10/06/14

(1)

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား (၂)ယောက်ကိစ္စကို
ဝေဘန်ပြောဆိုကြတဲ့ထဲမှာ..
မျက်စေ့နောက်စရာအနေအထားတစ်ခုကိုတွေ့ရပါတယ်၊

မြန်မာအလုပ်သမား (၂)ယောက်ဖြစ်စဉ်နဲ့
ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ..
အသားလွတ်ဝေဘန်နေတာတွေကို
ဖြစ်ပါတယ်၊ ..

ဒေါ်စုဘာလုပ်နေလဲ ၊ ဘာမှမပြောဘူလား..ဆိုတဲ့စကားနဲ့
ဘာလာလာ ဒေါ်စု ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းအတိုင်း
ပုတ်ခတ်နေတဲ့အတွက် ပြန်ရှင်းပြလိုပါတယ်၊

--------------------

(2)

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေတဲ့အချိန်၊
တိုင်းပြည်ရဲ့စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာလူမျိုး
လူငယ်အများ ၅ သန်းကျော်ဟာ နိုင်ငံတကာထွက်ပြီး
စာဝတ်နေရေးနဲ့ ဘ၀တိုးတက်ရေးအတွက်
အဆင်ပြေတဲ့အလုပ်တွေကို သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်၊
အစိုးရညံ့ဖျင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကြီးမားဆုံး
လူ့အရင်းအမြစ် ဆုံးရှုံးမှုနဲ့ ဦးနှောက်ယိုစိမ့်မှုကြီးဖြစ်ပါတယ်၊

အဲဒီလိုယိုစိမ့်နေတဲ့ အင်အားတွေကို အမြတ်ရသွားတာဟာ
ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအပါဝင်
မလေးရှား ၊စင်ကာပူ စတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်၊
အမြတ်အရဆုံးကတော့ ထိုင်းနိုင်ငံဖြစ်ပါတယ်၊
ထိုင်းနိုင်ငံမှာ မြန်မာ ၃သန်းကနေ ၄ သန်းအထိ..
ကြုံရာကျပန်းအလုပ်ကအစ၊ ပညာရှင်တွေအထိ
အလုပ်မျိုးစုံလုပ်ကြတာကိုတွေရမှာပါ၊
မြန်မာအလုပ်သမားတွေမရှိရင် ထိုင်းနိုင်ငံရဲ့
လုပ်ငန်းလည်ပတ်မှုအချို့ နှေးကွေးသွားနိုင်တဲ့
အနေအထားဖြစ်ပါတယ်၊

တစ်ချိန်က ဘုရင့်နောင် နဲ့ အလောင်းဘုရားတို့ရဲ့
လက်အောာက်ခံနိုင်ငံလေးတစ်ခုသာဖြစ်တဲ့ထိုင်းနိုင်ငံဟာ
စစ်ရေးအမြင်ရှိလှပါတယ်ဆိုတဲ့ မြန်မာစစ်ဗိုလ်တွေအုပ်ချုပ်တဲ့ခေတ်မှာမှ
မြန်မာလူမျိုးတွေကို ခေတ်သစ်ကျွန်ပြုခြင်းနည်းနဲ့ ဂလဲ့စားချေနိုင်ခဲ့တာကို
ရှက်တတ်ရင် တာဝန်ရှိသူတွေအကုန်လုံး လဲသေသင့်ပါတယ်၊

အဲဒီလို ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားတွေ
သန်းနဲ့ချီပြီးအလုပ်လုပ်နေကြပေမဲ့.
အဖိနှိပ်ခံခဲ့ကြရပေမဲ့..
မြန်မာအစိုးရဟာ..လုံးဝ စိတ်မ၀င်စားခဲ့သလို၊
ဘာမှအကာအကွယ်ပေးခြင်းလဲမရှိခဲ့ပါဘူး..၊
ကိုယ့်နိုင်ငံသား သန်းကျော်ကို ဒီအတိုင်း
ပစ်ထားပြီး မသိချင်ယောင်ဆောင်ခဲ့တာပါ၊

နောက်ပိုင်းမှာ အဲဒီအနေအထားဟာ..
လုံးဝပြောင်းလည်းသွားပါတယ်..၊

ဒေါ်စု..ထိုင်းနိုင်ငံကိုသွားပြီးတဲ့နောက်ပိုင်းမှာပေါ့ဗျာ

---------------------

(3)

၂၀၁၂ ခုနှစ်မေလအတွင်းမှာတော့ ထိုင်းနိုင်ငံကို
ကမ္ဘာ့စီးပွားရေးဖိုရမ်သွားတက်ရောက်တဲ့ဒေါ်စုဟာ.
ထိုင်းနိုင်ငံမဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေ
အများဆုံးနေထိုင်တဲ့ နေရာကိုရောက်ရှိခဲ့ပါတယ်၊
မြန်မာအလုပ်သမားသောင်းကျော်က ကြိုဆိုခဲ့ကြပါတယ်၊

မြန်မာအလုပ်သမလေးတွေက..
"အမေ့ရင်ခွင်မှာခိုလှုံချင်လှပြီ" ဆိုတဲ့..
စာတမ်းတွေကိုင်ပြီးကြိုကြပါတယ်၊
မြင်ရသူတွေ မျက်ရည်ဝဲကြရပါတယ်..၊

ဒေါ်စုဟာ အလုပ်သမားတွေကိုတွေ့ဆုံခဲ့ပါတယ်၊
အကြမ်းဖက်ခံရတဲ့ အလုပ်သမားတွေကိုအားပေးခဲ့ပါတယ်၊
ပြီးတော့ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နဲ့တွေ့ပြီး အလုပ်သမားရေးနဲ့
ထိုင်းနိုင်ငံအလုပ်သမားဥပဒေအတိုင်း၊ ကိုင်တွယ်ဖို့၊
အလုပ်သမားမှတ်ပုံတင်ရေးကိစ္စမှာ အခက်အခဲတွေဖြေရှင်းပေးဖို့၊
အလုပ်သမားအခွင့်အရေးအတိုင်းလုပ်ပေးဖို့ အတွက်..
ထောက်ပြဆွေးနွေးခဲ့ပါတယ်၊
ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံဟာ..
သူ့နိုင်ငံကအလုပ်သမားရပိုင်ခွင့်နဲ့ဥပဒေအတိုင်း..
မြန်မာအလုပ်သမားတွေကို မကျင့်သုံးခဲ့တာကို
ဒေါ်စုက သိနေလို့ပဲဖြစ်ပါတယ်..

ပြီးတော့ မြန်မာအလုပ်သမားတွေရဲ့သားသမီးတွေ
ပညာရေးအတွက် ထိုင်းအစိုးရကိုတောင်းဆိုခဲ့ပါသေးတယ်၊

ဒေါ်စုပြန်သွားပြီးတဲ့နောက်ပိုင်းမှာ..
ထိုင်းအာဏာပိုင်တွေဟာ..
မြန်မာအလုပ်သမားတွေအပေါ်မှာ
ပျော့ပြောင်းစွာဆက်ဆံလာပြီး
လုပ်သင့်လုပ်ထိုက်တာလုပ်ပေးခဲ့သလို
ရသင့်ရထိုက်တဲ့အခွင့်ရေးအချို့ကိုလည်း
ပေးခဲ့တာကိုတွေ့ရပါတယ်၊

အဲဒီအချိန်မှာ ...
ရုတ်တရက် အိပ်ရာကလန့်နိုးလာသလို
ဖြစ်သွားတာကတော့..
မြန်မာအစိုးရပဲဖြစ်ပါတယ်၊
မြန်မာအစိုးရဟာ..ဒေါ်စု ပြန်လာမှ ထပြီး..
ဂယောင်ဂတန်းနဲ့ အိပ်မက်ကလန့်နိုးလာသလိုဖြစ်ပြီး
ဝန်ကြီးအချို့ကိုလွှတ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့
မြန်မာအလုပ်သမားတွေကိစ္စကို
ထိုင်းအစိုးရနဲ့သွားရောက်ညှိနိုင်းစေခဲ့တာတွေကိုတွေ့ရမှာပါ?

