10/23/14


ဝါရှင်တန် အောက်တိုဘာ ၂၂

အိုင်အက်စ်စစ်သွေးကြွ အုပ်စုများ ကို တိုက်ခိုက်ရာတွင် ကာကွယ်ရေး အသုံးစရိတ် တစ်နေ့လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်း ကုန်ကျကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြော ကြားသည်။

အမေရိကန်အစိုးရသည် စစ်ရေး ပြင်ဆင်မှု၊ အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းဖြင့် တိုက်ခိုက် မှု စသည်တို့တွင် ရက်သတ္တ ၁ဝ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၂၄ သန်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ဟြေရေးဆိုခွင့်ရှိသူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အဒမ်ဂျွန် ကာဘီက အင်္ဂါနေ့တွင် သတင်း ထောက်များကို ဟြေကြားခဲ့သည်။

ဆီးရီးယားအစိုးရကို မငြိမ် မသက်ပြုလုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်က ဂျော်ဒန်နိုင်ငံတွင် စီအိုင် အေများက ပထမဆုံး လေ့ကျင့်ပေး ခဲ့သော အိုင်အက်စ်စစ်သွေးကြွများ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်မြေများကို ထိန်းချုပ်ထားခဲ့ ကြသည်။ အိုင်အက်စ်စစ်သွေးကြွများသည် ဇွန်လတွင် ၄င်း၏ တိုက် ခိုက်ရေးသမားများကို အီရတ်သို့ စေလွှတ်ခဲ့သည်။ ၄င်း အိုင်အက်စ်များ က နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသ တစ်ခွင်ကို လျင်မြန်စွာ သိမ်းပိုက်ခဲ့ ကြသည်။

ပင်တဂွန်၏အဆိုအရ သြဂုတ် လလယ်လောက်ကတည်းက အမေ ရိကန်စစ်လေယာဉ်များသည် အီရတ် ရှိ အိုင်အက်စ်စစ်သွေြး<ွကများကို အကြိမ် ၂၆ဝ ထက်မနည်း လေ ကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်ဟု ဆိုသည်။ အချို့ အနောက် နိုင်ငံများသည်လည်း အီရတ်ရှိ အခြားတိုက်ခိုက်မှုအချို့တွင် ပါဝင် ဆင်နွှဲလျက်ရှိသည်။ စက်တင်ဘာနှောင်းပိုင်းကတည်း က အမေရိကန်နှင့် ၄င်း၏အာရပ် မဟာမိတ်များဖြစ်သော ဆော်ဒီအာ ရေဗျ၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် စစ်သွေးကြွများကို လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။ ယခုလအစောပိုင်းက အမေရိ ကန် စစ်ဌာနချုပ်က ပင်တဂွန်သည် ရေကြောင်းတိုက်ခိုက်မှုနှင့် တွမ် ဟော့စ် နျူကလီးယားဒုံးကျည်တို့တွင် အမေရိကန်ဒေါ်လာ ၆၂ သန်းသုံးစွဲ ခဲ့ကြောင်း ဟြေခဲ့သည်။ (ပရက်စ်တီဗွီ) Myanmaalinn https://www.facebook.com/MYANMAALINNNEWS?fref=nf

ပါရမီ/အဓိပတိယာဉ်လိုင်းတွင် အသက်လျော်ကြေး ငါးသိန်းသာပေးရန် သတ်မှတ်ထားသည် ဟု တာဝန်ရှိ ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့ကြောင်း မကြာသေးမီက ၇မိုင် ကုန်းမြင့်သာ ရွှေယုန်လေး ကြေးအိုးဆိုင်အနီး လမ်းဖြတ်ကူးရန် စောင့်ရပ်နေသည့် အမျိုးသမီးငယ် ၂ ဦးကို အဓိပတိယာဉ်လိုင်းက ၀င်တိုက်ခဲ့မှုနှင့် ပတ်သက်ပြီး The Ladies မှ စုံစမ်းသိရှိရပါသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့် မရမ်းကုန်းမြို့နယ် ၆ လမ်း သွား ပြည်လမ်းမပေါ် တွင် မြောက်မှတောင်သို့ ယာဉ်မောင်း ခင်မောင်ဦး မောင်းနှင်လာသော 9 B / ++++ အဓိပတိ(အ၀ါ) ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ရွှေယုန်လေးကြေးအိုးဆိုင် အနီးတွင် အခြား ယာဉ်လိုင်းမှ ခရီသည်တင် ဘတ်စ်ကား တစ်စီးကို အရှိန်ဖြင့် ကျော်တက်ရာမှ လမ်းလယ်၌ လမ်းဖြတ်ကူးရန် ရပ်စောင့်နေသော အမျိုးသမီးငယ် ၂ ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ပေးခဲ့ရသည်ဟု မရမ်းကုန်းရဲစခန်းမှ သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ The Ladies သတင်းဂျာနယ်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး ၊ မရမ်းကုန်း ရဲစခန်းတို့သို့ စုံစမ်းမေးမြန်း ခဲ့ရာ သေဆုံးသူ မနှင်းပွင့်ကြည် အသက် (၁၉) နှစ် တွင် ဦးခေါင်းယာဘက်ချိုစောင်း ဖူးရောင်၊ ၀ဲနားစုတ်ပြဲ၊ ယာပါးပွန်း၊ ဆီးခုံစုတ်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ် ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွား ခဲ့ကြောင်းနှင့် မအေးအေးအောင် တွင် ၀ဲနားရွက် သွေးထွက်၊ ၀ဲခေါင်း နောက်စေ့ စုတ်ပြဲဒဏ်ရများ ရရှိကာ ရန်ကုန်မြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်းကို သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးပြီးချင်း ယာဉ်မောင်းသည် ဘတ်စ်ကားကို သုံးမှတ်တိုင်ခန့် မောင်းပြေးသွားခဲ့ရာ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ကိုယ်ပိုင် ကားတစ်စီးက တိုက်ပြေးသွားသည့် ကားနောက်သို့ ဖုန်းဖြင့် ဓာတ်ပုံလိုက်ရိုက်ပြီး လူတိုက်လိုက်ကြောင်းအော်ဟစ်ပြောဆိုသဖြင့် အဆိုပါ အဓိပတိ ယာဉ်မောင်းသည့် ဒရိုင်ဘာက ထွက်ပြေးပြီး စပယ်ယာနှင့် ခရီးသည်များသာ ကားပေါ်တွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

မနှင်းပွင့်ကြည်နှင့်မအေးအေးအောင်တို့ နှစ်ဦးသည်ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ မြို့နယ်မှ ရန်ကုန်တွင် အိမ်အကူဝန်ထမ်းများအဖြစ် လာရောက် အလုပ်လုပ်နေသူများဖြစ်ကြပြီး၊ သူမတို့နှစ်ဦးသည် ပြည်လမ်းပေါ်ရှိ စည်ပင်အမှိုက်ပုံးသို့ အမှိုက်သွန်ရန် ထွက်လာစဉ် ယခုကဲ့သို့ ဘတ်စ်ကား တိုက်ခံလိုက် ရခြင်းဖြစ်ကြောင်းသိရသည်။

အဓိပတိယာဉ်လိုင်းတာဝန်ရှိသူများက ၄င်းတို့ယာဉ်လိုင်းမှ လူတစ်ယောက်ကိုတိုက်မိ သေဆုံးပါက ကုမ္မဏီက ချမှတ်ထားသည့် မူဝါဒအရ လျော်ကြေးသည် ၅သိန်း သာဖြစ်သဖြင့် ၅သိန်း အထိသာ အလျော် ပေးနိုင်ကြောင်း မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သို့ မရမ်းကုန်းရဲစခန်းတွင် ပြောဆိုခဲ့ဟု သိရသည်။

“ ဖြစ်ဖြစ်ချင်း လိုက်သွားတာပဲ။ ကောင်မလေးတွေက ကျနော်တို့ ရပ်ကွက်ထဲက သူဌေးတစ်ဦးရဲ့ အိမ်မှာ လာပြီး အိမ်အကူ လုပ်နေကြတာပါ။ အိမ်ရှင်သူဌေးတွေ ကိုယ်တိုင် လည်း သိသိချင်း လိုက်လာပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရပ်ကွက်လူကြီးတွေမှာလည်း တာဝန်ရှိပါ တယ်။ ကျနော်တို့ ရပ်ကွက်ထဲမှာ အထည်ချုပ် အများအပြား ရှိနေတော့ နေ့စဉ် အထည်ချုပ်က ၀န်ထမ်းတွေရာနဲ့ ချီပြီး ဒီလမ်းကြီးကို လမ်းကူလမ်းလာ ပြုလုပ်နေရတဲ့ နေရာပါ။ နယ်က လာတဲ့ အထည်ချုပ် ၀န်ထမ်းလေးတွေ အတွက်ဆိုရင် ဒီလိုပဲ လိုက်ပြီး ဆောင်ရွတ်ပေးရပါတယ်။ သူတို့မှာ မိဘဆွေမျိုးက ရန်ကုန်မှာလဲ မရှိကျဘူးလေး။ အခုလို ယာဉ်ကို စည်းမဲ့ ကမ်းမဲ့ မောင်းပြီး လူတိုက်မိလိုက်တိုင်း ဒရိုင်ဘာ ထွက်ပြေးတယ် ဆိုတဲ့ အဖြစ်တွေက ဒီ ပြည်လမ်းမကြီးပေါ်မှာ ကျနော်တို့ ကြား နေကျ တွေလို ဖြစ်နေပါပြီ" ဟု ယာဉ်မောင်း ထွက်ပြေးခဲ့မှုနှင့် ပတ်သက်၍ မရမ်းကုန်း(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

လူအသက်သေဆုံး ဒဏ်ရာရရှိအောင် ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး ထွက် ပြေးသွားသူ ဦးခင်မောင်ဦးကို အရေးယူပေးရန် ဒုရဲအုပ်မျိုးမြင့်ထွန်း၊ ယာဉ်ထိန်း တပ်ဖွဲ့စု ၁၅ ၊ မရမ်းကုန်းမြို့နယ်၏ တရားလိုပြုတိုင်တန်းမှုအား မရမ်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၀၆ /၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ပြီး တရားလိုအမှုစစ်က ယာဉ်မဆင်မ ခြင်မောင်း၍ ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားခံ ယာဉ်မောင်းကို ဖမ်းဆီးရမိ ပြီဖြစ်ကြောင်း မရမ်းကုန်းရဲစခန်းမှ သိရှိရသည်။

ပါရမီ၊ အဓိပတိယာဉ်လိုင်းမှ ယာဉ်မောင်းများ ယာဉ်တိုက်မှုတွင် လူသေ (သို့) ဒဏ်ရာရစေပါက လိုင်စင်တစ်နှစ် ပိတ်သိမ်းကြောင်း၊ ယာဉ်မောင်းများ ကိုလည်း နေ့စား (သို့) ခေါက်ရေဖြင့်သာ ခန့်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မိန်းခလေးနှစ်ဦး အလုပ်လုပ်ကိုင်နေသည့် အိမ်မှ အိမ်ရှင်တစ်ဦးအား မရမ်းကုန်း ရဲစခန်းတွင် မေးမြန်းခဲ့ရာ "စည်းကမ်းမဲ့မှုတွေ တာဝန်ယူ စိတ်ကင်းမဲ့ မှုတွေ မဖြစ်စေ ချင်ဘူး။ ဆေးရုံပေါ်က တစ်ယောက်ကို တော့ အသက်လုနိုင် ခဲ့တယ် ။ Public Transport လုပ်နေကြတဲ့ လုပ်ငန်းတွေ ပိုင်ရှင်တွေ တာဝန် ယူမှု တာဝန်ခံမှုတွေက နည်းလွန်းပါတယ်။ ရန်ကုန်မှာတောင် တရားဥပဒေ စိုးမိုးရေး ကလည်း နည်းလွန်းပါတယ်။ ဒီလို ခေါက်ပြန်နေ့စား ဘတ်စ် ဒရိုင်ဘာတွေ ကြောင့် ပြည်သူတွေ ကားလမ်းပေါ်မှာ အသက် အန္တရာယ် စိန်ခေါ်မှုတွေ ကို နေ့စဉ် ရက်ဆက်ကြုံနေရဦးမှာပဲ။ ကိုယ်တိုင်ကတော့ အလုပ်ရှင်လည်း ဖြစ်တဲ့အတွက် အစစ အရာရာ ဆွမ်းသွတ်ပရိတ်ရွတ်တဲ့ အထိ ကောင်းမှုပြုပေးတဲ့အထိ အားလုံးကို တာဝန်ယူ ပါတယ်။ မသေဘဲ ကျန်ခဲ့တဲ့ ကလေးမ က ဘယ်အခြေအနေ အထိပဲ ကောင်းနိုင်မယ် ဆိုတာ သေချာမသိသေးပါဘူး ။ သူ့ခေါင်းမှာ စပေါ့အလုံးလေးရှိနေတယ်လို့ ဆရာဝန် ကပြော ပါတယ် ။ သူပြန်ကောင်းလာဖို့လည်း လုပ်ပေးရဦးမယ်။ ယာဉ်လိုင်းကို သေဆုံးသူအတွက် မျှမျှ တတ လျော်ကြေးပေးစေချင်တယ် ဆိုတာကလည်း ကျန်ရစ်တဲ့ မိအိုဖအိုတွေ အတွက် ပါပဲ။ လျော်ကြေးက သူတို့ သမီးကို အသက်ပြန်ရှင်လာအောင် လုပ်လို့ မရနိုင်ပါဘူး။ အခု ကတော့ လူ့ အသက်တစ်ချောင်းက တိုက်သွားတဲ့ ကားရဲ့ တန်ဖိုးလောက်တောင် မရှိဘူး ဆိုတဲ့ သဘောဖြစ်နေတာပေါ့။ သူတို့ မိသားစုမှာလည်း လုပ်ကျွေးနေတဲ့ သမီး တစ်ယောက် လျော့ သွားတော့ စိတ်အားငယ်နေကြတာပေါ့။” ဟု ပြောကြားခဲ့သည်။

