09/24/14


လွှတ်တော်ဥက္ကဌ ဦးခင်မောင်မြင့်ရဲ့ အံ့မခန်း အိုင်ဒီယာ..
ဓာတ်ကြိုးတွေခနခန လူတွေပေါ်ပျက်မကျအောင် ဈေးတို့ ကျောင်းတို့က ဓာတ်ကြိုးတွေအောက် ပုခက်တွေဆင်ထားရမယ်တဲ့၊ ပျက်ကျရင် ပုခက်ပေါ်ပဲ ပျက်ကျအောင်တဲ့..။
အော်..ဖြစ်ရလေ.လတ်ဆပ်သပ်တော့.တိုင်းပြည်ကြီးဒီဘ၀ကို ရောက်လာတာ..ဒီလိုဥာဏ်ကြီးရှင်တွေကြောင့်ကိုး...။

Ko Nyo



ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက NLDအနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။

အဆိုပါသတင်းတွင် “NLD တာဝန်ရှိသူများ၏ ပြောကြားချက်များအရ NLD ပါတီအနေဖြင့် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ လွှတ်တော်အမတ် နေရာများသာ ယှဉ်ပြိုင်ပြီး အာဏာရပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား ထောက်ခံနိုင်ဖွယ်ရှိကြောင်း သိရသည်” ဟူ၍ အစချီဖော်ပြထားပြီး NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဦးဥာဏ်ဝင်းတို့၏ ပြောကြားချက်များဖြင့် သတင်းဖော်ပြထားခြင်းဖြစ်သည်။

“ကျွန်တော်ပြောခဲ့တာက ဦးရွှေမန်းလည်းမပါဘူး။ ဘာမှမပါဘူး။ အဲဒါ ထမင်းစားရင်း ပြောတဲ့စကား။ ကျွန်တော်တို့ NLD မှာဒေါ်အောင်ဆန်းစုကြည်ကို ၅၉ (စ) မပြင်ပေးရင် သူ့အစား ဘယ်သူ့ကိုထည့်မလဲ။ ဒုတိယလူ ဘယ်သူရှိသလဲဆိုတော့ ဒုတိယလူ ဘယ်သူဆိုပြီး ကျွန်တော်တို့ NLD မှာ မထားဘူး။ ရှိလည်းမရှိဘူး။ အဲလိုဆိုရင် NLDက ဘယ်သူ့ကို တင်မှာလဲဆိုတော့ ကျွန်တော်ပြောတဲ့စကားကNLD ကတင်မဟုတ်ဘူး။ ကျန်တဲ့ဘယ်ကမဆို တင်လို့ရတယ်။ အမတ်လည်း ဖြစ်စရာမလိုဘူး။ သမ္မတရွေးမယ့်သူက အမတ်လည်း ဖြစ်နိုင်တယ်။ ပါတီထဲကလည်း ဖြစ်ဖို့မလိုဘူး။ ဒါဘယ်ကမဆို တင်လို့ရတယ် ဒါပဲပြောတာ” ဟု NLDမှ ဦးဟံသာမြင့်က Eleven Media Groupကို ပြောကြားပါသည်။

ထို့အပြင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Reuters ၏သတင်းဖော်ပြချက်နှင့် ပတ်သက်သော ရှင်းလင်းချက်ကို မကြာမီ ထုတ်ပြန်သွားရန်ရှိကြောင်းနှင့် ထိုသတင်းတွင် ပါဝင်သည့် “ဦးရွှေမန်းသည် NLD ပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်လျော်ဆုံး သမ္မတလောင်းလည်းဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားသည် ဆိုသောစကားမှာ ၎င်းပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ဖြေကြားခဲ့သည်။

ထို့အတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါသတင်းတွင် ဖော်ပြထားချက်များနှင့် ပတ်သက်၍ ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း၊ ထိုသို့ပြောလိမ့်ဟုလည်း မထင်ကြောင်း စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်း လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားခဲ့သည်။

“ဒါဟာ CECဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

Reuters သတင်းဌာနက စက်တင်ဘာ ၂၃ ရက်၊ နေ့စွဲဖြင့် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတအဖြစ် ထောက်ခံရန် NLD ပြင်ဆင်” ဟု သတင်းဖော်ပြခဲ့သည်။

ထိုသတင်းတွင် NLD ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပါတီအနေဖြင့် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံရန် အလားအလာရှိကြောင်း ဖော်ပြခဲ့သည်။ သတင်း၌ပင် ဦးဥာဏ်ဝင်းက ပြောကြားသည် ဟုဆိုကာ “ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထင်ရှားဆုံးပါပဲ။ သူ့အနေနဲ့လည်း ဦးရွှေမန်းကို သမ္မတအဖြစ် သဘောကျပါတယ်” ဟု ဖော်ပြခဲ့သည်။ ထို့အပြင် ဦးဟံသာမြင့်ကလည်း ပါတီအနေဖြင့် ကိုယ်တိုင်သမ္မတလောင်းတစ်ဦး ရွေးချယ်ခြင်းမရှိဘဲ ပါတီနှင့် အမြင်တူသော အခြားသူတစ်ဦးကို အထောက်အပံ့ပေးမည်ဟု ပြောကြားခဲ့သည်ဟုဆိုကာ “သမ္မတလောင်းဟာ NLD ပါတီဝင်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့နဲ့ အမြင်ချင်း တူညီရပါမယ်။ အရေးကြီးတာကတော့ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူ ရှိဖို့ပါပဲ။ ကျွန်တော်တို့ အတွက်တော့ ဒါဟာလုံလောက်ပါတယ်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

ထို့ပြင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ဆိုကာ “ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့က ထောက်ခံပြီး ရွေးချယ်လိုက်ရင် ပါတီတွင်းမှာ ပြဿနာတွေအများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ကျွန်တော်တို့ပါတီဝင် အများအပြားနဲ့ ပြည်သူတွေဟာ တပ်မတော်နဲ့ သက်ဆိုင်သူတွေ နိုင်ငံကို အုပ်ချုပ်နေတာ မကြိုက်ကြပါဘူး” ဟု ဖော်ပြခဲ့သည်။

သို့သော် ဦးရွှေမန်းသည် NLDပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်တော်ဆုံး သမ္မတလောင်းလည်း ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဖြည့်စွက်ပြောကြား ခဲ့သည်ဟုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။.

တရုတ် ကုမ္ပဏီတွေဟာ နှိပ်စက် ညှဉ်းပမ်းရာမှာ သုံးနိုင်တဲ့ ပစ္စည်း ကိရိယာတွေကို ထုတ်လုပ်ပြီး ကမ္ဘာတလွှားက ရဲတပ်ဖွဲ့တွေကို ရောင်းချ နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Amnesty International က ပြောလိုက်ပါတယ်။

လျှပ်စစ်ဓာတ် လွှတ်နိုင်တဲ့ နံပါတ်တုတ်တွေ၊ သံချွန်တပ် ဒုတ်တွေ၊ သံကြိုးတွေနဲ့ တွဲထားတဲ့ လည်ပင်းနဲ့ လက်ကို ချည်တဲ့ သံကွင်းတွေကို တရုတ် ကုမ္ပဏီပေါင်း ၁၃၀ က ထုတ်လုပ် တင်ပို့နေတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။ ဒီ ကုမ္ပဏီတွေထဲမှာ အများစုက နိုင်ငံပိုင် ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ လက်နက် ကိရိယာတွေကို ရဲလုပ်ငန်းမှာ တရားဝင် သုံးနေပေမယ့် ဒီကိရိယာတွေဟာ လူ့ခန္ဓာကိုယ်ကို ဆိုးဆိုးဝါးဝါး ထိခိုက် စေနိုင်တာက လွဲပြီး တခြား အသုံးမရှိဘူးလို့လည်း ဆိုပါတယ်။

