12/01/14

စိုးမြင့်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၈- အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်သုံးခုအနက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားနည်းခဲ့ ကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
၂ဝ၁၂ ခုနှစ်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် ရည်မှန်း ချက်သုံးချက်ထားရှိကာ ရွေးကောက်ပွဲ ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ပါတီ၏လုပ်ဆောင်မှုများ နည်း နေသေးကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်က နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ''ပြည်တွင်းငြိမ်း ချမ်းရေးမှာတော့ ပါတီရဲ့အခန်းကဏ္ဍဟာ နည်းခဲ့ပါတယ်။ ဒါတော့ လက်ခံတယ်။အပစ် အခတ်ရပ်စဲရေးမှာ စစချင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေးတယ်ဆိုတာ သဘာ ဝကျတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ မပါရ လို့ ကန့်ကွက်ရမယ်ဆိုတဲ့ သဘောထားမရှိ ပါဘူး။ တကယ် ငြိမ်းချမ်းရေး သဘောတူ ညီမှု ယူဖို့ဆိုရင်တော့ ပါတီအနေနဲ့ မပါလို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစုတွေပါမှ ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးကိုရနိုင်မယ်။ ပါရမယ့်အ ချိန် မရောက်သေးဘဲနဲ့ မပါရလို့ ဘေးကနေ ဝေဖန်မှာတော့ မဟုတ်ဘူး''ဟု ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တရား ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် ယခုအချိန်အထိ အ စီရင်ခံစာနှစ်စောင် ထုတ်ထားကြောင်း၊ ရဲတပ်ဖွဲ့ကို ဒီမို ကရေစီစနစ်နှင့်အညီ ဖြစ်စေရန် အီးယူအကူအညီကို ရ ယူခဲ့ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ပိုင်းလော့ ပရောဂျက်အနေဖြင့် မန္တလေးမြို့နှင့် လားရှိုးမြို့များတွင် စင်တာများတည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိ ရသည်။

ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟုပြောပါက ရာဇဝတ်မှုတစ်ခု ကျူးလွန်သကဲ့သို့ ဖြစ် နေပြီး ယခုအခါ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေးသည် အားလုံးနှင့်သက်ဆိုင်ကြောင်း နားလည်လာသည့်အ တွက် အောင်မြင်ခြင်းတစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆက်ပြောသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်း ချက်များနှင့်ပတ်သက်၍ ဝေဖန်မှုတချို့နှင့် ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က ''တချို့ကပြောတယ်။ ရည် မှန်းချက်တွေပဲ ပြောပြီး ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ။ အဲဒါကိုတော့ လုံးဝလက်မခံဘူး။ တချို့က ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြောင်းလဲလို့ မရသေးဘူးပြောတယ်။ ပြောင်းလဲမယ်လို့ ပြောတာမဟုတ်ဘူး။ ပြောင်းလဲရေး ကို လုပ်မယ်လို့ပြောတာ။ ပြောင်းလဲမယ်လို့ ဘာလို့မပြော သလဲဆိုတော့ မလုပ်နိုင်တာကို ပြည်သူကို မဲဆွယ်တာ မျိုး မလုပ်ချင်ဘူး''ဟု ပြောသည်။

Yangon Media Group


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ သပိတ်စခန်းကို မြန်မာလုံခြုံရေး အင်အားစုတွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာ နိုဝင်ဘာ ၂၉ရက်မှာ ၂နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ အခုထိ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတာလုံးဝမရှိတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ၊ လှုပ်ရှားတက်ကြွသူတွေက ဦးသိန်းစိန်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ကြေးနီစီမံကိန်းသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ တာဝန်ရှိသူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ မြေယာလျော်ကြေးမယူတဲ့ တောင်သူတွေရဲ့မြေယာတွေကို အဓမ္မခြံခတ်ပြီး သိမ်းယူနေတာတွေကို ဖြေရှင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ဆူးလေစေတီတော်ကို ၂ပတ်ပတ်ပြီး မြို့တော်ခမ်းမရှေ့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။

လက်ပံတောင်းတောင်က မြေယာပြဿနာအပြင် တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်နေတဲ့ မြေယာသိမ်းယူမှု ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်ဆင်ဖို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုဝေဠုက ပြောပါတယ်။ တိုင်းရင်းသားဒေသတွေဟာ အခုချိန်ထိ အကြမ်းဖက်ခံနေရဆဲဖြစ်သလို တာဝန်အရဆိုပြီး လက်နက်အင်အားသုံး ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူဖို့ဥပဒေမရှိတဲ့အကြောင်းသူက ဆိုပါတယ်။

မြန်မာအစိုးရဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့သလို ကျုးလွန်သူတွေ အပြစ်ပေးအရေးယူခြင်းခံရတာ မရှိသေးတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့Amnesty International ကလည်း ကြေညာချက်ထုတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတိပေးထားပါတယ်။

မတရားမှုတွေကို ပြည်သူတွေအနေနဲ့ မေ့မေ့လျော့လျော့ မရှိကြဘဲ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့လိုတယ်လို့ နော်အုန်းလှက ပြောပါတယ်။ မတရားမှုတွေကို တွန်းလှန်ဖို့ အားလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ ဒီနှစ်မှာ အဖွဲ့ပေါင်း ၃ဝကျော်နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Kamayut Mdedia

 
 လူငယ်တွေ ပညာ ပေးဖို့ သင်တန်းတွေ ဖွင့်လှစ်

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖျာပုံ မြို့နယ် အဖွဲ့ခွဲ မှာ သင်တန်း ပို့ချမှု အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူး ဆိုပြီး အမေရိကန် ရီပတ်ဘလစ်ကန် အင်စတီကျုအဖွဲ့(IRI )ကို ရွေးကောက်ပွဲ ကော်မရှင် က သတိပေး ချက် ပို့ခဲ့ပါတယ်။

ဒီပေးပို့စာကို စာနယ်ဇင်း ကောင်စီ ကိုပါ ပူးတွဲ ပေးပို့ ခဲ့ပေမယ့် သက်ဆိုင်ရာ ပါတီ ကိုတော့ တနင်္ဂနွေ နေ့ထိ ပေးပို့ ပြောဆိုခြင်း မရှိသေးဘူးလို့ ဖျာပုံ က အမျိုးသား လွှတ်တော် အမတ် ဦးသိန်းဆွေက ဘီဘီစီကို ပြောကြား ပါတယ်။

အရင်က NLD မှာ ဒီလို နိုင်ငံတကာ သင်တန်း ပို့ချမှု တွေ ရှိခဲ့ပေမယ့် တခါမှ သတိပေး မခံရဘဲ ခုလို စာပို့ကြောင်း မီဒီယာ တွေမှာ ဖတ်ရှုရတယ်လို့ သူက ပြောပါတယ်။

တခြား နိုင်ငံရေး ပါတီ ကြီးတွေမှာ ဒီလို ပြည်ပ သင်တန်း ပို့ချမှုတွေ ရှိခဲ့ပေမယ့် သတိပေး ပြောဆိုမှုမျိုး မကြားမိဘူး လို့လည်း သိရပါတယ်။

IRI က မဲဆွယ် စည်းရုံးရေး သင်တန်း ဆိုပေမယ့် လူငယ်တွေ အသိပညာ ပေးဖို့ ရည်ရွယ် ဖွင့်လှစ်ခဲ့တာသာ ဖြစ်တယ် လို့ ဦးသိန်းဆွေက ပြောပါတယ်။

NLD အနေနဲ့ ဘယ် နိုင်ငံခြား အဖွဲ့အစည်း တွေ အကူအညီ ကိုမှ လက်မခံဘဲ ပညာပေး ဖြန့်ဖြူးဖို့ လိုအပ်တယ်လို့ ထင်မှသာ ဆောင်ရွက်ပေးတယ် လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ လလယ်က ဖျာပုံမြို့မှာ IRI သင်တန်း ဖွင့်လှစ် ပို့ချ ခဲ့ပြီး လူ ၂ဝဝ နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141130_nld_commission_iri

