10/03/14


ပုံ-သြဂုတ်လ ၂၈ရက်ထုတ် News Watch ဂျာနယ်မှ အေးချမ်းမြတ်မိုးသေဆုံးမှုသတင်း

သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းကို ဓါးဖြင့် ထိုးခံရပြီး သေဆုံး ခဲ့သည့် မော်ဒယ် အေချမ်းမြတ်မိုး၏ သေဆုံးမှု ဖြစ်စဉ် စစ်ဆေးခြင်းကို သေဆုံးပြီး ၃၆ရက် အကြာတွင် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင်တရားရုံး၌ ယနေ့(အောက်တိုဘာ ၂ရက်)က ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေး ခဲ့သည်။

ယခုပထမဆုံး အကြိမ်စစ်ဆေးခြင်းတွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးခြင်းဖြစ်ပြီး သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုး၏ အစ်ကိုအရင်းဖြစ်သူ ကိုအာကာဝဏ္ဏအား အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အစအဆုံးကို ပြန်လည်မေးမြန်းခဲ့သည်။

“ညီမလေးကို သူလိုက်နှောင့်ယှက်နေတယ်ပြောလို့ ကျွန်တော်နဲ့ အချေအတင်စကားများ ခဲ့ပါတယ်သေးတယ်၊ သူက နောက်မလုပ်တော့ဘူး ပြောပါတယ်၊ ဒါပေမယ့် ညီမလေးသေဆုံးပြီး ချိန်မှာတော့ သူဟာ ညီမလေးကို သူ့ကိုပြန်မချစ်ရင် သတ်ပစ်မယ်၊ သူ့ကိုယ်သူလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ညီမလေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်”ဟု ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် သမီးရည်းစားချင်း စကားများ၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောင်တွင် အေးချမ်းမြတ်မိုး၏ မိခင်က သမီးရည်းစားမဟုတ်ကြောင်း၊ ကျုးလွန်သူ အံ့ဖြိုးပိုင်သည် ၎င်း၏သမီးအားတဖက်သတ် ချစ်ကြိုက်နေသူသာဖြစ်ကြောင်း မီဒီယာများအား ရှင်းပြခဲ့သည်။

“ဒါက ပထမဆုံးရုံးတင်စစ်ဆေးတာပါ၊ တရားလိုပြသက်သေတွေအားလုံး စစ်ဆေးပြီးမှပဲ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု တရားလို၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးဇော်မင်း(နေရှင်နယ်)က ပြောသည်။

တရားခွင်ပြီးဆုံးချိန်၌ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ အံ့ဖြိုးပိုင်နှင့်သေဆုံးသူ၏မိခင်ဖြစ်သူတို့ ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ သေဆုံးသူ၏မိခင်က “နင်ငါ့သမီးကို သတ်တယ်”ဟုဆိုကာ ပါးပြေးရိုက်ခဲ့သည်။

ယင်းအပြင် အံ့ဖြိုးပိုင်၏ဖခင်ကလည်း ၎င်း၏သားကို သတင်းထောက်များ ဓါတ်ပုံရိုက်ကူး၍မရနိုင်အောင် ဦးထုပ်နှင့်ကာဆီးကာ ကင်မရာများအရှေ့မှာ လက်နှင့် ကာရမ်းခဲ့သည်။

ဒုတိယရုံချိန်းအဖြစ် တရားလိုပြ သက်သေစစ်ဆေးခြင်းကို အောက်တိုဘာလ ၁၆ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် တရားလိုပြသက်သေ အယောက်၂၀ အား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြေး တရားခွင်မှ သိရသည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကလေးစစ်သား အသုံးပြုမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူခံရတဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ပါဝင်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီလို လူ့အခွင့်အရေးအခြေအနေတွေအပေါ် အပြစ်ပေးအရေုးယူမှု သက်သက်မဟုတ်ပဲ၊ ပြောင်းလဲလာအောင် ထိစပ်ပြီး ပြောဆိုစည်းရုံးတာတွေလည်း လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိက ပြောသွားပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ဆက်ပေးမှာပါ။

အမေရိကန်သမ္မတအနေနဲ့ လွှတ်တော်ကို နှစ်စဉ်တင်သွင်းရတဲ့ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေး အစီရင်ခံစာမှာ ကမ္ဘာအ၀ှမ်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းထား တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအထဲ နိုင်ငံအတော်များများကို အရေးယူ ဒဏ်ခတ်မှုစာရင်းကိုလျှော့ပေါ့ပေးတာတွေရှိပေမယ့် မြန်မာ၊ ဆူဒန်နဲ့ ဆီးရီယားနိုင်ငံ သုံးနိုင်ငံကိုတော့ ဒဏ်ခတ်မှု လျှော့ပေါ့ပေးတဲ့စာရင်းထဲ မထည့်ခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်း အစိုးရရော သူပုန်တွေကပါ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ လုပ်နေကြတယ်လို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က နယူးယောက် Foreign Press Center မှာ ဒီနေ့ လုပ်တဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းကောင်းတခုကတော့ မြန်မာစစ်တပ်က ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာဖြစ်ပြီး၊ သတင်းဆိုးကတော့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်လုပ်နေတာပါပဲ။ လွှတ်ပေးတဲ့အတွက် ချီးကျူးခံရပေမယ့်၊ ဆက်လက်စုဆောင်းမှုတွေ ရှိနေသေးတော့ အခြေအနေတွေက တိုးတက်လာတယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့် ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာ ဆက်လုပ်ပြီး၊ ကလေးစစ်သား စုဆောင်းတာတွေကို ရပ်တန့်သွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ”

မြန်မာနိုင်ငံကို ဒီအစီရင်ခံစာရဲ့ အရေးယူမှုစာရင်းထဲမှာ အခုလို ထည့်သွင်း ထားတာကြောင့် အမေရိကန်အနေနဲ့ စစ်ဖက်ဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံ ကို ပေးခွင့်မရှိပါဘူး။ ဒါပေမယ့် တဖက်မှာတော့ အမေရိကန် မြန်မာ ဆက်ဆံရေးက ဟိုးအရင်ကထက်စာရင် တိုးတက်လာတယ်လို့ ဆိုရမှာပါ။ အမေရိကန်သမတ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့အပြင် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိ အတော်များများ မြန်မာနိုင်ငံကို ဒီနှစ်ပိုင်းအတွင်း မကြာမကြာ သွားခဲ့ကြတာပါ။

ဒါ့အပြင် စစ်ဖက်ကဆိုရင် အမေရိကန်စစ်တပ် ပစိဖိတ်ဒေသ ဒုတိယ အကြီးအကဲနဲ့ နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Tom Malinosky တို့ မြန်မာနိုင်ငံ သွားပြီး မြန်မာစစ်တပ် အရာရှိတွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ အပြောင်းအလဲတွေ အားပေးဖို့ ဖြစ်တယ်လို့ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က ပြောပါတယ်။

“အခြေခံအားဖြင့်တော့ စစ်တပ်ဟာ ပြည်သူ့ဝန်ထမ်းစစ်စစ်ဖြစ်ဖို့နဲ့ ကလေးစစ်သားစုဆောင်းမှုအပါအ၀င် လူ့အခွင့်အရေးအခြေအနေတွေအပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာကို ဆွေးနွေး ပြောဆိုကြတာပါ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ရည်ရွယ်ချက်ဟာ သူတို့ရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေအပေါ် အပြစ်ပေးဒဏ်ခတ်ဖို့မဟုတ်ဘူး၊ သူတို့ရဲ့ ဒီလုပ်ရပ်တွေ ပြောင်းလဲလာအောင် ပြောဆို စည်းရုံးဖို့ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ အခုနှစ်ပိုင်းအတွင်း ယေဘူယျအားဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာပြီး ဒီတိုးတက်မှုတွေအပေါ် အားပေးရမှာဖြစ်သလို၊ တဖက်မှာ လိုအပ်ချက်တွေကိုတော့ ထောက်ပြသွားရဦးမယ်လို့လည်း ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတာတွေ တွေ့ရပါတယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာစေတယ် ဆိုပြီး သူတို့ကို အားပေးနေတာပါ။ ဒါပေမယ့်လို့ ဒီတိုးတက်မှုအချို့နဲ့တော့ နှစ်ဖက် ဆက်ဆံရေးကြီး လုံးဝ ကောင်းမွန် သွားမှာမဟုတ်ပါဘူး။ ပြောစရာရှိတာတွေ ဆက်ပြောသွားမှာပါ။ ဒီမူဝါဒမျိုး ကျနော်တို့ အရင်ကတည်းက ပြောပါတယ်။ လုပ်ရပ်တခုချင်းအပေါ်မှာ တုန့်ပြန်သွားမယ်ဆိုပြီး ပြောထားတာပါ။ ”

မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရေးအတွက် ၂၀၁၂ ခုနှစ်တုန်းက ကုလသမဂ္ဂနဲ့ သဘောတူညီချက်လက်မှတ်ထိုးပြီး ကလေးစ်သားအသုံးပြုမှု ဟန့်တားရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေအပေါ် ကြိုဆိုပေမယ့် တဖက်မှာ တကယ်ပဲ အခြေအနေတွေ တိုးတက်လာဖို့ မြန်မာအနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားစရာတွေရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဝေဖန်ခဲ့ကြတာပါ။

VOA
http://burmese.voanews.com/content/child-soldiers-in-myanmar/2470194.html


ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်န၀ါရီလ ၄ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ပျဉ်းမနားမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသာချိုကို ဒီကနေ့ မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ ချမှတ်ပြီး ရမည်းသင်းထောင်ကို ပို့လိုက်ပါတယ်။

ပျဉ်းမနားမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုပြောပါတယ်။

"သူတို့အခု ပုဒ်မ ၁၈ နဲ့ အပြစ်ပေးတာကိုက ဥပဒေနဲ့မညီဘူး၊ ပြဌာန်းထားတဲ့ ဥပဒေနဲ့မညီဘူး၊ နောက်တစ်ခုက စစ်ဆေးတယ်ဆိုလို့ရှိရင်လည်း သက်သေထွက်ချက်တွေအပေါ်မှာပဲ သုံးသပ်ရမယ်၊ အမိန့်ကတော့ ထောင်ချတော့မယ် အဲဒီဥစ္စာကို စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ပြီးတော့ ချက်ချင်းတန်းပြီးပို့လိုက်တယ်၊ ရမည်းသင်းထောင်ကို ပို့လိုက်တယ်၊ သာမန်အားဖြင့် ချပြီးရင် တရားရုံးမှာရှိတဲ့ အချုပ်မှာထားတယ်၊ ပြီးရင် ပျဉ်းမနားရဲစခန်းမှာထားတယ်၊ ပြီးတော့မှ ရမည်းသင်းထောင်ကိုပို့တယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ABSDF တပ်ရင်း ၂၀၇ က ကျောင်းသားဟောင်း ကိုဇော်မြင့်ကိုလည်း တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၁ နှစ်ကျော် ကျခံနေရတဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ကစပြီး ရက်အကန့် အသတ်မရှိ အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ကျောက်တံတားမြို့နယ် တရားရုံးကို ဒီနေ့ ရုံးထုတ်ချိန်မှာ ပြောလိုက်ပါတယ်။

ကိုထင်ကျော်ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ပြောခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလိုပြောပါတယ်။

"ထောင်တွင်းမှာ ကိုထင်ကျော်က ဗုံးခွဲတဲ့ကိစ္စကို ဖော်တဲ့အတွက်ကြောင့်မို့ သီရိသုဓမ္မ ဦးစိုးမြင့်အောင်က သူ့ရဲ့ထောင်ထဲမှာရှိတဲ့ တပည့်တွေနဲ့ ကိုထင်ကျော်ကို လုပ်ကြံဖို့ သူ့တပည့်တွေကို ခိုင်းလိုက်တဲ့အချိန်မှာ တပည့်တွေက ကိုထင်ကျော်ကို လာပြောတယ်၊ ထောင်တွင်းအခွင့်အရေးတွေ တီဗွီတွေ၊ ဘာတွေသိမ်းတယ်၊ တိုက်ပိတ်မယ်ဆိုပြီးတော့ ဥပဒေထုတ်တယ်၊ ကိုထင်ကျော်က ဒါဟာ တရားမျှတမှုမရှိဘူး၊ ဒီဥပဒေကို လက်မခံဘူးဆိုပြီးတော့ ဆန့်ကျင်တယ်ပေါ့နော်၊ ထောင်တွင်းမှာ အခြေအနေတွေ လုံးဝကြပ်လာတယ်၊ ဒီလုပ်ကြံမှုသတင်းတွေကလည်း လုပ်ကြံမယ့် အခိုင်းခံရသူကိုယ်တိုင် ကိုထင်ကျော်ကို သတင်းလာပေးတယ်၊ အဲ့လိုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ကိုထင်ကျော်က သူတို့လုပ်ကြံပြီးတော့ သေတာကိုမခံဘူး၊ သူတို့တောင်းဆိုထားတဲ့ ဗုံးခွဲတဲ့ကိစ္စရယ်၊ ဒီဘိန်းသမားတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ လွှတ်ပေးတဲ့ကိစ္စတွေကို တရားဝင် မဖြေရှင်းမပေးချင်း အစာငတ်ခံဆန္ဒပြဖို့ အစီအစဉ်ဆွဲတာပါ"

