10/26/14


555
ကျိုက်မရော ၊ အောက်တိုဘာ ၂၆။

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုအတွက်ဇနီဖြစ်သူ မသန္တာ၏တရားစွဲဆိုမှုအား မွန်ပြည်နယ် ကျိုက်မရောမြို့မရဲစခန်း မှ
သေမှုသေခင်း အမှတ် ၁၁/၂၀၁၄ ဖြင့် ယနေ့ညနေ ၆နာရီတွင် အမှုကိုလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့မရဲစခန်းမှ အမှုတွဲအား ကနဦးက ဖွင့်ခွင့်မပေးဘဲ ရွေ့ဆိုင်းမှုများရှိခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးသော ကိုစိုးမိုးကပြောသည်။

"ကျွန်တော်တို့ အမှုသွားဖွင့်တာကို အစကလက်ခံလို့မရပါဘူး လို့ပြောပါတယ်အထက်ကညွန်ကြားချက်ချထားသောကြောင့်လက်ခံလို့မရဘူး၊ အကောင်းဆုံး
အကြံပေးချင်တာကတော့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ် ထံမှာ နစ်နာဆုံးရှုံမှု အတွက် စာတင်ပါ၊ အမြင့်ဆုံးပုဂ္ဂိုလ်က ကော်မရှင်ဖွင့်ပြီး စစ်ဆေးပါလိမ့်မယ်၊ အဲ့တော့မှ ပူးပေါင်းဆောင်ရွက်လို့ရမယ်လို့ စခန်းမှူးက ပြောပါတယ်"ဟုကိုစိုးမိုးက ပြောသည်။

လက်ရှိအချိန်တွင် အမှုတွဲနှင့်သက်ဆိုင်သော သက်သေ လေးယောက်အားခေါ်ယူစစ်ဆေး နေပြီဖြစ်ပြီး ကျန်ရှိသော ကိစ္စများအား တရာလိုဘက် မှ
ရှေ့နေများဖြင့်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

http://www.mmanewsagency.com/?p=8921


Video..Aye mya mya myo


လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရစနစ် (FTPT) နှင့်မဲအချိုးကျကိုယ်စားပြု PR စနစ်တို့ရဲ့ အားသာချက်၊ အားနည်းချက်
တွေအပေါ် အခြေခံပြီး "ဒီကနေ့ မြန်မာနိုင်ငံဟာ (PR) ကိုကျင့်သုံးဖို့ အဆင် သင့်ဖြစ်ပြီလား" ဆိုသည့်ခေါင်းစဉ်ဖြင့် ၂၆.၁၀.၂၀၁၄ ရက်နေ့တွင် ဒီဗီဘီ ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့သည့်
ဒီဗီဘီ ဒီဘိတ် (တတိယပိုင်း)။



အလွတ်သတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးကာ အရေးယူပေးရန် သမ္မတနှင့်ကာချုပ်တွင် အဓိကတာဝန်ရှိနေပြီး စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်ပယ်အသီးသီးမှ ပြည်သူ ၁၀၀၀ ခန့်က အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဆူးလေစေတီအနီး၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

နယ်ပယ်စုံမှ တတ်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင်များ၊ အလုပ်သမား အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုဖွံ့ဖြိုးရေးကွန်ရက်များ၊ အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းပေါင်း ၃၀ ကျော်မှ ပြည်သူအင်အား ၁၀၀၀ ခန့်သည် ဆူးလေဘုရား၊ မဟာဗန္ဓုလပန်းခြံအနီးတွင် စုဝေးကြပြီး ကိုပါကြီးသေဆုံးမှုအပေါ် တပ်မတော်၏ သတင်းထုတ်ပြန်မှုနှင့် လုပ်ရပ်တို့အား ရှုံ့ချဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ကိုပါကြီး သေဆုံးမှုအပေါ် တက်ရောက်လာကြသော အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်က ၎င်းတို့၏ သဘောထားကြေငြာချက် အသီးသီးကို ထုတ်ပြန်ခဲ့ပြီး ယင်းသဘောထားကြေငြာချက်များထဲတွင် တပ်မတော်မှ ထုတ်ပြန်ခဲ့သော အချက်အလက်များသည် ယုံကြည်စရာမရှိခြင်း၊ နိုင်ငံသားတစ်ဦးအနေနှင့် ကိုပါကြီးမှာ ဥပဒေ၏ အကာအကွယ် မရရှိခဲ့ခြင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီဟုဆိုနေသော ကာလတွင် တပ်မတော်က ကိုပါကြီးအား ဖမ်းဆီးစစ်ဆေးမှုသည် ဥပဒေမဲ့ဖြစ်နေခြင်း၊ ကိုပါကြီးသေဆုံးသွားမှုသည်လည်း ရာဇ၀တ်မှုသက်သက်ဖြစ်ခြင်းနှင့် ကိုပါကြီးသေဆုံးမှုအား နိုင်ငံတော်အစိုးရ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ တာဝန်ယူကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် စသည့်အချက်များပါဝင်သည်။

ကိုပါကြီးသေဆုံးမှုအတွက် တာဝန်ရှိသူများအား အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုသည့်ပွဲတွင် စီတန်းလှည့်လည် ဆန္ဒပြမှုများ မပြုလုပ်ခဲ့သော်လည်း တရားမျှတမှုပေါ်ထွန်းရေး ဒို့အရေး၊ နိုင်ငံသားများလုံခြုံရေး ဒို့အရေး၊ အဓမ္မ၀ါဒ အလိုမရှိဟု ကြွေးကြော်ခဲ့ကြသည်။

ထို့ပြင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အပြင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများဖြစ်သည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကိုမိုးသွေးတို့ကလည်း ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ကိုပါကြီးလိုဖြစ်ရပ်မျိုးဟာ ရည်ရွယ်ချက်ရှိတဲ့ ဖြစ်ရပ်မျိုးပဲ။ တပ်မတော်က ထုတ်ပြန်ချက်တွေမှာလည်း ရှေ့နောက်လွဲနေတာတွေ ရှိတယ်။ ကိုပါကြီးဇနီးသည်က လိုက်စုံစမ်းတဲ့အခါမှာ အဲဒီလို မရိုးဖြောင်းတဲ့ဖြစ်ရပ်တွေ အများကြီးရှိတယ်ဆိုတာ ပိုသိရတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ပံတောင်းမှာ သံဃာတွေဖြိုခွဲခံရသလိုမျိုး ကိစ္စတွေ စတဲ့အကြမ်းဖက်မှုတွေမှာ လက်ယဉ်နေတာကို တွေ့ရတယ်။ ဘာလို့ လက်ယဉ်နေကြသလဲဆိုရင် လက်နက်ရှိတဲ့သူက အပြစ်မဲ့ပြည်သူကို လက်နက်နဲ့အနိုင်ကျင့်ရင် ရတာပဲဆိုတဲ့ ပုံစံမျိုးပါ။ အဲဒါ ပြဿနာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း တပ်မတော်သား ရာဇ၀တ်မှုကျူးလွန်ရင် ဘယ်တရားရုံးကမှ အရေးယူလို့မရဘဲ စစ်ဘက်ဆိုင်ရာ တရားရုံးကပဲ အရေးယူလို့ ရနိုင်တယ်ဆိုတာကလည်း ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေသက်သက်လို ဖြစ်နေပါတယ်” ဟု ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဦးမင်းကိုနိုင်က ကိုပါကြီးဖြစ်စဉ်အား ကျွမ်းကျင်မှုရှိပြီး လွတ်လပ်သောစုံစမ်းရေးကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်းပေးပြီး ၎င်းကော်မရှင်၏ ဖော်ထုတ်ချက်များဖြစ်သည့် ဘယ်သူ့လက်ချက်လဲ၊ ဘယ်သူကအမိန့်ပေးသလဲ စသည့်အချက်အလက်များ ရရှိလာပါက ကျူးလွန်သူအား တရားဥပဒေအရ အမြန်ဆုံးအရေးယူပေးရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲများသို့ တောင်းဆိုခဲ့သည်။

“ကိုပါကြီးသေဆုံးတဲ့အပေါ် နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့် အခွင့်အရေး တစ်ခုဖြစ်တဲ့ နေထိုင်ရှင်သန်ခွင့် အခွင့်အရေးတစ်ခု ဖျက်ဆီးခံရတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကို ပစ်ခတ်ဖမ်းဆီးမိပါတယ်။ နစ်နာလျော်ကြေး သက်ဆိုင်တဲ့မိသားစုကို ပေးသွားပါမယ်ဆိုကတည်းကိုက ကျွန်တော်တို့နိုင်ငံသားတွေဟာ ကျည်ဆန်တစ်တောင့်လောက်မှ တန်ဖိုးမရှိတော့သလို ဖြစ်နေပါတယ်။ ထုတ်တဲ့သတင်းထုတ်ပြန်ချက်ကလည်း လက်မှတ်မပါ၊ စာအမှတ်မပါ၊ ဘာမှမပါဘဲ နေပြည်တော်မှဆိုတဲ့ စာတစ်ကြောင်းနဲ့တင် ထုတ်တာကို ကြည့်ခြင်းအားဖြင့် လက်ရှိအုပ်ချုပ်နေတဲ့ ယန္တရားနဲ့ ကာကွယ်ရေးအဖွဲ့အစည်းကြီးဟာ နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ အသက်တစ်ခုကို ဖက်တစ်ရွက်လောက်တောင် တန်ဖိုးမထားဘူးဆိုတာ သိလိုက်ရပါတယ်” ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောကြားသည်။

