08/27/14

(၁)

ပုဒ်မ ၄၃၆ ပြင်ဖို့အတွက်...
ပြည်သူ (၅) သန်းနီးပါး လက်မှတ်ထိုးထားပါတယ်

ဒါတောင် ..

အစိုးရမီဒီယာနဲ့ခရိုနီမီဒီယာအားကိုး..
မြို့နယ်၊ ခရိုင်၊ ရပ်ကွက်က ..
အုပ်ချုပ်ရေးမှုးတွေရဲ့ ပါဝါအားကိုး..
များပြားလှတဲ့ ငွေကြေးသုံးစွဲမှုတွေအားကိုး.တွေနဲ့..
လုပ်ဆောင်ခဲ့တာ လုံးဝမဟုတ်ပါဘူး..။

ကလိမ်ကကျစ်လုပ်ပြီး...
လက်မှတ်အတုထိုးတာလဲမဟုတ်ပါဘူး..

လွပ်လပ်စွာ လက်မှတ်ရေးထိုးပြီး..
တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်စုပြောခဲ့သလို...
လူငါးသန်းက ပွင့်လင်းလွပ်လပ်စွာလက်မှတ်ထိုးတာမျိုး
မျက်မှောက်ခေတ်မှာ လုံးဝ(လုံးဝ) မရှိခဲ့ဖူး ဆိုတာပါပဲ..။

--------------------

(၂)

ဒီလိုပြင်းထန်တဲ့ ၄၃၆ ပြင်မဲ့ လူထုလှိုင်းကြောင့်..
အစိုးရဟာ...ရာဇပလ္လင်လှူပ်လာပြီး.
ပြုပြင်ပြောင်းလဲမှု တတိယအဆင့်အရှိန်အဟုန်
မြှင့်တင်ခြင်း ( Third Wave) ဆိုပြီး..
ကမန်းကတန်း စတင်ခဲ့တာကို ..
သတိထားမိပါတယ်

အဲဒီရဲ့ လုပ်ကွက်တွေအဖြစ်...
အချို့ဝန်ကြီးတွေကို...
ဖြုတ်ထုတ်သတ်လုပ်ပြခဲ့ပါတယ်..၊

တစ်ဘက်မှာက..အဲဒီလိုလုပ်ပြနေပေမဲ့..
တစ်ဘက်မှာက..
တကယ့်ကို.ကြီးမားတဲ့ချစားမှုတွေအပါဝင်
ကျူးလွန်ခဲ့ကြသူတွေကို..
မသိချင်ယောင်ဆောင်ခဲ့ကြပါတယ်၊
အခွင့်အရေး ဟ..ပေးဆဲဖြစ်ပါတယ်..။

ဒါပေမဲ့ သေချာတာက...

အစိုးရသက်တမ်းဟာ...
အချိန်ဘာမှမကျန်တော့တဲ့အတွက်..
အစိုးရရဲ့ တတိယလှိုင်းဟာ...
အားမပါလှပါဘူး...

အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ ...
စိတ်ဓာတ်တွေက...
နှစ်ပေါင်းများစွာပျက်စီးယိုယွင်းနေတဲ့အတွက်
တခဏနဲ့ ပြင်ဆင်ဖို့ဆိုတာ.ဘယ်လိုမှမဖြစ်နိုင်ပါဘူး..

ဘာလို့လဲဆိုတော့..တစ်ချို့လူတွေဟာ..
ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုယ်တိုင်
မှောက်စားထားတဲ့ ..
စားနေကျကြောင်ဖါးတွမို့ပါပဲ..

သမ္မတနဲ့ကာချုပ်တောင်..
ဦးသန်းရွှေ တင်ပေးတဲ့မင်းသားတွေ
ဖြစ်နေတာကိုး..။

အဲဒါကြောင့်...
အဲဒီတတိယလှိုင်းရဲ့ဒဏ်ကိုလဲ..
အစိုးရကပဲ ပြန်ပြီး ...
အရိုက်ခံရမဲ့အနေအထားရှိနေပါတယ်..၊

-------------------------

(၃)
ထပ်ပြီး အခြေအနေဆိုးသွားစေတာ..တစ်ခုရှိပါတယ်..

