08/08/14

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၆ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြပြီး အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဖြစ်နေကြတဲ့ သူတွေရဲ့ အမှတ်တရစကားတွေကို စုစည်းတင်ဆက်ထားပါတယ်။
ဦးဝင်းမြင့်
U Win Myint“ရှစ်လေးလုံးမှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူတွေ အသက်သွေးချွေး ပေးဆပ်သွားတာတွေဟာ ဒီမိုကရေစီက အခုထိ မရသေးဘူး။ အဲတော့ သူတို့တွေရဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ကျန်တဲ့သူတွေကနေပြီး ပခုံးပြောင်းတာဝန်နဲ့ ဆက်လက်ပြီး ဒါကို ထမ်းဆောင်နေကြတယ်။ သူတို့တွေ အသက်သွေးချွေးတွေပေးပြီး ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် မလျှောက်လှမ်းနိုင်တဲ့ ခရီးကို အန်ကယ်တို့က ဆက်ထမ်းဆောင်နေတယ်။”


ဦးဝင်းထိန်
U Win Htein“ဒေါ်အောင်ဆန်းစုကြည် ပေါ်လာတာလည်း ရှစ်လေးလုံးက စတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ နိုင်ငံရေးမြင်ကွင်းမှာတော့ ကားချပ်တွေ ပြောင်းလဲ သွားတာပေါ့။ ပထမ ကားချပ်ကတော့ ဗိုလ်ချုပ်စောမောင်၊ နောက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့၊ အခုကျတော့ ဦးသိန်းစိန်၊ ဦးသူရရွှေမန်း၊ ဦးခင်အောင်မြင့် ဆိုတဲ့ ကားချပ်တခု၊ ကျနော်တို့ အဲဒီကားချပ်တွေနဲ့ ရင်ဆိုင်ပြီးတော့ အနာဂတ် ဒီမိုကရေစီရေးအတွက် ရည်မှန်းချက်မပျောက်ဘဲနဲ့ ဆက်ပြီး ကြိုးစားဖို့ပဲ လိုပါတယ်။”


ဦးကျော်သီဟ
U Kyaw Thiha“မအောင်မြင်နိုင်သေးတဲ့ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလှုပ်ရှားတယ်။ လှုပ်ရှားတဲ့အတွက် အခု လွှတ်တော်ထဲတောင် ရောက်လာတယ်။ ဒါပေမယ့် ကိုယ်တို့လိုချင်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နောက်တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာတွေက ရောက်ကို မရောက်လာသေးဘူး။ အဲဒီအတွက်လည်း ရှစ်လေးလုံး နှစ်ပတ်လည်တိုင်းဟာ တို့အတွက် အမှတ်တရ၊ ကျဆုံးသွားတဲ့ ရဟန်းပြည်သူတွေ အားလုံးအတွက် လုပ်ကို လုပ်ရမယ့်အလုပ်။ အမှတ်တရ ဒီလို နှစ်ပတ်လည်ရောက်လာတဲ့ အချိန်တိုင်းဟာ အားသစ်လောင်းပြီးတော့မှ ပိုပြီး တွန်းအားပေးသလို ခံစားရတယ်။ ဒီအတွက် ပြည်သူနဲ့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာတွေကို မရောက် ရောက်အောင် ဖြတ်သန်းသွားမှာပါလို့ အမှတ်တရစကား ပြောချင်ပါတယ်။”
ဦးသိမ်းဆွေ
U Thein Swe“ရှစ်လေးလုံးမှာ ဖြတ်သန်းခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုတွေကို အကုန်လုံးကို သိကြတယ်။ ရှစ် လေးလုံးအတွင်းမှာ အာဏာရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပြည်သူလူထုက သိခဲ့ကြတယ်။ အဲဒီအတွက် ပြည်သူလူထုက ဘယ်သောအခါမှ သူတို့ ရင်ထဲမှာ မမေ့ပျောက်တော့ဘူး။ ရှစ် လေးလုံး ရဲ့ စိတ်ဓာတ်၊ ရှစ်လေးလုံးက မွေးဖွားပေးလိုက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီတခု ရရှိဖို့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ပေးဖို့ မွေးဖွားပေးလိုက်တာပါ။ အဲဒါကို အခုအချိန်အထိ သယ်ဆောင်လာခဲ့ကြတာပါ။”

DVB

ရန်ကုန် နာရေးကူညီမှုအသင်းတွင် ကိုမောင်မောင်ဝမ်း စာသင်ပြပေးစဉ် (ဓာတ်ပုံ – မောင်မောင်ဝမ်း Facebook မှ)

