09/28/14







ဂျပန် နိုင်ငံမှာ စက်တင်ဘာလ ၂၇ ရက်နေ့က အွန်တာကီ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၃၀ အထိသေဆုံးဖွယ် ရှိပြီး စစ်တပ်နဲ့ ရဲအင်အား ၅၀၀ ဟာလည်း ရှာဖွေ ကယ်ဆယ်ရေးကို အပူတပြင်း ဆောင်ရွက်နေရပါတယ်။


နှလုံးခုန်ရပ်နေတဲ့ အခြေအနေနဲ့ လူတွေကို တွေ့ရခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပေမယ့် နောက်ဆုံး စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အတွက် ဂျပန်ရိုးရာအတိုင်း သေဆုံးသွားပြီလို့တော့ အတည်ပြုချက် မပေးသေးပါဘူး။

စစ်သားတွေက အသက်ရှင်နေသူတွေ ပြာတွေ ဖုံးနေတဲ့ တောင်ပေါ်ကနေ ရဟတ်ယာဉ်ပေါ်ကို ဆွဲတင်နေတဲ့ ပုံကိုလည်း ဂျပန် စစ်တပ်က ဗီဒီယိုရိုက်ကူးပြီး သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့အထိ တောင်ထိပ်မှာ ကလေးတွေ အပါအ၀င်၊ လူရာနဲ့ ချီပြီး ပိတ်မိနေပါတယ်။ လူပေါင်း ၄၀ လောက်လည်း ဒဏ်ရာရခဲ့ပြီး တော်တော်များများ အရိုးကျိုးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေဆဲ လူ ၄၅ ယောက်ကိုလည်း အာဏာပိုင်တွေက လိုက်ရှာနေပါတယ်။ မီးတောင်ဟာ စက်တင်ဘာ ၂၈ ရက်နေ့အထိ မီးခိုးနဲ့ ချောရည်ပူတွေကို ကောင်းကင် အထက် မီတာရာနဲ့ချီတဲ့ အမြင့်အထိရောက်အောင် မှုတ်ထုတ်နေတုန်းပါပဲ။ အွန်တာကီ မီးတောင်ဟာ ပေပေါင်း ၁၀၀၀၀ ကျော်မြင့်ပြီး တိုကျိုမြို့ အနောက်ပိုင်း ၁၂၅ မိုင် အကွာမှာ တည်ရှိတာပါ။

မီးတောင် မပေါက်ခင် အရင်ရက်တွေက ငလျင်ငယ်တွေ လှုပ်ခဲ့ပေမယ့် မီးတောင် ပေါက်ကွဲမယ်လို့ ကြိုတင်ခန့်မှန်းဖို့ကတော့ ခက်ခဲတယ်လို့ ဂျပန် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

http://burmese.dvb.no/archives/66287


တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်းချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခုပုံစံကို ကျင့်သုံး ရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

 RiSuYong
“ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့ မလုပ်သင့်ဘဲ တစ်နိုင်ငံတည်းမှာ စနစ်နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်” ဟု
ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယားတာဝန်ရှိသူတစ်ဦး၏ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းတွင် ရီဆုယောင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်ဆိုင်ရာကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ခွဲခြားသတ်မှတ်မှုများ လုပ်ဆောင် နေကြောင်းလည်း ရီက စွပ်စွဲခဲ့သည်။

“လုံခြုံရေးကောင်စီအနေနဲ့ လိမ်ညာပြောဆိုမှုတွေလုပ်တဲ့ ဆွေးနွေးပွဲနေရာတစ်ခုအဖြစ် ဆက်ပြီးမ ဖြစ်သင့်တော့ပါဘူး” ဟု ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက် မှုကြောင့် အရပ်သားများ သေဆုံးနေရမှု အပေါ် လျစ်လျှူရှုနေသော်လည်း ဆီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအား အပြစ်ပေးအရေးယူ မှုများ ပြုလုပ်နေခြင်းတို့ကို ရီက နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မိမိတို့အစိုးရအား ရန်မလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများကို ဆောင်ရွက်သွားရန် မြောက်ကိုရီးယားအနေဖြင့် အသင့်ရှိကြောင်း ရီက ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မိမိတို့အစိုးရအား ဖြုတ်ချရန် လူ့အခွင့်အရေးကိစ္စအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် ကြိုးပမ်းချက်များကိုလည်း ၎င်းက ကန့်ကွက်ခဲ့သည်။

“နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိစ္စကို အလွဲသုံးစားလုပ်ခြင်းဟာလည်း လူ့ အခွင့်အရေးချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ရီက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရန်လိုသော မူဝါဒကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် များ ထုတ်လုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက် တိုက်ခိုက်ဖို့မဟုတ် ပါဘူး။ တစ်စုံတစ်ရာကို အလဲလအလှယ်လုပ်ချင်လို့လည်း လုပ်နေတာမဟုတ်ပါဘူး” ဟု ရီက ပြောကြားသည်။

Ref:Bangkok Post
http://www.mizzimaburmese.com/

ပုံစာ - လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက သင်္ကာမကင်းမှုဖြင့်စစ်ဆေးခံနေရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး။

ယခုလ ၁၆ ရက်နေ့က နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံရကာ ပျောက်ဆုံးနေရာမှ သောင်းရင်မြစ်အတွင်း အလောင်းပြန်တွေ့သည့် KNU တပ်မဟာ ၆ မှ တပ်ကြပ်စောတာနိုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမှုမှန်ပေါ်ပေါက်ရေးအတွက် အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟု သိရှိရသည်။

ပျောက်ဆုံးသူ၏အလောင်းကို ယခုလ ၂၂ ရက်နေ့က သောင်ရင်းမြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်ရင်းမှ တာဝန်ရှိသူများက အမှုနှင့်ဆက်စပ်မှုရှိသည်ဟု သင်္ကာမကင်းခံရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးကို ယခုရက်ပိုင်းအတွင်းက ၎င်းတပ်ရင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သင်္ကာမကင်းမှုဖြင့် စစ်ဆေးခြင်းခံနေရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးမှာ မြ၀တီအခြေစိုက် အမှတ် (၁၀၂၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းထားပြီး မကြာမီအစီရင်ခံစာတစောင် ထုတ်ပြန်ရန်ရှိသည်ဟု သိရှိရသည်

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

လေဆိပ်ကောင်တာကို ဖြတ်သွားစဉ် ဩစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေးအရာရှိက ကျွန်တော့်ပတ်စ်ပို့ကို ကြည့်ပြီး ဩစတြေးလျနိုင်ငံသားအဖြစ် ခံယူလိုသောဆန္ဒရှိလျှင် သတ်မှတ်ချက်ပြည့်မီပြီးဖြစ်၍ လျှောက်ထားခံယူနိုင်ကြောင်း ပြောရာ ကျွန်တော်က “ခံယူလိုသောဆန္ဒမရှိပါ” ဟုသာပြော၍ ကောင်တာကို ဖြတ်သန်းခဲ့ပါသည်။

ကျွန်တော့်ကိုယ်ပိုင်ခံစားချက်မှာ နိုင်ငံသားခံယူမှုဟူသည် မိခင်သဘာဝဆောင်သော ဖြစ်စဉ်တစ်ခုဟု ယူဆထားပါသည်။ မွေးဖွားပေးခဲ့သောအမေသည် ဆင်းရဲချို့တဲ့ မပြည့်စုံသည်ဖြစ်စေ၊ ပညာမတတ် အသိအမြင်မရှိသည်ဖြစ်စေ၊ မိခင်သည် မိခင်သာ ဖြစ်ပါသည်။
သို့အတွက်ကြောင့် ကျွန်တော်သည် ရေပိုကြည်သော မြက်ပိုနုသော အရပ်တစ်ပါး၏ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ။ စဉ်းငယ်မျှပင် စိတ်မဝင်စားခဲ့ဖူးပါ။ ယခုရေးသားမှုမှာ ကျွန်တော့်ကိုယ်ပိုင်ခံယူချက်နှင့် အတွေးအခေါ်ကို ရေးသားခြင်းသာ ဖြစ်ပါသည်။

နောက်ခံအတွေးအခေါ်၊ အကြောင်းတရားအမျိုးမျိုးနှင့် နိုင်ငံသားပြောင်းလဲခံယူသူများကိုလည်း နားလည်ပါသည်။ ရှုတ်ချကဲ့ရဲ့ခြင်း မရှိပါ။ ငါလုပ်တာသာမှန်၍ သူများလုပ်တာမှားတယ်ဆိုတဲ့ အပေါက်မျိုးချိုးခြင်း လုံးဝမဟုတ်ကြောင်း ပြောလိုပါသည်။ ဆိုခဲ့သည့်အတိုင်း ကိုယ်ပိုင်ခံယူချက်နှင့် အတွေးအခေါ်ကို ပြောလိုခြင်းသာဖြစ်ပါသည်။

ကျွန်တော်ယုံကြည်သည်မှာ လူတစ်ယာက်ကို လေးစားခြင်း၊ မလေးစားခြင်းဆိုသည်မှာ ထိုသူ၏ နိုင်ငံသားဖြစ်မှု၊ ဆင်းရဲချမ်းသာမှုတို့နဲ့ ဘာမျှမဆိုင်။ ထိုသူ၏ ကိုယ်ကျင့်တရား လောကဓံ၏ အစမ်းသပ်ခံနိုင်စွမ်းရှိသော ကိုယ်ရည်ကိုယ်သွေးတို့နှင့်သာ သက်ဆိုင်သည်ဟု ယုံကြည်ပါသည်။ ပေါ့သွမ်းသူသည် အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ ဆွစ်ဇာလန် လေးနိုင်ငံပူးတွဲနိုင်ငံသား ဖြစ်နေလည်း ဘာတန်ဖိုးမျှမရှိပါ။ ဘာအထင်ကြီးစရာမျှ မရှိပါ။ မြန်မာနိုင်ငံသားဖြစ်စေ၊ နီပေါနိုင်ငံသားဖြစ်စေ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ တည်တည်ကြည်ကြည် ရပ်တည်နေရင် လေးစားခံ့ညားရသည်သာ ဖြစ်ပါသည်။

ကျွန်တော့်ကို ဘယ်နိုင်ငံကလာတာလဲ။ဘယ်နိုင်ငံမှာ ဆရာဝန်ပညာ သင်ကြားခဲ့တာလဲမေးတိုင်း လွတ်လပ်ပေါ့ပါးစွာဖြင့် မြန်မာနိုင်ငံကလာတာ။ မြန်မာနိုင်ငံမှာပဲ ဆေးကျောင်းတက်ခဲ့တာပါဟု မဆိုင်းမတွဖြေပါသည်။ ဆင်းရဲသားမာနဖြင့် အတင်းလုပ်ပြခြင်းမျိုး မဟုတ်ပါ။
ကျွန်တော်တို့နိုင်ငံမှာ ပြဿနာ တွေအများကြီးရှိနေတာကို မကွယ်ဝှက်ပါ။နိုင်ငံသည် အဘက်ဘက်မှာ ချို့ငဲ့ပါတယ်။နှစ်ပေါင်းကြာရှည်စွာ အုပ်စိုးသူများ၏ မှားယွင်းသောမူဝါဒ၊ မမှန်ကန်သောစေတနာတို့ကြောင့် အဘက်ဘက်မှာ ချွတ်ခြုံကြနေပါသည်။ လူတချို့ အူမ မတောင့်ပြီး သီလမစောင့်နိုင်သည့် အခြေအနေတွေရှိနေတာလဲ အမှန်ပါပဲ။ ဒါပေမဲ့ သည်အတွက်ကြောင့် ကျွန်တော်က ကိုယ်ခံစွမ်းအားနည်းပါးစွာဖြင့် အလိုလိုရှက်ရွံ့သိမ်ငယ်ဖြစ်မနေပါဘူး။ မိခင်နိုင်ငံ၏ အကောင်းအဆိုးသည် နိုင်ငံသားတွေအတွက် ကောင်းမွေဆိုးမွေဆိုတာ မှန်ပါသည်။ ဒါပေမဲ့ နိုင်ငံသားတစ်ဦးချင်းစီဟာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားလျှင် အဲဒီတစ်ဦးချင်းစီသည် ကိုယ်ပိုင်ဂုဏ်သိက္ခာ (Self Dignity) နှင့် ရပ်တည်နိုင်မည်ကို လေးလေးနက်နက် ယုံကြည်ထားပါသည်။ ဒါကြောင့် ကျွန်တော့်ခံယူချက်ကတော့ ပြည်ပတိုင်းပြည်တစ်ခုမှာ မြန်မာနိုင်ငံသားအဖြစ်နှင့် နေရတာ နေနေတာ စိတ်ထဲမှာ ဘယ်တုန်းကမျှ မသိမ်ငယ်ခဲ့ပါ။ ဂုဏ်မငယ်ခဲ့ပါ ခင်ဗျာ။ ။

Eleven Media Group









ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းဖို့ ကြိုးစားချိန်မှာ နောက်ထပ် လူထောင်ပေါင်းများစွာ စက်တင်ဘာလ ၂၇ ရက်နေ့ကစလို့ လမ်းပေါ်ထွက်လာကြ ပါတယ်။

ဒီဆန္ဒပြပွဲကတော့ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက်စင်ထရယ်ကို သိမ်းလို့ နာမည်ပေးထားပြီး ဟောင်ကောင်မြို့လယ်ခေါင်မှာ စုရုံးနေကြတာပါ၊

လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေဟာ ဒါဟာ ငွေရေးကြေးရေး ဘဏ္ဍာရေးလုပ်ငန်းတွေ စုရုံးတည်ရှိတဲ့ မြို့နယ်ကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုရဲ့ အစလို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း လူအများဆုံး ပူးပေါင်းပါဝင်တဲ့ ဆန္ဒပွဲဖြစ်ဖို့ စည်းရုံးလှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။

အစိုးရရုံးချုပ်နားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေက ငရုပ်ကောင်းရည်တွေနဲ့ ပက်ပြီး လူစုခွဲပြီး ၂၄ နာရီမတိုင်ခင်မှာ စင်ထရယ်ကိုသိမ်း လှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။

ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃၄ ယောက် ဆေးရုံတင်ခဲ့ရသလို ၆၀ လောက်လည်း ဖမ်းဆီးခံထားရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66290


ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ တရားစွဲဆိုခံနေရသော မဖြူနှင်းထွေးအား ရုံးထုတ်စဉ် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင်များက ပြန်လွှတ်ပေးရေး တောင်းဆိုနေစဉ် (၀ဲ)၊ တောင်စောက်ဓာတ်ငွေ့တွန်းစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်မှ အရိုချင်းတိုင်းရင်းသားများအား အမ်းမြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ယာ) -

(၁)
စက်တင်ဘာ ဒုတိယပတ်အတွင်းမှာပဲ မန္တလေးတိုင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေးကို ဖမ်းဆီးလိုက်ပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုရတဲ့ အကြောင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်အလုပ်သမားနှစ်ဦး ဖမ်းဆီးရာမှာ ပါဝင်ပတ်သက်တာကြောင့်လို့ ဆိုပါတယ်။

မေလမှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ မဖြူနှင်းထွေး ပါဝင်ပတ်သက်မှုရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ကြိုးကိုင်စီစဉ်ခဲ့သူတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်ပုံက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းဒေသမှာ ကြေးနီစီမံကိန်းက တရုတ်အလုပ်သမားနှစ်ဦးကို ဆည်တဲရွာဒေသခံတွေက တစ်ရက်ကျော်ကြာ ထိန်းသိမ်းခဲ့ပါတယ်။ မရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ ပုံစံမျိုးပါ။

ဆန္ဒပြဖို့သွားတဲ့ ဒေသခံတွေနဲ့ လယ်ယာမြေတွေကို ခြံခတ်တိုင်စိုက်ဖို့ ရောက်လာတဲ့ တရုတ်ဝန်ထမ်းနှစ်ဦး ထိပ်တိုက်တိုးပါတယ်။ တင်းမာမှုတွေဖြစ်ပြီး တရုတ်ဝန်ထမ်းနှစ်ဦးကို ဆည်တဲရွာဒေသခံတွေက ထိန်းသိမ်းခဲ့တာပါ။ ဒီလို ထိန်းသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာထဲကို မျက်ရည်ယိုဗုံးသုံးပြီး ၀င်ရောက်ဖြိုခွင်းခဲ့တာ ရှိသလို ရွာသားတွေဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ခုခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကားကို ဖျက်ဆီးခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ညှိနှိုင်းမှုတွေလုပ်ပြီး တရုတ်ဝန်ထမ်းနှစ်ဦးကို ရွားသားတွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