အဲဒါကတော့..

ဖွှံ့ဖြိုးမှု ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ..
မြန်မာနိုင်ငံဟာ...နောက်ဆုံးစာရင်း
ဝင်နေခြင်းပဲဖြစ်ပါတယ်...
အာဆီယံမှာလဲ နောက်ဆုံးပဲဖြစ်ပါတယ်..

ဒီကိန်းကဏန်းမျိုးတွေဟာ...
၂၀၁၀ ရွေးကောက်ပွဲကာလမှာ..
ဖွတ်ပါတီ တိုင်းပြည်ကို စာရင်းလိမ်ပြသလို
လိမ်ပြတဲ့ ကိန်းဂဏန်းအဆင့်တွေမဟုတ်ပါဘူး..

ကမ္ဘာ့ကျွမ်းကျင်အဖွဲ့အစည်းတွေက..
စနစ်တကျ သုတေသနပြုထားတာဖြစ်ပါတယ်..

ဒါကို ဖင်ပိတ်ကာကွယ်ပြီး..
အစိုးရသတင်းမှာ တိုးတက်မှုအတုအယောင်တွေကို
ကြေငြာပြသနေလို့မရပါဘူး..၊

နိုင်ငံတကာကျွမ်းကျင်သူတွေနဲ့
ကိုယ့်အခြေနေကိုယ် အစစ်ဆေးခံနိုင်လား..ဆိုတာ
ကိုယ်ပဲသိမှာပါ...။

ကိုယ့်ဘာသာကိုယ် တိုးတက်တယ်လို့
ဖင်ပိတ်အော်ဟစ်နေခြင်းဟာ...
နအဖခေတ်က လုပ်ခဲ့ပြီးတဲ့
လုပ်ကွက်တွေဖြစ်နေလို့ပါပဲ...

ရှေးရှေးတုန်းက ဘုရင်တွေလို..
ခပ်မွဲမွဲ အရပ်ဝတ်ဝတ်ပြီး..
လူမသိသူမသိ တိုင်းပြည်ကိုလေ့လာမှပဲ
တိုင်းပြည်အကြောင်းသိရမှာပါ..

၂၄ နာရီ ရေမီးအစုံ ရရှိနတဲ့
နေပြည်တော်မြို့ရဲ့. မြို့မဈေးလောက်ကို လည်ပတ်ပြီး
ဓာတ်ပုံရိုက်ပြလို့လဲ..
တိုင်းပြည်အခြေအနေကို မသိနိုင်ပါဘူး...

-----------------------

(၄)

ကုန်ကုန်ပြောရရင်..

ဖွတ်အစိုးရရဲ့ အသက်ဟာ...ငင်နေပြီဖြစ်ပါတယ်.။

ဒီအစိုးရသက်တမ်းအတွင်းမှာ..

လုပ်ပိုင်ခွင့်အာဏာတွေကို
အပြည့်အ၀ အသုံးချပြီး ..
အတိုက်အခံတွေကို..အင်အားလျော့ပါးအောင်..
လူထုထောက်ခံမှုလျော့နည်းအောင်...
ဘာသာရေးနည်းအပါအ၀င် နည်းပေါင်းစုံနဲ့လုပ်တာရယ်..

စစ်အာဏာရှင်တွေကို ပြည်သူက..အပြစ်ပြောပြီး
အပြစ်ပုံချမဲ့ အနေအထားတွေကို ကာကွယ်ပေးတဲ့
အလုပ်တွေရယ်

ပြည်သူတွေကစစ်အာဏာရှင်ဟောင်းကို
လက်ညှိုးထိုးတရားစွဲလို့ရတဲ့
တခြားနိုင်ငံတွေဆီက..
စစ်အာဏာရှင်တွေချေးခဲ့တဲ့အကြွေးတွေကို
လိုက်ဆပ်ပေးနေရင်းနဲ့ ဗျာများနေပြီး..
ဟိုဘက်ကပြန်ချေးပြီး...ဒီဘက်ကိုပြန်ဆပ်တဲ့...
ငွေလှည့်ဆပ်တဲ့အလုပ်တွေရယ်ကလွဲရင်.