တည်ဆဲမော်တော်ယာဉ်ဥပဒေသည် ခေတ်ကာလနှင့်မလျော်ညီတော့သော်လည်း ဥပဒေက ခွင့်ပြုထားသည့် ငွေဒဏ်၊ ထောင်ဒဏ် ထက်ပိုကာ တရားစီရင်၍မရကြောင်း၊ လက်ရှိ အချိန် တွင် ငွေဒဏ်အပြင် မော်တော်ယာဉ်လိုင်စင်ကို အကန့် အသတ်မရှိ ပိတ်သိမ်းသည့် စနစ်ကို ပါ ပေါင်းစပ်ကျင့်သုံးလျက်ရှိသည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး မျိုးမြင့်အောင်က အောက်တိုဘာ ၁၀ ရက် ယာဉ်ထိန်းတပ်ဖွဲ့ရုံး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ ခုနှစ် နည်းဥပဒေတွေမှာ ထောင်ဒဏ် ငွေဒဏ် နည်းတဲ့ အတွက် စည်းကမ်းပိုချိုးဖောက်တာမျိုးတွေ ရှိလာတယ်”ဟု ဒုတိယ ရဲမှူးကြီး မျိုးမြင့်အောင်က ပြောကြားခဲ့သည်။

သတင်း + ဓါတ်ပုံ - KSS

- အဆိုပါ လူတိုက်မှု ဖြစ်ပွားခဲ့သည့် ပါရမီ/အဓိပတိ ဘက်စ်ကားအား မရမ်းကုန်း ရဲစခန်းရှေ့တွင် သက်သေခံပစ္စည်းအဖြစ် တွေ့ရစဉ်

- သေဆုံးသူနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးငယ် ၂ ဦး

The Ladies News Journal


ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးတဝိုက် လက်နက်အပြည့်အစုံနဲ့ နေရာယူထားတဲ့ ကနေဒါလုံခြုံရေးတပ်ဖွဲ့။
ကနေဒါနိုင်ငံ အမျိုးသားစစ်ဗိမာန်မှာ အစောင့်စစ်သားတဦး ပစ်ခတ်ခံရပြီး တဲ့နောက်၊ သေနတ်သမားတွေဟာ အနီးအနားမှာရှိတဲ့ ကနေဒါ လွှတ်တော်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကနေဒါလွှတ်တော်ကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီးနောက် အနီးတ၀ိုက်မှာ လက်နက်အပြည့်အစုံနဲ့ ကနေဒါ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားပါတယ်။

ကနေဒါဝန်ကြီးချုပ်ကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားပြီး၊ ဘေးကင်း လုံခြုံစွာရှိတယ်လို့ ပြောခွင့်ရသူတွေက ပြောပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတဦး ကိုတော့ ဆေးရုံကို ပို့ထားရပြီး၊ အခြေအနေ မသိရသေးပါဘူး။ တနေ့ကပဲ ကနေဒါနိုင်ငံ Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာပြောင်းသူတဦးက ကားနဲ့ ကနေဒါ စစ်သားနှစ်ဦး ကို ၀င်တိုက်တာကြောင့် စစ်သားတဦး သေဆုံးခဲ့ရပါတယ်။
VOA
http://burmese.voanews.com/content/article/2492429.html

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ( ၂ ) က ဧရာဝတီ ဆန်နီ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ၇ဝဝ ကျော်ဟာ လုပ်ခလစာတွက်ချက်တာနဲ့ အချိန်ပိုဆင်းခိုင်းတာကို အလုပ်ရှင်ဖက်က ဖြေရှင်းပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အလုပ်သမားတွေကို ကြိုတင်သတိပေးတာမရှိဘဲ အလုပ်ထုတ်နေတာတွေနဲ့ အခြေခံလစာအပြင် ချုပ်နိုင်တဲ့ အထည်အရေအတွက်အပေါ် မူတည်ပြီး တွက်ချက်မပေးတော့တဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမတစ်ဦးက ပြောပါတယ်။

"စာချုပ်တွေထဲမှာ ပေးထားတယ်၊ အော်ဒါကို ကျမတို့က ကပ်ကြေးတွေနဲ့ ညှပ်ပစ်လို့ နောက်တစ်ယောက်နဲ့တစ်ယောက် အလုပ်ထဲမှာ အခြေအတင်ရန်ဖြစ်မှ ထုတ်ပိုင်ခွင့်ရှိတယ်၊ အဲ့စည်းကမ်းချက်တွေနဲ့ မကိုက်ညီပဲ အလုပ်ထုတ်တယ်၊ အဲဒီ့ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြတယ်၊ လစာနဲ့ပတ်သက်လို့ ဆန္ဒပြတယ်၊ နောက်ကျမတို့မှာ နှစ်ကြေးဆိုတာမရှိဘူး၊ တခြားစက်ရုံတွေမှာ တစ်နှစ်ပြည့်ရင် ၁ဝ ရက် ပျက်ပိုင်ခွင့်ရှိတယ်၊ အဲ့ ၁ဝ ရက် မပျက်ဘူးဆိုရင် နှစ်ကြေးဆိုတာလာတယ်၊ ကျမတို့ ၃ နှစ်ကျော်ပြီလုပ်လာတာ၊ နှစ်ကြေးဆိုတာမရှိဘူး၊ သင်္ကြန်မှာ ဆုကြေးဆိုတာလည်းမရှိဘူး၊ ဒါပေမဲ့ မပြောပါဘူး၊ အခုဟာက တော်တော်လေးဆိုးလို့ ဆန္ဒပြတာ"

ဆန္ဒပြအလုပ်သမားတွေက အရင်ကလို ချုပ်နိုင်တဲ့ အထည်အရေအတွက်ပေါ်မူတည်ပြီး အထည်ကြေးကို တွက်ချက်ပေးဖို့၊ အပြစ်မရှိပဲ အလုပ်သမားတွေကို အလုပ်မထုတ်ဖို့၊ အလုပ်သမားတွေရဲ့ သဘောထားမပါပဲ အချိန်ပိုမဆင်းခိုင်းဖို့၊ လစာထုတ်ပေးတဲ့အခါ အခြေခံလစာနဲ့ တခြားလုပ်အားခတွေ ဘယ်လောက်ရတယ်ဆိုတာ ခွဲခြားသတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။

ဒီနေ့ အလုပ်ရှင်နဲ့ ညှိနှိုင်းရာမှာ အဆင်ပြေမှု မရသေးဘဲ အလုပ်သမားတွေက ဆက်လက်ဆန္ဒပြမယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၈ဝဝ နီးပါးရှိပြီး အလုပ်သမား ၇ဝဝ ကျော်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၁) မှာရှိတဲ့ ရွှေသဇင်ဆပ်ပြာစက်ရုံက အလုပ်သမား ၁၀၀ နီးပါးဟာ သတ်မှတ်ထားတဲ့ တာဝန်အတိုင်းပဲ ခိုင်းစေဖို့နဲ့ လုပ်ငန်းခွင်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

သတ်မှတ်ထားတဲ့ တာဝန်အပြင် တခြားအလုပ်တွေပါ ခိုင်းစေခံနေရတယ်လို့ ဆန္ဒပြအလုပ်သမား မထက်ထက်အောင်က ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုတဲ့အချက် ၁၄ ချက်ထဲမှာ အမျိုးသမီးဝန်ထမ်းတွေကို မနိုင်ဝန်ခိုင်းစေတာရပ်တန့်ဖို့၊ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နဲ့ ဆေးခွင့်တွေပေးဖို့စတာတွေ ပါဝင်ပါတယ်။ အဲဒီအချက်အားလုံးကို လိုက်လျောပေးတဲ့အထိ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမှာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

၂၀၀၉ခုနှစ်၏ နွေသည် ပူပြင်းလွန်းလှ၏။ မြန်မာပြည် မြောက်ပိုင်းမြို့တော် ဆိုသော်လည်း မြစ်ကြီးနားက မအေး။ ဆောင်းမှာလည်းပူ။ နွေမှာလည်း အိုက်။ အုပ်တိုက်သွပ်မိုးခန်းထဲမှာ လေအ၀င်အထွက် မရှိပြန်တော့ နေရခက်သော နွေလများလို့ ကင်ပွန်းတပ်ချင်သည်။ အကျဉ်းသား တစ်ယောက် အတွက် ရွေးစရာ မရှိ၊ ဒီနေရာမှာ မနေချင်လည်း နေရမည်သာ။ အပူဒဏ်ကို အံတုရုံမှတပါး အခြားမရှိချေ။

ဒီအပူတွေထက်ဆိုးသော အပူလှိုင်းက ရိုင်းစိုင်းစွာ ၀င်နှောက်လိုက်တော့၏။ ကျွန်တော့အမေ ဆုံးပြီ။ မေမေသည် သားသုံးယောက်ကို လူလားမြောက်အောင် မွေးထုတ်ပေးခဲ့သလို သားတွေ နိုင်ငံရေးလုပ်တော့ မငြီးငြူစတမ်း ထောင်ဝင်စာ အထုပ်ကိုထမ်းပြီး နောက်ကလိုက်ခဲ့သူ။ ပြီးတော့ ဘယ်သူလာခြောက်ခြောက် ဘယ်ရဲနဲ့ တွေ့တွေ့။ ဘယ်ထောက်လှမ်းရေးနဲ့တွေ့တွေ့ ဘိန်းစားပြီး ထောင်ထဲသွားတာ မဟုတ်တဲ့ သားတွေအတွက် ဂုဏ်ယူတယ်လို့ တဖွဖွပြောတတ်သူ။ ထောင်ဝင်စာ တွေ့သည့် အခန်းမှာ စကားပြောတာတွေကို မှတ်တမ်းလိုက်တင် နေသူတွေရဲ့ ရှေ့မှာပင် အစိုးရ အသုံးမကျတာတွေကို ရဲရဲရင့်ရင့် ပြောတတ်သူ။ ထောင်တာဝန်ရှိသူတွေက လာတားတော့လည်း မကျေနပ်ရင် သူ့ကိုပါ ထောင်ထဲ ထည့်လိုက်၊ သားတွေနဲ့အတူနေရတော့ ပိုကောင်းတယ်လို့ ပက်ကနဲ တုန့်ပြန်တတ်သူ။ ခုတော့ဖြင့် မေမေဆုံးပြီ။ သားသုံးယောက်ထဲမှာ ကျွန်တော့ကို အချစ်ဆုံး။ အားအထားဆုံး။ ကျွန်တော်ကလည်း မိဘစကား နားမထောင်ဆုံး။ မေမေက ကျွန်တော့ကို ဆရာဝန် ဖြစ်စေချင်သည်။ ကျွန်တော်က ဆရာဝန် ဘွဲ့လက်မှတ်ကို မေမေ့လက်ထဲ ထည့်ပေးပြီး လူပြက်အလုပ်ကို ရွေးချယ်ခဲ့၏။ ကျွန်တော့အကိုကြီး ၁၉၇၇ခုနှစ်မှာ ထောင်ကျတော့ မေမေနဲ့ကျွန်တော် အင်းစိန်ထောင်ကို တစ်ပတ် တစ်ခါ သွားရသည်။ ခုလိုတံတားကြီး မထိုးရသေးတော့ အင်းစိန် ဘူတာရှေ့က နံပါတ်ရှစ် ကားဂိတ်ဆုံးမှာ ဆင်းပြီး တွဲဘက်ထောင် အရောက် လမ်းလျှောက်သွားရသည်။ ပူလိုက်သည့်နေ။ မေမေက သူ့လက်စွဲတော် ရှန်တဘက် နီနီလေးကို ခေါင်းပေါ်ဆောင်းရင်း အမှတ်တရ ပြောပြသည်။ ကျွန်တော့အကိုကြီးကို မမွေးခင် ကိုယ်ဝန်ရှိစက မေမေအိပ်မက် မက်ဖူးသည်။ အိပ်မက်ထဲမှာ မေမေက ခြင်ထောင်ထဲ ငုတ်တုပ်ထိုင်ပြီး ထီးဆောင်းနေရသည်တဲ့။ ဗေဒင်ယုံသော ဖေဖေက ဗေဒင်ဆရာတွေကို လိုက်မေးတော့ မွေးလာမည့် သားရတနာကား လွန်စွာ ဘုန်းတန်ခိုးကြီးသဖြင့် သူ့ဘုန်းရှိန် ကံရှိန်ကို မိဘတို့ပင်လျင် မခံနိုင်ဟု ဟောပြောခဲ့ကြ၏။ ကျွန်တော့ အကိုကြီး၏ ဘုန်းက မည်မျှကြီးမည်မသိ။ ခုတော့ မေမေ့မှာ ကိုကိုကြီး၏ ဘုန်းရှိန်ကံရှိန်ကြောင့် နေပူကျဲကျဲမှာ ရှန်တဘက် ဆောင်းပြီး ကုန်းကြောင်း လျှောက်နေရပြီဟု မေမေက ရယ်စရာပြောသည်။ ဒီလို အရယ်ဓာတ်ခံ ရှိလို့လည်း မေမေသည် လောကဓံကို ခံနိုင်ပုံပေါက်၏။ ခုတော့ သားတွေကို ထောင်ဝင်စာ လိုက်တွေ့ပြီး အစိုးရကို အာခံသော သားတိုင်းအတွက် ဂုဏ်ယူခဲ့သည့် မေမေ ကွယ်လွန်ချေပြီ။ သို့သော် မေမေ့ရုပ်အလောင်းကို ကျွန်တော် တွေ့ခွင့်မရ မြင်ခွင့်မရ။ မိခင်၏ နောက်ဆုံး ခရီးကိုလည်း ပို့ခွင့်မရ။ ယုတ်စွအဆုံး မေမေ့ ရုပ်ကလာပ်ကို မှတ်တမ်းတင်ထားသည့် ဓါတ်ပုံကိုပင်လျင် ထောင်ထဲသွင်းခွင့် မပေးခဲ့သဖြင့် ကျွန်တော်မမြင်ခဲ့ရ။ ပသို့ဆိုစေ သားကိုချစ်သော အမေ့ကို၊ အမေ ချစ်သော သားခမျာ ကန်တော့ခွင့်လေးမှ မရခဲ့။

