10/01/14



မနေ့ညကတည်းက ​ဆန္ဒပြသူ ​ဦးရေတွေ ​ပိုများလာခဲ့တာဖြစ်ပြီး ​ဒီကနေ့မှာတော့ ​ဟောင်ကောင်ကျွန်းရဲ့ ​တခြားနေရာတွေအထိ ​ပျံ့နှံ့နိုင်တယ်လို့ ​သုံးသပ်ကြတာပါ။ မနေ့ညတုန်းကတော့ ​ဟောင်ကောင်ကျွန်း ​အရာရှိက ​ဆန္ဒပြသူတွေ ​မိမိနေထိုင်ရာ ​အိမ်ဆီကို ​ချက်ခြင်းပြန်ကြဖို့ ​ရုပ်မြင်သံကြားမှာ ​ပြောကြားခဲ့ပါတယ်။ ဆန္ဒပြသူ ​တွေကတော့ ​ဟောင်ကောင်ကျွန်း ​အုပ်ချုပ်ရေးမှူး ​CY ​Leung ​ရာထူးကနေ ​ဆင်းပေးဖို့ ​ဆက်လက် ​တောင်းဆို ​နေကြပါတယ်။ ဆန္ဒပြသူတွေဟာ ​ဟောင်ကောင်ကျွန်း ​အုပ်ချုပ်သူကို ​တရုတ်ပြည်မအစိုးရက ​မရွေးပဲ ​ဟောင်ကောင်ပြည်သူတွေကို ​ရွေးချယ်ခွင့်ပေးဖို့ ​အဓိကထား ​တောင်းဆိုကြတာ ​ဖြစ်ပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ ​ပထမဦးဆုံးသော ​အုပ်ချုပ်ရေးမှူးဟောင်း ​Anson ​Chan ​က ​တော့ ​ဗြိတိန်တွေက ​ဟောင်ကောင်ကျွန်းကို ​တရုတ်နိုင်ငံရဲ့ ​လက်ထဲ ​လွဲအပ်ပေးတဲ့ ​၁၉၉၇ ​ခုနှစ်ကတည်းက ​တစ်နိုင်ငံမှာ ​စနစ်နှစ်မျိုး ​ကျင့်သုံးဖို့ ​တရုတ်အစိုးရက ​သဘောတူခဲ့ပေမယ့် ​အခုအခါမှာ ​စနစ်နှစ်မျိုးကို ​တရုတ်အစိုးရက ​လက်မခံတဲ့ ​ပုံစံ ​ပေါက်နေတယ်လို့လည်း ​ဝေဖန်လိုက်ပါတယ်။ နှိမ်နင်းခံရမှာကို ​ဆန္ဒပြသူတွေ ​စိုးရိမ် ဟောင်ကောင် ​အစိုးရက ​တရုတ်အမျိုးသားနေ့ ​ချီတက်ပွဲကို ​စီစဉ်ထားတဲ့ ​အတိုင်း ​လုပ်ဆောင်ဖို့ ​စီစဉ်ထားပြီး ​အဲဒီချီတက်ပွဲ ​ကျင်းပမယ့် ​နေရာကို ​ဆန္ဒပြသူတွေက ​ပိတ်ဆို့ထားပါတယ်။ စီစဉ်ထားတဲ့အတိုင်း ​အစိုးရက ​လုပ်ဆောင်မယ်ဆိုတဲ့ ​ပြောဆိုချက်တွေကြောင့် ​ဆန္ဒပြသူတွေက ​ရိက္ခာတွေ ​တိုးချဲ့စုဆောင်းနေကြပါတယ်။ အများအားဖြင့် ​သောက်ရေဗူးတွေ၊ ​သစ်သီးတွေ၊ ​မှုန့်ပဲသရေစာတွေ၊ ​မျက်မှန်၊ ​မိုးကာအကျီ ​င်္၊ ​မျက်နှာဖုံးနဲ့ ​ယာယီတဲတွေကို ​စုဆောင်းကြတာ ​ဖြစ်ပါတယ်။ ဒါကို ​ကြည့်ခြင်းအားဖြင့် ​ဆန္ဒပြသမားတွေဟာ ​သူတို့တောင်းဆိုတာ ​မရမခြင်း ​ဆန္ဒပြကြမယ့် ​အနေအထားမှာ ​ရှိတယ်လို့ ​သုံးသပ်နေကြပါတယ်။ http://www.radioaustralia.net.au/burmese/2014-10-01/1374163

   
IS တပ်ဖွဲ့ဝင်တချို့ (Credit: Reuters)
IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​ဖမ်းဆီးမှုကို ​ခံထားရတဲ့ ​Alan ​Henning ​ရဲ့ ​ဇနီးက ​သူ့အမျိုးသားကို ​လွတ်ပေးဖို့ ​စစ်သွေးကြွ အဖွဲ့ကို ​အသနားခံ ​တောင်းဆို လိုက်ပါတယ်။

အသက် ​၄၇ ​နှစ်အရွယ် ​Alan ​Henning ​ဟာ ​တက္ကစီမောင်းသမား ​ဖြစ်ပြီး ​ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ဖို့ ​မွတ်စလင် သူငယ်ချင်းတွေနဲ့ ​ဆီးရီးယားနိုင်ငံကို ​အသွားမှာ ​မနှစ်တုန်းက ​ဖမ်းဆီးခံခဲ့ရတာပါ။

Alan ​ရဲ့ ​ဇနီး ​Barbara ​က ​သူ့ခင်ပွန်းသည်ကို ​သတိယ အောက်မေ့နေတဲ့ အကြောင်း၊ ​သူ့အသက်အန္တရာယ်အတွက် ​အင်မတန် ​စိုးရိမ်မိတဲ့အကြောင်း ​ပြောသွားခဲ့တာပါ။

ဗြိတိန် ​၁၀ ​ကျော်သက်တွေလည်း ​အကြမ်းဖက်အဖွဲ့နဲ့ ​ပူးပေါင်းမှုများလာ


နောက်ထပ် ​သီးသန့် ​ဖြစ်ရပ်တစ်ခုမှာတော့ ​ဆယ်ကျော်သက်အရွယ် ​ဆီမာလီအနွယ်ဝင် ​ဗြိတိန်နိုင်ငံသူ ​တစ်ဦး ​ပျောက်ဆုံးနေတဲ့အတွက် ​ဆီးရီးယားနိုင်ငံကို ​ထွက်ပြေးသွားနိုင်တယ်လို့ ​ယူဆနေကြပါတယ်။

ဗြိတိန်နိုင်ငံက ​ဆယ်ကျော်သက် ​အမျိုးသားတွေသာမက ​အမျိုးသမီးတွေကပါ ​တူရကီနိုင်ငံကနေတဆင့် ​ဆီးရီးယားလို ​နိုင်ငံကို ​သွားပြီး ​အစွန်းရောက် ​တိုက်ခိုက်မှုမှာ ​ပါဝင်နေကြသလို ​တချို့ကလည်း ​အစွန်းရောက်သမားတွေနဲ့ ​လက်ထပ်ထိမ်းမြားတာတွေ ​လုပ်နေကြပါတယ်။

အဲဒီလို ​လူတွေကပဲ ​သူတို့ရဲ့ ​လူမှုကွန်ယက်ဝဘ်ဆိုက်တွေမှာ ​အစွန်းရောက်သူတွေရဲ့ ​ဝါဒတွေကို ​ပြန်လည်ဖြန့်ဝေ ​နေတဲ့အတွက် ​တချို့လူငယ်တွေက ​ပူးပေါင်းမှု ​လုပ်ကြတာပါ။

အခု ​ပျောက်ဆုံးနေတဲ့ ​ဆယ်ကျော်သက် ​အမျိုးသမီးဟာလည်း ​သူ့ဖခင်က ​ကျောင်းမှာ ​သွားကြိုရင်း ​ရှာမတွေ့ခဲ့ပဲ ​စုံစမ်းရာက ​အခုအချိန်ဆိုရင် ​တူရကီနိုင်ငံကို ​ရောက်နေလောက်ပြီလို့ ​ခန့်မှန်းကြတာ ​ဖြစ်ပါတယ်။

အစွန်းရောက် ​အမြင်တွေကို ​ဖော်ထုတ်မှုတွေ ​မလုပ်ခိုင်းဖို့ ​ကြိုးစားနေ

အစွန်းရောက်သမားတွေဟာ ​လူမှုကွန်ယက်တွေကို ​အသုံးပြုပြီး ​စည်းရုံးမှုတွေ ​လုပ်နေတဲ့အတွက် ​ဗြိတိန်နိုင်ငံမှာ ​အစွန်းရောက်အမြင် ​ရှိသူတွေရဲ့ ​အမြင်နဲ့ ​သဘောထားတွေကို ​ရုပ်မြင်သံကြားနဲ့ ​လူမှုကွန်ယက်တွေမှာ ​ပိတ်ပင်ဖို့ ​ဗြိတိန်နိုင်ငံရေးသမားတချို့က ​ကြိုးစားနေပါတယ်။

လာမယ့် ​နှစ်မှာ ​ရွေးချယ်ခံရမယ်ဆိုရင် ​ဥပဒေကို ​မချိုးဖောက်သည့်တိုင်အောင် ​အမုန်းတရားဟောပြောတဲ့ ​လူတွေကို ​အရေးယူနိုင်အောင် ​လုပ်ဆောင်သွားမယ်လို့ ​နိုင်ငံရေးသမားဖြစ်သူ ​Teresa ​May ​ကပြောပါတယ်။

အီရတ်စစ်ဆင်ရေးမှာ ​ဗြိတိန်ပါဝင်ပြီ

ဗြိတိန်နိုင်ငံအနေနဲ့ ​အီရတ်နိုင်ငံအတွင်းက ​IS ​တပ်ဖွဲ့တွေကို ​ပထမဆုံးအကြိမ်အဖြစ် ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်လိုက်ပါပြီ။

အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​လက်နက်ကြီးစခန်းနဲ့ ​စက်သေနတ်တင်ဆောင်တဲ့ ​ယာဉ်တွေကို ​ဖျက်ဆီးနိုင်ခဲ့တယ်လို့ ​ဗြိတိန်ကာကွယ်ရေး ​ဝန်ကြီးဌာနက ​ထုတ်ပြန်ထားပါတယ်။

ဘယ်နေရာမှာ ​ဘယ်အချိန်တုန်းက ​တိုက်ခိုက်မှု ​လုပ်ခဲ့သလဲဆိုတာ ​မပြောထားပေမယ့် ​Kurdish ​တပ်ဖွဲ့ကို ​အကူအညီပေးတဲ့အနေနဲ့ ​တိုက်ခိုက်ခဲ့တာလို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်ကပဲ ​ဗြိတိန်ပါလီမန်က ​အမေရိကန်က ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုမှာ ​ပါဝင်ဖို့ ​ခွင့်ပြုပြီးနောက် ​အခုလို ​လုပ်ဆောင်လိုက်တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-01/1374181


DeBoer Fellowship မှ ပေးအပ်ချီးမြှင့်သည့် 2014 Lifetime Service Award အား နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက် တို့မှ လက်ခံရရှိခဲ့သည်။

      DeBoer Fellowship အစီအစဉ်သည် မြန်မာအမျိုးသား/သမီးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက်၍ ၄င်းတို့ ၏ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ရွာများနှင့် နိုင်ငံအား ပိုမိုထိရောက်ကောင်းမွန်စွာ အလုပ်အကျွေးပြု နိုင် ရန်အတွက် နည်းပြလမ်းညွှန်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုပေးမည့် ပညာသင်ဆုအစီအစဉ်တစ်ခု ဖြစ် သည်။

       ယင်း Fellowship တွင် သင်ယူခွင့်ရရှိသူများအား သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်အဖြစ် ၁၉. ၉.၂ဝ၁၄ ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့်အတူ ဦးကျော်သူ၏ မိခင်ဒေါ်မြသန်း တို့ တက်ရောက်ခဲ့ကြသည်။ DeBoer Fellowship အစီအစဉ်၏ သင်ကြားမှု များတွင် ပုဂ္ဂလိကရည်မှန်းချက်တာဝန်နှင့် ဆက်သွယ်ရေးနည်းလမ်းပုံစံများ၊ ခေါင်းဆောင်မှုနှင့် ပဋိပက္ခဖြေ ရှင်းခြင်း၊ ဆက်ဆံရေးနှင့် ဝန်ထမ်းစီမံခန့်ခွဲခြင်း၊ ဈေးကွက်ထိုးဖောက်ခြင်း၊ မဟာဗျူဟာမြောက် စီမံကိန်း ရေး ဆွဲခြင်း၊ ဘဏ္ဍာရေး၊ စာရင်းအင်း၊ ပွင့်လင်းမြင်သာမှု၊ အချိန်စီမံခန့်ခွဲမှုနှင့် အသက်မွေးမြူမှု လုပ်ငန်း အတွက် စီမံကိန်းရေးဆွဲခြင်းများတို့ပါဝင်ပြီး သင်ကြားခွင့်ရသူများသည် ၎င်းတို့၏ ခေါင်းဆောင်မှု ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများ တိုးတက်ကောင်းမွန်စေရန်အတွက် နိုင်ငံတကာမှ အဆင့်မြင့်အမှု ဆောင် အရာရှိများထံမှ ပထမတန်းစားလမ်းညွှန်မှု၊ တစ်ဦးချင်းသင်ကြားပေးမှုနှင့် အဖွဲ့လိုက်သင်ယူ လေ့ လာမှု များအား DeBoer Fellowship ဖောင်ဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိသည်။ DeBoer Fellowship အဖွဲ့သည် လူမှုအကျိုးပြုအလုပ်များ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

        အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် မှ အမှာစကားအဖြစ် ပြောကြားရာတွင် နောင်တစ်ချိန်တွင် ပရဟိတသများ ဖြစ်လာကြမယ့် လူငယ်များတို့အား “ညှာတာပါ။ ညှာတဲ့အတွက် ကိုယ်ဟာပျော့ညံ့တာမဟုတ်ပါဘူး။ ရဲရင့်ပါ။ ဒါပေမယ့် ဗိုလ်မကျပါနဲ့။ ခေါင်းဆောင်ဖြစ်အောင်ကြိုးစားပါ။ ခေါင်းဆောင်ဆိုတာကျွန်ပါ။ ပြည်သူတွေအတွက် အလုပ်အကျွေးပြုနိုင်အောင် ကြိုးစားပါ။ ကိုယ့်နိုင်ငံက ကိုယ့်အတွက် ဘာလုပ်ပေးမလဲဆိုတာကို မမေးပါနဲ့၊ ပေးရဲအောင်ကြိုးစားပါ။ ရယူဖို့က အရေးမကြီးဘူး။” ဟူ၍ စိတ်ဓါတ်ခွန်အားများ ပြောကြားခဲ့သည်။


         DeBoer Fellowship Graduation ရရှိသူများ အသီးသီးတို့ အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီး မြှင့်ခဲ့ပါသည်။ ဆက်လက်၍ DeBoer ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဖရစ်ဇ်ကလင် မှ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် အား 2014 Lifetime Service Award ဆုတံ ဆိပ်နှင့် ဂုဏ်ပြုဆုငွေ US$ 5000 ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်အနုပညာလောကတွင် အောင်မြင်ခဲ့သည့် အနုပညာရှင်တစ်ဦးအနေဖြင့် ၄င်း၏ အောင်မြင်မှုများ အသုံးချ၍ လူမှုရေးလုပ်ငန်းရပ်များတွင် ကိုယ်ကျိုးစွန့် ၍ တစ်စိုက်မတ်မတ် လုပ်ဆောင် နေသူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အားလည်း 2014 Lifetime Service Award ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ US$ 5000 ပေးအပ်ချီးမြှင့်ခဲ့သည်။ DeBoer Fellowship မှ ဆုတံဆိပ်နှင့်အတူ ပေးအပ်သည့် ဂုဏ်ပြုဆုငွေများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း သာယာလှပရေး အစရှိသည့် လုပ်ငန်း ကဏ္ဍရပ် (၅) ခုသို့ ကဏ္ဍတစ်ခုလျှင် US$ 1000 တိတိအား ပြန် လည် လှူဒါန်းပေးအပ်ခဲ့သည်။

       ဂုဏ်ပြုဆုငွေများအား ယခုကဲ့သို့ အများပြည်သူအတွက် ပြန်လည်လှူဒါန်း ခဲ့သည့်အပေါ် တစ်ချိန်က ဦးကျော်သူထံသို့ မြလေးမြိုင်ဆရာတော် အရှင်ကောသလ္လ ရေးသားခဲ့သည့် “ရုပ်ရှင်မင်းသားကျော်သူ ပြင်နေသည်” ကဗျာလေးအား ပြန်လည်သတိရမိပါတော့သည်။



ဖြိုးဖြိုး (F.F.S.S)

“ရုပ်ရှင်မင်းသားကျော်သူပြင်နေသည်။”

ရုပ် : ရုပ်မျိုးမျိုး သရုပ်ထိုး၍ ရုက္ခစိုးဝင်လဲ
အသွင်မှာတော့ တစ်သားတဲ။
ရှင် : ရှင်သန်လှုပ်ရှားသမျှ၊ ရင်ကိုမှန် နှလုံးသားစွဲခုန်၊
နိမ့်တုံ မြင့်တုံ၊ ဘဝတွေက အဖုံဖုံ။
မင်း : မင်းဆိုတာ ပြည်သူ၊ ပြည်သူဆိုတာ မင်း
ထင်ရှားမြင်သစ်၊ အရင်းစစ်တော့
နင်းခံပြားဘဝရောက်နေ
ကုဋေကုဋာမကအပူ
နေရာမကြဖြစ်နေတာက
မင်းဆိုတ်ပြည်သူ။
သား : သားရွှေအိုးထမ်းသလို
ကျိုးနှစ်တန်ပြီးဖို့
အချစ်ကြီးချစ်ခဲ့သူ
ပြည်သူကျေးဇူး၊ အထူးပေးဆပ်နေတဲ့
လစ်လပ်မကွာ၊ သားမြတ်ရတနာ။
ကျော် : ကျော်ကြားသည့်ဂုဏ်ပုဒ်၊
မြေမြှုပ်သင်္ဂြိုဟ်ခဲ့၊
ပင်ကိုသွေးသားက၊ ပြည်သူကို အလေးထားနေ၊
ခွဲခြားမှုမရှိ၊ အရှိကို အရှိတိုင်းမြင်
ဂုဏ်အင်ထုံမွှေါ်၊ ပရကျော်ဆေး။
သူ : သူတစ်လူ ငါတစ်မင်း
ပျက်ယွင်းနေတဲ့ လောကဝယ်
ငါ ကိုဖယ် သူ ကိုကယ်မယ်
ရင်ဝယ်ဆုံးဖြတ်၊ သူသတ်မှတ်။
ပြင် : ပြင်စရာတွေ၊
မြန်မာတွင် အလွန်များပေါ့။
လူရော ဘုန်းကြီးရော
စိတ်ရောကိုယ်ရော ၊ ပတ်ဝန်းကျင်ရော။
ရောဂါသောကော၊ အတော်မသတ် သံသရာ
ပြင်စရာ ငါ လဲပါ။
နေ : နေသည့်တစ်သက်၊ ပရဆေးကို ဖက်မယ်၊
သေသည့်ရက်တော့၊ ဘာကိုမှ ဖက်မတွယ်၊
ရန်ဆွယ်ဆူးငုတ်၊ ထွင်းထုတ်ပစ်မယ်၊
မာန်စွယ်ရင်ငုတ်၊ မှောက်ထုတ်ပစ်မယ်၊
မုန်းချစ်မတွယ်၊ လေညွင်းနယ်လား၊
ဗြဟ္မာသားစိတ်ဓါတ်၊ တံဆိတ်ခတ်နေမယ်။
သည် : သည် ဗြဟ္မာတံဆိပ်၊ ရင်မှာချိပ်ဆွဲပြီး
ဂုဏ်ကြီးဂုဏ်ငယ်၊ ရာကြီးရာငယ်၊
လူကြီးလူငယ်၊ ဘယ်ဝယ်မဆို၊
ဗြဟ္မစိုရ်တရား၊ လက်ကိုင်ထားကာ
သယ်ဆောင်သွားမည် ငြိမ်းချမ်းရေးပန်းတိုင်ဆီ …. ။ ။


