သတင်းမီဒီယာများ၏ သတင်းရယူခွင့်
နှင့်ပတ်သက်၍ ၀န်ကြီးဌာန အသီးသီးက အချိန်နှင့် တပြေးညီ ထိရောက်မှုရှိသော တုံ့ပြန်
ပြောကြားမှုများ ရှိလာစေမည့် အစီအစဉ်သစ် တစ်ရပ်ကို အကောင်အထည်ဖော်မည်ဟု
သမ္မတက ပြောခဲ့ကြောင်း ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့၏ ယခုတွေ့ဆုံမှုသည်
ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တာဝန်ယူပြီး ပထမဦးဆုံးဖြစ်သည်

မြန်မာတိုင်းစ်


မတရား ဖမ်းဆီးချုပ်နှောင်မှုနဲ့ နိုင်ငံတော်သံဃာ့မဟာနာယကကို တရားစွဲဖို့ လန်ဒန်ဆရာတော်ရဲ့ ဦးတိုက်လျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဗဟန်းရုံးက ပယ်ချခဲ့သလို တာမွေကလည်း ပယ်ချခဲ့လား။

မဟာသန္တိသုခကျောင်းတိုက်ကို အဓမ္မစီးနင်းဖို့ စေခိုင်းမှု၊ လန်ဒန်ဆရာတော်အပါအဝင် သံဃာ ၅ပါးကို တစ်ပတ်ကြာ အဓမ္မဖမ်းဆီး ချုပ်နှောင်မှုတွေကြောင့် မဟန ဥက္ကဌဆရာတော်နဲ့ အဖွဲ့ဝင်တွေကို အရေးယူဖို့ တာမွေတရားရုံးမှာ လျှောက်ထားခဲ့တာကို လက်ရှိအမှု စစ်ဆေးဆဲဖြစ်လို့ ပယ်ချလိုက်တယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

တာမွေမြို့နယ် တရားရုံးနဲ့သာ သက်ဆိုင်တယ်လို့ ဗဟန်းရုံးကပြောလို့ တာမွေမှာ ၅ကြိမ်မြောက် ရုံးချိန်ရှိတဲ့ အချိန်မှာ ဦးတိုက်လျှောက်တော့လည်း ပယ်ချခံရတာဖြစ်ပါတယ်။ မြို့နယ်နဲ့ ခရိုင်တရားရုံးတွေက မဟနကို တရားစွဲတာ လက်မခံရင် လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ နိုင်ငံတကာတရားရုံးတွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို တရားစွဲဖို့ ဒုတိယအကြိမ် ဦးတိုက်လျှောက်ထားရာမှာ မတရား တားဆီးချုပ်နှောင်မှု ပုဒ်မ ၃၄၁၊ ၃၄၂နဲ့ စွဲဆိုဖို့ လုပ်ခဲ့တာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က ဆိုပါတယ်။

Kamayut media

“ဆရာဝန်တွေ အနေနဲ့လည်း ဦးနှေက်လေး ဘာလေး သုံးပါဦး။ နေရာတကာ ဓာတ်ခွဲခန်းကို ချည်းပဲ လွှတ်ပြီး ဆေးစစ်ခိုင်းနေတော့ အရမ်းကို စက်ရုပ်ဆန် လွန်းတယ်။ လူနာကိုလည်း ပိုက်ဆံပိုကုန်စေပါတယ်”ဟု ပြောကြား သူမှာ ဆေးဘက်ပညာသည် တက္ကသိုလ် မှ ကျောင်းပြီး ထားပြီး ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။

ဆေးရုံတစ်ရုံ၏ ဆရာဝန်အင် အားနှင့် လူနာအင်အား မျှတမှုမရှိ သကဲ့သို့ပင် ဓာတ်ခွဲခန်းတွင် တာဝန် ယူထားရသည့် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း (Medical Technologist) နှင့် ရောဂါဗေဒ ဆရာဝန်ကြီးများ ( Pathologist ) နည်းပါးခြင်းကလည်း လူ နာများအတွက် ထိခိုက်နစ်နာ စရာအ ကြောင်းရင်း တစ်ရပ်ဖြစ်လာခဲ့သည်။ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲခန်း ဌာနနှင့် လူနာများအကြား အဆင်မ ပြေမှုများသည် နေ့စဉ်ကြုံတွေ့နေရ သည့်ပြဿနာတစ်ခုလည်းဖြစ်သည်။