ပြီးခဲ့တဲ့ ဧပြီလက ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်နဲ့အဖွဲ့ဟာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ဆိုပြီး တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံစတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ စာရွက်တွေလိုက်ဝေခဲ့တာကြောင့် အဲ့ဒီမြို့နယ်တွေက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခဲ့ပါတယ်။

အဲ့ဒီနောက် တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ မရမ်းကုန်းစတဲ့ မြို့နယ် ၁၀ မြို့နယ်က ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၀ နှစ်ကျော်အပြင် တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့လည်း ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် နဲ့ ၄ လ ကျခံနေရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

သမ္မတ ဗိုလ်သိန်းစိန်ရဲ့  အောက်တိုဘာလ ရေဒီယိုစကားမှာ အပစ်ရပ်စာချုပ်ကို အစောတလျင်စွာ လက်မှတ်ထိုးနိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာဖြစ်တယ်၊
ဒီအခြေအနေကမှ နိုင်ငံရေးတည်ငြိမ်မှုတွေ ရရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုအောင်မြင်ချောမွေ့ စွာ ကျင်းပနိုင်မယ်ဆိုတဲ့အချက်ကြောင့်၂၀၀၈ ခြေမန်းကွင်းနဲ့ အတုပ်အနှောင်ခံထားရတဲ့ ရွေးကောက်ပွဲနိုင်ငံရေးသမားတွေကြားမှာ အလုပ်အကိုင်မဲ့လမ်းဘေးရောက်သွားတော့မလားဟ ဆိုပြီး သောကပွား ဗျာများသွားခဲ့ကြတယ်။

စစ်အာဏာရှင် မဆလ ဗိုလ်နေ၀င်းခေတ်၊ ငြိမ်/ပိ ဗိုလ်စောမောင်နဲ့  ဗိုလ်သန်းရွှေရဲ့ နအဖခေတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တုန်းက အခုလောက် သေနတ်သံ ဗုံးသံတွေတိတ်ခဲ့ကြတာမဟုတ်ဆိုတာကြံ့ဖွံ့ သမ္မတဗိုလ်သိန်းစိန် ကောင်းကောင်းသိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက နယ်မြေအေးချမ်းမှုမရှိလို့ ဆိုပြီး တိုင်းရင်းသားဒေသတချို့ မှာ ရွေးကောက်ပွဲမလုပ်ဖြစ်တာကလွဲလို့  ကျန်တနိုင်ငံနီးပါး မရအရ လုပ်သွားခဲ့ကြပါတယ်။ ဒီတော့ အပစ်ရပ်စာချုပ်နဲ့  ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းစဉ်နှစ်ခုကိုအတင်းကာရော ဆွဲစေ့ချိတ်ဆက်လိုက်တာဟာ ဆီလျော်မှုမရှိမှန်း ထင်ရှားလှပါတယ်။

အမေရိကန် အပါအ၀င် အနောက်နိုင်ငံများရဲ့  ကြံ့ဖွံ့ စစ်အစိုးရအပေါ်သဘောထားပျော့ပြောင်းလာမှုနဲ့ အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တရားမျှတ သန့် ရှင်းစွာ ဖြစ်မြောက်အောင်မြင်ဖို့  အသည်းအသန်အလိုရှိနေကြပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ လျှမ်းလျှမ်းတောက် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များဘက်ကလည်း စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ထံမှာပါတီတွေကို မှတ်ပုံတင်၊ လာတော့မယ့် ရွေးကောက်ပွဲကြီးကို ဆင်နွှဲပါဝင်ဖို့ ရန်ဟန်ရေးတပြင်ပြင်နဲ့  အားမွေး ဓားသွေးနေကြပါတယ်။ PR စနစ်မကလို့  PQ စနစ်နဲ့ ရွေးကောက်ပွဲတွေ လုပ်ခဲ့ရင်လည်း “၀င်မယ်ဟေ့” ဆိုတာချည်းပါဘဲ။

ရွေးကောက်ပွဲသည်သာဘ၀၊ ရွေးကောက်ပွဲသည်သာအလုပ်လို့ စွဲလန်းမှတ်ယူပြီးအမတ်အိပ်မက်တွေမက် ယောင်ယမ်းထအော်နေသူများ ဒုနဲ့ ဒေး ဖြစ်လို့ နေပါပြီ။
ရွေးကောက်ပွဲမလုပ်တော့မှာ စစ်အုပ်စုထက် ပိုမိုကြောင့်ကြနေကြသူတွေကိုကြည့်ပြီးဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ခင်ညွန့် တို့ တသိုက်က ပြုံးတုံ့ တုံ့ ဖြစ်နေကြမှာပါ။ လမ်းပြမြေပုံ (၇)ချက် ပဒေသာပင် ဝေဆာသီးပွင့်နေပုံအတွက်အောင်သေအောင်သားစား ပွဲခံနေကြမှာပါ။ ၂၀၀၈ ဖွဲ့ စည်းပုံ No ၊ ရွေးကောက်ပွဲ Noဆိုပြီးတချိန်က ကြွေးကြော်ခဲ့ကြသူတွေအနေနဲ့ အခုလို “ရွေးကောက်ပွဲပေးပါ”လို့ တဆာဆာ တောင်းခံနေကြတာဟာမယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တကယ်မလုပ်ဖြစ်ခဲ့ရင် ဒီမိုကရေစီ သူရဲကောင်းကြီးဆိုပြီးဗိုလ်သိန်းစိန်ကို ကြိုဆိုရမှာပါ။ ဒါဟာ အာဏာရှင် ဗိုလ်သန်းရွှေ လက်နဲ့ ရေးခဲ့တာကိုခြေနဲ့ ဖျက်တာမျိုးဖြစ်လို့  ဗိုလ်သိန်းစိန်ကိုဖလားတလုံးယူပေးတဲ့ ဘောလုံးအသင်းမန်နေဂျာလိုပခုံးပေါ်ထမ်းတင် လေထဲမြှောက်ပင့်ပြီးကို ကြိုဆိုရမှာပါ။ နောက်ကိုလှည့်တာ မဟုတ်ဘဲ ရှေ့ သို့ ချီတဲ့ ခြေလှမ်းပါ။ ရွေးကောက်ပွဲကို ဖျက်သလိုမျိုး၂၀၀၈ ဖွဲ့ စည်းပုံကို ဖျက်သိမ်းဖို့  တလက်စတည်း ၀ိုင်းဝန်းစည်းရုံးဖို့  တာဝန်တောင်
ရှိလာပါတယ်။ ဒီနိုင်ငံရေး အခြေအနေ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်စေဖို့ ရန်စစ်အုပ်စုဘက်က တိုင်းရင်းသား ပြည်သူလူထု အမြောက်အများကို သတ်ဖြတ်ညှင်းဆဲခဲ့ရပါတယ်။ လူထုချဉ်ဖတ်ဘ၀ အရောက်ခံပြီး ရင်းနှီးပေးဆပ်ခဲ့ရပါတယ်။

ကမ္ဘာ့ အကြာဆုံး စံချိန်တင်တဲ့ အမျိုးသားညီလာခံကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြရပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံကို အတည်ဖြစ်စေဖို့  ငွေ၊ အာဏာ၊ လက်နက်နဲ့ အကျဉ်းစခန်းတွေကို ရက်ရက်ရောရော အသုံးပြုခဲ့ရပါတယ်။ အတော်လေးကိုခက်ခက်ခဲခဲ အချိန်ယူ တည်ဆောက်ခဲ့တာပါ။ ရန်ဘက်ဖြစ်ခဲ့တဲ့ ၀ါရှင်တန် အစိုးရနဲ့ ရွှေလမ်းငွေလမ်း ပွင့်နေပါပြီ။ လူအမုန်းခံခဲ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေလည်းဒီမိုကရေစီ ဘက်တော်သားတွေနဲ့  ဖင်ပုတ်ခေါင်းပုတ် ဟီးဟီးဟားဟား လုပ်နေပါပြီ။
ချမ်းသာကြွယ်ဝတဲ့ စည်းစိမ်ဥစ္စာများလည်းတရားဝင်ဖြစ်သွားသည့်နှယ်စိတ်အေးစွာသုံးစွဲခံစားလို့ ရတဲ့အပြင် အသက်အန္တရာယ်အတွက်လည်း အလွန်ကို လုံခြုံနေပါပြီ။
ဒီအခြေအနေကို ဖျက်ဆီးပစ်နိုင်တဲ့ လုပ်ရပ်တခုကို ထိုးဖောက်တင်ပြလာသူလက်ရှိသမ္မတ ဗိုလ်သိန်းစိန်ကိုမှမကြိုဆိုရင်ဘယ်စစ်ဗိုလ်ချုပ်ကြီးတယောက်ကိုများထပ်ရှာချင်သေးလဲလို့  မေးလိုက်ချင်ပါတယ်။

ဗိုလ်သိန်းစိန်ဟာ စစ်ဥခွံထဲက ပေါက်ဖွားလာတဲ့ စစ်သားတယောက်ဖြစ်လို့ စစ်တပ်နဲ့  စစ်အုပ်စု အသိုင်းအ၀န်း အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်သစ္စာရှိမှာ မြေကြီးလက်ခတ်မလွဲပါ။ ပြည်သူ့ အကျိုးနဲ့  စစ်အုပ်စုအကျိုး ယှဉ်ရင်ဘယ်ဘက်ရပ်မလဲဆိုတာ မေးစရာမလိုပါ။ ၂၀၁၅ ရွေးကောက်ပွဲဟာ စစ်အုပ်စု
အကျိုးစီးပွားအတွက် အလွန်အရေးပါနေပါသေးတယ်။ ရွေးကောက်ပွဲနောက်ပိုင်းအာဏာချုပ်ကိုင်ပုံဒီဇိုင်းကို အတိုက်အခံ ရွေးကောက်ပွဲ နိုင်ငံရေးခေါင်းဆောင်တွေအကူအထောက်နဲ့  အခုကတည်းက အဆင်သင့် ရေးဆွဲထားပြီးလောက်ပါပြီ။
“တိုင်းပြည်တပြည်မှာ ရွေးကောက်ပွဲ မရှိတာထက် ရွေးကောက်ပွဲတွေ ပုံမှန်လေးလုပ်နေတာဟာ စစ်အာဏာရှင်စနစ်ထက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေး အခြေအနေပါ”
လို့  ပြောခဲ့သူတွေဟာလည်း ဗိုလ်သိန်းစိန်တို့  ဥာဏ်ကြီးရှင်တွေအုပ်စုပါဘဲ။စစ်ကျွန်စနစ် သက်ဆိုးရှည်ပြီး လူထုဆန္ဒကို အပြည့်အ၀ ထင်ဟပ်ခြင်းမရှိတဲ့၂၀၀၈ ဖွဲ့ စည်းပုံ ရေသောက်မြစ်က ထွက်လာတဲ့ ရွေးကောက်ပွဲမှန်သမျှဟာစစ်အကျိုးစီးပွား လိုလားသူတွေအတွက် ပျော်တော်ဆက်ပွဲတွေပါ။ မိတ်ဖက်တွေပါ။တိမ်းရှောင်ထွက်ပြေးစရာ မဟုတ်ပါ။

တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့  အပစ်ရပ်စာချုပ်ကိုခပ်သုတ်သုတ် လက်မှတ်ထိုးဖို့  အလောသုံးဆယ် တိုက်တွန်းလာရတာဟာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ခေါင်းစဉ်တပ် ရယူသုံးစွဲနေတဲ့ နိုင်ငံတကာကထောက်ပံ့ငွေတွေကိစ္စက အရေးပါတဲ့ အကြောင်းအရာတခုဖြစ်ပါတယ်။ ငွေပေးသူရဲ့ မျက်နှာကို ကြည့်ရပါဦးမယ်။ ဒါပေမယ့် တဖက်ကလည်း ပြည်တွင်းစစ်လုံးဝရပ်စဲသွားရင်စစ်တပ်ကြီးစိုးမှုအခန်းကဏ္ဍ လျော့ကျသွားမယ့်ပုံကို တွေးဆနေကြပါတယ်။
ပြည်တွင်းစစ်ကိုမွေးပြီး ဓနဥစ္စာ ရှာလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာလာခဲ့ပါပြီ။

