12/02/14



ဦးမင်းကိုနိုင်ရဲ့ အိုဆာကာ တက္ကသိုလ်ကဟောပြောပွဲ အသံဖိုင် အစအဆုံး ဒေါင်းလုပ်..http://www.uzo.net/voice/mkn_osaka_29_11_2014.mp3.

ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများ တတိယမြောက်လအတွင်းသို့ ရောက်ရှိခဲ့ပြီး တင်းမာမှုများမြင့်တတ်နေချိန် ဒီဇင်ဘာ ၁ ရက် အစောပိုင်းက ဟောင်ကောင် အစိုးရရုံးချုပ်ကို စီးနင်းဝင်ရောက်ရန် ကြိုးပမ်းသော ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ငရုတ်ကောင်း ဆေး ဗူးများဖြင့်ဖျန်း၍ နံပါတ်တုတ်များနှင့် ရိုက်ခဲ့သည်။
Hon-Kong
အက်ဒ်မာရတီ နယ်မြေတွင် ဆန္ဒပြသူများနှင့် ရဲများ ဒီဇင်ဘာ ၁ ရက်က တိုက်ခိုက်စဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အက်ဒ်မိုင်ရယ်လ်တီရပ်ကွက်အနီးအဓိက ဆန္ဒပြနေရာတွင် နံနက်ပိုင်းအချိန်က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား  ပဋိပက္ခဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ယင်းဆန္ဒပြနေရာအနီးရှိ ဈေးဝယ်စင်တာစင်္ကြတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လူတစ်ဦးထက် မနည်းကို လူနာထမ်းစင်များနှင့် သယ်ဆောင်သွားခဲ့ကြောင်း ယင်းနေရာရှိ သတင်းထောက် တစ်ဦးက ပြောကြားသည်။ တစ်ညလုံး ပဋိပက္ခဖြစ်ပွားမှုအတွင်း ဆန္ဒပြသူများက ဦးထုပ်များနှင့် ထီးများကို ဝတ်ဆင်ထားကာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျောင်ချွမ်းယင်၏ ရုံးအပြင်ဘက် အဓိကလမ်းအတွင်းသို့ ဝင်ရောက်လာမှုကြောင့် ရဲတပ်ဖွဲ့က ငရုတ်ကောင်း ဆေးဘူးများနှင့် နံပါတ်တုတ်များနှင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

"စစ်မှန်သော ဒီမိုကရေစီကို အလိုရှိပါတယ်။ အစိုးရရုံးချုပ်ကို ဝိုင်းသွားမယ်။ အစိုးရအဖွဲ့ကို အင်အားချိနဲ့ အောင်လုပ်ဆောင်သွားမယ်" ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့သည်။
ဆန္ဒပြသူများသည် စက်တင်ဘာလ နှောင်းပိုင်းမှ စ၍ ဟောင်ကောင်မြို့တွင် ထိုင်သပိတ်မှောက်ခဲ့ကြပြီး တစ်စိတ်တစ်ပိုင်း အုပ်ချုပ်ခွင့် ရ ဟောင်ကောင်မြို့အတွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများကို လွှတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

တရုတ် ကွန်မြူနစ်အာဏာပိုင်များက ၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်လောင်းများကို ကော်မတီကသာ စိစစ်ရွေးချယ်သွားမည်ဟု
ပြောကြားခဲ့ရာ ဆန္ဒပြသူများက တရုတ်အစိုးရကို လိုလားသော ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က တစ်ညလုံး ဆန္ဒပြသူ ၄၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ရဲအရာရှိ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
တစ်ညလုံးနီးပါး ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ဆန္ဒပြသူများစွာ ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများသည် ငရုတ်ကောင်း ဆေးရည်ဗူး များ ဖြန်းပက်ခံရမှုမှ ကာကွယ်ရန် ဦးထုပ်များနှင့် ထီးများကို အသုံးပြုကြသည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/33784-2014-12-01-16-00-24

အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပတ်သက် ပြီး လွှတ်တော်မှာ ဆွေးနွေးကြတဲ့ အခါ ပါ တီ အသီးသီးက ပြည်သူ့ကိုယ်စားလှယ် တွေ က အခြေခံဥပဒေပြင်ဖို့ ဆန္ဒ ရှိကြပေမယ့် မပြင်ဘူးလို့ ခါးခါးသီးသီး မာမာတင်းတင်း ကန့်ကွက်နေတဲ့ အဖွဲ့ကတော့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် တွေ အနေနဲ့ အဓိကထားပြီး မပြင်ဖို့ ကန့် ကွက်နေတဲ့ အခြေခံ ဥပဒေ ပုဒ်မတွေကတော့ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ ( စ )တို့ပဲ ဖြစ်ပါ တယ်။ တကယ်တော့ လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရဆိုရင် အခြေခံဥပဒေကို ပြင်ဆင် နိုင်ဖို့ ပုဒ်မ ၄၃၆ ရဲ့ ပြဋ္ဌာန်း ချက်အတိုင်း ကျင့်သုံးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၄၃၆ ကို မကြိုက် လို့ ပြင်ဖို့အရေးမှာ ၄၃၆ က ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာ ဆောင် ရွက် ရမယ်ဆိုတဲ့ ကိစ္စဟာ မုန့်လုံးစက္ကူကပ် ပြဿ နာ ဖြစ်လာတော့တာပေါ့။ ကဲ ...ကောင်းပြီ အဲဒီ ၄၃၆ ဆိုတဲ့ ပုဒ်မကြီးက ဘာပြောထား သလဲ။ ခဏလောက်ပြန်ကြည့်ရအောင်။

၄၃၆ ( က ) ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ( ၁ ) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း ( ၂ ) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း ( ၃ ) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း ( ၄ ) ပုဒ်မ ၇၄၊ ၁၀၉ ၊၁၄၁ ၊၁၆၁ ၊အခန်း ( ၅ ) ပုဒ်မ ၂၀၀ ၊ ၂၀၁ ၊ ၂၄၈၊၂၇၆ ၊ အခန်း ( ၆ ) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀ ၊အခန်း ( ၁၁ ) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း ( ၁၂ ) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင် လို လျှင် ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော် က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်။

( ခ ) ပုဒ်မခွဲ ( က ) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်း ချက်များ ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ .... လို့ ဖော် ပြ ထားပါတယ်။

အလွယ်ပြောရရင်တော့ ၂၀၀၈ အခြေခံ ဥပဒေက ဘယ်ပုဒ်မကို မဆို ပြင်ချင် တယ် ဆိုရင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ကထောက်ခံ သဘော တူရမယ်။ ဒါပေမဲ့ ၄၃၆ ပုဒ်မခွဲ ( က ) မှာ ဖော်ပြထားတဲ့ တချို့သော အရေးကြီး ပုဒ်မ တွေကို ပြင်ချင်တယ်ဆိုရင်တော့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သ ဘောတူပြီးသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲလုပ်ပြီး မဲပေးပိုင်ခွင့်ရှိတဲ့သူရဲ့ ထက်ဝက် ကျော်က ထောက်ခံ မှ ပြင်လို့ရမှာ ဖြစ်နေပါ တယ်။ အဲဒီတော့ ပထမ အဆင့်အနေနဲ့ လွှတ် တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင် နှုန်းကျော်က အရင်ထောက်ခံဖို့ လို တာပေါ့။အဲဒီမှာ ပြဿနာ စတက်တော့တာပဲ။ ဘာ လို့လဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ် အားလုံးမှာ ၇၅ ရာခိုင်နှုန်းက ပြည်သူ က ရွေးကောက် တင်မြှောက်ထားသူတွေ ဖြစ်ပေ မယ့် ၂၅ ရာခိုင်နှုန်းကတော့ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်စေလွှတ်ထားတဲ့ တပ်မ တော်သား ကိုယ်စားလှယ်တွေ ပဲ ဖြစ်နေလို့ ပါပဲ။

