09/16/14

ကျွန်တော့ ပို့စ်ကိုမန့်တဲ..့
ဘော်ဒါတစ်ယောက်ကပြောတယ်

"တရုတ်တွေဒီလိုလုပ်ပုံမျိုးနဲ့ဆိုရင်..
မြန်မာပြည်က တရုတ်ပြည်ရဲ့နတ်ပြည် ဖြစ်နေပြီ "တဲ့..၊

ကျွန်တော် အဲဒီ မှတ်ချက်ကို..
အကြောက်အကန် ငြင်းပါတယ်..၊

ဘာလို့လဲဆိုတော့..
တရုတ်ပြည်ရဲ့ နတ်ပြည်ဟာ..
မြန်မာပြည်ဘယ်တော့မှ ဖြစ်မလာပါဘူး.
တရုတ်ပြည် ရဲ့နတ်ပြည်ဟာ..
"တရုတ်ပြည်"သာလျှင်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်က ဘာလဲဆိုတော့..
တရုပ်ပြည်ရဲ့..
"ကေတီဗီ မာဆတ်" ပဲဖြစ်ပါတယ်..

တရုတ်ဟာ..
အဲဒီကေတီဗီမာဆတ်ထဲကို
ဝင်ရောက်လုပ်ချင်ရာလုပ်ပြီး...
ထင်ရာစိုင်းပြီး..

သူလုပ်လို့ဝသွားရင်...

ဖုတ်ဖက်ခါပြိး...
ထပြန်သွားမှာပဲဖြစ်ပါတယ်..၊

---------------------------

သူပြန်ခါနီးမှာ..

ကောင်တာမှာထိုင်နေတဲ့..

မန်နေဂျာသိန်းစိန်ကို..
ငွေစအချို့ ရှင်းခဲ့ပါလိမ့်မယ်..၊

မန်နေဂျာ သိန်းစိန်ကတစ်ဆင့်..

မာဆတ်ပိုင်ရှင်....မာမီရွှေကြီး..
နေကောင်းကျန်းမာစေကြောင်း ..
နှုတ်ဆက်စကားတွေပါးပါလိမ့်မယ်.၊

(မာမီရွှေကြီးကလဲ အဲဒီစကားကြာရင်
ဝမ်းသာပီတိ ဂွမ်းဆီထိနေပါလိမ့်မယ်)

ပြီးရင်...
အဲဒီတရုတ်ဟာ..
ညပိုင်းတုန်းက..
သူ..မီးကုန်ယမ်းကုန်ဝါးမြိုခဲ့တာတွေကို
စားမြုံ့ပြန်ရင်း...
ကျေနစ်စွာနဲ့ ပြန်ပါလိမ့်မယ်.၊

ပြန်ခါနီးမှာ ကားပေါ်အတက်..
ကားတံခါးဖွင့်ပေးတဲ့..

"ဖွတ်လော်ဘီလေး" တွေကို..

ငါးပြားဆယ်ပြား..
စွန့်ကျဲသွားပါလိမ့်မယ်..၊

ပုံပြင်လေးကတော့..
ဒီမျှပါပဲကွယ်..၊



ဟဲဟဲဟဲ

( Pa Yit)


ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်ကျေး ဒုဥက္ကဋ္ဌကို သတ်သူလို့ သံသယရှိသူတဦးကို ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးချိန်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူဟာ ရရှိထားတဲ့ သေနတ်ဒဏ်ရာနဲ့ တောင်ကြီးဆေးရုံမှာ ကွယ်လွန်သွားတယ် လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုပြီး ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှ အရပ်သားတွေကို သတ်ဖြတ်တာတွေ မကြာခနဖြစ်ပျက်နေပြီး ရဲတပ်ဖွဲ့က အခုလို အရေးယူဆောင်ရွက်လာတာကြောင့် တရားဥပဒေစိုးမိုးရေးမှာ အထောက်အကူဖြစ်လာမယ်လို့ ယုံကြည်တယ်လို့ NLD ပါတီ တောင်ကြီးခရိုင် ဥက္ကဋ္ဌက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ် မိုင်းပျဉ်းလက်တက်ရွာက သိမ်းဆည်းခံမြေယာ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ NLD ရပ်ကျေးဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းဟာ ဒီနှစ် ဇွန်လ ၄ ရက်နေ့က အမည်မသိလူ ၂ ယောက်က ညအချိန် နေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရွာအပြင်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဖြစ်ပွားပြီး သုံးလကျော်အကြာမှာ သတ်ဖြတ်သူအဖြစ် သံသယရှိသူကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဟိုပုန်းမြို့ မြို့မရဲစခန်းက ဒုရဲအုပ် ကျော်မင်းစိုးက ပြောပါတယ်။

