08/10/14

ကျနော် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နေရာတိုင်းမှာ မကြာခဏဆိုသလို ပြောလေ့၊ ရေးလေ့ရှိတယ်။ မကြာခဏလည်း ပြောသင့်၊ ရေးသင့်တယ်ထင်လို့ ပြောဖြစ်၊ ရေးဖြစ်တယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ စည်းမဲ့၊ ကမ်းမဲ့ ပြုမူ၊ နေထိုင်၊ ပြောဆို၊ ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်၊ ပြသတာတွေ မသိမသာ များများလာသလားလို့လည်း ခံစားမိတယ်။ ကျင့်ဝတ်ဆိုတာခဏထားအုံး။ အလွယ်တကူ လိုက်နာသင့်တဲ့ စည်းကမ်းတွေကိုတောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာတာ ဒီဘက်ခေတ်(စစ်အစိုးရအလွန်)ကျမှ ပိုများလာတယ်။

လမ်းပေါ်ထွက်လိုက်တာနဲ့ ပရမ်းပတာ စည်းကမ်းဖောက်တာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတော့တာပဲ။ ဘတ်စ်ကားတွေက မှတ်တိုင်မှာ မရပ်ဘူး။ တက္ကစီတွေက ဘတ်စ်ကားမှတ်တိုင်မှာ ရပ်တယ်။ ဆိုက္ကားတွေ၊ စက်ဘီးတွေက လမ်းပြောင်းပြန်နင်းတယ်။ ဆိုင်ကယ်စီးသူတွေက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေ ပြည့်နေတယ်။ ပလက်ဖောင်းကို ပိတ်ပြီး ဈေးခုံခင်းထားတဲ့နေရာတွေတောင်ရှိတယ်။ လူတွေက လမ်းပေါ်ဆင်းလျှောက်ရတယ်။ ကားတွေက မျဉ်းကြားမှာ အရှိန်လျှော့မပေး၊ ရပ်မပေးဘူး။ မျဉ်းကြားပေါ်တည့်တည့်မှာ ကားပါကင်ရပ်ထားတဲ့ ကားတွေ မြို့လယ်ခေါင်မှာ အများကြီး။ ကားတွေချိုးကွေ့ရင် မလွတ်မလပ်နေရာ လမ်းထောင့်ကွေးတည့်တည့် ပါကင်ထိုးရပ်ထားတဲ့ကားတွေက ရပ်ကွက်တိုင်း၊ လမ်းထောင့်တိုင်းလိုလိုမှာ ရှိတယ်။ မြို့ထဲခြောက်လမ်းသွား၊ လေးလမ်းသွား လမ်းမကျယ်တွေမှာ ကားတွေက နှစ်ထပ်ရပ်ထားလို့ နှစ်လမ်းစီ၊ တစ်လမ်းစီပဲမောင်းလို့ရတယ်။ မီးပွိုင့်မှာ ကားတန်းရှည်နေရင် ဆန့်ကျင်ဘက် ယာဉ်ကြောကနေ ပြောင်းပြန် ကျော်တက်ပြီး တန်းစီနေတဲ့ ကားတန်းကြားကို မိုက်ကြေးခွဲသလို ဖြတ်ဝင်၊ ခေါင်းထိုးဝင်တယ်။ ၂တန်အထက်ကားတွေ မဝင်ရတဲ့ ဦးဝိစာရလမ်းမှာ မနက်ရုံးချိန်တိုင်း တပ်မတော်ဆေးတက္ကသိုလ်က အရာရှိလောင်းတွေရဲ့ ကြယ်ပွင့်နံပါတ်ပါ ဖယ်ရီကားကြီး(၂တန်ထက်ပို)က အမြဲဖြတ်တယ်။ နံပါတ်မတပ်ရသေးတဲ့ ကားတွေ၊ ပလပ်စတစ် ပြားပေါ် ချိုင့်ဝင်နံပါတ်ပြားတပ်ကားတွေ၊ ကညန ဖောင်းကြွနံပါတ်မဟုတ်တဲ့ ပလပ်စတစ်နံပါတ်ပြားတွေနဲ့ ကားတွေ နေရာတိုင်းမှာ ပြောင်ပြောင်တင်းတင်း တွေ့ရတယ်။ မနေ့တစ်နေ့ကမှ သွင်းခွင့်ပြုလိုက်တဲ့ မာစီဒီးလို၊ ပိုရှေးလို၊ ချက်ဗလက်လို မော်ဒယ်အမြင့်ကားတစ်ချို့ ၇ ကကြီးတို့ ၆ ကကြီး တို့လို နံပါတ်ပြားအစုတ်တွေနဲ့ တွေ့ရတယ်။

လူတွေက မျဉ်းကြားက မကူးဘူး။ ကူးရင်လည်း မီးနီမှန်းမသိ၊ စိမ်းနေမှန်းမသိ ဖြတ်ကူးတယ်။ မျဉ်းကြားမရှိတဲ့ ဘယ်နေရာကမဆို ကားကြို၊ ကားကြားက ဖြတ်ကူးတဲ့သူက ပိုများတယ်။ မှတ်တိုင်အထိအောင် လမ်းမလျှောက်ချင်ကြဘူး။ တွေ့ကရာနေရာကနေ ဘတ်စ်ကားကို လက်တားစီးချင်ကြတယ်။ ကွမ်းတံတွေး တွေ့ကရာထွေးတယ်။ ဆေးလိပ် နေရာမရှောင်သောက်တယ်။ ကွမ်းယာထုပ် ပလပ်စတစ်အိတ်၊ ဆေးလိပ်တို၊ တစ်ရှုး၊ အချိုရည်ဘူးခွံ၊ မုန့်ထုပ်အခွံ စတဲ့ အမှိုက်မှန်သမျှ ကားပေါ်ကပစ်ချတယ်၊ လမ်းလျှောက်ရင်း လွှင့်ပစ်တယ်၊ ကိုယ့်အိမ်ရှေ့က အများပိုင်မြေ၊ လမ်းမြေကို အုတ်တံတိုင်းခပ် ကာတယ်၊ အပင်စိုက်ကာတယ်၊ အရံ အတားချ ကာတယ်၊ အဖီချပြီး ကျူးတယ်၊ ဆောက်ခြေမှာ ခိုးလို့မရရင် အထပ်မြင့်ပေါ်ကနေ ဝရံတာထုတ်ပြီး လမ်းမြေခိုးတယ်၊ စည်ပင်ဝန်ထမ်းတချို့ဆို အိမ်သာခွက်လဲတပ်ဖို့ ဘိလပ်မြေ တစ်အိပ်လောက် အိမ်ရှေ့ချထားတာလောက်ကို လာသတိပေးပြီး စည်ပင်ခွင့်ပြုချက်ယူခိုင်းပေမယ့် တရားဝင်လိုင်စင်မရှိပဲ၊ ကြံ့ခိုင်မှုမရှိပဲ၊ လုံခြုံစိတ်ချရမှုမရှိပဲ အိမ်အလုံးလိုက် အထပ်မြင့်ဆောက်တဲ့သူတွေ၊ ခွင့်ပြုချက်ကျော်ပြီး ခေါင်မိုးပေါ် အထပ်ခိုးတင်နေတဲ့သူတွေကိုတော့ မျက်စိမှိတ်နေတယ်(တလောက မြေငလျင်လှုပ်လို့ အားလုံးမျက်မြင် တိုက်ယိုင်သွားတာကို စည်ပင်နဲ့ တခြားအဖွဲ့တွေ သွားစစ်တော့ မယိုင်ဘူးဆိုတဲ့ အဖြေထွက်လာတယ်)။

ညနေပိုင်းရောက်တာနဲ့ လမ်းပေါ်မှာ လူတွေ၊ ကားတွေ ထင်သလို စည်းကမ်းဖောက်တယ်၊ ညပိုင်းဆို ပြိုင်ကား လီဗာမြှင့်မောင်းသံကြားရင် လမ်းဘေးဆင်းနေရတယ်၊ အဲကွန်းတပ်ဆိုင်တွေမှာ ဆေးလိပ်ငွေ့တွေ မွှန်ထူနေတယ်၊ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ နေရာတိုင်း၊ လမ်းတိုင်းမှာ ဂျာနယ်သတင်းစာ အရောင်းဆိုင်သာ မရှိရင် မရှိမယ်၊ အရက်ဆိုင်တစ်ဆိုင်တော့ အနည်းဆုံးရှိလာတယ်၊ ဇနပုဒ် အစွန်အဖျားအထိ သတင်းစာတွေသာ မရောက်ရင်မရောက်မယ်၊ လိင်အသားပေး အရက်ပိုစတာရောက်တယ်၊ အရက်မျိုးစုံဝယ်လို့ရတယ်၊ ဆိုင်တယ်၊ မဆိုင်တယ်မသိဘူး ရက်ဆားကြော်ငြာ၊ ဝဲဆေးကြော်ငြာကအစ ကော့ကော်ကန်ကား မော်ဒယ်ဂဲလ်ပုံတွေ့လာရတယ်၊ အန္တရာယ်များတဲ့ ပိုးသတ်ဆေးကြော်ငြာတွေ မီဒီယာမျိုးစုံမှာ အထိန်းအကွပ်မရှိ ပရမ်းပတာ ကြော်ငြာခွင့်ပြုထားတယ်၊ ခေတ်သီချင်းဆိုတဲ့ တေးသံရှင် မိန်းကလေးမှန်ရင် ပေါင်တို၊ အကျပ်၊ အကပ်၊ အဖော် ဝတ်ဆင်ရမယ့် ပုံစံမျိုး ဖြစ်လာတယ်၊ ပေါင်တို၊ အကျပ် မဝတ်ရင်ပဲ ခေတ်မမီတော့တဲ့ မိန်းကလေးလို ခံစားလာတဲ့သူတွေ ရှိလာတယ်၊ ကားအရောင်းပြခန်း မဖွင့်ရင်ကို ခေတ်မမီတဲ့ စီးပွားရေးသမားလို ဖြစ်လာတယ်၊ ကိုယ့်တာဝန်ကိုယ် အရင်ကျေဖို့ထက် အခွင့်အရေး ရရှိရေး တောင်းဆို၊ တိုက်ပွဲဝင်၊ ဆန္ဒပြ သူတွေ ပိုများလာတယ်၊ အများထက် အခွင့်ထူးပိုရ၊ အခွင့်အရေးပိုယူတာကို တလွဲဆံပင်ကောင်းပြီး ဂုဏ်ယူနေတဲ့သူတွေ အတွေ့ရများလာတယ်၊ ကိုယ့်ဘာသာ လုံအောင် မထိုင်နိုင်ပဲ သူများ အောက်စလွတ်တာကို လက်ညှိုးထိုးသူတွေ ပေါလာတယ်၊ လုံးစေ့ပတ်စေ့၊ လိပ်ပတ်လည်အောင် မသိတဲ့ကိစ္စတွေမှာ ဆွမ်းကြီးဝင်လောင်းတဲ့ ဝေလေလေတွေများလာတယ်၊... ပြောမယ်ဆိုရင် ကျနော်တို့ပတ်ဝန်းကျင်မှာ ကျင့်ဝတ်စောင်း၊ စည်းကမ်းဖောင်း၊ ယဉ်ကျေးမှုပြောင်းတာတွေ သိပ်များလာတယ်။

တကယ်တော့ စနစ်တစ်ခုက ရည်ရွယ်ချက်ရှိရှိပုံစံမျိုးနဲ့ ဖျက်ဆီးတာကို ကျနော်တို့ ခံခဲ့ကြရတယ်ဆိုပေမယ့် ကျနော်တို့ကိုယ်တိုင်လည်း တချို့နေရာတွေမှာ သိသိကြီးနဲ့ ငြိမ်ခံနေခဲ့သလို ဖြစ်ခဲ့တယ်။ ကျနော်တို့က စနစ်ရဲ့ မကောင်းတဲ့ ပုံသွင်းတာတွေကို မခံရအောင် ရုန်းထွက်နိုင်အောင် ကိုယ်ခံအားနည်းခဲ့ကြတယ်။ ကိုယ်ခံအားနည်းအောင်လည်း ဖန်တီးစေ့ဆော်ပေးတဲ့ အကြောင်းတွေရှိတယ်ဆိုပေမယ့် ကိုယ်ကိုယ်၌က အဓိကဆိုတဲ့အချက်ကို မေ့နေကြသလားလို့။ ကိုယ်ခံအားကောင်းအောင် ဘယ်သူမှ လုပ်မပေးနိုင်ရင် ကိုယ့်ဘာသာ လုပ်ရမယ်ဆိုတာ သတိလက်လွတ်ဖြစ်နေကြသလားလို့။ အဲဒါကြောင့် အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ပြန်ဖုံးပေးသလိုဖြစ်ပြီး ပရမ်းပတာတွေ အတွေ့ရများလာသလားလို့။ ကျနော်တို့က အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက်အပေါ် သိပ်မှီခိုထားပြီး တစ်ချိန်မှာ အပ်ချလောင်းဆို အားလုံး ပြေလည်သွားမယ်လို့များ ထင်ပြီး ဒီအတိုင်း ရေစုန်မျောလိုက်နေကြသလားလို့။ တကယ်တော့ ကျနော်တို့ရဲ့ နေ့စဉ်ဘဝတွေက နာရီတိုင်း၊ မိနစ်တိုင်းမှာ ကျနော်တို့အရေးကိစ္စတွေအားလုံးကို ကျနော်တို့ဘာသာ ကျနော်တို့ပဲ အားစိုက်လုပ်နေကြရတာ မဟုတ်ဘူးလား။ ကယ်တင်ရှင်တို့၊ ကူညီထောက်ပံ့သူတို့ဆိုတာ ကျနော်တို့ကိုယ်တိုင် ထလုပ်တာလောက် မသေချာဘူးလေ။ ကျနော်တို့ ကိုယ်ခံအားနည်းရင် အင်ဖက်ရှင်ဝင်ပြီး ရောဂါရမှာပဲ။ အဲတော့ ကိုယ့်ဘာသာ ကိုယ်ခံအားကောင်းအောင် လုပ်ထားကြဖို့ လိုမယ်။ အထက်ကပြောခဲ့တာတွေက ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် အပြစ်တင်သလိုဖြစ်နေမလားတော့မသိဘူး။ မတတ်နိုင်ဘူး။ လူကြိုက်များတဲ့ ကိစ္စမဟုတ်ပေမယ့် ပြောဖို့၊ သတိပေးဖို့၊ အကြံပြုဖို့ ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရလို့ အမုန်းခံ ပြောလိုက်တယ်။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် အယ်ဒီတာ့စကားအဖြစ် ပေါ့ပေါ့ပါးပါး ရေးဖြစ်တာကို ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေလိုက်တယ်။

ကိုယ်ခံအား

ကျွန်တော်တို့ မြန်မာလူမှု ပတ်ဝန်းကျင်မှာ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ၊ အခြေခံလူ့ကျင့်ဝတ်နဲ့ လောကနီတိတွေကို အလေးထားသူ၊ လိုက်နာသူ နည်းလာသလားလို့ တွေးစရာ ဖြစ်လာတယ်။ ကျွန်တော်တို့ နေ့စဉ်ကြုံနေရတဲ့ ကိစ္စတွေကို ကြည့်ရင်တောင် စိတ်မသက်မသာ ဖြစ်စရာတွေ အများကြီး။

အပေါ်ယံ ဝတ်စားဆင်ယင်မှုနဲ့ စကားပြောဆိုမှုကိုပဲ ကြည့်မလား၊ မီဒီယာတွေမှာ ရေးသား၊ ထုတ်လွှင့်၊ ပြသ၊ တင်ဆက်မှုကိုပဲ ကြည့်မလား၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်သားတွေရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဟန်ပန်အမူအရာ၊ ဇာတ်ဝင်ပြောစကား၊ စကားလုံး အသုံးအနှုန်း၊ လေသံအနိမ့်အမြင့်တွေကို ကြည့်မလား၊ လူမှုရေးဆိုင်ရာ မင်္ဂလာပွဲ၊ မွေးနေ့ဧည့်ခံပွဲတွေကို ကြည့်မလား ကျွန်တော်တို့ တစ်တွေရဲ့ ယဉ်ကျေးမှု ရေချိန်မြင့်လာသလား၊ တက်လာသလား ဝေခွဲရ ခက်လာတယ်။

မင်္ဂလာယူ၊ ကျက်သရေယူနေတဲ့ အလှူမင်္ဂလာ၊ လက်ထပ်မင်္ဂလာပွဲတွေမှာ အနက်ရောင် ဝမ်းဆက်၊ ပေါင်လယ်စကတ်၊ လည်ဟိုက်၊ ချိုင်းပြတ်၊ ရှော့ပင်၊ ဂျင်းဘောင်းဘီရှိုးပြဲ၊ မရိုမသေ ဘန်းစကား စတစ်ကာရိုက် တီရှပ်နဲ့ ပြောင်ပြောင်တင်းတင်း လာတက်တဲ့သူတွေ တွေ့နေရပြီ။

ဘတ်စ်ကားပေါ်မှာ၊ မြို့ပတ်ရထားပေါ်မှာ၊ လူကြားထဲမှာ၊ စားသောက်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ အခမ်းအနားထဲမှာ အော်ကြီးဟစ်ကျယ် ဖုန်းပြောတဲ့သူတွေ၊ အခမ်းအနားမှာ ဖုန်းအသံ ပိတ်မထားသူတွေ၊ ကားမောင်းနေရင်း လက်နဲ့ကိုင်ပြီး ဖုန်းပြောသူတွေ အများကြီး တွေ့နေရပြီ။

ဆေးရုံဝင်းထဲမှာ၊ အားကစားကွင်းထဲမှာ၊ စားသောက်ဆိုင်တွေမှာ၊ လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ၊ မြို့ပတ်ရထားပေါ်မှာ၊ ဘတ်စ်ကား ဒရိုင်ဘာ ထိုင်ခုံပေါ်မှာ၊ လေအေးစက်တပ် အခန်းတွေ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်တထောင်းထောင်း သောက်နေသူတွေ၊ ဆေးလိပ်ခွက် ချထားပေးတဲ့ ဆိုင်တွေ အများကြီး တွေ့နေရပြီ။

ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွေ၊ ရုပ်/သံ အစီအစဉ်တွေထဲမှာ ဘီယာ၊ အရက်၊ ထန်းရည်သောက်ခန်းကို စိမ်ပြေနပြေထည့်ရိုက်၊ ကွမ်းယာစားပြီး ကွမ်းတံတွေး စည်းကမ်းမဲ့ တွေ့ကရာ ထွေးတာကို ရိုက်ပြ၊ လမ်းစည်းကမ်း မလိုက်နာ၊ မျဉ်းကျား မဟုတ်ဘဲ တွေ့ကရာ နေရာက လမ်းဖြတ်ကူးတာကို ရိုက်ပြ၊ ကိုယ့်ထက်အသက်ကြီးသူ၊ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေတွေအကြား မယဉ်ကျေးတဲ့ ကိုယ်ဟန်အမူအရာ၊ စကားလုံး အသုံးအနှုန်းနဲ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တဲ့ အခန်းတွေ ခဏခဏ ထည့်ပြနေတာတွေကိုလည်း မကြည့်ချင်၊ မမြင်ချင်မှ အဆုံးဖြစ်နေပြီ။

ရှေးခေတ်က ထိုးကွင်းမင်ကြောင်လို မဟုတ်တဲ့ တက်တူးဗရပွ၊ နားကွင်း၊ နားပေါက်၊ ဆံပင်ဘီးကုတ်နဲ့ ပိန်ညှောင်ညှောင် အမျိုးသားကလေးတွေ၊ စတိတ်ရှိုးပွဲတွေ၊ နိုက်ကလပ်တွေ၊ ဒေးကလပ်တွေမှာ ပေါင်ရင်းအနားကပ် စကပ်၊ ဘောင်းဘီ၊ အသားကပ် ဘောင်းဘီရှည်၊ အပေါ်ပိုင်း ဗလာကျင်း၊ ချက်ပေါ်၊ ပခုံးကြိုး နှစ်ချောင်းအင်္ကျီ၊ ရင်ညွှန့်ပေါ်နဲ့ တင်ပါးအထက် တက်တူးထိုး မိန်းကလေးငယ်လေးတွေ၊ ပြိုင်ကားကို အိတ်ဇောသံ ကျယ်ကျယ်ထွက်အောင် လီဗာနင်းပြီး မြို့ထဲလမ်းတွေပေါ် အပြိုင်မောင်းနေတဲ့ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်တွေ တွေ့နေရပြီ။

