08/06/14

တတိယလှိုင်း အပြောင်းအလဲထဲ ကိုMaung Maung Wann ပါသွားပုံရတယ်။ တခါတည်း နှင်ထုတ်ခံရတာပဲ။

ဥပဒေ အတိုင်း ဖြစ်ရမယ် ဆိုတာ နားလည်ပါတယ်။ ဥပဒေအရ နိုင်ငံခြားသား ဖြစ်နေလို့ .... ခွင့်ပြုချက်ယူရမယ်။ ... မယူမိလို့ဆိုရင်လည်း ဒုစရိုက်မှု ကျူးလွန်နေတာမှ မဟုတ်တာ ...။ အခြားသူတွေကို ထိခိုက်အောင် အန္တရာယ်ပြုနေတာမှ မဟုတ်တာ။ အကောင်းဆုံးဖြစ်အောင် ဥပဒေအတိုင်း အလျော့ပေါ့ဆုံးနည်းနဲ့ ညှိနှိုင်းဖြေရှင်း (အရေးယူသင့်ရင် သက်သာထောက်ထားခွင့် အကုန်သုံးပြီးမှ အရေးယူ) ရမှာပေါ့ဗျာ။ ဥပဒေအတိုင်း မလုပ်နဲ့လို့ မပြောဘူး။ လုပ်ပါ။ ဒါကို ကြိုဆိုတယ်။ ခုတမျိုး တော်ကြားတမျိုး ဥပဒေတော့ မဖြစ်စေနဲ့ပေါ့။

အခုကတော့ ... အင်္ဂလိပ်စာသင်ပေးရုံနဲ့ ရန်သူကြီးတွေကျနေတာပဲ။ စာသင်ပေးလို့ နှင်ထုတ်တယ်ဆိုတော့ ... ဂွတ်ဂါးဗားနန့်ကြီးဟာ စိတ်ပျက်စရာပေါ့ဗျာ။

(ကိုထိုက်)

အခမဲ့စာသင်ပေးရင်တောင် ခွင့်ပြုချက်ယူရတဲ့ခေတ်
================================
မောင်မောင်ဝမ်းရေ သွားပေတော့ကွာ
တို.ကတော့ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ. ကျန်နေခဲ့တုန်းပါပဲကွာ
=============================================
ကိုယ့်နိုင်ငံအတွက်အကောင်းဆုံးဖြစ်ဖို့အတွက်အဝေးကနေ အခမဲ့ပညာ သင်ပေးဖို့
လာခဲ့ရပေမယ့်...အရာမရောက်ခဲ့ပါဘူး...မြန်မာနိုင်ငံအတွက်ရင်လေးတာထက်
ကလေးတွေအသိစိတ်မဖွံ့ဖြိုးမှာကိုစိုးရိမ်ပါတယ်ဆိုတဲ့ မောင်မောင်ဝမ်းရဲ.စကားအပြီးမှာ
မကွေးတိုင်းလ.၀.က ကလာခေါ်သွားကြပါပြီ။

မြေလတ်ဒေသ၊ ရေနံချောင်းမြို.လေးမှာ ကလေးတွေကို အင်္ဂလိပ်စာ ပညာဒါနပြုခဲ့မိလို.
ပြည်နှင်ဒဏ်ပေးပြီး ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှတဆင့်ထိုင်းကိုပို့မှာပါ။ထိုင်းကနေစင်္ကာပူ
ထိုမှတဆင့်အမေရိကန်ကိုပြန်မှာပါ သူပြောသွားရင်း လက်ပြနှုတ်ဆက်လို.ပေါ့။

ကိုကျော်စွာမြင့်

ဦးကျော်စိုးရေးတဲ့ ပြည်နှင်ဒဏ်ခံရသူ မောင်မောင်ဝမ်းအတွက်စာ
========================================
သြော် ဆရာရယ် ဆရာကပညာဒါန လာပေးနေတာကိုး ပြည်နှင်ဒဏ် ခံရပြီပေါ့ ။
ဆိုင်ရာပိုင်ရာနှင့် ပေါင်းအလည်အပတ်ဗီဇာ Visit Visa နဲ့ မြန်မာပြည်မှာ
ကျောက်လာဝယ် သစ်လာဝယ် နောက်ဆုံး အမဲသားခြောက်လုပ်ငန်းတွေ လုပ်နေတဲ့ 
တရုပ်နိုင်ငံသားတွေ ပြည်နှင်ဒဏ် ပေးခံရတယ်လို့ ကြားဘူးပေါင်ဆရာရယ်။

( ဦးကျော်စိုး )


"""ယုတ်ညံ့လွန်းတဲ့ အပြုအမူတွေ"""
==========================
ပြည်တော်ပြန် နိုင်ငံရေးသမားတွေ ကို အာဏာအတွက် ခင်ဗျားတို့ ဖိနှိပ်တာ ကို မပြောလိုတော့ပေမဲ့၊
ကိုမောင်မောင်ဝမ်း အင်္ဂလိပ်စာသင်တာကို နှောင့်ယှက်တာကတော့ ယုတ်ကန်းတယ် လို့
ခေါ်တယ်။
သူက အခကြေးငွေနဲ့ စီးပွားရေး လုပ်နေတာလဲ မဟုတ်၊ ဟုတ်ခဲ့ရင်တောင် ခင်ဗျားတို့အနေနဲ့
လုပ်ထုံးလုပ်နည်းနဲ့အညီ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပ ပဲ့သွားတဲ့ အင်အားတွေ ပြန်လည်
စီးဝင်မှုတွေ အနေနဲ့ ၀မ်းပန်းတသာ ကြိုဆိုရမှာပါပဲ။
ခုလို အခမဲ့ ပညာသင်ပေးနေတာ၊ သူတတ်သိထားတာကို ဖြန့်ဝေပေးနေတာဟာ ပညာဒါန
လုပ်တာပါ။ ဒါန ဆိုတာ ကုသိုလ်။
သူတပါးရဲ့ အလှူအတန်း ကုသိုလ်ကို ဖျက်လိုဖျက်ဆီး လုပ်တာထက်
ယုတ်ညံ့တာ မရှိတော့ဘူး။
ခုဘ၀ လဲ အသိဉာဏ်နုံ့နည်း၊ ပြည်သူဆဲ ခံရတဲ့ အမျိုးထဲ လူ ဖြစ်၊ အကုသိုလ် ကို ရှက်ရ၊ ကြောက်ရကောင်းမှန်းမသိအောင် အသိဉာဏ်နိမ့်ကျ နေပြီ၊ ခုထိလဲ မဆင်ခြင်သေးရင်၊
နောင်သံသရာ အဆက်ဆက် ခင်ဗျားတို့ အကုသိုလ်တွေနဲ့ ခင်ဗျားတို့ ဘယ်တော့မှ ပညာ
အသိဉာဏ်မြင့်တဲ့ အမျိုးအနွယ်တွေထဲ လူဖြစ်ရမှာ မဟုတ်ဘူး။
ရွံဖို့ ကောင်းလိုက်လေ။
==========
ချိုတူးဇော်

အခမဲ့စာသင်ပေးလို. ပြည်နှင်ဒဏ်ပေးခံရတဲ့ ကိုမောင်မောင်ဝမ်းအတွက်
ရေနံချောင်း ကျောင်းသားကျောင်းသူများရဲ. ကဗျာ။
========================================
လဲနေသူကို ၊ ဖေးထူသော်လည်း
အ ရေးမဟုတ်၊ ဥပဒေစုတ်နဲ့
အဟုတ်တစ်ကယ်၊ ညစ်နေတဲ့ခေတ်
လူဖြစ်လာရ၊ တို့ တစ်တွေဘဝ
သြော် သေ သော် မှ တည့်
သြော် ကောင်း၏ ။

( တိုက်ကြက် )
photo..ba thet aung

29/7/2014 ပြည်သူ့ လွှတ်တော်၌ ..
PRစနစ်နှင့်ပတ်သက်ပြီး..
ပြင်းပြင်းထန်ထန်ဆွေးနွေးကြသည်တွင်..

PRစနစ်ကိုလက်ခံကျင့်သုံးရန်...
ဦးအောင် ဇင် က ဆွေးခဲ့ပြီး ကန့် ကွက်သူနှင့်..
ထောက်ခံသူ အားပြိုင်နေရာ..
ပြည်သူ့ လွှတ်တော်ဥက္ကဌက..

"ယခုကိစ္စသည်အလွန်ကျယ်ပြန့် ပါသောကြောင့် ..
လွှတ်တော်မှအဆုံးဖြတ်ပေးရန်အခက်အခဲရှိပြီး...
တတ်သိနားလည်သူပညာရှင်များနှင့်တစ်ကွ..
ပြည်သူ့ ဆန္ဒကိုလည်း...ထည့်သွင်းစဉ်းစားဖို့ 
လိုအပ်ပါ၍..
ကော်မရှင်တစ်ခုဖွဲ့စည်းပြီးဆုံးဖြတ်မည်ဖြစ်၍
လွှတ်တော်ကို သဘောတူမတူ" မေးမြန်းခဲ့သည်..

ဤနေရာအထိ...
လေးစားမှုနှင့်အတူ..လွှတ်တော်ဥက္ကဌ၏
ဆုံးဖြတ်ချက်ကိုလေးစားမိသည်..

-----------------------------

သို့သော် ....
စက္ကန့်ပိုင်း..အတွင်းမှာပင် ...
ရာသီဥတုကရုတ်ချဉ်းပြောင်းလဲသွား၏။

အံ့သြခြင်းနှင့်အတူ ..
နားထင်ကြောတွေထောင်တက်လာ
သလိုခံစားလိုက်ရသည်...။

သြော်..ယောင်္ကျားကြီးတန်မဲ့
နဲ့ဟူသောအတွေးပါ...
ဝင်ရောက်သွားတော့သည်..။

-------------------------------

ဖြစ်ပုံကဒီလိုပါ...

အဆုံးဖြတ်ရခက်သောကြောင့် ကော်မရှင်
ဖွဲ့၍ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောပြီး ..
လွှတ်တော်ကိုသဘောတူမတူမေးမြန်းပုံမှာ..
သြချ ဖို့ ကောင်း၏..

''PRစနစ်ကျင့်သုံးရန် ကိစ္စနှင့်ပတ်သက်၍ ကော်မရှင်
ဖွဲ့၍ဆုံးဖြတ်မည်ဖြစ်သော ကြောင့် ဦးအောင် ဇင် ရဲ့
အဆိုကို လွှတ်တော်မှသ ဘောတူပါလားခင်ဗျား''

(၃) ကြိမ်မေးမြန်းရာ.....

"သ ဘောတူပါတယ်" ဟူသော..
အသံကြီးကိုကျယ်လောင် စွာကြားလိုက် ရသည်..