နှစ် ၂၀ ကျော်အတွင်းမှာ ဒေါ်စုကြောင့် ပထမအကြိမ်
အာရုံစိုက်ခြင်းဖြစ်ပါတယ်၊

----------------------

(4)

အဲဒီတော့..
ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအလုပ်သမားအရေးကိစ္စတွေကို
လွှတ်တော်အမတ်တစ်ယောက်အဆင့်ပဲရှိတဲ့ ဒေါ်စုဟာ..
ဘယ်လိုလုပ်သွားခဲ့သလဲဆိုတာကို..သဘောပေါက်သင့်ပါပြီ..၊

သူမဟာ..သမ္မတမဟုတ်သေးပါဘူး
အစိုးရအဖွဲ့ဝင် ၀န်ကြီးမဟုတ်သေးပါဘူး၊
ယုတ်အစွဆုံး..
ထိုင်းနိုင်ငံက မြန်မာသံအမတ်မဟုတ်ပါဘူး၊

အဲဒီအတွက်ကြောင့်သူ့မရဲ့ လက်ရှိအနေအထားက
ဘာမှမဟုတ်ပေမဲ့ ရတဲ့အနေအထားလေးမှာတောင်
သာမန်လူမလုပ်နိုင်တဲ့အခြေအနေကောင်းတွေကို
သူမဟာ ဖန်တီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်၊

အဲဒီတော့ တစ်ခုခုဆို "ဒေါ်စုဘာလုပ်နေလဲ
ဒေါ်စုဘာမှမပြောဘူးလား.." ဆိုတဲ့..ပါးစပ်ပေါက်တွေကို
နည်းနည်းလေးတော့ ပိတ်ပေးထားစေချင်ပါတယ်၊

( Pa Yit)

ဓာတ်ပုံ − ရိုက်တာ

‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’

၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။

ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။

အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်းကို Survey Planet မှတစ်ဆင့် ကောက်ယူခဲ့ရာ ခေတ္တမျှအတွင်း လူ တစ်ထောင်ခန့်က ၀င်ရောက်ဖြေဆိုခဲ့ ကြသည်။

CSI LA ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဤအမှုအ ကြောင်းကို စဉ်ဆက်မပြတ် တင် ပြနေပြီး ရဲတပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့အနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက် တွန်းနေသည်။ ယင်းစာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှုသူ ပေါင်း မူလက သောင်းဂဏန်းမျှ သာ ရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်တစ်ရက်တည်းတွင် တစ် သိန်းကိုးထောင်ကျော်သို့ရောက် ရှိသွားကြောင်း တွေ့ရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများမှာ မြန်မာအလုပ်သ မားများဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် တွင် ယင်းကြေညာချက်အပေါ် မယုံကြည်သည့် ဝေဖန်မှုများ ထိုင်းနိုင်ငံပြည်သူများကိုယ်တိုင် အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများက အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ဆက်ဆံရေးနိုင်ငံတော်စီမံကိန်း အဖွဲ့(SERC) နှင့် ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား များအတွက် အခွင့်အရေးကွန် ရက်(MWRN)တို့ကလည်း သံသ ယတရားခံများကို အကူအညီပေး ရန်အတွက် ရှေ့နေများ၊ ရွှေ့ ပြောင်းတက်ကြွလှုပ်ရှားသူများ၊ ဘာသာပြန်များပါဝင်သည့် ၎င်း တို့၏ လွတ်လပ်သော အဖွဲ့တစ် ဖွဲ့ကို အောက်တိုဘာ ၅ ရက်တွင် Ko Samui အကျဉ်းထောင်နှင့် တရားရုံးသို့ စေလွှတ်မည်ဟု ပြောကြားသည်။ ယင်းနေရာမှာ သံသ ယတရားခံမြန်မာများအား ထိန်း သိမ်းထားရာဖြစ်သည်။

‘‘ဒီအမှုကို စုံစမ်းစစ်ဆေးမေး မြန်းနေစဉ်အတွင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ရုပ်ပိုင်း ဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုရှိတယ် ဆိုတဲ့ သတင်းပို့အစီရင်ခံမှု အများအပြားရှိတာကြောင့် ကျွန်တော် တို့သံသယဖြစ်မိပြီး စိုးရိမ်ပူပန်နေ ပါတယ်။ စွပ်စွဲခံရသူတွေဟာ တရားမျှတတဲ့ အမှုစစ်ဆေးမှု ရရှိရဲ့လား၊ မရရှိဘူးလားဆိုတာ ကို ကျွန်တော်တို့ သေချာအောင် လုပ်ချင်တယ်’’ဟု SERC ၏ အပြည်ပြည်ဆိုင်ရာရေးရာအကြံ ပေးဖြစ်ပြီး၊ MWRN ၏ အကြံ ပေးလည်းဖြစ်သည့် မစ္စတာ အန် ဒီဟောလ်ကပြောကြားသည်။

‘‘ကျွန်တော်တို့ အခုရဲတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ စွပ်စွဲခံရ သူတွေဆီကနေပြီး ဘယ်လို တောင်းခံချက်မျိုးမှ ကျွန်တော်တို့ မရခဲ့ပါဘူး။ သူတို့(စွပ်စွဲခံရသူ တွေ)က ရှေ့နေတွေဆီက ဘယ် လိုအကူအညီမှ မတောင်းခဲ့ဘူးလို့

ရဲတွေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကနေ ရှေ့နေအကူအညီယူဖို့ သူတို့သဘောတူအောင်ကျွန်တော်တို့ ကြိုးစားမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘန်ကောက်တွင် အခြေ စိုက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့ တောင်အာရှအကြောင်း လေ့လာ သူ၊ ဗြိတိသျှလွတ်လပ်သော သတင်းသမားလည်းဖြစ်၊ တီဗီ မှတ်တမ်းရုပ်ရှင်ဖန်တီးသူလည်း ဖြစ်သည့် နာမည်ကျော် Andrew Drummpond ကလည်း ဤအမှု ဖြစ်စဉ်ကို ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ရာ ယင်းကိုဖြန့်ဝေ သူများစွာရှိခဲ့သည်။ ၎င်းတို့ တရားခံဟု စွပ်စွဲသည့် မြန်မာအလုပ် သမားနှစ်ဦးကို ခိုတောင်ကျွန်းတွင် ပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လည်သရုပ်ပြခိုင်းမှုအား အင်ဒရူးက ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

အောက်တိုဘာ ၄ရက်က ပြုလုပ်သည့် မှုခင်းဖြစ်စဉ်ပြန် လည်သရုပ်ဖော်မှုအရ ရဲများ သည် ၎င်းတို့၏ အမိန့်အတိုင်း လုပ်သည့် မသင်္ကာဖွယ်ဖြစ်သူ များကို အဓိကဦးဆောင်နေမှန်း ထင်ရှားကြောင်း Andrew Dru mmpond ကဆိုသည်။

အကယ်၍သာ ၎င်းမြန်မာ အလုပ်သမားနှစ်ဦးသည် အပြစ် ရှိကြပါက ဘာကြောင့် ၎င်းတို့ အရင်ကတည်းက ကျွန်းမှ ထွက် ပြေးမှုမပြုခဲ့ကြသနည်း။ (အသတ်ခံရသူ ဗြိတိန်အမျိုးသမီးဟန်နာ ၏ ဖုန်းကို ၎င်းတို့၏ အခန်းနား တွင် တွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည့်အတွက်) တစ်ကမ္ဘာလုံး ညာသံပေးနေသည့်အချိန်၌ ဘာ ကြောင့် ဟန်နာ၏ ဖုန်းကို သူတို့ က သိမ်းထားမည်နည်း(အခန်းအနီး အနားကိုပဲ လွှင့်ပစ်မယ်တဲ့လား)၊ သူတို့က မေ့မယ်တဲ့လား . . . အစရှိသည့် မေးခွန်းတို့ကိုလည်း ၎င်းက မေးခွန်းထုတ်ထားသည်။

ထို့အပြင်လူသတ်တရားခံ များပါဟု မီဒီယာများသို့ ထုတ် ပြန်ချိန်တွင် စွပ်စွဲခံရသူတစ်ဦး ၏ အင်္ကျီမှာ အခင်းဖြစ်ပွားသည့် ညက ၀တ်ဆင်ထားသည့် အင်္ကျီ ပင်ဖြစ်နေသည်။ ယင်းမှာ လျှော် ဖွတ်ပြီးသားဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ထိုအချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သည် ၎င်း၏အင်္ကျီကို ချက်ချင်းချွတ်ယူ၍ မှုခင်းဆေးပညာစစ်ဆေးရေးဆီ သို့ ပေးပို့ခြင်း ဘာကြောင့်မပြုခဲ့ ပါသနည်းဟု Andrew က မေး ခွန်းထုတ်ထားသေးသည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ခိုတောင် ကျွန်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမားအများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး(ယခုဝန်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ သည်။ နောက်ပိုင်းတွင် ထိုကျွန်း ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများ ကို ရိုက်နှက်စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

ထို့နောက်ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူ တစ်ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ သည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန် မာလုပ်သားသုံးဦးကို အောက်တို ဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား သုံးဦးအနက် နှစ်ဦးသည် လူသတ် တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဝန်ခံခဲ့သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက် ၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွား ပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သောသူနှစ်ဦး ဖြစ် သည်။

ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူ ကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြုလိုက် သည်။

အောက်တိုဘာ ၃ ရက်ည တွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အို ချာက ရဲတပ်ဖွဲ့ကို ၎င်းတို့၏ စုံစမ်း မေးမြန်းမှုနှင့် ပတ်သက်၍ ချီးကျူးခဲ့ပြီး ဆုချီးမြှင့်မည့်အကြောင်း ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက်(၂၁)နှစ်အရွယ် ဝင်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ဝန်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူနှစ်ဦးဖြစ် သော အသက်(၂၃)နှစ်အရွယ် မောင်မောင်နှင့် အသက်(၂၁)နှစ် အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူများဖြစ် ပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ ထားသူများဖြစ်သည်။ ၎င်းတို့နှစ် ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက် တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွား သည့်နေရာ၌ သရုပ်ပြမှုများ ပြု လုပ်ခိုင်းခဲ့သည်။

Kansas City တွင် နေထိုင် သည့် နိုဘဲလ်ကော့ဇ်အမည်ရှိ အမျိုးသမီးက ၎င်းအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ ယူကေသံ ရုံးသို့ စာပို့ထားပြီး DNA တိုက်စစ် ရန် တောင်းဆိုထားသည်ဟု ဆို သည်။ ထို့အပြင် ၎င်း၏ ကမ်ပိန်း ၌ ပါဝင်ရန်လည်း ဖိတ်ခေါ်ထား ပြီး နိုင်ငံတကာရှိ ယူကေသံရုံးများ သို့ တောင်းဆိုစာပေးပို့ရန် တိုက် တွန်းထားကြောင်း တွေ့ရသည်။

‘‘အခုထိ မလေးရှား၊ ဂျာမ နီနဲ့ ထိုင်းက အဆက်အသွယ် တွေ ကျွန်မရတယ်။ တချို့လူတွေ ကတော့ ဘယ်ကလဲဆိုတာ မသေချာဘူး။ ဒီကမ်ပိန်းကို အမေရိကား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျာမနီနဲ့ မြန်မာမှာ ကျွန်မလုပ်ချင်တယ်။ မျှော်လင့် စရာကောင်းတာက ဒီကမ်ပိန်းမှာ လူတွေအများကြီးမှ အများကြီးပါဝင်လာတာပါပဲ။ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကဒီအမှုမှာဗြိတိသျှသံရုံးက ကူညီပါဝင်ရေးတိုက်တွန်းဖို့ လူများနိုင်သမျှ များများရဖို့ပါ’’ဟု နိုဘဲလ်ကော့ဇ်ကဆိုသည်။
7day news journal
http://www.7daydaily.com/story/22147#.VDFuiVf4U1o


ဟောင်ကောင်မှာ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲဖို့ နေရာအနှံ့ဆန္ဒပြနေကြသူတွေကို အဓိကဆန္ဒပြနေရာဖြစ်တဲ့ မြို့လယ်က စီးပွားရေး အချက်အခြာနေရာမှာ စုစည်းကြဖို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေက ဆော်သြထားပါတယ်။

တနင်္လာနေ့မတိုင်ခင် လမ်းတွေပိတ်ဆို့ဆန္ဒပြသူတွေကို ရှင်းလင်းပေးဖို့ အုပ်ချုပ်ရေးမှူး CY Leung ကပြောကြားထားပေမယ့် ကောင်လွန်းကျွန်းဖက်က Mong Kok အရပ်မှာ ဒီကနေ့ ဆန္ဒပြသူတွေအများအပြား စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိ Hui Chun Tak က အခြေအနေပုံမှန်ပြန်ဖြစ်အောင် လိုအပ်တဲ့နည်း သုံးပြီးဆောင်ရွက်သွားမယ်လို့ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောသွားပါတယ်။

‘အများပြည်သူတည်ငြိမ် အေးချမ်းရေးအတွက် ကျနော်တို့ အခိုင်အမာ ဆောင်ရွက်သွားမှာပါ၊ လိုအပ်တဲ့ဆောင်ရွက်မှုမှန်သမျှအတွက် ကျနော်တို့မှာ လုပ်နိုင်စွမ်းရှိတယ်လို့လဲ အခိုင်အမာယုံကြည်ပါတယ်’-လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကတော့ Mong Kok အရပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရဲဖက်က လက်ကိုင်တုတ်တွေ၊
ငရုတ်ရည်တွေနဲ့ ပျက်ဖျန်းခဲ့ပါတယ်။ တနင်္လာနေ့ကျရင် အစိုးရဝန်ထမ်းတွေ ရုံးပြန်တက်နိုင်အောင် ပိတ်ဆို့ထားတာတချို့ ဖယ်ပေးမယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေရုံးပြန်တက်တာကို လိုလိုလားလားခွင့်ပြုမှာဖြစ်ပေမယ့် စီးပွားရေးအချက်အခြာကျတဲ့ မြို့လယ်မှာတော့ ဆက်လက်နေရာယူပြီး ဆန္ဒပြသွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ သတင်း ၂ ပတ်ထဲ ရောက်နေပါပြီ။

VOA


“ဒီကောင်လေးတွေ လူသတ်တဲ့ပုံစံတွေ လုပ်ပြနေတာက ပိုပြီး သံသယရှိတယ်ဗျ။ ဒီကောင်လေးတွေက ဒီ ဘက်ထိုးပြ၊ ဒီဘက်ထိုးပြတယ်။ စကားပြန်က ဟ- အဲဒီဘက် မဟုတ်ဘူး၊ ဟိုဘက်… အဲဒီလိုမျိုးတွေပေါ့။ ပုလိပ်နဲ့ စကားပြန်နဲ့ လူသတ်တဲ့တရားခံတွေဟာ တယောက်နဲ့တယောက်ကို အချက်အလက်တွေ ကွဲပြားနေတာပေါ့နော်။”
ထိုင်းနိုင်ငံ၊ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းမှာ အသတ်ခံရသူ ဗြိတိသျှနိုင်ငံသားနှစ်ဦးနဲ့ပတ်သက်လို့ တရားခံတွေအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမားနှစ်ဦးကို ရိုက်နှက်စစ်ဆေးမှုတွေရှိတဲ့အကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။ ဒီကနေ့ ရုံးထုတ် ရမန်ယူခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို အခုလို လူသတ်မှုနဲ့စွဲဆိုခံရတဲ့အပေါ် မြန်မာသံရုံးဘက်က စုံစမ်းစစ်ဆေးအုံးမှာဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခု စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးဟာ စက်တင်ဘာ ၁၆ ရက် DNA စစ်ဆေးမှုမှာ ပါဝင်ခဲ့ပြီး ပြန်လွှတ်ပေးထားသူများ ဖြစ်ကြပါတယ်။ သူတို့ကို ဒုတိယအကြိမ်ဖမ်းဆီးပြီး အခု တရားခံတွေအဖြစ် ထိုင်းရဲတွေက ထုတ်ဖော် ပြောဆိုခဲ့တာပါ။ သူတို့နဲ့အတူ ဖမ်းဆီးခံထားရသူတွေကို အောက်တိုဘာ ၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမေးမြန်းမှုတွေအတွင်း ရိုက်နှက်ခံရတာတွေ ရှိတဲ့အကြောင်း သူတို့နဲ့ နီးစပ်တဲ့ ကျွန်းပေါ်မှာ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“လွန်ခဲ့တဲ့လေးရက်လောက်က သူတို့ကို ဖမ်းလိုက်တာ။ တစ်ယောက်က တော်တော်ကြီးကို အရိုက်ခံထားရတာပေါ့။ ဒါပေမယ့် သတင်းထဲမှာ အဲဒီကောင် ပုံမထွက်ဘူး။ သုံးယောက်ဖမ်းပြီးတော့ နှစ်ယောက်ပုံပဲ ထွက်တယ်။ ရဲစခန်းထဲမှာ မသင်္ကာလို့ ဖမ်းထားတာ ဆယ်ယောက်လောက် ရှိတယ်။ မသင်္ကာပြီးဖမ်းထားတဲ့သူတွေကိုတော့ မနေ့ညက ပြန်လွှတ်လိုက်တယ်။ သူတို့ကပြန်ပြောပြတာ။ အဲဒီ (သူတွေက) အချုပ်ခန်းထဲက မြင်နေရတာ။ သူတို့ကို ထုတ်သွားလိုက်၊ ရိုက်လိုက် မြင်နေရတာကို သူတို့က ပြောပြတာ။ ဟုတ်ပါတယ်ဆို ဝန်ခံလိုက်တယ်ဆိုပြီးမှ ဘယ်ပုံ ဘယ်နည်းလုပ်တယ်- ဘာညာဆိုပြီးတော့ အမလည်း တွေ့မှာတော့ သတင်းစာထဲမှာ တောင်ပြ၊ မြောက်ပြ၊ ရဲက ဒီဘက်ပြ၊ သူတို့က ဟိုဘက်ပြဖြစ်နေတာ။ အဲဒါနဲ့ သူတို့ကို မနေ့က ကော့စမွီအကျဉ်းထောင်ကို ခေါ်သွားပြီးတော့ ဒီနေ့ သူတို့ကို တရားရုံးထုတ်တယ်။ ရမန်ယူဖို့ပေါ့။”

အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆထားတဲ့ ဗြိတိန်နိုင်ငံသူရဲ့ ကိုယ်ခန္ဓာမှာ တွေ့ရတဲ့ DNA ၂ မျိုးအရ အာရှနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတွေက စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ကောက်ချက်ချထားခဲ့တာပါ။ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ ခိုင်မာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ DNA ဟာ ဘယ်ကရတဲ့ DNA လဲ။ အဲဒါကို ခိုင်မာအောင်တော့ ကျနော်တို့ကလည်း သံအမတ်ကြီးကတော့ ဥပဒေကြောင်းအရ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ တကယ်လို့ ကိုယ့်ဘက်က အစွပ်စွဲခံရတယ်၊ မဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က တရားဝင်ဖြစ်စေရမှာပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့က ဆောင်ရွက်နေပါတယ်။”

လိပ်ကျွန်းမှာရှိတဲ့ မြန်မာနိုင်ငံသားအများစုကတော့ အခု စွပ်စွဲခံထားရတဲ့ လူငယ်တွေက ဒီလို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မယုံကြည်နိုင်ကြဘဲ ဖြစ်နေသလို မြန်မာသံရုံးကနေ ဒီအမှုမှန်ပေါ်ရေး သေချာ စိစစ်ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဖမ်းဆီးမှုက ပြန်လည် လွတ်မြောက်လာ သူတွေရော၊ လက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က လိပ်ကျွန်းပေါ်မှာ မှုခင်းမှတ်တမ်းတွေရယူဖို့ တရားခံတွေကို လိုက်လံပြသခိုင်းချိန်မှာ အရပ်သားတွေက သူတို့မြင်တွေ့ရတဲ့ သံသယဖြစ်စရာ မြင်ကွင်းတွေ အကြောင်း အခုလို ပြောပြပါတယ်။

“ဒီကောင်လေးတွေ လူသတ်တဲ့ပုံစံတွေ လုပ်ပြနေတာက ပိုပြီး သံသယရှိတယ်ဗျ။ ဒီကောင်လေးတွေက ဒီ ဘက်ထိုးပြ၊ ဒီဘက်ထိုးပြတယ်။ စကားပြန်က ဟ- အဲဒီဘက် မဟုတ်ဘူး၊ ဟိုဘက်… အဲဒီလိုမျိုးတွေပေါ့။ ပုလိပ်နဲ့ စကားပြန်နဲ့ လူသတ်တဲ့တရားခံတွေဟာ တယောက်နဲ့တယောက်ကို အချက်အလက်တွေ ကွဲပြားနေတာပေါ့နော်။”

လိပ်ကျွန်းလူသတ်မှုဟာ ရက်အတော်ကြာတဲ့အထိ အမှုမှန်မပေါ်နိုင်တဲ့အတွက် ရဲတွေအနေနဲ့လည်း ဖိအားပေးတာ၊ ဝေဖန်တာတွေကို ခံနေကြရပါတယ်။ အခု အမှုမှန်ပေါ်ပြီလို့ ပြောဆိုနေချိန်မှာပဲ ထိုင်းနိုင်ငံအတွင်းက မြန်မာပြည်သားတွေကတော့ ဝေဖန်မှုတချို့ရှိနေပြီး မယုံကြည်နိုင်ပဲဖြစ်နေသလို ကော့စမွီ အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတဲ့ တရားခံအဖြစ် စွပ်စွဲခွံရသူတွေကတော့ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံနေကြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအမှုနဲ့ပတ်သက်လို့ သေချာ စုံစမ်းစစ်ဆေးသွားနိုင်ရေးအတွက် တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေကို မကြာခင်မှာ သွားရောက်တွေ့ဆုံကြဖို့ ရှိပါတယ်ရှင်။

VOA

ထိုင်းရဲတပ်ဖွဲ.ရဲ. အကြီးမားဆုံး မှားယွင်းမှု
အသတ်ခံရသည့် အမျိုးသမီးဟန်နာယီသာရစ်ခ်ျ၏ လက်ကိုင်ဖုန်းကို ဝန်ခံထားသည့်
မြန်မာလုပ်သား နှစ်ဦးထံက တွေ့ရှိခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောဆိုခဲ့ သော်လည်း အဆိုပါ လက်ကိုင် ဖုန်းကို သေဆုံးသူဟန်နာ၏
သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာ ၁၆ ရက်တွင် ရဲတပ်ဖွဲ့အား ပေးအပ် ခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာ ခဲ့သည်။

‘‘ဖုန်းက အရင်ရက်ကတည်းက ရဲ လက်ထဲမှာ ရှိနေတာပါ။ ဒါကြည့်ရင်ကို
သိနိုင်ပါတယ်’’

အက်ရှင်သရုပ်ဆောင်ချောင်ယွင် ဖတ်က ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြသူများအား ထောက်ခံ ပြောဆိုလိုက်ပြီး ဆန္ဒပြမှုအား မျက်ရည် ယိုဗုံးများအသုံးပြုဖြိုခွဲခဲ့သည့် ရဲ တပ်ဖွဲ့၏လုပ်ရပ်ကို ဝေဖန်ပြစ်တင် ခဲ့သည်။

အက်ပဲလ်နေ့စဉ် သတင်း စာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ချောင်က "ကျွန်တော် ဒေသခံတွေ၊ ကျောင်းသားတွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ဟာ အလွန်ရဲရင့်ပြီး သူတို့လို ချင်တဲ့ အရာအတွက် တိုက်ပွဲဝင်နေ တာကို မြင်ရတာ စိတ်လှုပ်ရှားစရာပါ။ ကျောင်းသားတွေက ကျိုးကြောင်း ခိုင်လုံမှုရှိပြီး အစိုးရက ဖြေရှင်းပေး နိုင်မယ်ဆိုရင် ဒီပြဿနာအဆုံးသတ် နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

သို့သော် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဟန်ချန်ယင်အား နုတ်ထွက်ရန် ဆန္ဒပြ သူများ၏ တောင်းဆိုမှုမှာ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်မည် မဟုတ် ဟု ချောင် က ဆိုသည်။ “တစ်ယောက်ယောက်ကို နုတ်ထွက် ခိုင်းတာ က ပြဿနာဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အခုအရေးကြီးတာ က ပြဿနာကို ဖြေရှင်း ဖို့ပါ” ဟု ၎င်းဆို သည်။ အစိုးရ၏အမိန့်အား ဖီဆန်သူ ဆန္ဒပြသမားများအား ဖြိုခွင်းရန် တနင်္ဂနွေနေ့က မျက်ရည်ယိုဗုံးအသုံး ပြုခဲ့မှုမှာ အလွန်အကျွံ လုပ်ဆောင်မှု ဟု ချောင်ကဆိုသည်။

“အစိုးရက ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းတာ က ဟောင်ကောင် ပြည်သူတွေ ကို စိတ်ပျက်စေ ပါတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေ ချင်ပါဘူး။ ဒါ ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာဖြစ်ပြီး မျက်ရည်ယို ဗုံးတွေ၊ အကြမ်းဖက်နှိမ်နင်းတာတွေ မလိုပါဘူး” ဟု ချောင်ယွန်ဖတ် က ပြောကြား ခဲ့သည်။

KHTun

The Ladies News Journal

အခုတလောမှာ အများပြည်သူရဲ့ ဝေဖန် ချက်၊ မီဒီယာတွေရဲ့သုံးသပ်ချက်နဲ့ လွှတ်တော် ထဲဆွေးနွေးချက်မျိုးအထိ ဒါဟာ လိမ်လည် တာ၊ ဒါဟာ မရိုးသားတာ၊ ဒါဟာ လှည့်ဖျား ပြီး မလိမ့်တပတ်လုပ်တာ စသဖြင့် အသံတွေ ညံနေအောင် ကြားကြားနေရတော့ “သြော်၊ ငါတို့ တိုင်းပြည်မှာ လူလိမ်တွေတယ်များပါ လား”လို့ စဉ်းစားမိပါတယ်။ ခုပဲကြည့်လေ။ ဓမ္မစေတီခေါင်းလောင်းကြီးကို မနက်ဖန်သ ဘက်ပဲ ကုန်းပေါ်ဆယ်တင်တော့မယ်၊ ကြိုး တောင်ချည်ထားပြီ ပြောတဲ့သူကြီးကို ဒီစကား ကို တရားဝင်သတင်းထုတ်ပြန်ပေးခဲ့သူများ၊ ခေါင်းလောင်းကြီးဆယ်ယူရေးကို ယုံကြည် စွာ ၀ိုင်းရံကူညီ ငွေထည့်ဝင်ပေးခဲ့သူများ ကိုယ် တိုင်ကပဲ “လူလိမ်ကြီးပါ၊ သန်း ၆၀ ကို လိမ် တဲ့သူ” စသဖြင့် ပြောနေပြန်ပါတယ်။