ဘာပဲပြောပြော ဒါတွေက ခေတ်သစ်ကမ္ဘာထဲကို တိုးဝင်တဲ့အခါမှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် ရေစီးကြောင်းတွေ။ ရေစီးကြောင်းဆိုတာ သိပ်တင်းခံလွန်းလို့လည်း မရ၊ ဒလဟော ရေစုန်မျောလိုက်ဖို့လည်း မသင့်တော့ ဒါတွေကို ကိုယ်ခံအား ကောင်းကောင်းနဲ့ အလိုက်သင့် အလျားသင့်ဖြစ်အောင် ချိန်ချိန်ဆဆ စီးမျောတတ်ဖို့ လိုမယ်။ လူမှုကျင့်ဝတ်နဲ့လည်း မညီ၊ ယဉ်ကျေးမှုနဲ့လည်း သိပ်ဖီလာပြုနေတာမျိုးကိုတော့ ကိုယ်ခံအားကောင်းတဲ့ သူတွေမှ ငြင်းဆန်နိုင်တယ်။

ကိုယ်ခံအားကောင်းဖို့ အတွက်ကတော့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကျင့်သုံးတဲ့စနစ်၊ အသိပညာအခြေခံ၊ လူနေမှု အဆင့်အတန်း၊ စီးပွားရေး အခြေအနေ၊ စစ်မှန်တဲ့ ဘာသာရေး အဆုံးအမတွေက ပံ့ပိုးကူညီပေးတယ်။ အဓိက အကျဆုံးကတော့ ကိုယ်တိုင်လုပ်မှ ရမယ် ဆိုတာပဲ။ ကျွန်တော်တို့ တစ်ဦးချင်းစီက ကိုယ့်ဘာသာ တည်ဆောက်ထားရင် ကျွန်တော်တို့ တစ်ဦးချင်းစီက ကိုယ်ခံအားကောင်းနေမှ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းလည်း ကိုယ်ခံအား ကောင်းလာမယ် မဟုတ်လား။

-ကျော်မင်းဆွေ
အယ်ဒီတာ (၉-၇-၂၀၁၄)

မဇ္ဈိမ။ ။
အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လကုန်ပိုင်း၌ စတင်ရိုက်ကူးမည် ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက မဇ္ဈိမကို ပြောသည်။
ယင်းရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်မည့် ကျော်ကျော်မျိုး နှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် ဇာခြည်လင်းတို့ကို သြဂုတ်လအတွင်း၌ ရန်ကုန်သို့ ဇာတ်ကားရိုက်ကူးရန် ခေါ်ယူမည်ဖြစ်သည်။ " ဒီဇာတ်ကားအတွက် နိုင်ငံတကာ အကူအညီကို မယူဘဲ ပြည်တွင်းမှာပဲ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူရပါတယ်။ ဇာတ်ကားတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွေကို ရန်ပုံငွေရှာဖို့ ဇာတ်ကားဖြစ်မြောက်ရေးအ ဖွဲ့ဝင်တွေနဲ့ တစ်ပတ်တစ်ကြိမ် တွေ့ဆုံသွားမှာပါ။ ဘယ်လို အကြောင်းတွေပဲရှိရှိ ဒီဇာတ်ကားကို ၂ဝ၁၅ခုနှစ် အတွင်းတော့ အပြီး ရိုက်ကူးသွားမှာပါ" ဟု ဦးဇော်သက်ထွေးကပြောသည်။

ယင်းဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုးသည် ကျောက်ဆည်မြို့မှ လာရောက် ခြင်းဖြစ်ပြီး ဇာခြည်လင်းသည် ပုသိမ်မြို့မှ ဖြစ်ကာ ယခုအခါတွင် ရန်ကုန်မြို့ကို ရောက်ရှိ လျက်ရှိသည်။ ၎င်းတို့နှစ်ဦးသည် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သရုပ်ဆောင်သင်တန်းတွင် တက်ရောက် သင်ကြားလျက် ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပြည်တွင်း၌ နိုင်ငံခြားအကူအညီ မယူဘဲ ရိုက်ကူးမည်ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ်အတွက် ဘဏ္ဍာငွေရှာဖွေရေးကို ဦးစွာပြုလုပ်သွားမည် ဖြစ်ပြီး စီးပွားရေးအရ ရိုက်ကူးမည်မဟုတ်ပဲ ငွေကြေးထည့်ဝင်နိုင်မှုကို အများပြည်သူကို အသိပေးကြေငြာသွားမည်ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောသည်။

ယင်းဇာတ်ကားရိုက်ကူးမှုတါင်ပြည်ပမှ အကူအညီမယူဘဲ ရိုက်ကူးရခြင်းသည် နိုင်ငံတကာကုမ္ပဏီများက ဗိုလ် ချုပ်ရုပ်ရှင်ဇာတ်ကားကို စီးပွားရေးဆန်ဆန် လုပ်ခြင်းကြောင့် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့်ပြည်တွင်းမှ ဒါရိုက်တာများနှင့်သာ ရိုက်ကူးနိုင်ရန်စီစဉ်ခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကျော်သူကလည်း ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားရိုက်ကူး အသုံးပြုရန် ၎င်း၏ ဖခင်ပိုင်ဆိုင်သည့် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီသို့ အပြီးတိုင်လှူဒါန်းထားသည်။

ယင်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို ချစ်ဦးညို၊၊ ဦးဇော်သက်ထွေး၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင် တို့က ဇာတ်ညွန်းရေးသားပြီး ဇာတ်ညွန်းနှင့် ပတ်သက်သည့် သမိုင်း အထောက်အထားရှာဖွေမှုကို ဦးမော်လင်းနှင့်ဇာဂနာတို့က တာဝန်ယူခဲ့ကြကာ ဇာတ်ကားရိုက်ကူးမှု အပိုင်းကို ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဝိုင်းနှင့် မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့က ရိုက်ကူးသွားမည်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းနှင့် ဇာဂနာတို့ကလည်း ရိုက်ကူးရေးပိုင်း၌် လိုအပ်သည်များ ကိုကူညီပံ့ပိုးပေး မည် ဖြစ်သည်။



Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည် သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။ ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက် ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။

INternet Journal




မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး သစ်ထူးလွင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသော သတင်းမှာ ဆရာတော် ဦးဝီရသူမှ ယင်းသတင်းတင်လျှင် ၂၅သိန်းပေးကာ တင်ခိုင်းထားခြင်းဖြစ်သည် ဆိုသော သတင်းနှင့် ပတ်သတ်၍ ဆရာတော်မှ လုံးဝမဟုတ်ကြောင်းနှင့် ၄င်းသတင်းဓာတ်ပုံမှာလည်း ပြန်လည်ပြုပြင်ထားပြီး တင်ထားသည့်ပုံ ဖြစ်ကြောင်းကို မိန့်ကြားခဲ့သည်။

သစ်ထူးလွင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဆရာတော် ဦးဝီသူရမှ သစ်ထူးလွင်အား နေဆန်းညီနောင်၊ မုဒိမ်းမှု သတင်းအား တင်ပေးပါက ငွေကျပ် ၂၅သိန်းပေးမည်ဖြစ်သည့်အပြင် သတင်း ပေါက်သွားပါက နောက်ထပ် ၁၀သိန်းပေးမည်ဟု ဖုန်းဖြင့် ကမ်းလှမ်းသဖြင့် မတင်ပြန်ရင်လည်း အပြစ်တင်ခံရမည် ဆိုးသောကြောင့် တင်ပေးခဲ့ရာ ယခုလို အခြေအနေ အထိ ဖြစ်သွားကြောင်းကို သစ်ထူးလွင် ဖေ့စ်ဘုတ်တွင် ကိုဒီဆိုသော သူမှ ရေးသားတင်ထားခြင်း ဖြစ်သည်။

“သစ်ထူးလွင်ဆိုတာ ဖြူသလား မည်းသလားဆိုတာလည်း မသိဘူး။ သူကနိုင်ငံခြားမှာ နေတာဆိုတော့ ဘယ်လို ဆက်သွယ်လို့ရမယ် ဆိုတာလည်း မသိဘူး။ ပြီးတော့ အဲဒီမှာ ရေးထားတဲ့ ကိုဒီဆိုတာကိုလည်း မသိဘူး။ ရှင်းရှင်းပြောရရင် ဦးဇင်းက ငွေကုန်ခံပြီး ဒီသတင်းကို သူတို့ကို တင်ခိုင်းမလား။ ဦးဇင်းမှာလည်း ဖေ့စ်ဘုတ်ရှိတာပဲ။ ကိုယ်ဟာကို တင်ရင်တောင် သူထက်ပိုပြီး တစ်နိုင်ငံလုံး ပျံ့နှံ့သွားမှာပါ။ သူတို့ကို ဘာလို့တင်ခိုင်းမလဲ။ ငွေလည်းကုန်တယ်။ အလုပ်လည်း ရှုပ်တယ်။ ပြီးတော့ သူတို့တင်ထားတဲ့ ဦးဇင်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း တွေ့တယ်။ တင်ထားတဲ့ ဓာတ်ပုံက ပြန်ပြုပြင်ထားတဲ့ ဓာတ်ပုံကြီး ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဦးဇင်းကို မလိုလားတဲ့ သူတစ်ဦးက တိုက်ခိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆရာတော် ဦ၀ီရသူမှ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း အပေါ် ဆရာတော်အား မလိုလားသော လူတစ်စုမှ မကြာခဏ ဆိုသလို လုပ်ကြံဖန်တီးမှုများ ရှိနေသည်မှာ အကြိမ်ပေါင်း မနည်းကြောင်း ၄င်းကိစ္စများကိုလည်း အချိန်ယူဖြေရှင်းလျှင် ရှေ့ဆက်သွားရမည့် ခြေလှမ်းများ နှေးကွေးတတ်၍ ပြန်လည် ဖြေရှင်းခြင်းကို မပြုလုပ်ကြောင်း အများအမြင်မှာ မည်သူတွေ မည်သို့ပင် လုပ်ဆောင်ပါစေ ဆရာတော် အနေဖြင့် ဂရုမစိုက်ကြောင်းကို ထပ်မံမိန့်ကြားခဲ့သည်။

tomorrow



အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်အား ပေးဆောင်ရန် အကြွေး မရှိကြောင်း အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က Tomorrowသို့ တရားဝင် ပြောကြားလိုက်သည်။

“ဒီအပေါ်မှာ ပြောချင်တာက အကြွေးပေးစရာ မကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က သြဂုတ်လ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၊ ရွှေမိုးယံ ကုမ္ပဏီနှင့် အာရှကမ္ဘာမြေ ကုမ္ပဏီတို့မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀နီးပါးအထိ ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဆိုသည့် သတင်းအပေါ်တွင် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီအစီရင်ခံစာ အဖွဲ့တွေကို သေချာပြန်စိစစ်ပေးပါလို့ ပြောချင်တယ်။ မီဒီယာတွေကလည်း အမြဲတမ်း မှန်အောင်ရေးဖို့လိုတယ်။ သတင်းတစ်ခုကို ရတယ် ဆိုတာနဲ့ ရေးဖို့မသင့်ဘူး”ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရွှေမိုးယံနှင့် အာရှ ကမ္ဘာမြေ ကုမ္ပဏီ၃ခုတို့သည် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ကျော် ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ် မတ်လ ၁၇ ရက်အထိ ရွှေစင် ၄၆ပိဿာကျော်သာ ပေးသွင်းသည့် အတွက် ရွှေစင်ပိဿာချိန် ၉၆၀နီးပါး ကြွေးကျန် ရှိနေပြီး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှု မရှိသည့် အပြင် ရွှေကြွေးကျန်များ ရှိသော်လည်း အထက်ပါ ကုမ္ပဏီများနှင့် ငါးနှစ်အထိ ထပ်မံ စာချုပ်ချုပ်ဆိုထားခြင်းကြောင့် နိုင်ငံတော် အနေဖြင့် များစွာနစ်နာလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ တစ်ခုမှ ထပ်မံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

tomorrow

နော်ဝေနိုင်ငံ၊ စတီရယ်ဒေါမြို့မှာ သီတင်းသုံးနေထိုင်သောဆရာတော်ဦးထာဝရမှ တောင်တန်းပေါ်ကနေပြီး စတီရယ်ဒေါမြို့ ရှု့ခင်းတွေရဲ့အလှကိုကြည့်ရအောင်လို့ လိုက်ပို့ပေးပါတယ်။ရှုခင်းတွေက အလွန်လှပပါတယ်။နေရာလေးကလည်း အလွန်ငြိမ်းချမ်းလှပါတယ်။ရှုခင်းတွေကြည့်ရင်းနဲ့ ဒီတောင်တန်းကြီး ငါတို့နိုင်ငံမှာဆိုရင် မျိုးချစ်ကြီးတွေက ရောင်းစားပစ်လိုက်လို့ ရှိမှရှိပါ့အုံးမလားလို့ အလိုလိုနေရင်း ခြေထောက်အောက်နင်းထားတဲ့ တောင်တန်းကြီးကို ပြန်ငုံ့ကြည့်နေမိပါတယ်။

ဒီလိုနဲ့ကြည့်ရင်းဓါတ်ပုံရိုက်ရင်းနဲ့ဆက်သွယ်ရေးစက်ကြီးတွေဆီမျက်စိကရောက်သွားပါတယ်။မြို့လေးကသေးသေးလေးဗျာ၊ တပ်ဆင်ထားတဲ့ဆက်သွယ်ရေးတာဝါတိုင်ကြီးတွေကနည်းနည်းနောနောမဟုတ်ဘူးဗျာ၊တကယ်ဆိုဒီမြို့လေးကိုရောက်ဖို့ နော်ဝေနိုင်ငံမြို့တော် အော်စလိုကနေပြီးတော့ အမြန်ရထားနဲ့ ထရွန်းဟိုင်းကို (၇)နာရီကြာအောင်စီးရပါတယ်။ထရွန်းဟိုင်းမြို့ကနေ ဒီမြို့လေးကိုရောက်ဖို့ ၄၅ မိနစ်လောက်ကားထပ်စီးရပါတယ်။အဲဒီလောက်ဝေးတဲ့ နေရာလေးမှာတပ်ဆင်ထားတဲ့တာဝါတိုင်ကြီးတွေကို ကြည့်ပြီး သူတို့နိုင်ငံရဲ့အစိုးရက ဘယ်လောက်တာဝန်ယူမှုတာဝန်ခံမှုအပြည့်အ၀ရှိတယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။

တကယ်ဆို ကျနော်ရဲ့ မွေးရပ်ဇာတိကွမ်းခြံကုန်းမြို့ဆိုတာ ရန်ကုန်မြို့တော်ကြီးကနေ ၃၃ မိုင်လောက်ပဲဝေးတာပါ။တာဝါတိုင်သေးသေးလေး တစ်တိုင်ထောင်တာတောင် ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှထောင်တာဖြစ်ပါတယ်။အဲဒီတော့ မြန်မာ့ဆက်သွယ်ရေး MPT ဆင်းကဒ်ကိုကိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေမှာ တစ်မိနစ်ကို ၅၀ကျပ်ဈေးအကြီးဆုံးပေးကိုင်ရတယ်။ဟိုအရင်နှစ်တွေက ဆင်းကဒ်တစ်ခုကို သိန်း ၂၀၊ ၁၀သိန်း၊ငါးသိန်းထင်သလိုဂုတ်သွေးစုတ်ခဲ့ကြတာ။ ဒီငွေတွေက မြန်မာနိုင်ငံသားတွေအတွက်မဖြစ်တဲ့အပြင် အရှုံးပြနေသေးတယ်တဲ့။ပိုက်ဆံလည်းဈေးကြီးပေးရသေးတယ်။ ဖုန်းစကားပြောပြန်တော့လည်း မကြားတစ်ချက်ကြားတစ်ချက်မို့ ဟလိုကြားလား အော်ရင်းနဲ့ပဲ ပိုက်ဆံတွေက တော်တော်ကုန်နေပြီ။

ဒီမယ်နော်ဝေအစိုးရကတော့ သူတို့နိုင်ငံသားတွေကို အဆင့်မြင့်မြင့် ၀န်ဆောင်မှုကောင်းကောင်းပေးထားပါတယ်။ဒီမှာလည်း တခြားနိုင်ငံက ၀င်လာတဲ့ကဒ်တွေရှိပါတယ်။ နော်ဝေနိုင်ငံသားတွေက သူတို့နိုင်ငံကထုတ်တဲ့ NetCom, Chess စသည့်ကဒ်တွေကိုပဲအသုံးများပါတယ်။

တခြားနိုင်ငံက ကဒ်တွေကိုမသုံးပါနဲ့လို့ အော်မည့်သူလည်းမရှိပါဘူး။အော်မည့်သူပြောမည့်သူမရှိပဲ သူတို့နိုင်ငံက ကဒ်တွေကိုပဲသုံးနေကြတာဘာကြောင့်လဲလို့ ဦးထာဝရကိုမေးကြည့်တော့ ကိုယ့်နိုင်ငံက MPT လို ဟလိုကြားလား ဟလိုကြားလား အော်စရာမလိုဘူး။လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်ဆိုတာလည်းမကြားရ၊လိုင်းမိတဲ့နေရာကိုထပြေးရတဲ့ ဒုက္ခလည်းမတွေ့ရဘူး။ပြီးတော့ သူတို့နိုင်ငံက ကဒ်ကိုသုံးလိုက်လို့ ကုန်သွားတဲ့ပိုက်ဆံတွေကလည်းသူတို့နိုင်ငံသားတွေရဲ့ကျန်းမာရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊တိုင်းပြည်ဖွင့်ဖြိုးတိုးတတ်ရေးတွေမှာ တကယ်ပြန်သုံးဆွဲတာကိုသိနေကြတဲ့အတွက် ခုနကလို ပြည်တွင်းဖြစ်ကိုအားပေးပါ ဆိုင်းဘုတ်တွေဘယ်လိုပါ့မလဲ။

ကိုယ့်နိုင်ငံကတော့သိကြတဲ့အတိုင်း ယနေ့ထိဒီလောက် စိတ်တိုင်းကျ တိုင်းသူပြည်သားတွေဆီက ဂုတ်သွေးစုတ်ထားတောင် အရှုံးပြထားပြီး စားချင်တိုင်းစား ၀ါးချင်တိုင်းဝါးနေကြတာကိုတော့ ဘယ်သူက နွားကျခံနိုင်ပါ့မလဲ။မရှိသုံးပဲသုံးမှာပေါ့။

တိုင်းပြည်ကြီးကို စားရင်းမရှိအင်းမရှိ ရှိတာရောင်းစား ရတာမှန်သမျှအိတ်ထဲထည့် စစ်ဗိုလ်ကြီးတွေ ၀န်ကြီးတွေ သမတ္တတွေကတော့ ချမ်းသာချင်တိုင်းချမ်းသာပြီးသူတို့မိသားစုတွေ နှာစီး၊ချောင်းဆိုးလေးဖြစ်တာတောင် စင်္ကပူကိုပြေးပြီးဆေးကုတယ်။သားသမီးတွေကျတော့ နိုင်ငံခြားမှာကျောင်းထားတယ်။ ပြည်သူမှာစားစရာမရှိဝတ်စရာမရှိ နေစရာမရှိ ဆေးကုစရာမရှိ အောင်လုပ်ထားတဲ့အစိုးရကိုထောက်ခံနေကြမယ်ဆိုရင် ဒီထက်ပိုပြီးဆင်းရဲမွဲတေနေအုံးမှာဖြစ်ပါတယ်။

ဒါကြောင့်ပြည်သူပြည်သားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တွန်းလှန်တိုက်ပွဲဝင်နိုင်ကြပါစေ.........

