08/25/14
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ်၊ အော်ကြီး ကျေးရွာအုပ်စု ၊ သရက်ပင်ကျေးရွာ ရှိ ဓမ္မာရုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးချစ်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းအောင်တို့ ဦးဆောင်သောအဖွဲ့သည် ဘြဂုတ်လ ၂၃ ရက်နေ့တွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဦးချစ်သန်းမှ ´´ ပုဒ်မ ၅၉(စ)၊ ပြင်ဆင်ရေးပုဒ်မ ၄၃၆ တို့နှင့် ပက်သက် ပြီးအဓိကပြောသွားတယ် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံခြားသားနဲ့ယူထားတယ်၊ ကုလားနဲ့ယူ ထားတဲ့အတွက် ပုဒ်မ ၅၉(စ) နဲ့ငြိစွန်းနေကြာင်း သူမသာ သမ္မတဖြစ်ရင် မြန်မာနိုင်ငံရဲ့အနာဂါတ် နိုင်ငံရေးကို ပိုမိုရှုတ်ထွေးပြီး ဆိုးဝါးသွားမည်ဖြစ် ကြောင်း၊ ပြင်ဆင်ရေးပုဒ်မ ၄၃၆ နှင့် ပက်သက်ပြီးလည်း NLD က ဦးဆောင်ပြီးလုပ်နေတယ် ဒီ ၄၃၆ ဟာ ဘယ်လိုဘဲလုပ်လုပ် လွတ်တော်ကို သက်ရောက်မှာမဟုတ်ပါဘူး ´´ ဟု ဒေါ်အောင်ဆန်းစုကြည်၏ သိက္ခာပိုင်းဆိုင်ရာ နှင့် ပြည်သူလူထု၏ ပြင်ဆင်ရေးပုဒ်မ ၄၃၆ အပေါ်တွင် ထားရှိသော ဆန္ဒတို့အား တိုက်ခိုက် ပြောဆိုသွားသည်ဟု သရက်ပင်ကျေးရွာ နေ ရွာသားတစ်ဦးထံမှ သိရသည်။
ယင်းပြောဆိုမှုနှင့်ပက်သက်ပြီး ဒီပြောဆိုမှုဟာ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က တားမြစ်သင့်တယ် ပါတီတစ်ခုကအကြီးကဲတစ်ဦးက တခြားပါတီမှ အကြီးကဲတစ်ဦးကို သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်ပြောဆိုတာဘဲ၊ ဒါက ပြစ်မှုထင်ရှားရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရဆိုရင် ပါတီကိုပယ်ဖျက်နိုင်တဲ့အထိအရေးယူနိုင်တယ် ဒါပေမယ့်လည်း ဗျူဟာမှူးကတောင် အဘ အဘ လို့ခေါ်နေရတယ့် အရှိန်အ၀ါက ရှိသေးတော့ ကော်မရှင်ရဲ့မျှတတဲ့ အရေးယူဆောင်ရွက်မှုကိုတော့ မမျှော်လင့်ရဲပါဘူးလို့ ဒေသခံ NLD အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးသည်၊
ဗိုလ်ချုပ်ဟောင်း ဦးချစ်သန်းသည် တြိဂံတိုင်း စစ်ဌာနချုပ်၏ စစ်တိုင်းမှူးတစ်ဦး ဖြစ်ခဲ့ပြီး ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်၌ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီအား ရှုးံနိမ့်ခဲ့သူဖြစ်သည်၊ ဘုတ်ပြင်းမြို့နယ် တောင်ဒဂုံ ဆီအုန်းကုမ္ပဏီ၏ အကြီးကဲတစ်ဦးလည်းဖြစ်သူ ဦးချစ်သန်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘုတ်ပြင်းမြို့နယ်၌ လွတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေး
ခံရန် သတင်းထွက်ပေါ်လျှက်ရှိသူ ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၄ ကြားဖျက်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနီးလာသည်နှင့် တစ်ပြိုင်တည်းပြည်ခိုင်ဖြိုးပါတီမှအကြီးကဲ
