09/06/14

http://www.7daydaily.com/
အရှေ့တောင်အာရှ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲ တောင်ထိပ်သို့ သြဂုတ်လကုန်က အောင်အောင်မြင်မြင်တက် ရောက်နိုင်ခဲ့သည့် ပထမဆုံးမြန် မာတောင်တက်အဖွဲ့သည် ယခု အခါ အဆင်းလမ်းခုလတ်တွင် သာဖြစ်ပြီး ပျောက်ဆုံးနေခြင်းမ ဟုတ်ကြောင်း တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူကပြောသည်။

ယင်းတောင်တက်အဖွဲ့ သည် မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅၈၈၁ မီတာ (၁၉,၂၉၄ ပေ)မြင့်သည် ခါကာ ဘိုရာဇီတောင်ထိပ်သို့ သြဂုတ် ၃၁ ရက် ညနေ ၅နာရီ ၁ မိနစ် က ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ အလံ လွှင့်ထူနိုင်ခဲ့သည်။ စက်တင်ဘာ ၁ ရက်က ပြန်လည်ဆင်းသက် လာရာ စက်တင်ဘာ ၅ ရက် နေ့ ညအထိ အဆက်အသွယ်မရဖြစ် နေ၍ ယင်းအဖွဲ့ပျောက်ဆုံးနေ သည်ဆိုသော သတင်းများထွက် ပေါ်နေခြင်းဖြစ်သည်။ တက္ကသိုလ် များ ခြေလျင်နှင့် တောင်တက် အသင်းကမူ ပျောက်ဆုံးနေသည် ဆိုသော သတင်းများကို ငြင်းဆို လိုက်သည်။

အဖွဲ့သားနှစ်ဦးမှာ တောင် အောက်သို့ပြန်အဆင်းတွင် နာရီတစ်ရာကျော်အဆက်အသွယ် ပြတ်တောက်လျက်ရှိသည် ဟု သတင်းများထွက်ပေါ်လျက်ရှိ ရာ ယင်းသတင်းမှာမဟုတ်မှန် ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း)ဥက္ကဋ္ဌဦးမျိုး သန့်က ပြောသည်။ တောင်အ လယ်တွင်ရှိသည့် ရိက္ခာထောက် ပံ့သည့်အဖွဲ့နှင့် အဆက်အသွယ် ရှိနေပြီး အားလုံးဘေးကင်းလျက် ရှိကြောင်း ၎င်းကပြောသည်။

‘‘မက်ဆေဂျာက အအေးဒဏ်ကြောင့် ဘက်ထရီထိသွားတာဖြစ်မယ်။ သူတို့အချင်းချင်း ဆက်သွယ်ဖို့ ဝေါ်ကီတော်ကီတွေပါသွားပါတယ်’’ဟု တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းမှ ပြန်ကြားရေးတာဝန်ခံ မပပစိုးက ပြောသည်။

လက်ရှိတွင် တောင်တက် အဖွဲ့ရောက်ရှိနေသည့်နေရာကို ဖော်ပြနိုင်ခြင်းမရှိဘဲ တောင်ခြေ စခန်းပြန်လည်ရောက်ရှိချိန်တွင် အဆက်အသွယ်များ ပြန်လည်ရရှိ ရန် မျှော်လင့်နေသည်ဟု ဆို သည်။

ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဂျပန်လူမျိုး၊ တာကာ ရှိအိုဇာကီနှင့် တိဗက်လူမျိုး မြန် မာနိုင်ငံသား နာမားဂျွန်ဆင်(ခ) အောင်ဆည်တို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့ဖူးသည်။ ထို့နောက် ၁၈ နှစ်ကြာပြီးနောက် ဟန်လင်းထွန်း၊ ကျော်ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင်မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်း၊ ဝေယံမင်းသူနှင့် အောင်မြင့်မြတ်စသည့် တောင်တက်သမား (၈) ဦးပါဝင် သည့် ယခုတောင်တက်အဖွဲ့ က မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်ခြင်း ဖြစ် သည်။

တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝ ခေါ် သံဖောင်ဒေးရှင်းတောင်တက်အဖွဲ့သည် ယခုကဲ့သို့ တက် ရောက်နိုင်ရန် ၂၀၁၁ ခုနှစ်ကတည်းက လေ့ကျင့်ပြင်ဆင်မှုပြုလုပ်ခဲ့သည်ဟုဆိုသည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုမှ စတင်ထွက်ခွာပြီး ခါကာဘိုရာဇီ တောင်ခြေစခန်းသို့ သြဂုတ် ၁၉ ရက်တွင်ရောက်ရှိခဲ့သည်။ ထို့ နောက်သြဂုတ် ၂၁ ရက်မှစတင် ၍ တောင်ပေါ်သို့ ပိုမိုမတ်စောက် သည့် မြောက်ဘက်ခြမ်းမှ တက် ရောက်ခဲ့ကြသည်။ ဆယ်ရက်အ ကြာ သြဂုတ် ၃၁ ရက် ညနေ ၅ နာရီ ၁ မိနစ်တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်အလံ နှင့် တောင်တက်အဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့သည်ဟု သတင်းရ သည်။ ထို့နောက်အဆက်အသွယ်လိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီးဆယ်ရက်အကြာ စက်တင်ဘာ ၁၀ ရက်တွင် တောင်ခြေစခန်းသို့ပြန်ရောက်၍ အဆက်အသွယ် များ ပြန်လည်ရရန် မျှော်လင့်နေ ကြသည်ဟု ဆိုသည်။

မြန်မာ့ ၇ုပ်မြင်သံကြား သတင်းနဲ့ မြန်မာ့ အလင်း သတင်းစာတွေထဲမှာ ကတော့ လူကြီးတွေက ဟိုမှာ လှူလိုက် ဒီမှာ လှူလိုက်နဲ့ ဒါကိုပဲ သတင်း အနေနဲ့ ဖော်ပြနေကြရတယ်။ တကယ်တော့
ဦသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်လည်း အလှူတွေ လုပ်ဖူးခဲ့သလို ဦးသိန်းစိန်လည်း အလှူတွေ လုပ်ဖူးခဲ့တာပဲ။ စာရေးသူ ကိုယ်တိုင်လည်း အလှူတွေ လုပ်ဖူးခဲ့သလို စာဖတ်သူတို့လည်း အလှူ တစ်ခု မဟုတ် တစ်ခုတော့ လုပ်ဖူးကြမှာပါ။ ဒီလို အလှူတွေထဲမှာမှ ဘယ်လို အလှူမျိုးက အလှူရှင် အတွက် သေချာပေါက် ကုသိုလ်ရနိုင်သလဲ ဆိုတာ ကျွန်တော်ငယ်ငယ်က ဆရာတော် တစ်ပါး ဟောကြားခဲ့ဖူးတဲ့ တရားလေးတစ်ပုဒ်ကို ဗဟုသုတရစရာ အနေနဲ့ ရေးပေးလိုက်ရပါတယ်။

"သူငယ်ချင်းရေ...
မင်းနဲ့ ငါ ဆိုတာ
ဒိသာပါမေက္ခကြီး ဆီမှာ ပညာ အတူသင်ခဲ့ကြတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ ပညာစုံလို့ လမ်းခွဲ ခါနီး စကားတွေ ဆိုကြရင်းနဲ့ ကတိတွေထားခဲ့ကြဖူးတာလည်း.ဒီနေ့ အထိ မှတ်မိနေသေးတယ် သူငယ်ချင်း ။ တနေ့နေ့ မင်းဒုက္ခရောက်တဲ့ အချိန် ငါ့ကို မမေ့ပါနဲ့ သူငယ်ချင်းလို့ မင်းပြောခဲ့တဲ့ စကားကိုလည်း ဒီနေ့အထိ ကြားယောင်နေဆဲပါ။ သြော်.. နှစ်တွေလည်းကြာခဲ့ ပါပြီကွာ။ မင်းကလည်း မင်းမိဘက ပေးခဲ့တဲ့ ကုဋေ ရှစ်ဆယ်နဲ့ သူဋ္ဌေးကြီးဖြစ်။ ငါကလည်း ငါ့မိဘတွေထားခဲ့တဲ့ ကုဋေ ရှစ်ဆယ်နဲ့ သူဋ္ဌေးကြီး ဘွဲ့ခံရင်း ပျော်ခဲ့ကြတာလေ။ ခုတော့ ငါနဲ့ ငါ့မိန်းမမှာ အလှူအတန်းတွေ အမျိုးမျိုး လုပ်ရင်းနဲ့ တပြားတချပ်မှကိုပဲ မရှိနိုင်အောင် ဖြစ်ခဲ့ရပြီ။ ကုဋေ ရှစ်ဆယ် စလုံး လှူခဲ့ပြီ သူငယ်ချင်း။" ဒါကတော့ ကုဋေ ရှစ်ဆယ် စလုံး လှူဒါန်းရင်းနဲ့ မွဲသွားရတဲ့ သူဋ္ဌေးကြီး တစ်ယောက်ရဲ့ စကားပါ။

" မင်းစကားကို ကြားရတာ မင်းကုသိုလ်တွေ အတွက် သာဓု အကြိမ်ကြိမ်ခေါ်ပါတယ် သူငယ်ချင်း။ မင်းကုသိုလ်တွေကို ငါ့ကိုလည်း ခွဲဝေပေးပါသူငယ်ချင်းရယ်။ ငါလည်း ဒီကုသိုလ်တွေကို ရချင်တယ်။ ဒီတော့ ဒီလို လုပ်ကြရအောင်။ ငါ့မှာ ထူးဆန်းတဲ့ ချိန်ခွင်ကြီး တစ်ခုရှိတယ်။ အဲဒီချိန်ခွင်ကြီးက ကုသိုလ်တွေ ကို ဝယ်လို့ရတဲ့ ချိန်ခွင်ကြီးပေါ့။ မင်းလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ချိန်ခွင်တစ်ဖက်မှာပြောပြီး ထည့်လိုက်ပါ။ ငါကတော့ ကျန်တဲ့ တဖက်ကနေပြီး အဲဒီကုသိုလ်နဲ့ တန်တဲ့ ငွေနဲ့ ပေးချေပြီး ဝယ်ပါရစေ။" ဆိုပြီးတော့ ကျန်တဲ့ သူဋ္ဌေးကြီးကလည်း ပြောတော့တာပေါ့။

အဲဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် သဘောတူညီမှု့ ရပြီး ချိန်ခွင်ကြီးကို ထုတ်ပြီး ပြင်ဆင်ကြတယ်။ ချိန်ခွင်ကြီးပြင်ပြီးတော့ သူငယ်ချင်း နှစ်ယောက် တစ်ဖက်ဆီက ရပ်ရင်းနဲ့ တစ်ယောက်ကလည်း ငွေထုပ်ကြီးနဲ့ တစ်ယောက်ကလည်း သူပြုခဲ့တဲ့ ကုသိုလ်တွေ ပြောဖို့ အဆင်သင့်နဲ့ ဖြစ်နေပါပြီ။ ပထမဆုံး အလှူတွေ လုပ်ခဲ့တဲ့ သူဋ္ဌေးကြီးက
" ရွာဦးကျောင်းက မုဒ်ဦးလုပ်ဖို့ အတွက် တစ်ကုဋေ လှူခဲ့ပါတယ်။" ဆိုပြီး စပြောတယ်။ ဒါပေမယ့် ချိန်ခွင်ကြီးက မလှုပ်ပါဘူး။ ဘာလို့မလှုပ်တာလဲ။ မုဒ်ဦးလုပ်ဖို့ လှူတုန်းက မုဒ်ဦးကြီးပြီးသွားရင် ငါတို့ လင်မယားနှစ်ယောက် နာမည်ကတာ့ မုဉ်ဦးမှာ ထင်းထင်းကြီးနဲ့ နေရ ယူနေမှာပဲဆိုတဲ့ အတွေးနဲ့ လှူခဲ့တာလေ။ နာမည်ရချင်လို့ လူအထင်ကြီးခံချင်လို့ လှူခဲ့တဲ့ အလှူ။ ချိန်ခွင်ကြီးက ပြောပြနေပါပြီ။ ပထမ အလှူက ချိန်ခွင် မလှုပ်တော့ ဒုတိယ အလှူကို ထပ်ပြောပါတယ်။ စာသင်တိုက်ကျောင်ဝန်းကြီးတစ်ခုလုံး တံတိုင်းကာရံခြင်း အလှူတော်ငွေ နှစ်ကုဋေ။ ဒီအလှူကလည်း ပထမ အလှူတုန်းကလို စိတ်မျိုးနဲ့ လှူခဲ့တာ ဆိုတော့ ချိန်ခွင်ကြီး မလှုပ်ပါဘူး။ ဒီလိုနဲ့ အလှူတွေ တစ်ခုပြီး တစ်ခု ပြောလာလိုက်တာ။ ကုဋေ ရှစ်ဆယ်သာ ကုန်သွားပါတယ်။ ချိန်ခွင်ကြီးကတော့ မလှုပ်ပါဘူး။