"ကန့် ကွက်မဲ့သူရှိပါသလားခင်ဗျား"ဟု...မေးပြီး .
ထောက်ခံကြောင်းအတည်ပြုမည်အလုပ်တွင်...

အမေစုသည်...

မတ်တပ်ရပ်လိုက်ပြီး...ကန့် ကွက်လိုက်သည်..။

အမေစုမတ်တပ်ရပ်လိုက်သည်နှင့်....

အခြားကိုယ်စားလှယ်အတော်များများနှင့်အတူ ..
တပ်မတော်သားကိုယ်စားလှယ်(၃)ဦးကပါ ..
ထ၍..မတ်တတ်ရပ်ပြီးကန်ကွက်သည်..

ကြည့်ရသည့်မြင်ကွင်းမှာ ..အနည်းအငယ်
ရုတ်ရုတ်သဲသဲဖြစ်သွားသည်...။

ဘာကြောင့်မှန်းမသိရ ..

တပ်မတော်သား ၂ဦးသည် ...
လွှတ်တော်ကိုယ်စားလှယ်များအကြားရှိ..
နေ ရာကွတ်လပ်သို့ ထွက်ပြီး...
မတ်တပ် ရပ်နေသည်။

မည်သည့်ပါတီကဟု မသိရသော ..
အရပ်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း..
လွှတ်တော်ကိုယ်စားလှယ်များအကြားရှိ..
လူသွားလမ်းသို့ ထွက်လာပြီး
စာအုပ်တစ်အုပ်ကိုင်ပြီး ဘောပင်ဖြင့်ရေးလိုက်
ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့်..
ဘာတွေလိုက်မှတ်နေသည်မသိပါ...

------------------------

ဤမြင်ကွင်းကိုကြည့်နေစဉ် ကင်မရာကို
ရှေ့ပြီးမြင်ကွင်းကို ပြောင်းပစ်လိုက်သည်'

''အမေစုကလွှတ်တော်ဥက္ကဌကို မေးမြန်းသည်မှာ..

"ဥက္ကဌကြီး မေးသွားခဲ့တဲ့ သဘာတူ မတူဆိုတဲ့မေးခွန်းဟာ..
PR စနစ်ကျင့်သုံးတာနဲ့...ကော်မရှင် ဖွဲ့တာ..
ဘယ်ဟာကို သဘောတူမတူ မေးမြန်းတာဖြစ်ကြောင်း..
မရှင်းလင်းတဲ့အတွက်...ပြန်လည် မေးမြန်းပါရန်နှင့်...
ကျွန်မတို့ကလည်း ဘယ်ဟာကို တိတိကျကျမေးမှန်း
မသိပဲနဲ့ ထောက်ခံခြင်း ကန့်ကွက်ခြင်းလုပ်ဖို့ အလွန်
ခက်ပါတယ်''

ဟူ၍ပြောလိုက်ရာ ...
လွှတ်တော်ဥက္ကဌသည်အမူအရာပျက်သွားသည်အထိ..
ရှိုးတိုးရှန့် တန့် ဖြစ်သွားသည်..၊

-------------------------------

ဦးအောင်ဇင်တင်သွင်းသော အဆို၌ ...
PR စနစ်ကိုကျင့်သုံးသင့်ကြောင်း..အဆိုသာပါ၍..
ကော်မရှင်ဖွဲ့ရန်ကိစ္စမှာ..
ဥက္ကဌ၏ ပြန်လည်တင်ပြချက်ဖြစ်သော်လည်း...
'ကော်မရှင်ဖွဲ့စည်းဆုံးဖြတ်ရန် ဦးအောင်ဇင်မှတင်သွင်းသည်ဟု..
မလိမ့်တစ်ပတ် ပြောပြီး အောက်ပါတိုင်းမေးမြန်းသည်။

သေချာစွာဖတ်ကြည့်ကြပါ...အနည်းငယ် ရှုတ်ပါသည်။

ဦးရွှေမန်း၏ လွှတ်တော်ကိုယ်စားလှယ်များသို့
အမေးမှာ...

''ယခု ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင် ဖွဲ့ပြီးဆုံးဖြတ် ရ
မှာဖြစ်တဲ့အတွက်.... ဦးအောင်ဇင်ရဲ့အဆိုကိုလက်ခံ
ပါသလားခင်ဗျား'' ဟူ၍ဖြစ်သည်...

တကယ်တော့...
ဦးအောင်ဇင်က PR ကျင့်သုံးရန်ပဲတင်ပြတာဖြစ်သည်။
ကော်မရှင် ကိစ္စ'လုံးဝမပါ ပါ။

အဲဒါကိုနားမလည်ပဲ အပေါ်ယံနားထောင်ပြီး
ထောက်ခံလိုက်ပါက ...

" PR စနစ်ကျင့်သုံးတာ
ကိုလွှတ်တော်က ထောက်ခံပေးသည် "ဟူသော
အကွက်သို့ ရောက်အောင်ဖန်တီးလိုက်ခြင်းဖြစ်သည်။

အလွန်အရေးကြီး၍တစ်ကွက်
အမှားမခံနိုင်သောအခြေအနေဖြစ်သည်....

ထိုအချက်ကို ထင်ရှားစွာမြင်မိ..သဖြင့်.
အမေစုမှ...
ချက်ချက်းထကန့်ကွက်ချင်းပင်တည်း...

---------------------

ထိုအခါ လွှတ်တော်ဥက္ကဌသည်...
အနည်းငယ် ရှက်သွားဟန်ဖြင့် ...
ဦးအောင်ဇင်သို့ ကြည့်ကာလှမ်းပြောသည်..

ကော်မရှင် ဖွဲ့ရန်ကိစ္စ သည်ဦးအောင် ဇင် တင် သွင်း
သောအဆို၏ နောက်ဆုံးအပိုဒ်၌ပါပြီးဖြစ်၍..
ပြန်လည်ဖတ်ကြားပြရန်ပြောပြီး ..
"အသံဖိုင် ပါပြန်ဖွင့် ပါ."..ဟုပြောသည်
သို့ သော်အင် မတန်ရီစရာဖြစ်သွားသည်..

ဦးအောင်ဇင်က ထိုစာရွက်စာတမ်း ပါမလာပါဟုပြော
ပြီး ဘယ်ကြည့် လိုက် ညာကြည့် လိုက်နှင့် က လေး
တစ်ယောက် အမူအယာမျိုးဖြင့်မချိသွားဖြဲ ပုံစံလုပ်နေ
သည်'အသံဖိုင် ကို လည်းပြန်ဖွင့်မပြပါ။

လွှတ်တော်ဥက္ကဌပြောတာက...

" ဦးအောင်ဇင်အခုတင်သွင်းတဲအဆိုရဲ့နောက်ဆုံးအပိုဒ်မှာ..
ကော်မရှင် ဖွဲ့ပြီး ဆုံးဖြတ်ပေးရန်ပါတယ်"လို့ ပြောပြီး..

အဲဒီ ဦးအောင်ဇင် ကို...
ပြန်လည်ဖတ်ကြားခိုင်းတော့ 
စာရွက်စာတမ်းပါမလာခဲ့ပါတဲ့.,။

ရှက်တတ်တဲ့သူဆိုလျင်...
နေရာမှာလဲသေသွားလောက်
အောင်လူမိသွားခြင်းဖြစ်သည်။

----------------------------

အမေစု၏မျက်နှာမှာလည်း....

"ယောင်္ကျားကြီးတွေတန်မဲ့နဲ့..."ဟူသော ..
အတွေး ဝင် သွားသည်လားမသိပါ..

ခံပြင်းခြင်း' ရွံရှာခြင်း'အထင်သေးခြင်း'ဒေါသထွက်ခြင်း
ဟူသောပုံရိပ်ကိုအထင်းသားတွေ့မြင်နေရသည်..။
( TV ကိုကြည့်ရင်တွေ့ပါသည်)

ထိုကဲ့သို့ အခြေအတင်ဖြစ်နေစဉ်...
No Signalဟူသောစာတန်းပေါ်လာပြီး ..
အကျင့်ယုတ်ပါတော့သည်..

ကြည့်မရတော့ပါ ..

sky net တွင်ဖြစ်လားမဖြစ်လား
တော့မသိပါ ကျွန်တော်က digital box ဖြင့်ကြည့်
တာဖြစ်ပါသည်။ ။

အမေစုသာအကွက်မမြင်မိ ပါက
ဤအဆိုကို...
တစ်ချက်တည်းဖြင့်ရှင်းရန်..
အလွန်ခက်သွားလိမ့်မည်ဖြစ်သည်
..

သြော်...

သြချ ရလောက်တဲ့ယောင်္ကျားရင့်မ ကြီး
တွေပါလားဗျာ... ။

( credit - Kyaw Kyaw Soe)

ပညာပေးချင်သူ ပညာလိုချင်သူကို ဘာတွေကခြားထား
ဆေးလိပ်မတို နေမညိုခင် ရုတ်တရက်နဲ့ နုတ်မဆက်ချင်ဘဲ မြန်မာ့မြေမှာ ထွက်ခွါသွား
ဒီနေ့ ( ၄ - ၈ - ၂၀၁၄ ) ရေနံချောင်းမှာ အင်္ဂလိပ်စာပညာဒါန ပို့ချချက်
သင်တန်းကို သင်ကြားခြင်းမပြုရန် မြို့နယ် လ၀က ဦးစီးမူးမှ ( တိုင်း
လ၀က ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင်
ပါတယ်။ တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲ
အဖြေမပေးပါဘူး။ နိုင်ငံရပ်ခြား မိုင်ပေါင်း သောင်းနဲ့ ဝေးကွာတဲ့ အရပ်က
နေ...မိမိနိုင်ငံသားများအတွက် တတ်နိုင်သလောက် ဘာ ပရောဂမှ မပါ
စေတနာနဲ့ ကိုယ့် ထမင်းကိုယ်စား ပညာဒါန ပေးတာတောင် ပေးခွင့်မရှိ
တော့ဘူးလား။ ဒါလား..ပြုပြင်ပြောင်းလည်းရေးဆိုတာ။
တရားဝင် စာထုတ်မပေးသမျှ..သင်စရာရှိတဲ့ ပညာဒါနကို ဆက်ပေး
ပါမယ်။ ဒီလို အောက်တန်းကျ လုပ်ဆောင်ချက်ကို...အစိုးရ လူကြီး ဆိုသူ
များသိပါစေ။ ဥပဒေ ဆိုတဲ့ စကားကို သိပ်တွင်တွင်ကျယ်ကျယ်မပြောပါနဲ့
ခင်ဗျားတို့သိတာထက် မလျှော့အောင်သိပါတယ်။ ဒီလို လုပ်ရပ်ဆက်လုပ်
လာမယ်ဆိုရင်...မဖြစ်သင့်တာတွေ ဖြစ်နိုင်တယ်ဆိုတာသိစေလိုတယ်။
ဒီလို အောက်တန်းကျလုပ်ရပ်တွေ လုပ်ဆဲ ဆိုတာ နိုင်ငံတကာသိအောင်
ဆက်လုပ်ပါမယ်။ ကိုယ်မှား ရင် တောင်းပန်ပါ။ ဘာနိုင်ငံရေးမှမပါ.....
အခြား ပရောဂါ ဘာမှမပါ.........စာသင်တာ အပြစ် သတ်မှတ်တာ မြန်မာ
ပြည်တစ်ခုပဲရှိမယ်။ ဒီလို လူတွေကြောင့် တိုင်းပြည်ပညာရေး နိမ့်ကျ
နေတာ...( မင်းတို့ကောင်တွေ .....တောက် )