စစ်မဖြစ် ငြိမ်းချမ်းရေးမရ ဆိုတဲ့ ရှဉ့် လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတရပ်သာ အကောင်းဆုံးဆိုတာ စစ်အုပ်စု နားလည်ထားတဲ့ အလုပ်တရားပါ။
ဗိုလ်သိန်းစိန် မျှားခေါ်တဲ့ “၂၀၁၅ မလုပ်ဖြစ်ခဲ့ရင် တိုင်းရင်းသားတွေကြောင့်”ဆိုတဲ့ထောင်ချောက်လိုလို၊ ရာဇသံလိုလို နောက်ကိုတမျှော်တခေါ် လျှောက်လိုက်မနေဘဲတိုင်းရင်းသား တော်လှန်ရေးသမားတွေဘက်က မိမိတို့ ရပ်တည်ချက်မူများအတိုင်းဆက်လက်ဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ တိုးလုပ်ဆောင်ရပါမယ်။
မိမိတို့ နဲ့  စကားပြောနေသူတွေဟာ သမိုင်းတလျောက် ငြိမ်းချမ်းရေးအလုပ်တွေမှာသမ္ဘာရင့်ဝါရင့်ပြီး အံတိုအံခွနေတဲ့ (ကြိမ်ဖန်များစွာလည်း ဖျက်ခဲ့ဖူးတဲ့)ဗမာစစ်အုပ်စုဖြစ်နေတယ်ဆိုတာကို အမြဲသတိရှိနေရပါမယ်။ ထို့ အတူ ရွေးကောက်ပွဲ နိုင်ငံရေးသမားတွေအနေနဲ့ လည်း မိမိတို့ ကို တိုင်းရင်းသားအဖွဲ့ တွေနဲ့  ရန်တိုက်ပေးနေတဲ့စစ်အုပ်စုရဲ့  ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီး မိမိတို့ ဝင်ကစားနေတဲ့ကွင်းပြင်မှာ ကန်သွင်းစရာ ဒီမိုကရေစီဂိုးပေါက် မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းလက်ခံလာဖို့ လည်း ကြိုးစားထားသင့်ပါတယ်။

Aungmyo Tun

ယခုတလော ကြားနေရသည်မှာ ၀န်ထမ်းရှာရခက်သည်ဟူသော စကားဖြစ်သည်။ ယခင်က အလုပ် ရှာရခက်သည်ဆိုသော အသံများ အစား အလုပ်ရှင်များဖက်က အသံတွေသာ ထွက်ပေါ်လာသည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံတွင် ၀န်ထမ်းလုပ်မည့်သူများ ဘယ်သို့ ရောက်ကုန်ပါသနည်း။ နိုင်ငံတကာမှ စက်ရုံ၊ အလုပ်ရုံကြီးများကလည်း ဟုတ်တိပတ်တိ လာမဖွင့်သေးသော အခြေအနေတွင် ဆယ်ကျော်သက်လူငယ် အများစုသည် အင်တာတိန်းမန့်ခေါ်သည့် ဖျော်ဖြေရေးလုပ်ငန်းအတွင်း အစုလိုက် အပြုံလိုက် ရောက်သွားကြသည်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်နေဆဲ နယ်မှ အသက် ၂၀အရွယ် အမျိုးသမီးငယ် တစ်ဦးက “သမီးက နယ်ကဆိုတော့ ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုရင် ပထမဆုံး ကြည့်ရတာက အဆောင် ပေးသလား။ ဒုတိယကြည့်ရတာက ထမင်းကျွေးသလားဆိုတာပါ။ ကောင်းတဲ့ အလုပ်လား၊ ဆိုးတဲ့ အလုပ်လား ဆိုတာက ဒုတိယ ဦးစားပေးပဲဖြစ်တယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ဖူးတယ်။ ဘာအတွေ့အကြုံမှ မရှိသေးလို့ လစာ ကျပ်ခြောက်သောင်းက စပေးမယ်တဲ့။ သမီးက ဒီခြောက်သောင်းနဲ့ ရန်ကုန်မှာ ဘယ်လိုနေရမှာလဲ။ ဒါနဲ့ရွာက သူငယ်ချင်း တစ်ယောက်က ခေါ်လို့ မာဆတ်ကို ရောက်လာတာ။ နေစရာ အဆောင်ရှိတယ်။ ပြောရရင် အဆောင်တောင် ရေမိုးချိုးချိန်က လွဲပြီး မပြန်ဖြစ်ပါဘူး။ မာဆတ်အခန်းထဲမှာပဲ အချိန်ကုန်တာများတယ်။ လစာက သုံးသောင်းပဲ ပေးပေမယ့် ဆက်ရှင်ကြေးက ၁၅%ရတယ်။ တစ်လကို အိမ်ကိုလည်း နှစ်သိန်းလောက်တော့ အသာလေး ပြန်ပို့နိုင်သေးတယ်။ သမီးရဲ့ ဒီဆွဲကြိုးနဲ့ လက်စွပ်ကလည်း အလုပ်ကရတဲ့ မုန့်ဖိုးကနေ စုလုပ်ထားတာ။ ဒီမှာလုပ်ရတာ အဆင်ပြေပါတယ်။ အဖမ်းအဆီးလည်း မရှိဘူး”ဟု ပြောပြသည်။

သူမနှင့် တစ်ရွာတည်းသား လုပ်ငန်းတစ်ခုထဲတွင် အတူအလုပ်လုပ်သော လူငယ်လေးက “ကျွန်တော်က ဧည့်ကြိုပါ။ ဆယ်တန်း မအောင်ဘူး။ ဒီမာဆတ်မှာ ကျွန်တော်တို့ရွာက လူငယ်တွေများတယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီနိုင်တာပေါ့။ ကောင်မလေးတွေလောက် ပိုက်ဆံမရပေမယ့် လာတဲ့ဧည့်သည်တွေဆီက မုန့်ဖိုးရသလို ဧည့်သည် အသစ်ကို သူတို့နဲ့ ဘွတ်ကင် နံပါတ်ချိတ်ပေးရင် အနှိပ်သမလေးတွေကလည်း မုန့်ဖိုးပေးပါတယ်။ တစ်ခါတလေမှာလာတဲ့ ဧည့်သည် အသစ်တွေက ကျွန်တော်တို့အတွက် ဘောက်ဆူးရပေါက်ပါပဲ။ သူတို့က ဘယ်ကောင်မလေး ချောသလဲဆိုရင် အားနေတဲ့ ချောချောလေး တစ်ယောက် ချိတ်ပေး၊ အနှိပ်ကောင်းကောင်း ခံချင်တယ်ဆိုရင် မလှပေမယ့် ကောင်းကောင်း နှိပ်တတ်တဲ့သူနဲ့ ချိတ်ပေးရပါတယ်။ တချို့ဧည့်သည်က ဂျီးများတယ်။ နှစ်ယောက်ခန်းမှာ တစ်ယောက်တည်း နေချင်တယ်တို့ ဘာတို့ပေါ့။ ဒါပေမဲ့ ဧည့်သည်ကို ပြေလည်အောင် ဆက်ဆံပြီးမှ မျက်မှန်း တန်းမိအောင် လုပ်ထားရင် မုန့်ဖိုးရပါတယ်။ အိမ်ကို တစ်လငါးသောင်းလောက် ပို့နိုင်ပါတယ်”ဟု ရှင်းပြသည်။

စင်တင်တေးဂီတပါသည့် စားသောက်ဆိုင်တွင် ပျော်မွေ့နေသော အဆိုတော်မလေး တစ်ဦးကမူ “စင်တင်ရဲ့ သဘောက အသံကောင်းဖို့ထက် ရုပ်ချောဖို့က အရေးကြီးပါတယ်။ စင်တင်မန်နေဂျာက တစ်ဆင့်ဝင်ရင် အလုပ်ရဖို့ လွယ်ပါတယ်။ သူလိုချင်တာလဲ ပေးရတာပေါ့နော်။ သမီးက ဒုတိယနှစ် အဝေးသင် တက်နေတယ်။ ဗန်းမော်ကပါ။ ဒီမှာစားဖို့နဲ့နေဖို့ မပူရပေမယ့် ပန်းကုံး အတွက်တော့ ပူရတယ်။ လစာက ငါးသောင်းပဲ ရတာလေ။ ဒီတော့ ပန်းကုံးမရရင် မျက်နှာငယ်သလို သူများနဲ့ ယှဉ်ရင်လည်း အောက်ကျ နောက်ကျနိုင်တယ်။ ဒါကြောင့် ၀ိုင်းမှာ ကိုယ့်ကို ခေါ်ထိုင်တဲ့သူကို အပိုင်ချုပ်တတ်ရတယ်။ စားသောက်ဆိုင် ဆိုတာက နေ့တိုင်း လာစားတဲ့သူက နည်းပါတယ်။ ဒါကြောင့် ဧည့်သည် လေးငါးယောက်လောက် ချုပ်ထားနိုင်ရင် အဆင်ပြေတယ်။ အလုပ်က ည ၇နာရီကနေ ဆိုင်ပိတ်တဲ့အထိဆိုတော့ တစ်နေ့လုံး အားနေတာပေါ့။ နေ့ပိုင်းမှာ ဧည့်သည်က တွေ့ချင်တယ် ဆိုရင်လည်း သွားတွေ့တာပေါ့။ ဒါမှ အိမ်ကို အချိန်တန်ရင် ငွေပြန်ပို့လို့ရမှာ မဟုတ်လား။ တစ်အိမ်လုံးက ကိုယ့်လုပ်စာကိုပဲ မှီခိုနေကြရတာ။ မောင်လေးတွေ၊ ညီမလေးတွေရဲ့ ကျောင်းစရိတ်က ရှိသေးတယ်။ ရောဂါတွေကို ကြောက်ပေမယ့် ဘာတတ်နိုင်မလဲ။ သမီးတို့ဆိုင်က အေ(AIDS)နဲ့သေတာ လေးယောက်ရှိပြီ”ဟု ပြောပြသော်လည်း သူမအနေဖြင့် သူ့ဘ၀ကို ပျော်နေသည့်ပုံပင်။

တာမွေတွင် နယ်ကနေ အလုပ်လာလုပ်ရင်း တိုက်ခန်းတစ်ခုကို သူငယ်ချင်းတစ်စု စပ်တူငှားနေသော အမျိုးသမီးငယ် တစ်ဖွဲ့နှင့် ဆုံမိသည်။ “သမီးတို့က အဝေးသင်ဆိုတော့ တစ်နှစ်မှ အနီးကပ် ၁၀ရက် တက်ပြီး ဆရာတွေပေးတဲ့ ၁၀ပုဒ် အလွတ်ကျက်နိုင်ရင် အောင်တယ်။ ဘွဲ့အတွက်က မပူရပါဘူး။ ပူရတာက ရန်ကုန်မှာ နေရေးစားရေးပဲ။ သမီးတို့က ကုမ္ပဏီမျိုးစုံမှာ အလုပ်လုပ်ကြတာ။ လစာနဲ့ ဘောနပ်ပေါင်းမှ တစ်လကို တစ်သိန်းလောက်ပဲရတာ။ ကုမ္ပဏီ အလုပ်က ဂုဏ်ပဲရှိတာ။ ပိုက်ဆံက ဒီလောက်မရဘူး။ ဒီတော့ တချို့က ကုမ္ပဏီထဲက ငွေသုံးနိုင်တဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ရည်းစားဖြစ်ကြတာပေါ့။ ကိုယ့်ကိုယူဖို့ ကြိုက်တာ မဟုတ်မှန်း သိပေမယ့် ကိုယ်လိုတာလေးတွေ ၀ယ်ခြမ်းပေးနေတော့ အဆင်ပြေတာပေါ့။ တစ်ယောက်တည်းပဲ တွဲတာဆိုတော့ ပြဿနာ မရှိပါဘူး” ဟု ဆိုပြန်သည်။

ကုမ္ပဏီပိုင်ရှင် တစ်ယောက်ကမူ “၀န်ထမ်းရှာရတာ အရမ်းခက်တယ်ဗျာ။ ဘာလုပ်ငန်း အတွေ့အကြုံမှ မရှိဘဲ မျှော်မှန်းလစာနေရာမှာ ရေးလိုက်ရင် တစ်သိန်း အထက်ချည်းပဲ။ ကလေးတွေကိုလည်း အပြစ်မဆိုသာဘူး။ ဒီလောက်ရမှ မိသားစု ထမင်းအိုးကို တစ်ဖက်တစ်လမ်းက ကာမိမှာကိုး။ နောက်ဆုံးမတော့ အရွယ်ကောင်း၊ ရုပ်ရည်လေးတွေ ရှိပါလျက်နဲ့ စပွန်ဆာလိုင်း ရောက်သွားကြတာ သနားဖို့လည်း ကောင်းပါတယ်”ဟု သူ၏ အတွေ့အကြုံကို ပြောပြသွားသည်။

