09/13/14

(၁)

ငါတို့ မြန်မာတွေကြည့်နေမှန်းသိလို့..

မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ..
မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့
မြို့ကြီးတွေ လမ်းမကြီးတွေကို..
မသိမသာထည့်ပြီး ပြပြနေတာလား..
ဗီယက်နမ်..၊

ငါတို့ မြန်မာတွေကြည့်နေကြမှန်းသိလို့..

မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ..
မင်းတို့ရဲ့ ရှည်လျှားတဲ့ကုန်းကျော်တံတားကြီးတွေပေါ်က
များပြားလှတဲ့ ကားတွေ ဆိုင်ကယ်တွေသွားနေတာတွေကို
လှလှပပ ထည့်သွင်းပြသနေတာလား..
ဗီယက်နမ်၊

ငါတို့မြန်မာတွေကြည့်ကြည့်နေကြမှန်းသိလို့..

မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ..
တူညီဝတ်စုံတွေဝတ်ဆင်ထားတဲ့.မင်းတို့တိုင်းပြည်က
လူငယ်တွေရဲ့ တက်ကြွလန်းဆန်းတဲ့ မျက်နှာတွေကို..
ခဏခဏ ပြပြနေတာလား..
ဗီယက်နမ်..

ငါတို့မြန်မာတွေကြည့်ကြည့်နေကြမှန်းသိလို့..

မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ..
မင်းတို့ရဲ့ အမျိုးသားခေါင်းဆောင်ပုံတွေချိတ်ထားတာကို
ခဏခဏ ရိုက်ကူးပြသနေတာလားဗီယက်နမ်..၊

မင်းတို့ဆီက ပြန်ကြားရေးဌာနတွေက
ငါတို့လို တခြားနိုင်ငံတွေကို..ပညာသားပါပါနဲ့ ..
စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေချိန်မှာ..

ငါတို့ဆီက ပြန်ကြားရေးက...
ဘာမှအသုံးမကျတဲ့သူတွေကို..
အခုထက်ထိ ပေါလစ်တင်လို့ကောင်းနေတုန်း
ဖေ့စ်ဘုတ်မှာ ဖုံးဖိဖါ လုပ်လို့ကောင်းတုန်း..၊

အဲဒါပဲကြည့်တော့ကွာ....၊

---------------------

(၂)

အမေရိကန်နဲ့ ကမ္ဘာကျော်စစ်ပွဲဖြစ်ခဲ့တာ..
နှစ်ပေါင်း ၅၀ မပြည့်သေးပေမဲ့
ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့တိုင်းပြည်ဘ၀ကနေ..
အမြန်ဆုံး တိုးတက်လာအောင်
စွမ်းဆောင်နိုင်တဲ့နိုင်ငံ..၊

အမျိုးသားခေါင်းဆောင်နဲ့
အစဉ်ဆက် သမ္မတတွေခေါင်းဆောင်တွေက
တိုင်းပြည်ပြန်လည်ထူထောင်ရေးကို..
ကိုယ်ကြိုးစွန့်ပြီးဆက်တိုက်လုပ်ခဲ့ကြတဲ့နိုင်ငံ

တရုတ်နဲ့ ကွန်မြူနစ်ချင်းတူပေမဲ့..
တရုတ်ကို ခါးခါးသီးသီးမုန်းတီးကြပြီး..
သူနဲ့ စစ်ဖြစ်ထားတဲ့..
အမေရိကန်နဲ့ဥရောပကို ..
ပညာပါပါနဲ့ ပြန်အားကိုးနိုင်ခဲ့လို့
တခဏတွင်း တိုးတက်လာတဲ့ နိုင်ငံ..၊

ကမ္ဘာပတ်ပြီးပိုက်ဆံချေးတဲ့အလုပ်ထက်
ကိုယ့်တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းမြစ်ကို
အသုံးချမွေးမြူတဲ့အလုပ်က ပိုပြီး..
အဓိကကျတယ်ဆိုတာကို နားလည်တဲ့ ..
ခေါင်းဆောင်တွေကြောင့်
ပညာတတ်လူတန်းစားတွေ..
တဖြည်းဖြည်းပေါများတိုးတက်လာတဲ့နိုင်ငံ၊

ငါတို့နိုင်ငံလိုမျိုး သယံဇာတတွေအများကြီး
မထွက်ခဲ့ပေမဲ့..ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးဖြစ်တဲ့
ထိုင်းနိုင်ငံကို ကျော်ဖြတ်သွားပြီး ..
ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး သရဖူကို
ထိုင်းနိုင်ငံရဲ့လက်ထဲကနေ ရယူခဲ့တဲ့
အရှေ့တောင်အာရှရဲ့အလားအလာအကောင်းဆုံး
စိုက်ပျိုးရေးနိုင်ငံ ၊

စစ်တပ်မအုပ်ချုပ်ပေမဲ့..
တိုးတက်လိုစိတ်ပြင်းထန်ပြီး..၊
ကိုယ်ကြိုးစွန့်တဲ့ ခေါင်းဆောင်တွေရှိတဲ့နိုင်ငံ၊
ပညာတတ်တွေကို နေရာပေးတဲ့ အစိုးရမျိုး
ရှိတဲ့နိုင်ငံ..။

----------------

တစ်ချိန်က ..

သူတို့နိုင်ငံဟာ..
အမေရိကန်နဲ့စစ်ဖြစ်ပြီး..
တစ်တိုင်းပြည်လုံးမွဲပြာကျနေတဲ့အချိန်မှာ

ငါတို့ဟာ..
အာရှမှာအတိုးတက်ဆုံးနိုင်ငံစာရင်းမှာ
ရှိခဲ့ဖူးတယ်..။

ဒီနေ့မှာ..

အဲဒီနိုင်ငံကို...
ငါတို့တွေ..
ဘောလုံးပွဲ ရှုံးနိမ့်ခဲ့ရတယ်..

ပြီးတော့...

ဖွံ့ဖြိုးတိုးတက်မှုမှာလဲ..
အများကြီးပြတ်ကျန်ခဲ့ပြီဖြစ်တယ်၊

-----------------------

အဲဒီလိုမျိုး တရှိန်ရှိန် တိုးတက်နေတဲ့
ဗီယက်နမ်လို နိုင်ငံမျိုးကို အမှီလိုက်နိုင်ဖို့

ဘယ်သူလုပ်နိုင်မလဲ..
ကိုယ့်ဘာသာစဉ်းစား

ဘယ်သူတွေအရည်အချင်းရှိလဲ..၊
ကိုယ့်ဘာသာကိုယ်သိ..

သေချာတာကတော့..

ပိုက်ဆံပတ်ချေးတိုင်း..
တိုင်းပြည်မချမ်းသာလာဘူး..
ကြွေးထူတာပဲအဖတ်တင်မယ်..၊

မဟာဗျူဟာအရ..အရှုံးခံပြီး..
တရုတ်ကို အဖေခေါ်တိုင်းလဲ..

တရုတ်ရဲ့ မြို့ငယ်တစ်မြို့လောက်တောင်
မတိုးတက်ဘူးဆိုတာကိုသိသိချည်းနဲ့..
စောက်မှတ်မရှိတဲ့သူတွေကို ..
လက်မခံသင့်တော့ပါဘူး..၊

(Pa Yit)

ဒီကနေ့ ကာလဟာ တည်ဆောက်ရေးကာလ မဟုတ်သေးဘူးဆိုတာ သတိပြုကြ ပါ။ တော် လှန်ရေး ကာလရဲ့ အရှိန်မြှင့်ရမယ့် အဆင့်ကို ရောက်နေ ပြီ။ နိုင်ငံရေး သမားရဲ့ သွင်ပြင် လက္ခဏာနဲ့ညီညွတ်တဲ့ မျိုးဆက်သစ် တွေကို တာဝန်ပေးမှာလား။ အညာလှေကြုံစီးပြီး အခွင့်သာ မှ နေရာဝင်ယူနေကြတဲ့ အရည်အချင်း ရှိသူများကိုပဲ တည်ဆောက်ရေးသမားအဖြစ်နဲ့ တာဝန် ဆက်ပေးကြမလား . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တို့ နိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက် ကိုလိုနီအာဏာရှင်နဲ့ စစ်အာဏာ ရှင်၊ အရပ်သား အစိုးရတစ်ပိုင်း အာဏာရှင်စနစ်များကို ဖြတ်သန်းလာခဲ့ရပါပြီ။ ကျွန်တော်နိုင်ငံရေး ၀န်းကျင်ထဲ ကို စရောက်ကတည်းက ဒီကနေ့အထိ ၂၆ နှစ် ကြာကာလ မှာ နိုင်ငံရေး သမား ကြီးရေး၊ ပြောခဲ့ဖူးတဲ့ စကားရပ် တစ်ခုကို စွဲမြဲစိမ့်ဝင်နေခဲ့ပါတယ်။ ဒီစကားရပ် ကတော့ တော်လှန်ရေးသမား၊ တည်ဆောက်ရေးသမား ဆိုပြီး ခွဲခြား ခေါ်ဝေါ် သုံးနှုန်းလာခဲ့တာ ဒီကနေ့အထိပါပဲ။ တော်လှန်ရေးသမားပဲဖြစ်ဖြစ်၊ တည်ေ ဆာက်ရေး သမားပဲ ဖြစ်ဖြစ် နိုင်ငံရေး အမြင်၊ အတွေးအခေါ်နဲ့ ယုံကြည် ချက် ခိုင်မြဲတဲ့ နိုင်ငံရေးသမားဆိုတဲ့ အရည်အသွေး ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ ဒီစကားရပ်ကို ယခုထက်တိုင် ငြင်းခုံပြောဆိုနေရဆဲပါ။…

အရောင်တစ်မျိုးစီ အဓိပ္ပာယ် ဖွင့်နေကြတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီကို တစ်ရောင်တည်းဖြစ်သွားအောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ဆိုတာကိုပဲ ၀ိုင်းစဉ်းစားကြရမယ်။ ဒီတော့ ယခုလက်ရှိ အာဏာရ (USDP အစိုးရ)က အစိမ်းဆိုတဲ့ အရောင်ကို ဖက်တွယ်နေတာ အစိမ်း တောထဲမှာ စိမ့်ကြီး မြိုင်ကြီး ဂနိုင်ကြီး ထဲ နှစ်ပရိ စ္ဆေဒများစွာ ရှင်သန်ကြီးထွားခဲ့တာ မထူးဆန်းတဲ့ ဒဿနတစ်ခုပါ။ သူတို့ရဲ့အနာဂတ် အသက်အိုးအိမ် စည်းစိမ် တွေကို ဘယ်လိုအကာအကွယ် ပေးမလဲဆိုတဲ့ အတိတ်တစ္ဆေခြောက်လှန့်နေတဲ့ အတွေးအခေါ်ကြောင့် သူတို့ အာမခံချက် ခိုင်ခိုင်မာမာရှိအောင် သူ့လမ်းသူ ဖောက်နေကြမှာပါ။

ဟံသာဝတီ ဦးဝင်းတင်က နိုင်ငံရေးသမားတွေနဲ့ လူငယ်တွေကို တွေ့တိုင်း မကြာခဏ ကောက်ချက်ဆွဲ ပြောပြ ခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ မျိုးဆက်နိုင်ငံရေး သမားတွေ မွေးထုတ်ပါ လို့ မှာကြားလေ့ရှိပါတယ်။ ကျွန်တော်တို့ အဘဦးဝင်းတင်ဟာ ထောင်ထဲအနှစ် ၂၀နီးပါး နေလာခဲ့ ပြီး ပြန်ထွက် လာတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အခြေအနေတွေ၊ အဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ စိတ်ကူးအယူ အဆ နဲ့ လုပ်ဆောင်ချက်တွေ၊ လူလတ် လူငယ်ပိုင်းနဲ့ သာမန်အဖွဲ့ဝင်တွေရဲ့ အခြေအနေ ကို သုံးသပ်ပြီး ဒီစကားကို ဆိုခဲ့တာပါ။

ဒီမိုကရေစီအခြေခိုင်ပြီးတဲ့ နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးသမားတွေကို ဆင့်ကဲဆင့်ကဲ မွေးထုတ်ပေးတဲ့ စီမံကိန်း တွေ စဉ်ဆက်မပြတ် ရှိနေတာ တွေ့ရပါတယ်။ ဥပမာ ကျွန်တော်တို့ အရှေ့တောင်အာရှ မှာ ဒီမိုကရေစီ နိုင်ငံ ကြီးလို့ တင်စားကြတဲ့ အင်ဒိုနီးရှားနိုင်ငံကို ကြည့်ပါ။ အရပ်သားစစ်စစ် သမ္မတကို အခုသမ္မတ သက်တမ်း မှာမှ ပြည်သူလူထုက ရွေးချယ်နိုင်တာပါ။ ဒါဘာကို ပြသလဲဆိုရင် သမ္မတကြီး ဆူကာနိုရဲ့ သမီးဖြစ်သူ သမ္မတ ဟောင်း မေဂါဝတီဆူကာနိုပူထရီရဲ့ နိုင်ငံရေး အမြော်အမြင်ကြောင့်ပဲ။ မေဂါဝတီ ပါတီနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက် သမ္မတလောင်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို။ မိမိသာ ပရာဘိုနဲ့ ယှဉ်ပြိုင် အရွေးခံမယ်ဆို သေချာပေါက် ရှုံးနိုင်တာကို အကွက်မြင်တော့ လူထုထောက်ခံမှု ရရှိထားတဲ့ ဂျိုကိုဝီဒိုဒိုကို စင်တင်ပေးခဲ့တာပါ။ ဒါ ဘာကို ပြသ လဲဆိုရင် ဂျိုကိုဝီလို နိုင်ငံရေးသမားတွေ ငါတို့ပါတီ မှာ မွေးထုတ်ထား နိုင်တယ် ဆိုတာပဲ။ ပါတီထဲမှာ နောက် ထပ် ဂျိုကိုဝီတွေ အများကြီး ရှိနေဦးမှာ သေချာတယ်။ နောက်အမေရိကန်ကိုကြည့်။ ဒီမိုကရေစီ ဆက်လက် အဓွန့်ရှည် တည်တံ့ဖို့အတွက် ဒီမိုကရက်တစ် ပါတီ ခေါင်း ဆောင်ပိုင်းက အမေရိကန်နိုင်ငံရေးသမား ကြီးတွေ ဟာ အမြော်အမြင်ရှိရှိနဲ့ ကလင်တန်လို နိုင်ငံရေး မျိုးဆက်သစ်တွေကို ရှာဖွေစမ်းသပ် လေ့ကျင့်ပေးခဲ့လို့ သမ္မတ ဖြစ်လာတာပါ။ ပြီးတော့ အိုဘားမားလို လူမျိုးကိုလည်း ဒီအတိုင်းပဲ၊ လူတန်းစား အသီးသီးရဲ့ ထောက်ခံ မှုရ အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့တာပါ။ အခုအဖွဲ့ချုပ်မှာ ဒီလို အစီအစဉ်မျိုး မရှိသေးဘူးလို့ မြင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒုတိယတန်း ခေါင်းဆောင် မျိုးဆက်တွေ ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်မိတ် ဆက်ပေးဖို့၊ လက်တွဲခေါ်ဖို့ အဆင်သင့် မဖြစ်သေးတာ တွေ့ရပါတယ်။ တိုးတိုး တိတ်တိတ်ကျိတ်ပြီး ငါပြောတာ အကုန် လိုက်လုပ်၊ ဘာအကြောင်းပြချက် မှ ပြန် လည်မတင်ပြရဲ။ ဆင်ခြေမပေးရဲ။ အကျိုး အကြောင်း ဆီလျော်အောင် ပြန်မပြောရဲတဲ့ သူတွေကိုပဲ အားထား ရွေးချယ်ထား ပုံရတယ်။ တလောက 7Days ဂျာနယ် ဆောင်းပါး တစ်ပုဒ် ထဲက အချက်အချို့ ကို ပြန်လည် သုံးသပ် ကောက်နုတ် တင်ပြရ ရင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသူရ (ခေါ်) ဇာဂနာက ““ဒေါ်စုမှာ မျိုးဆက်ရွေးဖို့ အခက်အခဲရှိနေတယ်။ သူ့အတွက် Think Tank တစ်ခုလိုတယ်။ နိုင်ငံရေး ဗျူဟာအရ ကျွမ်းကျင်သူတွေကို နေရာပေး ဖို့လိုတယ်။ ခံနိုင်ရည် ရှိတဲ့လူတွေ ပိတ်ထားတဲ့အတွက် အရည် အချင်းရှိသူတွေ တိုးလို့မရဘူး””လို့ သုံးသပ်သွားတယ်။ ဒီ ထဲက ကျွန်တော် ဘ၀င်မကျတဲ့ အချက်က ခံနိုင်ရည် ရှိတဲ့လူတွေ ပိတ်ထားလို့ အရည်အချင်း ရှိသူတွေ တိုးမရဘူးဆိုတာပဲ။ ခံနိုင်ရည် ရှိသူတွေထဲမှာ နိုင်ငံရေးကို ကျွမ်းကျင် နှံ့စပ်ပြီး အခြေအနေနဲ့ အချိန်အခါ ကြည့်လုပ်တတ်တဲ့ နိုင်ငံရေးသမား ကြီး၊ ငယ်တွေ ရှိနေတယ်ဆို တာ ကိုသူရက ကျွန်တော့်လောက် မသိပါဘူး။ အရည်အချင်း ရှိသူတွေဆိုတာ ဘယ်အရာ ကို အရည်အချင်းလို့ သတ်မှတ်သလဲ။ ကျွန်တော် ကတော့ နိုင်ငံရေးအမြင်နဲ့ပဲ ကြည့်ပြီး နိုင်ငံရေး လုပ်တတ် ကိုင်တတ်တဲ့ လူတွေ ကိုပဲ အရည်အချင်းလို့ သတ်မှတ်တယ်။ ကိုဇာဂနာ ဆိုလိုတာက အခု လို သာယာနေတဲ့ ကာလမှာ အဖွဲ့ချုပ်ကို ခွင်ချောင်းပြီး ၀င်လာတဲ့ ပညာတတ် အင်္ဂလိပ်စာတတ် ငွေကြေးနဲ့ ပုံပြီးဝင်လာ တဲ့ သာကူးတွေကို အရည်အ ချင်းရှိတဲ့ သူတွေလို့ ဆိုလိုတာလားဆိုတာ မရှင်းဘူးဗျာ။ ကျန်တဲ့ အချက်တွေကိုတော့ ကျုပ်လည်း သဘောတူ ပါတယ်။ ပြီးတော့ ဆောင်းပါး ထဲမှာ ““ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်သွားတိုင်း ပါတီရဲ့ ဒုတိယ ခေါင်း ဆောင် ဘယ်သူလဲဆိုတာ အမြဲအမေးခံရတယ်။ ဒေါ်အောင်ဆန်း စုကြည် နေရာကို ဦးဉာဏ်ဝင်းက ဆက်ခံ မှာလားဆိုပြီး နာမည် တပ်မေးကြတယ်တဲ့။ ဒါပေမဲ့ အရိုက်အရာကို ဆက်ခံဖို့ မစဉ်းစားတာ အားလုံးရဲ့ ဆန္ဒပဲ။ သမ္မတလောင်းဆိုတာ ပါတီထဲက ရွေးမှမဟုတ်ဘူး။ ဒုတိယခေါင်းဆောင်ဆိုတာ မပြောချင်လို့ကို မပြောဘဲ ဒီအတိုင်းထားတာ””လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောတယ်တဲ့။ ဒါဆိုပါတီဝင်တွေ၊ ပါတီ ခေါင်းဆောင်ပိုင်းတွေတောင် ရေရေရာရာ မသိရသေးတာ၊ မထုတ်ဖော်သေးတာဟာ အတော်နက်နဲတဲ့ ပုစ္ဆာတစ်ခုလို ဖြစ်နေတယ်။ ကြိုးနီစနစ်ကြီးကိုင်ပြီး သိုသိုသိပ် သိပ်ဝှက်ဖဲတစ်ချပ်လို ရွေးချယ်ထားပြီး တာလား။ ဒါဆိုရင် ဘာလို့ မထုတ်ပြရဲတာလဲ။ ပွင့်လင်းမြင်သာတဲ့ အခြေအနေမှာ ပါတီထုကို ချမပြရဲဘူးလား၊ ဒါဆိုပါတီ ၀င်တွေနဲ့ ထောက်ခံတဲ့ လူထုပါလျော့ နည်းသွားနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ပြီးတော့ ““ဒီမိုကရေစီ နည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ ပါတီမြန်မာပြည်မှာ ဒီချုပ်တစ်ခုသာရှိတယ်””လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောသွား တဲ့ လွှတ်တော်ထဲက အမတ်မင်းများရဲ့ တစ်သက်တာ အလွဲများလို့ တင်စား ဆိုစမှတ် ပြုရ လောက်အောင် လွှတ်တော်ထဲ ခေါင်းပေါင်း မပေါင်းရေး အဆိုတင်ခဲ့တဲ့ အမတ်မင်းက ““ဒေါ်အောင်ဆန်းစုကြည် မရှိရင် စဉ်းစား သင့်တာပေါ့ဆိုပြီး ၀ိုင်းပြောကြတယ်။ မလိုပါဘူး။ ပါတီဟာ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ တစ်ချိန်လုံး လုပ်နေ တာပဲ။ ကျွန်တော်တို့ကလည်း လွှတ်တော်ပိုင်းဆိုင်ရာ လုပ်တယ်။ ၂၀၁၅ ကို မပူဘူး။ ၂၀၁၅ အလွန်မှာ ၅၉(စ) မပြင်ရသေးလည်း လွှတ်တော်မှာ ပြင်လို့ရသလောက် နိုင်ငံရေးအရ ဆက်လုပ်သွားမှာပဲ””ဆိုပြီး ရှေ့နောက် မဆင်ခြင် ခေါက်ရိုးကျိုးနေတဲ့ စစ်သားဉာဉ်အတိုင်း ပြောသွားတာ နိုင်ငံရေးရေချိန် တော်တော်စံပြုရလောက်တဲ့ သုံးသပ်ချက်ပါလားဆိုပြီး မချိတင်ကဲ ဖြစ်ရတယ်။

