09/09/14


၁၇၅၆ ခုနှစ်က ဗြိတိန်အင်ပါယာ၏ ဂျော့ဘုရင်(၂)သို့ အလောင်းမင်းတရားကြီးကပေးအပ်ခဲ့သည့် ရွှေပေ လွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင် ငံ၊ စာကြည့်တိုက်တစ်ခုဖြစ်သော Gottfried Wilhelm Leibniz တို့က 3D ဒီဂျစ်တယ်နည်းပညာဖြင့် မိတ္ထူ ကူးပြီးမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က ပေးအပ်လိုက်သည်။
မြန်မာနှင့် ဂျာမနီသံတမန်ဆက်ဆံရေးနှစ် ၆၀ အထိမ်းအမှတ်ပြပွဲတစ်ခုကို စက်တင်ဘာ ၃ ရက်က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမဆောင်တွင်ကျင်းပပြု လုပ်ခဲ့သည့်အခမ်းအနားတွင် အဆိုပါရွှေပေလွှာ မိတ္ထူ ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။

စတိုင်းလိုင်က မြန်မာနှင့် ဂျာမနီနိုင်ငံတို့အကြား ၂၀၁၃ ခုနှစ်ကရေးထိုးခဲ့သည့် ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည်တိုး တက်အောင်မြင်နေကြောင်း၊ တက္ကသိုလ် များအကြား ပူးပေါင်းဆောင် ရွက်မှုသည်လည်း များပြားလာကာ ဂျာနယ်လစ်များ အပြန်အလှန် သွားရောက်မှုများ လည်း ရှိနေကြောင်း၊ Goethe-Institut ၏ ရုံးခန်းကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ဟန်နိုးဘာမြို့၊ ဂေါ့သ်ဖရီးဗီဟန်းလိုက်ဘနစ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် အဆိုပါရွှေပေလွှာ အား ဒီဂျစ်တယ်နည်းပညာဖြင့် ကူးထားသည့်မိတ္ထူ အားပေးအပ်လိုက်ခြင်းသည် နှစ်နိုင်ငံယဉ်ကျေးမှု ဆက် ဆံရေးအတွက် မျက်နှာစာသစ်ဖြစ်လာကြောင်း စတိုင်းလိုင်က ပြောကြားသည်။

အဆိုပါ ရွှေပေလွှာမိတ္ထူ ကို ရန်ကုန်မြို့တွင် ပထမဆုံးပြသပြီး နေပြည်တော်ရှိအမျိုးသားပြတိုက်တွင် ထားရှိ သွားမည်ဖြစ်ကြောင်းသိရသည်။ ၊ (ရည်ညွှန်း- ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီးဌာန)

စက်တင်ဘာ ၁ ရက်ကပြုလုပ်သည့် E-visa ရှင်းလင်းပွဲ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား တွေ့ရစဉ်၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်းက အစိုးရသတင်းစာများတွင် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဖော်ပြပါရှိမှုအချို့ကို တွေ့ရစဉ်

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂၀ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။

၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။

အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁၀ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရောက်ရောက်လာတတ်သလိုပဲ ၂၀၁၀ တုန်းကလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ အသည်းကြားကမဲပြားတွေ ဖုံးအုပ်ခံခဲ့ရတာ ရှိခဲ့လေတော့ ပြည်သူတွေ မေးမယ်ဆို မေးလောက်ပါတယ်။

လူဦးရေစာရင်းဆိုတာ လာမယ့်ရွေးကောက်ပွဲတွေအတွက် အင်မတန်အရေးကြီးတဲ့ အခြေခံစာရင်းပါ။

ထုတ်ပြန်တဲ့ စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၇ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာလိုက်ခဲ့တဲ့အတွက်လည်း မေးခွန်းတွေက ပိုမေးလာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ ရှေ့ပြေးလူဦးရေစာရင်းအရ ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီလို့ ဆိုလိုက်တာနဲ့ အရင်ရဲချုပ်တာဝန် ယူခဲ့စဉ်က ဗုံးပေါက်ကွဲမှုတွေ၊ ငါးလောင်းပြိုင်လူသတ်မှုလို အမှုကြီးတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားရှင်းလင်းခဲ့မှုတွေနဲ့ တကယ်လက်တွေ့လုပ် မပြနိုင်သေးတာတွေနဲ့တွဲမြင်ပြီး အခုသန်းခေါင်းစာရင်း ထုတ်ပြန်တဲ့အပေါ်မှာလည်း အရင်လိုမဖြစ်အောင် မေးကြမြန်းကြ ထောက်ပြကြရတာလို့ ဆိုလာခဲ့ကြပါတယ်။

ဗုံးသုံးလုံးပေါက်ကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၅ ခုနှစ် မေ ၇ ရက်က ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊ Junction 8 စင်တာ၊ ဒဂုံစင်တာ စတဲ့သုံးနေရာမှာ ငါးမိနစ်စီခြားပြီး ဗုံးသုံးလုံး ထပ်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

လူပေါင်း ၁၉ ယောက်သေဆုံးပြီး လူပေါင်း ၁၅၀ နဲ့အထက် ဒဏ်ရာရာခဲ့တဲ့ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် မေ ၁၆ ရက်မှာ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၊ ဘဏ္ဍာ/အခွန်၊ ပြည်ထဲရေး၊ ကျန်းမာရေး စသည်ဖြင့် ၀န်ကြီးဌာနအတော်များများက ၀န်ကြီးတွေဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီလည်း ပါဝင်ခဲ့ပါတယ်။

ရှင်းလင်းပွဲကို ခြုံကြည့်ရင် ယွက်ဆစ်ဦးစီး SSA, KNU, KNPP, NCUB, NCGUB, ABSDF အဖွဲ့တွေနဲ့ အပေါင်းအပါတွေက လုပ်တာဖြစ်တယ်ဆိုပြီး ဖောက်ခွဲဖို့သင်တန်းပေးသူတွေ၊ ကြီးကြပ်သူတွေ၊ သင်တန်းတက်သူတွေကို နာမည်နဲ့တကွ ရှင်းလင်းခဲ့ကြတယ်။ အဲဒီအထဲမှာ ဖောက်ခွဲရေးသင်တန်းပို့ချတယ်၊ အဲဒီအဖွဲ့ကို အနီးကပ်ကြီးကြပ်သူတွေကိုပါ နာမည်နဲ့တကွ ထုတ်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအမည်တွေထဲမှာ ပါတဲ့သူတချို့ဟာ အခုမြန်မာနိုင်ငံထဲမှာပဲ အေးရာအေးကြောင်း နေထိုင်လုပ်ကိုင်နေကြတာတွေ့ရတော့ တိုင်းသိပြည်သိ ကမ္ဘာသိ ရှင်းခဲ့လင်းခဲ့ ထုတ်ပြန်ခဲ့တာတွေက အမှားကြီးထုတ်ပြန်ခဲ့တာလား၊ မမှားဘူးဆိုရင်ရော ဘာကြောင့်လဲဆိုပြီး အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ငါးလောင်းပြိုင်နဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် မတ် ၃ ရက်က တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ်မှာ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ်။

အဲဒီ နာမည်ကျော်မှုခင်းကြီးနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးမှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်က “ငါးလောင်းပြိုင်လူသတ်မှုကိုလည်း ကျွန်တော်တို့ တိုက်ရိုက်နေ့စဉ် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမှုတိုးတက်မှုတွေလည်း ရှိပါတယ်။ မှန်းပေးတာတွေလည်း ရှိပါတယ်။ မှန်းထားတာတွေလည်း ရှိပါတယ်။ မှန်းထားတယ်ဆိုတာလည်း အရမ်းမှန်းထားတာ မဟုတ်ပါဘူး။ ထွက်ချက်တွေအရ အချက်အလက်တွေစုထားတာ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။ ၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ . . . . .

ရဲချုပ်ကထပ်ပြီးတော့ “အဲဒါက On-going Case ပါ။ လမ်းကြောင်းတွေဖွင့် ဆောင်ရွက်နေပါတယ်။ နီးပြီလို့ပဲ ပြောပါရစေ။ စစ်ချက်အများကြီး လုပ်နေတယ်။ လုပ်လည်း လုပ်ထားပြီးပြီ။ သို့သော်လည်း သက်သေနဲ့ တရားစွဲဖို့ကိစ္စတွေ ကြန့်ကြာနေတာပါ။ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ပဲ ပတ်သက်မလား၊ လောင်းကစားအမှုနဲ့ပဲ ပတ်သက်မလား။ ကျောက်သံပတ္တမြားနဲ့ပဲ ပတ်သက်မလား။ မိသားစုအမွေကိစ္စနဲ့ပဲ ပတ်သက်မလား။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ ပေါ်တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီကိစ္စအပြင်ကို သတင်းပေါက်သွားရင် တရားခံအစစ်က ငုပ်သွားမှာလည်း စိုးတယ်” လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

အဲဒီကတည်းက နီးပြီလို့ပြောခဲ့ပေမယ့် ယခုအချိန်အထိ ခြောက်နှစ်ကျော်ကြာသည့်တိုင် ငါးလောင်းပြိုင်လူသတ်မှုမှာ မပေါ်ပေါက်သေးတာကရော ဘာကြောင့်လဲ၊ အားလုံးက သတိတရနဲ့ မေးနေကြပြန်ပြီ ဦးခင်ရီခင်ဗျာ။

ရွှေပြည်သာဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် ဇူလိုင် ၁ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအောက်ထပ် ရုံးခန်းအ၀င်အ၀မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရွှေပြည်သာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အကြောင်း၊ ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ပြီး သိရှိရတာတွေ၊ ဖမ်းဆီးရမိသူတွေနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေအကြောင်းကိုလည်း အမည်နာမနဲ့တကွ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို စစ်ဆေးချက်အရ ပြည်တွင်း/ပြည်ပ ချိတ်ဆက်ပြီး ပြည်ဖျက်စီမံကိန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဝင်အချို့ကိုပါ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီအဖွဲ့က NGD ခေါ် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားရှင်းလင်းခဲ့ပါတယ်။

အဲဒီ NGD အဖွဲ့ကို ဘယ်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖွဲ့တယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခဲ့တာပါ။ ဥပမာ-အဲဒီအဖွဲ့ကို ကူညီထောက်ပံ့တဲ့အထဲမှာ ပြည်သစ်ညွှန့်ဝေ၊ မိုးသီးဇွန်တို့ပါတယ်။ သူတို့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တာလို့ ပြောထားခဲ့တယ်။

ဖော်ပြခံရတဲ့သူတွေဟာ ပြည်တွင်းကိုလည်း ပြန်ဝင်ခွင့်ရခဲ့တာ တွေ့ရတော့ အဲဒီတုန်းက ရှင်းလင်းခဲ့တာက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကိုလည်း အားလုံးက မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း


၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေ ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ် မေ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကပဲ ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ရဲချုပ်က ကျူးလွန်သူတွေရဲ့ အမည်တွေကိုပါ ဖော်ထုတ်ရှင်းလင်းခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြု ကြိုးကိုင်နေသူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူက ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ပိုင်းမှာ သေဒဏ်အထိ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေအောင်ဟာ မတရားစွပ်စွဲခံခဲ့ရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့မိသားစုက တရားဝင်သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဒီကိစ္စအပေါ်မှာလည်း ကိုယ်တိုင်ကျူးလွန်ခဲ့သူလို့ တိုင်းသိပြည်သိရှင်းလင်းခဲ့၊ အပြစ်ပေးခဲ့ လုပ်ခဲ့တာတွေဟာ မမှန်တာတွေဘဲလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လဲဆိုတာ အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့အသက်ပါ။ သန်းခေါင်စာရင်း အနီးစပ်ဆုံးမှန်ကန်မှု၊ ဒါမှမဟုတ် အကြီးအကျယ်ကွဲလွဲမှုဟာ ရွေးကောက်ပွဲပေါ်ကို တိုက်ရိုက်ပတ်သက်နေမှာ မလွဲပါဘူး။

အခုတော့ မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁ သန်းကျော်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာတယ်။ နိုင်ငံတကာက တွက်ချက်ထားတာတွေရော၊ အရင်တုန်းက နိုင်ငံတော်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ရော တော်တော်ကွာခြားကုန်တဲ့အတွက်ပါ။

သန်းခေါင်စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက်ဆိုင်တာလား ဘာလား၊ ပတ်သက်တာလား မပတ်သက်တာလား ပြောဖို့ခက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာလိုက်လို့ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထပ်ထွက်လာပြီဖြစ်တယ်။

နောက်ဆုံးအခွင့်အရေးတစ်ခုနဲ့ ဦးခင်ရီ

ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်စာရင်း အနီးစပ်ဆုံး မှန်ကန်မှုဟာ တစ်နိုင်ငံလုံးအတွက် အရေးပါနေတာ ထင်ရှားပါတယ်။

သြဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား တွေ့ရစဉ်

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါက ရှေ့ပြေးစာရင်းပဲဖြစ်ပြီး နိုင်ငံခြားရောက် အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ မပါသေးဘူးလို့ ဆိုထားပါတယ်။ လ၀က ကလည်း ၂၀၁၅ မေကျမှပဲ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မှာလို့ ရှင်းလင်းထားပါတယ်။

ဒီအခွင့်အရေးလေးတစ်ခု ကျန်နေသေးတဲ့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို မေးခွန်းတွေထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။

၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ။

ပြည်သူတွေအတွက် နိုင်ငံအတွက် အရေးပါဆုံးစာရင်းဖြစ်လို့ အရင်တုန်းက ရှင်းလင်းခဲ့တဲ့ ဗုံးပေါက်ကွဲမှု၊ လူသတ်မှု အမှုကြီးတွေလို ပြောခဲ့တာနဲ့ ဖြစ်လာတာ၊ ရှင်းခဲ့တာနဲ့ ဒီနေ့လက်တွေ့ဖြစ်နေတာတွေလို အကွဲကွဲ အလွဲလွဲတွေ ထပ်အဖြစ်ခံလို့မရတဲ့ စာရင်းဖြစ်လို့ ကွဲလွဲမှုထပ်မဖြစ်ဖို့ အားလုံးက မေးနေကြရတာပါ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီခင်ဗျာ။

သတင်းဓါတ်ပုံ- မာန်သူရှိန်
( EMG )

နိရဉ္စရာ

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတုန့်ပြန် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ တော့ဟု ပြောဆိုလိုက်ခြင်းအပေါ် မည်သို့ သဘောထားပါသလဲဟု နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဦးအေးသာအောင်က ထိုသို့ တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။

“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်၊ နောက်မလုပ် တော့ဘူး ဆိုပြီး ပြောနေတာတွေဟာ လုံးဝမလုပ်သင့်ဘူး။ ဒီလိုပြောဆိုနေတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ကို ထင်ယောင်ထင်မှားဖြစ်လာနိုင်တယ်။ ဒီလိုပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အမျိုးမျိုးမြင်လာနိုင်တယ်။ ဒီလိုမြင်လာခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက် ပွဲတခု ဖြစ်လာမလားဆိုတာကို စဉ်းစားစရာ ဖြစ်လာနိုင်တယ် ” ဟု ဦးအေးသာအောင်က ဆိုသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဟု ပြောဆိုခဲ့သည်။

လွတ်တော်တွင် ဖွဲ့စည်းပုံပြင်မည့်ကိစ္စ၊ ရွေးကောက်ပွဲစနစ် လေ့လာသည့် ကိစ္စများရှိသည့်အတွက် အလုပ်များမည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ကျပ် ၂ ဘီလီယံနီးပါး ကုန်ကျ မည်ဖြစ်ကြောင်း၊ မဲဆန္ဒနယ် ၃၀ ကျော်မှာ လွတ်တော်အတွင်း ပြောင်းလဲမှု သက်ရောက်မည် မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပရန် ဥက္ကဌ တစ်ဦး လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသွားသည်။

ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးအရ စမ်းသပ်သည့် လုပ်ရပ် သဘောမျိုး ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ယခုကဲ့သို့ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ပြောနေတာဟာ အမှန်က တိုင်းပြည်အတွက်၊ လွတ်တော်အတွက်ထက် နိုင်ငံရေးအရ စမ်းသပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒီလိုမျိုး ပြောလည်းမပြောသင့်၊ လုပ်လည်းမလုပ်သင့်ဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ပြောဆိုနေခြင်းကြောင်း ပြည်သူများက ထင်ယောင်ထင် မှားဖြစ် လာနိုင်ပြီး နိုင်ငံရေးပါတီများကလည်း သံသဖြစ်လာနိုင်ကြောင်း ဦးအေးသာအောင်က ပြောဆိုသွား သည်။

ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ (၃) နေရာတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် လိုက်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကျော်တွင် ကြားဖြတ် ရွေး ကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က မကြာသေးမီးက ထုတ်ဖော် ပြောဆိုခဲ့သည်။

ဦးသိန်းစိန်တို့ ရဲ့ ဖါးတပိုင်းငါးတပိုင်းစစ်အစိုးရဟာ…သူတို့ အစိုးရ သက်တမ်းမကုန်ခင်အတွင်းမှာ… တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်တာကို…ပြသခြင်တဲ့ နိုင်ငံရေးရည်မှန်းချက်အာသီသ တော်တော်ကြီးမားပုံရတယ်။ အခုလပိုင်းအတွင်းမှာ…တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသီးသီးနဲ့  တွေ့ ဆုံညှိနိုင်းမှု့တွေခပ်သွက်သွက်လုပ်ဆောင်လါတာတွေ့ ရတယ် ။

သူတို့ လုပ်ဆောင်ခဲ့လို့ ငြိမ်းချမ်းရေးလမ်းစပွင့်ခဲ့တာဆိုတဲ့အမှတ်..တော်တော်ယူခြင်၊ ကျေးဇူးအတင်ခံခြင် ပုံရတယ် ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲလုပ်လုပ်..စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ လမ်းပွင့်သွားမယ် တကယ်ရခဲ့မယ်ဆိုလို့ ကတော့… ပြည်သူအားလုံးက၀မ်းမြောက်ဝမ်းသာဖြစ်ကြမှာပါ ။
ဒါပေမဲ့..ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့တဲ့၊ တိုက်တွန်းခဲ့တဲ့စကားတခွန်းရှိပါတယ် ။ ဒီဆောင်းပါးမှာလည်းပြောပါ့မယ်၊ နှောင်လည်းအခွင့်သင့်တိုင်းပြောနေ သတိပေးနေရအုံးမဲ့ စကားပါ ။ အဲ့ဒါကတော… အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲဝင်မဲ့သူတိုင်း ကျင့်သုံးစွဲကိုင်ရမဲ့ အခြေခံစိတ်ဓါတ်ကတော့ ရိုးသားမှု့ပါဘဲ ။
အခုချိန်ထိတော့..သမတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌကြီးဦးရွှေမန်း၊ ကာချုပ်ကြီးမင်းအောင်လှိုင်တို့ ဟာ… ကန့် လကါ စဖွင့်ကထဲက…ဒီနေ့ ထိ ရိုးသားမှု့ကိုမပြသသေးပါဘူး ။
ကျူးလွန်ခဲ့တဲ့အမှားတွေအတွက်ဝန်ချတောင်းပန်ရမဲ့အစား… အဖက်ဖက်ကချွတ်ခြုံကျပြီး၊ ပျက်သုဉ်းနိုင်ငံအဆင့်ရောက်ခဲ့ရတာကိုတောင်…တိုင်းပြည်ကို သူတို့ က ကယ်တင်ထားတာလို့ ပြောနေတုံး၊ စစ်အာဏာရှင်စနစ်ကိုကျားကန်ထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်မယ် ပြောတုံး၊ တော်လှန်ရေးဆိုတဲ့စကားတောင်သုံးခွင့် အသိအမှတ်မပြုသေးပါဘူး ။

စစ်ညွှံထဲမှာရာစုနှစ်ဝက်ကျော်စုန်းစုန်းမြုပ်နေခဲ့ရတဲ့ မြန်မာနိုင်ငံတော်ကို ဆွဲနှုတ်မတင်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ…မဖြစ်မနေလိုအပ်ပါတယ်။
စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ ဆိုတာကလည်း…ဖိနှိပ်သူစစ်အာဏာရှင်အုပ်စုဟာ.. အဖိနှိပ်ခံပြည်သူလူထုအပေါ်…သူတို့ ကျုးလွန်ခဲ့တဲ့..အတိတ်ကအမှားတွေ၊ ပြစ်မှု့ကုဋေကုဋာတွေအတွက် ရိုးသားတဲ့တာဝန်ယူမှု့၊ တာဝန်ခံမှု့၊ ရဲရင့်စွာအမှားကိုဝန်ခံတောင်းပန်မှု့ ခံစားခဲ့ရသူတွေရဲ့ ဆုံးရှုံးနစ်နာမှု့တွေအပေါ်အသိအမှတ်ပြုမှု့၊ ထိုက်တန်စွာဂုဏ်ပြုမှု့၊ သူတို့ ရဲ့ဘ၀ပြန်လည်ထူထောင်မှု့တွေ ကိုရိုးသားစွာဖြည့်ဆီးကူညီမှု့တွေနဲ့ အတူ နှစ်ဖက်လုံးရဲ့နားလည်ခွင့်လွှတ်မှု့၊ သဘောထားကြီးစွာ သင်ပုန်းချေမှု့၊ အမျှော်အမြင်ကြီးစွာ ပူးပေါင်းဆောင်ရွက်မှု့တွေနဲ့  ညီညီညွှတ်ညွှတ်လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။
နှစ်ပရိစ္ဆေဒကြာမြင့်စွာ…အနိုင်ကျင့်ခဲ့သူတွေနဲ့ အနိုင်ကျင့်ခံရသူတွေကြားမှာကိန်းအောင်းဖွဲ့ တည်နေတဲ့ အငြိုးတရားအာဃာတတွေ၊ အမုန်းမီးတောက်တွေငြိမ်းသတ်နိုင်ဖို့ က တိုင်းရင်းသား ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် ကျေနပ်လောက်အောင် ဖြေရှင်းကုစားပေးဖို့ လိုပါတယ် ။ အဓိကအကျဆုံးကတော့… ဘာဘဲလုပ်လုပ် ရိုးရိုးသားသားစိတ်ရင်းစိတ်ဓါတ်နဲ့  လုပ်ဆောင်ဖို့  အလွန်အရေးကြီးပါတယ် ။

သင်ပုန်းချေရမဲ့ ခွင့်လွှတ်ရမဲ့ပြည်သူတွေ နှစ်ပေါင်း (၆၀)ကျော်…ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေ ၊ ဆုံးရှုံးနစ်နာမှု့တွေ၊ ဘယ်လောက်ကြီးမားတယ်ဆိုတာ…အမှတ်ရနိုင်အောင်၊ သင်ခန်းစာယူနိုင်အောင် စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ..ကျူးလွန်ခဲ့တဲ့ပြစ်မှု့ အချို့ကို ဒီဆောင်းပါးမှာကောက်နှုတ် ဖေါ်ပြလိုက်ပါတယ် ။

၁။ ၁၉၆၂ ခုနှစ်နိုင်ငံတော်အာဏာသိမ်းပွဲမှသည်..၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးဖြိုခွင်းပွဲအထိ..လက်နက်မဲ့ အဖိနှိပ်ခံတိုင်းရင်းသား ရဟန်းရှင်လူ လုပ်သားပြည်သူလူထု၏ တော်လှန်အုံကြွမှုတိုင်းကို အကြင်နာမဲ့ ရက်စက်စွာသွေးချောင်းစီးအောင် သတ်ဖြတ်နှိမ်နင်းခဲ့မှု ။

၂။ နှစ်ပေါင်း(၅၀)ကျော်အောင်..ငြိမ်းချမ်းရေးကို အစစ်အမှန် မတည်ဆောက်ဘဲ ပြည်တွင်း စစ်မီး တောက်လောင်စေလျှက် အသက်အိုးအိမ် စည်းစိမ် ဘ၀များစွာ ပျက်စီးဆုံးရှုံးစေခဲ့မှု ။

၃။ နိုင်ငံတော် အာဏာကို ပြည်သူအလိုမတူဘဲ လက်နက်အားကိုးဖြင့် အကြိမ်ကြိမ်လုယက်သိမ်းပိုက်ခဲ့မှု ။

၎။ အမှန်တရား မြတ်နိုး၍ မတရားမှုကို ထွန်းလှန်သည့် တိုင်းရင်းသားမိဘပြည်သူနိုင်ငံသားတို့အား ဥပဒေမဲ့ ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ပြီး အလုပ်ကြမ်းနှင့်နှစ်ရှည်ထောင်ချ အပြစ်ပေးခဲ့မှု ။

၅။ ဓမ္မစေတီထိုက်၍ ရိုသေစွာပူဇော်ထိုက်သော သံဃာတော် အရှင်သူမြတ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ..လူမဆန်စွာ သတ်ဖြတ်ကျူးလွန်ခဲ့မှု့ ၊ ပျံလွန်တော်မူစေမှု့ ။

၆။ ရဟန်းစစ်သံဃာတော်များကို အဓမ္မ သင်္ကန်းဆွဲချွတ် ခြင်း၊ လူဝတ်လဲခြင်း ရင့်သီးစွာ ခေါ်ဝေါ်ဆဲဆိုခြင်း၊ ရိုက်ပုတ် ကန်ကျောက်ခြင်းး၊ အစရှိသည့် နည်းများဖြင့် စော်ကား ညှင်းပမ်းခဲ့မှု့

၇။ သာသနာ စည်းလုံးမှု ပြိုကွဲရန် ဘွဲ့ တံဆိပ်ခွဲခြားကပ်ခြင်း၊ ဘုန်းကြီးအတုများမွေးမြူလျှက်.. ပစ္စည်းလေးပါးလာဘ်လာဘများသုံး၍ သံဃာ ဂိုဏ်းခွဲခဲ့မှု့