“အဓိကကတော့ နိုင်ငံတော်က အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးရမယ်။ အဲဒီလုပ်ခလစာဟာ ၀န်ထမ်းတွေရဲ့ စားဝတ်နေရေး အတွက် ဖူလုံရမယ်။ သူများ နိုင်ငံမှာ အလုပ်တစ်ခုပဲ လုပ်ပြီး ဘ၀ကို ရပ်တည်နေကြတာပဲ။ ဒီမှာသာ အလုပ်တစ်ခုပြီး တစ်ခု လုပ်နေရသလို အချောင်ဝင်ငွေလေးလည်းရဖို့ ရှာကြရသေးတယ်။ ဒီကတစ်ဆင့် ကလေးတွေ လမ်းမှားရောက်ကုန်တော့တယ်။ အဓိကကတော့ စပွန်ဆာ ကိစ္စပေါ့။ တစ်ပတ် တစ်ခါလောက် လူတစ်ယောက်နဲ့ အတူနေရုံနဲ့ လေးငါးသိန်းကနေ ဆယ်သိန်းအထက် ရသွားဖူးတဲ့ ကလေးဟာ စိတ်ပိုင်းဆိုင်ရာပါ ပျက်စီးသွားပြီး ဒီစပွန်ဆာက ရိုးလို့ ထားခဲ့ရင်လည်း နောက်ထပ် စပွန်ဆာရှာရင်း ဒီဘ၀ထဲမှာပဲ ၀ဲလည်နေတော့တယ်။ အထူးသဖြင့် တံခါးဖွင့် စီးပွားရေး ဈေးကွက်မှာ ကလေးအများစုက မော်ဒယ် အရေခြုံပြီး မဟုတ်တာတွေပဲ လုပ်ဖို့ ကြိုးစားနေကြတယ်”ဟု ပြောသူက မော်ဒယ်အေဂျင်စီ တစ်ခု တည်ထောင်ထားသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။

ယခုကဲ့သို့ မြန်မာ့လူမှု အသိုင်းအ၀ိုင်းတွင် ဖြစ်ပျက်နေသည်များကို အစိုးရတွင်သာ တာဝန်ရှိသည်ဟု မပြောနိုင်။ မြန်မာနိုင်ငံရှိ အရပ်ဖက် လူ့အဖွဲ့အစည်း အသီးသီးမှာလည်း တာဝန်ရှိပြီး လူငယ်များ လမ်းမှား မရောက်ရှိစေရန်နှင့် စိတ်ဓာတ်ယိုင်နဲ့ မသွားစေရန် ထိန်းကျောင်းပေးရန် တာဝန်ရှိသည်။ လမ်းမှားကို ၀င်သွားမိလျှင် ပြန်ထွက်လာရန်မှာ လွယ်ကူသောအရာ မဟုတ်။ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့် အနာဂတ် ရတနာလေးများသည် လိင်ကိစ္စ ဦးစားပေး ဖျော်ဖြေရေး လုပ်ငန်းများတွင်သာ ပျော်မွေ့သွားကြမည်ဆိုလျှင် မြန်မာနိုင်ငံ တိုးတက်ရန် အရှိန်ယူနေချိန်တွင် လူသားအရင်းအမြစ် ပြတ်လတ်မှုနှင့် တွေ့ကြုံသွားရပေလိမ့်မည်။ ထို့ကြောင့် လူငယ်လေးများသည် သူတို့ တကယ်တတ်ကျွမ်းတဲ့ ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပြီး ဘ၀တွင် လူတစ်လုံး သူတစ်လုံးဖြင့် ရပ်တည်စေနိုင်ရန် ၀ိုင်းဝန်း ကြိုးစားပေးသင့်နေပြီ ဖြစ်ပေသည်။

သံဖနောင့်
Tomorrow News journal
http://www.tomorrow.com.mm/?q=articles/982

နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းဘဏ်များက နှစ်ဦးစိတ်ကြိုက်အတိုးနှုန်းဖြင့်ချေးခွင့်ရပြီး ပြည်သူလူထုအနေဖြင့်မူ အတိုးနှုန်းကြီးကြီးနှင့်ပင် ပြည်တွင်းဘဏ်များမှတစ်ဆင့် ဆက်လက်ချေးယူရမည်၊ နိုင်ငံခြားဘဏ်များထံမှ တိုက်ရိုက်ချေးယူခွင့်မရှိ
- AGD ဘဏ် ရှယ်ယာအလွှဲအပြောင်းနှင့်ပတ်သက်သည့်မေးခွန်း ဗဟိုဘဏ်တာဝန်ရှိသူများ ပြန်လည်ဖြေဆိုခြင်းမရှိ

ပြည်တွင်း၌ နိုင်ငံခြားဘဏ် ကိုးဘဏ်ကို ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ ဗဟိုဘဏ်ရုံးချုပ်တွင်ကျင်းပသည့် ရှင်းလင်းပွဲမှ သတင်းရရှိသည်။

ရှင်းလင်းပွဲသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပြင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

သတင်းမီဒီယာများ၏မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်းရာတွင် နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသို့ ငွေထုတ်ချေးခြင်း၊ ငွေထုတ်ချေးရာတွင် အတိုးနှုန်းသတ်မှတ်ချက်မရှိဘဲ ငွေထုတ်ချေးမည့် နိုင်ငံခြားဘဏ်နှင့် ထုတ်ချေးခွင့်ရမည့် ပြည်တွင်းဘဏ်တို့အကြား နှစ်ဦးညှိနှိုင်းသည့် အတိုးနှုန်းဖြင့် ချေးယူနိုင်ကြောင်းကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့်မူ နိုင်ငံခြားကုမ္ပဏီများထံမှ တိုက်ရိုက်ချေးယူခွင့်မရှိဘဲ ပြည်တွင်းဘဏ်များမှသာ တစ်ဆင့်ခံချေးယူရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဘဏ်တစ်ခုခုဖြင့်ပူးပေါင်း၍သာ နိုင်ငံခြားဘဏ်များမှ ချေးယူရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်တွင်းဘဏ်များမှ တစ်ဆင့်ခံချေးယူရာတွင် လက်ရှိဗဟိုဘဏ်မှ သတ်မှတ်ထားသော အတိုးနှုန်းအတိုင်းဖြင့်ပင် ချေးယူရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ခြင်းလည်းဖြစ်သည်။

သတင်းမီဒီယာများမှ နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းဘဏ်များချေးယူရာတွင် အတိုးနှုန်းအား မည်သို့သတ်မှတ်ထားနည်း၊ ပြည်တွင်းဘဏ်များမှ ပြည်တွင်းလုပ်ငန်းရှင်များက မည်သို့ချေးယူရမည်ကို မေးမြန်းရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က "နိုင်ငံခြားဘဏ်ကနေ ပြည်တွင်းဘဏ်ကိုချေးမယ်ဆိုရင် သူတို့အချင်းချင်း ညှိနှိုင်းရမှာပါ။ ချေးယူမှုသသောတူညီချက်ကတော့ သူတို့အချင်းချင်းညှိရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ Guideline တွေပေးရမှာဖြစ်ပါတယ်။ဒါ နိုင်ငံခြားဘဏ်ကနေ ပြည်တွင်းဘဏ်ကိုချေးမယ့်ကိစ္စပေါ့။ နောက်တစ်ခုက နိုင်ငံခြားဘဏ်တွေကနေပြီးတော့ ပြည်တွင်းလုပ်ငန်းရှင်တွေချေးမယ်ဆိုရင်ကတော့ နိုင်ငံခြားဘဏ်ကနေ ပြည်တွင်းဘဏ်ကိုချေးမယ်။ ပြည်တွင်းဘဏ်ကနေပြီးတော့ လုပ်ငန်းရှင်ကိုပြန်ချေးမယ်ဆိုရင် ဒါနိုင်ငံခြားဘဏ်နဲ့ တိုက်ရိုက်သက်ဆိုင်မှုမရှိတော့ပါဘူး။ ပြည်တွင်းဘဏ်ကပဲ သူ့ဟာသူထုံးစံအတိုင်း ငွေချေးမှာပဲဖြစ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အတွက် နိုင်ငံခြားဘဏ်များ လာရောက်ဖွင့်လှစ်သည်ဟုဆိုသော်လည်း ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ယခင်အတိုးနှုန်းအတိုင်းဖြင့်ပင် ပြည်တွင်းဘဏ်များမှတစ်ဆင့် ချေးယူရမည်ဖြစ်ရာ ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များသာ ပိုမိုအကျိုးဖြစ်ထွန်းမည့် အခြေအနေတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သည်။



ယခုချမှတ်ထားသည့်စည်းမျဉ်းများအရ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များသည် နိုင်ငံခြားဘဏ်များထံမှ မိမိတို့ဘဏ်နှစ်ဘဏ်ကြား စိတ်ကြိုက်အတိုးနှုန်းဖြင့်ချေးယူနိုင်ပြီး ပြန်လည်ထုတ်ချေးရာတွင်မူ လက်ရှိဗဟိုဘဏ်မှသတ်မှတ်ထားသော အတိုးနှုန်းအမြင့်များအတိုင်း ပြန်လည်ထုတ်ချေးခွင့်ရမည်ဖြစ်ရာ ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းမည့်အနေအထားဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၂၁ ဘဏ်အထိ ဖွင့်လှစ်ထားပြီး အပ်ငွေအပေါ် တစ်နှစ်လျှင် အနည်းဆုံးအတိုးနှုန်း ရှစ်ရာခိုင်နှုန်းနှင့် ချေးငွေအပေါ်အများဆုံး အတိုးနှုန်းတစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်မှ သတ်မှတ်ပေးထားကြောင်း သိရသည်။

သို့သော် နိုင်ငံခြားဘဏ်အများစုမှာမူ ချေးယူငွေအပေါ် အတိုးနှုန်းအား နှစ်ရာခိုင်နှုန်းကဲ့သို့သော နိမ့်ပါးသည့်အတိုးနှုန်းသာ ယူလေ့ရှိကြောင်း၊ ထို့အတွက် အတိုးနှုန်းသက်သက်သာသာဖြင့် နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းပုဂ္ဂလိကဘဏ်များက ချေးယူနိုင်ပြီး ဗဟိုဘဏ်မှ သတ်မှတ်ထားသော အတိုးနှုန်းအမြင့်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များသို့ ပြန်လည်ထုတ်ချေးပေးခြင်း မျိုးပြုလုပ်နိုင်သည့်အတွက်လည်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များအနေဖြင့် များစွာအကျိုးဖြစ်ထွန်မည့် အလားအလာရှိနေကြောင်းကိုလည်း ထောက်ပြဝေဖန်ကြခြင်းဖြစ်သည်။

နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းဘဏ်များက နှစ်ဦးစိတ်ကြိုက် အတိုးနှုန်းဖြင့်ချေးခွင့်ရပြီး ပြည်သူလူထုအနေဖြင့်မူ အတိုးနှုန်းကြီးကြီးနှင့်ပင် ပြည်တွင်းဘဏ်များမှတစ်ဆင့် ဆက်လက်ချေးယူရမည်၊ နိုင်ငံခြားဘဏ်များထံမှ တိုက်ရိုက်ချေးယူခွင့်မရှိ

ပြည်တွင်း၌ နိုင်ငံခြားဘဏ် ၉ ဘဏ်ကို ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း နေပြည်တော်ရှိ ဗဟိုဘဏ်ရုံးချုပ်၌ ရှင်းလင်းသည့်ပွဲတွင် ဖွင့်လှစ်ခွင့်ရသည့် နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းလုပ်ငန်းရှင်များ တိုက်ရိုက်ချေးယူခွင့်မရှိကြောင်း သိရသည်။

ရှင်းလင်းပွဲသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပြင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြပြီး သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်တာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က "အဲဒီနည်းလမ်းကတော့ ဘာလဲဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ငွေချေးမယ်ဆိုရင် ပြည်တွင်းဘဏ်တွေကတစ်ဆင့်သော်လည်းကောင်း သို့မဟုတ် ပြည်တွင်းဘဏ်တွေနဲ့ပူးပေါင်း၍သော်လည်း ငွေချေးလို့ရမှာဖြစ်ပါတယ်" ဟုပြောကြားသည်။

ထို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းဘဏ်များဖြင့်ချိတ်ဆက်၍ ပြည်တွင်းဘဏ်များမှတစ်ဆင့်သာ ချေးယူနိုင်တော့မည်ဖြစ်ပြီး တိုက်ရိုက်ချေးယူခွင့်မရှိတော့သည့် အခြေအနေဖြစ်နေသည်။

AGD ဘဏ်ရှယ်ယာအလွှဲအပြောင်းနှင့်ပတ်သက်သည့်မေးခွန်း ဗဟိုဘဏ်တာဝန်ရှိသူများပြန်လည်ဖြေဆိုခြင်းမရှိ

AGD ဘဏ်ရှယ်ယာအလွှဲအပြောင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်တာဝန်ရှိသူများကို Eleven Media Group မှ သတင်းထောက်ချုပ် ကိုမာန်သူရှိန်ကမေးမြန်းရာတွင် ဗဟိုဘဏ်၏တာဝန်ရှိသူများက ရှင်းလင်းပွဲနှင့်မသက်ဆိုင်ဟုဆိုကာ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