ဆရာမောင်မောင်ဝမ်း
ယနေ့အွန်လိုင်းပေါ်တွင်မြန်မာနိုင်ငံသားများအတွက် The Best Engish 4 you ၀က်ဆိုဒ်ဖြင့်လည်းကောင်း
Groupများတွင်လည်းကောင်း အင်္ဂလိပ်စာပညာဒါနပို့ချပေးနေသူ ဆရာမောင်မောင်ဝမ်းသည် ရန်ကုန်မြို့ကြီးတွင်ပညာဒါနပို့ချပေးခဲ့အပြီး ဇာတိဖြစ်သောရေနံချောင်းမြို့ လာရောက်ပို့ချပေးခဲ့ပါသည်။

မွေးရပ်မြေတွင်မိမိတတ်ထားသောပညာဖြင့်ကျေးဇူးပြုချင်ပါသော်လည်းရေနံချောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ
တိုင်းအမိန့်အရဆိုကာပညာဒါနအဖြစ်အခကျေးငွေမယူသော်လည်းလ၀ကလက်ဆွဲမူအရခွင့်မပြုနိုင်ဟုဆိုကာလာရောက်ပိတ်ပင်
တားဆီးခဲ့ပါသည်။ထို့ကြောင့်တစ်ရက်မျှသာသင်ပြီးယနေ့တွင်ချစ်လှစွာသောဇာတိမြေမှပညာရည်သောက်စို့လိုသူများအား
နှုတ်ဆက်ပွဲလုပ်ခဲ့ပါသည်။

ထိုနှုတ်ဆက်ပွဲပြီးသည်နှင့်လ၀ကဦးစီးမှလာရောက်ကာခွင့်မပြုသောပညာဒါနအင်္ဂလိပ်စာသင်ကြားမှုကြောင့်
အမေရိကန်နိုင်ငံသားခံယူထားသူဆရာမောင်မောင်ဝမ်းအားယနေ့ည(၅-၈-၁၄)ည၊၁၀း၀၀နာရီတွင်လည်းကောင်းတို့ငှား
ထားသောကားဖြင့် အခြားနေရာများသို့ ၀င်ရောက်ရပ်နားခွင့်မပြု ..သူငယ်ချင်း၊မွေးခြင်းများ အားနှုတ်ဆက်ခွင့်မပြုဘဲ ရန်ကုန်မင်္ဂလာဒုံလေဆိပ် မှသို့ခေါ်ယူပြီးလေယာဉ်ပေါ် တင်ကာမြန်မာ နိုင်ငံမှထွက်ခွာသွားစေမည်ဖြစ်ကြောင်းဆရာမောင်မောင်ဝမ်း၏
မိတ်ဆွေ၊တပည့်၊သူငယ်ချင်းရဲဘော်အပေါင်းအား သိစေအပ်ပါသည်။
Ashin Issariya'

မကြာသေးခင်က ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်
ဖော်ဆောင်ရေးကော်မတီကကြီးမှူးပြီး အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးရဲ့  အဓိကရည်ရွယ်ချက်ကတော့ ၂၆ နှစ်ပြည့် ငွေရတုအလွန်
ရှစ်လေးလုံးအခမ်းအနားကို ဘယ်ပုံသဏ္ဍာန်နဲ့  ကျင်းပကြမလဲဆိုတာ
အဖွဲ့ အစည်းပေါင်းစုံ ခေါ်ယူဆွေးနွေးပြီး သဘောထားတောင်းခံတာဘဲဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ ရှစ်လေးလုံးငွေရတုအလွန် အထိမ်းအမှတ်
အခမ်းအနားကို အဖွဲ့ အစည်းတွေရဲ့  ရံပုံငွေနဲ့  စုပေါင်းကျင်းပကြမယ်ဆိုတဲ့
ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတယ်။ ဆိုလိုတာက မနှစ်က ရန်ကုန်ရှစ်လေးလုံး
ငွေရတုပွဲလို ခရိုနီတွေရဲ့ ထည့်ဝင်ငွေ၊ အစိုးရအာဏာပိုင်ပိုင်းက ထည့်ဝင်ငွေတွေနဲ့ 
ကျင်းပပြုလုပ်တာကို ဒီမိုကရေစီအင်အားစုအချို့ က လက်မခံကြတဲ့အတွက်
အခုနှစ်တော့ အဲဒီလိုလုပ်ရပ်မျိုး ထပ်မံမပြုလုပ်တော့ဘူး။ အလားတူ အမှားအယွင်း
မျိုးကို နောက်ထပ်မမှားအောင် သတိပြုသွားမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးဘဲဖြစ်ပါတယ်။

နောက်ထပ်ဆုံးဖြတ်ချက်တခုကတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေရော၊
သံရုံးတာဝန်ရှိသူ သံတမန်တွေကိုပါ တရားဝင်ဖိတ်ကြားခြင်း မပြုတော့ဘူးဆိုတာ
ပါဘဲ။ မနှစ်ကအခြေအနေဟာဆိုရင် တော်တော်လေးကို ဆိုးဝါးခဲ့ပါတယ်။
အစိုးရအဖွဲ့ ဝင် ၀န်ကြီးတွေကို ဖိတ်ခေါ်တာအပြင် လွှတ်တော်ဥက္ကဌရဲ့ သ၀ဏ်လွှာကို
ဖတ်ကြားတာတောင် အခမ်းအနားအစီအစဉ်ထဲမှာ ထည့်သွင်းခဲ့ကြပါတယ်။

ဒါကြောင့် ကျနော်တို့ ဗကသများအဖွဲ့ ချုပ်က ဝေဖန်ကန့် ကွက်ပြီး အခမ်းအနားကို
မတက်ဖို့  ဆုံးဖြတ်ခဲ့တဲ့အပြင် ဘာလုပ်ငန်းကိုမှ ပူးတွဲဆောင်ရွက်မှာမဟုတ်ဘူးဆိုတဲ့
သဘောထားမျိုးပေးခဲ့တာဖြစ်ပါတယ်။ မနှစ်က ရှစ်လေလုံးငွေရတု (ရန်ကုန်)
ကျင်းပရေးကော်မတီမှာဆိုရင် အဖွဲ့ အစည်းအတော်များများပါဝင်ပေမယ့် အဓိက
အဖွဲ့ အစည်းကတော့ ရှစ်ပူးလို့ ခေါ်တဲ့ ငြိမ်းချမ်းရေးနဲ့  ပွင့်လင်းလူ့ အဖွဲ့ အစည်း
ဖြစ်ပါတယ်။ ဗကသ ကန့် ကွက်နုတ်ထွက်တဲ့ကိစ္စအပေါ် အဓိက မကျေလည်တဲ့
သဘောထားဟာလည်း ငြိမ်း/ပွင့်ရဲ့  သဘောထားသာလျှင် ဖြစ်ဖို့ များပါတယ်။
အခြားအဖွဲ့ အစည်းအတော်များများကလည်း လက်တွေ့ အခြေအနေအရ
တဖက်တည်း ပူးတွဲပါဝင်နေရပေမယ့် အစိုးရကို ဖိတ်တာတွေ၊ ခရိုနီငွေကြေး
ယူတာတွေကို မကြိုက်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တာကို တွေ့ ရပါတယ်။

ဘာကြောင့် အစိုးရတာဝန်ရှိသူတွေ၊ ခရိုနီတွေကို ကျနော်တို့ လက်မခံကြရသလဲ။
ဒါဟာ ရှင်းရှင်းလင်းလင်းပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပြည်သူတွေကို
နှိမ်နင်းသတ်ဖြတ်ခဲ့တဲ့ အဓိကတာဝန်ရှိသူတွေကနေ ဒီကနေ့ အစိုးရဆီသို့ တိုက်ရိုက်
အာဏာဆင်းသက်လာခဲ့တာဖြစ်လို့  စစ်အာဏာရှင်တွေရဲ့  သမိုင်းအမွေဆိုးဟာ
ဒီကနေ့ လက်ရှိအစိုးရအပေါ် အရိပ်ထိုးနေပြီးဖြစ်လို့ ပါဘဲ။ ဒီနေ့ ဒီအချိန်အထိ
စစ်တပ်က အာဏာသိမ်းတာ မှားတယ်လို့ လည်း ၀န်မခံ၊ ပြည်သူတွေကို သတ်ဖြတ်
ခဲ့မိတာ ၀မ်းနည်းပါတယ်လို့ လည်း မတောင်းပန်ဆိုတော့ ကျနော်တို့ ကရော
ဘာအကြောင်းနဲ့ သူတို့ ကို ဆက်ဆံနေရဦးမှာလဲ။ ကျနော်တို့ တန်ဖိုးထားတာက
ပြည်သူ၊ အမှန်တရား၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု စသည်ဖြင့်။ ကျနော်တို့ တန်ဖိုး
ထားခဲ့သမျှနှင့် ကွဲပြားခြားနားစွာ ဒီကနေ့ ဦးသိန်းစိန်အစိုးရက နိုင်ငံအုပ်ချုပ်ရေးမှာ
စစ်တပ်ဦးဆောင်အခန်းက ပါဝင်ရေးကို တွင်တွင်ပြောနေဆဲ။ ရှစ်လေးလုံးလူထု
အုံကြွမှုရဲ့  သမိုင်းအမှန်တရားတွေကို ဖျောက်ဖျက်ပစ်ပြီး နိုင်ငံကို စစ်တပ်က
ကယ်တင်လိုက်ရပါတယ်လို့  လိမ်ညာနေဆဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများခေါ်ပြီး
သကာလ တိုင်းရင်းသားများကို အမျိုးမျိုးလှည့်စားပြီး လက်နက်ချခိုင်းနေဆဲ။
အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးခြင်း
မရှိဘဲ တက်ကြွလှုပ်ရှားသူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားပြည်သူနဲ့ 
သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေဆဲ။