များသည် ပြည်သူများနှင့်ထိတွေ့စည်းရုးံရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျင့်၊ သိက္ခာ တို့ကိုထိခိုက်စေသည့် နည်းလမ်းများဖြင့် ပြည်သူများအား ထင်ရောင်ထင်မှားဖြစ်အောင် ပြုလုပ်လာသည်ကိုတွေ့လာရပြီး ယင်းဖြစ်စဉ်မတိုင်မှီကလည်း တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာရေးဝန်ကြီး ဦးသိန်းလွင်မှကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာ၌ (၂၉.၇.၂၀၁၄) ရက်နေ့တွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာငြိမ်းချမ်းဆိုသူမှ အပုတ်ချထားသည့် ဗွီစီဒီအခွေများအား ကျေးရွာတွင် ဖြန့်ဝေခြင်းအပေါ် ကျွန်းစုမြို့နယ်အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ကိုထောက်ခံသူပြည်သူများ မကြေမနပ်ဖြစ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
Nld Kawthaung
၁၉၆၂မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရလက်ထက်ကစပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ အရပ်သားအစိုးရတက်လာပြီး ၃နှစ်ကျော်လာတဲ့အထိ မြန်မာပြည်မှာ ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူး။ ဗကသများအဖွဲ့ချုပ် ဘာလို့ပြန်မဖွဲ့နိုင်တာလဲ။
ဗကသများအဖွဲ့ချုပ်ဖြစ်လာဖို့အတွက် ၂ဝ၁၂မှာ ဗဟိုစည်းရုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ပေမယ့် အခုအချိန်ထိ ကျောင်းသားသမဂ္ဂအဆင့်ဆင့်နဲ့ ပေါင်းစည်းထားတဲ့အဖွဲ့ချုပ်ဖြစ်လာဖို့ အခက်အခဲတွေ အများကြီးရှိတယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။ ဒီမိုကရေစီအမြစ်မတွယ်သေးတဲ့ အခက်အခဲနဲ့ တစ်နိုင်ငံလုံးမှာ ကျောင်းသားသမဂ္ဂတွေ အားကောင်းဖို့ လက်လှမ်းမမီသေးတာလည်း ရှိသလို ကျောင်းသားတွေမှာ အသင်းအပင်းနဲ့လုပ်ဆောင်တတ်တဲ့ အလေ့အထတွေ အားနည်းနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတဲ့ကိစ္စကို မြန်မာအစိုးရကိုယ်တိုင်က မချင့်မရဲဖြစ်နေပုံရှိပြီး ကျောင်းသားသမဂ္ဂဆိုရင် လက်ဝဲယိမ်းတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိခဲ့ပြီး အခုလည်း အဲဒီအမြင်သဘောထား ရှိနေဆဲပဲလို့ ဗကသလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုညိုထွန်းက ပြောပါတယ်။
ဗကသများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းနိုင်မယ်ဆိုရင် ခေတ်သစ်မှာ ထက်မြက်တဲ့နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်ထွက်လာမှာဖြစ်တာကြောင့် ၈၈မျိုးဆက်ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေက လက်ရှိမျိုးဆက်သစ်တွေကို ဝိုင်းဝန်းကူညီပေးဖို့လိုတယ်လို့ ပြောပါတယ်။
လာမယ့် ၂ဝ၁၅ခုနှစ် မေလမှာတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံကို ခေါ်ယူမှာဖြစ်ပြီး အဲဒီကနေ စည်းမျဉ်းစည်းကမ်းတွေ၊ သဘောတူညီချက်တွေချမှတ်နိုင်ဖို့၊ ဒီမိုကရေစီနည်းကျ ကျောင်းသားခေါင်းဆောင်တွေ ရွေးကောက်ဖို့နဲ့ ဗကသများအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်လာဖို့ ကြိုးစားသွားမယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။