ဒီအမတ်မင်းပြောတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းထားတဲ့ ပါတီလို့ ပြောတာတော့ သိပ်သဘာဝ မကျဘူး ဗျ။ သိထားတာက အောက်ခြေ ပါတီအဆင့်ဆင့်က CC ဗဟိုကော်မတီအဖွဲ့ အထိတော့ ဒီမိုကရေစီနည်းကျ ရွေးချယ် တာဝန်ပေးခဲ့တာ မှန်ပေမယ့် (မှန်ပေမယ့်ဆိုတာ ရွေးချယ်ပုံ အဆင့်ဆင့်ကိုပြောတာ။ မသမာတဲ့ နည်း လမ်းသုံးပြီး ရွေးချယ်ခဲ့တာ မပါဘူးဗျ) CEC ဗဟို အလုပ်အမှုဆောင် အဖွဲ့ကိုတော့ ဥက္ကဋ္ဌကိုယ်တိုင် စိတ် ကြိုက် ကြိုတင်လျာထား ရွေးချယ်ခဲ့တာဗျ။ ဒါကြောင့် ပါတီမှာ ဥက္ကဋ္ဌတစ်ဦးတည်း ထားပြီးကျန် တဲ့ ၁၄ ဦးဟာ အဖွဲ့ ၀င်တွေဖြစ်တယ်ဆိုတဲ့ အချက်က ထိပ်ပိုင်း ဦးဆောင်အဖွဲ့ ဖြစ်တဲ့ CEC မှာ ဖွဲ့စည်းပုံ ပျက်နေတယ် လို့ ဆိုရမှာ ပါ။ ဒါဘယ်လိုမှ မဖြစ်သင့်တဲ့ အချက်တစ်ခုပါ။ CEC ထဲမှာပဲ နိုင်ငံရေးသမား မရှိလို့လား။ ရှိတဲ့လူတွေကိုပဲ ၀ကွက်အပ်ပြီး ခေါင်းဆောင်ပိုင်း အာဏာ အသိမ်းမခံရအောင် ကျားကန် ထားတယ်ထင်ပါ ရဲ့။ ဗဟိုကော်မတီ CC ထဲက နိုင်ငံရေး အရည်အချင်းရှိတဲ့၊ အစဉ်အလာရှိတဲ့သူတွေ၊ ဒုတိယမျိုးဆက် လူလတ်ပိုင်း နိုင်ငံ ရေး သမား တွေကို သံမဏိတံတိုင်းကြီးနဲ့ လမ်းပိတ်ထားတဲ့ သဘောပဲဗျ။ ဒါ ကြောင့် အဖွဲ့ချုပ်အနေနဲ့ CEC အဖွဲ့ကိုပါ ပြန်လည်ပြုပြင်ပြီး ဒုတိယမျိုးဆက် နိုင်ငံရေးသမားတွေကို ရဲရဲတင်းတင်း တာဝန်ပေး လက်ဆင့်ကမ်းဖို့ လိုပြီဗျာ။ ဒါမှ အဘဦးဝင်းတင် မျှော်မှန်းထား တဲ့ နိုင်ငံရေးသမား မျိုးဆက်သစ်တွေနဲ့အတူ အဖွဲ့ချုပ်ဟာ မပြီးဆုံးသေး တဲ့ တော်လှန်ရေး ဒုတိယအဆင့်ကို ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်နိုင်မှာ အသေအချာပဲ။ ဒါကို သိမြင်ကြ ပြီ ဆို ရင် အဖွဲ့ချုပ်က Policy Maker ခေါင်း ဆောင်ပိုင်းတွေ ဘာဆက်လုပ်ရ မလဲဆိုတာ ကောင်းကောင်းကြီး သိကြမှာပါ။ မလုပ်တတ်လို့ မလုပ်နိုင်ဘူး ဆိုရင်တော့ ရေတိမ်နစ်ပြီပေါ့ဗျာ။

ဒီကနေ့ ကာလဟာ တည်ဆောက် ရေးကာလ မဟုတ်သေးဘူးဆိုတာ သတိ ပြုကြပါ။ တော်လှန်ရေး ကာလရဲ့ အရှိန်မြှင့်ရမယ့် အဆင့်ကို ရောက်နေပြီ။ ဒါဆို ရင် နိုင်ငံရေးသမားရဲ့ သွင်ပြင်လက္ခဏာနဲ့ ညီညွတ်တဲ့ မျိုးဆက် သစ်တွေကို တာဝန်ပေးမှာလား။ နိုင်ငံရေးစံမမီတဲ့ အင်္ဂလိပ်စာတတ်၊ ပညာတတ်လူတန်းစားထဲက အဖွဲ့ချုပ်ထဲ ကို အညာလှေကြုံစီးပြီး အခွင့်သာမှ နေရာဝင်ယူနေကြတဲ့ အရည်အချင်း ရှိသူများကိုပဲ တည်ဆောက်ရေး သမားအဖြစ်နဲ့ တာဝန်ဆက်ပေးကြမလား ဆိုတာ အနီးကပ်ဆုံး အချိန်တစ်ခုမှာ အဖြေထွက်လာတော့မှာမို့ အဖွဲ့ချုပ်ကို ရေရှည်အောင်မြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဟံသာဝတီ ဦးဝင်းတင်ပြော တဲ့ နိုင်ငံရေးသမားတွေ မွေးထုတ်ကြ ပါလို့ ကောင်းမွန်တဲ့ ဆန္ဒဇောနဲ့ အစီရင်ခံလိုက်ပါရစေဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန

စစ်အာဏာရှင်တို့သည် မိမိတို့ အကျိုးစီးပွား ကာကွယ်ရေးနှင့် အာဏာကို ဆက်လက် ကိုင်စွဲလိုကြောင်း မျက်နှာဖုံး ခွာချလိုက်သည်မှာ PR ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်နှင့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီက ဆက်လက် လွှမ်းမိုးဖို့ ကြိုးစားခြင်းဖြစ် . . .

၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်သာ ကျင့်သုံးမည်ဆိုလျှင် ၂၀၁၀ တုန်းကလို မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရတို့သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်လေသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သြဂုတ်၂၅ ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမတွင် စာပေ အနုပညာရှင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံကြရာတွင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ့နိုင်ငံရေး အခြေအနေမှာ ၂၀၁၅ ထက် ၂၀၁၄ မှာ အရေးကြီးသော နှစ်ကာလ ဖြစ်သည်ဟု ပြောဆို သွားခဲ့လေသည်။ စင်စစ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာ ရယူခဲ့သော သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်သူလူထုသည် အစိုးရ အဖွဲ့သစ်ကို စောင့်ကြည့် လာခဲ့သည်။ အနည်းတကာ့ အနည်းစုက အပြောင်းအလဲ ဖြစ်လာ နိုင်သည်ဟု ယုံကြည် ကြသော်လည်း အများတကာ့ အများစု ပြည်သူများကမူ ““ဒီပုတ်ထဲက ဒီပဲ””ဟု ယုံကြည်ကြကာ ဘာတွေဖြစ် လာမလဲဟု စောင့်ကြည့် နေကြလေသည်။ ပြည်သူလူထုကြီးမှာ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ရသလို ရှင်ငယ်ဝမ်း လည်း ၀င်ခဲ့ရသောကြောင့် သူတို့၏ အတွေ့အကြုံ များမှာ မည်သူနှင့်မျှ နှိုင်းမရအောင် များပြားခဲ့လေသည်။ ထို့ကြောင့် ပြည်သူတို့သည် အပြောသက်သက်ဖြင့် အယုံအကြည် မရှိတော့ဘဲ မည်မျှပြုပြင် ပြောင်းလဲနိုင်မလဲ ဆိုသည်ကို လက်တွေ့ကျကျ ရှုမြင်ပြီးမှသာလျှင် ယုံကြည်ကြပေမည်။…

အနောက်နိုင်ငံများကမူ ၂၀၁၅ ကို အဓိက ထားကြ၏။ အမေရိကန် အစိုးရက ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် ဂရုတစိုက် စောင့်ကြည့်ရမည်ဟုလည်း မှာကြား ထားလေ သည်။ မြန်မာပြည်သူများကမူ ၂၀၁၅ကို စိတ်ဝင်စားမှု သိပ်မရှိလှပေ။ မြန်မာပြည်သူများ စိတ်ဝင်စားပြီး အလေးအနက် ထားကြသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်လေသည်။ NLD ပါတီအဖို့ရော၊ ပြည်သူ အတွက်ရော၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အတွက်ရော ယခင်ကတည်းက လုံးဝ မထောက်ခံ ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် စစ်အစိုးရ ခေတ်လွန် မြန်မာ့နိုင်ငံရေးတွင် အထွတ် အထိပ် ပြဿနာ ဖြစ်လာ၏။ အစိုးရသစ် လက်ထက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလောက် မည်သည့် ပြဿနာကမှ ထိပ်ဆုံးတွင် ရောက်မလာခဲ့ပေ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာသော ကာလတွင် စာပေနှင့် စာနယ်ဇင်း သမားများကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တိုင်ပင် မထားရဘဲ လှုပ်ရှား လုပ်ဆောင် လာကြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ၁၉၈၈ ခုနှစ် ကတည်းက အသက်ပေါင်းများစွာပေး တိုက်ပွဲဝင်ခဲ့သော ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ၏ အဆက်ဖြစ်ပါသည်။ ယနေ့ မြန်မာ့နိုင်ငံရေး၏ အဓိကလမ်းကြောင်းနှင့် အတောင့်တကြဆုံးမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းကို မှန်မှန်ကန်ကန် ချီတက်ရေးပင် ဖြစ်ပါသည်။ ထိုအရေးကြီးသော အချက် ၂ ချက်အတွက် အညှာလည်းဖြစ်၊ အရေးအပါဆုံး လည်း ဖြစ်သော ဖြေရှင်းနည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပင် ဖြစ်သည်။ ပြင်ဆင်ရေးကို တောင်းဆို နေကြ သော်လည်း ပြင်ဆင်လိုက်ရုံဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိသွားပြီဟု မဆိုနိုင်ပေ။ စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုက်သည်နှင့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရုံသာ ရှိသည် ဒီမိုကရေစီ အပြည့် အ၀ မရရှိနိုင်သေးပေ။ စစ်အာဏာရှင် အရိပ်မည်းကြီးကိုလည်း မဖျောက်ဖျက် နိုင်သေးပေ။ ထို့ကြောင့် ဒီမိုကရေစီ ပန်းတိုင် ရောက်ဖို့အတွက် တက်ညီလက်ညီနှင့် တိုက်ပွဲဝင်မှသာ ရရှိနိုင်ပေမည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အန္တိမ ရည်မှန်းချက် ဖြစ်နေပါတော့သည်။

အစိုးရအဖွဲ့သစ် တက်လာချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို စတင် လွှတ်ပေးခဲ့သည်။ ဟံသာဝတီ ဦးဝင်းတင် ကိုလည်း လွှတ်ပေးသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးသည်။ ၈၈ မျိုးဆက်များ လွတ်လာ၊ NLD ခေါင်းဆောင်များလည်း လွတ်လာလေသည်။ ယခင်အစိုးရ ထက်စာလျှင် ဖမ်းဆီးသူများ လွှတ်ပေးသည် ဆိုရုံဖြင့် တင်းမာမှုများ လျှော့လာခြင်းသာ ဖြစ်သည်။ ထိုနိုင်ငံရေး ခေါင်းဆောင်များကို မဖမ်းခင်က အခြေအနေမျိုးအတိုင်း ရောက်ရှိလာခြင်းသာ ရှိပါသည်။ တခြား ထွေထွေထူးထူး ပြောင်းလဲသွားခြင်းကား မရှိပေ။ သို့သော် ထိုအခြေအနေမျိုးကိုပင် အနောက်နိုင်ငံများက အပြောင်းအလဲဟု ယူဆ ထားကြလေသည်။ အမေရိကန်သည် အာရှပစိဖိတ်ဒေသကို တရုတ်သြဇာ လွှမ်းမိုးမှု အောက်မှ အမြန်ဆုံး လွတ်မြောက်စေလိုသည်။ သူလည်း တရုတ်နှင့်အပြိုင် သြဇာလွှမ်းမိုး လိုလေသည်။ ထိုအမေရိကန်၏ ရည်ရွယ်ချက်ကို နိုင်ငံရေး သမားများနှင့် ပြည်ချစ် စိတ်ဓာတ်ရှိသူများ သိဖို့လိုသည်။ အမေရိကန် အစိုးရသည် မြန်မာပြည်သူများကို အမေရိကန် ပြည်သူများလို သဘောထား နိုင်မည်မဟုတ်။ တရုတ်နိုင်ငံကလည်း မြန်မာပြည်သူများကို တရုတ်ပြည်သူများကဲ့သို့ သဘောထားနိုင်မည် မဟုတ်ပေ။ နိုင်ငံကြီးများမှာ သူတို့ အကျိုးစီးပွားအတွက်သာ အလေးထားကြလေသည်။ ထို့ကြောင့် ပေးလာသည့် အခြေအနေကို အမိအရ ဖမ်းဆုပ်ဖို့အတွက် အမေရိကန်နှင့် အနောက်နိုင်ငံများက ကြိုက်မရှက်၊ ငိုက်မရှက် အလုအယက် မြန်မာနိုင်ငံထဲ ၀င်ရောက်လာကြခြင်း ဖြစ်ပါသည်။ သူတို့သည် ယနေ့ အုပ်ချုပ်နေသော မြန်မာ အစိုးရ၏ အပြောင်းအလဲသည် ဂငယ်ကွေ့ တစ်ဆစ်ချိုး ပြောင်းလဲသွားသော အပြောင်းအလဲဟု သတ်မှတ်ကြ လေသည်။ စီးပွားရေး တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်းနှင့် အတိုက်အခံ နိုင်ငံရေး သမားများအား လွှတ်ပေးခြင်းကို တကယ့် အပြောင်းအလဲကြီးဟု သဘောထားလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်မှာ သိသိသာသာ ထူးခြား ပြောင်းလဲသွားမည် မဟုတ်ပေ။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ခြင်းသည်သာ အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် လမ်းစတစ်ခု ဖြစ်ကြောင်း စစ်အာဏာရှင်များက သတိမထားမိပေ။ သူတို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသင့်လေသည်။ NLD သည် ၉၀ပြည့် ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေးကို မတောင်းဆိုကြတော့။ ထိုတောင်းဆိုချက်ကိုလည်း စစ်အာဏာရှင်တို့က လုံးဝ အထိခံကြပေ။ စစ်အာဏာရှင်များသည် သေမြေကြီး၊ ရှင်ရွှေထီး (Do or Die) ဇာတ်လမ်းကို ခင်းခဲ့ကြ သည်။ ကတိစကားကို ချိုးဖောက်ကာ ၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရရှိသူကို အာဏာမပေးဘဲ စစ်အုပ်စု အကျိုးစီးပွားအတွက် အာဏာကို ဆက်လက် သိမ်းပိုက် ထားခဲ့လေသည်။ ထို့ကြောင့် သူတို့အာဏာကို ထိပါးနိုင်သော မည်သည့် လုပ်ရပ်၊ မည်သည့် တောင်းဆိုချက်ကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် ဆိုသော သဘောထားမှာ အာဏာကို မစွန့်လွှတ်ရေးဆိုသော သဘောထားလောက် အရေးပါ သည်ဟု သူတို့ယူဆပေ။ ထို့ကြောင့်လည်း စစ်အာဏာရှင်တို့သည် စနစ်တကျပင် မဟာဗျူဟာ ချမှတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံကို တည်ဆောက် လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစိုးရ အဖွဲ့သစ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို အမှန်တကယ် ပြင်ဆင်ပေးလိုသော သဘောမရှိသဖြင့်၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၏ အစဦး ဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တိုက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က စတင် တိုက်ပွဲဝင် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ NLD သည် မိမိတို့၏ မဟာဗျူဟာများကို ပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအား အသိအမှတ်ပြု၍ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ လွှတ်တော် အမတ်နေရာ ၄၃ နေရာ ရရှိပြီးနောက် ထူးခြားသော အပြောင်းအလဲကို မျှော်လင့်ခဲ့၏။ အစိုးရနှင့် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးလိုပုံမရပေ။ တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းခဲ့သော်လည်း လက်မခံခဲ့ပေ။ ထို သဘောထား နှင့် တွေ့ဆုံ ဆွေးနွေးခဲ့လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တင်ပြသည်များကို လက်ခံကြမည့် ပုံမပေါ်ပေ။ ထိုအခြေအနေမှန်ကို ၂၀၁၃ ခုနှစ်လောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည် လက်ခံလာပုံရသည်။ သိသိသာသာ ဆုံးဖြတ်လိုက်သည်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ခါးခါးသီးသီး ငြင်းပယ်လိုက်ခြင်းက စပါသည်။ အတွေ့အကြုံရှိသော နိုင်ငံရေးသမားများကမူ တွေ့ဆုံဆွေးနွေး ကြသည့်တိုင် ထွေထွေထူးထူး ဖြစ်လာမည်ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုအစိုးရသစ်မှာလည်း ယခင်စစ်အစိုးရ ခေါင်းဆောင်များနှင့် ဘာမျှ မထူးခြားသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ၈၈မျိုးဆက် ခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၏ တံခါးမဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို စတင်ခဲ့လေ သည်။ ပြည်သူ ထောက်ခံမှု မည်မျှ ရနိုင်မလဲ ဆိုသည်အားကို စမ်းသပ်လိုက်ခြင်း ဖြစ်ပါသည်။ အချိန်တို ၂လအတွင်း လောက် မှာပင် ပြည်သူလူထု ၅ သန်းက ထောက်ခံ လက်မှတ်ရေးထိုးခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု၊ NLD အပေါ် အားထားမှုကို ယုတ်လျော့ မသွားသေးကြောင်း သိသာ ပါသည်။

၂၀၁၅ ရွေးကောက်ပွဲ (၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုကြီး လုပ်လာကတည်းက NLD က အားစမ်း လာပြီးဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ခိုင်ဖြိုး အစိုးရက နားလည် လာလေသည်။ ထိုအခြေအနေ ကိုလည်း သူတို့ တုံ့ပြန်ဖို့ ကြိုးစားလာကြသည်။ ထိုအတွက် တန်ပြန် လှုပ်ရှားမှုများ ပြုလုပ်လာပါသည်။ မျိုးစောင့် ဥပဒေများကို လွှတ်တော်သို့ တင်သွင်းလာခြင်းမှာ စတင်ထိုးနှက်ခြင်းဖြစ်၏။ တချို့သုံးသပ်သူ များကမူ ယခုဖြစ်ပေါ်နေသော အကြမ်းဖက်မှုများမှာ ၄၃၆ ပြင်ဆင်ရေးကို လမ်းလွဲအောင် လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ဆိုကြသော် လည်း ပြည်ခိုင်ဖြိုးပါတီ ပတ်သက်၊ မပတ်သက်၊ အစိုးရက ပတ်သက်၊ မပတ်သက်ကို တိတိကျကျ၊ ခိုင်ခိုင်လုံလုံ ပြော၍မဖြစ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ငြင်းပယ်လိုက်ခြင်းက အစိုးရအနေဖြင့် သိသာသော သဘောထားဖြစ်၏။ ၄၃၆ ကို မပြင်နိုင်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ၄၃၆ အရသာ ပြင်နိုင်မည်။ လွှတ်တော်က ပြင်ဆင်ပေးမှသာ ဖြစ်နိုင်မည်ဟု ပြောင်ပြောင် တင်းတင်းပင် သမ္မတက ပြောကြားလာသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ဖို့မှာ တပ်မတော်၏ အဓိက တာဝန်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ ၂၅ ရာခိုင်နှုန်းသော တစ်မတ်သား စစ်ဗိုလ် များက လွှတ်တော်တွင် လွှမ်းမိုးထားပြီး သူတို့ သဘောထားမပါဘဲ ပြင်ဖို့ မကြိုးစားနှင့်ဟု ဆိုသည့်သဘော ဖြစ်၏။ ထိုအခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နားလည်ပုံ ရပါသည်။ ထိုအခါ ၂၀၁၄ ခုနှစ်သည် အရေးကြီးဆုံးသော နှစ်ဖြစ်သည်။ တိုင်းပြည်အတွက် အမှန်တကယ်လည်း အရေးကြီးနေပါသည်။ တိုင်းပြည် တစ်ခုလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ကြိုးစားနေကြ၏။ ထိုအခြေအနေသည် မကောင်းသောအရာ မဟုတ်ပေ။ အစိုးရရော၊ လက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲမည်။ တစ်ဆက်တည်းတွင် အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် ဆောင်ရွက်မည် ဆိုပါက အလွန်ပင် အားရစရာ ကောင်းပေမည်။