ဝေဒနာတစ်ခုခုခံစားရသည့်အတွက် ဆေးရုံ၊ ဆေးခန်းများကိုသွား ရောက်ပြသရသည့် အခါမျိုးတွင် ဆ ရာဝန်က လူနာ၏ရောဂါလက္ခဏာ များကို ရှာဖွေနိုင်ရန်အတွက် ကိုယ် ကာယ စမ်းသပ်စစ်ဆေးမှုများကို ခြေ ဆုံးခေါင်းဆုံး ပြုလုပ်ကြရသည်။ ဝေဒနာဖြစ်စဉ်နှင့် ကိုယ်ကာယ စမ်းသပ် ချက်နှစ်ခုကို ပေါင်းစပ်ကာ ဝေဒနာ ၏ ၈၀ ရာခိုင်နှုန်းကို ဆရာဝန် က ရောဂါနာမည် တပ်၍ ဆေးကုသမှုကို စတင်နိုင်မည်ဖြစ်သည်။

အချို့သော ဝေဒနာများကို ရောဂါနာမည်တပ်ပေး နိုင်ရန်အတွက် လူနာ၏ ဆီး၊ ၀မ်း၊ သွေး၊ သလိပ်၊ ပြည်၊ အသားစ၊ ခန္ဓာကိုယ်စစ်ထုတ်ရည်များကိုထုတ် ယူကာ ဓာတ်ခွဲခန်းသို့ ပို့လွှတ်စစ် ဆေးခြင်းများရှိသည်။

ဓာတ်ခွဲခန်းများကို အဏုဇီဝရော ဂါပိုးမွှားများကိုရှာဖွေရန်၊ ကိုယ်တွင်း ဓာတုပစ္စည်းများကို တိုင်းထွာရန်နှင့် ဓာတ်မတည့်ခြင်းများကို စစ်ဆေး ဖော်ထုတ်နိုင်ရန်အတွက် အသုံးပြု နေကြရသည်။

“သွေးစစ်တာနဲ့ပတ်သက်လို့ ဆေး ရုံရောက်လာတဲ့လူနာတော်တော်များ များကို အခြေခံစစ်ဆေးမှုအနေနဲ့ CP(Auto) , ESR , U&E , Cr စတာတွေ ကို စစ်ခိုင်းပါတယ်။ လိုအပ်ရင်တော့  HIV, HBs AG , Anti –HBC Ab တွေ စသဖြင့် ထပ်ပြီးစစ်ဆေးရပါ တယ်။ အဲဒါတွေကို ရုံးချိန်အတွင်း မှာ ဆေးရုံဘေ မှာပဲစစ်ဆေးလို့ရ ပါတယ်။ မနက်ပိုင်းသွေးဖောက်ပြီးပို့ ထားလိုက်ရင် ညနေ ၅ နာရီ၊ ၆ နာ ရီလောက်ဆို အဖြေရပါတယ်။ ဒါက ရုံးဖွင့်ရက်တွေဆိုရင်ပေါ့။ ဆေးရုံအ များစုမှာ စနေ၊ တနင်္ဂနွေလို ရုံးပိတ် ရက်မျိုးဆိုရင်တော့ CP(Auto) , ESR , U&E , Cr တွေ စစ်လို့မရ ပါဘူး။ နောက်တစ်ခုက CP(Auto) , ESR , U&E , Cr တွေကို ဆေးရုံ ဓာတ်ခွဲခန်းတော်တော်များများမှာ အ ရေးပေါ် URGENTစစ်လို့မရပါဘူး။ လူနာရဲ့အခြေအနေကြောင့် အမြန့် URGNT သိချင်တဲ့အခါ အပြင် ဓာတ်ခွဲခန်းတွေကို ပို့ရပြန်ပါတယ်။ အဆစ်အမြစ်ရောဂါတွေနဲ့ဆိုင်တဲ့ ANA , ENA Profile လိုမျိုး နှလုံး သွေးကြောပိတ်တာကို သေချာသိနိုင်ဖို့ စစ်တဲ့Troponin လိုဟာမျိုးတွေ ကိုတော့ ဆေးရုံမှာစစ်လို့မရလို့ အပြင် Lab ကိုပဲ လူနာကိုစစ်ခိုင်းရပါတယ်။ Troponin ဆိုရင် အပြင်မှာ နှစ် သောင်း၊ သုံးသောင်းဝန်းကျင်ကျတယ်လို့သိရပါတယ်။ ဆေးရုံမှာ ဆရာဝန် က လူနာကို အချိန်ပြည့်ကြည့်ပေး နိုင်ပေမဲ့ Lab တွေကြောင့် အဆင် မပြေနိုင် တာတွေဖြစ်နေပါတယ်။ ဆေး တွေအခမဲ့ပေးနေတာ ၃ ရက်ကို တစ် သိန်းခွဲကုန်လို့ဆိုပြီး မကြာသေးခင် က ဆေးရုံတစ်ခုမှာ လူနာရှင်က ပြဿနာ လုပ်တယ်လို့ သိရပါတယ်။ အဓိကကတော့ ပြင်ပကိုပို့ရတဲ့ ဓာတ် ခွဲခန်းစရိတ်နဲ့ စားစရိတ်၊သောက်စရိတ် တွေဖြစ် ပါလိမ့်မယ်။ Lab ကြောင့် ပဲ လူနာကို ၀န်ထုပ်ဝန်ပိုးဖြစ်စေပါ တယ်။ ဆေးရုံက ဆေးအခမဲ့ပေး တယ်။ ၂၄ နာရီဆရာဝန်ကြည့်ပေး တာကြောင့် Lab ကိုလည်း အဲလိုပဲ စနေ၊ တနင်္ဂနွေမှာ လည်း ရုံးဖွင့်ရက် လိုပဲဝန်ထမ်းအင် အား၊စက်အင် အား ဖြည့်တင်း ထားစေ ချင်ပါတယ်။ ကိုယ့် ဆေးရုံ Lab မှာပဲ မကြန့်ကြာဘဲ မြန် မြန်စစ်ဆေးလို့ အဖြေရမယ်ဆိုရင် ကုသရေး အတွက် သိပ်အထောက် အကူဖြစ်ပါတယ်” ဟုပြည်သူ့ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦး က ပြောသည်။