ဒီအချိန်မှာပဲ အဲဒီပုဂ္ဂိုလ်ကြီးက“အကြောင်း ကြောင်းရယ်ကြောင့် ခေါင်းလောင်းဆယ်တာ ကိုဖြင့် ဟပ်ဘဒိုင်းနဲ့ ရပ်ဆိုင်းလိုက်ပါပြီခင်ဗျ“ဆိုပြီး သင်္ဘောတွေဘာတွေ ပြန်အပ်သွား တယ်လေ၊ ဒီတော့မှ အရင်က ဘယ်သူတွေ မှန်း မသိရတဲ့ ပင်မအလှူရှင်စာရင်းတွေ ပေါ် လာတော့တယ်။ ပေါ်လာပေမယ့် လိမ်သည် ဖြစ်စေ၊ လည်သည်ဖြစ်စေ ဒီငွေတွေ လှူခဲ့ တယ် ဆိုသူတွေကဖြင့် အလိမ်ခံရတယ်လို့ သဘောထားပုံမပေါ်ပါဘူး။ လှူကတည်းက စိတ်ပြတ်ပြီးသားမို့ လှည့်တောင်မကြည့်ကြ တာဆိုပဲ။ အလှူရှင်တစ်ဦးကဆို မီးပဲရှို့ပစ် ပစ်၊ စိတ်မ၀င်စားဘူးလို့ ဆိုပါသတဲ့။ အေး လေ၊ အခုဟာက ရေထဲ“ပလုံ”ဆိုပြီး အေးအေး ချမ်းချမ်းကျသွားတာ အများကြီး တော်သေး တာပဲဟာ။

ဒီလိုပဲ အများက လက်ညှိုးနဲ့ထိုး၊ က လောင်နဲ့ထိုး၊ ဖေ့စ်ဘွတ်စတေးတပ်နဲ့ ဘေးကပ် ပြီးထိုးနဲ့ ၀ိုင်းအထိုးခံ နေရတဲ့ ““ရန်ကုန်မြို့ သစ်စီမံကိန်း”” ကြီးဟာလည်း လျှောက်စမ်း တို့ သောက်ရမ်းတို့မလုပ်တော့ပဲ နောက်တစ် လှမ်း ဆုတ်တာလား၊ (ထိုးမယ့်တကဲကဲဆင် ကြီး)အမြီးကုတ်၊ အပြီးဆုတ်တာလား မသိရ ပေမယ့် ဆုတ်တော့ ဆုတ်ခွာသွားပြန် ပါပ ကော။ ““ဒီလောက်တောင် ဖြစ်နေကြတာ၊ သူများတို့တော့ လုပ်ချင်တော့ဘူး၊ သိလား””လို့ တကယ်ကြီးကို စိတ်ဆိုးမာန်ဆိုး၊ ခြေ ဆောင့် ထွက်သွားတာမျိုးဖြစ်နိုင်သလို ““ထိုး မယ့်ဘူဒိုဇာ နောက်တစ်ချိန်းစာဆုတ်”” ဆိုတာ မျိုးလည်း ဖြစ်ချင်ဖြစ်မယ်လေ။ ဒါပေမဲ့ ဒီလို မဆုတ်ခွာခင်မှာ ဗြုန်းကနဲပေါ်လာတဲ့ မိုးပေါ် ကျ မြို့သစ်စီမံကိန်းကြီးဟာ မကြားဖူးသူများ က ဒါရိုက်တာလုပ်ပြီး ဘယ်နားဖွင့်ထားမှန်း ရှာမရတဲ့ ရုံးခန်းလိပ်စာနဲ့ အများ(ကြီး)ပိုင် (တဲ့)ကုမ္ပဏီက အမည်ခံလုပ်တာဖြစ်ပြီး နောက် ကွယ်မှာ ဘယ်သူတွေရှိကြောင်း၊ ဘယ်လိုအ ကျိုးအမြတ်တွေ ကြိတ်ဖွေရှာနေတာ ဖြစ် ကြောင်း ဂျာနယ်ပေါင်းစုံမှာမှ အရင် ဆွေရင်း မျိုးရင်းလို ပေါင်းသင်းချစ်ခင် ခဲ့တဲ့ မိသားစု တွေရဲ့ မျိုးဆက်များပိုင် မီဒီယာတွေကတောင် အားမနာပါးမနာ ၀ိုင်းရေးကြလေတော့ ““ကဲ၊ ပွင့်လင်းမြင်စွာ နောက်ဖေးပေါက်ကမ၀င်သာ တဲ့ “တင်ဒါ”ခေါ်မယ်သာ ပြောလိုက်စမ်း မောင် မင်း””လို့ အမိန့်တော် မှတ်ရတော့တာကိုး။ ဒါပေမဲ့ ဒီလိုစီမံကိန်းအဖြစ် “စီမံ”ထား တဲ့ “ဂိမ်း”မှာ သေချာပေါက်“၀င်းပလေယာ”ဖြစ်ရမယ့်ဟာကို ဘယ်လိုလုပ် စောစောစီးစီး “ဂိမ်းအိုဗာ” အဖြစ်ခံလို့ရမှာတုံး။ ဒါကြောင့် ဒီစီမံကိန်းဆိုတာဟာ ၂၀၁၂ ကတည်းက ပြည် ထောင်စု အစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက်ယူ ထားတွဲ့မအေနမ့ ညေါသည ဏမသနြခအ စီမံကိန်း ကြီးရဲ့အစိတ်အပိုင်းသာ ဖြစ်ကြောင်း၊ ဒါ ကြောင့် လွှတ်တော်ကြီးက အတည်ပြုပေးစေ လိုကြောင်းလို့ လုပ်လာပြန်တယ်လေ။ ဒီအခါ မှာ ဒေါက်တာညိုညိုသင်း တို့လို လွှတ်တော် ကိုယ်စားလှယ်များက အရင်တင်ပြဖူးတွဲ့မ-အေနမ့ ညေါသည ဏမသနြခအ စီမံကိန်းနဲ့ အခု ဆိပ်ကြီးခနောင်တိုနဲ့ ကြည့်မြင်တိုင်တစ်ဖက် ကမ်းမှာလုပ်မယ့် စီမကိန်းနဲ့ ဘယ်လိုမှမသက် ဆိုင်ကြောင်း၊ “မလိမ့်တပတ်” မလုပ်သင့် ကြောင်း၊ ပထမတင်ပြထားသော မှတ်တမ်း များ အပြည့်အစုံရှိကြောင်း အခိုင်အမာပြော လာတာကိုး။

ဒီတော့လည်း လွှတ်တော်က ဒီစီမံကိန်း ကို အတည်ပြုပေးဖို့ ရက်သတ်မှတ်ထားရာမှာ မေးခွန်းတွေမေးဖို့ရှိရင် မီဒီယာအင်တာဗျူး သလို တစ်ဦးပြီးတစ်ဦး လူပုံလည် ထထမေး ကြတဲ့ နိုင်ငံတကာသုံး ခပ်တုံးတုံးစနစ်အစား ““ကြိုတင် ကွက်ရှင်အောက်ဖို့ နှစ်ရက်လောက် အချိန်ပေးမှာမို့ စာပို့ပြီးသာမေးကြစေ”” လို့ လုပ်လိုက်တယ်လေ။ ဒီလိုနှစ်ရက်တည်း အ ချိန်ပေးတာတောင် ဒေါ်ညိုညိုသင်းတစ်ယောက် တည်းကတင် မေးခွန်း ၁၇ ခု မေးခဲ့နိုင်တယ် လို့ ဆိုပါတယ်။ ဒီစီမံကိန်း ကနေ ဘီလီယံ ၃၀ ကနေ ၇၅ အထိ မြတ်စွန်းနိုင်တာမို့ မြန် မာပြည်သူတွေအားလုံး ဘီလျံနဲ့ချီပြီးနာသွား မယ့် ဘီလျံနာတွေ မဖြစ်ကြရအောင် နိုင်ငံ တော်ကပဲ ဒီစီမံကိန်းမျိုးကို လုပ်သင့်တာမဟုတ် လားလို့လည်း မေးခဲ့တယ် ဆိုပါတယ်။ အဖြေ ကတော့ ဆင်ကြံကြံနေတဲ့ ထိုးမယ့် တကဲကဲ ဆင်ကြီးက “ဆင်မယဉ်သာ” ထွက်ခွာသွားပါ ပြီ ဆိုတာပါပဲ။