ကုဋေ ရှစ်ဆယ်လုံး ကုန်အောင် လှူခဲ့ပြီး တပြားဖိုးမှ ကုသိုလ်မရခဲ့တဲ့ အလှူတွေ။ ခုတော့ သူဋ္ဌေးကြီးလည်း နောင်တ ရနေပါပြီ။ အဲဒီအချိန်မှာ ပိုက်ဆံ ချမ်းသာနေသေးတဲ့ သူဋ္ဌေးကြီးက " သူငယ်ချင်း
တခြား အလှူလေးတွေရော စဉ်းစားပြီးပြောပါဦးကွာ" လို့ တိုက်တွန်းတာပေါ့။ ဒါနဲ့ ဆင်းရဲသွားတဲ့ သူဋ္ဌေးကြီးလည်း စဉ်းစားရင်းနဲ့ အလှူတစ်ခုကို ပြောပါတယ်။. သူတို့ လင်မယား နှစ်ယောက် ဒီကို.လာခဲ့ကြရင်း ဇရပ်ဟောင်း တစ်ခုမှာ ဝင်နားဖြစ်ခဲ့တဲ့ဒီနေ့ မနက်။ ဇရပ်ပေါ်မှာနားရင်း ပါလာတဲ့ ထမင်းထုပ် တစ်ယောက် တစ်ထုပ်ကို ဖြည်ရင်းနဲ့ စားဖို့ အလုပ်မှာ ခွေးမကြီးနဲ့ သူ့သားလေးတစ်အုပ်ကို မြင်လိုက်ရတဲ့ အချိန်။ ခွေးလေးတွေကို နို့တိုက်ရင်း အစာ မရှာအားနိုင်တဲ့ ခွေးမကြီးရဲ့ အဖြစ်က အရိုးပေါ်အရည်တင်ပြီး ပိန်လှီနေပါပြီ။ သားလေးတွေကို နို့တိုက်ရင်း တစ်ကောင်ချင်းစီကို လျှာနဲ့ ပွတ်သပ်ပေးနေတဲ့ ခွေးမကြီး အဖြစ်ကို ကြည့်ရင်း သနားစိတ်နဲ့အတူ လင်မယားနှစ်ယောက်က တစ်ထုပ်ပဲစားပြီး ကျန်တဲ့ တစ်ထုပ်ကို ခွေးမကြီးနဲ့ သူ့သားလေးတွေကို ချကြွေးခဲ့တဲ့ ကုသိုလ်။ ဒီကုသိုလ် အကြောင်းလည်း ပြောလိုက်ရော ကုဋေ ရှစ်ဆယ် လှူတဲ့ အကြောင်း ပြောတုန်းက မလှုပ်ခဲ့တဲ့ ချိန်ခွင်ကြီးဟာ တစ်ဖက်ကို စောင်းကျသွားပါတယ်။ အဲဒါနဲ့ ကုသိုလ်တွေ ဝယ်ချင်နေတဲ့ သူဋ္ဌေးကြီးကလည်း အားရဝမ်းသာ တဖက်ကနေပြီး ၁ ကုဋေ ထည့်လိုက်ပါတယ်။ ဒါပေမယ့်လည်း ချိန်ခွင်ကြီးက တစ်ဖက်စောင်းနေဆဲပါပဲ။ အဲဒါနဲ့ ၂ ကုဋေ ထည့်ပါတယ်။ ချိန်ခွက်ကြီးရဲ့ တဖက်က ကြွတက် မလာသေးပါဘူး။ ၃ကုဋေ၊ ၄ ကုဋေနဲ့ ထည့်သွားလိုက်တာ နောက်ဆုံး ကုဋေ ရှစ်ဆယ်သာ ကုန်သွားတယ် ။ ချိန်ခွင် တစ်ဖက်မှာ ရှိတဲ့ ကုသိုလ်တွေက ပိုများနေဆဲပါပဲတဲ့။ဒါကတော့ ဆရာတော် ဟောခဲ့ဖူးတဲ့ တရားလေးပါ။

ဒီလိုပဲ နိုင်ငံတော် ကလူကြီးတွေ လှူကြတယ်။ တန်းကြတယ်။ ပြီးရင်တော့ စာလုံးမဲကြီးတွေနဲ့ ပါလာပါပြီ။ သတင်းစာထဲရော တီဗီထဲမှာရော စုံလို့ပါပဲ။ လှူတဲ့ အခါ ဘယ်ကပိုက်ဆံတွေနဲ့ လှူခဲ့ကြတာလဲ။ ဘယ်လို ရခဲ့တဲ့ ပိုက်ဆံတွေလည်း သူတို့ အသိဆုံးပါ။ စေတနာ မေတ္တာ ရော ထားပြီး လှူခဲ့ကြတာ ဟုတ်ရဲ့လား။ အားလုံး သိပါတယ်။

ပြည်သူအားလုံးက ချစ်တဲ့ အမေစု။ ရခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုက ဆုငွေတွေအားလုံး ဘယ်လို အသုံးချခဲ့သလဲ။ ဘယ်လို စိတ်မျိုးထားပြီး လှူခဲ့တာလဲ။ အားလုံးကို သိစေချင်တယ်။ ပြည်သူတရပ်လုံး ချို့တဲ့နေတဲ့ ကျန်းမာရေး နဲ့ နိမ့်ကျနေတဲ့ ပညာရေးတွေ အတွက် ရည်ရွယ်ပြီး မေတ္တာ စေတနာ တွေ ထား၇င်း ဆောင်ရွက်ခဲ့တဲ့ ဖောင်ဒေးရှင်းတွေ၊ရန်ပုံငွေတွေ ။ တကယ်လိုအပ်နေတဲ့ နေရာမှာ သုံးခဲ့ လှူခဲ့တာပါ။ ဒါတွေအားလုံးဟာ ပြည်သူ အားလုံးအတွက်ပါ။ ဘာ ကဗျည်းမှ မထိုးခဲ့သလို ဘယ်သတင်းစာ ဘယ်တီဗီမှာမှ မပါခဲ့ဘူးထင်ပါတယ်။ လူကြီးတွေ လှူခဲ့တဲ့ အလှူနဲ့ အမေစု လှူခဲ့တဲ့ အလှူ ဘယ်သူက ကုသိုလ်တွေ ပိုရမလဲ။ ဘယ်သူက အကျိုးပေး ပိုမလဲ မကြာခင် သိရတော့မှာပါ။ ချိန်ခွင်ကြီး လှုပ်သလို ပြည်သူတွေလည်း လှုပ်တော့မှာပါ။

နောက်ဆုံး စာရေးသူ ရေးသားချင်တာကတော့ အလှူတစ်ခု လုပ်တော့မယ်ဆိုရင် နာမည်ရဖို့ မရဖို့ထက် တစ်ကယ်လိုအပ်နေတဲ့ နေရာမှာ လိုအပ်နေတဲ့ သူတွေကို လိုအပ်သလို စေတနာ မေတ္တာ နဲ့ လှူဒါန်းခြင်းသည်သာလျှင် အကောင်းဆုံးပါ။ မိမိအလှူဟာ ဘယ်သူမှ သိစရာ မလိုပါဘူး။ သူဋ္ဌေးကြီး ခွေးတွေကို အစာကျွေးခဲ့တာ ဘယ်သူမှ မသိပါဘူး။ စေတနာ မေတ္တာ နဲ့ပဲ ကျွေးခဲ့တာပါ။ ဒါ့ကြောင့် စေတနာ မေတ္တာ ရှေ့ထားပြီုး လိုအပ်တဲ့ နေရာလေးတွေမှာ မိမိတို့ ငွေကြေးလေးတွေကို လှူဒါန်း ထောက်ပံ့ နိုင်ပါစေလို့ ရေးသားရင်း
မြန်မာပြည်သူပြည်သား အားလုံး ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Bobo Aung

နိုင်ငံတကာမှာ သမ္မတ၊ ဝန်ကြီးချုပ်တွေ ကမ္ဘာပတ် ခရီးထွက်ရင် စီးပွားရေး အခွင့်အလန်းတွေ၊ နည်းပညာတွေ၊ ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချုပ်တွေ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ကိုယ့်ပြည်တွင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ခေါ်လာတယ်။

မြန်မာ သမ္မတ ကမ္ဘာပတ်ရင် ချေးငွေတွေ လျော်ပေးဖို့ နဲ့ အသစ်ထပ်တိုးတဲ့ ချေးငွေစာချုပ်တွေပဲ ပါလာတယ်။

ချေးငွေတွေကို ပြည်တွင်းပြန်ရောက်တော့ အဘ စစ်အာဏာရှင်တို့နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေ ခရိုနီတွေ၊ အဘဆွေမျိုးတွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက အချိုးကျ ခွဲဝေပြီး နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ စာချုပ်တွေကို ခွဲဝေယူလိုက်ကြတယ်။

နိုင်ငံတော်က အမြတ် ရာခိုင်နှုန်း အနည်းဆုံးနဲ့ အဘတို့ အသိုင်းအဝိုင်း လုပ်ငန်းရှင်က အမြတ်ရာခိုင်နှုန်း အများဆုံး သတ်မှတ်ထားတဲ့ တဖက်သတ် စာချုပ်တွေနဲ့ လုပ်ငန်းတွေ စီမံကိန်းတွေကို အကောင်အထည်ဖေါ်ခဲ့တယ်။

နောက်ဆုံးမှာ နိုင်ငံတော်က အရှုံးပေါ်ပြီး. လုပ်ငန်းရှင် အဘတို့က အဆများစွာ ပိုချမ်းသာလာကြတယ်။ နိုင်ငံတော် လုပ်ငန်းတွေက ရပ်တန့်သွားပြီး ခရိုနီတွေက လုပ်ငန်းအမည် အသစ်ထောင်ပြီး ပိုပြီးချမ်းသာလာတယ်။ နိုင်ငံတော်မှာ ငွေကြေးကျပ်တည်းတော့ ချေးငွေယူဖို့ပဲ ထပ်ကြံစည်ပြန်တယ်။

အမည်ခံ နိုင်ငံတော် အကြီးအကဲက ကမ္ဘာတပတ် ထပ်ပတ်ပြီး အရင် အကြွေးတွေကို လျော့ကျဖို့နဲ့ လျော်ဖို့ လုပ်ကြတယ်။ အသစ်ချေးငွေတွေကို ထပ်တိုး ချေးယူလာကြတယ်။

ဒီလိုနဲ့ နိုင်ငံတော်က ကမ္ဘာပတ် တောင်း နေရတဲ့ သူတောင်းစား နိုင်ငံတော်ကြီးဖြစ်ပြီး၊ အဘတို့ အသိုင်းအဝိုင်းက ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် ဘီလံနာ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

မြန်မာနိုင်ငံသားတွေ ဘဝ ကတော့ အာဏာရှင်ရဲ့ နင်းပြား ဘဝ နဲ့ လှုပ်ရှားရုန်းကန်ရင်း အသက်ဆက်နေကြရတယ်။

အာဏာရှင်အသိုင်းအဝိုင်းတွေ ပျော်နိုင်ကြပါစေ။

ကိုစိုင်း
Sai Phyo Wai Lin


နိုင်ငံခြားသား၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ၊ တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသား ဟောင်းပညာ ရှင်များ မြန်မာနိုင်ငံ အတွင်းနေထိုင်မှု လွယ်ကူစေရန် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence)ကို အောက်တိုဘာလမှ စတင်ခွင့်ပြုမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မဇ္ဈိမကို စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

“လိုအပ်မယ့်အချက်အလက်တွေကို ခွင့်ပြုရက်မတိုင်မီဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာတင်ပေးသွားမယ်။ ရုံး ချုပ်ကိုပဲတိုက်ရိုက်လျှောက်ရလိမ့်မယ်။ အခု ပထမဆုံး ခွင့်ပြုပေးတာပဲ” ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်က အမြဲတမ်းနေ ထိုင်ခွင့်(ပီအာရ်)ကို အောက်တိုဘာတွင် စတင်အကောင်အထည်ဖော်ရန်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနသို့ ညွှန်ကြားထားပြီး ဖြစ်သည်။

“နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးအပြင်၊ ပိုင်ဆိုင်မှုအတွက်အခွန်ဆိုင်ရအချက်အလက်တွေကို တိတိကျကျ သိဖို့လိုမယ်၊ အခု ဗီဇာလုပ်နေရတာထက် ကုန်ကျငွေ ပိုသက်သာမယ်။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အချိန်ကုန်တာတွေတော့ မဖြစ်သင့်ဘူး””ဟု မြန်မာနိုင်ငံတွင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် အင်္ဂလန်နိုင် ငံသား နိုင်ငံခြားသတင်းထောက်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်ထိ ကာလရှည်နေထိုင်ခွင့် ဗီဇာဖြင့်နေထိုင်သူ ၈,၀၀၀ ကျော်ထိရှိသည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းများကဆို သည်။ ယခင်က ယင်းသို့နေထိုင်ခွင့်ကို ခြောက်လအ ထိခွင့်ပြုခဲ့သည်။
Mizzima

သမ္မတကြီးက လစဉ်လတိုင်း မိန့်ခွန်းတွေ ရွှန်းရွှန်းဝေအောင်ပြော၊ တိုးတက်မှု အောင်မြင် မှုတွေပြော၊ ဒါပေမဲ့ ပြည်သူတွေ နေ့စဉ်နှင့်အမျှ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ဖောင်းပွ လာတဲ့ ငွေကြေးတွေ၊ ရှားပါးလာတဲ့ အလုပ်အကိုင်တွေ၊ ဒီဒဏ်တွေ တဖြည်းဖြည်း ဆိုးဝါး လာတာကို ပြည်သူတွေက ခံစားနေရတာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ နေရာများသာမက မြို့ကြီးများဖြစ် သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေရှိ နေရာများတွင် ပြည်သူလူထု အများစု လက်လှမ်း မီစေနိုင် မည့် ပြည်သူ့အိမ်ရာ စီမံကိန်းများကို မြို့ရွာဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်၌ လည်း မြန်မာနိုင်ငံ ၏ အဓိက စီးပွားရေး မြို့တော်ဖြစ်ပြီး လူဦးရေ ငါးသန်းကျော် နေထိုင်သည့် ရန်ကုန်မြို့တော် အပါအ၀င် အခြားမြို့ကြီးများ အတွက် ခေတ်မီဖွံ့ဖြိုး တိုးတက်၍ စနစ်ကျသည့် မြို့ပြစီမံကိန်း လုပ်ငန်းများကို အလေးထား လုပ်ဆောင်ရ မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည့် လစဉ် ရေဒီယို မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံရှိ မြို့ကြီးများ၌ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ချထားပေးသည့်အခါ နီးစပ်ရာ လုပ်ငန်းရှင်များကို ချထားပေးခြင်းမျိုး မဟုတ်ဘဲ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်ရန် လိုအပ်ပြီး ထိုသို့ ဆောင်ရွက်နေသော အိမ်ရာ စီမံကိန်းများသည် ပြည်သူလူထု၊ အထူးသဖြင့် အောက်ခြေ လူတန်းစားများ လက်လှမ်းမီ ၀ယ်ယူနိုင်သည့် တန်ဖိုးနှုန်းထားများသာ ဖြစ်သင့် သည်ဟု နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ဝေဖန် သုံးသပ်လျက် ရှိကြသည်။ ယင်းသို့ ဝေဖန် သုံးသပ်မှုများကို မြန်မာသံတော်ဆင့်မှ စုစည်းတင်ပြ လိုက်ပါ သည်။