၈၊ အညိုးအာဃာတများဖြင့် လူမျိုးတုံးသုတ်သင်သည့်သဖွယ် နယ်စပ်ဒေသများတွင် တိုင်းရင်းသူ အမျိုးသမီးများအား မုဒိန်းကျင့်ခွင့်လိုင်စင်ပေးအပ်ခါ အနိုင်ကျင့်စော်ကား သတ်ဖြတ်ခဲ့မှု

၉။ တောင်သူလယ်သမား၊ နိုင်ငံသားတို့၏ လယ်ယာမြေ ဘိုးဘွားပိုင်မြေများကို မတရားသဖြင့် သိမ်းယူခဲ့မှု

၁၀။ ငွေစက္ကူများ တရားမ၀င်ဟု ကြေငြာလျှက် အများပြည်သူတို့၏ သမာအာဇီဝ ချွေးနည်းစာ စုဆောင်းငွေများကို ဓါးပြတိုက်လုယူခဲ့မှု့

၁၁။ နိုင်ငံပိုင် အဆောက်အအုံ မြေယာ ပစ္စည်းများကို ဘိုးဘွား အမွေ သဖွယ် ဝေခွဲရောင်းချ၍ ကိုယ်ကျိုးရှာခဲ့မှု

၁၂။ မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို ထိရောက်စွာ မလုပ်ကိုင်ဘဲ ရည်ရွယ်ချက်ဖြင့် လူငယ်မျိုးဆက်သစ်များကို ဖျက်ဆီးခဲ့မှု လမ်းမှားသို့ လွယ်လင့်တကူရောက်စေနိုင်သည့်အခြေအနေ၀န်းကျင်ကိုဖန်တီးခဲ့မှု့

၁၃။ မူးရစ်ရာဇာဘိန်းမှောင်ခိုများဖြင့် အကျိုးတူပေါင်းသင်းပြီးစီးပွါးရှာခဲ့မှု၊ အာဏာအလွဲသုံးစားပြုခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းတို့ မှ မတရားရရှိအပ်သော ငွေမဲများလျှော်ဖွတ်ပြီးငွေဖြူအဖြစ်ပြောင်းလည်းခဲ့မှု့

၁၄။ ပြည်သူလုတရပ်လုံး၏ ဆန္ဒကိုမျက်ကွယ်ပြုလျှက် ၁၉၉၀ ရွေးကောက်ပွဲ ရလာဘ်ကို အသိအမှတ်မပြုဘဲ တိုင်းပြည်အနာဂါတ်ကိုလုယူဖျက်ဆီးခဲ့မှု့

၁၅။ ပင်လုံကတိက၀တ်အားချိုးဖေါက်လျှက်..ဖက်ဒရယ်တစ္ဆေဖြင့် ခြောက်လှန့် ပြီး တိုင်းပြည်ညီညွတ်မှု ပြိုကွဲအောင် သွေးခွဲမှု၊ တိုင်းရင်းသား အချင်းချင်း အမုန်းပင်စိုက်မှု့

၁၆။ လူမျိုးကြိး ၀ါဒကို ကျင့်သုံး၍ လူမျိုးငယ်စုများကို အနိုင်ကျင့်မှု ၊၄င်းတို့ စာပေစကားယဉ်ကျေးမှု အနုပညာများကို တိမ်ကောပျောက်ကွယ်အောင်သင်းကွပ်ခဲ့မှု့

၁၇။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံများကို စိတ်စေတနာဆိုးများဖြင့်…ငွေစက္ကူများမှဖယ်ရှားခြင်း၊ အာဇာနည်နေ့ ကိုသိမ်ငယ်အောင်မထင်မရှားကျင်းပခြင်းဖြင့် အများအကျိုးအတွက် စွန့် လွှတ်အနစ်နာခံ တတ်သော အာဇာနည်စိတ်ဓါတ်ကို တိမ်ကောအောင်ကြံစည်ဆောင်ရွက်ခဲ့မှု့

၁၈။ မိမိတို့ ကိုယ်တိုင်လည်းအဂတိလိုက်စားရင်း တိုင်းပြည် တခုလုံး အကျင့်သီလစာရိတ္တတို့ ပျက်စီးစေလျှက် လာဘ်ပေး လာဘ်ယူ မှုများကို ထိရောက်စွာ မဖြေရင်းဘဲ မိုးခါးရေ သောက်စေမှု့

၁၉။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အစရှိသော အခြေခံ လူ့ အခွင့်အရေးများ အားလုံးကို ချိုးဖောက်ခဲ့မှု၊ လူ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးကို အသိအမှတ်မပြုမှု့

၂၀။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်… ပြည်သူချစ်သောနိုင်ငံရေးသမားများ၊ အနုပညာသည်များ အများပြည်သူတို့ အားကိုး အားထားကြရသော ရဟန်းရှင်လူ ပုဂ္ဂိုလ်ခေါင်ေးဆာင်တို့အား အောက်တန်းကျစွာ…ရေဒီယို၊ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များကိုအသုံးချလျှက်…ပြည်သူများအကြည်ညိုပျက်အောင်…မဟုတ်မမှန်လုပ်ကြံ စွပ်စွဲမှုများဖြင့် အသရေဖျက်ခဲ့မှု။

၂၁။ ဆင်းရဲဒုက္ခရောက်နေသည့် နာဂစ်ဘေး သင့် ပြည်သူလူထုအား ညှာတာမှု ကင်းမဲ့စွာ မျက်ကွယ်ပြုမှု၊ မကူညီမှု၊ ကူညီရန်လါသူများကိုတားမြစ်ခဲ့မှု့

၂၂။ နာဂစ်ဘေးသင့်ပြည်သူတို့အား လှူဒါန်းသောဆေးဝါး၊ ရိက္ခာငွေကြေးများကို ဖြတ်တောက်ကဲ့ယူမှု

၂၃။ နာဂစ်ဘေးသင့် ပြည်သူတို့ ကို လှူဒါန်းလိုသည့် ပြည်တွင်း ပြည်ပမှ စေတနာ ရှင်များကို နည်ူးမျိုးစုံနှင့် တားဆီး နှောက်ယှက်မှု။

၂၄။ ရေနစ်သူ ၀ါးကူထိုးသဖွယ် နာဂစ်ဘေးဒဏ်ခံရပြီး စချိန်တွင် ပြည်သူအလိုမတူဘဲ ၂၀၀၈ စစ်ကျွန် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကိုအတည်ပြုခဲ့မှု။

၂၅။ အမျှော်အမြင်ကင်းမဲ့သည့် စစ်အာဏာရှင် အုပ်စိုးမှုအောက်တွင် တိုင်းပြည်၏ တန်းဘိုး မဖြတ်နိုင်သော ယဉ်ကျေးမှု အမွေ အနှစ်များ ရှေးဟောင်း အဆောက်အအုံများ ဆုံးရှုံး ပျက်စီးစေခဲ့မှု။

၂၆။ တိုင်းပြည်အား စစ်သံဖနောင့် အောက်ပို့၍ ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်ရောက်စေမှု။

၂၇။ ဘုန်းကြီးကျောင်းများကို ညအချိန်မတော်ဝင်ရောက်စီးနင်းသိမ်းပိုက်ခြင်းများကျူးလွန်လျှက် အမျိုးဘာသာ သာသနာကို အကြိမ်ကြိမ် အဖန်အဖန် စော်ကား ဖျက်ဆီးခဲ့မှု့၊

၂၈။ မှားယွင်းသော အုပ်ချုပ်မှု စနစ်ဖြင့် တမျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း လူ့ သက်တမ်း လျှော့ကျ ယိုယွင်းစေခဲ့မှု။

၂၉။ စေတနာ မမှန်သော အုပ်ချုပ်မှုဖြင့် တိုင်းပြည် စီးပွါးရေး စနစ်တစ်ခုလုံး ချွတ်ခြုံ ကျစေလျှက် ပြည်သူလူထု အများစုကြီးအား ဆင်းရဲတွင်း နက်စေခဲ့မှု။

၃၀။ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး အမှောင် တိုက်သွင်း၍ ပြည်သူလူထုကို နားပိတ် မျက်စိပိတ် ထားခဲ့မှု။

၃၁။ အာဏာရှင် စနစ် တည်တန့် အောင် စစ်မှန်သော ဂီတစာပေအနုပညာရှင်ကြီးများအား နှိပ်ကွပ် ချိုး နှိမ်လျှက် မြန်မာ့ စာပေဂီတ အနုပညာ နယ်ပယ်အား အညွန့် ချိုး ဖျက်ဆီးခဲ့မှု။

၃၂။ ခေတ် နောက်ပြန်ဆွဲ ၍ မမှန်ကန်သော အုပ်ချုပ်ပုံ စနစ်များဖြင့် တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှု့ကိုတားဆီးလျှက် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အနာဂတ်ကို ဖျက်ဆီးခဲ့မှု။

၃၃။ တိုးတက်လိုသည့် နိုင်ငံရေးအသိ နိုးကြားသူတို့အား ရက်စက်စွာ စံနမူနာပြ နှိပ်ကွပ်ခြင်းဖြင့် နိုင်ငံရေး သားကြော ဖြတ်ခဲ့မှု။

၃၄။ အသိညဏ်နဲသော အာဏာ ပါးကွက်သား လူမိုက် များမွေးမြူလျှက် အများပြည်သူ ရဟန်း ပြည်သူတို့၏ နေ့ စဉ် လူနေမှု ဘ၀များကို ခက်ခဲ ကြပ်တည်းအောင် အကြောက်တရားများကြီးစိုးနေအောင်..ဆောင်ရွက်ခဲ့မှု

၃၅။ မတရာေးသာ အမိန့် အာဏာ ဥပဒေများ ၊ ပြဌာန်းလျှက် မိဘ ပြည်သူတို့အား မျက်ရေ ကြီးငယ် ကျစေမှု၊ သောက ပင်လယ်ဝေစေမှု။

၃၆။ အဆင်ခြင်တုံမဲ့ တိုင်းပြည်၏ သဘာဝ သယံဇာတ အရင်း အမြစ်များကိုအကျိုးမဲ့စွာ ဖြုန်းတီးမှု ပြုံးတီးစေခဲ့မှု။

၃၇။ အခြေခံ အဆောက်အဥိး မရှိဘဲ အနှစ်သာရ မရှိသော ၊ စီမံကိန်းများ အကောင်အထည်ဖော်လျှက် တိုင်းပြည် ဘဏ္ဍာနှင့်အရင်းမြစ်များစွာကို အလဟဿ ဆုံးရှုံးစေခဲ့မှု။

၃၈။ နိုင်ငံတော်ပိုင်ဘဏ္ဍာများကို အများပြည်သူတို့ နေ့ စဉ် သက်သာ ချောင်ချီရေးအတွက် မသုံးစွဲဘဲ ၊အဆိပ်ပင်ရေလောင်းသကဲ့သို့ စစ်အာဏာရှင် စနစ် တည်မြဲရေးအတွက် စစ်ရေးအတွက်သာ လွန်ကဲစွာ သုံးစွဲခဲ့မှု။

၃၉။ ဥပဒေအထက်မှာနေပြီး…နိုင်ငံတော်အာဏာသုံးရပ်စလုံးကို ထင်သလိုချယ်လှယ်ကာ တရားဥပဒေစိုးမိုးမှု့မရှိသောလူ့ အဖွဲ့ စည်းတခုဖြစ်အောင်ရာစုနှစ်ဝက်ကျော်ဖန်တီးထားလျှက်ကြောက်မက်ဖွယ်ရာ လူ့ မှု့အနိဌာရုံများဖြစ်စေခဲ့မှု့ ။

၄၀။ သမိုင်းအမှန်များကို…ဖုံးကွယ်ဖျောက်ဖျက်ပြီး…သမိုင်းအမှားများဖြင့် တိုင်းသူပြည်သားများကို ကောက်ကျစ်စဉ်းလဲစွာ…လမ်းမှားသို့ ခေါ်ဆောင်ခဲ့မှု့ ။

၄၁။ သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြားတို့ မှ မဟုတ်မမှန်သည့်သတင်း လှုံ့ဆော်မှု့များထုတ်လွှင့်ခါ အများပြည်သူတို့ ကို စိတ်ဆင်းရဲ…ကိုယ်ဆင်းရဲကြီးအောင်…နေ့ စဉ် ဒုက္ခပေးခဲ့မှု့ ။

၄၂။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို…ခွဲထွက်ရေး တစ္ဆေအဖြစ်ပုံဖျက်ပြီးစစ်ဝါဒီထူထောင်လျှက် နိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ ဖြိုးတိုးတက်မှု့အနည်းဆုံးတိုင်းပြည်ဘ၀ရောက်စေမှု့ ။

၄၄။ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ ကျင့်သုံးလျှက်…လူမျိုးငယ်စုများကြား၊ ဘာသာမတူသူများကြား… အနိုင်ကျင့်စော်ကားမှု့များ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု့များ ဖန်တီးကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု့ကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲအောင်ခွဲခဲ့မှု့ ။