ဒီနေရာမှာ ပြည်သူကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကာကွယ် ရေးဦးစီးချုပ်က ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာ အထူးကွာခြားတဲ့ ခြားနားချက်ကြီးတစ်ခု ရှိနေပါတယ်။ အဲဒီ ခြားနား ချက်ကတော့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကို ရွေးချယ်ပေး လိုက် တဲ့ ပြည် သူက မကြိုက်တော့ဘူးဆိုရင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းပြီး နောက် တစ်ယောက်နဲ့ အစားထိုးဖို့ရာ လုပ်ထုံးလုပ် နည်းတွေက ခက်ခဲပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ကို ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ရုပ်သိမ်းပြီး အစားထိုးဖို့က တော့ အင်မတန်မှ လွယ်ကူနေ တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်သူ့ကိုယ်စား လှယ်ကို ပြည်သူက ထိန်းချုပ်ဖို့ ခက်ပေမယ့် တပ်မတော်သား ကိုယ်စားလှယ်ကို ကာကွယ် ရေး ဦးစီးချုပ်က ထိန်းချုပ်ဖို့ သိပ်လွယ်တယ် ဆိုတာပါပဲ။ ပြီးတော့ တပ်ဆိုတာ ကလည်း အမိန့်နာခံမှုက အဓိကမဟုတ်လား။ တစ်ခါ တုန်းက တပ်မတော်သား ကိုယ်စားလှယ် အ နေနဲ့ လွှတ်တော်တက်နေရတဲ့ ငယ်သူငယ်ချင်း တစ်ယောက် နဲ့ ဆုံပြီး စကားပြောဖြစ်တယ်။ အဲဒီမှာ အဲဒီ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ကို လွှတ်တော်မှာ ကိုယ့်သ ဘော ကိုယ့်ဆန္ဒ ကိုယ်ပိုင် ဆုံးဖြတ် ချက်နဲ့ ထောက်ခံ။ ကန့်ကွက်ခွင့် ရှိသလားလို့ မေး ကြည့်တော့ သူတို့ဟာ အဖွဲ့အစည်းကို ကိုယ် စားပြုရတာဖြစ်တဲ့ အတွက် မိမိဆန္ဒကို ဦးစား ပေး လို.မရကြောင်း၊စစ်တပ်ဖြစ်တဲ့ အတွက် အမိန်.ကို နာခံရကြောင်း လှည့်ပတ်ပြောနေ ပေမယ့် နောက်ဆုံးအဖြေကတော့ ကိုယ့်သ ဘော ကိုယ့်ဆန္ဒ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ထောက်ခံ ကန့်ကွက်ခွင့်မရှိဘူးဆိုတဲ့ အဖြေပဲ ထွက် လာ ပါတယ်။ ပြောရမယ်ဆိုရင် တပ်မ တော်သား ကိုယ်စားလှယ် အားလုံးဟာ ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ညွှန်ကြားချက်အ တိုင်းပဲ ထောက်ခံ။ ကန့်ကွက် လုပ်ခွင့် ရှိပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ မဲ ၂၅ ရာခိုင်နှုန်းဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာ ရှိနေတဲ့ သဘောပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ ကာကွယ် ရေး ဦးစီးချုပ်နဲ့ ဗွီအိုအေ သတင်း ဌာနရဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အ ဖြေတွေအရဆိုရင် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်တဲ့ ဆန္ဒ မရှိဘူးဆိုတာ ကိုတွေ့ရ ပါတယ်။ အဲဒီတော့ ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးက ပြင်ချင်တယ် ထား ကာကွယ်ရေးဦးစီးချုပ်က မပြင်ချင်တဲ့အတွက် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ မဲ ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒ ဘယ်လိုပင်ရှိ ပါစေ။ ကာကွယ်ရေးဦးစီးချုပ်က သဘော မတူရင် ပြင်လို့ မရနိုင်ဘူး ဆိုတဲ့ သဘောပါပဲ။ တနည်းအားဖြင့် ပြည်သူလူထုရဲ့ သဘော ဆန္ဒကို ကာကွယ်ရေး ဦးစီးချုပ်က ထိန်းကျောင်း နိုင်တဲ့ လုပ်ပိုင်ခွင့် ရှိနေတာပါပဲ။ ဒါဟာ ဒီမိုကရေစီ ကျင့်သုံးပါမယ် ဆိုတဲ့ နိုင်ငံတစ်ခုအ တွက်ဖြစ်သင့်တဲ့ အခြေအနေ ဟုတ်ပါရဲ့လား ။

နောက်ပြီး ဗွီအိုအေနဲ့ အင်တာဗျူးမှာ ကာကွယ်ရေး ဦးစီးချုပ် က ပြောသွားတာ တစ်ခုရှိပါတယ်။ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးဆန္ဒ ပြုထားတဲ့ လူဦးရေ ငါးသန်း ဟာ မြန်မာနိုင်ငံ လူဦးရေရဲ. ၁၀ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ကျန် တဲ့ လူဦးရေ ၄၆ သန်းကိုလဲ ကြည့်ရဦးမယ်တဲ့။ ဒီပြောစကားအရတော့ ကာကွယ်ရေး ဦးစီး ချုပ် အနေနဲ့ အတွက်အချက် လွဲသွားပြီလို့ ပြောရမှာပါပဲ။ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒပြု ထားတဲ့ လက်မှတ်ငါးသန်းကို မြန်မာပြည်လူဦးရေနဲ့ အချိုးချ ရာခိုင်နှုန်း တွက်လို့ မရပါဘူး မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူဦးရေနဲ့ အချိုးချပြီး ပြောရမှာပါ။

ဆန္ဒပြု လက်မှတ် ကောက်ခံကတည်းက ပွင့်ပွင့်လင်းလင်း ကြေညာပြီး မှ ကောက်ခံခဲ့ တာပါ။ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ အသက်ပြည့် ပြီးသူမှ ဆန္ဒပြု လက်မှတ်ရေးထိုးခွင့် ရှိတာပါ ခင်ဗျ။ ကလေးစစ်သား စုဆောင်းသလိုမျိုး အသက် မပြည့်တဲ့ သူတွေ မပါပါဘူး။ နောက် တစ်ခု ပြောချင်တာက ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ပြည်သူငါးသန်းကို ၁၀ ရာခိုင်နှုန်းပဲ ရှိတာလို့ ပြော မယ်ဆိုရင် မြန်မာပြည်ရဲ့ ကြည်း၊ ရေ၊ လေ တပ်သား စုစုပေါင်း ဟာ ငါးသိန်းလောက်ပဲ ရှိတာမို့လို့ ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ ကလဲ မြန်မာပြည် လူဦးရေ စုစု ပေါင်းရဲ့ ၁ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုထား တယ်ဆိုတာကိုလဲ သတိပြုစေချင်ပါတယ်။

နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအ တွက်က လွှတ်တော်ရဲ. ၂၅ ရာခိုင်နှုန်း ဖြစ် နေတယ်ဆိုတာကတော့ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ ဘယ်လိုမှမဖြစ်သင့်တဲ့ အချိုးအစား ပဲ ဆိုတာ ကိုတော့ တကယ်တရားမျှတမှုကို လိုလားတဲ့ ဘယ်သူမဆို နားလည်လက်ခံရ မယ့် အချက်ပဲ ဖြစ်ပါတယ်။

လွှတ်တော်မှာဆွေးနွေးကြတုန်းက တပ် မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ ပုဒ်မ ၅၉ ( စ ) ကို ပြင်လိုက်ရင် တခြားနိုင်ငံတွေရဲ့ ဩဇာခံနိုင်ငံဖြစ် သွားနိုင်တဲ့ အန္တရာယ်နဲ့ ကြုံ တွေ့နိုင်တယ်လို့ အကြောင်းပြ ပြောဆိုသွား တာ သိလိုက်ရပါတယ်။ အဲဒီ ၅၉ ( စ ) အဓိက ပြင်ချင်နေကြတဲ့ အချက်က သမ္မတဖြစ် သူရဲ့ အရည်အချင်းသတ်မှတ်ချက်မှာ သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ သားသမီးတစ် ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက် အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူ မဖြစ်စေရ ... ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် တွေ ခုနပြောနေတဲ့ နိုင်ငံခြားလက်အောက်ခံ ဖြစ်သွားနိုင်တယ်ဆိုတာလဲ အဲဒီ ကိစ္စပေါ်မှာပဲ အခြေခံပြီးပြောနေကြတာဖြစ်ပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီးတော့ တပ်မတော်သား ကိုယ် စားလှယ်တွေ အကြောင်းပြ တဲ့အချက်ဟာ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်ဖြစ် နေပါတယ်။ တစ်နည်းအားဖြင့် တပ်မတော် သား ကိုယ်စားလှယ်တွေရဲ့ တွေးခေါ်ပုံဟာ ဒီမိုက ရေစီစနစ်ကို သဘော မပေါက်သေးဘူး၊ အာ ဏာရှင်စနစ်ပုံစံ အတွေးအခေါ်နဲ့ပဲ ရှုမြင်သုံး သပ်နေတယ်ဆိုတာ ပေါ်လွင်လာပါတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဒီမို ကရေစီစနစ်မှာ သမ္မတတစ်ယောက် ဟာ သား သမီး သို့မဟုတ် သားသမီးရဲ့ဇနီး^ခင်ပွန်းတွေ ရဲ့ တိုက်တွန်းပြောဆို ချက်ကြောင့် တိုင်းပြည် ဒုက္ခရောက်မယ့်ကိစ္စကို ကိုယ့်သဘော ကိုယ့် ဆန္ဒနဲ့ လုပ်လို့မရပါဘူး။ ဒီမိုကရေစီ တိုင်းပြည်ရဲ့ သမ္မတဟာ အာဏာရှင် တစ်ယောက် လို ကိုယ့်တစ်ဦးတည်းသဘောဆန္ဒနဲ့ ထင်ရာမြင် ရာ လျှောက်ပြီး ဆုံးဖြတ် လုပ်ကိုင် လို့ မရပါ ဘူး။ ဒီမိုကရေစီစနစ်မှာ သမ္မတဟာ လွှတ် တော်ကို တာဝန်ခံ ရပါတယ်။ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီပဲ တိုင်းပြည်ရေး ရာတွေကို ဆောင်ရွက်ရပါတယ်။ လွှတ်တော် ကလဲ ပြည်သူ့ဆန္ဒ နဲ့ အညီဆောင်ရွက်ရပါ တယ်။ ဒါကို သဘောပေါက်ထားရင် တပ်မ တော်သား ကိုယ်စားလှယ်တွေ အကြောင်းပြ သလိုမျိုး ဖြစ်မလာနိုင်ဘူးဆိုတာ အလွယ်တ ကူ နားလည်နိုင်ပါလိမ့်မယ်။