အရှင်ကောသလ္လ (မြလေးမြိုင်)


(မှတ်တမ်း - ဓါတ်ပုံများ)




သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ   နာရေးကူညီမှုအသင်း(ရန်ကုန်)



ကွာလာလမ်ပူ၊ စက်တင်ဘာ ၃ဝ။

လက်တင်အမေရိက ဂိုဏ်းတစ် ခုသည် မလေးရှားနိုင်ငံ ဆီးလန်ဂေါ် ဂျိုဟော်နှင့် မာလက်ကာတို့မှ အလို အလျောက် စကားပြောသောစက် (ATM) စက် ၁၄ခုမှ မလေးရှားငွေ သုံးသန်း (စင်ကာပူဒေါ်လာ၁ဒသမ၁၆) သန်းနီးပါး ခိုးယူခဲ့သည်။

ထို ATM စက်များသည် Affin ဘဏ်၊ Ai Rojihi ဘဏ်နှင့် Isiam ဘဏ်တို့မှ ဖြစ်ပြီး ထိုဘဏ်များ၏ သီးခြားအကောင့်များမှာ ခိုးယူမခံခဲ့ ရပေ။ သူခိုးများသည် SIM ကတ် တွင် ငွေထည့်နိုင်သော ယူရိုပေးမာ စတာကတ်ဗီဇာ(EMV)အတွက် ဘဏ် အထောက်အထားအတုရှိ ကြောင်း ယူဆရပြီးထိုအထောက်အ ထားများကို နည်းပညာဖြင့်ပြန် လည် ပြုပြင်ခဲ့သည်။

ထိုအဖွဲ့သည် ATM စက်အ သုံးပြုရာတွင် နည်းစနစ်ဟောင်းများ ကို အသုံးပြုသူများကို ပစ်မှတ်ထား ကြောင်း သိရသည်။ 

ဆိုက်ဘာလံ ခြုံရေးကျွမ်းကျင်သူများ၏ ပြောကြား ချက်အရ ATM စက်များတွင် နည်းပညာလှည့်ကွက်သုံးကာ ငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။

''လူဆိုးအဖွဲ့ဟာ ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သိနေဖို့လို အပ်တယ်''ဟု ကျွမ်းကျင်သူတစ်ဦး ကဆိုသည်။

မလေးရှားသည် EMV ငွေထည့်ကတ်ကို ပြောင်းလဲအသုံးပြု သော ပထမဆုံးနိုင်ငံဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်အစောပိုင်းက ကတ်အတုများ မြို့အနှံ ပျံ့နှံနေခဲ့သည်။ 

ATM သူခိုးများအား ဖမ်းဆီး ရန်ရဲများအထူးစစ်ဆင်ရေးတစ်ခု စတင်ပြုလုပ်ခဲ့သည်။ သူခိုးအဖွဲ့မှာ နိုင်ငံအတွင်းတွင် ရှိနေဆဲဟုယူဆ ရကြောင်း ဖက်ဒရယ်ရာဇဝတ်မှုစုံ စမ်းစစ်ဆေးရေး လက်ထောက်ဒါ ရိုက်တာကပြောသည်

ATM စက်တစ်ခုတွင် အသုံး ပြုခဲ့ကြောင်း ယူဆရသည့် SIM ကတ်တစ်ခုကို ရဲများကရှာဖွေတွေ့ ရှိခဲ့ပြီး ထို SIM ကတ်ကို စုံစမ်းစစ် ဆေးရန် ပို့ဆောင်သွားမည်ဖြစ်သည်။ 

Ref:TST
Yangon media group
‪#‎Democracytoday‬

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက်ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခုတတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက်ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တတိယမြောက်ရုံးချိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ခရိုင်တရားရုံးတွင် စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က တရားလိုပြ သက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့ပြီး မဖြူနှင်းထွေးဘက်မှ အာမခံလျှောက်ထားခဲ့ရာ အာမခံအား ပယ်ချခဲ့သည်။ အမှုအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ယင်းမာပင်ခရိုင် တရားသူကြီးက အောက်တိုဘာ ၁၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အာမခံပယ်ချခံရမှုနှင့် ပတ်သက်၍ မဖြူနှင်းထွေး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး အာမခံပေးခြင်း မပေးခြင်းက တရားရုံးနဲ့ပဲ ဆိုင်တယ်။ ပေးမယ်ဆိုလည်း ပေးလို့ရပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ဒေသခံတွေနဲ့လည်း ရန်ဖြစ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ တရားစွဲဖို့ကိစ္စကို အမိန့်ပေးတာ တစ်ဦးတစ်ယောက် ဖြစ်နိုင်တယ်။ ဗ.က.သ အနေနဲ့က အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့အချိန်နဲ့ ကိုက်နေလို့ လမ်းကြောင်းလွှဲတာလည်း ဖြစ်နိုင်တယ်။ ကန့်ဘလူဘက်မှာဆိုရင်လည်း မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ တရားစွဲဆိုပြီး ထောင်ချမှုတွေ ပြုလုပ်နေတယ်။ ပြည်သူတွေကို လမ်းပေါ်ထွက်လာအောင် သေချာတမင်ရည်ရွယ်ပြီး လုပ်နေသလားမသိဘူး။ အခု တရားစီရင်မှုနဲ့ ပတ်သက်ပြီး တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ မဆိုင်ဘူးလို့ပြောရင် တစ်သီးပုဂ္ဂလဆန်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာ တရားစီရင်ရေးစနစ် ကောင်းမွန်လာပြီး မှန်ကန်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာမှာပါ။ ဒီအမှုဟာ တရုတ်ကိုမထိနဲ့ ထိရင်ဒီလိုလုပ်မယ်ဆိုတဲ့ မက်ဆေ့တစ်ခု ပြည်သူကို ပေးချင်တာက တစ်ချက်၊ ဗ.က.သ အဖွဲ့ကို နားရွက်တံတွေးဆွတ်ချင်တာက တစ်ချက်ဖြစ်လိမ့်မယ်” ဟု တရားခွင်မှ ပြန်လည်ထွက်ခွာလာချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် တောင်းဆိုပေးခဲ့တယ်။ အခု ကျွန်မကိုစွဲဆိုထားတဲ့ အမှုမှာတော့ လုံးဝမတရားဘူးဆိုတာ အရမ်းပေါ်လွင်နေတယ်။ ကျောင်းသားတစ်ဦးရဲ့ အခွင့်အရေးကိုလည်း တိုက်ရိုက်ချိုးဖောက်တယ်လို့ ယူဆပါတယ်။ အဲဒီအတွက်တော့ ရင်ဆိုင်သွားမှာပါ။ လက်ပံတောင်းဒေသခံတွေ အားလုံးလည်း သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ပါလို့ ပြောချင်ပါတယ်” ဟု မဖြူနှင်းထွေးက ပြောဆိုခဲ့သည်။

လက်ရှိတွင် မဖြူနှင်းထွေး၏ ကျန်းမာရေးအခြေအနေမှာ အခြားစိုးရိမ်ရသည့် အနေအထားမရှိဘဲ အားနည်း၍ အားဆေးနှစ်ကြိမ်သွင်းထားရပြီး သီးသန့်ခန်းဖြင့်နေထိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။ -                                                       “မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုလွှင့်တင်တဲ့အလံကို ဘယ်တော့မှ ပြန်ချမှာမဟုတ်ပါဘူး။ ဆက်လက်ပြီး တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ မဖြူနှင်းထွေးကို တစ်ကျွန်းချသည်ဖြစ်စေ ပြစ်ဒဏ်ပေးသည်ဖြစ်စေ ကျွန်တော်တို့က မဖြူနှင်းထွေးမှန်တယ်။ တရားစီရင်ရေးမှားတယ်။ မှန်တဲ့ဘက်မှာပဲ ရပ်တည်ပြီးတော့ ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ရပါစေ မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ဖို့အတွက် အဆုံးစွန် တိုက်ပွဲဝင်သွားမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗ.က.သ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။

မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသေး ၁/၂၀၁၄၊ ပုဒ်မ ၃၆၄/၃၆၈ အရ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခဲ့ရာ ပထမရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် တရားလိုလာရောက်ခြင်းမရှိခဲ့ဘဲ ဒုတိယရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်တွင် ချိန်းဆိုကာ တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် ဒုတိယအကြိမ် ရုံးချိန်းကဲ့သို့ ယင်းမာပင်ခရိုင် တရားရုံးအတွင်း၌ စစ်ကိုင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ ဟင်္သာတ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ သံလျင်စသည့် ဒေသအသီးသီးမှ ဗ.က.သ ကျောင်းသား၊ ကျောင်းသူအင်အား ၇၀ ကျော် အပါအ၀င် လက်ပံတောင်းဒေသခံ တောင်သူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တို့က လာရောက်အားပေးခဲ့ကြသည်။ -                             Eleven media group


ခါကာဘိုရာဇီတောင်က ပျောက်ဆုံးတောင်တက်သမားတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ရင်း အဆက်အသွယ်ပြတ်သွားတဲ့ ရဟတ်ယာဉ်ကို နောင်မွန်းမြို့နယ်အတွင်းမှာ တွေ့လိုက်ကြောင်း ဒေသခံတချို့က ပြောဆိုတာကြောင့် ထူးဖောင်ဒေးရှင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရဟတ်ယာဉ်သွားရာလမ်းကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။

တရုတ်သတင်းဌာနက ပျက်ကျသွားကြောင်း ဖော်ပြထားပေမဲ့ ထူးဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေး တာဝန်ခံက လောလောဆယ်အထိတော့ ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး ထူးခြားတဲ့သတင်း မရသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား ၂ ယောက်ကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်တစင်းဟာ စနေနေ့က ရိက္ခာပို့သွားနေတုန်းမှာ အဆက်အသွယ်ပြတ်ပြီး ထပ်မံ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ကို နောင်မွန်းမြို့နယ် ဂါထုရွာဘက်မှာ နောက်ဆုံးတွေ့ရှိကြောင်း သတင်းရရှိတဲ့နောက် တွေ့ရှိရာနေရာဘက်ကို ဝေဟင်နဲ့ မြေပြင်ရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

“ကျနော်တို့ရရှိတဲ့ သတင်းကတော့ အဲ့ဒီရွာသူတဦးပေါ့နော် အသက် ၁၂ အရွယ် မိန်းကလေးတဦးကနေပြီးတော့ ပြောတယ်။ အဲ့ဒီဘက်ကိုတော့ ရဟတ်ယာဉ်တစင်း ထိုးကျသွားတယ် ဆိုပြီးတော့ တွေ့လိုက်တယ်ပေါ့ ပြောတော့ ရွာသူတယောက်ကနေပြီးတော့ နောင်မွန်းအုပ်ချုပ်ရေးမှူး၊ အဲ့ဒီကနေမှတဆင့် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးကနေ ကျနော့်ကို အကြောင်းကြားလာလို့ ချက်ချင်း ပိုက်စိပ်တိုက်ရှာတယ်ပေါ့နော်။ ထူးဖောင်ဒေးရှင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပူတာအိုအခြေစိုက် ဗျူဟာ တပ်မတော်သားတွေရော၊ တပ်ခွဲတွေရော၊ နောက်ပြီးတော့ ရွာစဉ်တလျှောက် အကုန်လုံးနီးပါး ရဟတ်ယာဉ်သွားတဲ့လမ်းတလျှောက်ကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း ထူးခြားမှု တစုံတရာ မရရှိသေးပါဘူး အခုအချိန်ထိ။”

ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံက Advance Aviation က ငှားရမ်းထားတဲ့ B4 အမျိုးအစား ရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်နဲ့အတူ ထိုင်းလေယာဉ်မှူး၊ ထူးဖောင်ဒေးရှင်းက မြန်မာလေယာဉ်မှူးနဲ့ တောင်တက်ကျွမ်းကျင်သူတဦး လိုက်ပါသွားခဲ့ပါတယ်။ Xinhua တရုတ်သတင်းဌာနက ဒီမနက်ထုတ်ပြန်တဲ့ သတင်းမှာတော့ ထိုင်းရဟတ်ယာဉ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ ထူးဖောင်ဒေးရှင်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။

နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်ကတော့ ရဟတ်ယာဉ်ကို နောက်ဆုံးတွေ့လိုက်တယ်ဆိုတဲ့ ရှီမန်ရွာဘက်ကို နောင်မွန်းအုပ်ချုပ်ရေးအဖွဲ့က မြေပြင်ကနေ ရှာဖွေနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ သဲလွန်စရတဲ့နေရာကိုပေါ့နော် ဒီက ဒုခရိုင်အုပ်ချုပ်ရေးမှူးတို့ သွားပြီးတော့ ရှာနေပြီခင်ဗျ။ ဘယ်ဘက်လို့ ပြောလို့ရနိုင်မလဲဆိုရင် ကျနော်တို့ ဟိုဟာဘက်ခင်ဗျ ရှီမန်ရွာတဲ့ဗျ။ အဲ့ဒီဘက်မှာ တွေ့လိုက်လို့ သွားရှာတာဗျ။”

ဂါထုရွာဟာ နောင်မွန်းမြို့နယ်ကနေ ၁၂ မိုင်လောက်ဝေးပြီး၊ ရှီမန်ရွာကတော့ ဂါထုရွာနဲ့ ၄ မိုင်လောက် ဝေးပါတယ်။ ရှာဖွေရေးအဖွဲ့ဟာ တောင်တွေကို ဖြတ်၊ တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး သွားရောက်ရှာဖွေရမှာမို့ အချိန်ကြာမြင့်နိုင်တယ်လို့လည်း ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား၂ ဦးကိုတော့ တရုတ်၊ အမေရိကန်၊ နီပေါလ်၊ ဂျပန် နဲ့ အီတလီက ကယ်ဆယ်ရေးအဖွဲ့တွေ ကချင်ပြည်နယ်ကို သွားရောက်ပြီး ထူးဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Bluesky အဖွဲ့ကတော့ မောင်းသူမဲ့လေယာဉ်နဲ့ ရဟတ်ယာဉ်ကို အသုံးပြုပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေနဲ့ ရဟတ်ယာဉ်ကို ရှာဖွေသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
VOA
http://burmese.voanews.com/content/missing-chopper/2467547.html


ယင်းမာပင် (မဇ္ဈိမ) ။ ။ ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲသည်ဟုဆိုကာ ဖမ်းဆီးထားသည့် မန္တလေးတက္ကသိုလ် ဒုတိယနှစ် မြန်မာစာ (အဝေးသင်)ကျောင်းသူ ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တရားရုံးတွင် စက်တင်ဘာ ၃၀ရက် မွန်းလွဲ ၁၂ နာရီခွဲက တတိယအကြိမ် ရုံးထုတ်ခဲ့သည်။

Ba-Ka-Ta-Phyu-Hnin
ဗကသကျောင်းသူ မဖြူနှင်းထွေးကို တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်လာသည်ကို ယင်းမာပင်ခရိုင် တရားရုံးရှေ့တွင် စက်တင်ဘာ ၁၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုတိုးကြီး၊ မဇ္ဈိမ)
ယင်းမာပင်ခရိုင် တရားသူကြီးက မဖြူနှင်းထွေး၏ အမှုနှင့် ပတ်သက်၍ လိုပြသက်သေ(တရားလိုဘက်မှ သက်သေ) ဖြစ်သူ ဆာားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကို စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၃ ရက်တွင် ရုံးချိန်း ပြန်လည် ချိန်းဆိုလိုက်သည်။
မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ် လက်ပံတောင်းဒေသခံ ပြည်သူ ၁၅၀ ခန့်က တရားရုံးရှေ့တွင် မဖြူနှင်းထွေးအား လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့သည်။

” အသက် ၂၃ နှစ်အရွယ် မိန်းကလေးက တရုတ်နှစ်ယောက်ကို ပြန်ပေးဆွဲနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီး အဲ့ဒီ ဒေသက ဝမ်ပေါင်ကုမ္ပဏီကလည်း ဒေသခံတွေနဲ့ ရန်ဖြစ်ချင်မှာမဟုတ်ပါဘူး။ အခုဟာက စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်နိုင်ပါတယ်” ဟု သူမ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မဇ္ဈိမကို ပြောသည်။

မဖြူနှင်းထွေးကို ပြန်ပေးဆွဲသည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၆၄/ ၃၆၈ တို့ဖြင့် စွဲဆိုထားပြီး ပုဒ်မ ၃၆၄ ဆိုသည်မှာ တစ်ဦး တစ်ယောက်သောသူကို သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးရောက်အောင် စီမံခန့်ခွဲရန် သော်လည်းကောင်း၊ ခိုးယူလျှင် သို့တည်းမဟုတ် သွေးဆောင်ခေါ်ယူလျှင် ထိုပုဂ္ဂိုလ်ကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
Ba-Ka-Ta-Phyu-Hnin-1
ဗကသကျောင်းသူ မဖြူနှင်းထွေးကို တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်လာစဉ် ယင်းမာပင်ခရိုင် တရားရုံးရှေ့တွင် ၎င်းအား လွှတ်ပေးရန် ဗကသကျောင်းသားများက ဆန္ဒပြ တောင်းဆိုနေသည်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ကိုတိုးကြီး၊ မဇ္ဈိမ)