ပြည်သူပြည်သားများ မသူတော်အစိုးရဘေးမှ အမြန်ဆုံးလွှတ်မြောက်ကြပါစေ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Extra-supermoon Day
10-8-2014
5:33 am

ဒီနေ့ညဟာ Supermoon Day ဖြစ်ပါတယ်။ နေ၊လ၊ကမ္ဘာ တို့ တစ်တန်းတည်းကျတဲ့ အနေအထားရောက်နေမယ့်အပြင် လဟာကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးဖြစ်တဲ့ 221,765 miles (356,896 kilometers) အကွာကိုရောက်လာတော့မှာဖြစ်တယ်။ ပုံမှန်ထက် မိုင်(၃၀၀၀၀)လောက် ပိုနီးလာပါမယ်။ဒီအချိန်မှာ လမင်းကြီးဟာ ပုံမှန်ထက် ၁၆% ပိုကြီးလာပြီး၊၃၀%ပိုတောက်ပလာမှာဖြစ်ပါတယ်။အခြား supermoon ဖြစ်စဉ်တွေထက် August 10 2014 မှာဖြစ်ပေါ်မယ့် supermoon က လဟာ ကမ္ဘာနဲ့အနီးဆုံးဖြစ်လို့ ဒီ supermoon ကို extra-supermoon လို့တောင် ခေါ်ကြ ပါတယ်။ ဒီနေ့လမင်းကြီးရဲ့အလှပဆုံးအချိန်ကို လပြည့်ချိန် 18:10 UTC (00:40 MST ၁၁-၈-၂၀၁၄)ျမှာ တွေ့ကြရပါမယ်။ လမင်းကြီးဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ တည့်တည့် ကျရောက်နေမှာဖြစ်ပြီး ဒီနေ့လို extra-supermoon မျိုးကို နောက်တစ်ကြိမ်အဖြစ် ၂၀၃၄ ခုနှစ် မှာမှ တွေ့မြင်နိုင်ကြမှာဖြစ်ပါတယ်။

Supermoon ဖြစ်စဉ်နဲ့အတူ ပွဲထွက်လာမှာကတော့ Meteor Showers တွေပါဘဲ။ တစ်နာရီကို shooting stars 100 နှုန်းလောက်နဲ့ ကောင်းကင်ယံမှာ ပွဲဆင်ယင်ကျင်းပနေမယ့် ဒီညမှာ အကောင်းဆုံးတွေ့နိုင်တဲ့အချိန်ကတော့ နံနက်(၂)နာရီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ၀ါသနာရှင်တွင်၊လေ့လာသူတွေ၊ ပညာရှင်တွေ၊ အများပြည်သူတွေဟာ ဒီနေ့ညမှာအဝေးကြည့်မှန်ပြောင်းတွေ၊ ဓါတ်ပုံရိုက်ကရိယာတွေနဲ့" ငွေစန္ဒာလရထား" ရဲ့အလှပြပွဲကို အမိအရ ရိုက်ယူကြည့်ရှုကြတော့မယ်။

အဲဒီလို လမင်းကြီးက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဆီကို အနီးကပ်ဆုံးအကွာအဝေးအထိ ချဉ်းကပ်လာပြီး ကမ္ဘာသူကမ္ဘာသားတွေကို နှုတ်ဆက်နေတဲ့အခိုက် တကမ္ဘာလုံးက လူသားတွေ က သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံမှာတော့ ပရိတ်တွေရွတ်ရ၊ အသံချဲ့စက်တွေနဲ့အော်ရ၊လူတွေဟာလည်းမြေငလျင်တွေ လှုပ်တော့မယ်၊ဆူနာမီတွေဖြစ်တော့မယ်၊မုန်တိုင်းတွေဝင်တော့မယ်နဲ့ ကျီးလန့်စာစားခြောက်ခြောက်ခြားခြားဖြစ်နေကြပြီးမကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့ကြရတော့မယ့်အလား ဖြစ်နေကြရတာကိုမြင်ရလေတော့ ကျွန်တော်လေ
"လမင်းကြီးကို အားနာလိုက်တာဗျာ။"

မောင်ထွန်းလွင်(မိုးလေ၀သ)

အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။

လိုက်ဘေးရီးယားနဲ့ Sierra Leone နိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်တယ်လို့ ဂီနီနိုင်ငံက စနေနေ့က ကြေညာပါတယ်။ ဒီနိုင်ငံ ၃
နိုင်ငံလုံးမှာ Ebola ကြောင့် သေဆုံးသူပေါင်း တစ်ထောင်နီးပါး ရှိနေပါတယ်။

နောက်ဆုံးသေဆုံးသူတွေထဲကတယောက်က စပိန် Catholic သာသနာပြုအဖွဲ့နဲ့ လိုက်ဘေးရီးယားမှာ လုပ်အားပေးနေတဲ့ Congo သီလရှင် တယောက်ဖြစ်ပါတယ်။ Nigeria နိုင်ငံမှာလည်း Ebola ကြောင့် သေဆုံးသူ ၂ ယောက်ထက် မနည်းရှိပါပြီ။

ရောဂါပြဿနာကို ကိုင်တွယ်နိုင်ရေး နောက်ထပ်ဘဏ္ဍာငွေသုံးစွဲနိုင်ဖို့ လိုက်ဘေးရီးယား၊ Sierra Leone၊ ဂီနီနဲ့ Nigeria နိုင်ငံတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာထားပါတယ်။ အနောက်အာဖရိကမှာ အခုပျံ့နှံ့နေတဲ့ Ebola ရောဂါကူးစက်မှုဟာ အရင်ဒီ Virus ကြောင့် ကူးစက်မှုတွေအားလုံးထက်ကို ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ကူးစက်နေတာဖြစ်ပါတယ်။ ဒီရောဂါကုသနိုင်ဖို့ ကုသနည်းရော ဆေးဝါးပါ မရှိသေးပါဘူး။

VOA



ဝန်ကြီးဆိုတာ ကိုယ်တာဝန်ယူရတဲ့ ဌာနမှာ တာဝန်ကျေရမယ်။ တာဝန်မကျေ၊ အချိန်တွေကုန်နဲ့ အလုပ်မဖြစ်နိုင် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မွန်ပြည်နယ် မော်လမြိုင်မြို့ကို တစ် ခါက ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဒေါ်မြသန္တာတို့နဲ့အတူစာပေခရီး ကျွန်တော် လိုက်သွားပြီး ရန်ကုန်ကို အဝေးပြေးကား အ၀င်မှာ အိမ်ကိုပြန်ဖို့ အငှားတက္ကစီကား ငှားစီးခဲ့ပါတယ်။ ကားဆရာက လူငယ်ပါ။ အဲဒီတုန်းက န.အ.ဖ စစ်အစိုးရက ကျင်းပ ပေးမယ်ဆိုလာပြန်တဲ့ အထွေထွေရွေး ကောက် ပွဲကလည်း နီးပြီမို့ တချို့လမ်းထောင့်၊ လမ်းကွေ့၊ လမ်းထိပ်တွေမှာ ဗီနိုင်းဆိုင်း ဘုတ်တွေထောင်ကြ၊ မဲဆန္ဒရှင်တွေကို ကြိုဆိုမဲဆွယ်ကြတဲ့ အရေးအသားစာတန်းလေး များကလည်း နေရာ အနှံ့ပေါ့။ ကျွန်တော့် ရဲ့ကားဆရာလူငယ်လေးကတော့ စကားပြောတာ ရှင်းတယ်။ ပြတ်သားတယ်။

““ဒီတိုင်းပြည်မှာ ကျွန်တော့်ကို မင်းကို ၀န်ကြီးနေရာပေးမယ်၊ မင်းလုပ်မလား”” လို့မေးရင် ““မလုပ်ချင်ဘူး”” လို့ပဲပြောလိုက်မယ်တဲ့။ ဘာဖြစ်လို့လဲလို့ ကျွန်တော်က မေးတော့ ““၀န်ကြီးဆိုတာ ကိုယ်တာဝန် ယူရတဲ့ဌာနမှာ တာဝန်ကျေရမယ်လေ။ ၀န်ထမ်းတွေကအစ ပေါ့တီးပေါ့ဆနဲ့တာဝန်မှ မကျေကြတာ။ ကျွန်တော်ပါရောပြီး သူတို့ လိုပဲ တာဝန်မကျေ၊ အချိန်တွေကုန်နဲ့ အလုပ်မဖြစ်နိုင်ပါဘူးဗျာ””တဲ့။ သူနဲ့ဆက် ပြီးစကားစပ်မိတော့ ပထမဆုံး သူပြောပြ တာက သူ့အဘွားရဲ့ကိုယ်တွေ့ကိစ်္စ။ သူ့ အဘွားက အသက် ၈၆ နှစ်တဲ့။ တစ်ရက် မှာတော့ မနက် စောစောအိပ်ရာထပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းအ၀င်မှာ မတော် တဆချော်လဲကျသတဲ့။ ပေါင်ကျိုးသွားတာ နဲ့ ဆေးရုံတင်ကြရ တယ်။ ဆေးရုံပေါ်မရောက် ခင်အ၀င်ဝမှာ ပိုက်ဆံတစ်ခါပေးရတယ်။ …လူနာကို တွန်းလှည်းနဲ့ သယ်တော့ ပိုက်ဆံ ပေးရတယ်။ လမ်းလုံးဝမလျှောက်နိုင်တဲ့ လူနာဆိုတော့ အပေါ်ထပ်တက်ဖို့ ဓာတ် လှေကား သုံးရတော့လည်း ပိုက်ဆံပေးရ တာပဲ။ လူနာဆောင်ခန်းထဲ ၀င်ရတော့မယ့် ဆဲဆဲမှာ အခန်းဝက ထိုင်စောင့်နေ တဲ့ အစောင့်ကိုလည်း ပိုက်ဆံပေးရတာပေါ့။ ဒါနဲ့ အဆောင်ခန်းထဲရောက်သွားတယ်။ လူနာခုတင်ရဖို့ ပေးလိုက် ရပြန်ပြီ။ လူနာ အပေါ့အပါးသွားချင်လို့ သူ့ကိုလိုက်ပို့တဲ့ သူထဲကလည်း သန့်စင်ခန်းခဏလောက် ၀င်ချင်လို့။ အဲဒီလို ၀င်ချင်ရင်လည်းပိုက်ဆံ နဲ့ပဲပေါ့။ ခုတင်ရပြီ။ လူနာလည်း ခုတင် ပေါ်ရောက်နေပြီ။ ဘယ်သူမှတော့ လာ မကြည့်သေးပါဘူး။ ဆေးရုံအနေအထားကို ကြည့်လိုက်တော့လည်း တော်တော်အိုမင်း ဟောင်းနွမ်းနေပြီပဲ။ စာတွေကလည်း နေရာအနှံ့မှာ ကပ်ထားပါလား။ စရိတ်မျှပေး ကျန်းမာရေးတဲ့။ နောက်ထပ်ကပ်ထားတဲ့ စာတန်းတချို့ကတော့ ဆေးရုံ ဆိုတာနဲ့လုံးဝ မအပ်စပ်သလိုပဲ။ ဆေးရုံမှ ဟုတ်ပါရဲ့လား လို့တောင် စဉ်းစားစရာ စာတန်းပေါ့။ ဘာတဲ့။ မလိုအပ်ဘဲ မီးမသုံးပါနဲ့တဲ့။ ဆေးရုံ ဆိုတာ လျှပ်စစ်မီးအဓိကပဲလေ။ လူနာ တွေ၊ လူနာ စောင့်တွေ၊ သူနာပြုတွေ၊ ၀န် ထမ်းတွေ၊ ဆရာဝန်တွေအတွက် လျှပ်စစ် မီးဟာ ၂၄ နာရီ အမြဲလိုအပ်နေတာပဲ မဟုတ်လား။ ဒီစာတန်းကြီးကတော့တော် တော်ကိုးရိုးကားရား နိုင်လွန်းလှတယ်။ ဒီ လိုနဲ့ အတော်ကြီး ကြာတဲ့ အထိ လူနာခုတင်ကို ဘယ်သူနာပြုမှ လာမကြည့်ကြသေး တော့ အဘွားကြီးရဲ့ မြေးမလေးတစ် ယောက် က ဘေးခုတင်က လူနာစောင့် အမျိုးသမီးကို အကျိုးအကြောင်း မေးကြည့် တယ်တဲ့။ ဟုတ်ပြီ။ ဒီလိုပါလားပေါ့။ ဒါနဲ့သူနာပြု ဆရာမတွေ ထိုင်နေတဲ့ အခန်း ထဲဝင်သွားလိုက်တယ်။

““အပ်မှာလား””လို့ တစ်ယောက်က မေး တယ်တဲ့။ ““ဟုတ်ကဲ့ အပ်ပါ့မယ်””လို့ပဲ ပြောလိုက်ရတော့ တယ် တဲ့။ ကလေးကို ကျောင်းအပ်သလိုမျိုး ဆို ပါတော့။ ခုလည်း လူနာအဘွားကြီးအတွက် ပိုက်ဆံနဲ့ပဲ သူတို့လက်ထဲအပ်လိုက်ရပြီ။ အဲဒီလိုနှစ်ဦးနှစ် ဖက် စကားပြောဆိုသဘော တူ လူနာအပ်နှံပြီးကြတော့မှ ခုတင်ပေါ်က လူနာကိုလာကြည့်တဲ့ အခန်းကဏ္ဍက စ လှုပ်ရှားမှု ရှိလာပါတော့တယ်။ ဆရာဝန်၊ သူနာပြုပြီးတော့ ကုသမှုအပိုင်း၊ ဒါတွေက သူ့အပိုင်းနဲ့သူ ငြိမ်သက် နေကြတဲ့ စက်ရုပ် တွေကို သံပတ်ပေးလိုက်သလိုပါပဲ။ သူ့ ကဏ္ဍနဲ့သူ အသက်ဝင်လာကြတယ်။ ဟန်ချက် ညီညီလှုပ်ရှားလာကြတယ်။ ဆေးဝယ်ဖို့ ရေးပေးသမျှဆေးတွေ ဆင်းဝယ်လိုက်ရ တာလည်း ခဏခဏ။ ၀ယ်ပြီး တာနဲ့ ဆရာမတွေလက်ထဲသွားအပ်ထားရတယ်။ ၀ယ်တဲ့အရေအတွက်နဲ့ လူနာကိုတိုက်တဲ့ ဆေး၊ ထိုးပေးတဲ့ ဆေး အရေအတွက်ကျတော့ နေ့စဉ်နေ့တိုင်း ၀ယ်နေရတဲ့ဆေးတွေရဲ့ အရေအတွက်က ပိုပြီးများသထက်များ လာတာကို လူနာစောင့်တွေက သိကြတယ်။ ဒါပေမဲ့ သူတို့နဲ့ အပြောအဆိုပိုင်းက အစပြဿနာ ဖြစ်သွားရင် ကာယကံရှင် လူနာပဲ အထိပိုနာလိမ့်မယ်။ အဘွားကြီးကို ခွဲစိတ်ကုသရတယ်။ ကျိုးသွားတဲ့ ပေါင်ရဲ့ နေရာမှာ စတီးလ်ချောင်းထည့်ရတယ်တဲ့။ ““ကုန်လိုက်တဲ့ ပိုက်ဆံတွေဆိုတာ ဆရာရယ်””လို့ ကျွန်တော့်ဘေးမှာ စတီရာ ရင် ကိုင်ရင်း တဖွဖွပြောပြနေတဲ့ တက္ကစီသမားလေးက သူ့အဘွားဆေးရုံ တင်ရတဲ့ကိစ္စမှာ ပိုက်ဆံ ဘယ် လောက်ကုန်သွားသလဲဆိုတာ ဆက်ပြောတော့ ကျွန်တော်တောင် မတော်တဆ လမ်းသွားရင်ချော်လဲတာ၊ အဆစ်လွဲတာ မဖြစ်ပါရပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်း လိုက်မိတယ်။ အသိတရားတစ်ခုကတော့ ပိုက်ဆံမရှိရင် သွားပြီဆိုတဲ့ အသိတရားပါပဲ။

တက္ကစီမောင်းသမားလေး ဆက်ပြော ပြတာကတော့ ပိုပြီးကြောက်လန့်တုန်လှုပ် စရာကောင်းတယ်။ ဆေးရုံကိစ္စပဲ။ သူ့မိတ်ဆွေ လူငယ်လင်မယားရဲ့ကိစ္စ။ မိန်းမ ဖြစ်တဲ့သူကို ဆေးရုံ အရေး ပေါ်တင်လိုက်ရတဲ့ သူ့သူငယ်ချင်းကိစ္စ။ အဲဒီတုန်းက သူ့သူငယ်ချင်းကလည်း ရပ်ကွက်ထဲမှာ ရုတ်တရက်ကြီး အလောတကော ပိုက်ဆံ လိုက်ရှာတာ ရသင့်သလောက်မရဘူး။ လူနာဆေးရုံပို့တာရယ်၊ ပိုက်ဆံရှာဖို့ ရပ်ကွက် ကို ပြန်လာတာရယ်ကအစ သူ့ကားကိုပဲ သုံးထားပေမယ့် သူငယ်ချင်းဖြစ်နေတော့ ကားခလည်း မတောင်း မိပါဘူး။ တောင်းဖို့ ကလည်း ဘယ်ပြောထွက်ပါ့မလဲ။ သူငယ် ချင်းလင်မယားက လင်ရော မယားရော သင်္ဃန်း ကျွန်းဘက်က အမွှေးတိုင်လုပ်တဲ့ စက်ရုံမှာနေ့စားလရှင်းဝင်လုပ်နေတဲ့ လင်မယား။ ပြီးတော့ ဒဂုံမြို့သစ်က ရပ်ကွက် တစ်ခုမှာသူများ အိမ်ငှားနေကြရတာ။ သား သမီးတော့ မထွန်းကားသေးဘူး။ ဒါပေမဲ့ ရရစားစားပဲပေါ့။ ငွေပိုငွေလျှံ ဘယ်ရှိကြပါ့မလဲ။ ဒီတော့ မိန်းမဆေးရုံတင်လိုက်ရပြီ ဆိုရင်ပဲ မျက်ကလဲဆန်ပျာ ယောင်တိ ယောင်ချာနဲ့ ပိုက်ဆံလိုက်ရှာရတာ ထင် သလောက် ခရီးမပေါက်ရှာပါဘူး။

““ကျွန်တော့်သူငယ်ချင်းက ဆေးရုံနဲ့ ရပ်ကွက်နဲ့ကို ကူးချည်သန်းချည်နဲ့ နှစ်ခေါက် ကျတယ်။ ကျွန်တော် ကား မောင်းပြီး ပို့ပေးနေရတာ။ ကုန်ကုန်ပြောမယ် ဆရာ။ သူ့အိမ်မှာ ရှိသမျှ အိုးခွက်ကအစ သူသွား ပေါင်ရတာ ကျွန်တော့်မျက်မြင်ပဲ။ ကျွန် တော်လည်း ကားခမယူတော့ပါဘူး။ ပြီးတော့ ကျွန်တော့်မှာရှိတဲ့ ခြေစောင့် လက် စောင့်ပိုက်ဆံထဲက နည်းနည်းဖဲ့ပြီး သူ့ကို ကူညီလိုက်သေးတယ်။ ဆေးရုံ တင်ရတာ ဘယ်လောက် ကြောက် စရာကောင်းလဲဆိုတာ ကျွန်တော်ပြောပြမယ်။ လူနာနော်။ သူ့မိန်းမလူနာကျတော့ ကျွန်တော်တို့ အဘွားတုန်း ကလို ရက်ချိန်းယူပြီး ခွဲစိတ် ခန်းထဲဝင်ရတာ မဟုတ်ဘူး။ အရေးပေါ် ချက်ချင်း ခွဲစိတ်ခန်းထဲဝင်ရမယ့် ကိစ္စ။ လူ နာကတော့ ခွဲစိတ်ခန်းထဲရောက်သွားပြီ။ ဒီဇယ်ဖိုး။ ညဘက်ကြီးဆိုတော့ မီးစက် နှိုးပြီး ခွဲစိတ်တဲ့အခါ မီးစက် အတွက်လို အပ်မယ့်ဒီဇယ်ဖိုး။ အဲဒီလိုအပ်မယ့် ဒီဇယ် ဖိုးကို လူနာရှင်ဘက်ကပေးမှာလား။ မပေးဘူးလား ဆိုတဲ့အဖြေကို စောင့်နေကြသေး တယ်။ ကျွန်တော်စိတ်မရှည်ဘူး။ ပေး မယ်ဗျာ။ ကျွန်တော့်သူငယ်ချင်း မပေး နိုင်ရင် ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ လုပ် စရာရှိတာသာ အမြန်လုပ်ကြပါတော့ဗျာ လို့ ပြောလိုက်တော့မှ ဆရာရေ့”” ဆိုပြီး တညည်းညည်း တညူညူနဲ့ သူပြောပြနေတာ နားထောင်ရင်း ကျွန်တော့်စိတ်ထဲမှာ တော် တော့် ကို ကုန်ခန်းသွားခဲ့ရတယ်။ တက္ကစီသမား လူငယ်လေးပြောတာလည်း မှန်ပါ တယ်။

““ဆရာစဉ်းစားကြည့်လေ… ဘာ တာဝန်တွေမှမကျေတဲ့ နေရာလေး တစ် နေရာရလို့ဆိုပြီး ကျွန်တော် ၀န်ကြီး တက် လုပ်မယ်ဆိုရင် ကျွန်တော့်လောက် စိတ် ဓာတ်အောက်တန်းကျတာ ရှိပါဦးမလား ဗျာ””တဲ့။ အိမ်ရှေ့ ရောက်လို့ ကားပေါ်က ဆင်းပြီး သူ့ကို လက်ပြနှုတ်ဆက် ကျန်ရစ် ခဲ့တဲ့အခါမှာ ကျွန်တော်နားလည် လိုက်ရ တာကတော့ ““ဒီနေ့ လူငယ်လေးတွေကို တာဝန်ကျေနိုင်မယ့်သူတွေက လက်တွေ့ ကျကျယုံကြည်မှုေ ပးနိုင်မှ လူငယ်လေးတွေကလည်း ဘယ်သူတွေကိုမှရွေးပြီး ယုံကြည်ရမယ်ဆိုတာ နားလည်သဘော ပေါက်နေကြ ပါပြီ”” ဆိုတာပါပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန

