10/04/14

စားသောက်ဆိုင်တစ်ဆိုင်တွင် လူတစ်စု စားသောက်လျက်ရှိသည်။ ခဏအကြာတွင် ထိုစားသောက်သူများအနားသို့ လူငယ်ငါးယောက်ခန့် ဝိုင်းလာပြီး စား သောက်နေ သူများထဲမှ တစ်ဦးအား လူငယ်အုပ်စုထဲမှတစ်ဦးက ဓားဖြင့်အချက်ပေါင်းများစွာထိုးလိုက်သည်။ ထို့အပြင် ကျန်လူငယ်လေးဦးကလည်း လက်သီးဖြင့် ထိုးခြင်း၊ ကန်ကျော က်ခြင်း၊ ဝိုင်းဝန်းရိုက်နှက်ခြင်းများ ပြုလုပ်ကြသည်။ တစ်မိနစ်ပင်မကြာသောအချိန်တွင် ဓားဖြင့်အထိုးခံရသောသူသည် သွေးအိုင်ထဲ၌ သွေးအ လိမ်းလိမ်းဖြင့် လဲကျ သွားသည်။

ထိုဖြစ်ရပ်မှာ ယခုနှစ် ဇွန်လအတွင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားသော ရာဇဝတ်မှုတစ်ခု၏ စီစီတီဗွီမှတ်တမ်း လူ မှုကွန် ရက်ဖေ့စ်ဘွတ်သို့ ရောက်လာပြီးနောက် ပြည်သူလူထုကြား မြင်တွေ့ပျံ့နှံ့ သွားခဲ့ခြင်းဖြစ်သည်။ ရာဇဝတ်မှုကျူးလွန်သူ လူငယ်ငါးဦးမှာ အသက် ၁၃ နှစ်အရွယ်တစ်ဦး၊ ၁၇ နှစ်အရွယ်တစ်ဦး၊ ၁၈ နှစ်အရွယ် နှစ်ဦး နှင့် ၂၄ နှစ်အရွယ်တစ်ဦးဖြစ်ပြီး အားလုံးမှာ လူငယ်များသာ ဖြစ်နေသည်။ ဖြစ်ပွားပုံမှာလည်း တစ်ဆိုင်ထဲတွင် အတူထိုင်စဉ် စကားများရာမှဖြစ်ခြင်းသာဖြစ်ပြီး ရန်ငြိုးရန်စ မရှိဟုသိရသည်။ ထိုလူငယ်ငါးဦးအား ငါးနာရီအတွင်း ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း အသက်အရွယ်နှင့်မမျှ သည့် လက်ရဲဇက်ရဲမှုခင်းအတွက်မူ မြင်တွေ့ခဲ့ကြရသူများ၏ ရင်ထဲတွင်တော့ အပူမီးက တောက်နေဆဲဖြစ်သည်။

အသက် ၁၈ နှစ်အောက် လူငယ်များ၏ အမှုအခင်းများတွင် နစ်နာသူဘက်မှ အခမဲ့ရှေ့နေလိုက်ပေးသော ယူနီဆက်၏ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့င် က ”လူငယ်တွေက ဥပဒေကို မကြောက်ကြတော့ဘူး။ စစ်အာဏာရှင်ကိုပဲကြောက်ကြတယ်”ဟု သုံးသပ်ပြောဆိုသည်။

အမှိုက်ကစ ပြာသာဒ်မီးလောင်
=====================
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေနေနှင့် ရာဇဝတ်မှုစာရင်းမှာ တိုက်ရိုက်အချိုးကျကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို သိလိုပါက ထိုနိုင်ငံ၏ ရာဇဝတ်မှု အနည်းအများကို ကြည့်လျှင် သိနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ့ ဦးသိန်းသန်းဦးက Popular News သို့ ဖြေကြားခဲ့ဘူးသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေ ကို သိလိုပါက ရာဇဝတ်မှုစာရင်းဇယားပင်ပြေးကြည့်နေစရာမလို။ မကြာခဏဆိုသလို ဖြစ်ပွားနေသည့် ရာဇဝတ်မှုများ ကပင် အခြေအနေအလုံးစုံကိုသိနိုင်သည်။ စိတ်ကူး ယဉ်ဆန်ဆန် လူသတ်မှုများနှင့် နိုင်ငံခြားဇာတ်ဝင်ခန်းများထဲမှ လူဆိုး ဂိုဏ်းများ ဂိုဏ်းဖွဲ့ရန်ဖြစ်သကဲ့သို့ အုပ်ဖွဲ့ ရန်ဖြစ်နေမှုများက ပြည်သူ များ အကြား ပြော စရာ တစ် ခုဖြစ်နေပြီး မျိုးဆက်သစ် လူငယ်များအတွက် အတုယူမှားစရာအမူ အကျင့်ဆိုးများ ဖြစ်နေသည်။

စိုးရိမ်စရာကောင်းနေသည်က ဆိုခဲ့သောရာဇဝတ်မှုများထဲ အသက် ၁၈ နှစ် အောက်လူငယ်များ ပါဝင်နေသည်မှာ တိုင်းပြည်၏ အနာဂတ်အတွက် ရတက် မအေးနိုင် စရာ ပြဿနာတစ်ရပ်ဟု သုံးသပ်ရမည်။ လူငယ်သဘာဝအရ စိတ်ပိုင်းဆိုင်ရာလိုအပ်မှု ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုများက စိတ်ကိုကြမ်းတမ်းစေပြီး သက်တူရွယ် တူများ၏ လွှမ်းမိုးမှု မူးယစ်ဆေးဝါးသုံးစွဲမှုများက လူငယ်များအား ရာဇဝတ်မှုကျူး လွန်စေကြောင်း မန္တလေးတက္ကသိုလ် စိတ် ပညာဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင် က သုံး သပ်ပြောဆိုသည်။

လူငယ်တစ်ဦးအပြစ်ကျူးလွန်သည်ကို အပြစ်ဟုသတ် မှတ်ပါက ထိုလူငယ်အား ပိုမိုဆိုးသွမ်း စေကြောင်းလည်း ၎င်းက ပြောသည်။ ထိုလူ၏စိတ်ကို နားလည်ေ အာင်ကြိုး စား ပြီး လိုအင်အဓိကဇာစ်မြစ်ကို နားလည်မှ သာ ပြုပြင်ရန်လွယ်ကူပြီး ထို့ထက်ပိုဆိုး ပါက ဥပဒေအတိုင်းအရေးယူဖို့ရန်သာ ရှိကြောင်း ဒေါက်တာဒေါ်ခင်စန်း လှိုင် က ပြောသည်။

ယခုနှစ်အတွင်း သမီးရည်းစားချင်းစကားများရာမှ လူသတ်မှုကျူးလွန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည် ခြင်း၊ အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ မကြာခဏ ဖြစ်ပွား လာခဲ့ သည်။ ထို့အတူအသက် ၁၃ နှစ်မှ ၁၈ ကြားရှိ လူငယ်များ ထိုဖြစ်ရပ်များတွင် ပါဝင်လာသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော လူသတ်မှု ၁၃၁ မှု တွင် ဆယ်ကျော်သက်လူငယ်များ ပါဝင် နေသည်။ ထို့အတွက် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက် ပြီး စက်တင်ဘာ ၂၂ ရက် က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးခဲ့သေးသည်။

ယခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခု၌ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၃ နှစ် အရွယ် မ——–အား ၎င်း၏ရည်းစားဟုဆိုသူ အသက် ၂၃ နှစ် အရွယ်အမျိုးသားက သတ်ဖြတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကုမ္ပဏီရုံးခန်း ရေချိုးခန်းအတွင်း စကား များရန်ဖြစ်ခဲ့ကြပြီး အမျိုးသားမှာ မ——–အား အရိုးအသွား ၁၁ လက်မခန့်ရှိဓားဖြင့် ထိုးသတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပြီး ယင်းအမျိုးသားမှာ မိမိလက်ဖျံ ရှိသွေးပြန်ေ ကြာအား လှီးဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။ သို့သော်အချိန်မီ ဆေးရုံသို့ ပို့နိုင်ခဲ့ခြင်းကြောင့် အသက်သေဆုံးမှု မရှိခဲ့ပေ။

ယင်းကဲ့သို့ စိတ်ကူးယဉ်ဆန်ဆန် လူသတ်မှုများ၊ သမီးရည်းစားအချင်းချင်းစကားများရာမှ လူသတ်မှုကျူးလွန်ခြင်းများ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ယခုနှစ် အ တွင်း ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ခေတ်နှင့် လွတ်လပ်မှုရေစီးကြောင်း
==========================================
လူငယ်များကြားတွင် လူမှုကျင့်ဝတ်အရ မလုပ်ရန်သတ်မှတ်ထားသည်များကို ပိုမိုလုပ်လာကြပြီး တချို့တွင် စိတ်ချို့ယွင်းမှုများ မသိမသာရှိနေပြီး ဖြစ်ပေါ်လာ သည့် စိတ် ဖိစီးမှု၊ ခံစားချက်များကိုလည်း မူးယစ်ဆေးဝါးအသုံးပြုကာ ဖြေဖျောက်လာကြကြောင်း ထို့ကြောင့် ရာဇဝတ်မှု ကျူးလွန်ရန် ပိုမိုနီးစပ်လာကြောင်း စိတ် ကျန်းမာရေး ဆရာ ဝန် ဒေါက်တာမောင်မောင်လွင်က ပြောသည်။

”ခေတ်ကိုက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ခေတ်။ မူးယစ်ဆေးက လူကိုတက်ကြွစေတယ်လို့ လူငယ်တွေက ယူဆကြတယ်။ အသုံးများလာရင် စိတ်ရောဂါ စွဲကပ်လာပြီး သူတစ်ပါးကို အထင်အမြင်လွဲလာမယ်။ အဲ့ဒါကြီးကိုက ရာဇဝတ်မှု ဖြစ်ဖို့အခြေအနေပဲ”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။ ထို့အတူ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ”တရားစီရင်ရေး အားနည်းသွားပြီလား။ လူငယ်တွေရဲ့ ရာဇဝတ်မှုကျူးလွန်ချင်တဲ့စိတ်တွေ လွှမ်းမိုးလာရင် မြန်မာနိုင်ငံအနာဂတ်က မလွယ်လှဘူး”ဟု သုံးသပ်ပြောဆိုသည်။

တိုင်းဒေသကြီးများတွင် လူသတ်မှုမှာ နှစ်အလိုက် မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့တွင် ၂ဝဝ၉ ခုနှစ်မှစ၍ ၂ဝ၁၄ အထိ ခြောက်နှစ်တာကာလအတွင်းတွင် လူ သတ်မှု ၈၅၇ မှုရှိရာ တစ်နှစ်လျှင် ပျဉ်းမျှလူသတ်မှုတစ်ရာကျော်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများအရ သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားသည့် လူငယ်အများစုမှာ ပညာရေးအခြေခံအားနည်းပြီးအလုပ်အကိုင်မရှိဘဲ စိတ်လေလွင့်ကာ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သေစာသောက် စားခြင်းမှတစ်ဆင့် ရာဇဝတ်မှုကျူးလွန်ရဲလာ သည် အထိ ယိုယွင်းပျက်စီးခြင်းမျိုး ဖြစ်ပေါ်လေ့ရှိကြောင်း ဆယ်ကျော်သက် လူငယ်မှုခင်းစစ်တမ်းများအရ မူးယစ်ဗဟိုဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ ရန်ကုန်တွင် လူ ဦးရေ ထူထပ်များပြားလာပြီး လေလွင့်လူငယ် ပေါများလာခြင်းကြောင့် အစိုးရဘက်မှ ထိန်းသိမ်းရန် တာဝန်ရှိ ကြောင်းလည်း ၎င်းက ပြောသည်။

ဇွန်လတွင် ဖြစ်ပျက်ခဲ့သည့် အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သော လှိုင်သာယာဆယ် ကျော်သက်လူငယ်တစ်စု၏ လူသတ်မှု၊ သြဂုတ်လ ၂၆ ရက်တွင် ၁၉ နှစ် အရွယ် မော် ဒယ် အေး ချမ်းမြတ်မိုး အသတ်ခံရမှု စသည့် မှုခင်းများမှာ တရားဥပဒေစိုးမိုး ရေးကို မေးခွန်းထုတ်စရာဖြစ်လာသော် လည်း အဖြေထုတ်ရန်လည်း လွယ်ကူ သည်တော့မ ဟုတ်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၃ဝ ရက်နေ့အထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ပြစ်မှုဆိုင်ရာအမှု ပေါင်း ၈၈၆ မှု လက်ခံရရှိပြီး ၅၉၄ မှုစစ် ဆေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များတွင် ပြစ် မှုဆိုင်ရာ အမှုပေါင်း ၅၇၉ဝ မှုလက်ခံရရှိ ပြီး ၃ဝ၄၆ မှု စစ်ဆေးပြီးဖြစ်ကြောင်း၊ တရားမအမှုပေါင်း ၃၇၆၇ မှု လက်ခံရရှိပြီး ၁၆၈၄ မှု စစ်ဆေးပြီးဖြစ်ကြောင်း၊ ခရိုင် တရားရုံးများတွင် ၁ဝ၄ဝ၇ မှုလက်ခံရရှိပြီး ၆၅၁၄ မှုစစ်ဆေးပြီးဖြစ်ကာ တရားမ အမှုပေါင်း ၁၄၂၈၅ မှုလက်ခံရရှိပြီး ၅၂၅၁ မှုစစ်ဆေးပြီးဖြစ်ကြောင်း၊ မြို့နယ် တရားရုံးများတွင် ပြစ်မှုဆိုင်ရာအမှုပေါင်း ၂၇၇၆၇၈ မှုလက်ခံရရှိပြီး ၂၄၃၇ဝ၉ မှု စစ်ဆေးပြီးဖြစ်ကာ တရားမအမှုပေါင်း ၂၈၃၃၈ မှုလက်ခံရရှိပြီး ၁ဝ၇၅၇ မှု စစ် ဆေးပြီးဖြစ်ကြောင်း ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းမှ ပြောကြား ကြောင်း သြဂုတ် ၈ ရက်နေ့ထုတ် မြန် မာ့အလင်း သတင်း စာတွင် ဖော်ပြထား သည်။ ခြောက်လအတွင်း တစ်နိုင်ငံလုံး တွင် ရာဇဝတ်အမှုပေါင်း နှစ်သိန်းကျော် (၂၉၄၇၆၁ မှု) ရှိနေရာ အချိုးကျတွက်လျှင် တစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် ရာဇဝတ် မှု ၁၅ဝဝ ကျော်ဖြစ်ပွားနေသည်ကို အ ထက်ပါစာရင်းများအရသိသည်။ ”ကျွန်တော့်အမြင်ကတော့ လူငယ် တွေကို ရာဇဝတ်မှုဆီခေါ်သွားတာ မူး ယစ်ဆေးဝါးက ပထမအဆင့် စိန်ခေါ်မှုပဲ လို့မြင်တယ်”ဟု ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစံဝေက ပြောသည်။

ဥပဒေသည် အဖြေလား
===============
လက်ရှိကာလတွင် လူငယ်များပြစ်မှုကျူးလွန်ကြသည်မှာ လူကြီးများနှင့် ပုံစံတူလာကြသည်။ သို့သော်အသက် ၁၆ နှစ်ပြည့်ပြီး သော်လည်း အသက် ၁၈ နှစ်မပြည့်သေး သူတစ်ဦး ပြစ်မှုကျူးလွန်ပါက အသက် ၁၈နှစ် ပြည့်ပြီးသူများနှင့်မတူ ဥပဒေအရ အကာအကွယ်ပေးထားမှုများရှိနေသည်။ အသက် ၁၈ နှစ် မပြည့်သေးသူ အား ပြစ်မှု တစ် ရပ်ရပ်ဖြင့် တရားစွဲဆိုတင်ပို့ရာတွင် ယင်းပြစ်မှုကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ တရားစွဲဆိုတင်ပို့ ရမည်ဖြစ် သည်။ ယင်းသို့ပို့ရာတွင် လူငယ်၏ အ သက်နှင့်စပ် လျဉ်းသော အထောက်အထား ပူးတွဲပါရှိစေရမည်ဖြစ်သည်။ သက်ဆိုင် ရာတရားရုံးမှ ပြစ်မှုကို စစ်ဆေးခြင်းမပြုမီ တရားစွဲခံရသူ လူငယ်၏ အမှုတွဲပါ မွေးစာ ရင်း၊ နိုင်ငံ သားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်၊ ကျောင်းဝင်မှတ်ပုံတင်စာရင်းကောက်နုတ်ချက် မိတ္တူမှန်၊ ဆရာဝန်၏ဆေးစာ သို့မဟုတ်၊ အခြားခိုင်လုံသော အထောက်အထားများ အရ လူငယ်ဖြစ်မဖြစ် မှတ်တမ်းတင်ထား ရမည်ဖြစ်ကြောင်း ကလေးသူငယ်ဥပဒေ တွင် ပါရှိသည်။

တရားစွဲဆိုခံရသူလူငယ်မှာ အသက် ၁၈ နှစ်မပြည့်သေးသူမှန်ကန်ပါက လူငယ်၏အကျင့်စာရိတ္တ၊ ယင်းလူငယ်နေ ထိုင်သောပတ်ဝန်းကျင်၊ စိတ်နေစိတ် ထား၊ ပြစ်မှု ကျူး လွန်သည့်အကြောင်းအရင်းများ ကို ထည့်သွင်းစဉ်းစားပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ သေဒဏ်သို့မဟုတ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း မပြု ရဘဲ ထောင်ဒဏ်ဆယ်နှစ် ထပ်မပိုရဟု ကလေးသူငယ်ဥပဒေတွင် ဖော်ပြထားသည်။

ယင်းအချက်များနှင့်ပင် အထက်ပါ ဖော်ပြခဲ့သော စီစီတီဗီဖိုင်မှတစ်ဆင့် ပြည်သူလူထုကြားတွင်ပျံ့နှံ့ခဲ့သော လှိုင်သာယာလူသတ်မှုတွင် ပါဝင်သည့် အသက် ၁၃ နှစ်အရွယ် တစ်ဦးနှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးအား ကလေးသူငယ်ပြစ်မှုဖြင့် အရေးယူထားပြီး လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေဆဲဖြစ် သည်။ ”ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေအရ ကလေးသူငယ်ကို ကာကွယ်ခွင့်ပေးဖို့ပဲ ရှိတယ်။ ဘယ်ဥပဒေမဆို အားနည်းချက်၊ အားသာချက်ဆိုတာ ရှိပါတယ်။ ပြင်ချင် ရင်လည်း လွှတ်တော် ကပဲ အတည်ပြုနိုင်မှရမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများသည် နိုင်ငံ၏ စီးပွားရေးမပြေလည်မှုမှ စတင်ဖြစ်ပွားလာခဲ့ပြီး ဝမ်းစာမပြေလည်နိုင်သောသူများက ရာဇဝတ်မှု များကျူးလွန် လာကြပြီး လုံးဝပပျောက် သွားရန်မလွယ်ကူကြောင်း၊ ထို့အပြင် ရာ ဇဝတ်မှုများအပေါ် ကြိုတင်ကာကွယ်ခြင်း နှင့် ထိရောက်စွာအရေးမယူနိုင်ခြင်းတို့ မှာလည်း ရာဇဝတ် မှုများပိုမိုများပြားစေ ကြောင်း၊ ထို့ကြောင့် ယခုနောက်ပိုင်း ရာ ဇဝတ်မှုများတွင် လူငယ်များပါဝင်လာခြင်းမှာလည်း ထိုအချက်များကိုပင် အခြေခံပြီး ဖြစ် လာကြောင်း ဥ ပဒေပညာရှင်များက ပြောဆိုသည်။ သာကေတမြို့နယ်နေ နဝမတန်း ကျောင်းသူ မလွန်းလွန်းထက်ကတော့ ကြားသိနေရသော အမှုအခင်းသတင်းများ အရ တစ်နေ ရာနှင့်တစ်နေရာ သွားလာရ ခြင်းပင် နောက်ကျောမလုံစရာမျိုး ခံစားလာရကြောင်း ပြောသည်။ ”အခုနောက်ပိုင်း ကျောင်းသွား ကျောင်းပြန် ကျူရှင်တက်တာပါ အိမ် က လိုက်ပြီး စောင့်ခေါ်ပေးနေရတယ်”ဟု ၎င်းကဆိုသည်။
.
ဖိုးလပြည့် (Popular Myanmar News Journal)