တရုတ်ဆီက ဒီလို ပစ္စည်းတွေ မှာယူနေတဲ့ နိုင်ငံတွေထဲမှာ အာဖရိကနဲ့ အရှေ့တောင် အာရှက လူ့အခွင့်အရေး မှတ်တမ်း မကောင်းတဲ့ နိုင်ငံတွေ အများအပြား ပါနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။

http://www.bbc.co.uk/burmese/world/2014/09/140923_china_torture_tools.shtml

မိမိ၏ပိုင်ဆိုင်မှုအားသိရှိလိုပါက ဥပဒေကြောင်းအရတောင်းဆိုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီးအဖြစ် လာရောက်ကတိသစ္စာပြုပြီးနောက် သတင်းထောက်များအား ဦးရဲထွဋ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ အစိုးရဘတ်ဂျက်ကိစ္စများအပေါ် အမြင်အမျိုးမျိုးပြောဆိုနေကြခြင်းနှင့်ပတ်သက်၍ ဦးရဲထွဋ်အား သတင်းထောက်များမှ မေးမြန်းရာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က "အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်ဆိုတာ ကျွန်တော်တို့လေးစားရတဲ့ ဆရာသမားတစ်ယောက်ပါပဲ။ တပ်မတော်ထဲမှာဆိုရင် မြင်ဆရာပေါ့။ သူ့အောက်မှာတော့ တိုက်ရိုက်မထမ်းဆောင်ခဲ့ရဘူး။ သို့သော် ဒီနေရာမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ ကျွန်တော်တို့ကို ဝေဖန်ထောက်ပြချင်တယ်ဆိုတာ မှန်ပါတယ်။ သို့သော် ဝေဖန်ထောက်ပြတယ်ဆိုတာ ကျွန်တော်တို့ကပိုပြီး တိတိကျကျပြောရင် ကောင်းတာပေါ့။ ကျွန်တော်သိသလောက်ဆိုရင် ၂၀၁၃-၂၀၁၄ မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ လုပ်ငန်းပေါင်းက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကို အပ်ပေးခဲ့တဲ့လုပ်ငန်း၊ သူတို့ဟာ သူတို့လုပ်တဲ့လုပ်ငန်းပေါင်းက ၅၀၀ ကျော်လောက်ရှိတယ်။ အဲဒီ ၅၀၀ ကျော်ထဲမှာ ဘယ်နှခုကလေလွင့်နေသလဲ။ ဘယ်နှခုက complain တက်သလဲ။ ဒီလိုမျိုးနဲ့ပြောရင်တော့ ပိုကောင်းတာပေါ့။ လေး၊ ငါး၊ ခြောက်ခုလောက် တိုင်စာတက်ရုံနဲ့ အားလုံးကို ခြုံပြောလိုက်ရင်တော့ မှန်မှန်ကန်ကန်လုပ်နေတဲ့ ၀န်ထမ်းတွေရော၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေရော စိတ်မကောင်းစရာဖြစ်တာပေါ့။ အစိုးရတစ်ဖွဲ့လုံးကိုပြောမယ်ဆိုရင်လည်း ၀န်ကြီးဌာနနဲ့ ကိန်းဂဏန်းနဲ့ပြောရင် ပိုပြီးကောင်းတာပေါ့။ ဒါက ကျွန်တော်ဘာကြောင့်ပြောရတယ်ဆိုတဲ့ကိစ္စပါ။ ကျန်တဲ့ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကသဘောထားကို ပြန်ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တိတိကျကျရရင် အရေးယူဖို့အသင့်ပဲလေ။ အရေးယူတာတွေလည်း ရှိပါတယ်။

နောက်တစ်ခုက ခင်ဗျားတို့ရေးတဲ့ဆောင်းပါး။ ကိုမာန်သူရှိန်ထင်ပါတယ်။ သူက ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ပေးပါလို့ပြောတယ်။ ကျွန်တော်တို့ရဲ့ဥပဒေအရ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကိုသိချင်ရင် ဥပဒေကြောင်းအရ တောင်းဆိုမှပဲရမယ်။ ဆိုပါတော့ ခင်ဗျားတို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ခင်ဗျားတို့အထောက်အထားရှိရင် တိုင်။ ဒါမှမဟုတ် ကျွန်တော်အဂတိလိုက်စားတယ်ထင်ရင် Eleven အနေနဲ့ ဖွင့်ချပြီးရေး။ အဲဒီအခါကျရင် ကျွန်တော်ဥပဒေဘက်ကနေ ရင်ဆိုင်ဖို့အသင့်ပဲ။ ဥပဒေအရမဟုတ်ဘဲ ကျွန်တော်ကလည်း ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့မှ Eleven Media အုပ်စုထဲမှာ အစုရှယ်ယာတွေ ဘယ်သူပါသလဲ။ နေ့စဉ်အရှုံးခံပြီးထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေပါသလဲလို့ရေးရင် ဘယ်တရားမလဲ။ ဒါကခင်ဗျားတို့ရဲ့လုပ်ပိုင်ခွင့်ပဲကို။ တစ်စုံတစ်ခုကြောင့် ဥပဒေနဲ့ပတ်သက်လာရင်သာ တရားရုံးတို့၊ ဥပဒေကြောင်းအရတောင်းဆိုမှ တရားမှာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တောင်းဆိုလည်းမတရားဘူး။ ခင်ဗျားတို့လည်း အဲလိုရေးနေမယ့်အစား ကျွန်တော့်ပစ္စည်းတွေကိုထုတ်ပြဖို့လိုအပ်တဲ့ အကြောင်းအခြင်းအရာတွေရှိရင် အဂတိလိုက်စားမှုကော်မတီကိုလည်း တိုင်နိုင်ပါတယ်။ ဒါမှမဟုတ် ခင်ဗျားတို့က စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျွန်တော့်ကိုရေးနိုင်ပါတယ်။ မှန်ရင်လည်း ကျွန်တော်ခံသွားမှာပေါ့။ မမှန်ရင်လည်း ကျွန်တော့်ဟာ ကျွန်တော်ဥပဒေအကာအကွယ်ယူပြီးတော့ ပြန်လည်ကာကွယ်မှာပေါ့။ ကျွန်တော်ဘာမှ ကြောက်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်က အများကြိုက်အောင်လည်း ပြောစရာအကြောင်းမရှိဘူး။ တစ်စုံတစ်ယောက်ကိုလည်း ကြောက်ပြီးတော့ တွန့်ဆုတ်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်ဒီတာဝန်ယူတဲ့အခါမှာ ကျွန်တော်ဝန်ကြီးဌာနအတွက် နိုင်ငံတော်က ချမှတ်ပေးထားတဲ့မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အသင့်မြတ်ဆုံးဖြစ်မယ်ဆိုတဲ့နည်းလမ်းကို ကျင့်သုံးမှာပဲ။ မီဒီယာလောကကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တယ်လို့ ပြောဖို့လိုတယ်လို့ထင်တဲ့စကားကို ကျွန်တော်ပြောမှာပဲ။ အဲဒီစကားတွေပြောခြင်းရဲ့အကျိုးရလဒ်ကို ကျွန်တော့်ရင်ဆိုင်ဖို့အသင့်ပဲ။ ကျွန်တော့်မူဝါဒတွေရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ကျွန်တော်ခံယူဖို့လည်းအသင့်ပဲ။ ကျွန်တော်မှာ ၂၀၁၆ အလွန်ကျရင် ဘာဖြစ်ရကောင်းစေဆိုတဲ့ စိတ်လည်းမရှိဘူး။ ကျွန်တော်ထမ်းဆောင်ရတဲ့ကာလအတွင်းမှာ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ဖို့ပဲ ကျွန်တော်ဆုံးဖြတ်ထားတယ်။ အခုအချိန်အထိ ၀န်ကြီးအိမ်တောင်ကျွန်တော်ပြောင်းမနေသေးဘူး။ ၀န်ကြီးအိမ်လည်း ကျွန်တော်ပြောင်းနေမှာမဟုတ်ဘူး။ ညွှန်ချုပ်တုန်းကဆောက်ထားတဲ့အိမ်လေးရှိတယ်။ အိမ်သေးသေးလေးတစ်လုံးရှိတယ်။ အဲဒီကိုပဲ ကျွန်တော်ပြောင်းပြီးနေမှာ။ အဲဒါလည်း ကျွန်တော့်ပိုင်ဆိုင်မှုတစ်ခုပေါ့ဗျာ" ဟု ပြောကြားသည်။

