11/25/14


စနေနေ့ ၁၅-၁၁-၂၀၁၄ နေ့လယ်ခင်းက လှိုင်တက္ကသိုလ်ဝင်းထဲက အမ်အိုင်စီတီပတ်ခ် လို့ ခေါ်တဲ့ မြန်မာ့သတင်း၊ ဆက်သွယ်ရေးနဲ့ နည်းပညာရပ် ဝန်းကြီးမှာ ဧည့်သည်တစ်ဦးနဲ့ ချိန်းတွေ့၊ စကားပြောရင်း ဧည့်သည်ငှားလာတဲ့ တက္ကစီက ဆီသွားထည့်ပါရစေဆိုလို့ ခွင့် ပြုလိုက်မိပါတယ်။ ဒီလမ်းဘေး ဆိုင်လေးမှာ စကားပြောရင်း ထိုင်စောင့်မယ်လို့ မှာလိုက်ကြတာလေ။ အစီအစဉ် ကတော့ ဧည့်သည်နဲ့ အတူ သွားဖို့လာဖို့ ကားကိုဆက်ငှားထားတဲ့ သဘောပါပဲ။ အလာကားခလည်း မပေးဖြစ် သေးပဲပေါ့။

ဒါပေမဲ့ စကားပြောကောင်းနေလိုက်ကြတာ ကားက နာရီဝက်နဲ့လည်း ပြန် မရောက်၊ လေးဆယ့်ငါးမိနစ်နဲ့လည်း ပြန်မလာတော့ဘဲ ဖြတ်သွားဖြတ်လာ ကားတွေ ကျဲပါးသွားတာ သတိထားမိတော့မှ တက္ကစီတစ်စီးကို လှမ်းမေး ကြည့် တဲ့ အခါ ဒီဝင်းထဲကို ဘယ်ကားမှဝင် လို့မရတော့ဘဲ အပြင်က ကားလည်း ဝင်လို့ မရ၊ ဒီဝင်းထဲက ကားလည်းအပြင်ထွက်မရတော့ဘဲ ဖြစ်နေတယ်ဆိုတာ သိရ ပါတော့တယ်။ ဪ သတင်းနဲ့ နည်းပညာဝင်းကြီး ထဲမှာ ဘာနည်းပညာ ကမှ အချက်မပြ၊ ဘာသတင်းမှမရဘဲ ခံလိုက်ရပုံများ။

အဲဒီတော့မှ ကိုယ့် တိတ်တိတ်လှောင်ပိတ် ထားခံရတာကိုမှ မသိအောင် တုံး တာပါလားလို့ သဘောပေါက်ရင်း ဆီသွားထည့်တဲ့ ကားခမျာ ပြန်လာ လို့ မရတော့ဘဲ ကားခလည်း ပေးမရတော့မှန်း သိသွားတော့တယ်။ တိုတိုပြော ရရင်တော့ ဝင်းထဲက ထွက်မရတော့ဘူးဆိုတဲ့ တက္ကစီကိုပဲ လှိုင်တက္ကသိုလ်ဝင်း ကနေ ပါရမီလမ်း ဘက်ကိုထွက်တဲ့ တံခါးဝကို တစ်ထောင်နဲ့ငှားပြီး လိုက်ပို့ ခိုင်းရပါတယ်။ တံခါး သော့ခတ်ထားပြီး ကားထွက်မရပေမယ့် လူကိုတော့ မမေး မမြန်း ထွက်ခွင့်ပြုတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ အပြင်ရောက်မှ ကား ထပ်ငှားပြီး ကားငှားခပေးဖို့ ကြွေးကျန်သွား တဲ့ ပထမကားကိုတော့ စိတ်မကောင်းခြင်း ကြီးစွာ စိတ်နဲ့မှန်းပြီး တာ့တာလုပ်ခဲ့ရတာပါပဲ။