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှမျှတတ ကျင်းပပေးမယ်ဆိုရင် NLD က နိုင်မှာပဲ။ အစိုးရဖွဲ့နိုင် လောက်အောင်ကို နိုင်မှာပဲ။ အစိုးရဖွဲ့ဖို့၊ သမ္မတခန့်ဖို့ NLD က သူ့ပါတီကလူတွေပဲ ခန့်မှာပေါ့။ စစ်တပ်ပါတီက ဗိုလ်ချုပ်ဟောင်းတွေကို ဘယ်လိုလုပ် သမ္မတခန့်၊ အစိုးရအဖွဲ့ထဲ ထည့်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလောက် အတွေးတိမ်မယ်လို့ မထင်ပါဘူး။ ပြည်သူ မကြိုက်တာကို လက်လွတ်စပယ် လုပ်မယ်လို့လည်း မထင်ပါဘူး . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စက်တင်ဘာ ၂၅ ရက်ထုတ် သတင်းစာများနှင့် ဂျာနယ်များတွင် လွှတ်တော်က ပုဒ်မ ၅၉(စ)ကို မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD အနိုင်ရပါက သူရဦးရွှေမန်းကို သမ္မတအဖြစ် အဆိုတင်မည် ဆိုသော သတင်းပင် ဖြစ်ပါ~ သည်။ ထိုသတင်းမှာ ရိုက်တာ သတင်းဌာနက ပေးပို့သော သတင်းဖြစ်ပါသည်။ ထိုသတင်းနှင့် ပတ်သက်ပြီး NLD က မဟုတ်ကြောင်း ငြင်း ဆို၏။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သတင်းမှား ဖြစ်ကြောင်း အခိုင်အမာ ငြင်းဆို ခဲ့လေသည်။ နိုင်ငံခြား သတင်းဌာနများသည် နိုင်ငံရေး ပါတီများနှင့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို မသုံးသပ်နိုင်ဘဲ သူတို့ အထင်ကိုသာ ရေးပြ ဖော်ပြလေ့ရှိသည်။ တချို့ အထင်များမှာ အဖြစ်မှန်နှင့် တက်တက်စင်အောင် လွဲမှားနေလေသည်။ ၄ ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်ပြီး သူရဦးရွှေမန်း က ထောက် ခံကြောင်း ပြောဆိုပြီး သည့်နောက် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကို ထောက်ခံကြောင်း သတင်း ဌာန များတွင် ပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ယခုလို သူတို့ ထင်ကြေးများဖြင့် ပြောဆို ဖော်ပြခြင်းဖြစ်၏။ တိုင်းမ်မဂ္ဂဇင်းမှ ဟန်နာဘိခ်ျ သည်ပင်လျှင် သူ့အယူအဆ၊ ထင်မြင်ချက်များနှင့် အမှန်တရား လွဲချော်နေလေသည်။ ဦးဝီရသူ၏ ဘာသာရေး ဟောပြောချက်များနှင့် ပတ်သက်ပြီး တိုင်းရင်းသားတို့နှင့် ဖြစ်ပေါ်နေသော စစ်ပွဲကိုလည်း အထင်မှားနေ၏။ အစိုးရနှင့် KIA တို့၏ စစ်ပွဲကို ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ တို့၏စစ်ပွဲဟု သုံးသပ်ထားသည်။ ထို့ပြင် သီရိလင်္ကာမှ တမီလ်ကျား အဖွဲ့နှင့် သီရိလင်္ကာအစိုးရတို့၏ စစ်ပွဲကို ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တို့၏ စစ်ပွဲမှ လေ့လာမှုမရှိသည့် မှားယွင်းသည့် သုံးသပ်ချက်ဖြစ်ပြီး လေ့လာမှု အားနည်းကြောင်း ပြသ လိုက်ခြင်းဖြစ်၏။ ဗုဒ္ဓဘာသာအပေါ် မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားများနှင့် ရောနှောအကဲဖြတ် လိုက်ခြင်းမှာလည်း မှားယွင်းနေပါသည်။

ယခုရိုက်တာ၏ အကဲဖြတ်လိုက်သော သတင်းမှာ လွန်ခဲ့သော ၄၊ ၅လ ကတည်းက ထွက်လာသော သတင်းဖြစ်၏။ အယ်ဒီတာတစ်ဦးက ““၂၀၁၅ မှာ NLD အနိုင်ရရင် ဘယ်သူ့ကို သမ္မတ ခန့်မလဲ။ ပုဒ်မ ၅၉(စ)ကို မပြင် ရင် ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ သူရဦးရွှေမန်းကို NLD က သမ္မတအဖြစ် တင်မယ်လို့ သတင်းတွေ ထွက်နေတယ်။ အဲဒီအပေါ်မှာ ဆရာဘယ်လိုမြင်လဲ””ဟု မေးရာ ကျွန်တော်က ““မဖြစ်နိုင် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ၅၉(စ)ကို မပြင်ရင်လည်း ၂၀၁၅ ရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှမျှတတ ကျင်းပပေးမယ်ဆိုရင် NLD က နိုင်မှာပဲ။ အစိုးရ ဖွဲ့နိုင် လောက်အောင်ကို နိုင်မှာပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မနိုင်နိုင်အောင် လှည့်ဖြားထားတဲ့ ရွေးကောက်ပွဲဖြစ်မှန်း ပြည်သူက သိပြီးသား။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလို ကျင်းပပေးရင် ၂၀၁၅ မှာလည်း NLD နိုင်မှာပဲ။ နိုင်ရင်လည်း စစ်ဗိုလ် တစ်မတ်သား ရှိသည့်တိုင် အစိုးရ ဖွဲ့နိုင်မှာပဲ။ အစိုးရဖွဲ့ဖို့၊ သမ္မတခန့်ဖို့ NLD က သူ့ပါတီက လူတွေပဲ ခန့်မှာပေါ့။ စစ်တပ်ပါတီက ဗိုလ်ချုပ်ဟောင်းတွေကို ဘယ်လိုလုပ် သမ္မတခန့်၊ အစိုးရအဖွဲ့ထဲ ထည့်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီေ လာက် အတွေးတိမ်မယ်လို့ မထင်ပါဘူး။ ပြည်သူ မကြိုက်တာကို လက်လွတ်စပယ် လုပ်မယ်လို့လည်း မထင် ပါဘူး။ NLD ခေါင်းဆောင်တွေမှာ လူတော်တွေ ချည်းပဲလို့တော့ မထင်ပါဘူး။ ဒါပေမဲ့ လူရှော်တွေ ချည်းပဲလည်း မဟုတ်ဘူး။ ၂၆ နှစ်လုံးလုံး ထောင်ထဲနေခဲ့ရ၊ အနှစ် ၂၀ ကျော် ထောင်ကျခဲ့ရ၊ ပါတီအတွက် စွန့်လွှတ် အနစ်နာခံခဲ့ရတဲ့ သူတွေလည်း ရှိပါတယ်။ ဒီတော့ မောင်ရင် မေးသလို သူရဦးရွှေမန်းကို သမ္မတ တင်နိုင်မလား ဆိုတာ မတင်နိုင်ပါဘူး။ သမ္မတ မဖြစ်နိုင်ပါဘူး။ မောင်ရင်က ဘယ်သူ့ကို သမ္မတတင်မလဲလို့ မေးတယ်။ နာယကကြီး ဦးတင်ဦးကိုရော သမ္မတ မတင်သင့် ဘူးလား။ NLD အတွက် အသင့်တော်ဆုံး လူပါပဲ။ အသက် အရွယ်ကိုပဲ ကြည့်ရမယ်။ အန်ကယ်လ် ဦးတင်ဦးရဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ ၇၀ ကျော်၊ ၈၀ တန်းတွေ ထက်တောင် ကျန်းမာရေး ကောင်းနေ သေးတယ်။ အန်ကယ်လ် ဦးတင်ဦးကို အသက်အရွယ်ကြောင့် သမ္မတ မတင်ဖြစ်သည့်တိုင် ခေါင်းဆောင်တွေ အများကြီးပါပဲ။ အဲဒီအတွက် မစိုးရိမ်ပါနဲ့”” ဟု ဖြေခဲ့ပါသည်။

ယခုသတင်းစာများတွင် ဖော်ပြလာသော သမ္မတ ပြဿနာမှာ ရှင်းနေသော အဖြေကို ရှုပ်အောင် မေး လိုက်သော မေးခွန်းဖြစ်ပါသည်။ NLD ပါတီ၏ ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီ၏ ဥက္ကဋ္ဌမှာ သူရဦးရွှေမန်း ဖြစ်သည်။ အာဏာရပါတီနှင့် အတိုက်အခံ ပါတီလည်းဖြစ်၏။ တစ်နည်း ပြောရလျှင် ပြိုင်ဘက် ပါတီများဖြစ်ပါသည်။ ပြိုင်ဘက်ပါတီချင်း တိုင်းပြည်အတွက် တူရာတွဲလုပ်တာမျိုး ရှိချင်ရှိနိုင်၏။ တိုင်းပြည် ကာကွယ်ရေးနှင့် နိုင်ငံတော် လုံခြုံရေးအတွက် ပြဿနာ ဖြစ်လာလျှင် လက်တွဲ လုပ်ချင် လုပ်နိုင်သည်။ သို့သော် အာဏာခွဲဝေဖို့မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် စစ်တပ်ပါတီ ဖြစ်သော ပြည်ခိုင်ဖြိုး ပါတီမှာ အာဏာကို ခွဲဝေမည်မဟုတ်ပေ။ ထို့ကြောင့်လည်း သူတို့ အာဏာရရှိဖို့ PR စနစ်ကို ကျင့်သုံးရန် စိုင်းပြင်းနေခြင်း မဟုတ်ပါလော။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံပေမည်။ NLD ကို ထောက်ခံလိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်တိုင် စစ်တပ် က ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ပါတီကို ထောက်ခံမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက်တိုင် နှုတ်က နာမည်ရင်းခေါ်ဖို့ မထွက်သူများ၊ မထွက်ချင် သူများမှာ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ပါသည်။ စစ်အာဏာရှင်များသည် NLD ကို မြွေပွေးထက်ပင် ကြောက်ကြသည်။ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးအတေး ထားနေဆဲပင်။ ထို့ကြောင့် ၂၀၁၅ တွင် သူရဦးရွှေမန်းကို သမ္မတအဖြစ် NLD က ကမ်းလှမ်းမည်မဟုတ်။ ဦးရွှေမန်း ကလည်း လက်ခံမည် မဟုတ်ပေ။ ထို့ပြင် NLD ပါတီမှာနှစ်ပေါင်း ၂၆ နှစ် သက်တမ်းရင့်ပြီ ဖြစ်သော နိုင်ငံရေးပါတီကြီးဖြစ်၏။ အတွေ့အကြုံ ရင့်ကျက်လှသည် ဖြစ် သည်။ ထိုပါတီကြီးသည် ဒီမိုကရေစီ ခေါင်းဆောင် အများအပြားကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်နယ်များ၊ တိုင်းများတွင်လည်း အရည်အချင်းရှိသော ပါတီ ခေါင်းဆောင်များကို မွေးထုတ်ထားခဲ့ပါ သည်။ ခေါင်းဆောင် ဆိုသည်မှာ မိုးပေါ်က ကျလာသည်လည်း မဟုတ်။ နေ့ချင်းညချင်း ဖြစ်ပေါ် လာသည်လည်း မဟုတ်။ တိုက်ပွဲတွင်းမှသာ ပေါ်ထွက် လာကာ ပြည်သူများက ရွေးချယ်လိုက်မှ သာလျှင် ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ် သည်။ ထိုအခြေအနေမျိုးတွင် NLD ပါတီက သူတို့၏ ပြိုင်ဘက်ပါတီမှ ထိပ်ဆုံးခေါင်းဆောင်ကို အတင်းဆွဲလုကာ သူတို့ ခေါင်းဆောင်၊ တစ်နည်းအားဖြင့် ပြည်သူလူထု ခေါင်းဆောင်ဟု သတ်မှတ်လိုက်မည် မဟုတ်ပေ။ ထို့ပြင် ဒေါ်အောင်ဆန်း စုကြည် ပြောသလို မြန်မာနိုင်ငံ၏ အခြေအနေမှာ ဒီမိုကရေစီ ရရှိနေခြင်း မဟုတ်ဘဲ ဒီမိုကရေစီ ယဉ်ကျေးမှု တစ်ခုကို ကြိုးစားနေခြင်းသာ ဖြစ်သည်။ ပြည်သူလူထုကလည်း လက်ခံကြသည်။ ထိုသို့ဒီမိုကရေစီ ရရှိအောင် ဖော်ဆောင်နေသည့် အခြေအနေ မျိုးတွင် ဒီမိုကရေစီ ရရှိအောင် အနစ်နာခံ၊ အစတေးခံခဲ့သော ပါတီကြီးတစ်ခုက လက်ခံမည် မဟုတ်ပေ။ ထိုသည်ကို ရိုက်တာသတင်းဌာနက နားလည်မည် မဟုတ်ပေ။ အမေရိကန်တွင် ရီပတဗလစ်ကန်မှ ခေါင်းဆောင်ကို ဒီမိုကရက်တစ် ပါတီက သူတို့ခေါင်းဆောင်အဖြစ် တင်မြှောက် မှာ မဟုတ်ပေ။ အခြေအနေချင်း အတူတူပင် ဖြစ်သည်။ ရိုက်တာ သတင်းဌာနက ခပ်ဝါးဝါး သတင်းကို ရေးသား လိုက်ခြင်းမှာ မြန်မာ့နိုင်ငံရေးကို နားမလည်ရာ ကျပါသည်။

ယခုအခြေအနေ၌ ၃ နှစ်ကျော် ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြုပြင် ပြောင်းလဲရေးများအပေါ် ပြည်သူက မယုံကြည်တော့ပေ။ GDP မည်မျှရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မည်မျှရောက်လာသည် စသည်များ ကို အောက်ခြေ လူတန်းစားများက နားလည် သဘောပေါက်ခြင်း မရှိကြပေ။ ဈေးသည်များ၊ အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ၊ လူလတ်တန်းစားများမှာ နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းရှိသည်။ သူတို့သည် သူတို့ အကျိုး စီးပွားအတွက် ဆောင်ရွက်ပေးမှ ယုံကြည်ကြမည် ဖြစ်သည်။ လက်တွေ့ကျကျ သူတို့စား ၀တ်နေရေး ချောင် လည်အောင် လုပ်ပေးမှ ယုံကြည်ကြပေမည်။ နိုင်ငံတွင်း လာဘ်ပေး လာဘ်ယူမှုများမှာလည်း ပို၍ အားကောင်း လာသည်ဟု သတ်မှတ်ကြ၏။ အကျင့်ပျက် ခြစားမှုများမှာလည်း အမျိုးမျိုး ဖြစ်နေသည်။ Undertable များမှာ မိမိတို့ မှန်းဆသည်ထက်ပင် ပို၍ ပို၍ တိုးပွားလာသည်။ ကုန်ဈေးနှုန်း များမှာလည်း ခေါင်ခိုက်နေသည်။ အစိုးရသစ် တက်လာသည့် ၂၀၁၀-၂၀၁၁ က ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်း၊ ယခု ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းတို့ကို နှိုင်းယှဉ် ကြည့်လျှင်ပင် အမှန်ကို သိနိုင်ပါသည်။ ပြည်သူလူထုမှာ ရှေ့တွင် ဘာဖြစ်တော့မည်ဆိုသည့် ယုံတမ်း စကားများကို ယုံကြည်သည်ထက် လက်တွေ့ကို ကြည့်ပြီး အကဲဖြတ်ကြမှာ သေချာပါသည်။ လုပ်ခလစာ နည်းပါးပြီး လစာပင် မှန်မှန်မရသောကြောင့် ဆန္ဒပြကြလေသည်။ လယ်သမား များမှာလည်း လယ်ယာမြေများ အသိမ်းခံနေရသည်။ သူတို့ စားဝတ်နေရေးအတွက် လယ်စိုက်လိုကြသည်။ သို့သော် စိုက်ဖို့ လယ်မရှိ။ ဆန္ဒပြသော လယ်သမား များကို ပင် ထောင်ထဲ ဆွဲသွင်းနေကြသည်။ ထိုအစိုးရကို မည်သူက စိတ်ချ ယုံကြည်ပါမည်နည်း။ ထိုအစိုးရကို ကိုယ်စားပြုသော ပါတီက ရွေးကောက်ပွဲဝင်ပြိုင်၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပါက ထိုပါတီမှ မဲမရနိုင်ပေ။ ထိုအကြောင်းကို သိသဖြင့် PR ဆိုသော ရှုံးလည်း နိုင်၊ နိုင်လည်းနိုင်သော နည်းလမ်းဖြင့် အာဏာကို ရယူဖို့ ကြိုးစားလာကြသည်။ သမ္မတမှာလည်း ဗိုလ်ချုပ်ဟောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှာလည်း ဥက္ကဋ္ဌကအစ ဗိုလ်ချုပ်ဟောင်း၊ လွှတ်တော် ဥက္ကဋ္ဌ များမှာလည်း ဗိုလ်ချုပ်ဟောင်းများ၊ အာဏာရပါတီမှာလည်း ဗိုလ်ချုပ်ဟောင်း များ ဖွဲ့ထားသောပါတီ၊ ဖွဲ့စည်းပုံ ဥပဒေမှာလည်း ဗိုလ်ချုပ်ဟောင်းများ ရေးဆွဲပြီး စစ်အာဏာရှင်များအတွက် အကာအကွယ် ပေးထားသော ဖွဲ့စည်းပုံ၊ ထိုအခြေအနေတွင် ပြိုင်ဘက်ပါတီဥက္ကဋ္ဌကို သမ္မတအဖြစ် ပေးမည်ဆိုပါက NLD သည် လူထုတံတွေး ခွက်ကြားထဲ ပက်လက် မျောပေလိမ့်မည်။

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည် မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလောင်စိုင်းက RFA ကိုပြောပါ တယ်။

ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က စတင် ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ရှမ်းပါတီများဖြစ်တဲ့ ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီ တို့ရဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မှာပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့ တိုက်ပွဲတွေနဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ခုလိုပြောပါတယ်။

" သူတို့ကတော့ အဲ့လိုပြောပါတယ်၊ သမ္မတ ဦးသိန်းစိန်ကတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ စေတနာတွေက ထက်သန်နေတာကိုလည်း တိုင်းရင်းသားတွေအားလုံး သိရှိပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲနီးလာတဲ့ အချိန်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းအရ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် တပ်မတော်ပိုင်းဘက်က ၂၀၁၅ ရွေးကောက် ပွဲကို ကျင်းပဖို့ မလိုလားတဲ့ပုံစံမျိုး ပေါက်နေသလားလို့၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ကျွန်တော်တို့ SSPP ကခေါင်းဆောင်တွေလည်း အဲ့လိုသုံးသပ်ပြတယ်"

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကျေးသီးမြို့နယ်အတွင်းရှိ တာဖါဆောင် တပ်စခန်းကနေ SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရစစ်တပ်က ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ဒီနေရာမှာ နှစ်ဖက်တပ်များ မနေဖို့ အများပိုင်အနေနဲ့ ထားရှိဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်တာကြောင့် တာဖါဆောင်စခန်း တောင်ကုန်းများကနေ ဆုတ်ခွာပေးခဲ့ပြီး ဖြစ်တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေကလည်း ပြော ပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို ၄ ရက်ကြာကျင်းပတာဖြစ်ပြီး ရှမ်းခေါင်းဆောင် ၄၀ ကျော် တက်ရောက်နေတာဖြစ်ပါတယ်။
RFA

ကလေးစစ်သားအသုံးပြုနေသေးသည့်အတွကိ အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့ထားသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို ဆက်လက်ထား ရှိရန် အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားကဆုံးဖြတ်လိုက်ပါသည်။

မြန်မာအစိုးရက ကလေးစစ်သားများကို စစ်တပ်ကနေ ထွက်ခွင့်ပြုသည့် ဖြစ် ရပ်များ တိုးတက်ဖြစ်ပေါ်နေသော်လည်း ကလေးစစ်သားများ ထားရှိ သည့် အရေးယူနိုင်ငံစာရင်းတွင် မြန်မာကို ဆက်လက်ထားရှိအုန်းမည့် အဆိုပါ ဆုံးဖြတ်ချက်ကို အဂါင်္နေ့က အမေရိကန်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Child Soldier Prevention Act (CPSA) အရ မြန်မာအပေါ် ချမှတ် ထားသည့် ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားပေးရန် အမေရိကန် သမ္မတအိုဘားမားက ခွင့်မပြုသေးခြင်း ဖြစ်ကြာင်း အမေရိကန်အစိုးရ တာဝန်ရှိသူတဦး က ပြောဆို သည်။

ယင်းဥပဒေ အရ အရေးယူခံထားရသောနိုင်ငံများသို့ အမေရိကန်၏ စစ်ရေး ကူညီထောက်ပံ့မှု သို့မဟုတ် စစ်သုံးပစ္စည်းများကို ရောင်းချမှုများ တားမြစ် ပိတ်ပင်ထားသည်။

ထိုစာရင်းကို နှစိစဉ်ပြန်လည်စီစစ်သကိတမ်းတိုးလေ့ရှိပြီး ယခုနှစ် အတွက် မြန်မာနိုင်ငံနှင့်အတူ ဆီးရီးယား၊ ဆူဒန်၊ တို့ကို စာရင်းမှ ဖယ်ရှားပေး ရန် အတွက် သမ္မတအိုဘားမား က ငြင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ပြီးခဲ့သည့် ဇွန်လ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ နိုင်ငံကိုးနိုင်ငံကို အဆိုပါ ဥပဒေဖြင့် အရေးယူထားသည်ဟု သိရသည်။

မြန်မာစစ်အစိုးရလက်ထက်က ကလေးစစ်သားစုဆောင်းအသုံးချမှုများကို ရပ်တန့်ရန် အတွက် ၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာ အစိုးရက ကတိပြုခဲ့ပြီး သည့်နောက်ပိုင်း မြန်မာစစ်တပ်က ကလေးစစ်သား ၁၀၉ ယောက်ကို စစ်တပ်မှ ထွက်ခွင့်ပေးခဲ့ရာ ယခု တကြိမ်သည် အရေအတွက် အများဆုံးဖြစ် သည်။ ကုလသမဂ္ဂကလည်း မြန်မာအစိုးရ၏ ကလေးစစ်သားများစေလွှတ်ပေး မှု ကို ပြီးခဲ့သည့်အပတ်က ချိုးကျုးခဲ့သည်

ကလေးစစ်သားများကို ပြန်လွှတ်ပေးသည့်အရေအတွက်မှာ ယခုထိစုစုပေါင်း ၄၇၂ ဦးရှိပြီး ကလေးစစ်သားအသုံးချမှလျှော့နည်းကျဆင်းသွားသော်လည်း အသုံးပြုခြင်းကိုမှု လုံးဝရပ်တန့်မှု မရှိသေးကြောင်း သိရသည်။

မြန်မာစစ်တပ်တွင်း ကလေးစစ်သားအရေအတွက်ကို အတိအကျ သိရန် မလွယ်ကူသော်လည်း ကလေးစစ်သားစုဆောင်းမှု၊ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးချမှုများ ရှိနေနိုင်သေးကြောင်း လေ့လာသူများ က ဆိုသည်။

