10/14/14


မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre-MPC) အဖွဲ့ထဲတွင် ရန်သူများရှိသည်ကိုဝန်ခံကြောင်းနှင့် သူတို့အမှားများရှိပါက မိမိအားအပြစ်ပေးရန် နိုင်ငံတော်သမ္မတရုံးဝန်ကြီး MPC ဥက္ကဋ္ဌ ဦးအောင်မင်းက အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တော်၌ပြောကြားသည်။

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မေးမြန်းသည့် "ပြီးခဲ့တဲ့နှစ်ပတ်လောက်က 7 Day ဂျာနယ်ကဆောင်းပါးတစ်ခုမှာပါတဲ့ အပြင်မှာ လူမှုရေး၊ စီးပွားရေးတွေဖောက်ပြန်တဲ့လူတွေက မြန်မာပြည်မှာလာပြီးတော့ နေရာရနေတယ်ဆိုပြီးဖော်ပြထားတာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ နောက်တစ်ခုက ဒီ MPC မှာခန့်ထားတဲ့ပုဂ္ဂိုလ်တွေဟာ ဒေါ်လာတွေ ထောင်နဲ့သောင်းနဲ့ချီပြီးတော့ရနေတယ်။ ရနေတယ်ဆိုတဲ့ကိစ္စဟာ ဘယ်လောက်များ Transparency ဖြစ်လဲ။ သိချင်ပါတယ်။ ဒါမှသာ MPC မှာလုပ်နေတဲ့သူတွေက ငြိမ်းချမ်းရေးကိုတကယ်လိုလားလို့၊ တကယ်စေတနာရှိလို့လုပ်တာလား၊ ဒါမှမဟုတ် တခြားပါဆင့်နိတ်ပါရှိလို့ရှိရင် အကဲဖြတ်နိုင်ပါ့မလား" ဆိုသည့်မေးခွန်းအား ဦးအောင်မင်းကပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက "ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့အတွက် ပလေယာတွေကောင်းဖို့လိုအပ်ပါတယ်။ နံပါတ်တစ်ပလေယာကတော့ သမ္မတကြီးဦးသိန်းစိန်အဖွဲ့၊ နံပါတ်နှစ်ကတော့ နာယကသူရဦးရွှေမန်းဦးစီးတဲ့အဖွဲ့၊ နံပါတ်သုံး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ တပ်မတော်အဖွဲ့၊ နောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒီပလေယာတွေကောင်းဖို့လိုအပ်ပါတယ်။
အဲတော့ နောက်ဆုံးပလေယာဖြစ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို တင်ပြသွားမှာဖြစ်ပါတယ်။ အရင်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ယခင်အစိုးရကို လုံးဝအကူအညီမပေးတဲ့အပြင် တစ်ဖက်အဖွဲ့အစည်းတွေကိုသွားပြီး ထောက်ပံ့ခဲ့တာရှိပါတယ်။ အဲလိုထောက်ပံ့ခဲ့လို့လည်း ငြိမ်းချမ်းရေးမရနိုင်ဘဲနဲ့ ပဋိပက္ခသံသရာကြီးကရှည်ကြာနေတာ ဖြစ်ပါတယ်။ သူတို့ပေးတဲ့အထောက်အထားတွေ ရှိပါတယ်။

ဒီအဖွဲ့တွေကလည်း ပေးတဲ့အထောက်အထားတွေကို ကျွန်တော်တင်ပြပြီးဖြစ်ပါတယ်။ အဲဒီမှာ နယ်စပ်မှာဆိုရင် အားလုံးကလွတ်မြောက်တဲ့နယ်မြေအဖြစ်ကြေညာပြီး အဲဒီမှာ ပြည့်ပြည့်စုံစုံနဲ့ အကုန်လည်းရကြပါတယ်။
အဲဒီမှာဆိုလို့ရှိရင် လက်နက်ကိုင်အင်အားတစ်သိန်းရှိပါတယ်။ နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ဒုက္ခသည်စခန်းထဲမှာ အင်အားသုံးသိန်းခွဲရှိပါတယ်။ စစ်ပြေးဒုက္ခသည် ၄၆၅၀၀၀ ရှိပါတယ်။ အားလုံးပေါင်းလိုက်ရင် ၁၀ သိန်းလောက်ရှိတာပေါ့။ အဲဒီ ၁၀ သိန်းလောက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကပဲ ထောက်ပံ့ထားတာဖြစ်တယ်။ အဲဒီနိုင်ငံတကာအဖွဲ့ အစည်းတွေက ဘယ်သူတွေလဲဆိုရင် UNHCR ကနေပေးတယ်။ နောက်ပြီး နိုင်ငံ ၃၀ ကလည်း NGO နာမည်ခံပြီး ထောက်ပံ့တယ်။ အဲဒီထောက်ပံ့မှုတွေနဲ့ တိုက်ပွဲတွေကရှည်ကြာပြီးတော့ ဖြစ်နေတာပါ" ဟု ပြောကြားသည်။

"အခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက နိုင်ငံတော်အစိုးရကိုယုံကြည်လို့ ထောက်ပံ့နေတာဖြစ်ပါတယ်။ အဲဒီတော့ သူတို့အားလုံးက ဒီဘက်ကိုပြောင်းပြီးတော့ ထောက်ပံ့တာဖြစ်တယ်။ အခုတောင် ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံကိုင်ခွင့်မရသေးဘူး။ သိပ်မျက်နှာငယ်ဖို့ကောင်းတယ်။ တကယ်တော့ ကိုယ့်အစိုးရပိုက်ဆံ ကိုယ်သုံးချင်တာပေါ့။ ဒီလောက်များတဲ့ပိုက်ဆံကို နိုင်ငံတော်အစိုးရကပေးမယ်ဆိုရင် လမ်းတွေတံတားတွေဆောက်တဲ့အခါမှာ အဲဒီပိုက်ဆံတွေနည်းသွားမှာပေါ့။ အဲဒါကြောင့် ဟိုဘက်ကရသလောက်ယူမယ်ဆိုတဲ့စိတ်နဲ့ သည်းညည်းခံပြီး မျက်နှာငယ်စွာဖြင့် ဆောင်ရွက်နေခြင်းဖြစ်တယ်။

အခုကျွန်တော်တို့ ဒီလိုလုပ်တဲ့အခါမှာ Fund တွေက ဒီဘက်ကိုရွှေ့လာတာဖြစ်တယ်။ အဲတော့ MPC က ပွင့်လင်းလား မပွင့်လင်းလားဆိုတော့ MPC ကမှ ဒီလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ABSDF အဖွဲ့တွေရှိပါတယ်။ အဲဒီတော့ ၁၉၈၈ နောက်ပိုင်းအရေးအခင်းဖြစ်တဲ့အခါမှာ ကျောင်းသားလူငယ်ထုက တချို့က မြေပေါ်မှာကျန်ခဲ့တယ်။ တချို့က တောထဲရောက်သွားတယ်။ အဲဒီတောထဲသွားတဲ့အဖွဲ့တွေက ABSDF ဆိုပြီးအမည်ခံတယ်။ အဲဒီကနေ ပညာတတ်တဲ့လူငယ်တွေက နိုင်ငံတကာရဲ့အထောက်အပံ့ကိုယူပြီးတော့ကာမှ နိုင်ငံခြားကိုထွက်ပြီးတော့ ဒေါက်တာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေယူတယ်။