မနှစ်ကလိုမျိုး အစိုးရနဲ့ ရောရောယှက်ယှက်လုပ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ 
ဂုဏ်သိက္ခာကို ညစ်နွမ်းသွားအောင် ထပ်မလုပ်ဘူးဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စ
တခုပါ။ ဒါပေမယ့် ပွဲအစက အဆုံးအထိ မပြီးသေးဘဲ ဘယ်အရာကိုမှ ယတိပြတ်
ပြောလို့ မရသေးပါဘူး။ ၂၀၁၂ က ဦးအောင်မင်းတို့ လုပ်သလို ပွဲအလယ်လောက်
ရောက်မှ ငွေဆယ်သိန်း လာလှူသွားတယ်ဆိုရင် ဘယ်လိုပြောပြီး ဘယ်လိုငြင်းကြ
မှာလဲ ကျနော်တို့ သိချင်ပါတယ်။ မကောင်းတတ်လို့  အားနာနာနဲ့ လက်ခံမှာလား၊
ကျနော်တို့ မူအရ လက်မခံဘူးလို့  ပြတ်ပြတ်သားသားပြောမလားဆိုတာ
စောင့်ကြည့်ရပါဦးမယ်။ နောက်တချက် ထပ်ပြီးဆွေးနွေးချင်တာက ရှစ်လေးလုံး
အရေးတော်ပုံကြီးဟာ ပြည်သူလူထုတရပ်လုံးပါဝင်ခဲ့ကြသလို တပ်ဦးက ဦးဆောင်
လှုပ်ရှားခဲ့တာ ကျောင်းသားတွေဖြစ်ပါတယ်။ ကျောင်းသားတွေ စတင်တိုက်ပွဲဝင်ခဲ့ပြီး
ကျောင်းသားသမဂ္ဂတွေ ဖွဲ့ စည်းခဲ့ကြတယ်။ ထိုသမဂ္ဂခေါင်းဆောင်တွေထဲကဘဲ
ကနေ့ ခေတ် နိုင်ငံရေးလှုပ်ရှားမှုခေါင်းဆောင်တွေ ပေါ်ပေါက်လာခဲ့ကြတာ
မဟုတ်ပါလား။ ဒီတော့ မိမိတို့ ရဲ့ မိခင်အဖွဲ့ အစည်းဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ 
အခန်းကဏ္ဍကို ယနေ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားဟောင်းတွေက ပြန်လည်
မြှင့်တင်ပေးဖို့ ရာ တာဝန်ရှိနေပြန်ပါတယ်။ နောင်လာမယ့် ဆယ်စုနှစ်တခု နှစ်ခု
အတွင်းမှာ လက်ရှိကျောင်းသားသမဂ္ဂ မျိုးဆက်တွေက နိုင်ငံရေးဦးဆောင်မှု
ရှေ့ တန်းနေရာကို ရောက်လာမှာဖြစ်လို့  မျိုးဆက်သစ်ကို လမ်းဖွင့်ပေးဖို့ ရာ
ပိုပြီးလိုအပ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ကြားသိရသလောက် ရှစ်လေးလုံး
၂၆ နှစ်ပြည့် အခမ်းအနားမှာ ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တွေဟာ မိမိတို့ ရဲ့ နိုင်ငံရေး
သဘောထားကို ပြောဆိုတင်ပြရတဲ့အခွင့်အရေးမရှိဘဲ စုပေါင်းပြီးတင်ဆက်ပြသရတဲ့
ပါဖောင်းမန့်  (Performance)တခုခုသာ လုပ်ပြခွင့်ရမယ်ဆိုတာ အတော့်ကို
အဆင်မပြေတဲ့ကိစ္စတခုဘဲဖြစ်နေပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရှစ်လေးလုံးလှုပ်ရှားမှုကြီးရဲ့  ပင်မရေစီးဟာ ရှေ့ ကိုဆက်ပြီး
စီးဆင်းနေပေမယ့် အားမကောင်းတော့အောင် တစုံတရာအတိုင်းအတာ ထိန်းချုပ်ခံ
လိုက်ရတယ်လို့  ဝေဖန်ရပါမယ်။ ကျောင်းသားသမဂ္ဂလို၊ အလုပ်သမားသမဂ္ဂလို၊
လယ်သမားသမဂ္ဂလို လူ့ အဖွဲ့ အစည်းထဲက အခြေခံယူနစ်တွေကို ဘေးဖယ်ထုတ်ပြီး
တော့မှ ပေါ်ပြူလာဖြစ်တဲ့အဖွဲ့ အစည်းတခုခုကိုသာ ဇန်းတင်ရှေ့ ထွက်ခိုင်းမယ်ဆိုရင်
ကျနော်တို့ ပြည်သူအားလုံးရဲ့  လှုပ်ရှားရုန်းကန်မှုကြီးဟာ အနှစ်သာရအရ လုံးဝ
အားပျော့သွားတော့မှာဖြစ်ပါတယ်။ ကျန်တဲ့ အနယ်နယ်အရပ်ရပ်ဒေသတွေမှာ
ဒီလိုအဖြစ်အပျက်မျိုးမရှိဘဲ ရန်ကုန်နိုင်ငံရေးလောကမှာ အမှန်တကယ် အခုအတိုင်း
ဖြစ်နေခဲ့တာ အတော်စောစောပိုင်းကတည်းကပါ။ အခြားအဖွဲ့ အစည်းအတော်များများ
လည်း သိပြီးဖြစ်ပေမယ့် တိတိကျကျ ပိုင်းခြားဝေဖန်ရေးသားခြင်း သိပ်မရှိသလောက်
နည်းပါးပါတယ်။

မနှစ်က ငွေရတုအခမ်းအနားမှာ စီစဉ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်သုံးရပ်ကို အခုထိ
ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးတာကိုထောက်ပြီး လက်ရှိ
အနေအထားရဲ့  ပုံပန်းသဏ္ဍာန်ကို ထပ်မံပိုင်းခြားဝေဖန်လို့ ရပါတယ်။ ငွေရတု
ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရေးအတွက် အစည်းအဝေးခေါ်စဉ်
ကတည်းက မကျေလည်တဲ့အသံပေါင်းများစွာ ကြားနေခဲ့ရပြီး မေးခွန်းတွေ၊
ပြဿနာတွေ၊ ငြင်းရခုန်ရတာတွေ အမျိုးမျိုးဖြစ်နေခဲ့တာပါ။ ပြဿနာဆိုတဲ့နေရာမှာ
ယင်းဆုံးဖြတ်ချက် ၃ ရပ်ကို မဆိုလိုဘဲ အကောင်အထည်ဖော်ဖို့  အင်အားစု
တည်ဆောက်ရေးအပိုင်းကို အဓိကထားပြောချင်တာပါဘဲ။ နိုင်ငံရေး အင်အားစု
တိုင်းက ယင်းဆုံးဖြတ်ချက် ၃ ရပ်ကို မငြင်းဆန်ဘဲ လက်သင့်ခံကြပေမယ့်
ဦးဆောင်မှုယူပြီး အကောင်အထည်ဖော်မယ့်အဖွဲ့ အစည်းလို့  မိမိကိုယ်တိုင်
သတ်မှတ်ထားကြသူတွေက ကော်မတီထဲမှာ နေရာအများကြီး ပိုယူချင်တာကနေ
အားလုံးကမောက်ကမ စဖြစ်ခဲ့ရတယ်လို့  ဝေဖန်သုံးသပ်လိုက်ပါတယ်။

စစ်အာဏာရှင်အစိုးရက ဗမာပြည်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတိုင်းကို
အားပျော့သွားအောင် ဘက်ပေါင်းစုံက ထိုးနှက်လေ့ရှိတာ အားလုံးအသိဘဲ
ဖြစ်ပါတယ်။ အားကောင်းတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတာ သိပ်မရှိအောင်
နည်းမျိုးစုံနဲ့ ကျနော်တို့ အင်အားကို ဖြိုခွဲထားခြင်းခံနေရပါတယ်။ ဒီလိုအနေအထားမှာ
အားလုံးကျောချင်းကပ်ပြီး မဟာမိတ် (သို့ )တပ်ပေါင်းစုဖွဲ့ ကြမှသာ ဘာမဆို
ရင်ဆိုင်နိုင်မယ့်အခြေအနေမှာရှိပါတယ်။ အတွေးအယူတူတဲ့ အဖွဲ့ အစည်းတွေ
စုပေါင်းဆောင်ရွက်ကြဖို့  စုစည်းရမယ့်အစား ဟိုလူကိုတော့ လက်မခံဘူး၊
ဒီလူကိုတော့ မပါစေချင်ဘူးလို့  ထုတ်ပြောတဲ့အဆင့်ထိ မသိမသာ ဆိုးဝါးနေသမျှ
စစ်အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေးလုပ်ငန်းကြီးတရပ်ဟာ အောင်မြင်ဖို့ 
မလွယ်ကူလှပါဘူး။

ကျန်တဲ့အဖွဲ့ အစည်းတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို အဖွဲ့ အစည်းကြီးလို့ 
သဘောထားတာ၊ ကိုယ်စားလှယ်အချိုးအစား ပိုတောင်းတာ၊ စုပေါင်းဆောင်ရွက်သူ
အချင်းချင်းအပေါ် သြဇာလွှမ်းမိုးဖို့  ကြိုးစားတာ၊ အဖွဲ့ အစည်းဆုံးဖြတ်တာနဲ့ 
ကွဲလွဲနေတဲ့ မိမိတို့ သဘောထားကိုတင်ပြတာ အစရှိသဖြင့် တပ်ပေါင်းစုမဆန်တဲ့
လုပ်ရပ်တွေပြုလုပ်နေခြင်းဟာ ဗမာပြည်နိုင်ငံရေးမှာ ဒီမိုကရေစီ အင်အားစုတွေ
ဘက်ကို ပိုမိုရှုပ်ထွေးနေစေပြီး တဖက်က စစ်အာဏာရှင်တွေအပေါ်
ရှင်းလင်းပြတ်သားတဲ့အမြင်နဲ့  ဦးတည်ရင်ဆိုင်ရ ခက်ခဲစေပါတယ်။ ရှစ်လေးလုံး
အရေးတော်ပုံကြီးတွင်းမှာလည်း အလားတူအခြေအနေတွေ ရှုပ်ထွေးခဲ့ပြီး
တိကျပြတ်သားတဲ့ဦးဆောင်မှု ကင်းမဲ့ခဲ့တာကြောင့် ပြည်သူတွေ အထိနာခဲ့ရပြီးပါပြီ။
အခု ၂၆ နှစ်ကြာလာတဲ့အချိန်မှာ ရှစ်လေးလုံးအရေးတော်ပုံကာလတွင်းက
ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူတွေအနေနဲ့  နိုင်ငံရေးဦးဆောင်မှုမှာ
ပြတ်ပြတ်သားသားလုပ်ဖို့ သာလိုသလို အများနဲ့ သဟဇာတရှိဖို့ လည်း
လိုအပ်ပါတယ်။ ဂိုဏ်းဂဏမဆန်ဖို့ လိုသလို ငါတကောမကောဖို့ လည်းလိုပါတယ်။
ဦးဆောင်မှုလည်း ယူဖို့ လိုသလို အခြားအဖွဲ့ အစည်းတွေကိုလည်း လေးစားတန်ဖိုး
ထားတတ်ဖို့ လည်းလိုပါတယ်။ အပြောမှာလည်း ထိထိမိမိရှိဖို့ လိုသလို အလုပ်မှာ
လည်း ထိထိရောက်ရောက်ရှိဖို့ လိုပါတယ်။