လင်းလင်း

The Ladies News Journal

သမ္မတကြီးခင်ဗျား ကိုယ့်လူတွေ ဘာဖြစ်နေကြတာ တုန်းဆိုတာ နောက်ပြန်ကြည့် ပါဦး။ကြွေးယူဖို့ပဲ စဉ်းစားမနေ ပါနဲ့၊ ကြွေးနဲ့ရပ်တည်နေရတဲ့ တိုင်းပြည်လည်း မကောင်းပါဘူး တိုင်းတစ်ပါးက ကြွေးယူ ပြည်သူကိုချေး၊ မဲဆွယ် နေကြတာလား . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၁-၈-၁၄နေ့က စည်ပင်ရေတိုင်အတွက် ငွေကောက်လာကြပါတယ်။ ဧပြီလ အတွက် ကောက်ရမှာကို သြဂုတ် လမှ လာကြတာပါ။ တစ်လ တစ်ခါ ကောက်ခံရ မှာပါ။ ၀န်ထမ်းနည်းလို့တဲ့။ ကျွန်တော်က လည်း ပင်စင်စားဖြစ် လို့ ငါးလအတွက် မပေးနိုင်ပါ။ ဧပြီ၊ မေနှစ်လအတွက် ၁၅၀၀ နှုန်းနဲ့ ၃၀၀၀ ပေးတော့ ဈေး ၁၅၀၀မှ ၃၀၀၀တက် သွားပြီတဲ့။ ဒါနဲ့ ၆၀၀၀ ပေးလိုက်ရပါတယ်။ တချို့ကျ တော့ ၁၅၀၀နှုန်းနဲ့လေးလတွက် ၆၀၀၀၊ လာကောက်တဲ့ သြဂုတ်လအတွက် နှုန်း သစ် ၃၀၀၀ကျပ် ပေါင်း ၉၀၀၀ ပေးလိုက် တယ်။ လက်ခံသွားတယ်။ အစိုးရဌာန တစ်ယောက် တစ်မျိုးကောက်နေတာကိုး။

နှစ်ဆတက်တယ်။

နောက်ကြောင်းပြန်ကောက်တယ်။

ရက်စက်လိုက်ကြတာ။

ဒီအစိုးရပြည်သူတွေ ငတ်ပြတ်နေတာ ကို ညှာရကောင်းမှန်းမသိဘူး။ သူတို့အ ပြောက ဒါတောင် ၀န်ကြီးချုပ်က ၄၅၀၀ ကောက်ခိုင်းတာတဲ့။ မီတာခ ၅ိ/ကလေး တက်တာတောင် တစ်ပြည်လုံးပွက်ပွက်ဆူ လို့ ယခုလည်း တစ်မြို့လုံး ပြောကုန်ကြ ပြီ။ မေတ္တာပို့နေကြပြီ၊ ပြည်သူ့မေတ္တာစူး ကြမနော်၊ တစ်ပြည်လုံးသိစေချင်လို့ရေး လိုက် တာ၊ အစိုးရရေတိုင်ရှိတဲ့မြို့တိုင်း တက်တော့မှာ ခံကြရတော့မှာ။…

မေးချင်ပါတယ်။

ဌာနတွေက တက်ချင်တိုင်းတက်လို့ရ ပါသလား။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သိပါသလား။ အစိုးရကော သိပါသ လား။ ဗဟိုကောသိပါသလား။

သူတို့ပါးစပ်ထဲက တက်ချင်တိုင်း တက်နေရင် ပြည်သူသေရောပေါ့။ ပြည်သူ ဗဟိုပြုအစိုးရကော ဖြစ်နိုင်ပါဦး မလား။

အကုန်လုံး သူတို့ဆီရောက်ကုန်ပြီ။ ပြည်သူတွေငတ်ကုန်ကြပြီ။ သူတို့ဆိုတာ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဘောင်းဘီချွတ်တွေရောပဲ။ ခရိုနီ၊ ခရိုစိမ်းတွေရောပဲ။

ပြည်သူနဲ့ဆိုင်တဲ့ ကိစ္စကို ပြည်သူ့ ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်မှာ စဉ်းစားဆုံးဖြတ်ရမှာမဟုတ်လား။ လွှတ်တော်ကြီးက ဘာလုပ်ဖို့တုန်း။ သ၀ဏ်လွှာ အပေးခံရဖို့လား၊ အစိုးရဆိုတာ ပြည်သူ ကို နှိပ်စက်ဖို့မဟုတ် ဘူး။ အကာအကွယ်ပေးဖို့၊ လုံခြုံအောင်လုပ်ပေးဖို့ပါ။ အခု သူ့ ကြောင့် မလုံမခြုံဖြစ်နေတာ။ ရေတိုင် ““ခ””က အစ ၃၀ိ၊ ယခု ၃၀၀၀၊ အဆ ““၁၀၀””ရှိနေပြီ။ သူတို့ ““မကိုက်””တိုင်း တက်နေကြတာ၊ အဆီးအတားမရှိ၊ ပြည် သူဘက်က ပြောပေးမယ့်သူမရှိ။ ပြည်သူတွေ မှာ ပြောစရာတွေ အများကြီးရှိကြတယ်။ ပြည်သူ့ကိုယ်စားလှယ် ကြံ့ခိုင်ရေး အမတ်မင်းများလည်း မဲဆန္ဒရှင်ပြည်သူများ နဲ့ တစ်ခါမှ မတွေ့ဘူး။ ၂၀၁၅ ရွေးကောက် ပွဲအတွက် တော့ မမျှော်လင့်ကြပါနဲ့။

ကျွန်တော်တို့ ရေတိုင်က ကိုယ်ထူ ကိုယ်ထ (၁၅)အိမ်စုလုပ်ထားတာ။ ““လူ ကြီး””ကို တစ်အိမ်ထောင် ၇၀၀ နှုန်းပေးရတယ်။ ဌာနတိုင်းရှိတယ်။ အမြစ်တွယ်နေပြီ။ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုး လျှောက်လွှာထဲ ၁၀၀၀ ညှပ်ပေးလိုက်ရ တယ်။ လမ်းကကိုယ်ထူကိုယ်ထ၊ ကတ္တရာရဖို့ ဆန်တစ်အိတ် ဆီတစ်ပုံးပေး ရတယ်။ မီးတိုင်က လည်း ကိုယ်ထူကိုယ်ထ၊ တစ်အိမ်ထောင် သုံးသောင်းကျတယ်။ ပြည်သူ အတွက် အစိုးရလုပ်ပေးတာ ““ဘာ”” ရှိတုန်း။ ဘာမှ လုပ်မပေးရင် ဘာအခွန်မှ မကောက်နဲ့ပေါ့။

မြို့ပေါ်က လမ်းတွေအားလုံးလိုလို ကိုယ်ထူကိုယ်ထ၊ အထုပ်ကြီးတွေနဲ့လမ်း ဖွင့်ပွဲက လုပ်ပေးရသေးတယ်။ လူကြီးက ဖွင့်ပေးမှ ဂုဏ်ရှိတယ်လို့ ထင်နေကြလား တော့မသိပါဘူး။ တချို့ကတော့““အထက် မှ””ဖွင့်ခိုင်းတာ၊ တစ်ခါတည်း အထုပ်ဘယ် နှထုပ်ဆိုတာ ပြောသွားတယ်။

ဆိုင်ကယ်ဘီးခွန် ၅၀၀မှ စကောက် တာ ယခု ၃၀၀၀ရောက်နေပြီ။ ကောက် သူ ၂၀၀၊ ရုံး ၂၈၀၀။ ကောက်သူ များဟာ လည်းဝန်ထမ်းများမဟုတ်ကြဘူး။ လုပ်ချင် သလိုလုပ်၊ ဖြစ်ချင်သလိုဖြစ်နေတာ။ ဘာ အတွက်ကောက် တာတုန်း လမ်းပြင်ဖို့လား၊ လမ်းတွေအားလုံးလိုလို ကိုယ်ထူကိုယ်ထ ဖြစ်နေပြီ။ ကောက်ချင်ရင်လည်း ကိုယ်ထူ ကိုယ်ထလမ်းတွေပေါ် မကောက်ပါနဲ့။ ဒါမှ မဟုတ် ကိုယ်ထူကိုယ်ထမခိုင်းပါနဲ့။ ကောက် သူ ပြင်ပေါ့။ လမ်းပေါ် မှာ ဆိုင်ကယ်တွေ ဖမ်းကောက်တယ်။ မတန်တဆဆိုတော့ မပေးချင်ကြဘူး။ ပြေးကြရော အန္တရာယ် များပါ တယ်။ တစ်ခါကမြို့ဝင် ခွန်ကောက်တယ်။ ဆိုင်ကယ်နဲ့အတက်ကြီး တက်လာတာ ကုန်းထိပ်မှာရပ်ခိုင်းတယ်။ ရပ်ရင် လျှောကျတော့မှာ၊ နလပိန်းတုံးတွေ။

အခွန်ပေးရမယ်ဆိုတာ ပြည်သူတွေက သိပါတယ်။ မျှတတဲ့အခွန်ဆိုရင် ““က””ပြီး ““ရုံး””လာဆောင်မှာ။ တစ်ခါ တုန်း က ““ပဲ””သွင်းဖို့ လယ်သမားတွေလှည်း တွေနဲ့ တန်းစီလို့ အလကားယူမယ့် လူက မရောက်သေးဘူး။ တရား လက်လွတ် ကောက်ချင်တိုင်းကောက်၊ ပြည်သူအတွက် ဘာမှလုပ်မပေးဘူးဆိုရင် မပေးချင်ကြဘူး။ ဈေး ထဲ ခဏ၀င်တယ်။ ကားလေးဝင်းထဲ ခဏ၀င်တယ်။ ၂၀၀ ပေးရတယ်။ ၁၀၀ဆိုရင် မသင့်ဘူးလား။ အခွန်ဆောင် ရတာများတော့ ကောက်ရတာလည်း များပြီပေါ့။

၆ လတစ်ကြိမ်ကောက်တဲ့ စည်ပင် ခွန်အကြောင်းပြောမယ်။

(က)အိမ်နှင့်မြေယာခွန်။ (တိုးကောက် ချင်သလို ကောက်တယ်။ တန်ဖိုးကိုသူတို့ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်၊ ကောက်ချင်သလို ကောက်ကြတော့တာပဲ)

(ခ) ရေခွန်။ (မြို့ထဲမှာ လမ်းဘေးရေတိုင် မရှိသလောက်ပဲ၊ ကျွန်တော်တို့ ရပ်ကွက်မှာတော့ လုံးဝမရှိဘူး။ ကောက်မြဲ ကောက်တာပဲ)

(ဂ) လမ်းမီးခွန်။ (လမ်းမီးကိုယ်ထူ ကိုယ်ထတပ်ထားရတယ်) ကျွမ်းသွားရင် လျှပ်စစ်ခေါ်ပြီး အသစ်လဲရတယ်။ ပါးစပ်နဲ့ ခေါ်ရုံနဲ့မရဘူး။ ဒါစည်ပင်လုပ်ရမှာ မဟုတ်လား)

(ဃ) အမှိုက်ခွန်၊ (အမှိုက်နိုင်အောင် မသိမ်းနိုင်ဘူး။ နံစော်လို့ ကျွန်တော်တို့ လမ်းအမှိုက်မသိမ်းဘူး)

စည်ပင်က ပြည်သူတွေအတွက် ဘာလုပ်ပေးတုန်းကြည့်ရအောင်။ ရေစီးရေ လာကောင်းဖို့ မြောင်းတွေ ဖောက် ပေးနိုင်သလား။ ကိုယ့်အိမ်ရှေ့ ကိုယ်ဖောက်ထားတဲ့ မြောင်းလေးတွေတော့ ရှိပါရဲ့။ တချို့ ကျတော့ စည်ပင်က တူးပေးတယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ်။ မုံရွာမြို့ပတ်လည်မှာ ရေကြီး၊ မိုးကြီးရင် ရေတွေထည့် ထားဖို့ သဘာဝက ပေးထားတဲ့ လက်ဆောင် အင်းကြီးတွေရှိခဲ့တယ်။ ခုအိမ်တွေ ဖြစ်ကုန်ပြီ။ မုံရွာတောင်မှာရှိတဲ့ အင်းရဲ့ တစ်ပိုင်းကို ““ရွှေနဂါးမင်း””ကိုပေးထားတယ်။ မြောက်ရှိတဲ့ အင်းတစ်ဝက် ““၀င်းယူ နတီဟိုတယ်”” ဖြစ်နေပြီ။ သူတို့ ဘိုးဘွားပိုင်ကျလို့ ““ရော့အင့်””လို့ ပေးလိုက်ကြတာ။ ဒီလိုပေးလည်းဖြစ်သကိုး၊ တရားဝင်သကိုး၊ ဘယ် သူတွေဘယ်လောက်ရလို့ လုပ်လိုက် ကြတာတုန်း၊ အခုတော့နည်းနည်းကျန် သေးတယ်။ သူတို့ ဆက် အုပ်ချုပ် ကြည့် ““ကုန်””မှာ။ မြို့လယ်ကောင်က အင်းကြီး တောင် ရောင်းစားပစ်လိုက်ကြပြီ။ တိုက် တွေ၊ အိမ်တွေဖြစ် ကုန်ပြီ သူတို့ ခေတ် သူတို့လုပ်ချင်သလိုလုပ်ပစ်ကြတော့ တိုင်းမှူးရဲ့ တစ်သွေးတစ်သံတစ်မိန့်နဲ့ လုပ်လိုက် တာ။ ““ရ””တဲ့သူတွေကတော့ ““ရ””သွား ကြပါပြီ။ ခံရတာက မြို့ခံတွေ၊ ရပ်ကွက် တွေ ရေနစ်ကုန်ပြီ။ အင်းကြီးတွေ မရှိတော့ ရေသွားဖို့ နေရာမရှိတော့ဘူး။ လမ်းဘေး မြောင်းတွေတူးရတော့တယ်။ ရေကမစီး၊ ခြင်မွေးမြူ ရေး လေ၊ မိုးများရွာပြီဆိုရင် တစ် မြို့လုံးရေတွေ ဖွေးလို့။ တချို့ရပ်ကွက် စက်မောင်းပြီး မြစ်ထဲထုတ်ရတယ်။ အဆိုး ဆုံးကြေးရုပ်နဲ့နာရီစင်တစ်ဝိုက်ကို စည်ပင်က ကားတွေနဲ့ စုပ်ယူရတယ်။ ရေ၀ပ်တော့ ခနော်ခနဲ့လမ်းတွေလည်း ပျက်ပြီပေါ့။

ပြည်သူတွေ အပန်းဖြေဖို့ ပန်းခြံတွေ စိုက်ပေးနိုင်သလား၊ မရှိပါ။ ရာပြည့်ကပ် ကျော်စေတီတည်ရှိရာ ကန်သာ ယာမှာ တောင် အရက်ဆိုင်တွေနဲ့ ““သူတို့””က ဘုရားထက် တန်ခိုးကြီးပေတာကိုး။

ကလေးကစားကွင်းတွေ ဆောက်ပေး နိုင်ရဲ့လား၊ ပိုက်ဆံယူငှားထားတဲ့ ကလေး တွေ ပိုက်ဆံပေးကစားရတဲ့ ကစားကွင်းတော့ ကန်သာယာမှာရှိပါရဲ့။ လှပသာ ယာရေးအတွက် မြို့လယ်ဗိုလ်ချုပ်အောင် ဆန်းလမ်း တစ် လျှောက် ပန်းပင်များရှိပါ တယ်။ အခြားဘယ်နေရာမှ မရှိပါ။ ကန် သာယာမှာရှိတဲ့ ခရေပင်တန်းလေးတောင် မရှိတော့ဘူး။ ဈေးများသန့်ရှင်းသာယာအောင် လုပ်ပေးနိုင်ရဲ့လား။ မီးဘေးကင်း အောင်လုပ်ပေးနိုင်ရဲ့လား၊ ကြားရတာ မကောင်းဖူးနော်။ သော့ကိုင်ကဈေးမှာ မရှိဘူးတဲ့။ မလောင်ခင်ညတိုင်းရှိတဲ့ ဈေးမီး သတ်ကားက လောင်တဲ့ ညမရှိဘူးတဲ့။ ဈေး နဲ့ပတ်သက်ပြီး ဆက်ပြောမယ်။

အသားခွဲတမ်းရကြတယ်။

ဖမ်းလာတဲ့ အသီးအရွက်တွေက ခြေထောက်ပေါက်ပြီး သူတို့မီးဖိုချောင်ထဲ အသော့ကလေး ပြေးဝင်သွားကြ တယ်။ ဖမ်းတဲ့နေရာလည်း ဆွဲလားရမ်းလားအ ကြမ်းပတမ်း၊ ဆဲတာကပါသေး။ ခြေ ထောက်နဲ့ ကန်လိုက်သေး။

မဆိုင်ဘူးနော် ပြောချင်လို့ကိုထည့် ပြောတာ။ လယ်သမားတွေ စိုက်ထားတဲ့ အပင်ပေါက်ကလေးတွေ သေကြ ပါစေ တော့ဆိုတဲ့ စေတနာတွေနဲ့ ပျိုးပင်ကလေး တွေပေါ် တွားသွားပြီး စစ်ရေးလေ့ကျင့်နေ ကြတဲ့ စစ်သားကြီး တွေ ကြည့်ကောင်း လွန်းလို့ပါ။ ပြင်ပရန်သူမရှိ အချင်းချင်း တိုက်ကြဖို့ပါ။ ဘယ်သူသေသေ ပြည်သူ တွေပါပဲ။ သိကြဖို့ ကောင်းပါပြီ။ နာကျင် အောင်လုပ်တာတောင် မကောင်းဘူးဆိုရင် သေအောင်လုပ်တာကျတော့ ပိုမ ကောင်း တာပေါ့။ ရပ်ကြပါတော့။ ပြည်သူတွေ၊ ကလေးတွေခံနေကြရတာ““လူကြီး”” တွေက မခံရဘူးနော်။

““အရည်အချင်းရှိသူ ယဉ်ကျေးတယ်””

““လူရမ်းကားဟာ ငမိုက်သားပဲ””

ရေတိုင်အတွက် ၁၅၀၀မှ ၃၀၀၀ နှစ်ဆတိုးကောက်တယ်။ ရေမီတာနဲ့ကောက် လိုက်၊ လပေးကောက်လိုက် ခဏ ခဏ ပြောင်းတယ်။ ခုတချို့ ရေမီတာနဲ့ တချို့ လပေးကောက်တယ်။ အစိုးရဌာန ကြီးက ဖြစ်သလို လုပ် နေတာတွေ၊ မြို့ထဲရေတိုင် တွေ တချို့ရေမလာဘူး။ ကျွန်တော်တို့ ရပ်ကွက်ရေကောင်းကောင်း မလာတာ ၁၅ရက် ကျော်ပြီ။ မလာဘူးတော့ မဟုတ်ဘူး။ မနေ့ကတစ်စက်နှစ်စက် ဒီနေ့နှစ်စက် တစ်စက်လာတယ်။ မန္တလေး လျှပ်စစ်က ပြောတာဖတ်လိုက် ရတယ်။ ထရန်စဖော် မာပျက်ရင် ၃နာရီနဲ့ အပြီးပြင်နိုင်တယ်တဲ့။ မုံရွာ မှာစက်တွေ ပျက်နေလို့တဲ့ ပြည်သူ အပေါ်စေတနာထားဖို့တော့ လိုတာပေါ့။ ပြည်သူ့လခယူထားတဲ့ ၀န်ထမ်း တွေပဲ။

စည်းပျက်၊ ကမ်းပျက်တွေကပါ သေး တယ်။ ““ပေး””ထားတဲ့သူတွေနဲ့ စည်ပင် ၀န်ထမ်းတွေပဲ။ အောက်အိမ် တွေက မော် တာနဲ့စုပ်တော့ တစ်စက်နှစ်စက်တောင် မလာတော့ပါဘူး။ မူလပိုက်ကြီးရဲ့အပေါ် ပိုင်းက ဖောက် သွယ်ရမယ့်အစား အောက် ကဖောက်တယ်။

ဒီစာရေးနေတာ ၁၅ ရက်မကဘူး။ ဂရုစိုက်ပြင်နေလို့ပါ။ ရေကောင်းကောင်း မလာတာလည်း ၁၅ရက်လောက် ရှိပြီ။ ပြည်သူတွေ သောက်ရေ၊ သုံးရေ၊ ချိုးရေ ပြတ်နေကြပြီ။ ၁၅၀၀ကနေ ၃၀၀၀တိုး ကောက်တဲ့လမှာ ဖြစ်နေ တာ။ နိုင်ငံ့ခေါင်း ဆောင်ကြီးတစ်ယောက်ပြောတာ ကြားလိုက်ဖူးတယ်။ ““Wealther မကောင်းရင် အသစ်လဲ လိုက်တဲ့”” ခုလည်း အသစ်လဲရင် ဒီလောက်မကြာနိုင်ပါဘူး။ ၀န်ထမ်းတွေ မပြောဘူးနော်။ သူတို့ရေစိုကြီးနဲ့ ကြိုး စား လုပ်ကိုင်နေကြတာ မျက်မြင်ပဲ။ ၀န်ထမ်းဆိုတာ အထက်က အမိန့်ရမှ လုပ်နိုင်တာ၊ အမိန့်ပေးနိုင်တဲ့သူက ပြည်သူကို ထောက်ထားညှာတာတတ်ဖို့ လိုပါတယ်။ ““ပြည်သူ့ ကိစ္စ၊ ကိုယ့်ကိစ္စ””လို သဘောထားတတ် ဖို့လို ပါတယ်။

မီးရထားလည်း ရှုံးတယ်။ ရေကြောင်း လည်းရှုံးတယ်။ မွေးမြူရေးနဲ့ရေ လုပ်ငန်း တော့ မပြောနဲ့ သူအဆိုးဆုံးပဲ။ ဌာနတိုင်း ရှုံးနေကြတယ်။ ပညာရေးဌာနတောင်ပါသေး။ ဘာတွေရှုံးနေတာပါလိမ့်။ အခုမှ သိကြတာလား။ အံ့သြစရာပါ။ ဌာနတိုင်း သိန်းထောင်ချီ အကြွေးတင်နေကြတယ်။ မဆပ်နိုင်ကြဘူး။ ဘယ်လိုလုပ်ကြမှာ တုန်း။ ပြည်သူ့ငွေတွေနော်၊ ဌာနသာရှုံးတာ သူတို့တော့ဝဖီးလို့။ သမ္မတကြီးခင်ဗျား ကိုယ့်လူတွေ ဘာဖြစ်နေကြတာ တုန်းဆို တာ နောက်ပြန်ကြည့်ပါဦး။ ကြွေးယူဖို့ပဲ စဉ်းစားမနေပါနဲ့၊ ကြွေးနဲ့ ရပ်တည်နေရတဲ့ တိုင်းပြည်လည်း မကောင်းပါဘူး။

