11/07/14

(မဇ္ဈိမ) ။ ။ ကိုပါကြီးအလောင်းကို ညတွင်းချင်း သင်္ဂြိုလ်ရန်မော်လမြိုင်မြို့နယ် စည်ပင်သာယာဌာနက နိုဝင်ဘာ ၆ရက် ည ၉နာရီ ၄၅မိနစ်က
လာရောက်အကြောင်းကြားခဲ့သည်ဟု ကိုပါကြီး၏ ဇနီး မသန္တာက မဇ္ဈိမကို ပြောသည်။

ကိုပါကြီး၏ အလောင်းအား ၂၄နာရီအတွင်း သင်္ဂြိုလ်ပေးရန် နိုဝင်ဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းစာကို နိုဝင်ဘာ ၆ရက် ညကမှ
စည်ပင်သာယာရေးမှ အတွင်းရေးမှူး ဦးမြင့်အောင်က လာပေးခြင်းဖြစ်သည်။

"မနေ့က အကြောင်းကြားစာကို ဒီနေ့မှ လာပို့ပြီး ညတွင်းချင်းသင်္ဂြိုလ်ခိုင်းတာကိုလက်မခံနိုင်ဘူး။ အခုလောလောဆယ် တိုင်ပင်နေတုန်းရှိတယ်" ဟု မသန္တာက
ပြောသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ မဇ္ဈိမက ဆက်သွယ်သော် လည်း မရခဲ့ပေ။

နိုဝင်ဘာ ၆ရက် ညအစောပိုင်းကမူ ကိုပါကြီး၏ အလောင်းကို ရန်ကုန်သို့သယ်ယူရန် အာဏာပိုင်များက ခွင့်ပြုလိုက်ပြီဟု မသန္တာက ပြောသည်။

ကိုပါကြီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက်ပိုင်းကစတင်စစ်ဆေးခဲ့ရာ ညနေပိုင်းမှာ ပြီးဆုံးခဲ့ပြီးဖြစ်တယ်။ မှုခင်းဆရာဝန် ဦးခင်မောင်ဦးကတော့ အလောင်းကပုပ်နေလို့ ညှဉ်းပန်းနှိပ်စက်ထားတာ မသိနိုင်တော့ဘူးလို့ မြန်မာ့ခေတ်မှာ ပြောတယ်။

“အပြင်ပြောတာတွေကတော့ ကျွန်တော်တို့မှာ တာဝန်မရှိဘူးပေါ့နော်။
ကျွန်တော်တို့ပြောနိုင်တာကတော့ သေနတ်ဒဏ်ရာတွေ့တယ်။ သေနတ်ဒဏ်ရာ
ငါးချက်တွေ့တယ်လို့ပဲ ပြောနိုင်တယ်။” ဟု ဒေါက်တာ ခင်မောင်ဦးက ပြော (The Myanma Age)

“သေနတ်တချက်က မေးစေ့အောက်က ပစ်တာက ဒါက ကိုယ့်ကိုကိုယ် ပြန်လုပ်ကြံတဲ့ ဒဏ်ရာမျိုးဖြစ်သလို။ တေ့ပစ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ရင်ဘတ်က ၂ ချက်ဆိုတာက သံသယဖြစ်စရာ ရှိတယ်။ မနက်က ကြည့်တာ ကျောမပွင့်ဘူး။ အခုပြတော့ အပေါက်ဖြစ်နေတယ်။ ပေါင်မှာတချက်၊ ဖနောင့်မှာတချက် တွေ့တယ်”။ အလောင်းတူဖော်စစ်ဆေးရေးခရီးစဉ်မှာ လိုက်ပါပြီး မှတ်တမ်းယူပေးနေတဲ့ မိတ်ဆွေတဦးက ပြောပြတယ်။

‘‘ကျွန်မထပ်မေးတယ်။ ဒါအဝေးကနေ လှမ်းပစ်တဲ့သေနတ်ဒဏ်ရာဖြစ်မလားဆိုတော့ မဖြစ်ပါဘူးတဲ့။ ဒါမေးစေ့ကနေ ကပ်ပစ်တဲ့သေနတ်ဒဏ်ရာတော်တော်များများ Suicites (ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်း) တွေမှာ ကိုယ့်ဟာကိုယ်ပစ်ရင်သာ ဒီလိုဒဏ်ရာမျိုးရပြီး သူများပစ်တဲ့ ဒဏ်ရာဒီလောက်ရတာမျိုးဒီတစ်ခါပဲတွေ့ဖူးတယ်လို့ သူ(ဆရာဝန်) ပြောတယ်။ ဒါသူအပြောနိုင်ဆုံးပဲလို့ ပြောတယ်’’ဟု မှုခင်းဆိုင်ရာဆေးပညာရှင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေါ်သန္တာကပြော (7Day Daily)

လေးချက်မှာ ရင်ဖက်နှင့် ပေါင်တွင် ဖြစ်ပြီး တစ်ချက်မှာ မေးစေ့ကို
အနီးကပ်တေ့ပစ်လိုက်သော ဒဏ်ဖြစ်ကြောင်း ကိုပါကြီး မသန္တာနှင့်အတူ
ရင်ခွဲရုံသို့ သွားရောက်ခဲ့သော ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
မမီးမီးကလည်း ပြော (The Myanma Age)

