08/16/14

၁၉၉၅ တွင် ဧည့်လမ်းညွှန်သင်တန်းတက်စဉ်အခါက သင်တန်း တွင် ဆရာတယောက်က မေးဖူးသည်။

““ကျွန်တော်တို့ ခင်ဗျားတို့ပြောပြောနေတဲ့ “အီစလံဝေ”ဆိုတဲ့ မြန်မာ စကားဟာ ဘယ်ကဆင်းသက်လာတာလဲ၊ သိကြလား””
ကျွန်တော်တို့က အဓိပ်္ပာယ်ကိုတော့သိသည်။ အီစလံဝေသည် ဆိုခြင်းမှာ တခုခုနှင့်ထိခိုက်မိ၍ နာကျင်သွားသည်၊ နစ်နာသွားသည်ဆို သောအဓိပ္ပာယ်ရမည်ထင်သည်။ သို့သော် ဤစာလုံးသည် ဘယ်က ဘယ်လို ဆင်းသက်လာသလဲတော့ ကျွန်တော်တို့မသိရိုးအမှန်။ ထိုအခါ ဆရာက ရှင်းပြသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုန်းက လွတ်လပ်ရေးခရီး ပန်းတိုင်ဟာ အတော်ကြိုးစားရဦးမယ်၊ ခရီးဟာအဝေးကြီးသွားရဦး မယ်ဆိုတဲ့အဓိပ်္ပာယ်နဲ့ အင်္ဂလိပ်လှိုအ င် ေ ူသညါ တေပ လို့ပြောခဲ့ကြ တယ်။ အဲဒီကမှ အတိုကောက်အနေနှဲု့အ်္လျေူသညါ တပေ လို့ပြောကြ တယ်။

အချို့ကလဲ မြန်မာသံဖလှယ်ပြီး အစ်စလောင်းဝေးလို့ရေးရာက နေ အီစလံဝေဖြစ်လာတာကွဟု ပြောခဲ့ဖူးလေသည်။ ဆရာပြောတာဟုတ် မဟုတ်တော့ ကျွန်တော်လည်း သေသေချာချာမသိ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကိုကြည့်တော့လည်း အီစလံဝေမှာမပါသဖြင့် နိုင်ငံခြားစကား ကို မွေးစားယူသည်ဆိုခြင်းမှာ ဖြစ်နိုင်ပေသည်။ ဆရာ မောင်ခင်မင်-ဓနုဖြူနှင့်တွေ့မှ မေးရဦးမည်။ မည်သို့ပင်ရှိစေ ခရီးအရှည်ကြီးသွားရ ဦးမယ် (ှုအ်္လျေူသညါ တပေ)ဆိုသော စာလုံးကို ကျွန်တော် အတော် သဘောကျသွားသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရှည်ကြီးတွင် ရှေးမြန်မာ တို့သည် မိမိတို့ဘိုးဘွားလက်ထက်က ရွှေမှန်ကင်းထင်းဖြစ်ခဲ့ရသော ဆုံးရှုံးခဲ့ရသည့်လွတ်လပ်ရေးကို အင်္ဂလိပ်တို့ထံမှ နည်းမျိုးစုံဖြင့်တောင်း ဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်များကို နိုင်ငံရေးပရိယာယ်ကြွယ်ဝလှ သော ကမ်္ဘာပတ်၍ အရှင်သခင်လုပ်လာသည့် နေမ၀င်အင်ပါယာအရှင် အင်္ဂလိပ်တို့သည် အသာတကြည်နှင့်ပေးအပ်ခဲ့ခြင်းမဟုတ်၊ နည်းအမျိုး မျိုးနှင့် လွတ်လပ်ရေးမပေးရရန် ကောက်ကျစ်စဉ်းလဲခဲ့ကြသေးသည် ။ သူတို့၏မူဝါဒမှာ မြန်မာအချင်းချင်းမညီမညွတ်ဖြစ်ရန် အမြဲတမ်းသွေး ကွဲစေမည့်ကိစ်္စများကို အဆက်မပြတ် ဖန်တီးပေးထားခြင်းဖြစ်သည်။ ထိုမှသာ မြန်မာများသည် အချင်းချင်းငြင်းခုံရန်ဖြစ်နေရတာ၊ စိတ်ဝမ်းကွဲ နေရတာနှင့် နယ်ချဲ့ဆန့်ကျင်ရေးဘက်သို့ လှည့်မလာနိုင်မှာဖြစ်သည်။

ထိုမဟာဗျူဟာအရ ငါးထောင်စားအမတ်နေရာများတွင် မြန်မာနိုင်ငံရေး သမားများ ရာထူးယူ၍ ၀င်ရောက်လုပ်ကိုင်ဖို့ကမ်းလှမ်းခဲ့သည်(ထိုခေတ် က ငါးထောင်ကျပ်ဟူသောလစာငွေသည် အလွန်များပြား၍မက်လောက် စရာဖြစ်ပါသည်)။ ထိုအခါ မျိုးချစ်နိုင်ငံရေးသမားများကြား ရာထူးယူကာ အင်္ဂလိပ်နှင့်ပေါင်းလုပ်လိုသူများနှင့် ရာထူးမယူလိုသူများဟူ၍ နှစ်ဖွဲ့ကွဲ သွားတော့သည်။ ထို့နောက်တွင် ဟုမ်္မရူးတို့၊ ကိုးဆယ့်တစ်ဌာနအုပ် ချုပ်ရေးကို လက်ခံသင့်လက်မခံသင့်ကိစ်္စပေါ်လာကာ ကွဲကြပြန်သည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်က မြန်မာ့နိုင်ငံရေးနှင့်လူမှုရေးတွင် အကြီးမား ဆုံးအငြင်းအခုံဖြစ်စေမည့် တွဲရေးခွဲရေးပြဿနာကို ပြဿနာမဖြစ်ဖြစ် အောင် ရှေ့တန်းတင်ပွဲထုတ်လာလေသည်။ မြန်မာနိုင်ငံသည် ထိုစဉ်က အင်္ဂလိပ်လက်အောက်ဝယ် အိန်္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်သွတ်သွင်းကာ အုပ်ချုပ်ခြင်းကိုခံနေရချိန်ဖြစ်သည်။ အင်္ဂလိပ် သည် မြန်မာနိုင်ငံကို အိန်္ဒိယလက်အောက်အဖြစ် သွတ်သွင်းအုပ်ချုပ် တုန်းက မည်သူ့ကိုမျှမတိုင်ပင်ခဲ့ပဲ လုပ်ခဲ့ပါလျက် နဂိုမူလအတိုင်းပြန်ခွဲ ထုတ်ကာနီးမှ တွဲမလားခွဲမလားဟု ဆန်္ဒခံယူစေသည်မှာ သဘောရိုးဖြင့် မဟုတ်ချေ။ မြန်မာ့လူ့ဘောင်တွင် ကြီးမားသောစိတ်ဝမ်းကွဲမှုကြီးဖြစ်ကာ မူလဘုံရန်သူဖြစ်သော နယ်ချဲ့အင်္ဂလိပ်နှင့် အဓိကရည်မှန်းချက်ဖြစ်သော လွတ်လပ်ရေးကို မြန်မာတို့ မျက်ခြည်ပြတ်သွားစေရန်ဖြစ်သည်။

ရွာမှာ လည်း တွဲရေးနှင့် ခွဲရေးသမားတို့ကွဲကြသည်။ မြို့မှာလည်း ကွဲကြသည်။ ရဟန်းသံဃာချင်းပင် တွဲရေးကိုယ်တော်နှင့်ခွဲရေးကိုယ်တော်တို့ ငြင်းခုံ ရန်ဖြစ်ကြသည်။ မိသားစုထဲမှာ စိတ်ဝမ်းကွဲကြသည်။ တွဲရေးကိုယ်တော် ကို ခွဲရေးဒကာက ဆွမ်းမလောင်းနိုင်ဟုဆန်္ဒပြကြသည်။ ခွဲရေးကိုယ် တော်က တွဲရေးဒကာ၏သာရေးနာရေးကိုမကြွဟုတင်းခံသည်။ လွတ်လပ် ရေးတောင်းဖို့ကို မေ့ကုန်ကြကာ မြန်မာတွေရန်ဖြစ်တော့သည်။ ဘုံရန် သူအင်္ဂလိပ်မှာ မြန်မာတို့ရန်ပွဲကို ပြုံးပြုံးကြီးကြည့်နေသည်။ သူတို့ဆင် သည့်အကွက်ထဲမှာ အားလုံးမျောပါကုန်သည်။

လွတ်လပ်ရေးပေးရကာ နီးတွင် တောင်တန်းနှင့်ပြည်မသားများကိုပင် သွေးခွဲလိုက်သေးသည်။ စက်္ကူဖြူစာတမ်းဆိုတာ လုပ်လိုက်သေးသည်။ လွပ်လပ်ရေးပေးတော့ လဲ နိုင်ငံသားအချင်ချင်း ရန်တိုက်ထားခဲ့သေးသည်။ နောက်တော့ အင်္ဂလိပ်တို့၏ အကောက်ဉာဏ်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ နားလည်သွားခဲ့ကြပြီး ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ သခင်၊ ကျောင်းသား၊ မြေပေါ်မြေအောက် ၀ါရင့်နိုင်ငံရေးသမားများအားလုံးပါဝင်သော ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်ကြသည်။ လွတ်လပ်ရေးသည် အဓိက ရည်မှန်းချက်၊ ဘုံရန်သူသည် နယ်ချဲ့ဝါဒ။ မြန်မာ့နိုင်ငံရေးတွင် အဖွဲ့ အစည်းပေါင်းစုံ ပထမဆုံးညီညွတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာပြည်သူတွေမှာ သနားဖို့ကောင်းသည် လွပ်လပ်ရေးရီးသည် ရှည်လျားခဲ့ပြီး ကိုယ့်မင်းကိုယ့်ချင်းနှင့်လွတ်လပ်သောခေတ်မှာလည်း ကြာရှည်အေးချမ်းစွာမနေရ။ ပြည်တွင်းစစ်ဖြစ်သည်။ ရောင်စုံသူပုန်ထ သည်။ စစ်အာဏာအသိမ်းခံရသည်။ ဆင်းရဲမွဲတေမှုက တနိုင်ငံလုံးဆီ သို့ ကူးစက်ရောဂါလိုပျံ့နှံ့သွားသည်။ မြန်မာသည် ကမ်္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံဖြစ်သွားသည်။ ထိုအချိန်တွင် အာဏာရှင်များ၊ အာဏာ ရှင်ကို စီးပွားဖြစ်အောင်လုပ်ပေးနိုင်သောလုပ်ငန်းရှင် ခေတ်ပျက်သူဌေး များ အဆမတန်ကြွယ်ဝချမ်းသာလာကြသည်။ အာဏာရှင်အဆက် ဆက်သည် တိုင်းပြည်အရေးထက် ပုဂ်္ဂလိက အကျိုးစီးပွားကိုပဲကြည့် ကြသည်။ ဘယ်သူသေသေ ငတေမာပြီး ရောလုပ်ကြသည်။ စစ်အစိုးရ သည် စီးပွားရေးမူဝါဒလေးတချက်ပြင်လိုက်ရုံနှင့် တိုင်းသူပြည်သားများ ကောင်းကျိုးချမ်းသာရသွားမည့်ကိစ်္စမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကာ ကိုယ်ကျိုးစီးပွားကို အသေဆုပ်ကိုင်ထားသည်။ သိသာထင်ရှားသော ကိစ်္စနှစ်ခုမှာ ကားပါမစ်ကိစ်္စနှင့်တယ်လီဖုန်းမူဝါဒများဖြစ်သည်။ ဈေးကွက် ကိုဖွင့်ချလိုက်ပါက မြန်မာနိုင်ငံသား လုပ်သားပြည်သူအားလုံး ဖုန်းသုံး နိုင်မည်၊ ကားစီးနိုင်မည်ကိုသိပါလျက် ပြည်သူ့မျက်နှာကိုမကြည့်ဘဲ မိမိ နှင့် မိမိနီးစပ်ရာ အာဏာရှင်တစုချမ်းသာရေးကိုပဲ ကြည့်ခဲ့ကြသည်။ မှောင်ခိုဈေးကွက်အတွင်း၌ လက်ကိုင်တယ်လီဖုန်းတလုံးကို ကမ်္ဘာပေါ် တွင်မကြားဖူးသော ဂင်းနစ်စံချိန်တင်ဈေးနှုန်းဖြစ်သည့် ဆင်းကတ်တခု ကျပ်သိန်း(၄၀) ပေါက်ဈေးဖြင့် ကြောက်ခမန်းလိလိ စတင်ဖွင့်လှစ်ခဲ့သည်။ တရားဝင် ကောက်ယူသောဈေးက (၁၅)သိန်း။

သို့သော် တယ်လီဖုန်း တလုံး တရားဝင်လမ်းကြောင်းမှ သာမန်ပြည်သူလူထုထံရောက်ဖို့ဆိုတာ လူ့ပြည်ကအပ်တစင်းနှင့် ဗြဟ်္မာ့ပြည်ကအပ်တစင်း ဆုံမိဖို့ထက်ခက်ခဲ သည်။ ထို့ကြောင့် သုံးချင်သူများ မှောင်ခိုမှဝယ်ရသည်။ မှောင်ခိုဆိုသော် လည်း ဖုန်းကတ်များကို ဗုံးပေါလအောကိုင်ပြီး ပြန်ရောင်းစားနေသည် မှာ အာဏာရှင်အသိုင်းအ၀ိုင်းပဲဖြစ်သည်။ နောက်တော့ အပြင်ပေါက်ဈေး မှာ (၃၅)သိန်း၊ ထိုမှတဖန် သိန်း(၃၀)ဖြစ်သည်။ ၂၀၀၃ တွင် ကျွန်တော် အလုပ်အတွက် အရှိမဖြစ်လိုအပ်လွန်းသဖြင့်ြွှ ဆင်းကတ်တကတ် ၀ယ်လိုက်ရာ ၂၉ သိန်းပေးရပါသည်။ ဒါတောင်အပိုင်မရ စာချုပ်တွင် တယ်လီဖုန်းကို အငှားချထားလိုက်သည်ဆိုသော မောက်မာလွန်းသည့် စာချုပ်တခုကို လက်မှတ်ထိုးလိုက်ရသေးသည်(မငှားချင်တော့၍ ပြန်အပ် မည်ဆိုတော့လည်းရူးချင်ယောင်ဆောင်ကာ ငွေပြန်မပေးတော့ပေ)။ လူတွေသည် ကိုယ်ပိုင်ဖုန်းလဲမကိုင်နိုင်၊ ကိုယ်ပိုင်ကားလဲမစီးနိုင်။ ထမင်း နပ်မှန်ဖို့ကိုသာ ကျန်တာတွေကိုအသာထား၍ ကြိုးစားကြရလေသည်။ ထိုသို့ ဒုက်္ခပေါင်းစုံကိုနှစ်ပေါင်းမျာစွာ(၁၉၆၂ မှ ၂၀၁၄ အထိ ၅၂ နှစ်) ခါးစည်းခံခဲ့ရသည်။
ယခုအခါဆက်သွယ်ရေးကဏ္ဍ၌ ဆင်းရဲသားပြည်သူများ အသက် ရှူချောင်တော့မည့်အရိပ်အယောင်များပေါ်လာသည်။ ဏြွှ ခေါ် မြန်မာ ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုနှ်းငာ ကတ်များကို (၁၅၀၀)ကျပ် ဖြင့် မဲဖောက်ရောင်းချပေးလာသည် (လိုချင်သူလိုသလောက်မရသေး)၊ အော်ရီဒူးနှင့် တယ်လီနောဖုန်းကုမ်္ပဏီကြီးများမှ ၁၅၀၀ ကျပ်ဖြင့် ဆင်း ကတ်များရောင်းချပေးမည်ဟု အပြိုင်ကြော်ငြာကြသည်။ အော်ရီဒူးက ပို၍လက်သွက်ကာ ၁-၈-၂၀၁၄ မှစကာ ဖုန်းကတ်များ တကတ်လျှင် ၁၅၀၀ ကျပ်ဈေးဖြင့် စတင်ရောင်းချပေးခဲ့သည်။

သို့သော် မြန်မာလူမျိုးတို့ကား နိုင်ငံရေး၊ ဘာသာရေးတိုက်ကွက် တခုမရှိလျှင် မနေတတ်သောလူမျိုးပေလောမသိ၊ တမျိုးထွင်လာကြပြန် ပေ၏။ တွဲရေးဂိုဏ်းနှင့် ခွဲရေးဂိုဏ်းကွဲကြသလို အော်ရီဒူးဂိုဏ်းနှင့် တယ်လီနောဂိုဏ်းကွဲကြပြန်သည်။ အစ်္စလမ်နိုင်ငံမှ လာရောက်စီးပွားရှာ သော အော်ရီဒူးကို အမျိုးဘာသာသာသနာရှုထောင့်မှ ဆန့်ကျင်သည့် အနေဖြင့် ဖုန်းများမ၀ယ်ကြနှင့်ဟု ကြွေးကြော်သူက ကြွေးကြော်သည်။ အော်ရီဒူးဖုန်းကတ်တခုဝယ်သုံးမိသည်နှင့် အမျိုးသားသစ်္စာဖောက်လိုလို၊ သာသနာဖျက်လိုလို။ အမျိုးမစောင့်သူတယောက်လိုလို။ အဆင့်နိမ့်သူ တယောက်လိုလို အလိုလိုသမုတ်ခံရတော့သည်။
အနှစ်ငါးဆယ်ကျော်ခန့် အစိုးရအဆက်ဆက်၏လူရာမသွင်းမှု ကြောင့် ခေတ်ပေါ်ပစ်္စည်းတခုနှင့် နီးစပ်ခွင့်မရခဲ့သော ဆင်းရဲသား သာမန် ပြည်သူများသည် ကံအကြောင်းသင့်၍ အများသူငါလို ဖုန်းကလေးဝယ် သုံးမိကာမှ အမျိုးသားသစ်္စာဖောက်သဖွယ်ရှုမြင်ခံရသည်ကား မည်သည့် အချက်ကိုအရင်းတည်၍ပြောသည်ဖြစ်စေ တရားမျှတမှုမရှိချေ။ မေးစရာ ရှိသည်မှာ အားလုံးကမ၀ယ်၍ အော်ရီဒူးကုမ်္ပဏီ ပြုတ်သွားပါ့မလား။ အော်ရီဒူးမရှိတာနှင့်ဘဲ မြန်မာနိုင်ငံမှာ အစ်္စလမ်ဝါဒမရှိတော့ဘူးလား။ မူဆလင်တွေ အားလုံးကုန်သွားမလား။ အော်ရီဒူးသို့ပေးလိုက်သော ငွေ များသည် ဗလီတည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးလိမ့်မည်ဆိုတာရော ယုတ်္တိယုတ်္တာရှိပါ့မလား။ အော်ရီဒူးမလာခင်ကတည်းက အရှေ့အလယ် ပိုင်းမှ ရေနံသူဌေးနိုင်ငံများနှင့် ဥှုဃ တို့က ပြည်တွင်းမှ ဘာသာရေး သမားအချို့ကို ထောက်ပံ့နေခဲ့သည်မဟုတ်ပါလား။

အော်ရီဒူးရှိရှိမရှိရှိ ဗလီကတော့ရှိနေခဲ့ပြီးသားမဟုတ်လား။ စဉ်းစားစရာတို့များ လှသည်။
တကယ်တော့ ကျွန်တော်သည် အော်ရီဒူး တန်းတန်းစွဲ ပုဂ်္ဂိုလ် တယောက်မဟုတ်ပါပေ။ သို့သော် နည်းမှန်လမ်းမှန် စဉ်းစားကြဖို့ကို သာလိုလားပါသည်။ တကယ်တမ်း မြန်မာပြည်သူများ ဖုန်းကိုငမ်းငမ်း တက် လိုချင်လာအောင်လုပ်ခဲ့သူမှာ ယခင်ကအုပ်ချုပ်ခဲ့သော မ-ဆ-လ၊ န-၀-တ၊ န-အ-ဖ စစ်အစိုးရများဖြစ်သည်။ သူတို့သာ အများပြည် သူ သုံးဖုန်းကို အိမ်နီးချင်းနိုင်ငံများလို တဆင့်ချင်းဖြေလျှော့ပေးခဲ့လျှင် အော်ရီဒူးထံမှလည်း မည်သူကမျှ ယခုလိုတိုးကြိတ်ဝယ်ယူနေမည် မဟုတ် ချေ။ တဖန် မြန်မာနိုင်ငံသည် ဘာသာရေးနှင့်ပတ်သက်လာလျှင် အထိ အခိုက်မခံမှန်းသိပါလျက်နှင့်ီငါငခနူ လို စင်္ကာပူမှငညွှါနူ တို့လို၊ ပြင်သစ်မှ ဥမညေါန လို၊ ဂျပန်မှ မြေကညနညင တို့လို တင်ဒါလျောက်ထား ခဲ့သော ကမ်္ဘာကျော်ဆက်သွယ်ရေးကုမ်္ပဏီကြီးများကိုကျော်လွန်၍ အော် ရီဒူးလို အရှေ့အလယ်ပိုင်းနိုင်ငံမှ ကုမ်္ပဏီကိုလိုင်စင်ချထားပေး လိုက်သူ များကိုသာ အပြစ်တင်ဖို့သင့်သည်။ ထိုသို့မဟုတ်ပါဘဲ အောက်ခြေမှ နင်းပြားများကိုသာ မူဆလင်နိုင်ငံမှ ပစ်္စည်းမို့ဝယ်မသုံးကြနှင့် ၀ယ်သုံး သူသည် အမျိုးဘာသာကိုမစောင့်သူဖြစ်သည်ဆိုသည့် လေသံမျိုးပြော လာကြခြင်းမှာ ပြည်သူလူထုကို မစာနာရာကျပေသည်။ တယ်လီဖုန်းဆို သည်မှာ သိပ်္ပံပညာ၏အသီးအပွင့်တခု၊ လူတို့၏ အသုံးအဆောင်ဖြစ် သည်။ လျှပ်စစ်ကို စတင်တွေ့ရှိခဲ့သူ ဖာရာဒေးသည် အစ်္စလမ်ဘာသာ ၀င်လား၊ ခရစ်ယန်လား ကျွန်တော်တို့စိတ်မ၀င်စားပါ။ အဓိက,က သင် ၏အိမ်မှာ မီးလင်းဖို့ဖြစ်သည်။ တယ်လီဖုန်းကို တီထွင်သူ ဂရေဟမ် ဘဲလ်မှာ ဗုဒ်္ဓဘာသာဖြစ်နေလဲ မူဆလင်တွေက သုံးကြမည်ဖြစ်သည်။

