08/04/14

အာဖရိကနိုင်ငံ အနောက်ဖက်ခြမ်းမှာ စတင်ဖြစ်ပွားပြီး လူအများကို ကူးစက် သေကျေစေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို နိုင်ငံတကာမှာ သတိထား စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံ မှာလည်း ကူးစက်မှုမရှိရအောင် စောင့်ကြပ်စစ်ဆေးမှုတွေ စလုပ်နေပြီလို့ အစိုးရပိုင် သတင်းစာနဲ့ မီဒီယာတွေကနေ ပြောနေပေမယ့် အခြေအနေတွေ လုံလောက်မှု ရှိပါရဲ့လား။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်စုံစမ်းတင်ပြထားပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အာဖရိက အနောက်ဖက်ခြမ်း ဂီနီ၊ လိုက်ဘေး ရီးယား၊ နိုင်ဂျီးရီးယားနဲ့ ဆီလာလီယွန်း လေးနိုင်ငံက လူပေါင်း (၁,၃၀၀) ကျော်မှာ အခုချိန်ထိ လူ (၇၃၀) နီးပါး သေဆုံးခဲ့ပြီးဖြစ်ရပါတယ်။ အခုလို ပြင်းထန်တဲ့ ကူးစက်မြန် အီဘိုလာ ရောဂါပိုး အန္တရာယ်ကို တားဆီးကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံမှာ စတင် ဆောင်ရွက်နေတယ်ဆိုပေမဲ့ ထိရောက်မှုရှိအောင် လုပ်ဖို့လိုသေးတယ်လို့ ကျန်းမာရေး ပညာပေး ဆောင်းပါးတွေရေးသားနေသူ ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ပြောလိုက်ပါတယ်။

“ဒီနေ့ သတင်းစာထဲမှာပါပါတယ်။ ကူးစက်ရောဂါ နှိမ်နင်းရေး ဌာနကနေပြီးတော့ လေဆိပ် ကနေ စမယ်နော်။ နောက် သူတို့က လေဆိပ်တင်မကဘူး၊ other check point တွေ ပေါ့ဗျာ။ ပြည်တွင်းကိုဝင်တဲ့အပေါက်တွေ၊ သင်္ဘောတွေ ပါမှာပေါ့။ နယ်စပ် ဆိုတာတွေ ပါမှာပေါ့။ အဲဒီကနေပြီးတော့မှ အထူးသဖြင့် အာဖရိက ကလာတဲ့လူတွေ၊ ဝင်လာတဲ့လူတွေကို ဖျားနေလား၊ နာနေလား၊ symptom တွေပေါ့။ …အန်နေသလားပေါ့၊ ဒါတွေက အဲလို ရှိရင်တော့ သူတို့က Quarantine လုပ်မယ်ပေါ့။ သူတို့လုပ်နိုင်တာက အဖျားတိုင်းတာပဲ လုပ်နိုင်မယ်လေ။ အီဘိုလာဗိုင်းရပ်စ် ရှိလား၊ မရှိလား သွေးဖောက် စစ်နိုင်တဲ့အဆင့် မရှိဘူး။

"ဘာလဲဆိုတော့ အီဘိုလာရဲ့လက္ခဏာတွေပေါ့ဗျာ- သွေးယိုသလို အဲလိုမျိုးလူ ပါလာရင်တော့ Quarantine လုပ်လိုက်မှာပေါ့။ လုပ်ပြီးတော့သူ့ကို နေရာတစ်နေရာမှာထားပြီးတော့ စစ်၊ သွေး Smiple တွေ ဖောက်ပြီးတော့ နိုင်ငံခြားကိုပို့၊ အဲလိုမျိုးတော့ လုပ်မှာပါ။ အဲဒီတော့မှ confirm ဖြစ်လာမှာပေါ့။ အဲလိုမသိဘဲနဲ့ လွတ်သွားတဲ့လူတွေ အဖျား မရှိဘဲ ဝင်လာပြီး ပြည်တွင်းကျမှ အဖျားဝင်လာရင်ရော- ဘယ်လိုလုပ်မလဲဆိုတဲ့အဆင့်တွေ၊ ဒါကလည်း ကျန်းမာရေးဌာနကလည်း သိတော့ လုပ်တော့ လုပ်နေပါတယ်။ အခုတော့ ပြည်တွင်းမှာက အရင်ထက်ပိုပြီးတော့ ခရီးသွားတွေက ဝင်လာပြီ။ အာဖရိကလည်း လာမှာလေ။ အဲဒီတော့ ပိုပြီးတော့တော့ စောင့်ကြပ်ပြီး--ယူရမယ်။ အထူးသဖြင့် လေဆိပ်မှာ check လုပ်တဲ့သူတွေတင်မကဘူး၊ ကျန်းမာရေးဝန်ထမ်းတွေ ထားပြီးတော့ စောင့်ရမယ်။ အဲလိုမျိုးတွေ လုပ်ဖို့တော့ လိုမှာပေါ့။