Microsoft ကုမ္ပဏီ တည်ထောင်ခဲ့သူ Bill Gates သည် စက်တင်ဘာလ ၂၉ ရက်က Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် တစ် နေရာ၌ ရပ်တည်ခဲ့သည်ဟု CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Bill-Gate
(ဓာတ်ပုံ - news.com)

Forbes မဂ္ဂဇင်းက အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀၀ စာရင်း ထုတ်ပြန်ခဲ့ရာတွင် Bill Gates သည် ပိုင်ဆိုင်ငွေ ၈၁ ဘီလီယံဖြင့် နံပါတ် တစ်နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ Bill Gates ၏ ပိုင်ဆိုင်မှုသည် လွန်ခဲ့သော တစ်နှစ်အတွင်း Microsoft ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ မြင့်တာလာသည့်အတွက် ကိုး ဘီလီယံခန့် တိုးပွားလာသည်ဟု Forbes ကဆိုသည်။

ထို့နောက် Forbes မဂ္ဂဇင်းက Bill Gates ၏ လူမှုရေး လုပ်ငန်းများအတွက် မတည်အလှူငွေများစွာ ထည့်ဝင်နေမှုကို ချီးကျူးဖော်ပြခဲ့သည်။ Bill & Melinda Gates ဖောင်ဒေးရှင်းသည် ၂၀၀၀ ပြည့်နှစ်မှ စ၍ ပိုလီယို လျှော့ချရေး၊ အမေရိကန် ပညာရေး စနစ် မြင့်တက်လာရေး တို့အတွက် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်လှူဒါန်းခဲ့ပြီးဖြစ်သည်။

“အခုအချိန်မှာတော့ သူတို့က ခြင်တွေကို နှိမ်နှင်းဖို့လုပ်နေပါတယ်၊ ငှက်ဖျားရောဂါက ၂၀၀၀ ပြည့်နှစ်က စပြီး ၂၅ ရာခိုင်နှုန်း လျော့ကျသွားပေမယ့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားမှုပေါင်း သန်း ၂၀၀ ကျော်လောက် ရှိသေးတယ်”ဟု Forbes မဂ္ဂဇင်းက ဆိုထားသည်။

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နည်းပညာလောကထဲက Oracle ကုမ္ပဏီတည်ထောင်သူ Larry Ellison သည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၈ ဒသမ ၁ ဘီလီယံဖြင့် တတိယ နေရာတွင် ချိတ်ခဲ့ပြီး Facebook ပူးတွဲတည်ထောင်သူ အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် ပိုင်ဆိုင်မှု ၃၄ ဒသမ ၇ ဘီလီယံဖြင့် နံပါတ် ၁၁ နေရာတွင် ချိတ်ထားနိုင်ခဲ့သည်။

(မဇ္ဈိမ)
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/29088-bill-gates

ဟောင်ကောင်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရက တရုတ်နိုင်ငံပိုင် နေမြေအတွင်းမှာရှိတဲ့ လမ်းမတွေ ပေါ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကို အံတုပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပကနေ ၀င်ရောက် စွက်ဖက်မှုမလုပ်ကြဖို့ သတိပေးထားပါတယ်။

တနင်္လာနေ့ နေ့လည်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမသွားခင် ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာဒေသအတွင်း ဆန္ဒပြနေကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြတဲ့အခြေအနေဟာ အားပျော့လာတဲ့အတွက် ဆုတ်ခွာပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာ လူစုလူဝေးကြီးဟာ ပြန်ပြီးတော့ ကြီးထွားလာခဲ့ပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အခြေနေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အနီးကပ် လေ့လာစောင့်ကြည့်နေပြီး လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ သည်းခံမှုရှိကြဖို့နဲ့ ပြည်သူတွေကိုလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဟောင်ကောင်ပြည်သူတွေအနေနဲ့ ၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် သူတို့ရဲ့ကိုယ်စားလှယ်လောင်းကို သူတို့အနေနဲ့ ရွေးချယ်ခွင့်ပြုရေးကို တရုတ်အစိုးရက ငြင်းပယ်နေတာကြောင့် လုံးဝဒီမိုကရေစီ မရှိဘူးလို့ ဟောင်ကောင် ကျောင်းသားတဦးက VOA ကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/chinese-goverment-warns-foreign-interupted-/2466933.html

ထိုင်းဝန်ကြီးချုပ်သစ် ပရာယွတ်ချန်အိုချာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ်(NICOLAS ASFOURI/AFP)

မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ် လာရောက်မည့် ထိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို အောက်တိုဘာ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလဆန်းတွင် လာရောက်မည်ဟု မူလက စီစဉ် ထားသော်လည်း ခရီးစဉ်ကို ရွှေ့ ဆိုင်းလိုက်ပြီးနောက် ယခုအခါ ဝန်ကြီးချုပ်ခရီးစဉ်ကို အောက်တို ဘာ ၇ ရက်တွင် စတင်မည်ဖြစ် ကြောင်း အစိုးရအဖွဲ့အသိုင်းအဝိုင်းမှ သတင်းရရှိသည်။


‘‘၇ ရက်နေ့ကို ဟိုဘက်က ပြောလာတယ်။ နှစ်ဖက်ညှိနေပြီ။ အရင်က အောက်တိုဘာ ၁၊ ၂၊ ၃၊ ၄ တစ်ရက်ရက်ရောက်မယ်ပြောထားတာ’’ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ခရီးစဉ်ကို နေပြည်တော် တွင် စတင်မည်ဖြစ်ပြီး ရန်ကုန်မြို့ ရှိ ထိုင်းသံရုံးတွင်လည်း မြန်မာ နိုင်ငံရောက်ထိုင်းနိုင်ငံသားအချို့ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာသည် ထိုင်းအိမ်စောင့်အစိုး ရဝန်ကြီးချုပ်ဟောင်း ယင်လပ်ကိုဖြုတ်ချပြီးနောက် ထိုင်းအမျိုး သားညီလာခံ၏ ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်ရာထူးကို ရယူထား သူဖြစ်သည်။ လက်ရှိတွင် အာဆီ ယံ(၁၀)နိုင်ငံအတွင်း အာဏာ သိမ်းမှုကြောင့် အမေရိကန်အစိုး ရ၏ စစ်ရေးအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများ ပိတ်ဆို့ခံထား ရသည့်နိုင်ငံလည်းဖြစ်သည်။

ဝန်ကြီးချုပ်ပရာယွတ်၏ခရီး စဉ်အတွင်း ထားဝယ်ရေနက်ဆိပ် ကမ်းဆက်လက်လုပ်ကိုင်ရေး အပါအဝင် နှစ်နိုင်ငံအကျိုးစီးပွား အရ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များ လည်း ဆွေးနွေးဖွယ်ရှိနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။
http://www.7daydaily.com/story/21752#.VCrc31f4U1o


“နိုင်ငံရေး ပွဲကြမ်းခဲ့တဲ့ကာလ တုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက အခုချိန်ခါမှာ လက်သီးလက်မောင်းတွေတန်းပြ၊ Facebook စာမျက်နှာမှာ ထောင်း
လမောင်းထအောင် ကြိမ်းမောင်းခြိမ်းခြောက်ကြ ၊ စာပေဟောပြောပွဲ စင်မြင့်တွေ
ပေါ်ကနေ ဟိုလိုလုပ် ၊ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင် သောက်ခြောက် ဆိုပြီး
ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့ တွယ်ကြ ” ဆိုတာတွေ
ဆက်တိုက်ဆိုသလို ဖတ်ရ ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ချရေး
လိုက်ရပါတော့တယ်။

တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေးမုန်တိုင်းကြီး ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ်
ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ ဆုံခွင့်ရချင်ပါသေးတယ်ဆိုတဲ့ ကိုဇာဂနာရဲ.
ထောင်ကထွက်လို့ သုံးနှစ်အကြာ .......................................

၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ကျွန်တော် ထောင်ကလွတ်ခဲ့တာ ၃နှစ်ပြည့်ပါပြီ။ နိုင်ငံရေး အကျဉ်းသားလို့ နံမည်တပ်ခံရတဲ့ ကျွန်တော်တို့ အားလုံးမှာ ပြစ်မှု ပြစ်ဒဏ် ကြွေးကျန် ရှိနေဆဲပါ။ ဆိုပါတော့ ကျွန်တော်ဆိုရင် ထောင်ဒဏ် ၃၁နှစ်နဲ့ ၈လ အကြွေးကျန် ရှိနေပါတယ်။ တကယ်လို့ ဘာပြဿနာပဲ ပေါ်ပေါ် (မတော်တဆ ဒေါသအလျှောက် ရန်ဖြစ်မိလို့ လူတစ်ယောက်ကို ရိုက်မိခဲ့ရင်တောင်) အဲ့ဒီကြွေးကျန် ၃၁နှစ်နဲ့ ၈လ ထောင်ထဲမှာ သွားနေရမှာပါ။ တကယ်တော့ ခြေချုပ်ထက် ဆိုးတဲ့
“ပါးစပ်ချုပ် ၊ မျက်စိချုပ်၊ ဦးနှောက်ချုပ် ”နဲ့ နေနေရတာပါ။ဒီလိုအခြေအနေထဲကနေပဲ “တတ်နိုင်သလောက်” ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်။ အဆဲခံနေပါတယ်။ ပြစ်တင်ရှုံ့ချခံနေရပါတယ်။ဒီစာစုကိုရေးရခြင်းကလဲ ၁၉၈၈ ခုနှစ်ကစလို့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေး သမားအကြောင်းတွေကို မှတ်တမ်းတင်ချင်လို့ပါ။ တစ်ခါ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အကြားမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလဲ ကျွန်တော့် စိတ်ထဲ ရှိတဲ့အတိုင်း “အရင်းအတိုင်း”
ဖောက်သည်ချချင်တာပါ။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ သင်ခန်းစာ ရနိုင်စေဖို့ပါပဲ ။

ဆိုပါတော့ ၂၀၀၇ ခုနှစ် သံဃအရေးတော်ပုံ (၀ါ) ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက ကျွန်တော်ပါဝင်ခဲ့ဖူးပါတယ်။ ဒီအတွက်လဲ ဖမ်းခံရ ထောင်ထဲပို့ခံခဲ့ရပါတယ်။
ဒီတုန်းက ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့ ရွှေတိဂုံ အရှေ့ဘက်က ကြေးသွန်းဘုရားဝင်းထဲမှာ စီစဉ်ခဲ့ရတာပါ။ အဲ့ဒီမှာ နိုင်ငံရေးပညာရှင်ကြီး တစ်ဦးပါဝင်ခဲ့ပါတယ် ။ သူက BBC ၊ RFA စတဲ့ ရေဒီယိုတွေကနေပြီး နိုင်ငံရေးသုံးသပ်ချက်တွေကို အာပေါင်အာရင်းသန်သန် ပြောခဲ့သူပါ။ ဘုန်းကြီးတွေကို ဆွမ်းကပ်တော့သူက စတင်စီစဉ်သူအဖြစ်ပါခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒ်ီနေ့ညဘက် ရေဒီယို အင်တာဗျူး တစ်ခုမှာ အနုပညာရှင်တွေဦးဆောင်ပြီး ဆွမ်းကပ်တယ်လို့ပါလာခဲ့ပါရောဒါကိုသူက
တအားစိတ်ဆိုးပြီး ကျွန်တော့်ဆီကို ဖုန်းဆက်လို့ ပြစ်တင်ကြိမ်းမောင်းပါတော့တယ်။
ကျွန်တော်ပြောတာ မဟုတ်ပေမဲ့ ကျွန်တော်က တာဝန်ယူ တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ ဒီဗီဘီကို ဖုန်းဆက်ပြီး “အဲ့ဒီနိုင်ငံရေး သုခမိန်ကြီးစီစဉ်တာပါ” လို့ ပြန်ပြောပေးခဲ့ရဖူးပါတယ်။

ဒါပေမဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ၂၅ ရက်နေ့ ကျွန်တော် အဖမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားတဲ့ အခါမှာ အဲ့ဒီ သုခမိန်ကြီးနဲ့ ထောင်ဘူးဝမှာ တည့်တည့်တိုးပါလေရော။ အဲ့ဒီမှာသူက “ဘုန်းကြီးဆွမ်းကပ်တဲ့ အစီအစဉ်ကို သူဦးဆောင်တာ မဟုတ်ဘူး ” လို့ ပြောပေးပါဆိုပြီး ကျွန်တော့ကို နားပူပါတော့တယ်။ကျွန်တော်ဘယ်လောက်
မျက်နှာထားရခက်မယ်ဆိုတာ တွေးကြည့်ကြပါခင်ဗျာ ။ ဒါပေမဲ့ သူ့အလိုကျ ကျွန်တော်ပြောပေးခဲ့ရပါတယ်။ ထောင်ထဲမှာ ၁လလောက်နေပြီး ပြန်လွတ်သွားကတည်းက ဒီကနေ့အထိသူဟာ နိုင်ငံရေးအကြောင်းမပြောတော့သလို နိုင်ငံရေးလောကကိုလည်း ယောင်လို့တောင် လှည့်မကြည့်တော့ပါဘူး။
ဒီတော့ “ဘယ်သူဘာလုပ်ခဲ့တယ်၊ ဘယ်တုန်းက ဘယ်လို ” ဆိုပြီး အပုပ်ချချင်ယုံ သက်သက် ဒီဆောင်းပါးကိုရေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ “နိုင်ငံရေး ပွဲကြမ်းခဲ့တဲ့ကာလ တုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက အခုချိန်ခါမှာ လက်သီးလက်မောင်းတွေတန်းပြ၊ Facebook စာမျက်နှာမှာ ထောင်းလမောင်းထအောင် ကြိမ်းမောင်းခြိမ်းခြောက်ကြ ၊ စာပေဟောပြောပွဲ စင်မြင့်တွေပေါ်ကနေ ဟိုလိုလုပ် ၊ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင် သောက်ခြောက် ဆိုပြီး ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့ တွယ်ကြ ” ဆိုတာတွေ ဆက်တိုက်ဆိုသလို ဖတ်ရ ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ချရေးလိုက်ရပါတော့တယ်။

တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေးမုန်တိုင်းကြီး ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ်ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ ဆုံခွင့်ရချင်ပါသေးတယ်
” ကျွန်တော်ဆုတောင်းလေ့ မရှိပေမဲ့ အဲ့ဒီဆန္ဒလေးတော့ ရာနှုန်းပြည့် ရင်ထဲမှာ ရှိနေမှာပါ ။ တကယ်လို့များ အဲ့ဒီလူတွေ ၂၀၁၀ခုနှစ် မတိုင်ခင်တုန်းက ခုခါလို သတ္တိတွေရှိကြမယ်ဆိုရင် “ပွဲသိမ်းခဲ့တာ ကြာပေါ့”။၁၉၈၈ခုနှစ်တုန်းက ကျွန်တော်ဟာ စာပေနဲ့ အနုပညာရှင်များကော်မတီအနေတဲ့ ပါဝင်ခဲ့တာပါ။ အဲ့ဒီမှာ “ကျုပ်တို့ဘက်
က နိုင်ပြီ ”လို့ အပိုင်တွက်ပြီး ၀င်အောခဲ့ကြသူတွေ တပုံကြီးပါ။ ဒါပေမဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ အဲ့ဒီလူတွေ ကြက်ပျောက် ၊ ဌက်ပျောက် ကိုယ်ရောင်ဖျောက်လို့ “ရှောင်လင်” သိုင်းသမားတွေ ဖြစ်ကုန်ကြပါလေရော။

တော်တော်ဆိုးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ “ထောက်လှမ်းရေး ၆ တပ်ဝင်းထဲမှာ ထုထောင်းခံရလို့ ကျွန်တော် မထနိုင်” ဖြစ်နေချိန်မှာ ထောက်လှမ်းရေး
တပ်က အရာရှိအရာခံ အကြပ်တပ်သားတွေကို ဒံပေါက်ထမင်းလာရောက်လှူဒါန်းခဲ့တဲ့ တက်ကြွ လှုပ်ရှားသူ အနုပညာရှင်ကြီးကို ဒီတသက်မေ့နိုင်ပါတော့ မလား ။
ထုံးစံအတိုင်း မွှေးရနံ့ ကြိုင်လျှမ်းလှတဲ့ ဒံပေါက်ရနံ့ကို ရှုရှိုက်ရင်း ထမင်း၃ရက် မစားရတဲ့ ကိုယ့်ဗိုက်ကိုယ် နှိပ်ရင်း လျှပ်စစ်ကျင်စက်နဲ့ တို့တာကို ဖောချင်းသောချင်း ခံခဲ့
ရတာကို မေ့နိုင်ပါတော့မလား ။ဒီလို ဒဏ်ရာ အနာတရတွေ ခါးစည်းခံခဲ့ရတဲ့ ကျွန်တော်တို့ကို အလွယ်တကူ ခင်ဗျားတို့ ဆဲဆိုဖို့ ၊ ပြစ်တင်ချေချွတ်ဖို့ ကျွန်တော်တို့ ထောင်ထဲ ၁၁နှစ်နေခဲ့ရပါတယ် ။ တန်ပါရဲ့လား ။ဒီနေ့ ဒီအချိန်အခါထိ မဆလအစိုးရ ၊ န၀တ အစိုးရ ၊ နအဖ အစိုးရ နဲ့ ဦးသိန်းစိန် အစိုးရတို့ဆီကနေ ဘာအခွင့်အရေးမှ ရလဲမရ ၊ ယူလဲမယူဘဲ ကိုယ်ယုံကြည်ရာ ကိုယ်လျှောက်နေသူတစ်ယောက် အတွက် ခင်ဗျားတို့ ဆဲဆို စွပ်ဆွဲနေတာတွေ လုံလောက်ကြပြီလား ။