တင်ဇာအောင်

● ဦးရဲမင်းအောင် (MAPCO လုပ်ငန်း အုပ်စုမှ အုပ်ချုပ်မှုဒါရိုက်တာ)

အဓိကကတော့ အခုကနေ ရှေ့လျှောက် လုပ်မယ့်ဟာပေါ့။ အရင်တုန်းက ဟာကတော့ ထားလိုက်ပါတော့။ ပြီးသွားတဲ့ ကိစ္စက ပြောရတာ ခက်တာပေါ့။ ပြီးခဲ့တဲ့ ကိစ္စတွေမှာတော့ အိမ်ရာစီမံကိန်းတွေက ပြည်သူအများစု လက်လှမ်းမီဖို့ တော်တော် ခက်တာကိုး။ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်တွေမှာတော့ ပြည်သူအများစု လက်လှမ်း မီနိုင်တဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖြစ်ဖို့၊ အကောင်အထည် ဖော်တဲ့အခါမှာ ထင်သာမြင်သာ ရှိဖို့ လိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Housing Project တွေ က နိုင်ငံတကာမှာ တချို့နိုင်ငံတွေမှာ အစိုးရ၊ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းတွေက နည်းလမ်းတကျ မဖြစ်ဘူးဆိုရင် ပြည် သူတွေ ဆန့်ကျင် ကန့်ကွက်တာတို့၊ အကျင့်ပျက် ခြစားတာတို့ ဒီလို ဇာတ်လမ်းတွေပါ ပြဿနာပေါ်တဲ့ နိုင်ငံတွေလည်း ရှိတာကိုး။ ဘာပဲပြောပြော ကိုယ့်နိုင်ငံမှာ ဆောင်ရွက်မယ် ဆိုလို့ရှိရင် ထင်သာမြင်သာရှိရှိ ဆောင်ရွက်ဖို့ လိုတာပေါ့။ ဒီ Housing Project တွေ ဆောင်ရွက်တဲ့ အခါမှာလေ။

● ဦးဖုန်းမြင့်အောင် (အမျိုးသား ဒီမိုကရေစီပါတီသစ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

လက်ရှိ ကိုယ့်မဲဆန္ဒနယ်မှာလည်း အိမ်ငှားတွေ တအားများတာပေါ့။ လက်လှမ်းမမီဘူး။ မြေဈေးကြီး တာတွေပေါ့။ နိုင်ငံတော် သမ္မတရဲ့ ပြောကြားချက်ကတော့ ပြောရရင် ဒီအစိုးရ သက်တမ်းကလည်း တတိယပိုင်းကို ရောက်နေပြီလေ။ သူဒီလို ရည်ရွယ်ချက် ရှိပေမယ့်လည်း အချိန်မှ မရှိတာကိုး။ ဒါကို ဘယ်လိုလုပ်မယ် ဆိုတာတော့ စဉ်းစားလို့ကို မရဘူး။ အစိုးရလုပ်လို့ အိမ်ခြံမြေဈေးက ပိုပြီးတက်လာမယ့် အခြေအနေမျိုးကိုး။ သူတို့က အိမ်ဈေးကျအောင် လုပ်နိုင်မယ်လို့ ထင်ခဲ့တာကိုး။ ဒါပေမဲ့ ပိုတောင်ကြီးလာ သေးတယ်။ အခုဟာက စီမံကိန်းက လုပ်လို့ကိုမဖြစ်ဘူး။ စီမံကိန်းလုပ်ဖို့ လမ်းစကို မပေါ်သေးပါဘူး။ မြေမရှိဘူး၊ ရင်းနှီးမြှုပ်နှံမှု မရှိဘူး။ ၀ယ်နိုင်တဲ့ငွေကြေး ပြည်သူလူထုမှာလည်း မရှိဘူး။ ဒီဟာကြီးက မဖြစ်နိုင်တာကို ပြောနေတယ်လို့ ယူဆတယ်။

● ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို သမ္မတကြီး ပြောတာကိုလည်း ကျွန်မတို့ တွေ့ပါတယ်။ အဲဒီလိုပဲ ပြီးခဲ့တဲ့ ဒသမအကြိမ် တုန်းကလည်း လွှတ်တော်မှာ တင်ထားတာ ရှိပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို လာပြီးတော့ ရှင်းပြတည်းကိုက သိန်းတစ်ရာ အောက်မှာ မရှိဘူးဖြစ်တဲ့အတွက် ဘယ်လိုမှ ငွေမရှိတဲ့သူ တွေအနေနဲ့တော့ လက်လှမ်းမမီနိုင်ဘူးဆိုတာ ကျွန်မတို့အနေနဲ့ တွေ့ရှိရပါတယ်။ နောက်ပြီးတော့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို လုပ်ချင်တယ်ဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာရှိနေတဲ့ ထိုင်းနဲ့ဘန်ကောက်၊ မဲဆောက် သွားတဲ့ လမ်းပေါ်မှာဆိုလည်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ဆောက်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ အရစ်ကျငွေ ပေးချေတဲ့ စနစ်နဲ့ ပေးထားတာ ဖြစ်တဲ့အတွက် မ၀ယ်နိုင်တဲ့သူလည်း ၀ယ်နိုင် ပါတယ်။ အခု ကျွန်မတို့ တိုင်းပြည်မှာ တန်ဖိုးနည်းအိမ်ရာ စနစ်ကို လေ့လာ သုံးသပ်ကြည့်ရင် ၂ချက် တွေ့ပါတယ်။ တစ်ခုကတော့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ဆောက်လုပ်ခွင့် ရရှိတဲ့ ကန်ထရိုက် တွေအားလုံး အကျိုးအမြတ် ရရှိသွားတယ်။ နံပါတ် ၂ ကတော့ Systemmatic (စနစ်တကျ) မရှိဘဲနဲ့ တန်ဖိုးနည်း အိမ်ရာ စနစ်ကို ရောင်းချတာ ဖြစ်တဲ့ အတွက် နောက်ဆုံးတော့ ပိုက်ဆံရှိတဲ့သူတွေ လက်ထဲကိုပဲ ဒီအိမ်ရာတွေ ရောက်သွားပြီးတော့ တကယ်ကိုပဲ ကျွန်မတို့ Target ထားနေတဲ့ အောက်ခြေ လူတန်းစား၊ အလတ်တန်းစား အဆင့်ထိကို တန်ဖိုးနည်း အိမ်ရာဆိုတာ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးတတ်နိုင်တဲ့ သူတွေကသာ ထပ်ခါတလဲလဲ ၀ယ်ခြင်း ဆိုတဲ့ဟာမျိုးကို မထိန်းချုပ်နိုင်သရွေ့ တန်ဖိုးနည်းအိမ်ရာ စနစ်က အောင်မြင်မှု မရှိဘူးဆိုတာ ကျွန်မတွေ့ရတယ်။ ဒီလို မထိန်းချုပ်နိုင်သရွေ့ ကျွန်မတို့ Target ထားနေတဲ့ တန်ဖိုးနည်း အိမ်ရာဟာ အောက်ခြေ လူတန်းစားတွေဆီ မရောက်နိုင်ပါဘူး။

● ဦးမင်းဇေယျ (၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

အဓိကပြဿနာက အပြောတခြား အလုပ်တခြား ဖြစ်နေ တဲ့ ပြဿနာလေ။ နောက်ပြီးတော့ ပြောပြောနေတဲ့ Good Government ဆိုတဲ့ ကိစ္စတွေကလည်း တကယ့်တကယ် လက်တွေ့ပိုင်းတွေမှာ ဘာမှ အကောင်အထည် မဖော်နိုင်ဘူးလေ။ ပွင့်လင်းမြင်သာမှု မရှိတဲ့ လုပ်ငန်းတွေ တော်တော်များများက အဂတိ လိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဆရာမွေး တပည့်မွေးတွေနဲ့ပဲ ပြီးဆုံးသွားတာပေါ့လေ။ နိုင်ငံတော် သမ္မတကြီးက လစဉ်လတိုင်း မိန့်ခွန်းတွေ ရွှန်းရွှန်းဝေအောင်ပြော၊ တိုးတက်မှု အောင်မြင်မှုတွေပြော၊ ဒါပေမဲ့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ဖောင်းပွလာတဲ့ ငွေကြေးတွေ၊ ရှားပါးလာတဲ့ အလုပ်အကိုင်တွေ ဒီဒဏ်တွေ တဖြည်းဖြည်း ဆိုးဝါးလာတာကို ပြည်သူတွေက ခံစားနေရတာတွေ။ ပြည်သူတွေက ဘယ်သူပဲ အာဏာယူယူ ကိုယ့်ရဲ့ စားဝတ်နေရေး ပြေလည်နေရင် ကျေနပ် နေကြတာပါပဲ။ အခုက ဆင်းရဲ ချမ်းသာမှုတွေက ကြာလေလေ ကွာဟလေ ကြာလေကွာဟလေပဲ။ အာဏာရှိသူတွေက အာဏာကို အလွဲသုံးစား လုပ်ပြီးတော့ အခွင့်ထူးခံ လူတန်းစားတွေကပဲ ရပိုင်ခွင့် အကုန်လုံး ယူထားတာလေ။ ဒီမိုကရေစီ နိုင်ငံကို ထူထောင်တယ်ဆိုတာ ခရိုနီစီးပွားရေး မဟုတ်ဘူးလေ။ လူနည်းစုကြီးပွားရေး မဟုတ် ဘူးလေ။ ကောင်းကောင်း ပြောပြီး ကောင်းကောင်း မလုပ်တာပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီး တာကပဲ ထွက်နေတာ။ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့လိုတယ်။ ဒီမိုကရေစီ နည်းကျရမယ်။ ပြောနေတဲ့ အနေအထားကနေ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကနေ ကြီးမားတဲ့ စီမံကိန်းကို လူမသိသူမသိ လုပ်နေတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပဲ။

● ဒေါက်တာမောင်မောင်စိုး (စီးပွားရေးပညာရှင်)

တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်လာရင် ထဲထဲဝင်ဝင်တော့ မသိဘူး။ တစ်ခုတော့ ရှိတာပေါ့။ တန်ဖိုးနည်း အိမ်ရာနဲ့ ပတ်သက်လာရင် ဆောက်လုပ်ရေးဘက်က သူတို့ရဲ့ကုန်ကျစရိတ်ကို ကြည့်ရမယ်။ သူတို့က စရိတ်ကာမိအောင် လုပ်မှာပေါ့။ အစိုးရကနေပြီးတော့ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ် ဆိုလို့ရှိရင် အစိုးရ ဘတ်ဂျက်ကနေ အရှုံးခံ ဆောက်မယ် ဆိုရင်တောင်မှ ခေတ်ကာလ ပေါက်ဈေး ထက်ကို မလျှော့ဘူး။ ပုဂ္ဂလိက ကတော့ သူ့အတွက် မကျန်ဘဲနဲ့ လုပ်မှာ မဟုတ်ဘူး။ အဲဒီတစ်ချက် ပြန်စဉ်းစားရမယ်။ ဒုတိယအချက်က တန်ဖိုးနည်း အိမ်ရာက ဘယ် Level အထိ တန်ဖိုးနည်းအိမ်ရာ ဆိုတာကို ပြန်စဉ်းစားရမယ်။ ဟိုးအရင်ခေတ် တုန်းကတော့ တဲပေါ်မှ တိုက်ပေါ်သို့ဆိုပြီး တစ်ခါ ကြွေးကြော်သေးတယ်။ ဆရာ့အမြင်ကတော့ တန်ဖိုးနည်း အိမ်ရာက တန်ဖိုးနည်းတာပဲရှိမယ်။ လူထုတွေက ပေးနိုင် မပေးနိုင်ဆိုတဲ့ ပြဿနာက ရှိလာဦးမယ်။ ခရိုနီပဲ ပေးပေး၊ ဘယ်စီးပွားရေးသမားပဲ ပေးပေး သူတို့အတွက် ကျန်အောင် လုပ်ကြမှာပဲ။ ကျန်အောင် လုပ်ပြီ ဆိုမှတော့ တန်ဖိုးက မနည်းနိုင်တော့ဘူး။

မြန်မာသံတော်ဆင့်သတင်းဌာန -


ကျွန်တော်လဲ ငေးကြည့်နေတယ်ဗျာ..
ဘတ်ဂျက်ငွေတွေစုစုပေါင်း ၁၀၀ % ထဲကမှ..
- လုပ်ငန်းပရောဂျက်ထဲကို... ၆၀%
- ဘဘတွေအိတ်ထဲကို. ၂၀%
- ကုမ္မဏီတွေရဲ့အိတ်ထဲကို ၂၀%
အဆင့်ဆင့်ရောက်သွားပြီးမှ.
လိမ်ဖယ် လိမ်ဖယ်နဲ့ ဖွင့်လှစ်ခဲ့တဲ့..
အရည်အသွေးနိမ့်
စစ်အာဏာရှင်တွေဆောက်ခဲ့တဲ့
တံတားကြီးတွေထဲက..
တစ်စင်းကို
ငေးကြည့်နေမိပါတယ်..
ဘာဖြစ်လို့ တံတားတွေဆောက်၊
ဆည်တွေဆောက်..၊
လမ်းတွေဖေါက်ချင်ခဲ့ကြတာလဲဆိုတာကိုလဲ
သဘောပေါက်လာပါတယ်..
ဟဲဟဲဟဲ