ဆက်လက်၍ ဦးရဲထွဋ်က "ကျွန်တော်တို့စာနယ်ဇင်းကောင်စီကို နှစ်ကြိမ်အကြောင်းကြားပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်လက်ထက်မှာတစ်ကြိမ် အကြောင်းကြားတယ်။ ဖြေရှင်းပေးဖို့ဆိုပြီးတော့။ စာနယ်ဇင်းကောင်စီက Eleven ကိုဖိတ်တော့ သူတို့မလာဘူးထင်တယ်။ ဒါတော့ အသေးစိတ်မသိဘူး။ ကျွန်တော်ပြည်ထောင်စုဝန်ကြီးဖြစ်တော့လည်း ဒါကို ဥပဒေကြောင်းကို နောက်ဆုံးနည်းနဲ့မှ ကျွန်တော်လုပ်ချင်ပါတယ်။ ဒီအချက်အလက်မှားတာကို ပြင်ပေးပါဆိုပြီးတော့ ထပ်ပြီးအကြောင်းကြားပါတယ်။ အဲဒီအခါမှာလည်း Eleven က ပြင်မပေးနိုင်ဘူးဆိုပြီး စာနယ်ဇင်းကောင်စီကို အကြောင်းပြန်တယ်လို့ပြောပါတယ်။ အဲတော့ သမ္မတကြီးပြောထားသလို စာနယ်ဇင်းကောင်စီကအလိုရှိတဲ့အတိုင်း စာနယ်ဇင်းကောင်စီရဲ့တိုင်ကြားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်ကနေ လုပ်ရမယ့်ဟာတွေအားလုံးကို လုပ်ပြီးသွားပြီပေါ့။ ဒါပေမဲ့ကျွန်တော်တို့ အမှားပြင်ဆင်ချက်မရဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဥပဒေရဲ့အကာအကွယ်ကိုယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုဆုံးဖြတ်ရခြင်းက စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့လည်းမဆိုင်ပါဘူး။ အစိုးရသစ်လက်ထက်မှာ ပုံနှိပ်စက်တွေဝယ်ခဲ့တဲ့အထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ၀န်ထမ်းအားလုံး၊ သတင်းနဲ့စာနယ်ဇင်းရဲ့ဂုဏ်သိက္ခာ၊ ၀င်ပြိုင်တဲ့ကုမ္ပဏီတွေနဲ့ ပြည်သူအားလုံးရဲ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဆန္ဒအလျောက်အနားယူသွားတဲ့အချိန်မှာ လူတွေကရေးကြတယ်။ ပုံနှိပ်စက်များကြောင့်လားပေါ့။ တကယ်တော့ ကျွန်တော်တို့ အရင်လုပ်နေတဲ့ ၀ယ်ယူရေးစနစ်တွေကို ပိုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ခဲ့တာက ဦးအောင်ကြည်ပေါ့။ သူတောင်မှ အဲလိုအပြောခံရရင် တော်တော်စိတ်မကောင်းဘူး။ ကျွန်တော်တို့က တတ်နိုင်သမျှတော့ စာနယ်ဇင်းကောင်စီရဲ့ တိုင်ကြားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ထဲက ကျွန်တော်က ဖြေရှင်းချင်တယ်။ အထူးသဖြင့် ကျွန်တော်ပေါ့ဗျာ။ ကျွန်တော်ဆိုရင် Eleven Media နဲ့ ထိပ်တိုက်ပြောရမယ့်ကိစ္စတွေမလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းလာပြီးတဲ့အခါမှာ ရဲထွဋ်နာမည်နဲ့ နိုင်ငံတကာဆောင်းပါးတွေကိုရေးခဲ့တာ ၂၀၁၂ ဖေဖော်ဝါရီလောက်အထိပဲ။ အဲဒီအချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခြင်းခံရတော့ ကျွန်တော်က မီဒီယာတွေကို ပြောဖို့လိုလာတဲ့အတွက်ကြောင့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်မှာစိုးလို့ ရပ်ဆိုင်းလိုက်တာ။ ဆိုလိုတာက ကျွန်တော့်ကို ကလောင်နာမည်တင်ပေးတဲ့အထဲမှာ Eleven Media ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အကြောင်းအမျိုးအမျိုးကြောင့် Eleven Media ကတော့ ကျွန်တော့်ကို ဘယ်လိုသဘောထားလဲမသိဘူးပေါ့။ ကျွန်တော်ကတော့ ဒါတွေကိုလုပ်တဲ့အခါမှာ တတ်နိုင်သမျှ ပဋိပက္ခမဖြစ်ချင်ဘူး။ သို့သော်မရလို့ရှိရင်တော့လည်း ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ ကျန်တဲ့သူတွေ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းကြီးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့သာ ဆက်ပြီးဆောင်ရွက်ရမှာ။ လက်ရှိအခြေအနေကတော့ ဒီအတိုင်းပါပဲ။ သံတော်ဆင့်နဲ့ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပါပဲ" ဟု ပြောကြားသည်။

http://www.news-eleven.com/

ဖွတ်အစိုးရနဲ့ ပြန်ဝန်ကြီးဟာ..
EMG နဲ့ ကို မာန်သူရှိန်တို့ကို..
အစကတည်းက အငြိုးထားလေဟန်တူပါတယ်.

ဘာဖြစ်လို့လဲဆိုတော့..
ပြီးခဲ့တဲ့လမှာ နာမည်ကြီးခဲ့တဲ့
နိုင်ငံသားမဟုတ်တဲ့တရုတ်တွေကို
ဧက ၃၀၀၀၀ လုပ်ပိုင်ခွင့်ပေးခဲ့တဲ့
ရန်ကုန်မြို့သစ်စီမံကိန်း ကိစ္စကို
စတင်ဖေါ်ထုတ်လိုက်တာ
EMG က မို့လို့ပါပဲ..

နောက်ပိုင်းမှ Tomorrow ဂျာနယ်စတဲ့ စာနယ်ဇင်းတွေက
"အစလိုက်ဆွဲထုတ်" ကြတာဖြစ်ပါတယ်..၊

ထူးခြားတာက..

အဲဒီ ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး
အစိုးရဟာ..
ဘယ်သူ့ကိုမှ အရေးယူခဲ့ခြင်းမရှိတာကို
တွေ့မှာပါ..

ပြီးတော့..
ဓမ္မစေတီခေါင်းလောင်းနဲ့ နဂါးအိပ်မက်
လိမ်စင်ဇာတ်ထုတ်ကြီးနောက်ကို
ပြည်သူတွေမြောပါသွားတဲ့နောက်မှာ
အဲဒီ မြို့သစ်စီမံကိန်းသတင်းဟာ..
အနည်းငယ်မှေးမှိန်သွားပါတယ်..

သတိပေးလိုတာကတာ့
အဲဒီ မြို့သစ်စီမံကိန်း ဇာတ်လမ်းအဆက်ဟာ...
တိုင်းပြည်အတွက်အရေးကြီးတဲ့အတွက်
အဓိကထားပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်..။

ဘာပဲပြောပြော...
မြန်မာအစိုးရကတော့..
ပက်ပက်စက်စက် သမိုင်းတွင်သွားပါပြီ..

မြေဧက ၃၀၀၀၀ ကို နိုင်ငံသားမဟုတ်တဲ့
သူတွေကို လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးတဲ့
ကြီးမားများပြားလှတဲ့အဂတိလိုက်စားမှုကိုတောင်..
ဘယ်လို့မှအရေးယူခြင်းမရှိတဲ့အတွက်..

ဦးသိန်းစိန်ရဲ့ ကလင်းဂါးဗားမန့်ကြီးဟာ..
အရူးတစ်ယောက် အိပ်မက်မက်သလိုမျိုး..
စိတ်ကူးယဉ် ဟာသတစ်ခုဖြစ်ကြောင်း
သိလိုက်ရလို့ပါပဲ...။

( Pa Yit)

( Photo- EMG)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ နယ်၊ ကုက္ကိုင်းကျေးရွာနေ တောင်သူ ၉၆ ဦး ပိုင်ဆိုင်သည့် လယ်ဧက ၁၈၅.၃၃ ဧက ကို ရန်ကုန်-မန္တလေး အမြန် လမ်း ဖောက် လုပ်ရေးအတွက် အစိုးရက ၂၀၀၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီးချ ပေးထား သည့် လျော်ကြေးငွေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး က ခရီး စရိတ် အဖြစ် ဖြတ်တောက် ယူဆောင် ခြင်းများရှိနေသည်ဟု လယ်သမားများကဆိုသည်။

သိမ်းဆည်းခံလယ်မြေများအတွက် အစိုးရက ၂၀၁၄၊ မတ်လ ၂၉ ရက် တွင် မြို့နယ်ထွေအုပ်ရုံး တွင် တစ်ဧ ကလျှင် ကျပ် ၅ သိန်းပေးအပ်ခဲ့ သော် လည်း ကျေးရွာအုပ်ချုပ်ရေးမှူး က တစ်ဧက လျှင် ကျပ် သုံးသောင်း ဖြတ်ယူမှု များရှိနေသည်ဟု ဒေသခံ လယ်သမားများက စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ မြန်မာဂျာ နယ်လစ် ကွန်ရက်ရုံးခန်း၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြသည်။

“ကျွန်တော်တို့ကို အစိုးရက တစ် ဧကကို ၅ သိန်းနှုန်းနဲ့ သိမ်းဆည်း ထားတဲ့ လယ်မြေတွေ အတွက် လျော် ကြေးပေးခဲ့တယ်။ အဲ့ဒါကို ကုက္ကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေက လျော်ကြေးရတဲ့အထဲက တစ်ဧကကို သုံးသောင်းနှုန်းနဲ့ ငါးဧက ကို တစ်သိန်းခွဲကောက်ယူတယ်” ဟု ဒိုက်ဦးမြို့ နယ်၊ ကုက္ကိုင်းကျေးရွာနေ ဦးရွှေသိန်း ကပြောသည်။