ဒီနေ့အထိ မိသားစု အပြိုကွဲခံပြီး မင်းအစိုးရဆီက ငွေကျပ် ၁၀၀တောင် အချောင်မယူခဲ့တဲ့ လူတစ်ယောက်ကို ခင်ဗျားတို့ ပြောချင်ရာပြော စွပ်စွဲချင်ရာ စွပ်စွဲလို့ဝကြပြီလား ။ ခင်ဗျားတို့စွပ်စွဲသလို ကျွန်တော်တို့ အစိုးရနဲ့ တကယ် “ပင်း” ပြီဆိုရင် ဘယ်သူတွေ နစ်နာမယ်လို့ ခင်ဗျားတို့ ထင်ကြပါသလဲ။
ကျွန်တော်ဟာ ဘာကိစ္စကိုမှ တုန့်ပြန်မရှင်းတတ်ပါဘူး ။ ကိုယ့်မူပေါ်မှာပဲ ကိုယ်ရပ်ပြီး ယုံကြည်ရာလမ်းပေါ် လျှောက်နေမှာပါ ။ ကျွန်တော်အပါအ၀င် တိုင်းပြည်အတွက်လို့ ခံယူပြီး ထောင်ထဲမှာ “ဘ၀တစ်ခုပေး ထိုးကျွေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ” ဒီစာစုကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
၂၀၁၁ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့မှာ ကျွန်တော်မြစ်ကြီးနားထောင်က လွတ်ခဲ့ပါတယ်။ လွတ်လွတ်ချင်း ဆိုသလိုပဲ အင်တာဗျူး ၃ခုကို ဖြေခဲ့ရပေါ့။ RFA ၊ DVB နဲ့VOA ပါ။ မြစ်ကြီးနားက ဦးနေ၀င်းရဲ့ တယ်လီဖုန်းကို ခေါ်ပြီးဗျူးတာပေါ့။ အဲ့ဒီအင်တာဗျူးထဲမှာပဲ “ကျွန်တော် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အပေါ်မှာ မယုံသေးပါဘူးစောင့်ကြည့်ရပါဦးမယ် ဘာလို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို အကုန်လွှတ်မပေးသေးလို့ပါ ” ဆိုပြီး ဖြေခဲ့ပါတယ်။ ဒီမူပေါ်မှာ ခုထက်ထိ “ခိုင်ခိုင်မာမာ” ရပ်ပြီး
အလုပ်လုပ်နေဆဲပါ။ “နိုင်ငံရေး အကျဉ်းသားတွေ မကုန်သမျှ မယုံ ” ဆိုတာ ကျွန်တော်ရဲ့ စည်းမျဉ်း ဖြစ်ပါတယ်။
ဆက်ပါမည်
ဇာဂနာ
၂၆စက်တင်ဘာ၂၀၁၄
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၃၁) ပါဆောင်းပါး )

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။

မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

“ ကျနော်တို့အဖေ ဘာအပြစ်ရှိ လို့လည်း ဆိုတာ ကျနော်တို့ မိသားစုဝင်တွေကို ရဲတွေကနေ ခုထိသေချာမရှင်းပြ သေးပါဘူး ။ အဖေကိုသေနတ်နဲ့ပစ်ပြီးနောက် ရဲသုံးယောက်က ၀ိုင်း ရိုက်ကြသေးတယ် ” ဟု ဆိုပါသည်။

သံသယရှိရုံအဆင့်ဖြင့် လူတယောက်အား ပစ်သတ်ဖမ်းဆီးမှု ပြုခြင်းမှာ တရားမျှတမှုမရှိကြောင်း မိုင်းပျဉ်းမြို့နယ် ဖာလိုင်း ကျေးရွာ ဒေသခံ တစ်ဦးမှ ပြောကြား သွားသည်။

“ သံသယရှိရုံ အဆင့်လောက်နဲ့အကာအကွယ်လက်နက်မဲ့နေတဲ့ လူတစ်ယောက်ကို ပစ်သတ်ဖမ်းဆီးလိုက်တာ မတရားဘူးလို့မြင်တယ်။ တိုင်းရင်းသားကျေးရွာတွေမှာ ရှိတဲ့နယ်မြေ လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှုမရှိဘူး လို့ခံစားမိတယ်။ ကျနော်တို့ ဒေသမှာ နောက်ထပ်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေချင်ဘူး ” ဟု ဖာလိုင်း ရွာသား ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်ရဲမှူးထံဆက်သွယ်မေးမြန်းရာ - “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း တွေမလိုဘူး။ ကျနော်တို့ ခဏခဏ ဆင့်ခေါ်ခဲ့ပါတယ်။ ကျနော်တို့မှာ သက်သေအထောက်အထားတွေရှိတယ်။ သက်သေ တွေရဲ့ထွက်ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ ။ အဲတာ သူ့ကိုသွား ခေါ်တော့ ခြံ အနောက်ဖက်ကို ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေကနေ လိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။

ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ လတ်တလောတွင် သေမှု သေခင်းဖြင့် အမှုဖွင့် ထားကြောင်း ၄င်းကဆက်လက်ပြောပြသည်။

မြေယာကိစ္စနဲ့ပတ်သက်၍ လူသေမှုများဖြစ်ပွားခြင်းအပေါ် ပြည်နယ် အစိုးရတွင် များစွာတာဝန်ရှိကြောင်း တောင်ကြီးမြို့ CSO အသိုင်းအဝိုင်းများကဝေဖန်ကြသည်။

ယင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသတွင် မြန်မာ စစ်တပ် ခလရ ၂၉၄ ၊ PNO ပြည်သူ့စစ် နှင့် RCSS / SSA သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီတို့ လှုပ်ရှားနေကြောင်းလည်း ဒေသခံများကပြောပါသည်။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
https://www.facebook.com/Panglong.burmese


ထောင်တစ်သက် ပြစ်ဒဏ်ချနိုင်တဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ဗကသကျောင်းသူ ဖြူနှင်းထွေး အမြန်ဆုံးလွှတ်ပေးရေးအတွက် နော်အုန်းလှဦးဆောင်တဲ့ လှုပ်ရှားတက်ကြွသူ တစ်ဒါဇင်လောက်ဟာ စက်တင်ဘာ ၂၉ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဖြူနှင်းထွေးနဲ့ တောင်သူတွေကို လွှတ်ပေးဖို့၊ လက်ပံတောင်းအရေးအခင်းမှာ မီးလောင်ဗုံးနဲ့ ဖြိုခွင်းတဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်တွေကို ကိုင်ဆောင်ပြီး မြေနီကုန်းကနေ ရွှေတိဂုံစေတီပေါ် ချီတက်လမ်းလျှောက်ခဲ့ပြီး ဘုရားမှာ ဆုတောင်းခဲ့ကြပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှု ၂နှစ်ပြည့် နှစ်ပတ်လည်အဖြစ် လမ်းလျှောက်ဆန္ဒပြတာကို မြို့နယ်ရဲတပ်ဖွဲ့တွေက နှစ်ကြိမ်တိုင်တိုင် တားဆီးစစ်ဆေးခဲ့ပြီး စေတီတော် ဂေါပကအဖွဲ့ဝင်ကလည်း ပိုစတာတွေကိုင်ပြီး ဘုရားပေါ်မတက်ဖို့ တားမြစ်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုရဲ့ လက်သည်တွေကို ဖော်ထုတ်အရေးယူတာ မလုပ်ဘဲ ဆန္ဒပြသူတွေကိုပဲ ပုဒ်မအမျိုးမျိုးတပ် တရားစွဲနေတာကြောင့် အခုလို ဆန္ဒပြတာလို့ ဦးသန်းဆွေက ဆိုပါတယ်။ သူတို့ဟာ တရုတ်ဆန့်ကျင်ရေးလုပ်တာ မဟုတ်ဘဲ ဝမ်ပေါင်နဲ့ ဦးပိုင်တို့ကို တောင်းဆိုနေတာလို့ ပြောပါတယ်။

ခွင့်ပြုချက်မယူဘဲ ဆန္ဒပြလို့ ပုဒ်မ ၁၈နဲ့ အရေးယူမယ်ဆိုရင်လည်း ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄အရ နိုင်ငံသားအခွင့်အရေးကို သူ့အနေနဲ့ အသုံးပြုတာဖြစ်တယ်လို့ ဆန္ဒပြမှုကို ဦးဆောင်တဲ့ နော်အုန်းလှက ပြောပါတယ်။ ဖြူနှင်းထွေးကို စွပ်စွဲထားတဲ့ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲတာဟာ မဟုတ်မှန်ဘဲ ဒေသခံတွေကို ဖိအားပေးနေတာ မြန်မာအစိုးရကိုယ်တိုင်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလက ကြေးနီစီမံကိန်းထဲက တရုတ်နိုင်ငံသား ၂ယောက်ကို ဆည်တည်းရွာသားတွေက တစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်ရပ်မှာ ဖြူနှင်းထွေး ပါဝင်မှုရှိတယ်ဆိုပြီး ဦးပိုင်ကုမ္ပဏီက တရားလိုအဖြစ် တရားစွဲထားပါတယ်။

Kmayut Media


အမိုးအကာတွေပြုလုပ်ပြီး နေ့ညမပြတ် ဆန္ဒပြတောင်းဆိုနေတဲ့ မိကျောင်းကန် သပိတ်စခန်းဟာ ၁၉၁ရက် ရှိသွားပါပြီ။ စစ်တပ်က အဓမ္မသိမ်းယူထားတဲ့ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃က ဘိုးဘွားပိုင်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတဲ့ သပိတ်စခန်း အောက်တိုဘာ ၃ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းဖို့ စည်ပင်က စာကပ်ခဲ့ပါတယ်။

စည်ပင်သာယာရေးကော်မတီရဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ရာ ရောက်နေလို့ သပိတ်စခန်း ဖျက်သိမ်းဖို့ စာကပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ သူတို့လိုချင်တဲ့ အဖြေမရမချင်း ဖယ်ပေးမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၃ဝရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

မဟာဗန္ဓုလပန်းခြံလမ်းဘေးမှာ ရက်ရှည်လများဖွင့်လှစ်ပြီး တောင်းဆိုဆန္ဒပြနေတဲ့ သပိတ်စခန်းကို ဖျက်ပေးဖို့ စက်တင်ဘာ ၂၉ရက်နေ့က ကျောက်တံတားမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ သပိတ်စခန်းထဲကို ဝင်ရောက်ကပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စာကပ်ခဲ့တဲ့ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကို ကမာရွတ်မီဒီယာက ဆက်သွယ်ခဲ့ပေမယ့် သတင်းမီဒီယာတွေကို ဖြေပိုင်ခွင့်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

မိကျောင်းကန်က အဓမ္မသိမ်းယူခဲ့တဲ့ ဘိုးဘွားပိုင်တွေကိစ္စ နစ်နာကြေးဖြစ်စေ၊ မြေပြန်ပေးတာဖြစ်စေ လာရောက်ညှိနှိုင်းမယ်ဆိုရင် သပိတ်စခန်းကို ဖျက်ပေးမှာဖြစ်ပြီး သတိပေးစာ ကပ်စရာမလိုဘဲ လာရောက်ညှိနှိုင်းအဖြေရှာဖို့ပဲ လိုတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။ အရေးယူနှိမ်နင်းတာက အာဏာပိုင်တွေအလုပ်ဖြစ်ပြီး မိကျောင်းကန်ပြည်သူတွေက မရမချင်းတောင်းဆိုနေမယ်လို့ ဆိုပါတယ်။

မိကျောင်းကန် ပြည်သူတွေရဲ့ သားသမီးတွေ၊ နောင်လာနောက်သားတွေအတွက် တာဝန်ကျေချင်လို့ ဒီနေရာမှာ အသေခံမှာဖြစ်ပြီး သမိုင်းကြွေး အတင်မခံနိုင်ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
ုKamayut Media

ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
ကောလင်း ၊ ၃၀-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ကောလင်းမြို့နယ် အတွင်းရှိ အသေးစား ရွှေသတ္တု တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင် များကြောင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက် ပျက်စီးလျက် ရှိသည်။ ထိုသို့ပျက်စီးသွားသည့် မြေနေရာများ ပေါ်တွင် မြေစာဖို့၍ နှစ်ရှည်ပင်များ ပြန်လည် စိုက်ပျိုးပေးရန် ရွှေတူးဖော်ရေး ကုမ္ပဏီကြီး များတွင် တာဝန်ရှိ သော်လည်း ယခုအချိန် ထိတိုင် ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း ကောလင်း မြို့နယ် အမှတ်(၂) သတ္တုတွင်း ဌာနရှိ ဝန်ထမ်းတစ်ဦး က ပြောပြသည်။

''သဘာဝ ပတ်ဝန်းကျင် ပြန်လည် ပြုပြင်ပေးဖို့ ပျက်ကွက်နေတဲ့ ကုမ္ပဏီ သုံးခုကို အမှတ်(၂) သတ္တုတွင်း ဌာန က အမှုဖွင့် အရေးယူ ထားပါတယ် ... ''ဟုလည်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဒေသတွင်းရှိ အသေးစား ရွှေသတ္တု တူးဖော်ရေး လုပ်ငန်း များသည် ရွှေတူးဖော် ထုတ်လုပ်သည့် အခါ အင်ဂျင် မြင်းကောင်ရေ အလွန် များပြားသည့် အင်ဂျင်စက် ကြီးများကို အသုံးပြု၍ ဖိအားပြင်း ရေပန့် (မော်နီတာ) များကို တပ်ဆင်ကာ မြေကမ်းပါးယံ ကြီးများကို အင်းကြီးများ သဖွယ် ဖြစ်အောင် ရေဖိအားဖြင့် နေ့ညမပြတ် ထိုးချသည်။ အချို့သော ရွှေတူးဖော်ရေး လုပ်ကွက်ကြီး များသည် ဘက်ဟိုး မြေတူး ယန္တရားကြီး များဖြင့် ရွှေသတ္တု များကို တူးဖော် ထုတ်လုပ် နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှေတူးဖော်ရေး လုပ်ငန်းခွင် နေရာများသည် အင်းကြီးများ သဖွယ်ဖြစ်ကာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ရွှေတူးဖော် မှုကြောင့် ပျက်စီးသွား ခဲ့ရသည့် မြေနေရာများ ပေါ်တွင် ကုမ္ပဏီကြီး များက မြေစာ ပြန်လည် ဖို့ပေးခြင်း၊ နှစ်ရှည်ပင်များ ပြန်လည် စိုက်ပျိုး ပေးခြင်းများ ပြုလုပ် ပေးသွားရန် အမှတ်(၂) သတ္တုတွင်း ဌာနမှ ညွှန်ကြား ထားသည်။ သို့သော် ရွှေတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီကြီး များသည် ရွှေတူးဖော် ထုတ်လုပ်ခြင်း ခွင့်ပြုမိန့် စာချုပ် သက်တမ်းများ ပြည့်သွားခဲ့ သော်လည်း ၄င်းတို့ တူးဖော် ထုတ်လုပ်မှုကြောင့် ပျက်စီးသွားသည့် မြေနေရာ များကို ပြန်လည်ပြုပြင် ပေးရန်နှင့် နှစ်ရှည်ပင်များ စိုက်ပျိုးပေးရန် လုပ်ငန်း တာဝန်များ ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခွင့်ပြုမိန့် စာချုပ်ပါ ကတိကဝတ်များ လိုက်နာရန် ပျက်ကွက်သည် ဟု ဆိုကာ အမှတ်(၂) သတ္တုတွင်း ဌာနက ရွှေတူးဖော်ရေး ကုမ္ပဏီကြီး များကို အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် ပြုပြင် ထိန်းသိမ်း ပေးရန် ပျက်ကွက် ခဲ့သည်ဟု ဆိုကာ အမှုဖွင့် စွပ်စွဲခံရသော ကုမ္ပဏီကြီး များမှာ ကောလင်း မြို့နယ် ဥက္ကံကျေးရွာ အနီးရှိ ရွှေကောင်းဟိန်း ကုမ္ပဏီ၊ မိုးနှံ ကျေးရွာအုပ်စု၊ ချောင်းနားကျေးရွာ အနီးရှိ ရွှေတံခါး ကုမ္ပဏီ နှင့် ဂွေးတောက် ကျေးရွာအုပ်စု၊ ဆင်မကျေးရွာ အနီးရှိ ရှမ်းကဒူး ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီများ ဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်းဌာန၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

''ရွှေကောင်းဟိန်း ကုမ္ပဏီက ရွှေတူးဖော်ရေး လုပ်ကွက်အမှတ် ( SKL 58 ) ဖြစ်ပြီး လုပ်ကွက်ဧရိယာ အကျယ်အဝန်းက (၂၁)ဧက ရှိတယ်။ သက်တမ်းကာလ အတွင်း သုံးဧကကို တူးဖော် ထုတ်လုပ်ပြီးပြီ။ မြန်မာ့ ရွှေတံခါး ကုမ္ပဏီ က ရွှေတူးဖော်ရေး လုပ်ကွက်အမှတ်( SKL 57 ) ဖြစ်ပြီး လုပ်ကွက်ဧရိယာ အကျယ်အဝန်းက ၂၁ ဧကရှိတယ်။ သက်တမ်း ကာလအတွင်း (၃)ဧကကို တူးဖော် ထုတ်လုပ်ပြီးပြီ။ ရှမ်းကဒူး ရွှေတူးဖော်ရေး ကုမ္ပဏီက လုပ်ကွက်အမှတ် ( SKL 27 ) ဖြစ်ပြီး လုပ်ကွက်ဧရိယာ အကျယ်အဝန်း က ဧက၂ဝ ရှိတယ်။ သက်တမ်း ကာလအတွင်း ဧက ၂ဝ ကို တူးဖော် ထုတ်လုပ်ပြီးပြီ။ အဲဒီလို တူးဖော် ထုတ်လုပ်ရေး တွေကို အသီးသီး လုပ်ဆောင်ပြီး တာတောင် သဘာဝ ပတ်ဝန်းကျင် ပြန်လည်ပြုပြင် ပေးမှု မရှိတာကြောင့် အမှုဖွင့် တိုင်တန်းရတာ ဖြစ်ပါတယ် ... '' ဟု ကောလင်းမြို့နယ် အမှတ်(၂) သတ္တုဌာန ရှိဝန်ထမ်းတစ်ဦး က ပြောပြသည်။ (၁၅၄)

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_56.html


ဗုဒ္ဓဘာဝင်များ၏ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားပုံတော်အား ခြေကျင်းဝတ်တွင် ဆေးမှင်ကြောင် ထိုးထားသည့် စပိန်နိုင်ငံသားအား ရွှေတိဂုံစေတီတော် လုံခြုံရေးရဲတပ်ဖွဲ့ (Foreign Police)မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ စပိန်နိုင်ငံသား အနေဖြင့် ရွှေတိဂုံစေတီတော်အား ဖူးမျှော်ရန် အတွက် မြန်မာများနည်းအတူ ပုဆိုးနှင့် တီရှပ်အင်္ကျီအား တွဲဖက်ဝတ်ဆင်ထားပြီး၊ ရင်ပြင်တော်ပေါ်သို့ တက်ရန် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ နိုင်ငံခြားသားများအား စီစစ်ရာ နေရာအရောက်တွင် ၄င်းထိုးထားသော ဘုရားပုံ ဆေးမှင်ကြောင်အား ရွှေတိဂုံ စေတီတော်လုံခြုံရေး ရဲတပ်ဖွဲ့မှ တွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ လ၀က ရုံးသို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း မျက်မြင်တွေ့ရှိသူ တစ်ယောက်က “နိုင်ငံခြားသားတွေ အနေနဲ့ ဘုရားပုံတော်ကို ခါးအောက်ပိုင်း နေရာတွေမှာ ဆေးမှင်ကြောင်ထိုးထားတွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ အနေနဲ့က ကြည့်မယ်ဆိုရင်ဒါဟာရိုင်းပျတဲ့ အနေအထားမျိုးပေါ့ဗျာ။ သူတို့ အနေနဲ့ကတော့ ဒီလိုဘုရားပုံကို ဘာကြောင့် ခြေသလုံးမှာ ထိုးတယ်ဆိုတာတော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့်မြန်မာနိုင်ငံကို လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကိုးကွယ်တဲ့ ဘာသာကိုတော့လေးစားရမှာပေါ့ဗျာ”ဟု သုံးသပ်ချက် ပေးသည်။