ကျွန်တော်က အနာတပြပြ လုပ်တတ်သူမဟုတ်။ ၁၉၈၈၊ ၁၉၉၀။ ၂၀၀၇။ ၂၀၀၈။ ထောင်ထဲ လေးကြိမ် ရောက်ခဲ့သည်။ ရောက်တိုင်းလည်း ပြသနာမျိုးစုံ တွေ့ကြုံရသည်။ ၁၉၈၈ နှင့် ၁၉၉၀ တုန်းက တပ်မတော် ထောက်လှမ်းရေး လက်ထက်၊ ၂၀၀၇ နှင့် ၂၀၀၈ ကတော့ သတင်းတပ်ဖွဲ့ လက်ထက်။ အတိုချုပ်ရလျှင် ညစ်တာချင်းကတော့ တစ်မျိုးစီ။ ဘယ်ဟာကမှ မကောင်းခဲ့။ ဒါ့ကြောင့်လဲ ခွင့်လွှတ်သည် မေ့လို့မရ ကျွန်တော် ပြောလေ့ရှိခဲ့၏။ မျက်လုံးတစ်စုံ အတွက် မျက်လုံးအစား တောင်းသောစိတ် ကျွန်တော့မှာ စိုးစဉ်းငယ်မျှမရှိ။ တစ်ချို့ကတော့ တောင်းပန်မှ ခွင့်လွှတ်မည်ဆို၏။ သူ့အယူအဆနှင့် သူဖြစ်သည်။

ကျွန်တော့ မိတ်ဆွေတစ်ဦး ဖြစ်သော ကိုသက်ဇော် (ခေါ်) ဇော်သက်ထွေး၏ ဖြစ်ရပ်ကလည်း စိတ်နှလုံး ထိခိုက်စရာ။ တောင်ငူထောင် ရောက်နေသော ဇော်သက်ထွေးကို သူ့အဖေက ထောင်ဝင်စာ လာတွေ့၏။ ရာသီအေးလျှင် အာသီးယောင်တတ်သော သားအတွက် သူ့အဖေက မာဖလာ၊ အနွေးထည်၊ ရှူဆေးနှင့် ပင်နီဆလင် စားဆေးတွေပေးတော့ ကိုသက်ဇော်က အဖေ ကျန်းမာရေး ဂရုစိုက်ဦးလို့ ပြောတော့ ငါက နောက်ဆယ်နှစ်အထိ မသေနိုင်သေးဘူးဟု ပြောခဲ့သေးသည်။ သို့သော် ထောင်ဝင်စာတွေ့ပြီး တစ်လအကြာ ကိုသက်ဇော်ရဲ့ အဖေ ဦးကိုလေး ကွယ်လွန်သွားခဲ့၏။ ထောက်လှမ်းရေးက တားမြစ်ထားသဖြင့် ကိုသက်ဇော်ခမျာ သူ့အဖေသေဆုံး သွားတာကို မသိခဲ့။ ထောင်ဝင်စာ မလာနိုင်သော အဖေကို ဒီလောက်တောင်မှ ဘာအလုပ်တွေ အရေးကြီးနေရတာလဲဟု တဗျစ်တောက်တောက် ပြောရင်း ဒေါပွခဲ့ရရှာသည်။ သူ့အမေနှင့် ညီမတွေကတော့ ကျိတ်ငိုခဲ့ရသည့် ရက်ပေါင်းများစွာ။ ကိုသက်ဇော် မင်းဘူး ပြန်ရောက်တော့မှ သူ့အဖေ ဆုံးတာကို သိရရှာတော့၏။ သူ့မှာငိုဖို့တောင် အင်အား မရှိခဲ့တော့ချေ။ အဖေ့အပေါ် အထင်လွဲခဲ့သမျှ ဖြေဆည်မရရှာ။

သုံးရောင်ခြယ် အဖွဲ့က ကျွန်တော့ညီငယ်လို ဖြစ်နေသော မြတ်စံကလည်း ဒီအတိုင်းပင်။ မြစ်ကြီးနား ထောင်သို့ သူ့အိမ်က လာမတွေ့နိုင်။ ကျန်းမာရေး မကောင်းသော အမေ့ကို သူ့ညီမ အပျိုကြီးက အလုပ်တစ်ဖက်နှင့် ပြုစုနေရရှာသည်။ သူ့အဖေ အိပ်ယာထဲလဲတော့ သူမသိ၊ သူ့အဖေမှာ ကင်ဆာရောဂါ စွဲကပ်နေပြီ ဆိုတော့ ညီမဖြစ်သူက ထောင်ထဲမှ သူ့အစ်ကိုဆီ အကြောင်းမကြားရက်။ မြတ်စံကတော့ အဖေချစ်သားပီပီ နှစ်ပတ်တစ်ခါ သူ့အဖေဆီ စာရေးရှာသည်။ ညီမလုပ်သူက အစ်ကို စိတ်ချမ်းသာအောင် သူ့ အဖေက ပေးခိုင်းတာဆိုပြီး တီရှပ်ကလေး၊ မာဖလာလေး ပို့ပေးရှာသည်။ ပြီးတော့ အဖေ့လက်နာ နေသည်ဆိုပြီး အဖေက ပါးစပ်က ပြောတာကို ညီမက လက်ကရေးသည့်စာ မြတ်စံဆီ အရောက်ပို့ပေးသည်။ ကျွန်တော် မှတ်မိနေသေး၏။ သားမောင်မြတ်စံ အဖေ ပြောပြောလေ့ရှိတဲ့ အသက်ကို ဥာဏ်စောင့်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့နဲ့ နော်တဲ့။ သူ့အဖေက ထိုသို့မှာသည်။ သူ့အဖေစာကို အသံထွက် ဖတ်ပြရင်း၊ မြတ်စံမှာ မျက်ရည် အ၀ဲသား။ ထိုအချိန်မှာပဲ သူ့အဖေကတော့ ကွယ်လွန်သွားခဲ့ချေပြီ။ သို့သော် သူမသိ၊ ကျွန် တော်တို့လဲ မသိ။

ဘိုကလေးက သီဟသက်ဇင်၏ အဖြစ်ကတော့ ပိုကြေကွဲစရာ။ ထောင်ထဲ ရောက်ပြီးလို့ ခြောက်လလောက် အကြာမှ သူ့အိမ်ကသူ အင်းစိန်ထောင် ရောက်နေတယ်လို့ သတင်းရသွားသည်။ ဟုတ်မဟုတ် သတင်းစုံစမ်းဖို့ သူ့မိန်းမက ရန်ကုန်ကို တက်လာသည်။ သူတို့၏ တစ်ဦးထဲသော သားလေးကို အဖိုးအဖွားဆီ ခဏအပ်ပြီး အင်းစိန်ထောင်သို့ ရောက်လာခဲ့ သော်လည်း ထောင်က ရဲကိုလွှဲ၊ ရဲက တပ်ကိုပြန်လွှဲနှင့် တိတိကျကျ ဘာသတင်းမှမရ။ ဒီအချိန်မှာပဲ နာဂစ် မုန်တိုင်းကြီးက တိုက်ချလိုက်တော့၏။ ဒီမုန်တိုင်းထဲမှာပင် သီဟသက်ဇင်၏ အဖေရော အမေရော၊ တစ်ဦးထဲသော သားကလေးပါ ကွယ်လွန်သွားခဲ့ရှာသည်။ ဒါတွေကို သီဟသက်ဇင်ခမျာ သိခွင့်မရခဲ့။ သူ့ကို မြစ်ကြီးနား ထောင်သို့ ပို့လိုက်ကြလေပြီ။

ဒီလို အဖြစ်မျိုးတွေ ထောင်အုပ်ရိုးမှာ အများကြီးရှိသည်။ ကျွန်တော်ပင်လျှင် အဖေရော အမေပါ ကွယ်လွန်ခဲ့တာကို တွေ့ခွင့်မကြုံခဲ့ရ။ လူတစ်ယောက် အနေဖြင့် ခံစားချက် ရှိပါသည်။ နာကျည်းတတ်ပါသည်။ သို့သော် ကိုယ့်လိုသူများတွေကို မဖြစ်စေချင်ပါ။ မကြုံစေချင်ပါ။ ဖြစ်နိုင်လျှင် ဒီလို ဇာတ်လမ်းမျိုးတွေ နားမထောင်ချင် မကြားချင်တော့ပါ။

ဒါ့ကြောင့် သမ္မတကြီးကို မေတ္တာရပ်ခံပါသည်။ မိဖနဲ့ သားသမီးတို့ကို ပြန်တွေ့ပေးလိုက်ပါ။ နှောင်းသွားမှ ဆိုတာမျိုးဖြင့် သမ္မတကြီး နောင်တရသွားတာမျိုး မကြုံစေချင်ပါ။ တကယ်တမ်းဆိုလျင် ကျွန်တော်က တပ်မတော် ထောက်လှမ်းရေးတွေ အတွက် သမ္မတကြီးကို မဲဆွယ် တရားဟော နေရတာကိုက သဘာဝမကျလှပါ။ သို့သော် လူသားချင်း ငဲ့ညှာသော စိတ်ဖြင့် တင်ပြနေခြင်း သက်သက်ပါ။ ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် လုံလောက်နေပါပြီ။ သူတို့မိဖတွေပင်လျှင် အိပ်ယာထက် လဲနေကြရှာပါပြီ။ ၂၀၁၅မှာ သမ္မတ ပြန်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ မိသားစုတွေ ပြန်ဆုံတွေ့ခွင့် ပေးလိုက်သည့် ကုသိုလ်သည်ကား အမြတ်ဆုံးကုသိုလ် ဖြစ်ပါလိမ့်မည်။

(ပူးတွဲပါ ဓါတ်ပုံကတော့ ကိုနေစိုး ၏ဖခင်ကြီးဖြစ်ပါသည်။သမ္မတကြီး ကောင်းကောင်း သိလိမ့်မည်ဟု ကျွန်တော်ယုံ ကြည်ပါသည်။)

မောင်သူရ
Tomorrow news journal
http://www.tomorrow.com.mm/?q=articles/1030



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)နဲ့ (ခ)ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီတချို့က ပြင်ဆင်ဖို့ အကြံပြု ထားပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက မူလအတိုင်းသာ ထားရှိဖို့ အကြံပြု ထားတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အ ထည်ဖော်မှု ကော်မတီက ပြည်ထောင်စု လွှတ်တော်ကို ဒီနေ့တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီဆီကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အကြံပြုချက်တွေကို ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက တင်ပြခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကော်မတီထံ အကြံပြုထားတာတွေကို ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးစံပြည်က အခုလိုတင်ပြခဲ့ပါတယ်။