ကျွန်တော်တို့ တိုင်းပြည် ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ တိုင်းတစ်ပါးက ကြွေးယူ – ပြည်သူကိုချေး၊ မဲဆွယ် နေ ကြတာလား ““ထိုင်း””က ““သက်ဆင်””လိုပဲ ပြည်သူ့ငွေတွေနဲ့ ပြည်သူကို အကြိုက်လုပ်ပေး၊ မဲဆွယ်၊ အာဏာရ၊ အာဏာရတော့ ကိုယ့်အတွက် လုပ်ချင်သလိုလုပ် ဒီအချိုးပဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ သယံဇာ တတွေထွက်ခဲ့တယ်။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ရေနံ၊ ဓာတ်ငွေ့ တွေထွက်ခဲ့တယ်။ န၀တပတ္တမြားကြီး တောင်ပါသေး။ ရှိသေးလား၊ ဘယ်ရောက် သွားပြီလဲ။ ကျွန်း၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ရေတမာ၊ အသားမျိုးစုံထွက်ခဲ့တယ်။ ရှိသေးလား။ ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်သူတွေဘာလုပ် လိုက်ကြတာလဲ။ ဘယ် ဗိုလ်ချုပ်ကြီး (အဟောင်းရော၊ အသစ်ပါ) ဗိုလ်ချုပ်တွေ ““ပါ””ကြတုန်း။ ဘယ်လောက် ရလိုက်ရှာတုန်း။

တိုင်းပြည်ကတော့ ကြွေးတွေနဲ့ မွဲမြဲ မွဲလျက်၊ တစ်ကမ္ဘာလုံး(တရုတ်မပါ) အကူအညီတွေပေးနေကြတယ်။ ချေးငွေ လျှော်တယ်။ ငွေသား အကူအညီပေးတယ်။ အမေရိကန်၊ EU ၊ အင်္ဂလန်၊ နော်ဝေ၊ ဒိန်းမတ်၊ သြစတြေး လျ၊ ဂျပန်၊ အစ္စရေးတို့က အလီလီအကူအညီပေးကြတယ်။ တချို့က နည်းပညာအကူအညီ ပေးတယ်။ အောက် ခြေ အထိဆင်းပြီး အကူအညီပေးကြတယ်။ အများကြီးပဲ။ တိုင်းပြည်လေးနဲ့တောင် မမျှဘူး။ တက္ကသိုလ်တွေ လူချင်းတူဖို့ ကူညီတယ်။ ဓာတ်ငွေ့ရောင်းရငွေတွေ ရှိတယ်။ ပိုက်လိုင်းဖြတ်ခရတဲ့ ငွေတွေရှိမယ်။ သယံဇာတ တူးဖော်ခွင့်မှ ရတဲ့ငွေတွေရှိမယ်။ သီးစားခြစားလို့ရတဲ့ ငွေတွေရှိမယ်။

ပြည်တွင်းပြည်ပ အားလုံးပေါင်းလိုက် ရင် ပြည်တွင်းအခွန်တွေ တိုးကောက်ဖို့ လိုပါ့မလား။ ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတောင် ငွေလိုအပ်တာတွေရှိတယ်။ လုပ်အားပေးတို့၊ ချီတက်ပွဲတို့မှာ တစ်ယောက် ““တစ်ခွက်တစ်ခု”” ကျွေးရတယ်။ ဘုန်းကြီး စာပြန်ပွဲအတွက် ငွေလိုတယ်။ ပြည်သူ့ဆီက မကောက်ဘူး သူ ဘာသာ ကြည့်လုပ်သွားတာ။

ပြည်သူကို မနှိပ်စက်ဘူး။

မုသားဖြစ်မှာစိုးလို့ လိုတာထပ်ဖြည့်မယ်။

တရုတ်က မြင်းမိုရ်တောင်လောက်ရ ပြီးမှ ဆီးစေ့လောက် ““ဟိုတို့တိ၊ ဒီတို့တိ”” ““အိပ်ချင်မူးတူး”” ကူနေတယ်။ သယံဇာတ တူးဖော်တဲ့နေရာမှာကျွန်မွေးရမှာ။ ““ဒင်း”” တို့က သခင်မွေးတယ်။ တရုတ်ကြောင့် ပြည်သူတွေ ခံနေရတာအများကြီးတော်ပြီ။

တစ်ခုတော့ ထပ်ပြောမယ်။ ပြည်သူတွေ မွဲနေကြပြီ။ ငတ်နေကြပြီ။ ဒီအထဲ အစိုးရ အခွန်တွေ အဆမတန်တိုး ကောက် တိုင်းကလေးများစားရမယ့်ထဲက၊ ဆေးကု ရမယ့်ထဲက ပညာသင်ရမယ့်ထဲက ဖဲ့ပေး နေရတာနော်။ ဒီလိုသာ တိုးကောက်နေရင် နတ်များလို အငွေ့ပဲစားရတော့မှာ။ ဆေးလည်းမကုနိုင်၊ ပညာလည်းမသင်နိုင် ဖြစ်ကြရတော့မှာပါ။

အခွန်တိုင်း တိုးတယ်၊ တိုင်းပြည်တိုး တက်ရဲ့လား။ မတိုးတက်ရင် လုပ်ပုံမဟုတ် လို့ဘဲ။ ပြည်သူအတွက် မလုပ် ဘဲ ကိုယ့်အတွက် လုပ်နေကြလို့ပဲ အခုအခြေအနေမှာ တိုင်းပြည်တိုးတက်တယ်လို့ မပြောနဲ့ မယုံရေးချ မယုံ၊ ““ဒင်း””တို့တိုးတက်နေ တာ။

တိုးတက်အောင်လုပ်နိုင်ရင် အစိုးရ ““ကောင်း””၊မလုပ်နိုင်ရင်အစိုးရ““မကောင်း””။

““ပြည်သူကိုချစ်တဲ့၊ ပြည်သူက ချစ်တဲ့ အစိုးရမျိုး လိုချင်တယ်””

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

 
တစ်ချိန်က နာမည်ကျော် ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည့် မုန်တိုင်း အာမီ တပ်မတော်မှ တပ်မတော် သားများ

လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရှမ်းနိုင်ငံရေး ပါတီ အချင်းချင်း ပူးပေါင်းကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရှမ်းပြည်သူ များမှ တွန်းအားပေး နေမှုများ ရှိနေ သော်လည်း ပေါင်းစည်း ရေးနှင့် ပက်သက်၍ အဖွဲ့ အစည်း အချင်းချင်း ကြားတွင် မတူညီသော အမြင် သဘော ထားနှင့် နိုင်ငံရေး လမ်းစဉ် ကွဲလွှဲ ချက်များကြောင့် ခက်ခဲ နေသည်ဟု ရှမ်းနိုင်ငံရေး ပါတီမှ ထိပ်တန်း ခေါင်းဆောင် များက ပြောကြားသည်။

သို့ရာတွင် ထိုသို့ မတူ ကွဲပြားသည့် အခြေအနေမှ တူညီသည့် ဘုံရည်မှန်းချက် အပေါ် အခြေခံကာ ရှမ်းနိုင်ငံရေး အဖွဲ့ အစည်းများ လက်တွဲ လုပ်ဆောင်ရန် လိုအပ်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ တွဲဘက် အတွင်းရေးမှူး ဖြစ်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ သုံးသပ် ပြောကြားသည်။

“တူညီတဲ့ ဟာလေး တွေကို ဖြေးဖြေချင်း ညှိနှိုင်း သွားပြီးမှ တူညီတဲ့ ဟာတွေကို ကျွန်တော်တို့ ဘယ်လို လက်တွဲပြီး လုပ်ဆောင် သွားမလဲ။ ကျွန်တော် ပြောတာ နှစ်ပါတီ ကိစ္စတင် မကဘူး။ လက်နက်ကိုင် အဖွဲ့ အစည်း တွေလဲ ဒီအတိုင်း ပါဘဲ။ ကျနော်တို့ ရှမ်းပြည်သူ လူထုရဲ့ လိအပ် ချက်ကို၊ အများ စုရဲ့ လိုအပ်ချက်ကို ဘယ်လို ဖြစ်စေချင် သလဲ ဆိုတာ နိုင်ငံရေး ပါတီ တွေရော လက်နက်ကိုင် နှစ်ဖွဲ့ကရော စဉ်းစားပြီး လုပ်ဆောင် သင့်တယ်” ဟု ဦးစိုင်းမောင်တင်မှ ပြောသည်။

ထိုသို့ ရှမ်းနိုင်ငံရေး ပါတီ များနှင့် လက်နက်ကိုင် အဖွဲ့များ အကြား ညီညွတ်မှု တည်ဆောက် နိုင်ရန်နှင့် ရှမ်းအဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်ရေး ရှမ်းအင်အားကြီး နိုင်ငံရေး ပါတီနှစ်ခုနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့များမှ ထိပ်သီး ကိုယ်စားလှယ်များ တက်ရောက် ကြသည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ၏ ထိပ်သီး အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ အောက်တိုဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့ အထိ ကျင်းပလျက် ရှိနေသည်။

ထိုတွေ့ဆုံ ပွဲ၌ ရှမ်းနိုင်ငံရေး ပါတီ များမှ လက်တွေ့ လုပ်ဆောင်ချက် များ၏ အားနည်း ချက်များ ရှိခဲ့သည့် အပိုင်းအား တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဖလှယ်ကာ အကြိတ် အနယ် ဆွေးနွေးလျက် ရှိနေကြောင်းလည်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် တဦး ဖြစ်သည့် စိုင်းမိန်းက ပြောသည်။

“ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက မူဝါဒ ပိုင်းမှာ ပျော့ညံ့တယ်။ အစိုးရ ဒါမှမဟုတ် ပြည်ခိုင်ဖြိုး တို့ကနေ စည်းရုံးခြင်း ခံရတယ်။ ကျားဖြူ ပါတီ ကနေ ကျားခေါင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ထောင်ကျ တုန်းက ကျားခေါင်း ပါတီ ကိုယ်စား အလုပ် လုပ်ဖို့ ပါတီ ထောင်လာတယ်။ ဒါပေမယ့် လက်တွေ့ မှာတော့ မျှော်မှန်း ထားတဲ့ အတိုင်း မဖြစ် ဘဲနဲ့ တဦးကို တဦး အပစ် ပုံချ ထားတဲ့ ဟာတွေ နားလည် သဘော ပေါက်အောင် သူတို့ ပြန်လုပ် နေတယ်။ ဦးစိုင်း အိုက်ပေါင်းတို့ ဘက်ကလဲ ပြန်ချေပတယ်” ကိုစိုင်းမိန်းက ပြောသည်။

ထိုထိပ်သီး ဆွေးနွေး ပွဲအား ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊ ဒုဥက္ကဌ ဦး စိုင်းဆောင်စီ တို့ တက်ရောက်လျက် ရှိနေသည်။ ထို့အတူ ရှမ်းလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် တောင်ပိုင်း ရှမ်းပြည် တပ်မတော် ဘက်တွင်မူ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် ဘက်တွင် နာယကကြီး ဗိုလ်ချုပ် ဆေထင်၊ စိန်ကျော့ ပြည်သူ့စစ် တပ်ဖွဲ့မှ ဦးလွယ်မောင်းတို့ တက်ရောက် ခဲ့ကြသည်။

ဤ တွေ့ဆုံ ပွဲမှ ရှမ်းပြည် ညီညွတ်ရေး အတွက် အကောင်းဆုံး အဖြေကို ရှာနိုင်ရန် မျှော်လင့် ထားသည်ဟု မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSA ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီမှ အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖက ပြောသည်။

“ကိုယ့်အမျိုးသား တွေအတွက် ကောင်းရာ ကောင်းကြောင်းကို လာပြီးတော့ ဆွေးနွေး တယ်လို့ ကျွန်တော်တို့ အဲဒီလို သုံးသပ်တယ်။ တွေ့ဆုံတယ် ဆိုတာ ကောင်းတဲ့ အဖြေကို ရှာကြ တာဘဲ။ ရှေ့လျှောက် ဘာတွေ ဖြစ်လာ နိုင်မလဲ။ ဘာတွေ လုပ်ဆောင် ရမယ် ဆိုတာ အကောင်းဆုံး ဖြစ်အောင် သူတို့ လုပ်မှာ ပေါ့ဟု ဗိုလ်မှူးကြီး ဖိန်ဖက သုံးသပ် ပြောကြား ခဲ့သည်။

ကျားဖြူ ပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ကိုယ်စားလှယ် (၅၈) ဦး အနိုင် ရရှိ ခဲ့သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း မရှိခဲ့ သေးသော်လည်း ၁၉၉၀ ရွေးကောက်ပွဲ တွင်မူ ကိုယ်စားလှယ် (၂၃) ဦး အနိုင် ရရှိ ထားသော ပါတီ ဖြစ်သည်။

Written by ရွှေဟင်္သာသတင်းဌာန
http://burmese.phophtawnews.org/index.php/news/internal-news/item/1221-2014-10-04-01-16-01.html

အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင် အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က သူတို့ တောင်းဆို ချက် မရရင် အောက်တိုဘာလ ၁၇ ရက်နေ့ ကျရင် သူတို့ ဖမ်းထားတဲ့ ဂျာမန်နှစ်ယောက်ထဲက တယောက်ကို သတ်ပစ်မယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ နိုင်ငံအနောက်ပိုင်း ပါလ၀န် ကျွန်းကနေ မလေးရှား အရှေ့ပိုင်း ဆာဘာပြည်နယ်ဆီကို ရွက်လွှင့်နေတုန်း ဧပြီလက ပြန်ပေးဆွဲခံခဲ့ရတာပါ။

စစ်သွေးကြွအဖွဲ့က ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တောင်းထားသလို၊ ဆီရီးယားမှာ အမေရိကန်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်နေတာကို ဂျာမနီ က အကူအညီ မပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အဘူဆာရစ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဘူ ရာမီ ဆိုသူက အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး သူတို့ တောင်းဆိုထားတာကို မလိုက်လျှောရင် ပြန်ပေးဆွဲထားတဲ့ နှစ်ယောက်ထဲက တယောက်ကို ခေါင်းဖြတ် သတ်ပစ်မယ်လို့ နိုင်ငံ တောင်ပိုင်းက ဇမ်ဘိုယန်မြို့ အခြေစိုက် သတင်းထောက်တွေကို တယ်လီဖုန်းကနေ ပြောပါတယ်။

ဂျာမန်အစိုးရဘက်ကလည်း ဘာမှ အဆက်အသွယ်မလုပ်တဲ့အတွက် အစော်ကားခံရသလို ခံစားရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် လုံခြုံရေးအရာရှိတွေကတော့ ဂျာမန်နှစ်ယောက်ဟာ တောင်ပိုင်းက ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ အရင်ကလည်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဗုံးခွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသလို တခြား နိုင်ငံခြားသား တွေကို ပြန်ပေးဆွဲထားသေးတယ်လို့လည်း ဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66817

ဇာတ်ဆရာအလိုကြ ကရပေမယ့်

ပုလိပ်။ ။ဟိုဘက်မှာ ဖြစ်တာ

ဝင်း။ ။ဒီဘက်မဟုတ်လား

ဇော်။ ။ဒီဘက်မှာ ထင်တယ်

ကော့တောင်ကျွန်းလူသတ်မှု.မိပြီးသရုပ်ပြတဲ့ သတင်းလွှင့်တော့ ကိုယ်လဲ သေသေချာချာ တစ်ကျော့ပြီးတစ်ကျော့ ကြည့်မိတယ် ။

သူတို.မျက်နာမှာ လူသတ်ထဲ့တဲ့ အရိပ်အယောင် တွေ အပြစ်ရှိတဲ့အရိပ်အယောင်တွေ မတွေ.ရပဲ တစ်ခုခုကိုတွေးနေသလို က တစ်ယောက် များပျားလှတဲ့ လူအုပ်ကြီးကြားမှာ ဓါတ်ပုံ တဖျပ်ဖျပ် ၇ိုက်လို. ရှက်ရွံ့.စိတ်နဲ. ခေါင်းငုံ.နေတတ်တဲ့ ကောင်လေးကတစ်ယောက် ကို သေသေချာချာသတိပြုမိတယ်။

သူတို.ကို ခေါ်ထုတ်လာတော့ တခြားလူတွေ အန္တရာယ်ပြုမှာစိုးလို. ဘေးက ကာကွယ်ပေးနေတဲ့ ရဲအဖွဲ.၀င်တွေ ကိုတွေ.ရပေမဲ့ သူတို.နိုင်ငံ ရဲ.ဂုဏ်သိက္ခာ သူတို.နိုင်ငံသား ကျွန်းက နယ်မြေခံတွေကိုဒုက္ခပေးခဲ့တဲ့ ဒီလူသတ်မှု. ။ အချိန်တိုင်း ကျွန်းမှာပဲနေရပြီး သေသေချာချာစီစစ်ခြင်းခံရတဲ့ နယ်မြေခံ တွေ က အံ့သြလောက်အောင် ဘာမှ ၀င်ပြီးရန်ပြုတာ မတွေ.ရပဲ ဓါတ်ပုံတစ်ဖျပ်ဖျပ် ရိုက်ကူးသူ စူးစမ်းလိုလို.လာကြည့်သူ ရီရီမောမော စကားပြောသူတွေကို ထူးထူးခြားခြား မြင်တွေ.ရတယ်။ (အမှန်ဆို သူတို.ကို ရဲအဖွဲ.၀င်တွေ ဘယ်လိုပဲ ကာကွယ်ထားပါစေ ဒေါသထွက်တဲ့ လူအုပ်ကြီးက အနည်းဆုံး ဖိနပ်တော့ ချွတ်ပေါက်ပြမှ ဇာတ်နာရမှာလေ ...တခြားအမှု.ဖြစ်စသ်တွေဆို ၇င် ရဲတပ်ဖွဲ.၀င်တွေကာကွယ်ထားတဲ့ကြားက နဖူးကွဲ မျက်ခွက်စုတ်အောင် ၀င်ရိုက်တတ်တာ သာဓကတွေအများကြီး ..ဒါပေမဲ့ ဒီနေ. ကော့တောင်ကျွန်းက လူသတ်တရားခံ ဖမ်းမိလို. သရုပ်ပြတဲ့ပွဲမှာတော့ အပျင်းပြေ ဇာတ်လာကြည့်နေကြသလိုပါပဲ )

ပြီးတော့ သူတို.ကို အခင်းဖြစ်ရာ နေရာကိုခေါ်သွားတယ် သူတို. ဂစ်တာတီးတဲ့နေရာပေါ့
အရင်ထိုင်းခိုင်းပြီးဂစ်တာတီးဟန်လုပ်ပြတယ် ..နောက်တော့ သူတို.ရှေ.က အင်္ဂလိပ်စုံတွဲ တစ်တွဲကို ဖြတ်လျှောက်စေပြီး အခင်းဖြစ်တဲ့နေရာမှာ ထိုင်းရဲတပ်ဖွဲ.၀င်တစ်ဦးက အသတ်ခံရသူ ဗြိတိန်အမျိုးသမီးနေရာက သရုပ်ဆောင်ပြတယ် တရားခံ ၂ ယောက်က တစ်ယောက်က ပေါက်ပြား နဲ. ခုတ်တဲ့ သဏ္ဍာန် သရုပ်ဆောင်ပြီး မုဒိန်းကျင့်ဟန်ကို ပြတယ်...

အဲ့ဒီမှာပဲ စတွေ.တယ် .......တကယ် လုပ်ခဲ့ပုံစံအတိုင်းသရုပ်ဆောင်ခိုင်းတဲ့နေရာမှာ မုဒိန်းကျင့်လူသတ်ပါတယ်ဆိုတဲ့ တရားခံ၂ ယောက်က ပေါင်၂ ချောင်းအလယ်မှာ ထိုင်ပြီး ဘယ်နေရာကို ကိုင်ရမှန်မသိဘူးဖြစ်နေလို. ဘေးကနေ တောင် ဟိုနေရာကိုကိုင် ဒိနေရာကိုကိုင်ထား ဆိုပြီး ညွှန်ပြပေးရတာ တွေ.ရတယ် ..ဒီလိုပဲ သရုပ်မှန်ပြသတဲ့ နေရာမှာ တရားခံ ဆိုတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၂ ဦး ဘယ်လိုထိုင်ရ ဘယ်လိုကိုင်ရမှန်းတောင် မသိလို. ဘေးကနေ ၀င်ပြီးဟိုနေရာကိုင် ဒီနေရာကိုင် ဒီလိုလုပ်ဆိုပြီး ပြောပြနေရတာကိုက ပုံစံမကျ။

(တကယ်သာလုပ်ခဲ့တယ်ဆိုရင် သူတို. ဘယ်လိုပုံစံဆိုတာ သေသေချာချာကြီးမဟုတ်တောင် အနီးစပ်ဆုံး တူအောင်တော့ သရုပ်ဆောင်နိုင်ရမှာပေါ့ လေ ခုက သူတို.ကိုယ်တိုင်က ဘယ်ကနေ ဘယ်လိုစရမှန်းမသိလို. ဘေးကနေတောင် ၀င်ထောက်ပြ ပြောပြ နေရသေးတာဆိုတော့ စဉ်းစားကြည့်ပေါ့ ) ။

အဆုံးသတ်မတော့ ဗျောက်အိုးဖောက် လက်ခုပ်တီးပြီး ကျေနပ် နေကြတဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ.၀င်တွေ နဲ. ပြီးဆုံးသွားပါတော့တယ်။

သဗ္ဗေသတ္တာ ကမ္မသကာ
Sayar Wai facebook

ဗြိတိန်လူမျိုးခရီးသွားနှစ်ဦကို သတ်ဖြတ် မှု သံသယရှိသူ မြန်မာနှစ်ဦး(ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသူနှစ်ဦး)ကို ထိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
http://www.7daydaily.com/

 ဗြိတိန်စုံတွဲကို သတ်ခဲ့ ကြောင်းဝန်ခံသော မြန်မာနှစ်ဦး၏DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ် တရားခံများမှာ မြန်မာလုပ်သား များဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သော် လည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက ယုံကြည်မှုမရှိ၍ ထိုင်း ရှေ့နေသုံးဦး ငှားရမ်းကာ လုပ်သားသုံးဦး ဖမ်းဆီးထားရှိရာအကျဉ်းထောင်သို့  ယနေ့သွားရောက်၍ တွေ့ဆုံမေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးသည် လူသတ်တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်သည်။ ၀န်ခံခဲ့ သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ် သော စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထို နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော သူ နှစ်ဦးဖြစ်သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြု လိုက်သည်။

ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် ၀င်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူ နှစ်ဦးဖြစ် သော အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူ များဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထားသူများဖြစ်သည်။ ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့သည်။
ဗြိတိန်စုံတွဲကို သတ်သော တရားခံများမှာ မြန်မာလုပ်သား များ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သက်သေပြရန် ထိုင်းရှေ့နေ သုံးဦးကို ငှားရမ်းကာ ဆူရတ်ဌာနီမြို့ရှိ ဖမ်းဆီးခံမြန်မာလုပ်သား သုံးဦး ထားရှိသော အကျဉ်းထောင်သို့သွား ရောက်သက်သေပြသွားမည်ဟု ဆိုသည်။
‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူးလို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး တာဝန်ပေးထားတဲ့ အဖွဲ့က မနက်ဖြန် သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ် ကို အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြားသည်။
အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိရာ ထိုညတွင် ဗြိတိန်စုံတွဲ အသတ်ခံရပြီး ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ လာရောက်ခွင့် မရှိကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ဆက်လက်ပြောကြားသည်။

‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွားမှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် လုပ်ကိုင်သည့် ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။ ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ ဟု ဘန်ကောက်မြို့တွင် နေထိုင် သော အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ဆို သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ် သားနှစ်ဦး (ယခု ၀န်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန် လွှတ်ပေးခဲ့သည်။ နောက်ပိုင်း တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ထို့နောက် ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူတစ် ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။

ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ လုပ်ကိုင် နေကြောင်း သတင်းရရှိသည်။

မူလတန်းအရွယ် ကျောင်းသား ကျောင်းသူများက အုတ်နံရံကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကာ ကျောင်း သွား နေရသည့် ရုပ်ပုံများ လူမှုကွန်ရက် စာမျက်နှာ တွင် ယခု ရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူ များ ဝေဖန်နေကြသည့် ပဲခူးတိုင်းဒေသကြီး၊ အင်းတေ က်ာမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု ရှိ ကျေးရွာ ၉ ရွာမှ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ဧက ၅၈၀၀ ကျော် အား စစ်တပ်မှ သိမ်းဆည်း ထားသည့် အတွက် ဒေသ ခံ တောင်သူများ ကြုံတွေ့နေရသော အခက်အခဲများ ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမှု မရှိခြင်းများကို စက်တင်ဘာ ၃၀ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

အဆိုပါ သိမ်းဆည်းထားသော မြေများအား ၂၀၁၃ ခုနှစ်မှစ၍ စစ်တပ်မှ အုတ်တံတိုင်း ကာရံရန် စီစဉ်ခဲ့ပြီး ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်သည့်ကြားမှ သုံးမိုင်မျှ ရှည်လျားသော အုတ်တံတိုင်းကို ကာရံ ခဲ့သည့် အတွက် ကျေးရွာ အ၀င်အထွက်လမ်းများ ပိတ်ဆို့ခဲ့ပြီး ဒေသခံ ကလေးငယ်များမှာ နေ့စဉ် ပင်ပန်းကြီးစွာဖြင့် အုတ်တံတိုင်း အား ကျော်ဖြတ်ကာ ကျောင်းတက် နေရကြောင်း သာယာကုန်း ကျေးရွာ အုပ်စုမှ ဒေသခံ တောင်သူ များက အဆိုပါ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

““ကျွန်မတို့ လယ်တွေကို သိမ်းဆည်းခဲ့တာလည်း နှစ်ပေါင်းကြာနေ ပါပြီ။ ရွှေလှေး ကျေးရွာကို နှစ်ခြမ်းခွဲပြီး အုတ်တံတိုင်း ခတ် လိုက်တော့ ကျောင်းသားတွေရော၊ လယ်လုပ်စားတဲ့ သူတွေရော အကုန်ဒုက္ခရောက် နေကြ ရတယ်။ ကျွန်မတို့ လယ်တွေကိုပဲ ပြန်လိုချင်တာပါ။ လယ်သမားတွေ အနေနဲ့ လယ်မှမလုပ်ရရင် ဘာမှ လုပ်စားလို့လည်း မတတ်ပါဘူး””ဟု သာယာကုန်း ကျေးရွာအုပ်စုမှ တောင်သူ ဒေါ်ဌေးပို က ပြောသည်။

တပ်သိမ်းမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၄ ခုနှစ် ဇွန်လတွင် နိုင်ငံတော် သမ္မတထံ တိုင်ကြားခဲ့သည့် တိုင်စာနှင့် ပတ်သက်၍ ဒေသခံများအား အမှတ်(၁) ခဲယမ်းမီးကျောက် တပ်ရင်း (CAD) မှ တာဝန်ရှိသူများက လက်ငုတ်ပိုင် မြေခွန်ပြေစာများ ရှိ/မရှိ စစ်ဆေးမေးမြန်းရာ ၁၉၉၆ ခုနှစ်ကတည်းက မြေခွန် ပြေစာများအား (CAD) တပ်မှ သိမ်းယူ ခဲ့သည့်အတွက် လက်ဝယ် မရှိကြောင်း တင်ပြရာ ပြေလည်မှု မရရှိခဲ့ကြောင်း၊ ဒေသခံများ အနေဖြင့် လေတပ်သိမ်း ဧရိယာမှာ (၈၁၄ ဒသမ ၉၃)ဧကဟု သိရသော်လည်း (CAD) တပ်သိမ်း ဧရိယာမှာ ဧကမည်မျှ ရှိသည် အတိအကျ မသိရသည့်အတွက် မေးမြန်းရာ ယခုအချိန်ထိ တိကျသည့် အဖြေ ပြောဆိုမှု မရှိကြောင်း သာယာကုန်း ကျေးရွာအုပ်စု၊ ရွှေလှေးကျေးရွာ မှ တောင်သူ ဦးညိုမင်းက ပြောသည်။

အဆိုပါ အုတ်တံတိုင်း ကာရံထားသည့်အတွက် စစ်တပ်မှ တာဝန်ရှိ သူများနှင့် ဒေသခံတောင်သူများ စက်တင်ဘာ၂၉ ရက်က ဆွေးနွေး ညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်းကို ““လယ်သမားတွေ အနေနဲ့ ခြံစည်းရိုး ခတ်မယ်ဆိုရင် ရွာအ၀င်အထွက် လမ်းကိုချန်ပြီး ခတ်ပေးပါ၊ လူနေအိမ်တွေကို ချန်ပြီး ခတ်ပေးပါဆိုပြီး တောင်းဆိုတယ်။ ခြံစည်းရိုးထဲမှာ ပါသွားတဲ့ တပ်သိမ်းမြေတွေကို ဆက်လက် လုပ်ကိုင် စားသောက် ခွင့် ပြုပါဆိုပြီး တောင်းဆိုတယ်။ ကိုက် (၁၀၀၀) အတွင်းခတ်ရင် လူနေ အိမ်တွေပါသွားမှာ ဖြစ်တဲ့အတွက် ကိုက် ၂၀၀ အတွင်းပဲ ခတ်ပါဆိုပြီး တပ်ရင်းမှူးကို တောင်းဆိုတဲ့အခါ လုံးဝ လက်မခံပါဘူးလို့ ပြောပါတယ်။ အထက်က ညွှန်ကြားလို့ လုပ်ရတာလို့ ပြောတယ်။ လယ်သမားတွေကိုခေါ်ပြီး ခြိမ်းခြောက် တဲ့ပုံစံနဲ့ အစည်းအဝေး လုပ်သွားတယ်လို့ပဲ မြင်ပါတယ်”” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ တာဝန်ခံ မစုစုနွေးက ပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ် လယ်ယာမြေများအား စတင် သိမ်းယူခဲ့သော အချိန် တွင် တောင်သူများက ၎င်းတို့ပိုင် လယ်ယာ မြေများတွင် ဆက်လက် လုပ်ကိုင်ခွင့် ရရှိနိုင်ရန် အမှတ် (၁) လက်နက်ခဲယမ်း မီးကျောက်တပ်နှင့် လေ တပ် တို့ထံတွင် နှစ်စဉ်ခွင့်ပြုချက် တောင်းခံ၍ တစ်ဧကလျှင် စပါး ၁၀ တင်းနှုန်း ပေးသွင်းခဲ့ရပြီး နောင်တွင်မူ လယ်မြေခွန်များ လာရောက် တောင်းခံခြင်း မရှိတော့သည့်အပြင် ယခင် ပေးဆောင်ထားသည့် လယ်မြေ ခွန် ပြေစာဟောင်းများကိုပါ တောင်းယူခဲ့ပြီး အထောက်အထား မရှိဟုဆိုကာ ကျူးကျော်အဖြစ် သတ်မှတ်ခဲ့ကြ သည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

ဓာတ်ပုံ- ထိုင်းမီဒီယာ

ထိုင်းနိုင်ငံ တွင် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမားသုံးဦးအမှုကိစ္စ နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် ထိုင်းနိုင်ငံရှိ မြန်မာသုံးရုံးအား ကွင်း ဆင်းစစ်ဆေးမှုများ ပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရ သည်။

''ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာတွေရော၊ ထိုင်းနိုင်ငံသား တချို့ ကပါမဖြစ်နိုင်ဘူးလို့ ဝေဖန်တာတွေ ထွက် ပေါ်လာတဲ့အတွက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို မြေပြင်ဆင်းပြီး စစ်ဆေးတာ လုပ်ဖို့ညွှန်ကြားထားပါတယ်။ သူတို့ အမှန်တကယ် ဒီအမှုကို ကျူး လွန်ခဲ့ရင် ဥပဒေအတိုင်း ပြစ်ဒဏ် ကျခံရမှာပါ။ အဲဒီလိုမဟုတ်ပဲ ပြစ် ဒဏ်မရှိဘဲနဲ့ မတရားချမှတ်ခံရတာ မျိုးတွေ မဖြစ်အောင် သေချာစစ်ဆေး ဖို့နဲ့မျက် မြင်သက်သေတွေနဲ့ပါတွေ့ ဖို့အတွက် ညွှန်ကြားခဲ့တာပါ'' ဟု နိုင် ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။

ထိုင်းနိုင်ငံ၊ ကော့တောင်ဝ်ကျွန်း (လိပ်ကျွန်း)တွင် ဖြစ်ပွားခဲ့သည့်ဗြိတိန် နိုင်ငံသား ခရီးသွားနှစ်ဦး အသတ် ခံရသည့် အမှုနှင့် ပတ်သက်၍ ထိုင်း အစိုးရအာဏာပိုင်များမှ မြန်မာရွှေ့ ပြောင်း အလုပ်သမား သုံးဦးကိုဖမ်း ဆီးခဲ့ စစ်ဆေးလျက်ရှိနေပြီး အောက် တိုဘာ ၂ရက်တွင် ယင်းအမှုကိုကျူးလွန် ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဖြောင့်ချက်ပေးခဲ့သည်ဟုထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အပေါ် မြန်မာသံရုံးအနေဖြင့် ထိုင်းရှေ့နေ များနှင့် ထိုင်းနိုင်ငံရှိ မြန်မာရှေ့နေ များ၏ အကူအညီဖြင့် စစ်ဆေးကာ အမှုမှန်ပေါ်ပေါက်ရေးကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း နှင့် မြန်မာနိုင်ငံသားများ စွပ်စွဲခံရ ပါက ထိုင်းနိုင်ငံရှိ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံ ရုံးမှ ရွှေ့ပြောင်းအလုပ်သမားသံအ ရာရှိ ဦးသိန်းနိုင်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။

''ဒီအမှုကိုသံရုံးကသံအမတ်ကြီး အပါအဝင် တာဝန်ရှိသူတွေ အနေနဲ့ နယ်မြေအဖွဲ့တွေ ဆင်းပြီးကွင်းဆင်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အမှန်တကယ်ဟုတ်ခဲ့ရင်လဲ ဥပဒေ အတိုင်းပဲ ဆောင်ရွက်သွားပါလိမ့် မယ်။ အမှန်တကယ်မဟုတ်ဘဲ စွပ် စွဲခံရတယ်ဆိုရင်လဲ ဥပဒေအရ ပြန် ပြီး အလုပ်သမားတွေ နစ်နာတာကို အကာအကွယ်ပေးနိုင်အောင် လုပ် ဆောင်သွားပါ့မယ်''ဟု ရွှေ့ပြောင်း အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် က ပြောသည်။

အလုပ်သမားတစ်ဦး ဖြောင့် ချက်ပေးသည်ဟုဆိုခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်သတင်းစာ များတွင် ဖော်ပြထားသော်လည်း သုံးအနေဖြင့် မှန်မမှန်ကိုမြေပြင်သို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက် နေဆဲဖြစ်သည့်အတွက် အတည်ပြု မပြောကြားနိုင်သေးကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားသံအရာရှိ က ပြောသည်။

အဆိုပါအမှုကို သံရုံး၏ တာ ဝန်ပေးချက်ဖြင့် ကူညီဆောင်ရွက် ပေးနေသည့် MAT မှ ရှေ့နေဦးမျိုး သန့်က ''စူရပ်မှာ အဖမ်းခံရတဲ့ ကလေးတွေက ရဲလက်ထဲမှာရှိတုန်း ဝန်ခံတယ်လို့ ကြားပါတယ်။ အာဏာ နဲ့ ငွေအောက်မှာ ဝန်ခံချက်ပေးတဲ့ သဘောမျိုးဖြစ်နိုင်တဲ့အတွက် တရား မဝင်ပါဘူး။ အမှုမှန်ပေါ်ပေါက်ရေး အတွက် သံရုံးက ထိုင်းရှေ့နေသုံးဦး နဲ့အတူ ကူညီဆောင်ရွက်ပေးဖို့ လူ ငါးဦးသွားဖို့ စီစဉ်နေပါတယ်။ မမှန် ကန်ဘဲ အဖမ်းခံရမယ်ဆိုရင် ထိုင်း ဥပဒေဘက်က ဆောင်ရွက်ပေးရမှာ တွေ များပါတယ်။ ဒီအမှုက လူမျိုး နဲ့ တိုင်းပြည်အတွက်ပါ ဖြစ်နေပါ တယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။

အဆိုပါအမှုသည်လည်း စက် တင်ဘာ ၁၅ရက်တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယခုဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားသုံးဦးကို သံသယရှိသူအဖြစ် ပထမအကြိမ် ဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး အပြစ် မရှိဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့ ကြောင်း၊ ယခုအကြိမ်သည် ဒုတိယ အကြိမ် ထပ်မံဖမ်းဆီးခြင်းဖြစ်ပြီး ထိုလူသတ်မှုကို ကျူးလွန်ခဲ့သည်ဟု ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦး က ဖြောင့်ချက်ပေးခြင်းဖြစ်ကြောင်း ထိုင်းရဲများက ပြောဆိုခဲ့သည်။

သို့သော် သက်သေခံပစ္စည်းအ ဖြစ် သိမ်းဆည်းရမိသည့် စီးကရက်မှ DNA စစ်ဆေးမှု ရလဒ်အပေါ် ထိုင်းရဲက စောင့်ဆိုင်းလျက်ရှိနေ ကြောင်းလည်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ထိုင်း နိုင်ငံရောက် မြန်မာတစ်ဦးက ယင်း အမှုသည် စွပ်စွဲခံရခြင်းမျိုး ဖြစ်နိုင် ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာ နိုင်ငံသားများ ယင်းသို့ စွပ်စွဲကာ အမှုဆင်ခံရမှုမျိုးမကြာခဏဖြစ်နေ ကြောင်း၊ ယခုအမှုတွင်လည်း အမှု စစ်ဆေးမှုကို တာဝန်ရှိသည့် ရဲအရာ ရှိကို လူချိန်းစစ်ဆေးမည်ဆိုသည့် သတင်းထွက်ပေါ်လာပြီးနောက်နေ့ တွင် တရားခံမိပြီဟု ရဲကထုတ်ပြန် ခဲ့ခြင်းသည် ရိုးသားမှုမရှိကြောင်း ပြောကြားခဲ့သည်။

/ ဓါတ်ပုံ-ဘန်ကောက်ပို့စ်၊ စတိုးဆိုင်တွင် စီးကရက်ဘူးဝယ်ယူနေစဉ် လုံခြုံရေးကင်မရာက ဓာတ်ပုံရိုက်ကူးထားသည့်ပုံ (ပုံ-၁)၊
ရဲက ငါးနာရီကြာမေးမြန်းစစ်ဆေးခဲ့သည့် ချို (ပုံ- ၂)။ /

ZCH

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

အစိုးရရဲ့ လက်ရှိ အာရုံစိုက်မှုကို လေ့လာကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာဆက်လက် ကိုင်စွဲရေးကိုပဲ အပူတပြင်း အားကုန်ထုတ် ခေါင်းချင်း ရိုက်နေတာကိုပဲ တွေ့ရမှာ ဖြစ်ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ရှိ အရပ်သားအစိုးရနိုင်ငံရေး ခရီးစဉ်ရဲ့ သက်တမ်းဝက်ကျော်ကျော် ၂၀၁၄ နှစ်လယ်လောက်ကစပြီး ထူးခြား ချက်တစ်ခုကို ပြည်သူတွေ သတိထားမိကြပါလိမ့်မယ်။ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေဟာ အရင် အာဏာရှင်တပ်မတော် အစိုးရကို ချီးမွမ်းခန်းဖွင့်တဲ့စကားတွေ တွင်တွင်ပြောလာတာပါပဲ။ သမ္မတက သူ့ရဲ့ ဥရောပခရီးစဉ်မှာ လက်ရှိအပြောင်း အလဲအတွက် တပ်မတော်ကို ကျေးဇူးတင်ရ မှာဖြစ်ကြောင်း ပြောကြားခဲ့ သလို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ““ပြီးခဲ့တဲ့ တပ်မတော်အစိုးရက စနစ်တစ်ခုက တစ်ခု သိမ်မွေ့စွာကူးပြောင်းဖို့ ချိန်ချိန်ဆဆ လုပ်ပေးသွားခဲ့တယ်”” လို့ ပြောကြားခဲ့ပြန်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေနဲ့ ပတ်သက်လို့ ““တိုင်းပြည်ကို စစ်တပ်က အာဏာပြန်မသိမ်းရအောင်၊ သိမ်းဖို့မလိုအောင် အရင် အစိုးရဟာ အခြေခံ ဥပဒေမှာရေးဆွဲသွားတယ်””လို့ အရင်အစိုးရကို ချီးမွမ်းခန်းဖွင့်ရင်း အခြေခံဥပဒေကို အမွှမ်း တင်ပြောကြား လိုက်ပါသေးတယ်။ (အာဏာပြန်မသိမ်းရအောင် ရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတဲ့ စကားက တော့ အငြင်းပွားဖွယ်ရာပါပဲ။ ပညာရှင်များ ဆက်လက်ခွဲခြမ်း လေ့လာစေလိုပါတယ်။ စကားချပ်)…

ဒါ့အပြင် ဦးခင်အောင်မြင့်က စစ်အုပ်ချုပ်ရေး ကျန်သေးကြောင်း ၀န်ခံမှုစကား တချို့ကိုဆိုခဲ့ပြန်တယ်။ သူပြော တဲ့ စကားရပ်က ဒီလိုပါ။ ““စစ်အုပ်ချုပ်ရေး ကျန်နေ သေးတယ်ဆိုတာ မငြင်းပါဘူး။ အရှိန်ကျန် တဲ့သဘောပေါ့။ ထဲထဲဝင်ဝင်မကျန်ပါဘူး။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ တပ်ကပဲ ဒါကိုထိန်းထားနိုင်တာ””။

ဒါ့အပြင် တခြားထိပ်ပိုင်းခေါင်းဆောင် ပိုင်းတွေလည်း တပ်မတော်နဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းတွေဖွင့်တာ ၂၀၁၄ နှစ်လယ်နဲ့ နှစ်ကုန်ကြားမှာ ပိုပြီးစိပ်လာတာတွေ့ရတယ်။ တပ်ကို ချီးမွမ်းခန်းဖွင့်တဲ့၊ အရင်အာဏာရှင်စစ် အစိုးရ ကို ချီးမွမ်းခန်းဖွင့်ခဲ့ကြတဲ့ လက်ရှိ အစိုးခေါင်းဆောင်တွေဆိုတာလည်း အရင်စစ်အစိုးရခေတ်ရဲ့ ထိပ်သီး ဗိုလ် ချုပ် ကြီးဟောင်းတွေပါပဲ။ ““ကိုယ့် ကိုယ်ကိုယ်ဖော် မသူတော်”” ဆိုတဲ့ဆိုရိုး စကားရှိပေမယ့် ကြားရ သူပြည်သူ အပေါင်း ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးနေ ကြတယ်လို့ပဲ ကောက်ချက်ဆွဲသုံးသပ်ကြ ပါတယ်။ တပ်မ တော်ကို ချီးမွမ်းခန်းပြန်ဖွင့်နေတဲ့ လက်ရှိအစိုးရရဲ့ ၂၀၁၅ဆီဆက် လက်ချီတက်မယ့် ဗျူဟာဟာ ဘယ်လို ဗျူဟာ မျိုးများဖြစ်လေမလဲဆိုတာ သုံးသပ်တင်ပြချင်ပါတယ်။

၂၀၁၁မှာ ဒီမိုကရေစီစနစ်ဖော်ဆောင် မယ်လို့ နိုင်ငံတကာကို ကြွေးကြော်ပြီး တက်လာတဲ့ အရပ်သားတစ်ပိုင်း အစိုးရရဲ့ ကနဦးနှစ်တွေမှာ ဖြေလျှော့မှု တချို့ပြုလုပ် ပြီး နိုင်ငံတကာနဲ့ ပြည်သူကြားမှာ မျက်နှာ ပန်းပွင့်အောင် လုပ်ဆောင်ပြခဲ့တယ်။ ပြည်သူတွေ ပါးစပ်ဖျားမှာ သမ္မတကြီး၊ သမ္မတကြီးလို့ အမည်နာမရခဲ့သလို နိုင်ငံတကာ ကလည်း ဒဏ်ခတ် မှုတွေဖြေ လျှော့၊ ကြွေးမြီ တွေလျှောက်ရင်း ““မြန်မာ့နွေဦး”” ကွလို့ အစိုးရဟာ လက်ခ မောင်း ခတ်နိုင်တဲ့အထိ မျက်နှာရခဲ့တယ်လို့ ဆိုရမှာပါ။