“ဦးဆွေဆိုတာ သံသယရှိသူ တရားခံပေါ့နော်။ ရဲကလည်း အမှုစစ်ဖို့ဆိုပြီးတော့ အကြိမ်ကြိမ်ဆင့်ခေါ်တယ်။ သူမလာဘူး။ ရှောင်နေတာပေါ့လေ။ အဲဒီနေ့က အမှုစစ်နဲ့အဖွဲ့ဆိုတာ၊ အမှုစစ်က ရဲအုပ် စိုင်းနော်ခမ်းနောင်လေ။ သူနဲ့အဖွဲ့က ၁၂ ရက်နေ့ တနာရီခွဲမှာ အဲဒီရွာကိုသွားတော့ သူနဲ့တွေ့တယ်။ တွေ့တော့ သူက ထွက်ပြေးသွားတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေကို မြင်တဲ့အခါ အိမ်အတွင်းထဲကိုဝင်ပြီးတော့ အိမ်နောက်ဖေးပေါက်ကနေ ပြေးသွားတယ်။ မပြေးဖို့တားတယ်။ တားလို့လည်း မရဘူး။ မရတော့ ပထမဆုံး ရဲအုပ်စိုင်းနော်ခမ်းက သူ့မှာပါလာတဲ့ ခြောက်လုံးပြူးနဲ့ ပထမတချက်ကတော့ မိုးပေါ်ထောင်ဖောက်တယ်ပေါ့။ သတိပေးလိုက်တာပေါ့နော်။ မရတော့ ခြောက်လုံးပြူးနဲ့ ပစ်မိလိုက်တယ်၊ သိလား။ ပစ်မိတော့ ကျနော်တို့က တောင်ကြီးဆေးရုံခေါ်သွားတယ်။ ဆေးရုံအရောက်မှာ သူဆုံးသွားတယ်နော်။ ”

ရဲတပ်ဖွဲ့က လူကြုံနဲ့ ဆင့်ဆိုစာပေးပို့တဲ့အခါ စာယူလာသူတွေကို ဦးဆွေက သေနတ်ပြ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ကျန်လွတ်မြောက်နေတဲ့ တရားခံတယောက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒုရဲအုပ် ကျော်မင်းစိုးက ဆက်ပြောပါတယ်။

“ကျန်တဲ့တရားခံတစ်ယောက်က ကျနော်တို့ စုံစမ်းဆဲပဲဗျ။”

သေဆုံးသွားသူဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ အဆက်အသွယ်ရှိတယ်လို့ ဒေသခံတွေက ယူဆထားပါတယ်။ ဟိုပုန်းမြို့မြောက်ဖက် မိုင် ၃၀ လောက်ကွာဝေးတဲ့ မိုင်းပျဉ်းလက်တက်ရွာ အနီးမှာ အစိုးရစစ်တပ်နဲ့ ပအိုဝ်းဌာနေ ပြည်သူစစ်အဖွဲ့တွေ အခြေစိုက်ထားသလို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တွေလည်း လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးလိုက်တဲ့အပေါ်မှာတော့ အမျိုးသားဒီမိုကရေစအဖွဲ့ချုပ် တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ ပါတီဝင်ကိုမှ မဟုတ်ဘူးပေါ့နော်။ အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ သာမန်ပြည်သူတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ဟာတွေကိုတော့ နည်းနည်းတော့ ငြိမ်သက်သွားမယ်လို့ ထင်တယ်လေ။ အရင်တုန်းကဆိုရင် တောကြိုအုံကြားမှာ ဒီလို သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်းဖြတ်နေတာတွေဟာ တရားခံကို ဖော်ထုတ် ဖမ်းဆီးလေ့မရှိဘူးလေ။ တရားခံပေါ်လေ့မရှိဘူးပေါ့။ အခုကတော့ ဒါ ပထမဦးဆုံးအကြိမ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် တခု ဆိုးဝါးသွားတာကတော့ သေသွားတာပေါ့နော်။”

ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မီးသွေးကုန်းကျေးရွာမှာ မြေယာကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်နေတဲ့ NLD ပါတီဝင်တဦး ဒီနှစ် ဧပြီလ ၂၅ရက်နေ့ သတ်ဖြတ်ခံခဲ့ရပြီး ဒီသတ်ဖြတ်မှုမှာတော့ အခုချိန်ထိ လက်သည် တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့ ဦးတင်မောင်တိုးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အမှုအခင်းတွေမှာ မြေယာသိမ်းဆည်းမှုပြသနာဟာ အများဆုံးဖြစ်ပြီး ဒီသိမ်းဆည်းမှုတွေမှာ အစိုးရစစ်တပ်က ပါဝင်သလို ဌာနပြည်သူ့စစ်တွေကလည်း သိမ်းဆည်းတာရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ NLD ပါတီဝင်တချို့နဲ့ ပအိုဝ်းပြည်သူ့စစ်အကြားမှာ အချင်းများတာတွေ ဖြစ်ခဲ့ပါတယ်။
VOA

အမျိုးသား ပညာရေး ဥပဒေ(မူကြမ်း) ဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ဒီနေ့ ကြေညာ လိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ (မူကြမ်း) အပေါ် ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေမှုတွေ နဲ့ ပတ်သက် လို့ ကြေညာ ချက်ထုတ်ပြန်ပြီး အခုလို ပြောကြား လိုက်တာပါ။

ကျောင်းသား သမဂ္ဂတွေရဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရတဲ့ ရည်ရွယ်ချက်တွေကို ဆရာဆရာမများအဖွဲ့ချုပ်အနေနဲ့ အပြည့်အ၀ထောက်ခံကြောင်း၊ အမျိုးသားပညာရေးဥပဒေမူကြမ်းဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုနိုင်တဲ့ ဥပဒေ တခုလို့ ယုံကြည်ခြင်းမရှိတာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂတွေဟာ အဖွဲ့တခုနဲ့တခု အပြန်အလှန် လွှမ်းမိုးမှု ကင်းပြီး လွတ်လပ်စွာရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64960


ISIS fighters now number as many as 31,000, according to the CIA, including some freed from prisons by ISIS, and Sunni loyalists who have joined the fight as the group advanced across Iraq

အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ISIS သို့မဟုတ် IS, ISIL အဖွဲ့သည် အကြမ်းဖက် အဖွဲ့များ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ဝင်ငွေ အများဆုံး ရရှိသည့် အကြမ်းဖက် အဖွဲ့ ဖြစ်ကြောင်း အမေရိကန် သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။

ISIS အဖွဲ့သည် ရေနံမှောင်ခို ရောင်းချခြင်း၊ လူမှောင်ခို ကူးခြင်း၊ ခိုးယူခြင်း နှင့် မတရား ငွေညှစ်ခြင်း တို့မှ တစ်ရက်လျှင် ဒေါ်လာ ၃ သန်းခန့် ဝင်ငွေ ရရှိလျက် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေး နှင့် အခြား ကျွမ်းကျင်သူ များ၏ ပြောကြား ချက်ကို ကိုးကား၍ သတင်း အေဂျင်စီ က ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သွေးကြွ အဖွဲ့သည် ယခင်က အခြား ပင်လယ်ကွေ့ရှိ ချမ်းသာ ကြွယ်ဝသည့် နိုင်ငံများ၏ ထောက်ပံ့မှုဖြင့် ရပ်တည် နေခဲ့ရ သော်လည်း ယခုအခါ ၄င်းအဖွဲ့သည် ကိုယ်ပိုင် ငွေကြေး များဖြင့် ကောင်းစွာ ရပ်တည် လှုပ်ရှား သွားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ISIS အဖွဲ့သည် ယခုအခါ ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ရေနံမြေ ၁၁ ခုကို ထိန်းချုပ် ထားပြီး ၄င်းတို့သည် ရေနံ တစ်စည်လျှင် ပုံမှန် အားဖြင့် ဒေါ်လာ ၁ဝဝ ကျော် ပေါက်ဈေး ရှိသော်လည်း ၂၅ ဒေါ်လာ နှင့် ၆ဝ ဒေါ်လာ အကြားရှိ ဈေးနှုန်း များဖြင့် ရောင်းချလျက် ရှိသည်။