"ပုဒ်မ ၄၃၆(က) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် အကြံပြုထားပါတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်နဲ့ နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျှက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ စပ်လျဉ်းပြီး ပြည်သူများနဲ့ ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေအချိန်အခါနဲ့ လိုက်လျော်ညီထွေစွာ တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း အကြံပြုထားပါတယ်၊ NLD၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ NDF နဲ့ ကျန်ကော်မတီဝင်များက ပြင်ဆင်ရန် အသီးအသီးအကြံပြုထားကြပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ပုဒ်မပေါင်း ၂၁၀ ခုနဲ့ ဇယား ၅ ခုက အပိုဒ် ၂၃ ခုတို့ကို ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က တမ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို မပြင်ဆင်သင့်ကြောင်း အကြံပြုထားပေးမယ့် ပြင်ဆင်သင့်တယ်ဆိုတဲ့ တခြားပုဒ်မတချို့ကို သဘောတူလက်ခံထားတာတွေရှိတယ်လို့ ပြောပါတယ်။

"မူလအတိုင်း တပ်ကထားမယ်လို့ ဒါပြောတာ၊ ဒါတပ်ကတော့ သူ့ဆန္ဒ၊ တကယ်တမ်း ဒီလွှတ်တော်ကြီးထဲမှာ ဆွေးနွေးတဲ့အခါမှာ ဘယ်လိုလာဦးမယ်ဆိုတာ မသိသေးဘူး၊ ၄၃၆ ကို တပ်က မူလအတိုင်းထားမယ်လို့ပြောဦး ပြင်ဆင်မယ့် ဥပဒေပုဒ်မ ၄၅ဝ ထဲက ၂၁ဝ ပြင်ဆင်မယ်၊ ပယ်ဖျက်မယ် ပြောထားတာတွေရှိတယ်လေ၊ အဲ့အပိုဒ်အတွက်ပဲပြောတာ၊ ၄၃၆(က)နဲ့(ခ)ကိုပဲ မူလအတိုင်းထားချင်တယ်၊ သို့သော်လည်းပဲ ဒီအထဲမှာ တပ်မတော်ကနေပြီးတော့ သဘောတူတာတွေလည်း ဒီအပိုဒ်တွေထဲမှာရှိပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စက်တင်ဘာလအထိ အစည်းအဝေးပေါင်း ၄၆ ကြိမ် ကျင်းပပြီးနောက် ဒီအစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ဟောင်ကောင်မှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အပေါ် အုပ်ချုပ်ရေးမှူး စီဝိုင်လုန်ရဲ့ ရပ်တည်ချက်ကို မကျေနပ်လို့ ဒီမိုကရေစီရေး ဆန္ဒပြသူ ၂၀၀ လောက်က စီဝိုင်လုန် နေထိုင်ရာ အစိုးရ အိမ်တော်ကို ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

စီဝိုင်လုန်ရဲ့ အင်တာဗျူး တစ်ခုထဲမှာ ဆင်းရဲသား တွေကို နိုင်ငံရေး ကိစ္စတွေ အပေါ် အလွန်အမင်း လွှမ်းမိုး ခြယ်လှယ်ခွင့် မပြုသင့်ဘူးလို့ ပြောခဲ့တဲ့ စကားကိုလည်း ဆန္ဒပြ သမားတွေက ဒေါသ ထွက်နေကြ ပါတယ်။

ဟောင်ကောင် အာဏာပိုင် တွေနဲ့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံ စကားပြော ခဲ့ကြပေမယ့် လမ်းတွေ ပေါ်မှာလည်း ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။

တရုတ် ပြည်မကြီး အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ ဟွာ ချူရင် ကတော့ ဟောင်ကောင်မှာ မြို့လယ်ကို သိမ်းပိုက်ထားတဲ့ လှုပ်ရှားမှု တွေဟာ တရားမဝင် ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ဒီအပြုအမူတွေ အပေါ် ဥပဒေနဲ့ အညီ ကိုင်တွယ်ပြီး တည်ငြိမ်မှု ရအောင် လုပ်ဆောင် နေတဲ့ ဟောင်ကောင် အစိုးရကို ထောက်ခံ အားပေးကြောင်း ပြောသွားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/10/141022_hong_kong_c_y_leung_house

  ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အာဏာပိုင်တွေ ဆွေးနွေးနေတာကို ဆန္ဒပြသူတွေက ဖန်သားပြင်ကြီးပေါ်ကနေ ကြည့်ရှုနားဆင် (Credit: Reuters)

ဟောင်ကောင်က ​ဆန္ဒပြခေါင်းဆောင်တွေနဲ့ ​အစိုးရ ​ကိုယ်စားလှယ်တွေ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပေမယ့် ​ထူးခြားတဲ့ ​ရလဒ်တွေ ​မရခဲ့ပါဘူး။

ဆန္ဒပြသူတွေဟာ ​လမ်းတွေကို ​ပိတ်ဆို့ပြီး ​သုံးပတ်ကြာ ​ဆက်တိုက်ဆန္ဒပြပြီးနောက် ​အစိုးရ ​ကိုယ်စားလှယ်နဲ့ ​တွေ့ဆုံခဲ့တာပါ။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ ​အစိုးရကိုယ်စားလှယ်တွေရဲ့ ​ဆွေးနွေးမှုကို ​ဆန္ဒပြသူတွေက ​ရုပ်မြင်သံကြား ​ဖန်သားပြင် ​အကြီးကြီးမှာ ​နှစ်နာရီကြာ ​ကြည့်ရှု ​နားထောင်ခဲ့ကြပေမယ့် ​ဘာရလဒ်မှ ​မရခဲ့ပါဘူး။

ဟောင်ကောင်အစိုးရဘက်က ​ညှိနှိုင်းရေးတာဝန်ခံ ​Carrie ​Lam ​က ​တော့ ​ဆန္ဒပြသူတွေက ​၂၀၁၇ ​ခုနှစ်မှာ ​သူတို့ ​ကြိုက်နှစ်သက်ရာ ​ခေါင်းဆောင်ကို ​ရွေးချယ်ဖို့ ​လိုလားပေမယ့် ​အဲဒီအချက်ကို ​အစိုးရဘက်က ​မလိုက်လျောနိုင်ခဲ့ဘူးလို့ ​ပြောသွားခဲ့ပါတယ်။

အစိုးရနဲ့ ​ဆွေးနွေးတဲ့ ​ပွဲမှာ ​ကျောင်းသားဘက်က ​တောင်းဆိုထားတာ ​မရပေမယ့်လည်း ​ကျောင်းသားတွေအနေနဲ့ ​သူတို့ရဲ့ ​လိုလားချက်ကို ​အစိုးရကိုယ်စားလှယ်တွေနဲ့ ​ယှဉ်တန်းပြီး ​အမြင်တွေကို ​တင်ပြနိုင်တာ ​ဖြစ်တယ်လို့ ​ကျောင်းသားတစ်ဦးက ​သုံးသပ်ပါတယ်။

အစိုးရဘက်ကလည်း ​နောက်နှောင်မှာ ​ခုလို ​ဆွေးနွေးမှုတွေ ​ထပ်လုပ်နိုင်ဖို့ ​မျှော်လင့်ကြောင်း ​ပြောထားပါတယ်။

အင်္ဂါညနေပိုင်းမှာ ​ပြုလုပ်တဲ့ ​ဆွေးနွေးပွဲကို ​ဟောင်ကောင် ​အုပ်ချုပ်ရေးမှူး ​မစ္စတာ ​Leung ​ကိုယ်တိုင် ​မတက်ရောက်ပဲ ​ကိုယ်စားလှယ် ​ငါးဦးကို ​စေလွှတ်ခဲ့တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-22/1381649



ဆီးရီးယားနှင့် အီရတ်နယ်မြေ များစွာကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ (IS) က အမျိုးသမီးငယ် တစ်ဦးကို ဖခင်ရင်း ဖြစ် သူ အပါအဝင် အမျိုးသား တစ်အုပ်က ဝိုင်း၍ ကျောက်ခဲဖြင့် ပေါက်သတ် နေသည့် ဗီဒီယိုကို ထုတ်လွှင့် ပြသ ခဲ့သည်။

ကျင်းအတွင်း ၀င်၍ ခဲဖြင့်ပေါက်ကာ အပြစ်ပေးခြင်းကို စောင့်မျှော်နေရသူ အမျိုးသမီး။ ဓာတ်ပုံ - Daily Mail

သွေးပျက်ဖွယ် ကောင်းသော ယင်းဖြစ်ရပ်သည် ဟာမာမြို့ အတွင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်က အမျိုးသမီးငယ်ကို လိင်ဖောက်ပြန်သည်ဟု ဟိန်းဟောက် ခြိမ်းခြောက် နေပုံ၊ အမျိုးသမီးက အသက်ချမ်းသာ ပေးရန် တောင်းပန် နေပုံတို့ ကို ရိုက်ကူး ပြသ ထားသည်။

ဆောက်တည်ရာ မရသည့် ယင်းအမျိုးသမီး ငယ်က ဖခင် ဖြစ်သူထံ ပြေးသွားကာ ခွင့်လွှတ်ပေး ပါရန် တောင်းပန်သည်။ သို့ သော် ဖခင်ရင်း ကိုယ်တိုင်က သမီး၏ အသနားခံ တောင်းပန်ခြင်းကို အေးစက်စွာ ဥပေက္ခာ ပြုလျက် ဘုရား အလိုတော်တိုင်း ဖြစ်သည်ဟု ပြောလိုက်သည်။ ထိုနောက် ဝိုင်းအုံ နေသည့် လူများထံ သမီးအား ကျောက်ခဲဖြင့် ပစ်ပေါက် အဆုံးစီရင်ရေး အတွက် အချက်ပြ လိုက်သည်။

ကူကယ်ရာမဲ့ အမျိုးသမီးကို ကျောက်ခဲများဖြင့် တရစပ် ပစ်ပေါက်၍ မိနစ် အနည်းငယ် အကြာတွင် ဖခင်ဖြစ်သူ ကိုယ်တိုင် ကျောက်ခဲကြီး တစ်လုံးမြောက်ကိုင်၍ သမီးရင်းကို ကိုယ်တိုင် ပစ်ပေါက် ခဲ့သည်ကို ယင်းဗီဒီယိုတွင် တွေ့ မြင်လိုက်ရ ပြီးနောက်တွင် ဗီဒီယိုလည်း ပြီးဆုံး သွားသည်။ ငါးမိနစ်စာခန့် ရှိသည့် ယင်း ခြောက်ခြားဖွယ် ဗီဒီယိုသည် အိုင်အက်စ် တို့ ၏ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ယမန်နေ့ နံနက်ပိုင်း က ထုတ်လွှင့် လာခြင်းဖြစ်သည်။

ဗီဒီယိုတွင် စစ်သွေးကြွ များက အမျိုးသမီးကို ကျေနပ် ပျော်ရွှင်ရမည် ဖြစ်ကြောင်း ပြောပုံ၊ မည်သည့် အတွက်ကြောင့် ဆိုသော် ဘုရားသခင် အမိန့် တော်တိုင်း ကျောက်ခဲဖြင့် ထုသတ်ခြင်းကို ခံယူခြင်း ကြောင့်ဖြစ်၍ အစ္စလာမ်မစ် ဥပဒေ အတိုင်း စီရင်သည့် အပြစ်ကို ကျေနပ်စွာ ခံယူသင့်သည်ဟု ပြောသည်။

အမျိုးသမီးအား ဘုရားသခင်ထံ အပြစ်ဝန်ခံဖို့ ဆန္ဒရှိလားနှင့် ကျောက်ခဲဖြင့် အဆုံးစီရင် ခံမည်လား ဟုလည်း မေးသည်။ အမျိုးသမီးက ဝန်ခံကြောင်းပြောကာ ဖခင်ခံသို့ ပြေးသွားကာ ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ "အဖေလို့  မခေါ်နဲ့"ဟု ယင်းဖခင်က တုံ့ ပြန်ခဲ့သည်။ ယင်းနောက်တွင် အဆိုပါ ဖခင်ရင်း ဖြစ်သူသည် IS တို့ဘက်သို့ သွားခဲ့သည်။ အမျိုးသမီးကို ဖခင်ရင်း ဖြစ်သူနှင့် အတူ စစ်သွေးကြွများက လည်ပင်းတွင် ကြိုးချည်တုပ်ကာ တွင်းတစ်တွင်း ဆီသို့ ဆွဲခေါ်သွား ခဲ့ပြီးနောက် ကျောက်ခဲများဖြင့် ပေါက်သတ် ကြခြင်း ဖြစ်သည်။ အကြီးဆုံး ကျောက်ခဲကို ကိုင်မြှောက်၍ ဖခင်ရင်း ကိုယ်တိုင် ထုသတ်လိုက်ချိန်တွင် ဗီဒီယိုက ပြတ်တောက် သွားခဲ့သည်။

