09/02/14

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ Unity ဂျာနယ်က သတင်းထောက် ၄ ဦးနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အီတလီနိုင်ငံက သတင်းလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် သူတွေအဖြစ် ဂုဏ်ထူးဆောင် အီတလီနိုင်ငံသားဆု ချီးမြှင့်လိုက်ပါတယ်။

အဲ့ဒီဆုကို အီတလီအစိုးရက ချီးမြှင့်တာဖြစ်ပါတယ်။ ဆုအတွက်ရွေးချယ်ကြောင်း အကြောင်းကြားစာ ကို တရားရင်ဆိုင်နေရတဲ့ သတင်းထောက်တွေရဲ့ရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်ဆီကို သြဂုတ်လ ၂၆ ရက်နေ့က သံတမန်တစ်ဦး လာရောက်ပေးအပ်ခဲ့ တာလို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အီတလီနိုင်ငံကနေ ချီးမြှင့်တဲ့ဆုကတော့ သတင်းလွတ်လပ်ခွင့်အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်သူတွေကိုပေးတဲ့ ဂုဏ်ထူးဆောင်ဆုပါ၊ ဂုဏ်ထူးဆောင်နိုင်ငံသားပေါ့ဗျာ၊ ဘာကြောင့်ဒီလို ချီးမြှင့်ရသလဲဆိုတော့ အဲ့ဒီကနေလာတဲ့ သံတမန်ကို ကျနော်မေးတဲ့အခါမှာ ဒီပုဂ္ဂိုလ်တွေဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက် ခဲ့တဲ့အတွက် သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်"

ဆုရရှိသူတွေကတော့ Unity ဂျာနယ် သတင်းထောက်များဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမူဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ ဖြစ်ပါတယ်။

ဒီဆုအပ်နင်းပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း ဆုရွေးချယ်ရေးကော်မတီက ရန်ကုန်မြို့ကို လာရောက်ချီးမြှင့်မယ် လို့ သိရပါတယ်။

Unity ဂျာနယ် သတင်းသမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ Unity ဂျာနယ်မှာ ဖော်ပြထား တဲ့ ပေါက်မြို့နယ်က လျှို့ဝှက်ဓါတုစက်ရုံဆိုတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
RFA

လာမည့်လွှတ်တော်ကို စက်တင်ဘာ ၁၁ တွင် ကျင်းပမည်ဟုသိထားရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် လူထုလက်မှတ်ကောက်ခံသည့် နိုင်ငံရေးသဘော သက်ဝင်သည့်လူထုလှုပ်ရှားမှု Signature Cam-paing ကို NLD ပါတီက ဦးဆောင်လုပ်ထားနှင့်ခဲ့ပြီဖြစ်ပါသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အချက်တစ်ချက်အပါအဝင်ဖြစ်ခဲ့ရာ ယခုလုပ်ရပ်သည် NLD ၏ရွေးကောက်ပွဲကတိအတိုင်း ကြိုးပမ်းမှုတစ်ရပ်အဖြစ် ပြည်သူတို့ကလက်ခံပါသည်။ တစ်နိုင်ငံလုံးမှ လက်မှတ် ၅ သန်းနီးပါးရရှိခဲ့သည်ဟုလည်း ကြေညာထားခဲ့ပြီးဖြစ်သလို၊ လွှတ်တော်သို့လည်း ပို့ဆောင်ပြီးဖြစ်ကြောင်း NLD ၏ကြေညာချက်များအရ သိရှိရပြီးဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် လွှတ်တော်နှင့် အစိုးရပိုင်းမှ တစ်စုံတစ်ရာတုန့်ပြန်သံမကြားရပါ။ မျောက်သုံးကောင်ဇာတ်ခင်းနေကြသလားမသိပါ။ ဖြစ်ရပ်တစ်ခုအပေါ်မြင်ပုံမှာ ဘက်မတူလျှင် သုံးသပ်ပုံမတူသလိုအမြင်မတူနိုင်ပါ။ သို့သော် ဓမ္မနှင့် အဓမ္မအတွက်မူ အမြင်မတူနိုင်စရာအကြောင်းမရှိပါ။

ပုဒ်မ-၄၃၆ ပြင်ဆင်ရေးသည် တစ်နိုင်ငံလုံးရှိပြည်သူများက လိုလားနေသော ဓမ္မတရားအတွက် အဓိကသော့ချက်ဖြစ်ပါသည်။ နှစ်ငါးဆယ်ကျောကြာ စစ်အာဏာရှင်အစိုးရအပေါ် ဆန့်ကျင်နေသည့် ပြည်သူတို့၏ ဓမ္မအတွက်တိုက်ပွဲများစွာထဲမှ နောက်ဆုံးတိုက်ပွဲတစ်ခုသာဖြစ်ပါသည်။ ရှေ့လျှောက်လည်း ဘယ်လောက်ထိ တိုက်ပွဲတွေကိုဖြတ်သန်းရမည်မှန်းမသိသေးပါ။ ယခု ပြည်သူ ၅ သန်း၏တောင်းဆိုချက်အပေါ် အစိုးရနှင့် လွှတ်တော်က တုန့်ပြန်ပုံမှာ အိပ်မက်ထဲလမ်းလျှောက်နေသော ခံစားမှုမဲ့သူများလို မြင်နေရပါသည်။ သို့မဟုတ် ဥပဒေဘောင်အတွင်းမှ မည်သို့မည်ပုံတုန့်ပြန်ရမည်ဆိုသည်ကိုပင် အကွက်ချစဉ်းစားနေသလော။

ပညာသားမပါသော တုန့်ပြန်ခဲ့မှုများကတော့ ဒုနဲ့ဒေးပင်။ မေလ ၁၈ ရက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးမြို့ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအပြီးတွင်မှစတင်ခဲ့ပါသည်။ ပထမဆုံးမန္တလေးမြို့ကိုပင် ပညာတစ်ဝကြီးပေးခဲ့ပါသည်။ ဘာသာခြားချင်းဖြစ်ပွားသော မှားယွင်းနေသည့် ရာဇဝတ်မှုကို အကြောင်းပြုကာ လူမျိုးရေးဘာသာရေးအဓိကရုဏ်းတစ်ခုဖန်တီးခဲ့ခြင်းမျိုး၊ ကိုယ်မဖန်တီးဆိုလျှင်လည်း ဖန်တီးသူများကိုကြိုသိနေပါလျှက် အရေးမယူဘဲ လွှတ်ထားခြင်းမျိုး၊ မဟာသန္တိသုခကျောင်းကိစ္စတွင် အကြမ်းပတမ်းဇာတ်လမ်းများဖြင့် ယခင် စစ်အစိုးရလို ဖြေရှင်းကိုင်တွယ်ပုံမျိုး၊ သွေးလေခြောက်ခြားနေသော ပါတီများနှင့် လူပုဂ္ဂိုလ်များ၏ လက်ရှိအာဏာမစွန့်လွှတ်ရေး၊ လွှတ်တော်တွင်ခွေးကတက်ကဖြစ်ဖြစ် တစ်နေရာရရှိရေးကြိုးပမ်းမှုအနေဖြင့် ရွေးကောက်ပွဲကို PR စနစ်ကျင့်သုံးရေး မျက်ရည်ခံထိုးလှုပ်ရှားမှုမျိုးဖြင့် တစ်နိုင်ငံလုံးပွဲဆူအောင်လုပ်နေပုံမျိုး၊ ကန့်ဘလူမြေသိမ်းဇာတ်လမ်းကို တမင်ရင်နာအောင်ဖန်တီးနေပုံမျိုး၊ နတ်နဂါးများနှင့် ခေါင်းလောင်းကြီး ဇာတ်လမ်းဆင်နေပုံမျိုး၊ နောက်ဆုံး ရန်ကုန်မြို့သစ်စီမံကိန်းလို နိုင်ငံတော်အဆင့် အကြီးစားစီမံကိန်းကြီးကို သာမန်ရွာလမ်းပြင်သလို ကိုယ့်သားသမီးများအားလုပ်ငန်းအပ်ပြီး လက်သိပ်ထိုးလုပ်ပြနေခြင်းမျိုး စသည်စသည်ဖြင့် ပြည်သူတို့ ဟင်ခနဲ ဟယ်ခနဲ ဖြစ်သွားရလေအောင် တစ်မျိုးနှင့်တစ်မျိုး မရိုးရလေအောင်လုပ်ပြနေသော်လည်း ပြည်သူတို့အဖို့မှာမူ မူလဦးတည်ချက်ဖြစ်သော ၄၃၆ ပြင်ဆင်ရေးကိုသာ မျက်ခြေမပြတ်၊ အာရုံမလပ်စေဘဲ အသိနှင့် သတိကပ်ကာ မပြတ်ရှုမှတ် သုံးသပ်နေသည့်အတွက် ၄၃၆ ပြင်ဆင်ရေးဆန့်ကျင်နေသော ပုဂ္ဂိုလ်များ၊ ပါတီများကို အသိပေးလိုသည်မှာ မမောကြသေးဘူးလား ဟုပင်။

အထက်တွင်ဖော်ပြခဲ့သလို ထိုထိုသော အာရုံနောက်စဖွယ်သော အကြောင်းတရားများကို လက်ငင်းဖန်တီးနေကြသည့်အပြင် မကြာမတန်ရာသောကာဖြစ်သည့် လွှတ်တော်ကျင်းပဆဲကာလတွင် ၄၃၆ အာရုံပြောင်းလှုပ်ရှားမှုတစ်ခုကိုလည်း မြင်ရအံ့ဟုထင်မြင်မိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် အပစ်ရပ်စာချုပ်ချုပ်နိုင်ပြီဟူသော နိုင်ငံရေးစတန့်တစ်ကွက်ကို အစိုးရက ထုတ်ပြလာနိုင်ပါသည်။ သမ္မတကိုယ်တိုင်ပင် ဦးဆောင်လှုပ်ရှားလာနိုင်သည့် အာရုံလွှဲကိစ္စပင် ဖြစ်ပါသည်။ မေ ၁၈ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပေးပြီးချိန်မှစ၍ အစိုးရတစ်ဖွဲ့လုံးငြိမ်ပြီး မတုန့်ပြန်ပါဘဲ လကုန်ရက် သမ္မတမိန့်ခွန်းတွင်မှ ဖွဲ့စည်းပုံပြင်ရေးထက် ပြည်တွင်းငြိမ်းချမ်းရေးက အရေးပိုကြီးကြောင်းပြောကာ တုန့်ပြန်ခဲ့သည်ဖြစ်ရာ ယခုလည်း လွှတ်တော်ထဲအထိတက်ရောက်ပြီး ကြေညာနိုင်ပါသေးသည်။ တကယ်တမ်းပြောရလျှင်မူ အပစ်ရပ်ပြီးလျှင် မည်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်သွားမည်။ တိုင်းရင်းသားတို့လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စုအတွက် ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံကို မည်သို့မည်ပုံပြင်ဆင်သွားကြမည်။ အာဏာရပါတီနှင့် တပ်မတော်အနေဖြင့် မည်သို့အဆင်သင့်ဖြစ်နေပြီ ဆိုသည်များကိုသာ တိုင်းပြည်သို့အသိပေးသင့်လှပါသည်။ ပြည်သူများကမျှော်လင့်သော်လည်း အစိုးရကမူ အပစ်ရပ်အဆင့်လောက်နှင့် ၄၃၆ ပြင်ဆင်ရေးမှုန်ဝါးမှေးမှိန်အောင် တိုင်းပြည်ကိုလှည့်စားမည်ဟုသာ မြင်နေရပါသည်။ လောလောဆယ်ပင် အပစ်ရပ်စဲပြီဆိုပြီး အောင်မြင်မှုကြီးတစ်ခုပမာ ပြည်သူတို့အပေါ်လှည့်စားဦးမည်ဖြစ်ပါသည်။ အပစ်ရပ်ဆိုသည်မှာ စစ်အစိုးရတက်ကာစ ၈၉ ကတည်းကလုပ်လာခဲ့သော အလုပ်ပင်။ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် စီးပွားရေးလုပ်ကိုင်ခွင့်များပေးပြီး ငွေကြေးဥစ္စာနှင့် ပေးကမ်းဖျက်ဆီးပြီး တိုင်းရင်းသားပြည်သူတို့လိုလားသည့် တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကိုမူ နောက်တက်လာမည့် အစိုးရနှင့်ဆွေးနွေးကြတာပေါ့ လောလောဆယ်အပစ်ရပ်ထားဟု လုပ်လာခဲ့သည်မှာ စစ်အစိုးရကာလတစ်လျှောက်လုံးပင်။ ယခုအချိန်မှာ အပစ်ရပ်အဆင့်မှ ကျော်လွန်၍ တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သော ဒုတိယပင်လုံညီလာခံကျင်းပရမည့်အချိန်ပင် ရောက်ပါပြီ။ သို့တိုင် ယခုမှပင် အပစ်ရပ်အဆင့်သာရှိသေးကြောင်း တွေ့ရသည့်အပြင် အဆိုပါအဆင့်ကိုပင် အစိုးရမှ မင်္ဂလာဝင်ယူနေဦးမည့်သဘောနှင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ၄၃၆ ပြင်ဆင်ရေး လွှတ်တော်တွင်းကြိုးပမ်းမှုများကို မှုန်ဝါးသွားအောင်လုပ်မည့် အနေအထားကိုတွေ့မြင်နေရပါသည်။

ထို့ပြင် လွှတ်တော်တွင်း၌လည်း ၄၃၆ ကိစ္စကို နှောင့်ယှက်သည့်အနေဖြင့် ရွေးကောက်ပွဲစနစ်ပြင်ဆင်ရေး PR စနစ်အတည်ပြုနိုင်ရေးတို့ဖြင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင်လုပ်နိုင်သလို အမျိုးဘာသာဥပဒေလေးခုဖြင့်လည်း မျက်စိနောက်အောင် နှောင့်ယှက်နိုင်ပါသေးသည်။ PR စနစ်မှာ လုံးဝမကျင့်သုံးသင့်သော ရွေးကောက်ပွဲစနစ်သာ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကိုယ်စားလှယ်ကိုသာရွေးချယ်ခန့်ထားသည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် FPTP စနစ်ဖြင့်သာ အခြေခံထားကြောင်းကို ပုဒ်မ ၃၈(က)၊ ၃၉၃၊ ၃၉၆ တို့တွင် ပြဋ္ဌာန်းချက်များအရမြင်သာပါသည်။ ထိုပုဒ်မတို့၏ ဖော်ပြချက်အရ မဲဆန္ဒနယ်၊ မဲဆန္ဒရှင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို အတိအကျစည်းနှောင်ထား၍ ဖြစ်ပါသည်။ PR စနစ်အရတွင်မူ မဲဆန္ဒနယ်၊ မဲဆန္ဒရှင်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ စည်းနှောင်အားမရှိတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ်တစ်ခုချင်းအပေါ် တာဝန်ယူမှုအခြေပျက်ယွင်းသွားမည်ဖြစ်ပါသည်။ PR စနစ်တွင် ပါတီနှင့်သာဆက်သွယ်မှုရှိသောကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာ စည်းမဲ့ကမ်းမဲ့ နှစ်ငါးဆယ်ကျော်ကြာနေခဲ့သော တိုင်းပြည်တစ်ခုအတွက် လွှတ်တော်အမတ်များအပေါ် ပြည်သူတို့ တာဝန်ယူခိုင်း၊ တာဝန်ခံခိုင်း၊ နောက်ဆုံးမကြိုက်လျှင်ဖြုတ်ချနိုင်သည့် အခွင့်အရေးမှာ PR စနစ်တွင်မရပါ။ FPTP စနစ်တွင်သာ ရရှိနိုင်မည်ဖြစ်ပါသည်။ သို့အတွက် PR စနစ်ကို မူအရရော လက်တွေ့အရပါ မြန်မာ့နိုင်ငံရေးစနစ်နှင့် မကိုက်ညီသည့်အတွက် ပြည်သူတို့က ငြင်းဆိုနေကြခြင်းဖြစ်ပါသည်။