ဒါကြောင့်ပဲ တချို့ သော ဒီမိုကရေစီနိုင်ငံတွေမှာ သမ္မတရဲ့ဇနီး။ခင်ပွန်းတွေ ကိုယ်တိုင်တောင် နိုင်ငံခြားသား ဖြစ်နေတာကို ခွင့်ပြုထားပါတယ်။ တပ်မတော် သားကိုယ်စားလှယ်တွေ အနေနဲ့ကတော့ အ မိန့်အာဏာနဲ့ နေသားကျနေတော့ ဒီမိုကရေစီ ပုံစံနဲ့ မတွေးတတ်တော့ဘူး ဖြစ်သွားတယ် ထင်ပါတယ်။ ဒါကြောင့် လဲ သမ္မတ ဖြစ်သူရဲ့ မိသားစုထဲမှာ နိုင်ငံခြားသား ပါနေရင် တိုင်း တစ်ပါးဩဇာ ခံ ဖြစ်သွားလိမ့်မယ်လို့ တွေးထင် ယူဆနေကြတာဖြစ်မယ်လို့ ထင်ပါတယ်။ တ ကယ်တော့ ဒီမိုကရေစီသာ စစ်မှန်မယ်ဆိုရင် ၅၉( စ ) ကိုပြင်ဖို့ စိတ်ပူစရာ မလိုပါဘူး။ ဒီမိုကရေစီသာ စစ်မှန်ဖို့ လိုပါတယ်။ ဒါကို တပ်မ တော်သား ကိုယ်စားလှယ်တွေ သဘောမပေါက် ပေမယ့် ပြည်သူတွေကတော့ သဘောပေါက် ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြည်သူ လူထုတစ်ရပ်လုံးရဲ့ ဆန္ဒကို တကယ် သိ ချင် တယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထား သလို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ လုပ်နိုင်ဖို့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ကို ဆန္ဒပြုခိုင်းလိုက်ပါ။ ပြည်သူ့အဆုံးအဖြတ်ကို ခံယူမယ့် လမ်းကို လိုက်ခိုင်းလိုက်ပါ။ အဲဒီလိုဆိုရင် တပ်မတော် ဟာ ပြည်သူလူထုဆန္ဒကို ဦးထိပ်ထားတဲ့ ပြည်သူ့တပ်မတော်ဖြစ်တယ်ဆိုတာကို သက်သေပြ ရာလည်း ရောက် ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ လည်း ပြည်သူ လူထု ဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ ပြည်သူ့ ဘက် သား ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သမိုင်း တင်ခံရမှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ပဲ နိုင်ငံလူဦးရေရဲ. ၁ ရာ ခိုင်နှုန်းကိုပဲ ကိုယ်စားပြုတဲ့ တပ်မတော် သား ကိုယ်စားလှယ်တွေအနေနဲ့ ကျန်တဲ့ ပြည်သူ လူထု တွေရဲ့ဆန္ဒကို လျှစ်လျူရှု ခဲ့မယ်ဆိုရင် တော့ ဒီမိုကရေစီလို့ နာမည်တပ်ထားတဲ့ အာ ဏာရှင်စနစ်ကို အကာအကွယ်ပေးနေတဲ့ တပ်မတော်အဖြစ် သမိုင်းတစ်ကွေ့ကွေ့မှာ အပြစ် တင် ခံရမှာဖြစ်တဲ့အကြောင်း သတိပေးနှိုးဆော် ပြီးခေါင်းလောင်းထိုး လိုက်ရ ပါတယ်။

စိတ်လက်ကြည်သာရှိကြပါစေ။

ညလယ်မိုး
The Ladies News Journal

သထုံ၊ နိုဝင်ဘာ ၃ဝ

သထုံခရိုင် အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲ အုပ်အောင်သူနှင့်အဖွဲ့သည် နိုဝင် ဘာ ၂၈ရက် ညနေ ၅နာရီခန့်တွင် သတင်းအရ ဘီးလင်းမြို့ အိုအေစစ် စားသောက်ဆိုင်အား ဝင်ရောက်ရှာ ဖွေရာ ငွေကျပ်တစ်သောင်းတန် ငွေ စက္ကူအတု ၁ဝဝရွက်ပါအထုပ် ၉၁ ထုပ်၊ စုစုပေါင်းငွေကျပ် သိန်း ၉၁ဝ ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲအုပ်အောင်သူနှင့် အဖွဲ့သည် သတင်းအရ ဘီးလင်းမြို့ အိုအေစစ်စားသောက်ဆိုင်၊ အခန်း အမှတ် ၈ဝ၇အား ဝင်ရောက်ရှာဖွေ ရာ အခန်းအတွင်း သိန်းဇော် ၃၉နှစ်၊ သက်လွင်ဦး ၃၄နှစ် တို့အားတွေ့ရှိ ရပြီး ၄င်းတို့နှင့်အတူ အနက်ရောင် ကျောပိုးအိတ် တစ်လုံးကို တွေ့ရှိရ ပြီး၊ ကျောပိုးအိတ်အတွင်းမှ သား ရေကွင်းဖြင့် စည်းထားသော တစ် သောင်းကျပ်တန်ငွေစက္ကူအတု ၁ဝဝ ရွက်ပါအထုပ် ၉၁ထုပ်၊ ငွေကျပ်သိန်း ၉၁ဝ ဆင်းမ်ကတ်ပါလက်ကိုင်ဖုန်း သုံးလုံး၊ ပျောက်ကျား ဂျင်းခါးပတ် အိတ်နှစ်လုံးကို တွေ့ရှိသဖြင့် ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

သိန်းဇော်အား စစ်ဆေးချက်အ ရ ၄င်းတို့နှင့်အတူပါဝင်သည့် မျိုးလှိုင် နှင့်မင်းထိုက်တို့အား လိုက်လံရှာဖွေ ရာ ညနေ ၅နာရီခွဲတွင် မင်းထိုက် အား အိုအေစစ်စားသောက်ဆိုင် ရှေ့တွင်လည်းကောင်း၊ မျိုးလှိုင်အား ငွေလာမြိုင်လက်ဖက်ရည်ဆိုင်ရှေ့ တွင်လည်းကောင်း ၄င်းတို့နှင့်ပါလာ သောပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

မင်းထိုက်ထံမှ DAYUN အမျိုး အစားအမည်းရောင် ဆိုင်ကယ်တစ်စီး၊ ဆင်းမ်ကတ်ပါလက်ကိုင်ဖုန်းတစ်လုံး၊ မျိုးလှိုင်ထံမှ ဆင်းမ်ကတ်နှစ်ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ SMASH အမျိုးအစားအမည်းရောင်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ငွေစက္ကူအတုနှင့်အတူ ဖမ်းဆီး ရမိသူ သိန်းဇော်၊ သက်လွင်ဦး၊ မျိုး လှိုင်၊ မင်းထိုက်နှင့်တင့်လွင်(စုံစမ်းဆဲ) တို့အား ဥပဒေအရ အရေးယူပေးပါ ရန် ရဲအုပ်အောင်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဘီးလင်းမြို့နယ်ရဲ တပ်ဖွဲ့စခန်းမှ (ပ)၁၄၅/၂ဝ၁၄၊ နိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/ ၁ဝ၆/၁ဝ၇တို့ဖြင့် အမှုဖွင့်လှစ်ပြီး ဒုရဲမှူးလှထွန်းအောင်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