ကျန်တာ ဘာမှ လုပ်ကိုင်သွားတယ်လို့ကို
မမြင်မိတာ အမှန်ပါ...၊

ဒီနှစ်တွေအတွင်းမှာ...
ဘာသာရေးအရေးအခင်းတွေကြောင့်
နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာ
ရှဲထွက်သွားတာတွေ...၊
နာမည်ကောင်းမရခဲ့တာတွေဟာလည်း..
အစိုးရအနေနဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိ..
ဘယ်သူမပြုမိမိမှု အနေနဲ့ ငြိမ်နေရပါတယ်..။

------------------

ဖွတ်တွေအများစုကြီးစိုးနေတဲ့..
ချွတ်ချော်တဲ့လွှတ်တော်မှာလည်း..

တိုင်းပြည်အတွက် ၊ ပြည်သူအတွက် အဓိကကျတဲ့
အချက်တွေမဆွေးနွေးပဲ PR ကိစ္စတွေဘာတွေကအစ
အတိုက်အခံပါတီတွေကို အနေအစားကြပ်အောင်
လုပ်တာကလွဲရင်...ဘာမှမလုပ်ကြတော့ပါဘူး..၊

ဘယ်သူ့အသံ လွှတ်တော်အသံ..လဲတော့
မသိပါဘူး..။

----------------------------

(၅)

ဘာပဲပြောပြော...၊

ကျွန်တော်တို့ဟာ...
၄၃၆ ပြင်ဖို့အတွက်...
ပြည်သူ ၅ သန်းက..
လွပ်လပ်တဲ့စိတ်ဆန္ဒနဲ့
လက်မှတ်ထိုးတောင်းဆိုပြီးပါပြီ..

လက်မှတ်မထိုးရသေးတဲ့..
ပြည်သူပေါင်းများစွာကလဲ ဆန္ဒရှိကြမှာပါ..

ကျွန်တော်တို့ဟာ..

ဒီအခြေနေကောင်းကို..
လက်လွှတ်လို့မဖြစ်သလို..

လက်လွတ်ခံလို့လဲမဖြစ်ပါဘူး..

အသက်ငင်နေတဲ့..အာဏာရှင်အနွယ်တွေကို
ဒီတစ်ကြိမ်မှာဖယ်ရှားပစ်ဖို့...အခွင့်အရေးကောင်းကို
အမြတ်ထုတ် တတ်ရမှာဖြစ်ပါတယ်..၊

ကဲ....

ညီစေပါ ...သူငယ်ချင်းတို့

( Pa Yit)

စမ်းသပ်ဆေးဝါးတစ်မျိုးသည် မားဘက်ဗိုင်းရပ်စ် ၃ ရက်ကြာ ကူး စက်ခံထားရသည့် မျောက် များတွင် ရောဂါပိုးပြန့်ပွားခြင်းအား အောင်မြင် စွာ ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။

မားဘက်ဗိုင်းရပ်စ်မှာ အီဘိုလာဗိုင်းရပ်စ်နှင့် ဆက်နွှယ်မှုရှိသည့် မျိုးစုတူ ဗိုင်းရပ်စ်ဖြစ် သည်။ ဆေးသိပ္ပံပညာရှင် များ၏ စမ်းသပ်မှုတွင် မားဘက်ဗိုင်း ရပ်စ် ကူးစက်ခံမျောက် များအနက် စမ်း သပ်ဆေး အသုံးပြုကုသခဲ့သည့် မျောက် ၁၆ကောင်မှာ အသက်ရှင် ခဲ့ပြီး ကုသမှုမခံယူခဲ့သည့် မျောက် ၅ ကောင်မှာ ၉ ရက်အတွင်း သေ ဆုံးခဲ့သည်။

