10/02/14

အသုံးပြုသူများ အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် နာမည်အမှန်ဖြင့်သာ အသုံးပြု ရန် လိုအပ်ကြောင်း မူဝါဒချ မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲမှား သွားခဲ့ခြင်းသာ ဖြစ်ကြောင်း Facebook က ကြေငြာချက် ထုတ် တောင်းပန် လိုက် သည်။ လွန်ခဲ့သည့်လက မူဝါဒဆိုင်ရာ အပြောင်း အလဲပြုလုပ် ရန် စတင်ခဲ့ သည်။

ယင်းနှင့်ပတ်သက်၍ လိင်တူဆွဲဆောင်မှုရှိသည့် အမျိုးသမီးများ၊ Gay များ၊ ကျား/မ နှစ်မျိုးလုံးကို ဆွဲဆောင်မှုရှိသူများနှင့် လိင်ပြောင်းထားသူများ၏လုံခြုံရေး၊ ကျန်းမာရေးနှင့် လျို့ဝှက်ချက်ဆိုင်ရာ အချက်အလက်များနှင့် အပေးအယူပြုလုပ်ခဲ့ ရမှုများပင် ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် နာမည်မှန်ဖြင့်သုံးကြရန် Facebook က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ထုတ်ပြန်မှုကို နာမည် ပြောင် အသုံးပြုမှုကြောင့် Facebook accounts အပိတ်ခံခဲ့ရသူများက ဒေါသတကြီး တုံ့ပြန်ခဲ့ ကြသည်။

ယင်းသို့အပိတ်ခံရသူများထဲတွင် ပြည်တွင်း အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများ၊ ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်ခဲ့ကြသည်။ လူမှုကွန်ရက် သည် ဗုဒ္ဓဟူးနေ့က အခြားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်လုပ်ရေးအရာရှိချုပ် Chris Cox သည် ၄င်း၏ကိုယ်ပိုင် Facebook Page မှတစ်ဆင့် တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုမူဝါဒ ပြောင်းလိုက်တဲ့အတွက် ဘယ်လောက်နာကျင်စွာ ခံစားရတယ်ဆိုတာ ကျနော်တို့ နားလည်လာပါတယ်၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ပိုမိုကောင်းမွန် တဲ့ အတွေ့အကြုံတွေ ပေးပါ မယ်၊ Facebook ကို မူလအခြေအနေ အတိုင်း ပြန်သုံးနိုင်အောင် ကြိုးစားသွားပါမယ်လို့” Chris Cox က ၄င်း၏ စာမျက်နှာတွင် ဖော်ပြထားသည်။

နာမည်အတုနဲ့ Account ဖြစ်ကြောင်း အခြားအသုံးပြုသူတစ်ဦးက အကြောင်းကြား လာချိန် ရောက်မှသာ အဆိုပါ account ကို ဖျက်သိမ်း မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“Facebook ပေါ်တွင်ရှိသည့်လူတိုင်းသည် တကယ့်နာမည်ဖြင့် အသုံးပြုရန် လိုအပ်သည်ဟု မဆိုလိုကြောင်း၊ သို့သော် ကျနော်တို့မူဝါဒရဲ့ အနှစ်သာရ ကတော့ နာမည်အမှန်နဲ့ အသုံးပြုတာ ကို လိုလားပါကြောင်းလည်း ၄င်းက ဆက်လက်ရေးသားထားသည်။

“ခင်ဗျားအသုံးပြုတဲ့နာမည်ဟာ ခင်ဗျားရဲ့ Credit Card ၊ ကားမောင်းလိုင်စင် သို့မဟုတ် ကျောင်းသားကဒ်ပေါ်တွင် အသုံးပြုသည့် နာမည်ဖြစ်သင့်ကြောင်း လည်း ၄င်းကအကြံပြုထား သည်။ ယင်းသို့အသုံးပြုခြင်းသည် နာမည်အစစ်အမှန်ကို သွယ်ဝိုက်ဖော်ပြရာရောက်ကြောင်း ၄င်းကဆိုသည်။

မည်သို့ပင်ဖြစ်စေ Facebook သည် ၄င်း၏မူဝါဒကို ပြောင်းလဲနေဟန်ရှိသည်။ သို့သော် ပြောင်းလဲ လိုက်သည့် မူဝါဒနှင့် ညိစွန်းနေသည့် Sister Roma ကဲ့သို့သော ပုဂ္ဂိုလ်ကို ၄င်းတို့ မည်သည့် နာမည်ကို ရွေးချယ်သည်ဖြစ်စေ အသုံးပြုခွင့်ပေး မည် ဖြစ်ဟုလည်း ဖော်ပြထားသည်။

Sister Roma သည် Michael Williams’s နာမည်နှင့် Facebook ပေါ်တွင် ပို့စ်များ တင်လျက် ရှိသည်။

“နာမည်အစစ်အမှန်နဲ့ပဲ အသုံးပြုရမယ်ဆိုတဲ့ မူဝါဒမှာလည်း ချို့ယွင်း အားနည်းချက်တွေ ရှိပြီး ကျနော်တို့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေကို မရည်ရွယ်ဘဲ ထိခိုက်စေခဲ့ပါတယ်ထုတ်ပြန်သည့် ကြေငြာချက်တွင် Chris Cox က ပြောဆိုထားသည်။

ကိုးကား = http://www.sfgate.com/

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf



ဒီကနေ့ ဗုဒ္ဓဟူးနေ့ တရုတ်နိုင်ငံ အမျိုးသားနေ့ ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မြို့ ရဲ့ အထင်ကရ လမ်းတွေပေါ်မှာ ဟောင်ကောင် ကျောင်းသားတွေနဲ့ ပြည်သူ လူထု ထောင် သောင်းချီ ဆန္ဒပြနေကြ ပါတယ်။

ဟောင်ကောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားတဲ့ ဟောင်ကောင်ကျောင်းသားတွေကို လုံခြုံရေးရဲတွေဘက်က နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ဟောင်ကောင် ပြည်သူလူထုတွေပါ ပါဝင်လာပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲချုပ် နှုတ်ထွက်ပေးဖို့ပါ တောင်းဆိုလာတဲ့အထိ ဆန္ဒပြ အရှိန်အဟုန် ပိုမြင့်တက်သွားတာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဆန္ဒပြပွဲမှာရောက်ရှိနေတဲ့ ဟောင်ကောင်ရောက် မြန်မာကျောင်းသားတွေကို မေးမြန်းပြီး မဆုမွန်က တင်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်နိုင်ငံ ထူထောင်တဲ့ ၆၅ နှစ်ပြည့် နှစ်ပတ်လည် တရုတ်အမျိုးသားနေ့ အခမ်းအနား ဒီကနေ့ ဟောင်ကောင်မှာ ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မြို့ရဲ့ အဓိကနေရာကြီး သုံးခုမှာ ဟောင်ကောင် ဒီမိုကရေစီ ပြုပြုင်ပြောင်းလဲရေး ဟောင်ကောင် ကျောင်းသားတွေနဲ့ ဟောင်ကောင်ပြည်သူတွေ ထောင်သောင်းချီပြီး တောင်းဆို ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဟောင်ကောင်မြို့လည်နဲ့ အစိုးရရုံးတွေရှေ့မှာ ပိတ်ဆို့ပြီး ထိုင်သပိတ် ဆင်နွှဲ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ဟောင်ကောင် ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေဘက်က ငရုတ်ရည်တွေနဲ့ ပက်ဖြန်း၊ မျက်ရည်ယိုဗုံးတွေ ခွဲပြီး ခေါင်းဆောင်တချို့ကို ဖမ်းဆီး လူစုခွဲခဲ့ပေမဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲက ပိုအရှိန်မြင့်လာနေတာ ဖြစ်ပါတယ်။

အခုလက်ရှိ ဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဟောင်ကောင် တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတချို့လည်း ဆန္ဒပြပွဲတွေမှာ သွားရောက် လေ့လာနေကြပြီး ဒေသစံတော်ချိန် ညနေပိုင်းအထိ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ရဲလုံခြုံရေးတွေကြား အခြေအနေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေဆဲပါပဲလို့ သိရပါတယ်။ ဆန္ဒပြပွဲမှာရောက်ရှိနေတဲ့ ဟောင်ကောင်တက္ကသိုလ်က ကျောင်းသားတဦးဖြစ်တဲ့ ကိုထွဲအောင်ကို ဒီကနေ့ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ -

“လုံခြုံရေး အခြေအနေကတော့ အရမ်းကို peaceful ဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေကလည်း Non-Violence ကို အရမ်းကြီး promote လုပ်ကြတယ်။ ပိုစတာတွေ လိုက်ကပ်ကြတယ်။ ဆန္ဒပြတဲ့သူတွေအားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒီ Occupy Central က တောင်းဆိုတာကတော့ အဓိကတော့ Universal Suffrage ပေါ့နော်။ One Person, One Vote ပေါ့နော်။ ဒီဟောင်ကောင်မှာရှိတဲ့ Chief Executive ပေါ့နော် Government Structure အရဆိုရင် President လို နေရာယူထားတဲ့ Chief Executive ပေါ့နော် သူ့ကို ဟောင်ကောင်ပြည်သူတွေ လူ ၁ ယောက် မဲ ၁ ခုနဲ့ ရွေးချယ်ခွင့်ရှိရမယ်ဆိုတဲ့ဟာကို တောင်းဆိုကြတာခင်ဗျ။ အဲ့လိုတောင်းဆိုတဲ့အတွက်နဲ့ ဖြစ်လာတဲ့ Movement ဖြစ်တယ် ဒီဟာက။ ဒီ Occupy Central ဆိုတဲ့ Movement က။ အဲဒီ ၂၈ နဲ့ ၂၉ ရက်နေ့မှာ သူတို့ ရဲတွေက Tear Gas တွေသုံးတယ်၊ Pepper Spray တွေ သုံးတဲ့အတွက်ကြောင့်မို့လို့ ဟောင်ကောင်က ပြည်သူတွေက ဒီလို ပြည်သူတွေကို Tear Gas နဲ့ Pepper Spray သုံးရကောင်းလားဆိုပြီး အခုနောက်ဆုံးတောင်းဆိုတာက Chief Executive Resign လုပ်ပေး၊ ပြီးလို့ရှိရင် Police Chief ကလည်း Resign လုပ်ပေးရမယ်။ အဲ့လို တောင်းဆိုနေတယ်ခင်ဗျ။”

အင်္ဂါနေ့မှာတော့ ဟောင်ကောင်ရဲ့ အဓိကကျတဲ့ နေရာသုံးခုမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ရွက်ဖျင်တဲတွေပါ ထိုးပြီးတော့ စခန်းချဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဟောင်ကောင် ကျောင်းသားတွေရဲ့ အကြမ်းမဖက် လှုပ်ရှားမှုဖြစ်တဲ့ "The Umbrella Revolution" ထီးတော်လှန်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဟောင်ကောင်ရောက် မြန်မာကျောင်းသား ကိုထွဲအောင်က အခုလို သုံးသပ်ပါတယ်။

“Umbrella Revolution ကျနော်နားလည်သလောက် ပြောရမယ်ဆိုရင်တော့ အဲဒါက အဓိကအချက် ၂ ချက်ရှိတယ်။ အဲ့ဒီဆန္ဒစပြတဲ့နေ့မှာ ရာသီဥတုက အရမ်းပူတဲ့အခါကျတော့ လူတွေ ထီးဆောင်းပြီးမှ ဒီမှာ ဆန္ဒလာပြတာ။ ဖြစ်ချင်တော့ ပထမဆုံးစတဲ့ ၂၈ ရက်နေ့မှာ ရဲတွေက Pepper Spray နဲ့ ပက်တယ်။ ပြီးလို့ရှိရင် Tear Gas နဲ့ပစ်တော့ သူတို့ ခုနတုန်းက နေပူလို့ ဆောင်းဖို့အတွက် ယူခဲ့တဲ့ ထီးက Cover ဖြစ်သွားတာ။ အဲ့ဒီကနေစပြီးမှ Umbrella Revolution ဆိုပြီး စဖြစ်လာတာ။ တကယ်တမ်း Movement ရဲ့နာမည်က Occupy Central ခင်ဗျ။ Central ဆိုတာတော့ ဒီ Occupied Central Love and Peace ဟုတ်တယ်။ ဒီ Occupy Central နှစ်ရက်မြောက်မှာမှ Umbrella Movement, Umbrella Revolution ဆိုပြီးတော့မှ သူတို့က အဲ့လိုမျိုး ပြောကြတာ။”

ဟောင်ကောင်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ရပ်ပစ်ဖို့နဲ့ အာဏာဖီဆန်မှုတွေကို အဆုံးသတ်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက သတိပေးပြောကြားနေပေမဲ့ ဟောင်ကောင်မြို့လည်က အထင်ကရ နေရာတွေကို ဟောင်ကောင်ကျောင်းသားတွေ ပိတ်ဆို့ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကို မြန်မာကျောင်းသားတွေ သွားပြီးတော့ လေ့လာတဲ့အခါမှာတော့ ဟောင်ကောင်ကျောင်းသားတွေရဲ့ စည်းကမ်းတကျ ဆန္ဒပြတဲ့ အမူအကျင့်ဟာ လေးစားစရာဖြစ်တယ်လို့ သူ့အမြင်ပြောပြပါတယ်။

“ဒီဟောင်ကောင်က ကျောင်းသားတွေ ကျနော်မြင်သလောက်ဆိုရင် တကယ်လည်း ဇွဲရှိကြပါတယ်။ ကျနော် အရမ်းကို အံ့သြမိပါတယ်။ ဒီကကျောင်းသားတွေ စည်းကမ်းရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြို့ကြီးသား ပီသမှုပေါ့နော်။ သူတို့အခုဒီ ဆန္ဒပြတဲ့ လူတွေကို ပေးဖို့အတွက် Mask တွေ သူတို့သေချာ ပြင်ဆင်ထားတယ်။ ပြီးလို့ရှိရင် ရေသန့်ဗူးတွေ၊ ရေသန့်ဗူးတောင်မှ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးတွေ။ ပြီးလို့ရှိရင် စားစရာမုန့်တွေ သူတွေ့သေချာ ပြင်ဆင်ထားတယ်။ First Aid ရှိတယ်၊ ပြီးလို့ရှိရင် သူတို့ဒီ အရေးတကြီး ၀င်လာလို့ရတဲ့ လမ်းတလမ်း ဖွင့်ထားပေးတယ်။ Ambulance အတွက်ပေါ့နော်။ တကယ်လို့ Ambulance က သေရေးရှင်ရေး ရှိတယ်ဆိုရင် ၀င်လာလို့လွယ်အောင် အဲဒါတွေ သေချာလုပ်ထားတယ်ခင်ဗျ။ နောက်တခုက သူတို့ရဲ့ Non-violence ကို promote လုပ်တဲ့ဟာပေါ့နော်။ လူအဲဒီလောက် သောင်းချီပြီး ဒီမှာ ဆန္ဒပြတဲ့ဟာကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေ၊ ဘာပစ္စည်းတွေကိုမှ ဖျက်လိုဖျက်ဆီး မလုပ်ကြဘူးခင်ဗျ။ အဲဒါကတော့ Non-violence ကို Peacefully Protest လုပ်တဲ့ဟာ တခုပေါ့နော်။ သူတို့က အမှိုက်ကိုတောင်မှ ဆန္ဒပြတဲ့ သူတွေကပဲ လိုက်သိမ်းတယ်၊ လိုက်ကောက်တယ်။ အမှိုက်ကို ကောက်ပြီးမှ စနစ်တကျ တနေရာမှာ စွန့်ပစ်ထားတယ်။ အဲဒီလိုမျိုး အမှိုက်ပစ်တဲ့ နေရာမှာပေါ့နော်။ ပလပ်စတစ် ဆိုလို့ရှိရင် ပလပ်စတစ်၊ စာရွက်ဆိုလို့ရှိရင် စာရွက်ပေါ့နော် Recycle တွေလုပ်လို့ရတဲ့ အမှိုက်ပုံးတွေ သပ်သပ် အဲဒီလို ခွဲပေးထားတယ်ခင်ဗျ။ သူတို့ရဲ့ မြို့ကြီးသား ပီသမှု၊ ဒါကတော့ တကယ်ကို လေးစားဖို့ ကောင်းပါတယ်ခင်ဗျ။”

ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ ရွေးချယ်မှုဖြစ်ရေး ဟောင်ကောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုတဲ့ “Occupy Central Movement” လှုပ်ရှားမှုကို ဟောင်ကောင်ကျောင်းသားတွေက ပြီးခဲ့တဲ့သီတင်းပတ်က စတင်လိုက်တာ ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/hong-kong-protest/2468749.html

ရခိုင် ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်း ခြေတွင် စက်ကြီးများအသုံးပြု၍ သဲ တူးဖော် သယ်ဆောင်မှုများကြောင့် ဒေသတွင်းခရီးသွားများ တည်းခိုကြ သော တည်းခိုခန်းများဘက်တွင် ကမ်းခြေနိမ့်ဆင်းလာနေကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးအ ဆင့်ဆင့်မှ ကမ်းခြေဒေသသဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး အစီ အမံဖြင့် ကမ်းခြေသဲသောင်များကို မည်သူမှတူးဖော် အသုံးပြုခြင်းမရှိ စေရန် တားမြစ်မိန့်ထုတ်ပြန်ထား သည့်နေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှ ဒေသတွင်းလမ်းတံ တားများ တည်ဆောက်ရေးအတွက် ဟုဆိုကာ လာရောက်ထုတ်ယူနေ သဖြင့် ထို့ကဲ့သို့နိမ့်ဆင်းလာနေခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

''အမိန့်ထုတ်ထားလို့ အနီးအ နားရွာတွေကလမ်းတွေ၊ ဘုန်းကြီး ကျောင်းတွေနဲ့ သာရေးနာရေးကိစ္စ တွေမှာ သဲလိုအပ်ရင်တောင် ကျုံးလို့ မရပါဘူး။ သူတို့တွေပဲ စက်ကြီးတွေနဲ့ အလွန်အကျွံ သဲတွေယူတော့ ကမ်း ခြေမှာကျင်းတွေ၊ ချိုင့်ကြီးတွေဖြစ် လာတယ်။ တချို့နေရာတွေမှာဆို ရင် သဲအောက်ကနေပေါ်လာတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေကကမ်း ခြေသွားလာမှုမှာ အများကြီးအခက်အ ခဲဖြစ်တယ်'' ဟု ငပလီကမ်းခြေ၌ နေ ထိုင်သူ ကိုဇော်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင်းရှိ ထင်ရှား သည့်ကမ်းခြေများတွင် လမ်းပန်းဆက် သွယ်ရေးအတွက် တာဝန်ယူထားရ သော ဆောက်လုပ်ရေးလုပ်ငန်းများ မှ သဲတူးယူအသုံးပြုမှုများ အနည်း နှင့်အများ ရှိကြသော်လည်း စက်ကြီး များဖြင့် အလွန်အကျွံတူးဖော်နေ ပါက ကမ်းခြေ၏သဘာဝအလှသာ မက ကမ်းခြေတစ်ခုလုံးပါ ပျက်စီးသွား နိုင်သည်ဟု ငပလီကမ်းခြေ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက် နေသူ ကိုကျော်စိုးထွန်းကဆိုသည်။