“လူထုအနေနဲ့ကတော့ အီဘိုလာ-ဆိုတဲ့နာမည် ကြားဖူးတယ်၊ ဘာမှန်းမသိဘူးပေါ့။”

အီဘိုလာ ကူးစက်ရောဂါ မြန်မာနိုင်ငံမှာ ဖြစ်ပွားခြင်း မရှိသေးတဲ့အတွက် လူထုကြား စိုးရိမ်မှု နည်းပါးနေပြီး ပညာပေးမှုအပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိကြောင်း ရန်ကုန်မြိုခံ တဦးကလည်း ပြောပါတယ်။

“အီဘိုလာဗိုင်းရပ်စ်ပိုးကတော့ ကိုယ့်နိုင်ငံကို ဝင်ရောက်လာတာမဟုတ်သေးတဲ့အတွက် ---မရှိဘူး၊ ရောဂါရဲ့ ကြောက်စရာကောင်းပုံကိုတော့ သိတယ်။ ဘယ်လောက် အတိုင်းအတာအထိ သိကြလဲဆိုတော့ သိတဲ့လူလည်း ရှိတယ်၊ မသိတဲ့လူလည်း ရှိတယ်။ ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်မှာ လူတိုင်းသိအောင် သတိပေး ကြေညာတာမျိုးတော့ မရှိသေးဘူးရှင့်။”

Ebola-CDC brief

Ebola-CDC brief

အီဘိုလာနဲ့ပတ်သက်လို့ ပြည်သူတွေကြား ကျန်းမာရေးပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာမြင့်ဦးက အကြံပြုပါတယ်။

“ဂျပန် ဦးနှောက်ယောင် ရောဂါဆိုတာ ဘာလဲ လူထုက သိပ်မသိဘူး၊ လူထုသိတာ တုပ်ကွေး ဖျားတယ်၊ သွေးလွန်တုပ်ကွေးဖြစ်မယ်၊ ငှက်ဖျားဖြစ်မယ်- ဒါတွေ သိတာပေါ့။ ဒီစကားလုံးတွေက လူထုနဲ့ မရင်းနှီးဘူးပေါ့နော်။ နံပါတ်တစ်က အီဘိုလာ ဗိုင်းရပ်စ်ဟာ ဘာလဲ၊ ဘယ်လောက်အထိ ဒုက္ခပေးသလဲ၊ လူတွေ ဘယ်လောက် သေစေလဲ၊ ကြောက်စရာရောဂါပါလားဆိုတာ ဒါတွေကို သိအောင် လုပ်ရမယ်။ အဲလိုမျိုးတွေပေါ့နော်၊ အခုတော့ ကျနော်တို့မှာက ဝက်ကနေလည်း အီဘိုလာ ဖြစ်လာနိုင်တာပဲလေ။

"ဝက်ကယ်၊ မျောက်ကယ်၊ သူတို့ ပြောထားတာပေါ့နော်။ လူဝံ၊ မျောက်ဝံတွေ၊ နောက် လင်းနို့တွေ ဒီလိုအကောင်တွေကနေ သေမယ်၊ အဲဒီကနေ ရောဂါရတဲ့လူက သေသွားမယ်၊ သေသွားတဲ့လူကို ကိုင်မယ်၊ တွယ်မယ်။ ပြည်တွင်းမှာကတော့ အီဘိုလာ ကူးလာဖို့က အင်မတန် ရှားပါသေးတယ်။

"အီဘိုလာ ဘယ်လောက် ကြောက်စရာကောင်းလဲ၊ အခုဟာက ကုသစရာ ဆေးမရှိဘူး။ အီဘိုလာဟာ ကာကွယ်ဆေးမရှိဘူး၊ ကုသဆေး မရှိဘူး။ အဲဒီတော့ ကျောက်ကပ်တွေ ပျက်စီးမယ်၊ အသည်းတွေ ပျက်စီးမယ်။ အဲဒါတွေကို လိုက်ကာရတာ။ အဲဒီတော့ သေနှုန်းကလည်း ၉၀ % ရှိတယ်။ ဖြစ်ပြီဆိုရင် သေမယ်ဆိုတဲ့သဘော ရှိတယ်။ အီဘိုလာကို သုတေသနလုပ်တဲ့ ဆရာဝန်ကိုယ်တိုင်တောင်မှ အခု သေသွားပြီ။ အဲဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုးတွေ ရှိတဲ့အခါကျတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရောဂါဆိုတာတော့ လူထုထဲမှာ ပညာပေးဖို့ လိုမယ်ပေါ့နော်။”