သို့သော် စစ်အာဏာရှင် တို့သည် မိမိတို့ အကျိုးစီးပွား ကာကွယ်ရေးနှင့် အာဏာကို ဆက်လက် ကိုင်စွဲ လိုကြောင်း မျက်နှာဖုံး ခွာချလိုက်သည်မှာ PR ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်နှင့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီက ဆက်လက် လွှမ်းမိုးဖို့ ကြိုးစားခြင်းဖြစ်သည်။ သူတို့ သြဇာလွှမ်းမိုးသော ပါတီငယ် များနှင့် လက်ဝါးရိုက်ကာ PR ကို တင်သွင်းခဲ့ကြသည်။ ကိုယ်စားလှယ် အများအပြား ရထားသော ပြည်ခိုင်ဖြိုးက အင်နှင့်အားနှင့် ကြိုးစားလာ၏။ PR ကို ပြတ်ပြတ်သားသား တိုက်ပြီး အာဏာပိုင်များကို တုန်လှုပ်သွား စေသည်မှာ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ပါသည်။ PR ကို ကျင့်သုံး လိုက်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် ထိခိုက် သွားစေနိုင်ပါသည်။ ၂၀၁၀ က ကျင့်သုံးခဲ့သော မဲများသူ အနိုင်ရ သမားရိုးကျ စနစ်အတိုင်း ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ကြားဖြတ် ရွေးကောက်ပွဲ တုန်းကအတိုင်း ဖြစ်လာခဲ့လျှင် ပြည်ခိုင်ဖြိုးသည် ၉၀ ပြည့် ရွေးကောက်ပွဲတုန်းက တစည ပြိုလဲ သွားသလို ဖြစ်သွားနိုင်ပါသည်။ အခြေအနေ မဟန်ကြောင်း သုံးသပ်ကြပုံ ရပါသည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပ အမြင်လှစေသော PR စနစ်ကို ကျင့်သုံးကြဖို့ ဆောင်ရွက် လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ သြဇာခံများမှာ အလံရှူးများ လုပ်လာသည်။ စေ့စပ်ညှိနှိုင်းသည့် ပုံစံဖြင့် အလျှော့ပေး စကားများကို ပြောလာ ကြသည်။ ဘယ်အချက်ကို လျှော့ပေး၊ ဘယ်အချက်ကို ပေးမည်ဟု ပြောင်ပြောင် တင်းတင်းပင် ရေးသား လာသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်သာ ကျင့်သုံးမည် ဆိုလျှင် ၂၀၁၀ တုန်းကလို မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရတို့သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင် လေသည်။ ထိုသို့ ကျင်းပပေးမှသာလျှင် နိုင်ငံတကာ၏ အမြင်တွင် အမှတ်ကောင်းရပြီး သူတို့ကို အကူအညီ အထောက်အပံ့များ ဆက်လက် ကူညီနိုင်သလို ပိုမို၍လည်း ကူညီအားပေး နိုင်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကာလ တစ်လျှောက်လုံး စစ်အာဏာရှင် ဟောင်းများနှင့် စစ်အုပ်စုသည် သူတို့အပေါ် အမြင် ကောင်းစေရေးနှင့် အပေးအယူ အသာစီး ရစေရေးအတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံတွင် အရေးပါသော စစ်အာဏာရှင် စနစ်ကို အန္တရာယ် ဖြစ်စေသော ဥပဒေ ပုဒ်မများကိုကား ပြင်ဆင်လိမ့်မည် မဟုတ်ပေ။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပြင်ဖို့နေနေသာသာ ၂၀ ရာခိုင်နှုန်း အထိပင် လျှော့ပေးလိမ့်မည် မဟုတ်။ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ဖျက်သိမ်းပေးမည် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေသော ၅၉(စ)ကိုလည်း ပြင်ဆင် ပေးလိမ့်မည် မဟုတ်ပေ။ ယခုအစိုးရ အဖွဲ့သစ်၏ ၃ နှစ်ကျော် အုပ်ချုပ်လာမှုနှင့် သဘောထားကို အကဲဖြတ်ကာ ယခင်အနှစ် ၂၀ကျော်က စစ်အစိုးရ၏ သဘောထားများကို ပြန်လည် သုံးသပ်ကာ အတိုက်အခံများသည် မိမိတို့၏ မဟာဗျူဟာ နည်းဗျူဟာ များကို အလေးအနက် ချမှတ်ဖို့ လိုပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအသာ ရချင်ရနိုင်မည်။ (ကိုယ်စားလှယ် အများစုဖြင့် အစိုးရဖွဲ့နိုင်၊ မဖွဲ့နိုင်ကား မသေချာလှပေ။) သို့သော် ဒီမိုကရေစီ အင်အားစု များမှာ လုံးဝအပေါ်စီး ရလိမ့်မည် မဟုတ်ပေ။ ထိုသို့ မရအောင်လည်း PR လို ရွေးကောက်ပွဲ စနစ်မျိုးဖြင့် NLD လုံးဝ မလွှမ်းမိုးနိုင်အောင် ကြိုးပမ်း အားထုတ်မည်ကား သေချာပါသည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ရှေ့ဆက် ဘာလုပ်ကြမလဲ။ ခိုင်မာ တိကျမှန်ကန်သော ဗျူဟာများကို ချမှတ်ကာ ဒီမိုကရေစီခရီး အတွက် ပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ထက်၂၀၁၄ သည် မြန်မာနိုင်ငံရေးအတွက် အရေးကြီးသော နှစ်ဖြစ်သည် ဆိုသော် လည်း ရွေးကောက်ပွဲ ကော်မရှင်ရော၊ ပြည်ခိုင်ဖြိုးပါတီရော၊ NDF လို ပါတီငယ်လေးများကပါ ၂၀၁၅ အတွက် ပြင်ဆင်နေကြပေပြီ။ ၂၀၁၅ တွင် သူတို့ ချိုးသော မဲအနိုင်ရရေးသာ အဓိက ကျနေလေသည်။ ယခုအချိန်၌ လွှတ်တော်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မပြောကြတော့ဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မသိကျိုးကျွန် ပြုနေကြ၏။ NLD နှင့် ၈၈ မျိုးဆက်များက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ် ရေးထိုးပွဲများ ကျင်းပ နေကြသော်လည်း ကျန်ပါတီများကမူ သူတို့နှင့် မဆိုင်သလို PR အနိုင်ရရေးကိုသာ လှုပ်ရှား နေကြလေသည်။ ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ အားထုတ်ခဲ့သလို အစိုးရနှင့် စစ်တပ်ကမူ မိမိတို့နှင့် မဆိုင်သလို ရေငုံ နှုတ်ပိတ်နေခဲ့ကြလေသည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကိုအာရုံစိုက်အောင်လည်း ကြိုးစား ဖန်တီးကြလေသည်။ ၂၀၁၄ အကုန် ကြားဖြတ်ရွေးကောက်ပွဲကိုပင် စိတ်ဝင်စားစရာဟု ကြားဖြတ် ရွေးကောက်ပွဲမှ မဲဆန္ဒနယ် အားလုံးကို NLD က ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို အားလုံး အနိုင်ရဖို့က သေချာသလောက် ရှိနေလေသည်။ ထိုသို့ အနိုင်ရမှုမှာ ၂၀၁၅ အတွက် လက်ရှိ အာဏာပိုင်များရော၊ ယခင်စစ်အာဏာရှင် ဟောင်း များရော၊ ပြည်ခိုင်ဖြိုးရော၊ တစညရော၊ NDF ရော အားလုံးအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်လေသည်။ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံပါ စစ်တပ်က ထိန်းချုပ်သော ဒီမိုကရေစီဖြင့်သာ သွားလိုကြသူများ ဖြစ်ပါသည်။ NLD က မဲအပြတ်အသတ်ဖြင့် ၉၀ပြည့် ရွေးကောက်ပွဲ ကလိုသာ အနိုင်ရမည်ဆိုလျှင် ထိုသူများအဖို့ လုပ်ရကိုင်ရ အလွန်ခက်ခဲ သွားမှာ စိုးကြပါသည်။ ထိုသို့ စိုးရိမ် မှုမှာ အာဏာ ဆက်မရမှာ၊ သူတို့အကျိုး စီးပွားများကို ကန့်သတ် ချုပ်ချယ်လာမှာကို စိုးရိမ်ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် တဖွဖွ ပြောနေသည်ကို လုံးဝ ဂရုမစိုက်ဘဲ Undertable ဖြင့် အဂတိ လိုက်စားနေ သူများ အဖို့လည်း တကယ့် အပြောင်းအလဲကို စိုးရိမ်နေကြပေမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး NLD က အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်နိုင်သည့်တိုင် ပြည်သူလူထု အမှန်တကယ် လိုလား တောင့်တသော အပြောင်းအလဲကြီး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ NLD ကိုယ်တိုင်လည်း တစ်ဆစ်ချိုးကွေ့ အပြောင်းအလဲကြီးကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ယခုရှိနေသည့် NLD ၏ ခေါင်းဆောင်ပိုင်း၊ အင်အားတို့ကို သုံးသပ်ပြီးပြောရလျှင် ထူးချွန် ထက်မြက်သော အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့ မမြင်လှပေ။

သို့သော် မဲများသူ အနိုင်ရရေး ရွေးကောက်ပွဲ စနစ်သာ ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ခိုင်ဖြိုး အနိုင်ရသလို NLD အနိုင်ရလာပါက အမှန်တကယ် ပြောင်းလဲသော အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ဖို့ကား သေချာ ပါသည်။ ထိုသေချာမှုများထဲတွင် မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်များလောက် လာဘ်ပေးလာဘ်ယူမှု မရှိမှာ သေချာပါသည်။ ထိုခေတ်များတွင် ဖြစ်ခဲ့သော ပြည်သူများကို နှိပ်စက်ညှဉ်းပန်းမှုနှင့် ကြီးနိုင်ငယ်ညှင်းမှုများ မရှိမှာ သေချာပါသည်။ စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မှာလည်း ကျီးလန့် စာစားရသလို တထိတ်ထိတ်နှင့် ဖြစ်မနေမှာလည်း သေချာပါသည်။ မပြိုလဲသေးသော စစ်အာဏာရှင် စနစ်ကိုလည်း အတတ်နိုင်ဆုံး ဖြိုလှဲဖို့ ကြိုးစားမှာလည်း သေချာပါသည်။ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံပြီး ပြည်ထောင်စု ညီလာခံကြီး တစ်ခုလည်း ကျင်းပမှာ သေချာသည့်အတွက် ၂၀၁၅ ကို ကောင်းမွန်သော ရလဒ် ဖြစ်အောင် ကြိုဆိုကြရပေလိမ့်မည်။

မြန်မာသံတော်ဆင့်သတင်းဌာန

မြန်မာနိုင်ငံမှာ အတိုင်းအတာတစ်ခုအရ ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပြီဆိုရပြီဆိုရင်ပဲ ပြည်တွင်းကအနုပညာဆိုင်ရာ မော်ဒယ်အေဂျင်စီ အသီးသီးတွေ၊ ပြည်ပက CountryDirector လို.ခန်.ထားတယ်ဆိုတဲ့ လစာဘယ်လောက်ရလို.၊အခွန်ဘယ်လောက်ဆောင်ထားမှန်းမသိတဲ့ ကိုယ်စားလှယ်ဆိုသူတွေက ပြည်ပနိုင်ငံအသီးသီးမှာနေ.စဉ်လောက်နီးပါး မရိုးနိုင်အောင် ကျင်းပနေကြတဲ့ အမည်ပေါင်းစုံနဲ. Miss-အလှမယ် ပြိုင်ပွဲတွေကို သွားကြယှဉ်ပြိုင်ကြပေါ့။ ဒါ့အပြင် လူမှုကွန်ယက်တွေမှတဆင့်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်နေတဲ့ဘယ်အလှမယ် ဘယ်သူ.အတွက် Online ကမဲပေးကြပါဆိုတာတွေလည်း မနည်းပါ။ ကိုယ်တွေတောင် ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို.Onlineကမဲတွေပေးခဲ့ဘူးသေးတယ်။မြန်မာနိုင်ငံကိုယ်စားပြုဆိုတော့မြန်မာနိုင်ငံ
သားတစ်ယောက်အနေနဲ. သမိုင်းပေးတာဝန်ဖြစ်လာတယ်လေ။

နိုင်ငံသားတွေက ကိုယ့်နိုင်ငံကိုယ်စားပြုဆိုလို. ဘာမှန်းညာမှန်းမသိ Online ကမဲတွေပေးလိုက်ကြ၊ သူတို.ဆုတွေရလို.ပြန်လာရင်လည်း သတင်းမီဒီယာတွေမှာ၊ လူမှုကွန်ယက်တွေမှာဝိုင်းပြီးချီးမွန်းလိုက်ကြနဲ. ကိုယ်အရပ်နဲ.ကိုယ့်ဇာတ် ဖြစ်နေခဲ့တာ သုံးနှစ်လောက်ရှိနေခဲ့ကြပါပြီ။

ယခုနောက်ဆုံး ကိုရီးယားနိုင်ငံက Miss Asia Pacific World Organization ဆိုတဲ့ အဖွဲ.အစည်းကကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုဆိုပြီးမေမြတ်နိုးကအဲဒီ့အဖွဲ.အစည်းရဲ. Country Director ဆိုသူ မလှနုထွန်း တို.ရဲ.ရွေးချယ်မှုအရ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအားလုံးထဲမှာ Miss Asia Pacific World ဆုရခဲ့တယ်လို.သိရပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ.တော့ မြန်မာနိုင်ငံ
ကိုယ်စားပြုပထမဆုကြီးရတယ်ဆိုတော့ ၀မ်းသာဂုဏ်ယူမိတာပေါ့။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူမှုကွန်ယက်တွေမှာ မြန်မာနိုင်ငံကိုယ်စားပြု MissAsian Pacific World ရရှိခဲ့သူ မေမြတ်နိုးဟာ County Director မလှနုထွန်းရဲ.စကားကိုနားမထောင်လို.၊ အဖွဲ.အစည်းရဲ.စကားကိုနားမထောင်လို.သရဖူပြန်သိမ်းမယ်ဆိုတာတွေ တွေ.လာခဲ့ရပြန်ပါတယ်။ဒါ့အပြင် မေမြတ်နိုးက သရဖူကို ခိုးယူသွားပြီးတိမ်းရှောင်နေတယ်ဆိုတာ၊မေမြတ်နိုးမိခင်က Visa သက်တမ်းလိမ်တိုးထားတယ်
ဆိုတာ၊ ၊အသက်မပြည့်ပဲ အသက်လိမ်တယ်ဆိုတာ၊ ရင်သားခွဲစိတ်ပြီး အတွင်းခံဘိုးငွေချေးတယ်ဆိုတာ စသည် စသည်ဖြင့် လူမှုကွန်ယက်တွေမှာ ကြားသိမြင်တွေ.နေရပေမယ့် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာလည်း ကိုယ့်အလုပ်မဟုတ်လို. စိတ်မ၀င်စားခဲ့ပါဘူး။နောက်ပြီး Miss ရတဲ့ မေမြတ်နိုးဆိုတာလည်းမသိသလို၊ Country Director ဆိုတဲ့ မလှနုထွန်းဆိုတာလည်း မသိဘူးလေ။

ဒါပေမယ့် ကိုရီးယားနိုင်ငံက အဲဒီအဖွဲ.အစည်းက မြန်မာနိုင်ငံကိုယ်စားပြုခဲ့သူ Miss
Asia Pacific World ဆုရှင် မေမြတ်နိုးအား ဆိုပြီး သတင်းထုတ်ပြန်ချက်တစောင်
ကိုအင်္ဂလိပ်ဘာသာနဲ. ထုတ်ပြန်လိုက်ချိန်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြုသူ ဆိုတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော်တို. ပါဝင်လေ့လာမှုတွေပြုခဲ့ကြရပါတော့တယ်။

အဲဒီလိုလေ့လာလိုက်တယ်ဆိုရင်ပဲ အဲဒီ Asia Pacific Worldဆုပေးတဲ့ကိုရီးယားက သက်တမ်း(၄)နှစ်လောက်သာရှိသေးတဲ့ ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်တချို.ငွေကြေးထောက်ပံမှုနဲ. လုပ်ကိုင်နေကြတဲ့ သာမန် အဖွဲ.အစည်းတစ်ခုဆိုတာသိခဲ့ရပါတယ်။ အဲဒီအဖွဲ.က ရွေးချယ်တဲ့ Miss ရွေးချယ်ပွဲတွေမှာ ပြိုင်ပွဲဝင် Miss တွေနဲ.ပြသာနာတွေ မကြာခဏဖြစ်ခဲ့ဘူးတာတွေ၊ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ( ၀ီကီလိဒ် ) စာမျက်နှာမှာဖော်ပြထားတာ တွေ.ရပြန်ပါတယ်။ ပထမဆုံးနှစ်မှာပဲ ကိုရီးယားအလှမယ် ဂျန်အန်းအာ ထိပ်ဆုံးအဆင့်ဝင်နိုင်ဖို့ ကာမကို အလှူတော်ပေးခဲ့ရတယ်စွပ်စွဲခံရပြီး ပြိုင်ပွဲကနေနုတ်ထွက်၊ဗြိတိန်အလှမယ် အေမီဝီလာ
တန်ကလည်း ပြိုင်ပွဲစီစဉ်သူတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားဖို့ကြံစည်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးသိအောင်ပြောထားတာတွေ တွေ.ရပြန်ပါတယ်။

APW organization Korea က ပွဲလုပ်တာ သုံးနှစ်ဘဲရှိပေမယ့် မေမြတ်နိုးနဲ့ပါဆိုရင် သရဖူသိမ်းတဲ့ အဖြစ်မျိုးက ၃ ကြိမ်ရှိပြီလို. သတင်းမီဒီယာတွေမှာ ဖတ်မှတ်လေ့လာမိပြန်ပါတယ်။

ယခုလို မြန်မာနိုင်ငံကိုယ်စားပြု Miss မေမြတ်နိုးကို သူရဖူပြန်သိမ်းရခြင်းရဲ.အဓိကအကြောင်းရင်းက “သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ်” လို.APW organization ရဲ. ဥက္ကဋ္ဌ Lawrence Choi ကပြောကြားပါတယ်လို. TheNation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်ကို ဧရာဝတီသတင်းဌာနကဖော်ပြ
ထားတာကိုလည်းဖတ်လိုက်ရပါတယ်။

အသက်လိမ်ထားပါတယ်ဆိုတဲ့အချက်ကို မေမြတ်နိုးကပြန်လည်ရှင်းလင်းရာမှာလည်း“သူ၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ သူ.အသက်(၁၆)နှစ်သာဖောင်ဖြည့်ခဲ့ပေမယ့် ကိုရီးယားရောက်ပြီး ပြိုင်ပွဲဝင်ကာနီးမှ National Director က (၁၈) နှစ်ဖြည့်ထားတာသိရတယ် “ လို.ရှင်းလင်းထားသလို၊ မလှနုထွန်းကလည်း ကိုရီးယားအဖွဲ.အစည်းကို မေမြတ်နိုး(၁၆)နှစ်ဖြစ်ကြောင်း ကြိုတင်ပြောပြထားပြီး ကိုရီးယားဘက်က မိဘသဘောတူရင် ရတယ်ဆိုလို. ပြိုင်ခိုင်းတာပါလို. ရှင်းထားပြန်
ပါတယ်။

ဒါဆိုရင် ကိုရီးယားအဖွဲ.အစည်းက အရင်ကတည်းက National Director ရဲ.ကြိုတင် အကြောင်းကြားထားချက်အရ သိပြီးသားကိစတစ်ခုကို အခုမှ အသက်လိမ်ထားလို.
ဆိုတာသူတို.ဘက်ကမရိုးသားဘူးလို.မြင်သာလာပါတယ်။ နောက်ပြီး မေမြတ်နိုးရဲ.
နိုင်ငံကူးလက်မှတ်- Passport မှာ မွေးသကရာဇ် ပါရှိပြီးသားဖြစ်ပါလျက် အသက်လိမ်
ပါတယ်ဆိုပြန်တာကလည်း စဉ်းစားစရာပါပဲ။

ဧရာဝတီသတင်းဌာနရဲ.ဖော်ပြချက်မှာလည်း မေမြတ်နိုးနဲ့ပတ်သက်တဲ့ အသက်ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း (၁၆) နှစ် အဖြစ် ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောရှိတဲ့ ဓာတ်ပုံတပုံကို တွေ့ရပါတယ်။ ဒါဆိုရင် အစောကြီးကတည်းက အသက်(၁၆)နှစ်မှန်းသိလျက်နဲ. လက်ခံခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊ မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့ မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။

သူတို.ဘက်က ကိုရီးယားဘာသာနဲ.မှတ်တမ်းစာအုပ်မှာတောင် ရိုက်နိုပ်လက်ခံသိထား
ခဲ့ပြီး အခုမှ အသက်လိမ်ထားလို. သရဖူပြန်တောင်းရတယ်ဆိုတာ သူတို.ဘက်က စာအုပ်ထဲမှာတောင် (၁၆)နှစ်လို. ရိုက်နိုပ်ဖော်ပြခဲ့ပြီး အခုမှ အသက်လိမ်လို.ပါဆိုတာဥပဒေအရ ကိုရီးယားအဖွဲ.အစည်းဟာ လိမ်ညာမှုမြောက်နေပါတယ်။

နောက်တစ်ခုက ခေတ်သစ်လူကုန်ကူးမှုလို.ခေါင်းစဉ်တပ်လို.ရတဲ့လုပ်ငန်းရှင်သူဌေးကြီးတွေနဲ.ပျော်ပါးပေးရမယ် စပွန်ဆာရှာရမယ်ဆိုတဲ့ ကိစကို မေမြတ်နိုးက သူ.ရဲ.သတင်းစာရှင်းလင်းပွဲမှာ ချပြလိုက်တယ်။ ကိုရီးယားနိုင်ငံမှာတင်မက ဂျပန်နိုင်ငံကသူဌေးကြီးတွေဆီပါ ပျော်ပါးပေးရမယ့်အကြောင်း ဖွင့်ပြလိုက်တယ်။ ဒါကို CountryDirector မလှနုထွန်းက ပြန်ရှင်းတာတော့ တလွဲကြီးဖြစ်နေတယ်။ လှနုထွန်းက အနုပညာရှင်တွေအနေနဲ.ထုတ်လုပ်ပေးမယ့် တေးထုတ်လုပ်သည့်ကုမဏီကို စပွန်ဆာရှာရမှာပေါ့လို. မြန်မာနိုင်ငံက တေးစီရီးထုတ်လုပ်ပုံတွေနဲ.နှိုင်းယှဉ်ပြီး ရီရီမောမော ပြန်ရှင်းသွားပေးမယ့် မေမြတ်နိုးပြောတဲ့ စပွန်ဆာဆိုတာ ခနာကိုယ်နဲ.ရင်းနှီးပေးရမယ့်စပွန်ဆာလုပ်ပေးရမယ်လို. တိုက်ရိုက်ရည်ညွှန်းပြောတာပါ။ လှနုထွန်းကတော့ ထုတ်လုပ်သူလုပ်ငန်းကုမဏီစပွန်ဆာ ရှာရမှပေါ့လို. လူစပွန်ဆာကို လိင်နဲ.ရှာပေးရမှာ
ကို လုပ်ငန်းစပွန်ဆာရှာရမှာပါလို. မိုးကြိုးပစ်တာကို ထန်းလက်နဲ. ကာကွယ်ဖြေရှင်းလိုက်တယ်လို. သုံးသပ်မိပါတယ်။