လွှတ်တော်က အတည်ပြုခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေးရော ၄ ပွင့်ဆိုင် ဆွေးနွေး ရေးရော မဖြစ်နိုင်ဘူးလို့ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြောင်း သူနဲ့ တွေ့ဆုံခဲ့တဲ့ ကေအင်ယူ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်သူ ပဒိုမန်းငြိမ်းမောင် က ဘီဘီစီကို ပြောပါတယ်။

စစ်တပ် အနေနဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက် သွားမှာ ဖြစ်ပေမယ့် တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို လူအနည်းငယ်က ဆွေးနွေး ဆုံးဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ကေအင်ယူ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် ပြောလိုက်တာဖြစ်ပါတယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစု၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ စတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံရင် တိုင်းပြည်ရဲ့ အခက်အခဲ အကြပ်အတည်းတွေ အားလုံး ဖြေရှင်းသွားနိုင်မယ် လို့ ကေအင်ယူ အနေနဲ့လည်း ယူဆကြောင်း ပဒိုမန်းငြိမ်းမောင် က ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က အစိုးရ စစ်တပ်နဲ့ ကေအင်ယူအကြား နှစ်လ တစ်ကြိမ် ပုံမှန် တွေ့ဆုံပွဲ အနေနဲ့ ၇ ကြိမ်မြောက် တွေ့ဆုံခဲ့ကြစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

BBC

မြန်မာ့ဒီမိုကရေစီရေးအတွက် တာဝန်ကျေခဲ့တဲ့ ကိုလှမျိုးနောင်ကို
နောက်ဆုံး ဂါရ၀ပြုနှုတ်ဆက်ကြစဉ် … ။
ဝမ်းနည်းစကားပြောကြားခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး … ။
ဝမ်းနည်းစကားပြောကြားခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင် မင်းဇေယျ … ။
ဝမ်းနည်းစကားပြောကြားခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ် …
၈၈မျိုးဆက်(ငြိမ်း/ပွင့်)ရဲ့ အမိန့်ပြန်တမ်းကို ဖတ်ကြားခဲ့တဲ့ မမီးမီး
သူငယ်ချင်း လှမျိုးနောင်ရဲ့ ဈာပနအခမ်းအနားမှာ တွေ့ရတဲ့
ကိုအောင်သူနဲ့ ကိုဇော်ဇော်မင်း ။
ဓါတ်ပုံ- Ko Thu,The Yangon Globe, Aye Aye Khaing,Ko marky

ရွှေပြည်ကြီး ပြောင်းလဲနေတယ်ဆိုတာ တော့ မယုံမရှိကြပါနဲ့ အမှန်ပါပဲ။ တချိန်က VOA လိမ်နေသည်}၊ မိုးလုံးပြည့် မုသားဝါ ဒီများ တိုင်းပြည် ပျက်အောင်လုပ်နေသည်၊ နေ့ညမပြတ်အော်ခဲ့သူများ အခု VOA က နေပဲ တဆင့် စကားတွေပြောခဲ့ပါပြီ။ ပြောခဲ့တာကလည်း တချိန်က သူတို့ စွပ်စွဲခဲ့သလို မုသားဝါဒ၊ အလိမ်၊ အညာ၊ ကလိမ်ကကျစ်၊ ကောက်ကျစ် စဉ်းလဲ မှုတွေ အပြည့် ပါပဲ။

ဗိုလ်ချုပ်မှူးကြီး ဆိုသူက အမေရိကား အသံ မြန်မာပိုင်းအစီအစဉ်နဲ့ ပထမဆုံး အ ကြိမ် လက်ခံစကားပြောခြင်းမှာ ဒီလို ဆိုပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဟာ မဲပေးခွင့် ရှိသူ ၂၇ သန်းကျော်ထဲက ၂၆ သန်းကျော်လောက် မဲပေးခဲ့တယ် ၊ ထောက်ခံမဲ ၉၂.၄၈ ရာခိုင် နှုန်း ရခဲ့ပါတယ် တဲ့။

၂၀၀၈ ခု ဆန္ဒခံယူပွဲမှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် လူဦးရေ ၅၇ သန်းက ၂၀၁၄ သန်းခေါင်စာရင်းကောက်ချိန် ၅၁ သန်းကျော် ဖြစ်သွားတဲ့ နေ့မြင်ညပျောက် သင်္ခါရနဲ့ အိုင်ဆေး ကိုနှင်းမောင် မလုပ်ရဘဲ ပေါ်လာခဲ့တဲ့ လူ (၆) သန်း ပျောက်မှု အကြောင်း၊ ၂၀၀၈ ခုနှစ်တုန်းက ထောက်ခံမဲ ဆိုသည်များ နာဂစ် လူသေအလောင်း အရေအတွက် သိန်းချီနဲ့ အတူ ဘိုးဘိုးအောင်တန်ခိုး ဆတိုး တိုးခဲ့မှု အကြောင်း၊ သေနတ်ပြောင်းဝ၊ စစ်ဖိနပ်အောက် မှာ ပြားပြား ဝပ်ရင်း ဘ၀ပြောင်းရတဲ့ လူထု ဆန္ဒအကြောင်းစတဲ့ အတိတ်သမိုင်းကို ပြည် သူများခမျာ ငတုံးငအကြီးတွေလို မသိကျိုး ကျွန်ပြု မေ့ပစ်နိုင်မယ့်အတိုင်း စစ် ဗိုလ်ကြီး ပါးစပ်က ထောက်ခံမဲ ၉၂.၄၈ ရာခိုင်နှုန်း အကြောင်းကို ထည့်ပြော ထွက်ပါ့။

ဒီတွေ့ဆုံမေးမြန်းခန်းမှာ အသည်းကြား က မဲတစ်ပြားအစား အလောင်းကြားက မဲအ များ ဆွဲထုတ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲရဲ့ တရားဝင်မှုအပေါ် " ဗြောင်လိမ် ဗြောက်လိမ်" မြည်တဲ့ အစိုးရ ရုပ်သံ သတင်း ကြေညာ အဖွင့်တီးလုံး သံလို ရုပ်တည်ကြီးနဲ့ လိမ်ညာ စကားဆိုခဲ့တဲ့ အပြင် ဒီစစ်ဖွဲ့စည်းပုံ ကို "အသက်လို ကာကွယ်စောင့်ရှောက်မည့်" အကြောင်းလည်း ဗိုလ်ချုပ်ကြီးမင်း ပါးစပ်က ဖွင့်ဟ "ဗြောင်" စိန်ခေါ်သွားခဲ့ပါသေးတယ်။

လတ်တလော တောင်းဆိုထားတဲ့ လူထု ဆန္ဒ လက်မှတ် ငါးသန်းကျ သင်္ချာ မကျွမ်း တဲ့ စစ်ဗိုလ်ကြီးက မပြောပလောက်ပါတဲ့။ လူထု ကို ခြိမ်းခြောက် တဲ့နေရာမှာ၊ လိုတမျိုး မလို တမျိုးပြောတဲ့ နေရာမှာ အစဉ်အဆက် စစ် ခေါင်းဆောင်းများ ခြေရာနင်းနိုင်တဲ့ အန္တေဝါ သိကကြီး ပီသပါပေတယ်။

စစ်ဖွဲ့စည်းပုံပြင်ရေး ၄၃၆ ဂိတ်ဝ ပိတ်ဆို့ လိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် ခွင့် တာဆီးနေတဲ့ ၅၉ (စ) ကို မပြင်လိုခြင်း တွေကို လူဦးရေ များပြားတဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်စပ်ဆို၊ ပထဝီနိုင်ငံရေးဆိုပြီး စကား လုံး ခပ်ကြီးကြီးသုံး၊ ထုံးစံအတိုင်း ဘာ ဖြစ်ဖြစ် အတိတ်ကိုလိုနီသမိုင်းကို အပြစ်ပုံချ အကြောင်းပြကာလည်း ဆိုသွားပါသေးတယ်။