သို့ရာတွင် ရေနံများကို ယင်းသို့ ရောင်းချရာမှ ရရှိသည့် ၄င်းတို့၏ ဝင်ငွေမှာ တစ်နေ့လျှင် ဒေါ်လာ သုံးသန်းခန့် ရှိသည်ဟု ကျွမ်းကျင်သူ များက ပြောကြား ထားသည်။ အစောပိုင်း ထုတ်ပြန်ချက် များအရ အဆိုပါ စစ်သွေးကြွ အဖွဲ့သည် ယခုအခါ ဗြိတိန်နိုင်ငံ ပမာဏရှိ နယ်မြေများ ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ISIS အဖွဲ့သည် ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်းစစ် အတွင်း အင်အား တောင့်တင်း လာသည့် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည် ၄င်းတို့ ဖမ်းဆီး ထားသည့် ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်သူ အာလန် ဟန်းနင်း ကို ခေါင်းဖြတ် ကွပ်မျက်သည့် ဗီဒီယို ပြကွက် တစ်ခုကို အွန်လိုင်း ပေါ်သို့ တင်ခဲ့ကြောင်း သိရသည်။

ဟန်းနင်း ကို သတ်ဖြတ် ခဲ့ခြင်းသည် ၄င်း စစ်သွေးကြွ အဖွဲ့၏ တတိယ အကြိမ်မြောက် ခေါင်းဖြတ် ကွပ်မျက်မှု ဖြစ်ပြီး ယင်း စစ်သွေးကြွ များသည် လွန်ခဲ့သည့် လနှင့် ယခုလ အစောပိုင်း ကလည်း အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/isis_73.html

Islamic ​State ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ် ​နိုင်ငံ ​တည်ထောင်သူအဖွဲ့ကို ​တိုက်ခိုက်ရာမှာ ​ပါဝင်ဖို့ ​ပြင်ဆင်တဲ့အနေနဲ့ ​သြစတြေးလျက ​စစ်သားအယောက် ​၆၀၀ ​ကို ​UAE ​အာရပ်စော်ဘွားများနိုင်ငံကို ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။
အဲဒီ ​စစ်သားတွေနဲ့အတူ ​အထူးတပ်ဖွဲ့ဝင်တွေနဲ့ ​တိုက်လေယာဉ် ​၁၀ ​စင်းကိုပါ ​စေလွှတ်မှာ ​ဖြစ်ပါတယ်။
အဲဒီ ​စစ်သားတွေကို ​တိုက်ခိုက်ရေးမှာ ​တကယ်ပါဝင်ဖို့ ​မပို့ဆောင်ခင် ​အချိန်အထိ ​UAE ​နိုင်ငံမှာ  ​တပတ်နှစ်ပတ်အစား ​လနဲ့ ​ချီ ​ကြာမြှင့်နိုင်တယ်လို့လည်း ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​သတိပေးထားပါတယ်။
အတိုက်အခံပါတီက ​ထောက်ခံ 