တစ်ထောင်နဲ့ငှားတဲ့ ကားပေါ်ရောက်မှ အကျိုးအကြောင်း မေးကြည့်တော့ ကျောင်းသား များ ဆန္ဒပြတာမို့ ဒီဝင်းကို အခုလို ပိတ်ထားတာဆိုပဲ။ တကယ်တော့ ကျောင်းသားတွေက သမိုင်းကနေ လှည်းတန်းကို ချီတက် ဆန္ဒပြကြတာဖြစ်ပြီး ဒီဝင်းထဲလည်း ဖြတ်သွား တာ မဟုတ်ပါဘူး။ ဖြတ်သွားတယ်ပဲ ထားပါဦး၊ ဖြတ်ပစေလေ။ ဘာဖြစ်မှာမို့လဲ။ အခုတော့ ကားမဝင်ရတို့ အထဲကလူတွေထွက် မရတာတို့က ပိုမဆိုးနေ ဘူးလား။ ပြီးတော့ အဆိုးဆုံးကတော့ အထဲက ကားပါ အပြင်ထွက် မရတာပါပဲ။ ဘာကြောင့် ဒီလိုလုပ်တယ် ဆိုတာတော့ စဉ်းစား မရပါဘူး။ မတော် တဆ ကျောင်းသားတွေ ရောက်လာရင် လက်ခုပ်တီးကြိုမယ့်သူ မရှိမှာစိုးလို့ ဇွတ်ဆွဲထားတာ လားတော့ မဆိုနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် တက္ကစီ ကားလေးခမျာ ကျွန်တော်တို့ကို အပေါက်ဝပို့ပေးပြီး သူကတော့ထွက်လို့မရဘဲ ပြန်ဆုတ်ခွာ သွားပါတော့တယ်။

ကျွန်တော်တို့ ပါရမီလမ်းပေါ် အေဒီလမ်း ဆုံနဲ့နီးတဲ့နေရာက သော့ခတ်ထားတဲ့ လှိုင်တက္ကသိုလ်ဝင်း တံခါးဝမှာ ကားထပ်ငှားဖို့စောင့် နေတုန်း ပါရမီလမ်းပေါ် ကနေ လှိုင်တက္ကသိုလ် ဝင်းကိုဖြတ်ပြီး ရွှေဟင်္သာလမ်းဘက်သွားမယ့် ကားတွေ ဟာ အပေါက်ဝကို ခေါင်းထိုးလာပြီး မှ တံခါးသော့ခတ်ထားတာတွေ့တော့ အံ့ဩတကြီး ပြန်ပြန်ထွက်သွားကြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဧည့်သည်နဲ့ အတူ ကားထပ် ငှားပြီး သူတည်းခိုရာကို လိုက်ပို့ခိုင်းပြီးတဲ့ နောက် ညနေ ကျတော့ နောက်တက္ကစီတစ်စီး နဲ့ အိမ်ပြန်လာတဲ့အခါ တက္ကစီသမားက သူ့ နေ့လယ် က ပါရမီလမ်းပေါ်မှာ တစ်နာရီလောက် ကြာအောင်ပိတ်ပြီး ဒုက္ခရောက် ခဲ့ပုံကို ပြောပြ ပါတယ်။ ကျွန်တော်က လှိုင်တက္ကသိုလ်ဝင်းကို ပိတ်ထား လို့ ဖြစ်ရတာဆိုတာ ပြောပြတော့ သူအတော်အံ့ဩပါတယ်။ ဘာကြောင့် ပိတ်ရတာလဲမေးတော့ ကျွန်တော်လည်း မဖြေတတ်ဘူးလေ။

မန္တလေးနန်းတော်ကြီးကို ဘယ်သူဖျက်ဆီး တာလဲလို့ ကျောင်း စစ်ဆေးရေး လာတဲ့ ပညာရေးမှူးက မေးတဲ့အခါ “ကျွန်တော် မလုပ်ပါ ဘူးခင်ဗျာ” လို့ ဖြေ တဲ့ကျောင်းသားလိုပဲ ကျွန် တော်လည်း “ကျွန်တော်ပိတ်တာမဟုတ်ဘူး ခင်ဗျ” လို့ ဖြေရမယ့် အပေါက်ပါပဲ။ ဒါပေမဲ့ ဘာကြောင့် ပြိတ္တာ အဲလေ ပိတ်တာဖြစ်ဖြစ် အခုလောက်ဆိုရင် ပွင့်ပြီမို့ ပါရမီလမ်းမပိတ်တော့ပါဘူး ဆိုပြီး ပါရမီလမ်း ကိုဖြတ် ခိုင်းမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖြတ်လာတဲ့ ည ၇ နာရီဝန်းကျင် အထိ အဲဒီဝင်းက ပိတ်ထား တုန်းမို့လို့ ကားတွေကျပ်ပိတ်နေပြန်တာပါပဲ။ ဒီတော့ ကားသမားကိုမျက်နှာပူပူနဲ့ အခုလောက်ဆိုရင် ပွင့်ပြီ ထင်လို့ဗျာ ဟဲဟဲ ဆိုပြီး မျက်နှာချိုသွေးရတာပေါ့။ ဒါတင်မက ကျောင်းသားများ က ကြေးသွန်း ဘုရားကြီးမှာ ဆန္ဒပြကြတဲ့ တနင်္ဂနွေနေ့မှာလည်း အဲဒီဝင်းကို ဆက်ပြီး ပိတ်ဆို့ ထား ကြပါသေးတယ်။