လေယာဉ်ပျံကိုတီထွင်သူ ရိုက်ညီနောင်သည် ခရစ်ယန်ဖြစ်သဖြင့် မူဆ လင်တို့ လေယာဉ်မစီးကြနှင့်ဟု ပြောနေလဲ မည်သူကမျှ လိုက်နာကြမည် မဟုတ်။ လူတို့သည် မိမိဘာသာကို ချစ်ခင်လေးစား ကာကွယ်စောင့် ရှောက်ရန်တာဝန်ရှိသော်လည်း မိမိနှင့်ဘာသာမတူတာနှင့် စီးပွားရေး ပိတ်ဆို့မှုလုပ်ရန်ကား မလိုအပ်လှပေ။ ကိုယ်မကြိုက်၍ ကိုယ်မ၀ယ်တာ ကိုတော့ အပြစ်ပြောစရာမရှိပေ။ သူတပါးဝယ်သည်ကို ကန့်ကွက်ရှုတ် ချသူများကိုသာ ဆိုလိုပါသည်။
ကျွန်တော်လည်း ဗုဒ်္ဓဘာသာဖြစ်ပါသည်။ မိမိဘာသာကို အသက် ထက်ချစ်မြတ်နိုးပါသည်။ သို့သော် မရောင်ရာဆီမလူးသင့်ပါ။ အကယ် ၍ အချို့လူများ ဟောပြောပို့ချနေသလို မူဆလင်ဆိုင်၊ မူဆလင်ကုမ်္ပဏီ ထံမှ အားမပေးကြဖို့ ကပ်သီးကပ်သပ်ပြောနေကြလျှင် ကျွန်တော်တို့ သည် မလေးရှားနိုင်ငံမှ တင်သွင်းသော စားအုန်းဆီများကိုလည်း မစားကြဖို့သာရှိသည်။ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘရူနိုင်းဒါရု ဆလမ်နိုင်ငံများမှ တင်သွင်းလာသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ် ဆီ၊ အင်ဂျင်ဝိုင်များဖြင့် ပြေးဆွဲခုတ်မောင်းသော မော်တော်ကား၊ မီးရထား၊ လေယာဉ်၊ သင်္ဘော၊ ဆိုင်ကယ် စသည်တို့ကို မစီးရုံဘဲရှိ တော့သည်။ ပြည်တွင်းဖြစ် သဘာဝဓာတ်ငွေ့ဖြင့်သော်လည်းကောင်း၊ န-အ-ဖ အစိုးရ၏ မဟာစီမံကိန်းကြီးမှထွက်ရှိသော ကြက်ဆူဆီဖြင့် သော်လည်းကောင်း ယာဉ်ရထားများကို ပြေးလွှားခုတ်မောင်းစေရုံသာရှိ တော့၏။ သို့မဟုတ် စက်ဘီးသော်လည်းကောင်း ခြေလျှင်သော်လည်း ကောင်း၊ နွားလှည်းဖြင့်သော်လည်းကောင်း ခရီးသွားကြဖို့သာရှိပေ၏။

ကျွန်တော့်အမြင်ပြောရလျှင် မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေးပါတီ ကြီးများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မနိုင်မှာကိုစိုးရိမ် စိတ်တွေဝင်နေ၏။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကွဲအပြဲ တွေဖြစ်စေချင်သဖြင့် ထိလွယ်ရှလွယ်သော ဘာသာရေးဖြင့် စိတ်ဝမ်း ကွဲအောင် (ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးတို့၊ တွဲရေးခွဲရေးတို့၊ ရာထူး ယူရေးမယူရေးတို့ အင်္ဂလိပ်တို့လုပ်သလို) လုပ်ချင်နေပုံရ၏။ အော်ရီဒူး ဂိုဏ်းနှင့် တယ်လီနောဂိုဏ်းကွဲသောအခါ တောမီးလောင်လျှင် တော ကြောင်အကြိုက်ဖြစ်ပေ၏။ ထို့နောက် ရွေးကောက်ပွဲကာလသို့ ရောက် သောအခါ လူကြိုက်နည်းသဖြင့် ရှုံးလုလုဖြစ်နေသောပါတီများသည် အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်လိုက သူတို့ပါတီသို့ မဲပေးကြ ရန်ဟူသော လုပ်ပေါက်မျိုးဖြင့် စည်းရုံးလာကြမည်ကို မြင်ယောင်သေး သည်။

တကယ်တော့ မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီကို အပြည့် အ၀မရသေးပါ။ မြန်မာတို့အတွက် ရည်မှန်းချက်ပန်းတိုင်သည် ဒီမိုက ရေစီဖြစ်ပြီး အားလုံးဆန့်ကျင်ရမည့်ဘုံရန်သူသည် အာဏာရှင်စံနစ်ဖြစ် ပါသည်။ ထိုအာဏာရှင်စံနစ်ကြောင့်သာလျှင် မြန်မာသည် အရှေ့တောင် အာရှတွင် အချမ်းသာဆုံးမှ အဆင်းရဲဆုံးနိုင်ငံဘ၀သို့ ရောက်ခဲ့ရပေသည်။ ထိုအာဏာရှင်စံနစ်ကြောင့်သာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆိတ်သုဉ်းခဲ့ရသည်။ အာဏာရှင်စံနစ်ကြောင့်သာလျှင် မြန်မာသည် သခင် မျိုးဟေ့ ဒို့ဗမာမှ အိမ်ဖော်တင်ပို့သောနိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။ ထိုအာဏာရှင်စံနစ်ဆိုးကြောင့်သာလျှင် တက်္ကသိုလ်ကျောင်းသားသမဂ်္ဂ ကို ဒိုင်းနမိုက်ဖြင့် ဗုံးခွဲခြင်းခံခဲ့ရသည်။ ထိုအာဏာရှင်စံနစ်ကြောင့်သာ လျှင် နိုင်ငံရပ်ခြား၌ မြန်မာလူငယ်များ မျက်နှာမွဲမျက်နှာပြာဖြင့် အလုပ် ကြမ်းများလုပ်နေကြရသည်။ ထိုစံနစ်ဆိုးကြောင့်သာလျှင် နိုင်ငံရေး အကျဉ်းသားဟူသည် ရှိလာခဲ့သည်။ ထိုစံနစ်ဆိုးကြောင့်သာလျှင် စတုတ်္ထ မဏ္ဍိုင်ကို လှဲဖြိုခြင်းခံခဲ့ရသည်။ ထိုစံနစ်ဆိုးကြောင့်သာလျှင် စစ်ဘေး ရှောင်ပြည်သူများများ ဒုက်္ခသည်စခန်းသို့ ရောက်နေကြရသည်။

ထိုစံနစ် ဆိုးကြောင့်သာလျှင် လူတစုကျိကျိတက်ချမ်းသာပြီး တိုင်းသူပြည်သား မိဘပြည်သူများ လူလုံးမလှဖြစ်နေခဲ့ကြသည်။ ထိုစံနစ်ဆိုးကြောင့်သာ လျှင် မြန်မာနိုင်ငံ၏ ပညာရေးနှင့်ကျန်းမာရေးသည် အဖက်ဖက်က နိမ့် ကျခဲ့၏။ ထိုစံနစ်ကြောင့်သာလျှင် တရားစီရင်ရေးသည် ပြည်သူလူထု ဘက်မှာမရှိတော့ဘဲ ပြိုကျပျက်စီးခဲ့ရပါသည်။ အမှောင်လွှမ်းသော ခေတ် ကို ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုခေတ်မှ ရုန်းထွက်ဖို့ဆိုတာ အားလုံး ညီညွတ်မှဖြစ်မည်။ တယောက်ကိုတယောက် အပြစ်တင်နေခြင်းဖြင့် ဘာမှကောင်းမလာနိုင်။
ကျောင်းသား၊ နိုင်ငံရေးသမား၊ ပြည်သူလူထု၊ တတ်သိပညာရှင် များ ရည်ရွယ်ချက်တခုတည်းရှိဖို့လိုသည်။ တကယ်အပြစ်တင် တိုက်ခိုက်ရ မည့်သူကိုမမြင်ဘဲ တိုင်းသူပြည်သား နင်းပြားအချင်းချင်း ရန်ရှာနေခြင်း သည် သားသတ်ရုံသို့သွားနေရင်း အချင်းချင်းထိုးဆိတ်နေသော ကြက် ခြင်းထဲမှ ကြက်တွေနှင့် အလားသဏ္ဌာန်တူပေ၏။

တိုက်ချင်ခိုက်ချင် စိတ်သာရှိ၍ ရန်သူကိုမြင်အောင် မကြည့်နိုင်သောအခါ ကြက်ခြင်းနိုင်ငံ ရေးဖြစ်သွားတတ်ပါသည်။ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်ရဖို့သွားရမည့် ခရီးသည် အတော်ဝေးသေး၏။ှုအ်္လျေူသညါ တပေ ဟုပြောသော်ရနိုင် ပါ၏။ အစ်စလောင်းဝေးမှသည် အီစလံဝေမဖြစ်ဖို့ကတော့ ကျွန်တော်တို့ ပြည်သူအချင်းချင်းညီညွတ်ဖို့လိုပါသည်။ ပါးနပ်ဖို့လိုပါလိမ့်မည်။ ကြက် ခြင်းထဲက ကြက်တွေလိုအချင်းချင်း ခွပ်မနေကြဖို့လိုပါသည်။

သရ၀ဏ်(ပြည်)


““ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ… အဓိက ဂုဏ်သိက္ခာပါ””

ဂျပန်က ၂ ဘီလီယံ ပေးလိုက်တဲ့ ပိုက်ဆံတွေက ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းရှိတယ်။ ၂ ဘီလီယံပေးလို့ ဂြိုဟ်တု (၁၅)လုံး၊ အလုံး (၂၀)တင်ပေမယ့်လည်း You are under sanction, don’t forget ဆိုတာ ရှိသေးတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် West SAMOA အခြေစိုက် I.I (WS) Limited တို့သည် အဆိုပါ Limited ၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်နုခိုင်၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှုများအရ ဖိလစ်ပိုင်မှ အိန္ဒိယနိုင်ငံသို့ တယ်လီဖုန်း ခေါ်ဆိုမှုများကို မြန်မာနိုင်ငံက ကြားခံအဖြစ် ဆက်သွယ်ပေးရေး ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ရပ်ကို ၂၄-၁၁-၁၉၉၉ ရက်နေ့တွင် ထိုစဉ်က ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းတင် ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ယင်းသဘောတူ စာချုပ်အရ I.I (WS) Limited ၏ ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဖုန်းခေါ်ဆိုမှုများ ကို မြန်မာနိုင်ငံက ငှားရမ်းထားသော ဂြိုဟ်တု ထရန်စပွန်ဒါကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး တစ်လလျှင် ခေါ်ဆိုမှု မိနစ် တစ်သန်းဖြင့် ခုနစ်နှစ်အထိ သုံးစွဲခွင့်ရမည် ဖြစ်သည်။

အဆိုပါစာချုပ် လက်မှတ်ရေးထိုးပြီးနောက်တွင် MPT ဘက်မှ စာချုပ်ပါ သဘောတူညီချက်များကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ရာ I.I (WS) Limited ၏ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်မှာ စီးပွားရေး ဆုံးရှုံးမှု၊ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုဆိုသည်မှာ ယခင်အစိုးရ လက်ထက်အတွင်း ၎င်းအား မြန်မာပြည် သို့ ပြန်လည် ၀င်ရောက်ခွင့် မပေးခဲ့ဘဲ ပြည်ပတွင် သာ နိုင်ငံကူး လက်မှတ်အား သက်တမ်းတိုး၍ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ MPT ဘက်မှ စာချုပ်ချိုးဖောက်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုအနေဖြင့် စက်ပစ္စည်း တပ်ဆင်မှုအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ သန်း၊ အိန္ဒိယသို့ ဖြတ်သန်းခေါ်ဆိုမှု ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၈ ဒသမ ၄ သန်း၊ တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃ နှုန်းဖြင့် ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်းနှင့် ဒေါက်တာမြတ်နုခိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုတို့အတွက် ကန်ဒေါ်လာ သန်း ၁၅၀ အထိ ရှိကြောင်းနှင့် နစ်နာမှုများအား ဖြေရှင်းပေးရန်အတွက် MPT သို့ သတိပေး အကြောင်းကြားစာ (နို့တစ်) နှစ်ကြိမ်ပေးပို့၍ ဖြေရှင်းပေး ရန် တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်များ မရရှိပါက MPT သို့ တရားစွဲဆို သွားမည်ဖြစ်ရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေါက်တာမြတ်နုခိုင်နှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

● I.I (WS) မှာ တာဝန်ယူခဲ့တဲ့ အပိုင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

I.I (WS) မှာ အန်တီက ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူတယ်၊ ဌာနေကိုယ်စားလှယ် တစ်နှစ် တာဝန်ယူ ပြီးတော့မှ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာ Shareholder ဖြစ်သွားတယ်။ ၁၉၉၈ ခုနှစ်လောက်က စပြီးလုပ်တာပေါ့။

● MPT နဲ့စပြီး စာချုပ်ချုပ်ခဲ့တဲ့ ခုနှစ်လည်း သိချင်ပါတယ်။

၁၉၉၉ နိုဝင်ဘာ ၂၄ ရက်ပါ။

● စာချုပ်ချုပ်ပြီး နောက်ပိုင်းမှာရော လုပ်ဆောင်ရတဲ့ အပိုင်းမှာ အခက်အခဲရှိလား။

အခက်အခဲတော့ သိပ်မရှိပါဘူး။ အဲဒီတုန်းက I.I (WS) ဆက်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အင်ဂျင်နီယာက ၃ ရက် တစ်ခါလောက် ဆက်သွယ်ရေးကို လာရှင်းပြတော့ အခက်အခဲတော့ သိပ်မရှိပါဘူ။

● I.I (WS) နဲ့ မြန်မာ့ဆက်သွယ်ရေးစပြီး လုပ်ကိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

သူ့ Proposal အရ ဆွေးနွေးကြတာပေါ့့၊ နေ့တိုင်းလိုလို ၃ ပတ် နီးပါးလောက် ဆွေးနွေးရတယ်။ အဲဒီတုန်းက ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ဝင်းတင်က တော်တော်ကြိုးစားတယ်။ I.I (WS) ရဲ့ ဥက္ကဋ္ဌ မစ္စတာ တားလာဆင်းနာရူးလာရယ်၊ ၀န်ကြီးရယ်၊ အင်ဂျင်နီယာချုပ် ဦးတင့်လွင်တို့ရယ် ဆွေးနွေးကြတာပေါ့။ အဲဒီလို အကျေအလည် ဆွေးနွေးပြီးတော့မှ စာချုပ်ချုပ်ဆိုတာပါ။

● စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း MPT အနေနဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ပထမ တစ်ချက်မှာ စာချုပ်ပါအတိုင်း အကောင်အထည် ဖော်တာပေါ့။ စာချုပ်ထဲမှာပါတဲ့ ဖိလစ်ပိုင် အခြေစိုက် မြေပြင် စခန်းမှာ အပေါ်က uplink, downlink ခေါ်တာပေါ့။ အတက်အဆင်း ဖြတ်သန်းရမယ့် ဟာတွေ၊ အိန္ဒိယက ဘုံဘေနဲ့ မက်ဒရက်(စ်) နှစ်မြို့ကို အသံဆင်းမှာဆိုတော့ စက်ကိရိယာပိုင်းနဲ့ အချိန်ကုန် သွားတာပေါ့။ တစ်နှစ်ကြာတဲ့အခါမှာ အဆင်သင့် ဖြစ်သွားတဲ့သဘောပေါ့၊ မူလပင်မစာချုပ်က မြန်မာနိုင်ငံထဲကို Test Call ဆင်းတဲ့ အဆင့်မပါဘူး။ တစ်နှစ်အတွင်းမှာ အင်ဂျင်နီယာချုပ်က ၀န်ကြီးအမိန့်နဲ့ မြန်မာနိုင်ငံထဲကို စက်ကိရိယာတွေ တပ်ဆင်ပြီးတဲ့ အခါမှာ Test လုပ်ပါပေါ့။ အသံရဲ့ ကြည်လင်ပြတ်သားမှု၊ အသံရဲ့ ခေါ်ဆိုနိုင်မှု၊ ကြံ့ခိုင်မှုအတွက် နံပါတ်တွေ ပေးတာပေါ့။ နံပါတ် ၈ သောင်းပေးတယ်။ ခေါ်ရမှာပေါ့ Test ၊ အဲဒီလိုပေးတဲ့ အချိန်မှာပဲ အားလုံးက ရပ်သွားတာ၊ အန်တီတို့က အကြိမ်ကြိမ် ဆက်သွယ်ပါတယ်။ သူတို့က ဘာမှ အကြောင်းမကြားဘဲ လုံးဝ ရပ်ဆိုင်းသွားတာပေါ့။ အကောင်အထည် ဖော်ပြီးကာမှ စာချုပ်ပါ စည်းကမ်း တွေကို ဖောက်ဖျက်သလို ဖြစ်နေတာပေါ့။ အဲဒီလိုဖြစ်စဉ် ဖြစ်နေတဲ့ အချိန်မှာပဲ (၂၀၀၂) (၂၀၀၃)ထိ စောင့်ပါတယ်။ နောင်ဝန်ကြီး အပြောင်း ဗိုလ်ချုပ်ဝင်းတင်ပြီးတော့ ဗိုလ်ချုပ်သိန်းဇော် လက်ထက်အထိ ကြိုးစားသေးတယ်။ ၂၀၀၃ နောက်ပိုင်းမှာ တခြားနိုင်ငံကို ရောက်သွား တာပေါ့။ ပြည်တွင်းကိစ္စလေးတွေ တချို့နဲ့ ပုဒ်မကြီးတွေ တပ်ထားတော့ ဘာအဆက်အသွယ်မှ မလုပ်နိုင်တော့ဘူး။ စာချုပ်သက်တမ်း ၂၀၀၇ ကုန်တဲ့ အချိန်မှာတော့ ဘာမှ မတတ်နိုင်တော့ဘူးပေါ့။ အဲဒီအချိန်ထိလည်း အကြောင်း မပြန်ပါဘူး။

● ၂၀၀၃ ခုနှစ်လောက်အထိ စောင့်တယ်ဆိုတော့ I.I (WS) အနေနဲ့ရော အန်တီ့ကို ဖိအားပေးတာမျိုးတွေ ရှိလား။

တအားဖိပေးတာပေါ့၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ၊ ဆုံးရှုံးမှုတွေလည်း များတယ်၊ လျော်သင့် သလောက် လည်း လျော်ခဲ့တယ်။ အခြားလူတွေလို ကုမ္ပဏီက ကြိုတင်ငွေတွေနဲ့ လုပ်ဆောင်ထားတာ မဟုတ်ဘူး။ အန်တီက ဒါရိုက်တာတစ်ဦး ဖြစ်တော့ မြန်မာနိုင်ငံရဲ့ အစအဆုံး ကုန်ကျစရိတ်က အန်တီ့စရိတ်တွေပဲ ဆိုတော့ I.I (WS) အပေါ်မှာ ပေးဆပ်စရာ ဘာမှမရှိဘူး၊ မအောင်မြင်တဲ့ ဆုံးရှုံးမှု တစ်ခုပဲရှိတယ်၊ ကုမ္ပဏီက နစ်နာ ထားတာ တွေကိုတော့ ပြန်ပေးရတာပေါ့။

● ခုနပြောတဲ့ ပြည်တွင်းကအမှု ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးလို့ရမလား။

သင်္ဃန်းကျွန်းမှာ မိတ်ဆွေ တစ်ယောက်နဲ့ မြေ ၃ ဧကခွဲလေး ၀ယ်ထားတာပေါ့။ ကျူးကျော်ပေမယ့် သူတို့က အသာတကြည် ဖယ်ပေးတယ်။ ဆောက်လုပ်ရေးက ၂၈ ကွက်ဆိုပြီး ဆောက်မယ်လုပ်တော့ အန်တီတို့က အဲဒီမြေကို အစိုးရဘဏ်မှာ သိန်း ၁၅၀၀ နဲ့ အပေါင်ထားတယ်။ အဲဒီကိစ္စပေါ့၊ အန်တီက ဆပ်ပြီးပြီ။ တစ်ဖက်က Share တွေကို ဘာမှမယူဘဲ အလျှော့ပေးတော့ ဆပ်ဖို့ အဲဒီမိတ်ဆွေမှာ တာဝန်ရှိပေမယ့် အဲဒီမိတ်ဆွေဆပ် တာကို အစိုးရက မစောင့်နိုင်ဘူး။ သူ့ကိုပါ ဖမ်းတာပေါ့။ အဲဒီပုဒ်မနဲ့ပေါ့၊ အိမ် ၂ လုံး ရှိတာ ရောင်းပြီး အကုန် လျော်လိုက်တာပေါ့၊ အန်တီ့ အဖေအိမ် တက်ဖမ်းတယ်။ ဖမ်းတာ Notice ပေးတာမရှိပါဘူး။ အဲဒီကစပြီး အန်တီ ထွက်သွားတာပေါ့။ ဦးခင်ရီ လက်ထက်ပေါ့၊ ဒီကို ပြန်ရောက်တော့ ၂၀၁၃ အောက်တိုဘာမှာပေါ့။ အမှန်တရား ဆိုတာက ဘယ်တော့မှ တိမ်မြုပ်နေမှာ မဟုတ်ပါဘူး။

