08/24/14


ကာကွယ်ရေး အသုံးစရိတ်ကို ပညာရေးမှာ သုံးလိုက်ပါ
အမေရိကန်နိုင်ငံသား ခံယူထားသူ အွန်လိုင်းအင်္ဂလိပ်စာ ဆရာ တဖြစ်လည်း ၈ လေးလုံး မြေလတ်
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမောင်မောင်ဝမ်းသည် အခွင့်မရှိဘဲ ပညာသင်ကြား ပေးမှုဖြင့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန (လ၀က) က သြဂုတ်လ ၆ ရက်နေ့ မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရတဲ့ အကြောင်း ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည်။
ဧရာဝတီ

ကမ္ဘာ့မူဆလင်ဦးရေအများဆုံးနိုင် ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ယူဒိုယိုနို က အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွ များမှာ ဘာသာရေးအား အရှက်ရစေသည်ဟု ပြောကြားခဲ့သည်။ အစွန်း ရောက်ဝါဒအား တိုက်ဖျက်ရေး အတွက် အစ္စလာမ်ခေါင်းဆောင်များ ညီညွတ်ကြရန် ၎င်းက နှိုးဆော်လိုက် သည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံ နေရာအနှံ့အပြားတွင် အစွန်းရောက် များ၏ သတ်ဖြတ်မှုများနှင့် သွေးထွက်သံယို ဖြစ်ရပ်များ၏ ပမာဏမှာ တုန် လှုပ်ခြောက်ခြား စရာဖြစ်သည်ဟု ဆိုသည်။ “ဒါက တုန်လှုပ်စရာပါ။ ထိန်းချုပ် မရတဲ့ အခြေအနေဖြစ်နေပါပြီ”ဟု ယူဒိုယိုနိုက အင်တာဗျူးတစ်ခု တွင် ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ ဒါကိုသည်းခံမှာ မဟုတ်ပါဘူး။ အင်ဒိုနီးရှားမှာ ISIS ကို ပိတ်ပင် ထားပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

IS အဖွဲ့အား ယခင်က ISIS (သို့) IS-IL ဟု ခေါ်ဆိုခဲ့ကြသည်။ ကမ္ဘာ့မူဆလင် ဦးရေ အများဆုံးနိုင်ငံဖြစ်သော်လည်း အင်ဒိုနီးရှားသည် အစ္စလာမ်မစ်နိုင်ငံ မဟုတ်ဘဲ ဘာသာအားလုံးကို လေးစားမှုရှိသည်ဟု ယူဒိုယိုနိုက ဆိုသည်။

အစွန်းရောက် ၀ါဒများအား တိုက်ဖျက်ရန် နိုင်ငံတကာခေါင်း ဆောင်များ ပူးပေါင်းလုပ်ဆောင်ရ မည်ဟု နှိုးဆော်ခဲ့သည်။ IS ၏လုပ်ရပ်များက ဘာသာတရားကို အရှက် ရစေသည့်အပြင် မျက်နှာပျက်စေသည်ဟု ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မူဆလင် ဦးရေ ၂၂၅ သန်းရှိပြီး အကြမ်းဖက် ၀ါဒနှင့် ကာလရှည်ကြာ ရင်ဆိုင်နေ ရသည်။ အင်ဒိုနီးရှားနိုင်ငံသား ဒါဇင် များစွာသည် ဆီးရီးယားနှင့် အီရတ် သို့ သွားရောက်၍ အကြမ်းဖက်အဖွဲ့ များအတူ တိုက်ခိုက်နေသည်ဟု ခန့် မှန်းထားကြသည်။ ထိုသူများ နိုင်ငံသို့ ပြန် လာမည့် အခြေအနေကို သတိ ထားစောင့်ကြည့်နေသည်ဟု ယူဒိုယို နိုက ပြောကြား ခဲ့ပြီး နိုင်ငံအတွင်း အစွန်းရောက်အယူအဆများ ပြန့်နှံ့ မလာစေရန် ဆောင်ရွက် လျက်ရှိသည် ဟုဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသား များအား အဖွဲ့ဝင်အဖြစ် စုဆောင်းရန် IS အဖွဲ့က အကြောင်းကြားစာများ ပေးပို့ထားပြီး အစွန်းရောက် အတွေး အခေါ်များ ထည့်သွင်းဖော်ပြထား သည်ဟု ဆိုသည်။ သမ္မတ ယူဒိုယိုနို သည် အောက်တိုဘာတွင် ရာထူးမှ အနားယူမည်ဖြစ်သည်။