AHO

ဓါတ်ပုံ - အောင်ထိုက်ဦး
( ဘီးလင်းမြို့မရဲစခန်းမှ (ပ)၁၄၅/၂ဝ၁၄၊ နိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ-၁ဝ၅/၁ဝ၆/၁ဝ၇ အမှုမှ သက်သေခံပစ္စည်း ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ရှေ့/နောက်မှတ်တမ်းဓာတ်ပုံ။ )

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

စောမြင့်သန်း၊ ကျော်မြတ်ဇံ

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ

ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက်ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ဗိုလ်တထောင်မြို့နယ်တွင်ရှိ သော ကမ္ဘောဇဘဏ်၏ အေတီအမ် စက်မှ နိုင်ငံခြားဗီဇာကတ်ဖြင့် ဖောက် ထွင်းကာ ငွေများကို ထုတ်ယူခဲ့သည့် အိန္ဒိယနိုင်ငံသားနှင့် နီပေါနိုင်ငံ သားတစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦး ကို ယခုအခါ စီအိုင်ဒီမှစစ်ဆေးနေပြီး ထိုစစ်ဆေးမှုများ ပြီးစီးပါက အင်တာ ပိုမှတာဝန်ရှိသူများက ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံကို ဟက်ကာတွေ စတင်ဝင်ရောက်နေပါပြီ။ ဘယ်နှစ် ယောက်ဆိုတာကို အတိအကျမသိရ သေးပေမယ့် အန်ကယ်တို့ဘဏ်ကို ဝင်ဖောက်တဲ့ ဟက်ကာကိုတော့ မိ ထားပါပြီ။ ဒါပေမဲ့ အန်ကယ်တို့ဘဏ် အနေနဲ့ ကျပ်သိန်း၇ဝလောက်သာပါ သွားတယ်။ သိန်း၆ဝကိုတော့ နိုင်ငံ ခြားဗီဇာကတ်နဲ့ ထုတ်တာပေါ့။ အဲဒီ ပိုက်ဆံကို ဗီဇာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ အန်ကယ်တို့ ကို ပြောထားပါတယ်။ ဒါပေမဲ့ ကျန် တဲ့ကျပ်သိန်းတစ်ရာကျော်က ဘယ် ဘဏ်တွေက ပါတယ်လို့ဆိုတာကို တော့ အန်ကယ်လဲ မသိဘူး။ သေချာ တာကတော့ မြန်မာနိုင်ငံမှာ မကြာ သေးမီကမှ အေတီအမ်စက်တွေပေါ် လာတယ်ဆိုပြီး အထင်သေးတဲ့သ ဘောနဲ့ ရမလားဆိုပြီး ဝင်လာတာပေါ့။ အန်ကယ်တို့ကတော့ လုံခြုံမှုနဲ့ပတ် သက်ရင် ကမ္ဘာမှာ အကောင်းဆုံးစက် တွေကို သုံးထားတဲ့အတွက် ဒီဟက် ကာနှစ်ဦးကို အခုလို ချက်ချင်းဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။ တခြား ဒီ ဖြစ်စဉ်မှာပါခဲ့တဲ့ ဘဏ်တွေရှိရင် လဲ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီကိစ္စကို ဘဏ် လုပ်ငန်းရှင်တွေအားလုံးပူးပေါင်းပြီး နောင်တစ်ချိန်မှာ ဒါမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ အခုဖြစ်စဉ်က ဂိုဏ်းဖွဲ့ပြီး တော့ကို အာဆီယံနိုင်ငံတွေမှာ လုပ် လာကြတာဖြစ်နိုင်တယ်''ဟု အဆို ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အေတီအမ် စက်များမှ အလွယ်တကူ ငွေထုတ်နိုင် သည့်နည်းပညာသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်း ငယ်သာရှိသေးသည့်အတွက် နည်း ပညာပိုင်းတွင် အားနည်းမှုများရှိနိုင် သည်ဟု ယူဆကာ ယခုကဲ့သို့ ဝင် ရောက်လာခြင်းဖြစ်နိုင်သည်ဟု ဘဏ် လုပ်ငန်းအသိုင်း အဝိုင်းမှ စုံစမ်းသိရှိ ရသည်။

မြန်မာနိုင်ငံတွင်စတင်ဖြစ် ပေါ်နေပြီးဖြစ်သည့် ယခုကဲ့သို့ ဖြစ် စဉ်မျိုးသည်လည်း အာရှတိုက်တွင် သာမက အာဆီယံနိုင်ငံများတွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။

''ဒီရက်ပိုင်းကပဲ ကမ္ဘောဒီးယား မှာ အန်ကယ်တို့ဆီမှာလိုမျိုးဖြစ်သွား တယ်။ ဒါကိုလဲ အင်တာပိုက လိုက်လံ စစ်ဆေးနေပြီ။ ဒီဘက်က တာဝန်ရှိ သူတွေကလဲ မြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ဖြစ်စဉ်ကို အင်တာပိုကိုသတင်း ပို့ထားပြီးပြီလို့ သိရပါတယ်''ဟု ဆက် လက်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အေတီအမ်စက်များ တွင် ကတ်အတုဖြင့် ငွေထုတ်မှုများ ဖြစ်ပေါ်လာသဖြင့် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် လုံခြုံ ရေးပိုင်းဆိုင်ရာကို သက်ဆိုင်ရာမြို့ နယ်များ၏ နယ်ထိန်းများက အရပ် ဝတ်များဖြင့် စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဃန်း ကျွန်းမြို့နယ်ရဲစခန်းမှ နယ်ထိန်းသန်း စိုးက ''ဟုတ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ နယ်ထိန်းတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ ကျွန် တော်တို့အနေနဲ့လဲ နေ့ညအလှည့်ကျ စောင့်ကြည့်နေပါတယ်''ဟု ပြောသည်။

မကြာခင်ရက်အတွင်းက ကတ် အတုဖြင့်ငွေထုတ်ယူသူပြည်ပနိုင်ငံ သားနှစ်ဦးကို ဗိုလ်တထောင်ရဲစခန်း က နိုဝင်ဘာ၂၅ ရက်က(ပ)၁၆၆/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈ဝ ဖြင့် အမှုဖွင့်ကာစစ်ဆေးပြီး စီအိုင်ဒီသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းတို့နှစ်ဦးမှ တစ်ဦး သည် ငွေထုတ်ယူရာတွင် ကျန်ရှိ နေခဲ့သည့် ကတ်အချို့ကို ယင်းတို့ ငှားရမ်းထားသည့် တက္ကစီသမား အား ပြန်သွားယူခိုင်းခဲ့ကြောင်း၊ ယင်း မတိုင်မီအချိန်တွင် စက်မှ ဖောက် ထွင်းကာ ငွေထုတ်ခဲ့သူကို နည်းပညာ အကူအညီဖြင့် သိရှိခဲ့ပြီး သက်ဆိုင် ရာက ဖမ်းဆီးရန်စုံစမ်းနေစဉ် ယင်း တက္ကစီသမားမှတစ်ဆင့် ငွေထုတ် ယူသူ ပြည်ပနိုင်ငံသားနှစ်ဦးကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်ရှိသောအေတီအမ်စက်များကို အသုံးပြုနေ သည့် ဘဏ်များအနေဖြင့်လည်း အေ တီအမ်စက်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာတစ်ခုတည်းကိုအားကိုး၍မရနိုင်တော့သည့်အနေအထားကို တွေ့နေရပြီဖြစ်ကြောင်း၊ယင်းအတွက် သက်ဆိုင်ရာဘဏ်များ အနေဖြင့် အေတီအမ်စက်နှင့်ပတ် သက်ပြီး လုံခြုံရေးများကို ယခုထက် တိုးမြှင့်ကာ ဆောင်ရွက်ထားသင့်ပြီ ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီး တန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးသန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''ကမ္ဘောဇဘဏ်ကနေ ဖွင့်ထား တဲ့ အေတီအမ်စက်တွေကို အရင်တပ် ထားတဲ့ စီစီတီဗွီတင်မကဘူး။ အခုဆို ရင် သရီးဒီကင်မရာတွေပါ တပ်ဆင် ဖို့ ဆောင်ရွက်နေပါပြီ။ နောက်ပြီး လုံခြုံရေးအင်အားတွေကိုလဲ လက်ရှိ ထက် တိုးမြှင့်ဆောင်ရွက်ဖို့လုပ်ဆောင် နေပါတယ်။ ဘဏ်မှာအသုံးပြုနေတဲ့ နည်းပညာတွေကို ကမ္ဘာ့အကောင်း ဆုံး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။လုံခြုံစိတ်ချမှုနဲ့ပတ်သက်လာရင်အလား တူကိစ္စမျိုးတွေထပ်ဖြစ်လာရင်လဲ ချက်ချင်းဖမ်းမိနိုင်ဖို့ ကမ္ဘာမှာ အ ကောင်းဆုံးဆိုတဲ့ စက်ပစ္စည်းတွေကို ပဲ ဆက်လက်အသုံးပြုသွားမှာပါ''ဟု ကမ္ဘောဇဘဏ်လုံခြုံရေးနှင့် ပတ်သက် ပြီး ယင်းက ဆက်လက်ပြောသည်။