မဟာဘွဲ့တွေသွားယူပြီး ပြန်လာကြတယ်။ ဒီအဖွဲ့တွေက နိုင်ငံတော်ကိုသစ္စာရှိပါမယ်ဆိုပြီးတော့ ခံဝန်ချက်နဲ့ လာလုပ်နေတာဖြစ်တယ်။ ဒီအဖွဲ့တွေမှမပေါင်းဘူးဆိုရင် ဘယ်သူပေါင်းမှာလဲ။ MPC စင်တာဆိုတာကိုက ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒီငြိမ်းချမ်းရေးအဖွဲ့အစည်းဆိုတာက ရန်သူနဲ့စကားပြောရတဲ့ အဖွဲ့အစည်းပဲ။ အဲဒီလို ရန်သူနဲ့မှစကားမပြောရင် ငြိမ်းချမ်းရေးက ဘယ်လိုမှလုပ်လို့ရမှာမဟုတ်ဘူး။
ကျွန်တော်တို့ထဲမှာ ရန်သူတွေရှိပါတယ်။ ကျွန်တော်ဝန်ခံပါတယ်။ ကိုယ့်လူဖြစ်အောင်တာဝန်ယူပြီး ဆောင်ရွက်သွားမယ်။ သူတို့မှားလို့ရှိရင် ကျွန်တော်တာဝန်ယူတယ်။ ကျွန်တော့်ကိုအပြစ်ပေးပါ" ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦးအမှုတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် တရားလိုပြ သက်သေ ကိုမောင်မောင်ကို အောက်တိုဘာ ၁၄ ရက်တွင် ထပ်မံစစ်ဆေးမည် ဖြစ်ပြီး စစ်ဆေးပြီ်းပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
.
ဦးအောင်မျိုးသန့်က" သူတို့က စစ်ပြီးရင် မောင်မောင်ကို မြန်မာနိုင်ငံပြန်လွှတ်မယ်ဆိုတော့ ဒီစစ်ဆေးမှုက အရေးကြီးတယ်။ လိုအပ်ရင် ပြန်ခေါ်ရတယ်ဆိုပေမယ့် အချိန်နောက်ကျတာတွေ ဖြစ်နိုင်သလို တစ်ဖက်သက် စစ်ဆေးမှုမဟုတ်အောင် (စစ်ဆေးတဲ့နေရာကို) သွားမယ်" မဇ္ဈိမကို ပြောသည်။
.
အဆိုပါ စစ်ဆေးမှုသည် ထိုင်းဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် သက်သေပြည့်စုံမှု မရှိသည့်အတွက် ပယ်ချလိုက်ခြင်းကြောင့် ဒုတိယအကြိမ်မြောက် တရားလိုပြသက်သေကို စစ်ဆေးခြင်းဖြစ်သည်။
.
ကိုမောင်မောင်ကို တရားလိုပြသက်သေအဖြစ် ထားရှိသည့်အပြင် လဝက အက် ၁၃/၁ ဖြင့် အမှုဖွင့်ထားသဖြင့် အောက်တိုဘာ ၁၃ရက် စစ်ဆေးမှုအပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ထိုင်းရဲက စီစဉ်နေခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားရင်ဆိုင်နိုင်ရန် ထိုင်းနိုင်ငံနာမည်ကြီး ရှေ့နေ ခမွန်ကို သံရုံးက ငှားရမ်းထားပြီးဖြစ်သည်။ အောက်တိုဘာ ၁၃ရက်တွင် ကော့စမွေ အကျဉ်းထောင်သို့ ခမွန်အပါအ၀င် မြန်မာသံရုံး ကိုယ်စားလှယ် ခုနစ်ဦး သွားရောက်မည်ဟုလည်း မြန်မာသံရုံး အထူးအဖွဲ့မှသိရသည်။
.
စွပ်စွဲခံ မြန်မာနှစ်ဦးအရေးကို ထိုင်းရှေ့နေများကောင်စီက ပါဝင်ကူညီသွားမည်ဟု အောက်တိုဘာ ၁၃ရက်တွင် ဆုံးဖြတ်လိုက်သည်။ တရားရင်ဆိုင်ရပါက ရှေ့နေခမွန်သည် ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း မြန်မာသံရုံးမှ သိရသည်။
.
ထိုင်းရဲတပ်ဖွဲ့က သက်သေစုစည်းပြီး ထိုင်းဥပဒေရုံးသို့ အောက်တိုဘာ ၁၅ရက်တွင် ထပ်မံတင်ပြရမည် ဖြစ်ပြီး သက်သေအထောက်အထား မပြည့်စုံပါက စွပ်စွဲခံ မြန်မာနိုင်ငံသား နှစ်ဦးကို တရားရှင် လွှတ်ပေးရမည် ဖြစ်သည်။
.
စွပ်စွဲခံထားရသူ ကိုဇော်လင်းဦး နှင့် ကိုဝင်းဇော်ထွန်း တို့သည် တရားရှင်လွှတ်ပြီးပါက ထိုင်း လ၀က မှ အမှုဖွင့်ထားသည့် လ၀ကအက် ၁၃/၁ ဖြင့် ထောင်ဒဏ် ၃လကျခံရဦးမည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။
.
တရားရုံးသို့ အမှု ရောက်ရှိပါက အမှုတွဲကူးယူရေး၊ ကျွန်းမှ ထွက်ခွာခွင့်ပေးခဲ့သည့် ရှောင်မတ်အန်နာ နှင့် လိပ်ကျွန်းသူကြီး သားဖတို့ကို အမှုတွဲအတွင်း ထည့်သွင်း စိစစ်နိုင်ရေး အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
.
လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းအစိုးရအနေဖြင့် အပြစ်ရှိသူကိုသာ ဥပဒေအရ အရေးယူရန် ထိုင်းဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်မှ တစ်ဆင့် တောင်းဆိုထားသည်။
.
Credit : မဇ္ဈိမ

 
The AW50F is the model used by British forces. It has a folding-stock and comes in a hard case, along with spare magazines and cleaning accessories. In the field, the AW50 can be packed into a soft-padded case and carried in a sling harness.
လန်ဒန် ၊ ၁၄-၁၀-၂၀၁၄