( Pa Yit)

သမီးလေး မေမြတ်နိုးသို့

ရပြီးသား သရဖူကို
ပြန်အသိမ်းခံရတယ်ဆိုတာ
(၉၀)ခုနှစ်က စခဲ့တာပါသမီး

အရှုံးနဲ့ရင်ဆိုင်ရတော့မယ် ဆိုတာ
သိတဲ့အချိန်မှာ PR ကို
အားကိုးရှာသလိုမျိုး မလုပ်မိစေနဲ့
ယုံကြည်ချက်ဆိုတာ
ကိုစံလင်း ခေါင်းလောင်း ရှာသလိုမျိုး
လုပ်လို့မရဘူး

ဥာဏ်ကစားတဲ့ လူတွေအတွက်
ကံတရားက အမြဲမကောင်းနိုင်ဘူး
ဒါကြောင့်
အမှန်တရားကိုပဲယုံလိုက်ပါ ။ ။

တစ်ချိန်တစ်ခါက ရုပ်မြင်သံကြားမှာ ပြသသွားတဲ့ ကိုရီးယားဇာတ်လမ်းတွဲ တစ်ခု ဟာ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာအနှံ့အတော်ကျော်ကြား သွားခဲ့ပါတယ်။ အဲ့ဒါ ကတော့ ကိုရီးယား နန်းတွင်းအချက်အပြုတ် တာဝန်ခံများ၊ တော်ဝင်မိသားစုရဲ့  သမားတော်များနဲ့ ပတ်သက်တဲ့ နာမည်ကြီး "နန်းတွင်းရတာနာ" ဇာတ်ကား ပါပဲ။ မြန်မာ ပရိသတ်တွေ ကတော့ အဓိက ဇာတ်ကောင်ရဲ့အမည်ကို ယူပြီး 'ဂျန်ဂင်း' ဇာတ်ကားလို့ သိကြပါတယ်။

ကျွန်မ ကိုရီးယားကိုရောက်ခဲ့စဉ်က သရုပ်ဆောင် မင်းသမီး လီယောင်အေးနဲ့ တွေ့ ခဲ့ပါတယ်။ အင်မတန် ချစ်စရာ ကောင်းတဲ့အမျိုးသမီးငယ်ပါ။ အသက်က ၄၀ရှိနေပြီ ဆိုပေမယ့် နုနု ပျိုပျိုပါပဲ ။

အမြွှာပူးကလေးနှစ်ယောက်မွေးထားတာ မကြာသေးလို့ မိခင် တာဝန်တွေနဲ့ ပိနေပြီး အနုပညာ အလုပ်ကို ခဏရပ်ထားရတယ် လို့ ပြောပါ တယ်။ ကျွန်မကို လက်ဆောင် အဖြစ် "နန်းတွင်း ရတနာ" ဇာတ်လမ်း ဒီဗီဒီ တစ်စုံ ပေး လိုက်ပါတယ်။

လက်ဆောင်ရပြီး တစ်နှစ်ခွဲနီးပါးဖြစ်တဲ့ မကြာခင်ကာလကမှပဲ ဇာတ်လမ်းကို ကြည့် ဖြစ် ပါတယ်။ အဲ့ဒီဇာတ်လမ်းအခွေတွေကို (၂၀၁၀-၂၀၁၂) ကိုရီးယား ခရီးသွားနှစ်အတွက် အထူးထုတ် ခဲ့တာပါ။

အခွေတွေနဲ့အတူ ပါလာတဲ့ ဇာတ်ကားအကြောင်း ရှင်းပြချက်မှာ အနှစ် ၅၀၀ လောက် က အဖြစ်အပျက်တွေကို အခြေခံ ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအချိန်အခါက လူတန်းစား ခွဲခြားမှု ၊အမျိုးသမီးများ အနှိမ်ခံ ရမှုတွေရဲ့  လူမှုရေး အကျိုးဆက်တွေ ကို ဝေဖန် သုံးသပ် ထားခြင်းတွေ ကို တွေ့ရ ပါတယ်။

ကိုရီးယား တော်ဝင်ချက်ပြုတ်နည်း ၊ ဆေးကုသနည်းတွေဟာ ကြည့်ရလည်း ကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်ကို စိတ်ဝင်စားစရာ၊ အားကျ စရာ၊ အတုယူစရာကတော့ ' ဂျန်ဂင်း' ရဲ့  စိတ်ဓာတ်ပါပဲ။

ငယ်စဉ် ကလေးဘ၀ကတည်းက မိဘမဲ့လေးတစ်ယောက်အနေနဲ့ မိခင်ရဲ့ ဆန္ဒကို အကောင်ထည်ဖော်ဖို့ မလျှော့တဲ့ ဇွဲ၊ လုံ့ လနဲ့ ရုန်းကန်ခဲ့ပုံတွေဟာ ချစ်စရာ၊ သနား စရာ၊ လေးစားစရာကောင်းလှပါတယ်။ မိန်းကလေးတစ်ယောက်ရင်ဆိုင်ရတဲ့ ဒုက္ခတွေ ကို လေ့လာရင်းနဲ့ လူတန်းစားခွဲခြားတဲ့ စနစ်ဆိုးရဲ့  အနိဠာရုံတွေကို သဘောပေါက် ရပါတယ်။

နန်းတွင်း အာဏာလုပွဲတွေ အကြားမှာ လမ်းလွဲပြီး မေတ္တာ၊ ကရုဏာတွေ ပျောက် ကွယ်ကာ လူသားချင်းမညှာမတာ ဆက်ဆံပြုကျင့်တာတွေဟာ ဘ၀ သင်ခန်းစာတွေ ပဲလို့ မှတ်ယူနိုင်ပါတယ်။

ဘယ်ခေတ် ဘယ်အခါမှာမဆို ပစ္စည်းဥစ္စာ၊ ရာထူးအာဏာတို့ကြောင့်၊ လူ့နှလုံးသား၊ လူ့သိက္ခာတွေ ပျောက်ဆုံးရပုံတွေကို သတိရစေပါတယ်။ တကယ့်ကို တရားရစေတဲ့ ကိစ္စကတော့ ဒီလိုသြဇာ၊ အာဏာ မရမက ဘယ်နည်းမဆိုသုံးပြီး ရယူတဲ့သူတွေ ကြည့်ရတာလည်း ဘယ်သူမှ စိတ်ချမ်းသာပုံမရပါဘူး။

အများစုက အမှန်တရားကို ဂရုမထားတဲ့ ပတ်ဝန်ကျင်မှာ ကြီးပြင်းလာရတဲ့ 'ဂျန်ဂင်း' ၊ ဖြူစင်တဲ့နှလုံးသား၊ ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်တို့ နဲ့ ကြီးပြင်းလာနိုင်ခဲ့တာက ငယ်စဉ်က မိဘတွေရဲ့  ကောင်းမွန်တဲ့ ဆုံးမသွင်သင်မှုနဲ့ နန်းတွင်းရောက်တဲ့ အစဆုံးတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမကောင်းတွေကြောင့်ပဲဖြစ်ပါတယ်။

ဒီ မိဘမဲ့ မိန်းကလေးရဲ့ ဘ၀မှာ ကံကောင်းခြင်း များစွာ၊ ဒုက္ခကြီးများစွာ ကြုံတွေ့ခဲ့ ရပေမယ့် ဆရာကောင်းများနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ရတဲ့ မဟာကံကောင်းခြင်းကြီး ကတော့ ဘယ်လိုမှ တန်ဖိုး မဖြတ်နိုင်ပါဘူး။

ဒီအပြင်လည်း လောကဓံရဲ့  ရိုက်နှက်မှုပေါင်းများစွာ အတွင်းက မယိမ်းမယိုင် မေတ္တာ တိုင်ခဲ့တဲ့ သူရဲကောင်းဇာတ်လိုက်ကြီး ကလည်း ရှိသေးတယ်လေ။

'နန်းတွင်းရတနာ' ဆိုတော့လည်း နန်းတွင်းအဖြစ်အပျက်၊ အမှုအကျင့်တွေ အများကြီး ပြထားတာပေါ့။ ဒီဇာတ်လမ်းထဲက ရှင်ဘုရင်ကတော့ သဘောထား မဆိုး ပါဘူး။ ဒါပေမဲ့ စိတ်ခိုင်မာသင့်သလောက်မခိုင်မာပါဘူး ။

အထူးသဖြင့် မယ်တော်ကြီးရဲ့ သြဇာကို မလွန်ဆန်နိုင်တာကတော့ စိတ်ပျက် စရာ ကောင်းပါတယ်။ မယ်တော်ကြီး လုပ်ပုံ ကိုင်ပုံတွေကလည်း စဉ်းစားစာရပါပဲ။ သားအပေါ်မှာ တကယ် မေတ္တာထားရင် မလုပ်သင့် တာတွေလည်းပါပါရဲ့ ။ မေတ္တာတော့ရှိပါရဲ့ ၊ ပညာမရှိ လို့လားလို့ စဉ်းစားစရာ ဖြစ်ပါတယ် ။

နောက်ဆုံးနား မှာတော့ 'ဂျန်ဂင်း' က မင်းကြီးသမားတော် ဖြစ် လာတဲ့ တခါ ဘုရင့်ကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာ ခိုင်ခံ့ပေးဖို့ လုပ်ဆောင် ခဲ့ပါတယ်။ နောက်ဆုံးဘ၀မကူးမီ အချိန်မှာ ရေးခဲ့တဲ့စာထဲမှာ မိမိကို အားရှိတဲ့သူ တစ်ဦးဖြစ်အောင် လုပ်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း ဘုရင် က ရေးသားခဲ့ ပါတယ် ။

'နန်းတွင်းရတနာ' ဇာတ်လမ်းဟာ ဘာအကြောင်းလဲလို့မေးရင် ပထမဦးဆုံး လွယ် လွယ်ဖြေမယ်ဆိုရင် နန်းတွင်းအကြောင်းလို့ ဆိုနိုင်ပါတယ် ။ နောက်တော့ ကိုရီးယား ချက်နည်း ပြုတ်နည်းတွေ အကြောင်း၊ ဆေးပညာ အကြောင်းလို့ လည်း ပြောလို့ ရပါတယ်။ နောက်တစ်ဆင့် တက်မယ်ဆိုရင်တော့ လူတန်းစားခွဲခြား တဲ့၊ အမျိုးသမီး များကို နှိမ်တဲ့ လူမှုရေးပြသနာတွေအကြောင်းလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ အတိုဆုံး၊ အထိရောက်ဆုံး အဖြေကတော့ 'ဇွဲ-သတ္တိ' အကြောင်းပဲ ဖြစ်ပါ တယ်။

ဒီတစ်ပတ်တော့ ဒီမျှ သာ။ ။
အောင်ဆန်းစုကြည်

တိုင်းပြည် တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ရှိကာ ပြည်သူတွေကလဲ သဘော ကျသည်ဆိုပါက မည်သူပဲ (သမ္မတ အဖြစ်) တက်တက် မိမိအနေဖြင့် တက်စေချင်ကြောင်း၊ မိမိ၏ ဆန္ဒ အမှန်မှာ အနားယူလိုခြင်းသာဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဥရောပသုံးနိုင်ငံခရီး ဒုတိယ မြောက်ခရီးစဉ်အဖြစ် ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့သို့ရောက်ရှိစဉ် ပြော ကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တော် ရှိ Bellevue Palace ဟိုတယ်တွင် ဆွစ်ဇာလန် သတင်းဌာန NNZ News နှင့်တွေ့ဆုံစဉ် နောက်သက် တမ်းတွင် သမ္မတဝင်အရွေးခံဦးမည် လားဟု အင်န်ဇက်ဇက်သတင်းထောက် ၏ အမေးကို နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း ပြန်လည်ဖြေဆို ခဲ့ခြင်းဖြစ်သည်။

''ဒီမေးခွန်းကို တော်တော်များ များဖြေဆိုခဲ့ရပါတယ်။ ကျွန်တော် သဘောထားအရဆိုရင် ကျွန်တော် အငြိမ်းစားယူချင်ပါတယ်။ နားချင် ပါတယ်။ သို့သော်လဲပဲ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ကြည့်ရပါဦးမယ်။ ဘာဖြစ် လို့လဲဆိုရင် တိုင်းပြည်ရဲ့တာဝန်ကို ဒီကနေ့ ကျွန်တော်တာဝန်ယူထားရ လို့ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး အေးအေးချမ်းချမ်းဖြစ် မယ်။ ပြည်သူတွေကလဲ သဘောကျ တယ်ဆိုရင် ဘယ်သူပဲတက်တက် ကျွန်တော်ကတော့ တက်စေချင်ပါ တယ်။ ကျွန်တော်ကတော့ နားချင် ပါတယ်။ သို့သော်လဲပဲ တစ်ဖက်က တိုင်းပြည်ရဲ့ အခြေအနေကို ပြန် ကြည့်ရဦး မှာဖြစ်ပါတယ်''ဟု နိုင်ငံ တော်သမ္မတက ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က သူ့အနေ ဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အ ပစ်အခတ်ရပ်စဲအပြီးတွင် Political Dialogue များလုပ်သွားမည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဦး တည်ဆောင်ရွက်သွားမည်ဟုလည်း သတင်းဌာနကိုပြောကြားသည်။

မြန်မာ-တရုတ်ဆက်ဆံရေး နှင့်ပတ်သက်သော မေးခွန်းကို ဖြေ ကြားရာတွင်လည်း အနောက်နိုင်ငံ များနှင့်ကူးလူးဆက်ဆံမှုများ ရှိနေ သည်ကို တရုတ်နိုင်ငံအနေဖြင့် မကြိုက်တာမရှိကြောင်း ဖြေကြား သည်။