ဓာတ်ခွဲပစ္စည်းအလုံအလောက်မရှိရခြင်းနှင့်ပတ်သက်၍]နှလုံးသွေး ကြောရောဂါကိုစစ်တဲ့ ပုလင်းလေး တစ်လုံးက အရင်ဈေးနဲ့တောင် ဒေါ် လာ ၁၆ ဒေါ်လာလောက်ကျတယ်။ ၀ယ်ရင်းဈေးကိုပြောတာ။စစ်မယ်ဆို ရင် လူနာသုံးယောက်စာပေါ့။ ဆေး ရုံတွေကျတော့ အများကြီး ထားလို့ မရဘူး။ ဖျော်ပြီးသွားပြီဆိုရင် Reagentကို ကြာကြာထားလို့မရဘူး။ အပြင် ဓာတ်ခွဲခန်းတွေတောင် အရဲစွန့် ပြီးဝယ်ကြရတယ်။ အဲ့လိုရှားပါးတဲ့ ဟာဆိုရင်တော့ အပြင်မှာပဲ စစ်လို့ရ နေတာပါ} ဟု ဓာတ်ခွဲကျွမ်းကျင်က ဆိုသည်။

ပြည်သူ့ဆေးရုံတိုင်းတွင် ဓာတ် ခွဲခန်းဝန်ထမ်းများကို နေ့ဆိုင်းညဆိုင်း ၂၄ နာရီထား ရှိသော် လည်း အချို့ သော စစ်ဆေးမှုရလဒ်များကို တာ ၀န်ယူရန် အတွက် တာဝန်ခံဆုံးဖြတ် လက်မှတ်ရေး ထိုးပေးမည့် Pathologistရောဂါဗေဒ ဆရာဝန် အချိန် ပြည့်မထိုင်နိုင် သည့် အတွက် အရေး ကြီးသည့်စစ်ဆေးချက် အဖြေများ ကိုလက်မှတ်ထိုးဆုံးဖြတ်ပေးရန် စောင့် ဆိုင်းရသည့်အခါများတွင် ကြန့်ကြာ မှုများဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ဓာတ် ခွဲကျွမ်းကျင် ၀န်ထမ်းကပြော သည်။