ဗြိတိသျှ SAS ( Special Air Service ) တပ်ဖွဲ့ဝင် နှစ်ဦးသည် ကမ္ဘာ့ အစွမ်းထက်ဆုံး AW 50 အမည်ရှိ လက်ဖြောင့် သေနတ်ကို အသုံးပြု၍ အီရတ်နိုင်ငံ အတွင်းရှိ ကျေးရွာတစ်ရွာ အတွင်းသို့ ၀င်ရောက် လာသော ISIS စစ်သွေးကြွ အဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်း နှစ်ခုကို ကျည်ဆန် နှစ်တောင့်တည်းဖြင့် ပစ်ခတ် ချေမှုန်းခဲ့ကြောင်း Daily Star သတင်းဌာန က ယမန်နေ့တွင် ရေးသား ဖော်ပြ ခဲ့သည်။

ဗြိတိန် တပ်ဖွဲ့ဝင် များသည် ယခုအခါ အီရတ်နိုင်ငံ အတွင်း ရောက်ရှိနေပြီး ရှေ့တန်း စစ်မျက်တွင် ရောက်ရှိနေသည့် အီရတ် တပ်ဖွဲ့ဝင် များအား စစ်ရေးဆိုင်ရာ လေ့ကျင့် သင်ကြားမှု များကို လုပ်ဆောင် ပေးလျက် ရှိကြောင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန် ခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ အဖွဲ့က အဆိုပါရွာ အနီးအနားရှိ အရပ်သား များအား တိုက်ခိုက် သတ်ဖြတ်မည် ကို စိုးရိမ်သောကြောင့် SAS တပ်ဖွဲ့ဝင် များသည် ယင်းကဲ့သို့ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း Daily Star သတင်းဌာန က ဆက်လက် ဖော်ပြ ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/isis-sas.html


ပါကစ္စတန်နိုင်ငံ၊ ကရာချီဗဟို အကျဉ်းထောင် အထဲကို တိုက်ရိုက်တူးဖော် ထားတဲ့ မြေအောက်လိုဏ်ခေါင်း တခုကို လက်မတင် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် အထူးတပ်ဖွဲ့က မနေ့က ပြောပါတယ်။

အရှည်မီတာ ၄၀ ရှိတဲ့ ဒီလိုဏ်ခေါင်း ကို ထောင်နားက အိမ်တအိမ်ကနေ အန္တရာယ်အကြီးဆုံး အကြမ်း ဖက်သမား တွေကို ချုပ်နှောင်ထားတဲ့ ဘားတိုက်အထိ တူးဖော်ထား တာဖြစ်ပါတယ်။

စစ်ဆေးခံရတဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင်တဦးရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့လို့  ပြောပါတယ်။

ပါကစ္စတန်အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး Tahir Mehmood က အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပေမယ့် ဘယ်အဖွဲ့ဆိုတာနဲ့ အကြမ်းဖက် ဘယ်နှယောက် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အတိအကျ  မပြောခဲ့ပါဘူး။

ထောင်ဘားတိုက်နဲ့ ၁၀ မီတာအလိုလောက်မှာ လက်မတင်ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

ထောင်နားက အိမ်တအိမ်ကို အကြမ်းဖက်တွေက ၀ယ်ယူခဲ့ပြီး လနဲ့ချီပြီး တူးဖော်ခဲ့ကြတယ်လို့လည်း Mehmood က ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67797



ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးပုံနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယ ရုံးဝန်ကြီး Hugo Swire က ထိုင်းသံအမတ်ကြီးကို မနေ့က ခေါ်ယူပြောကြားခဲ့တာပါ။

ဒီအမှုအပေါ် ထိုင်းအာဏာပိုင်တွေရဲ့ ကိုင်တွယ်စုံစမ်းပုံတွေနဲ့ ပတ်သက်ပြီး၊ ဗြိတိန်နိုင်ငံအတွင်း စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်၊ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပွင့်လင်းမြင်သာပြီး၊ နည်းလမ်းတကျ မှန်မှန်ကန်ကန်ရှိဖို့ အဓိကကျပါတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းမီဒီယာနဲ့ ထိတွေ့ဆက်ဆံ ပုံဟာလည်း စိုးရိမ်ဖွယ်ဖြစ်နေပါတယ်၊ ဒီအမှုအတွက် စုံစမ်းစစ်ဆေးရေးနဲ့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးသွားဖို့ ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ အသင့်ရှိနေတယ်ဆိုတာ ထပ်လောင်း ပြောကြား လိုပါတယ်လို့ ၀န်ကြီး Hugo Swire က ပြောဆိုခဲ့ကြောင်း ဗြိတိန်နိုင်ငံ ခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့ပြင်အမှု စုံစမ်းစစ်ဆေးချက် နောက်ဆုံးအခြေအနေတွေကို ဗြိတိန်အစိုးရနဲ့ အသတ်ခံရသူတွေရဲ့ မိသားစုတွေ ပုံမှန်ရရှိနေဖို့လိုအပ်ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံး ၀န်ကြီးက အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာ၊ ထိုင်း နဲ့ ဗြိတိန် အစိုးရတာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ မနက် (၁၀) နာရီမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီအမှုအတွက် ကော်စမွီတရားရုံးမှာ ဒီကနေ့ တရားသူကြီးက တရားလိုပြသက်သေ ၃ ယောက် ဆီက ကြိုတင်စစ်ချက်ယူမှာဖြစ်ပါတယ်။

ဘန်ကောက်ပို့စ် သတင်းစာကတော့ အမှုနဲ့ပတ်သက်ပြီး သက်သေတွေဆီက ထူုးခြားတဲ့အချက်တွေ ပေါ်ထွက်လာဖွယ်မရှိဘူးလို့ ဖေါ်ပြပါတယ်။

ရဲက ထုတ်ပြမယ့် အမျိုးသားသက်သေ ကိုမောင်မောင်က သူ့အနေနဲ့ စွပ်စွဲခံရသူတွေနဲ့ တစ်ခန်းတည်း နေပေမဲ့၊ အခင်းဖြစ်ပွားတဲ့နေ့က သူတို့အရင် စောပြီးပြန်တဲ့အတွက် ဘာမှမသိကြောင်း၊ သူတို့နှစ်ယောက် ပြန်ရောက်လာချိန်မှာလည်း ထူးခြားတဲ့အမူအရာမျိုး မတွေ့ရကြောင်း သတင်းမီဒီယာတွေကိုပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

သက်သေနောက်တစ်ဦးဖြစ်တဲ့ မြန်မာအမျိုးသမီးကလည်း အခင်းဖြစ်ပွားတဲ့နေရာက ဂစ်တာသံကြားခဲ့ရကြောင်းသာ ပြောဆိုခဲ့တာပါ။ နောက်ဆုံး သက်သေ မြန်မာအမျိုးသားအကြောင်းကိုတော့ မသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf



ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦး အမူမှန် ပေါ်ပေါက်ရေးအတွက် နယူးယောက်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသွားမည်ဟု သိရသည်။

