10/19/14

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တရာပြည့် လှုံ့ဆော်ရေးနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အာင်လုပ်ကြဖို့ဆိုပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးဆောင်ပြီး မြို့တော်ခန်းမရှေ့မှာ ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဖယ်ဒရယ်ပြည်ထာင်စု တပ်မတော် တရပ်ဖြစ်ပေါ်လာရေး။ သမိုင်းလှ သော တပ်မတော်။ အရည်အချင်းပြည့်သော တပ်မတော်ဖြစ်ပေါ်လာရေး၊ စစ်အာဏာရှင် လောင်းရိပ် အောက်မှ လွတ်မြောက်အောင် ရုန်းထွက်ပြီး ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့သည့် မျိုး ချစ် မြန်မာ့ တပ်မတော် အဖြစ် ပြည်သူလူထု ကြည်ညိုလေးစား အားထားမှုကို ပြန်လည်တည်ဆောက်နိုင်သည့် တပ်မတော် ဖြစ်ပေါ်လာရေး များကို တရားဝင်တောင်းဆိုခဲ့ပါသည်။

အောက်တိုဘာလ ၁၉ ရက်။ မနက် ဆယ်နာရီ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်

ထိုင်းတောင်ပိုင်း ခိုထောင်း (ခေါ်) လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာ သူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါတယ်။

ဒါဟာ နိုင်ငံခြားသားခရီးသွား ၂ ဦးအသတ်ခံရတဲ့အမှု စုံစမ်းစစ်ဆေးရာမှာ ဥရောပနိုင်ငံတစ်နိုင်ငံက ယုံကြည် မှုရရှိစေဖို့ လာရောက်ခွင့်ပြုတာသာဖြစ်တယ်လို့လည်း အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဥရောပအာရှ ထိပ်သီးညီလာခံကအပြန် ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ်အတွင်း မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။

ထိုင်းခိုထောင်းကျွန်း လူသတ်မှုအတွက် ဗြိတိန် ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူ လိုက်ကြောင်း သောကြာနေ့ညက ဗြိတိန်အစိုးရ နိုင်ငံခြား ရေးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ လုံးဝကွဲပြားနေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ထိုင်းတရားစီရင်ရေးစနစ်အပေါ် သူ့အနေနဲ့ ချို့ယွင်းချက်မမြင် ကြောင်း၊ ဒါပေမယ့် ဗြိတိန်နိုင်ငံသားအများအပြားဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုစုံစမ်းစစ်ဆေးချက်အပေါ် သံသယ ရှိနေကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့တယ်လို့ ထိုင်းဝန်ကြီး ချုပ်က ပြောပါတယ်။

ဒီအမှုမှာ တရားဥပဒေအတိုင်းဆောင်ရွက်တဲ့အတွက် ဘာပြဿနာမှမရှိကြောင်း၊ အင်္ဂင်္လန်အနေနဲ့ လေ့လာ သူတွေ စေလွှတ်မယ့်ကိစ္စကို သဘောတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သတင်း ထောက်တွေ ကို ပြောပါတယ်။ ဒီအမှုမှာ မြန်မာ ၂ ဦးကို ဓားစာခံအဖြစ် ရဲကလက်ထောက် ချထားတယ်လို့ ပြောဆိုကြတာတွေ ကိုလည်း သူကထပ်ပြီး ငြင်းဆိုခဲ့ပါတယ်။ အလားတူ ဗြိတိန်ထောက်လှမ်းရေးရဲအရာရှိတွေ အမှုကိုလာစစ်မယ် ဆိုတဲ့ သတင်းတွေကို ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝမ်က မနေ့က ငြင်းဆို လိုက်ပါတယ်။

သောကြာနေ့က လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ ခိုထောင်းအမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူခဲ့ကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကိုစစ်ဆေးရာမှာ လွတ်လပ်စွာဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တချိန်တည်းမှာလည်း ခိုထောင်းကျွန်းလူသတ်မှုအတွက် စွပ်စွဲခံထားရသူ မြန်မာ ၂ ဦးရဲ့ မြန်မာနိုင်ငံက မိဘတွေ လာရောက်တဲ့အချိန် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ ဆူရတ်သနီခရိုင် ထောင်အကြီးအကဲကို အမိန့်ပေး ထားကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဗိတယ ဆူရိယာဝေါင်းက မနေ့က ပြောကြားလိုက် ပါတယ်။

by-RFA
http://www.rfa.org/burmese/news/kohtao-murder-thai-primeminister-speeach-10182014211822.html


ရန်ကုန်တိုင်းအစိုးရက ရပ်ဆိုင်းလိုက်တဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာဘက်က ရန်ကုန်မြို့သစ် စီမံကိန်းကို ပြန်အကောင်အထည်ဖော်ပေးဖို့ ကျေးရွာ ၁၁ရွာက ဒေသခံ တစ်ထောင်နီးပါးဟာ အောက်တိုဘာ ၁၈ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။ ဒေသခံတွေရဲ့ ဆန္ဒပြမှုနောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ။

မြို့သစ်စီမံကိန်းကြောင့် လမ်းတံတားတွေ ဆောက်လုပ်တဲ့အခါ စီးပွားရေးပါ ပြေလည်စေမှာဖြစ်ပြီး သူတို့ဒေသ ကျေးရွာတွေ ဖွံ့ဖြိုးဖို့ မျှော်လင့်ချက်ရှိတာမို့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဆိပ်ကြီး၊ ဦးမြ၊ ငါးစင် ရပ်ကွက်ကနေ ဖွံ့ဖြိုးရေးလမ်းတစ်လျှောက် ချီတက်လမ်းလျှောက်ပြီး ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဦးတင်စိန်က ပြောပါတယ်။

မြို့သစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင် လွှတ်တော်အမတ်တွေက တောင်းဆိုပေးမယ်လို့ သူတို့ယုံကြည်တဲ့အကြောင်း ရန်ကုန်မြစ်တစ်ဖက်ကမ်းဘက်က ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ သူတို့ကျေးရွာတွေမှာ ပညာရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ရေးအတွက် ဒီမြို့သစ်စီမံကိန်းက လိုအပ်တယ်လို့ ဆိုပါတယ်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ကျေးရွာတွေမှာ အလယ်တန်းဆင့် စာသင်ကျောင်းတွေပဲရှိတာကြောင့် မြို့သစ်စီမံကိန်းသာ အကောင်အထည်ဖော်ဖြစ်ရင် အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေပါ ဖွင့်လာနိုင်တာမို့ နောင်လာနောက်သားတွေအတွက် မျှော်လင့်နေပါတယ်လို့ ဦးတင်စိန်က ဆိုပါတယ်။

ကျေးရွာ ၁၁ရွာက ဒေသခံပြည်သူ တစ်ထောင်နီးပါးလောက် လမ်းလျှောက်ချီတက်မှုမှာ ပိုစတာတွေ၊ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး အဖွဲ့အစည်းတစ်ခုခုက နောက်ကွယ်ကနေ ကူညီပံ့ပိုးနေတာလို့ အိမ်ခြံမြေလောကနဲ့ နီးစပ်သူတွေက ကမာရွတ်မီဒီယာကို ပြောဆိုခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ ဒီအကြောင်း ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။

ကြည့်မြင်တိုင်၊ တွံ့တေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်သုံးခုပါဝင်နေတဲ့ ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဧကသုံးသောင်းကျော်ရှိတဲ့ စည်ပင်သာယာပိုင်မြေပေါ်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အများပိုင်ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သဝဏ်လွှာကို မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်မှာဖတ်ကြားပြီးနောက်ပိုင်း အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ကိစ္စအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ထဲ မေးခွန်းတွေ၊ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုတွေကြားမှာ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီလို့ မြို့တော်ဝန် ဦးလှမြင့်က စက်တင်ဘာ ၂၆ရက်နေ့က ရန်ကုန်လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

Kamayut Media


ရန်ကုန် အောက်တိုဘာ ၁၈

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၁ဝ)ရပ်ကွက် အနော်ရထာလမ်း နှင့် ၃၂လမ်း(အလယ်ဘလောက်) တွင် ယခုလ ၁၆ရက်က ဖြစ်ပွားခဲ့ သော လမ်းမြေကျွံမှုသည် ဘေးရှိ ဆောင်ရွက်နေသော NAING GROUP ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကြောင့်ဖြစ်သည်ဟု ပြော၍မရ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။

ရန်ကုန်မြို့၏အနေအထားအရ ရန်ကုန်တည်ထားခြင်းမှာသက်တမ်း ကြာမြင့်နေပြီဖြစ်သော နုန်းမြေများ ကြောင့်မြေသားပျော့ကာ လမ်းမြေ ကျွံခြင်းများဖြစ်ပေါ်တတ်ကြောင်း သိရသည်။

''ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြောင့်လို့ ပုံသေပြောလို့မရသလို လုပ်ငန်းခွင်ကြောင့်မဟုတ်ဘူးလို့လဲ ပြောလို့မရပါဘူး။ လုပ်ငန်းခွင်က ကြီးတော့မြေတူးတာနက်တာကြောင့် လဲဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကလည်းဂရုတစိုက်ဆောင် ရွက်ဖို့လိုပါတယ်။ နည်းပညာပိုင်း ကိုလဲဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။ ဆုံးရှုံရင်တန်ဖိုးကကြီးမားတဲ့အတွက် ဂရုတစိုက်ဆောင်ရွက်ဖို့လိုအပ်ပါ တယ်''ဟု စည်ပင်သာယာရေး ကော်မတီ(အဆောက်အအုံဌာန)မှ ဌာနမှူးကပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့၏ မြေသားနှင့်ပတ်သက် ၍ ဘူမိဗေဒပညာရှင်ဦးစိုးသူရထွန်း အားမေးမြန်းခဲ့ရာ ''ရန်ကုန်မြို့ လယ်မြေက နုန်းတင်မြေနုအမျိုး အစားဖြစ်ပြီး သက်တမ်းကနုပါ တယ်။ အခုလမ်းကျွံမှုဖြစ်စဉ်က တောင်ပြိုတာတွေနဲ့ မတူပါဘူး။ ယေဘုယျအားဖြင့် ပြောရရင်တော့ မြေအောက်မှာလူလုပ်တဲ့အပိုင်းတစ် ခုခုရှိမယ်လို့ထင်ပါတယ်။ မြေပုံ အဟောင်းတွေကိုလေ့လာသလောက် ကလည်း ရန်ကုန်မြို့စတည်စဉ်က ကျွန်းပုံစံမျိုးဖြစ်နေတာတွေ့ရပါ တယ်''ဟုပြောကြားသည်။

မြေကျွံသောနေရာမှာအပေါ်ယံ ရေဆိုးမြောင်းအပြင် ၄င်း၏ အောက်ခြေ၌ အင်္ဂလိပ်ခေတ်လက် ထက်က ဖောက်လုပ်ထားသော လူတစ်ရပ်ကျော်ခန့်နက်သော ရေ ဆိုးမြောင်းတစ်ခုက စတင်ပြိုကျခဲ့ ပြီး ထပ်မံဆောက်လုပ်ထားသော ရေဆိုးမြောင်းပါကျွံကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြေကျွံကျမှုကြောင့် အလျား ရှစ်ပေ၊ အနံငါးပေ၊ အနက် ၁၂ပေ ခန့်ရှိ ကျင်းတစ်ခုဖြစ်ပွားခဲ့ပြီး ထိ ခိုက်ဒဏ်ရာရရှိမှုနှင့်ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်မှုများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဝိုင်းဝိုင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


ခိုတောင်းကျွန်းပေါ်၌ ဗြိတိန်နှစ်ဦး အသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲများ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝန်က စနေနေ့တွင် ငြင်းပယ်ပြောဆိုလိုက် ကြောင်း သိရသည်။
ဗြိတိန်တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံတွင် လေ့လာသူအဖြစ်သာ ရှိနေကြမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်က ရှင်းလင်းပြောဆိုခဲ့ သည်။ ထိုင်းရဲများ ကိုင်တွယ်နေသည့်အမှုကို ဗြိတိန်နိုင်ငံမှ ယုံကြည်စိတ်ချမှုရှိသည်ကို ပြသရန် ရည်ရွယ်၍ ဗြိတိန်ရဲများ လာရောက်လည်ပတ်ခြင်းဖြစ်ပါကြောင်း ပရာဝတ်က ဆိုပြန်သည်။
အမှုအားစုံစမ်းစစ်နေမှုကိုလည်း ဗြိတိန်ထောက်လှမ်းရေးများအနေဖြင့် ကြားဝင်စွက်ဖက်ကြမည်မဟုတ်ကြောင်း ဒုတိယ၀န်ကြီးချုပ်ပရာဝတ်က ဆိုသည်။ ပရာဝတ်သည် ရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးကိစ္စများကို တာဝန်ယူ ထားသူဖြစ်သည်။

သို့ရာတွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းရုံးမှ ထုတ်ပြန်ချက်တစ်ရပ်တွင်မူ တစ်မျိုးတစ်ဖုံကွဲပြားလျက်ရှိသည်။
ဗြိတိန်မှ ကျွမ်းကျင်ရဲအရာရှိများအနေဖြင့် ဗြိတိန်လူမျိုး ဟာနာဝစ်သရစ်ဒ် (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်) တို့ အသတ်ခံရမှုကို ကူညီ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ခိုတောင်းသို့သွားရောက်ကြမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိကြောင်း ရိုက်တာကဆိုထားသည်။

အီတလီနိုင်ငံတွင် မီလန်မြို့တွင်ပြုလုပ်သည့် အာရှ-ဥရောပထိပ်သီးအစည်းအဝေးပွဲတွင် အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာနှင့် ဆွေးနွေးပြီးနောက် ဗြိတိန်ရဲများကို စေလွှတ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူညီချက်ရခဲ့တဲ့ကိစ္စက ဒီအရေးနဲ့ပတ်သက်လို့ ထိုင်းတော်ဝင်ရဲတွေနဲ့အတူ ပူးတွဲ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့အနေနဲ့ ဗြိတိန်ရဲအရာရှိအချို့ကို ခိုတောင်းကျွန်းကို စေလွှတ်မယ်ဆိုတာပါပဲ”ဟု ဗြိတိန်သံတမန်တစ်ဦးက ဆိုသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့သည် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည်။ ၀စ်သရစ်ဒ်လည်း အဓမ္မပြုကျင့်ခံခဲ့ရသည် ဟု ဆိုသည်။
ထိုင်းဥပဒေအရ ထိုင်းဘုရင့်နိုင်ငံတော်အတွင်း အခြားနိုင်ငံများမှ ရဲများ ၀င်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုမထား ကြောင်း ဗိုလ်ချုပ်ကြီးပရာဝတ်အတိုင်း သံယောင်လိုက်၍ ထိုင်းရဲချုပ် ဆမ်ယတ်ပွန်ပန်မောင်းက ဆိုသည်။ ယင်း မှာ နိုင်ငံအားလုံးတွင် ချမှတ်ကျင့်သုံးနေသည့် မူဝါဒပင်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ထိုင်းရဲများ လုပ်ဆောင်သင့်သည့် အကောင်းဆုံးအချက်မှာ ရှိကောင်းရှိနေမည့် စိုးရိမ်ဖွယ်အချက်မှန်သမျှကို ထောက်ပြရန်နှင့် ယင်းအချက်များကို စစ်ဆေးကြည့်ရှုရန်အတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တောင်းဆိုရန် ပင် ဖြစ်ပါကြောင်း ရဲချုပ်ဖြစ်သူက ဆိုထားသည်။

ဗြိတိန်နိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရခြင်းကို နှစ်သက်နေကြဆဲပင်ဖြစ်ရာ ခိုတောင်းကျွန်း လူသတ်မှုကဲ့သို့ အခြားသော ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန် ကြိုတင်အကာအကွယ်ပေးပါဟူ၍ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက မိမိအား တောင်းဆိုခဲ့ပါကြောင်း မီလန်မြို့မှပြန်လည်ရောက်ရှိလာသည့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဖရာယုက စနေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။

“ဆွစ်ဇာလန်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ရဲ့ဘေးမှာ ကျွန်တော်ထိုင်ခဲ့ပါတယ်။ ခိုတောင်းအမှုကို ဂရုစိုက်ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ်က ကျွန်တော့်ကို တောင်းဆိုခဲ့တယ်”ဟု ၎င်းက သုဝဏ္ဏဘူမိလေဆိပ်တွင် သတင်းထောက်များ အား ပြောဆိုခဲ့သည်။
“မေးခွန်းနှစ်ဆယ် အမေးခံခဲ့ရတယ်။ ကျွန်တော်အားလုံးကို ဖြေပေးခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ကလည်း ကျေနပ်မှု ရှိပါတယ်။ ဗြိတိန်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖို့ နှစ်သက်နေကြတာကြောင့် ဒီလို အမှုမျိုး ထပ်ဖြစ်လို့မရဘူးလို့လည်း သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်။” ဟု ဖရာယုက ဆိုသည်။ ထိုင်းနိုင်ငံရှိ တရားရေးစနစ်နှင့်ပတ်သက်၍ ပြောစရာတစ်စုံတစ်ရာ မရှိပါကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ သော်လည်း မီဒီယာများမှ ရေးသားချက်များကို ဖတ်ရှုနေကြသည့် ဗြိတိန်များတွင်မူ မေးခွန်းများ ရှိနေကြောင်း ဖရာယုက ဆိုခဲ့သည်။ ထိုင်းအာဏာပိုင်များအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက် လျက်ရှိနေပါကြောင်း ဗြိတိန် ၀န်ကြီးချုပ်ကို ရှင်းပြခဲ့ပါသည်ဟု ဖရာယုက ထပ်လောင်း ပြောဆိုခဲ့သည်။

လူသတ်မှုအပေါ် ထိုင်းအာဏာပိုင်များ၏စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပြီး လူအများစုကလည်း အမှန်တကယ် သတ်ဖြတ်ခဲ့သည့် တရားခံအစစ်များမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ယုံ ကြည်နေကြသည်။ ဗြိတိန်အာဏာပိုင်များကမူ ၎င်းတို့အဓိကအစိုးရိမ်နေသည့် အချက်နှစ်ချက်မှာ သံသယရှိသူများထံမှ ရရှိသည်ဟု အခိုင်အမာပြောဆိုထား သည့် DNA နမူနာ စစ်ဆေးခြင်းနှင့် သံသယရှိသူများအား ၀န်ခံထွက်ဆို လာစေရန် နှိပ်စက် ညှဉ်းပန်းမှုများပြုလုပ်နေသည်ဟု စွပ်စွဲခံနေရခြင်းပင်ဖြစ်ကြောင်း ပြောဆိုကြသည်။

Prawit: No Direct role for British in Koh Tao case

Ref: Bangkok Post and Reuters

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

လွန်ခဲ့တဲ့နှစ်အစိတ် သုံးဆယ်မကတဲ့ကာ လလောက်ကတည်းက ဟိုဘက်နိုင်ငံ ကို သွား အလုပ်လုပ်ဖို့ သွားကြတဲ့အခါ “ရနောင်း”ဘက်ကို ကူးမယ် ဆိုရင် ရှမ်းကမ်း ကို သွားမယ်လို့ ပြောခဲ့ကြတာမို့ “ရှမ်းကမ်း” ဆိုတာကို စာဖတ်သူ အများစု မစိမ်းဘူးလို့ ထင်မိတာပါပဲ။

ရှမ်းကမ်းမှာ ဘ၀တွေ အသက်တွေ ခွန် အားတွေနဲ့ရင်းပြီး မိသားစုကို လုပ်ကျွေး ဖို့ သွား ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ထဲမှာ ရှမ်းကမ်း မှာ ပင်ပန်းခံနိုင်ဖို့ အလုပ်ရှင် ကျွေးတဲ့ မြင်းဆေးစား ပြီး ဆေးစွဲလာသူတွေ၊ အလုပ်သွားရှာရင်း ဘ၀ပျက်ရုံမက သေမင်း တမန်ရောဂါစွဲပြီး အိမ်ပြန်မလှတဲ့ သမီးပျို လေးတွေ ... စသည်စသည်ဖြင့် ကိုရီးယား ကားတွေထက် ဇာတ်နာပြီး ကုလားကား တွေထက် ဇာတ်ကြောရှည်နေခဲ့တာဖြင့် ဆယ် စုနှစ် သုံးစုလောက်ဖြတ် ခဲ့ရပြီး ဇာတ်မသိမ်း တတ်နိုင်တဲ့ ဇာတ်လမ်းတွဲရှည်ကြီးပဲ မဟုတ် လားဗျာ။