နောက်ဆုံးတချက်ကတော့ မေမြတ်နိုးရဲ. ခနာကိုယ် ရင်သားခွဲစိတ်မှုကိစကို ပြောဆို
လာခဲ့ပါတယ်။ ဒီကိစဟာ အလှမယ်အဖြစ် လက်ခံ၇ရှိခဲ့တဲ့အတွက် သူရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးကို သူ.စိတ်တိုင်းကျအသုံးချမှုတစ်ခုလို.ထင်မြင်မိတဲ့အပြင်လူ.အခွင့်အရေးရှူထောင့်ကကြည့်ရင်လည်း မေမြတ်နိုးရဲ. ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကိစပါ။ ဒါကို ကိုရီးယားဘက်က မြန်မာမိန်းခလေးတစ်ယောက် ရင်သားပြုပြင်သည်ဖြစ်စေ၊ မပြုပြင်သည်ဖြစ်စေ သူ Miss Asia Pacific World ရထားသူတစ်ယောက် လုပ်ခွင့်ရှိတဲ့အခွင့်အရေးကို ရယူတာကို အရှက်ခွဲသိက္ခာကျစေတဲ့ ထုတ်ပြန်ချက်လို.တွေ.ရပါတယ်။
ကိုရီးယားဘက်က အခုလို ငါနဲ.မတည့်ရင် ငါ့အိုးဗုတ်ပြန်ပေး ဆိုသလို အရှက်ခွဲသိက္ခာ
ကျအောင် ထုတ်ပြန်ခဲ့တာလို. သုံးသပ်နိုင်ပါတယ်။ နောက်ဆုံး မေမြတ်နိုးရဲ.ဓါတ်ပုံလို. ယူဆရတဲ့ ဆေးခန်းတစ်ခုကပုံတွေ လူမှုကွန်ယက်ကတဆင့် ဖြန်.လာပါတယ်။ ဒါဟာလည်း နိုင်ငံတကာ Cyber Crimeအရအရေးယူနိုင်တဲ့ဖြစ်ရပ်ပါ။ ယနေ.ပြည်တွင်းမှာတောင်မဖွယ်မရာပုံတွေ အွန်လိုင်းတင်လို.ထောင်ချအပြစ်ပေးတာတွေလုပ်နေချိန်မှာမြန်မာအမျိုးသမီးလေးတစ်ဦးရဲ. ယခုလိုဓါတ်ပုံကိုတင်ခြင်းအတွက်လည်း ကိုရီးယားအဖွဲ.အစည်းကို နိုင်ငံတကာ Cyber Crime နဲ. အရေးယူလို.မရဘူးလို. သိချင်လာပါတယ်။

မေမြတ်နိုးက သရဖူပြန်ပေးရေးဆိုတာ ပတ်သက်ပြီး “‘‘ကိုရီးယားအဖွဲ့က ဒီလို အသရေ
ဖျက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီးတော့
မီဒီယာမှ သရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတဲ့ဥစ္စာကို ရေးထားတာ မေမြတ်နိုး
လို့ ရေးထားတာမဟုတ်ဘဲနဲ့ မြန်မာအလှမယ်ကလို့ ရေးထားတာက မြန်မာနိုင်ငံကို
စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေပြီးတော့ သူတို့ အမှားက သမီးအမှားပါ
လို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချစေတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ သမီးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တောင်းပန်စာပေးမှ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ ပြန်ပေးမယ်လို့ ပြောကြားချင်ပါတယ်ရှင်’’ ဟု စက်တင်ဘာ ၂ ရက်
နံနက် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ ကိုရီးယားအဖွဲ.အစည်းက သူတို.ဘက်က
မတောင်းပန်နိုင်တဲ့အပြင် ဘောင်ကျော်လာပြီး မြန်မာနိုင်ငံမှာတောင် အမှုဖွင့်အရေးယူဖို.
တိုင်ကြားတော့မယ်ဆိုတာပါပဲ။

မကြာသေးခင်က လှိုင်သာယာမှာ ကိုရီးယားလူမျိုးပိုင်တဲ့ စက်ရုံတစ်ခုကို အကြောင်းမဲ့
ပိတ်ပစ်ပြီး ထွက်ပြေးသွားလို. မြန်မာနိုင်ငံသားအလုပ်သမား(၈၀၀) လောက် လျော်ကြေး
မရ၊ လစာမရ ဒုကဖြစ်ခဲ့တာတောင် ကျွန်တော်တို.အစိုးရက ကိုရီးယားသံရုံးကတဆင့် ကန်.ကွက်နေတာလောက်သာ သံတမန်အရေးအရ ဆောင်ရွက်နိုင်နေခဲရပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World ထိုက်ထိုက်တန်တန်ရခဲ့တဲ့ မြန်မာနိုင်ငံသူတစ်ယောက်ကို မြန်မာနိုင်ငံလာပြီး သရဖူမရလို. အမှုဖွင့်မယ်ဆိုတာကတော့ သိပ်လွန်လာပြီလို. ထင်ပါတယ်။

တင်ပြချင်တာကတော့ နိုင်ငံတော်အစိုးရသည် နိုင်ငံသားများရဲ.အသက်အိုးအိမ်စည်းစိမ်
နဲ. နိုင်ငံသားများရဲ. ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် တာဝန်အပြည့်အ၀ရှိပါတယ်။ ယခုဖြစ်ရပ်အပေါ်မှာသုံးသပ်ကြည့်ပါက ပြည်တွင်းက Country Director ဆိုတာလည်း ဘယ်လိုဥပဒေနဲ.မှတ်ပုံတင်ပြီး ဘယ်လိုတရားဝင်ဆောင်ရွက်ခွင့်ပြုသလဲဆိုတာ
တာဝန်ရှိသူများ စိစစ်ဖို.လိုအပ်ပါတယ်။

ဥပမာအားဖြင့် နိုင်ငံခြားကုမဏီတစ်ခုမှ မြန်မာနိုင်ငံသားတစ်ဦးကို ပြည်ပကုမဏီရဲ.Business Director ခန်.အပ်မယ်ဆိုရင်သက်ဆိုင်ရာသံရုံးခွင့်ပြုချက်တွေ၊ကုမဏီမှတ်ပုံတင်အထောက်အထားတွေနဲ.ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနသို.ဖြစ်စေ၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို.ဖြစ်စေaလျှာက်ထားရပါတယ်။ လျှောက်ထားချိန်မှာလည်း သူတို.ဘက်က ပြည်တွင်းကိုယ်စားလှယ်ကို လစာဘယ်လောက်ပေးပါ့မယ်ဆိုတာမျိုး တိတိကျကျ ပါဝင်ရသလို၊ ပြည်တွင်းက Country Director (or) Country Manager တွေကလည်း ရရှိတဲ့ နိုင်ငံခြားငွေလစာအပေါ် အခွန်ဆောင်ကြရပါတယ်။

ဒါကြောင့် ယနေ. နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေအတွက် စီစဉ်နေကြတဲ့ Country
Director ဆိုတာတွေကို မည်သည့်ဝန်ကြီးဌာနက မည်ကဲ့သို. ဥပဒေနဲ.အညီ စိစစ်ပြီး တရားဝင်ခွင့်ပြုပေးခဲ့သလဲဆိုတာ ပွင့်လင်းမြင်သာစွာသိရှိလိုလာပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးဆိုတာ မြန်မာ့အလှမယ်လေးတွေ သွားရောက်
ယှဉ်ပြိုင်ကြတဲ့အခါမှာလည်း မြန်မာနိုင်ငံကိုကိုယ်စားပြုခြင်းအတွက် နိုင်ငံတော်အစိုးရ
တာဝန်ရှိသူများအပိုင်းမှ ဘယ်လိုခွင့်ပြုချက်ပေးသလဲဆိုတာ သိချင်လာပါတယ်။ ဆိုလိုချင်တာက နိုင်ငံတကာ Miss ပြိုင်ပွဲတိုင်းမှာ နိုင်ငံကို ကိုယ်စားပြုပြီးသာဝင်ပြိုင်ကြရတာမို. သူ.ကိုယ်စားပြုမှုရဲ.နောက်မှာ သူ.ရဲ.နိုင်ငံ . ဂုဏ်သိက္ခာဟာတွဲဖက်ပါဝင်မှာပါ။

ဘာမှန်းညာမှန်းမသိ ဘယ်သူကခွင့်ပြုမှန်းမသိပဲမြန်မာနိုင်ငံကိုယ်စားပြုလို.ရကြေးသာ
ဆိုရင် Tomorrowဂျာနယ်က ဇော်သက်ထွေး၊ဇာဂနာ၊မာဂျေ၊ကျော်စွာမြင့်တို.လူစုပြီး
ဘောလုံးတစ်သင်းဖွဲ.ကာ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု
ဆိုပြီး သွားကန်နေကြရင် ဘယ်လိုလုပ်မလဲ။ ခွင့်ပြုမှာလား။ အားကစားဝန်ကြီးဌာနနဲ. မြန်မာနိုင်ငံဘောလုံးအဖွဲ.ချုပ်ကို ခွင့်ပြုချက်တောင်းစရာမလိုပဲ လုပ်နိုင်မလား။ ဒါမျိုးသာဆိုရင် လူတိုင်းနိုင်ငံတကာက နေ.စဉ်လုပ်နေကြတဲ့ ပြိုင်ပွဲအမျိုးမျိုးမှာ မြန်မာနိုင်ငကိုယ်စားပြုဆိုပြီး သွားပြိုင်နေကြ၊ အငြင်းပွားပြသာနာဖြစ်ကြ၊ အမှုတွေဖွင့်လိုက်ကြဖြစ်နေမှာပေါ့။

နိဂုံးချုပ်အနေနဲ. ယခု မြန်မာနိုင်ငံကိုယ်စားပြု Miss Asia Pacific World မေမြတ်နိုးနဲ. ကိုရီးယားနိုင်ငံက APW organization တို.ဖြစ်ပွားနေတဲ့ အငြင်းပွားမှုပြသာနာအပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် တာဝန်ရှိသူများမှ လှစ်လျူရှူမနေပဲ ပါဝင်စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်သင့်ပါတယ်။

ဒါမှသာ နိုင်ငံသားတစ်ယောက်အပေါ် ကာကွယ်မှုများပြုလုပ်နိုင်မာည့်အပြင် တခြားသော
နိုင်ငံခြားတိုင်းပြည်များမှလည်းမြန်မာနိုင်ငံရဲ.တရားဥပဒေစိုးမိုးရေးနဲ. နိုင်ငံသားများ
အခွင့်အရေးကိုကာကွယ်ပေးမှုများ အပေါ် လေးစားမှုများ ရှိလာမည်ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံသားတွေကို နိုင်ငံခြားသားတွေက တိုင်ချင်သလိုတိုင်၊ စွပ်စွဲချင်သလိုစွပ်စွဲ ဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

နောက်နောင်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး မည်သည့်ပြိုင်ပွဲမဆို စေလွှတ်ယှဉ်ပြိုင်
မည်ဆိုပါက သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအပါအ၀င် ၀န်ကြီးဌာနထောက်ခွံခင့်ပြုချက်
များ၊ သက်ဆိုင်ရာ နိုင်ငံများရဲ.သံရုံးထောက်ခံချက်ချက်များ၊ ပြိုင်ပွဲကျင်းပသည့်အဖွဲ.
အစည်းရဲ. အထောက်အထားအချက်အလက်များကို စိစစ်ပြီးမှသာ ခွင့်ပြုပေးသင့်ကြောင်း
( မြန်မာနိုင်ငံကိုယ်စားပြုဆိုတာကြီးတွေ မလုပ်ကြပါနဲ.တော့ ) လို. နိုင်ငံသားတစ်ယောက်
အနေနဲ. အကြံပြုတင်ပြလိုက်ရပါသည်။

ကျော်စွာမြင့်
( ၁၉၈၈-၁၉၉၂ ဗ.က.သ )
( Tomorrow သတင်းဂျာနယ်အမှတ်(၂၈)ပါဆောင်းပါး )

သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ကျွန်တော် လူပြက်စလုပ်တော့ ဆိုဗီယက်ပြန် ဒေါ်ဝင်းဝင်းဝါက အကလာသင်ပါတယ်။ ဆရာမနဲ့တူတူ သားတစ်ယောက်၊ သမီးတစ်ယောက် တစ်လှည့်စီ အဖော်ပြုလို့ လိုက်လာလေ့ရှိပါတယ်။ သမီးသူဇာကလည်း တစ်နေ့သောအခါ အနုပညာနယ်ထဲမှာပဲ ကျင်လည်ခဲ့သလို သားမြတ်စံကလည်း ဂီတသမား တစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။

လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံဟာ ဂီတသမား မြတ်စံလောက် ထောင်ထဲမှာ ကြာကြာမ နေခဲ့ဖူးပါဘူး။ ၁၉၈၈ခုနှစ် အရေးတော်ပုံ အပြီးမှာ မြတ်စံတို့ရဲ့ သုံးရောင်ခြယ်အဖွဲ့ဟာ ထင်ရှား လာခဲ့ပါတယ်။ တကယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေး တပ်တော်သားတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံ အနောက်ဖက်မုခ် တရားဟောပွဲကနေ သူတို့စပြီး ပါခဲ့ကြတာပါ။ နောင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာပဲ သူတို့ စခန်းချပါတော့တယ်။

မှတ်မိသလောက်ဆိုရင် ကိုစိန်လှိုင်၊ ခင်ခင်ဦး၊ ကျော်သူရကိုကို၊ ကျော်ဆန်း၊ ဘောကြီးတို့လည်း ပါတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား သူတို့အမြဲတမ်း ပါပါတယ်။ တစ်ကမ္ဘာလုံး ၀က်ဝက်ကွဲအောင် ကျော်ကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်သားတွေ သေနတ်နဲ့ချိန်တယ် ဆိုတဲ့ ဧရာဝတီ ခရီးစဉ် အပြီးမှာတော့ သုံးရောင်ခြယ်တွေကို စစ်အစိုးရက တော်တော် မျက်မုန်းကျိုး သွားခဲ့ပါတယ်။

ဒီလိုနဲ့ ဘာအကြောင်းပြချက်မှ မရှိဘဲ မြတ်စံ အဖမ်းခံရပါတော့တယ်။ ပုဒ်မ၁၀(က)နဲ့ ဖမ်းတာ ဖြစ်ပေမယ့် ဥပဒေအရ ထောင်ထဲမှာ ၆လနေပြီးရင် ပြန်လွှတ်ရပါတယ်။ မြတ်စံ အလှည့်ကျတော့ တော်တော် ထူးဆန်းပါတယ်။ ၆လပြည့်တာနဲ့ ပြန်လွှတ်။ ပြီးတော့ ထောင်ပေါက်ဝကနေ နောက်တစ်ယောက်က ထပ်ဖမ်း၊ ပုဒ်မ၁၀(က)နဲ့ပဲ မြတ်စံကို ထောင်ထဲ ပြန်ထည့်ပါတော့တယ်။ အဲသလို ထုတ်လိုက်သွင်းလိုက် ၃နှစ်လောက်ပြီးမှ ထောင်၁၀နှစ်ချပြီး တောင်ငူထောင်ကို ရွှေ့လိုက် ပါတော့တယ်။

အသက် ၂၀အရွယ် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ဟာ စာသင်ခန်းတွေမှာ ပျော်မွေ့ ရမယ့်အစား ထောင်ခန်းတွေမှာ တစ်ခန်းပြီး တစ်ခန်း ကျင်လည် ရရှာပါတော့တယ်။ ဆေးပညာ နည်းနည်း တီးခေါက်မိတော့ ထောင်ထဲမှာ သူဟာ ဆေးတပ်သား ဖြစ်သွားတာပေါ့။ တောင်ငူထောင်ရဲ့ ဆေးဆရာလေး မောင်မြတ်စံ ဖြစ်ခဲ့ပါတော့တယ်။

ထောင်ထဲကနေ ပြန်ထွက်လာတဲ့အခါမှာ သူဟာ သူ့ဘ၀ကို ဘယ်လိုဆက်ရမှန်း မသိခဲ့ပါဘူး။ ဂီတကို နားလည်တဲ့ အသံဖမ်းအင် ဂျင်နီယာအလုပ်ကို တတ်ကျွမ်းတဲ့ မြတ်စံကို နိုင်ငံရေး နောက်ကြောင်း မကင်းလို့ ဘယ်သူကမှ အလုပ်မပေးခဲ့ကြပါဘူး။ မြတ်စံကြောင့်ပဲ သူ့အမေ ဒေါ်ဝင်းဝင်းဝါကို နိုင်ငံတော်က ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ဖိတ်တောင် မဖိတ်ခဲ့ပါဘူး။ မြတ်စံ ညီမ သူဇာကိုလည်း အလုပ်ခွင့်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ သူ့အဖေ အထောက်တော် သတင်းစာဆရာ ဟောင်းကြီးကတော့ မောင်ထော်လေး လမ်းထိပ်မှာ မနက်မနက်ဆို သတင်းစာ တစ်စောင်နဲ့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး လောကကြီးကို စိတ်ထဲမှာ ဆောင်းပါးတွေ ရေးနေရှာပါတယ်။ သူ့နာမည်ကို ဘယ်စာစောင်မှာမှ ဖော်ပြခွင့် မရခဲ့ပါဘူး။

ခုလို နိုင်ငံရေးကို ဘုရားပွဲလို လုပ်နေကြတာ မြင်ရရင်တော့ မြတ်စံအဖေ ဦးမင်းနွယ်ဆွေ တစ်ယောက် ဘာများရေးလေမလဲလို့ ကျွန်တော်တို့ ဖတ်ချင်လိုက်တာ။ မြတ်စံအဖေလို့ ဆိုလိုက်တာနဲ့တင် ဆေးရုံပေါ်က မြန်မြန်ပြန်ဆင်းခိုင်းတဲ့ ဆရာဝန်မကြီးရဲ့ မျက်နှာကိုလည်း ခုနေခါ မြင်ချင်လိုက်တာ။

နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူ မှန်သမျှ တစ်မျိုးလုံး တစ်ဆွေလုံး အဲဒီလို နှိပ်ကွပ်ခံခဲ့ရတာ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံးပါပဲ။ အဲဒီတုန်းက အားပေးစကားကိုတောင် လေသံတိုးတိုးနဲ့တောင် မပြောဝံ့သူတွေက ခုမြတ်စံကို ဝေဖန်တာတွေ ကြားနေဖတ်နေရတော့ ကျွန်တော် တော်တော် သံဝေဂ ရခဲ့ပါတယ်။

မြတ်စံဟာ သူ့လူငယ် တစ်ဘ၀လုံးကို နိုင်ငံအတွက် ပစ်ချပေးခဲ့သူပါ။ တိုင်းပြည်အရေး ပေါ်လာတာနဲ့ လက်မနှေးဘဲ ပါခဲ့သူပါ။ ထောင်က ပြန်လွတ်လာလို့ ဘာမှမကြာခင် ၂၀၀၇ သံဃာ့ အရေးတော်ပုံ ပေါ်ပေါက်လာတော့ မြတ်စံ ၀င်နွှဲလိုက်တာပါပဲ။ ဒီတော့လည်း အဖမ်းခံရ ထောင်ကျ ပြန်ရပေါ့။

ဒီတစ်ခါတော့ သူ့အမေရော အဖေပါ သူ့ဆီမလာနိုင်ပါဘူး။ သူ့အဖေဟာ ကင်ဆာရောဂါ စွဲကပ် နေသလို သူ့အမေလည်း ကျန်းမာရေး မကောင်းရှာပါဘူး။ ဒီကြားထဲ မြတ်စံကို မြစ်ကြီးနား ထောင်ပို့ လိုက်လေတော့ သူ့နောက် ဘယ်သူကမှ လိုက်မကြည့်နိုင်တော့ပါဘူး။ ဖြစ်ချင်တော့ သူ့အမေခင်မျာ ခြေထောက်ကို ကားတက်ကြိတ်ခံရပြီး လမ်းကောင်းကောင်း မလျှောက်နိုင်၊ သူ့အဖေလည်း ကွယ်လွန်သွားဆိုတော့ မြတ်စံဟာ ထောင်ထဲမှာ တော်တော် တောင့်ခံရရှာပါတယ်။

ဒီလိုဝေဒနာတွေ တပွေ့တပိုက်နဲ့လူ၊ ဒီလိုဒဏ်ရာတွေ ထမ်းပိုးထားရတဲ့ လူကိုမှ ဘီယာသောက်၊ ချိစ်မြိုချပြီး အယားပြေ အင်တာနက်ပေါ် တက်တက် ဝေဖန်နေတဲ့ သူတွေကို တွေ့လာရတဲ့အခါ မြန်မာပြည် ခုလိုဖြစ်နေတာ ဘာမှမဆန်းဖူးလို့ပဲ ပြောချင်ပါတော့တယ်။