● MPT ကို တရားစွဲဖို့ ပြင်ဆင်တဲ့ အပိုင်းအနေနဲ့လည်း သိချင်ပါတယ်။

စင်ကာပူမှာ I.I (WS) ရဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိတဲ့ သူနဲ့တွေ့ဆုံလာတာပေါ့။ လွန်ခဲ့တဲ့ ဧပြီလကပေါ့။ တရားစွဲဆိုရင် အန်တီထင်တာ Chance များတယ်။ စွဲဆိုနိုင်တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုပေမယ့် နိုင်ငံတော်နဲ့ ဖြစ်တာပေါ့။ အလျှော့ပေးပို့ အစီအစဉ်တော့ မရှိပါဘူး။ နိုင်ငံနဲ့ ယှဉ်ပြီး တရားစွဲတဲ့နေရာမှာ ဆရာဝန် အငြိမ်းစား တစ်ယောက်အနေနဲ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် အန်တီ့ကုမ္ပဏီရဲ့ အဓိကတာဝန်ကျတဲ့ သူတွေက သူတို့ရဲ့ အဓိကကျတဲ့ US နိုင်ငံမှာ တရားစွဲတဲ့အတွက်ကြောင့် လမ်းစရိတ်လောက်ပဲ ကုန်မယ်လို့ သိထား တယ်။ ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ။ အဓိက ဂုဏ်သိက္ခာပါ။ သူတို့လို နည်းပညာ တိုးတက်နေတဲ့ နိုင်ငံကြီးတစ်ခုက ကန်ထုတ် ခံလိုက်ရတာ အန်တီညံ့လို့ပဲ ဆိုတာ လက်မခံနိုင်ဘူး။ ကြိုးစားခဲ့တာပဲလေ။ နောက်ပိုင်း စစ်ဆေးစုံစမ်းပြီးတော့မှ သိလိုက်ရတာက အဓိက တာဝန်ရှိတာက MPT ပဲဆိုတာ သိရတဲ့အချိန်မှာ သူတို့က ခွင့်လွှတ်တယ်။ သူတို့က ကူညီပံ့ပိုးမယ်။ လာဖို့ အစီအစဉ်လည်း အဆင့်သင့် ရှိတယ်။ အန်တီကိုယ်တိုင် အန်တီ့နိုင်ငံသား right ကို ဖြေရှင်းချင်တယ်။

● တရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး MPT ကို ဘယ်လိုအကြောင်း ကြားထားတာမျိုးရှိလဲ။

MPT ဘက်ကို notice (၂)ကြိမ်ပို့ပြီးပြီ။ ပထမအကြိမ်က မေလ၊ ဒုတိယအကြိမ်က သြဂုတ်လ (၇)ရက်ကမှ ပို့တာပေါ့။ ပထမအကြိမ်တုန်းက notice ပို့ပြီး တော်တော်ကြာမှ chief engineer စောစိုင်းလင်းထွန်း ကနေပြီးတော့ we are checking ဆိုပြီး ပြန်ပို့တယ်။ ဒုတိယအကြိမ်ပို့ပြီး (၂)ပတ်စောင့်မယ်။ (၂)ပတ်စောင့်လို့ သူတို့ဘက်က အကြောင်းမပြန်ရင် မူလအစီအစဉ်အတိုင်း တရားစွဲဆိုမှာပါ။

● အရင်တုန်းကဆိုရင် ဖုန်းဈေးတွေက အရမ်းမြင့်တယ်။ အခု နောက်ပိုင်းမှာတော့ MPT က တဖြည်းဖြည်းနဲ့ လျော့ကျ လာတယ်။ ပြည်ပကုမ္ပဏီတွေကို လက်ခံလာတယ်။ အဲဒီအပေါ်မှာ အန်တီ့အမြင်လေး ပြောပြပါဦး။

သူရောင်းတဲ့ဖုန်းက ၁၅၀၀ မဟုတ်လား။ ဥပမာ ကားရောင်းပြီး ကားမောင်းမယ့် လမ်းမရှိရင် ဘယ်လိုလုပ်မလဲ။ အသံခေါ်ဖို့ ဖုန်းနံပါတ် ရတာမှန်ပေမယ့် ဒီအသံထုကြီးရဲ့ နေရာ၊ အသံလှိုင်းသွားမယ့် ဧရိယာ အဲဒါတွေ မရှိဘဲနဲ့ ဘယ်လိုလုပ်ရမလဲ။ သူတို့ရဲ့ SEA ME WE ကရော ဘယ်လောက်ကြာကြာ တိုင်းပြည်အတွက် အသုံးတော်ခံ နိုင်မလဲ။ ကိုယ်ပိုင် Satellite ရှိမှ၊ ဖုန်းခေါ်ဆိုနှုန်းကကျ Satellite မတတ်နိုင်တဲ့ Sanction ထိထားတဲ့ နိုင်ငံ တစ်ခုဟာ ဘယ်လို Satellite မှာ အသံထွက်ပြီး ရနိုင်မလဲ။ အော်ရီဒူး၊ တယ်လီနော ပိုက်ဆံရှိလို့ လာလုပ်လည်း Sanction မလွတ်ဘူးလေ။ SEA ME WE ထဲမှာ အော်ရီဒူးရော၊ တယ်လီနောရော ထိပ်တိုက် ရင်ဆိုင်ရမှာပဲ။ အော်ရီဒူး ရောင်းတော့ အော်ရီဒူး Test Call တွေ လာလုပ်တယ်။ ဒါပေမဲ့ ၃၁ တွေ ၃၂ တွေ လိုင်းဖြုတ် ထားတော့ ဘယ်လိုလုပ်မလဲ၊ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတဲ့ internet က သူများနိုင်ငံမှာ မရှိဘူး။ မလေးရှားမှာ ရင်းဂစ် ၁၅၀ နဲ့ လူ ၅ ယောက် ဆွဲသုံးလို့ ရတယ်။ ကိုရီးယား တစ်ကားကို မိနစ် ၃၀ နဲ့ download ပြီးတယ်။ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတာဟာ အသံသွားတဲ့ လမ်းကြောင်း မရှိလို့သာ မှတ်ရမှာပေါ့။

● ကိုယ်ပိုင် satellite မရှိဘဲ ပြည်ပက ဆက်သွယ်ရေး ကုမ္ပဏီတွေကို လက်ခံနေရ တာကိုရော အန်တီ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဒါက MPT မှာ တာဝန်ရှိတယ်။ MPT ဟာ ပြည်သူကို ညာတယ်လို့ တပ်အပ် ပြောနိုင်တယ်။ ရိုးသားစွာနဲ့ ရှင်းပြရရင် ဆင်းကတ် အလကားပေးတောင် ၀မ်းမသာဘူး။ satellite ရှိလားလို့ မေးမယ်လေ၊ ရှိစေချင်တာပေါ့။ ဆက်သွယ်ရေးတင် မဟုတ်ဘူးပေါ့။ မြန်မာတစ်နိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု မရှိသလောက် ဖြစ်နေတယ်။ ပြည်သူနဲ့ အုပ်ချုပ်သူ အစိုးရသူတို့ပြောတဲ့ မဏ္ဍိုင်တွေက လက်ပွန်းတတီး နားလည်မှု ရှိရမှာလေ။ အဲဒါမှလည်း အဆင်ပြေမှာလေ။ MPT မှာလည်း သူတို့အမိန့် နာခံရတာများတော့ အပေါ်လည်း အမှန်တရား မတင်ပြနိုင်ဘူး။ ပြည်သူကိုလည်း အမှန်တရား မချပြနိုင်တော့ MPT အနေနဲ့လည်း ဘာဆက်လုပ်မှာလဲ မသိဘူး။ ဆက်ညာနေဦးမှာပေါ့။

● ဖုန်းခေါ်ဆိုနှုန်းကလည်း MPT အနေနဲ့က လျှော့ချပေးဖို့ စဉ်းစားဆဲ အဆင့်ပဲ ရှိသေးတယ်ပေါ့။ လက်ရှိ အစိုးရ လက်ထက်မှာ MPT အနေနဲ့ ဒါကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါသလား။

သူများဟာကို ငှားသုံးရင် ငှားခ ပေးရတယ်လေ။ အဲဒါဆို သုံးစွဲတဲ့ ပြည်သူက ပိုပေးရတာ။ ကိုယ်ပိုင်ဆိုရင် နိုင်ငံတော်ပိုင် တင်ထားရင် လျှော့မှာပေါ့။ ဈေးနှုန်းလျှော့ချဖို့ဆိုရင် ကိုယ်ပိုင်ကို ရှိရမယ်။ satellite မှမဟုတ်ဘူး ကိုယ်ပိုင် နည်းလမ်း ရှိရမှာပေါ့။ ဒါက MPT မှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေ သိမှာပေါ့။ ဒီလိုမှ မဟုတ်ရင် တယ်လီဖုန်း ခေါ်ဆိုခ လျှော့ချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပျားရည်နဲ့ ၀မ်းချနေတာ လားတော့ မသိဘူး။

● MPT နဲ့ ပတ်သက်ပြီး တခြား ဖြည့်စွက် ပြောချင်တာမျိုး ရှိရင်ပြောပေးပါဦး။

နောင်လာမယ့် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာက သူတို့ပြောနေသလို တိုးတက် ပြောင်းလဲဖို့ reform လုပ်နေတာ ဆိုပြီး ပြောနေပေမယ့် ကိုယ်ထိသလို သူများလည်း အဲလိုဖြစ်မှာ စိုးတယ်။ Foreign Investment ကို Protect လုပ်တဲ့ ဥပဒေက တိတိကျကျ မရှိတာရယ်၊ မလိုက်နာ တာရယ်ကြောင့် အလကာပဲ။ အဲဒါကြောင့် ဒါကို alert (နှိုးဆော်)တာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ဒါမျိုး အဖြစ်အပျက်လည်း ရှိတယ် ဆိုတာမျိုးပေါ့။ ပြည်သူကတော့ မလျော်နိုင်တော့ဘူး။ KDDI ဂျပန်က ၂ ဘီလီယံ ပေးလိုက်တဲ့ ပိုက်ဆံတွေက ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းရှိတယ်။ ၂ ဘီလီယံ ပေးလို့ ဂြိုဟ်တု(၁၅)လုံး အလုံး(၂၀) တင်ပေမယ့်လည်း You are under sanction, don’t forget ဆိုတာ ရှိသေးတယ်။ ဒီ sanction မဖြည်ဘူးလား ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်တယ်။ ဂျပန် ကုမ္ပဏီကလည်း ဒီ Loan ချေးငွေကိုလည်း ဆင်ဆင်ခြင်ခြင် ပေးရတာပေါ့။ ဂျပန်ရဲ့ ၂ ဘီလီယံလည်း ရေစုန်မျောသွားမှာ စိုးလို့ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို alert လုပ်လိုက်တာပေါ့။ ပြည်သူ တွေကို နစ်နာအောင်ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေက ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ ကောင်းအောင် တစ်ခု လုပ်ရင် ပိုပို လေးနေတယ်ဆိုတာ မြင်လို့ပါ။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန

စည်ပင်မှ ၀န်ထမ်းအမျိုးသမီးကလေး နှစ်ဦးသုံးဦးလာကြသည်ကို တစ်ခါတစ်ရံ တွေ့ရပါ၏။ သူတို့သည် အမှိုက် သိမ်းခြင်း မပြုပါ။ ပြန်ရောင်း၍ရသော ဘီယာဘူးလွတ်၊ ပလတ်စတစ်ရေဘူးများ ကောက်ရုံလောက်သာ လုပ်ကြပါ လေသည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မဟာရန်ကုန်ဆင်ခြေဖုံးမြို့နယ်များ သည် မြို့နယ်စည်ပင်သာယာအဖွဲ့အစည်း နှင့်မကင်းနိုင်ကြပေ။ ကျွန်တော် တို့တောင် ဥက္ကလာပမြို့နယ်သူမြို့နယ်သားများလည်း ဘယ်ကင်းလို့ရပါ့မလဲ။ စည်ပင်သာယာနှင့် အမြဲဆက် ဆံနေကြရသည်။

တစ်ခေတ်တစ်ခါတုန်းက စည်ပင် သာယာသည် မြို့နယ်များအတွင်း ထဲထဲ ၀င်ဝင်ရှိလှသည်။ မနက်လင်းပြီ ဆိုလျှင် စည်ပင်မှဝန်ထမ်းတစ်ဦးသည် တစ်လမ်းဝင် တစ်လမ်းထွက် စက်ဘီးတစ်စီးနှင့်ရောက် လာတော့သည်။

အိမ်ပေါက်စေ့ အိမ်ရှေ့အခင်းအကျင်း များကို စေ့စေ့စပ်စပ်ကြည့်သည်။ အိမ်ရှေ့ တွင် သဲတစ်ပုံ၊ ကျောက်စ လစ်ခဲတစ်ပုံ လောက်တွေ့လျှင် ၀င်ရောက်မေးမြန်းတော့ သည်။ “ဒါဘာလုပ်မှာလဲ”။

အိမ်ရှင်အချို့သည် မိမိအိမ်ရှေ့လှေ ကားထစ်ကလေးပျက်သွား၍ အင်္ဂတေကိုင် မည်စိတ်ကူးဖြင့် အုတ်သဲ ကျောက်ကလေး တစ်နိုင်တစ်ပိုင်ဝယ်ကြသည်။ အဖြစ်လုပ် ကြရသည်။ သည်အတွက် အုတ်သဲကျောက် ၀ယ်လာပြီး ပန်းရန်သမားမလာခင် စုပုံ ထားလေ့ရှိသည်။…

စည်ပင်ဝန်ထမ်းက ရှာဖွေလေတွေ့ရှိ လေဖြစ်သည်။ တွေ့လျှင် မေးတော့သည်။ အိမ်ရှေ့ပြင်မှာလား၊ အိမ် နောက်ပြင်မှာ လား၊ လှေကားပြင်ပြင်၊ မီးဖိုချောင်ပြင်ပြင် ပြင်ဆင်ခွင့်လျှောက်ထားရမည်။ သည်လို ကိုယ့် သဘောနှင့်ကိုယ်လုပ်လို့မရ။ ရုံးလိုက် ခဲ့။ ရုံးမှာလာရှင်းပါဟု တစ်ထိုင်တည်းအမှု ဖွင့်တော့သည်။

အိမ်ပြင်မည့်အိမ်ရှင် ကြောက်လန့်သွား သည်။ ကြီးကြီးကျယ်ကျယ်မပြင်ပါ။ အမှု မလုပ်ပါနဲ့ဆိုကာ ငွေစက္ကူ အချို့ပူဇော်ပသ လိုက်ရလေသည်။ စည်ပင်ဝန်ထမ်းများသည် ရပ်ကွက်ထဲလှည့်နေသည်။ လူထုနှင့်အလွန် ထိတွေ့သည်။ အပြစ်ရှာငွေတောင်းရန် ဖြစ်၏။

ဒါက တစ်ခေတ်တစ်ခါက စည်ပင်၏ ဥပဓိရုပ်လုံးပါ။ မြို့နယ်စည်ပင်သည် ထို အချိန်ကပင် ရပ်ရွာအတွင်း သာယာလှပ ရေး၊သန့်ရှင်းရေး၊ ရေမြောင်းများ ရေစီးရေ လာကောင်းမွန်ရေးလုပ်ခဲ့သလားဆိုလျှင် မလုပ်ပါ။ ရပ်ကွက်ကောင်စီများကသာ ရေ မြောင်းများတူးဖော်ကြပါဟု အမိန့်ဖြင့်လုပ် ခိုင်းခဲ့ကြသည်။

ယခုအခါအစိုးရသစ်လက်ထက်၌ မြို့ နယ်ရပ်ကွက်များ သန့်ရှင်းသာယာရေး ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ဆော်သြလာပါသည်။ ယခုအခါတွင် ထူး ခြားလာမှုကို တွေ့ရသည်ကတော့ ယခင် ကလို စည်ပင်ဝန် ထမ်းများ ရပ်ကွက်ထဲလှည့်၊ လမ်းထဲဝင်၊ အိမ်ရှေ့၌ အုတ်ပုံသဲပုံတွေ့ က အရေးယူမည်ဆိုကာ ခြိမ်းခြောက်မှု မတွေ့ရတော့တာ အမှန်ပင်ဖြစ်ပါသည်။

စည်ပင်သာယာဝန်ထမ်းများသည် ယခင်ကလို ကွင်းမဆင်းတော့ပါ။ စက်ဘီး နှင့်လာသည်ကိုလည်း မတွေ့ရတော့ပါ။

ကျွန်တော်တို့ ရပ်ကွက်တွင် ဈေး ကလေးတစ်ဈေးရှိရာ အမှိုက်ပစ်ရန်အမှိုက် ကန်လည်းမရှိသဖြင့် ထင်သလို အမှိုက်ပစ် ကြပါသည်။ ဈေးအနီးလမ်းများမှာ အမှိုက် တွေနှင့် ဝေဆာနေပါ၏။ သို့သော် စည်ပင် မှ ၀န်ထမ်း အမျိုးသမီးကလေး နှစ်ဦးသုံးဦး လာကြသည်ကို တစ်ခါတစ်ရံတွေ့ရပါ၏။

သူတို့သည် အမှိုက်သိမ်းခြင်းမပြုပါ။ ပြန်ရောင်း၍ရသော ဘီယာဘူးလွတ်၊ပလတ် စတစ်ရေဘူး များ ကောက်ရုံ လောက်သာ လုပ်ကြပါလေသည်။ ယခုအခါ သူတို့လာ သည်ကိုပင် မတွေ့ရတော့ပါ။

ကျွန်တော်တို့ ရပ်ကွက်များမှာ ရေ မြောင်းတွေလည်း ပိတ်နေသည်။ လမ်း ပေါ်မှာ ချိုင့်တွေဗွက်တွေ လည်း ဖြစ်နေပြီ။ သို့သော် သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းတို့ မလာကြပါ။ ဘာမှလည်း လုပ်မပေးပါ။

တစ်နေ့ကတော့ စည်ပင်က အမျိုး သမီးဝန်ထမ်း ၂ ဦးလာပါသည်။ သူတို့က သန့်ရှင်းရေးအတွက် မဟုတ်ပါ။ စည်ပင် ခွန်ကောက်ရန်တဲ့။ ၃ လ တစ်ကြိမ်ကောက် ခံသောစည်ပင်ခွန်ကတော့ မှန်မှန်လာပါ၏။ အထွေထွေ ခွန်၊ လမ်းမီးခွန်၊ ရေခွန်ဟု ရေးထားသောစာရွက်ကိုပေးပါသည်။ ကျွန် တော်က ငွေ၁၅၀၀ ကျပ်ပေး လိုက်ရပါ သည်။ စည်ပင်အလုပ်က ဒါပဲလားခင်ဗျားဟု မေးလိုက်ချင်ပါသည်။

ပြီးခဲ့သော ဇွန်လအတွင်းက ကောင်း မွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရန် လမ်းညွှန်ခဲ့ပြီး ဖြစ်သော်လည်း အချို့ဌာနများ ယခင်လုပ်နည်းလုပ်ဟန် အတိုင်း ဆက်လုပ်နေဟု သမ္မတပြောကြား ဟု ခေါင်းစဉ်တပ်ထားသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။

သတင်း၌ အစိုးရသစ်လက်ထက်အုပ် ချုပ်ရေး ယန္တရားတိုးတက်ကောင်းမွန်ရန် ပြုပြင်ပြောင်းလဲမှုများဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ် ရန်ညွှန်ကြားထားပြီးဖြစ်သော်လည်း တချို့ ဌာနများ တွင် ယခင်လုပ်နည်းလုပ်ဟန် အတိုင်း ဆက်လက်လုပ်ဆောင်နေကာ စွမ်းရည်ကျ ဆင်းမှုများ ရှိနေသဖြင့် အောက် ခြေအထိ ပြန်လည်ကွင်းဆင်း သုံးသပ်ရန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ ကိုယ်တိုင် ကြိုးစား ကာ အောက်ခြေအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရန် နိုင်ငံ တော်သမ်္မတ ဦးသိန်းစိန်က ပြောကြားလိုက် သည်ဟူ၍ဖြစ်သည်။

သို့သော် ကျွန်တော်တို့မြို့နယ်များ၌ အောက်ခြေအဖွဲ့အစည်းဖြစ်သည့် မြို့နယ် စည်ပင်သာယာသည်လည်း ပြောင်းလဲမှု မရှိဘဲ ယခင်လုပ်နည်းလုပ်ဟန်အတိုင်းပင် ဆောင်ရွက်နေဆဲပါဟု ပြောရမလိုဖြစ်နေ ပါသည်။

အများပြည်သူတို့၏ ဆန္ဒကတော့ စည်ပင်ခွန်များကို ၃ လတစ်ကြိမ် မှန်မှန် ကောက်ယူသလို စည်ပင်သာယာ အဖွဲ့အနေ ဖြင့် ရပ်ကွက်အတွင်း လုပ်ကိုင်စရာလုပ်ငန်း များကိုဂရုတစိုက်ဆောင်ရွက်စေချင်ပါသည်။

ပြည်သူလူထုနှင့် အမြဲအစဉ်ထိတွေ့ နေရသော မြို့နယ်စည်ပင်သာယာအနေ ဖြင့် ပီပီပြင်ပြင် ပြောင်းလဲ သင့်ပြီဖြစ်ကြောင်း သတိပေးတင်ပြလိုက်ရပါကြောင်း။ ။