ဘာမှမဆိုင်တဲ့နေရာမှာ အလကားပိတ် ထားတဲ့အတွက် ကားတွေပိတ်၊ လူတွေ လည်း ပင်ပန်း၊ အချိန်တွေကုန်၊ ဘာဖြစ်လို့ပိတ်တာမှန်း ကျွန်တော်လည်းမသိ။ အင်း၊ အနီးစပ်ဆုံး စဉ်းစားမိတာတစ်ခုတော့ ရှိတယ်။ ဘယ်နေရာမှာ ဆန္ဒပြပြ၊ ဆန္ဒပြ လို့ဆိုပြီး ပိတ်ချင် တဲ့နေရာကို ပိတ်ထားလိုက်ရင် ကားတွေကျပ် ဆို့ပြီး “ဆန္ဒပြ တဲ့ဟာတွေကြောင့် ဒီလို ဖြစ်တာ” ရယ်လို့ ကျိန်ဆဲကြအောင်လား၊ အပြစ် တင်ကြအောင်လား၊ နောင် ဆန္ဒပြတယ်ဆိုရင် လေသံတောင် မကြား ချင်အောင်လား။ ဒီလိုတော့ ဖြစ်ချင်ဖြစ်လိမ့်မယ်။ အခုလည်း ကားတွေ ကျပ်ပိတ်နေတော့ ကားပေါ်က မျက်နှာတွေလည်း သုန်မှုန်ပြီး ဒေါသတွေဖြစ် လို့ပေါ့။ အသံမထွက်ရဲလို့သာပါ။ စိတ်ထဲကတော့ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲနေကြ မှာ သေချာပါတယ်။ (ကျောင်း သားတွေကိုတော့ မဟုတ်ဖို့ များတယ်နော်)။

တကယ်တော့ သူတို့ပိတ်ထားခဲ့တဲ့ လှိုင်တက္ကသိုလ်ဝင်းဆိုတာ ကျွန်တော် တို့ ကျောင်းသားဘ၀က အဆောင်နေ ကျောင်းသားဘ၀နဲ့ ကျင်လည်ကျက်စား ခဲ့ရာ သမိုင်းအဆောင် ဝင်းကြီးပါပဲ။ အဲဒီတုန်းကလည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှား မှုတွေ၊ သပိတ်တွေ၊ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲဖြတ်သန်းခဲ့ ဖူးသပေါ့။ ဒါကြောင့် အခုကလေးတွေ ဆန္ဒပြတယ်ဆိုတော့မှ ကိုယ်လည်း ပတ်သက်ခဲ့ဖူး တဲ့ ကျောင်းဆောင်ဝင်းထဲ ပြန်ပိတ်မိနေပုံကတော့ အမှတ်တရတစ်ခုလား၊ ဝဋ်ကြွေး မကုန်သေးတာလား မဆိုနိုင်ဘူးပေါ့။ တကယ်တော့ ကျွန်တော် တို့ ဖြတ်သန်းခဲ့တဲ့ ဆန္ဒပြပွဲများဟာလည်း အစိုးရဆန့်ကျင်ရေး အသွင်နဲ့ဖြစ်ပေ မယ့် အစိုးရထွက်ဖို့တို့၊ ခေါင်းဆောင်တွေဆင်းပေးဖို့တို့ မဟုတ်ခဲ့ပါဘူး။ ဥပမာ ဦးသန့် အရေးအခင်းဆိုရင် ဦးသန့်ဈာပနကို လိုက်ပို့ပြီး ဂူဗိမာန်အတွက် လည်း နေရာမရလို့ တောင်းဆိုခဲ့တာ၊ အလုပ်သမား အရေးအခင်းနှစ်ပတ်လည် မှာ ဆိုရင် အလုပ်သမားအရေးအခင်းတုန်းက အ ဖမ်းခံရတဲ့ အလုပ်သမားနဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး တောင်းဆိုခဲ့တာ။ ဒီလိုပဲ မှိုင်းရာပြည့်မှာဆိုရင် မျိုးချစ်စာဆိုကြီးနဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ရာပြည့်မွေးနေ့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမပေး လို့ တောင်းဆိုကြတာ စသဖြင့်ပါပဲ။ ကျောင်းသားဘ၀ လွန်မြောက်ပြီး ၁၉၈၈ ကျမှသာ အစိုးရထွက်ပေးဖို့ တောင်းဆိုဆန္ဒပြ တာမျိုး စလုပ်ခဲ့ဖူးတာပါ။