၂၀၁၀မှာ မြတ်စံထောင်က ပြန်လွတ်လာခဲ့ပါတယ်။ အနှစ် ၂၀လောက် ထောင်ထဲမှာ အချိန်တွေ ဖြုန်းခဲ့ရသူ တစ်ယောက်အတွက် ကျောင်းပညာလည်း ရှေ့ဆက်ဖို့ခက်၊ အသက်မွေး ပညာလည်း သင်ဖို့ခက်။ ဒီကြားထဲ ခါးကြောညပ်တဲ့ ရောဂါက စွဲကပ် ပါလာပြန်တော့တယ်။

သုံးရောင်ခြယ် အဖွဲ့နဲ့ သူဟာ အဆက်အသွယ် မပြတ်ပေမယ့် သူကြာကြာ မရပ်နိုင်တော့ဘူး။ ထောင်ကပေးတဲ့ ဝေဒနာကြောင့် သူဆေးရုံပေါ် မကြာမကြာ တက်ခဲ့ရတယ်။ Green Cross ဆေးခန်းဟာ သူ့အိမ်လို ဖြစ်ခဲ့ရပေါ့။

ဒါပေမဲ့ သူဟာ တိုင်းပြည်အတွက် လက်မနှေးပါဘူး။ မြစ်ဆုံအရေးမှာလည်း ထိပ်ဆုံးက ပါခဲ့သူပါ။ ဧရာဝတီကို ကယ်တင်ကြဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုပေါ့။ ပန်းရဲ့ လမ်းမှာလည်း တစ်ခါတစ်ခါ သူသီးချင်းတွေ ၀င်ဆိုလို့ရယ်။ သူတတ်နိုင်တဲ့ နေရာကနေ သူဟာ တာဝန်ကျေဆဲပါ။

ကျွန်တော်ကတော့ အမှတ်ရ နေပါသေးတယ်။ လသာတဲ့ ညဆိုရင် ထောင်သံတိုင်တွေကို ကိုင်ပြီး အဝေးက သူ့ချစ်သူ ပန်းမမကို တိုင်တည်လို့ သီချင်းလေးတွေ ဆိုတတ်ပါတယ်။ နေရောင်အောက်က တို့ရဲ့ ဘ၀မျိုးထဲ မလာချင်ပါနဲ့ကွယ်လို့ သူဟာ ညည်းညည်းညူညူ ဆိုတတ်သလို ထမင်းရည် သောက်ပြီး ဘ၀ဖန်တီးဖို့ မပြောရက်ဘူးလို့လည်း သူ သီဆိုတတ်ပြန်လေတယ်။

သူထောင်က လွတ်လာတဲ့အခါ သူ့ရဲ့ပန်းမမဟာ အိမ်ထောင်ပြု သွားပါပြီ။ ဒီတော့လည်း မြတ်စံ တစ်ယောက် ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်စေချင် ရက်တော့တယ်လို့ ပြောင်းဆိုရတော့မှာပေါ့။ ဒါပေမဲ့ သူတကယ် ဆက်ဆိုနေတဲ့ သီချင်းတစ်ပုဒ် ရှိပါတယ်။ ရွှေသံစဉ် ကိုဝင်းမော်ရဲ့လက်ရာ တေးတစ်ပုဒ်ပေါ့။ We Shall Overcomeတဲ့။ ဟုတ်ပါတယ်။ မြတ်စံဟာ အားလုံးကို ကျော်လွှား နိုင်ပါတယ်။ အားလုံးကို ဖြတ်သန်းနိုင်ပါတယ်။ ဘယ်သူ့ကိုမှ ဘာပြဿနာမှ မရှိဘဲ ဘာဒုက္ခမှ မပေးဘဲ သူဟာ ယုံကြည်ရာလမ်းဆီ ကျော်နင်း ဖြတ်သန်းဆဲပါ။

သုံးရောင်ခြယ် အဖွဲ့ကို စတင်ခဲ့တဲ့ သူ့ဘ၀ဟာလည်း သုံးရောင် ခြယ်ထားတာပါပဲ။ သူဦးတည်ရာ လမ်းကလည်း သုံးရောင်ခြယ်တဲ့ လမ်းပါ။ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းတဲ့။

ဇာဂနာ
Tomorrow သတင်းဂျာနယ်


ခုံးကျော်တံတားတွေဆောက်ပြီး ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းလို့ မရဘူးဆိုပြီး အများပြည်သူကြား ဝေဖန်မှုတွေ ညံစီနေချိန်မှာပဲ ရန်ကုန်မြို့နေပြည်သူတွေ အများစု မေ့နေကြတဲ့ ပို့ဆောင်ရေးတစ်ခုကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ အစိုးရက ကြေညာလိုက်ပါပြီ။

ကုမ္ပဏီသုံးဆယ်ကျော်ကို တင်ဒါခေါ်ယူထားပြီး ရန်ကုန်ဘူတာကြီးအပါအဝင် ကြည့်မြင်တိုင်၊ ပုစွန်တောင်ဘူတာတွေကို အဆင့်မြှင့်တင်တော့မယ်လို့ မြန်မာ့မီးရထားက စက်တင်ဘာ ၁၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်ဘူတာကြီး ဧရိယာ ၆၃ ဧကကို အဆင့်မြှင့်မှု ပထမစတင်မှာဖြစ်ပြီး အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းရေးဆွဲနေသလို အသစ်ဆောက်လုပ်ရာမှာလည်း ဆိုင်ခန်းတွေ၊ ကားရပ်နားစခန်းတွေပါ ပါဝင်ဖို့ တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကို ပြောထားတယ်လို့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

(ဦးထွန်းအောင်သင်း - အထွေထွေမန်နေဂျာ၊ မြန်မာ့မီးရထား -အောက်မြန်မာပြည်) file 0482

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ချိန်မှာလည်း ရွာသာကြီးဘူတာကို အဆင့်မြှင့်သွားမှာဖြစ်ပြီး အခုတော့ မီးရထားပိုင်မြေပေါ်က ကျူးကျော်နေထိုင်တဲ့သူတွေကို ဖယ်ရှားဖို့ စာရင်းကောက်နေပြီလို့ ပြောပါတယ်။ မီးရထားဝင်းထဲက ဝန်ထမ်းအိမ်ရာတွေကိုတော့ အခန်းပေး၊ အခန်းယူစနစ်နဲ့ ရွှေ့ပြောင်းသွားမှာဖြစ်ပြီး ကျူးကျော်တွေကိုတော့ တိုင်းအစိုးရ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ လမ်းညွှန်မှုနဲ့ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဘူတာကြီး အဆင့်မြှင့်မှုဟာ ကားပိတ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ရုံမက ဒေသဖွံ့ဖြိုးရေးကိုပါ တိုးတက်စေမယ်လို့ ဦးထွန်းအောင်သင်းက ဆိုပါတယ်။
Kamayut media

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ် ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ရှိကြောင်း၊ လက်ရှိ သဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုးများ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြားခဲ့သည်။

“အဘထက်ကြီးတဲ့သူ တစ်ယောက်ရှိသေးတယ်။ စံလင်းဆိုတဲ့လူ။ အဘက ရေငုပ်ခေါင်းဆောင်၊ ထားဝယ်သား ကော့သောင်းမှာလာပြီး အိမ်ထောင်ကျတယ်။ ရှစ်လပိုင်း တစ်ရက်နေ့မှာ သွားတယ်။ လုပ်ငန်းစတာက ရှစ်ရက်နေ့မှာ စတယ်။ ဘုရားအနေကဇာတင်ပြီးတာနဲ့ ညနေပိုင်းမှာ နှစ်ယောက်တစ်ခါနဲ့ လေးယောက် ငုပ်လိုက်တယ်။ ကျန်တဲ့ ရက်တိုင်းလည်း အဲ့ဒီလိုပုံစံပဲ ငုပ်တယ်။ ရှစ်ယောက်အလှည့်နဲ့ နှစ်ယောက်စီ နှစ်ယောက်စီ ငုပ်တယ်။ ရေက သုံးလံ လေးလံလောက်ပဲ ရှိတယ်။ နုံးက ဒူးလောက်ရှိတယ်။ နုံးပြင်ကြီးပဲ။ မီးပြမီးစိမ်းထွန်းထားတဲ့ အဲဒီနားတဝိုက်မှာပဲ ငုတ်တယ်။ နောက်ထပ် နည်းနည်းငုပ်ပြီးမှ သင်္ဘောပျက်တစ်စီး ဒါပဲတွေ့တယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်မှာ သင်္ဘောပျက်တွေ့တယ်။ ပြန်ရောက်တာ အခုဆိုခြောက်ရက်လောက်ရှိပြီ”ဟု ပြောကြားသည်။

ဆက်လက်ပြောကြားသည်မှာ “ဦးစံလင်း က သင်္ဘောထဲမှာပဲ ရှိနေတယ်။ ဦးစံလင်းက သင်္ဘောနားကို သွားခွင့်မပေး။ သင်္ဘောနားကို သွားမယ်ဆိုရင် မင်းတို့နဂါးကိုက်လိမ့်မယ်လို့ ပြောနေတယ်။ အဲဒီပုံစံမျိုးနဲ့ သွားလို့ မရဲဘူးဖြစ်နေတယ်။ သင်္ဘောပျက်တော့ ကျွန်တော်တို့ ဘော်ယာတစ်လုံးချပြီးတော့ ချီထားလိုက်တယ်။ အခုထပ်ထိ မယ်မယ်ရရဆိုရင် ဘာမှမတွေ့ရသေးပါ။ ခေါင်းလောင်းနဲ့ပတ်သက်ရင် ဘာလဲမတွေ့ရသေးပါ။ သောင်တူးစက် ဟိုနားသည်နားမှာ တဝိုက်ပဲ ငုပ်ရတယ်။ ကျန်တဲ့နေရာ ဘယ်နားမှာမှ ငုပ်ခွင့်မရ။ ရေငုပ်ရက် ၂၇ ကျော်တယ်။ ခေါင်းလောင်းနဲပတ်သက်ပြီး ဘာမှလည်း မတွေ့ရ။ သောင်တူးစက်က အောက်ကို ၁၅ ပေလောက်အနက် စုပ်ချလိုက်တယ်။ တွေ့လိုတွေ့ငြားပေါ့လေ။ ရမ်းပြီးတော့ စုပ်တယ်။ ဒီမှာလည်း ဘာမှ မတွေ့ရ။ မြေကြီးထဲမြုပ်နေတဲ့ ကျွန်းသားတစ်ပိုင်းတော့ တွေ့တယ်။ တွေ့လိုတွေ့ငြားသာ စုပ်နေတာ။ ဆယ့်ငါးပေလောက်အောက်က မြေကတအားစေးတယ်။ ဦးစံလင်းပြောတဲ့နေရာမှာ လိုက်စုပ်ရတယ်”ဟု ပြောကြားသည်။

အဆိုပါ ရေငုပ်သမားများ ပြန်လာသည်မှာ မိမိတို့၏လူမှုရေး၊ ကျန်းမာရေးအခြေအနေကြောင့်သာ ပြန်လာခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် လေးဦးပြန်လာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ တစ်ဦးပြန်လာကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖုန်းများပိတ်ထားရကာ ဖုန်းပြောခွင့်မပေးကြောင်း၊ ကျန်သုံးဦးမှာ မကြာခင်ပြန်လာမည်ဖြစ်ကြောင်း၊ ဦးစံလင်းမှာ ဗညားလတ်သင်္ဘော၏ ဘုရားခန်းတွင်ရှိကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည်မှာ ကုသိုလ်ပြုအဖြစ် အခမဲ့ကူညီခဲ့ကြောင်း၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်ရေးများကို စီစဉ်ပေးကြောင်း၊ ယနေ့အချိန်အထိ ခေါင်းလောင်းတွေ့ရှိခြင်းအလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာတွေ့ကြောင်း၊ တွေ့ရှိသော သဘောင်္ပျက်မှာ ခေါင်းလောင်းကြီးအပေါ်တွင်ရှိသော သဘောင်္မဟုတ်ကြောင်းနှင့် ရေငုပ်သူများမှာ မိမိ၏ မိသားစုဝင်ဆွေမျိုးသားချင်းများသာဖြစ်ပြီး ထားဝယ်သားများသာဖြစ်သည်ဟု ဆိုသည်။
-Eleven media group

မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန်လည်ပေးအပ်သွားရန်လည်း အစီအစဉ်ရှိကြောင်း ဖြေကြားသည်။ MBC ရုပ်သံလိုင်းမှ တွေ့ဆုံမေးမြန်းမှုတွင် Miss Asia Pacific World Organization ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပုံ အဆင့်ဆင့်၊ ဆုရရှိပြီးနောက်ယင်း Organization နှင့်ချုပ်ဆိုခဲ့ရသည့် စာချုပ်ပါ စည်းကမ်းချက်များ၊ ကိုရီးယားနိုင်ငံသို့ မိခင်ဖြစ်သူနှင့်အတူ ဒုတိယအကြိမ် သွားရောက်နေထိုင်စဉ် တွေ့ကြုံခဲ့ရမှုများ၊ စပွန်ဆာရှာရန်ပြောဆိုခဲ့မှုနှင့် ပလက်စတစ်ဆာဂျရီ လုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုအခြေအနေများ၊ သရဖူရုတ်သိမ်းခံရခြင်းကိစ္စရပ်များ၊ National Director မလှနုထွန်းနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများအား အသေးစိတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ MBC က လာရောက်တွေ့ဆုံမှုကို မြတ်နိုးလက်ခံလိုက်တာက ကိုရီးယားဘက်ကအဖွဲ့အစည်းတွေ၊ ကိုရီးယားဘက်ကသူတွေ အားလုံးကိုလည်း အမှန်တရားကို သိစေချင်တယ်။ သူတို့လည်း အမှန်တရားကို သိချင်လို့ လာရောက်တွေ့ဆုံတာလို့ ယုံကြည်တဲ့အတွက် လက်ခံတွေ့ဆုံဖြစ်တာပါ။ သူတို့ကိုဖြေကြားခဲ့ရာမှာလည်း မြတ်နိုးဖြစ်ပျက်ခဲ့သမျှတွေအားလုံးကိုေ ဖြေကြားခဲ့တယ်။ အဓိက ကတော့ မြတ်နိုးအခုချိန်မှာ ဖြစ်နေတဲ့ပြဿနာတွေအားလုံးကို ပြီးဆုံးသွားစေချင်ပါပြီ။ မြတ်နိုးရင်ဆိုင်ခဲ့ရတာတွေ၊ ကြုံ တွေ့ခဲ့ရတာတွေကလည်း မြတ်နိုးရဲ့အသက်နဲ့ မမျှပါဘူး။ အရမ်းလည်း စိတ်ဆင်းရဲခဲ့ပါတယ်။ ရှက်လည်းရှက်တယ်။ ဒါကြောင့် မြတ်နိုးဘက်က သဘောထားကြီးစွာနဲ့ အားလုံးကိုခွင့်လွှတ်ပြီး သရဖူပြန်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့်သူတို့ Organization ဘက်ကို သရဖူပြန်ပေးသွားမှာပါ။ ဒီလိုသဘောထားကြီးစွာနဲ့ သရဖူပြန်ပေးတာကိုမှ ပုဂ္ဂိုလ်ရေးဆိုင်ရာစွပ်စွဲမှုတွေ၊ နစ်နာစေမှုတွေထပ်လုပ်မယ်ဆိုရင်တော့ မြတ်နိုအနေနဲ့ ဥပဒေအတိုင်းပဲ ဆက်လုပ်သွားပါမယ်”ဟုမေမြတ်နိုးက ဆိုသည်။

မေမြတ်နိုးအနေဖြင့်လက်ရှိတွင် MRS ကျောင်း၌ ပြန်လည်တက်ရောက်နေပြီဖြစ်ပြီး ပညာရေးတွင်အာရုံစိုက်လိုကြောင်း၊ အနုပညာလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံအတွင်း၌ ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စရပ်မှာ Miss Asia Pacific World Organization ၊ National Director နှင့် မြန်မာအလှမယ်တို့ကြား ဖြစ်ပွားခဲ့သောပြဿနာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မထိခိုက်စေလိုကြောင်း ပြောကြားသည်။
-Eleven media group

နိုင်ငံ ခြားသုံးငွေဒေါ်လာများအစွန်းအထင်း ငွေစက္ကူများကို နိုင်ငံတကာဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် လက်ခံရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ညွှန်ကြားထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဆက်အောင် ကပြောသည်။

အလားတူ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ၅၉ခုတွင် နိုင်ငံခြားငွေ ဒေါ် လာများအပ်နှံနိုင်ရန် ညွှန်ကြားထား ပြီးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ရက် ကျင်းပ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် ညောင်ဦးမဲဆန္ဒနယ်မှ ဦးအောင် ကြိုင်မှ ဟောင်းနွမ်း၊ မင်စွန်းနေသော ဒေါ်လာများကို ဘဏ်များက မည် သည့်အတွက်ကြောင့် လက်မခံခြင်း နှင့် ကမ္ဘာလှည့်ခရီးသွားများထံမှ Travellers Cheque များကို လက်ခံ နိုင်ခြင်း ရှိမရှိမေးမြန်းအပေါ် ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဆက်အောင်က''မြန် မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဟောင်း နွမ်းသောနိုင်ငံခြားငွေစက္ကူတွေ၊ မန်း နီးချိန်းဂျာတံဆိပ်နဲ့ တခြားတံဆိပ် တွေပါရှိတဲ့ငွေစက္ကူတွေ၊ မင်ရာတွေ လက်မှတ်တွေပါရှိတဲ့ ငွေစက္ကူတွေ စွန်းထင်းပြီး အစက်တွေပါတဲ့ငွေစက္ကူ တွေကို လက်ခံဖို့ နိုင်ငံတကာပိုင် ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေအား လုံးကို လက်ခံဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်'' ဟု ဖြေကြားသည်။

နိုင်ငံခြားသုံးငွေများနှင့်ပတ် သက်၍ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဆက်လက်ပြော ကြားရာတွင် ''ဒေါ်လာအစွန်းအထင်း များနဲ့ပတ်သက်ပြီး နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်တဲ့ ပြည်တွင်းဘဏ်တွေ အနေနဲ့က နိုင်ငံခြားငွေစက္ကူတွေကို ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ လက်ခံတာဖြစ်စေ၊ မန်းနီးချိန်းဂျာ ကောင်တာတွေကရလာတဲ့ငွေ စက္ကူ တွေနဲ့နိုင်ငံတကာငွေပို့လုပ်ငန်းတွေ နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးငွေပေး ချေရေးလုပ်ငန်းတွေကို ဒီငွေစက္ကူ တွေနဲ့လုပ်လို့မရပါဘူး။ အဲဒီလို မရ တဲ့အတွက် ပြည်တွင်းဘဏ်တွေ က နေပြီးတော့ နိုင်ငံတကာ ထုံးစံကတော့ မိမိနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေရှိရင် အဲ ဒီဘဏ်တွေ ကနေသော်လည်းကောင်း၊ နိုင်ငံခြားဘဏ်တွေမရှိရင် နိုင်ငံရပ် ခြားကို ဒီပိုလျှံငွေစက္ကူတွေ နိုင်ငံရပ် ခြားတင်ပို့ ကာလစီရှိမန့်လုပ်ပြီး တော့ အဲဒီနိုင်ငံမှာရှိတဲ့ ၄င်းတို့ရဲ့ ကော်လဖောနစ်ဘဏ်ရှိတဲ့ နော်စကို အကောင့်တွေကိုဖြည့်တင်းပေးလေ့ ထုံးစံရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာ အဲဒီလိုလုပ်ခွင့်မရှိတဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ လက်ခံ တဲ့အခါမှာ နိုင်ငံခြားငွေစက္ကူတွေ ကို အစွန်းအထင်း ပါလားမပါလား သေချာစစ်ဆေးတာဖြစ်ပါလိမ့်မယ်။ အခုနောက်ပိုင်းဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားဘဏ်လုပ် ငန်းလုပ်တဲ့ဘဏ်တွေကို သူတို့မှာရှိ တဲ့ပိုလျှံနေတဲ့ငွေစက္ကူတွေကို သူ တို့တွေရဲ့ ပြည်ပမှာရှိတဲ့ ကော်လဖော နစ်ဘဏ်တွေကို ကာလစီရှိမန့် လုပ်ပြီးတော့ ကော်လဖောနစ်ဘဏ် တွေမှာ နော်စကိုအကောင့်တွေမှာ ¤င်းပမာဏညီမျှတဲ့ အမောင့်တွေကို ထည့်သွင်းနိုင်ဖို့အတွက် ဗဟိုဘဏ် အနေနဲ့ လုပ်ကိုင်ခွင့်ပြုထားပါတယ်'' ဟု ဆိုသည်။

Farmer Auto နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာမှ တာဝန်ရှိ သူတစ်ဦးက''ဗဟိုဘဏ်ကချမှတ်ထား တဲ့ စည်းကမ်းချက်တွေအတိုင်းဆက် လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီလို လက်ခံလိုက်တဲ့အတွက် လုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာမှာ အဆင်ပြေမှုတွေ အများကြီးဖြစ်လာ နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟို ဘဏ်က ထုတ်ပြန်ချက်တွေကိုလဲ ကျွန်မတို့ဆီကို ပို့လာလိမ့်မယ်ထင် ပါတယ်။ ကျွန်မတို့ကတော့ ဗဟိုဘဏ် ကချမှတ်ထားတဲ့ ပုံစံတွေအတိုင်း ဆောင်ရွက်သွားမယ်။ အရင်တုန်း ကလဲ အစွန်းအထင်းပါတဲ့ငွေစက္ကူ တွေကို အတတ်နိုင်ဆုံး လက်ခံပြီး လဲလှယ်ပေးခဲ့ပါတယ်။ ဒီလိုမျိုးလုပ် ပေးလိုက်တဲ့အတွက် နိုင်ငံတကာခရီး သွားတွေအနေနဲ့ တော်တော်လေး အဆင်ပြေသွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။