အဆိုပါ ကိုက္ကိုင်းကျေးရွာသည် ရန်ကုန်-မန္တလေးအမြန်လမ်းဘေး တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်လုပ်ရာတွင် သိမ်း ဆည်းခံခဲ့ရသည့် ကျေးရွာများ၌တစ်ခု အပါအ၀င်ဖြစ်သည်။

“သုံးသောင်းကောက်တယ်ဆိုတာ က ကျွန်တော်တို့လျော်ကြေးရအောင် လုပ်ပေးတဲ့အခါ ခရီး စရိတ်အနေနဲ့ ယူတာပါ။ သူတို့ကျေနပ်ရင် ပေး၊ မ ကျေနပ်လို့မပေးလည်း ရပါတယ်။ သူတို့ ကလည်း ကျေနပ်လို့ပေးတာ အခုမှ တိုင်းတာတောတာ လုပ်လာတာပါ” ဟု ကက္ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ကပြောသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေအ ရ အရေးယူပေးရန် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း ထံ ၂၀၁၄ ခုနှစ်၊ မေလ ၁၂ ရက်က တိုင်ကြား စာပေး ပို့ထားကြောင်း သိရသည်။

ယင်းကဲ့သို့ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်သို့ တိုင်းကြားထားသော်လည်း အကျိုးအကြောင်း တစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်ထံက သိရသည်။

သတင်း - MMK

The Ladies News Journal

ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအ နီး မြေအောက်မှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ စီးပွားဖြစ် ရှာဖွေ့တွေ့ရှိ ပါက သဘာဝဓတ်ငွေ့တာဘိုင်များ ဖြင့် ဒေသခံကျေးရွာများသို့ လျှပ်စစ် မီးလင်းနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စွမ်းအင် ဒု-၀န်ကြီး ဦးအောင်ထူးက စက်တင်ဘာ ၁၇ ရက်တွင် ပြောဆိုလိုက်သည်။

ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအ နီး မြေအောက်မှ သဘာဝဓာတ်ငွေ့ ရရှိပါက တာဘိုင်ဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်း နိုင်ရေး အတွက် စမ်းသပ်ထုတ်လုပ် ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိနှင့် စပ် လျဉ်း ၍ ကျောက်ပန်းတောင်း မဲဆန္ဒ နယ်မှ ဦးအောင်ကြိုင်၏ မေးမြန်း မှု ကို ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဒေသကို Block PSCE ဟုသတ်မှတ်ပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်း တွင် နိုင်ငံခြားရေနံ ကုမ္ပဏီ Petro Canada Company မှ န၀ရတ်(၁)နှင့် ကဗတ်(မြောက်-၁)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ န၀ရတ် (၂)၊ န၀ရတ်(၃)၊ ကျွဲကန်၊ မြင်းမူနှင့် ထီးဘူး အစမ်းတွင်း များကို တူးဖော်စမ်းသပ် ခဲ့ရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမတွေ့ရကြောင်း၊ Asia Orient International Ltd. မှ ရေနံရှာဖွေတူးဖော်မှုလုပ်ငန်းများ ဆက်လက် ဆောင် ရွက်နေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ စီးပွားဖြစ် ရှာဖွေ့တွေ့ရှိပါက တာဘိုင်များဖြင့် ဒေသခံ ကျေးရွာများ လျှပ်စစ် မီးလင်းနိုင်ရေးနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်သည်ဟု ဒု-၀န်ကြီး ဦးအောင်ထူးက ပြောသည်။

အဆိုပါလုပ်ကွက်အား စိတ်ဝင်တစားရှိသော Asia Orient International ကုမ္ပဏီက PSC စာချုပ် ချုပ်ပြီး ရှာဖွေနေကြောင်း၊ လွန်ခဲ့သည့်နွေရာသီက Submit, two dimensional Submits စာတွေ့ များ တိုင်းတာပြီး Processing နှင့် Underproduction လုပ်ဆောင်နေပြီး ရရှိသည့် Results ကောင်းမွန်ပါက ယင်းဒေသများတွင် အစမ်းတွင်းများ ထပ်မည် တူးဖော် မည်ဖြစ်ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်နိုင်မည်ဆိုပါ က စွမ်းအင်ဝန် ကြီးဌာနနှင့် ညှိနှိုင်းပြီး သဘာဝဓာတ်ငွေ့ တာဘိုင်များနှင့် ကျေးရွာတွေ မီးလင်းနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ဒု-၀န်ကြီး ဦးအောင်ထူးက ဆက်လက်ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း

ွှ့The Ladies News Journal

“ မဟာတောပြောင်းပွဲ ”

 အနှစ်၆၀ကျော်ကလောင်ခဲ့တဲ့မီး
မညီညွတ်သေးလို့ မငြိမ်းတဲ့မီး
တငြီးငြီး တဟုန်းဟုန်း
တောပြုန်း တောင်ပြုန်း
အသွေးပြုန်း အသားပြုန်း
ဘုန်းဘုန်းလဲနေတဲ့တိုင်းပြည်
မနက်ဖန်မရှိတဲ့တိုင်းပြည်
အမှောင်ထဲကတိုင်းပြည်
သက်မဲ့တွေခြေထောက်ပေါက်
မြေလျှောက်တွေအတောင်ထွက်
ဝေဟင်ငှက်တွေမြေလျိုး
နဂါးနီတန်ခိုးတော့မဟုတ်တန်ရာ။

 ပေမမှီထောက်မမှီ
လူစဉ်မမှီ အညွန့် တုံး
လူဖြစ်ရယ်ရှုံးသမို့ 
ဆီးဘန်နီထုံး နှလုံးမူ
အတိတ်သုဉ်း၊ ပစ္စုပ္ပန်သုဉ်း အနာဂါတ်သုဉ်း၊
လူဖြစ်သုဉ်း သုည
သုဉ်းလေးဝမှာ
ပတိရူပဒေသ၀ါသောစ
ပြောင်းကြရွေ့ ကြ
ရွာလုံးကြွ၊ မြို့လုံးမ
ယောကျာင်္းမိန်းမ၊ ယောယုဝ
အမရ အတွက် မရဏကိုလက်ဆွဲ
ကလေးမြဲမြဲခွေးတွဲတွဲ
မဟာတောပြောင်းပွဲ ။ ။

(ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင် ငရဲတွင်းမှ..လွတ်ရာလွတ်ကြောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များနှင့် ဘ၀ရှင်သန်တိုးတက်ရေးအတွက်.. ရေကြည်ရာမျက်နုရာဒေသများသို့  မျက်နှာငယ်စွာ၊ အန္တရာယ်ကြီးစွာ…စွန့် စားအသက်မွေးကြရသော.. ရွေ့ ပြောင်းအလုပ်သမားတို့ အား…. ရည်စူးလျှက်…
မင်းကောင်းချစ်
မေလ (၁၃) ရက် ၊၂၀၁၄ ခုနှစ်

အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြသနာ ဖြစ်လိုက်တိုင်း ပြသနာရဲ့ ဇာစ်မြစ်ကို ဘယ်တော့မှ မကိုင်တွယ်ပဲ သာမန် ပြသနာ စဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြတာလောက်ပဲ လုပ်ခဲ့တာကြောင့် တိုင်းပြည်ထဲက အမုန်းတရား လောင်စာ လျော့မသွားပဲ ပြသနာ ဆိုတဲ့ မီးပွားလေး တစ်စ လွင့်လာတာနဲ့ ထ ထ လောင်နေတာ ဖြစ်ပါတယ်။

“ တစ်ဖက်မှာ ငြိမ်းချမ်းရေး၊ တစ်ဖက်မှာ အမုန်းတရား ”
စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၂၃-၉-၁၄။ စာ-၉။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ စီနီယာဝန်ကြီး ဦးစိုးသိန်း၊ ၀န်ကြီးဦးခင်ရီ နဲ့ အစိုးရ တာဝန်ရှိသူတွေ၊ ပဒိုကွယ်ထူးဝင်းလို လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေနဲ့ ပြည်သူတစ်ချို့ တက်ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခန်းအနား တစ်ခုကိုလည်း ရန်ကုန် ရွှေလီလမ်းက ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အလားတူ ညနေ ပိုင်းမှာ ငြိမ်းချမ်းရေး အတွက် ချီတက် လမ်းလျောက်တာတွေ၊ ငြိမ်းချမ်းရေး ဘောလုံးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒါပေမယ့်လည်းပေါ့လေ။ စက်တင်ဘာ ၂၀ ရက်နေ့တုန်းက မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ မြစ်ခြေ ကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့တာကိုတော့ အဲဒီ ငြိမ်းချမ်းရေး အခန်းအနား က လူတွေ သတိ မထားမိလိုက်ကြပါဘူး။ မြစ်ခြေမှာ ဘာဖြစ်ခဲ့သလဲ၊ တိုင်းပြည် ငြိမ်းချမ်းရေး လို့ ပြောဆိုရာမှာ လက်နက်ကိုင် ပဋိပက္ခ တစ်ခုကိုပဲ ရည်ရွယ်သလား၊ အဲဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ပြသနာတွေရော မပါဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