အကွဲအပြဲများလွန်းတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းလို တကျော့ပြန်မဖြစ်စေလိုဘဲ ကျောင်းသားအားလုံး ညီလာခံမှာ စုစည်းပြီး ဗကသများအဖွဲ့ချုပ်ပြန်လည်ပေါ်ပေါက်ဖို့တည်ဆောက်ရေးအတွက် အချိန်ယူနေတာဖြစ်တာလို့ ပြောပါတယ်။ အစိုးရကို ကြောက်လို့တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကျောင်းသားတွေဟာ ပြည်သူ့တပ်ဦးဖြစ်တာကြောင့် အစိုးရအနေနဲ့ ဒီနေ့လိုအချိန်အခါမှာ နှိပ်ကွပ်မယ်ဆိုတဲ့စိတ်မျိုး ထားလို့မရသလို ကျောင်းသားတွေဘက်ကလည်း တိုက်မယ်ဆိုတဲ့စိတ်နဲ့မဟုတ်ဘဲ နှစ်ဖက်စိတ်ရှည်ရှည်နဲ့ စေ့စပ်ဆွေးနွေးရမယ်လို့ ကိုညိုထွန်းက ပြောပါတယ်။ ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းတဲ့အခါ သမဂ္ဂရင်ပြင်မှာ တာဝန်လွှဲအပ်ရမယ်လို့ သူက ပြောပါတယ်။
Kamayut media
ထူးအိမ်သင်အမှတ်တရ ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၃ရက်နေ့က ရန်ကုန်မြို့Myanmar Event Park မှာ အဆိုတော် ၃ဝကျော်က ထူးအိမ်သင်ရဲ့သီချင်း ၄၇ပုဒ်နဲ့ ဖျော်ဖြေတဲ့ပွဲကို ပရိသတ်ထောင်နဲ့ချီပြီး အားပေးခဲ့ကြပါတယ်။
Iron Cross အဖွဲ့အပါအဝင် ဂီတအဖွဲ့တွေ၊ နာမည်ကျော်အဆိုတော်တွေနဲ့အတူ ထူးအိမ်သင်ရဲ့သမီး မိကွန်ထောနဲ့ ညီဖြစ်သူ အဆိုတော် ဒီမွန်တို့ကလည်း ထူးအိမ်သင်ကွယ်လွန်ခြင်း ၁ဝနှစ်ပြည့်အမှတ်တရအဖြစ် ပါဝင်သီဆိုခဲ့ကြပါတယ်။
ချစ်ခြင်းအားဖြင့် ဂီတဖျော်ဖြေပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေက ထူးအိမ်သင်ရဲ့သီချင်းအားလုံးကို ရနေတာကြောင့် သူ့သီချင်းတွေကို ပြန်ဆိုရတာ တာဝန်သိပ်ကြီးသလို အရမ်းကို သတိထားပြီး ဆိုခဲ့ရတယ်လို့ ကော်နီက ပြောပါတယ်။ ကိုငှက်လို့ သူ့ကိုချစ်တဲ့သူတွေခေါ်ကြတဲ့ အဆိုတော်ထူးအိမ်သင်လို ဂီတပညာရှင် ပေါ်လာဖို့ဆိုတာ ဒီခေတ်မှာ မဖြစ်နိုင်တော့တဲ့အကြောင်းနဲ့ ကိုငှက်ကိုချစ်သလို မိကွန်ထောကိုလည်း အားပေးကြပါလို့ ကော်နီက ဆိုပါတယ်။
မူလတန်းကျောင်းသားဘဝကတည်းက ရူးရူးမူးမူး အားပေးခဲ့တဲ့ ပရိသတ် ကိုသိန်းထူးအောင်က ထူးအိမ်သင်သီချင်းတွေကို ထူးအိမ်သင်ကလွဲလို့ ဘယ်သူဆိုတာကိုမှ မကြိုက်ပေမယ့် အခြားအဆိုတော်တွေ သူ့သီချင်းကို ပြန်ဆိုကြတဲ့အပေါ်ဝေဖန်မှုတွေရှိနေပေမယ့် ပရိသတ်တွေအားလုံး ထူးအိမ်သင်ကို သတိရနေကြတယ်လို့ ပြောပါတယ်။ နာရီပေါ်ကမျက်ရည်စက်များနဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်းကို ပြန်နားထောင်ချင်တယ်လို့ ဆိုပါတယ်။
သူအမြဲလေးစားရတဲ့ အစ်ကိုတစ်ယောက်လိုဖြစ်နေတဲ့ ကိုငှက်ရဲ့ပွဲမှာ စိတ်လှုပ်ရှားတာထက် ပိုပြီးသတိရနေပြီး လွမ်းဆွတ်ခြင်းများစွာနဲ့ သူ့သီချင်းကို သီဆိုနေမိမှာပါလို့ အဆိုတော် ဇော်ပိုင်က ပြောပါတယ်။
လမ်းဘေးဂီတာဝိုင်းတွေမှာ ကိုငှက်ရဲ့သီချင်းတွေ သီဆိုနေကြ ဦးကိုကိုကတော့ မန္တလေးကနေ ဒီအမှတ်တရအတွက် တကူးတကလာအားပေးသူပါ။ ထူးအိမ်သင်သီချင်းတွေကို ပြန်ဆိုတဲ့အဆိုတော်တွေ ကိုယ်ပိုင်ဟန်ရှိသင့်ပြီး လာအားပေးတဲ့ပရိသတ်တွေကိုလည်း ကိုငှက်ကိုယ်စား အရမ်းကျေးဇူးတင်တယ်လို့ ပြောပါတယ်။
Kamayutmedia
      ၂၂.၈.၂ဝ၁၄ ရက်နေ့တွင် ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) သည် အောင်လံမြို့နယ် သို့ “ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း” ၏ နယ်လှည့်ဆေးကုသမှုအစီအစဉ်နှင့်အတူကြွရောက်၍လူနာ