ယခုရှိနေသော တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ ရွေးကောက်ပွဲ ကော်မရှင် တို့ဟာ မဟာဗျူဟာ ကျကျ ရေးဆွဲ ထားခြင်းဖြစ် . . . အစိုးရထဲတွင် ၀န်ကြီး အပြောင်းအလဲ၊ ရာထူးအပြောင်းအလဲ၊ တာဝန် အပြောင်း အလဲ စသည် တို့မှာ ရုတ်တရက် ဖြစ်ပေါ်လာသော အစီအစဉ်မဲ့ တာဝန်ပေးခြင်း မျိုး မဟုတ် . . . ၀န်ကြီးပြောင်း လဲ သွား၍လ ည်း အစိုးရအဖွဲ့၏ ဦးတည်ချက်နှင့် မူဝါဒများ ပြောင်းလဲသွားခြင်းမဟုတ် . . . နောက်ဆုံး သမ္မတ ပြောင်း လဲသွားသည့်တိုင် ယခုအစိုးရ၏ မူဝါဒမှာ ပြောင်းလဲသွားမည်မဟုတ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ နုတ်ထွက်သွားသည်နှင့် ပတ်သက်ပြီး ရုပ်သံဌာနတစ်ခုက မိမိနှင့်တစ်နေ့က အင်တာဗျူးဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နေရာတွင် ဒုဝန်ကြီးဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ပြုရန် သမ္မတက လွှတ်တော်သို့ တင်သွင်း ခဲ့သည်နှင့် ပတ်သက်၍လည်း မေးမြန်းခဲ့သည်။ ပြန်ကြားရေး ၀န်ကြီးဌာန က အပြောင်း အလဲဖြစ်သွားသောကြောင့် အကောင်းဖြစ် လာမလား။ အဆိုးဖြစ်လာမလား။ ၂၀၁၅ ရွေးကောက် ပွဲအတွက် ပြည်ခိုင်ဖြိုးအစိုးရက ၀န်ကြီးအပြောင်းအလဲ လုပ်တာရော မဖြစ်နိုင်ဘူးလား။ ၀န်ကြီးအပြောင်းအလဲ များသည် တိုင်းပြည်အတွက် အကျိုးရှိနိုင်ပါသလား စသည်ဖြင့် မေးဖြစ်၊ ဖြေဖြစ်ခဲ့ပါ သည်။

၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက နောက်တက်လာသော အစိုးရအဖွဲ့သစ်မှာ ယခင်အစိုးရက စီစဉ်သတ် မှတ်ပေး လိုက်သည့် အတိုင်းအစိုးရအဖွဲ့သစ်အဖြစ် တိုင်း ပြည်အာဏာယူလိုက်သည်မှာ စစ်ဗိုလ်ချုပ် များသာ ဖြစ်သည်။ ပြည်တွင်းမှ တချို့နိုင်ငံရေးသမားများ၊ သမိုင်းဖြစ်စဉ်နှင့် အတိတ်ကို သုံးသပ်နိုင်စွမ်းမရှိသော၊ အပေါ်ယံ ပြောင်းလိုက်သည်နှင့် အတွင်းအနှစ်သာရ ပါပြောင်းသွားပြီဟု ခပ်တိမ်တိမ် အတွေးရှိ သူများက အပြောင်းလဲကြီးပြောင်းလဲပြီဟု ယူဆခဲ့ကြသည်။ အမှန်မှာ ယခုအာဏာရ နေသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်မှာ အနှစ်သာရအရ အပြောင်းအလဲမရှိပေ။ …ယခင် စစ်ခေါင်း ဆောင်များနှင့် သူတို့၏ ကြိုးကိုင်အဖွဲ့က အစီအစဉ်ရေးဆွဲပြီး သူတို့လူများကိုပင် တာဝန်ပြောင်းပေးလိုက်ခြင်းသာ ဖြစ်၏။ တစ်နည်းပြောရလျှင် ယခင်စစ်အာဏာ ရှင်ခေတ်၊ စစ်ဗိုလ်ချုပ်များဖွဲ့စည်းထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ တစ်ဖြစ်လဲ ပြည်ခိုင် ဖြိုးပါတီက ယခင် စစ်အာဏာရှင်ဟောင်း များနှင့် လက်ဝါးရိုက်စီစဉ်ကာ ယခုအစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီကသူတို့၏ ဥက္ကဋ္ဌ ယခုအရပ်သား ဦးသိန်းစိန်၊ ယခင် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် သမ္မတ အဖြစ် တာဝန်ပေးလိုက်သည်။ သူက၀န်ကြီး ဌာနနှင့် ၀န်ကြီးများကို ခန့်အပ်လိုက်၏။ ထိုသို့ ခန့်အပ်ရာတွင်လည်း ယခင်စစ်အစိုးရက ဗိုလ်ချုပ်ကြီးများနှင့် တိုင်ပင်ကာ တာဝန်ပေးခြင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရာတွင်လည်း ပထမကာကွယ်ရေးဦးစီး ချုပ်အဖြစ် နာမည်ထွက်နေသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် ဖြစ်သည်။ အမှန်တကယ် ကာကွယ်ရေးဦးစီး ချုပ်ခန့် အပ်လိုက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်နေလေသည်။ ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုပြီး လပိုင်း၊ နှစ်ပိုင်းအတွင်း ရာထူးတိုးသွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ စစ်တပ်ပိုင်း၊ အစိုးရ ပိုင်း၊ တရားရေးပိုင်း စသည်စသည်ဖြင့် တာဝန်အသီးသီးကို စနစ်တကျ ရေးဆွဲ သတ်မှတ်ပြီးမှသာ အာဏာ အပ်လိုက်ခြင်း ဖြစ်၏။ ထိုသို့ အာဏာအပ်ဖို့ကို အမျိုးသားညီလာခံ ကျင်း ပကာ စီစဉ်ကြသည်။ ထိုညီလာခံတွင်ပင် ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲ ခဲ့လေသည်။ ထို့ကြောင့် စစ်အစိုးရခေတ် လွန် လက်ရှိအစိုးရတွင် တာဝန်ယူသူမှန် သမျှမှာ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများ စသည့် စစ်တပ်မှ ဗိုလ်ချုပ်ကြီး များဖြစ် သောကြောင့် အရပ်ဝတ်ထားသော စစ်တပ်မှ လူများဖြစ်သည်ကို ငြင်းကွယ်၍ မရနိုင်ပေ။

အုပ်ချုပ်ရေးအဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း စသဖြင့် အဖွဲ့အစည်းအသင်း အပင်းအားလုံးတွင် စည်းကမ်း အတင်းကျပ် ဆုံးနှင့် စနစ်အကျဆုံး ဖွဲ့စည်းထားသော အဖွဲ့အစည်းမှာ စစ်တပ်ဖြစ်၏။ မည်သည့် နိုင်ငံ၊ မည်သည့် ဒေသတွင်မဆို စစ်တပ် ဖွဲ့စည်းလျှင် စည်းကမ်းအတင်းကျပ်ဆုံး၊ စနစ်အကျဆုံး ဖွဲ့စည်းပုံများဖြင့် အထက်မှ အောက်သို့ အမိန့်နာခံအောင် ဖွဲ့စည်းထားသည်။ ကမ္ဘာပေါ်တွင် စစ်တပ်လောက် စနစ်ကျသော အဖွဲ့အစည်းမရှိပေ။ စစ်ဆင်ရေးက အစ၊ မိမိတို့လုပ်ငန်းစဉ် အားလုံးကို အသေအချာစီစဉ်ပြီးမှ လုပ်ဆောင်လေ့ ရှိသည်မှာလည်း စစ်တပ်က ဖွဲ့စည်းပေးလိုက်သော စစ်တပ်အနွယ်အဖွဲ့အစည်းအားလုံးမှာ ထိုအတိုင်းပင်ဖြစ် ပါသည်။ ထို့ကြောင့် ယခု မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့သစ်မှာ ယခင်စစ်အစိုးရက ဖွဲ့စည်းပေးလိုက်သော အစိုးရ ဖြစ်သည်။ ယခင်စစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးများက line up ကစ ဆွဲပေးလိုက်သော ၀န်ကြီးအဖွဲ့နှင့် လွှတ်တော် လည်း ဖြစ်ပါ သည်။ လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ အမတ်အများစုရအောင် အစကတည်းက အစီအစဉ် ဆွဲပြီးသားဖြစ်၏။ ရွေးကောက်ပွဲ မနိုင်နိုင်အောင်လည်း ကြိုးစားအားထုတ်ခဲ့ သည်။ လွှတ်တော်များတွင် တာဝန်ယူဖို့လည်း ယခင်ကတည်းက တာဝန်ခံများ သတ်မှတ်ပြီးဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဆိုသည်ကို လည်း ၂၀၀၈ ဖွဲ့စည်းပုံထဲတွင် အဓိက ပုဒ်မအဖြစ် ထည့်သွင်းရေးဆွဲကာ သတ်မှတ်ပြီး ဖြစ်သည်။ ထို့ကြောင့် ယခုရှိနေ သော တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်တို့ဟာ မဟာ ဗျူဟာကျကျ ရေးဆွဲထားခြင်းဖြစ်သည်။

ထို့ကြောင့်အစိုးရထဲတွင် ၀န်ကြီးအပြောင်း အလဲ၊ ရာထူး အပြောင်း အလဲ၊ တာဝန် အပြောင်းအလဲစသည်တို့မှာ ရုတ်တရက် ဖြစ်ပေါ်လာသော အစီအစဉ်မဲ့ တာဝန်ပေး ခြင်းမျိုး မဟုတ်ပေ။ ၀န်ကြီးပြောင်းလဲ သွား၍လည်း အစိုးရအဖွဲ့၏ ဦးတည်ချက် နှင့်မူဝါဒများ ပြောင်းလဲ သွားခြင်း မဟုတ်ပေ။ နောက်ဆုံး သမ္မတ ပြောင်းလဲသွားသည့်တိုင် ယခုအစိုးရ၏မူဝါဒမှာပြောင်းလဲ သွားမည်မဟုတ်။ သူတို့၏မူဝါဒမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုအကာအကွယ်ပေးရေးနှင့် စစ်အာဏာရှင်တို့၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးရေး ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် သူတို့အကျိုးစီးပွားအတွက် သူတို့ မွေးထားသော ခရိုနီများနှင့် ဆက်လက်တွဲကာ ပြည်သူကို အရိုးအရင်းကျွေးပြီး စစ်အုပ်စုအကျိုးစီးပွား မပျက်ရေးပင် ဖြစ်ပါ သည်။ ထိုတာဝန်မှာ သူတို့အတွက် အရေးအကြီးဆုံး “ဒို့တာဝန်” ဖြစ်၏။ ထို့ ကြောင့် ၀န်ကြီးအပြောင်းအလဲ၊ အထူး သဖြင့် ပြန်ကြားရေးဝန်ကြီးဌာနအပြောင်း အလဲနှင့်ပတ်သက်ပြီး စာနယ်ဇင်းသမားများ မည်မျှအကျိုးရှိ မလဲ။ အကျိုးယုတ်မလဲဆိုသည့် မေးခွန်းကို ခပ်ရိုးရိုးပင် ဖြေကြားခဲ့ပါသည်။

““ဦးအောင်ကြည် နုတ်ထွက်ပြီး ဦးရဲထွဋ်ကို ၀န်ကြီးအဖြစ် တာဝန်ပေးလိုက်တာနဲ့ စာပေလောကသားတွေ အတွက် ပြောင်းလဲသွားမယ်။ အခြေအနေတွေ ထူးခြားသွားမယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဦးအောင်ကြည် ဟာ ယခင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်ပေးခံရတဲ့သူပဲ။ ဥပမာ ဦးကျော် ဆန်းဆိုပါတော့။ ဦးကျော်ဆန်း ဟာ စစ်အစိုးရ လက်ထက်ကလည်း ပြန်ကြားရေး ၀န်ကြီးပဲ။ အစိုးရသစ်လက်ထက်မှာလည်း ပြန်ကြားရေး ၀န်ကြီးပဲ။ အရေခွံပြောင်းတာ ပဲရှိတယ်။ အနှစ်သာရကတော့ စစ်တပ်က လာတဲ့ စစ်ဗိုလ်ချုပ်ပါပဲ။ စာနယ်ဇင်း လောကသားတွေက ဦးကျော်ဆန်းကိုအပြစ် ပုံချကြတယ်။ အမှန်က အထက်ကချပေးတဲ့ မူဝါဒအတိုင်း ဦးကျော် ဆန်း လုပ်ရတယ်။ နောက် ဦးကျော်ဆန်းကို သမ၀ါယမ၀န်ကြီး ဌာနပြောင်း၊ ဦးအောင်ကြည်ကို ပြန်ကြား ရေးဝန်ကြီး ပြောင်းခန့်ခဲ့တယ်။ ဦးအောင်ကြည်ဟာ Moderade ဖြစ်တယ်။ ညင်သာ ပျော့ပျောင်းမယ်။ ဦးကျော်ဆန်းထက်ပိုပြီး ပျော့ပျောင်းမယ်လို့ ယူဆခဲ့ကြတယ်။ သူ့ လက်ထက်မှာ စာပေစိစစ်ရေးဆိုတာကို ဖြုတ်ပေးလိုက်တယ်။ အဲဒီတော့ ရေးသား ရတာလွတ်လပ်လာတယ်။ ပုဂ္ဂလိကသတင်း စာတွေလည်း ပေါ်လာတယ်။ ဒါပေမဲ့ ထူး ခြားတဲ့မူဝါဒကြီး ပြောင်းလဲသွားတာတော့ မဟုတ်ဘူး။ လွတ်လပ်စွာ ရေးသား ထုတ်ဝေ လာကြတယ်။ ယခင်စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ဖွင့်ချ၊ အစိုးရရဲ့ အပြောနဲ့ အလုပ် မညီတာတွေကို ရေးသားလာကြတဲ့ အခါ ဦးအောင်ကြည် လက်ထက်မှာလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်းကို တင်သွင်းလာတယ်။ ဒါ ဟာ စာပေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပထမဆုံး ဖိနှိပ်လာတာပါပဲ။

ဒါကြောင့် ဦးအောင်ကြည်လက်ထက် မှာ စာနယ်ဇင်းနဲ့ စာပေသမားတွေကို တဖြည်းဖြည်းထိန်းချုပ်လာခဲ့ တာပဲ။ ထောင် ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာမျိုး၊ နောက် တည်ဆဲဥပဒေဆိုပြီး ပုဒ်မ ၅(ည)၊ ၅ (ဃ)နဲ့တရားစွဲတာမျိုး၊ ဂျာနယ်တွေကို စစ်ဆေး မေးမြန်းတာမျိုးတွေ လုပ်လာတယ်။ ဒီ အခါ အခုလိုအကျိုးဆက်တွေ ပေါ်လာ တယ်လို့ ထင်ပါတယ်။ ယခုဝန်ကြီးဖြစ်လာ တဲ့ဦးရဲထွဋ်အနေနဲ့ကရော ဦးအောင်ကြည် နဲ့တွဲပြီး တာဝန်ယူရတဲ့သူ၊ သမ္မတ ရဲ့ပြော ရေးဆိုခွင့်ရှိတဲ့သူမှာ စာနယ်ဇင်းတွေနဲ့ အဆင်ပြေမယ်လို့ယူဆလို့မရပါဘူး။ အပေါ် ကချတဲ့ ပေါ်လစီ ပြောင်းရင်ပြောင်းသလို၊ မပြောင်းရင်မပြောင်းသလို အကောင်အထည် ဖော်ရမှာ ဖြစ်တယ်။ အပေါ်က အမိန့်ကို ကလန်ကဆန်လုပ်မယ်။ ခိုင်းရင်ခိုင်းတဲ့ အတိုင်းမလုပ်ဘူးဆိုရင် အခုတရားစွဲခံထား ရတဲ့ဦးဆန်းဆင့် လိုဖြစ်မှာ ပေါ့။ ဒါကြောင့် ၀န်ကြီးအပြောင်းအလဲဖြစ်သွားတာဟာ အစိုးရပေါ်လစီကြီးအပြောင်းအလဲဖြစ်သွား တာ မဟုတ် ပါဘူး။ လူပြောင်းပြီး မူပြောင်း တာမဟုတ်ဘူး။ အရင်ကလည်း ဆက် သွယ်ရေးဝန်ကြီးတို့၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့၊ စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်တို့ကို အပြောင်း အလဲ လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ လုပ်ငန်းတွေဟာ ဘာမှတိုး တက်ပြောင်းလဲမှုမရှိခဲ့ပါဘူး။ ဒါကြောင့် မူမပြောင်းဘဲ လူပြောင်းနေတာ ဘာမှမထူးဘူးလို့ ပြောချင်တာပါပဲ”” ဟု ဖြေကြားခဲ့ ပါသည်။

ထို့ကြောင့် ယနေ့ အခြေအနေမှာ စစ်အာဏာရှင်ဟောင်းများနှင့် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက် ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုလျှင် သူတို့အလားအလာမှာ နေ၀င်ချိန်ရောက်နေပြီဟု ယူဆလေသလားမသိ။ သူတို့ အာဏာတည်မြဲအောင် PR စနစ်လို အနှောင့်အယှက်များဖြင့် ကြိုးစားနေသည်။ နိုင်ငံတကာကို မျက်လှည့်ပြကာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာသည့် အတွက် ပြည်သူများက စစ် အာဏာ ရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ လိုအပ်နေပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန


အရပ်ကတို့ကမ္ဘာအဆင်းရဲဆုံးတိုင်းပြည်အီသီယိုပီးယားက ဟိုင်းဝေးလမ်းဗျို့
တစ်ချိန်တုန်းက အငတ်ဘေးကျရောက်ပြီး ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်လို့ သတ်မှတ်ခံထားရတဲ့ “အီတီယိုးပီးယား” နိုင်ငံက ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံထက် သာလွန်တဲ့အဆင့်မှာရှိနေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုနည်းနဲ့ မှမဖြစ်နိုင်ဘူးလို့ အထင်သေးခဲ့မိတယ်။

ဒါကြောင့် “အီတီယိုးပီးယား”နိုင်ငံရဲ့ တိုးတက်မှုလေးတွေကို လက်လှမ်းမှီသလောက် လိုက်စပ်စုလိုက်တဲ့အချိန်မှာတော့ နိုင်ငံတကာစံချိန်မှီ အဆင့်မြင့် ဟိုင်းဝေးလမ်းမကြီးတစ်ခုကို သွားတွေ့မိတယ်။

အဲ့ဒီတစ်ချက်တည်းနဲ့တင် အီတီယိုးပီးယားနိုင်ငံက မြန်မာနိုင်ထက် သာလွန်တဲ့ အဆင့်ကိုရောက်နေပြီဆိုတာကို အောင့်သက်သက်နဲ့ပဲ လက်ခံလိုက်ရတော့တယ်။

နောက်ထပ် မြန်မာနိုင်ငံထက် ဘာတွေသာနေပြီလဲဆိုတာ သိချင်သေးရင်...
http://www.meleszenawi.com/ethiopia-on-track-to-complete-first-mega-dams-by-2015/

Credit to >>> Storm Barça
 

ဒဏ်ရာအနည်းငယ်ပြင်းထန်သော ပန်းရဲ့လမ်း ကားမောင်းသူကိုတင်ဦးအား Operation ခန်းမ၀င်မှီ ကိုမင်းကိုနိုင်၊ ကိုမြအေး၊
မဖြူဖြူသင်းတို့ အားပေးနေကြစဉ်
Photo..စမ်းချောင်းကိုကိုကြီး

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ မနေ့ညက ရန်ကုန်မြို့တွင်းမှာ ကုန်တင်ယာဉ်တစ်စီးက ဝင်တိုက်မိ တဲ့အတွက် အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိခဲ့ကြပါတယ်။

ပဲခူးရေဘေးဒုက္ခသည်တွေအတွက် အလှူခံသီချင်းဆိုပြီး ကားနဲ့အပြန်၊ ရန်ကုန်မြို့ဝါးတန်းလမ်းထိပ် အရောက်မှာ လွယ်ဟိန်းကုမ္ပဏီက ကုန်ကားကြီးတစ်စီးက တိုက်မိခဲ့တာဖြစ်ပါတယ်။ ကားပေါ်မှာပါလာတဲ့ အဆိုတော်ကိုသားထွေးက အခုလိုပြောပါတယ်။