မြစ်ခြေမှာ ဖြစ်တဲ့ ပြသနာကလည်း ရှေ့မှာ ဖြစ်ခဲ့ဖူးတဲ့ အခြား ဘာသာရေး လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုတွေလိုပဲ ထူးခြားတဲ့ ပြသနာ တစ်ခုတော့ မဟုတ်ပါဘူး။ “အမျိုးသမီး နှစ်ယောက် အကြွေးကိစ္စ စကားများ ရန်ဖြစ်” တာကနေ စတာလို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်ပိုင်း အမျိုးသမီးတစ်ယောက်က တစ်ဖက်၊ အိမ်ရှင် လင်မယားက တစ်ဖက် ရိုက်နှက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ (အသေးစိတ် အချက်အလက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။) ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရိုးရိုး လူပုဂ္ဂိုလ်တွေကြားက ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ ပြသနာတွေပါ။ လူဦးရေ ၅၁ သန်းနေထိုင်တဲ့ မြန်မာနိုင်ငံထဲမှာ နေ့တဓူဝ ဖြစ်နေ ပျက်နေတဲ့ ပြသနာတွေထဲက သိပ်ပြီး မကြီးကျယ်တဲ့ ပြသနာ တစ်ခုပါ။ နစ်နာသူက ရဲကိုတိုင်၊ ရဲက လိုအပ်သလို အရေးယူ တယ်ဆိုရင် ပြသနာက ပြီးပါပြီ။ အခြား ပြသနာ အားလုံး အဲဒီ နည်းနဲ့ပဲ ပြီးသွားခဲ့ရတာပါပဲ။ ဒါပေမယ့် မြစ်ခြေမှာတော့ အဲလို ပြီးမသွားခဲ့ပါဘူး။

ပြသနာဖြစ်တဲ့ လင်မယားဘက်က လင်ယောက်ျား ဖြစ်သူဟာ ဘာသာခြား ဖြစ်တယ် ဆိုတဲ့ အကြောင်း တစ်ခုထဲနဲ့ လူစုလူဝေး ဖြစ်ပေါ်ပါတယ်။ နောက်ပိုင်း ဖြစ်နေကြ ထုံးစံအတိုင်း လူအုပ်စုကြီးဟာ အဲဒီနေအိမ်ကို ခဲနဲ့ပေါက် အကြမ်းဖက်ပါတယ်။ ဒီလောက်တင်မက ပါဘူး။ ဘာသာရေး အဆောက်အဦ ဗလီ တစ်လုံး၊ ဈေးဆိုင်နဲ့ နေအိမ် ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ အခြား ဖြစ်စဉ်တွေမှာလိုပဲ လူအချင်းချင်း စကားများ ပြသနာ ဖြစ်ရာကနေ လူအုပ်ကြီးက ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်ကြတာပါ။ အခု နောက်ဆုံး အခြေအနေ ရဲက ပြသနာဖြစ်တဲ့ ဘာသာခြား လင်ယောက်ျားနဲ့ သူ့ဇနီးကို ဖမ်းဆီးပြီး ပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၈၉၊ ၃၄၆ နဲ့ အရေးယူထားပါပြီ။ ဗလီ နဲ့ နေအိမ် ဈေးဆိုင်ခန်း ဖျက်ဆီးသူတွေကိုလည်း ရဲက စုံစမ်းနေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ ဧရိယာကို မကွေးတိုင်း ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေကိုယ်တိုင် သွားရောက်ပြီး နောက်ထပ် ပြသနာ ထပ်မဖြစ်ရအောင် လုံခြုံရေးလည်း တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း မထူးဆန်းတဲ့ ဖြစ်စဉ်ပါပဲ။

တကယ်တော့ မန္တလေးမှာ လူသေစေတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ၃ လလောက်ပဲ ရှိသေးတဲ့အချိန် အခု မြစ်ခြေမှာ ပြန် ဖြစ်ပွားတာပါ။ ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်း ပြန်ပြန် ဖြစ်နေတာနဲ့ ပါတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန က ပြသနာတွေ ထပ်မဖြစ်အောင် ဇစ်မြစ် အကျဆုံး၊ အရင်းအမြစ် အကျဆုံး ပြသနာကို မဖြေရှင်းသေးသ၍ အချိန်မရွေး၊ နေရာမရွေး ထပ် ထပ်ပြီး ဖြစ်ဦးမှာပဲ ဆိုတာ အကြိမ်ကြိမ် အခါခါ ပြောဆိုဝေဖန်မှုတွေ ရှိထားနှင့်ပြီးလဲ ဖြစ်ပါတယ်။
အခုဖြစ်စဉ်မှာလည်း အရင် ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဟောင်းတွေလိုပါပဲ။ ပြည်သူ အချင်းချင်း ပြသနာ ဖြစ်တယ်လို့ မရှုမြင်ပဲ ဘာသာခြားက လုပ်တယ်၊ ဒါကြောင့် အဲဒီ ဘာသာနဲ့ ပါတ်သက်တာ အားလုံးကို အကြမ်းဖက်ရမယ် ဆိုတဲ့ အမုန်းတရား ပြည်သူတွေထဲမှာ ကိန်းအောင်းနေတာကြောင့် ခုလို ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်မိကြတာပါ။

အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြသနာ ဖြစ်လိုက်တိုင်း ပြသနာရဲ့ ဇာစ်မြစ်ကို ဘယ်တော့မှ မကိုင်တွယ်ပဲ သာမန် ပြသနာ စဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြတာလောက်ပဲ လုပ်ခဲ့တာကြောင့် တိုင်းပြည်ထဲက အမုန်းတရား လောင်စာ လျော့မသွားပဲ ပြသနာ ဆိုတဲ့ မီးပွားလေး တစ်စ လွင့်လာတာနဲ့ ထ ထ လောင်နေတာ ဖြစ်ပါတယ်။ မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်တုန်းကလည်း မတရားပြုကျင့်ခံရပါတယ် ဆိုပြီး လိမ်လည် တိုင်တန်းသူတွေကိုပဲ အလွန့်အလွန် ပြင်းပြင်းထန်ထန် အရေးယူပြတာ လုပ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ အဲဒီ လူလည်း သိပ်မသိ၊ မရေရာ မသေခြာတဲ့ အမှုကို တည်ကြက်လုပ်ပြီး ပြည်သူတွေ မငြိမ်မသက်ဖြစ်အောင်၊ အမုန်းမီး ပွားသထက် ပွားအောင် မကျယ်ပြန့် ကျယ်ပြန့်အောင် လုပ်သူတွေ၊ လက်တွေ့အကြမ်းဖက်ဖို့ FaceBook သုံးပြီး လှုံ့ဆော်ခဲ့သူတွေကို သိပါလျက်၊ ရှိပါလျက် အရေးယူမှု လုံးဝ မလုပ်ခဲ့တာတွေကလည်း နောက်နောင် အကြမ်းဖက်မှုတွေ ထပ်ထပ် ဖြစ်အောင် တံခါး “ဟ” ထားပေးသလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံလို တိုင်းပြည် တစ်ပြည်မှာ အဲဒီ အမုန်းတရား လောင်စာ ရှိနေသ၍၊ လောင်စာ ဖြန့်ဖြူးနေသူတွေကို အရေးမယူသ၍ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့ တိုင်းပြည်လို့ ဘယ်လိုမှ မခေါ်နိုင်ပါဘူး။ နောင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီး သေနတ်သံ စဲသွားတဲ့တိုင် ခုလို အမုန်းတရားတွေ ရှိနေရင် ငြိမ်းချမ်းတဲ့ တိုင်းပြည်အဖြစ် ပြောနိုင်ဦးမှာလည်း မဟုတ်ပါဘူး။ လက်ရှိ ဖြစ်စဉ်မှာကိုပဲ အမုန်းတရား ဖြန့်ဖြူးမှုတွေ ပြောင်ပြောင်တင်းတင်း ဆက်ပြီး လုပ်နေတာတွေ ရှိနေပါတယ်။ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ FaceBook စာမျက်နှာမှာ ခုလို ရေးထားပါတယ်။ “အယ်လ်ကေးဒါတွေက ဂျီဟဒ်လုပ်ဖို့ လူမုန်းများတဲ့ ကုလားဆိုးတွေကို သွေးထိုးပေးနေကြတာပါ။ သူတို့လိုချင်တဲ့ အကွက်ထဲဝင်သွားရင် အကြောင်းပြ လှလှနဲ့ ဂျီဟဒ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ရွှေမြန်မာတွေ သတိဝီရိယနှင့် နေကြပါ။” တဲ့။ ကြောက်စရာ မှတ်ချက်ပါ။ တိုင်းပြည်အတွက် ရင်လေးစရာပါ။

အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ အမုန်းတရား ဖြန့်ဖြူးမှုတွေကို ရပ်တန့် လျော့နည်းသွားအောင် မလုပ်ပဲ၊ ခုလိုပဲ ဆက်ပြီး လွှတ်ထားနေဦးမယ် ဆိုရင် မြန်မာပြည်ဟာ ငြိမ်းချမ်းတဲ့ တိုင်းပြည် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါကြောင်း ထပ်ပြီး သတိပေးပါရစေ။

စည်သူအောင်မြင့်။


ပြီးခဲ့တဲ့ သောကြာညပိုင်းတုန်းက အမေရိကန်သမ္မတ အိမ်ဖြူတော် ခြံဝင်းကို ကျော်ဝင်ခဲ့သူရဲ့ ကားအတွင်းမှာ ကျည်ဆံတွေ၊ ဓါးတွေ တွေ့ရတယ်လို့ ၀ါရှင်တန်ဒီစီက ဖယ်ဒရယ်အစိုးရရှေ့နေက ပြောပါတယ်။ သူဟာ ဓါးငယ်တလက်ကိုင်ပြီး သောကြာနေ့တုန်းက သမ္မတအိမ်ဖြူတော်ခြံဝင်းကို ကျော်ဝင်ပြီး အိမ်ဖြူတော်အဆောက်အဦးထဲ ၀င်ရောက်ဖို့ ကြိုးစားရင်း အ၀င်ဝမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အိမ်ဖြူတော်ခြံဝင်း ကျော်ဝင်သူ Omar Gonzalez ဟာ အမေရိကန် စစ်ပြန်တဦးဖြစ်ပြီး သူ့ကို တရားရုံးတင်ဖို့ အစိုးရရှေ့နေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။

အသက် ၄၂ နှစ်အရွယ် Gonzalez ကို ဇူလိုင်လအတွင်းတုန်းကလည်း အိမ်ဖြူတော် လုံခြုံရေးကနေ ဖမ်းခဲ့ဖူးတယ်လို့ အစိုးရရှေ့နေ David Mudd က ပြောပါတယ်။ အဲဒီတုန်းကတော့ သူဟာ အိမ်ဖြူတော်အနားတ၀ိုက် သွားလာနေစဉ် ဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက သူ့ဆီက အသံတိတ် ရိုင်ဖယ်တလက်နဲ့ အိမ်ဖြူတော်အဆောက်အဦးမြေပုံတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း သူ့ကို အိမ်ဖြူတော်အနား လမ်းလျှောက်နေစဉ် ဖမ်းခဲ့ဖူးပြီး အဲဒီတုန်းက ဓါးတလက် တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ အခုလို အဖြစ်အပျက်ဖြစ်ပြီး အိမ်ဖြူတော်လုံခြုံရေးဆိုင်ရာ အားနည်းမှုနဲ့ပတ်သက်လို့တော့ သမ္မတအိုဘားမားအနေနဲ့ အတော်လေး စိုးရိမ်မကင်းဖြစ်ပုံရတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတအိုဘားမားအနေနဲ့ တနင်္လာနေ့ သတင်းထောက်တွေနဲ့ တွေ့စဉ်မှာတော့ လုံခြုံရေးအထူးတပ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/white-house-intruder-carried-weapons-and-ammor-800-in-his-car-/2458994.html

 
ပြင်သစ်နိုင်ငံသား Herve Pierre Gourdelကို စစ်သွေးကြွနှစ်ဦးက ဖမ်းဆီးထား (Credit: AFP)

အယ်လ်ဂျီးရီးယား ​(Algeria) ​နိုင်ငံအခြေစိုက် ​စစ်သွေးကြွအဖွဲ့တစ်ခုက ​ပြင်သစ်နိုင်ငံသား ​တစ်ဦးကို ​ဖမ်းဆီးထားပြီး ​အီရတ်နိုင်ငံက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ဝေဟင်တိုက်ခိုက်မှု ​လုပ်တာကို ​ပြင်သစ်က ​မရပ်ဆိုင်းရင် ​အဲဒီပြင်သစ်နိုင်ငံသားကို ​လည်လှီးသတ်ဖြတ်မယ်လို့ ​ခြိမ်းခြောက် ​ထားပါတယ်။

Al ​Qaeda ​တပ်ဖွဲ့တွေ ​လှုပ်ရှားမှုများတဲ့ ​အယ်လ် ​ဂျီး ​ရီး ​ယား ​နိုင်ငံက ​တောတောင် ​ထူထပ်တဲ့ ​ဒေသမှာ ​အဲဒီ ​ပြင်သစ် ​နိုင်ငံသားကို ​ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့က ​ဖမ်းဆီးခဲ့တာကို ​အဆိုပါအဖွဲ့က ​ပြောပါတယ်။

တနင်္လာနေ့မှာ ​ထွက်ပေါ်လာတဲ့ ​YouTube ​ဗီဒီယိုမှာတော့ ​ပြင်သစ်နိုင်ငံသား ​Herve ​Pierre ​Gourdel ​ကို ​ထိုင်လျက်တွေ့ရပြီး ​ဘေးမှာတော့ ​မျက်နှာအုပ်ထားတဲ့ ​လက်နက်ကိုင်ဆောင်သူ ​နှစ်ဦး ​ရှိနေတာကို ​တွေ့ခဲ့ရပါတယ်။

အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံရတဲ့ ​ပြင်သစ်နိုင်ငံသားက ​Jund ​al-Khilifa ​ဆိုတဲ့ ​တပ်ဖွဲ့ရဲ့ ​ထိန်းသိမ်းမှုကို ​ခံနေရတဲ့အကြောင်း၊ ​အီရတ်အရေးမှာ ​ပြင်သစ်အနေနဲ့ ​ဝင်မပါဖို့ ​ပြောပေးဖို့ ​အကြမ်းဖက်အဖွဲ့တွေက ​ပြောခိုင်းတဲ့အကြောင်း၊ ​သူ့ကို ​ဓားစာခံ ​တစ်ဦးအနေနဲ့ ​ထိန်းသိမ်းထားတာ ​ဖြစ်တဲ့အတွက် ​သူအသက်ရှင် ​လွတ်မြောက်ရေးအတွက် ​အတတ်နိုင်ဆုံး ​လုပ်ဆောင်ပေးဖို့နဲ့ ​ကျေးဇူးတင်ကြောင်း ​ဖမ်းဆီးခံရသူ ​Herve ​Pierre ​Gourdel ​က ​ပြောပါတယ်။

Mr ​Gourdel ​က ​သူ့နာမည် ​အပြည့်အစုံ၊ ​မွေးနေ့ ​သက္ကရာဇ် ​တွေကိုပါ ​အပြည့်အစုံ ​ပြောပြထားပြီး ​သူက ​အယ်လ်ဂျီးရီးယား ​နိုင်ငံကို ​စက်တင်ဘာလ ​၂၀ ​ရက်နေ့မှာ ​ရောက်ရှိပြီး ​၂၁ ​ရက်နေ့မှာ ​ဖမ်းဆီးခံလိုက်ရတာလို့ ​ပြောပါတယ်။

အဲဒီ ​ဗီဒီယိုက ​စစ်မှန်ကြောင်းလည်း ​ပြင်သစ်အစိုးရက ​အတည်ပြုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-23/1371227

စစ်ကိုင်းမြို့နယ်၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အနေဖြင့် ပြည်သူလူထုအား ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိဘဲ ယခုလပိုင်းမှ စတင်၍ အိမ်သုံး လျှပ်စစ်မီတာ တစ်လုံး လျှင် မြင်းကောင်ရေ ကြေး ငွေကျပ်၂ဝဝ စီ ဓာတ်အားခ တောင်းခံလွှာတွင် ထည့်သွင်း ဖော်ပြ ကောက်ခံ လာကြောင်း သိရသည်။