၅၉ (ခ) မှာ မိမိနှင့်မိမိ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ ]အာဏာပိုင်နက် အတွင်း ၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည် ဆိုပြီး ကန့်သတ်ပြီးသား ကို မှ ထပ်ပုဒ်မ ၅၉ (ဃ)နဲ့ သမ္မတ လုပ် မယ့်သူ ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေး၊ စစ်ရေးအမြင်ရှိရမယ် ချုပ်မှု၊ ၅၉ (စ) ပါ ]မိဘ၊ ဇနီး၊ခင်ပွန်း၊ တရားဝင် သားသမီး တစ်ဦးဦး၊ သားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေ ဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရ} ဆို ပြီး အနားသပ် နှိပ် ကွပ်မှုတွေဟာ ဓမ္မဓိဋ္ဌာန်မကျ ပုဂ္ဂလဓိဋ္ဌာန် သက်သက်၊ ရည်ရွယ်ချက်ရှိရှိ ကြံစည် ခဲ့ခြင်းဆိုတာ ထင်ရှားနေပြီးဖြစ်တယ်။

ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ ဒီလောက်ကန့် သတ်မှုများတဲ့ တိုင်းပြည် အကြီး အကဲ ဖြစ် ခွင့် သတ်မှတ်မှုမရှိပါ။ ယဉ်ကျေးမှု မြင့်မား၊ ဘာသာတရား ကိုင်းရှိုင်း ၊ ရှေးရိုးစွဲများ ပေါ များတဲ့ အိန္ဒိယ လိုနိုင်ငံမျိုးမှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီး အထိလိုက်ပြီး နိုင်ငံ ခြားတိုင်းပြည် တစ်ခုခုနဲ့ တစ်နည်းနည်း မပတ် သက်ရဘူးဆိုတာမျိုး ကန့်သတ်ထားချက် မ တွေ့ရပါ။ အမေရိကားလို သမ္မတလောင်း တွေ တိုင်းပြည် နယ်နိမိတ်အတွင်းမှာ မွေးရ မယ်ဆိုတဲ့ အချက်တောင် မပါပါ။ ဒါကြောင့် အီတလီ တစ်ပြည်သူ ဆိုနီရာဂန္ဒီ (ဝန်ကြီးချုပ် ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ကျန်ရစ်သူ ဇနီး) ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကဏ္ဍမှာ အရေး ပါခဲ့တဲ့ အမျိုးသားကွန်ဂရက် ပါတီ ကို နှစ်ပေါင်း များစွာ ဦးဆောင်နိုင်ခဲ့သလို ဆန္ဒရှိရင် ဝန်ကြီး ချုပ် ရာထူးကို တက်ယူနိုင်တဲ့ အနေအထား ရှိခဲ့တယ်။

အခု ၂၀၀၈ ဖွဲ့စည်းပုံက ဒါမျိုးတောင် မဖြစ်နိုင်၊ ၅၉ (ခ)နဲ့ ထိပ်က ပိတ်ပြီးသားကို သက်သက် ၅၉ (ဃ)၊ ၅၉ (စ) ထပ်ဆင့် ပါ လာခြင်းဟာ ပုဂ္ဂိုလ်ရေးနှိပ်ကွပ်လိုမှု မဟုတ် လို့ ဘာအရေးလဲ ဆိုတာ ဝေ့လည်ကြောင်ပတ် စကားတွေမပါဘဲ စစ်သားပီပီ သတ္တိရှိရင် ]ဒဲ့}ဆိုစမ်းပါ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။

ဒီစကား ကာကွယ်မှု သဘောဟာ ၅၉ (စ) ပြုတ်ရင် ဘယ်နိုင်ငံ ဖြစ်သွားမယ် ဟစ် ကြွေး အွန်လိုင်း၊ ပြင်ပအမုန်းတရား မှိုင်း တိုက် သွေးထိုးနေတဲ့ မျိုးချစ် ဇာနည် သာကီ သွေးများနဲ့ ပုလင်းတူ ဘူးဆို့ တလေသံတည်း ထွက်နေသလို လည်း ဖြစ်တာမို့ ဒီလူမျိုး၊ ဘာ သာရေး ဆက်စပ်လှုံ့ဆော်မှု ပဋိပက္ခတွေတွေ ဖန်တီး လမ်းလွှဲခြင်းဟာ ဘယ်သူ့ စနက်၊ ဘာသာရေး အဓိကရုဏ်း တခုခုဖြစ် တိုင်း ကော်မရှင်ဖွဲ့ ရှာနေတဲ့ နောက်ကွယ်က ကြိုး ဆွဲသူ လက်မည်းကြီးဆိုသူ ဘယ်သူဖြစ်ကြောင်း သွယ်ဝိုက် ဖွင့်ဟဝန်ခံနေသလိုလည်း ဖြစ်နေ ပြန်တယ်။ ကိုယ့်စကား ဘယ်ရောက်လို့ ဘယ် ပေါက်မှန်းမသိ ဆိုတာကော သတိပြုမိပါရဲ့ လား စစ်ဗိုလ်ကြီး ခင်ဗျာ။

ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအ တွက်ကိုလည်း ထုံးစံအတိုင်း ကာချုပ် စစ်တပ် မူ ၆ ချက်ကို လက်ကိုင်ထား၊ ဒါကို မလိုက် နာရင် အမြောက်စာမိမယ်၊ လတ်တလော ကချင် ဖြစ်စဉ် မြင်တယ်မဟုတ်လား၊ ကချင် တွေက သွေးတိုး စမ်းတာကိုးဆိုပြီး မောက် မောက်မာမာ ပြောခဲ့ပါသေးတယ်။ တိုင်းရင်း သားတွေရဲ့ပန်းတိုင် ပင်လုံစိတ်ဓာတ်၊ ကတိ ကဝတ်နဲ့ ဖက်ဒရယ်မူဆိုသူ ရန်သူ သဘော ကလည်း မပြောင်းမလဲကြောင်း ဗိုလ်ချုပ် အောင်ဆန်းနာမည်တောင် အသုံးချ စစ်ဗိုလ် ပီပီကျည်ကာယူ ဆိုခဲ့ပြန်တယ်။ တပ်မတော် ရဲ့ စစ်မှန်တဲ့ သဘောထားတွေလို့ ယူဆရ မှာပေါ့။

စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်း အောက်ခြေက စစ်သည် များ စည်းကမ်းပျက်ဟန် ]မတစ်ထောင်သားတွေ} ဆိုပြီး ငယ်သားကို နင်းချ ခေါင်းရှောင် စ ကားလည်း ဆိုခဲ့ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး များ တစုရဲ့ ငို့ဘ အကျိုးအတွက် တ ရားမဲ့မူဝါဒတွေ အဓမ္မဖော်ဆောင် စစ်တပ် ကို ဓားစာခံလုပ် အသုံးချ နေတာကိုကျ ကွယ် ဝှက် ထိမ်ချန်ထားတယ်။

ဒီလို လက်ရှိ အာဏာအရှိဆုံး စစ်ခေါင်း ဆောင်ရဲ့ အော့ကြောလန် စကားတွေ နား ဆင်ခဲ့ရသလို မျှဉ်းမျှဉ်းလေးနဲ့ အပျော့ဆွဲ တတ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဆိုသူရဲ့ ပလီစိချောက်ချက်အပြောတွေကိုလည်း VOA မှာပဲ ကြားလိုက် ရပါသေးတယ်။ သူက အခြေခံ ဥပဒေပြင်ရေးကို လွှတ်တော်ကို ပြန် ဘော် လီဘော ပုတ်ထုတ်တယ်၊ စစ်ပွဲတွေ မရပ် သေးတာကို စစ်တပ်ကို လှမ်းဖြေ ရှင်းဖို့ဆို၊ ကိုယ်တိုင်ကျ မင်းသား ယောင်ဆောင်တယ်။ မင်းသားတော့ မင်းသား ပါပဲ၊ ဒါပေမဲ့ ဟိုအ ရင် ခေတ်စားခဲ့တဲ့ ပလေးဘွိုင်အဖွဲ့က မပုလဲ ရဲ့ သီချင်းလို ဘီလူးခေါင်းလေးနဲ့ မင်းသား ပါ။ လိမ်တယ်၊ ညာတယ်၊ လူညာကြီး ရယ်၊ ယုံအောင် ဖြီးတတ်တယ်ဆိုတဲ့ တစ်လိမ်၊ နှစ်လိမ် ပွေလိမ် ရှုပ်တယ် ရှေး သီချင်းကို ပင် တိုင်ဆိုတတ်တဲ့ ဘီလူးခေါင်းမင်းသားပါ။