MP

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

ယခု အခါ မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်း ရေကြီးချိန်ဖြစ်၍ ဦးပိန်တံတားအလှနှင့် ဆည်းဆာအ လှရှုခင်းအား လာရောက်ကြည့်ရှုလေ့ လာသူ ပြည်တွင်းပြည်ပဧည့်သည် များဖြင့် စည်ကား များပြားလျက်ရှိ ကြောင်း ငှက်လှေငှားရမ်းသူတစ်ဦး က ပြောကြားခဲ့သည်။
နှစ်ပေါင်း ၁၆ဝကျော်သက်တမ်း ရှိပြီး ကမ္ဘာကျော်သစ်သားတံတား တစ်ခုဖြစ်သည့် တောင်သမန်အင်း၏ သမိုင်းဝင် ဦးပိန်တံတားသို့ နေ့စဉ် နိုင်ငံခြားသားခရီးသည် ၁ဝဝကျော် လာရောက်လည်ပတ်လျက်ရှိပြီး ရေ တိုးမြင့်ချိန်တွင် တောင်သမန်အလှ ကြည့်ရှုခံစားလိုသော ဧည့်သည်များ ဖြင့် စည်ကားလျက်ရှိသည်။
ယခုနှစ်မိုးရာသီတွင် ဧရာဝတီ မြစ်ရေတိုးလာမှုကြောင့် တောင်သ မန်အင်းအတွင်း ရေတိုးမြင့်လာ၍ ဦးပိန်တံတားရှိ အခန်းအမှတ်(၁၅၉) မှ တိုင်နှင့် ထောက်တိုင်နှစ်လုံးကျွတ် ၍ မျောပါသွားသဖြင့် ယင်းတိုင်နှစ် တိုင်အား ဆယ်ယူခဲ့ကြသည်။

ဆယ်ယူခဲ့သည့်တိုင်နှစ်တိုင်မှာ ဆွေးမြည့်ပြီး ပြန်လည်အသုံးပြု၍ မရတော့သဖြင့် ၁၇ပေနှင့် ၁၂ပေရှိ မျောတိုင်များ အသစ်ဝယ်ယူ၍ အ စားထိုးတပ်ဆင်ခဲ့ရမှုကြောင့် မြန်မာ နိုင်ငံတွင် သမိုင်းဝင်အမွေအနှစ်တစ် ခုအဖြစ် ယနေ့တိုင်တည်ရှိနေသည့် ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ရန် လို အပ်လျက်ရှိသည်။

''အရင်လတွေက နိုင်ငံခြား သားဧည့်သည် လာရောက်လည်တာ အလွန်နည်းပါးပါတယ်။ ဒီလအတွင်း နိုင်ငံခြားသား ၁ဝဝနှင့် ၂ဝဝကြား နေ့စဉ်ဝင်ထွက်လျက်ရှိပါတယ်။ နိုင်ငံ ခြားသားဧည့်သည်တွေကို ကျွန်တော် တို့က ငှက်လှေစီးချိန် အန္တရာယ်မဖြစ် အောင် တစ်စင်းလျှင် နှစ်ယောက်ပဲ တင်ပါတယ်။ ပြည်တွင်းဧည့်သည်တွေ ဆိုရင်တော့ တစ်စင်းလျှင် လေး ယောက်နှုန်းတင်ပါတယ်''ဟု ငှက်လှေ သမားတစ်ဦးက ပြောသည်။

''ပြည်တွင်းပြည်ပဧည့်သည် တွေ လာငှားရင် ဦးပိန်တံတားအ လယ်ဇရပ်အထိကို ငှက်လှေတစ်စင်း လျှင် ကျပ် ၆ဝဝဝနှုန်းယူပါတယ်။ ကျွန်တော်တို့က တောင်သမန်အင်း အတွင်း ခရီးသည်တွေ အန္တရာယ် မဖြစ်အောင် ပို့ဆောင်ပေးရတာပါ။ တချို့ဧည့်သည့်တွေက တခြားနေရာ တွေကိုလဲ လိုက်ပို့ခိုင်းတာရှိတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင် ပြီး ပို့ပေးရတာတွေ ရှိပါတယ်''ဟု ၄င်းက ထပ်မံဆိုသည်။

''မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားဧည့် သည်များတွင် ထိုင်းနိုင်ငံက အများ ဆုံးဖြစ်ပြီး ကိုရီးယားနှင့် ဂျပန်တို့က ဒုတိယအများဆုံးဖြစ်ပါတယ်။ မန္တ လေးမြို့ကို လာရောက်လည်ပတ်တာ အများဆုံးပါပဲ။ ပလိပ်မှာ ငှက်ကြည့် တာတို့၊ ဧရာဝတီမှာ ငှက်ကြည့်တာ တို့ လေ့လာမှုလာလုပ်တာတွေရှိ တယ်။ မြန်မာနိုင်ငံသားတွေအတွက် နေထွက်တာက မင်္ဂလာတစ်ပါးဖြစ် ပေမယ့် နိုင်ငံခြားသားတွေကတော့ နေဝင်တာကို အဓိကထားကြည့်တာ ပါ''ဟု ဧည့်လမ်းညွှန် ကိုဥာဏ်က ပြောကြားခဲ့သည်။

AXE

#Democracytdoay

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်း ရှိ ကန်တော်မင်္ဂလာပန်းခြံအား ဆ ရာတော်ဦးဥတ္တမပန်းခြံအဖြစ် ပြန် လည်သတ်မှတ်ပေးရန် ရခိုင်တိုင်း ရင်းသားများ စုပေါင်းတောင်းဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

''ဆရာတော်ဦးဥတ္တမ စိန်ရတု ပွဲမှာ ကန်တော်မင်္ဂလာပန်းခြံကို ဆ ရာတော့်ကိုဂုဏ်ပြုသောအားဖြင့် ဦး ဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ် မှတ်ပေးဖို့ ဆန္ဒပြုတောင်းဆိုကြမယ်။ တစ်ယောက်က သမိုင်းကြောင်းကိုဖတ် ပြမယ်။ ကျန်နှစ်ယောက်က ထောက် ခံမယ်။ ရှေ့ဆက်ပြီး နိုင်ငံတော်အစိုးရ ကို ဆက်လက်တင်ပြတောင်းဆိုဖို့ရှိ ပါတယ်''ဟု (၇၅)နှစ်မြောက်စိန်ရတု သဘင် ဆရာတော်ဦးဥတ္တမပွဲ ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက် တာစံလှကျော်က ပြောသည်။

အဆိုပါတောင်းဆိုချက်ကို စက် တင်ဘာ ၉ရက် (၇၅)နှစ်မြောက် စိန် ရတုသဘင် ဆရာတော်ဦးဥတ္တမပွဲ တွင် တင်ပြတောင်းဆိုခဲ့ပြီး ရှေ့ဆက် ၍ နိုင်ငံတော်အစိုးရထံ တင်ပြတောင်း ဆိုသွားမည်ဖြစ်သည်။
ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမသည် ရခိုင်တစ်မျိုးသားတည်း ၏ အကျိုးကိုသာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ့လွတ်လပ်ရေးမီးရှူး တန်ဆောင်ဖြစ်၍ ဦးဥတ္တမနေ့ပွဲကို တိုင်းရင်းသားအားလုံးအား ဖိတ်ကြား ခဲ့ကြောင်း သိရသည်။

''ဆရာတော်က မြန်မာတစ်မျိုး သားလုံး လွတ်လပ်ရေးရဖို့ဖော်ဆောင် ခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့တွေကို တော် လှန်တဲ့စိတ်၊ သတ္တိစိတ်ရှိအောင် နိုင်ငံ ရေးမျက်စိဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် မို့ မြန်မာတစ်မျိုးသားလုံး ဆရာတော် ကို ဂါရဝပြုသင့်ပါတယ်။ ဦးဥတ္တမ နေ့ပွဲကိုလဲ ရခိုင်တိုင်းရင်းသားတွေ သာမက တိုင်းရင်းသားအားလုံးကို ဖိတ်ကြားထားပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ကန်တော်မင်္ဂလာပန်းခြံကို ဦး ဥတ္တမပန်းခြံအဖြစ် ပြောင်းလဲသတ် မှတ်ပေးပါက နိုင်ငံအတွက် အကျိုး မယုတ်ဘဲ နိုင်ငံတော်ကချမှတ်ထား သော မူဝါဒများကို ဖော်ဆောင်ရာ ရောက်မည်ဖြစ်သည်။

''ဆရာတော်ဦးဥတ္တမပန်းခြံအ ဖြစ် အရင်အတိုင်း သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒီလို သတ်မှတ်ပေးလို့ နိုင်ငံတော်အတွက် အကျိုးမယုတ်ပါဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင် ရာရောက်တယ်။ သံဃာတော်တွေကို စိတ်ကျေနပ်မှုရစေမယ်။ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ရာရောက်တယ်''ဟု ဆရာတော်ဦးဥတ္တမပွဲဖြစ်မြောက် ရေးကော်မတီမှ ရခိုင်တိုင်းရင်းသူ ဒေါ်အေးအေးစံက ပြောသည်။

ဆရာတော်ဦးဥတ္တမပန်းခြံအား ၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရလက် ထက်တွင် ကန်တော်မင်္ဂလာပန်းခြံ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဦးဥတ္တမနေ့အခမ်းအနားကို ခမ်း ခမ်းနားနားဖြင့် ကျင်းပခဲ့သည်မှာ နှစ် နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီး ၂ဝ၁၃ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့ကြောင်းသိရသည်။

ယခု ၂ဝ၁၄ ခုနှစ် (၇၅) နှစ် မြောက်စိန်ရတုပွဲကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန မှကြီးမှူး၍ ရခိုင်အသင်းအဖွဲ့များ (ရန်ကုန်)၊ ရခိုင်အမျိုးသားရေးအင် အားစုများ၊ ရန်ကုန်လူမှုအဖွဲ့အစည်း ကွန်ရက်များမှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၉ရက်တွင် Myanmar Convention Center (MCC) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၃၅)

လာမယ့် စက်တင်ဘာ ၁၃ရက်၊ ၁၄ ရက်နေ့တွေမှာ တရားဝင်မှတ်ပုံ တင်ထားပြီးသား နိုင်ငံရေးပါတီ ၆၇ ပါတီစလုံး တက်ရောက်နိုင်မယ့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပမယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောကြ ပါတယ်။ စည်းရုံးလှုံ့ဆော်နေသူတွေကတော့ ညီ နောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အုပ်စုနဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ပါတီ (FDA) တာဝန်ရှိသူတွေပါ။ အဲဒီအစည်းအဝေးကို ကျင်းပ ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သိပ်မကြာ ခင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ရပ် လက်မှတ်ထိုးတော့မယ်။ လက်မှတ်ထိုးပြီးရင် နိုင်ငံ ရေးဆွေးနွေးပွဲကြီး တစ်ခုကျင်းပဖို့ မူဘောင်ချမှတ် တဲ့ အစည်းအဝေး တွေလုပ်မယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးကျင်းပပြီး တိုင်းပြည်ရဲ့ အနာဂတ် ကို အဖြေရှာကြ မယ်။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကြီး မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအား လုံးကို ဘယ်လိုကိုယ်စားပြုကြမ လဲဆိုတဲ့ မူတစ်ခု ချမှတ်ဖို့ ဆွေးနွေးမယ့် အစည်းအဝေးလို့ ဆိုပါတယ်။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကြီးကို ဘယ်သူတွေတက် သင့်သလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ကြရ အောင်။

တကယ်တော့ တိုင်းပြည်တစ်ပြည်မှာ နိုင်ငံ ရေးပြဿနာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အဓိက တာဝန်ရှိသူတွေဟာ ပြည်သူတွေက ဒီမိုကရေစီ နည်းအရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပါ။ ဖွဲ့စည်းပုံရေးဆွဲတာ အပါ အဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအားလုံးကို ပြည် သူ့ကိုယ်စားလှယ်တွေက ချမှတ်ရပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှ စွာဘဲ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက်ကျော် ၁၉၆၂ ခုနှစ်က တည်းက စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့ရပါ တယ်။ ၁၉၈၈မှာ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုက ရေစီအရေး တောင်းဆိုဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတာနဲ့ တုံ့ပြန်တာခံရပါ တယ်။ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာ ပြေလည် မသွားပါဘူး။

၁၉၉ဝ မှာ စစ်တပ်က အထွေထွေရွေးကောက် ပွဲ လုပ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင် ရပါတယ်။ ဒါပေမဲ့ စစ်အစိုးရက လွှတ်တော်ခေါ် မပေးပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်ရဲ့နိုင်ငံရေး အကျပ်အတည်းကို ပြည်သူ့ကိုယ်စားလှယ်တွေက ဘာမှ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခွင့် မရတော့ပါ ဘူး။ စစ်အစိုးရကတော့ ရွေးကောက်ပွဲလုပ်ပေးရ တာဟာ မရှိသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ် ရပ် ရေးဆွဲဖို့လို့ဆိုပြန်ပါတယ်။ ဒါလည်း ကောင်းတာ ပါပဲ။ ဒါပေမဲ့ နောက်ပိုင်း ရွေးကောက်ခံအမတ်တွေ ကို ဖွဲ့စည်းပုံလည်း မဆွဲခိုင်းတော့ပြန်ပါဘူး။ ၁၉၉၃ ခုနှစ်မှာတော့ စစ်အစိုးရဟာ အင်အားစုပေါင်းစုံ ပါတယ်လို့ဆိုတဲ့ 'အမျိုးသားညီလာခံကြီး'တစ်ခု ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ ပြောရရင် အဲဒီအချိန် က စစ်အစိုးရဟာ ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စ၊ တစ်နည်း ပြောရရင် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ကိစ္စ ပြည်သူ့ကိုယ်စားလှယ်တွေကို လျစ်လျူရှုပြီး ကိုယ့်ဘာသာကိုယ် ခန့်အပ်ထားသူတွေ၊ ကိုယ့်ဘာ သာကိုယ် ကုလားဖန်ထိုးထားတဲ့ အခင်းအကျင်းတွေ နဲ့ အမျိုးသားညီလာခံဆိုတာကြီး ကျင်းပခဲ့တာပါ။ ပြောရရင် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပုံပျက်ပန်း ပျက်ဖြစ်အောင်လုပ်ခဲ့တာပါ။ အဲဒီ ပုံပျက်ပန်းပျက် ညီလာခံကနေ ထွက်ပေါ်လာတာကတော့ အခု အများပြည်သူကလက်မခံတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ။

ခုဆို စစ်အစိုးရရဲ့ ပုံပျက်ပန်းပျက်အမျိုးသား ညီလာခံ ကျင်းပပြီးခဲ့တာ အနှစ် ၂ဝ ကျော်စွန်းစပြု ပါပြီ။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အစိုးရ အပစ်ရပ်ကြပြီး နောက်ထပ် နိုင်ငံရေးဆွေးနွေးပွဲ ကြီးတစ်ရပ် စတင်ဖို့ရှိနေပါပြီ။ ဒီနေရာမှာ သမိုင်း သင်ခန်းစာအရ အရေးအကြီးဆုံးအချက်ဟာ အရင် စစ်အစိုးရက ဖန်တီးခဲ့တဲ့ အမျိုးသားညီလာခံလို ပုံပျက်ပန်းပျက်စည်းဝေးပွဲကြီးမဖြစ်ဖို့၊ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အရေအတွက် အနည်းဆုံးနဲ့ပါ ဝင်ကြဖို့ပဲဖြစ်ပါတယ်။ ကောင်းပါပြီ နိုင်ငံရေးဆွေး နွေးပွဲကြီးမှာ ဘယ်သူတွေပါဝင်သင့်သလဲ စဉ်းစား ကြည့်ကြရအောင်။

နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ရတဲ့အကြောင်း ရင်းဟာ နိုင်ငံရေးအရ မပြေမလည်ဖြစ်မှုတွေ ကြောင့်လို့ဆိုရင် မမှားပါဘူး။ ဒါဆို တိုင်းပြည်မှာ ဘယ်သူတွေကြားမှာ နိုင်ငံရေးအရ မပြေမလည် ဖြစ်နေကြသလဲ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အဲဒီ မှာ အင်အားစုသုံးခု သွားတွေ့ရမှာဖြစ်ပါတယ်။ တစ်ခုက လက်နက်ကိုင်ထားပြီး အာဏာကိုမစွန့် လွှတ်ချင်တဲ့ တပ်မတော်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ဒုတိယက သူတို့လိုပဲ လက်နက်ကိုင်ထားတဲ့တိုင်း ရင်းသားလက်နက်ကိုင်တွေ၊ တတိယကတော့ ပြည် သူတွေကိုယ်တိုင် ဒါမှမဟုတ် ပြည်သူတွေကိုယ်စား အရေးဆို တိုက်ပွဲဝင်နေသူတွေရယ်လို့ တွေ့ရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက ဒီအင်အားစုသုံးစု တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဖြစ်ပါတယ်။

ပထမအင်အားစုကတော့ ရှင်းပါတယ်။ လက် ရှိ တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရ၊ လွှတ် တော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်နေတဲ့ စစ် ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်ပါတယ်။ ဒုတိယအင် အားစုကတော့ လက်နက်ကိုင်ထားတဲ့ တိုင်းရင်း သားအင်အားစုတွေပါ။ ဒီနေရာမှာ တပ်မတော် လက်အောက်ရောက်နေပြီဖြစ်တဲ့ နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ်တွေကိုတော့ ထည့်သွင်းလို့မရပါ ဘူး။ ထည့်ချင်းထည့် တပ်မတော်လက်အောက်က နေ ထည့်သွင်းသင့်ပါတယ်။

အဲ- အငြင်းပွားစရာရှိ တာကတော့ ပြည်သူတွေကိုကိုယ်စားပြုမယ့် ကိုယ် စားလှယ်အဖြစ် ဘယ်သူတွေကို သတ်မှတ်မလဲဆို တာပါ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ရှိရင် တော့ အဲဒီရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ် ပေးလိုက်သူတွေ ဖြစ်မှာပါ။ (၂ဝ၁ဝ ရွေးကောက် ပွဲနဲ့ အဲဒီကတက်လာတဲ့အမတ်တွေကိုတော့ စာ ရင်းထဲထည့်လို့မရပါဘူး) လောလောဆယ် အနီး စပ်ဆုံး အခြေအနေမှာ အဲဒီလိုအားလုံးပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပထားတာ မရှိ လေတော့ တိတိကျကျကိုယ်စားပြုသူ ရှာရခက်ပါ တယ်။

ဒါပေမဲ့ ပြည်သူတွေကိုယ်တိုင်ရော၊ နိုင်ငံ တကာကပါ နားလည် လက်ခံထားကြတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ အ တိုက်အခံ တိုင်းရင်းသားအင်အားစုတွေဟာ ပြည် သူ့ကိုယ်စားလှယ်တွေအဖြစ် အနီးစပ်ဆုံးကိုယ်စား ပြုနိုင်သူတွေ ဖြစ်ကြပါလိမ့်မယ်။ ပြောရရင် အဲဒီ အင်အားစုသုံးစု တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြခြင်း သည်သာ နိုင်ငံရေးဆွေးနွေးပွဲကြီး မည်ပါလိမ့်မယ်။

အခုဖြစ်နေပုံက တချို့သော နိုင်ငံရေးသမား တွေဟာ သူတို့ကို ပြည်သူတွေကလည်း ထောက် ခံမှုမရှိ၊ ဘာအလုပ်အကိုင်မှလဲ မည်မည်ရရမရှိဘဲ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ အတင်းကြီး ဝင်ပါချင်နေကြတာပါ။

တကယ်တော့ အဲဒီ အုတ်အရောရော ကျောက်အ ရောရော ပါတီတချို့ရဲ့ ဝေလေလေလုပ်ရပ်ဟာ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၁၉၉၃ အမျိုးသားညီလာခံကြီး လို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ဖို့ ကြံစည် ကြိုးစားနေ ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ ၁၅ဝဝလောက် ပါမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီး၊ လူ ၉ဝဝ လောက်ပါမယ့် ဆွေးနွေးပွဲကြီး၊ လူ ၅ဝဝလောက်ပါသင့်တဲ့ နိုင်ငံရေးဆွေး နွေးပွဲကြီးစသည်ဖြင့် စိတ်ထင်တိုင်း လျှောက်ပြော၊ လျှောက် ဖြန့်တာမျိုး လုပ်နေကြပါတယ်။ သူတို့ ပြောသလိုမဖြစ်ရင် အားလုံးပါဝင်ခွင့်မရတဲ့ သဘောမျိုး၊ ပွဲဖျက်မယ့်လေသံမျိုး ပြောနေဆိုနေ၊ လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်နေ ကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံး အပစ်ရပ်ပြီး ရင် နိုင်ငံရေးဆွေးနွေးပွဲကြီး တစ်ခု ကျင်းပရမယ်ဆိုတာ မှန်ပါတယ်။ အရေးလည်း ကြီးပါတယ်။ ဒါပေမဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့အင်အားစုတွေပဲ ပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်မှသာ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ဆွေးနွေးပွဲမျိုးဖြစ် နိုင်မယ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၃၅) မှ ကူးယူဖော်ပြသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အထောက်အကူပြုနိုင်ဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို လွန်ခဲ့ တဲ့နှစ်အနည်းငယ်က ချမှတ်ဆောင်ရွက်ခဲ့ပေမယ့် ကနေ့အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာ ဘဲရှိနေတယ်လို့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကတ်ကမ့် ဘဲလ် Kurt Campbell က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး အသွင် ကူးပြောင်းခြင်းအမည်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ STIMSON Center မှာ ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မစ္စတာကမ့်ဘဲလ် က ပြောလိုက်တာပါ။