ဒီကြေကွဲဇာတ်လမ်းရှည်တွေကို ၂၀၁၀ ခု မတိုင်ခင် နိုင်ငံတော်ကြီးကို သိမ်းပိုက် အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ အစိုးရမင်းများက နာမည်ကြီး မင်းသား မင်းသမီး များနဲ့ ပေါ်လစီဇာတ်လမ်း တွေရိုက်ပြီး ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ခဲ့ကြပါ သေးတယ်။ အဲဒီဇာတ်လမ်းမျိုးတွေ မှာ ပြည်ပသွား အလုပ် လုပ်သူများဟာ လောဘ ကြီးသူများ၊ အမျိုးမချစ်သူများ၊ “အိုမွန်းနီး ကိုကျော်လွှား အာဂျီးမားကိုလွမ်းသူများ” စသဖြင့် စွပ်စွဲလေ့ရှိသပေါ့။ တကယ်တော့ ရှမ်းကမ်း ကို သွား အလုပ်လုပ် ကြသူတွေထဲမှာ သူဌေးဖြစ်ချင်သူ၊ လောဘဇောနဲ့ သွား သူတွေ ပါကောင်းပါမှာပေမယ့် ကိုယ့်ရေကိုယ့်မြေမှာ ထမင်းဝခါးလှဖို့ မိဘ ဆေးကုဖို့ ညီညီမတွေ ကျောင်းကောင်းထားဖို့ စသည်များ အတွက် လောက်ငှတဲ့ ဝင်ငွေမရနိုင်တာမို့ သွားကြရ သူက များပါတယ်။

ဒီဇာတ်လမ်းမျိုးတွေ တီဗီ မှာလွှင့်ခဲ့တုန်းက ရှမ်းကမ်းမှာ နွမ်းပန်းဖြစ် သွား သူတွေ၊ ရှမ်းကမ်းမှာ ကြမ်းတမ်းဘ၀ထဲ ရောင်းစားခံရသူတွေအဖြစ် ဇာတ်သိမ်း မလှ တာတွေကိုကြည့်ရတိုင်း ကျွန်တော်က အတူ ကြည့်ပရိသတ်ကို ပြောမိ ခဲ့တာ တစ်ခွန်းရှိ တယ်။ “ဒီဇာတ်ကားမှာပြတာတွေက အမှန် တွေချည်းဖြစ် မှာပါပဲ၊ ဒါပေမဲ့ ဇာတ်ကားအ ပြီးမှာ စာတမ်းတစ်ခုပဲ ထိုးဖို့လိုတာဗျ၊ အဲဒါက “စနစ်ဆိုးခေတ်ဆိုးမှာအဖြစ်ဆိုးသမျှ စစ်အစိုးရတာဝန်”ဆိုတာပဲ” လို့ပါ။ (အရင် အစိုးရကိုပြောတာနော်။ အခု အရပ်တားအဆိုးရဂျီးကိုပြောတာဟုတ်ဖူးနော်)။

တကယ်တော့ အဲဒီတုန်းက ကျွန်တော် မချိတင်ကဲ အဲဒီလိုပြောမိခဲ့တာ ဟာ ဒေါသ နဲ့ဖြစ်ပေမယ့် ဘာမှမသိဘဲ ကျိုးကြောင်းမဲ့ မောဟနဲ့ပြော ခဲ့တာတော့ မဟုတ်ပါဘူး။ တကယ် တော့ ရှမ်းကမ်းဆိုပေမယ့် တရားဝင်တော့ ကျွန်တော်တို့က ထိုင်း လို့ ခေါ်လေ့ရှိပြီး အစိုးရကြီးများ စိတ်ကောက်ရင် “ယိုးဒယား” လို့ အခေါ်ခိုင်းတတ်တဲ့ အဲဒီ နိုင်ငံကြီးဟာ အင်္ဂလိပ်ကျွန် မြန်မာနဲ့ ပြင်သစ်ကျွန် အင်ဒိုချိုင်းနားဒေသတို့ အကြားမှာ ဘယ်သူ့ကျွန်မှ မဖြစ်ခဲ့ဖူးတာတောင် ကျွန်တော်တို့ လွတ်လပ်ရေးရစမှာ မယှဉ်သာအောင် အောက်ကျနောက်ကျ ရှိခဲ့တဲ့နိုင်ငံပါ။

၁၉၅၉ ခုနှစ် လောက်က ဖွင့်တဲ့ မင်္ဂလာဒုံလေဆိပ်ကြီးကို အရှေ့တောင် အာရှနဲ့ ကျန်ကမ္ဘာ့ဒေသများဆက်သွယ်ပေး ရာ အဓိကလေဆိပ်ကြီးအဖြစ် အားလုံးက အားကိုးခဲ့အားကျခဲ့ကြတာပါ။ အဲဒီတုန်းက နိုင်ငံတောင်မဖြစ်သေးတဲ့ စင်္ကာပူ က နိုင်ငံခြားသွားမယ်ဆို ရန်ကုန်လာလေယာဉ်စီးရတာဖြစ်ပြီး အနောက်တိုင်း ဝတ်စုံလည်း ခေတ်မီတဲ့ ရန်ကုန်မှာ ချုပ်မှ အဆင်ပြေတယ်ဆိုပဲ။

အဲဒီ ကာလက စစ်ဗိုလ်ချုပ်ကနေပဲ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းခေါင်းဆောင် ကစ်တီကာချွန်က မြန်မာပြည်လာလည် (ကျွန်တော်တို့ တစ်တွေ ဒီနေ့ ဘန်ကောက်ရောက်ရင် ပါးစပ်အဟောင်းသားနဲ့ ဟိုငေးဒီငေးလုပ်သလို လုပ်ရှာ) ပြီး အပြန်မှာ "တို့တစ်တွေ မြန်မာကို မီဖို့တော့ နှစ်ငါးဆယ်လောက် ကုန်းရုန်းကြိုး စားရလိမ့်မယ်:လို့ ဘန်ကောက်လေဆိပ်မှာ ပြောခဲ့တယ်လို့ ဆို ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာက မော့ကြည့်ခဲ့ရတဲ့ (လေယာဉ် ဆိုတော့ လည်း ငုံ့ကြည့်လို့တော့ မရဘူးလေ) ယူဘီအေ လေကြောင်း ဆိုတဲ့ မြန်မာ့လေ ကြောင်းဟာ လွတ်လပ်ရေးရပြီး ကိုးလအကြာမှာ စတင်မွေးဖွားပြီး နောက်နှစ်နှစ်အကြာမှာ နိုင်ငံတကာ ခရီးစဉ်တွေကို စပြေးဆွဲနေ ပါပြီ။ အစိုးရပိုင်လေကြောင်း ကိုတော့ ပြောမနေနဲ့။ စကြာ အဲလိုင်းတို့လို ပုဂ္ဂလိကလေကြောင်း ကုမ္ပဏီတွေလည်း အဲဒီအချိန်ကတည်းက စပေါ်ခဲ့ပါတယ်။ (အဲဒီတုန်းက ဟောလီးဝုဒ် မင်းသမီးဖြစ်ခဲ့တဲ့ ဒေါ်ဝင်းမင်းသန်း ဟာ လေယာဉ်မယ်ပဲလေ)။

ဒီနေ့ ၂၀၁၄ မှာ လေယာဉ် ဝန်ထမ်းဆားဗစ်စ် အကောင်းဆုံးဆုရတယ် ဆိုတဲ့ ထိုင်းအဲဝေးဟာ ၁၉၆၀ ကျမှ စကင်ဒီ နေဗီးယားအဲဝေးနဲ့ ဖက်စပ် လုပ်ပြီး ပေါ်ပေါက် ခဲ့ရရှာတာပါ။ အဲဒီကာလက မြန်မာပြည်က ဘားမားမိတ် ပစ္စည်းများ ထိုင်းကမက်မက် မောမောဝယ်တဲ့အထဲမှာ ဟံသာအေးနိုင် လွန်တို့၊ ကြက်ဆင်ဖဲထီးတို့၊ ခြင်္သေ့ဘီစကွတ်တို့၊ ဗန္ဓုလစောင်ပါတယ် လို့ ဆိုပါတယ်။

သက်ကြီးစကားသက်ငယ်ကြားကို ပြန် ပြောပြရရင် အဲဒီတုန်း က မြန်မာပြည် မှာ နိုင်ငံ ခြားငွေက သိပ်ပေါဆိုကိုး။ ဒါကြောင့် တချို့ ပစ္စည်းအသေးအဖွဲတွေကို သွင်းကုန်လိုင်စင် ယူစရာမလိုပဲ အလွယ်တင်သွင်းခွင့်ပြုတဲ့ အိုး ပင်းဂျယ်နရယ် လိုင်စင် (OPL) ဆိုတာ ရှိသတဲ့။ အဲဒီစနစ်နဲ့ ကိုးလ်ဂိတ်လိုသွားတိုက်ဆေးမျိုး လိုသလောက်ဝယ်ခွင့်ပြုတာမို့ နိုင်ငံခြား ငွေမရှိရှာလို့ နိုင်ငံခြားက တိုက်ရိုက် ဝယ်မသုံး နိုင်တဲ့ ထိုင်းကိုရောင်းစားဖို့ရာ ကိုးလ်ဂိတ် ကို မြန်မာ ကုန်သည်တွေ က OPL နဲ့သွင်းပြီး ထိုင်းကိုရောင်းစားခဲ့ကြတယ်လို့ ဆိုတယ်။ ကဲ၊ အခုတော့ ဝဋ်လည်ပုံများ ထိုင်းစာတန်းနဲ့ ကိုးလ်ဂိတ်တို့၊ ထိုင်းစာနဲ့ အိုဗာတင်းတို့ ကို မြန်မာတွေ တမက်တမော သုံးနေကြရရှာတာ ပါလား။

ကဲ၊ အရင်က ရွှေထီးဆောင်းခဲ့ရတာတွေ အသာထားပြီး ကိုယ့်ကိုကိုယ် ရွှေ လို့ တင်စားတတ်တဲ့ မြန်မာများ နိုင်ငံတကာမှာ မျက် နှာငယ်ပြီး လူတကာခြေနင်း ဖတ်၊ “ရွှေဖိနပ်” ဖြစ်ရတဲ့ ပစ္စုပ္ပန်အကြောင်း နည်းနည်း ပြော ပါရစေဦး။ အများ သိတဲ့အတိုင်း အခုနိုင်ငံတ ကာလေဆိပ်တို့၊ အကောက်ခွန်တို့၊ လ၀က တို့ မှာ မြန်မာပတ်စ်ပို့ဆိုရင် မျက်နှာ အလွန် ငယ်ရတဲ့ဘ၀ကနေ လွတ်ကို မလွတ်နိုင်သေးပဲ ဖြစ်နေပါတယ်။ မြန်မာဆိုရင် ရရာအလုပ် လုပ်ဖို့ ခိုးဝင်မဲ့ဟာ၊ ခိုးနေမယ့်အကောင်တွေ အကောင်မတွေလို့ မျက်လုံးဒေါက်ထောက် အကြည့် ခံနေရတာလေ။ ဒီထဲမှာ အထက်က ပြောခဲ့တဲ့ ရှမ်းကမ်းကတော့ မြန်မာတွေ အသွားဆုံးနဲ့ အများဆုံးရှိတဲ့နိုင်ငံမို့ အဆိုးဆုံး ထဲပါနေတယ်ဆိုရမှာပေါ့။

တရားဝင်သွားဖို့မလွယ်တော့ ခိုးပြီးသွား၊ တရားမဝင်နေ၊ မတရားသဖြင့် လုပ်ခ အနှိမ်ခံ ရ၊ သူများမလုပ်ချင်တဲ့ အလုပ်လုပ်ရ၊ သူများ မျက်နှာကြည့်နေရ၊ ဒီကြား ထဲ ကောင်းရောင်း ကောင်းဝယ် လာလုပ်တဲ့ မြန်မာမလေးတွေကို ဟိုဟာ လုပ်မလားလို့ အဆွယ်ခံရ၊ မြန်မာအ ထီးလေးတွေဆိုလည်း စက်လှေမှာ တစ်သက် လုံးသေသည်အထိ ကျွန်ခံဖို့ ရောင်းစားခံရနဲ့ ဖြစ်ချင် တိုင်းဖြစ်နေတော့ တာပါပဲ။ အဲဒီလိုဖြစ် တဲ့အထဲမှာ ပူပူနွေးနွေးသတင်းဖြစ်တဲ့ ဗြိတိန် စုံတွဲသတ်မှု နဲ့ အဖမ်းခံရပြီး နှိပ်စက်ခံရ၊ မတရားဖိအားပေးပြီး ဖြောင့် ချက် အယူခံရ တယ်ဆိုတဲ့ မြန်မာလူငယ်လေးနှစ်ဦးသတင်း ကတော့ အတော် စိတ်မကောင်းစရာပါ။

ဒီသတင်းကို အကြောင်းပြုပြီး စာရေးဆရာဇင်လင်း က မြန်မာတွေဆိုရင် ဒီလိုပဲ မတရား ဝယ်ပြီး တရားခံလုပ်ခိုင်းတာ၊ နှိပ်စက်ပြီး လူ စားထိုးတာ စသဖြင့် လုပ်နေ ကျဖြစ်တယ်၊ မြန်မာအစိုးရကလည်း ရှမ်းကမ်းရောက် မြန်မာတွေ အရေးကို ဘယ်တော့မှ လှည့်မကြည့် တာမို့ မြန်မာဆို လုပ်ချင်တိုင်း လုပ်ပစ် လိုက်ဆိုတာမျိုးဖြစ်နေတာကို ကြားရတာ အတော် စိတ်မချမ်းသာစရာပါပဲ။

ဒီလူငယ်ကလေးတွေဟာ တရားခံတွေ လို့ ဒေသခံများကလည်း မယုံ၊ ထိုင်း သတင်း မီဒီယာများကလည်း လက်မခံ၊ ထိုင်းမှုခင်းပညာရှင် ဆရာဝန်ကြီး ကလည်း ရှုတ်ချဝေဖန်၊ ဗြိတိန်အစိုးရကတောင် ပွင့်လင်းမြင်သာ မှန် ကန် အောင် လုပ်ပါလို့ ထိုင်းသံအမတ်ကိုခေါ် သတိပေးနဲ့ အားလုံးဝိုင်း ရပ်တည်ပေးကြသလို မြန်မာသမ္မတကြီးကလည်း ထိုင်းဝန်ကြီးချုပ် လာစဉ် မှာ တောင်းဆိုခဲ့ပြီး ဧည့်သည် တော်ကြီး ကလည်း မြန်မာတွေ ယုံကြည်မှု ရ အောင် လုပ်ပါမယ်လို့ကတိပေး၊ မြန်မာလွှတ် တော်ကြီး နှစ်ရပ်ကလည်း အရေးကြီး အဆို တွေဘာတွေ တင်သွင်းပြီး ထိုင်းကို သဝဏ် လွှာတွေဘာတွေ ပို့ဖို့လုပ်၊ အစိုးရကလည်း အထူးသံအဖွဲ့တွေ ရှေ့နေတွေနဲ့ စုံစမ်းမှုတွေ စီစဉ်။ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့က အပြစ် ပေးဖို့ တင်ပြတဲ့ အစီရင်ခံစာကို ထိုင်း တရား သူကြီးက ပယ်တယ်လို့ ကြားရပြန်တဲ့အပြင် မြန်မာ၊ ထိုင်းနဲ့ဗြိတိန် အစိုးရတွေချင်းလည်း တွေ့ဆုံဆွေးနွေးကြောင်း ကြားရ။ တစ်ခါ စွပ်စွဲခံ ရခိုင်လူငယ်လေးများရဲ့ မိဘတွေကို ရန်ကုန်အထိ စရိတ်ခံခေါ်သူခေါ်၊ ထိုင်းကို သွား ဖို့ စီစဉ်သူစီစဉ်၊ ထိုင်းရောက် ဆရာတော်တစ် ပါးကလည်း ဟိုမှာ တည်းခို ဖို့ ကမ်းလှမ်းလို ကမ်းလှမ်း စသည်အပြင် မတရားတဲ့ဒီအမှုကို ဗြိတိန်အစိုးရက လွတ်လပ်တဲ့ စုံစမ်းမှုလုပ်ပေးပါလို့ အင်တာနက်က လက်မှတ်ရေးထိုးလှုံ့ ဆော် တာ ကို ဂျပန်နိုင်ငံသား ခရစ်စတိုဖာ ဟန်ကင်းစ်က ဦးဆောင်လုပ်နေတယ် စတဲ့ အားတက်စရာသတင်းတွေလည်း ကြားရပါ တယ်။

အားပျက်စရာ သတင်းတွေ အနေနဲ့ကလည်း ထိုင်းဝန်ကြီးချုပ်က လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ကန့်ကွက်တာမရှိပါဘူးလို့ ပြောပြန်ရုံမက ထိုင်းရဲ က တရားခံ မဟုတ်ရင် ဖမ်းရဲပါ့မလားလို့လည်း ခပ်တုံးတုံး ဆိုလို ဆို၊ မြန်မာ လူငယ်နှစ်ယောက်က နှိပ်စက်ခံလို့ပေးခဲ့ရတယ်ဆိုတဲ့ ဝန်ခံချက်ကို ပြန် ရုပ်သိမ်းတယ်ဆိုပေမယ့် အဲဒါမဟုတ်ပါဘူးလို့ ထိုင်းရဲက ငြင်းလိုငြင်း ရုံမက ပြန်ရုပ်သိမ်း မသိမ်းသိမ်း သူတို့မှာ သက်သေအခိုင်အမာရှိ တယ်လို့ ခပ်တင်းတင်း ခပ်ရှင်းရှင်း ခေါင်းမာ လိုမာ စသဖြင့်ရှိနေပါသေးတယ်။

ဒီလိုပဲ တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့မိဘများ သူများအကူအညီနဲ့ ရန်ကုန်ရောက်လာတဲ့အခါ တည်းခိုရာ ဘုန်းကြီးကျောင်းမှာ ဧည့်စာရင်းဝင် စစ်ပြီး ဘယ်သူတွေစီစဉ်ပေးလို့ လာရတာလဲလို့ အာဏာပါဝါပြ စစ်မေးသူကမေး၊ မှုခင်းဖြစ် ရာ ခိုတောင်းကျွန်းဆိုတာလည်း မာဖီးယား ဂိုဏ်း တို့ ကြီးစိုးရာဖြစ်ပြီး ရဲကိုသူတို့က ဘောင်း ဘီအိတ်ထဲထည့်ထားတာ ဆိုတာတွေ လည်း ကြားရနဲ့ပေါ့ဗျာ။

ဒီသတင်းတွေ အကြားမှာ အဲဒီ ဗိုလ်ရှုပ်ကြီး ပရာယုချန်အိုချာ ဆိုတဲ့လူက ဘလောင်း ဘလဲ ပြောသံ၊ လူကြီး လူကောင်းမပီမသ လုပ်ပုံ တွေကို ကြားရမြင် ရတာကလည်း အတော်စိတ် မချမ်းသာစရာပါပဲ။ ဒီလူသတ်မှုဖြစ်ဖြစ် ချင်း ကိုယ်နိုင်ငံမှာ ဧည့်သည်စုံတွဲ မတရားကျင့် အသတ်ခံရတဲ့ ကိစ္စကို ခေါင်းဆောင် တစ်ယောက်အနေနဲ့ မဆင်မခြင်ဘဲ “ဘီကီနီ မလုံမလဲ ဝတ်ပြီး နေမှတော့ဖြစ် မှာပေါ့” လို့ အားမနာ လျှာမကျိုး ပြောလိုက်ဆိုပဲ။ နောက်မှ ဟဲဟဲ၊ အနော် က နောက်တာဆိုပြီး ပြန် တောင်းပန်ရတာပေါ့ဗျာ။ ဗြိတိန်လိုနိုင်ငံမျိုး တောင် အခုလိုပြောဖို့ဝ န်မလေးသူဟာ ကျွန် တော်တို့ နိုင်ငံသားတွေဆို ပိုပြီးစော်ကားပြော ဆိုဖို့ ဝန်မလေးဘူးဆိုတာ “တရားခံမဟုတ်ရင် ထိုင်းရဲက ဖမ်းရဲပါ့မလား” ဆိုတဲ့စကားနဲ့ မြင် သာပါတယ်။