ကမ္ဘာ့အလယ်မှာ ““မြန်မာ့နွေဦး””လို့ တင်စားခံရတဲ့အထိ အသွင်ကူးပြောင်းမှု ချောမွေ့သယောင် အထင်ခံရ ခြင်းမှာကမ္ဘာ့ ငြိမ်းချမ်းရေး ပြယုဂ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှီအခိုမကင်းခဲ့ဘူး ဆိုတာတော့ လက် ရှိအစိုးရ ခေါင်းဆောင်စစ်သား ဟောင်းကြီးများ ၀န်ခံသင့်တဲ့အချက်ပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကူအညီ အထောက်အပံ့ရအောင် ဗျူဟာခင်းခဲ့တဲ့ အရင်တပ်မတော် အကြီးအကဲတွေရဲ့ နိုင်ငံ ရေးစွမ်းရည်ကိုလည်း အသိအမှတ်ပြုကြရမှာပါ။

ဖြေလျှော့မှုလမ်းစဉ် (Liberalization) နဲ့ အစပြုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခရီးဟာ သက်တမ်းဝက်လွန်လို့ ၂၀၁၄ ကာလ လောက်မှာတော့ (Transition) အသွင်ကူး ပြောင်းခြင်း အဆင့်ကို မတက်လှမ်းနိုင်တော့ဘဲ တရွတ်ဆွဲ သွားနေရတဲ့ လေတစ် ပိုင်းဖြတ်ဒီမိုကရေစီကို ရောက်ပြီး အီသွားပါတော့တယ်။ အရင်စစ်အာဏာရှင်အငွေ့ အသက်တွေ ပြန်လွှမ်းခြုံလာပြီး မြေသိမ်းမှု၊ မီဒီယာဖိနှိပ်မှု၊ ငြိမ်းချမ်းရေးခြေလှမ်း တွေတန့်ပြီး တိုက်ပွဲတွေပြန် လည်ဖြစ်ပွားမှု၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ညစ်လုံး ဗျူဟာတွေဖန်တီးလာမှု၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ တုံ့ဆိုင်းလေးကန်မှု၊ ပညာရေး ဗဟိုထိန်းချုပ်မှု၊ ကျောင်းသားအဖွဲ့အစည်းတွေအပေါ် ပြန်လည် အကျပ် ကိုင်လာမှု၊ လူမျိုးရေးပဋိပက္ခတွေ မီးပွားမသေမှု၊ တရားရေးမဏ္ဍိုင်ယိုင်နဲ့မှု၊ အဂတိလိုက်စား မှုတွေကို မတိုက် ဖျက်နိုင်မှု၊ လူတစ်စု စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လျစ်လျူရှုမှု စတဲ့ စတဲ့ ပြောမဆုံးပေါင် တောသုံး တောင် အဓမ္မမှုတွေရဲ့ ရုပ်လုံးတွေက ““မင်းသားခေါင်းကျွတ်ပြီး မိတ်ကပ်လိမ်းထားတဲ့ ဘီလူးခေါင်းကြီး””လို ဘွားခနဲ ပေါ်လာပါတော့တယ်။ လက်ရှိ အရပ်သား အစိုးရရဲ့ လမ်းစဉ်မူဝါဒတွေဟာ ၂၀၁၅ နီးလာလေ စစ်ရိပ်စစ်ယောင် တွေပြန်ယှက်သန်း လာလေဆိုတာကို သွားတွေ့ရပါတယ်။

ပြန်သုံးသပ်ရရင် လက်ရှိအစိုးရမှာ ဒီမို ကရေစီရင့်ကျက်ခိုင်မာမှု (Consolidation) ဆိုတဲ့ အဆင့်အထိ သွားဖို့ အစကတည်းက ဒီမိုကရေစီပန်းတိုင် မရှိပါဘူး။ လက်ရှိအစိုးရရဲ့ လက်ရှိ အာရုံစိုက်မှု ကိုလေ့လာကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာဆက်လက်ကိုင်စွဲရေးကိုပဲ အပူတပြင်းအားကုန်ထုတ်ခေါင်းချင်း ရိုက် နေတာ ကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပုဒ်မ၆(စ)အရ““နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက် ဦးတည်သည်””ဆိုထားတာကို ခွဲ ခြမ်းစိတ်ဖြာကြည့် ရင်လည်း ““အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး””ဆိုတာ ““စစ် တပ်ဦး ဆောင်သော နိုင်ငံရေး””လို့ အဓိပ္ပာယ် ရပါတယ်။ ““စစ်တပ်ဦးဆောင်သော နိုင်ငံရေး””ဆိုတာ ““စစ်အာ ဏာရှင်စနစ်””ကို စကားလုံး သွယ်ဝိုက်သုံးထားတာပါပဲ။ ၆(စ)ရဲ့ နောက်ဆုံးပုဒ် ““အစဉ်တစိုက် ဦးတည် သည်””ဆိုတာ ““အဓွန့်ရှည်တည် တံ့ရေး””လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါ ကြောင့်အခြေခံ ဥပဒေပုဒ်မ ၆(စ) ဟာ ““စစ် အာဏာရှင်စနစ် အဓွန့်ရှည် တည်တံ့ရေး””ဆိုတဲ့ ဦးတည်ချက်ကို ရည်ညွှန်းနေပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက်လက်ရှိ အစိုးရ အပူတပြင်း ပြင်ဆင်နေပုံတွေကလည်း ပုဒ်မ၆(စ)အတိုင်းပဲ အာဏာဆက် လက်စွဲကိုင်ဖို့ ဦးတည်ရည်မှန်းနေတာ သိသာထင်ရှားလွန်းလှပါတယ်။ ဒီအတွက်လည်း လက်ရှိ အစိုးရ ရွေးကောက်ပွဲပြင်ဆင် နေပုံဟာ ဖွဲ့စည်းပုံနဲ့ ညီညွတ်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

နောက် ပုဒ်မ ၆(ဃ)မှာပဲ နိုင်ငံတော်သည် ““စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်း ကား ရေး”” ကို အစဉ်တစိုက် ဦးတည်သည်ဆိုပြီး ပါရှိပြန်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောမှာ ““စည်းကမ်း”” ဟာပါဝင် ပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ သဘော တရားဟာ အလျားလိုက် (သို့)အောက်မှ အပေါ်သို့ဆို တဲ့ သဘောဟာ ပါဝင်နေပေမယ့် ““စည်း ကမ်း”” ရဲ့ သဘောကတော့ အထက်မှ အောက်သို့ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ဒါကြောင့်ပဲဆန့်ကျင်ဘက် သဘော တရားနှစ်ခုတွဲထားတဲ့ ““စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ စနစ်””ဆိုတာ ကမ္ဘာပေါ်မှာ မရှိတာပါပဲ။

ဒါပေမဲ့ တပ်မတော်မှာတော့ ““စည်း ကမ်း””ဟာ အသက်ဖြစ်တဲ့အတွက် တပ် မတော်အစိုးရ ရေးဆွဲခဲ့တဲ့၊ တပ်မ တော် သားဟောင်းတွေ လက်ရှိကိုင်စွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံမှာ ““စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ”လို့ ပြဋ္ဌာန်း ထားတာ ဆန်းတယ် လို့တော့မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပ်မ တော် အခန်းကဏ္ဍတွေ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းမိုးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံပါ ““စည်း ကမ်းပြည့်ဝ သော ဒီမိုကရေစီ””ဆိုတာကို အဓိပ္ပာယ် တည့် မတ်စွာဖွင့်ဆိုရင် ““တပ်မ တော် ဒီမိုကရေစီ””လို့ပဲ ဖွင့်ဆိုရမှာပါ။ ဒီအတွက်လည်း တပ်မတော် ဒီမိုကရေစီ ကျင့် သုံးနေတဲ့ လက်ရှိအစိုးရ ဗိုလ်ချုပ်ကြီး ဟောင်းတွေက ““တပ်မတော်ဟာ ကျေးဇူး ရှိကြောင်း”” တပ်မတော်ကို ကာကွယ် ပြောဆိုနေတာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီညွတ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာ ဆက်လက်စွဲကိုင်ရေး အတွက် ခေါင်းပူအောင် ခေါင်းချင်းဆိုင် ဗျူဟာတွေ ကျိတ်ကြံထုတ်နေတဲ့ လက်ရှိအာဏာပိုင်တွေ ကြားမှာ စစ်တပ်ရဲ့အသက်““စည်းလုံးမှု””ကိုလည်း ထူးခြားစွာ ပြန်လည်မြင်တွေ့ လာရပါတယ်။ အာဏာခွဲဝေကျင့်သုံးမှုမှာ အစိုးရနဲ့ လွှတ်တော်အပြန်အလှန် ပွတ် တိုက် တယ်ဆိုတဲ့ သဘောမျိုးအစိုးရ ကနဦးသက်တမ်းမှာ ပြည်သူတွေကြား သတင်းလွှင့်ခဲ့ပေမယ့် ဒါဟာ “မူ”အရ ပွတ်တိုက်မှု (Check and Balance) မဟုတ်ဘဲ “လူ”အရ ပွတ်တိုက်မှု (Personal Clash) သာဖြစ် ကြောင်း ပြည်သူတွေရိပ် စားမိလာကြပါ တယ်။ ““အရေးကြီးလျှင် သွေးနီးမည်””ဆိုတဲ့ ခံယူချက်များအတိုင်းပဲ ပင်မ(ဘုံ) အကျိုးစီးပွားအတွက် (၂၀၁၅ အာဏာ ဆက်လက်စွဲကိုင်ရေး)၊ ကြံ့ခိုင်ရေး ပါတီ အနိုင်ရရေးကို ဘုံရည်မှန်းချက် ထား ဦးတည်လာတာတွေ့ရပါတယ်။ အာဏာသုံးရပ်ခွဲဝေပုံထက် (Speration of power) အာဏာကို ““တပ်မ တော်၊ လွှတ်တော်၊ အစိုးရ””သုံးကိုယ်ခွဲ ကစားတဲ့ နိုင်ငံရေး ကစားကွက်လည်း ၂၀၁၅ နီးလာတာနဲ့အ မျှ သိသာ စွာ ရုပ်လုံးပေါ်လာပါတယ်။

ရုပ်ပြောင်းရုပ်လွှဲ အာဏာရှင် အသွင်သစ်တစ်ရပ် ဖော်ဆောင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အာဏာပိုင်တွေ အတွက် ကစားပွဲတစ်ခုရဲ့ အရေးအကြီးဆုံး နာကျင် အချိန်ပိုပဲ ဖြစ်ပါတယ်။ ဒိုင်လူကြီး (ရွေးကောက်ပွဲ ကော်မ ရှင်) ကလည်း ကိုယ့်ဘက်မှာ ရှိနေလေတော့ ဘယ်လိုလှည့်ဖြား ကစားကွက်၊ ဘယ်လို ညစ်လုံးနည်း ဗျူဟာ တွေနဲ့ ရေ ကုန် ရေခန်းကစားမလဲ ဆိုတာ ပြည်သူအပေါင်း မကြာမီ ရှုစား တော်မူကြရမှာပါ။

အတိုက်အခံနဲ့ ပြည်သူတစ်ရပ်လုံးကတော့ အာဏာပိုင်တွေ ဖော်ဆောင်တော့ မယ့် ရွေးကောက်ပွဲရှိတဲ့ အာဏာ ရှင် အသွင်သစ် အစိုးရ တစ်ရပ် ဖော်ဆောင်ရေး ရည်မှန်းချက်ကို ၂၀၁၄၊ ၂၀၁၅ (ကျန်ရှိ တဲ့ ၁၈ လတာကာ လ)မှာ အထူးဝီရိယထား နိုင်ငံရေးနိုးကြားမှု သတိနဲ့စောင့် ကြည့်ဝေဖန်နေကြဖို့ ဆော်သြလိုက်ရပါကြောင်း။

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

 
တူရကီ-ဆီးရီးယားနယ်စပ် ဒုက္ခသည်စခန်းတခုတွင် ဒုက္ခသည်ကလေးတဦးကို ချီထားသည့် Alan Henning. စက်တင်ဘာလ ၁၅၊ ၂၀၁၄။

ဖမ်းဆီးထားတဲ့ ဗြိတိသျှနိုင်ငံသား Alan Henning ကို သတ်ပလိုက်ပြီလို့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြောလိုက်ပါတယ်။

Henning ကို ခေါင်းဖြတ်သတ်နေတာကို ရိုက်ယူထားပုံရတဲ့ ဗွီဒီယိုကို သောကြာနေ့နှောင်းပိုင်းမှာ IS အဖွဲ့က ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားလို့ပြောတဲ့ နောက်ထပ်လူတယောက်ကို သတ်ပစ်မယ်လို့ IS အဖွဲ့က ခြိမ်းခြောက်တာနဲ့ ဗွီဒီယိုကို အဆုံး သတ်ထားပါတယ်။

ဒီဖြစ်ရပ်ကိုသာ အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ IS အဖွဲ့က ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို မကြာသေးခင် သီတင်း ပတ်တွေအတွင်း လေးယောက်မြောက် သတ်ဖြတ်မှုဖြစ်ပါတယ်။ ဗြိတိသျှ အကူအညီပေးလုပ်သား David Haines, အမေရိကန် သတင်းထောက်တွေဖြစ်ကြတဲ့ Jim Foley နဲ့ Steven Sotloff တို့ကို စစ်သွေးကြွတွေက သတ်ပစ်ခဲ့ပြီးသားပါ။

အီရတ်နိုင်ငံထဲက သူတို့စခန်းတွေကို အမေရိကန်ဦးဆောင် တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်းကနေ တိုက်ခိုက်တာကို လက်တုန့် ပြန်တဲ့အနေနဲ့ ဒီလူတွေကို သတ်ပစ်တာလို့ IS အဖွဲ့က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/islamic-state-beheading-alan-henning/2472008.htm


အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် IS အဖွဲ့ က ဗြိတိသျှ ဓားစာခံ နောက်တစ်ဦး ဖြစ်တဲ့ အယ်လန် ဟန်နင် Alan Henning ကို ခေါင်းဖြတ် သတ်နေတာ ကို ပြသနေတယ် လို့ ယူဆရ တဲ့ ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိ လာပါတယ်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဟန်နင်ဟာ အင်္ဂ္လန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်သူ ဖြစ်ပြီး တက္ကဆီ အငှားယာဉ်မောင်း တစ်ဦး ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ဆီးရီးယား နိုင်ငံ ကို စစ်ဘေး ဒုက္ခသည် တွေ အတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ သွားရောက် ပေးပို့ ခဲ့ရာကနေ အစွန်းရောက် သမားတွေ ရဲ့ ဖမ်းဆီးတာ ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

IS အစွန်းရောက်တွေ ဟာ သူတို့ ဖမ်းဆီးခဲ့ကြ တဲ့ အမေရိကန် စာနယ်ဇင်း သမားတွေ ဖြစ်တဲ့ ဂျိမ်းစ်ဖိုလီ နဲ့ စတီဗင် ဆော့ထ်လော့ဖ်၊ စကော့လူမျိုး ပရဟိတသမား ဒေးဗစ် ဟိန်းစ်တို့ ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141003_britain_beheading_is_henning


ဓါတ်ပုံ- မြန်မာ့တပ်မတော်၏ လက်နက်ကြီးများ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအစိုးရတပ် စစ်သည်အင် အား ထောင် ဂဏန်းသည် ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အင်အားတိုးဖြည့် လှုပ်ရှားလာ သော ကြောင့် တိုက်ပွဲများ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ SSPP ၏ နမ့်ပုတ်တပ်စခန်း ၊ လွယ်ကုန် လွယ် ကျိုင်း တပ်စခန်းအထိ ပျံ့နှံ့လာကြောင်း၊ ယမန်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော် ဘက်က ၁၀ ဦး သေဆုံး ၊ ၂၀ ထက်မနည်းဒဏ်ရာရရှိကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကလည်း ၃ ဦး ကျဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောသည်။

“မွန်းလွဲ၂ နာရီ မိုင်းရယ်တောင်ဘက်က လွယ်ကျူစိ ဘက်မှာ မြန်မာစစ်ကား တစီးဗုံးကွဲ မီးလောင် တယ်။ စစ်သား ၅ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရတယ်။ ပွဲချင်းပြီး က ၄ ယောက်လေ။ ဒဏ်ရာရသူတွေ ထဲက နားလီရွာ ခေါက်ဆွဲဆိုင် အရောက် မှာ ၁ ယောက်ထပ်သေတယ်။ ၄ နာရီ ၄၅ မိနစ် နမ့်ပုတ် နှင့်ကျေး သီးကြား လမ်းမပေါ် ပန်စယ့်ဘက်မှာတော့ ည ၇ ခွဲအထိ ပစ်ခတ်ကြတယ်။ ” ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းတပ်မှူး တဦးကပြော သည်။

“ကျနော်တို့ကို အလုံးအရင်းနဲ့လာတိုက်တယ်။ လက်နက်ကြီးတွေအများ အပြားသယ်လာပြီး ကျနော် တို့ကို လာထုတယ်။ လက်နက်ကြီး အဓိကသုံးတာ သူတို့က။ ခင်ဗျားစဉ်းစားကြည့်လေ ကျနော်တို့ဆီ အလုံးအရင်းအင်အားတွေနဲ့ လာတိုက်တယ်။ ကျနော်တို့ဘက်ကလည်း သူတို့အင်အား ထပ်မဖြည့် နိုင်အောင် လမ်းမှာ ဖြတ်တိုက်ရတော့တာပေါ့။ ဒါ ကျနော်တို့ဒေသကို ကျနော်တို့ ကာကွယ် တာလေ။ ဗမာပြည်ကို ကျနော်တို့ သွားတိုက်နေတာ မဟုတ်ဘူး။ အဲ - ကျနော်တို့ နေစရာစခန်းမရှိတော့ရင်တော့ သွားတိုက်ရမှာဘဲ။ ” ဟု တိုက်ပွဲဝင် တပ်မှူး တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားကြပြီးဖြစ်သည်။ ထို့ကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်နေ မှု ရပ်ဆိုင်းပေးရန် ဘန်ကောက်ရောက် သျှမ်းခေါင်းဆောင်များက စုပေါင်းကာ နိုင်ငံတော် သမ္မတထံ ယမန်နေ့က စာရေးတောင်းဆိုသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

လူသတ်တရားခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး
ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေ အဖြစ် မြန်မာနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်း ခံထားရ။
ထိုင်းနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူ တရားခံတွေအဖြစ် ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ထံ မြန်မာသံရုံး ကောင်စစ် အရာရှိ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ သွားရောက်မှာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီအဖွဲ့မှာတော့ မြန်မာသံရုံး ကောင်စစ်အရာရှိ - ဦးထွန်းအေး - မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာ အလုပ်သမားများ ကူညီ စောင့်ရှောက်ရေးအသင်းရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး၊ ဦးမိုးဝေတို့အပြင် စကားပြန်တွေပါ လိုက်ပါသွားကြမယ်လို့ ဆိုပါတယ်။

အဲ့ဒီအဖွဲ့ဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမှတစ်ဆင့် မြန်မာ အလုပ်သမားများ ချုပ်နှောင်ထားရာ ကော့စမွီကိုသွားမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကာယကံရှင်တွေ ကို တိုက်ရိုက် တွေ့ဆုံပြီး အဖြစ်မှန်ကို စုံစမ်း မေးမြန်းကြမှာဖြစ်ပါတယ်။

ဒီကိစ္စမှာ တရားမျှတမှု အပြည့်အဝ ရှိစေရေး အတွက် မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပြီး မြန်မာနိုင်ငံသားများ ကို အကာကွယ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတခုကို အလည်လာရင်း အသတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ခရီးသွားစုံတွဲ အသက် ၂၃ နှစ်အရွယ် Hanna Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ရဲ့ အလောင်းတွေကို သတ်ဖြတ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံသားနှစ်ဦးက ၀န်ခံခဲ့တယ်လို့ ထိုင်းရဲက ပြောဆိုအပြီး မကြာခင်မှာပဲ မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/two-myanmar-men-confess-killing-british-tourists-in-thailand/2471412.html

ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီးသည်စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ ၀န်ခံထွက်ဆိုထားသူ မြန်မာနိုင်ငံသားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ဖို့ ရှေ့နေနှစ်ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့သူသိများတဲ့ ခိုတောင်းကျွန်းမှာ အသက် ၂၃ နှစ်နဲ့ ၂၄နှစ်အရွယ် ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းရဲတွေ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတင်းမာပြီး၊ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်တော့မယ့် အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲတွေ ဒီကနေ့ ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်ဖြူဇာတိ မြန်မာနိုင်ငံသားနှစ်ဦးဟာ လောလောဆယ် ဆူရတ်ဌာနီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး လာမယ့်သီတင်းပတ် တနင်္လာနေ့မှာ သူတို့ကို သွားရောက်တွေ့ဆုံဖို့ ရှေ့နေတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က RFA ကို ပြောပါတယ်။

"ဒီနေ့ မနက်ကပဲ ကလေးတွေနဲ့ ထောင်မှာသွားတွေ့ဖို့ ရှေ့နေနဲ့သွားတွေ့ဖို့ စာတွေဘာတွေ ပေးလိုက်ပါတယ်၊ ထွက်လာမယ့်အဖြေပေါ့နော်၊ ထိုင်းအစိုးရကတော့ ဥပဒေအတိုင်းစစ်မှာပဲလေ၊ ဒါကတော့ သူတို့ဥပဒေအတိုင်း ကျနော်တို့ လိုက်နာရမှာပေါ့၊ သူတို့ကိုယ်တိုင်စစ်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ကျနော်တို့က ဘယ်လိုကူညီရမလဲ၊ ဘယ်လိုလုပ်မလဲဥစ္စာတော့ ရှေ့နေနဲ့ ဥပဒေအတိုင်း လုပ်ခိုင်းထားပါတယ်"

တရားခံလို့ မနေ့က ၀န်ခံထွက်ဆိုလိုက်သူ မြန်မာနိုင်ငံသားနှစ်ဦးဟာ မှုခင်းစတင်ပေါ်ပေါက်စဉ်က ကနဦး ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ပါဝင်ပြီး၊ မျိုးရိုးဗီဇ DNA စစ်ဆေးချက်နဲ့ မတူညီတဲ့အပြင် အမှုနဲ့မသက်ဆိုင်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် အခုသီတင်းနှစ်ပတ်လောက်အကြာမှာ ဒုတိယအကြိမ် ပြန်လည်အဖမ်းခံခဲ့ရသူတွေဖြစ်တယ်လို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ အခုအကြိမ် ဖမ်းဆီးခံရချိန်မှာတော့ သူတို့နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ဟာ သတ်ဖြတ်ခံရသူတွေရဲ့ ကိုယ်ခန္ဓာမှာတွေ့ရတဲ့ DNA နဲ့ ကိုက်ညီမှုရှိတယ်လို့ ထိုင်းရဲချုပ် ဗိုလ်ချုပ်ကြီး ဆွန်ယော့က ပြောပါတယ်။

ဒီအမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကြား အထူးစိတ်ဝင်စားမှုရှိပြီး၊ ထိုင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်အပေါ် သံသယရှိကြောင်း RFA ကို ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

စကား.. စကား ပြောပါများ စကားထဲက ဇာတိပြ၊ နှုတ်တစ်ရာစာတစ်လုံး ဟူသော စကားများကို ပြန်လည်ကြားယောင်မိသည်။ တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ၊ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒုတိယမြောက် အထွေထွေရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ အရေးကြီးနေသည့်ကာလတွင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးဇာတိရုပ်ကို ရောင်ပြန်ဟပ်နေမည့် မိန့်ခွန်းကို မိန့်ကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတစ်ရပ်ကို ထုတ်လွှင့်ထုတ်ပြန်ခဲ့သည်။ သမ္မတ၏ လစဉ်ရေဒီယိုမိန့်ခွန်းဖြစ်သော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အင်န်စီစီတီ) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး သဘောတူစာချုပ်မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုများ သောင်မတင်ရေမကျဖြစ်နေပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်မြေအချို့တွင် သေနတ်သံ၊ ဗုံးသံများ ကွက်ကျားမိုးရွာနေသည့်ကာလနှင့် အချိန်ကိုက်နေသော မိန့်ခွန်းဖြစ်သည့်အလျောက် အလေးအနက်ထား နားထောင်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ထွန်းလျက်ရှိသော နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာကြည့်မည်ဆိုလျှင် အဆင့်တစ်ဆင့်ကို ရောက်နေပြီကို တွေ့ရမည်ဖြစ်သည်ဟု သမ္မတက ပြောကြားခဲ့သော်လည်း မြေပြင်အခြေအနေတွင် မည်သည့်အဆင့်သို့ ရောက်နေသည်၊ ရှေ့တွင် မည်သည့်အဆင့်များ ရှိနေသည်တို့ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်မပြောခဲ့ပေ။ အကယ်စင်စစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ၂ဝဝ၃ ခုနှစ်တွင် ရေးဆွဲချမှတ်ခဲ့သော မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံ၏ နောက်ဆုံးအဆင့်၌ ရောက်ရှိနေသည်မှာ ပကတိအခြေအနေပင် ဖြစ်သည်။

ရရှိပိုင်ဆိုင်ထားသော အခြေအနေကောင်းများကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက်ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ သမ္မတမိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။ သို့သော် ရရှိပိုင်ဆိုင်ထားသော အခြေအနေကောင်းများဆိုသည်မှာ မည်သည့်အခြေအနေများဖြစ်သည်နှင့် မည်သို့ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ထားသည်တို့ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ စားရေး၊ ဝတ်ရေး၊ နေရေး နှင့် မိသားစုဝင်ငွေပြဿနာများနှင့် ပတ်သက်လျှင် ဆင်းရဲမွဲတေမှု နွံနစ်နေသော အောက်ခြေတိုင်းရင်းသား ပြည်သူလူထု အများစုကြီး၏လက်ထဲတွင် ဘာမျှဆုပ်ကိုင်ထားနိုင်ခြင်း မရှိသည်မှာ သိသာမြင်သာသည်။ အကယ်စင်စစ် နိုင်ငံရေးဖြစ်စဉ် ဆက်လက်ရှင်သန်ရေးတွင် လက်ရှိအစိုးရနှင့် တပ်မတော်တို့တွင်သာ အဓိကတာဝန်ရှိသည်ဟု သုံးသပ်နိုင်ပြီး နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဆော်ဩခြင်းထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရေးတွင် သမ္မတ နှင့် အစိုးရအဖွဲ့ကို ပိုမိုတွန်းအားပေးရမည့်သဘောသာ ပိုကဲမည်ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်သမ္မတအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး လတ်တလော အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်၏ အဖုအထစ်များကို ဖြေလျှော့စေသင့်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုထိထိရောက်ရောက်ပါဝင်နိုင်ရန် လိုအပ်လျက်ရှိသည်။ နိုင်ငံရေးအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို မတရားအသင်းများအဖြစ် ထုတ်ပြန်ကြေညာချက်ကို ရုပ်သိမ်းသည့်အမိန့်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့ ပူးပေါင်းလျက် ထုတ်ပြန်နိုင်မည်ဆိုလျှင် ပိုမိုလျော်ကန်သင့်မြတ်မည် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်သမ္မတအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်လေ ပိုမိုထိရောက်လေဖြစ်မည့်ဘက်ကို ဦးတည်နေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါသည်။
ထိုသို့စတင်နိုင်မှသာ ကြားကာလနိုင်ငံရေးတည်ငြိမ်မှု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်မှုနှင့် ညင်သာသော နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမည်ဖြစ်သည့်အကြောင်းကို သတိပြုမိစေလိုကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ၏ မိန့်ခွန်းတွင် သတိပြုစေလိုကြောင်းဟု သုံးနှုန်းသဖြင့် ယေဘုယျ သတိပေးသည့်သဘောဟု သုံးသပ်နိုင်သည်။ သမ္မတအနေဖြင့် အဆိုးဘက်ဦးတည်သွားမည်ကို စိုးရိမ်သည်ဆိုလျှင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင် ကိုယ်ကျ ပွင့်လင်းမြင်သာမှုရှိရှိ၊ ထိထိရောက်ရောက် ပါဝင်သင့်ကြောင်း ထပ်လောင်းတိုက်တွန်းလိုပါသည်။ ထို့အပြင် သမ္မတအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စ နှောင့်နှေးကြန့်ကြာနေရသည့် စိန်ခေါ်မှုများကို ခရေစေ့တွင်းကျ သိရှိနိုင်ရေး နှစ်ဖက်အသံများကို ပွင့်ပွင့်လင်းလင်းကြားနာသင့်သည်ဟုလည်း ထင်မြင်မိသည်။

အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည်ဆိုသည့်အချက်ကို မငြင်းနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်းကို ကြားကာလနိုင်ငံရေးတည်ငြိမ်မှု ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှု ညင်သာသောနိုင်ငံရေးအသွင် ကူးပြောင်းမှုတို့နှင့် ချိတ်ဆက်သုံးသပ်ထားသည်မှာ ကြောင်းကျိုးခိုင်လုံမှုမရှိဟု ဆိုနိုင်သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်းမရှိလျှင် ကြားကာလနိုင်ငံရေး တည်ငြိမ်မှုသည် မရေမရာဖြစ်လာနိုင်သည်ဟု မည်သည့်အခြေအနေများ၊ အချက်အလက်များအပေါ် အခြေပြုသုံးသပ်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောကြားနိုင်ရန် လိုအပ်ဆဲ ဖြစ်သည်။

၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့လျှင် ရေရှည်အမြင်ရှိရှိ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် အနည်းဆုံး တစ်နှစ် အချိန်ယူရမည်ဟု သုံးသပ်နိုင်သည်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံတွင် ပြင်ဆင်မှုကာလကို တစ်နှစ်နီးပါး ယူခဲ့ရသည့် သာဓကများရှိပြီး ဖြစ်သည်။ ထို့အပြင် ၂ဝ၁၅ ခုနှစ်သည် အထွေထွေရွေးကောက်ပွဲနှစ် ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကိစ္စများနှင့် ဗျာများနေမည့်အချိန်တွင် နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထုဆစ်မည့် နိုင်ငံရေးဆွေးနွေးပွဲများကို မဖြစ်မနေကျင်းပရန် လိုအပ်သည်ဟုဆိုခြင်းမှာ ကြောင်းကျိုးခိုင်လုံမှု မရှိပါ။ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် အခြေအနေများနှင့် နှိုင်းယှဉ်လျှင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်မှုကို မရေရာ မသေချာဖြစ်စေနိုင်သည်ဟု ကောက်ချက်ပြုနိုင်ခြေ အလျှင်းမရှိပေ။

အချုပ်အားဖြင့်ဆိုသော် သမ္မတ၏မိန့်ခွန်းအရ ၂ဝ၁၅ ခုနှစ်မတိုင်မီ အပစ်ရပ် လက်မှတ်မထိုးနိုင်လျှင်၊ နိုင်ငံရေးဆွေးနွေးပွဲများ မစနိုင်လျှင်၊ နိုင်ငံရေးတည်ငြိမ်မှု၊ အသွင်ကူးပြောင်းမှုနှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတို့၏ ရေရာသေချာမှုကို ထိခိုက်နိုင်သည့် သဘောကောက်ချက်သည် ကြောင်းကျိုးဆီလျော်မှု ကင်းလွတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည်အမြင်နှင့် တည်ဆောက်လိုသည့်သဘောနှင့် ဖီလာဆန့်ကျင်နေသည်။ အဆိုပါကောက်ချက်သည် အတိုက်အခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးအရ အကျပ်ကိုင်သည့် သဘော၊ ဖိအားပေးသည့်အသွင်ဆောင်သွားမည်ဆိုလျှင် ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဖရိုဖရဲဖြစ်စေပြီး ခဲလေသမျှ သဲရေကျကိန်းဆိုက်နိုင်ဖွယ်ရှိပါကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်။
Eleven Media Group
Eleven Media Group



လာမယ့် ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ နှစ် ၁ဝဝပြည့်မယ့် ဗိုလ်ချုပ်မွေးနေ့ ရာပြည့်ပွဲတော်ကို လွတ်လပ်ရေး ဖခင်ကြီးရဲ့ မွေးရပ်ဇာတိ နတ်မောက်မှာ ၇ရက်တိုင် ခြိမ့်ခြိမ့်သဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်နေကြပါပြီ။ ဗိုလ်ချုပ်ရာပြည့်အတွက် မြန်မာအစိုးရ ကူညီထောက်ပံ့တာ ရှိရဲ့လား။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့အတွက် အခုအချိန်ထိ မြန်မာအစိုးရရဲ့ ကူညီပံ့ပိုးမှုမရှိဘူးလို့ ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က ဦးဇော်မင်းက ပြောပါတယ်။ နိုင်ငံတကာမှာဆိုရင် သူတို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ အမှတ်တရပွဲတော်ကို သက်ဆိုင်တဲ့အစိုးရတိုင်းက ဒီအတိုင်း ကြည့်မနေကြဘူးလို့ သူက နှိုင်းယှဉ်ပြောဆိုပါတယ်။

(ဦးဇော်မင်း - တွဲဖက်အတွင်းရေးမှူး၊ ဗိုလ်ချုပ်ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ဗဟိုဦးစီးအဖွဲ့) 6328 (2:21-3:06/ 6327

၂ဝ၁၅ ဖေဖော်ဝါရီ ၇ရက်နေ့ကနေ ၁၃ရက်နေ့ထိ ကျင်းပမယ့် ဗိုလ်ချုပ် ရာပြည့်ပွဲတော်မှာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးကို ဂုဏ်ပြုတဲ့ ပြခန်းတွေ၊ ဗိုလ်ချုပ်အကြောင်း ပြိုင်ပွဲနဲ့ စာပေဟောပြောပွဲတွေ၊ ဖျော်ဖြေပွဲတွေ ထည့်သွင်းမှာဖြစ်သလို ညပိုင်းတွေမှာ တရားပွဲတွေ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ် ရာပြည့်ပွဲတော်ကို လူတွေပိုသိအောင်နဲ့ ရန်ပုံငွေထည့်ဝင်နိုင်ဖို့ အခုလို ၅လလောက်အလိုကတည်းက ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ကုန်ကျစားရိတ်က ကျပ်သိန်းထောင်ချီနိုင်တယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

(ဦးဇော်ဝင်း - ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်ချုပ်ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ဗဟိုဦးစီးအဖွဲ့) 6326 (3:26-4:18)

ရာပြည့်ပွဲတော်ဟာ နတ်မောက်သားတစ်ယောက် တိုင်းပြည်အတွက် ဘယ်လိုတာဝန်ထမ်းဆောင်ခဲ့သလဲဆိုတဲ့ အချက် ပေါ်လွင်ဖို့သာ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှိတဲ့ ရာပြည့်ပွဲတော်ကျင်းပမယ့် ကွင်းဟာ စည်ပင်ကပိုင်တာကြောင့် အသုံးပြုခွင့်ရဖို့ တောင်းခံထားပြီး ပွဲတော်ကျင်းပဖို့အတွက်တော့ ခွင့်မတောင်းဘူးလို့ ဦးဇော်မင်းက ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရာပြည့်ပွဲတော်ကို တက်ရောက်ပြီး ကျမဖေဖေအကြောင်း ဟောပြောဖို့နဲ့ အထိမ်းအမှတ် ကမ္ဗည်းကျောက်စာတိုင် စက်ခလုပ်နှိပ်ဖွင့်ပေးဖို့ သူတို့အဖွဲ့က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

(ဦးဇော်မင်း - တွဲဖက်အတွင်းရေးမှူး၊ ဗိုလ်ချုပ်ရာပြည့်ပွဲတော်ဖြစ်မြောက်ရေး ဗဟိုဦးစီးအဖွဲ့) 6328 (3:18-3:52)

ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် ရန်ပုံငွေရှာဖွေရေးကို NLD ပါတီနဲ့ ပန်းရဲ့လမ်းတို့က ကူညီပေးနေပြီး ကုန်ကျမယ့်စားရိတ် မကာမိသေးဘူးလို့ ဆိုပါတယ်။
Kamayut media

တရုပ်ပြည်မကြီးရဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ဟောင်ကောင်က ကျောင်းသား/ကျောင်းသူလေးတွေဝတ်တဲ့ တီရှပ်...မဟ္တမဂန္ဒီ၊ မင်ဒဲလား၊ မာတင်လူသာကင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ..

ဂျပန်နိုင်ငံရဲ့ စတုတ္ထ အကြီးဆုံးမြို့ နာဂိုယာနဲ့ ကင်းတဲ့သူ မရှိသလောက် ရှိပါတယ်။ သင့်မှာ ကိုယ်ပိုင်ကား ရှိတယ် ၊ ဒါမှမဟုတ် သင်ယာ လေယာဉ်နဲ့ ခရီးသွား လာလေ့ ရှိတယ် ၊ ယုတ်စွအဆုံး စာရွက် စာတမ်းတွေကို ပရင်တာနဲ့ ထုတ်တယ် ဆိုရင်ကိုပဲ သင်ဟာ နာဂိုယာ က ထုတ်လုပ်တဲ့ ပစ္စည်း ၊ ကိရိယာ ၊ အစိတ်အပိုင်း တစ်ခုခုကို အသုံးပြု နေမိမှာပါ။ သင်လဲ တခြားလူ တွေလိုပဲ ရောင်စုံမီးတွေ ထိန်ထိန်ညီး နေတဲ့ တိုကျိုမြို့ ကိုပဲ အာရုံစိုက် မိပြီး နာဂိုယာ ကိုတော့ မေ့လျော့ နေမှာပါ။

ဒါပေမဲ့ နာဂိုယာ ဟာ အာရှတိုက်ရဲ့ စီးပွားရေး ဒိုင်နမိုလို့ တင်စားခေါ်ဝေါ် ရလောက်အောင်ကို အရေးပါ နေပါတယ်။ နာဂိုယာဟာ ဂျပန်နိုင်ငံရဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရေး ဗဟိုချက် ဖြစ်ပါတယ်။ ဖူဂျီ၊ ဟွန်ဒါ၊ မစ်ဆူဘီရှီ၊ ဘရာသား၊ တိုယိုတာ အစရှိတဲ့ ကမ္ဘာကျော် ဂျပန်ကုမ္ပဏီကြီး တွေက ကား၊ လေယာဉ်နဲ့ ကား အပိုပစ္စည်း၊ အီလက်ထရွန်းနစ် ပစ္စည်းတွေကို နာဂိုယာ မှာထုတ်တဲ့ အတွက် နာဂိုယာ မှာ ဂျပန် တစ်နိုင်ငံလုံးရဲ့ ထုတ်ကုန် ပစ္စည်းရဲ့ ၄ဝ ရာခိုင်နှုန်းကို ထုတ်လုပ် နေပါတယ်။ ဒါကြောင့်လဲ နာဂိုယာ ဟာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ပစ္စည်း ထုတ်လုပ်မှု၊ ကုန်စည် စီးဆင်းမှု၊ ငွေကြေး လည်ပတ်မှု ဆိုင်ရာ ဗဟိုချက်မကြီး ဖြစ်နေတာပါ။ နာဂိုယာ မှာ ဂျပန် တစ်နိုင်ငံလုံး GDP ရဲ့ ၁ဝ ရာခိုင်နှုန်း လည်ပတ် နေပါတယ်။ ဒါဟာ ပိုလန်၊ ဘယ်လ်ဂျီယမ် နဲ့ အခြားနိုင်ငံ မြောက်မြားစွာ တို့ထက် သာလွန် နေတာဖြစ်ပြီး တစ်ကမ္ဘာလုံး GDP ရဲ့ တစ်ရာခိုင်နှုန်း နဲ့ကို ညီမျှ နေပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ သိပ်ကို မာပါတယ်။ လေယာဉ်၊ မော်တော်ယာဉ် နဲ့ အခြား နည်းပညာမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ထိပ်ပြေး နေဆဲဖြစ်ပြီး အခုအချိန်မှာ အကောင်းဆုံး ခရီးသည်တင် လေယာဉ်လို့ ပြောလို့ရတဲ့ Boeing Dreamliner 787 ရဲ့ အစိတ်အပိုင်း အများစုကိုလဲ နာဂိုယာမှာပဲ ထုတ်လုပ် နေတာပါ။ နာဂိုယာ အခြေစိုက် နီပွန် လေကြောင်းဟာ ကမ္ဘာပေါ်မှာ Dreamliner ကို ပထမဆုံး ပျံသန်း ပို့ဆောင်ခွင့် ရရှိခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွက် Dreamliner ပစ္စည်းတွေ ထုတ်လုပ်ပေးပြီး နိုင်ငံအရောက် မောင်းနှင် ပို့ဆောင်ပေးခွင့် ရရှိတဲ့ အတွက်လဲ အမေရိကန် နဲ့ ဂျပန် ဆက်ဆံရေးဟာ ပိုပြီး တိုးတက် ကောင်းမွန် လာပါတယ်။

ဒါနဲ့ မတင်းတိမ် နိုင်တဲ့ ဂျပန် အစိုးရဟာ နာဂိုယာ မှာ ဖွံ့ဖြိုးတိုး တက်ရေး နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တွေလုပ်ဖို့  Greater Nagoya Initiative စီမံချက်နဲ့ ပြည်နယ် အစိုးရတွေကို ပေါင်းစည်းခဲ့တယ်။ ပညာရေးနဲ့ သုတေသန တက္ကသိုလ် တွေကို တိုးမြှင့်ဖွင့်လှစ် ခဲ့ပြီး စီးပွားရေးဇုန် အသစ်တွေကို ထပ်မံဖွင့်လှစ် ခဲ့တယ်။ ရင်းနှီးမြှုပ်နှံ ချင်တဲ့ ကုမ္ပဏီတွေ အတွက်တော့ ဒီစီမံချက်ဟာ ရေဆာတုန်း ရေတွင်းထဲ ပြုတ်ကျ သလိုပါပဲ။ ဒီလိုနဲ့ တစ်ချိန်က စစ်ဘုရင် တွေရဲ့ မွေးရပ်မြေဟာ အခုဆိုရင် စဉ်ဆက်မပြတ် ကြီးထွား လာနေတဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်ကြီး ဖြစ်လို့ လာပါပြီ။ ကားနဲ့ လေယာဉ်ပိုင်း ဆိုင်ရာ ကုန်ပစ္စည်း ထုတ်လုပ်မှု အရှိန်အဟုန် ရလာတာနဲ့ အမျှ ဘဏ္ဍာရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာလဲ တိုးတက်မှုတွေ ရှိလာခဲ့ ပါတယ်။ ဒီနှစ်ထဲမှာ ပစိဖိတ် ချိုင့်ဝှမ်းဒေသ ဘဏ္ဍာရေး၊ စီးပွားရေး နဲ့ စာရင်းစစ် စီမံခန့်ခွဲရေး အဖွဲ့ကြီးဟာ နာဂိုယာ မှာ တွေ့ဆုံ စည်းဝေးမှာပါ။ ယူနက်စကို ရဲ့ ကမ္ဘာ့ ပညာရေး ညီလာခံကို လဲ ဒီ နိုဝင်ဘာလ ထဲမှာ နာဂိုယာ မှာပဲ ကျင်းပဖို့ ရှိပါတယ်။

နာဂိုယာမှာ ထူးဆန်း တာတွေ ကျန်ပါ သေးတယ်။ ဂျပန်နိုင်ငံမှာ လေယာဉ် အဆင်း၊ အတက် အများဆုံး ဖြစ်တဲ့ နာဂိုယာချူဘူ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ကျွန်းအတု ပေါ်မှာ တည်ဆောက် ထားပါတယ်။ နာဂိုယာ မြို့လယ်ကောင် ကနေ ရထားစီးသွားရင် ၄၅ မိနစ်နဲ့ ရောက်ပါတယ်။ ရထားလက်မှတ် က ၁၂ ဒေါ်လာပဲ ရှိပေမယ့် တက္ကစီ ငှားစီးသွားမယ် ဆိုရင်တော့ ကန်ဒေါ်လာ ၁၂ဝ လောက် ကုန်ကျ ပါလိမ့်မယ်။ နာဂိုယာ မြို့ထဲမှာ ဆိုရင်လဲ သန့်ရှင်းနေပြီး မြို့အနှံ့ ပြေးဆွဲပေးနေတဲ့ မြေအောက်ရထား ခြောက်စီးက မြို့အနှံ့ ပို့ဆောင် ပေးပါလိမ့်မယ်။ ရထားလက်မှတ် ဖိုး နှစ်ဒေါ်လာ ကနေ သုံးဒေါ်လာ အထိပဲ ရှိပါတယ်။ တက္ကစီ စီးမယ် ဆိုရင်တော့ သင့်လိပ်စာကို ဂျပန်လို ရေးထားဖို့ လိုပါလိမ့်မယ်။ တက္ကစီသမား တွေဟာ ဂျပန်လိုပဲ နားလည် ကြတာ များပါတယ်။