၎င်းဆန္ဒပြပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ သောကြာနေ့၊ နေ့လည် ၂ နာရီမှ ၄ နာရီကြားတွင် ပြုလုပ်သွားမည်ဟု ဆန္ဒပြပွဲကို စီစဉ်နေသူ ကိုခိုင်ဘခင်က ပြောသည်။

“ နယူးယောက်မြို့ရှိ Thai Consulate General office ရှေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အမူမှန်ပေါ်ပေါက်ရေး အတွက် တောင်းဆိုသွားဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင် အလုပ်သမား လူငယ် နှစ်ဦးဖြစ်ကြသည့် မောင်ဝင်းဇော်ထွန်း နှင့် မောင်ဇော်လင်းတို့သည် ထိုင်းနိုင်ငံ လိပ်ကျွန်း (ကော့တောင်းကျွန်းတွင်) စက်တင်ဘာလ ၁၅ ရက်နေ့က  ဗြိတိသျှ လူမျိုးနှစ်ဦး ဖြစ်ကြသည့် Hannah Witheridge (၂၃ နှစ်)နှင့် David Miller (၂၅ နှစ်) သတ်ဖြတ်ခံရမူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသည်။

သူတို့(၂) ဦးအား ဖမ်းဆီးထားမူမှာ လုပ်ကြံဖမ်းဆီးမူ ဖြစ်သည်ဟု အများက ယုံကြည်နေပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် တောင်းဆိုမူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေသည်။

နယူးယောက်မြို့တွင် ဆန္ဒပြမည့် လိပ်စာ အပြည့်အစုံမှာ 351 East 52nd St NY 10022 ဖြစ်ပြီး အမှတ် (၆) ရထားကို စီးပြီး   ၅၁  ဘူတာကဆင်း၊ ၅၂ လမ်းကိုလျှောက်ရန်နှင့် ဆက်သွယ်ရန်မှာ ခိုင်ဘခင် (၃၄၇၄၈၈၁၁၀၀)၊ ကိုတင့်ဝေ (၃၄၇၇၈၅၂၀၆၀)၊ ကိုဟန်ထွန်း (၇၁၆၉၃၀၉၈၉၁) နှင့် ကိုဇော်ဇော်ထွန်း (၆၄၆၂၀၃၃၃၃၈) တို့ ဖြစ်ကြသည်။

(နိရဉ္စရာ- ၁၄ အောက်တိုဘာ ၂၀၁၄)
http://www.narinjara.com/burmese/?p=12267

 
 သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို ရဲတွေ စစ်ဆေးသယ်ယူစဉ် (Credit: AFP)

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​ဗြိတိန်နှစ်ဦး ​အသတ်ခံ ခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်း စစ်ဆေးမှုကို ​စိုးရိမ်တဲ့အတွက် ​ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ​ထိုင်းနိုင်ငံ ​သံတမန်ကို ​ဆင့်ခေါ်မှု ​လုပ်ခဲ့ပါတယ်။

ဗြိတိန် ​နိုင်ငံသား ​နှစ်ဦးကို ​မြန်မာ ​ရွှေ့ပြောင်းအလုပ် ​သမားတွေ ​သတ်ပစ်ကြောင်း ​ထိုင်းရဲက ​ပြောဆိုတဲ့အပေါ် ​တချို့လူတွေ ​မယုံသင်္ကာ ​ဖြစ်ရာက ​ဗြိတိန်က ​ထိုင်း ​သံတမန်ကို ​ခေါ်တွေ့ခဲ့တာပါ။

အသက် ​၂၃ ​နှစ်အရွယ် ​Hannah ​Witheridge ​နဲ့ ​အသက် ​၂၄ ​နှစ်အရွယ် ​David ​Miller ​တို့ ​အသတ်ခံရမှုနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်းစစ်ဆေးရေး ​နည်းလမ်းအပေါ် ​စိုးရိမ်မကင်း ​ဖြစ်မိတယ်လို့ ​ယူကေ ​အစိုးရက ​ပြောခဲ့ပါတယ်။

ထိုင်းစုံစမ်း ​စစ်ဆေးရေးအဖွဲ့အနေနဲ့ ​တရားမျှတမှုနဲ့  ​ပွင့်လင်းမြင်သာမှုရှိတဲ့ ​စုံစမ်းစစ်ဆေးမှု ​လုပ်ဖို့ ​အရေးကြီးတယ်လို့ ​ဗြိတိန်နိုင်ငံခြားရေး ​ဝန်ကြီး ​Hugo ​Swire ​က ​ပြောပါတယ်။

ထိုင်းရဲတွေကတော့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာနိုင်ငံသား ​နှစ်ဦး ​သတ်ပစ်ကြောင်းကို ​မြန်မာနှစ်ဦးက ​ဝန်ခံထားပြီလို့ ​ပြောပါတယ်။

မြန်မာနိုင်ငံသား ​နှစ်ဦးကတော့ ​သူတို့ကို ​ခြိမ်းခြောက်ညှင်းပမ်းမှုတွေ ​လုပ်ပြီး ​အတင်းဝန်ခံမှု ​လုပ်ခိုင်းထားတဲ့အကြောင်း ​ပြောဆိုလာတဲ့အတွက် ​ဒီကိစ္စဟာ ​အပြစ်မဲ့တဲ့ ​မြန်မာနှစ်ဦး ​ထိုးကြွေးခံလိုက်ရတာ ​ဖြစ်နိုင်တယ်ဆိုပြီး ​ပြောဆိုနေကြတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Barbara ​Miller ​က ​လန်ဒန်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-14/1378653


ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာလှေစီးပြေးများ။

UNHCR အသိအမှတ်ပြု လှေစီးပြေးဒုက္ခသည်တွေရဲ့ သက်သေခံကဒ်ပြားများ

ဘင်္ဂလား-မြန်မာနယ်စပ် UNHCR ရဲ့ အစောင့်အရှောက်ခံတွေပါဝင်တဲ့ ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် တကွာပါမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဖမ်းဆီးရခဲ့ပါတယ်။ ၃ ရက်အတွင်း လှေစီးပြေးဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလား-မြန်မာ နယ်စပ်က ကမ္ဘာ့ကုလသမဂ္ဂ UNHCR ရဲ့ အစောင့်အရှောက်ခံတွေ ပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀ ကျော်ကို ထိုင်းနိုင်ငံဘက်ခြမ်းက ရာဘာခြံတွေနဲ့ ရာဘာခြံတွေကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်တဲ့ ကားတွေပေါ်ကနေ ဖမ်းမိခဲ့တာပါ။