"ဒီနေ့သူတို့ စစ်ပြီးတော့ ပြောတာကတော့ မေးစေ့ကနေတေ့ပြီးတော့ ပစ်တာပေါ့။
ဒါကြောင့် ကာဗာကွာသွားပြီးတော့ ဦးခေါင်းကပွင့်ပြီးတော့ ထွက်တယ်ပေါ့နော်။
အဲဒါတွေကတော့ အဝေးက ပစ်တာမဟုတ်ဘူးတဲ့။ အနီးကပ်တေ့ပြီးတော့
ပစ်လိုက်တာတဲ့။ ဒီလိုမျိုးကို သူတို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့
လူတွေမှာသာတွေ့ဖူတယ်လို့ပြောတယ်" ဟု မမီးမီးက အလောင်းစစ်ဆေး
ဆရာဝန်တဦးဖြစ်သည့် ရန်ကုန်ဆေးတက္ကသိုလ် ၂ မှ ဒေါက်တာ
အောင်စိုး ပြောကြားချက်ကို ကိုးကား၍ ပြော (The Myanma Age)

“ထွက်ပြေးလို့ ပစ်ရင် ခန္ဓာကိုယ်ပဲရှိမှာပေါ့။ ဒီမေးစေ့ကနေ ခေါင်းကို ဘယ်လိုလုပ် ပွင့်ထွက်နိုင်မလဲ။ ဒါကတော့ လူတိုင်း တွေးလို့ရတယ်လေ။ မေးစေ့ကနေ ခေါင်းကို သေနတ်နဲ့ ခေါင်းကို ပေါက်သွားတယ်ဆိုတာ အနီးကပ်မှ ရမှာပေါ့။ အဝေးကနေ ဘယ်လိုရမှာလဲ။” နော်အုံးလှ ပြော (DVB)

ကိုပါကြီး အောက်တိုဘာ ၄ ရက်နေ့သေတာကို အောက်တိုဘာလ ၂၄ ရက်မှ အသိပေးလာတဲ့ တပ်မတော်က ထုတ်ပြန်တယ်ဆိုတဲ့ စာတွေထဲမှာ ကိုပါကြီးကို ဖမ်းထားတုန်း စစ်သားတယောက်ဆီက လက်နက်လုပြေး ပစ်သတ်လိုက်ရပါတယ်လို့ အကြောင်းပြထားတွေလဲ ရှိပါတယ်။ ကိုပါကြီး အလောင်းကို ပြန်ဖော်တာ နိုဝင်ဘာလ ၅ ရက်နေ့ပါ။

ညဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးရင် အလောင်းတွေကို ခွေးစားငှက်ထိုး လူကိုတန်ဖိုးမထားဘဲ ပစ်ထားခဲ့တဲ့ ဗမာ့တပ်မတော်အနေနဲ့ ကိုပါကြီး အလောင်းကို မြေဖုံးရုံလေး အုပ်ထားခဲ့တယ်ဆိုတာ စေတနာရှိလွန်းလို့ ပြောလို့ရတာပေါ့ဗျာ။

Yamoun Nar

ယနေ. (၆-၁၁-၂၀၁၄) ညနေပိုင်းတွင် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကိုရန်ကုန်သယ်ဖို့ မိသားစု
လက်ထဲ အပ်လိုက်ကြောင်းနှင့် သေဆုံးမှု မှန်ကန်ကြောင်း သဂြိုလ်မည့်နေရာတွင်
ရေဝေးသုသာန် ( ရန်ကုန် ) ဟု ရေးသားဖော်ပြသည့် သေစာရင်းအား ဇနီး
ဖြစ်သူ မသန္တာထံ လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ထို.နောက် မနက်စောစောတွင် ရန်ကုန်မြို.သို. နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
အထူးစီစဉ်ထားသော ယာဉ်ဖြင့်ပို.ဆောင်နိုင်ရန် ရုပ်အလောင်းအား သေချာစွာ
ထုပ်ပိုးပြင်ဆင်ပြီးဖြစ်ကြောင်းလည်း ထပ်မံသိရှိရပါတယ်။

ညနေပိုင်းမှာ မော်လမြိုင်မှ ရန်ကုန်သို. သယ်ဆောင်ရေးလမ်းခရီးတွင်အနှောက်
အယှက် အတားအဆီးကင်းရှင်းနိုင်ရေးအတွက် (၁) မွန် အမျိုးသားပါတီ
(MNP) (၂) NLD မွန်ပြည်နယ် (၃) မွန် လူငယ် ကွန်ရပ် (၄) ပအို လူငယ်
ကွန်ရပ် (၅) နာရေးကူညီမှု အသင်း (၆) အရပ်ဖက် အဖွဲ့အစီးများ (၇) ဒေသခံ
ပြည်သူများမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ပါဝင် လိုက်ပါကူညီ ပို့ဆောင်ေ
ပေးကြမည်ဖြစ်ပါကြောင်းလည်း သိရှိရပါသည်။

သို.သော် ယနေ.ည (၉း၄၅) မိနစ်အချိန်ခန်.မှာ မွန်ပြည်နယ်အစိုးရအဖွဲ.လက်အောက်
ရှိ မော်လမြိုင်မြို.နယ်စည်ပင်သာယာရေးကော်မတီမှ အစည်းအဝေးဆုံးဖြတ်ချက်
အရ ရုပ်အလောင်းအား ၂၄ နာရီအတွင်း သက်ဆိုင်ရာသုသာန်မြေ ( ဆိုလိုသည်မှာ
မော်လမြိုင်သုသာန် ) တွင်သာ သဂြိုလ်ရန် စည်ပင်သာယာဥပဒေ ၆စ(က) အရဟု
ဆိုကာ ကျန်ရစ်သူမိသားစုအတွက် ရန်ကုန်သယ်ယူရေးအစီအစဉ်အား တားမြစ်
သည့် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်လိုက်ပြီဟု ကြားသိရပါကြောင်း
တင်ပြလိုက်ရပါသည်။