The Daily Eleven နေ့စဉ်ထုတ်သတင်းစာမှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းသည် အများပြည်သူယုံကြည်မှုဖြင့် အဓိကလုပ်ကိုင်ရသောလုပ်ငန်းဖြစ်၍ ပွင့်လင်းမြင်သာရန်လိုသည့်အတွက် AGD ဘဏ်ရှယ်ယာလွှဲပြောင်းသည့်အပေါ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါမေးခွန်းများကို အပြည့်အ၀မေးမြန်းခွင့်မရခဲ့ဘဲ "AGD ဘဏ်ရှယ်ယာအလွှဲအပြောင်းနှင့်ပတ်သက်၍ လွှဲပြောင်းပြီး ဟုတ် မဟုတ်၊ ရှယ်ယာလွှဲပြောင်းခဲ့သည့်တန်ဖိုးမှာ ကျပ်ဘီလျံ ၁၀၀ မှ ၂၀၀ ၀န်းကျင်အထိရှိသည်ဟု ပြင်ပတွင်ပြောကြားနေကြောင်း" အထိသာမေးမြန်းခွင့်ရခဲ့ပြီး ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ရှင်းလင်းပွဲမှာ နိုင်ငံခြားဘဏ်များဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်သည့်ရှင်းလင်းပွဲဖြစ်၍ သက်ဆိုင်သည့်မေးခွန်းကိုသာမေးမြန်းရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က "ခဏလေးခင်ဗျ။ ကျွန်တော်တို့ ဒီအခုဟာက Press Conference ကလေ နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးအတွက်ပဲဖြစ်တာဖြစ်တဲ့အတွက် နိုင်ငံခြားဘဏ်ရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကိုပဲမေးဖို့ ကျွန်တော့်အနေနဲ့ Request လုပ်ပါတယ်" ဟုလည်းကောင်း၊ ဆက်လက်၍ "ကျွန်တော်တို့ဖြေဖို့လို့ကိစ္စကို ကျွန်တော်တို့ တခြားဖြေဖို့လို့ကိစ္စကို တခြား Press Conference နဲ့သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့လုပ်ပေးပါမယ်။ အခုဟာက နိုင်ငံခြားဘဏ်များရွေးချယ်တာပဲဖြစ်တဲ့အတွက် မေးမယ်ဆိုလို့ ရှိရင်တော့ခင်ဗျ ရှည်ရှည်ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် မေးခွန်းဖြစ်ဖြစ် အကုန်လုံးမေးမယ်ဆိုရင်တော့ ဒီတစ်နေ့တည်းတောင်ပြီးမှာမဟုတ်ဘူး။ နောက်တစ်နေ့ကူးသွားလိမ့်မယ်။ အဲဒါကြောင့်မိုလို့ နိုင်ငံခြားဘဏ်တွေရွေးချယ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ မေးဖို့ Request လုပ်ပါတယ်ခင်ဗျ" ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ဗဟိုဘဏ်၏ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာများအနေဖြင့် ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် အခြားအကြောင်းအရာများမေးမြန်းခွင့်မရခဲ့ကြောင်း သိရသည်။

လိုင်စင်ချထားပေးခဲ့သော ဘဏ်ကိုးခု

• Australia and New Zealand Banking Group Limited (ANZ)
• Bangkok Bank
• Bank of Tokyo-Mitsubishi UFJ (BTMU)
• Industrial and Commercial Bank of China (ICBC)
• Malayan Banking Berhad (Maybank)
• Mizuho Bank
• Oversea-Chinese Banking Corporation (OCBC)
• Sumitomo Mitsui Banking Corporation (SMBC)
• United Overseas Bank (UOB)

နိုင်ငံအလိုက်ဗဟိုဘဏ်များ၏ အတိုးနှုန်းထားများ (Ref:global-rates.com)

အမေရိကန် ၀.၂ %
ဂျပန် ၀.၁ %
တောင်ကိုရီးယား ၂.၂ %
ၾသစေၾတးလ် ၂.၅ %
အိန္ဒိယ ၈.၀ %
အင်ဒိုနီးရှား ၇.၅ %
မက္ကဆီကို ၃.၀ %
နယူးဇီလန် ၃.၅ %
ကနေဒါ ၁.၀%
ရုရှား ၈.၀%
Eleven Media Group
http://www.news-eleven.com/local/%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%98%E1%80%8F%E1%80%B9-%E1%80%80%E1%80%AF%E1%80%AD%E1%80%B8%E1%80%98%E1%80%8F%E1%80%B9-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%81%8C-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%95%E1%80%B3%E1%81%8A-%E1%80%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%91%E1%80%80%E1%80%B9

အထက်ဖော်ပြပါသတင်းကို ထိုင်းရဲတပ်ဖွဲ့မှာ ယခုညနေ ၅ နာရီကျော်တွင် သတင်းစာရှင်းလင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြန်မာလူငယ်၏ နာမည်ကို '၀င်း' ဟုသာ တစ်လုံး တည်း ဖော်ပြထားပြီး အသက်မှာ ၂၁ ရှိပြီ ဖြစ်သည်။

မောင်ဝင်းသည် အဆိုပါ အပန်းဖြေကျွန်းပေါ်ရှိ အရက်ဘား တစ်ခုတွင် အလုပ်လုပ်ကိုင်နေ သူဖြစ်သည်။ မောင်ဝင်းနှင့် အတူနေထိုင် သည့် မြန်မာ လူမျိုး မော် ၂၃ နှစ်နှင့် စော ၂၁ နှစ် တို့ကိုလည်း စစ်ဆေးနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က အထူး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

မောင်ဝင်းက သူ ကမ်းခြေတလျောက်လမ်းလျောက်နေစဉ် ကျောက်ဆောင် များကြားတွင် ဗြိတိန်လူငယ်စုံတွဲ ချစ်တင်းနှောနေသည်ကို မြင်တွေ့ပြီး အဆိုပါ မိန်းကလေး ဖြစ်သူကို မုဒိမ်းကျင့်ရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခဲ့ပြီး မုဒိမ်း ပြုကျင့်ခဲ့သည်ဟု ရဲအား ၀န်ခံသည်ဟု ထိုင်း၇ဲချုပ် Somyos Pumphanmuang က သတင်းထောက်များကို ပြောကြားခဲ့သည်။

မောင်မော် ကမူ ၄င်းသည် အဆိုပါညတွင် ကမ်းခြေတွင် ဂီတာ တီးပြီး ဆေးလိပ်သောက်နေခြင်းသာ ဖြစ်ကြောင်း၊ အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိပါကြောင်း ရဲတွင် ထွက်ဆိုခဲ့သည်။

ထိုင်းရဲများက ၀င်း၊ မော်၊ စော တို့ (၃) ဦးလုံး၏ ဒီအင်အေ များကို အလောင်းများမှ ရရှိထားသည့် ဇီဝသဲလွန်စခြေရာ (ဘိုင်အိုမာကာများ) နှင့် အလျင်အမြန် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Ref - The Nation

The Ladies News Journal


A Myanmar worker has confessed killing two British tourists on Koh Tao in Surat Thani, acting Deputy Police Commissioner General Pol Gen Jakthip Chaijinda said Thursday.
Following the confession, Police Commissioner General Pol Gen Somyos Pumphanmuang rushed to Koh Tao at 5 pm Thursday to get prepared for holding a press conference Friday.

According to a source from the investigation team, the worker was identified as Win, 21. He worked at a bar on Koh Tao.

The source said Win was taken into custody and detained pending DNT test along with two other Myanmar workers - Maw, 23, and Saw, 21.

Maw and Saw were captured on Koh Tao while Win on the mainland of Surat Thani.

Police are waiting for DNT test results to match those found on cigarette but and other evidences at the scene.

Maw told police that he played guitar on the beach and smoked the cigarette but he returned home and knew nothing about the murder.

But Win later admitted that he saw the two tourists having sex so he made the attack with a plan to rape the woman.

http://www.nationmultimedia.com/national/Myanmar-worker-confesses-killing-British-tourists-30244632.html

မြန်မာနိုင်ငံသမိုင်းတွင် သတင်းထောက်များအပေါ် အကြီးလေးဆုံးပြစ်ဒဏ် ချမှုဖြစ်သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံအကြောင်း သတင်းရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံနေရသော ယူနတီသတင်းဂျာနယ် စီအီးအိုနှင့် သတင်းထောက်လေးဦးတို့၏ အယူခံတွင် အများပြည်သူ မျှော်လင့်ထားသလို ပြစ်ဒဏ်လျှော့ချခဲ့ခြင်းမရှိဘဲ မူလပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၁၀ နှစ်အစား ခုနစ်နှစ်သို့ ပြောင်းလဲကျခံစေရန် မကွေးတိုင်းတရားလွှတ်တော်မှ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ပြင်ဆင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းရေးသား ဖော်ပြမှုကြောင့် ယူနတီသတင်းဂျာနယ် စီအီးအိုနှင့် သတင်းထောက်လေးဦးတို့ကို ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဋ္ဌေးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃(၁) (က)ဖြင့် ဇူလိုင် ၁၀ ရက်က ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမှုကို အယူခံဝင်ရန် ဇူလိုင် ၂၁ ရက်က၂၀၁၄ ခုနှစ် ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၅၈/၂၀၁၄၊ ၅၉/၂၀၁၄ တို့ဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး သြဂုတ်၂၈ ရက်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းထံ နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ယခုကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယူနတီသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြည်တွင်းပြည်ပ ဂျာနယ်လစ် အဖွဲ့အစည်းများက တောင်းဆိုနေသည့်ကြားမှ ယခုကဲသို့ ပြစ်ဒဏ်အနည်းငယ်ကိုသာ လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ် ခံထားရသူများနှင့် မိသားစုဝင်များက ယခုအမိန့်အပေါ် နောက်တစ်ဆင့် ဆက်လက်အယူခံဝင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“နဂိုကတည်းက အပြစ်မရှိတာကြောင့် ထောင်ဒဏ်သုံးနှစ်ပဲ လျော့ပေါ့ပေးတာကို ၀မ်းမသာနိုင်ပါဘူး။ ကျွန်မတို့က ကွင်းလုံးကျွတ်လွတ်ဖို့ပဲ မျှော်လင့်ထားတာပါ။ ဒါကြောင့် ရှေ့နေတွေနဲ့တိုင်ပင်ပြီး ဗဟိုတရားရုံးအထိ ဆက်တက်သွားမှာပါ။ ဒီအမိန့်ချတဲ့ အခြေအနေကို ကာယကံရှင်တွေကိုပြောပြဖို့ ပခုက္ကူထောင်ကို အခုပဲသွားမှာပါ” ဟု ထောင်ဒဏ်ကျခံနေရသော သတင်းထောက် ကိုလူမော်နိုင်၏ အမျိုးသမီးက ဆိုသည်။

ယူနတီသတင်းဂျာနယ် သတင်းထောက်များအတွက် အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေဦးရောဘတ်စန်းအောင်မှ “နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တွေအတွက် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ် ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီအမှုအတွက်ပြစ်ဒဏ်ကို ခုနှစ်နှစ်ဆိုချထားတော့ သတင်းထောက်တွေက နစ်နာမှုကို ခံစားနေရဆဲဖြစ်တာကြောင့် နေပြည်တော် တရားလွှတ်တော်ချုပ်အထိ ဆက်လက်တင်ပြ သွားပါမယ်။ သမ္မတကြီးက ညွှန်ကြားထားပေမယ့် လက်တွေ့မှာ သက်ရောက်မှုမရှိတော့ လမ်းညွှန်ချက်နဲ့ ကွဲလွဲနေတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားသည်။

အဆိုပါအမှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတသည့်အပြင် လွတ်လပ်စွာ သတင်းရယူရေးသား ဖော်ပြခွင့်ကို ထိပါးသည်ဟု ပြည်တွင်းပြည်ပ သတင်းအဖွဲ့အစည်းများမှ ရှုတ်ချဝေဖန်မှု အများအပြားရှိခဲ့ပြီး ထောင်ဒဏ်ကျခံ နေရသော သတင်းထောက်များ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်တန့်ရေးများအတွက် ၀တ်ပြုဆုတောင်းပွဲများ၊ ဆန္ဒပြပွဲများလည်း အများအပြား ပေါ်ပေါက်ခဲ့သည်။

Eleven Media Group

လက်နက်ကိုင်အဖွဲ.တွေနဲ. အပစ်ရပ် လက်မှတ် မထိုးနိုင်ရင် ၂၀၁၅ ရွးကောက်ပွဲ မသေချာဟု သမ္မတက ပြောကြားအပြီးတွင် SSPP/SSA နှင့်အစိုးရတပ်မတော် စစ်ရေးပြန်လည်တင်းမာ ။...
“စတိုက်တဲ့သဘောမဟုတ်ဘူး။ စကို တိုက်တာ။ သူတို့က ငြိမ်းချမ်းရေး မလိုချင်လို့
လာတိုက်ပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတယ်၊ စိတ်ရှည်ရှည်
ထားတယ်။ ဆုတ်ပေး ဆုတ်ပေးတယ်။ အခုက အကြောင်းရှာပြီး ပြဿ နာ ရှာတာ
လေ။ ကျနော်တို့က ပြောတယ် ဒီမီး ကျနော်တို့က စမွှေးတာ မဟုတ်ဘူး။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) လက်အောက်ခံ တပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း

ဒီကနေ့မနက် အစောပိုင်း ၅ နာရီခွဲလောက် ကစတင်ပြီး တိုက်ပွဲတွေ အနည်းဆုံး ၅ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက် ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဒီဗွီဘီကိုပြောပါတယ်။

အစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ ခလရ -၂၄၇၊ ခလရ -၂၄၈ စတဲ့တပ်ဖွဲ့တွေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၂၃ တို့က တပ်ဖွဲ့တွေ စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၈ ခုလောက်နဲ့ လာရောက်တိုက်ခိုက်တာလို့ ဗိုလ်မှူး ခွန်ဆိုင်းက ပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ အစိုးရ စစ်တပ်က ရှမ်းပြည်တိုးတက်ရေး ပါတီ (ရှမ်းပြည်တပ်မတော်)ရဲ့ တောတွင်းစခန်းတွေဖြစ်တဲ့ တာဖာဆောင်စခန်းအပါအ၀င် စခန်း ၂ ခုကို ၀င်တိုက်တယ်။ ၇ နာရီခွဲအချိန်မှာ စခန်း ၃ ခုကို ၀င်တိုက်တယ်။ အခုထက် ကြိုးကြားကြိုးကြား တိုက်ပွဲတွေဖြစ်နေတယ်။ ပြင်းပြင်းထန်ထန် သူတပြန်ကိုယ်တပြန် ဖြစ်နေတာက တာဖာဆောင်။”

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိနိုင်ပေမယ့် ကျဆုံးဒဏ်ရာရစာရင်းကိုတော့ မသိရသေးဘူးလို့ ရှမ်းလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်တွေဘက်ကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။

ဖာဆောင်ဒေသကနေ ရှမ်းပြည်မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရက ညွှန်ကြားထားတာ ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ နယ်မြေဖြစ်တဲ့အတွက် ဆုတ်မပေးနိုင်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဆိုင်ကတော့ အစိုးအနေနဲ့ ငြိမ်းချမ်းရေးမလိုချင်တာကြောင့် ခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ထင်မြင်တဲ့အကြောင်း ဒီဗွီဘီကို ခုလိုပြောပါတယ်။

“စတိုက်တဲ့သဘောမဟုတ်ဘူး။ စကို တိုက်တာ။ သူတို့က ငြိမ်းချမ်းရေး မလိုချင်လို့ လာတိုက်ပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတယ်၊ စိတ်ရှည်ရှည်ထားတယ်။ ဆုတ်ပေး ဆုတ်ပေးတယ်။ အခုက အကြောင်းရှာပြီး ပြဿ နာ ရှာတာလေ။ ကျနော်တို့က ပြောတယ် ဒီမီး ကျနော်တို့က စမွှေးတာ မဟုတ်ဘူး။ ခင်ဗျားတို့က မွှေးတော့ ခင်ဗျားတို့က ဂုဏ်သိက္ခာရှိရှိနဲ့ ခင်ဗျားတို့ ဆုတ်ပေးပါ။ အဲဒါပြီးရင် ကျနော်တို့ မဆုတ်ရင် ခင်ဗျားတို့ ပြောပါ။ ဆုတ်မဆုတ်။ ပြောရင်ရတယ်။”

ကျေးသီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေတုန်းကလည်း အစိုးရတပ်တွေနဲ့ ရှမ်းလက်နက်ကိုင်တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပြီး ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးရင်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေခဲ့ကြရဖူးပါ တယ်။

ိDVB
http://burmese.dvb.no/archives/66699



ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြသူ တဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ။ဦးအောင်ကြီး သတင်းပေးပို့ထားပါတယ်။
.
Credit : DVB TV - 02.10.2014...

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ပြဿ နာများရှိနေသော်လည်း မသန် စွမ်းသူများ လုပ်ငန်းခွင်ဝင်နိုင်ရန်နှင့် အလုပ်အကိုင်များ ရရှိစေရန်အတွက် နိုင်ငံတော် အစိုးရမှာသာလျှင် အဓိက တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများလုပ် ငန်းခွင်ဝင်ရောက်နိုင်ရေးနှင့် နည်းပြ များ မွေးထုတ်ပေးနိုင်ရေး မိတ်ဆက်ညီ လာခံတွင် ပေးပို့ခဲ့သော သဝဏ်လွှာ၌ ပြောဆိုထားသည်။

ယင်းမိတ်ဆက်ညီလာခံသို့ ဒေါ် အောင်ဆန်းစုကြည်ပေးပို့ခဲ့သော သ ဝဏ်လွှာတွင် မသန်စွမ်းသူများဘဝ အ မှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးရန်လို အပ်ကြောင်း၊ သာမန်လူများပင် အလုပ် အကိုင်ရှားပါးနေသည့် ခေတ်ကာလ ၌ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိ ရေးမှာ အထူးပြောစရာပင် မလိုအပ် ကြောင်း၊ မသန်စွမ်းသူများ အလုပ်အ ကိုင်ရရှိစေရန် အစိုးရတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း အခြားနိုင်ငံများ၌ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေ ရန် အထူးအစီအစဉ်များ ချမှတ်ကာ လုပ်ဆောင်နေကြောင်း၊ ယခုအချိန်တွင် အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ်ပိုင်အလုပ်များ ၌ မသန်စွမ်းသူများလုပ်ကိုင်နိုင်ရန် နိုင်ငံ တော်အစိုးရအနေနှင့် လုပ်ဆောင်ပေး ရမည်ဖြစ်သလို လက်တွေ့ကျသော အ လုပ်အကိုင်မျိုးကိုလည်း ဖန်တီးပေးရန် နှင့် ထိရောက်သောပံ့ပိုးမှုများကို လုပ် ဆောင်ပေးရန် လိုအပ်ကြောင်း၊ မိတ် ဆက်ညီလာခံသို့ပေးပို့ခဲ့သော သဝဏ် လွှာတွင် ပါရှိသည်။

ယင်းမသန်စွမ်းသူများ လုပ်ငန်း ခွင်ဝင်ရောက်နိုင်ရေးနှင့် နည်းပြများ မွေးထုတ်ပေးနိုင်ရေး မိတ်ဆက်ညီလာ ခံကို စက်တင်ဘာ ၂၁ရက်က ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင် တာ(MCC)၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၌ လူဦးရေသန်း ၅ဝ ကျော်ရှိသည့်အနက် အလုပ်အကိုင်ရှိသူ များအဖြစ် သန်း ၃ဝကျော်သာရှိပြီး သန်း ၂ဝ ဝန်းကျင်သည် အလုပ်လက်မဲ့များ ဖြစ်နေသောကြောင့် ပြည်တွင်းအလုပ် အကိုင်များရရှိရန်အတွက် မြို့နယ်များ ရပ်ကွက်များအထိ ကွင်းဆင်းကာ အ လုပ်လုပ်လိုသူများ၏ CV ဖောင်များ ကို ကောက်ခံပြီး အခမဲ့ဝန်ဆောင်မှုအ နေဖြင့် မြန်မာပြည်တွင်း၌ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်များအ သင်းက ဆောင်ရွက်မှုများရှိနေသည်။

#TheYangonTimes


ကမ္ဘာတ၀ှမ်း ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ခံရတဲ့နိုင်ငံတွေစာရင်းထဲမှာ ဒီနှစ်ထဲ မြန်မာနိုင်ငံဟာလည်း ဆက်ပါဝင်နေပါတယ်။ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေးဥပဒေ CPSA အရ အခုလို အရေးယူဆောင်ရွက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၂၀၀၈ ခုနှစ်က စတင်အတည်ပြုခဲ့တဲ့ ကလေးစစ်သားများ အသုံးပြုမှု ဟန့်တားရေး ဥပဒေအရ အမေရိကန်သမ္မတအနေနဲ့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား လွှတ်တော်ထံကို နှစ်စဉ်တင်သွင်းရတဲ့ အစီရင်ခံစာမှာ ဒီနှစ်လည်း ကမ္ဘာတ၀ှမ်း ကလေးစစ်သားများ အသုံးပြုတဲ့ ၉ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Dan Mahanty က မြန်မာနိုင်ငံကို ဆက်လက် ထည့်သွင်းရခြင်းနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စစ်တပ်က ကလေးစစ်သားသုံးနေမှု ပပျောက်ရေးနဲ့ ပတ်သက်လို့ တိုးတက်မှုရရှိမယ့် ပေါ်လစီ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်နဲ့ တခြားနေရာတွေမှာ ကလေးစစ်သားတွေ စုဆောင်းနေတာ တွေ့ရပါတယ်။ တိုးတက်မှုတွေ ရရှိပေမဲ့ ခြုံကြည့်ရင်တော့ မြန်မာနိုင်ငံကို ဒီစာရင်းကနေ ပယ်ဖျက်ပေးနိုင်ဖို့ မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။”

အခုလို ကလေးစစ်သား အသုံးပြုမှုနိုင်ငံ စာရင်းဝင်တွေအပေါ် အမေရိကန်ဥပဒေအရ စစ်ရေးအထောက်အကူနဲ့ စစ်ပစ္စည်းရောင်းဝယ်မှုတွေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရတာဖြစ်ပါတယ်။ သမ္မတ အိုဘားမား အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ နိုင်ငံပေါင်း ၉ နိုင်ငံအနက် ရ၀န်ဒါ၊ ဆိုမားလီးယားနဲ့ ယီမင်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ပေးထားပြီး အလယ်အာဖရိကနိုင်ငံနဲ့ ကွန်ဂိုနိုင်ငံအပြင် တောင်ဆူဒန်နိုင်ငံတို့ကိုတော့ တစိတ်တပိုင်းအားဖြင့် ကင်းလွတ်ခွင့် ပေးထားပါတယ်။

မြန်မာ၊ ဆီးရီးယားနဲ့ ဆူဒန်တို့ကိုတော့ စာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တစိတ်တပိုင်းအားဖြင့် ကင်းလွတ်ခွင့် မပေးနိုင်ရတဲ့အကြောင်းကို မစ္စတာ Mahanty က -

“ကျနော်တို့အနေနဲ့ လုံခြုံရေး အထောက်အကူကို နိုင်ငံတွေကို ပေးတဲ့နေရာမှာ တချို့ကို ကလေးစစ်သားတွေ အသုံးပြုမှု ဥပဒေအရ ကန့်သတ်တာတွေ ရှိပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ တိုးတက်မှု ရရှိထားတယ်လို့ ကျနော်တို့ သုံးသပ်ရင် တစိတ်တပိုင်း ကင်းလွတ်ခွင့်တွေပေးဖို့ စဉ်းစားထားပါတယ်။ ဒီနေရာမှာတော့ စိစစ်ပြီးတော့ မြန်မာနိုင်ငံကို မပေးနိုင်သေးဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးအတွက် ၂၀၁၂ ခုက ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား သဘောတူညီမှုအရ ကလေးစစ်သားများ အသုံးပြုမှု ဟန့်တားရေးကို လုပ်ဆောင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာ့တပ်မတော်ကနေ ကလေးစစ်သား ၁၀၉ ဦးတို့ကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံချက်အကောင်အထည် စတင်ဖော်ခဲ့ပြီးနောက်ပိုင်းမှာ စုစုပေါင်း ကလေးစစ်သား ၄၇၂ ဦးကို လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို တိုးတက်တဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်က ကြိုဆိုတဲ့အကြောင်း မစ္စတာ Mahanty က ပြောပါတယ်။

“ဒီခြေလှမ်းတွေက ကောင်းတဲ့ခြေလှမ်းတွေပါ။ ကျနော်တို့ ကြိုဆိုပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ ပြည်တွင်းမှာ ညှိနှိုင်းပြီးတော့ ကလေးစစ်သားတွေ အသုံးပြုမှုကို ဟန့်တားတဲ့စီမံချက်ကို လိုက်နာဖို့ ကြိုးပမ်းမှုတွေပါ။ မကြာသေးခင်က ကလေးစစ်သားတွေ ပြန်လွှတ်ပေးခဲ့တာလည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုမှာ မြန်မာ့တပ်မတော်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ DKBA, KNU, ကချင်လွတ်မြောက်ရေးတပ် KIA၊ ရှမ်း SSA တောင်ပိုင်းနဲ့ UWSA “၀” စသဖြင့်တို့လည်း ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စုကလည်း မြန်မာအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။
VOA
http://burmese.voanews.com/content/us-burma-child-soldiers/2469650.html

ကြာသပတေးနေ့မှာ မွန်းတည့်နေ သတင်းသမားတွေကို ရုံးတင်စစ်ဆေး တရားစွဲဆိုမှုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် သက်သေပြ ထွက်ဆိုသွားကြဖို့ သတင်းသမားတွေက ပြင်ဆင်နေကြပါတယ်။