ဒီလိုလူမျိုး အုပ်ချုပ်တဲ့တိုင်းပြည် မှာ သူတို့ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ယှဉ်ပြိုင်ပြီး အမှန်တရား ရှာဖွေဖို့ဟာက အတော်လေး ခက်လိမ့်မယ်ထင်ပါတယ်။ ဒီလူဟာ သမ္မတကြီးနဲ့တွေ့တုန်းကလည်း မြန်မာတွေက ယုံ ကြည်လက်ခံနိုင်စရာ ဖြစ်စေ မယ်လို့ အာမခံ ပြောခဲ့တာလည်း အမှန်ဖြစ်ပြီး တရားခံမဟုတ်ရင် ထိုင်းရဲက ဖမ်းပါ့မလားဆိုတာကတော့ ဒီစကားနဲ့ ဆန့်ကျင်ရုံမက လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင် လုပ်ကိုင်နေတဲ့ ထိုင်းရဲများနဲ့ ဆန့် ကျင်ပြီး အမှန်တရားရှာနေရတဲ့ ကျွန်တော် တို့ နိုင်ငံသားတွေကိုပါ စော်ကားရာရောက်နေပါတယ်။

ဒီအမှုအကြောင်းကြားတဲ့အခါမှာ ၁၉၉၁ ခုနှစ်က စင်ကာပူမှာဖြစ်တဲ့ လူသတ်မှု အတွက် ဖီလစ်ပိုင်အိမ်ဖော်တစ်ဦးကို သေဒဏ်ပေးတဲ့အတွက် ဖိလစ်ပိုင်နဲ့ စင်ကာပူ ထိပ်တိုက်တွေ့ခဲ့ တာကို ပြန်သတိရမိတယ်။ Flor Contemplacion လို့ခေါ်တဲ့ အသက် ၄၂ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးဟာ အခြား ဖိလစ်ပိုင် အိမ်ဖော်တစ်ဦးနဲ့ သူထိန်းတဲ့ကလေးကို သတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး Flor နဲ့ အတူနေသူကတော့ သူဟာ အပြစ်ကင်းပြီး ကလေးကို လည်းသတ်၊ အိမ်ဖော် ကိုလည်း သတ်တဲ့ ကလေး အဖေရဲ့ ချောက်ချခြင်းကို ခံရတယ် လို့ဆိုပါတယ်။

အဲဒီအမှုမှာ ဖီလစ်ပိုင်က တောင်းဆိုသမျှကို စင်ကာပူက ဘာမှမလိုက် လျောဘဲ ၁၉၉၅ မှာ ကြိုးပေးသတ်ပစ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကနေပဲ သမ္မတဖြစ်လာတဲ့ ရာမို့စ် က ဆိုရင် ဒေါသဖြစ်ပြီး သံတမန်ဖြတ် တောက်မယ်လို့ ခြိမ်းခြောက်တာ၊ သံတမန် အဆင့်လျှော့ချတာတွေ လုပ်ခဲ့ပါတယ်။ စင်ကာပူကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်သားတို့ရဲ့ ဆန္ဒပြပွဲတွေလည်း နှစ်နိုင်ငံစလုံးမှာ ခြိမ့်ခြိမ့်သည်းဖြစ် ခဲ့ပေါ့။ ဒါပေမဲ့ ဖိလစ်ပိုင်သူကို မ ကယ်နိုင်ခဲ့ပါဘူး။ အင်း၊ အခုလည်း ဒီလို မဖြစ် အောင်တော့ ကျွန်တော်တို့ ဝိုင်းကြိုးစားရမှာ ပါပဲ။

အခုဖြစ်ခဲ့တဲ့အမှုမှာ ထိုင်းရဲတို့ညစ်တာ ဖြစ်နိုင်ပေမယ့် အညစ်ခံဘ၀ ကိုရောက် ၊ ဖြေရှင်းရခက်တဲ့ အနှိမ်ခံအဖြစ် ကို ကျရောက်တဲ့ မြန်မာလူငယ်တွေ အတွက် နောင်ကိုလည်း အလားတူဖြစ်ရပ်တွေ ထပ်ခါထပ်ခါဖြစ်နိုင် ပါ သေး တယ်။ နိုင်ငံတကာမှာ ခေါင်းမော့မနေနိုင်တောင် ခေါင်းငုံ့မနေရဖို့ ကျွန်တော် တို့ အားလုံး ဝိုင်းကြိုးစားဖို့ လိုနေသေးတာဖြစ်ပြီး လက်ရှိ အနေအထားမှာတော့ ကျွန်တော် တို့ တတွေဟာ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက် နှာချိုသွေးရနဲ့ ဗိုလ်ချုပ်ပြောတဲ့ “ဟဝှာ”နိုင်ငံသားတွေ ဖြစ်နေပြီပဲလို့ တွေးနေမိကြောင်းပါဗျာ။

ရီနေနိုင်
The Ladies News Journal


ကိုပါကြီး ပျောက်ဆုံးမှုနဲ့ပါတ်သက်ပြီး မွန် ကရင်သတင်းထောက်တွေကို နယ်လုံဝန်ကြီးကိုယ်တိုင် ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်အောင် ခေါ်သွားတယ်ဆိုတဲ့ ပြောစကားအရ ကျမ ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်းအောင်ကို ကျမကိုယ်တိုင် သွားရောက်မေးမြန်းတော့ ဖမ်းစဉ်က သူကိုယ်တိုင်ပါပေမယ့် ခုမသိပါလို့ ဥပဒေမဲ့ ဆိုပါတယ်။ နယ်လုံဝန်ကြီးကို ဖုန်းဆက်မေးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသာ မေးလို့ ဘောလီဘောပုတ်ပြန်ပါတယ်။ ကျမကတော့ ကျိုက်မရော ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူများကို တရားလိုပြုပြီး ထပ်ဆင့်အမှုဖွင့်သွားပါမယ်လို့  ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့  ဇနီးဖြစ်သူ မသန္တာက ဆိုပါတယ်။ မသန္တာဟာ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ ကွယ်လွန်ခါနီးအချိန်ကျမှ အကျဉ်းထောင်အတွင်းကနေ လွတ်မြောက်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူက ယခုလို စစ်တပ်ကနေ မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေကင်းမဲ့နေမှုရဲ့  သက်သေအဖြစ်အပျက်တွေပါဘဲ။

မလေးရှားနိုင်ငံမှာ တရားမ၀င်နိုင်ငံခြားသားတွေကို မလေးရှားအစိုးရကနေပြီ ၂၀၁၁ ခုနှစ်က စတင်ကာ တနိုင်ငံလုံး အတိုင်းအတာဖြင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မြန်မာ ၊ နီပေါ ၊ဘင်္ဂလာဒေ့ရှ် ၊ ဗီယက်နမ်၊ အိန္ဒိယ ၊ပါက္ကစတန် ၊ တရားမ၀င်တဲ့ နိုင်ငံခြားသားတွေကို တရားဝင်ဖြစ်အောင် 6P အစီအစဉ်ဖြင့် လ၀ကဆီမှာ သွားရောက်လုပ်ဆောင်ဖို့ မလေးရှားအစိုးရက ချမှတ်ပေးခဲ့သည်။

လ၀ကမှတဆင့် လက်ဗွေနှိပ်ဖို့ အစီအစဉ်တွေကို မလေးနိုင်ငံသားအေဂျင်စီတွေကို တာဝန်ယူနိုင်တဲ့အေဂျင်စီတွေကို လွဲပြောင်းပေပြီး အဲဒီကနေတဆင့် သက်ဆိုင်ရာ နိုင်ငံတိုင်းအေဂျင်စီတွေနဲ့ ပူးပေါင်းပြီ နိုင်ငံအလိုက် တာဝန်ယူနိုင်တဲ့အေဂျင်စီတွေက မိမိနိုင်ငံသားတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းနဲ့ အခကြေးငွေ သတ်မှတ်ကာ သက်ဆိုင်ရာအေဂျင်စီအတည်တည်က တာဝန်ယူဖြေရှင်း လုပ်ဆောင်ပေးခဲ့ကြသည်။

ထိုအချိန်ကာလတွင် တရားမ၀င် အိုဗာစတေးဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာ မြန်မာအေဂျင်စီတွေကလဲ တာဝန်ယူမှုကို မြန်မာသံရုံးနဲ့ ပြည်တွင်းက အေဂျင်စီဖြစ်တဲ့ ဇွဲသုခ လိုင်စင် အမှတ် ၈၈/၂၀၁၃ အမှတ် ၁၆ အခန်း ၂က အင်းစိန်လမ်း ၊ ၃ ရပ်ကွက် မရမ်းကုန်း ရန်ကုန်တိုင်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ဇွဲသုခ တာဝန်ခံ ဒေါ်စမ်းငယ်ငယ် ကနေပြီ မပာာနန်းလုပ်ငန်းစု မြန်မာစားသောက်ဆိုင် အမည်ခံကာ တရားမ၀င် မြန်မာနိုင်ငံသားအမြောက်မြားစွာကို အာမခံ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ကြသည်။

တရားမ၀င် အိုဗာစတေးဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံ၏ ထောက်ခံချက်လက်မှတ်နဲ့ ပါတ်စပို့စာအုပ် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးကာ မြန်မာသံအမတ်နဲ့ သံအမတ်ကတော်တို့က ဇွဲသုခအေဂျင်စီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ပေးပြီ တရားမ၀င်မြန်မာအလုပ်သမားများဆီက ပါတ်စပို့စာအုပ်နှင့် 6P လက်ဗွေနှိပ်နဲ့ 6P Work Permit ပါမစ် အပါအ၀င် ဇွဲသုခ အမည်ခံ မပာာနန်းလုပ်ငန်စုက မလေးရှား ရင်း ၄၅၀၀ နဲ့အညီ ကျပ်ငွေ ၁၃ သိန်းအထိ ပေးချေခဲ့ရပြီ တရားမ၀င် မြန်မာအလုပ်သမားဆီက ငွေကြေးကောက်ခံ လုပ်ဆောင်ပေးခဲ့ကြသည်။

6P အစီအစဉ်နဲ့ လုပ်ဆောင်ပေးမည်ဟု ယုံကြည်ခဲ့တဲ့ တရားမ၀င် မြန်မာနိုင်ငံသားအတော်များများပာာ နှစ်ချီ စောင့်ဆိုင်းလာရခဲ့တဲ့အချိန်မှာ အဖမ်းခံရမှုတွေနဲ့ တာဝန်ယူ မဖြေရှင်းနိုင်တဲ့အပြင် အလုပ်သမားတချို့ကို လူမိုက်ဂိုင်းစတားတွေနဲ့ ခြိမ်းခြောက်မှုပြုလာခဲ့ပြီ ဆူဆူ ပူပူလုပ်တဲ့ မိန်းကလေးဆိုရင် ရဲနဲ့ ဖမ်းခိုင်မည်ဟု ခြိမ်းခြောက်ခံရတဲ့ မိန်းမကလေးတချို့က မြန်မာအလုပ်သမားအဖွဲ့ကို ပြန်ပြောပြခဲ့ကြသည်။
တချို့အလုပ်သမားတွေဆိုရင် ဇွဲသုခံအမည်ခံ မပာာနန်းလုပ်ငန်းမှာ စာရင်းပျောက်ဖျက်ခံရတဲ့အဆင့်အထိ လိမ်လည်ခံလာရတယ် ။ ဇွဲသုခအေဂျင်စီ အမည်ခံ မပာာနန်းလုပ်ငန်းစု၏ လိမ်လည်ခံရသူတွေက ပိုက်ဆံဆုံးရှုံးတဲ့အပြင် တချို့ဆိုရင် ပါတ်စပို့စာအုပ်ကိုတောင် မြင်တောင် မမြင်လိုက်ရဘူး၊ အဲဒါကြောင့် မကျေနပ်တဲ့အလုပ်သမားတွေက မြန်မာသံရုံးကို အကူအညီတောင်းခါမှ မြန်မာသံရုံသံအမတ်နဲ့ အလုပ်သမားသံအရာရှိတို့အပြင် မြန်မာအလုပ်သမားဝန်ကြီးတို့တွေပါ ဇွဲသုခအေဂျင်စီ၏ လိမ်လည်မှုကို ယနေ့အချိန်ထိ အားလုံး ၀ိုင်ဝန် ဖုံးကွယ်ထားခဲ့ကြသည်။

ဇွဲသုခအေဂျင်စီ၏ လိမ်လည်ထားမှုကို ဖုံကွယ်ထားတဲ့အတွက် မြန်မာအိုဗာစတေးတချို့က မျော်လင့်ချက်နဲ့ စောင့်ဆိုင်းတဲ့သူတွေက မရတော့အဆုံးမှာ မြန်မာပြည်ကို အောက်လမ်းကနေ ပြန်သွားကြရပြီ ပါမစ်သက်တမ်းတိုးတဲ့လူတချို့ကလဲ စောင့်ဆိုင်းနေရင်နဲ့ ကြားလာတဲ့အမျှ လိမ်လည်ခံရသူတွေ ဖြစ်လာ ကြခဲ့သည်။
ဇွဲသုခ အမည်ခံ မပာာနန်းလုပ်ငန်းစုဆီမှာ ပေးထားတဲ့ပိုက်ဆံတွေ မပာာနန်းပိုင်ရှင်က ပြန်မပေးနိုင်တော့တဲ့အတွက် စာရင်းဇယားတွေကို ပျောက်ဖျက် မီးရှုပစ်ဖို့ ပြီခဲ့တဲ့ မနှစ်က ကွာလာလမ်ပူရှိ မပာာနန်းစာသောက်ဆိုင်ကို ပိုက်ဆံစာရင်း ဇယားနဲ့ လ၀က စာရွက် စာတမ်းအတုတွေနဲ့အတူ ဂတ်အိုးတစ်လုံးပါ ကိုယ်တိုင် မီးရှို့ကာ ဖောက်ခွဲဖျက်ဆီးဖြစ်ရန် တံခါတွေ အကုန်ပိတ်ကာ ထွတ်ပြေး တိမ်ရှောင်ပြုလုပ်နေစဉ် ဘေးပတ်ဝန်ကျင်မှာရှိတဲ့ မြန်မာဆိုင်တွေက မြင်တွေ့သွားတဲ့အတွက် ၀ိုင်ဝန်း မီးငြိမ်သတ်ပေးနေတဲ့အချိန်တွင်မှာ မီးတပ်နဲ့ ရဲကား ရောက်ရှိလာကြပြီ မီးလောင်ခံနေရတဲ့ စာရင်း ဇယားတွေကို ဓာတ်ပုံမှတ်တမ်းတင်ကာ ရဲကနေပြီ အကုန်လုံးသိမ်းဆည် ယူဆောင်သွားခဲ့ကြသည်။

ဇွဲသုခ အမည်ခံ မပာာနန်းပိုင်ရှင်၏ မီးရှို့ ဖောက်ခွဲကြံစည်မှု အထမမြောက်ခဲ့တဲ့အတွက် မပာာနန်းလုပ်ငန်ဆီမှာ ကျန်ရှိနေတဲ့ ပါတ်စပို့စာအုပ် ၃၁၅ အုပ်ကို မြန်မာစစ်သံမှူးဆီကို တိတ်တဆိတ် သွားရောက်ပေခဲ့ပြီ အလုပ်သမားဆီက ယူထားတဲ့ပိုက်ဆံတွေ ပြန်ပေးမှုမရှိပဲ မြန်မာသံရုံးနဲ့ ဇွဲသုခ အမည်ခံ မပာာနန်းလုပ်ငန်ကြားမှာ လိမ်လည်ထားတဲ့ပိုက်ဆံတွေ ပျောက်ဆုံးနေခဲ့တာ ယနေ့တိုင်ပင် ဖြစ်သည်။
တရားမ၀င် မြန်မာအလုပ်သမား အယောက် ၅၀၀ ကျော်ဆီက လိမ်လည်ခံထားရသူတွေအတွက် မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် MTUC ရှေ့နေကနေပြီ ပူကစ်အမ်မန် မှုခင်းရဲတပ်ဖွဲ ရုံချုပ်နဲ့ လ၀က ဒု ညွှန်းချုပ်အပြင် ပူထရာဂျာယာ KDN ရုံချုပ်ဆီ ၀န်ထမ်း လာဒ်စားမှု တိုက်ဖျက်ရေးဌာန MACC အထိပါ MTUC ရှေ့နေကိုယ်တိုင် အမှုဖွင့် အရေးယူပေရန် တောင်းဆိုထားခဲ့သလို မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့က ဇွဲသုခအေဂျင်စီ၏ အလိမ်ခံရသူတွေ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိပါက လာရောက်တိုင်းကြားစေဖို့ မှုခင်းရဲတပ်ဖွဲ့အရာရှိတဦးက အကြံပေး ပြောဆိုသွားခဲ့သည်။

ဇွဲသုခအေဂျင်စီ၏ လိမ်လည်မှုနဲ့ပတ်သက်ပြီ မလေးရှားမှာ အခြေစိုက်နေတဲ့ မြန်မာရွှေ့ပြောင်းကူညီစောင့်ရှောက်ရေး စင်တာ(MMRC) အဖွဲ့မှ ကိုလတ်နှင့် ကိုရန်နိုင်ထွန်းတို့ကို သူရိယမှ ဆက်သွယ်မေးမြန်းကြည့်ရာ ဒါတွေက အမှန်တွေပဲ ကျနော်တို့ဆီမှာ အလိမ်ခံရသူ ၅၀၀ ကျော် စာရင်း သက်သေ အထောက်အထား စာရွက် စာတမ်းတွေ ရှိပါတယ် ။ ဒီကိစ္စကို မြန်မာအလုပ်သမားဝန်ကြီးတွေက အေဂျင်စီဘက်ကနေ ကာကွယ်ပေးထားတာဖြစ်တယ် ။ မြန်မာသံအမတ်တွေ သံရုံးဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာမို့ ဒီအမှုကို ဖုံးကွယ်ပေးနေတာဖြစ်နိုင်ကြောင်း ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် ကျနော်တို့ သွားရောက်တဲ့ဌာနတွေမှာ ဒါတွေကို အမြဲချပြနေပါတယ် ။ ဒီဇွဲသုခအေဂျင်စီ လိမ်လည်မှုက ရပ်တန့်နေတာ မဟုတ်ပါဘူး ၊ ကျနော်တို့ လုပ်ဆောင်နေသည်ဟု မြန်မာအလုပ်သမားအဖွဲ့က သူရိယဂျာနယ်ကို ပြောပြခဲ့သလို နောက်ထပ် မလေးရှားမှာ ဒီလို အလိမ်မခံရအောင် တရားမ၀င် မြန်မာတွေကို သူရိယမှ ထပ်မံ တင်ပြလိုက်ရသည်။

https://www.facebook.com/pages/Thuriya/1374489779468995

ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ စတင်ဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။ ကျွန်းရဲ့ ဒေသတချို့မှာ လုပ်ငန်းတွေနဲ့ သွားရေးလာရေးတွေ ရပ်ဆိုင်းနေရတဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရက်အတော်ကြာ ရှိပြီးတဲ့နောက် အခုလိုပြောလိုက်တာပါ။