၄၅။ စစ်ဖိနပ်သံခွာအောက်တွင် ရာစုနှစ်ဝက်ကျော်…လူဖြစ်ရှုံးလျှက် ဆင်းရဲမွဲတေနေသည့်ဘ၀မှ လွတ်မြောက်အောင်တိုင်းသူပြည်သားတို့ အားကယ်တင်ရမည့်အစား…စစ်ဗိုလ်ချုပ်ကြီးများလုံခြုံရေးနှင့် စစ်အာဏာတည်မြဲ ရှင်သန်ရေးအတွက်…မလိုအပ်ဘဲ နေပြည်တော် မြို့တော်အသစ်နှင့် ဥမင်လှိုဏ်ကြီးများတူးလျှက် ဘီလျှံချီသော ပြည်သူပိုင်ဘဏ္ဍာငွေကြေးများ ကို ပရမ်းပတာဖြုန်းတီးခဲ့ မှု့ ။

၄၆) တိုင်းပြည်၏ ပညာရေးစနစ်ကို ဂျွမ်းထိုးမှောက်ခုံစမ်းသတ် ဖျက်ဆီးယုံဖြင့်အားမရသေးဘဲ ကျောင်းသားလူငယ်များအပါအ၀င်…ပြည်သူပြည်သားတို့ အသိဥာဏ်အတွေးအခေါ်ဗဟုသုတများတိုးပွားစေနိုင်သည့် စာကြည့်တိုက်ယဉ်ကျေးမှု့ကို ယုတ်မာပက်စက်စွာ စနစ်တကျ…ဖျက်သိမ်းခဲ့မှု့ ။

၄၇) နိုင်ငံတ၀ှမ်းလုံးရှိ ဌာနဆိုင်ရာအသီးသီးတွင် တပ်မတော်အရာရှိများအား တတ်သိပညာရှင်များ အထက်တွင် မသင့်တော်စွာ ခန့် အပ်ခြင်းဖြင့် တပ်မတော်အားအခွင့်ထူးခံစေလျှက် ၊ ပြည်သူနှင့်တပ်မတော် အားသွေးခွဲဖျက်ဆီးခဲ့မှု့

၄၈) ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ထောက်ခံသူများအား ရက်ရက်စက်စက် ဒီပဲရင်းလူသတ်ပွဲကျူးလွန်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့မှု့ ။

၄၉) နိုင်ငံနှင့်ပြည်သူအတွက်ကောင်းကျိုးထက်ဆိုးကျိုးများသာပေးမည့်…မြစ်ဆုံဆည်စီမံကိန်းကြီးဖြင့် ကိုယ်ကျိုးရှာပြီး မြန်မာပြည်၏အသက်သွေးကြောမကြီးနှင့်တူသော ဧရာဝတီကိုဖျက်ဆီးခဲ့မှု့ 

၅၀) နိုင်ငံကိုကိုပြုပြင်ပြောင်းလဲတိုးတက်စေလိုသော..စေတနာမှန်ဖြင် ဝေဖန်ထောက်ပြ တောင်းဆိုကြသော တိုင်းသူပြည်သား နိုင်ငံရေးသမားများအား..လူမှု့ဘ၀ပျက်အောင်၊ စီးပွားပျက်အောင်၊ ပညာရေးနဲ့  တက်လမ်းပျက်အောင် ကောက်ကျစ်ယုတ်မာသော နည်းလမ်းမျိုးစုံသုံးပြီး အနိုင်ကျင့်ဗိုလ်ကျ ဖျက်ဆီးခဲ့မှု့
စသည်ဖြင့်မရေတွက်နိုင်အောင်များပြားတဲ့ပြစ်မှု့တွေကျူးလွန်ခဲ့ကြတာပါ ။

ဘုစုခရုပြစ်မှု့လေးတွေကစလို့  အလွန်ကြီးမားတဲ့ ပဥ္စာနန္တိယကံကြီးတွေအထိ စစ်ရာဇ၀တ်မူကုဋေကုဋာ ကျူးလွန်ခဲ့လို့  သမိုင်းအညစ်အကြေး အထပ်ထပ်ပေကျံနေခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး/ငယ်တွေ တွေရဲ့အတိတ်ကအမှားတွေကို အခုလိုပြန်ရေးပြ နေတာဟာ အာဃာတတရားနဲ့  လက်စားချေဖို့  လှုံ့ဆော်နေတာမဟုတ်ပါဘူး ။

အဓိကပြောခြင်တာက နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ ယဉ်ကျေးမှု့နဲ့  အစဉ်အလာဆိုးကို လက်ဆင့်ကမ်းအမွေမထားရစ်စေဘို့  ဦးသိန်းစိန်အစိုးရနဲ့ တကွ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေအားလုံး ကိုယ်ကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေအားလုံးအတွက် တိုင်းသူပြည်သားတွေကို ၀န်ချတောင်းပန်ခြင်း ကစလို့ တာဝန်ခံမှု့ ၊တာဝန်ယူမှု့တွေပြရင်း..ရိုးသားစွာတွေ့ ဆုံ ဆွေးနွေး အဖြေရှာကြမယ်ဆိုရင်… ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလှမ်းမဝေးပါဘူးလို့  တိုက်တွန်းသတိပေးလိုက်ရပါကြောင်း …။ ။

မင်းကောင်းချစ်
သြဂုတ်လ ၃၁ ရက် ၂၀၁၄ ခုနှစ်

အခုတလောမှာ နိုင်ငံတကာပြိုင်ပွဲတွေ ထဲ မြန်မာ့ဂုဏ်ဆောင်ဗိုလ်စွဲလို့ အားလုံးက သြဘာပေးတဲ့ လက်ခုပ်သံ တောင်မစဲခင် သ ရဖူရုတ်သိမ်းခံရတဲ့ “အလှမယ်”ကလေးများ သတင်းဖတ်ဖတ်နေရတာ အတော် စိတ်မ ကောင်း စရာပါပဲဗျာ။ တကယ်တော့ သူတို့ လေးတွေ နိုင်ငံတကာ အလှမယ်တွေကြားထဲ ထိပ်တိုက်ယှဉ်ပြိုင် ပထမစွဲတယ်ဆိုတာ တော် ရုံကဲ ... အဲလေ၊ တော်ရုံကျိုးတိုး ကျဲတဲ နည်းနည်းနောနော အရည်အချင်းနဲ့ ရခဲ့တာ မှမဟုတ်တာ။

သူတို့လေးတွေခမျာ အလှပြိုင် ရုံသက်သက်မဟုတ်ဘဲ ဗဟုသုတ တို့၊ တွေးခေါ် မျှော်မြင်နိုင်စွမ်းတို့၊ ဘာသာစကားတို့ကိုလည်း ပြိုင်ကြရရှာတာ။ ဒါတင်မကဘဲ အလှပြိုင် တယ်ဆိုရာမှာလည်း ရိုးရာအ၀တ်အစားတို့၊ ပွဲတက်အ၀တ်အစားတို့အပြင် ကိုယ်ခန္ဓာအလှ အပကို “ပွင့်လင်းမြင်သာ” စွာ ဖော်ပြနိုင်ဖို့ ရေကူးဝတ်စုံတို့ ဘာတို့နဲ့ ပြိုင်ကြရရှာသေး တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သရဖူ သိမ်းပိုက် ပြီးပြန်လာတဲ့ အလှမယ်လေးတစ်ဦးက သူ့ အခက်အခဲကိုဖွင့်ဟရာမှာ မြန်မာမိန်းကလေး တစ်ယောက်အနေ နဲ့ ရေကူး ၀တ်စုံဆိုတာ ၀တ် နေကျမဟုတ်တဲ့အပြင် လူပုံအလည်မှာလျှောက် ပြဖို့ဆိုတာ အတော်လေးရှက်မိကြောက်မိ ပါ ကြောင်း၊ ဒါပေမဲ့ ငါနိုင်ငံကို ကိုယ်စားပြုမှုကို “ဖော်ရပြရ”တာပဲ ဆိုတဲ့စိတ်နဲ့ ဇွတ်တင်းပြီး လုပ်ခဲ့ရကြောင်း ပြန်ပြောပြ ပါတယ်။ ဒီနေရာ မှာ ရှက်ခြင်းကြောက်ခြင်းကြောင့် “ပွင့်ပွင့် လင်းလင်း” ”မြင်သာထင်သာ” “ပေါ်ပေါ်လွင် လွင်” ဖော်ရပြရတာဖြင့် အတော့်ကို အခက် အခဲရှိနိုင်တယ်ဆိုတာ သမီးချင်းစာနာပြီး နား လည်ယုံကြည်ပေးရတာပါပဲဗျာ။

ဒါပေမဲ့ ဒီရက်ပိုင်းမှာ အလွန်ကို“ဟစ်”ဖြစ်နေတဲ့ “ရန်ကုန်မြို့သစ်မြေယာ စီမံကိန်း ”ကိစ္စကြီးမှာ “ပွင့်လင်းမြင်သာမှု မရှိပါဘူး” ဆို ပြီး ၀ိုင်းအော်ကြ ပုံကျတော့ အဲဒီအလှမယ် သမီးငယ်လေးများ ကိစ္စနဲ့ လုံးဝ ပြောင်းပြန် ကွာခြားနေပြန်တာ တွေ့ရတယ်ခင်ဗျ။ အဲဒါ ကြီးက မပွင့်လင်းမမြင်သာလို့ မဖော်လို့ မပြလို့ ရှက်စရာဖြစ်နေတဲ့ ကိစ္စကြီးမို့ပါပဲဗျာ။ တကယ် တော့ ရန်ကုန်မြို့ကြီးကို ဖွံ့ဖြိုးစည်ပင်အောင် လုပ်တယ်ဆိုတာ ကြိုဆိုကြရမယ့်ကိစ္စ၊ အများ စုက သဘောတူ ထောက်ခံရမယ့် ဟာကြီး ပါပဲ။ ဒါပေမဲ့ ပြည်သူ ကိုအလေးဂရုပြုပြီး ဘယ်လိုလုပ်ပါမယ်၊ ဘယ်လို အကျိုးရှိနိုင် ပါတယ်၊ အဲဒါကြောင့် ဒါတော့ လုပ်ခွင့်ပြုစေ ချင်တယ်ခင်ဗျလို့ (ပြည်သူ့ကိုယ်စားလှယ် များကို ဖြစ်ဖြစ်) လေးလေးစားစား ချပြခွင့် တောင်းရပါမယ်။ အဲဒါ သဘောတူကြတယ် ဆိုရင် တာဝန်ယူဆောင်ရွက်မယ့် စီမံကိန်းအ ကောင် အထည်ဖော်မယ့်သူ (Developer) များကအစ ဘယ်လိုရွေးမယ်ဆိုတာ ၀ိုင်းဝန်းဆွေး နွေး အတည်ပြုဖို့လိုတာကိုး။ ပညာရှင်များ ရော၊ အများပြည်သူ က ၀ိုင်းပြီး (ပုံမှန်မဲနဲ့ပါ အားမရလို့ ကြိုတင်မဲကြီးများနဲ့တောင်) တင် မြှောက် ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် များပါ ၀ိုင်းစဉ်းစားအတည်ပြုပေးဖို့ လိုမှာကိုး။ ဒီလိုဆွေးနွေးတော့မှ “ဟ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ရသကွ၊ ဘာလုပ်မယ်၊ ဘာဖြစ် မယ်ဆိုတာလည်း မြင်သာသဟ၊ ဒီမိုကရေစီ ဆိုတာ ဒါမျိုးမှပေါ့ကွ” အားလုံးက အားရ ကျေနပ်ကြမှာကိုး။

အခုတော့ ဒီလိုမဟုတ်ပဲ သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် န၀မပုံမှန်အစည်းအဝေးမှာ ရုတ်တရက်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ၀န်ကြီးချုပ်ဦး မြင့်ဆွေဆီပေးပို့တဲ့ သ၀ဏ်လွှာထဖတ်ပြီး မြေဧက သုံးသောင်းတောင်ပါတဲ့ ရင်းနှီးမြုပ် နှံမှုကျပ်ဘီလီယံခုနှစ်ထောင်အပြင် အမေရိ ကန်ဒေါ်လာ ရှစ်ဘီလျံတန် (အားလုံး ပေါင်း အမေရိကန်ဒေါ်လျာ ၁၅ ဘီလီယံ ဖိုးကြီး)ကို အသိပေးလိုက်တော့ အားလုံး အံ့သြသွားကြ တယ်ဆိုပဲ။ ဒီနေရာမှာ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ဒီသ၀ဏ်လွှာ ကို လွှတ်တော် ကိုယ်စားလှယ်များ လေ့လာ နိုင်အောင် ဝေငှပေးပြီး ဆွေးနွေး ခွင့်တောင်း တာလည်း ဘာမှမထူးဖူးလို့ ဆိုတယ်။ ဒါပေမဲ့ လွှတ်တော်တွင်း မှာရော ပြင်ပကပါ ဖိအား တွေဆက်ပေးကြရာမှာ ဒေါ်ညိုညိုသင်း က ဆိုရင် ဒေးလီးအလဲဗင်းမှာ ဖော်ပြခဲ့တဲ့ “တစ် ပြည်လုံးကို နလပိန်းတုံး ထင်နေလား” ဆိုတဲ့ သတင်းဆောင်းပါးကို အစိုးရအဖွဲ့ကိုလည်း ဝေ၊ လွှတ်တော် ကိုယ်စားလှယ်အတော်များများကိုလည်း ပေးလိုက်နိုင်ပါသတဲ့။ စတုတ္ထ နေ့ အစည်းအဝေးမှာတော့ ဒေါ်ညိုညိုသင်း က သိမ်ဖြူကွင်းမှာ တင်ဒါခေါ်ပြီး ရွေးပေး ခဲ့သလို ယခုစီမံကိန်းကိုလည်း တင်ဒါစနစ်နဲ့ လုပ်သင့်ပါတယ်ဆိုတာ တင်ပြခဲ့ ပါသတဲ့။