''တရုတ်နဲ့မြန်မာဟာ ကီလိုမီ တာတစ်ထောင်ကျော် နယ်နိမိတ် ချင်းထိစပ်နေပါတယ်။ နှစ်နိုင်ငံပြည် သူအချင်းချင်းဟာ နေ့စဉ်ကူးလူး ဆက်ဆံနေကြပြီး မြန်မာနိုင်ငံရဲ့အိမ် နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လဲ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့အခါ ပိုမိုပွင့်လင်း လာပြီး အရှေ့အနောက်ခွဲခြားမှုမရှိ ဘဲ နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည် စွာ ဆက်ဆံနေပါတယ်။ အဲသလို ဆက်ဆံလို့လဲ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သဘော ထားပြောင်းလဲသွားမှာ မဟုတ်ပါ ဘူး''ဟု သမ္မတဦးသိန်းစိန်က ပြော ကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ယင်းနေ့နံနက် ၉နာရီ ၅မိနစ် တွင် Bern Historical Museum အတွင်းရှိ နာမည်ကျော်သိပံ္ပပညာ ရှင် အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)ပြတိုက်သို့ သွားရောက် လေ့လာခဲ့သည်။ အဆိုပါပြတိုက် တွင် အိုင်းစတိုင်း တီထွင်ဖော်ထုတ် မှုများကို မှတ်တမ်းပြုပြသထားသည်။ အိုင်းစတိုင်းသည် ထင်ရှားသည့် ရီ လေတီဗီတီသီအိုရီ E=MC2 ကို ရှာ ဖွေတွေ့ရှိခဲ့သူဖြစ်ပြီး အဆိုပါသီအိုရီ ကို ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင်ရှိနေ စဉ် ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သ ဖြင့် ဘန်းမြို့သည် အထင်ကရဖြစ်ခဲ့ ပြီး အိုင်းစတိုင်းပြတိုက်ကို ၂ဝဝ၅ခု နှစ်တွင် ဘန်းမြို့၌ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

နံနက် ၁ဝနာရီတွင် Bern Historical Museum တွင် ဆွစ်ဇာ လန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍ လေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် တတိယမြောက် ဥရောပခရီး စဉ်အဖြစ် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ်သွား ရောက်စဉ် စက်တင်ဘာ ၅ရက်က ညနေပိုင်း(မြန်မာစံတော်ချိန် ည ၁ဝနာရီခန့်)တွင် ဆွစ်ဇာလန်သမ္မတ H.E Didier Burkhalter နှင့် သီး သန့်တွေ့ဆုံရန်ရှိပြီး ဆွစ်ဇာလန်ဂုဏ် ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြုမှုကို ခံယူမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်၏ ဆွစ်ဇာ လန်နိုင်ငံသို့ တရားဝင်အလည်အပတ် ရောက်ရှိနေသောခရီးသည် ဆွစ်ဇာ လန်က မြန်မာ့ဒီမိုကရေစီအကူး အပြောင်းအား တက်ကြွစွာထောက် ခံပံ့ပိုးပေးနေခြင်း၏ အစိတ်အပိုင်း ဖြစ်သည်။ ဆွစ်စ်ကွန်ဖက်ဒရေးရှင်း သမ္မတဒစ်ဒီယာဘာခယ်လ်တာနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးရာတွင် ဆွစ်ဇာ လန်က မြန်မာအား ထောက်ခံပံ့ပိုးပေး ရေးကိစ္စနှင့် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံတွင် ၂ဝ၁၅ခုနှစ်၌ ကျင်းပ မည့် သမ္မတနှင့် ပါလီမန်ရွေးကောက် ပွဲကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအေး ချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးအကြောင်း များကိုလည်း ဆွေးနွေးကြမည်ဟု ဆွစ်စ်ကွန်ဖက်ဒရေးရှင်းအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သည် ၁၉၅၇ခုနှစ်တွင် သံတမန် ဆက်သွယ်ရေးစတင်ခဲ့ပြီး ကောင် စစ်ဝန်ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် သံရုံးအဆင့် တိုးမြှင့်ခဲ့ သည်။ ၁၉၇၁ခုနှစ်တွင် ဆွစ်ဇာလန် နိုင်ငံဘန်းမြို့တွင် မြန်မာသံရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် တွင် စတင်ကာ ဘဏ်လုပ်ငန်းကဏ္ဍ ဆက်သွယ်မှုရှိခဲ့ပြီး ၁၉၇၃ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ မြန်မာကျောက် မျက်ရတနာ ရောင်းချသော ဆွစ် ကုမ္ပဏီတစ်ခု ဖွင့်လှစ်ခဲ့သည်။

လွန်ခဲ့သော ၁ဝစုနှစ်နှစ်ခုအ တွင်း ဆွစ်ဇာလန်အစိုးရမှ လူသား ချင်းစာနာသော အကူအညီများပေး ခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး အ တွက် ဆွစ်ဖရန့်ငွေ ၃သန်းမှ၅သန်း အထိ ပေးခဲ့သည်။ နာဂစ်ဖြစ်ပွားချိန် တွင်လည်း ဆွစ်ဖရန့်ငွေ ၄ ဒသမ ၅ သန်း ထောက်ပံ့ကူညီခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် မြန်မာ နိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ ကန့်သတ်မှုများကို ၂ဝ၁၂ခုနှစ် မေ လ ၉ရက်တွင် ရုပ်သိမ်းပေးခဲ့သည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

အတိုက်အခံ ညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ရေးကိုဒေါ် အောင်ဆန်းစုကြည် အနေနဲ့ အထူးဂရုပြု အားထုတ်သင့် … ဒီလုပ်ငန်းစဉ်ဟာ အထူးခက်ခဲမှာ ဖြစ်ပေမယ့် အတိုက်အခံ ညီညွတ်မှုကသာ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ တစ်ခုတည်းသော နည်းလမ်း … အတိုက်အခံညီညွတ်ရေး အားမကောင်း၊ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း အထမမြောက်ခဲ့ဘူး ဆိုရင်တော့ ပြည်သူ့ အားကိုယူပြီး တိုက်ပွဲဝင်ရမယ့် လမ်းပေါ်နိုင်ငံရေး အားကောင်း မောင်းသန် ရှင်သန်လာနိုင် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ လပိုင်းက နေပြည်တော်ကို အလည်ရောက်တော့ သူငယ်ချင်းက လွှတ်တော် အဆောက်အအုံကြီးကို လိုက်လံပြသပါတယ်။ ပြီးတော့ညွှန်မှူး၊ ညွှန်ချုပ်အိမ်ရာတွေ၊ ဒုဝန်ကြီး၊ ၀န်ကြီး အိမ်ရာတွေကိုလည်း လိုက်လံ ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ အံ့ဘနန်း လွှတ်တော် အဆောက်အအုံကြီးရဲ့ ခမ်းနားကြီးကျယ်ပုံ ကိုကြည့်နေရင်း အတွေးစတချို့က ခေါင်းထဲ ပြေးဝင်လာတယ်။ ဒုဝန်ကြီး၊ ၀န်ကြီးတွေ နေထိုင်ရာ တိုက်တာ အဆောက်အအုံ တွေရဲ့ ထည်ဝါပုံကို ကြည့်ပြီးလည်း အတွေးတွေက ခေါင်းထဲမှာ ဒေါင်ချာစိုင်းနေ ပါ တော့ တယ်။ နောက်ပြီး သူငယ်ချင်းက သမ္မတ အိမ်တော်ရာကြီးကို အဝေးက လှမ်းပြတော့ ““ကမ္ဘာပေါ်မှာ အခမ်းနားဆုံး သမ္မတ အိမ်တော်ရာပဲကွ””လို့ သူငယ်ချင်းကို ပြန်ပြောမိလိုက်တယ်။ အမှန်တော့ သမ္မတ အိမ်တော်ရာတင် မဟုတ်ပါဘူး။ လွှတ်တော် အဆောက်အအုံကြီးကလည်း ကမ္ဘာ့ဂရင်းနစ် စံချိန်တင် လောက်အောင် ခမ်းနားထည်ဝါလွန်းပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံက ဧည့်သည်တော်တွေ လွှတ်တော်ကို လာလေ့လာတိုင်း မြန်မာပြည် ဆင်းရဲနုံချာတယ်ဆိုတာ မယုံနိုင်အောင် ဖြစ်ရပါတယ်လို့ သုံးသပ်ပြောကြားချက် တွေကို တစ်ဆင့်စကားနဲ့ ကြားဖူးခဲ့တာလည်း ပြန်အမှတ်ရနေ မိပါတယ်။

နေပြည်တော်ကြီး ခမ်းနားကြီးကျယ်မှုဟာ မြန်မာပြည်သား တစ်ယောက်အတွက် ဂုဏ်ယူဖွယ်ရာလား ဆိုတဲ့ မေးခွန်းကို လက်ရှိ အာဏာပိုင်တွေကို မေးစမ်း ချင်စိတ်တွေလည်း တဖွားဖွား ပေါ်လာပါတယ်။ အရှေ့တောင် အာရှမှာ အဆင်းရဲဆုံးနိုင်ငံ၊ အာရှတစ်ခွင်လုံးမှာ အာဖဂန်နစ္စတန်ပြီးရင် အဆင်းရဲ အမွဲတေဆုံး နိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာ ဒီလိုခမ်းနားတဲ့ နိုင်ငံတော် အဆောက်အအုံတွေရှိတာ ဂုဏ်ယူစရာ ဟုတ်မဟုတ် ဆိုပြီး ထပ်ဆင့် မေးခွန်းလေးများ မေးခွင့်ရရင် သိပ်ကောင်းမှာပဲလို့လည်း စဉ်းစားမိတယ်။

၂၀၁၅ အလွန်မှာ ဒီလိုခမ်းနားကြီး ကျယ်တဲ့ သမ္မတ အိမ်တော်ရာကြီးမှာ လက်ရှိ စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နေရာမှာ စစ်ဗိုလ်ချုပ်ဟောင်းမဟုတ်တဲ့ အတိုက်အခံအရပ်သား တစ်ဦးဦးများ နေထိုင်ခွင့် ရခဲ့မယ်ဆို အခုလက်ရှိ အာဏာပိုင်တွေ မုဒိတာ ပွားနိုင်ပါ့မလား ဆိုတာလည်း ကြိုတင်မှန်းဆ သိချင်နေမိ တယ်။ ပြီးတော့ ကြံ့ခိုင်ရေး အမတ်တွေ ဇာတ်စီး၊ ကြီးစိုးထားတဲ့ ကမ္ဘာ့အခမ်းနားဆုံး လွှတ်တော်ကြီးမှာ အတိုက်အခံ အမတ်တွေ အများစု လွှမ်းမိုးသွားမယ်ဆို လက်ရှိကြံ့ခိုင်ရေး ဥပဒေပြု အမတ်တွေ ကြည်ကြည် ဖြူဖြူနဲ့ မုဒိတာပီတိ ဖြစ်နိုင်ပါ့မလား ဆိုတာလည်း သိချင်နေမိ ပြန်ပါတယ်။