IS ​အဖွဲ့ကို ​တိုက်ခိုက်ဖို့အတွက် ​သြစတြေးလျ ​စစ်သားတွေကို ​အဆင်သင့် ​ပို့ဆောင်ထားတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အတိုက်အခံပါတီကလည်း ​ထောက်ခံလိုက်ပါတယ်။
ဒီအကြမ်းဖက်မှု ​တိုက်ဖျက်ရေးမှာ ​အတိုက်အခံပါတီက ​အစိုးရနဲ့ ​အတူ ​ရှိနေတဲ့အကြောင်း ​နိုင်ငံတော် ​လုံခြုံရေးနဲ့ ​ပတ်သက်လာရင် ​ဝန်ကြီးချုပ်နဲ့သူဟာ ​မိတ်ဖက် ​ပါတနာတွေ ​ဖြစ်ကြတယ်လို့ ​အတိုက်အခံပါတီ ​ခေါင်းဆောင် ​Bill ​Shorten ​က ​ပြောပါတယ်။
IS ​အဖွဲ့ကို ​တိုက်ခိုက်ရာမှာ ​ပါဝင်ဖို့ ​အမေရိကန်က ​သြစတြေးလျနဲ့ ​တချို့နိုင်ငံကို ​တောင်းဆိုထားရာက ​သြစတြေးလျက ​အခုလို ​ပို့ဆောင်ဖို့ ​ကြေညာလိုက်တာ ​ဖြစ်ပါတယ်။
သြစတြေးလျက ​စစ်သားအယောက် ​၆၀၀ ​ကို ​ပို့ဆောင်တယ်ဆိုပေမယ့် ​အယောက် ​၁၈၀၀ ​ကို ​အလှည့်ကျ ​လုပ်ဆောင်ခိုင်းမှာ ​ဖြစ်တဲ့အတွက် ​အတော့်ကို ​ကုန်ကျစရိတ်များတဲ့ ​အစီအစဉ်ဖြစ်တယ်လို့ ​သုံးသပ်သူတွေက ​ထောက်ပြထားပါတယ်။
တချိန်တည်းမှာပဲ ​သြစတြေးလျနိုင်ငံသား ​တချို့ဟာ ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံကို ​သွားပြီး ​ISIS ​အဖွဲ့လို ​အကြမ်းဖက်အဖွဲ့တွေနဲ့ ​ပူးပေါင်းရာက ​သြစတြေးလျနိုင်ငံထဲ ​ပြန်ဝင်ရောက်တာမျိုးရှိတဲ့အတွက် ​သြစတြေးလျ ​အစိုးရက ​မကြာခင် ​ရက်ပိုင်းကပဲ ​အကြမ်းဖက်မှု ​ခံရနိုင်တဲ့ ​တပ်လှန့်မှုအဆင့်ကို ​တိုးမြှင့်လိုက်ပြီ ​ဖြစ်ပါတယ်။