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ခေတ္တလာရောက်လည်ပတ်တဲ့ ၈၈ ကျောင်းသားဟောင်း ကိုမောင်မောင်ဝမ်းကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့သတင်းကို ဖတ်ရတော့ အတော် အံ့သြတုန်လှုပ်သွားပါတယ်။ သူ့ဇာတိမြေ ရေနံချောင်းမြို့မှာ ခွင့်ပြုချက်မရဘဲ အင်္ဂလိပ်စာသင်ပေးမိလို့ မကွေးတိုင်း လ၀က က ဖမ်းဆီးပြန်ပို့လိုက်တယ်ဆိုတာကို ထပ်သိရတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်လာပါတယ်။

နောက်ထပ်ထွက်လာတဲ့ သတင်းတွေထဲမှာတော့ သူ့ကို စာသင်ပေးမှုနဲ့ ပြည်နှင်ဒဏ်ပေးတာမဟုတ်ဘဲ သူ့ရဲ့ ၂၈ ရက်စာ Social Visa သက်တန်းကုန်နေတဲ့အတွက် အခုလို ဖမ်းဆီးပြန်ပို့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးသစ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်ကပြောတယ်လို့ ထပ်ဖြည့်ပါလာပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်တွေ အားလုံးဟာ မခိုင်လုံပါဘူး။

ပထမ အကြောင်းပြချက်ဖြစ်တဲ့ ခွင်ပြုချက်မရဘဲ စာသင်မှုဆိုတာကတော့ ရှင်းပြဖို့ မလိုအောင်ကို ရှင်းနေ ပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒုတိယ အကြောင်းပြချက်ဖြစ်တဲ့ Social Visa သက်တန်းကုန်နေလို့ ဆိုတာကိုတော့ ရှင်းပြဖို့လိုပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့လယ် ပန်းဆိုးတန်းမှာရှိတဲ့ ”လူဝင်မှုကြီးကြပ်ရေးနှင့် လူဝင်၊ လူပြန်ဝင်နှင့် နေထိုင်ခွင့်ဌာနစု” ရုံးမှာ ကျနော်ကိုယ်တိုင် သွားမေးဖူးပါတယ်။

”အကောင်းဆုံးနည်းကတော့ တရက် ၃ ဒေါ်လာနှုန်းနဲ့ ရန်ကုန်ကအထွက် လေယဉ်ကွင်း လ၀ကမှာ ဒဏ်ငွေဆောင်ခြင်းပါပဲ” လို့ အဲဒီရုံးတာဝန်ရှိသူတွေက ကျနော့်ကို အသေအချာ ရှင်းပြခဲ့ပါတယ်။ ဒီအတွက် ကျနော်ရဲ့ ၂၀၁၃ ခုနှစ်ခရီးစဉ်အတွင်း ၂၈ ရက်အပြင် နောက်ထပ် သတင်းတပတ် ကျော်နေထိုင်ပြီး တရက် ၃ ဒေါ်လာနဲ့ လေယာဉ်ကွင်း လ၀က မှာ ဒဏ်ငွေဆောင်ခဲ့ပါတယ်။ တခြားမိတ်ဆွေ အတော်များများလည်း ဒီလိုပဲ ဒဏ်ငွေဆောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဦးရဲထွဋ်ရဲ့ပြောဆိုချက်ဟာ အကြောင်းပြချက်မခိုင်လုံပါဘူး။

ဒါဖြင့် ဘာကြောင့် အခုလို ပြည်နှင်ဒဏ်ပေးလိုက်တာလဲ။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ၈၈ အထင်ကရ ကျောင်းသားခေါင်းဆောင်ဟောင်း ၂ ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုမိုးဟိန်းတို့ကို မြန်မာအစိုးရက အလားတူ ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလုပ်လုပ်နေတာလဲ။ ဒီလုပ်ရပ်တွေဟာ ပြည်တော်ပြန် တွေတင်မက နိုင်ငံရေးသမားတွေအားလုံး၊ နိုင်ငံရေးစိတ်ဝင်စားသူအားလုံး အလေးအနက် စဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့တတွေ နိုင်ငံခြားရောက်နေတာ၊ နိုင်ငံခြားသားအဖြစ် ခံယူထားရတယ်ဆိုတာဟာ ပြည်ပမှာနေချင်လွန်းလို့ မဟုတ်ပါ။ ဒါဟာ ၈ လေးလုံး အ ရေးတော်ပုံနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေနေကြီးတခုလုံးနဲ့ ဆက်စပ်နေပါတယ်။ တချိန်တည်းမှာပဲ သက်ဆိုင်ရာ နိုင်ငံခြားအစိုးရ သံရုံးတွေကလည်း ဒါကို တခုခု အရေးယူဖို့ လိုအပ်နေပါတယ်။

