11/27/14

မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးအတွက် ကော့စမွီတရားရုံးကြီးမှာ အာမခံရရှိရေး လျှောက်ကြားချက်ကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။
Koa Toa
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေ၊ ထိုင်းရှေ့နေများကောင်စီဝင် တွေနဲ့အတူ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းကို သွားရောက်ပြီး ဒီနေ့ အာမခံလျှောက်ကြတာဖြစ်ပါတယ်။

အာမခံငြင်းပယ်ခံရတယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ကျနော်တို့ အာမခံလျှောက်ထားတယ်။ ဒါပေမယ့် တရားရုံးက အာမခံလျှောက်တာကို ခွင့်မပြုခဲ့ပါဘူး။ သံရုံးဆိုတာကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲပါပဲ။ သံရုံးကနေပြီးတော့ ဒီဟာကို အာမခံတယ်ဆိုတဲ့ သဘောပါ၊ ဒါကို သူတို့ ခွင့်မပြုခဲ့တာပါ။ ရှေ့နေများကောင်စီက ပြောတာကတော့ ဘတ်ငွေ ၅ သိန်းစီ တင်ရမယ်ဆိုတဲ့ပုံစံမျိုးဆို ပိုကောင်းတယ်ပေါ့။ ဒါပေမယ့် အဲဒီအစား ကျနော်တို့ကလည်း သံရုံးအာမခံနဲ့ တင်တာပါ။ ဒါပေမယ့် အခုလို သံရုံးအာမခံတခုတည်းနဲ့ အဆင်မပြေဘူးဆိုရင် နောက်အပတ်ကျရင် ကျနော်တို့က သံရုံးအာမခံကော၊ ငွေအာမခံကော ပြန်ပြီးတော့ အမြန်ဆုံးစီစဉ်ပြီး တင်နိုင်အောင် ကြိုးစားပါမယ်။”
ဒီလျှောက်ကြားမှုဟာ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးနောက် အာမခံကိစ္စကို ဆောင်ရွက်ချက် ဖြစ်ပါတယ်။
တရားရုံးကနေ အပြန်မှာ ကော့စမွီအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဦးအောင်မျိုးသန့်က “ကလေးတွေ သွားတွေ့ကြပါတယ်။ ကလေးတွေ ကျန်းမာရေး ကောင်းကြပါတယ်။ အဓိကကတော့ ကလေးတွေက ဒီပုဒ်မနဲ့ပတ်သက်လို့ သူတို့ ကျူးလွန်ခြင်း မရှိလို့ သူတို့ကို ဒီအမှုကနေ လွတ်အောင် ၀ိုင်းဝန်းကူညီပေးကြပါလို့ ပြောကြပါတယ်။ ထူးခြားမှုကတော့ လူကြီးတွေနဲ့ အကျဉ်းဦးစီးဌာနမှာ သွားပြီးတော့ ကလေးတွေနဲ့ တွေ့တဲ့အခါမှာ ကလေးတွေရဲ့ အားတက်သရော ပြောတဲ့အသံနဲ့ သူတို့ကို ကူညီပေးဖို့။ သူတို့လည်း ပိုပြီးတော့ ၀မ်းမြောက်ဝမ်းသာဖြစ်တာတွေပါလာပါတယ်။ ဒါပေမယ့် တရားရုံးအနေနဲ့က ပထမဆုံးအတွေ့အကြုံအရ
အာမခံ မရပေမယ့်လည်း ကျနော်တို့ အာမခံနဲ့ပတ်သက်တဲ့ အတွေ့အကြုံကို ရခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီခရီးစဉ်ကအပြန်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံတင်ပြပြီး ရှေ့နေများကောင်စီနဲ့ တွေ့ဆုံမှာဖြစ်သလို အချက်အလက်ပြည့်ပြည့်စုံစုံယူဆောင်ပြီး အာမခံ လျှောက်သွားမယ်လို့ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ဟာ  ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦးကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေအရ မျှမျှတတ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