“ဒီကိစ္စက ကိုပါကြီးဖြစ်ရပ်တစ်ခုထဲတင် မဟုတ်ဘူး။ ကချင်အမျိုးသမီးတစ်ယောက်ဆို ပျောက်သွားတာ သုံးနှစ်လောက်ရှိပြီ။ အခု အဲဒါကို ကချင်ငြိမ်းချမ်းရေးကွန်ယက်က လိုက်ဆောင်ရွက်ပေးနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်ရပ်တွေဟာ တစ်နိုင်ငံလုံးမှာ ဖြစ်နေတယ်။ လယ်သမားတွေ၊ မီဒီယာတွေ ထောင်ချခံနေရတာတွေလည်း ရှိတယ်။ ဒါမျိုးတွေ ဆက်ဖြစ်နေတယ် ပြုပြင်ပြောင်းလဲရေး စစ်မှန်တယ်ဆိုရင် အစိုးရ တာဝန်ယူရမယ်” ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောကြားသည်။

“တပ်မတော်က သတ်တာမှမဟုတ်ဘူး။ ရဲတွေက လုပ်တာရှိတယ်။ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်ကြောင့် နိုင်ငံသားတွေဟာ ထောင်တွေကျတယ်။ အသတ်ခံရတယ်။ ကိုပါကြီးကိစ္စကတော့ သတင်းသမားလည်းဖြစ်တယ်။ ၈၈ အသိုင်းအ၀ိုင်းထဲကလည်း ဖြစ်တယ်။ ဒေါ်စုလုံခြုံရေးလည်း ဖြစ်တယ်။ သုံးရောင်ခြယ်လည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့ကိစ္စက ပေါ်လွင်သွားတာ။ အဲဒီလို မပေါ်လွင်ပဲ သေဆုံးသွားသူတွေ၊ အခွင့်အရေး ချိုးဖောက်ခံရသူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနိုင်ပါသေးတယ်” ဟု လယ်သမားအရေးဆောင်ရွက်သူ ကိုဇော်ရမ်းက ပြောကြားသည်။

Elevven media group


မြန်မာစစ်တပ် ခမရ ၂ဝ၈က ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတဲ့ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ ဇနီးက သူ့အမျိုးသားကို အစိုးရစစ်တပ်က မတရားညှင်းဆဲပြီးသတ်ဖြတ်ခဲ့တာဖြစ်တာကြောင့် အရပ်ဖက်ဥပဒေရုံးမှာ တိုင်ကြားသွားမယ်လို့ အောက်တိုဘာ ၂၅ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

အသတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဟာ ပြည်သူတစ်ယောက်ဖြစ်တာကြောင့် ပြည်သူ့အရပ်ဖက်တရားရုံးက ဥပဒေကြောင်းအရ ရှင်းတာကိုပဲ လိုချင်ပြီး စစ်တပ်အနေနဲ့ သူ့ရာဇဝတ်သားကို ဘယ်လိုဘဲ လုပ်လုပ် ဒီဖြစ်ရပ်ဟာ စစ်သားအချင်းချင်းဖြစ်တဲ့ ရာဇဝတ်မှုမဟုတ်ဘဲ အရပ်သားကိုသတ်တဲ့ စစ်သားတစ်ယောက်ကို တိုင်ကြားမှာပါလို့ မသန္တာက ပြောပါတယ်။

သူရဲ့ခင်ပွန်း ကိုပါကြီးဟာ သတင်းထောက်ဖြစ်တယ် မဖြစ်ဘူး၊ ယူဂျီဖြစ်တယ် မဖြစ်ဘူးဆိုတဲ့အပေါ် မဖြေရှင်းချင်ဘူးလို့ ပြောပါတယ်။ အရပ်သားတစ်ယောက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုကိုပဲ အဓိကဦးတည်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကပိုင်း သတင်းစာတစ်ခုမှာ ကိုပါကြီးရဲ့ဓာတ်ပုံကို ပုံမှားရိုက်ဖော်ပြတာတွေဟာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်နေပြီး ဒီလိုမူပိုင်ခွင့်ပြဿနာတွေဟာ မြန်မာပြည်မှာ အစဉ်အလာလို ဖြစ်နေတယ်လို့ ပြောပါတယ်။

ကိုပါကြီး သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က လျော်ကြေးပေးတာကို လက်ခံမှာမဟုတ်ဘဲ ကိုပါကြီးရဲ့ ခန္ဓာကိုယ်ရဲ့ အရိုးပဲရရ၊ အဝတ်အစားနဲ့ သက်ဆိုင်ရာပစ္စည်းတွေ ပြန်လိုချင်ပြီး အလောင်းကို ဘယ်နေရာမှာထားသလဲဆိုတာ ပြောဖို့ အစိုးရကို တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။ မွန်အမျိုးသားပါတီနဲ့ ကျိုက်မရောက NLD ပါတီဝင်တွေရဲ့ အကူအညီနဲ့ အလောင်းပြန်ရဖို့ လုပ်သွားမယ်လို့ ပြောပါတယ်။

သုံးရောင်ခြယ်ကျောင်းသားအဖွဲ့ဝင်ဟောင်းဖြစ်သူ လှုပ်ရှားတက်ကြွသူ ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ကျိုက်မရောအနီး မြန်မာစစ်တပ်နဲ့ DKBA တို့ကြား တိုက်ပွဲတွေဖြစ်တဲ့အချိန် စက်တင်ဘာ ၃ဝရက်နေ့မှာ အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခမရ ၂ဝ၄ ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ခမရ ၂ဝ၈ဆီ လွှဲပြောင်းပေးခဲ့ရာက အောက်တိုဘာ ၄ရက်နေ့ညမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ KKO လက်နက်ကိုင်အဖွဲ့ရဲ့ ဗိုလ်ကြီးတစ်ယောက်ဖြစ်ပြီး ရွှေဝါချောင်ကျေးရွာတောင်ဖက် မီတာ ၁ဝဝဝ အကွာမှာ ညအိပ်နေချိန် ကင်းစောင့်ဆီက သေနတ်ကိုလုပြီးပြေးဖို့ ကြိုးစားတာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ ပြောပါတယ်။

ကိုပါကြီးရဲ့ဇနီး မသန္တာဆီကို ဆက်သွယ်ပြီး အသိပေးအကြောင်းကြားတာ၊ ကူညီထောက်ပံ့တာတွေ လုပ်မယ်လို့ အစိုးရပိုင်သတင်းစာတွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Kamayut media


(1)

သတင်းထောက်..ကိုပါကြီးကို..
တောတွင်းလက်နက်ကိုင်တွေနဲ့
ထမင်းအတူတူစားလို့ ....
သူပုန်လို့သတ်မှတ်တယ်...

ဟုတ်လား ?
ကဲ..အဲဒီလိုပြောကြေးဆိုရင်..

အရင်တုန်းက လက်နက်ကိုင်ဘိန်းမှောင်ခိုတွေကို..
ပြည်တွင်းမှာ ငွေမဲငွေဖြူခ၀ါချခွင့်ပေးပြီး..
လက်ကမ်းကြို တဲ့ သန်ရွှေ ခင်ညွန့်နဲ့အပေါင်းပါတွေကိုလဲ.
ဘိန်းစားတွေလို့ ပြောမယ်ဗျာ.. ၊ ရမလား ?

တရုတ်မျိုးစပ်တဲ့ ဘိန်းရာဇာတွေကို..
လက်နက်နဲ့ငြိမ်ချမ်းရေးလဲလှယ်တဲ့ ခေါင်းစဉ်ပြပြီး
မြို့ထဲဆွဲသွင်းကာ...သာမန်ပြည်သူတွေရှေ့မှာ..
ခင်ညွန့်နာမည်သုံးပြီး သေနတ်တကားကားနဲ့
ထောင်လွှားခွင့်ပေးထားတဲ့ ..
စစ်ထောက်လှမ်းရေးတွေအားလုံးကလဲ
ဘိန်းစားတွေလို့မြင်တယ်ဗျာ..၊ ရမလား ?

-----------------

(2)

တိုင်းရင်းသားလက်နက်ကိုင်တွေကို...
လိုရင်တမျိုးမလိုရင်တမျိုး..လိုရင်တစ်မျိုး..
မီးစာတစ်ဖက်ရေမှုတ်တစ်ဖက်လုပ်ရင်း..
ထမင်းအတူတူစား...အရက်အတူသောက်လုပ်နေတဲ့
စစ်တပ်က ဗိုလ်ချုပ်ကြီးတွေဟာလဲ..
သူပုန်ထက်ဆိုးသူတွေဆိုရင်ကော..လက်ခံမလား ?