နောက်တချက်က ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးသူတွေထဲက ဒီပုဂ္ဂိုလ် ၃ ဦးကိုမှ ဘာ ကြောင့်ရွေးပြီး ပြည်နှင်ဒဏ်ပေးတာလဲ။ တချို့ပြည်တော်ပြန်တွေကိုဆိုရင် ပြည်နှင်ဒဏ်ပေးဖို့နေနေသာ သမ္မတရုံးအကြံပေးတွေ၊ MPC လို့လူသိများတဲ့ ငြိမ်းချမ်းရေးစင်တာမှာ လစာကောင်းကောင်းပေးပြီး တောင် ဦးသိန်းစိန် အစိုးရက ခန့်ထားလိုက်ပါသေးတယ်။ ဒီလူတွေနဲ့ ဟိုလူတွေကြားမှာ ဘာတွေကွာ နေလို့လဲ။ အစိုးရကို ဖားသူနဲ့ အစိုးရကို ဝေဖန်သူကြား ဒီလိုရပ်တည်ချက် ကွာခြားမှုအပေါ်မူတည်ပြီး ဦးသိန်းစိန်အစိုးရက ခွဲခြားဆက်ဆံနေတာလားဆိုတာဟာ ဒီနေ့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

နောက်တချက်က လ၀က ဥပဒေအပါဝင် မြန်မာနိုင်ငံက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ ရန်ကုန်နဲ့ နယ်မြို့တွေအကြားမှာ အတော်ကွာခြားနေတာကိုတွေ့ရပါတယ်။ သတင်းထဲမှာ ကိုမောင်မောင်ဝမ်း ရှင်းပြထားတဲ့အတိုင်း ရန်ကုန်မှာနေပြီး အင်္ဂလိပ်စာသင်ပေးစဉ်က ဘာမှပြဿနာရှာခြင်း မခံရပါ။ ရေနံချောင်းရောက်မှ အခုလိုဖြစ်တာဆိုတော့ လ၀က ဥပဒေက ရန်ကုန်မှာတမျိုး၊ နယ်မှာတမျိုးလားဆိုတာဟာ မေးစရာဖြစ်လာပါတယ်။

ဒါဟာ ကိုမောင်မောင်ဝမ်းတယောက်တည်း ကြုံရတာမဟုတ်။ ကျနော်အပါဝင် နယ်မြို့တွေ၊ တောရွာ တွေမှာနေတဲ့ ပြည်တော်ပြန် အားလုံးနီးပါးရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် တချို့ပြည်တော်ပြန်တွေက နောက်တကြိမ် ပြန်ဝင်ခွင့်ဗီဇာမရမှာစိုးလို့၊ ကျေးလက်ဒေသရှိ သူတို့ရဲ့မိသားစုတွေကို အာဏာပိုင်တွေ က ပြဿနာရှာမှာစိုးလို့ ဒါတွေကို ပြန်မပြောချင်တော့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရအောင် အသက်စွန့်တိုက်ခဲ့ဖူးတဲ့လူတွေက ဒီလိုတော့ သွေးမကြောင်သင့်ဘူးလို့ ထင်ပါတယ်။

ကျနော့်အတွေ့အကြုံကို ပြောရမယ်ဆိုရင် ရန်ကုန်မှာနေပြီး တောခိုကျောင်းသား ဘ၀အတွေ့အကြုံ အကြောင်း စာအုပ်ထုတ်တာ၊ နိုင်ငံရေးပါတီရုံးခန်းတွေ သွားတာ၊ သတင်းစာရှင်းပွဲတွေ တက်တာ ဘာမှပြဿနာမရှိပါ။ ဧည့်စာရင်းလည်း တိုင်စရာမလိုပါ၊ ဘယ်ထောက်လှမ်းရေးမှလည်း လာမမေးပါ။ ဒါပေမယ့် ထားဝယ်နယ်က ကျေးလက်တောရွာဆီရောက်တာနဲ့ ထောက်လှမ်းရေးတွေ၊ ရဲတပ်ဖွဲတွေ၊ လ၀က တွေက ချက်ချင်းလာမေးတော့တာပါပဲ။ ပြီးရင် ‘’၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေ” ဆိုတာကိုပြပြီး မြို့နယ် လ၀က ရုံးမှာ လူကိုယ်တိုင် ဧည့်စာရင်းတိုင်ရမယ်လို့ ဆိုပါတယ်။

ပြီးတော့ “ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသား ဧည့်စာရင်း’။ ‘ရပ်ကွက်နေအိမ် အဆောက်အအုံများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့် အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ” ဆိုတာတွေကိုလည်း ဧည့်သည်ရော၊ အိမ်ရှင်ပါ လက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။