မိုးလုံးပြည့် မုသားဝါဒ ဇာတ်လမ်းက မပြီး သေးပါဘူး။ လွှတ်တော်နာယက ဆိုသူလည်း ပါပါသေးတယ်။ သူက လတ်တလောတင် ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ စစ်ဖွဲ့စည်းပုံ အတိုင်း မပြင်မဆင်ကျင်းပမယ်၊ ကျူပ် သမ္မတ လုပ်ဖို့ ရည်မှန်းတယ် ထုတ်ပြောခဲ့သူပါ။ ဒီ VOA အမေး-အဖြေမှာလည်း ဟိုဒီ အကြောင်း ပြ လွှဲချရင်း ဒါကိုပဲ ထပ်လောင်း အတည်ပြု သွားခဲ့တယ်။

ပြည်သူများ ဒီရက်ပိုင်းဆိုခဲ့သလို မုသား လှိုင်းလုံး ရိုက်ခံထိခဲ့သလို တဖက် ကလည်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသံကိုလည်း VOA မှာ ကြားခဲ့ရပါတယ်။ သူက လွှတ်တော်ဝင်ရခြင်း ရည်မှန်းချက် လူထု ဆန္ဒ အတိုင်း ဖွဲ့စည်းပုံမပြင်နိုင် ဖြစ်နေ မှု၊ ၂၀၁၅ မျှော်လင့်ချက် မဲ့သွားမှု၊ စစ်ပွဲတွေ မရပ်သေးမှု၊ လက်ပံတောင်းတောင် အရေး ကအစ အခု ကျောင်းသားအရေးထိ လူထု လှုပ်ရှားမှု ဖြစ်စဉ်တွေကို ဒီချုပ်ဝန်းရံမှု အား နည်းခဲ့မှု စတဲ့ ထောက်ပြ စရာ အစုစုကိုလည်း ပြန်လည်ကာကွယ် ဆိုသွားတယ်။ ထုံးစံအ တိုင်း တရား ဥပဒေစိုးမိုးရေးကိုလည်း ထည့် ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကိုလည်း မဆုတ်မနစ် မျှော်လင့်နေတယ်။ စစ်လွှတ်တော် နိုင်ငံရေးကိုပဲ ဆက်လျှောက် မယ့်ဟန်လည်း ထင်ရှားစေတယ်။ စစ်ခေါင်းဆောင် အသစ်။အဟောင်းတွေကို အခြေခံဥပဒေပြင်ဖို့ရာ သတ္တိရှိကြဖို့ ထပ်မံတိုက်တွန်းတယ်။

လူထု ခေါင်းဆောင်ကို စစ်ခေါင်းဆောင် များလို မုသားဝါဒီအဖြစ် ပြည်သူက တွဲ လျက် မမြင်စေဖို့ ဒီထက်ပိုတဲ့ အလုပ်ကောင်း၊ စီစဉ် မှုကောင်းများချပြ လုပ်ဆောင်နိုင် ဖို့တော့ လို နေပါသေးတယ်။ အခုပဲ တဖက် စစ်အုပ်စု ရဲ့ ချွေး သိပ်ရေး၊ အချိန်ဆွဲရေး အစီအစဉ်သစ် ကစနေပါပြီ။ သမ္မတအသံ အဖြစ် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်မယ် ကတိပေးတယ်။ စစ်လွှတ်တော် အသံအဖြစ် လည်း အခြေခံဥပဒေပြင်နိုင်ရေး သမ္မတ၊ ကာချုပ်၊ လွှတ်တော်နှစ်ခု ဥက္ကဋ္ဌများ၊ ဒေါ်အောင် ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ဦး တွေ့ဆုံမယ်ဆိုကာ လေသံ အသစ် ပစ်တယ်။

စစ်အုပ်စု အကြိုက် ၂၀၀၈ စစ်ဖွဲ့စည်းပုံ အဖြစ် နောက်ဆုံးမှာ အဆုံးသတ်ခဲ့တဲ့ ၁၉၉၃အမျိုးသားညီလာခံ (ကျိုက္ကဆံ + ညောင်နှစ်ပင်) မှာ တိုင်းရင်းသားတွေ အပါအဝင် ဆယ်စု နှစ်ချီ ရှည်ကြာတက်ရင်းအချည်းနှီး ဖြစ်ခဲ့တဲ့ သဘောထား မမှန်တဲ့ တွေ့ဆုံဆွေးနွေးရေး သရုပ်၊ အခု ငြိမ်းချမ်းရေး ပွဲစားများက တဆင့် ဖော်ဆောင်နေတဲ့ အနှစ်မဲ့ အကြိမ်ကြိမ်ပျက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာတွေရဲ့ သမိုင်း နဲ့ အကြိမ်ကြိမ် သတင်းစာမျက်နှာဖုံးမှာ ပါ ခဲ့တဲ့ တွေ့ဆုံပွဲ ဆိုတာတွေရဲ့ အလုပ်မဖြစ်ခဲ့မှု ရာဇဝင်တွေကို လူထုခေါင်းဆောင် အနေနဲ့ သင်ခန်းစာယူ ဒီတစ်ခါ အကျိုးထွက်၊ အလုပ်ဖြစ် လမ်းပေါက်အောင် ကြိုတင် ပြင် ဆင်နိုင် ရပါမယ်။ ထမင်းလက်ဆုံစားရုံ၊ သတင်းစား မှာ ဓာတ်ပုံ ထည့် နိုင်ငံတကာနဲ့ ပြည်သူကို ဝါဒဖြန့် ကောင်းရုံ သက်သက် အသုံးချခံ မ ဖြစ် ဖို့ စစ်လွှတ်တော် အချုပ်အနှောင် ပြင်ပ လူထု အားကို အခြေပြု ရင် တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းကို အစစ်အမှန်ဖြစ်စေဖို့လိုပါတယ်။

အခြေခံလူထု လူအများ တိုင်းရင်းသား လူမျိုးစုံရဲ့ ဘ၀တွေ နစ်နာလှပါပြီ။ လက်ချည်း ဗလာ အပြောသက်သက် လက်တွေ့ အကျိုး မဲ့တဲ့ ၁၄ ပွင့်၊ ၆ ပွင့်၊ ၄ ပွင့် တွေ့ဆုံပွဲတွေ၊ တောင်းဆိုမှုတွေ ရပ်သင့်ပါပြီ။ အကြိမ်ကြိမ် လှည့်စား ခံနေခြင်းဟာ လှည့်စားသူ အပြစ် မဟုတ်တော့ပါ၊ ယုံသူ အပြစ်သာ ဖြစ်ပါမယ်။ ၂၀၁၅ အလွန် အခြေခံဥပဒေပြင်ရေး ဒီမိုက ရေစီ အိပ်မက် မက်နေတာဟာ ရူးသွပ်မိုက်မဲ ရာ ကျလွန်းပါတယ်။ အသာစီး ထပ်မံရယူပြီး စစ်အုပ်စုဟာ အဲ့ဒီ အချိန်မှာလည်း တစ်နည်း နည်း အချိန်ဆွဲ အာဏာသက်ဆိုးရှည်ဖို့ အသစ် တဖန် ကြံစည်ဦးမှာပါပဲ။