သို့တိုင် အဆိုပါ PR စနစ်ကိုကျင့်သုံးရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဘဲသုံးနိုင်သည်ဟု ပြောကြသူများထဲတွင် အမျိုးသားညီလာခံဝင် ဥပဒေပါမောက္ခဟောင်းကြီးပါ ပါသည်ဆို၍ မအံ့သြတော့ပါ။ ကျားကျားမီးယပ်လုပ်မည့်သူများအတွက် ကိုယ်လုပ်ခဲ့သည့် လုပ်ငန်းများကိုပင် ချေဖျက်ပစ်ဖို့ဝန်မလေးတက်ကြသည့်သဘောပင်။ ကိုယ်ကျိုးစီးပွားထိခိုက်လာသည်ဟု မြင်သည်နှင့် ဟီရိနှင့် သြတပ္ပဆိုတာများကို မသိယောင်ဆောင်၍ ဘာပါလိမ့်ဟုပင် ပြန်လှန်မေးခွန်းထုတ်နေကြပါလိမ့်မည်။

အမျိုးဘာသာဥပဒေများနှင့် ပတ်သက်၍လည်း လူဘယ်ရွေ့ ဘယ်မျှကလက်မှတ်ထိုးတောင်းဆို၍ဟု အကြောင်းပြကာ ဥပဒေကြမ်းအဆင့်ဖြင့် လွှတ်တော်သို့တင်သွင်းပြီးသည်မှာ မြန်ဆန်လွန်းလှပါသည်။ အရှည်သဖြင့် စဉ်းစားတွေးတောသုံးသပ်ခဲ့ကြောင်းမမြင်ရပါ။ ဗုဒ္ဓဘာသာဝင်တို့၏ ထောက်ခံမှုရပေလိမ့်မည်ဟူသော တိမ်လွန်းသောအတွေးများဖြင့် လုပ်နေကြမှန်းမြင်သာပါသည်။ ကိုယ့်ဘာသာဝင် အမျိုးသမီးများကို တန်ဖိုးမထား နှိမ့်ချထားသည့်သဘောများကိုမူ ထည့်သွင်းမစဉ်းစားကြပါ။ နေမဝင်အင်ပါယာကြီးကို ကမ္ဘာတစ်ပတ်ပတ်၍ထူထောင်ခဲ့သော အင်္ဂလိပ်လူမျိုးများကပင် မြန်မာအမျိုးသမီးတို့၏ လွတ်လပ်ခွင့်ရပုံ၊ ကျား မ တန်းတူအခွင့်အရေး ရပုံများကိုသူတို့၏စာပေများတွင် ကိုယ်တွေ့အနေဖြင့်မှတ်တမ်းတင်ခဲ့ကြပါသည်။ ထိုသို့ သမိုင်းအစဉ်အလာကြီးသည့် မြန်မာ့အမျိုးသမီးလွတ်လပ်ခွင့်များကို ဆက်လက်မရှင်သန်စေသင့်သလော။ ထို့ပြင် တည်ဆဲဥပဒေများအရ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဥပဒေလည်းရှိနေပေရာ ခေတ်နှင့်အညီပြင်ဆင်ပြဋ္ဌာန်း၍လည်းရနိုင်လျက် အဖွင့်အပိတ်များနှင့် အစိုးရနှင့် လွှတ်တော်တို့လုပ်နေပုံမှာ မျက်စိနောက်လှပါသည်။ ဘုရားဆုပန်ယောက်ျားသားကြီးများ၏ စိတ်ထားမှာ ယခုပြဋ္ဌာန်းရန်ကြိုးပမ်းနေသောဥပဒေများကို ဆန့်ကျင်ကန့်ကွက်နေကြသည့် အမျိုးသမီးတက်ကြွသူများ၏စကားလောက်မှ ဆင်ခြင်တုံတရားနှင့်မပြည့်ဝပါ။ ထိုတွင် မီဒီယာသမားများက တာဝန်ကျေစွာဖြင့် စင်္ကာပူနိုင်ငံ၏ဘာသာခြားနှင့်လက်ထက်ခြင်း ဥပဒေကို High light လုပ်၍ နှစ်ကြိမ်သုံးကြိမ်မျှ ဖော်ပြပေးနေသည့်တိုင် သက်ဆိုင်သူများက သတိထားမိကြပုံမရပါချေ။

ဆိုလိုသည်မှာ ပြည်သူ ၅ သန်း၏ဆန္ဒကို လွှတ်တော်က မလေးမခန့်လုပ်မည့်သဘော အနေအထားများကို ကြိုတင်မြင်နေရ၍ဖြစ်ပါသည်။ ယခုလက်မှတ်ရေးထိုးထားသည့် ပြည်သူ ၅ သန်းသည် လူလယ်ခေါင် နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင် လမ်းလယ်မှာစားပွဲချပြီးမှ ရေးထိုးကောက်ခံထားသော ကိုယ့်သဘောနှင့်ကိုယ် ပြတ်သားစွာဖော်ပြနေသော လက်မှတ်များဖြစ်ပါသည်။ စိတ်ဆန္ဒရှိသော်လည်း သူတို့လောက်မဝံ့ရဲသဖြင့် လက်မှတ်မထိုးရဲသော နောက်ထပ်ပြည်သူ သန်းပေါင်းများစွာလည်း ရှိနေပါသေးသည်။ မယုံကြည်လျှင်ဖြင့် လွတ်လပ်စွာ လျှို့ဝှတ်ဆန္ဒမဲဖြင့် စစ်တမ်းတစ်ခုကို အစိုးရအနေဖြင့် လုပ်နိုင်ပါသည်။ သိသိကြီးနှင့် ဆန့်ကျင်လျှင်ဖြင့် ငါ့စကားနွားရအပြောများ မရပ်လျှင်ဖြင့် လူမိုက်နှင်းတောတိုးသလို ပြည်သူ့ဆန္ဒဆန့်ကျင်ပြီး ဇွတ်တိုးမိုက်နေလျှင်ဖြင့် ရှေ့မှာဖြင့် ချောက်ကမ်းပါးတစ်ခုရှိနေသည်ဟုသာ ပြောလိုပါသည်။ ပြောသာပြောရ ထိုလူကတ်ကြီးများလည်းသိသည်ပင်၊ ရွေးကောက်ပွဲဆိုသည့် သက်ကွင်းက အာဏာရ အဓမ္မပါတီ၏လွှတ်တော်အမတ်လောင်းများ၊ အာဏာရူးများအတွက် အသင့်စောင့်စားနေပါသည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါရှိပြီးကာမှ ဆက်မိုက်တုန်းဆိုလျှင်ဖြင့် မြန်မာ့နိုင်ငံရေးလောကထဲမှ သမ္မတ၏အကြံပေးပုဂ္ဂိုလ်ပြောသလို ခွာစစ်ဆင်နိုင်ဖို့ပင်နေနေသာသာ ပြင်ဆင်ချိန်မရတော့ဘဲ ဖွဲ့စည်းပုံပျက်ကာ ဝရုန်းသုန်းကားဖြင့် စပိန်နွားရိုင်းသတ်ပွဲမှ မြို့ထဲ နွားအုပ်ကြီးလွှတ်လိုက်သလို ပြေးရတော့မည့်အချိန်ရောက်ရန် မဝေးတော့ပြီဟုပြောလိုပါတော့သည်။
*****************************************
လေးစားစွာဖြင့်

ကိုစိုးဝင်း

မေမြတ်နိုးသတင်းစာရှင်းလင်းပွဲ ဖြေကြားချက်များ
==== === === ====

““Crown ပြန်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို အခုမှ မဟုတ်ဘဲ ပြည်ပ ပြိုင်ပွဲပြီးလို့ ပြန်လာပြီးရက်ပိုင်းကတည်းက မြန်မာပြည်ကိုယ်စားပြု National ဒါရိုက်တာဆိုသူကစပြီး ခြိမ်းခြောက်ခဲ့တာပါ။ ပြိုင်ပွဲမပြိုင်ခင်ကတည်းက သမီးရဲ့ အား နည်းချက်တွေကို ပြောပြခဲ့ပြီး အားပေးရမယ့်အစား အားလျော့စေမယ့်စကားတွေကို ပြိုင်ပွဲတစ်လျှောက်လုံးပြောခဲ့တာပါ။ သမီးက မြန်မာနိုင်ငံကိုယ်စားပြုဆုရ ရမယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲပြီးတော့ ကိုးရီးယားမှာ ဆရာမ ယောက်ျားနဲ့ ၂ ယောက်တည်းထားခဲ့ချိန်မှာ ဆရာမယောက်ျား ဆရာဖြိုးပိုင်ဦးက ညအချိန်မတော် ပြောစရာရှိ၍ဆိုပြီး အခန်းကို အတင်းတံခါးခေါက်လာခဲ့ဖူးပါတယ်။ သမီးရဲ့ အခန်းဖော်ရှိတာကြောင့် မသင့်တော်တာနဲ့ အပြင်ထွက်ပြီး ပြောသမျှ နား ထောင်ပေးခဲ့ရပါတယ်။ ပြောတဲ့အထဲမှာ စာချုပ် ၃ နှစ်ချုပ်ဖို့ကိစ္စဆိုတော့ အမေနဲ့ တိုင်ပင်ပြီး နောက်ဆုံးစာချုပ်ချုပ်ဖြစ်လိုက် တယ်။ ကိုးရီးယားကို နောက်တစ်ခေါက်သွားတော့ ဆရာမက သူတို့ကို ကန်ပြီး ထွက်သွားတယ်ဆိုပြီး သတင်းထုတ်ပါတယ်။ ဒါကလည်း ကိုးရီးယား Organization က သမီးကို နင့်မကောင်းကြောင်းတွေနေ့ စဉ်နဲ့အမျှ ငါတို့ကို လာပြောနေတယ်ဆိုပြီး အဆက်အသွယ် ဖြတ်ခိုင်းခဲ့တာပါ။ ဆရာမ လှနုထွန်းတို့နဲ့ အစောပိုင်းစာချုပ်မချုပ်ခဲ့တာကလည်း ကိုးရီးယားက Organization ရဲ့ စကားအရ မချုပ်ခဲ့တာပါ။ ဟို ရောက်တော့ သမီးကို အဆက်အသွယ် ဖြတ်ပြောခဲ့တဲ့ Organization နဲ့ National ဒါရိုတ်တာတွေ ပြန်ဆက်သွယ်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်””

““အစောပိုင်းခေါ်တုန်းက အမေရော သမီးပါ နေဖို့ စားဖို့ လုံခြုံရေးအစစ အရာရာ စီစဉ်ပေးမယ်၊ ရောက်တာနဲ့ Traning လုပ်ရမယ်၊ ပြီးရင် MATI အဖွဲ့ဖွဲ့ပြီး စီးရီးထုတ်လို့ အခွေနာမည် သီချင်းဘယ်နှပုဒ် ကအစ အသေးစိတ် E-mail ပို့အသိပေး ခဲ့ပြီး ဟိုရောက်တော့ အစီအစဉ်ပြောင်းသွားပြီ၊ စီးရီးလည်း မထုတ်တော့ဘူး။ သမီး တယောက်တည်းကို ခေါင်းအစ ခြေအဆုံး ပလပ်စတစ်ဆာဂျရီလုပ်ပေးမယ်၊ သားအမိ နှစ်ယောက်စလုံး ငြင်းပိုင်ခွင့် လုံးဝမရှိဘူး။ ပြီးရင် ဒီမှာနေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက် ဖို့ ငွေလိုတယ်၊ ငွေရှာဖို့ တနည်းပဲရှိတယ်။ စပွန်ဆာရှာရမယ်လို့ပြောတယ်။ ပြီးရင် ဗီဇာရက်တိုးဖို့ ဂျပန်ကို အမေမပါဘဲ သွားရ မယ်။ ဂျပန်ကနေမှတစ်ဆင့် မြန်မာလူမျိုးအနေနဲ့ ဗီဇာတိုးမှရမယ်လို့ ပြောတယ်။ ပြီးရင် ဆက်သွယ်ပေးမယ့်လုပ်ငန်းရှင်တွေနဲ့ သူတို့လိုအပ်တဲ့အချိန် အနားမှာနေပေး ရမယ်လို့ပြောပါတယ်။ နောက် ပင်လယ်နားက ကမ်းခြေမြို့လေးမှာ ခေါ်သွားပြီး ပလပ် စတစ်ဆာဂျရီလုပ်တဲ့အဆောက်အဦးတခုမှာ နေရာသူပေးခဲ့ပါတယ်။ အဲဒီမှာ သမီးတို့က မလုပ်နိုင်ဘူးငြင်းတော့ အမေရှိရင် သူတို့ စပြီးမခွဲစိတ်ဘူးဆိုပြီး သမီးတို့ကို ထားသွားခဲ့တာ သမီးတို့မှာ စားရ နေရတာ အတော်ခက်ခဲပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေခဲ့ရပါတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ ဒုက္ခတွေကြားထဲက မြန်မာပြည် ရောက်အောင် မနည်းပြန်လာခဲ့ရတာပါ။

ဗီဇာလိမ်လည်လျောက်ထားခြင်း မဟုတ်

သမီးတို့သားအမိကို ကိုရီးယားက လာဖို့ကမ်းလှမ်းတဲ့အထဲမှာ သမီးကိုရော၊ အမေကိုပါ နေစရိတ်၊ စားစရိတ်၊ သွားလာ ရေး အစစစီစဉ်ပေးပါမယ်လို့ ပါရှိပါတယ်။ ပြီးတော့ ဗီဇာသွားလျှောက်တဲ့အခါ အမေ့ ကို ၂၉ ရက်နေ့ထိပဲ ရေးထားသေးတယ်။ ဒါပေမဲ့ သံရုံးက သမီးတို့သားအမိကို ယုံတဲ့ အတွက် ၃ လပေးလိုက်တာပါ။ ဗီဇာဆိုတာ သမီးတို့အနေနဲ့လုပ်ပြပြီး လုပ်လို့မရနိုင်ပါဘူး။

တောင်းပန်မှ Crown ပြန်ပေးမည်

မြန်မာအမျိုးသမီးတယောက်ကို အမျိုးမျိုးစော်ကားပြီး ဂုဏ်သိက္ခာပျက်စေတဲ့ စကားတွေနဲ့ စော်ကားတဲ့ Organization နဲ့ ပတ်သက်ရမှာ သမီးလည်းမလို လားပါဘူး။ သူတို့ဆီကရှိနေတဲ့ ဥစ္စာကိုလည်း သမီးဂုဏ်ယူစရာလို့ မထင်ပါဘူး။ ဖြစ်နိုင်ရင် ချက်ချင်းတောင်ပြန်သွားပေး လိုက်ချင်ပါတယ်။ ဒါပေမဲ့ ရေးထားတဲ့စာအရ National ဒါရိုက်တာကို ပေးရမယ်ဆိုတာ သမီးတော့ လုံးဝလက်မခံပါဘူး။ မယ်တွေ ၃ ယောက်ရွေးပြီး သူတို့ပဲ ပြန်သိမ်း လုပ်ချင်ရာလုပ်နေတဲ့အတွက် သူတို့ ရဲ့စိတ်ဓာတ်ကို မကြိုက်တဲ့အတွက် သူတို့ ကို ဘယ်နည်းနဲ့မှ ပြန်မအပ်ပါဘူး။ Organization ကလည်း သူတို့အမှားကို ဖုံးဖို့ သမီးကို အမျိုးမျိုး ချောက်ချစော်ကားတယ်။ ဒါကြောင့် သူတို့ဘက်က ကျေနပ်တဲ့အထိ တောင်းပန်တယ်ဆိုရင် Organization ကို Crown ပြန်ပေးမှာပါ။

