08/11/14

Yangon Media Group. 
 မေသက်ဇင်

ဓမ္မစေတီ ခေါင်းလောင်းကြီးတူးဖော်မှုဒုတိယနေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့ကထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီးဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။ စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။

ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းဒုတိယမြောက်နေ့တွင် ဆယ် ယူမှုကို စိတ်ဝင်တစားလာရောက် ကြည့်ရှုသူပေါင်းထောင်ဂဏန်း အထိ မြင့်တက်လာကာ ခေါင်းလောင်း တော်ဆယ်ယူမှုကိုအနီးကပ်ကြည့်ရှု နိုင်သည့် အေးရှားပွိုင့်ဘိုးလိန်း စင်တာဝင်းအတွင်းရှိ ကမ်းနားတွင် လာရောက်ကြည့်ရှုသူများမှာ တစ် ထောင်ကျော်ခန့်ရှိနေကာ အောင်ကံ တလူဘုန်းကြီးကျောင်းနှင့် တပ်ဦးဘုန်း ကြီးကျောင်း၏ကမ်းနားများတွင် လည်း ကြည့်ရှုသူများနှင့်ပြည့်နှက် နေကြောင်း ခေါင်းလောင်းဆယ်ယူ မှုကိုဒေါပုံမြို့နယ်မှလာရောက် ကြည့်ရှုသူ ကိုဝင်းနိုင်ကပြောသည်။

''လာကြည့်တဲ့သူတွေကတော့ များတယ်။ ဆယ်ယူမှုကတော့ဘာမှ မထူးခြားသေးဘူး။ဘုန်းကြီးကျောင်း နှစ်ခုနဲ့ ဘိုးလိန်းဝင်းထဲကလူတွေ ပေါင်းရင် တစ်ထောင်ကျော်မကဘူး။ ပြန်သွားတဲ့သူတွေရှိလဲ လူကထပ်တိုး လာတာပဲရှိတယ်''ဟုယင်းကဆက် လက်ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုကို သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သန်လျင်မြို့နယ်တို့မှ အများဆုံး လာရောက်ကြည့်ရှုကြပြီး ရပ်နီးရပ် ဝေးမှလာရောက်ကြည့်ရှုသူများလည်း ရှိကြောင်းသိရသည်။
ခေါင်းလောင်းဆယ်ယူမှုကို ကြည့်ရှုရန်သွားရောက်လိုသူများ အတွက် ကမ်းနားမှ ဆယ်ယူမှု ပြုလုပ်ရာ အနီးကို တစ်ဦးလျှင် ငွေကျပ်တစ် ထောင်ခန့်ဖြင့် လိုက်လံပို့ဆောင်ပေး သောသမ္ဗန်ငယ်လေးများလည်းရှိ ကာ သွားရောက်သူများပြားကြောင်း လည်း သိရသည်။

ခေါင်းလောင်းဆယ်ယူရာနေ ရာသည် မြစ်အလယ်တွင်ရှိနေကာ ယနေ့သြဂုတ်၁ဝရက်တွင် မြစ်ရေ မှာ ၁၂နာရီခန့်မှစတင် တက်လာပြီး ညနေ၄နာရီခန့်တွင် မြစ်ရေမှာအေးရှား ပွိုင့်ဘိုးလိန်းစင်တာဝင်း အတွင်း ပြည့်လျှံလာပြီးလာရောက်ကြည့်ရှု သူများမှာ ပိုမိုများပြားလာကြောင်းသိ ရသည်။

မြစ်ရေတက်လာသည်နှင့် ခေါင်းလောင်းဆယ်ယူမှုပြုလုပ်ရန် အထိုင်သင်္ဘောနှစ်စင်းမှ သမ္ဗန် နှစ်စင်းထွက်လာကာ ခေါင်းလောင်း ကြီးတည်ရှိရာဟုယူဆမှတ်သားထား သောနေရာသို့သွားရောက်က ခေါင်းလောင်း ဆယ်ယူမှု ကိုဆောင် ရွက်နေကြကြောင်းသိရသည်။