အဲဒီမှာ “တစ်ပြည်လုံး နလပိန်းတုံး မ ဟုတ်မှန်းသိပါပြီ”လို့ တုံ့ပြန်တဲ့သဘောနဲ့ သြ ဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ချက်ထုတ် ပြန်ပြီး မကြာမီကာလအတွင်း ပွင့်လင်းမြင် သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း ဒီပလို ပါတင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်ပြီး အားလုံး ပူးပေါင်းပါဝင်နိုင်မည့်အခွင့်အလမ်းများ ကို ဖန်တီးသွားမည်ဖြစ် ပါကြောင်း ဆိုပြီး အသိ ပေးလာတာ အားလုံးသိပြီးဖြစ်မှာပါပဲ။ အခု လိုကြေညာချက် ထုတ်လိုက်တာဟာ အများ ပြည်သူရဲ့ထင်မြင်ချက် (Public Opnion) ကို ဂရုစိုက်တဲ့ သဘောမို့ ဒီမိုကရေစီအစိုးရ အဖွဲ့မျိုးနဲ့ ဆင်တင်တင်ဖြစ် လာတာ ကတော့ ကြိုဆိုရမယ့်ကိစ္စပါပဲ။

ဒါပေမဲ့ ဖုံးဖုံးဖိဖိနဲ့ ကိုယ် ကျိုးစီးပွား ၀ိုင်းရှာ၊ မြေတွေအသိုင်းအ၀ိုင်း လိုက် ၀အောင်ဝိုင်းဝယ်ပြီးကာမှ အရှက်မဲ့သိက္ခာ မဲ့ ဖော်ထုတ်လာတဲ့ ဒီစီမံကိန်းကို ၀ိုင်း လက် ညှိုးအထိုးခံရကာမှ “ပွင့်လင်း မြင်သာတော့ မှာပါ၊ မြင်သာတော့ မှာပါ” လို့ လုပ်လာတာ ကိုတော့ ကြည်ကြည်ဖြူဖြူလက်ခံဖို့ ခက်လှ ပြီး “ယုံ ရခက်ခဲ ခက်လှစွာပေါ့ နောင်များတစ်ခါ” ဆိုတဲ့ သီချင်းကို ပြည်သူတွေ ရင်တွင်းက ပဲ့တင်ထပ် ဆိုချင်ကြမှာပါပဲ။

ဒီစီမံကိန်းကြီးကို စီးပွားရေးလောကက လူများရော၊ ပြည်တွင်းပြည်ပမှာပါ တစ်ခါမှ မကြားဖူးတဲ့ မြန်မာ့ စေတနာမြို့သစ်ကုမ္ပဏီ ဆိုတာကြီးက အကောင် အထည် ဆောင်ရွက် မယ့်အကြောင်း လွှတ်တော်ကို မြို့တော်ဝန်က ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားတာပါ။ ဒီအကြောင်းလွှတ်တော်မှာလည်း ဆွေးနွေး ခွင့်မပေး၊ သ၀ဏ်လွှာကိုလည်း လေ့လာဖတ် ခွင့်မရနဲ့ လွှတ်တော်ကိုယ် စားလှယ်ကြီးများ ကို “ဒုန့်ကဲ”လုပ်ထားချိန်မှာပဲ မီဒီယာများက ၀ိုင်းရေး၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ ပင်တိုင်ဆောင်းပါးရှင်များက အသံလွှင့်မီဒီ ယာ ကနေ ဝေဖန်ဖိအားပေးနဲ့ တစ်ပတ် လောက် အတွင်းမှာ “တင်ဒါခေါ်မှာပါ၊ အားလုံး ပါရမှာပါ၊ ပွင့်လင်းမှာပါ၊ မြင်သာမှာပါ၊ အား လုံးကျေနပ်အောင် လုပ်ပြမှာပါ”စသဖြင့် လေ သံပြောင်းသွားတာပါ။

အထူးအခွင့်အာဏာရ စာရင်းပေါက်ခဲ့တဲ့ မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီ ဆိုတာကြီးဟာ လိပ်စာပေးထားတဲ့နေရာမှာလည်း ရုံးခန်းဖွင့် မထားဘူးတဲ့။ ပြီးတော့ စီးပွားရေးလောကမှာ လူသိထင်ရှားရှိလှသူမဟုတ်တဲ့ ဦးသက်ဦး ဆိုသူက မန်နေးဂျင်းဒါရိုက်တာအဖြစ် တာ ၀န်ယူထားပြီး စီမံကိန်းဖော်ဆောင်ရာမှာ ပါ ၀င်ကျရောက်တဲ့ ကျေးရွာသား ဆယ်ဦးကို “ဒါရိုက်တာ”တွေ အဖြစ် ခန့်အပ်ထားတယ်ဆိုပဲ။ (အများပိုင်ဆိုတဲ့အတိုင်း တကယ့်ကို ပိုင်ပါ့ဗျာ နော်)။ ပြီးတော့ ဦးသက်ဦးက ကြည့်မြင်တိုင် ဗားကရာနဲ့ တစ်ဖက်ကမ်း အလတ်ချောင်း ကျေးရွာကို တံတားထိုးခြင်းနဲ့ စီမံကိန်းကို စတင်မယ့်အကြောင်း ဒေသခံများကို ပြောပါ သတဲ့။

တံတားနဲ့မလွတ်တဲ့အိမ် တွေကို ဖယ် ရှားပြီး စေတနာအိမ်ရာဆိုတဲ့ လုံးခြင်း အိမ်တွေ ဆောက်ပေးဦးမှာ၊ အဲဒီအိမ်တွေမှာ ပရိဘောဂ တွေနဲ့အတူ မစ်ဆူဘီရှီအဲယားကွန်းအကောင်း စားကို တပ်ပေးဦးမှာလို့လည်း ပြောပြသတဲ့။ ဒါပေမဲ့ မီဒီယာများကိုတော့ လက်ခံစကား မပြောပါဘူးတဲ့။ ဒီလောက်များပြားတဲ့ ရင်းနှီး ငွေများ ဘယ်ကလာတယ်ဆိုတာလည်း မ ပြောပါဘူးတဲ့။ (သူလည်း အေဂျီဒီဘဏ်ပိုင်ရှင် အသစ်ပါလို့ ဆိုနေသူ ကိုကျော်နေ၀င်းတို့ညီ အစ်ကိုတစ်စုလို တရုတ်ပြည်အစိုးရပိုင် ကုမ္ပဏီ က ငွေကိုယူသုံးနိုင်စွမ်းတဲ့ သူ့အဘိုးသူငယ် ချင်းတို့၊ အဘွားရဲ့သယ်ရင်းတို့ဘာတို့ ရှိချင် လည်းရှိ မှာပေါ့နော်)။

ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဲဒီကုမ္ပဏီကြီးဟာ မြို့တော်ဝန်ဦးလှမြင့်တို့၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့၊ ဒုသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးတို့ရဲ့သား များနဲ့ ဖွဲ့စည်းထားတာလို့ စွပ်စွဲလိုက်ပါသတဲ့။ The Irrawaddy ဂျာနယ်မှာ ဖော်ပြ ထားတာ ကတော့ ဒီကုမ္ပဏီရဲ့နောက်ကွယ်မှာ တရုတ် နွယ်ဖွား ရှောက်ပန်းနဲ့ရှောက်စန်း ဆိုတဲ့ ညီအစ် ကိုနှစ်ယောက် ရှိနေကြောင်း၊ သူတို့ဟာ စစ် အစိုးရဗိုလ်ချုပ်တွေ ၀န်ကြီးတွေနဲ့ ရင်းနှီးလှ ပြီး ဒီအထဲမှာ ဦးမြင့်ဆွေကို ဒုဗိုလ်ချုပ်ကြီး ဘ၀ကတည်းက အထူးရင်းနှီး သူဖြစ်ကြောင်း၊ ယခုစီမံကိန်းကိစ္စကို ဦးမြင့်ဆွေက သမ္မတ ထံ တင်ပြစည်းရုံးပြီး မီးစိမ်းပြမှု အရယူထား နိုင်ခဲ့ကြောင်း စသဖြင့် စုံစမ်း ဖော်ပြထားတာ ကိုလည်း ဖတ်ရပါတယ်။ (အင်း-ရင်းနှီးမြုပ် နှံမှုဆိုတဲ့အတိုင်း ရင်းနှီးမှလည်း မြုပ်နှံလို့ရ တာမို့ အထူးရင်းနှီးသူကို အထူးမြုပ်နှံခွင့်ပေး တာပဲ ဖြစ်မှာပေါ့ဗျာ)။

လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ စွပ်စွဲ ချက်အရ သားတွေစုဖွဲ့ထားတဲ့ ကုမ္ပဏီ လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဒီလောက် ကြီးတဲ့ စီမံကိန်းကို အာဏာရှိသူတွေ အနေနဲ့ စိတ်ချယုံကြည်ရသူကိုပဲ ပေးချင်မှာမို့ ကိုယ့် သား ထက် စိတ်ချရတာတော့ ဘယ်ရှိမလဲ နော်။ ဒီတော့ ဒါလည်းဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ပဲ ဦးသန်းဦးနောက်ကွယ်မှာ ရှောက် ပန်းတို့ညီအစ်ကို၊ သူတို့နောက်ကွယ်မှာ အာ ဏာပိုင်လူကြီးမင်းတို့ရဲ့ သားတော် သမီးတော် များ၊ သူတို့နောက်ကွယ်မှာ သားတော်သမီး တော်များရဲ့ မိခင်ကြီးများ၊ သူတို့နောက်ကွယ် မှာမှ ကန့်လန့်ကာကြားက ဘောင်းဘီချွတ် ဖခင်ကြီးများ စသဖြင့်များ ဖြစ်မလားမသိပါ ဘူး။ ဘာပဲဖြစ်ဖြစ် အခုနောက်ဆုံးမှာ ပွင့် လင်းမြင်သာစွာဖြင့် “အားလုံးပါဝင်နိုင်အောင် လုပ်ပေးပါမယ် ခင်ဗျား””လို့ ကျယ်ကျယ် လောင် လောင် အသံကုန်ဟစ်နေပြန်တာဖြင့် တရုတ်ပြည် က ရှောက်ပန်းတို့ အမျိုးတွေတောင် ကြားပြီး အားလုံးပါနိုင်တာကို အတော်ဝမ်း သာသွားလောက်ပါတယ်။

ဒီတော့ ကျွန်တော်စဉ်းစားမိတာကတော့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီ ဆိုတာက ကျွန် တော်တို့အများပြည်သူ ကို တကယ်စေတနာ ရှိတာလားဆိုတာ အားလုံးက သံသယဖြစ် စရာဖြစ်လာရတာတော့ သေချာနေပါတယ်။ ကျွန်တော် တို့ရဲ့ ဖြတ်သန်းကြုံတွေ့ရမှုအရ ပြောရရင် ဆိုရှယ်လစ်ဆိုတာလည်း “မြန်မာ့ ဆိုရှယ်လစ်” လုပ်လိုက်တဲ့အခါ လစ်ရင် လစ် သလိုတွယ်ကြတဲ့ စနစ်ကြီး အဖြစ် မြောင်းထဲ ရောက်ခဲ့ပါတယ်။ “ဒီမိုကရေစီ”ဆိုတော့လည်း “မြန်မာ့နည်းမြန်မာ့ ဟန် ဒီမိုကရေစီလုပ်လိုက် တဲ့အခါ “လူဆိုးဂိုဏ်းလို အုပ်စုဖွဲ့ပြီး အများစု မဲနဲ့ အနိုင်ကျင့်တဲ့စနစ်”အဖြစ် နာမည်ပျက် ရပါတယ်။ အခုလည်း မြန်မာ့စေတနာဆိုတော့ အင်း၊ “စေ”သမျှ “နာ” မှာကတော့ သေချာနေ တာပါပဲ။