KHTun

The Ladies News Journal

မဇ္ဈိမ သတင်းစာ၊

မိသားစုနဲ့အတူ မော်လမြိုင်ကို ပြန်ရောက်တော့ ပထမ ဦးဆုံး လုပ်ရတာက နေရေးထိုင်ရေး စားဝတ်နေရေး။ နောက်တော့ သမီးသုံးယောက်ရဲ့ ပညာရေးပါ။ ပက်ပ်စီ ဖျော်ရေ လက်ကားရောင်းသူ၊ လမ်းဘေးမှာ ဖျော်ရည် လက်လီရောင်းသူ၊ ဗီဒီယိုရုံထောင်သူ၊ စတိုးဆိုင် ထောင်သူ၊ လဖက်ရည်ဆိုင်ထောင်သူ၊ ဘီယာဆိုင် ထောင်သူ စသဖြင့် အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးတွေကတော့ အမြဲမပြတ် စောင့်ကြည့်နေပြီး တစ်ခါတစ်ရံ စစ်ထောက်လှမ်းရေးရုံး ခေါ်ယူစစ်မေးတာမျိုး ခံရပါတယ်။ မော်လမြိုင်မြို့ဟာ ဇာတိမြို့ဖြစ်တဲ့အတွက် မိဘမောင်ဘွား အသိုင်းအ၀ိုင်းလည်း ရှိနေတာမို့ စားဝတ်နေရေး စီးပွားရေး လုပ်တာ ဘာအခက်အခဲမှ မကြုံရပါဘူး။
၁၉၉၇ ခုနှစ်မှာ စာပေနဲ့ သတင်းရေးသားတဲ့ လုပ်ငန်းနဲ့ အသပ်မွေးဝမ်းကျောင်း လုပ်ဖို့ ရန်ကုန်ကို တက်ပါတယ်။ မိသားစုက မော်လမြိုင်မှာမို့ သွားလိုက်ပြန်လိုက်ပါပဲ။ စာပေနဲ့ သတင်းရေးသား အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အဓိက ကူညီလမ်းပြသူတွေကတော့ ဆရာလူထု ဦးစိန်ဝင်း၊ ဆရာမျိုးမြတ်သူ (လက်ရှိ MRTV-4) နဲ့ မောင်သစ်ဆင်း (လက်ရှိ RFA သတင်းဌာန၊ အမေရိကန်နိုင်ငံ) တွေဖြစ်ပါတယ်။ အခြား ဆရာတွေလည်း အများကြီးပါ။ ဒီလိုနည်းနဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ Living Color စီးပွားရေး မဂ္ဂဇင်း၊ သင့်ဘ၀ မဂ္ဂဇင်း၊ မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း နဲ့ အခြား မဂ္ဂဇင်း၊ ဂျာနယ်ပေါင်းများစွာမှာ စည်သူအောင်မြင့်၊ စောကျော်မြတ်ငြိမ်း အပါအ၀င် ကလောင်နာမည်မျိုးစုံနဲ့ မျက်နှာဖုံးဆောင်းပါး၊ သတင်းဆောင်းပါး၊ သုတေသန ဆောင်းပါး နဲ့ သတင်းပေါင်းများစွာ ရေးသားခဲ့ပါတယ်။ (မော်လမြိုင်က စစ်ထောက်လှမ်းရေးတွေက မေးတဲ့အခါ ရန်ကုန်မှာ ထက်ထက်မိုးဦးအကြောင်း၊ နန္ဒာလှိုင်တို့အကြောင်းတွေ ရေးနေတယ်လို့ ဖြေပါတယ်။ နောက်ပိုင်း ရေးတာတွေ သူတို့ တပ်မှူးကို တင်ပြပါ၊ ခွင့်ပြုမှ မဂ္ဂဇင်းဂျာနယ်တွေကို ပို့ပါလို့ ပြောတဲ့အခါ စာရေးတာကို စိတ်ကုန်လို့ မရေးတော့ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိ ဘာစာမူမှ တစ်ကြိမ်မှ စစ်ထောက်လှမ်းရေးတွေကို မပြခဲ့ပါ။)
၂၀၀၃ ခုနှစ်မှာ ပထမ ဦးဆုံး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ နိုင်ငံတကာ က ပို့ချတဲ့ သတင်းစာပညာသင်တန်း တက်ရပါတယ်။ ၃ လကြာသင်တန်းပါ။ သင်တန်းကအပြန် ချင်းမိုင် ဧရာဝတီ သတင်းဌာနမှာ တစ်လကြာ အလုပ်သင် လုပ်ပါတယ်။ ဘန်ကောက်မှာ ခေတ်ပြိုင် သတင်းစာ ထုတ်ဝေသူနဲ့ တွေ့ပြီး မြန်မာပြည်ထဲကနေ သတင်းရေးသား ပေးပို့ဖို့ ဆွေးနွေး သဘောတူခဲ့ပါတယ်။ ပြည်တွင်းမှာ စာပေနဲ့ သတင်းလွတ်လပ်ခွင့် ဖိနှိပ် ပိတ်ပင်ထားလို့ ပြည်ပ မီဒီယာတွေကို သတင်းရေးသား ပေးပို့ဖို့ လိုအပ်တယ်လို့ ယူဆပြီး အလုပ်လက်ခံ လုပ်ကိုင်ခဲ့တာပါ။ အစိုးရက တစ်ကြိမ်ပဲဖြစ်စေ ဖမ်းမိရင် ထောင်နှစ်ရှည် ကျနိုင်တယ် ဆိုတာ သိပေမယ့် လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဇွန်လကနေစပြီး ထောက်ပံ့ကြေးတွေ ရပ်ဆိုင်းခံရလို့ ခေတ်ပြိုင်မီဒီယာ ရပ်ဆိုင်းခံရတဲ့ ၂၀၁၀ အောက်တိုဘာ လ အထိ ပြည်တွင်းကနေ နေ့စဉ် သတင်းနဲ့ သတင်းဓာတ်ပုံတွေ မပျက်မကွက် သတင်းပေးပို့ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ နော်ဝေအခြေစိုက် ဒီဗွီဘီ သတင်းဌာန ဒုညွှန်ကြားရေးမှူး ကိုခင်မောင်ဝင်းနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံပါတယ်။ ရေဒီယို သတင်းဆောင်းပါးတွေ အပါတ်စဉ် ရေးသား ပေးပို့ဖို့ သဘောတူညီချက်ရပြီး ပြည်တွင်းကနေ ပုံမှန် ရေးသားပေးပို့ပါတယ်။ ဒီဗွီဘီ ရေဒီယိုကနေ အပါတ်စဉ် ကြာသပတေးညပိုင်းမှာ လွှင့်ထုတ်ပါတယ်။ အစပိုင်းမှာ “ခေတ်လူ” ဆိုတဲ့ ကလောင်နဲ့ ဖြစ်ပြီး နောက်ပိုင်း “ တိုင်းကျော်” ဆိုတဲ့ ကလောင်နဲ့ ထုတ်လွှင့်ပါတယ်။ ဆောင်းပါးကို ဒီဗွီဘီ ၀က်ဘ်ဆိုက်မှာလည်း ပုံမှန်တင်ပါတယ်။ (၉ နှစ်အတွင်း ဆောင်းပါး ပုဒ်ရေပေါင်း ၄၀၀ ၀န်းကျင် ရှိနိုင်ပါတယ်။) နောက်ပိုင်း ဒီဗွီဘီ သတင်းဌာနအတွက် နေ့စဉ် သတင်းကောက်နှုတ်ချက်တွေ ပို့ပေးပါတယ်။ အဓိကကတော့ ပြည်ပက ဒီဗွီဘီ သတင်းထောက်တွေ သတင်းလိုက်ရာမှာ လွယ်ကူအောင် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း နဲ့ အခြားရင်းမြစ်တွေမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို ဒီဂျစ်တယ်ဖိုင်ပြောင်း၊ မှတ်ချက်နဲ့ တကွ ပေးပို့ရတာပါ။ ဒါကိုကြည့်ပြီး ပြည်ပ သတင်းထောက်တွေ သတင်းလိုက်ရာမှာ အဆင်ပြေစေဖို့ပါ။

ဒီဗွီဘီ ရုပ်သံလွှင့် လုပ်ငန်း စတဲ့အခါ ကိုခင်မောင်ဝင်းကို ပြည်တွင်းက ကူညီပါတယ်။ နောက် “ဂျာနယ်တွေက ဘာပြောနေလဲ” အစီအစဉ်ကို အယ်ဒီတာ ကိုခင်မောင်စိုးနဲ့ ပူးတွဲ တင်ဆက်ပါတယ်။ ပြည်တွင်းက တစ်ပါတ်အတွင်း ဖော်ပြထားသမျှ ဂျာနယ်တွေထဲက ပရိသတ် သိချင်မယ့် သတင်းတွေကို ရွေးနှုတ်၊ ဒီဂျစ်တယ်ဖိုင်ပြောင်း၊ ဘာကြောင့် ဒီ သတင်းတွေ ပြောပြရသလဲ၊ သတင်းရဲ့ နောက်မှာ ဘာရှိနေသလဲ စ တဲ့ မှတ်ချက်တွေနဲ့အတူ အပါတ်စဉ် ဒီဗွီဘီကို ပို့ပါတယ်။ ဒီဗွီဘီက ကိုရွှေအောင်၊ ကိုခင်မောင်စိုး၊ ကိုပီတာအောင် တို့က အလျဉ်းသင့်သလို တည်းဖြတ်၊ ကောက်နှုတ်၊ ဖြည့်စွက်ပြီး ရုပ်သံအဖြစ် ရိုက်ကူး လွှင့်ထုတ်ပါတယ်။ ဒီအစီအစဉ် သုံးခု ၂၀၁၃ ခုနှစ်ထဲမှာ ဌာနက ရပ်ဆိုင်းပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ၊ ၂၀၀၈ နာဂစ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ ဒီဗွီဘီ ကို ပေးပို့ခဲ့ပါတယ်။ (လက်ရှိလည်း ဒီဗွီဘီ အတွက် အလုပ်လုပ်ဆဲပါ)ဒီအလုပ်တွေ လုပ်နေစဉ်တုန်းက ပြည်တွင်းမှာ သတင်းမီဒီိယာ ဖိနှိပ်မှု အလွန်ကြီးမားတဲ့အတွက် လုပ်သင့်လုပ်ထိုက်တယ် ဆိုပြီး လုပ်ခဲ့တာပါ။ အဖမ်းခံရမှာ အလွန် ကြောက်ပါတယ်။ ဒါကြောင့် အမေရိကန် စီအိုင်အေ တွေ လိုက်နာရတဲ့ စည်းကမ်းတွေ (ဘာသာပြန် ၀တ္တုထဲ ဖတ်ဖူးတာ) ထဲက တစ်ခုကို ကိုယ့်စည်းကမ်းဆိုပြီး လိုက်နာခဲ့ပါတယ်။ အဲဒါကတော့ “ သင့်ကို ဘယ်တော့မှ ဖမ်းမမိစေရ” ဆိုတဲ့ စည်းကမ်းပါ။ စစ်အစိုးရ လက်အောက် ကျွန်တော်ဟာ အဲဒီ စည်းကမ်းအတိုင်း နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