အများမျှော်လင့်ထားတဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ဟာ ဒီကနေ့အချိန်ကာလအထိ မြန်မာပြည်တွင်း နိုင်ငံရေး အခြေနေအရဖြစ်စေ၊ နိုင်ငံတကာဆက်ဆံရေးမှာ ပဲဖြစ်စေ၊ အများစုဟာ လက်တွေ့ဖြစ်မလာသေးဘဲရှိကြောင်း၊ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း သူကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ကနဦးဆောင်ရွက်ချက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ဘဲ မအောင်မမြင်ဖြစ်ခဲ့ရကြောင်း မစ္စတာကမ့်ဘဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံကို ကူညီဖို့အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး ရင်းနှီးမြုပ်နှံမှုတွေရှိလာဖို့ မူပိုင်ခွင့်ထိန်းသိမ်းရေး၊ စွမ်းအင် ဖူလုံရေး၊ အလုပ်သမားအခွင့်အရေးစတဲ့ ပြောင်းလဲရေးကိစ္စတွေမှာ အောင်မြင်ပြီးပြတ်အောင် မဆောင်ရွက်နိုင်သေးသလို၊ အပြောင်းလဲဆောင်ရွက်ချက်တွေဟာ သမ္မတရုံးနဲ့ သမ္မတအကြံပေးအဖွဲ့ အသိုင်းအဝိုင်းမှာပဲရှိပြီး အစိုးရတစ်ရပ်လုံးပါဝင်လာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းလည်း သူက ဝေဖန်ထောက်ပြပါတယ်။

မနေ့ကဆွေးနွေးပွဲကို မစ္စတာကမ့်ဘဲလ်နဲ့အတူ STIMSON Center က အရှေ့အာရှရေးရာ သုတေသီ Yun Sun လည်းတက်ရောက်ပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ ပါတယ်။
RFA

လူပေါင်းများစွာ စိတ်ဝင်တစား သွားရောက် ကြည့်ရှုသည်အထိ ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံရာတွင် ရှာဖွေရေး လုပ်ဆောင်နေသည့် ရှာဖွေရေးအဖွဲ့ အနေနှင့် ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားများက အတည်ပြု ပြောကြားသည်။

ခေါင်းလောင်းရှာဖွေရာတွင် ကော့သောင်းဒေသခံ ရေငုပ်သမား ရှစ်ဦး ပါဝင်ခဲ့ပြီး လေးဦးမှာ စက်တင်ဘာလ ၇ ရက်နေ့က နေရပ်သို့ ပြန်လာခဲ့ကြောင်း၊ ရှာဖွေမှု တစ်လတာအတွင်း ဓမ္မစေတီ ခေါင်လောင်းနှင့် ပတ်သက်ပြီး မည်သည့် သဲလွန်စမျှ တွေ့ရှိထားခြင်း မရှိဘဲ သင်္ဘောပျက် တစ်စီးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ သို့ရာတွင် ခေါင်းလောင်းကြီးကို ရှာဖွေရေးအဖွဲ့က တွေ့ရှိထားပြီဟု အဖွဲ့ခေါင်းဆောင် ဦးစံလင်းက သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

ယင်းအပြင် ခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ တင်ဆောင်နိုင်ရန်အတွက် ဆိုင်းကြိုးများ ချည်နှောင်နေပြီ ဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းကလည်း မီဒီယာများသို့ မကြာခဏ ပြောဆိုခဲ့သည်။

“ဦးစံလင်း ပြောတော့ တစ်လနဲ့ အပြီး ခေါင်းလောင်းရှာမယ် ပြောတယ်၊ အခု တစ်လပြည့်နေပြီ။ ဘာမှ မထူးခြားဘူး။ ဒီမှာက မိသားစုတွေ ရှိသေးတယ်။ ဒါကြောင့် ပြန်လာတာ တခြားအကြောင်းတော့ မရှိဘူး” ဟု နေရပ်ပြန်ခဲ့သည့် ရေငုပ်သမား ဦးဇော်ဦးက ပြောဆိုသည်။

ရေငုပ်သမားများ အနေနှင့် အဖွဲ့ခေါင်းဆောင် ဦးစံလင်း၏ ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်၊ နေထိုင်ရပြီး မည်သည့် ထူးခြားချက်မျှ မတွေ့ရှိရဘဲ တစ်နေရာတည်းတွင် နေ့စဉ် ရှာဖွေနေခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ တွေ့ရှိထားသည့် သင်္ဘောပျက်တွင် နုန်းမြေများဖြင့် ပြည့်နေပြီး သင်္ဘောကိုယ်ထည်မှာလည်း ဆွေးမြည့်နေပြီ ဖြစ်ကြောင်း နေရပ်ပြန်ရာတွင် ပါဝင်ခဲ့သည့် ဦးသန်းညွန့်က ဆိုသည်။

ယင်းအပြင် ရေငုပ်သမားများမှာ ဆလုံလူမျိုး ၁၀ ဦး ပါဝင်သည် ဆိုသည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သမား ရှစ်ဦးသာ ပါဝင်ပြီး အားလုံးမှာ ကော့သောင်း ဒေသခံများသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သင်္ဘောနဲ့ ပေ ၂၀ လောက် အကွာကိုပဲ နေ့တိုင်း ရှာနေရတော့ ထူးခြားမှု မရှိဘူး၊ တခြားနေရာ ပြောင်းရှာချင်တယ်၊ ဦးစံလင်းက ခွင့်မပြုတော့ ဘယ်သူမှ မလုပ်ကြဘူး၊ အခုတွေ့တဲ့ သင်္ဘောပျက်တောင် တစ်နေ့ ဦးစံလင်း အပါအဝင် အားလုံး အိပ်ပျော်နေတဲ့အချိန်မှာ ဦးက ရေထဲဆင်းသွားတယ်။ အဲဒီမှာ သောင်တူး သင်္ဘောနဲ့ (၁၀) ပေလောက် ကွာတဲ့ နေရာမှာ သင်္ဘောလို့ ယူဆရတဲ့အရာ သံခွံတစ်ခုကို တွေ့တော့ အကွင်းတစ်ခုမှာ ကြိုးနဲ့ ချည်ထားခဲ့ပြီး ပြန်တက်လာတယ်” ဟု ကော့သောင်း ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်က ဆိုသည်။

ယင်းသင်္ဘောတွင် နဂါးများ ရှိနေပြီး နဂါးများ ကိုက်လိမ့်မည်ဟု ဦးစံလင်းက ပြောဆိုခဲ့မှုကြောင့် နောက်ရက်များတွင် အဆိုပါ သင်္ဘောရှိသည့် နေရာသို့ ထပ်မံ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ၎င်းကဆိုသည်။

သို့သော် အဆိုပါ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီး ကုန်းပေါ်သို့ ဆယ်ယူနိုင်ရေးအတွက် မူလသတ်မှတ်ထားသည့် အချိန်ကာလအပြင် နောက်ထပ် ၁၇ ရက် ထပ်မံတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ခေါင်းလောင်းကြီးကို ဆိုင်းကြိုးများဖြင့် ချည်နှောင်နေပြီး ဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေး အဖွဲ့ဝင်များက ပြောဆိုထားသည်။

အဆိုပါ ခေါင်းလောင်းရှာဖွေမှုကို သတင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အစိုးရအနေနှင့် သွားရောက် စစ်ဆေးသင့်ကြောင်း မွန်သမိုင်း သုတေသနအသင်း အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ပြောဆိုသည်။

ခေါင်းလောင်း ရှာဖွေမှုအတွက် ရှာဖွေမှု တစ်လတာအတွင်း ရေငုပ်သမားများကို ဦးစံလင်းအဖွဲ့က အသွားအပြန် ခရီးစရိတ်ကိုသာ ထောက်ပံ့ပေးခဲ့ကြောင်း ရေငုပ်အဖွဲ့ဝင် ဦးသန်းညွန့်က ပြောဆိုသည်။ “သွားတာကလည်း သာသနာ အကျိုးအတွက် လုပ်ဆောင်ဖို့ သွားတာပါ” ဟု ၎င်းကဆိုသည်။

ခေါင်းလောင်း ရှာဖွေရေးအတွက် သောင်တူးစက် ငှားရမ်းခ၊ ရေစုပ်စက်များ ငှားရမ်းခ အပါအဝင် တစ်ရက်လျှင် ကျပ် သိန်းခြောက်ဆယ် ကုန်ကျမည် ဖြစ်ကြောင်း ဦးစံလင်းက မီဒီယာများသို့ ပြောဆိုထားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ရှာဖွေရေးအဖွဲ့ကို စနစ်တကျ စိစစ်ခြင်းမရှိဘဲ ခွင့်ပြုထားမှုအပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ရေငုပ်သမားများ နေရပ်ပြန်သွားခြင်း၊ ခေါင်းလောင်းကြီး တွေ့ရှိထားပြီဆိုသည့် သတင်းများ ထုတ်ပြန်ခဲ့ခြင်းများနှင့် ပတ်သက်၍ ခေါင်းလောင်း ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်း၊ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းနှင့် ရှာဖွေရေးအဖွဲ့ အရန်ကော်မတီဝင်များထံသို့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဆက်သွယ်ရာတွင် မည်သူ့ကိုမျှ ဆက်သွယ်၍ မရခဲ့ပေ။

Dawei Watch, LC
http://thevoicemyanmar.com/

တောင်သူလယ်သမားတွေ လတ်တလော ရင်ဆိုင်နေကြရတဲ့ လယ်သိမ်း ယာသိမ်း ကိစ္စရပ်တွေ မှာ ပြေလည်မှု မရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ် ကျခံနေရခြင်းဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ ရဲ့ အပတ်စဉ် အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်း" အစီအစဉ် မှာ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

" လယ်တွေပေါ့နော် ပြန်ပြီးပေးဖို့ မူလပိုင်ရှင်တွေကို ဘယ်လို အခြေအနေမျိုး ဆိုရင် ပြန်ပေး မှာလည်းဆိုပြီးတော့ လွှတ်တော်ကတော့ အကြံပြုတယ်၊ ဒါပေမဲ့ လွှတ်တော်ကတော့ အကြံပေး တာပဲရှိတယ်၊ ဒီဟာကို အကောင်အထည်ဖေါ် ဖို့ဟာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်ဖေါ်ရမှာပေါ့ " ဟု သူမက ဖြေကြားခဲ့သည်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပီအာစနစ်အသုံးပြုဖို့ ကြိုးပမ်းချက်တွေ အရှိန် မြင့်တက် လာခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲ စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့ လိုလို လားလား တောင်းဆို ချက်အရသာ ဖြစ်သင့်ကြောင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ - NLD
Ref - RFA Burmese

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်မှုများသည် ပြည်သူ့အသံ အနေဖြင့် လွှတ်တော်အတွင်း မရောက်နိုင်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် စစ်ဗိုလ်ချုပ် ယူနီဖောင်း ချွတ် ထားသော်လည်း စိတ်ဓာတ် မပြောင်းလဲသေးဟု ဒီချုပ်နာယက (ကာကွယ်ရေး ဦးစီးချုပ်ဟောင်း) သူရ ဦးတင်ဦးက မြန်မာ သံတော်ဆင့်သို့ စက်တင်ဘာလ ၁၁ ရက်တွင် ဝေဖန် ပြောကြားလိုက်သည်။

““သူတို့က သူတို့ကိုယ်သူတို့ ဗိုလ်ချုပ်ကြီးလိုလို၊ ဘာကြီးလိုလို အမိန့်ပေးနေတယ်။ ယူနီဖောင်း ချွတ်သာ ချွတ်တာ၊ စိတ်က မပြောင်းလဲဘူး။ ဒီလိုဟာမျိုး ပြောရင် သူတို့နဲ့ မဆိုင်ဘူး။ အမှန်ကတော့ လုပ်နေတဲ့ ပြည်သူ လူထုက ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်တယ် ဆိုတာကို ဖြစ်အောင် ယုံကြည်လို့ လုပ်တာ”” …ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး က မြန်မာသံတော်ဆင့်သို့ ပြောသည်။ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဝေဖန်ခွင့် ရှိသော်လည်း ဦးခင်အောင်မြင့်သည် အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌဖြစ်သောကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လည်း လိုအပ်ကြောင်း ထပ်မံ ပြောကြား ခဲ့သည်။

““သူပြောတဲ့ စကားကတော့ လွတ်လွတ်လပ်လပ် ပြောတာတော့ ပြောပါစေပေါ့။ ဒါပေမဲ့ သူပြောတဲ့ စကားက လွှတ်တော်မှာ အကြီးအကဲ ဖြစ်နေတဲ့အတွက် အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ပြောတဲ့စကားက သိပ်အရေး ကြီးတယ်””ဟု ဆိုသည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သြဂုတ်လ နောက်ဆုံးပတ် အတွင်းတွင် သွားရောက်ခဲ့သော ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ““မြန်မာနိုင်ငံမှာ ကျင့်သုံးနေတာက ကိုယ်စားပြု ဒီမိုကရေစီစနစ်ပါ။ ဒီနေရာမှာ တစ်ခါတည်း ပြောချင်တာက တိုက်ရိုက် ဒီမိုကရေစီနဲ့ ကိုယ်စားပြု ဒီမိုကရေစီကို မကွဲပြားတာပါ။ ကိုယ်စားပြု ဒီမိုကရေစီမှာ လွှတ်တော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော် ဖော်ဆောင်လျက် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်က တစ်ဆင့် ပြည်သူ့ ကိုယ်စား မေးခွန်းမေးခြင်း လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အပြင်မှာ လက်မှတ်တွေ လိုက်ထိုးတာတို့၊ အပြင်မှာ ဆန္ဒဖော်ထုတ်တာတို့ ပြည်သူ့အသံအနေနဲ့ လွှတ်တော်ထဲ ကို မရောက်ပါဘူး”” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ (သတင်းအပြည့်အစုံကို မြန်မာသံတော်ဆင့် အတွဲ(၃)၊ အမှတ်(၂၆)တွင် ဖော်ပြပြီး)

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးအား ဇူလိုင်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ကျင်းပပြုလုပ်သော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များ ဆွမ်းကပ်လှူပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဂါရ၀ပြု ကန်တော့ခဲ့ဖူးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန -

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ အရှေ့တောင်ဘက်ရှိ တောင်တန်း များပေါ်၌ ဆီလီကွန် သတ္တုတူးဖော်ရေး စီမံကိန်းများအား ဒေသခံများက ကန့်ကွက် ခဲ့ကြသည့်အတွက် ရှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးစိုင်း အိုက် ပေါင်းက ကုမ္ပဏီများကို ရပ်တန့်ရန် ညွှန်ကြားခဲ့ရာ ယင်းညွှန်ကြားသည့် ကုမ္ပဏီများတွင် ၀န်ကြီးဟောင်း ဦးအောင်သောင်းနှင့် ပတ်သက်သည့် ဂျီအက်စ်အမ် ကုမ္ပဏီ ပါဝင်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သော ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်တွင် နမ့်ခမ်းဒေသ၌ ပြည်သူ့စစ်များနှင့် ချိတ်ဆက်၍ သတ္တုတူးဖော်နေသည့် ကုမ္ပဏီများမှာ မြန်မာ့မြားဦး၊ ငွေကမ္ဘာကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ပိုင်သည့် ပန်းသစ္စာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းနှင့် ပတ်သက် ဆက်နွှယ်သည့် ဂျီအက်စ်အမ် ကုမ္ပဏီတို့ ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရှမ်းအမျိုးသမီးရေးရာ ဆက်နွှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်းမှ သတင်းစုဆောင်းရေး တာဝန်ခံ ဒေါ်နန်းမွေနွမ်ဟွမ်က ““၂၀၁၂ ခုနှစ် အစောပိုင်းထံက နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ဆီလီကွန် သတ္တုတူးဖော်ရေးကို ကုမ္ပဏီ ၆ခုနဲ့ တူးဖော် ခဲ့တယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လမှာ လယ်သမား ၅၉၀၀ ခန့်က သတ္တုတူးဖော်ရေး လုပ်ငန်း ရပ်တန့်ပေးဖို့ နေပြည်တော်ရှိ သက်ဆိုင်ရာ အစိုးရဌာနများကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့တယ်။ အဲဒီနောက်ပိုင်း သတ္တု တွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက စစ်ဆေးခဲ့ပြီး ကုမ္ပဏီတွေကို ရပ်တန့်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ဆက်လက် လုပ်ကိုင်နေတယ်။ စေ့စပ် ဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ်ကို မရောက်ခင် ကျွန်မတို့ရဲ့ အဖိုးတန် သယံဇာတ တွေကို ထုတ်ယူ ရောင်းချနေတယ်။ အဘက်ဘက်က သဘောတူညီချက်ရတဲ့ အချိန်ရောက်ရင် ဘာမှကျန်မှာ မဟုတ်တော့ဘူး”” ဟု မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း စစ်မှန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး မရသရွေ့ တိုင်းရင်းသား ဒေသများတွင် သယံဇာတ ထုတ်ယူမှုများကို ရပ်တန့်ရန် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများက စက်တင်ဘာ ၈ ရက်တွင် တောင်းဆို လိုက်သည်။

အဆိုပါ စီမံကိန်းများ ရပ်တန့်ရန် စက်တင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ လယ်သမား ၃၀၀၀ ကျော်က ဆန္ဒပြခဲ့ကြောင်းကို ““ဒီသတ္တုတူးဖော်ရေး လုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ် ပစ္စည်းတွေဟာ လယ်ယာ လုပ်ငန်းနဲ့ သောက်သုံးရေ အတွက် ဒေသခံရွာ ၉ ရွာက မှီခို အားထားနေရတဲ့ နမ့်ဆီးရီး ချောင်းအတွင်း စုပုံနေတယ်။ ဒီ စွန့်ပစ် ပစ္စည်းတွေကြောင့် ချောင်းရေဟာ ညစ်ညမ်း လာပြီး ရေစီး ရေလာပိတ်ဆို့ စေတဲ့အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လယ်ယာမြေများ ရေလွှမ်းမိုးတယ်။ အနည်းဆုံးဧက ၁၀၀ ခန့် ပျက်စီးခဲ့တယ်””ဟု ယင်းဒေသခံ လယ်သမားတစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောသည်။

““ရပ်ခိုင်းထားတယ်။ ပျက်စီးထားတဲ့ လယ်တွေအတွက်ကို လျော်ကြေး ပေးခိုင်း ထားတယ်။ ချောင်းရေထဲ စီးဝင်နေတဲ့ သလင်းကျောက်မှုန်တွေကို အကုန်ပြန်ပြီး ဖယ်ပေးရမယ် ဆိုပြီး မူဆယ်ခရိုင် ထွေ/အုပ်ကို မှာထားပြီးသား သဘာဝ ပတ်ဝန်းကျင် ပျက်စီးအောင် မလုပ်ဖို့ ကုမ္ပဏီတွေကို ငှားထားပြီးသား။ စည်းကမ်း မလိုက်နာရင် ကုမ္ပဏီ ပိတ်သိမ်း မှာပေါ့။ ပြည်ထောင်စု သတ္တုတွင်း ၀န်ကြီးဌာနကို တင်လိုက်ပြီ ပြည်ထောင်စု က လုပ်မှာပေါ့””ဟု ရှမ်းပြည်နယ် သတ္တုတွင်း ၀န်ကြီးဦးစိုင်းအိုက်ပေါင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန -

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် ရည်ရွယ် ထားသော ကြားဖြတ် ရွေးကောက်ပွဲအား ကျင်းပတော့ မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် သေချာကြောင်း နိုင်ငံရေး ပါတီများ က စက်တင်ဘာ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ခန့်မှန်း ပြောဆိုသည်။

““ကြားဖြတ် ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတော့ မဖြစ်မနေ PR လာတော့မယ်လို့ ထင်တာပဲ။ ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် ဘယ်ဘက်က အားသာတယ်။ ဘယ်ဘက်က အားနည်းတယ် ထွက်လာမှာလေ။ အဲဒီ result တွေကို တချို့တချို့တွေက နည်းနည်း စိုးရိမ်နေတဲ့ အနေအထားရှိလားလို့။ … နောက်တစ်ပိုင်းက PR ကို တကယ် ကျင့်သုံးတော့မယ်ဆို ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေက လုပ်ဖို့ လိုအပ်လာမယ်။ ဥပဒေရေးဖို့ လိုအပ်လာမယ်။ အဲဒီကိစ္စတွေလည်း လာမယ်ဆိုရင် ဒီတစ်နှစ်အတွင်း အသည်းအသန် လုပ်ရမယ့် ကိစ္စဖြစ်နေတာကိုး””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းဝါနုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါအချိုးကျ ကိုယ်စားပြုစနစ် (PR) အား လက်ရှိအချိန်တွင် အမျိုးသား လွှတ်တော်၌ ကျင့်သုံးရန် ဆုံးဖြတ် ထားပြီး ပြည်သူ့လွှတ်တော်တွင်လည်း ရွေးကောက်ပွဲစနစ် တစ်ခုပေါ်ပေါက်ရေး လေ့လာသုံး သပ်ရေး ကော်မရှင် ဖွဲ့ကာ ရွေးကောက်ပွဲ စနစ်များအား လေ့လာ သုံးသပ်လျက်ရှိသည်။

““ဟုတ်တယ်။ မှန်တယ်။ ၂၀၁၅ မှာ PR လာဖို့ ကျိန်းသေသွားပြီ။ သူတို့ ပြင်ဆင်ချိန်ရပြီလေ။ သူတို့အေးဆေး လုပ်လို့ရပြီ။ ၂၀၁၅ ကို ဦးတည်ပြီး ဆွဲလို့ရပြီပေါ့””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သုံးသပ်ခဲ့သည်။

PR စနစ်အား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ခုစလုံးသို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)က တင်သွင်းခဲ့ပြီး အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ထောက်ခံ ခဲ့သော်လည်း NLD အပါအ၀င် အတိုက်အခံပါတီအချို့နှင့် တိုင်းရင်းသား ပါတီများက ကန့်ကွက်ခဲ့သည်။