ငြိမ်းချမ်းရေးနာမည်တပ်ပြီး..
တောတွင်းလက်နက်ကိုင်တွေကို...
လိုရင်လိုသလို ကားပါမစ်ပေး..၊အခွင့်အရေးပေးတဲ့
အာဏာပိုင်တွေဟာလဲဒမြတွေလို့သတ်မှတ်မယ်ဗျာ၊
ရမလား ?

-----------------

(3)

လေက်နက်ကိုင်ခေါင်းဆောင်တွေကို
နေပြည်တော်ခေါ်တွေ့ပြီး အတူတူထိုင်ကာ..
ဆွေးနွေးပြောဆိုပြီး..တော်ကီခေါ်ပွားတဲ့..
ဦးသိန်းစိန်ကိုလဲ သူပုန်ကြီးလို့ပြောရင်ရော..ဖြစ်မလား ?

တိုင်းရင်းသားလက်နက်ကိုင်တွေကို..
ခေါ်တွေ့ပြီး...အာဘွားတွေဘာတွေပေးတဲ့..
မင်းအောင်လှိုင်ကလဲ.. သူပုန်ဗိုလ်ချုပ်ပဲဆိုရင်ကော..
ခင်ဗျားတို့ လက်ခံမလား ?

ကုန်ကုန်ပြောရရင်..

ဘိန်း၊ စိတ်ကြွဆေးတွေကြောင့်..
တိုက်ခိုက်ရေးအင်အား ငါးသောင်းလောက်အထိ
အင်အားကြီးထွားလာတဲ့..
လက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့ကို..
ဘာမှမလုပ်ရဲပဲအလှကြည့်နေတဲ့..

စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်တွေကိုလဲ
သူပုန်လို့ မြင်တယ်ဗျာ...

ရမလား..?

-----------------

(4)

သေချာတာကတော့..

သတင်းထောက်ကိုပါကြီးနဲ့..
ထမင်းအတူတူစားတဲ့သူဟာ..

သူပုန်ပဲဖြစ်ဖြစ်..
တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ်..
ဘယ်သူပဲဖြစ်ဖြစ်ပါ...

တောထဲတောင်ထဲမှာ..သူတို့ယုံကြည်ချက်ကြောင့်
တိုက်ပွဲဝင်ကြတာဖြစ်တဲ့အတွက်..၊

တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားပြီး.
ပြည်သူ သန်းပေါင်းများစွာရဲ့ဘ၀တွေကို
လူမွှေးမပြောင်အောင်လုပ်ခဲ့တဲ့..

မြန်မာ့စစ်အာဏာရှင်..
ဗိုလ်ချုပ် (၁၀၀) ရဲ...
အောက်တန်းကျတဲ့
လမ်းဘေးကစိတ်ဓာတ်မျိုးထက်...
ပိုပြီးမွန်မြတ်တယ်ဆိုရင်ရော...

ခင်ဗျားတို့လက်ခံမလား..?

စိန်ရဲလားဗျာ...၊

-------------------

(5)

ဆက်ပြောချင်တာက...

ထမင်းအတူတူစားတာနဲ့..
သူပုန်လို့သတ်မှတ်ပြီး..သတ်ကြေးဆိုရင်..

သိပ်ပြီးလက်ယားနေကြရင်..

အဲဒီ အပေါ်က ကမ္ဘာကျော်..
ဘိန်းဓမြ.ဘိန်းဘုရင်..
သူပုန်တွေကို ပြည်တွင်းခေါ်သွင်းပြီး.
အရှင်မွေးနေ့ချင်းကြီး..လုပ်ပိုင်ခွင့်ပေးပြီး
ပေါင်းစားနေတဲ့ ကောင်တွေကိုလဲ..
သွားသတ်လိုက်ကြပါလားဗျာ..

ပြည်သူတွေဟာ..
ခင်ဗျားတို့ကို.အရမ်းကိုလေးစားပြီး.
ကျေနပ်ဝမ်းသာကြမှာပါ..

အဲဒီကောင်တွေက..
တောထဲက သူပုန်တစ်သိန်းထက်..
ပိုပြီးကြောက်ဖို့ကောင်းတာကို..
ခင်ဗျားတို့ မ၀န်ခံချင်ပေမဲ့..
ဝန်ခံနေရတယ်မလား..

သောက်ကြီးသောက်ကျယ်တွေ
လျှောက်မပြောကြပါနဲ့တော့ဗျာ..

သောက်ရှက်တွေလဲ
ရှိကြစမ်းပါတော့ဗျာ..

ကဲ...ဘယ်နှယ့်ရှိစ...

ဟဲဟဲဟဲ...

( Pa Yit)

Scientist warn that Japan could be made extinct in the next century by eruption which would kill 95 per cent of the country's 127million inhabitants (pictured, Mount Ontake erupts in September killing 51 people)
တိုကျို ၊ ၂၆-၁၀-၂၀၁၄

လာမည့်နှစ် ၁ဝဝ အတွင်း မီးတောင် ပေါက်ကွဲမှု ကြီးမားစွာ ဖြစ်ပေါ်ပြီး ဂျပန် တစ်နိုင်ငံလုံး ကွယ်ပျောက် သွားနိုင်ပြီး သေဆုံးသူ ဦးရေ သည်လည်း ၁၂၇ သန်းခန့် ရှိနိုင်ကြောင်း ယမန်နေ့တွင် သိပ္ပံပညာရှင် များက သတိပေးချက် ထုတ်ပြန် လိုက်သည်။

ဂျပန်နိုင်ငံ ကျုရှူးကျွန်း တွင် ကြီးမားသော မီးတောင် ချိုင့်ဝှမ်းကြီး တစ်ခု ရှိနေပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝဝဝဝ အတွင်း ခုနစ်ကြိမ် ပေါက်ကွဲ ခဲ့ပြီးဖြစ်ကာ လာမည့်နှစ် ၁ဝဝ အတွင်း နောက်ထပ် တစ်ကြိမ် ပေါက်ကွဲမည် ဖြစ်ပြီး မီးတောင် ပေါက်ကွဲမှု ကြောင့် ထွက်လာသော ချော်ရည် ချော်များ ဖုံးလွှမ်းကာ လူခုနစ်သန်း ထက်မနည်း သေဆုံးနိုင်ပြီး အနောက်လေ တိုက်ခတ်မှု ကြောင့် မီးတောင်ပြာမှုန် များက ဟွန်ရှူးကျွန်း ကို ဖုံးလွှမ်း သွားမည် ဖြစ်ပြီး အဆိပ် တိမ်တိုက်များ ဖြစ်ပေါ် လာမည် ဖြစ်သည့်အတွက် ဂျပန်ကျွန်း တစ်ဝန်းတွင် နေထိုင်ကြသော လူပေါင်းသန်း ၁၂ဝ ကို ကယ်တင်နိုင်ရန် မှာလည်း မျှော်လင့်ချက် မရှိကြောင်း၊ ယခု ဖော်ပြချက် များသည် အလွန်အကျွံ ဖော်ပြထားခြင်း မဟုတ်ဘဲ ဂျပန် တစ်နိုင်ငံလုံး မီးတောင် အောက်တွင် ပျောက်ကွဲ သွားမည့် အန္တရာယ်ကို အရေးတကြီး ထုတ်ပြန် ကြေညာ သတိပေးခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ ၏ မီးတောင် ပေါက်ကွဲမှု အဆင့်ဆင့် ကို စောင့်ကြည့် လေ့လာ နေကြသော ကိုဘေ တက္ကသိုလ် မှ သိပ္ပံပညာရှင် များက ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

ဤသို့ ဂျပန်တစ်နိုင်ငံလုံး ပျက်စီး ပျောက်ကွယ် သွား လောက်အောင် ပြင်းထန်သည့် မီးတောင် ပေါက်ကွဲမှုသည် နောက်နှစ် ၁ဝဝ အတွင်း ဖြစ်ပွား နိုင်ခြေမှာ တစ်ရာခိုင်နှုန်း သာရှိ သော်လည်း ပေါ့ပေါ့တွေး၍ မရနိုင်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင်လည်း ကိုဘေမြို့ တွင် နောက်ထပ် နှစ် ၃ဝ အတွင်း ငလျင်ကြီး လှုပ်နိုင်ခြေမှာ တစ်ရာခိုင်နှုန်း သာ ရှိသည်ဟု ထုတ်ပြန် ကြေညာပြီး နောက် တစ်ရက် တွင်ပင် ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်ကြီး လှုပ်ခဲ့သည့် အတွက် လူပေါင်း ၆၄ဝဝ ထက်မနည်း သေဆုံး ခဲ့ကြောင်း၊ ထို့ကြောင့် နောက်ထပ်နှစ် ၁ဝဝ အတွင်း မီးတောင်ကြီး ပေါက်ကွဲရန် တစ်ရာခိုင်နှုန်း သာ ရှိသော်လည်း အချိန်မရွေး ပေါက်ကွဲ နိုင်သည်ဟု မှတ်ယူကာ ကြိုတင် ပြင်ဆင်မှု များကို ပြုလုပ် ထားရန် လိုအပ်ကြောင်း သုတေသီ များက ထပ်လောင်း သတိပေး ထားသည်။