ထိုသို. မြို.နယ်စည်ပင်သာယာရေးကော်မတီမှ ရဲလုပ်ငန်းပြီးစီးသဖြင့် မိသားစုထံ
ပြန်လည်လွှဲပြောင်းပေးအပ်ပြီးဖြစ်သည့် သေဆုံးသူရုပ်အလောင်းအပေါ် စည်ပင်
သာယာဥပဒေ ပုဒ်မ-၆စ(က) အရ ဟု ခေါင်းစဉ်တပ် တားဆီးခြင်းအပေါ် ပြင်းထန်
စွာ ရှုံချကန်.ကွက်ပါသည်။သေဆုံးသူသည် ပြစ်မှုကျူးလွန်ထားသူ တရားခံတစ်ဦး
မဟုတ်သည့်အပြင် အသက်မဲ့ရုပ်အလောင်းကိုပင် ယခုကဲ့သို. မိသားစုဝင်များ
နောက်ဆုံးအနေနှင့် စီမံခန်.ခွဲသဂြိုလ်ခွင့်အား ပိတ်ပင်တားဆီးမှုသည် နိုင်ငံသား
တစ်ယောက်၏ သေဆုံးပြီးချိန်အထိ နစ်နာမှုပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ
သည်။

Kyaw Swar Myint


ကိုပါကြီး ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိတယ်လို့ မှုခင်းစစ်ဆရာဝန် စစ်ချက် ထွက်လာပါတယ်။ "ကျည်ပေါက်ရာ ၅ခု တွေ့တယ်လို့ ပြောတယ်၊ တခုက မေးစေ့ကနေပြီးတော့ အနီးကပ် ပစ်တဲ့ ဒဏ်ရာတချက်၊ နောက်တခါက ရင်ဘတ်မှာ ၂ချက်၊ ပေါင်မှာ တချက်၊ ခြေထောက်မှာတချက်လို့ ပြောတယ်၊ ကျမတို့ မနက် ၉ နာရီခွဲလောက်တုန်းက သွားကြည့်တုန်းက ကျောကုန်းမှာ အပေါက်မရှိဘူး" လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။

အခုချိန်မှာ မှုခင်းစစ် ဆရာဝန်ရဲ့အဖြေအပေါ် ဘာမှ မှတ်ချက်မပေးချင်ပေမယ့် ဓာတ်ပုံ၊ အသံ၊ ဗီဒီိယိုအချက်အလက်တွေကို စုဆောင်ထားပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသသွားမယ်လို့ မသန္တာက DVB ကို ပြောကြားပါတယ်။

DVB TV News

၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူ၅သန်းက လက်မှတ်ရေးထိုး ထားခြင်း ကို လျစ်လျူပါက လွှတ်တော်သည့် လွှတ်တော်ဆောင်ပုဒ်နှင့်မကိုက်ညီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၅ရက်က ပြောသည်။

လွှတ်တော်တွင် ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြန်လည် သုံးသပ်ရေးကော်မတီတွေ့ရှိချက်များအား လွှတ်တော်သို့တင်ပြထားပြီး ယင်းသို့ပြင်ဆင်ရာတွင် တစ်နိုင်ငံလုံးရှိပြည်သူများ သဘောတူ လက်မှတ်ရေး ထိုး ထားသည့် ၄၃၆ပြင်ဆင်ရေး လက်မှတ်များအား ပြင်ဆင်ရေး လက်မှတ် များအား လျစ်လျူရှုမည်ဆိုပါက လွှတ်တော်သည့် ပြည်သူ့ဆန္ဒကို လျစ်လျူ ရှုခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က``လွှတ်တော်ရဲ့ဆောင်ပုဒ်က ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတာဖြစ်တယ်။ ၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူ ၅သန်းနီးပါးက ဆန္ဒပြုလက်မှတ်ရေးထိုးထားတဲ့အပေါ် လျစ်လျူရှုခဲ့မယ်ဆိုရင် လွှတ်တော်ဟာ လွှတ်တော်ဆောင်ပုဒ်နဲ့ မကိုက်ညီပါဘူးလို ပြော ရမှာဖြစ် တယ်´´ ဟု ပြောသည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေပြင်ဆင်ရေး ပြန်လည်သုံးသပ်ရေးကော်မတီမှ တွေ့ရှိချက်များအား လွှတ်တော်သို့ တင်ပြထားပြီး လာမည်လွှတ်တော်တွင် ဆွေးနွေး မည်ဖြစ်သော် လည်း တပ်မတော်သားကိုယ်စားလှယ်များက ၄၃၆မပြင်ဆင်ရေးအတွက် အဆို တင်သွင်း ကြောင်း သိရသည်။

အခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ အခြေခံဥပဒေပြင်ဆင်ရေး အဓိက ပုဒ်မဖြစ်သော ပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကာ ပြည်သူလူထုအား အသိပညာပေး ဟောပြောပွဲနှင့် လက်မှတ်ရေးထိုး ပွဲကို နိုင်ငံတစ်ဝန်းပြုလုပ်ဆောင် ရွက်နိုင်ခဲ့ပြီး သတ်မှတ်ကာလ အတွင်း မဲပေးနိုင်သူ ပြည်သူပေါင်း ၅သန်းနီးပါးခန့်မှ တစ်ခဲနက် ထောက်ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းဟန်

ဓါတ်ပုံ - AFP

The Ladies News Journal

မော်လမြိုင်ဆေးရုံရင်ခွဲရုံရှေ့တွင် ကိုပါကြီးအလောင်းကို စစ်ဆေးသူ မှုခင်းဆရာဝန်နှင့်မသန္တာတွေဆုံ
ကိုပါကြီးရဲ. ကျန်ရစ်သည့်ရုပ်အလောင်းအား ရန်ကုန်သို.သယ်ဆောင်ရန်နာရေးကူညီမှု(ရန်ကုန်) အသင်းကား မော်လမြိုင်ဆေးရုံရင်ခွဲရုံရှေ့ရောက်ရှိလာပါပြီ ။
သတင်းဓါတ်ပုံ- ကိုကျော်ခန်.