လွှတ်တော်ပြင်ပ၌လည်း တက်ကြွ လှုပ်ရှားသူများက PR စနစ်အား ကန့်ကွက်သော ဆန္ဒထုတ်ဖော်ပွဲများ၊ ဆန့်ကျင်ကန့်ကွက် လက်မှတ်ရေးထိုးမှုများ ဆက်တိုက် ပြုလုပ်လာခဲ့ကြသည်။

““ကြားဖြတ်ကို ဖျက်တာက PR လာဖို့ သေချာတယ် ဆိုတာထက် ကြားဖြတ်မှာ PR လုပ်လို့မရဘူး။ FPTP နဲ့ဆိုရင် သူတို့ရဲ့ အရှုံးက အရမ်းပေါ်လွင်မယ်လေ။ ဒီဟာကို ရှောင်ရှားချင်တာ တစ်ခုတည်းနဲ့ ဒါမျိုး လုပ်လိုက် တယ်လို့ ယူဆလို့ရတာပေါ့””ဟု PR စနစ်အား ပြည်သူ့လွှတ်တော်သို့ တင်သွင်းချိန်တွင် ပြင်းထန်စွာ ကန့်ကွက် ခဲ့သူ တံတားဦး မဲဆန္ဒနယ်မှ ဒေါ်ခင်သန္တာက သုံးသပ်သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်

စစ်တပ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲ လာပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် အစိုးရ အနေဖြင့် သံဃာ အချင်းချင်း စည်းလုံးညီညွတ်မှု အား သွေးခွဲရန် ကြိုးစားနေပြီး သံဃာတော်များအား အကြည်ညို ပျက်စေရန် လုပ်ဆောင်လျက် ရှိကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင် သံဃာတော် အဖြစ် ပါဝင်ခဲ့သူ ဦးထာဝရက စက်တင်ဘာလ ၁၀ ရက်နေ့က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

သံဃာတော်များအား သွေးခွဲသည် ဆိုခြင်းမှာ မဟာသန္တိသုခ ကျောင်းတော် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃာတော်များအား ဖမ်းဆီး အရေးယူခြင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများနှင့် သံဃာတော်များအကြား အမြင်မတူမှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ပေါ် အခြေခံ၍ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

““ဦးဇင်းတို့ ပြည်သူတွေက သံဃာတော်များကို အကြည်ညိုပျက်အောင် အစိုးရဟာ အမျိုးမျိုး လုပ်ဆောင် ဖန်တီးပြီး ဦးဇင်းတို့ရဲ့ စည်းလုံး ညီညွတ်မှုကို သွေးခွဲပစ်ဖို့ ကြိုးစားနေကြပါပြီ။ စစ်အစိုးရရဲ့ လူတစ်စု အာဏာ တည်မြဲရေး အတွက် သံဃာတော်တွေ၊ ပြည်သူတွေ နိုင်ငံရေးအသိ သိရှိနိုးကြား လှုပ်ရှားမှု မပြုနိုင်အောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ့် အဆင်အပြင်တွေ တွေ့နေရပြီမို့ သတိပေးပါရစေ””ဟု နော်ဝေနိုင်ငံတွင် သီတင်းသုံးနေသူ ဆရာတော် ဦးထာဝရက မြန်မာသံတော်ဆင့်သို့ မိန့်သည်။

ဆရာတော် ဦးထာဝရမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ဦးဆောင် ပါဝင်ခဲ့မှုဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရရာမှ ယခုအခါ နော်ဝေနိုင်ငံ၌ သီတင်းသုံး နေရခြင်း ဖြစ်သည်။ လက်ရှိတွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိသည်မှာ မှန်ကန်သော်လည်း အချို့သော အစိတ် အပိုင်းများ တွင်မူ ဆိုးသည့်ဘက်သို့ ရောက်ရှိ နေကြောင်းလည်း ရွှေဝါရောင် ဦးဆောင် သံဃာတော် တစ်ပါးဖြစ်သည့် မောင်းတီးဆရာတော် ဦးသဒ္ဓမ္မက ယခုကဲ့သို့ မိန့်သည်။

““နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်အနေနဲ့ ပြောရမယ်ဆိုရင် တချို့ အစိတ်အပိုင်းတွေတော့ ပြောင်းလာခဲ့တယ်။ ကြိုဆိုစရာ၊ လက်ခံစရာ ကောင်းပေမယ့် တချို့အစိတ်အပိုင်းက ပြောင်းလဲဖို့ အားနည်းခဲ့ပြီးတော့ အဆိုးဘက် ကို ဦးတည်သွားတဲ့ အပိုင်းတွေလည်း တွေ့ရတယ်လို့ ပြောရမှာပေါ့။ စစ်အစိုးရကနေ အရပ်ဘက် အစိုးရကို ပြောင်းလာတယ်။ သမ္မတကြီး ဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှု၊ ကောင်းရာ ကောင်းကြောင်း ပြုပြင်ပြောင်းလဲမှု တို့က ရာခိုင်နှုန်း နည်းပြီးတော့ သန္တိသုခလိုမျိုး မဖြစ်သင့်တဲ့ ကိစ္စတွေပေါ့နော်။ ဘာသာအတွက်ရော၊ သာသနာ အတွက်ရော၊ ဗုဒ္ဓဘာသာ ပုံရိပ်အနေနဲ့ကော ထိခိုက် နစ်နာအောင် လုပ်တဲ့ လုပ်ရပ်မျိုးတွေဆိုရင် တော်တော်လေး အကျည်းတန်တယ်ပေါ့”” ဟု မောင်းတီး ဆရာတော် ဦးသဒ္ဓမ္မက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းအကြမ်းဖက် နှိမ်နင်းမှုအား သတင်းရယူခဲ့သူ ဂျပန်သတင်းထောက် ခန်ဂျီနာ ဂအိမှာလည်း စစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ထို့ပြင် သံဃာ့အရေးအခင်းအား အကြမ်းဖက် ဖြိုခွင်းမှုကြောင့် အချို့သော သံဃာတော်များမှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် သံဃာတော်များလည်း ရှိသည်။

““ရွှေဝါရောင် တော်လှန်ရေးက ဦးဇင်းတို့ သံဃာတွေဟာ မြန်မာပြည်မှာ နိုင်ငံရေးလုပ်ရင် ဘ၀ဆုံးကြ ရတာပါပဲ။ ထောင်ထဲမှာ သံဃာတွေ ဆေးထိုးခံရပြီး အပြင်ရောက် ပြန်တော့လည်း ဒုက္ခတွေ များပါတယ်။ ခက်ခဲတဲ့ဘ၀ကို ဦးဇင်းတို့ ဖြတ်သန်းပြီး မိသားစုဘ၀ ဆိုတာလည်း မရှိကြတဲ့ သံဃာတွေဟာ လမ်းဘေး ရောက်သွားတာ စိတ်မကောင်းပါဘူး။ ဒီအတွက် ရွှေဝါရောင် သံဃာတွေကို တတ်နိုင်သလောက် ကူညီပေးကြ ပါ”” ဟုလည်း စစ်အစိုးရ၏ ဖမ်းဆီးမခံရရန်အတွက် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသူ ဦးထာဝရက မြန်မာသံတော်ဆင့်သို့ မိန့်သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်

တောင်ကလေးဆရာတော်သည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးဖြစ်ပြီး တရားဓမ္မနှင့် ပတ်သက် သော ဗုဒ္ဓစာပေများကို စာအုပ်ပေါင်းရာနှင့်ချီ၍ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း၊ ဘာသာ စကားလေးမျိုးဖြင့် ပိဋကတ်သုံးပုံကို ရေးသားစီရင်တော်မူလျက်ရှိခြင်း၊ ငြိမ်းချမ်းရေး ဦးဆောင် ဆရာတော်ကြီးဖြစ်ခြင်းတို့အပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် နိုင်ငံ့ဦးသျှောင် လူကြီးများကိုယ်တိုင် အလေးထား ရိုသေလေးစားသော ဆရာတော်ကြီး တစ်ပါးဖြစ်၍ အစိုးရသာသနာရေး ၀န်ကြီးဌာနမှ ဆရာတော်များကို ညွှန်ကြားဆောင်ရွက်စေသည့် ပုံစံများဖြင့် ပြုမူခြင်းမှာ ယနေ့ခေတ်တွင် လူအများကဲ့ရဲ့စရာ …
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဦးဆောင်တောင်ကလေးဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တပညာသာမိထံသို့ အစိုးရသာ သနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင် လာရောက်ကာ စစ်ဆေးစုံစမ်းသည့် ကိစ္စရပ်များ ပြုလုပ်ဆောင် ရွက်ခဲ့ခြင်းအပေါ် ဆရာတော်၏ တပည့်ဒကာ၊ ဒကာမများ ဖြစ်ကြသော တောင်ကလေး ပရိယတ်္တိစာ သင်တိုက် ဝေနေယျများနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းလျက် ရှိကြသော ကရင်ပြည်နယ်အတွင်းတပည့် ဝေနေယျများမှ စိတ်မချမ်းမသာ ဖြစ်ရကြောင်း ဘားအံမြို့ပေါ် ရှိ တောင်ကလေး ဆရာတော်၏ တပည့်များက စက်တင်ဘာ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ဆက် သွယ် ပြောကြားခဲ့ သည်။ တောမှီရ ဟန်း ကေ လာင် အမည်ဖြင့် တရားဓမ္မစာအုပ်ပေါင်း ၁၀၀ကျော် ရေးသားထုတ်ဝေခဲ့ပြီး မြန်မာသံတော် ဆင့်တွင် နိုင်ငံရေး ဝေဖန်သုံးသပ်ချက် ဆောင်းပါးများ အဆက်မပြတ်ေ ရးသားပေးပို့လျက် ရှိသည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ေ ဆာင် တောင်ကလေး ဆရာတော်သည် ကရင်ပြည်နယ်အတွင်း ကိုးကွယ်ယုံကြည် သူများပြား လျက်ရှိကာ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး များအပြင် ပရဟိတလုပ်ငန်းများလည်း ကြီးမားကျယ်ပြန့် စွာ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ခေတ်အဆက် ဆက် မငြိမ်းချမ်းခဲ့သော ကရင်ပြည်နယ် အတွင်း သေနတ်သံ များရပ်စဲ၍ ငြိမ်းချမ်းရေးရရှိေ စရန် တောတွင်း လက်နက်ကိုင် အဖွဲ့များအား တရားဓမ္မ လမ်းစဉ်များဖြင့် ဟော ကြား သြ၀ါ ဒပေးလျက်ရှိကာ ယခင်တပ်မတော် အစိုးရအကြီးအကဲ၏ အားကိုး ပံ့ပိုးမှုဖြင့် ကရင်ပြည်နယ်၌ အစိုးရအဖွဲ့လူကြီးများနှင့် KNU, DKBA လက်နက် ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော ဆရာတော်လည်း ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအဓိက အစည်း အဝေး များတွင်လည်း အစိုးရဘက်မှ မလျော်ကန်ေ သာ ပြောဆိုမှုအချို့ကို ကရင်လက်နက်ကိုင်များနှင့် ကရင်ပြည် နယ်သားများ ဘက် မှ ပြတ်ပြတ်သားသား ရပ်တည် ၍ ဝေဖန်ပြစ်တင် ပြောကြားနိုင် ခဲ့ခြင်း ကြောင့် လည်း တောင်ကလေး ဆရာတော်အား ကရင်ပြည်နယ်လူထုမှ ငြိမ်းချမ်းရေးဦးဆောင် ဆရာတော်အဖြစ် အားကိုး လျက်ရှိကာ KNU အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးစောတာမလာဘော ကွယ်လွန် ခါနီး နောက်ဆုံးအချိန် တွင်လည်း ကရင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် တောင်ကလေး ဆရာတော်အား အားကိုးယုံကြည်စွာဖြင့် အမှာစကား ပင် ပါးခဲ့ကြောင်း ဦးစောတာမလာဘော၏ မိသားစုမှတစ်ဆင့် သိရှိခဲ့ရသည်။

တောင်ကလေးဆရာတော် သီတင်းသုံးရာ ကရင်ပြည် နယ် ဘားအံမြို့၊ တောင် ကလေး ပရိယတ်္တိ ကျောင်းတိုက် အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ရှိရာ သို့ အစိုးရသာသနာရေး ၀န်ကြီးဌာန မှ ညွှန်ကြားရေး မှူးချုပ်တစ် ဦးနှင့် ပြည်နယ်သာသနာေ ရးမှူးတို့ စက်တင်ဘာ ပထမပတ်အတွင်းလာေ ရာက်ခဲ့ပြီး တောင်ကလေး ဆရာတော်ကို တွေ့ဆုံ ကာ မြန်မာသံတော်ဆင့် တွင် တောင်ကလေး ဆရာတော်(အဲးခိုး)ရေးသားဖော်ပြ လျက် ရှိ သော နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများမှာ ဆရာတော်ကိုယ် တိုင်ရေး သားခြင်းအနေဖြင့် ၎င်းတို့ ထူးဆန်းနေ ကြောင်း၊ အစိုးရသာသနာေ ရး မှ တောင်ကလေး ဆရာတော်ကို နိုင်ငံရေးဆောင်းပါး များ ရေး သားခြင်းအား လာရောက် စုံစမ်းခြင်းဖြ စ်ကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် အစိုးရသာ သနာရေးမှ တောင်က လေးဆရာတော်ကို ဖမ်းဆီးရန် ဆန္ဒရှိ ပုံရကြောင်း၊ နောက်ဆုံး ၂၀လ အစိုးရ၊ နောက်ဆုံး ၁၉လအစိုး ရ ဆောင်း ပါးများအပေါ် အစိုးရဘက်မှ စာရေးသူ တောင်ကလေး ဆရာတော်ကို ပြဿနာ ရှာသည့်သဘော ပြောကြားသွားကြောင်း၊ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိစ္စ ၀င်မရှုပ်ရန်နှင့် အစိုးရကို ပုတ်ခတ် သည့် နိုင်ငံ ရေး ဆောင်း ပါးများ မရေးသားရန်စသည့် ဆရာတော့်အပေါ် မလေးမစား ပြုမူ ဆက်ဆံ သွားသည့် အစိုးရ သာသ နာရေးဝန်ကြီးဌာန တာဝန်ရှိသူများအပေါ် ကရင်ပြည်နယ်မှ တောင်ကလေး ဆရာတော်၏တပည့်များမှာ လွန်စွာ မကျေ မနပ်ဖြစ်လျက်ရှိပြီး အချို့မှာ ရင်ထုမနာစိတ်မချမ်းမသာမှု ခံစားရကြောင်း သတင်းများ ပျံ့နှံ့လျက် ရှိနေသည်ကို တောင်ကလေး ဆရာတော်၏ ဒကာတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ တောင်ကလေးဆရာတော်ထံ မြန်မာသံတော်ဆင့်မှ ဆက်သွယ် ၍လျှောက် ထားမေးမြန်းခဲ့ရာ ““ဆရာတော် အနေနဲ့ကတော့ တိုင်းအကျိုး ပြည်အကျိုးသူ့အကျိုးကို ဘယ်တော့မှ ဒီစာရေး တဲ့ အလုပ်ကို နောက်မဆုတ်ဘူးဆိုတာကိုတော့ သိထားပါ။ တိုင်းကျိုး ပြည်ကျိုး သူ့အကျိုးကို စာရေးဆရာ အဲးခိုးအနေနဲ့ကတော့ ဘယ်တော့မှနောက် မဆုတ်ဘူးဆိုတာကိုတော့ သိထားစေချင်ပါတယ်။ ဦးဆန်းဆင့်က ကရင်အမျိုးသမီးနဲ့ယူလို့ ကရင်ပြည်နယ်မှာပြန်လာပြီးတော့ တရားလာထိုင်တဲ့ သဘောပဲ။ ကျန်တာ သူဘာမှ ရည်ရွယ်ချက် မရှိဘူး။ နိုင်ငံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေး ကိစ္စတခြားဆရာတော်တို့နဲ့အကျိုးတူ ကိစ္စတွေ ဘာတစ်ခုမှမရှိဘူး””ဟု တောင်ကလေးဆရာတော်က ပြန်လည်မိန့်ကြားခဲ့သည်။

ထိုကဲ့သို့ တောင်ကလေးဆရာတော်အား သွားရောက်တွေ့ဆုံမေးမြန်းမှုများနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ““အဲဒီဟာကတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး ခင်ဗျ။ ကျွန်တော်တို့ အဆင့်နဲ့ကတော့ ဘယ်လိုလုပ်တယ်၊ ဘာညာကတော့ မသိနိုင်ဘူး။ လောလော ဆယ်တော့ လူကြီးတွေလည်း အစည်းအဝေး လုပ်နေ ကြတော့ ဘယ်သူ့ကိုမေးရင် အဆင်ပြေ မယ်ဆိုတာလည်း မပြောတတ်ဘူး။ ကျွန်တော်လည်း ခုရောက်တာ မကြာသေးဘူးခင်ဗျ။ တစ် ပတ်လောက် ပဲ ရှိသေးတော့ လေ့လာနေတုန်းပါပဲ။ ကျွန်တော့် ရာထူးနဲ့ကျတော့ ဒီလိုအကြီးစား ကိစ္စတွေက မသိပါဘူးခင်ဗျ””ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက မြန်မာသံတော်ဆင့်သို့ပြောသည်။

ထို့ကြောင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုးမင်းထွန်းတို့ထံ မြန်မာသံတော်ဆင့်က တယ်လီဖုန်းဖြင့် ၁၅ ကြိမ်ခန့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိ ခဲ့ပေ။ ထို့ပြင် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေထံသို့လည်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
တောင်ကလေးဆရာတော်၏ ရပ်တည်ရေးသားချက်များနှင့် စပ်လျဉ်း ၍ နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် ကိုယ်တိုင်ရေးသား ပေးပို့ခဲ့သော သဘောထားမှတ်ချက်တွင် ““တောင်ကလေး ဆရာ တော်ဘုရားသည် သမာဓိအရာ၌ ထက်သော ပုဂိ္ဂုလ်မြတ်ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်များ ကပြောကြပါသည်။ သီလသမာဓိ ပညာနှင့်ပြည့်စုံတော်မူသော ဘုရားရှင်၏ သားတော်တစ်ပါးဖြစ်၍ လည်းနိုင်ငံတော်ကတစ်နှစ်ပြီး တစ်နှစ်ဘွဲ့တံဆိပ်တော်များ တိုးမြှင့် ဆက်ကပ်ခြင်းကို ခံယူတော်မူရ ကြောင်းတွေ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် ကိုးကွယ်သည့် ရဟန်းဟူ၍လည်း ကာလကြာမြင့်စွာကပင် ကြားသိခဲ့ရပါသည်။ တရားရှိသော တောမှီရဟန်းပီပီ ဆရာတော်၏ အမြင်တို့မှာ ဘက်လိုက်မှုကင်းသည်။ လမ်းကြောင်းမှန်ကို ဘွင်းဘွင်းကြီးနှင့် ရှင်းရှင်းကြီးပြသတတ်သည်””ဟု မှတ်ချက်ပေးထားသည်။

မြန်မာသံတော်ဆင့်တွင် တောင်ကလေးဆရာတော် ရေးသားသော နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများနှင့် ပတ်သက်၍ သီလ၊ သမာဓိရှိသော တောမှီရဟန်း အနေဖြင့် ဘက်မလိုက်ဘဲ ဖြောင့်မတ်စွာ ရေးသားလျက်ရှိ သည်မှာ မှန် ကန်ကြောင်း ထောက်ခံရေးသားထားသည့် ၎င်း၏ သဘောထား မှတ်ချက် အပေါ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ စက်တင်ဘာ ၅ရက်တွင် ထပ်မံအတည်ပြုပြော ကြားခဲ့သည်။

တောင်ကလေးဆရာတော်သည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာေ တ်ာကြီးဖြစ်ပြီး သံဃာ့ဝိနိစ္ဆယ ရေးရာ များကို ဆောင်ရွက်တော်မူလျက်ရှိခြင်း၊ တရားဓမ္မနှင့် ပတ်သက်သော ဗုဒ္ဓစာပေများကို စာအုပ်ပေါင်း ရာနှင့်ချီ၍ ပုံနှိပ် ထုတ်ဝေခဲ့ခြင်း၊ ဘာသာစကားလေးမျိုးဖြင့် ပိဋကတ်သုံးပုံ ကို ရေးသား စီရင်တော်မူလျက်ရှိခြင်း၊ ငြိမ်းချမ်း ရေး ဦးဆောင် ဆရာတော်ကြီးဖြစ်ခြင်း တို့အပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် နိုင်ငံ့ဦး သျှောင်လူကြီးများ ကိုယ်တိုင်အလေးထား ရိုသေလေးစားသော ဆရာတော်ကြီးတစ်ပါးဖြစ်၍ လက်ရှိ အစိုးရနှင့် သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ဆရာတော်ကို ယခင်တပ်မတော်အစိုးရ လက်ထက်သံဃာတော်များအပေါ် မလျော်ကန်သော ပြုမူဆက်ဆံမှု အချို့ပုံစံ၊ သာသနာရေးဝန်ကြီးဌာနမှ ဆရာတော်များကို ညွှန်ကြား ဆောင် ရွက်စေသည့် ပုံစံများဖြင့် ပြုမူခြင်းမှာ ယနေ့ခေတ်တွင် လူအများကဲ့ရဲ့စရာသာ ဖြစ်နိုင်ကြောင်း၊ ပထမလူကြီး လက်အောက် လုပ်ဆောင်ရသည့်သူများ နောက်လူကြီးပြောင်းသွားသည့်အခါ အရောင်ပြောင်းလဲတတ်ကြ သည့် ယခင်တပ်မတော်အစိုးရ ခေတ်ပုံစံဖြင့် ယနေ့ ဒီမိုကရေစီအစိုးရသည် စစ်အစိုးရပုံစံ အသွင်အများ ကထင် မြင်နို င်ကြောင်း မြန်မာသံတော်ဆင့် အမှုဆောင်အရာရှိချုပ်က သုံးသပ်ပြောကြား သည်။

မြန်မာသံတော်ဆင့်