ဆေးရုံဓာတ်ခွဲခန်းများသည် ဆရာဝန်စစ်ဆေးခိုင်းသည်များကိုအ ခကြေးငွေ ယူသည်လည်း ရှိကြောင်း၊ တစ်ခါတစ်ရံတွင် တာဝန်ကျဆရာဝန် က အပြင် ဓာတ်ခွဲခန်းနှင့် ဆေးရုံဓာတ် ခွဲခန်း ခွဲခြားစစ်ခိုင်းသည့် စစ်ဆေး ချက်များကို ဆေးရုံဓာတ်ခွဲခန်းက အ ပြင်မှာပဲ အားလုံးကို တစ်ခါတည်းစစ် လိုက်ပါ။ ဒီမှာစစ်မနေပါနှင့်ဟု ပြန် လည်ညွှန်ကြားကြောင်း အင်းစိန်ဆေး ရုံတွင် ဓာတ်ခွဲဆေးစစ်ခဲ့ရသည့်လူ နာရှင်ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၁-၁၂ တွင် ကျပ် ၉၂ ဘီ လီယံ၊ ၂၀၁၂-၁၃ တွင် ကျပ် ၄၀၀ ဘီလီယံ၊ ၂၀၁၃-၁၄ တွင် ကျပ် ၅၂၈ ဘီလီယံ သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ကျပ် ၆၅၂ ဘီလီယံအထိသုံးစွဲရန်လျာထား သည်ဟု ပြည်သူ့လွှတ်တော် ကျန်း မာရေးမြှင့်တင်မှုကော်မတီ ကပြော ကြားခဲ့သည်။

“ဆေးရုံဓာတ်ခွဲခန်းက ပိုက်ဆံ တောင်းတယ်ဆိုရင် အဲဒါက ဆေးရုံ အုပ်ရဲ့ မူဝါဒ Principle နဲ့လည်းဆိုင် ပါတယ်။ တစ်ခါတလေမှာ အထက်က မသိလိုက်တဲ့အောက်ခြေကလူတွေရဲ့ လုပ်ရပ်တွေလည်း ရှိနေပါတယ်။ သေ ချာတယ်ဆိုရင် တိုင်လို့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံ က အခမဲ့ဆိုပေမဲ့ ကျွန်မတို့စစ်ဆေး ပေးရတဲ့ တချို့ကေ့စ်တွေ အ တွက် ဆေးရည်တွေ ၀ယ်ရတာတွေရှိပါတယ်။ လက်အိတ်တွေ မကောင်း ရင်လည်း ကိုယ်ပဲထိခိုက်မှာစိုးလို့ ၀ယ်ရတယ်။ လူနာတွေကလည်း သိသင့်ပါတယ်။ တတ်နိုင်သူများအတွက် စရိတ်မျှပေး၊ ချို့တဲ့သူများအတွက် အခမဲ့လို့ရေး ထားကာမှ အားလုံးကို အလကားရ မယ်တော့ ဘယ်ဟုတ်မလဲ”ဟု အဆို ပါဓာတ်ခွဲကျွမ်းကျင်ကဆိုသည်။

ဆေးရုံဓာတ်ခွဲခန်းများနှင့်ပတ် သက်၍ ရင်ဆိုင်နေရသည့် အခြား သောပြဿ နာတစ်ခုမှာ ဓာတ်ခွဲခန်း အဖြေမှားယွင်းခြင်းပင်ဖြစ်သည်ဟု လည်း လူနာများ ကဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဓာတ်ခွဲစမ်းသပ်မည့် နမူနာပစ္စည်း ကို မထုတ်ယူခင် ကြို တင်ပြင်ဆင်မှု ချွတ်ချော်ခြင်း၊ ထုပ် ပိုးသယ်ဆောင် သိမ်းဆည်းမှုများတွင် နည်းလမ်းမမှန်ခြင်းကြောင့်ဖြစ်နိုင် သည်ဟု ပညာရှင်တစ်ဦးကသုံးသပ် သည်။