ဒါပေမဲ့ အစိုးရအဆက်ဆက်ကတော့ ဘာတွေပဲတောင်းတောင်း၊ သူတို့ကို ဆန့်ကျင် တယ်၊ စိန်ခေါ်တယ်လို့ပဲ ယူဆတယ်၊ လိုက်လျောဖို့၊ ညှိနှိုင်းဖို့၊ အပေး အယူ လုပ်ဖို့ဆိုတာ သူတို့နှလုံးသားထဲမှာ မရှိပါဘူး။ ပြဿနာ တစ်ခုဖြစ်လာရင် ဘယ်လိုပြေလည်အောင် လုပ်မလဲ၊ ဘယ်လိုကောင်းအောင်လုပ်မလဲ တစ်ခါမှ မစဉ်းစားတတ်ဘူး။ ဘယ်လိုညစ်မလဲ၊ ဘယ်လို နှိပ်ကွပ်မလဲ၊ ဘယ်လိုလှည့် တိုက် ပေးမလဲဆိုတာမျိုးတွေပဲ စဉ်းစားလေ့ရှိ တယ်။ ဒါကြောင့် ဒီ အရေးအခင်းတွေ အားလုံးဟာ ကြေကွဲစရာတွေ၊ သွေးမြေကျမှုတွေ၊ အမည်းစက် ထင်မှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရ တယ်။ ဒီလိုဖြစ်ရတာကလည်း သူတို့က အပြောင်းအလဲကို ကြောက်နေလို့ပါ။ အပြောင်းအလဲဖြစ်ရင် သူတို့နစ်နာမယ်၊ လက်ရှိနေရာကနေ ဖယ်ပေးရမယ်၊ ဆုံးရှုံးမယ်။ ဒီလိုပဲ တရားသေ တွက်ထားတယ်။ သူတို့ဟာ ဒီလို အကြောက်သန်နေတာကို ဖုံးဖိရင်း သူများကို ပြန်ခြိမ်း ခြောက်တတ်တယ်။ မာန်တတ်မဲတတ်တယ်။

ဒါကြောင့် အကြောက်သန်ပြီး အခြောက်မာန်နဲ့လို့ ဆိုချင်တာပါ။ (အခြောက် မာန် ဆိုလို့ “သူ များကိုလာမစနဲ့နော်၊ တစ်ခါတည်း လုပ်ထည့် လိုက်လို့၊ ဟင့်” ဆိုတာမျိုးလို့တော့ မထင် လိုက်ပါနဲ့နော်)။ ဝမ်းနည်းစရာကောင်းတာ က ခေတ်ပြောင်း သွားပြီ၊ ဒီမိုကရေစီခေတ်ရောက် ပြီ အော်နေသူများ က ခေတ်ဟောင်းက အုပ်ချုပ်သူများရဲ့ အမူအကျင့်ဟောင်းတွေကို အမွေ ဆက်ခံပြီး တစ်သဝေမတိမ်း လုပ်နေတတ်တာပါပဲ။

အခု ကျောင်းသူကျောင်းသားလေးတွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြနေကြတယ်။ တကယ်တော့ ဒီဥပဒေကို မပြဋ္ဌာန်းခင်ကတည်း က ထောက်ပြကန့် ကွက်ခဲ့ကြတာပါပဲ။ ဆရာတွေကလည်း ကန့်ကွက်တယ်။ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက်ကလည်း ကန့်ကွက်တယ်။ ဒီကြားထဲ က ပြဋ္ဌာန်းခဲ့တဲ့အတွက် တက္ကသိုလ်တွေမှာ ကန့်ကွက်ဆန္ဒပြတဲ့ အခါလည်း ဖြေရှင်း မယ့်အစား ထုံးစံအတိုင်း ဘယ်လိုနှိပ်ကွပ်မလဲပဲ စဉ်းစား ခဲ့တဲ့ အတွက် ပြဿနာက အခုလောက်အထိ ကြီးလာတာပါ။