ငပလီကမ်းခြေရှိ ဟိုတယ် ကြီး ၁၆လုံးနှင့် တည်းခိုခန်း ၁၅ဝ ခန့်ရှိနေပြီး တည်းခိုခန်းများရှေ့တွင် သဲတူးယူနေခြင်းဖြစ်ကြောင်း သိရ ပြီး စက်တင်ဘာလအတွင်းက စက် ကြီးများအသုံးပြု၍ သဲတူးယူမှုများ ကို သက်ဆိုင်ရာရဲစခန်းမှ ဆောက် လုပ်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်း ကာ တားဆီးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

''နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက် တဲ့လုပ်ငန်းခွင်တစ်ခုမှာ အသုံးပြုဖို့ သဲလိုနေလို့ ယူပြီးအသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ယူဆောင်အ သုံးပြုနေတာဖြစ်လို့ နောက်ထပ်အ လားတူ ကိစ္စမျိုးတွေ မဖြစ်အောင်ဘဲ ဖြေရှင်းပေးထားပါတယ်''ဟု သံတွဲမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် က ပြောသည်။

ဒေသတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများမှ သဲလိုအပ်မှုများကို ငပလီကမ်းခြေတွင် သာမက ကမ်းခြေအ နီးရွာများဖြစ်သော လင်းသာ၊ ဂျိတ် တော၊ မြပြင်စသည့် ကျေးရွာများ၏ ကမ်းစပ်များတွင်ပါ လာရောက်တူးယူ မှုများရှိနေကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

MMT(Myitmakha)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

ဟောင်ကောင်မှာ တရုတ် အစိုးရကို လိုလားတဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေက တရုတ် အမျိုးသားနေ့ အခမ်းအနားတွေ ကျင်းပ နေချိန်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြမှုတွေ ကတော့ ဟောင်ကောင် နေရာအနှံ့ကို ပြန့်နှံလာနေပြီး ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေ ထပ်တိုးလာနေပါတယ်။

တရုတ် ကွန်မြူနစ်ပါတီက အာဏာကို ရယူခဲ့တဲ့ ၆၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တရုတ် အမျိုးသား သီချင်းကို တီးမှုတ်ခဲ့ချိန်မှာ ကန့်ကွက် ဆန္ဒပြသူ တချို့က ကျောခိုင်းပြီး အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။

ထောင် သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်က အဓိကကျတဲ့ လမ်းဆုံ ၄ ခုမှာ နေရာယူထားကြပါတယ်။

ကြာသပတေးနေ့ မှာမှ ဟောင်ကောင် အုပ်ချုပ်ရေးမှုး စီဝိုင်လုံ C.Y. Leung ရာထူးက ထွက်မပေးဘူး ဆိုရင် အစိုးရ ရုံးတွေကို သူတို့ စတင် ဝင်ရောက် နေရာယူမယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

စီဝိုင်လုံ ကတော့ နိုင်ငံရေး စည်းမျဉ်း စည်းကမ်း သစ်တွေကို လက်ခံကြဖို့ လူထုကို အစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။ ဒီစည်းကမ်းသစ်တွေ အရ ၂၀၁၇ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို တရုတ် အစိုးရကို လိုလားသူတွေက ပထမဆုံး အကြိမ် တိုက်ရိုက် ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/world/2014/10/141001_hong_kong_protest

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)
ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)

နယူးယောက်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီက နှစ်စဉ်ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုအတွက် မြန်မာနိုင်ငံက ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့အတူ အီရန်၊ တောင်အာဖရိကနဲ့ ရုရှားနိုင်ငံက သတင်းသမား ၃ ဦးကို ဒီနှစ်အတွက် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အထဲမှာ ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေစိုက်ခဲ့တဲ့ ဧရာဝတီသတင်းဌာနဟာ အရေးပါခဲ့တယ်လို့လည်း CPJ က ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၀၁၄ ခုနှစ် ၂၄ ကြိမ်မြောက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ကို ရွေးချယ်ချီးမြှင့်ရတဲ့ အကြောင်းအရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမတိုင်ခင် ပြည်ပလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံ သတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ဧရာဝတီမဂ္ဂဇင်းဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် အရေးပါခဲ့တယ်လို့ CPJ ရဲ့ အာရှရေးရာတာဝန်ခံ Bob Dietz က ပြောပါတယ်။ ဒါ့အပြင် ပြည်ပမှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး မြန်မာအစိုးရကို ဆက်လက် ဝေဖန်ပြောဆိုရေးသားနေဆဲဖြစ်တဲ့ ကိုအောင်ဇော်ကို စံနမူနာထားစရာ သတင်းသမားအဖြစ် အသိအမှတ်ပြု ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေဟာ မရေရာ မသေချာသေးပါဘူး။ ကျနော်တို့ သံသယတွေနဲ့ အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေတာပါ။ စစ်မှန်တဲ့ အပြောင်းအလဲ အခုအချိန် မြန်မာနိုင်ငံမှာ ဖြစ်မလာသေးပါဘူး။ ကိုအောင်ဇော်ဟာ ကျနော်တို့လိုပဲ မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို ဝေဖန်ရေးသားနေသူပါ။ ဒါကြောင့် သတင်းလွတ်လပ်ခွင့်အတွက် အစိုးရကို ဆန့်ကျင်ပြီးတော့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုမှာ ကိုယ်စားပြုနိုင်သူ ကိုအောင်ဇော်ကို ဒီဆုနဲ့ထိုက်တန်သူအဖြစ် ကျနော်တို့ ရွေးချယ်ခဲ့တာပါ။”

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ဟာ ၂၀၁၃ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်ကချီးမြှင့်တဲ့ Shorenstein သတင်းသမားဆုကို လက်ခံရရှိခဲ့တာပါ။ အခု CPJ ကချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ကိုအောင်ဇော်ဟာ အခြားနိုင်ငံခြားသတင်းထောက်တွေဖြစ်တဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အီရန်သတင်းထောက် Siamak Ghaderi၊ ရုရှား Dozhd TV သတင်းဌာန အယ်ဒီတာ Milhail Zygar နဲ့ တောင်အာဖရိက City Press သတင်းစာအယ်ဒီတာ Ferial Haffajee တို့နဲ့အတူ ရရှိခဲ့တာပါ။ CPJ ကချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို မြန်မာနိုင်ငံသားနှစ်ဦး လက်ခံရရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု မှတ်တမ်းဗွီဒီယို ရိုက်ကူးမှုကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ မှတ်တမ်းဗွီဒီယို ရိုက်ကူးသူ ကဗျာဆရာအောင်ပွင့်နဲ့ ကဗျာဆရာငြိမ်းသစ်တို့နှစ်ဦး ဖြစ်ပါတယ်။

CPJ ကကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားဟာ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို အသိအမှတ်ပြုတဲ့ပွဲဖြစ်သလို ရန်ပုံငွေရှာဖွေပွဲလည်းဖြစ်တဲ့အပြင် အလှူရှင်တွေကို CPJ လှုပ်ရှားမှုတွေသိအောင် ပြသတဲ့ပွဲလည်းဖြစ်တယ်လို့ Bob Dietz က ပြောပါတယ်။

“ဒီဆုပေးပွဲအခမ်းအနားမှာ ကျနော်တို့ကို ထောက်ခံကူညီနေတဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် ချမ်းသာတဲ့နိုင်ငံတွေက အလှူရှင်တွေကို CPJ လှုပ်ရှားမှုတွေနဲ့ မိတ်ဆက်ပညာပေးအစီအစဉ်ကို ကျနော်တို့ လုပ်ပါတယ်။ သူတို့ထောက်ပံ့မှုတွေဟာ ဒီလို ဂုဏ်သိက္ခာ ရှိတဲ့သူတွေအတွက်လည်း ဖြစ်တယ်ဆိုတာကို ပြတာဖြစ်ပါတယ်။”

၂၄ ကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကိုတော့ နယူးယောက်မြို့က နာမည်ကျော် The Grand Ballroom မှာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့သတင်းဌာနတွေဖြစ်တဲ့ Reuters နဲ့ Google တို့ကလည်း ပါဝင်ကူညီကြမှာ ဖြစ်ပါတယ်။
Voa
http://burmese.voanews.com/content/cpj-aung-zaw/2468299.html


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လိုင်စင်
အပ်နှင်းခြင်းကြေညာချက်
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်

၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်လျှောက်လွှာ
များ လက်ခံရရှိပြီးနောက်၊ ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးရေးကော်မတီသည် အရည်
အသွေးဆိုင်ရာ၊ အချက်အလက်ဆိုင်ရာအသေးစိတ်အကြောင်းအရာများအပေါ်အခြေခံ
လျက် လျှောက်လွှာတစ်ခုချင်းကို စိစစ်ခဲ့ပါသည်။

အလေးအနက်သုံးသပ်စိစစ်ပြီးနောက်၊ ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးရေးကော်မတီ
သည် မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်းများစတင်နိုင်ရေးအတွက် ပြင်ဆင်နိုင်ရန်နိုင်ငံခြား
ဘဏ်ကိုးဘဏ်ကို ကနဦးခွင့်ပြုချက်ထုတ်ပေးရေး ဆုံးဖြတ်အတည်ပြုခဲ့သည်။

အောက်ဖော်ပြပါလျှောက်ထားသူများ(အက္ခရာစဉ်အလိုက်)သည် ကနဦးခွင့်ပြုချက်ကို
ရရှိပါသည်။

Australia and New Zealand Banking Group Limited (ANZ)
Bangkok Bank
Bank of Tokyo-Mitsubishi UFJ (BTMU)
Industrial and Commercial Bank of China (ICBC)
Malayan Banking Berhad (Maybank)
Mizuho Bank
Oversea-Chinese Banking Corporation (OCBC)
Sumitomo Mitsui Banking Corporation (SMBC)
United Overseas Bank (UOB)

ကနဦးခွင့်ပြုချက်သည် ၁၂ လ သက်တမ်းရှိပြီး၊ အဆိုပါကာလအတွင်း ခွင့်ပြုချက်
ရရှိသော လျှောက်ထားသူများ (နိုင်ငံခြားဘဏ်များ)သည် လျှောက်လွှာတွင် ဖော်ပြ
ထားသော ကတိက၀တ်ပြုချက်များကို ပြည့်မီအောင် ဖော်ဆောင်ရမည် ဖြစ်ပြီး၊
လုပ်ငန်းစတင်မည့် ပထမနေ့မှစ၍ ဘဏ်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် လိုအပ်ချက်များ
အားလုံးကို ဖော်ဆောင်ရမည်။ မြန်မာနိုင်ငံတော်၊ ဗဟိုဘဏ်မှ ချမှတ်ထားသော သတ်မှတ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

အထက်ဖော်ပြပါအခြေအနေများပြီးပြည့်စုံလျှင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်
မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခွင့်ပြုသော အပြီးသတ်လိုင်စင်ကို ထုတ်ပေးမည်။
ပြည်ထောင်စုအစိုးရနှင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုယ်စား၊ လိုင်စင်ထုတ်ပေးရေး
ကော်မတီသည် လိုင်စင်လျှောက်ထားခဲ့သူများအားလုံးကို လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိပါသည်။

လျှောက်ထားသူအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုနှင့်ဘဏ္ဍာရေးကဏ္ဍတွင်ဆက်လက်ပါဝင်နေလိမ့်မည်ဟု ကော်မတီအနေဖြင့်
မျှော်လင့်ပါသည်။

( နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးရေးကော်မတီ )


ဒေသတွင်းမှာရော နိုင်ငံတကာပါ ထိပ်တန်းရောက်နေတဲ့ သတင်းတပုဒ်ဖြစ်တဲ့ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ လုံးဝ ထည့်သွင်း ဖော်ပြတာမျိုး မရှိပါဘူး။

နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးသတင်းတွေ ကို ဖော်ပြရာမှာ အဓိပ္ပါယ်တမျိုး သက်ရောက်မှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ရတယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးဖို့ဆိုပြီးတော့ “ထီးတော်လှန်ရေး” ဆိုပြီး တင်စားခေါ်နေတဲ့ ကျောင်းသားတွေ ဆန္ဒပြမှုဟာ ဒေသတွင်းမှာရော နိုင်ငံတကာ သတင်းစာတွေမှာပါ ထိပ်တန်းရောက်နေတဲ့ သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုတွေကို ရေးသားဖော်ပြကြပေမဲ့၊ နိုင်ငံပိုင် သတင်းစာတွေမှာတော့ လုံးဝ ထည့်သွင်းရေးသားမှု မရှိသေးပါဘူး။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေ ရေးသားဖော်ပြရာမှာ ထားရှိတဲ့ မူဝါဒဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မဟုတ်ဘူးဗျ။ ကျနော်တို့က တချို့ကိစ္စတွေမှာတော့ အယ်ဒီတိုရီယယ် မူဝါဒဖြစ်တဲ့အတွက်ကြောင့် တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မဖော်ပြပါဘူး။ တချို့နိုင်ငံတွေရဲ့ သူ့ရဲ့ပြည်တွင်းရေး အခြေအနေကို ဖော်ပြလိုက်လို့ရှိရင် အဓိပ္ပါယ်တမျိုး သက်ရောက်သွားနိုင်တယ်လို့ ယူဆစရာ အကြောင်းရှိတဲ့အချိန်မှာ ဒီနိုင်ငံပိုင်မီဒီယာ အယ်ဒီတာအဖွဲ့တွေက အဲ့ကိစ္စမျိုးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာရှိပါတယ်။”

မေး။ ။ ဒါ အရင်ရှိထားပြီးတဲ့ မူဝါဒပဲလား။

ဖြေ။ ။ “ဟုတ်ကဲ့။ ဟိုတုန်းကတည်းကဗျာ ကျနော်တို့ကတော့ တခုကဗျာ အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းနေတယ်ဆိုပေမဲ့ တကယ်ကျတော့ အခုက နိုင်ငံပိုင်အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်ကြောင့်မို့ ကျနော်တို့က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလိုက်ခြင်းသည် တခါတလေမှာ အဲ့ဒါကို ကျနော်တို့ အစိုးရအနေနဲ့ သဘောတူတယ်လို့ ဖြစ်သွားနိုင်စရာရှိတဲ့ ကိစ္စမျိုးမှာဆိုရင် ကျနော်တို့က ဘယ်နိုင်ငံရဲ့ ပြည်တွင်းကိစ္စမဆို ကျနော်တို့က အဲ့ဒါကို အယ်ဒီတာအဖွဲ့တွေက တွက်ချက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာပါ။”

မြန်မာစာနယ်ဇင်းကောင်စီ အတွင်းရေးမှူးလည်းဖြစ် the Voice သတင်းဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးကျော်မင်းဆွေကတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီးအသစ်ရဲ့ မူဝါဒဖြစ်မယ်လို့ ယူဆပါတယ်။

“အဲ့ဒါတော့ ကျနော်ထင်တယ်။ အခုဝန်ကြီးအသစ်ရဲ့ ပေါ်လစီနဲ့ ပိုဆိုင်မယ်ထင်တယ်ဗျ။ အရင်ကတော့ အဲ့လိုထည့်ပါတယ်။ အရင်က အခြေအနေလေးတွေ။ ဥပမာ - ထိုင်းမှာဖြစ်တဲ့ကိစ္စမျိုးလေးတွေ ဘာတွေဆိုရင်။ အဲ့ဒါကတော့ အရင်ကတော့ တရုတ်နဲ့ပတ်သက်လို့ရှိရင်ကတော့ ဟို တရုတ်က၀င်တဲ့ ကျန်းမာရေးနဲ့ မညီတဲ့ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ cosmetics တွေကသာ ဖော်ပြခွင့်မရခဲ့ဘူး။ အခုကတော့ --- စနစ် အစိုးရပြောင်းပြီးတော့ နောက်ပိုင်းတော့ တော်တော်များများ ရပါတယ်။ အခု ပြီးခဲ့တဲ့ဝန်ကြီး ဦးအောင်ကြည် လက်ထက် သတင်းစာတွေကတော့ တော်တော် များများ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့်။ သူထည့်တဲ့စာမျက်နှာကတော့ တမျိုးပေါ့နော်။”

မြန်မာအစိုးရပိုင် သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းလဲသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာထားတာပါ။ ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေ သတင်းဌာနတွေအနေနဲ့ အများပြည်သူ စိတ်ဝင်စားမယ့် သတင်းမျိုးတွေကို အခုအချိန်အထိ မဖော်ပြပေးနိုင်ဘူးလို့ ဦးကျော်မင်းဆွေက ဝေဖန်ပါတယ်။

“တကယ်တမ်းဆိုရင် ဒီကောင်က သတင်းပဲလေ။ ဖြစ်နေတဲ့ကိစ္စမှာ တကမ္ဘာလုံးက ဟိုက်လိုက်လုပ်နေတာ။ မျက်နှာဖုံးသတင်းအဖြစ်နဲ့ ဖော်ပြနေတာပဲ။ မဖော်ပြဘူးဆိုရင်တော့ ဒါ တခုခု မှားနေတာပေါ့။ နည်းနည်း ပြည်သူလူထု သိချင်နေတဲ့ ကိစ္စတွေ။ ဥပမာ - လက်ပန်းတောင်းမှာ ပြီးခဲ့တဲ့ မနေ့ကပေါ့နော် လက်ပန်းတောင်းမှာ အဖမ်းခံရတဲ့ ကျောင်းသူမိန်းကလေး လွှတ်ပေးဖို့ ဆန္ဒပြတာမျိုး၊ ဒါမျိုးတွေဆိုရင် မဖော်ပြဘူးလေ။ ပုဂ္ဂလိကသတင်းစာနဲ့တော့ ခြားခြားနားနား ရှိနေတဲ့ပုံပါ။ ဘာလို့လဲဆိုတော့ သူက ၀န်ကြီးဌာန သူ့ရဲ့ မူဝါဒနဲ့ အရင်တုန်းက မူဝါဒနဲ့ မတိမ်းမယိမ်းပေါ့ သွားနေသေးတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