''ရေတက်ချိန်ဆို သမ္ဗန်နှစ်စင်း ထွက်လာတယ်။ ဒီနေ့က လပြည့်နေ့ လဲဖြစ်တော့ သူတို့ညအထိဆယ် မယ်လို့ထင်တယ်''ဟုဒေါပုံမြို့နယ်မှ လာရောက်ကြည့်ရှုသူ ကိုလွင်ဦးက ပြောသည်။

ခေါင်းလောင်းတော်ကြီးတူး ဖော်မှုကို လူအင်အား ၈ဝခန့်နှင့် ဆောင်ရွက်နေပြီးဦးစံလင်းကိုယ် တိုင် ရေငုပ်၍ကော့သောင်းမှရေငုပ် သမား၁ဝဦး၊ ဆလုံလူမျိုးများ၊ ရေတပ် နှင့်အနီးမှ ရေငုပ်သမားများပါပါ ဝင်ကြောင်း သိရသည်။

ခေါင်းလောင်းတော်ရှိနိုင်သော နေရာကို သြဂုတ်လ ၉ရက်က နှစ် ကြိမ်ခန့်ဆင်းပြီးကြောင်းနှင့် ပါဝင် သောလူအားလုံးမှာကိုးပါးသီလ ဆောက်တည်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

''ခေါင်းလောင်းရပြီး ရွှေတိဂုံ ဘုရားပေါ်ပြန်ရောက်မယ်ဆိုတော့ စိတ်ထဲမှာအရမ်းရစေချင်တယ်'' ဟုသန်လျင်မြို့နယ်မှကိုအောင်မျိုးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးကို ဟံသာဝတီပြည့်ရှင်ဓမ္မစေတီ မင်းကြီးမှ ခရစ်နှစ်၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ရန်ကုန်မြို့နှင့်မလှမ်း မကမ်းမြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ် နေသည်မှာ နှစ်ပေါင်း၎ဝဝခန့်ရှိပြီ ဖြစ်ကာ ဦးဆောင်ဆယ်ယူသူဦးစံလင်းကဆယ်ယူရရှိပါက ရွှေတိဂုံစေတီ တော်တွင် ပြန်လည်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။

စိုးမြင့်နိုင် - Flower News Journal အတွဲ(၁၀)၊ အမှတ် (၃၁)။

ရန်ကုန်၊

မြန်မာနိုင်ငံ၌ ပညာဒါန လာရောက်ပြုလုပ်သည့် ဦးမောင် မောင်ဝမ်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်များအနေနှင့် စည်း ကမ်းမလိုက်နာသည့်အတွက် နိုင်ငံမှ နှင် ထုတ်ခြင်းအတွက် အိမ်ရှင်ကို အပြစ်မတင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ''ဦးမောင်မောင်ဝမ်းကို ပြန် မလာနဲ့လို့ မပြောပါဘူး။ အမြဲ တံခါးဖွင့် ထားပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေက စည်းကမ်းလိုက်နာဖို့တော့ လိုတာပေါ့။ စည်း ကမ်းမလိုက်နာလို့ မောင်းထုတ်တော့မှ အိမ် ရှင်ကို အပြစ်မတင်သင့်ပါဘူး'' ဟု သြဂုတ် ၈ ရက်က မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြု လုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာနိုင်ငံ၌ အလည်အပတ် လာရောက်သော မြန်မာနိုင်ငံသားဖြစ်နေ ခြင်းကြောင့် မဟုတ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သော်လည်း ဗီဇာစည်းမျဉ်း မလိုက်နာ ပါက နှင်ထုတ်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် ပတ် သက်၍ ဦးမောင်မောင်ဝမ်းအား ဆက်သွယ် မေးမြန်းခဲ့ရာ ''ဗီဇာသက်တမ်း
ကုန်နေလို့ နိုင်ငံကနေ ပြည်နှင်ဒဏ်ပေးတယ်ဆိုတာ ထမင်းရည်ပူလျှာလွှဲ စကားသာ ဖြစ်တယ်။ ဗီဇာသက်တမ်း လေးရက် ကျော်သွားတာမှန် တယ်။ ဒီလိုကျော်သူမှန်သမျှကို ဘယ်သူ့ကို မှ နှင်ထုတ်တယ်ဆိုတာ မရှိဘူး။ အင်အား သုံး ပြန်လွှတ်တာမရှိဘူး''ဟု တုံ့ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ပညာဒါနပေး နေသော ဦးမောင်မောင်ဝမ်းကို ဗီဇာသက် တမ်း ကျော်လွန်နေသည်ဟုဆိုကာ သြဂုတ် ၄ ရက်က ရေနံချောင်းတွင် အင်္ဂလိပ်စာ သင် ကြားပို့ချသည့် သင်တန်းကို ဆက်လက်မ သင်ကြားရန် လဝကဦးစီးဌာနမှ အရာရှိ တစ်ဦးက ညွှန်ကြားခဲ့ကြောင်း ဦးမောင် မောင်ဝမ်းက ၄င်း၏လူမှုကွန်ရက်တွင် ရေး သားဖော်ပြခဲ့သည်။