သူတို့ဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ကျွန်းတကျွန်းပေါ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်လာနေကြတာဖြစ်ပြီး မလေးရှားနိုင်ငံအထိ ခရီးဆက်ကြမယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ဟာ ပွဲစားတွေက ရောင်းစားခံထားရသူတွေဖြစ်ကြောင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“မနေ့က တနေ့က ဖမ်းမိတဲ့နေရာကပဲ ၇၂ ယောက် ထပ်ဖမ်းမိတာပေါ့။ အများစုကတော့ UNHCR က လာကြတဲ့- UNHCR ကဒ်တွေပေါ့။ ဒါပေမယ့် တချို့တွေကတော့ UNHCR ကနေ ပြေးသွားပြီး လေး ငါး ခြောက်နှစ် ရှိသွားတဲ့လူတွေလည်း ရှိတာပေါ့။ အဲဒီထဲမှာပဲ ၂ ပိုင်းတွေ့ရတယ်။ လူကုန်ကူးမှု မြောက်တာရှိတယ်။ လူကုန်ကူးမှု မမြောက်တာဆိုပြီး သူတို့ ထပ်ခွဲတယ်။ ဆိုလိုတာက လူကုန်ကူးမှု မမြောက်ဘူးဆိုတာက သူတို့ရဲ့သဘောထားနဲ့ သူတို့ ပိုက်ဆံပေးပြီးတော့ လာကြတဲ့လူတွေ၊ လူကုန်ကူးတယ်လို့ မခံယူဘူးပေါ့နော်။ တချို့ကကတော့ အတင်းအဓမ္မနဲ့ ကတိကဝတ်အတိုင်း လုပ်မပေးဘဲနဲ့ ခေါ်လာတယ်။ သူတို့ဟာသူတို့ တခြားလူတွေဆီမှာ ငွေကြေးယူပြီးတော့ ရောင်းစားတဲ့ဟာမျိုးတွေပေါ့။ အဲဒါမျိုး လူကုန်ကူးမှု မြောက်တာကတော့ အကုန်လုံးပေါင်းလို့ရှိရင် ၁၂၅ ယောက်ထဲမှာ ၃၇ ယောက်က လူကုန်ကူးမှုမြောက်တယ်လို့ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု ကာကွယ်ရေးအဖွဲ့ကနေ သတ်မှတ်ထားတာ ရှိတယ်။”

ပြီးခဲ့တဲ့စနေနေ့တုန်းကလည်း လှေစီးပြေးဒုက္ခသည် ၈၀ ကျော်ကို ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ ထိုင်း-မြန်မာ နယ်စပ်ကို ခိုးဝင်လာနေတဲ့ဒုက္ခသည်တွေဟာ ထိုင်းပင်လယ်ပြင်မှာလည်း ထိုင်းရေတပ်နဲ့တိုးတဲ့အခါ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လှေမှောက်သေဆုံးရတဲ့အဖြစ်တွေ ရှိနေသလို ထိုင်းနိုင်ငံအတွင်းပိုင်းကို မဝင်ရောက်နိုင်ရေး ဟန့်တားမှုတွေကိုလည်း ကြုံကြရပါတယ်။

အခုတလလောက်အတွင်းမှာပဲ ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံထားတဲ့ ဒုက္ခသည်အရေအတွက် ၃၀၀ ခန့်ရှိပြီဖြစ်သလို သူတို့ရဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ၃ နိုင်ငံအစိုးရတွေ ပူးပေါင်းဖြေရှင်းမှ ရနိုင်မယ်လို့ ဦးထူးချစ်က ဆိုပါတယ်။

“အဲဒီကိစ္စတွေကို ဖြေရှင်းမယ်ဆိုလို့ရှိရင်တော့ အနည်းဆုံး ၃ နိုင်ငံ အစိုးရတွေ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ ဆိုလိုချင်တာက မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ထိုင်းအစိုးရတို့ စနစ်တကျနဲ့ ပူးပေါင်းဆောင်ရွက်လို့ရှိရင်တော့ တချို့ဟာတွေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ အခု ဒီပုံစံမျိုးနဲ့ဆိုလို့ရှိရင်တော့ ဒါ ဆက်တိုက် လာနေအုံးမှာပဲ။ ဒီကြားထဲမှာပဲ ကျနော်တို့ သွားကူညီပေးလိုက်ပြီးတော့ အဖမ်းခံထိတဲ့လူက ဒီလထဲမှာပဲ ၂၅၀၊ ၃၀၀ နီးပါး ဖြစ်သွားပြီ။”

လှေစီးပြီး ထိုင်းနိုင်ငံထဲကို ခိုးဝင်လာနေကြတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်ကလည်း တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေပြီး ထိုင်းအချုပ်စခန်းတွေမှာလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ ကလေး၊ မိန်းမတွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အများအပြား ရှိနေတာပါ။ အခု ဖမ်းဆီးမိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့ ပြောတဲ့သူ ရှိသလို ရိုဟင်ဂျာလို့ ပြောသူတွေလည်း ရှိပါတယ်။ အရင်တုန်းက များသောအားဖြင့် ရိုဟင်ဂျာဒုက္ခသည်အများစုကတော့ ထိုင်းနိုင်ငံရဲ့အချုပ်ခန်းတွေထဲမှာ နေထိုင်ကြပြီး သူတို့ကို လက်ခံမယ့် နိုင်ငံ မရှိတဲ့အတွက်လည်း အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရောက်နေတဲ့ ဒုက္ခသည်တွေကိုတော့ မြန်မာအစိုးရက ဘင်္ဂလီအဖြစ် သတ်မှတ်ပြီး သူတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ ၁၉၈၂ ခုနှစ်၊ လူဝင်မှု ဥပဒေအရ စိစစ်ပေးနေပြီး ဒုက္ခသည် ရာဂဏန်းလောက်ကိုတော့ နိုင်ငံသားအဖြစ် လက်ခံပေးပြီးဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/rohingya-boated-people-keep-being-arrested-in-thai-/2482845.html


ယခင်က နိုင်ငံတကာ အဖွဲ့အစည်းများသည် အစိုးရကိုအကူအညီမပေးဘဲ တစ်ဖက် အဖွဲ့အစည်းကို ထောက်ပံ့ခဲ့ခြင်းများရှိသည့် အတွက်လည်း ငြိမ်းချမ်းရေး မရနိုင်ဘဲ ပဋိပက္ခသံသရာသည် ကြာရှည်နေခြင်းဖြစ်သည် ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး MPC ဥက္ကဋ္ဌ ဦးအောင်မင်း က အောက်တိုဘာလ ၁၃ ရက် တင်္နလာနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး တွင်ပြောသည်။

"နံပါတ် တစ်ပလေယာကတော့ သမ္မတကြီးဦးသိန်းစိန်အဖွဲ့၊ နံပါတ်နှစ်ကတော့ နာယက သူရ ဦးရွှေမန်း ဦးစီးတဲ့အဖွဲ့၊ နံပါတ်သုံး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးတဲ့ တပ်မတော်အဖွဲ့၊ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၊ ဒီပလေယာတွေကောင်း ဖို့ လိုအပ်ပါတယ် ။ နောက်ဆုံး ပလေယာ က နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ပါတယ်”ဟု ဦးအောင်မင်းကဆိုသည်။