မြန်မာနိုင်ငံပိုင် သတင်းစာတွေကနေ နိုင်ငံတကာသတင်းတွေကို ဖော်ပြရာမှာ အထူးအားဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရေးသတင်းတွေကို အရင်ကတည်းက သတိထား ရေးသားလေ့ ရှိတာပါ။ အခု ဟောင်ကောင် ကျောင်းသားဆန္ဒပြမှုအပေါ် တရုတ်အစိုးရဘက်ကတော့ တရားမ၀င်တဲ့ လှုပ်ရှားမှုဖြစ်တယ်ဆိုပြီး သုံးနှုန်းဖော်ပြ သလို၊ ဒီလှုပ်ရှားမှုအကြောင်း တရုတ်ပြည်တွင်း သတင်းတွေမှာလည်း လုံးဝ အမှောင်ချထားပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/hong-kong-protest-burma-media/2468577.html


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့စွန်က ဘဲလ်ဂါးဒင်းမြို့လေးရဲ့ မြို့တော်ဝန်ကို သူဇနီးနဲ့ အိမ်တွင်းရေးအငြင်းပွားမှုအတွင်း မသေမချင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

ဇနီးသည်ကိုတော့ စုံစမ်းစစ်ဆေးသူတွေက ထိန်းသိမ်းထားတယ်လို့ မြို့နယ် ငြိမ်ဝပ်ပိပြားရေးဌာနက ပြောပါတယ်။

သူတို့ရဲ့ အသက် ၁၉ နှစ်အရွယ် သားငယ်က အငြင်းပွားမှုကို ဝင်ရောက် ဖျန်ဖြေရာက ရန်ဖြစ်မှု အရှိန်မြင့်သွားခဲ့တာလို့ ငြိမ်ဝပ်ပိပြားရေးရုံးက လက်ထောက် စတိဗ်က ပြောပါတယ်။

“မြို့တော်ဝန်က အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ပြီး သားရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တယ်။ ဒါကြောင့် ဇနီးသည်က သေနတ်နဲ့ ရင်ဘတ်ပိုင်းကို အကြိမ်ရေ အတော်များများ ပစ်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

မြို့တော်ဝန်ကို ဒေသခံဆေးရုံကို သယ်သွားခဲ့ပေမယ့် သေဆုံးပြီးကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ၂၀၀၁ ခုနှစ်တည်းက ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြို့တော်ဝန်တယောက်ရဲ့ တရားဝင်တာဝန်တွေနဲ့ သက်ဆိုင်မှု ရှိပုံ မရဘူးလို့ လော့စ်အိန်ဂျလိစ် မြို့နယ်ငြိမ်ဝပ်ပိပြားရေးရုံးက ပြောကြောင်း မြို့စည်ပင်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။

မြို့တော်ဝန်တို့ ဇနီးမောင်နှံဟာ အထက်တန်းကျောင်းမှာတည်းက စုံတွဲတွေ ဖြစ်ပြီး ၁၉ ၈၆ ခုနှစ်တည်းက လက်ထပ်ထားသူတွေလို့လည်း ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66579

၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ရက် နံနက် ၁၁ နာရီတွင် နိုင်ငံတော်ကောင်စီအတွင်း ရေးမှူးဦးစိန်လွင်၏ အမိန့်ဖြင့် မြန်မာ့အသံမှ ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်အရ ၂၅ ကျပ်၊ ၃၅ကျပ်နှင့် ၇၅ကျပ်တန် ငွေစက္ကူများမှာ တရား ဝင်ငွေများအဖြစ်မှ တရားမဝင်ငွေစက္ကူများဘဝသို့ ရောက်သွားခဲ့ကြရပြီး ထိုငွေပမာဏမှာ ထိုခေတ်က လှည့် ပတ်သုံးစွဲနေသော ပြည်တွင်းငွေ၏ ၈ဝရာခိုင်နှုန်းကျော် (၈၉ ရာခိုင်နှုန်းအထိ) ရပ်တန့်သွားစေခဲ့သည်ဟုလည်း ဆိုပါသည်။

ယင်းကြေညာမှုမှာ ၁၉၆၂ခုနှစ် မတ် ၂ ရက်က အာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီ အစိုးရအနေဖြင့် ၁၉၆၄ခုနှစ် မေ ၁၇ရက်က ၅ဝကျပ် တန်နှင့် ၁ဝဝ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေ စက္ကူများအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း ယခုအကြိမ် မှာ ဒုတိယအကြိမ်ဖြစ်ခဲ့သည်။

တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ဖြစ်သော ၁၉၈၇ခုနှစ် စက်တင်ဘာက တရားမဝင်အဖြစ် ကြေညာခဲ့သော မြန်မာငွေစက္ကူများဖြစ်သည့် ၂၅ကျပ်၊ ၃၅ကျပ်၊ ၇၅ကျပ်တန် ငွေစက္ကူများကို မြန်မာပြည်သူ များက တစ်နေ့တွင် ပြန်လည်၍တန်ဖိုးရှိလာနိုး၊ လဲပေး လိမ့်နိုးဖြင့် နှစ်ပေါင်းအတန်ကြာ သိမ်းဆည်းထားခဲ့ကြ သည်။

ယခု ထိုငွေစက္ကူများထဲမှ လက်ဝယ်ရှိနေသေးသည့် ငွေစက္ကူအချို့ကို အသုံးပြုကာ ထင်ရှားကျော်ကြားသူများ ၏ ပန်းချီပုံများအဖြစ် ပန်းချီဆရာ ဇွဲရန်နိုင်က ဖန်တီးကာ To Value Something အမည်ဖြင့် တစ်ကိုယ်တော်ပန်း ချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်၊ အမှတ် ၁၄၄ ဒုတိယထပ်တွင်ရှိသော Pansodan Scene ပန်းချီပြခန်းတွင် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ ခင်းကျင်း ပြသထားခဲ့သည်။ ဤကား တရားမဝင် ငွေစက္ကူတို့အပေါ် ပြည်သူတို့ အနာတရရှိခဲ့ ပုံကို ထင်ဟပ်နေသည့် သာဓကတစ်ခုပါပေ။

အစိုးရက ငွေစက္ကူအသစ် ထုတ်ဝေသည်ဖြစ်စေ၊ ငွေစက္ကူများကို တရားမဝင်ဟု ကြေညာလိုက်သည် ဖြစ်စေ ပြည်သူလူထုအနေဖြင့် အနည်းနှင့်အများဆို သလို စိုးရိမ်စိတ်ဖြစ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည် ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည့် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက်နောက်ပိုင်းတွင် တက်လာသော တပ်မတော်အစိုးရက သတင်းစာ ရှင်းလင်းပွဲများတွင် အလျဉ်းသင့်တိုင်း လက်ရှိတရားဝင် သုံးစွဲနေသော ငွေကြေးများကို တရားမဝင်ဟု ကြေညာရန်မရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ချလက်ချ သုံးစွဲနိုင် ကြပါကြောင်း ကြေညာခဲ့သော်ငြား နှစ်ခါခံခဲ့ရဖူးသော ပြည်သူများကဖြင့် မယုံရေးချ မယုံဖြစ်ခဲ့ရသည်မှာတော့ မဆန်းလှဟု ဆိုရမည်ဖြစ်ပါသည်။

တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာခဲ့သော အကြိမ်တိုင်းမှာပင် ပြည်သူလူထုနစ်နာရသလို အစိုးရ အဖွဲ့အစည်းဝင် အမှုထမ်းပုဂ္ဂိုလ်များမှာပင် မသမာမှု များ ပြုလုပ်ခဲ့သဖြင့် စစ်ခုံရုံးဖြင့် အရေးယူခဲ့ရမှုများ၊ ဥပမာပြောရလျှင် ရုပ်ရှင်ရုံမန်နေဂျာအချို့က တစ်နေ့ စာရုပ်ရှင်လက်မှတ်ရောင်းရငွေကို ဘဏ်သို့ပေးသွင်း ရာတွင် မိမိတို့ကိုယ်ပိုင်ငွေများမှ တရားမဝင်ကြေညာ ခြင်းခံရသည့် ငွေစက္ကူများကို လက်မှတ်ရောင်းရငွေ၌ အစားထိုးကာ ဘဏ်သို့ပေးသွင်းခဲ့ခြင်းကြောင့် အရေးယူ ခံရသည်များ ရှိခဲ့ဖူးပါသည်။

ပြည်သူလူထုတွေမှာဖြင့် ပြောစရာပင်မရှိအောင် နစ်နာခဲ့ကြရဖူးပါသည်။
ထိုသို့ ငွေစက္ကူများ တရားမဝင်ကြေညာခြင်း ကြောင့်ပင် အတိ ဒုက္ခရောက်ကြရသော ကျောင်းသားများ က တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခြင်းကို ရှုတ်ချ ကြောင်း လက်ကမ်းစာစောင်များဝေခြင်း၊ မကျေနပ်ချက် များကို တင်ပြခြင်းမှပင် ကျောင်းသား လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ကာ မဆလအစိုးရကြီး တစ်ခုလုံးပြုတ် ကျသွားခဲ့ရသည်အထိ ဂယက်ထခဲ့သည်မှာလည်း ငွေ စက္ကူကြောင့်ဖြစ်ကြောင်း ယနေ့ခေတ်လူငယ်များ သိရှိစေ ရန် မျှဝေခြင်းပါ။

ပန်းချီဆရာ ဇွဲရန်နိုင်၏ တရားမဝင်ငွေစက္ကူ များဖြင့် ဖန်တီးပုံဖော်ထားသည့် တစ်ကိုယ်တော်ပန်းချီ ပြပွဲ ကျင်းပပြီးစီးသည့်နေ့ဖြစ်သော ယခုနှစ် အောက်တို ဘာ ၁ရက်မှာပင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၅ဝဝဝ တန်ငွေစက္ကူသစ်ကို ထုတ်ဝေလိုက်ပြီဖြစ်ရာ ယခုဆို လျှင် ပြည်သူလူထုလက်တွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိသေးစေကာမူ လှည့်ပတ်သုံးစွဲငွေအဖြစ် တည် ရှိလာပြီဖြစ်သည်။

ဆင်ဖြူတော်နှင့် လွှတ်တော်ပုံပါ ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလက ပထမ အကြိမ်အဖြစ် ထုတ်ဝေခဲ့ရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အထိ ကျပ်ဘီလီယံ ၂၈ဝဝ ထုတ်ဝေပြီးဖြစ်သည်ဟုလည်း သိရသည်။

ပထမအကြိမ် ထုတ်ဝေသည်မှာ ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ဖြစ်ရာ ယခုထုတ်ဝေမှုမှာ ၅ဝဝဝ ကျပ်တန်ငွေစက္ကူထုတ်ဝေမှု ငါးနှစ်အကြာတွင် ထပ်မံထုတ်ဝေခြင်းလည်း ဖြစ်ပါသည်။ ငွေစက္ကူသစ်ကို ထုတ်ဝေရာတွင် အတုအပမှ ကာကွယ်နိုင်ရန် လုံခြုံရေး ကြိုးသစ်၊ ရေစာအသစ်များဖြင့် ပိုမိုအဆင့်မြှင့်ထုတ်ဝေခဲ့ ခြင်းဖြစ်သလို ယခင် ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို လည်း တရားဝင်ငွေအဖြစ် ဆက်လက်သုံးစွဲခွင့်ရှိပါ ကြောင်း အာမခံချက်ပေးထားသည်ကိုလည်း တွေ့ရပါ သည်။

ငွေစက္ကူသစ် ထုတ်ဝေခြင်းအပေါ် မကောင်း မြင်သဘောဖြင့် ပြောဆိုခြင်း မဟုတ်သော်လည်း တိုက် ဆိုင်မှုတစ်ခုကြောင့် ဖော်ထုတ်ရေးသားလိုက်သည်ကို ဖြင့် စိုးရိမ်မှုမရှိကြရန်လည်း စာဖတ်သူများကို ပြောလို ပါသေးသည်။

အစိုးရအတွက် အခွင့်ကောင်းတစ်ခု ဆုံးရှုံးသွားခြင်း
၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ရက်တွင် ပေါ်ပေါက် လာခဲ့သော ကျပ် ၅ဝဝဝ တန်များမှာ ထွက်ရှိပြီး မကြာမီ မှာပင် ငွေစက္ကူအတု ပြုလုပ်သူများကလည်း နည်း အမျိုးမျိုးဖြင့် အတုအပများဖန်တီးကာ ငွေကြေးဈေး ကွက်အတွင်း ဝင်ရောက်လာခဲ့ကြတော့သည်။ အထူး သဖြင့် ထိုင်းဘက်မှ ဝင်ရောက်မှုမှာ အများဆုံးဖြစ်သည်ကို လည်း အင်တာနက် ဝက်ဘ်ဆိုက်သတင်းများတွင် ဖော် ပြထားချက်အရ သိရခြင်းဖြစ်သည်။ ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုများကို မကြာခဏ ဖမ်းဆီးရမိခြင်းကြောင့် လည်း ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို ယခင်မဆလအစိုးရ လက်ထက်ကလိုပင် တရားမဝင်ဖြစ်သွားလေမလား ဟူသော စိုးရိမ်စိတ်များမှာ ယခု ဒီမိုကရေစီအစိုးရလက် ထက် လွှတ်တော်များ အထိပင် ရိုက်ခတ်လာခဲ့ရတော့ သည်။

၂ဝ၁၃ ခုနှစ် မတ် ၇ ရက်က ကျင်းပခဲ့သော ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မိုးမောက်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဇော်ထွန်း က ''ဘဏ်တွေအချင်းချင်းတောင် ၅ဝဝဝ တန် အတုတွေ လည်ပတ်နေပြီလား ဆိုပြီးတော့ ဘဏ်မှာတောင် တကယ် လို့ ဒါမျိုးဖြစ်နေပြီဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေ မှာရော ဘယ်လောက်ဖြစ်နေပြီလဲ။ ယင်းကိစ္စနှင့်ပတ် သက်၍

(၁)ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှထုတ်လုပ်သည့် ကျပ် ၅ဝဝဝ တန်များ ရွက်ရေမည်မျှရှိသည် ကို သိရှိလိုပါသည်။

(၂)ကျပ် ၅ဝဝဝ တန်အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အသီးသီးတွင် လည်ပတ်မှု ရှိနေနိုင်ပါသလား။

(၃)အကယ်၍ အဆိုပါ ကျပ် ၅ဝဝဝတန် အတုများ လည် ပတ်နေပါက မည်ကဲ့သို့ ထိန်းချုပ်ရန် အစီအစဉ်ရှိပါ သလဲ'' ဟု မေးမြန်းခဲ့သည်။

၎င်း၏မေးမြန်းမှုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က 'မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ၃၁-၁-၂ဝ၁၃ ရက်အထိ ထုတ်ပေး ထားသော ၅ဝဝဝတန် ငွေစက္ကူတန်ဖိုးပမာဏမှာ ကျပ် ၂၈ဝဝဘီလီယံကျော်ရှိကြောင်း၊ ကျပ် ၅ဝဝဝ တန်အတုများ မြန်မာနိုင်ငံတွင်းရှိ ဘဏ်များတွင် မလည်ပတ်နိုင်စေရန် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ငွေစက္ကူအတုအစစ် ခွဲခြားသည့် စက်များဖြင့်ပါ ကြပ် ကြပ်မတ်မတ်ဆောင်ရွက်နေသော်လည်း ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိမှု ရှိနိုင်ကြောင်း၊ ထိုသို့ ရှိသော်လည်း ငွေလည်ပတ်နိုင်လောက်သည့် ပမာဏ မရှိကြောင်း၊ ငွေစက္ကူအတုများကို ငွေကြေးဆိုင်ရာဥပဒေ များ၊ ပြည်သူများအား အတုအစစ်ခွဲခြားသည့် ပညာပေး များလုပ်ဆောင်ခြင်း၊ ငွေစက္ကူအတုများစစ်ဆေးတွေ့ရှိသည့်အခါ ဖမ်းဆီး စစ်ဆေးအရေးယူခြင်းများဖြင့် တားဆီး ထိန်းချုပ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျပ် ၅ဝဝဝတန်များ ပေါ်ထွက်လာပြီးနောက်ပိုင်း အစိုးရသစ်လက်ထက်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းရောက်ရှိလာ ပြီးနောက်ပိုင်း ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ သော ငွေစက္ကူသစ်များဖြင့် အစားထိုးသုံးစွဲလိုသည့် ဆန္ဒများကို ထုတ်ဖော်လာခဲ့ကြသည်။

ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူသစ်ရိုက်နှိပ် ထုတ်ဝေရေးအဆိုကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမို ကရေစီပါတီသစ်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်မှု ရှိသဖြင့် ဦးကျော် တင်ပြသော အဆိုအား လွှတ်တော် ဥက္ကဋ္ဌကကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်း ခဲ့ရာ ထောက်ခံသူ နှစ်မဲသာရရှိခဲ့၍ ဆွေးနွေးခွင့် မရခဲ့တော့ ပေ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင် ခွင့် ရှုံးနိမ့်ခဲ့ရသော ဗိုလ်ချုပ်ပုံပါသည့်ငွေစက္ကူ ရိုက်နှိပ် ရန် ရှိမရှိ အဆိုမှာ ဤမျှနှင့် ရပ်မသွားခဲ့။ပြည်ထောင်စု လွှတ်တော်အထိ တင်သွင်းနိုင်ရန် လူငယ်များက ''ပြည် ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းရန် ပြည်သူများ၏ သဘောတူ လက်မှတ်များ'' ကို ကောက်ခံသောလှုပ်ရှားမှု များကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂ဝ တွင် စတင်ဆောင် ရွက်ခဲ့ကြသည်။

မန္တလေးလူငယ်များကလည်း ၂ဝ၁၃ ခုနှစ် အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ပုံပါ သော တစ်ကျပ်တန်နှင့် ၁၅ ကျပ်တန်ငွေစက္ကူများ ဝေငှခြင်းဖြင့် ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရေး ကို တစ်ဖက်တစ်လမ်းမှ လှုပ်ရှားခဲ့ကြသည်။

၂ဝ၁၃ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့်က '' ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ယခင်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့ သော ငွေစက္ကူများ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံအား အလေးထားဖော်ပြ ဂုဏ်ပြု ထုတ်ဝေခဲ့ပါသည်။ ယခု ထုတ်ဝေလျက်ရှိသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန်အထိမှာ ခြင်္သေ့ ပုံများ ဖော်ပြထားသည်ဖြစ်ရာ အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ် အသားဖြစ်နေ ကြောင်း တွေ့ရှိနေရပါသည်။ သို့အတွက် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ်အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုး အသီးသီးတွင် ယခင်ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည် အစားထိုး ထုတ်ဝေပေးရန် ဤလွှတ်တော်မှ ပြည်ထောင် စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း'' အဆိုအား လွှတ် တော်သို့တင်သွင်းခဲ့ပါသည်။