နိဂုံးချုပ် ရရင် စစ်အုပ်စု လမ်းကြောင်းရာ မျှောမလိုက်၊ ကိုယ့်လမ်းကို ကိုယ် ထွင်ကြပါ စို့။ ထွက်ပေါက်တွေ မတောင်းဘဲ၊ မရှာတော့ ဘဲ၊ ဖောက် ထွက်ကြ ပါစို့။ ခေတ်အဆက်ဆက် စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို တော်လှန်ရေး အရေခြုံခဲ့မှု၊ ဆိုရှယ်လစ် အရေခြုံခဲ့မှု သမိုင်း ကို သင်ခန်းစာယူ၊ လက်ရှိ အာဏာ ဆက်ကိုင် ဒီမိုကရေစီ အရေခြုံနေမှုကို အရှင်းသား မျက် မှောက်ပြု နိုင် ရပါမယ်။ သမ္မတ၊ လွှတ်တော် ဘာတွေ အပေါ်ယံ ရှိနေနေ တသမတ်တည်း မပြောင်းလဲသေးတဲ့ အတွင်း အဇ္ဈတ္တ သန္တာန် ပါ စစ်သွေး၊ စစ်ရောင်၊ စစ်ဝါဒ နဂိုမူလ ပုံ သဏ္ဌာန်ကို အတိုင်းသား ထွင်းဖောက်မြင်နိုင် ရပါမယ်။ ဒီမိုကရေစီ ကကြီး၊ ခခွေး အသုံးလုံးဖြစ်တဲ့ ပြည်သူ့အင်အား လူထု လှုပ် ရှားမှုကို အခြေခံ ဗဟိုပြုကာ အာဏာ လက် ဝယ် ဆက်လက် ဆုပ်ကိုင်ထားလိုသူများရဲ့ မိုးလုံးပြည့် မုသားဝါဒီ ကလိမ်စေ့ ငြမ်းဆင် အပြော၊ အလုပ်၊ လမ်းကြောင်း စီစဉ် မှုတွေကို လိမ္မာပါးနပ်စွာနဲ့ လူထုအားကို အသုံးချ ၂၀၁၅မတိုင်မီ အံတုဖို့ လိုနေပြီ ဖြစ်ကြောင်းပါခင်ဗျာ။

ငြိမ်းချမ်းအေး
The Ladies News Journal

အခုတလောမှာ လူတွေကြားထဲမှာ အ ရှက်မရှိသူတွေကိုပဲ တွေ့တွေ့နေ ရပါ တယ်။ ရုံးသွားတော့ ဆင်းမယ့် မှတ်တိုင်ပါတဲ့ အကြောင်း စပယ်ယာကို လှမ်းပြော တယ်။ ဆင်းမယ့်သူ တွေကလည်း တန်းစီနေပြီ။ အလုအယက် ဆင်း မလို့ပေါ့။ အဆင်းနှေးရင်လည်း အပြောခံရ၊၊ ငြိုငြင်ခံရ၊ အခန့်မသင့်ရင် တွန်း ချတောင် ခံရမှာမို့ ကြိုတန်းစီရတာပေါ့။ စပယ်ယာက လည်း ဒရိုင်ဘာကို လှမ်းအော်ပါရဲ့၊ မှတ်တိုင် ပါကြောင်း။ ပြီးတော့ နောက်လာမယ့်မှတ်တိုင် ဆင်း မယ့် သူများ အသင့်ပြင်ထားခိုင်းတယ်။ မှတ်တိုင်နှစ်တိုင်က မဝေးလှ သမို့ နောက် ဆင်းမယ့်သူတွေပါ ကြိုပြင်ခိုင်းထားတာပေါ့။ ဒါပေမဲ့ ကားက ပထမ မှတ်တိုင်မှာ မရပ်ဘူး။ ခရီးသည်ရော စပယ်ယာရော ပြောထား တဲ့ကြား က ဒရိုင်ဘာကကျော် မောင်းသွား တယ်။ ကိုယ်နည်းနည်းတော့ စိတ်တို သွား တယ်။ ရုံးသွားကျောင်းသွား အချိန်လုနေရ ချိန်မှာ ဒီလိုလုပ်ဖို့ မကောင်းဘူး။ ဒီလို လုပ် ချင်ရာလုပ်တာကို စပယ်ယာရော ဒရိုင်ဘာပါ ခရီးသည်ကို အားနာ ရကောင်းမှန်းမသိ၊ ဒါ မိုက်ရိုင်းတဲ့အပြုအမူလို့လည်း နားမလည်။ ဒီလိုလုပ်တာ ရှက်စရာပဲလို့ သိဖို့တော့ ဝေ လာဝေး။ ဒါပေမဲ့ အဲဒီထက် အံ့ဩစရာကောင်း တာက ကိုယ်ကလွဲပြီး ခရီးသည်တွေအားလုံး က ဘယ်သူမှ စိတ်ဆိုးပုံ မပြ၊ စောဒကလည်း မတက်ဘဲ ချပေးတဲ့နောက်မှတ်တိုင်မှာပဲ အဲ ဒီမှာဆင်း ရမယ့် သူတွေနဲ့ရောပြီး ပျပျဝပ်ဝပ် ကလေး ဆင်းသွားကြတာလေ။ ကိုယ် က တော့ ... အင်း၊ ကိုယ်ကတော့ ဘာရမလဲ စိတ်ဆိုးမာန်ဆိုးနဲ့ နောက် မှတ်တိုင် ဆီ ခြေ လှမ်းကြဲကြဲနဲ့ ပြန်လျှောက်ပစ်လိုက်တာပေါ့။

ဟုတ်တယ်လေ။ ဘယ်သူမှ စိတ်မဆိုး တော့ ကိုယ်လည်း လူမိုက် လုပ်မနေတော့ ပါ ဘူး။ ပြီးတော့ နောက်မှတ်တိုင်မှာ လာခေါ် မယ့်ကားက အချိန် လိုသေးတာမို့ အချိန်လုံ လုံလောက်လောက်ရပါတယ်။ ကျန်ခရီးသည် အားလုံး က ကိုယ့်လို အဆင်ပြေပုံမပေါ်ပေမယ့် ဘယ်သူကမှ စပယ်ယာကို မဆဲဆို၊ ဒရိုင်ဘာ ကိုလည်း မကျိန်ဆဲ၊ဪ၊ ပြောလည်း ဘာ ထူးမှာမို့လဲလို့ စိတ်ဖြေရင်း ခံစားမှုမဲ့အသက် မရှိတဲ့မျက်နှာတွေနဲ့ နောက်မှတ်တိုင် ဆီ ပြန် လျှောက်နေကြပုံများ။

မှတ်တိုင်နားမှာ လာခေါ်မယ့်ကားစောင့် ရင်း ကိုယ့်ဘာသာ မကျေမနပ်ဖြစ် သွားမိ တယ်။ ဘာကြောင့်များ ငုံ့ခံမိပါလိမ့်။ ငယ် ငယ်ကဆို ပက်ကနဲ ပြောပြီး သွားလောက်ပြီ။ ဒါဆို အသက်ကြီးသွားလို့လား။ ဒါတော့မဖြစ် နိုင်ပါဘူး။ ကိုယ် လည်း သိပ်အသက်ကြီးသေး တာမှ မဟုတ်ပဲ၊ ဟဲဟဲ ဆိုပြီး ကိုယ်ဘာသာ ဟာသ လုပ်ရင်း စိတ်ပြန်ကြည်သွားလေရဲ့။

ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အသက် မရှိ ခံစားမှုမဲ့စာရင်းထဲ ကိုယ် လည်း ရောက် သွားခဲ့တာပါပဲ။ ကားရောက်လာလို့ စီဖြစ်တဲ့ နောက် တစ်ခါဒါမျိုး ထပ်ကြုံရပြန်ရော။ ထုံး စံအတိုင်း ဇွတ်ကျော်တဲ့ကားတစ်စီးက ကိုယ် တို့ကားကို ပွတ်ဆွဲပြီး ဂျိန်းစဘွန်းလို မောင်း သွားတာ။ ကိုယ့်ကား ဘရိတ်မိလို့သာပေါ့။ ပြီးတော့ မြွေလိမ်မြွေကောက်နဲ့ ဟိုယာဉ် ကြောဝင်လု၊ ဒီယာဉ်ကြောဝင် ဗိုလ်ကျနဲ့ ဆက် လုပ်နေတာမြင်ရတော့ အဲဒီကောင်ကို စိတ် ထဲကကျိန်ဆဲမိတာ။