နောက်ပိုင်း အားလုံးသိကြတဲ့အတိုင်း တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်ပါတယ်။ ရေဒီယို ရုပ်သံ လွတ်လပ်ခွင့်မရပေမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်ရလာပါတယ်။ တကယ်ကို လွတ်လပ်ပါတယ်။ အခု စည်သူအောင်မြင့် သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားနေတာတွေဟာ အရင် ခေတ်ပြိုင်နဲ့ ဒီဗွီဘီ ကို သတင်းရေးသားပေးပို့ပုံ အတိုင်းပါပဲ။ ဘာမှ မထူးပါဘူး။ ဒီလို လွတ်လပ်မှုလည်း ရလာ၊ သမ္မတ ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်ကလည်း ဒီမိုကရေစီ တံခါးဝ ဆီ သွားနေတယ် ဆိုတာကို ယုံကြည်တဲ့အတွက် ကိုယ့်စည်းကမ်းချက်ကိုလည်း ကိုယ် ပြောင်းလိုက်ပါတယ်။ သတင်းတွေ၊ သတင်းဝေဖန်ချက် ဆောင်းပါးတွေ၊ Investigative Reporting တွေကို ဥပဒေနဲ့ အညီ၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့ အညီ ရေးသားတင်ပြမယ်၊ တရားစွဲလာရင် ရင်ဆိုင်ဖြေရှင်းမယ်၊ ဖမ်းဆီးလာရင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ် ဆိုတဲ့ မူပဲ ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေတ်ကလို တစ်ခုခု သံသယ ဖြစ်တာနဲ့၊ ကိုယ်နဲ့ နီးစပ်သူ တစ်ယောက်ယောက် အဖမ်းခံရတာနဲ့ လူမသိ သူမသိ ကိုယ့်ဖာသာ ပြည်တွင်း ပြည်ပ ပါတ်ပြီး ထွက်ပြေးပုန်းရှောင် နေတာမျိုးမလုပ်တော့ပဲ တရားဥပဒေအရ ရင်ဆိုင်မယ်၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ “အဖမ်းခံမယ်”၊ လို့ ဆိုလိုရင်းဖြစ်ပါတယ်။ စည်သူအောင်မြင့် အဖမ်းခံဖို့ အဆင်သင့်ရှိနေတယ် ဆိုတာဟာ ပြည်ထဲရေးဝန်ကြီးဌာန အက်စ်ဘီ သတင်းရဲတပ်ဖွဲ့ကို စိန်ခေါ်တာမျိုး မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှင်းပြတာသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဩဂုတ် ၂၃ ရက်က ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၁၉ အသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းမှာ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအသင်းမှာ ပထမပိုင်း၌ ကစားပုံ လိုအပ်ချက်အချို့ ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းရရှိကာ အနိုင်ဂိုးများသွင်းယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး ခံစစ်ကစားပုံ အမှားယွင်းများခဲ့သောကြောင့် ဗီယက်နမ်အသင်းကို သုံးဂိုးအထိပေးခဲ့ရခြင်းဖြစ်သည်။ ၁၇ မိနစ်တွင် မျိုးကိုထွန်းက မြန်မာအသင်းအတွက် ဂိုးစတင်သွင်းယူ ပေးခဲ့သော်လည်း ၃၉ မိနစ်တွင် ဖန်ဗန်လောင်က ချေပဂိုးနှင့် ၄၇ မိနစ်တွင် ဟောင်ထရန်သီက ဗီယက်နမ်အတွက် ဦးဆောင်ဂိုးသွင်းယူ ခဲ့သောကြောင့် မြန်မာအသင်း အရှုံးမှလိုက်ကစားခဲ့ရသည်။ ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် မျိုးကိုထွန်းက ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပြီး မိနစ် ၆ဝ တွင် ငြိမ်းချမ်းအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင်စိုးက တတိယဂိုးသွင်းယူပေးခဲ့သည်။ မိနစ် ၇ဝ တွင် ငုယင်ကောင်ဖောင်က ဗီယက်နမ်အတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း ၈၁ မိနစ်တွင် အောင်သူက မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြကစားခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှာ ယခုဗိုလ်လုပွဲတွင် အမှားအယွင်းအချို့ ရှိခဲ့သော်လည်း ချန်ပီယံဆုနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့သည်။ ၂ဝဝ၅ ပြိုင်ပွဲနှင့် ၂ဝဝ၇ ပြိုင်ပွဲတို့တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာအသင်းမှာ ဗိုလ်လုပွဲရလဒ်ဆိုးများကို ချေဖျက်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းမှာ လာမည့်အောက်တိုဘာလ အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယင်းပြိုင်ပွဲအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။ မြန်မာဘောလုံးပရိသတ်များကလည်း မြန်မာ ယူ-၁၉ အသင်းကို မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် လက်ခံထားကြပြီး အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ဘရူနိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် မြန်မာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-မြတ်ကိုမင်း)

Eleven Media Group

မြန်မာနိုင်ပေမယ့် မပျော်နိုင်ပါ

၂၀၁၄ခုနှစ် ဘရူနိုင်းဘုရင့်ဖလား အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းမှ ဗီယက်နမ် ယူ-၂၁ အမျိုးသားလက်ရွေးစင်အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ပါပြီ။

ဒီပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့အတွက် ပြည်သူတွေကြည့်ခဲ့ရပြီး အောင်ပွဲရလို့  ပျော်နေချိန်မှာ ကျွန်တော်ကတော့ မပျော်နိုင် ပါဘူး။ ပျော်ဖို့ထက် ရှက်တဲ့စိတ်ကပိုနေပါတယ်။ ဘာ့ကြောင့်လဲ