ယင်းအဆိုကို ရွာငံမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ''မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကေသရာဇာ ခြင်္သေ့မင်းပုံပါ ငွေစက္ကူများကို ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ ၂ဝ၁ဝ ပြည့်နှစ် မေလ မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ပါတီအဖွဲ့အစည်းတစ်ခု၏ တံဆိပ်အမှတ် အသားကို ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း မဟုတ်ပါ ကြောင်း၊ ၂ဝ၁၃ခုနှစ် ဇူလိုင် ၁၁ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း(၉) ပုဒ်မ ၆၅အရ 'ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါး၏တန်ဖိုးအဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်' ဟု သတ်မှတ် ပြဋ္ဌာန်းပါရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ နောက်ထပ်ငွေစက္ကူများ ထပ်မံထုတ်ဝေရန်ရှိ သော အချိန်တွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများစသည်တို့ကို အခြေအနေ အချိန် အခါနှင့် လိုက်လျောညီထွေရှိမည့်ပုံများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်းရိုက်နှိပ်ထုတ် ဝေသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ဖူးပါသည်။

ရှင်းလင်းတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌမှ အဆိုရှင်၏ သဘောထားအား မေးမြန်း ရာ အဆိုရှင်ဦးသိန်းညွန့်မှ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၏ ဖြေကြားချက်တွင် 'နောင်ဆက်လက်ရိုက်နှိပ်သော ငွေ စက္ကူများကို ရိုက်နှိပ်သည့်အခါ ထင်ရှားသောခေါင်း ဆောင်များ' ဆိုသည့်အတွက် မိမိအနေဖြင့် လွှတ်တော်သို့ မှတ်တမ်းတင်ပေးထားလိုပါကြောင်း ပြောကြားရာ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ ဦးသိန်းညွန့် တင်သွင်းသော အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိရန် အဆုံး အဖြတ်ရယူရာ လွှတ်တော်မှ သဘောမတူသူမရှိသည့် အတွက် အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။

ယင်းအဆိုကို မှတ်တမ်းတင်အပြီး ၁ဝလအကြာ ယခု အောက်တိုဘာ ၁ရက်တွင် ကျပ် ၅ဝဝဝ တန်များ ကို ယခင်ထုတ်ဝေခဲ့သည့် အတိုင်းပင် ဆင်ဖြူတော်ပုံ၊ လွှတ်တော်ပုံများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရိုက်နှိပ် ထုတ်ဝေလိုက်ပြီဖြစ်ပါသည်။

ပြည်သူတို့ကမူ ယခင်က ရှိခဲ့ဖူးသော တစ်ကျပ်တန် အမျိုးအစားတူ ဗိုလ် ချုပ်ပုံပါ ငွေစက္ကူများကို ယခုတစ်ကြိမ်ထွက်ပေါ်လာ လျှင် မြင်ခွင့်ကိုင်တွယ်သုံးစွဲခွင့် ရရှိတော့မည်ဟု မျှော်လင့် ထားပေရာမှန်းချက်နှင့် နှမ်းထွက်လွဲကြရပါတော့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူလူထု လိုလားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၅ဝဝဝ တန် ငွေစက္ကူများကိုသာ အစိုးရ၏ သဘောတူညီမှုဖြင့် ထုတ်ဝေဖြစ်ခဲ့ပါက ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကြီးဒေါ်ခင် စောဦး၏ လွှတ်တော်တွင်ဖြေကြားချက်များ၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်၏ အဆိုအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၏ မှတ်တမ်းတင်ထားရှိမှုများ အသက်ဝင်လာခြင်းနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစု ပါဝင်သည့် အစိုးရ အဖွဲ့ကြီးမှာလည်း ပြည်သူတို့ရှေ့တွင် မျက်နှာပန်းလှဖွယ် ဖြစ်ပေရာ အခွင့်အရေးကောင်းကြီးတစ်ခု လက်လွှတ် ဆုံးရှုံးသွားပေပြီဟုသာ ယူဆစရာရှိပါသတည်း။ ။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ 'အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ က နိုင်ငံပိုင်မီဒီယာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ဖို့ ခွင့်ပြုနေသလား' ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မိမိတို့ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို တရားစွဲဆိုသွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"သတင်းထုတ်ပြန်ချက် အတိုင်းပါပဲခင်ဗျ၊ ဒါ့အပြင် သီးခြားရှင်းပြစရာမလိုတော့ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်"

Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့မှာ အထောက်အထား အပြည့်အစုံရှိတဲ့အတွက် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ဆိုရင် စိစစ်နိုင်အောင် အထူးသဖြင့် တိုင်းပြည်ဘဏ္ဍငွေ မနစ်နာအောင်ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ဥပမာအားဖြင့်ဆိုပြီး ကျနော်တို့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်၊ မှန်ရင်မှန်တဲ့ အချက်အလက်ပေါ်မှာပဲ ချပြခြင်းဖြစ်ပါတယ်၊ ပုံနှိပ်စက်တွေ ရောင်းချတယ်ဆိုတာ နိုင်ငံတကာ မှာရှိတဲ့ မီဒီယာတွေကလည်း ဒါမျိုးတွေကို ဝယ်ယူနိုင်တာမျိုးတွေ ရှိနေပါတယ်၊ ဒီဈေးနှုန်းတွေကို ရှင်းလင်းမယ် ဆိုလို့ရှိရင် အဖြေပေါ်နိုင်ပါတယ်"

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပေမဲ့ Eleven Media Group ထံ အကြောင်းကြားတာ မရှိသေးကြောင်း ကိုဝေဖြိုးက ဆိုပါတယ်။
ပုံနှိပ်စက်တွေ ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Weekly Eleven News ဂျာနယ်ရဲ့ ဖော်ပြချက် မှားယွင်းကြောင်း သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြောကြား ခဲ့ပေမဲ့ နောက်တစ်နေ့ထုတ် The Daily Eleven သတင်းစာမှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ထပ်မံဖော်ပြခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)က တစ်ဆင့် ဖြေရှင်းဆောင်ရွက် ဖို့ နှစ်ကြိမ်ကြိုးစားခဲ့တာကိုလည်း Eleven Media Group က ငြင်းပယ်ခဲ့ကြောင်းနဲ့ မိမိတို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိကြောင်း စသဖြင့် ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ Eleven Media Group အယ်ဒီတာချုပ် ကိုဝေဖြိုးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ Eleven Media Group ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်မင်းထွန်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြေညာခဲ့တဲ့ သြဂုတ် ၂၂ရက်ကနေ စက်တင်ဘာ ၂၆အထိ ရက်ပေါင်း ၃၅ရက်အတွင်း စီမံကိန်းဧရိယာ ဧက ၃သောင်းထဲက ဒေသခံတွေရဲ့လူမှုစီးပွားဘဝတွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ မြေဈေးတွေ ရိုလာကိုစတာစီးတဲ့ဘဝ ရောက်တော့မလား။

ရန်ကုန်မြစ်တစ်ဖက်ကမ်း တွံတေးတူးမြောက်နဲ့ ပန်းလှိုင်မြစ်ကြားက ကြည့်မြင်တိုင် အေးရွာပတ်ဝန်းကျင်က လယ်မြေတွေကို ငွေထုပ်ပိုက်ပြီးဆင်းဝယ်ကြလို့ ကုန်သလောက်ဖြစ်ခဲ့ပါတယ်။ လူနေအိမ်တွေ၊ ခြံကွက်တွေ၊ ဆယ်ပေပတ်လည်အိမ်တွေကအစ ဈေးကောင်းပေးခဲ့လို့ စီမံကိန်းရပ်သွားတဲ့အခါ ဈေးကစားသူတွေ ပိုက်ဘောမိသွားသလို ဒေသခံတွေရဲ့အခြေအနေလည်း တည်ငြိမ်မှုပျက်ပြားသွားခဲ့တယ်လို့ ဦးအောင်သန်းက ပြောပြပါတယ်။

လမ်းမကြီးနံဘေး နေအိမ်တွေကို ဈေးကောင်းပေးလို့ ရောင်းလိုက်တဲ့သူတွေ လမ်းကြိုလမ်းကြားက အိမ်တွေကိုပြန်ဝယ်ပြီး ပိုတဲ့ငွေတွေ ဘယ်နေရာမှာသုံးရမှန်း မသိဘဲ တတိတိကုန်နေသလို အခြားမြို့နယ်တွေမှာ အိမ်ပြန်ဝယ်တဲ့သူတွေလည်း ရောင်းရတဲ့ငွေနဲ့သိပ်မကွာတာကြောင့် တစ်ချို့တွေ အိမ်ငှားဘဝ ရောက်သွားကြတယ်လို့ ကရုဏာသက်ပြီး သူက ပြောပါတယ်။

မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကောင်းကောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိ မရှိဘဲ ရုတ်တရက် ကောက်ခါငင်ခါ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်အစိုးရကြောင့် အိမ်ခြံမြေဈေးကစားသူလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းကနေ ကြည့်မြင်တိုင် အေးရွာကို ၂ဝဝ၇မှာ ပြောင်းလာပြီး ငွေ ၇သောင်းနဲ့ဝယ်ခဲ့တဲ့ ၁ဝပေ ပတ်လည်အိမ်လေးကို ကျပ်သိန်းတစ်ရာအထိ ဈေးပေးခဲ့ပေမယ့် မရောင်းခဲ့တဲ့ ကိုစောဝင်းက အိမ်ရောင်းပြီး အခြားနေရာမှာပြန်ဝယ်လည်း အခုပေါက်ဈေးနဲ့ပဲရမှာမို့ အခြေအနေမကောင်းရင် ဝါးလုံးထိပ်တက်နေရမယ့် ဘဝမို့ ဆုံးဖြတ်ချက် မှန်ခဲ့ပုံရပါတယ်။

စီမံကိန်းရပ်ဆိုင်းလိုက်ပြီလို့ မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်တိုင်းလွှတ်တော်မှာ ကြေညာပြီး ၂ရက် ၃ရက်လောက်အထိ တန့်နေတဲ့ စီမံကိန်းထဲက မြေဈေးဟာ အခုတော့ ပူပေါင်းပေါက်သလို ပေါက်သွားခဲ့ပါပြီ။ စီမံကိန်းကာလအတွင်း ကြက်ပျံမကျ စည်ကားနေတဲ့ လှိုင်သာယာ-တွံတေးကားလမ်းပေါ်က အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ ဆိုင်းဘုတ်တွေ အခုတော့ ပြန်ဖြုတ်သိမ်းနေကြပါတယ်။

အခုတော့ စီမံကိန်းလည်း ထိုးရပ်လိုက်လို့ မြေကြီးတွေလက်ထဲမှာရောက်ပြီး ပိုက်ဘောမိသွားသူတွေ၊ သိန်းထောင်ချီ ဆုံးရှုံးနစ်နာသွားသူတွေအပြင် စရန်ငွေကြိုပေးထားသူတွေတောင် စရန်ငွေအဆုံးခံပြီး ရှေ့ဆက်မတိုးကြတော့ဘူးလို့ အိမ်ခြံမြေအကျိုးဆောင် ကိုဝင်းခိုင်က ပြောပါတယ်။

ငွေမည်းခဝါချရာ နံပါတ်တစ် ဈေးကွက်ဖြစ်နေတဲ့ အိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက် စီမံကိန်းဧရိယာထဲကနေ ရန်ကုန်မြို့ကိုပါ ရိုက်ခတ်လာမယ်ဆိုရင်တော့ အိမ်ခြံမြေနဲ့မကင်းကြတဲ့ မြန်မာ့စီးပွားရေး ရိုလာကိုစတာစီးရသလို အခြေအနေနဲ့ ရင်ဆိုင်ရဖို့ အလားအလာတွေ ပေါ်လာနေပါတယ်။

Kamayut Media

 
ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)

တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်မထိုးနိုင်ရင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ မရေရာ မသေချာဘူးလို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အောက်တိုဘာရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
“တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလိုတယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက အစိုးရဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု မရှိလို့ အပစ်ရပ်လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာလို့ ပြောပါတယ်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
“အစိုးရတင်ပြချက်ကို ကျနော်တို့ ငြင်းဆန်ပြီးတော့မှ တစ်ဆို့နေတာ တခုမှ မရှိပါဘူး။ ကျနော်တို့ တင်ပြချက်ကို အစိုးရက ငြင်းဆန်တဲ့အပေါ်မှာပဲ တစ်ဆို့မှု ဖြစ်နေတာပါ။ အဲဒါကို ဖြေရှင်းဖို့ အစိုးရဘက်က ဆန္ဒသဘောထားအပေါ်မှာ အများကြီး မူတည်ပါတယ်၊ ဒါက နံပါတ် ၁ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ကျနော်တို့ ဧပြီလမှာ သဘောတူထားပြီးသားဖြစ်တဲ့ လုံခြုံရေးဆိုင် ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စကို နိုင် ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အကြောင်းအရာအဖြစ်နဲ့ ကျနော်တို့ သဘောတူထားပြီးဖြစ်ပါတယ်။ ဒါကို အခုစက်တင်ဘာမှာ နိုင်ငံရေးဆွေးနွေးမှု လမ်းပြမြေပုံတခုအဖြစ်နဲ့ ပြန်ပြီး တင်ပြတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက်ရော၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့အတွက်ရော အများကြီး အဟန့်အတား ဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ရုဒ်မက်တခုအနေနဲ့ ဆွေးနွေးမယ်၊ ကျနော်တို့အတွက် နိုင်ငံရေးအာမချက်ချက် တစုံတခုမှမရှိခင် ဒါကို ဆွေးနွေးပြီးမှ အဖြေရှာမယ်ဆိုတာက ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနည်းမဟုတ်ဘဲနဲ့ အဖြေမရခင်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်နက်ဖျက်သိမ်းစေတဲ့အနေအထားမျိုး ရောက်စေနိုင်တယ်လို့ ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီအတွက် အဲဒီအတွက် ဒီအချက်ကို သမ္မတကြီးတို့၊ ကာချုပ်ကြီးတို့ကနေပြီး အလေးအနက်စဉ်းစားပြီး ပြင်ပေးဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”
“နောက် အရေးကြီးတဲ့အချက်က ကျနော်တို့ လော်ခီးလာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအဖြစ်နဲ့ စတင်သွင်းကတည်းက ကြားကာလအစီအစဉ်ဆိုတာ ပါပါတယ်။ အဲဒါက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကာလမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ နဂိုရပ်တည်ချက်ကို အသိအမှတ်ပြုဖို့ရယ်၊ ကြားကာလမှာ လုပ်ပိုင်ခွင့်ပေးဖို့ရယ်ပဲ ဖြစ်တယ်။ ယနေ့အထိ အစိုးရက ကောင်းမွန်တဲ့ တုံ့ပြန်ချက် မရှိသေးဘူး။ နောက်ပြန်တင်ပြမယ်၊ နောက်ပြန်တင်ပြမယ်၊ ပြန်ယူသွားမယ်ဆိုပြီး ယနေ့အထိ အသေးစိတ်ဆွေးနွေးမှု မလုပ်ဘဲနဲ့ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာ တွေ့ရပါတယ်။ ဒါမဖြစ်သင့်ဘူး၊ မြန်မြန်ဆန်ဆန် သဘောတူစာချုပ် ချုပ်ချင်ရင် ပြဿ နာကို ကျနော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရွှေ့ဖို့မသင့်ဘူးလို့ ပြောပါတယ်။

ဒေါက်တာ တူးဂျာ
“၂၀၁၅ ရွေးကောက်ပွဲကို မရှေ့စေချင်ဘူး။ ၅ နှစ်ဆို ၅ နှစ်ပေါ့။ အချိန်ရောက်လာပြီဆိုရင် ဒီရွေးကောက်ပွဲ ကျင်းကိုကျင်းပစေချင်တယ်။ မဟုတ်လို့ရှိရင် လူတွေရဲ့ အမြင်တွေ၊ အထင်တွေ အများကြီး အထင်လွဲမှားသွားနိုင်တယ်။ အစိုးရက အသက်ရှည်စေချင်လို့ဟာမျိုး၊ ဟိုအကြောင်းကြောင့်၊ ဒီအကြောင်းကြောင့် အများကြီး ပြဿ နာတွေ ရှုပ်လာနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် လုပ်ကြပါ။ လုပ်ကြစေချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကိုလည်း အခုလက်ရှိ သမ္မတလက်ထက်မှာ စတင်နိုင်ရင်တော့ ကောင်းတာပေါ့။ သူ့လက်ထက်ကျမှ၊ ဟိုလူ့လက်ထက်ကျမှ ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ လက်ရှိအချိန်အခါမှာ ကျနော်တို့ လုပ်နိုင်ဖို့ အကောင်းဆုံးပဲ။ မလုပ်နိုင်သည့်တိုင်အောင် ရွေးကောက်ပွဲကို မရွှေ့စေချင်ဘူး။ ဒါကျနော် ပွင့်ပွင့်လင်းလင်း စေတနာနဲ့ ပြောတာပါ။”
ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း သမ္မတ အခုလို သဘောမျိုးထုတ်ပြောတာဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ သုံးသပ် ပြောပါတယ်။

ဒေါက်တာ ညိုညိုသင်း
“ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နောက်အကျဆုံး ၂၀၁၅ ဒီဇင်ဘာမှာ မဖြစ်မနေ လုပ်ရမယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်သလိုဖြစ်နေတယ်။ တကယ်လို့များ အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့၊ မပြင်ဖို့မှာ အရမ်းကြီး အကျိုးသက်ရောက်မှု ရှိနေနိုင်တယ်၊ အများကြီး ဆက်စပ်နိုင်တယ်လို့ သမ္မတက ပြောသလို ဖြစ်နေတယ်။ ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတုန်းက လူထုဆန္ဒခံယူခဲ့တုန်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့၊ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာ တလုံးတပါဒမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာမရှိဘူးလေ။”

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66592

မြို့သစ်စီမံကိန်းလုပ်မည်ဆိုပြီး ဖျက်သိမ်းသွားသော တွံတေးကားလမ်းဘေးနေရာများကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
http://www.7daydaily.com/
ဇိမ်ခံကားကြီး၊ ကားသေးများဖြင့် လွန်ခဲ့သည့် တစ်လကျော်က စည်ကားနေတတ်သော ပန်းလှိုင်တံတားအဆင်း တွံတေး- လှိုင်သာယာ ကားလမ်းနံဘေးတွင် စက်တင်ဘာ ၂၇ ရက် နောက်ပိုင်းမှစကာ မြေအရောင်းအ၀ယ်လုပ်မည့်သူ မရှိသလောက် နည်းပါးသွားသည်။ စီးပွားရေးသမားများ၊ ပွဲစားများ ခြေချင်းလိမ်ခဲ့သော နေရာတို့မှာ ချက်ချင်းခြောက်ကပ်သွားပြီး မြို့သစ်စီမံကိန်းကို ကြိုဆိုပါသည်ဆိုသော ဆိုင်းဘုတ်အနီကြီးများသာ ထိုးထိုးထောင်ထောင် ကျန်ရှိတော့သည်။