နောက် လိမ်လည်းလိမ်၊ လည်လည်းလည်၊ ကြီးလည်းကြီးလွန်းလှတဲ့ လိမ်လည်သူကြီးအ ဖြစ် မကြည့်ချင် မြင်ရက်သား ဖြစ်ဖြစ်နေတာ ကတော့ အမ်ပီတီဆိုတဲ့ မြန်မာဆက်သွယ် ရေးကြီးပါပဲ။ ဒါကြီးအကြောင်းက အားလုံး လည်း သိပြီးသားမို့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ ပိုစိတ်နာ မိတာလေးတွေ နည်းနည်းပြောရရင် အဲဒါ ကြီးက ဟမ်းဖုန်းတစ်လုံးကို ၁၅ သိန်းနဲ့ အေး ဓားပြစတိုက်နေချိန်မှာ ကိုယ်ကတော့ ကိုယ် နဲ့မဆိုင်သလိုနေခဲ့တာ ပါပဲ။ အဲဒီအချိန်မှာ လူတွေက လမ်းဘေးမှာပုံစံဝယ်၊ ဖုန်းလျှောက်၊ ဖုန်းပေါက်ရင် ၁၅ သိန်းနဲ့ဝယ် သိန်း၂၀၊ ၂၅ နဲ့ ရောင်းစား အလုပ်ဖြစ်ကြတယ် ဆိုတဲ့ကာလ ပေါ့။ အမှန်တော့ ကိုယ်က အစိုးရဧည့်သည် တော်အဖြစ် ငါးနှစ်သွားနေရာက ပြန်ရောက်စ စာရေးတာကလွဲပြီး အလုပ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တုံးပုံကို ရှက်ရှက်နဲ့ပြောရရင် ဖုန်းမကိုင် မသုံးနိုင်ဘဲ ကံစမ်းမဲဝင်ဖေါက်ပြီး မဲပေါက်ရင် ရောင်းစားတာကတော့ မရိုးမသားလုပ်တာပဲ ဆိုပြီး တစ်ခါမှ ဖုန်းမလျှောက်မိခဲ့ပါဘူး။ ကိုယ့် မိသားစုကလည်း ဘယ်သူမှ မလျှောက်ခဲ့ ဘူး ဆိုပါတော့။ (ဖုန်းရောင်းစားဖို့မကြံဖူးပါ၊ မှန် သစ္စာကြောင့် သိပါရက် အလိမ်ခံရနေခြင်း ဘေးမှ၊ အမြန်ဝေးရပါလို၏)။

ဒါပေမဲ့ သမီးတစ်ယောက်က ရုတ်တရက် နိုင်ငံခြားသွားအလုပ်လုပ်တဲ့အခါ အိမ်မှာဖုန်း မရှိတော့ ဆက်သွယ်ဖို့ အတော်ဒုက္ခရောက် ခဲ့ပါတယ်။ နောက်တစ်နှစ်ခွဲလောက်အကြာမှာ နိုင်ငံခြား သွားခါနီးမှ ဖုန်းရလိုရငြားလျှောက် သွားတဲ့ သမီးနာမည်နဲ့ ဖုန်းပေါက်ပါရော။ ဒီ တော့ သမီးနဲ့ဆက်သွယ်ဖို့လိုတာမို့ တစ်ခါမှ အိပ်မမက်ဖူးတဲ့ဖုန်းကို ၁၅ သိန်း ရှာကြံပေး ပြီး ကိုင်ခဲ့ရတာပါပဲ။ ကိုယ့်မရှိမှန်းသိလို့ စာရေး ဖော်တချို့၊ ဒုက္ခခံဖော်တချို့၊ ထုတ်ဝေသူတစ် ဦးတို့ ၀ိုင်းရှာပေး တဲ့ငွေနဲ့ ၁၅ သိန်းပေးဝယ် ခဲ့ရတာပါ။ ဒီကြေးကို ကာလအတော်ကြာ ဆပ်ခဲ့ရပါတယ်။ ကဲ၊ တိုတိုပြောရရင် ဒီလို မတန်တဆ ဒုက္ခခံဝယ်ခဲ့ရတဲ့ဖုန်းက ဆက် မရဘဲ ““ဆက်သွယ်မှုဧရိယာပြင်ပတို့၊ ဖုန်း လိုင်းများ မအားသေးပါသဖြင့်””တို့ ကြားရတဲ့ အခါ၊ ၁၅ သိန်းအေးဓားပြကြီးက အရှုံးကြီး ရှုံးပါတယ်လို့ ပြောသံခဏခဏကြားရတဲ့ အခါ၊ ၁၅ သိန်းနဲ့သူရောင်း နေတဲ့ဖုန်း ကို ၅,၀၀၀ နဲ့ ရောင်းပါမယ်ဆိုပြန်တော့ ဘယ်လိုမှမဖြစ် နိုင်ဘူးလို့ ဆက်သွယ်ရေးကြီးက ငြင်းခဲ့သံ ကြားရတဲ့အခါ၊ နောင်တော့ ၁၅ သိန်းကနေ ၇ သိန်းတို့ ၅ သိန်းတို့ ဖြစ်သွားတဲ့အခါ၊ တစ်ခါ ၁,၅၀၀ နဲ့ ရပ်ကွက်ထဲမဲဖောက်ပေးမယ်လို့ အရှက်မရှိ ပြောပြန်တဲ့အခါ၊ အခုတစ်ခါ ၁,၅၀၀ နဲ့ ဆိုင်တွေကနေတစ်ဆင့် သန်းချီပြီး ရောင်းပြန်ပါပြီလို့ ဆိုပြန်တဲ့အခါ၊ ......အခါ ၊......အခါ၊ ““သန်း ၆၀ ကို လိမ်တဲ့ လူ လည်ကြီး””လို့ ဆဲချင်လာတာပါပဲ။ (ရယ်စရာ ရေးပါတယ်ဆိုမှ ဘယ့်နှယ်ငိုစရာတွေဖြစ်သွားတယ်မသိပါဘူး)။

သူများနိုင်ငံမှာ အလကားပေးတဲ့ ဆင်း ကတ်ကို ၁၅ သိန်း (ဒေါ်လာ ၁၅၀၀)စီနဲ့ ဓားပြ တိုက်ခဲ့ပြီး ရှုံးပါတယ်လို့ ပြောတဲ့ဟာကမှ လိမ် တယ်မခေါ်ရင် ဘယ်ဟာကို ခေါ်ရမှာပါလိမ့်။ ၁၅ သိန်းကို ၅,၀၀၀ နဲ့တောင် မရောင်းနိုင် ပါဘူးပြောပြီး အခုတော့ ၁,၅၀၀ နဲ့ တီဗီက နေ ကြော်ငြာခများစွာ အကုန်ခံထည့်ရောင်း နေပြန်တာဟာ ဒါကိုမှ ညာတယ်မခေါ်ရင် ဘယ်ဟာကိုခေါ်ရမှာပါလဲ။ ကျွန်တော်ကဖြင့် တီဗီကြည့်ကောင်းနေတုန်း မုသားအတုံးအ တစ်နဲ့ ပေါ်ပေါ်လာတဲ့ အမ်ပီတီကြော်ငြာကို ကြည့်ရတာ ““မင်းတို့ကိုလိမ်ရတာ တကယ့် အရသာ””လို့ နားထဲကြားနေမိသလိုပါပဲ။ အခု ကော အမှန်ပြောပြီမို့လား။ ““နိုင်ငံတကာနဲ့ ဆက်သွယ်ပြောဆိုဖို့”” တဲ့ဗျာ၊ အော့အော့အော့။ ရွံစရာကောင်းပါဘိနော်။ ဖုန်းချင်း ဘေးချ ခေါ်ရင်တောင် ဆက်သွယ်ရေး ဧရိယာပြင်ပ အော် တတ်တဲ့လူလိမ်ကြီးများက တီဗီလိုင်း အစုံမှာ သံသရာကို မကြောက်တတ်စတမ်း ကျော်အောင်ညာနေတဲ့ ကြော်ငြာဝင်နေပုံက ဖြင့် ယိုသူမရှက် မြင်သူရှက်ပါပဲ။