ကြီးလာတော့လည်း ဘယ်လိုကြောက်လဲ၊ ဘယ်လိုခြောက်ပြန် သလဲ။ ဘယ်လို ခလောက်ဆန်သလဲ။ လွှတ်တော်ထဲမှာ အတိုက်အခံတွေ အလုပ်မလုပ်ဘူးလို့ စွပ်စွဲတဲ့ ကြံ့ခိုင်ရေးက ဘူးလက်အမတ်မင်း ရဲ့ ဖေ့စ်ဘွတ်ကိုပဲ လေ့လာကြည့် လိုက်ရင် သိနိုင်ပါတယ်။

ဘူးလက်အမတ်မင်းက ဆန္ဒပြကျောင်း သားကျောင်းသူကလေးများကို “မမိုက်နဲ့” လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးစကားပြောတဲ့ အထဲ “ကျည်ဆံသာပေးလိုက်” ဆိုတာမျိုး ပြောခဲ့တဲ့ကလေးဆိုးတွေလည်း မဟုတ်ဘဲ ဘာကြောင့် မမိုက်နဲ့ လို့ ပြောရပါလိမ့်နော်။ ပြီးတော့ အခုစော်ကားတဲ့စကားပြော၊ သီတင်းကျွတ် ကျတော့ လူကြားကောင်းအောင် ကန်တော့၊ တန်ဆောင်မုန်းကျ ပြန်စော်ကား တဲ့ စကားပြောဆိုတဲ့ လူမိုက်မျိုးမှ မဟုတ်တာ။ ပြီးတော့ “ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး လက်မခံဘူး (ဒီမိုကရေစီခေတ်ကြီးမှာ ဘယ် မိဘကမှ ကျောင်းသား သမဂ္ဂဖွဲ့စည်းဖို့ သဘော တူမှာ မဟုတ်ဘူး)” လို့ ဆိုပြန်တယ်။

ဒီမိုကရေစီနိုင်ငံကြီးတိုင်းမှာ ကျောင်းသားသမဂ္ဂ ရှိတယ်ဆိုတာ စာအလွန်ဖတ် တယ် ဆိုတဲ့ ဘူးလက်အမတ်မင်း မသိရှာတာလား၊ သိရက်နဲ့မျက်စိမှိတ်ပြောနေ သလား မဆိုနိုင်ပါဘူးဗျာ။ ဘယ်မိဘက ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး သဘောတူ မှာမဟုတ်ဘူးဆိုတဲ့ ဝန်မင်းဟာ ဆန္ဒပြကျောင်းသူတစ်ဦးကို သူ့မိဘတွေ မှာလိုက်တဲ့ သမီးတို့ တောင်းဆိုတာ မရမချင်း အိမ်မပြန်ခဲ့နဲ့ဆိုတာ ကို ကြားစေချင်လိုက်တာ။