သြဂုတ် ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန်၏အနောက်ပိုင်းတွင် မြို့သစ်စီမံကိန်း လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားအပြီး ရက်ပေါင်း ၃၄ ရက်အကြာ၌ စီမံကိန်းကို ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ဟု ပြောကြားလိုက်သည်။

စီမံကိန်းဖော်ဆောင်မည့်နေရာကို လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလကတည်းက လုပ်ငန်းရှင်ကြီးများက ကြိုတင်သတင်းရ၍ ၀ယ်ယူမှုများရှိခဲ့ပြီး စီမံကိန်းဆောင်ရွက်မည်ဆိုသည့် အချိန်တွင် အဆိုပါလုပ်ငန်းရှင်ကြီးများက ပြန်လည်ထုတ်ရောင်းခြင်းဖြစ်ကြောင်း တွံတေးမြို့နယ် ခလောက်ချိုင့်ကျေးရွာသား ကိုမင်းနိုင်စိုးကပြောသည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်က မြေကြိုဝယ်ပြီး အခုထုတ်ရောင်းလိုက်တဲ့သူတွေ ၁၀ ဆလောက် မြတ်မယ်။ မြေလာဝယ်တဲ့သူတွေ အကုန်လုံး ပိုက်ဘောမိပြီ’’ဟု ကိုမင်းနိုင်စိုးက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက မြေကြိုတင်ဝယ်ယူထားသူအများစုမှာ မြို့သစ်စီမံကိန်းကို တင်ဒါလုပ်ခွင့်ရရှိသည်ဆိုသော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီနှင့် ဆက်စပ်သူများ၊ သတင်းကြိုသိသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်မှ ထိပ်ပိုင်းအရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူများက ကြိုတင်သတင်းရ၍ ၀ယ်ယူကြသည်ဟု ခလောက်ချိုင့်ရွာသားအချို့က သုံးသပ်ပြောကြသည်။

၎င်းတို့က စီမံကိန်းလုပ်ဆောင်မည်ဟုဆိုသောအခါ လာရောက်ဈေးကောင်းပေးဝယ်ယူသူများကို ပြန်လည်ထုတ်ရောင်းလိုက်ကြပြီဖြစ်သည်။ ရန်ကုန်မြို့တော်ဝန်က ၂၀၄၀ မှ ပြန်လည်စတင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာတွင် မြေပိုက်ဘောမိသူများဖြင့် ပြည့်နှက်သွားပြီဖြစ်သည်။

၂၀၁၃ ကလည်း ဒလမြို့နှင့် ရန်ကုန် တံတားထိုးမည်ဆိုခြင်းကြောင့် ဒလတစ်ဖက်ကမ်းတွင် မြေကို အလုအယက်လိုက်ဝယ်ကြပြီး တံတားစီမံကိန်းပျက်ပြီဟု သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းက ပြောကြားလိုက်သောအခါ မြေ၀ယ်ထားသူများ ပိုက်ဘောမိခဲ့ကြဖူးသည်။ ထို့ကြောင့် စီမံကိန်းသတင်းကြား၍ မြေ၀ယ်လှောင်သူများ ဒုတိယအကြိမ် အထိနာခဲ့ကြခြင်းဖြစ်သည်။

‘‘နောက်ဆို စီမံကိန်းအသံကြားတိုင်း မြေ၀ယ်ရဲကြမှာ မဟုတ်တော့ဘူး’’ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်ကပြောသည်။

စီမံကိန်းတစ်ခု ဆောင်ရွက်မည်ဟု ကြေညာအပြီး မလုပ်တော့ဟု ပြန်လည်ကြေညာခြင်းက တိုင်းပြည်၏ အစိုးရအပေါ် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတို့အတွက် ယုံကြည်မှုလျော့ကျစေကြောင်း စည်ပင်၏တင်ဒါများတွင် ၀င်ရောက်ယှဉ်ပြိုင်ဖူးပြီး ကိုယ်တိုင်မြေ၀ယ်ထားသူ လုပ်ငန်းရှင်ကြီးတစ်ဦးကပြောသည်။

မြို့သစ်စီမံကိန်းနယ်မြေတွင် သိန်းခုနစ်ထောင်ကျော်ဖိုး မြေ ၁၀ ဧကကျော် ၀ယ်သွားသော မူဆယ်ဘက်မှ လုပ်ငန်းရှင်တစ်ဦးသည် စီမံကိန်းရပ်တန့်ပြီဟု သတင်းထွက်ပေါ်လာပြီး နောက်နေ့နံနက်တွင် ၎င်း၏နေအိမ်၌ စိတ်ကယောင်ချောက်ချားဖြစ်သွားသည်ဟု ကြားသိရကြောင်း တွံတေးမြို့နယ် အထက်တမာတကောကျေးရွာမှ လယ်ယာမြေအကျိုးဆောင် ဦးမြလွင်ကပြောသည်။

‘‘ကိုယ်တိုင် အရောင်းအ၀ယ်လုပ်ပေးလိုက်တာ။ အဲဒီအမျိုးသားက အမှတ်မရှိဘူး။ ဒါဖြစ်တာ ဒုတိယအကြိမ်။ ပြီးခဲ့တဲ့နှစ်က ဒလမှာလည်း မြေ၀ယ်ထားသေးတယ်’’ဟု မူဆယ်မှ မြေလာဝယ်သူ အမျိုးသားတစ်ဦး၏ အကြောင်းကို အထက်ပါအကျိုးဆောင်က ဆက်ပြောသည်။

စီမံကိန်းတွင် ပုဂ္ဂိုလ်အချို့အတွက် မူးယစ်ဆေးဝါး၊ မှောင်ခိုလမ်းကြောင်းများမှ ရရှိသော ငွေမည်းများဖြင့် မြေ၀ယ်ပြီး ပြန်လည်ရောင်းချခဲ့ရာ ၎င်းတို့အတွက် ငွေမည်းအဖြစ်မှ ငွေဖြူအဖြစ်သို့ မြို့သစ်စီမံကိန်းက လုပ်ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က သုံးသပ်ပြောသည်။

အချို့မြေ၀ယ်ထားသူများကလည်း လယ်သမားများကို ပြန်လည်ရောင်းချရန် စီစဉ်နေပြီး လယ်သမားများကလည်း လယ်မလုပ်သည်မှာ သုံးလေးနှစ်ကြာနေပြီဖြစ်သောကြောင့် ပြန်လည်လုပ်ကိုင်လိုခြင်းမရှိတော့ကြောင်း အကျိုးဆောင်ဦးမြလွင်ကဆိုသည်။ အကျိုးဆောင်ဦးမြလွင် ကိုယ်တိုင်ပင် ၎င်းပိုင်ဆိုင်သည့် လယ်ငါးဧကကို ရောင်းချပြီးဖြစ်ပြီး လှိုင်သာယာတွင် မြေပြန်လည်ဝယ်ယူထားသည်။ ၀ယ်ထားသော မြေကွက်တွင် လူနေအဆောင်ဆောက်လုပ်၍ ငှားရမ်းပြီး ၀င်ငွေရှာရန် စီစဉ်နေသည်။

တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပင်လယ်ထွက်ပေါက်နေရာကို တိုင်းတစ်ပါးသားနိုင်ငံခြားသားလက်ထဲသို့ ထိုးထည့်ရမည့်ကိစ္စကို ယခုလိုရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံနှင့် စီးပွားရေးမြို့တော် ရန်ကုန်အတွက် များစွာကံကောင်းသွားရပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။ ၎င်းသည် ပွင့်လင်းမြင်သာမှုလုံးဝမရှိသော မြို့သစ်စီမံကိန်းကို ဆန့်ကျင်သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက စီမံကိန်းများ သတင်းထွက်ပေါ်လာလျှင် မြေဈေးများ တက်လေ့ရှိသောကြောင့် စီမံကိန်းများကို ကြိုမပြောတော့ဟု ပြောထားခဲ့ပြီး မြေဈေးများဆက်တိုက်မြင့်တက်နေမှုနှင့် ပတ်သက်၍ ဈေးကျအောင်လုပ်ရန် အစီအစဉ်များရှိကြောင်း ဦးစိုးသိန်းက ပြောထားသည်။

ထို့ကြောင့် ယခုမြို့သစ်စီမံကိန်းသည် မြေဈေးကျစေရန် လုပ်ဆောင်သည့် အစိုးရ၏ ဟန်ပြစီမံကိန်းတစ်ခု ဖြစ်လာနိုင်သည်ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်က သူ၏အမြင်ကိုပြောသည်။ ထိုကဲ့သို့ ထင်မြင်ယူဆသည်မှာ သူတစ်ယောက်တည်းမဟုတ်ပါ။

သို့သော် မြို့တော်ဝန်နှင့် ၀န်ကြီးချုပ်တို့ ဦးဆောင်စီစဉ်သော မြို့သစ်စီမံကိန်းမှာ ဖိအားမျိုးစုံကြုံရပြီးဖြစ်သောကြောင့် လက်လျှော့သွားခြင်းဖြစ်သည်ဟု သုံးသပ်သူများရှိသည်။

ယခင်ဖော်ထုတ်ခဲ့သော မြို့သစ်စီမံကိန်းများမှာပင် အခြေခံအဆောက်အအုံ ပြည့်စုံအောင် အစိုးရက ဆောင်ရွက်မပေးသောကြောင့် ယခုစီမံကိန်းဆောင်ရွက်ဖြစ်ပါက သင့်ရာလူကို လုပ်ခွင့်ပေးကာ အဂတိလိုက်စားမည့်ဘေးမှ ကင်းသွားပြီဟုလည်း မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။

အရှေ့တောင်အာရှတွင် မြေဈေးအကြီးဆုံးမြို့တစ်မြို့အဖြစ် ရပ်တည်နေသည့် ရန်ကုန်မြို့၌ မြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေနေရာတွင် ပြီးခဲ့သည့်လက လုပ်ငန်းရှင်အချို့က သူ့ထက်ငါ အလုပ်အယက်မြေ၀ယ်ယူနေပြီး မြေဈေးများလည်း ရက်ပိုင်းအတွင်း ကျပ်သိန်းဆယ်ဂဏန်းမှ ထောင်ဂဏန်းအထိ တက်သွားခဲ့သည်။ သို့သော် စက်တင်ဘာနောက်ဆုံးပတ်မှ စတင်ပြီး စီမံကိန်းပျက်ပြားသွားပြီဆိုခြင်းကြောင့် ရက်ပိုင်းအတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းစပြုနေပြီဟု လယ်ယာမြေအကျိုးဆောင်များက ခန့်မှန်းကြသည်။

နောက်ဆုံးတွင် ငွေအလုံးအရင်းဖြင့် ရှေ့မှ ကြိုတင်ဝယ်ယူထားသူများက စီမံကိန်းသတင်း ပေါ်ထွက်လာပြီးနောက် အမြတ်အစွန်းများများဖြင့် မြန်ဆန်စွာရောင်းချလိုက်ပြီး ငွေထုပ်ပိုက်သွားကြပြီဖြစ်သည်။

ယခုရန်ကုန်မြို့သစ်စီမံကိန်း ပျက်သွားရခြင်းမှာ နိုင်ငံတော်သမ္မတက လုပ်ဆောင်မည့် စီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့် စီမံကိန်းကို ဆက်လက်မလုပ်ဆောင်ရန် အစိုးရအဖွဲ့သို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဖြေကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကို လုပ်ရိုးလုပ်စဉ်သာ မလုပ်ကြဘဲ ငွေထုတ်ပိုက်၍ အသံကြားရာနေရာသို့ မြေလိုက်ဝယ်နေကြသူများအတွက် ဆင်ခြင်စရာတစ်ခုဖြစ်ခဲ့ပြီး ပွဲလန့်တုန်းဖျာခင်းသူများကို သတိထားရန်လိုအပ်ပြီဆိုသည်မှာ အဆိုပါ မြို့သစ်စီမံကိန်းကပေးသော သင်ခန်းစာဖြစ်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်ကပြောသည်။

အစိုးရမှ စီမံကိန်းတစ်ခု လုပ်ဆောင်သည်ဆိုသည်မှာ လုပ်မည်ဟုပြောရုံဖြင့်မရဘဲ ဥပဒေနည်းဥပဒေများပြုပြီး စတင်ဆောင်ရွက်မည့်သူက လုပ်ဆောင်မှသာ စီမံကိန်းခိုင်မာမှု ရှိ၊ မရှိကို ဆန်းစစ်နိုင်ကြောင်း ဦးလှမောင်က အကြံပြုသည်။

‘‘ဒီက အစိုးရလူကြီးပိုင်းတွေက တရေးနိုးအကြံပေါ်ထလုပ်ကြတာ ယုံသင့်၊ မယုံသင့်တော့ ချင့်ချိန်ကြပေါ့’’ဟု ဦးလှမောင်က သတိပေးပြောဆိုသည်။
http://www.7daydaily.com/story/21804#.VCwdl1f4U1o

photo..Rfa
အမျိုးသားလွှတ်တော် တွင် အချိုးကျကိုယ်စားပြု ရွေး ကောက်ပွဲစနစ် (ပီအာရ်)တင်သွင်းခဲ့သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်မှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အောက်တိုဘာလအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားပြီး ၎င်းမဲဆန္ဒနယ်အတွင်းတွင်လည်း ပီအာရ်စနစ်ကို မကြိုက်နှစ်သက် သော မဲဆန္ဒရှင်ပြည်သူများရှိနေ ကြောင်း ပြည်သူ့လှုပ်ရှားမှုမြှင့် တင်ရေးကွန်ရက်မှ သိရသည်။

‘‘ပီအာရ်ကို လွှတ်တော်ကို တင်တာ ပြည်သူတွေရဲ့ သဘော တူညီချက်ကို တောင်းတာမပါ ဘူး။ ပီအာရ်ကို မကြိုက်တဲ့ ပြည် သူတွေအများကြီးရှိနေတယ်’’ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်တွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပြည်သူ့လွှတ်တော်သို့ ပီအာရ်စနစ် အဆိုတင်သွင်းသည့်အတွက် ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်များက ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ပါဝင်ခဲ့သည်။

‘‘အန်တီ့ကို ဆန္ဒပြမယ်ဆိုရင်လည်း ပြလို့ရပါတယ်။ အဲဒါသူတို့ရဲ့ အခွင့်အရေးပဲလေ။ ဒါပေမဲ့လုပ်ရပ်တစ်ခုက တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ဖို့တော့ လိုပါတယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီ (NDF) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်သည် ပြီးခဲ့သည့် ဇွန်လအတွင်း ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ လာမည့်ရွေး ကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင် ရေးကွန်ရက်ကို ယခုနှစ်မေလအ တွင်း စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပီအာရ်စနစ်ကန့် ကွက်သည့် ဆန္ဒထုတ်ဖော်မှုများ တွင် ပါဝင်ခဲ့သည်။

7Day News Journal
https://www.facebook.com/7daynews

ဆီးရီးယား-အီရတ် နယ်စပ်အနီးတွင် တွေ့ရသည့် IS တပ်ဖွဲ့ဝင်များ
7Day News Journal
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သည့် နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် စစ်ရေးအရ ပံ့ပိုးမှု တစ်ခုသာဖြစ်ပြီး IS ၏ ပြိုင်ဘက် ဆီးရီးယား သူပုန်များကို လက်နက်တပ်ဆင် လေ့ကျင့်ပေးရန်၊ အီရတ် စစ်တပ်ကို ပိုမိုတောင့်တင်းစွာ စုဖွဲ့နိုင်ရန်အတွက် အကူအညီများ ပေးအပ်ရမည်ဟု မှတ်ချက်ပြုခဲ့သည်။

သတင်းအချို့က အမေရိကန်၏ လေကြောင်းထိုးစစ်သည် ကာလရှည်ကြာ အချိန်ယူရနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့သော်လည်း ကာဘီက IS အဖွဲ့အပေါ် အမေရိကန်က အရေးယူမည့် မဟာဗျူဟာအပေါ် စိတ်ရှည်ရှည်ထားကြရန် သတင်းထောက်များအား တိုက်တွန်းခဲ့သည်။

“ဒီစစ်ဆင်ရေးက မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ပြီးစီးသွားမယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး။ တိကျတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆိုင်းငံ့သွားတဲ့အချိန် လုံခြုံရေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ခံစားချက်မျိုး ဖြစ်လာအောင် ဘယ်သူမှလည်း မလှုံ့ဆော်သင့်ဘူး။ ကျွန်တော်တို့က လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်လိုက်မှာ မဟုတ်ဘူး။ သူတို့ကို စမ်းတဝါးဝါး အခြေအနေ တစ်ရပ်နဲ့ ဗုံးကြဲနေတာ မဟုတ်ဘူး”ဟု ကာဘီက ဆိုသည်။

၎င်းက အမေရိကန် အနေဖြင့် IS အဖွဲ့ကို ချေမှုန်းရန် ရေရှည်ဗျူဟာတစ်ရပ် ချမှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများသည် အစိတ်အပိုင်း တစ်ရပ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီစစ်သွေးကြွ အဖွဲ့နဲ့ ပတ်သက်လို့ အလျင်စလို အရေးယူ တုံ့ပြန်သင့်ကြောင်း စိတ်ကူးမျိုးကို ကျွန်တော်တို့ မျှဝေလက်ခံနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဒီစစ်ဆင်ရေးမှာ မဟာဗျူဟာ လိုအပ်ချက်အရ စိတ်ရှည်ဖို့ကိုလည်း အားလုံး မျှဝေ လက်ခံပေးကြပါ။ အခုလောလောဆယ် ဒီအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကာဘီက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက လေကြောင်းတိုက်ခိုက်မှု သက်သက်ဖြင့် IS တပ်ဖွဲ့များအပေါ် အသာစီး ယူနိုင်မည် မဟုတ်သည်ကို နားလည်ထားကြောင်းလည်း ဆိုသည်။ “ဒီကိစ္စကို ကျွန်တော်တို့ ရိုးရိုးသားသားပဲ ပြောပါမယ်။ လက်ရှိ စစ်ဆင်ရေး အနေအထားလောက်နဲ့ အပြီးသတ် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီစကားဟာ အကျိုးသက်ရောက်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေက သူတို့ရဲ့ နည်းဗျူဟာတွေကို ပြောင်းလဲပစ်ရမယ်။ သူတို့ရဲ့ စီမံအုပ်ချုပ်ပုံတွေကို ပြန်ပြင်ရတော့မယ်။ ဒါတွေက ထိထိမိမိ သက်ရောက်မှုတွေလည်း ဖြစ်ပါတယ်”ဟု ကာဘီက မှတ်ချက်ပြုသွားသည်။