DVB
http://burmese.dvb.no/archives/72035

ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေကို နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အချိန်နဲ့တပြေးညီ ဆောလျင်စွာထုတ်ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆို တင်သွင်းလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုမယ့် ဥပဒေများထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေတွေဟာ ထိရောက်မှုရှိမှ တကယ်ပဲ ပြည်သူတွေရဲ့ ဘ၀တွေအပေါ်မှာ ထိရောက်မှု ရှိမှသာ ကျမတို့ဟာ ပြည်သူ့အကျိုးပြုနိုင်တယ်လို့ ဆိုနိုင်မှာပါ။ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို (၈-၁၀-၂၀၁၃) ခုနှစ် ကတည်းက ကျမတို့ ပြဋ္ဌာန်းပြီးသားပါ။ ဒါပေမယ့် ဒီဥပဒေဟာလည်း နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ထွက်မလာသေးတာကြောင့် ထိရောက်မှု မရှိနိုင်ပါဘူး။ မရှိတဲ့အတွက်ကြောင့် ကျမတို့တောင်သူလယ်သမားများဟာ အခုထက်ထိ ကြွေးတွင်းထဲ နစ်နေတဲ့ဒုက္ခ၊ နည်းပညာများ မဆောင်နိုင်တဲ့ဒုက္ခ၊ ဈေးကွက်မှာ မယှဉ်နိုင်တဲ့ဒုက္ခ၊ အဘက်ဘက်မှာ အကျပ်အတည်းတွေ ရှိလွန်းလို့ ကိုယ့်အိမ်ကိုယ့်ယာပစ်ပြီးတော့ တခြားမှာသွားပြီးတော့ အလုပ်လုပ်ရတဲ့ ဒုက္ခတွေနဲ့ အများကြီး ရင်ဆိုင်နေကြရပါတယ်” လို့ ဆွေးနွေးတင်ပြသွားပါတယ်။

အခုလို နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေ မထွက်နိုင်သေးတဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်မှုဟာ ကျဆင်းသွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုပါတယ်။

“ပြဋ္ဌာန်းပြီးသား ဥပဒေတွေအတွက်တောင်မှ နည်းဥပဒေတွ စည်းမျဉ်းစည်းကမ်း ဥပဒေတွေဟာ မထွက်နိုင်သေးဘူးဆိုရင် နောင်ကျမတို့ ပြဋ္ဌာန်းမယ့် ဥပဒေတွေအတွက် နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်တော့မှ ထွက်နိုင်မလဲဆိုတာ ကျမတို့ စဉ်းစားစရာဖြစ်ပါတယ်။ အရှေ့က လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ပြဋ္ဌာန်းသွား၊ ပြဋ္ဌာန်းသွား အနောက်ကနေ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မှီအောင်လို့ မလိုက်နိုင်ရင် ဥပဒေတွေ ပြဋ္ဌာန်းချက်တွေဟာ လုပ်ပြချက်တွေလိုပဲ ဖြစ်လာပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာလည်း ကျဆင်းလာပါလိမ့်မယ်။ ဥပဒေတွေသာ ပြဋ္ဌာန်းတယ်ဆိုတယ် မိမိတို့ရဲ့ ဘ၀တွေဟာ ဘာမှ မထူးခြားလာဘူး ဘယ်လိုမှ မတိုးတက်လာဘူးဆိုပြီး ပြည်သူတွေဟာ မြင်လာရင် ကျမတို့နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရော အုပ်ချုပ်ရေးမဏ္ဍိုင်ရော ပြည်သူရဲ့ မျက်စိထဲမှာ ပြည်သူရဲ့ အမြင်မှာ သိက္ခာကျပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးပါတီအမတ် သူရဦးအောင်ကိုက ထောက်ခံဆွေးနွေးခဲ့သလို ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း ဒီအဆိုမှန်ကန်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် အရေးကြီးအဆိုကို ကန့်ကွက်သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ကျင်းပခဲ့ပြီး လွှတ်တော်အရပ်ရပ်ထဲ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက်လွှတ်တော်အထိ ဥပဒေပေါင်း ၁၂၀ ကျော် အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီထဲ တိုင်းပြည်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းလောက် ပမာဏရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေ ထွက်ပေါ်မလာသေးတာလည်း ဖြစ်ပါတယ်။