အင်္ဂါနေ့ဟာ အစိုးရက ဟောင်ကောင်ကျောင်းသားများ အဖွဲ့ချုပ်ကို ပေးထားတဲ့ သုံးရက်ထဲက အစောဆုံးနေ့ဖြစ်တယ်လို့ ဟောင်ကောင် အစိုးရအတွင်းဝန်ချုပ် Carrie Lam က ပြောပါတယ်။ ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာမှာ အလားအလာ ကောင်းတဲ့ တိုးတက်မှုတွေ ရထားပြီလို့ သူကဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေပြန်စဖို့ နည်းလမ်းရှာနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ကပြောပါသေးတယ်။ ဒီလအစောပိုင်းမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်ပေမယ့် အစိုးရက ဖျက်သိမ်းလိုက်တာ ပါ။

မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ သူလမ်းဖွင့်ထားတယ်လို့ Leung ကပြောပါတယ်။ ဒါပေမဲ့ လည်း ၂၀၁၇ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကို ပြင်မှာမဟုတ်သလို ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နောက်ထပ် ပြဌာန်းချက်တွေလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီ အာဏာပိုင်တွေက ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/hong-kong-protests/2488466.html

 
 ၃ လလောက် ရုံးတင်စစ်ဆေးပြီး စီရင်ချက်ချခဲ့
သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံမှုကို ဖေါက်ဖျက်မှု(ငွေကြေး အလွဲ သုံးစားမှု) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ (၃)လ လောက် ရုံးတင်စစ်ဆေးပြီး အခုလို စီရင်ချက်ချခဲ့တာပါ။

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တဲ့ စွပ်စွဲချက်တွေထဲမှာ တရုတ်နိုင်ငံမှာ ရွှေတိဂုံစေတီတော် ပုံတူ စေတီတဆူတည်တာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုအတွင်း အခုအစိုးရက အတု၊ နောက်တက်လာမယ့် အစိုးရကသာလျှင် အစစ်ဖြစ်တယ်လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း တခုအပါအဝင် ဖြစ်တယ်လို့ ဦးဆန်းဆင့်ဘက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။

နောက်တခါ သံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးမှာ သမ္မတနဲ့ ဒု သမ္မတ တို့ မတက်ရောက်ဘူး ဆိုတဲ့ ခေါင်းစီးနဲ့ သံတော်ဆင့် ဂျာနယ်မှာ မျက်နှာဖုံး သတင်းဖေါ်ပြတဲ့ အပေါ် ဦးဆန်းဆင့်က ညစာစားပွဲတခုမှာ ပြောကြားခဲ့တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ပြောဆိုခဲ့တာတွေ မရှိဘူးဆိုတာကို သူတို့ဘက်က သက်သေပြနိုင်ခဲ့တယ်လို့ ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။

ဦးဆန်းဆင့်အပေါ် မဟာသန္တိ သုခကျောင်း ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွပ်စွဲချက်ဟာ ဦးဆန်းဆင့်နဲ့ပတ်သက်မှုမရှိပဲ ဂျာနယ်တွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

သံတော်ဆင့်ဂျာနယ် မျက်နှာဖုံးမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ဘက်က မရပ်တည်ဘူးဆိုတဲ့ ခေါင်းစီးနဲ့ ဖေါ်ပြချိန်မှာပဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ အပေါ် ဝေဖန် ပြောကြားမှုတွေ ရှိလာတဲ့ အပေါ် အဖြစ်မှန်ကို ဦးဆန်းဆင့်ရဲ့ တိုက်တွန်းချက်နဲ့ ရေးသားတဲ့ ဆောင်းပါးရှင် ဦးဓမ္မရဲ့ ဆောင်းပါး အတွင်းမှာပါလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဆောင်းပါးကို တိုင်းနဲ့ပြည်နယ်က သာသနာရေး ဦးစီးမှုးတွေ သိစေလိုတဲ့ အတွက် ဦးဆန်းဆင့်က အဲဒီဂျာနယ်ကို ပေးပို့ခဲ့တာကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ ခေါင်းစီးပါ ဂျာနယ်ကို ဖြန့်ဝေတယ်ဆိုပြီး စွပ်စွဲခဲ့တာလို့ ပြောပါတယ်။

ဦးဆန်းဆင့်ဟာ သံတော်ဆင့်ဂျာနယ်နဲ့ ပတ်သက်မှုမရှိပဲ ပုဂ္ဂိုလ်ရေးအရ သတင်းဆောင်းပါးတွေ ထည့်ပေးတာသာ ဖြစ်တယ်လို့ ရှေ့နေကြီက ဆိုပါတယ်။

သူတို့အနေနဲ့ လာမယ့် သီတင်းပတ်မျာ အယူခံဝင်နိုင်အောင် ပြင်ဆင်နေတယ်လို့ တရားလွှတ်တော် ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141018_hsanhsint


ကျားကိုက်လို့သေသည်၊ ဆင်နင်းလို့သေသည် စသည့် သေဆုံးမှုများသည် သိပ်မထူးဆန်းလှသော်လည်း လွန်ခဲ့တဲ့လက အိန္ဒိယ၌ ဖြစ်ပွားခဲ့သည့် နယူးဒေလီတိရစ္ဆာန်ရုံ ကျားကိုက်မှုသည် မူခင်းဖြေရှင်းနည်း သိပ္ပံအနေနှင့် လေ့လာရမည့် ကိစ္စတခုဖြစ်လာကြောင်း သိရသည်။ အိန္ဒိယဆေးသိပ္ပံကျောင်းမှ ဆရာဝန်များက ယင်းအမှုအား ထူခြားဖြစ်စဉ်အဖြစ် ရှုမြင်သည်။

နယူးဒေလီ တိရစ္ဆာန်ရုံ၌ အသက် ၂၀ အရွယ် မာဆု အမည်ရ အမျိုးသားတဦး မည်သို့မည်ပုံ ကျားလှောင်ရုံထဲရောက်သွားသည် ယခုတိုင် တိတိကျကျ မသိရသေးသော်လည်း ထိုသို့ ရောက်ရှိသွားပြီးနောက် မာဆုအား ကျားက ဘာလုပ်ရမှန်း မသိသဖြင့် ၁၀-၁၅ မိနစ်လောက်စူးစိုက်ကြည့်ရှုနေခဲ့သည်။ လူများ၊ တိရစ္ဆာန်ရုံတာဝန်ရှိသူများက ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ကြသည်တွင် ကျားက ရုတ်တရက် မာဆုကို ကိုက်ဆွဲ၍ ၎င်းတို့နှင့် ဝေးရာ လှောင်ရုံအတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်၌ ပါဝင်သည့် ကျားသည် တိရစ္ဆာန်ရုံမှာပင် မွေးပြီး ကြီးပြင်းခဲ့ရသဖြင့် အမဲလိုက်တတ်သော အရိုင်းသဘာဝ မရှိတော့ဟု သိရသည်။ သို့ကြောင့် အချိန်အတန်ကြာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ကျားက မာဆုနှင့် ဆော့ကစားလိုခြင်းသာဖြစ်သည်ဟု တချို့က ပြောသည်။ ေ

လူများက ချောက်လှန့်သည့် အနေဖြင့် ခဲများ တုတ်များနှင့် ဝိုင်းပေါက်ကြသည်တွင် ကျားက မာဆုအား အကာအကွယ်ပေးလိုသဖြင့် ၎င်းတို့သဘာဝအရ မာဆု၏ ကုတ်မှ ကိုက်ချီပြီး လူသူများနှင့် ဝေးရာကို ခေါ်သွားခဲ့ခြင်းဖြစ်သာဖြစ်ကြောင်း၊ သို့သော် လူတွင် ကျား၊င်္ခြသေ့များမှာကဲ့သို့ ကုတ်သားအရေထူထူမရှိသဖြင့် လည်ပင်းကို ကိုက်ဖောက်သလိုဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း စသည့် ယူဆချက်များလည်း ရှိသည်။

မညိသို့ပင်ဆိုစေကာမူ ကျားက လူကို ကိုက်သတ် စားသောက်လိုသည့် ရည်ရွယ်ချက် မရှိခဲ့ဟု ကောက်ချက်ချစရာ အကြောင်းများရှိနေသည်။ မာဆုအလောင်းကို ပြန်ရချိန်၌ အလောင်းသည် ရုပ်ပျက်ဆင်းပျက် ဖြစ်မနေဟု ဆိုသည်။

ထို့ကြောင့် လှောင်အိမ်ထဲမွေးဖွားကြီးပြင်လာသော ကျားရဲတိရစ္ဆာန်တို့၏ သဘာဝနှင့် အန္တရာယ်ပြုနိုင်မှုအကြောင်းသည် လေ့လာစရာကိစ္စရပ်တခုအဖြစ် မှုခင်းဖြေရှင်းနည်းသိပ္ပံဘာသာရပ် ကျွမ်းကျင်သူများက ယူဆလိုက်ကြောင်း သိရသည်။

Ref;DM
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

   
ကရင် လက်နက်ကိုင် အဖွဲ့တွေ ပေါင်းပြီး ကော်သူးလေ တပ်မတော် ဖွဲ့ဖို့သဘောတူညီချက် ထုတ်ပြန် ထားပါတယ်။

ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) ကနေ ထုတ်ပယ် လိုက်တယ် ဆိုပြီး ကြေညာ ခံထားရတဲ့ ဗိုလ်မှုးကြီး တိုက်ဂါးက သူဟာ ကရင် တိုင်းရင်းသား တွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ရဲ့ ငြိမ်းချမ်းရေး အတွက် ကရင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ စုစည်းပြီး ကော်သူးလေ တပ်မတော် KAF ဖွဲ့စည်းရေး သဘော တူညီချက် မှာ ဝင်ရောက် လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။

သူ့ရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ KNU/KNLA (PC) အနေနဲ့ ကော်သူးလေတပ်မတော် KAF ဖွဲ့စည်းရာမှာ ဆက်လက် ပါဝင်မှာလား၊ ဒါမှမဟုတ် ဗိုလ်မှုးကြီး တိုက်ဂါး နေရာမှာ တခြားသူ တစ်ဦးကို အစားထိုး ခန့်မှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဗိုလ်မှုးကြီး တိုက်ဂါးကို ထုတ်ပယ်လိုက်တဲ့ အကြောင်းတွေ ထဲမှာ မြန်မာဘက်ခြမ်း ဝင်ရောက် လာတဲ့ ထိုင်း ကုန်တင် ယာဉ်တွေကို နယ်စပ် မြဝတီမြို့မှာ ဗိုလ်မှုးကြီး တိုက်ဂါးက ဖမ်းဆီးခဲ့တဲ့ အချက်လည်း ပါဝင်နိုင်ကြောင်း သုံးသပ် ထားမှုတွေ ရှိနေပါတယ်။

ဒီအချက်နဲ့ ပတ်သက် ပြီးတော့လည်း ဗိုလ်မှုးကြီး တိုက်ဂါးက ထိုင်းနိုင်ငံထဲမှာ မြန်မာ နိုင်ငံသားတွေကို ထိုင်း အာဏာပိုင်တွေက နိုင့်ထက်ကလူ ပြုမူ နေကြတာတွေ အပေါ် သူ့အနေနဲ့ တုန့်ပြန် ဆောင်ရွက် ခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141018_141018_karen_tiger_knla_knu


အောက်တိုဘာလ ၁၈ ရက်နေ့က လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲအတွက် အုပ်စုပွဲစဉ် ရလဒ်တွေအရ မြန်မာအသင်းနဲ့ လာအိုအသင်းက အုပ်စုတက်သွားပြီ ဖြစ်ပါတယ်။

လာအိုအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ မြန်မာက ၃ ပွဲကစား ရမှတ် ၇ မှတ် ရရှိထားတဲ့အတွက် လာအိုနဲ့ မြန်မာ လက်ရွေးစင်အသင်းဟာ နောက်ဆုံး အုပ်စုပွဲစဉ် ကစားဖို့ ကျန်နေသေးပေမယ့်လည်း အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အုပ်စုအတွင်းမှာ တီမောက ၄ ပွဲကစား ၄ မှတ် ရရှိခဲ့ပြီး တပွဲ ကစားဖို့ ကျန်နေသေးတဲ့ ကမ္ဘောဒီးယားက ၃ မှတ်နဲ့ ဘရူနိုင်းကတော့ အမှတ်မရရှိသေးပါဘူး။

မြန်မာနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မယ့် အုပ်စု နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အုပ်စုပထမနေရာကို ရတဲ့အသင်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ စင်ကာပူ နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုဒုတိယ ရခဲ့ရင်တော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ ဗီယက်နမ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68248




ရုပ်သံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာကျင်းပရာ DVB ဒုတိယအမှုဆောင် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ Broadcasting Law ရုပ်သံဥပဒေမူကြမ်းဟာ ရုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကို တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေးမထားတဲ့ အတွက် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ အသံလွှင့် မီဒီယာဆွေးနွေးပွဲတစ်ခု ဒီကနေ့ကျင်းပခဲ့ရာ မှာ ရွှေသံလွင်နဲ့ Forever Group တို့လို လက်ရှိရုပ်သံထုတ်လွှင့်နေတဲ့ သတင်းဌာနကြီးတွေဟာ ရုပ်သံမီဒီယာဥပဒေ မပြဌာန်းသေးခင်ကတည်းက ရုပ်သံလိုင်းတွေ တိုးချဲ့ထားပြီးသားဖြစ်နေပြီး ဈေး ကွက်ကိုထိန်းချုပ်ထားတယ်လို့ ဒီမိုကရက် တစ်မြန်မာ့အသံ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

"အခုဒီမှာရှိနေပြီးသား ရှေ့ကနှစ်ယောက်ကတော့လည်း ဈေးကွက်ကိုလွှမ်းမိုးထားပြီးသား၊ ချုပ်ကိုင်ပြီးသား ချယ်နယ်မျိုးစုံဖွင့်နေကြတယ်၊ အားကစားတွေရော၊ ရုပ်ရှင်တွေရော၊ သတင်းရော အကုန်လုံးလုပ်နေကြတယ်၊ ပြီးတော့ နောက်လာတဲ့လူတွေနဲ့ ဘယ်လိုလုပ်သွားယှဉ်လို့ရမလဲ၊ အဲ့ဒါက တန်းတူရည်မျှယှဉ်ပြိုင်ခွင့် အပြတ်ရွေးနေတဲ့အချိန် အဲ့ဟာကနောက်တက်လာတဲ့ လွတ်လပ်တဲ့ မီဒီယာဌာနတွေကို အသေသတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်"

စာနယ်ဇင်းကောင်စီအဖွဲ့ဝင် စာရေးဆရာဖေမြင့်ကလည်း မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် အင်မတန်တင်း ကျပ်ပြီး ခေတ်နဲ့ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်သင့်ပြီလို့ ပြောပါတယ်။ မဇ္ဈိမ သတင်းဌာနက အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း သတင်းစာနဲ့ ဂျာနယ်ထုတ်ဝေသူတွေဟာ ရုပ်သံမီဒီယာဘက်ကို ကူးပြောင်းပြီး လုပ်ပိုင်ခွင့် မရှိတော့တဲ့အတွက် မျှတမှုမရှိကြောင်းနဲ့ အားနည်းချက်တွေရှိနေကြောင်း ဝေဖန်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို သတင်းဌာနတွေနဲ့ ရုပ်သံ မီဒီယာစိတ်ဝင်စားသူ ၄ဝ ခန့်တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပြီးခဲ့တဲ့ လကုန်ပိုင်း က ကရင် ပြည်နယ် ထဲမှာ သတင်း ရယူ နေတုန်း ပျောက်ဆုံး သွားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီးခေါ် ကို အောင်ကျော်နိုင် ဘယ်ရောက်နေလဲ အခု ချိန်ထိ မိသားစုက တိတိကျကျ မသိရသေး တဲ့အတွက် ဇနီး ဖြစ်သူက လိုက်လံ စုံစမ်း နေပါတယ်။

စက်တင်ဘာလ ၂၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း သွားယူမယ် ဆိုတာ နောက်ဆုံး သိရပြီး အောက်တိုဘာ လ ၆ ရက်နေ့မှာ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာ မှာ ကိုပါကြီး ပျောက်နေတဲ့ သတင်း သူ့မိတ်ဆွေ တွေက တင်ထားတာ တွေ့ရတယ် လို့ ကိုပါကြီးရဲ့ ဇနီး မသန္တာက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်ထဲက သူနဲ့ အဆက်အသွယ် ပြတ်သွားပြီး ရဲကင်းက မသင်္က࿿ာလို့ သူ့ကို စစ်တပ်ကို ဖမ်းခိုင်းတယ်လို့ မိတ်ဆွေတွေက ပြောတယ်လို့ ဆိုပါတယ်။

ကိုပါကြီးကို ဒီကေဘီအေ လို့ သံသယ ရှိလို့ ဖမ်းဆီး ထားတယ် လို့ ကြားသိ ရပြီး သူ့ဆီမှာ ဒီကေဘီအေ၊ ကေအင်ယူ စတဲ့ အဖွဲ့ တွေက သတင်းလိုက်ခွင့် ကတ်တွေ ရရှိတယ် လို့ သိရပါတယ်။

ကရင်နဲ့ မွန် ပြည်နယ်က သတင်းထောက် တွေက မွန်ပြည်နယ် နယ်စပ် လုံခြုံရေး ဝန်ကြီး ဆီ သွားပြီး ပျောက်ဆုံးနေတဲ့ သတင်းထောက် အတွက် စုံစမ်း တဲ့ အခါ တပ်ရင်း ၂ဝ၈ မှာ ဖမ်းထားတယ် လို့သာ သိရပြီး အဲဒိ တပ်ရင်းမှာ သွားစုံစမ်း ဖို့ ပြောတယ်လို့ မသန္တာက ပြောပါတယ်။

ကိုပါကြီး ပျောက်ဆုံးမှု အတွက် ကျိုက်မရော ရဲစခန်းမှာ အမှုဖွင့် စုံစမ်း သွားမယ် လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141018_mon_reporter



ထိုင်းနိုင်ငံကိုသွားရောက်ကြမယ့် ဗြိတိသျှရဲတွေက ထိုင်းရဲတွေ ပြောသလို ဒီအဲန်နေ DNA အထောက်အထားတွေဟာ ဖမ်းစီးထားတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေရဲ့ DNA နဲ့ကိုက်ညီခြင်းရှိမရှိနဲ့ လူသတ်မှုကျူးလွန်တယ်လို့ အစွပ်အစွဲခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ရဲက ရိုက်နှက်နှိပ်စက်ခြင်းရှိမရှိကို စုံစမ်းမှာဖြစ်တယ်လို့ စနေနေ့ထုတ် ဗြိတိသျှသတင်းစာကြီး The Times မှာသတင်းဖော်ပြထားပါတယ်။

အီတလီနိုင်ငံ မီလန်မြို့မှာ ပြုလုပ်တဲ့ အာရှဥရောပထိပ်သီးညီလာခံမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာနဲ့ တေ့တေ့ဆိုင်ဆိုင်တွေ့ဆုံပြီး ဒီအမှုနဲ့ပတ်သက်လို့ ဗြိတိန်က သီးခြားစုံစမ်းစစ်ဆေးရေးတွေပြုလုပ်လိုကြောင်း တစိုက်မတ်မတ်ပြောခဲ့ပါတယ်။

စောစောပိုင်းမှာ ဗိုလ်ချုပ်ကြီး ပရာရွတ် က ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစံနစ်ကို လေးစားဖို့နဲ့ ဗြိတိန်ရဲ့ အခန်းကဏ္ဍက အမှုကို လာရောက်လေ့လာဖို့ထက်မပိုဘူးလို့ ပြောခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဦးဆောင်ပြီး တရားစီရင်တာကို ဗြိတိန်ဘက်ကဘာမှမပြောလိုပေမယ့်လည်း အသတ်ခံရတဲ့သူနှစ်ဦးရဲ့မိသားစုတွေကို လူသတ်သမား အစစ်အမှန်ကို ဖော်ထုတ်ပြီး သူတို့ကို တရားဥပဒေနဲ့အညီစီရင်လိုက်တယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ဖို့က အရေးကြီးတယ်လို့ပြောဆိုတယ်လို့ ဗြိတိသျှသံတမန်တွေနဲ့ နီးစပ်သူတွေကတဆင့်သိရှိရကြောင်းThe Times သတင်းစာမှာ သတင်းဖော်ပြပါရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ဟောင်ကောင်၊ ကောင်လွန်းကျွန်းပေါ်က Mong Kok အရပ်သပိတ်စခန်းတခုမှာ ဆက်လက်နေရာယူ ဆန္ဒပြနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒီကနေ့ စနေနေ့မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ငရုပ်ရည်တွေ၊ နံပါတ်တုတ်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားတာကို ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေဖက်က ထီးတွေနဲ့ ခုခံကာကွယ်ခဲ့ကြပါတယ်။