IS ​​အဖွဲ့ကို ​​အမေရိကန်နဲ့ ​​ပူးပေါင်းတိုက်ခိုက်လိုတဲ့ ​​နိုင်ငံ ​​ပိုများလာ


IS ​​အဖွဲ့ကို ​​အမေရိကန်နဲ့ ​​အတူ ​​တိုက်ခိုက်မယ်လို့ ​​သဘောတူခဲ့သူတွေထဲမှာ ​​သြစတြေးလျ ​​နဲ့ ​​ပြင်သစ်တို့ ​​ပါဝင်သလို ​​အာရပ်ဒေသက ​​နိုင်ငံတွေလည်း ​​အတော်များများ ​​ပါဝင်လာပြီလို့ ​​အမေရိကန် ​​နိုင်ငံခြားရေး ​​ဝန်ကြီး ​​ဂျွန်ကယ်ရီက ​​ပြောပါတယ်။
ဂျွန်ကယ်ရီဟာ ​​IS ​​အဖွဲ့ကို ​​တိုက်ခိုက်ရာမှာ ​​ပါဝင်ဖို့ ​​စည်းရုံးရေးဆင်းတဲ့အနေနဲ့ ​​အရှေ့အလယ်ပိုင်းဒေသနဲ့ ​​ဥရောပကို ​​သွားရောက်နေတာ ​​ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ​​နိုင်ငံအတော်များများက ​​အမေရိကန်နဲ့ ​​အတူ ​​ပူးပေါင်းတိုက်ဖျက်သွားမယ်ဆိုတဲ့ ​​ကတိတွေ ​​ပေးခဲ့ကြပြီး ​​တချို့နိုင်ငံကတော့ ​​အီရတ်နဲ့ ​​ဆီးရီးယားနိုင်ငံမြေပြင်အထိ ​​သူတို့ ​​စစ်သားတွေကို ​​စေလွှတ်မယ်လို့ ​​ပြောဆိုထားပါတယ်။
အမေရိကန်ကတော့ ​​မြေပြင်တိုက်ခိုက်ဖို့အတွက် ​​မလိုသေးကြောင်း ​​ပြောဆိုထားပါတယ်။
မြေပြင်တိုက်ခိုက်မှုကို ​​ဆီးရီးယားသူပုန်၊ ​​ဆီရတ်စစ်တပ်နဲ့ ​​Kurdish ​​စစ်တပ်တွေကို ​​လုပ်ခိုင်းမှာဖြစ်ပြီး ​​အဲဒီအဖွဲ့တွေ ​​လိုအပ်မယ့် ​​စစ်သုံးပစ္စည်းတွေ၊ ​​သင်တန်းတွေ ​​ပေးမှာ ​​ဖြစ်ပါတယ်။ ​​ဒီတပါတ်အတွင်း ​​အမေရိကန် ​​လွှတ်တော်က ​​ဆီးရီးယား ​​သူပုန်တွေကို ​​လက်နက် ​​တပ်ဆင်တာတွေ၊ ​​စစ်သင်တန်းပေးတာတွေ ​​လုပ်သင့်မသင့် ​​ဆုံးဖြတ်မယ့်အကြောင်း ​​အေဘီစီ ​​သတင်းထောက် ​​Ben ​​Knight ​​က ​​ဝါရှင်တန်မြို့ကနေ ​​သတင်းပေးပို့ထားပါတယ်။


ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-15/1368279

Naing မိသားစုပိုင် နာမည်ကျော် ချယ်ရီဦး နာရီ ကုမ္ဗဏီက ဆွစ်ဇာလန်နိုင်ငံလုပ် ကမ္ဘာကျော် နာရီ အမှတ်တံဆိပ် ဖြစ်သည့် Romanson နာရီအလုံး ၉၀၀ ကျော်ကို ပြုလုပ်သည့် နိုင်ငံအမှတ်အသား မပါဘဲ ကိုရီးယား နိုင်ငံထုတ်ဟု တင်သွင်းလာမှုကို ပြည်ထောင်စု အစိုးရအဖွဲ့မှ အစမှအဆုံး ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက်နေ့က လေကြောင်းမှတဆင့် ချယ်ရီဦးကုမ္ဗဏီအမည်ဖြင့်တင်သွင်းလာသော နာရီများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျသောအကောက်ခွန်ဌာနနှင့် Mobile Team အဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ရာ လိုင်စင်နှင့် အရေအတွက်တူသော်လည်း ထုတ်လုပ်သည့်နိုင်ငံ(Made In)မပါရှိသည့်နာရီအလုံး ၈၀၀နှင့် ဆွစ်ဇာလန်နိုင်ငံထုတ်(Swiss Made)ပါ နာရီ ၁၃၇လုံး စုစုပေါင်း နာရီ ၉၃၇လုံး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အကောက်ခွန်စစ်ဆေးရေးအဖွဲ့ဝင် ဒုအကောက်ခွန်မှူးဦးဖြိုးစံက စစ်ဆေးတွေ့ရှိမှုကင်းရှင်းတယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တော့ နာရီတွေအားလုံး ကုမ္ဗဏီက ထုတ်ယူသွားတယ်၊ သူ့အနေနဲ့ ဒုအကောက်ခွန်မှူးဆိုပေမယ့် Mobile Team အဖွဲ့က တာဝန်ခံမဟုတ်ဘူး၊ အဲဒါကို ကျနော်တို့နဲ့ မတိုင်ပင်ဘဲ ဒီအတိုင်း တာဝန်ပေါ့လျော့စွာ လက်မှတ်ထိုးပေးလိုက်တယ်၊ အခု သူ့ကိုလည်း သက်ဆိုင်ရာဌာနက အရေးယူထားတယ်၊ ကိစ္စကို အစအဆုံးပြန်စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို စာတင်လိုက်တယ်၊ အခု ဖြစ်စဉ်အားလုံးကို သက်ဆိုင်ရာဌာနဆိုင်ရာအားလုံးပူးပေါင်းစစ်ဆေးမယ်”ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန၊ Mobile Team စစ်ဆေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးတင်ရဲဝင်း က ပြောသည်။