DVB
http://burmese.dvb.no/archives/72053


နိုဝင်ဘာ ၂၆ ရက် ၂၀၁၄

တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရသည့် ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ် ဗိုလ်လောင်း သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်ခံရမှုသည် တည်ဆောက်နေသည့် ငြိမ်းချမ်ရေးအား ထိခိုက် ပျက်ပြား စေနိုင် သောကြောင့် UWSA ဝ တပ်ဖွဲ့ပါဝင်သည့် သျှမ်းပြည်တွင်း အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့ သုံးဖွဲ့က စုပေါင်း ကန့်ကွက် လိုက်ပါသည်။

၂၀၁၄ နိုဝင်ဘာ ၂၃ ရက်က သျှမ်းပြည်တပ်မတော် SSPP/SSA , အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း NDAA- ESS နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့က ကြေငြာချက်ထုတ်ပြန်ကာ ကန့်ကွက်ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဌာန ချုပ် အရာရှိ ဗိုလ်မှူး စိုင်းတစ် ကပြောပါသည်။

``ဒါက အဲန်စီစီတီ နဲ့ ပတ်သက်နိုင်တယ်။ အဲန်စီစီက တင်ပြတဲ့ဟာတွေကို တပ်မတော်က လက်မခံ ဘူး။ အဲန်စီစီတီကလဲ အလျှော့မပေးဘူးဆိုတော့ ၊ မင်းတို့က လက်မှတ်မထိုးရင် မရဘူး။ အချိန်မရွေး မင်းတို့ ဌာနချုပ်ကို တိုက်ခိုက်လို့ရတယ် ဆိုတဲ့သဘောကို ပြချင်တယ်လို့ဘဲ ကျနော်တို့ယူဆတယ်။ ဒီတိုက်ခိုက်မှုက ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူး၊ အလေးအနက်ထားပြီး ကျေနပ် လောက်တဲ့ ဖြေရှင်းချက်မပေးရင် ငြိမ်းချမ်းရေးတောင် ပျက်ပြားသွားနိုင်တယ်။´´- ဟု ဗိုလ်မှူး စိုင်းတစ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထုတ်ပြန်ကြေငြာချက်တွင်- နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုသည် တည်ဆောက်နေသည့် ငြိမ်းချမ်း ရေး အား ထိခိုက်စေနိုင်သည့် အတွက် လက်ဦးမှု ယူကာ အလစ်ငိုက်တိုက်ခိုက်သော လုပ်ရပ်မျိုးဆက် မလုပ်ရန်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အတွက် ၀ိုင်းဝန်း အင်အားဖြည့်ရန်၊ သျှမ်းပြည်နယ် အင် အားကြီး တပ်မတော်သုံးခုက စုပေါင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကေအိုင်အို ဌာနချုပ် ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကျောင်းသားတပ်မတော်၊ ချင်းအမျိုးသားတပ်ဦးတို့မှ ကျောင်းသား ဗိုလ်လောင်း ၂၃ ဦး သေ ဆုံးပြီး ၁၆ ဦးဒဏ်ရာရှိသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA , အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ ပိုင်း NDAA- ESS နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် စစ်ရေးမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအတွက် မြန်မာသံရုံးက ထိုင်းဘတ်ငွေ နှစ်သန်းတင်ပြီး အာမခံရဖို့ ဒီနေ့ တင်ပြရာမှာ Koh Samuei ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ၂ဝ ရက်နေ့က ရမန်ယူရာမှာ တရားရုံးက အာမခံကြေး ဘတ်ငွေငါးသိန်း တင်ပါက အာမခံရအောင် စဉ်းစားပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာသံရုံးက အာမခံရစေလိုတဲ့အတွက် တစ်ဦးကို ဘတ်ငွေတစ်သန်းစီနဲ့ ပိုပေးပြီး ဒီနေ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် (ဓာတ်ပုံ - ဖေ့ဘုတ်စ်လူမှုကွန်ယက်)
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေပြီး သတင်းသမားတွေဟာ ဖိနှိပ်ဖမ်းဆီး ထောင်ချခံနေရတယ်လို့ သတင်းလွတ်လပ်ခွင့်ဆုရှင် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် က ပြောပါတယ်။

သူဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ CPJ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ကိုယ်တိုင် ဆုကို လက်ခံရယူခဲ့ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

CPJ ရဲ့ Press Freedom Awards နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်ခံရတဲ့ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော် ကတော့ ဒီဆုဟာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် လှုပ်ရှားနေသူတွေကို နိုင်ငံတကာက အကာအကွယ်ပေး၊ အသိအမှတ်ပြုတဲ့ ဆုအဖြစ် ခံယူကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော့်ရဲ့ ဒီ ဧရာဝတီ team တခုလုံးရော၊ နောက် မြန်မာပြည်တွင်းမှာ press freedom နဲ့ ပတ်သက်ပြီးတော့ independent journalism နဲ့ ပတ်သက်ပြီးတော့ promote လုပ်နေတဲ့ သူတွေကိုလည်း ပေးတယ်လို့ ကျနော့်အနေနဲ့ ခံစားရတယ်။ အဲ့ဒါကိုလည်း ကျနော် share လုပ်ပါတယ်။ ဒီဆုကလည်း ဒီလိုအချိန်မျိုးမှာ ရွေးပေးတဲ့ကာလဖြစ်တယ်ဆိုတော့ မြန်မာပြည်မှာ နောက်ကို ပြန်သွားနေတဲ့အချိန် ဖြစ်တယ်ဆိုပြီး ပြောနေကြတဲ့၊ မြင်နေကြတဲ့ကာလ၊ ပဋိပက္ခတွေလည်း ပိုပြီးတော့ များလာတဲ့ကာလ၊ တိုင်းပြည်မှာဆိုရင်လည်း press freedom ကို promote လုပ်နေတဲ့ journalist တွေ၊ အယ်ဒီတာတွေ ပြန်ပြီး ထောင်ချခံနေရတဲ့ကိစ္စ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်တယ်ဆိုတော့ ဒီဆုက ဧရာဝတီကိုရော၊ တခြား journalist တွေ၊ reporter တွေကိုလည်း အကာအကွယ်တခု အနေနဲ့ ပေးတယ်၊ အသိအမှတ်ပြုတဲ့ ပုံစံမျိုးလို့ ကျနော်တော့ အဲ့လိုမျိုး ခံစားရတယ်ပေါ့။”