ကျွန်တော်က ည ခုနှစ်နာရီခွဲမှာ နိုင်ငံခြားသံတမန်အဖွဲ့အစည်းတစ်ခုရဲ့ ညစာစားပွဲကို တက်နေရလို့ ဘောလုံးပွဲကို ကြည့်ခွင့်မရပဲ ဂိုးရလဒ်ကို သာ ဖုန်း မက်ဆေ့ခ်ျကနေ သိနေ ရပါတယ်။

မြန်မာအသင်းအနိုင်ရသွားချိန်မှာ ကျွန်တော် အပြင်ထွက်ပြီး မြန်မာနိုင်သွားပြီ၊အစဉ် အဆက် ဖွင့်ခဲ့တဲ့ မြန်မာနိုင်ပြီ သီချင်းဖွင့်မှာလားလို့ မေးတဲ့အခါ မြန်မာ့အသံမှာ ဘယ်သူ မှာ အဲဒီသီချင်းကို ပြင်မထားပါဘူး။ နောက်ဆုံး ပြီးခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲမှာ သားစိုးဆိုထားတဲ့ သီချင်းကိုပဲလွှင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဂန္တ၀င် သီချင်းကို အခုချိန်ထိ ( ည ကိုးနာရီငါးဆယ်ထိ) တွေ့မတွေ့ ကျွန်တော့်ကို သတင်းမပို့နိုင်သေးပါဘူး။

တကယ်တော့ ၀န်ကြီးရုံးက ဘောလုံးပွဲကို လွှင့်ခွင့်ပြုခြင်း၊ သတင်း ထုတ်လွှင့်ချိန်ကို နောက်ဆုတ်ခြင်းဆိုတဲ့ မူဝါဒဆိုင်ရာကိစ္စတွေကိုသာ ဆုံးဖြတ်ပေးတာပါ။ မိမိထုတ်လွှင့် တဲ့ အစီအစဉ်များရဲ့ တင်ဆက်မှုအရည်အသွေးက ဌာနကတာဝန်ရှိသူတွေဆုံးဖြတ်ရမှာပါ။ အစိုးရသစ်လက်ထက်မှာ အဲဒီလိုလုပ်ခွင့်ကို ပေးအပ်ထားပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ညွှန်ကြားရေးမှူးချုပ်ကနေ ဘောလုံးပွဲ ထုတ်လွှင့်ခြင်းကို တာဝန်ယူရတဲ့ ၀န်ထမ်းအဆင့်ဆင့်မှာ တစ်ဦးတစ်ယောက်က တောင်မှ မြန်မာအသင်းနိုင်ခဲ့ရင် ပြည်သူတွေဘယ်သီချင်းကို ကြားချင်မလဲဆိုတာ ထည့်မတွေးခဲ့ တာ အင်မတန် ၀မ်းနည်းစရာကောင်းတဲ့အဖြစ်ပါပဲ။

နောက်ထပ် ၀မ်းနည်းစရာအဖြစ်က ဘောလုံးပွဲတစ်ခုလုံးကို မြန်မာဘာသာနဲ့ ပြောကြား နိုင်ဖို့ မလုပ်ခဲ့တာပဲဖြစ်ပါတယ်။ တကယ်တော့ လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အခြေအနေ မှာရှိပါတယ်။
မြန်မာအသံနှင့် ရုပ်မြင်သံကြားရဲ့ အားနည်းချက်ဟာ အောင်ပွဲကို ဆာလောင်နေတဲ့ ပြည်သူများ၊ အောင်ပွဲကို ရယူပေးခဲ့တဲ့ အားကစားသမားများ၊အောင်ပွဲခံနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ ၀န်ကြီးဌာနနဲ့အဖွဲ့ချုပ်က တာဝန်ရှိသူများကို အလေး မထား ရာရောက်တဲ့အတွက် ဒီဌာနကို တာဝန်ခံရတဲ့ ကျွန်တော်က တောင်းပန်အပ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ပေမယ့် မပျော်နိုင်ဘူးလို့ ပြောတာပါ။

ပန်ကြားရေးဝန်ကြီးဖြစ်လာသူ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်

AGD ဘဏ် က ရှယ်ယာရောင်းချသည့် ကိစ္စရပ် များနှင့်ပတ်သက်ပြီး ငွေကြေးဆိုင် ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မှ လိုအပ်သည့် အထောက်အထား များကို စုံစမ်းစစ်ဆေးမှုပြီးစီးသွားပြီ ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

ရဲမှူးကြီးကျော်ဝင်းသိန်းက ''AGD ဘဏ်ရှယ်ယာကိစ္စနဲ့ပတ်သက် ပြီး လိုအပ်တဲ့မေးမြန်းစုံစမ်းမှုတွေ ကို ပြုလုပ်ပြီးသွားပြီဖြစ်တဲ့အတွက် အ ထက်ကိုတင်ပြထားပြီဖြစ်ပါတယ်''ဟု ပြောသည်။

AGD ဘဏ်သည် ဘဏ်၏ ရှယ်ယာ ၁၅ရာခိုင်နှုန်းကိုသာ ဗဟို ဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချထား ကြောင်း ထူးဂရု(ပ်)ဥက္ကဋ္ဌဦးတေဇက ကုန်သည် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(၂၃)ကြိမ်မြောက်နှစ် ပတ်လည်အစည်းအဝေးတွင် မီဒီယာ များကို ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး AGD ဘဏ်မှဦးစိုးသူရက ''ဒီကိစ္စတွေနဲ့ ပတ် သက်ပြီး ကျွန်တော်တို့ ဘာမှမသိပါ ဘူး။ အထက်လူကြီးတွေပဲ သိလိမ့် မယ်''ဟု ပြောသည်။

AGD ဘဏ်ကို ယခင်ဗိုလ်ချုပ် ကြီးနေဝင်း၏မြေးဖြစ်သည့် ဦးအေး နေဝင်းမှ အစုရှယ်ယာ ၆ဝ ရာခိုင် နှုန်းကိုဝယ်ယူထားပြီးလာမည့် ခြောက် လအတွင်း ၈၅ ရာခိုင်နှုန်းအထိဝယ် ယူမည်ဖြစ်ကြောင်းလည်း သတင်း များထွက်ပေါ်နေကြောင်း သိရသည်။

KMZ
Yangon Media Group

မဇ္ဈိမ သတင်းစာ၊

ပြီးခဲ့တဲ့ တစ်ပါတ်ကျော်က အိမ်နီးချင်း မိတ်ဆွေတစ်ယောက် အိမ်ကို အမောတကော ရောက်လာပြီး သတင်းတစ်ခု ပေးပါတယ်။ လမ်းထိပ်မှာ သူတို့ကိုယ် သူတို့ SB ( အထူးရဲသတင်းတပ်ဖွဲ့) လို့ ပြောတဲ့ လူ သုံးယောက် ခင်ဗျားဘယ်မှာနေသလဲ လိုက်မေးနေတယ်တဲ့။ မွန်းတည့်နေ ဂျာနယ်မှာ စာရေးတဲ့ စည်သူအောင်မြင့် ဆိုပြီး မေးတယ် လို့ ဆိုပါတယ်။ ကျွန်တော်က အဲဒီ လူတွေ SB က သေခြာလားလို့ မေးပါတယ်။ သူက သူတို့ကတော့ အဲလို ပြောတာပဲ လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကျွန်တော်က SB က လူတွေသေခြာရင် ကျေးဇူးပြုပြီး ကျွန်တော့်အိမ် ခေါ်လာပေးပါ။ ဒါပေမယ့် SB မဟုတ်ပဲ “ဘယ်ကမှန်းမသိတဲ့ လူတစ်စု” ဆိုရင်တော့ ခေါ်မလာပါနဲ့လို့ မှာထားလိုက်ပါတယ်။