မေ ၂၂ ရက်မှာ မဖြူနှင်းထွေး အပါအ၀င် ဒေသခံရွာသား ခုနစ်ဦးကို တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့ ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး မဖြူ နှင်းထွေးနဲ့ ကိုဝင်းကျော်ကို ဆက်ပြီးတရားစွဲခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ မဖြူနှင်းထွေးကို ဖမ်းဆီးလိုက်ပြီး စက်တင်ဘာ ၁၅ ရက်မှာ ပထမဆုံး တရားရုံးထုတ်ခဲ့ပါတယ်။ ကိုဝင်းကျော်က လွတ်မြောက်နေဆဲဖြစ်ပြီး မဖြူနှင်းထွေးက အာမခံမရပဲ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ ဒီကိစ္စကို အသေအချာ သိသူတွေရဲ့ ပြောကြားချက်အရ မဖြူနှင်းထွေးက တရုတ်ဝန်ထမ်းနှစ်ဦးကို ဖမ်းတဲ့ကိစ္စမှာ မပါဘဲ ပြန်လွှတ်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့အပိုင်းမှာ ပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမှုသွား အမှုလာအရ ကိစ္စရပ်တစ်ခုလုံးကို စီမံခန့်ခွဲခဲ့တဲ့ အဓိကလူအဖြစ် စွဲချက်တင်ခံထားရသလို ဖြစ်နေပါတယ်။

ထူးခြားတာက ၁၉၉၃ ခုနှစ်ဖွား၊ အသက် ၂၁ နှစ်အရွယ်၊ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်တဲ့ မဖြူနှင်းထွေးကို စွဲချက်တင်နိုင်ဖို့ တပ်ထားတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

(၂)
မဖြူနှင်းထွေးကို စွဲချက်တင်မယ့် ပုဒ်မတွေက ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၆၄ နဲ့ ၃၆၈ တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၆၄ ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ဒါမှမဟုတ် ဆယ်နှစ်အထိ ချမှတ်နိုင်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် အပြစ်ပေးနိုင်ပါတယ်။

ပုဒ်မ ၃၆၄ ဖွင့်ဆိုချက်မှာ “မည်သူမဆို၊ တစ်ဦးတစ်ယောက်သောသူအား သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့် ဘေးရောက်အောင် စီမံခန့်ခွဲနိုင်ရန်သော် လည်းကောင်း ခိုးယူလျှင်၊ သို့တည်းမဟုတ် သွေးဆောင်ဆွဲခေါ်လျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၃၆၈ မှာတော့ “တစ်ဦးတစ်ယောက်သောသူအား ခိုးယူခဲ့ကြောင်း၊ သို့တည်းမဟုတ် သွေးဆောင်ခေါ်ယူခဲ့ကြောင်းကို သိလျက်နှင့် မည်သူမဆို၊ ထိုသူကို မတရားသဖြင့် ၀ှက်သိမ်းလျှင်၊ သို့တည်းမဟုတ် ချုပ်နှောင်ထားလျှင် မိမိကိုယ်တိုင်က ၀ှက်သိမ်းရန်၊ သို့တည်းမဟုတ် ချုပ်နှောင်ထားရန် အကြံဖြင့်သော် လည်းကောင်း၊ ထိုသို့ဝှက်သိမ်းသည်ကို၊ သို့တည်းမဟုတ် ချုပ်နှောင်ထားသည်ကို သိလျက်နှင့်သော် လည်းကောင်း၊ ထိုသို့ဝှက်သိမ်းရန် သို့တည်းမဟုတ် ချုပ်နှောင်ထားရန် ကိစ္စအလို့ငှာသော် လည်ကောင်း ခိုးယူဘိသကဲ့သို့၊ သို့တည်းမဟုတ် သွေးဆောင်ခေါ်ဘိသကဲ့သို့ ထိုသူကို ထပ်တူပြစ်ဒဏ် ချမှတ်ရမည်” လို့ ဖွင့်ဆိုပါတယ်။

လက်ပံတောင်းဖြစ်စဉ်၊ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေမှာ အခုပုဒ်မတွေက အပြင်းထန်ဆုံးလို့ ဆိုရမှာပါ။

၂၀၁၃ ခုနှစ်တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဒေါ်နော်အုန်းလှကို ချမှတ်ခဲ့တဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ်နှစ်နှစ် ဖြစ်ပါတယ်။ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်နှစ်နှစ် ချခဲ့ပေမဲ့ သိပ်မကြာခင်အချိန်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ ဒေါ်နော်အုန်းလှ ပြန်လွတ်ခဲ့ပါတယ်။ ဒေါ်နော်အုန်းလှလိုပဲ လက်ပံတောင်းတောင်အရေး လှုပ်ရှားခဲ့တဲ့ ကိုဟန်ဝင်းအောင်က လက်ပံတောင်းဒေသကို ပြန်မလာတော့ပါဘူး။ ပုဒ်မတပ်ခံထားရတဲ့ အခြားဒေသခံတွေရဲ့ အမှုဖြစ်စဉ်တွေ လုံးဝပြီးပြတ်ခြင်း မရှိသေးဘူး ဆိုပေမဲ့ သူတို့တပ်ခံရတဲ့ ပုဒ်မတွေက ၁၈၊ ၅၀၅(ခ)၊ ၄၄၇၊ ၃၅၃ အစရှိသဖြင့် ပုဒ်မတွေ ဖြစ်ကြပါတယ်။

(၃)
လက်ပံတောင်းဖြစ်စဉ်မှာ အပြင်းထန်ဆုံး ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အထိ ပုဒ်မတပ်ခံရတာက မဖြူနှင်းထွေး ဖြစ်ပါတယ်။ ဗကသကျောင်းသူ ဖြစ်သလို ငယ်ရွယ်တဲ့ မိန်းကလေး ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီး၊ ရုံးတင်တဲ့ ဖြစ်စဉ်က အလျင်စလိုနိုင်တာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ ဖမ်းတယ်။ ၁၅ ရက်မှာ ရုံးထုတ်ပါတယ်။ ရမန်ယူပြီးတော့ စက်တင်ဘာ ၂၃ ရက်မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။ ဒုတိယအကြိမ် ရုံးထုတ်မှုမှာ အာမခံလျှောက်ပေမဲ့ ပယ်ချခံရပါတယ်။ စက်တင်ဘာ ၃၀ မှာ ရုံးချိန်းပြန်ခေါ်ထားပြီး အမှုစွဲချက်တင်သင့်၊ မတင်သင့်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

မဖြူနှင်းထွေးရဲ့ အမှုဖြစ်စဉ်ဟာ ငြိမ်သက်နေတဲ့ လက်ပံတောင်းအရေးကို တကျော့ပြန် ဆူပွက်စေမယ့်ပုံစံ ဖြစ်လာပါတယ်။ နိုင်ငံ့အရေး မဟုတ်တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်ပံတောင်းအရေးကို စိတ်ဝင်စားမှု လျော့ကျနေပါတယ်။ ဒေသခံ ပြည်သူတွေက ကိုယ့်ဒေသအလိုက် တရားမှုတွေကို ဖော်ထုတ်တောင်းဆိုနေပါတယ်။ ဒီအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဆည်တဲရွာဖြစ်စဉ်ကို ပြန်ကြည့်ရင် တရားမမျှမှုအတွက် တရားမျှတမှုရဖို့ ဒေသခံတွေ တောင်းဆိုတာပါ။ ဒါပေမဲ့ ဆည်တဲရွာဖြစ်စဉ်ကို အကြောင်းပြုပြီး အရေးယူဖို့လုပ်ခဲ့တဲ့ ပုံစံက ပြင်းထန်လွန်းပါတယ်။ သာမန်ဒေသခံတွေကို လွှတ်ပေးလိုက်ပြီး မဖြူနှင်းထွေးကို ပြင်းထန်တဲ့ပုဒ်မတွေတပ်၊ တရားရင်ဆိုင်စေခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မဖြူနှင်းထွေးကို တရားစွဲဆိုခဲ့ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ တစ်အချက်က အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်လှုပ်ရှားမှုနဲ့အတူ အားကောင်းလာတဲ့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖြိုလှဲချင်တာ ဖြစ်နိုင်ပါတယ်။ နှစ်အချက်က တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်လာပြီဆိုရင် သည်းခံမှာမဟုတ်ဘဲ ပြင်းထန်တဲ့ထောင်ဒဏ် ချမှတ်မယ်ဆိုတဲ့ အစဉ်အလာကို ဆက်လက်ပုံဖော်ချင်တာ ဖြစ်နိုင်ပါတယ်။

(၄)
မဖြူနှင်းထွေးဟာ မြန်မာနိုင်ငံအထက်ပိုင်း ကျောင်းသားသမဂ္ဂ လုပ်ငန်းတွေမှာ အားကိုးလောက်သူဖြစ်ပေမဲ့ ဆည်တဲရွာဖြစ်စဉ်ကို ဦးဆောင်စီမံခန့်ခွဲနိုင်သူတော့ မဖြစ်နိုင်ပါဘူး။ တရုတ်ဝန်ထမ်းနှစ်ဦးကို ဆည်တဲရွာသားတွေ ထိမ်းသိမ်းခဲ့တာကလည်း မရည်ရွယ်ပဲ ဖြစ်ခဲ့တာပါ။ အာဏာပိုင်တွေ စွပ်စွဲနေသလို ပြန်ပေးဆွဲတယ်ဆိုတာ မဟုတ်ကြောင်း ဒေသခံတွေက ရှင်းလင်းပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဆည်တဲရွာဖြစ်စဉ်အပြီး သုံးလကျော်ကြာမှ မူလတရားစွဲထားသူတွေထဲက ငါးဦးကို ချန်ထားပြီး မဖြူနှင်းထွေး တစ်ဦးတည်းကို ဖမ်းဆီး၊ တရားစွဲခဲ့တာဟာ ရည်ရွယ်ချက်ပါသလို ဖြစ်နေပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်လှုပ်ရှားမှုတွေနဲ့အတူ အားကောင်းလာတဲ့ ဗကသရဲ့ လှုပ်ရှားမှု၊ ကျောင်းသားထုရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေဖို့ ဆည်တဲရွာကိစ္စကို အကြောင်းပြုပြီး မဖြူနှင်းထွေးကို ပြင်းထန်တဲ့ပုဒ်မတွေ တပ်ခဲ့တာလား။ ဒီလိုဆိုရင် လက်ရှိအာဏာပိုင်တွေဟာလည်း ဦးနေ၀င်းတို့၊ ဦးခင်ညွန့်တို့ လုပ်ခဲ့သလို ကျောင်းသားတွေကို ဖိနှိပ်ဦးချိုးပြီး ပညာရေးစနစ်ကို ရိုက်ချိုးချင်သူတွေ ဖြစ်သွားမှာပါ။

တစ်ဖက်မှာလည်း အခုစွဲချက်တင်ဖို့ လုပ်နေတဲ့ ပုဒ်မတွေနဲ့ ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိဘဲ မဖြူ နှင်းထွေးကို အရေးယူ ထောင်ချလိုက်မယ်ဆိုရင် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အုံကြွမှု ဖြစ်လာနိုင်ပါတယ်။

(၅)
ဒုတိယအချက်ဖြစ်တဲ့ တရုတ်အကျိုးစီးပွားကိုထိရင် ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်တတ်တာကလည်း မဖြူနှင်းထွေးအတွက် စိုးရိမ်စရာကောင်းပါတယ်။

စက်တင်ဘာ ပထမအတွင်းမှာပဲ အမ်းမြို့နယ်မှာ တရုတ်အလုပ်သမားတွေနဲ့ စကားများရန်ဖြစ်ခဲ့တဲ့ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား ၁၇ ဦးကို ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။

မူလဖြစ်စဉ်က ဒီနှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တာပါ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု တရုတ်-မြန်မာ ရေနံပိုက်လိုင်း ကြားခံစခန်းတစ်ခုမှာ အတူလုပ်ကိုင်နေတဲ့ မြန်မာ၊ တရုတ် အလုပ်သမားတွေ စကားများပြီး မကျေမနပ်ဖြစ်ကြရာက အဆောက်အဦတစ်ချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်အလုပ်သမားတွေဘက်က ရန်စသလိုဖြစ်တဲ့ အပြုအမူကတဆင့် ဒီကိစ္စတွေ ဖြစ်ခဲ့တာပါ။

ဖြစ်စဉ်ကို ပြန်ကြည့်ရင် အလုပ်သမားအချင်းချင်း မကျေမနပ်ဖြစ်ရာက ဖြစ်ပွားတဲ့ သာမန်ပဋိပက္ခလို့ ဆိုရမှာပါ။ ရန်ကုန်မှာဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ပုံစံမျိုးပါပဲ။ ညှိနှိုင်းဖြေရှင်းပြီး ကျေအေးလို့ ရပါတယ်။ ဒါပေမဲ့ အရေးယူမှု လုပ်ခဲ့ပါတယ်။

အရေးယူတဲ့အခါ တရုတ်အလုပ်သမားတွေကို တရုတ်နိုင်ငံကို ပြန်လွှတ်လိုက်ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမားတွေကို အကျိုးစီးပွားဖျက်ဆီးမှု၊ မီးရှို့မှု၊ အုပ်စုဖွဲ့ အားပေးကူညီမှုတွေဖြစ်တဲ့ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၁၁၄ တွေတပ်ပြီး အရေးယူခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် အမိန့်ချမှတ်မှုမှာ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား သုံးဦးကို ထောင်ဒဏ် ၁၀ နှစ်၊ ကျန်တဲ့ ၁၄ ဦးကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်ပါတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုမရှိဘူးလို့ ဆိုရမှာပါ။

အမ်းကိစ္စမှာ ပါဝင်ခဲ့တဲ့ မြန်မာအလုပ်သမားတွေကို အရေးယူဖို့ စတင်စွဲချက်တင်ကတည်းက ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေ တပ်ခဲ့ပါတယ်။ ပုဒ်မတွေအတိုင်း ပြစ်ဒဏ်ကြီးကြီး ချလိုက်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စ ဆိုပေမဲ့ တိုင်းရင်းသား မြန်မာတွေက ကြီးလေးတဲ့ထောင်ဒဏ် ချခံခဲ့ရပြီး စတင်ရန်စသလို ဖြစ်ခဲ့တဲ့ တရုတ်အလုပ်သမားတွေကျ အိမ်ပြန်ပို့ခံရတာကလွဲပြီး ဘာမှမဖြစ်ခဲ့ပါဘူး။

အခု မဖြူနှင်းထွေးကိုလည်း ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်နိုင်ဖို့ လုပ်နေပါတယ်။

(၆)
အမ်းမြို့နယ်နဲ့ ဆည်တဲရွာ ဖြစ်စဉ်နှစ်ခုလုံးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ နှစ်ခုစလုံးက တရုတ်စီမံကိန်းတွေ။ တရုတ်ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေပါတယ်။ အမ်းမြို့နယ်ဖြစ်စဉ်မှာ တရားဥပဒေဘောင်အတွင်းက ဖြေရှင်းခဲ့တာတောင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေက ပြစ်ဒဏ်ကြီးကြီး ကျခံခဲ့ရပါတယ်။

ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်နေသလဲ။ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေက စေခိုင်းနေသလဲဆိုတာ ဆန်းစစ်ကြရမှာပါ။

ဒီနှစ်ထဲမှာပဲ ဗီယက်နမ်မှာ တရုတ်-ဗီယက်နမ် တင်းမာမှုတွေဖြစ်ပြီး တရုတ်စက်ရုံတွေ မီးရှို့ဖျက်ဆီးခံရ၊ တရုတ်အလုပ်သမားတွေ လုယက်၊ ရိုက်နှက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်းမင်းတို့ နေပြည်တော် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ သီးသန့်တွေ့ဆုံပါတယ်။ ဗီယက်နမ်မှာဖြစ်နေတဲ့ ကိစ္စတွေကို အသေအချာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အရေးယူမှုတွေလုပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

ဒီနောက်ပိုင်း ဗီယက်နမ်မှာ တရုတ်အလုပ်သမားတွေ ရိုက်နှက်ခံရတာတွေ၊ လုယက်ခံရတာတွေအတွက် ဗီယက်နမ် အလုပ်သမားတွေကို ဘယ်လိုပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုအပြီး ရက်ပိုင်းအတွင်း စီရင်ချက်ချခဲ့တဲ့ မြန်မာနိုင်ငံ အမ်းကိစ္စမှာတော့ မြန်မာအလုပ်သမားတွေ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