မနက်အစောပိုင်းဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ရဲသား ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်၊ ၃ ပတ်လုံး တရားမဝင် ဆန္ဒပြနေကြတာကို ရဲတပ်ဖွဲ့က အင်မတန်မှ သည်းခံခဲ့ပါတယ်။ သူတို့ရဲ့အမြင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ချင့်ချင့်ချိန်ချိန်နဲ့ ဥပဒေဘောင်ထဲကနေ ထုတ်ဖော်ကြလိမ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခွင်ပြုခဲ့တာပါ။ ဒါပေမဲ့ ဒီဆန္ဒပြသူတွေဟာ ပိုပြီးတော့ အစွန်းရောက် အကြမ်းဖက်တဲ့လုပ်ရပ်တွေနဲ့ တရားမဝင် ဆန္ဒပြမှုတွေကို ဆက်လုပ်လာတယ်လို့ ဟောင်ကောင်ရဲမင်းကြီး Andy Tsang ကပြောကြားသွားတာပါ။

ဆန္ဒပြသူတွေကြောင့် ဟောင်ကောင်ကိုထိခိုက်စေပြီး အများပြည်သူ လုံခြုံရေးကို ထိခိုက်စေတယ်လို့လည်း ပြောသွားပါတယ်။ ဆန္ဒပြကျောင်းသူ တယောက်ကတော့ အစိုးရဖက်က ဆန္ဒပြတာကို အခုလို ရှင်းလို့ မရဘူးလို့ ဆိုပါတယ်။

ကျမတို့ကို အတင်းဖယ်ရှားခိုင်းပြီး ပြဿနာကို ဖြေရှင်းလို့ မရပါဘူး၊ အခုအတင်းဖယ်ရှားတယ်ဆိုရင်လည်း ကျမတို့က ပြန်ရောက်လာမှာပါ၊ အစိုးရက ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာကို လိုချင်တာပါလို့ ဆန္ဒပြတက္ကသိုလ်ကျောင်းသူက ပြောသွားတာပါ။

စနေနေ့ မနက်မလင်းခင်မှာ ရဲတွေ ရှင်းလင်းခဲ့တဲ့ Mong Kok အရပ်က လမ်းတွေကို ဆန္ဒပြသူတွေက ပြန်လည်နေရာယူခဲ့ကြပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို တရုတ်အစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင်ပြည်သူတွေက လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြဖို့ တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/police-clash-with-hong-kong-protesters/2488215.html


မြန်မာပြည်အပြောင်းအလဲပေါ်မှာ အကောင်းမြင်နေတဲ့ နိုင်ငံတကာအစိုးရတွေ မြန်မာပြည်နဲ့ပတ်သက်လို့ မူဝါဒတွေ ပြန်သုံးသပ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ အောက်တိုဘာ ၁၇ရက်နေ့မှာ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာအစိုးရတွေ မြန်မာကို ဘာ့ကြောင့်ဖိအားပေးသင့်တယ်လို့ ထင်လဲ။

အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၅၇ဖွဲ့ပါဝင်တဲ့ ဖိုရမ်ကနေ မြန်မာပြည် အပြောင်းအလဲကာလ ၃နှစ်အတွင်း ရင်ဆိုင်ဖြတ်သန်းခဲ့တာတွေကို ပြန်လှန်သုံးသပ်ခဲ့ကြပြီး လက်ရှိအစိုးရရဲ့ အပြောင်းအလဲဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ မဟုတ်တာမို့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးထောင်ချောက်တွေကို မြင်အောင်ကြည့်ကြဖို့ တိုက်တွန်းသလို ကုလသမဂ္ဂကိုလည်း တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစီးပွားရေးက ပိုကြပ်တည်းလာပြီး ဆင်းရဲချမ်းသာ ကွာဟမှုကြီးထွားလာသလို ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖန်တီး၊ အမုန်းစကားတွေ ဖြန့်ဖြူးနေတာကြောင့် နိုင်ငံတကာ အစိုးရတွေက မြန်မာအစိုးရကို အရေးယူတုံ့ပြန်ဖို့ အကြံပြုချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့တယ်လို့ မခင်လေးက ပြောပြပါတယ်။

အရပ်ဖက်အဖွဲ့အစည်း ၂၅ဝကျော်က ကိုယ်စားလှယ်ပေါင်း ၆၅ဝတက်ရောက်တဲ့ ဒီဖိုရမ်ကို အောက်တိုဘာ ၁၄ကနေ ၁၆ရက်နေ့အထိ ၃ရက်ကြာ ကျင်းပခဲ့ပြီး ၂ဝ၁၅လွန် ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးအလားအလာတွေ၊ ပြီးခဲ့တဲ့ ၃နှစ်တာ အခြေအနေတွေကို သုံးသပ်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

သူတို့ အရပ်ဖက်ဖိုရမ်ကနေ တင်ပြခဲ့တဲ့ အချက်အလက်တွေကြောင့် နိုင်ငံတကာအစိုးရတွေ သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လာမယ်လို့ မျှော်လင့်ပြီး သူတို့အနေနဲ့ တင်ပြစရာရှိတာတွေကို တင်ပြဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

Kamayut Media


အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ ယုံကြည်အပ်နှံမှု ဖောက်ဖျက်တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင်တရားရုံးက ထောင်ဒဏ် ၁၃နှစ်နဲ့ ငွေဒဏ် ကျပ်တစ်သိန်းကို အောက်တိုဘာ ၁၈ရက်နေ့က ချမှတ်လိုက်ပါတယ်။ သမ္မတဦးသိန်းစိန်က ဦးဆန်းဆင့်အပေါ် အငြိုးတကြီး လုပ်တာလား။

မဟာသန္တိသုခကျောင်းတိုက်ကို ရန်ကုန်တိုင်း သံဃာ့မဟာနာယကက ဦးဆောင်ပြီး အဓမ္မ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်းမှာ သမ္မတရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာသူ၊ အဂတိလိုက်စားသူဆိုပြီး အစိုးရက စွပ်စွဲပြီး သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ရုံးချိန်း ၂၅ခုမြောက်မှာတော့ အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ ထောင်ဒဏ် ၁ဝနှစ်တစ်ကျွန်းနဲ့ ငွေဒဏ် တစ်သိန်း၊ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉နဲ့ ထောင်ဒဏ် ၃နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။

အစိုးရဝန်ကြီးတွေ လာဘ်စားမှုတွေ ရှိနေတယ်လို့ သံတော်ဆင့်ဂျာနယ်နဲ့ Hot Newsဂျာနယ်တွေရဲ့ ဖော်ပြချက်အရ ဦးဆန်းဆင့်က စွပ်စွဲပြောဆိုချက်တွေကို တရားသူကြီးရဲ့အမိန့်မှာ ဖော်ပြခဲ့သလို

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ အကျိုးတော်ဆောင် ရှေ့နေ ဦးတင်ထွန်းက သူ့အမှုသည်အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေကို တရားရုံးခန်းမထဲ ဝင်ခွင့်မပေးခဲ့သလို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခွင့်ကိုလည်း ပိတ်ပင်တားမြစ်ခဲ့ပြီး အမိန့်ချမှတ်ချိန်မှာတော့ သမ္မတဦးသိန်းစိန်ဟာ အာဆမ်ညီလာခံအတွက် ဥရောပခရီးစဉ် သွားနေချိန်ဖြစ်ပါတယ်။ အမိန့်ချပြီးတဲ့နောက်မှာတော့ ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ဦးဆန်းဆင့်ရဲ့အမှုဟာ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ စွပ်စွဲဖမ်းဆီးထားတာဖြစ်လို့ အစိုးရနဲ့ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့ သက်သက်ညှာညှာစဉ်းစားပေးဖို့ ပြည်သူ့လွှတ်တော်ကနေ သဝဏ်လွှာပေးပို့ခဲ့ပေမယ့် ထောင်ဒဏ် ၁၃နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌအဖြစ် နာမည်ကောင်းထွက်လာချိန် ၂ဝ၁၃ ဇန်နဝါရီမှာ သမ္မတဦးသိန်းစိန်က သူ့ကို သာသနာရေးဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့ပြီး ၂ဝ၁၄ ဇွန်လ ၁၉ရက်နေ့မှာ စလုံးလုံးက တရားလိုလုပ်ပြီး ဦးဆန်းဆင့်ကို စတင်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ယုံကြည်အပ်နှံမှုဖောက်ဖျက်ရေးလို့ စွပ်စွဲထားတဲ့အမှုကတော့ ဦးဆန်းဆင့်ဟာ လယ်ဝေးမြို့ ယက်ကန်းစင်တောင်ရွာက နှစ်ကျိပ်ရှစ်ဆူ စေတီတော်မှာ အလှူလုပ်တဲ့အခါက ဌာနဆိုင်ရာငွေ ကျပ် သိန်း၁ဝဝ ကို မိသားစုအတွက် အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ကျပ်ငွေ သိန်း၁ဝဝမှာ ဦးဆန်းဆင့်က ၇၂သိန်း ပြန်ပေးခဲ့လို့ ကျန်ငွေ ၂၈သိန်းအတွက် စွပ်စွဲပြီး ထောင် ၃နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

Kamayut media

နှစ်ပေါင်း ၆၅ နှစ်အတွင်း ရန်ကုန်သူ ရန်ကုန်သားများ ပထမဦးဆုံး ပြန် လည်မြင်တွေ့ရမယ့် ရန်ကုန်မြူနီစပယ်ရွေးကောက်ပွဲများကို လာမယ့် ဒီဇင်ဘာ လ ၂၇ မှာ ကျင်း ပပြုလုပ်တော့မှာဖြစ်ပါတယ်။ စည်ပင်ရွေးပွဲ အကြောင်း အေး စက်စက်ရှိနေရာက အခု ရက်ပိုင်း ကားတစီးပေါ် လော်စပီကာတွေ တင် ပြီး မြို့နယ်တွေ ထဲ ဟိုလမ်းဝင် ဒီလမ်းထွက်နဲ့ ရွေးကောက်ပွဲကန်ပိန်းကို စည်ပင် ကိုယ်တိုင် မနေနိုင်မထိုင်နိုင် သည်းသည်းမည်းမည်း လှုံ့ ဆော်လာလို့ ရပ်ကွက် ခမျာ နားမချမ်းသာ ဖြစ်ရတယ်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပါတီစုံကြား ဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ ဘူးလို့ သိ လိုက်ရတဲ့အချိန် မျက်စေ့နောက် နားအေး ပါးအေး ရှိမယ်မှ မကြံသေး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ရွေးကောက်ပွဲက ဆိုင်းမဆင့်ဗုံမဆင့် ဝင်ချ လာတဲ့အခါ ကြည်မြနေတဲ့ အာရုံလေး ထွေပြားနောက်ကျိ သွားတယ်။

ရွေးကောက်ပွဲ ဆိုတာနဲ့ နားရွက်ထောင် တတ်တဲ့သူတွေလည်း စည်ပင်ရွေးပွဲကို ဝင်နွှဲ လိုက်ရမလား စဉ်းစားကြသူတချို့ ၁ နှစ်သက်တမ်းဆိုတာနဲ့တင် ချာခနဲ နောက်လှည့်ခဲ့ပြီး ၂၀၁၅ မှာ လုပ်မယ့် ၅ နှစ်စာ ကြီးကိုသာ စိတ်ဝင်စားနေကြတယ်။ အခုလို ၁ နှစ်စာမျှ တာဝန်ယူ ထမ်းဆောင် ရမယ့် မြူနယ်စပယ် လူကြီး ရွေးကော်ပွဲကို ရန်ကုန်စည်ပင်အဖွဲ့က ဘာကြောင့် သိန်း ၅၀၀၀ ကျော် အကုန်အ ကျခံပြီး သဒ္ဒါယိုဖိတ်စွာနဲ့ ကြည်ကြည်ဖြူဖြူ လုပ်ပေးရသလဲဆိုတာ မြို့တော်ဝန် ဗိုလ်လှ မြင့် တစ်ယောက်တောင် သိချင်မှသိပါလိမ့် မယ်။

နိုင်ငံရေးအားစမ်းမှု မဟုတ်ရပါဘူးလို့ စည်ပင်တာဝန်ခံတစ်ဦးက အကြောက် အကန် ရှင်းပြပေမဲ့ တကယ်တော့ ဘယ်သူမှ နိုင်ငံရေးလို့ မတွေးကြတဲ့ အပြင် စိတ်လှုပ်ရှားမှု လည်း ပါးလျကြပါတယ်။ စည်ပင်ပွဲမှာ မြို့ လယ်ခေါင် စည်ပင် ရုံးချုပ်အတွက် ၄ ဦး၊ ခရိုင်စည်ပင် တခုအတွက် ၃ ဦးနဲ့မြို့နယ် စည်ပင်ရုံး အတွက် ၃ ဦးတို့ကို ရွေးချယ်ကြတဲ့အခါ အိမ်ထောင်စုတစ်ခုကို ကိုယ်စားပြုမဲ တစ်မဲ သာ ထည့်ခွင့်ရမှာပါ။

မြူနီစပယ်ရွေးပွဲကို ဝင်ရောက် လက်ရည်သွေး လိုသူဟာ မှတ်ပုံတင်ကြေး ၃ သိန်း၊ ၂ သိန်း၊ ၁ သိန်းကို ငွေ နဲ့ပေးချေရ မှာဖြစ်ပြီး ရွေးပွဲမှာ ရှုံးနိမ့်ခဲ့ ပါက ငွေ ပြန်ထုတ်ယူခွင့်ရှိမှာဖြစ်တယ်။ အနိုင်ရ ခဲ့တဲ့ နောက် စည်ပင် လူကြီး ဖြစ်သွားတဲ့အခါ လက် ရှိကော်မတီဝင်တစ်ယောက် ရနေတဲ့ လစာ နဲ့ခံစားခွင့်တွေထက် မနည်းတဲ့ အနေအထား ကို ပိုင်ဆိုင် ရမှာဖြစ်ပါတယ်။

ရန်ကုန်မြူနီစပယ်ရွေးပွဲနဲ့ပတ်သက်ပြီး ထုံးစံအတိုင်း တရားမမျှတဘူး၊ ဓားခုတ် ရာ လက်ဝင်လျှိုခိုင်းတာဆိုပြီး ဝေဖန်ပြစ်တင်ကြတဲ့ တိုင်းဒေသကြီး နဲ့ နေပြည်တော်က လွှတ် တော်အမတ်တွေ အပါအဝင် နိုင်ငံရေးသမား အချို့ ရဲ့ ထောက်ပြချက်တွေမှာ အသက်ငယ် သူတွေ (၄၅ နှစ်အောက်) ဝင်ပြိုင်ခွင့် မရတာ၊ ရန်ကုန်မှာ ၁၀ နှစ်တိတိ တစ်ဆက်တည်း နေထိုင်လာမှဖြစ်တာ၊ ၁၈ နှစ်ပြည့်ပြီးသူ ရန် ကုန်မှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း မဲပေး ခွင့်မရှိတာ ၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် တွေဟာ သက်ဆိုင်ရာ စည်ပင်ဌာနအသီးသီး အာဏာ တစ်ဝက်ကိုသာ ရရှိကြမှာဖြစ်ပြီး စစ် ဗိုလ်ချုပ်ဟောင်း မြို့တော်ဝန် ပို့သ လိုက်တဲ့ လူဦးရေနဲ့ စပ်တူညီမျှ ပေါင်းစပ်ကာ ကော်မ တီအသီးသီး ဖွဲ့စည်း ရမယ့်အပြင် အတွင်းရေး မှူး အပါအဝင် အဓိကကျတဲ့ ရာထူးနေရာတွေ ကို မြို့တော်ဝန် စိတ်ကြိုက်သာ ခန့်ထားမယ် ဆိုတာတွေ တွေ့ရတယ်။

သူတို့တတွေ ထောက်ပြတဲ့အချက်တွေဟာလည်း ပြုပြင် ပြောင်းလဲသင့်တာတွေပါပဲ။ အခုလိုမျိုး တွဲ စပ်လုပ်ကိုင်ရတာဟာ စည်ပင်ဌာန မှာ တောက်လျှောက် လုပ်ကိုင် လာခဲ့တဲ့ သမ္ဘာရင့်သူတွေ ပါဝင်မှသာ လုပ်ငန်း လည်ပတ်မှု ကို ချောမွေ့ စေမှာဖြစ်တယ်လို့ အကြောင်းပြပေမယ့် ရွေးပွဲကတဆင့် ဝင်ရောက်လာသူတွေရဲ့ စိတ် ကူးစိတ်သန်း အသစ်တွေကပဲ စည်ပင် လူဟောင်း များရဲ့ စရိုက်တွေကို ပြုပြင်သွားစေ မလား၊ ပြည်သူတွေက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေသာ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဘ၀နဲ့ အသွေး အရောင် ပျက်သွားလေမလား တွေးချင့်စရာပါ။

ရန်ကုန်မြို့တော်စည်ပင်ဆိုတာ ရန်ကုန်သူ ရန်ကုန်သားတွေကြားမှာ နာမည် ပျက်နဲ့ ကျော် ကြားနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ စည်ပင် အဝတ်အစား ဝတ်လာသူ အိမ်ရှေ့ ရောက်ပြီဆိုရင် ဘာများဒုက္ခပေးဦးမလဲ ဆိုလောက် တဲ့ မေတ္တာတုံးကြီးများဖြစ်ပါတယ်။ စည်ပင်ဝင်ရှင်းလို့ ဘဝင်ကျသွားတဲ့ ကိစ္စ ပြည်သူထဲမှာ ရှာမှရှားပါတယ်။

စည်ပင်လာရင် ပြဿနာပါလာတတ်ပြီး စည်ပင်ပြန်ရင် ရင်ခံရတယ်လို့တောင် ရပ်ကွက် ထဲမှာ ဆိုရိုးစကားရှိပါတယ်။ စည်ပင် နဲ့ပေါင်းပြီး အပေးအယူလုပ်၊ အာဏာနဲ့ ဖိ ထောက်၊ မိမိကိုယ်ကျိုး အမြတ်ထုတ်သွားတဲ့ ဝိသမလောဘသား တချို့က လွဲပြီး စည်ပင်ကို ဘယ်သူမှ မကြည်ဖြူကြပါ။ ဒါ့အပြင် ရန်ကုန် မြို့တော် စည်ပင်ကော်မတီမှာ အဓိပတိလုပ် သွားကြတဲ့ မြို့တော်ဝန်ဆိုသူအားလုံးနီးနီး ဟာ စစ်ထွက် ယူနီဖောင်းချွတ်တွေသာဖြစ်ပြီး ခေတ်အဆက်ဆက် အာဏာရ အင်အားစု တွေရဲ့ ကိုယ်လုပ်တော်များ ဖြစ်ခဲ့ကြပါတယ်။