အဆိုပါ စပိန်နိုင်ငံသားမှာ Juan Caslas Centelles ပတ်စပို့အမှတ် AAI 241084 ကိုင်ဆောင်သူဖြစ်ကာ မြန်မာနိုင်ငံသို့ စက်တင်ဘာလ၊ ၂၇ရက်နေ့က ရောက်ရှိခဲ့ပြီး၊ အက်ဂါဟော်တယ်၌ တည်းခိုကာ ၂၉ရက်နေ့တွင် ပုဂံသို့သွားရောက်မည်ဟုသိရသည်။ ယင်းနိုင်ငံခြားသားမှာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်း အရွယ်ဖြစ်သည့် ၂၈နှစ်သာ ရှိနေသေးကြောင်းလည်း သိရသည်။

အလားတူ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားပုံတော်အား ခါးအောက်ပိုင်းတွင် ဆေးမှင်ကြောင်ထိုးပြီး၊ ကနေဒါ နိုင်ငံသား ခရီးသွားတစ်ဦးကလည်း မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်း ကလည်း ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လှည့်လည်နေစဉ် ဒေသခံ တိုင်းရင်းသား ပြည်သူများက တွေ့ရှိခဲ့သည့် အတွက် ၀ိုင်းဝန်းကန့်ကွက်ကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည့်အတွက် ဖမ်းဆီးစစ်ဆေးမှုမျာ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးပေသည်။

သတင်းဓါတ်ပုံ- Tomorrow သတင်းဂျာနယ်

လွှတ်တော်ပုံမှန်အစည်းအဝေးများကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ပြန်လည်ကျင်းပနေပြီဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာဆိုလျင် အစိုးရသစ်ရဲ့သက်တမ်း၊ လွှတ်တော်ရဲ့သက်တမ်းဟာ ၄ နှစ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး လွှတ်တော်အစည်းအဝေးများ ကျင်းပလာတဲ့ အကြိမ်အရေအတွက်ဟာလည်း ၁၁ ကြိမ်သို့တိုင်လာခဲ့ပြီဖြစ်ပါတယ်။

လွှတ်တော်ဆိုတာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းတစ်ခုပါ။ ပြည်သူ့လူထုရဲ့ အကျိုးစီးပွားကို အကောင်အထည်ဖော်ပေးတဲ့နေရာ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူလူထု၏မျော်လင့်ချက်ကို အကောင်အထည်ဖော်ပေးသော နေရာတစ်ခုလည်းဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးတစ်ခုကျင်းပတိုင်း ပြည်သူတွေဟာ ငါ့တို့ တိုင်းသူပြည်သားများရဲ့ ဘ၀တွေကို တိုးတက်ကောင်းမွန်အောင် ဘယ်လိုများ စီမံဖော်ဆောင်ကြမလဲဆိုပြီး မျော်လင့်ချက်များစွာထားပြီး လွှတ်တော်ကို စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြတာပါ။

ဒီလိုတိုင်းပြည်နဲ့ ပြည်သူလူထုအတွက်အရေးပါသော လွှတ်တော်အစည်းဝေးပွဲများရဲ့ (၁) ရက်ကျင်းပ စရိတ်ဟာ ကျပ်ငွေ သိန်း ၁၃၀ ခန့် ကုန်ကြပါတယ်။ ရက် ၃၀ ကျင်းပမယ်ဆိုရင် သိန်းပေါင်း ၃၉၀၀ ကုန်ကြပါတယ်။ ယခု ၁၁ ကြိမ်မြောက်အထိဆိုရင် ပြည်သူ့ဘဏ္ဍာငွေတွေ ဘယ်လောက်များ ကုန်ကျခဲ့ပြီလဲ။ ကျွန်တော်ပြောချင်တာက ဒီလောက်တိုင်းပြည် ဘဏ္ဍာငွေတွေအကုန်ကျခံပြီး ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးများဟာ ပြည်သူလူထု အကျိုးစီးပွားနှင့် တိုင်းပြည်ကောင်းကျိုးအတွက် ဘယ်လောက်ထိ ဖော်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာပါပဲ . . .
အရင်တစ်ချိန်က လွှတ်တော်အစည်းအဝေးများအပေါ် အာကိုးယုံကြည့်ခဲ့၊ မျော်လင့်ချက်ထားခဲ့တဲ့ ပြည်သူတွေဟာ ယနေ့အချိန်အခါမှာတော့ လွှတ်တော်အစည်းအဝေများအပေါ်မှာ စိတ်ဝင်စားမှု မျော်လင့်ချက်ထားမှုလုံးဝမရှိတော့သလောက် တွေ့မြင်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ “ ပြည်သူ့အသံ လွှတ်တော်အသံ“၊ “ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ“ ”ပြည်သူတို့မျော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ ဆောင်ပုဒ်ကြီးတွေနဲ့ ကျင်းပနေတဲ့ လွှတ်တော်သက်တမ်းဟာ လေးနှစ်သက်တမ်းရှိခဲ့သော်လည်း လက်တွေ့မှာတော့ ပြည်သူ့အသံကိုနားထောင်မှု ပြည်သူ့ဆန္ဒကို အကောင်ထည်ဖော်ပေးနိုင်မှု၊ ပြည်သူတွေရဲ့မျော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု လုံးဝမရှိသလောက်ပါပဲ။ ပြည်သူတွေဟာ အရင်ခေတ်စနစ်အတိုင်း အကျင့်ပျက်ချစားမှု၊ မတရားဖိနှိပ်ခံရမှု၊ ဆင်းရဲမွဲတေမှု၊ နိမ့်ကျနေသော လူမှုရေး စီးပွားရေး၊ကျန်းမာရေး ပညာရေးတွေဟာ ယနေ့ထိတိုင်တွေ့ကြုံခံစားနေရဆဲဖြစ်ပါတယ်။ ပြည်သူလူထုဟာ ပြောင်းလဲမှုရဲ့ အကြိုးရလဒ်ကို လုံးဝမခံစားရသေးပါဘူး။

အစိုးရသစ်တက်လာပြီး ၄ နှစ်တာကာလအတွင်း ပြည်သူတွေတွေ့ကြုံခံစားနေရသော ဒုက္ခဆင်းရဲတွေ ပြဿနာတွေကို ပြည်သူ့ကိုကိုယ်စားပြုပါတဲ့ဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကူညီဖြေရှင်းပေးနိုင်မှု အကာအကွယ်ပေးနိုင်မှု လုံးဝမတွေ့ရလောက်သလောက်ပါပဲ။ လွှတ်တော်အစည်းအဝေးများက ပြည်သူတွေရဲ့အကျိုးစီပွားကို တကယ်ဖော်ဆောင်ပေးနိုင်မှုရှိ မရှိဆိုတာ ယနေ့တိုင်းပြည်မှာ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင်သိနိုင်မှာပါ။ ဒါကြောင့် ပြည့်သူ့ဘဏ္ဍာငွေအမြောက်အများ အကုန်အကျခံပြီးကျင်းပနေတဲ့ လွှတ်တော်အစည်အဝေးများဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်ပိုလေး ဆိုသလိုဖြစ်နေပါတယ်။

ယနေ့အချိန်အထိ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ကိုယ့်မဲဆန္ဒရှင် ပြည်သူတွေနဲ့ တနှစ်နေလို့ တကြိမ်တောင်ထိတွေမှုမရှိတာတွေ့ရပါတယ်။ ယခုလွှတ်တော် သက်တမ်း ၄ နှစ်ပြည့်တော့မယ့် အချိန်ထိ ကိုယ့်မဲဆန္ဒရှင်တွေရဲ့ သဘောထားဆန္ဒမေးမြန်းတာ သူတို့တွေရဲ့ လိုအပ်ချက်တွေ ၊ မိမိရဲ့လုပ်ဆောင်ချက်တွေကို ချပြရှင်လင်းတာကို လုပ်ဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်နှစ်ယောက်ရှိသလဲဆိုတာ ကာယကံရှင်တွေအသိဆုံးဖြစ်မှာပါ။ ရာခိုင်နှုန်း ၉၀ နီးပါးလောက်သော ဒေသခံမဲန္ဒရှင်ပြည်သူများဟာ မိမိလွှတ်တော်ကိုယ်စားလှယ်ကို မဲဆွယ်တုန်းကသာ တစ်ခါပဲမြင်ဘူးလိုက်ပြီးနောက်ပိုင်း နောက်ထပ်မတွေ့မြင်ရကြောင်း ပြောဆိုနေကြတာကို တွေ့ရပါတယ်။ တစ်ချို့မဲဆန္ဒရှင်တွေဆိုရင် မိမိလွှတ်တော်ကိုယ်စားလှယ်ဟာ ဘယ်သူဖြစ်တယ် ဘယ်ပါတီက ဖြစ်တယ်ဆိုတာတောင် မသိကြတာ တွေ့ရပါတယ် ။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် လွှတ်တော်ကိုယ်စာလှယ်တွေဟာ ပြည်သူတွေနဲ့ ဘယ်လောက်ကင်းကွာနေတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမဲဆွယ်တုန်းကတော့ ပြည်သူတွေကို လေတစ်လုံးမိုးတစ်လုံးနဲ့ ကတိတွေအမျိုးမျိုးပေးခဲ့ပေမယ့် မိမိပေးထားသောဂတိကို အကောင်အထည်ဖော်ဖြည့်ဆည်းပေးနိုင်တဲ့ ကိုယ်စားလှယ်ဟာ မရှိသလောက်လောက်ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်မှာ တက်ရောက်နေတဲ့လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၆၆၀) ကျော်ရှိပြီး လွှတ်တော်အစည်းအဝေး ၆ ကြိမ်အတွင်း အဆိုတင်သွင်းဘူးတဲ့ဦးရေက (၃၆၃) ဦးပဲရှိတယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်စောင့်ကြည့် လေ့လာရေးအစီရင်ခံစာတွင် ဖော်ပြထားတာတွေ့ရပါတယ်။ ဒီစာရင်းကိုကြည့်ချင်းအားဖြင့် တစ်ဝက်နီးပါးလောက်က အဆိုတင်သွင်းမေးမြန်းတာလုံးဝမရှိဘဲ လွှတ်တော်ထဲမှာ သွားထိုင်ပြီး အချိန်ဖြုန်းနေသလိုဖြစ်နေပါတယ်။ ယခု (၁၁) ကြိမ်မြောက်လွှတ်တော် အစည်းအဝေးအထိလည်း အဆိုမတင်သွင်း မဆွေးနွေးဘူးတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဟာ ရာဂဏန်းအထိရှိနေသေးတယ်လို့ သိရှိရပါတယ်။ ဒီအချက်တွေကို ကြည့်ချင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များဟာ တကယ်အလုပ်လုပ်သလား မလုပ်ဘူးလားဆိုတာ အရှင်းသားတွေ့မြင်ရမှာပါ။ ထိုလွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ်ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင်ပြည်သူတွေအပေါ်မှာ တာဝန်ကျေမှုမရှိသလို နိုင်ငံတော်ကနေပေးအပ်တဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေကို ရယူခံစားပြီး အလုပ်မလုပ်ကြတဲ့အတွက် တိုင်းပြည်နဲ့ပြည်သူအတွက် အရမ်းနစ်နာလှပါတယ်။

လွှတ်တော်အတွင်းမှာ မေးမြန်းဆွေးနွေးတဲ့ မေးခွန်းတွေ၊ အဆိုတွေဟာလည်း အရေးမကြီးသော၊ ထိရောက်မှုမရှိသော မေးခွန်းနဲ့ အဆို တချို့ကို ယနေ့အထိ တင်သွင်းဆွေးနွေးနေတာဟာလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ မြို့နယ်အဆင့် ရပ်ကွက်အဆင့်မှာတင်ဖြေရှင်းလို့ရတဲ့ ကိစ္စတွေဖြစ်တဲ့ ကွန်ကရစ်ဓာတ်တိုင်လဲပေးဖို့ကိစ္စ၊ ကျေးရွာလမ်းပြုပြင်ပေးရေးကိစ္စ ၊နောက်ဖေးလမ်းကြားအမှိုက်ပစ်တဲ့ကိစ္စ စတဲ့ အရေးမကြီးသော ကိစ္စတွေကို တင်ပြဆွေးနွေးနေတာတွေကို စိတ်ပျက်ဖွယ်တွေ့မြင်နေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းဝေးပွဲမှာဆိုရင် မုဒုံမဲဆန္ဒနယ်မှ ဦးမြသိန်းက မုဒုံမြို့ပေါ်တွင်ရှိသော ဝင်းကဖို့ရပ်ကွက်တွင် ကြက်မွေးထားသော အိမ်(၃)အိမ်ကို ရပ်ကွက်နှင့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးရန် အစီစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့တာကိုတွေ့ရှိရပါတယ်။ တိုင်းပြည်အတွက်တကယ်အရေးကြီးသော အခြေခံဥပဒေပြင်ဆင်ရေး၊ လယ်ယာမြေသိမ်းမှု ပြဿနာတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ဒေ သတွေက စစ်ပွဲတွေ၊ စစ်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် အရေး ကိစ္စတွေ၊ အာဏာရှင်နဲ့ အပေါင်းပါခရိုနီတွေရဲ့ တိုင်းပြည်ရဲ့ပိုင်ဆိုင်မှုတွေ၊ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို မတရားလုပ်နေကြတဲ့ ကိစ္စတွေ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအပိုင်းတွေရဲ့ အဂတိတရားလိုက်စားမှုကိစ္စတွေကို အလေးထားဆွေးနွေးအဖြေရှာမယ့်အချိန်မှာ ရပ်ကွက်ထဲက ကြက်ခြံဖယ်ရှားပေးဖို့အဆိုတင်သွင်းတာဟာ မယောင်ရာဆီလူးနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လွှတ်တော်အဆောက်အဦးကြီးကတော့ နိုင်ငံတကာအဆင့်မှီဖြစ်နေပေမယ့် လွတ်တော်ကိုယ်စားလှယ်အချို့ရဲ့ အရည်အချင်းကတော့ နိုင်ငံတကာအဆင့်မမှီတာတွေ့ရပါတယ်။

ယခုကျင်းပနေတဲ့ အစည်းအဝေးမှာလည်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကိုယ်တိုင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား Viber Video Call တပ်ဆင်ပေးရန်နဲ့ ထိုသို့တပ်ဆင်ပေးရန်အတွက် အဖွဲ့တစ်ဖွဲ့ဖြင့်စေလွတ်ဆောင်ရွက်ပေးရန် ဆက်သွယ်ရေးဒုဝန်ကြီးကို ပြောကြားပါတယ်တဲ့။ မသိလို့မေးပါရစေ လွှတ်တော်ကိုယ်စားတွေကို Viber Video Call တပ်ပေးရေးကိစ္စက ဘယ်လောက်များအရေးပါနေလို့လဲ ပြည်သူအတွက်ရော ဘာတွေများအကျိုးရှိသွားမှာမလို့လဲ။ Viber (ဗိုက်ဘာ) ဆိုတာ နယ်ကကလေးတွေတောင် ဘယ်လိုသုံးရတယ် ဖုန်းထဲကို ဘယ်လိုထည့်ရတယ်ဆိုတာနားလည်ပါတယ်။ ဒီလိုအရေးမကြီးတဲ့အကြောင်းအရာတွေကို အရေးကြီးတကြီးလုပ်ပြီး ပြောဆိုဆွေးနွေးနေတာတွေဟာ ပြည်သူအကြားမှာ ရီစရာဖြစ်လို့နေပါတယ်။

ဒီလို အရေးမကြီးသော အဆိုများကို လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော် ဥက္ကဌများက တင်သွင်းဆွေးနွေးခွင့်ပြုပေမယ့် တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေ ဒုက္ခကြုံတွေနေရတဲ့ စစ်တပ်မှ လယ်မြေတွေ သိမ်းယူထားမှုနဲ့ပတ်သက်ပြီး တင်ပြဆွေးမှုကိုကြတော့ စစ်တပ်အပေါ် ပြည်သူတွေက အထင်လွဲမှားမှုတွေ ဖြစ်စေတဲ့ အတွက်ကြောင့်ဆွေးနွေးခွင့်မပြုဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ထက် လွှတ်တော်ကိုယ်စားလှယ်များ ဟာ ပြည်သူ့အကျိုး တိုင်းပြည်အကျိုး ကိုတကယ်လိုလားသလား၊ တကယ်ရော စေတနာထားပြီး ရိုးသားစွာ လုပ်ဆောင်နေကြသလားဆိုတာ မေးခွန်းထုတ်ဖို့လိုလာပါပြီ။
ဘာကြောင့် ဒီစကား ပြောရသလဲဆိုတော့ပြည်သူနဲ့ တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိသော အဆိုတင်သွင်းမှုတော်တော်များများဟာ အောင်မြင်မှုမရှိပဲ ကန်ကွက်ခံရပြီး ရှုံးနိမ့်တာများနေလို့ပဲ ဖြစ်ပါတယ် ။ "လယ်ယာမြေများ အသိမ်းခံရမှုကြောင့် တောင်သူများ နစ်နာမှု မရှိစေရေး တရားမျှတစွာဖြေ ရှင်းပေးရန်အဆို တင်သွင်းခဲ့စဉ်တုန်းက ထောက်ခံမဲ ၃၉၅၊ ကန့်ကွက်မဲ ၁၇၆ ၊ကြားနေမဲ ၂၄ မဲ ရှိခဲ့တယ်တဲ့" စဉ်းစားကြည့်ကြပါ တိုင်းပြည်ရဲ့ကျေးဇူးရှင်ကြီးများလို့ သတ်မှတ်ထားတဲ့ တောင်သူလယ်သမားတွေ မတရားလုပ်တာမခံရဖို့ အတွက်တင်တဲ့ ဒီလိုအဆိုကိုတောင် ကန့်ကွက်မဲ နှင့် ကြားနေမဲ ရှိနေပါတယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြည်သူအပေါ်ထားတဲ့ စိတ်စေတနာတွေဟာ သံသရ ရှိစရာကောင်းမနေဘူးလား။