(၇)
တရုတ်က သူနိုင်ငံရဲ့ အကျိုးစီးပွား၊ သူ့လူမျိုးတွေရဲ့ အကျိုးစီးပွားကို လုံးဝအထိခိုက်မခံပါဘူး။ သူ့နိုင်ငံပြင်ပမှာ ထိခိုက်တဲ့ ကိစ္စတွေ ဖြစ်လာရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ တစ်ခြားနိုင်ငံတွေကို ဖိအားပေးလေ့ ရှိပါတယ်။

မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး မဟုတ်ဘဲ ဆက်ကြေးကောက်နေတဲ့ သာမန်ဘိန်းသောင်းကျန်းသူ အဆင့်ပဲရှိတဲ့ စိုင်းနော်ခမ်း ကိစ္စမှာတောင် တရုတ်ဟာ တင်းတင်းမာမာ ကိုင်တွယ်ခဲ့ပါတယ်။ ထိုင်း၊ မြန်မာ၊ တရုတ်၊ လာအို လေးနိုင်ငံလုံးက အလိုရှိခဲ့တဲ့ စိုင်းနော်ခမ်းကို တရုတ်နဲ့မဆိုင်တဲ့ ရွှေတြိဂံဒေသမှာ လာအိုစစ်တပ်က ဖမ်းခဲ့တာပါ။ ဒါကို တရုတ်က သူတို့ဆီခေါ်ယူ အမှုစစ်ဆေးပြီး သေဒဏ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တာချီလိတ်မှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံသားတစ်ဦးပါ။ မြန်မာအစိုးရက တောင်းဆိုပြီး ဒီမှာ ပြစ်ဒဏ်စီရင်မယ်ဆိုရင် သေဒဏ်ဆိုဦးတော့ မြန်မာနိုင်ငံရဲ့ စနစ်အရ စိုင်းနော်ခမ်းဟာ တစ်သက်တကျွန်း ပုံစံမျိုးပဲ ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာအစိုးရက ပြန်မခေါ်ခဲ့ပါဘူး။

စိုင်းနော်ခမ်း အမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးကိစ္စတွေကြောင့် အပြစ်ပေးတယ်ဆိုပေမဲ့ တရုတ်နိုင်ငံသားတွေကို သတ်ခဲ့တဲ့ကိစ္စက အဓိကကျပါတယ်။ စိုင်းနော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာတုန်းက တရုတ်သင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲပြီး တရုတ် ၁၃ ဦးကို သတ်ခဲ့တယ်လို့ သံသယဖြစ် ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ်စီရင်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဒီကိစ္စက ပိုအဓိကကျခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ဟာ သူ့နိုင်ငံသားတွေကိုထိရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

စိုင်းနော်ခမ်းဖြစ်စဉ်မှာ မြန်မာအစိုးရရဲ့ ၀င်ရောက်ပါဝင် ကိုင်တွယ်မှု အားနည်းတဲ့အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပျောက်ဆုံးသလို ဖြစ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

(၈)
တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ရင် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်၊ ဖိအားပေးတာတွေ လုပ်လေ့ရှိပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က တရုတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်လာတဲ့ တရုတ်မှောင်ခိုတွေ၊ သစ်မှောင်ခို လုပ်ခဲ့သူတွေ၊ မန္တလေးကျောက်ဝိုင်းအပါအ၀င် ကျောက်ဝိုင်းတွေမှာ ပြဿနာ ရှာခဲ့သူ တရုတ်တွေ၊ မြန်မာအမျိုးသမီးတွေကို မဖွယ်မရာလုပ် လူကုန်ကူးခဲ့သူ တရုတ်တွေ၊ မြန်မာနိုင်ငံထဲမှာ ပြဿနာရှာတဲ့ တရုတ်အလုပ်သမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို လ၀ကဥပဒေနဲ့ အမြင့်ဆုံး ပြည်နှင်ဒဏ်ပေးတာပဲ လုပ်လေ့ရှိပါတယ်။ တခြားဥပဒေတွေနဲ့ အရေးယူ အပြစ်ပေးတာမျိုး မရှိပါဘူး။

ပိုဆိုးတာက တရုတ်တွေကို အရေးမယူတဲ့အပြင် ဖြစ်စဉ်တွေမှာ ပါဝင်တဲ့ တိုင်းရင်းသား မြန်မာအလုပ်သမားတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံထဲမှာ မတရားသဖြင့် ဖိနှိပ်ချိုးနှိမ်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအာဏာပိုင်တွေဘက်က ထိထိရောက်ရောက် ကာကွယ်ပေးတာမျိုး မတွေ့ရပါဘူး။

သမ္မတဦးသိန်းစိန် အားထားခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တရုတ်ကျေးဇူးရှိတယ်လို့ လက်ပံတောင်းတောင်ဒေသမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်ကျေးဇူးရှိတာနဲ့ မတရားသဖြင့် လုပ်နေတဲ့ တရုတ်တွေကို သက်ညှာ၊ ကိုယ့်နိုင်ငံသားတွေကိုတော့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးဆိုတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ပါဘူး။

(၉)
မဖြူနှင်းထွေးကို စွဲချက်တင်မှုနဲ့ ဆည်တဲရွာဖြစ်စဉ်ဟာ မြန်မာအာဏာပိုင်တွေအတွက် နောက်ထပ်မေးခွန်းတစ်ခု ဖြစ်လာပါပြီ။

လက်ပံတောင်းကိစ္စဟာ ငြိမ်သက်နေပါတယ်။ ဆည်တဲရွာနဲ့ မဖြူနှင်းထွေးကိစ္စကြောင့် ပြန်လှုပ်လာပါပြီ။ မဖြူနှင်းထွေးကို စွဲချက်တင်ဖို့က အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်မှု အားကောင်းလာတဲ့ ကျောင်းသားထုကို ချိုးနှိမ်ဖို့လား၊ တရုတ်အကျိုးစီးပွား အတွက်လား။ ဒါမှမဟုတ် မဖြူနှင်းထွေးက အာရုံလွှဲဖို့ ကြိုးစားတဲ့ ကိစ္စရပ်တစ်ခုလား။ အာဏာပိုင်တွေအနေနဲ့ ဘယ်လောက်ပဲ အာရုံလွှဲလွှဲ အဲဒီအာရုံလွှဲဖို့လုပ်တဲ့ အရာတွေဟာ ရွံရှာဖွယ် အမုန်းတရားတွေပဲ ဖြစ်နေပါတယ်။

(၁၀)
လက်ပံတောင်းအရေး၊ ဆည်တဲရွာအရေးနဲ့ မဖြူနှင်းထွေးကိစ္စဟာ ဒေသဆိုင်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒေသခံတွေက သူတို့ မတရားခံနေရတာကို ဒေသအလိုက် တောင်းဆိုလှုပ်ရှားမှု လုပ်ခဲ့တာပါ။ သူတို့ မတရားခံနေရတာကို တရားမျှတမှုရှိဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကို မတရားတဲ့ နည်းလမ်းတွေနဲ့ မတုံ့ပြန်ပါနဲ့။

အာဏာပိုင်တွေ အနေနဲ့လည်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုဖို့ အမုန်းတရားတွေ ထပ်ဖြစ်စေမယ့် အာရုံလွှဲမှုတွေကို မလုပ်ပါနဲ့တော့။

အခုဖြစ်နေတဲ့ အခြေခံရင်းမြစ်က မတရားမှုတွေကနေ စတင်နေတာပါ။

ပြည်သူတွေဟာ နိုင်ထက်စီးနင်း ပြုခံရနေရတယ်။ တရားသဖြင့် လုပ်ခံနေရတယ်။ မတရားသဖြင့် လုပ်ခံနေရတာတွေကို အဆုံးစွန် မတရားမှုတွေနဲ့ ဆက်ပြီးတုံ့ပြန်လာမယ်ဆိုရင် တစ်တိုင်းပြည်လုံး ပေါက်ကွဲသွားနိုင်ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အချိန်မှာ ဒါဟာ မဖြူနှင်းထွေးကိစ္စ မဟုတ်တော့ပါဘူး။ ကျောင်းသားအရေး မဟုတ်တော့ပါဘူး။ ဗကသအရေး မဟုတ်တော့ပါဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့အရေး ဖြစ်လာပါလိမ့်မယ်။

ဒီဖြစ်စဉ်မှာ လက်ပံတောင်းတောင်အရေးကို တစ်နိုင်ငံလုံးအရေး ဖြစ်လာအောင် မီးထိုးပေးမယ့် မီးစတစ်ခုဖြစ်အောင် လုပ်သလို ဖြစ်နေပါတယ်။

(၁၁)
တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်လာရင် အစိုးရ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟာ အကြီးအကျယ် ကာကွယ်ပေးနေပါတယ်။ တရုတ်စီမံကိန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာလည်း အခုချိန်ထိ ရှင်းလင်းပြတ်သားမှု အစိုးရဆီမှာ မရှိသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေဟာ ဥပဒေအတိုင်းပဲ ဖြစ်ရပါမယ်။ ဥပဒေဟာ နှစ်မျိုးစီရင်လို့ မရပါဘူး။ အခုဖြစ်နေတာတွေက ဥပဒေအတိုင်း ညီတူညီမျှ စီရင်တာမျိုး မဟုတ်ဘဲ တရုတ်နိုင်ငံသားတွေတော့ သာစေ၊ မြန်မာနိုင်ငံသားတွေတော့ နာစေပုံစံမျိုး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်လက်အောက်ခံ ပြည်နယ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်အချုပ်အခြာအာဏာ ရှိပါတယ်။ ကိုယ့်အချုပ်အခြာအာဏာ ရှိနေပါလျက် ကိုယ့်နိုင်ငံထဲမှာ တရုတ်တွေနဲ့ ပတ်သက်လာရင် သူတို့ကို သက်ညှာပြီး ကိုယ့်နိုင်ငံသားတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူနေတာ ဘာသဘောလဲလို့ အစိုးရ မေးခွန်းထုတ်ချင်ပါတယ်။

ဘာလို့ တရုတ်ကိုထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ။ ပြည်သူတွေကတော့ နောက်ထက်နရသီဟပတေ့မင်းလို မင်းတစ်ပါး ထပ်မလိုချင်တော့ဘူး။

Eleven Media Group
http://news-eleven.com/politic/%E1%80%98%E1%80%AC%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%91%E1%80%AD%E1%80%9B%E1%80%84%E1%80%B9-%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BD-%E1%80%9E%E1%80%8A%E1%80%B9%E1%80%B8%E1%80%8A%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%81%E1%80%B6%E1%80%90%E1%80%AC%E1%80%9C%E1%80%B2


ယမန်နေ့က ပျောက်ဆုံးတောင်တက်သမား (၂)ဦးကို ရှာဖွေနေသည့် ကယ်ဆယ်ရေးအဖွဲ့သို့ ရိက္ခာပို့ သွားရောက်ရင်း အဆက်အသွယ် ပြတ်တောက်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်နှင့် အဆက်အသွယ် ပြန်လည်ရရှိရေးအတွက် ထူးဖောင်ဒေးရှင်းမှာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဘက်နယ်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြိုးစားလျက် ရှိပါသည်။

ထူးဖောင်းဒေးရှင်းမှ B3 ရဟတ်ယာဉ်(၂)စီး၊ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်တစ်စီးတို့ဖြင့် ဝေဟင်မှ အဆက်အသွယ် ရရှိရန် ကြိုးစားနေသလို တပ်မတော်သားများ၊ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်သားများ၊ ဒေသခံ ပြည်သူများကလည်း ပူးပေါင်း ကူညီလျက် ရှိပါသည်။

ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့လည်း ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းမှ Base Camp သို့ ပျံသန်းခဲ့သည့် အနက်ရောင် B3 ရဟတ်ယာဉ်သည် ယနေ့တွင် အမြင့်ပေ ၁၉,၀၀၀ ကျော်ကို ပျံသန်း၍ Hover လုပ်ပြီး ရှာဖွေမှုများ တောက်လျှောက် လုပ်ဆောင်နေပါသည်။

B3 ရဟတ်ယာဉ် အမြင့်ပေ ၁၉,၀၀၀ ကျော်ကို တက်ပြီး ပျောက်ဆုံး တောင်တက်သမား နှစ်ဦးကို ရှာဖွေသည့် အချိန်တွင် တိမ်ထူ၊ မြူများအုံ့ဆိုင်းပြီး ရာသီဥတု ဆိုးရွားလျက် ရှိကြောင်း သိရသည်။ B3 ရဟတ်ယာဉ်ကို Neapl pilot Capt Sid, နှင့် ထူးကုမ္ပဏီမှ Capt မြတ်ထွန်းလွင် တို့ မောင်းနှင်ခဲ့ကြောင်း သိရသည်။

ခါကာဘိုရာဇီတောင်တွင် နှင်းထုမှာ ၃ ပေခန့်ရှိပြီး အချို့ နေရာများတွင် ခါးမြုပ်ကြောင်း၊ နှင်းထု ထူထပ်နေသည့်အတွက် လမ်းလျှောက်ရသည်မှာ အလွန်ခက်ခဲပြီး အန္တရာယ်များကြောင်း ပျောက်ဆုံးတောင်တက်သမား နှစ်ဦးကို ရှာဖွေနေသည့် ကယ်ဆယ်ရေးအဖွဲ့မှ ဦးနမားဂျွန်ဆင်၏ ပြောကြားချက်အရ သိရသည်။

ထူးဖောင်ဒေးရှင်းသည် ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးကို ရှာဖွေရင်း တစ်ဖက်မှလည်း အဆက်အသွယ် ပြတ်တောက်နေသည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်နှင့် အဆက်အသွယ် ရရှိရေး အချိန်နှင့်တပြေးညီ ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။

Htoo Foundation Fbမှ ကူးယူဖော်ပြပါသည်..


ပုဇွန်တောင်မြို့နယ်ပြည်သူများ၏ ထုတ်ပြန် ကြေငြာချက်
Video..aye mya mya myo
Photo..Kumudra

နိုင်ငံရပ်ခြားတွင် စက်ရုံတည် ဆောက်ရန်စီစဉ်နေသည့် ကိုရီးယား လုပ်ငန်းရှင်များ အတွက် မြန်မာနိုင်ငံ သည် ဆွဲဆောင်မှုရှိသည့် နေရာတစ် ခုဖြစ်လာနေသည်။ မြန်မာနိုင်ငံတွင် လုပ်အားခဈေးသက်သာပြီး သဘာဝ သယံဇာတများကြယ်ဝသည့် အပြင် နိုင်ငံခြား လုပ်ငန်းရှင် များအား ဆွဲ ဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကိုအား ပေးသည့် မူဝါဒသစ်များ ချမှတ်လျက် ရှိသည်။ ဥရောပ၊ ဂျပန်နှင့် အခြား စီးပွားရေး အင်အားကြီးနိုင်ငံများမှ ကုမ္ပဏီအများအပြားမှာ မြန်မာနိုင်ငံ တွင် လုပ်ငန်းများ စတင်လုပ်ကိုင်လာ ကြသည်။

ကိုရီးယားနိုင်ငံတကာကုန်သွယ် ရေးအဖွဲ့ချုပ် (KITA) က မြန်မာ နိုင်ငံသည် မကြာမီ အာရှ၏ အဓိက ကုန်ထုတ်လုပ်ရေးနိုင်ငံဖြစ်လာနိုင် သည်ဟု ယူဆထားပြီး ကိုရီးယား လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ အခွင့်အလမ်းများအား အရယူရန် တိုက်တွန်းထား သည်။ ကိုရီးယားလုပ်ငန်းရှင်များအတွက် လက်ရှိတွင် တရုတ်နိုင်ငံမှာ ရင်းနှီး မြှုပ်နှံရန် အဓိကရွေးချယ်သည့်နေ ရာဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက် သွယ်ရေး စတင်ခဲ့သည့် ၁၉၉၂ မှ စတင်ကာ ထောင်နှင့်ချီသော ကိုရီး ယားလုပ်ငန်းရှင်ကြီး/ငယ်တို့က တ ရုတ်နိုင်ငံတွင် စက်ရုံများ တည်ထောင် ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ လုပ်သား ခဈေးသက်သာမှုနှင့် ရင်းနှီးမြှုပ်နှံမှု ကို အားပေးသည့် အစိုးရမူဝါဒများ က ကိုရီးယားလုပ်ငန်းရှင်များအား ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် တရုတ်နိုင်ငံ လုပ်အားခမြင့်တက်လာမှု၊ အခွန်နှုန်းမြင့်မားလာမှုနှင့် စည်းမျဉ်း စည်းကမ်းများ ပိုမို တင်းကျပ်လာမှုတို့ကြောင့် ရင်းနှီးမြှုပ် နှံသူများ၏ အမြတ်အစွန်းများ ကျဆင်း လာသဖြင့် အရှေ့တောင်အာရှ ဒေသသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာသည်။

ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အခြားအရှေ့တောင် အာရှနိုင်ငံများတွင်လည်း လုပ်အားခ နှင့် အခြား ထုတ်လုပ်ရေးစရိတ်များ မြင့်တက်လာသဖြင့် ကိုရီးယားလုပ် ငန်းရှင်များက စိတ်ဝင်စားမှုလျော့ကျ လာကာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံသစ်ရှာဖွေရာတွင် မြန်မာနိုင်ငံမှာ အသင့် တော်ဆုံးဖြစ်လာသည်ဟု KITA က ဆိုသည်။

“ငယ်ရွယ်တဲ့လူဦးရေနဲ့ သယံဇာတပေါကြွယ်ဝမှုက မြန်မာ နိုင်ငံကို အာရှရဲ့ ကုန်ထုတ်လုပ်ရေး ဗဟိုချက်သစ်ဖြစ်စေမှာပါ။ ဥရောပ၊ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာနိုင်ငံမှာ အ၀တ်အထည်၊ ဖိနပ် စတဲ့ လုပ်အားအသားပေးစက်ရုံတွေ တည်ဆောက်လာကြပါပြီ” ဟု KITA မှ သုတေသနပညာရှင် ဆောင်ဆောင်အီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေး ခဲ့ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၂ အ တွင်း ၁၉၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်နှုန်းမှာ ၇.၅ ရာခိုင်နှုန်းရှိခဲ့သည်။ ဆောင်အီက “တရုတ်နဲ့ ဗီယက်နမ် မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကိုရီး ယားကုမ္ပဏီတွေက မြန်မာနဲ့ အခြား ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှနိုင်ငံတွေ ကို ပြောင်းရွှေ့လိုနေပါတယ်။ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အတွက် အမေရိကန်၊ ဥရောပသမဂ္ဂ ကလည်း ပိတ်ဆို့မှုတွေ ဖြေလျော့ ပေးထားပါတယ်” ဟု ပြောကြားခဲ့ သည်။

ကိုရီးယားလုပ်ငန်းများ မြန် မာနိုင်ငံတွင် အလျင်အမြန် ရင်းနှီး မြှုပ်နှံရန်နှင့် ကိုရီးယားအစိုးရက ရင်း နှီးမြှုပ်နှံမှုအား ကူညီထောက်ပံ့ရန် ၎င်းက တောင်းဆိုထားသည်။ မြန် မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံည့် ကုမ္ပဏီ များ အဓိကကြုံတွေ့ရသည့်ပြဿနာ မှာ စက်ရုံတည်ဆောက်ရန် နေရာ အခက်အခဲဖြစ်သဖြင့် ကိုရီးယားလုပ် ငန်းများအတွက် သီးသန့်စက်မှုဇုန် တည်ထောင်ပေး ရန် မြန်မာအာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သင့် သည်ဟု လည်း ပြောကြားခဲ့သည်။

ယခုလုပ်ငန်းရပ်ဆိုင်းလိုက်ပြီဖြစ်သော ဒေ၀ူးအီလက်ထရောနစ်ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ပထမဆုံး ၀င်ရောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး အိမ် သုံးလျှပ်စစ်ပစ္စည်းစက်ရုံတစ်ရုံအား ၁၉၉၀ တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံသို့ အထည် ချုပ်စက်ရုံ အများအပြား ၀င်ရောက် လာခြင်း၊ ပြန်လည်ထွက်ခွာသွားခြင်း များရှိ ခဲ့သည်။ ဒေ၀ူးအပြည်ပြည်ဆိုင် ရာကုမ္ပဏီက မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ခြင်း အား ၂၀၁၃ ဇွန်တွင် စတင်ခဲ့ပြီး ၎င်း၏ မိခင်ကုမ္ပဏီ POSCO သံမဏိပြား စက်ရုံတစ်ရုံတည်ထောင် လည်ပတ်လျက်ရှိသည်။

ကုန်ထုတ်လုပ်သူများအပြင် ၀န်ဆောင်မှုလုပ်ငန်းများနှင့် အရောင်းဆိုင်များ ကလည်း မြန်မာဈေးကွက် သို့ ၀င်ရောက်လာနေကြသည်။ “ငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကုန် ပစ္စည်းအရောင်းဆိုင်တွေနဲ့ အစားအ သောက်ကုမ္ပဏီတွေ ၀င်ရောက်လာ နေပါတယ်” ဟု ဆောင်အီက ဆို သည်။

ဝူရီဘဏ်နှင့် ဟာနာဘဏ် တို့က ၂၀၁၃ တွင် ရုံးများဖွင့်လှစ်ခဲ့ ပြီး ရှင်ဟန်ဘဏ်နှင့် ကိုရီးယား ဖွံ့ဖြိုး ရေးဘဏ်တို့ကလည်း ဖွင့်လှစ်ရန်စီ စဉ်လျက်ရှိသည်။ ဟမ်ဘာဂါအရောင်းဆိုင် လုပ်ငန်း လော့တာရီယားက ၂၀၁၃ ဧပြီတွင် ရန်ကုန်၌ ပထမဆုံး ဆိုင်ခွဲဖွင့်လှစ်ခဲ့ပြီး ကြက်ကြော် အရောင်းဆိုင် BBQ က နောက်သုံးလ အကြာတွင် ပထမဆုံးဆိုင်ခွဲကို လာ ရောက်ဖွင့်လှစ်ခဲ့သည်။ ဆောင်အီက “အလုပ်သမားအများစုက အသင့်သုံး နိုင်တဲ့ ကျွမ်းကျင်မှု မရှိပေမဲ့ လုပ်အား က သက်သာတာက အဓိကဆွဲဆောင် မှုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

KHTun

Ref - Korean Times

The Ladies News Journal

ရန်ကုန်မြို့သစ်စီမံကိန်း ကို လေ့လာသုံးသပ်ရန် ရပ်ဆိုင်း လိုက်သော်လည်း တိုးချဲ့မည့် အစီအစဉ်ကို ၂၀၄၀ ပြည့်နှစ် အတွင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်ကပြောကြားသည်။

‘‘ထပ်မံလေ့လာသုံးသပ်ဖို့ လိုတယ်ဆိုပြီး ဖျက်သိမ်းလိုက် တာပေါ့နော်။ ဒါပေမဲ့ နဂို ရန်ကုန်မြို့သစ်စီမံကိန်း ၂၀၄၀ အရ JICAနဲ့ ဆွေးနွေးထားပြီးသားလေ။ ဘယ်နေရာမှာ မြို့ကိုချဲ့ဖို့ လို တယ်ဆိုတာ ပါပြီးသားပါ။ လူ ဦးရေလည်း တိုးလာတာပေါ့နော်။ မြို့သစ်ကတော့ ၂၀၄၀ အတွင်း တော့ ချဲ့မှာပါ။ ဘယ်လိုပုံစံနဲ့ ချဲ့ မလဲဆိုတာတော့ ပြန်ပြီးတော့ အကုန်လေ့လာသုံးသပ်ရဦးမှာ ပေါ့’’ဟု စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်အား7 Day သတင်းစာက မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ဆိုင်းငံ့လိုက်ခြင်းနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများမေးမြန်းရာ ‘‘အကောင်းဘက်ကို သွားလား၊ အဆိုးဘက်ကိုသွား လားဆိုရင်တော့ နှစ်ခုရှိတာပေါ့ နော်။ အားသာချက်၊ အားနည်း ချက်၊ ကောင်းကျိုး၊ ဆိုးကျိုးဆို တာတော့ ရှိတာပေါ့နော်။ လူဦး ရေတိုးချဲ့ဖို့ရယ်။ အဲဒီမှာရှိတဲ့ ပြည်သူလူထုရဲ့ဘ၀တိုးတက် အောင်လုပ်ဖို့ရယ်၊ အမြင်ကတော့ကောင်းတဲ့ဘက်ကပေါ့’’ဟု ရန် ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အ နောက်ဘက်ပိုင်းတွင် တိုးချဲ့ရန် စီစဉ်ထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဟု စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေး ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖျက်သိမ်းလိုက်သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန် မြို့အနောက်ဘက် ဧကသုံး သောင်းခန့်ကျယ်ဝန်းမည့် ဧရိယာတွင် ကျပ်ဘီလီယံ ခုနစ်ထောင်ကျော်နှင့် အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံ(စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံဆောက်လုပ်သွားမည့် စီမံကိန်းဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက် မည်ဟု သြဂုတ်လ ၂၂ ရက်က တရားဝင် ကြေညာခဲ့ပြီးနောက်ဝေဖန်မှုအများအပြားရှိသည်။

ရန်ကုန်မြို့၏ အနောက် ဘက်တွင်ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင် မြစ်နှင့် လှိုင်သာယာတွံတေးကားလမ်းကြားမြေနေရာများကို မြို့သစ်တည်ဆောက်မည်ဟု ကြေညာခဲ့၍ ယင်းနေရာရှိ မြေဈေးကွက်မှာ တစ်ဧကလျှင် ကျပ်သိန်းထောင်ချီထိ ပေါက်ဈေး မြင့်တက်သွားခဲ့သည်။

မြို့သစ်စီမံကိန်းတွင် မြေ ၀ယ်ထားသူများမှာ ပိုက်ဘောမိပြီ ဖြစ်ကြောင်း စိုးခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်က ပြောကြားသည်။

မြို့သစ် စီမံကိန်းကြောင့် ယင်းနေရာများတွင် လာရောက်ဝယ်ယူထားကြသူ အများစုမှာ တရုတ်လူမျိုးများဖြစ်ကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/21620#.VCe4mlf4U1p

လုပ်အားတွေပေါ မြေနေရာတွေပေါ သ ဘာဝကုန်ကြမ်းတွေလည်းပေါလို့ တိုင်းပြည် နာမည်တောင် “ပေါနိုင်ငံတော်ကြီး”လို့ ပြောင်း ရတော့မယ်ဆိုခဲ့ ရမလောက် လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က ပေါသရဖူဆောင်းခဲ့တဲ့ ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံတော်ကြီးဟာ အဲဒီကာလက ပြည်ပ ရင်းနှီးမြုပ်နှံ သူတွေ အ နေနဲ့ နိုင်ငံရေးမတည်ငြိမ်တာတစ်ခုတည်းနဲ့ကို မလာရဲကြရာကနေ အခုတော့ အားလုံး က လက်ခံလက်ကမ်း ဖိတ်ခေါ်ပါပြီဆိုတဲ့ အခါကျပြန်တော့ ရင်းနှီးမြုပ်နှံဖို့ လာချင်တဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ရင်ဘတ်ဆောင့် တွန်းထား သလို ပြဿနာပေါင်းစုံက ဆီးကြို နေပြန်ပြန်ပြီလေ။

အရင်ပျက်နေကျ လျှပ်စစ်မီးက အခု လည်း ဘာမှပိုမကောင်းလာသေးပါဘူး။ အရင် က သူလိုငါလို ပိတ်တဲ့လမ်းက အခုသွားမရ အောင်ကျပ်နေပြီ။ အရင် က ပေါလှတယ်ဆိုတဲ့ မြေကလည်း နိုင်ငံတကာမှာ မြေဈေးအကြီး ဆုံး စံချိန်ယူ တာပြိုင်ကြစို့ဆိုရင် “မြန်မာ နိုင် ပြီ၊ တို့မြန်မာနိုင်ပြီ” သီချင်းကို သေချာပေါက် ဖွင့်ဖို့ ဟန်ပြင်နေပြီ။ ဒီအထဲမှာ ရင်းနှီးမြုပ်နှံ သူတွေ လက်တွန့်သွားလောက် စရာ တစ်ခု ကတော့ မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သ မား ပြဿနာ အလွန် များပြားပြီး ၂၀၁၃ ခုနှစ် မှာ အလုပ်ရှင်အလုပ်သမား ပဋိပက္ခပေါင်း ၉၀၀ ကျော်တောင် ရှိခဲ့တယ်ဆိုတာပါပဲ။

ပဋိပက္ခ ဖြစ်ကြတယ်ဆိုရာမှာလည်း အလုပ်ရှင်နဲ့အလုပ်သမား ငြင်းကြခုံကြပြီ ဆို အ စိုးရကညှိနှိုင်းလို့ သဘောတူ လက်မှတ်ထိုးပြီး လက်ဆွဲနှုတ်ဆက် ၊ ရေရှည် အကျိုးတူ ဆက် ချီတက် ဆိုတာမျိုးဖြစ်ရင်တော့ နှစ်ဦးနှစ်ဖက် မင်္ဂလာပေါ့ ခင်ဗျ။ အခုတော့ ပဋိပက္ခဖြစ် တယ်၊ ညှိနှိုင်းပေးတယ်၊ သဘောတူ လက်မှတ် တော့ထိုးတယ်၊ သဘောတူထားတဲ့အတိုင်း သတ်မှတ်ရက်မှာ မလုပ် တဲ့ပြင် အလုပ်သမား တွေကို သွေးခွဲ၊ အချိန်ဆွဲ၊ တချို့စက်ရုံတွေုမှာ အလုပ်သမား အရေး တောင်းဆိုရာမှာ ခေါင်း ဆောင်သူတွေကို အလုပ်ဖြုတ်ပစ် စသဖြင့် နောက်ဆက်တွဲ အမင်္ဂလာသတင်းတွေပဲ ထပ် ကြားရတတ်ပြီး အလုပ်သမားတွေက ထပ်ပြီး ဆူကြပူကြ၊ သပိတ်မှောက်ကြနဲ့ သံသရာထပ် လည်ပြန်တာပါပဲ။

ဒီနေရာမှာ အလုပ်သမားတွေဖက်က လူ မသိသူမသိနစ်နာမှုတွေ မကျေလည်နိုင် စရာ ခံစားရမှုတွေ အတော်များများ ရှိနိုင်သလို အလုပ်ရှင် ဖက်မှာလည်း ဘယ်နိုင်ငံမှာမှ မ ကြားခဲ့ဖူးတဲ့ “ကြုံဖူးပေါင် ဂုဏ်ထူးဆောင်” ပြဿနာတွေ၊ ရင်ဖွင့်မရတဲ့ “အဆင်မသင့် သမျှတွေ” ရှိနိုင် ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ် ရှင်တချို့ဆို ပြည်ပကဖြစ်ပြီး မြတ်မယ်ထင်လို့ ဒီကိုလာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြတာပဲလေ။ အဝေးကနေတကူးတက အလုပ်သမားနဲ့ ရန် ဖြစ်ဖို့လာတဲ့သူတို့၊ အလုပ်သမား ဆန္ဒပြတာ ကို မမြင်ဖူးလို့ ကြည့်ဖို့လာတဲ့သူတို့ မဟုတ် မှာတော့ သေချာတယ်။ ဒီနိုင်ငံလာရင် တွေ့ ကြုံရနိုင်တာတွေ၊ ကျော်လွှားရမှာတွေကို (များသောအားဖြင့်) လေ့လာ သိထား ပြီး လာကတည်းက ငွေကြေးရင်းနှီးမြုပ်နှံမှုနဲ့ အတူ စွန့်စားလိုမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ တိုးတက်အောင်မြင်မယ်လို့ မျှော်လင့်အိပ် မက်မှုတွေကိုပါ “အရင်း အနှီး” အဖြစ် မြုပ်နှံ ပြီး လာတာဖြစ်မှာပါ။

တချို့လည်း ဘာမှနားမလည်ပါးမလည် တွေဆီ သွားပြီး အမြတ်ထုတ်ကြည့် လိုက်ဦး မှတို့၊ မြန်မာပြည်မှာဆို အောက်ခြေလူထုဆီ က အဆီအသား“နုတ်”ဖို့ အထက်ဆိုင်ရာ ပိုင်ရာများကို “မြှောက်”လို့ ဒါမှမဟုတ် “ပေါင်း လို့” ရှိရင် “စား” ဖို့သိပ်လွယ်တယ်ဆိုပဲတို့ စတဲ့စတဲ့ စုတ်ပဲ့တဲ့အတွေးစိတ်ကူးတွေကို အရင်း အနှီး လုပ် လာသူတွေလည်း ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကာလတစ်ခုကြာတဲ့အခါ ရင်း နှီးမြုပ်နှံသူတွေဟာ သူ အရင်းအနှီးလုပ်လာ တဲ့ ငွေဖြစ်ဖြစ်၊ မျှော်လင့် ချက်ဖြစ်ဖြစ်၊ စုတ်ပဲ့ တဲ့အကြံဖြစ်ဖြစ် ဒါမှမဟုတ်၊ စွန့်စားလိုမှုတို့ ကိုယ့်ကို ကိုယ်ယုံကြည်မှုဖြစ်ဖြစ်ဟာ မူလရင်း နှီးထားသမျှကနေ လျော့ကျကုန်ခမ်း သွား ပါတော့တယ်။ ဒီလိုသူရင်းထားသမျှ ကုန် သွားလို့ တစ်နည်းအားဖြင့် အရင်းပြတ် လို့ ထွက်သွားဖို့ ကြံသူကြံတဲ့အခါ သူ့အလုပ်ကို မှီခိုရတဲ့ အလုပ်သမား မိသားစုတွေလည်း ထမင်းငတ် သွားတော့တာပေါ့။ အဲဒီအခါမှာ အရင်းပြတ်သူနဲ့ ထမင်းငတ်သူတို့ရဲ့ ပဋိပက္ခ သံသရာ စတာပါပဲ။