ငွေရတုဆုံးဖြတ်ချက် ၃ ရပ်ဖြစ်တဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေး (သို့ မဟုတ်)ဖျက်သိမ်းရေး၊
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် အမျိုးသားအင်အားစု အားလုံးပါဝင်နိုင်တဲ့
ညီလာခံကြီးတရပ်ကျင်းပရေးတို့ ဆိုတာ တနှစ်အတောအတွင်း အကောင်အထည်
ဖော်ဖို့ ရာ မလွယ်ကူတဲ့ ရေရှည်လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့  ပြောရေးဆိုခွင့်ရှိသူ
တွေက ပြောသွားကြတယ်လို့  သိရှိရပါတယ်။ ဒါဆိုရင် ဘယ်လောက်အချိန်ယူပြီး
ဆောင်ရွက်မှာလဲ။ ဘယ်အချိန်မှာ ဘယ်အဆင့်ပြီးစီးအောင်လုပ်မှာလဲ။ ဘယ်သူတွေနဲ့ 
ပူးပေါင်းပြီး ဘယ်အဆင့်တွေကို အကောင်အထည်ဖော်မှာလဲဆိုတဲ့ မေးခွန်းတွေကို
အခု ၈ လပိုင်း ၈ ရက်နေ့ မှာ တိတိကျကျ ပြောကြားပေးဖို့  လိုအပ်နေပါပြီ။
ဖြေပေးဖို့ လည်း ကျနော်တို့ တိုက်တွန်းလိုက်ပါတယ်။ မိမိတို့ ရည်မှန်းချက်ချပြီးသား
လုပ်ငန်းစဉ်တွေထဲမှာ မပါဝင်တဲ့ အခြားလုပ်ဆောင်ချက်တွေနဲ့  အချိန်အတော်ကုန်
ခဲ့တယ်ဆိုတာလည်း ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဆောင်ဖော်ရေး
ကော်မတီကို ဝေဖန်ရပါလိမ့်မယ်။ ဥပမာ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးလှုပ်ရှားမှု
ထဲမှာ ပါဝင်လှုပ်ရှားနေမယ့်အစား အမျိုးသားအင်အားစုအားလုံးပါဝင်တဲ့ ညီလာခံကြီး
ဖြစ်မြောက်ရေးကို ပိုမိုဦးစားပေးလုပ်ဆောင်နေသင့်ပါတယ်။ အမှန်တကယ်က
ညီလာခံကြီးဖြစ်ပေါ်ရေးကို လုပ်ဆောင်တဲ့နေရာမှာ လူထုပါဝင်လာအောင်၊ လူထု
ကိုယ်စားပြုတဲ့အသင်းအဖွဲ့ တွေ များများပါဝင်လာအောင် ဒီထက်ပိုပြီး တက်ကြွ
ကျယ်ပြန့် တဲ့ စည်းရုံးမှုတွေကိုဘဲ လုပ်ဆောင်နေရတော့မှာပါ။ အစိုးရဘက်ပိုင်းနဲ့ 
တွေ့ ဆုံဆွေးနွေးတာ၊ နိုင်ငံရေးပါတီကြီးတွေ၊ စစ်တပ်အကြီးအကဲတွေနဲ့  တွေ့ ဆုံဖို့ 
ကြိုးစားနေတာတွေဟာ ပထမဦးစားပေးလုပ်ငန်းတွေမဟုတ်ဘူးလို့  ဝေဖန်ချင်ပါ
တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ငွေရတုဆုံးဖြတ်ချက် ဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ 
ပါဝင်နေတဲ့ အဖွဲ့ အစည်းတွေရဲ့  အခြေအနေ အပြောင်းအလဲတွေကို ကျနော်တို့ 
စိတ်ပါလက်ပါ စောင့်ကြည့်ဝေဖန်နေမှာဖြစ်ပြီး သမိုင်းမှာ ဘယ်အချိုးအကွေ့ ကနေ
သူတို့ ပါဝင်နေသလဲဆိုတာကိုလည်း သတိထာပြီး သုံးသပ်လေ့လာသွားမှာဖြစ်ကြာင်း
တင်ပြလိုက်ရပါတယ်။

ကျော်ကိုကို

(Venus News ဂျာနယ် အတွဲ ၅၊ အမှတ် ၅၂ မှ ကူးယူဖော်ပြပါသည်)


မြန်မာ့တပ်မတော်နှင့် နှစ်ပေါင်း ၂၀ ကျော် ယှဉ်ပြိုင်ရင်ဆိုင်နေရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသားများ သည် စိန်ခေါ်မှုတစ်ခုအား ရင်ဆိုင် နေရပြီဖြစ်သည်။ စစ်တပ်နှင့်နိုင်ငံရေး ပေါင်းစပ်နေသည့် အသိုင်းအ၀ိုင်းကြီး ၏ အစဉ်အလာနိုင်ငံရေး ရပ်တည်ချက်များကို ရဲရဲဝံ့ဝံ့ဆန့်ကျင်လာအောင် မည်ကဲ့သို့ တွန်းအားပေးရမည်ဆိုသည့် အချက်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးအကဲခတ်သူများ က သုံးသပ်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေ သည် မြန်မာစစ်အာဏာရှင်များ၏ စည်းကမ်းရှိသော ပါ တီစုံဒီမိုကရေစီဟု ဆိုသည့် ဒီမိုကရေစီ စနစ်အတွက် လမ်းပြမြေပုံအ ချက် ၇ ချက်ကို အခြေခံထားသည်။

စစ်ဗိုလ်ချုပ်များ ရေးဆွဲပြီး ၂၀၀၈ တွင် ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့သည့် အဆိုပါ အခြေခံ ဥပဒေ သည် နိုင်ငံတကာက အထီးကျန်နိုင်ငံတစ်ခုမှ မြန်မာကို လွတ်မြောက်လာစေ သည့် ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စစ်တပ်၏ အနေအထား ရပ်တည်မှု ကို ကာကွယ်ပေးထားသည်။

“ဒါက စစ်တပ်ရဲ့အာဏာနဲ့လွှမ်း မိုးမှုကို ထိန်းသိမ်းထားတာပါ။ ဒီမိုကရေစီစည်းမျဉ်းတွေကို အာမခံမပေး ပါဘူး။ ဒါက စစ်အုပ်ချုပ်ရေးကနေ နည်းနည်းပဲပျော့ပျောင်းပြီး စစ်တပ် ကို ကာကွယ်ထိန်းသိမ်းထားဖို့ လုပ် ထားတဲ့ စာရွက်ပါပဲ” ဟု မြန်မာ့အရေးလေ့လာသူ ဒေးဗစ်စကော့မက်တီဆန်ကပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေတွင် ဒီမိုကရေစီကို ဟန့်တားနိုင်ရန် အကာအကွယ်များဖြင့် ပြည့်နေသည်။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် များက ၂၅ ရာခိုင်နှုန်း ပါဝင်သကဲ့သို့ တပ်မတော် အကြီးအကဲက အဓိက ၀န်ကြီးများကို တင်မြှောက်နိုင်သည်။ ထို့ပြင် အရေးပေါ်အခြေအနေတွင် စစ်တပ်က ၀င်ရောက်ထိန်းသိမ်းနိုင်ခွင့် ရှိသည်။ ထိုအချက်များအားလုံး ကို အခြေခံဥပဒေက ပုဒ်မ ၄၃၆ ဖြင့် ထိန်းထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က တကယ့်ကို လူထုထောက်ခံမှုရတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း အာဏာဆိုတာ သေနတ်ပြောင်းကလာတာ။ ပုဒ်မ ၄၃၆ ဆိုတာ အခြေခံဥပဒေတစ်ခုလုံး ကိုပြင်ဖို့ ၀င်ပေါက်ပဲ။ စစ်တပ်ကလည်း ဒါကိုကောင်းကောင်း သိတယ်။ အဆုံးထိကို တောင့်ခံ ထားမှာပဲ”ဟု ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း မှ ဦးမြတ်သူကပြောကြားသည်။

ယခုချိန်ထိတော့ NLD ၏ အခြခံဥပဒေပြင်ဆင်ရေးကို ဦးမြတ်သူ ပြောသကဲ့သို့ပင် မြန်မာ အစိုးရက တုံ့ ပြန်ထားသည်။

သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်ကလည်း အမေရိကန်အစိုးရ၏ အခြေခံဥပဒေ ပြင်ဆင်ရန် နောက်ကွယ်မှအားပေးမှု ကို မကြာသေးခင်ကရှုတ်ချခဲ့သည်။

“ဒါ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်မဟုတ်ဘူး။ အမေရိကန်ရဲ့ အခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ဖို့ ကျွန်တော်တို့ကပြောရင် မသင့်တော် သလို အမေရိကန်အနေနဲ့လည်းဘယ် လိုပြင်ရမယ်ဆိုတာ မပြောသင့်ဘူး” ဟု သူက အေပီသတင်းဌာနကိုပြော ကြားခဲ့သည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက ဦးစီးပြီး စစ်တပ်ထွက်ဝန်ထမ်းများဖြင့်သာ ဖွဲ့စည်းထားသည် ရွေးကောက်ပွဲကော်မရှင်ကမူ စစ်တပ်ကို စိန်ခေါ်ဖို့ သို့မဟုတ် လူထုကို မတည်ငြိမ်အောင်လုပ်နေသည် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။ သတိပေးခဲ့သည်။

အခြေခံဥပဒေ ကို ပြင်မည့်ဆုံးဖြတ်ချက်သည် စစ် တပ်နှင့်အစိုးရ၏ ကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင် ၃၁ ဦးဖြင့်ဖွဲ့စည်းထားသည့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ကော်မတီ၏ အရေးသားဖြစ် သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်အနေနှင့်ရော တိုင်းပြည်၏ ဒီမိုကရေစီ ခေါင်းဆောင်အနေနှင့် ပါ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်ပတ်သက်နေမှုများကို ဆန့်ကျင်သည့် ဒီမိုကရေစီပြယုဂ် တစ်ခုဖြစ်လာခဲ့သည်။