အန်ဂိုလာနိုင်ငံတွင် မားဘက် ဗိုင်းရပ်စ် ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် တိရစ္ဆာန်များ အား ဆေးဝါးဖြင့်ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကုသနည်းက အီဘိုလာ ကူးစက်ခံလူနာများတွင်ပါ အောင်မြင်မှုရနိုင်သည်ဟု ဆရာဝန်များက အကြံပြုထား သည်။ ဗိုင်းရပ်စ် ၏ အခြေအနေအဆင့်ဆင့်တွင် ကုသရန် ထိုဆေးအား ZM app ကဲ့သို့ အခြား စမ်းသပ်ဆေးဝါးများဖြင့် ပေါင်း စပ်အသုံးပြုနိုင်မည်ဟု ဆိုသည်။

အီဘိုလာနှင့်မားဘက်ဗိုင်းရပ်စ် တို့သည် ဖီလိုဗိုင်းရပ်စ်မိသားစုဝင်များ ဖြစ်ပြီး လူ၊ မျောက်နှင့် အခြားတိရစ္ဆာန် များတွင် ပြင်းထန်သည့် အဖျားရော ဂါနှင့် ကိုယ်တွင်းသွေးယိုစီးမှု များ ဖြစ်ပေါ်စေသည်။ ဖီလိုဗိုင်းရပ်စ်များ သည်ရောဂါရှိသူ၏ ခန္ဓာကိုယ်မှထွက် ရှိသည့် အရည်များဖြင့် ထိမိရာမှ ကူး စက်လေ့ရှိသည်။

ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်တွင်းဝင် ရောက်ပြီးချိန်တွင် ဆဲလ်တစ်ခု၏ မျက်နှာပြင်ကို တွယ်ကပ် ၍ ဗိုင်းရပ်စ် RNA အား ဆဲလ်အသွင် ထိုးသွင်းတတ်သည်။ ထိုအခါ လက်ခံဆဲလ် တွင် ဗိုင်းရပ်စ် များပွားများလာကာ အခြားဆဲလ်များသို့ ထပ်မံကူးစက် လေ့ရှိသည်။

ရောဂါကူးစက်ခံရပြီး ၂ ရက်မှ ၂၁ ရက်အတွင်း ဖျားနာခြင်း၊ခေါင်း ကိုက်ခြင်း၊ ကြက်သားများ နာကျင် ခြင်းကို ဖြစ်ပေါ်ကာ ၀မ်းသွားခြင်း၊ အော့အန်ခြင်းများ ထပ်မံဖြစ်ပေါ်စေ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ဖျားနာပြီး ၅ ရက်မှ ၇ ရက်အတွင်း နှာခေါင်းနှင့် အခြားအ စိတ်အပိုင်းများမှသွေးယိုစီးခြင်းဖြစ် ပေါ်ကာ သတိလစ်ခြင်း၊သေဆုံးခြင်း များ ဖြစ်စေနိုင်သည်။

မားဘက်ဗိုင်း ရပ်စ်သည် ရောဂါဖြစ်ပွားသူ ၈၈ ရာ ခိုင်နှုန်းအထိ သေဆုံးစေသဖြင့် ဇီဝလက်နက် အဖြစ် အသုံးပြုရန် ကြံ စည်မှုများ ရှိသည်။ ဖီလိုဗိုင်းရပ်စ် များအတွက် အတည်ပြု ထားသည့် ကုသဆေးမရှိသော်လည်း ဆေးအချို့ အား ဆဲလ်များအတွင်း ဗိုင်းရပ်စ်ဝင်ရောက်မှု ကို ကာကွယ်ရန် စမ်းသပ်လျက်ရှိသည်။

KHTun
အတွဲ ၂ အမှတ်စဉ် ၂၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

http://www.7daydaily.com/
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု သတင်းများထွက်ပေါ်နေ၍ ကမ်းစပ်တွင်စောင့်ကြည့်နေသူများကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