"ရေဘေးအတွက် အလှူခံလိုက်ကြတာလေ လှည်းတန်းကနေ ကျနော်တို့အိမ်နားရောက်တယ် ကလီ လမ်းပေါ့ ကုန်းပေါ်ကဆင်းလာတယ် အဲ့ဒီမှာ စည်းကမ်းမဲ့ကားလို့ခေါ်ရမှာပေါ့ လွယ်ဟိန်းကုမ္ပဏီ ကနေပြီးတော့ မဝင်ရတဲ့ကား ကားအရှည် ၁၄ ဘီး ကုန်ကားရှည်ကြီးပေါ့ ဝင်ပြီးတော့ မီးလည်းမပြပဲနဲ့ ဖင်ဆုတ်လိုက်တယ် ဆုတ်လိုက်တဲ့အခါမှာ ကျနော်တို့ကားမောင်းတဲ့ ဆရာကြီးကို တခါတည်းဘေး တိုက်တော့တာပဲ အနောက်ကလူတွေရော ဒဏ်ရာတွေနဲ့ ကားမောင်းတဲ့ဆရာကြီးက လက်တစ်ခြမ်းလုံးက ခွဲစိတ်မဲ့အနေအထားမှာရှိပါတယ်"

ပန်းရဲ့လမ်းအဖွဲ့ဝင်တွေကို တင်ဆောင်မောင်းနှင်လာတဲ့ ကိုအရွတ်ခန်း ဒဏ်ရာပြင်းထန်ပြီး၊ အဆိုတော် ကိုသားထွေး ခေတ္တသတိလစ်သွားခဲ့ပါတယ်။ ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ အဆိုတော် သက်လျာဦးလဲ ဦးခေါင်းမှာ ဒဏ်ရာရသွားပြီး တခြားသူတွေလည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။

သူတို့တစ်ဖွဲ့လုံး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိခဲ့ကြပါတယ်။မဇ္ဈိမလှိုင်း ကိုရဲလွင်ကတော့ အဲဒီကားမှာ မပါခဲ့ပါဘူး။ ကိုရဲလွင်နဲ့အတူ ကိုမင်းကိုနိုင်၊ NLD လွှတ်တော်ကိုယ်စားလှယ် မဖြုဖြူသင်းတို့လည်း ဆေးရုံကြီး ကို ရောက်ရှိလာခဲ့ကြပြီး ဒဏ်ရာပြင်းထန်တဲ့ ကိုအရွတ်ခန်း ရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
RFA

ဒီ နေ့ ၈လေးလုံး လူထုအုံကြွမှု ၂၆ နှစ် ပြည့်ပြီ ဆို တာ တွေးမိ ရင်း အဲဒီ ကာလ နဲ သက်ဆိုင် တဲ့ လူ တစ်ယောက် အနေ နဲ့ အခုမျိုးဆက် လူငယ်တွေ ကို ရင်ထဲ မှာ အမှတ်တရ ပြောချင် တာလေးရှိ တယ် ။
အများ ကြီးမဟုတ်ပါဘူး။ ၂ ချက်ထဲပါ ။ ၈၈ နဲ့ပါတ်သပ်ပြီး မင်းကိုနိုင် ၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်တွေ ကို မသိချင် မသိ လို့ လို့ ရ တယ် ၊ အသိအမှတ် မပြုဘူး ၊မလေးစား ဘူး လို့ ဆိုလည်း ရတယ် ။ ဒါပေမယ့် ၈၈ နဲ့ပါတ်သတ် ပြီး မသိလို့ မဖြစ်တဲ့ အကြောင်း နဲ့ မလေးမစား မလုပ်သင့်တဲ့ အကြောင်း အချက်၂ချက်ရှိတယ် ။

ပထမ တစ်ချက် က ၈၈ လူထုအုံကြွမှု ဖြစ် ရ တဲ့ အကြောင်းတရား တွေ ထဲ က အရေးပါဆုံး အကြောင်းဖြစ်တယ်။ လူ တစ်ဦး တယောက် ရဲ့ သြဇာအာဏာ ၊ အိမ်မက်၊ စိတ်ကူး အောက် မှာ နှစ်ပေါင်း၂၆နှစ် ကြာ နေခဲ့ ရ တဲ့ ကျွန်တော်တို့ တိုင်းပြည် ရဲ့ ဘဝ ပါ ။ ကမ္ဘာ့ နိုင်ငံတွေ ကြားမှာ တင့်တောင်း တင့်တယ် နေနိုင်ခဲ့ တဲ့ ကျွန်တော်တို့တိုင်းပြည် ဟာ အဲဒီ ၂၆ နှစ်တွင်း မှာ ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံ စာရင်းထဲ ရောက် သွား ခဲ့ ပြီး တိုင်းပြည် ကို ခေါင်းဆောင်နေ တဲ့ လူ ကတော့ ကမ္ဘာ့ အချမ်းသာဆုံး နဲ့ အာဏာရှင် စာရင်းထဲ ရောက် သွား ခဲ့တယ်။ နောက်ဆုံးမှာတော့ သူတောင်းစား အိတ်ထဲ က ပိုက်ဆံ ကနေ သူကြွယ်သူဌေး တွေ အိတ်ကပ် ထဲ က ပိုက်ဆံ အထိ တန်ဖိုးမဲ့ တဲ့ စက္ကူတွေ ဖြစ်သွား အောင် သူ့ ရဲ့ အာဏာ ကို လက်လွန်ခြေလွန် အသုံး ပြု ပြီး တိုင်းပြည် မှာ မှီတင်းနေထိုင်တဲ့ ပြည်သူတွေ အပေါ်မှာ သေဆိုသေ ရှင်ဆိုရှင် သူပိုင် ကျေးကျွန် သဖွယ် အနိုင်အထက် ပြုကျင့်ခဲ့တယ် ။ အဲဒီမှာ ပဲ ဒဏ်ရာပေါင်း များ စွာနဲ့ ပြည်သူလူထုကြီး ဟာ အုံကြွတော်လှန် ပြီး အဲဒီ အာဏာရှင် ကို ဖြုတ်ချ ဖို့ကြိုးစားကြတယ် ။ အဲဒီ ကြိုးပမ်း မှု ကို အာဏာရှင်ဆန့်ကျင်ရေး ၈လေးလုံး လူထုလှုပ်ရှား မှု လို့ ခေါ်တယ် ။ ဒါကို အားလုံး သိထားဖို့ လိုအပ်တယ် ။ ဘာကြောင့်လည်း ဆိုတော့ ဒီလို ပြင်ဆင် ငြင်းပါယ်ခွင့် မရှိ တဲ့ တစ်ချက်လွှတ် အာဏာမျိုး လူတစ်ဦး တယောက် ရဲ့ လက်မှာ ရှိ နေ ပြီဆိုရင် သူ့ လက်အောက်မှာ နေရ တဲ့ နိုင်ငံ နဲ့ ပြည်သူ တွေ ရဲ့ ဘဝ တွေ ဟာ ဘယ်လောက် အန္တရယ် များပြီး လူ့တန်ဖိုး ပါ ပျောက်ဆုံး သွားရတက်လည်းဆို တာ နားလည်ဆင်ခြင်နိုင်ဖို့ပါပဲ ။

ဒုတိယ တစ်ချက် အနေ နဲ့ တလေးတစား ရှိထိုက် တဲ့ အကြောင်း က အဲဒီ ၈ လေးလုံး လူထုအုံကြွမှု ကြီးမှာ ပြသ ခဲ့ တဲ့ လူထု လူတန်းစားအလွှာစုံ ပေါင်းစည်း ညီညွတ်မှု ကြီးပါ ။ အဲဒီ လို ကြီးမား ကျယ်ပြန့် တဲ့ လူထု လူတန်းစား အလွှာစုံ ညီညွတ်မှု မျိုး အင်္ဂလိပ် ကို တော်လှန်တုန်း က လည်း မရ ခဲ့ သလို၊ ဂျပန် ကို တိုက်ထုတ် တုန်း ကလည်း မရှိ ခဲ့ဘူး ။ ရဟန်းသံဃာတော်တွေ ၊ ကျောင်းသား ကျောင်းသူ တွေ ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အလွှာပေါင်းစုံ က သာမန် ပြည်သူတွေ အပြင် အစိုးရ ဝန်ကြီးဌာန ပေါင်းစုံ က ဝန်ထမ်း အဆင့်ဆင့် ကသာမက ကြည်းရေလေ တပ်တွေ က လက်နှက်ကိုင် တပ်ဖွဲ့ ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ၊ SB တွေ ၊စသုံးလုံး အဖွဲဝင်တွေ စတဲ့ အစိုးရ ဝန်ထမ်းတွေ ပါ သူတို့ ရဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်း တွေ ကို ကိုယ်စားပြုပြီး ပါတီစုံဒီမိုကရေစီ စနစ်ပြောင်း လဲ ရေး အတွက် ငြိမ်းချမ်းစွာ လမ်းပေါ်တက် ဆန္ဒပြခဲ့ ကြတာပါ ။
ကျွန်တော် ပြောချင်တာက ...အဲဒီတုန်းက သာ လူထု ရင် ထဲ မှာ အလွန်တက်ကြွပြင်းထန်နေတဲ့ တိုင်းပြည် ကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်တွေ ကို တည်ဆောက်ရေး ဖက်ကို လှည့် ပြီး အသုံးပြုနိုင် ခဲ့ မယ်ဆိုရင် ....

ဆန္ဒပြတဲ့ပြည်သူတွေ နဲ့ နိုင်ငံရေး အင်အားစုတွေ ကို ရန်သူ လို သဘော မထား ပဲ အဲဒီ အချိန် ကတည်း က တူတာတွေ ပေါင်းလုပ် ပြီး မတူတာတွေ ညှိနှိုင်း ဆောင်ရွက်ခဲ့ မယ် ဆိုရင် ... တိုင်းပြည်ဟာ အခု ရောက် နေတဲ့ နေရာ ကို လွန်ခဲ့ တဲ့ အနှစ် ၂၀ ကတည်း ကရောက်နှင့် နေပြီ ဆိုတာပါပဲ ။
အမှန်တရား ကိုမြင်ဖို့ ၊ မှားနေတာ ကို ငြင်းဆန်ဖို့ ၊ မှန်တာ ကို အချိန်မှီ လုပ်ပြီး မှား နေတာ ကို အချိန် မလွန်ခင်ပြင်ဆင်ဖို့ ဆိုတာ အမိန့် တစ်ခုကို စောင့်ပြီး ၊ ညွှန်ကြားချက်တွေ ကို အကောင်အထည်ဖေါ်သလို လုပ်လို့မရပါဘူး ၊ နှလုံးသား နဲ့ ၊ ခံယူချက် နဲ့ ၊ သတ္တိ နဲ့ ၊ ကိုယ်ကျိုးစွန့် တဲ့စိတ် နဲ့ ၊ ကိုယ့်ကိုယ်ကို စတေးဝံ့ တဲ့ စိတ်နဲ့ လုပ် ရတာမျိုးပါ ။ ..... အဲဒါ ကျွန်တော်ပြော တာ မဟုတ်ဖူး ၊ အခု အပြောင်း အလဲအကြောင်းကို တွင်တွင်ပြော နေတဲ့ သူ တွေ နင်းထား တဲ့ လမ်း မတွေ ပေါ် က အပြောင်းအလဲ ကို တောင်းဆို ရင်း အပြစ်ပေး သေနတ် ကျည်ဆန် မှန်ပြီး သေဆုံး သွား တဲ့ ၁၉၈၈ က မြန်မာနိုင်ငံသား တွေ ရဲ့ မခြောက်သေး တဲ့ သွေး တွေ က ပြော တာ ပါ ။
(၉.၈.၂၀၁၄)
Thiha Thwe


ရန်ကုန်မြို့တွင် အမြန်ဘတ်စ်ကားလိုင်းစနစ် (BRT) စနစ်ကို ဝေဇယန္တာလမ်းမတွင် စမ်းသပ်ပြေးဆွဲရန် ဦးနေဝင်းမြေးများ၏ ကုမ္ပဏီဖြစ်သည့် မေတ္တာလှိုင်းယာဉ်လိုင်းများ ပြေးဆွဲနေသော ဘက်စုံမြင်ကွင်းကုမ္ပဏီ (OMNI FOCUS Company) အား ခွင့်ပြုခဲ့ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန်အတွက် မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ရရှိခဲ့ပြီး ဘက်စုံမြင်ကွင်းကုမ္ပဏီက အမြန်ဘစ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်ခဲ့ကာ လွန်ခဲ့သည့်တစ်နှစ်ခွဲခန့် ကတည်းကတင်ပြခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ဝေဇယန္တာလမ်းမတွင် စတင်ပြေးဆွဲ ရန်စီစဉ်ခြင်းမှာ ယင်းလမ်းမှာ ဘတ်စ်ကားလုံးဝပြေးဆွဲခြင်း မရှိသေးသည့်အတွက် ဖြစ်ကြောင်း သိရသည်။

“စတင်ပြေးဆွဲမယ့် OMNI FOCUS ကုမ္ပဏီက ဒီစနစ်ကိုလုပ်တဲ့နေရာမှာ မော်တော်ယာဉ်၊ အခြေခံအဆောက်အအုံ၊ မှတ်တိုင် စတာတွေအတွက် ရင်းနှီးမြှုပ်နှံနိုင်မှုများတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏတော့ ပြောလို့မရနိုင် ဘူး။ သူ့မှာက မော်တော်ယာဉ်တွေကလည်း အဆင့်သင့်ဖြစ်နေပြီ။ ဒါကြောင့် စမ်းသပ်ပြေးဆွဲစေမယ်။ အောင်မြင်ရင် အခြားကုမ္ပဏီတွေကိုလည်း ထပ်မံခွင့်ပြုမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဝေဇယန္တာလမ်းမတွင် အသွားအပြန် သီးသန့်လမ်းကြောင်းတစ်ခုစီ ပေးရမည်ဖြစ်ပြီး သီးသန့်မှတ်တိုင်များလည်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အဲကွန်းစနစ်လည်း ပါဝင်မည်ဖြစ်ပြီး ယာဉ်စီးခနှုန်းထားအား ကျပ် ၄ဝဝ ကောက်ခံရန်တင်ပြမှုအချို့ ရှိသော်လည်း ယင်းနှုန်းထားမှာ များပြား၍ ပြန်လည်ညှိနှိုင်း ပေးသွားမည်ဖြစ်ပြီး အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် ဈေးနှုန်းများဖြစ်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေသည့်အတွက် ယင်းအချိန်များကို လျှော့ချနိုင်ရန် အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ၂ဝ၁၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ရာ ယင်းစနစ်အတွက် သီးသန့်လမ်းကြောင်းတစ်ခု ပေးရမည်ဖြစ်သောကြောင့် လက်ရှိလမ်းများ၏ အနေအထားအရ မဖြစ်နိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင် တစ်ဦးက ဆိုသည်။

ယင်းစနစ်ကြောင့် ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ပိုမိုဆိုးရွားလာမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဝေဇယန္တာလမ်းမနှင့် ချိတ်ဆက်၍ အခြားလမ်းများတွင်ပါ ပြေးဆွဲလာနိုင်ခြင်းကြောင့် ထပ်မံဖြစ်ပွားလာမည့် ယာဉ်ကြောပိတ်ဆို့မှုအတွက် ရန်ကုန်မြို့နေလူထုက များစွာစိုးရိမ်နေကြသည်။

“ဝေဇယန္တာလမ်းက ကားချောင်တဲ့ လမ်းလို့ပြောလို့မရဘူး။ ရုံးတက်ရုံးဆင်းချိန်တွေ၊ တစ်ခါတစ်ရံဆိုရင် နေ့လည်ပိုင်း အချိန်တွေတောင်မှ ကားကျပ်နေတာတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း လာဆွဲမယ်ဆိုရင်တော့ ခရီးသွားတွေ အဆင်ပြေမပြေတော့မသိဘူး။ အရင်ဆုံးကားပိတ်တာ ဆိုးလာနိုင်တယ်။ အခုတောင်မှ တစ်မြို့လုံးကားတွေပိတ်လို့ အုံနာခရအောင် မနည်းရှာနေရတာ” ဟု အငှားယာဉ်မောင်းနှင်သူ ကိုစိုးနိုင်က ပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်မြို့နေပြည်သူများနှင့် သက်ဆိုင်သည့်ကိစ္စအား လုပ်ကိုင်ခွင့်ပေးခြင်းကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်သည်ကို မကြားရ၍ ယာဉ်ကြောရှင်းလင်းစေရန် ပြုလုပ်ခြင်းထက် နီးစပ်ရာလူတစ်စုကို အကျိုးရှိစေရန် လက်သိပ်ထိုးချပေးခဲ့သည် သဘောဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
Eleven media group


ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မြန်မာခေါင်းဆောင်များကို ဂျွန်ကယ်ရီသတိပေး
...............................................................................
အမေရိကန်နှင့် တိုးတက်နေသော ဆက်ဆံရေးအတွက် မြန်မာနိုင်ငံ၏ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြ§င့် ရန်လိုအပ်မည်ဖြစ်ပြီး လူ့အခွင့်အရေးတိုး တက်စေမည်ဟု ပေးထားသောကတိများ ပျက်ကွက်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု အမေရိကန်က ယူဆသည်များကို ရပ်တန့်ရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဩဂုတ် ၉ ရက်တွင် မြန်မာခေါင်းဆောင်များကို သတိပေးခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်လည်ပတ်ခဲ့မှု၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေးခဲ့မှုတို့ရှိခဲ့ပြီးနောက် အမေရိကန်က မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများနှင့် သတင်းစာလွတ်လပ်ခွင့်ကို ထိန်းချုပ်မှုများအပါအဝင် လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားလာနေကြောင်း သတိပေးခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန် နှင့် ထိပ်တန်းဥပဒေပြုအမတ်များကို တွေ့ဆုံ ခဲ့သောကယ်ရီသည် ယင်းပြဿနာများကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ထို့ပြင် လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတပြီး ယုံကြည်စိတ်ချ ရမှုခိုင်မာသော ရွေးကောက်ပွဲများ ဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်း လဲမှုများကို ရှေ့ဆက်ဆောင်ရွက်သွားရန်လည်း မြန်မာခေါင်းဆောင်များကို ဂျွန်ကယ် ရီက တိုက်တွန်းခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားသည် အာရှခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေး ပွဲတက်ရောက်ရန် နိုဝင်ဘာ၌ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲသို့ သမ္မတအိုဘားမားတက် ရောက်မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများ တိုးတက်သည်ကို မမြင်တွေ့ရပါက အမေရိ ကန်သည် ပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ ချသွားဖွယ်မရှိကြောင်းကို ကယ်ရီ၏တံခါး ပိတ်ဆွေးနွေးပွဲများအား အများပြည်သူသို့ ထုတ်ဖော်ပြောကြားခွင့် မရှိသောကြောင့် အမည်မဖော်လိုသော အမေရိကန်တာဝန်ရှိ သူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကယ်ရီက ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှု ကာလအတွင်း အခက်အခဲများကို ကျော်ဖြတ်ရန်အတွက် မြန်မာအစိုးရနှင့် အတူတကွဆောင်ရွက်လိုကြောင်း ကယ်ရီက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရချိန်မှာ အမေရိကန်ရဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ ထောက်ခံမှုတွေ ရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေကို ကျွန်တော်က သိစေလိုပါ တယ်”ဟု ကယ်ရီက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သော မြန်မာအစိုးရတာဝန်ရှိသူများကို ပိတ်ဆို့ အရေးယူမှုများချမှတ်ရန် အိုဘားမားအစိုးရ ကို ပြီးခဲ့သည့်တစ်ပတ်တွင် အမေရိကန် ဥပဒေပြုအမတ် ၇ဝ ကျော်က တိုက်တွန်းခဲ့ သည်။ သိသာထင်ရှားသော တိုးတက်မှုများ မရရှိလျှင် မြန်မာအစိုးရကို ထပ်မံလိုက်လျော အလျှော့ပေးမှုများကို ဆန့်ကျင်သွား မည်ဖြစ်ကြောင်း ယင်းဥပဒေပြုအမတ်များ က ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့်အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီတို့ သတ်မှတ်ချိန် ထက် အချိန်ပိုကြာဆွေးနွေးခဲ့ပြီး အရေးယူခံရသော ဂျာနယ်လစ်များအခြေအနေကို ဂျွန်ကယ်ရီက မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ပြုလုပ်နေသော အာဆီ ယံဒေသတွင်း ဖိုရမ်တက်ရောက်ရန် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သော ဂျွန်ကယ်ရီသည် နေ ပြည်တော်သို့ရောက်ရှိသည့် ဩဂုတ် ၉ ရက် နံနက်ပိုင်းမှာပင် သမ္မတဦးသိန်းစိန်နှင့် သီး ခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာ၌ အချိန်တစ်နာရီသာ ဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း နံနက် ၁ဝ နာရီမှ ၁၁ နာရီ ၃ဝ မိနစ်အထိ မိနစ် သုံးဆယ်တိုးပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