ဒေါ်အောင် ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်တို့၏ ညှိနှိုင်းဆောင်ရွက် မှုများက အခြေခံဥပဒေပြင်ဆင် မှုတချို့နှင့် စစ်တပ်အာဏာကိုလျှော့ ချနိုင်မှုကို လုပ်ဆောင်နိုင် မည်ဟု ၂၀၁၁ နှောင်းပိုင်းက မျှော်လင့်ခဲ့ကြသည်။

သို့ရာတွင် လက်ရှိအနေအထား က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှု လမ်းစဉ်များ၏ သဘာဝ ကို ဖော်ပြနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ လူထု ထောက်ခံမှုအာဏာမှာ စစ်တပ်၏ ထိန်းချုပ် မှုအောက်တွင် ကန့်သတ်ခံ နေရသည်။

မြန်မာတိုင်းမ်သတင်းစာ အယ် ဒီတာဒါရိုက်တာ ဦးသီဟစောက “ဒီ အခြေအနေ အခြေခံ ဥပဒေပြောင်းလဲ ဖို့ ဖြစ်နိုင်ခြေက အလွန်နည်းပါတယ်။ ဒီအခြေခံဥပဒေကို ၁၅ နှစ်လောက် သူတို့ဆွဲခဲ့ရတယ်။ ချက်ချင်းကြီးအ လျှော့မပေးနိုင်လောက်ဘူး။ တကယ် လို့ လုပ်မယ် ဆိုရင်လည်း ၂၀၁၅ ရွေး ကောက်ပွဲအထိ မလုပ်နိုင်သေးဘူး။ သူတို့လိုချင်တာတွေ အားလုံး သေ ချာမှသာလုပ်မှာ”” ဟုပြောသည်။

ထို့အတူ အချိန်ကလည်း စစ်တပ်ဘက်မှာရှိနေသည်ဟု သူက ဆိုသည်။ “ရွေးကောက်ပွဲက နောက်နှစ်၊ နီးသည် ထက်နီးလာပြီ။ စစ်တပ်အနေနဲ့ လုပ်ငန်းစဉ်ကို ဆွဲထားလို့ရတယ်” ဟု ဆိုသည်။

နှစ်ပေါင်းငါးဆယ်နီးပါး မြန်မာ နိုင်ငံရေးမှာ ထိပ်ဆုံးကရှိနေခဲ့သည့် မြန်မာ့တပ်မတော်သည် ဒီမိုကရေစီ အသိုက်အ၀န်းမှာ ၂၀၁၅ ရွေးကောက်ပွဲအပြင် သည့်ထက်လွန်အောင် မပါ မဖြစ်ရှိနေမည်ဖြစ်သည်။

“အခုချိန်မှာတော့ ကျွန်တော်တို့ က စစ်တပ်ကို နိုင်ငံရေးက ဆွဲထုတ် လို့မရနိုင်သေးဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး ကပြောသည်။

ထိုအချိန်မှာ ၈၈ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က အတူတွဲ ပြီး အခြေခံဥပဒေပြင်ဆင်ရေး ကို ဖိအားပေးရမည်။ ထို့အတူ အနာဂတ် နိုင်ငံရေးတွင်လည်း စစ်တပ်ကို အရေး ကြီးသည့် အခန်းကဏ္ဍတွင် ရှိနေ စေ ရန်အတွက် သေချာမှုပေးနိုင်ရမည်။

လက်ရှိမှာ စစ်တပ်၏ကန့်သတ်ပုံစံချထားသည့် ပြုပြင်ပြောင်းလဲရေးအ စီအစဉ်ကိုဆန့်ကျင်နေ သည့် လှုပ်ရှား မှုများက အားနည်းနှေးကွေးနေသည်။

“တဖြည်းဖြည်းတော့ ကျွန်တော် တို့ညှိနှိုင်းဖို့ကြိုးစားမယ်၊ ဒီမိုကရေစီစနစ်ကို ရောက်ဖို့ ကြိုးစားရုန်းကန်နေပါတယ်” ဟု ဦးကိုကိုကြီးကပြောသည်။

The Ladies News Journal
The Diplomat ၏ Myanmar's Constitutional Uncertainty ဆောင်းပါးအား လင်းလင်း ဘာသာပြန်ဆိုသည်။

ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးလျက်ရှိသည့် အချိုးကျကိုယ်စား ပြုစနစ် (PR) မြန်မာနိုင်ငံတွင် ကျင့် သုံးမည်ဆိုပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောကြားလိုက်သည်။

“အခုသုံးနေတဲ့ FPTP စနစ်ဆိုတာ မြင်းပွဲလိုပဲ နှာတစ်ဖျားသာတာနဲ့ ကျန်တဲ့မြင်းတွေက ဘာဆုမှ မရတော့ဘူး။ အဲဒီတော့ မျှတမှုမရှိဘူး လေ။ ဒါပေမဲ့ အခုဆိုရင် PR စနစ်သာ အကောင်အထည်ပေါ်မယ်ဆို ရင် ဒီလိုပြဿနာတွေ မရှိတော့ဘူး။ အဓိကက တိုင်းရင်းသားတွေနဲ့ လည်း အဆင်ပြေနိုင်မယ့် PR စနစ်ကိုပြန်ပြီး ရေးဆွဲရမှာပေါ့”ဟု မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ် စားလှယ်ဦးလှဆွေက ဆိုသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် PR အမျိုးအစား ၄ မျိုးကို ပီအာစနစ်ကျင့်သုံးရေး လေ့လာ မည့်ကော်မရှင်က အဆိုပြုထားပြီး တိုင်းရင်းသားများနှင့် အဆင်ပြေနိုင် သည့် ပုံစံမျိုး ဖြစ်သင့်သည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် မဲအများဆုံးရသော ကိုယ်စားလှယ်က အနိုင်ရသော First Pass The Post (FPTP) စနစ်အားစ ကျင့်သုံးနေပြီး ယခုအခါ အချိုးကျ ကိုယ်စားပြုမှု စနစ် Proportional Representation (PR) စနစ်အား ကျင့်သုံးရန် အငြင်းပွားနေခြင်းဖြစ်သည်။

ပီအာရ်စနစ်ကို ဇွန်လ ၁၁ ရက် နေ့က အမျိုးသွားလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ယခု ပြည်သူ့လွှတ်တော်တွင် အဆိုပါစနစ်အား ကျင့်သုံးရန် လေ့လာသုံးသပ် သည့် ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“အန်ကယ်ကတော့ အောင်မြင်ဖို့မလွယ်ဘူးလို့ထင်တယ်။ အဓိက က PR ဆိုတာ လူတိုင်း လည်း နားလည်နိုင်တဲ့ဟာ မဟုတ်ပါဘူး။ ပြောချင်တာက ရုတ်တရက် PR စနစ်ကို ပြောင်းမယ် ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ အပေါ်မှာလည်း ပြန်ပြီးတော့ ကြည့်ရဦး မယ်လေ။ နောက်အစကတည်းက FPTP စနစ် နဲ့ စလာတယ်။ အဲဒီ့စနစ်ကြောင့် နိုင်ငံရေး ပါတီငယ်လေးတွေက တကယ် အရည်အချင်းရှိတဲ့သူတွေကျ ဆုံးရှုံးတယ်။ ဒါပေမဲ့ အခု PR ကျတော့လည်း လူတိုင်းနားမလည်နိုင်တဲ့ ရှုပ်ထွေးတဲ့စနစ်ပဲ။ ဒီ PR စနစ်ကို အကောင်အထည်ပေါ်ဖို့ လွှတ်တော်မှာ အများစုရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါ တီကနေပဲ လုပ်နေတယ် ထင်တယ်။ ကျန်တဲ့ပါတီတွေက အဲ့လောက်မဟုတ် ပါဘူး”ဟု အဆိုပါစနစ်နှင့် ပတ်သက် ပြီး ကရင်ပြည်သူ့ပါတီမှ ဗဟိုကော် မတီဝင် စောဒစ်ဆင်ထွန်းလင်းက ဆိုသည်။

PR စနစ်ကို ကျင့်သုံးရန် အဆိုတင်သွင်းရာတွင် NLD ပါတီအပါအ၀င် တိုင်းရင်းသားပါတီများက ကန့်ကွက်ထားကြသည်။

MMK
အတွဲ ၂ အမှတ်စဉ် ၂၄၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

(Ladies Journal Vol 2, No 24, Aug 3, 2014)
မကြာသေးခင်က ဘဘကြီးဦးနေ၀င်းရဲ့မြေးများက ဘစ်ခ်ဘရားသာကြီး (အကိုကြီးလို့
ပြောတာပါနော်)ဦးတေဇ ရဲ့ဘဏ်ကြီးကို ၆၀ရာခိုင်နှုန်းတောင်ဝယ်ထားပြီး မကြာမီ ၈၅ရာခိုင်နှုန်း
အထိ ၀ယ်တော့မယ်လို့ ထုတ်ပြောလိုက်လို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပါရောလား။ ဒီကိစ္စအတွက်
Messenger သတင်းဂျာနယ်မှာ ဦးကျော်နေ၀င်းက အင်တာဗျူးလုပ်ရာမှာ ခေါင်းစဉ်ကိုက "တကယ်
မဟုတ်ပဲပြောလာလို့ ကျွန်တော့်ဘက်ကပြန်တုံ့ပြန်တာကို အဆိုးမဆို နဲ့၊ ကျွန်တော်တစ်ခါတည်း
ကြိုပြောထားတယ်" ဆိုတော့ ဖတ်သူတွေတချို့တောင် ဆက်မဖတ်ရဲတော့ပဲ လန့်သွားသတဲ့။
တချို့ကလည်း အများပြည်သူကို စိန်ခေါ်တယ်ဆိုပြီး ဒီလိုရိုင်းရသလားလို့ ဒေါသတွေဘာတွေ
ထွက်ကြသတဲ့။

အမှန်တော့ အဘိုးတုန်းက တည့်တည့်ပစ်ပေမယ့် မြေးတွေလက်ထက်ကျ မိုးပေါ်ထောင်
ပစ်တာမို့ သိပ် စိတ်မပူကြစေချင်ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ရှည်လက်ရှည်နဲ့ သေသေချာ
ချာဖတ်မယ်ဆိုရင် ဒီခေါင်းစဉ်အတိုင်း သူသဘောမထားရှာပါဘူးဆိုတာ ပေါ်လွင်ပါတယ်။ အချပ်ပို
( H )မှာပြောတာက "အဲဒီလိုလေး ပြောနေတာတွေရှိမှ Challenge ဖြစ်တာ၊ မဟုတ်ရင် Game
က ပျင်းစရာကြီး၊.....ကျွန်တော့် Nature က Challenge ဖြစ်တာကို သဘောကျ တယ်၊ ဒီလို
Acttack လုပ်တယ်ဆိုတာ နိုင်ငံမှာ အရေးပါအရာရောက်တဲ့သူတိုင်း ခံရမှာပဲ"တဲ့။ ကဲ၊ ဒါဆိုရင်တော့
ဖတ်ရဲပြီမဟုတ်လား။ ဖတ်လိုက်ပါဗျာ။ ဒါမှ ဘာကြောင့် နိုင်ငံမှာအရေးပါအရာရောက်တဲ့သူလဲဆို
တာပါ သိရမှာပေါ့။