နိုင်ငံတကာ အဖွဲ့အစည်းများက တစ်ဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခဲ့သည့် အထောက်အထားများ ရှိကြောင်း ၊ နယ်စပ်ဒေသတွင် အားလုံး လွတ်မြောက်နေမြေ အဖြစ်ကြေညာပြီး ပြည့်ပြည့်စုံစုံနှင့် အကုန်လုံး ရကြကြောင်း ၎င်းက ဆိုသည်။

နယ်စပ်ဒေသတွင် လက်နက်ကိုင် အင်အားတစ်သိန်းရှိကြောင်း ဒုက္ခသည် စခန်းများတွင် အင်အားသုံးသိန်းခွဲရှိပြီး စစ်ပြေး ဒုက္ခသည် ၄သိန်းကျော် ရှိကြောင်း အားလုံးပေါင်းပါက ဆယ်သိန်းခန့်ရှိသည်။ ၎င်းတို့ကို နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ထားသည်ဟု ဦးအောင်မင်းကဆိုသည်။

“အဲဒီနိုင်ငံတကာအဖွဲ့ အစည်းတွေက ဘယ်သူတွေလဲဆိုရင် UNHCR ကနေ ပေးတယ်။ နောက်ပြီး နိုင်ငံ ၃၀ ကလည်း NGO နာမည်ခံပြီး ထောက်ပံ့ တယ်။ အဲဒီထောက်ပံ့မှုတွေနဲ့ တိုက်ပွဲတွေက ရှည်ကြာပြီးတော့ ဖြစ်နေတာပါ" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများသည် ယခုအချိန်တွင် နိုင်ငံတော်အစိုးရကို ယုံကြည်ခြင်းကြောင်း ပြောင်းလဲထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

" အခုတောင် ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံကိုင်ခွင့် မရသေးဘူး။ သိပ် မျက်နှာငယ် ဖို့ကောင်းတယ်။ တကယ်တော့ ကိုယ့်အစိုးရ ပိုက်ဆံ ကိုယ်သုံး ချင်တာပေါ့။ဒီလောက်များတဲ့ပိုက်ဆံကို နိုင်ငံတော် အစိုးရက ပေးမယ်ဆိုရင် လမ်းတွေ တံတားတွေ ဆောက်တဲ့အခါမှာ အဲဒီပိုက်ဆံတွေ နည်းသွားမှာပေါ့။ အဲဒါကြောင့် ဟိုဘက်ကရသလောက်ယူမယ်ဆိုတဲ့စိတ်နဲ့ သည်းညည်းခံပြီး မျက်နှာငယ်စွာဖြင့် ဆောင်ရွက်နေခြင်းဖြစ်တယ်" ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ဆက်လက်၍ "အခု ကျွန်တော်တို့ ဒီလိုလုပ်တဲ့ အခါမှာ Fund တွေက ဒီဘက် ကို ရွှေ့လာတာဖြစ်တယ်။ အဲတော့ MPC က ပွင့်လင်းလား မပွင့်လင်းလား ဆိုတော့ MPC ကမှ ဒီလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ABSDF အဖွဲ့တွေရှိပါတယ်။ အဲဒီတော့၁၉၈၈ နောက်ပိုင်း အရေးအခင်းဖြစ်တဲ့ အခါ မှာ ကျောင်းသားလူငယ်ထုက တချို့က မြေပေါ်မှာကျန်ခဲ့တယ်။ တချို့က တော ထဲရောက်သွားတယ်။" ဟု ၄င်းက ပြောကြားခဲ့သည်။

"အဲဒီတောထဲသွားတဲ့ အဖွဲ့တွေက ABSDF ဆိုပြီး အမည်ခံတယ်။ အဲဒီကနေ ပညာတတ်တဲ့ လူငယ်တွေက နိုင်ငံတကာရဲ့ အထောက်အပံ့ကို ယူပြီးတော့ ကာမှ နိုင်ငံခြားကို ထွက်ပြီးတော့ ဒေါက်တာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ ယူတယ်။ မဟာဘွဲ့တွေ သွားယူပြီး ပြန်လာကြတယ်။ ဒီအဖွဲ့တွေက နိုင်ငံတော်ကို သစ္စာရှိပါမယ် ဆိုပြီးတော့ ခံဝန်ချက်နဲ့ လာလုပ်နေတာဖြစ်တယ်။ ဒီအဖွဲ့တွေမှ မပေါင်းဘူးဆိုရင် ဘယ်သူပေါင်းမှာလဲ။" ဟုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MPC ဆိုတာကိုက ငြိမ်းချမ်းရေးလုပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီငြိမ်းချမ်းရေး အဖွဲ့အစည်းဆိုတာက ရန်သူနဲ့စကားပြောရတဲ့ အဖွဲ့အစည်းပဲ။ အဲဒီလို ရန်သူနဲ့မှ စကားမပြောရင် ငြိမ်းချမ်းရေးက ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော် တို့ထဲမှာ ရန်သူတွေရှိပါတယ်။ ကျွန်တော်ဝန်ခံပါတယ်။ ကိုယ့်လူဖြစ်အောင် တာဝန်ယူပြီး ဆောင်ရွက်သွားမယ်။ သူတို့မှားလို့ရှိရင် ကျွန်တော် တာဝန်ယူ တယ်။ ကျွန်တော့်ကိုအပြစ်ပေးပါ" ဟု ဦးအောင်မင်းက ဆက်လက်ပြောကြား ခဲ့သည်။

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မေးမြန်းသည့် "ပြီးခဲ့ တဲ့ နှစ်ပတ်လောက်က 7 Day ဂျာနယ်က ဆောင်းပါးတစ်ခုမှာပါတဲ့ အပြင်မှာ လူမှုရေး၊ စီးပွားရေးတွေဖောက်ပြန်တဲ့လူတွေ က မြန်မာပြည်မှာ လာပြီးတော့ နေရာရနေတယ်ဆိုပြီးဖော်ပြထားတာ အင်မတန် ၀မ်းနည်း စရာ ကောင်းပါတယ်။ နောက်တစ်ခုက ဒီ MPC မှာခန့်ထားတဲ့ ပုဂ္ဂိုလ်တွေ ဟာ ဒေါ်လာတွေ ထောင်နဲ့သောင်းနဲ့ချီပြီးတော့ရနေတယ်။ ရနေတယ်ဆိုတဲ့ ကိစ္စဟာ ဘယ်လောက်များ Transparency ဖြစ်လဲ။ သိချင်ပါတယ်။ ဒါမှသာ MPC မှာ လုပ်နေတဲ့သူတွေက ငြိမ်းချမ်းရေးကို တကယ်လိုလားလို့၊ တကယ်စေတနာ ရှိလို့ လုပ်တာလား၊ ဒါမှမဟုတ် တခြားပါဆင့်နိတ်ပါရှိလို့ရှိရင် အကဲဖြတ်နိုင်ပါ့မလား" ဆိုသည့်မေးခွန်းအား ဦးအောင်မင်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်- ဇော်မင်းထွန်း