ယခု အာဏာရကြံ့ဖွံ့ပါတီရဲ့ ဒေါင်ဒေါင်မြည် ဘက်တော်သား မြို့တော်ဝန်ဟောင်း (ဗိုလ်မှူးချုပ်ဟောင်း) (လမ်းတစ်ခြမ်းခင်း) ဦးအာင်သိန်းလင်းဟာ ဒီမိုကရေစီ အင်အားစုတွေကို ရန်သူလို သဘောထားခဲ့သူပါ။ အာဏာရှင် ဗိုလ်သန်းရွှေ အလွန်ကြိုက်နှစ်သက်တဲ့ (ယခု သုံးစွဲနေတဲ့)ဝါစိမ်းနီ ကြယ်ဖြူတစ်လုံးပါ အလံ ကို ရန်ကုန်မြို့တော်ခန်းမမှာ ဗွေဆော်ဦး စိုက် ထူခဲ့စဉ်က ယိုးဒယားနိုင်ငံက လာတဲ့ ဆင်ကြယ် ဖိနပ်ကိုစီးပြီး ပွဲတက်ခဲ့သူပါ။ အတိုက်အခံ ခေါင်းဆောင် နာမည် နေ့နာမ်ကို (ဆင်ကြယ်) ခြေထောက်အောက်မှာ ထားပြီး စစ်ခေါင်းဆောင်ကြီး အကြိုက် ယတြာချေခဲ့ သူပါ။ အခု မြို့တော်ဝန်ထက် ပါတီပိုင်း မှာရော၊ စည်ပင်လိုင်းမှာပါ စီနီယာပိုကျပါတယ်။ ရန် ကုန်စည်ပင်ရဲ့ မြို့တော်ဝန်တွေ ဆိုတာ မိခင် ဝပ်ကျင်းဖြစ်တဲ့ စစ်တပ်ရဲ့ နိုင်ငံရေးရပ်တည်မှု အပေါ် ရိုကျိုးဖေးမ နာခံလေ့ရှိကြတယ်။

ဒီလိုလူတွေ ခြယ်လှယ်ကြိုးကိုင်နေတဲ့ စည်ပင်သာယာ အဖွဲ့အစည်းအောက် က ကော် မတီဝင် ရာထူးတစ်နေရာများ အတွက် ရွေး ကောက်ပွဲ ဝင်ကြရမယ့် ပွဲဖြစ်ပါတယ်။ ရွေးချယ် ခံရပြန်တော့လည်း မယ်မယ်ရရ လုပ်ပိုင်ခွင့် မရှိဘဲ "ရန်ကုန်သူ/သားတွေ ရွေးခဲ့ကြသူတွေ နဲ့ပါဝင်ဖွဲ့စည်းထားတာပါ" ဆိုတဲ့ နာမည် ကို အသုံးချပြီး မြို့တော်ဝန်စိတ်ကြိုက် ဖန်တီးကစားသွားတာ ကို ခေါင်းငုံ့ ခံနေကြမယ့် အနေ အထားဖြစ်ပါတယ်။

ကြားက ငထွား အချောင် ခါးနာရမယ့် ဇာတ် ပါ။ မြို့တော်ဝန်ကိုယ်တိုင် ရန်ကုန် လူထုရဲ့ အသည်းကြားက မဲတစ်ပြားနဲ့ အရွေးခံလာသူ မဟုတ်ဘဲ အာဏာရ နိုင်ငံရေး အုပ်စု၊ စစ်တပ် ကျောထောက်နောက်ခံ အင်အားကိုရယူ၊ ကျားကန်ထားသူဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်း ကျကျ၊ သန့်သန့် ရှင်းရှင်း နေရာရလာသူ မဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ လက်အောက် မှာ ရွေး ကောက်ပွဲနဲ့ တက်လာသူတွေခမျာ တာဝန်ထမ်း ဆောင်ရမယ့် မြင်ကွင်းရှုကွက်က ကြည့်ရ ဆိုးပါတယ်။ စိတ်မသန့်စွာနဲ့ မသဒီစရာကောင်း ပါတယ်။

မြို့တော်ဝန်ရွေးကောက်ပွဲတွေ ဝှဲချီးတမျှ ကျင်းပနိုင်တဲ့တစ်နေ့မှာ ပို အနှစ်သာရ ပြည့်ဝ နိုင်ပြီး နောက်ဆက်တွဲ လိုက်လာမယ့် မြူနီစပယ်ရွေး ပွဲတွေဟာ အဆီတစ်ထပ် အသား တစ်ထပ်နဲ့ မက်လောက်စရာတွေဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ လင်မယား သဖွယ် ပူးတွဲ သူ့အကျိုး ကိုယ့်အကျိုး စီးပွားတူနေတာ တွေကလည်း စည်ပင်ရဲ့ လွတ်လပ်စွာ ရပ်တည် မှုကို အကျည်းတန်စေပါတယ်။ ရန်ကုန်အစိုးရ အဖွဲ့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ရန်ကုန်စည်ပင် အနေနဲ့ ငြင်းဆန် တင်းခံနိုင် မယ့် ပုံစံမျိုး ရုပ် မပေါက်ပါ။

ရန်ကုန် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန် နှစ်ဦးစလုံး စစ်တပ်ရာထူးကြီးများမှာ တာဝန် ထမ်းဆောင်ခဲ့သူတွေဖြစ်လို့ ညီလေး-အစ်ကို ကြီး ဆက်ဆံရေးမှာ ပျစ်ပျစ်နှစ်နှစ် သစ္စာရှိခဲ့ကြ၊ ရှိနေဦးမယ့်သူတွေပါ။

ရန်ကုန်ဝန်ကြီးချုပ်ဟာလည်း ရန်ကုန် သူ/သားတွေ အားပေးထောက်ခံမှုနဲ့ ထိုင်ခုံ ရာထူးရယူလာ တာမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက တိုက်ရိုက် ခန့်ထားသူဖြစ်နေပါတယ်။ အဆိုပါ နိုင်ငံတော် သမ္မတဆိုသူဟာလည်း ဖွဲ့စည်းပုံ အရ တိုင်းပြည်ရဲ့ သေနာပတိချုပ် ဖြစ်ပုံ မရပြန်တော့ ရန်ကုန်စည်ပင်ဌာန ရဲ့ သေရေး ရှင်ရေးဘ၀ဟာ ဘယ်သူ့လက်ဖဝါး အပေါ် မှာ တည်နေသလဲဆိုတာ လက်ရှိမြို့တော် ဝန်ကိုယ်တိုင် စေ့စေ့တွေးကြည့်တိုင်း ဆံပင် မွှေးထောင်လို့ နားကားချင်စရာပါ။

ဘာဘဲဖြစ်ဖြစ် နိုင်ငံနဲ့ချီတဲ့ ပါတီစုံရွေး ကောက်ပွဲတွေ၊ ရန်ကုန်နယ်တဝိုက် က မြူနီ စပယ်ရွေးကောက်ပွဲတွေဟာ သက်ဆိုင်ရာ ပြည်သူလူထုကို ရိုက်ခတ် ထိပါးလို့ လာနေပါ ပြီ။ ရှောင်တိမ်းလို့လည်း မရနိုင်ပါ။ ရွေးကောက် ပွဲတွေမှာ ဝင်အရွေးခံတိုင်း၊ ရွေးကောက်ပွဲ များမှာ ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်တိုင်း ၊ ရွေးကောက်ပွဲတွေဟာ သန့်ရှင်းလွတ်လပ်တိုင်း အဓိပ္ပာယ်ရှိတဲ့ ကျေနပ်နှစ် သက်ဖွယ်ရာ လုပ်ငန်းစဉ်မျိုးလို့ တထစ်ချ ကောက်ယူလို့ မရပါ။

နာတာရှည်ကြရဦးမယ့် ရွေးကောက်ပွဲမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

အောင်မျိုးထွန်း

ASEM နိုင်ငံတကာဆွေးနွေးပွဲသို့ ပထမဆုံး တက်ရောက်မှုအဖြစ် အီတလီနိုင်ငံ ၊ မီလန်တွင် ၂ ရက်ကြာ ကျင်းပသည့် ၁၀ ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အတွက် မေလ စစ်အာဏာ သိမ်းမှုမှာ ပြဿနာတစ်ရပ်ဖြစ်လျက် ရှိသည်။

ပရာယွတ် အား ထောက်ခံသူအချို့ က ကြိုဆိုခဲ့သော်လည်း ကန့်ကွက် ဆန္ဒပြမှု များနှင့် ကြုံတွေ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီးပရာယွတ် က ဥရောပရှိ ထိုင်းစီးပွားရေးသမားများနှင့် တွေ့ဆုံရာ တွင် ၎င်းသည် သတ်မှတ်ထားသည့် အချိန်ထိသာ အာဏာရယူထားမည်ဖြစ်ပြီး အစိုးရ သစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင် သွားစေမည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော်နုတ်ထွက်ဖို့အသင့်ရှိပါတယ်။ နုတ်ထွက်ဖို့ နေ့တိုင်းတွေးမိပေမဲ့ ထိုင်းပြည်သူတွေ ဒုက္ခရောက်မှာ စိုးရိမ်တဲ့ အတွက် မလုပ်နိုင်ပါဘူး။ ဒီနေရာမှာ သတ်မှတ်ထားတာထက် တစ်ရက် တောင် ပိုမနေချင်ပါဘူး" ဟုပြောကြား ခဲ့သည်။

၎င်းက ဆက်လက်ပြီး "အခု နေ့တိုင်း တိုက်ခိုက်နေရပါတယ်။ အိမ်မှာ ရှိနေရင် ဇနီးနဲ့ အငြင်းပွား ရပါတယ်။ အချို့ကိစ္စတွေ ကျွန်တော် ဘာလို့ မလုပ်လဲလို့ သူက မေးပါတယ်။ အချို့ အရာတွေကို ကျွန်တော်လုပ်နိုင်စွမ်း မရှိဘူးလို့ ပြန်ဖြေ လိုက်ပါတယ်။ အ ဆုံးသတ်မှာ ကျွန်တော်လည်း စိတ်ညစ်ရသလို အားလုံး စိတ်ညစ်ရပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က စစ်အာဏာသိမ်းမှု မှာ နိုင်ငံရေး မတည်ငြိမ်မှုများအား ကျော် လွှားရန်နှင့် တိုင်းပြည်အား ပြည်တွင်း စစ်ဖြစ်မည့် အန္တရာယ်မှ ကာကွယ်ရန် မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်းဖြစ် သည်ဟု ပြော ကြားခဲ့သည်။

KHTun

Ref - AP

The Ladies News Journal

ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၏ခေါင်းဆောင် ဘယ်သူဘယ်ဝါဖြစ်သင့်သည် ဆိုခြင်းထက် ရွေးကောက်ပွဲကို ဒီမိုကရေစီလုပ်ငန်းစဉ် အတိုင်း ပွင့်လင်းမြင်သာစွာ ကျင်းပရေးကိုသာ အမေရိကန်က လိုလားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ပြောကြား

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဦးသိန်းစိန် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် တစ်ဦးတစ်ယောက်ကိုရည်ရွယ်ကာ မြန်မာနိုင်ငံ၏ခေါင်းဆောင်အဖြစ် ရွေးချယ်လိုခြင်းမရှိဘဲ ဒီမိုကရေစီလုပ်ငန်း စဉ်အတိုင်း ရွေးကောက်ပွဲကျင်းပသွားရေးကိုသာလိုလားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၅၉(စ)နှင့် ပုဒ်မ-၄၃၆တို့ကို ပြင်ဆင်နိုင်ခြင်း မရှိပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့်ရွေးကောက်ပွဲအပေါ် မည်ကဲ့ သို့သဘောထားတုံ့ပြန်မည်လဲဟူသော ဒီမိုကရေစီ တူဒေး သတင်းစာ၏ အမေးကို အမေရိကန်သံအမတ်ကြီးက ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့က ဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ရွေးချယ် မှုရှိမနေပါဘူး။ ကျွန်တော်တို့လိုလားတာက ရွေးကောက်ပွဲဟာ ဒီမိုကရေစီလုပ်ငန်း စဉ်အတိုင်းလုပ်သွားဖို့အရေးကြီးပါတယ်။

အဲဒါသည်သာ ကျွန်တော်တို့ရဲ့ ရွေး ချယ်မှုဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ရွေး ချယ်မှုကိုသာ ကျွန်တော်တို့က ထောက် ခံသွားမှာဖြစ်ပါတယ်။ ရွေးကောက် ပွဲရလဒ်ကြောင့် တိုင်းပြည်အတွက် ပိုပြီးတည်ငြိမ်လုံခြုံမှုရှိရမယ်။ ပိုပြီး ဒီမိုကရေစီဖြစ်ထွန်းရမယ်။ အဲဒါကို ကျွန်တော်တို့ လိုလားပါတယ်''ဟု သံ အမတ်ကြီးက ပြောသည်။

ထို့အပြင် အချို့သောသူများပြော ဆိုနေကြသည့် အမေရိကန်နိုင်ငံသည် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပါတီအ ဖွဲ့အစည်းတစ်ခုအပေါ် ထောက်ခံ အားပေးနေသည်ဆိုခြင်းမှာလည်းမဟုတ်မှန်ကြောင်းဖြင့် ဒဲရစ်မစ်ချယ်လ် က ငြင်းချက်ထုတ်လိုက်သည်။ သို့ သော် ရွေးကောက်ပွဲသည် အများယုံ ကြည်လက်ခံဖို့လိုကြောင်းနှင့် အမေ ရိကန်ပြည်ထောင်စုအနေဖြင့် အနီး ကပ်စောင့်ကြည့်နေမည်ဟုလည်း သူ က အခိုင်အမာပြောကြားသည်။

''ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ဖို့၊ ထင်လင်းမြင်သာမှုရှိစေဖို့နဲ့ အများယုံကြည်လက်ခံဖို့ လိုပါတယ်။ ပြည်သူတွေက သူတို့လိုလားတဲ့ခေါင်း ဆောင်ကိုရွေးချယ်နိုင်ဖို့လိုပါတယ်။ ခေါင်းဆောင်ဟာ ရေပန်းစားနေတဲ့ ဆန္ဒတွေကို ထင်ဟပ်နိုင်ရပါတယ်။ပြည်သူတွေဟာ စည်းရုံးလှုံ့ဆော်နိုင် ခွင့်ရရှိရပါမယ်။ မဲပေးသူတစ်ဦးရဲ့ အခွင့်အရေးဆိုတာကို သူတို့နားလည် အောင် အသိပညာပေးရပါမယ်။ ရွေး ကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲအ တွင်းနဲ့ ရွေးကောက်ပွဲအပြီးအချိန်တိုင်းမှာ ထင်လင်းမြင်သာရှိဖို့အရေး ကြီးပါတယ်။ အဲဒါတွေအတွက် ကျွန် တော်တို့ အခု USAID နဲ့အတူ အ လုပ်လုပ်ပေးနေပါတယ်''ဟု သူက ဆက်လက်ပြောကြားသည်။

''ပြည်သူတွေအနေနဲ့ ရွေးကောက် ပွဲဆိုင်ရာနည်းစနစ်တွေအပေါ် အ ယုံအကြည်ရှိလာစေဖို့လဲ ကူညီဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ သို့သော် ရွေးချယ်မှုကတော့ ပြည်သူတွေဆန္ဒ အတိုင်းသာဖြစ်ပါတယ်။ ကျွန်တော် တို့ကတော့ နိုင်ငံရေးပါတီတွေ၊ အရပ် ဘက်အဖွဲ့အစည်းတွေ အပါအဝင် အသံပေါင်းစုံကို နားထောင်ပြီးမှသာ အကဲဖြတ်ဆုံးဖြတ်မှာဖြစ်ပါတယ်။ပြည်သူတွေက ဘာတွေပြောကြတယ် ဆိုတာကိုသာ ကျွန်တော်တို့ အရင် ဆုံးစောင့်ကြည့်မှာပါ''ဟု သံအမတ် ကြီးက ဖြည့်စွက်ပြောဆိုသည်။
အမေရိကန်သံအမတ်ကြီးဒဲရစ် မစ်ချယ်လ်က လာမည့် ၂ဝ၁၅ရွေး ကောက်ပွဲ၏အရေးပါပုံနှင့် ယင်း သည် မြန်မာ့ဒီမိုကရေစီအတွက်စမ်း သပ်မှုတစ်ခုဖြစ်ကြောင်းလည်း ပြော ကြားသည်။

''လာမယ့်နှစ်ရွေးကောက်ပွဲဟာ တကယ့်ကို အရေးကြီးတဲ့အမှတ်အ သားဖြစ်ပါတယ်။ အသွင်ကူးပြောင်း ရေးအတွက် အရေးကြီးဆုံး အချိန်ကာလလဲဖြစ်ပါတယ်။ ဒီမိုကရေစီ အတွက် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ ပါဝါဟာ ချိန်ခွင်လျှာညီမျှမှာလား၊ ဘယ်သူတွေက သူတို့ကိုအုပ်ချုပ်သင့် တယ်လို့ဆုံးဖြတ်မယ့် ပြည်သူတွေဆီ အခွင့်အာဏာသက်ဆင်းမှာလား၊ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ အာဏာ ကို ငြိမ်းငြိမ်းချမ်းချမ်းလွှဲပြောင်းပေး နိုင်မှာလား''ဟု သံအမတ်ကြီးက မေး ခွန်းထုတ်သည်။

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် အောက် တိုဘာ၁၅ရက်က ပြည်တွင်းမီဒီယာ အချို့နှင့် သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်က လက်ဖက်ရည်စကားဝိုင်း ဖွဲ့စဉ် ၂ဝ၁၅ရွေးကောက်ပွဲနှင့်ပတ် သက်ပြီး သူ၏သဘောထားအမြင် ကို ပွင့်လင်းစွာပြောကြားခဲ့ခြင်းဖြစ် သည်။

အဆိုပါတွေ့ဆုံပွဲတွင် သံအ မတ်ကြီးဒဲရစ်မစ်ချလ်က မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုအပေါ် အမေ ရိကန်၏သဘောထားအမြင်၊ တပ် မတော်အပေါ်အမြင်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိစ္စ၊ မြန်မာနိုင်ငံအာ ဆီယံဥက္ကဋ္ဌအပေါ်အမြင်၊ အမေရိ ကန်၏ မြန်မာနိုင်ငံအပေါ်ရင်းနှီးမြှုပ် နှံမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စ များ၊ မြန်မာနိုင်ငံအသွင်ကူးပြောင်း ရေးအတွက် အမေရိကန်၏အကူအ ညီများ၊ သတင်းမီဒီယာလွတ်လပ်ခွင့် ကိစ္စများစသဖြင့် နယ်ပယ်ပေါင်းစုံကို သတင်းစာဆရာများနှင့် အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရှိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group