စက်တင်ဘာလ ကလည်း ဂျပန်နိုင်ငံ အလယ်ပိုင်း တွင် အွန်တာကေ မီးတောင်ကြီး ရုတ်တရက် ပေါက်ကွဲခဲ့ရာ လူ ၅၁ ဦး သေဆုံး ခဲ့သည်။ သေဆုံးသူ အများစုမှာ အွန်တာကေ မီးတောင်ကို အေးအေးလူလူ တက်နေ ကြသော တောင်တက် သမားများ ဖြစ်ပြီး မီးတောင် ပေါက်ကွဲမည့် နိမိတ် လက္ခဏာ တစ်ခုကိုမျှ မသိလိုက် ရဘဲ ဝုန်းခနဲ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည့် အတွက် နှစ်ပေါင်း ၉ဝ အတွင်း အဆိုးရွားဆုံး မီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

လက်ရှိ အချိန်တွင်ပင် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ နျူကလီးယား စက်ရုံတစ်ခု မှ မိုင် ၄ဝ သာ ကွာဝေးသော မီးတောင်သည် သက်ဝင် လှုပ်ရှား လာနေပြီး မကြာမီ ပေါက်ကွဲ တော့မည့် အခြေအနေတွင် ရှိနေသည်။ ကျူရှူးကျွန်း အနောက်တောင် ပိုင်းရှိ အိုအိုယားမား မီးတောင် သည်လည်း သက်ဝင် လှုပ်ရှားစပြု လာပြီး ပေါက်ကွဲရန် နီးစပ် နေပြီဟု ယူဆရကြောင်း သိရသည်။

#PyiChitThar

Japan could be destroyed within the next 100 years in giant volcanic eruption, scientists claim
http://www.pyichitthar.com/2014/10/blog-post_0.html

ကျနော်တို့ ဒီနေ့ ဒီနေရာမှာ ရောက်နေရတာဟာ အစိုးရမှာတာဝန်ယူမှု တာဝန်ခံမှုမရှိလို့ပါ...

" လက်ပံတောင်းတောင်မှာ
သံဃာတော်တွေကို မီးလောင်ဗုံး နဲ့ ဖြိုခွင်းခဲ့တာမျိုး
ကိုပါကြီးလိုဖြစ်စဉ်မျိုးက ဘာကိုပြနေလဲဆိုတော့
လက်ယဉ်နေတာကို ပြနေတာမျိုးပါ "

ကိုမင်းကိုနိုင်

(မြို့တော်ခန်းမရှေ့)

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလိုချင်ရင် အမှန်တရားတွေကို ရင်ဆိုင်ရဲရမယ်..ဒီမိုကရေစီပြောင်းလဲရေးဆိုပြီး နိုင်ငံသားတွေလူမသိသူမသိ အသတ်ခံနေရဆဲဖြစ်တယ်..

ဦးကိုကိုကြီး
(မြို့တော်ခန်းမရှေ့)
ကိုပါကြီး မတရားဖမ်းဆီးခံရမှုနှင့်ပတ်သတ် ပြီး လူထုစုဝေးပောာပြောမှု၌ ကိုမင်းကိုနိုင် ပောာပြောနေစဉ် ရဲတပ်ဖွဲ့ မှ လာရောက် တားဆီးစဉ် လူထုမှ အော်ပာစ်ကြွေးကြော်
အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေးအတွက် အဖွဲ့အစည်း ၄၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
.
ကိုပါကြီးဟာ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က မွန်ပြည်နယ်မှာ ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းကို လိုက်ပြီးအပြန် ကျိုက်မရောမြို့ပေါ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ အသေဖမ်းမိတယ် လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
.
သတင်းမထုတ်ပြန်ခင် ရက်ပိုင်း ဇနီးဖြစ်သူက သူ့ကို ဖမ်းထားတဲ့ ၂၀၈ တပ်ရင်းကို သွားရောက်မေးမြန်းခဲ့သလို အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှာလည်း သွားရောက်စုံစမ်းခဲ့တဲ့အခါ တွေ့ခွင့်ပေးမယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာမှ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
.
ဦးပါကြီးဟာ ၈ လေးလုံး အရေးတော်ပုံ ကာလမှာ သုံးရောင်ခြယ်လူငယ်အဖြစ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အနီးကပ် လုံခြုံရေးကို တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
.
Credit : DVB
Photo..Ko Ko Latt.Min Nay Htoo,Aye mya mya myo

“ လူသတ်လိုင်စင် ”
အလွတ်သတင်းထောက်ကိုပါကြီး(ခ)ကိုအောင်နိုင်ကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သတင်းဟာ…မြန်မာပြည်သူပြည်သားတွေအတွက် ကျယ်လောင်တဲ့အချက်ပေး ခေါင်းလောင်းသံ နောက်တခုပါ။ ကိုပါကြီးဘဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်..မြန်မာနိုင်ငံသားယောက် အခုလို ကြက်ကလေး ငှက်ကလေးလို..လွယ်လင့်တကူ ဥပဒေမဲ့သတ်ဖြတ်တာခံရတယ်ဆိုတာ..ဘာကိုညွှန်ပြနေပါသလဲ။

ရှင်းရှင်းလေးပါ တရားဥပဒေစိုးမိုးမှု့လုံးဝမရှိဘူးဆိုတာပါဘဲ။ ဥပဒေအထက်မှာ..စစ်တပ်နဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းတွေကျကျနနထိုင်နေတယ်ဆိုတာ..လယ်ပြင်မှာဆင်သွားသလိုထင်ရှားလွန်းပါတယ်။ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ..အဲ့ဒီ လူသတ်လိုင်စင်ကို…စစ်တပ် ရဲ စွမ်းအားရှင် စတဲ့ အာဏာပါးကွက်သားအဖွဲ့ အစည်းတွေကိုပေးအပ်ထားတာပါ။ နိုင်ငံရဲ့အိမ်ဦးခန်းမှာ သူခိုးဂျပိုး လူသတ်ကောင်တွေကို လုပ်ခြင်သလိုလုပ်ပိုင်ခွင့်ပေးထားတာပါ။
ဒါဟာ စစ်အာဏာရှင်စနစ်ရဲ့ လူကိုခွေးကိုက်အသတ်ခံရတဲ့အမှု့တွေထဲက နောက်ထပ်အမှု့ကြီးတခုပါ။ တကယ်တော့ ကိုပါကြီးလို မြန်မာနိုင်ငံသားတယောက် ရက်ရက်စက်စက် တရားလက်လွတ် ဥပဒေမဲ့ အသတ်ခံရတယ်ဆိုတာ…အခုမှမဟုတ်ပါဘူး။ စစ်အာရှင်သမိုင်းခေတ်အဆက်ဆက်ကနေ ဒီနေ့ အချိန်ထိပါဘဲ။

အစုလိုက်အပြုံလိုက်အသတ်ခံရတာ…တဦးချင်းသတ်ဖြတ်ခံရတာ…လူသိရှင်ကြားသတ်ခံရတာ…လူမသိသူမသိအသတ်ခံရတဲ့အဖြစ်အပျက်တွေ..စာရင်းပြုစုမယ်ဆိုရင်..ထိတ်လန့် တုန်လှုပ်စရာအရေအတွက်ရောက်နေပါပြီ။ ဒါကြောင့်လည်း…တိုင်းရင်းသားအဖွဲ့ စည်းတချို့ရဲ့ ကုလသမဂ္ဂကိုတင်တဲ့ အထောက်အထားတွေပါတဲ့ အစီရင်ခံစာတွေမှာ..လူမျိုးတုံးသတ်ဖြတ်မှု့ ( Genocide) ထိ စနစ်တကျ ကျူးလွန်နေ တယ်လို့ မြန်မာစစ်တပ် ကို စွတ်စွဲထားတာပါ။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု့တွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၆၂ခုနှစ်၊ ဇူလှိုင်(၇)ရက်နေ့ ရန်ကုန် တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ဆဲဗင်းဂျူလှိုင်လူသတ်ပွဲ၊ ၁၉၇၄ ခုနှစ် မေလမှာ စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမားသပိတ် ၊ ၁၉၇၄ နှစ်ကုန်ပိုင်းမှာ ဦးသန့်အရေးအခင်း၊ ၁၉၇၅ မှာ အလုပ်သမားလှုပ်ရှားမှုနဲ့ ၁၉၇၆ မှာဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်လှုပ်ရှားမှုတွေမှာ ကျောင်းသားနဲ့  မိဘလုပ်သားပြည်သူတွေကို အင်အားသုံးဖြိုခွင်း သတ်ဖြတ်မှု့၊ ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်း၊ ၁၉၈၈ မတ်လ (၁၃),(၁၆) ရက် စက်မှု့တက္ကသိုလ်ကျောင်းသားအရေးအခင်းနှင့် အင်းယားကန်ဘောင်ဘေး တံတားနီကျောင်းသားလှုပ်ရှားမှု့ နှိမ်နှင်းလူသတ်ပွဲ၊ ၁၉၈၈ ဇွန်လ မြေနီကုန်းအရေးအခင်းနှိမ်နှင်းလူသတ်ပွဲ၊ စစ်ကိုင်းလူသတ်ပွဲ ၊ ၁၉၈၈ခုနှစ် သြဂတ်စ် (၈) ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ကိုဖြိုခွင်းခဲ့တဲ့ စက်တင်ဘာအာဏာသိမ်းလူသတ်ပွဲများ၊ ၂၀၀၃ခုနှစ် ဒီပဲရင်းလူသတ်ပွဲ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြိုခွင်းသတ်ဖြတ်မှု့တွေဟာ… မြန်မာနိုင်ငံရဲ့သမိုင်းမှာ ရုပ်ဆိုးအကျဉ်းတန်စွာ ကမ္ဗည်းထိုးခဲ့တာပါ။