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကြောင့် ပြည်ပအခြေစိုက် သတင်းမီဒီယာတချို့ ပြည်တွင်းမှာ သွားရောက် လုပ်ကိုင်ခွင့်ရတဲ့အထဲ ဧရာဝတီလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့သတင်းဌာနအနေနဲ့ ပြည်တွင်းသတင်းဖော်ပြချက်တွေကို သတိထား စောင့်ကြည့်ခံနေရတယ်လို့ ကိုအောင်ဇော် က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ပြန်ဝင်ခွင့် ရတယ်ဆိုကတည်းကပေါ့လေ ကျနော်တို့လို အပြင်မှာနေတဲ့ သူတွေကို ဖိတ်ခေါ်တယ် ပြောတော့လည်း ကျနော်တို့ ၀င်သွားတယ်ပေါ့လေ ဒါပေမဲ့ အဲ့ဒီကာလအတွင်းမှာ ကျနော်တို့က အရင်လိုပဲ ကျနော်တို့ရဲ့ ရှိနေတဲ့ space ကို ကျနော်တို့က မိမိအသံကို မပျောက်ဘဲနဲ့ မြန်မာထဲမှာဖြစ်နေတဲ့ မြေယာသိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ အကြမ်းဖက်တဲ့ ကိစ္စတွေ၊ နောက် အခု ဖြစ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေ နောက် journalist တွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့ ကိစ္စတွေ၊ နောက် မြန်မာပြည်မှာ အကြီးအကျယ် လိုအပ်နေတဲ့ national reconciliation ပေါ့နော် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ကိစ္စတွေ၊ corruption တွေ၊ အဲ့ဒီ scandal တွေ တော်တော်များများကို ကျနော်တို့က စိုက်လိုက်မတ်တပ်ကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်ထင်တယ်၊ အစိုးရ ကိုယ်တိုင်ကိုက ကျနော်တို့ကို တော်တော် မျက်မုန်းကျိုးပြီး ခေါ်ယူကြိမ်းမောင်းတာတွေ ခေါ်ယူပြီးတော့ ကျနော်တို့ကို tone down လုပ်ဖို့ပြောခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။”

ဒါ့အပြင် အရင် စစ်အစိုးရ လက်ထက်ကထက်စာရင် သတင်းမီဒီယာ လွတ်လပ်ခွင့် ရလာတယ်ဆိုပေမဲ့ လက်ရှိ အာဏာရအစိုးရဟာ သတင်းသမားတွေကို ဖမ်းဆီးအရေးယူ၊ ထောင်ချ စတာတွေနဲ့ ဖိနှိပ်လာနေတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၁၊ ၂၀၁၂ က ရခဲ့တဲ့ ကျနော်တို့ space က ပြန်ပြီးတော့များ နည်းသွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ကျနော်တို့ ကိုယ်တိုင်မှာ ရှိပါတယ်။ ဒီဟာကိုလည်း ကျနော်တို့ ဒီမှာပဲ briefing တွေမှာလည်း ကျနော်တို့ အဲ့ဒါကို ပြောနေတယ်။ ဘာကြောင့်လဲဆိုတော့ cronies media တွေ ပေါ်လာတယ်။ ဗိုလ်ချုပ်တွေရဲ့သားသမီးတွေက မီဒီယာတွေကို သူတို့မှာပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ၀ယ်ထားတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဒီပြန်ကြားရေးဝန်ကြီးဌာနက အခုထက်ထိ အသက်ရှိနေသေးတယ်။ ချုပ်ကိုင်ထားတာလည်းရှိတယ်။ အထူးသဖြင့် တယ်လီဗေးရှင်းနဲ့ ရေဒီယို ကို သူတို့ပဲ ထိန်းချုပ်ထားတယ်။ အဲ့ဒါတွေကတော့ ကျနော်ထင်တယ် မြန်မာပြည်အတွက် မကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျနော်တို့ ယူဆရတယ်ပေါ့။ နောက်ပြီးတော့ သတင်းထောက်တွေ၊ journalist တွေကို အခု ၁ နှစ်၊ ၂ နှစ်အတွင်းမှာ ပြန်ပြီးတော့ ဖမ်းဆီးလာတဲ့ကိစ္စတွေ၊ တချို့ကိစ္စက defamation လောက်ပဲ သွားရမယ့်ကိစ္စမျိုး၊ ဒါမှမဟုတ်ဘဲနဲ့ civilian court မှာ fine ပေးလို့ရလျက်သားနဲ့ လျော်ကြေးပေးလို့ ရလျက်သားနဲ့ မဟုတ်ဘဲနဲ့ ထောင်ချပစ်တာတွေ၊ ထောင်ချတဲ့ အခါမှာလည်း အရင်တုန်းက ဗြိတိသျှ law တွေကိုပဲ ပြန်သုံးပြီးတော့ ထောင်ချပစ်တာတွေ၊ ၅ နှစ်ကနေ ၁၀ နှစ် ချပစ်တာတွေက ကျနော်ထင်တယ် ကောင်းတဲ့အလားအလာ မဟုတ်ဘူးပေါ့။”