/

ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်စက်များတွင် ငွေထုတ်ယူနေသူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

   
အစိုးရ စစ်ကြောင်းတခု

တိုင်းရင်းသားဒေသ အနှံ့အပြားမှာ ဖြန့်ကျက်နေရာချထားတဲ့ မြန်မာအစိုးရတပ်မတော် စစ်စခန်းတွေ အမြန်ဆုံး ရုပ်သိမ်းဖို့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်းတွေ အစုလိုက် အပြုံလိုက် သေကြေဒဏ်ရရခဲ့တဲ့အတွက် ကချင်လူထုအခြေပြုအဖွဲ့အစည်း ၁၅ ဖွဲ့က ဒီပစ်ခတ်မှုကို ရှုံ့ချပြီး အစိုးရတပ်တွေ ဆုတ်ခွါ သွားဖို့ တောင်းဆိုထားတာပါ။

ကချင်ဥပဒေအထောက်အကူပြုကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်နောင်က “အဓိက ပြဿ နာ တွေ ဖြစ်နေတာကတော့ ထိုးစစ် ဆင်ဖို့ ပြင်ဆင်ထားတဲ့ စစ်စခန်းတွေဟာ ကျနော်တို့ အထူးသဖြင့် ကေအိုင်အေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့အတွက် ဒီလိုပြဿ နာဖြစ်တာပေါ့။ ဒီလိုသာ ဆက်ရှိနေတယ်ဆိုရင် နောက်ထပ်လည်း ဘယ်လိုအချိန်မှာ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ကျနော်တို့ ပြည်သူလူထုတွေတောင်မှ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ အထူးသဖြင့် မြစ်ကြီးနား မြို့စွန်ဘက်ဆို ဘယ်တော့ ထွက်ပြေးရမလဲဆိုတာ တွေးပူပြီး ရိက္ခာတွေ အရေးပေါ်ပစ္စည်းတွေ ဘာတွေ စုဆောင်းနေကြတယ်။ ဒါကြောင့် တိုင်းရင်းသားဒေသမှာ ရှိတဲ့ စစ်စခန်းတွေ ရုပ်သိမ်းသွားဖို့ တောင်းဆိုတာပါ”လို့ ပြောပါတယ်။

အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ဗိုလ်လောင်းတွေ ထိခိုက်သေကျေရတာဟာ သမိုင်းတွင် သွေးစွန်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ပျက်ပြားစေကြောင်း၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ အတွက် အစိုးရမှာ တာဝန်ရှိကြောင်း ကချင်အဖွဲ့အစည်းတွေရဲ့ နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတောင်းဆိုချက်ကို ကချင်ဥပဒေအထောက်အကူပြု ကွန်ရက်အဖွဲ့အပြင်၊ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်၊ ပညာတံခါး၊ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး၊ ကချင်အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ ကျောင်းသားသမဂ္ဂနဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့အစရှိတဲ့ အဖွဲ့ပေါင်း ၁၅ ဖွဲ့က ပြီးခဲ့တဲ့ အပတ်က မြစ်ကြီးနားမှာ လာရောက်ဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရတပ်ဘက်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာ ဖြစ်ကြောင်း၊ ဒါဟာ စစ်ရေးသဘောအရ ဖြစ်လေ့ဖြစ်ထ ရှိလေ့ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ် ထိခိုက်မှုမရှိကြောင်း ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်တုံ့ပြန် ပြောကြား ခဲ့ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/72434

ကွန်နာကရီ၊ နိုဝင်ဘာ ၃ဝ

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စမ်းသပ်သည့်နည်းသစ်သည် ၁၅မိနစ်အတွင်း အဖြေထွက်ကြောင်း၊ ထိုနည်းသစ်ကို ဂီနီတွင် စမ်းသပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုစမ်းသပ်နည်းသည် လက်ရှိ အသုံးပြုနေသည့်နည်းထက် ခြောက် ဆပိုမြန်သည်ဖြစ်ရာ အီဘိုလာရော ဂါ ကူးစက်ဖြစ်ပွားသူများကို အရှိန် မြှင့်၍ စမ်းသပ်ပေးနိုင်မည်ဖြစ်သည်။ ထိုနည်းသစ်ကို ဂီနီနိုင်ငံ၏မြို့တော် ကိုနာကရီရှိ ဆေးရုံတစ်ရုံတွင် လက် တွေ့စမ်းသပ်ကြည့်မည်ဟု သိရသည်။

အီဘိုလာရောဂါပိုးကူးစက်ခြင်း ရှိ၊ မရှိ စောစီးစွာစမ်းသပ်နိုင်လျှင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို ဆောလျင်စွာပြုလုပ်နိုင်မည့်ပြင် ဆေး ကုသပေးခြင်းကိုလည်း အလျင်အမြန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ရောဂါကူးစက်မှုရှိ၊ မရှိ လျင်မြန်စွာ စမ်းသပ်နိုင်ခြင်းဖြင့် ရောဂါကူးစက် မှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ် သည်။

အာဖရိကအနောက်ပိုင်းနိုင်ငံ များတွင် အီဘိုလာရောဂါကြောင့် လူ ၅၆ဝဝကျော် သေဆုံးနေစဉ် ယခုကဲ့ သို့ ရောဂါကူးစက်မှု ရှိ၊ မရှိ စမ်းသပ် သည့် နည်းသစ်ပေါ်ထွက်လာခဲ့ရာ လူ့ အကျိုးကိုကောင်းစွာဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ဆိုသည်။

အီဘိုလာရောဂါစမ်းသပ်နည်း သစ်ကို ဆီနီဂေါနိုင်ငံ ဒါကာရှိ ''ရွှေ့ ပြောင်း၍ရသော ခရီးဆောင်လက် ဆွဲသေတ္တာဓာတ်ခွဲခန်း''ကို အသုံးပြု လျက် ဂီနီတွင် စမ်းသပ်မည်ဟု ဆီနီ ဂေါနိုင်ငံ ဒါကာရှိ ဏျေအနကမ ဌာနမှ သုတေသီများဦးဆောင်သည့် သုတေ သီအဖွဲ့တစ်ဖွဲ့က ဆိုသည်။

ထိုရွှေ့ ပြောင်း၍ရသည့် ခရီးဆောင်လက်ဆွဲ သေတ္တာဓာတ်ခွဲခန်းကို အထောက် အကူပစ္စည်းနည်းသောနေရာတွင် လည်း အသုံးပြုနိုင်ရန် ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ထိုရွှေ့ပြောင်း၍ရသော ဓာတ် ခွဲခန်းတွင် solar panel တစ်ခု၊ ဘက်ထရီတစ်လုံးပါဓာတ်ခဲနှင့်ရလဒ် ကို ဖတ်သောကိရိယာနှင့်လက်တော့ပ် အသေးတစ်လုံးတို့ ပါဝင်သည်။

စမ်းသပ်ရာတွင်အသုံးပြုသည့် ဓာတ်စမ်းပစ္စည်းများကို လောက်စာ လုံး အခြောက်ကဲ့သို့ ရနိုင်သည်။

ဆို လိုသည်မှာ ထိုစမ်းသပ်ဓာတ်ပစ္စည်း များကို အခန်းတွင်းအပူချိန်၌ အသုံး ပြုနိုင်သည့်ပြင် သယ်ယူပို့ဆောင်နိုင် သည်ဟု သိရသည်။

လက်ရှိအသုံးပြုနေသည့် စမ်း သပ်နည်းအလားတူပင် စမ်းသပ်နည်း သစ်သည်လည်း ရောဂါပိုး၏မျိုးဗီ ဇပစ္စည်းများကို ထောက်လှမ်းနိုင် သည်။