နောင်ကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ် ပြီး ယခု အားလုံးကထောက်ပြ ကန့်ကွက်နေ တဲ့ ရုံးခန်းမရှိဘာမရှီ မြန်မာ့စေတနာကုမ္ပဏီ အစား တခြား ကုမ္ပဏီအသစ်များ ဒဘယ်လ် လိုပါအဖြစ် တင်ဒါရသွားနိုင်မှာပါပဲ။

ဒါပေမဲ့ ““မြန်မာ့စေတနာ””နေရာမှာ (လူ စားဝင်ကစားမယ်သူက) “ရှောက်ပန်းမေတ္တာ“တို့၊ “ရှောက်စန်း မုဒိတာ”တို့ဖြစ်ချင်ဖြစ် သို့မ ဟုတ်ရင် (ကျွန်တော်တို့ ပြည်သူအကျိုးကို လှည့်ကြည့်မှာမဟုတ်တဲ့) “သောက်ရမ်းဥပေ က္ခာ” ကုမ္ပဏီတို့ ဖြစ်ချင်ဖြစ်နေမှာကိုလည်း တွေးပူနေရကြောင်းပါဗျာ။

ဆောင်းပါးရှင် - ရီနေနိုင်
The Ladies News Journal

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ဦး၏ အစ်မဖြစ်သူသည် ရန်ကုန်မြို့မြောက်ပိုင်းတွင် နေထိုင်ပါသည်။ ထိုအခါ မိသားစုသဘောအရ အစ်မဖြစ်သူထံ မောင်လုပ်သူကလာလည်တတ်ပါသည်။ ထိုသို့လာသော အခါ လုံခြုံရေးအပြည့်ဖြင့် လာပါသည်။ ဤအပိုင်းအထိ ဝေဖန်စရာမရှိပါ။ ထိပ်သီးအရာရှိဖြစ်သဖြင့် သူ၏လုံခြုံရေးအတွက် ထိုက်သင့်သလောက် ဆောင်ရွက်လာခြင်းကို နားလည်လက်ခံရပါမည်။ သို့သော် နောက်တဆင့် တက်လာပုံမှာ သူ့အစ်မနေသောအိမ်နှင့်ဘေးချင်းကပ် အနီးအပါး အထပ် မြင့်တိုက်ခန်းများတွင် နေထိုင်သူများသည် သူရောက်လာလျှင် မိမိတိုက်ခန်းပေါ်မှ အောက်သို့ဆင်းပေးရပါသည်။ လုံခြုံရေးအမြင်အရ လုပ်ရခြင်း ဖြစ်သည်ဟုဆိုပါသည်။ ထိုသို့လုပ်ခိုင်းခြင်းကို ထိုပုဂ်္ဂိုလ်ကြီးက လုပ်ခိုင်းသည်လား၊ သူ့လက်အောက်မှအရာရှိများကဖားပြီး လုပ်ကြသည်လား မသိပါ။ တပ်မတော်သာအမိ တပ်မတော်သာအဖခေတ်က ထိုသို့လုပ်သည်မှာ မထူးဆန်းသော်လည်း ပြည်သူသာအမိ ပြည်သူသာအဖဟု ပြောင်းလဲကျင့်သုံးပြီဟူသော ယခုခေတ်တွင်တော့ ဤအပြုအမူမှာ ထူးဆန်းနေပါသည်။ ပြည်သူသည်အမိအဖ အရာမှာရှိလျှင် ကိုယ့်မိဘကို ကိုယ့်အိမ် ပေါ်မှဆင်းခိုင်းသော သားသမီးကို မည်သို့သတ်မှတ်မည်နည်း မသိပါ။ တကယ်တော့ လုံခြုံရေးအခြေအနေစိုးရိမ်စရာရှိသည်ဆိုလျှင် အစ်မဖြစ်သူကို ဟိုတယ်တခုတွင်ခေါ်ယူတွေ့ဆုံ၍လည်း ရပါသည်။ စစ်တပ်ထဲသို့ခေါ်ယူ တွေ့ဆုံလျှင်လည်းဖြစ်ပါသည်။

အာဏာရှင်ကြီးဦးနေ၀င်း ပြည်မြို့သို့လာရောက်ကာ ဆွေမျိုးများနှင့်တွေ့ဆုံစဉ်မှာပင် အိမ်နီးချင်းများကို မောင်း ထုတ်ခြင်းမရှိခဲ့ပါ။ မောင်နှမနှစ်ယောက်တွေ့ဆုံခြင်းသည် နိုင်ငံတော် တာဝန်ထမ်းဆောင်နေခြင်းဟုတ်၊ မဟုတ်ဆိုတာလည်း မေးစရာဖြစ်နေ သောကိစ္စဖြစ်သည်။ ထားတော့။ ဒီမိုကရေစီခေတ်တွင်ဒါတွေလည်းပြုပြင် သင့်သည်ကို အပြုသဘောထောက်ပြခြင်းဖြစ်ပါသည်။ တော်တော်ကြာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် လာကုပ်နေမှာလည်းကြောက်ရသေး သည်။ ကျွန်တော်တို့နိုင်ငံမှလူကြီးဆိုသူများသည် သူတပါးကို အမိန့် ပေးချင်သော်လည်း ကိုယ့်ကိုဝေဖန်လျှင်မကြိုက်ပါ။ အားလုံးကောင်းပါသည်ခင်ဗျားဟု ပြောတတ်သူများကိုသာ လိုလားပါသည်။

နောက်ထပ်ကြည့်မိသောရုပ်သံသတင်းတပုဒ်တွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ ခေါင်းဆောင်များမိုးရာသီ သစ်ပင်စိုက်ပျိုးသော အခမ်းအနားတခုကို တွေ့ရပါသည်။ ၀တ်ကောင်းစားလှ ၀တ် ဆင်ထားသောအမျိုးသမီးသုံးလေးဦး သစ်ပင်စိုက်ကြပုံကို တွေ့မြင်ရ ပါသည်။ အခမ်းအနားနှင့်မလိုက်ဖက်စွာ သစ်ပင်ဘေး၌ ကော်ဇောများ ခင်းထားပါသည်။ ကိုင်ထားသော ရေကရားမှာရွှေအစစ်လားဘာလားတော့ မသိ ရွှေရောင်ရေပန်းကရားဖြစ်သည်။ ထို့အပြင် မြေကြီးဖို့ရန်ကိုင်ထားသော ဂေါ်ပြားမှာလည်း ရွှေရောင်ဂေါ်ပြားဖြစ်သည်။ သစ်ပင်စိုက်ဖို့လာ သော အမျိုးသမီးများအားလုံး ဒေါက်ဖိနပ်များကိုစီးထားကြသည်။ ဒီပုံ တွေနှင့် မိခင်နှင့်ကလေးကိုစောင့်ရှောက်မည်လား မိခင်နှင့် ကလေးများက သူတို့အတွက်လာပြီး လုပ်အားပေးရမည်လားမသဲကွဲတော့ပါ။

ကျွန်တော်တို့နိုင်ငံတွင် အခမ်းအနားတခု၌ တကယ်အလုပ်လုပ် သူကလူနည်းစုဖြစ်ပြီး လူမြင်သောနေရာတွင် လူလုံးပြနှမ်းဖြူးကြသည့် ဖိုးပါချင် မယ်ပါချင်များက လူများစုဖြစ်နေသည်။ ထို့ကြောင့် ဘယ်အခမ်း အနားတွင်ပဲ ဓာတ်ပုံရိုက်ရိုက် စွတ်ကျယ်အင်္ကျီနှင့် ချွေးဒီးဒီးကျအောင် အလုပ်လုပ်နေသူများ၊ ထဘီတိုတိုနှင့် ပန်းကန်ဆေးနေသူများ ပါလေ့ပါထ မရှိဘဲ တိုက်ပုံကိုခေါက်ရိုးကော့နေအောင်ဝတ်စားထားသူများ ချိတ်ထဘီ နှင့် ပ၀ါခြုံထားသူများသာပါလေ့ရှိပါသည်။ မြန်မာနိုင်ငံ၌ အလုပ်လုပ်သူက တဖွဲ့ လူလုံးပြသူကတဖွဲ့ ဖြစ်ဟန်တူပေသည်။ တခါတရံ လမ်းဘေး၌ လမ်းခင်းနေသူ၊ မြောင်းတူးနေသူ စသည့်လုပ်ငန်းများကို တွေ့သဖြင့် သတိထားပြီး ကြည့်မိသောအခါ မြောင်းထဲဆင်း၍ တကယ်အလုပ်လုပ် နေသူမှာ နှစ်ယောက်လောက်သာရှိပြီး နေရိပ်ထဲတွင် ထီးဆောင်းပြီး ထိုင်ကြည့်ကာ လိုအပ်သည်များကိုညွှန်ကြားနေကြသူများမှာ အလုပ်လုပ် သူထက်ပိုများနေသည်ကိုတွေ့ရလေသည်။ ဤနိုင်ငံတွင် အလုပ် လုပ်သူထက် ညွှန်ကြားသူက ပိုများနေပေသည်။ လမ်းဖွင့်ပွဲ တံတားဖွင့်ပွဲများတွင် တအုပ်တမကြီး လာရောက်အမှာစကားပြောကြားဖွင့်လှစ်ကြသော်လည်း နောင်တချိန် တံတားကြီးကြံ့ခိုင်မှုနည်းလာ၍၊ လမ်းမကြီးပျက်စီးလာ၍ ပြောစရာတင်ပြစရာရှိသောအခါ လိုအပ်သည်ကို ညွှန်ကြားခဲ့သော ပုဂ်္ဂိုလ်များတယောက်မှ ရောက်မလာတော့ပေ။ ဖွင့်ပွဲနေ့က စည်ကားသလောက် နောက်နေ့တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ကာ မည်သူမျှလှည့်မကြည့်ကြတော့ပေ။ ကျွန်တော်တို့နိုင်ငံကား လူလုံးပြသောအလုပ်တွင် အတော်ကျွမ်းကျင် ကြပေသည်။ ဓာတ်ပုံရိုက်လျှင်တောင် လူမမြင်သောနေရာတွင်မနေချင် မိမိမျက်နှာထင်ရှားစွာပါချင်သည်။ အလုပ်လုပ်ရာတွင်လည်း လမ်းပြင်ခြင်း လမ်းခင်းခြင်းစသော အလုပ်များကို လူမမြင်သော ညဘက်သန်းခေါင်တွင် မလုပ်ချင်၊ ကျွန်တော် ကျွန်မတို့သည် နိုင်ငံတော်ပိုက်ဆံများကို ဤနေရာတွင် အားကြိုးမာန်တက် အသုံးချနေကြပါသည်ဟု ဖွင့်မပြောရုံတမယ် လမ်းကျဉ်းကျဉ်း ကားကျပ်ကျပ်တွင် လမ်းမကြီးကိုပိတ်လျက် အလုပ်သမားများသနားစဖွယ် ပူပူလောင်လောင်နေရောင်အောက်တွင် အလုပ် လုပ်ပြကြရလေသည်။ သူတို့လမ်းပြင်နေကြသည်များကို ဓာတ်ပုံရိုက်၍ သတင်းစာများတွင်သတင်းမပါပါအောင်ထည့်ကြသည်။ စီမံကိန်းမှ ဘဏ္ဍာ ငွေများကိုဘုံးသောအခါ မည်သူမျှမသိလိုက်ရပါ။ လူပြောမသန် လူသန်မပြော စကားပုံကို သတိရမိပါသည်။

ယခုခေတ်တွင် နိုင်ငံရေးလူလုံးပြလိုသူများ၊ လူမှုရေးလူလုံးပြလို သူများ၊ ပရဟိတလူလုံးပြလိုသူများ၊ အသင်းအဖွဲ့ဆိုင်ရာလူလုံးပြသူများ၊ အနုပညာလူလုံးပြလိုသူများ၊ စားဖားများရှေ့တန်းသို့တက်လာကြသော ခေတ်ဖြစ်သည်။ အခွင့်အရေးသမား အချင်းချင်းပေါင်းစားကြသောခေတ် ဖြစ်သည်။ ဝေစားမျှစားခေတ်ကြီးဖြစ်သည်။