CPJ ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်အတွက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုအတွက် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်ကို ရွေးချယ်ချီးမြှင့်ရတဲ့ အကြောင်းရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မတိုင်ခင် ပြည်ပလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံ သတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်ကချီးမြှင့်တဲ့ Shorenstein သတင်းသမားဆုကို အယ်ဒီတာချုပ် ကိုအောင်ဇော် က လက်ခံရရှိခဲ့ပါတယ်။

အခု CPJ က ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ကိုအောင်ဇော်ဟာ အခြား နိုင်ငံခြားသတင်းထောက်တွေဖြစ်တဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အီရန်သတင်းထောက် Siamak Ghaderi၊ ရုရှား Dozhd TV သတင်းဌာန အယ်ဒီတာ Milhail Zygar နဲ့ တောင်အာဖရိက City Press သတင်းစာအယ်ဒီတာ Ferial Haffajee တို့နဲ့အတူ ရရှိခဲ့တာပါ။

CPJ ရဲ့ ၂၄ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကိုတော့ နယူးယောက်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး ကမ္ဘာ့သတင်းဌာနတွေဖြစ်တဲ့ CNN, Reuters နဲ့ Google တို့ကလည်း ပါဝင်ကူညီခဲ့ကြပါတယ်။

VOA
http://burmese.voanews.com/content/cpj-irrawaddy/2534932.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၀ နဲ့ မနက်ဖြန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၀ ကို ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က ပြောပါတယ်။

"ပထမဦးဆုံးအကြိမ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒါပေမဲ့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင် တာပေါ့၊ တွေ့ဖို့အတွက် ပြင်ဆင်ကြတယ်၊ မနက်ဖြန် ၇ဝ အတွက် ဖိတ်ဖို့ပြင်ထားမယ်၊ သူတို့ဘက်က သူတို့ဘာသာသူတို့ ရွေးလိမ့်မယ်၊ ပထမဆုံး အကြိမ် တွေ့ဆုံခြင်းပေါ့၊ ကျနော်တို့ဖက်က အမြဲတမ်းဖွင့်ထားတာပဲ၊ ပထမဆုံးအကြိမ်တွေ့ တဲ့ နှုတ်ဆက်ပွဲဖြစ်မှာပါ၊ တိကျတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲ မဟုတ်ပါဘူး"

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖိတ်ကြားထားတာ မှန်ကန်ကြောင်း RFA ကို အတည်ပြု ပြောပါတယ်။

"ဖိတ်တော့ဖိတ်ထားတာပဲ၊ မနက်ဖြန်ကြည့်သေးတာပေါ့၊ ဖိတ်တာ ရိုးရိုးထမင်းစားဖို့ ဖိတ်တာပါ၊ ဘာမှဆွေးနွေးပွဲတွေ ဘာတွေမဟုတ်ပါဘူး"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။

RFA

 
 ဓါတ်ပုံ - National League for Democracy

နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သီတင်းပတ်က တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များက ယခုကဲ့သို့ တွေ့ဆုံရန် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲသို့ တတ်ရောက်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ ခန့်အား ဖိတ်ကြားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 
 ဓာတ်ပုံ - ရိုက်တာ
၆ လကြာ ရပ်ဆိုင်းထားတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း ပြန်စဖို့ အဓိက ရင်းနှီးမြှုပ်နှံကြမယ့် ဂျပန်နဲ့ ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံကြဖို့ လက်တွန့်နေကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ လောင်းလုံမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်စိုးရဲ့ စီမံကိန်း ပြန်စဖို့ အစီစဉ်ရှိမရှိ မေးမြန်းချက်ကို အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်က ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးက ဒီစီးပွားရေးဇုန်ကြီးဟာ အင်မတန် ကြီးမားကျယ်ပြန်တဲ့အတွက် တဆင့်ချင်းလုပ်ဆောင်နေကြောင်း၊  ရှေ့နှစ်ဆို ၅ နှစ်ပြီးလို့ နောက်ထပ် ၃ နှစ်စီမံကိန်း ဆက်လုပ်နေကြာင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြကြောင်း၊ အစိုးအနေနဲ့ တဖြည်းဖြည်း အကောင်အထည်ဖော်သွားမယ်လို့ ပြောကြောင်း ဦးအောင်စိုးက ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်တဲ့အတွက် အခုလို လက်တွန့်နေကြတာလို့ သိရပါတယ်။