ဆီးရီးယားနှင့် အီရတ်တို့ တွင် စိုးမိုး သောင်းကျန်း နေသည့် အိုင်အက်စ်တို့ လက်တွင်းက လိင်ကျေးကျွန် ဖြစ်နေသူ ရာဇီဒီ မျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦး၏ ဗီဒီယိုဖိုင် တစ်ခုတွင်လည်း အနောက်အုပ်စုအား IS တို့က ၎င်းတို့ ကို ဖမ်းထားကာ ပြည့်ဆန်ဆာ အဖြစ်ထား သည့် နေရာကို ဗုံးသာကြဲချပေးရန် တောင်းဆို ထားသည်။

ပြည့်တန်ဆာ အဖြစ်ဖြင့် IS တို့ကို ကာမ လုပ်ကျွေးပြုစု နေရသည့် ယင်းရာဇီဒီ အမျိုးသမီးက နာရီပိုင်း အတွင်းမှာပင် ၎င်းကို အကြိမ် ၃၀ ကျော်ခန့် အဓမ္မ ပြုကျင့်နေ ကြကြောင်း၊ IS အဖွဲ့ များ၏ အဓမ္မ ပြုကျင့်မှုကို အိမ်သာ သွားချိန်ပင် မရအောင် ခံစား နေရကြောင်း၊ ယင်းငရဲဒုက္ခမှ လွတ်မြောက်ရန် ကိုယ်ကိုကိုသာ အဆုံးစီရင်ဖို့ ကြံစည် မိကြောင်း ပြောထားသည်။
Ref: Daily Mail
http://mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/30774-is


ပြည် (မဇ္ဈိမ) ။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် ဆွေးနွေးကြရန် ABSDF ရဲဘော်ဟောင်း တစ်ဦးက ပဲခူးတိုင်း ပြည်မြို့တွင် အောက်တိုဘာ ၂၂ ရက်က တစ်ကိုယ်တော် လမ်းလျှောက်ကာ ဆန္ဒပြခဲ့သည်။

လေးပွင့်ဆိုင် တွေ့ဆုံပွဲဖြစ်မြောက်ရန် ပြည်မြို့အတွင်း အောက်တိုဘာ ၂၂ ရက်က လှည့်လည်ဆန္ဒပြသည့် ABSDF ရဲဘော်ဟောင်း ကိုဇော်မြင့်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)

“ပုဂ္ဂိုလ်ခင်မှတရားမင်မယ်။ ပုဂ္ဂိုလ်ခင်တဲ့လူ ဦးဆောင်မှ ဒီပြည်တွင်းငြိမ်းချမ်းရေးနဲ့ အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်။ ဒါကြောင့်ပုဂ္ဂိုလ်ခင်တဲ့လူတွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ပြီး လေးဦးလေးဖလှယ် ဆွေးနွေးကြဖို့ တောင်းဆိုတာပါ” ဟု ဆန္ဒပြ ABSDF တပ်သားဟောင်း ကိုဇော်မြင့်ကပြောသည်။

တစ်ကိုယ်တော် ဆန္ဒပြခြင်းကို ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ထွက်ခွာခဲ့ပြီး မြောက်စောင်းတန်းလမ်း၊ ပန်းပဲတန်းလမ်း၊ လမ်းမတော်လမ်းများအတိုင်း ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ဦးတည်ခဲ့သည်။ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် သရုပ်ဖော်ဆန္ဒပြမှု တစ်ခုကို ပြုလုပ်ကာ ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

ဆန္ဒပြပွဲကို ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်မှ အင်အားနှစ်ဆယ်ကျော်က ဝန်းရံပေးခဲ့သည်။

ဆန္ဒပြသူသည်“လေးပွင့်ဆိုင် ဖြစ်မြောက်ရေး ဝိုင်းဝန်းတောင်းဆိုပေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်း လေးပွင့်ဆိုင်နဲ့ ဖြေရှင်းပေး၊ တိုင်းပြည်နဲ့ ပြည်သူကိုချစ်ရင် လေးပွင့်ဆိုင် ဖြေရှင်းပါ ”စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။

ကိုဇော်မြင့်သည် ကျောင်းသားတပ်မတော် ABSDF တပ်ရင်း ၂၀၇ တွင် ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်ဟောင်းတစ်ဦး ဖြစ်ပြီး ဘန်ကောက်အခြေစိုက် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ မြန်မာပြည် (ONSOB) တွင် ကျောင်းသားရေးရာ တာဝန်ခံအဖြစ် (၁၅)နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ရန် ဇွန်လမှ စတင်ကာ ဆိပ်ဖြူမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် ပြည်မြို့တို့တွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့ပြီး ဆက်လက်၍ လုပ်ဆောင်နေဦးမည်ဟု ကိုဇော်မြင့်က ပြောသည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/30742-absdf

မိုဘိုင်းလ်အဖွဲ့၏ တားဆီးအရေးယူမှုအပေါ် ပြန်လည်ဖြေရှင်းနေသော အင်းယားမြေ ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ မကလျာပြည့်ဝေသျှန်
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး မိုဘိုင်းလ် အဖွဲ့အား အင်းယားမြေ ကုမ္ပဏီ၏ hp အမှတ်တံဆိပ် Printerများကို တားဆီးထိန်းသိမ်းထားသည့် အပေါ် ကုမ္ပဏီမှ မိုဘိုင်းလ် အဖွဲ့ကို တရားဥပဒေအရ ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အင်းယားမြေ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မကလျာပြည့်ဝေသျှန်မှ ပြောသည်။

“ကျွန်မတို့ တရားစွဲဆိုသွားမှာပါ။ ကျွန်မတို့ ပစ္စည်းတွေက တရားဝင် အခွန်ဆောင်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ Mobile Team အနေနဲ့ ကျွန်မတို့ရဲ့ ပစ္စည်းတွေကို ဘယ်လို အကြောင်းအရာမျိုးနဲ့ တားဆီးပါသလဲ သိချင်ပါတယ်။ ပါကင် Listနဲ့ သွင်းလာတဲ့ ပစ္စည်းတွေက မှားယွင်းနေပါသလား။ ဒါမှမဟုတ် အဲဒီ့ပစ္စည်းတွေကို သွင်းကုန်၊ ထုတ်ကုန်လိုင်စင် မသွင်းဘဲနဲ့ ကျွန်မတို့က တင်သွင်းလာတာ ဖြစ်ပါသလား။ အဲဒီလို အကြောင်းတရားတွေထဲက ကျွန်မတို့ ဘာများမှားယွင်းစွာ လုပ်မိသလဲ။ တရားမ၀င် ပစ္စည်းဖြစ်တယ်ဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ပြည်တွင်းမီဒီယာ တစ်ခုမှာ သုံးနှုန်းထားတာကို တွေ့ရတယ်။ ဖမ်းဆီးတယ်ဆိုတဲ့ စကားလုံးကိုလည်း သုံးနှုန်းထားတာ တွေ့ရတယ်။ ဖမ်းဆီးတယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တယ်ဆိုရင် ကျွန်မတို့ ပြစ်မှုကျူးလွန်သူ ဖြစ်သွားပါပြီ။ တရားမ၀င် ကုန်ပစ္စည်းတွေကို တင်သွင်းတဲ့ အတွက်ကြောင့်မို့လို့သာ ဖမ်းဆီးခြင်း ခံရတာပါ။ ကျွန်မတို့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို တော်တော်လေး ထိခိုက်ပါတယ်။ ဖမ်းဆီးတယ်ဆိုတဲ့ စကားလုံးကို ကျွန်မအနေနဲ့ လက်မခံနိုင်ပါဘူး”ဟု အင်းယားမြေ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ မကလျာပြည့်ဝေသျှန်မှ ပြောသည်။

အောက်တိုဘာ ၁၈ရက်နေ့တွင် ပြည်တွင်းမီဒီယာ တစ်ခု၌ ဖော်ပြခဲ့သည့် hp printerများကို ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသည့် သတင်းတွင် Mobile Teamမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးရန်နိုင်ထွန်းက ပြောခဲ့သည့် စကားအပေါ် တာဝန်ခံပေးရမည် ဖြစ်ကြောင်း၊ ထိုစကားသည် ကုမ္ပဏီကို ဂုဏ်သိက္ခာ ကျဆင်းစေသည့် အတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု၊ မဟုတ်မမှန် ပြောဆိုမှုတို့ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ဆီကို ရိုးရိုး hp printer အနေနဲ့ပဲ လာလျှောက်တယ်။ မြေပြင်မှာ စစ်ဆေးကြည့်တဲ့ အခါကျတော့ hp ရဲ့ မော်ဒယ် အမြင့်ဆုံး ပစ္စည်းတွေ ဖြစ်နေတယ်။ သွင်းကုန်ထုတ်ကုန် လိုင်စင်အတွက် ၁၁ဒေါ်လာ လာလျှောက်တယ်။ အမှန်တင်သွင်းကောက်ခွန် အတွက် ၃၃ ဒေါ်လာနှုန်းနဲ့ သတ်မှတ်ပြီး အခွန်ဆောင်ထားတယ်။ တကယ့် ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက် တရားဝင် ဈေးနှုန်းက ဒေါ်လာ ၅၄၉ ဖြစ်တယ်။ အခွန်အခနှုန်း အများကြီး နစ်နာနေတာကို တွေ့ရတယ်”ဟု တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး အဖွဲ့ Mobile Teamမှ သိရသည်။

သွင်းကုန်ပို့ကုန်လိုင်စင် လျှောက်သည့်အခါတွင် ရိုးရိုး printer မော်ဒယ်နံပါတ်တွေ သုံးပြီး တင်ထားကြောင်း၊ ပါကင် Listက အရေးကြီးကြောင်း၊ Printerများ၏ ဈေးနှုန်းကလည်း အတူတူပင် ဖြစ်ပြီး ပစ္စည်းကြီးမားမှု အပေါ် မူတည်ပြီး ဈေးကွက်မှာ ဈေးနှုန်းကွဲ သွားတာပဲ ရှိပါတယ်။ Printerရဲ့ ဈေးနှုန်းက အလွန်ပင် ပေါပါကြောင်း၊ hp၏ ရိုးရိုး Printer တစ်လုံး၏ တန်ဖိုးမှာ ခုနစ်သောင်း ၀န်းကျင်သာရှိကြောင်း ဒေါ်ကလျာပြည့်ဝေသျှန်က ပြောသည်။

“၅၄၉ ဒေါ်လာလို့ ပြောတဲ့ အပေါ်မှာ ဘယ်နိုင်ငံက ဘယ်လို သယ်ဆောင်ပြီး ဘယ်လိုအလုပ် လုပ်လဲဆိုတာ အရေးကြီးပါတယ်။ ၅၄၉ ဒေါ်လာဆိုတဲ့ ဘယ်ကမှန်း မသိတဲ့ သတင်းအချက်အလက် တစ်ခုကို ကျွန်မတို့ရဲ့ တိုက်ရိုက် ဖြန့်ဖြူးတဲ့ ကုမ္ပဏီအပေါ် လိုရာဆွဲလို့ရတဲ့ သားရေကွင်း ဥပဒေနဲ့ အလုပ် မလုပ်ပါနဲ့။ ကျွန်မ အထောက်အထား အစုံအလင် ပြလို့ရတယ်။ အမျိုးအစားတွေက အတူတူပါပဲ။ ကြီးခြင်း၊ သေးခြင်းနဲ့ သယ်ယူစရိတ်တို့မှာ ကွာသွားပါတယ်”ဟု ၄င်းက ပြန်လည်ဖြေရှင်းသည်။

သွင်းကုန်ပို့ကုန် လိုင်စင်များသည် ၃လသက်တမ်း၊ ၆လသက်တမ်းရှိသည့် အတွက်ကြောင့်၊ မည်သည့် မော်ဒယ်ပစ္စည်း ထွက်မည်ဆိုသည်ကို မသိသည့် အတွက်ကြောင့် hp Printer လိုင်စင်ဖြင့် လျှောက်ခဲ့ကြောင်း၊ ပစ္စည်းတင်သွင်းခါနီးမှာ အကောက်ခွန် ဦးစီးဌာနကို အပြည်ပြည်ဆိုင်ရာ အကောက်ခွန်က ညှိနှိုင်းထားတဲ့ ပစ္စည်းကုဒ်နံပါတ်ကို တောင်းယူခဲ့ကြောင်း၊ အကယ်၍များ လက်ရှိ ဈေးနှုန်းသည် ၅၄၉ ဒေါ်လာရှိပါက တင်သွင်းသည့် ကျွန်မတို့ဈေးနှုန်း နည်းနေသည်ဆိုပါလျှင် ကုမ္ပဏီမှာ တာဝန်မရှိဘဲ တာဝန်ရှိမှုသည် အကောက်ခွန် ဦးစီးဌာနတွင်သာရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