“နောက်တစ်ခုက ဆေးရုံLab တွေရဲ့အရည်အသွေးပါ။ ကျောက်ကပ် မကောင်းတဲ့လူတစ်ယောက် ပိုတက် စီယမ်များနေမယ်လို့ထင်လို့ စစ်ခိုင်း လိုက်တယ်။ စက်က ပိုတက်ဆီယမ် မများဘူးဆိုတဲ့အဖြေမျိုး ထွက်လာ တယ်။ ECG မှာက ပိုတက်ဆီယမ် များနေတဲ့လက္ခဏာရှိနေတယ်။ ဆရာဝန်အနေနှင့် မသေချာမှာစိုးလို့ နောက်တစ်နေရာအပြင်ကိုပို့ပြီးစစ်ခိုင်းလိုက် တော့ပိုတက်စီ ယမ်များနေတယ်။အဲဒီ တော့လူနာက ပိုက်ဆံလည်းကုန် လိုက်ရသလို ဆရာဝန်ကလည်း အ ချိန်ပိုကုန်လိုက်ရတယ်။ Lab အဖြေ ကြောင့် ဆုံးဖြတ်ချက်မှားမှာကိုလည်း စိတ်ပူနေရတယ်။ ထိရောက်တဲ့ကုသ မှုကို လူနာကိုချက်ချင်းမပေးလိုက် နိုင်တဲ့အခါ လူနာဆုံးရှုံးသွားတာမျိုး လည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် စက်ရဲ့အရည်အသွေးကိုထိန်းသိမ်းစေ ချင်ပါတယ်။Upgrade လုပ်စေချင်ပါ တယ်”ဟုဆရာဝန်က ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့ တောင်အာရှဒေသဆိုင်ရာ ရုံးခွဲ၏ ၂၀၀၃ ခုနှစ်အစီရင်ခံစာ အရ မြန်မာ နိုင်ငံကျန်းမာရေးဝန်ကြီးဌာနတွင် ရော ဂါဗေဒဆရာဝန် ကြီးကြပ်သည့်ဓာတ် ခွဲခန်း ၃၈ ခုရှိပြီး၊ ကျန်ဆေးရုံဓာတ် ခွဲခန်းပေါင်း ၃၀၀ ကျော်တွင် ဓာတ် ခွဲခန်းကျွမ်းကျင်သူနှင့် အဏုကြည့် မှန်ဘီလူးကြည့်သူများကသာ ဦးစီး ထားကြောင်းသိရသည်။

“ဓာတ်ခွဲခန်းအဖြေမှာ ဖြစ်သင့် တဲ့အဖြေထက် ရလဒ်က အရမ်းနည်း လွန်းတဲ့သူ၊ အရမ်းများ လွန်းသူတွေကိုတော့ စက် ဘယ်လောက်ကောင်း ကောင်း ပြန်စစ်တယ်။ လူနာရဲ့သွေး ကို စစ်တာ။ လူနာကိုကြည့်ပြီးတော့ ဒီအဖြေနည်းနိုင်တယ်၊ မနည်းနိုင်ဘူး ကြည့်ပြီး စစ်တာ မဟုတ်ဘူးပေါ့နော်။ ပုံမှန်ဆိုရင် ပုံမှန်လို့ပဲထုတ်သွားမယ်” ဟု ဓာတ်ခွဲခန်းပညာရှင်တစ်ဦးကဆို သည်။

ပြည်သူ့ဆေးရုံများနှင့်ပြင်ပဆေး ခန်းများမတူညီခြင်းမှာ ပြင်ပဆေး ခန်းများတွင် လူနာရောဂါ ရာဇ၀င်ကို အချို့သောဆရာဝန်များက ရေးပေး လိုက်သော်လည်း လူနာများ သည့် ပြည်သူ့ဆေးရုံများ တွင် ရေးပေးလေ့ မရှိသည့်အတွက် လူနာ၏ အခြေအ နေကို မသိရဘဲ သွေးကို သာဖောက် စစ်ရသည့်အတွက် တစ်ခါတစ်ရံဖြစ် တောင့် ဖြစ်ခဲ အဖြေမှားနေခြင်းကို မသိနိုင်ဟု ၎င်းကဆိုသည်။

ဆက်လက်၍ “ဆရာဝန်တွေဘက် ကလည်း ဆေးရုံထဲမှာ သွေးဖောက် ရမယ့်လူနာ ၁၀၀ ရှိရင် သေရေးရှင် ရေး လူနာမျိုးကိုအမှတ်အသားလေး လုပ်ပြီးတော့ ပို့ရင်တော့ ပိုကောင်း တာပေါ့” ဟုဆိုသည်။

ပြင်ပပုဂ္ဂလိက ဓာတ်ခွဲခန်းများ သည် ပြည်သူ့ဆေးရုံများထက် ဓာတ် ခွဲကုန်ကျစရိတ် ပိုယူမှုများ ရှိသကဲ့သို့ မလိုအပ်ဘဲ ဓာတ်ခွဲစစ်ဆေးမှုများကို လည်း ပြုလုပ်စေသည့်အတွက် ငွေကုန်ကြေး ကျ ပိုများလာရသည်ဟု လူ နာတစ်ဦးကဆိုသည်။ ဓာတ်ခွဲစမ်း သပ်ခများသည် ဆေးကုသခငွေ ထက် ပိုမိုဈေးကြီးမြင့်နေတတ်သည်ဟုလည်း ၎င်းင်းကဆိုသည်။