နောက်ပြီး ဆင်းရဲသားပြည်သူတွေကို ရေနစ်ရာဝါးကူထိုးမယ့် လျပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရေးအဆိုကြ တစ်ခဲနက်ထောက်ခံလိုက်ကြပါတယ်။ မိမိကိုအားကိုးတကြီးနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူတွေကို စော်ကားလိုက်သလိုပါပဲ။ ပြည်သူကို ပို ဒုက္ခတွေ့စေမယ့် ဒီလိုအဆိုတွေကြ ၀ိုင်းထောက်ခံခဲ့ပေမယ့် အခွင့်ထူးခံ ခရိုနီလူတန်းစားတရပ်ကသာ လုပ်ကိုင်ခွင့်ရနေသော အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ပြည်သူတွေကို အကျိုးမပြုသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခံမယ့် အဆိုကြတော့ ၀ိုင်းကန့်ကွက်ခဲ့ကြလို့ မအောင်မြင့်ခဲ့ပါဘူး။ ပြည်ထောင်စုအစိုးရ၀န်ကြီးများပိုင်ဆိုင်မှု စာရင်းကို ပြည်သူကိုချပြဖို့အဆိုကိုလည်း ၀ိုင်းပြီးကန့်ကွက်လို့ မအောင်မြင်ခဲ့ပါဘူး . . . ဘာကြောင့်ကန့်ကွက်ကြတာလဲ ဒီလိုကန့်ကွက်လိုက်တာဟာ တိုင်းပြည်အတွက်လား ပြည်သူအတွက်လား ဘယ်သူ့အတွက်လည်းဆိုတာ လူတိုင်းနားလည်မှာပါ။။ .ဒီအချက်တွေကိုကြည့်ချင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူကို ကိုယ်စားမပြုဘဲ၊ လူနည်းစုဖြစ်သော အုပ်ချုပ်သူအာဏာပိုင်များနဲ့ အပေါင်းပါခရိုနီလူတန်းစားကိုသာ ကိုယ်စားပြုနေသလိုဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေဟာ လွှတ်တော်အစည်းအဝေးများအပေါ် စိတ်ဝင်းစာမှု ယုံကြည်အားကိုးမှု လုံးဝမရှိတော့တာပဲဖြစ်ပါလိမ့်မယ်။

လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ထဲမှာ မိမိပြည်သူတွေကောင်းကျိုးအတွက် စွမ်းဆောင်နိုင်မှုမရှိသည့်အပြင် နိုင်ငံတ၀န်းလုံးရှိ ပြည်သူ လူထုကို တိုက်ရိုက် အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်က မြို့နယ်ပေါင်း ၃၃၀ အတွက် တစ်မြို့နယ်လျင် သိန်းတစ်ထောင်နှုန်းချပေး ချပေးခဲ့သော်လည်း ဒေသအတွက် ထိရောက်စွာ အသုံးချခဲ့မှုမရှိဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြည်သူတွေက တညီတညွတ်ထဲပြောဆိုဝေဖန်တာ တွေ့မြင်နေရပါတယ်။ ပြည်သူအများစုဟာ လွှတ်တော်က ကိုယ့်ဒေသအတွက် သိန်းတစ်ထောင်ချပေးလိုက်တယ် ဆိုတာတောင်မသိကြပါဘူး။ ပြည်သူ့ဘဏ္ဍာငွေ ၃၃ ဘီလျံဟာ သဲထဲရေသွန်သလို အလဟသဖြစ်သွားရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီဟာ နေရာအားလုံးနီးပါး အနိုင်ရရှိပြီး လွှတ်တော်ထဲကို ၀င်ရောက်နိုင်ခဲ့သော်လည်း ပြည်သူတွေ အားကိုမျော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီနေ့အထိ ပြည်သူတွေအတွက် ထိရောက်သော အဆိုတင်သွင်းမှု မေးခွန်းမေးမြန်းဆွေးနွေးမှု သိပ်မတွေ့ရသေးပါဘူး။ အတိုက်အခံတွေ လွှတ်တော်ထဲရောက်သွားမှ ပြည်သူတွေဟာ မျော်လင့်ချက်မဲ့ အားကိုးရာမဲ့ ဖြစ်သွားရပါတယ်။

ပြည်သူ့နဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အမုန်းခံပြီး ရဲရဲဝင့်ဝင့် သတ္တိရှိရှိ ဆွေးနွေးရဲတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မရှိသလောက်ပါပဲ။ လွှတ်တော်ဥက္ကဌ၊ စစ်တပ်နဲ့ အစိုးရ ရဲ့မျက်မုန်းကျိုးမှာ ကြောက်နေတဲ့ပုံစံတွေတွေ့မြင်နေရပါတယ်။ ပြည်သူတွေခမျာမှ ဆင်းရဲတွင်းနက်သထက်နက်လာပြီး ပြဿနာပေါင်းစုံ ဒုက္ခပေါင်းစုံ ခါးဆီးခံနေရကြရပါတယ်။ ဒီအချိန်မှာ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးပါမယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ခေါင်းပေါင်းစလေးတလူလူ ပုဆိုးတိုက်ပုံတပြောင်ပြောင်နဲ့ လွတ်တော်မှာဟန်ရေးပြလို့ကောင်းနေကြတာဟာ ဆင်းရဲသားပြည်သူတွေကို မျက်နှာပြောင်တိုက် စော်ကားနေကြသလိုဖြစ်နေပါတယ်။ နိုင်ငံတစ်ကာက လွှတ်တော်အစည်းအဝေးပွဲ တွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အားကျိုးမာန်တက် လက်သီးလက်မောင်းတန်း ငြင်းခုန်ဆွေးနွေးနေကြပေမယ့် ကျွန်တော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်များကတော့ အိပ်ငိုက်သူကငိုက်၊ စာဖတ်သူကဖတတ်၊ ပုတီးစိပ်သူကစိတ်၊ အင်တာနက်ထိုင်သုံးသူကသုံး ဇိမ်ကိုကျနေတာပါပဲ။ လွှတ်တော် ဥက္ကဌ ကတောင် အိပ်ငိုက်မနေဖို့ သတိပေးခဲ့ရ ဖုန်းတွေပိတ်ထားဖို့ပြောရတဲ့ အခြေအနေအထိပါပဲ။

အုပ်စုအဖွဲ့အစည်းတစ်ခုက မိမိတို့အသားစီးရရှိဖို့ ကြိုတင်အကွက်ချနေရာယူခဲ့တဲ့ အစိတ်သား စစ်သားလွှတ်တော်ကိုစားလှယ်များဟာလည်း တိုင်းပြည်နဲ့ ပြည်သူအတွက် ထိရောက်တဲ့စွမ်းဆောင်မှုကိုမတွေ့မြင်ရပဲ အိမ်ပြည့်အောင် ၀င်ထိုင်ပေးနေရသလိုဖြစ်နေပါတယ်။ (၆) ကြိမ်မြောက်အစည်းအဝေးအထိ အဆိုတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်ဟာ ၂ ယောက်ပဲရှိခဲ့လို့ သိရှိရပါတယ်။ ဒီနေ့အထိလည်း အဆိုတင်သွင်းချင်း၊ ၀င်ရောက်ဆွေးနွေးချင်းမပြုသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက ထောက်ခံတယ် မထောက်ခံဘူး မပြောဆိုမဆွေးနွေးပါက လွှတ်တော်ပြင်ပသို့ ထွက်ခိုင်းသည်အထိအမိန့်ချနိုင်ကြောင်း သတိပေးပြောဆိုရတဲ့အထိဖြစ်ခဲ့ရတာဟာ အမတန် ရုပ်ဆိုးအကျဉ်းတန်လှပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီအစိုးရသစ် သက်တမ်း ၄ နှစ်ပြည့်တော့မယ်အချိန်အထိ တိုင်းပြည်ဟာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘာတစ်ခုမှ တိုးတက်ပြောင်းလဲတာ မတွေ့မြင်ရသေးပါဘူး။ လက်ရှိပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ ပြဿနာတွေကို အုပ်ချုပ်သူအစိုးရကလည်း ဖြေရှင်းမပေးသလို အတိုက်အခံနိုင်ငံရေးသမားတွေကလည်း ကူညီဖြေရှင်းပေးနိုင်မှု ဦးဆောင်လမ်းပြနိုင်မှု အကာအကွယ်ပေးနိုင်မှုမပြုနိုင်ပဲ သူတို့ကိုယ်တိုင် ကစားကွက်ပျောက်နေကြတာတွေ့မြင်နေရပါတယ်။ ပြည်သူ့အတွက် လွှတ်တော်ဆိုတာကလည်း ပြည်သူကို ကိုယ်စားမပြုနိုင်တော့ ပြည်သူတွေခမျာမှာ ကယ်သူမဲ့နေတဲ့ဘ၀ ဖြစ်နေရရှာပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက လွတ်တော်ရဲ့သက်တမ်းဟာ တနှစ်ကျော်လောက်သာ ကျန်ရှိပါတော့တယ်၊ ယခု ၁၁ ကြိမ်မြောက်အစည်းအဝေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲစနစ်ရွေးချယ်ချင်းစတဲ့ တိုင်းပြည်အနာဂတ်အတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်အတည်ပြုတာတွေကို လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူ့ကိုကိုယ်စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပြည်သူကောင်းကျိုးအတွက် ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ သန်းခြောက်ဆယ်သော ပြည်သူများက နောက်ဆုံးမျော်လင့်ချက်အဖြစ်နဲ့ စောင့်ကြည့်နေပါတယ်လို့ပြောချင်ပါတယ် . . .

- ကျော်ကြီး(MDY)

30.9.14 ထုတ် Tomorrow ဂျာနယ် အမှတ်(၃၁) တွင်ပါရှိသော ဆောင်းပါး
https://www.facebook.com/photo.php?fbid=824117967627236&set=a.270918112947227.64735.100000871224212&type=1


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သား အောင်ဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့ တရားလိုတွေဘက်က တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။

အမှုတွေကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ အမှုနှစ်မှုနဲ့ ရုံးထုတ်စစ်ဆေးမယ်လို့ တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပုဒ်မ ၃၇၆ သားမယားပြုကျင့်တဲ့ မုဒိမ်းမှုနဲ့ ၃၆၃ ဆို လူခိုးမှုပါပါတယ်။ အသက်က ၁၄ နှစ်ပဲ ရှိသေးတယ်ဆိုတော့။ ကလေးကို ခိုးတာပေါ့နော်၊ အုပ်ထိန်းသူအောက်ကနေ။ ပုဒ်မ ၂ ခုနဲ့။”

တပ်သားအောင်ဘိုဘိုက မိန်းကလေးငယ် ဈေးကအပြန်မှာ ခြုံထဲအတင်းဆွဲသွင်းပြီး အဓမ္မပြုကျင့်တာလို့ ကွတ်ခိုင်ရဲစခန်းမှာ အမှုဖွင့်ပေမယ့် စစ်သားဖြစ်တဲ့အတွက် စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပါတယ်။ စစ်ခုံရုံးက စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တနှစ်စီရင်ပြီးတဲ့နောက် တရားလိုတွေရဲ့ တောင်ဆိုချက်အရ အရပ်ဘက် တရားရုံးကို ပြန်လွှဲပေးတဲ့အမှု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမျိုးသမီးငယ်ရဲ့ အဒေါ်က အမှုမှန်ဖော်ထုတ်ပေးဖို့ လိုလားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ခြေလျင်တပ်ရင်း ၅၆၇ ကနေ သူတို့ ၄ လပိုင်း ၈ ရက်နေ့က ရောက်ပါတယ်။ ဖြစ်စဉ်ကတော့ ၁၆ ရက် (မေလ) ညနေ ကျမရဲ့တူမအရင်းကို သူတို့က စော်ကားသွားပါတယ်။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်ရှင့်။”

ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းပြည်နယ်က ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် တဦးဖြစ်သူ မမိုင်းမိုင်ကတော့ စစ်ခုံရုံးက ချမှတ်တဲ့ ပြစ်ဒဏ် ၁ နှစ်ဟာ ပေါ့တဲ့အတွက် အရပ်ဘက်တရားရုံးကို လွှဲပြောင်းစီရင်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေက မူဆယ်ခရိုင်တရားရုံမှာ ရုံုးထုတ်ခဲ့သလို အောက်တိုဘာ ၁ ရက်နေ့ကို ထပ်မံရုံးချိန်းတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကတော့ ဒီအမှုနဲ့ပတ်သက်လို့ အခင်းဖြစ်ပွားစကတည်းက ဆေးရုံမှာ ဆေးစစ်ချက်တရပ် ဆောင်ရွက်ခဲ့ပြီးပြီလို့ ပြောပါတယ်။

ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ တရားရေးပိုင်းက ဆောင်ရွက်ချက်ကို ခုလို ရှင်းပြပါတယ်။

ဦးကြွယ်ကြွယ်က “ကလေးသူငယ်ကို ကျူးလွန်တဲ့သူဟာ အရွယ်ရောက်ပြီးတဲ့သူလည်းဖြစ်ချင်ဖြစ်မယ်။ မရောက်သေးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒါ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ သို့သော်လည်း တပ်မတော်ပိုင်းဆိုင်ရာ ၀န်ထမ်းက ကျူးလွန်တဲ့ ဒီကိစ္စမျိုးတွေမှာတော့ တပ်မတော်ဥပဒေအရ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးရင် ကျနော်တို့ အရပ်ဘက်ဆိုင်ရာ တရားရုံးတွေနဲ့ မသက်ဆိုင်ပါဘူး။ လွှဲပြောင်းပေးတဲ့အခါမှာသာ ကျနော်တို့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက မဆိုင်းဇင်ကလည်း အစိုးရနဲ့ ကေအိုင်အို ပြန်တိုက်ကြတဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစလို့ သုံးနှစ်အတွင်းမှာ ကချင်နဲ့ရှမ်းပြည်နယ်တွေထဲက ကချင်အမျိုးသမီးတွေ မတရားကျင့်ခံရမှု၊ အသတ်ခံရမှု ၇၃ မှု ရှိခဲ့ပြီး အဲဒီထဲက ၃-၄ မှုလောက်ပဲ တရားခွင်ပေါ် ရောက်ခဲသေးတယ်လို့ ပြောပါတယ်။

ကျန်အမှုတွေကတော့ ခြိမ်းခြောက်ခံရတာ၊ လျော်ကြေးအနည်းငယ်နဲ့ ကျေအေးခဲ့တာ၊ တချို့အမှုတွေမှာတော့ တရားခွင်ရောက်ဖို့ အခွင့်အလမ်း မရှိတာတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကွတ်ခိုင်မြို့နယ် လွှတ်တော်အမတ် ဦးတီခွန်မြတ်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မိန်းကလေးဟာ နဂိုကတည်းက ဉာဏ်ရည်နိမ့်ကျမှု အနည်းငယ်ရှိပြီး ကျောင်းမနေကြောင်းနဲ့ အခုအအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ ထိတ်လန့်ငေးငိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။

မိဘအုပ်ထိန်းသူနဲ့ ကချင်အဖွဲ့အစည်းကတော့ တရားခံကို ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့အပြင် နစ်နာသူ မိန်းကလေးရဲ့ ရှေ့ရေးကိစ္စတွေပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။

မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သမီးငယ်ကြုံတွေ့ရတဲ့ အဖြစ်ဆိုးကို လူတွေမကြုံစေချင်လို့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“၅၆၇ စစ်တပ်က ကျနော်သမီးကို ဒီလို မတရား ရမ်းကားမှုပြုသွားပါတယ်။ ဒါမျိုးရမ်းကားတာဟာ လုံးဝ မကြိုက်ကြောင်း ကျနော် အဲလို ပြောချင်ပါတယ်။ နောက်နောင်လည်း ဒါမျိုးမဖြစ်စေအောင် လူတိုင်းကိုလည်း သတိပေးချင်လို့ အခုလို လုပ်ပါတယ်။”
အေးနိုင် DVB
http://burmese.dvb.no/archives/66496

ရန်ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံများနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ သူမလုပ်ခဲ့သော အကြောင်းအရာတစ်ခုကြောင့် ပြစ်မှုတစ်ခုခု အားကျူးလွန်သော တရားခံတစ်ယောက်ပမာ သူရဲစခန်းသို့ရောက်ရှိခဲ့ပြီး စစ်ဆေးခံနေရသည်။

သူဈေးရောင်းနေရာသို့ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားသည့် အတွက် အလွန်အမင်းအံ့အားသင့်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသကဲ့သို့ အနေအထိုင်အေး ဆေးပြီး ရိုးရိုးသားသား ဈေးရောင်းချခြင်းဖြင့် မိသားစု ဝမ်းစာရေးအား ဖြေရှင်းနေသောသူ့ အား ယခုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိဈေးရောင်း ချသူများပါ အံ့အားသင့်ခဲ့ရသည်ဟု ရန်ကုန်မြို့ ၏ နာမည်ကျော်ဈေးကြီးတစ်ခုအနီး ရာသီပေါ် သစ်သီးဝလံများရောင်းချသည့် ကိုဝင်းလှိုင် (အမည်လွှဲ)ကဆိုသည်။