မြန်မာသံတော်ဆင့်သတင်းဌာန

ဒီမိုကရေစီကို အမှန်တကယ် လျှောက်လှမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့များ၊ ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမား များနှင့် ပြည်သူများ အရိုးသားဆုံး၊ အမှန်ကန်ဆုံး စည်းစည်းလုံးလုံး လက်တွဲကာ စစ်အာဏာရှင် တို့၏ အယောင်ဆောင် ဒီမိုကရေစီ၊ အရေခြုံ ဒီမိုကရေစီကို ဖွင့်ချပြီး ၈၈ အရေးတော်ပုံ စိတ်ဓာတ်ကို မွေးမြူ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငွေရတုအလွန် ရှစ်လေးလုံး နှစ်ပတ်လည် ၂၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဓမ္မပီယကျောင်းတိုက်တွင် ကျင်းပဖို့ အစီအစဉ် ရှိလေသည်။ ယခင်နှစ် ၂၅ နှစ် မြောက် ငွေရတု အခမ်းအနားလောက် ကြီးကျယ်ခြင်း မရှိသော်လည်း ပို၍နိုင်ငံရေး အဓိပ္ပာယ်ဆောင်သော အခမ်းအနား ဖြစ်မည်ဟု နိုင်ငံရေးလောကနှင့် ကျောင်းသား အသိုင်းအ၀ိုင်းက ယူဆကြလေသည်။ ယခင်နှစ်က ငွေသိန်းပေါင်းများစွာ အကုန်ခံကာ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ရော ၀န်ကြီး ဦးအောင်မင်းပါ တက်ရောက်ခဲ့၏။ ကျွန်တော်တို့မှာ မန္တလေးကော်မတီက တကူးတက ဖိတ်၍ မန္တလေး ၈၈ အခမ်းအနားကို သွားရောက်ခဲ့သည်။ ဆရာဦးဝင်းတင်နှင့်လည်း ဆုံခဲ့၏။ အခမ်းအနားအပြီးတွင် မန္တလေး၊ အမရပူရ စသော နေရာများကို ဆရာဦးဝင်းတင်နှင့်အတူ သွားကာ နိုင်ငံရေး အကြောင်းများကို ရင်ဖွင့် ဖြစ်ခဲ့ကြသည်။ ထမင်းလည်း အတူစားဖြစ်ကာ ဆရာသည် ထိုအချိန် ကတည်းက အနေအထိုင် အစားအသောက်ကို လုံးဝ ဂရုမစိုက်ကာ သူ့ခေါင်းထဲတွင် နိုင်ငံရေးသာ ရှိသည်။ ပြည်သူဘက်မှ ရပ်ကာ ရဲရဲဝံ့ဝံ့ဖြင့် ဘာအနှောင်အတဲမှ မထားဘဲ ပြောကြားရဲသည့် ပြည်သူ့ဘက်တော်သား စစ်စစ် ဖြစ်လေသည်။ သူပြောကြားသမျှမှာ ပြည်သူလူထု၏ ဆန္ဒနှင့် တစ်ထပ်တည်း ဖြစ်နေသဖြင့် ပြည်သူက ပိုမိုယုံကြည်အားကိုး လာကာ ဦးဝင်းတင် အသံသည် ပြည်သူ့အသံ ဖြစ်နေလေသည်။ … ပြည်သူ့ကိုယ်စား ဆရာဦးဝင်းတင်က ရင်ဖွင့် ပြောကြားသလို ဖြစ်နေပါတော့သည်။ ယခုဆရာဦးဝင်းတင် မရှိတော့ပြီ။ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကြီးလည်း လည်လာပြန်သည်။ ရှစ်လေးလုံး အခမ်းအနားကြီးကို ဂုဏ်ပြုမိသလို ဆရာ ဦးဝင်းတင်ကိုလည်း လွမ်းဆွေး ဂုဏ်ပြုနေမိပါသည်။

DVB ဒီမိုကရက်တစ် မြန်မာ့အသံ ရုပ်သံက ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ပတ်သက်၍ အင်တာဗျူးရာတွင် ရှစ်လေးလုံးဒီမိုကရေစီ တိုက်ပွဲကြီး ရှုံးသလား၊ နိုင်သလားဆိုသော သဘောကို မေးလာသည်။ ယေဘုယျ သဘောသာ မေးသလို မိမိကလည်း ယေဘုယျ သဘောသာ ဖြေဖြစ်သည်။ တချို့က နိုင်သည်ဟု ဆိုကြသည်။ အတော်များများက ရှုံးသည်ဟု ဆိုကြလေသည်။ အရှုံးအနိုင်ကို ဒီမိုကရေစီ ရ၊ မရနှင့် ဖြေကြား ပြောဆိုကြခြင်း ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အနှစ်ချုပ်မှာ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်ကာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ခဲ့သလား၊ မဖယ်ရှားနိုင်ဘူးလား ဆိုသည်နှင့် တိုင်းသလို ထိုအရေးတော်ပုံကြီးကို ပြည်သူက မည်မျှအလေးထားသည်၊ မထားသည်နှင့် တိုင်းသူများက နိုင်သည်ဟု ဆိုသည်မှာ မမှားသလို ရှုံးသည်ဟု ယူဆသူများကလည်း သူတို့ရည်မှန်းသော ဒီမိုကရေစီကို မရသဖြင့် ရှုံးသည်ဟု ဆိုခြင်းမှာလည်း မမှားပေ။

အမှန်မှာမူ ထိုတိုက်ပွဲကြီးတွင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်သည့်တိုင် အောင်ပွဲကား ချက်ချင်းရဖို့ မလွယ်ပေ။ ယခုထက်တိုင် စစ်အာဏာရှင်အဟောင်း၊ အသစ်များ၏ အာဏာကို အကန့်အသတ် တစ်ခုအထိ ဖယ်ရှား နိုင်သည့်တိုင် ဒီမိုကရေစီ လမ်းကြောင်းပေါ် မနည်းဆွဲတင်ရဦးမည် ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ တိုက်ပွဲကြီးကို သုံးသပ်ရာ၌ ပြင်သစ်နိုင်ငံတွင် ပညာတတ် ဓနရှင် ပေါက်စများက ဦးဆောင်သော ဘုရင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်သည်နှင့် နှိုင်းယှဉ် ပြောလျှင် နီးစပ်သည်ဟု ဆိုရပေမည်။ ထိုတော်လှန်ရေးကြီးတွင် လူဝီဘုရင် မျိုးနွယ်များ၊ ပြင်သစ် သူကောင်းမျိုးများနှင့် ပဒေသရာဇ် အနွယ်တော်အားလုံးကို ခေါင်းဖြတ် စက်တွင် တင်ကာ သုတ်သင်နိုင်ခဲ့သည်။ စည်းလုံး ညီညွတ်လျှင်၊ တော်လှန်တိုက်ပွဲဝင်ရဲလျှင် မိမိတို့ကို နှစ် ပေါင်းများစွာ သွေးစုပ်ခဲ့သော ပြင်သစ်ဘုရင်နှင့် ပဒေသရာဇ် အနွယ်များကို တော်လှန် သုတ်သင် နိုင်ခဲ့သည်။ ပြင်သစ်ပြည်သူများ၏ နိုးကြားမှုမှာ ပြင်သစ်တော်လှန်ရေး၏ အောင်ပွဲဟု ဆိုရမည်။ ပါရီဘုံအဖွဲ့(သို့မဟုတ်) ပဲရစ်ကွန်မြူး (Paris Commune) တော်လှန်ရေးကြီးနှင့် ပတ်သက်ပြီး ကားလ်မာက့်စ်က ““ပါရီဘုံအဖွဲ့ တော်လှန်ရေးကြီး အောင်ပွဲ မရခဲ့သည်မှာ ပစ္စည်းမဲ့ လူတန်းစားတပ်ဦး ပါတီမရှိခြင်း၊ တော်လှန်ရေးတွင် အောင်ပွဲကို အကျိုးရှိစွာ မကျင့်သုံးနိုင်ခြင်းတို့ကြောင့် ပါရီဘုံအဖွဲ့မှာ ပြည်သူက လုံးဝ အနိုင်မရခဲ့ခြင်း ဖြစ်သည်”” ဟု သုံးသပ် ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ၊ နှစ်ပေါင်းများစွာ ရက်စက်စွာ အုပ်ချုပ်ပြီး ဗိုလ်ကျခဲ့ သော လူဝီဘုရင်တို့ကို တော်လှန်နိုင်ခဲ့သည်မှာ ပါရီမြို့သူမြို့သား များနှင့် ပြည်သူလူထုအတွက် မျက်စိဖွင့်၊ နားပွင့်နှင့် အောင်ပွဲအကြောင်း သိရှိလိုက်သည်ဟု ဆိုရပေမည်။

ရှစ်လေးလုံး ဒီမိုကရေစီ တိုက်ပွဲကြီးသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အင်အား အကောင်းဆုံး နိုးကြားမှုမှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတုန်းက ဗြိတိသျှ နယ်ချဲ့သမားကို ဆန့်ကျင်ပြီး လွတ်လပ်ရေးအတွက် နိုးနိုးကြားကြား မျက်စိပွင့်ကာ လွတ်လပ်ရေးအတွက် ထောက်ခံခဲ့သလိုပင်၊ ၈၈ အရေးတော်ပုံမှာ လည်း မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ပြည်သူလူထု၏ ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက် လာခြင်းဖြစ်၏။ ၁၃၀၀ ပြည့်ထက်ပိုပြီး အားကောင်းသည်မှာ မဆလအစိုးရ၏ အုပ်ချုပ်ရေးစနစ် ရပ်တန့်သွားသလို ကျဆုံးသွားမှာကိုပင် စိုးရိမ် ထိတ်လန့်နေရသည့် အခြေအနေသို့ ရောက်ရှိ သွားခြင်း ဖြစ်လေသည်။ ရန်ကုန်မြို့၊ မန္တလေးမြို့ စသော မြို့ကြီးများတွင် အုပ်ချုပ်ရေး ယန္တရားများ ရပ်ဆိုင်းသွား၏။ ဗိုလ်နေ၀င်း အပါအ၀င် မဆလထိပ်သီး ခေါင်းဆောင်များ၊ စစ်တပ် ခေါင်းဆောင်များမှာ သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ကာကွယ်ရေး အတွက်ပင် ပြင်ဆင်ကြရတော့သည်။ လူတိုင်းသည် မနက်မိုးလင်းမှ မိုးချုပ်ဆန္ဒပြပွဲများ၊ ကြွေးကြော်သံများ မပြတ် ပြုလုပ်နေသည်။ ကလေးများမှအစ လူကြီးအထိ၊ အိမ်ရှင်မများပါမကျန် မဆလ တစ်ပါတီစနစ် ပယ်ဖျက်ပေးရေး၊ စစ်ဗိုလ်များ၏ အနိုင်ကျင့် ဗိုလ်ကျမှု ရပ်စဲပေးရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ၈၈ သမိုင်းကို ပြောရလျှင် ပြည်သူလူထု၏ နိုးကြားမှုနှင့် ဒီမိုကရေစီကို အာသာငမ်းငမ်း တောင်းဆိုမှုမှာ ပြည်သူ့အတွက် အောင်ပွဲဟု ဆိုရပေမည်။ တိုက်ပွဲနှင့်အတူ ပြည်သူလူထုအတွက် ရရှိ လိုက်သော အကျိုးအမြတ်မှာ မဆလပါတီ ပြိုကျသွားခြင်းနှင့် ဒီမိုကရေစီ ခေါင်းဆောင်များ ရရှိလိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်လို ရှားရှားပါးပါး ဒီမိုကရေစီ ခေါင်းဆောင်ကို ရရှိလိုက်သလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကိုလည်း ရရှိလိုက်ခြင်း ဖြစ်သည်။ ထို့အတူ ၈၈ အရေးတော်ပုံကြီးတွင် စစ်တပ် က အာဏာပြန်သိမ်းပြီး ဒီမိုကရေစီ မရရှိလိုက်သည်မှာလည်း ပါရီဘုံအဖွဲ့ တော်လှန်ရေးကြီးကလို ခေါင်းဆောင်မှု ခိုင်မာမှု မရှိခြင်းကြောင့် ဖြစ်လေသည်။ ခိုင်မာသော ခေါင်းဆောင်မှု မရခြင်း၊ မှန်ကန်သော ဒီမို ကရေစီ တိုက်ပွဲ၏ မဟာဗျူဟာ၊ နည်းဗျူဟာတို့ကို မချမှတ်နိုင်ဘဲ ယခုထက်ထိ ဒီမိုကရေစီ မရနိုင် သေးခြင်း ဖြစ်သည်ဟု ဆိုရ ပေတော့မည်။

ယခု ၂၆ နှစ်တိုင်သည်အထိ ဒီမိုကရေစီ ပန်းတိုင်ကား ကွာလှမ်းနေဆဲ ဖြစ်သည်ဟု ဆိုရမည်။ သို့သော် ထိုကာလက မွေးဖွားခဲ့သော လူငယ်များ၊ ထို့နောက် ၈၈ အရေးတော်ပုံနှင့် အတော်ကွာလှမ်းပြီးမှ မွေးဖွား ခဲ့သော လူငယ်များမှာ ထိုအရေးတော်ပုံကြီး၏ မျက်စိဖွင့်ပေးမှု၊ လှုံ့ဆော်မှုတို့ကြောင့် ဒီမိုကရေစီသည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည် ဆိုသည်ကို သဘောပေါက် လာကြပါသည်။ ထိုကဲ့သို့ ပြည်သူ လူထု အားလုံး ဒီမိုကရေစီ အသိရေချိန် တိုးပွားလာသည်မှာ ထိုခေတ်ကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေးသမား များကြောင့်ဖြစ်သလို အာဏာကို ကျားကုတ်ကျားခဲ ဖက်တွယ်နေသော စစ်အာဏာရှင်တို့၏ ဖိနှိပ်မှု၊ လောဘသက္ကာယ ကြီးမှုတို့ကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည်။ ယနေ့ကာလတွင် ဒီမိုကရေစီ မရသေးသည့်တိုင် စစ်အာဏာရှင်တို့၏ နေ၀င်ချိန်မှာမူ နီးသထက် နီးလာပြီ ဖြစ်ပါသည်။ စစ်အာဏာရှင်တို့မှာ ယခုတိုင် အာဏာကို ဖက်တွယ် ထားကြဆဲဖြစ်သည်။ သူတို့ကို ကာကွယ်ပေးနေသော လူတစ်စုကသာ သူတို့ ဘက်တွင် ရှိနေပြီး ပြည်သူအားလုံးကမူ သူတို့ကို ရွံရှာစက် ဆုပ်နေကြောင်း အားလုံးအသိဖြစ်ပါသည်။ ထို့ကြောင့် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် ပြည်သူတစ်ရပ်လုံး အရှုံးရော အမြတ်ပါရရှိခဲ့သည်ဆိုလျှင် မှားမည်မဟုတ် ပေ။ ထိုအရေးတော်ပုံကြီးမှနေ ယခု ဒီမို ကရေစီရေးလှုပ်ရှားသူများအထိ အနိုင် အရှုံးကို သုံးသပ်ဩ၍ အနာဂတ်သင်ခန်းစာကို ရယူရပေမည်။ ပြတ်သားသော ခေါင်းဆောင်မှု မရှိခြင်း၊ အောင်ပွဲကို မယူရဲခြင်း၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပညာတတ်များနှင့် အလွှာအသီးသီးမှ လူအားလုံး ခိုင်မာသော စည်းလုံး ညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်းတို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြတ် မချေမှုန်း နိုင်ဘဲ ဒီမိုကရေစီကို လက်လွှတ် ခဲ့ရခြင်းဖြစ်လေသည်။ အရေးကြီးဆုံးမှာ စည်းလုံး ညီညွတ်မှု ဖြစ်သည်။ နိုင်ငံရေး ပါတီများမှာ သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေကြပြီး နိုင်ငံရေး ခေါင်းဆောင်များမှာလည်း ငါမှန်သည်၊ သူမှားသည်ဆိုပြီး ဂိုဏ်းဂဏစိတ်၊ အာဃာတစိတ်များ ဖြစ်နေကြသည်။ ထို့ကြောင့် စစ်အာဏာရှင်များက သူတို့ ဆုံးရှုံးခဲ့သော ၈၈ အရေးအခင်း အခြေအနေကို ပြန်သုံးသပ်ကာ အယောင်ဆောင် ဒီမိုကရေစီဖြင့် နိုင်ငံကို ကျွန် သပေါက်သဖွယ် ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားနေဆဲဖြစ်၏။ ဤသည် ကိုနားလည် သဘောပေါက် ကြရမည်။ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများက သူတို့ခြေလှမ်းကို အမှန်အတိုင်း မြင်ဖို့လိုသည်။ ထို့အတူ ဒီမိုကရေစီကို အမှန်တကယ် လျှောက်လှမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့များ၊ ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများနှင့် ပြည်သူများ အရိုးသားဆုံး၊ အမှန်ကန်ဆုံး စည်းစည်းလုံးလုံး လက်တွဲကာ စစ်အာဏာရှင်တို့၏ အယောင်ဆောင် ဒီမိုကရေစီ၊ အရေခြုံ ဒီမိုကရေစီကို ဖွင့်ချပြီး ၈၈ အရေးတော်ပုံ စိတ်ဓာတ်ကို မွေးမြူကြရပေလိမ့်မည်။

မြန်မာသံတော်ဆင့်သတင်းဌာန

အမေ..မကျော်ချင်ပေမဲ့..ဒွေးတော်ဘဲလွမ်းခွင့်ရှိတဲ့ကျား

ဘူးတောင်းနစ်လို့ ဇောင်းခြမ်းပေါ်

အမြင်မတော်တဲ့ခေတ်မှာ…လူဖြစ်ရတဲ့ကျား

ကိုယ်ပိုင်တောမှာ…ရာသီတွေဖေါက်

လောက်တွေကတဖွားဖွား

အမှားတွေတိမ်တောက်

သစ္စာတွေလိမ်ကောက်မှတော့

အမေ..မကျော်ခြင်ပေမဲ့..ဒွေးတော်ဘဲလွမ်းခဲ့ရ ။

ဟိုတိုက်..ဒီခိုက်

အလိုက်အထိုက်လည်းမနေ

ဘေးတိုက်လည်းမသွား

ဂွကန့်လန့် ကျားဟာ

ရှင်လျှက်သေနေတဲ့…ငါးခုံးမတွေကြား

မိုးခါးရေလည်း မသောက်ချင်

အနာဂတ်လည်း မမြင်သမို့ 

မသေချင်တဲ့ ကျားမို့  တောပြောင်းခဲ့ ။

အတောင်မပါတဲ့ကျားဟာ

တိမ်ဆိုင်တွေကြား

အိပ်မက်တွေ ၀ါးစားရင်း

ဝင်းခင်းပွဲနဲ့ အိမ်ရှေ့ စံ

ဘိသိက် ခံဖို့ရက်ရွေး

တွက်ရေးနဲ့တော့ စက်သူဌေးဖြစ်ဖူးတယ်။

အမေ..မကျော်ခြင်ပေမဲ့..ဒွေးတော်ဘဲလွမ်းခွင့်ရှိတဲ့ကျား

ဘူးတောင်းနစ်လို့ ဇောင်းခြမ်းပေါ်

အမြင်မတော်တဲ့ခေတ်မှာ…လူဖြစ်ရတဲ့ကျား

ကိုယ်ပိုင်တောမှာ…ရာသီတွေဖေါက်

လောက်တွေကတဖွားဖွား

အမှားတွေတိမ်တောက်

သစ္စာတွေလိမ်ကောက်မှတော့

အမေ..မကျော်ခြင်ပေမဲ့..ဒွေးတော်ဘဲလွမ်းခဲ့ရ ။

ဟိုတိုက်..ဒီခိုက်

အလိုက်အထိုက်လည်းမနေ

ဘေးတိုက်လည်းမသွား

ဂွကန့်လန့် ကျားဟာ

ရှင်လျှက်သေနေတဲ့…ငါးခုံးမတွေကြား

မိုးခါးရေလည်း မသောက်ချင်

အနာဂတ်လည်း မမြင်သမို့ 

မသေချင်တဲ့ ကျားမို့  တောပြောင်းခဲ့ ။

အတောင်မပါတဲ့ကျားဟာ

တိမ်ဆိုင်တွေကြား

အိပ်မက်တွေ ၀ါးစားရင်း

ဝင်းခင်းပွဲနဲ့ အိမ်ရှေ့ စံ

ဘိသိက် ခံဖို့ရက်ရွေး

တွက်ရေးနဲ့တော့ စက်သူဌေးဖြစ်ဖူးတယ်။

တကယ့်တကယ် ဗိန်းဗောင်းသံဆင့်

ဒိုင်ပွဲဖွင့်တဲ့အခါ

သားရဲတွင်း ခြင်္သေ့ဂူဝ

ရှင်ကြာပူရရဲ့ စီးပွားရေးစစ်တလင်း

နယ်မြေလုစစ်ပွဲတွင်းမှာ

တောပြောင်းကျားဟာ

သွေးစိမ်းစက်လက်

ချွေးပွက်ပွက်

ကမ္ဘာပျက်မတတ်ပါပဲလေ ။

တိမ်တွေပေါ် ဒေါ်လာနဲ့ အသိုက်ဖွဲ့

ကုန်သည်လေညင်းမှာ ရီးလေးခို

သမီးလေးငိုတော့

သက်တန့်ကို ပုခက်လုပ်စီး

ရွှေပြည်ကြီးဟဲ့ အိပ်မက်ချို ။

အနာမပါတဲ့ အနာဂတ်အတွက်

ကြိုပွိုင့်နောင်တတွေနဲ့ အတူ

အစားထိုးမရတဲ့အရာတွေကို

ဆုပ်ဆုပ်ပက်တဲ့ပြီး

ဗလိနတ်စာကျွေးခဲ့ရ။

ငွေတွင်းကို နက်နက်တူး

ချွေးပင်လယ် လက်ပစ်ကူးလို့

ရေစာထူးတဲ့ လက်ပေမို့

တသွေးတမွေးကြီးကို ဆင်းရဲ။

ကိုယ့်ခြံမှာ ကြက်ဖ

သူများခြံမှာ ကြက်မ တဲ့

ဟုတ်ပါ့မလား

"အတက် "ဆိုတာ… ၀ှက်ထားလို့မရဘူး

အမောက်ဆိုတာ ထောင်တဲ့အမျိုး

ရိုးရိုးကြီးနေတဲ့ နသိုးတောင်

မလွှဲမရှောင်သာနဲ့ …ဂျိုရာအပြည့်။

ဆိုက်ဗေးရီးယား ကျား

ဟိမ၀န္တာကျား၊ အတ္တလန္တိတ် ကျား

ပစ္စိဖိတ်ကျား၊ ကန္တာရကျား

ကျားရဲ များစွာအလယ်မှာ

အညာသီရံကျားဟာ…မျက်နှာမငယ်ခဲ့။

ရက်ကို လစား

လကိုနှစ်မျို

အနှစ် (၂၀) ပိုပိုခရီးမှာ

တိုးရင်းဝှေ့ရင်း

ကြွေးဟောင်းဆပ်

ကြွေးသစ်ထပ် ...