“တာဝန်ယူမှု၊ တာဝန်ခံမှုက အကောက်ခွန်မှာပဲ ဖြစ်ရမယ်။ အစကတည်းက တားဆီးပါ။ သူတို့ အစကတည်းက ဒီမော်ဒယ်နဲ့ နံပါတ်ပစ္စည်းတွေ Mobile Teamကို တင်ပြပြီးမှ ထုတ်ယူလာတဲ့ ပစ္စည်းဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန်မတို့ဘက်က သက်သေမခိုင်လုံရင် ရှေ့ထွက်စရာ အကြောင်း မရှိဘူး။ သူတို့အနေနဲ့ သူတို့ဝန်ထမ်း အချင်းချင်း မသမာတာ လုပ်တယ်ထင်ရင် သူတို့ဘာသာ သူတို့ ဖြေရှင်းကြပါ။ ကျွန်မတို့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို မစော်ကားပါနဲ့”ဟု ဒေါ်ကလျာပြည့်ဝေသျှန်က ပြောသည်။

Mobile Teamမှ တာဝန်ရှိသူတစ်ဦးကလည်း တားဆီးပိုင်ခွင့်သာရှိပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများကို တင်ပြပြီး ဌာနဆိုင်ရာတွေက ဆက်လက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ဖမ်းဆီးပိုင်ခွင့် မရှိကြောင်း ပြည်တွင်း မီဒီယာ တစ်ခုမှ မှားယွင်းစွာ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အင်းယားမြေ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ကလျာပြည့်ဝေသျှန်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ၀န်ကြီး ဗိုလ်မှုးချုပ် ပြည့်စုံ၏ သမီးတစ်ဦး ဖြစ်သည်။

ဇေယျာ
http://www.tomorrow.com.mm/?q=articles/1021


AFP၊ အောက်တိုဘာ ၂၂

အမေရိကန် ပြည်ထောင်စုမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန်ကြိုးစားနေသည့် စစ်သွေးကြွ အဖွဲ့များထံ ဆက်သွယ်ရန် ကြိုးစားခဲ့သည့် သံသယဖြစ်ဖွယ်ရာများ တွေ့ရှိ ရကြောင်း၊ အဆိုပါမိန်းကလေးငယ်များသည် မိဘများ၏ ပိုက်ဆံကို ခိုးယူပြီး ဂျာမနီကို သွားရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၏ အသက်အရွယ်မှာ ၁၅၊ ၁၆၊ ၁၇ နှစ် အရွယ်များ ဖြစ်ကြပြီး လွန်ခဲ့သည့်သောကြာနေ့ က ကျောင်းပြေးခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ ကို ဂျာမနီနိုင်ငံ Frankfurt လေးဆိပ်တွင် FBI က တားဆီး ခဲ့ပြီး ကော်လိုရာဒို သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး မိသားစုနှင့် ပြန်လည်တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်း FBI ပြောခွင့်ရ ပုဂ္ဂိုလ် Suzie Rayne က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆယ်ကျော်သက် မိန်းကလေးငယ်များသည် တူရကီမှတစ်ဆင့် ဆီးရီးယား သို့ ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း၊ ယခုအခါ ၄င်းတို့၏ကွန်ပျူတာ အပါအဝင် အထောက်အထားများကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ယခုကိစ္စသည် လူ့အဖွဲ့အစည်းအတွက်ရော၊ နိုင်ငံအတွက်ရော စိုးရိမ် စရာဖြစ်ပြီးတော့၊ နိုင်ငံအတွင်း မှာ ဘယ်လို အဆက်အသွယ်မျိုးတွေ ရှိနေတယ်၊ မိန်းကလေးငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်း အတွင်းမှာ ဘယ်လို မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေတယ်ဆိုတာ ထောက်လှမ်းရေးတွေအနေနဲ့ မှန်းဆဖို့ ကြိုးစားနေကြရတယ်လို့” အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆို လိုက်သည်။

အဆိုပါ မိန်းကလေးများ၏ဖခင်များက ၄င်းတို့၏သမီးငယ်များသည် ဒေါ်လာ (၂၀၀၀)၊ နိုင်ငံကူး လက်မှတ်မိတ္တူများနှင့်အတူ ပျောက်ဆုံး သွားကြောင်း သိရသည့် အချိန်တွင် သံသယများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မိသားစုများအနေဖြင့်လည်း မိန်းကလေးများနှင့် မည်သည့်ပြဿနာမျှ ထူးထူးခြားခြား မရှိကြောင်းလည်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာ လူငယ်နှစ်ဦး၏ မိဘများသည် ယနေ့ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီး ဖြစ်ပြီး ယနေ့ညနေပိုင်းတွင် မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းထောက်များနှင့်လည်း တွေ့ဆုံဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းတို့၏ အပြစ်ကျူးလွန်ကြောင်း ၀န်ခံချက်အား အင်္ဂါနေ့ညက ရှေ့နေမှ တဆင့် တရားဝင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ထိုင်းရှေ့နေကောင်စီမှ ၄င်းတို့ နှစ်ဦး အတွက် တာဝန်ပေးထားသည့် ရှေ့နေမှာလည်း တရားရုံးတွင် တရားခံဟု စွပ်စွဲခံနေသူတို့အား ဥပဒေအရ ကာကွယ်ပေးနိုင်ရန် တရားဝင် စာရင်း တင်သွင်း ပြီး ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ခရီးသည်နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံရန် ၄င်းတို့အား ခြိမ်းခြောက် ဖိအားပေးခဲ့ပြီး တရားမျှတမှုကို အလိုရှိကြောင်း မြန်မာနှစ်ဦး က ပြောကြားသည်ဟု ထိုင်းရှေ့နေများကောင်စီ က ဆိုသည်။

ရှေ့နေကာင်စီမှ ရတ်ဆာဒါမူနူရက်သာဒါ ခေါင်းဆောင်သည့်အဖွဲ့သည် ခိုဆာမူ အကျဉ်းထောင် တွင် ထိန်းသိမ်းခံထားရသူ ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့အား တွေ့ဆုံကာ အမှုနှင့် သက်ဆိုင်သည့် မေးခွန်းများ ကို အပြန်အလှန် စစ်ဆေး မေးမြန်းခဲ့သည်ဟု ဆိုသည်။

ဝစ်တာရှစ်ခ်ျ အား အဓမ္မပြုကျင့်မှု၊ သူမနှင့် မေလာအား သတ်ဖြတ်မှုတို့အတွက် အပြစ်ရှိကြောင်း ၀န်ခံရန် ဖိအားပေးခဲ့သည်ဟု သံသယရှိသူ နှစ်ဦး က ပြောကြောင်း ရတ်ဆာဒါကဆိုသည်။

ရဲနှင့် တရားရုံးက လက်ရှိ ခန့်အပ်ထားသည့် ဘင်္ဂါလီစကားပြန်အား လူလဲပေး ရန် မြန်မာ ၂ဦး က တောင်းဆို ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဘင်္ဂါလီ စကားပြန် က ၄င်းတို့နှစ်ဦးအား နှိပ်စက်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ၄င်းတို့ပြောကြား သည်များကို ဘင်္ဂါလီစကားပြန်က မှန်ကန်စွာ ဘာသာပြန်ပေးနိုင်သည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည် ဟု ဆိုသည်။

ရက်ဆာဒါက “သံသယရှိသူနှစ်ဦးက သူတို့ကို စကားပြန်က နှိပ်စက်ခဲ့ပြီး ရဲက စကားပြန်ကို မေးခွန်းတွေ မေးနေခဲ့တယ်လို့ ပြောပါတယ်။ မျှတမှုရှိအောင် စကားပြန်ပြောတာကိုလည်း ကျွန်တော်တို့ နားထောင်ကြည့်မှာပါ။ ဘက် အားလုံး က ပြောကြားချက်တွေကို နားထောင်သွားမှာပါ” ဟု ပြောကြားသည်။

စကားပြန်၏ ဘာသာစကားမှာ ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုနီးစပ်ပြီး ၄င်းတို့ ပြောကြားချက်ကို ထိရောက်စွာ ဘာသာပြန်နိုင်ခြင်း မရှိ၊ ၄င်း၏ ထိုင်းဘာသာဖြင့် ရဲအား ပြန်ပြောမှုကိုလည်း ၄င်းတို့က ကောင်းစွာ နားမလည် ဟု မြန်မာနှစ်ဦးက ပြောကြားခဲ့သည်။

သံသယရှိသူနှစ်ဦးက အဓမ္မပြုကျင့်မှု၊ လူသတ်မှုတို့အတွက် ၀န်ခံခြင်း မရှိကြောင်း ရှေ့နေများက ရေးသားထားပြီး မြန်မာလူငယ် ၂ ဦးက လက်မှတ် ထိုးခဲ့သည့် ထိုစာအား အခြားစကားပြန်တစ်ဦးမှ ပြန်လည် ဖတ်ကြား အတည်ပြုပေးခဲ့သည်။

ရှေ့နေများက ထိုင်းအစိုးရ ဥပဒေအရာရှိ ပိုင်ဘွန်ထံ ထိုလက်မှတ်နှင့်အတူ အသနားခံစာတင်သွင်းပြီး သံသယရှိသူနှစ်ဦးအတွက် တရားမျှတမှု ရရှိစေ ရန် တောင်း ဆို သွားမည်ဖြစ်သည်။ အဆိုပါ အသနားခံစာတွင် သံသယရှိသူ ၂ ဦး၏ နှိပ်စက်ခံမှုကို ထွက်ဆိုချက်များလည်း ပါဝင်မည် ဖြစ်သည်။

KHTun
ဓါတ်ပုံ + သတင်း - Bangkok Post

The Ladies News Journal

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့တဲ့ဝန်ခံချက်ကို သူတို့ရဲ့ရှေ့နေတွေက တရားဝင် ပြန်ရုတ်သိမ်း လိုက်ပြီဖြစ်ပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီအဖွဲ့က ရှေ့နေနှစ်ဦး မနေ့က ကော့စမွီး အကျဉ်းထောင်မှာ သူတို့ကို သွားရောက်တွေ့ဆုံပြီးနောက်မှာ အမှုဝန်ခံချက်ကို ပြန်ရုတ်သိမ်းတဲ့စာကို တရားစွဲရှေ့နေထံကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ မနေ့က တွေ့ဆုံရာမှာလိုက်ပါသွားတဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF ရဲ့တာဝန်ခံ မအေးမာချိုက ပြောပါတယ်။

"အင်္ဂါနေ့သွားပြီး ကျမတို့ ရှေ့နေကောင်စီအဖွဲ့နဲ့ပေါ့နော်၊ ကလေးတွေဆီမှာ ဝင်ရောက်ပြီးတော့ အမှုကိုမေးတာပေါ့နော်၊ မေးတဲ့အခါကျတော့ ကလေးတွေက သူတို့အဲ့ဒီနေရာမှာ ဂီတာတီးတယ်၊ သီချင်းဆိုတယ် ပြီးတော့ ရေကူးတယ်ပေါ့နော်၊ ဘီယာသောက်ပြီးတော့ ရေကူးပြီးတော့ အခန်းထဲ မှာပြန်အိပ်တာပေါ့၊ သူတို့ တကယ်မလုပ်ခဲ့ဘူးပေါ့နော်၊ လုပ်ခဲ့တဲ့လူကိုလည်း သူတို့်မသိဘူးပေါ့ အဲ့ဒါပြောပြတယ်၊ ပြောပြပြီးတော့တခါ စီနီယာကနေပြီးသူတို့ကို ငြင်းပယ်စာလို့ခေါ်မယ် ဒီစာကို ယူသွားပြီးတော့ တင်တာပေါ့နော်"

ဒါ့အပြင် ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့က အမှုနဲ့ပတ်သက်ပြီး ဘာကြောင့်ဝန်ခံခဲ့ရတယ်ဆိုတာတွေ၊ မှုခင်းနဲ့ ပတ်သက်ပြီး သရုပ်ပြခဲ့ရတဲ့ အခြေအနေတွေကို ရှေ့နေတွေကို ရှင်းပြခဲ့ကြတယ်လို့ ဆိုပါတယ်။သူတို့ကို စကားပြန်ဖြစ်သူက ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အဲဒီစကားပြန်ကို တရားစွဲဆို အရေးယူနိုင်ရေးကို ရှေ့နေတွေက စီစဉ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာဘဲ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေဟာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဖမ်းဆီးခံနေရ တဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိဘတွေ အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံပြီး အမှုအတွက် ဆောင် ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေနဲ့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF က Mr. Andy Hall တို့ လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကော့စမွီးအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အခြေအနေတွေ ၊ အမှုအတွက် ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပါတ်သက်လို့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF ရဲ့ တာဝန်ခံ မအေးမာချိုကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