ကိုပါကြီး အလောင်း ရန်ကုန်သို့ သယ်ယူရာတွင် မွန်ပြည်နယ်အတွင်းရှိ အာဏာပိုင်အဖွဲ့အစီးများမှ လုံခြုံရေးအတွက် အကူအညီ လုံးဝမပေးနိုင်
ကြောင်း ပြောဆိုလိုက်သည့်အတွက် မိသားစု အစီအစဉ်ဖြစ်သာ သယ်ယူရမည်ဖြစ်ပါသည်။

သယ်ယူရာတွင် လမ်းခရီးတွင် အနှောက်အရှက် တစ်စုံတရာ မပေါက်စေရန်အတွက် ဝိုင်းဝန်း ကူညီပေးကြမည့် အဖွဲ့များမှာ - (၁) မွန် အမျိုးသားပါတီ
(MNP) (၂) NLD မွန်ပြည်နယ် (၃) မွန် လူငယ် ကွန်ရပ် (၄) ပအို လူငယ်ကွန်ရပ် (၅) နာရေးကူညီမှု အသင်း (၆) အရပ်ဖက် အဖွဲ့အစီးများ (၇) ဒေသခံ
ပြည်သူများမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ပါဝင် လိုက်ပါကူညီ ပို့ဆောင်ပေးကြမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အချက်အလက် အသေးစိတ်ကို လုံခြုံရေးအရ ဖော်ပြပြောဆိုနိုင်ခြင်း မရှိသည့်အပေါ် နားလည်းပေးစေလိုပါသည်။
(06 Nov 2014) 5:50 Pm

သတင်းဓါတ်ပုံ- ကိုသူ


စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ သတင်း ထုတ်ပြန်ထားတဲ့ သတင်းထောက် ကိုပါကြီး အလောင်းမှာ သေနတ်ဒဏ်ရာ ၅ချက်တွေရှိတယ်လို့ အလောင်းကို ခွဲစိတ် စစ်ဆေးတဲ့ ပြည်နယ်ဆရာဝန်ကြီးက အတည်ပြုကြောင်း မိသားစုက ဆိုပါတယ်။ ဒီအဖြေကိုတော့ မိသားစုကကျေနပ်လောက်စရာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အလောင်းကို ရန်ကုန်ကို သယ်ဆောင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျောင်းအမည် ဘွဲ့အမည် မပြောတဲ့ သင်္ကန်း ဝတ်ဆင်ထားသူ သံဃာတော်တချို့က အလောင်းကို မသယ်ဆောင်ဖို့ လာရောက် တားဆီးခြိမ်းခြောက်မူတွေ လုပ်ခဲ့ကြောင်း ကိုလည်း မိသားစုကဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားရကြောင်း သတင်း ထုတ်ပြန်ထားတဲ့ အလွတ် သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်း ကို မော်လမြိုင်ဆေးရုံမှာ ဒီနေ့ မနက်ပိုင်းကစပြီး ရင်ခွဲစမ်းသပ်မူတွေ လုပ်ခဲ့ရာ မှာ သေနတ်ဒဏ်ရာ ၅ချက်တွေ့ ရတယ်လို့ ပြည်နယ်ဆရာဝန်ကြီးက အတည်ပြုခဲ့ကြောင်း မိသားစုက ဆိုပါတယ်။

"ပြည်နယ် ဆရာဝန်ကြီးက သေနတ်ဒဏ်ရာ ငါးချက်တွေ့တယ်လို့ပြောတယ်။ တခုကတော့ မေးစေ့ကနေ ကပ်ပစ်တဲ့ ဒဏ်ရာ၊ အဝေးကနေ ပစ်တဲ့ သေနတ် ဒဏ်ရာမဟုတ်ဘူးပေါ့။ မေးစေ့ကနေ ကပ်ပစ်တဲ့ သေနတ် ဒဏ်ရာလို့ပြောတယ်။ ဒါကြောင့် မျက်နှာ တခြမ်းနိမ့်သွားတယ်လို့ပြောတယ်။ နောက်တခါ ရင်ဘတ်မှာ နှစ်ချက်၊ ပေါင်မှာ တချက်၊ ခြေထောက်မှာ တချက် လို့ပြောတယ်။ ခြေဆစ်မှာ တချက်လို့ပြောတယ်။ မနေ့က မနက်က ကျမတို့ ကြည့်တုန်းက ကျောကုန်းမှာ ဘာဒဏ်ရာမှ မတွေ့ဘူး။ ကျောကုန်းမှာ ဘာဒဏ်ရာမှ မတွေ့ဘူးလို့ပြောတော့ သူဘာမှ မပြောဘူး။ ကျမတို့လည်း အကုန်အသံဖမ်းထားတယ်။ နောက်တခါ မေးစေ့ကွဲသွားတဲ့ ကိစ္စက မေးစေ့က နေ အနီးကပ် ပစ်လို့ မျက်နှာတခြမ်းစုတ်သွားတာလို့ပြောတယ်။ မနေ့က ကျမတို့ ကြည့်တုန်းက မနက်ကအထိ သွားကြည့်တုန်းက ဒီအရေပြားတွေပေါ့နော်။ ခေါင်းခွံတွေ နိမ့်ဆင်းနေတာ အခုဘာဖြစ်လို့ ဒီလိုဖြစ်သလဲဆိုတော့ ကြည့်ကောင်းအောင် ချုပ်ထားတာလို့ပြောတယ်။ ကျမတို့ စာရွက်နဲ့ တရားဝင် မပေးဘူး။ သူတို့ က ပါးစပ်နဲ့ပြောတာကို ကျမတို့ အကုန်လုံးသူတွေက ဗွီဒီယိုတွေ အသံတွေ ဖမ်းထားတယ်။ ကျန်တာ တိတိကျကျကို သူတို့ တရားရုံးမှာ ထွက်မယ်လို့ပြောပါတယ်။ တခြားဒဏ်ရာတွေကိုတော့။"