Crown ဒေါ်လာ ၁ သိန်းတန်သလား

သမီး မသိပါဘူး။ Crown တန်ဖိုးသိလို့ ၀င်ပြိုင်တာလည်းမဟုတ်ပါဘူး။ Crown တန်ဖိုးသိလို့ ပြန်အပ်ချင်စိတ်မရှိ တာလည်း မဟုတ်ပါဘူး။ သမီးလေ့လာဖူးတဲ့ အင်တာဗျူးတွေအရ ဒေါ်လာ ၁ သိန်း ထက် အများကြီးလျော့တယ်လို့ သိရပါတယ်။ ဒီ Crown နဲ့ပတ်သက်ပြီး ရှေ့မှာ ဒီလိုသတင်းတွေ ထွက်ခဲ့ဖူးတယ်ဆိုတာ ဟုတ်လား။
၂၀၁၁ က ကိုရီးယား Miss ကလည်း အခုလို စပွန်ဆာနဲ့ချိတ်ပေးတဲ့ အစီအစဉ်တွေလုပ်ခဲ့လို့ အသိမ်းမခံရဘဲ သူ့ သဘောနဲ့သူ နောက်နေ့ crown ပြန်သွား ပေးခဲ့တာပါ။ အဲတော့ Miss France ကို ပေးတယ်။ Miss France ကလည်း အဲလို အစီအစဉ်တွေ လက်မခံတော့ Crown သိမ်းတယ်။ ပြီးတော့ Miss ယူကရိန်းကျတော့ လက်ခံပြီး ပလတ်စတစ်ဆာဂျရီ လုပ်တယ်။ သူတို့နဲ့ လက်တွဲလုပ်ခဲ့တယ်။ နောက် ၂၀၁၂ မှာကျတော့ အဲလိုပဲလုပ်လို့ Miss တွေ ထွက်ပြေးကြတယ်။ အဲဒီ Miss တွေက ရဲခေါ်တဲ့အဆင့်ထိ ရောက်တဲ့အခါ ရဲကို လာဘ်ထိုးပြီးပြန်လွှတ်တယ်။ လေဆိပ်ရောက်တဲ့အထိ အမျိုးမျိုး နှောင့်ယှက်ခံရ တယ်လို့ မြတ်နိုး လေ့လာတွေ့ရှိရပါတယ်။

လူကုန်ကူးမှုမြောက်သလား

သမီးလည်း မြန်မာပြည်က လူကုန်ကူးမှု တားဆီးရေးနေရာမှာ ပါဝင်ခဲ့ဖူးပါတယ်။ အခုကိစ္စက ဒီလိုလုပ်ပြီး စော်ကား ခံရတဲ့ပုံစံဆိုတော့ မြတ်နိုးသည်းမခံနိုင်ပါဘူး။ မြတ်နိုးဘက်က သက်ဆိုင်ရာလူကြီး တွေပါပြီး ဦးဆောင်ပေးမယ်ဆိုရင် အဲဒီထိ မြတ်နိုးသွားချင်ပါတယ်။

ရင်သားခွဲစိတ်မှု မလုပ်ခဲ့

သမီးကို ခေါင်းအစ ခြေအဆုံး ခွဲစိတ်ပေးမယ်ဆိုပြီး ပလတ်စတစ်ဆာဂျရီ လုပ်တဲ့နေရာမှာ ၂ ရက်ထားခဲ့ပေမယ့် မြတ်နိုး အသက်ရှင်လျက်နဲ့ ဒါမျိုးကိုလက် မခံနိုင်ပါဘူး။ အုပ်ထိန်းသူ မေမေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ လက်မခံနိုင်လို့ လည်း မြန်မာပြည်ရောက်အောင် ပြန်လာခဲ့တာပါ။

ကိုရီးယားမှာ နာ့စ်မဆီက မြတ်နိုးရဲ့အမေ ငွေချီးသွားတယ်ဆိုတဲ့ကိစ္စ

Organization က နေစရိတ်၊ စားစရိတ်၊ လုံခြုံရေး အစစအရာရာ စီစဉ်ပေး မယ်ဆိုပြီး အဲဒီ ပလတ်စတစ်ဆာဂျရီ အဆောက်အဦမှာထားခဲ့ပြီး သူတို့ထွက်သွားတာ။ ကြားကာလမှာ ကိုယ့်ဘာသာ အမေယူလာတဲ့ငွေလေးနဲ့ ဖြစ်သလို နေစားနေခဲ့ရတာ။ နေရာမသိ မသွားတတ် မလာတတ်ဆိုတော့ နာ့စ်မကို ဒေါ်လာလဲ ခိုင်းတာလောက်ပဲ ရှိပါတယ်။ သူတို့ဆီက တပြားမှ ချီးထားခဲ့တာမရှိပါဘူး။ အတွင်းခံကို ၁၈ ဒေါ်လာပေးပြီး ၀ယ်တယ်ဆိုတာကတော့ စဉ်းစားကြည့်ပါတော့ ဖြစ်နိုင်မဖြစ်နိုင်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စီးပွားရေးလုပ်ငန်းကြီး၏ အဖော်အဖြစ်ရှိပေးပြီး စပွန်ဆာရှာခိုင်းခြင်းကို လက်မခံသဖြင့် ကိုရီးယားဘက်မှ သရဖူသိမ်းသည့်ထုတ်ပြန်ချက်ထုတ်ခဲ့ဟု မေမြတ်နိုးရှင်းလင်း

သရဖူရုပ်သိမ်းခံရသော မြန်မာအလှမယ်မေမြတ်နိုးသည် အသက်ကိုလိမ်လည်ထားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငယ်ရွယ်လွန်းနေကြောင်း Miss Asia Pacific World ကိုတည်ထောင်သူ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်ကပြောကြားခဲ့သည်။ မေမြတ်နိုးသည် အဖွဲ့ကအကုန်အကျခံသော ဒေါ်လာ ၁၀,၀၀၀ ကုန်ကျသော ရင်သားခွဲစိတ်ပြုပြင်မှုကိုခံယူခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အလှမယ်သရဖူကို ခိုးယူထွက်ပြေးတိမ်းရှောင်နေကြောင်း ပြိုင်ပွဲကိုကြီးမှူးကျင်းပသူများက ပြောကြားထားပြီးဖြစ်သည်။

မေမြတ်နိုးကို သရဖူရုပ်သိမ်းခံရမှုတွင် ပြိုင်ပွဲကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ်ဖြစ်နေပြီး ကာယကံဖြစ်သူက ယခုအချိန်အထိ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ထို့ပြင် ယင်းပြိုင်ပွဲကိုဦးစီးကျင်းပသည့် Miss Asia Pacific World သည် လေးနှစ်သာရှိသည့်သက်တမ်းအတွင်း အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသည်။ ကိုရီးယားအခြေစိုက် ယင်းအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအလှမယ်ဆုရွေးချယ်ခဲ့ပြီး ယင်းနှစ်ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ကိုရီးယားအလှမယ် ဂျန်အွန်အေသည် ပြိုင်ပွဲပြီးနောက်တစ်ရက်တွင် အလှမယ်အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ပြိုင်ပွဲတွင် အဆင့်မြင့်နေရာများ အလိုအလျောက်ရရှိလိုပါက လိင်ကိစ္စနှင့်အလဲအထပ်ဆောင်ရွက်နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ကမ်းလှမ်းခဲ့သည်ဟု ဂျန်အွန်အေက စွပ်စွဲပြောကြားခဲ့သည်။

ယင်း ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင်ပင် လိင်ကိစ္စကမ်းလှမ်းမှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့သော ဗြိတိန်မော်ဒယ်အေမီဝီလာတန်က ပြိုင်ပွဲတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများရှိခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အေမီဝီလာတန်သည် ၂၀၁၃ ခုနှစ် Miss Universe Great Britain ဆုကိုရရှိခဲ့သူဖြစ်သည်။

မေမြတ်နိုးသည် အသက် ၁၈ နှစ်ရှိပြီဟု ပြိုင်ပွဲ၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် အသက် ၁၅ နှစ်သာရှိသေးကြောင်း Miss Asia Pacific World ပြိုင်ပွဲကိုတည်ထောင်သူ၊ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားလာခဲ့သည်။

"သူ့မွေးနေ့က ၁၉၉၈၊ အောက်တိုဘာ ၁၃ ပါ" ဟု သူက၀န်လေးစွာဖြင့် ပြောကြားခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်အလို မေလအစောပိုင်းရောက်မှသာ နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးပြီး အသက်အမှန်ကို နောက်ကျသိခဲ့ရကြောင်း သူကပြောကြားခဲ့သည်။

မေမြတ်နိုးသည် အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန်နှင့် ရင်သားခွဲစိတ်ပြုပြင်ရန်အတွက် အရွယ်ရောက်နေပြီဖြစ်ကြောင်းလည်း သူကပြောကြားခဲ့သည်။

"သူကအရွယ်ရောက်နေပါပြီ။ သူ့အရပ်က ၁၇၃ စင်တီမီတာ၊ ဒီထက်ပိုပြီးရှည်လာမှာ မဟုတ်ပါဘူး" ဟု ချွိုင်ကပြောကြားခဲ့သည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အနိမ့်ဆုံးအသက်သည် ၁၈ နှစ်အရွယ်သည် သင့်လျော်သည်ဟု သတ်မှတ်ထားသော်လည်း မဖြစ်မနေဟုသတ်မှတ်မထားကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ပြောကြားချက်နှင့် ပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်သည် ကွဲလွဲနေသည်။

"ပြိုင်ပွဲယှဉ်ပြိုင်သူအားလုံးသည် အသက် ၁၈ မှ ၂၇ နှစ်အတွင်းဖြစ်ရမည်" ဟုဖော်ပြထားသည်။

မေမြတ်နိုးသည် ရင်သားခွဲစိတ်ပြုပြင်ပြီးနောက် အတွင်းခံအင်္ကျီဝယ်ရန် ၁၈ ဒေါ်လာချေးယူခဲ့ခြင်းဖြင့် အဖွဲ့ကိုအရှက်ရစေခဲ့ကြောင်း ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

"စနေ၊ တနင်္ဂနွေမှာ ခွဲစိတ်ကုသပြီးတော့ သူ့ရင်သားကပိုကြီးလာတယ်။ ဘရာစီယာက ၁၈ ဒေါ်လာလို့ သူကပြောခဲ့ပါတယ်။ ရင်သားပိုကြီးလာလို့ ဘရာစီယာအသစ်ဝယ်ဖို့လိုတယ်လို့ သူကပြောခဲ့တယ်" ဟု ချွိုင်က ပြောကြားခဲ့သည်။ သူ၏ရုံးဝန်ထမ်းများက တနင်္လာနေ့တွင် ဘရာစီယာအကြီးငါးထည် လာပို့ပေးမည်ကိုစောင့်ရန် တိုက်တွန်းခဲ့ကြောင်းလည်း ချွိုင်ကပြောခဲ့သည်။

"စားစရာမရှိဘူးလို့လည်း သူကပြောပါသေးတယ်။ ပြီးတော့ သူက ၁၈ ဒေါ်လာအတွက်နဲ့ သူနာပြုတစ်ယောက်ဆီက ငွေချေးခဲ့တယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုမှသည်းမခံနိုင်ပါဘူး" ဟု ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

သမီးဖြစ်သူသည် အလှမယ်ဆုရရှိခဲ့မှုကြောင့် ရုပ်သံတွင်ပါဝင်ခဲ့ပြီး ဒေါ်လာ ၃၀,၀၀၀ ခန့်ရရှိထားကြောင်း၊ ယင်းဝင်ငွေအတွက် အဖွဲ့နှင့်မြန်မာကိုယ်စားလှယ်က ၀င်ငွေဖြတ်တောက်မည်ကို ငြင်းဆိုခဲ့သည့် သူ၏မိခင်သည် သမီးနှင့်အတူလိုက်ပါခဲ့သော်လည်း မေမြတ်နိုးသည် သူနာပြုထံမှ နှစ်ကြိမ်ငွေချေးခဲ့ကြောင်း ချွိုင်ကပြောကြားခဲ့သည်။

ပြိုင်ပွဲကိုဦးစီးကျင်းပသည့် သူ၏အဖွဲ့သည် အကျင့်ပျက်မှုများရှိကြောင်း မှားယွင်းစွပ်စွဲသည်ဟုဆို၍ ဘီဘီစီကို ဒေါ်လာသုံးဘီလျံရလိုကြောင်း တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စွပ်စွဲမှုများရှိနေသည်။ မေမြတ်နိုးကို ရင်သားခွဲစိတ်ရန် ပြိုင်ပွဲဦးစီးသည့်အဖွဲ့က ဖိအားပေးခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း မည့်သည့်အရှုပ်တော်ပုံမျှမရှိကြောင်း ချွိုင်က Korea Observer ကို ပြောကြားခဲ့သည်။

သရဖူ၏တန်ဖိုးကိုဖော်ပြရာတွင်လည်း မီဒီယာများက ချဲ့ကားဖော်ပြခဲ့ကြကြောင်း ချွိုင်ကပြောကြားခဲ့သည်။

"ဒီဇိုင်နာတစ်ယောက်နဲ့ ကျောင်းသားတွေက သရဖူကို ခြောက်ပတ်ကြာဖန်တီးခဲ့ကြပါတယ်။ ဒေါ်လာ ၁၀,၀၀၀ တန်တယ်လို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု သူကပြောကြားခဲ့သည်။ စပွန်ဆာပေးသူတစ်ဦးက အကုန်အကျခံလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ကုန်ကျစရိတ်သည် သတင်းများတွင်ဖော်ပြထားသည်ထက် အတော်များများနည်းကြောင်း သူကမှတ်ချက်ပေးပြောကြားခဲ့သည်။

သို့သော် မြန်မာအလှမယ်ကို ကိုရီးယားပြိုင်ပွဲစီစဉ်သူများဘက်မှ ပြောကြားမှုများသည် တစ်ဖက်သတ်ဖြစ်နေကြောင်း မြန်မာအမျိုးသမီးများက ဝေဖန်ပြောကြားခဲ့ကြသည်။

"မေမြတ်နိုးဘက်ကမှားခဲ့သည်ဖြစ်စေ၊ မှန်ခဲ့သည်ဖြစ်စေ ကိုရီးယားဘက်က မရေရာတဲ့၊ သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေကို ရပ်တန်းကရပ်သင့်နေပြီလို့ပဲ ပြောချင်တယ်။ တရစပ်တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်တော့ဘူး။ မေမြတ်နိုးကမှားခဲ့သလား၊ မှန်ခဲ့သလားဆိုတာကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ မေမြတ်နိုးနဲ့တွဲဖက်ပြီး မြန်မာမိန်းကလေးဆိုပြီး စွပ်စွဲပုတ်ခတ်နေတာတွေကို လုံးဝရှုတ်ချပါတယ်။ မေမြတ်နိုးအနေနဲ့လည်း ကိုယ့်ဘက်ကနစ်နာခဲ့တာတွေအတွက် ဥပဒေကြောင်းအရပဲ ဆက်သွားစေချင်တယ်။ လိုအပ်တာထက်ပိုပြီး ကိုရီးယားအဖွဲ့အစည်းဘက်ကနေ စော်ကားခဲ့တာတွေအတွက် အစ်မတို့အနေနဲ့တော့ ပြန်တောင်းပန်စေချင်တယ်" ဟု မသစ်သစ်မြင့်ဆိုင်က ပြောကြားခဲ့သည်။