ဦးမောင်မောင်ဝမ်းက ''အိုဗာ စတေးဖြစ်သူတိုင်း တိုင်းပြည်က နှင်ထုတ် သလားဆိုတာ မေးခွန်းထုတ်စရာပါ။ အိုဗာ စတေးဖြစ်ရင် တစ်ရက်သုံးဒေါ်လာ၊ ရက် ၂ဝ ထက်ကျော်ရင် တစ်ရက်ငါးဒေါ်လာနဲ့ နေနိုင်တယ်ဆိုတာအားလုံးအသိပါ''ဟု သူ ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထား သည်။

ထို့အပြင် ရေနံချောင်းတွင် ဒုတိ ယရက် စာသင်ကြားအပြီးည၌ လဝကနှင့် ရဲများက မော်တော်ကားနှင့် တောက်လျှောက် ခေါ်ဆောင်ကာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိ တာဝန်ယူလုပ်ဆောင် ခဲ့ကြောင်း ဦးမောင်မောင်ဝမ်း၏ ရေးသား ဖော်ပြထားချက်အရ သိရသည်။

ဦးမောင်မောင်ဝမ်းသည် အမေ ရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်သလို ယင်း နိုင်ငံသား ခံယူထားသူလည်းဖြစ်ကာ မြန်မာ နိုင်ငံသို့ ပညာဒါန သင်တန်းပေးရန် ပြန်လာ ခဲ့သူဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့်လည်း အင်္ဂ လိပ်စာ ပို့ချပေးနေသူလည်း ဖြစ်သည်။