“နှစ်ဖက်စလုံးက ရင်းနှီးစွာနဲ့ပွင့်လင်း စွာနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန် အမြင်ချင်း ဖလှယ်တာကို လုပ်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက နှစ် နိုင်ငံဆက်ဆံရေးတိုးမြ§င့်ဖို့၊ ပြီးလို့ရှိရင် မြန် မာနိုင်ငံမှာ နည်းပညာဆိုင်ရာ အကူအညီ တွေပိုမိုပေးအပ်ဖို့၊ နောက်တစ်ခါ ကျွန်တော် တို့ စီးပွားရေးနဲ့ ကုန်သွယ်ရင်းနှီးမြ§ုပ်နှံမှုတွေ တိုးမြ§င့်ဖို့ဆိုတာတွေ ကျွန်တော်တို့ ဆွေး နွေးခဲ့ပါတယ်”ဟု သမ္မတပြောရေးဆိုခွင့်ရှိ သူဦးရဲထွဋ်က ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းကအာဆီယံအစည်းအဝေးများ ပြုလုပ်နေသည့် MICC ခန်းမရှိ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။

“အလားတူပဲ ဒီကနေ့ကျွန်တော်တို့ ပြု ပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ ရခိုင်ပြည်နယ်ပြဿနာ၊ နောက်တစ်ခါငြိမ်းချမ်းရေး ဆွေးနွေးမှု၊ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး မြ§င့်တင်မှုအခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်ပါတယ်”ဟု ဦးရဲထွဋ်က ဆက် လက် ပြောကြားသည်။

မစ္စတာ ဂျွန်ကယ်ရီက ဂျာနယ်လစ်များ အရေးယူခံထားရမှုနှင့် ပတ်သက်၍လည်း သိချင်သည်များကို မေးမြန်းခဲ့သည်ဟု ဦးရဲ ထွဋ်က ဆိုသည်။

“မစ္စတာကယ်ရီက တစ်ခုပဲ mention လုပ်ပြီးပြောပါတယ်။ အဲဒါက ယူနတီဂျာ နယ်က သတင်းသမားတွေ အရေးယူခံရတဲ့ အခြေအနေကိုသူမေးပါတယ်။ မေးတဲ့အ တွက် သမ္မတကြီးက အရေးယူဆောင်ရွက် ခဲ့တဲ့အခြေအနေတွေကို ရှင်းပြပါတယ်”ဟု ဂျွန်ကယ်ရီက မေးမြန်းခဲ့သည့် အကြောင်း အရာများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်ဖြေရာ၌ ဦးရဲထွဋ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်အမတ် များက ပေးပို့ခဲ့သော စာနှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ပတ်သက်ပြီး ကွန်ဂရက် အမတ်တွေ စိုးရိမ် နေတဲ့ကိစ္စကို ပြောဆိုခဲ့ပါတယ်။ မြန်မာ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်က အတော်လေး စိတ်ဝင်တစားရှိတဲ့အ ကြောင်းကို ပြောကြားပါတယ်။ ဒါပေမဲ့ ပို့ လိုက်တဲ့စာကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် ကိုတော့ မပြောခဲ့ပါဘူး။ သူပြောသွားတာ မှာ စိုးရိမ်မှုရှိနေတယ်ဆိုတာရယ်။ မြန်မာ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွေကို နီးကပ်စွာ စောင့်ကြည့်နေတယ်ဆိုတာရယ် ပြောဆိုခဲ့ ပါတယ်”ဟု ဦးရဲထွဋ်က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်း လုပ်ဆောင်သင့်သည်များ ကို ဂျွန်ကယ်ရီကပြောကြားခဲ့ပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဆို သည်ကို အသေးစိတ်ပြောကြား၍ မရနိုင် ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ အတွက်ကိုလည်း ဂျွန်ကယ်ရီဘက်က ပြောကြားမှုများ ရှိခဲ့သည်။

“သူကတော့ ပြဿနာတွေရှိတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဆိုတဲ့ဟာနဲ့ပဲပြောတာပါ။ အပြစ်တင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြဿနာက စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုကိစ္စလေးတွေကိုတော့ကိုင်တွယ်ရင် ကောင်းမယ်ဆိုတာပြောတာ။ အသေးစိတ်တော့ ပြောလို့မရဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကို ပြောဆိုရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆိုင်ရာကိစ္စမှာ အကြောင်းအရာတစ် ရပ်အနေဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။ “ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ တော့ ခြုံငုံပြီးတော့ ပြောသွားတာရှိပါတယ်။ ဒါကတော့ အကြောင်းအရာတစ်ခုအနေနဲ့ ပါတာပေါ့။ ဒါက ကျွန်တော်တို့လုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ လွှတ်တော် က ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း ပါတာ ပေါ့”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ The Daily Eleven က မေးမြန်းခဲ့သော မေးခွန်းကို ပြန် ဖြေရာ၌ ဦးရဲထွဋ်ကပြောကြားသည်။

ဆွေးနွေးမှုကာလအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ကြောင်းပြန်လည့်ရန်မရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။

“ဆွေးနွေးပွဲအတွင်းမှာတော့ သမ္မတ ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး။ ရှေ့ကို ပဲဆက်သွားဖို့ရှိတယ်။ ဒီလိုရှေ့ဆက်သွား နိုင်အောင်လည်း အမေရိကန် အပါအဝင် နိုင်ငံတကာက ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မှုကို သူတို့အနေနဲ့ ချီးလည်းချီးကျူးတယ်။ အသိအမှတ်လည်းပြုရတယ်။ တစ်ဖက်ကလည်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရှိနေတဲ့ အတွက်ကြောင့် ဒီရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့လည်း တတ်နိုင်သမျှကူညီဆောင် ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်”ဟု ဦး ရဲထွဋ်က ပြောကြားသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဩဂုတ် ၁ဝ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်သည်။

Eleven Media Group

ရော့ ရော့ တကာမကြီး
ဟော့ဒီမှာ ဆန်ထုတ်
နောက်တစ်ထုတ်က နင့်သားလေးအတွက်။

နင့်ပခုံးပေါ်က ရင်သွေး
နင့်ပခုံးပေါ်က အနာဂတ်
နင့်ပခုံးပေါ်က မျှော်လင့်ချက်။

နင်တို့အိမ်ထဲမလဲ ရေတွေ အားကြီးပါလား?
နင့်ခင်ပွန်း တကာကြီးကောမမြင်ပါ့လား?
နင်တို့အနေအထိုင် အဆင်ပြေရဲ့လား?

အလာပသလာပ
ဆိုကောင်းဆိုဖြစ်ကြပေလိမ့်မယ်။ ဒါပေမယ့် …
နင် ဘယ်ဘာသာလဲ?
နင့်ခင်ပွန်း ဘယ်ဘာသာလဲ?
သူတို့မမေးဖြစ်ကြမှာ သေချာရဲ့။

ရှိခိုးတဲ့ဘုရားမတူရုံနဲ့
လူချင်းကွဲပြားစရာ မဟုတ်ဘူးလေ။
ရှိခိုးတဲ့ဘုရားမတူရုံနဲ့
ဒုက္ခဟာ
ဟိုဘက်လမ်းက ကွေ့ထွက်သွားမှာမဟုတ်ဘူး။

ဘယ်သူ့အိမ်ထဲကိုမဆို
ရေလွှမ်းမှုဟာ ဘာသာလူမျိုးမခွဲပဲ ဝင်ရောက်ခဲ့။
ဘယ်သူ့အိမ်ထဲကိုမဆို
ရန်သူမျိုးငါးပါးဟာ ဘာသာလူမျိုးမခွဲပဲ ဝင်ရောက်ခဲ့။

အသက်ရှင်ဖို့ရာ ခက်ခဲလွန်းလှသမို့
ညည်းတွားနေရချိန်မှာ
ဘယ်ဘာသာဝင်ဖြစ်ပေစေ တို့လိုအပ်တာ
ကူညီဖို့လက်တစ်ဘက်ကမ်းရုံသာ။

သင်္ဃန်းရုံထားတဲ့လက်က
အသက်ဆက်ဖို့ဆန်ဝေတဲ့အခါ
သင်္ဃန်းဟာ ကယ်တင်ခြင်းရဲ့အမှတ်အသား
ဖြစ်သွားတယ်။

သင်္ဃန်းရုံထားတဲ့လက်က
သစ်သားတုတ် တရမ်းရမ်းပြုနေတဲ့အခါ
သင်္ဃန်းဟာ ဘယ်လိုအမှတ်အသားဖြစ်သွားမလဲ?

သေချာတာက
ငြိမ်းချမ်းရေးကို လူသတ်ခြင်းဖြင့်မရနိုင်။
သံသရာကို အကြမ်းဖက်ခြင်းဖြင့်မလွတ်မြောက်နိုင်။
ဗုဒ္ဓသာသနာကို အမုန်းစကားဖြင့် မပြုနိုင်။

ပဲခူးရေဘေးအတွက် ဆန်ဝေနေတဲ့
သံဃာတော်တို့ပုံရိပ်ဟာ
မျက်စိကနေ နှလုံးသားထိ စီးဝင်တယ်။

အဲဒီအရှင်တို့ စီးတဲ့လှေအောက်ကရေ
မဟာသမုဒ္ဒရာအနှံ့ ပျံနှံ့ပြီး
ကောင်းသတင်းကိုဆိုကြပေလိမ့်မယ်။

ဒါ ငါတို့ သံဃာတွေပါလား။
ဒါ ငါတို့ ရတနာသုံးပါးပါလား။
ဒါ ငါတို့ ရှိခိုးဦးတင်ရာပါကလား။

အားကိုး မြတ်နိုး ယုံကြည်တဲ့စိတ်ဟာ
ပီတိနဲ့အတူ နှလုံးသားကို လွှမ်းခြုံတယ်။

ဘုရားရယ် တရားရယ် ပြီးတော့သံဃာရယ်
တဂိုဏ်းထဲအတူရှိခဲ့။
ဘုရားကြိုက်သော တရားစကားများကိုသာ
သံဃာတော်တို့ထံမှ ကြားရပါစေသား။
သင်္ဃန်းရုံထားသောလက်မှ
မေတ္တာပြယုဂ်များသာထွက်ပေါ်လာပါစေသား။
ဒီနေ့ကစ ဘဝတစ်ခုလုံးအတွက်
ဆုပန်ခြွေမိပါလေရဲ့။

(ဓါတ်ပုံကို ကိုခင်မောင်ဝင်း- အေပီ ထံမှ ရရှိပါသည်)
Thorn Nay Soe

(Ladies Journal Vol 2, No 25, Aug 10, 2014)                               ကျွန်တော်တို့နိုင်ငံကြီးရဲ့ နိုင်ငံရေးခရီးလမ်းကြောင်းမှာ ငိုစရာတွေထဲကရယ်(ရီ)
စရာ ကလီကမာဇာတ်လမ်းများ ကို မကြာခဏ ဖြတ်သန်း ကြားနာခဲ့ကြရသကိုး
ဗျ။ ၁၉၆၂ခုနှစ်မှာ တပ်မတော်ကြီးက အာဏာသိမ်းခဲ့တဲ့အခါ ဘယ်လို အကြောင်း
ပြရမှန်းမသိပဲ အာဏာသိမ်းပြီးနောက်မှ စီနီယာတပ်မှူးကြီးတစ်ဦးပေးတဲ့အကြံ
အတိုင်း "ဖက်ဒရယ်မူ"ပြဿနာကို ဇွတ်ကြီးဆွဲထုတ်ပြီး ကလီကမာ အမည်သညာ
က "ဖက်ဒရယ်မူ"လို့ လုပ်ခဲ့တယ်ဆိုကိုး။ နောက်တော့ရှေ့ဆက်မယ့် လမ်းစဉ်ကို
ချမှတ် ကင်ပွန်းတပ်ကြစို့ဆိုတော့လည်း ပါလီမန်ဒီမိုကရေစီဆိုတဲ့ အနောက်
လက်ပါးစေ အစွန်း၊ 'ကွန်မြူနစ်' ဆိုတဲ့အရှေ့ အုပ်စုသြဇာခံအစွန်းတို့က ကင်း
လွတ်ပြီး "ဘယ်သူ့သြဇာမှမခံဘူးဟေ့၊ ငါတို့သြဇာမှသြဇာပဲခံကြ"ဆိုတဲ့ ]မြန်မာ့
နည်းမြန်မာ့ဟန် ဆိုရှယ်လစ်}ဆိုတာကြီးကို ကလီကမာ အမည်သညာ လုပ်ခဲ့ရ
ပြန်သလေ။ (နိုင်ငံတကာမှာ ပျိုတိုင်းကြိုက် နှင်းဆီ ဆိုရှယ်လစ်လည်း မြန်မာပြည်
ရောက်တော့မှ လူတကာမုန်းပါ တဲ့ စုန်းမကြီးရဲ့လင်ဖြစ်ခဲ့ရရှာသဗျာ)။                         

ဒီလိုလုပ်ခဲ့တဲ့ ကလီကမာအမည်သညာတွေများစွာထဲက ၁၉၈၈ခုနှစ်
အရေးအခင်းကြီးမှာ ၀န်ထမ်းတွေ အပါအ၀င် ပြည်သူတစ်ရပ်လုံး အုံကြွသပိတ်
မှောက်လို့ မဆလအစိုးရကြီး ဘာအာဏာမှမရှိတော့တဲ့တိုင် ကုလားထိုင်ပေါ်
အရှက်မဲ့ထိုင်ရင်း "ဖယ်တော့ပေးချင်သားဗျ၊ ပြည်သူတွေဝိုင်းရေးဆွဲခဲ့တဲ့ ၁၉၇၄
အခြေခံဥပဒေနဲ့မညီတော့ ဘယ်လှေကား က ဆင်းရမှန်းမသိဖြစ်နေတာဗျာ၊
ဟီးဟီး"ဆိုပြီး လုပ်ခဲ့တာကိုး။ ကလီကမာရဲ့ အမည်သညာက အခြေခံဥပဒေ
ဆိုတာ အဲဒီခေတ်ကတည်းကပါဗျာ။ နောင်တော့ အားလုံးသိတဲ့အတိုင်း"ငြိပ်ဝပ်
ပိပြားရေး"တို့၊ "ကိုလိုနီလက်သစ် တိုက်ဖျက်ရေး" တို့၊ "မျိုးချစ်စိတ်ဓာတ် ရှင်
သန်ထက်မြက်ရေး"တို့ စတဲ့စတဲ့ ပလီပလာတွေများစွာနဲ့ စခန်းသွားရာကနေ
၁၉၉၀ ရွေးကောက် ပွဲလည်းရှုံးရော အရင်ကလီကမာဓာတ်ပြားဟောင်းကြီးပဲ
ထုတ်သုံးပြီး "အခြေခံ ဥပဒေမှ မဆွဲရသေးတာ" ဆိုတဲ့ အရှက်မဲ့ဆင်ခြေနဲ့ အာဏာ
မလွှဲပဲ ပလီပလာရဲ့အမည်သညာက အခြေခံဥပဒေဆိုတာကို ထပ်လုပ်ခဲ့ပြန်သကိုး။         
 အဲဒီအခြေခံဥပဒေဆိုတာကြီးကို လူ့သမိုင်းမှာ စံချိန်တင်ဗိုလ်စွဲရစ်မယ့်
၁၅နှစ်နဲ့၁လကျော်ကြာအထိ (တစ်နေ့ ကျပ်တစ်သန်းကုန် ညောင်နှစ်ပင်မျက်လှည့်
ရုံကြီးမှာ) ကလီကမာနဲ့ ရေးဆွဲခဲ့ရာကနေ အခုတော့ ဆွဲသူတွေကိုယ်တိုင်က ပြင်
စရာတွေအများကြီးလို့ ၀န်ခံနေတာဖြင့် အံ့သြစရာမကောင်းပါလားခင်ဗျ။ ပိုအံ့သြ
စရာက အဲဒီပြင်စရာတွေထဲက ပြည်သူအများလက်မခံနိုင်တဲ့ တပ်မတော်ကိုနာမည်
ဖျက် တလွဲအသုံးချထားတဲ့ ပုဒ်မတွေဖြင့်မပြင်သေးပဲ ဒီအခြေခံ ဥပဒေကြီးထဲ
လုံးဝမပါခဲ့တဲ့ ရွေးကောက်ပွဲစနစ်သစ် "ပီအာ"ဆိုတာကြီးကို လွှတ်တော်နှစ်ရပ်
စလုံးမှာ တင်သွင်းလာ တာက "ဆင်တော်နဲ့ခလောက်"အဆင့်လောက်မဟုတ်ပဲ
"ဖင်ပေါ်မယ့် အပေါက်"ဆိုတာမျိုးလောက်အထိ ရှက် စရာမကောင်းနေဘူးလားဗျာ။                   

   ဒီ "ပီအာ"ဆိုတာကြီးက လူ့သမိုင်းမှာ မနေ့တစ်နေ့ကမှ ပေါ်တယ်တော့
မထင်နဲ့ခင်ဗျ။ ၁၇၇၆မှာ အမေရိကန်တော်လှန်ရေးကာလကတည်းက ဂျွန်အဒမ်ဆို
သူကြီးက စစိတ်ကူးခဲ့ပြီး ၁၇၉၃မှာ ပြင်သစ်အခြေခံဥပဒေဆွဲ တော့ စိန့်ဂျပ်စ်ဆိုတဲ့
ပညာရှင်က ဒီနည်းနဲ့ရွေးကောက်ပွဲလုပ်ဖို့ အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြင်သစ်အခြေခံ
ဥပဒေ ဟာ အဲဒီနေ့မှာပဲ အများဆန္ဒအတိုင်း နိုင်သူအကုန်ယူဆိုတဲ့ အက်ဖ်ပီတီပီစနစ်
နဲ့ပဲ အတည်ပြုခဲ့သတဲ့။ ၁၈၁၉မှာ အင်္ဂလန်က ကျောင်းအုပ်ကြီး သောမတ်စ်ရိုက်
ဟင်းလ်ဆိုသူက ပီအာစနစ်တစ်ခုဖြစ်တဲ့ အက်စ်တီအာကိုစထွင်ခဲ့ပေမယ့် အများ
 ပြည်သူရွေးကောက်ပွဲမှာ သုံးဖို့မသင့်ဘူးဆိုပြီး ပယ်ထားခဲ့တယ်။ အဲဒီအက်စ်တီအာ
ကို ၁၈၅၅က ဒိန်းမတ်မှာ လက်တွေ့စသုံးခဲ့တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်
ခဲ့ဘူးတဲ့။ ဒါပေမဲ့ အခုအခါမှာတော့ ပီအာကို အသုံးပြုတဲ့နိုင်ငံက ၈၆နိုင်ငံတောင်
ရှိလာပြီလို့ ဆိုပါတယ်။ ပီအာဆိုတာကြီးကို သုံးတဲ့သူသုံးနေကြကတည်းက သူ့မှာ
လည်း ကောင်းတာ တွေ အားသာချက်တွေရယ်လို့ လက်ညှိုးထိုးပြစရာတွေရှိမှာက
သေချာပါတယ်။ အဆိုးဘက်ပြောသူတွေကလည်း အများကြီးပေါ့။ ဟစ်တလာဂျာမနီ
မှာ အာဏာရလာတာဟာ ပီအာကြောင့်ဆိုတာ ထောက်ပြမှုတွေလည်း ရှိတယ်။
ဒါပေမဲ့ အရေးတကြီး ကျွန်တော်တို့စဉ်းစားရမှာက ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ
အခြေအနေနဲ့ ကိုက်ညီရဲ့လားဆိုတာရယ်၊ နောက်တစ်ခုက ပီအာကို အသုံးချလို့တဲ့
ရည်ရွယ်ချက်က တော်တည့်မှန်ကန်ပြီး ရိုးသားရဲ့လားဆိုတာကို ကြည့်ကြရ လိမ့်မယ်
ထင်ပါတယ်။                                          
 