_Ref: Channelnewsasia
http://www.7daydaily.com/story/21829#.VCwcv1f4U1o

ပြီးခဲ့သောသီတင်းပတ်များအတွင်းက အမေရိကန်နှင့်မဟာမိတ်နိုင်ငံများသည် IS တို့ကို လေကြောင်းမှ ထိုးစစ်ဆင်ခဲ့သည်

အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များက စနစ်တကျ ရှောင်လွှဲနိုင်စွမ်း ရှိလာကြောင်း သတင်းရရှိသည်။

IS တပ်ဖွဲ့၏ ထိန်းချုပ်ခြင်းကို ခံနေရသည့် နယ်မြေများတွင် နေထိုင်သည့် ဒေသခံ အချို့က ကမ္ဘာကျော် အစွန်းရောက် စစ်သွေးကြွများသည် လေကြောင်းမှ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဖြစ်နိုင်ခြေကို လျှော့ချပေးမည့် နည်းလမ်းများကို ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။

မျက်မြင်များက IS စစ်သွေးကြွများသည် ၎င်းတို့၏ စစ်ဆေးရေးဂိတ် အများအပြားကို ဖျက်သိမ်းလိုက်ခြင်းဖြင့် တိုက်လေယာဉ်များ၏ ပစ်မှတ်နေရာ သတ်မှတ်နိုင်ခြေကို လျော့ကျသွားစေကြောင်း ဆိုသည်။ ထို့အပြင် စစ်သွေးကြွ အများအပြားသည် မိုဘိုင်းဖုန်းများ အသုံးပြုပြီး ဆက်သွယ်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားနေကြောင်းလည်း သိရသည်။

စစ်သွေးကြွများသည် ၎င်းတို့ အသုံးပြုနေသည့် သံချပ်ကာယာဉ်များနှင့် အခြားသော မော်တော်ကားများကို အလွန်တောက်ပသည့် အရောင်များ ခြယ်သခြင်းမျိုးကိုလည်း စွန့်လွှတ်လိုက်သည်။ တောက်ပလွန်းသော အရောင်အမျိုးမျိုးနှင့် ယာဉ်တန်းတစ်ခုသည် ဝေဟင်ထက်မှ တိုက်လေယာဉ်မှူးများကို ဗုံးခလုတ် ဖြုတ်ချင်အောင် ဆွဲဆောင် ဖိတ်ခေါ်နေမှန်း IS အဖွဲ့သားများ ရိပ်မိလာခြင်း ဖြစ်သည်။

ထို့အပြင် IS တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများရှိ နေအိမ်အမြောက်အမြား၏ ခေါင်မိုးထက်တွင် အနက်ရောင် IS အလံများကို ခြယ်သရေးဆွဲထားသည်။ ထိုအခြေအနေက လေယာဉ်မှူးများ အနေဖြင့် ပစ်မှတ်ကို ရွေးချယ်ချိန်တွင် အာရုံထွေပြားစေမည် ဖြစ်သည်။ IS တပ်ဖွဲ့၏ ထိန်းချုပ်ခံ နယ်မြေများမှ ဒေသခံ အများအပြားက ယခုအခါ စစ်သွေးကြွများသည် ၎င်းတို့ အခြေစိုက်ရာ အဆောက်အအုံတစ်ခု ဗုံးကြဲ ဖျက်ဆီးမခံရမီ ကြိုတင် သတင်းရ လွတ်မြောက်အောင် စီမံ ခန့်ခွဲနေနိုင်ပြီဟု ပြောကြားခဲ့သည်။

IS က အသုံးပြုသည့် စစ်လက်နက်များသည် အပေါ့စားများ ဖြစ်သောကြောင့် အလွယ်တကူ ကိုယ်ယောင်ဖျောက်နိုင်သလို မြန်မြန်ဆန်ဆန် ပြန်လည် စုရုံးနိုင်သည်။ ယင်းသည် ကမ္ဘာပေါ်ရှိ စစ်တပ် အများအပြားထက် အားသာချက်တစ်ခု ဖြစ်နေကြောင်း ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေး သုတေသီ ပေါလ်ဂစ်ဘ်ဆန်က ဆိုသည်။

“သူတို့တွေ အနေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံရတဲ့နောက် သင့်တော်တဲ့ ပုံသေနည်းတွေကို ရှာတွေ့သွားပုံပဲ။ တကယ်လို့ စစ်သွေးကြွတွေကို လေကြောင်းက တိုက်ခိုက်လာပြီ ဆိုတာနဲ့ IS က အရင်ဆုံး လုပ်တာက ပူးပေါင်း လေတပ်ရဲ့ ပစ်မှတ် သတ်မှတ်ချက်ကို လျှော့ချလိုက်ဖို့ပဲ။ ပြီးတော့ ဆက်သွယ်ရေး ကဏ္ဍမှာ မိုဘိုင်းဖုန်းနဲ့ ရေဒီယိုတွေ အသုံးပြုတာ နည်းသွားတယ်။ ဒီအတွက် သူတို့ဆီက ထွက်ပေါ်လာတဲ့ ရေဒီယိုလှိုင်းကို ဖမ်းယူရတာ ပိုပြီး ခက်သွားတယ်”ဟု ဂစ်ဘ်ဆန်က မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် IS တပ်ဖွဲ့က စုစည်းထားသည့် နိုင်ငံတကာ တိုက်ခိုက်ရေးသမားများတွင် အာဖဂန်နစ္စတန်၊ ချေချင်းညာ၊ လစ်ဗျားတို့မှ တိုက်ပွဲအတွေ့အကြုံ ရှိသူများ ပါဝင်နေသောကြောင့် လေကြောင်းထိုးစစ်ကို မည်သို့တုံ့ပြန်ရမည်ကို ပိုမို နားလည်တတ်သိ လွယ်လာကြောင်းလည်း ဂစ်ဘ်ဆန်က ဆိုသည်။ “လေကြောင်း တိုက်ခိုက်မှု တစ်ရပ် ကြုံလာပြီဆိုရင် ဘယ်လို နေထိုင် ပြုမူမှုမျိုးက အံအဝင်ဆုံး ဖြစ်မလဲ ဆိုတာကို သူတို့တွေ လျင်လျင်မြန်မြန် သင်ယူနိုင်ခဲ့ပုံပဲ။ အခြေခံ အချက်တွေအရ ကိုယ့်ဆီမှာ မိုဘိုင်းဖုန်းတစ်လုံး ရှိနေရင် ဗုံးတစ်လုံး ချက်ချင်းရောက်လာနိုင်တာကို သိထားရမယ်လေ”ဟု ၎င်းက ပြောကြားသွားသည်။

_Ref: BBC
http://www.7daydaily.com/story/21831#.VCwb8lf4U1o

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ လုံခြုံရေးကြိုးပုံစံသစ် ရေစာသစ်နှင့် ဗာနစ် (VARNISH) အလွှာဖြင့် ဖုံးအုပ်ထားသည့် ငါးထောင်ကျပ်တန် ထုတ်ဝေလိုက်ပါပြီ။ ငွေစက္ကူ အရွယ်အစားပုံသဏ္ဌာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလ ငါးထောင်ကျပ်တန် အရွယ်အစားအတိုင်းပင်။

ဗဟိုဘဏ်၏ ၁၈-၉-၂ဝ၁၄ နေ့စွဲပါ သတင်းကြေညာချက်အရ ၁-၁ဝ-၂ဝဝ၉ နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူဖြင့် တရားဝင်လှည့်လည်သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်ဘဲ လုံခြုံမှုအဆင့် ပိုမိုမြင့်မားစေရန် အရည်အသွေး ပိုမိုကောင်းမွန်စေရန် အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်ဟု ဆိုထားပါသည်။

ငွေစက္ကူအသစ်နှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များက မိမိတို့ရှုထောင့်မှ သုံးသပ်တင်ပြမှုကိုလည်း ကြားနေဖတ်နေရပါသည်။ တချို့က ငွေကြေးဖောင်းပွမှုတစ်ရပ် ဖြစ်လာမည်ဟုဆိုပြီး တချို့က ငွေကြေးဖောင်းပွမှု မဖြစ်ပေါ်နိုင်ဟု သုံးသပ်ကြပါသည်။ မည်သို့ပင်ဆိုစေ ဤဆောင်းပါးရေးသားနေချိန်၌ မြန်မာနိုင်ငံ ငွေကြေးလဲလှယ်မှုတွင် ဒေါ်လာဈေးသည် မတည်မငြိမ်ဖြစ်နေသည်ဟု သိရပါသည်။

ဘာပဲဖြစ်ဖြစ် ငွေစက္ကူအသစ် ထုတ်ဝေလာခြင်းအပေါ် ကျွန်တော် စိတ်ဝင်စားပါသည်။ ပြည်သူ့လွှတ်တော်အတွင်း၌ ဆက်လက်ထုတ်ဝေမည့် ငွေစက္ကူများကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ထုတ်ဝေရန် ကျွန်တော်မေးခွန်းလည်း မေးခဲ့ပါသည်။
အဆိုလည်း တင်ခဲ့ပါသည်။

၁၃-၁၁-၂ဝ၁၃ နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး၌ အဆိုနှင့်ပတ်သက်၍ အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။ “ကျွန်တော် စတုတ္ထ ပုံမှန်ပြည်သူ့လွှတ်တော် အစည်းအဝေးမှာကိုက ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ နိုင်ငံတော်အစိုးရမှ နောင်ဆက်လက်ရိုက်နှိပ်မည့် နိုင်ငံတော်ငွေစက္ကူများတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများကို ငွေစက္ကူပေါ်တွင် ထည့်သွင်းဖော်ပြပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီစဉ်ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ပေးပါမည်နည်းဆိုတဲ့ မေးခွန်းကို ကျွန်တော်မေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖြေတဲ့အခါကျတော့ ကြယ်ပွင့်မပြမေးခွန်းအပြင် ထိပ်တန်းလျှို့ဝှက်ဆိုပြီး ပါလာတဲ့အတွက် အဲဒီအချိန်တုန်းက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဖြေဆိုချက်ကို အများပြည်သူသိရှိအောင် ကျွန်တော် မဖော်ပြနိုင်ခဲ့ပါဘူး”

“အဆိုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ယခင် အစိုးရအဆက်ဆက်ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံအား အလေးထားဂုဏ်ပြု ထုတ်ဝေခဲ့ပါသည်။ ယခု ထုတ်ဝေသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန်အထိမှာ ခြင်္သေ့ပုံများဖြင့် ဖော်ပြထားသည်ဖြစ်ရာ အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ကြောင်း ယူဆပါသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင်ခေတ်အဆက်ဆက်တိုင်း ပြန်လည်အစားထိုး ထုတ်ဝေပေးရန်ပါပဲ”

အဆိုနှင့် ပတ်သက်၍ နိုင်ငံတကာအစဉ်အလာနှင့် ပြည်တွင်းထုံးသာဓကများ တင်ပြခဲ့ပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံ ဘတ်ငွေကို ဘုရင်ဘူမိဘောပုံနှင့် ထုတ်ဝေနေသကဲ့သို့ တရုတ်နိုင်ငံ၌လည်း ယွမ်ငွေကို ခေါင်းဆောင်ကြီး မော်စီတုန်းရုပ်ပုံလွှာနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ၌လည်း ၁၉၄၈-၁၉၆၂ ခုနှစ်အထိ ထုတ်ဝေခဲ့သော တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ နှစ်ဆယ်၊ ငါးဆယ်၊ ခုနစ်ဆယ့်ငါးကျပ်တန်များ၌လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့်ပင် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ထို့အတူ ၁၉၅၉ မှ ၁၉၆၆ အထိ ငွေအကြွေစေ့များကိုလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနှင့်ပင် ထုတ်ဝေခဲ့ပါသည်။

သို့ကလို သာဓကများ အစဉ်အလာများတင်ပြရင်း အကျိုးသက်ရောက်မှုကို အောက်ပါအတိုင်း မီးမောင်းထိုးပြခဲ့ပါသည်။

“အခု ဗဟိုဘဏ်က လွတ်လပ်တဲ့ဗဟိုဘဏ်ဖြစ်တဲ့အတွက် နောက်ထပ် ငွေစက္ကူ အသစ်များရိုက်နှိပ်တဲ့အခါမှာ ငွေစက္ကူ အဟောင်းများကို ပြန်လည်ပြီးတော့ အသစ်နဲ့လဲလှယ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်များ၊ အာဇာနည်များပါဝင်တဲ့ ရုပ်ပုံလွှာများကို ငွေစက္ကူမှာ ရိုက်နှိပ်ပေးမည်ဆိုပါလျှင် ကျွန်တော်တို့က ကျွန်တော်တို့သမိုင်းအပေါ်မှာ အင်မတန်မှ အလေးအနက်ထားတဲ့လူမျိုး၊ နောင်မျိုးနွယ်ဆက်များအတွက် ကျွန်တော်တို့ ငွေစက္ကူကဏ္ဍကပင်လျှင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြောင်း ပြသနိုင်ဖို့” ဖြစ်ပါသည်။

သည်အဆိုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဠ ဒေါ်ခင်စောဦးက “မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နောက်ထပ်ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသောအချိန်တွင် ထင်ရှားသောနိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အအုံများ ရှုခင်းများ အထိမ်းအမှတ်ပုံစသည်တို့ကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေရှိမယ့်ပုံများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထည့်သွင်းရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပါကြောင်း” တင်ပြအပ်ပါသည်။

လွှတ်တော်၌ မှတ်တမ်းတင်ခဲ့သော ကျွန်တော်၏အဆိုသည် ငါးထောင်ကျပ်တန်အသစ် ထုတ်ဝေခဲ့သောယနေ့အထိ အကောင်အထည်မပေါ်သေးပါ။ မည်သည့်အကြောင်းကြောင့်ဆိုသည်ကိုတော့ ဗဟိုဘဏ်ကသာ အသိဆုံးဖြစ်ပါသည်။ကျွန်တော့်အနေနှင့်ကတော့ မြန်မာနိုင်ငံသားအများစုနှင့် ထပ်တူအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ထင်ရှားသော နိုင်ငံခေါင်းဆောင်များ၏ ရုပ်ပုံလွှာကို အမြန်ဆုံး မြင်တွေ့လိုကြောင်း ထပ်မံတင်ပြအပ်ပါသည်။

Eleven Media Group

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာမှ ကျောင်းပိုင်မြေအား အလွဲသုံးစားရောင်းချ ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သူ များအား ကျောင်း အကျိုးတော်ဆောင် မှ ကျောင်းမြေ ပြန်လည်အစားထိုး ရရှိရေးကို တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု သိရသည်။

မွန်ပြည်နယ် ပညာရေးဌာနနှင့် ပေါင်မြို့နယ် မြေစာရင်းဦးစီးဌာန၏ တရားဝင်မှတ်တမ်းများအရ အလယ်တန်းကျောင်းပိုင်မြေ ဧရိယာမှာ ၂ ဧက၊ မူလတန်းကျောင်းမြေမှာ ၀ .၆၉ ဧကရှိရာမှ ယခုအချိန်၌ အလယ် တန်း ကျောင်းမြေဧရိယာမှာ ၁ .၇၄ ဧကသာရှိသည့်အတွက် ၀ .၂၄ ဧက လျော့နည်းနေခြင်းဖြစ်ကြောင်း ပေါင် မြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရှိရ သည်။

“အခုကျောင်းက အထက်တန်း ကျောင်းခွဲအဖြစ် တိုးမြှင့်လိုက်ပြီဆိုတော့ ကျောင်းဆောင် သစ်ဆောက်ဖို့ မြေလိုလာတယ်။ ကျွန်တော်တို့မြေ အစားပြန် လိုချင်တယ်ပြောတယ်။ သူတို့ က ရောင်းခဲ့ပြီးသွားပြီး ပြန်မပေးနိုင်ဘူးတဲ့၊ ကျေးရွာကလူကြီး တစ်ယောက်ဖြစ်ပြီး အခုလို အလွဲသုံးစားပြုနေတဲ့အတွက် သူတို့ကျူး လွန်တဲ့ အပြစ်အတွက် ပြစ်ဒဏ်ကျ စေချင် တယ်” ဟု ကျောင်း အကျိုးတော် ဆောင် နာယကဦးမြင့်စိန်က ပြော သည်။

အဆိုပါ အလယ်တန်းကျောင်း မြေဧရိယာအား အတိအကျသိရှိရန် အတွက် ကျောင်း အကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများမှ မြေစာရင်းဌာန နှင့် ပညာရေးဌာနသို့ စုံစမ်းခဲ့ရာ ၅ .၄ .၁၉၉၉ ရက်စွဲဖြင့် ပေါင်မြို့နယ် မြေစာရင်းဦးစီမှူးမှ ကျောင်းဆောက် လုပ်ရန် အတွက် ရေးဆွဲ သည့်ပုံစံ ၁၀၅ မြေပုံအရ ဒေါ်ကျင်မြိုင်အမည် ပေါက် လယ်မြေ ၂ ဧကအား ဒေါ်ညွန့်ရီ ဆိုသူမှ ကျေင်းဆောက်ရန် လျှောက်ထားလာသဖြင့် ထုတ်ပေးသော မြေပုံဖြစ်သည်။

အဆိုပါလယ်မြေအား လယ်ယာ မြေကင်းလွတ်ခွင့်လျှောက်ခဲ့သဖြင့် လ/န ၃၉ မြေအဖြစ် ၁၉ .၁၀ . ၂၀၁၁ ရက်နေ့စွဲပါစာအရ မွန်ပြည် နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီမှ အတွင်းရေးမှူး အောင်မော်မော်က လက်မှတ်ရေးထိုး၍ ကျောင်းမြေအဖြစ် တရားဝင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

“လျော့နည်းနေတဲ့ မြေတွေကို ဦးသောင်းရှင်၊ ဦးယဉ်ထွေနဲ့ ဦးဆန်း ဦးတို့ရောင်းချပြီး ကိုယ်ကျိုး အတွက် သုံးခဲ့ကြတယ်။ ဒီလိုလုပ်တဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့ ကျောင်း အကျိုးတော်ဆောင် ဦးမြင့်စိန်က ပေါင်မြို့နယ် တရားရုံးကို ဒီနှစ် ၉ လပိုင်း ၂၂ ရက်နေ့က ဦးတိုက်လျှောက်ခဲ့တာပါ“ဟု ကျောင်းအကျိုးတော် ဆောင် ဒုဥက္ကဌ ဦးအောင်ငြိမ်းက ပြောသည်။

အဆိုပါ ကျောင်းပိုင်မြေအား ၂၀၁၄ ခုနှစ်တွင် ရယကဥက္ကဋ္ဌဖြစ်သူ ဦးသောင်းရှင်နှင့် ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးယဉ်ထွေး တို့ ၂ ဦးသည် ကျေးရွာမူလတန်းကျောင်း မြေဧရိယာ အချို့အား ငွေကျပ် ၁ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ကျောင်း အကျိုးတော်ဆောင် နာယက ဦးမြင့်စိန် က ပြောကြားခဲ့သည်။