ဓမ္မစေတီခေါင်းလောင်းကိုဆယ်ယူရန် သတ်မှတ်ထား သော နောက်ဆုံးနေ့တွင် ခေါင်း လောင်းကြီးတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောကြားလိုက်သည်။

ခေါင်းလောင်း တွေ့ရှိ ကြောင်း အရိယာဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိ အလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ဖုန်းဆက်ကာ ပြောကြားပြီး

၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နဂါးများမှာ အကြီးဆုံးရွှေ ရောင်နဂါးမင်းကြီးနှင့်တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အကြီးအ ကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့် အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်း ထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါကြောင်း ဦးစံလင်းက ဖုန်းမှတစ်ဆင့် ပြန်ကြားရေးအဖွဲ့သို့ ပြောသည်။

‘‘တွေ့တယ်ဆို ဘယ်လို တွေ့လဲ၊ ပြနိုင်လား။ ပြည်သူလူထုကို လှည့်စားရင်တော့ မကောင်းဘူး။ ပြည်သူတွေ အညာမခံရဖို့ လိုတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်’’ဟု မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ဆိုသည်။

မွန်ဓမ္မစေတီခေါင်းလောင်း နှင့် နဂါးမင်း မပတ်သက်နိုင်ဘဲ နဂါးမင်း ပူဇော်သည်ဆိုသည်ကို အယုံအကြည်မရှိကြောင်း၊ မွန်ရိုးရာနတ်များတွင်လည်း နဂါးမရှိကြောင်း၊ ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူနိုင်ခဲ့လျှင်လည်း ဦးစံလင်းသည် ယခင်က အကြိမ်ကြိမ် ဆယ်ယူခဲ့သူဖြစ်သဖြင့် တည်နေရာကို သိရှိနေခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူအချို့က ဆိုသည်။

‘‘ခေါင်းလောင်းအသေးတစ် လုံးတွေ့ရင်တော့ ဇာတ်ကွက်ပဲ၊ သမိုင်းစာအုပ်တွေထဲမှာ ခေါင်း လောင်းအသေးတစ်လုံးမြုပ်တယ် ဆိုတာ မရှိဘူး။ ပုရပိုက်သေတ္တာ တွေ့တယ်ဆိုရင်လည်း လှည့်စား မှုသက်သက်ပဲ’’ဟု မွန်သမိုင်းသု တေသနအသင်း တွဲဖက်အတွင်း ရေးမှူး နိုင်ရဲဇော်က ဆိုသည်။

ခေါင်းလောင်း ရှာဖွေရေး အတွက် စေတနာထားကြသော ရဟန်းရှင်လူပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ် ပြန်ချက်တွင်ပါရှိသည်။ ခေါင်း လောင်းကြီးကို မကြာမီကုန်းပေါ် သို့ အရောက်ဆောင်ရွက်သွား မည်ဟု ဦးစံလင်းက ဆိုသည်။

ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို ကုန်းပေါ်သို့တင်မည် ဟု ပြောထားသော နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်း ရှာဖွေနေမှုကို လာ ရောက်ကြည့်ရှုသူ များပြားခဲ့သည်။ ထိုနေ့၌ပင် ဦးစံလင်းက တွေ့ရှိပြီဟု အတိအလင်း ပြောကြားလိုက်ခြင်းကြောင့် နောက်ရက်များ၌ ကမ်းစပ်တွင် လူပိုမိုများလာနိုင်ပြီး လာရောက်ကြည့်ရှုသူများ အန္တရာယ်မဖြစ်ရန်အုပ်ချုပ်ရေးပိုင်းက ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။

ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ နေထိုင်သည့် သုံးထပ် သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေ သော သောင်တူးသင်္ဘောတို့ ပိုမို နီးကပ်လာသည်ကို တွေ့ရပြီး သင်္ဘောနှစ်စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သော ကြောင့်ဟု လာရောက်ကြည့်သူများက ထင်မြင်နေကြသည်။