ယခင်က လုပ်ငန်းသုံး ပါဝါမီတာများ ကိုသာ သုံးစွဲသည့် မြင်းကောင်ရေကို လိုက်၍ မြင်းကောင်ရေကြေး ကောက်ခံကြောင်း၊ အိမ်သုံးမီတာ များကို မြင်းကောင်ရေကြေး ကောက်ခံမှု မရှိခဲ့ကြောင်း သိရသည်။ ယခုလပိုင်းမှစတင်၍ လျှပ်စစ် ဓာတ်အားခ၊ မီတာ ဝန်ဆောင်ခ အပြင် မြင်းကောင်ရေကြေး ငွေကျပ် ၂ဝဝ ကိုပါ ထည့်သွင်း ကောက်ခံ လာကြောင်း သိရသည်။

''အရင်က လုပ်ငန်းသုံး ပါဝါမီတာ တွေကိုပဲ မြင်းကောင်ရေကြေး ဆိုတာ ကောက်ခံ ပါတယ်။ ဆယ်ကောင် မီတာ တပ်ထားတဲ့ အတွက် လစဉ် မြင်းကောင်ရေကြေး ငွေကျပ် နှစ်ထောင် ထည့်သွင်း ပေးဆောင် ရတယ်။ အခုလပိုင်း ကစပြီး ဓာတ်အားခ တောင်းခံလွှာ တွေ ထွက်လာတဲ့ အခါ အိမ်သုံးမီတာ တွေကိုပါ မြင်းကောင်ရေကြေး ကျပ်နှစ်ရာစီ ထည့်သွင်း တောင်းခံလာတာ တွေ့ရတယ်။ လျှပ်စစ်ဌာန အနေနဲ့ ဘာကြောင့် ကောက်ခံရတယ် ဆိုတာကို ပွင့်လင်း မြင်သာစွာ ချပြ ကောက်ခံ တာမျိုး ဖြစ်သင့်တယ်။ ပြည်သူလူထု ကို ကြိုတင် အသိပေးခြင်း မရှိဘဲ တောင်းခံလွှာထဲ ထည့်သွင်း ကောက်ခံ လိုက်တာမျိုး မဖြစ်သင့်ဘူး ... '' ဟု ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အနေဖြင့် အိမ်သုံးမီတာ များကို သုံးစွဲယူနစ် (၁-၁ဝဝ) ယူနစ်အထိ တစ်ယူနစ် လျှင် ငွေကျပ် ၃၅ ကျပ်နှုန်း၊ (၁ဝ၁-၂ဝဝ) ယူနစ်အထိ ငွေကျပ် ၄ဝ နှုန်းအပြင် မီတာ ဝန်ဆောင်ခ ငွေကျပ် ၅ဝဝ ကောက်ခံကြောင်း၊ ယခုအခါ မြင်းကောင်ရေကြေး ငွေကျပ်၂ဝဝ ထပ်မံ ထည့်သွင်း တောင်းခံ ကောက်ခံ လာကြောင်း သိရသည်။ (၁၇ဝ)

#PyiChitThar

   သြစတြေးလျနိုင်ငံအပါအဝင် ဘာသာပတွေကို သတ်ပစ်ဖို့ ISIS အဖွဲ့တိုက်တွန်း (Credit: AFP)

ISIS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူတွေက ​သြစတြေးလျ၊ ​အမေရိကန်၊ ​ကနေဒါနဲ့ ​ဥရောပတိုက်က ​မွတ်စလင်ဘာသာ ​မဟုတ်သူတွေကို ​သတ်ပစ်ဖို့ ​ကမ္ဘာပေါ်က ​သူတို့အဖွဲ့ကို ​ထောက်ခံသူတွေကို ​ပန်ကြားလိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေအပေါ် ​စစ်ခင်းကြောင်း ​အတိအလင်းပြောကြားတဲ့ ​အသံဖိုင်ထဲမှာ ​ISIS ​အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ​Abu ​Muhammad ​al-Adnani ​ash-Shami ​က ​ပြောခဲ့တာပါ။

အမေရိကန် ​ဒါမှမဟုတ် ​ဥရောပက ​တိတ္ထိကောင်တွေ၊ ​မုန်းဖွယ်ကောင်းပြီး ​အသုံးမကျတဲ့ ​ပြင်သစ် ​ဒါမှမဟုတ် ​သြစတြေးလျ၊ ​ကနေဒါ ​နဲ့ ​တခြား ​ဘာသာပတွေကို ​သတ်ပစ်နိုင်မယ်ဆိုရင် ​အာလာ ​ဘုရားရှင်ကို ​အားကိုးပြီး ​တတ်နိုင်တဲ့နည်းနဲ့ ​သတ်ဖြတ်ဖို့ ​al-Adnani ​က ​အသံဖိုင်ထဲမှာ ​ပြောဆိုထားပါတယ်။

အနောက်တိုင်း ​စစ်သားတွေသာမက ​သာမာန်ပြည်သူတွေ ​ဖြစ်နေပါစေ ​သတ်ပစ်ဖို့ ​တိုက်တွန်းထားပြီး ​ကိုယ့်ရဲ့ ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​ဘယ်သူ့ကိုမှ ​အကြံညဏ်တောင်းစရာ၊ ​တိုင်ပင်စရာမလိုပဲ ​အကောင်အထည်ဖော် ​လုပ်ဆောင်ဖို့ ​ပြောထားပါတယ်။

အမေရိကန်နဲ့ ​နိုင်ငံတကာတပ်တွေက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ထိုးစစ်ဆင်မှုတွေ ​ပိုမိုလုပ်လာပြီးတဲ့နောက် ​အခုလို ​တကမ္ဘာလုံးက ​မွတ်စလင်တွေအပေါ် ​ပန်ကြားချက် ​ထွက်ပေါ်လာတာပါ။

သြစတြေးလျ ​အစိုးရကတော့ ​ဒီလို ​ခြိမ်းခြောက်ပြောဆိုမှုတွေဟာ ​အထူးအဆန်း ​မဟုတ်ပေမယ့် ​တပ်လှန့်မှုတွေ ​ရှိဖို့ ​လိုတယ်လို့တော့ ​သြစတြေးလျ ​ရှေ့နေချုပ် ​George ​Brandis ​က ​တုန့်ပြန်ထားပါတယ်။

ISIL ​အဖွဲ့နဲ့ ​တခြား ​အကြမ်းဖက်အဖွဲ့တွေက ​အခုလိုမျိုး ​အနောက်တိုင်းတွေရဲ့ ​လွတ်လပ်မှုနဲ့ ​ဒီမိုကရေစီကျတဲ့ ​နေထိုင်မှုအပေါ် ​ရန်လိုတဲ့ ​ထုတ်ပြန်ချက်မျိုး ​ထုတ်ပြန်ဖူးတာရှိတယ်လို့လည်း ​ပြောပါတယ်။

အကြမ်းဖက် ​ပညာရှင် ​Greg ​Barton ​ကတော့ ​အဲဒီ ​အကြမ်းဖက်ခေါင်းဆောင် ​ပြောသွားတဲ့ ​အပြောအဆိုတွေဟာ ​ဓမ္မာကျမ်းစာဟောင်းက ​တမန်တော်တွေ ​ပြောသွားသလို ​ပြောဆိုတဲ့အတွက် ​ဆွဲဆောင်မှု ​ရှိမှာကို ​စိုးရိမ်မိတဲ့အကြောင်း ​အထူးသဖြင့် ​လူငယ်တွေနဲ့ ​သြစတြေးလျနိုင်ငံက ​လူငယ်တွေအပေါ် ​လွှမ်းမိုးသွားမှာကို ​စိုးရိမ်တယ်လို့ ​ပြောပါတယ်။

အခုဆိုရင် ​အရှေ့အလယ်ပိုင်းကို ​လာပြီး ​ပူးပေါင်းတိုက်ခိုက်ဖို့ ​ဖိတ်ခေါ်မှုတွေ ​မလုပ်ပဲ ​သူတို့နေထိုင်ရာ ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းတဲ့အတွက် ​သြစတြေးလျပြည်တွင်းမှာ ​အကြမ်းဖက်မှုတွေ ​ဖြစ်မှာကို ​စိုးရိမ်ရတယ်လို့လည်း ​ပြောပါတယ်။

By Dylan Welch - exclusive
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-23/1371215

မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခဲ့တဲ့ ခြံမြေဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။

