08/05/14


အ.ထ.က.(၁) (မော်လမြိုင်) တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ကြီး
ဒေါ်မိမိကြည်သည် ကျောင်းတွင်တာဝန်ထမ်းဆောင်နေသော အသက်ကြီးဝါကြီး ဆရာ/ဆရာမများကိုအရှက်တကွဲအကျိုးနဲပြီးစိတ်ဒုက္ခရောက်အောင် နှိမ့်ချ
ဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါသည်။

ကျောင်းတွင် အစည်းအဝေး ကျင်းပရာ၌ အစည်းအဝေးခန်းအတွင်း ထိုင်ခုံတစ်ခု
တည်းသာ ထားစေ၍၄င်းထိုင်ခုံပေါ်တွင် ကျောင်းအုပ်ဖြစ်သူ ဒေါ်မိမိကြည်ကသာ 
အာဏာရှင်ဆန်ဆန်ထိုင်ပြီး သူ့ထက်အသက်ကြီး/ဝါကြီး ဆရာ/ဆရာမများ 
အားလုံးကို ကြမ်းပြင်ပေါ်တွင်ထိုင်စေကာ အစည်းအဝေးပြုလုပ်ပါသည်။

ထိုကဲ့သို့နမ်နှိမ်၍ခွဲခြားဆက်ဆံခြင်းမျိုးသည် ဒေါ်မိမိကြည်မတိုင်မီ ခေတ်အဆက်
ဆက်ကျောင်းအုပ်များကြားတစ်ခါမျှမမပြုလုပ်ခဲ့ဖူးသလို မြန်မာနိုင်ငံရှိမည်သည့်
ကျောင်းတွင်မျှလည်း ပြုလုပ်ခဲ့ဖူးရိုး ထုံးစံမရှိပါ။ ထိုကဲ့သို့ ဆရာမများကိုဖိနှိပ်
ဆက်ဆံသော ဆရာမကြီးသည် မွန်ပြည်နယ်ပညာရေးမှုး နှင့်တွေ့သည့်အခါ ဒူးထောက်ခစားလျက် ဖားလျက်ရှိပါသည်။ မည်သို့မည်ပုံ ပြုလုပ်သည်ကိုဓာတ်ပုံ
နှင့်တကွ ဖော်ပြထားပါသည်။

ထို့အပြင် လုပ်သက်များစွာကြာမြင့်နေပြီဖြစ်သော ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်
နှစ်ဦးတို့ကို အရှက်တကွဲအကျိုးနဲဖြစ်စေရန် ကျောင်းအုပ်ကြီး တစ်ဦးပြောသင့်
သည်ထက်ပိုကာ နားမခံသာလောက်အောင် ငဆနင်ပဲမျိးစုံဆဲရေးတိုင်းထွာ
ခဲ့သည့်အတွက်လည်းဆရာမနှစ်ဦးမှာ shork ရကာ တကျောင်းလုံးဝိုင်းဝန်း၍ 
ဆေးရုံသို့ပို့ပေးခဲ့ရပါသည်။

ဆရာမနှစ်ဦးလုံးသည်အသက်အရွယ်ကြီးရင့်သူများဖြစ်ကြပြီး နှလုံးရောဂါအခံ
ရှိသောကြောင့်အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နေသော်လည်း
ကျောင်းအုပ်ကြီးဒေါ်မိမိကြည်ပါးစပ်မှ "သူတို့သေသွားလည်း ငါဂရုမစိုက်ဘူး"ဟုပြောထွက်လာသောစကားမှာလည်း အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါသည်။

ကျွန်တော်သည်ဤကျောင်းမှကျောင်းသားဟောင်းတစ်ဦးဖြစ်သည့်အတွက် ကျွန်တော်တို့အားသင်ကြားပြသပေးခဲ့သော ဆရာမများ၏ မျက်ရည်များကို မခံစားနိုင်တော့၍အာဏာရှင်ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်အား ကျောင်းအုပ်
ရာထူးနှင့် မထိုက်တန်ကြောင်းကို အများသူငါသိစေရန်အတွက် ရေးသား
ဖော်ပြအပ်ပါသည်။

အ.ထ.က.(၁) မော်လမြိုင် မှကျာင်းသားဟောင်းများ
( ဟာဂျူလီ ကသာ )