ဒါပေမဲ့ မီးပွိုင့်ထိပ်မှာ သူ့ကားကိုပြန်မီပြီး ဘေးချင်းယှဉ်ရက် ဖြစ် သွားတော့ သူ့အမှားကြောင့် ကတိမ်းကပါး ဖြစ်ခဲ့တဲ့ ကိုယ်တို့ကားကို လက်ကလေးတစ် ဖက်မြှောက်ပြီးတောင် တောင်းပန်ဖော်မရခဲ့ တဲ့ အကောင်က အခုလည်း မျက်နှာပြောင် ပြောင် အရှက်မရှိ ဂရုစိုက်ပုံမပြပါဘူး။ ကိုယ် အပါအဝင် ကားပေါ်ပါ ဘယ်သူကမှလည်း သူ့ကို စိတ်ဆိုးမာန်ဆိုးအော်တာ ဟစ်တာ မရှိဘဲ အားလုံး အသက်မရှိကြသလို သူ့ကို ရောအချင်းချင်းရော ဘာမှ ပြန် မပြောဖြစ် ကြ ပါဘူး။ အရှက်မရှိသူ တွေတွေ့ရင် လက် ညှိုးထိုးတိုက်ခိုက်တတ်တဲ့ ကိုယ် ကိုယ်တိုင် အသက်မရှိတဲ့ဓာတ်ကူးပြီး ငြိမ်နေမိတာ အံ့ တောင်ဩမိပါရဲ့။

ဒီလိုနဲ့ ရုံးရောက်တဲ့အခါ ရက်လွန်ဂျာ နယ်ဟောင်းတစ်စောင်မှာ ကိုယ်ရင်းနှီး ဖူးသူ တစ်ယောက်ရဲ့ အင်တာဗျူးကို ဖတ်ရတယ်။ သူက ကိုယ်နဲ့မဝေးလှတဲ့သူ၊ ဒါကြောင့် ဘယ် ခေတ်မှာ သူဘယ်နေရာမှာရပ်ခဲ့တယ်၊ ဘယ် လိုတွေးခဲ့၊ ဘာတွေပြောခဲ့တယ်ဆိုတာ မသိ ချင်မှအဆုံး။ ဒါပေမဲ့ ကိုယ်တို့ မိုက်မိုက် ကန်းကန်းနဲ့ ဘ၀တွေ မိသားစုတွေရင်းပြီး ရပ်တည်ခဲ့တုန်းက ကျည်ကွယ် မျက်ကွယ် မှာ ဗိုင်းကောင်းကျောက်ဖိနေခဲ့သူက အခုတော့ သူလည်း ကိုယ်တို့ မိုက်ဖော် မိုက်ဖက်ထဲပါခဲ့ သလိုလို ဘာလိုလို။ ပြီးတော့ အရင်ကကိုယ် တို့ မခံချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မိုက် မိုက်မဲမဲ တုံ့ပြန်ပြောနေခဲ့တုန်း က ခေါင်းငုံ့နှုတ် ဆိတ်နေခဲ့ပေမယ့် အခု ကိုယ်တို့က ဆင်ခြင် ပြီး စကား လုံးတွေ ရွေးချယ်ပြောနေချိန်မှာ သူ က လေသံတွေပြောင်၊ သတ္တိတွေ မလျှော့စ တမ်း၊ လက်သီးလက်မောင်း တန်းနေလိုက်ပုံ များ။

ဪ၊ သူ့အကြောင်းကို ဒီလို အူမချီး ခါး အသေးစိတ်သိတာ ကိုယ် တစ်ယောက် တည်းတော့ မဟုတ်။ သိသူအများ ရှိမှာပါပဲ။ ဒါပေမဲ့ ဒီလို သူမရှက်မကြောက် လိမ်ညာ ပြောဆိုနေ တာကို ဘာလို့တုံ့ပြန် မပြောကြ တာလဲ။ ယိုသူမရှက် မြင်သူရှက်ဆိုတာလို အဲဒီလိုထုတ်ပြောရမှာကိုက ရှက် စရာဖြစ်နေ လို့လား။ ဒါမှမဟုတ် သူရောက်နေတဲ့နေရာ၊ အခု သူ့ကိုလက်ခံ ဝိုင်းရံနေသူ များကို အား နာနေတာလား။ အင်း၊ တစ်ခုခုတော့ တစ်ခုခု ပေါ့လေ ။ ဒါဆို ကိုယ်ကကော ဘာကြောင့် သူ့ကို ဝေဖန်ထောက်ပြ အားပါးတရ အရှက် မခွဲရတာလဲ။ ထောက်ထားစရာတွေ ရှိနေလို့ လား။ ဒါမှ မဟုတ် အချင်းချင်း အဲဒီ လိုဖြစ်ကြ တယ်ဆို အဝေးက ဝမ်းသာမယ့်သူတွေ ရှိမှာ မို့လား။ ယင်း တစ်ခုခုပေါ့လေ။ ဘာပဲဖြစ်ဖြစ် အရှက်မရှိသူတွေနဲ့ တွေ့ရင် အသက်မရှိသူ လို ဖြစ်ဖြစ်သွားတဲ့အထဲ ကိုယ်လည်း ထိပ်ဆုံးက ပါပါနေတာတော့ သေချာနေ တာပါပဲ။

ဘာဖြစ်လို့လဲဆိုတာ စဉ်းစားစရာတော့ ဖြစ်နေပြီ။ အရင်ကဆိုရင် လာမကြော နဲ့ ပြော ပြီးသွားပြီ။ လာမစမ်းနဲ့၊ ကြမ်းပြီးသွားပြီဆိုတဲ့ အထဲမှာ (လက်မပါ၊ တုတ်မပါပေမယ့်) ပါး စပ်ချင်းယှဉ်တဲ့ပွဲတွေမှာ ကိုယ်ဘယ်တော့မှ ညံ့ခဲ့သူ မဟုတ်ပါဘူး။ အခုဒီလို ဘာကြောင့် ဖြစ်ဖြစ် နေရတာလဲလို့ ကိုယ့်ဘာသာ မေး ကြည့်တော့ အဖြေတစ်ခုကတော့ ပြောလည်း ဘာမှ သိပ်ထူးတာမဟုတ်လို့ မပြောချင်တော့ တာဆိုတာ တွေ့ရပါတယ်။ အမယ် မပြော တော့ သူတို့က ပိုတောင်ကဲကဲလာသေး။ ပြောမယ့်သူမရှိတော့ သူတို့ဘက်ကပဲ မှန်သ လိုလို၊ ဘာလိုလို ဖြစ်ကြပြန်တာလေ။ နောက် အဖြေတစ်ခုကတော့ အဲဒီလို မရှက် သူတွေက များများနေတော့ မရှက်သူများကြားမှာ ရှက် တတ်သူ အနည်းစု က ပြောချင်ဆိုချင်စိတ်မရှိ တော့လောက်အောင် အရှက်မမဲ့နိုင်တဲ့အဆုံး အသက်မဲ့ သွားကြတာပဲ ဆိုတာလည်း တွေ့ရ တယ်။ နောက် အဖြေ တစ်ခု ကတော့ အရင် က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ အခုမှန်နေရင်ပဲ မဆိုး သေးဘူး။ တချို့ဆို အရင်က လူကြမ်း၊ အခု လူလိမ်၊ နောင်ကို လူကလိန်ဖြစ်မယ့်ပုံပေါ်နေ တာတွေ ထက်စာရင် အရင်ကလူညံ့၊ အခု လူ ကောင်း ယောင်ဆောင်နေ တဲ့ လူသန့်။ အရင် က တစ်ကိုယ်ကောင်းဆန်တဲ့လူလည်လူပတ်၊ အခုတော့ အများ လက်ခံအောင် လုပ်နိုင်တဲ့ လူနပ်ဆိုတာမျိုးကပဲ တော်သလိုလို လက်ခံ လိုက် ရတာက ရှိတာကိုး ဆိုတဲ့အဖြေမျိုး လည်း ထွက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရင်ကဒီမိုကရေစီဆိုတာ "အနောက်မျှော်ကျွန်ဝါဒ"လို့ အတိ အလင်း စွပ်စွဲခဲ့ကြသူများကတောင် ဒီနေ့မှာ တကယ် အရှက်မရှိတဲ့ မျက်နှာနဲ့ "ကျွန်တော်တို့ ဒီမို ကရေစီနိုင်ငံတော်ကြီးမှာ" တို့၊ "ကျွန်တော် တို့ မျှော်မှန်း ထားတဲ့ ဒီမိုကရေစီနိုင်ငံတော် သစ်ကြီးမှာ" တို့ ပြောပြောလာတော့ အဲ၊ ဘယ် တုန်းကမှ ကိုယ်တို့အလုံးတွေ သူတို့ပါးစပ်ထဲ ရောက်သွားပါလိမ့်လို့ အံ့ဩမှင် တက်ပြီး ဘာ မှမပြောနိုင်ဖြစ် ရတာပါပဲ။ ဒါကိုပဲ တချို့က အလို့ခံနေတယ်လို့ ထင်ချင်လည်း ထင်မှာပေါ့ လေ။ ထင်ကာမှထင်ရော။ ကိုယ်ပြောခဲ့တဲ့ စ ကားတွေကို ကိုယ်နဲ့ထပ်တူ လိုက်ပြော လာ တဲ့ ပုဂ္ဂိုလ်ကြီးများကို "ခင်ဗျားကြီးတို့ အရင် ကပြောတာတွေ မှတ်မိသေးလား၊ ခင်ဗျားကြီး တို့ အရှက်မရှိဘူးလား" ဆိုတာမျိုး ဘယ်လို ပြောထွက်လို့ ကောင်းမှာလဲဗျာ။ ဒီတော့လည်း မှတ်တိုင်ကျော်ရပ်တဲ့ ဒရိုင်ဘာကို ဘာမှမ ပြောချင်တော့တဲ့ မျက်နှာမျိုးနဲ့ ဆင်းလာ ခဲ့ရ သလို ဒီလိုပဲ ခံစားချက်မရှိသလိုလို အ သလိုလို န သလိုလို နေကြရတာပေါ့။