သြဂုတ် ၂၆ ရက်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေ သော သောင်တူးစက်အနားသို့ စက်သမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများကို အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားကြောင်း သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း ၏
သတင်းထုတ်ပြန်ချက်


၂၆.၈.၂၀၁၄ နေ. နံနက် ၉း ၃၀ တွင်၇န်ကုန်မြို. ကမ်းနားလမ်းရှိ BRITISH COUNCIL စာကြည့် တိုက်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြိး အင်္ဂလိတ်စာ သင်ကြားပေးနေသောသင်တန်းဆရာ/ဆရာမ များ စာကြည်တိုက်ဝန်ထမ်းများအားတွေ့ ဆုံပြီး မြန်မာနိုင်ငံ၏ပညာရေးစနစ်နှင့်  သင်ကြားပုံစံ များ ကိုဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါ သည်

National League for Democracy

နိုင်ငံတကာတွင် ခေတ်စားနေသည့် Ice Bucket Challenge လှုပ်ရှားမှုတွင် ပါဝင်ရန် စိန်ခေါ်ခံရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းကို စိတ်မဝင်စားဟု တုံ့ပြန်သည်။ ဓာတ်ပုံ - ဘိုဘို

ရေခဲရေပုံးလိုက်ခေါင်းပေါ်သို့ လောင်းချခြင်းဖြင့် ရန်ပုံငွေရှာသည့် ‘‘Ice Bucket Challenge’’တွင် ပါဝင်ရန် စိန်ခေါ်ခြင်းခံထားရသူ သမ္မတ၏ ပြောခွင့်ရပုဂ်္ဂိုလ် ဦးရဲထွဋ်က အဆိုပါလှုပ်ရှားမှုကို စိတ်ဝင်စားခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေသည့် ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုတွင် ပါဝင်ရန် လူမှုကွန်ရက်မှတစ်ဆင့် အမျိုးသမီးတစ်ဦးက ကမ်းလှမ်းလာမှုအပေါ် မဇ္ဈိမက မေးမြန်းရာတွင် ယင်းသို့ ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။

“ကျွန်တော့်အမျိုးသမီးလည်း အရင်တုန်းက ကင်ဆာဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် နှင်းဆီဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ ပါဝင်ပြီး ရောဂါခံစားနေရသူတွေကို ကူညီပေးနေတာပါ။ နိုင်ငံခြားက သူတွေကို ဒေါ်လာပေး မကူညီနိုင်သလို ရေခဲပုံးအလောင်းခံတာကိုလည်း စိတ်မ၀င်စားပါဘူး”ဟု ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ဆိုသည်။

ယင်းလှုပ်ရှားမှုတွင် ပါဝင်သူသည် (အေးစက်နေသော ရေခဲရေပုံးကြီးတစ်ပုံးနှင့် အလောင်းခံရပြီး) မိမိကဲ့သို့အလားတူ ပါဝင်နိုင်မည့် အခြားသူ သုံးဦးကို အမည်တပ် စိန်ခေါ်ခွင့်ရှိသည်။ ထို့ပြင် မိမိရုပ်သံမှတ်တမ်းကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် သက်သေအဖြစ် တင်ပေးရသည်။

အမည်တပ်စိန်ခေါ်မှုကို ငြင်းပယ်ပါက အမေရိကန်နိုင်ငံရှိ ALS ပရဟိတအဖွဲ့သုတေသနလုပ်ငန်းသို့ အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းရမည်ဖြစ်ကာ လက်ခံခဲ့ပါက တစ်ဒေါ်လာသာ လှူဒါန်းရန် သတ်မှတ်ထားကြသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံးအားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့အပါအ၀င် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

ALS အဖွဲ့၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၂ ရက်အထိ အမေရိကန် ဒေါ်လာ ၂၂ သန်းကျော် ရရှိထားပြီးဖြစ်သည်။