ပည်သူလူထု နားမလည်သော ပီအာ(ရ်) စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် ဩဂုတ် ၄ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၈ နာရီမှ စတင်ခဲ့ပြီး ပြည်မြို့ဘုရားနီလမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ရွှေတံချောင်းလမ်းနှင့် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်ကျောက်ရုပ် စသည့်နေရာများတွင် လမ်းလျှောက်ချီတက်၍ ပြည်သူလူထုအလိုမရှိသော ပီအာ(ရ်)စနစ် အလိုမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားစေသော ပီအာ(ရ်)စနစ် အလိုမရှိ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေသော ပီအာ(ရ်)စနစ် အလိုမရှိ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများကြွေးကြော်ခဲ့ပြီး နံနက် ၁ဝ နာရီတွင် ဘုရားနီလမ်း၌ အဆုံးသတ်ခဲ့သည်။   “ ပီအာ(ရ်)စနစ်ကို ပြည်သူလူထုက လက်မခံတာသေချာတယ်။ ဒါကြောင့် ဒီလိုဆန္ဒဖော်ထုတ်တာ ဖြစ်တယ်။ ပီအာ(ရ်)ရဲ့ အချိုးကျစနစ်ကြောင့် ပါတီတစ်ခုတည်းက အနိုင်မရတာမျိုးဖြစ်နိုင်တယ်။ ပြည်သူလူထုက တကယ်စစ်မှန်စွာ ထောက်ခံရင်တောင် မဖြစ်နိုင်တော့ဘူး။ ၂ဝ၁၅ ရွေးကောက်ပွဲကို စိုးရိမ်တယ်။ ဒါကြောင့် ပီအာ(ရ်)စနစ်ကို ကန့်ကွက်ပါတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ခရိုင်) စည်းရုံးရေးမှူး ဦးဝဏ္ဏက ပြောကြားသည်။   ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ငါးဦးဖြင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဩဂုတ် ၁ ရက်က အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြုလုပ်ရန် မသင့်ကြောင်း အကြောင်းပြချက်ဖြင့် လက်မခံခဲ့ဘဲ ငြင်းပယ်စာကို ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။   “အကြောင်းကြားစာကို မြို့နယ်ရဲမှူးက လက်မခံဘူးဆိုပြီး ငြင်းပယ်တယ်။ ငြင်းလည်းမတတ်နိုင်ဘူး။ လုပ်စရာရှိတာ လုပ်ရမှာပဲ။ တရားစွဲချင်စွဲ။ ဖမ်းချင်ဖမ်း။ ခံရုံပဲရှိတယ်။ ပီအာ(ရ်)စနစ်ကို လက်မခံဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် လွှတ်တော်ထဲမှာ မဖြစ်သင့်တာတွေဖြစ်လာလိမ့်မယ်။ ဒီစနစ်က နိုင်ငံနဲ့ မသင့်တော်ဘူးလို့ ထင်တယ်။ ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးကျော်ဆန်းက ပြောကြားသည်။   PR စနစ်အား အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ အပြင်းအထန်ကန့်ကွက်သော်လည်း ထပ်မံ၍ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးအောင်ဇင်က လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများတွင် PR စနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့ပြီး ဇူလိုင် ၂၉ရက် က အတည်ပြုခဲ့သည်။    -          ငhttp://news-eleven.com/


(ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅နှစ်ပြည့် အထူး TV ဆောင်းပါး)

ဆိုရှယ်လစ်တံခါးပိတ်ဝါဒအောက်မှာ ၂၆နှစ်ကြာ နေခဲ့တဲ့ မြန်မာပြည်ဟာ ၁၉၈၈မှာ ကမ္ဘာကြီးနဲ့ပြန်ချိတ်ဆက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ဟာ ကံအကြောင်းမလှခဲ့ဘဲ စစ်တပ်အုပ်ချုပ်မှုအောက် နောက်ထပ် ၂၄နှစ်ကြာ ဒလိမ့်ခေါက်ကွေး ပြန်လဲကျသွားခဲ့ပါတယ်။

အခုတော့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အသွင်ပြောင်း အရပ်သားအစိုးရလက်ထက်ရောက်တဲ့အခါမှာ နှစ် ၅ဝကြာ ပိတ်ထားခဲ့တဲ့ တံခါးတွေကို ဆွဲဖွင့်လိုက်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီး အကျဉ်းချထားသူတွေကိုလည်း လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့ ကမ္ဘာကြီးကို ကတိပေးခဲ့ပါတယ်။ (နိုင်ကျဉ်းများ ပြန်လည်လွတ်မြောက်လာပုံ)

လွန်ခဲ့တဲ့ ၂၅နှစ်က မြန်မာလူငယ်တွေ မျှော်လင့်တောင့်တခဲ့တဲ့ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်ပြီလား။ မျိုးဆက်တစ်ဆက်ကြာ ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီရုန်းကန်မှုကြီးရဲ့ အသီးအပွင့်တွေကို မြန်မာပြည်မှာ အခု မြင်တွေ့ရပြီလား။

ကြိုးကြာငှက်တွေရဲ့ မိုင်ထောင်ချီတဲ့ခရီးစဉ်ဟာ အောင်မြင်ပါရဲ့လား။ ခြေကုန်လက်ပမ်းကျသူတွေ၊ လမ်းတဝက်မှာ ကျန်ခဲ့တဲ့သူတွေ ရှိခဲ့ပေမယ့် ဆက်လက်ခရီးနှင်ဆဲ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတို့ရဲ့ အောင်ပွဲဟာ လမ်းစမြင်ရတဲ့အခြေအနေကို ရောက်နေပြီလား။

ဘာပဲပြောပြော မောင်းပြန်သေနတ်တွေကို ဒေါင်းအလံတွေနဲ့ ရိုက်ချိုးဖို့ တော်လှန်ခဲ့တဲ့ မျိုးဆက်အတွက်တော့ ၂၅နှစ်ဆိုတာ တကယ့်ကို ကြာမြင့်လှတဲ့ခရီးရှည်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။
Kamayut media

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ – အမေရိကန် ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ် ၉ ရက်နေ့ နေပြည်တော်ကို ရောက်ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ နေပြည်တော် မှာ မြန်မာ အစိုး ရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။ ဒီနောက် အမေရိကန် – အာဆီယံ အစည်းအဝေး၊ အာဆီယံဒေသတွင်း အစည်းအဝေး၊ အရှေ့အာရှ ၀န်ကြီးများ ဆွေးနွေးပွဲနဲ့ မဲခေါင်မြစ်အောက်ပိုင်း မိတ်ဆွေနိုင်ငံများ အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။

နေပြည်တော်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရေးရာရုံးကတော့ ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ခေါင်းစဉ်တွေကို မသိရသေးဘူးလို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် အနားယူသွားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ရယူခဲ့တဲ့ ဂျွန်ကယ်ရီရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။

ခရီးစဉ်မတိုင်ခင်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာအစိုးရကို ဆက်လက် ဖိအားပေးဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက ဂျွန်ကယ်ရီထံကို စာပေးပို့ တောင်းဆိုထားပါတယ်။

Dvb

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.