လူထုအုံကြွမှု့နှိမ်နင်းပွဲတွေ၊ စစ်ထောက်လှမ်းရေး၊ အချုပ်ထောင်၊ စစ်ကျေရေးနဲ့ ညှင်းပမ်းနှိပ်စက်ရေး စခန်းတွေမှာ.. တဦးချင်းရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက် ပစ်ခပ်သတ်ဖြတ် ကြိုးပေးသတ်ခံရသူတွေ အမြောင်အများရှိတဲ့အထဲ ထင်ရှားသူတွေကို ရေးရရင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ကိုဖုန်းမော်၊ ကိုစိုးနိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ဦးမောင်ကို ၊ ဦးညိုဝင်း၊ စာရေးဆရာမောင်သော်က၊ တကသကျောင်းသား ခေါင်းဆောင် ကိုသက်အောင်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့် အခု ကိုပါကြီးတို့ ဖြစ်တယ်။တို့ ဖြစ်တယ်။

ABSDF ကပြန်လာတဲ့ ကိုပြာလောင်ကို စမ်းချောင်းမှာ ကြံ့ဖွံ့ အသိုင်းအ၀ိုင်းက၀ိုင်းသတ်လိုက်တဲ့ လူမသိတသိအဖြစ်အပျက်မျိုးနဲ့ “ခဏလေးပါ ဗိုလ်ကြီးကမေးစရာရှိလို့ ပါ ” ဆိုပြီး ညအချိန်မတော် လာခေါ်ခံရပြီး အိမ်ပြန်မရောက်တော့တဲ့ မထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ..ဘယ်လောက် များအသတ်ခံခဲ့ရပြီလည်းဆိုတာ..လက်တွေ့ စာရင်းပြုစုတော့မှာ့သာသိနိုင်မှာပါ။
နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ရိုးရိုးသာမာန်ပြည်သူပြည်သားတွေထဲမှာလည်း၊ အာဏာပိုင်တွေ၊ စစ်တပ် ရဲ စသုံးလုံး စတဲ့ အကျင့်ပျက် အဖွဲ့ အစည်းတွေရဲ့ နိုင့်ထက်စီးနင်း ဥပဒေမဲ့ မုဒိန်းကျင့် နှိပ်စက်သတ်ဖြတ်မှု့တွေ…ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေ၊ ရဲအချုပ်ထဲမှာ၊ ရဲကင်းတွေမှာ..လက်လွန်ခြေလွန်ဖြစ်တာတွေ၊ နှိပ်စက်တာမခံနိုင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ သတင်းတွေ..အမြဲတမ်းကြားနေခဲ့ရတယ်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုလို လက်သည်မပေါ်သေးတဲ့ လူသတ်မှု့တွေ၊ အဲ့ဒီလို လူသတ်ပွဲတွေကို သွေးအေးအေးနဲ့ ကျူးလွန်ခဲ့တဲ့ လူသတ်သမားတွေဟာ ထိုက်တန်တဲ့အပြစ်တွေမကျခံရတဲ့အပြင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီးပွားရေး လူမှု့ရေး နိုင်ငံရေး အိမ်ဦးခန်းတွေမှာ… ရာထူးစည်းစိမ်ဥစ္စာတွေနဲ့ ခုချိန်ထိဇိမ်ကျကြီးပွားနေတာပါ။ လူမဆန်တဲ့အပြစ်ကျူးလွန်သူတွေကို အရေးမယူဘဲ လွှတ်ပေးထားခြင်းနဲ့  အလိုတူအလိုပါအားပေး အားမြှောက်ပြုနေတာ၊ အကာအကွယ်ပေးနေတာ…ဦးသိန်းစိန်တို့ ရဲ့ အရပ်သားအမည်ခံ စစ်အစိုးရပါ။

ပြုပြင်ပြောင်းလဲရေးသမားတွေလို့ မြန်မာပြည်သူတချို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း တို့ တဖွဲ့ လုံးဟာ တကယ်တော့ ပြည်သူ့ ဆန္ဒဖြစ်တဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို..ဗြောင်ငြင်း ဆန်ခဲ့ကြသူတွေပါ။

မဲလိမ်မဲညစ်တွေနဲ့ ပြိုင်ဘက်မပါတဲ့၂၀၁၀ ရွေးကောက်ပွဲနဲ့ လက်ရှိသမ္မတနေရာယူထားတဲ့ ဦးသိန်းစိန်ဟာ.. မြန်မာ့တပ်မတော်ကို လူသတ်လိုင်စင် အပါအ၀င် လုပ်ခြင်တာလုပ်ဖို့ အမြင့်ဆုံးအာဏာ အပ်နှင်းပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ကော်မရှင်ဥက္ကဌတာဝန်ယူခဲ့သူ အမျိုးသား ညီလာခံ မှာသဘာပတိ တာဝန်ယူခဲ့သူပါ။

ဘုစုခရုပြစ်မူတွေကစလို့ ပဥ္စာနန္တိယကံကြီးတွေ လူသတ်မှု့တွေအထိ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မူကုဋေကုဋာနဲ့  မတရားသဖြင့်ရယူထားတဲ့သူတို့ ရဲ့စည်းစိမ်ဥစ္စာအာဏာနဲ့ ဘ၀တွေက ကာကွယ်စောင့်ရှောက်ဖို့  နိုင်ငံတော် အာဏာကို ရာသက်ပန်သိမ်းပိုက်ထားဖို့ရည်ရွယ်ချက်တွေနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ၁၉၉၀ခုနစ်ကျော် ကစတင်ပြီးသူတို့ စိတ်ကြိုက်ရေးဆွဲခဲ့ကြတယ်။

အနှစ်(၂၀)နီးပါးကြာအောင် စိမ်ပြေနပြေ အချိန်ယူစိတ်ကြိုက်ရေးဆွဲပြီးတဲ့နောက် (၂၀၀၈)ခုနှစ်မှာ နာဂစ် မုန်တိုင်းနဲ့ အတူတို့ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးသိမ်းပိုက်ဖို့ အဲ့ဒီဖွဲ့ စည်ပုံအခြေခံဥပဒေကိုအကောက် ဥာဏ်တွေသုံးပြီး အများသဘောဆန္ဒအတုအယောင်တွေနဲ့ ဇွတ်အတည်ပြုခဲ့တာ ဘယ်သူမှငြင်းနိုင်လိမ့် မယ်မထင်ဘူး။

စစ်အာဏာရှင်ခေတ်တလျှောက်လုံး နိုင်ငံတော်အဆင့် ရာဇ၀ါတ်မှု့ကြီးတွေ ကျူးလွန်ခဲ့သူတွေ ခေတ်အဆက်ဆက် လူသတ်မှု့ကျူးလွန်ခဲ့တဲ့သူတွေ နိုင်ငံပိုင်ပစ္စည်းတွေ အလွဲသုံးစားပြုပြီး ချမ်းသာ ကြွယ်ဝနေသူတွေသာမက အခုရော နှောင်ရော စစ်အာဏာရှင်နဲ့  အပေါင်းအပါတွေရဲ့အကျိုးစီးပွားအတွက် လူသတ်မှု့ ရာဇ၀တ်မှု့ မတရားမှု့ ကျူးလွန်မဲ့သူတွေကို စိတ်ချလက်ချ အကာအကွယ်ပေးဖို့ (၂၀၀၈) ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပုဒ်မ (၄၃) မှာ…မည်သည့် ပြစ်မှု့ဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက် စေရန် ပြဌာန်းခွင့်မရှိစေရ လို့ အတိအလင်းပါရှိပါတယ်။ ဒီပုဒ်မဟာ လူသတ်အားပေးပုဒ်မဖြစ်တယ်။ ငရဲခွေးကြီး တွေကို ဘေးမဲ့ပေးလွှတ်ထားတဲ့ပုဒ်မဖြစ်တယ်။ ရာဇ၀တ်သားတွေပုန်းကွယ် ကွန်းခိုရာပုဒ်မဆိုးကြီးတခုဖြစ် တယ်။
ဒါကြောင့် မြန်မာ့တပ်မတော်ကို လူသတ်လိုင်စင်အပ်နှင်းထားပေးတဲ့ စစ်တပ်ကိုဥပဒေအထက်မှာ နေရာယူခွင့်ပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက်မပြင်နိုင်သရွေ့  ကိုပါကြီးအသတ်ခံရသလို အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေအုံးမှာဘဲ။

ဒါကြောင့် (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၄၃၆) နဲ့  ပုဒ်မ (၄၃) စတဲ့ ပုဒ်မဆိုးတွေ ကိုမပြင်ခြင်တဲ့သူတွေဟာ…လူသတ်သမား ( သို့ ) လူသတ်သမားအားပေး တွေဘဲဆိုတာ… မြန်မာပြည်သူတွေရှင်းလင်းကွဲပြားအောင် မီးမောင်းထိုးပြခြင်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
အောက်တိုဘာ (၂၅) ရက် ၂၀၁၄ ခုနှစ်

ဆောင်းပါးပေးပို့လာသော မင်းကောင်းချစ်အား ဒေါင်းမာန်ဟုန်မှ အထူးကျေးဇူးတင်ရှိပါသည်..


အီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။အီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။

အနောက် အာဖရိကနိုင်ငံ တခုဖြစ်တဲ့ မာလီနိုင်ငံမှာ အီဘိုလာ ရောဂါနဲ့ ပထမဆုံး သေဆုံးသူ ရှိပြီ ဆိုတာကို သိခဲ့ရ တဲ့နောက် ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ကူညီရေး ပစ္စည်း ပေါင်ချိန် ၂,၀၀၀ ကျော် ကို လေကြောင်းနဲ့ ပို့ဆောင် ပေးခဲ့ပါတယ်။ အရေးပေါ် ပစ္စည်းတွေထဲမှာ လက်အိတ်တွေ မျက်နှာဖုံးတွေနဲ့ တကိုယ်ရည် ကာကွယ်ရေး ဆိုင်ရာပစ္စည်းတွေ ပါဝင်ပါတယ်။

အီဘိုလာရောဂါ နှိမ်နင်းရာမှာ အမြန်ဆုံးလှုပ်ရှားနိုင်ဖို့က အခရာဖြစ်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အနောက်အာဖရိက ဆိုင်ရာ အကြီးအကဲ Denise Brown ကပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့တွေဟာ အီဘိုလာရောဂါ အန္တရာယ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ စက္ကန့်မခြား လုပ်ဆောင် နေပါတယ်လို့လည်း ပြောပါတယ်။

အသက် ၂ နှစ်အရွယ် ဂီနီက မိန်းခလေးငယ်ဟာ အိမ်နီးချင်း မာလီနိုင်ငံမှာ ဆေးဝါးအကုသခံဖို့အတွက် သွားရင်း သောကြာနေ့က သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခလေးငယ်ဟာ ဘတ်စကားနဲ့ သွားရောက်ခဲ့တာမို့ မာလီနိုင်ငံက တခြားလူတွေကိုလည်း ဒီရောဂါပိုး ကူးစက်နိုင်ဖွယ်ရာ ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်းနိုင်ငံတွေဟာ အီဘိုလာရောဂါ အဓိကဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး လူပေါင်း ၅,၀၀၀ ကျော်လောက် သေဆုံးခဲ့ ရသလို လူပေါင်း တသောင်းလောက် ဒီရောဂါပိုး အကူးစက်ခံခဲ့ရပါတယ်။

ဒါပေမယ့် မိသားစုဝင်အများအပြားဟာ လူနာတွေကို သူတို့ရဲ့အိမ်မှာပဲကုဖို့ ကြိုးစားကြတာမို့ အခုစာရင်းထဲမှာ ဖော်ပြတဲ့ ရောဂါအကူးစက်ခံရသူ ဦးရေဟာ ဒီ့ထက်ပိုများနိုင်တယ်လို့လည်း WHO က ပြောပါတယ်။

တချိန်တည်းမှာပဲ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်းနိုင်ငံတွေကနေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာသူတွေဟာ အန္တရာယ်ရှိနိုင်တာမို့ ၂၁ ရက်ကြာ သီးသန့်ခွဲနေထိုင်ခိုင်းဖို့ Illinois ပြည်နယ်အုပ်ချုပ်ရေးမှုး Pat Quinn က အမိန့်ထုတ်ပြန်ထားပါတယ်။ အီဘိုလာရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ်တိုင်လုပ်ဆောင်လာကြဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ အီဘိုလာရောဂါ ကူးစက်မှုရှိမရှိ သိစေနိုင်တဲ့ ကာလဟာ ၂၁ ရက်မို့ အခုလို သီးခြားခွဲနေစေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Barack Obama က အီဘိုလာရောဂါရှိမရှိ သိဖို့ သိပ်ခက်တယ်လို့ အမေရိကန်ပြည်သူတွေကို သတိပေးခဲ့သလို ဒီရောဂါ တိုက်ဖျက်ရေးအတွက် ကြောက်လန့်မနေဘဲ လုပ်ရမယ့်အလုပ်ကို အချက်ကျကျ လုပ်ဆောင်ကြဖို့ သူ့ရဲ့စနေနေ့အပတ်စဉ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/mali-ebola-death-toll-nears-5000-/2496694.html

ဂျပန်အဘိုးအိုတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းလင်မယားအား ထိုင်းရဲများက အခြားလူသတ်မှုများဖြင့် ထပ်မံ၍ စွဲချက်တင်လိုက်ကြောင်း သိရ သည်။

ဖနာချန်နော့ချိုင်ယာပါနှင့် ဆွမ်ချိုင်းကွယ်ဘန်ယန်တို့သည် အသက် ၇၉ နှစ်အရွယ် ဂျပန်အဘိုးအို ယိုရှီနိုရီရှီမာတိုအား သတ်ဖြတ်မှုဖြင့် ကြာသပတေး နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါအဘိုးအို ပျောက်ဆုံးပြီးနောက် တစ်လအကြာတွင် ခုတ်ထစ်ဖြတ်တောက်ထားသည့် အဘိုးအို၏အလောင်းအား ဗန်ကောက်မြို့ တော်အနီး တူးမြောင်းတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထိုင်းရဲများက ၂၀၀၃ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ဂျပန်အမျိုးသား ကာဆူတိုရှီတာနာကာ အမှုနှင့်ပတ်သက်၍လည်း လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူနှစ်ဦးကို မေးခွန်းများ မေးမြန်းခဲ့သည်။ တာနာကာသည် ချိုင်ယာပါ အား လက်ထပ်ပြီးနောက် တစ်နှစ်အကြာတွင် နေအိမ်လှေကားမှပြုတ်ကျကာ သေဆုံး ခဲ့သည်ဟု ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့သည်။ ကွယ်ဘန်ယန်ကမူ တာနာကာ အား လှေကားမှတွန်းချကြောင်းနှင့် သေသည်အထိ ကန်ကျောက်ခဲ့ ကြောင်း ၀န်ခံထားသည်။ အမျိုးသမီးဖြစ်သူကမူ လူသတ်မှုတွင် တစ်စုံတစ်ရာပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

သူမအနေဖြင့် တာနာကာသေဆုံးပြီးနောက် အာမခံကြေးအမြောက်အများ ရရှိခဲ့ သည်ဟု nhk သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Ref:NHK

စည်သူကျော်စွာ
https://www.facebook.com/NewsWatchJournal

နိုင်ငံသားတစ်ဦးဖြစ်သူ ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ စုပေါင်းသဘောထား ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ ၂၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၄ ခုနှစ်

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ တစ်လကြာ အဖမ်းခံထားရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်သည် (၄၊၁ဝ၊၂ဝ၁၄) ရက်နေ့ ညနေ၌ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်အင်အားစုများ စုပေါင်း၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်ဟု နိုင်ငံတော်အကြီးအကဲများက ပြောကြားနေချိန်တွင် နိုင်ငံသားတိုင်း မူလအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အသက်အိုးအိမ် မလုံခြုံမှုများ ဒေသအနှံအပြားတွင် ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးရခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်သည် သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိနေပြီး နိုင်ငံသားတစ်ဦးချင်းအနေဖြင့် ဥပဒေ၏အကာအကွယ်ကို ရရှိရန်လိုအပ်ကြောင်း ယင်းဖြစ်ရပ်က ထင်ရှားစွာပြသနေပါသည်။
ယခုဖြစ်ရပ်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်လုပ်ရပ်ဟု ကျွန်ုပ်တို့က ယုံကြည်သဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမှုအမှန်တိုင်းပေါ်ပေါက်လာစေရန် လွတ်လပ်ပြီး ကျွမ်းကျင်သည့် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းဖော်ထုတ်ပေးရန်နှင့် ပြစ်မှု ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အောက်ပါ ဒီမိုကရက်တစ် အဖွဲ့အစည်း များက လေးနက်စွာတောင်းဆိုလိုက်သည်။