ဒါတွေဟာ တကယ့်လိုအပ်ချက်အရ လုပ်နေတာလား။ ပြည်တော်ပြန်တွေ စိတ်ညစ်ပြီး နောက်ထပ် လာချင်စိတ်ကုန်သွားအောင် အစိုးရဘက်က တမင်ဖန်တီးနေတာလားဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ မလာစေချင်ရင်လည်း အရင်စစ်အစိုးရခေတ်ကအတိုင်း ပေါ်လစီမပြောင်းသေးဘူးဆိုပြီး ရှင်းရှင်းပြောထားပါတော့လား။ အခုတော့ သမ္မတကိုယ်တိုင်က ပြန်လာကြပါလို့ တရားဝင်ဖိတ်ခေါ် ပြီးမှ အခုလိုလုပ်နေတာကတော့ မသင့်တော်ပါ။

သမ္မတဦးသိန်းစိန် ဘယ်လိုဖိတ်ခေါ်ခဲ့သလဲဆိုတာကို အားလုံးသိအောင်ပြန်ပြောရမယ်ဆိုရင် “ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ အားလုံးတူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် နိုင်ငံကိုယ်ချစ်တဲ့ စိတ်ကတော့ တူကြပါတယ်။ ဒါကြောင့် မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ။ ပြည်ထောင်စုချစ်စိတ်ပေါ် အခြေခံပြီး ကိုယ့်နိုင်ငံအကျိုးအတွက် တဖက် တလမ်းက လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန် ပြောသွားတာကို ကျနော် အသေအချာ မှတ်စုရေးထားပါတယ်။

အခုပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးရဲထွဋ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ၀န်ကြီး၊ ဒုဝန်ကြီးအတော် များများ အဲဒီပွဲမှာပါဝင်တဲ့အတွက် ဒါကို သူတို့ဘက်က ငြင်းမယ်မထင်ပါ။ ဒါဖြင့် ဘာကြောင့် အခုလို လုပ်လိုက်တာလဲ။ သမ္မတရဲ့ဖိတ်ခေါ်ချက်က ကာလအကန့်အသတ်ရှိလို့ အခုသက်တန်းကုန်သွားပြီလား။ အားလုံးကို တပြေးညီဖိတ်ခေါ်တာမဟုတ်ပဲ အစိုးကို ဖားတဲ့လူတွေ၊ အနည်းဆုံးအားဖြင့် အစိုးရကို မဝေဖန်တဲ့လူတွေကိုမှ လက်ခံမယ်ဆိုတဲ့သဘောထားများ ချမှတ်ထားလေသလား။

ပြည်တွင်းအင်အားစုတွေအပေါ် ဖမ်းဆီးဖိနှိပ်မှု တိုးလာနေလို့ အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း နောက်ပြန်ဆုတ်နေပြီလား ဆိုပြီးမေးခွန်းထုတ်ခံနေရစဉ်မှာ အခုလို ပြည်ပက ၀င်လာသူတွေအပေါ်မှာပါ ပြည်နှင်ဒဏ်ပေးတာ၊ မိသားစုနဲ့အတူ နေထိုင်ခွင့်မရအောင် နည်းမျိုးစုံနဲ့နှောက်ယှက်လာတာ တွေဟာ နောက်ပြန်မဆုတ်ရင်တောင် ရှေ့မတိုးတော့ဘူး။ ဒီကနေ ရှေ့တဆင့်မတက်တော့ဘူးဆိုတာကို ဦးသိန်းစိန်အစိုးရက သက်သေပြနေသလားလို့သာ မေးလိုက်ချင်ပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။
သတင်းဆောင်းပါး- ထက်အောင်ကျော် (ဧရာဝတီ)

ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၃ရက် တွင် Myanmar Event Park၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

" မိသားစုက တစ်ရက်ထဲ လုပ်ဖို့ စီစဉ် တာနဲ့ အဲဒီ တစ်ရက်ထဲမှာ ပါဝင် နိုင်မယ့် သူတွေ စီစဉ် လိုက်တာပါ။ ဒီပွဲက ရတဲ့ ငွေကို ထူးအိမ်သင်ရဲ့ အမေ အတွက် ၂၅ရာခိုင်နှုန်း၊ သူ့ရဲ့ ဇနီး အတွက် ၂၅ရာခိုင်နှုန်း နဲ့ သူ့ရဲ့ သမီး အတွက် ၂၅ရာခိုင်နှုန်း ပေးသွားမှာပါ ။ ကျန်ရစ်တဲ့ မိသားစု ရဲ့ ဆန္ဒအတိုင်း လုပ်ပေးတာပါ " ဟု တေးရေး ရွှေဂျော်ဂျော် မှ ပြောသည်။