အဲ့ဒီလို သတင်းမီဒီယာတွေအပေါ် တရားစွဲဆို ရုံးတင်စစ်ဆေးမှုတွေ လုပ်နေတာမျိုးအပြင် ချင်းပြည်နယ်အစိုးရက ချင်းတိုင်းရင်းသား သတင်းဂျာနယ်တခုကို ဖြန့်ဝေခွင့် ပိတ်လိုက်တာကြောင့်လည်း လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတင်းမီဒီယာသမားတွေအကြား အပြန်အလှန် နားလည်မှုရှိဖို့ လိုမယ်လို့လည်း သတင်းသမားတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် အတော်အသင့် ရလာတယ်လို့ ဆိုနေချိန်မှာပဲ သတင်းသမားတွေနဲ့ အာဏာပိုင်တွေကြား သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိလာပြီးတော့ တရားစွဲဆိုတာ၊ ဂျာနယ် ပိတ်သိမ်းတာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ ဥပမာ-ယူနတီသတင်းသမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည်ချမှတ်တာမျိုး အပါအဝင် သတင်းသမားတချို့ကို တရားစွဲဆိုမှုတွေ ဖြစ်နေတဲ့အထဲ ပြီးခဲ့တဲ့ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်လိုက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ထုတ်ပြန်ကြေညာချက်ကို သတင်းရေးသား ဖော်ပြခဲ့လို့ ဆိုပြီးတော့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ကြာသပတေးနေ့မှာ သူတို့ကို ရုံးတင်စစ်ဆေးချိန်မှာ သတင်းသမားတချို့ သွားရောက် သက်သေထွက်ဆိုကြဖို့ ရှိနေပါတယ်။ သတင်းမီဒီယာ ပွင့်လင်းကာစ အနေအထားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူအများ သတင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်အောင် ရေးသားဖော်ပြနေတဲ့ သတင်းသမားတွေကို ရန်သူလို သဘောမထားဖို့ လိုမယ်လို့ သက်သေထွက်ဆိုဖို့ရှိတဲ့ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

“မွန်းတည့်နေကိစ္စ သူက အဓိကစွဲတာကတော့ ထုတ်ပြန်ချက်နဲ့ တနေ့တည်းထွက်တယ်ဆိုပြီးတော့ ပုဒ်မ ၅ (ည)၊ ၅၀၅ (ခ) အဲ့ဒါနဲ့စွဲတာပါခင်ဗျ။ ဒါကတော့ သိပ်မဆိုင်ဘူးလေ။ တချို့ဟာတွေဆို ကျနော်တို့လည်း ကြိုသိတာတွေ အများကြီးရှိတာပဲ။ ထုတ်ပြန်ချက်အကြမ်းတွေ ရထားတာမျိုးလည်း ရှိတာပဲ။ ဒီဟာကတော့ ဒီဖော်ပြချက်က သတင်းမီဒီယာ ကျင့်ဝတ်အရ ဆိုရင်တော့ ဖောက်ပြန်မှုမရှိဘူး။ ဒါက သတင်း source နဲ့ သတင်းရေးသားတဲ့သူနဲ့ ယုံကြည်မှုရှိစွာ တယောက်နဲ့တယောက် ကြိုသိတာလည်း ရှိတယ်ပေါ့နော်။ ဒီအတွက် ဒါက အပြစ်မရှိဘူးလို့ ယူဆတယ်။ နောက်တခုကကျတော့ တကယ်လို့ စွဲချင်ရင်လည်းစွဲပါ။ တာဝန်ခံအယ်ဒီတာနဲ့ပဲ အမှုရင်ဆိုင်ပေါ့။ အကုန်လုံးကို စွဲတာမျိုးကျတော့ မကောင်းဘူးလေ။ နှစ်ဘက်စလုံးကတော့ လုပ်ရမယ့်ကိစ္စတွေကတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ဘက်မှာလည်း capacity ပိုင်း ဖြည့်ရမှာလိုမျိုး၊ အစိုးရပိုင်းကလည်း ကျနော်တို့ကို အသိအမှတ်ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်းမီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာပေါ့နော်။ သူတို့က အသုံးချဖို့လောက်ပဲ သူတို့က စဉ်းစားတာပေါ့နော်။”

ချင်းပြည်နယ်ဘက်မှာတော့ ချင်းပြည်နယ် အစိုးရဘက်က ချင်းဘာသာစကားနဲ့ ထုတ်ဝေတဲ့ ဟားခါးပို့စ်သတင်းလွှာကို မဖြန့်ဝေဖို့ ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ လမ်းပန်းဆက်သွယ်မှု အားနည်းပြီး သတင်းဖြန့်ဝေမှု အခက်အခဲများစွာရှိတဲ့ ချင်းပြည်နယ်တွင်း ဒီလိုသတင်းဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်တာဟာ တိုင်းရင်းသားပြည်သူတွေကြား သတင်းအမြန်ဆုံးရောက်နိုင်အောင် ကြိုးစားနေရဆဲ တိုင်းရင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ချင်းသတင်းကွန်ယက် ဖွဲ့စည်းဖို့ လုပ်ဆောင်နေတဲ့ သတင်းသမားတဦးလည်းဖြစ်တဲ့ မအိမ့်ခိုင်ဦးက သုံးသပ်ပါတယ်။

“ချင်းမီဒီယာ အနေအထားကတော့ အံ့သြလောက်ဖို့ ကောင်းတာပေါ့နော်။ ဟိုတခေါက် ချင်းကွန်ယက်ဖွဲ့ဖို့ဆိုပြီး သွားတုန်းကကျတော့ မီဒီယာတွေက အရမ်းများနေတဲ့အတွက် မီဒီယာကို အဓိကထားပြီး ဖွဲ့ဖို့တောင် လုပ်ခဲ့ကြတယ် ဆိုတော့ ချင်းမီဒီယာက ပိုပြီးတော့ အားကောင်းတဲ့ အနေအထား တွေ့ရတာပေါ့။ ဒီချင်းတောင်လေး တတောင်မှာတင် ကိုယ့်ဟာကိုယ် ထုတ်ဝေနေတဲ့ စာစောင်တွေ တော်တော်များတယ်လို့ ပြောရမှာပေါ့ အဲ့ဒါကျ။ အခုဆိုရင် တဖြေးဖြေးနဲ့ ဟားခါးပို့စ်တို့ ဘာတို့ သူတို့သတင်းကို အများဆုံး တင်လာကြပြီ။ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာတဲ့သဘောပေါ့။ အဲ့ဒီအချိန်မှာ မှတ်ပုံတင်မထားတဲ့ စာစောင်မှန်သမျှ ပိတ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတော့ ထိခိုက်နိုင် တာပေါ့။ နောက်အစောင်တွေကျတော့ နည်းနည်းတော့ တန့်သွားနိုင်တာပေါ့နော်။ လန့်သွားနိုင်သွားတာပေါ့။ ဒါပေမဲ့ ဘယ်လိုအခြေအနေရှိမလဲဆိုတာ ယတိပြတ်လို့ ကျနော်တို့တော့ ပြောလို့တော့ မရဘူးပေါ့။”

အခုနောက်ပိုင်း သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရတာ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်သတ်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်းမဟုတ်ဘဲနဲ့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းသမားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေဘက်က သတင်းဖြန့်ဝေမှု အားနည်းတာ၊ နောက် သတင်းသမားတွေဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီက ဖြစ်စဉ် သတင်းမှန် ရယူနိုင်ဖို့ ခက်ခဲလွန်းနေသေးတာတွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/bi-mon-tae-nay/2469667.html

အမေရိကန်နိုင်ငံမှာ ​လိုင်ဘေးရီးယားနိုင်ငံက ​ပြန်လည်ရောက်ရှိလာပြီး ​အီဘိုလာ ​ရောဂါပိုး ​ခံစားရသူ ​လူတစ်ဦးကနေ ​ရောဂါကူးစက်ခံရနိုင်တယ်လို့ ​ယူဆရတဲ့ ​ကလေးငယ်တချို့ကို ​ကျန်းမာရေး ​အာဏာပိုင်တွေက ​စောင့်ကြည့်စစ်ဆေးမှု ​လုပ်နေပါတယ်။
Dallas မြို့ ဆေးရုံတစ်ခု (Credit: Reuters)

Taxas ​ပြည်နယ် ​Dallas ​မြို့က ​ကလေးငယ် ​၅ ​ဦးကို ​ကျောင်းမတက်စေပဲ ​၂၁ ​ရက်ကြာ ​ကျန်းမာရေး ​အာ ​ဏာ ​ပိုင် ​တွေ ​က ​စောင့် ​ကြည့် ​မှာ ​ဖြစ်ပါတယ်။

အဲဒီ ​ကလေးငယ် ​ငါးဦးဟာ ​ကျောင်းလေးကျောင်းမှာ ​တက်ရောက်နေတဲ့အတွက် ​တခြားကျောင်းသားတွေအတွက်ပါ ​စိုးရိမ်နေကြပေမယ့် ​အဲဒီကလေးငယ်တွေမှာ ​ဘာမှ ​ထူးခြားမှု ​မတွေ့ရဘူးလို့ ​သိရပါတယ်။

အီဘိုလာ ​ရောဂါပိုး ​ကူးစက်ခံရသူကို ​ဆေးရုံတင်ပို့ခဲ့တဲ့ ​ကျန်းမာရေးလုပ်သား၁၈ ​ယောက်ထဲက ​၁၂ ​ယောက်ကိုလည်း ​စောင့်ကြည့်စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​ခုချိန်ထိ ​ရောဂါကူးစက်တဲ့ ​လက္ခာဏာတွေ ​မရှိသေးဘူးလို့ ​သိရပါတယ်။

အီဘိုလာ ​ဝေဒနာ ​ခံစားရသူဟာ ​လိုင်ဘေးရီးယားကနေတဆင့် ​Brussels ​ကို ​ရောက်လာပြီး ​အဲဒီကနေတဆင့် ​အမေရိကန် ​နိုင်ငံကို ​ရောက်ရှိလာတာပါ။

အစပိုင်းမှာ ​ရိုးရိုးဖျားတယ်လို့ ​ယူဆတဲ့အတွက် ​ဆေးတွေပေးပြီး ​အိမ်ပြန်ခိုင်းခဲ့ပါတယ်။

လူနာကတော့ ​သူဟာ ​လိုင်ဘေးရီးယားနိုင်ငံကနေ ​မကြာခင်တုန်းကပဲ ​ပြန်ရောက်လာတာလို့ ​သူနာပြုကို ​ပြောပြခဲ့တဲ့ ​ကြားကပဲ ​သူ့ကို ​ဆက်စောင့်ကြည့်တာ ​မလုပ်ပဲ ​အိမ်ပြန်ပို့လိုက်တာပါ။

ဒါပေမဲ့ ​နောက်ပိုင်းမှာ ​အခြေအနေပိုဆိုးလာလို့ ​ဆေးရုံကို ​ပြန်လာတဲ့အခါမှာ ​အော့အန်မှုတွေ ​ဖြစ်ပြီးနောက် ​ထပ်မံ ​စစ်ဆေးရာက ​အီဘိုလာ ​ကူးစက်ခံနေရတာကို ​တွေ့ရှိခဲ့ပါတယ်။

ရောဂါပိုး ​တွေ့ရှိပြီးနောက် ​သူနဲ့ ​နီးစပ်သူ ​ကလေးတွေကိုပါ ​စောင့်ကြည့်မှု ​လုပ်နေသလို ​သူ့ကို ​ပြုစုခဲ့တဲ့ ​ကျန်းမာရေးလုပ်သားတွေကိုလည်း ​စောင့်ကြည့်နေပါတယ်။

http://www.radioaustralia.net.au/burmese/2014-10-02/1374629

မနေ့က ကျင်းပတဲ့ တရုတ်အမျိုးသားနေ့မှာ ဆန္ဒပြသူတွေ ပိုများလာ (Credit: Reuters)

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ​C-Y ​Leung ​ရာထူးကနေ ​မဆင်းပေးရင် ​ဆန္ဒပြမှုကို ​တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ​ဆန္ဒပြကျောင်းသား ​ခေါင်းဆောင်က ​ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံအမျိုးသားနေ့ ​ဖြစ်တဲ့ ​မနေ့တုန်းကတော့ ​ဆန္ဒပြမှုတွေဟာ ​အချက်အခြာကျတဲ့ ​နေရာမှာသာမက ​Wan ​Chaiနဲ့ ​Causeway ​Bay ​လို ​နေရာအထိ ​ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီဆန္ဒပြမှုဟာ ​ကျောင်းသား ​ဆန္ဒပြမှုနဲ့ ​စတင်ခဲ့ပေမယ့် ​အခုဆိုရင် ​တခြားကဏ္ဍက ​လူတွေကလည်း ​ပါဝင်လာကြပြီး ​၂၀၁၇ ​ခုနှစ်မှာ ​စစ်မှန်တဲ့ ​ဒီမိုကရေစီ ​ရွေးကောက်ပွဲ ​ကျင်းပခွင့်ပေးဖို့ ​အာ ​ဏာ ​ပိုင် ​တွေ ​ကို ​တောင်း ​ဆို ​နေကြပါတယ်။

တရုတ်ပြည်မ ​အစိုးရကတော့ ​ဟောင်ကောင်အုပ်ချုပ်ရေးမှူး ​ဘယ်သူ ​ဖြစ်သင့်သလဲဆိုတာကို ​အထူးကော်မတီကသာ ​ရွေးချယ် ​ဆုံးဖြတ်မယ်လို့ ​ပြောဆိုနေပါတယ်။