Ref; Mail Online

#Democracytoday
Yangon media group

Mother of German MH17 crash victim sues Ukraine in EU court

ဘာလင် ၊ ၁-၁၂-၂ဝ၁၄

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လေကြောင်း ပိုင်နက် အတွင်း ဇူလိုင် ၁၇ ရက်က ပစ်ချ ခံရသော မလေးရှား လေကြောင်းပိုင် MH 17 ခရီးသည်တင်လေယာဉ်တွင် လိုက်ပါသွား ခဲ့သည့် ဂျာမနီ ခရီးသည် တစ်ဦး၏ မိခင် ဖြစ်သူက ဥရောပ လူ့အခွင့်အရေး ဆိုင်ရာ တရားရုံးတွင် ယူကရိန်း အစိုးရအား တရားစွဲဆို ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပျံ ပျက်ကျမှုတွင် ခရီးသည် အားလုံး သေဆုံးခဲ့ရခြင်း နှင့်စပ်လျဉ်း၍ ယူကရိန်း အစိုးရ အနေဖြင့် နစ်နာကြေး ယူရို ၈ဝဝဝဝဝ ပေးရန် အဆိုပါ အမျိုးသမီး က ပြီးခဲ့သည့် ရက်သတ္တပတ် က စထရပ်စ်ဘာ့ဂ် အခြေစိုက်တရားရုံးတွင် တရားစွဲဆို ခဲ့ကြောင်း Bild News သတင်းစာက ဖော်ပြ ခဲ့သည်။

မလေးရှား လေကြောင်းပိုင် MH 17 ခရီးသည်တင် လေယာဉ်တွင် ဂျာမနီနိုင်ငံသား လေးဦးတို့ အပါအဝင် ခရီးသည် ၂၉၈ ဦး လိုက်ပါခဲ့ပြီး လေယာဉ်ပစ်ချ ခံရမှုတွင် ခရီးသည် အားလုံး သေဆုံးခဲ့သည်။ ယူကရိန်း အစိုးရနှင့် အနောက်နိုင်ငံ များက လေယာဉ် ပစ်ချခံရ မှုသည် ရုရှားအစိုးရက ထောက်ပံ့သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ခွဲထွက်ရေး သမားများ၏ ပစ်ခတ်ခဲ့ခြင်းကို ခံခဲ့ရသည်ဟု စွပ်စွဲခဲ့သည်။ သို့သော် အဆိုပါ စွပ်စွဲချက် ကို ရုရှားအစိုးရ က ငြင်းဆိုထားသည်။

MH 17 လေယာဉ် ပစ်ချခံရမှု၌ ယူကရိန်း အစိုးရတွင် တာဝန်ရှိကြောင်း တရားလို အမျိုးသမီးက အခိုင်အမာ ပြောကြားခဲ့သည်။ ယူကရိန်း အစိုးရသည် ၄င်းတို့နိုင်ငံ၏ ပိုင်နက်အတွင်း လေယာဉ် ပျံသန်းခကို ရယူ ထားသည့် အတွက် ယင်းကိစ္စကို အပြည့်အဝ တာဝန်ယူသင့် သည်ဟု သူမက ဆိုသည်။ ယူကရိန်းနိုင်ငံ ၏ လေပိုင်နက် အတွင်း တစ်နေ့လျှင် လေယာဉ် အစင်း ၇ဝဝ နီးပါး ပျံသန်းပြီး အဆိုပါ လေယာဉ်များ၏ ဖြတ်သန်း ပျံသန်းခွင့် အတွက် တစ်လလျှင် ယူရိုသန်းပေါင်း များစွာကို အစိုးရက ရရှိကြောင်း Bild News သတင်းစာက ထပ်လောင်း ဖော်ပြခဲ့သည်။

အဆိုပါ တရားလို အမျိုးသမီး၏ ရှေ့နေဖြစ်သူ ဂျာမနီနိုင်ငံမှ ရှေ့နေ အယ်လ်မာဂီ မူလာ သည် လေကြောင်း ဥပဒေကို ကျွမ်းကျင်သူ ဖြစ်သည်ဟု သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/mh-17.html

 
 ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ကန့်ကွက်သူတွေကို ရိုက်နှက်လူစုခွဲ နေတဲ့ ရဲအရာရှိတွေ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၄)

ဟောင်ကောင်ကျွန်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံး စိုက်ရာနေရာ ကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့ အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါဟာ ဆန္ဒြုပသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ပေါ်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း Mong Kok အရပ်မှာရှိတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေနဲ့ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအ၀င် လူအတော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အင်အားနည်းလာနေပြီ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအပေါ် လူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပြီလို့ မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း အတော်များများမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/hong-kong-protesters-crashed-with-police-again-/2540567.html

နိုင်ငံခြား သင်္ဘောများတွင် သွားရောက် အ လုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ သင်္ဘောသားများ၏ လစာကို ပြည် တွင်းရှိ သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းအချို့မှ ခေါင်းပုံဖြတ်နေမှု များ ဖြစ်ပွားနေကြောင်း မြန်မာ့ပင် လယ်ရေကြောင်းအလုပ်သမားများ အဖွဲ့ချုပ် (MMWF)မှ သိရသည်။

''အုံနာပေးတဲ့လစာထက်လျှော့ ချုပ်ပြီး သင်္ဘောသားတွေပေါ်မှာ လ စဉ်ခေါင်းပုံဖြတ်တဲ့ကိစ္စတွေရှိတယ်။ သင်္ဘောသားတွေက မသိကြဘူး။ နာ မည်ကြီးလိုင်းတစ်ခုဆိုရင် အုံနာက ဒေါ်လာ ၁၇ဝဝပေးရင် သင်္ဘောသား ကို ၁၁ဝဝပဲပေးတယ်။ သင်္ဘောသား ဦးရေထောင်နဲ့ချီပြီးတော့ကို လုပ်နေ တယ်''ဟု MMWF မှ အထွေထွေ အတွင်းရေးမှူး(၁)ဦးရဲဝင်းထွန်းက ပြောသည်။

ပြည်တွင်းရှိ သင်္ဘောသားစု ဆောင်းခြင်းနှင့်အလုပ်နေရာချထား ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း (S.R.P.S) အချို့မှာ လစာခေါင်းပုံဖြတ် မှုများအပြင် ကုမ္ပဏီများမှသင်္ဘော သားများ ရသင့်ရထိုက်သည့်လစာ ကို ၄င်းတို့ထံသို့ပေးအပ်ပြီးဖြစ်သော် လည်း သင်္ဘောသားများမရရှိသည့် အဖြစ်မျိုးဖြစ်ပွားခဲ့ပြီး တာဝန်ယူဖြေ ရှင်းပေးမည့်အဖွဲ့အစည်းများအား နည်းနေသေးကြောင်း သိရသည်။

လစာခေါင်းပုံဖြတ်ခံရသည့်ကိစ္စ ကိုလည်း သင်္ဘောသားများအနေဖြင့် တိုင်ကြားမှုနည်းပါးလေ့ရှိသည်။

''တကယ်လို့ ကျွန်တော်တို့သာ တိုင်တယ်ဆိုရင် ကျွန်တော်တို့ကို ဝန်ဆောင်မှုလုပ်ငန်းတွေက အလုပ် ပြန်မခန့်တော့တာတွေအပြင် တခြား ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ဆက် သွယ်ပြီး ကျွန်တော်တို့ကို အမည် ပျက် သွင်းပစ်တာမျိုးတွေရှိတယ်။ အဲဒါကြောင့် တိုင်ကြားမှု နည်းတာ ပါ''ဟု အမည်မဖော်လိုသူ သင်္ဘော သားတစ်ဦးကပြောသည်။

ZMO(MMK)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

ဓာတ်ပုံ ဆရာ အလွန်တော်ပါတယ်.. လူကြီးကဒေါ် ကြိုဆို
ပုံ စတိုင်အသစ် ကို သေချာရိုက်ထားတာ.. စစ်သားမိန်းမဆိုတော့ သတိတခါထဲဆွဲထားတာ..
 