၁။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
၂။ Generation Wave
၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
၎။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၅။ အ.က.သ. ( ၈၈မျိုးဆက် )
၆။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၇။ မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ
၈။ 141 Plus နိုင်ငံရေး အင်အားစု
၉။ နိုဗယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ ( 10 D )
၁၀။ မြန်မာ့လူမှုဘဝတိုးတက် မြင့်မားရေးအသင်း
၁၁။ အဖြူရောင်တွဲလက်များအဖွဲ့
၁၂။ Triangle Women
၁၃။ ၇၄/၇၅/၇၆ အင်အားစုများ
၁၄။ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့
၁၅။ Yangon School of Political Science
၁၆။ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ
၁၇။ Myanmar Institute for Democracy
၁၈။ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့
၁၉။ ရန်ကုန် - လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
၂၀။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ရက်
၂၁။ Generation Youths
၂၂။ အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်
၂၃။ ကရင်အမျိုးသမီးအဖွဲ့
၂၄။ ဒီမိုကရေစီအင်အားစု
၂၅။ New Myanmar Foundation
၂၆။ ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်
၂၇။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်
၂၈။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်
၂၉။ Badei Moe CSO
၃၀။ Land In Our Hands
၃၁။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့
၃၂။ Youth Development Network
၃၃။ ငြိမ်းချမ်းရေးလူငယ်အဖွဲ့ 
၃၄။ ABSDF ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး)
၃၅။ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အစည်းအရုံး (BLSO)
၃၆။ Center for Youth and Social Harmony
၃၇။ Kachin Peace Network ( ကချင်ငြိမ်းချမ်းရေးကွန်ယက်)
၃၈။ Kachin Women Union (ကချင် အမျိုးသမီးသမဂ္ဂ)
၃၉။ Research and Translation Consultancy Cluster
၄၀။ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ
၄၁။ Myanmar Institute 0f Peace and Security Study
၄၂။ Women’s Organizations Network
၄၃။ Women Peace and Security Initiatives
၄၄။ Genuine People’s Servants
၄၅။ Myanmar Farmer Union ( မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ )
၄၆။ Women Galaxy

Ant Bwe Kyaw

ကျိုက်မရော မြို့မရဲစခန်းတွင် စခန်းမှူးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြသော မသန္တာ၊ ဒေါ်နော်အုန်းလှတို့အဖွဲ့
ရာဇ၀င်တွင်သွားသည့် ကျိုက်မရောမြို့ရှိ "ပါကြီးအ၀ိုင်း"
ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန်အတွက် ကိုပါကြီး၏ဇနီးဖြစ်သူ မသန္တာသည် ဒေါ်နော်အုန်းလှနှင့်အတူ ကျိုက်မရောမြို့သို့ ခရီးထွက်ခွာခဲ့ပါသည်။ အဖေါ်လိုက်ပါလာသော အခြားသောမိတ်ဆွေများကလည်း တခြားကားတစီးဖြင့် မသန္တာတို့ရှေ့မှ ကြိုတင်ထွက်ခွာလာခဲ့ပါသည်။

ကြိုတင်ထွက်ခွာလာသော ကားပေါ်မှမိတ်ဆွေများပြောပြချက်အရ အမျိုးသမီးတဦးကိုရှာဖွေရန်ဟုဆိုကာ လမ်းရှိစစ်ဆေးရေးဂိပါတ်များတွင် စစ်ဆေးလျက်ရှိကြေင်းသိရပါသည်။

ယနေ့နံနက် ၉နာရီကျော်တွင် ကျိုက်မရောမြို့မရဲစခန်းသို့ရောက်ရှိခဲ့ပါသည်။ မြို့မရဲစခန်းတွင် စခန်းမှူးမရှိသည့်အတွက် အတန်ကြာစောင့်ခဲ့ရပါသည်။ စခန်းမှူးရောက်ရှိလာသည့်နောက် မသန္တာမှ ခင်ပွန်းသည် ကိုပါကြီးအသတ်ခံရမှုနှင့်ပတ်သက်၍ အမှုဖွင့်လိုကြောင်းပြောပြပါသည်။

စခန်းမှူးမှ မိမိတို့အနေနှင့် မသန္တာကိုဆက်သွယ်ခဲ့ကြောင်း၊ ဖုံးပိတ်ထားခဲ့ကြောင်းပြောပြသဖြင့် မသန္တာမှ ၎င်းအနေနှင့် ပြည်ပခရီးခဏထွက်သွားရသဖြင့် ဖုံးအဆက်အသွယ်မရတာဖြစ်ကြောင်း၊ ယခုခရီးမှပြန်ရောက်ရောက်ခြင်းထွက်လာခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

တဖန်စခန်းမှူးက ကိုပါကြီးမှာသေဆုံးသွားပြီဖြစ်သဖြင့် လူပျောက်တိုင်တန်းမှုဖြင့် အမှုဖွင့်လို့မရတော့ကြောင်းပြောပါသည်။ မသန္တာမှ လူပျောက်မှုမဟုတ်ဘဲ လူသတ်မှုအနေဖြင့် အမှုဖွင့်လိုကြောင်းဆက်ပြောရာတွင် စခန်းမှူးက ၎င်းတို့အနေနှင့် အထက်အမိန့်အရ အမှုမဖွင့်ပေးနိုင်ကြောင်း၊ အထက်အမိန့်ဆိုသည်မှာ မည်သူဆိုသည်ကို ပြောပြ၍မရကြောင်း ငြင်းဆိုခြင်းခံခဲ့ရပါသည်။

ဆက်လက်၍ စခန်းမှူးက အကယ်၍အမှုဖွင့်လိုပါက နိုင်ငံတော်အကြီးအကဲထံတင်ပြစေလိုကြောင်း၊ အဆိုပါ နိုင်ငံတော်အကြီးအကဲမှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စုံစမ်းနိုင်ကြောင်းအကြံပေးခဲ့ပါသည်။

မသန္တာ၏ ယနေ့ခရီးစဉ်မှထပ်မံသိရှိရသည်မှာ ကိုပါကြီးကိုဖမ်းဆီးသည့်နေရာမှာ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံလမ်းခွဲ အ၀ိုင်းအနီးတွင်ဖြစ်ပြီး အနီးအနားနေထိုင်ကြသူများ မျက်မြင်ကိုယ်တေကွ့မြင်တွေ့ခဲ့ရပြီး ယခုအခါ ထိုအ၀ိုင်းကို "ပါကြီးအ၀ိုင်း"ဟု ခေါ်တွင်နေကြကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် မသန္တာနှင့် ဒေါ်နော်အုန်းလှတို့ ကျိုက်မရောမှ မော်လမြိုင်သို့ ပြန်လည်ထွက်ခွာလာနေပြီဖြစ်ပြီး မနက်ဖြန်ရန်ကုန်သို့ပြန်ရောက်မည်ဟု ခန့်ပါမှန်းရပါသည်။
ကိုပါကြီးဇနီး မသန္တာတို့အဖွဲ့ ရန်ကုန်သို့ချောမွေ့စွာပြန်ရောက်နိုင်စေရန် ဆုတောင်းမေတ္တာပို့သကြရန်နှင့် လမ်းခရီးတလျှောက် နီးစပ်သူများမှ ကူညီကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

မိုးမြတ်သူ(သုံးရောင်ခြယ်ကျောင်းသားများကိုယ်စား)
၂၆၊ ၁၀၊ ၂၀၁၄
၁၉၁၅ နာရီ
(ဓါတ်ပုံများကို မသန္တာ Ma Thandar နှင့် Ko Thuထံမှ ကူးယူတင်ပြပါသည်။)

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်းကျင်းပခဲ့ပါတယ်။

သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူးစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့လို့ မြှုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုတွေ၊ လူမူရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး Generation wave အဖွဲ့က ကိုမိုးသွေးက အခုလိုပြောပါတယ်။

"၈၈ မျိုးဆက် အခြေခံကျောင်းသားများသမဂ္ဂပေါ့နော်၊ နောက်ပြီးတော့ လူ့ဘောင်သစ်ပါတီတို့ စသည်ဖြင့် အင်အားစုတွေအားလုံး ကျနော်တို့ Generation wave အပါအဝင်ပေါ့၊ အင်အားစုတွေ အများကြီးတက်ကြတယ်လေ၊ တက်ပြီးတော့ အဓိကတော့ ကျနော်တို့ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ ဘယ်လိုပြန်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားတွေဘယ်လိုလဲ ဆိုတာကို ဆွေးနွေးတယ်၊ ကျနော်တို့ တရားမျှတမှုတွေ ပေါ်ပေါက်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ်"

အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေလေးနာရီ၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော်သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမူမှာ အစည်းအဝေးတက်ရောက်ခဲ့တဲ့အဖွဲ့ ၁၉ ဖွဲ့အပြင်၊ တခြားအဖွဲ့တွေပါ ပူးပေါင်းပါဝင်မှာ ဖြစ်လို့ စုစုပေါင်း အဖွဲ့ ၃၃ ဖွဲ့က သဘောထားဖေါ်ထုတ်ကြမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf



ကိုပါကြီး ကိစ္စ္စ ။

၁။ ကိုပါကြီး နှင့် ကျွန်တော် လူချင်းမရင်းနှီးပါ သို့သော် လူချင်းသိပါသည် ။ ၂၀၀၃ခုနှစ် အလွန်ကာလတွေမှာ ကိုပါကြီး တို့ လင်မယား ရောင်းတဲ့ မင်္ဂလာတောင်ညွန့် ဗိုလ်မင်းရောင်လမ်းထိပ် က လမ်းဘေးအရက်ဆိုင်လေး ကို သူငယ်ချင်းတွေ နဲ့ ခဏ၊ခဏ လိုက်သွားရင်းမျက်မှန်းတန်းမိသည် ။ ကိုပါကြီး ကို နိုင်ငံရေး လှုပ်ရှားတက်ကြွသူ တယောက်အနေ နဲ့ သိသည် ။