ပြီးတော့ ဆက်ပြီးဆုံးမပုံက “ကျောင်းသား နိုင်ငံရေးမလုပ်ရဘူး (စာကျက်ပေါ့)” တဲ့။ ဘူး လက်အမတ်မင်းတို့ အယူအဆအတိုင်း ဗိုလ် ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ ဦးညိုမြတို့သာ နိုင်ငံရေးမလုပ်ဘဲ စာကျက်ခဲ့ကြရင် သူတို့က အင်္ဂလိပ် အိုင်စီအက်စ် အရာရှိတွေဖြစ်ကြပြီး ထစ်ခနဲဆို ပစ်ချင်ခတ်ချင် ဝါသနာရှိသူ များ လည်း မြန်မာ့တပ်မတော်ဆိုတာ မပေါ်သေးလို့ ဗြိတိသျှစစ်တပ်ထဲပဲ ဝင်ပြီး ဘိုလုပ်ရမှာ အဲလေ ဗိုလ်လုပ်ရမှာ သေချာပါတယ်။ (လက် ဖတင်နင် ဘူးလက် တို့ ဘာတို့၊ ဖြစ်နိုင်တာပေါ့ ဗျာ)။ ပြီးတော့ သူပြောတာက ဒီလောက်နဲ့ မပြီးသေး ဘူး။ ကြောက်ပြီဆိုရင် ပြန်ခြောက် တတ်တဲ့ သဘာဝအတိုင်း “အကြမ်းဖက် ချေ မှုန်း ဖမ်းဆီးတာတွေခံရမယ်” တို့၊ “နောက် ကွယ်က ကြိုးကိုင်သူတွေ ရှိတယ်”တို့၊ “အရေးပေါ် အခြေအနေ ကြေညာပြီး စစ်တပ်က အာဏာ သိမ်းမယ်” တို့ ခြိမ်းခြောက်တာ၊ ကြိမ်းမောင်းတာတွေလည်း လုပ်ထားပါသေး တယ်။ အံ့ရောဗျာ၊ အံ့ရော။ အထူးအထွေ တော့ မပြောချင်ပါဘူး။ ကျွန်တော်တို့ အစိုးရ ကြီးက နောက်မဆုတ်ပါဘူး ပြောတာရော၊ တပ်မတော်ကြီးက ဒီမိုကရေစီ ကို ချစ်တယ် ဆိုတာကိုပါ မယုံရေးချမယုံဆိုသူကြီးကို လက်ပူး လက်ကြပ် တွေ့နေရတာကိုး။

ဘာပဲဖြစ်ဖြစ် အစိုးရကြီးကိုဖြစ်ဖြစ်၊ တပ်မတော်ကြီးကိုဖြစ်ဖြစ်၊ သူတို့ကို ယုံသူ၊ နီးနီး နေရလေ မယုံလေလို့ ဆိုချင်ပုံရသူ၊ ယုံချင်ယောင်ဆောင်နေသူ စတဲ့ အမျိုးမျိုးသော အမတ်မင်း၊ ဝန်မင်းအပေါင်းကိုဖြစ်ဖြစ် ပြောချင်တာ တစ်ခု က တောင်းဆိုမှုတို့ စိန်ခေါ်မှု တို့ဆိုတာဟာ တိုက်ခိုက်တာ၊ ဖယ်ရှားတာဆီကို ဦးတည်တယ်လို့ တရားသေစွဲမှတ်၊ အကြောက်သန်ပြီး အခြောက်ဟန်နဲ့ (ခြိမ်း ခြောက်တဲ့ ဟန်ပန်လို့ ဆိုလိုပါတယ်နော်) ခလောက်ဆန်ဖို့ချည်း စိတ်မကူး ဘဲ ညှိနှိုင်းဖို့၊ လိုက်လျောဖို့၊ အပေးအယူလုပ်ဖို့ ဆိုတာမျိုးလည်း စဉ်းစားကြစေချင်ပါတယ်။

အခုနောက်ဆုံး အခြေအနေမှာတော့ ကျောင်းသားများက အစိုးရကို ရက်ပေါင်း ၆၀ အတွင်း တုံ့ပြန်ဖို့နဲ့ လွှတ်တော်၊ အစိုးရ၊ NNER နဲ့သူတို့ လေး ပွင့်ဆိုင်ဆွေးနွေး ဖို့ တောင်းဆိုထားပါတယ်။ ဒီအချိန်မှာ ပညာရေး ဝန်ကြီး က ဆွေးနွေးရန် ဖိတ်ခေါ်ပြီး ကျောင်းသားများ မကြိုက်သည့် အချက်ကို နားထောင် ရန် အဆင်သင့်ရှိတယ် လို့ဆိုလိုက်တာအပြင် လွှတ်တော် နာယကကြီး ဦးရွှေမန်းကလည်း လွှတ်တော်ကို တင်ပြလာရင် အလေးအနက် ဆောင်ရွက်ပေးမယ်လို့ဆို လာတာတွေကတော့ ကြိုဆိုရမှာတွေ ပါပဲ။