နိုဝင်ဘာလ ၅ရက်နေ့က အလောင်းကို တူးဖော်ရာမှာ နှိပ်စက် ညှင်းပမ်းတဲ့ လက္ခဏာများ တွေ့ရတယ်လို့ သံသယဖြစ်တဲ့ သုံးသပ်မူတွေ ထွက်ပေါ် အပြီးမှာ သေနတ် ဒဏ်ရာ ၅ချက်ကြောင့် သေဆုံးရခြင်းဖြစ်တယ်ဆိုတဲ့ လတ်တလော အတည်ပြုချက်ကိုတော့ မိသားစုအနေနဲ့ ကျေနပ်လောက်စရာ မရှိသေးဘူး လို့ ဇနီးဖြစ်သူမသန္တာက ဆိုပါတယ်။

"ကျမကတော့ ကျေနပ်လောက်စရာတော့ မဖြစ်ဘူး။ ကျေနပ်လောက်စရာမရှိဘူး ဆိုတာက ကျမရဲ့ မျက်စိအမြင် အရလောက်တောင်မှ ခေါင်းဆိုရင် ဦးခေါင်းခွံက ပွင့်ထွက်သွားတာမဟုတ်ပဲ ကြေ နေတာပေါ့နော်။ ကျောကုန်းမှာ အပေါက်မရှိဘူး။ ဒါပေမဲ့ ဒါက သေနတ်ဒဏ်ရာလို့ပြောတယ် ဆိုတာမျိုးပေါ့နော်။ အဲ့တာမျိုးက ကျမအတွက်က ကျောကုန်းက ဒဏ်ရာကို မနက်က ကိုးနာရီခွဲအထိ ကျမကြည့်တယ်။ ကျောကုန်းမှာ ဒဏ်ရာ ဘာအပေါက်မှ မရှိဘူး။ အဲ့တာ ရင်ဘတ်မှာ အပေါက်နှစ်ပေါက်ရှိတယ်။ ဒါကို သူက ကျည်ဆန်ဒဏ်ရာလို့ပြောတယ်။ ဒီအပေါ်မှာ ကျမက မကျေနပ်ဘူး။ ကျေနပ်လောက်စရာ မရှိဘူး။"

အလောင်းကို တူးဖော်လာပြိးတဲ့နောက် မော်လမြိုင်ဆေးရုံက ဆရာဝန်တွေနဲ့ ရဲတွေကတော့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ပြောဆိုခဲ့ပေမဲ့ ဇနီးဖြစ်သူ ကတော့ အလောင်းကို ရန်ကုန်သယ်ဆောင်ဖို့အတွက် အမူဖွင့်ကတည်း ကတောင်းဆို ထားတာဖြစ်တယ်လို့ဆိုပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့ ညပိုင်းမှာတော့ အလောင်းသယ်ဖို့ ခွင့်မပြုနိုင်ကြောင်း ကျောင်းအမည် ဘွဲ့အမည် မပြောတဲ့ သံဃာ ၈ပါးရဲ့ ခြိမ်းခြောက်မူကိုကြုံရတယ်လို့ ဆိုပါတယ်။

" ညကျတော့မှ သံဃာတော် ၈ပါးလောက်က လာတယ်။ ဓလေ့ထုံးတမ်းတွေအရ ရွာ နာမယ်။ လုံးဝ ပေးမသယ်ဘူး။ ဒီမှာပဲ သဂြိုလ်ရမယ်။ ထူးခြားတာ တခုက ဘာပြောလဲဆိုတော့ ဒီမှာ ရခိုင်လို အရေးအခင်းမျိုး နင်တို့ဖြစ်သွားချင်သလား လို့ ပြောတယ်။ အန်တီနော် (ဒေါ်နော်အုန်းလှ) က ပြောလိုက်တယ်။ ရခိုင်လိုအရေးအခင်းမျိုးဖြစ်သွားချင်သလားဆိုတာ တပည့်တော်တို့ကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောလိုက်တယ်။ ကိုပါကြီးကလည်း ဗုဒ္ဓဘာသာ၊ သူ့ဇနီးကလည်း ဗုဒ္ဓဘာသာ ဘာမှ ရခိုင်လို အရေးအခင်းဖြဖစ်စရာ မရှိဘူးလို့ပြောလိုက်တယ်။ ပြီးလည်း ပြီးရော အစ္စလာမ်ဘာသာဝင်တွေ ဝိုင်းလာတယ်။ ဝိုင်းလာတော့ ကျမတို့ ကားဘေးနားမှာ အများကြီး ကျမတို့ကို ကြည့်နေတဲ့အခါကျတော့ ကျမတို့ ထွက် ထွက် ထွက်ဆိုပြီး လုံခြုံရေး အားလုံးပေါ့နော်။ ကူညီကြတဲ့သူတွေ အားလုံး ၈၈က မမီးမီးတို့ မနီလာသိန်းတို့ ကျမတို့ မွန်အမျိုးသားပါတီရုံးကို လာပို့ထားတယ်။"