ယင်းဖျော်ဖြေပွဲကို တေးရေး ၊ တေးဆို ထူးအိမ်သင် ၏ မိသားစု နှင့် အတူ တေးရေး မြင့်မိုးအောင် ၊ တေးရေး ရွှေဂျော်ဂျော် တို့မှ ဦးစီး ကျင်းပခြင်း ဖြစ်သည်။

ထူးအိမ်သင် ဂီတပွဲတော်တွင် ထူးအိမ်သင် အမှတ်တရ အဖြစ် ထူးအိမ်သင် ယခင်က သီဆိုပြီး မထွက် ဖြစ်ခဲ့သည့် ဗီဒီယိုများ ၊ အင်တာဗျူးများကို ပြသ မည် ဖြစ်ပြီး ထူးအိမ်သင်၏ သီချင်းစာအုပ် နှင့် ထူးအိမ်သင် အောက်မေ့ဖွယ် တီရှပ်များကို လည်း ပွဲတော်တွင် ရောင်းချ မည် ဖြစ်သည်။

ထူးအိမ်သင် ဂီတပွဲတော်တွင် ပါဝင်မည့် အဆိုတော် စည်သူလွင် က " ကိုမြင့်မိုးတို့ ကိုရွှေဂျော်ဂျော်တို့က ဆိုဖို့ ကမ်းလှမ်းတာနဲ့ ပါဝင် ဖြစ်တာပါ။ ဒီပွဲမှာ ကျွန်တော် သီချင်း နှစ်ပုဒ်ဆိုမယ်။ ကိုငှက် စောစော ဆုံးပါသွားတာ ကျွန်တော်တို့ အတွက် ဆုံးရှုံးမှု တစ်ခုပါပဲ။ ဒီပွဲမှာ ပါဝင် သီဆိုခွင့် ရတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်" ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ် ၊ ဂျေမောင်မောင် ၊ လေးဖြူ ၊ အငဲ ၊ စည်သူလွင် ၊ ဇော်ပိုင် ၊ Rဇာနည် ၊ ဘိုဖြူ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း ၊ Lလွန်းဝါ ၊ ကျားပေါက် ၊ ရေမွန် ၊ အောင်လ ၊ ဖော်ကာ ၊ အီတိုး ၊ ကောင်းကောင်း ၊ ဘန်နီဖြိုး ၊ ဒေးဗစ်ခွန်နောင် ၊ ဒီမွန် ၊ ကော်နီ ၊ သျှီ ၊ ဆုန်သင်းပါရ် ၊ ဖြူဖြူကျော်သိန်း ၊ ရေဗက္ကာဝင်း ၊ ချမ်းချမ်း ၊ နီနီခင်ဇော်၊ အိမ့်ချစ် ၊ အိုင်းရင်းဇင်မာမြင့် နှင့် မိကွန်ထော တို့မှ ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ပြီး Aces၊Emperor၊Iron Cross၊TheTree ၊S.I.R နှင့်ROCတီးဝိုင်းများကတီးခတ်ကြမည် ဖြစ်သည်။

ယင်း ပွဲတွင် ချစ်ကောင်း ၊ လူမင်း ၊ မောင်မောင်အေး နှင့် စိုင်းစိုင်းခမ်းလှိုင် တို့က ဧည့်သည်များ အဖြစ် တက်ရောက်ပါဝင် မည် ဖြစ်သည်။

အဆိုတော် ထူးအိမ်သင် ဂီတပွဲတော် ကို သြဂုတ် ၂၃ရက် ညနေ ၆နာရီတွင် စတင်မည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ၃သောင်း ၊ ၂သောင်း နှင့် ၁သောင်း တို့ဖြင့်သတ်မှတ်ထားပြီးယင်း

လက်မှတ်များကို 4tv Showroom များ City Mart ဆိုင်ခွဲများ မန်းသီရိ တေးသံသွင်း ၊The Sun Music ၊ Ko Ko Beauty Saloon ဆိုင်ခွဲများ တွင် ဝယ်ယူ နိုင်သည်။

Credit : Mizzima

“ မဟာဂန္ဓ၀င်…ရှစ်လေးလုံး…အရေးတော်ပုံ ”