ဒီလိုပဲ အခြေခံဥပဒေကြီးဟာ ပြင်ကိုပြင် ရမှာ၊ မပြင်ပဲ မနေပါဘူးလို့ ပြောဆိုပြီး ကာမှ တကယ်တန်းကျတော့ အနော်လုပ်လို့ရတာ ဟုတ်ဖူးခင်ည၊ ဟိုလူကြီး လုပ်မှရမှာခင်ည၊ သူ့တာဝန်ပဲခည၊ ဆိုတာမျိုး ပြောလာတာ ကိုလည်း "ကဲ၊ ဘယ်နေ့ကလေ၊ ဘယ်ပွဲမှာ လေ၊ ဘယ်လိုပြောခဲ့တာလေ၊ မှတ်မိသေး လား" လို့ ဘယ်လို အရှက်ခွဲလို့ကောင်းမှာ လဲလို့။ ဒီတော့လည်း ကိုယ့်ကိုကားနဲ့ ပွတ် ကျော်ပြီး ခပ်တည်တည်လုပ်နေတဲ့ ဒရိုင်ဘာ ကို မျက်နှာ လွှဲပြီး အောင့်ဧည်းနေသလို နေ ကြရတာပါပဲ။ တချို့ ပုဂ္ဂိုလ်ကြီးများဆိုရင် သမ္မတ ခန့်အပ်တဲ့ ပုဒ်မမှာ ဗိုလ်ချုပ်သမီးကို ခြွင်းချက်ပေးမယ်ဆိုရင် လက်မခံနိုင် စရာ မရှိ ပါဘူးလို့ ဘယ်သူမှမမေးဘဲနဲ့ ဖြေထားတာရှိ တယ်။ အတိုက်အခံပါတီထဲမှာ သူ့တစ်ယောက် ကိုပဲ လေးစားတယ် ဆိုတာမျိုးလည်း ပြော ဖူးရဲ့။

ဟော၊ အခုတော့ မဟုတ်ပြန်ဘူးတဲ့။ တစ်မျိုးဖြစ်သွားပြန်ပြီ။ ဒီလို အခု တစ်မျိုး တော်ကြာတစ်မျိုး ပြောနေတဲ့လူမျိုးကိုလည်း "ခင်ဗျားတို့ အရှက်မှ မရှိတာ" လို့ အမှန်အ တိုင်း သွားပြောလို့ ဘယ်သင့်တော်ပါ့ မလဲ။ ဒီတော့ မပြော ပဲနဲ့အောင့်ခံကြရတဲ့အခါ သူက လည်း သူကိုယ်သူဟုတ်သလိုလို ထင်ကောင်း ထင်မှာပေါ့။

ဒီလိုပဲ လာမယ့် ရွေးကောက်ပွဲကျတော့ ပီအာစနစ် ကျင့်သုံးတော့မယ်ဆိုတော့ ပညာ တတ်အလွှာထဲမှာကိုက ပီအာဆိုတာ ဘာမှန်း မသိတော့ ဘယ်လို မဲပေး ရမယ်ဆိုတာလည်း နားမလည်၊ အကျိုးဆက်ကိုလည်း မရှင်းလင်းဆိုတော့ ကျန် အများပြည်သူကြီးအတွက် ဘယ် လောက် ရှုတ်ထွေးနေမလဲ စဉ်းစား သာကြည့် ပေါ့။ ဒီအထဲမှာ အဓိကအချက်ကတော့ သူ တို့ကိုယ်တိုင် အချိန် ကုန်ငွေကုန်ခံပြီး နှစ်ပေါင်း များစွာ ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီးနဲ့ ဘယ်လို မှ မကိုက် ညီပါဘူး၊ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲစနစ်နဲ့ တခြားစီ ဖြစ်နေပါတယ်လို့ လွှတ်တော်ပြင်ပဆွေးနွေး ပွဲတွေမှာရော၊ မီဒီယာတွေမှာပါ ပြောကြရေး ကြတဲ့ကြားက လွှတ်တော်မှာ ဇွတ်တင်၊ ဇွတ် ကြီးဆွေးနွေး၊ အတည်ပြု ဖို့ဟန်တွေပြင်။ ဆွေးနွေးမယ် ဆိုမှတော့ နေရာ အများစု ကို ကြို တင်မဲနဲ့ လွှတ်တော်ထဲနေရာဦးပြီး ဝင်ထိုင်ကြ သူများက အများစု မို့ အနိုင်ရမှာသေချာနေ တော့ တချို့တိုင်းရင်းသားပါတီများက လွှတ် တော် မတက်ပဲ ဆန္ဒပြကြတယ်။ ဒါကို လည်း ဖုတ်လေတဲ့ ဓာတ်မြေဩဇာ၊ အဲလေ၊ ဖုတ်လေတဲ့ငပိ၊ ရှိတယ်လို့တောင် မမှတ်ကြပဲ ဂရု မစိုက်ခဲ့ပါဘူး။ တိုင်းရင်းသားအမတ်လောက် တော့ ထည့်မပြောနဲ့လေ။ သူတို့အမြဲ ဂရုစိုက် နေကျ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ထဲ ကတောင် ပီအာစနစ်ဟာ မြန်မာပြည် နဲ့ မသင့်တော်သေးပါဘူးလို့ ကန့်ကွက် တာ တောင် ဂရုစိုက်ခဲ့တာမှ မဟုတ်တာ။