အခုလောလောဆယ်အချိန်မှာတော့ ​ဘယ်သူကမှ ​အလျှော့မပေးသေးပေမယ့် ​ဆန္ဒပြသူတွေကတော့ ​ဒီနေ့မှ ​ထူးခြားမှုမရှိရင် ​အစိုးရ ​အဆောက်အဦးထဲ ​ဝင်ရောက်တာမျိုး ​လုပ်သွားမယ်လို့ ​ခြိမ်းခြောက်ထားပါတယ်။

အမေရိကန် ​အစိုးရကတော့ ​ဆန္ဒပြမှုကို ​သတိနဲ့ ​ကိုင်တွယ်ပြီး ​သီးခံဖို့ ​တရုတ်အစိုးရကို ​တောင်းဆိုထားပေမယ့် ​တရုတ်အစိုးရက ​ဟောင်ကောင်မှာ ​ဖြစ်နေတဲ့ ​ကိစ္စဟာ ​တရုတ်ပြည်တွင်းရေး ​ကိစ္စသာ ​ဖြစ်တဲ့အတွက် ​ဝင်ရောက်စွက်ဖက်မှုတွေ ​မလုပ်ဖို့ ​တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် ​ဒီိလို ​အချက်အခြာကျတဲ့ ​နေရာမှာ ​လူပေါင်း ​သောင်းနဲ့ချီပြီး ​ပြုလုပ်နေကြတဲ့ ​ဆန္ဒပြမှုကြီးမျိုးကို ​အမေရိကန်သာမက ​ဘယ်နိုင်ငံမှာမှ ​လက်ခံနိုင်မှာ ​မဟုတ်ဘူးလို့လည်း ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

ဟောင်ကောင်မှာ ​ဖြစ်နေတဲ့ ​ဆန္ဒပြမှုနဲ့ ​ပတ်သက်ပြီး ​တရုတ်ပြည်မ ​မီဒီယာတွေမှာ ​အကျယ်တဝင့် ​ဖော်ပြထားတာ ​မလုပ်သလို၊ ​လူမှုကွန်ယက်တွေမှာလည်း ​ကန့်သတ်ခံနေရကြောင်း ​သိရပါတယ်။
http://www.radioaustralia.net.au/burmese/2014-10-02/1374617


ဟောင်ကောင် ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ သူတွေက တရုတ် အစိုးရရဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက် ရင်လည်း စိုးရိမ်စရာ မလိုဘဲ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရှိရင်လည်း ချိတ်ဆက်ကွန်ရက် ကနေတဆင့် မက်ဆေ့ခ်ျ ပေးပို့နိုင်မယ့် ဖိုင်းယားချတ်( Fire Chat) ဆော့ဝဲလ်ကို အသုံးပြုနေလို့ ဖြစ်ပါတယ်။

ဖိုင်းယားချတ်ဟာ အိုင်အိုအက်စ်နဲ့ အက်ဒရိုက် အပလီကေးရှင်းစနစ် ဖြစ်ပြီး စမတ်ဖုန်းနဲ့ တဘက်လက် တွေကို အသုံးပြုတဲ့ သူတွေက ဖုန်းနဲ့ အင်တာနက်မရှိလည်း အချင်းချင်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ဘလူးတွတ် (Blue Tooth) ကနေတဆင့် ၉ မီတာအကွာကို မက်ဆေ့ပေး ပို့နိုင်တဲ့ NearBy ဆိုတဲ့ ဖန်ရှင်ကနေ အနီးအနားမှာ အလားတူ ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေကို မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ လူတွေအများကြီးမှာ ဒီဆော့ဝဲလ်ကို သွင်းထားမယ်ဆိုရင်တော့ ကွန်ယက် သဖွယ်ဖြစ်လာပြီး မက်ဆေ့ခ်ျတွေကို ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲလ်ဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ အချိန်နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ အချိန်တွေမှာ အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆော့ဝဲလ်ကို အိုပင်းဂါးဒင်း (Open Garden)က တီထွင်ခဲ့တာဖြစ်ပြီး ၂၀၁၄ အီရတ်မှာ အိုင်အက်စ် အိုင်အက်စ်တွေရဲ့ ဆက်သွယ်မှုကို ကန့်သတ်ဖို့ အစိုးရက လုပ်ဆောင်ခဲ့ပြီး တဲ့နောက် သောင်းနဲ့ချီတဲ့လူတွေက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဆာ့ဝဲလ်ဟာ အင်တာနက်မှာ အခကြေး ငွေပေးစရာမလိုဘဲ ဒေါင်းလုပ်လုပ်ယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟောင်ကောင်မှာ ဒီဆော့ဖ်ဝဲလ်ကို တရက်အတွင်း လူ ၁ သိန်းကျော် ရယူအသုံးပြုခဲ့ပါတယ်။ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေကလည်း ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုဖို့ ထောက်ခံနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66661


ပဲခူးတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ အစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှု တစ်ရပ် ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ် ရှားနေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒုဗိုလ်မှူးကြီးစောရေးဒို့က ကေအိုင်စီသို့ ပြောသည်။

“အစိုးရစစ်တပ်က တက်လာတာ ဘာမှအကြောင်းမကြားဘူး။ ကျနော်တို့ဘက်ကလည်း သွားလာရင်းနဲ့ ရုတ်တရက် ထိပ်တိုက် တိုးတော့ ပစ်ခတ်မှုဖြစ်တာပါ။ ကျနော်တို့ဖြစ်တာတော့ မိနစ်ပိုင်းလောက်ပါပဲ။ နှစ်ဖက်ထိခိုက်မှု ဘာမှမရှိပါဘူး”ဟု ဗိုလ်ကြီးစော ၀ါးဖြူးက ပြောဆိုသည်။

မုန်းမြို့နယ်အတွင်းရှိ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ် ခမရ(၅၉၈)သည် ဒုဗိုလ်မှူးကြီးဇော်ဝင်းနိုင် ဦးဆောင်သော တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ယခင်လ စက်တင်ဘာ ၂၇ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၀)၏ ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

ကေအိုင်စီ - KIC News

http://kicnews.org

ရန်ကုန်မြို့မှာ အလှကုန်နဲ့ ဆေးဝါးအတုတွေကို ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ပြီး လိမ်လည် ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ နေသူတွေက ဒီဗွီဘီကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေနဲ့ သာကေတမြို့နယ်တွေမှာ ကားတစီးနဲ့အတူ အရောင်းဝန်ထမ်းတွေဟာ ဆေးဆိုင်နဲ့ စတိုးဆိုင်တွေကို ၀င်ရောက်ပြီး ကုန်ပစ္စည်းသစ် မိတ်ဆက်ဖို့ အကြောင်းပြချက်နဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။

ပြန်လည် စစ်ဆေးတဲ့အခါမှာတော့ အတုတွေ ဖြစ်နေတာရယ်၊ ဈေးကွက်ထဲမှာ မရှိတဲ့ ပစ္စည်းတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ ဒဂုံတောင်မြို့နယ် ဘေဘီဝေါလ် စတိုးဆိုင်ပိုင်ရှင် ဒေါ်ခင်နုက ပြောပါတယ်။

သူ့ကိုတော့ အလှကုန်ပစ္စည်းတွေ ရောင်းသွားသလို ဆိုင်းဘုတ်အသစ် တပ်ပေးမယ်ပြောပြီး ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်း ပေးသွားကြောင်း၊ သူတို့ကို ပြန်ဆက်သွယ်တော့ ဖုန်းနံပါတ်မှာ တခြားတယောက် ဖြစ်နေလို့ သူတို့ရဲ့ကုမ္ပဏီကို ဆက်သွယ်ကြည့်တဲ့အခါမှာလည်း ကုမ္ပဏီက စေလွှတ်ထားတာ မရှိဘူးလို့ ပြန်အကြောင်းပြန်ခဲ့တယ်လို့ ဒေါ်ခင်နုက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲစခန်းတွေကို အသိပေးတိုင်ကြားထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ၉ မျိုးဟာ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုဆေးတွေ ပါဝင်တာနဲ့ မှတ်ပုံတင်ထားတာလည်း မရှိတာကြောင့် သုံးစွဲဖို့ မသင့်ဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လမှာ သတိပေးထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66641


အောက်‌တိုဘာ ၂ ရက်‌‌နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ ခေါင်းဆောင် ဦးထင်‌‌ကျော်‌ ကို ကျောက်‌တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် တကိုယ်တော် ဆန္ဒပြတဲ့ မစိန်‌‌ထွေးကို ‌ကျောက်‌တံတား ရဲစခန်းက ဖမ်းဆီး‌ ခေါ်‌ဆောင်‌သွား ပါတယ်‌။

သူဟာ သမ္မတဦးသိန်းစိန်ကို နာဇီလို့ ရေးထားတဲ့ပိုစတာကို ကျောက်တံတား တရားရုံးရှေ့မှာ ကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြခဲ့ပြီး စာတွေလည်း ဝေခဲ့ပါတယ်။

အဲလို လှုပ်ရှားမှုပြုလုပ်ပြီးနောက်ပိုင်းမှာ သူ့ကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
မစိန်ထွေးဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီရေးစဉ်ဆက်လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) က ဖြစ်ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/66647

ဟောင်ကောင် ရှိ ဒီမိုကရေစီ ရရှိရေး ဆန္ဒပြပွဲတွင် ပါဝင်နေကြသည့် ကျောင်းသား ကျောင်းသူများသည် ဆန္ဒပြပွဲကြောင့် မိမိတို့၏ သင်ခန်းစာများကို အထိအခိုက် မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန်တွင် စာလေ့လာနေကြ ကြောင်း သိရသည်။

ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပပေးရန် စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ ကျောင်းသား ကျောင်းသူများဦးဆောင်ကာ ဆန္ဒထုတ်ဖော်နေကြ ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် လက်ရှိအချိန်တွင် တစ်နိုင်ငံ စနစ်နှစ်မျိုးဖြင့် အုပ်ချုပ်လျက်ရှိပြီး ဟောင်ကောင်ဒေသအား အတိုင်းအတာတစ်ခုအထိ ဒီမိုကရေစီ အခွင့်အရေးများ ပေးအပ်ထားသည်။

၂၀၁၇ တွင် နိုင်ငံတကာ စံချိန်စံနှုန်များနှင့်အညီ ရွေးကောက်ပွဲကျင်းပပေးသွား မည်ဟု ဟောင်ကောင် အာဏာပိုင်များက ကတိပြုထားသည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများကို တရုတ်အစိုးရ ကသာရွေးချယ်ပေးမည်ဖြစ်ရာ ယင်းကို မကျေမနပ် ဆန္ဒပြနေကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် ကျောင်းသား ၈၀၀၀၀ ခန့် ပါဝင်နေကြသော်လည်း ကျောင်းစာ များကို မပျက်မကွက် လေ့လာနေကြရာ ပညာရေးသည် ဒီမိုကရေစီရေးကဲ့သို့ပင် အရေးပါသည်ကို ပြသလိုက်ခြင်းဖြစ်ပါကြောင်း မက်ထရိုသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Ref:Metro
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဆီးရီးယား နှင့် အီရတ် စစ်မြေပြင် ပြင်ပနိုင်ငံတွင် ISIS ဆက်နွယ်သူ စစ်သွေးကြွများ ခေါင်းဖြတ်သတ်ခြင်း ခံရသည့် ပြင်သစ်နိုင်ငံသား

အယ်လ်ဂျီးရီးယားစ် ၊ ၂-၁၀-၂၀၁၄

အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးကို ပြန်ပေးဆွဲ၍ ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆ ရသူများကို ၄င်းနိုင်ငံရှိ စုံစမ်း စစ်ဆေးရေးမှူး များက ဖော်ထုတ် နိုင်ခဲ့ကြောင်း တရားရေး ဝန်ကြီးဌာန က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပိုင်း အမျိုးသားဥယျာဉ်တွင် လှည့်လည် သွားလာ နေသည့် ဟာ့ဗ်ဂူဒယ်လ် (၅၅)နှစ် အမည်ရှိ ပြင်သစ် နိုင်ငံသားကို ဂျီဟတ် စစ်သွေးကြွ အုပ်စုနှင့် ဆက်စပ်နေသော စစ်သွေးကြွ အုပ်စုတစ်စု ဖြစ်သည့် Jund al-Khalifa က စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ခေါင်းဖြတ် ကွပ်မျက် ခဲ့သည့်ပုံကို စက်တင်ဘာ ၂၄ ရက်က အွန်လိုင်း ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

အီရတ်ရှိ ISIS စစ်သွေးကြွ များအပေါ် ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု များကို ရပ်တန့်ရန် ပြန်ပေးဆွဲ သူများ၏ ရာဇသံ ပေးချက်ကို ပြင်သစ်နိုင်ငံ က ပယ်ချခဲ့ပြီး နောက်တွင် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ အယ်လ်ဂျီးရီးယား တရားရေး ၀န်ကြီး က ဖော်ထုတ်နိုင် ခဲ့သည် ဆိုသည့် စစ်သွေးကြွ များမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရသည်။

#PyiChitThar

Algeria identifies suspects in Frenchman’s beheading