10/18/14

၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ်တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်းသည်။ ပြည်လမ်း မကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့ လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ”ဟု သစ်သား ဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~အကြောင်းကြောင့် အကျိုးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောခဲ့သည်။ ““ဟေတုပစ္စယော””ဟူသော ပါဠိ စကားဖြစ် ၏။ ထိုသဘောကိုပင် အိုင်းစတိုင်းကလည်း ““ရီလေတီဗတီ””ဟူသော စကားရပ်ဖြင့် သီဝရီထုတ်ပြ ခဲ့သည်။ အကျိုး တရား မှန်သမျှတွင် အကြောင်းတရားရှိကြောင်း သာဓကများစွာပြခဲ့သည်။ အကြောင်းကောင်း လျှင်အကျိုးကောင်း မည်။ အကြောင်း မကောင်းလျှင် အကျိုးမကောင်းနိုင်ပေ။

ယခုသီတင်းပတ်အတွင်း အကျိုးမကောင်းသော သတင်းတစ်ခု ကြားနေရ၍ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ မိမိ တစ်ဦးတည်းအတွက် မဟုတ်။ မိမိ တစ်နိုင်ငံလုံး၊ မိမိတိုင်းရင်းသားအားလုံးအတွက် ဖြစ်၏။ ယခင်က လည်း ဖြစ်ခဲ့ ဖူးသည်။ ယခုလည်း ဖြစ်နေသေးသည်။ နောင်လည်း ဖြစ်ကြဦးမည်။ ဤအဖြစ်မျိုးကို မတားဆီးနိုင်ကြတော့ပြီ လားဟုမေးလျှင် တာဝန်ခံဖြေမည့် သူမရှိပေ။…

““လိပ်ကျွန်းလူသတ်မှု””ဟု ကျော်ကြားနေသော ထိုင်းနိုင်ငံပင်လယ်ထဲရှိ ကျွန်းကလေးပေါ်၌ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရခြင်းတွင် မြန်မာနိုင်ငံသား လူငယ်နှစ်ဦး တရားခံဖြစ်နေသော ကိစ္စဖြစ်၏။ မိမိနှင့်ဘာမျှ မသက်ဆိုင်ဘဲ မိမိလည်းဘာ မျှလုပ်ကိုင်ခဲ့ခြင်းမရှိဘဲ၊ ဦးရာဆွဲခေါ်ကာ နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် ၀န်ခံခိုင်းခဲ့ သော ထိုင်းရဲများ၏ လုပ်ရပ်မှာ မြန်မာနိုင်ငံဘက် မှရင်နာဖွယ်ဖြစ်နေသည်။ သို့သော် မြန်မာအစိုးရ၏ အရေးယူ ဆောင်ရွက်မှု ပြု လုပ်နိုင်ခဲ့သဖြင့် ဖြစ်စဉ်မှာ သူတို့အနိုင်ကျင့်တိုင်း မရတော့ဟု အဖြေထွက်နိုင်တော့ မည် ဖြစ် သည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများမှာ ရခိုင်အမျိုးသား လူငယ်များဖြစ်၏။ အမိနိုင်ငံမှ ဝေးလံလှသော ပင်လယ် တစ်နေရာ အဆိုပါကျွန်းကလေးသို့ သူတို့ ရောက်နေခဲ့ကြသည်။ ကမ္ဘာလှည့်အပျော် ခရီးသည်များ အနေနှင့် သွားရောက်ခြင်း မဟုတ်။ ထိုကျွန်းသို့ အလည်လာကြသူ များအား အလုပ်အကျွေးပြုရသည့် ကျေး ကျွန်များအဖြစ် နေထိုင်နေကြရခြင်း ဖြစ် သည်။ လုပ်ခလစာငွေကြေးအတွက် အမိ နိုင်ငံနှင့်၊ မိသားစုနှင့် ဝေး ရာ၌ ရောက်နေ ကြရခြင်းဖြစ်သည်။ အလုပ်နားချိန်လေး၌ အပန်းဖြေအဖြစ် ဘီယာသောက်၊ ဂီတာ တီးနေခဲ့ ကြရာမှ မိမိနှင့်မပတ်သက်ပါဘဲ လူသတ်တရားခံ၊ မုဒိမ်းသမားများအဖြစ် ၀န်ခံခဲ့ကြရ၏။ မိမိနိုင်ငံမှ တာဝန်ရှိ သူများသာ အဖြစ်မှန်အတွက် လာရောက်ခြင်းမရှိလျှင် သူတို့နှစ်ဦး သေဒဏ်ခံရဖို့ သေချာနေသည်။ မိဝေး၊ ဖဝေး၊ ငွေကြေးမျက်နှာကြောင့် သွားခဲ့ကြရသော မြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ်လေးများ မျက်နှာငယ် ငယ်နှင့် ကူသူမဲ့စွာ ဘ၀ဆုံးကြရလိမ့်မည်။

မည်သူသတ်သွားမှန်း မဖမ်းနိုင်သည်နှင့် မြန်မာနိုင်ငံသား အလုပ်သမားလူငယ်များကို တရားမ၀င် လာရောက် သူများဆိုပြီး ခပ်လွယ်လွယ်နှိပ်ကွပ်ခြင်း ကိစ္စမှာ ယခုမှမဟုတ်။ ယခင်ကလည်း ခံခဲ့ရဖူးသည်။ မည်သူမျှ မကယ် နိုင်ခဲ့။ ယခုအမှုတွင်တော့ အစိုးရချင်း ကိစ္စအထိ ကြီးမားလာပြီဖြစ်ရာ ကယ်နိုင်လိမ့်မည်ဟုမျှော်လင့်ရ၏။ (ယနေ့ တက်လာသော သတင်းတစ်ခုအရ ထိုင်းဗဟိုတရားရုံးက လွှတ်ပေးလိုက်ပြီဟုဆိုသည်။ သို့သော် တရား ၀င် မသိရသေး။ ၉-၁၀-၁၄)

သူတို့ဘာကြောင့် ဤကဲ့သို့အဖြစ်မျိုး ရောက်ရကြောင်း စဉ်းစားလျှင် မိမိတို့ အစိုးရ၌ပင် တာဝန်ရှိသည်ဟု အဖြေထွက် နေသည်။ ၁၉၈၈ နောက်ပိုင်းမြန်မာလူငယ်များ ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ထွက်သွားခဲ့ကြ သည်မှာ သိန်းပေါင်းများစွာ ဖြစ်နေပြီ။

လွန်ခဲ့သော ၃ နှစ်က မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ရွာကြီးတစ်ရွာသို့ ရောက်ခဲ့၏။ ရွာဘုန်းကြီးကျောင်းက လက် လက်ထနေသည်။ စာကြည့်တိုက်မှာ စာအုပ်တွေ ပြည့်နေသည်။ ရွာထဲက အိမ်တိုင်း ဟောပြောပွဲသို့ လာကြ သည်။ ထူးဆန်းသည်မှာ မည်သည့်အိမ်မှာမှ လူရွယ်ယောက်ျားမရှိ တော့ခြင်းပင်တည်း။ တစ်ဖက်နိုင်ငံသို့ မသွားသော အိမ်မရှိချေ။ ဒါဟာ…ပျော် စရာပါလား။

ယခုနှစ်ထဲမှာပင် မန္တလေးမှ ရန်ကုန် ရထားစီးခဲ့၏။ ရထားမထွက်ခင် ဘူတာကို ငေးကြည့်မိ၏။ ရှေးကလို စည်ကားတောက်ပ မှုမရှိ။ တိုင်တစ်တိုင်ကိုမှီ၍ ထိုင်နေသော လူငယ်လင်မယားတစ်စုံ ကိုမြင် သည်။ နှစ် ယောက်လုံး၏ ဟန်ပန်ဝတ်စားပုံမှာ အညာကျေးလက်ပုံစံဖြစ်၏။ မိန်းကလေးက ထမင်းသွားဝယ်ဦး မယ်ဟု ပြောပြီး ထသွားသည်။ လူငယ်ယောက်ျားလေး ကျန်ရစ်၏။ သူ့နံဘေးတွင် သေတ္တာတစ်လုံးရှိသည်။ ရိုးရိုး သေတ္တာမဟုတ်။ ““လတ်ဂေ့ခ်ျ””ခေါ် ခရီးဆောင်သေတ္တာ၊ လက်ဆွဲကိုင်းနှင့်ဖြစ် ၏။ လေယာဉ်စီး လျှင်သုံးနေကျ သေတ္တာမျိုး။ သူ့သေတ္တာက အသေးစားဖြစ်ပြီး ဘေးတွေ ပွန်းပဲ့နေပြီ။ ဘယ်လောက်ကြာခဲ့ပြီမသိ။ လူငယ်က သူ့လက်ကိုင်အိတ်ကိုဖွင့်ပြီး စာရွက်တွေထုတ်ကြည့်၏။ နိုင်ငံကူးလက် မှတ်စာအုပ်ကလေးကိုမြင်ရသည်။ အသစ် မဟုတ်တော့။ ဟောင်းနွမ်း မှေးမှိန်နေပြီ။ ၀တ္ထုရေးသူတစ်ယောက်အနေနှင့် ဇာတ်လမ်းကို ဆက်ကြည့် ၏။ ဤလူငယ်လေး ပြည်ပမှာ အလုပ်လုပ်ပြီး ခေတ္တပြန်လာ ခြင်းဖြစ်မည်။ ယခုပြန်သွားတော့မည်။ သို့ သော်… ဆင်းရဲမြဲပဲဖြစ်၏။ သူတို့ချမ်းသာ ကြရဲ့လား။

မနေ့က ဖတ်ရသော စာတစ်ပုဒ်တွင် မဆလခေတ်နှောင်းက မြောက်န၀င်းဆည် ကြီးတည်ဆောက်ခဲ့၏။ ဆည်မှ ပိုလျှံသော ရေများကို ““ရေဆိုးထုတ်မြောင်း””ဖောက် ၏။ ထိုမြောင်းမှရေများသည် ဈေးချောင်း၊ ၎င်းမှ အင်းမ ချောင်း၊ ၎င်းမှ တစ်ဆင့် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ဈေးချောင်းကို တမံပြန် ပိတ်၏။ ထိုအခါ ရေဆိုးထုတ်မြောင်းမှ ထွက်ကျလာသောရေများရော၊ အင်းမချောင်း ရေများပါ မစီးနိုင်တော့ သဖြင့် မြောင်းတစ်လျှောက် လယ်မြေများထဲလျှံကျခဲ့ရာ ရေနက်ကွင်းများဖြစ်သွားကြ၏။ လယ်ဧက ပေါင်းများ စွာ ဆုံးရှုံးခဲ့ရ၏။ လယ်သမားများ လယ်မဲ့အလုပ်မဲ့ ဖြစ်သွားခဲ့ရ၏။ လယ်ရှင် လူကြီးများ ၀မ်းနည်းပက် လက်ဖြစ်ရုံမက သားသမီးများပါ အလုပ်လုပ်စရာ မြေအရင်းအမြစ်မရှိတော့သဖြင့် လစာကောင်း သည်ဆိုသော ပြည်ပသို့ ထွက်သွားကြရ သည်ဟု ဆိုပါသည်။

နောက်ဆက်တွဲ ပြဿနာများကတော့ အမျိုးစုံလှ၏။ ယောက်ျားတွေထက် ဆိုးသောဘ၀ကို မိန်းကလေးများ ရခဲ့ကြ၏။ တစ်ဖက်နိုင်ငံ၌ အလုပ်ရမည်ဆိုပြီး တကယ် လက်တွေ့တွင် မယားအဖြစ် ရောင်းစားခံ ကြရသည်။ ဖမ်းမိ၍ ကယ်တင်နိုင်တာက ၁ ရာခိုင်နှုန်းပင် ရှိပါ့မလား။

ဤရောဂါဆိုးကြီးကို ဘယ်လိုကုကြမည်နည်း။

ဆေးမြီးတိုနှင့် မရနိုင်တော့ပါ။

ပြဿနာဖြစ်မှ အစိုးရက တစ်ခုချင်း လိုက်ရှင်းပေး၍လည်း အားလုံးပြေလည်သွားမည် မဟုတ်ပါ။

အရင်းကစ၍ ဖြိုရန်လိုပါသည်။

သူတို့ဘာကြောင့် ထွက်သွားကြသလဲ။

ကိုယ့်ရွာမှာ အလုပ်မရှိ၍။ ရှိလျှင်လည်း ၀င်ငွေနည်း၍ဖြစ်သည်။ အဓိက ထွက်သွားကြသူများမှာ ကျေးလက် ကဖြစ် ၏။ သူတို့ကိုယ့်ရွာမှာလုပ်ကိုင်နိုင်ဖို့ အဓိက စဉ်းစားပေးရမည်။ မြို့သစ်ကြီးတွေ…၊ တိုက်ခန်းတွေ ထောင်နှင့် သောင်းနှင့်ချီပြီး မိုးထိအောင် စီမံပေးခြင်းထက် လယ်မြေတွေ ပြန်ဖော်ပေးပြီး၊ ဥယျာဉ်ခြံမြေတွေ ဖော်ဆောင်ပေးလျှင် ပို၍ထိရောက်ပါလိမ့်မည်။ စပါးအပြင်ရောင်းတန်းဝင် သီးနှံများစွာ စိုက်၍ရနိုင်သည်။ စင်ကာပူသို့ စိန်တစ်လုံးသရက်ပို့သော ကုမ္ပဏီနှင့် ဆွေးနွေးဖူး၏။ ရောင်းမလောက်ဟု ဆိုသည်။ ယခု ပြည်ပမှ သစ်သီးများ၊ ပန်းများ ပြည်တွင်းသို့ဝင်ပြီး ဈေးကွက်ယူနေသည်။ ဒါကို ပြောင်းပြန်လှန် ပစ်နိုင်ရမည်။ မြန်မာပြည် မှာ““မြေ””ရှိသည်။ ““လူ””ရှိသည်။ ““နည်း ပညာ”” ရှိသည်။ ““ငွေ””လည်း ရှိပါသည်။ အားလုံးအံဝင်အောင် ဖန်တီးပေးနိုင်သူမှာ ““အစိုးရ””ဖြစ်၏။

နေ့စဉ်တွေ့နေရသော ပြဿနာမှာ ““မြေသိမ်းမှု””များ ဖြစ်သည်။ ကုမ္ပဏီများသို့ ဈေးပေါပေါနှင့် ရောင်းချခဲ့ခြင်း ကို ရန်ကုန်မှာပင် မြင်ခဲ့ရပြီးပြီ။ မည်သူမျှ မပိုင်သေးသော တောရိုင်းမြေအား သိမ်းပုံ သိမ်းနည်းကိုလည်း မြင်ခဲ့ ဖူး၏။ ၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ် တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်း သည်။ ပြည်လမ်းမကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ” ဟု သစ်သားဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ။ ပိုင်ရှင်မရှိသော ပလပ်မြေမို့ ခုထိ ပြဿနာမရှိပါ။ မိကျောင်းကန်ကဲ့သို့ ပိုင်ရှင်ရှိသူများပြဿနာက လွှတ်တော်ထဲအထိ ရောက်နေပြီ။ (မသိမ်းခဲ့ရင် ဘာမှမဖြစ်)

ထိုစဉ်က စစ်တပ်၏ဆောင်ပုဒ်မှာ ““စားလို့ရတာ အကုန်စိုက်၊ မွေးလို့ရတာ အကုန်မွေး””ဟူ၍ဖြစ်၏။ အကြီး အကျယ် တိုးချဲ့လိုက်သော စစ်သားဦးရေအတွက် ကိုယ့်ဟာကိုယ်မွေးကြ၊ စိုက်ကြရန်မြေကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းမှာ သူ့ခမျာများမမွေးနိုင်၊ မစိုက်နိုင်ကြပါ။ မွေးရန်စိုက်ရန်လည်း မလိုပါ။ ထောက်ပံ့ရေး ရှိသည်။ နောက်ဆုံးတော့ တပ်သိမ်းမြေများ ပြန်ပေးရန်ဆန္ဒပြပွဲများ မြင်မကောင်းအောင် ပေါ်လာခဲ့၏။

အဖြေကို မြင်နေပါသည်။

တာဝန်ရှိသူများလည်း မြင်ကြပါလိမ့်မည်။

ပြည်တွင်းပြဿနာနှင့် ပြည်ပပြဿနာကို မြားတစ်စင်းနှင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ လုပ်နိုင်ကြပါလိမ့်မည်။

လုပ်ဖြစ်ဖို့တော့ အရေးကြီးသည်။

ဆီးသီးဗန်းချည်း လုမနေကြဘဲ မြေယာပြဿနာကို အဓိကကိုင်တွယ်ကာ မြန်မာ့ကျေးလက်လူငယ်များအား အမိမြေ၌ မိသားစုနှင့်အတူ ပျော်ရွှင်စွာအလုပ်လုပ် နိုင်ရေးကိုစီမံပေးရန် ဆုံးဖြတ်ကြဖို့ အချိန်တန်ပါပြီ။

မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

“၂၀၁၅ ရွေးကောက်ပွဲကို ဘယ်ပုံစံနဲ့လုပ်မှာလဲလို့ အရင်မေးကြည့်ရမှာ။
အဲဒါမှ မသိသေးဘဲ ဗျူဟာဘယ်လိုလို့ ချလို့ရမှာလဲ”
~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်ခိုင်ဖြိုးလို သိပ်ပြည့်စုံတဲ့၊ ချမ်းသာတဲ့ ပါတီတွေက လူနည်းနည်းလေးတွေ နဲ့ မွေးပြီးတော့ ပါတီတွေ အများကြီး ဖွဲ့ထားရင်ရော အဲဒါတွေက မဟာမိတ် လို့ ခေါ်မလား။ အဲဒါမျိုးတွေလည်းရှိတယ်။ ပါတီနာမည် တပ်ပြီးတော့ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေကို တွေ့နေကြမှာပါ။ အများကြီးရှိပါတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ ဆန်းစစ်ဝေဖန် သုံးသပ်ချက် များသည်လည်း အရှိန်အဟုန်မြင့်လျက် ရှိနေကြသည်။ ထိုဆန်းစစ် သုံးသပ်ချက်များထဲတွင် ၂၀၁၅ ရွေးကောက်ပွဲ၏ အဓိက Player ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူများက အထူးအလေးပေး ဆန်းစစ်လျက် ရှိကြသည်။ ထိုသို့ လေ့လာ ဆန်းစစ်ချက်များတွင် အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ ထင်သာမြင်သာရှိသော ဆောင်ရွက်နေမှုများ အခြေအနေအရ ရွေးကောက်ပွဲ အခင်းအကျင်း ဆိုင်ရာ လုပ်ဆောင်မှုများတွင် အားနည်းလျက်ရှိကြောင်း သုံးသပ်လျက် ရှိကြသည်။ ထိုသုံးသပ် ချက်များအပေါ် အခြေပြု၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှု အခြေ အနေများနှင့် သဘောထား ရပ်တည်မှု အခြေအနေများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ သည်များကို ဖော်ပြအပ်ပါသည်။

မေး – လက်ရှိပါတီတွင်းမှာ ပုံမှန်လုပ်ဆောင်နေတဲ့ ပါတီလုပ်ငန်းတွေအပြင် နိုင်ငံရေး လုပ်ရှားမှု အနေနဲ့ရော ပါတီ လုပ်ငန်းအနေနဲ့ ဘာတွေများ ဆောင်ရွက်နေတာ ရှိပါသလဲ။

ဖြေ – လက်ရှိကတော့ ပါတီကို ပြန်လည် ဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့အစည်း သူတို့တွေ လုပ်ငန်းခွင်နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ နိုင်ငံရေးခွင်နဲ့ ၀င်လာအောင် သူတို့ကို ကျွန်တော်တို့ ခိုင်းနေရတာပေါ့။ ဒါကအဆင့်ဆင့်ပေါ့။ ပြည်နယ် တိုင်း အောက်မှာလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ လောလောဆယ် ၂၀၁၅ ကို ကြားဖြတ် မရှိတော့ ၂၀၁၅ ကို ရည်ရွယ်ပြီး အောင်နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့နိုင်ဖို့ စဉ်းစားနေတယ်။ ပြုစု နေတယ် ပေါ့ဗျာ။ ဘယ်တော့ဖွဲ့ရမလဲ။ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာ လုပ်နေတယ်။

မေး – အပြင်မှာ သတင်းတွေ ကြားနေရတာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွင်း လူငယ်တွေထဲက နေပြီးတော့ ကိုယ်စားလှယ်တွေ ရွေးချယ်သွားဖို့ ရှိနေတယ်လို့ ကြားရတယ်ခင်ဗျ။

ဖြေ – အဲလိုတော့ မရှိဘူး။ သူတို့မပါဘူးလို့ ပြောတာမဟုတ်ဘူး။ အဲလိုသီးခြား သူတို့လေးတွေအတွက် လာမယ့် ရွေးကောက်ပွဲမှာ ထည့်ပေးမယ်လို့ ဒီလိုတော့ မူမရှိပါဘူး။ ဒါပေမဲ့ အန်ကယ်လ်တို့ ပါတီရဲ့ ဦစားပေး ရွေးချယ်မှု ထဲမှာတော့ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားဆိုတာ ပါပြီးသားပါ။

မေး – ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အောင်နိုင်ရေး ကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေတာ အပြင် ရွေးကောက်ပွဲ အခင်းအကျင်းအတွက် အခြားသော ဆောင်ရွက်မှုမျိုး ဘာတွေ များ ဆောင်ရွက်နေ တာ ရှိသေးလဲခင်ဗျ။

ဖြေ – ရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်ရင် ကြားဖြတ်မှာတည်းက ဒီလိုပြင်ဆင်ထားတယ်။ အဲဒါတွေ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ ပြည်သူလူထုကို မဲဆန္ဒပေးတဲ့ ပညာပေး အစီအစဉ်တွေ အန်ကယ်လ်တို့ လုပ်မယ်။ နောက် ပန်းဖလက်ကလေးတွေ ရိုက်နေတယ်။ ဒါပေမဲ့ ဒီစာတွေ လောလောဆယ်တော့ ရပ်ထားရတာပေါ့။ ဒါတွေက ဆက်လုပ်ရမှာပဲလေ။ ပန်းဖလက်လည်း အခုတိုင် လုပ်လို့မရသေးဘူး။ သူတို့က ပီအာရ် စနစ်ဘာညာ ဆိုတာက ရှိနေတော့ အန်ကယ်လ်က ဒီပန်းဖလက်မှာကိုက ဘယ်ဟာ ဘယ်လိုလုပ်ရမယ်၊ ပီအာရ်ဆိုရင် ဘယ်လိုမျိုး၊ တစ်မျိုးနဲ့တစ်မျိုး မတူဘူးလေ။ အဲဒါကြောင့် လုပ်တော့ လုပ်နေတယ်။ တိတိကျကျ အစိုးရ ကလည်း မကြေညာသေးဘူး။ ဆုံးဖြတ်ချက်ကလည်း သေချာမရှိတော့ ဒီကြားထဲမှာ လုပ်နေရတဲ့သဘော ဖြစ်နေတယ်။

မေး – လာမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ အသစ်ထုတ်ပြန် လိုက်တဲ့ ၄၁ မျက်နှာ စည်းမျဉ်းအသစ် ဘောင်ထဲကနေ လုပ်ရမှာဆိုတော့ အဲဒီအပေါ်မှာ အန်ကယ်လ်တို့ အနေနဲ့ ဘာများပြောဖို့ ရှိပါသလဲ။

ဖြေ – အန်ကယ်လ်တို့ အဲဒီစည်းမျဉ်းကနေပြီး ဥပဒေဆိုတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု ကော်မရှင်မှာ အဲဒီလိုထုတ်ပြန်ဖို့ဟာ မရှိဘူးလို့ ယူဆတယ်။ ဒီဟာသည် အန်ကယ့်လ် သဘောထား သက်သက် ပြောနေတာ မဟုတ်ဘူး။ ပြည်ထောင်စု ကော်မရှင်ရဲ့ အစည်းအဝေး ကျင်းပတဲ့ အချိန်မှာ အန်ကယ်လ်တို့ အဲဒီလို တင်ပြတာ။ အဲဒီတော့ သူတို့ လက်မခံဘူးလေ။ ၁/၂၀၁၄ လေးတွေ ထုတ်တာလေ။ ဒီဟာတွေက ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့ လူတွေရော၊ မဲပေးတဲ့လူတွေရော ကန့်သတ်တဲ့ ညွှန်ကြားချက်တွေ။ ဒီလို ကန့်သတ်ခွင့်မရှိဘူး။ ဒီလို ကန့်သတ်ခွင့်ကိုလည်း ပြည်ထောင်စု ကော်မရှင် က ဘယ်ဥပဒေကမှ ပေးမထားဘူး။ အန်ကယ်လ်က အဲဒီလို မြင်တယ်။

မေး – ဒီစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ NLD ပါတီကို အဓိကထား ရည်ရွယ်ပြီးတော့ ကန့်သတ်ထား တဲ့ ကန့်သတ်ချက်တွေ ပါနေတယ်လို့ ဆိုကြတယ်ခင်ဗျ။ အဲဒီအပေါ်မှာလည်း ကျန်တဲ့ပါတီတွေက တစ်စုံတစ်ရာ ကန့်ကွက်တာမျိုး မကြားရဘူးခင်ဗျ။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ – အန်ကယ်လ်တို့ကတော့ ဥပဒေတစ်ရပ် ထွက်လာမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြောစရာရှိရင် ပြောမှာပဲ။ ဘယ်သူကိုမို့လို့ လုပ်လို့ပြောတယ်။ အဲဒီလို အဓိပ္ပာယ်မျိုးတော့ အန်ကယ်လ်တို့ မဟုတ်ဘူး။ ဥပဒေ တစ်ရပ်က အားလုံးနဲ့ ဆိုင်ပါတယ်။ ပြည်သူလူထုအားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒါကြောင့် လိုအပ်ရင် ပြောမှာပဲ။ တခြားလူ မပြောတာကတော့ သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်။

မေး – NLD ပါတီ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းအတွက် ဗျူဟာရှိရှိ၊ စီမံချက် ကျကျ သွားနေတဲ့ ပုံစံမျိုး မရှိဘူးလို့ ဝေဖန်သုံးသပ် နေကြတာမျိုး ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ – ဒါကတော့ ဆွေးနွေးတဲ့၊ ပြောတဲ့သူလည်း သူ့လည်း ချို့ယွင်းချက်ရှိမယ်။ ၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်ပုံစံနဲ့ လုပ်မှာလဲလို့ အရင်မေးကြည့်ရမှာ။ အဲဒါမှ မသိသေးဘဲ ဗျူဟာ ဘယ်လိုလုပ် ချလို့ရမှာလဲ။

မေး – လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့က နိုင်ငံရေး အခင်းအကျင်းမှာ အကွက် ကျကျ ဆောင်ရွက် နေတာ မျိုးတွေ့ရတဲ့အခါ အဲဒီအပေါ်မှာ အန်ကယ်လ်တို့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – ပြည်ခိုင်ဖြိုးပါတီက အခုပြောင်းလဲမယ်ဆိုတဲ့ နိုင်ငံရေးစနစ်ကို သူတို့က ဦးဆောင်နေတာပဲ။ သူတို့ ဦးဆောင်ပြီး သူတို့ ရှေ့ကနေပြီးတော့ သူတို့အတွက် အကျိုးရှိအောင် သူတို့ကြိုးစားတာပေါ့။ အန်ကယ်လ် တို့ကတော့ စနစ်တကျ ပြောမယ်။ စနစ်တကျ ဝေဖန်မယ်။ အဲဒါဟာ သူတို့ ဘယ်လိုလုပ်တယ် ဆိုတာကို သိဖို့လိုတယ်။ သိရုံတင်မကပါဘူး။ တရားဝင်ထုတ်ပြန်တဲ့ စာတွေအပေါ်မှာပဲ အန်ကယ်လ်တို့ လုပ်လို့ရတယ်။

မေး – ရွေးကောက်စနစ် ပုံစံပြောင်းလဲဖို့ ဆောင်ရွက်နေကြ တာတွေကိုရော ခင်ဗျ။

ဖြေ – ဒီလိုရှိတယ်။ ပီအာရ်စနစ် ပတ်သက်ရင် အန်ကယ်လ်တို့ အဲသလောက် ပြောနေတာနဲ့တင် သိပ်ပြန် မပြောချင်ဘူး။ ပီအာရ်စနစ်က နည်းလမ်းပေါင်း မြောက်မြားစွာရှိ တယ်။ ပီအာရ်လို့ ပြောလိုက်ရင် နည်းလမ်း ပေါင်း မြောက်မြားစွာ ထဲက ဘာကိုသုံးမှာလဲ။ နောက်ပြီးတော့ အဖွင့်လား။ အပိတ်လား။ ၁၊ ၂၊ ၃ ကနေ ၄ ကနေ ၁ ကို သွားမှာလား။ ဒါတွေက နိုင်ငံအလိုက် သူတို့ လေ့လာကြည့်တော့ အများကြီး ကွဲကွဲပြားပြား ရှိတယ်။ အဲဒါကို စောင့်ပြီးတော့ ကြည့်ဖို့ လိုအပ်နေတယ်လို့ အန်ကယ်လ်ထင်တယ်။

မေး – ပြည်ခိုင်ဖြိုးဆိုရင် ပါတီ တော်တော်များများနဲ့ မဟာမိတ် ပုံစံမျိုး ပြုလုပ်နေတာ တွေ့ရတယ်ခင်ဗျ။ NLD ပါတီအနေနဲ့ရော အခြားပါတီတွေနဲ့ မဟာမိတ်အသွင် ဆက်ဆံလျက်ရှိတဲ့ အနေအထားက ဘယ်လိုများ ရှိပါသလဲခင်ဗျ။

ဖြေ – ပါတီတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မူဝါဒမတူလို့ ပါတီတွေ အရေအတွက် များနေတာ။ မူဝါဒတူရင် ဒီလောက်များစရာမှ မလိုဘဲ။ အဲဒီတော့ မူဝါဒမတူတဲ့ လူချင်းတော့ တူတာကို ပေါင်းလို့ပဲရမယ်။ အားလုံး မဟာမိတ် ဆိုတဲ့ စကားလုံးတော့ သုံးလို့မရဘူး။ အခုလက်ရှိလည်း တိုင်းရင်းသား ပါတီတွေနဲ့ လစဉ် အစည်းအဝေး ရှိပါတယ်။ တခြားပါတီတွေနဲ့ လိုအပ်ရင် အချိန်အခါမရွေး တွေ့မှာပါ။ အခုနပြောသလို မဟာမိတ် ဆိုတဲ့ စကားလုံးက ဥပမာ ပြည်ခိုင်ဖြိုးလို သိပ်ပြည့်စုံတဲ့၊ ချမ်းသာတဲ့ ပါတီတွေက လူနည်းနည်း လေးတွေနဲ့ မွေးပြီးတော့ ပါတီတွေ အများကြီး ဖွဲ့ထားရင်ရော အဲဒါတွေက မဟာမိတ်လို့ ခေါ်မလား။ အဲဒါမျိုး တွေလည်းရှိတယ်။ ပါတီ နာမည်တပ်ပြီးတော့ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေကို တွေ့နေ ကြမှာပါ။ အများကြီးရှိပါတယ်။

မေး – နောက်တစ်ချက် ပေါ့လေ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ လက်ရှိ NLD ပါတီအနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစည်းမှုမှာ အားနည်းနေတယ်လို့လည်း သုံးသပ်မှုတွေရှိကြတယ်။ UNA နဲ့ ပူးပေါင်း ဆောင်ရွက်တွေ ရှိတယ် ဆိုသော်လည်းပဲ ဒီ့ထက်ပိုပြီးတော့ အင်အား ကောင်းကောင်းနဲ့ စည်းရုံး ဆောင်ရွက်မှု တွေလုပ် သင့်တယ်လို့ သုံးသပ်နေတာ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲခင်ဗျ။

ဖြေ – ဒါကတော့ အပြင်ကမြင်တာပါ။ အန်ကယ်လ်တို့က အတွင်းထဲမှာ ကိုယ့်အလုပ်လည်း အများကြီး။ ပါတီချင်း ဆက်ဆံရေး ကလည်း အများကြီးပါ။ အန်ကယ်လ် ခုနပြောတဲ့ တစ်လတစ်ကြိမ် အစည်းအဝေး ဆိုတာအပြင် အန်ကယ်လ်တို့မှာ တိုင်းရင်းသား ပါတီတွေ၊ တခြားပါတီတွေနဲ့ ဆက်သွယ်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေက နိုင်ငံရေး အလုပ်ဆိုတာ သိပ်ပြီးတော့ လူသိမှ နိုင်ငံရေး မဟုတ်ပါဘူး။ မသိဘဲနဲ့လည်း လုပ်နေရ တာတွေ အများကြီးပါ။

မေး – ရွေးကောက်ပွဲကလည်း တစ်နှစ် ကျော်ကျော်လောက်ပဲ လိုတော့တာပေါ့နော်။ အခု အခြေအနေမှာ ပါတီပေါ် လူထုထောက်ခံမှု အနေအထားက ၁၉၉၀ လို၊ ပြီးခဲ့တဲ့ ၂၀၁၂ လို ထောက်ခံမှု အနေအထား ရှိနေသေးတယ်၊ လူထုရဲ့ ထောက်ခံမှု အားကောင်းကောင်း ရှိနေသေးတယ်လို့ သုံးသပ်ပါသလားခင်ဗျ။