''အဲဒီနေ့ညနေပိုင်းကခါတိုင်းလိုပဲဒီနေရာ မှာ ဈေးရောင်းနေတုန်း ရဲတွေရောက်လာ တယ်။ အစတုန်းကတော့ သူတို့လဲကိုယ့် ဆီမှာ ဈေးလာဝယ်တာထင်ပြီး ဘာဝယ်မလဲ လို့မေးတော့ သူတို့က ခင်ဗျားဆီမှာငါးထောင် တန်အတုတွေရှိတယ်လို့သတင်းရတဲ့အတွက် စစ်ဆေးစရာရှိလို့ရဲစခန်းကိုလိုက်ခဲ့ပါဆိုပြီးလာပြောတယ်။ အဲဒီလိုပြောတော့ကျွန်တော် လည်း တော်တော်အံ့သြသွားတယ်။ ကျွန်တော် ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စား နေတာ။ ကျွန်တော့်ဆီမှာ ငါးထောင်တန်အတု ဆိုတာလည်း ကြားသာကြားဘူးတာ။မြင်ဖူးတာ လည်းမဟုတ်ဘူး။ အခုကျွန်တော်ဆီကနေငါး ထောင်တန်အတုရတယ်ဆိုတော့ တော်တော် လန့်သွားတယ်။ နောက်တော့ကျွန်တော်ဆိုင် ကို ဘေးနားမှာရှိတဲ့ ဆိုင်နီးချင်းတွေကို ခဏ အပ်ပြီး ရဲစခန်းကိုလိုက်သွားတယ်။ ဟိုရောက် တော့အမှုစစ်က ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြပြီး ဒီပိုက်ဆံက ခင်ဗျားဆီကနေရတယ် လို့ခင်ဗျားအကြွေသွားလဲတဲ့ဆိုင်ရှင်ကပြောတယ်။ ခင်ဗျားဒီငွေကိုဘယ်ကနေဘယ်လိုရတာလဲဆိုပြီး မေးတယ်။ ကျွန်တော်ကလဲ ဈေးသည်ဆိုတော့ လူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့ အတွက် အဲဒီပိုက်ဆံဘယ်ကနေ ဘယ်လိုရလဲ ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ နောက် တော့မှ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ကျွန် တော်ဆိုင်ကို တရုတ်လိုလိုနိုင်ငံခြားသားနှစ် ယောက်ရောက်လာပြီး ဈေးမဆစ်ဘဲ ငွေကျပ် နှစ်သောင်းဖိုးသစ်သီးတွေ ဝယ်သွားတာကို ပြန် သတိရသလို အဲဒီငွေနှစ်သောင်းကိုလည်း အဲဒီ လူတွေကပဲ ငါးထောင်တန် အသစ်လေးရွက် ကို ပေးခဲ့တယ်ဆိုတာသတိရပြီးအမှုစစ်ကိုပြော ပြခဲ့တယ်'' ဟု ၄င်းကြုံတွေ့ခဲ့ရသော ဖြစ်စဉ် အား ကိုဝင်းလှိုင်ကရှင်းပြသည်။

ထိုနောက် ၄င်းအားအမှုစစ်ရဲအရာရှိမှ ထိုငွေများကို ပေးခဲ့သူများ၏ ပုံပန်းသဏ္ဌာန် များအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၄င်း အား ယင်းငွေစက္ကူများမှာ အတုဖြစ်ကြောင်း၊ လက်ဝယ်တွေ့ရှိပါက ဥပဒေကြောင်းအရ ထောင်ဒဏ်ချမှတ်သည်အထိအရေးယူခံရနိုင် ကြောင်း၊ သို့သော် ၄င်းမှာ ရိုးသား၍မသိနား မလည်သူတစ်ဦးဖြစ်ကြောင်းပတ်ဝန်းကျင်မှ ထွက်ဆိုခဲ့သည့်အပြင် ရောင်းမှားဝယ်မှားဖြစ် ခြင်းကြောင့် ယခုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို နား လည်သဘောပေါက်မိကြောင်း၊ နောင်တွင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအတုများတွေ့ ရှိပါက နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံးအကြောင်း ကြားရန် ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟု ယင်းကဆိုသည်။

''အမှန်အတိုင်းပြောရရင်တော့ ကိုယ်လုပ် တာမဟုတ်ဘဲနဲ့ဖြစ်သွားတာ။ ဒါပေမဲ့ ကိုယ်တိုင် မကျူးလွန်ရဘဲ အချုပ်ခန်းထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဈေးရောင်းလဲပျက် ခဲ့ရသလို အိမ်ကလူတွေလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်လိုအဖြစ်မျိုးတခြား သူတွေကိုလဲ မဖြစ်စေချင်ဘူးဗျာ။သာမန် လူတွေအနေနဲ့ကတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေအတုအစစ် ဆိုတာကို ဘယ်လိုမှ အလွယ်တကူခွဲနိုင်တာ မျိုးမဟုတ်တော့ ငါးထောင်တန်ဆိုရင်သတိနဲ့ လက်ခံသင့်တယ်။ ကျွန်တော်ဆိုရင်ဒီလိုပြဿနာ ဖြစ်ပြီးကတည်းက ငါးထောင်တန်နဲ့ဈေးလာ ဝယ်ရင် သိပ်မရောင်းရဲတော့ဘူး'' ဟု ကိုဝင်းလှိုင် ကထပ်မံပြောသည်။

ငါးထောင်ကျပ်တန် အတုပြဿ နာ မှာ ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေပြီးနောက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ကဲ့သို့ မြို့ကြီး များတွင်သာမက ကျေးလက်ဒေသများသို့ပါ ပျံ့နှံ့လျက်ရှိသည်။

ယင်းငွေစက္ကူအတုကြောင့် မသိနားမလည်ဘဲလက်ခံသုံးစွဲခဲ့သူများအနေ ဖြင့် လူမှုစီးပွားရေးဘဝများ ဆုံးရှုံးနစ်နာခဲ့ရ သည်မှာ မရေမတွက်နိုင်အောင် အများပင် ဖြစ်သည်။

သို့သော်ထိုငွေစက္ကူအတုများနှင့်ပတ်သက်၍သက်ဆိုင်ရာမှ ငွေစက္ကူအတုပြုလုပ် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူလျက် ရှိသော်လည်း ဖမ်းဆီးရရှိမှုနှင့် ပြည်သူများ အတွင်း ပျံနှံ့လျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပမာဏနှင့်နှိုင်းယှဉ်ပါက မည်သို့ မျှ ပြောပလောက်သည့် အနေအထားက မရှိ သေးဟု စီးပွားရေးနှင့် ဥပဒေရေးအကြံပေး ပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

''ဒီမှာကငွေတုလုပ်တဲ့သူတွေကိုဖမ်းဆီး တယ် ဆိုပေမယ့် ထိထိရောက်ရောက်စုံစမ်း ဖော်ထုတ်တာမျိုး မတွေ့ရသေးဘူး။ လက်ရှိမှာ ကငွေတုတွေ့ရင်တွေ့တဲ့ငွေတုဘယ်နေရာကနေ ဘယ်လိုလာတယ်ဆိုတာကို ခြေရာခံပြီး လိုက်ဖမ်းတဲ့ အဆင့်ပုံစံမျိုးပဲရှိနေသေးတယ်။တကယ့်ကြီးကြီးမားမား လုပ်နေတဲ့သူတွေကို ဖမ်းမိတာမျိုးတော့မတွေ့ရသေးဘူး။ တခြား နိုင်ငံတွေမှာကတော့ငွေတုလုပ်တဲ့ဂိုဏ်းတွေ ကို အချိန်ယူ စုံစမ်းပြီးတစ်ခါတည်းအမြစ်ပြတ် ဖော်ထုတ်ဖမ်းဆီးတာမျိုးတွေရှိတယ်။ အခုက ဘယ်ကနေဝင်လာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာ တယ်ဆိုတာကို သက်ဆိုင်ရာကိုယ်တိုင်ကသိ ပေမယ့် ထိထိရောက်ရောက်မလုပ်သေးလို့ ငွေတု တွေကပြည်သူတွေကြားထဲနဲ့စီးပွားရေးလုပ် ငန်းတွေကြားထဲပျံ့နှံ့ပြီး လက်ဝယ်မှာရှိတဲ့သူ တွေပဲ နစ်နာဆုံးရှုံးနေရတာ'' ဟု ယင်းကဆို သည်။

ထို့အပြင် လက်ရှိပြဋ္ဌာန်းထားသော တည် ဆဲဥပဒေအရ စီးပွားရေးလုပ်ကိုင်ရာမှ တစ်ဆင့် ဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်ရာမှတစ်ဆင့် ဖြစ်စေ၊ လစာပေးချေမှုမှ တစ်ဆင့်ဖြစ်စေ မည် သည့်အကြောင်းကြောင့်နှင့်ဖြစ်စေပေးချေသော ငွေများတွင် ငါးထောင်ကျပ်တန်အတုများပါ လာခဲ့ပြီး ထိုငွေစက္ကူအတုများအား အတုအစစ် မသိရှိဘဲ လက်ဝယ်တွင် ရှိနေသည်ဖြစ်စေ၊အသုံးပြုသည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ သွားရောက် အပ်နှံသည်ဖြစ်စေ ငွေစက္ကူအတုအရေအတွက် များပြားစွာမသိ နားမလည်ဘဲငွေတုလက်ခံရရှိထားသူအားသက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိပါက ဦးစွာဖမ်း ဆီးအရေးယူခံရမည်ဖြစ်သည်။

ထို့အပြင် ယင်း ငွေစက္ကူအတုများအား အတုမှန်းသိရှိသည့် အတွက် သက်ဆိုင်ရာသို့ သွားရောက်အပ်နှံ ပါကလည်း ထိုသို့သွားရောက်အပ်နှံသည့် အတွက် ယင်းငွေစက္ကူများနှင့်တန်ဖိုးညီမျှသော ငွေစက္ကူများအားရရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၌ ငွေလာရောက် အပ်နှံရာတွင် ငွေတုများပါဝင်ပါက ယင်းငွေ စက္ကူ၏တစ်ဝက်အားဖြဲ၍ ကျန်တစ်ဝက်အား ပြန်ပေးခြင်း၊ ငွေစက္ကူအတုအားသုံးစွဲ၍မရ စေရန် အပေါက်များဖောက်ကာ ပိုင်ရှင်အား ပြန်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လာရောက်အပ်နှံသောငွေအတုအရေ အတွက် များပါက သက်ဆိုင်ရာသို့အကြောင်း ကြားကာ လာရောက်အပ်နှံသူအား ဥပဒေ ကြောင်းအရ ထိုသက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင်ဘဏ်များနှင့်ပုဂ္ဂလိကပိုင်ဘဏ်များ မှသိရသည်။

ထို့အတွက် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ထားသော ငွေစက္ကူများအနက် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့်ငါးထောင် ကျပ်တန်၏ငွေစက္ကူအတုသည် မသိနားမလည် သူ တစ်ဦးဦး၏ လက်ဝယ်တွင်ရှိနေပါက မည် သို့မျှ အသုံးမဝင်ဘဲ အချိန်မရွေးအန္တရာယ် ပေးနိုင်သော စက္ကူတစ်ရွက်သာ ဖြစ်နေသည့် အပြင် ထိုငွေတုအား လက်ခံရရှိထားသူမှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသည်စကား ပုံပမာဆုံးရှုံးနစ်နာမှုအတိဖြင့်သာ ကြုံတွေ့ရ မည်သာဖြစ်သည်။

ယင်းအပြင် ထိုငွေစက္ကူ အတုကြောင့် နိုင်ငံတွင်းလက်ရှိထုတ်ဝေနေ သော ငွေကြေးများအပေါ် ပြည်သူလူထုအနေ ဖြင့် ယုံကြည်မှုကင်းမဲ့လာခြင်း၊ ငွေကြေးဖောင်း ပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။

အလားတူ ငွေစက္ကူအတုများပြည်တွင်း ၌ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီးစီးပွားရေးလုပ် ငန်းများတွင် အခက်အခဲ ကြုံတွေ့လာနိုင် ကြောင်း နိုင်ငံတော်သမ္မတ၏လူမှုစီးပွားအကြံ ပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

''ငွေစက္ကူဆိုတာက နိုင်ငံတော်ရဲ့အရေး ကြီးပစ္စည်းတစ်ခုနဲ့ အတူတူပဲ။ ငွေစက္ကူတစ်မျိုး ကို စထုတ်မယ်ဆိုတဲ့ အချိန်ကတည်းက အတု အပပြုလုပ်လို့မရအောင် လုံခြုံရေးစနစ်ကို စနစ်တကျလုပ်ခဲ့ရမှာ။ အခုကျတော့အဲဒီလို လုံခြုံရေးစနစ်ကိုသေချာမလုပ်ဘဲပေါ့ပေါ့တန် တန် လုပ်ခဲ့တဲ့အတွက် ငွေစက္ကူအတုတွေ ထွက်ပေါ်လာသလို အဲဒီငွေစက္ကူအတုတွေ ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေပဲ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရသလို နိုင်ငံရဲ့စီးပွားရေးမှာလည်း ငွေကြေးဖောင်း ပွမှုတွေဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန် တယ်။ နောက်ပြီး ဒီငွေအတုတွေကို မသိနား မလည်ဘဲ လက်ခံထားတဲ့ သူတွေအနေနဲ့ အတု မှန်းမသိလို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ ပေမယ့် အတုမှန်းသိလို့ ဘဏ်ကိုသွားအပ်တဲ့ အချိန်ကျတော့လည်း ဆုံးရှုံးနစ်နာမှုရဲ့တစ်စိတ် တစ်ဒေသတောင်ပြန်မရဘူး။အမှန်တော့ဒီလို ဖြစ်ရတာက ဗဟိုဘဏ်က ငွေစက္ကူထုတ်တဲ့ အခါမှာ လုံခြုံရေးစနစ် တင်းကျပ်မှုမရှိခဲ့လို့၊ သက်ဆိုင်ရာအပိုင်းကလည်း ငွေတုလုပ်တဲ့သူတွေ ကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ မှုအပိုင်းတွေမှာအားနည်းခဲ့လို့ဖြစ်ရတာ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကံညွန့် ကဆိုသည်။

ယင်းအပြင် မကြာသေးမီနှစ် အတော အတွင်းက ထုတ်ဝေခဲ့သောငွေကျပ်တစ်သောင်း တန်များတွင်လည်း အတုများကိုလည်း ယခုအခါ တွေ့မြင်လာရကြောင်း၊ လတ်တလောအား ဖြင့် ငါးထောင်တန်အတုနှင့်တစ်သောင်းကျပ် တန်အတုများကို ယခုနှစ်ပိုင်းအတွင်း ပိုမို အတွေ့များလာကြောင်း၊ ယင်းငွေတုများအား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရှိရပြီး ကာလာ ပရင်တာကဲ့သို့ ရောင်စုံမိတ္တူကူးစက်များဖြင့် ပြုလုပ်ထားသော ငွေစက္ကူအတုများအား အလွယ် တကူ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသော ငွေစက္ကူ အတုများကိုမူ မခွဲခြားနိုင်ချေ။ ငွေအတုအစစ် ခွဲခြားနိုင်သည့် ကျွမ်းကျင် သူပညာရှင်များသာ သိရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၏ ငွေတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။

ထို့သို့ငါးထောင်ကျပ်တန်ငွေ စက္ကူအတု များနှင့် ပတ်သက်၍မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူများ အား စတင်ထုတ်ဝေခဲ့သည့် ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂ဝ၁၃ခုနှစ် ဇန်နဝါရီ လအထိ ငါးထောင်ကျပ်တန် ပမာဏတန်ဖိုး ငွေ ၂၈ဝဝ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှုအရ ငွေ စက္ကူအတုလက်ခံရရှိနိုင်မှုရှိသော်လည်း လှည့် လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း၊ ယင်းငါးထောင်တန်ငွေစက္ကူများအား စတင် ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလအထိ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ၃၇၅၈ရွက်၊ တန်ဖိုးအားဖြင့် ငွေကျပ် တန်ဖိုး ၁၈၇၉ဝဝဝဝအား လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးအား ပေးပို့ခဲ့ကြောင်း၊ ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများသည် မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေး လောကတွင် လည်ပတ်နိုင်သည့်အတွက် ဗဟို ဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာန၏ငွေကြေး ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ်-၄၁ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြားအရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့် စက်များအသုံးပြု ခြင်းတို့ဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြည် သူ့ လွှတ်တော်အစည်းအဝေး တွင်ပြောကြား ခဲ့ကြောင်းသိရသည်။

သို့သော်ငွေတုများနှင့်ပတ်သက်၍ငွေတုစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီငွေတုပြဿ နာမှာတကယ်တမ်းတာဝန်ရှိတာ ကတော့ ဗဟိုဘဏ်ပဲဗျ။ ငွေစက္ကူတွေကိုဗဟို ဘဏ်ကထုတ်တာဆိုတော့ ငွေအတုတွေထိန်း ချုပ်ဖို့ကိုလဲ ဗဟိုဘဏ်ကဦးဆောင်ပြီးဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့က တော့ ငွေအတုတွေ့တယ်ဆိုရင် ဟုတ်၊မဟုတ် စနစ်တကျစစ်ဆေးပြီးခွဲခြားဆုံးဖြတ်ပေးရတာ ပဲရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် ငါးထောင်ကျပ်တန်ငွေစက္ကူ အတုများအား ပြည်တွင်း၌ထုတ်လုပ်နေခြင်း များရှိသကဲ့သို့ ပြည်ပနိုင်ငံများမှတစ်ဆင့်ဝင် ရောက်လာသည်များကိုလည်းတွေ့ရှိရကြောင်း ယင်းကဆက်လက်ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်မြန် မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ဈေးကွက်စီးပွားရေးစနစ်ပီပြင် စွာဖြစ်ပေါ်လာ ရေးနှင့် ငွေရေးကြေးရေးစနစ် ခေတ်မီခိုင်မာ တိုးတက်လာစေရေးအတွက် ဦးတည်ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အဆင့် မြင့်လုံခြုံမှု အဆင့်အတန်းရှိသော ငွေစက္ကူများ ကို ထုတ်ဝေခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန်ငွေစက္ကူ ၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည် ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည် အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန် နှင့် အတုအပပြု လုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာ ပြင်နှစ်ဖက်အား ဗားနစ် ( Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ငါးထောင်ကျပ် တန် ငွေစက္ကူကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ပါ ကြောင်း၊ ယင်းငွေစက္ကူအသစ်တွင်မူလ ငါး ထောင်ကျပ်တန် ငွေစက္ကူ၏မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက် ဆစ်ပိုင်းပြီးမြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအ သစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်း လဲထည့်သွင်းထားကြောင်း၊ယင်းလုံခြုံရေး ကြိုး အသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ် အစား ပိုမိုကြီးမား၍အရောင်လည်းပြောင်းလဲ နိုင်ပြီး ငွေစက္ကူအားကြည့်သည့် အနေအထား အပေါ် မူတည်၍ လုံခြုံရေးကြိုး၏အရောင် သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်း လဲနိုင်ကြောင်း၊ ငါးထောင်ကျပ်တန်ငွေစက္ကူ ၏မျက်နှာစာဖက်၊ လက်ယာဖက်အပိုင်းတွင် ပုံစံအသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူတော် ပုံ ရေစာပါရှိပြီး ငွေစက္ကူအားအလင်းရောင် တွင်ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ငွေစက္ကူအား ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် ( ဠမေညငျ့) အလွှာသည်ပြင်ပ မှ ရေခိုး ရေငွေ့များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ၏အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီး ခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏အသုံး ပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေကြောင်း၊ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေ စက္ကူမှာ လုံခြုံရေးပုံစံသစ်၊ ရေစာသစ်၊ ငွေ စက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် ( ဠမေညငျ့) အလွှာဖြင့်ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ကျန်ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါး ထောင်ကျပ်တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊ လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျက်ရှိ သော ငါးထောင်ကျပ်တန် ငွေစက္ကူများသည် လည်း တရားဝင်ငွေအဖြစ်ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထား သည်။