အင်းလေ ကြော်ငြာခ ဘယ်လောက်ဈေး ကြီးဦးတော့ သူတို့ငွေ တစ်ပြားတစ်ချပ်မပါ ပြည်သူချွေးနည်းစာများကို ခိုးထားတိုက်ထား တာနဲ့ သုံးစွဲရမှတော့ ပိုက်ဆံပေးပြီးတောင် လိမ်နိုင်ပြီပေါ့။ ဒါပေမဲ့ အမှန်ပြောတာတစ် ခွန်းတော့ ကြားလိုက်သဗျ။ အဲဒါက ကလေးမ ကလေးတစ်ယောက်ပြောတာက ““ကမ္ဘာနဲ့ တစ်ဝင်း””တဲ့၊ ပြောဆိုဆက်သွယ်ဖို့တဲ့။ ကမ္ဘာ တစ်ဝန်းကို ဆက်သွယ်ဖို့မဟုတ်ဘဲ ““ကမ္ဘာ နဲ့တစ်ဝင်း””လို့ ဆိုတာမို့ “မောင်ကမ္ဘာ”ဆို တဲ့ကောင်လေးနဲ့ ၀င်းတစ်ဝင်းတည်း ပြောဖို့ တွက်ပဲဆိုရင်တော့ ပြောလို့ ဖြစ်လောက်ပါ တယ်နော်။ (ဒါတောင် ဧရိယာ ပြင်ပဖြစ်ချင် ဖြစ်ဦးမှာ)။

ဒီတော့ လိမ်ကြလည်ကြတဲ့ လိမ်လည်သူ ကြီးများထဲမှာ ခေါင်းလောင်းဆယ်သူကြီးလည်း ရပ်၊ ရန်ကုန်မြို့သစ် စီမံကိန်းကြီးလည်း ရပ် သလို ဆက်သွယ်ရေးကြီးကလည်း နိုင်ငံ တကာကကြားရင် ၀ယ်သူရောရောင်းသူပါ အရှက်ကွဲလို့ ပြောမပြရဲတဲ့ ဈေးနဲ့ရောင်းခဲ့တာကို လည်း အချိန်တန်တော့ ရပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း စကားပုံဆိုရိုးတောင်ရှိသဗျ။ ွုငူူနိ ဴငနမ် ေူတေပ် ုညသတ တ့နည ငအ ့်သကူိ ်အသစ (ကျွမ်းကျင်အဆင့် လူလိမ်များ ဟာ လှည့်ဖျားမှုကို ဘယ်အချိန်မှာရပ်သင့် တယ်ဆိုတာ အမြဲသိကြတယ်)တဲ့ခင်ဗျ။ ဘယ် ပညာရှိပြောခဲ့တာလဲ သိချင်ရင်တော့ အင်တာ နက်မှာ ရှာကြည့်ပေါ့ဗျာ။ (မတွေ့ရင်တော့ အမြဲရယ်နေနိုင်တဲ့ စာရေးဆရာပညာရှိတစ်ဦး ရဲ့ မိန့်ကြားချက်လို့သာ အသေအချာမှတ်ပါ ရော့)။

တစ်ခါ၊ ဒီလောက်လူလိမ်တွေပေါလှပြီး သူတို့က ၀န်လည်းမခံ၊ လိမ်တာလည်းမရပ်၊ လည်တာလည်း မလျှော့တဲ့ တိုင်းပြည်မှာ သူတို့တွေဝန်ခံစေဖို့ ဒါမှမဟုတ် သူတို့ကိုဖော် ထုတ်နိုင်ဖို့ရာ တစ်ခုခုလုပ်ရရင် ကောင်းမယ် လို့ ကျွန်တော် စဉ်းစားမိပါတယ်။ အဲဒါက တော့ မြန်မာနိုင်ငံမှာ အမှန်တရားပေါ်ပေါက် ရေးတို့၊ လူလိမ်ပပျောက်ရေးတို့ စိတ်ဝင်စား လောက်တဲ့ နိုင်ငံတကာက သန်းကြွယ်သူဌေး ကြီးတွေ ရှိနိုင်ပါတယ်။ ဥပမာ၊ ဘီလ်ဂိတ်တို့၊ ဂျော့ခ်ျဆိုးရိုးစ်တို့၊ တို့လိုပေါ့ခင်ဗျာ။ သူတို့ကို ဒေါ်လာတစ်သောင်းလောက် မတည်စေပြီး “မြန်မာ့လိမ်လည် သူကြီးများ အသင်း”ကို တည်ထောင်ပါမယ်။ မတည်သူများကိုတော့ လူလိမ်ဖော်ထုတ်ရေး စီမံကိန်းအတွက်ပါလို့ (လိမ်ပြီး) ပြောရမှာ ပေါ့နော်။ ဒီအသင်းကြီးမှာ ခေတ်အဆက်ဆက် ပြည်သူကိုဖြစ်စေ၊ နိုင်ငံ ကိုဖြစ်စေ၊ နိုင်ငံတကာကိုဖြစ်စေ အရှက်မဲ့ ဗြောင်ကျကျ လိမ်ခဲ့ကြသူတွေကိုယ်တိုင် ဂုဏ် ယူပြောပြမယ့် လူဘယ်လောက်များများကို ဘယ်လောက်ကြာကြာ ဘယ်လိုပိပိရိရိ ဒါမှ မဟုတ် ဘယ်လိုမျက်နှာပြောင်ပြောင် ဒါမှ မဟုတ် ဘယ်လို ဘလောင်းဘလဲလုပ်ပြီး လိမ်လည်ခဲ့တယ်ဆိုတာကို လျှို့ဝှက်မှတ်တမ်း နဲ့ သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီလျှို့ဝှက်မှတ်တမ်းတွေမှာ ရှိ နေတဲ့ လိမ်နိုင်စွမ်းအားမှာ ပြောင်မြောက်စွာ သမိုင်းတင်နိုင်မှုတွေကို နှိုင်းယှဉ်ပြီး ဒီလိမ် လည်သူကြီးများ အသင်းဝင်များထဲကနေ ဥက္ကဋ္ဌနေရာကို လျှို့ဝှက်စွာ ယှဉ်ပြိုင်အရွေးခံ ကြရမယ်လေ ကိုယ်လိမ်ခဲ့လည်ခဲ့မွှတ်ခဲ့သမျှ ကို မခြွင်းမချန်အပြိုင်ကြွားပြီး ဥက္ကဋ္ဌနေရာကို လုချင်ကြအောင်တော့ ဥက္ကဋ္ဌဟာ ဒေါ်လာ တစ်သန်းလောက်ကို စာရင်းမပြဘဲ သုံးနိုင်ဖြုန်း နိုင်ဘုံးနိုင်ကြောင်း စည်းကမ်းချက် ပြဋ္ဌာန်း ထားရမှာပေါ့။ ဒါဆိုရင် ဒေါ်လာတစ်သန်းမက် ပြီး အပြိုင်ဖြောင့်ချက်ပေးကြမယ့် လိမ်လည် သူကြီးများ ပေါ်လာမလားလို့ စိတ်ကူးယဉ် ကြည့်မိတာပါ။

ဒါဆိုရင် လျှို့ဝှက်မှတ်တမ်းအရ အလိမ် နိုင်ဆုံး တစ်ယောက်ရွေးနိုင်ခဲ့လို့ ဒေါ်လာတစ် သန်းပေးရမယ်ဆိုရင် ဘယ်ကငွေနဲ့ ပေးမှာ တုံးလို့ မေးစရာရှိပါလိမ့်မယ်။ ကျွန်တော်က တော့ မပူပါဘူး။ ဘာကြောင့်ဆိုတော့ မြန်မာ့ သမိုင်း တစ်လျှောက် အလိမ်နိုင်ဆုံးလူများကို ရွေးကြမယ်ဆိုရင် သူမသာကိုယ်တူအသုဘနဲ့ အတူတူနဲ့အနူနူ များစွာထွက်လာမှာ ဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း လူလိမ်ကြီးများစာရင်းအရ ကိုပဲ ဥက္ကဋ္ဌသူဖြစ်ထိုက်တယ်၊ ငါဖြစ်ထိုက် တယ်နဲ့ အပြိုင်အဆိုင်လုကြရင်း အဖြေပေါ် မှာမဟုတ်ပဲ ဒေါ်လာတစ်သန်းပေးရမယ့်သူ ရှိလာမှာမဟုတ်ဘူးလို့ ထင်မိတာပါပဲ။