ဖြေ – သုံးသပ်ပါတယ်။ အန်ကယ်လ်တို့ ဒီဥစ္စာက ဒီအတိုင်းထိုင်ပြီး ပြောတာ မဟုတ် ပါဘူး။ အန်ကယ်လ်တို့မှာ Research Team တွေရှိပါတယ်။ အဲဒါတွေအပေါ် မူတည်ပြီးတော့ အန်ကယ်လ်တို့ရဲ့ နိုင်ငံရေး စည်းရုံးရေး အင်အားက အရင်ထက်ကို မနိမ့်ဘူးဆိုတာကို သိပါတယ်။

မေး – အချို့သော သံဃာ့ အဖွဲ့အစည်းတွေနဲ့ ပါတီနဲ့ကြားထဲမှာ နားလည်မှုလေးတွေ ကွာဟနေတာ ရှိတယ်လို့ သုံးသပ် ကြပါတယ် ခင်ဗျ။ အဲဒီအပေါ်မှာရော အန်ကယ့်လ် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ – အဲဒါကတော့ ကွာဟနေတယ်ဆိုတာ အကြောင်းအရာပေါ်မှာ တည်လိမ့်မယ် ထင်တယ်။ ဘာသာရေး အကြောင်းအရာ ဖြစ်မလား၊ လူမှုရေး အကြောင်းအရာ ဖြစ်မလား အကြောင်းအရာပေါ် မူတည်တယ်။ နိုင်ငံရေး အကြောင်းအရာဆိုတော့ ဥပဒေက သံဃာတော်တွေကို ဗုဒ္ဓဘာသာတင် မကပါဘူး တခြားဘာသာ၊ ဘာသာရေး ခေါင်းဆောင်တွေကို နိုင်ငံရေး လုပ်ခွင့် မပေးထားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက။ အဲဒါကြောင့် ကွဲပြား နေတယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါဥပဒေနဲ့ ညီတာပေါ့။ ပေါင်းသွားတယ်ဆိုရင် ဒါဥပဒေနဲ့ မညီ တော့ဘူး။ ပြဿနာက အဲဒါကိုး။

မေး – ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ပါတီညီလာခံ လုပ်ဖို့ဆောင်ရွက်နေစဉ် ကာလမှာပေါ့လေ၊ ပါတီတွင်း အောက်ခြေပိုင်းမှာ တော်တော်လေးကို ပဋိပက္ခတွေ ကြုံတွေ့ရတာမျိုး ရှိပါတယ်ခင်ဗျ။ အခုရော အဲလိုမျိုး ပြဿနာတွေ ရှိပါသေးလား ခင်ဗျ။

ဖြေ – ပြဿနာကတော့ ရှိပါတယ်။ ဒါပေမဲ့ အများကြီး နည်းသွားပါပြီ။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပဲ။ ပါတီက ညီလာခံကို ပါတီစတင် ဖွဲ့စည်းတဲ့နေ့တည်းက လုပ်ဖို့ ကြိုးစားလာတာ နှစ်အစိတ်ကြာမှ လုပ်ခွင့်ရတယ်။ ဒီလို အခြေအနေမှာ ဒီလောက်တော့ ရှိမှာပဲလို့ ပြောချင်တယ်။

မေး – နောက်ဆုံး မေးချင်တာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် မြို့နယ်တွေမှာ လွှတ်တော် နေရာတွေအတွက် ကိုယ်စားလှယ်တွေ ရွေးချယ်မှုကို ဘယ်လို ပုံစံမျိုးနဲ့ ရွေးချယ်သွားမလဲ ခင်ဗျ။ အဲဒါလေး သိပါရစေခင်ဗျ။

ဖြေ – ကျွန်တော်တို့က Constituency ကြေညာပြီးရင် မဲဆန္ဒနယ်တိုင်း၊ နယ်တိုင်းမှာရှိတဲ့ NLD အဖွဲ့အစည်းတွေက မိမိတို့ ကြိုက်တဲ့လူကို တင်လို့ရတယ်။ တစ်ယောက်လည်း တင်လို့ရတယ်။ နှစ်ယောက်လည်း တင်လို့ရတယ်။ ဒါကို ဘယ်ကိုတင်ရမလဲ။ ခရိုင်ကိုတင်ရမယ် မြို့နယ်က။ ခရိုင်ကနေ တစ်ခါ တိုင်းကိုတင်ရမယ်။ ခရိုင်ကလည်း မြို့နယ်ကဟာကို ပယ်ခွင့်မရှိဘူး။ မကြိုက်ရင် မကြိုက်ဘူး ပြောခွင့်ရှိတယ်။ သူ့ဟာသူလည်း ထပ်တင်ခွင့် ရှိတယ်။ ဒါတွေအားလုံးကို တင်လာပြီး ဗဟိုမှာစုတဲ့အခါမှာ ဗဟိုမှာ နိုင်ငံရေးပါတီနဲ့ မဆက်စပ်တဲ့ လူကြီး လူကောင်း အဖွဲ့တစ်ဖွဲ့ အန်ကယ်လ်တို့ ဖွဲ့မယ်။ သူတို့ကဒါကို စိစစ်မယ်။ ဒါပေမဲ့လို့ နောက်ဆုံး အဆုံးအဖြတ် ကတော့ CEC ပါပဲ။ ဗဟို အလုပ်အမှုဆောင်သာ အဓိက ဖြစ်ပါလိမ့်မယ်။ စိစစ်တဲ့ အဆင့်မှာ အထိတော့ ကျွန်တော်တို့ ရပ်ရွာတွင်း၊ မြို့ရွာတွင်း လူကြီးလူကောင်းတွေနဲ့ အန်ကယ်လ်တို့ လုပ်မှာပါ။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

အံ့ခေါင်မင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့ ရသည့် Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် သတင်းထောက် လေးဦး တို့၏ အရေးအား အသက်ဝင် နေပြီ ဖြစ်သော သတင်း မီဒီယာ ဥပဒေနှင့် အညီ စာနာ ထောက်ထားစွာဖြင့် သက်ညှာစွာ ပြန်လည် စဉ်းစားပေးရန် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှ ကြေညာချက် တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ အယ်ဒီတာနှင့် သတင်းသမား များအား နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ် ၅၀၅ (ခ)/၃၄ ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချက်မှတ်ခံရမှု အပေါ် သတင်းသမား အချင်းချင်း စာနာ ထောက်ထားမှုဖြင့် စိတ်မကောင်းဖြစ် ရကြောင်းလည်း ဖော်ပြ ပါရှိသည်။

ကျွန်တော်တို့ ဒီကနေ့ ထုတ်ပြန်ချက်ဟာ သတင်း မီဒီယာ သမားတွေကို အသက်ဝင်နေပြီ ဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ ခုခံခွင့် မရလိုက် တာကို လည်း အဓိက ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အဲဒီသတင်း မီဒီယာ ဥပဒေအရသာ အကာအကွယ်ရမယ် ဆိုရင် လက်ရှိ ပြစ်ဒဏ်တွေ ထက်လည်း အများကြီး လျော့နည်း နိုင်ပါတယ် ဟု မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA) မှ ဦးသီဟစော က ပြောသည်။

ထို့ပြင် သတင်း မီဒီယာ ဥပဒေထွက်ရှိ သည်မှာ ရက်ပေါင်း (၇၀) ပြည့်ပြီ ဖြစ်သည့် အတွက် ဥပဒေကြောင်း အရ အသက်ဝင်ပြီဟု ယူဆ နိုင်ကြောင်း နှင့် နည်းဥပဒေ ထွက်ရှိရန် အတွက်လည်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ် ရုံးသို့ ပေးပို့ပြီး ဖြစ်သည့် အတွက် အဆိုပါ ဥပဒေဖြင့် အကာအကွယ်ရ သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သတင်းသမား တွေရဲ့ မိသားစုတွေ ကိုလည်း ကျွန်တော်တို့ တည်ထောင်ထားတဲ့ လူမှုဖူလုံရေး ရန်ပုံငွေထဲ ကနေ ကူညီပေး သွားဖို့ ရှိပါတယ်။ သတင်းသမား တစ်ဦးကို ငွေတစ်သိန်းနှုန်းနဲ့ ထောက်ပံ့နိုင်ဖို့ အတွက် ဂျာနယ် ထုတ်ဝေသူရဲ့ ဇနီးကနေ တစ်ဆင့် ဆက်သွယ်ပြီး အမြန်ဆုံး ဆောင်ရွက် သွားမှာပါ ဟု MJA အဖွဲ့ဝင် ဦးဝင်းငြိမ်းက ပြောသည်။

ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ ရသည့် Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းသမား ငါးဦးနှင့် ပတ်သက်ပြီး အောက်တိုဘာလ (၁၇) ရက်နေ့က မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJA) အနေဖြင့်လည်း အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး သဘောထား ကြေညာချက်အား ယနေ့ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

Bi မွန်းတည့်နေ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူ များက တင်မြှောက်ကြောင်း MCDF ထုတ်ပြန် ဟူသော ခေါင်းစဉ်ဖြင့် သတင်း ဖော်ပြမှုကြောင့် ဇူလိုင်(၁၁) ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယခု ကဲ့သို့ ပုဒ်မ ၅၀၅(ခ) ဖြင့် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Messenger News Journal

ဖန်ငါခရိုင်ထဲမှာ ၁၄ ၁၀ ၂၀၁၄ ညနေ ၅ နာရီကျော်လောက်က ကျန်းမာရေးချူခြာနေတဲ့ မြန်မာအမျိုးသမီးတဦးကို ယောက်ကျားမရှိစဉ် ထိုင်းအမျိုးသား ၃ ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီး၊လက်ပြန်ကြိုးတုပ်ကာ သေနတ်ပြခြိမ်းခြောက်ပြီးထိုင်း နှစ်ဦးမှ မုဒိမ်းကျင့်ခဲ့ပါတယ်၊

ထိုမျှမကသေးဘဲ နယ်မြေခံရဲကနောက်တရက်ညနေပိုင်းတွင်ရောက်လာပြီး ဇာတ်လမ်းဆင်ဖမ်းဆီးဖို့လုပ်ကာ ဘတ် ၄၀၀၀၀ ပေးရမယ် ပေးရင်အမှုမဖြစ်ဘူး မလုပ်ဘူး၊ မပေးရင်တော့ ကလေးဖျက်ချမှုနဲ့ ဖမ်းမယ်လို့လုပ်နေပါတယ်။ အနီးဝန်းကျင်မှမြန်မာများမှာ ထိုရဲအားအင်မတန်ကြောက်ရပါတယ်၊ ထိုရဲမှာ မြန်မာများအားအမြဲလိုအနိုင်ကျင့် ဒုက္ခပေးတတ်ကြောင်းသိရပါတယ်၊

လက်ရှိမိန်းကလေးမှာ မိန်မကိုယ်ဒဏ်ရာများကြောင့် ဆေးရုံတွင်တက်ရောက် ကုသနေရပါတယ်။ မိမိတို့အနေနဲ့ ယခုကိစ္စအား သေချာမေးမြန်းစုံစမ်းခဲ့ပြီးပါပြီး ၁၃၀၀ နဲပူးပေါင်းကာ ရှေ့ဆက်တရားဥပဒေပိုင်းဆိုင်ရာအကူ အညီပေးရန် လုပ်ဆောင်နေပါတယ်။ လောလောဆယ် ဆေးမှတ်တမ်းကိုစောင့်နေပါတယ် ဒီရက်ပိုင်းအတွင်းအဖြေရပြီးလျှင် သက်ဆိုင်ရာကိုတိုင်ကြားပြီးတရား သဖြင့်ဖြစ်ရေးအတွက်ဆောင်ရွက်နေပါပြီ။

အခင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး နေရပ် နာမည် အစရှိသည်တို့ကိုမဖေါ်ပြနိုင်တာ နားလည်ပေးပါ၊မှတ်တမ်းမှတ်ရာများနဲ့တကွ စီစဉ်ထားရှိလုပ်ဆောင်နေပါတယ်။ ဒီတခါလဲ ရဲတွေရဲ့လုပ်ရပ်ကိုပေါ်အောင်ကျွန်တော် တို့ကြိုးစားလုပ်ဆောင်ကြ ရပါတော့မယ်။ ဒီကိစ္စကိုဒီမနေ့ညကဘဲသိပြီး ကနေ့လိုက်လုပ်နေခဲ့တာပါ ဒီပို့စ်ကိုလောလောဆယ်မတင်ဘဲထားမလို့ပါဘဲ ဒါပေမဲ့ ဟိုအမှုမှာလဲ ထိုးကျွေးထားခံနေရပြီး အခုလဲသိပ်မိုက်ရိုင်းနေလို့ ထိုင်းက ရွှေ့ပြောင်းမြန်မာတွေ လက်ရှိကြုံတွေ့နေရတဲ့( နေရာတိုင်းကိုပြောခြင်းမဟုတ်ပါ) အခြေအနေတရပ်ကို သုံးသတ်နိုင်အောင်တင်ပြလိုက်ရတာပါ၊

MO
—ရွှေလုပ်သား

သတင်းနှင့် ဓာတ်ပုံများအရဆိုသော် ကျောင်းဆရာနှ~ င့် ကျောင်းသူကလေး များ မိခင်များ ငိုကြွေးနေ ကြပုံ များမှာ အလွန်ကြေကွဲစရာကောင်းနေ . . . သို့သော် ကျွန်တော့်အနေဖြင့် ထိုသတင်း ဖော်ပြမှုကို သိပ်သဘော မကျ လှပါ။ အကြောင်းမှာ အလွန်အကျွံ ငိုကြွေးပုံ ကြောင့် ဖြစ်ပါသည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖေ့စ်ဘုတ်စာမျက်နှာတွင် အားပေးထောက်ခံမှု အများအပြားရရှိခဲ့သည့် လက်ထောက်ကျောင်းအုပ် တစ်ဦး ကို နိုင်ငံတော် အဆင့်“လူမှုထူးချွန် ဆရာ”အဖြစ် ရွေးချယ် ဟူ၍ ခေါင်းစဉ်တပ်ထားသော သတင်း တစ်ပုဒ်ကို လွန်ခဲ့သော တစ်ပတ်အတွင်းက ဒီမိုကရေစီတူဒေး ပုဂ္ဂလိကသတင်းစာမှာ ဖတ်လိုက်ရသည်။

ထို့ပြင် မျက်နှာဖုံး၌ လက်ထောက် ကျောင်းအုပ်ဆိုသူနှင့် တပည့်တော်သူများ ဖက်ကာ ၀မ်းနည်းပက်လက် ငိုကြွေးနေပုံ၊ ကျောင်းသားမိခင်များနှင့်ပါ ဖက်လဲတကင်း အားရပါးရငိုကြွေးနေပုံများကို ဓာတ်ပုံကြီး များနှင ဖော်ပြ ထားသည်ကို တွေ့မြင်ရသည်။ ထိုသတင်းနှင့် ဓာတ်ပုံကို ဖတ်ရှုရင်း ကျွန်တော်သည်ပင် “အမယ်လေးဗျ”ဟုဆို ကာ အားရပါးရငို ပစ်လိုက် ချင်စိတ်ပေါက် မိတော့သည်။…

ထိုသတင်းနှင့် ဓာတ်ပုံများအရ ဆိုသော် ကျောင်းဆရာနှင့် ကျောင်းသူကလေး များ (ကျောင်းသားများ ပါဝင် သည်ကို ဓာတ်ပုံ၌ မတွေ့ရပါ) မိခင်များ ငိုကြွေးနေကြပုံများမှာ အလွန်ကြေကွဲစရာကောင်းနေပါ၏။

ကျောင်းဆရာတစ်ဦး လုပ်ငန်းသဘော အရ ကျောင်းရွှေ့ပြောင်းရခြင်းဖြစ်ရာ တစ်ပြည်လုံးမှာထုံးစံဖြစ်ပါသည်။ သည် ဆရာကြီးကျမှ ဖေ့စ်ဘုတ်အတင်ခံရပြီး “ဆရာများနေ့”နှင့် တိုက်ဆိုင်နေ၍ အသားပေး သတင်း တစ်ပုဒ် ဖြစ်သွားရပုံရပါသည်။ သတင်းစာသမားတို့၏ လုပ်ကွက်ဘောင် ထဲရောက်ရှိပြီး အသားပေးခံရခြင်းဖြစ်သွား ရ လေသည်။