 
ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်နှစ်ဦး (ဓာတ်ပုံ - မင်းဦး)

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ တရားခံ မမြောက်သေးတဲ့အတွက် သူတို့ခြေထောက်မှာ ချည်နှောင်ထားတဲ့ သံခြေချင်းကို ဖြုတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လူသတ်မှု ကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက် မထွက်မချင်း သူတို့ ၂ ဦးဟာ အပြစ်ကင်းစင်နေတဲ့အတွက် တရားခံလို သံခြေချင်း မခတ်သင့်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီဝင် ခွန်ရတ်ဆဒါး မနုရဒ်ဆဒါးက ဒီဗွီဘီကို ပြောပါတယ်။

“သံခြေချင်းခတ်တာဟာ ဖမ်းထားတဲ့သူတွေ ထွက်ပြေးမှာကို ကာကွယ်တာ ဆိုပေမယ့်လည်း အပြင်ထွက်တဲ့အခါပဲ ခတ်သင့်ပါတယ်။ အချုပ်ထဲမှာ ရှိနေတဲ့ အချိန်တော့ ဖြုတ်ထားပေးရမှာပါ။ ဥပဒေအရဆိုရင် သူတို့ဟာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်မချမချင်း သံသယဖြစ်ခံရသူ အဆင့်မှာပဲရှိပြီး တရားခံမဟုတ်သေးတဲ့အတွက် အပြစ်မရှိတဲ့ လူလိုပဲ ထားရှိရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းကို ပြောတာဖြစ်ပါတယ်။”

လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီက ဖမ်းဆီးခံမြန်မာလူငယ် ၂ ဦးကို အောက်တိုဘာ ၂၁ ရက်နေ့က ကော့စမွီ တရားရုံး အချုပ်ခန်းမှာ သွားရောက်တွေ့ဆုံအပြီး အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူငယ် ၂ ဦး တရားမျှတမှု ရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းက နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ မစ္စတာ အန်တီဟောလ်ကလည်း သူတို့ကို သံခြေချင်းမခတ်ဖို့ ဒီကနေ့ ညနေပိုင်းက ကော့စမွီခရိုင်တရားရုံး အကျဉ်းစခန်း ညွှန်ကြားရေးမှူးဆီ တောင်းဆိုခဲ့တယ်လို့  ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့  ကော့စမွီကိုသွားပြီး လူငယ် ၂ ဦးနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ၂၄ နာရီ ပတ်လုံး သံခြေချင်းခတ် ခံထားရလို့ သွားလာတဲ့အခါ၊  ရေချိုးတဲ့အခါ၊ အလေးအပေါ့ သွားတာ အဆင်မပြေဘူးလို့ပြောတယ်။ ခြေတောက်လည်း နာနေလို့ ခြေအိတ် ၂ စုံစီရော အခြားလိုအပ်တဲ့ ပစ္စည်းတွေပါ ပေးပို့ခဲ့တယ်။ သံခြေချင်းခတ်တာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့လည်းမညီလို့ အမြဲမခတ်ထားဖို့ ညွှန်မှူးဆီ တောင်းဆိုခဲ့တယ်။ ညွှန်မှူးကလည်း ပြန်စဉ်းစားပေးမယ်လို့ ပြောပါတယ်။”

အန်ဒီဟောလ်က လူငယ် ၂ ဦးရဲ့ မိဘတွေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိကြောင်း ဓာတ်ပုံတွေနဲ့ ပြောပြခဲ့လို့ သူတို့ ၀မ်းသာနေကြပြီး မိဘတွေနဲ့ တွေ့လိုကြောင်း၊ လူသတ်မှုမကျူးလွန်ကြောင်းနဲ့ သူတို့အတွက် စိတ်မပူဖို့ မိဘတွေကို မှာလိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ လူငယ် ၂ ဦးဟာ ဗြိတိန်နိုင်ငံသား အသတ်ခံရတဲ့အမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ထိုင်းရဲတွေက ရိုက်နှက် စစ်ဆေးပြီး ၀န်ခံခိုင်းတဲ့အတွက် ၀န်ခံရကြောင်း ထိုင်းရှေ့နေကောင်စီအဖွဲ့ကို မနေ့က ပြောဆိုခဲ့ပြီး အမှုတွဲကို ပြန်သုံးသပ်ပေးဖို့ အစိုးရရှေ့နေများကောင်စီကို  တောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ပရ၀ုတ် ထာဝွန်းဆီရီကို သတင်းထောက်တွေက မေးမြန်းရာမှာ တရားခံ ၂ ဦးကို  နိုင်ငံတကာစံနှုန်းနဲ့အညီ စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး ရိုက်နှက်စစ်ဆေးခြင်း မပြုရကြောင်း၊ တရားခံကို ပြီးတဲ့နောက် သူတို့ကျန်းမာရေးကို ကော့တောဝ်ဆရာဝန်၊ အကျဉ်းထောင်ဆရာဝန် နဲ့ လူ့အခွင့်အရေးကော်မရှင်ဘက်က ဆရာဝန်တွေပါ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာဒဏ်ချက်များ မတွေ့ရကြောင်း ပြောပါတယ်။

ရင်ဘတ်အောင့်တယ်လို့ ဆိုရာမှာလည်း စစ်ဆေးမှုက ရတဲ့ဒဏ်ရာမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံချက်ကို ပြန်လည်ပြင်ဆင်ပြောဆိုတာဟာ သူတို့အခွင့် အရေးပါပဲလို့ ဖြေဆိုခဲ့ကြောင်း ဒီနေ့မနက် ထိုင်းပီဘီအက်စ် ရုပ်သံသတင်းမှာ ဖော်ပြသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/68623



ထိုင်းရှေ့နေ သတင်းဌာနတွေကို ရှင်းလင်းနေစဉ်
 လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာလူငယ် ၂ ဦးက  သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင် ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်း ၀န်ခံ ခိုင်းတာ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းရှေ့နေများ ကောင်စီ အဖွဲ့ဝင်ကို ပြောကြား ခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်း ဖော်ပြ သွားပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းရှေ့နေကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ ကျခံနေရတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့  ကိုဇော်ဝင်း ထွန်းတို့ကို ၅ နာရီကြာ သွားရောက် တွေ့ဆုံခဲ့ပြီးတဲ့နောက်  သူတို့က  အခုလိုပြောဆိုခဲ့တာလို့  သွားရောက် တွေ့ဆုံခဲ့သူ လူ့အခွင့်အရေးဆိုင်ရာ ၀ါရင့်ရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး ၊ ဗြိတိသျှသံရုံး နဲ့ ထိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း တွေ့ဆုံဆွေးနွေးမယ်လို့ သမတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

လူငယ် ၂ ဦးဟာ နိုင်ငံခြား ခရီးသွား ဧည့်သည် ၂ ဦးကို သတ်ခဲ့သူ မဟုတ်ကြောင်းနဲ့  သူတို့အပေါ် စွပ်စွဲချက်တိုင်း ကို ငြင်းဆိုခွင့်ပြုဖို့  တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် ဘာ သာပြန်ရဲ့ ခြေထောက်နဲ့ ရင်ဘတ်ကို အကန်ခံခဲ့ရတဲ့ကိစ္စ၊ ထိုင်းရဲက ခန္ဓာကိုယ်ကို ရိုက်နှက်ပြီး အတင်းဝန်ခံခိုင်းတဲ့ကိစ္စမှာ တရားမျှတမှု ရှိစေရေးနဲ့ သူတို့အမှုကို  တရားရုံးပေါ် မတင်ခင် ပြန်လည်စဉ်စားပေးဖို့ ကော်စမွီခရိုင် အစိုးရရှေ့နေများကောင်စီက နိုင်းဖိဘွန်း အာချဝမ်းနန်ထခွန်းကို တင်ပြခဲ့တယ်လို့  သူက ပြောပါတယ်။


မြန်မာလူငယ် ၂ ဦးဟာ လူသတ်မှု ဖြစ်ပွားပြီး ၁ ပတ်အကြာမှာ ဖမ်းဆီးခံရကြောင်း၊  စစ်ဆေး နှိပ်စက်ခံရလို့ လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ရတာ ဖြစ်ပြီး မြန်မာဘာသာပြန်မှာလည်း လူမျိုးကွဲ ဖြစ်နေတော့ လေယူလေသိမ်းကြောင့် နားထောင်ရ အခက်အခဲဖြစ်တယ်လို့  ပြောဆိုခဲ့ကြောင်း ရှေ့နေက ဆက်ပြောပါတယ်။

ဒါပေမယ့် သူတို့ရှေ့နေများကောင်စီအနေနဲ့  အဘက်ဘက်က တရားမျှတမှု ရှိအောင် ဘာသာပြန်တွေဘက်ကိုလည်း မေးမြန်းရဦးမှာ ဖြစ်ကြောင်း၊ မြန်မာလူငယ် ၂ ဦးကတော့ လူသတ်သူက ဘယ်သူဆိုတာကို ပြောတာ မဟုတ်ဘဲ  ဒီအမှုမှာ သူတို့ မပတ်သက်တဲ့အကြောင်းကိုသာ ပြောဆိုခဲ့ကြောင်း၊ သူတို့ပြောဆိုမှုတွေဟာ မှန်ကန်တယ်လို့ ယုံကြည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက ထိုင်းရုပ်သံ ချန်နယ် ၃ ကို ပြောသွားပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးရဲ မိဘအုပ်ထိန်းသူတွေလည်း ဒီနေ့မနက် ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68592

   
ထိုင်းနိုင်ငံရောက် မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ်မှာ ရှိတဲ့ ထိုင်းကုမ္ပဏီတခုက သူတို့ဆီမှာ အစုရှယ်ယာ ဝင်ရင် ၄ လအတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့တာကို ယုံခဲ့မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ်ခံလိုက်ရပါတယ်။

သူတို့ ကုမ္ပဏီမှာ အစုရှယ်ရာ တစ်စုကို ဘတ် ၁ သောင်းနှုန်းနဲ့ အစုဝင်ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲရမယ်၊ တခြား အခွင့်အရေးတွေလည်း ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အစုရှယ်ယာ ဝယ်ခဲ့တာ ဖြစ်တယ်လို့ အစု ၄ စုဝယ်ခဲ့သူ ကိုကျော်လင်းဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒီကိစ္စအတွက် လောလောဆယ် ရဲစခန်းမှာ တိုင်ချက် ဖွင့်ထားတဲ့သူ ၅၀ဝ နီးပါးရှိပြီး ငွေတန်ဘိုးအားဖြင့် ဘတ် ၃ သန်းကျော် ရှိကြောင်း၊ ထိုင်းငွေကြေးဆိုင်ရာ ဌာနကိုလည်း သွားရောက် တောင်းဆိုမှာ ဖြစ်ကြောင်း အလုပ်သမားတွေ ဘက်က ကူညီ ဆောင်ရွက်ပေးနေသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ အမ်အေတီက ဦးခိုင်ကြီးက ပြောပါတယ်။ လောလောဆယ်တော့ ကုမ္ပဏီက ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

အခု အလိမ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်နိုင်ရေး အတွက် မြန်မာသံရုံးကလည်း အကူအညီပေးခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ် ပင်ပင်ပန်းပန်း လုပ်ရတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ သက်သက်သာသာနဲ့ တဖက်တလမ်းက ဝင်ငွေရမယ် ဆိုတဲ့ မက်လုံးမျိုးတွေကို ယုံစားမိတဲ့အတွက် အခုလို မကြာခဏ အလိမ်ခံရလေ့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141022_burma_workers_thai_fraud


ဒမတ်စကတ် ၊ ၂၂-၁၀-၂၀၁၄

ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဒီယားအယ်လ်ဇောမြို့ ကို အစိုးရတပ်များ လက်မှ ယမန်နေ့တွင် သိမ်းပိုက်နိုင် ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် နိုင်ငံအတွင်း တိုက်ခိုက်မှု များကို နှစ်လခန့် အကြာ ပြုလုပ် နေခဲ့သော်လည်း ပထမဆုံး အကြိမ် အဖြစ် အဆိုပါမြို့ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု များအတွင်း နှစ်ဖက် စလုံးမှအများအပြား သေဆုံး ခဲ့ကြောင်း သိရသည်။ သို့ရာတွင် သေဆုံးသူ အရေအတွက် အတိအကျ ကိုမူ အဆိုပါ စောင့်ကြည့် လေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အဆိုပါမြို့သည် မြို့တော် ဒမတ်စကတ်မှ အရှေ့မြောက် ဘက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိပြီး အီရတ်နိုင်ငံ နယ်စပ်အနီး တွင် တည်ရှိသည်။