ကျွန်တော့်မိတ်ဆွေ ရှေ့နေတဦးပြောသော ပုံပြင်လေးတပုဒ်ရှိ၏။ တခါက တိုင်းရင်းသား ကဒူးကနန်း လူမျိုးများနေထိုင်သော ဗန်းမောက် (ဗမောက်)နယ်ထဲသို့ မြေပြန့်မှ ရဟန်းတပါးရောက်လာလေသည်။ ရိုးသား သော တိုင်းရင်းသားများဖြစ်ကြသည့်အလျောက် မိမိတို့ထံ လာရောက်သော မြေပြန့်သားဧည့်သည်များကို ဖော်ရွေစွာခင်မင်ကြသူများ ဖြစ်လေ သည်။ ယခုသော် ရဟန်းဖြစ်သဖြင့် ပို၍ပင် လေးစားကြည်ညိုကြလေ သည်။ ထို့အပြင် မိမိတို့အရပ်ဒေသ၌ ကာလရှည်စွာကျောင်းထိုင်လိုသော ရဟန်များမရှိရကား ယခုရောက်ရှိလာသော ရဟန်းမှာ ဒီဒေသတွင် ကျောင်းထိုင်သီတင်းသုံးမည်ဆိုသဖြင့် ဒေသခံများ ပြောမပြနိုင်အောင် ၀မ်းသာကြလေသည်။ အမှန်စင်စစ် ထိုတောထွက်ရဟန်းမှာ ဘာမှ ကောင်းစွာတတ်သူမဟုတ်ပေ။ ၎င်းဟောပြောနေသော တရားဒေသနာပါဠိများကိုလည်း ဒေသခံများကလည်းကောင်းစွာ နားမလည်ကြသော်လည်း ၎င်းဒေသတွင်ကား ဆွမ်းကွမ်းပြည့်စုံစွာဖြင့် လာဘ်လာဘ ရွှင်လန်းနေလေသည်။ တနေ့သ၌ မြေပြန့်မှပင် ဗမာလူမျိုးတယောက် ၎င်းဒေသသို့ ရောက်ရှိလာကာ အဆိုပါရဟန်းဟောကြားသည့် တရားပွဲသို့ တရားနာ ရန်ရောက်ရှိလာပြီး အခန်းထောင့်တွင် ထိုင်လျက်နေလေသည်။ ထိုအခါ ရဟန်းက သတိပြုမိပြီး တရားပွဲ စလျှင်စခြင်း ပါဠိပါတ်သားတရားသံဖြင့် ၎င်းဗမာထိုင်သည့်ထောင့်သို့အသာကြည့်လိုက်ပြီး ““ဟောင့်ဒိုက ဗမောက် တရာ တေတေနိတ် ၀ါးစေရအောင်””ဟု တရားသံနေသံထားဖြင့် တရားပွဲစလိုက်သည်နှင့် ဒေသခံများက ““ဟာဩ ဒီတခါ တို့ဘုန်းဘုန်း တရားက ခါတိုင်းနဲ့မတူ ပိုလို့ကောင်းသဟေ့၊ ဒို့ရဲ့ ဗမောက်မြို့ကြီးလည်းပါသကွ”” ဟု ကျေနပ်ကြပြီး များစွာသောအလှူများကို ထည့်လှူကြလေ၏။ သူ၏ ပြောလိုရင်းဖြစ်သော ဟိုထောင့်က ဗမာတယောက် တိတ်တိတ်နေ ဝေစား ရအောင်ဟူသောစကားမှာ သူတို့နှစ်ယောက်သာသိသော ဟူ၏။

အပြင်လောကတွင်လည်း ထိုပုံပြင်ထဲမှလိုပင် တယောက်စားကွက်ကို တယောက်ကမဖော်ကြေး ဝေစားမျှစားစနစ်ဖြင့် ကိုယ်ကျိုးရှာသမားများ ချမ်းသာကာ တိုင်းပြည်မှာ ဆင်းရဲတွင်းနက်သထက်နက်လာခဲ့ခြင်းဖြစ်သည်။ မိမိသာအရေးကြီးလျက် အခြားသူများ၏ ဘ၀စည်းစိမ်အသက် အိုးအိမ်သည် ဘာမှအရေးမကြီးဟု ထင်မြင်ယူဆနေသူများ ပေါများ သထက်ပေါများလာလျှင် လောကကြီးသည် ပျက်စီးသွားတော့မည် ဖြစ်သည်။ ယခုအခါ တိုင်းပြည်မတိုးတက်သည်မှာ ဤစိတ်ထားများကြောင့်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးမရသေးသည်မှာလည်း မရိုးသားသော ဤစိတ်ဓာတ်များကြောင့်သာ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်းအက်တလီစာချုပ်ကို လန်ဒန်တွင် ၁၉၄၇ ဇန်န၀ါရီလ (၂၇) တွင် လက်မှတ်ထိုးပြီး ပင်လုံစာချုပ် ကို ၁၉၄၇ ဖေဖော်ဝါရီ (၁၂) ရက်၊ ကြားထဲတွင်ရက်ပေါင်း (၁၆) ရက် အတွင်း အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ သူ၏ရိုးသားမှု နိုင်ငံရေးသီလကြောင့် ဖြစ်သည်။ ငါ့အသက်စည်းစိမ်သည် အရေးကြီးသလို သူတပါး၏ အသက်စည်းစိမ်သည်လည်း ထပ်တူထပ်မျှအရေးကြီးသည်။ ငါ့အသက်စည်းစိမ်ထက် တိုင်းပြည်ကောင်းစားရေးက ပိုအရေးကြီး သည်ဆိုသော မြင့်မြတ်ဖြူစင်သောစိတ်ထားကြောင့် အချိန်တိုတိုအတွင်း တိုင်းရင်းသားများနှင့် ညှိနှိုင်းနိုင်ခြင်းဖြစ်သည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်းတွင် ဥရောပသမဂ္ဂမှထောက်ပံ့ငွေတို့ ဘာတို့လည်း မရှိ၊ သမ္မတရုံးဝန်ကြီးများလည်းမရှိ၊ M.P.C ခေါ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့လဲမရှိခဲ့ပါ။ ထိုအရာတွေအစား နှလုံးသားထဲမှလာသော ရိုးသားမှုဖြင့် ဆောင်ရွက်လိုက်ရာ တိုင်းရင်းသားများဟောတယောက် ဟောတယောက် လက်မှတ်ထိုးကာ ပင်လုံစာချုပ်ဖြစ်လာပါသည်။ ဗမာ လူမျိုးချင်းပင် မယုံသင်္ကာဖြင့် သေနတ်ဖြင့် အမြဲချိန်ထားချင်သော စိတ်ဓာတ်များရှိနေလျှင် လူမျိုးမတူ ဘာသာစကားမတူသော တိုင်းရင်း သားတို့ ယုံကြည်လက်တွဲလာအောင် မည်ကဲ့သို့ စည်းရုံးမည်နည်း။

ယနေ့ခေတ်တွင် အတုတွေက သိပ်ပေါသည်။ ဆေးအတု၊ အရက် အတု၊ စီးကရက်အတု၊ ပန်းအတု(ပလပ်စတစ်ပန်း)၊ အသားတု၊ နာရီအတု မှသည် ရွှေအတု၊ ပတ္တမြားအတု၊ ဆရာဝန်အတု၊ ဒေါက်တာဘွဲ့အတု၊ ဒီမိုကရေစီအတုအထိ အတုအမျိုးမျိုးရှိသည်။ လူတို့သည်အတုနှင့် အသား ကျနေသောအခါ အစစ်သည်ပင်လျင် မှေးမှိန်နေရသောသဘောရှိသည်။ ဟိုတနေ့က ထူးအိမ်သင်၏ V.C.D သီချင်းခွေတချပ်သွားဝယ်ရာ အော်ရီဂျင်နယ်ခွေမရှိဘူးလားဟုမေးမိ၍ ခိုးကူးခွေရောင်းသူ၏ ဘုကြည့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ဟိုတယ်တခုတွင် စားသောက်ခန်းမထဲ၌ စားပွဲတိုင်းတွင် နှင်းဆီပန်းတပွင့်စီ ပန်းအိုးနှင့်အလှထည့်ထားရာ သေသေချာချာကိုင်ကြည့်မှ ပလပ်စတစ်ပန်းအတုကြီး ဖြစ်နေမှန်းသိရသည်။ ပန်းအစစ် ဘာလို့ မထိုးသလဲဟုမေးရာ အစစ်က ကြာကြာမခံဘူး၊ နွမ်းသွားတော့ ခဏခဏ ၀ယ်ရတာပိုက်ဆံကုန်လို့ ဟိုတယ်ပိုင်ရှင်က မကြိုက်ဘူးဟုဆို၏။ သြော် လူတို့သည် အစစ်ထက်အတုနှင့်အသားကျနေကြကုန်၏။ အပေါစားပစ္စည်းများသည် ပြူးတူးပြဲတဲနှင့်ပို၍ အရောင်အ၀ါတောက်ပနေ၏။ ယခင်က ဘုရားကျောင်းဆောင်များကို ရွှေအစစ်ဖြင့် အလှဆင်သော်လည်း ယခု ခေတ်တွင် ဒစ္စကိုရွှေဟုခေါ်သော တိပ်ကဲ့သို့ အသင့်သုံးကပ်ခွာ ရွှေပြားများသာ တွင်ကျယ်နေသည်။ တောတောင်မရှိတော့သဖြင့်ဆတ်သတ္တ၀ါ မျိုးသုဉ်းလုခမန်းရှိနေသော မြန်မာနိုင်ငံဝယ် ဘယ်ဆိုင်ပဲသွားသွား အမဲသားများကို ခပ်တည်တည် ဆတ်သားခြောက်ဟု ညာရောင်းနေတာကိုလည်း လူတို့သည် မသိချင်ယောင်ဆောင်ကာ အားပေးနေကြသည်သာဖြစ်သည်။ အလှပြုပြင်ရေးလောကတွင် မိန်းမအစစ် ယောက်ျားအစစ်များထက် မောင်မစ္စကများသာ လွှမ်းမိုးထားလေသည်။ ရုပ်ရှင်မင်းသမီးတို့သည် နဂိုအလှထက် တင်တု၊ ရင်တု၊ မျက်တောင်တု၊ ခြေသဲ အတု၊ ဆံပင်တု များကို သုံးကြလေ၏။ ထိုသို့ဖြင့် တလောကလုံးသည် ကောသလအိပ်မက် ဆယ့်ခြောက်ချက်ထဲမှ ဘူးတောင်းနစ်လို့ဇောင်းခြမ်းပေါ်ဆိုသောကိန်း ဆိုက်နေကြလေသည်။

နိုင်ငံရေးတွင်လည်း တသက်လုံးက ပြည်သူ့မျက်နှာကိုဘယ်သော အခါမှမကြည့်ခဲ့သော ပုဂ်္ဂိုလ်အချို့သည် ၂၀၁၅ အရေးကိစ္စနီးလာသောအခါ ပြည်သူကို အပြုံးအတုတွေ ပေးလာကြ၏။ ရင်ထဲမှမပါသော ဝေေ၀ ဆာဆာ မစားရ၀ခမန်းစကားများကို ပြောလာကြ၏။ ကြောက်ကန်ကန်၍ နည်းလမ်းပေါင်းစုံကို စဉ်းစားလာကြပေ၏။ ဟိုစည်းကမ်းဒီစည်းကမ်း ဟိုဥပဒေ ဒီဥပဒေ၊ ဟိုစနစ် ဒီစနစ်ဆိုတာတွေကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ပုံစံမျိုးဖြင့် အူလျားဖားလျား ဆောင်ရွက်လာကြ၏။ စားပေါက် မျိုးစုံကို ဖွေဖွေရှာရှာ ဖော်ထုတ်လာ၏။ အချို့ကိုယ်ပိုင်အရည်အသွေးမရှိသော စားဖားအချို့ကလည်း ဗုဒ္ဓဘာသာဝင်တို့၏သည်းခြေကြိုက်ဖြစ်သော ၀ါဒဖြန့်စကားများ လှိမ့်လုံးခြောက်လုံးမျာကိုသုံးကာ ကိုယ်ကျိုးစီးပွားအတွက် သာသနာကိုခုတုံးလုပ်ကြပေ၏။ အာဏာကိုတသက်လုံး လက်မလွှတ်ဘဲ ကိုင်ထားကြသူများကလည်း သူတို့အုပ်ချုပ်မှပဲ တိုင်းပြည်အေးချမ်း သာယာတော့မယောင်၊ အတိုက်အခံများလက်သို့ အာဏာရောက်သွားလျှင်ဘဲ ကမ္ဘာပျက်တော့မလိုအပေါက်မျိုး ချိုးကြပေ၏။ အာဏာရှင်မျိုးဆက်ဟောင်းတို့ကလည်း အမျိုးသားနိုင်ငံရေးဟူသော စကားကို တွင်တွင်ပြောကာ ယခင်ကခိုးဝှက်ထားခဲ့သောနိုင်ငံတော် ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် ပြန်ဖော်လာ၏။ စာရေးဆရာဘ၀မှ နိုင်ငံရေးသုခမိန် ယောင်ယောင်ဖြစ်သွားကြသူများကလည်း သူတို့ကုလားထိုင်မပျောက်ရအောင် ဘုန်းတော်ဘွဲ့တေးသွားများကို ပြည်သူ့ချဉ်ဖတ်တေးဂီတ အဖွဲ့ကြီးဖြင့် ရှေ့ထွက်ဖျော်ဖြေကြ၏။ လူကြိုက်နည်းသထက်နည်း လာသော ပါတီတခုကလည်း ခမောက်ပေါ်၌ ခြေစုံတက်ရပ်ကာ နိုင်ငံရေး ကားကြုံစီးဖို့ပြင်ဆင်နေပေ၏။ ခရိုနီပေါက်စတို့သည် သူတို့ဆရာကြီးများဖြစ်သော ခရိုနီဘိုးအေကြီးများချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ရာထူးအာဏာလုပ်ပိုင်ခွင့်လေးများ ရလိမ့်နိုးနိုးဖြင့် ၀န်ကြီး၊ ၀န်ကလေးတို့ အပါးမှမခွာဘဲ ခွေးကိုသံကြိုးနှင့်ဆွဲသည့်ပမာ တကောက် ကောက် လျှောက်လိုက်နေပေ၏။ ချုပ်၍ဆိုရသော် ဒီမိုကရေစီဆပ်ကပ်အဖွဲ့ကြီးသည် ပြည်သူမျက်စိနောက်လောက်အောင် စတန့်အမျိုးမျိုး ပြလျက်ရှိကြကုန်၏။ ကျွမ်းထိုးသူကထိုး၊ ကောင်းကင်ဘား စီးသူကစီး၊ ဓါးပေါက် သူကပေါက်၊ မျက်လှည့်ပြသူကပြ၊ ကြိုးတန်း လျှောက်သူကလျှောက်၊ လူရွှင်တော်လုပ်သူကလုပ်ဖြင့် စင်ပေါ်ဝယ် စည်ကားရှုပ်ထွေး လျက်ရှိကြကုန်သည်။