မိသားစုအနေနဲ့အလောင်းကိုပြန်သယ်ဆောင်မယ့် ကိစ္စနဲ့ပတ်သက်လို့ ရဲကို တာဝန်ယူပေးဖို့ တောင်းဆိုထားပေမဲ့ အထက်ကို တင်ပြပေးမယ်လို့ သာ အကြာင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ညက လာရောက်ခြိမ်းခြောက်ခဲ့တဲ့ သံဃာတွေဟာ မွန် ဘာသာ စကားမတတ်တဲ့ သံဃာတွေဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒီလို ဘာသာရေး ထုံးထမ်းဓလေ့အရ ရွာနာတယ်။ အလောင်းသယ်ဆောင်ခွင့် မပြုဘူးဆိုတဲ့ ခြိမ်းခြောက်မူတွေနဲ့ ပတ်သက်လို့ မွန်အမျိုးသားပါတီ ကခေါင်းဆောင်တွေ နဲ့ နော်အုန်းလှတို့ဟာ မော်လမြိုင်မြိုမှာ အမူဖွင့်တိုင်ကြားဖို့ ရဲစခန်းကိုသွားရောက်နေတယ်လို့ဆိုပါတယ်။

မိသားစုကတော့ ကိုပါကြီးရဲ့  အလောင်းကို ရင်ခွဲ စစ်ဆေးပြီး ဖြစ်တာကြောင့် မနက်ဖန်မှာ ရန်ကုန်ကို သယ်ဆောင်တော့မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
voa
http://burmese.voanews.com/content/journalist-par-gyi-died-due-to-bullet-wounds/2510549.html

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) တို့ ပူးပေါင်းကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးပိတ်ပင်နေပေမယ့် မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
http://www.rfa.org/burmese/news/nationwide-students-conference-11062014092745.html/10171000101e1019103a102c103810211016103c103210941001103a103310151039-102510001060100c-1000102d102f10311000103a102c10391000102d102f1000102d102f101410321094-103110191038103b10191014103910381001103a10001039/inline.m3u
ပညာရေးဥပဒေနဲ့ ပညာရေးစနစ်ကိုဆွေးနွေးမယ့် ကျောင်းသားတွေရဲ့ အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာကို အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမယ့်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် ခွင့်မပြုနိုင်ဘူးဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေ က တားမြစ်နေတာလို့ သိရပါတယ်။

ဒါပေမယ့် ကျောင်းသားတွေကတော့ ဖြစ်အောင်ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"ကျနော်တို့က ကျောင်းသားထုရဲ့ သွေးစည်းညီညွှတ်မှုကို ပြသတဲ့အနေအထားနဲ့ ဖြစ်အောင်လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့ ကျောင်းသားထုညီညွှတ်ဖို့ အရေးကြီးဆုံးပဲ၊ အာဏာပိုင်တွေက ဘယ်လောက်ဖိအားပေးပေး ကျနော်တို့အနေနဲ့ အာဏာပိုင်တွေဟာ စိုးရိမ်စရာမရှိဘူး၊ ရှိတယ်ဆိုတာ သူတို့ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ ကျနော်တို့ဖက်ကတော့ အားလုံးအေးအေးဆေးဆေးဖြစ်သွားအောင် ကြိုးစားပြီးအားထုတ်သွားမယ်၊ ကြိုတင်ညှိနှိုင်းပြီး ခွင့်ပြုချက်တောင်းတာတို့ လုပ်မှာမဟုတ်ဘူး"

လွှတ်တော်ကပြဌာန်းပြီး အစိုးရကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီပညာရေး ကို ဖော်ဆောင်မယ့်ဥပဒေမဟုတ်ပဲ၊ အရင်စနစ်ဟောင်းအတိုင်း ဗဟိုချုပ်ကိုင်မှုတွေများနေတယ်လို့ ပညာရှင်တွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေက ထောက်ပြဝေဖန်ထားပါတယ်။ ဒီအတွက် လက်ရှိပညာရေးလောက အခက်အခဲ၊ ပညာရေးစနစ်နဲ့ ပညာရေးဥပဒေကို ဝိုင်းဝန်းဆွေးနွေးကြဖို့ အခုလို အရေးပေါ်အစည်းအဝေးခေါ်တာလို့ ဆိုပါတယ်။

RFA


နိုင်ငံအတွင်းမှာ ၁၀ စုနှစ်ပေါင်းများစွာ တဦးအပေါ်တဦး မယုံကြည်မှု၊ စိတ်ဝမ်းကွဲ တာတွေရှိတာကြောင့် မှန်ကန်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေး လမ်းကြောင်းပေါ် ရောက်သွားနိုင်ဖို့ အချင်းချင်း အကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ သဘောပေါက်ထားကြာင်းနဲ့ အချင်းချင်း အကြားမှာ ကလဲ့စားချေရေးကို ဦးစားပေးရှေ့တန်းတင် လုပ်ဆောင်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမှာ မဟုတ်ကြော­င်း နိုဝင်ဘာလ ၅ ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင် ကတည်းက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိုရှေ့တန်းတင်ခဲ့ပြီး အခုလည်း ဒီအတိုင်း ဆက်သွားနေတဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

DVB TV - 05.11.2014


ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပေမယ့် တစုံတရာ အရေးယူတာ မရှိဘူးလို့ ဖော့တီဖိုင်းရိုက် အဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့လိုသလို ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ဆောင်ရွက် ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

အရပ်သားတွေရဲ့ နေအိမ်တွေ၊ ရွှေ့ပြောင်း နေထိုင်ရသူတွေရဲ့ စခန်းတွေကို မြန်မာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ရွာတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