မဇ္ဈိမ


၂ဝ၁ဝရွေးကောက်ပွဲမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်တိုင်းမှူးဟောင်း ဦးမြင့်ဆွေတစ်ယောက် သူ့ရာထူးသက်တမ်း တစ်နှစ်ကျော်လောက်ပဲ ကျန်တော့တဲ့အချိန် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ မျက်လှည့်ပြပွဲကြီးတစ်ခုကို ရန်ကုန်လွှတ်တော်ထဲမှာ ပြခဲ့ပါတယ်။ သြဂုတ် ၂၂ရက်နေ့မှာ ထုတ်ပြောခဲ့တဲ့ ရန်ကုန်မြို့တော်သစ် စီမံကိန်းဟာ ဦးမြင့်ဆွေရဲ့ ဝှက်ဖဲတစ်ခုလား။

ရန်ကုန်တိုင်းအစိုးရဟာ ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါခေါ်ယူတာမရှိဘဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာဘက်၊ ဆိပ်ကြီးခနောင်တိုနဲ့ထိစပ်နေတဲ့ မြေဧက ၃သောင်းကျော်မှာ မြို့တော်သစ်ကြီးတစ်ခု တည်ဆောက်ဖို့ အများပိုင်ကုမ္ပဏီတစ်ခုရဲ့လက်ထဲ ထိုးထည့်ခဲ့တဲ့ကိစ္စ လိုအပ်ရင် အစိုးရက စုံစမ်းစစ်ဆေးမှုတွ စတင်သင့်ပြီလို့ လွှတ်တော်အမတ် ဦးသိန်းညွန့် ကမာရွတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ မြို့တော်ဝန်ဦးလှမြင့်ဖတ်ကြားခဲ့တဲ့ ဦးမြင့်ဆွေရဲ့ သဝဏ်လွှာနဲ့ပတ်သက်ပြီး အလေးအနက်သုံးသပ်ပြီး အဂတိတစ်ပါးပါးနဲ့ ငြိစွန်းနေတယ်ဆိုရင်တော့ သမ္မတအနေနဲ့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

ရန်ကုန်လူထုအတွက် အရေးကြီးတဲ့စီမံကိန်းတစ်ခုကို သဝဏ်လွှာဖတ်ပြရုံနဲ့ ပြီးစတမ်းပုံစံမျိုးဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲဆန္ဒရှင်ပြည်သူတွေကို မထီမဲ့မြင်ပြုရရောက်ပြီး ဘယ်သူမှ မသိလိုက်ရဘဲ ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးခဲ့တာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ်ပါဝင်တဲ့ တွံတေးတူးမြောင်းနဲ့ လှိုင်သာယာနဲ့ထိစပ်နေတဲ့ ပန်းလှိုင်မြစ်ကြားက ဧက ၃သောင်းကျော်ပေါ်မှာ ၃နှစ်အတွင်း ရန်ကုန်မြို့တော်သစ်ကိုတည်ဆောက်ဖို့ မြန်မာ့စေတနာအများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားပြီး ဒေသခံပြည်သူတွေက သိနားလည်ပြီး ကျေနပ်တဲ့အကြောင်း၊ မြေဈေးကစားမှာစိုးလို့ အသိမပေးဘဲ စီမံကိန်းကို လုပ်ခဲ့ပြီး ပြည်သူတွေနဲ့ ညှိနှိုင်းထားတယ်လို့ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်မြို့သစ်တည်ဆောက်မယ့် ဧက ၃သောင်းမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေးမြို့နယ် ၃ခုပါဝင်ပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ကာ အများစုဟာ လယ်ယာနဲ့ရေလုပ်ငန်းအဓိက လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကိစ္စ ဘယ်အာဏာပိုင်ကမှ အကြောင်းကြား အသိပေးတာမရှိဘဲ အခုလို အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၁၅ဘီလီယံကုန်ကျမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြခဲ့ပေမယ့် လွှတ်တော်အနေနဲ့ ပြန်လည်ဆွေးနွေးခဲ့တာမရှိခဲ့သလို အများပြည်သူကြားမှာ ပွက်လောရိုက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က ရန်ကုန်တိုင်းအတွင်း အဓမ္မမြေသိမ်းမှုတွေ ရာပေါင်းများစွာပေါ်ပေါက်ခဲ့ပြီး စီးပွားရေးကုမ္ပဏီတွေကို လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးခဲ့လို့ မိသားစုပေါင်း သိန်းနဲ့ချီ ဘဝပျက်ခဲ့ရပါတယ်။