ရှစ်လေးလုံးဟာ…အာဇာနည်တွေနေတဲ့တိုင်းပြည်က
“အာဂ” ရွှေဝါပြည်သားတွေရဲ့…မကြောက်တရားနဲ့
ထုဆစ်ထားတဲ့…သစ္စာမော်ကွန်းတိုင်ဖြစ်တယ်။
ရှစ်လေးလုံးမှာ…သံမဏိဒေါင်းတအုပ်ဟာ
စစ်သံပချုပ်ကို…ရိုက်ကန်ချိုးဖြုတ်
အလင်းတံခါးတွေ…သွန်းလုပ်ခဲ့ကြတယ်။
ရှစ်လေးလုံးမှာ…ဧရာဝတီဟာ ဒေါသပုန်ထ
ရိုးမတွေ လက်ရုံးကြွ…ကစ္ဆပ္ပနဒီမှာ လှိုင်းမာန်ချီ
အောင်တေးသီ…သလ္လာဝတီနဲ့
သံလွင်မြစ်ပြင်နီနီမှာ…သွေးပန်းချီချယ်မှုန်း
လူလှိုင်းလုံးကြီး သိမ့်ထ
သမိုင်းဘီးကြီး…ရုန်းကြွခဲ့တယ်။
ကိုင်းဘယ်သူပြောသလဲ… ‘ရှစ်လေးလုံးဟာ ကျဆုံးခဲ့တယ်လို့’
သစ္စာကို မယုံကြည်သူတွေ….ဘေးဖယ်လိုက်ကြ
နိုင်ငံရေးအမြင်တိမ်စွဲနေသူတွေ…တိမ်ခွဲလိုက်ကြ
ရှစ်လေးလုံးဟာ ပြည်သူတွေရဲ့…အောင်ပွဲနိဒါန်းဖြစ်သလို
အာဏာရှင်တို့ရဲ့…နိဂုံးအစဖြစ်တယ်။
ရှစ်လေးလုံးဟာ ဗိုလ်အောင်ဆန်းများစွာ…ကိုအောင်ကျော်များစွာ
ဆရာစံများစွာ…သခင်ဖိုးလှကြီးများစွာ
ဦးဝိစာရများစွာ…အာဇာနည်ကုဋေကဋာ…သွေးကူးပုံတူ
သန္ဓေယူခဲ့တယ်။
ရှစ်လေးလုံးဟာ ဒီမိုကရေစီရဲ့…ထီးချက်စောင့်နတ်သမီး
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သတို့ သမီးကို…
ကြီးမြတ်စွာဖွားမြင်…သိန္ဓိတင်ပေးခဲ့တယ်။

ရှစ်လေးလုံးဟာ စစ်ခွေးတအုပ်ကို အမြီးကုပ်စေခဲ့တယ်။
ရှစ်လေးလုံးဟာ တပါတီစနစ်ကို ပါတီစုံဖြစ်စေခဲ့တယ်။

ရှစ်လေးလုံးဟာ ယုံကြည်သူတို့ရဲ့…အောင်မြေဖြစ်တယ်။
ရှစ်လေးလုံးဟာ အဓမ္မတရားကို…တိုက်စားဖျက်ဆီး…အားမာန်ကြီးတဲ့ မြစ်တစင်းဖြစ်တယ်။

ရှစ်လေးလုံးဟာ ၉၀ ရလဒ်၊ ရွှေဝါရောင်တော်လှန်ရေးနဲ့
ကွန်ယက်များစွာရဲ့ မွေးသမိခင်လဲဖြစ်တယ်။

ရှစ်လေးလုံးကို သေးသိမ်အောင်လုပ်သူ…မယုံကြည်သူဟာ အမှန်တရားကို မယုံကြည်သူသာဖြစ်တယ်။
ဒီမှာမိတ်ဆွေ ရှစ်လေးလုံးဆိုတာ သစ္စာတရားနဲ့ လူ့အခွင့်အရေးကို ဌာပနာစီ
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ အုတ်မြစ်တွေပေါ် အခိုင်အမာတည်
နိုင်ငံချစ်သူတိုင်း လက်အုပ်ချီ ပူဇော်ထိုက်တဲ့ တန်းခိုးကြီး သမိုင်းစေတီ မည်ပေသည်။ ။

မင်းကောင်းချစ်


မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရတဲ့ အကြောင်း က ရေနံချောင်းမှာ စာစသင်မယ်လုပ် တော့ လ၀က က Social Visa နဲ့ အခမဲ့ ပဲဖြစ်ဖြစ်...အခကြေးငွေနဲ့ပဲဖြစ်ဖြစ်..စာ သင်ကြားခွင့်မရှိကြောင်း လာပြောပါတယ်။

မိမိအနေနဲ့က ရန်ကုန်မှာ ထောင်နဲ့ချီ တဲ့ ကျောင်းသားများကို ပို့ချလာတာဘာမှမဖြစ်တဲ့ အတွက်...
ရေနံချောင်း မှာ လည်း ကြေငြာထားသည့်အတိုင်း ဆက်လက်သင်ကြားမှာဖြစ်တဲ့ အကြောင်း တုန့်ပြန်ပြော ကြားခဲ့ပြီး ဆက်လက်သင်ကြားခဲ့ပါတယ်။

ဒါ့အတွက် ဒုတိယနေ့ စာသင်ကြားအပြီး ညမှာ လ၀က နဲ့ ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား တောက်လျှောက်ခေါ်ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိတာဝန် ယူ လုပ်ဆောင်ခဲ့ပါတယ်။

ဝန်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့အညီလုပ်ဆောင် ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်
ပေးနိုင်ပါတယ်...