ထို့နောက် ကျားဘိုကျေးရွာ မူလတန်းကျောင်းအဆင့်မှ အလယ်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်သည့်အချိန် ကျောင်အဆောက်အဦးများ အသစ်ဆောက်လုပ်ခြင်း၊ ကျောင်းခြံ စည်းရိုးများ အသစ်ပြုပြင်သည့် အချိန်တွင် အလယ်တန်းကျောင်မြေ ၂ ဧကထဲမှ အဆိုပါ ဦးသောင်းရှင်နှင့် ဦးယဉ်ထွေးတို့သည် ဒုတိယအကြိမ် ကျောင်းပိုင်မြေပေ (၃၄x၃၄) ပေအား ဒေါ်ငြိမ်းတင် ဆိုသူအား ၁၃ .၁ . ၂၀၁၀ ရက်နေ့တွင် ငွေကျပ် ၈ သိန်း ဖြင့် ရောင်းချခဲ့ကြောင်းနှင့် တဖန် ၂၀၁၃ ခုနှစ်တွင် တဖန် တတိယအကြိမ်မြောက် ထပ်မံရောင်းချခဲ့ကြောင်း ၎င်းင်းက ဆက်လက် ရှင်းပြခဲ့သည်။

အထက်ပါ ကျားဘိုကျေးရွာ အလယ်တန်းကျောင်မြေ ဧရိယာမှာ ၂ ဧကရှိကြောင်း ပေါ်ပေါက် လျှက်ရှိ သည်ကို သိရှိရသဖြင့် ကျောင်သား မိဘနှင့် ကျောင်အကျိုးတော် အဖွဲ့မှ ပေါင်မြို့နယ် မြေ စာရင်းဦးစီးဌာနသို့ ကျောင်းမြေ အတိအကျသိရှိရန်အ တွက် မြေတိုင်းတာပေးရန် လျှောက် ထားခဲ့ရာ ၈ .၅ .၂၀၁၃ ရက် နေ့စွဲ ပါစာအရ မြေစာရင်းဦးစီးဌာနမှ ကျောင်း အကျိုးတော်ဆောင် အဖွဲ့သို့ ပြန်ကြားစာတွင် ယခုလက်ရှိ အလယ် တန်းကျောင်းမြေသည် ၁ .၇၆ ဧက သာ ရှိတော့သည်ဟု သိရှိရသည်။

သတင်း - MMK

The Ladies News Journal


ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင် ရရှိထားသည့် အသက် ၈ နှစ်အရွယ် ချစ်စရာ ကောင်းသော ချာတိတ်လေး အီဗန်ကို တွေ့ဖူးကြပါရဲ့လား။

အီဗန်သည် အခြား ကလေးငယ်များကဲ့သို့ အရုပ်များနှင့် ဆော့ကစားပြသည့် အတွက် ဒေါ်လာ သိန်းချီရနေသူ ဖြစ်သည်။

မိသားစုဝင်တိုင်း ကြည့်ရှုသင့်သည့် EvanTubeHD တွင် အီဗန်က ဖျော်ဖြေတင် ဆက်နေခြင်းဖြစ်သည်။ EvanTubeHD သည် အရုပ်များနှင့် ဗီဒီယိုဂိမ်းများကို သုံးသပ်ပေးသော YouTube ချန်နယ်တစ်ခုဖြစ်သည်။

အီဗန်၏ ဗီဒီယိုများက အမြဲလိုလိုကြည့်ရှုသူ တစ်သန်းကျော်ရှိတတ်ပြီး ယင်းဗီဒီယိုများကြောင့်ပင် အီဗန်လေးအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရရှိနေခြင်းဖြစ်သည်။

ယင်းမှာ "ငါဘာလို့ ဒီလို မတွေးမိခဲ့တာပါလိမ့်" ဟုဆိုကာ သင့်ကိုအတွေးပွားစေမည့် အင်တာနက်ပေါ်တွင်အာင်မြင်မှုရနေသော ဇာတ်လမ်းများထဲမှ တစ်ပုဒ်ပင်ဖြစ်သည်။ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများဖြင့် ပြည့်နှက်နေသည့် အဆိုပါ အစီအစဉ်ကို အီဗန်နှင့် သူ၏ဖခင် ဂျရတ်တို့ စတင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ရွှံ့ဖြင့် ဖန်တီးထားသည့် Angry Birds အရုပ်လေးများကို အသုံးပြုကာ stop-motion ခေါ် သက်မဲ့အရုပ်များကို အသက်သွင်းသည့် ဗီဒီယိုများကိုလည်း သားအဖနှစ်ဦး ဖန်တီးခဲ့ကြသည်။

"ကျွန်တော်တို့ စလုပ်တုန်းက၊ ပျော်စရာ အစီအစဉ်လေး တစ်ခုအနေနဲ့ တစ်လမှာ ဗီဒီယိုတစ်ခုပဲ ဖန်တီးဖြစ်ပါတယ်။ ဖန်တီးထားတာလေးတွေကို ဘယ်သူတွေများ လာကြည့်ကြလဲဟ ဆိုပြီး ကြည့်ရတာကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်" ဟု ဖခင်ဖြစ်သူ ဂျရတ်က ပြန်ပြောင်းပြောဆိုခဲ့သည်။

ဗီဒီယိုများက နှစ်လိုဖွယ် ဖြစ်နေသည့်အတွက် အမှန်တကယ်ပင် လူကြိုက် များလာခဲ့သည်။ ပထမဆုံး ဗီဒီယိုကိုတင်ခါစက ကြည့်ရှုသူ ၁ သန်းရှိခဲ့ရာ ပိုမိုကြီးကျယ်လာနိုင်သည်ကို ဂျရတ် သိရှိခဲ့သည်။

ဖခင်ဖြစ်သူဂျရတ်က အဆိုပါချန်နယ်မှ ရရှိလာသည့် ငွေကြေးများကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ယင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို သားဖြစ်သူအီဗန်နှင့် သမီးငယ်လေးဂျီလီယန်တို့အတွက် ဘဏ်တွင် ငွေစုပေးထားသည်ဟု ဆိုသည်။

အီဗန်၏ ဗီဒီယိုများတွင် သူ၏ ခြောက်နှစ်အရွယ်ညီမငယ်လေး ဂျီလီယန်က ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်တတ်သည်။

တစ်ခါကလည်း ပန်းခြံထဲ၌ မောင်နှမနှစ်ဦးက မိခင်ဖြစ်သူကို သစ်ပင်တွင် တုပ်နှောင်ဟန်ပြုကာ Angry Bird ငှက်ရုပ်များဖြင့် ဂိမ်းထဲကအတိုင်း ဆော့ကစားပုံကို ရိုက်ကူးခဲ့သည်။ ဗီဒီအဆုံးသတ်တွင် "သင့်အနေနဲ့ သင့်ရဲ့မိခင်ကို သစ်ပင်မှာ ကြိုးချည်ပြီး အရုပ်နဲ့ပစ်တာမျိုး မလုပ်ပါနဲ့။ အကျိုးရလဒ်က ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်"ဟု သတိပေးစာသား ပါရှိသည်။ သို့သော်လည်း အဆိုပါဗီဒီယိုသည် ချန်နယ်တွင် ကြည့်ရှုသူပေါင်း သန်း ၅၀ ကျော်အထိ မယုံကြည်နိုင်ဖွယ်မြင့်တက်သွားခဲ့သည်။

ယင်းသို့ အောင်မြင်မှုများက ရှစ်နှစ်သား အီဗန်လေးအား တစ်စုံတစ်ရာ သက်ရောက်မှုမရှိဘဲ အီဗန်အနေဖြင့် ပုံမှန် ရွယ်တူကလေးငယ်များကဲ့သို့ပင် နေထိုင်လေ့ရှိသည်ဟု ဆိုသည်။

"အီဗန်ဟာ ရွယ်တူ နှစ်တန်းကျောင်းသားတွေလိုပဲ နေ့စဉ်ဘ၀ကို ပုံမှန်ဖြတ်သန်းတယ်။ ကျောင်းသွားတယ်၊ အိမ်စာလုပ်တယ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တယ်၊ ကရာတေးသင်တန်းသွားတယ်၊ နောက်ပြီး ကွန်ပျူတာသုံးချိန် ဆိုလည်း မပျက်မကွက်ပါပဲ။ ချန်နယ်ရဲ့ အောင်မြင်တဲ့ ပမာဏကို သူ နားလည် လိမ့်မယ်လို့တော့ ကျွန်တော်မထင်မိပါဘူး"ဟု ဖခင် ဂျရတ်က ဆိုသည်။

ဂျရတ်သည် ဓာတ်ပုံနှင့် ဗီဒီယို ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ထူထောင်ထားသူ ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးက အီဗန်လေးအား တတ်နိုင်သမျှ သာမန်ဘ၀တွင်သာ နေထိုင်စေရန် ဆန္ဒရှိနေကြသည်။ ယင်းကြောင့်ပင် ၎င်းတို့၏ နောက်ဆုံးနာမည်ကို ဖော်ပြခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်အား ဖော်ပြခြင်းမျိုးကို ရှောင်ရှားကြသည်။

၎င်းတို့မိသားစုတွင် EvanTubeRaw နှင့် EvanTubeGaming အမည်ရှိ ချန်နယ်နှစ်ခုလည်း ရှိသေးသည်ဟုသိရသည်။ EvanTubeRaw တွင် မူလဗီဒီယိုတွင်မပါရှိသော ရိုက်ကွင်းနောက်ခံ အခြေအနေများကို တွေ့မြင်ရမည် ဖြစ်ပြီး EvanTubeGaming တွင်မူ ဖခင်ဂျရတ်နှင့် သားဖြစ်သူ အီဗန်တို့၏ ဂိမ်းမှတ်ချက်ပေးစကားများနှင့် ဂိမ်းကစားခြင်းများကို တွေ့မြင်ရမည်ဖြစ်သည်။

Ref:odditycentral

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်တိုင်း အစိုးရရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့သစ် စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်းမှာ စီမံကိန်း ဧရိယာ အတွင်းက မြေယာတွေ အရောင်း အ၀ယ် မရှိသလောက် ဖြစ်နေကြပြီး ဈေးနှုန်းတွေ လည်း အတက်အကျမရှိ ရပ်တန့်နေတယ်လို့ တွံတေး အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

လက်ရှိ ဒီမြေကွက်တွေကို ၀ယ်သူမရှိတဲ့ အနေအထား ဖြစ်နေပြီး မြေယာတွေ ၀ယ်ယူပြီးသား သူတွေအနေနဲ့ကလည်း ဈေးချ ပြန်မရောင်းသေးပဲ ကိုင်ထားကြပြီး စောင့်ကြည့် နေကြတဲ့ အနေအထားမှာ ရှိနေတာပါ။

တွံတေးက လက်ရှိ မြေအရောင်းအ၀ယ်အခြေအနေတွေနဲ့ ပတ်သက်ပြီး အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်ဦးက “ဈေးကတော့ ၀ယ်လက်မရှိတော့ဘူး။ ပရော့ဂျက်ကြီး အကောင်အထည်ဖော်တော့မယ်၊ အစည်းအဝေးလုပ်မယ်ဆိုပြီး ၂ ရက်လောက်မှာ ၅၀၀၊ ၆၀၀ အထိ ဖြစ်သွားတယ်။ အခုက ၀ယ်တဲ့သူလည်း မရှိဘူး၊ ရောင်းတဲ့သူလည်း မရှိဘူး၊ နားနေတယ်။ လုပ်ငန်းကို ပြန်စောင့်တဲ့ သဘောမျိုးပေါ့။ ပြောရမယ်ဆိုရင် ဈေးက မကျဘူး၊ ဒီဈေးအတိုင်း တန့်နေတယ်” လို့ ပြောပါတယ်။

ယခင်က လယ်ယာသာ စိုက်ပျိုးကြတဲ့ ဒီမြေနေရာတွေဟာ စီမံကိန်းကြောင့် အဆမတန် ဈေးတက်လာခဲ့ပြီး မြေကစားသူတွေကြောင့် စီမံကိန်းဧရိယာအတွင်း တွံတေးလမ်းမကြီးဘေးက မြေတွေဆိုရင် သိန်းထောင်နဲ့ ချီတဲ့အထိ ပေါက်ဈေးဖြစ်သွားခဲ့တာပါ။

မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးသန်းဦးကတော့ မြို့သစ်စီမံကိန်းဟာ အိမ်ခြံမြေ ဈေးကွက်ကို ဖျက်ဆီးလိုက်သလိုပဲလို့ ပြောပါတယ်။

“မြို့သစ်စီမံကိန်းက အိမ်ခြံမြေဈေးကွက်အတွက်ကတော့ သူက ဖျက်မျဉ်းလိုဖြစ်သွားတယ်။ ဈေးကွက်က စည်းကားပြီးသား နေရာတွေ ပျက်သွားတယ်။ သူ့နေရာမှာလည်း အရောင်းအ၀ယ်မဖြစ်တော့ဘူး။ စီမံကိန်း ပျက်သွားတယ်ဆိုပေမယ့် တခြားအိမ်ခြံမြေရဲ့ ပင်မဈေးကွက်ကြီးကို ထိခိုက်စရာမရှိဘူး။ မြို့သစ် ရှိစဉ်ကာလတုန်းက မူလဈေးကွက်ကြီးက သူ့ဟာသူ ပုန်မှန်သွားနေတာပဲ။ မြို့သစ်စီမံကိန်းသည် အိမ်ခြံမြေဈေးကွက်ရဲ့ ပင်မအနေအထားကို သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။ အခုလည်း သက်ရောက်နိုင်စရာ အကြောင်းမရှိဘူး။ တခုပဲ ရှိတယ်။ ပြည်သူတွေအနေနဲ့ အဲလို စီမံကိန်းတွေနေရာမှာ အထင်ကြီးပြီး ငွေသွားမြှုပ်နှံတယ်ဆိုတဲ့ ကိစ္စမှာတော့ သင်ခန်းစာ ကောင်းကောင်းရသွားတယ်။ ဒါကတော့ ကိုယ်က သတိထားဖို့ လိုလိမ့်မယ်။”

ယခင်ကလည်း ဒလနဲ့ ရန်ကုန် မြစ်ကူးတံတား ထိုးမယ်ဆိုတဲ့သတင်းကြောင့် ဒလမှာ အိမ်ခြံမြေ ဈေးတွေ မြင့်တက်ခဲ့ဖူးပြီး မြေဈေးကစားတဲ့သူတွေ ကြားထဲမှာ ပြည်တွင်းက လုပ်ငန်းရှင် အငယ်တွေပဲ ထိခိုက်နစ်နာခဲ့ရဖူးပါတယ်။

လယ်အလုပ်ပဲ ဆက်လုပ်ချင်လို့ လယ်တွေ မရောင်းချပဲ နေခဲ့တဲ့ လယ် ၁၂ ဧကပိုင်တဲ့ လယ်သမားကြီး ဦးဝင်းမြင့်ကတော့ သူ့လယ်အနီးနား ဘေးပတ်လည်မှာ ရှိတဲ့ လယ်မြေတွေဟာ ပွဲစားတွေ လက်ထဲ ရောက်ကုန်ပြီး လယ်မလုပ်ပဲ ပစ်ထားတာကြောင့် ရေနုတ်မြောင်း ဖော်လို့မရဘဲ စပါးစိုက်ဖို့ အခက်အခဲတွေ့နေတယ်လို့ ပြောပါတယ်။

တွံတေးဘက်က မြေ၀ယ်ယူထားသူတချို့ကတော့ စီမံကိန်းသာ ဖြစ်သွားရင် ရန်ကုန်မြို့ အတွင်းက မြင့်မားနေတဲ့ အိမ်ခြံမြေဈေးတွေလည်း ကျသွားနိုင်တဲ့အပြင် လူနေမှု ထူထပ်နေတာ ကိုလည်း လျော့ချနိင်မယ်လို့ ဆိုပါတယ်။

မြေကွက်ဝယ်ယူထားသူတဦးဖြစ်တဲ့ ဦးမိုက်ကယ်ကတော့ စီမံကိန်းဆိုင်းငံ့လိုက်တဲ့အပေါ် သူ ထင်မြင်ချက်ကို ခုလို ပြောပါတယ်။

“ကိုယ့်အထင်ကတော့ ရန်ကုန်မှာ မြေအရောင်းအ၀ယ်သီးသန့်လုပ်နေတဲ့သူတွေက အကြီးကြီးတွေလုပ်တာ။ လုပ်တော့ ရန်ကုန်မှာ သူတို့ လုပ်နေတဲ့အကွက်တွေက သူတို့ ၀ယ်ထားတာ အတော်များတယ်။ မြေဈေးကို ဒီဘက်မှာသာ စီမံကိန်းကို သေသေချာချာ အကောင်အထည်ဖော်ပြီး လုပ်လိုက်ရင် ရန်ကုန်မှာ ဈေးကျသွားမယ်။ ဈေးကျသွားမှာကို စိုးရိမ်လို့ သူတို့ဘက်က ဆန့်ကျင်လိုက်တဲ့ ပုံစံလားတော့ မသိဘူး၊ အဲလို ယူဆတယ်။”

တွံတေးဘက်က ဒေသခံတွေကတော့ မြို့သစ်စီမံကိန်းကို မျှော်လင့်နေကြပြီး ဒီစီမံကိန်းကြီး ပျက်သွားတဲ့အတွက် နစ်နာရကြောင်း ပြောဆိုကြပါတယ်။

“ကိုယ့်မြို့ရွာကြီး အဆင်မြင့်သွားတာ ပိုသဘောကျတာပေါ့။ စီမံကိန်းတွေလာမယ်၊ အဆင့်မြင့်အိမ်ရာတွေလာမယ်ဆို ကိုယ်တွေလည်း လုပ်ငန်းကိုင်ငန်းတွေပေါ်မယ်၊ ဖြစ်ဈေချင်တာကတော့ တိုးတက်စေချင်တယ်။ အိုးအိမ်စီမံကိန်း အဆင့်မြင့်တာတွေလာမယ်ဆိုရင် ကိုယ့်မြို့က ပိုတောင် စည်ကားသွားဦးမယ်။”

ငွေကျပ်ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မယ့် မြန်မာ့စေတနာမြို့သစ် စီမံကိန်းကို ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ရုတ်တရက် ချပြခဲ့တာပါ။
အဲဒီနောက် မီဒီယာတွေကနေ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ၀ိုင်းဝန်းဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ဒီ စီမံကိန်းဆိုင်းငံ့ထားကြောင်း သက်ဆိုင်ရာက ကြေညာခဲ့တာပါ။