သို့သော် ကျွန်တော့်အနေဖြင့် ထိုသတင်းဖော်ပြမှုကို သိပ်သဘောမကျလှပါ။ အကြောင်းမှာ အလွန်အကျွံ ငိုကြွေးပုံ ကြောင့်ဖြစ်ပါသည်။ ကျောင်းဆရာ သည် ကျောင်းသူကျောင်းသားတို့၏ စံပြခေါင်း ဆောင်ဖြစ်ရ ပါမည်။ ကျောင်းသားတို့က တပ်သားဆိုလျှင် ကျောင်းဆရာသည် တပ်မှူးကြီးပါပဲ။ ငိုကြွေးခြင်းသည် အားငယ်မှု၊ အား နည်းမှုပြယုဂ်တစ်ခုဖြစ်၍ စိတ်ဓာတ်ကျသည့်သဘော ဆောင်ပါသည်။

ကျွန်တော်တို့ ငယ်စဉ်ကအဖြစ်ကို ပြန်လည်သတိရမိပါ၏။ မြန်မာစာပြဆရာ ကြီး ဦးစိန်ထွန်းဆိုသူ ရှိပါသည်။ မြန်မာစာ သင်ပြရာတွင် ပုံတိုပတ်စများဖြင့် အပြော အလွန်ကောင်းပါသည်။ သူက ကျောင်း သား ကျောင်းသူ များကို သားသမီးသဖွယ် ချစ်၍ ကျောင်းသားကျောင်းသူများကလည်း ဆရာကြီးအား မိဘသဖွယ် ချစ်ခင်လေး စား ကြပါသည်။

ထုံးစံအတိုင်းပင် တစ်နေ့တော့ ဆရာ ကြီး ရန်ကုန်မြို့နယ်တစ်နေရာသို့ ပြောင်း မိန့်ကျလာပါသည်။ အစိုးရ၀န် ထမ်းဆရာ များဖြစ်ရာ မပြောင်းလို၍မရပါ။ အမိန့်ကို နာခံရပါသည်။

ကျွန်တော်တို့ တပည့်များက ဆရာကြီးအား နှုတ်ဆက်ကန်တော့ပွဲပြုလုပ်ကြ ပါသည်။ အ၀တ်အထည် ပုဆိုးနှင့် မုန့်အချို့ ပါဝင်ပါသည်။ ဆရာကြီးက ဆုံးမစကား အနည်းငယ်ပြောကြားပါသည်။ စာကြိုးစားကြရန်၊ စည်ကမ်း ရှိကြရန် ဆုံးမသြ၀ါဒ ပေးပါသည်။

ဆရာကြီးမျက်နှာမှာ ပြောင်းလဲနေပါသည်။ မျက်လုံးများက စိုစွတ်နေပြီး မကြည်လင်လှပါ။ သို့သော် ဆရာကြီး ကပြုံးကာ ကျောင်းသားတွေကို အားပေးစကား ပြောကြားရှာပါသည်။ အငိုမျက်လုံး၊ အပြုံး မျက်နှာဆိုတာ ဒါပဲ ဖြစ်မည်ထင်ပါသည်။

ယခုအခါ ပြန်တွေးကြည့်တော့ လူ့ဘ၀တွင်ငိုကြွေးမှုသည် မကောင်းပါ။ အားနည်းမှု၊ အရှုံးပေးမှု သရုပ်သ ကန်ပင် ဖြစ်ပါသည်။ လူသည် အားတင်းရမည်။ အားရှိရပါမည်။ ငိုကြွေးမှုကို ဘာပဲဖြစ်ဖြစ် မပြုသင့်ပါ။ ခေါင်း ဆောင်လုပ်သူများက ပို၍သတိ ထားရပါမည်။ ငိုကြွေးပြခြင်းသည် တိုင်းပြည်လည်း မတိုးတက်ပါ။ မိမိအတွက် လည်း မတိုးတက်ပါ။ ငိုကြွေးခြင်းသည်းခံပါဟု ဆိုပါရစေ။

မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီစစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ပါတယ်။

အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပနေတဲ့ ဥရောပအာရှ ASEM အစည်းအဝေးကာလအတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက အခုလို သဘောတူလိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဗြိတိန်သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး AFP သတင်းဌာန ရေးသားပါတယ်။

ဝန်ကြီးချုပ်ကင်မရွန်းအနေနဲ့ ခိုတောင်းအမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ သဘောတူရရှိခဲ့ကြောင်း၊ အဓိကအားဖြင့် စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကို စစ်ဆေးရာမှာ လွတ်လပ်စွာ ဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ဖြစ်ကြောင်း ဗြိတိန်သံတမန်အသိုင်းဝိုင်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားပါတယ်။

ဒီလို စွပ်စွဲရာမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးပြောဆိုချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် အမှုမှန်နဲ့တရားခံအမှန် ဖော်ထုတ်အရေးယူပေးဖို့ ဗြိတိန်နဲ့ မြန်မာအစိုးရအပါအဝင် လူ့အခွင့်ရေးအဖွဲ့စည်းတွေက တောင်းဆိုနေကြပါတယ်။

အရင်ရက်တွေကတော့ ဒီလိုနိုင်ငံခြားက ဝင်ရောက်စစ်ဆေးတာမျိုးကို ထိုင်းဝန်ကြီးချုပ်ကရော ထိုင်းရဲတပ်ဖွဲ့ကပါ အချုပ်အခြာအာဏာထိပါးမှုအဖြစ် လက်မခံကြောင်း ပြောကြားခဲ့ကြပါတယ်။

တချိန်ထဲမှာလည်း ခိုတောင်းကျွန်းလူသတ်မှု အမှုမှန်ဖော်ထုတ်နိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် နေအိမ် ရှေ့မှာ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ဗြိတိန်နိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf



ထိုင်းသံရုံးရှေ့တွင် အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုနေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ဘခင်)
 ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(ခေါ်)လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ခရီးသည် နှစ်ဦး သတ်ဖြတ်ခံရမူနှင့် ဆက်စပ် ဖမ်းဆီးခံထားရသောာရခိုင်လူငယ် (၂) ဦးအတွက်  မြန်မာနိုင်ငံသားများမှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄နှစ်) နှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရမှုတို့ အတွက် စွပ်စွဲခံနေရသော ရခိုင်လူငယ်နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့အား မျှတစွာ တရားစီရင်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုဘခင်က ပြောသည်။

“ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရခြင်းဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို များစွာထိခိုက်စေတဲ့အပြင် အချိန်မှီ တရားခံတွေကို မဖမ်းဆီးနိုင်ရင် အရှက်ရနိုင်တဲ့အတွက်ကြောင့် ခုလို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ရခိုင်လူငယ် နှစ်ဦးကို တရားခံအဖြစ် ထိုးကျွေးလိုက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်တို့က ယုံကြည် ထားတယ်။ ဒါကြောင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အပေါ် မျှတစွာ တရားစီရင်ရေးနဲ့ အမှုမှန် ပေါ်ပေါက်ရေး အတွက် တောင်ဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြတောင်းဆိုပွဲအား ထိုင်းကောင်စစ်ဝန်ရုံး (Consulate General of Thailand) နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀ကျော် တက်ရောက်ခဲ့ကာ အင်္ဂလိပ်လို  We Want Justice , Thank you Thai People, Standing for Justice စသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

“ ကျွန်တော်တို့က တရားမျှတမူကိုလိုလားတယ်။ ထိုင်းတွေကို ကျေးဇူးတင်တယ်။ အမှန်တရားအတွက် ရပ်တည်ပါဆိုတဲ့ အင်္ဂလိပ်လို ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လုပ်ဇာတ်ခင်းပြီး အပြစ်မဲ့ ရခိုင်လူငယ်နှစ်ဦးကို ဖမ်းဆီးထားတာကို  အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ကြပြီး ထိုင်းဝန်းကြီးချုပ်ကို လိပ်မူပြီး အိပ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ပေးပို့ခဲ့ကြပါတယ်” ကိုခိုင်ဘခင်မှ ဆက်လက် ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ကိုသန်းထွန်းအောင်ကလည်း သူ့အမြင်ကို ယခုလို သုံးသပ် ပြောဆိုသည်။

“ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ပြည်ပနိုင်ငံ အသီးသီးကို အလုပ်ထွက်လုပ်ကြရတဲ့ မြန်မာပြည်သူတွေကို ရာစုနှစ်တစ်ဝက်ကျော်လောက် မသိကျိုးကျွန် လစ်လျူရှု့ထားခဲ့တာဆိုတော့ အခုကိစ္စမှာလည်း ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေကို  ဆွဲထည့်လိုက်ရင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ သဘောမျိုး လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ ထိုင်းအစိုးရအနေဖြင့် မျှတတဲ့ တရား စီရင်ရေး ဖေါ်ဆောင်ပေးဖို့ဘဲ ပြောလိုပါတယ်” ဟု ဆိုသည်။

ဆန္ဒုပြပွဲကို စီစဉ်သူများထဲမှ တဦးဖြစ်သည့် ကိုတင်ဝေ မှလည်း မတရားဖမ်းဆီးခံထားရသော ရွှေ့ပြောင်း မြန်မာ နိုင်ငံသားနှစ်ဖြစ်ကြသော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို မျှတသော တရားစီရင်ရေး ရစေချင်ကြောင်း၊  ပြီးလျှင် လူသတ်တရားခံ မုဒိန်းကျင့်သူတွေအဖြစ် မြန်မာ လူငယ် နှစ်ဦးအား မတရား စွပ်စွဲ ဖမ်းဆီး ခံထားရတာကို ကမ္ဘာက သိစေချင်ကြောင်း၊ သို့အတွက် ယခုလို နယူးယောက်မြို့ရှိ ထိုင်းကောင်းစစ်ဝန်ရုံးရှေ့တွင် တောင်းဆို ဆန္ဒပြရတာဖြစ်ကြောင်း ပြောဆိုသွားသည်။

ဆန္ဒပြပွဲကို ထိုင်းသံရုံးအပါအ၀င် အနီးအနား လူအများက စိတ်ဝင်စားမူ ရှိခဲ့ပြီး ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သောစာအားလည်း ထိုင်းသံရုံး တာဝန်ရှိသူများက လက်ခံယူထားလိုက်သည်ဟု သိရှိရသည်။

(နိရဉ္စရာ- ၁၈ အောက်တိုဘာ ၂၀၁၄)
http://www.narinjara.com/burmese/?p=12394


ဖိလစ်ပိုင်ရှိ အစ္စလာမ်အစွန်းရောက် အဘူဆေယက်ဖ်အဖွဲ့က ၎င်းတို့ဖမ်းဆီး ထားသည့် ဂျာမနီနိုင်ငံ သားနှစ်ဦးကို ပြန်လွှတ်ပေး လိုက်ပြီဖြစ်သည်။

၎င်းတို့သည် ဧပြီလအတွင်း ရွက်သင်္ဘောတစ်စီးပေါ် လိုက်ပါလာသည့် အဆိုပါဂျာမနီနှစ်ဦးအား ဓားစာခံအဖြစ်ဖမ်းဆီး ကာ ပြန်ပေးငွေများ တောင်းခဲ့ ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အဘူဆေယက်ဖ်အဖွဲ့ကလည်း ၎င်းတို့တောင်းဆိုထားသည့် ပြန်ပေးငွေ ၅ ဒသမ ၆ သန်းကို အပြည့်အ၀ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ထားသည်။

အီရတ်နှင့်ဆီးရီးယားတို့ရှိ IS အစွန်းရောက်များအား အမေရိကန်ဦးဆောင်၍ လေကြောင်းတိုက်ခိုက်လျက်ရှိရာ ဂျာမနီနိုင်ငံလည်း ပူးပေါင်းပါဝင်လျက်ရှိသည်။ အစောပိုင်းကမူ အစ္စလာမ်ခွဲထွက်ရေးအဖွဲ့ အဘူဆေယက်ဖ်က IS အဖွဲ့အား ဂျာမနီဝင်ရောက်တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သော်လည်း ဂျာမနီအစိုးရက ပယ်ချခဲ့သည်။

အဘူဆေယက်ဖ်အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များက စတင်ထကြွလာသည့် အဖွဲ့ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွင်းကမူ Superferry 14 အမည်ရှိ ကူးတို့ သင်္ဘောကြီးတစ်စီးအား အဘူဆေယက်ဖ်အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့ရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ထိုင်းနိုင်ငံ လိပ်ကျွန်းက  ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့အမှုကို ဗြိတိသျှရဲတွေ သွားရောက် စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ဗြိတိန်က  ရဲအရာရှိတွေ အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးဖို့ ပြောကြားတဲ့အခါမှာ ထိုင်းဝန်ကြီးချုပ်က ဗြိတိန်ရဲ့ အကူအညီကို ယူဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးထားပါတယ်။

လူသတ်တယ်လို့ စွပ်စွဲခံရသူ ၂ ဦးကို ထိုင်းရဲက ရိုက်နှက်နှိပ်စက်ပြီး ထွက်ဆိုခိုင်းတယ်လို့ ဝေဖန်ပြောဆိုတာတွေရှိပေမယ့် ထိုင်းရဲကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

ထိုင်းဘက်က စုံစမ်းစစ်ဆေးမှုတွေက ခိုင်မာတိကျမှု မရှိဘူးလို့ အများက ယူဆကြပြီး ဗြိတိသျှအစိုးရကို သီးခြား စုံစမ်းစစ်ဆေးပေးဖို့ အွန်လိုင်းကနေ လူပေါင်း ၁ သိန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68153


ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွင်တခြားနိုင်ငံအမိမြန်မာပြည်သို့ပြန်လာခဲ့ သောမြန်မာနိုင်ငံသူနိုင်ငံသားများ ထိုင်းမြန်မာချစ်ကြည်ရေးတံတားသို့ အရောက်မိမိအိမ်ကိုရောက်ချင်စိတ်ပျောက်လောက်အောင်
ထိုင်းမြန်မာချစ်ကြည်ရေးတံတားမှ နွေးထွေးစွာကြိုဆိုပုံကအမောပင်ဆို့ သွားစရာ လိုအပ်သည့်စာရွက်စာတန်းတံဆိပ်တုံးပါမကျန်တဖက်ကမ်းမှ အစုံအလင် လုပ်လာခဲ့ပါလျက်နှင့် မြဝဗတီအဝင်ချစ်ကြည်ရေးတံတားတွင် မြဝတီမြို့ မရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဆိုသူနှင့်အရပ်သားညီညီတို့မှတရားမဝင်တင်သွင်းလာသည့်အကောက် ခွန်မဲ့ မှောင်ခိုးကားများ အားတစ် စီးလျှင်မြန်မာငွေတစ်ထောင်ကျပ်စီကောက်ခံသည့်အပြင် တဖက်မှမောပန်းစွပြန်လာကြသော
မြန်မာပြည်သူပြည်သားများထံမှ ထိုင်း ငွေ20ဘတ်ကိုအကြောင်းပြချက်မရှိ အတင်းကောက်ခံနေပါသည်
ဘယ်အတွက်ကြောင့်နည်း?? မြန်မာပြည်သို့ ပြန်လာသောမြန်မာပြည်သူပြည်သားများအဖို့  ၂၀ဘတ်တန်လေးများ လဲလှယ်လာရ၍ပင်ပင်ပန်းပန်းရှာထား သမျှကို ဘုမသိဘသိနှင့်ပေးနေရကြောင်း
မြန်မာနိုင်ငံမှတာဝန်ရှိလူကြီးများ သိရှိ အရေးယူပေးကြပါ။

၎င်းကိစ္စကိုယခင်က လွှတ်တော်အထိတိုင်းကြားခဲ့သော်လည်းထိရောက်စွာ အရေးမယူခဲ့ပါ တိုင်တုန်းခဏသာအတောင်းရပ်ထားပြီး နောက်ရက်များတွင် ကောက်မြဲတိုင်းသာ
ကောက်နေပါသည် ။ ထိုကြောင့် မြန်မာပြည်သူပြည်သားများကိုယ်စား သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ
အရေးယူပေးကြပါခင်ဗျာ။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှ သူခိုးများ fb

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံ ရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန် သံအမတ် Mark Andrew Geoffrey Kent ၊ ထိုင်းဘက်မှ ရဲချုပ် Somyot နှင့် ဒုတိယရဲချုပ် Surapong Suwarnna တို့သည် အောက်တိုဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ဒုတိယရဲချုပ်က မှုခင်းအခြေအနေများ အသေးစိတ်ရှင်း လင်းခဲ့ပြီး ဗြိတိန်မှ မေးခွန်း ၁၈ ခု၊ မြန် မာဘက်မှ မေးခွန်း ၁၇ ခုမေးမြန်းခဲ့ ရာ မြန်မာဘက် မှ မေးမြန်းချက်များ နှင့် ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုမှုများကို ဖော်ပြလိုက်ပါသည်။