သို့သော် မရှင်းတဲ့အချက် က မြို့နယ် လ၀ကမူးမှ ကျနော့်အား ဥပဒေ အကြောင်းအချဉ်းအရာ စာအုပ်ကို ဖတ်ပြ ရှင်းလင်းရာမှာ ( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာ ရသူအား
ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။

ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်…ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင် ထုတ်စေရန်…နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ )

အခု ကျနော့်ကို နှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရမှ ၀န်ကြီး ချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်...ယင်း ၀န်ကြီးချုပ်သည်...သမ္မတ အခွင့်အာဏာကို လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။ ဥပဒေ စကားကိုတွင်တွင်ကျယ်ကျယ်ပြောဆိုနေသူကိုယ် တိုင်က...ဥပဒေကို သဲသဲကွဲကွဲမသိ...လုပ်ချင်ရာ လုပ်တယ်လို့ပဲမှတ်ယူမိပါတယ်။

ဆိုရိုးတစ် ခုရှိပါတယ်.....( လူတစ်ယောက် စကားသုံးခွန်းပြောလိုက်ပါ..စာသုံးကြောင်းရေး လိုက်ပါ ခြေ လှမ်းသုံးလှမ်း..လှမ်းလိုက်ပါ...ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့ )..

ကျနော် စာသင် ကြားခြင်းကို ဥပဒေနဲ့ မညီဆိုရင်....လူကြီးမင်းကိုယ်တိုင်ကရော....ဥပဒေနဲ့ ဘယ်လောက် ညီအောင်လုပ်ဆောင်နေပါသလဲ....မေးခွန်းထုတ်ချင်ပါတယ်။.....

ထိုင်းနိုင်ငံမှာ သာမာန် နိုင်ငံခြားသား ခရီးသွားလာခွင့် ဗီဇာနဲ့...Volunteer အလုပ်များကို လုပ်ဆောင်နေ သူ များ အား ထိုင်း အစိုးရမှ ပြန်မောင်းထုတ်တယ်လို့ မကြားဘူးပါ။

ယခု ကျနော် ကြုံတွေ့လိုက်ရသော အဖြစ်အပျက်က ကျနော်အပါဝင် နိုင်ငံ ခြားသားများ အနေဖြင့် မြန်မာ
နိုင်ငံ သို့ သွားရောက်ပြီး စေတနာဝန်ထမ်း အလုပ်လုပ်ပါမည် ဆိုသော်ငြားလည်း...အုပ်ချုပ်သူများ ၏ စိတ်ရူးပေါက်မူ့ အပေါ်တည်မှီပြီး သိက္ခာမဲ့သောအလုပ် များကို အလုပ်ခံရဖို့ အချိန်မရွေးဖြစ်နိုင်ပါတယ် ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

သွား ရောက်မဲ့သူများကိုလည်း....သတိပေးရပါလိမ့်မည်။

ပညာဆိုတာကို တန်ဖိုး ထားရကောင်းမှန်း မသိ.....အရာရာကို စစ်မြေပြင်လို့သဘောထားနေ မည်ဆိုပါ ရင်...နောက်ထပ် အနှစ် ငါးဆယ် ကြာတောင် တိုင်းပြည်မတိုးတက်နိုင်ပါ။

ပြည်ထောင်စု ၀န်ကြီးတစ်ဦးမှ ကျနော့်အား ထိုင်းနိုင်ငံတွင် ပြန်လည် ဗီဇာတင်ပါက ပြန်လာခွင့် ပြုမည်ဟု ဆိုငြားလည်း....ယုံကြည်ရန်.ခွန်အားမရှိတော့ပါ.......။ အမေရိကားသို့ပဲပြန်ပါတော့မည်...ယင်းဖြစ်ရပ်အား အမေရိကန်အစိုးရအပါဝင် နိုင်ငံတကာ သိအောင် ဆက်လက်ကြိုးပမ်းပါတော့မည်။