ဒီနေရာမှာ အရင်းပြတ်သူဟာ သူမျှော် လင့်ထားသလို စီးပွားမဖြစ်တာက သူ မြန်မာပြည်အကြောင်း မသိတာ တွေများလို့လည်း ဖြစ်နိုင်ပါတယ်။ မသိခြင်းက မောဟဆိုတော့ “အရင်ပြတ်သူရဲ့မောဟ”လို့ ဆိုရမှာပေါ့ခင်ဗျ။ ဒီ စီးပွားရေး သမားတွေဟာ နိုင်ငံတကာလှည့် ပြီး စီးပွားလုပ်ဖူးကြမှာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာနဲ့ မြန်မာပြည်နဲ့ မတူတာတွေက အ များကြီးဆိုတာ သူမသိတဲ့ မောဟထဲက တစ်ခုဖြစ်မှာပဲ။ ဥပမာ တင်ဒါပြိုင်ရမယ်ဆိုပါတော့။ တင်ဒါမှာပါတဲ့ ငွေပမာဏများရုံနဲ့တော့ တင် ဒါအောင်မယ် ထင်ရင်မှားမှာပေါ့။ တကယ် တော့ (စားပွဲပေါ်)တင်ဒါထက် “စားပွဲအောက်” (၀င်တာ)က ပိုအရေးကြီး တာကိုး။ (အပေါ်မှာ)တင်ဒါမှာ ဘယ်လောက်များများ၊ (အောက် ဘက်မှာ လူမမြင်သူမမြင်) ၀င်တာနည်းရင် မရနိုင်ဘူး။ ဒါပေမဲ့ ၀င်တာက များများ၊ တင်ဒါ ကနည်းနည်းနဲ့ အဘတွေကို မရဲတရဲ လူလည် လုပ်တဲ့ အပေါက် လုပ်လို့တော့မဖြစ်ဘူး။ အ ဘတွေက ကိုယ့်အတွက်ချည်းသာ မနည်းစေ နဲ့လို့ မဟုတ်ဘူး၊ တိုင်းပြည် အတွက် အများ အတွက်လည်း ကြည့်ကောင်းအောင်တော့ လုပ်ဦး၊ ငါ့နာမည်ပျက်အောင်မလုပ်နဲ့ ဆိုတာ မျိုးလည်း ရှိတတ်သကိုး။

မီးပျက်ရင် ဘက်ထရီဘက်ကပ်ပ်တို့၊ ယူဘီအက်စ်တို့သုံးပြီး လျှပ်စစ် အသက်ဆက် ထားရင်း အင်ဂျင်နဲ့ မောင်းပြီး စက်လည်ရ တာ သူ့နိုင်ငံမှာလည်း ရှိကောင်းရှိမှာပါ။ ဒါ ပေမဲ့ တစ်နေကုန် အင်ဂျင်နဲ့ပဲမောင်းရပြီး မီး ကတော့ ဒီနေ့လာချင်လည်းလာမယ်၊ လာ ချင်မှလည်းလာတော့မယ် ဆိုတာမျိုးကတော့ သူ ကြုံဖူးမယ်မထင်ဘူးလေ။ ဒီတော့ မီး ပျက်လွန်းတဲ့အခါ ဆီဖိုး မတတ်နိုင်တော့ “ရေ” ထည့်မောင်းတော့မှ မီးလည်းမှန်မှန်လာ၊ သူများပျက် လည်း ကိုယ်မပျက်၊ ဒါပေမဲ့ “ရေ” လောင်းရတဲ့လိုင်းကြေးပဲ မှန်မှန်ထွက်ဆိုတာ မျိုးပဲ ဖြစ်ရပြီပေါ့။ ဒီတော့ မီတာဖိုးပဲ တွက် ချက်ပြီး ရင်းနှီးမြုပ်နှံသူ ခမျာ ဆီဖိုးဖြစ်ဖြစ် ရေဖိုးဖြစ်ဖြစ်ထပ်ကုန်မှ စက်လည်နိုင်တာ သိသွားတဲ့ အခါ ငွေမကုန်ခင် စိတ်အရင်ကုန် သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့် တချို့လုပ်ငန်းရှင်များက ပြောသ တဲ့။ “နိုင်ငံတကာစံနဲ့ လုပ်အား ခပေးရမယ် ဆိုရင် နိုင်ငံတကာစံနဲ့ လျှပ်စစ်မှန်မှန်ရအောင် လုပ်ပေးလေ”” တဲ့။ ကဲ၊ ဒါလည်း ဟုတ် တာပဲလေ။

မကြာသေးခင်က သတင်းထဲမှာ ကျယ် ကျယ်လောင်လောင်ကြားရတဲ့ ကိုရီးယား မာစတာစပေါ့ ဖိနပ်စက်ရုံက အလုပ်သမားများဆိုရင် အလုပ်ရှင်က ရုတ်တရက်ကြီး စက်ရုံ ပိတ်သိမ်းသွားလို့ အတော်ဒုက္ခရောက်နေကြ ရတာပါ။ သူတို့ ခမျာ ဇွန်လလစာကို အခု အထိ မရကြသေးပါဘူး။ စက်ရုံကို စနစ်တ ကျပိတ်သိမ်းတာမျိုးမလုပ်ဘဲ အလုပ်သမား တွေကို လစာမပေးပဲပစ်ထားခဲ့ပြီး စက်ရုံပိုင် ရှင်က မြေလျှိုးမိုးပျံသွားခဲ့ဆိုကိုး။ Mr.Ban In Ho ဆိုတဲ့ အဲဒီကိုရီးယား လူမျိုး စီးပွားရေး သမားကြီးဟာ ဘယ်ရောက်ဘယ်ပျောက်သွားတယ် ဆိုတာတော့ ကျွန်တော်တို့ သတင်း ဖတ်သူများ သဲသဲကွဲကွဲမသိရပါဘူး။ (ဒါပေမဲ့ သူကသာပျောက်နေတာ၊ အလုပ်သမားတွေကို တစ်လစာ ပဲလျော်ကြေးပေးပြီး လက်မှတ် ထိုးခိုင်းတာတို့ ဘာတို့ အလုပ်ရှင်ဘက်က လုပ်နေတာတွေ ကတော့ ဆက်ရှိနေတယ် ဆိုတာ သတင်းထဲ ဖတ်နေရပြန် တယ်လေ။ သြော်၊ ကိုရီးယားသားတောင် မြန်မာပြည်ရောက်တော့ ဇာခန်းဆီးနောက်ကွယ်မှာ ဇာတ်ကားရိုက်ချင်စိတ် ပေါ်သွားတော့တာကိုး လို့ တွေးမိပါတယ်)။

ရဲနဲ့ အလုပ်သမား အပြန်အလှန်ရိုက်ပွဲ ကြောင့် ပလာစတာကပ်ရတဲ့ မာစတာ ဖိနပ် ဇာတ်လမ်းအကျဉ်းကို ပြန်ပြောရရင် ၂၀၁၃ ခုနှစ်မှာမှ စဖွင့်ခဲ့တဲ့ ဒီစက်ရုံ ဟာ လွန်ခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ ရုတ်တရက် ပိတ်သွားတာ ဖြစ်ပြီး အလုပ်သမားများခမျာ အဲဒီဇွန်လက စပြီး လစာရောနစ်နာကြေးပါ မရကြ ဘူးတဲ့။ အလုပ်သမားများရဲ့ အကျိုးဆောင် ရှေ့နေ ဦးဌေးအဆိုအရ ဒီလိုဖြစ်မှာကို ကြိုမြင်လို့ ဇွန်လ ၉ ရက်နေ့ ကတည်းက စက်ရံပိတ်မှာ ကိုတားပေးဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ပြီး အဲဒီအချိန်ကဆို ပိုင်ရှင်လည်း ရှိနေသေးပါ ရက်နဲ့ အရေးယူဆောင်ရွက်မပေးတဲ့အပြင် အလုပ်သမား တွေကို တရားစွဲလို့ ရတယ် လို့ တောင် ခြိမ်းခြောက်သေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ညှိနှိုင်းဖြေရှင်းတာ သုံးရက်ကျော်ရင် ခုံသမာဓိကို လွှဲပေးရမှာပေမယ့် မလွှဲပေးခဲ့ လို့လည်း အခုလို အထိ ဖြစ်ခဲ့ရတာလို့ပြော ပါတယ်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာ သက် ဆိုင်ရာက ဆုံးဖြတ်ပေးထားတာကတော့ အခု လို စက်ရုံပိတ်သိမ်းတဲ့အတွက် သုံးလအောက် ၀န်ထမ်းဆို တစ်လစာ၊ သုံးလကနေတစ်နှစ် ၀န်ထမ်းဆို လစာရဲ့နှစ်ဆ၊ တစ်နှစ်အထက်ကို သုံးဆသတ်မှတ်ပေးထားပါသတဲ့။

ဒါပေမဲ့ နစ်နာကြေးဝေးလို့ ဇွန်လလစာတောင် မရ လို့ သံရုံးရှေ့ ဆန္ဒပြတာတို့၊ စက်ရုံရှေ့ ဆန္ဒ ပြတာတို့ လုပ်ကြရပြန်ပြီး ဒီစက်ရုံကိစ္စမှာ အပြန်အလှန် ငြင်းခုံ မှုသတင်းတွေကို လည်း ကျွန်တော်တို့လို “အတင်းပြောဇာတ်”တွေကို သတင်း သဘောအမှတ်နဲ့ ဖတ်နေရသူများ (ပိုက်ဆံပေးပြီး) ဖတ်ခဲ့ကြရပါတယ်။ ဥပမာ ဆို အလုပ်သမားတွေဟာ ပိုင်ရှင်ဆီက လျော် ကြေးရပြီးပါပြီလို့ အလုပ်သမား ၀န်ကြ်ီးဌာန ညွှန်ချုပ်ဦးဝင်းရှိန်က ပြောတဲ့အတွက် ဒါမဟုတ် မမှန်ကြောင်း၊ လျော်ကြေးလုံးဝ မရပါကြောင်း အလုပ်သမားတွေက ၈၈ ပွင့်လင်း ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်တာကို လွန်ခဲ့တဲ့ နှစ်လလောက် က ဖတ်ခဲ့ရပါတယ်။

တစ်ခါ အလုပ်သမားများက ပိုင်ရှင်ကို အရေးယူပေးဖို့ တောင်းဆိုချက်များနဲ့ ဇူလိုင် လ ၁၇ ရက်နေ့မှာ ကိုရီးယား သံရုံးရှေ့ ဆန္ဒ ပြရာမှာ အမျိုးသမီး အလုပ်သမား ၇၅၀ ကျော် နဲ့ အမျိုးသား ၅၀ ကျော် ပါဝင်ခဲ့သတဲ့။ ဇူ လိုင်လ ၂၃ ရက်နေ့ စံတော်ချိန်သတင်းစာမှာ တော့ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန် ကြီးဒေါ်ဝင်းမော်ထွန်းက ကိုရီးယားသံရုံးရှေ့ ဆန္ဒပြတဲ့ အလုပ်သမား ၆၀၀ ကျော်ကို အ လုပ်တွေပြန်ရှာခန့်ပေးထားပြီ၊ ကျန်လူတွေ အတွက်လည်း ဆက်စီစဉ်ပေးဦးမှာလို့ ဆိုပြန် တယ်။ ဒါကို အဟုတ်မှတ်ပြီး ကျွန်တော်တို့ သတင်းဖတ်သူများ သာဓုခေါ်ပြီး ကြိုဆိုကြရ တာပေါ့။

ဒါပေမဲ့ သာဓုမှ နှစ်ခွန်းမပြည့်ခင် ဇူလိုင်လ ၂၄ ရက် (သတင်းစာပါပြီးနောက် ရက်)မှာ အဲဒီစကားမမှန်ပါဘူးလို့ အလုပ်သ မားတွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ငြင်း ချက်ထုတ်ပါတယ်။ သူတို့ထဲက တစ်ယောက် မှ အလုပ်ပြန် မရသေးပါဘူးတဲ့။ ဆဲဗင်းဒေး သတင်းစာမှာပါတဲ့ လုပ်ငန်းတူစက်ရုံနှစ်ခုက မာစတာ စက်ရုံ အလုပ်သမား ၆၀ ကို အ လုပ်ခန့်ပေးထားတယ် ဆိုတဲ့ သတင်း ကလည်း မမှန်ပါဘူးလို့ သူတို့က တစ်လက်စာတည်း ငြင်းလိုက်တယ်။

ဒီကနေတစ်ခါ စက်တင်ဘာ ၁၆ ရက်နေ့ မှာ အလုပ်သမားကိစ္စ ဖြေရှင်းပေးဖို့ မာစတာ စက်ရုံကို ရောက်လာပြန်တဲ့ ညွှန်ချုပ်ဦးဝင်းရှိန် ကို သူတို့လျော်ကြေးငွေ ဘယ်ရက်ရမယ်လို့ အတိအကျသိချင်နေတဲ့ အလုပ်သမား များက အတိအကျအဖြေတောင်းရင်း အခန်းထဲမှာ သော့ခတ် ပိတ်လှောင် ထားတဲ့ အဖြစ်ကို ရောက် သွားပါတယ်။ ဒါကို ရဲတွေ ရောက်လာပြီး အလုပ်သမားတွေကို ရိုက်ပြီး ဖြေရှင်းလိုက် တော့ ပိုပြီးကျော်မကောင်း ကြားမကောင်းဖြစ်သွားပါတယ်။ အဲဒီကိစ္စမှာ ရဲတွေရော အလုပ် သမားတွေပါ ဒဏ်ရာတွေ ရပြီး နောက်တော့ သတင်းစာရှင်းလင်းပွဲတွေ အပြန် အလှန်လုပ် ကြရတာလည်း အများအသိပါပဲ။ နောက်ဆုံး မှာ ရဲတာဝန်ရှိလူကြီးမင်းက အလုပ်သမား တွေကို အရေးမယူပါဘူးလို့ ပြောတဲ့ သတင်း နဲ့ တစ်ခါ ဒုဝန်ကြီး ဦးထင်အောင်ကလည်း အောက်တိုဘာ ၉ ရက်နေ့မှာ နစ်နာကြေး သိန်းနှစ်ထောင် ကို ပေးမယ်လို့ဆိုတဲ့ မင်္ဂလာ သတင်းနှစ်ပုဒ်ကို ဖတ်ရပြန် ပါတယ်။

တစ်ဖက်မှာလည်း ဦးဝင်းရှိန်ကို ချုပ်နှောင် ထားတယ်ဆိုတာလည်း လုံးဝ မဟုတ်မှန် ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က အ လုပ်သမားတွေက သတင်းစာ ရှင်းလင်းပွဲလုပ် ပြန်ပြီး အဲဒီပွဲမှာ ရဲလက်ချက်နဲ့ ဒဏ်ရာရသူ တွေကို ရုပ်မြင်သံကြား သတင်းမှာ မြင်ရတာ က စိတ်မကောင်းစရာပါပဲ။ အလုပ်သမား တွေက သော့သူတို့ကိုင်တာမဟုတ်လို့ အခန်း ကို သော့ခတ်တာ သူတို့မဟုတ်ကြောင်း ရှင်း လင်းပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီ ရဲနဲ့ ပဋိပက္ခဖြစ်တဲ့နေ့ နောက်ရက် ဒီဗီဘီသ တင်းမှာ ““စက်တင်ဘာ ၁၆ ရက်နေ့ ပေးမယ်ဆိုတဲ့လစာ မပေးဘဲ အောက်တိုဘာ ၉ ရက်နေ့မှ စက်ရုံ လေလံတင်ပြီးပေးမယ်ဆိုလို့ သမီးတို့လို ခံစားရအောင် ဦးဝင်းရှိန်ကို ပိတ်ထားလိုက်တာပဲ”” လို့ အလုပ်သမားတစ်ဦး ပြောစကားတော့ ကြားမိထား တာက ရှိနေပါ သေးတယ်။