ဒီပီအာဆိုတာကြီးက ဒီနေ့ အာဏာရပါတီလူကြီးမင်းများ စိတ်ကြိုက်ဆွဲ
ခဲ့တဲ့ ဖွဲ့စည်းပုံထဲမှာ မပါခဲ့တဲ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက
  အပြတ်အသတ်နိုင်ပြီးမှသာ အသံထွက်လာတာလည်း သေချာပါတယ်။ တပ်မတော်
သား ကိုယ်စားလှယ်တစ်ဦးကတောင် ၂၀၁၂ဇူလိုင်လရောက်မှသာ ပီအာစနစ်
အကြောင်းပေါ်လာတယ် လို့ ဆွေးနွေးခဲ့တာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က
သူ့သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြထားပါသေးတယ်။ ၂၀၁၀မှာ ကြံ့ခိုင်ရေးက
ရွေးကောက်ပွဲကို အနိုင်ရအောင်လုပ်နိုင်ခဲ့တဲ့ကာလမှာ ပီအာအကြောင်း တစ်ခွန်း
တစ်ပါဒ မှ ပြောသူမရှိခဲ့ပါဘူး။ အခုကာလမှာမှ ပြောလာတဲ့အပြင် ပီအာကို အဆို
တင်သွင်းတာက အန်အယ်လ်ဒီက ပဲ့ထွက်လာတဲ့ အန်ဒီအက်ဖ်ပါတီက ကိုယ်စား
လှယ်များဖြစ်နေတာ၊ ကန့်ကွက်ဆွေးနွေးကြသူတွေထဲမှာ တပ်မတော် သားကိုယ်
စားလှယ်တောင်ပါပေမယ့် ထိရောက်မှုမရှိခဲ့တာ ကြံ့ခိုင်ရေးအမတ်များက လွှတ်တော်
တွင်းမှာရော ပြင်ပ အလွတ်သဘောနဲ့ပဲ ပီအာကိုထောက်ခံကြောင်း အားပါးတရ
ပြောနေကြတာများက ဆက်စပ်တွေးကြည့်ရင် ရုပ်လုံးပေါ် နေတာပါပဲ။ အဲဒီရုပ်လုံး
ပေါ်မှုကို ထပ်ပြီး အပီအပြင်ချယ်မှုန်းပေးလိုက်တာကတော့ ဦးအောင်ဇင်ရဲ့အဆိုကို
  တင်သွင်းတဲ့ ၂၄ရက်နေ့နဲ့ ဆွေးနွေးတဲ့၂၅ရက်နေ့က လွှတ်တော်အစီအစဉ်များမှာ
 "မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိစေ မည့်  ရွေးကောက်ပွဲကျင်းမမည့်စနစ်
တစ်ခု ဖော်ဆောင်ကျင့်သုံးနိုင်ရေး"လို့ ဖော်ပြထားပြီး ပိတ်ရက်နှစ်ရက်အလွန် ၂၈ နဲ့
 ၂၉နေ့များရဲ့ အစီအစဉ်မှာ "မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်
ကို ဖော်ဆောင်နိုင်သော  အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ
နည်းလမ်းကို"လို့ အတိအလင်းပြောတဲ့ပုံ မသိမသာ နားလှည့်ပါးရိုက် ပြောင်းလိုက်တာ
ဖြစ်ပါတယ်။ ဒါကို ၀ိုင်းထောက်ပြကြတော့ နာယကကြီးက နောက်ဟာက မူလကတည်း
 က တင်မယ့်အမှန်ဖြစ်ပြီး အခုလိုမှားတာဟာ လွှတ်တော်ရုံးရဲ့အပြစ်လို့ လွှဲချလိုက်ကာ
"လိုအပ်တဲ့ဆို ဆုံးမမှုတွေတောင်ပြုပြီးသွားပါပြီ"လို့ ဆိုပါတယ်။ ဒီတော့လည်း"ထောက်ပြ
မယ့်သူမရှိရင် မူလအဆိုနဲ့ ကွဲလွဲတဲ့ ဆုံးဖြတ်ချက်ကို မလိမ့်တပတ်ချဖို့လုပ်ထားတာပဲ"
လို့ အားလုံးက ၀ိုင်းစွပ်စွဲသံတွေ ညံတဲ့အဖြစ်ရောက်တော့တာပါပဲ။      
 
 တစ်ခါ ဦးရွှေမန်းက ဘယ်ရွေးကောက်ပွဲစနစ်က လိုက်လျောညီထွေပိုဖြစ်မယ်
ဆိုတာကော်မရှင်ဖွဲ့ပြီး အဲဒီ ကော်မရှင်အစီရင်ခံစာနဲ့မှ ဆက်လက်ဆောင်ရွက်ဖို့ဆိုတာမျိုး
အဆုံးအဖြတ်ပေးပြီး အဲဒီအဆိုကို ထောက်ခံပါသလားဆိုတဲ့  အဆုံးအဖြတ်ကိုယူပါ
တယ်။ အဆိုကိုကန့်ကွက်သူ ၁၈ဦး၊ ထောက်ခံသူ ၁၈ဦး၊ ကြားနေဆွေးနွေးသူ ၃ဦးရှိ
တယ်လို့ ဆိုပါတယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းပြောတဲ့ ကော်မရှင်
ဖွဲ့ဖို့ဆိုတာနဲ့ ဦးအောင်ဇင်ရဲ့ ပီအာ ကျင့်သုံးဖို့ဆိုတာနှစ်မျိုးမှာ ဘယ်တစ်ခုကို ထောက်ခ
ံကန့်ကွက်ရမယ်ဆိုတာ မရှင်းကြောင်းပြောလို့ ဦးရွှေမန်းက ကော်မရှင်ဖွဲ့တယ်ဆိုတာ
ဟာ ဦးအောင်ဇင်ထဲမှာပါလို့ အဲဒါကိုသာပြောခြင်းဖြစ်ကြောင်း ရှည်လျားစွာရှင်းပြ၊
ဦးအောင်ဇင် ရဲ့မူလအဆိုက ကော်မရှင်ဖွဲ့ဖို့ဆိုတာမပါပေမယ့် ဦးရွှေမန်းက ပြင်ဆင်
သုံးနှုန်း အဆုံးအဖြတ်ယူလိုက်ပြီး နောက်ဆုံးမှာတော့ "ဦးအောင်ဇင်ရဲ့အဆိုကို
အတည်ပြုပါတယ်"လို့ လုပ်လိုက်တော့ အတော့်ကို ရှုတ်ထွေးသွားပါတော့တယ်။ သတင်း
စာ များ ဂျာနယ်များကလည်း နားလည်သလို ပြန်ရေးကြရတော့ တစ်စောင်တစ်မျိုးဖြစ်
ကုန်ပါရော။ ( အင်း၊ လွှတ်တော် အသံဖိုင်ကို တစ်အိမ်တက်ဆင်း ဖွင့်ပြရမယ့်ပုံပဲနော်)။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်တို့က မိမိတို့ထောက်ခံခဲ့ တာ ဦးရွှေမန်းပြောတဲ့
ကော်မရှင်ဖွဲ့ရန်ကိစ္စဖြစ်ပြီး ဦးအောင်ဇင်ရဲ့ ပီအာကျင့်သုံးရန် မဟုတ်ကြောင်း ၀ိုင်းဝန်း
လက်မှတ် ရေးထိုးတင်ပြမယ်လို့ဆိုပါတယ်။ ဦးရွှေမန်းကလည်း ရွေးကောက်ပွဲစနစ်နဲ့
ပတ်သက်ပြီး မျှမျှတတဖြစ်အောင်လုပ်ပေးမှာ ဖြစ်ပြီး အခြေခံဥပဒေနဲ့ညီမညီဆိုတာကို
အခြေခံဥပဒေခုံရုံးအဆုံးအဖြတ်နဲ့ ဆောင်ရွက်မယ်လို့ ဆိုလိုက်ပါတယ်။  (ခုံရုံးအဖွဲ့ဝင်
များကတော့ သွားလေသူများကို ကြည့်ပြီး... ကြည့်ပြီး... အင်း၊ ကြည့်လုပ်ရမှာပေါ့နော်)။

  အင်း၊ ပြောရမယ်ဆိုရင် တကယ်တော့ ကျွန်တော်တို့ လွှတ်တော်ကြီးက
ဒီလိုပဲမှားနေကျပဲဟာ။ လူမသိရင် ဖုံးဖုံးဖိဖိနဲ့ပြီးသွားတာပဲ။ ဒီကိစ္စကြားရတော့ လွှတ်တော်
ကြီးနို့စို့အရွယ် သက်တမ်းနုစဉ်မှာ မှားခဲ့ဖူးတာတစ်ခု ပြန် သတိရမိပါတယ်။ အဲဒါကတော့
၂၀၁၁ခုနှစ်ဖေဖေါ်ဝါရီလ၁၆ရက်နေ့မှာ သမ္မတကြီးက ဒုရှေ့နေချုပ်ဦးထွန်းထွန်းဦးကို
ပြည်ထောင်စုတရားသူကြီး အဖြစ်တင်သွင်းကြောင်း နာယကက ဖေါက်ဖတ်ပြခဲ့ပြီး ကန်
့ကွက်လိုက နောက်နေ့မှာ ကန့်ကွက်ပါ လို့ဆိုပါသေးသတဲ့။ ဒါပေမဲ့ အဲဒီနေ့ညမှာပဲ
ကိုယ်စားလှယ်များကို ပေးထားတဲ့ ကိုယ်ရေးအချက်အလက် စာရွက်တွေကို ညတွင်းချင်း
လာလဲသွားပြီး ဒုရှေ့နေချုပ်မဟုတ်ပဲ ဒုတရားသူကြီးချုပ်မို့ပြန်လာလဲတာပါတဲ့။ ဖြစ်ချင်
တော့ နာမည်က ဦးထွန်းထွန်းဦးချင်း တူနေသကိုး။ နာမည်ပဲမှားသလား၊ ဘာပဲ မှားသလား
တော့မသိပါဘူး။ တရားဝင် ဝေထားတဲ့ အချက်အလက်တွေကို တရားမ၀င်ပြန်လဲပြီး
တရားဝင်ပြန်ဆုံးဖြတ်ခန့်အပ်ခဲ့တာ အခုဆိုတရားဝင် အလုပ်ဖြစ်နေတာပဲ မဟုတ်လား။                     

ဘာပဲဖြစ်ဖြစ် ပီအာဆိုတဲ့ဟာကြီးဟာ နိုင်ငံတကာမှာ ဘယ်လောက်ကောင်း
ကောင်း၊ ကျွန်တော်တို့ဆီမှာ တော့ တိုင်းရင်းသားပါတီများက စိတ်အနှောက်အယှက်
အကြီးအကျယ်ဖြစ်ပြီး မကြုံစဖူး လွှတ်တော်ကြီးကိုတောင် စိတ်ကောက်၊ သပိတ်မှောက်
စေတဲ့ကိစ္စ၊ တောင်သူလယ်သမား ၇၀ရာနှုန်းကျော်ရှိတဲ့နိုင်ငံမှာ ဒီလိုရှုတ်ထွေးပြီး နား
လည်ဖို့ခက်တဲ့စနစ်နဲ့ မဲပေးရွေးချယ်ခိုင်းတာမျိုးကို ပြည်သူများကို သဘောပေါက်မှာလည်း
မဟုတ်၊ ကျေလည်း ကျေနပ်မှာမဟုတ်ပဲ အထင်လွဲစရာတွေဖြစ်စေမယ့်ကိစ္စမို့ အဆင်
ပြေနိုင်စရာ မရှိပါဘူး။  တစ်ခါ ဒီကိစ္စကိုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အများကြီး
မဲဆန္ဒမဲနဲ့ မနိုင်လောက်တဲ့ ကြံ့ခိုင်ရေးနဲ့ အခုအခါမှာ အလားအလာကောင်း မရှိတဲ့
အန်ဒီအက်ဖ်တို့က သူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့လုပ်နေတယ်လို့ ပြည်သူအများစု
ကြီးက ထင်မြင်နေတာ ဖြင့် (ဟုတ်ဟုတ် မဟုတ်ဟုတ်) ကျွန်တော်တို့ နိုင်ငံရေးအနာဂတ်
အတွက်ဖြင့် အလွန်ရင်လေးစရာ ဖြစ်ပါတယ်။      
  
ကျွန်တော်တို့ ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်
စားလှယ်ကြီးများ စီးနင်းလိုက်ပါပြီး  နိုင်ငံအနာဂတ်ခရီးရှည်ကြီးကို သွားနေတဲ့ လွှတ်တော်
ဘတ်စ်ကားကြီးပေါ်မှာ ကိုယ်စားလှယ်ကြီးများဟာ တစ်ဦးကို တစ်ဦး သူက ငါ့ပါလာသမျှကို
အလစ်လာနှိုက်မယ့် ခါးပိုက်နှိုက်လား၊ သူက ငါ့မခိုင်တခိုင် ပုဆိုးစကိုတက်နင်းပြီး အရှက်ခွဲ
မယ့် ဟာကြီးလို့ မယုံသင်္ကာ ပြူးတူးပြဲတဲ ကြည့်နေကြရတာကို  ငေးမောကြည့်ရင်း
ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ကြစေချင်ပါတယ်။                 
 ဒီကားကြီးပေါ်မှာ ဆောင်းဘောက်စ်က ထွက်လာတဲ့ တေးသံကတော့ "ဒီတစ်ခါ၊
ပြည်မြန်မာ၊ ကလီကမာရဲ့ အမည်သညာ၊ အဲဒါက ပလီပလာ၊ အဲလေ... အဲဒါက ပီအာ"ပါ
တဲ့ ခင်ဗျား။                                                               

ရီနေနိုင်

အချိုးကျကိုယ်စားပြုရွေးချယ်တဲ့ ရွေးကောက်ပွဲစနစ် PR ကို ကန့်ကွက်ဖို့အတွက် မင်္ဂလာတောင်ညွန့်မှာ ဆန္ဒပြမယ့်ကိစ္စ ရဲစခန်းက ခွင့်ပြုချက်မပေးလို့ သြဂုတ် ၉ရက်နေ့မှာ ဆန္ဒပြပွဲပျက်သွားပါတယ်။ ငြိမ်းစုစီဥပဒေအရ သတ်မှတ်ရက်အတိုင်း ကြိုတင်အကြောင်းကြားရင် ရဲစခန်းခွင့်ပြုချက် လိုသေးလို့လား။

သိမ်ဖြူလမ်းကနေ ပုစွန်တောင်ကို လမ်းလျှောက်ချီတက်ဖို့ ပြင်ဆင်ထားပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးလို့ ဆန္ဒပြမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အသင့်ပုံနှိပ်ထားတဲ့ ဗီနိုင်းပိုစတာနဲ့အတူ သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောခဲ့ပါတယ်။

ငြိမ်းစုစီ ဥပဒေနဲ့အညီ ၇ရက်ကြိုတင်ပြီး အကြောင်းကြားပေမယ့် လမ်းလျှောက်ဆန္ဒပြတာကို ရဲတပ်ဖွဲ့က ခွင့်မပြုဘဲ ပြည်သူ့ဟစ်တိုင်မှာပဲ ဆန္ဒပြလို့ရတယ်လို့ ခွင့်ပြုခဲ့လို့ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခြင်းဆိုင်ရာ နည်းဥပဒေ အသက်မဝင်သေးဘူးလို့ ဦးဌေးမြင့်က ပြောပါတယ်။


NDF ပါတီရဲ့ ပုစွန်တောင်လွှတ်တော်အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ PR ရွေးကောက်ပွဲစနစ် တင်သွင်းခဲ့လို့ ဒီအဆိုကို ရည်ရွယ်ပြီး ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးတဲ့အပြင် ဘာ့ကြောင့် ခွင့်မပြုတာလဲဆိုတာကိုလည်း ရှင်းပြခဲ့တယ် ပြောပါတယ်။

ဆန္ဒမပြဖြစ်တဲ့အကြောင်း ရှင်းလင်းပြောပြီး ပြန်သွားတဲ့ မြို့နယ်ခေါင်းဆောင်ရဲ့ တာဝန်ပေါ့လျော့လို့ ဆန္ဒပြဖို့ ရောက်လာတဲ့ လှုပ်ရှားတက်ကြွသူတွေက တဖွဲဖွဲရောက်လာတဲ့အပေါ် မင်္ဂလာတောင်ညွန့် NLD က ဦးသောင်းဌေးက လူစုခွဲပေးဖို့ မေတ္တာရပ်ခံခဲ့ရပါတယ်။
Kamayut media

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင်လွှတ်ပေးမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကတိစကား အခုထိ အကောင်အထည်မပေါ်လာလို့ ဆရာတော် ဦးရက္ခဝံသဟာ ပဲခူးကနေ ရန်ကုန်အထိ သြဂုတ် ၈ရက်နေ့က တစ်ကိုယ်တော် လမ်းလျှောက်ဆုတောင်းခဲ့ပါတယ်။ ဆရာတော့်ဆုတောင်း ပြည့်ပါ့မလား။

၂ဝ၁၃ အကုန် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရဆိုပေမယ့် လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၄ယောက် ရှိနေဆဲဖြစ်ပြီး သြဂုတ် ၈ရက်နေ့ မနက် ၈နာရီ ၈ မိနစ်ကစတင်ပြီး ပဲခူးမြို့ကနေ ရန်ကုန်ကို လမ်းလျှောက်ဆုတောင်းဖို့ ကြွနေတာဖြစ်တယ်လို့ မိန့်ပါတယ်။


နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင်လွတ်မလာရင် ၄၅ရက်ကြာ အစာငတ်ခံဆန္ဒပြသွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဆရာတော် ဦးရက္ခဝံသဟာ သြဂုတ် ၈ရက်နေ့ညက လှည်းကူးမှာ တည်းခိုခဲ့ပြီး သြဂုတ် ၉ရက်နေ့မနက်မှာတော့ ရန်ကုန်မြို့ကို ဆက်လက်ကြွချီခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတာဟာ နိုင်ငံတကာနဲ့တွေ့ဆုံချိန်မှာ မျက်နှာပန်းလှအောင် အသုံးချဖို့ လုပ်ထားတယ်လို့ သူယူဆတဲ့အကြောင်း တစ်ကိုယ်တော် ဆန္ဒပြတဲ့ ဦးရက္ခဝံသက မိန့်ပါတယ်။

ဆရာတော်ဟာ လမ်းလျှောက်ဆုတောင်းရာ ခရီးတစ်လျှောက် ဆွမ်းမစားဘဲ ကြွနေတာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို အကုန်အစင်လွှတ်ပေးဖို့ တစ်ကိုယ်တော်ဆုတောင်းမှု ၆ကြိမ်တိတိလည်း ရှိပြီဖြစ်ပါတယ်။

Kamayut media

သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အားဖမ်းဆီးမှုနှင့်ပါတ်သက်၍ ပြည်ထောင်စုအစိုးရမှ ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အမှန်တကယ်လာဘ်ပေး လာဘ်ယူမှုရှိနေသော အစိုးရ အဖွဲ့ဝင်များကို ဖော်ထုတ်အရေး ယူပေးရန် ဒေးဒရဲ မြို့မှဒေသခံ(၃၀၀)ခန့်က သြဂုတ်လ (၉)ရက်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့အနှံလှည်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တောင်ပိုင်းမှ ကျေးရွာပေါင်း(၂၀)ခန့်က ဒေသခံ(၃၀၀)၀န်းကျင်က နံနက်(၁၀)ခွဲတွင် ဒေးဒရဲဇက်ဆိပ်မှ စတင်ကာ ဦးဆန်းဆင့်အားပြစ် မှုမှကင်းလွတ်ခွင့်ပြုရေး၊ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံခံရမှုမ ရှိစေရေး၊ ပြစ်မှု ကျူးလွန်သည်ဟု ထင်ရှားခြင်းမရှိဘဲအချုပ်အနှောင်မှ ကင်းလွတ်ရေး၊ အမှန်တကယ်လာဘ်ပေးလာဘ်ယူသူများအား အရေးယူခွင့်ရရှိရေး၊ ဦးဆန်းဆင့်အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာပြည်သူလူထုအား ထုတ်ပြန်ကြေငြာပေးရေး စသည့် ကြွေးကြော်သံများဖြင့် နံနက်(၁၂)နာရီ (၃၀)အထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