မေမြတ်နိုး၏မိခင်ကလည်း "ကျွန်မတို့မီဒီယာတွေနဲ့ တွေ့ဆုံပွဲနေ့မှာ အားလုံးတစ်ပြေးညီ ရှင်းလင်းတင်ပြသွားပါမယ်။ မေမြတ်နိုးအတွက် တစ်ဖက်သတ်ပြောခဲ့တာတွေရော၊ ကျွန်မကိုပြောဆိုစွပ်စွဲခဲ့တာတွေရော အားလုံးရှင်းလင်းသွားမှာပါ။ ကျွန်မရဲ့ဂုဏ်သိက္ခာအတွက်ရော မေမြတ်နိုးရဲ့ဂုဏ်သိက္ခာအတွက်ပါ ကျွန်မတို့ငြိမ်ခံနေမှာ လုံးဝမဟုတ်ပါဘူး။ အားလုံးကို အမှန်အတိုင်း ရှင်းလင်းသွားပါမယ်" ဟု ပြောကြားခဲ့သည်။ -
Eleven media group

၂နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော “အောင်ဆန်း”ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ၁၉၄၀ တစ်ဝိုက်က ဗိုလ်ချုပ်စီးခဲ့သော အင်္ဂလန်နိုင်ငံလုပ် ၀ူစလေမော်တော်ကားအား ဇာတ်ဝင်ခန်းတွင် ခေတ္တ အသုံးပြုခွင့် ပေးပါရန် နိုင်ငံတော် သမ္မတထံသို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့က စာတင်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ အနေဖြင့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်သူလူထု စိတ်ဝင်စားမှု မြင့်တက်စေရန်နှင့် အကဲဖြတ်နိုင်ရန် အတွက် အပိုင်းတို(၂)ပိုင်း ရိုက်ကူးရန် ပြင်ဆင်လျက်ရှိရာတွင် အဆိုပါ “အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးနှင့် ပတ်သက်၍ အပိုင်းတို (၂)ပိုင်းမှာ ဗိုလ်ချုပ်မင်္ဂလာဆောင်တဲ့ အခန်းရယ်၊ ဘုရင်ခံ ဆာဟူးဘရန်ံစ်နဲ့တွေ့ပြီး အစိုးရအဖွဲ့အကြီးအကဲ ရယူတဲ့အခန်းရယ်၊ သမီး အငယ်လေး မွေးပြီးပြီးချင်း သေဆုံးသွားတဲ့ အခန်းရယ် ရိုက်ကူးဖို့ လျာထားထားပါတယ်”ဟု ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့မှ ဦးဇာဂနာမှ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးစီးခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် အနက်ရောင် ၀ူစလေ အနက်ရောင် မော်တော်ကားကို အေ၀မ်း ရုပ်ရှင်ကုမ္ပဏီမှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ယခုအချိန်တွင် မေး၍ရမရ ကွဲပြားစွာ မသိရသေးပေ။ အကယ်၍ အစိုးရအဖွဲ့မှ ခေတ္တငှားရမ်းခဲ့လျှင် ဗိုလ်ချုပ်၏ ၀ူစလေကားကို မောင်း၍ရသည်အထိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ယူပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းဓါတ်ပုံ- Tomorrow သတင်းဂျာနယ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီလို့ ခေါ်တဲ့ UNFC အဖွဲ့မှာ ပါဝင်တော့မှာမဟုတ်ဘဲ ကိုယ်စားလှယ်တွေအားလုံးကို ရုပ်သိမ်းကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ UNFC ညီလာခံ ကို ဒီကနေ့ တရားဝင်စာပေးပို့လိုက်ပါတယ်။

အဲဒီစာကို သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ KNU ဥက္ကဌ ဗိုလ်ချူပ် စောမူတူးစေးဖိုး လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ဖို့အတွက် တတပ်တအား ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ UNFC ညီလာခံကို ဒီကနေ့ ရက်စွဲနဲ့ စာတစ်စောင် တင်ပြခဲ့ပါတယ်။

မနေ့က UNFC ညီလာခံမှာ KNU အဖွဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ သဘောထားနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဆိုပြီး မနက်ပိုင်း ဆွေးနွေးပွဲအပြီးမှာ အစည်းအဝေး ဆက်မတက်တော့ပဲ ပြန်သွားခဲ့ကြပါတယ်။
RFA

မြန်မာပို့စ် ဂျာနယ်၊ ၁-၉-၁၄။ စာ-၁၂။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က မြန်မာ့တပ်မတော်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲ ကျင်းပခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပေးခဲ့ပါတယ်။ ဒါဟာ ခေတ်သစ် မြန်မာ့တပ်မတော် တည်ဆောက်ရေး သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ တပ်မတော်ကနေ အမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်ယူ သင်တန်းပေး ခန့်အပ်တာ ဘာထူးခြားနိုင်မလဲ၊ အရင် စစ်အာဏာရှင် ခေတ်ကနဲ့ နှိုင်းယှဉ်ရင် မြန်မာ့တပ်မတော် တည်ဆောက်ရေး အပြောင်းအလဲ ဖြစ်လာပြီလား၊ ဘာတွေ လုပ်ကိုင်ဖို့ လိုမလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီနေ့က ဗိုလ်သင်တန်းဆင်းတာ စုစုပေါင်း အယောက် (၁၀၀) ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ အဲဒီ ဗိုလ်လောင်း အယောက် ၁၀၀ ထဲမှာ ၅ ယောက်ကလွဲရင် ကျန် ၉၅ ယောက်ဟာ မဟာဘွဲ့ရပြီးသူတွေနဲ့ မဟာဘွဲ့သင်တန်းတက်ဖို့ အရည်အချင်း ပြည့်မီသူတွေ ဖြစ်တာကြောင့် မြန်မာနိုင်ငံ အတိုင်းအတာနဲ့ဆို ပညာရည် မြင့်မားသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ လျောက်ထားသူ အယောက် ၇၀၀၀ ကျော်ထဲက အသေအခြာ ရွေးချယ်ထားတာမို့ လက်ရွေးစင်တွေ ဖြစ်ပုံရပါတယ်။ ဒီလို အမျိုးသမီး စစ်ဗိုလ်တွေ တပ်မတော်မှာ အမှုထမ်းမှာမို့ တပ်မတော်အတွက် ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ ခေတ်သစ် မြန်မာ့တပ်မတော် သမိုင်းမှာ အမျိုးသမီးအရာရှိဆိုတာ ဆေးဝန်ထမ်းတွေ အနေနဲ့ပဲ ခန့်အပ်တာမျိုး ရှိခဲ့ပါတယ်။ အခု ဗိုလ်သင်တန်းဆင်းတဲ့ အမျိုးသမီး စစ်ဗိုလ်တွေကိုတော့ ကြည်းရေလေ တပ်ဖွဲ့တွေရဲ့ ဦးစီးရုံးတွေမှာ တာဝန်ချထား ခန့်အပ်ခဲ့တာကြောင့် ဒါကလည်း ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။
နောက်တစ်ချက်က ဗိုလ်လောင်းတွေရဲ့ အနေအထားပါ။ လက်ရှိ တပ်မတော် အရာရှိ ဖြစ်သွားသူ အမျိုးသမီး အယောက် (၁၀၀) ထဲမှာ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုင်းဝ်၊ အင်းသား အစရှိသဖြင့် လူမျိုးပေါင်းစုံပါဝင်တယ်လို့ ဆိုပါတယ်။ အရည်အတွက် အသေးစိတ် မသိရပေမယ့် ဒါဟာ ပြည်ထောင်စု တပ်မတော် အသွင်သဏ္ဍန်မျိုး ဖြစ်တာကြောင့် ကြိုဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ် တပ်မတော်မှာ တိုင်းရင်းသား မျိုးနွယ်စုအားလုံးပါဝင်တဲ့ အမျိုးသမီး စစ်အရာရှိတွေကို လက်ခံလိုက်တာဟာ ကောင်းမွန်တဲ့ အစပျိုးမှု အဖြစ် မြင်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်အတွက် ပြုပြင်ပြောင်းလဲစရာ အများကြီး ရှိနေပါသေးတယ်။ ဒါကို သိနိုင်ဖို့အတွက် အနီးစပ်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် မြန်မာ့တပ်မတော် တည်ဆောက်ရေးနဲ့ ပါတ်သက်လို့ ဘာအမှားကြီးတွေ ရှိခဲ့လဲ၊ နည်းနည်းပါးပါး ပြန် သုံးသပ်ကြည့်ဖို့ လိုလာပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် အနှစ် ၂၀ ပါတ်ဝန်းကျင် မြန်မာ့တပ်မတော် တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး အကြီးဆုံးအမှားကတော့ တပ်မတော်ဟာ ပြည်ထောင်စု အသွင် ကွယ်ပျောက်ခဲ့ခြင်းပါ။ တပ်မတော် အဆင့်မြင့်ရာထူးတွေမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ မွန်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ မရှိပါဘူး။ အောက်ခြေ အရာရှိ အဆင့်မှာတောင် အလွန့်အလွန် နည်းပါတယ်။ အနှစ် ၂၀ ကာလ တပ်မတော် အနေနဲ့ အရာရှိ အဆင့် တပ်မတော်သားတွေကို တပ်ဖွဲ့အရွယ်အစားထက် အများကြီး ပိုလျှံနေအောင် မွေးထုတ် ခန့်အပ်ခဲ့တဲ့တိုင် တိုင်းရင်းသားတွေ မပါရအောင် တားမြစ် ပိတ်ပင်ခဲ့ပါတယ်။ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဆိုတာထက် တိုင်းရင်းသားတွေ ဘက်က စွတ်စွဲသလို ဗမာ့တပ်မတော်လို့ ပြောရင် ပိုပြီး မှန်ကန် နီးစပ်မယ့် အနေအထား ဖြစ်နေပါတယ်။

အစောပိုင်းကာလကတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်လို့ ထင်ရပေမယ့် နောက်ပိုင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးပွဲတွေမှာတော့ ဒီလိုဖြစ်ရတာဟာ အရင် စစ်အာဏာရှင်တွေကနေ စနစ်တကျ စီစဉ်ညွှန်ကြားခဲ့တယ် ဆိုတာ ပေါ်လွင်လာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ရတဲ့ တပ်မတော် အရာရှိကြီးတွေက တပ်မတော်အနေနဲ့ အဲဒီ ကိစ္စ ပြင်ဆင်လိုက်ပါပြီ၊ အခုနောက်ပိုင်း တပ်မတော်ဟာ ဗမာနဲ့ အခြား တိုင်းရင်းသား ခွဲခြားမှု မရှိတော့ပါဘူး၊ အရည်အချင်းရှိသူ ဗမာဖြစ်ဖြစ်၊ အခြား တိုင်းရင်းသား ဖြစ်ဖြစ် တပ်မတော်အရာရှိ ဖြစ်ခွင့်ရှိနေပါပြီ ဆိုပြီး ဖြေကြားခဲ့ကြပါတယ်။ ပြောရရင် အရင် စစ်အာဏာရှင်တွေရဲ့ ကြီးမားလှတဲ့ အမှားကြီးကို ပြုပြင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ပြုပြင်နိုင်မယ် ဆိုတာ မှန်းဆ လို့ မရသေးပါဘူး။

မန်မာတပ်မတော် တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး နောက်ထပ် ကြီးမားတဲ့ အမှားကြီး တစ်ခုကတော့ စစ်အရာရှိတွေကို တပ်မတော်က လိုအပ်တာထက် အများကြီး ပိုမွေးထုတ်ခဲ့တာပါ။ စစ်အာဏာရှင်တွေဟာ စစ်အရာရှိတွေကို မွေးထုတ်၊ တပ်မတော်မှာ ကာလ တစ်ခု တာဝန်ထမ်းဆောင်ပြီးတာနဲ့ အရပ်ဘက် ဌာန ဆိုင်ရာ အသီးသီးကို ပြောင်းရွှေ့တာဝန်ပေးတဲ့ စနစ် လုပ်ခဲ့ပါတယ်။ ပြောရရင် မြန်မာတစ်နိုင်ငံလုံးကို စစ်ဗျူရိုကရေစီ ယန္တယားအောက် သွတ်သွင်းပြီး ကျယ်ပြန့်တဲ့ စစ်အုပ်ချုပ်ရေးအောက် ရောက်အောင် လုပ်ခဲ့တာပါ။ ဒီလို လုပ်နိုင်ဖို့ အတွက် မြန်မာ့တပ်မတော်ရဲ့ အမြင့်ဆုံး ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကို နဂို ၄ နှစ်ကနေ ၃ နှစ် လျော့ချခဲ့ပါတယ်။ ၈၈ အရေးအခင်း မတိုင်ခင်က အပါတ်စဉ် တစ်ခု ဗိုလ်လောင်း ၁၅၀ ၀န်းကျင်နဲ့ တက္ကသိုလ်တစ်ခုလုံး (၄) နှစ်စာ အယောက် ၆၀၀ ၀န်းကျင်လောက်ပဲ ရှိရာကနေ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ တစ်နှစ်စာ အယောက် ၃၀၀၀ ၀န်းကျင်၊ (၃) နှစ်စာ အယောက် ၉၀၀၀ လောက် မွေးထုတ်ပေးတဲ့ အခြေအနေထိ ရောက်အောင်လည်း လုပ်ခဲ့ပါတယ်။ အရင်ကထက် တစ်နှစ် တစ်နှစ် စစ်ဗိုလ် အဆ (၂၀) လောက် ပိုမွေးထုတ်တာပါ။ နည်းတဲ့ အရည်အတွက် မဟုတ်ပါဘူး။

ဒီလိုလုပ်ခဲ့တဲ့အတွက် အရည်အချင်းနည်းပါးသူတွေ စစ်အရာရှိအဖြစ် ရောက်လာသလို၊ ၀န်ကြီးဌာန အသီးသီး ထဲ သက်ဆိုင်ရာ လုပ်ငန်းတာဝန်တွေကို နားမလည် ကျွမ်းကျင်မှုလည်း မရှိတဲ့ စစ်အရာရှိတွေ ထည့်ပြီး စီမံအုပ်ချုပ်ခိုင်းခဲ့တာကြောင့်လည်း တိုင်းပြည် ကံဆိုးမိုးမှောင်ကျပြီး အဖက်ဖက်က နိမ့်ပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို စစ်ဗျူရိုကရေစီ ယန္တယား တည်ဆောက်ခဲ့တဲ့ အတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က နိမ့်ကျစေခဲ့ပါတယ်။ အဲဒီဒါဏ် ဒီနေ့အချိန်ထိ တိုင်းပြည်က ဆိုးဆိုးရွားရွား ခံနေရဆဲပါ။ ဒီအတွက် တပ်မတော်ဟာ တပ်ဖွဲ့လိုအပ်ချက် အလျောက်ပဲ စစ်အရာရှိတွေ မွေးထုတ်ရပါမယ်။ အခုနောက်ပိုင်း စစ်ဗိုလ် မွေးထုတ်တာတွေ လျော့ချလိုက်ပြီ ဆိုပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ လျော့ချခဲ့တယ် ဆိုတာ မသိနိုင်သေးပါဘူး။

ဒီလို အရေးကြီးတဲ့ အချက်တွေအပါအ၀င် အခြား လိုအပ်ချက်ပေါင်းများစွာ ပြုပြင်နိုင်ပါမှ တိုင်းပြည် ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမယ့် တပ်မတော် ဖြစ်လာမှာဖြစ်ပါတယ်။ တိုင်းပြည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာပါမှလည်း တပ်မတော်ကို ခေတ်မီတဲ့၊ တကယ့်ကို အင်အားရှိတဲ့ ကျစ်လစ်ပြီး နည်းပညာမြင့်မားတဲ့ ပြည်ထောင်စု တပ်မတော်အဖြစ် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

စစ်ရေးအမြင်ရှိလှပါတယ် လို့ပြောပြောနေတဲ့
ဗိုလ်ချုပ်ကြီး အသစ်အဟောင်းတွေဟာ..
တရုပ်ရဲ့ ၀ါးမြိုမှုတွေနဲ့ပတ်သက်ရင်..
အာစေးထည့်ထားသလို ဖြစ်နေတဲ့သဘော..
ဆီပုလင်း ခါးချိတ်ထားသလို ဖြစ်နေတဲ့သဘောတွေကို
သိသိသာသာတွေ့လာရတယ်..၊

သူတို့အကျိုးရှိရင်ပြီးရော..
တိုင်းပြည်က မြေတွေကို..
ဘယ်ကမှန်းမသိတဲ့ လူမျိုးခြားတွေဆီကို
ဝကွက်အပ်ဖို့အတွက်လမ်းဖွင့်ပေးကြတယ်။

အချုပ်အခြာအာဏာကို
ပေါ်တင် အထိခံကြတယ်..၊
သေနတ်နဲ့တိုက်မှ စစ်ပွဲလို့ ထင်နေတာလား
တော့မသိဘူး..