ဗြဟ္မစိုရ်မိတ်ဆွေများ
"ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေသ၍ ဒီတိုင်းပြည်ကြီးဟာ ကပ်ဘေးအမျိုးမျိုးတွေ ကြုံတွေ့နေရပါ လိမ့်မယ်" ဟု လွန်ခဲ့သော နှစ်ပေါင်း (၆ဝ) ကျော်ကတည်းက ရဲရဲဝံ့ဝံ့ ဟောကိန်းထုတ်ခဲ့သူမှာ လွတ်လပ် ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။ မှန်လွန်းလှ တိကျသေချာလွန်း လှသည့် အမျှော်အမြင်ကြီးလွန်းလှသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရင်ထဲကစကား ဖြစ်ပေသည်။ ယခုဆို လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့် မုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့ အပြင် လူတို့၏ ပရောဂကြောင့် ကြုံတွေ့ရသော လူမျိုးရေးပဋိပက္ခများ၊ စစ်ပွဲများ၊ ဗုံးဖောက်ခွဲမှု လေယာဉ် ပျက်ကျခြင်းအပြင် အခြားသော စီးပွားရေးနှင့် စစ်ရေးနယ်ပါယ် ချဲ့ထွင်မှုတို့ကြောင့် ပြိုင်ဆိုင်ဖြစ်ပေါ်လာ သော သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိလူသားတို့အား အန္တရာယ်ပြု ခြိမ်းခြောက်လာသော နူကလီးယား စစ်ပွဲများ ဆင်နွှဲကြရန်ပင် ရန်စောင်တာစူနေကြပြီဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို ရောင်ရှားနိုင် ရန်အတွက် လူသားထုတရပ်လုံးက တက်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းနေကြသလို ကမ္ဘာ့ကုလသမ္မဂ အပါ အဝင် နိုင်ငံအသီးသီးမှ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း အသီးသီးတို့ကလည်း မိမိတို့ ကိုး ကွယ်ရာ ရိုးရာအစဉ်အလာအရ ဘာသာရေးဆုတောင်းပွဲများ ပြုလုပ်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြ ရပြီဖြစ်သည်။ သဘာဝဘေးဒဏ်များ ဖြစ်ပေါ်လာပါက လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး (ဆရာဝန်၊ တပ်မတော်သားများ၊ ချမ်းသာဆင်းရဲမရွေး ကြုံတွေ့ခံစားရမည်ဖြစ်ပါသည်။ လူမျိုးဘာသာမရွေးတို့၏ ဘုရားသခင်သည်လည်း မကယ်နိုင်၊ နတ်မင်းများလည်း မကယ်နိုင် .. လူသားအချင်းချင်း မိမိကိုယ့်ကိုယ် ကယ်တင်ကြဖို့ အရေးကြီးလှသည်။

၈.၈.၂ဝ၁၄ ရက်နေ့သည် ရှစ်လေးလုံးအရေးတော်ပုံ (၂၆) နှစ်ပြည့် နှစ်ပါတ်လည်နေ့ ဖြစ်သလိုပင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပရဟိတမျိုးဆက်သစ်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) နှင့် ပဲခူးမြို့ လူမှုရေးသမားများ၊ ဒေသခံ ပြည်သူလူထုများတို့နှင့် ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများရှိရာသို့ ကိုယ်တိုင်ကိုကျသွားရောက်၍ ဖေးမလှူဒါန်းခဲ့ကြသော နေ့လေးတနေ့ လည်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်ဦးစီး၍ အထူးဧည့် အသင်း သူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သဉ္ဇာဝင့်ကျော် အပါအဝင် အသင်းသား/သူများတို့သည် နံနက် (၇းဝဝ) နာရီအချိန်တွင် ရန်ကုန်ရုံးချုပ်မှ ထွက်ခွါခဲ့ကြပါတော့သည်။

ထို့နောက် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လှေများဖြင့် သွားရောက်ခဲ့ကြပြီး သောက်ရေသန့်ဗူးများ၊ ငါးသေတ္တာဘူးများ၊ လက်ဖက်နှင့် အကြော်စုံများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် မုန့်ကြွပ်၊ ဘဲဥနှင့် အခြားသော စားသောက်ဖွယ်ရာများကို အများပြည်သူ ကိုယ်စား လှူဒါန်းပေးအပ်နိုင်ခဲ့သည်။ ရေဘေးသင့် ဧရိယာအတွင်း၌ ရေမြုပ်နေသော စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ အခြားသော ဘာသာရေးအဆောက်အဦးများအပြင် ရေချမ်း စင်လေးများနှင့် နတ်ကွန်းစင်ကလေးများပါ ရေနစ်မြုပ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာများ၊ ရေထဲတွင် ဒုက္ခကို ဒုက္ခမှန်းမသိကြရှာပဲ ကူးခတ်ပျော်မြူးနေကြသော ကလေးငယ်များ တွေ့မြင်ရသလို ပင်ပန်းကြီးစွာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသူများနှင့် ရေဘေးသင့်ပြည်သူများတို့အား ဆေးဝါးကုသ ပေးနေသည့် ဆရာဝန်များ၊ သူနာပြုဆရာမများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များတို့သည်လည်း စွမ်းနိုင်သည့်ဘက်မှ လူသားချင်းစာနာစိတ်ဖြင့် အများနည်းတူ လက်တွဲကူညီမှု သည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ ဝိုင်းဝန်းဆောင်ရွက်နေကြသည်။