တကယ်တော့ နေပြည်တော် မြို့တော်သစ်ကြီးဟာ ယခင်စစ်အာဏာရှင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် စနစ်တကျ စီမံဖန်တီးခဲ့တဲ့ မြို့တော်ကြီးပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း စစ်ဆင်ရေး ညှိနှိုင်း အစည်းအဝေး တစ်ခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “Heart Land theory” အရ မြို့တော်သစ် တည်ရကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြား သတင်းဌာန တစ်ခုက ဖော်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါဟာ အကျိုး အကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက်ကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ ပညာရှင်တွေ သုံးသပ်ချက်အရ ‘Xenophobia’ လို့ခေါ်တဲ့ “နိုင်ငံခြားကြောက်ရောဂါ”နဲ့ ‘Superstition’ လို့ခေါ်တဲ့ “အယူသီးမှု” အချက်နှစ်ချက် အပေါ်မှာ အခြေပြုစဉ်းစားပြီး မြို့တော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါ တယ်။ နေပြည်တော်ဟာ အာဏာရှင် ဟောင်းကြီးနဲ့ တပည့်လက်သား လက်ရှိ အာဏာပိုင်တွေအတွက် ပထ၀ီ အနေအထားအရ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အပြည့်အ၀ ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။ စစ်ရုံးချုပ် အပါအ၀င် အရေးကြီး စစ်ဘက်ဆိုင်ရာ အဆောက်အအုံ တွေကိုလည်း တောတောင်တွေကို နောက်ခံ အကာအကွယ်ယူပြီး တည်ဆောက် ထားလို့ အတော်ကို စနစ်ကျတဲ့ လုံခြုံမှုအနေအထားနဲ့ အာဏာရှင်ဟောင်းကြီး အနေနဲ့ အေးအေး လူလူ စာဖတ်နေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးမှာ အဓိက ဆိုလိုချင်တဲ့ အချက်က ဒီလို အစစအရာရာ လုံခြုံပြီး မိမိတပည့်လက်ရင်း စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ၀န်းရံထားတဲ့ နေပြည်တော်ရဲ့ တစ်နေရာမှာ စိတ်အေးလက်အေး ဖြစ်နေတဲ့ အာဏာရှင်ဟောင်းကြီး အနေနဲ့ သူ့အနား ၀န်းကျင်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ရန်သူသဖွယ် သူဆက်ဆံခဲ့တဲ့ အတိုက်အခံတွေ ကြီးစိုးလာရင် အာဏာရှင်ဟောင်းကြီး စိတ်မသက်မသာ ဖြစ်မလား ဆိုတာ သုံးသပ်ကြည့်တဲ့ သဘောပါ။ အာဏာတည်မြဲဖို့ ၂၀၀၈ အခြေခံဥပဒေနဲ့ ခံကတုတ်ယူပြီး ကာကွယ်ထားတယ် ဆိုပေမယ့်လည်း ပြည်သူ့ထောက်ခံမှု အားကောင်းတဲ့ NLD ပါတီက မဲအပြတ် အသတ် နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်ခဲ့လို့ သမ္မတ အိမ်တော်ရာမှာ နေထိုင် တာဝန်ထမ်းဆောင် မယ် ဆိုရင် အာဏာရှင်ဟောင်းကြီးနဲ့ စစ်ဗိုလ်ချုပ် ဟောင်းကြီးတွေ ဘယ်လိုမှ စိတ်သက်သာမှုရမှာ မဟုတ်ပါဘူး။ ဒေါ်လာ ငါးဘီလီယံလောက် အကုန်အကျခံ တည်ဆောက်ထားတဲ့ နေပြည်တော်မှာ အတိုက်အခံတွေ ကြီးစိုးသွားရင် အာဏာရှင် ဟောင်းကြီး စိတ်ချမ်းမြေ့မှာ မဟုတ်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ၀န်ကြီးအိမ်ရာတွေမှာ အတိုက်အခံ ၀န်ကြီးတွေသာ နေထိုင်ရတော့မယ်ဆိုရင် ယခင်အာဏာပိုင်များ စိတ်လုံခြုံမှု ရနိုင်မယ် မထင်ပါဘူး။ ဇိမ်ခံ မူးယစ်စရာ တိုက်တာ အဆောက်အအုံကြီးတွေကို ဘယ်လိုမှ လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဥပမာ ၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမတ်တွေ အများစု အနိုင်ရလို့ နေပြည်တော်မှာ လွှမ်းမိုးသွားပြီ ဆိုပါစို့။ ဗိုလ်ချုပ်မှူးကြီးရဲ့ နေအိမ်မနီး မဝေးမှာ အခမ်းအနား လုပ်တယ်။ ဟောပြောပွဲလုပ်မယ်။ လူထုစည်းရုံးရေးတွေ လုပ်မယ်ဆိုရင် စာဖတ်သူကြီး စိတ်ချမ်းမြေ့ပါ့မလား ဆိုတာလည်း အတွေးပွားမိပါတယ်။ ဒီစဉ်းစားချက်တွေဟာ နေထိုင်မှု မလုံခြုံခြင်း၊ ရှုထောင့်တစ်ခုတည်းကသာ သုံးသပ်ကြည့်ခြင်း ဖြစ်ပါတယ်။ တခြား အာဏာ လက်လွှတ်ရမှု၊ ကိုယ်ကျိုးစီးပွား ယုတ်လျော့မှု ဆိုင်ရာတွေပါ ထည့်စဉ်းစားရင် လက်ရှိ အာဏာပိုင်တွေဟာ အာဏာကို ဘယ်လိုမှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း အာဏာတည်မြဲ၊ ပိုနေမြဲ၊ ကျားနေမြဲ အနေအထားလေး ပျက်မသွားအောင် နည်းလမ်းမျိုးစုံနဲ့ အခုအခံတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ “ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဆိုပြီး ကမ္ဘာသိ ကြွေးကြော် တယ်။ ပြည်သူ့အသံ အစစ်ဖြစ်တဲ့ ၄၃၆ ပြင်ဆင်ရေး ထောက်ခံ လက်မှတ်ရေးထိုးထားတဲ့ ပြည်သူစစ်စစ် ငါးသန်းကျော်ရဲ့ လက်မှတ်တွေဟာ လွှတ်တော်အတွင်း ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မရှင် အပေါ် ဘယ်လို သက်ရောက်မှုမှ မရှိဘူးလို့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယတိပြတ်ပြောဆို တယ်။ ပြီးတော့မှ လက်မှတ်ငါးသန်းဟာ အကျိုးတစ်စုံတစ်ရာတော့ ရှိပါတယ် ဆိုပြီး ပြောဆိုပြန်ပါတယ်။ ဘယ်လို နားလည်ရမှန်း မသိအောင် ဝေ့လည်ကြောင်ပတ် ပြောဆိုမှုသာ ဖြစ်တယ်လို့ နိုင်ငံရေး ရပ်ဝန်းက ဝေဖန်သံတွေ ညံထွက်လာတယ်။

ပြီးတော့တစ်ဖန် အာဏာကို ကျားကန်ဖို့ PR ဆိုတဲ့ ရွေးကောက်ပွဲ စနစ်ကို တင်သွင်းလာ တယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် ၂၀၁၃ တုန်းက ၂၀၁၃ မကုန်ခင်မှ PR ကို မပြဋ္ဌာန်းရင် ၂၀၁၅ အတွက် အချိန်မမီတော့လို့ PR ကို မသုံးဖြစ်တော့ပါဘူးလို့ အတိအလင်း ပြောဆိုခဲ့ဖူးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ ရှုံးမှာကို ကြောက်ဖျား ဖျားလာလေ ဖြစ်နေတဲ့ ကြံ့ခိုင်ရေး ပါတီဘက်က မားမားမတ်မတ်ရပ်ပြီး အရင်က ပြောခဲ့တဲ့ စကားကို အတိတ်မေ့သလို၊ ရွှေပျောက်သလိုလို လုပ်ပြီး ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ကော်မရှင် ဥက္ကဋ္ဌကြီးဟာ PR ကို ကန့်ကွက်စကား မပြောတော့ဘဲ မသိလိုက် မသိဘာသာ နေနေတော့တယ်။

နောက်ဆုံး Plan ဖြစ်ပုံရတဲ့ စစ်တပ် အာဏာသိမ်းဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်ကောင်းဖြစ်တဲ့ ဘာသာရေးဆန်တဲ့ အဓိကရုဏ်း မီးတွေကိုလည်း မသေအောင် မီးမွေး ထားတာဟာလည်း သံသယဖြစ်ဖွယ် ကောင်းတဲ့ ရက်စက် ယုတ်မာမှုကြီးပဲ ဖြစ်ပါတယ်။ ဘာသာရေးဆန်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးတဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်ရမယ်ဆိုတဲ့ သမ္မတရဲ့ စကားကိုလည်း ပြည်သူတွေကြားမှာ ယုံမှား သံသယနဲ့ တီးတိုးပြက်ရယ် ပြုနေကြတော့တယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက် တစ်ခုဖြစ်တဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ (Table Talk) ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပါတယ်။ ကာချုပ် မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါ။ ကာချုပ်နဲ့ သမ္မတက ကမ်းလှမ်းချက်ကို မဖြစ်နိုင်တဲ့သဘော တုံ့ပြန်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးမှုကို လက်သင့်မခံပေမယ့် ကာ/လုံ အစည်းအဝေးမျိုးမှာ ကာချုပ်၊ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ သုံးပွင့်ဟာ မကြာခဏ တွေ့ဆုံမှုတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးရပ်ဝန်းက သုံးသပ်ပါတယ်။ အဲဒီသုံးပွင့်ဟာ ယခင် အာဏာရှင်ခေတ်မှာ တစ်စိတ် တစ်ဝမ်းတည်း လက်တွဲညီစွာ အလုပ်လုပ်ကိုင်ဖူးသူတွေ ဖြစ်တာကြောင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများလည်း ရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ သမ္မတသုံးဦးပေါင်းကို တစ်ပွင့်လို့သာ သတ်မှတ်ပြီး တွေ့ဆုံ ဆွေးနွေးမှု ကို ကမ်းလှမ်းသင့်ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း တစ်ပွင့်လို့ သတ်မှတ်ချက်ဟာ နိုင်ငံရဲ့တခြားသော Stakeholder များ ဘက်က စဉ်းစားရင် သူတို့ကို ကိုယ်စားပြုမှု မရှိဘူးလို့ သံသယ ၀င်လာနိုင်စရာ ရှိပါတယ်။ လက်ရှိ အာဏာပိုင်များ အားလုံးကို ကိုယ်စားပြုမှု တစ်ပွင့်၊ အတိုက်အခံနဲ့ တိုင်းရင်းသား ပါတီများကို ကိုယ်စားပြု ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ပွင့်၊ လက်နက်ကိုင် တိုင်းရင်းသားများကို ကိုယ်စားပြု တစ်ပွင့်၊ လူထုအခြေပြု အဖွဲ့အစည်းများ အားလုံးကို ကိုယ်စားပြုမှု တစ်ပွင့်ဆိုပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု တောင်း ဆိုခြင်းက ပိုသင့်မြတ် လျော်ကန်မယ်လို့ သုံးသပ်ရပါတယ်။ အခက်အခဲ တစ်ရပ်ရှိလာမှာက အတိုက်အခံ ဒီမိုကရက်နဲ့ တိုင်းရင်းသားပါတီ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်စားပြုနိုင် စွမ်းရည်ပဲ ဖြစ်ပါတယ်။ အတိုက်အခံ ညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးဂရုပြု အားထုတ်သင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အထူးခက်ခဲမှာ ဖြစ်ပေမယ့် အတိုက်အခံ ညီညွတ်မှု ကသာ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ လူထုအခြေပြု အဖွဲ့အစည်း တွေကို ကိုယ်စားပြုမယ့် ခေါင်းဆောင်ကောင်း တစ်ယောက်လည်း မြန်မာပြည်မှာ လိုအပ်နေပါ သေးတယ်။ လက်ရှိအချိန်မှာ လက်နက်ကိုင် တိုင်းရင်းသားများ ကိုယ်စားပြု တစ်ပွင့်ဟာ မခက်ခဲတော့သလို လက်ရှိ အာဏာပိုင်များ ကိုယ်စားပြုမှုကတော့ ညီညွတ်မှုရှိကြတဲ့အတွက် တစ်ပွင့်ဖြစ်ဖို့ မခဲယဉ်းပါဘူး။

မြန်မာပြည် လက်ရှိအနေအထား အရတော့ အာဏာပိုင်များ ညီညွတ်မှုက အားအကောင်းဆုံး ဖြစ်နေပါတယ်။ စစ်တပ်ဟာလည်း အားအကောင်းဆုံး အင်စတီကျူးရှင်းအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။

အတိုက်အခံ ညီညွတ်ရေး အားမကောင်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အထမမြောက်ခဲ့ဘူး ဆိုရင်တော့ ပြည်သူ့အားကိုယူပြီး တိုက်ပွဲဝင်ရမယ့် (Street Politics) လမ်းပေါ် နိုင်ငံရေး အားကောင်း မောင်းသန် ရှင်သန် လာနိုင်ပြီး မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ မှန်းဆရခက်ခဲတဲ့ အနေအထား တစ်ရပ်အတွင်း ကျရောက် သွားနိုင် ကြောင်း သုံးသပ်မိပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန -

အလှမယ် မေမြတ်နိုးအား သရဖူပြန်သိမ်းခဲ့ ခြင်းနှင့် ပတ်သက်၍ Miss Asia Pacific World အဖွဲ့၏ လုပ်ရပ်သည် တရားမျှတမှုမရှိကြောင်း ကိုရီးယား အမေရိကန်မင်းသမီး အာဒမ်ချိုက သူမ၏ လူမှုစာမျက်နှာ တွင် ရေးသား ဖော်ပြခဲ့သည်။

''ဒီကိစ္စကို ကျွန်မ မကျေနပ်ပါ ဘူး။ ပလတ်စတစ်ဆာဂျရီလုပ်ဖို့နဲ့ စီးပွားရေးသမားတွေရဲ့ စောင့်ရှောက် ခြင်းကို ငြင်းဆန်တဲ့အတွက် သူတို့ က မေမြတ်နိုးဆီက သရဖူကို ပြန် သိမ်းခဲ့ပါတယ်။ ကျွန်မမေမြတ်နိုးရဲ့ လုပ်ရပ်တွေအတွက် သူမကို လေး စားပါတယ်။ မေမြတ်နိုးထံက သရဖူ အသိမ်းမခံရသင့်ပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသိမ်းခံရမယ့် အနေအထားမှာဖြစ်နေပါတယ်။ ဒီ အဖွဲ့အစည်းဟာယုတ်မာပြီး တရား မျှတမှုမရှိတဲ့ အဖွဲ့ပါပဲ။ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျော နိုင်ခဲ့တဲ့ ကျွန်မလဲ အလုပ်ပြုတ်ခဲ့ရ ပါတယ်'' ဟု 2004 Miss Korea (Chicago) က ရေးသားထားသည်။

Miss Asia Pacific 2014 သ ရဖူရရှိခဲ့သည့် အလှမယ်မေမြတ်နိုး သည် အမေရိကန်ဒေါ်လာ ၁သိန်း တန်ဖိုးရှိသည့် သရဖူကို ရယူပြီး တိမ်းရှောင်နေကြောင်းနှင့် အဆိုပါ သရဖူကို ပြန်သိမ်းမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၏ မူလအဖွဲ့အစည်း ဖြစ်သည့် Miss Asia Pacific World Organization က သြဂုတ် ၂၇ရက်နေ့ ညနေပိုင်းက သတင်းထုတ် ပြန်ထားသည်။

ယင်းနှင့်ပတ်သက်၍ အလှ မယ်မေမြတ်နိုးက စက်တင်ဘာ ၂ ရက်ကပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ပလတ်စတစ်ဆာဂျရီ လုပ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုရီး ယားနိုင်ငံ၏ နေထိုင်စရိတ်များအ တွက် လိုအပ်သောငွေများအတွက် စပွန်ဆာရှာရန် Organization အဖွဲ့ က တိုက်တွန်းခဲ့ကြောင်း၊ သူမ၏အဖြစ်အပျက်သည် အလှမယ် ရွေး ချယ်ခံရပြီး လူကုန်ကူးခံရသလိုဖြစ် ကြောင်း၊ မြန်မာအမျိုးသမီးတစ် ယောက်၏ ဂုဏ်သိက္ခာကို ရိုက်ချိုး ပြီး မြန်မာနိုင်ငံကို စော်ကားသည့် Organization ကပေးသည့် သရဖူ ကို မလိုချင်ကြောင်း၊ လူကြီးများ ရှေ့တွင် တရားဝင်တောင်းပန်မှသာ သရဖူကို ပြန်ပေးမည်ဖြစ်ကြောင်း ပြော ကြားထားသည်။