ဒလမြို့နယ်မှာ မြို့သစ်ချဲ့ဖို့နဲ့ တံတားတစ်စင်းတည်ဆောက်ဖို့ တောင်ကိုရီးယားအစိုးရရဲ့ အဆိုပြုချက်ကို ဦးမြင့်ဆွေက သီလဝါအထူးစီးပွားရေးဇုန် ထိခိုက်မှာစိုးတယ်ဆိုပြီး ပယ်ချခဲ့ပြီး တစ်နှစ်အကြာမှာ တံတားကြီး ၅စင်းပါမယ့် ရန်ကုန်မြို့တော်သစ် စီမံကိန်း ဘွားခနဲပေါ်လာတာဖြစ်ပါတယ်။

Kamayut Media


ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က မြေဧက ၃ဝဝကျော် ၁၄နှစ်ကြာ အဓမ္မသိမ်းယူခံထားရတဲ့ကိစ္စ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကို တရားစွဲသွားမယ်လို့ မြေသိမ်းခံရသူတွေက သြဂုတ် ၂၅ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို ဘာ့ကြောင့်တရားစွဲမှာလဲ။

သမ္မတဦးသိန်းစိန် တိုင်းမှူးဘဝ ၁၉၉၉ခုနှစ်က သူတို့ရဲ့ မြေဧက ၃ဝဝကျော်ကို စံပြစိုက်ခင်းအဖြစ် တရားဝင် စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တစ်နှစ်အကြာမှာ ဟုန်ပန်းကုမ္ပဏီက ရှီကွမ်နိမ် (ခ) လော်ဆန်တို့အုပ်စုက သူတို့မြေကွက်ပေါ်က ရာဘာပင်တွေကို မီးရှို့ဖျက်စီးခဲ့ပြီး မြေယာတွေ အဓမ္မသိမ်းခဲ့တာလို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

၁၄နှစ်ကြာ အဓမ္မသိမ်းယူခံခဲ့ရတဲ့ မြေယာတွေကို မူလမြေပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်ဖို့ ၂ဝ၁၄နှစ်ဆန်းမှာ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က အမိန့်ပေးထားပေမယ့် လန ၃၉ လယ်ယာပိုင်ဆိုင်ခွင့် အထောက်အထား မရှိဆိုတဲ့အကြောင်းပြချက်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးတို့က အခုထိ ပြန်မပေးလို့ တရားစွဲသွားမှာလို့ ဆိုပါတယ်။


သိမ်းယူခံထားရတဲ့မြေ လာမယ့် စက်တင်ဘာကုန်တဲ့အထိ ပြန်ပေးတာမရှိရင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တရားစွဲမှာဖြစ်ပြီး ဒီလယ်ယာမြေကိစ္စ ၂ဝ၁၃ခုနှစ်မှာ လယ်ယာမြေသိမ်းယူမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်ကြားခဲ့လို့ ကွင်းဆင်းလေ့လာပြီး မူလပိုင်ရှင်တွေကို ပြန်ပေးဖို့ ဦးစဝ်အောင်မြတ်ကို အကြောင်းကြားခဲ့ပေမယ့် အခုထိ ပြန်မပေးသေးဘူးလို့ ပြောပါတယ်။


အဓမ္မသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်လုပ်ခွင့်ရဖို့ သမ္မတရဲ့အမိန့်သြဇာက သက်ရောက်မှုမရှိဖြစ်နေပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ အဓိကတာဝန်အရှိဆုံးက တိုင်းမှူးဘဝက စံပြစိုက်ခင်းတွေ အကောင်အထည်ဖော်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.