ဒီလိုနဲ့ အားလုံးက သူတို့ ပီအာဆိုတာကြီး ကို ဇွတ်လုပ်တော့မယ်လို့ နားလည်ကြ တဲ့အ ချိန်ကျတော့မှ စိတ်ကူးတစ်မျိုး ပြောင်းသွားပြီး ပီအာ မလုပ်တော့ ပါဘူးတဲ့။ အခြေခံဥပဒေခုံရုံး က ဒါဟာ အခြေခံဥပဒေနဲ့ မညီပါဘူး လို့ အ ကြောင်းပြန်လိုက်လို့ပါလို့ ဆိုတယ်။ ကဲ၊ ဒီခုံ ရုံးကမပြောခင်ကတည်းက အားလုံးက ဒီလိုပဲ ဝိုင်းပြောနေကျတာကို ဂရုမစိုက်၊ ပြီးတော့ သာမန် ဦးနှောက်နဲ့ ကို ဒါဟာ မူလရွေးကောက် ပုံစနစ်အတိုင်း လုပ်ဖို့ ရေးဆွဲ ထားတဲ့ အခြေခံ ဥပဒေနဲ့ မကိုက်နိုင်တာကို နားလည်သင့်ပါ ရက်နဲ့ ဇွတ်လုပ်ခဲ့ပြီးမှ အခု မလုပ်ချင်တော့မှ အကြောင်းပြချက်အဖြစ် ဆွဲထုတ်လာတာ လို့ ပြောချင်ကြ တာပေါ့။ ဒီကြားထဲ ကုန်လိုက် တဲ့ငွေတွေ၊ အချိန်တွေ၊ ပင်ပန်းမှု၊ ငြင်းခုံမှု တွေ၊ အာရုံလွှဲခံရမှုတွေ၊ ဒါတွေပြန်တွေးရင်း တစိမ့်စိမ့်ဒေါသထွက်ပြီး သူတို့ကို တစ်ခွန်း တည်းနဲ့ စွပ်စွဲပုတ်ခတ်ဖို့ လုံလောက်တဲ့စကား ကဖြင့် "ခင်ဗျားတို့ တကယ် အရှက်မရှိတဲ့ လူတွေပဲ" လို့ပဲ ဖြစ်မှာပါပဲ။ ဒါပေမဲ့ ကိုယ် တောင်းဆို ခဲ့သလို ဖြစ်ပါပြီဆိုမှ ဒီလိုကြီး စော်ကား ပြောဆိုလို့ကော ဘယ်လိုသင့်တော် ပါတော့မလဲ။ အဲဒီတော့လည်း အသက်မရှိ သူလို့ပဲ အောင့်ခံကြရတာပေါ့။

ဟော၊ အောင့်ခံလို့မှ အအောင့်မပြေ လောက်ခင်မှာ အမျိုးသားလွှတ်တော်က သူ့ ရွေးကောက်ပွဲမှာတော့ ပီအာပဲ လုပ်ဦးမယ်ဆို ပြီး အများစုအသာမဲနဲ့ ဆုံးဖြတ်ပြန်သတဲ့။ ကဲ၊ ကိုယ်ကတော့ ဥပဒေကျွမ်းကျင်သူမှ မဟုတ် တာ။ ဒါပေမဲ့ ဥပဒေအားလုံးရဲ့အခြေခံပါလို့ဆိုတဲ့ အခြေခံဥပဒေကြီးက ဟိုလွှတ်တော် ကြီးကိုတောင် သက်ရောက်ပြီးတော့ ဒီလွှတ် တော်ကျ မသက်ရောက်ဘူး ဆိုပြန်တော့ အ ခက်ပဲနော်။ ဥပဒေကျွမ်းကျင်ပညာရှင်တွေက တော့ ဒါက အခြေခံ ဥပဒေနဲ့ညီတာမဟုတ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရင် ပျက် မှာပါပဲလို့ ပြောကြတာလည်းရှိရဲ့။ ဘာပဲ ဖြစ် ဖြစ် ပီအာပျက်ပျက်၊ ပီအာတစ်ခြမ်းလုပ်လုပ် ခင်ဗျားတို့ အရှက်မရှိတဲ့လူတွေပဲ လို့ လက် ညှိုးထိုး ချင်စရာကတော့ တစ်ဖက်ဖက်မှာ ရှိနေမှာသေချာတယ်။ ဒါပေမဲ့လည်း အင်း၊ ထိုးတော့ မထိုးဖြစ်ဘူးပေါ့လေ။ ခုလည်း လေး ပွင့်ဆိုင်တောင်း ပါ ခြောက်ပွင့် ဆိုင်တောင် လုပ်မယ်ဆိုတော့လည်း ဝမ်းသာစရာပါလို့ပဲ ပြော ကြရတာပေါ့။ အရေးကြီးတာက ခင်ဗျားတို့ အရှက်မှမရှိတာလို့ ထပ်ပြောချင်တဲ့အဖြစ်မျိုး အသက်မရှိသလို အောင့်ခံရသူများဘက်က မကြုံချင်တဲ့အကြောင်းပါပဲဗျာ။

(စာဖတ်သူများခင်ဗျား။ Ladies ဂျာနယ် ကို စာမူပေးဖို့အချိန်ရောက်ပေမယ့် ကျွန်တော် ကျန်းမာရေးအရ စာမရေးနိုင်သမို့ ဒီအတော အတွင်းရေးဖြစ်တဲ့ ကိုယ့်ဒိုင်ယာရီကိုပဲ ကူး ပြီး စာမူလုပ်ပို့လိုက်ရပါတယ်။ စာဖတ်သူများ ကတော့ ခွင့်လွှတ်နားလည်မယ် ယုံကြည် ပါရဲ့။ ဒါပေမဲ့ အရှက်မှမရှိကြတာလို့ အပြော ခံရ လောက်သူများကိုတော့ ပေးမဖတ်လိုက် ပါနဲ့ဗျာ။ သူတို့ကို အရှက်မရှိဘူးလို့ ပြောတယ် လို့ ခံစားသွားကြရှာရင် အားနာစရာမို့ပါ ခင်ဗျား။)

ရီနေနိုင်
— The Ladies News Journal


မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို ကူညီအားပေးတဲ့အနေနဲ့ နော်ဝေးဘုရင်နဲ့မိဖုရားတို့ဟာ ဒီဇင်ဘာလ (၁) ရက်ကနေ (၅) ရက်နေ့ထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိမှာပါ။ ဒီခရီးစဉ်ဟာ နော်ဝေး-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ စနေနေ့က မြန်မာနိုင်ငံကို ကြိုတင်ရောက်ရှိလာတဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ လိုက်ပါလာတဲ့ သူရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းတို့ရဲ့ဖိတ်ကြားချက်အရ ပထမဆုံး အကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နော်ဝေးဘုရင် Harald ဟာဒါးလ်နဲ့မိဖုရား Sonja ဆွန်ရာ တို့ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ (၁) ရက်နေ့ တနင်္လာနေ့မှာ ရောက်ရှိမှာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ရှေ့ပြေးအဖြစ်ရောက်ရှိနေတဲ့ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“နော်ဝေးဘုရင်နဲ့မိဖုရားတို့ရဲ့ ခရီးစဉ်ဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အကူအညီပေးဖို့ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖြစ်ထွန်းပြီးရလဒ်ကောင်း ပေါ်ထွက်စေဖို့အတွက် နော်ဝေးနိုင်ငံက ဘယ်လောက် အလေးအနက် ထားသလဲဆိုတာကိုလည်း ပြသလိုခြင်းဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီ ပံ့ပိုးမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် ခရီးစဉ်မှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌတို့ကိုတွေ့ဆုံမှာပါ။”

နော်ဝေးဘုရင်နဲ့မိဖုရားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံဖို့ရှိပါတယ်။ လက်ရှိ မြန်မာ့ ပြုပြင်ပြောင်းလဲရေးရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားတဲ့အချိန်မှာ အခုလို နော်ဝေးဘုရင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာတာနဲ့ပတ်သက်လို့လည်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဆက်လက်ဖြစ်ထွန်းသွားတာကို နော်ဝေးနိုင်ငံက တွေ့မြင်လိုပါတယ်။ ဒါကြောင့်လည်းဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ဒီအချက်ကိုပဲအဓိကပြောသွားတာပါ။ ဒါဟာလည်း အစိုးရနဲ့အတိုက်အခံနှစ်ဘက်စလုံးအတွက် စိန်ခေါ်ချက်ဖြစ်ပြီး လိုအပ်တဲ့ညှိုနှိုင်းသဘောတူညီချက်တွေ၊ အပေးအယူလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။”

အသက် (၇၇) နှစ်အရွယ် နော်ဝေးဘုရင်ရဲ့ပထမဆုံးအကြိမ်မြန်မာခရီးစဉ်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိသလို ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ဒါ့အပြင် နော်ဝေးဘုရင်နဲ့ မိဖုရားဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ စတဲ့ မြန်မာဒေသအနှံ့အပြားကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်ရှင်။

ဗွီအိုအေ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.