အင်း၊ ရဲရဲကြီးပြောနိုင်တာတစ်ခုကတော့ ဒီလိမ်လည်သူကြီးများစာရင်းမှာ လိမ်လည်း မလိမ်နိုင်၊ လည်လည်း မလည်၊ ကြီးလည်း မကြီးတဲ့ ကျွန်တော့်ရော ကျွန်တော့်စာဖတ် သူပါ ပါမှာ မဟုတ်တာတော့ သေချာတယ် ဆိုတာပါပဲ ခင်ဗျား။ (လိမ်လည်သူကြီးများ တစ်တွေက ဒီဆောင်းပါးကို မဖတ်မှာ သေ ချာတယ်လေ)။

ရီနေနိုင်
—The Ladies News Journal


Min-Ko-Naing "ဟောင်ကောင်ပြည်သူတွေနဲ့ ဘဝချင်းတူတယ်လို့ ခံစားရတယ် ကျွန်တော်တို့ ထောက်ခံအားပေးနေတယ် မင်းကိုနိုင်"
ဟောင်ကောင် ကျောင်းသားတွေ ဆန္ဒပြနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ။
ကျွန်တော်တို့ကတော့ ဒီမိုကရေစီလိုလားသူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီလိုလားတဲ့ ပြည်သူ တွေဘက်က ရပ်တည်မှာပဲ။ ကျွန်တော်တို့ အားပေးဖို့ တာဝန်ရှိတယ်။ ဒါကတော့ ကျွန်တော်တို့တင်မက ပါဘူးဗျာ။ ကမ္ဘာကြီးတစ်ခုလုံးက ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေဘက်က အမြဲရှိနေရမှာပေါ့။ သူတို့ချည်းပဲ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ပြည်သူတွေကပါ ထောက်ခံအားပေးတယ်ဆိုတဲ့ သတင်းစကားမျိုး ပေးသင့်ပါတယ်။ ဘဝချင်းက တူတယ်လို့ ကျွန်တော်တို့ခံစားရတယ်။ အဲဒီတော့ ခံစားချက်ချင်းလည်း တူတယ်ပေါ့ ဗျာ။ ဒီလှုပ်ရှားမှုကို ကျွန်တော်တို့ ထောက်ခံအားပေးနေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က သူတို့ရဲ့ လှုပ် ရှားမှုကိုမျက်ခြည်မပြတ် ကြည့်နေတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဆီက ပြည်သူတွေနဲ့ ဘဝတူပဲဗျာ။ ရတဲ့နည်းနဲ့ အားပေးမှာပဲ။
Hongkon-02
Photos: XAUME OLLEROS/Getty Images
အခု အခြေအနေတွေထိ ဖြစ်လာအောင် ဘာက တွန်းပို့နေတယ်လို့ ထင်ပါသလဲ။

အဓိကက ဟောင်ကောင်ပြည်သူတွေဟာ ဒီမိုကရေစီရဲ့တန်ဖိုးကို နားလည်တယ်ဗျ။ သူတို့က ဒီမိုကရေစီနဲ့ အများကြီး ကျင့်သားရတယ်ဆိုတဲ့အခါကျတော့ ဒီလိုမျိုး အခွင့်အရေးတွေကို ချိုးဖောက်ခံရတယ်ဆိုရင် သူတို့ လက်မခံတော့ဘူး။ ငြိမ်မခံတော့ဘူး။ သူတို့ တွန်းလှန်ကြလိမ့်မယ်။ တွန်းလှန်ကြတယ်ဆိုတဲ့ နေရာမှာ ပုံသဏ္ဌာန်ကတော့ အမျိုးမျိုး ရှိတာပေါ့။ အဓိက အကြောင်းအရာတွေကတော့ ဒီမိုကရေစီရဲ့တန်ဖိုးနဲ့ အခွင့် အရေးတွေကို ဆုံးရှုံးမယ်၊ ထိပါးလာမယ်ဆိုရင်တော့ ဒီလိုတုံ့ပြန်မှာပါပဲ။

အစိုးရရုံးတွေကို ဝင်စီးမယ်ဆိုတာမျိုးတွေ ပြောနေပြီဆိုတော့ ထိပ်တိုက် တွေ့ဆုံမှုတွေဖြစ်လာမယ်လို့ ထင်လား။
ဒါက နှစ်ဖက်စလုံးရဲ့ ဉာဏ်အမြော် အမြင်ကြီးမားမှုအပေါ် မူတည်လိမ့်မယ်ဗျ။ အထူးသဖြင့်ကတော့ဗျာ ဆန္ဒပြတယ်ဆိုတဲ့ ပြည်သူတွေကဘာမှ အကြမ်းဖက်တာမျိုး မရှိဘူး။ နောက်တစ်ခုက ညီညီညွတ်ညွတ်နဲ့ ရှေ့ကိုချီတက်နေတယ်။ သူတို့ရဲ့ အရေးတော်ပုံကိုလည်း မကျရှုံးအောင် ကာကွယ်ကြမှာပါပဲ။ အဓိကက တော့ အုပ်ချုပ်ရေး ယန္တရားက ဒါကို ဘယ်လောက်ညင်ညင်သာသာ ကိုင်တွယ်နိုင်လဲ။ လူထုကို ဘယ်လောက် တလေးတစား အသိအမှတ်ပြုပြီးတော့ လိုက်လျောမလဲဆိုတာ အရေးကြီးပါတယ်။
ယေဘုယျကျတဲ့အဖြေမျိုး ပေးတာလောက်တော့ မရဘူးပေါ့။ တိကျတဲ့ အဖြေတွေ၊ သတ်မှတ်ချက်တွေ လိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈၊ ၈၉ ခုနှစ်တွေမှာ ဒီလို ဖြစ်ခဲ့တယ်။ အခု ဟောင်ကောင်မှာ ဖြစ်တာကော ဘာ့ကြောင့်လို့ထင်လဲ။
အဓိကကတော့ဗျာ။ ဟောင်ကောင်ဟာ ကိုယ့်ရဲ့အုပ်ချုပ်ရေးမှူးကို ကိုယ့်ဟာကိုယ် ရွေးချယ်လာကြတဲ့ ကျင့်သားတော့ ရနေပြီလေ။ လက်ရှိအနေအထားကနေ လျော့ကျသွားမယ့် အဖြစ်မျိုးကိုတော့ လက်ခံကြမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေက စတယ်ဆိုတာကတော့ နိုင်ငံတကာသမိုင်းမှာကတော့ ဒီလိုပါပဲ။ ပြည်သူတွေကလည်း ဒီတန်ဖိုးကိုသိတဲ့အခါကျတော့ ကျောင်းသားတွေနဲ့ တစ်သားတည်း ဖြစ်သွားတာပဲဗျ။ အဲ့ဒီ အခါကျတော့ ဒီနေ့အခြေအနေကို ရောက်လာတာပဲပေါ့။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ ဒီအပေါ် ဘယ်လိုရပ်တည်သင့်လဲ။
ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့သဘောဆန္ဒကိုပဲကြည့်မှာ။ အဲ့ဒီအခါကျတော့ ဒါဟာ တကယ်ပြည် သူတွေလိုလားနေတဲ့ ဆန္ဒအစစ်အမှန်ဆိုလို့ရှိရင် မှန်ကန်တဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်တယ်၊ ရှိ တယ်ဆိုတာကို ကျွန်တော်တို့ပြရမှာပေါ့။ ကျွန်တော်တို့တွေဟာ သူတို့ကို စိတ်ဓာတ် ခွန်အားတော့ အနည်းဆုံး ပေးသင့်တာပေါ့ဗျာ။ နောက်တစ်ခုက စည်းကမ်းလည်းရှိရမယ်။ အကြမ်းလည်း မဖက်တဲ့နည်းဟာ အင်မတန် သင့်မြတ်တယ်ဆိုတာလည်း ကျွန်တော်တို့က ပြောနိုင်စွမ်းရှိရမယ်ပေါ့။ အဓိကကတော့ စိတ်ဓာတ်ရေးရာအရ ကျွန်တော်တို့အားပေးရမှာပါ။ အနိမ့်ဆုံး အဆင့်က အားကိုပေးကြရမှာပါ။

မြန်မာအစိုးရကတော့ အာဆီယံနိုင်ငံတွေ ရဲ့ မူဝါဒအရ ဝင်မစွက်ဘူးလို့ဆိုပါတယ်။ ဘယ်လိုမြင် ပါသလဲ။
လက်ရှိအစိုးရအနေနဲ့ ဒီလိုနိုင်ငံခြားတစ်ခုခုမှာ ဒီမိုကရေစီတောင်းဆိုတာမျိုးကို အခုလို လက်ရှောင်နေမယ်ဆိုတာ ဒါကတော့ မဆန်းပါဘူးဗျာ။ ဒါကတော့ ထင်သားပဲလို့ပဲ ကျွန်တော်တို့ပြောရမှာပေါ့။

Source: http://www.mizzimaburmese.com/component/k2/item/29291-2014-10-03-02-18-32

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.