Yangon Media Group

လမ်းတံတားကြေးသတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရန်နှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှုနှင့် လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာစွာ ချပြရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် NLD ပါတီ ဦးဆောင်သော အင်အား လေးရာကျော်မှာ စက်တင်ကာ ၅ ရက် (ယနေ့) မနက်မှာ အဆိုပါမြို့နယ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

မြို့နယ်အာဏာပိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်မှာ ပွင့်လင်းမြင်သာမှုရှိဟုဆိုကာ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် EC အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းဇော်ဦး ဦးဆောင်သော အဖွဲ့မှာ ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခင်ကလည်း မြို့ နယ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

“သူတို့လုပ်ဆောင်ချက်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ယူဆတဲ့အတွက်ကြောင့် ဆန္ဒပြတာပါ။ ဒီမနက် ဆယ်နာရီလေး ဆယ့်ငါးမိနစ်မှာ ဆန္ဒပြမှုအပြီးသတ်ပါ တယ်”ဟု ဆန္ဒပြမှုတွင် ပါဝင်သူတဦးက ပြောသည်။

စက်တင် ဘာလ ၂ ရက်က ဦးဆောင်မည့်သူများအား သက်ဆိုင်ရာက ခေါ်ယူခဲ့ပြီး ၎င်းတို့သိလိုသော အချက်များ၊ အကြောင်းချင်းရာများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအပါအ၀င် အင်းတော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့ နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ မြို့ နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် များ လမ်းတံတား အသုံးပြုခကောက်ခံ ရေးဂိတ်တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်ချက်များကို ချပြရှင်းလင်း ပေးခဲ့ကြောင်း အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ရှင်းလင်းပြောကြားခဲ့သည်။

“သူတို့ သိချင်တာကို ချပြရှင်းလင်း ဖြေကြားပေးခဲ့တယ်၊ လမ်းတံတားအသုံးပြုခကိစ္စက အထက်ကို ဆက်လက်တင်ပြပြီး ဖြေရှင်းပေးမယ်လို့ ပြေတယ်၊ ဒါကို သူတို့က လက်ခံသဘောတူပြီးပြန်သွား တယ်။ နောက်တစ်ရက် စက်တင်ဘာလ ၃ ရက်မှာ သူတို့သိချင်တာရှိသေးလို့ ထပ် ပြီးဆွေးနွေးပါရစေဆိုတာနဲ့ ကျွန်တော်တို့ ပြန်ပြီး လက်ခံတွေ့ဆုံပြီး ရှင်းလင်းပြော ကြားမှုတွေ လုပ်ခဲ့ပါသေးတယ်” ဟု မြို့ နယ်ထွေ/အုပ်မှ အထက်ပါတာဝန်ရှိသူက ဆိုသည်။

ထိုသို့ ဒုတိယအကြိမ်တွေ့ဆုံပြီး နောက် ၎င်းတို့ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးသည့်အတွက် ကျေးဇူး တင်ကြောင်းဆိုကာ ယင်းကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြမည့်အစီအစဉ်အား ဖျက်သိမ်းလိုက်မည်ဟု ဦးသန်းဇော်ဦးက ပြောကြား ခဲ့သည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

မြို့နယ်အာဏာပိုင်များ၏ လုပ် ဆောင်ချက်ပွင့်လင်းမြင်သာမှုမရှိဟုဆို၍ ၎င်းင်းတို့မှ ဆန်္ဒပြရန် သြဂုတ်လ ၂၉ ရက် က တင်ပြထားခြင်းဖြစ်ပြီး စက်တင်ဘာလ ၅ ရက်တွင် ဆန္ဒပြမည့်အစီအစဉ်ရပ်ဆိုင်းမည်ဟု နှုတ်ကတိပြောကြားခဲ့သော်လည်း ရပ်ဆိုင်းခဲ့ခြင်းမရှိဘဲ လူအင်အား ၄၅၀ ခန့်ဖြင့် ယနေ့မနက် ၈ နာရီခွဲအချိန်ခန့်မှ စတင်၍ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်။

မိုးမင်း

မြန်မာနိုင်ငံ ပညာရေးစနစ်၌ နှစ် ရှည်လများ အသုံးပြုခဲ့သည့် ဗဟိုချုပ် ကိုင်မှု စနစ်ကြောင့် အရှေ့တောင်အာ ရှနိုင်ငံများ၌ ပညာရေးအဆင့်အတန်း မှာ နောက်ဆုံးရောက်နေရသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) ၏ တာဝန်ရှိသူ များထံမှ သိရှိရသည်။

“ကိုယ့်နိုင်ငံက ပညာရေးစနစ် နိမ့်ကျတော့ ပြည်တွင်းမှာဘဲဖြစ်ဖြစ် ပြည်ပ မှာဘဲဖြစ်ဖြစ် လက်တွေ့လုပ် ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရတာ တွေ သူများနောက်ရောက်နေတာ တွေ လက်တွေ့မှာ ကြုံတွေ့နေရ တယ်။ ကိုယ့်နိုင်ငံ အတွင်းမှာ လာလုပ် တဲ့ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် လည်း တခြားနိုင်ငံက ကလေးတွေက အုပ်ချုပ်ရေးပိုင်းမှာ ရတယ်ဆိုရင် ကိုယ့်နိုင်ငံက ကလေးတွေ က အောက် ခြေအလုပ်တွေပဲ ရနေတာတွေ ကြုံ နေရတယ်”ဟု NNER ကွန်ရက် မှရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ညို ညိုသင်းက ပြောသည်။

မြန်မာနိုင်ငံ ပညာရေးအဆင့်အ တန်း မြင့်မားလာစေရန် ပညာရေး ၀န်ကြီး ဌာနမှ ချုပ်ကိုင်စီမံခန့်ခွဲနေ သည့် စနစ်အား လျှော့ချသင့်ကြောင်း ပြည်နယ်နှင့် တိုင်းများတွင်ရှိသော ပညာရေးဌာနများ၊ ကျောင်းများတွင် ဒေသနှင့် လိုက်ဖက် မည့် သင်ကြားပြ သမှုအပိုင်းများအား ကိုယ်ပိုင်စီမံခန့် ခွဲခွင့် ပေးရ မည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပညာရေးဝန်ကြီး ဌာနမှ ချုပ်ကိုင်စီမံခန့်ခွဲနေသည့် စနစ်အား လျှော့ ချသင့်ကြောင်း ပြည် နယ်နှင့် တိုင်းများတွင်ရှိသော ပညာ ရေး ဌာနများ၊ ကျောင်း များတွင် ဒေ သနှင့် လိုက်ဖက်မည့် သင်ကြားပြသ မှု အပိုင်းများအား ကိုယ်ပိုင်စီမံခန့်ခွဲ ခွင့် ပေးရမည်ဖြစ်ကြောင်း အစိုးရ အနေဖြင့် ပညာရေး အဆင့်အတန်း မြင့်မားလာစေရန် ပံ့ပိုးပေးသည့်အ ပိုင်းတွင်သာ ရှိသင့်ကြောင်းနှင့် ချုပ် ကိုင်သည့်နေရာ၌ ရှိမနေသင့်ကြောင်း ၎င်းကပြော သည်။

အရှေ့တောင်အာရှနိုင်ငံများ၌ ပညာရေးအဆင့်တန်း အနိမ့်ဆုံးဖြစ် ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပညာ ရေးသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ အထက် တွင်ရှိနေကြောင်း National Network for Education Reform (NNER) ကွန်ရက်မှ ဆရာမ မဟောင်းစိုင်းကပြောသည်။

“ကျွန်မတို့မြန်မာနိုင်ငံရဲ့ ပညာ ရေးစနစ်က တခြားနိုင်ငံတွေမှာရှိတဲ့ ပညာရေး စနစ်နဲ့ ယှဉ်လိုက်ရင် အ ရမ်းကို နိမ့်ကျနေပါတယ်။ အရင် တုန်းက အရှေ့တောင် အာရှမှာ ပညာ ရေးစနစ် အနိမ့်ဆုံးဖြစ်တဲ့ ဘင်္ဂလား ဒေ့ရှ် လို နိုင်ငံမျိုးတောင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့အထက်မှာရှိပါတယ်”ဟု မဟောင်းစိုင်း က ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ် သည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်နေ သည့် အတွက် အောက်ခြေလိုအပ် ချက်ကို သိရှိရန် မလွယ်ကူသောကြောင့် ပညာရေး ၌ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်မှသာ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မား မည်ဖြစ်သောကြောင့် ဗဟိုချုပ်ကိုင် မှုစနစ်ကို ပညာရေး ၌ လျှော့ချပေး ပေးရန် တောင်းဆိုနေရခြင်းဖြစ်သည် ဟု ၎င်းင်းက ဆက်ပြော သည်။

ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုလိုက်သည့် အမျိုးသားပညာ ရေး ဥပဒေ တွင် ပါဝင်နေသည့်အချက် များမှာ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး ကွန်ရက် (NNER) ၏ မူဝါဒ များနှင့် ကွဲလွဲချက်များရှိနေကြောင်း NNER အဖွဲ့ဝင် တို့က ဆိုသည်။

(NNER) ၏ သဘောထားမှာ စစ်တက္ကသိုလ်နှင့် ဘာသာရေးကို သီးသန့် သင်ကြားပေးနေသော တက္က သိုလ်များမှလွဲ၍ အခြေခံပညာကဏ္ဍ အသက်မွေး ၀မ်းကြောင်း ပညာရေး ကဏ္ဍ၊ အခြားအဆင့်မြင့်ပညာရေး ကဏ္ဍများသည် ပညာရေးဝန်ကြီးဌာ နနှင့်သာ သက်ဆိုင်စေရမည်ဖြစ်ပြီး တက္ကသိုလ် ၊ ကောလိပ် များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိမည်ဖြစ်သည်။

The Ladies News Journal

ရှမ်းပြည်နယ်မြာက်ပိုင်း နမ့်ခမ်းမြို့မှာ သတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ရာနဲ့ချီတဲ့ လယ်ယာမြေတွေ ပျက်စီးနေ သလို ချောင်းမြောင်းတွေ တိမ်ကောလာတဲ့ အတွက် ထောင်နဲ့ချီတဲ့လယ်သမားတွေက နစ်နာကြေးတွေပေးဖို့နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မန့်နောင်ကျေးရွာက လယ်သမား ကိုစိုင်းကွမ်ခေးက ဆန္ဒပြတာနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"သတ္တုတူးတဲ့ လုပ်ငန်းတွေကြောင့် ဒီလယ်ယာမြေတွေ ပျက်စီးခဲ့ရတယ်ပေါ့နော်၊ နောက်ပြီး သတ္တုသဲတွေ က ချောင်းထဲကို မျောပါလာပြီးတော့ ချောင်းတွေလည်း ပိတ်တယ်၊ ရေသွင်းတဲ့ချောင်းလည်း ပိတ် တယ်ပေါ့နော်၊ နောက်ပြီးတော့ လယ်တွေလည်း သဲတွေဖုံးလွှမ်းတယ်ပေါ့နော်၊ ဒီနမ့်စလီးချောင်းဘေးမှာ လမ်းကလည်း ပြိုကြသွားတယ်၊ သဲတွေကလည်း ဖုံးသွားပြီးတော့ ဘယ်ဟာက လမ်း၊ ဘယ်ဟာက ချောင်း၊ ဘယ် ဟာက လယ် လည်းဆိုတာကို ခွဲခြားလို့တောင် မရတော့ဘူး"

ငွေကမ္ဘာကျော် အမည်ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက နမ့်ခမ်းမြို့မှာ သတ္တုတူးဖော်နေတာဖြစ်ပြီး သတ္တုတူးဖော်တဲ့လုပ်ငန်းက ထွက်လာတဲ့ မြေစာ၊ ကျောက်မှုန့်တွေကြောင့် နမ့်စလီးချောင်း တိမ်ကောလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချောင်းဘေးပတ်လည်က ရွာပေါင်း ၁၀ ရွာနီးပါးက လယ်မြေဧက တစ်ရာလောက် ပျက်စီးနေတယ်လို့လည်း ဆန္ဒပြလယ်သမားတွေက ပြောပါတယ်။

ဆန္ဒပြလယ်သမားတွေက သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ရပ်တန့်ပေးဖို့၊ နမ့်စလီးချောင်းနဲ့ ဆည်တွေကို ပြန်လည် တည်ဆောက်ပေးဖို့၊ ဆုံးရှူံးခဲ့တဲ့ လယ်မြေတွေနဲ့ သီးနှံတွေအတွက် လျော်ကြေးပေးဖို့၊ ပျက်စီးသွားတဲ့လယ်မြေတွေကို စိုက်ပျိုးလို့ရအောင် ပြန်လည်ပြုပြင်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ နမ့်စလီးချောင်းဘေးတစ်လျှောက်မှာရှိတဲ့ ဟိုဆိုင်း၊ မန့်နောင်၊ မန့်ခမ်း၊ ပန်ထိုလေး စတဲ့ ကျေးရွာပေါင်း ၁၀ ရွာနီးပါးက လယ်သမား ၃၀၀၀ လောက် ပါဝင်ခဲ့ပါတယ်။

RFA

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆိုက်ရောက်ဗီဇာလုပ်ပေးနေသည့် နေရာကို တွေ့ရစဉ်
ကမ္ဘာလှည့် ဗီဇာတစ်ခုတည်းကို သာ အွန်လိုင်းဗီဇာ (e-Visa) လျှောက်ခွင့် ပြုထားပြီး e-Visa လျှောက်ထားသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သည် ဟု e-Visa ဆိုင်ရာအကောင်အထည် ဖော် ခြင်းအခမ်းအနားမှ သိရသည်။