ဆေးရုံဆေးခန်းများတွင် တာ ၀န်ရှိဆရာဝန်သည် မလိုလားအပ် သောဆေး စစ်မှုကို ၂၂ ရာခိုင်နှုန်း ထိလုပ်ခိုင်းလေ့ရှိသည်ဟု အမေရိ ကန်နိုင်ငံတွင်ပြု လုပ်ထားသော သု တေသနအရဆိုင်ရာ အဖွဲ့အစည်း ကြီး၏သုတေသန ဂျာနယ်က ဖော်ပြထားသည်။

“ ပြည်သူအားကိုးတဲ့ ဆေးရုံက လုံလုံလောက်လောက်ရှိမှ ပြည်သူ အားကိုးနိုင်မှာပေါ့။ ၀န်ထမ်းတွေ အ နေနဲ့ကလည်း ဆေးရုံတစ်ခုလုံးက လူနာအားလုံး နီးပါးရဲ့ ရောဂါ ရှာဖွေ ရေး ဓာတ်ခွဲစစ်ဆေးတာတွေကို နေ့ ည ဂျူတီနှစ်ဆိုင်းခွဲထားပေမဲ့ မနိုင် နင်းတာတွေဖြစ်တယ်။ လူနဲ့ငွေလုံ လောက်ရင် အပြင်ဆေးခန်းမရှိနိုင်ပါ ဘူး။ အပြင်ဓာတ်ခွဲခန်းတွေကလည်း ပိုက်ဆံတောင်းတာ လွန်တယ်။ တ ကယ်ဝယ်သုံးရတဲ့  Reagent က ၇၅၀ပဲတန်တယ်ဆိုရင် အပြင့် Lab မှာသွားစစ်ရင် ၇၅၀၀ လောက် သူတို့ ကတောင်းတယ်။ မတတ်နိုင်တဲ့ သူ တွေ အတွက် အမှန်တကယ်ကို ၀န် ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်} ဟု ၎င်းင်း ဓာတ်ခွဲခန်းပညာရှင် က ပြောသည်။

" Lab မှာလည်း သူတို့အခက်အခဲ နှင့်သူတို့ရှိပါလိမ့်မယ်။ တချို့ဆေးရုံ တွေဆို Reagent တွေ ၀ယ်သုံး ရတာမျိုးတွေရှိပါတယ်။ နောက်တစ် ခုက ဆေးရုံ ကိုတက်လာသမျှ လူနာ အားလုံးရဲ့ဆေးစစ်ချက်အားလုံးကို စစ်နေရတော့ တစ်နာရီ၊ နှစ်နာရီအ တွင်းစက်အနေအထား၊ လူအနေအ ထားအရမရနိုင် တာဖြစ်ပါလိမ့်မယ်။ အစိုးရအနေနနှင့် ကျန်းမာရေး ဘတ်ဂျက် ပိုတိုး ရနေပြီ ဆိုတော့ ဒီLab ကိစ္စကိုလည်း အမြန် ဆုံးဖြေရှင်းပေး စေ ချင်ပါတယ်။ လူ အင်အား ကလည်း နည်းတာမျိုးတွေရှိတော့ သူတို့အ ခက်အခဲကို
လည်း ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်”ဟု ပြည်သူဆေးရုံတစ်ခု မှ ဆရာဝန်က ဆက်ပြောသည်။

အစိုးရသစ်လက်ထက်တွင် ကျန်း မာရေးအသုံးစရိတ်ကို ယခင်ကထက် ပိုမိုသုံး စွဲလာသည်ဟု ဆိုသော်လည်း ပြည်သူ့ဆေးရုံများတွင် ဆရာဝန်နှင့် လူနာမမျှတမှု၊ ဆေးဝါးမလုံလောက် မှု၊ ကျွမ်းကျင်သည့်လူ့စွမ်းအားရင်း မြစ်ရှားပါးမှုပြဿနာများမှာ ရင်ဆိုင် နေရဆဲပင်ဖြစ်သည်။