များအား အားပေးမည်ကို သိရှိရသည့်အတွက် ဆရာတော်ကြီး၏ တပည့်တစ်ဦးမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ တည်ထားကိုးကွယ်မည့် ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိနှင့် တစ်မိုင် နှစ်ဖာလုံအကွာ တောင်ကုန်းပေါ်ရှိ "မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်" သို့ ပင့်ဖိတ် လျှောက်ထားခဲ့ရာ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နဝဒေးတံတား၌ ခရီးဦးကြိုခဲ့ပြီး ပရဟိတစေတီတော် အား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့သည်။ ဆရာတော်မှ ဤပရဟိတစေတီတော်၏ တည်ဆောက်မှု
ပုံစံ သည် ပုဂံစေတီ ပုထိုးတော်များ၏ တည်ဆောက်မှုဖြစ်သည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်ကြောင်း မိန့်ကြား၍ ဘီလူးခံဘုရား၊ နဂါးရုံဘုရားနှင့် စိမ့်ရေထွက်ရှိသည့် နေရာများအား စိတ်ဝင်တစား လေ့လာ ကြည့်ရှုခဲ့ပြီး အဓိကကျသည့် ဗောဓိညောင်ပင်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ကျွန်တော်မှ ယင်းဗောဓိ ညောင်ပင်အား ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ယခုလက်ရှိ အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်းမှအမှတ်တရလက်ဆောင်မွန်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် မှ ရန်ကုန်မြို့သို့ ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော် (အနိစ္စဆရာတော်ကြီး) ထံ လှူဒါန်းခဲ့ပြီး ပခုက္ကူ ဆရာတော်ကြီး ပျံ လွန်တော် မမူစဉ်၌ "ဟို … နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကို သွားပေးလိုက်ပါ" ဟူ၍ တပည့်များ အား မိန့်ကြားခဲ့ကြောင်း ရှင်းလင်းပြောကြား၍ ဆရာတော်မှ အံ့သြမိခဲ့သည်။
စိုက်ပျိုးချိန်တွင် အင်မတန်ပူပြင်း လွန်းလှ၍ အပင်သေပြီဟု ထင်ခဲ့ရပြီး အပင်အောက်ခြေမှ အပင်ပေါက် (၄) ပင် ပေါ်ထွက်လာသည်ကို ဆရာတော်အား ရှင်းပြခဲ့ရာ ဆရာတော်မှ အဓိပ္ပါယ်များစွာရှိသော အပြုံး
ဖြင့် ဗောဓိညောင်ပင်အား ကြည့်ရှု နေတော့သည်။
ထို့နောက် ကျွန်တော်တို့ဇနီးမောင်နှံ မင်္ဂလာသက်တမ်း (၃၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပဉ္စဂံ စာပေတိုက်မှ အမှတ်တရထုတ်ဝေသည့် “ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာ” စာအုပ်နှင့် ဖိတ်စာ အား ဆက်ကပ်ခဲ့ရာ ဆရာတော်မှ ကိုယ်တိုင်ရေးသားခဲ့သည့် “ပရဟိတစိတ်ဓါတ်” စာအုပ်များအား ပြန် လည်ပေးအပ်၍ လက်ခံခဲ့ပြီး ယင်းစေတီတော်၌ ပရဟိတစိတ်ဓါတ်များ တိုးပွားစေရန် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်သင်ကြားရန် အကြံပြုခဲ့သည်။ ဆရာတော်မှ ၂၆.၈.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၌ ပရဟိတစေတီတော်နှင့် ပတ်သက်၍ လှူဒါန်းမည်ဟု မိန့်ဆို၍ ပြန်လည် ထွက်ခွာခဲ့သည်။
    ထို့ကြောင့် ပရဟိတတောင်ကုန်းပေါ်တွင် သာသနာ့အာဇာနည် အရှင်ဆန္ဒဓိက (ရွှေပါရမီ တောရ)နှင့် ကျွန်တော် ပရဟိတသမားတစ်ဦးတို့ ပရဟိတစိတ်ဓါတ်ခြင်း ဖလှယ်ရာ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ခဲ့ သည် ဟုဆိုလျှင် လွန်အံ့မထင်။
(မှတ်တမ်း - ဓါတ်ပုံများ)
သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံ.... နာရေးကူညီမှုအသင်း(ရန်ကုန်)
Author Name
Contact Form
Name
Email *
Message *
Powered by Blogger.