တင်သွင်းလာသည့်နာရီများအနက် ၁၃၇လုံးမှာ ဆွစ်ဇာလန်နိုင်ငံထုတ်ဖြစ်ကြောင်း၊ နာရီဒိုင်ခွက်နှင့် အောက်ခံအဖုံးတို့တွင် အထင်အရှားပါရှိသော်လည်း အကောက်ခွန်တာဝန်ရှိသူက ကိုရီးယားထုတ်ဟုသတ်မှတ်ကာ ထုတ်ယူခွင့်ပြုခဲ့သလို ကျန်အလုံး ၈၀၀မှာလည်း နာရီဒိုင်ခွက်တွင် Romanson တံဆိပ်သာပါရှိသည့်အတွက် မြန်မာနိုင်ငံရောက်မှ ဆွစ်ဇာလန်မှ ထုတ်သည်ဟု ရိုတ်နှိပ်ကာ ဈေးတင်ရောင်းချနိုင်သောကြောင့် တိုင်းပြည်အတွက်များစွာ နစ်နာကြောင်း၊ တင်သွင်းတန်ဖိုးမှာလည်း ဒေါ်လာ ၄၀ သာ ဖြစ်သည့်အတွက် Romanson အစစ်ဖြစ်ရန် မသေချာကြောင်း ညွှန်မှူးက ဆက်လက်ပြောကြားသည်။

“Romanson ဆိုတာ တကယ့်ကမ္ဘာကျော် Swiss တံဆိပ်အမှတ်အသားပါ၊ တလုံးကို အနည်းဆုံး ၁ သိန်းခွဲကနေ အများဆုံး ၆ သိန်းအထိ တန်ကြေးရှိတယ်၊ အဲဒါကို တဖက်နိုင်ငံကနေ ဘယ်နိုင်ငံထုတ်လုပ်တယ်ဆိုတာ မပါဘဲနဲ့ ဒီအတိုင်းဈေးပေါပေါနာရီတွေ တင်သွင်းလာပြီး ဒီရောက်မှ Swiss Made လို့ကပ်ပြီး ဈေးတင်ရောင်းချလိုက်ရင်တော့ ပြည်သူတွေနစ်နာပါလိမ့်မယ်၊ အဲဒါကြောင့် ဘရန်းဆိုတိုင်း အတုအစစ်ခွဲခြားတတ်တဲ့ တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီးမှ ၀ယ်သင့်တယ်”ဟု မဟာဗန္ဓုလလမ်းရှိ နာရီအရောင်းဆိုင်တဆိုင်မှ အရောင်းမန်နေဂျာတဦးက အကြံပြုသည်။

ချယ်ရီဦးကုမ္ဗဏီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်မြို့တို့တွင် နာရီအရောင်းပြခန်းများစွာ ဖွင့်လှစ်ရောင်းချနေသော သက်တမ်းရင့် နာရီအရောင်းဆိုင်တဆိုင်ဖြစ်ပြီး Swiss Made နာရီများကို မြန်မာနိုင်ငံကိုယ်စားလှယ်အနေနှင့် ၀ယ်ယူရောင်းချနေသော ဆိုင်ဖြစ်ကြောင်း သိရသည်။