သမ္မတအစ ကာချုပ် အပါဝင် ၀န်ကြီးတွေအထိ..
စစ်ရေးအမြင်ရှိတယ် ဆိုတာဟာ..
ယုံရခက်ကြီးတစ်ခုဖြစ်နေတယ်.၊

-----------------

တိုင်းပြည်ကို အရမ်းချစ်ပါတယ်ဆိုတဲ့
မျိုးနှစ်တွေဟာလဲ... သိသိသာသာကို
အသံတိတ်နေကြတယ်...
တရုတ်ဆိုရင်ကို မျိုးချစ်တွေရဲ့မျက်လုံး ကန်းနေပုံရတယ်၊
လက်ပတောင်းဘုန်းကြီး ၉၉ ပါး ကိုမီးသင့်စေခဲ့တာ
တရုတ်ကြောင့်ဆိုတာကို ရူးချင်ယောင်ဆောင်နေသလိုပဲ.၊

တရုပ်က မြန်မာပြည်ရဲ့မြေကွက်တွေကိုဝါးမျိုဖို့..
ပမာဏခန့်မှန်းလို့တောင်မရတဲ့
ငွေနဲ့ပေါက်ပြီး အလုံးအရင်းနဲ့စိမ့်ဝင်နေတာလေ..၊

မျိုးချစ်အစစ်ဆိုရင်တော့..
အမျိုးသားအကျိုးစီးပွားအကြောင်းကို
သဘောပေါက်မယ်ထင်တယ်..

"အင်မျိုးချစ်"...ဆိုရင်တော့ အဲဒီစကားဟာ..
နွားပလာတာကျွေးသလိုပဲဖြစ်မှာပါ..

---------------------

ထောက်ပြုတ်တွေလဲအဲဒီအတိုင်းပဲ..

ဘာအမြင်တွေ ညာအမြင်တွေကို..
သုံးသပ်လိုက်ကြတာ..ပွထနေပြီ..
ဒါပေမဲ့ သူတို့သုံးသပ်တာဟာ..
အာဏာရှင်တွေဘက်ကချည်းပဲ..

အခုလို အစိုးရဟာ..တရုပ်တွေကို
လွယ်လွယ်ကူကူနဲ့ လက်လွယ် နေတဲ့အချိန်မျိုး
တရုပ်ကို အကုန်လုံး ၀ကွက်အပ်နေတဲ့အချိန်မျိုးမှာ..

ထောက်ပြုတ်တွေသုံးသပ်သင့်တာက..

ကိုယ့်ရဲ့ထောက်လှမ်းရေးအရည်အချင်းတွေကို
အပြည့်အ၀ အသုံးချပြီး

အာဏာရခေါင်းဆောင်ပိုင်းထဲမှာ..
တရုပ်ကွန်မြူနစ်ပါတီကမွေးထားတဲ့ ..
Spy ဘယ်နှစ်ယောက်ရှိနိုင်တယ်၊
ဘယ်လောက်အထိစိမ့်ဝင်ထားတယ်.
ဘာတွေလှုပ်ရှားတယ်..၊
ဘာတွေကသိသာနေတယ်.၊
ဘယ်လိုဖေါ်ထုတ်ရမယ်...

ဆိုတဲ့ သုံးသပ်ချက်လေးတွေကိုလဲ ဖတ်ချင်ပါတယ်၊

ပွင့်ပွင့်လင်းလင်းပြောရရင်..
အစိုးရရဲ့..တရုက်ဘက်ကိုယိမ်းတဲ့ ယိမ်းယိုင်မှုက..
အရမ်းကို သိသာပြီး..
ကြောက်စရာအရမ်းကောင်းနေတယ်..၊
သံသယဖြစ်စရာဖြစ်နေတယ်..၊
လူပိန်းတောင် စဉ်းစားတတ်တဲ့အနေအထားပါ..

ဒါကို လေ့လာသုံးသပ်စေချင်ပါတယ်..။

အဲဒီလိုမှမလုပ်တတ်ဖူးဆိုရင်တော့
ထောက်ပြုတ်တွေကိုယ်တိုင် ဟာ..
တရုတ်မွေးထားတဲ့ဆဲလ်တွေက ဇက်ကြိုးဆွဲပြီး
ခိုင်းတာကို ခံနေရသူတွေဖြစ်နေလို့ ပဲ..လို့
ယူဆပါတယ်။

ဟဲဟဲဟဲ

( Pa Yit)


မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အင်တာနက် အွန်လိုင်း ကနေတဆင့်လျှောက်ထားလို့ရတဲ့ e-visa စနစ်ကို စက်တင်ဘာလ (၁) ရက် ဒီကနေ့ကနေ စပြီး ခွင့်ပြုပေးလိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ခရီးသွားဗီဇာကိုပဲ အဓိကထား လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာမယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် အွန်လိုင်းဗီဇာအကြောင်း အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသွား ခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ဗီဇာကို အင်တာနက် အွန်လိုင်းကနေ လျှောက်ထားနိုင်မယ့် e-visa စနစ်ကို ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတွင်း သံရုံးဖွင့်လှစ်ခွင့်ရရှိထားတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေအတွက် Tourist Visa (ခရီးသွားဗီဇာ) ကိုပဲ အဓိကထား လျှောက်ထားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ E-visa (အွန်လိုင်းပြည်ဝင်ခွင့်) လျှောက်ထားနိုင်တဲ့ နိုင်ငံတွေထဲ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီစတဲ့နိုင်ငံတွေအပြင် မြောက်ကိုရီးယား နိုင်ငံလည်း ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

“၄၁ နိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့နိုင်ငံတွေကို ပေးတာ ဖြစ်ပါတယ်။ …ဆိုတော့ North ကိုရီးယားက ကျနော်တို့မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျန်တာ ဘာအချက်မှ မပါဘူး။ ဒုတိယအချက်က- ဘယ်လောက် ရင်းနှီးသလဲဆိုတော့ ကနဦး ဒေါ်လာ ၁၇ သန်းလောက် ရင်းနှီးမယ်-လို့ စီမံထားပါတယ်။ အဲဒီအတွက်က ဘာတွေလိုလဲဆိုတော့ IT နဲ့ ပတ်သက်တဲ့ဟာတွေ လိုတာပေါ့။ Up to Date ဖြစ်တဲ့ ပစ္စည်းကိရိယာတွေအကုန်လုံး သုံးရမယ်။ IT ကလည်း အမြဲတမ်း upgrade လုပ်နေမှ ဖြစ်တဲ့အတွက်ကြောင့် အချိန်တန်ရင် upgrade လုပ်မယ်ဆိုတေတတာ့ ဒီကုမ္ပဏီကပဲ တာဝန်ယူပြီး upgrade လုပ်သွားမယ်။ အခြားသော ဆာဗာတွေ ရှိတယ်။ ဒီမှာ လျှပ်စစ်ဓာတ် ချွတ်ယွင်းတယ်ဆိုလို့ရှိရင် သဘောက တရက်၊ နှစ်ရက် ချွတ်ယွင်းတယ်ဆိုရင် ဘယ်လို အစားထိုးပေးမလဲ၊ Disaster ပေါ့၊ နာဂစ်တို့လို Disaster ဖြစ်သွားတယ်။ အကြာကြီး ဒီမှာ failure ဖြစ်မယ်ဆိုရင် ဘယ်လို Back-up လုပ်မယ်ဆိုတာ ပြည်ပမှာပါအစ back-up လုပ်တဲ့ system တွေ ရှိပါတယ်။”

အွန်လိုင်း ပြည်ဝင်ခွင့်လျှောက်ထားမှု (e-visa) ရဲ့ စမ်းသပ်အောင်မြင်မှုပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံအားလုံးကနေ e-visa လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ အခု e-visa စနစ်စတင်ချိန်မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေတဆင့် ၀င်ရောက်မယ့် ခရီးသည်တွေအတွက် စတင်လိုက်တာပါ။ အခု e-visa စနစ်ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီး တခြား နိုင်ငံတကာလေဆိပ်တွေ အပြင် မြန်မာနိုင်ငံတွင်း ၀င်ရောက်နိုင်တဲ့ နယ်စပ် ၀င်ထွက်ပေါက်တွေ အပါအ၀င် ၀င်ထွက်ပေါက်တွေအားလုံးကနေ ခွင့်ပြုပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

“နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဝင်ရောက်တဲ့ဥစ္စာက ရန်ကုန်လေဆိပ်က ဝင်ရောက်တာ အများဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ရန်ကုန်လေဆိပ်ကို စတင်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ စက်ပစ္စည်းကိရိယာတွေ၊ နောက်တခုက ကျနော်တို့ ဒီ E-visa လုပ်ငန်းဆိုတာ အခုမှ ကျနော်တို့နိုင်ငံမှာ စတင်ပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ- အကျိုးအပြစ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြုပြင်ရမှာတွေ၊ ပြောင်းလဲရမှာတွေ၊ နည်းပညာပိုင်း ပံ့ပိုးရမယ့်အပိုင်းတွေ- ဒီဟာတွေကို ကျနော်တို့က ပြည့်ပြည့်စုံစုံနဲ့ ဂဃနဏ ဆောင်ရွက်သွားချင်တဲ့အတွက်ကြောင့် ရန်ကုန်လေဆိပ်ကနေပြီးတော့ စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အလားတူပဲ မန္တလေးလေဆိပ်၊ နေပြည်တော်လေဆိပ်၊ ဒါ့အပြင် ကျနော်တို့ နိုင်ငံတကာဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ပြီးဖြစ်တဲ့ ဘော်ဒါဂိတ်ပေါက်တွေကနေကအစ ဆက်လက် ဆောင်ရွက်သွားဖို့ဆိုပြီး ကျနော်တို့မှာ အစီအစဉ်ရှိပါကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။”

လျှောက်ထားလိုသူ ခရီးသွားတွေအနေနဲ့ အွန်လိုင်း ပြည်ဝင်ခွင့်အတွက် လျှောက်ထားတဲ့အခါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ e-visa အင်တာနက် စာမျက်နှာကို ၀င်ရောက်ပြီးအမေရိကန်ဒေါ်လာ (၅၀) ပေးသွင်းကာ လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားမှုကို လက်ခံ၊ မခံ တစ်နာရီအတွင်း အကြောင်းပြန်ကြားမှာဖြစ်ပြီးတော့ ပြည်ဝင်ခွင့်ပြု မပြုကိုတော့ (၅) ရက်အတွင်း အကြောင်းပြန်ကြားမယ်လို့ လ၀က ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို အွန်လိုင်းပြည်ဝင်ခွင့် ခွင့်ပြုတာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အမည်မည်းစာရင်း (Blacklist) စာရင်းဝင်သူတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ interpo ရဲ့ အမည်မည်းစာရင်းဝင်သူများကိုတော့ လျှောက်ထားမှု လက်ခံမှာမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၃ ခုနှစ် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ဦးရေ (၂.၄) သန်း ၀င်ရောက်ခဲ့ပြီး အခုနှစ် (၂၀၁၄) အတွက်တော့ ခရီးသွားဦးရေ (၃) သန်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အွန်လိုင်းကတဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အောင်မြင်ခဲ့ရင်တော့ လာမယ့် ၂၀၁၅ မှာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားခရီးသွားဦးရေ (၅) သန်း ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်ခင်ဗျာ။

Voa

မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ သိရသည်။စာရင်း
ဇယားများအရ ၂၀၁၄ ခုနှစ်အတွင်း လစဉ်အလုပ်အကိုင်ဗီဇာဖြင့် ၀င်ရောက်သူ နိုင်ငံခြားသား ၁၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ၀န်းကျင်မှာ တရုတ်နိုင်ငံသားများ ဖြစ်နေသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီးနောက် မန္တလေးမြို့တွင် လုပ်ငန်းလုပ်ကိုင်လိုသည့် တရုတ်နိုင်ငံသားများ ပိုမိုလာခြင်းဖြစ်သည်။တရုတ်နိုင်ငံသားများအနေဖြင့် မန္တလေးမြို့တွင် ကျောက်မျက်ရတနာလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်သည့်လုပ်ငန်းများတွင် အများဆုံး ၀င်ရောက်လုပ်ကိုင်ကြကြောင်းနှင့် ယခုနောက်ပိုင်း
တွင် မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း၌ အဆမတန် ဈေးကြီးပေးဝယ်သူများ၏နောက်တွင် တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်
များနှင့် မြို့ခံများက ပြောကြားသည်။

မန္တလေးမြို့၏ လက်ရှိအိမ်ခြံမြေဈေးကွက်တွင် အမှန်တကယ် နေထိုင်ရန်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံရန်အတွက် အဆမတန် ဈေးကြီးပေးဝယ်သူ များပြားလာပြီး အများစုမှာ တရုတ်လူမျိုးများဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

“မန္တလေးအိမ်ခြံမြေဈေးကွက်မှာ တရုတ်လူမျိုးတွေ ၀င်ရောက်ခြယ်လှယ် ဈေးကစားနေကြပြီး လုပ်ကိုင်နေကြတာပဲ။ နောက်ပြီး သိန်းသောင်းချီတန်တဲ့ အရောင်းအ၀ယ်မျိုး
ဖြစ်တယ်ဆိုတာ သိရပေမယ့် ဘယ်သူတွေ ၀ယ်သွားတယ်ဆိုတာ အတိအကျမပြောနိုင်ကြဘူး။ အဲဒီလို အရောင်းအ၀ယ်တွေဆိုတာ မန္တလေးမှာ တော်တော်များ
လာပြီ။ ပြောရရင် မန္တလေးအိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရတာဟာ ဘယ်ကရမှန်းမသိရတဲ့ငွေတွေနဲ့ ဈေးကစားလုပ်ကိုင်နေကြလို့။ အခုဆိုရင် မန္တလေး
မြို့လယ် ဧရိယာမှာ မြန်မာလူမျိုးပိုင်တဲ့ အကွက်တွေ ဘယ်လောက်မှမကျန်တော့ဘူး။ မြို့ခံအများစုကတော့ မြို့သစ်တိုးချဲ့ရပ်ကွက်တွေမှာ ရောက်ကုန်ကြပြီ” ဟု အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ ဒေါ်ခိုင်သဇင်က “ကျွန်မတို့လမ်းထဲမှာအရင်က တရုတ်လူမျိုး အိမ်သုံးလေးအိမ်ပဲ ရှိပါတယ်။ အခုတော့ မြန်မာအိမ်က သုံးလေးလုံးလောက်ပဲ ရှိတော့တယ်။ တချို့အိမ်တွေဆို လူမနေဘဲ တရုတ်စာတန်းတွေပဲ ချိတ်ထားတာ တွေ့ရတယ်။ မန္တလေးဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခု
ဖြစ်သွားမှာ စိုးရိမ်မိတယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံသားများဝင်ရောက်မှု ပိုမိုများပြားလာသည့်အချိန်တွင် မန္တလေးမြို့ရှိ တရုတ်နွယ်ဖွားများ အိမ်ခြံမြေများ ၀ယ်ယူနေမှုမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို စုံစမ်းဖော်ထုတ်ရန် လိုအပ်သည်ဟု မြို့ခံများက ပြောကြားသည်။

အမရပူရမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက “မန္တလေးမြို့ကို တောင်ဘက်ကိုပဲ ချဲ့လို့ရတယ်။ ဒါကို ကြိုတင်မြင်တဲ့ တရုတ်တွေက အမရပူရမြို့ထဲအပြင် ရွာတွေအထိဆင်းပြီး မြေကွက်၊ လယ်ကွက်တွေကို အဆမတန်ဈေးကြီးပေးပြီး လိုက်ဝယ်နေတယ်။ သူတို့ကိုယ်တိုင်နာမည်နဲ့ ၀ယ်တာရှိသလို မြန်မာအမည်နဲ့ ၀ယ်နေတာ
တွေလည်း ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့မြို့ထဲမှာလည်း တရုတ်တွေခြေဆန့်လာတယ်။ မန္တလေးက တရုတ်တွေမဟုတ်ဘူးလို့လည်း သိရတယ်။ အရင်က ၁၀ သိန်း
ဝန်းကျင်ပဲရှိတဲ့ တောင်သမန်အင်း အရှေ့ဘက်က ရွာတွေတောင်မှ သိန်း ၁၀၀၀၊၂၀၀၀ တန်ကုန်တယ်။ ကြာလာရင်တော့ မန္တလေးဟာ စင်ကာပူလို တရုတ်တွေနေ
တဲ့နေရာ ဖြစ်လာနိုင်တယ်” ဟု ပြောကြားသည်။

တရုတ်လူမျိုးများအနေဖြင့် မန္တလေးမြို့ပေါ် ရပ်ကွက်များသာမက ဆင်ခြေဖုန်းရပ်ကွက်များနှင့် လယ်ယာမြေများကိုပါလိုက်လံဝယ်ယူလျက်ရှိသည်ဟု ဒေသခံများ
၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် မန္တလေးမြို့တွင် တရုတ်လူမျိုးပိုင်ဆိုင်သည့် လုပ်ငန်းများလည်း များပြားလာပြီး တရုတ်စာသားဖြင့် ရေးသားထားသော ဟိုတယ်များ၊ စားသောက်ဆိုင်များ
အပါအ၀င် အခြားလုပ်ငန်းများပါ မြို့တွင်းတွင် ပိုမိုတွေ့ရှိလာရကြောင်း မြို့ခံများကဆိုသည်။“အိမ်ခြံမြေဈေးကွက်မှာ တရုတ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ
တော့ လူတိုင်းသိတယ်။ ဒါပေမဲ့ သူတို့က နာမည်ခံနဲ့ ၀ယ်တာမျိုးဆိုတော့ သက်သေပြဖို့ခက်တယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးဖော်ထုတ်
သင့်တယ်” ဟု မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ရှိ တရုတ်လူမျိုးများနှင့် တရုတ်ပြည်မရှိ တရုတ်နိုင်ငံသားများမှာ လုပ်ငန်းလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုငွေကို ဘဏ်စနစ်ဖြင့် အလွှဲအပြောင်းပြုလုပ်ခြင်းမဟုတ်
ဘဲ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် ဆက်စပ်သော ငွေကြေးများဖြင့်သာ ငွေကြေးလည်ပတ်မှု ပြုလုပ်လျက်ရှိသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်
နေသည့် တရုတ်လူမျိုးများ၏ ငွေကြေးကို စိစစ်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်ထောက်ပြမှုများလည်း ရှိနေ . . . . .

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဦးသောင်းဇော်က “အိမ်ခြံမြေ၀ယ်တယ်ဆိုတာကတော့ မြန်မာနိုင်ငံသားတွေပဲ ၀ယ်လို့ရပါတယ်။ နိုင်ငံခြားသား
ကတော့ အိမ်ဝယ်ပိုင်ခွင့် မရှိတဲ့အပြင် အိမ်ငှားတောင် နေခွင့်မရှိပါဘူး” ဟု အိမ်ခြံမြေ၀ယ်ယူနိုင်မှုနှင့်ပတ်သက်၍ ပြောကြားသည်။သို့ရာတွင် မန္တလေးသို့ ၀င်ရောက်
လာသော အချို့တရုတ်နိုင်ငံသားများသည် မြန်မာစကား ကျွမ်းကျင်စွာတတ်သည့်အတွက် အရေးယူရန် ခက်ခဲကြောင်းလည်း ဦးသောင်းဇော်က ပြောကြားသည်။

မန္တလေးမြို့သို့ လာရောက်သော တရုတ်နိုင်ငံသားများအနေဖြင့် ဗီဇာသက်တမ်းကျော်လွန်ကာ နေထိုင်ခြင်း၊ မြန်မာနိုင်ငံသားဖြင့် အိမ်ထောင်ကျကာ တရားမ၀င် အခြေ
တကျနေထိုင်ခြင်း၊ တရုတ်နိုင်ငံတွင် ရာဇ၀တ်ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်လာသူများ ရှိခြင်းတို့ကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တရားမ၀င်
နေထိုင်သည့် တရုတ်နိုင်ငံသားများကို တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် လက်ခံထားရှိသောအိမ်ရှင်ကို လ၀ကဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း
ဦးသောင်းဇော်က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသားများအနေဖြင့် ဗီဇာစည်းကမ်းများအတိုင်း သတ်မှတ်ချက်နေထိုင်ရန်လစဉ်ခေါ်ယူ ပြောကြားလျက်ရှိကြောင်း၊
နိုင်ငံခြားသားအရေးနှင့်ပတ်သက်၍ ယခင်ကထက်ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလုပ်အကိုင်ဗီဇာဖြင့် ၀င်ရောက်လာသော နိုင်ငံခြားသားများကို ရက် ၇၀ နေထိုင်ခွင့်ပြုထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် သုံးကြိမ်သက်တမ်း
တိုးကာ တစ်နှစ်အထိ နေထိုင်ခွင့်ရှိကြောင်း သိရသည်။

“မရောင်းရတဲ့ စတိုးဆိုင်တွေ ဖွင့်ထားပြီးတော့ နောက်ထပ်မြေတွေ ၀ယ်နေတာတွေက ဘယ်ကပိုက်ဆံနဲ့ ၀ယ်တယ်။ ဘယ်လိုနည်းနဲ့ ၀င်လာတယ်ဆိုတာ စဉ်းစား
စရာ ဖြစ်နေတာပေါ့။ တချို့ တကယ်စီးပွားရေးလုပ်ပြီး ၀ယ်တဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ တော်တော်များများက အဲဒီလိုဖြစ်နေတယ်။ ဒီငွေတွေ ဘယ်လိုနည်း
နဲ့ ၀င်နေလဲဆိုတာတော့ သူတို့အဆက်စပ်နဲ့ ၀င်လာကြတာလို့ပဲ ပြောရမှာပဲ။
မန္တလေးမြို့ပေါ်မှာ တရုတ်တွေ ၀ယ်တာမဟုတ်ဘူး။ အကုန်လိုက်ဝယ်တာ။ အရင်က မြန်မာတွေ အစွန်ရောက်သွားတယ်။ အစွန်ကို မနေနိုင်တော့တဲ့သူတွေလည်း
ရှိလာတယ်။ အငှားအဆင့် ရောက်သွားကြတယ်” ဟု ၀သုနြေ္ဒ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်စိမ်းဈေးတွင် ကာလရှည်ကြာနေထိုင်သည့် တရုတ်လူမျိုးများရှိကြောင်း၊ အများစုမှာ ဟိုတယ်တွင် နေထိုင်ခြင်း
မပြုဘဲ အိမ်ငှားရမ်းနေထိုင်ကြကြောင်း၊ မည်သည့်ဗီဇာဖြင့် လာရောက်သည်ကိုမူ မသိရှိရကြောင်း ကျောက်မျက်လုပ်ကိုင်သူများက ပြောကြားသည်။

“သိရသလောက်တော့ ပြည်မကလုပ်ငန်းရှင်နဲ့ ဒေသခံလုပ်ငန်းရှင် တရုတ်လူမျိုးတွေ ငွေကြေးလှည့်ပတ် စီးဆင်းနေတဲ့ပုံစံက ဥပမာဆိုပါတော့။ နယ်ခံလုပ်ငန်းရှင်
က ဆိုင်ကယ်အမြောက်အမြားကို သွင်းကုန်လိုင်စင်နဲ့ မှာယူတင်သွင်းတယ်။ ဒါပေမဲ့ ငွေအလုံးအရင်းလိုက် ချပေးစရာ မလိုဘူး။ နောက်တော့မှ ဟိုဘက်က တရုတ်လုပ်ငန်းရှင်က မန္တလေးဈေးကွက်မှာလာပြီး ကျောက်စိမ်းလုပ်ငန်းမှာဝယ်ယူတာမျိုး၊ အိမ်ခြံမြေ၀ယ်ယူတာမျိုး လုပ်ကြတာ။ မန္တလေးမှာရှိတဲ့ တရုတ်တွေ အိမ်ခြံမြေ၀ယ်နေတဲ့နောက်မှာ ပြည်မကတရုတ်တွေ ရှိကိုရှိနေလိမ့်မယ်” ဟုမန္တလေးမြို့မှ မူဆယ်-ကြယ်ခေါင်နယ်စပ်တွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း
ပြုလုပ်လျက်ရှိသည့် ဦးအောင်ကိုက ပြောကြားသည်။

မန္တလေးတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား ခြောက်သောင်းကျော် ခုနစ်သောင်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန၏ စာရင်းဇယား
များအရ သိရသည်။

“ဘယ်နေရာကြည့်ကြည့် တရုတ်ဆိုင်တွေနဲ့ မန္တလေးဖြစ်နေပြီ။ တရုတ်လူမျိုးအများစုဟာ တရုတ်စကားပဲ ပြောကြတယ်။ ဗမာစကား မပြောကြဘူး။ အခုလို
နိုင်ငံခြားသား အ၀င်မြင့်တက်နေတဲ့အချိန်မှာ သူတို့တွေက မြန်မာနိုင်ငံသားတရုတ်လား။ တရုတ်နိုင်ငံသား တရုတ်လားဆိုတာ ခွဲခြားဖို့ခက်လာတယ်။ နောက်ပြီး
မြန်မာစာနဲ့ အင်္ဂလိပ်စာနဲ့ပဲ ခွဲပြုထားတဲ့ မန္တလေးမှာ တရုတ်စာသားတွေနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ အခြားဆိုင်တွေ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာ
ကြတယ်” ဟု မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ကိုရဲနိုင်က ပြောကြားသည်။

မန္တလေးမြို့ရှိ တရုတ်လူမျိုးများနှင့် တရုတ်ပြည်မရှိ တရုတ်နိုင်ငံသားများမှာ လုပ်ငန်းလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုငွေကို ဘဏ်စနစ်ဖြင့် အလွှဲအပြောင်းပြုလုပ်ခြင်းမဟုတ်ဘဲ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့်ဆက်စပ်သော ငွေကြေးများဖြင့်သာ ငွေကြေးလည်ပတ်မှု ပြုလုပ်လျက်ရှိသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများ၏ ငွေကြေးကို စိစစ်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ကဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

မန္တလေးမြို့ ၇၈ လမ်းတွင်နေထိုင်သူ ဦးအောင်ဇင်က “အိမ်ရှေ့မှာ မုန်လာချဉ်ရောင်းသလို၊ မာလာဟင်းရောင်းသလိုနဲ့ တိုက်တွေခြံတွေ ပိုင်သွားကြတဲ့ တရုတ်လူမျိုး
တွေ ရှိတယ်။ ဒီပိုက်ဆံတွေက ဘယ်ကရတာလဲ။ တရုတ်လူမျိုးတွေ အိမ်ခြံမြေတွေကိုဈေးကြီးပေးဝယ်နေမှုနဲ့ ပတ်သက်ပြီး သေချာစိစစ်သင့်တယ်” ဟု ပြောကြားသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုး များပြားလာမှု၊ တရုတ်နိုင်ငံသားများ ၀င်ရောက်မှု မြင့်တက်လာမှုနှင့်အတူ အိမ်ခြံမြေများအား အဆမတန် ဈေးကြီးပေးဝယ်နေမှုတို့ကြောင့် မန္တလေးမြို့သည် တရုတ်နိုင်ငံ၏ ငွေပြုလုပ်သည့် နေရာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဆောင်းပါးရှင်- ငြိမ်းဇော်လင်း
Eleven media group

ယနေ့(၁.၉.၂၀၁၄)မနက် ၁ နာရီမိနစ် ၃၀ ခန့်ကလှိုင်သာယာ ဗဒံအပိုင်းလန်ဒန်စီးကရက်
စက်ရုံအနီးရွှေသံလွင်ကွင်းအတွင်းရှိလူနေရပ်ကွက်အတွင်းသို့လှိုင်သာယာ(၃)ထိတ်ဖက်
မှအင်အား(၂၀)ဦးခန့်လူအုပ်စုတစ်စုရောက်လာပြီးသူခိုးဟုအကြောင်းမဲံ့အော်ပြီးလူနေ
အိမ်များအတွင်းသို့ခဲများ၊လေးခွများဖြင့်ပစ်သဖြင့်ရပ်ကွက်ပြည်သူများအထိတ်တလန့်နှင့်
ရုးံရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။ တစ်ချို့ဒဏ်ရာရကြသည်။

ရဲတပ်ဖွဲ့နယ်ထိန်းကဓာတ်ပုံရိုက်သည်ကိုလည်းလူမိုက်က ကင်မရာကိုကိုင်ပေါက်ပြီး
ဓားနဲလိုက်ထိုးသည်``မသိရင်မှတ်ထားငါ့နာမည်အောင်စိုးလင်းကွ၊ရဲနိုင်ကွဟု``အော်
သွားသည်။၎င်းအဖွဲသည်ဆိုင်ကယ်အစီး(၂၀)နှင့်ရောက်လာပြီးဆိုင်ကယ်များကို
လမ်းထိပ်သဲကွင်းတွင်ထားသည်။ရောက်ရှိနေသည့်ရဲ(၃)ဦးမှာလူမိုက်များကိုမထိမ်းနိုင်ပါ။

နောက်ထပ်ရောက်လာသည့်ရဲတပ်ဖွဲ့များမှာလည်းပဋိပက္စကိုမထိန်းနိုင်ကြပါ၊
ရပ်ကွက်ပြည်သူများမှာအေးချမ်းစွာနေထိုင်ရေးအတွက်စိတ်ပူလျက်ရှိပြီးရဲတပ်ဖွဲ့၏
ကိုင်တွယ်ပုံကိုအားမလိုအားရဖြစ်နေကြသည်။ရဲတပ်ဖွဲ၏တာဝန်ပေးညွှန်ကြားမှုအပေါ်
ပြည်သူတို့ကဝေဘန်လျက်ရှိသည်။

လယ်သမားများထွန်တုံးတိုက်ပွဲလယ်ဝင်ထွန်သည့်ကိစ္စတွင်ရဲတပ်ဖွဲများစွာသုံးသည်။
ဦးဝင်းချို၊ကိုထင်ကျော်၊ကိုစိန်သန်း အစရှိသူတို.ရုံးထုတ်များတွင်ရဲများကိုမဲမဲလှုပ်သုးံသည်။
လယ်သမားတရားစွဲရုံးချိန်းများတွင်ရဲများကိုအင်အားအလွန်အကျွံသုးံသည်။ငြိမ်းချမ်းစွာ
ဆန္စပြသည့်ကိစ္စများတွင်ရဲများကိုအုံနဲကျင်းနဲ့သုးံသည်။

ယခုကဲ့သို့တည်ငြိမ်မှုပျက်ပြားစေသည်ကိစ္စများကိုရဲတပ်ဖွဲ.အင်အားသုးံရာတွင်ရဲတပ်ဖွဲ့၏
ပြုမူဆောင်ရွက်ပုံမှာမေးခွန်းထုတ်စရာဖြစ်နေသည်။ယခုကဲ့သို့လူမိုက်များရမ်းကားပေါ
များပြီးထင်တိုင်ကြဲနေကြခြင်းမှာအစိုးရကနိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလွတ်တိုင်း
ရာဇဝတ်မှုကျူးလွန်သူသောင်းဂဏန်းလွတ်ခဲ့ခြင်း၏ရလဒ်ဟုပြည်သူများကသုးံသပ်
နေကြသည်။

သတင်း- Zaw Yann.