သြဂုတ် ၁ ရက်နေ့ထုတ်၊ အတွဲ ၂ အမှတ်စဉ် ၂၄၊
သည်လေဒီးစ် နယူးစ်ဂျာနယ်

ကိစ္စတခုကို လူငါးသန်းလက်မှတ်ရေးထိုးတောင်းဆိုတာဟာ မြန်မာ့သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

DASSK 436 01082014ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ထံမှ ဆန္ဒပြုလက်မှတ် ၅ သန်းလောက် ရရှိခဲ့ပြီး အခုလိုမျိုးကိစ္စတခုကို လူ ၅ သန်းလောက်က ပွင့်ပွင့်လင်းလင်း လက်မှတ်ရေးထိုးတောင်းဆိုဟာ မြန်မာနိုင်ငံရဲ့ သမိုင်တစ်လျှေက်မှာပ ပထမဆုံးးအကြိမ်ဖြစ်တယ်လို့ သြဂုတ်လ ၁ ရက်နေ့လွှတ်တော်အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားလိုက်တာပါ။

“ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခေါက်မှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေစိ စိတ်ဝင်စားနေတဲ့ ပုဒ်မ ၄၃၆ ကမ်ပိန်းကိစ္စနဲ့ ပီအာရ်ကိစ္စတွေနဲ့ပတ်သတ်ပြီး အဖွဲ့ချုပ်အတွင်း CEC အစည်းအဝေးများ ပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲ တွေပြု လုပ်သွား မယ်လို့လည်း သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောကြားသွားပါတယ်။
“၄၃၆ ကမ်ပိန်းလက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ အဲဒီကိစ္စ အကြောင်းကိုပဲ ပြောရမှာရှိသေးတယ်။ နောက်တခါမှာ ပီအာကိစ္စ ပြည်သူတွေက စိတ်ဝင်စားနေတာရှိတယ်။ အဲဒါကို တဆင့်တဆင့် ပြီးမှ သွားပါ့မယ်။ အန်တီလည်း ပြန်ပြီး စီအီးစီနဲ့ ထိုင်ရဦးမယ်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတောင်းဆိုသူ အရေအတွက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုတုန်းက ရရှိခဲ့တဲ့ထောက်ခံမဲရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အဲ့လိုမျိုးနှိုင်းယှဉ်ချင်ရင်အဲ့တုန်းကလုပ်ခဲ့တဲ့ဆန္ဒခံယူပွဲပုံစံမျိုးလုပ်ပေးဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါသေးတယ်။
DVB

မြန်မာနိုင်ငံမှာဆိုးဝါးတဲ့အခြေအနေကို ဦးတည်နေတဲ့အတွက် ဒီဆောင်ရွက်ချက်တွေဟာ အမေရိကန်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ မြန်မာအစိုးရကို သတိပေးပြောဆိုဖို့  အမေရိကန် လွှတ်တော်အမတ် အယောက် ၇၀ ကျော်က စာရေးသားတိုက်တွန်းလိုက်ပါတယ်။

အောက်လွှတ်တော်က ဒီမိုကရက်ပါတီရော၊ ရီပတ်ပလစ်ကန်ပါတီ အမတ်တွေပါ စုပေါင်းတိုက်တွန်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး-ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ၊ တိုင်းရင်းသားတွေအပေါ် စစ်တပ်က အနိုင်အထက်ပြုကျင့်နေတာတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေ၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေတဲ့ကိစ္စတွေကို အမေရိကန်လွှတ်တော်အမတ်တွေက ထောက်ပြကြတာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁၀ ရက်နေ့ကျင်းပမယ့် အာဆီယံနိုင်ငံရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်သလို၊ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လည်း နှစ်နိုင်ငံကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးမှာဖြစ်တဲ့အတွက် အောက်လွှတ်တော်အမတ်တွေက အခုလိုစာရေးသားတိုက်တွန်းလိုက်တာပါ။

ကြာသပတေးနေ့ရက်စွဲနဲ့ ရေးသားတိုက်တွန်းလိုက်တဲ့ အဲဒီစာမှာ လွှတ်တော်အမတ်တွေကြားမှာ သြဇာကြီးတဲ့ ဂျိုးဇက်ခရောက်လီ၊ စတိဗ်ချားဘော့ထ်တို့  ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်ကလဲ ရီပတ်ပလစ်ကန်အမတ် မစ္စတာ မစ်ခ်ျမက်ကောနဲလ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက်အရွေးခံနိုင်အောင် အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
RFA