“နာရီခွက်နှင့် ဒိုင်ခွက်တွေက Swiss Made တွေပါ၊ ကိုရီးယားနိုင်ငံမှာ တပ်ဆင်ပြီး မြန်မာနိုင်ငံကိုတဆင့် ပြန်သွင်းပါတယ်၊ အခုပြဿနာနှင့် ပတ်သက်လို့ ဘာမှ မသိရှိပါဘူး”ဟု ချယ်ရီဦးအရောင်းတာဝန်ခံတဦးက ဆိုသည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အကြမ်းဖက်တိုက်ခိုက်ခံရ မှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မလေးရှား လွှတ်တော်ထံ စာရေးတောင်း ဆိုသွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဦးခင်မောင်လတ် အဆိုတင်သွင်းစဉ်

ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၆ မှ လွှတ်တော်အမတ် ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေကို ရွေးချယ်ပြီး အကြမ်းဖက်သတ်ဖြတ် မှုတွေကို တားဆီးဖို့ ဘယ် လိုဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ သံတမန်နည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသလို ရဲတပ်ဖွဲ့ချင်းလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိဝန်ကြီးက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း ဒီလိုအကြမ်းဖက်ခံရတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌချင်း အရေးဆိုတဲ့ စာပေးပို့မယ်လို့ ပြောပါတယ်။
ဦးခင်အောင်မြင့် ပြောကြားနေစဉ်
ဦးခင်အောင်မြင့် ပြောကြားနေစဉ်

“လွှတ်တော်အ ခွင့်အရေး ကော်မတီအနေနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ဝန်ကြီးဌာ နတွေကို ဖိတ်ခေါ်ပြီး ဖြစ်စဉ်တွေကို အသေးစိတ် စိစစ်ပါ။ ဒေါက်တာ အေးမောင်တို့နဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကိုလည်း အကူအညီပေးပါ။ ဒါတွေကို စာတမ်းတစောင်ပြုစုပါ။ နောက် လွှတ်တော် ဥက္ကဋ္ဌအချင်းချင်းတွေ ဒါမျိုးကို အရေးဆိုတဲ့စာ ပေးပို့ဖို့ လိုအပ်ပါတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မော်တော်ယာဉ်နဲ့သွားလာနေတုန်း ဆိုင်ကယ်စီးလာသူ ၂ ဦးက ဘေးချင်းယှဉ် သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အမှုအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ရှင်းလင်းနေစဉ်

ဒီအမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က “ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမှုဖွင့်လိုက်လံ စစ်ဆေးဆောင်ရွက် လျက်ရှိပါ တယ်။ ဒီအမှုနဲ့ပတ်သက်လို့ မျက်မြင်သက်သေ ၅ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး တရားခံ ၂ ဦး ဖမ်းဆီးနိုင်ရေးအတွက် မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပြီး အမှု ပေါ်ပေါက်ဖို့ စုံစမ်းဖော်ထုတ်လက်ရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်အမားတွေ သတ်ဖြတ်ခံရတဲ့သတင်းတွေလည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ကို အကူအညီတောင်းခံတဲ့ အမှုအရေအတွက် ၅၅ မှုရှိခဲ့ပြီး နိုင်ငံတကာက အကူအညီ တောင်းခံလာတဲ့အမှုအရေအတွက် ၇၇ မှုရှိပါတယ်။ ဒီအမှုတွေထဲက အမှုပေါင်း ၃၆ မှုကို ပြန်လည်အကူအညီပေးနိုင်ခဲ့ပါတယ်။

၂၀၁၂ ကနေ ၂၀၁၄ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၁ မှု၊ မလေးရှားရဲက ၁၀ မှု အပြန်အလှန် အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီအထဲက ၁၀ မှုကို အပြန်အလှန် ကူညီနိုင်ခဲ့ပြီး ကျန်တဲ့ အမှုတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီလိုကူညီဆောင်ရွက်တာဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လိုမှု တို့အပေါ်မူတည်ပြီး အခြေခံဆောင်ရွက်ရတာဖြစ်လို့ ဥပဒေအရ စည်းနှောင်မှု မရှိဘူးလို့ ပြည်ထဲရေး ဒုတိယ၀န်ကြီးက ပြောပါတယ်။

DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.