အဲဒီ အချိန်နဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ အစ်ကိုကြီးတစ်ယောက်လို ရင်းနှီးနေသူတစ်ယောက်ဆီကို လုံခြုံရေး အဖွဲ့အစည်းကြီးတစ်ခုက တာဝန်ရှိသူတွေ ရောက်လာပြီး ကျွန်တော်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ မေးမြန်း စုံးစမ်းပါတယ်တဲ့။ သူက SB လို့ တိုက်ရိုက် မပြောပါဘူး။ သူသိသလောက် ကျွန်တော့်ကိုယ်ရေး အချက်အလက် အကုန်လုံး ပြောပြရှင်းပြပေးခဲ့ပါသတဲ့။ တကယ်လို့ ထပ်ပြီး သိချင်သေးရင် ရုံးကို ခေါ်လာပေးမယ်၊ မေးချင်တာ မေးနိုင်တယ်၊ ဒါမှမဟုတ် အဲ့ကောင် ဘီယာသောက်တတ်တယ်၊ ဘီယာတိုက်ရင်း မေးရင် သူက သဘောတောင် ကျဦးမှာ။ လုပ်ပေးရမလား မေးတော့ အဲလောက် မလိုပါဘူးလို့ ပြောသွားပါသတဲ့။

ပြောရရင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က SB လို အဖွဲ့အစည်း ကျွန်တော့်အကြောင်း စုံစမ်းတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ “အမည်မသိ လူအုပ်ကြီး” ကို ကျွန်တော်ကြောက်ပါတယ်။ ဒါပေမယ့် SB ဆိုတာ တရားဝင် လုံခြုံရေး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေ သူတို့နဲ့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမှာပါ။ လတ်တလော သတင်းမီဒီယာ အသိုင်းအ၀ိုင်းနဲ့ ပါတ်သက်ပြီး အက်စ်ဘီ အဖွဲ့က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ကြည့်ရင် ကျွန်တော့်ကို စုံစမ်းတာ၊ စိတ်ဝင်စားတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သဘာဝ လည်းကျပါတယ်။ ပြသနာ တစ်ချို့နဲ့ ပါတ်သက်ပြီး ကျွန်တော်ရေးတဲ့ သတင်းဝေဖန်ချက် ဆောင်းပါးတွေမှာ SB ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ဝေဖန်တာ၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ တာဝန်ရှိမှုကို ဝေဖန်တာ အပြင် တစ်ခါတစ်ရံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ တာဝန်ရှိမှုကိုပါ ထောက်ပြခဲ့လို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အဲလို ထောက်ပြလိုက်ရင် ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အက်စ်ဘီ အတွက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက်လည်း အကျိုးများမယ်လို့ အခိုင်အမာ ယူဆ ပြီး ဝေဖန်ထောက်ပြ ရေးသားခဲ့တာပါ။ ဒါပေမယ့် ခုလို ပြသနာမျိုး ရှိလာနိုင်တယ် ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်တော့အကြောင်းအကျဉ်းနဲ့ ကျွန်တော့် သဘောထား နှစ်မျိုးအကြောင်း SB ကို ရည်စူးပြီး ဒီနေရာကနေပဲ ရှင်းလင်းပြောပြပါ့မယ်။

ကျွန်တော့်ကို ၁၉၆၅ မှာမွေးတော့ အသက် ၅၀ ပြည့်ပါတော့မယ်။ မြေးလေးတောင် တစ်ယောက် ရနေပါပြီ။ ငယ်စဉ် ၁၉၈၂ မှာ မော်လမြိုင် ဒီဂရီ ကောလိပ်တက်ရင်း “ပန်းဦးနေခြည်” လို့ အမည်ရတဲ့ နိုင်ငံရေးဆန်တဲ့ လက်ရေးကဗျာစာအုပ်လေး တစ်အုပ် သူငယ်ချင်းတွေနဲ့ စုပြီး ထုတ်ဝေခဲ့ပါတယ်။ နောက်တော့ မေမြို့စစ်တက္ကသိုလ် အပါတ်စဉ် ၂၇ ကို တက်ခွင့်ရပါတယ်။ ဦးတေဇ တက်ခဲ့တဲ့ အပါတ်စဉ်လို့ ပြောရင်လည်း မှန်ပါတယ်။ စစ်တက္ကသိုလ် တက်ရင်း မော်လမြိုင်ကောလိပ်မှာ ကဗျာစာအုပ်ထုတ်ခဲ့တဲ့ အမှုနဲ့ ဗိုလ်လောင်းဘ၀ နဲ့ အဖမ်းခံရပါတယ်။ ပုဒ်မ ၅(ည)၊ ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ နဲ့ မော်လမြိုင်ထောင်မှာ ထောင် တစ်နှစ်ခြောက်လ ကျခဲ့ပါတယ်။
ထောင်ကထွက်ပြီးနောက် ထောင်ထဲက ရတဲ့ အဆက်အသွယ်နဲ့ပဲ ၁၉၈၅ မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာ ခရိုင်ကို တောခိုပါတယ်။ ကျွန်တော်က ကရင် မဟုတ်ပေမယ့်လည်း ကရင့်လက်နက်ကိုင် တိုက်ပွဲထဲ လာပါ၊ စစ်အစိုးရကို တိုက်တာ အတူတူပါပဲ၊ နောင် သဘောထား မတိုက်ဆိုင်တာတွေ ရှိရင် အခြား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုဆီ ပို့ပေးပါ့မယ် ဆိုတဲ့ အဲဒီအချိန်က တပ်မဟာမှူး ဗိုလ်မှူးကြီး စောရွှေဆိုင်းရဲ့ ကတိစကားနဲ့ ရောက်သွားတာပါ။ တောထဲနေစဉ် အစိုးရသူလျှို ဖြစ်နိုင်တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ၁၉၈၆ မှာ သေဒါဏ်ပေးခံရပါတယ်။ ခရိုင်ဥက္ကဌ ဗိုလ်တင်ဦးခေါ် ဖူးတာအဲ့ က မဖြစ်နိုင်ဘူး ဆိုပြီး ကယ်တင်ခဲ့လို့ အသတ်မခံရပါ။ ၁၉၈၇ မှာ နဂို သဘောတူညီချက်အရ ကေအဲန်ယူ တပ်မဟာ(၆) ကနေ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ကို တရားဝင် (ရုံးစာနဲ့) ပို့ပေးပါတယ်။