နော်ဝေနိုင်ငံ ရဲ့ ပဉ္စမမြောက် ဟာရားလ် ဘုရင် နဲ့ မိဖုရား ဆွန်ယာတို့ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံ ကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဆိုက်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နော်ဝေ နိုင်ငံ အနေနဲ့ အစဉ်တစိုက် အားပေးကူညီ မှုတွေ ရှိခဲ့ပြီး၊ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ ကန့်သတ် မှုတွေကို ဥရောပ နိုင်ငံ တွေထဲမှာ နော်ဝေက ပထမဆုံး ဖြေလျှော့ ပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

၂ နိုင်ငံ အကြား ဆက်ဆံရေး တိုးတက် လာတဲ့ လက္ခဏာ အဖြစ်၊ ၂၀၁၂ ခုနှစ် ထဲမှာပဲ အဲဒီ့ အချိန်က နော်ဝေ ဝန်ကြီးချုပ် ယဲန်စ် စတောလ်တင်းဘာ့ဂ် မြန်မာပြည် ကို လာရောက်ခဲ့ပြီး၊ ရန်ကုန်မှာ နော်ဝေ သံရုံးလည်း ဖွင့်လှစ် နိုင်ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်လည်း ဒီနှစ် အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဥရောပ ခရီးစဉ်ထဲမှာ နော်ဝေ နိုင်ငံကို ဝင်ရောက် ခဲ့ပါတယ်။

အခု နော်ဝေ ဘုရင်ရဲ့ ခရီးစဉ်မှာ အစိုးရ ဝန်ကြီးတွေနဲ့ အတူ၊ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့လည်း ပါဝင် လာပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2014/11/141130_norway_king_visit

ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားမည်
================================================

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ

နိုင်ငံတော် သမ္မတ၏ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော နော်ဝေ နိုင်ငံ၏ ပဉ္စမမြောက်ဘုရင် ဟာရယ်လ် သည် ၄င်း၏ခရီးစဉ်အတွင်း ရန်ကုန် တက္ကသိုလ်မှ ကျောင်းသားများအတွက် နော်ဝေပညာသင်ဆုများ ပေးအပ် ချီးမြှင့်သွားရန်လည်း အစီအစဉ်ရှိ ကြောင်း အဆိုပါ တက္ကသိုလ်ပါမော က္ခချုပ် ဒေါက်တာအောင်သူထံမှသိ ရသည်။

နော်ဝေဘုရင်အနေဖြင့် ဒီဇင် ဘာ ၂ရက် ရန်ကုန်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမသို့ လာရောက်ကာ နံနက် ၁ဝ နာရီမှ ၁ဝ နာရီ ၄၅ မိနစ်အထိ မိန့်ခွန်းဟောပြောမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်သူက ''တခြား နိုင်ငံတွေနဲ့ တက္ကသိုလ်အချင်းချင်း MoUေ ရေးထိုးပြီး ချိတ်ဆက်ဆောင် ရွက်နေပေမယ့် နော်ဝေနဲ့က ပူးပေါင်း ဆောင်ရွက်တာမရှိသေးပါဘူး။ နော် ဝေဘုရင်က ဒီခရီးစဉ်မှာ ဘာသာ ရပ်နှစ်ခုအတွက်တော့ ပညာသင်ဆု ပေးသွားမယ်လို့တော့ သိရပါတယ်။ ပြီးတော့ ဒီမှာမိန့်ခွန်းပြောမယ်။ ဖိတ်တာကတော့ သူတို့အစီအစဉ် နဲ့ သူတို့ဆိုတော့ လူအတိအကျတော့ မသိရပါဘူး။ အမေရိကန်သမ္မတ အိုဘားမား လာတုန်းကလိုပါပဲ''ဟု ပြောသည်။

အဆိုပါ ချီးမြှင့်မည့်ပညာသင် ဆုများမှာ Humantarian ဘာသာရပ် နှင့် History ဘာသာရပ်တို့ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံ့ ခေါင်းဆောင်များဖြစ်သည့် မွန်ဂိုလီ ယားသမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂ဝရက်ကလည်း ကောင်း၊ အမေရိကန်သမ္မတမစ္စတာ ဘားရက်အိုဘားမားသည် ၂ဝ၁၃ နိုဝင်ဘာ ၁၄ရက်နှင့် ယခုနှစ် နို ဝင်ဘာ ၁၄ ရက်ကလည်းကောင်း မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရ သည်။

နော်ဝေဘုရင်မင်းမြတ် ဟာ ရယ်လ်နှင့် မိဖုရားဆွန်ယာတို့သည် မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်မှ ၅ရက်အထိ နေထိုင်ကြမည်ဖြစ်သည်။

AA

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

မာဒါဂါစကာနိုင်ငံကပညာရှင်တွေ အကြိတ်အ နယ်ဆွေးနွေးကြပြီး သူတို့စီမံချက်အိမ်သာ တွေကို ယင်လုံအိမ်သာအဖြစ်သတ်မှတ်လိုက် ကြပါတယ်။

အိမ်သာပုံစံတွေ အမျိုးမျိုးရှိခဲ့တဲ့နောက်က အဲဒီယင်လုံအိမ်သာဟာ မာဒါဂါစကာ ကျွန်းသားတွေအ တွက် အသင့်တော်ဆုံးပဲလို့ ဆရာဝန်တွေကလဲ ထောက် ခံကြပါတယ်''။

ကျွန်တော်တို့ WSSCC အဖွဲ့အစည်းရဲ့ အမှုဆောင် ဒါရိုက်တာက ဦးစီးကော်မတီဝင်များကိုတင်ပြပါသည်။ သူ့အစီရင်ခံစာကိုနားထောင်ပြီး ကျွန်တော်ပြုံးပြုံးလေး ပဲ မှတ်ချက်ပေးလိုက်ရ၏။

''မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က တည်းက ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် ယင်လုံအိမ် သာ (Fly Proof Latrine) တွေဆောက်မယ်လို့ သတ်မှတ် ဆောင်ရွက်ပါတယ်။

ဒါ့အပြင် ''လုံသုံးလုံ'' ဆိုတဲ့အသုံး အနှုန်းနဲ့စည်းရုံးပြီး ''ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ''ဆိုတဲ့ အချက်သုံးချက်နဲ့ ပြည့်စုံတဲ့အိမ်သာတွေကို ဆောက်ခဲ့ ကြပါတယ်''ဟု မှတ်ချက်ပေးရုံသာမက ''ဧရာဝတီမြစ်ဝ ကျွန်းပေါ်ရွာတွေက အိမ်သာတွေဆိုရင် ယင်လုံတာမှ စံပြပဲ။ အိမ်နောက်ဖေးကချောင်းပေါ်မှာ ခွဆောက်ထား တဲ့ အိမ်သာပေါ်ကနေရေထဲကို မစင်တိုက်ရိုက်စွန့်ချလိုက် ရင် ဘယ်ယင်ကောင်မှရေထဲကို ဒိုင်ဗင်ထိုးဆင်းပြီး မစင် မစားနိုင်ဘူး၊ လောက်မပေါက်နိုင်ဘူး'' ဟု ထပ် ကွန့်လိုက်၏။

သူတို့ကိုပြောပြနေရင်း ဒီမိုကရေစီတူဒေးသတင်း စာတွင် ရေးသားထားသောဆောင်းပါးတစ်ပုဒ်ထဲမှ အ မေကြီး၏မှတ်ချက်ကို ပြန်သတိရမိ၏။

''ဒီကောင်လေးနှယ် အားအားယားယား'ချေးလှောင် တဲ့အလုပ်ကို ခိုင်းရတယ်လို့၊ ဒီမှာက ရေတက်ရေကျ တစ်နေ့နှစ်ကြိမ်၊ ချောင်းရေကသိမ်းသွားတာသန့်လို့'' ဟူသောစကားပင်။ ဘီလူးကျွန်းချောင်းဆုံက အမေကြီး ပါ။ ချောင်းဆုံလိုကျွန်းပေါ်ကမြို့၊ ငပုတောလိုမြစ်ဝကျွန်း ပေါ် ရေတက်ရေကျရှိသောနေရာနှင့် ကျွန်းနိုင်ငံဖြစ် သော မာဒါဂါစကာတို့တွင် ဒေသခံတို့၏ အမူအကျင့်များ သည် တူမျှကြ၏။ လူတို့၏မစင်အညစ်အကြေးမှာ ရေတက် ရေကျနှင့်ပါသွားသည်ဖြစ်၍ မိမိတို့၏အိမ်နှင့် အိမ်ဝိုင်း ခြံဝိုင်းထဲတွင် အနှောင့်အယှက်မဖြစ်လှချေ။

အိမ်ပေါ်ကနေ နောက်ဖေးအစွန်ထုတ်ပြီး အိမ်သာ လုပ်လိုက်လျှင်ပင် အဆင်ပြေပြီဖြစ်၍ ချောင်းထဲဖြတ် သွားဖြတ်လာလှေစီးခရီးသည်များအနေဖြင့် ကြည့်ရှောင် ကြရုံသာရှိပါ၏။ သတိမထားမိလျှင်မူ ပြဿနာနှင့်ကြုံ ရတတ်၏။

ထိုသူများထဲတွင် အညာဒေသမင်းနေပြည်က စာဆိုဦးမင်းနှစ်ယောက်လည်း ပါမည်ထင်၏။ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့သည် လှေတစ်စင်းဖြင့် ခရီးသွားစဉ် ကြုံရသော အတွေ့အကြုံကို ဤသို့စာစပ်ခဲ့၏။