မေး - မှုခင်းဖြစ်ပွားပြီးနောက် အ ဆိုပါကျွန်းမှ ထွက်ခွာသွားသူများအား လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခြင်း ရှိ မရှိ သိရှိလိုသည်။

ဖြေ - အခင်းဖြစ်ပွားသည့်အနားမှ လူအားလုံး၏ DNA ကိုစစ်ဆေးခဲ့ရာလူ ပေါင်း ၃၆ဝ ကျော်အားစစ်ဆေးခဲ့သည်။

မေး -DNAစစ်ဆေးရာတွင် ဆီး၊ တံတွေး၊ သွေး အစရှိသည်တို့အနက်မှ မည်သည့်အမျိုးအစား စစ်ဆေးခဲ့သည် ကို သိရှိလိုသည်။

ဖြေ - ကျွန်းပေါ်မှလူများ၏ DNA ကို စစ်ဆေးရာတွင် အာခေါင်ထဲမှ အ သားစကို စစ်ဆေးခဲ့သည်။ အသတ်ခံရ သူအမျိုးသမီး၏ သားအိမ်အတွင်းမှ တရားခံ၏ DNAကို ရယူခဲ့သည်။

မေး - စီးကရက်အစီခံများမှDNA ကို စစ်ဆေးခဲ့ရာတွင် အခင်းဖြစ်ပွားခဲ့ သည့်နေရာမှ စီးကရက် ဟုတ်/မဟုတ် သိရှိလိုသည်။

ဖြေ - အခင်းဖြစ်ပွားသည့်နေရာမှ စီးကရက်ကို ဆေးလိပ်အစီခံတွင်ရှိသောDNA ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

မေး - ဂစ်တာတီးသည့်နေရာမှ စီး ကရက်အားDNA စစ်ဆေးခဲ့ခြင်း ရှိ/ မရှိ သိရှိလိုသည်။

ဖြေ - စီးကရက်သုံးလိပ်ကို စစ်ဆေး ခဲ့သည်။ ပထမတစ်လိပ်မှာDNA နမူနာA, B နှင့်ကိုက်ညီသည်။ ဒုတိယ တစ်လိပ် မှာA နှင့် ကိုက်ညီသည်။ တတိယတစ်လိပ်မှာ မည်သည့် DNA နှင့်မျှ မကိုက်ညီ။

မေး - အခင်းဖြစ်ပွားရာနေရာ၌ တွေ့ခဲ့သောကွန်ဒုံးအားDNA စစ်ဆေး ခဲ့ခြင်း ရှိ/မရှိ သိရှိလိုသည်။

ဖြေ - ၄င်းကွန်ဒုံးအား စစ်ဆေးခဲ့ ရာ အသတ်ခံရသူ အမျိုးသမီး၏DNA ကိုသာ တွေ့ရှိခဲ့ရသည်။

မေး - DNA စစ်ဆေးခဲ့သော စီး ကရက်များအား အခင်းဖြစ်ပွားသည့်နေ ရာမှရရှိခဲ့ခြင်းလား သို့မဟုတ် ဂစ်တာတီး သည့်နေရာမှ ရရှိခဲ့ခြင်းလား ဆိုသည် ကို သိလိုသည်။

ဖြေ - ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားရာတစ်ဝိုက်အား အခင်း ဖြစ်ပွားရာနေရာဟု သတ်မှတ်ပါသည်။

မေး - အသတ်ခံရသည့်အမျိုးသမီး ၏ လက်ထဲတွင်ရှိသော ဆံပင်အရောင် အား သိရှိလိုသည်။

ဖြေ - ဆံပင်အရောင်မှာ ဆေးဆိုး ထားခြင်းမရှိဘဲ အာရှသားတစ်ဦး၏ဆံ ပင်အရောင်ဟု ယူဆရသည်။

မေး - အစွပ်စွဲခံရသူ သုံးဦးအား ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ခြင်း၏ အကြောင်းအရင်းကို သိရှိလိုသည်။

ဖြေ - ၄င်းတို့သုံးဦးအား ပထမဆုံး အကြိမ်စစ်ဆေးခဲ့ခြင်းမရှိ။

မေး - အမှုနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းခြင်းခံရသူ မည်မျှရှိသည်ကို သိ ရှိလိုသည်။

ဖြေ – ၄၈ဝ ဦးရှိသည်။ အခြားသတင်း ပေးအချက်အလက်အရ သွားရောက်စုံ စမ်းခဲ့ခြင်းများလည်း ရှိသည်။

မေး - အဆိုပါ ၄၈ဝ ဦးအား စစ် ဆေးရာတွင် အချိန်မည်မျှ ကြာမြင့်သည် ကို သိရှိလိုပါသည်။

ဖြေ - ၁၈ ရက်ခန့် ကြာမြင့်သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ဝင်း ဇော်ထွန်းကိုလည်းကောင်း၊ အောက်တို ဘာလ ၃ ရက်နေ့တွင် ဇော်လင်းကို လည်းကောင်း ဖမ်းဆီးရမိပြီးနောက် စစ်ဆေးခဲ့ရာ ၄င်းတို့မှ ဝန်ခံသည်။

မေး - CCTV တွင် မြင်ရသူ လူ ၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိ ရှိလိုပါသည်။

ဖြေ - ၄င်း ၃ ဦးမှာ ယခု ဖမ်းဆီးရ မိသော ဝင်းဇော်ထွန်း၊ ဇော်လင်းနှင့် မောင်မောင်တို့ဖြစ်ပါသည်။

မေး - မြန်မာသံရုံးမှ ကိုယ်စား လှယ်များ သွားရောက်စစ်ဆေးစဉ် ဖမ်း ဆီးခံရသူ နှစ်ဦးအနက်မှတစ်ဦးမှာ ၄င်း ၏ ရင်ဘတ်တွင် နီရဲသည့်အကွက်ပြပြီး ရင်ဘတ်အောင့် သည်ဟု ပြောသည်နှင့် ပတ်သက်၍ ဆရာဝန်နှင့်စစ်ဆေးခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ဖြေ - ရှေ့နေချုပ်လက်အောက်ရှိ ဆရာ ဝန်မှ ဖမ်းဆီးခံရသူများအား စစ်ဆေး ရာတွင် ဒဏ်ရာမရှိဟု ထွက်ဆိုပါသည်။

မေး - အခင်းဖြစ်ပွားသည့်နေရာ နှင့် ဂစ်တာတီးသည့်နေရာမှာ တစ်နေ ရာနှင့်တစ်နေရာ မြင်နိုင်ကြားနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

ဖြေ - ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားသည့်နေရာမှာ ၆၅ မီတာ ကွာဝေးသည်။ ညဘက်ဖြစ်သည့် အ တွက်ကြောင့် သဲကွဲစွာ မြင်နိုင်ခြင်းမရှိ သော်လည်း ကြားနိုင်ပါသည်။

မေး - မုဒိမ်းမှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစေလို သည်။

ဖြေ - တရားခံ၏ ထွက်ဆိုချက် အရဖြစ်သည်။ မျက်မြင်သက်သေ မရှိ ပါ။

မေး - အဆိုပါမှုခင်းတွင် စွပ်စွဲခံ ထားရသူ နှစ်ဦးအပြင် အခြားလူများ ပါဝင်ပတ်သက်မှု ရှိ/မရှိ သိလိုသည်။

ဖြေ - အခြားလူများပါဝင်ကျူးလွန် သည့် သက်သေအထောက်အထား မ တွေ့ရှိရပါ။

မေး – မှုခင်းစဖြစ်သည့်အချိန်နှင့် သက် သေအထောက်အထားများ ထိန်းသိမ်း ခြင်းသည် အချိန် ၈ နာရီ ကွာခြားနေ၍ သက်သေအထောက်အထားများ ခိုင်လုံ မှု ရှိ/ မရှိနှင့် ပြည့်စုံမှု ရှိ/မရှိ သိရှိလို ပါသည်။

ဖြေ - မှုခင်းစဖြစ်သည့်အချိန်နှင့် သက်သေအထောက်အထားများ ရရှိ သည့်အချိန်မှာ ၆ နာရီနှင့် ၃ဝ မိနစ် သာ ကြာမြင့်သည်။

မေး – သေဆုံးသူအား မာကျောသော ပစ္စည်းဖြင့် ရိုက်နှက်သည်ဟု သိရှိရ သော်လည်း သေဆုံးသူတွင် တွေ့ရှိရ သော ဒဏ်ရာမှာ ချွန်ထက်သောပစ္စည်း နှင့် ထိုးထား သည့်အပေါက်များ တွေ့ရှိ ရခြင်းနှင့်ပတ်သက်၍ ဖြေကြားပေးစေ လိုပါသည်။

ဖြေ - စစ်ဆေးတွေ့ရှိချက်များ တွင် မာကျောသောပစ္စည်းနှင့်သာ ရိုက် နှက်သည်ဟု တွေ့ရှိရသည်။

ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုချက်များ အရ မြန်မာတရားခံနှစ်ဦးသည် ကိုယ် တိုင်ဝန်ခံချက်ပေးသော်လည်း အခင်းဖြစ် ပွားသည့်နေရာ၏ အထောက်အထား များ၊DNA များ၊ CCTV များနှင့် အချို့နေရာများတွင် ကွဲလွဲနေကြောင်း မြန်မာသံအမတ်က သုံးသပ်သည်။ထို့ကြောင့် စွပ်စွဲခံမြန် မာနိုင်ငံသား နှစ် ဦး အမှုမှန်ပေါ်ပေါက် စေရေးအတွက် သံရုံးအထူးအဖွဲ့နှင့် သံ ရုံးရှေ့နေတစ်ဦး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ရှေ့ နေနှစ်ဦးနှင့် ၄င်းတို့ထဲမှ Mr. Thanu Aekchote အား ခေါင်းဆောင်အဖြစ် ခန့်အပ် ၍ အောက်တိုဘာ ၁၃ ရက်တွင် ကော့စမွီတရားရုံးသို့စေ လွှတ်ကာ အမှု မှန် ပေါ်ပေါက်ရေး အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။

Popular Myanmar News Journal


အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အနောက် အာဖရိက ဒေသကို အကူအညီ ပေးဖို့ နိုင်ငံတကာရဲ့ ကတိပြုမှုတွေဟာ ရောဂါ တိုက်ဖျက်ရေးမှာ ခုချိန်အထိ ထိရောက်မှု မရှိသေးကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) က ပြောပါတယ်။

အီဘိုလာ ရောဂါ ပျံ့နှံ့မှုကို ခုချိန်အထိ မထိန်းချုပ် နိုင်သေးကြောင်းလည်း MSF အဖွဲ့က Christopher Stokes က ပြောပါတယ်။

ရောဂါဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို MSF အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်းတွေက ကျုံးရုန်း လုပ်ဆောင် နေကြရတာဟာ လုံးဝ အဓိပ္ပာယ် မရှိဘူး လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း အီဘိုလာ ရောဂါ တိုက်ဖျက်ရေး အတွက် အလှူငွေတွေ အရေးပေါ် လှူဒါန်းကြဖို့ ထပ်မံ ပန်ကြားလိုက်ပြီး ပြီးခဲ့တဲ့ လက သူ တောင်းခံထားတဲ့ တစ်ဘီလျံ ဒေါ်လာ ရန်ပုံငွေ ကလည်း ဒေါ်လာ တသိန်းလောက်ပဲ ရသေးတယ်လို့ ပြောသွားပါတယ်။

တခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ အလှူ့ရှင် နိုင်ငံတွေက ဒေါ်လာ သန်း၄၀၀ နီးပါး လှူဒါန်းထားပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/10/141017_ebola_pledges_no_impact



အခြေခံပညာသင် ကျောင်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့ အတွက် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ စစ်ဆေးနေကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ရောင်းချနေတဲ့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးစီမံချက်ကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲစိုးက မေးမြန်းခဲ့တာကို ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

"အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများရှိ ဈေးဆိုင်များမှာ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်ရန် ဆိုးဆေးအလွန်အကျွံ အသုံးပြုထားတဲ့ အစားအသောက်များကို တွေ့ရှိရတဲ့အတွက်ကြောင့် စာသင်ကျောင်း မုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်အား အထူးစီမံချက်အနေနဲ့ ၂ဝ၁၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်၊ စီမံချက်ဆောင်ရွက်တဲ့ ဒေသကတော့ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့ဖြစ်ပါတယ်"

အခြေခံပညာကျောင်းတွေမှာ ရောင်းချနေတဲ့ မုန့်ပဲသွားရည်စာတွေကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနထံ ပေးပို့သွားမှာဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ်သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

သူတို့အတွက် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထား ပြီဖြစ်သလို၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာရဖို့ ဒီကနေ့ စတင်ဆောင်ရွက်နေပြီး အင်္ဂါနေ့ညနေ ထွက်ခွာဖို့ အတွက် လေယာဉ်လက်မှတ် ဝယ်ယူထား ပြီးဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်း က ပြောပါတယ်။

"အဲဒီ့ မိသားစုလေးယောက်က နိုင်ငံကူး လက်မှတ်တော့ရပြီ၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာ တနင်္လာနေ့တင်မှာ၊ ကျနော်နေ့လယ်က သူတို့လေးယောက်ရဲ့ နိုင်ငံကူးလတ်မှတ်မိတ္တူကို မြန်မာသံရုံးကို ပို့လိုက်ပြီ၊ မြန်မာသံရုံးကနေပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့လိုက်ပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပြီးတော့ သံရုံးကို ဒီလူတွေကို အရေးကြီးတဲ့ကိစ္စမို့လို့ ဗီဇာထုတ်ပေးပါဆိုပြီးတော့ အစိုးရပိုင်းကလုပ်နေပြီ၊ ဗီဇာလျှောက်ထားတာရယ်၊ လေယာဉ်လက်မှတ်ရယ် အဲ့ဒါတွေ လုပ်ငန်းစဉ်တွေကအရ ကျနော် အင်္ဂါနေ့ ညနေဖက် လေယာဉ် ဝယ်ခိုင်းထားတယ်၊ အင်္ဂါနေ့ညနေ ထိုင်းကိုထွက်လာပြီပေါ့"

ဒီမိသားစုဝင်တွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူတို့ရဲ့လုံခြုံရေး နေထိုင်ရေးတွေကို ဘန်ကောက်မြို့ မြန်မာသံရုံးက ကူညီပေးသွားမယ်လို့ သိရပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ သံရုံးအရာရှိ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ရဲ့ ပြောကြားချက်အရ လာမယ့် နိုဝင်ဘာလအတွင်းမှာ ဒီလိပ်ကျွန်းလူသတ်မှုကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

RFA

ဒေးဗစ်ဘက်ခမ်းသည် အာဖရိက တွင် အီဘိုလာ ဗိုင်းရပ်စ် မပြန့်ပွားရေး အတွက် လှုံ့ဆော်သည့် အနေနှင့် အီဘို လာ ဗိုင်းရပ်စ် ကူးစက်ခံ ရမှုမှ ကာကွယ် နိုင်မည့် နည်းလမ်း များကို အသားပေး တင်ဆက်ထားသည့် ဗီဒီယို အား အာဖရိ က အနောက်ပိုင်း တစ်ခွင်တွင် ထုတ်လွှင့် ပြသရန် စီစဉ် ထားကြောင်း သိရသည်။
Sierra Leone၊ Liberia နှင့် Guinea နိုင်ငံ များတွင် သေဆုံးသူ ၄ဝ၃၃ ဦး အထိ မြင့်တက်ခဲ့သည့် အဆိုပါ ကပ်ရောဂါ အား မည်ကဲ့သို့ ကာကွယ် ရမည်၊ မည်သို့ ထိန်းချုပ် ရမည်။ သန့်ရှင်း ရေးက မည်မျှ အရေးပါသည် စသည်တို့ အား ယူနီဆက် (Unicef) ၏ သံတမန် တစ်ဦးဖြစ်သည့် အားလျော်စွာ ဒေးဗစ် ဘက်ခမ်းက သိ ရှိအောင် အဆိုပါ ဗီဒီယို တွင် လှုံ့ဆော် ထားသည်ဟု ဆိုသည်။

ဘက်ခမ်း၏ ပူးပေါင်းဆောင်ရွက် မှုနှင့် ပတ်သက်၍ Sierra Leone ဘောလုံး အသင်း အဖွဲ့မှ ဥက္ကဋ္ဌ ဖြစ်သူ Isha Johansen က ”ဒေးဗစ်ရဲ့ ပူးပေါင်းမှုက ကျွန်မတို့ အတွက် အကြီးမားဆုံး အရာ တစ်ခုဖြစ်ပြီး သူ့အတွက်လည်း အဓိပ္ပာယ် ရှိပါတယ်”ဟု Sun သတင်းစာ သို့ တနင်္ဂနွေ နေ့က ထုတ်ဖော်ပြောကြား သွားခဲ့သည်။