“မြန်မာအစိုးရက တိုင်းရင်းသား ဒေသတွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုနဲ့ မတော်မတရားမှုတွေကို ရပ်တန့်ရမယ်၊ ဒီတိုက်ခိုက်မှုကြောင့် ကျန်ရစ်တဲ့သူတွေက တရားမျှတမှုကို ရရှိဖို့ အခွင့်အရေး ငြင်းဆန်ခံရသလို ဆုံးရှုံးမှုတွေအတွက် လျော်ကြေးမရတဲ့ အတွက် ပြောင်းလဲဖို့ လိုအပ်ပါတယ်” လို့ အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး မက်သယူး စမစ်က ပြောပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားဖြစ် တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်လို့ အဖွဲ့က ယုံကြည်နေပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၁-၁၄ အထိ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ပွဲအတွင်းက ဖြစ်ရပ်တွေကို လေ့လာစုံစမ်းပြီး အထောက်အထား မှတ်တမ်း ရယူခဲ့တာ လို့ ဆိုပါတယ်။

အဖွဲ့ရဲ့ အထောက်အထားတွေအရ တိုက်ခိုက်မှုတွေဟာ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ တခြား လက်နက်ကိုင်တွေမရှိတဲ့ လူနေများတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါ တယ်။

ဖော့တီဖိုင်းရိုက်အဖွဲ့ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေးကို ကာကွယ် ပေးခြင်းအားဖြင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းလာအောင် ကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70043

 
စွပ်စွဲဖမ်းဆီး လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA)

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရတဲ့ မြန်မာ အလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို အမှတ် ၈ တိုင်းဒေသ ရဲတပ်ဖွဲ့က ၆ နာရီဆက်တိုက် စစ်ဆေးရာမှာ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆန် ဖြေကြား ကြတယ်လို့ စွပ်စွဲခံနှစ်ဦး ဘက်က ရှေ့နေက ပြောပါတယ်။

အမှုစစ်ဆေးစဉ် သက်သေအဖြစ် ရှိနေတဲ့ ရှေ့နေ နခွန်း ချုမ်းဖူးချတ်က ဒီတခေါက် စစ်ဆေးရာမှာ အချိန်ကြာပေမယ့် အလားအလာ ကောင်းမွန်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီစစ်ဆေးမှုကတော့ ထိုင်းအစိုးရရှေ့နေများကောင်စီရဲ့ လိုအပ်ချက်အရ တာဝန်ကျရဲတွေက ပြန်ပြီးစစ်ဆေးမေးမြန်းရတာ ဖြစ်ပါတယ်။ အဓိက မေးတာက ၂ ချက်ပေါ့။ လူသတ်မှု ၀န်ခံသလား၊ ငြင်းပယ်သလား ဆိုတာရယ်၊ ပြီးတော့ ဘယ်သူတွေက အတင်းဝန်ခံခိုင်း သလဲ ဆိုတာပေါ့။ လူမသတ်ရပါဘူး၊ မုဒိန်းမကျင့်ရပါဘူး၊ ပစ္စည်းမခိုးရပါဘူး၊ မလိမ်ရပါဘူးပေါ့။ သူတို့ရဲ့ ရှေ့နေတွေရှေ့မှာမို့ ရဲတွေကို ခုမှ အမှန်အတိုင်းပြော ရဲတာဖြစ်တယ်။ ဒါပေမယ့် သူတို့ကို ရိုက်နှက်စစ်မေးတဲ့ ရဲတွေဟာ ဘယ်သူလဲ ဆိုတာတော့ သူတို့မသိဘူး။ သူတို့ ဖြေကြားချက်တွေပေါ်မူတည်ပြီး ရဲတွေက ပတ်သက်တဲ့လူတွေကို နောက်ထပ် သွားစစ်ကြပါလိမ့်မယ်။ ဒီလူငယ် ၂ ယောက်ကိုတော့ နောက်ထပ်မမေးတော့ဘူး။ ဒါနောက်ဆုံးပဲ။”

စွပ်စွဲခံ လူငယ်နှစ်ဦးရဲ့ ရှေ့နေရှေ့မှောက်မှာ ဒီနေ့ စစ်ဆေးခဲ့တာလို့ စစ်ဆေးတဲ့ ကော့စမွီ အကျဉ်းထောင်ကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအတိုင်ပင်ခံ  အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲထိ ၆ နာရီကြာ ထမင်းစားချိန်တောင်မပေးဘဲ စစ်ဆေးတယ်။ လူငယ် ၂ ယောက်လည်း ဒီအမှုကို မကျူုးလွန်ကြောင်း၊ ခြိမ်းခြောက်ခံရကြောင်း၊ စွပ်စွဲချက်တိုင်းကိုလည်း ပြန်ငြင်းဆိုခဲ့ပါ တယ်ခင်ဗျ။”

ဒီတကြိမ် စစ်ဆေးမှုမှာတော့ လူငယ် ၂ ဦးဘက်ကနေ ချေပပေးမယ့် ထိုင်းရှေ့နေ ၂ ဦး ရှေ့မှာ ရဲတွေက စစ်မေးခဲ့ပြီး ဘာသာပြန်ကလည်း အရင် ခိုတောင်ကျွန်းက ၂ ဦး မဟုတ်တော့ဘဲ လူ့အခွင့်အရေးအဖွဲ့က မအေးမာချိုနဲ့ ထိုင်းရဲဘက်က ခေါ်လာတဲ့ ကိုတင်ခိုင်တို့ ၂ ဦးဖြစ်ကြောင်း အန်ဒီဟောလ်က ဆက်ပြောပါတယ်။