ဓါတ်ပုံ - Myanmar Peace Center

The Ladies News Journal



ရန်ကုန်မြို့မှာ ဗမာနဲ့ တိုင်းရင်သားရိုးရာ စားသောက်ဆိုင်တွေသာမက နိုင်ငံတကာ စားသောက်ဆိုင်တွေ အတော်များများလည်း ဆိုင်ခွဲတွေ လာဖွင့်နေကြပါပြီ။ ကမ္ဘာတ၀န်း KFC လို့ လူသိများတဲ့ Kentucky Fried Chicken အမေရိကန်ကြက်သားကျော် စားသောက်ဆိုင်ခွဲတွေကိုတော့ မြန်မာနိုင်ငံမှာ၂၀၁၅ ခုနှစ်ကစပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီလို့ Yoma Strategic Holdings Limited ကအတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် KFC ကြက်ကြော်ဆိုင်ဟာ Franchise လို့ခေါ်တဲ့ လုပ်ပိုင်ခွင့်ချပေးပြီး ဆိုင်ခွဲတွေ တစ်ကမ္ဘာလုံးအနှံ့ ဖွင့်လှစ် ရောင်းချနေတာပါ။ Yum! Brands Fast Food Company ကနေတဆင့် မြန်မာနိုင်ငံမှာလည်း Franchise ရထားတဲ့ Yoma Strategic Holdings Limited ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲ J.R. Ching က ၂၀၁၅ ခုနှစ် မှာ ဖွင့်နိုင်ဖို့ အခုတည်းက ပြင်ဆင်နေပြီလို့ ပြောပါတယ်။

“၂၀၁၅ ခုနှစ်ကတည်းက စတင်နိုင်ဖို့ အခုကတည်းက လုပ်ငန်းစဉ်အများအပြားကို စတင်နေပါပြီ။ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ၊ ပြင်ဆင်ရမှုတွေကတော့ အများကြီးပါ။ ဆိုင်ခန်းတည်နေရာ၊ ဒီဇိုင်းနဲ့တည်ဆောက်ရေး၊ လိုအပ်တဲ့ပစ္စည်းတွေကို ပံ့ပိုးကူညီတဲ့ စီမံကွပ်ကဲမှုဌာနနဲ့ ဝန်ထမ်းစုဆောင်းရေးတို့ ပါဝင် ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ကျနော်တို့ဘက်ကနေ စတင် လုပ်ကိုင်နေပါပြီ။ ”

KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ဆိုင်ခွဲဖွင့်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ အစားအသောက် အရည်အသွေးအတိုင်း ရောင်းချဖို့ မျှော်လင့်တယ်လို့ အသင့်စား စားသောက်ဆိုင်တွေကို မကြာခဏ အားပေးလေ့ရှိတဲ့ ရန်ကုန်မြို့ခံ ကိုသီဟမင်းသွင်က အခုလို ပြောပြပါတယ်။

“KFC ဆိုတော့ တခြား စင်ကာပူတို့ ဘာတို့မှာရောင်းတဲ့ quality အတိုင်းပဲ မျှော်လင့်ပါတယ်။ ပြီးတော့ အဲလိုမျိုးပဲ --- သူတို့ တခြားရောင်းတဲ့ဟာတွေ ရှိသေးတယ်။ အဲဒီ taste တွေအတိုင်းပဲ မျှော်လင့်တယ်။”

အခုလို နိုင်ငံတကာစားသောက်ဆိုင်တွေ မြန်မာနိုင်ငံမှာ ခြေချလာပေမယ့်လည်း ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေတော့ စားနိုင်မှာ မဟုတ်ဘူးလို့ ပြည်တွင်းက CP ကြက်ကြော်ကိုသာ များသောအားဖြင့် စားလေ့ရှိပြီး နိုင်ငံတကာ စားသောက်ဆိုင်တွေမှာ သိပ်မစားဖြစ်တဲ့ ဒေသခံ မအေးမြတ်သင်း သူ့အမြင်ကို အခုလို ဖွင့်ဟပါတယ်။

“အထက်တန်းလွှာတွေကတော့ ပိုစားဖြစ်မယ်လို့ ထင်တာပဲအမ၊ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားကတော့- လူလတ်တန်းစားကတော့ ရာခိုင်နှုန်း နည်းနည်းပဲ စားနိုင်မယ်လေ။ အောက်ခြေလူတန်းစားတွေကတော့ စားနိုင်မှာ မဟုတ်ဘူး။”

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာစားသောက်ဆိုင်တွေ၊ အသင့်စား စားသောက်ဆိုင်တွေဟာအခြေခံလူတန်းစားတွေအတွက် ဈေးကြီးနေ သေးတာကြောင့် အခုလာမယ့် KFC အနေနဲ့လည်း ပြည်သူတွေ စားနိုင်လောက်တဲ့ ဈေးနှုန်း ထားသင့်တယ်လို့ ကိုသီဟမင်းသွင်က သုံးသပ်ပါတယ်။

“ဈေးကွက်ထဲမှာ သူနဲ့ အမျိုးအစားတူပေါ့နော်- ဥပမာ ဆိုပါတော့ သူရောင်းတဲ့ပစ္စည်း အမျိုးအစားလိုမျိုး တခြား ရောင်းတဲ့လူတွေလည်း ရှိတာပဲ၊ အဲဒီလူတွေရဲ့ဈေးနှုန်း နဲ့တော့ ချိန်ပြီးတော့ ဈေးကွက်ထဲကို ဖောက်သင့်တာပေါ့နော်။”

အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ်မှာ အခြေစိုက်တဲ့ ဒီ KFC ကြက်ကြော်ဆိုင်ဟာ ၁၉၅၂ ခုနှစ်ကတည်းက ဆိုင်ခွဲတွေကို Franchise လုပ်ပိုင်ခွင့် ပေးပြီး ရောင်းချတဲ့ စနစ်ကို စတင်ခဲ့တာပါ။ ဒီစနစ်နဲ့ပဲ စားသုံးသူပေါင်း ၁၂ သန်းခန့်ကို နေ့စဉ် ရောင်းချနေပြီး အခုဆိုရင် နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၈,၀၀၀ ကျော် ဖွင့်လှစ်ပြီး မြန်မာပြည်သူတွေအနေနဲ့လည်း KFC ကြက်ကြော်ကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ၀ယ်ယူအားပေး နိုင်ကြတော့မှာ ဖြစ်ပါတယ်ရှင်။

VOA
http://burmese.voanews.com/content/american-kfc-restaurant-will-open-up-in-myanmar-soon-/2482137.html