ရန်ကုန်မြို့သစ် စီမံကိန်းကို ကြိုဆို ထောက်ခံသော လူတစ်ထောင် ကျော်ပါဝင်သည့် ဆန္ဒဖေါ်ထုတ်မှုတစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနောက်ရပ်ကွက်၊ ၀ါးရုံဆိပ်ကျေးရွာအတွင်း ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက ခွင့်ပြုပေးသော ခွင့်ပြုချက်ဖြင့် ဦးတင်စိန်ဆိုသူက ဦးဆောင်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒဖေါ်ထုတ်သူတို့သည် ဆိပ်ကြီး၊ဦးမြ၊ငါးစင်ရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းအတိုင်း- ၀ါးရုံဆိပ်ရပ်ကွက်အ၀င်လမ်းအထိ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖေါ်ထုတ်သူတို့က "သမ္မတကြီးဦးသိန်းစိန် ကျန်းမာပါစေ" ၊ "တောင်သူလယ်သမားဘ၀စာနာပါ" ၊ "လက်လုပ်လက်စားဘ၀ သနားပါ""ဒေသဖွံ့ဖြိုးတိုးတက်ဖို့မြို့ပြစီမံကိန်းဖော်ထုတ်စို့" ၊ "ရန်ကုန်မြို့သစ်စီမံကိန်းအားလှိုက်လှဲစွာကြိုဆိုထောက်ခံပါသည်" ဟူသောစာတန်းများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်း အကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြို့ နယ် အတွင်းအကြားရှိ မြေဧက ၃၀,၀၀၀ အသုံးပြုကာရင်းနှီး မြှုပ်နှံ မည့်ငွေ ကျပ် ဘီလီယံ ၇,၀၀၀ နှင့် ကန်ဒေါ်လာ ရှစ်ဘီလီယံ အကုန်အကျ ခံ၍ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု ဖော်ဆောင်ရန် မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက်ကို တာဝန်ပေး ထားသည်ဟပေးပို့ ခဲ့သောသ၀ဏ်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖတ်ကြား ခဲ့ပြီး စီမံကိန်း စတင်ချိန်မှ သုံးနှစ် အတွင်း ၇၀ ရာ ခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက် မည်ဟု ပါဝင်သည်။
ယင်းစီမံကိန်းတွင် နိုင်ငံတော်အတွက် အဆင့်မြင့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၂၀,၀၀၀၊ မိဘမဲ့ ကလေးဦးရေ ၂,၀၀၀ ထားနိုင်မည့် အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဦးရေ ၂,၀၀၀ ဆံ့ ခေတ်မီ ဘိုးဘွားရိပ်သာ တစ်ဆောင်၊ တံတားကြေး ကောက်ခံခြင်း မပြုဘဲ ခြောက်လမ်းသွား မြစ်ကူး တံတား ငါးစင်း တို့ကိုကုမ္ပဏီက တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်းသ၀ဏ်လွှာတွင်ထည့်သွင်းကြေငြာခဲ့သည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား အကောင် အထည် ဖော်ဆောင်ရေး အတွက် ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ် ရာတွင် မလိုလား အပ်သည့် ရှုပ်ထွေးမှု များ ပေါ်ပေါက်နိုင် သဖြင့် စီမံကိန်း သတင်း လုံခြုံမှုကို ကန့်သတ် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်ပါ သည်ဟုပါရှိခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဆိုသည်ကိုမူ ရှင်းလင်း ထားခြင်း မရှိပေ။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆောင်ရွက်ခြင်းဖြင့်ဆောင်ရွက်ခြင်းမှာ လက်ရှိသွားနေသောဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီကြောင်း၊ထို့အပြင် အစိုးရအဖွဲ့၏ သဘောထားတစ်ခုတည်းနှင့်လည်းမလုပ်သင့်ကြောင်းပြောဆိုခဲ့ကြပြီးနောက် ဆူညံသောဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

ဝေဖန်မှုများ ပွက်လောရိုက်လာသည့်အဆိုပါစီမံကိန်းကို နိုင်ငံတော်ပိုင် သတင်းစာများတွင် တင်ဒါခေါ်ပြီးမှ ဆောင်ရွက်မည်ဟုသြဂုတ်လ ၂၈ ရက်နေ့က ထပ်မံကြေငြာခဲ့ပြန်သည်။ယင်းနောက် လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် မြို့တော်ဝန်ဦးလှမြင့်က ပြီးခဲ့သည့်လက ကြေငြာခဲ့သည်။

စီမံကိန်းအတွင်းပါဝင်နိုင်မည့် တွံတွေးမြို့နယ် ကားလမ်းမကြီးဘေးက မြေများကို တစ်ဧကလျှင် သိန်းတစ်ထောင်ကျော်၊ကျေးရွာအတွင်းတွင် ပေ ၂၀ ပေ ၆၀ မြေတစ်ကွက်လျှင် သိန်း ၂၀၀ ကျော်စသည်ဖြင့်ဈေးနှုန်း မြင့်တက်ခဲ့သေးသည့်အတွက် ဒေသခံလယ်သမားများအနေဖြင့် အလုပ်လက်မဲ့ ဖြစ်လာနိုင်သောကြောင့် ကျေးရွာပေါင်း ၅၀ ကျော်ကပြည်သူများအနေဖြင့်စီမံကိန်းကိုကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံကာတင်ပြနိုင်ရေး စီစဉ်ခဲ့သူများလည်းရှိသေးသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပါမောက္ခချုပ် ဦးကျော်ဦးက အောက်တိုဘာ(၉) ရက်နေ့က UMFCCI မှာကျင်းပသွားတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာ "ယနေ့လူငယ်များသည် မိမိနိုင်ငံ၏ ယဉ်ကျေးမှု ဆိုသည့် တာဝန်ကြီးကိုမေ့လျော့နေကြပြီး အင်တာနက်သုံးခြင်း၊ Facebook သုံးခြင်းဖြင့်သာ အချိန်ကုန် နေကြ ကြောင်း" ဆိုပြီး ပြောသွားကြောင်း သတင်းတွေဖတ်လိုက်ရပါတယ်။

ပါမောက္ခချုပ် ဦးကျော်ဦးဟာ အစစအရာရာ ချုပ်ချယ်တတ်တဲ့ အသိုင်းအ၀ိုင်းက ကြီးပျင်းလာသလား ဆိုတာ တော့သေသေခြာမသိပါဘူး ။ဒါပေမဲ့ လူဆိုတာ ချူပ်ချယ်တာခံခဲရရင် ဒါမှမဟုတ် ဗိုလ်ကျအနိုင်ကျင့် တာခံခဲ့ ရရင် တခြားသူတွေကို ပြန်ချုပ်ချယ်တတ်၊ ဗိုလ်ကျအနိုင်ကျင့်တတ်ပါတယ် ။ ၂ နှစ် ၃ နှစ်သားကလေးဟာ လူကြီးတွေက သူ့ ကိုဆူပူချုပ်ချယ်သလို တခြားသူတွေကို တပုံစံထဲပြန်ပြောတတ်ပါတယ် ။ ငယ်စဉ်တောင် ကျေးကရလါတဲ့ စိတ်အနာ (Psychological Trauma ) ဟာ လူတဦးနဲ့ တဦးမှာ ရောဂါအနုအရင့်မတူနိုင်ပေမဲ့ မိမိခံစားရသလို သူများကိုခံစားစေလိုတဲ့ စိတ်သဘောအခြေခံကတော့အတူတူပါဘဲ ။

အင်တာနက်သုံးတာ Facebook ,Twitter သုံးတာတွေဟာ ခေတ်လိုအပ်ချက်အရပေါ်လါတဲ့ မလွှဲမသွေဖြတ်သန်းရမဲ့ ခေတ်ရေစီးကြောင်းကြီးပါ ။ ဒီနေ့ ခေတ်ကာလရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေပါ တောင်ပြိုလါတာကိုလက်နဲ့ ကါတားဆီးလို့ မရစကောင်းပါဘူး ။ ပညာရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ကျန်းမာရေး ၊ မီဒီယာနဲ့ လူမှု့ဆက်ဆံရေး ရှိရှိသမျှနယ်ပယ်အသီးသီးဟာ အင်တာနက်နဲ့ ကင်းကွာလို့ မရနိုင်တော့ပါဘူး ။ လောကမှာ ဘယ်အရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေစမြဲပါ ။
အင်တာနက်ကနေ ကောင်းတာတွေများများထုတ်ယူသုံးစွဲတတ်လါအောင် တိုက်တွန်းအားပေးရင်း လူမှု့ကွန်ယက်တွေရဲ့ အားသာချက်၊အားနည်းချက်တွေခွဲခြားတတ်ဖို့ အကြံပြုသင့်တဲ့ တက္ကသိုလ်တခုရဲ့ ပါမောက္ခချုပ်တယောက်က အခုလို အဆိုးမြင် မိန့် ခွန်းစကားဆိုတာကတော့ ရှက်စရာကောင်းလွန်းပါတယ် ။ ခေတ်အမြင်မရှိတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ အရေးပါတဲ့နေရာရနေတာ.. တိုင်းပြည်အတွက်ဝမ်းနည်းစရာကောင်း ပါတယ် ။

ပြီးတော့ အောက်တိုဘာ (၁၁) ရက်နေ့ က မန္တလေးမြို့ ဓမ္မသာလခမ်းမမှာကျင်းပတဲ့ PR အချိုးကျ ကိုယ်စားပြု စနစ်အကြောင်း နိုင်ငံရေး အကျပ်အတည်းတွေ နောက်ထပ်ဖြစ်မလာစေ ဖို့ ရွေးကောက်ပွဲ စနစ်သစ်ကို အကောင်အထည်ဖော် သင့်ကြောင်း နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်း ကပြော သွားပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် မြန်မာ့ နိုင်ငံရေးမှာ အကျပ်အတည်းတွေ ရှိခဲ့ကြောင်း၊ PR စနစ် ကျင့်သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် ထိန်းနိုင် မယ်လို့ ယူဆကြောင်းလည်း ဦးကျော်ဝင်းက ပြောပါတယ်။ တိုင်းပြည်အတွက်အခြေခံအကျဆုံးနဲ့  အရေး အကြီးဆုံး ပြသနာကြီးဖြစ်တဲ့(၂၀၀၈) ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စကို…တလုံးတပါဒ တောင်ထည့် မပြောဘဲ သူ့ အကြိုက်ကတော့ PR အချိုးကျကိုယ်စားပြုစနစ်လို့ ပြောသွားတာပါဘဲ။
အဟန့် အတားအနှောင့်ရှက် ခြိမ်းခြောက်မှု့တွေကြားက ခက်ခက်ခဲခဲ ကောက်ယူထားလို့ ရလာတဲ့ ပြည်သူပြည်သား(၅)သန်းနီးပါးရဲ့ ဆန္ဒကို မသိခြင်ယောင်ဆောင်ထားပြီး.. စစ်အာဏာရှင်စနစ်ကို ကျားကန် အသက်ဆက်ထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုလူထုဆန္ဒနဲ့ ညှိနိုင်းပြင်ဆင်ဘို့ မလုပ်ဖဲ ၂၀၁၅ ရွေးကောက်ပွဲကို PR အချိုးကျကိုယ်စားပြုစနစ်နဲ့ ဘဲသွားခြင်တဲ့အာသီသရှိပုံရတယ်။

အခုလို ပြည်သူပြည်သားတွေကြား ၀ိဝါဒတွေကွဲပြား၊ မညီညွတ်မှု့တွေကြီးမားစေမဲ့ PR အချိုးကျ ကိုယ်စား ပြုစနစ်အတွက် အချိန်ကုန်ခံမနေဘဲ နိုင်ငံတော်သမ္မတ အကြံပေးတယောက်ဖြစ်တဲ့ ဦးကျော်ဝင်းကိုအောက်ပါ အကြံပြုချက်သုံးချက်ကို လက်ရှိအစိုးရထံ..မပြုရသေးဘူးဆိုရင်ပြုပေးဘို့ မေတ္တာရပ်ခံလိုက်ပါတယ်။

၁) နိုင်ငံရေးပြသနာတွေ အခြေခံကစပြေလည်အောင် ကြီးလေးကြီးခေါ်ခေါ် ကြီးငါးကြီးခေါ်ခေါ် တိုင်းသူပြည်သားရာခိုင်နှုန်းအများစုကိုကိုယ်စားပြုတဲ့ ပြည်သူ့ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုလေးလေးစားစားအသိအမှတ်ပြုပြီးတော့ တိုင်းရင်းသားပါတီစစ်စစ်တွေနဲ့  အစိုးရအဖွဲ့ စစ်တပ်၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီခေါင်းဆောင်တွေ ရိုးရိုးသားသား တွေ့ ဆုံအဖြေရှာနိုင်ဘို့ ရဲရဲရင့်ရင့်အကြံပြုပါ ။

၂) ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဘို့  ပြည်သူပြည်သား(၅)သန်းနီးပါးရဲ့ ဆန္ဒကို ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း ဘယ်လိုအကောင်ထည်ဖေါ်နိုင်မလဲဆိုတာ ပြတ်ပြတ်သားသား အကြံပြုတိုက်တွန်းပါ ။

၃) ပြည်တွင်းစစ်မီးကိုငြိမ်းသတ်နိုင်ဘို့  စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဘို့  ဆွေးနွေးပွဲတွေမှာ အစိုးရအဖွဲ့ နဲ့ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ တွေရဲ့ စစ်ရေးခေါင်းဆောင်စစ်ဗိုလ်ချုပ်ကြီးတွေ အုပ်စီးဆွေးနွေးလို့ လုံးဝမရနိုင်ဘူးဆိုတာ၊ စစ်ရေးအသာစီးရဘို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် လက်မှတ်မထိုးခြင်ကြတာ.. ပြည်သူ့ ဆန္ဒမဟုတ်ဘူး ၊သူတို့ ဆန္ဒသာဖြစ်တယ်ဆိုတာ.. မထောက်မညှာ သတိပေးအကြံပြုပါ ။
ပြီးရင်ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တကယ့်ပါဝင်သင့် ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စားပြုသူတွေပါဝင်နိုင်အောင် အလေးထားတိုက်တွန်းအကြံပြုပါ ။

နောက်တခါ အောက်တိုဘာ (၁၁ )ရက်နေ့ကပဲ Summit Parkview ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ပါရဂူ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက "ပညာရေးဟာ ပညာရေးပဲလေ။ ပညာရေးကို နိုင်ငံရေးလုပ်လို့မှ မရတာ။ လက်ဝှေ့ထိုးချင် စင်ပေါ်တက်လာခဲ့လေ။ အပြင်မှာဆိုရင်တော့ လမ်းပေါ်က ရန်ပွဲဖြစ်သွားမှာပေါ့" ဆိုတဲ့ စကားပြောသွား ကြောင်း ကြားလိုက်ရပါတယ်။
အထက်ပါပုဂ္ဂိုလ်ကြီးတွေဟာ…သူတို့ သမိုင်းသူတို့ ရေးနေကြတာပါ ။ လူတိုင်းဟာ ကိုယ့်ရပ်တည်ချက်သာ မှန်တယ်လို့ ထင်ကြတဲ့သူချည်းပါဘဲ ။ ဦးနန္ဒကျော်စွာကို တခွန်းပဲမေးခြင်ပါတယ် ။ ပြည်သူ့လွှတ်တော်ဆိုတဲ့ နိုင်ငံရေးစင်မြင့်ပေါ် (၂၀၁၀) ရွေးကောက်ပွဲနဲ့ ရောက်နေတဲ့ ဦးနန္ဒကျော်စွာဟာ.. တရားနဲ့ အညီရောက်နေ တာလား ပြည်သူလူထုရဲ့ ဆန္ဒအရရောက်နေတာလားဆိုတာမှန်ရှေ့မှာရပ်ပြီးသေသေခြာခြာဖြေစေခြင်ပါတယ် ။

ပဒိုင်းစေ့စေ့စိုက်ရင် ပဒိုင်းသီးဘဲသီးမှာပါ ပိန္နဲသီးမသီးပါဘူး ။ ပိန္နဲစေ့စိုက်မှ ပိန္နဲသီးသီးမှာပါ ။ ဒီနေ့ခေတ် တိုးတက်လါတဲ့ မျိုးရိုးဗီဇသိပ္ပံနည်းပညာတွေနဲ့ မျိုးစပ်ကိုင်းကူးစိုက်တဲ့အခါ သစ်တော့ မာလကာမျိုး ဟိုင်းဘရစ်ဒ်အသီးတွေရနေပါပြီ။
(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင် ဟိုက်ဘရစ်ဒ်မျိုးပါ ။ အဲ့ဒီ စည်းကမ်းပြည့်ဝသော စစ်အာဏာရှင်ဒီမိုကရေစီသစ်ပင်ကြီးကသီးပွင့်လါတဲ့ အသီးအပွင့်ဟာ.. စစ်ဒီမိုသီး ဘဲသီးမှာပါ ။ တခြားအသီး..သီးစရာအကြောင်းမရှိပါဘူး
ဗေဒင်မေးရင် ငွေကုန်လိမ့်မယ် ဆန်ကုန်ပါလိမ့်မယ် ။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကခွင့်ပြုမဲ့ စစ်ဒီမိုကရေစီဆိုတာဘယ်လိုဟာမျိုးလည်း … အရှင်းဆုံးရေးပြရရင်တော့ ..စစ်တပ်ကပေးတဲ့ဒီမိုကရေစီပါဘဲ ။ စစ်တပ်ကပေးမဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးဖြစ်မလဲ ။ စစ်အာဏာရှင်ရဲ့ အာဏာကိုမထိပါးနိုင်တဲ့ မည်ကာမှတ်တပ်ဒီမိုကရေစီမျိုး ၊ အာဏာရှင်နဲ့ အပေါင်းအပါတွေကို ဥပဒေအထက်မှာ နေခွင့်ပေးတဲ့ ဒီမိုကရေစီမျိုးပါဘဲ ။ တနည်းအားဖြင့်ပြောရရင် ဓါးမိုးထားတဲ့ဒီမိုကရေစီပါဘဲ ။

ကျွန်တော်တို့ ဟာ နိုင်ငံရေးအမြင်ရှင်းဘို့ အလွန်အရေးကြီးပါ ။ နိုင်ငံရေးအမြင်ဝေဝါးတာနဲ့ ရပ်တည်ချက် မှားတတ်ပါတယ်။ တသက်လုံးဇောက်ချလုပ်ခဲ့တဲ့ သမ္ဘာရင့်နိုင်ငံရေးသမားကြီးတွေတောင် ရပ်တည်ချက် မမှန်လို့ မြောင်းထဲရောက်ကုန်တဲ့ သမိုင်းသာဓကတွေ အထင်အရှားရှိပါတယ် ။ ကျွန်တော်တို့ ဟာ လမ်းခုလတ် မှာနိုင်ငံရေး ပိုးဖလံ မဖြစ်ဘို့ လိုပါတယ် ။ ဒီမိုကရေစီအလင်းရောင်အတုကို တွယ်တာစွဲလမ်းပြီး ကိုယ်ကိုကိုယ် မလောင်ကျွမ်းအောင်သတိထားကြရမှာပါ။

ဘယ်အာဏာရှင်မဆို အသာတကြည် လက်ဖြန့် တောင်းယုံနဲ့  အာဏာကိုဘယ်တော့မှ လက်လွှတ် ရိုးထုံးစံမရှိပါဘူး ။ လက်သီးဆုပ်တောင်းရတာပါ ။ လက်သီးဆုပ်တယ်ဆိုလို့  အကြမ်းဖက်ဖို့  အစိုးရဘာလုပ်လုပ်ဆန့် ကျင် ဘို့ ပြောတာမဟုတ်ပါဘူး ။ မတရားတဲ့အမိန့် အာဏာဥပဒေမှန်ရင် အနိုင်ကျင့်ဗိုလ်ကျမှု့မှန်သမျှကို ရဲရဲရင့်ရင့်ဆန့် ကျင်၊ အမှန်တရားနဲ့ လူများစုအကျိုးစီးပွားဘက်မှာ ပြတ်ပြတ်သားသားရပ်တည်၊ လူတိုင်းလူတိုင်းက မိမိရဲ့ အခြေခံလူ့ အခွင့်ရေးအတွက် မိမိကိုယ်တိုင် မကြောက်မရွံ့ မိမိဆန္ဒကိုလွတ်လွတ်လပ်လပ်ထုတ်ဖေါ်ပြသကြရမှာပါ ။

အခွင့်အရေးမညီမျှမှု့တွေ၊ တရားဥပဒေအထက်မှာဘယ်သူမှတက်ထိုင်ခွင့်ပေးလို့ မဖြစ်ပါဘူး ။ တရားဥပဒေ စိုးမိုးအောင် ဥပဒေအထက်မှာ ဦးသန်းရွှေမကလို့ ဦးသန်းရွှေအဖေတက်ထိုင်နေလည်း ဆွဲချရမှာပါ ။ လက်ရှိစည်းကမ်းပြည့်ဝသောဒီမိုကရေစီအစိုးရလက်ထက်မှာ ကာလုံအဖွဲ့ ရယ် ကာချုပ်၊ အစိုးရ၊ တပ်မတော်သားအမတ်တွေနဲ့  ပြည်ခိုင်ဖြိုးပါတီနဲ့  ခရိုနီတချို့ ဟာ… ဥပဒေအထက်မှာ ကျကျနနဖျာခင်း ထိုင်နေကြတာကို အမြဲဆန့် ကျင် မီးမောင်းထိုးပြ ဆွဲချနေရမှာ နိုင်ငံသားတိုင်းရဲ့တာဝန်ကြီးပါဘဲ ။
ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ နိုင်ငံရေးအမြင်ရှင်းဘို့ လိုသလို နိုင်ငံရေးသတ္တိရှိဘို့ လည်းလိုပါတယ် ။ အထူးသတိပြုရမဲ့အချက်က (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အာဂတံပါကတံပြင်ပြီး (၂၀၁၅) ရွေးကောက်ပွဲကရလာမဲ့ ဒီမိုကရေစီဟာ…ဓါးမိုးထားတဲ့ဒီမိုကရေစီ တနည်းအားဖြင့် ကြက်ခြင်းထဲက ဒီမိုကရေစီမျိုးလို့ ဘဲပြောရမှာပါ ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ခံစားရင်း အချိန်မရွေး ခေါင်းဖြတ် တာခံရနိုင်ပါတယ် ။ အာဏာရှင်အာဏာသိမ်းတာ အချိန်ခါမရွေးခံရနိုင်ပါတယ်။ ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီ ရဘို့ ၊ ကိုယ့်အခွင့်အရေးကိုယ် နောက်ဆံမငင်ဘဲ လွတ်လွတ်လပ်လပ်ခံစားနိုင်ဘို့ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြင်နိုင်အောင် မြန်မာနိုင်ငံသားမှန်ရင် ရဲရဲရင့်ရင့် လက်သီးဆုပ်ပြီး ပါဝင်ကြဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသတ်လိုက်ပါတယ်။ ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
အောက်တိုဘာလ (၁၆) ရက် ၂၀၁၄ ခုနှစ်