လူတွေကို အလျှင်အမြန်သေစေပြီး ထိန်းချုပ်ဖို့ခက်ခဲ့တဲ့ အီဘိုလာ ကူးစက်ရောဂါအန္တရယ်ကို တားဆီးကာကွယ်နိုင်ဖို့ ပြည်ပက ၀င်လာနိုင်တဲ့ ရန်ကုန် နိုင်ငံတကာလေဆိပ်နဲ့ အခြားပြည်ဝင်ပေါက်တွေမှာ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပြီလို့ မြန်မာ အစိုးရပိုင် သတင်းမီဒီယာတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အီဘိုလာကူးစက်ရောဂါအပြင် အခြား ကူးစက်ရောဂါတွေကိုပါ စောင့်ကြည့်နေတယ်လို့ အစိုးရက ကြေညာထားပါတယ်။

quarantine - ရောဂါပိုးတခုခု ရှိပြီး နာမကျန်းဖြစ်နေသူကို သီးသန့်ခွဲထားခြင်း။။       Voa 



ဖျော်ဖြေပွဲကျင်းပပြီးစီးသွားသော 2NE1 ကိုရီးယားတေးဂီတအဖွဲ့ သည် ဒီမြေပေါ်ကရေကိုသောက်လည်း မသောက်၊ ချိုးလည်းမချိုး သုံးလည်းမသုံးခဲ့ ခြင်းဖြင့် ပတ်သက်လို့  တော်တော်ကြီးမဟုတ်သော်လည်း အသံတော့ ထွက်လာခဲ့ သည်။

ဒါလည်း ကိုရီးယား လူမျိုးတို့ အနေနှင့် သူတို့ တိုင်းပြည်မှာလို Safe Water Supply ခေါ် လုံခြုံစိတ်ချရသောသောက်သုံးရေ ဖြစ်ကြောင်းကိုစိတ်မချသောကြောင့် ဖြစ်ပါလိမ့်  မည်။ ဆင်းရဲမွဲတေမှုအဆင့် အတန်း၊ အာဟာရပြည့် ဝမှု အဆင့် အတန်းများနှင့် ပတ်သက်ပြီး က မ္ဘာ နှင့် ချီ၍ပိုစစ်ရှင်ဘယ်လောက်ဆိုတာအသံထွက်နေခြင်း ကြောင့် သူတို့ ကို ဘယ်လိုလုပ်အဆိုးဆိုမလဲ။

နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲချမ်းသာအဆင့် အတန်းကို အထူးသဖြင့် မိမိတို့ နိုင်ငံကိုများများအကဲခတ်စရာ မလိုပါ၊… လမ်းဘေးစားသောက်ဆိုင်တွေ ကိုကြည့် ရုံမျှဖြင့် သိနှိုင်ပါသည်။ အများစုပိန်လှီနေသော ငါးနှစ်အောက်ကလေးတွေကိုကြည့် ရုံဖြင့် သိနှိုင်ပါသည်…ခုဆိုရင် မိုးလေးရွာတယ်ဆိုပဲ ရေတွေ လူနေ နေရာအနှံ့ ဝင်ကုန်တာမြင်ရုံ ကြားရုံဖြင့် သိနှိုင်ပါသည်။ ဒီလိုရေ၀င်တဲ့ ဖြစ်ရပ်အပေါ်မှာကျန်းမာရေးဌာန က ဘာ လုပ်ဆောင်ပေးလဲ ဆိုတော့ ၊ မိမိနေထိုင်ရာမှာတော့ ဘာမှလုပ်မပေးပါ၊ လာတောင်မကြည့် ပါ။ ဘယ်သူမှလာမကြည့် ပါ။ မိမိတို့ မြောက်ဒဂုံ ၄၂ တိုးချဲ့ ရပ်ကွက်မှာ အမှိုက်ပြဿနာ၊ ရေတက်ပြဿနာ တို့ အမြဲရှိနေရာ ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ သည့်  လွန်ခဲ့ သော သုံးနှစ်ကစလို့ အနိုင်ရပါတီ (ခမောက်တစ်လုံးသင်္ကေတ) ၏လွှတ်တော် ကိုယ်စားလှယ်ဒေါ်တင်နွယ်ဦးကိုမိမိတို့  ခုချိန်ထိ ဖြူလားလည်းမသိ၊ မည်းလားလည်းမသိ…။ ကဲ…လွှတ်တော်ကိုယ်စားလှယ် ဆိုတာက လူတန်းစားတစ်ရပ်ဖြစ်သွားပြီမို့ ရှိစေတော့ …မြို့ နယ်ကျန်းမာရေးဌာန လေးများက လာရင်ပဲ အားတက်ရပါမည်။ ရပ်ကွက်နယ်မြေအလိုက် အမျိုးသမီးသူနာပြုဆရာမ LHV သို့ မဟုတ် ကျန်းမာ ရေးကြီးကြပ်(၁) PHS1 လာရင်ပဲဝမ်းသာရပါမည်။ ဆရာဝန်ကိုမြင်ရရင်တော့ အကောင်းဆုံးပေါ့ ။ ကျွန်မ မကြာသေးမီကပဲ မိုးတွေရွာ…ဟူသောခေါင်းစဉ်ဖြင့် ခုလိုရေးခဲ့ ပါသည်။ မကြာသေးပါ။ ခုလိုဒုက္ခကြုံစဉ် လူထုကိုကျန်းမာရေးပညာပေး ရင် အကောင်းဆုံးပါပဲ။ ခုလိုရေတွေ အမှိုက်တွေကြောင့်  ရောဂါဘယအပြင် လူနေမှုအဆင့် အတန်းကိုပါထိပါးကြောင်း သိကုန်ရင် တောင်းဆိုတာတွေ အရေးဆိုတာတွေဖြစ်ကုန်နှိုင်ပါသည်၊..ဒီတော့ မသိတာပဲခပ်ကောင်းကောင်း။

ရေ ကိစ္စပြန်ဆက်ပါမည်။ မိမိတို့ မှာက ရေဆိုရင် သောက်ရေလောက်ပဲ အရေးကြီးတယ်ထင်ကြသည်။ အရေးကြီးကြောင်းသိလာတာပဲတော်သေးတော့ …။ သောက်ရေကိုတောင်ရေသန့် မှစိတ်ချရပါကြောင်းလည်းသိတော့ သိလာကြပြီ။ ရေသန့် မှာမှ ရေသန့် ဘူးသေးသည်သာစိတ်ချရကြောင်း၊ ဒါတောင် ကိုယ့် ရေဘူးကိုယ်ပဲသောက်မှ၊ ဘယ်ခွက်ထဲ မှမထည့် ဘဲ တိုက်ရိုက်မော့ သောက်မှသာစိတ်ချရကြောင်း ဘယ်သူမှမသိကြ။ ဖြစ်နှိုင်ရင် ရေသန့် ဘူးကို ကိုယ်တိုင်ဖွင့် ပါ။ သူတပါးလက်ဖြင့် ပင်မထိပါစေနှင့် ။ ၂ ၀ လီတာဘူးကြီးတွေ ဆို ကိုယ့် အိမ်သားမိသားစုဝင်သာသောက်တာအကောင်းဆုံးပါ။ သဘောက ခရီးသွားရင် ရေဘူး သေး ဆက်ဆက်ဆောင်ပါ။ ကြုံရာမှာ အများအတွက် တပ်ဆင်ထားသည့် ရေသန့် ဘူးကြီးတွေ ဆီကရေကို ဖြစ်နှိုင်ရင် လုံးဝမသောက်ပါနှင့် ။

ချိုးရေနှင့် ပတ်သက်လို့ ၊ သောက်ရေလောက်အတူတူအရေးကြီးပါသည်။ ၀မ်းထဲ ၀င်တာမှမဟုတ်ဘဲ ဟု မထင်ပါနှင့် ။ အရေပြား ကိုထိလျှင်မသန့် သောရေ သို့ မဟုတ်ရေစိမ်း(မိမိနှင့် မရင်းနှီးသောဒေသမှရေ ကိုရှေးလူကြီးတွေ အခေါ်) သည် အရေပြားနှင့် ပတ်သက်တာတွေ ဖြစ်တတ်သည်။ အရေပြား skin မဟုတ်သော mucous membrane ကိုထိလျှင်…..အသည်းရောင်ဘီမှစလို့  ၀င်နှိုင်တာတွေ အကုန်ဝင်ပါသည်။ အများအားဖြင့် တွေ့ ရတာ ၀မ်းကိုက်ပိုးဟုအခေါ်များသော entamoeba histolotica ပိုးသည် ဒွာရပေါက်(စအိုပေါက်)၊ ယောနိပေါက် (မိန်းမကိုယ်ပေါက်) တို့ မှသည် ၀င်တတ်သည်။ အသည်းရောင်ဘီရောဂါပေါ်စက ပညာပေးကြော်ငြာဘုတ်တွေ မှာ၊ မြစ်ထဲ ချောင်းထဲ ရေမချိုးရ ဆိုတာပါတာမှတ်မိကြဦးမှာပါ။ …