အင်းလေ၊ ဘာပဲဖြစ်ဖြစ် အလုပ်သမားတွေရဲ့ ဘ၀ကို စာနာ နားလည်နိုင်ပါ တယ်။ ထွက်ပေါက်မဲ့ သူတို့အခက်အခဲကို လည်း (ကိုယ်တိုင်အလုပ်ပြုတ်ဖူးလို့) တကယ် ကိုယ်ချင်းစာပေးနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါကြောင့် ကျွန်တော်တို့က တော့ အရင်းပြတ်သူရဲ့မောဟကိုရော၊ ထမင်း ငတ်သူရဲ့ဒေါသကိုပါ နားလည်စာနာ ခံစား နိုင်သူတွေပါ။ ဒါကြောင့် သံသယ၊ မုသား၊ ရက်စက်မှု၊ လှည့်ဖျားမွှု၊ ခြိမ်းခြောက်မှုတွေနဲ့ ပေါင်းစပ် ဖွဲ့စည်း ထားတဲ့ ဆိုးသွမ်းသံသရာ ကြီး အပြန်အလှန်လည်မဆုံး ဖြစ်နေတော့မှာ ပူပန်နေတဲ့ “သတင်းဖတ်သူ သောက”ကိုလည်း ပါဝင်သူအားလုံးက နားလည်နိုင် စွာနဲ့ အကောင်းဆုံး ဆုံးဖြတ်လုပ်ကိုင်ကြဖို့ပဲ ဆုတောင်းရတော့ တာပါပဲခင်ဗျား။

ရီနေနိုင်
The Ladies News Journal

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသား တစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုး ပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လက်ယက်မ ကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာ အထက်တန်း ကျောင်း၏ မြောက်ဘက် လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊ ဝဲနားရွက် ညိုမည်း ဒဏ်ရာများဖြင့် လဲကျသေဆုံး ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြိုင်မြို့နယ် လင်းကတောနယ်မြေ ရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့ သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf


လိုင်ဘေးရီးယား လက်ထောက်ကျန်းမာရေးဝန်ကြီးရဲ့ လက်ထောက်တဦး အီဘိုလာ ဗိုင်းရပ်စ်ပိုးနဲ့ သေဆုံးသွားတဲ့အတွက် လက်ထောက်ဝန်ကြီး Bernice Dahn ကိုယ်တိုင်က ရောဂါကူးစက်မှု မရှိအောင် ဟန့်တားတဲ့အနေနဲ့ သီတင်း ၃ ပတ်ကြာ သီးခြားခွဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့မှာ ရောဂါလက္ခဏာမရှိပေမယ့် ရောဂါပိုး ကူးစက်ခြင်းမရှိဘူးဆိုတာ သေချာအောင် အခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Bernice Dahn က သတင်းထောက်တွေကို စနေနေ့မှာ ပြောပါတယ်။ သူမရဲ့ ၀န်ထမ်းတွေအနေနဲ့လည်း ရောဂါပိုး ကူးစက်ခြင်းရှိမရှိ သိနိုင်မယ့် အများဆုံးရက်ဖြစ်တဲ့ ၂၁ ရက်ကြာ အိမ်မှာနေကြဖို့ ပြောကြားထားပါတယ်။

နှစ်ရက်အတွင်း အီဘိုလာရောဂါနဲ့ လိုင်ဘေးရီးယားနိုင်ငံမှာ လူ ၁၅၀ သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပြောပါတယ်။ အီဘိုရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစလို့ လိုင်ဘေးရီးယားနိုင်ငံအတွင်းမှာ လူပေါင်း ၁,၈၀၀ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ WHO က ပြောပါတယ်။ ဒါဟာ အီဘိုလာကြောင့် Guinea, Sierra Leone နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၃,၀၈၃ ဦးရဲ့ ထက်ဝက်ကျော်လည်း ဖြစ်ပါတယ်။

အသစ်ရရှိတဲ့ အချက်အလက်တွေဟာ အီဘိုလာ ကူးစက်ရောဂါကြောင့် ဖြစ်ပွားမှုနှုန်း အတိုင်းအတာ အစစ်အမှန် ဟုတ်ချင်မှဟုတ်မှာလို့ WHO က ပြောပါတယ်။ အခုချိန်ထိတော့ ရောဂါပိုးကူးစက်သူ ၆,၅၀၀ ရှိသွားပြီလို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်သူတွေဟာ ကျန်းမာရေး ဌာနတွေမှာ လာပြကြဖို့ ကြောက်ရွံ့နေတာဖြစ်နိုင်သလို လူတွေ ပြည့်ကျပ်နေတဲ့အတွက် ကျန်းမာရေးဌာနတွေက သူတို့ကို လက်မခံဘဲ ပြန်လွှတ်လိုက်တာမျိုးလည်း ရှိနိုင်တယ်လို့ WHO က ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/liberia-assistant-health-minister-concerns-getting-ebola-herself-/2464951.html

မန္တလေးမြို့၏ သမိုင်းဝင်တစ်ခုဖြစ်သော မြနန်းစံကျော်ေ၇ွှနန်းတော်ကြီး အတွင်း အမျိုးသမီးတစ်ချို့ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် မဖွယ်မရာ ဓာတ်ပုံယှဉ်တွဲရိုက်ခြင်း များ ဖေ့စ်ဘွတ်လူမှုကွန် ယက်စာမျက်နှာ များတွင် ပျံ့နှံ့လာသော ကြောင့် ပြုလုပ်ခဲ့သူအမျိုးသမီးများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးဦးစီးဋ္ဌာနမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ ပတ်လောက်က လူမှုကွန်ယက်စာမျက်နှာ တွင် အမျိုးသမီးတစ်ဦးက မင်းတုန်းမင်းကြီးရုပ်တုနှင့် ယှဉ်တွဲဓာတ်ပုံရိုက်ခြင်း၊ အပြောင်အပျက်သဘောဖြင့် ရုပ်ထုများကို မဖွယ်မရာပြုလုပ်ထားသော ပုံများ ပျံ့နှံ့ လာခဲ့ပြီးနောက် အရေးယူရန်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“၎င်းဓာတ်ပုံတွေပါလာခြင်းနဲ့ပတ်သက်ပြီးတော့ ပေါ့လျော့စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ရှိသူဝန်ထမ်း တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီအရေးယူဖို့လုပ်ဆောင်နေပါတယ်။ မင်းတုန်းမင်းကြီးပုံနဲ့ မဖွယ်မရာ ပြုလုပ်သူတွေကိုလဲ စုံစမ်းဖော်ထုတ်အရေးယူသွားမှာပါ” ဟု ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

'မြနန်းစံကျော်ရွှေနန်းတော်ကြီးသည် မြန်မာလူမျိုးများ၏ သမိုးဝင် အဖိုးတန်အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နေရာတစ်ခုလည်းဖြစ်ကာ တန်ဖိုးထားဂုဏ်ယူရမည့်နေရာတစ်ခုလည်း ဖြစ်သည်။
“မြနန်းစံကျော်ရွှေနန်းတော်ဟာ သမိုင်းဝင်တန်ဖိုးထားတဲ့နေရာတစ်ခု တစ်တဲ့အတွက် မဖွယ်မရာညစ်ညမ်းတဲ့ အပြုအမူတွေကိုမလုပ်သင့်ပါဘူး။ ပြီးတော့ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ တွေလိုက်တာက ဆဲဆိုဝေဖန်သံ တွေနဲ့ တက်လာတယ်၊ လူလတ်ပိုင်း မြန်မာအမျိုးသမီးတွေဖြစ်နေတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးထားပြီးတော့နေသင့်ပါတယ် ” ဟုလည်း မန္တလေးမြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။

၁၂၂၁ ခုနှစ် မန္တလေးမြို့ တည်သည်မှ သီပေါမင်း ပါတော်မူသည့် ၁၂၄၇ ခုနှစ်အထိ ရွှေနန်းတော်၏ ထီးနန်း သက်တမ်းကား ၂၆ နှစ်မျှသာ ကြာခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နယ်ချဲ့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက် ခဲ့ရပြီးနောက် နန်းတော်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့ ထင်သလိုပြုမူခဲ့ခြင်းကြောင့် စစ်တန်းလျားများ ဖြစ်သွားခဲ့၏။ ရွှေရောင် တဝင်းဝင်းဖြစ်နေရာက ထင်းဖြစ်သွားရ၏။ ထို့နောက် မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးစက်လာကာ ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက်တွင် ကျန်ရှိသမျှ ရွှေနန်းတော် အဆောင်ဆောင်တို့ မီးလောင်ပြာကျ ခဲ့ရ၏။

ယခုအခါ ရွှေနန်းတော်ကို ရှေးမူမပျက် ပြန်လည်တည်ဆောက် မွမ်းမံပြင်ဆင်ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတာလဲဆိုတာကို ၀ိုင်းဝန်း အဖြေရှာနေကြတုန်းလို့ မြ၀တီမြို့က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဒီကေဘီအေ ဆက်ဆံရေးရုံးက တပ်ဖွဲ့ဝင်တယောက်ကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မနက်က မြ၀တီမြို့မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ကြတာပါလဲ ခင်ဗျ။

ခလ၇ ၂၄ စစ်ကားတွေက တက်လာတယ်။ အဲဒီကားတွေကို အာရှလမ်းပေါ်မှာ ဖြတ်ပြီး အပစ်ခံရပါတယ်။ အစတုန်းက ဒီကေဘီအေက ပစ်တာပါလို့ ပြောတယ်။ ဒါပေမယ့် တိတိကျကျ ရေရေရာရာလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကျနော်တို့ ရောက်ရှိသွားတဲ့အချိန်မှာ သွားကြည့်ပါတယ်။ သွားကြည့်ပြီးတော့မှ တည်ငြိမ်မှု တစုံတရာရောက်အောင် ၀ိုင်းဝန်း ဖြေရှင်းပါတယ်။ ဖြစ်စဉ်ကို မပြောပြနိုင်ပဲနဲ့ တခြားက ဖြစ်စဉ်တွေနဲ့ ချည်းကပ်ပြီးတော့ ကျနော်တို့ အဖွဲ့ပါပဲလို့ စွပ်စွဲမှုက မှားယွင်းချက် ဖြစ်တယ်လေ။

ဘယ်သူတွေ ပစ်သွားလည်းဆိုတာကို နှစ်ဖက်လိုက် ရှင်းနေလား။

နှစ်ဖက်တင် မဟုတ်ပါဘူး။ မြ၀တီမှာ ရှိသမျှ ဆက်ဆံရုံးက လူတွေနဲ့ ကျနော်တို့တွေ အဖြေရှာနေတုန်းပါ။ အတိအကျတော့ မပြောနိုင်သေးပါဘူးခင်ဗျာ။

မြ၀တီမှာ အခုရက်ပိုင်း ပစ်ခတ်မှုလေးတွေ ခဏခဏ ဖြစ်နေတယ်။ ဘာတွေကြောင့် အဲဒီလိုတွေ ဖြစ်နေတာလဲ ခင်ဗျ။

အဲဒီကိစ္စမှာ အကြောင်းအချက် ၃ ချက် ရှိတယ်လို့ ပထမ သုံးသပ်နိုင်ပါတယ်။ ၁ အချက်က မိုင်းလန့်တဲ့ ဖြစ်စဉ် စဖြစ်တယ်ပေါ့။ မိုင်းလန့်တဲ့ ဖြစ်စဉ် ဖြစ်ပြီးတော့ သူတို့က မြို့လုံခြုံရေးကို တိုးချထားတယ်။ ထိုနည်းတူစွာပဲ တိုင်းရင်းသားအဖွဲ့အစည်းတွေက လက်နက်နဲ့ မသွားရမလာ ဘူးဆိုပြီး တပြိုင်နက်တည်းပဲ ထုတ်ပြန်လာတယ်။ ထုတ်ပြန်လာတော့ လုံခြုံရေးက တင်းကျပ်တယ်၊ လက်နက်တွေက မကိုင်ရဘူးလို့ တင်းကျပ်တဲ့အခါကျတော့ ဒီဘက်က ချည်းကပ်တဲ့ ပုံစံကလည်း တမျိုးဖြစ်လာနိုင်ပါတယ်။ တခါတည်းမှာပဲ ကျနော်တို့ဆီက တယောက်ကလည်း ဖြစ်စဉ်တခုပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ရတာ။ အဲဒီတော့ ကျနော်တို့ ဘက်ကလည်း ခံစားချက်တစုံတရာ ရှိတယ်။ ထိုနည်းတူစွာပဲ ကေအန်ယူက လူတယောက် ကလည်း သေဆုံးသွားတဲ့ ကိစ္စမှာ သူတို့လည်း ခံစားချက် တစုံတရာ ရှိတယ်။ ဒီဟာတွေကို တခုခုကပဲ အသုံးချနေသလားလို့တော့ စဉ်းစားလို့ ရနိုင်ပါတယ်။

မနက်က ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိလား။

ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

အခုနောက်ဆုံး အခြေအနေကို ပြောပါ။

နောက်ဆုံးအခြေအနေက အဲဒီနေရာရဲ့ မြေပြင်အခြေအနေကို သွားကြည့်တော့ အဖွဲ့အစည်း တော်တော်များက အဲဒီတ၀ိုက်မှာ ရှိပါတယ်။ အကုန်လုံးက အဲဒီနားတ၀ိုက်မှာ သူ့နည်း သူ့ဟန်နဲ့ ရှိကြပြီးတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ ရပ်တည်ပြီးတော့ ရှိကြတဲ့ အပိုင်းတွေ ရှိပြီးတော့ သို့လော သို့လောဆိုတဲ့ ထင်ယောင်ထင်မှားပြဿ နာတွေ ဖြစ်နေပါတယ်။

ဒီအခြေအနေအရ ဘာတွေ ဆက်ဖြစ်နိုင်မလဲ။

ကျနော်တို့က အဓိကတော့ ပြည်သူလူထုရဲ့ အခြေအနေတရပ်ကို ပြည်သူလူထုက မတည်ငြိမ်မှု ဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အပိုင်းကဏ္ဍတွေကို မဖြစ်အောင်အတွက်ကို ကျနော်တို့ မဟုတ်ပေမယ့် ကျနော်တို့က ပူးပေါင်းဝိုင်းဝန်းညှိနှိုင်းပြီးတော့မှ တပ်ကိုလည်း တပ်ဘက်ကထိန်း၊ အဖွဲ့အစည်းတွေဆိုလည်း အဖွဲ့အစည်းတွေအားလုံးကနေပြီး အထင်အမြင်နဲ့မဖြစ်ကြဖို့ ဆိုတဲ့ ကိစ္စမှာ ကျနော်တို့ ပူးပေါင်းပြီးတော့ ညှိနှိုင်းဖြေရှင်းတယ်။ ဖြေရှင်းပြီးတော့ ကိုယ့်ဘာကိုယ် ထိန်းထားပြီး အဖြေတခုကို ရှာဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66226

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအတွင်းရှိ ဒေသခံ များက ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားရာတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ပုဒ်မ ၃၆၃၊ ၃၆၈ တို့ဖြင့်တရားစွဲဆိုခံနေရပြီး ယင်းအ မှုအား အာမခံလျှောက်ထားရာတွင် စက် တင်ဘာ ၂၃ ရက်က ဒုတိယအကြိမ် ရုံး ထုတ်စစ်ဆေးစဉ် ယင်းမာပင်ခရိုင်တရား သူကြီးက အယူခံကို ပယ်ချလိုက်ခြင်းဖြစ် ကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော် ကိုကိုက ပြောသည်။

''ကျွန်တော်တို့ အာမခံလျှောက် တယ်၊ မရခဲ့ဘူး ပယ်ချခံလိုက်ရတယ်။ ဒါ ပေမဲ့ ဖြစ်တဲ့နည်းနဲ့တော့လွှတ်ပေးဖို့ တောင်း ဆိုသွားမယ်။ ဘာတွေဆက်လုပ်သွားမယ် ဆိုတာကိုတော့ အခုအဖွဲ့ဝင်တွေနဲ့ ပြန်တိုင် ပင်လိုက်ဦးမယ်။ လောလောဆယ်တော့ ဘာ မှပြောလို့မရသေးဘူး''ဟု ¤င်းကပြောသည်။
မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်က မန္တလေးမြို့နယ်ရှိ ¤င်း၏နေအိမ် တွင် ရဲတပ်ဖွဲ့ဝင်များက လက်ပံတောင်း တောင်တွင်ဖြစ်ပွားခဲ့သောကိစ္စရပ်နှင့်ပတ် သက်၍ဖမ်းဆီးသွားခဲ့ပြီး ညတွင်းချင်း မုံရွာ မြို့မရဲစခန်းသို့ ပို့ဆောင်လိုက်သည်။ ယင်း နောက် စက်တင်ဘာ ၁၅ ရက်က ယင်းမာ ပင်ခရိုင်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