အာဖရိက ဘောလုံးအဖွဲ့ချုပ် အနေ နှင့် အာဖရိက အမျိုးသား ဖလား အတွက် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ တွင်မော်ရိုကို နိုင်ငံ၌ ကျင်းပရန် မှတ်ပုံတင် ထား ပြီးဖြစ်ကြောင်း၊ ဘက်ခမ်း အနေ နှင့် ယင်းလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက် ခဲ့ခြင်းဖြင့် ဘောလုံးလောကသား တို့ အတွက် ဦးဆောင် လမ်းပြဖြစ် နိုင်လိမ့်မည် ဟု မျှော်လင့်ရသည် ဟု ဆိုနိုင်ပေမည်။

KTZO
Ref: Daily Mail

http://www.popularmyanmar.com/mpaper/2014/10/%E1%80%A1%E1%80%AE%E1%80%98%E1%80%AD%E1%80%AF%E1%80%9C%E1%80%AC%E1%80%97%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%95%E1%80%B9%E1%80%85%E1%80%B9-%E1%80%99%E1%80%BB%E1%80%95%E1%80%94/

Photo.. Myo Gyi
အဖွဲ့အစည်းပေါင်းစုံပူးပေါင်း၍ PRကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ပြောသည်။

”ရန်ကုန်တိုင်းတစ်တိုင်းလုံးအနေ နဲ့ ကျွန်တော်တို့ကွန်ရက်ရယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရယ်၊ မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေ စု ပေါင်းပြီးတော့ လုပ်ဆောင်သွားမှာပါ။ ၁၁ လဆန်းပိုင်းမှာ လုပ်သွားမှာပါ” ဟု ကိုမြတ်ကျော်က ပြောသည်။

မြန်မာနိုင်ငံရှိ လက်ရှိအချိန်နှင့် PR စနစ်သည် လိုက်ရောညီထွေမှုများ မရှိကြောင်း၊ အဆိုပါစနစ်မှာ အမျိုးသား စည်းလုံးညီညွတ်မှုကို ပြိုကွဲသွားနိုင်ကြောင်း စသည့်အ ချက်များကြောင့် ကန့်ကွက်ဆန္ဒ ဖော်ထုတ်လိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ PR စနစ် ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်မြို့တော် ခန်းမရှေ့နှင့် PR ထောက်ခံသည့် လွှတ်တော်အမတ်များ၏ မဲဆန္ဒနယ်များတွင်ပြုလုပ်ခဲ့ကြပြီး ယခုလ ၂၆ ရက်တွင်လည်း ရွှေပြည်သာမြို့နယ်တွင် ပြည်သူ ၅ဝဝ ခန့် PR စနစ် ဆန့် ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်းလည်း ယင်းကွန်ရက်မှ သိရ သည်။

”ကျွန်တော်တို့က ဘယ်အဖွဲ့အစည်း ဘယ်ပါတီကမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အဲဒီ စနစ်ကိုလက်မခံနိုင်လို့ ပြည်သူတွေအနေနဲ့ ဆန္ဒ ထုတ်ေ ဖ်ာတာပါ”ဟု ရွှေ ပြည်သာမြို့နယ် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်မည့် ဦးသူဇော်ကြည်ဝင်းက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိစေမည့် ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ် ရေးကော်မရှင်နှင့် PR စနစ်ကျင့်သုံးရေး လေ့ လာသုံး သပ်မှုကော်မရှင်တို့အား ဖျက်သိမ်းပေးရန် အဓိကထား၍ ဆောင်ရွက်နေကြောင်း ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ သိရသည်။PR (အချိုးကျကိုယ်စားပြုစနစ်) ကျင့်သုံးရန်အတွက် ပထမအကြိမ် ဒသမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင် နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင် ဝိုင်းကြည်တို့က လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် NLD က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက ကန့်ကွက်ခဲ့ကြပြီး တိုင်း ရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးက PR စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်မတက်ကြသည့် အခြေအနေ များလည်း ရှိခဲ့ကြသည်။
.
Credit : Popular Myanmar News Journal

အာရှယူ၁၉ပြိုင်ပွဲအဖြစ်မြန်မာယူ၁၉အသင်းက ယူအေအီယူ၁၉အားကျော်ဖြတ်ကာ သန်းပိုင်သွင်းယူသောတစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရရှိကာ ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီဖြစ်သည်။ အခုလို ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက် လာနိုင်တဲ့ မြန်မာအသင်းဟာ - ၂၀၁၅ ကျရင် နယူးဇီလန် နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက် ၀င်ရောက်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

့ မြန်မာအသင်းဟာ UAE ကို အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် ပြိုင်ပွဲကို တက်ရောက်ခွင့် ရခဲပြီးတော့ ဂျပန် နဲ့ မြောက်ကိုရီးယား မှာ အနိုင်ရတဲ့ အသင်း တစ်သင်း နဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်

ယင်းသို့အောင်ပွဲရခဲ့သည့်မြန်မာယူ-၁၉အသင်းပုံရိပ်များ၊အောင်ပွဲခံပုံရိပ်များနှင့် ပရိသတ်များအောင်ပွဲခံပုံများကိုတင်ဆက်ပေးလိုက်ပါသည်။ ဓါတ်ပုံ-ဖြိုး(ဘူမိ)
Yangon Media Group


တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တဲ့ အတွက် မြန်မာဈေး ကွက် အတွင်းက အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တင်သွင်းတယ်လို့ မပြောဆို မသုံးနှုန်းဘဲ တဖက်နိုင်ငံက တင်သွင်းတယ်လို့သာ သုံးနှုန်းကြဖို့ နေပြည်တော်အာဏာပိုင်တွေက သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာဈေးကွက်အတွင်းက စားသုံးဖို့မသင့်တဲ့ မုန့်တွေကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း က မီးရှို့ဖျက်ဆီးနေတဲ့အတွက် နေပြည်တော်ကောင်စီက တားမြစ်ထားသလို၊ နေပြည်တော် အခြေစိုက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနကလည်း သတိပေးထားတယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က RFA ကို ပြောပါတယ်။

"အန္တရာယ်ရှိတဲ့ မုန့်တွေပေါ့ ပြည်တွင်းထုတ်လည်းပါတယ်၊ တရုတ်ကတင်သွင်းတာတွေလည်းပါတယ်၊ အဲ့ဒါတွေကို ကျနော်တို့ နေပြည်တော်ကောင်စီကနေပြီးတော့ နေပြည်တော် ပျဉ်းမနား တာဝန်ခံ ဦးသူရဇော်ခေါ်ပြီးတော့ ဒီလိုဆက်လုပ်နေရင်တော့ တရုတ်နဲ့ စစ်ဖြစ်အောင်လုပ်နေတာလား၊ အဲ့ဒီတော့ လုပ်ခွင့်ပြုချက်မရရင် ဆက်မလုပ်ပါနဲ့တော့ဆိုပြီး တားမြစ်တာတွေရှိတယ်၊ ပြီးခဲ့တဲ့ ၃၀ ရက်နေ့ကတော့ စားသုံးသူများဦးစီးဌာန နေပြည်တော်က ဦးခင်ဇော်နဲ့ ကျနော်တို့နဲ့ စားသုံးသူရေးရာဆွေးနွေးတဲ့အချိန်မှာ တရုတ်သံရုံးကနေပြီးတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဆီ သံတမန်နည်းနဲ့စာပို့တယ်ပေါ့ဗျာ၊ ကျနော်တို့ စားသုံးသူကာကွယ်ရေးအသင်းက နေပြည်တော်မှာ သိမ်းဆည်းဖျက်ဆီးတာတွေ နောက်ထပ် ရန်ကုန်၊ မန္တလေးဒိုင်တွေကို သိမ်းဆည်းမယ်ဆိုတာတွေက သူတို့နိုင်ငံထုတ် မုန့်တွေလို့ပြောတယ်ပေါ့၊ မုန့်တွေရဲ့နာမည် ကုမ္ပဏီနာမည် ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးမဲ့ရက်စွဲ သွင်းကုန် ထုတ်ကုန် လိုင်စင်ရှိမရှိ မေးမြန်းတယ်ပေါ့နော် နောက်တစ်ခုက တရုတ်မုန့်လို့ မသုံးနှုန်းဖို့ပေါ့ဗျာ၊ သံတမန်ရေးအရ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်စာတန်းပါမုန့်လို့ သုံးနှုန်းဖို့ခုန ဦးခင်ဇော်ကဘဲ ကျနော်တို့ကိုယ်စားအစည်းအဝေးမှာ နောက်ပြီးတော့ တရုတ်နိုင်ငံကတင်သွင်းတာလို့ မပြောပဲနဲ့ တစ်ဖက်နိုင်ငံကတင်သွင်းတဲ့မုန့်လို့ သုံးစွဲဖို့ အစည်းအဝေးမှာပြောတယ်"

မြန်မာဈေးကွက်အတွင်း တရုတ်စာတမ်းပါမုန့်တွေ စားသုံးမိတဲ့အတွက် ကလေးငယ်တွေရဲ့ ပါးစပ်နဲ့ လျှာတွေမှာ အနာပေါက်တာ၊ အစာအိမ်ရောင်တာ စတဲ့လက္ခဏာတွေ တွေ့ရသလို အစားအသောက်တွေမှာ တာရှည်ခံဆေးနဲ့ သကြားဓါတ်ပါဝင်မှုများတဲ့အတွက် ဆီးချိုရောဂါနဲ့ အ၀လွန်ရောဂါဖြစ်ပွားမှု တိုးပွားလာနိုင်တာ တွေ့ရှိရတယ်လို့လည်း ဦးဗအုပ်ခိုင်က ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားသူ သိသိသာသာ များပြားလာနေပြီး၊ ၂၀၀၀ ပြည့်နှစ်က လူတစ်သိန်းမှာ ကင်ဆာဖြစ်ပွားသူ ၁ ဦးနှုန်း သာရှိခဲ့ရာက၊ ၂၀၁၀ ပြည့်နှစ်မှာ ၁၀၀ အထိ တိုးလာခဲ့ကြောင်း၊ လူတစ်ဦးချင်းအသက်ရှည်နှုန်းလည်း ကျဆင်းနေပြီး သက်တမ်းမစေ့ခင် သေဆုံးမှုနှုန်း မြင့်တက်လာနေကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ဈေးကွက်အတွင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်စာတမ်းပါ စားသောက်ကုန်တွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ အသေးစိတ်ပေးအပ်ဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံ စာပေးပို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဆီးရီးယားနယ်စပ်မြို့ ကိုဘာနီမြို့မှာ အမေရိကန်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီတဲ့ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့တွေ သေဆုံးခဲ့ပြီး သူတို့ သိမ်းပိုက်ခဲ့တဲ့ နေရာတွေကနေ ပြန်ဆုတ်ခွာနေတယ်လို့ ကာဒ့်တပ်မှူးတဦးက မနေ့က ပြောဆိုပါတယ်။

မြို့အရှေ့ပိုင်းက လွဲရင် ကျန်တဲ့ဘက်တွေကနေ ပြန်ဆုတ်သွားပြီလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်လုပ်ခဲ့ပြီး ထိရောက်မှုလည်း ရှိခဲ့ပါတယ်။

ကာဒ့်တပ်မှူးတဦးက ထောက်ပံ့ရေးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေလည်း ရရှိနေပြီး ဘယ်ကနေ ဘယ်လောက်ရတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါကြောင့် ကိုဘာနီမြို့ဟာ မကြာခင် ပြန်လည် လွတ်မြောက်မယ်လို့ ပြောဆိုပါတယ်။

ကိုဘာနီမြို့ဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ  ဘယ်လောက်ထိရောက်၊ အောင်မြင်သလဲဆိုတဲ့ စမ်းသပ်မှု တခုလည်း ဖြစ်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေက အိုင်အက်စ်တွေကို ဟန့်တားတဲ့အဆင့်တော့ ရှိပေမယ့် တကယ်မြေပြင်မှာတော့ ကိုဘာနီမြို့ လုံခြုံရေးဟာ စိုးရိမ်နေရဆဲလို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောဆိုပါတယ်။

၁ လကြာ ကိုဘာနီတိုက်ပွဲတွေမှာ လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး ဒေသခံ ၁၆၀၀၀၀ ကျော်လည်း မြို့ကနေ ထွက်ပြေးခဲ့ကြရပါတယ်။

ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ရင် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ တူရကီနယ်စပ်တကြောလုံးကို အိုင်အက်စ်တပ်တွေကို ထိန်းချုပ်ခွင့်သွားမှာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68127

ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင် ၊ ကိုးကန့် နဲ့ တအာင်း ပူးပေါင်းတိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့တွေကို အစိုးရတပ်က ထိုးစစ်ဆင်နေတယ်လို့ တီအန်အယ်လ်အေ တအာင်းတပ်မတော်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့နယ်ဘက်မှာ ပူးပေါင်းလှုပ်ရှားနေတဲ့ ကေအိုင်အေ၊ တီအန်အယ်လ်အေ နဲ့ အမ်အန်ဒီအေအေ စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တပ်မ ၉၉ နဲ့ တပ်မ ၁၁ အစိုးရတပ်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပြောပါတယ်။

တီအန်အယ်လ်အေတပ်ဖွဲ့

သူတို့စခန်းချတဲ့ လွယ်ကန် ၊ ပန်ဖျတ် စတဲ့ဒေသဘက်ကို စစ်တပ်က အင်အား ၄၀၀ ကျော်နဲ့ ၀င်လာရာက နှစ်ဘက်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ မနေ့ကဆိုရင် အဲဒီတ၀ိုက်မှာပဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်း တပ်မတော်ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာ့ပန်လက ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရတပ်က ကျနော်တို့စခန်းကို လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စစ်ကြောင်း ၅ ကြောင်းနဲ့ လာဝိုင်းထားတာရှိတယ်။ အဲဒီမှာ ကျနော်တို့စခန်း လေးငါးခုလောက်ရှိတယ်။ မနေ့တုန်းကတော့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တယ်၊ ၃ ကြိမ်ပစ်ကြတယ်ခင်ဗျ၊ မနက်ခင်း ၁၀ နာရီလောက်မှာ တခါ ၊ ၁၂ နာရီမှာတခါ ၊ ၁ နာရီ ၅၀ မိနစ်လောက်မှာတစ်ခါ ဖြစ်တယ်။ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ အလုံးပေါင်း လေးငါးဆယ်လောက်ပစ်တယ်။ ညနေ ၃ နာရီလောက်မှာရပ် သွားတယ်၊ ရွာသားတွေတော့ အသံကြားလို့ ကြောက်ပြီးထွက်ပြေးကြတယ်။”

အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် သူတို့ဘက်က ထိခိုက်ဒဏ်ရရသူတွေ အနည်းငယ်ရှိခဲ့ပြီး အစိုးရတပ်ဘက်က ထိခိုက်မှုကိုတော့ မသိရကြောင်း၊ ဒီနေ့မနက် အခြေအနေငြိမ်သက်နေပေမယ့် အစိုးရတပ်ဘက်က ဆုတ်ခွာသွားတာ မရှိသလို တဘက်နဲ့တဘက် လှမ်းမြင်ရလောက်အောင် နီးကပ်နေလို့ ပစ်ခတ်မှု အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီအောက်တိုဘာလအတွင်း ပစ်ခတ်မှု ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ပန်စေ့ကျေးရွာ ဘက်မှာလည်း အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ယူဒဗလျူအက်စ်အေ ၀ တပ်အနီးက ရှမ်းပြည် တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ တပ်စခန်းတွေကို နောက်ဆုတ်ပေးဖို့ ရှမ်းပြည်နယ်နယ်စပ်လုံခြုံရေးဝန်ကြီးက ညွှန်ကြားထားတယ်လို့ ရှမ်း သံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာလည်း ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ ရဲ့ စခန်းတွေကို ဆုတ်ခွါပေးဖို့ တပ်မ ၆၆ အစိုးရတပ်က ညွှန်ကြားထားပြီး ကေအိုင်အေကလည်း ဆုတ်မပေးနိုင်တဲ့ အတွက် စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

အစိုးရက တိုင်းရင်းသားဒေသတွေမှာ ခုလို ထိုးစစ်ဆင်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကလည်း ထိုးစစ်တွေချက်ချင်း ရပ်တန့်ဖို့ အောက်တို ဘာလ ၁၅ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုထားပါတယ်။
by..dvb
http://burmese.dvb.no/archives/68150



ရှေ့နေ ဦးတင်ထွန်း
 သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို  နေပြည်တော်  ဒက္ခိဏခရိုင် တရားရုံးက   ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး   စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စီရင်ချက် ချမှတ်လိုက်ပါတယ်။