ကုန်စရာအတွက်ရှာ

ရှာစရာအတွက်ကုန်

ခေတ်ကြွေးတွေပုံသမို့ 

သမိုင်းတပတ်ကြုံခဲ့ရင်

ဧရာဝတီရဲ့ဝိဥာဉ်…အညစ်စင်စေဖို့

သဲဖြူလွင်တပွင့် ဖြစ်ပါရစေသား ။ ။

မင်းကောင်းချစ်


သစ်ပင်များကို ထပ်တလဲလဲ ပြန်ပေါက်လာမည့် Renewable သဘာဝ အရင်းအမြစ်ဟု လူအများက ထင်နေကြသည်။

သို့သော် တန်ဖိုးရှိသော သစ်မာပင်များ သည် အပူပိုင်းနိုင်ငံ တော်တော်များများတွင် သစ် ထုတ်လုပ်မှုကြောင့် ပြုန်းတီးနေသည်။ မြန်မာနိုင်ငံသည်သာ နိုင်ငံထွက်ကုန် အဖိုးတန် တမလန်းသစ်များကို လိုချင်သူများက အတင်းအဓမ္မတောင်းဆိုနေသည့် ဒဏ်ကို ခံနေရ သည့် နောက်ဆုံးလက်ကျန် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

တမလန်းသစ်သည် အပူပိုင်းရာသီဥတုတွင်ပေါက်သော သစ်မာမျိုးစိတ်တစ်ခုဖြစ်သည်။ အရောင်က အနက်ရောင်သန်းသော အနီမျိုးရှိသည့် အရည်အသွေးကောင်း သစ်မျိုးဖြစ်သည်။

အဆိုပါ သစ် အတော်များများကို မြန်မာက တရုတ်နိုင်ငံသို့တင်ပို့သည်။ တရုတ်နိုင်ငံတွင် ထိုသစ် များက ရှေးခေတ် မင်မင်းဆက် နှင့် ကွင်မင်းဆက် ပုံစံ ဇိမ်ခံပရိဘောဂ အသုံးအဆောင် များ ပြုလုပ်ရာမှာ ရေပန်းစားသည်။ အာရှတိုက်တွင် သဘာဝဇီဝမျိုး ရင်း အစုံပေါကြယ်ဝ ရာ မြန်မာနိုင်ငံသည်လည်း တရုတ်ပရိဘောဂလုပ်ငန်းတွင် ဈေးကြီးစွာ ပေးဝယ်ရသော တမလန်း သစ်မျိုးစိတ်များရှိနေသည်။

ဇီဝမျိုးပြုန်းခြင်းကြောင့်လည်း သစ်ပင်များ ရှားပါး နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံက သစ်တောနှင့် သစ်ပင် အတော်များများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် သုံးနှစ် အတွင်းမှာ တမလန်းသစ် ထုတ်ယူခြင်းနှင့် ခိုးထုတ်ခြင်းများက မထင်မှတ်ထားသည့် အခြေအနေထိသို့ ရောက်ရှိလာနေပြန်သည်။

၂၀၁၃ ခုနှစ် တစ်ခုတည်းတွင် ပင် မြန်မာသည် တမလန်းသစ်ကုဗမီတာ ၂၃၇၀၀၀ မီတာကို တရုတ်သို့ တင်ပို့ခဲ့၏။ ထိုပမာဏသည် ယခင်နှစ်ကထက် ၃ ဆ ဖြစ်သည်။ ထို့ ပြင် ထိုပမာဏ သည် မြန်မာတွင် ကျန် ရှိနေသေးသော တမလန်းသစ်များ၏ အရေအတွက်၏ ဆယ့်သုံးပုံ တစ်ပုံ ခန့်ရှိသည်။

ယခုကဲ့သို့ သစ်ခုတ်ပုံမျိုးနှင့်ဆို ပါက ၁၃ နှစ်အတွင်း တမလန်းသစ် များသည် မြန်မာ့ သစ်တော များ အတွင်းမှ ပျောက်ကွယ်သွားနိုင်သည်။ တရုတ်တွေ အာသာငမ်းငမ်းလို ချင်နေသည့် အတွက် မဲခေါင်မြစ်ဝန်း ကျင်ဒေသ တွင် ပေါက်ရောက်လေ့ရှိ သော အနီနက်ရောင် တမလန်း သစ်များသည် စီးပွားရေးကြောင့်သာ မ ဟုတ်ဘဲ ဇီဝမျိုးပြုန်းမှုနှင့်လည်း ရင်ဆိုင်နေ ရသည်။

သစ်တောများ အလွန်အကျွံထုတ် ယူသုံးစွဲခြင်းသည် သစ်တောကို မှီခို နေကြသော တောရိုင်း တိရစ္ဆာန်များ ကိုလည်း ဆုံးရှုံးမှုကိုဖြစ်စေသည်။ သစ်ပင်နည်းပါးလာသဖြင့် သစ်တော များ တွင် လေထုအတွင်းမှ ကာဗွန် ဒိုင်အောက်ဆိုဒ်စုပ်ယူမှု ကျဆင်းလာ ပြီး တောမီးလောင်မှုများ ကို ဖြစ်ပေါ် စေသည်။ သစ်ထုတ်လုပ်ခြင်းကြောင့် အမဲလိုက်မှုများလည်း တိုးလာပြီး တောပြုန်း မှုဖြစ်စေသည်။

အင်အားကြီး သစ်ခိုးဂိုဏ်းများ

------------------------------------

မြန်မာတွင် တရားမ၀င်သစ်ခိုးထုတ်ခြင်းသည် စီးပွားရေး၊ လူမှုရေး ပြဿနာများကိုပါ ဆောင်ကြဉ်း လာ သည်။ သစ်ခိုးထုတ်သူများသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့်နယ်စပ် ချင်း ဆက်စပ်နေ သည့် ကချင်ပြည် နယ်ကဲ့သို့ တိုင်းရင်းသားလက်နက် ကိုင်များနှင့် အစိုးရတပ်များ တိုက်ပွဲ များဖြစ်နေသည့်နေရာများတွင် စွန့် စားခရီးသွားလာကာ သစ်ခိုးထုတ် ကြသည်။

သစ်ခိုးထုတ်သူတိုင်း အိမ်အပြန်လှသည်တော့ မဟုတ်ပေ။ သစ်ခိုးထုတ်ခြင်းက အန္တရာယ် အရှိဆုံး အလုပ် တစ်ခုဖြစ်သကဲ့သို့ သစ်ထုတ်လုပ်မှု ကြောင့်ဖြစ်ရသော ပဋိပက္ခများလည်း ထိုဒေသတွင် ရှိနေသည်။ ထို့အပြင် သစ်မှောင်ခိုသမားများမှာ မူးယစ်ဆေး ၀ါးအမျိုးမျိုး၏ ဆွဲဆောင်မှု အန္တရာယ် များလည်းရှိသည်။

ထိုအတိုင်း ဆိုပါက မည်သည့်အတွက်ကြောင့် မြန်မာက တမလန်းသစ် များကို စီးပွားဖြစ် မစိုက်ရတာလဲဟု မေးစရာရှိ၏။ တချို့အပူပိုင်းသစ်များ သည် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မှန် တကယ် အများအပြား ထုတ်လုပ် နိုင်မှုများရှိသည်။ အထူးသဖြင့် ရော်ဘာ၊ ယူကလစ်နှင့် ကျွန်းသစ်တို့သည် အလျင်အမြန် ကြီးထွားလွယ်သော အပင်များဖြစ်သည်။

သို့သော်လည်း အရည်အသွေး မြင့် တမလန်းသစ်တို့က စီးပွားရေး အရ ရောင်းချရသည့် အရွယ်အစား ရောက်ရန် နှစ်ပေါင်းများစွာကြသည်။ အဖြစ် အလွန်နှေးသည်၊ စီးပွားဖြစ် ထုတ်လုပ်လိုလျှင် သားစဉ်မြေးဆက် စောင့်ဆိုင်းရမည်ဖြစ်၏။

ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် ဆင်းရဲသော နိုင်ငံရေးအရ မတည် ငြိမ်သော ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် မလွယ်ကူပေ။

ချက်ချင်းရပ်တန်းက ရပ်မှာလား
-------------------------------------

မြန်မာနိုင်ငံတွင် ယခုလုပ်ဆောင် ရမည်မှာ တရားမ၀င်သစ်ခိုးမှုများနှင့် တရုတ်နိုင်ငံသို့ တမလန်း သစ်များ တင်ပို့ခြင်းကို လုံးဝတားမြစ်ခြင်းဖြစ် သည်။ သစ်များ ခွဲစိတ်ဖြတ်တောက် ခြင်းများအားလုံး တရုတ်တွင်သာပြု လုပ်သောကြောင့် မြန်မာနိုင်ငံအတွက် သစ်ချောဖြတ်တောက်ပြုလုပ်ခွင့် အကျိုးအမြတ်များလည်း မရချေ။

အဆိုးဆုံးမှာ နိုင်ငံအတွက် အ ခွန်ဘဏ္ဍာငွေများ မရခြင်းပင်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း တရား မ၀င်သစ်ခိုးထုတ်မှုသည် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ခြောက်ထောင်ခန့် ဆုံးရှုံးခဲ့ရသည်။ ထိုငွေများသည် တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေသည့် ကျန်း မာရေး၊ ပညာရေး၊ သဘာဝထိန်းသိမ်း ရေးတို့အတွက် သုံးစွဲခြင်း မပြုနိုင် ဘဲ အကျင့်ပျက်အစိုးရ၀န်ထမ်းများနှင့် စီးပွားရေးသမား ခရိုနီတို့ လက်သို့ သာရောက်ရှိ သွားခဲ့ကြသည်။

ယခုနိုင်ငံတွင် မြင်နေရသော တမလန်းသစ်များ ကျန်ရှိစေချင်ပါက၊ တမလန်းသစ်ပြုန်းတီးမှုမှ လွတ်ကင်း စေချင်သည်ဆိုပါက တမလန်းသစ်များ မျိုးပြုန်းနေသည့် တခြားတိုင်းပြည်များထံမှ သင်ခန်းစာများကို မြန် မာက လေ့လာသင်ယူရပေမည်။ ယခုနှစ် ဧပြီလတွင် မြန်မာအစိုးရ သည် သစ်များအား အလုံးလိုက်တင်ပို့ခြင်းကို ပိတ်ပင်လိုက်သည်။ သို့ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မပြုလုပ်ပါက အရာထင်မည်မဟုတ် ပေ။ မြန်မာအနေဖြင့် အလျှော့အတင်း မရှိ ပြတ်ပြတ်သားသား တမလန်း သစ်များတင်ပို့မှုအပေါ် အမြဲတမ်းပိတ် ပင်ခြင်းကို ပြသရမည်။

မက်ဒက်စကားကျွန်း သင်ခန်းစာ
----------------------------------------

အာဖရိကတိုက် မက်ဒက်စကားကျွန်းနိုင်ငံ၏ အဖြစ်ကို ကြည့်ပြီး ရရှိခဲ့သော သင်ခန်းစာမှာ ယာယီနှင့် မပြတ်မသားပိတ်ဆို့တားမြစ်ခြင်းက တမလန်းသစ်များကို မြန်မြန်မျိုးတုံး စေကာ သစ်မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားစေသည်ဆိုခြင်ပင်ဖြစ် သည်။ ယာယီ ပိတ်ပင်ထားစဉ် ကာလအတွင်း တမလန်းသစ်များ ခိုးထုတ်ခြင်း ကို ဆက်လက်ပြုလုပ်နေကြပြီး ကုန်သည်များ သည်လည်း တမလန်းဈေး ကွက်အား ပို၍ လိုချင်လာကြသည်။ တစ်ချိန်းတည်းတွင် တမလန်းသစ် ဈေးပိုတက်လာပြီး ပိတ်ဆို့မှုပယ် ဖျက်သည့်အချိန်တွင် ပို၍ သစ်ခုတ်မှု များကို လုပ်လာစေသည်။

ယခုအခါတွင် မြန်မာအစိုးရအ နေဖြင့် နိုင်ငံတစ်ဝန်း သစ်အလုံး လိုက်တင်ပို့မှု တားဆီးခြင်း က နိုင်ငံတွင်းရှိ တမလန်းသစ်များ မျိုးတုံးမှု ကိုတားဆီးရန်မလုံလောက်ပေ။ တစ်ခါတစ်ရံတွင် ထိုကဲ့သို့ တစ်နိုင်ငံက ပိတ်လိုက်လျှင် တရုတ်နိုင်ငံက သူ၏ တမလန်းဈေးအား အခြားတစ်နိုင်ငံ သို့ ပြောင်းတတ်ပါသည်။

သို့သော် ဗီယက်နမ်ကဲ့သို့နိုင်ငံ မျိုးတွင်မူ အလုပ်သမားခ သက်သာ ခြင်းကို အခွင့်ကောင်းယူကာ တရုတ်က တမလန်းသစ်များအား ဗီယက် နမ်၌ပင် ခွဲစိတ်တတ်သည်။ ထို့အ တွက် ဗီယက်နမ် က အကျိုးအမြတ် အနည်းငယ်ရှိသော်လည်း သစ်တော ပြုန်းတီးခြင်းအပေါ် မည်သို့မှ မတတ် နိုင်ချေ။

တရုတ်အန္တရာယ်နှင့် မြန်မာ့သစ်တောများ

----------------------------------------------

တရုတ်နိုင်ငံက လိုချင်နေ သည့် တမလန်း မျိုးစိတ် ၃၃ စိတ်အနက် ၃ ပုံ ၁ ပုံမှာ ပျောက်ကွယ် မည့် အခြေ အနေနှင့် ကြုံနေရသော သစ်မျိုးစိတ် များဖြစ်သည်။ ၆ မျိုးမှာ ကမ္ဘာ့ရှားပါး မျိုးစိတ် သတ်မှတ်ပြီး ထိန်းသိမ်းသည့် အခြေခံဥပဒေအရ ထိန်းသိမ်းရမည့် မျိုးများစာရင်းတွင် ပါဝင်သည်။ အဆိုပါဥပဒေကို လက်မှတ်ထိုးထားသည့် နိုင်ငံများသည် စာရင်းတွင်ပါဝင်သည့် သစ်မျိုးစိတ်များ ရောင်းဝယ်ခြင်းကို တားဆီးရမည်။ ဥရောပ၊ အမေရိက နှင့် သြစတြေးလျနိုင်ငံ များတွင် တမလန်းသစ်များ တင်ပို့မှုနှင့်ပတ်သက်ပြီး မကြာခင်က ၎င်းင်းတို့၏ စည်းမျဉ်းများကို တင်းကျပ်ခဲ့သည်။ သို့ရာတွင် တ ရုတ်နိုင်ငံ၏ တမလန်းသစ်လိုအပ် ချက်မှာ ၂၀၁၁ ခုနှစ်မှစ၍ သိသိသာ သာတိုးလာနေသည်။ တရုတ်နိုင်ငံ ဘက်မှ တမလန်းသစ်တင်သွင်းမှု တင်းကျပ်နိုင်မှ သာ မြန်မာတမလန်း သစ်များ ချမ်းသာရာရပေမည်။

လင်းလင်း ဘာသာပြန်ဆိုသည်။
အတွဲ ၂ အမှတ်စဉ် ၂၅၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

1990 နှောင်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း နိုင်ငံရေး
ကို ဇောက်ချလုပ်ရန် ဆုံးဖြတ်ခဲ့သူ .... သြဇီ နိုင်ငံခြားရေးဝန်ကြီး ဘီရှော့ ရဲ့ " နေပြည်တော် မနက်ခင်း ပြေးခြင်းနှင့် အာဆီယံ အစည်းအဝေး" ဆိုပြီး သူ့ဘလော့ခ်မှာ တင်ထားတာလေး ကူးလာခဲ့တယ်။

တရားကျဖို့ ကောင်းလိုက်တာ။ နေပြည်တော်မှာ အဘ'အဘတွေ နန်းတော်ကြီးထဲမှာ အကျဉ်းသား ထောင်သားလို နေနေကျချိန်မှာ .... သြဇီနိုင်ငံက ၀န်တစ်ယောက်က ရွံထဲ ဗွက်ထဲ ကလေးတစ်ယောက်လို ပြေးလွှား၊ သူ့နိုင်ငံ သူများနိုင်ငံတွေကို ကောင်းကျိုးပေးနိုင်အောင်တွေ ကြိုးစား။

ဝန်ကြီး လုပ်နေလို့လည်း ပိုမချမ်းသာလာဘူး။ ၀န်ပါးဝလို့ မရဘူး။ လက်ထောက်တွေကိုလည်း ပြည်သူ့ဝန်ထမ်းတွေလိုပဲ တလေးတစား ဆက်ဆံရမယ်။

ပြုတ်သွားသွား ထွက်သွားသွား ပါတီရွေးကောက်ပွဲရှုံးသွားသွား .... ၀န်မဟုတ်တော့ တဲ့ နောက်ပိုင်း ပြည်သူရဲ့ ခွေးပြော ၀က်ပြော အပြောမခံရတဲ့ ၀န်ကြီးဘ၀၊
အဖမ်းမခံရ၊ နာမည်ဖျက်မခံရ၊ မတရားထိုးကျွေးခြင်း မခံရ၊
မဆင်းရဲသွား မနှုံချာသွားတဲ့ ၀န်ကြီးဘ၀.......

သြော် .... ဒီမိုကရေစီ၊ လူ့သိက္ခာ၊ လူ့အခွင့်အရေး ရယ် ..... မင်းလေးကို "ငါ" လိုချင်လိုက်တာ ရွကလီစိန် ကို ဖြစ်နေတော့တာပဲ

ဒီမို အန်းဂရီးဘတ်
Daw Aung San Suu Kyi is visiting Australia as a guest of the Australian Government from 27 November to 2 December, and is being hosted by the Minister for Foreign Affairs, Julie Bishop.

“လှေခွက်ချည်းကျန် … အောင်လံမလှဲ” “လေနဲ့မိုးနဲ့ မုန်တိုင်းနဲ့” “ဓါးတောင်ကိုကျော်၍ မီးပင်လယ် ကိုဖြတ်မည်” စသည့် ငယ်စဉ်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုခေါင်းစီးလေးများ ကျွန်တော်၏ ဦးနှောက်ထဲ တစ်စစီ တစ်စစီ တိုးဝင်လာခဲ့သည်။

ကျွန်တော်တို့သည် ၁၄.၈.၂ဝ၁၄ ရက်နေ့က အလှူရှင်တစ်ချို့ ပဲခူးမြို့၊ သုခကုသိုလ်ဖြစ် ဆေးခန်း (ပဲခူး)၊ ဒေသခံ ပရဟိတသမားတစ်ချို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့ နယ်ရှိ ကင်ပွန်းသာ၊ သိမ်ကုန်း၊ ဂျုံးဂျုံးကျ၊ ဖိုးရင်ကလေး၊ မြောက်ကျွန်း၊ အဝိုင်း အစရှိ သည့် ကျေးရွာတို့တွင်ရှိသော အိမ်ထောင်စု (၆၃၅) စုနှင့် ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းရှိ ရေဘေးသင့်ပြည်သူများ၊ သံဃာတော်များတို့ထံ သွားရောက်၍ ကူညီလှူဒါန်း ဖေးမမှုများ တတိယအကြိမ် ရေဘေးကယ်ဆယ်ရေးအဖြစ် ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဤတတိယအကြိမ် မြောက် ရေဘေးကယ်ဆယ်မှုများတွင် ဆန် ၂၄ ပြည် (တစ်တင်းအိ တ်) ၁၁၄ အိတ်၊ မုန့်ခြောက် အထုပ် ကြီး (၁၃) ထုပ်၊ ငါးသေတ္တာ (၁၄ဝဝ) ဗူး၊ ခေါက်ဆွဲ ခြောက် (၂၈၈ဝ) ထုပ်၊ လက်ဖက်အကြော်စုံ (၄၄၄၅) ထုပ်၊ လက်ဖက်အသား (၁၉ဝ၅) ထုပ်၊ သောက်ရေသန့် (၇၂ဝ) တွဲများတို့အား လှူဒါန်းမှုပြုခဲ့သည်။ လှူ ဒါန်းဖွယ် ပစ္စည်း များ၏ အလေးချိန်နှင့် ပစ္စည်းများသည် ကျေးရွာများသို့ သွားရောက်ရာတွင် စက်လှေကြီး (၅) စီးဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ လူဦးရေ (၅ဝ) ခန့် သွားရောက်မှုပြုခဲ့ရသည်။ ရေဘေးသင့် ကျေးရွာများသို့ ရောက်ရှိသောအခါ စက်လှေကြီးများသည် ကျေးရွာထဲသို့ ဝင်ရောက်မရ သည့်အတွက် လှေငယ်များပေါ်သို့ လူဦးရေကန့်သတ်၍ ကယ်ဆယ်ရေး အစား အသောက်များအား ခွဲခြမ်း၍ သယ်ဆောင်လှူဒါန်းမှုကို ပြုခဲ့ရတော့သည်။