သာနိုးဝေ (ဒီဗွီဘီ)
http://burmese.dvb.no/archives/66516

ကမ္ဘာ့လူသားထုကို အထူးခြိမ်းခြောက်လာတဲ့ ကမ္ဘာလုံးချီ အကြမ်းဖက်အန္တရာယ်ကို အတူတကွ ကာကွယ် တားဆီးကြဖို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံပိုင် ရေဒီယိုကနေ တိုက်တွန်း ဆော်သြ လိုက်ပါတယ်။

မကြာသေးခင်က အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုဟာ သိပ်မစိုးရိမ်ရပေမယ့် အစိုးရအဖွဲ့၊ လွှတ်တော်တွေ၊ တရားစီရင်ရေးအဖွဲ့တွေ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားအားလုံးပူးတွဲပြီး ကြိုတင်ကာကွယ်ကြပါလို့ သူက တိုက်တွန်းတာဖြစ်ပါတယ်။

သမ္မတရဲ့ အောက်တိုဘာ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းဟာ နိုင်ငံအကြီးအကဲက အကြမ်းဖက်အန္တရာယ်နဲ့ ပတ်သက်လို့ နိုင်ငံကို အမြင့်ဆုံး သတိပေးချက်လည်းပါတယ်။

နိုင်ငံတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတဆင့် ရလာတဲ့ ဖြေလျော့မှုတွေ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်တွေ ကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမှုနဲ့ ခြိမ်းခြောက်မှုလုပ်ရပ်တွေကြောင့် ပေါ်ပေါက်ခဲ့တာလို့ ဦးသိန်းစိန်က ရှင်းလင်းပါတယ်။

နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု၊ မီးရှို့မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးပြီး လူသိန်းချီ ဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီပဋိပက္ခတွင်း ပတ်သက်သူတွေကို ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရက အရေးယူ ပြစ်ဒဏ်စီရင်တာရှိပေမယ့် ပဋိပက္ခကို ဖန်တီး ကြိုးကိုင်ဖန်တီးသူတဦးတဖွဲ့ကိုမှတော့ ဖော်ထုတ်ချပြနိုင်ခြင်း မရှိသေးပါဘူး။

ဒီပဋိပက္ခတွေအပါအ၀င် စိုးရိမ်စရာအခြေအနေတွေဟာ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့်လို့ အခိုင်အမာထောက်ပြမှုတွေ ရှိနေပေမယ့် တရားဥပဒေစိုးမိုးမှုမှာ အစပျိုးခြေလှမ်းတွေ ဖြစ်တဲ့ နိုင်ငံတ၀န်း တရားဥပဒေ စိုးမိုးရေးစင်တာတွေ ဖွင့်လှစ် သင်ကြားနိုင်ရေးကိစ္စမှာတော့ ဦးသိန်းစိန်အစိုးရက လိုလိုလားလား ပူးပေါင်းပံ့ပိုးမှု မရှိတာကြောင့် ကြန့်ကြာရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှသာ ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို ရေရာ သေချာစေလိမ့်မယ်လို့ သမ္မတက သတိပေးပါတယ်။

ဒီအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြဖို့ လိုအပ်ပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်လုပ်ဆောင်ကြပါလို့ သူက ပြောပါတယ်။

စက်တင်ဘာ လဆန်းမှာ သွားရောက်တဲ့ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံ ခရီးစဉ်တွေကို ရည်ညွှန်းပြီး နိုင်ငံတကာ ကူးလူးဆက်ဆံမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုး တက်လာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံသားတွေအနေနဲ့ ပြင်ဆင်ထားဖို့ သူက သတိပေးပါတယ်။

သမ္မတရဲ့ မိန့်ခွန်းမှာ နိုင်ငံတ၀န်း စိတ်ဝင်စားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ မပါရှိသလို ဒေါ်လာဘီလီယံချီအကောင်အထည်ဖော်မယ်လို့ ကြေညာပြီးမှ ဝေဖန်မှုတွေကြောင့် ပြန်လည်ရုပ်သိမ်းသွားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်းတွေ ထည့်သွင်းပြောဆိုတာ မတွေ့ရပါဘူး။

ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ အီဘိုလာအပါအ၀င် ကူးစက်မြန်ရောဂါတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စ ၂ ခုကိုတော့ သမ္မတက အာဆီယံဒေသနဲ့ ပတ်သက်လို့ စိုးရိမ်စရာကိစ္စရပ် ၂ ရပ်အဖြစ် ပုံဖော်ပြောဆိုသွားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66528


ဆာလာပေါလစ်ဟာ အီရတ်နိုင်ငံထဲမှာ IS တွေသိမ်းပိုက်ထားတဲ့ မိုဆူမြို့ မှာ ဂျုံစိုက်ပျိုးသူပါ။ စက်တင်ဘာလဆန်း ပိုင်းမှာ IS ရန်ကိုကြောက်လို့  မိသားစုနဲ့ အတူ ထွက်ပြေးခဲ့ရပါတယ်။ အီရတ်မှာ နယ်မြေတွေတစ်ခုပြီးတစ်ခု သိမ်း ပိုက်နေတဲ့ IS ဟာ ဆာလာရဲ့ ဂျုံစိုက်ခင်းကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဂျုံစိုက်ခင်းကိုစွန့် ခွာထွက်ပြေးပြီး နှစ်ပါတ် ခန့် အကြာမှာတော့ IS ကနေ ဆာလာကိုဖုန်းဆက်ပါတယ်။

‘IS ကပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့  ဂျုံသိုလှောင်ရုံကိုရောက်နေတယ်။ ခင်ဗျား ခရစ်ယာန်ဘာသာကနေ အစ္စလာမ် ဘာသာကို ကူးပြောင်းပြီး IS အတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ ၅၀၀ သွင်းမယ်ဆိုရင် ခင်ဗျားကိုဘယ်သူမှ လက် ဖျားနဲ့ တောင်မတို့ စေရပါဘူး’ လို့ ဖုန်းနဲ့ ပြောတာကို ဆာလာက ငြင်းလိုက်တော့ ‘ဒါဆိုလည်း ခင်ဗျားရဲ့ ဂျုံတွေ အားလုံးသိမ်းရပါလိမ့်မယ်’ လို့ ပြောပြီး ဆာလာနဲ့ မိသားတစ်စု စိုက်ပျိုးပြီးရိတ်သိမ်းထားတဲ့ ဂျုံတွေအားလုံးကို ယူ သွားပါတယ်။

ဆာလာလိုပဲ စစ်ဘေးကြောက်လို့  ထွက်ပြေးသွားတဲ့လယ်သမားတွေလည်း အလားတူဖြစ်ရပ်မျိုးနဲ့  ကြုံတွေ့ ခဲ့ရတဲ့ အတွက် IS ဟာ အီရတ်နိုင်ငံကို အငတ်ဘေးစိုက်အောင် ဂျုံစစ်ဆင်ရေးလုပ်နေပြီဆိုတာ ထင်ရှားပါတယ်။ အခုဆို ရင် အီရတ်နိုင်ငံရဲ့  နှစ်စဉ်ထွက်ဂျုံစုစုပေါင်းပမာဏရဲ့  ၄၀ ရာခိုင်နှုန်းဟာ IS လက်ထဲရောက်နေပါပြီ။ IS ဟာ နယ် မြေတွေကိုသိမ်းပိုက်ရုံတင်မက ကောက်ပဲသီးနှံတွေနဲ့  ရေနံလိုသယံဇာတပစ္စည်းတွေကိုလည်း လက်ဝါးကြီးအုပ်နေ ပါပြီ။

IS ဟာ ဂျုံကိုစိတ်ကြိုယ်ချယ်လှယ်ပြီး ငွေရမယ့်လမ်းစတွေ ထွင်နေပါတယ်။ သူတို့ နဲ့ ဘာသာရေးပြိုင်ဖက်တွေဖြစ် တဲ့ ခရစ်ယာန်နဲ့  ယာဇီဒီလူနဲစုတွေကို ဂျုံလိုပင်မအစားအစာဖြတ်တောက်ထားသလို သူတို့ နဲ့ ပေါင်းစပ်ထားတဲ့ ဆူနီ မွတ်ဆလင်တွေကိုလည်း ဂျုံနဲ့ ပဲ ထိမ်းထားပါတယ်။ အီရတ်နိုင်ငံရဲ့  မြောက်ပိုင်းထမင်းအိုးလို့ ခေါ်လို့ ရတဲ့ ဂျုံစိုက် ခင်းတွေမှာ IS က သူ့ လူတွေလွတ်ထားပြီး ဂျုံရောင်းဝယ်ဖောက်ကားမှုမှန်သမျှကို ထိန်းချုပ်ထားပါတယ်။

ဒါဟာလည်း IS ဟာ Al Qaeda ထက်ကြောက်ဖို့ ကောင်းရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ IS ဟာ Al Qaeda ကနေပေါက်ဖွားလာတယ်ဆိုပေမယ့် Al Qaeda ဟာ အသေခံဗုံးဖောက်ခွဲဖို့ ၊ ခြုံခိုတိုက်ခိုက်ဖို့ ပဲ အာရုံစိုက် ပါတယ်။ IS စစ်သွေးကြွတွေကတော့ သူတို့ ကိုသူတို့  အစိုးရတစ်ဖွဲ့ လို့ လဲ ခံယူထားပုံရပါတယ်။

IS ဟာ အီရတ်နိုင်ငံမှာပဲ ဂျုံကိုလက်ဝါးကြီးအုပ်ထားတာ မဟုတ်ပါဘူး။ ဆီးရီးယားမှာလည်း ဂျုံစိုက်ခင်းသုံးပုံတစ်ပုံ လောက်ကို အပိုင်စီးထားပြီးပါပြီ။ ဂျုံရောင်းရငွေအပြင် လုပ်ငန်းရှင်တွေဆီကနေ အခွန်လည်းကောက်ပါတယ်။ အနောက်တိုင်းသားတွေကို လုယက်တာ၊ ဓါးစာခံဖမ်းတာတွေအမြဲလုပ်နေပြီး ပြည်တွင်းရေနံထုတ်လုပ်မှုကိုပါ အပိုင် စီးထားပါတယ်။ IS ဟာ ရေနံရောင်းဝယ်မှုကနေ လစဉ် အမေရိကန်ဒေါ်လာသန်းနဲ့ ချီ ရနေလို့ သာ အမေရိကန်ဦး ဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုကြီးကို ဆက်လက်ခုခံဖို့  လူသူလက်နက်အင်အားတွေ ရှိနေသေးတာပါ။ ဒါကြောင့် လည်း မဟာမိတ်တပ်ပေါင်းစုက အဲဒီရေနံသန့် စင်စက်ရုံတွေကို သဲကြီးမဲကြီး ဖျက်စီးနေတာ ဖြစ်ပါတယ်။

IS တွေဟာ လယ်ယာမြေတွေကနေ ဂျုံတွေကိုပဲသိမ်းတာမဟုတ်ပါဘူး။ တွေ့ တွေ့ သမျှ အသားစား၊နို့ စား တိရိစ္ဆာန် တွေကိုလည်း ယူပါတယ်။ သြဂုတ်လအစောပိုင်းကဆိုရင် ဂျုံစိုက်ခင်းတစ်ခုကနေ ရိတ်သိမ်းပြီးဂျုံ ၅၄ တန်ယူသွား သလို ကြက် ၂၀၀ ကောင်နဲ့  ခို ၃၆ ကောင်ကိုပါ ယူသွားခဲ့တာပါ။ ဒါ့အပြင် မီးစက်၊ ကား လိုအဖိုးတန်ပစ္စည်းတွေကို လည်း တွေ့ မရှောင် အကုန်ယူသွားလေ့ရှိပါတယ်။ လမ်းတလျှောက်မှာလည်း မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တတ် ကြတဲ့အတွက် ဒေသခံစစ်တပ်က ပြန်သိမ်းပိုက်ပြီးတဲ့မြို့ ရွာတွေကိုတောင် လူထုကမပြန်ရဲပါဘူး။ မြေမြုပ်မိုင်းရန်ကို ကြောက်လို့ ပါ။

ဒီလိုအောင်မြင်ဖြစ်ထွန်းတဲ့ ဂျုံစိုက်ခင်းတွေဖြစ်လာဖို့  တောင်သူတွေက အနှစ် ၂၀ လောက် ကြိုးပမ်းခဲ့ရပါတယ်။ အခုတော့ IS က ရက်ပိုင်းအတွင်း ဒါတွေကို အပိုင်စီးလိုက်တာပါ။ တောင်သူများအဖို့ တော့ ဘ၀ကို သုညကနေ ပြန်စရပါတော့မယ်။

၁၉၉၀ ခုနှစ်မှာ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်က ကူဝိတ်ကိုကျူးကျော်ဝင်ရောက်ခဲ့လို့  အမေရိကန်နဲ့  မဟာ မိတ်များရဲ့  ထိုးစစ်ဆင်နွဲမှုကို ခံခဲ့ရသလို နောက်ပိုင်း စီးပွားရေးပိတ်ဆို့ မှုကိုလည်း ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။ ဒီတော့ ဟူစိန်ကလည်း အီရတ်နိုင်ငံမှာ အစားအသောက်ခွဲဝေရေးစနစ်ကို တင်းတင်းကြပ်ကြပ်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့  အစားအစာနှင့်ရေနံလဲလှယ်တဲ့စနစ်ကို လက်ခံကျင့်သုံးခဲ့ပါတယ်။ အဲဒီတုန်းကတည်း က အီရတ်ပြည်သူ သုံးပုံနှစ်ပုံခန့် ဟာ ကုလရဲ့ ရေနံအစားပေး အစားအစာရယူခြင်းစနစ်နဲ့ ပဲ ၂၀၀၃ ခုနှစ်အထိ ရှင် သန်ခဲ့ရပါတယ်။

အခုနောက်ပိုင်းအထိကို အီရတ်နိုင်ငံမှာ အစားအသောက်ခွဲဝေမှုအချိုးအစားမညီမျှတဲ့ ပြဿနာရှိနေပါသေးတယ်။ အီရတ်ပြည်သူ လေးပုံတစ်ပုံခန့် ဟာ အစိုးရကခွဲဝေပေးတဲ့ အစားအစာအပေါ် မှီခိုနေရဆဲဖြစ်နေပေမယ့် နောက်ထပ် လေးပုံတစ်ပုံလောက်မှာတော့ အစားအစာတွေက အလျှံပယ်ဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဂျုံကိုထိန်းချုပ်လိုက်နိုင်တဲ့ IS ရဲ့ သြဇာအာဏာ ကြီးထွားလာတာ မဆန်းပါဘူး။ IS ဟာ တီ ဂရစ်မြစ်တလျှောက် နိုင်နာဗေပြည်နယ်ထဲက ဂျုံစိုက်ခင်း ၉ ခုလုံးကို ထိန်းချုပ်ပါတယ်။ ဒီပြည်နယ်ရဲ့ မြို့ တော် မို ဆူကိုသိမ်းပိုက်ပြီးတော့ ၃ လအတွင်းမှာ IS က အတင်းအဓမ္မသိမ်းပိုက်ခဲ့တဲ့ ဂျုံတန်ချိန်ပေါင်း သောင်းနဲ့ ချီ ရှိနေ ပါတယ်။

ဒီလောက်နဲ့ မကျေနပ်သေးဘဲ IS အာ သြဂုတ်လ ၇ ရက်နေ့ မှာ မာ့ခ်မာမြို့ ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မာ့ခ် မာ မှာ ဂျုံတန်ချိန် ၂၅၀၀၀၀ ထွက်တဲ့စိုက်ခင်းတွေ ရှိပါတယ်။ ဒါဟာ အီရတ်တစ်နိုင်ငံလုံးရဲ့  နှစ်စဉ်ဂျုံစိုက်ပျိုးထုတ် လုပ်မှုရဲ့  ၈ ရာခိုင်နှူန်းနီးနီး ရှိပါတယ်။

IS ရဲ့ ဂျုံစစ်ဆင်ရေးဟာ အောင်မြင်တယ်လို့ ဆိုရမှာပါ။ အခုကိုပဲ အဲဒီဂျုံကိုစိုက်ခဲ့တဲ့ မြို့ သူမြို့ သားတွေကိုယ်တိုင် က သူတို့ စိုက်ခဲ့တဲ့ဂျုံကို သူတို့ ပြန်ပြီး ဈေးကြီးပေးဝယ်နေရပါတယ်။ ဒါ့အပြင် နောက်လိုက် ဆူနီမွတ်ဆလင်များက လည်း မလှန်ရဲပါဘူး။ လက်နက်အင်အားဘယ်လောက်ကောင်းကောင်း အစားအသောက်တော့ နေ့ စဉ် သုံးကြိမ် လို နေတာမို့  ဂျုံပုံပေါ်ထိုင်နေတဲ့ IS ပြောသလိုပဲ ဆူနီတွေက လုပ်နေရတာပါ။

IS တွေက ဂျုံအ၀ယ်ဒိုင်တွေလည်းဖွင့်ထားပြီး ဘယ်သူလာရောင်းရောင်း အစစ်အဆေးအမေးအမြန်းမရှိ ၀ယ်ပါ တယ်။ ဈေးကိုသူတို့ စိတ်ကြိုက်နှိမ်ပြီးပေးတာ တစ်ခုပါပဲ။ ဒီတော့ တောင်သူတွေမှာ အဆမတန်နှိမ်ထားတဲ့ဈေးနှုန်း နဲ့  ရောင်းချရပါတယ်။ မရောင်းရင် သူတို့ ကသိမ်းမှာပဲလေ။ အစိုးရကိုယူသွားရောင်းဖို့ ကလည်း IS ထိန်းချုပ်တဲ့ နယ်မြေဖြစ်နေလေတော့ ဂျုံတစ်ပွင့်ကိုတောင် IS မသိဘဲ ထုတ်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် IS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သူတို့ သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေထဲက သုံးလို့ ရတဲ့ အဆောက်အအုံ နဲ့  ယန္တရားတစ်ခုကိုမှ မဖျက်ဆီးခဲ့ပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ဆည်၊ ကား၊ စိုက်ခင်း၊ မွေးမြူရေးခြံ အားလုံးကို သူတို့  က ဆက်လက်ကြီးကြပ်လုပ်ကိုင်စေတာပါ။

IS ဆိုတဲ့  အစ္စလာမ်နိုင်ငံတော် စစ်သွေးကြွတွေဟာ နာမည်နဲ့ လိုက်အောင် ကိုယ်ပိုင်နိုင်ငံတော်တည်ဆောက်ဖို့ ကို မဟာမိတ်တိုက်လေယာဉ်တွေ အဆက်မပြတ်ပစ်ခတ်နေတဲ့ကြားက ကြိုးပမ်းနေဆဲဖြစ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

http://www.pyichitthar.com/2014/09/isis_30.html