တကယ်တော့ တောင်းဆိုမှုမှန်သမျှကို တစ်သဝေမတိမ်းလုပ်ပေးရမယ်လို့ (အခြေခံဥပဒေလို) တစ်ပြားမှမလျှော့တမ်းလည်း ပြောနေတာ မဟုတ် ဘဲ နိုင်ငံရေးတောင်းဆိုမှုမှန်သမျှဟာ ညှိနှိုင်း အဖြေရှာမှုနဲ့ နှစ်ဦးနှစ်ဖက် ပြေ လည်မှု ရနိုင်တာမို့ ကိုယ့်ကို ရာထူးကဆင်းခိုင်း နေတာမဟုတ်တဲ့ ကလေးတွေ ကို လွတ်လပ်စွာပညာသင်ခွင့်၊ အများအတွက် လှုပ်ရှား ဆောင်ရွက်ခွင့်များပေး ဖို့ (သူများကို ဆုံးမမယ့်အစား) ကိုယ့်ဘာသာ ဆုံးမစေချင်ကြောင်း ပန်ကြား ရပါတယ်ခင်ဗျား။

ရီနေနိုင်
The Ladies News Journal

  
 နှစ်သိမ့်ခွန်အားယူ ဆုတောင်းပွဲ (သတင်းဓာတ်ပုံ Credit to Humanity Institute FB)

သင်တန်းသား ၂၃ ယောက် ကျဆုံးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု နောက်ပိုင်းမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကချင်လွတ်လပ်ရေး အဖွဲ့ KIO ကို ကမ်းလှမ်းထားပြီး KIO ကတော့ အကြောင်း ပြန်ကြားတာ မရှိသေးပါဘူး။ KIO လုပ်ငန်း ညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့် ရှိသူကတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ အစည်းအဝေး နောက်ပိုင်း တွေ့ဆုံဖွယ်ရှိ တယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ် အတွင်း နှစ်ဖက်တပ်တွေ အကြား ပစ်ခတ်တာတွေ ရှိနေဆဲ နောက်ဆုံး အခြေအနေကို ဗီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၉ ရက်နေ့က KIO ဌာနချုပ်လိုင်ဇာအနီး ခရာဘွမ်တောင်ကျောမှာ တပ်စွဲထားတဲ့ အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာKIO ဗိုလ် သင်တန်းကျောင်းမှာ ပေါက်ကွဲခွဲတာကြောင့် သင်တန်းသား ၂၃ ဦးကျဆုံးပြီး KIO နဲ့ အစိုးရတပ်အကြားမှာ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ အခု ရက်ပိုင်းမှာတော့ အစိုးရရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ KIO ကို ကမ်းလှမ်းထားတယ်လို့ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အစိုးရဘက်က ပဋိပက္ခညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မှ သူတို့အနေနဲ့ ဒါကို တွေ့ဆုံရအောင်ဆိုတဲ့သဘောမျိုး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က KIO အဖွဲ့ကို ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒါပေမယ့် KIO ဘက်ကလည်း ဘာမှလည်း တုံ့ပြန်လာတာမရှိသေးဘူးဗျ။”

နှစ်ဖက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာတာတွေကို လျော့ချဖို့အတွက် KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို နှစ်ဖက် သဘောတူဖွဲ့စည်းခဲ့တဲ့နောက် မေလက စတင်ပြီး လစဉ် ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အရေးပေါ် ကိစ္စရပ်တွေပေါ်လာရင် ပုံမှန်တွေ့ဆုံတဲ့ ရက်မတိုင်မှီမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကိုလည်း သဘောတူထားတာဖြစ်ပါတယ်။

KIO ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲနောက်ပိုင်းမှသာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲ ချင်းမိုင်မှာလုပ်ဖို့ရှိတယ်။ အဲဒါပြီးမှပဲ ကျနော်တို့ ပြန်ညှိနှိုင်းမှာပါ။”

မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉ ရက်နေ့ ပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုရှေ့ရှုပြီး တဖက်နဲ့တဖက် အပြစ်တင်တာတွေကို ရပ်ဆိုင်းဖို့၊ အဖြစ်မှန်ဖော်ထုတ်ပြီး ထိခိုက်နစ်နာသူတွေကို ကျေနပ်အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

KIO ဖက်ကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ရေးအတွက် လိုအပ်ရင် လူမှုအဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂနဲ့တရုတ်နိုင်ငံကပါ ပါဝင် ကူညီဆောင်ရွက်ရေးအတွက် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားမလားဆိုတဲ့ သုံးသပ်တာတွေ ထွက်ပေါ်နေပေမဲ့ KIO ကတော့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးပြီး အဖြေရှာဖို့ ရှိနေတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“KIO ရဲ့သဘောထားက နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ဟာကို ရှေ့ဆက်သွားမယ်။ ဆွေးနွေးပွဲမလုပ်ဘဲနဲ့တော့ …. မဖြစ်နိုင်ဘူးလေ။”

