10/20/14


ယနေ့(အောက်တိုဘာ ၂၀ရက်)နံနက် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ရက်မြောက်နေ့သို့ တတ်ရောက်ရန် ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ငြိမ်းချမ်းရေး မရသေးသည့် အပေါ် အကြောင်းပြပြီး ရွှေ့ဆိုင်းရန် ပြင်ဆင်နေသည်ဆိုသော ပြင်ပနိုင်ငံရေး အသိုင်းအ၀ိုင်းများ အကြား ဝေဖန်သံများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“ဒီမိုကရေစီ လမ်းကြောင်းကို အမှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောပ်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံ၊ တရားမျှတရုံနဲ့မက အချိန်မီလုပ်ရမယ်၊ ခန့်မှန်းထားတဲ့ အချိန်အတိုင် လုပ်ရမယ်၊ ပထမရွေးကောက်ပွဲထက် ဒုတိယရွေးကောက်ပွဲက ပိုအရေးကြီးပါတယ်၊ ဒုတိယရွေးကောက်ပွဲက တကယ်တမ်းစမ်းသပ်မှုပဲ၊ ပထမရွေးကောက်ပွဲက လုပ်ချင်သလိုလုပ်ခဲ့တယ်၊ ဒါကြောင့် ဒုတိယရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်မနေ သတ်မှတ်ထာတဲ့အချိန်မှာ လုပ်ကိုလုပ်ရမှာ ဖြသ်ပါတယ်။”

ယင်းနောက် နမ့်ဖက်ကာ၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ “တဖက်ကလည်း အပစ်အခတ်ရပ်စဲရေးလုပ်နေတယ်၊ တဖက်ကလည်း တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ဒီအပြုအမူတွေကို လုပ်ရပ်တွေကို ပြုပြင်ဖို့လိုနေပြီလို့ ဒီလိုပဲ သုံးသပ်ပါတယ်၊ ကျမတို့အဖွဲ့က ပါတာလည်း မဟုတ်တော့ အသေးစိတ်ဘယ်လိုပြဿနာတွေ ရှိတယ်ဆိုတာ ခန့်မှန်းလို့ မရပါဘူး၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျမကို လာလာမေးနေကြတာ ဘာကြောင့်မှန်းမသိဘူး၊ လုပ်ကိုင်နေတဲ့ အဖွဲ့တွေကို သွားမေးသင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

ထွန်း(နေပြည်တော်)
ဓါတ်ပုံ-NLD
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာစစ်တပ်ဟာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဝင်မစွက်ဖက်ဘဲ Professional Armyဖြစ်စေဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့အတွက် တပ်မတော်သားဟောင်း ၂ဝလောက် အောက်တိုဘာ ၂ဝရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ပါတယ်။

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲပေးပါရန်ဆိုတဲ့ တောင်းဆိုဆန္ဒပြပွဲမှာ လှုပ်ရှားတက်ကြွသူ ကိုနေမျိုးဇင်ဦးဆောင်ပြီး တပ်မတော်သားဟောင်း ၂ဝလောက်ဟာ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာရှင်တေါရဲ့ လောင်းရိပ်ကနေ လွတ်ကင်းပြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ခဲ့တဲ့ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်ဖြစ်လာဖို့၊ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်စွက်ဖက်နေတာကို ဗျူဟာကျကျ အချိန်ဆွဲနေတာကို လက်မခံနိုင်ဘူးလို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆိုပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ နှစ်ဖက်စစ်ခေါင်းဆောင်တွေ ဆွေးနွေးရုံနဲ့မပြီးဘဲ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်သင့်တယ်လို့ သူကဆိုပါတယ်။ နိုင်ငံရေးစကားဝိုင်းတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေက တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပါဝင်လာရင် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမြန်လာမှာဖြစ်ပြီး ဗိုလ်ချုပ်ရာပြည့်မွေးနေ့ လှုပ်ရှားမှုမှာ အခုဆန္ဒပြမှုကို ထည့်သွားခဲ့တာလို့ ဆိုပါတယ်။
KAMAYUT MEDIA


ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲနဲ့ အဲ့ဒီစနစ်ကို ကျင့်သုံးမယ် ဆိုရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုရှင်းလင်းတဲ့ ဟောပြောပွဲတစ်ရပ်ကို လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ပီအာစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရာမှာ လူဦးရေ ၄၀၀ ကျော်လောက် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က လှိုင်သာယာမြို့ခံ ကိုပိုင်စိုးသက်က RFA ကိုပြောပါတယ်။

"ကျနော်တို့တင်ထားတာ တစ်ထောင်တင်ထားတယ်၊ အဝင်အထွက်ခန့်မှန်းရသလောက်တော့ ၄၀၀၊ ၅၀၀ လောက်တော့ရှိလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့အတွင်းထဲကလူတွေရော အပြင်ဘက်က ဝန်းရံနေတဲ့လူတွေရောအမြင်တွေပေါ့၊ ပညာရှင်တွေကလည်း ဟောပြောထားတယ်၊ ပီအာစနစ်က မကောင်းဘူးတော့မဟုတ်ဘူး ကျနော်တို့နိုင်ငံအနေနဲ့ ဒီပီအာစနစ်သုံးမယ်ဆိုရင်တော့ မသင့်တော်ဘူး၊ တိုင်းရင်းသားလူမျိုးကလည်း ၁၃၅ မျိုးရှိတယ်၊ တိုင်းရင်းသားတွေအပေါ်လည်း မသင့်တော်ဘူး ပြီးတော့ ပြည်သူတွေပေါ်မှာအခြေခံပြီးတော့ ဒီစနစ်ကလုပ်တာမဟုတ်တဲ့အတွက် ဒီပီအာစနစ်ကို ကန့်ကွက်ရတဲ့သဘောပါ"

ဆန္ဒပြလှုပ်ရှားသူတွေဟာ တရားမျှတမှုရှိစေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်ရေး အပြည့်အ၀ရရှိရေးတွေကို တောင်းဆိုခဲ့ကြသလို အာဏာရှင်အဟောင်းအသစ်များ အလိုမရှိ၊ ပီအာစနစ်အလိုမရှိ စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။

ဟောပြောပွဲအပြီးမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာ အာဏာရပါတီက စိတ်ကြိုက်ချယ်လှယ်မယ့် ပီအာစနစ်ကို ကျင့်သုံးခြင်းမပြုရေး နဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဒီအတောအတွင်း သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပီအာစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ ကြတဲ့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးခင်မောင်အေးနဲ့ ကိုသိန်းလှိုင်ထွန်းတို့ကို ကျောက်တံတား မြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီလို့ သတင်းရရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.