ဝါးနက်ချောင်းကျေးရွာအုပ်စုအတွင်းက တောင်သူ ၂ဝ ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်က လုပ်ကိုင်နေတဲ့ ခြံမြေတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေဖြစ်ပြီး တောင်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးဖို့ ဝါးနက်ချောင်းအုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အရောက်လာကြဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ တောင်သူ ဦးစိုးထွန်းက ခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဒီလက်မှတ်ကို မထိုးနိုင်ဘူး၊ မထိုးနိုင်ဘူးဆိုတာ ကျနော်တို့က လုပ်ကိုင်နေတဲ့လူတွေဖြစ်တယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးကလည်း ထောက်ခံထားတာရှိတယ်၊ ထောက်ခံတယ်ဆိုတာ အပင်စိုက်ပျိုးကြောင်း ထောက်ခံထားတာရှိတယ်၊ ကျနော်တို့မှာ ပြေစာအပြင်ကို ခိုင်မာတဲ့ဟာ စိုက်ပျိုးတာ လုပ်ကိုင်တာလည်းရှိတယ်၊ အပင်တွေပြစရာရှိပါတယ်ခင်ဗျ၊ လက်မှတ်မထိုးပဲ ကန့်ကွက်ဆန္ဒပြဖို့ပဲရှိပါတယ်"

ဒီမြေတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၁၉၉၉ ခုနှစ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတွေကို ချထားပေးပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကြားစာကို ခြံလုပ်ကိုင်နေသူတွေထံ ပေးပို့ထားပါတယ်။ ဒါပေမဲ့တောင်သူတွေက မိမိတို့မှာရှိတဲ့ စာရွက်စာတန်းတွေကို ပြသရှင်းလင်းပြီးဖြစ်တယ်လို့ ဆိုပါတယ် ။

တောင်သူတွေအနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကြမှာဖြစ်ပေမဲ့ လက်မှတ်ရေးထိုးဖို့မဟုတ်ဘဲ ကန့်ကွက်ဆန္ဒပြဖို့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

   
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်

မြန်မာအစိုးရဟာ နိုင်ငံခြားသားတွေကို အင်တာနက်ကနေ E-Visa စနစ်နဲ့ ဗီဇာလျှောက်ခွင့် ၀င်ရောက်ခွင့် ပေးပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့ကစ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။

ကြေညာချက်ထဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ကြိုတင် ခွင့်ပြုချက် တင်ပြထားပြီး ဖြစ်တဲ့ ခရီးသည် ၁၂၀၀ ကိုပဲ လာမယ့် အောက်တိုဘာကုန်အထိ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဦးမှာ ဖြစ်ပြီး အခြားသူတွေကိုတော့ လုံးဝ ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ခုလို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားဝင်ရောက်မှုကို ထိခိုက်မယ်၊ မထိခိုက်ဘူး ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65789

အမေရိကန်နဲ့ မဟာမိတ် အာရပ် ၅ နိုင်ငံ တို့ဟာ ဆီးရီးယား နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ၊ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

အခု စစ်ဆင်မှုမှာ ဆွန်နီ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က ပထမဆုံး ပါဝင် ပံ့ပိုး ခဲ့ကြတယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး စစ်ဌာနချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယား အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းတွေ၊ ကွပ်ကဲရေး အဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ သိုလှောင်ရုံတွေ ပျက်စီး သွားတယ်လို့ အမေရိကန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အမေရိကန်က တိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲမှာ IS အဖွဲ့ ဌာနချုပ် ရှိရာ ဆီးရီးယား မြောက်ပိုင်းက ရက်ကာ မြို့လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် IS စစ်သွေးကြွ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဗြိတိန် အခြေစိုက် စောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုတွေ မစခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဆီက ကြိုတင် အကြောင်းကြားတဲ့ စာတစောင်ကို ရခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပုံစာ(၁) အမေရိကန် ရေတပ် သင်္ဘောပေါ်ကနေ တိုမာဟော့ခ် ပဲထိန်း ဒုံးကျည်ကို IS ပစ်မှတ်ဆီ ပစ်လွှတ်စဉ်။

http://www.bbc.co.uk/burmese/world/2014/09/140923_is_syria_us_arab_airstrike.shtml
.
Credit : BBC

ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာတွင် မောင်းနှင်နေသည့် ဒေသခံစက်လှေတစ်စင်းကို ၂၀၁၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) -

သံလွင်မြစ်တစ်လျှောက် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအား ကန့်ကွက်ကြောင်းရေးထိုးထားသည့် ဒေသခံတိုင်းရင်းသားများ၏ လက်မှတ်များကို လာမည့်လတွင် နိုင်ငံတော်သမ္မတရုံးအပါဝင် တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လက်မှတ်ကောက်ခံနေသည့် ကရင်မြစ်ချောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ထံမှ သတင်းရရှိသည်။

သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဒေသခံတိုင်းရင်းသားများ၏ ရေအားလျှပ်စစ်စီမံကိန်းများကို ကန့်ကွက်သည့် လက်မှတ်များကို လူမှုအဖွဲ့အစည်းပေါင်းတစ်ရာကျော် က တစ်နှစ်နီးပါး လိုက်လံကောက်ခံနေပြီး ရရှိလာသည့်လက်မှတ်များကို သက်ဆိုင်ရာသို့ ပေးပို့မည်ဟု သိရသည်။

ကရင်မြစ်ချောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုသာဘိုးက“ကျွန်တော်တို့ လက်မှတ်ကောက်ထားတာကတော့ ရနေပါပြီ။ ရှမ်းပြည်မှာဆိုရင် ရှမ်းသဘာဝအဖွဲ့က ကောက်တယ်။ ကရင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့အဖွဲ့က ကောက်တယ်။ နောက် တခြားလူမှုအဖွဲ့အစည်းတွေကလည်း ကောက်ထားတာရှိတယ်။ ကျွန်တော်တို့ဘက်က ကောက်ထားတာ အတိကျတော့ မသိရသေးဘူး။ ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာကနေ မတ်လအထိ ကောက်ထားတာကတော့ သုံးသောင်းကျော်ရနေပြီ။ လာမယ့်လအတွင်းမှာ လက်မှတ်အရေအတွက် ဘယ်လောက်ရပြီလဲဆိုတာ ထုတ်ပြန်သွားမယ်။ လက်ရှိ မွန်ပြည်နယ်ထဲမှာလည်း ကောက်နေတုန်းလို့ သိရတယ်။ ပြီးရင် နိုင်ငံတော်သမ္မတရုံးအပါအဝင် တရုတ်သံရုံး၊ ထိုင်းသံရုံးတို့ကိုလည်း ပေးပို့ကန့်ကွက်သွားမယ်”ဟု စက်တင်ဘာ ၂၂ ရက်က ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ခြောက်ခုရှိပြီး ယင်းတို့အနက် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် အထက်သံလွင်(ကွမ်းလုံ)စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Hanergy Group Holding Limited တို့က ပူးပေါင်းတည်ဆောက်ခွင့် ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ် မေလ တတိယပတ်အတွင်းက သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကာ မဂ္ဂါဝပ် ၁၄ဝဝ ထွက်ရှိမည့် ၎င်းစီမံကိန်းမှ အခမဲ့ဓာတ်အား ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဓာတ်အားစုစုပေါင်း ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ တရုတ်ကုမ္မဏီဘက်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် အထက်သံလွင် (မိုင်းတုံ)စီမံကိန်းအား ယခင်စက်မှု(၁)ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင် အဓိကပိုင်ဆိုင် လုပ်ကိုင်နေသည့် IGE ကုမ္ပဏီမှ ထိုင်းနိုင်ငံ EGAT International နှင့် တရုတ်ကုမ္ပဏီ China Three Gorges Corporation တို့နှင့် လုပ်ကိုင်ခွင့်ရရှိထားပြီး စက်တပ်ဆင်အား မဂ္ဂါဝပ် ၇ဝဝဝ ရှိသည့် ယင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ရေဝပ် ဧရိယာမှာ ၂၆၂ စတုရန်းမိုင် ရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောကြားထားသည်။ သံလွင်မြစ်သည် အရှေ့တောင်အာရှတွင် ဆည်မြောင်းတာတမံများ ပိတ်ဆို့ခြင်းမခံရသည့် တစ်စင်း တည်းသော မြစ်ဖြစ်ပြီး မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ခြောက်ခုရှိကာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆည်များတည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျစရိတ်ကို ပိုမိုစိုက်ထုတ်ရန် ခက်ခဲခြင်းကြောင့် ဆောက်လုပ်ရေးအပိုင်းတွင် အရည်သွေးမပြည့်မီလျှင် အန္တရာယ်ကြီးမားကြောင်း ကမ္ဘာပေါ်ရှိ ဆည်ပေါင်း ၂၄ဝ ကျော်ကို စစ်တမ်းလုပ်ထားသည့် အောက်စဖို့ဒ်စစ်တမ်းတစ်ရပ်တွင် ဖော်ပြချက်အရသိရသည်။
http://www.news-eleven.com/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.