ယင်းသို့ ဗဟိုဘဏ်မှ လုံခြုံရေးအဆင့်မြှင့် ထားသော ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေမည့် ကြေညာချက် နှင့်ပတ်သက်၍ ''အခု ဗဟိုဘဏ်ကလုံခြုံရေး စနစ်အဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အ သစ်တွေထပ်ထုတ်မယ်ဆိုတဲ့နေရာမှာ ရည်ရွယ် ချက်နဲ့ လုပ်ကိုင်တဲ့စနစ်ကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီငွေစက္ကူအသစ်တွေကို ဘယ်လောက်ပမာဏရိုက်ထုတ်သွားမယ် ဆိုတာနဲ့ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်တန် တွေကို ဘယ်လိုသိမ်းဆည်းသွားမလဲဆိုတာ တော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ ပါဝင် တာမတွေ့ရတော လက်ရှိရှိနေတဲ့အတုတွေ ကလည်း မပျောက်အသစ်ကလည်း ထပ်ထွက် လာရင် ငွေကြေးဖောင်းပွမှုနှုန်းတွေပိုမိုမြင့် မားလာပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို တော့ စိုးရိမ်စရာရှိတယ်''ဟု စီးပွားရေးလုပ် ငန်းရှင်ဦးကံညွန့်က သုံးသပ်ပြောကြားသည်။

ယင်းအပြင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေခြင်း ကြောင့် လက်ရှိအချိန်တွင်ငွေကြေးဖောင်းပွမှု ပြဿနာအားကြုံတွေ့လာနိုင်သကဲ့သို့ တိုင်း ပြည်၏စီးပွားရေးခိုင်မာတောင့်တင်းလာသည့် အချိန်၌ငွေကျုံ့မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် အတွက် နှစ်ခါဆုံးရှုံးနိုင်သော အခြေအနေရှိ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကျုံ့ခြင်း ဖြစ်ပေါ်မှုများလာပါက စစ်ပွဲတစ်ပွဲအားရှုံးသည် ထက်ကုန်ကျစရိတ်ပိုမိုများပြားကြောင်း၊ ဥပမာ အားဖြင့် ဂျပန်နိုင်ငံသည် ယခင်ကငွေစက္ကူ အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့သည့် အတွက် ကြေးဖောင်းပွမှုများခဲ့ကြောင်း၊ ယခုအခါ ဂျပန် နိုင်ငံ၏စီးပွားရေးအခြေအနေမှာ များစွာတိုး တက်လာသော်လည်း ယခင်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုများ၏ ဆန့်ကျင်ဖက်ဖြစ် သော ငွေကျုံမှုပြဿနာအားရင်ဆိုင်နေရ ကြောင်း စီးပွားရေးပညာရှင်ဦးတင်သန်းဦးက သုံးသပ်သည်။

''ငါးထောင်တန်အတုတွေပပျောက် အောင်ဆိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အသစ်တွေထပ်ထုတ်တာက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေဖို့ ပိုမိုအား ပေးသလိုဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် ရော၊ ပြည်သူတွေအတွက်ပါမကောင်းဘူးလို့ တော့မြင်တယ်။ အမှန်ကတော့ ဒီလိုငွေကြေး တွေထပ်ထုတ်တာဟာ အစိုးရဘတ်ဂျက်လို
ငွေပြမှုကိုကာမိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါဘဲ။ ဒါပေမဲ့လည်းတစ်ဖက်က လည်း အတုတွေပေါ်နေတဲ့အချိန်မှာလုံခြုံ ရေးအဆင့်မြှင့်ထားတဲ့ ငွေစက္ကူအသစ်တွေထပ်ထုတ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ငွေတုကြောင့် ဆုံးရှုံးနစ်နာမှုနည်းသွားနိုင် တယ်လို့ ဗဟိုဘဏ်ကယူဆထားပုံရတယ်။ ဒါပေမဲ့ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ငွေ စက္ကူအသစ်တွေထုတ်တဲ့နေရာမှာ ယခင် ထုတ်ထားတဲ့ငွေတွေကို ပြန်လဲမပေးဘဲ ဆက်ပြီး သုံးစွဲခွင့်ပြုထားတဲ့အပေါ်မှာ ပြည် သူတွေအနေနဲ့ကတော့ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်ကငွေစက္ကူအသစ်ထုတ်ရင် ယခင်ထုတ် ထားတဲ့ ငွေစက္ကူအဟောင်းတွေကို ဖြေးဖြေး ချင်းအသစ်နဲ့ အဟောင်းလဲပေးသွားရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒီလိုမဟုတ်ပဲ အသစ်နဲ့ အဟောင်းလည်းလဲ မပေးဘူးဆိုရင် ငွေတု ပြဿနာကို တစ်ဖက်ကစိုးရိမ်ပူပန်ရသလို တစ်ဖက်ကလည်း ယခင်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြန်သိမ်းခံရမှာကိုစိုးရိမ်နေတယ်။

ဒါကလည်း မြန်မာနိုင်ငံမှာဗဟိုဘဏ်က ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ တရားမဝင် တော့ပါဘူးဆိုပြီး သုံးကြိမ်တိုင်တိုင်ဘာမှပြန် လဲလှယ်မပေးဘဲ ပြန်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့လိုပဲ''ဟု ယင်းကဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ တွင် ငွေစက္ကူအများအပြားအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေခဲ့သော်လည်း ယင်းသို့ထုတ်ဝေလိုက်သည့် တန်ဖိုးကြီးငွေကြေး များသည့် ဗဟိုဘဏ်မှထုတ်ဝေလိုက်သောငွေ စက္ကူများ၏ လုံခြုံရေးဆိုင်ရာအားနည်းချက် များရှိနေခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးအတုပြုလုပ်သူများအားထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူမှု အပိုင်းတွင် အားနည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သတ်၍ ပြည်သူသို့ အသိပညာပေးမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ငွေကြေးအတု ပြုလုပ်သူများနှင့် ယင်းငွေအတုများကား ယနေ့တိုင် တည်ရှိ နေဆဲပင်ဖြစ်သည်။

ထို့အပြင် ငွေစက္ကူအတု များအားအကြောင်း အမျိုးမျိုးကြောင့် လက် ခံရရှိထားသူများမှာလည်း ရှိနိုင်မည်ဖြစ်သည်။ ထိုသူများမှတစ်ဆင့် ငွေစက္ကူ အတုများထပ် မံပြန့်ပွားမှုမရှိစေရေးအတွက် ယင်းတို့ လက်ဝယ် တွင် ရှိနေသော ငွေစက္ကူ များအားအတုဟု သိရှိပါက ယင်းတို့၏အသိစိတ်ဖြင့် ထိုငွေကြေး များအားမည်သည့်နေရာမှမည်သို့ရရှိခဲ့သည် ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်အပ်နှံမည်ဆိုပါက ငွေစက္ကူအတုပြဿနာမှာ အ နည်းငယ်လျော့ကျသွား နိုင်မည်ဖြစ်သကဲ့သို့ ဗဟိုဘဏ်မှ အသစ်ထုတ်ဝေမည့် လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူကဲ့သို့သော အခြား ငွေစက္ကူများအား ထပ်မံထုတ်ဝေရာတွင်လည်း အသုံးပြုမည် ဆိုပါက ငွေတုပြဿနာမှာ အတန့်အသင့်ပြေ လည်သွားဖွယ်ရာရှိသည်။

သို့သော် ငွေတု ပြဿနာများအား ပြေလည်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်ထားသော် ငါးထောင် ကျပ်တန်ငွေစက္ကူများအား ထပ်မံထုတ် ဝေသည်ဟု ဆိုသော်ငြား ယင်းထပ်မံထုတ် ဝေသော ငွေစက္ကူများကြောင့် ငွေကြေး ဖောင်း ပွမှုများမဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ဗဟိုဘဏ်မှတစ်ပါး သိနိုင်မည်မဟုတ်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအဆင့်မြှင့် ထားသည့် ကျပ်ငါးထောင်တန်ငွေစက္ကူများ ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလိုက်ခြင်းအတွက် ကြိုဆိုရမည်ဖြစ် သည်။

ထိုရည်ရွယ်ချက်များထဲတွင် အတုအ ပပြုလုပ်မှုမှ ကာကွယ်ရန် ဟူသောအချက်တစ် ချက်လည်း ပါဝင်ရာ နောင်ထုတ်မည့်ကျပ်ငါး ထောင်အသစ်များအတွက် အတုအပမရှိနိုင် တော့ဟု ယုံကြည်ရပေမည်။

သို့သော်ယခင် ထုတ်ဝေပြီးသော ကျပ်ငါးထောင်များနှင့်အ တူပါဝင်လာမည့် အတုအပများကိုမူ မည်သို့ ပပျောက်အောင်၊ မသိနားမလည်သူများ မ သုံးစွဲမိအောင် စီမံဆောင်ရွက်ပေးမည်ကိုကား ပြည်သူများ အထူးစိတ်ဝင်တစားရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သူရိန်မိုး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

   
ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက IS အဖွဲ့နဲ့ ဆက်စပ်သူ တစ်ယောက်ကို ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က ဘီဘီစီကို ပြောပါတယ်။

အခု ဖမ်းဆီးမိသူ ဆာမီယွန် ရာမန်ဟာ မြန်မာ နိုင်ငံ အတွင်းမှာလည်း အလားတူ လူစုဆောင်းဖို့ အစီအစဉ်တွေ လုပ်နေတယ်၊ အသေးစိတ် သိရဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်နိုင်အောင် လုပ် နေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာတော့ အာအက်စ်အို လို့ခေါ်တဲ့ ရိုဟင်ဂျာ အစည်း အရုံးအဖွဲ့ဝင်သုံးယောက်ကို ရခိုင်ပြည်နယ် မောင်းတောမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီး ရမိခဲ့ တယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူတွေက ဘီဘီစီကို အတည်ပြု ပါတယ်။

လက်ရှိ အခြေအနေ အရ အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ် မဖြေရှင်းနိုင်ဘူး ဆိုရင် တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက် နိုင်တယ်လို့ အာဆီယံက ကုလသမဂ္ဂ အစည်း အဝေး တက်ရင်း ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းက ပြဿနာက အရှေ့တောင်အာရှနဲ့ ဒေသတွင်း နိုင်ငံတွေ အထိ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး နိုင်ငံတကာနဲ့လည်း အချက်အလက်တွေ ဖလှယ်ဆောင်ရွက် နေတယ်လို့ ဘန်ကောက်အခြေစိုက် ကျူလာ လောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြော ပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ အစ္စလာမ် ဘာသာဝင် ဆွန်နီ လူမျိုးစု တွေကို အခြေခံတာကြောင့် အရှေ့တောင် အာရှနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ထိုးဖေါက်ဝင်ရောက်ဖို့ အားကောင်းတဲ့ သဘောရှိနေတယ်လို့ သူက ပြောပါတယ်။
မြန်မာ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ကျွမ်းကျင်တဲ့ နိုင်ငံကြီးတွေက ကူညီဆောင်ရွက် ပေးဖို့ လိုပြီး လက်ရှိမှာတော့ နိုင်ငံတွေ အချင်းချင်း လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ပိုမို ဖလှယ်ကြလို့ ဖမ်းဆီးရမိ မှုတွေ တွေ့လာရတယ်လို့ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140929_is_bangladesh_burma


ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။

ပျောက်နေတဲ့ ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်တွေအပြင် စစ်တပ်နဲ့အတူ ဒေသခံတွေနဲ့ပါ ပူးပေါင်းရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"ပြီးခဲ့တဲ့ မွန်းလွဲ ၃ နာရီခွဲလောက်က နောင်မွန်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပူတာအိုကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်၊ အဲဒီ့နော်မွန်းမြို့နယ်အတွင်းမှာရှိတဲ့ ဂါတုရွာ ရွာသူတစ်ယောက်ကနေပြီးတော့မှ လက်ရှိ သတင်းဆက်သွယ်မှု ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ် အမျိုးအစားကို အဲဒီ့ကျေးရွာအနီးမှာ ထိုးကျသွားတာတွေ့ရတယ်လို့ ကျနော်တို့ဆီ သတင်းရရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့ဖက်ကလည်း ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့ ကျနော်တို့ဆီက B3 ရဟတ်ယာဉ် အမျိုးအစား ၂ စီးနဲ့ နောက်ပြီးတော့ စစ်ဖက် နယ်ဖက်ကနေရာ တပ်မတော်သားတွေရော ပူးပေါင်းပြီးတော့မှ ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်၊ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့သတင်း မရပါဘူးခင်ဗျ"

ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ စနေနေ့ နေ့လယ်က ကူညီကယ်ဆယ်ရေးအဖွဲ့ရှိရာ တဟွန်ဒန်းရွာကိုအသွား ပျံသန်းချိန် မိနစ် ၂၀ လောက်အကြာမှာပဲ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာတော့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်ဖြစ်သလို ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူလည်းဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ဒါ့အပြင်လည်း ပျောက်ဆုံးတောင်တက်သမား ၂ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရှာဖွေတွေရှိတဲ့ တောင်တက်သမားတွေရဲ့ အိတ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်လိုက်ပြီလို့လည်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"လက်ရှိကတော့ မနေ့က ပေ ၁၆ဝဝ အမြင့်မှာ အိတ်တစ်လုံး၊ နောက် ပေ ၁၇ဝဝ အထက်မှာ အပြာရောင်အိတ်တစ်လုံးကို အဓိကတော့ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးရဲ့ တောင်တက်ပစ္စည်းတချို့နဲ့ ကျနော်တို့ အိတ် ၂ လုံးကို တွေ့ရှိထားပါတယ်၊ ပူတာအိုမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် တစ်လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စား မိန့်ခွန်း ပြောကြား ခဲ့တာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်မကင်း ဖြစ်နေ တာတွေကို အတော်များများ ဖြေရှင်း ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီတို့ရဲ့ အစီအစဉ်မှာ ထည့်သွင်းထားဖို့ မလိုအပ်တော့ဘူးလို့ အပြည့်အဝယုံကြည်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဒါပေမယ့် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ရုပ်သိမ်းပေးဖို့ စောလွန်းသေးတယ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်းပြောကြားခဲ့ချိန် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထောက်ခံအားပေးမှုတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေမှာ တိုးတက်မှုတွေ ရရှိနေပြီး လူ့အခွင့်အရေးလှေကားထစ်နဲ့ တိုင်းတာရင် မြန်မာနိုင်ငံဟာ အလယ်အဆင့်ကို ရောက်နေပြီး ဒီတိုးတက်မှုဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ခံစားရာမှာ အထောက်အကူပြုစေတယ်လို့ ပြေကြားသွားပါတယ်။

နယူးယောက်ခ် အခြေစိုက် Human Rights Watch အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ပြောခွင့်ရ ဂျွန် ဆစ်ဖ်တွန် (John Sifton) က မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းဟာ ဓမ္မဓိဌာန်မကျဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ပထမဦးဆုံး နိုင်ငံတနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လှေကားထစ်မှာ အလယ်ကို ရောက်နေပြီလို့ ပြောတဲ့အချက်က ဘာကို ဆိုလိုသလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကိုယ့်အနေနဲ့ သတ်မှတ်ပိုင်ခွင့် ရှိပါသလား။ အမှတ်ပေးစာရင်းမှာ ကိုယ့်အမှတ်ကိုယ် ပေးနိုင်ပါသလား။ အရေးကြီးတာက မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို အကဲဖြတ်ခွင့် မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်ခြင်းမရှိဘူးလို့ ဆိုရမှာပါ။"

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သုံးနှစ်သက်တမ်းကာလအတွင်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှေ့ရှုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လှိုင်းသုံးရပ်ကို စတင်နေပြီး ပထမလှိုင်းဖြစ်တဲ့ စစ်အစိုးရကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ ဖော်ဆောင်နေပြီဆိုတဲ့ ပြောဆိုချက်ကိုလည်း မစ္စတာ Sifton က ဝေဖန်လိုက်ပါတယ်။

"မမှန်တဲ့အချက်ကို ထောက်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကနေ ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းခဲ့ပြီဆိုတာ ကျနော်တို့ မမြင်တွေ့ရသေးပါဘူး။ အသွင်ကူးပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရပါမယ်။ လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်တွေ ရှိနေတယ်။ လွှတ်တော်ကိုဖျက်သိမ်းဖို့ ဖွဲ့စည်းပုံမှာ အာဏာပေးထားတယ်။ ဒါတွေကို ပြင်ဆင်ရပါလိမ့်မယ်။ မပြင်နိုင်သေးဘူးဆိုရင်တော့ အရပ်ဖက်အုပ်ချုပ်ရေး ကူးပြောင်းနေပြီဆိုတာ ဘယ်မှန်ပါ့မလဲ။"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပထမလှိုင်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံလွတ်လပ်ခွင့်တွေ ဖန်တီးပေးရေးတို့ကို ဖော်ဆောင်နေပြီး ဒုတိယလှိုင်းအဖြစ် နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးအပြင် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသွားပါတယ်။ တတိယလှိုင်းအနေနဲ့ကတော့ နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ဒီမိုကရေစီနိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်ကို စတင်ဆောင်ရွက်နေပြီး အဓိက လူ့အခွင့်အရေး ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီဆွေးနွေးပွဲ အစီအစဉ်ကနေ မြန်မာနိုင်ငံကို ရုပ်သိမ်းပေးဖို့လည်း အချိန်တန်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စတာ Sifton ကတော့ အချိန်စောလွန်းသေးတယ်လို့ အခုလို တုံ့ပြန်ပါတယ်။

"ကျနော်တို့အမြင်ကတော့ လူ့အခွင့်အရေးကောင်စီ agenda ကနေ ရုပ်သိမ်းပေးရင် အချိန်စောသေးတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ခွင့်ပေးမယ်ဆိုရင်၊ ငြိမ်းချမ်းရေးသဘောတူညီမှုကို တိုင်းရင်းသားတွေနဲ့ ရယူနိုင်မယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘာသာရေးအကြမ်းဖက်မှုကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် စသဖြင့်တွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ တမျိုးပေါ့။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ပေးထားတဲ့ကတိတွေကို ဖြည့်ဆည်းမပေးသေးတာတွေ ရှိနေပါတယ်။"

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂမှာ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများအဖွဲ့က ဆွေးနွေးခဲ့သလို လူ့အခွင့်အရေးကောင်စီရဲ့ (၂၇) ကြိမ်မြောက် ညီလာခံမှာလည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး ယန် ဟီးလီဟာ ဇူလိုင်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကနေ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/hrw-cirticizes-on-wunna-maung-lwin-speech/2466940.html