မဖြူနှင်းထွေးအား ပြန်လည်လွှတ် ပေးရန် ရန်ကုန်မြို့ နထခနူံသအနူ ၌ကျင်းပ ခဲ့သော အမျိုးသမီးငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ တက်ရောက်လာကြသောအဖွဲ့အစည်း များနှင့် ပြည်သူများကလည်း လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြောင်း ဗကသများအဖွဲ့ ချုပ်မှ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောသည်။

''မဖြူနှင်းထွေး ဒီကိစ္စမှာမပါဝင် ဘူးဆိုတာကို ကျွန်မပြောပြတယ်။ ကြိုသိ နေတဲ့လူတွေလဲရှိတယ်။ အမျိုးသမီးဖြစ်နေ တော့ ပိုပြီးတော့ စိုးရိမ်ကြတယ်လေ။ ဒီပုဒ်မ တွေကလဲ မတရားတဲ့ပုဒ်မတွေဖြစ်နေတယ်။ အခုအားလုံးလိုလိုပဲ မဖြူနှင်းထွေးကိုလွှတ် ပေးဖို့ လက်မှတ်ထိုးတောင်းဆိုထားကြတယ်'' ဟု ¤င်းကထပ်မံပြောသည်။

ယခုအချိန်မှာတော့ မဖြူနှင်းထွေး သည် ပုဒ်မ ၃၆၃၊ ၃၆၈ တို့ဖြင့် တရားစွဲဆို ခံနေရပြီး ၂၃ ရက်က ဒုတိယအကြိမ်ရုံး ထုတ်စစ်ဆေးခဲ့သလို အာမခံလျှောက်ထား ရာတွင်လည်း ပယ်ချခံထားရသောကြောင့် စက်တင်ဘာ ၃ဝ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ထပ်မံ၍ ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

Flower News Journal အတွဲ(၁၀) အမှတ်(၃၈)
Yangon Media Group



PR စနစ် နှင့် PRစနစ် အား အဆို တင်သွင်းသူ ပုဇွန်တောင် လွှတ်တော် အမတ် ဦးအောင်ဇင် အား ကန့်ကွက် ရှုတ်ချလျက်ရှိသည်။ ပုဇွန်တောင် မြို့နယ် တွင် ကန့်ကွက် ဆန္ဒပြနေစဉ်။
Photo News : ကိုစိုင်း @ SaiPhyoWaiLin, Aye Mya Mya Myo

ဗန်းမောက် ၊ ၂၈-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။

ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက် မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား သည့်အခါ မိုးကြိုး ထိမှန်၍ ကုမ္ပဏီ အဆောက်အအုံ များနှင့် လုပ်ငန်းသုံး ယာဉ်များ ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ ရသည်ဟု အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးမှ အတည်ပြု ပြောကြားသည်။

ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်ဝင်း၊ တုံပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း တို့နှင့် အဖွဲ့က သွားရောက် စစ်ဆေးသည့် အခါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကို စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_94.html

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်းပျောက်ဆုံးနေသော သဘာဝခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။

၎င်း ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့အခြေစိုက်စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခဲ့ကြသည်။

ရိက္ခာပို့ဆောင်ရင်း အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခု အချိန်အထိ အဆက်အသွယ်ပြန်လည် ရရှိခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်နှင့် ပြန်လည် အဆက်အသွယ်ရနိုင်စေရန် အချိန်နှင့် တပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေး ပစ္စည်းရိက္ခာများလည်း ပါသွားခဲ့ပါသည်။

ထပ်မံရရှိသော သတင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

Htoo Foundation

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် မစ္စဂျိုဒီဝီလျံ
http://www.7daydaily.com/

နှစ်စဉ်ကျင်းပနေသော ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် များ တွေ့ဆုံဆွေးနွေးပွဲကို ယခု နှစ်တွင် တောင်အာဖရိကနိုင်ငံ ကိပ်တောင်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း နိုဗယ်ဆု ရှင်ငါးဦးနှင့်အတူ နိုဗယ်ငြိမ်းချမ်း ရေးဆုရရှိထားသော မြေမြှုပ်မိုင်း ဖျက်သိမ်းရေး နိုင်ငံတကာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့က ၎င်း တို့တက်ရောက်မည်မဟုတ် ကြောင်း ကြေညာလိုက်ကြသည်။

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တောင်အာဖရိ ကနိုင်ငံက ဗီဇာထုတ်ပေးရန်ငြင်း ဆန်ခဲ့သည့်အတွက် ယခုလိုဆုံး ဖြတ်ရခြင်းဖြစ်ကြောင်း အမေရိ ကန်နိုင်ငံမှ နိုဗယ်ငြိမ်းချမ်းရေးဆု ရှင်မစ္စဂျိုဒီဝီလျံက 7 Day Daily နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

‘‘ရှီရင်အီဘာဒီ၊ လေမာဘိုဝီ၊တာဝါကိုကာမန်၊ မိုင်ရိတ်မက် ဂိုင်းယား၊ နောက်မြေမြှုပ်မိုင်း ဖျက်သိမ်းရေးအဖွဲ့က ကိုယ်စား လှယ်ရယ်၊ ကျွန်မရယ်ပေါ့။ မသွား ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘုန်း တော်ကြီးကလည်း သူ့လျှောက် လွှာပြန်ရုပ်သိမ်းလိုက်ပြီ။ နှစ်စဉ် ကျင်းပနေတဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ငါးနှစ်လောက်ကစပြီး နှစ်စဉ်နေ ရာပြောင်းပြီး ကျင်းပပါတယ်။ အဲဒီမှာ ကျွန်မတို့ဆွေးနွေးပွဲတွေ လုပ်တယ်။ လက်ရှိအရေးကြီးနေ တဲ့ အခြေအနေတွေအပေါ် ဆွေး နွေးကြတယ်။ လူငယ်တွေအများ အပြားနဲ့လည်း ဆွေးနွေးတာတွေ လုပ်တယ်။ လူငယ်တွေရဲ့အသံ ကိုကြားဖို့လိုတယ်။ သူတို့ရဲ့ အမြင်တွေကို အလေးအနက်ထား ဖို့လိုတယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့်လည်း လုပ်ကြတာပါ’’ ဟု ၎င်းက ပြောသည်။

‘‘ဒီတစ်ကြိမ်မှာတော့ တောင် အာဖရိကမှာကျင်းပမယ်လို့ ဆုံး ဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက် အပေါ် တချို့ကအတော်စိုးရိမ်နေ ကြတယ်လို့ ကျွန်မကြားရတယ် လေ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည် ဝင်ခွင့်ဗီဇာပေးဖို့ တောင်အာဖရိ ကနိုင်ငံက တစိုက်မတ်မတ်ငြင်း ဆိုနေခဲ့လို့ပါ။ အခုတော့ ကျွန်မ တို့စိုးရိမ်သလိုပဲ ဖြစ်လာတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ၁၄ ဦးတို့က တောင်အာဖရိကသမ္မတဂျေ ကော့ပ်ဇူးမာထံ စာရေးသားပြီး ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည်ဝင်ခွင့်ပေးရန် တိုက်တွန်းခဲ့ သည်။ ဘုန်းတော်ကြီးကို ဗီဇာ ပေးရန် ထပ်မံငြင်းဆိုနေဦးမည်ဆို လျှင် တောင်အာဖရိကနိုင်ငံ အပေါ် နိုင်ငံတကာအမြင်သဘော ထားကိုများစွာထိခိုက်စေနိုင်မည် ကို စိုးရိမ်ပါကြောင်း ရေးသားထား ပြီး လက်မှတ်ရေးထိုးသူများတွင် ပိုလန်မှ လက်ဝါလေစာ၊ ဘင်္ဂလား ဒေ့ရှ်မှလုပ်ငန်းရှင်မူဟာမက်ယူ နပ်စ်၊ ရှိရင်အီဘာဒီ၊ ဘိုဝီနှင့် အိုင် ယာလန်မြောက်ပိုင်းမှ ငြိမ်းချမ်း ရေးဖော်ဆောင်ခဲ့သူ ဒေးဗစ်ထရမ်ဘယ်နှင့် ဂျွန်ဟုမ်းတို့လည်းပါဝင် ကြောင်း သိရသည်။

သို့သော် တောင်အာဖရိက သမ္မတက လက်မခံခဲ့သည့်နောက် ယခုကဲ့သို့ နိုဗယ်အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်များက သပိတ်မှောက်လိုက်ခြင်းဖြစ်ပြီး ကိုယ်ကျင့်သိက္ခာအရလက်ခံနိုင်ဖွယ်မရှိသည့်လုပ်ရပ်ကြောင့် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံက 7 Day Daily နှင့် မေးမြန်းခန်းတွင် ပြောကြားသည်။

ဘုန်းတော်ကြီးကို ဗီဇာပေးဖို့ငြင်း တာ တောင်အာဖရိကအစိုးရပေါ့။

ဟုတ်တယ်။ ဇူးမာအစိုးရ ပါ။

တောင်အာဖရိကမှာ ဒီနှစ်ပတ် လည်ညီလာခံကျင်းပဖို့ ဆုံးဖြတ် တာကကော။ ဘယ်သူက ဆုံးဖြတ်တာပါလဲ။

အဲဒါကတော့ ညီလာခံကျင်း ပရေးကော်မတီကပါ။

အခုနိုဗယ်ငြိမ်းချမ်းရေးဆုရှင်များ ရဲ့ ညီလာခံမှာ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးကို ပြည်ဝင်ခွင့်မပေး ဘူးဆိုတော့ နေရာပြောင်းကျင်းပ ဖို့ အစီအစဉ်ရှိပါသလား။

ဒီကိစ္စကိုဆွေးနွေးကြတယ်။ ကျွန်မကတော့ မတက်ဖြစ်ပါဘူး။ ဒါပေမဲ့ ဒေသခံကျင်းပရေးကော် မတီမှာပါတဲ့ ကိပ်တောင်းမြို့ တော်ဝန်က ဒီမနက်ပဲပြောတယ်။ အဲဒီမှာပဲ ဆက်လုပ်မယ်လို့ ဆုံး ဖြတ်တယ်တဲ့။ ဒါကမမှန်ကန်ဘူး၊ မလုပ်သင့်၊ မလုပ်ထိုက်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မတို့က မသွားတော့ဖို့ ဆုံးဖြတ်လိုက်တာ ပါ။ သူတို့က ကျွန်မတို့ကို ပြန်စဉ်း စားဖို့ ပြောပါတယ်။ ဒါပေမဲ့ ဒါက လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်တာမို့ ကျွန်မတို့ ဒီလိုပဲဆုံးဖြတ်တယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက လည်း သူ့လျှောက်လွှာကို ပြန်ရုပ် သိမ်းလိုက်ပါပြီ။

အခုငြိမ်းချမ်းရေးဆုရှင် ဘယ်နှ ယောက်က ဒီပွဲကိုတက်ဖြစ်မှာပါ လဲ။

ဒါကိုတော့ ကျွန်မမသိဘူး။ မတက်တဲ့သူတွေကို သိသလောက် တော့ ကိုးယောက်ရှိပါပြီ။

ဘာကြောင့် တောင်အာဖရိက နိုင်ငံက ဒလိုင်းလားမားကို ဗီဇာ ငြင်းဆိုရတာပါလဲ။

ဒါကတောင်အာဖရိက နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး။ တရုတ်က တောင်အာဖရိကကို ဖိအားပေးတယ်။ တောင်အာဖရိ က,ကလည်း တရုတ်ဖိအားကို လက်ခံယူပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာငြင်းတယ်။ ဒါကို တရုတ်က လူသိရှင်ကြား တောင်အာဖရိကကို ချီးကျူး တယ်။ ‘‘မှန်ကန်တဲ့ရပ်တည်မှု အတွက်’’တဲ့။ တရုတ်က ကျွန်မ တို့ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးကိုလည်း ဖမ်းဆီးထိန်း သိမ်းထားတယ်။ ယူဂျာဘောင်ကို ဖမ်းထားတယ်။ ဒါတွေအားလုံး ကိုပေါင်းခြုံလိုက်မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ ဒါကို အားပေးထောက်ခံလို့မရတော့ပါ ဘူး။

ပြန်ကြည့်မယ်ဆိုရင် တရုတ် ရဲ့ တရားဝင်ကြေညာချက်က သူ တစ်ပါးရဲ့ ပြည်တွင်းရေးကို ဝင် မစွက်ဖို့ဆိုတာလေ။ ဒါကတရုတ် ရဲ့ နာမည်ကြီးနိုင်ငံရေးဝါဒဖြန့်တဲ့ စကားပါ။ ဒါပေမဲ့ သူတို့က ဘုန်း တော်ကြီးဒလိုင်းလားမားနဲ့ပတ် သက်လာရင် တခြားတိုင်းပြည် တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝင် စွက်ဖက်ဖို့ သင့်လျော်နေပြန်ပါ လား။ တောင်အာဖရိက,က ဘုန်း တော်ကြီးကို ဗီဇာငြင်းလိုက်တဲ့ အပေါ် တရုတ်က ချီးကျူးဂုဏ်ပြု လိုက်တဲ့လုပ်ရပ်ဟာ လက်ခံနိုင် စရာမရှိပါဘူး။ ကျွန်မတို့ငြိမ်းချမ်း ရေးဆုရှင်မိတ်ဆွေကိုဖမ်းဆီး ထားတဲ့အပေါ်မှာလည်း သဘော မတူဘူး။ တရုတ်နိုင်ငံကြောင့် တောင်အာဖရိက,က ဘုန်းတော် ကြီးကို ငါးနှစ်အတွင်း ဗီဇာသုံး ကြိမ်ငြင်းဆိုခဲ့တဲ့အပေါ်မှာလည်း သဘောမတူဘူး။ ဒီတော့ ရှင်းပါ တယ်။ ကျွန်မတို့မသွားဘူး။ တရုတ်ပြည်က ငြိမ်းချမ်းရေးဆု ရှင်ကို ထောင်ချထားသလို သူ့ ဇနီးကိုလည်း နေအိမ်အကျယ်ချုပ် ချထားတယ်။ စိတ်ဓာတ်ဖိစီးမှု တွေအများကြီးရှိနေတယ်လို့ကြား တယ်။

မြန်မာနိုင်ငံမှာလည်း နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ဟာ အရင်ကအတော်ကြာ အောင် နေအိမ်အကျယ်ချုပ်ကျခံ ခဲ့ရပါတယ်။ အခုတော့ မဟုတ် တော့ပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်က နိုဗယ်ညီလာခံကိုသွား မယ်လို့ သိထားပါသလား။

ဒေါ်စုကိုဖိတ်တာ သူသွား မယ်၊ မသွားဘူးဆိုတာတော့ ကျွန်မမသိရပါဘူး။ ပွဲကျင်းပတဲ့ ကော်မတီကပဲသိပါလိမ့်မယ်။

အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် အဆို ပါနိုဗယ်ငြိမ်းချမ်းရေးညီလာခံသို့ ယခင်ရုရှားသမ္မတမီခေးဂေါ်ဘာ ချော့ဖ်အပါအဝင် ရှစ်ဦးနှင့်အဖွဲ့ အစည်းရှစ်ခုတို့က တက်ရောက် မည့်အကြောင်း အကြောင်းပြန် ထားသည်ဟု စီစဉ်သူများက ဆို သည်။ သို့ရာတွင် နိုဗယ်အမျိုး သမီးခြောက်ဦး၏ သပိတ်မှောက် သည့် ကြေညာချက်ထွက်ပြီး နောက်ပိုင်း အပြောင်းအလဲရှိ၊ မရှိမသိရသေးပေ။ အာဖရိက ခေါင်းဆောင်နယ်လ်ဆင်မန်ဒဲ လားရှိနေစဉ်က သူကိုယ်တိုင်ဖိတ် ကြားကြိုဆိုခဲ့သဖြင့် တောင်အာ ဖရိကသို့ ဘုန်းတော်ကြီးဒလိုင်း လားမား သုံးကြိမ်သွားရောက်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်နောက် ပိုင်း ဗီဇာငြင်းပယ်ခံထားပြီး ယင်း မှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် ဖြစ်ကြောင်း သိရသည်။

http://www.7daydaily.com/
အီဘိုလာ ကုသရေးစင်တာ တစ်ခုတွင် တွေ့ရသည့် ကျန်းမာရေး ဝန်ထမ်းများ/Bloomberg.com