နေပြည်တော်  ဒက္ခိဏ ခရိုင်တရားရုံးမှာ ဒီနေ့ မနက်က  ဦးဆန်းဆင့်ကို  နောက်ဆုံးအကြိမ်  ရုံးထုတ်စစ်ဆေးပြီး ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄ အပိုဒ်ခွဲ(က)အရ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပေးဆောင်ဖို့ စီရင်ချက် ချမှတ်လိုက်တယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။

ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းချခံရမှုနဲ့ ပက်သက်ပြီး ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းကတော့ လာမည့်အပတ်ထဲမှာ အယူခံဝင်သွားမလို့ ပြောဆိုပါတယ်။

“အမိန့်ယူထားတယ်။ အမိန့်ယူထားတော့ အင်္ဂါနေ့လောက်ရရင် ၀န်ကြီးဆီမှာ သွားပြီး ပါဝါထိုးရဦးးမယ်။ ပါဝါထိုးပြီးမှ စီစဉ်လို့ ရမယ်။ နောက်လာမယ့် တပတ်လောက်တော့ တင်နိုင်မယ်။ မန္တလေးကို အရင်တတက်မယ်။”

စီရင်ချက်ချပြီး ဒဏ်ငွေ ၁ သိန်း ပေးဆောင်ပြီး ဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

ဦးဆန်းဆင့်ကတော့ စီရင်ချက်ချမှတ်ခံရပြီးနောက် တရားရုံးကအထွက်မှာ “တရားရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့“ လို့သာ  တ၀က်တပျက်  ပြောဆိုခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေ ဆွဲခေါ်သွားလို့ ဆက်လက် ပြောဆိုခွင့် မရရှိခဲ့ပါဘူး။

ကားပေါ်အတက်မှာတော့  ဒီအမှုနဲ့ ပက်သက်ပြီး တရားဥပဒေအရ မှန်မှန်ကန်ကန် ရင်ဆိုင်သွားမှာပါ။ သံယမဟာနာယကနဲ့ ရဟန်းရှင်လူပြည်သူတွေကို မေတ္တာပို့ပေးဖို့ ပြောပေးပါလို့ ပြောဆိုသွားပါတယ်။

ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီးဌာနက ငွေတွေကို အလွဲသုံးစား လုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာ ဖြစ်ပြီး လက်ရှိ စစ်အစိုးရဟာ အတုဖြစ်တဲ့အကြောင်းနဲ့ နောက်တက်မယ့် စစ်အစိုးရက အစစ် ဖြစ်ကြောင်း ပြောဆိုခဲ့တာတွေ အပါအ၀င် တခြား အကြည်ညိုပျက်အောင် ပြောဆိုခဲ့တာတွေကို အကြောင်းပြုပြီး  ဒီလို စီရင်ချက်ချမှတ်ခဲ့တာပါ။

ခုချိန်မှာတော့ ဦးဆန်းဆင့်က ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်းနဲ့ ဒီလို ချမှတ်တာ ဟာ တရားမျှတမှု မရှိဘူးလို့ ရှေ့နေ ဦးတင်ထွန်းက ပြောဆိုပါတယ်။

“ဒါက ဆွဲထားပြီးတဲ့နောက်မှာ ကြိုးနဲ့ချည်ထားပြီးရင် သူဆက်ချည်တဲ့သဘောထားပေါ့။ နောက်တော့မှာ အပေါ်က ဖြည်တာမဖြည်တာ သူတို့အလုပ်ပေါ့။ တရားရုံးအလုပ်ကတော့ ဒီသဘောပဲ။ ကျေနပ်လားလို့ ပြောရရင် မကျေနပ်ဘူး။ ဘာလို့ မကျေနပ်လဲ ပြောရရင် ရိုးသားစွာ မကျေနပ်တာ။ ”

ဒီအမှု စီရင်ချက်မချခင် မနေ့ကပဲ  ဦးဆန်းဆင့်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ သက်ညှာစွာ စဉ်းစားပေးဖို့နဲ့ အမှုကို ရုပ်သိမ်းပေးဖို့  လွှတ်တော်အမတ် ၅၀ ကျော်က လက်မှတ်ရေးထိုး မေတ္တာရပ်ခံထားတဲ့ စာတစောင်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနဲ့  တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်တွေထံ ပေးပို့ တောင်းဆိုခဲ့ပါသေးတယ်။

မေတ္တာရပ်ခံ လက်မှတ်တွေကို ဦးစီးကောက်ခံခဲ့တဲ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကတော့  ဦးဆန်းဆင့်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ခုလိုမှတ်ချက်ပေးပါတယ်။

“အပြစ်ပေးခံရတဲ့ ဦးဆန်းဆင့်ဟာ လက်ရှိကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေကို အင်မတန်မှ တက်ကြွစွာ ပါဝင်သူတဦးလို့ မြင်တယ်။ ဒီလိုနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တက်ကြွစွာ ပါဝင်ခဲ့သူတဦးကို မပါအောင် ဘေးဖယ်ထုတ်တာလားလို့ ကျနော်တို့ဘက်က မြင်စရာရှိလာတယ်။ ”

ပြီးခဲ့တဲ့ ဇွန်လကတည်းက  သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်က ရပ်စဲပြီး တပြိုင်နက် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပြီး ၂၅ ကြိမ်မြောက်ရုံးချိန်းမှာမှ  စီရင်ချက်ချမှတ်နိုင်ခဲ့ တာဖြစ်ပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)
http://burmese.dvb.no/archives/68134


ငပလီကမ်းခြေ မြပြင်ရွာ ( ဓါတ်ပုံ- နိရဉ္စရာ)
သန့်ရှင်းရေး မလုပ်သဖြင့် ညစ်ပတ်နေသော ငပလီကမ်းခြေ။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့ခရိုင်၊ ငပလီကမ်းခြေတွင် ဆိုင်ဖွင့်ခွင့်မရဘဲ တားမြစ်ခံထားသည့် ဒေသခံ စားသောက်ဆိုင် ၂၈ ဆိုင်အနေဖြင့် ယင်းနေရာတွင် ဆက်လက်ရောင်းချပါက ဖမ်းဆီးမည်ဟု ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်ရွှေက ခြိမ်းခြောက် ပြောဆိုကြောင်း စားသောက်ဆိုင်ပိုင် ရှင်များက ပြောကြားသည်။

ဟိုတယ်ဒုဝန်ကြီး ဦးတင်ရွှေနှင့် ဒေသအာဏာပိုင်များအပါအဝင် ဆိုင်ခန်းပိုင်ရှင်များနှင့် ငပလီ ကမ်းခြေ ရှိ ကျောက်စိမ်းနဂါးဟိုတယ်တွင် အောက်တိုဘာလ ၁၅ ရက်၊ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ရာ ယင်းတွေ့ဆုံပွဲ၌ ဝန်ကြီးက ထိုသို့ ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြသည့် ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“လုံးဝမရောင်းနဲ့။ ရောင်းရင် ဖမ်းမယ်တဲ့။ ဟိုတယ်ဒုဝန်ကြီးကိုယ်တိုင်ပြောတာ။ ရောင်းလို့ လုံးဝမရဘူးတဲ့” ဟု Green Umbrella အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုဘရွှေက နိရဉ္စရာသို့ပြောသည်။

စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် ဈေးရောင်းချခွင့်ပေးမည်မဟုတ်တော့ဘဲ ငပလီမြို့ရှိ ကျောက်စိမ်း နဂါးဟိုတယ်ရှေ့၊ စစ်တပ်ပိုင် တောင်ကုန်းငယ်တွင် နေရာချထားပေးမည်ဟု ဟိုတယ် ဒုဝန်ကြီးက ပြောဆိုသွားခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆက်ပြောသည်။

“အဲဒီနေရာမှာ ကျနော်တို့ကိုပို့မယ်တဲ့။ ပို့ပြီးရင် ဆိုင်အနေအထား ပုံစံမျိုးကို ဘာမှ မပြောဘဲနဲ့ ဘယ် အချိန်ကနေ ဘယ်အချိန်ဖွင့်၊ ညနေပိုင်းဆိုင်ရင် ဆိုင်ပိတ်ပြီးသွား လူလည်းမအိပ်ရဘူးတဲ့”ဟု ကိုဘရွှေက ပြောသည်။

အစားထိုးနေရာချထားပေးသည့်အဆိုပါတောင်ကုန်းငယ်မှာ ကမ်းခြေနှင့်အလှမ်းကွာဝေးသည့် အတွက် စားသောက်ဆိုင် ဖွင့်ရန် အကွက်အကောင်း မကျသည့် အပြင် ယင်းတောင်ကုန်းငယ်ရှိ အပင်ကြီး/ငယ်များကို ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်း၍ ဆိုင်ခန်းများ ဆောက်လုပ်ချိန် နှင့်ဆိုပါက ပွင့်လင်းရာသီများ၌သာ အလုပ်ဖြစ်သည့် ယင်းတို့အတွက် နစ်နာမှုများစွာ ရှိကြောင်းလည်း ဆိုင်ခန်း ပိုင်ရှင်များက ပြောပြသည်။

ယင်းအပြင် ဆိုင်ခန်းများကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်ရောင်းချရမည်ဆိုသည်ကိုလည်း ဆိုင်ခန်းပိုင်ရှင်များကို တိကျစွာပြောဆိုခြင်းမရှိကြောင်းလည်း ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။

“ကျွန်တော်တို့မှာ တော်တော်လေးအခက်အခဲတွေ့နေရတယ်။ အဲဒီဆိုင်ခန်းတွေကိုကော ဘယ်အချိန် မှာ သွားဆောက်ရမှာလဲ။ အခုက ပွင့်လင်းရာသီရောက်နေပြီ”ဟုလည်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ငပလီမြို့၊ မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က “သူတို့ကိုအခု အစား ထိုးချ ထားပေးမယ့်နေရာက စစ်တပ်ပိုင် ကော်ဖီခြံဖြစ်နေတယ်။ အဲဒီနေရာမှာ တောင်ယာတွေ ခုတ်ထွင်ရမယ်၊ ပေါင်းတွေ ရှင်းရမယ်၊ ပေါင်းရှင်းပြီးတော့မှတစ်ခါ ဆိုင်ခန်းတွေ ဆောက်ရမယ်နဲ့ တစ်လကျော်လောက်တော့ သူတို့တွေ အချိန်ပေးရမယ်။ ပွင့်လင်းရာသီမှာမှအဆင်ပြေကြတဲ့သူတွေ ဒီရာသီအတွက် အရမ်းနောက်ကျသွားမယ်။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဆိုင်ခန်း ပိုင်ရှင်တွေကို နေရာမပြောင်းစေချင်ဘူး”ဟု နိဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံလည်း တင်ပြရဦးမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် ပေးမှသာ ဆိုင်ခန်းများ စတင်ဆောက်လုပ်မည့်အချိန်ကိုသိရှိနိုင်မည်ဖြစ်ကြောင်းလည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ငပလီမြို့၊ မြပြင်ရပ်ကွက်မှ ရာအိမ်မှူး ဦးနောင်နောင်က ပြောသည်။

“အရင်တုန်းက ဒီလိုမျိုးတားမြစ်တာတွေမရှိဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းပဲ အခုလိုတားမြစ်တာတွေ ခံနေရတာ”ဟု မြပြင်ကျေးရွာမှ ငပလီဘားအမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မခိုင်က ပြောသည်။

ယခုကိစ္စတွင် ဒေသခံလက်လုပ်လက်စားများ၏ တပိုင်တနိုင်စီးပွားရေးကို ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်များက အာဏာပိုင်များ နှင့်ပူးပေါင်းကာ လက်ဝါးကြီးအုပ်နေကြခြင်းသာဖြစ်ကြောင်း ငပလီမြို့ခံတစ်ဦးက သုံးသပ် ပြောကြားသည်။

သိုသော်လည်း ဟိုတည်ပိုင်ရှင်များကမူ စားသောက်ဆိုင်များကြောင့် ကမ်းခြေကိုညစ်ပတ် စေသည်ဟု ဆိုသည်။

( နိရဉ္စရာ- ၁၇ အောက်တိုဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12376

ဗိုင်းရပ်စ်မျိုးစုံကို သတ်ဖြတ်မည့် Honey Suckle အပင်

ပေကျင်း ၊ ၁၇-၁၀-၂၀၁၄

တရုတ်နိုင်ငံ နန်ကျင်း တက္ကသိုလ် မှ သုတေသီများက Honey Suckle အပင် (ပုံ)တွင် တွေ့ရသော မော်လီကျူး ထဲတွင် ဗိုင်းရပ်စ်ပိုးကို သတ်ဖြတ် ပေးနိုင်သော ဓာတ်တစ်မျိုးကို တွေ့ရှိခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဗိုင်းရပ်စ် ပိုးသတ် ပင်နီဆီလင် ဟု အမည်ပေး ထားပြီး တုပ်ကွေး (အေ) အမျိုးအစား အပြင် အီဘိုလာ ဗိုင်းရပ်စ် ကိုလည်း သတ်ဖြတ် နိုင်ဖွယ်ရှိကြောင်း သိရသည်။

ရနံ့ချိုအီ မွှေးကြိုင်သော Honey Suckle အပင်ကို တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး များတွင် တုပ်ကွေး ဖျားနာအတွက် အသုံးပြု နေခဲ့သည်မှာ ရာစုနှစ်နှင့် ချီနေပြီး တုပ်ကွေး ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင် သည်မှာ လက်တွေ့ပင် ဖြစ်သည်။

ံHoney Suckle တွင် ပါဝင်သော Micro RNA သည် အပင်နှင့် တိရစ္ဆာ န်များတွင် တွေ့ရတတ်သော ရောဂါ တိုက်ဖျက်ရေး မော်လီကျူး များနှင့် ဆင်တူသည်။ ယင်း Micro RNA ကို အသုံးပြုကာ ဗိုင်းရပ်စ်ပိုး ကူးစက် ရောဂါများ ဖြစ်သော ဝက်တုပ်ကွေး (H1N1) နှင့် ငှက်တုပ်ကွေး(H5N1) တို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်။

သုတေသီများက Honey Suckle ကို ကျိုချက်ကာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံထား ရသော ကြွက်များ၏ ပလာစမာနှင့် အဆုတ် တစ်သျှူးများထံ ပေးပို့ကြည့်သော အခါ RNA က ဗိုင်းရပ်စ်ပိုး၏ ဗီဇဓာတု ပစ္စည်းကို ချက်ချင်း ချေဖျက် လိုက်နိုင်ပြီး ပိုးဆက်လက် ကူးစက်မှု မရှိအောင် ဟန့်တား ထိန်းချုပ် ပေးနိုင်ကို တွေ့ရှိခဲ့ ကြသည်။

သဘာဝ Honey Suckle အပြင် ဓာတ်ခွဲခန်းတွင် ပုံတူပွား ပြုလုပ်ထားသော Honey Suckle သည်လည်း တူညီသော ဓာတ်သတ္တိ ရှိသည်ကို တွေ့ရှိခဲ့ကြပြီး H5N1 အပြင် H7N9 ဟုခေါ်ဆိုသည့် အခြား တုပ်ကွေးပိုး ကိုလည်း နိုင်နင်းသည်ကို တွေ့ရသည့် အတွက် Honey Suckle ပါ RNA သည် ဗိုင်းရပ်စ်ပိုး မျိုးစုံကို သတ်ဖြတ် နိုင်ကြောင်း ကောက်ချက်ချ နိုင်ခဲ့သည်။

Honey Suckle ကို ကျိုချက်လျှင် RNA ဓာတ်သတ္တိ လျော့ပါး သွားမည်ဟု မူလက တွေးထင်ထားခဲ့ ကြသည်မှာ မဟုတ်မှန်ဘဲ Honey Suckle ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင် ခတ်သောက် လျှင်ပင် ဗိုင်းရပ်စ်ပိုး မျိုးစုံ ကို နိုင်နင်းသည့် အစွမ်းသတ္တိ ရှိသည်ကို သုတေသီများက တွေ့ရှိ ခဲ့ကြသည်။

သို့ဖြစ်၍ Honey Suckle တွင် ပါရှိသော RNA ကို ဗိုင်းရပ်စ်ပိုး မျိုးစုံအား သတ်ဖြတ်နိုင်သော ပင်နီဆီလင် အဖြစ် ထုတ်လုပ် အသုံးပြု သွားရန် သက်ဆိုင်ရာ သုတေသီများ က ကြိုးပမ်း နေကြပြီ ဖြစ်ပြီး ရရှိလာမည့် ဆေးဝါးဖြင့် အီဘိုလာ ဗိုင်းရပ်စ် ကိုလည်း သတ်ဖြတ် ကြည့်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