ခုလို လာရောက်စစ်ဆေးမေးမြန်းတာဟာ တရားရုံးရောက်မှ စစ်ဆေးတာထက် ပိုမိုကောင်းမွန်ကြောင်း၊ ဒါပေမယ့် မနက်ဖြန်မှာ လူငယ် ၂ ဦးကို နောက်ထပ် ချုပ်ရက်တိုးဖို့ ရှိတယ်လို့ ပြောတဲ့အတွက် သူတို့အဖွဲ့လည်း လာရောက် ကြည့်ရှုဦးမှာဖြစ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ချုပ်ရက်တိုးတာဆိုရင် အခြေအတင်ပြောဆိုရလိမ့်မယ်လို့  ထိုင်းရှေ့နေ နခွန်း ချူမ်းဖူးချတ်က ပြောသွားပါတယ်။

မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာတော့  ခိုတောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို ဒီလမကုန်ခင် တရားရုံးတင်နိုင်မှာဖြစ်ကြောင်း၊ တရားခံ (သံသယရှိသူ) ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို နိုဝင်ဘာ ၇ ရက်နေ့မှာ ချုပ်ရက်ထပ်တိုးမယ်လို့ ခရိုင်အစိုးရရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်ရဲ့ အပြောကို ကိုးကားပြီး  ဖော်ပြပါတယ်။

သူတို့ကို တကြိမ်လျှင် ၁၂ ရက်နဲ့ အချုပ်မှာ ၃ ကြိမ် အပ်နှံထားတာ ၃၆ ရက်ရှိသွားပြီဖြစ်ပြီး ရုံးတင်တရား မစွဲခင်အချိန်ထိ စုစုပေါင်း ၇ ကြိမ် ၈၄ ရက် အပ်နှံချုပ်ထောင်ထားခွင့်ရှိတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/70068

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်သယ်ဖို့   မိသားစိုလက်ထဲ အပ်လိုက်ပြီလို့ ကိုပါကြီး ဇနီး ဒေါ်သန္တာက ပြောပါတယ်။

“အလောင်းကိုတော့ ရဲက အစ်မတို့ လက်ထဲကို လွှဲလိုက်ပြီပေါ့နော်။ အစ်မတို့ သေချာ ထုတ်ပိုးပြီးတော့ အ၀တ်အစားတွေ ဘာတွေ လွှမ်း၊ ကောင်းကောင်း မွန်မွန်သေချာတော့ ထုတ်ပိုးထားပြီးပြီ။ ရန်ကုန်ကို သယ်ဖို့တော့ မသိသေးဘူး တိုင်ပင်နေတုန်းပဲ။ အစ်မတို့မှာလည်း အတားအဆီးရှိတော့လေ အဲဒါကို စီစဉ်တေယ်။ ”

မနေ့ညတုန်းက အလောင်းကို သယ်ဖို့ တားမြစ်ခဲ့တဲ့ ဘုန်းကြီးတွေကိုလည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်က နော်အုန်းလှက ခြိမ်းခြေက်မှုနဲ့ မော်လမြိုင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၅ ရက် နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။

အလောင်းကို မူလအစီအစဉ်အတိုင်း  ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။

စစ်ဆေးမှုရလဒ်ကတော့ အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိခဲ့တယ်လို့ အမှုစစ် ဆရာဝန်က မိသားစုကို အသိပေးခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/70059


ဟောင်ကောင် ၊ ၆-၁၁-၂၀၁၄

Alliance For Peace and Democracy အဖွဲ့၏ ဟောင်ကောင်မြို့ စီးနင်း သိမ်းပိုက်ရေး ဆန္ဒပြမှု (ပုံ) များကို အဆိုပါ အထူးဒေသရှိ ပြည်သူ ၁ ဒသမ ၈၃ သန်း ကျော်ခန့်က တညီ တညွတ်တည်း လက်မှတ် ရေးထိုး၍ ကန့်ကွက် ခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်တွင် အဆိုပါ အဖွဲ့က ဝန်ခံ ပြောကြားသည်။

Alliance For Peace and Democracy အဖွဲ့၏ ဟောင်ကောင်မြို့ စီးနင်းရေး ဆန္ဒပြမှုများ အတွက် ထောက်ခံခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဟောင်ကောင် ပြည်သူများ၏ ဆန္ဒ သဘောထားကို ကိုးရက်ကြာ ခန့် မေးမြန်း ကောက်ခံခဲ့ရာ တွင် ပြည်သူ ၁ ဒသမ ၈၃ သန်းကျော် ခန့်က ကန့်ကွက် လက်မှတ်များ ရေးထိုးခဲ့ သည်ဟု ၄င်းအဖွဲ့ ကိုယ်တိုင် ကပင် ဝန်ခံခဲ့ကြောင်း၊ ထို့ကြောင့် ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရ ဒေသ၏ အစိုးရအဖွဲ့အနေဖြင့် ၄င်းအဖွဲ့၏ ဆက်လက် လှုပ်ရှားမှု များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဒေသ အတွင်းရေးမှူးချုပ် ကာရီလန်း က ပြောကြားသည်။

ဟောင်ကောင် ပြည်သူများ၏ ဆန္ဒ သဘောထားကို အောက်တိုဘာ ၂၅ ရက်မှစ၍ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်ထိတိုင် ကိုးရက်တိတိ ကြာမြင့်ကြောင်း၊ ဆန္ဒ သဘောထားများ ကောက်ယူ ရာတွင် ကန့်ကွက် လက်မှတ် ရေးထိုးခဲ့သူ များအနက် ၁ ဒသမ ၃၄ သန်းခန့်မှာ တိုက်ရိုက် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အခြား သူများမှာမူ အွန်လိုင်းပေါ်မှ တစ်ဆင့် ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.