အဲဒီနှစ်ကစ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်မဟာ(၆) ရောက်နေတဲ့ ထိုင်းနယ်စပ် လွယ်လန်းတောင်ကြော၊ နောက် ဗဟိုဌာနချုပ်ပန်ဆန်း၊ ၀မြောက်ခရိုင် မိုင်းမော၊ နောက်ဆုံး အရှေ့မြောက်စစ်ဒေသ ပန်ဆန်း မှာ နောက်ဆုံးအချိန်ထိ ရိုးရိုးတပ်သား အနေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ၁၉၈၉ ဧပြီ ၀ တပ်ဖွဲ့တွေက ပန်ဆန်းဗဟိုကို အာဏာသိမ်းတဲ့ပွဲမှာ လက်နက် အလွယ်တကူ မအပ်လို့ ၀နယ်ထဲ ဆက်နေခွင့်မပေးပဲ တရုတ်ပြည်ဘက်ခြမ်း နှင်ထုတ်ခံရပါတယ်။ တရုတ်ပြည်ထဲအရောက် ဗကပ က နောက်ဆုံးဖွဲ့စည်းတဲ့ တပ်ဖွဲ့ထဲ ဆက် ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်း ဗကပ နောက်ဆုံး တပ်ဖွဲ့နဲ့အတူ မုန်းကိုး (တရုတ်ဘက်အခြမ်း)၊ ၁၀၁ စစ်ဒေသ ကချင် ရဲ့ ကမ်ပိုင်တီမှာ ဆက်ပြီးနေထိုင်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဗမာပြည်ကွန်မြူနစ်ရဲ့ မြေပေါ်ပါတီ ဖျက်သိမ်းလိုက်တဲ့အခါ ကွန်မြူနစ်ပါတီနောက် လိုက်မသွားပဲ ကချင်အထူးဒေသ(၁) ကမ်ပိုင်တီမှာ မိသားစုနဲ့အတူ NDA(K) တပ်ဖွဲ့ဝင်အဖြစ် ဆက်ပြီးနေရစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကချင်တပ်ဖွဲ့အတွင်း ဂိုဏ်းဂဏ ပြသနာတွေပေါ်ပြီး ကချင်မဟုတ်တဲ့ အခြားလူမျိုးတွေကို မကြာခဏ ဖမ်းဆီးတာ၊ နှိပ်စက်ခံရတာ၊ တစ်ချို့ အသတ်ခံရတာမျိုးတွေ ဖြစ်ပေါ်ပါတယ်။ အချင်းချင်းလည်း အပြန်အလှန် အာဏာသိမ်းပွဲတွေ ဖြစ်ပါတယ်။ နောက်ပိုင်း ၁၉၉၃ မှာ အခြား တပ်ဖွဲ့ဝင် အတော်များများနဲ့ အတူ ကိုယ်တိုင် အဖမ်းခံရပါတယ်။ ဆိုနီရေဒီယို ကို အသုံးပြုပြီး ဗကပ တွေနဲ့ ဆက်သွယ်တယ်လို့ စွတ်စွဲခံရပါတယ်။ (ရီစရာပေမယ့် မရီရပါဘူး) အဲဒီအချိန်က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးမုတ်ရင်ဒေါင်ဟောင်းက မဖြစ်နိုင်ဘူး၊ အဲဒီကိစ္စ သူ အာမခံတယ် ဆိုတဲ့အတွက် အပြစ်ပေး မခံရပါ။ NDA(K) ဟာ ၁၉၉၀ ကတည်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲ၊ ငြိမ်းချမ်းရေးယူထားခဲ့ပြီး ဖြစ်ပါတယ်။

၁၉၉၄-၅ တောခိုတာ ၁၀ နှစ်နီးပါးအကြာ မိဘတွေနေထိုင်ရာ မော်လမြိုင်မြို့ကို ရိုးရိုး အရပ်သား ဘ၀ နဲ့ ပြန်လာပါတယ်။ ခေတ္တ ရဟန်းဘောင် ၀င်ပါတယ်။ စစ်ထောက်လှမ်းရေး တွေရဲ့ အနီးကပ် စောင့်ကြည့်မှုနဲ့ ဘ၀ ကိုဖြတ်သန်းရပါတယ်။
(မနက်ဖန် စနေနေ့ထုတ် မဇ္ဈိမ သတင်းစာမှာ ဒုတိယ နိဂုံးပိုင်းအနေနဲ့ စစ်အစိုးရလက်အောက်မှာ ခေတ်ပြိုင်နဲ့ ဒီဗွီဘီ ပြည်တွင်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပုံ ဆက်ပြီး ဖော်ပြထားပါတယ်။)
စည်သူအောင်မြင့်။

အီဘိုလာဟုသံသယရှိသော လူ နာကို စစ်ဆေးရာတွင် ငှက်ဖျားရောဂါ ပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ် ဖယ်စီပရမ်နှင့် ပလပ်စမိုဒီ ရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း သြဂုတ်လ ၂၀ ရက် ညနေပိုင်းက ရရှိသည့် ဓာတ်ခွဲအဖြေကို ကိုးကားပြီး ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

အီဘိုလာရောဂါဖြစ်ပွားရာ အာ ဖရိကအနောက်ပိုင်း နိုင်ငံများတွင် အလုပ်လုပ် ကိုင်ပြီး ပြန်လာသော အ သက် ၂၂ နှစ် မြန်မာနိုင်ငံသားတွင် ဖျားနာခြင်း၊ အားအင် ချိနဲ့ခြင်း၊ သတိ လစ်သကဲ့သို့ဖြစ်ခြင်း စသည့်ရောဂါ လက္ခဏာများ ရှိသဖြင့် သြဂုတ် ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကျန်းမာရေး အဖွဲ့က သံသ ယလူနာအဖြစ်သတ်မှတ်၍ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပြီး လို အပ်သော ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ စစ်ဆေးခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများကို အထူးကု ဆရာဝန် ကြီးများ ပါဝင်သော အဖွဲ့က အထူး ကြီးကြပ်ကုသပေးခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ကနဦးသတင်း ထုတ်ပြန်ထားသည်။

အဆိုပါလူနာအား ငှက်ဖျားရောဂါ ကုသပေးခြင်း လုပ်ငန်းကို ဆောင် ရွက်ပေး ခဲ့ပြီး ဆေးကုသပေးမှုကြောင့် သြဂုတ် ၂၁ ရက်၊ နံနက်ပိုင်းတွင် ကျန်းမာရေး အခြေအနေ တိုးတက်မှု များရှိလာပြီဖြစ်ကြောင်းနှင့် ၎င်းင်းနှင့် အတူ စစ်ဆေး ကုသနေသည့် အခြား လေးဦးမှာ ပြည်သူ့ကျန်းမာရေး ဓာတ် ခွဲဌာနတွင် စစ်ဆေးသ ည့် ဓာတ်ခွဲအ ဖြေအရ မည်သည့်ရောဂါပိုးမျှမတွေ့ ရှိရကြောင်း ၀န်ကြီးဌာနက ဆိုသည်။