၂။ ကိုပါကြီး ကို သတင်းထောက်တစ်ယောက်လို့ ကျွန်တော် သိမထားပါ ။ ၂၀၀၅ လွန်ကာလ နိုင်ငံရေး အကျပ်အတည်း ကြီးမားချိန်တွေမှာ ပြည်ပသတင်းဌာန က ပြည်တွင်းကို တယ်လီဖုန်း နဲ့ အင်တာဗျူးများ ဆက်သွယ်မေးမြန်း ကြတဲ့အခါ ကိုပါကြီး တယောက် ဒိုင်ခံဖြေပေးခဲ့ တာ သူငယ်ချင်းပြောပြလို့သိရသည်။ ယခုဖြစ်စဉ်တွင် ကိုပါကြီး ကို ဖမ်းဆီးစဉ်မှာ သတင်းထောက်ကဒ်ပြား များသိမ်းဆည်းရမိသည်ဟု လည်း သိရပါသည် ။ မည်သို့ပင်ဖြစ်စေ အခုချိန်မှာ တော့ ကိုပါကြီး ကို သတင်းထောက် တဦး အဖြစ် သတ်မှတ်ပြောဆိုရန်မှာ ကိုပါကြီး အား သတင်းထောက် အဖြစ် ဆက်သွယ်ဆောင်ရွက်ခဲ့ ကြသော သက်ဆိုင်ရာ သတင်းဌာနတွေ က တစ်ခုခု ထုတ်ပြောဖို့ လိုအပ်နေပါသည် ။

၃။ the Voice သတင်းစာပါ ကိုပါကြီး အား KKO တပ်ဖွဲ့ဝင် ဗိုလ်ကြီး တဦး အဖြစ်ဖေါ်ပြထားသော ဓါတ်ပုံ မှာပြဿနာရှိပါသည် ။ စုံစမ်းသိရှိ ရသလောက် ၎င်းဓါတ်ပုံမှာ ၂၀၁၀ လောက်က တောတွင်း တနေရာ မှာ ရိုက်ထားသော ပုံဖြစ်ပြီး ကိုပါကြီး နှင့်အတူ ရှိနေသူများမှာ ကိုမိုးသီးဇွန် ၊ ကိုကိုအောင် (ဂျပန်)၊ ကို--- တို့ ဖြစ်ကြပြီး တဦးတယောက်မျှ KKO တပ်ဖွဲ့ ဝင်များ မဟုတ်ကြပါ။ ၎င်းဓါတ်ပုံ အားဖေါ်ပြ၍ ကိုပါကြီးအား KKO ဗိုလ်ကြီးတဦး အဖြစ် ပုံစာနှင့် တကွ ဖေါ်ပြချက်မှာ စာဖတ်သူများကို ထင်မြင် ယူဆချက်လွဲမှားစေမှာ ဖြစ်လိုံ့. The Voice အနေ နဲ့ ထပ်မံ စီစစ် ပြီး ပြင်ဆင်ချက်ထုတ်သင့်သည် ဟုမြင်ပါသည်။

၎။ ကိုပါကြီး ရဲ့ ဖြစ်စဉ် နဲ့ ပါတ်သပ်ပြီး စစ်တပ် က ထုတ်ပြန်ချက် မှာ ဖေါ်ပြထားချက် အရ လက်နှက်သိမ်းခံ ရ၍ စစ်တပ်က တင်းကြမ်း လိုက်နေပြီး KKO ကရင်လက်နှက်ကိုင် အဖွဲ့က ဆုတ်ခွါရှောင်တိမ်းနေရသော အခြေအနေတွင် KKO ကရင်လက်နှက်ကိုင် ဗိုလ်ကြီး ဖြစ်နေရုံမျှမက လက်နှက်ဖွတ်ထား သည့်နေရာအား သေခြာပေါက် သိရှိထား သော KKO အရာရှိ ကိုပါကြီး ဟာ ဆုတ်ခွါနေသော၎င်း၏ တပ်နှင့် အတူ လွတ်ရာကျွတ်ရာ ကို မပြေးပဲ ၊ ဘာ လက်နှတ်မှ မပါ ပဲ နောက်က တင်းကြမ်းလိုက်နေတဲ့ စစ်တပ်ရှိ ရာကို တိုးဝင်လာ ခဲ့ သည် ဆိုသည့် သဘော ကို နားမလည်နိုင်ပါ ။

ကိုပါကြီး ကိစ္စ္စနှင့် စပ်လျှဉ်း ၍ ကျွန်တော် ၏ နားလည်မှု နားမလည်မှု မှာ ဤမျှသာဖြစ်ပါသည်
Thiha Thwe


ထိုင်းနိုင်ငံမှ ချူဖလာထိုင်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ဘတ်ငွေသန်း(၁၀၀)ကျော်အကုန်ကျခံရိုက်ကူးထုတ်လုပ်ထားသော မွေခိုင်းအသားပေးအက်ရှင်ဇာတ်ကားတစ်ကားကို မြန်မာနိုင်ငံမှ "မီးကျည်မင်းခေါင်"အမည်ဖြင့်ကြော်ငြာပိုစတာပုံစံတူ ဇာတ်လမ်းဇာတ်အိမ်တစ်ပုံစံတည်းခိုးချထားသည်ကို သိရှိသွားသဖြင့် လျော်ကြေးငွေဘတ်ငွေသန်း(၃၀)ကျော်ရရှိလိုကြောင်း အာဆီယံရုပ်ရှင်အစည်းအရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားထားသည်ကိုသိရှိရသည်။

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံမုဒိမ်းမှုတစ်မှုဖြင့်ဆက်နွယ်ပြီးအကြိတ်အနယ်ဖြေရှင်းနေရစဉ်အချိန်အတွင်းယခုကဲ့သို့ ရုပ်ရှင်မူပိုင်ခွင့်ချိုးဖောက်ခြင်းသည် မြန်မာ့ရုပ်ရှင်အဖွဲ့ အစည်းအတွက်သာမက မြန်မာနိုင်ငံသားအားလုံးအတွက်ပါ သိက္ခာကျအရှက်ရစရာတစ်ခုဖြစ်ခဲ့သည်ဟု ပြည်သူများမှဝေဖန်သုံးသပ်လျက်ရှိနေကြသည်။

Credit to>>>Myanmar Movie News

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ရဲ့ ဖမ်းဆီးပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ပြန်ရရှိဖို့ ကြိုးပမ်းသွားမယ့်အပြင် တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။ ကိုပါကြီးရဲ့ဇနီး မသန္တာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese


ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့က ကနေဒါနိုင်ငံ အော့တ၀ါ မြို့ရှိ လွှတ်တော် အဆောက်အဦ အပြင်ဘက်တွင် ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့သည်။ ယင်းဖြစ်ရပ်မှာ မိုက်ကယ်ဇီဟု အမည်ရသည့် ကနေဒါနိုင်ငံနှင့် လစ်ဗျား နိုင်ငံသားများ အဖြစ် ခံယူထားသူ အမျိုးသား တစ်ဦးက ကားအတွင်းမှ သေနတ်ဖြင့် ခုန်ဆင်းပြေးဝင် လာပြီး အစောင့်တာဝန် ယူနေသည့် တပ်ကြပ် တစ်ဦးကို ပစ်သတ်ကာ မိမိကိုယ်ကို သတ်သေ သွားခဲ့ခြင်း ဖြစ်သည်။

အစ္စလာမ်မစ် အစွန်းရောက်များ၏ လက်ချက်ဟု သံသယ ရှိနေသည့် အဆိုပါ ဖြစ်ရပ်တွင် ကံဆိုးစွာဖြင့် အသက်ဆုံးခဲ့ ရသူမှာ နေသန် စီရီလို အမည်ရှိ တပ်ကြပ် တစ်ဦးဖြစ်သည်။ နေသန်သည် ခွေးချစ်တတ်သူ တစ်ဦးဖြစ်သောကြောင့် သူ၏ နေအိမ်တွင် ခွေးများကို မွေးမြူထား ခဲ့သည်။ နေသန် သေဆုံးသွား ခဲ့သည်ကို မသိနိုင်သေးသည့် သူ၏ ခွေးကလေးများက သခင်ဖြစ်သူ အိမ်ပြန်လာမည်ကို ခြံရှေ့ တံခါးဝမှ စောင့်မျှော် နေခဲ့သည်ကို ဓာတ်ပုံဆရာက မှတ်တမ်းတင် ခဲ့ပြီး ယင်း ဓာတ်ပုံများကို အင်္ဂလန် နာမည်ကြီး သတင်းစာ Daily Mail က ဖော်ပြခဲ့ရာ တစ်ဆင့်ပြန်လည် ဖော်ပြ လိုက်ပါသည်။

ယင်းဓာတ်ပုံများတွင် ခြံဝမှ နေ၍ သခင်ဖြစ်သူ ပြန်အလာကို ညှိုးငယ်စွာဖြင့် စောင့်မျှော် နေကြသည့် ခွေးကလေးများကို သနားစဖွယ် တွေ့နိုင်ပါသည်။

ဓာတ်ပုံ - Daily Mail
Dog1
Dog2
Dog3
Dog4
Dog5
Ref: Daily Mail
Mizzima News