မောင်မောင်ဝမ်း ( ခေတ္တ ထိုင်းနိုင်ငံ ဘန်ကောက်မြို့) ~
အိုဗာစတေးကြောင့် တိုင်းပြည်မှ နှင်ထုတ်ရပါတယ်ဆိုရင်...အိုဗာ စတေး ဖြစ်သူတိုင်း
တိုင်းပြည်မှ ကျနော့်လို ဖိအားပေးနှင်ထုတ်ပါသလား...ဒီမေးခွန်းဖြေပေးပါ...ကျနော်သိ
ရသလောက် ဘယ်သူ တစ်စုံတစ်ယောက်ကိုမှ အိုဗာစတေးကြောင့် နှင်မထုတ်ပါ..လေ
ဆိပ်မှ ထွက်ခွာလျှင်...အိုဗာစတေး ရက်လွန်ကြေး..တစ်နေ့ကို သုံးဒေါ်လာ နဲ့ ရက် ၂၀ ထိ
ဒီ့ထက်ပိုလျှင်...တစ်နေ့ကို ၅ ဒေါ်လာ ဒဏ်ကြေးဆောင် ထွက်ခွာနေကြသည်မှာ အားလုံး
သိပါတယ်.....။ အားလုံးလည်း ဒီအတိုင်းလုပ်ပါတယ်။ ဘယ်သူကိုမှ လ၀က များ ရဲများနဲ့
အင်အားသုံး မလုပ်ဆောင်ပါ။ ကျနော် နိုင်ငံရေးသမား မဟုတ်ပါ...။ ကျနော့်ကို နိုင်ငံရေး
သမားများ တုန့်ပြန်တဲ့ လေမျိုးနဲ့ လုပ်ဆောင်ဖို့ မကြိုးစားပါနဲ့။ ကျနော့်ကို နှင်ထုတ်လုက်လို့
ဝမ်းနည်းနေမယ်လို့လည်း မထင်ပါနဲ့ ( အင်္ဂလိပ်စာ လိုချင်သူများ ကို မသင်လိုက်ရလို့
စိတ်မကောင်းဖြစ်ခြင်းမှ အပ ဘာမှ ၀မ်းနည်းစရာမရှိပါ )....စုတ်ပြတ်သတ်ပြီး မသတီစရာ
ကောင်းလှတဲ့ လူတွေ အုပ်စိုးနေတဲ့ ...မစင်စော် နံဟောင်နေတဲ့အုပ်ချုပ်သူများ နိုင်ငံကနေ....စွန့်ခွာလိုက်ရတာ ၀မ်းနည်းစရာမဟုတ်ပါ။ ကျနော်ဟာ..ကိုယ့်ထမင်းကို ကိုယ့်ပညာနဲ့ လိပ်ပြာသန့်သန့်
ဖြူဖြူစင်စင်ရှာစားနေတဲ့သူဖြစ်တယ်။ မလိမ္ဘူး ၊ မ၀ွက္ဘူး ၊ မညာဘူး ၊ မေကာက္ဘူး........
မူလ အစက...စာသင်ကြားခြင်းသည်...ဥပဒေနဲ့ မညီ ပါဘူး ဆိုပြီး လုပ်ဆောင်
ခြင်းအပေါ်.....လူကြားလို့ မကောင်းဖြစ်လာမှ...အိုဗာစတေးကြောင့်ဆို..အကြောင်းပြတာ
ဟာ.....မိုးကြိုးပစ်...ထန်းလက် နဲ့ကာ လုပ်ရပ်သာဖြစ်တယ်။ လူမုန်းတော့ မူသုံး ၊ လူခင်တော့
မူပြင် လုပ်ရပ်ဆိုတာ...ကလေး သိပ်ဆန် ပါတယ်။ ကျနော့်ကို မြို့နယ် လ၀ကမှုးမှ စာအုပ်ကြီး
ဖွင့်ပြီး ပါးစပ်က ရွတ်ဆိုပြတာတွေကို အကုန် စာနဲ့ လိုက်မှတ်ထားတာပါ...ဘေးမှာ သက်
သေတွေလည်း ရှိပါတယ်.......အဓိက.....နှင်ထုတ်လိုက်တာက.....စာသင်လို့...လူတွေကို
စေတနာထား စာသင်မိလို့ ( ဂျေကပ်သွားတာ ----တနည်းအားဖြင့်..) မနာလိုအားကြီးသွား
တာ......။ ကိုယ့်ကိုယ် ကိုယ်လည်း ကျေနပ်ပါတယ်........မြန်မာ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဘူး
တဲ့ ( စာသင်မိလို့....တိုင်းပြည်မှ နှင်ထုတ် ခံရခြင်း ပေါ့ )။ ဆယ်ခါပြန် ကျေနပ်ပါတယ်။မြန်
မာပြည်မှာ ပညာတတ်တွေ အများအပြားပေါ်ထွက်လာရေးကို ဦးတည်မိလို့ တိုင်းပြည်က
နှင်ထုတ်ခံရတယ်တဲ့.........ကဲ ကောင်းရောဗျာ။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.