အနောက်အာဖရိက နိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် (၃၀၀၀)ကျော်သွားပြီဟု သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က နောက်ဆုံးထုတ်ပြန်သော ကြေညာချက်တွင် အသေအပျောက် ပမာဏသည် (၃၀၀၀)အထက် ရှိသွားပြီဟု ပါရှိခဲ့သလို ယခုနှစ်အတွင်း အနောက်အာဖရိက တနံတလျားတွင် ရောဂါကူးစက် ခံရသူ (၆၅၀၀)မျှ ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

လိုက်ဘေးရီးယားသည် ရောဂါကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံရသော နိုင်ငံဖြစ်ပြီး သေဆုံးသူ (၁၈၃၀)ကျော် ရှိခဲ့သည်။ ယခုနှစ် အီဘိုလာရောဂါ ကူးစက်မှု ဖြစ်စဉ်များသည် တစ်ကမ္ဘာလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် ပြဿနာ တစ်ရပ်ဟု အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မှတ်ချက်ပြုထားဖူးသည်။

လေ့လာမှုအချို့အရ နိုဝင်ဘာလ အစောပိုင်းတွင် အနောက်အာဖရိက၌ ရောဂါကူးစက် ခံရသူ စုစုပေါင်း (၂၀၀၀၀)မျှ ရှိလာနိုင်ကြောင်း ခန့်မှန်းသိရှိရသည်။ ရောဂါကူးစက်မှုကို ဟန့်တားတွန်းလှန်ရန် ကြိုးပမ်းနေသည့် ကျန်းမာရေး လုပ်သားများ ရောဂါကူးစက်နိုင်ခြေသည်လည်း တစ်စထက်တစ်စ မြင့်မားလာသည်။

ယခုအချိန်ထိ အီဘိုလာရောဂါ ကုသရေးဆိုင်ရာ ဝန်ထမ်း (၃၇၅)ဦး ရောဂါကူးစက် ခံရပြီး (၂၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လိုက်ဘေးရီးယား အပြီးတွင် ရောဂါကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေရသည့် နိုင်ငံများမှာ ဂီနီရာနှင့် ဆီရီယာလီယွန်တို့ ဖြစ်ကြသည်။

အီဘိုလာရောဂါအတွက် တိကျသည့် ကုသဆေးဝါး မရှိသေးဘဲ ပိုးသတ်ဆေး အမျိုးမျိုးကို ပေါင်းစပ် ကုသခြင်းနှင့် ကိုယ်ခံအားကို မြှင့်တင်ပေးခြင်းကဲ့သို့ နည်းလမ်းများဖြင့်သာ ကုသပေးနေရခြင်းဟုလည်း သိရှိရသည်။

_Ref: BBC



စံခလပူရီ(မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့အကြား လက်နက်ကိုင် ပဋိပက္ခ ဆက်လက် မကြီးထွားစေရန်အတွက် အောက်ခြေတပ်များအား ထိန်းချုပ်ရန် စစ်ဆင်ရေးအထူးအဖွဲ့ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ညွှန်ကြားထားသည်ဟု DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က မဇ္ဈိမကို ပြောသည်။


DKBA နှင့် အစိုးရတပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူသွားလူလာ ပြတ်တောက် ပြီး ဈေးနှင့်ကျောင်းများပါ ပိတ်ထားရသည့် မြဝတီမြို့ အခြေအနေအား တွေ့ရစဉ်၊ (ဓာတ်ပုံ-ဟင်္သာနီ(မွန်မြေ)၊ မဇ္ဈိမ)

“ကျွန်တော်တို့ အဖွဲ့ရဲ့ ဗိုလ်မှူး စောလုံလုံကနေတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကိုယ့်တပ်တွေ ကိုယ် ထိန်းဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အောက်ခြေ တပ်တွေကို ထပ်မံ ထိတွေ့မှု မဖြစ်အောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ မလိုအပ်ဘဲ လှုပ်ရှားမှုတွေ မလုပ် အောင်လည်း ညွှန်ကြားထားပါတယ်” ဟု ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

စက်တင် ဘာလ ၂၇ ရက် နေ့လည်ပိုင်းက မြဝတီ မြို့သို့ ဝင်လာသည့် အစိုးရ ကားတန်းအား လက်နက်ကြီး အာပီဂျီဖြင့် ပစ်ခတ်ရာမှ DKBAနှင့် အစိုးရတပ်တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗိုလ်တိုက်ဂါးတို့နဲ့ ဗိုလ်ကျော်သက်တို့နဲ့ ပေါင်းပြီးပစ်တယ်လို့ ယူဆနေကြတယ်။ ကားတန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားကို ကျော်ပြီး ဂေါက်ကွင်းမှာ ကျပေါက်သွားတယ်” ဟု ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

အစိုးရတပ်၏ကားတန်းမှာ မြဝတီ အခြေစိုက် ခမရ ၃၅၅ နှင့် ခမရ ၃၅၆ တပ်မှ မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ ဝဲကလီရွာတွင် အခြေ စိုက်သည့် တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းမှ သင်တန်း ပြီး၍ ပြန်လာသည့် တပ်သားများအား ပြန်လည် သယ်ဆောင်လာစဉ် မြဝတီ မြို့အဝင် အာရှလမ်းမကြီး၊ မဲက နယ်ရွာတွင် DKBA ဘက်မှ လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုပစ်ခတ်မှုမှာ DKBA တပ်မှ ပစ်ခတ်မှု ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်းနှင့် ဖြစ်စဉ် အမှန်အား စုံစမ်း နေဆဲ ဖြစ်ကြောင်း ဗိုလ်ကြီးစောစိုးမြင့်က ပြောသည်။

“ပစ်သွားတာက ကရင်လုံချည် ဝတ်ထားတယ်။ ယူနီဖောင်းမပါ ဘာမပါဘူး။ အဲ့လူက ပစ်သွားတယ်ဆိုတော့ ကျွန်တော်တို့ လူလား ဆိုတာလည်း တထစ်ချ ပြောလို့ မရသေးဘူး ၊ ကျွှန်တော်တို့ ဖြစ်စဉ် အမှန်ကို တည်ဆောက်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မွန်းလွှဲ ၁ နာရီခန့်ကစပြီး တင်းမာမှု လျော့ကျကာ ပစ်ခတ်မှု ငြိမ်သက်သွားပြီဟု ဆိုသော်လည်း မြဝတီမြို့တွင်မူ အသွားအလာမရှိတော့ဘဲ တိတ်ဆိတ်နေကာ လမ်းမကြီးတန်းရှိ ဆိုင်ကြီးများလည်း ပိတ်ထားသလို ဈေးနှုန်းစာ သင်ကျောင်းများလည်း ပိတ်ထားသည်ဟု မြဝတီ မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်စိုးက ဆိုသ ည်။

“ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာတော့ ကျွန်တော် မသိဘူး၊ ဟိုအဖွဲ့ (အစိုးရ) တပ်ကားကို လက်နက်ကြီးနဲ့ လှမ်းချ လိုက်တာပဲ၊ သူတို့ကို တိုက်ရိုက် မထိဘူး၊ ကားနဲ့ ပေသုံးဆယ် ကွာတယ် အဲမှာ သွားပေါက်တယ်၊ လူတွေကတော့ အထိအခိုက်မရှိဘူး” ဟု ဦးတင်စိုးက ပြောသည်။

စက်တင်ဘာ ၂၆ ရက်ကလည်း မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၌ အစိုးရတပ် ခလရ ၂၀၈ တပ်ရင်းပိုင် ကားအား DKBA မှ စတင် ပစ်ခတ်ရာမှ တပ်မတော်နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် အစိုးရ အာဏာပိုင် ၊ ရဲနှင့် SB စုစုပေါင်း ၈ဦးကို DKBA မှ ခေတ္တဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ညနေ (၄) နာရီတွင် ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ထိုနေ့တိုက်ပွဲတွင်မူ တပ်မတော်၏ ခလရ ၂၀၈ တပ်မှ သေနတ် (၇) လက်ခန့်အား DKBA အဖွဲ့မှ ယခု ထိ သိမ်းယူထားဆဲ ဖြစ်သည်။

အဆိုပါ စက်တင်ဘာ ၂၆ ရက်က ပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈ မှ ဗိုလ်မှုး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်ခဲ့သလို ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက် ငယ် ထိမှန်ခဲ့ကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦးမှာလည်း ညာဘက် လက်မောင်းတွင် လက်နက် ငယ်ထိကာ ဒဏ်ရာ အသီးသီးရခဲ့သည်။

လက်ရှိတွင် တပ်မတော်မှ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းများအား တပ်လှန့် ထားကာ DKBA မှ သိမ်းဆည်း သွားသည့် တပ်မတော် လက်နက်များ ပြန်လည် ရရှိရေး ညှိနှိုင်းနေသည်။


(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပုဇွန်တောင်မြို့နယ်မှာ သူ့ရဲ့ရုံးခန်းလည်း မရှိဘူး။ သူ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ နောက်ပြီး သူဘယ်မှာနေလဲဆိုတာလည်း မသိဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းတစ်ထောင် ကိစ္စတုန်းကလည်း ကျွန်တော်တို့ ဘာမှမသိရဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သူ့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေ တွေ့ဆုံပွဲကိုလည်း ကျွန်တော်တို့ တစ်ခါမှမလုပ်ဖူးဘူး” ဟု ပုဇွန် တောင်မြို့နယ်မှ ဦးကျော်က ပြော သည်။

ဆန္ဒပြရသည့် အကြောင်းရင်းနှစ်ချက်ရှိပြီး တစ်ခုမှာ မြန်မာနိုင်ငံတွင် ကျင့်သုံးရန်မသင့်သည့် ပီအာရ်စနစ်ကို ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း ခြင်းနှင့် လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း ၎င်း၏ဆောင် ရွက်မှုများကို ပြည်သူများအားချပြခြင်း မရှိသောကြောင့်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆန္ဒမဲမထည့်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်လာသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဒီမိုကရေစီအင်အားစုဟုဆိုကာ လူကိုမကြည့်ဘဲ မူဝါဒကိုသာကြည့်၍ ဆန္ဒမဲပေးခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပုဇွန်တောင်မြို့နယ်မှ မလှလှက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ညနေ ၅ နာရီကျော်ထိ ဖုန်းပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။

Kamara
အမေရိကန်တို့၏ လေကြောင်းထိုးစစ်ကြောင့် သေဆုံးသွားသည့် ဗြိတိန် ဂျီဟတ်လူငယ်၏ မိခင် ခါဒီဂျက် ကာမာရာ။ ဓာတ်ပုံ - Daily Mail
ဆီးရီးယားရှိ IS စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းသည့် ဗြိတိန်ဆယ်ကျော်သက် ကျောင်းသား တစ်ဦးမှာ ယခု သီတင်းပတ် အတွင်း အမေရိကန် တို့၏ လေကြောင်း ထိုးစစ်အတွင်း သေဆုံးခဲ့ရာ ကျောင်းနေ အရွယ် ငယ်ငယ် ရွယ်ရွယ်နှင့် ဂျီဟတ်ဝါဒီ တစ်ဦး ဖြစ်ခဲ့သည့် ၎င်းကျောင်းသား၏ မိခင် ဖြစ်သူက သူ့ သားကဲ့သို့ လမ်းမှား မလိုက်ကြရန် သတိပေးမှု ပြုလုပ်ခဲ့သည်။

အတန်းဖော် များက အီဘေးဟု ခေါ်ကြသည့် အီဘရာဟမ် ကာမာရာသည် ပြီးခဲ့သည့် နှစ်အတွင်းက ကျောင်းမှ နှုတ်ထွက်ကာ ဆီးရီးယားသို့  ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အသက် ၁၉ နှစ်ရှိ ကာမာရာနှင့် အခြား လေးဦးတို့ သည် အမေရိကန်၏ လေကြောင်း ထိုးစစ်အ တွင်း သေဆုံးသည့် ပထမဆုံး ဗြိတိန်နိုင်ငံသားများ အစွန်းရောက်များ ဖြစ်လာခဲ့သည်။

ကာမာရာသည် ဘရိုက်တန် မြို့ မှ GCSE ကျောင်းသား တစ်ဦး ဖြစ်သည်။ ဥာဏ်ရွှင်သည့် လူငယ်တစ်ဦး ဖြစ်ကာ အတန်းဖော် များအား နောက်ပြောင် ပျော် ရွှင်စေသူ တစ်ဦး ဖြစ်ခဲ့သည်။ သို့ သော် ကုန်လွန်ခဲ့သည့် နှစ်အ နည်းငယ် အတွင်း ဘာသာရေးနှင့် ပတ်သက်၍ ယုံကြည်မှု ပြင်းထန် လာခဲ့သည်။
ကာမာရာကဲ့သို့ လမ်းမှား မလိုက်ကြရန် တခြားသူများကို တိုက်တွန်းကြောင်း ၎င်း၏ မိခင်ဖြစ်သူ ခါဒီဂျက် ကာမာရာက ပြောခဲ့သည်။ ကာမာရာသည် ဂွါတာ နာမို အကျဉ်းသားဟောင်း အိုမာဒီဂါယီ၏ တူသုံးဦးဖြစ်သော ဒီဂါယီ ညီအစ်ကို များကို တပည့်ခံခဲ့သည်။ ၎င်းနှင့် အခြားလူငယ် လေးဦးတို့မှာ ဆီးရီးယားသို့ အ တူ သွားရောက် ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်မ သားရဲ့ လုပ်ရပ်ကို မှန်တယ်လို့ မတွေးကြစေ ချင်ပါဘူး။ သူဟာ ခေါင်းထဲ အယူမှားတွေ ရိုက်သွင်း ခံထားရ တာပါ။ အမြန်ပဲ အယူစွဲ ပြင်းထန်လာတယ်" ဟု မိခင်ဖြစ်သူက ပြောသည်။
KamaraSon
လေကြောင်းထိုးစစ်တွင် သေဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် အီဘေး။
ထိုပြင် ကာမာရာသည် သူ၏ ၁၅နှစ်အရွယ် ညီဖြစ်သူ၏ ပတ်စပို့ ကို ခိုးယူ၍ ထွက်သွားခြင်း ဖြစ်ကြောင်း၊ ယင်းတို့ နှစ်ဦးမှာ ရုပ်ချင်း မဆင်ကြ သူများဖြစ် ၍ လေဆိပ်တာဝန် ရှိသူများက မည်သည့် အတွက်ကြောင့် တားမြစ်ခြင်း ရှိသည်ကို သိချင်မိကြောင်း မိခင်ဖြစ်သူ ခါဒီဂျက်ကပြောသည်။

"ကာမာရာက သိတတ်တဲ့ သာမန်ကလေး တစ်ဦးပါ။ ITကို သင်ယူနေပြီး အင်ဂျင်နီယာ တစ်ယောက် ဖြစ်လိုခဲ့သူပါ။ မအေစကား နားထောင်တတ်တဲ့ သား က နောက်ပိုင်း နှစ်တွေမှာ ကဏ္ဍကောစ လုပ်လာပါတယ်။ အိမ်ကိုလည်း ညမိုးချုပ်မှ ပြန်လာ တတ်တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ သီးသန့် ခွဲနေတော့ တယ်"ဟု ခါဒီဂျက်က ပြောသည်။

ကာမာရာ ထွက်သွားရန်လုပ်သည့် အချိန်က သူ့ ပတ်စပို့ မှာ သက်တမ်း ကျော်နေပြီ ဖြစ်၍ ညီဖြစ်သူ ပတ်စပို့ ကို ခိုးသွားခဲ့ကြောင်း၊ ယင်းနောက် ဆီးရီးယား သို့  ရောက်နေပြီ ဖြစ်ကြောင်း လှမ်းပြောချိန်တွင် ဒေါသထွက်ခဲ့ ရသလို စိတ်ပျက်စိတ်ကုန်လည်း ဖြစ်ရကြောင်း ၎င်းကပြောသည်။

"စစ်အယူအဆကို ကျွန်မ မုန်းတယ်။ သူက အစွန်းရောက်တွေရဲ့ စကား နားဝင်နေပြီး မိဘနဲ့ ညီအစ်ကိုတွေ စကားကို လက်မခံတော့ဘူး။ သားကို ဘုရားက ခွင့်လွှတ်ဖို့ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မကတော့ သားကို ခွင့်လွှတ်ထား ပါတယ်။ သူဟာလည်း လူသား တစ်ယောက်ပဲဖြစ်လို့ အမှား ကျုးလွန်တတ် တာပါပဲ။ ဒါပေမယ့် သူ့ လမ်းစဉ် အလိုက်မမှားဖို့ အခြားသူတွေကို ကျွန်မ တိုက်တွန်း လိုပါတယ်"ဟု ခါဒီဂျက်က ပြောခဲ့သည်။

Mizzima News
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/28841-2014-09-27-02-40-38