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ၁ဝဝ ကျော်က ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေးကို လွှတ်ပေးဖို့ ဒီနေ့ ယင်းမာပင်ခရိုင် တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ မဖြူနှင်းထွေးကို ရုံးထုတ်စဉ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့အတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

"ဒီအမှုဖြစ်စဉ်မှာပါဝင်တဲ့ ၇ ယောက်ကို အရေးယူတဲ့အခါမှာ ၅ ယောက်ကို ညှိနှိုင်းပြီးတော့ တရားသေလွှတ်ပြီးဖြစ်တယ်၊ ကြားသိသလောက်ကလည်း အမှုပိတ်သိမ်းပြီးဖြစ်တယ်၊ ဒီအချိန်မှာ ကျောင်းသားတွေဟာ အမျိုးသားပညာရေးမူကြမ်းကို ဆန့်ကျင်ဖို့ စတင်ဆောင်ရွက်နေတဲ့ အရှိန်ကိုလည်းရပ်တန့်ဖို့ အာရုံလွှဲပြောင်းမှုတစ်ခုအဖြစ်နဲ့ သူတို့ မဖြူနှင်းထွေးကို ပြန်လည်ဖမ်းဆီးပါတယ်၊ ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာပါ၊ နိုင်ငံရေးအရေကြည့်မယ်ဆိုရင် ဟာသကွက်ကြီးမှန်း လူတိုင်းလည်းသိတယ်၊ ကျောင်းသားတိုင်းလည်းသိတယ်၊ မတရားပုဒ်မကိုလည်း ရုပ်သိမ်းပေးခြင်းမရှိဘူး၊ အဲ့ဒါကို ထောင်ဒဏ်ဆက်လက်ချဖို့ ကြိုးစားလာလို့ရှိရင် ကျနော်တို့ဒီ့ထက် အရှိန်အဟုန်မြှင့်မယ်၊ ကျနော်တို့ ကျောင်းသားထုအားလုံးကနေပြီးတော့ ဒီအပေါ်မှာ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားတယ်"

လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်း ၂ ဦးကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်းခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး မဖြူနှင်းထွေးကို ပြန်ပေးဆွဲမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ်ဖြစ်စေအောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆန္ဒပြ ဗကသအဖွဲ့ဝင်တွေဟာ ယင်းမာပင်မြို့နယ် ရဲစခန်းမှူးရုံးရှေ့ကနေ ခရိုင်တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်ခြေမှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာလည်း သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဗကသအဖွဲ့ဝင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူတွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA

အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားနေတဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ သူနာပြုတွေနဲ့ ဆေးဝန်ထမ်း တွေက နိုင်ငံတဝန်း သပိတ် ဆင်နွှဲဖို့ လှုံ့ဆော်မှုတွေ ရှိနေရာမှာ အချို့ ဆေးဝန်ထမ်းတွေကတော့ အလုပ် ဆက်ဆင်းနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီဘိုလာ ရောဂါသည်တွေကို ကုသမှု ပေးနေရတဲ့ သူနာပြုနဲ့ ဆေးဝန်ထမ်းတွေ အနေနဲ့ ကျန်းမာရေး အန္တရာယ် ရှိတဲ့အတွက် သူတို့ကို လစာ ပိုပေးဖို့နဲ့ ကာကွယ်ရေး ကိရိယာတွေ ပိုပေးဖို့ လိုင်ဘေးရီးယား ကျန်းမာရေး လုပ်သားများ အသင်းက တောင်းဆိုထားပြီး နိုင်ငံတဝန်း သပိတ် ဆင်နွှဲမယ်ဖို့ ခြိမ်းခြောက် ထားတာ ဖြစ်ပါတယ်။

အချို့ ကျန်းမာရေး လုပ်သားတွေကတော့ သပိတ် ဆင်နွှဲဖို့ ရည်ရွယ်ထားဆဲ ဖြစ်တယ်လို့ လိုင်ဘေးရီးယားက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လိုက်ဘေးရီးယား နိုင်ငံဟာ အီဘိုလာ ရောဂါပြန့်ပွားမှု အဆိုးရွားဆုံး ထိခိုက်ရာ နိုင်ငံဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်း ၉၅ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အီဘိုလာ ရောဂါကြောင့် လိုင်ဘေးရီးယား၊ ဆီရီယာ လီယွန်း၊ ဂီနီနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်း သေဆုံးသူ ၄၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/world/2014/10/141013_ebola_liberia_health_workershttp://www.bbc.co.uk/burmese/world/2014/10/141013_ebola_liberia_health_workers


အစိုးရစီမံကိန်းတွေမှာ ဒေသအာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေ ပူးပေါင်းပြီး အဂတိလိုက်စားမှုတွေ ရှိနေတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အချက်အလက်တွေနဲ့ ဒီကနေ့ တင်ပြခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

RFA Burmese

ထိုင်းနိုင်ငံတောင်းပိုင်း ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦး အချုပ်ခန်းထဲမှာ တစုံတခု ဖြစ်ခဲ့ရင် ထိုင်းရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လိပ်ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့ အမှုနဲ့ ပက်သက်လို့ မြန်မာအလုပ်သမား ၂ ယောက်ကို ဖမ်းဆီးထားတာပါ။

လူသတ်မှုနဲ့ ပက်သက်လို့ မြန်မာလူငယ် ၂ ဦးက ၀န်ခံထားတယ်လို့ ထိုင်းရဲက ပြောဆိုထားပါတယ်။

ဒါပေမယ့် လူငယ် ၂ ဦးကတော့ ရိုက်နှက်စစ်လို့ ၀န်ခံတာ ဖြစ်တယ်လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ကို ပြောဆိုထားပါတယ်။

အချုပ်ထဲမှာ မြန်မာ ၂ ယောက် တစုံတခု ဖြစ်ခဲ့ရင် ထိုင်းရဲတပ်ဖွဲ့က တာဝန်အပြည့်ယူ ရလိမ့်မယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောဆိုလိုက်ပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းရဲအကြီးအကဲက ဒီလူငယ်တွေ သတ်ဖြတ်တယ်ဆိုတာကို သေချာကြောင်းနဲ့ စစ်ဆေးတဲ့အခါ ရိုက်နှက်မှု တစုံတရာမရှိကြောင်း ရှင်းခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန် တရားမျှတမှု ရှိရှိနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ ပြောဆိုထားပြီး ကာကွယ်ရေးဦးစီးချုပ်က လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုထားပါတယ်။

လက်ရှိ လူသတ်မှုနဲ့ ဖမ်းဆီးခံထားတဲ့ ကောင်လေး ၂ ဦးရဲ့ မိဘတွေအနေနဲ့ ထိုင်းနိုင်ငံကို လိုက်ပါသွားဖို့ လုပ်ဆောင်နေပြီ မြန်မာအစိုးရအနေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ စေလွှတ်ပြီး စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။
by-dvb
http://burmese.dvb.no/archives/67673

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.