`ဦးဆန်းဆင့် တကယ်လဘ်ပေးလဘ်ယူတယ်ဆိုရင်လည်း ပွင့်ပွင့်လင်း လင်းပြည်သူကိုချပြသင့်တယ်၊ တကယ် လာဘ်ပေးလာဘ်ယူနေတဲ့ အစိုးရအဖွဲ့ဝင်တွေကိုလည်း ပွင့်ပွင့်လင်းလင်းဖော်ထုတ်အရေးယူပေးဖို့ အခုလိုဆန္ဒ ထုတ်ဖော် တာပါ´ဟုဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ ကိုအောင်ကျော်ဆန်းက ပြောသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်ကို ပြစ်မှုပုဒ်မ ၄၀၉ ပြည်သူပိုင်ပစ္စည်းအ လွဲသုံးစားမှု၊ ပုဒ်မ၁၀၉ လှုံ့ဆော်ခြင်းကြောင့် ဖြစ်စေ ၊ပူးပေါင်းကြံစည်ခြင်းကြောင့်ဖြစ်စေ အားပေးကူညီမှုတို့ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က စတင် တရားစွဲခဲ့ခြင်းဖြစ်သော် လည်း ဇူလိုင်လ ၂၂ရက်နေ့(၄)ကြိမ်မြောက်ရုံးချိန်း တွင်မှုပုဒ်မ ၁၀၉ ကို ရုပ်သိမ်း လိုက်ပြီး ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဟု ဆိုကာထပ်မံတရားစွဲခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်မှာဖမ်း ဆီးထိန်းသိမ်းထားပြီး နှလုံးရောဂါ၊ ကျီးပေါင်း ရောဂါနှင့် မျက်စိဝေဒနာခံစားနေရသောကြောင့်ဇူလိုင်လ ၃၀ရက်နေ့(၅)ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံး၌ ကျန်းမာရေးအာမခံလျှောက်ထား ခဲ့သော်လည်းအပြင်တွင် မလျှော်သြစာသုံးမည် စိုးရိမ်သဖြင့်ဟုဆိုကာ အာမခံကို ပယ်ချခဲ့သည်။
ထို့နောက်သြဂုတ်လ(၆)ရက်နေ့က ခေါ်ယူခဲ့သော(၆)ကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့်မှ ဌာနငွေကြေးများကို သူကိုယ်တိုင်မကိုင်ပဲလွှဲအပ်ထားသည်ဆိုသူ သာသနာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမောင်မောင်ဌေးအား တရားရုံးမှ စစ်ဆေးခဲ့ပြီး သြဂုတ်လ(၁၂)ရက်နေ့ကို ထပ်မံရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။

ထို့ကြောင့် ဒေးဒရဲမြို့နယ်တောင်ဘက်တွင်ရှိသော တော်ကနိ၊ညောင်လိန်ကုန်း၊ချောင်းသစ်ပေါက်သံဒိပ်၊ ရေတွင်းကုန်း ဥသြလမ်း၊ ကျွန်းပင်၊တော်ပေါင် စိန်နှင့်ကျောင်းဆိပ်စသည့် ကျေးရွာ(၂၀)မှဒေသခံများသည် သြဂုတ်လ(၆)ရက်နေ့မှစတင်ကာ ဆန္ဒဖော်ထုတ်ခွင့်ကိုလျှောက် ထားခဲ့ပြီး ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ (၁၂/၂၀၁၄)ဖြင့် ခွင့်ပြုမိန့် ပေးခဲ့သည်။
`အဓိကက မလျှော်သြဇာသုံးမှာစိုးလို့ဆိုပြီး အာမခံတောင်မရခဲ့တဲ့ကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်တာပါ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ကဒီဆန္ဒဖော် ထုတ်ပွဲမှာဦးဆန်းဆင့် ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံခံရမှု မရှိစေရေး၊ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားခြင်းမရှိဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေးတွေပါ တောင်းဆိုတာပါ´ဟု ဆန္ဒဖော်ထုတ်ရာ တွင် ဦးဆောင်ပါဝင်သူလူ့အခွင့် အရေး စောင့်ကြည့်ကာ ကွယ်ရေး ကွန်ယက်(HRWDN)မှ ကိုထွန်းထွန်းဦးက ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ဒေးဒရဲမြို့ဇက်ဆိပ်မှစတင်ကာ ကမ်းနားလမ်း၊ပြည်တော်သာလမ်း၊ ဘုရားလမ်း၊ ကံ့ကော်လမ်း၊ ဗိုလ်ချုပ်လမ်းတို့တွင်လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စတင်စုဝေးခဲ့ရာဇက်ဆိပ်၌ပင် ငြိမ်းချမ်းစွာ ပြန်လည်လူစုခွဲခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ်(၂)နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးဒေသခံတို့၏ချစ်ခင်လေးစားမှုကိုရရှိခဲ့သော ဦးဆန်းဆင့်ဖမ်းဆီးခံ ရမှုနှင့်ပါတ်သက်ပြီး ဇူလိုင်လ(၁)ရက်နေ့ကလည်း ပုသိမ်ဒေသခံ (၂၀၀)ခန့်က ဆန္ဒဖော် ထုတ်ခဲ့ကြပြီး၎င်းဆန္ဒဖော်ထုတ်ပွဲ တွင်ခွင်ပြုမိန့်၌ မပါဝင်သောပိုစတာများ ကိုင်ဆောင်သည်ဆိုကာ ဦးဆောင်ခဲ့သူကို ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာပုဒ်မ(၁၉)ဖြင့် အမှုဖွင့်၍ တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

(၂၀၁၃)ဖေဖေါ်ဝါရီလကလည်းဦးဆန်းဆင့်အားသာသနာရေးဝန်ကြီးရာထူးပြောင်လဲတာ ၀န်ပေးအပ်ခဲ့သဖြင့် ပုသိမ်၊ ဟင်္သာတ၊ပန်းတနော်၊ ကျုံပျော၊်ကျောင်း ကုန်း စ သည့်မြို့များ မှဒေသခံပြည်သူများက အဆိုပါပြောင်းရွေ့မိန့် ကို ပြန်လည် ရုတ်သိမ်းရန် ဆန္ဒဖော်ထုတ်မှု များပြုလုပ်ခဲ့ကြသေးသည်။
သတင်းထောက်-မျိုးမင်းထွန်း (MMK)

သြဂုတ်လ- ၉ ရက်နေ့

သည်လေဒီးစ် နယူးစ်ဂျာနယ်

ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်များတွင် တင်သွင်းခဲ့သည့် ပီအာ (အချိုးကျကိုယ်စားပြုစ နစ်)သည် လွှတ်တော်အတွင်းရှိကိုယ် စားလှယ် ၁၀၀ ရာခိုင်နှုန်း အတွက် စဉ်းစားမှသာလျှင် ရွေးကောက်ပွဲစနစ် နှင့်ပတ်သက်ကာ စဉ်းစားသည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ဦးကို ကိုကြီးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ သတင်း စာရှင်းလင်း ပွဲတွင် ၎င်းကပြောကြား လိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးနယ်ပယ်ထဲမှာ တစ် ယောက်နဲ့ တစ်ယောက် ပူးပေါင်း ဆောင်ရွက် ဖို့ပဲလိုလားပါတယ်။ အား စမ်းတဲ့ပုံစံမျိုး တစ်ယောက်ကဒါလုပ် ပြီဆိုရင် ဒါလုပ် လိုက်မယ်ဆိုတဲ့ပုံစံ မျိုးနဲ့ နိုင်ငံရေးကစားတာတွေ၊ လက် နက်တစ်ခုအဖြစ် အသုံး ချတာမျိုးတွေ မလုပ်ဖို့ ကျွန်တော် မေတ္တာရပ်ခံချင် ပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲစနစ်တစ်ခုကို စဉ်း စားရာတွင် လက်ရှိစနစ်ကိုပဲ သုံးသပ် ခြင်းဖြစ်စေ၊ စနစ်အသစ်တစ်ခု မိတ်ဆက်ဖို့ ကြိုးစားခြင်းဖြစ်စေ လွှတ်တော်နေရာ ၁၀၀ ရာခိုင်နှုန်းစလုံးအတွက်ကို စဉ်းစားမှ သာလျှင် ရွေးကောက်ပွဲ စနစ်နဲ့ပတ်သက်ပြီး စဉ်းစား သည်ဟု သတ်မှတ်နိုင် မည်ဟု ၎င်းင်းက ဆိုသည်။ ထိုသို့မဟုတ်ဘဲ လွှတ် တော်တွင်းရှိ ၂၅ ရာခိုင်နှုန်း ကို မပြော ဘဲ ၇၅ ရာခိုင်နှုန်းကိုသာ ဒီစနစ်မ ကောင်း၊ ဟိုစနစ်ကောင်းသည် စဉ်း စားခြင်းသည် ဒီမိုကရေစီအခြေခံအ ရ လွဲချော်နေခြင်းဟု ထင်မြင်ကြောင်း ၎င်းင်းက ဆိုသည်။

”ရွေးကောက်မခံရဘဲ ပါဝင်နေ သည့် ၂၅ ရာခိုင်နှုန်းကိစ္စအရေးကြီး သည် ဆိုခြင်းကို သိရှိသော်လည်း တ ဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲသွား မယ်လို့ စဉ်းစားထားသည်”ဟု ဦးကို ကိုကြီးကဆိုသည်။ အဆိုပါ ၂၅ ရာ ခိုင်နှုန်းကိစ္စကို မပြောဘဲ ၇၅ ရာခိုင် နှုန်းကိုမှ ရွေးကောက်ပွဲစနစ်ပြောင်း ရန် ကြိုးစားသူ များသည် ၂၅ ရာခိုင် နှုန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ထိခိုက်တာဟု ထင်မြင်ကြောင်း ၎င်းင်းကဆိုသည်။

“နောက်တစ်ခုအရေးကြီးတာပြော ရလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအ ရဆိုရင် တပ်မတော်ဟာ ပါတီနိုင်ငံ ရေးနဲ့ ကင်းရှင်းရမယ်။ အဲ့တော့ရွေး ကောက်ပွဲတွင် ၀င်မယ့် ပါတီအဖွဲ့အ စည်းများ၊ လူပုဂ္ဂိုလ်များဟာ အဲ့ဒီပါတီနိုင်ငံရေး ကင်းရှင်း ရမယ်ဆိုတဲ့ အ ဖွဲ့ကို ကိုယ့်မဲ့ကိုယ့်အင်အားအဖြစ်နဲ့ ထည့်တွက်ပြီးတော့ အကွက် မရွှေ့ဖို့ တော့ အခုကတည်းက ကျွန်တော် ပြောချင်တယ်” ဟု ဦးကိုကိုကြီး က ပြောသည်။

အချိုးကျကိုယ်စားပြုစနစ်ကို အ မျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ် တော် တို့တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအမတ်များက အဆို တင်သွင်း ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ထောက်ခံမှု အများစုဖြင့် အဆိုအောင်မြင်ခဲ့သည်။

လွှတ်တော်နှစ်ရပ်လုံးတွင်လည်း ရွေး ကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မတီများကို လွှတ်တော်ဥက္ကဋ္ဌ များက ဖွဲ့စည်းပေးထားသည်။ အ ဆိုပါ အချိုးကျကိုယ်စားပြုစနစ်ကို နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များအကြားတွင်လည်း သဘောကွဲလွဲမှုများရှိနေသည်။ လက် ရှိမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ် မှာ မဲအများဆုံးရရှိသူက အနိုင်ရ ကိုယ်စားလှယ်ဖြစ်သည့်စနစ်(င်္ဏွှဏ) စနစ်ဖြစ်သည်။

စစ်ထက်အောင်
The Ladies News Journal

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သည့် ကနေဒါနိုင်ငံသား ဟောင်ကောင်တက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခတစ်ဦးက သူ၏ ခြေသလုံးတွင် ဗုဒ္ဓဘုရားရုပ်ပုံဆေးမင်ကြောင်များကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မြန်မာပြည်ကနေ နှင်ထုတ်ခံရသည်။

ဟောင်ကောင် ဘက်ပတစ်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားသည့် ဂျေဆင်ပိုလီက သူ၏ ချစ်သူဖြစ်သူ ဟောင်ကောင်အမျိုး သမီးတစ်ဦးနှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် ခဲ့ခြင်း ဖြစ်သည်။ ထိုပြဿနာသည် မြန်မာနိုင်ငံသို့ သူရောက်ပြီးပြီးချင်း နောက်တစ်ရက် ပြီးခဲ့သည့် အပတ်က အင်္ဂါနေ့က ဖြစ်ပျက်ခဲ့တာဟု ပြော ပါသည်။ ဒေသခံတစ်ဦး က သူ၏ ခြေသလုံးက ဘုရားပုံ တက်တူးများကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာပေါ်ကို တင် လိုက်သော အချိန်ဖြစ်ပါသည်။ ထိုပုံသည် မြန်မာလူမျိုးများအကြား တွင် အကြီးအကျယ် ဂယက် ရိုက်သွား ခဲ့သည်။

မြန်မာသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ် ပြီး ကိုယ်ခန္ဓာသည် ညစ်ပေသည်ဟု အများစု က ယုံကြည် သည့်နိုင်ငံဖြစ် သည်။ ဘန်ကောက်တွင် ဂျေဆင် ပေါ်လီက သတင်းဌာနများကိုပြော ကြားခဲ့ရာ မှာ ရှမ်းပြည်နယ်၊ အင်းလေး ကန်က သူ၏ဟိုတယ်သို့ ဒေသခရီး သွားလုပ်ငန်းမှ တာဝန်ရှိသူ ၁၅ ဦး ခန့်သည် စနေနေ့ညက ရောက်လာ ခဲ့သည်ဟုဆိုသည်။ သူတို့က သူ့ကို ဟိုတယ် ဧည့်ခန်း သို့ခေါ်ထုတ်သွားကြ သည်။

သူတို့က “ဘာလို့ခင်ဗျားရဲ့ ခြေ ထောက်မှာ ဒီဆေးထိုးမင်ကြောင်တွေ ကို ထိုးတာလဲ၊ ခင်ဗျား မြန်မာပြည် မှာ ဖေ့စ်ဘုတ်စတားဖြစ်နေပြီဆိုတာ သိရဲ့လားဟု ပြောကြတယ်” ဟု မစ္စ တာပေါ်လီက ပြန်ပြောပြခဲ့သည်။

မစ္စတာပေါ်လီ မှာ မဟာယန ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး သူ၏ ဗုဒ္ဓပုံ တက်တူးများက သူ၏ ဘာသာရေး မဏ္ဍိုင်ပြသခြင်းဟု ဆိုသည်။ မြန်မာ ဗုဒ္ဓဘာသာ အများစုမှာ ကွဲပြားခြားနားသော ဘာသာရေး ပုံစံကို ကျင့်သုံးကြသည်ဟု သူကဆိုသည်။

သူ၏ခြေထောက်က ဘုရားပုံဆေးမင်ကြောင်များကြောင့် အစွန်းရောက်အချို့က သူ့ကို လာရောက် ရန်ပြုမှာ စိုးသဖြင့် သူတို့လာရောက်ခြင်းဖြစ် သည်ဟု တာဝန်ရှိသူများက မစ္စတာ ပေါ်လီကို ပြောကြားခဲ့သည်။

ထို့နောက် သူနှင့်သူ့ရည်းစားတို့ ၏ နိုင်ငံကူးလက်မှတ်များကို တောင်း ကြည့်ကြပြီး သူနှင့် သူ့ခြေထောက်ကို အရာရှိခြောက်ယောက်က ဓာတ်ပုံ တလဲလဲ ရိုက်ကြသည်ဟုဆိုသည်။ ရဲတစ်ယောက်က သူမတ်တပ်ရပ် ထ ရပ်ရာ သူ့ကိုဖမ်းဆွဲဖို့ကြိုးစားခဲ့သည်။

“သူ တစ်ယောက် ပါပဲ။ ကျွန်တော့် ကို တကယ့်ကို စိတ်ရောလူပါမသက် မသာဖြစ်အောင် လုပ်တာ။ မကောင်းမှန်းသိပေမဲ့ အဲသည်တစ်ယောက်ကို အဲဒီနေရာမှာပဲ ပြန်လုပ်ပလိုက်ချင် တယ်” ဟု မစ္စတာပေါ်လီက ပြောသည်။

အခြားသက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း ပြေပြေပြစ်ပြစ်ပြောဆို ခဲ့သည်ဟုဆိုသည်။ သူတို့က သူ့ကို တနင်္ဂနွေနေ့မနက်အထိ ဟိုတယ်က နေ မခွာရန်ပြောကြားခဲ့ပြီး ဟိုတယ် ခရီးဝန်ကြီးဆီက အကြောင်းပြန်မှု ကို စောင့်ရမည်ဟုဆိုသည်။

ထို့နောက်တစ်နေရာကျော်အကြာ တွင် သူနှင့်သူ့ရည်းစား ဟောင်ကောင် သူ မာဂရက်လန်းကို ဟိုတယ်ကနေ ပစ္စည်းတွေသိမ်းရန် ၂ နာရီအ ချိန် ပေးပြီး လေဆိပ်ရှိရာသို့ ၁၅ နာရီ ကြာ ကားမောင်းပြီး လိုက်ပို့ကြသည်။ တခြားအရာရှိများက သူ့ကိုရှေးဦးစွာ ပြည်နှင်ဒဏ်ပေးခံ ရသည်ဟု ပြောဆို ခဲ့ပြီး တခြားတာဝန်ရှိသူများက သူ၏ လုံခြုံရေးအတွက် တိုင်းပြည်က ပြန်ထွက်ခွာခိုင်းတာဟုဆိုသည်။

မြန်မာနိုင်ငံမှာ ကနေဒါသံရုံး မရှိသည့်အတွက် သြစတြေးလျသံရုံးကို သာ ဆက်သွယ်ရန် ညွှန်ကြားသော်လည်း စနေနေ့ဖြစ်သဖြင့် သံရုံးကလည်း ပိတ်နေသည်။ သူတို့စုံတွဲ မှာ ဟောင်ကောင်ရှိ သူငယ်ချင်းများ အကူအညီဖြင့် တနင်္ဂနွေနေ့မနက် တွင် ကနေဒါနှင့် တရုတ် တာဝန်ရှိသူ များကို ဆက်သွယ်နိုင်ခဲ့၏ တရုတ် တာဝန်ရှိသူများက တစ်နာရီ အတွင်း မြန်မာ စကားပြန်နှင့် တာဝန်ရှိသူများ ကို ဖုန်းဖြင့်ပြောဆိုခဲ့သော်လည်း ကနေဒါသံရုံး ကမူ ဆက်သွယ်ခြင်း မရှိပါ။

မစ္စတာပေါ်လီ သူ၏ကျန်သော အားလပ်ရက် ၂၃ ရက်ကို ထိုင်းနှင့် လာအိုနိုင်ငံကို လည်ပတ် ရန်ကြံရွယ်ထားသည်ဟု ဆိုသည်။ အဆိုပါနိုင်ငံများသည် လည်း မြန်မာနိုင်ငံသို့ပင် ဗုဒ္ဓ ဘာသာ နိုင်ငံများဖြစ်သော်လည်း ၎င်း၏ ဆေးမင်ကြောင်များ ကို ပြဿနာလုပ်မည်ဟု မထင်ကြောင်း သူက ဆိုသည်။ အနာဂတ်တွင် မြန်မာ ကို ပြန်လည်မည့် အကြံအစည်ကိုတော့ သူက မပယ်ဖျက်သေးကြောင်း ဘန်ကောက်ပို့စ်သတင်းစာအား ပြော ကြားခဲ့သည်။

“မြန်မာ့ခရီးသွားလာလုပ်ငန်း အကြီးအကဲတွေအပါအ၀င် တာဝန်ရှိသူတွေက အခြေအနေတွေ တိုးတက်လာမှ လာလည်ပါ” လို့ ကျွန်တော်ကို ဖိတ်ပါတယ်။ တကယ့်ကို သဘောကောင်း ပါတယ်" ဟု ၄င်းကဆိုသည်။

ကနေဒါနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကမူ ကနေဒါနိုင်ငံသားများအနေဖြင့် လိုအပ်ချက် မပြည့်စုံပါက သက်ဆိုင်ရာနိုင်ငံ၏ နယ်နိမိတ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ကနေဒါ အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်ခြင်းမရှိပါဟုဆိုသည်။

လင်းလင်း ဘာသာပြန်ဆိုသည်။
Ref - Bangkok Post

သြဂုတ်လ-၈ ရက်နေ့ထုတ်
အတွဲ ၂ အမှတ်စဉ် ၂၅၊
သည်လေဒီးစ် နယူးစ်ဂျာနယ်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တကိုယ်တော်ဆန္ဒပြတောင်းဆိုမှုတခုရန်ကုန်မြို့တွင် သြဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းကဖြစ်ပေါ်ခဲ့သည်။

ABSDFရဲဘော်ဟောင်းတစ်ဦးဖြစ်သူကိုဇော်မြင့်သည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်တိုက်တွန်းချက်များပါဝင်သည့် အချက်များဖော်ပြထားသည့် ပိုစတာများကို ချိတ်ဆွဲထမ်းပိုးကာ ဆူးလေဘုရားမှတဆင့်ရန်ကုန်မြိုလယ်တ၀ိုက်တွင် လမ်းလျှောက်ဆန္ဒပြကာ လမ်းသွားလမ်းလာများကိုလည်း လေးပွင့်ဆိုင်တွေ့ဆုံရေးတောင်းဆိုပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ,KSN