ထိုကယ်ဆယ်ရေးခရီးစဉ်သည် နံနက် (၉းဝဝ) နာရီအချိန်တွင် လှည်းကူးမြို့မှ စက်လှေ ကြီးများဖြင့် စတင်ထွက်ခွာလာရာ ရာသီဥတုသည် သာယာလှပ အေးချမ်းလျက်ရှိ သည်။ ပထမဦးဆုံး အဝိုင်းကျေးရွာ၊ မြောက်ကျွန်းကျေးရွာများတွင် အေးချမ်းစွာ လှူဒါန်း ခဲ့ရသော်လည်း ကျန်ရှိသောကျေးရွာများသို့ သွားသည့် ခရီးစဉ်များတွင် ဒေဝါမိုးသည် သည်းထန်စွာရွာသွန်းခြင်း၊ လေပြင်များတိုက်ခတ်ခြင်း၊ ရေစီးများ ပြင်းထန်လာခြင်းကို ကြုံတွေ့ခဲ့ပြီး ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့သားများ အားလုံးတို့သည် မိုးရေများ စိုရွှဲခြင်းကို ခံစားခဲ့ရသည်။ ကျေးရွာများအတွင်းသို့ ဝင်ရောက်ရလမ်းကြောင်းများသည် လှေငယ်လေးများဖြင့် ခြုံပင်၊ ဝါးပင်များအား တိုးဝှေ့ကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ရသည်။ လှေငယ်လေးများ ဆိုက်ကပ်ရသော နေရာ မှ ရေဘေးသင့် ပြည်သူများထံသို့ တစ်မိုင်နီးပါးခန့် လမ်းတလျှောက်သည်လည်း ရွံနွံများ၊ ဗွပ်အိုင်များ အား ခြေသလုံးမြှုပ်သည့် နီးပါးခန့် လျှောက်လှမ်းသွားခဲ့ရသည်။ လမ်းတလျှောက်တွင် လည်း ရေဘေးသင့်ပြည် သူများမှ ဝမ်းသာအားရ ဝိုင်းဝန်းနှုတ်ဆက်ကာ မေတ္တာပို့သ ခဲ့ကြသည်။ စုရပ်နေရာသို့ ရောက်ရှိသောအခါ လှူဒါန်းဖွယ်ပစ္စည်းများအား လှူဒါန်း ခဲ့ကာ မိမိတို့ရှေ့ဆက်သွားရမည့် ကျေးရွာများသို့ အားမာန် ဇွဲလုံ့လတို့ဖြင့် ဆက်လက် ချီတက်ခဲ့ရသည်။

ယခု ကယ်ဆယ်ရေးသတင်းဆောင်းပါးတွင် ကျွန်တော် အဓိက ပြောလိုသည်မှာ ဂျုံးဂျုံးဂျ ကျေးရွာ တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကလေးပင်ဖြစ်သည်။ ယင်းကျေးရွာတွင် အထက်ဖော်ပြသည့်အတိုင်း လမ်း ခရီးတလျှောက် လူတကိုယ်လုံး ရွံနွံ့များ၊ မိုးရေများ ဖြင့် ရွဲရွဲစို ညစ်ပေနေပြီး လှူဒါန်းမှုပြုလုပ်အပြီး နောက်ဆုံးခရီးစဉ်ဖြစ်သော ကင်ပွန်းချုံ ကျေးရွာသို့သွားရန် ကျွန်တော်တို့စီးလာသော စက်လှေပေါ်သို့အရောက် စက်လှေ ထွက်ခွာမည်အပြုတွင် လှေငယ်လေးတစ်စီး မိုးရေထဲတွင် လှော်ခက်လာကာ “ဦး ကျော်သူ … ဦး ကျော်သူ ကျွန်မက ဦးကျော်သူရဲ့ ပရိသတ်ပါ” ဟူ၍ စက်လှေအနီးသို့ ဝင်ရောက်ဆိုက်ကပ်လာသည်။ ထိုကဲ့သို့ ကျွန်တော့်အား လှမ်းအော်ခေါ်ပြောသော အမျိုးသမီးကြီးသည် စက်လှေအနီးသို့ ရောက်သောအခါ မိုးရေစက်များကြားမှ သူ၏ ပလပ်စတစ်အိတ်ဖြင့် လုံခြုံစွာထည့်ထားသော ပို့စကဒ်ဓါတ်ပုံ (၂) ခုအား သေ ချာစွာ ထုတ်ယူပြီး ကျွန်တော့်အား လှမ်းပေးလေတော့သည်။ ထို့နောက် စက်လှေပေါ်သို့ ကျွန်တော်မှ လှမ်းခေါ်၍ တက်ရောက်လာခဲ့ကာ မိုးရေစက်များကြားမှ ဝဲရစ်နေသော မျက်ရည်စများနှင့်အတူ “ကျွန်မ ဟိုး… ငယ်ငယ် အပျိုဘဝကတည်းက ဦးကျော်သူကို ကြိုက်ခဲ့တာ .. အားပေးခဲ့တာ” ဟူ၍ မရပ်မနား ပြောလေတော့သည်။ ထိုအခါ ကျွန်တော်က “ဝမ်းသာပါတယ် .. ကျေးဇူးတင်ပါတယ်ဗျာ … အခုရော အမကြီး အိမ် ထောင်ရောကျပြီလား။ ကလေးဘယ်နှစ်ယောက်ရပြီလဲ။” ဟူ၍ မေးသောအခါ ကျွန်တော်တို့ စက်လှေပေါ်တွင်ပါလာသော ဒေသခံရွာသားတချို့မှ ရယ်မောလိုက်သော အသံကို ကျွန်တော်ကြားလိုက်ရ၍ ကျွန်တော် ဇဝေဇဝါ ဖြစ်သွားတော့သည်။ ထိုအခါ ယင်းအမျိုးသမီးသည် “ကျွန်မနာမည် မမြင့်ကြည်ပါ။ ကျွန်မ အခုချိန်ထိ အပျိုကြီးဘဝနဲ့ နေထိုင်နေပါတယ်” ဟူ၍ ပြောကြားလေတော့သည်။ ကျွန်တော်သည်လည်း အားတုံ့ အားနာဖစ်သွားကာ အမှတ်တရ ကျွန်တော်နှင့် ရွှေဇီးကွက်တို့အတူ ဓါတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ပြီး ကျေးဇူးတင် နှုတ်ဆက်စကားဆို၍ ကျွန်တော်တို့ ရှေ့ဆက်သွားရမည့် ခရီးလမ်းအား ထွက်ခွာရန် စက်လှေဆရာအား ပြောကြားလိုက်တော့သည်။ ယင်းအ မျိုးသမီး မမြင့်ကြည် သည် ဂျုံးဂျုံးဂျ ကျေးရွာအဝင်ဝ လှေငယ်လေးပေါ်တွင် ရွာသူ/သား များနှင့်အတူ ကျန်ရစ်ခဲ့တော့သည်။

ကျွန်တော်လမ်းတလျှောက် ရန်ကုန်ရောက်ခဲ့သည့် ယခုအချိန်အထိ အတွေးခေါင်နေဆဲ ဖြစ်သည်။ သြော် … လူငယ်ဘဝ ရုပ်ရှင်သရုပ်ဆောင်လုပ်စဉ်က ကျွန်တော်ပြင်ပတွင် တွေ့ရှိခွင့်မရခဲ့ဘဲ ပိတ်ကား ထက်မှာသာ အားပေးခဲ့သည့် ပရိသတ်တစ်ဦးသည် ယခ ကျွန်တော် အသက်အရွယ်ကြီးမြင့်ပြီး “ဂျုံးဂျုံးကျ” နေသည့်အချိန်ကြမှ “ဂျုံးဂျုံးဂျ” ကျေးရွာ မှာ လူကိုယ်တိုင် ပြင်ပတွင်တွေ့ရှိ စကားပြောဆိုခွင့်ရခဲ့ပါလား။ အဘယ့်ကြောင့် ယခု လို အသက်အရွယ်အားဖြင့် (၅၅) နှစ်ကျော်ကာလအထိ ငယ်စဉ်လူရွယ်ဘဝက ရုပ်ရှင် သရုပ်ဆောင် လုပ်ခဲ့ဖူးသော အနုပညာရှင်တစ်ယောက်ကို ယခုအချိန်အထိ နှစ်နှစ် ကာကာ အားပေးကြသော ပရိသတ်များ ရှိနေသနည်း။ ဤဖြစ်ရပ်သည် မိမိ၏ အနုပညာစွမ်းအား တစ်ခုတည်းကြောင့်တော့ မဟုတ်ချေ။ ကျွန်တော်၏ ပရဟိတ စိတ်ဓါတ်၊ ပရဟိတစွမ်းအားများကြောင့်ပင်ဖြစ်သည်။ ကျွန်တော်တို့ ကယ်ဆယ်ရေး ခရီးစဉ်ထွက်လာခါစတွင် ရာသီဥတုသည် သာယာလှပ အေးချမ်းနေသည်။ နာရီပိုင်းအ တွင်း ရာသီဥတုတို့ ဖောက်ပြန်ဆိုးရွာလာသည်။ ယခင် မော်တော်ကားလမ်း၊ လှည်း လမ်းကြောင်းများ၊ ယာခင်းများ၊ လယ်ကွက်များ၊ တဲအိမ်များ၊ စေတီပုထိုးများတို့ဖြင့် နေချင့်စဖွယ် ရွာငယ်လေးသည်လည်း ရက်ပိုင်း၊ လပိုင်းအတွင်း ရေစုန်းစုန်း နစ်မြှုပ်ခဲ့ရ သည်။ ယခင် နုပျိုလန်းဆန်း သွက်လက်ခဲ့သော ကျွန်တော်တို့သည်လည်း အိုမင်း ရင့်ရော် နှေးကွေးခဲ့ရပြီ။ ကျွန်တော်တို့အနေဖြင့် အသက်အားဖြင့် (၂ဝ-၂၅) နှစ်ကာလ များမှစ၍ ယခုကဲ့သို့ ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့မည်ဆိုပါက များစွာအကျိုး ရှိလိမ့်မည်ဟု ခံယူမိသည်။ ထို့ကြောင့် ကျွန်တော့်၏ အနုပညာလောကမှ ညီငယ်၊ ညီမငယ်များ၊ တပည့်သားချင်းများ အနေဖြင့်လည်း ငယ်ရွယ်စဉ်အချိန်မှစပြီး အနုပညာ တာဝန်များအား ထမ်းဆောင်ရင်းဖြင့် အများပြည်သူအကျိုးတို့အား မျက်ခြေမပြတ် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများ ပြုလုပ်သွားမည်ဆိုပါက ထူးမြတ်သော ကောင်းခြင်း မင်္ဂလာတရားနှင့် ပြည့်ဝသော လောကကြီးအား ဖန်တီးတည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည် မိတော့သည်။ ထိုကဲ့သို့ ပေးဆပ်မှုများ အနစ်နာခံ စွန့်လွှတ်ကူညီ ဖေးမမှု များပြုလုပ်ရာတွင်လည်း အခက်အခဲ၊ အနှောက်အယှက်၊ အဖျက်အဆီးများက အဆင်သင့် စောင့်ဆိုင်းနေမည်ကိုလည်း သိရှိသတိထားရမည်။ ဤကဲ့သို့ ပိတ်ပင် တားဆီး၊ ဟန့်တား နှောက်ယှက်မှုများကို ကြုံတွေ့ပါက အောက်ပါ ရွှေဟင်္သာ ဆရာ တော်ကြီး၏ ဆုံးမသြဝါဒစကားကို လက်ကိုင်ပြု၍ ရင်ဆိုင်သွားနိုင်ရန် တိုက်တွန်း လိုက်ရပါသည်။

အများအကျိုး … ရွက်သယ်ပိုးက
ခနိုးခနဲ့ … ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း … ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် … ရှေးရှုနှင်လော့
(ရွှေဟင်္သာဆရာတော်ကြီး)

ကျော်သူ


ဒီဗွီဘီ က မသီတာ စီစဉ်တဲ့ “မေ့လိုက်တော့ ..ဆိုပေမဲ့” ဆိုတဲ့ ကိုငှက်ရဲ့ အမေကို တွေ့ဆုံမေးမြန်းထားတာကို ကြည့်ရတယ်။

“ကျနော် ကိုယ့်လမ်းကိုယ်ဖောက်ရတာကြောင့် အခုလောက်ပဲ ရောက်နိုင်သေးတာ အားမရဘူးဗျာ၊ အမေတို့သာ ဟိုးငယ်ငယ်လေးကတည်းက တကယ့်နားလည်တတ်ကျွမ်းတဲ့ ဆရာကြီးတွေနဲ့ စနစ်တကျ သင်ယူစေခဲ့ရင် ဒီထက်မက ကျနော်လုပ်နိုင်မှာ ဆိုပြီး သူတို့ကို စကားနာထိုးတဲ့ သားကြီးရဲ့ စကားကိုပြန်ကြားယောင်မိတိုင်း စိတ်မကောင်းဘူး“ လို့ မော်လမြိုင်သံနဲ့ ကိုငှက်ရဲ့အမေ ပြောသွားတယ်။

သူ့ကိုအရမ်းချစ်တဲ့ သူသိပ်ချစ်တဲ့ သားကြီးကို ၀ါသနာပါရာ ပညာကိုသင်ဖို့ မပံ့ဖိုး မိလေခြင်းချစ်ဆိုပြီး သူနောင်တရတယ် ဆိုပေမဲ့ ဒါမိဘတွေ့ရဲ့ အပြစ်မဟုတ်ပါဘူး သားဖြစ်သူရဲ့ ၀ါသနာနဲ့ မိဘတို့ရဲ့ စေတနာဆန္ဒ တစ်ထပ်တည်းမကျ ဖြစ်ခဲ့တာ နိုင်ငံ့အနေထားနဲ့ အများကြီး ဆိုင်ပါတယ်။ အဆင့်မြင့်ပညာဆိုတာ တက္ကသိုလ်ကသင်ကြားပေးမှ ဆိုတာနဲ့ ဘွဲ့တစ်ခုရပါမှ အောင်မြင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်မယ် ဆိုတာက အဲဒီခေတ်မြန်မာတွေအားလုံးလိုလိုရဲ့ အမြင်ပဲလေ၊ ညံ့ဖျင်းတဲ့ ပညာရေးပေါ်လစီနဲ့ အလုပ်အကိုင်သိပ်ရှားပါးလွန်းနေတဲ့ ခေတ်က အဲဒီမမြင်မြင်ရအောင်ကို လုပ်ထားတာ။

ပြီးတော့ အနုပညာနဲ့ပတ်သက်တဲ့ အဆင့်မြင့်ကျောင်းတောင်ဆိုတာ မရှိဘူး။ ပညာရေးပေါ်လစီ မကောင်းတော့ တက္ကသိုလ်အဆင့်မဟုတ်တဲ့ အနုပညာကျောင်းတွေဖြစ်တဲ့ ပန်းချီ ပန်းပုကျောင်းတို့ ပန်တျာကျောင်းတို့ ဆိုတာကလည်း အများလေးစားတဲ့ ဂုဏ်ဒြပ်တွေကို မအပ်နှင်းနိုင်ခဲ့ဘူး။

တကယ်လို့သာ ထူးအိမ်သင်ဖြစ်လာတဲ့ ကျောင်းသားလေးဟာ အခြေခံပညာပြီးတာနဲ့ သူဝါသနာပါတဲ့ သူစိတ်ဝင်စားတဲ့ ပညာရပ်ကို စနစ်တကျနဲ့ လွတ်လွတ်လပ်လပ် လေ့လာလိုက်စားနိုင်ခွင့် ရခဲ့မယ်ဆိုရင် ဆိုပြီးတွေးမိတော့ Queen အဖွဲ့ခေါင်းဆောင် ဖရက်ဒီမာကျူရီ ငယ်ဘ၀ကို သွားပြီးသတိရတယ်။ တန်ဇန်းနီးယားမွေး အိန္ဒိယနွယ်ဖွား ဖာရစီလူမျိုးလေး ဖရက်ဒီဟာ အသက် ၇ နှစ်လောက်ကတည်းက ကျောင်းမှာ စန္ဒရားကိုလေ့လာနေနိုင်ပြီး၊ အဲဒီနောက် အခြေခံပညာပြီးတာနဲ့ အဆင့်မြင့်အနုပညာကို တက္ကသိုလ်မှာ ဆက်လက်လေ့လာနိုင်ခဲ့တယ်။ ဒီတော့ နောင်မှာ ကမ္ဘာကျော် တေးရေးဆရာ၊ ဂီတပညာရှင် အဆိုတော်ကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ တကယ်လို့ ကိုငှက်သာ ဒီလိုလေ့လာသင်ကြားခွင့် ရခဲ့မယ်ဆိုရင် ....

တနေ့က သတင်းထဲမှာ ရန်ကုန်က ဆယ်ကျော်သက်ရွယ် လူငယ်လေးတစ်ယောက် ကလက်စစ်ဂီတာ သင်းရိုးစာအုပ်တစ်အုပ်ကုန်အောင် သင်ယူနိုင်ခဲ့တဲ့အကြောင်း နားထောင်လိုက်ရတယ်၊ မြန်မာပြည်မှာ ဒီလို ဂီတာသမားက အတော်ရှားသတဲ့။ ဒီကနေခေတ် လူငယ်တွေ ကိုငှက်တို့ထက် အများကြီးကံကောင်းတယ်၊ အများကြီးသာတဲ့ အခွင့်လမ်းတွေရကြတယ်။ နောင်ဆို ပန်းချီ၊ ဂီတ၊ စာပေ၊ ရုပ်ရှင်၊ ပြဇာတ် စတဲ့ အဆင့်မြင့်အနုပညာတွေကို လွယ်လွယ်ကူကူ မိဘတွေ ကြည်ကြည်ဖြူဖြူနဲ့ သင်ယူခွင့်ရလာကြတော့မယ်၊ ဒီအနုပညာကျောင်းတော်ကြီးတွေက လူတွေလေးစားအားကျရတဲ့ ဂုဏ်ဒြပ်တွေ ပေးနိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။

Aung Zin Latt

ဒီလောကမှာမှ မဟုတ်ဘူး။ ကျောင်းသူလောကမှာလည်း ရှိတာပဲ။ ဒီ KTV လောကမှာ လည်းရှိပါတယ်။ အဓိက တော့ သိတဲ့အတိုင်းပဲ။ဘိုးတော်ကြီးတွေပဲ။ အဘိုးကြီးတွေပေါ့။ ဌာနဆိုင် ရာလူကြီးတွေ၊ အကြီးအကဲတွေ။ တချို့ ကောင်မလေးတွေ ကျတော့လည်း ရွယ်တူတန်း တူလောက်ကိုပဲ စပွန်ဆာလာတာများပါတယ်။ ပြန်စိတ် ၀င်စားတယ်။ မန္တလေးတို့မှာဆိုရင် သူ့အကန့် ဇယားတွေတော့ ရှိမှာပေါ့နော်။ စပွန်ဆာယူရတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

ကဲ…ပရိသတ်ကြီးရေ… စပွန်ဆာ နဲ့ပတ်သက်လို့ ပန်းကမ္ဘာစက်ဘီးနဲ့ပဲ လှော်ဝါးသူများဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအချိန်က အဖြစ်အပျက်ကို တင်ဆက်ပြီးသမို့ ခုတစ်ပတ်တော့ အခု ခေတ်ကာလ စပွန်ဆာတွေကို ဘယ်လိုများ ပေးကြသလဲဆိုတာကို စူးစမ်းကြည့်ရ အောင်ဗျာ။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ အခု တစ်ပတ်အတွက် စပွန်ဆာနဲ့ပတ်သက်လို့ ဘာရေးရင် ကောင်းမလဲလို့ စိတ်ဝင်စားနေတုန်း မန္တလေးက စာဖတ်ပရိသတ်တစ်ဦးက ဖုန်းဆက်လာတယ်။ မန္တလေးမှာ အမျိုး ကောင်း သားလေးတွေကို တောင့်တောင့် ဖြောင့်ဖြောင့်၊ ဟိုင်းဟိုင်းကိုင်းကိုင်း အမျိုး သမီးကြီးတွေက စပွန်ဆာပေး တဲ့ကိစ္စ အကြောင်းပြောပြတာပါတဲ့။ အောင်မလေး ဗျာဩ။ ပဲလှော်နဲ့ ပန်းကမ္ဘာကစလိုက်တဲ့ စပွန်ဆာက တကယ့်ကို မြန်မာပြည်မှာ အကြီးကြီးဖြစ်နေပါလားဆိုတာ သဘော ပေါက်လိုက်တယ်။ အင်းဩ . . .မန္တလေး က စပွန်ဆာ ကိစ္စတော့ နောက်တစ်ပတ်မှ နှိုက်နှိုက်နှဲနှဲ မေးမြန်းပြီးမှ ပြောပြဦးမယ်ဗျ။…

ဒီတစ်ပတ်တော့ နေပြည်တော်က KTV တွေမှာ ကောင်မလေးတွေကို စပွန် ဆာပေးတဲ့ အလေ့အထ လေး အကြောင်း ပြောပြဦးမယ်ဗျ။ ဘာလို့ ဒီအကြောင်းကို ရေးရတာလဲဆိုတော့ အဲဒီလောကမှာ စပွန်ဆာပေးတဲ့ ရော်ဘဲကြီးက စစ်ဗိုလ် ဟောင်းလည်းဖြစ်၊ ငွေကို ရေလိုဖြုန်းနေ တဲ့အဆိုတော်မို့လို့ဗျ။ ဒီမောင်ကပဲ စိတ် ထားကောင်းလို့လား၊ တကယ့်ဖြစ်ပျက်နေ တာကို ပြည်သူသိအောင် ဖော်ထုတ်လိုက် လို့လားမသိ။ စပွန်ဆာ အကြောင်း စလိုက်တာနဲ့ ဟိုနေရာက စပွန်ဆာ၊ ဒီနေရာက စပွန်ဆာ စတဲ့စတဲ့ အကြောင်းတွေကို ပြောပြကြတဲ့ သူတွေက များလာသဗျ။ ကဲဩ … ဒီတော့ စစ်ဗိုလ်ဟောင်းအဆိုတော်က စပွန်ဆာဘယ်လိုပေးသလဲ ပြောပြ မယ်ဗျ။

““—က နေပြည်တော်မှာ စင်တင် လောကမှာဆို စတားလေ။ လာတယ်။ ပြီးရင် ယမ်ယမ် ခေါက်ဆွဲခြောက်ဖာ တွေမှာ ခေါက်ဆွဲခြောက်က ၄၊ ၅ ထုပ်ပဲ ပါတယ်။ ကောင်မလေးကို ပန်းကုံးစင်ပြတ်ဆိုတာ ၅ သိန်း တစ်ဖျက် လည်းရတယ်။ ၁၀သိန်း လည်း ရတယ်။ ယမ်ယမ် ခြောက်ဆွဲခြောက် ပုံးတွေထဲမှာလည်း ပိုက်ဆံအထုပ်လိုက် ထည့်ပြီးလေ”” ဟု စပွန်ဆာ ပေးခံရသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက အခုလို ဖောက်သည်ချခဲ့သဗျ။