မိမိတို့ တောနယ်သို့ ခရီးသွားလျှင် ဘယ်လိုပြုမူလဲ၊ ကေ ပေါ့  အဖွဲ့ လည်း ထိုအတိုင်းပြုမူသွားတာပါပဲ။ တောနယ်တွေ ဆီသွားရင် ရေသန့် ဘူးကိုသောက်ရေအတွက်ကတော့ မည်သူမဆိုဆောင်ယူကြပါသည်။ ရေအိမ်သုံးရေ အတွက်ကိုဂရုမပြုမိကြ။ တောနယ်တွေမှာရေအိမ်သုံးရေသည်မြစ်ရေချောင်းရေ ဖြစ်နေတတ်သည်။ ရေအိမ်သုံးပြီးထိုရေတွေ သုံး၍သန့် ရှင်းရေးလုပ်ပါက စောစောကပြောခဲ့ သော ဘီပိုး၊ ၀မ်းကိုက်ပိုး မှစလို့  ၀င်လို့ ရတဲ့ ပိုးတွေ အကုန်…ဆီးလမ်းကြောင်း၊ ဒွာရပေါက်၊ ယောနိပေါက် တို့ မှဝင်လေ၏။

…ဒီတော့ ဘယ်လိုလုပ်ရသလဲ ဆိုရင် တောနယ်တွေ ဆီခရီးသွားရင် ရေသန့် ဘူး ၃၀၀ အရွယ်ကိုစလင်းဘက်ထဲ ဆောင်ထားရ၏။ အိမ်သာထဲ မှာသုံးဖို့ ပါ။ …ထိုမျှမက အိမ်သာအထွက်အတွက်လည်း လက်သန့် စင်ရည်ဆောင်ရပါ၏။ အိမ်သာတံခါးလက်ကိုင်ဆိုတာ လူတကာကိုင်ထားတာ…ဒီတော့ ရေရင်လက်ဆေး ရေမရလည်း လက်သန့် စင်ရည်သုံးပေါ့ ။ …ကြီးကျယ်လှချည့် လို့ တော့ ထင်ကြမှာပဲ…။ဒီမှာကျန်းမာရေးပညာပေးလုပ်ငန်းမအောင်မြင်နှိုင်တာ အကောင်းပြောနေလို့ အကောင်းမှန်းမသိတာလည်းပါသည်။

မိမိတို့ ဆီမှာကျန်းမာရေးအသိက လူချမ်းသာတွေသည်ပင်နည်းလှသည်။ ၀လို့ ပိန်အောင် မအိပ်ဘဲနေသည်ဆိုသူကိုအိပ်ရေးဝမှဘော်ဒီဝိတ်ကျပြီးသွယ်လျသည်ဆိုတော့  အိပ်တာက ၀တာပါ တဲ့ မအိပ်မှ ပိန်တာတဲ့ .. ကိုယ့် ထက်ပိုသိသူချည်း။ စားခါနီးဒီတိုင်းစားပြီး၊ စားလို့ ပြီးမှလက်သန့် စင်ရည် ထုတ်သုံးသူလည်းရှိရာ ဘယ်လိုလုပ်ပြောမလဲ..ပြောင်းပြန်ကြီးပါလို့ ။ ဟင်းပွဲတွေ ထောင်ချီတန်ဖိုးကြီးတာတွေ မှာစားပြီးသောက်ရေကိုတော့  ၃၀၀တန်ရေသန့် မမှာဘဲ တစ်ရာတန် ဘူးသွတ်ကိုမှာကြသည်…ဘယ်လိုလုပ်ပြောမလဲ။
ဒီတော့ ကေပေါ့  မိန်းကလေးတို့ မိမိတို့ နိုင်ငံမှာရေ မသုံးတာ ကိုသဘောပေါက်နားလည်ပါသည်။ ။။။။။။။။။။။။။။။။။။
Khin Myint Oo

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.