ISIS စစ်သွေးကြွ များနှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ ကာ့ဒ်မျိုးနွယ်စု များအကြား ကိုဘာနီမြို့ တိုက်ပွဲစတင် ဖြစ်ပွားသည့် အချိန်မှစ၍ သေဆုံးသူ ဦးရေမှာ အရပ်သားများ အပါအဝင် ၆ဝဝ ကျော်အထိ မြင့်တက် လာခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့် ကြည့် လေ့ လာရေး အဖွဲ့ကြီး က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

သေဆုံးသူ များတွင် ကာ့ဒ် အရပ်သား ၂ဝ၊ ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့( YPG ) မှ တပ်ဖွဲ့ဝင်နှင့် အခြား ကာ့ဒ် တိုက်ခိုက်ရေး သမား ၂၅၈ ဦးတို့ ပါဝင်ပြီး ကျန်ရှိသူ များမှာ ISIS စစ်သွေးကြွများ ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှ နောက်တစ်နေ့ နံနက်အထိ ISIS စစ်သွေးကြွ များအပေါ်သို့ လေကြောင်းမှ တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်သွေးကြွ ရာပေါင်းများစွာ သေဆုံးခဲ့သည် ဟု သိရသည်။

ISIS စစ်သွေးကြွ များနှင့် YPG တပ်ဖွဲ့ဝင် များသည် ကိုဘာနီမြို့ တောင်ပိုင်းနှင့် အနောက် တောင်ပိုင်း တွင် ဆက်လက် တိုက်ခိုက် လျက်ရှိပြီး YPG တပ်ဖွဲ့ဝင်များက စစ်ရေးအရ တိုက်ခိုက်လျက် ရှိကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ထပ်လောင်း ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် တူရကီ နယ်စပ်အနီးရှိ အဆိုပါမြို့ကို သိမ်းပိုက် နိုင်ရေးအတွက် စက်တင်ဘာ ၁၅ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော်လည်း ကာ့ဒ်တပ်ဖွဲ့ဝင် များ၏ အလျှော့ မပေးဘဲ ပြန်လည် ခုခံမှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ မြို့ကို သိမ်းပိုက်နိုင်ပြီ ဆိုပါက ၄င်းတို့၏ အစ္စလာမ္မစ်နိုင်ငံ ကို အယ်လ်ရက်ကာ ပြည်နယ်မှ တူရကီနယ်စပ် အနီးထိ တိုးချဲ့ နိုင်မည် ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံ အတွင်းရှိ ကျေးရွာပေါင်း ၃ဝဝ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့၏ တိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူ ၁၆ဝဝဝဝ ကျော်မှာ အိမ်နီးချင်း တူရကီနိုင်ငံ အတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့ကြကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/isis_16.html


Photo: Hset Paing Toe/RFA
မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာက အမှတ် ၁၂၁ စစ်တပ် သိမ်းဆည်းထားတဲ့ လယ်မြေဧက ၃ဝဝဝ ကျော်မှာ ၇၅ ဧကကိုသာ ပြန်လည် ပေးအပ်ခဲ့တဲ့ အတွက် ရွာသားတွေက အဲဒီ့လယ်ယာ မြေတွေမှာ ဝင်ရောက်ထွန်ယက်ကြပါတယ်။

နှစ်ပေါင်း ၄ဝ ကျော်ကြာ စစ်တပ်သိမ်းဆည်းထားတဲ့ အဲဒီ့လယ်ယာမြေတွေထဲက ပိုလျှံတဲ့ ၇၅ ဧကကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်သူတွေဆီ ပြန်လည်ပေးအပ်မယ်လို့ ညောင်ဝန်းကျေးရွာ အုပ်ချု ပ်ရေးမှူးထံ အကြောင်းကြားစာ ရောက်ရှိခဲ့ပါတယ်။

အဲဒီ့အတွက် တောင်သူတွေဟာ ရွာဦးကျောင်းမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဧက ၃ဝဝဝ စလုံးပြန်ရမှသာ လက်ခံသွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ တောင်သူတွေဟာ ဧက ၁ဝဝဝ ခန့်ကို ထွန်ယက်စိုက်ပျိုးထားကြပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအကြိမ် လူအုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ကာယကံရှင်များက လာရောက် အမှုဖွင့် အရေးယူထားပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ စခန်းမှူးသန်းဦးက Newswatch ဂျာနယ်သို့ ပြောသည်။
“၁၅ ရက်နေ့ ၁၅ နာရီ ၃၀ မိနစ်မှာ အမှုဖွင့်အရေးယူခဲ့ပါပြီ။ ဒါကို မီဒီယာ အချို့က အရေးယူမှုမရှိဘူးလို့ ရေးသားထားတော့၊ ရှင်းရှင်းပြောရရင် ရဲတပ်ဖွဲ့ နစ်နာပါတယ်၊ မီဒီယာနဲ့ ရဲဆိုတာ ဟန်ချက်ညီညီ ဆောင်ရွက်နေရမှာ အဲဒါမှသာ မှန်တဲ့သတင်း အမြန်ဆုံးရမှာ၊ အဲ့ဒါမှ ပြည်သူကလည်း အထင်အမြင်လွဲမှားမှု မရှိမှာ။ ကာယကံရှင်တွေက ဒီနေ့ မနက်လာပြီးတော့ သတင်းစာတွေ၊ ဂျာနယ်တွေကိုပြပြီး အမှုမဖွင့်ရသေးဘူးလို့ လာပြောတော့ ကျွန်တော်တို့ ဘာမှမသိရဘူး၊ နဂိုကတည်းက ရဲကို အမြင်စောင်းနေတာလေ။ ပြည်သူနဲ့ ရဲကိုတော့ နီးကပ်စေရင် မီဒီယာတွေ အဲဒီလို လုပ်တာ အဆင်မပြေဘူးဗျ”ဟု စခန်းမှူး သန်းဦးက ဆိုသည်။

အဆိုပါ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ဒေါ်သန်းမြင့်၏ သား မောင်သန့်ဇင်ဝင်း၊ မောင်အောင်ဇော်သန်းတို့သည် လက်ဖက်ရည်သောက်ရန် သွားရာမှ ရန်ကုန်ဘူတာကြီးနှင့် သမ္မတ ရုပ်ရှင်ရုံအနီးတွင် ရန်ဖြစ်နေကြောင်း ကြားသိရ၍ သွားရောက်ကြည့်ရှုရာ 7G----- စူဇူကီးအဖြူရောင်ယာဉ်ထဲမှ လူများဝိုင်းရိုက် ၍ ဒေါ်သန်းမြင့်၏သား မောင်သန့်ဇင်ဝင်းနှင့် မောင်အောင်ဇော်သန်း၊ သူငယ်ချင်း မောင်စိန်ဝင်းတို့သည် ဒေါ်သန်းမြင့်၏ ရိုးမ ဘဏ်ရှေ့ရှိ ထမင်းဆိုင်ထဲသို့ ပြေးဝင်လာရာ ၎င်းယာဉ်ထဲမှသူများသည် ဓားဖြင့် နောက်မှလိုက်လံထိုးခဲ့သောကြောင့် ဒေါ်သန်းမြင့်၏သား မောင်သန့်ဇင်ဝင်းတွင် ညာဘက်လက်ကောက်ဝတ် ဓားဒဏ်ရာ တချက်၊ ညာခြေခုံ ဖူးရောင်ဒဏ်ရာတချက် ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက် ကုသနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါ တိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

““အဲဒီလူအုပ်စုလိုက်ဖြစ်တဲ့ အမှုကို (ပ)၅၉၁/၂၀၁၄ နဲ့ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ နဲ့ ကျူးလွန်သူတွေကို အမှုဖွင့်အရေးယူ ထားတယ်။ အခုချိန်ထိတော့ ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဆဲပဲရှိသေးတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ စခန်းမှူး သန်းဦးက ဆိုသည်။

ယခုကဲ့သို့ လူအုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ် ပြီး ပထမအကြိမ် သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတ၀န်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်အထိတွင် လူသတ်မှု ၁၄၈ မှု ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၃ ခုနှစ်ထက် ၁၈မှု ပိုမိုမြင့်တက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုကဲ့သို့ လူအုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားမှုများ၊ လူသတ်မှုများ မြင့်တက်နေရခြင်းသည် မြန်မာနိုင်ငံ၏ တရားဥပဒေ စီရင်ရေးအားနည်းနေခြင်းနှင့် ရဲတပ်ဖွဲ့၏ ပြည်သူများအပေါ်တွင် လုံခြုံမှုဆောင်ရွက် ပေးမှုအားနည်းနေခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေလမ်းညွှန်နှင့် စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောကြားခဲ့သည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

၁၇ အောက်တိုဘာ ၂၀၁၄ ရက်နေ့ နေပြည်တော်ကောင်စီ ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် သတင်း မီဒီယာသမားများ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားကြသူ ပြည်သူပရိတ်သတ်အချို့ တစ်စုံတစ်ရာကို မျှော်လင့်စောင့်ကြိုနေကြပါတယ်။

၁၉ ဇူလိုင်လမှ စတင်၍ အထူးစုံစမ်းရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ နိုင်ငံတော်ဘဏ္ဍာငွေ သိန်း ၁၀၀ ကျော် အလွဲသုံးစားမှုပြစ်မှုအမှတ် ၄၁/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ ၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပြစ်မှုအမှတ် ၄၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄/က တို့ ဖြင့် ဒက္ခိဏခရိုင်တွင် တရားစွဲဆိုထားသော ကိစ္စ စီရင်ချက်အမိန့်ချမည်ဖြစ်၍ တရားရုံးရှေ့တွင် ဦးဆန်းဆင့်အား စောင့်မျှော် ကြေခြင်းဖြစ်ပါတယ်။

နံနက် ၁၀း၁၅ အချိန်တွင် လုံခြုံရေးယာဉ်တန်းဖြင့်ရောက်ရှိလာပြီး ခရိုင်တရားသူကြီး ရုံးခန်းအတွင်းသို့ ၀င်ရောက်ပြီး တရားသူကြီးမှ ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မ (၄၀၉)နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက် ပုဒ်မ ၁၂၄(က)နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များကို ရှင်းလင်းဖတ်ကြားပါတယ်။

ပုဒ်မ ၄၀၉ နှင့် ပတ်သက်၍ ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူအောင်တော်မူစေတီတည်ဆောက် ရေး ထီးတင်ပွဲတို့တွင် ဌာနပိုင်ယာဉ်ကိုအသုံးပြုခြင်း၊ အလှူအတွက်ကုန်ကျစရိတ်ငွေကြေးများကို ဌာနပိုင် ငွေကြေးများအသုံးချမှုကိစ္စရပ်များ စစ်ဆေးပေါ်ပေါက်ချက်နှင့် ပုဒ်မ ၁၂၄(က) နိုင်ငံတော်အား အကြည်ညို ပျက်စေမှုကိစ္စနှင့်ပတ်သက်၍ နေပြည်တော် သတ္တ သတ္တာဟ ဗုဒဂါယာ ဘုရားထီးတင်ပွဲ လူထုပရိတ်သတ် ရှေ့တွင် ဦးဆန်းဆင့်မှ “ယခုထီးတင်ပွဲသည် အစိုးရစစ်၏ထီးတင်ပွဲမဟုတ် နောင်တက်လာမည့်အစိုးရ သည်သာ အစိုးရစစ်ဖြစ်သည်” ဆိုသည့် စကားနှင့်ပတ်သက်၍ လည်းကောင်း၊ တရားခွင်စစ်ဆေးချက်တွင် သက်သေများ၏ထွက်ချက်မှာ ပြောဆိုခဲ့ကြောင်း ပေါ်လွင်ခြင်း၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာအစည်း အဝေးသို့ နိုင်ငံတော်အကြီးအကဲများ မတက်ရောက်နိုင်ခြင်းကိစ္စနှင့် မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စ တို့တွင် သမ္မတနှင့်နိုင်ငံတော်သံဃနာယကအဖွဲ့တို့ အကြား မေတ္တာပျက်စေရန် အကြည်ညိုပျက်စေရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာတော်များအကြား မေတ္တာပျက်စေရန် အကြည်ညိုပျက် စေရန် ရေးသားထားသော အကြောင်းအရာများ ပါဝင်သည့် သံတော်ဆင့်ဂျာနယ်အတွဲ(၃) အမှတ်(၁၀)ကို တမြို့နယ်လျှင် စောင်ရေ(၁၀၀)ဖြန့်ချိရန် ညွှန်ကြားခိုင်းစေခြင်း ကိစ္စရပ်များတရားခွင်စစ်ဆေးချက်တွင် ပေါ်ပေါက်ခဲ့ကြောင်း ခရိုင်တရားသူကြီးမှ တရားခွင်တွင်ရောက်ရှိ နေသော နှစ်ဖက်ရှေ့နေများနှင့် တရားခံဦးဆန်းဆင့်တို့အား ဖတ်ကြားရှင်းပြပြီး-

၁၁း၁၅ နာရီအချိန်တွင် ပုဒ်မ ၄၀၉ အရ ထောင်ဒဏ် (၃)နှစ်၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အား အကြည်ညိုပျက်စေမှုအရ ဒဏ်ငွေတသိန်းနှင့်ထောင်ဒဏ် ၁၀ နှစ် တကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒဏ်ငွေတသိန်းပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ်တနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

တရားခွင်မှ ဦးဆန်းဆင့်ထွက်ခွာလာစဉ် “တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့” ဆိုတဲ့ စကားသံမဆုံးခင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကားပေါ်အတင်းဆွဲတင်စဉ် ကားတံခါးဝအရောက်တွင် ဦးဆန်းဆင့်မှ “သံဃမဟာနာယကနဲ့ ပြည်သူတွေမေတ္တာပို့ပေးပါ”ဟု ပြောကြားခဲ့ပါတယ်။

ဒဏ်ငွေ တသိန်းပေးဆောင်ခဲ့ကြောင်း၊ မိသားစုတဦးက ၃ နှစ် ၁၀ နှစ် (၁၃)နှစ်သာ ဖြစ်ကြောင်းလည်း တရားရုံး ချုပ်ရှေ့နေ ဦးတင်ထွဋ်က ပြောကြားခဲ့သည်။

“တကျွန်းဆိုတာ အမျိုးမျိုးရှိတယ်၊ အနှစ် ၂၀ လည်းရှိတယ်၊ ၁၀ နှစ်လည်း ရှိတယ်၊ ခုက ၁၀ နှစ် ချတာ၊ ဒဏ်ငွေ တသိန်းကိုတော့ သူ့မိသားစုက ဆောင်လိုက်ပြီ၊ အယူခံဝင်ဖို့အတွက် ပါဝါတိုးတဲ့ကိစ္စတွေ လုပ်ပြီးသွားရင် မန္တလေးကိုတက်မယ်၊ ပြစ်မှုနှစ်ခုစလုံးထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ်ချတာ စွဲချက်နဲ့ တရားရုံးကချတဲ့အမိန့်ကိုတော့ ဒီနေရာမှာ မပြောလိုဘူး၊ အန္တရာယ်ကင်းတဲ့နေရာ ပြောခွင့်ရှိတဲ့နေရာမှာ ပြောမယ်”

“ဒါက စွဲထားပြီးတဲ့နောက် ကြိုးနဲ့ချည်ထားပြီးတဲ့ အနေအထားမှာ ဆက်ချည်တဲ့သဘောပေါ့၊ နောက် တော့မှ အပေါ်က ဖြည်တာ မဖြည်တာ သူ့တို့အလုပ်ပေါ့ တရားရုံးကလုပ်စရာရှိတာလုပ်တာပေါ့”

“ကျေနပ်လားလို့မေးရင် မကျေနပ်ဘူး၊ ရိုးသားစွာ မကျေနပ်လို့ ဆက်တက်မှာပါ၊ ကျန်းမာရေးအခြေ အနေကတော့ ကောင်းပါတယ်၊ ဦးဆန်းဆင့်က မှာချင်တာရှိပေမယ့် မှာချိန်တောင်မရှိလိုက်ဘူး၊ သူတို့ အတင်းဆွဲခေါ်သွားတာ ကံအကြောင်းမလှလို့ ဖြစ်သွားတာ၊ အယူခံ ဆက်တက်ဖို့ ရှေ့နေကြီးနဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမယ်”ဟု ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူတရားရုံးချုပ်ရှေ့နေ ဦးတင်ထွဋ်က ပြောကြားခဲ့ပါတယ်။

ထွန်း (နေပြည်တော်)
*** ဦးဆန်းဆင့် အမိန့်ချခံရမှုနှင့်ပတ်သက်၍ ဖော်ပြပါသတင်းသည် News watch သတင်းထောက် ကိုယ်တိုင် တရားခွင်သို့ တက်ရောက်သတင်းရယူရေးသားခြင်းဖြစ်ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?hc_location=timeline