တကယ်တော့ ဦးကျော်နေ၀င်း(နဲ့ ညီအစ်ကိုများ)ဟာ ကျွန်တော်တို့အပေါ် အလွန်
စေတနာထားတယ်ဆိုတာ လည်း ဒါကိုဖတ်မှသိနိုင်မှာမို့ပါ။ ဆင်းရဲသားပပျောက်ရေးလုပ်ချင်တဲ့
ကျေးဇူးရှင်သမ္မတကြီး (မိသားစုချင်း ပြန်တွေ့ အောင်လုပ်ပေးထားလို့ ကျေးဇူးရှင်ခေါ်တာပါတဲ့)ကို
ကူညီချင်စိတ်နဲ့ ဒီကျေးဇူးရှင်ကြီးရဲ့ ဆန္ဒအတိုင်း လူအများ မီးလင်းရေးကို လုပ်ပေးဖို့ စီမံကိန်းဆွဲ
ကြံစည်နေရှာသူကိုး။ (ကဲ၊ မိတ်ဆွေ၊ ခင်ဗျားရဲ့ ရှေ့စီးပွားရေးစီမံကိန်းများထဲ မှာ ဖယောင်းတိုင်
စက်ရုံနဲ့ ဘက်ထရီအရောင်းဆိုင်တို့ထူထောင်ဖို့ ကြံနေရင်တော့ အချိန်မီ ဖျက်သိမ်းလိုက်တော့နော်)။

ဦးကျော်နေ၀င်းက ကျွန်တော်တို့လို လျှပ်စစ်ဆိုတာ အင်ဗာတာကလာတယ်လို့ အတွေး
တိမ်သူမျိုးမဟုတ်ပဲ ဂက်စ်နဲ့ လျှပ်စစ်ထုတ်မှာဖြစ်ပြီး ဂက်စ်ကလည်း ပြည်တွင်းမှာမလောက်လို့
ပြည်ပကသွင်းရမှာတဲ့။ ဂက်စ်တင်သွင်းဖို့ ဆိပ်ကမ်း တွေဘာတွေဆောက်ဖို့ ဒေါ်လာသန်း၂၀၀
လောက်တောင် အကုန်ခံရဦးမှာတဲ့။ အမလေး မနည်းပါလားနော်။ ကျွန်တော်တို့ကတော့ သိပ်နား
လည်သူတွေ မဟုတ်ပါဘူး။ ခပ်ရိုးရိုးတွေးကြည့်မိတာက အခု ထိုင်းမှာမီးလင်းနေတာ ကျွန်တော်
တို့ဓာတ်ငွေ့လို့ ကြားဖူးတာကိုး။ ဒီတော့ အပြင်ကမသွင်းပဲ ထိုင်းကိုရောင်းမယ့်ဓာတ်ငွေ့ကိုပဲ
ယူလိုက်ပြီး အပြင်မှာ ဂက်စ်ပြန်ဝယ်ဖို့ထားတဲ့ငွေကို ထိုင်းကို (ကားပေါ်ကနေ လမ်းဘေးခွက်ထဲ
ပိုက်ဆံပစ်ချသလိုမျိုး) အလကားပေး လိုက်ရင် ပိုမရှင်းဘူးလားလို့ တွေးနေမိတာပါ။ အင်းလေ၊
ရောင်းနေတာကအစိုးရ၊ ၀ယ်ချင်တာက အဲန်းဒိတ်အစိုးရရဲ့ သွေးသားများ ဆိုတော့ စာရင်းရှင်း
ရသိပ်မလွယ်လို့ ထင်ပါရဲ့နော်။

ဒါတင်ဘယ်ကမလဲ။ လူလိုမတင်ကုန်လိုတင်နေတဲ့ (ခွေးလိုဝက်လိုတော့ ကိုယ့်ဖါသာ
မပြောရက်လို့) ဘတ်စ် ကားများကိုကြည့်ပြီး စိတ်မချမ်းသာတဲ့အတွက် ဒါလည်းကျေးဇူးရှင်ကြီးရဲ့
ဆန္ဒနဲ့အညီ ဘီအာတီဘတ်စ်ကားစနစ်ကို လည်း လုပ်ပေးဦးမှာ။ ဒါကလည်း သူတို့က အခွင့်ထူးခံ
လုပ်တာမဟုတ်ပဲ ဘယ်သူမဆိုလုပ်ပါလို့ အစိုးရကြီးကခေါ် ရှင်းပြရှာတာကိုပဲ မထသအပါအ၀င်
ယာဉ်ပိုင်ရှင်တွေက အရေးမထား"ဒုံ့ကဲ(ယား)"လုပ်နေတာကို အမြင်မတော်လို့ ၀င်လုပ်ရမှာ။
ပြီးတော့ သူတို့ကို အဲဒီမထသက ငွေရေးကြေးရေးအခြေအနေတွေဘာတွေမေးလို့ ဦးကျော်နေ၀င်း
အတော်စိတ်တိုသွားတယ်။ "သူတို့က အဲန်ဂျီအို၊ အစိုးရမဟုတ်ဘူး၊ မေးခွင့်မရှိဘူး"တဲ့။ ကဲ၊
မှတ်ကရော။ မထသ ဆိုတာကြီးလည်း ]မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး}ဆိုတဲ့
နာမည်အစား "လိုင်းပေါင်းမစုံ မထိန်းနိုင်မသိမ်းနိုင်"လို့ ပြောင်းခေါ်ရမယ့်ကိန်း ဆိုက်သွားရှာ
တယ်လေ။ ၁၉၇၄က ဘရာဇီးလ်မှာပထမဆုံးစခဲ့တယ်ဆိုတဲ့ ဘီအာတီစနစ်ဆိုတာ ဟာ ဘာလဲ
ပြောပြရရင် တခြားပြောစရာတွေ နေရာမကျန်မှာစိုးလို့ ဦးကျော်နေ၀င်းပြောသမျှလေးပဲ မျှဝေ
ရမယ်ဆို ကားခက ဘယ်စီးစီး ၄၀၀ပဲယူမယ်၊ အဲယားကွန်းနဲ့တဲ့၊ စပယ်ယာတော့မပါပဲ အောက်
မှာပဲလက်မှတ်ရောင်းမယ်တဲ့၊ ၄၅ယောက်ပဲတင်ရမယ်ဆိုပေမယ့် မှတ်တိုင်မှာလူသိပ်များရင်
ကားမှန်ရိုက်ခွဲမှာစိုးတာနဲ့ မတင်ချင်ပဲတင်ရလို့ လူ၇၀ လောက်တော့ ဖြစ်ချင်ဖြစ်သွားမတဲ့။
ဒါပေမဲ့ ကားမဆန့်လို့ကျန်ခဲ့လည်းမပူနဲ့။ ကားက သုံးမိနစ်တစ်စီးလာမှာ ဆိုပဲ။ (ကားမှာ
အတောင်ပံတွေဘာတွေများ တပ်ထားသေးလားတော့ မဆိုနိုင်ဘူ့း)။ တကယ်တော့ ဘီအာ
တီစနစ်မှာ သီးခြားယာဉ်ကြောရှိနိုင်ပေမယ့် အခုအနေအထားမှာ ရှိဖို့မလွယ်ဘူး ထင်မိတာ
ပါပဲ။ ဒါပေမဲ့ သုံးမိနစ် တစ်စီးလာအောင် ကားရှင်းပေးရမယ့် ယာဉ်ထိန်းရဲကိုလည်း လခပေး
ရဦးမယ်လို့ဆိုပြန်လို့ နားမလည်နိုင်ဖြစ်ရပြန်ရော။ ရဲကို တရားဝင် လစာပေးပြီး ခိုင်းမလို့
လားမသိ။ တချို့ဟာတွေ ကျွန်တော်ဖြင့် ဥာဏ်မမီပါဘူးဗျာ။

ဥပမာ၊ နိုင်ငံရေးမလုပ်လိုတာနဲ့ပတ်သက်ပြီး"တစ်ဖက်ကလည်း ဒီလှေကြီးကို ကမ်း
မရောက်ရောက်အောင် သွားမယ်ဆိုပြီး သွားနေတယ်၊ နောက်တစ်ဖက်ကလည်း မရရတဲ့နည်းနဲ့
လှေဝမ်းကိုဖေါက်နေတယ်၊ ပေါက်လည်းတော် တော်ပေါက်နေပြီ၊ ဟိုကလည်းစွပ်လှော်နေတယ်၊
အပေါ်ကိုတက်ရင် ကိုယ်ပါပါသွားမှာ၊ ကျွန်တော်အဲဒီလောက် မရူးဘူးဗျ"ဆိုပြီး နိုင်ငံရေးပတ်
သက်နေသူအားလုံးကို ချေချွတ်ပြောဆိုတယ်။ ဒါပေမဲ့ဆက်ရက်ပဲ "တစ်ခုတော့ရှိတယ်"လို့
အစချီပြီး ဦးဆောင်နေတဲ့ ဦးရွှေမန်းတို့၊ ဦးသိန်းစိန်တို့မှာ အဆင့်ဆင့်ဖြတ်ကျော်ပြီးမှ ယခုနေရာ
ရောက်တာဖြစ်ပြီး တိုင်းပြည်ချစ်လို့လုပ်နေသည်ဟုယူဆရကြောင်း၊ ]ကြီးကြီးစု}ဆိုရင်လည်း
များစွာပေးဆပ်ခဲ့ရပြီး ထိုသို့ပေးဆပ်ရသည်မှာ လွယ်သည်မဟုတ်ကြောင်း ချီးပထားပြန်တော့
မျက်စိတွေလည်ကုန်တယ်ဗျာ။ ဒါဆိုလှေကိုစွပ်လှော်တာရော၊ ၀မ်းဗိုက် ဖေါက်နေတာရော
ကျေးဇူးရှင်နဲ့ ဦးရွှေမန်းတို့ကြီးကြီးစုတို့မဟုတ်တာတော့ သေချာပြီပေါ့နော်။ အင်း၊ဒါဆို ပေါက်နေ
တဲ့လှေကို စွပ်လှော်တဲ့လူမိုက်၊ ကိုယ့်လှေကိုယ် ဗိုက်ဖေါက်တဲ့ငတုံးတွေဆိုတာ ကိုယ်လားပဲ
စဉ်းစားရတော့တာပေါ့ခင်ဗျ။