 ဒီဓါတ်ပုံတွေကို Bd news 24 com ကနေ ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပြီး အဲဒီသူတွေနဲ့ အတူ လှေနဲ့ လိုက်ပါလာတဲ့ တခြားသူ  ၁၇၆ ဦးကတော့ ပျောက်နေတယ်လို့ Bd New 24 com မှာ (176 Bangladeshis ‘sold’ as slave in Thailand?) ခေါင်းစဉ်နဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ငါးဖမ်းဘုတ်တွေနဲ့စက်ရုံတွေမှာ အလုပ် လုပ်ကြဖို့  လူကုန်ကူးသူုတွေက ရောင်းစားဖို့ လှေပေါ်တင် ခေါ်ဆောင်ခံကြရသူတွေ ဖြစ်ကြပြီး ထိုင်းတောနက်တွေထဲကနေ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သံရုံးက တာဝန်ရှိသူတွေဟာ သူတို့အထဲက လွှတ်မြောက်လာတဲ့ ဘင်္ဂလားဒေခ်ျ့နိုင်ငံသား ၁၃၄ ဦးနဲ့ သွားရောက်တွေ့ဆုံပြီး အင်တာဗျူး သွားလုပ်ရာမှာ အဲဒီ ၁၃၄ ဦးနဲ့ အတူ ဘင်္ဂလာဒေခ်ျ့ကနေ လှေနဲ့ ထွက်ခွာလာသူ ၁၇၆ ဦးရှိပြီး အခု သူတို့ ပျောက်နေတယ်လို့ ပြောဆိုပါတယ်။

အဲဒီ ၁၇၆ ဦးမှာ အမျိုးသမီး (၃) ဦးလည်း ပါဝင်ပြီး လူအများအပြားကတော့ အဖမ်းခံရမှာကိုစိုးပြီးရေထဲ ခုန်ချ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

သူတို့ကို ထိုင်းတာဝန်ရှိသူတွေ မရောက်မီ လူမှောင်ခိုသမားတွေက ကျွန်းပေါ်ကနေ ခေါ်ထုတ်သွားပြီလို့ ယုံကြည်မူတွေလည်း ရှိနေပါတယ်။

အဲဒီအထဲမှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ် ခေါ်ဆိုသူ မြန်မာပြည်ဖွား ဘင်္ဂလီ လူမျိုး(၁၆) ဦးသာ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ပါဝင်လာတဲ့ လူကြီးတစ်ဦးနဲ့ ကလေးတွေရဲ့ ပြောပြချက်အရ သူတို့ကို လူမှောင်ခိုသမားတွေက ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား ကမ်းခြေကနေ ပြန်ပေးဆွဲခေါ်ဆောင်ကာ ထိုင်းနိုင်ငံ တောင်ပိုင်းက ကျွန်းတွေက စခန်းတွေဆီကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အထဲက အများစုတော့ သူတို့ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်း အလုပ်လုပ်ဖို့ ခေါ်ဆောင်ခံရတာလို့ မှတ်ယူကြတယ်လို့ ဆိုပါတယ်။

သူတို့ကို လူမှောင်ခိုသမားတွေက ရိုက်ပုတ်တာတွေရှိသလို အစာလည်း အနည်းငယ်သာကျွေးတယ်လို့ ဖေါ်ပြပါတယ်။

ခုလို အလုပ် လုပ်ဖို့ ပြန်ပေးဆွဲ ခေါ်ဆောင်မူကတော့ ဘင်္ဂလာဒေခ်ျ့မှာ မရှိသလောက် နည်းပါးတယ်လို့ ပြောဆိုပါတယ်။

ထိုင်းလူမျိုး နှစ်ဦးကိုတော့ ဒီလူမှောင်ခိုမူနဲ့ ဆက်စပ်ပြီး တရားစွဲဆိုလိုက်တယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေကိုတော့ ရဲက ဆက်လက် လိုက်ရှာနေတုန်းဘဲလို့ ပြောပါတယ်။

(နိရဉ္စရာ- ၁၈ အောက်တိုဘာ ၂၀၁၄)
http://www.narinjara.com/burmese/?p=12402

 
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်တပ်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်ပြီး  အစိုးရနဲ့ ကေအိုအေကြား ညှိနှိုင်းရာမှာ ကေအိုင်အေ တပ်ရင်း ၆ ကို နေရာကနေ ဆုတ်ခွာပေးဖို့သာ အစိုးရက ပြောဆိုနေတယ်လို့  ကေအိုင်အေ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

ဒီတင်းမာမှုပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်ကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တင်းမာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ဂွန်မော်တို့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်နေလဲ။

“တင်းမာမှုက ဟိုးအရင်းကတည်းက စနေတာ။ လောလောဆယ်မှာတော့ တပ်ရင်း ၆ ကို ဖယ်ခိုင်းတယ်။ တပ်ရင်း ၆ ဌာနချုပ်ကို ဒီနေ့ညနေလာပြောပြီး မနက်ဖြန်ညနေ ဖယ်ပေးပါဆိုတဲ့ ပုံစံမျိုးကျတော့ ဒါ သိပ်သဘာဝမကျဘူး။ အဲတော့ ဘယ်ကစဖြစ်သ လဲပြောရရင်တော့ ပြောရရင် နည်းနည်းရှည်ပါတယ်။”

ဒီလိုတင်းမာနေပြီး တိုက်ပွဲပြန်ဖြစ်မယ့် အလားအလာ ရှိနေတဲ့အပေါ် ဗိုလ်ချုပ်တို့ ဘယ်လို ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါသလဲ။

“ကျနော်တို့ ညှိနှိုင်းနေပါတယ်။ မြစ်ကြီးနားရုံးကလည်း ညှိနှိုင်းတယ်။ ၀န်ကြီး ဦးအောင်မင်းတို့ဆီလည်း စာရေးထားတယ်။ ဒါပေမယ့် တပ်ရင်း ၆ ကိုပဲ ဖယ်ပေးဖို့ ပြောနေတော့ တကယ်လို့ တပ်ရင်း ၆ ဘက်ကို စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ်။”

ပိတ်မိနေတဲ့ ရွားသားတွေကို မြန်မာစစ်တပ်က ဘယ်မှ မသွားဖို့ ပြောထားတော့ တကယ်လို့ တိုက်ပွဲဖြစ်လာရင် ရွာသားတွေပဲ ထိခိုက်မယ်။ ကေအိုင်အေအနေနဲ့ ရွာသားတွေကို ဘယ်လို ကာကွယ်ဖို့ရှိလဲ။

“လောလောဆယ် တိုက်ပွဲဖြစ်လာရင် ဘေးကင်းမယ့်လို့ ထင်ရတဲ့နေရာတွေကို ရွှေ့ခိုင်းထားတာဖြစ်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၂-၂၆ ရန်ကုန်မှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ဖြစ်ပေမယ့် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာကိစ္စတွေကို မဆွေးနွေးပဲ နောက်မှ ဆွေးနွေးရအောင် ပြောတာ၊ အခုကျတော့ တပ်ရင်း ၆ ကို ဖယ်ခိုင်းတဲ့ပုံစံမျိုးဖြစ်လာတော့ ကျနော်တို့လည်း ၀န်ကြီး ဦးအောင်မင်းတို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို စာနဲ့ရေးပြီး အကြောင်းကြားထားပါတယ်။ အခုချိန်ထိ ထူးခြားတာ မရှိသေးပါဘူး။”

တနိုင်ငံလုံး အပစ်ရပ်ဖို့ အစိုးရနဲ့ ဗိုလ်ချုပ်ဂွန်မော်တို့ အန်စီစီတီနဲ့ အကြိတ်အနယ် ဆွေးနွေးနေတဲ့အချိန်မှာ အခုလို ကေအိုင်အေဘက်မှာ တပ်တွေရွှေ့ခိုင်းတာ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေအပေါ် ဘာပြောချင်လဲ။

“ကျနော်တို့အနေနဲ့ စဉ်းစားစရာဖြစ်လာတယ်။ ဒီနေ့မနက် (အောက်တိုဘာ ၁၇) လည်း ကေအိုင်အို ဗဟိုကော်မတီမှာ ဒီကိစ္စကို သုံးသပ်ကြတယ်။ အန်စီစီတီနဲ့ ယူပီဒဗလျူစီရဲ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စဆွေးနွေးဖို့ ပြောတဲ့အခါမှာ တပ်ဘက်က လက်မခံဘူး။ တကယ်တော့ တပ်ပိုင်းဆိုင်ရာတွေ စာချုပ်ချုပ်ပြီးရင် တပ်တွေ ဘယ်လိုခွာမလဲ၊ ဘယ်လိုစည်းကမ်းတွေ လိုက်နာမလဲဆိုတာ ဆွေးနွေးဖို့ ငြင်းဆန်ပြီးမှ အခုကျတော့ တပ်ရင်း ၆ ကို ရွှေ့ပေးဖို့ ရာဇာသံပေးလာတော့ ဒီ ဖြစ်စဉ်အပေါ်မှာ အစိုးရရဲ့ သဘောထား ပြောင်းလဲသွားသလားဆိုတာ ကျနော်တို့ သုံးသပ်နေဆဲဖြစ်ပါတယ်။”

တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေးလို့ မရတဲ့အနေအထားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆက်ဆွေးနွေးဖို့ ရှိလား၊ ရပ်သွားနိုင်မလား ဘယ်လိုသုံးသပ်လဲ။

“အခုဆက်ပြီး ဖြစ်လာမယ့်အခြေအနေပေါ် မူတည်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ကို သွားရမှာမှန်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။”

ဖြည့်စွက်ပြောချင်တာ ဘာများရှိသေးလဲ ဗိုလ်ချုပ်။

“တကယ်တော့ ကျနော်တို့ အမြင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (peace process) ကို ရှေ့ဆက်သွားနိုင်အောင် ဆိုရင် ပြဿ     နာ ဖြစ်လာရင်တောင်မှ ဒီပြဿ     နာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုပါတယ်။ အခု ဒီကေဘီအေမှာ ဖြစ်တာကလည်း ပြဿ     နာကို ဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး၊ နောက် အက်စ်အက်စ်ပီပီနဲ့ အက်စ်အက်စ်အေ ဖြစ်နေတဲ့ ကိစ္စကလည်း ပြဿ     နာကို ဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး၊ ကျနော်တို့ ကေအိုင်အိုထဲမှာလည်း ပြဿ     နာဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး။ ပြဿ     နာကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့အနေအထားကတော့ သိပ်မသင့်တော့ဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

By ဒီဗွီဘီ
http://burmese.dvb.no/archives/68212


အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ ကော်မရှင်နဲ့ အခုလ ၂ဝ ရက်နေ့ တွေ့ဆုံတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ မဲရုံတွေကို တရားဝင် စောင့်ကြည့်ခွင့် ရရေး အတွက် တင်ပြသွားမယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာတင်ပြမယ့် အချက်တွေကို မိမိတို့အရပ် ဖက်အဖွဲ့အစည်းအချို့ ဒီကနေ့ ကြိုတင်ညှိနှိုင်းခဲ့ကြတယ် လို့ မေတ္တာကန်ပိန်းအဖွဲ့ကို ဦးဆောင်သူ ကိုညီကျော်က RFA ကိုပြောပါတယ်။

"အခုလည်း ကျနော်တို့အဲ့ဒီအတွက် အလုပ် ရုံဆွေးနွေး ပွဲ တစ်ခုလုပ်နေတယ်လေ၊ ကြိုတင်ပြင် ဆင်မှုလေးပေါ့နော် ၂၀၁၀ မှာရော ၂၀၁၂ မှာရော စောင့်ကြည့်ခဲ့တယ်ဆိုပေမဲ့ ဒါဟာ သိပ် ပြီးတော့ပွင့်လင်းမြင်သာတဲ့ အနေအထားမျိုးတော့ မရှိဘူး၊ တရားဝင်လို့ ပြောရလောက်အောင်တောင်မှ ခက်ခဲတဲ့အနေအထားမှာရှိတယ်၊ လာမဲ့ ၂၀၁၅ မှာတော့ ဒီလိုမဖြစ်ချင်ဘူး၊ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လူအများစိတ်ဝင်စားနေတဲ့ အနေအထားမှာ တရား ဝင်လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ ရှိသင့်တယ်၊ ပြည်တွင်းရဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အပိုင်း ကပိုအရေးကြီးတယ်၊ ဒီစောင့်ကြည့်မဲ့ CSO များအဖွဲ့က ကြိုတင်သတ်မှတ်ချက်တွေပေါ့နော် သဘောတူညီ ချက်တွေ ပီပီပြင်ပြင် ကျနော်တို့ကြိုပြီးရထားချင်တယ်"

ရွေးကောက်ပွဲကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းတွေကို မီဂါဆာဟိုတယ် မှာ ဒီလ၂၀ ရက်နေ့ တွေ့ဆုံမှာ ဖြစ် ပြီး နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲကိုတော့ ပန်ဒါဟိုတယ်မှာ လာမယ့် ၂၁ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ကျင့်သုံးလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ညှိနှိုင်းဖို့အတွက် ပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နဲ့ ချင်းပြည်နယ် တီးတိန်မြို့မှာ ဆောင်ရွက်နေတဲ့ အကြို မဲစာရင်းကောက်ယူမှု အခြေနေတွေကိုလည်း ရှင်းလင်းတင်ပြသွားမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127



ထိုင်းနိုင်ငံ ခိုတောင်အပန်းဖြေကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးအမှုကို ဗြိတိန်ရဲတပ်ဖွဲ့က ကူညီစစ်ဆေးဖို့ကို ထိုင်းဝန်ကြီးချုပ် ပရာယုက လက်ခံလိုက်ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဒီနေ့ ဖေါ်ပြပါတယ်။

အဲဒီသေဆုံးမှုနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံသား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုဟာ ဥရောပ နဲ့ အာရှနိုင်ငံ့ခေါင်းဆောင်တွေ ထိပ်သီးညီလာခံ တက်ရောက်စဉ် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်နဲ့ သီးသန့် တွေ့ဆုံစဉ် လက်ခံလိုက်တာလို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ဥရောပခရီးစဉ်အတွင်း ရောက်ရှိတဲ့နိုင်ငံတစ်ချို့မှာ ဗြိတိန်နိုင်ငံသား ၂ ဦးအမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

အရင်က ဒီအမှုဟာ ထိုင်းပြည်တွင်းရေးသာဖြစ်တဲ့အတွက် ပြင်ပက အကူအညီမလိုအပ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ထိုင်းနိုင်ငံ Koh Toa ကျွန်းပေါ်မှာ စက်တင်ဘာလက အသတ်ခံခဲ့ရတဲ့ ဗြိတိန်ခရီးသွား နှစ်ယောက်ရဲ့အမှုကို ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့နဲ့
ပူးပေါင်းစစ်ဆေးမယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။

အီတလီနိုင်ငံ Milan မြို့မှာကျင်းပခဲ့တဲ့ ASEM ထိပ်သီးစည်းဝေးပွဲဘေးပန်းမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့သဘောတူခဲ့ပြီးနောက် ဗြိတိန်မှုခင်းစစ်ရဲအဖွဲ့ တဖွဲ့ ထိုင်းနိုင်ငံမှာ သွားရောက်စုံစမ်းမယ်လို့ ဝန်ကြီးချုပ် Cameron ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းကိုစေလွှတ်မယ့် ဗြိတိန်ရဲတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ကြေညာချက်ထဲမှာ ဖော်ပြထားခြင်း မရှိပေမယ့် ဗြိတိန်ထုတ် Guardian သတင်းစာကြီးမှာတော့ ထိုင်းရဲတွေက မသင်္ကာသူတွေလို့ ပြောနေကြသူနှစ်ယောက်ရဲ့ DNA တွေက လူသတ်မှုနဲ့ ပတ်သက်နေတဲ့ DNA နဲ့ တကယ်တူနေသလားဆိုတာကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗြိတိန်ခရီးသွား Hannah Witheridge နဲ့ David Miller တို့ကို သတ်တယ်လို့ စွပ်စွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို
ထိုင်းရဲက ဖမ်းဆီးထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သူတို့သတ်ပါတယ်လို့ ဝန်ခံအောင် ထိုင်းရဲက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့
ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့ ကိုင်တွယ်ပုံပေါ်မှာလည်း နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ ဗြိတိန်ရဲနဲ့ ထိုင်းတာဝန်ရှိသူတို့ အတူစုံစမ်းဖို့ကိစ္စ အသေးစိတ်ကို ညှိနှိုင်းရဦးမှာဖြစ်ပေမယ့် အမှုမှန်ဖော်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်က ဗြိတိန်သံရုံးကြားမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် ဒုတိယပြောခွင့်ရသူရဲ့ အပြောကို Bangkok Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

ဒီအမှုစုံစမ်းမှုကို လွတ်လပ်မျှတပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရက တိုက်တွန်းထားပါတယ်။
VOA
http://burmese.voanews.com/content/british-police-is-going-to-investigate-on-koh-tao-island-murder-/2488074.html



လန်ဒန် ၊ ၁၈-၁၀-၂၀၁၄

အီရတ်လေတပ်မှ လေသူရဲဟောင်း များသည် ISIS စစ်သွေးကြွ များကို တိုက်လေယာဉ်များ မောင်းနှင် ပျံသန်းနိုင်ရန် လေ့ကျင့် သင်ကြား ပေးလျက် ရှိကြောင်း (ပုံ) ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံအတွင်းရှိ အစိုးရ လေတပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ပြီး နောက် သိမ်းယူနိုင် ခဲ့သည့် လေယာဉ် သုံးစင်းကို မောင်းနှင် ပျံသန်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ အဆိုပါ လေယာဉ် များသည် MiG - 21 အမျိုးအစားနှင့် MiG-23 မူကွဲ အမျိုးအစားများ ဖြစ်သည်ဟု ယူဆ ရကြောင်း အဆိုပါ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောကြား ထားသည်။ အဆိုပါ လေယာဉ် များသည် မောင်းနှင်ပျံသန်း ရာတွင် ဆီးရီးယား အစိုးရတပ် များ၏ ရေဒါမှ ဖမ်းယူခြင်းကို ရှောင်ရှားနိုင်ရန် အတွက် အနိမ့်မှ ပျံသန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြောကြားချက် သည် အမေရိကန် နှင့် ညွန့်ပေါင်း အဖွဲ့များက ဆီးရီးယား နှင့် တူရကီနယ်စပ် အနီး ကိုဘာနီမြို့ အတွင်းရှိ ISIS စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် မဟာဗျူဟာ အရ အရေးပါသည့် ကိုဘာနီမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော်လည်း ကာ့ဒ် တိုက်ခိုက်ရေး သမားများ၏ ခုခံမှု များနှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ရှေ့သို့ ချီတက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

#PyiChitThar