အရင်တစ်ပတ်က ပဲလှော်ဝါးသူတွေ အကြောင်း ပြောပြီးရုံရှိသေး အခု ခေါက် ဆွဲခြောက်စားသူတွေလည်း ရှိလာ ပြန် သဗျ။ သူကတော့ ပန်းကမ္ဘာနဲ့ လန်းစရာ မဟုတ်ပေမယ့် အသပြာကို ချခင်း၊ ဘာ လမ်းဆိုလား၊ ညာလမ်း ဆိုလားကို နင်းကြ ပြန်တာတဲ့လေ။ ကြောက်ခမန်း လိလိပဲ။ ဒုသမ်္မတ ဦးဉာဏ်ထွန်းပြောတဲ့ တစ်နေ့ နှစ်ထောင် နဲ့ လောက်တယ်ဆိုတဲ့ စကား ဒီစစ်ဗိုလ်ဟောင်း အဆိုတော်အတွက်ဆို တစ်လလောက်နေပြီး ရေသောက်ဗိုက် မှောက်တာတောင် စင်တင်ကို တစ်ည တာတောင် လှမ်းနိုင်မှာ မဟုတ်ဘူးနော်။ ဒါပေသိ ဘယ်က၀င်လာ မှန်း မသိ လေသော အသပြာငွေထုပ်သော်လည်းကောင်း၊ သို့ တည်းမဟုတ် လိုတိုင်းတ နှိုက်တိုင်းရနေ တဲ့ငွေတွင်း ကြီးများ ဖင်ခုထိုင်ထားလေလား မသိ။ သူ့အတွက်တော့ ပိုက်ဆံငါးသိန်း၊ ဆယ်သိန်းဆိုတာက တစ်ညတာကဲတဲ့ အချိန် ပေးတဲ့ စပွန်ဆာနော်။ စင်ပေါ်ကဆင်းလာ လို့အပြင်မှာထပ်တွေ့ရင်ဖြင့် ဘယ်လောက် တောင် စပွန်တွေ ဆာနေဦးမလဲမသိ။

နာမည်ကို ““—”” တွေ တမင်ထား ထားတာနော်။ နာမည်ကို သူပြောသလို ရေးလိုက်ရင် ဒီမောင့်ကို တရား လာစွဲ ရင်ဖြင့် ဒုက္ခလေ။ ဒါနဲ့ စိတ်ဝင်စားတာနဲ့ အဲဒီ စစ်ဗိုလ်ဟောင်း အဆိုတော်ရဲ့အကြောင်း ဖတ်ကြည့်မိတော့ ၂၀၀၈ တုန်းက အနု ပညာလောကထဲ ၀င်၊ တစ်နှစ်အတွင်းစီးရီး ခွေလေးခွေတောင် ထုတ်ခဲ့တယ်တဲ့ဗျ။ ဒါ တင်လား မဟုတ်ဘူးနော်။ ခိုးကူးခွေပြဿနာ ကြောင့် နာမည်ကြီးအဆိုတော်တွေတောင် တစ်နှစ်နေလို့ စီးရီး တစ်ခွေမထုတ်နိုင်တဲ့ အချိန် စီးရီးခွေဆက်တိုက်ထုတ်ရင်း စီးရီး ခွေတွေ စရောင်းတုန်းကလည်း စ၀ယ်တဲ့ လူ ၁၀၀၀ ကို ဟန်းဖုန်းတွေ၊ ဒီဗွီဒီစက်တွေ မဲဖောက်ပေးလို့ အားလုံးကတောင် လက် ဖျားခါခဲ့ရသေးသဗျ။

အဲဒီဗိုလ်ဟောင်းအဆိုတော်က ရန်ကုန် စက်မှုတက်္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရ၊ ဗိုလ်သင်တန်း ၆၄ ဆင်းပြီး စစ်အင်ဂျင် နီယာဖြစ်လာသူဆိုပဲ။ အဲဒီမှာဗိုလ်မှူးအထိ တာဝန်ထမ်းဆောင်ပြီး အပြင်လောကကို ထွက်၊ ပြီး တော့ အဆိုတော်လုပ်တဲ့သူဗျ။ ဘာတဲ့ဩသူက အဆိုတော်ကိုလွှမ်းမိုးရဲ့ တီး ၀ိုင်းမှာတောင် ကျောင်းသား ဘ၀က လိဒ်ဂီတာ တီးဖူးသတဲ့လေ။ ထားပါတော့။ ဒါ ကတော့ သူ့အပိုင်း။ ဒီမောင်တို့ စိတ်ဝင် စားနေတာ စပွန်ဆာဆိုတော့ တခြားဟာ တော့ မပြောတော့ပါဘူးဗျာ။

““ဒီလောကမှာမှမဟုတ်ဘူး။ ကျောင်း သူလောကမှာလည်း ရှိတာပဲ။ ဒီ KTV လောကမှာလည်း ရှိပါတယ်။ အဓိကတော့ သိတဲ့အတိုင်းပဲ။ ဘိုးတော်ကြီးတွေပဲ။ အဘိုး ကြီးတွေပေါ့။ ဌာနဆိုင်ရာလူကြီးတွေ၊ အကြီးအကဲ တွေ။ တချို့ ကောင်မလေးတွေ ကျတော့လည်း ရွယ်တူတန်းတူလောက် ကိုပဲ စပွန်ဆာလာတာများပါတယ်။ ပြန် စိတ်ဝင်စားတယ်။ မန္တလေးတို့မှာဆိုရင် သူ့အကန့်ဇယားတွေတော့ ရှိမှာပေါ့နော်။ စပွန်ဆာယူရတာ။ ရန်ကုန်တို့၊ မန္တလေးတို့နဲ့ နယ်နဲ့ကအရမ်းကွာတယ်။ ရိုးသားတာ များပါတယ်။ စင်ပေါ်တက်မယ်၊ သီချင်းဆို မယ်၊ ပန်းကုံးရှာတာ များပါတယ်။ ဧည့်သည်ကလည်း မုန့်ဖိုးတွေ ဘာတွေပေးတာ ရှိတာပေါ့။ ရန်ကုန်မှာက စည်းကမ်းပျက် တာတွေများတယ်။ နယ်မှာက ညပိုင်း မထွက်ရဘူး။ ရန်ကုန်မှာတော့ စင်တင်တွေ က ကောင်မလေးတွေကို အိမ်ငှားပေးပြီး စုပြီးနေခိုင်းလိုက်တာ။ အပြင်မှာငှားနေတာ စင်တင်ပြီးပြီဆိုရင် စပွန်ဆာနဲ့ လိုက်သွားတာပေါ့။ ဒါကတော့ ရန်ကုန်အထာပေါ့။ နယ်ကတော့ ဆိုင်ထဲမှာပဲ နေရတာလေ။ တချို့ ကျတော့ လည်း ကောင်မလေးတွေကို ပေးတယ်။ မျှော်လင့်ချက်နဲ့ ပေးတာပေါ့။ ဒါပေမဲ့ ကောင်မလေးဆီက ဘာမှပြန် မရတဲ့ အခါ ပြဿနာတွေ တက်ကြတာပေါ့။ ကောင်မလေးဘက်ကလည်း ပန်းကုံးတွေ ညာတောင်းပြီး ခါချသွား တာလည်းရှိတာပေါ့။ လူငယ်တွေကတော့ အေးဆေးပဲ ပိုက်ဆံသိပ်မသုံးဘူး။ သူတို့ဟာသူတို့ လာသောက် လိုက် ပြန်ကြတာတွေများတယ်။ သုံးတာကတော့ တကယ့်လူကြီး ပိုင်းတွေ။ သူတို့လာရင် FOC တွေက ၀င်ပေးရတယ်။ ဆက်ရှင်ကြေး မပေးတာ တို့ဘာတို့ပေါ့””လို့ စပွန်ဆာပေးခံရတဲ့ သူ တွေနဲ့နီးစပ်တဲ့သူကပဲ ပြန်ပြောပြတယ်ဗျ။

သူ ပြောလိုက်တော့မှပဲ ကိုယ့်ဟာ ကိုယ် ပိုက်ဆံမရှိလို့ ဘီယာလေး၊ အရက် လေးသောက်ပြီး ပြန်သွားတဲ့ လူငယ်တွေ ကိုပဲ ချီးကျူးရတော့မလို၊ စပွန်ဆာပေး နိုင်တဲ့ဘိုးတော်ကြီးတွေကိုပဲ ချီးကျူးရ မလားတော့ မသိဘူး။ ပေးလိုက်တဲ့ စပွန်ဆာကလည်း စုံလို့နော်။ အောင်မယ်မင်း ရယ်လို့ပဲ ပြောရတော့မယ်။ စင်တင်တို့၊ ကာထားတဲ့နေရာပဲ အိုကေတဲ့ ကာရာအို ကေတို့လို ပတ်ဝန်းကျင်သာမက ကျောင်း သူ လောကတွေမှာပါ ရှိလာတယ်ဆိုတော့ စပွန်ဆာကြီးက တကယ့်ကို ကြီးမားပါလားလို့။

မှတ်မှတ်ရရ ဒီမောင့် သူငယ်ချင်းတစ်ယောက် စင်တင်လောကက ကောင်မလေး ကို ပန်းကုံးလေးပေးလိုက်၊ အပြင်မှာခဏ လေးတွေ့လိုက်နဲ့ စပွန်ဆာလိုလို၊ စပွန် ဆာမလိုလို လုပ်လိုက်တာ သိန်း ၁၀၀ ကျော်လောက် ပြုတ်ဖူးတာဗျ။ အဲဒီ သိန်း ၁၀၀ ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် လောက်ကနော်။ ကိုယ့်သူငယ်ချင်းထိသွား တာမြင်မှလိုက်စုံစမ်းတော့ အဲဒီကောင်မလေး ကိုစပွန်ဆာပေးနေတဲ့ တခြားရော်ဘဲကြီး ကရှိနေတာလေ။ သူကလည်း လုပ်ငန်းရှင် ကြီးဗျ။ အင်းဩအဲဒီတုန်းက သိန်း ၁၀၀ ဆို တဲ့ ငွေအားက အခုဆိုရင် သိန်း ၄၀၀၊ ၅၀၀ လောက်တော့ရှိမယ်ဆိုတော့ တစ်ခါ တလေ စာတမ်းတောင် ပြုစုချင်တယ်။ စပွန်ဆာများရဲ့တန်ဖိုး ဆိုပြီးတော့လေ။

ထားချေတော့လေ။ စပွန်ဆာလာ လိုက်တာ ပဲလှော်ဝါးပြီးတော့ စစ်ဗိုလ် ဟောင်း အဆိုတော်ရဲ့ ခေါက်ဆွဲ ခြောက် စပွန်ဆာ အကြောင်းတော့ တင်ပြလိုက်ပြီ ဗျာ။ နောက်တစ်ပတ်မှာကော ဘယ်သူတွေ ရဲ့ စပွန်ဆာ အကြောင်း တင်ပြမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါဦးလို့။

မြန်မာသံတော်ဆင့်သတင်းဌာန

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီက သြဂုတ် ၁၀ရက် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ မြန်မာနိုင်ငံသည် မီဒီယာလွတ်လပ်ခွင့်၊ လယ်ယာမြေပြဿနာနှင့် အခြေခံလူ့အခွင့်အရေးပိုင်းတွင် အပြု သဘော ပြောင်းလဲမှုများ တွေ့ရသော်လည်း ပြုပြင်ပြောင်းလဲရေးခိုင်မာစေရန် ဥပဒေများ ပြဋ္ဌာန်း သင့် ကြောင်း၊ ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာပြီး မျှတမှုရှိစေရန် လိုလားကြောင်း ပြော ကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက် တွန်းသည့် အချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အလှမ်းကွာဝေးေ နသေးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဝေဖန် သုံးသပ်လျက်ရှိသည်။

● ဦးမျိုးရန်နောင်သိန်း (NLD ပါတီ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး)

အရင်တုန်းကလို ပြင်းပြင်းထန်ထန် ဝေဖန်လို့ မရတော့ဘူး။ မြန်မာနိုင်ငံနဲ့သံတမန်ဆက်ဆံရေး တစ်ခု တည် ဆောက်ပြီးပြီဆိုတော့ သူတို့အနေနဲ့ မြန်မာပြည်အစိုးရကို အဆိုးမြင်ရင်တောင်မှ သင့် တင့်လျောက်ပတ် တဲ့ ဝေဖန်မှုပဲ ပေးရလိမ့်မယ်။ မြန်မာအစိုးရကို ဒီလောက်ပဲဝေဖန်တယ်ဆိုရင် သူ့ ဝေဖန်မှုရဲ့ ဆိုးဝါးမှု ၂ ဆ၊ ၃ ဆ ကြိုတွက်မှရမယ်။ သူပြောတာတွေက မြန်မာပြည်နဲ့ အလှမ်းဝေးနေ သေးတယ်။ မြန်မာနိုင်ငံက တံခါး နည်း နည်းလေးပဲ ဖွင့်ပေးရသေး တယ်။ အမေရိကန်က ထိပ်တန်း ခေါင်းဆောင်တွေ တောက်လျှောက် ၀င်လာနေ တယ်ဆိုတာကို ကြည့် ခြင်းအားဖြင့် မြန်မာနိုင်ငံလိုမျိုး ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာနိုင်ငံနဲ့ အမေရိ ကန်နိုင်ငံက ဆက်ဆံရေး ကောင်းမွန်ချင်တာ ကိုတွေ့ရတယ်။… အခုမီဒီယာဖိနှိပ် မှုတွေ ပြင်းထန် လာတယ်။ တောင်သူ လယ်သမားတွေနဲ့ပတ်သက်ပြီး ဖြေရှင်းတဲ့အခါမှာ စနစ်တကျပေါ် လစီချမှတ်ဖြေရှင်းတာကို မတွေ့ရ ဘူး။ အလုပ်သမား ပြဿနာတွေ လည်း ဒီအတိုင်းပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လည်း ရွေး ကောက်ပွဲ က နိုင်ငံရေးပါတီတွေ ဘက်လိုက်မှု၊ ဖိနှိပ်မှုတွေ သိသာလာတယ်။ နိုင်ငံရေးသုံးသပ်သူ အနေနဲ့ကတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ပိုပိုဆိုးရွား လာတယ်။ ဒီမိုကရေစီလမ်း ကြောင်းနဲ့ သွေဖည်တဲ့ပုံသွားနေ တယ်လို့ မြင်နေရတယ်။ ဒါပေမဲ့ အမေရိကန်က မြန်မာနိုင်ငံနဲ့ သံ တမန်ဆက်ဆံရေးအရ ဒီလောက် ပဲ ဝေဖန် တာ မထူးဆန်းပါဘူး။

● ဦးစောဝင်းထွန်း (တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး)

ကျွန်တော်မြင်တာကတော့ ဂျွန်ကယ်ရီက သံတမန်အရ ပြောတာပေါ့။ သူပြောနေတဲ့အချက် တွေက လက်တွေ့ မှာ လိုအပ်နေတဲ့ အချက်တွေပေါ့။ မီဒီယာလွတ်လပ်ခွင့်၊ တောင်သူလယ်သမား မြေယာကိစ္စ၊ လူ့အခွင့်အရေး ကိစ္စစတဲ့ ကိစ္စတွေပေါ့။ အဲဒီအပေါ်မှာ အစိုးရလက်တွေ့ဖြေရှင်းအကောင် အထည်ဖော်ဖို့ အားနည်းနေ တယ် ပေါ့။ နိုင်ငံတော်သမ္မတ အနေနဲ့ အားလုံးနီးပါးတော့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ အစိုးရသက်တမ်း တစ်ခုအတွင်းရေတိုနဲ့ လုပ်ဆောင် လို့မရတဲ့ကိစ္စ။ ကျွန်တော့်အမြင်ပေါ့နော်။ ၂၀၁၅ ရွေးကောက်ပွဲပြီး လည်း နောက်တက်လာမယ့် အစိုးရကလည်း ဒီပြဿနာတွေကို ဆက်လက်ဖြေရှင်းရမယ့် ကိစ္စပဲလို့ မြင်ပါတယ်။

● ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်း ရေးကွန်ရက်)

ကျွန်မအနေနဲ့ကတော့ နံပါတ်တစ်က မြန်မာနိုင်ငံဟာ တကယ်ပဲ ဒီမိုကရက်တစ်တိုင်းပြည်ပေါ့နော်။ ပြည်သူ လူထုက ရွေးချယ်တင် မြှောက်တဲ့ အစိုးရနဲ့ အုပ်ချုပ်ထားတဲ့ တိုင်းပြည်စစ်မှန်တယ်ဆိုရင် တော့ ဂျွန်ကယ်ရီ ပြောသွားတဲ့အရာ တွေကော၊ မနှစ်တုန်းက အိုဘားမားပြော သွားတာတွေနဲ့ အတူတူ လောက်ပဲရှိပါတယ်။ ပြည် သူလူထု လိုလားတဲ့အချက်နဲ့ အတူတူပဲ။ သို့သော်လည်းပဲ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက လက် တွေ့မှာကျတော့ စာတွေ့နဲ့တော် တော်ကွာနေတယ်။ လောလော ဆယ်ပြုပြင်ပြောင်းလဲထားတဲ့ဥပဒေ တွေ ကော၊ အသစ်ဖန်တီးထားတဲ့ ဥပဒေတွေကော ဒါတွေကို ကြည့် လိုက်ရင် တချို့ဟာတွေက မူလနဲ့ ဘာမှ မကွာ ဘူး။ အပြောတော့ရှိတယ်။ အမှန်တကယ်လိုက်လုပ် ခြင်းတော့ မရှိဘူးတဲ့။ ဒီလိုဖြစ်နေ တယ်။ နည်းနည်းတော့ ယုံကြည်ရ ခက်တယ်။ သူတို့ပြောထားတဲ့ အတိုင်း လိုက်နာပါမယ် လို့ မြန်မာနိုင်ငံက ကတိက ၀တ်ပေးတာ လည်း မရှိဘူး။ အကယ်၍ ကတိက၀တ် ပေးပြီး ဖောက်ဖျက် တယ်ဆိုရင် တောင် အရေးယူဖို့နည်းလမ်းမရှိ ဘူး လေ။ ဒီလိုပြောထားသော်လည်းပဲ လိုက်လုပ်ဖို့တော့ သိပ်မမြင် ယောင်ဘူး။ တကယ်လို့ လုပ်တယ် ဆိုရင် တောင် အပေါ်ယံပဲလုပ်တာ ဖြစ်နေတယ်။

● ဒေါ်ခင်လေး (Triangle Women Support Group Founder)

နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ ကတော့ ဒီအတိုင်းပဲ ပြောသွားတာပဲတဲ့။ ဒီအ ပေါ်မှာ လိုက်လုပ်တာ မလုပ်တာကတော့ နံပါတ် ၁ ဦးသိန်းစိန်အစိုးရ အဖွဲ့မှာ တကယ်စိတ်ကောင်းစေ တနာကောင်းရှိတယ် ဆိုရင် တော့ သူတို့တတ်နိုင်သလောက် ကြိုးစားမယ်။ အခက်အခဲတွေတော့ရှိမယ်။ နှစ် ၅၀ လောက် အာဏာရှင် အောက်မှာ နေခဲ့ရပြီးတော့ အခုမှ ပြန်စပြီးလုပ်ရတဲ့ ကာလဖြစ်တဲ့အ တွက်အရမ်းခက်ခဲမယ်ဆိုတာ နား လည် တယ်။ ဒါပေမဲ့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်တွေအနေ နဲ့ တကယ်စိတ်ရင်းစေတနာအမှန် နဲ့လုပ်မယ် ဆိုရင်တော့ ဖြစ်ပေါ် တိုးတက်မှုရှိမယ်လို့ ယုံကြည်တယ်။ စေတနာမကောင်းဘဲနဲ့ တခြားရည် ရွယ်ချက်တွေ ရှိနေမယ်ဆိုရင်တော့ အချိန်ဆွဲတာတွေ မလိုလား အပ်တဲ့ကိစ်္စတွေ ပေါ်လာအောင် လုပ်မယ်ဆိုရင်တော့ ဂျွန်ကယ်ရီ ပြောတဲ့ကိစ္စတွေဖြစ်ဖို့ တော်တော် ခက်ခဲမယ်။ ကျွန်မအမြင်ပြောရရင် အမေရိကန်အစိုးရက မြန်မာ အစိုးရ အပေါ် လိုတာထက်ပိုပြီး အမှတ် တွေပေးထားတယ်။ ပိုပြီးလိုက် လျောထားတယ်။ တကယ်တမ်း လုပ်တဲ့ လုပ်ရပ်က တစ်မတ်ဖိုးရှိပေမယ့် အမေရိကန်အစိုးရပေးထားတဲ့ favour က တစ်ကျပ်ဖိုးလောက်ဖြစ် နေတယ်။ အလျှော့အတင်းနဲ့ဆက် ဆံတတ်တာသူတို့ရဲ့ပေါ်လစီပဲလေ။

● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဒါကတော့ နိုင်ငံတော် သမ္မတ တစ်ယောက်တည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ပွင့်ပွင့်လင်း လင်းပြောရရင် တရားဥပဒေ စိုးမိုး ရေးကိုအခြေခံရမှာ ဆိုတဲ့အခါကျ တော့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ က အများကြီး ပါနေ တယ်။ လွှတ် တော်က တကယ်ကို လူကိုအခြေ မခံတဲ့၊ မူကိုပဲအခြေခံတဲ့ စနစ် တစ်ခုဖြစ်အောင် လိုအပ်တဲ့ ဥပဒေတွေကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ပြဋ္ဌာန်းဖို့လိုတာပေါ့။ ဥပဒေရဲ့ အားနည်းချက်တွေကို အခြေခံပြီး အာဏာပိုင်တွေက အခွင့်အရေး ယူတာတွေလည်း ရှိတယ်။ အခုထက်ထိကို နိုင်ငံအတွင်းမှာက မူကိုအခြေ မခံ တဲ့ လူကိုအခြေခံတဲ့ ဥပဒေတွေ အများကြီးရှိနေ တယ်။ ဥပမာ ဥပဒေတော်တော် များများ၊ ဖိနှိပ်တဲ့ ဥပဒေ တော်တော် များများ၊ ဥပဒေဟောင်းတွေ တော်တော်များများမှာ ဥပမာ နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်အရ ၀န်ကြီးချုပ်က အခါအားလျော်စွာ ထင်မြင်ယူဆသည့်အတိုင်း အဲဒီလိုပေါ့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေကို အကြွင်းမဲ့အာဏာပေးထားတဲ့ ဥပဒေတွေကို အမြန်ဆုံး လွှတ်တော် တွေ က ပြုပြင်ပြောင်း လဲပေးရမယ်။ ဖျက်သိမ်းပစ်ရမယ်။ အဲဒါမှသာလျှင် ဂျွန်ကယ်ရီလိုလားတဲ့ တကယ့် ကိုဒီမို ကရေစီ နိုင်ငံကို သွားနေတဲ့ စစ်မှန်တဲ့ပြုပြင် ပြောင်းလဲရေး ဖြစ်လာမှာ။ မဟုတ်လို့ရှိရင် အယောင်ဆောင် နိုင်ငံတကာ ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လိုချင်လို့ ဟန်ဆောင်ပြောင်းလဲမှုပဲ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အစိုးရက သူ့ရဲ့ ကျန်တဲ့လ ၂၀ အတွင်းမှာ သက်သေပြရမယ်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန

ပုံစာ - နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့၌ ၀န်ကြီးဟောင်း ဦးဆန်းဆင့် ရုံးထုတ်လာသည်ကို သတင်းလာယူသည့် မီဒီယာသမားများအား တန်ပြန် ရိုက်ကူးနေသည့်(အစိုးရဘက်မှဟု ယူဆရသော) ဓာတ်ပုံ၊ ဗီဒီယို သတင်း သမားများကို တွေ့ရစဉ်

တရားစွဲဆို ခံထားရသည့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဟောင်း သရေစည်သူ ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေအတွက် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ အာမခံ လျှောက်ထားကြောင်း သြဂုတ်လ ၁၄ ရက်နေ့က ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးဆန်းဆင့်မှာ နှလုံးရောဂါအခံရှိပြီး သြဂုတ်လ ၁၀ ရက်နေ့က ရမည်းသင်း အကျဉ်းထောင်အတွင်း အသက်ရှူ မ၀ ဖြစ်လာသောကြောင့် မန္တလေးတိုင်းရှိ နှလုံးရောဂါ အထူးကုဆရာဝန်နှစ်ဦးက ကြည့်ရှု စစ်ဆေးပေးခဲ့ရပြီး အောက်ဆီဂျင် ပေးခဲ့ရသည့်အတွက် သြဂုတ်လ ၁၃ ရက်နေ့တွင် ယင်းကဲ့သို့ အာမခံ လျှောက်ထားခဲ့ရခြင်း ဖြစ်သည်။

““သြဂုတ်လ ၁၀ ရက်နေ့က သူအသက်ရှူမ၀တော့ မန္တလေးက နှလုံးအထူးကု ဆရာဝန်ကြီး နှစ်ဦးကလာပြီး စစ်ဆေး ကုသပေးတယ်။ အောက်ဆီဂျင် ပေးရတယ်လို့ သိရတယ်။ နောက်နေ့ကျတော့ သူနဲ့ သွားတွေ့တယ်။ တော်တော်လေး လန်းလန်းဆန်းဆန်း ဖြစ်နေတာ တွေ့ရတယ်။ သြဂုတ်လ ၁၃ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ အာမခံ လျှောက်ထားတယ်။ အကြောင်းပြချက်က ကျန်းမာရေး အထူး အကြောင်းပြချက်ပါ””ဟု ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ငါးကြိမ်မြောက် ရုံးချိန်းတွင် ဦးဆန်းဆင့် ကျန်းမာရေး မကောင်းမွန် သဖြင့် အာမခံ လျှောက်ထားခဲ့သော်လည်း တရားလို သက်သေများမှာ ၎င်းလက်အောက်တွင် ထမ်းဆောင် ခဲ့ဖူးသဖြင့် မလျော်သြဇာ သုံးမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ရမည်းသင်း အကျဉ်းထောင်၌ ဆရာဝန်ကြီးများနှင့် ကြပ်မတ် ကုသပေးနေသောကြောင့် ဟူ၍ အကြောင်းပြကာ ခရိုင်တရားသူကြီးက အာမခံအား ပယ်ချခဲ့သည်။ သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် (၇) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှု၌ ဦးဆန်းဆင့်အား မေးမြန်း စစ်ဆေးခဲ့ခြင်း မရှိဘဲ အလွဲသုံးစားမှု ပုဒ်မ ၄၀၉/ ၁၀၉ အတွက် သာသနာရေး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ဦး၊ လက်ထောက်ညွှန်မှူး ဦးထွန်းမြင့်အောင်နှင့် ယာဉ်မောင်း ဦးကျော်ဝင်းလှိုင်တို့အား စစ်ဆေးခဲ့ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄ (က) နှင့် ပတ်သက်၍ တရားလိုပြ သက်သေများအဖြစ် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် ရဲမှူးမျိုးသန့် တို့ကိုသာ စစ်ဆေးခဲ့သည်။

ဦးဆန်းဆင့်၏ ရှစ်ကြိမ်မြောက် ရုံးချိန်းအား သြဂုတ်လ ၁၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး ““မနက်ဖြန် ရုံးချိန်းကတော့ ထွက်လာတဲ့ သက်သေပေါ် မူတည်ပါတယ်။ လာတဲ့သူတွေကလည်း ဘာပြောမလဲ မသိဘူး။ ကျွန်တော်တို့ကတော့ ဒီအပေါ်မှာ ပေါ်လာတဲ့ အချက်တွေကိုပဲ ဆောင်ရွက်ရတာပါ။ ကြိုပြော လို့တော့ မရဘူး””ဟု ဦးတင်ထွန်းက ပြောသည်။

သရေစည်သူ ဦးဆန်းဆင့်အား ဇွန်လ ၁၉ ရက်နေ့တွင် အလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် အထူးစုံစမ်း စစ်ဆေးရေး ဌာန ဒုညွှန်ကြားရေးမှူး ဦးဌေးလွင်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစခန်း၌ အမှုဖွင့်ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် ရဲမှူးကြီးဦးခင်ဌေးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄(က)ဖြင့် ထပ်မံတရားစွဲ ဆိုထားသည်။

သာသနာရေး ၀န်ကြီးဟောင်း၏ ရုံးထုတ်စစ်ဆေးမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ကန့်သတ်ထားရာ ““ဦးဆန်းဆင့်ကား ၀င်လာရင် ကားထဲကနေ မီဒီယာတွေကို လက်ပြနေတဲ့ ဦးဆန်းဆင့်ရဲ့ ဝှေ့ယမ်းနေတဲ့ လက်နဲ့ကားကို ဓာတ်ပုံရိုက်၊ ကားပေါ်က ဆင်းတာနဲ့ ဦးဆန်းဆင့်ကို ရဲတွေအများကြီးက ၀ိုင်းပြီး ကွယ် ထားတော့ ဓာတ်ပုံလည်း ရိုက်လို့မရကြဘူး။ တရားရုံး ၀င်းထဲဝင်တဲ့ သတင်းထောက်တွေက ကင်မရာ၊ အသံဖမ်းစက်နဲ့ ဟန်းဖုန်းတွေ မယူရဘူး။ တရားရုံး ခြံစည်းရိုး အပြင်ကနေ ဓာတ်ပုံရိုက်တဲ့ သတင်းထောက် တွေကိုလည်း ပြန်ပြီးဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပြန်ရိုက်နေတော့ တချို့သတင်းထောက်တွေဆို ကြောက် နေကြပြီ။ ဟိုစစ်အစိုးရ ခေတ်တုန်းက ထောက်လှမ်းရေးတွေ ပုံစံဖြစ်မှာ စိုးရိမ်နေကြတယ်။ တရားရုံးပြီးလည်း ဦးဆန်းဆင့်ကို ၀ိုင်းအုံထားတော့ သတင်းမေးလို့မရ၊ အနားတောင်ကပ်မရနဲ့ ကားပေါ်တင် မောင်းထွက် သွားတော့ မျက်လုံးနဲ့ သတင်းယူတာတောင် အဆင်မပြေဘူး။ အခု(၇)ကြိမ်မြောက်ဆို သတင်းယူတဲ့သူတွေ နည်းသွားပြီ””ဟု ဓာတ်ပုံ သတင်းထောက်တစ်ဦးက ပြောသည်။

Eleven Media မှ သတင်းထောက် ဦးခင်ဇော်ကလည်း “အခုဆို သတင်းထောက် လေး၊ ငါးယောက် လောက်ပဲ လာတော့တယ်။ အရင်က အယောက် အစိတ်လောက် ရှိတယ်။ ဓာတ်ပုံရိုက်တော့လည်း လူတွေ ၀ိုင်းအုံပြီး ကွယ်ထားတယ်။ မိုးမရွာ နေမပူဘဲလည်း ထီးနဲ့ပါ ကွယ်ထားကြတယ်။ သတင်းယူရတာ အဆင်မပြေပါဘူး”” ဟု သတင်းရယူပုံ အခက်အခဲနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်သို့ ပြောသည်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ကို အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် I.I (WS) Limited ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်နှင့် ဌာနေ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်နုခိုင်က ၁၉၉၉ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် ကတိပဋိညာဉ် စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်၍ ၎င်းအနေဖြင့် နစ်နာ ဆုံးရှုံးမှုများ ရှိသည့်အတွက် MPT ကို တရားစွဲဆိုမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် ခန်းမ ငှားရမ်းရာတွင် သက်ဆိုင်ရာ အာဏာပိုင်များသို့ ခွင့်ပြုမိန့် တင်ပြီးမှသာ ငှားရမ်းခွင့် ပြုမည်ဟု ခန်းမ တာဝန်ခံများက ပြောဆိုကြောင်း I.I (WS) Limited ဒါရိုက်တာဘုတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက သြဂုတ် ၁၁ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် West SAMOA အခြေစိုက် I.I (WS) Limited တို့သည် ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တယ်လီဖုန်း ဆက်သွယ်မှုများကို မြန်မာနိုင်ငံက ငှားရမ်းထားသော ဂြိုဟ်တု ထရန်စပွန်ဒါကို အသုံးပြု၍ ဆက်သွယ်ပေးပို့ရန် ၁၉၉၉ ခုနှစ်တွင် သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့သော်လည်း MPT က လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

““သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ ခွင့်ပြုချက်ရမှ ငှားမယ်ဆိုပြီး သက်ဆိုင်ရာ ခန်းမငှားတဲ့သူတွေက ပြောတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ အများစု လုပ်နေတဲ့ တော်ဝင်နှင်းဆီက ပြောတာပေါ့။ MJN က ကျတော့ ပွဲတစ်ပွဲကို ခေါင်းစဉ် တစ်ခုအောက်မှာပဲ လုပ်ရမှာလို့ ပြောတယ်။ MPT ကို တရားစွဲဖို့ notice ပေးထားတဲ့ ရှေ့နေကလည်း နိုင်ငံရေး ပါတီတစ်ခုက ဖြစ်နေတော့ သူ့ပါတီကိစ္စတွေ ပြောဖို့ဆိုဖို့ရှိတော့ ခေါင်းစဉ် ၂ ခု ၃ ခုနဲ့ ပွဲလုပ်လို့ မရဘူးလို့ ပြောတာပေါ့။ ဒီပွဲကိုတော့ မြန်မြန် ဖြစ်စေချင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့် အဖြစ်အပျက် တစ်ခုကို မီဒီယာကနေတစ်ဆင့် ချပြချင်တယ်။ ပြန်လည် တင်ပြလို့ရတဲ့ အချိန်မှာ မီဒီယာကနေ တစ်ဆင့် ချပြချင်တယ်””ဟု I.I (WS) Limited ဒါရိုက်တာဘုတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တရားစွဲရန် သတိပေး အကြောင်းကြားစာ (နို့တစ်) ပေးသည့် တရား လွှတ်တော်ရှေ့နေ ဦးအေးမြင့်(လမ်းပြကြယ်)က““MPT ကို တရားစွဲရမှာ ဖြစ်တဲ့အတွက် ခန်းမငှားရမ်း သူတွေက သက်ဆိုင်ရာကို ကြိုတင်ခွင့်ပြုမိန့် တောင်းပါ ဆိုတဲ့ ဥပဒေကို ကိုင်လာတယ်””ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ပထမအကြိမ် သတိပေး အကြောင်းကြားစာ (နို့တစ်)ကို မေလတွင် ပေးပို့ခဲ့ပြီး ဒုတိယအကြိမ် နို့တစ်စာကို သြဂုတ် ၅ ရက်တွင် ပေးပို့ခဲ့ပြီးနောက် ၂ ပတ်ခန့် စောင့်ဆိုင်းမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ အကြောင်းပြန်ခြင်း မရှိပါက မူလ အစီအစဉ်အတိုင်း တရားစွဲဆိုမည် ဖြစ်ကြောင်း I.I (WS) Limited ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်နှင့် ဌာနေ ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာမြတ်နုခိုင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန

အရှေ့တောင် အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ။ (သြဂုတ် ၁၀၊ ၂၀၁၄)။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရေးယူ ဒဏ်ခတ်မှုစာရင်းမှာ ပါဝင်နေသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ မလွှဲသာ မရှောင်သာ တည်းခိုခဲ့ရတာ သာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ရှင်းလင်းချက် ထပ်မံထုတ်ပြန် လိုက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေသူတွေကို အမည်စာရင်း ပယ်ဖျက်ဖို့ စဉ်းစားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်နေစဉ် ဒဏ်ခတ်ထားတဲ့ လုပ်ငန်းရှင် တဦးရဲ့ ဟိုတယ်တခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တည်းခိုခဲ့တဲ့ အတွက် ဝေဖန်စရာတွေ ဖြစ်ခဲ့ရတဲ့အပေါ် အမေရိကန် တာဝန်ရှိသူတွေ ထပ်မံရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာလုပ်ငန်းရှင် Max ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ Lake Garden ဟိုတယ်မှာ တည်းခိုဖို့ မြန်မာတာဝန်ရှိသူတွေ စီစဉ်ထားတာကို ပြင်ဆင်ပေးဖို့ ပြောဆိုခဲ့ပေမဲ့ နေရာအခက်အခဲကြောင့် ၀န်ကြီးကယ်ရီ တည်းခိုခဲ့ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Marie Harf က မနေ့က ၀ါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

“ဟိုတယ်ပြောင်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ပါဘူး။ နေပြည်တော် ကို ရောက်ဖူးတယ် ဆိုရင် သိကြမှာပါ။ လူတွေအများကြီးနဲ့ ညီလာခံတွေ၊ ကိုယ်စားလှယ်အဖွဲ့တွေနဲ့၊ နေရာက သိပ်မကြီးလှပါဘူး။ ကျမတို့မှာလည်း အတိအကျ လိုက်နာဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဝန်ကြီးနဲ့ ကိုယ်စားလှယ် အဖွဲ့မှာ လူတွေ ဘယ်လောက်များများ ပါတယ်ဆိုတာ၊ လိုက်သွားဖူးတဲ့သူတွေ သိကြမှာပါ။ ကျမတို့ အရေးယူ ဒဏ်ခတ်မှုတွေ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းမှုတွေ မှေးမှိန် သွားစရာ အကြောင်းလည်း မရှိဘူးဆိုတာကလည်း ရှင်းပါတယ်။”

မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလာနေတဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးထားပေမဲ့ ဒဏ်ခတ်မှုတချို့ကိုတော့ ဆက်လက်ထားရှိဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီ ပစ်မှတ်ထား အရေးယူခဲ့တာတွေ၊ အခုအခါ လျှော့ပေါ့ပေးလာနေတာတွေဟာ လက်တွေ့ကျတဲ့ မူဝါဒတွေမှ ဟုတ်ပါရဲ့လားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ ရေထွက်ပစ္စည်း လုပ်ငန်းရှင် ဦးနှင်းဦးကတော့ ဒဏ်ခတ်မှုတွေဟာ ပစ်မှတ်ထားသလောက် မထိရောက်တာတွေ ရှိခဲ့တယ်လို့ မြင်ပါတယ်။

“ Sanctions ပိတ်ဆို့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကျနော်တို့ စီးပွားရေးတွေလည်း အမေရိကန် Sanctions ကြောင့်လည်း ကျနော် တို့ ဒုက္ခရောက်ခဲ့တာပဲ။ ကျနော်တို့ အားလုံး Industry တခုလုံးက ယိုင်လဲပြီးတော့ ဘာမှလုပ်လို့မရဘူးလေ။ တကယ်လုပ်တဲ့သူက သူ့ဘာသာသူ ချမ်းသာသွားကြတယ်။ Sanction လုပ်တာက တကယ်ဆင်းရဲတဲ့သူတွေ၊ မှန်မှန်ကန်ကန်လုပ်တဲ့သူတွေပဲ ထပ်မွဲသွားတယ်။ ဒါက လက်တွေ့အဖြေတခုကို ပြောပြတာ။ ကျနော်က ဘာမှ အားပေးခြင်း၊ ကန့်ကွက်ခြင်း မရှိပါဘူး။ ဘာမှလည်း မသုံးသပ်လိုဘူး။ ဒါပေမဲ့ အဖြေက အဲ့သလိုထွက်တယ်။

Sanctions ထပ်လုပ်ခြင်း၊ မလုပ်ခြင်းက သူ့သဘောပဲ။ မူလထုတ်တဲ့သူရဲ့ သဘောထားပဲ။ သူကျေနပ်ရင် ပေးလိုက်။ မကျေနပ်ရင် မပေးနဲ့ ဒါပဲ ရှိတာပဲ။ ကျနော်တို့ အရပ်ဖက်မှာတော့ မြင်ရတာတော့ ဘာမှ ကျနော်တို့ဘက်မှာ Inpact မလာဘူး။ ဒီလူတွေ လုပ်ထားတာ အရင်လုပ်ထားတာတွေရှိတယ်။ အခုသူတို့က တိုင်းပြည်အပြောင်းအလဲနဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ဘယ်လောက် Constitution ရှိလည်း သူတို့သုံးသပ်လိုက်မယ်။ သူတို့ပေတံနဲ့တိုင်းပြီး ပေးသင့်၊ မပေးသင့် သူတို့ပဲ ဆုံးဖြတ်ရမှာလေ။”

ဒဏ်ခတ်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာစစ်တပ် အရာရှိတွေ၊ စီးပွားရေး သမားတွေ အပါအ၀င် လူတချို့ကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့၊ စီးပွားရေးအရ ဆက်ဆံမှုတွေ မလုပ်ဖို့လည်း အမေရိကန်က ဆက်လက် တားမြစ်ထားတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ တားမြစ်ခံ ထားရသူတွေထဲက တချို့ကို ပယ်ဖျက်ဖို့၊ ဒါမှမဟုတ် စာရင်းထပ်သွင်းဖို့ အမေရိကန် က လေ့လာနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

နာမည်ကျော် စီးပွားရေးစာစောင် တခုဖြစ်တဲ့ Wall Street Journal ကတော့ ဒဏ်ခတ်ခံထားရတဲ့သူတွေ အနေနဲ့ အမေရိကန်ရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာကျင့်ကြံပြီး နာမည်ပျက် စာရင်းထဲမှာ မပါအောင် ကြိုးစားကြဖို့ တိုက်တွန်းထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကား ဖော်ပြခဲ့ပါတယ်။

ဇွန်လနှောင်းပိုင်းမှာတုန်းကလည်း နာမည်ပျက်စာရင်းဝင် စီးပွားရေး သမားတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မှာ တွေ့ဆုံခဲ့သလို၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာလည်း ရှေ့လထဲ မြန်မာနိုင်ငံကို သွားတဲ့အခါ ဒီကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
VOA

အီရန်-အီရတ် စစ်မြေပြင်မှာ ကြီးပြင်းခဲ့ ပါတယ်။ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားပြီး စစ်ဘေးဒဏ်ကနေ ကြီးပြင်းလာသူကို ကမ္ဘာ့ စံချိန်တင် မှတ်တိုင် တစ်ခု ရရှိစေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ မြင်တွေ နေရတဲ့ အမျိုးသမီး Maryam Mirzakhan ကတော့ ကမ္ဘာ့ သင်္ချာအတော်ဆုံးလို့ အသိမှတ်ပြု ခံရလောက်အောင် ဆုတံဆိပ်တစ်ခုကို ရရှိခဲ့ ပါတယ်။

အသက်အားဖြင့်ကတော့ ၃၇ နှစ် ရှီပါပြီ။ တောင်ကိုရီးယားမှာ ကျင်းပတဲ့ နိုင်ငံတကာ သင်္ချာပညာရှင်များ ကွန်ဂရက် (Internationale Congress of Mathematician) မှာ Fields Medal ရရှိခဲ့ပါတယ်။ Fields Medal ဆိုတာ နယ်ပယ်တစ်ခုမှာ အတော်ဆုံးအဖြစ် အသိမှတ်ပြုခံရတဲ့ ဆုတံဆိပ် ဖြစ်ပါတယ်။ သူမရဲ့ အရည်အချင်းကို လက်တွေ့စစ်ဆေး ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်မြေပြင်မှာ ကြီးပြင်းပေမယ့် သူမရဲ့ သင်္ချာအရည်အချင်းကို သိမြင်တဲ့ ဆရာ ဖြစ်သူက မြေတောင်မြောက် ကူညီပေးပြီး အမေရိကန် မှာ ကျောင်းထားပေး တဲ့အထိ ကူညီပံ့ပိုးခဲ့ ပါတယ်။ ယခုတော့ အမေရိကန်က Stanford တက္ကသိုလ်မှာ သင်္ချာ ပါမောက္ခ အဖြစ် လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအနေနဲ့လည်း သမိုင်းတစ်လျှောက် ကမ္ဘာ့ အတော်ဆုံး သင်္ချာဆု ရရှိခြင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

Maryam Mirzakhan ရဲ့ သင်္ချာအရည်အသွေး ပြသမှု ဗီဒီယို

YoYarLay