အမေရိကန် နှင့် ညွန့်ပေါင်းတပ် များ၏ လေကြောင်းမှ တိုက်ခိုက်မှု ကိုခံရခဲ့သည့် ISIS စစ်သွေးကြွ များ၏ ဒီယားအယ်လ်ဇောမြို့ အနီးရှိ စက်မှုဇုန် အပါအဝင် ဒေသ အများအပြား ကို သိမ်းပိုက် ထားနိုင်ခဲ့ပြီး ယခု အခါတွင် အဆိုပါမြို့၏ ထက်ဝက်ခန့်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ISIS စစ်သွေးကြွ များသည် ယင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အတွက် စစ်ကူများကို လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက ခေါ်ယူခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ရာမီအဗ္ဗဒူရာမင် က ပြောကြား ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် တစ်ချိန်တည်း မှာပင် ဆီးရီးယားနိုင်ငံ နှင့် တူရကီနယ်စပ် ရှိ ကိုဘာနီမြို့ ကို သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် တိုက်ခိုက်လျက် ရှိသော်လည်း ယင်း ဒေသအတွင်း ရှိ ကာ့ဒ်တပ်ဖွဲ့ဝင် များက ၄င်းတို့ကို ခုခံ တိုက်ခိုက်လျက် ရှိသည့်အပြင် အမေရိကန် နှင့် ညွန့်ပေါင်းတပ် များကလည်း ISIS စစ်သွေးကြွ များ၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသောကြောင့် ISIS စစ်သွေးကြွ အများအပြား သေဆုံး ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/isis_67.html

 
စပိန်သူနာပြုမှာ အီဘိုလာပိုး မရှိတော့

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ​အီဘိုလာ ​ရောဂါ ​ကာကွယ်ဆေး ​နှစ်မျိုးကို ​စတင်စမ်းသပ် ​နေပြီလို့ ​ပြောပါတယ်။

Chimpanzee ​ကနေ ​ရထားတဲ့ ​ကာကွယ်ဆေးကို ​အမေရိကန်၊ ​ဗြိတိန်နဲ့ ​မာလီနိုင်ငံမှာ ​အနည်းငယ် ​စမ်းသပ်မှုလုပ်ပြီးနောက် ​ဒီလကုန်လောက်ကျရင် ​ဆွစ်ဇာလန်နိုင်ငံမှာ ​စမ်းသပ်မှု ​လုပ်မှာ ​ဖြစ်ပါတယ်။

VSV ​လို့ခေါ်တဲ့ ​ကာကွယ်ဆေး ​နောက်တစ်မျိုးကိုလည်း ​အမေရိကန်မှာ ​စမ်းသပ်မှုတွေ ​စတင်ပြုလုပ်နေပြီလို့ ​ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ ​အီဘိုလာ ​ရောဂါ ​မရှိတော့ဘူး ​- ​WHO


နိုင်ဂျီးရီးယားနိုင်ငံမှာ ​အီဘိုလာ ​ရောဂါပိုး ​မရှိတော့ဘူးလို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​၄၂ ​ရက်ကြား ​ဒါမှမဟုတ် ​ရောဂါပိုး ​ပျိုးတဲ့ ​ကာလ ​နှစ်ခုကို ​စောင့်ကြည့်ပြီးနောက် ​ရောဂါ ​ထပ်ဖြစ်တာ ​မတွေ့ရတဲ့အတွက် ​အခုလို ​ကြေညာတာ ​ဖြစ်ပါတယ်။

ဒါဟာ ​အင်မတန်ကောင်းမွန်တဲ့ ​ရလဒ်ဖြစ်ပြီး ​အီဘိုလာပိုးကို ​နှိမ်နင်းလို့ရတယ်ဆိုတာ ​ကမ္ဘာကို ​ပြသလိုက်တာပဲ ​ဖြစ်တယ်လို့ ​နိုင်ဂျီးရီးယားဆိုင်ရာ ​ကမ္ဘာ့ကျန်းမာရေးအကြီးအကဲ ​က ​ပြောပါတယ်။

ဒါပေမဲ့ ​ဒါဟာ ​တိုက်ပွဲငယ် ​တစ်ခုကို ​အောင်နိုင်ခြင်းသာ ​ဖြစ်ပြီး ​အာဖရိက ​ဒေသမှာ ​အီဘိုလာပိုး ​ရှိနေတဲ့ကာလအတွင်း ​စစ်ကြီးကို ​အောင်နိုင်ပြီလို့ ​မဆိုလိုနိုင်ကြောင်း ​ပြောပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ပိုးဟာ ​ဂီနီ၊ ​လိုင်ဘေးရီးယားနဲ့ ​ဆီယာရာလီယွန်နိုင်ငံမှာ ​ဆက်လက်ဖြစ်ပေါ်နေပြီး ​အဲဒီရောဂါကြောင့် ​လူပေါင်း ​၄၅၀၀ ​ကျော် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်က ​နိုင်ငံတချို့နဲ့ ​Caribbean ​ကျွန်းဆွယ်ဒေသက ​နိုင်ငံတွေ ​ပူးပေါင်းပြီးတော့လည်း ​သူတို့နိုင်ငံမှာ ​အီဘိုလာ ​ရောဂါ ​ပျံ့နှံ့လာမယ်ဆိုရင် ​တစ်ဦးနဲ့ ​တစ်ဦး ​ဝိုင်းဝန်းကူညီ ​တိုက်ဖျက်သွားမယ်လို့ ​သဘောတူကြပါတယ်။

သြစတြေးလျကတော့ ​ငွေကြေးလျူဒါန်းမှုသာ ​လုပ်မယ်

အီဘိုလာ ​တိုက်ဖျက်ရေးအတွက် ​သြစတြေးလျက ​ဒေါ်လာ ​၁၈ ​သန်း ​လျူဒါန်းခဲ့ပေမယ့် ​စစ်သားတွေ၊ ​ကျန်းမာရေး ​အမှုထမ်းတွေကို ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

အီဘိုလာ ​ရောဂါ ​ကုသပေးရင်း ​တစ်ယောက်ယောက်က ​ရောဂါ ​ကူးစက်ခံရမယ်ဆိုရင် ​သြစတြေးလျနိုင်ငံကို ​ပြန်သယ်လာဖို့ ​ခက်ခဲတဲ့အတွက် ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အနောက်အာဖရိကကနေ ​သြစတြေးလျကို ​ပြန်လာရတဲ့ ​ခရီးက ​ဝေးတဲ့အတွက် ​လုံခြုံစိတ်ချစွာ ​ကယ်ဆယ်နိုင်မယ့် ​အခြေအနေ ​မရှိတာကြောင့် ​သြစတြေးလျနိုင်ငံသားတွေကို ​မပို့နိုင်ဘူးလို့ ​သြစတြေးလျက ​ပြောပါတယ်။

အစိုးရက ​တားမြစ်တဲ့ကြားကပဲ ​အာဖရိကဒေသကို ​သွားရောက်မယ်ဆိုရင်လည်း ​မိမိ ​အလုပ်လုပ်တဲ့ ​အဖွဲ့အစည်းမှာ ​ရောဂါကူးစက်ခံရသူကို ​ဘယ်လို ​လုပ်ဆောင်ပေးသလဲ ​ဆိုတဲ့ ​စနစ် ​ရှိမရှိကို ​အရင်လေ့လာဖို့လည်း ​သတိပေးလိုက်ပါတယ်။

သြစတြေးလျ ​အစိုးရက ​အီဘိုလာတိုက်ဖျက်ရေးမှာ ​အလျူငွေထက်မက ​ပိုမို ​လုပ်ဆောင်သင့်တယ်လို့ ​International ​Crisis ​Group ​က ​ပြောပါတယ်။

သြစတြေးလျရဲ့ ​ငွေကြေးလျူဒါန်းမှုအပေါ် ​အထူးကျေးဇူးတင်ပေမယ့် ​အာဖရိက ​ဒေသမှာ ​အပြောင်းအလဲလုပ်နိုင်မယ့် ​လူတွေကို ​ပို့ဆောင်ဖို့ ​အရေးကြီးတဲ့အကြောင်း ​အဲဒီဒေသမှာ ​အခြေခံ ​အဆောက်အဦးတည်ဆောက်ရေးမှာ ​လိုအပ်ချက် ​အများအပြား ​ရှိသေးတဲ့အကြောင်း ​Jean-Marie ​Guehenno ​က ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-22/1381679



ဆီးရီးယား နယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံ တိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေး သမားတွေ အတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ညတုန်းက အမေရိကန်လေတပ်က လေထီးနဲ့ ချပေးလိုက်တဲ့ လက်နက်တွေကို စစ်သွေးကြွတွေက ရရှိသွားတယ်လို့ ဆီးရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်က သတင်းပို့ခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

IS အဖွဲ့ကိုလိုလားတဲ့ မီဒီယာတခုက ပြသတဲ့ ဗွီဒီယိုထဲမှာ မျက်နှာကို ဖုံးကွယ်ထားတဲ့ တိုက်ခိုက်ရေးသမား တယောက်က လက်ပစ်ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်ပစ်ဗုံးသုံး ရော့ကက်လောင်ချာတွေကို စစ်ဆေးနေတဲ့ပုံကို တွေ့မြင်ရပြီး ၀မ်းသာအားရဖြစ်နေတဲ့ သူ့ရဲ့အသံကိုလည်း ကြားနေရပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်ကတော့ လေကြောင်းကနေ လက်နက်တွေ ၂၈ ကြိမ် ချပေးခဲ့ရာမှာ ၂၇ ကြိမ်ဟာ သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်ကျခဲ့ပြီး Kurdish တိုက်ခိုက်ရေးသမားတွေထံ ရောက်သွားတာ သေချာတယ်လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ပစ္စည်းထုတ်ဟာ လွဲမှားပြီး စစ်သွေးကြွတွေလက်ထဲ ရောက်သွားမှုမရှိဘူး ဆိုတာ ဘယ်သူကမှတော့ တတ်အပ် သေချာ မပြောနိုင်ဘူးလို့ စစ်ဘက်ပြောခွင့်ရ သူက ပြောဆိုပါတယ်။ ရရှိထားတဲ့ ဗွီဒီယိုကို စစ်ဆေးနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-arms-support-is/2491742.html


အောက်တိုဘာ ၂၁ရက်၊၂၀၁၄ခုနှစ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမမောင်းမြို့နယ်ခွဲအတွင်း အောက်တိုဘာလ ၁၉ရက်နေ့က နယ်ခြားစောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်းလာသော ကားတစ်စီးသည် မဲသနခီးရွာနှင့် ပေပင်ဆိပ်ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ်ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာရရှိပြီး တပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းအမည်မသိ လက်နက်ကိုင်အဖွဲ့သည် BGF (၁၀၁၄)တပ်ရင်းမှ ဗိုလ်ကြီးတင်ဝင်း စီးနင်းလာသောကားကို စောင့်ကြိုကာ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့တပ်သားတစ်ဦးဖြစ်သူ စောချစ်ဆွေ (ခ) သန်းထွန်းလင်း၏ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ ဗိုလ်ကြီးစောတင်ဝင်းမှာ ညာဘက်လက်မောင်းကို သေနတ်ကျည်ဆံ ရှပ်ထိသွားခဲ့သည်ဟု နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ကေအိုင်စီသို့ ပြောသည်။

“ဖြစ်စဉ်က အောက်တိုဘာလ ၁၉ရက် နေ့လည် ၂နာရီခွဲအချိန်မှာ မဲသနခီးရွာအပြန်မှာ ဗိုလ်ကြီးတင်ဝင်း စီးလာတဲ့ကားကို လမ်း ဘေးကနေ ချောင်းပစ်ခံရတာပါ။ အဲဒီမှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံရပြီး ကိုယ်တို့ဆီက တပ်သားတစ်ယောက် ကျ သွားတယ်။ ဗိုလ်ကြီးတင်ဝင်းလည်း ညာဘက်လက်မောင်းသေနတ် ရှပ်ထိသွားတယ်”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က အတည်ပြု ပြောဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီး အသေးစိတ် ဆက်လက် စုံစမ်းသွားမည်ဖြစ်သလို အကယ်၍ ဖော် ထုတ်နိုင်ပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆွေးနွေးဖြေရှင်းသွား မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အောက်တိုဘာလ ၅ရက်နေ့၌လည်း ဖားအံမြို့နယ်ရှိ လှာကဒေါင်ကျေးရွာအုပ်စု လှိုင်းပုံရွာတွင် အသက် ၃၀ခန့်အရွယ် လူငယ် တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သော်လည်း မည်သူပစ်သတ်သွားခဲ့သည်ကိုမူ မသိရှိခဲ့ရပေ။

စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://kicnews.org