တခြား ဂျပန်မြို့ကြီး တွေလိုပါပဲ နာဂိုယာ မှာ တစ်နေ့ ကုန်ကျစရိတ်ဟာ မသေးလှ ပါဘူး။ ဟိုတယ်တွေ၊ စားသောက်ဆိုင် တွေအားလုံးမှာ အကြွေးဝယ်ခွင့် ကတ်ပြားမျိုးစုံ သုံးလို့ရတဲ့ အတွက် တော်ပါသေးတယ်။ ဒါပေမဲ့ တက္ကစီ စီးရင်တော့ ငွေသားပဲ ပေးချေ ရပါတယ်။ ဂျပန်လူမျိုး တွေဟာ ယဉ်ကျေးမှု ကျင့်ဝတ်တွေကို တိကျစွာ လိုက်နာ ပါတယ်။ ဒါတွေကို သိနေမှလဲ သင် လုပ်ငန်း လုပ်ကိုင်ရတာ အဆင်ပြေ လွယ်ကူမှာပါ။ လိပ်စာကတ်ပြား တွေကို ပေးတဲ့အခါမှာ လက်နှစ်ဖက်နဲ့ ပေးရပါတယ်။ အရေး အပါဆုံး လူကို ကတ်ပြား အရင်ဆုံး ပေးဖို့လဲ ဂရုစိုက်ပါဦး။ ဝင်ပေါက်နဲ့ အဝေးဆုံးမှာ ထိုင်နေတဲ့သူက သင်အရင်ဆုံး လိပ်စာကတ် ပေးရမယ့် သူပါ။

သင်ကိုယ်တိုင်လဲ လိပ်စာကတ်ကို လက်နှစ်ဖက်နဲ့ ယူပြီး သင့်ရှေ့စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားပါ။ ထိုင်ချလိုက်မယ့် ဘောင်းဘီအိတ်၊ ပိုက်ဆံအိတ်တွေ ထဲမှာ လုံးဝ မထည့်ပါနဲ့။ ဒါ သူတို့ အမြင်မှာ သိပ်ကို ရိုင်းစိုင်း ပါတယ်။

ဂျပန်လူမျိုး တွေဟာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ကိုယ်ကိုကိုင်းညွှတ် နှုတ်ဆက်ကြ ပါတယ်။ သင်ကိုယ်တိုင် လဲ သူတို့လောက် မကိုင်းညွှတ်တောင် အနည်းငယ်တော့ ကိုင်းညွှတ်ပေးပါ။ လက်ဆွဲ နှုတ်ဆက်ပါ။ သင့်ကိုစကား ပြောနေရင်း မျက်လုံးချင်း ဆုံမိနေ ပါစေ။ သူတို့နားကိုတော့ သိပ်ကပ် မရပ်ပါနဲ့။ သူတို့ရဲ့ ရာထူး၊ အလုပ် အကိုင်နဲ့ ခေါ်ဝေါ်တာကို နှစ်သက် ကြပါတယ်။ ဝမ်းနည်းစရာ ကောင်းတာကတော့ နာဂိုယာ ရဲ့သမိုင်းဝင် နေရာ အတော်များများ ဟာ ဒုတိယကမ္ဘာ စစ်ထဲမှာ ပျက်စီးသွားခဲ့ ပါတယ်။ တကယ်တော့ ဂျပန်နိုင်ငံရဲ့ အထင်ကရ သူရဲကောင်းကြီး တွေဟာ ဒီမှာမွေးဖွား ခဲ့တာပါ။ အခုချိန်အထိ ကျန်နေသေးတာ ဆိုလို့  Nagoya Castle ပဲရှိပါတယ်။ ဒီရဲတိုက်ထဲမှာ သမိုင်းဝင် ပန်းချီကားတွေ၊ ရုပ်တုတွေ စုံလင်စွာ ပြသ ထားပါတယ်။

ဒီလို ဘယ် - ညာ ညီမျှစွာနဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက် နေတဲ့ နာဂိုယာ ကို လူတွေ မေ့လျော့ နေကြတာ အံ့သြစရာပါ။ တကယ်တော့ နာဂိုယာဟာ အာရှတိုက် တစ်တိုက်လုံး အတွက် ကုန်စည် စီးဆင်းမှုကို လည်ပတ် ထုတ်လုပ် ပေးနေတဲ့ စီးပွားရေး ဒိုင်နမိုကြီးလို့ ခေါ်မယ်ဆိုရင် မှားမယ် မထင်ပါဘူး။ နာဂိုယာ ဟာ ဒုတိယကမ္ဘာ စစ်ဒဏ်ကို အလူးအလဲ ခံခဲ့ရပေမယ့် စစ်ကြီး နောက်ပိုင်းမှာ တောက်လျှောက် တိုးတက် လာခဲ့ပါတယ်။ ဒီနေ့ ဒီအချိန် ကမ္ဘာပေါ်မှာ နည်းပညာမြင့် ကုန်ပစ္စည်း ထုတ်လုပ်မှု အများဆုံး မြို့တော်လို့ ခေါ်လို့ရနေ ပါတယ်။

ဂျပန်နိုင်ငံရဲ့ ချယ်ရီမြို့တော် နာဂိုယာ ကို စာဖတ်သူလဲ မေ့လျော့ မနေစေဖို့ အခုလို လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_3.html

ဒီနေ့ အောက်တိုဘာ၃ရက်နေ့မနက် နေပြည်တော် လွှတ်တော်မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ယောထမီနဲ့ အနီရောင်ဒေါင်းပုဝါကို သီတင်းကျွတ် ဂါရ၀ပြုသွားပါတယ်။ "အမကြီး ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာချမ်းသာပါစေ ဆုပေးတယ်"လို့ ဦးလှဆွေက သူ့ဖေ့ဘုတ်မှာလည်း ဖော်ပြရေးထားပါတယ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News


(၁)

အောက်တိုဘာလ (၁) ရက်နေ့မှာ သမ္မတဦးသိန်းစိန်ပြောတဲ့
မိန့်ခွန်းဟာ အရင်လတွေပြောပုံနဲ့မတူပဲ အဓိပ္ပါယ်ရှိနေတယ်ဆိုတာကို
တွေ့ကြရမှာပါ ၊ ဦးသိန်းစိန်ဟာ အရင်လတွေတုန်းကလို ပျင်းရိငြီးငွေ့ဖွယ်
မိန့်ခွန်းမျိုး၊ ဘာမှဖြစ်မလာတဲ့ မိန့်ခွန်းမျိုးတွေကိုမပြောပဲ ၊
အတိုက်အခံအင်အားစုအပါအ၀င် စောင့်ကြည့်နေတဲ့ပြည်သူတွေအပေါ်
ထူးခြားတဲ့ စကားတွေပြောခဲ့ပါတယ်၊

အဲဒီထဲမှာ အဓိက သတိထားမိတာကတော့..
ငြိမ်းချမ်းရေးမရရင် ရွေးကောက်ပွဲမလုပ်ပေးနိုင်တဲ့သဘောမျိုး
ပြောဆိုခဲ့တာပဲဖြစ်ပါတယ်၊

ဒီစကားဟာ သမ္မတဦးသိန်းစိန်အပါအ၀င် ၊
သမ္မတဦးသိန်းစိန်အစိုးရရဲ့နောက်ကွယ်က..
လူတွေရဲ့.စိတ်မရှည်နိုင်မှုနဲ့ အရှုံးကို လက်မခံနိုင်မှု ၊
၂၀၁၅ ရွေးကောက်ပွဲကို မပြုလုပ်စေချင်မှုတို့ကို
လယ်ပြင်မှာဆင်သွားသလို ထင်ရှားလာခဲ့ပါတယ်၊

ဘာကြောင့်ဒီလိုတွေဖြစ်နေရသလဲ
ဘာကြောင့်ဒီလိုတွေပြောနေတာလဲဆိုတာကို
လက်ရှိအနေအထားတွေနဲ့ ယှဉ်ပြီးသုံးသပ်တွေ့မြင်ရမှာဖြစ်ပါတယ်၊

----------------------

(၂)

ကမ္ဘာ့အနေအထားကို ပြန်ကြည့်ရင်..

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို
လေးစားရင်းစွဲရှိတဲ့ အနောက်နိုင်ငံများအနက်က
အမေရိကန်နိုင်ငံဟာ မွတ်စလင်အစွန်းရောက်
အကြမ်းဖက်အဖွဲ့အစည်းတွေကို
စစ်ကြေငြာပြီး ဗြောင်ကျကျ လိုက်လံဗုံးကြဲတိုက်ခိုက်နေတဲ့
အခြေအနေဖြစ်ပြီး အစွန်းရောက်ဆိုရင် အပြတ်ရှင်းလေ့ရှိတဲ့
အိုဘားမားအစိုးရရဲ့ ခံယူချက်ကို ကမ္ဘာကိုပြသနေသလို
အာရပ်နိုင်ငံအချို့ကပါ သူတို့ရဲ့ဘာသာတူအစွန်းရောက်တွေကို
နှိမ်နင်းနေတာကို တွေ့ရပါတယ်၊

အစ္စလာမ္မစ်အစွန်းရောက်တွေကို အနာခံပြီးလိုက်ရှင်းရဲတာဟာ
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကသာ လုပ်နိုင်ခဲ့ကြတယ်ဆိုတာကို
ကမ္ဘာပြည်သူတွေဟာ အစကတည်းက တွေ့မြင်ခဲ့ကြရပါတယ်၊

အဲဒီအနေအထားဟာ.အမေရိကန်နဲ့ အနောက်အုပ်စုဝင်တွေက
ထောက်ခံလေးစားတဲ့....မြန်မာနိုင်ငံက အတိုက်အခံအင်အားစုအပေါ်
ဘာသာရေးကိုအသုံးချပြီး နိုင်ငံရေးခြေထိုးနေတဲ့အဖွဲ့အစည်းတစ်ခု
ရှိနေတယ်ဆိုတာကို ပြည်သူတွေ သိသိသာသာရိပ်စားမိလာတဲ့
အကြောင်းအရင်းတစ်ခု သူ့ဘာသာသူဖြစ်သွားသလို..

ကုလားအားပေး၊ ကုလားဘက်ပင်းတယ် ဆိုပြီး.
ဘာမှမသိနားမလည်တဲ့ ပြည်သူကို ၀ါဒဖြန့်နေတဲ့..
အရည်အချင်းမရှိပဲ အဆင့်အတန်းနိမ့်သူတွေရဲ့
အောက်တန်းစား ၀ါဒဖြန့်မှုကြီး နိတ္တိတံ သွားတာပါပဲ..၊

တနည်းအားဖြင့် အာဏာရှင်အစွန်းရောက်တွေရဲ့
ကိုယ်ကံကြီးထိုက်မှာကိုတောင် ဂရုမထားပဲ..
တပ်ဆင်ပစ်ခတ်ခဲ့တဲ့..ဘာသာရေးအသုံးချ လက်နက်ဟာ..
ထင်သလောက် မထိခိုက်ခဲ့ ပါဘူး..၊

အဲဒီတော့ ဘာသာရေးဇာတ်ကွက်ဖန်တီးသူ
ဇာတ်ညွှန်းရေးဆရာကြီးဟာ ဇာတ်ကြမ်းကဖို့များကြံလေပြီလားဆိုတာ
သမ္မတ မိန့်ခွန်းကို ဖတ်ပြီး သုံးသပ်မိပါတယ်၊

---------------------

(၃)

နောက်တစ်ခုကတော့..

မြန်မာအစိုးရအပေါ်သြဇာလွှမ်းမိုးလွန်းတဲ့..
တရုတ်နိုင်ငံရဲ့ လက်ရှိအနေအထားပဲဖြစ်ပါတယ်..၊

တရုတ်နိုင်ငံရဲ့ စီးပွားရေးအတိုးတက်ဆုံးနဲ့..
အစည်ကားဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဟောင်ကောင်မှာ
သိန်းပေါင်းများစွာသောလူငယ်ကျောင်းသားတွေဟာ
တရုတ်ကွန်မြူနစ်ပါတီကို ဒီမိုကရေစီအစစ်အမှန်ကို
ရရှိဖို့အတွက် ဆန္ဒပြနေခဲ့ကြတဲ့အတွက် တရုတ်အစိုးရဟာ
အကြီးအကျယ် အကြပ်ရိုက်နေပါတယ်..၊

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုလိုက်ပြီး
တရုတ်နိုင်ငံဟာပြောင်းလဲခဲ့တဲ့ဖြစ်စဉ်တွေလဲ..
သမိုင်းမှာရှိခဲ့တာကိုး...၊ ၁၉၈၈ ရှစ်လေးလုံးအရေးအခင်း
ဖြစ်ပွားပြီးမကြာခင်မှာ ၊ တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှာ
ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တာ..
အကြီးဆုံးသောသာဓကဖြစ်ပါတယ်..၊

အဲဒီလိုပဲ တရုတ်နိုင်ငံဟာမြန်မာနိုင်ငံကိုအမြဲတမ်း
စောင့်ကြည့်နေပြီး မြန်မာနိုင်ငံရေးရာကျွမ်းကျင်တဲ့သူတွေရဲ့
အကြံပေးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံက အာဏာရှင်အနွယ်တွေနဲ့
စစ်အစိုးရကို မလှုပ်နိုင်အောင် "ချုပ်" ထားနိုင်ခဲ့တာလဲ
ဆယ်စုနှစ် ၂ စုမကရှိခဲ့တဲ့အနေအထားဖြစ်နေတဲ့အပြင်..
စစ်အာဏာရှင်တွေအတွက် နိုင်ငံရေးခိုလုံခွင့်နဲ့ အမြဲတမ်းနေထိုင်ခွင့်
တွေကိုတောင် ထွက်ပေါက်အဖြစ် ပေးထားခဲ့ပုံရပါတယ်..၊

မြန်မာ့ရေမြေတောတောင်သယံဇာတနဲ့ စွမ်းအင်တွေအပါဝင်
တရုပ်နိုင်ငံရဲ့ ပုလဲသွယ်မဟာဗျူဟာအရ မြန်မာနိုင်ငံကတစ်ဆင့်
အိန္ဒိယသမုဒ္ဒရာကို ဖြတ်ထွက်မဲ့ အချက်အခြာနေရာတစ်ခုကို
တရုတ်ဟာ ပေါပေါပဲပဲနဲ့ ရရှိနေလေတော့..
မြန်မာနိုင်ငံရဲ့အတိုက်အခံပါတီနဲ့ လူထုခေါင်းဆောင်ဆိုတာ
တရုတ်နိုင်ငံရဲ့ သတိထားစရာအန္တရာယ်တစ်ခုလိုမြင်ခဲ့တာပါ..၊

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တုန်းကသတင်းတွေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းအချို့ကို
မြန်မာနိုင်ငံမှာသာမက တရုတ်မှာပါအမှောင်ချထားခဲ့တာတွေ
ရှိတဲ့အပြင်...တရုတ်ကျောင်းသားလူငယ်တစ်ချို့ဟာ..
မြန်မာနိုင်ငံကမြစ်ဆုံစီမံကိန်းရပ်တန့်တာကိုထောက်ခံအားပေးတာတွေ
မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကို လေးစားအားကျကြတာတွေဟာ
တရုတ်ကွန်မြူနစ်ပါတီရဲ့ ခါးသီးစွာခံစားမှုတွေဖြစ်ပါတယ်..၊

ပိုပြီး ခိုင်မာတဲ့အချက်ကတော့..
မြန်မာနိုင်ငံမှာဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီး
ကြားဖြတ်ရွေးကောက်ပွဲမှာအပြတ်အသတ်နိုင်တာတွေ
ပုဒ်မ ၄၃၆ ကိုပြင်ဖို့ လူသန်းပေါင်းများစွာလက်မှတ်ထိုး
တောင်းဆိုပြခဲ့တာတွေအပြင် ၂၀၁၅ မှာရွေးကောက်ပွဲပြန်ဝင်လာနိုင်တဲ့
အနေအထားတွေကအစ တရုတ်နိုင်ငံဟာ ရင်တထိတ်ထိတ်နဲ့
စောင့်ကြည့်နေတာဖြစ်ပါတယ်..၊

ဘာလို့လဲဆိုတော့..
ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်ဟာ..
ကမ္ဘာ့တောင်ဘက်ခြမ်းက တရုတ်ရဲ့မဟာဗျူဟာကို
ယိမ်းယိုင်သွားနိုင်မဲ့သူဖြစ်နေလို့ပါပဲ..၊

အခင်းအကျင်းတွေက အဲဒီအတိုင်းဖြစ်နေချိန်မှာ..
ရုတ်တရက် ဖြစ်လာတာကဟာင်ကောင်မှာ လူငယ်တွေက..
ဒီမိုကရေစီတောင်းဆိုမှုတွေ ကြီးမားစွာအုံကြွလာတဲ့အတွက်..
တရုတ်ဟာ...သူတို့နိုင်ငံရဲ့ နိုင်ငံရေးကို ဂယက်ရိုက်ခတ်လာနိုင်တဲ့
အိမ်နီးချင်းနိုင်ငံတွေရဲ့...အနေအထားကို...သူတို့စိတ်ကြိုက်
မသိမသာပြန်လည်ပုံသွင်းဖို့ကြိုးစားဖို့ လိုအပ်လာလေတော့..
တရုတ်တွေလွှမ်းမိုးထားတဲ့ မြန်မာအစိုးရကိုလဲ..
ပြန်ကြပ်လာနိုင်တယ်ဆိုတာကို..သဘောပေါက်စေချင်ပါတယ်၊

ဘာလို့လဲဆိုတော့..တရုတ်နိုင်ငံက ဘာမဟုတ်တဲ့ ရွှေလီမြို့တော်ဝန်ရဲ့
သားမက် တရုတ်စစ်စစ် ကိုတောင်..
မြန်မာအာဏာပိုင်တွေက.လက်သိပ်ထိုးပြီး
နှစ်ပေါင်းများစွာစီးပွားရေးအုတ်မြစ်ချပေးခဲ့ရင်..
တရုတ်ကွန်မြူနစ်ပါတီရဲ့ဖိအား ဆိုရင်...ဘယ်လောက်ပြင်းထန်မလဲ
ဆိုတာကို သတိပြုကြစေလိုပါတယ်..၊

အဲဒါကြောင့် သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲက စိန်ခေါ်မှုတွေဟာလဲ..
တရုတ်ပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ မပတ်သက်ဖူးလို့ ပြောလို့မရနိုင်ပါဘူး..

တရုတ်ကျောင်းသားတွေက ကြီးမားတဲ့အင်အားနဲ့..
ဒီမိုကရေစီတောင်းဆိုနေတယ်..
ကမ္ဘာ့ဒီမိုကရေစီ ICON က မြန်မာပြည်ကဖြစ်နေတယ်..၊
သုံးချက်တွက်နည်းနဲ့တွက်ရင် ...ရှင်းရှင်းလေးဖြစ်ပါတယ်..၊
------------------------

(၅)

ကျန်တဲ့အချက်တွေကတော့
အားလုံးသိပြီးသားဖြစ်မှာပါ...

ဦးသိန်းစိန်ကိုယ်တိုင် ကြွေးကျော်ခဲ့တဲ့

ဆင်းရဲမှုတိုက်ဖျက်ရေး..ဘာမှမဖြစ်လာတာ
အဂတိလိုက်စားမှုတွေ...ဒုံရင်းဒုံရင်းဖြစ်လာတာ
Rule of Law ...လုံးဝပျက်စီးလာတာ..၊
good government ...စုတ်ပြတ်လာတာတွေ ဖြစ်လာတဲ့အပြင်..
နိုင်ငံရေးသိက္ခာက ၂၀၁၁ အာဏာစယူစဉ်ကနဲ့မတူပဲ
ဇောက်ထိုးဆင်းပြီးရင်း ဆင်းလာတာကိုတွေ့ရပါတယ်၊

ပိုဆိုးတာက အစိုးရအဖွဲ့ဝင်ဝန်ကြီးအများစုနဲ့...
ဌာနဆိုင်ရာအများစုဟာ..
တိုင်းပြည်နဲ့ ပြည်သူကို လုံးဝမကြည့်တော့ပဲ..
ငါးနှစ်စားအကြံ (တစ်နှပ်စားအကြံကဲသို့ ) များကိုသုံးပြီး
၂၀၁၅ မတိုင်ခင် သူတို့ပါးစပ်ပေါက်ထဲကို ရသလောက်သွင်းဖို့ပဲ
ကြိုးစားနေခဲ့ကြတာကို တွေ့နေရပါတယ်၊

သူတို့ဟာ..
၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ အာဏာမရတော့ရင်.
တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို...
ဦးသန်းရွှေ ခေတ်က လုပ်ခဲ့တာတွေရော..
ဦးသိန်စိန်လက်ထက်က သမ ခဲ့တာတွေရော အတွက်.
အတိုးရောအရင်းပါ အရေးယူဒဏ်ခံရမှာကို..
ကြောက်ရွှံ့ကြလေတော့...

သွားလေသူကြီးကိုယ်တိုင်ကအစ..
အစိုးရနဲ့ ဖွတ်အားလုံးဟာ..၂၀၁၅ ရွေးကောက်ပွဲကို ရင်ဆိုင်မှာ..
အကြီးအကျယ် ထိတ်လန့်နေကြပုံရပါတယ်..၊

အဲဒီတော့...ဦးသိန်းစိန်ဟာ..
၂၀၁၅ ရွေးကောက်ပွဲကို အချိန်ဆွဲမဲ့စကား.
အခုကတည်းက စရတော့မှာပေါ့ဗျာ..

တိုက်ဆိုင်လွန်းတာက..

ဦးသိန်းစိန်ရဲ့..
ငြိမ်းချမ်းရေးလုပ်နိုင်မှ ရွေးကောက်ပွဲကျင်းလို့ရမယ်
ဆိုတဲ့သဘောမျိုးမိန့်ခွန်းပြောတဲ့ အောက်တိုဘာ (၁)ရက်နေ့မှာတင်
မြန်မာနိုင်ငံရဲ့ နေရာ(၆) ခုမှာ မြန်မာ့တပ်မတော်ဟာ..
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်နေကြတာပါပဲ..

အဲဒီတော့...

တရုပ်ကအယိမ်းမှာ..
မြန်မာက ကွေ့သွားပါတယ်...

အကျိုးအကြောင်း
ဆက်စပ်စဉ်းစားကြစေလိုပါတယ်၊

(Pa Yit)