မည်သို့ပင် ခံစားနေ ရစေကာမူ ဥက္ကဌ ဦးကျော်သူနှင့် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သား/သူများ၏ စည်းလုံးညီညွတ် တတ်ကြွစွာ ကူညီဖေးမမှုအား မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ အခက် အခဲဒုက္ခများအား ခေတ္တမေ့လျော့ပြီး ပျော်မြူးနေကြသည်ကို တွေ့ရသောအခါ သူတို့၏ အပျော်များ ကျွန်ုပ် တို့ထံ ကူးစက်ခဲ့ပြီး ငြိမ်းချမ်းရေးဖခင်ကြီးတစ်ဦးဖြစ်သူ ဆရာကြီးဒဂုန်တာရာ ပြောကြားခဲ့သော “ရန်သူမရှိ၊ မိတ်ဆွေတာရှိ … မုန်းသူမရှိ၊ ချစ်သူသာရှိ” ဆိုသည့် ငြိမ်းချမ်းရေးစကားကို ပြန်လည်ကြားယောင်မိသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပဲခူးရေဘေး လှူဒါန်းမှုတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၃) ခုသို့ သောက်ရေသန့် (၅၇၂၈) လုံး၊ ငါးသေတ္တာ (၃ဝဝဝ) ဗူး၊ ဘဲဥ (၄ဝဝဝ) လုံး၊ ခေါက်ဆွဲခြောက် (၄၇ ၆ဝ) ထုပ်၊ လက်ဖက် (၃ဝဝဝဝ) ထုပ်နှင့် မုန့်ကြွပ် (၅၅) ထုပ်တို့အား ရေဘေးသင့်ပြည်သူများထံ ပေးအပ် လှူဒါန်းနိုင်ခဲ့ခြင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စွမ်းဆောင်မှုတခုတည်းကြောင့် မဟုတ်ဘဲ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၏ ဇွဲ လုံလ နှင့် ကြိုးစားအားထုတ်မှု၊ အလှူရှင်များ၏ စေတနာ သဒ္ဓါတရားထက်သန်မှုနှင့် ဒေသခံ ပရဟိတအဖွဲ့ အစည်းများနှင့် တာဝန်သိပြည်သူများ၏ ကူညီဖေးမမှုတို့ကြောင့် အလှူရှင်များတို့၏ လှူဒါန်းမှုများကြောင့် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည် ပိုင်ရာဆိုင်ရာ၊ နက်ဒေဝတာတို့အား ပူဇော်ပသ ဆုတောင်းနေရုံမျှဖြင့် မလွတ်ကင်းနိုင်သလို၊ လူသားထုတရပ်လုံး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ သည် ကိုယ့်အားကိုယ်ကိုး၍ လူသားအချင်းချင်း၏ စုပေါင်းအားအင်ဖြင့် ဖေးကူမှသာလျှင် အောင်မြင် ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု ကျင့်သုံးပါက ကမ္ဘာကြီးသည် ပိုမိုပြီး သာယာလှပမည်မှာ မလွဲဧကံ ဖြစ်ပါတော့သည်။