ထိုသို့ လူနာတွင်ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်းတွေ့ရှိ၍ ဆေးကု သမှုပေးနေခြင်း အပြင် ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှု ခြင်း လုပ်ငန်းအစီအစဉ်အရ အီဘိုလာ ရောဂါနှင့်ပတ်သက်သော ဓာတ်ခွဲ စစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်း သို့ ပေးပို့နိုင်ရန်အတွက် ကမ္ဘာ့ကျန်း မာရေး အဖွဲ့သို့ အကြောင်းကြားခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီ ချက်ရယူခြင်း၊ လေကြောင်းဖြင့် ပို့ ဆောင်ခွင့် ရရှိရန်အတွက် International Air Transport Association (IATA) ၏ သဘောတူညီချက် ရယူခြင်း စသည့်လုပ်ငန်းစဉ်များကို စီ စဉ်လျက်ရှိကြောင်းနှင့် အီဘိုလာဗိုင်း ရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းနှင့်ပတ်သက်၍ သတင်းအ ချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

လက်ရှိအချိန်တွင် သံသယရှိသူ ၏ အခြေအနေမှာ တိုးတတ်ကောင်းမွန်လျက် ရှိကြောင်း ဆက်လက် သ တင်းရရှိသည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal


ကွယ်လွန်သွားပြီဖြစ်တဲ့ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးတွေ ပိုင်ဆိုင်တဲ့ ဘက်စုံမြင်ကွင်း ကုမ္ပဏီဟာ ရန်ကုန်မှာ ပြီးခဲ့တဲ့အပတ်က Bus Rapid Transit လို့ခေါ်တဲ့ BRT စနစ်နဲ့ ယာဉ်လိုင်း စမ်းသပ် ပြေးဆွဲခွင့် ရပြီလို့ ကြေငြာပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီး ၄ ခုမှာ လမ်းတစ်လမ်းကို နှစ်လစီ စမ်းသပ်ပြေးဆွဲခွင့်ရခဲ့တာဖြစ်ပြီး အောင်မြင်ရင် ဂျာမဏီနိုင်ငံထုတ် မာစီဒီးဘင့်ဇ် ကားကြီးတွေ မှာယူပြီး ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း အစိုးရဆီကနေ သြဂုတ်လ ဆန်းပိုင်းက ခွင့်ပြုချက် ရခဲ့ပြီး စမ်းသပ်ပြေးဆွဲမယ့် လမ်းတွေကတော့ ပြည်လမ်း၊ အင်းစိန်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း နဲ့ ဝေဇယန္တာ လမ်းမကြီးတွေဖြစ်ပါတယ်။ ရန်ကုန်မှာ BRT စနစ် အောင်မြင်နိုင်မလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

BRT စနစ်ဆိုတာဟာ လက်ရှိ မော်တော်ယာဉ်တွေ ပြေးဆွဲနေတဲ့ ကားလမ်းပေါ်မှာပဲ ယာဉ်ကြောတစ်ခုကို သီးသန့်သတ်မှတ်ပေးပြီး သီးသန့်ယာဉ်လိုင်းက မော်တော်ယာဉ်တွေကိုပဲ ပြေးဆွဲစေတဲ့ စနစ်ပါ။ ဒီအတွက် ပြေးဆွဲမယ့် လမ်းမှာ ယာဉ်ကြော တစ်ခု သီးသန့် သတ်မှတ်ပေးဖို့ လိုပါတယ်။ အဲဒီ ယာဉ်ကြောထဲ အခြား ဘယ်ကားကိုမှ ၀င်ခွင့်ပြုလို့ မရပါဘူး။ အခြားသော မော်တော်ယာဉ်တွေနဲ့ ရှုပ်ထွေးမှု မရှိရလေအောင် ဘူတာရုံဆန်ဆန် သီးသန့် ဘတ်စ်ကားဂိတ်တွေ လုပ်ပေးရပါတယ်။ အဲဒီ ဘတ်စ်ကားဂိတ်တွေဟာ လက်ရှိ မော်တော်ကားလိုင်းတွေ အတွက် အသုံးပြုတဲ့ ဟင်းလင်းဖွင့် ကားဂိတ် ပုံစံမျိုး မဖြစ်စေရပါဘူး။ ကားဂိတ်စီ သီးသန့် လမ်းတွေနဲ့ အလွယ်တကူ လာလို့ရအောင်၊ ကားဂိတ်ကနေ အလွယ်တကူ ထွက်ခွာလို့ရအောင် စီစဉ်ထားရမယ့်အပြင် လက်မှတ်ရုံ၊ ကားပေါ်က အဆင်းဂိတ်ဝ၊ ကားပေါ်တက်တဲ့ ဂိတ်ဝ စသဖြင့် စနစ်တကျ စီစဉ်ပေးထားဖို့ လိုပါတယ်။ ပြောရရင် လက်ရှိ အသုံးပြုနေတဲ့ လမ်းမကြီးတစ်ခုက ယာဉ်ကြော တစ်ကြော BRT ကားတွေကို အသုံးပြုခွင့် ပေးလိုက်ရုံနဲ့ အလွယ်တကူ ပြီးသွားတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘူတာရုံ ဆန်ဆန် BRT ကားဂိတ်တွေ ဆောက်လုပ်ဖို့လည်း လိုအပ်ပါတယ်။

လောလောဆယ် BRT အတွက် စမ်းသပ်မယ် ဆိုတဲ့ ရန်ကုန်က ပြည်လမ်း၊ အင်းစိန်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဝေဇယန္တာလမ်း အားလုံးဟာ အခြားနိုင်ငံတွေမှာ BRT စနစ် နဲ့ ကားပြေးဆွဲနေတဲ့ လမ်းတွေနဲ့ နှိုင်းယှဉ်ရင် ကျဉ်းနေပါတယ်။ တကယ်လို့များ BRT စနစ်အတွက် လမ်းကြောင်းတစ်ကြောင်း သီးသန့်ပေးလိုက်ရင် ကျန်တဲ့ ယာဉ်ကြောတွေမှာ လက်ရှိ ပြေးဆွဲနေတဲ့ ကားအားလုံး လွယ်လွယ်ကူကူ စီးဆင်းဖို့ မဖြစ်နိုင်တော့ပါဘူး။ နောက် ပြဿနာ တစ်ခုက လမ်းလယ်လိုနေရာတွေမှာ ဘူတာရုံဆန်ဆန် ဘတ်စ်ကားဂိတ်တွေ တည်ဆောက်ရမှာဖြစ်ပြီး အဲဒီ ဘတ်စ်ကားဂိတ်တွေနဲ့ လူသွားလမ်းပက်လက်ဖေါင်း ကို မြေအောက်လမ်းဖြစ်စေ၊ ခုံးကျော်တံတားလမ်းဖြစ်စေ ဖေါက်ပြီး ဆက်သွယ်ရမယ့် ကိစ္စကလည်း ရှိနေပါတယ်။ ဒါကလည်း မလွယ်ကူပါဘူး။ BRT စနစ်ကို အောင်အောင်မြင်မြင် အသုံးပြုနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ အလွန်ကျယ်တဲ့ လမ်းကြောင်းတွေမှာပဲ BRT စနစ် ကျင့်သုံးတာ တွေ့နိုင်ပါတယ်။