အမျိုးသားစာပေဆုရ စာရေးဆရာကြီး လင်းယုန်သစ်လွင် ကွယ်လွန်ခြင်း ၂၁နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆရာကြီးရဲ့ ဇာတိမြေမှာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းတဲ့ အခမ်းအနားကို သြဂုတ် ၃၁ရက်မှာ ကျင်းပခဲ့ပါတယ်။ ဆရာကြီးရေးခဲ့တဲ့ ကိုယ်တွေ့ချွေးတပ်စခန်းအကြောင်း ရုပ်ရှင်ရိုက်သင့်လား။

တို့ကျေးရွာ၊ သီတာသောင်ခြေဦး၊ ယိုးဒယား-မြန်မာမီးရထားလမ်း ကိုယ်တွေ့ ချွေးမှတ်တမ်း၊ ဓမ္မဝိသာလာ စတဲ့စာအုပ်တွေနဲ့ စာပေဆုတွေရရှိခဲ့တဲ့ ဆရာကြီး လင်းယုန်သစ်လွင် ကွယ်လွန်ခဲ့တာ ၂၁နှစ်ရှိပြီး အခုလို နှစ်ပတ်လည်မှာ ဆရာကြီးရဲ့ မွေးရပ်မြေဖြစ်တဲ့ ညောင်တုန်းမြို့ ကျွန်းထိပ်ပိုင်းမှာ မူလတန်းကျောင်းသစ် ဆောက်လုပ်လှူဒါန်းသွားမယ်လို့ လင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေး ကော်မတီက ပြောပါတယ်။

ဆရာကြီး ကွယ်လွန်ချိန်မှာ ဇနီး၊ သားသမီး ကျောထောက်နောက်ခံမရှိတဲ့အကြောင်း၊ ဆရာကြီးသာ အသက်ရှင်နေဦးမယ်ဆိုရင် အသက် ၉၇နှစ် ရှိမှာဖြစ်တယ်လို့ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)က ပြောပါတယ်။

ဆရာကြီး လင်းယုန်သစ်လွင်ကို လေးစားအားကျတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းက သူအကြိုက်ဆုံး ဝတ္ထုက ချွေးတပ်စခန်းနဲ့ ဓမ္မဝိသာလတို့ဖြစ်ပြီး ဓမ္မဝိသာလာကိုတော့ မြင့်မြင့်ခိုင်က ရိုက်ကူးနေပြီး ချွေးတပ်စခန်းကိုလည်း ရုပ်ရှင်ရိုက်သင့်တယ်လို့ ပြောပြပါတယ်။

စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ ဇာတိမှာ ဆောက်လုပ်လှူဒါန်းမယ့် မူလတန်းကျောင်းအတွက် ကုန်ကျငွေ ကျပ်သိန်း ၉ဝရှိပြီး လက်ရှိမှာတော့ အလှူငွေ သိန်း ၄ဝရထားတာကြောင့် အမိုးအကာလောက်ပဲ ဆောက်လုပ်ဖို့ကျန်တော့တယ်လို့ ကာတွန်းကြည်ဝင်းက ပြောပါတယ်။ ဆရာကြီးရဲ့ ချွေးတပ်မှတ်တမ်းကို ရုပ်ရှင်ရိုက်စေချင်တယ်လို့ သူကလည်း ဆိုပါတယ်။

မြောက်ဥက္ကလာ စံပြ ၈ရပ်ကွက် သာသနဝိသုဒ္ဓိ ဓမ္မာရုံမှာ ကျင်းပတဲ့ အခမ်းအနားကို စာပေနဲ့ အနုပညာအသိုင်းအဝိုင်းက တပည့်တပန်းတွေ၊ လင်းယုန်သစ်လွင် စာပေထိန်းသိမ်းရေးကော်မတီက တာဝန်ရှိသူတွေ၊ ညောင်တုန်းက ဆရာတွေလည်း တက်ရောက်ခဲ့ပါတယ်။
Kamayut media


ပရဟိတဆိုတာကို လူအများသိစေတဲ့သူ၊ ပရဟိတ ကာချုပ်ကြီးလို့ လူအများက ခေါ်ရတဲ့သူ အကယ်ဒမီ ရုပ်ရှင်မင်းသားဘဝကနေ စေတနာ့ဝန်ထမ်းဖြစ်လာတဲ့ ဦးကျော်သူနဲ့ ဆိုးတူကောင်းဖက် ပါရမီဖြည့်ဖက် ဒေါ်ရွှေဇီးကွက်တို့ရဲ့ အိမ်ထောင်သက် ၃၃နှစ် ပြည့်ခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ လိုက်ဖက်တဲ့ဘဝကို ပိုင်ဆိုင်ထားကြသူတွေလား။

ပရဟိတကို သူတို့ဇနီးမောင်နှံ အတူတကွလုပ်လာခဲ့ကြပြီး ဦးကျော်သူလုပ်ချင်တဲ့အလုပ်မှာ ဒေါ်ရွှေဇီးကွက် ပါလာသလို ဒေါ်ရွှေဇီးကွက် အကောင်အထည်တဲ့ အလုပ်တွေမှာလည်း ဦးကျော်သူ ပါလာတာပါပဲလို့ နာရေးကူညီမှုအသင်းရဲ့ ဒုတိယဥက္ကဌ စာရေးဆရာမ သန်းမြင့်အောင်က ပြောပြပါတယ်။

ဦးကျော်သူဟာ ရုပ်ရှင်လောကမှာတုန်းက တော်တော်ဆိုးခဲ့တာကို ဒေါ်ရွှေဇီးကွက်က တော်တော်လေး သည်းခံခဲ့ပြီး အခုလို ပရဟိတလုပ်တဲ့အခါမှာလည်း ပံ့ပိုးကူညီတာကြောင်း ဒီဇနီးမောင်နှံ ရာသက်ပန် ပရဟိတတွေ လုပ်နိုင်ပါစေလို့ လူရွှင်တော်ကျော်ထူးက ဆုတောင်းပေးပါတယ်။

မွန်ပြည်နယ် ကျိုက္ခမီက နာရေးအသင်းဖွင့်ပွဲကို ကိုယ်တိုင်လာရောက်အားပေးသလို သုဿန်မှာပါ ထမင်းစားသွားတဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံ မင်္ဂလာသက် ၃၃နှစ်ပြည့်တဲ့အခမ်းအနားမှာ သီချင်းကဗျာတွေနဲ့ လာရောက်ဂုဏ်ပြုသူက ဟိတကာရီ နာရေးအသင်းက ကိုအောင်ကိုကိုပါ။

ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ မင်္ဂလာနှစ် ၃၃နှစ်ပြည့် အထိမ်းအမှတ်မှာ ပရဟိတကာချုပ်ထံ ပေးစာဆိုတဲ့ စာအုပ်ကို မိတ်ဆက်ခဲ့ပါတယ်။ နိုင်ငံရေး၊ ရုပ်ရှင်နဲ့ လူမှုရေးနယ်ပယ်က မိတ်ဆွေအပေါင်းအသင်းတွေ၊ ပရိသတ်တွေ အများအပြား တက်ရောက်ခဲ့ပြီး ပန်းရဲ့လမ်းအဖွဲ့ကလည်း သီချင်းတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
Kamayut media

(1)

ကျွန်တော်နဲ့ အပြင်မှာရင်းနှီးတဲ့..
စစ်ထွက်မဟုတ်တဲ့ ဌာနဆိုင်ရာက
အရာရှိကြီးတစ်ချို့ ကပြောတယ်..၊

ဒေါ်စုကို သူတို့လက်ခံတယ်..
ဒေါ်စုသာတကယ်လို့သမ္မတဖြစ်ရင်.
တိုင်းပြည်တိုးတက်လာမယ်ဆိုတာလဲ လက်ခံတယ်၊
ပြည်သူ့ဘ၀တွေတိုးတက်လာမယ်ဆိုတာလဲ.လက်ခံတယ်၊

စစ်အစိုးရ ၊အရေခွံလဲအစိုးရထက်..
အပြတ်အသက်သာမယ်ဆိုတာလဲ သူတို့သိတယ်

ဒါပေမဲ့ သူတို့စိတ်ထဲမှာ စိုးရိမ်နေကြတာတွေ
ရှိနေပါတယ်...တဲ့

အဲဒါဘာလဲဆိုတော့...

သူတို့ရဲ့ ဘ၀ ၊ သူတို့မိသားစုတွေရဲ့ဘ၀ နဲ့
သူတို့ဝန်ထမ်းတွေရဲ့ဘ၀ရှေ့ရေးက..
အပြောင်းအလဲဖြစ်သွားမယ်..၊
နိမ့်ကျသွားနိုင်တယ်.. ဆိုတဲ့ စိုးရိမ်မှုပါ..တဲ့၊

ဒါမျိုးတွေအများရှိရှိနေတယ်ဆိုတာကို..
ကျွန်တော်တဖြည်းဖြည်း သဘောပေါက်လာပါတယ်။

-----------------------------

(2)

သူပြောတာကလဲ စဉ်းစားစရာဖြစ်ပါတယ်..။

စစ်အစိုးရဟာ နှစ် ၃၀ လောက်...
စီမံခန့်ခွဲအုပ်ချုပ်မှုတွေညံ့ဖျင်းခဲ့တဲ့အတွက်၊
ဝန်ထမ်းတွေရဲ့ အတွင်းစိတ်သဏ္ဍန်တွေထဲမှာ..

- အထက်နဲ့ အဆင်ပြေမှ
နေရာကောင်းရတယ်ဆိုတဲ့ခံယူချက်တွေ၊

- အထက်ကခိုင်းတာတွေဟာ နည်းလမ်းလွဲနေပါစေ.
ဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်ကိုလုပ်ပေးမှ..
ကိုယ့်တက်လမ်းအတွက်ကောင်းမယ်ဆိုတာတွေ၊

- ပြီးရင်..အထက်ကို လာဘ်ထိုးလို့..
ရရှိလာတဲ့ နေရာဌာနတစ်ခုမှာ လုပ်ကိုင်ရင်း..
တရားမ၀င်ရရှိတဲ့ တန်စိုးလက်ဆောင်တွေ၊
အလွဲသုံးစားလုပ်တဲ့ငွေတွေနဲ့...
ကိုယ့်ဘ၀ကိုယ် ချမ်းသာ ပြည့်စုံစွာရပ်တည်တာမျိုးကို.
အဲဒီဝန်ထမ်းတွေနဲ့ သူ့မိသားစုတွေရဲ့စိတ်ထဲမှာ..
အမှန်တရား...လို့ခံယူနေတာတွေ..။

- ပညာတတ်ဖို့ ၊အရည်အချင်းရှိဖို့ ၊ ထူးချွန်နေဖို့မလိုဘူး..၊
အထက်နဲ့အဆင်ပြေရင် ၊ အထက်လူကြီးကို
လုပ်ပေးနိုင်ရင် ကိုယ့်တက်လမ်းသာယာမယ်ဆိုတာတွေ၊

- ဌာနဆိုင်ရာ အရာရှိကြီးကအစ...
ဌာနဆိုင်ရာကားမောင်းတဲ့ ဒရိုင်ဘာ အဆုံး
အောက်ဆိုက်မှမရရင် ၊ အလွဲသုံးစားမှမလုပ်ရရင်..
သူတို့ရဲ့ဘ၀ကို အဆင်ပြေပြေမရပ်တည်နိုင်ဘူး..လို့
ခံယူထားတာတွေ၊

အဲဒါတွေကို သတိထားမိလာပါတယ်၊

အဲဒီလို လွဲမှားတဲ့အတွေးမျိုး ၊ အမြင်မျိုးဟာ..
ပြည်သူ့လစာကို စားနေကြတဲ့...
မြန်မာနိုင်ငံက ၀န်ထမ်း (၈၀) ရာခိုင်နှုန်းလောက်ရဲ့
စိတ်ထဲမှာ လွဲမှားစွာခံယူနေကြမယ်လို့..ယူဆမိပါတယ်၊

အဲဒီဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့..
အဲဒီဝန်ထမ်းတွေကို မှီခိုနေတဲ့ မိသားစုတွေရဲ့
အတွင်းစိတ်ထဲမှာလဲ ဒီလိုအမြင်တွေရှိနေကြမှာမလွဲပါဘူး၊

ဒီပြဿနာကြီးဟာ..၊ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊
တရားမျှတစွာအုပ်ချုပ်တတ်တဲ့ အရည်အချင်းရှိတဲ့..
မည်သည့်ခေါင်းဆောင် အတွက်မဆို
ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေလို့ပါပဲ..။

သယံဇာတ ကုန်ခန်းတာထက်..
လူသားအရင်းအမြစ်တွေကို အညွန့်တုံးအောင်လုပ်သွားတာဟာ
ဘာမှအစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါ..