နာရေးကုညီမှုအသင်းရန်ကုန်မှ ဦးဆောင်လှူဒါန်းခဲ့သော ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေး၌ ပါဝင် ခဲ့ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သဉ္ဇာဝင့်ကျော်၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ ဦးသူရိန်ဝင်းနှင့် ဒေသခံ လူမှုရေးသမားများ၊ ရေဘေး ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များ၊ မော်တော်ယာဉ်ကူညီပေးခဲ့သော ရွှေစင်စင်္ကြာ အဆင်မြင့်ခရီးသွားလုပ်ငန်း၊ စည်တော်ကြီး လက်ဖက် မိသားစုနှင့်ဝန်ထမ်းများ၊ Pucci Cake မိသားစုနှင့် ဝန်ထမ်းများ၊ အဖက်ဖက်မှ အစစ အရာရာ ကူညီပေးခဲ့ကြသူများနှင့် မိဘပြည်သူလူထုအပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုမိကာ ယခုဆောင်းပါးအား “ဗြဟ္မစိုရ်မိတ်ဆွေများ” ဟူ၍ ခေါင်းစီးတပ်လိုက်ပါတော့သည်။
ကျော်သူ






မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူဖြေရှင်းရမယ့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်နိုင်ငံခြားရေ၀န်ကြီး John Kerry ကပြောလိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ
အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေတာတွေကို မြန်မာအစိုးရက လိုက်လုပ်ပေးဖို့မဟုတ်ဘဲ မြန်မာပြည်သူတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

သမ္မတအိုဘားမားအစိုးရဟာ မြန်မာအစိုးရနဲ့ဆက်ဆံတဲ့နေရာမှာ သဘောထားပျော့ပျောင်းလွန်းတယ်လို့ ပြောကြပြီးတော့ အမေရိကန် လွှတ်တော် အမတ်တွေ ပါးလိုက်တဲ့အမှာစကားကို ထိထိရောက်ရောက် လက်ဆင့်ကမ်းနိုင်ပါမလားဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အခုလို တုံ့ပြန်လိုက်ပါတယ်။

“မြန်မာခေါင်းဆောင်တွေအပေါ် မျက်စိမှိတ်ယုံစားပြီး ဆက်ဆံနေတာမဟုတ်ပါဘူး။ မသိနားမလည်လို့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးကို စာရင်းလုပ်ပြီး ယူလာခဲ့တာပါ။ ဒီစိန်ခေါ်ချက်တွေ တစ်ခုချင်းစီကို အိမ်ရှင်ခေါင်းဆောင်တွေနဲ့ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း တိုက်ရိုက် ပြောဆိုနိုင်ခဲ့ပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ တိုင်းရင်းသားလူနည်းစုတွေအရေး၊ ရခိုင်ပြည်နယ်အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လူထုအတွက် ဒီမိုကရေစီနဲ့အညီ ဥပဒေတွေ ပြင်ဆင်ရေး စတာတွေကို ထောက်ပြ ပြောဆိုနိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှု နောက်ကြောင်းပြန်လှည့်နိုင်တဲ့ လက္ခဏာကြောင့် အမေရိကန်နဲ့မြန်မာ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းချက်တွေအပေါ် သမ္မတအိုဘားမားအစိုးရရဲ့ရပ်တည်ချက်ကို ဝန်ကြီးကယ်ရီက အခုလို ရှင်းပြပါတယ်။