မြန်မာနိုင်ငံကိုဝင်ရောက်သည့် ဧည့် သည်များအနေဖြင့် ကမ္ဘာလှည့်ဗီဇာ(Tou- rist Visa) ဖြင့် ဝင်ရောက်သူ အများဆုံး ဖြစ်သောကြောင့် Tourist Visa တစ်ခုတည်း ကိုသာ (e-Visa) လျှောက်ထားခွင့်ပြုခြင်း ဖြစ်သည်။ (e-Visa) ကို ယခုမှ စတင်အကောင် အထည်ဖော်ခြင်းဖြစ်ပြီး ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းမှသာ ဝင်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိ ရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''ကမ္ဘာလှည့်ဗီဇာကို လုပ်ငန်း ဗီဇာတို့လို ဆိုက်ရောက်ဗီဇာနဲ့ ခွင့်ပြုပေး ချင်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည် ဆိုင်ရာ မြို့ပြလေ ကြောင်းလိုင်းအဖွဲ့ ( Inter-national Civil Aviation Organization ICAO) အဖွဲ့ဝင်နိုင်ငံဖြစ်၍ ICAO ရဲ့ စနစ်အရ ခရီးသည်တစ်ဦးအတွက် စစ် ဆေးရန် ကြာမြင့်ရမည့်အချိန်ကို သတ် မှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံတကာလေဆိပ်များရဲ့ ခရီး သည်လက်ခံနိုင်မှု စွမ်းပကားတွေပေါ် မူ တည်ပြီး Tourist Visa ကို ဆိုက်ရောက် ဗီဇာ(Visa on Arrival) ဖြင့် ခွင့်ပြုဖို့ ဖြစ် နိုင်ခြေမရှိတဲ့ အတွက် Visa on Arrival ကို e-Visa စနစ် ခွင့်ပြုဆောင် ရွက်ပေးရခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံကို ပြည်ပမှခရီး သည်ဝင်ရောက်မှုမှာ တစ်ရက်လျှင် လူ အယောက် ၅ဝဝဝ ခန့်ရှိပြီး ၃၅ဝဝခန့်က Tourist Visa နှင့် ဝင်ရောက်သူများ ဖြစ် သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ဝင်ဗီဇာ ခြောက် မျိုးဖြစ်သော ကမ္ဘာလှည့်ဗီဇာ၊ လုပ်ငန်း ဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတ မန်ဗီဇာ၊ အကြိမ်ကြိမ်ပြည်ဝင်ခွင့် ဗီဇာဟူ သော ဗီဇာခြောက်မျိုးတွင် လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာစသည့် ဗီဇာ သုံးမျိုးကို Visa On Arrival ထုတ်ပေး ထားပြီး လက်ရှိ ကမ္ဘာလှည့်ဗီဇာကို အွန် လိုင်းဗီဇာအဖြစ် လျှောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးမောင် မောင်သန်းက ''e-Visa ကို အခုမှ စတင် တာကြောင့် ရန်ကုန်ကပဲ ဝင်ခွင့်ပြုတာပါ။ ဒီစနစ်ကို နည်းပညာအမှန်တကယ်ထောက် ပံ့နိုင်ပြီဆိုရင် မန္တလေး၊ နေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွေအပြင် တရား ဝင် ခွင့်ပြုထားတဲ့ နယ်စပ်ပေါက်တွေက လဲ ဝင်ခွင့်ပြုသွားဖို့ စီစဉ်သွားမှာပါ''ဟု ပြောသည်။

e-Visa စနစ် တရားဝင်မဖွင့်လှစ်မီ စမ်းသပ်ကာလကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁ဝ ရက်မှစတင်ခဲ့ပြီး စမ်းသပ်ကာလ စ တင်ချိန်မှ သြဂုတ် ၃ဝ ရက်အထိ လျှောက် ထားသူပေါင်း ၅၈၄ ဦး၊ ခွင့်ပြုခဲ့သူပေါင်း ၅၃၁ ဦး ရှိခဲ့သည်ဟု သိရသည်။
နဠငျေ စနစ်ကို စက်တင်ဘာ ၁ ရက် မှ စတင်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် သံရုံး စိုက်ထားသည့် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လျှောက်ထားနိုင်သည်ဟု သိရသည်။

==========================================
#YangonMediaGroup ™

“ တရုတ်က မြေကြီးတွေ လိုက်ဝယ်နေတာ ဘာဆန်းလဲ ... တဲ့
ရောင်းသူရှိလို့ ၀ယ်တာ တဲ့ ... လုနေတာ မဟုတ်ဘူး ... တဲ့
မနာလို မရှိနဲ့ ... တဲ့ ။ ဒါ ဒီမိုကရေစီ သဘောပဲ
ဈေးကွက်စီးပွားရေးပဲ ၊ ၀င်တားပိုင်ခွင့် မရှိဘူး
ကျုပ်က ကြည့်မကောင်းလို့ ၀င်ပြောရတာ ” ဆိုတဲ့ စကားကို ပြောလာတဲ့ သူကို လူလိုနားလည်ဖို့ ၊နိုင်ငံတစ်ခုကို သိမ်းပိုက်တယ်ဆိုတာ စစ်တပ်နဲ့ ၀င်သိမ်းမှမဟုတ်ဘူး ၊ စီးပွားရေးကို လက်ဝါးကြီး အုပ် ထားရင်လည်း နိုင်ငံကိုသိမ်းပိုက်တာပဲ လို့ ပြောခဲ့တယ် ။

ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကို ငွေလုံးငွေရင်းသုံးပြီး အချက်အချာကျတဲ့ မြေတွေကို တစ်စထက်တစ်စ ၀ယ်ယူသိမ်းပိုက်ထားတာဟာလည်း နိုင်ငံကိုသိမ်းပိုက်တာပဲ လို့ ထောက်ပြခဲ့တယ်

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံသားတွေရဲ့ မြေတွေကို နိုင်ငံခြားသားတွေက ငွေထုတ်ပိုက်ပြီးလိုက်ဝယ်နေတာကို နိုင်ငံသားစိတ်ဓာတ်နဲ့ အသိတရားရှိတဲ့သူတွေက ထောက်ပြဝေဖန်နေကြတဲ့ အချိန်မှာ
“ တရုတ်က မြေကြီးတွေ လိုက်ဝယ်နေတာ ဘာဆန်းလဲ ... တဲ့
ရောင်းသူရှိလို့ ၀ယ်တာ တဲ့ ... လုနေတာ မဟုတ်ဘူး ... တဲ့
မနာလို မရှိနဲ့ ... တဲ့ ။ ဒါ ဒီမိုကရေစီ သဘောပဲ
ဈေးကွက်စီးပွားရေးပဲ ၊ ၀င်တားပိုင်ခွင့် မရှိဘူး
ကျုပ်က ကြည့်မကောင်းလို့ ၀င်ပြောရတာ ” ဆိုတဲ့ စကားကို ပြောလာတဲ့ သူကို လူလိုနားလည်ဖို့ ၊ နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံချစ်စိတ်နဲ့ နိုင်ငံကို အသိတရားရှိရှိကာကွယ်ချင်စိတ် အကြောင်း ပြောပြချင်တယ်

ရောင်းသူရှိလို့ဝယ်သူရှိတာ တားမြစ်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ ကိုယ့်ခန္ဓာကိုယ်ကိုရောင်းစားနေရတဲ့ ပြည့်တန်ဆာတွေကို မဖမ်းနဲ့လေ နွားရဲ့ အသွေးအသားရောင်းသူရှိလို့ ၀ယ်သူရှိတာ ၊ ၀ယ်သူရှိလို့ ရောင်းသူရှိတာ လွတ်လပ်စွာ ဈေးကွက်ဖွင့်ထားပေးလိုက်ပေါ့

ဘိန်းဖြူရောင်းတာ မူးယစ်ဆေးဝါးရောင်းတာလည်းမဖမ်းနဲ့လေ ရောင်းသူရှိလို့ ၀ယ်သူရှိတာ ၊ ၀ယ်သူရှိလို့ ရောင်းသူကလည်းရောင်းတာ လွတ်လပ်စွာဈေးကွက်ဖွင့်ထားလိုက်ပေါ့

နိုင်ငံတစ်ခုရဲ့ မြေကို ငွေလုံးငွေရင်းပိုက်ပြီး လိုက်ဝယ်နေတယ်ဆိုတာ အဲဒီကိစ္စတွေထက်အများကြီး ဆိုးရွား တဲ့ကိစ္စ ၊ နိုင်ငံတော်အလံပြောင်းလဲသွားနိုင်တဲ့ကိစ္စ ၊ နိုင်ငံတော်သီချင်းပြောင်းလဲသွားနိုင်တဲ့ကိစ္စ ၊ နိုင်ငံ တော်ရဲ့ဘာသာစကားပြောင်းလဲ သွားနိုင်တဲ့ကိစ္စ ဆိုတာကို သာမန်ပြည်သူတွေက မသိလို့ ဆိုရင်တောင် နိုင်ငံကို အုပ်ချုပ်နေသူတွေက နားလည်ရမယ် ကြောက်တတ်လန့်တတ်စိုးရိမ်တတ်ရမယ် ၊ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း အရေးပေါ်ဆုံးဖြတ်ချက်ချပြီး ဥပဒေထုတ်ပြန်ပြီး အကာအကွယ်အတားအဆီး လုပ်ရမဲ့ကိစ္စ ၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ကိစ္စ ဦးနှောက်က ဒီလောက်ပဲ ရှိသလား …

နိုင်ငံတစ်ခုကို သိမ်းပိုက်တယ်ဆိုတာ စစ်တပ်နဲ့ ၀င်သိမ်းမှမဟုတ်ဘူး ၊ စီးပွားရေးကို လက်ဝါးကြီး အုပ် ထားရင်လည်း နိုင်ငံကိုသိမ်းပိုက်တာပဲ လို့ ပြောခဲ့တယ် ။

ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကို ငွေလုံးငွေရင်းသုံးပြီး အချက်အချာကျတဲ့ မြေတွေကို တစ်စထက်တစ်စ ၀ယ်ယူသိမ်းပိုက်ထားတာဟာလည်း နိုင်ငံကိုသိမ်းပိုက်တာပဲ လို့ ထောက်ပြခဲ့တယ်
မရှိမဲ့ ရှိမဲ့ ဦးနှောက်ညဏ်တစ်ထွာတစ်မိုက်နဲ့ ဒါလောက်တောင် မစဉ်းစားတတ်လို့လည်း အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူနိုင်ပေတာပဲကို

နိုင်ငံတစ်ခုက မြေတွေကို နိုင်ငံသားမဟုတ်သူတွေက လွတ်လပ်စွာဝယ်ယူခွင့်ရနေတယ်ဆိုတာ အစိုးရ ဆိုတဲ့သူတွေ ဘယ်လောက်အသုံးမကျဘူးလဲဆိုတာ ပေါ်လွင်တယ်

အချုပ် အခြာ အာဏာတည်မြဲရေး တို့ ငါ့မြေတလက်မအထိမခံတို့နဲ့ ပါးစပ်ရှိတိုင်းအော်နေပြီး ကိုယ့်နိုင်ငံ ကိုယ့်မြေကို အသိတရားရှိရှိ ကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိတာဖြစ်တယ်

နိုင်ငံတော်ဟာ မြေပုံမပျက်သော်လည်း သူတစ်ပါးနိုင်ငံရဲ့ ပြည်နယ်တစ်ခုဘ၀ကို တစ်စထက်တစ်စ ကနေ တစ်ဖဲ့ပြီးတစ်ဖဲ့ကနေ အတုံးလိုက်အတစ်လိုက် အလုံးအရင်းနဲ့ အရှိန်အဟုန်နဲ့ ကျ ရောက်နေရပြီ ဆိုတာကိုတောင်မသိတဲ့ လူတွေက တိုင်းပြည်မှာအစိုးရဖြစ်နေတာဟာ ဘယ်လောက်များ ဆိုး လိုက်သလဲ

နိုင်ငံကို သေနတ်မှာကျည်အသင့်ထိုး ဘေရွန်နက်အသင့်တပ်ထားတဲ့ စစ်တပ်နဲ့တင် ကာကွယ် စောင့်ရှောက် ရတာမဟုတ်ဘူး ၊ ခေတ်သစ်ကိုလိုနီနယ်ချဲ့ခြင်း ၊ စီးပွားရေးလက်ဝါးကြီးအုပ်ခြင်းစတာတွေကို သိတတ်မြင် တတ် ဆင်ခြင်တတ်တဲ့ အသိတရားတွေနဲ့ ကာကွယ်စောင့်ရှောက်ရတယ် ဆိုတာ ကိုယ်အာဏာရဖို့ ၊ တိုင်းပြည်ဘဏ္ဍာခိုးဖို့လောက်ပဲ ဦးနှောက်ရှိတဲ့ ကျပ်မပြည့်တဲ့ ကောင်တွေ ဘယ်တော့နားလည်ကြမှာလဲ

အဲဒီလို ဦးနှောက် အဲဒီလိုညဏ်မျိုးတွေနဲ့ အစိုးရလုပ်ချင်တာ တစ်ပိုင်းသေ နေကြရင် လည်း ၁၈၆၇ ခုနှစ်မှာ ရုရှားက အလက်စကားပြည်နယ်ကို အမေရိကန်နိုင်ငံလက်ထဲ ဒေါ်လာ ၇.၂ သန်းနဲ့ ရောင်းခဲ့သလို မြန်မာပြည်ကို ဈေးဖြတ်ပြီးရောင်း လိုက်ပါတော့လား တိုင်းပြည်ကိုချစ်လှပါတယ်ဆိုတဲ့ နွားတစ်ပိုင်းကြီးရယ်

ထင် လင်း ဦး