၁၉ ရက်နေ့ ပစ်ခတ်မှုနောက်ပိုင်းမှာ လိုင်ဇာဌာနချုပ်အနီးနဲ့ မိုင်ဂျာယန်ဒေသဖက်တွေမှာ ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ နှစ်ဖက်တပ်တွေအကြား ပစ်ခတ်တာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ KIO ဖက်က ပြောဆိုသလို အစိုးရတပ်ဖက်ကတော့ KIO ကစတင်တိုက်ခိုက်လို့ ပြန်လည် ပစ်ခတ်တာဖြစ်ကြောင်း ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/conflict-solution-offers-to-meet-with-kio-/2532020.html



ဗိုလ်မှူးကျော်စွာဝင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားတာ ၅လ ကြာနေပြီ ဖြစ်ပေမဲ့ အခုချိန်ထိ အမိန့်ချ မှတ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကျော်စွာ ၀င်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

DSTA အပတ်စဉ် ၂ ဆင်းတဲ့ ဗိုလ်မှူးကျော်စွာဝင်း ကို ပြင်ဦးလွင်မြို့ တ.လ.က စစ်တပ် အချုပ်ခန်းမှာ ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့် မပေးဘူးလို့ ဗိုလ်မှူးကျော်စွာဝင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒသဘောထားလက်မှတ်တွေ ကောက်ခံရာမှာ ပြီးခဲ့တဲ့ဧပြီလက ဗိုလ်မှူးကျော်စွာဝင်းက စစ်ဝတ်စုံနဲ့ ၀င်ရောက်လက်မှတ်ထိုး ခဲ့တာဖြစ်ပြီး အင်တာနက် လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ သူ့ကို တပ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ တရားစွဲ ဆိုထားတာ ဖြစ် ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

VOA က ကိုသန်းလွင်ထွန်းကို
ကျေးဇူးတင်ပါတယ်

ဘာလို့လဲဆိုတော့..၊

သမ္မတ
လွှတ်တော်ဥက္ကဌ
ကာချုပ်..
ဒေါ်စုတို့ကို..

တစ်ယောက်ချင်း
အင်တာဗျူးလုပ်ပြီး..

သူတို့တွေရဲ့ ..
အရည်အချင်းအစစ်အမှန်တွေဖြစ်တဲ့..

နိုင်ငံရေးအမြင်ကြွယ်ဝမှု Skill. တွေ၊

အတွေးအခေါ်ရင့်သန်မှုတွေ၊

ပညာတတ်ဆန်မှုတွေ၊

ပါးနပ်လိမ္မာမှုတွေ၊

တိုင်းပြည်နဲ့လူထုကို..ကောင်းစားစေချင်ပြီး
နလပိန်းတုန်းမဖြစ်စေချင်တဲ့ဆန္ဒတွေကို

သူတို့ဖြေတဲ့အဖြေတွေထဲမှာတင်..
သိသိသာသာခွဲခြားပြနိုင်ခဲ့လို့ပါ..၊

သေချာဖတ်လေတွေ့လေပဲဗျာ..၊

သမ္မတဘယ်သူဖြစ်သင့်တယ်ဆိုတာကို
စာမေးပွဲစစ်လိုက်သလိုပါပဲ..၊

-----------------

တစ်ချို့ပြောတာတွေကိုဖတ်ကြည့်ရတာ..

အဲဒီလူတွေက...

မော်ဒရေးရှင်းနဲ့အတင်းဆွဲတင်ရင်တောင်
ခွေးကျကျမဲ့ပုံပဲ..

အဆင့်မရှိဘူးလို့ပြောရင်လဲ ရိုင်းမလား

တစ်ဘက်ပိတ်လို့ဆိုရင်လဲ လွန်နေမလား

ပိန်းလိုက်တာလို့ပြောရင်လဲ..ဆိုးနေမလားပဲ

အဲဒီလိုလူမျိုးက...

သမ္မတသာဖြစ်လို့ကတော့ဗျာ..
ကြေကွဲပြီ...၊

ဘယ်သူတွေလဲဆိုတောတော့
အားလုံးသိမှာပါ..

ဟဲဟဲဟဲဟဲ

( Pa Yit)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.