“ဒီလိုလုပ်မှ ရမယ်။ ဒီလိုလုပ်မှ ဖြစ်မယ်လို့ အမိန့်ပေးနေလို့ လိုချင်တဲ့ အဖြေမဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်းယဉ်ကျေးမှု ကိုးကွယ်ရာဘာသာ ယုံကြည်မှုတွေ ရှိတဲ့ အများပြည်သူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူတို့မှာ အားကျ အတုယူစရာတွေ၊ အတွေးအခေါ်တွေ အသီးသီး ရှိကြပါတယ်။ ဒီလို အံ့သြစရာ ကောင်းတဲ့ ခရီးရောက်အောင် အတော်လေး လျှောက်လှမ်းခဲ့ကြရတာပါ။ ကျနော်တို့ရောက်စေချင်တဲ့အထိ လျှောက်ဖို့တော့ လိုပါသေးတယ်။ အမေရိကန် အစိုးရက အမျှော်အမြင်ကြီးကြီးနဲ့ မြန်မာအစိုးရကို ဆက်ဆံနေတာပါ။ ပိတ်ဆို့မှုတွေ အားလုံးမဟုတ်ပေမယ့် တချို့ကို ရုပ်သိမ်းပေးပြီး ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အစိုးရသစ်တစ်ရပ်အနေနဲ့ အားလုံးကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်နိုင်သေးတာတော့ မဟုတ်ပါဘူး။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာလည်း ပြောပြဦးမှာပါ။ ကျနော်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နောက်က ထောက်ခံပေးမှာပါ။”

မြန်မာပြည်အတွင်း လတ်တလောရင်ဆိုင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေ၊ တိုင်းရင်းဒေသတွေမှာ ငြိမ်းချမ်းရေးမရသေးတာတွေနဲ့ ရခိုင်ပြည်နယ်အရေး စတာတွေကို အသေးစိတ်ဆွေးနွေးခဲ့ပြီး မြန်မာခေါင်းဆောင်တွေဘက်ကလည်း အဲဒီပြဿနာတွေ ရှိနေတဲ့အကြောင်း အသိအမှတ်ပြုတာမို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ ဝိုင်းဝန်း ကူညီ အားပေးသွားမယ့်အကြောင်းလည်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေပါတယ်။ အချိန်ယူပြီးဖြေရှင်းရမယ့် စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ မြန်မာပြည်သူတွေထဲမှာလည်း ဒီအပြောင်းအလဲကို မလိုချင်တဲ့သူတွေ ရှိနိုင်သလို တချို့ကလည်း အပြောင်းအလဲကို တစိုက်မတ်မတ် လိုချင်တဲ့ဆန္ဒနဲ့ ကြိုးစားနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေးရမှာပါ။ အခုအမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ အမေရိကန်က တောင်းဆိုနေတာတွေကို မြန်မာနိုင်ငံက နေ့စဉ် လိုက်လုပ်ပေးဖို့ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အလားအလာကို နိုင်ငံအနေနဲ့ ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းကို အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ပါရန် အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့လည်း ၀န်ကြီး Kerry က ဖိတ်ကြားခဲ့ပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်သူ ဝန်ကြီးများနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တွေ့ရစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)နေပြည်တော်မှာကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်သူ ဝန်ကြီးများနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တွေ့ရစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီကနေ့ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာပြီးတော့ ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်

VOA

သြဂုတ်လ ၁၀ ရက်နေ့ ည ၈နာရီ ၃၀ မိနစ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဥက္ကဌအား အမေရီကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံရာ ဥက္ကဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်
National League for Democracy

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီနှင့် ၈၈ မျိုးဆက် မောင်နှမများသည် ယမန်နေ့ ညက ကားမတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့ကြသော "ပန်းရဲ့လမ်း" တေးဂီတ အဖွဲ့သားများကို သွားရောက် အားပေးခဲ့ကြပြီး ယနေ့ သြဂုတ်လ ၁ဝရက်တွင်လည်း တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု ရန်ပုံငွေရှာဖွေပွဲ၌ (ယမန်နေ့ကကား မတော်တဆဖြစ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်ဝိုင်းတော်သားတချို့မပါဝင်နိုင်ခဲ့သော) "ပန်းရဲ့လမ်း" တေးဂီတအဖွဲ့နှင့်အတူ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) မှ ၈၈ မျိုးဆက် မောင်နှမများက အားဖြည့်ပါဝင်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

သတင်းဓါတ်ပုံ- The 88 Generation Peace and Open Society

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.