ဂျပန်က လတ်တလော သီလ၀ါအထူးစီးပွားရေးဇုန်မှာ လုပ်ဆောင်နေပြီး အဲ့ဒီစီမံကိန်းကိုပဲ အားထည့်လုပ်ဆောင်နေကာ ထိုင်းအစိုးရအနေနဲ့တော့ သူတို့ အစိုးရတဖွဲ့တည်းနဲ့ ထားဝယ်စီမံကိန်း ကို လုပ်ဆောင်နိုင်စွမ်း မရှိ ဖြစ်နေတာပါ။

ထားဝယ်ရေနက်စီမံကိန်း စတင်ခါစက အီတာလျှံထိုင်းကုမ္ပဏီ ၀င်ရောက်လာပြီး ရှေ့ပြေးလုပ်ငန်းတွေဖြစ်တဲ့ ကားလမ်းဖောက်ခြင်းလုပ်ငန်း လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ အီတာလျှံထိုင်းကုမ္ပဏီ ထွက်ခွာသွားတာပဲ တနှစ်လောက်ရှိခဲ့ပါပြီ။

လောင်းလုံမြို့နယ်အတွင်းနေထိုင်ကြတဲ့ ဒေသခံလူငယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်နေကြရတာမို့ ထားဝယ်ရေနက်စီမံကိန်း အကောင်အထည်ပေါ် လာရင် ဒေသခံလူငယ်တွေ အလုပ်ရဖို့ မျှော်လင့်ပြီး လွှတ်တော်ထဲ မေးခွန်းမေးခဲ့တာလို့ ဦးအောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် လွှတ်တော်တရပ်အတွင်း ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပြန်လာရင် သီလ၀ါနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တွေမှာ အလုပ်ပေးနိုင်မယ်လို့ အလုပ်သမားဒုဝန်ကြီးတယောက်က ဖြေကြားခဲ့ဖူးပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72047

ရန်ကုန်တိုင်း ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၂၀ A ရပ်ကွက် DKBA ကုန်သွယ်ရေးရုံး အပါအဝင် DKBA ကုန်သွယ်ရေးရုံးပိုင် ဓမ္မာရုံ လူနေအိမ်ခြေ ၁၅ လုံးကို ၂၅.၁၁၂၀၁၄ ရက်နေ့ နံနက် ၅ နာရီလောက်က စစ်သား (၁၀) ဦး ၊ ရဲအင်အား (၃၀၀) ၊ အရပ်ဝတ်စွမ်းအားရှင် (၂၀၀) ခန့်က အင်အားအလုံးအရင်း အသုံးပြုပြီး အဆောက်အဦတွေကို ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်။

အာဏာပိုင်တွေ ဖျက်ဆီးသွားတဲ့ ရန်ကုန်တိုင်း ဒဂုံအရှေ့ပိုင်းမြို့နယ်က DKBA အဆောက်အဦအပျက်အဆီးတွေကို နော်အုံးလှ တို့ အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့ကြတယ်။

စစ်အာဏာရှင် ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ပြသလိုက်တဲ့ နောက်တကွက်ပေါ့နော်

သတင်းနဲ့ဓါတ်ပုံ Min Nay Htoo

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.