ထိုအခါ ကျွန်တော်ကြားခဲ့ဖူးသော သီတဂူဆရာတော်ကြီး၏ အောက်ပါဆုံးမစကားတခွန်းကို သတိရမိပါသည်။
ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ်္တမြားတွေ စတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေဟာ မြစ်ရဲ့ ကြမ်းပြင်ပေါ်မှာပဲ ရှိတတ်တယ်။ ရေအောက်မှာပဲ နေတတ်တယ်။ ရေပေါ်မှာ ပေါလောမျောနေတာတွေက တန်ဖိုးမရှိတဲ့ဟာတွေ များတယ်။ ဥပမာ-ခွေးသေကောင်ပုပ်တွေ၊ မစင်တွေ၊ ဒိုက်တွေ၊ ဗေဒါတွေ၊ ငှက်ပျောတုံးတွေ၊ အမှိုက်တွေ စတဲ့ဘယ်သူကမှ မလိုချင်တဲ့ ရေမျောကမ်းတင်မဲ့ဟာတွေပေါ့၊ အင်း… ဩဆရာတော်ပြောတာလည်းဟုတ် တုတ် တုတ်။ အနှစ်ရှိသောစပါးနှံသည် အောက်သို့ငိုက်နေပြီး အဆန်ချောင်များမှာ ထောင်လွှားကြသည် မဟုတ်ပါလား။ မည်သူရေမျော၍ မည်သူ ကမ်းတင်မည်ဆိုသည်ကိုတော့ ပြည်သူတွေကစောင့်ကြည့်နေပါသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



NIH- National Institute of Health ကနေ စမ်းသပ် ထုတ်လုပ်နေတဲ့ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးကို မျောက်တွေနဲ့ စမ်းသပ်ကြည့်တာ အောင်မြင်မှုရရှိနေပြီး ဆေးအာနိသင် မပြေအောင် booster shot လို့ခေါ်တဲ့ နောက်ဆက်တွဲ ဆေးထိုးပေးနိုင်ရင် ရက်သတ္တ ၅ ပတ်ကနေ ၁၀ လလောက်အထိ ခံနိုင်တယ်လို့ ဆိုပါတယ်။

စမ်းသပ်စဲကာလဖြစ်တဲ့ ဒီကာကွယ်ဆေးဟာ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ခုခံနိုင်စွမ်းရှိတာကို တွေ့ရတဲ့အကြောင်း NIH အမေရိကန်အမျိုးသား ကျန်းမာရေးဌာနက သုတေသီတွေပြောတယ်လို့ တနင်္ဂနွေနေ့ထုတ် Nature Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
အီဘိုလာကာကွယ်ဆေး စမ်းသပ်နေရာ National Institute of Health၊ NIH သုတေသနဌာနအဆောက်အဦး။အီဘိုလာကာကွယ်ဆေး စမ်းသပ်နေရာ National Institute of Health၊ NIH သုတေသနဌာနအဆောက်အဦး။

ကာကွယ်ဆေး ထိုးပေးထားတဲ့ မျောက် ၄ ကောင်စလုံးကို သီတင်းပတ် ၅ ပတ် ကြာတဲ့အခါ အီဘိုလာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပေးတဲ့အခါ ဆေးက သူတို့ကို ကာကွယ်ပေးထားတာကို တွေ့ရကြောင်း သုတေသီတွေက ပြောပါတယ်။ သီတင်းပတ် ၁၀ ပတ်ကြာတဲ့အခါ ကာကွယ်ဆေးထိုးတဲ့ အရေအတွက် ထက်ဝက်ကို ဆေးက ကာကွယ်ပေးခြင်း မရှိတော့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သီးခြား စမ်းသပ်ခဲ့တဲ့ အုပ်စုမှာတော့ ကာကွယ်ဆေးထိုးထားတဲ့ မျောက်တွေကို ၂ လကြာတဲ့အခါ နောက်ဆက်တွဲ ဆေးထပ်ထိုးပေးတဲ့အခါ အဲဒီမျောက်တွေအားမှာ ကာကွယ်ဆေးက ၁၀ အထိ အာနိသင်ရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

NIH က စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ GlaxoSmithKline ဆေးကုမ္ပဏီက ထုတ်နေတဲ့ဆေးနဲ့ တူတယ်လို့ ဆိုပါတယ်။

VOA

အမေရိကန်ဘက်မှ ပစ်ကူပေးသော လေယာဉ်တစ်စီး
http://7daydaily.com/
အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ ဟက်ဒီသာ ရေကာတာကြီး အနီးတဝိုက် ကျယ်ပြန့်သော ဒေသများကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ထံမှ ပြန်လည် သိမ်းယူလိုက်ပြီဟု အီရတ် အစိုးရက ကြေညာခဲ့သည်။

ဟက်ဒီသာ ရေကာတာကြီးသည် မဟာဗျူဟာအရ အချက်အခြာကျသော နေရာတစ်ခုဖြစ်ပြီး အန်ဘာအနီးရှိ ရေကာတာကြီးကို ထိန်းချုပ်နိုင်ရန် IS တို့က အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့သည်။ သို့သော်လည်း ယခုအခါ အီရတ် စစ်တပ်များနှင့် မဟာမိတ် ဆွန်နီ တိုက်ခိုက်ရေး တပ်ဖွဲ့များက ရေကာတာ အနီးရှိ IS တပ်များ သိမ်းယူထားရာ ဒေသများကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သည် အီရတ်မြောက်ပိုင်းရှိ IS တို့ကို တိုက်ခိုက်နေသည့် ကာဒစ်ရှ်တပ်ဖွဲ့များကို လေကြောင်းမှ ပစ်ကူပေးနေခဲ့ပြီး ယခုစစ်ဆင်ရေးတွင်လည်း ပါဝင် ကူညီခဲ့သည်။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများက ရေကာတာကို အလစ်ဝင်ရောက် တိုက်ခိုက် စီးနင်းမည့် IS ကင်းလှည့်ယာဉ်တန်းတစ်ခုကို ဖျက်ဆီးပစ်လိုက်ကြောင်း အီရတ်စစ်ဘက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုက အရမ်းတိကျတယ်။ ဘာဘေးထွက် သက်ရောက်မှုမှ မရှိလိုက်ဘူး။ တကယ်လို့သာ ရေကာတာကို IS က ထိန်းချုပ်ထားမယ်ဆိုရင် အီရတ်ရဲ့ နယ်ပယ်ဒေသ တော်တော်များများကို ခြိမ်းခြောက်လာနိုင်လိမ့်မယ်။ ဘဂ္ဂဒက်မြို့တော် အပါအဝင်ပေါ့”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ရှိတ်ခ်အာမက် အဘူရီရှာက Reuters သို့ ပြောကြားခဲ့သည်။

ထိုအတောအတွင်း အီရတ်တပ်ဖွဲ့များက ဟက်ဒီသာနှင့် အနီးတဝိုက် ဒေသများတွင် ထိုးစစ်ဆင်ပြီး IS တို့ကို တွန်းလှန်နိုင်ခဲ့သည်။ “ပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းပစ်ကူနဲ့ ဒေသခံ တိုင်းရင်းသား စစ်ကူတွေကို အကောင်းဆုံး အသုံးချပြီး ဟက်ဒီသာနဲ့ အနီးတဝိုက် ဒေသတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်”ဟု ဗိုလ်မှူးချုပ် ကွာဆမ်အတ္တာက AFP သို့ မှတ်ချက်ပေးခဲ့သည်။

အီရတ်နှင့် ပူးပေါင်းတပ်များသည် ဟက်ဒီသာ အရှေ့ပိုင်းရှိ ဘာဝါနာ ဒေသကိုလည်း IS တို့ထံမှ ပြန်လည် သိမ်းယူခဲ့ပြီး IS အဖွဲ့ဝင်များ ကိုယ်လွတ်ရုန်း ထွက်ပြေးချိန်တွင် ကျန်ရှိနေသည့် လက်နက်နှင့် စစ်သုံးယာဉ်များကိုပါ ရရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း အန်ဘာ အုပ်ချုပ်ရေးမှူး အာမက်အယ်လ် ဒူလိုင်မီမှာ IS တို့ ပစ်ခတ်သည့် မော်တာကျည် အစိတ်အပိုင်း ထိမှန်သဖြင့် ဒဏ်ရာရရှိခဲ့သည်။

အမေရိကန် စစ်တပ်က ဟက်ဒီသာနှင့် အနီးတဝိုက်တွင် လေကြောင်းမှ (၅)ကြိမ် တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆင်ရေးများတွင် တိုက်လေယာဉ်များရော၊ ဗုံးကြဲလေယာဉ်များပါ ပါဝင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လေယာဉ်ပစ် လက်နက်များ တင်ဆောင်လာသည့် ယာဉ်အချို့ အပါအဝင် စစ်သွေးကြွတို့၏ ပစ်မှတ်များ ပျက်စီးသွားပြီး အမေရိကန် လေယာဉ်အားလုံး အခြေစိုက် စခန်းသို့ ဘေးရန်ကင်းရှင်းစွာ ပြန်လာနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: BBC
http://7daydaily.com/story/20179#.VA3QrKMjGA0


နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးပေါ် စီမံချက်အက်ဥပဒေ ပုဒ်မ ၅နဲ့ ဖမ်းဆီးထောင်ချခံရပြီး အခုတော့ ပြန်လည်လွတ်မြောက်ခဲ့တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ယောက်နဲ့ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးခင်ညွန့်အပါအဝင် အလားတူ ပုဂ္ဂိုလ်တွေ အကျုံးမဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က စက်တင်ဘာ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ ဘာ့ကြောင့် နိုင်ငံရေးအကျဉ်းသား မဖြစ်ရတာလဲ။

သူတို့ဟာ နိုင်ငံနဲ့ နိုင်ငံသားအကျိုးအတွက် ဘာတစ်ခုမှ မလုပ်ခဲ့ဘဲ ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်ခဲ့တာကြောင့် နိုင်ငံရေးပုဒ်မတပ်ပြီး ထောင်ချခံရတိုင်း နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်နိုင်သလို နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ နိုင်ငံရေးပုဒ်မနဲ့ ကန့်သတ်ထားတာ မဟုတ်ဘဲ ဖြတ်သန်းမ့ကို ကြည့်ရမယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တရားဝင် ကြေညာထားပြီးဖြစ်ပေမယ့် မြန်မာအစိုးရကတော့ တရားဝင်တုံ့ပြန်မှု မရှိသေးတဲ့အကြောင်း၊ လာမယ့် လွှတ်တော်အစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ ဥပဒေတစ်ခု ပေါ်လာဖို့ NLD အမတ်တွေကနေတစ်ဆင့် ဆွေးနွေးဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင်လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ဆရာတော် ဦးရက္ခဝံသက နိုင်ငံရေးကြောင့် ထောင်ကျခဲ့သူ ဆရာတော် ဦးဥတ္တမကွယ်လွန်ခြင်း ၇၅နှစ်ပြည့် အခမ်းအနားကို အစိုးရက ကြိုဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှသာ ဆရာတော် ဦးဥတ္တမကို အသိအမှတ်ပြုရာ ရောက်တယ်လို့ ဆိုပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ဦးဥတ္တမရဲ့ ပုံတော်ကို ရန်ကုန်မြို့တော်ခမ်းမကနေ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ရုံးအထိ ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၅နှစ်မြောက် မတိုင်ခင် တစ်ရက်အလိုမှာ လမ်းလျှောက်ပင့်ဆောင်ခဲ့ပါတယ်။

ကန်တော်မင်္ဂလာပန်းခြံလို့ နာမည်တွင်နေတဲ့ ဦးဥတ္တမပန်းခြံကို အမည်ပြန်ပြောင်းပေးဖို့၊ သမိုင်းပြဌာန်းစာအုပ်တွေမှာ ဦးဥတ္တမသမိုင်းကို ပြန်လည်ဖော်ပြဖို့နဲ့ ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Kamayut media

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.