တကယ်တော့ ရန်ကုန်မှာ BRT စနစ်ပြေးဆွဲဖို့ အသံထွက်နေတာ နည်းနည်းတောင် ကြာနေပါပြီ။ မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေက ရန်ကုန် သယ်ယူပို့ဆောင်ရေးကို စနစ်တကျ လေ့လာပြီးမှ လုပ်သင့် လုပ်ထိုက်တယ်လို့ တင်ပြပြီးမှ ထွက်ပေါ်လာတဲ့ အစီအစဉ် တော့မဟုတ်ပါဘူး။ ကုမ္ပဏီတွေက လုပ်ချင်တယ်ဆိုပြီး ရန်ကုန်တိုင်း အစိုးရကို တင်ပြ၊ ရန်ကုန်တိုင်း အစိုးရကလည်း စမ်းကြည့်ပေါ့ ဆိုပြီး ခွင့်ပြုပေးလိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

တကယ်တော့ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး စနစ် အလွန်ညံ့ဖျင်းပါတယ်။ တစ်ဖက်မှာ ပြည်သူလူထု လိုအပ်ချက်လည်းရှိ၊ စီးပွားရေးသမား လုပ်ငန်းရှင်တွေကလည်း လုပ်ကိုင်ချင်ကြတဲ့တိုင် ရန်ကုန်မြို့တော်ကို အုပ်ချုပ်နေသူတွေရဲ့ စီမံခန့်ခွဲမှု အလွန်အားနည်းတာကြောင့် ပေါ်ပေါက်လာတဲ့ ပြသနာပဲဖြစ်ပါတယ်။ နမူနာအားဖြင့် နေ့စဉ် ပြည်သူ ထောင်နဲ့ချီ သွားလာနေကြတဲ့တိုင်၊ အလွန်အရေးပါတဲ့ လမ်းကြောင်း ဖြစ်တဲ့တိုင် ရန်ကုန်လေဆိပ်နဲ့ မြို့လည် ပြေးဆွဲတဲ့ ဘတ်စ်ကားစနစ် ကောင်းကောင်းမရှိပါဘူး။ တက္ကစီ စနစ် ကောင်းကောင်း မရှိပါဘူး။ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့သူတွေ၊ လေဆိပ်သွားမယ့်သူတွေဟာ အဆင်ပြေသလို တစ်ဦးချင်း တက္ကစီတွေနဲ့ သွားလာရပြီး ဈေးနှုန်းလည်း ကြီးမြင့်ပါတယ်။

မြို့တွင်းနဲ့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်၊ မြို့တွင်းနဲ့ လှိုင်သာယာ အဝေးပြေးကားဂိတ် သွားလာရေးဆို ပိုတောင် ဆိုးပါသေးတယ်။ စနစ်ကျတဲ့ ဘတ်စ်ကားလိုင်း၊ သီးသန့် တက္ကစီလိုင်းတွေ မရှိတော့ သွားရလာရ ခက်ခဲပြီး ဈေးလည်း ကြီးပါတယ်။ ရန်ကုန်မြို့လည် ဆူးလေ ပတ်ဝန်းကျင်ကနေ အောင်မင်္ဂလာဂိတ်ကို တက္ကစီ ငှားရင် ကျပ်ငွေ ၈၀၀၀ လောက်ပေးရပါတယ်။ ဒါဟာ မိုင် ၁၉၀ လောက် ဝေးပြီး ကျပ် ၅၀၀၀ ကျော်ပဲ ပေးရတဲ့ ရန်ကုန်- မော်လမြိုင် အဝေးပြေးဘတ်စ်ကားခ ထက် ဈေးပိုကြီးမြင့်နေတာ တွေ့မြင်နိုင်ပါတယ်။ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေ့စဉ် အဲဒီ ဒုက္ခ ခံစားနေကြရပါတယ်။

မြို့တွင်း ဘတ်စ်ကားပြေးဆွဲမှုမှာလည်း ဒီနည်းအတိုင်းပါပဲ။ ဘတ်စ်ကားလိုင်း စီစဉ်ထားမှုတွေ စနစ်မကျတော့ အချို့လမ်းတွေမှာ ကား မရှိသလောက် ရှားပေမယ့် အချို့ လမ်းကြောပေါ်မှာတော့ ကားလိုင်းတွေ ထပ်နေပါတယ်။ ကားလိုင်းပြေးဆွဲတဲ့ ပုံစံကလည်း ယာဉ်လိုင်းတစ်လိုင်းထဲ ဖြစ်နေတဲ့တိုင် ကားတစ်စီးစီကို အုံနာကြေးသတ်မှတ်ပြီး ပြေးဆွဲခိုင်းတဲ့ စနစ် ကျင့်သုံးနေကြတာကြောင့် တွက်ခြေကိုက်အောင် လူပြည့်အောင် စောင့်ပြီးတင်တာ၊ တစ်စီးနဲ့ တစ်စီး အပြိုင်မောင်းပြီး လူရအောင် ကြိုးစားတာ စတဲ့ ပြသနာတွေ ဖြစ်ပေါ်စေပါတယ်။ မထသ လို အဖွဲ့အစည်းတွေရဲ့ စနစ်တကျ စစ်ဆေးမှု မရှိတာကြောင့် ပြည်သူတွေ စီးနင်းဖို့ မသင့်လောက်အောင် ချို့ယွင်းနေတဲ့ ဘတ်စ်ကားတွေကိုလည်း ကားလိုင်းတွေထဲမှာ တွေ့မြင်ကြရပါတယ်။ ပြောရရင် ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး စနစ်မှာ ပြုပြင်ဖို့၊ ပြောင်းလဲဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေတာတွေကို မလုပ်ပဲ ကုမ္ပဏီတစ်ခုက တင်ပြလာတဲ့ BRT စနစ် ကျင့်သုံးဖို့ လုပ်လာတာဟာ အဆင်ပြေနိုင်ဖွယ် မရှိပါဘူး။

အလားတူပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ပို့ဆောင်ရေးဝန်ကြီးနဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခုဟာ iPay ဆိုတဲ့ ကုမ္ပဏီ ထူထောင်ပြီး ဘတ်စ်ကားပေါ်မှာ ကားခကို ငွေပေးကဒ်စနစ် အသုံးပြုဖို့ တင်ပြခဲ့ပါသေးတယ်။ ၀န်ကြီးဌာနကလည်း ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်း တကယ်လိုအပ်ချက်လည်း မဟုတ်၊ ပြည်သူတွေရော၊ ဘတ်စ်ကားဆရာတွေပါ အသုံးမပြုတော့ ဒီ စနစ် ပျောက်ကွယ်လုနီး ဖြစ်နေပါပြီ။ ဒီအတွက် ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကုမ္ပဏီတွေ တင်ပြလာတာကို လိုက်ပြီး အကောင်အထည် ဖော်နေမယ့်အစား ကိုယ့်ဖာသာကိုယ် မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် ရဲ့ လိုအပ်ချက်တွေကို စနစ်တကျ အကောင်အထည် ဖော်တာကသာ ခရီးသွားပြည်သူတွေအတွက် ပိုကောင်းမွန်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့်
VOA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.