လက်ရှိ ဦးသိန်းစိန်အစိုးရကိုယ်တိုင်ကလဲ..
အရင်အာဏာရှင်တွေလုပ်တာကိုအကာအကွယ်ပေးပြီး
ဝန်ထမ်းတွေကိုထိထိရောက်ရောက် ကိုင်တွယ်တာကို
မတွေ့ရသလို ၊သူတို့အစိုးရအဖွဲ့ဝင်အများစုတောင်..
ခရိုနီတွေ၊ တရုတ်တွေနဲ့ အပေးအယူရှိနေတုန်းဖြစ်ပါတယ်။

ဒီလိုစဉ်းစားမိလေ... ပြည်သူ့ဝန်ထမ်းတွေရဲ့..
စိတ်ဓာတ်တွေကို.....အချိန်ယူပြီး...
နှစ်ပြားမတန်အောင်ဖျက်ဆီးခဲ့တဲ့..
စစ်အာဏာရှင်တွေကို ဒေါသထွက်လေဖြစ်ရပါတယ်။

ဘာလို့လဲဆိုတော့..
ဒီလိုစိတ်ဓာတ်မျိုးဟာ...
လာအို တို့ ကမမ္ဘောဒီးယားတို့မှာရှိတဲ့
ဝန်ထမ်းတွေမှာတောင်..တွေ့ရတာနည်းလာပါပြီ၊
တိုင်းပြည်နောက်ကျတဲ့ အကြောင်းအရာတွေထဲက
အရေးကြီးတဲ့တစ်ခု ဖြစ်နေလို့ပါ။

--------------------------

(3)

ကျွန်တော်ဟာ...ကျွန်တော့ကိုပွင့်လင်းစွာပြောလာတဲ့
ဦးလေးအရွယ် ဌာနဆိုင်ရာကအရာရှိကြီးသိစေဖို့..
အခု ပြန်ရှင်းပြပါ့မယ်..၊

ပထမနားလည်ရမှာက..ဒေါ်အောင်ဆန်းစုကြည်ကိုပါ.၊

ဒေါ်စုဟာ..၊
အကျယ်ချုပ်ကနေ လွတ်တဲ့အချိန်မှာ..
win win ပေါ်လစီအတိုင်းနေထိုင်ဖို့..ကြေငြာခဲ့ပါတယ်။
ပြောတဲ့အတိုင်းပဲလဲ နေထိုင်ခဲ့ပါတယ်။
အာဏာရှင်ဟာ တစ်ဘက်မှာတော့ ဒေါ်စုကိုလက်ခံပြပြီး
တစ်ဖက်ကတော့ နည်းပေါင်းစုံနဲ့ အောက်တန်းကျကျ
ပုတ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေါ်စုဟာ ဘယ်သူ့ကိုမှ ပုတ်ခတ်မှုမရှိပဲ..
သူလုပ်စရာရှိတာကိုပဲလုပ်သွားတာကို
တွေ့ရမှာဖြစ်ပါတယ်၊

သူသာ ပြည်သူ ကိုအာဏာရှင်နဲ့ ရန်တိုက်ပေးချင်ရင်
လွေယ်လွယ်လေးပါ...
ဒီပဲယင်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို..
မိန့်ခွန်းတစ်ခုခြွှေလိုက်ရုံပါပဲ..၊

ဒါပေမဲ့သူမမလုပ်ခဲ့ပါဘူး..၊

--------------------------------

(4)

ပြီးတော့ သူဟာ ပြည်သူကတောင်းဆိုတဲ့အတွက်
လွှတ်တော်ကိုစ၀င်လာတဲ့အချိန်မှာ..NLD ပါတီကို
လွှတ်တော်ထဲက အင်အားကြီးပါတီကြီးနဲ့..တမတ်သားတွေဟာ
မသိမသာရော သိသိသာသာရော ပညာပေးခဲ့တာတွေကို
တွေ့ရမှာဖြစ်ပါတယ် ၊

ပထမဆုံးဆောက်နဲ့အထွင်းခံရတာက ဖွတ်ပါတီကဒေါ်နန်းဝါနုရဲ့
ဆန်ရှင်ပွင့်ဖို့ကိစ္စကို ဒေါ်စုကိုတရားခံရှာတဲ့အဆိုပါ..၊

ဒေါ်စုဟာ နိုင်ငံတကာရောက်တိုင်း ဆန်ရှင်ဖွင့်ပေးမဲ့နိုင်ငံတွေကို
ပြည်သူအတွက်တကယ်အကျိုးရှိမှဖွင့်ဖို့ပြောကြားခဲ့ သလို
ပညာရေးကျန်းမာရေးအတွက် လိုအပ်တဲ့အကူအညီပေးဖို့
ပြတ်ပြတ်သားသားပြာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့..ဆန်ရှင်တကယ်ပွင့်တဲ့အချိန်မှာ..
နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေလာတဲ့အချိန်၊
လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းမရှိတာ၊ လျှပ်စစ်မလုံလောက်တာတွေ၊
လူ့စွမ်းအားအရင်းမြစ်မပြည့်စုံတာတွေ၊ မြေဈေးကြီးတာတွေကြောင့်
နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေဟာ..မျှော်မှန်းထားသလောက်
မ၀င်လာသလို..၊ အာဏာရှင်နဲ့ခရိုနီတွေဟာ က္ကုနြေ္ဒတောင်မဆောင်ပဲ
အင်္ဂံလန်မှာ အိမ်တွေဝယ်တဲ့သတင်းတွေတက်လာတဲ့အတွက်..
ဖွတ်တွေပဲ အရှက်ရသွားပါတယ်၊

ဒါဟာ ဒေါ်စုကတုံ့ပြန်တာမဟုတ်ပါဘူး..၊
ဒေါ်စုသာ တုံ့ပြန်ချင်ရင်...အဲဒီအဖြစ်အပျက်တွေကိုကြည့်ပြီး
အာဏာရှင်တွေကိုဝေဘန်နေလိုက်ရုံပါပဲ၊

အဲဒီမှာလဲ..
သူမရဲ့သဘောထားကြီးမားမှုတွေကိုတွေ့ရမှာပါ၊

---------------------------

(5)

နောက်တစ်ခုက လက်ပတောင်းကိစ္စမှာ
ဒေါ်စုကို စုံစမ်းရေးကော်မရှင်ဥက္ကဌဆိုပြီး..
တရားခံရှာတဲ့ကိစ္စပါ..

အဲဒီမှာလဲ..ဦးပိုင် ၊ ၀မ်ပေါင်အပါအ၀င်..
အဲဒီနောက်ကွယ်က Norinco ဆိုတဲ့တရုတ်လက်နက်ကုမ္ပဏီတွေရဲ့
ပါဝင်ပတ်သက်မှုအတိုင်းအတာကို
ဒေါ်စုရဲ့ စုံစမ်းရေးကော်မရှင်ဟာ.မတွေ့ရှိပဲမနေပါဘူး ၊
အဲဒီအတွက် ဒေါ်စုဟာ..
ဦးပိုင်နဲ့ စစ်တပ်အသိုင်းအ၀ိုင်းကချစားမှုတွေကိုလဲ
သဘောမပေါက်စရာအကြောင်းမရှိပါဘူး..၊

ဒါပေမဲ့ ဒေါ်စုဟာ တရုတ်ကိုလဲ နောင်ကျဉ်အောင်..
စားထားဝါးထားတဲ့ အာဏာရှင်နဲ့ပွဲစားတွေကိုလဲ..
နောက်မလုပ်ရဲအောင် အဓိကထားပြီး အစီရင်ခံစာကို
တင်ပြနိုင်ခဲ့ပါတယ်။

သူ့နေရာမှာသာ ကောက်ကျစ်တဲ့သူသာဆိုရင်တော့..
ရှိသမျှအစတွေဆွဲထုတ်တာနဲ့တင်...
ဦးပိုင်ရဲ့ကျောထောက်နောက်ခံဖြစ်တဲ့
စစ်တပ်ပါ သိက္ခာဆည်မရအောင်ဖြစ်သွားမယ်ထင်ပါတယ်၊

အဲဒါကို အခုထက်ထိ တစ်ချို့ လူတွေသဘောမပေါက်သေးပါဘူး..၊

--------------------------------

(6)

အပေါ်က အချက် (၃) ချက် ကိုကြည့်တာနဲ့တင်..
ဒေါ်စုဟာ win win ကို အဓိကထားတယ်ဆိုတာကို
သဘောပေါက်လောက်ပါပြီ..
သူမရဲ့သဘောထားကြီးမားမှုတွေကိုလဲတွေ့ရမှာပါ..

သူမဟာ.

"အမျိုးသားရင်ကြားစေ့ရေး" တို့..
"ပင်လုံစိတ်ဓာတ်" တို့ဆိုတဲ့စကားတွေဟာ..
သူမ အမြဲတမ်းပြောဆိုနေတဲ့စကားတွေဖြစ်ပါတယ်။။

အာဏာရှင်တွေရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့..
ဝန်ထမ်းတွေအကျင့်ပျက်နေတာကို ဒေါ်စုအပါဝင်
နိုင်ငံရေးသုံးသပ်သူတွေအားလုံး နားလည်ထားပါတယ်။

ဝန်ထမ်းတွေရဲ့ဘ၀တွေကိုလဲ သူမဟာ..
နားလည်ထားပုံရပါတယ်..၊

အဲဒီအတွက်...ဒေါ်စုသာ တိုင်းပြည်အုပ်ချုပ်မယ်ဆိုရင်.
ကျွန်တော်တို့လက်လမ်းမမှီတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့..
ပြည်သူ့ဝန်ထမ်းကို ၀န်ထမ်းနဲ့တူအောင်..၊
အဂတိလိုက်စားမှုကင်းအောင် အုပ်ချုပ်မှာဖြစ်သလို..

တစ်ဘက်ကလည်းဝန်ထမ်းတွေအတွက်လိုအပ်နေတဲ့
တရားဝင်ရပိုင်ခွင့် ဖြည့်ဆည်းမှုတွေ၊
ပညာရှင်ကို နေရာပေးချီးမြှောက်မှုတွေ..၊
ဝန်ထမ်းတွေရဲ့အရည်အသွေးနဲ့ ပညာမြှင့်တင်ပေးတာတွေကို
သူမကို လေးစားတဲ့ တိုးတက်တဲ့နိုင်ငံကြီးတွေရဲ့အကူညီတွေနဲ့..
အချိန်တိုအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...။

အဲဒီအတွက် ၀န်ထမ်းလောကသန့်ရှင်းသွားမှာဖြစ်သလို
အဂတိလိုက်စားမှုလဲ နည်းပါးသွားမှာဖြစ်ပါတယ်..၊

ဒေါ်စုဟာ...သာမန်လူမဟုတ်ပါဘူး..၊

ပြဿနာတစ်ခုကို ရေဆုံးမြေဆုံးလိုက်ပြီး.
ပြဿနာရဲ့အရင်းအမြစ် ခေါင်းစဉ်တစ်ခုကိုလိုက်ရှာပြီး
အဲဒီအရင်းအမြစ်ကိုပြောင်းလဲတတ်သူဖြစ်ပါတယ်..။

နောက်ဆုံးပြောရရင်..

ဒေါ်စုသာတက်လာလို့ကတော့..
တရားမျှတစွာ အုပ်ချုပ်လို့ကတော့..
ဝန်ထမ်းအများစုဟာ အပြောင်းအလည်းရှိမှာဖြစ်ပေမဲ့
တစ်ဘက်က ၀န်ထမ်းတွေအတွက် ရသင့်ရထိုက်တဲ့
တရားဝင်ဖြည့်ဆည်းမှုတွေဟာ လာဘ်လာဘတွေနေရာကို
ထိုက်သင့်သလောက်အစားထိုးသွားနိုင်ပါတယ်။

ဘာလို့ဒီလိုပြောနိုင်ရသလဲ ဆိုတော့..
ဒီလိုမျိုး ၀န်ထမ်းများနဲ့ပတ်သက်တဲ့..
စီမံခန့်ခွဲမှုအပြောင်းအလဲကို..
ILO လိုနေရာမျိုးမှာ မိန့်ခွန်းပြောကြားခဲ့ဖူးတဲ့..
ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် အခြားသူ
လုပ်နိုင်မယ်အထင်လို့ပါ။

အဲဒီအတွက် ၀န်ထမ်းအများစုဟာ..ကျေနပ်ကြမှာပါ၊

မကျေနပ်တဲ့လူအနည်းစုလဲ ရှိနိုင်ပါတယ်..

ဘယ်သူတွေလဲဆိုတော့..

ဘာအရည်အချင်းမှမရှိပဲ ရာထူးကြီးကြီးယူထားတဲ့ သူအချို့ရယ်၊
အာဏာရှင်ကို ဆရာထင်ပြီး
အာဏာရှင်ပေးတဲ့စည်းစိမ်ကို ဘ၀ လို့ထင်သူအချို့ရယ်၊
လာဘ်စားမှုကို မလုပ်ရမနေနိုင်အောင် ဖြစ်နေတဲ့
စီးပွားဖြစ်အဂတိ လိုက်စားသူတွေပဲဖြစ်ပါတယ်..၊

သူတို့အတွက်ကတော့ နိုင်ငံအသစ်မှာ..နေရာမရှိနိုင်ပါဘူး..။

ဝန်ထမ်းအားလုံး ရှင်းမယ်လို့ထင်ပါတယ်..

ဒါပါပဲ

( Pa Yit)

ရန်ကုန်မြို့သစ်စီမံကိန်းတွင်ပါဝင်သည့် နေရာတစ်ခုကိုတွေ့ရစဉ်။ဓာတ်ပုံ-ဖြိုး(ဘူမိ)
ရန်ကုန်မြို့သစ်စီမံ ကိန်းအပေါ် ပွင့်လင်းမြင်သာမှုမရှိဟု လွှတ် တော်ကိုယ်စားလှယ်များ၏ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ စီမံကိန်းကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်ဟု သြဂုတ် ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်း အကောင်အ ထည်ဖော်ရန် မြို့တော်ဝန်ဦးလှမြင့်က သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး ပထမ နေ့တွင် ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ သဝဏ် လွှာကို ဖတ်ကြားပေးခဲ့သည်။ ယင်းသဝဏ် လွှာကို တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များကို ဖြန့်ဝေပေးရန် လွှတ်တော် ကိုယ်စားလှယ်တချို့က တောင်းဆိုခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ အာဏာသက် ရောက်မှုသည် ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့ကို ကျော်လွန်နိုင်ခြင်း မရှိဟုဆို သည့် ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က''လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေး မြန်းမှုကို အစိုးရအဖွဲ့ဝင်တွေက ဖြေကြား တဲ့အခါ လိုချင်တဲ့အဖြေကို တိကျစွာမပေး ဘူးဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ပြန်ဖြေရှင်း ပေးဖို့ တိုက်တွန်းခွင့်ရှိတယ်။ အခုက ပုလင်း တူဘူးဆို့တွေပဲ''ဟု ထောက်ပြပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အိမ်ရာစီမံကိန်းဆောင်ရွက်မည့် အ ခြေအနေများသည် ပွင့်လင်းမြင်သာမှု မရှိ ဟု လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာ များနှင့် ပြည်သူများ၏ ဝေဖန်မှုများဖြစ်ပေါ် လာပြီးနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ¤င်း တို့၏ စီမံကိန်းသဘောထားများကို ထုတ် ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက ''အဘတို့က တစ်ခါတလေ အလုပ်လုပ်ရတဲ့အခါ အကျပ် အတည်းတွေ အများကြီးရှိတယ်။ အဓိက အဲဒါတွေရဲ့ အကျိုးဆက်ပါ''ဟု ပြောဆိုခဲ့ သည်။

ယခင်အစိုးရလက်ထက်များ၌ နိုင်ငံတော်စီမံကိန်းများတွင် အစိုးရအဖွဲ့ နှင့် နီးစပ်သော အသိုင်းအဝိုင်းများသာ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ နေပြည်တော်မြို့ သစ် စီမံကိန်းဖော်ဆောင်စဉ်ကာလများ တွင် ခရိုနီဟု လူသိများသောသူများသာ လုပ်ပိုင်ခွင့်ရသော သာဓကများလည်း ရှိခဲ့ သည်ဟု သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မြို့ တော်ဝန်ဦးလှမြင့်က ¤င်းတို့နှင့် ဆောင်ရွက် မည့်ကုမ္ပဏီကို ထုတ်ဖော်ပြောကြားပြီးနောက် တွင် ¤င်းကုမ္ပဏီ၏နောက်တွင် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၏သားသမီးများ ပါဝင်နေ ကြောင်း ထောက်ပြပြောဆိုမှုများ ဖြစ်ပေါ် လာသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်က ''ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ရပ်က သမ္မတကြီးပြောနေတဲ့ သန့်ရှင်းတဲ့ အစိုးရ အဖွဲ့ဆိုတဲ့စကားကို ဆန့်ကျင်ရာရောက်နေ တယ်။ အဲဒါတွေကို အရေးမယူရင် သမ္မတ ကြီးမှာ အပြစ်ရှိနေပြီ။ သူကိုယ်တိုင်ချပြဖို့ လိုနေပြီ''ဟု ပြောသည်။

( Flower News Journal | Vol-10, No-34 )
Yangon Media Group