ဦးကျော်နေ၀င်းတို့ ညီအစ်ကိုများက ဘဏ်ဝယ်တယ်ဆိုတာကလည်း ရည်ရွယ်ချက်
ကောင်းနဲ့ပါတဲ့။ သူပြောတာ က တပ်မိသားစုတွေ အရမ်းနာမည်ပျက်လာပြီး "ဒီအကောင်တွေပဲ
ယူနေတာပဲ၊ ဒီအကောင်တွေပဲစားနေတာပဲ"ဟုပြော ကြပုံကို 'ပြည်သူအချို့' နဲ့စကားပြောကြည့်
တော့ သိရကြောင်း၊ ဟုတ်မဟုတ်တော့ မသိရကြောင်း၊ (ပြည်သူအချို့ဆိုသူ တွေကလည်း မယုံရ
လို့ထင်ပါ့ဗျာ၊ မယုံရင်လည်း အွန်လိုင်းမှာကို တပ်မတော်သားအရာရှိမင်းများ ကိုယ်တိုင်ရေး
ဆောင်းပါးတွေထဲက ဦးပိုင်အကြောင်းလောက်ပဲ ဖတ်ကြည့်ရင်ရပြီလေ)။ ဒါကိုသူမကြိုက်သဖြင့်
တပ်မိသားစုတွေ ဒီလိုမဟုတ်ဟုပြချင်၍ ယခုရင်းနှီးမြုပ်နှံမှုတွေလုပ်တာဖြစ်ကြောင်း ရှင်းပြထားပါ
တယ်။ ပြီးတော့ ဆန်ရှင်ထိထားတဲ့ ဘဏ်ကြီးကို ဆန်ရှင်မထိသော သူတို့က၀ယ်ယူကယ်တင်ပြီး
နိုင်ငံတကာအဆင့်မီ ဘဏ်ကြီးဖြစ်အောင်လုပ်မှာဖြစ်ကြောင်း လည်း ဆိုထားပါသေးတယ်။
ပြီးတော့ အာရှစိမ်းလန်းဘဏ်ကိုရွေးရခြင်းက နိုင်ငံတကာအဆင့်မီ Emat & Young က
အကဲဖြတ်ထားတဲ့ဘဏ်မို့ပါတဲ့။ ပြီးတော့ သူတို့ဘဏ်လုပ်ငန်းစလုပ်ကတည်းက ဒီလွိုက်Delotte)
ကုမ္ပဏီရဲ့ အကြံပေးချက်နဲ့စလုပ်တာပါတဲ့။ ကျွန်တော်တို့ပြည်သူအများစု အခုမှကြားဖူးကြမယ့်
Emat & Youngတို့၊ Delotte တို့ကို နှယ်နှယ်ရရတော့မထင်နဲ့ဗျို့။ Big Four လို့ခေါ်တဲ့
ကမ္တာပေါ်မှာ အကြီးဆုံး စာရင်းစစ်နဲ့ ဘဏ္ဍာရေးအတိုင်ပင် ခံ ကုမ္ပဏီကြီးလေးခုအုပ်စုထဲက
"နှစ်ခု"ပဲခင်ဗျ။ ငွေတွေဘယ်လောက်သုံးနိုင်လဲဆိုတာ သဘောပေါက်ပြီနော်။

ဒီတော့ကာ တပ်မတော်ကြီး နာမည်ညစ်နွမ်းနေတဲ့ကို အဖတ်ဆည်ဖို့ "အာရှတော့
စိမ်းလန်းပြီး တစ်ပြည်လုံး တော့သစ်ငုတ်}ဖြစ်စေခဲ့တဲ့ အရင်းအနှီးငွေနဲ့ ထူထောင်ခဲ့တဲ့ဘဏ်ကြီး
ကို ၀ယ်ယူလိုက်ရာမှာ ဘယ်ကငွေနဲ့လဲလို့မေးတော့ သူတို့ရဲ့ သွားလေသူ အဖိုးတန်ဘိုးဘိုးကြီး
ဦးနေ၀င်းရဲ့မိတ်ဆွေ ဃဃဥနဃ ဆိုတာက အရင်းအနှီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၀၀၊
(မြန်မာငွေနဲ့ဆိုကျပ် ၄ယ၉၀၀ယ၀၀၀ယ၀၀၀ယ၀၀၀ယ၀၀၀)ပေးမှာပါတဲ့။ပြီးတော့ ရက်ကို
လည်း ၂၀၁၅ စက်တင်ဘာလအထိပေးထားတဲ့အပြင် လိုရင်ထပ်ပေးဦးမယ်လို့လည်း ဆိုပါသေး
တယ်။ ဃဃဥနဃ ဆိုတဲ့ကုမ္ပဏီ ရဲ့ ၀က်ဘ်ဆိုဒ်အရ သူက တရုတ်အစိုးရပိုင် ကုမ္ပဏီစု
(ကွန်ဂလိုမရိတ်)ထဲက ကုမ္ပဏီတစ်ခုတဲ့ခင်ဗျ။ ကဲ၊ ဘိုးဘိုးကြီးက ဘယ်လောက်တန်ဖိုးရှိတယ်
ဆိုတာ သဘောပေါက်ပြီ မဟုတ်လား။ တရုတ်အစိုးရပိုင်ကုမ္ပဏီနဲ့တောင် မိတ်ဆွေတွေမို့ မြေး
တွေအထိ စောင်မကြည့်ရှုနေတာလေ။

ဒီဘဏ်ကိုဝယ်ယူတဲ့ငွေနဲ့ပတ်သက်ပြီး ငွေဖြူဟုတ်မဟုတ် စုံစမ်းစစ်ဆေးပြီးစီးသွားလို့
သက်ဆိုင်ရာကိုတင်ပြ ထားပြီလို့ ရဲအရာရှိကြီးတစ်ဦးကပြောကြောင်း Daily Eleven သတင်းစာ
မှာဖတ်ရပြန်ပါတယ်။ ဘာတွေတင်ပြပြီး ဘယ်လိုတွေအဖြေထွက်မယ်ဆိုတာ စိတ်ဝင်စားသူတွေ
ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ အဲဒီထဲမှာ ဘိုးဘိုးမြေးတွေမပါနိုင်ပါဘူး။ သူတို့က လုံးဝစိတ်ပူပုံ မပေါ်ပဲ
"ဒီ၎ဒသမ၉ဘီလီယံကို နိုင်ငံတာဝန်ရှိလူကြီးတွေကို အသိပေးတင်ပြထားပါတယ်တင်ပြ ထားလို့
လက်ခံပြီး ဆက်လှုပ်ရှားနေတာပဲ}}ဆိုတာမျိုး၊ ]]၀န်ကြီးဦးစိုးသိန်းကိုလည်း စီးပွားရေးလုပ်နေတာ
တွေပြောတယ်၊ ကျွန်တော်အခုပြောနေတာတွေအားလုံး သူတို့အကုန်သိပါတယ်၊ သတင်းပို့ပြီးမှ
လုပ်တာပါ" ဆိုတာမျိုးတွေတောင်ပြော ပြီးနေပြီပဲ။ ပြီးတော့ဘဏ်က ၁၅ရာခိုင်နှုန်းပဲရောင်းပါ
သေးတယ်လို့ ဘယ်လိုပြောပြော၊ သူကတော့ ၆၀ရာခိုင်နှုန်းဝယ် ပြီးပြီ၊ ၈၅ရာနှုန်းအထိသွားမယ်၊
သူဝယ်ထားတာ အောက်ခြေက မသိလို့ဖြစ်မယ်ဆိုတာမျိုးလည်း ပြောပါသေးတယ်။ ကျေးဇူးရှင်များ
ကို ချန်လှပ်ပြီး အစိုးရကိုဝေဖန်ရာမှာတော့ "အားလုံးလိုအပ်နေပါသေးတယ်"တဲ့။ ပြီးတော့ သူတို့
တွေက အင်းစိန်ဆိုတဲ့ထောင်သေးသေးထဲကနေ မြန်မာနိုင်ငံဆိုတဲ့ထောင်ကြီးထဲရောက်သွားတာ
တဲ့။ (ဒီစကားကြားဖူးသလိုပဲနော်)။

ဘာပဲဖြစ်ဖြစ် ငွေဖြူမကလို ငွေပလက်တီနမ်ရောင်ပဲဖြစ်စေဦးတော့၊ နိုင်ငံခြားကပေး
တဲ့ငွေနဲ့ ဘဏ်ထောင်လို့ ရတယ်ဆိုတာတော့ အံ့သြကုန်နိုင်ဘွယ်ဖြစ်တယ်ထင်တာပါပဲ။ ကျွန်တော်
လည်း သူဋ္ဌေးကြီးဂျော့ဆိုးရို့စ်နဲ့ ကိုယ့်အဘိုးနဲ့များ ငယ်သူငယ်ချင်းလားလို့ ဆွေမျိုးစပ်ကြည့်ပြီး
သူ့ငွေနဲ့ဘဏ်ထောင်၊ ဆင်းရဲသားတွေငွေချေးပြီး မိုဟာမက်ယူနွတ်လို နိုဘယ်လ်ဆုလေးဘာလေး
ယူရကောင်းမလား စဉ်းစားမိပါရဲ့။ ဘာပဲဖြစ်ဖြစ် အများပိုင်ကုမ္ပဏီလည်း ကိုယ်ပိုင်လုပ်လို့ ရပါတယ်
လို့ ပြောနေတဲ့ ဦးကျော်နေ၀င်းဟာ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်ဖ်အမ်အိုင်လို ဘဏ်ထောင်၊
ပို့ ဆောင်ရေးဝန်ဆောင်မှုတွေလုပ်လာပါပြီ။ ဒီနောက် အက်ဖ်အမ်အိုင်မှာအမြတ်များတဲ့လုပ်ငန်း
တစ်ခုဖြစ်တဲ့ ရှိုင်းလောင်ဒရီ ဆိုတာ အားကျပြီး "လောင်ဒရီ"လုပ်ငန်းများလည်း လုပ်ကောင်းလုပ်
မလား တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးကျော်နေ၀င်း တို့ဟာ ကျွန်တော်တို့အတွက် သူတို့စဉ်းစား၊
ကျွန်တော်တို့အတွက် သူတို့တွေးတောမျှော်မြင်ပြီး ကျွန်တော်တို့အတွက် သူတို့ကောင်းစားဖို့
လုပ်မယ်ဆိုတာတော့ တကယ့်ကိုအလေးအနက် ယုံကြည်ထားမိကြောင်းပါဗျာ။
ရီနေနိုင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.