''မဆင်ဘဲ ဖြုန်းခနဲရွာ၊ အိမ်သာကမိုး''ဟူ၍ ဒွေးချိုး စပ်အခံပိုဒ်ကို တစ်ယောက်ကစပ်ခဲ့၏။ အိမ်သာကမိုးရွာ ကျသကဲ့သို့ တဖြန်းဖြန်းကျလာသောအရာကို ရည်ရွယ် ၍စပ်လိုက်၏။

နောက်တစ်ဦးက ''ခြေမမှန်၊ ရေပြန်ကိုစာဆိုတတ်သူ ရယ်၊ မိုးမှတ်လို့ချိုး'' ဟု အအုပ်ဒွေးချိုးချိုးလိုက်လေတော့ သည်။

စာဆိုက သိမ်မွေ့စွာနှုန်းတူပြုလိုက်သော''ရေပြန်'' ဆိုသည်မှာ လူ၏ 'ဆီး' ခေါ် 'သေး' ခေါ်သော အရာပင်ဖြစ်ပါ ၏။ လူဦးမင်းတစ်ယောက် အိမ်သာဟောင်းလောင်းက ဖြန်းခနဲ ကျလာသောဆီးများ ပေကျံသွားသည်ကို ''မိုးမှတ် လို့ချိုး'' ဟူ၍ပင် သရော်လှောင်ပြောင်ခံလိုက်ရလေသည်။

ကျွန်တော်တို့ မြန်မာပြည်တစ်ပြည်လုံးရှိ မြစ်စပ်၊ ချောင်းစပ်မှအိမ်သာများမှာ ထိုနည်း၎င်းပင်ဖြစ်ပါ၏။ အိမ်သာကတော့ အရှက်လုံအောင်ဆောက်ထားသည် ချည်းပင်ဖြစ်ပါသည်။ ရေထဲသို့ မစင်တိုက်ရိုက်ကျသွား သဖြင့် မစင်နံ့လည်းမရှိ၊ မစင်ပေါ်မှာ ပေါက်ဖွားမည့် ယင်ကောင်များလည်း အခွင့်အရေးမရနိုင်တော့ချေ။
သို့သော်မစင်များသည် မည်သို့ဖြစ်ပွားခဲ့ပါသနည်း။ ရွာခံများကတော့ အခုလိုရှင်းပြပါသည်။

''ဆရာရယ် အိမ်သာတက်ချိန်ဆိုရင် ရေထဲကငါးစင် ရိုင်းတွေကကြိုသိနေတယ်။ အောက်မှာစောင့်နေတာ အုပ်လိုက်ပဲ။ အိမ်သာကကျလာတဲ့ဟာတွေကို အလုအ ယက်စားကြတော့တာပဲ။ အဲဒီအချိန်မှာ ငါးဖမ်းရတာ အလွယ်ဆုံးပဲ။ ဆန်ခါနဲ့ခပ်လိုက်ရင်ကို ပိဿာလိုက်ရ နိုင်တယ်။ အချိန်ပိုစီးသော သူတို့ဗိုက်တွေက ဖောင်းနေ ရုံမကဘူး၊ ပါးစပ်ထဲမှာတောင် မစင်တွေပြည့်လျှံနေတတ် တယ်''

''ခင်ဗျားတို့က ဒီငါးစင်ရိုင်းတွေကိုဒီလိုပဲစားသ လား'' ဟု ကျွန်တော်၏အမေးကို
သူတို့က
''ဘယ်စားမှာလဲ၊ ခေါင်းဖြတ်၊ ဗိုက်နဲ့အူကိုဝိုက်လှီး ပြီးတော့မှ ငါးပိသိပ်တာပေါ့။ ကိုယ်မစားဘဲရောင်းရင် တော့ ဒီအတိုင်းဈေးထဲရောင်းလိုက်တာပဲ''ဟု ဆိုကြ၏။

အိမ်သာဗေဒပညာရှင်များကမူ မြစ်ဝကျွန်းပေါ်နှင့် ဇလား အိမ်သာကို လွမ်းဆွတ်ကြ၏။ ''ဟိုတုန်းကဆိုရင် ဇလား ထဲကိုလက်နဲ့ စွပ်စွပ်မည်အောင်နှိုက်ပြီး စမြင်းတုံးတွေ ရှာရတယ်။ ပုံးသတ်သတ်ခွဲထားပြီး ရောင်းစားလို့ရတယ်။ အဲဒီစမြင်းတုံးတွေကို ငါးမျှားချိတ်ကြီးတွေမှာချိတ်ပြီး မျှားလိုက်လို့ကတော့ ငါးကြီးတွေမိပြီပဲ။ ငါးတန်တွေက စမြင်းတုံးကိုကြိုက်မှကြိုက်'' ဟု မှတ်ချက်ပြု၏။

ဤတွင် လူ့မစင်နှင့်ရေနေငါးတို့၏ အီကော်လော် ဂျီ (Ecology) ကို ဆက်စပ်သင်ခန်းစာရပါ၏။ ငါးစင် ရိုင်း၊ ငါးတန်သည် အခြားငါးများထက်ဈေးချို၏။

ကျွန်တော်တို့က ဧရာဝတီမြစ်ထဲက ငါးများကိုအ စာကျွေးနေကြသည်မှာ နှစ်ပေါင်းထောင်ချီ၏။ ကိုယ့်ငါး ကိုယ်ပြန်စားကြသည်ဖြစ်၍ ပြဿနာမရှိ။
အခြားသူများစားဖို့ရောင်းချကြတော့မည်ဆိုလျှင်မူ ပြဿနာရှိလေသည်။ ထိုသို့သော ရေသတ္တဝါများတွင် ကပ်ငြိနေမည့် မစင်အညစ်အကြေးများမှာ ရောဂါပိုးစုံ ပါရှိလေမည်။ ဒေသခံတို့ခေါ်သော''ပင်လယ်အူနာ''ဆိုသည် မှာ ညစ်ညမ်းသော ပင်လယ်စာများ စားရာမှဖြစ်သော ရောဂါပင်။ အများစုက ဓာတ်မတည့်၍ သွေးမတည့်၍ ဗူနမါငခ ဖြစ်သည်ဟုထင်ကြသော်လည်း အမှန်မှာ ရော ဂါပိုးများကြောင့် ရောဂါရမည်က အဓိကဖြစ်လေသည်။

အထူးသဖြင့် အစိမ်းစား၍ကောင်းသော ကမာ၊ ပုစွန်၊ ရေဘဝဲ၊ ပင်လယ်ဖြူ စသည့် အကောင်များတွင် ရောဂါ ပိုးကို အစိမ်းလိုက်စားသကဲ့သို့ ဖြစ်တော့၏။ စဉ်းကော လုပ်၍စားသည်ဖြစ်စေ၊ အစိမ်းလိုက်လှီး၍စားသည့် ဆာ ရှီမိ (Sashimi) ဖြစ်စေ ရောဂါပိုးတွေကများ၏။ အချို့ က အအေးနှင့်ချက်ပြီးဟု ယူဆကာ အအေးလွန်ခန်း (Deep Freeze) တွင်းမှထွက်လာသော ငါးများ၊ အသား များကိုစားသုံးတတ်ကြ၏။ အလွန်သန့်ရှင်းသောရေနှင့် ရေသတ္တဝါများမှသာ စိတ်ချရလေသည်။ ဖမ်းသည်မှ ပါးစပ်ထဲရောက်သည်အထိ ကျန်းမာရေးနှင့်ညီသော လုပ် ငန်းစဉ်များကို တိကျစွာလိုက်နာရလေသည်။

ဗိုင်းရပ်စ်ပိုးများသည် အေးခဲခြင်းဖြင့် မသေ။ အချို့ ဗက်တီးရီးယားနှင့် အခြားပိုးများသည်လည်း အလွန်အေး ခဲနေချိန်တွင်မပွားဘဲ ငြိမ်နေလေသည်။ ယင်းကိုနွှေးလိုက် သည့်အခါမှထ၍ ပွားကြ၏။ အချို့ပိုးများမှာမူ အပူချိန် ကြောင့်ပွားရာမှ သေသွားသည့်အချိန်တွင် အဆိပ်များ ချန်ခဲ့ကာ အစာအဆိပ်သင့်စေ၏။

ကျွန်တော်တို့နှင့်အတူ လေ့လာရေး၊ ဖျော်ဖြေရေး ထွက်လာကြသော အဖွဲ့ဝင်များသည် လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ဖျာပုံမြို့နယ် သမိန်ထောရွာသို့ ရောက်ခဲ့ ကြ၏။ နေ့လယ်စာအဖြစ် ကဏန်းများ ကျွေးသောအခါ အားရပါးရစားခဲ့ကြလေသည်။ ပေးထားသောတုတ်ချောင်း များဖြင့် ရိုက်ကာထုကာစားလိုက်ကြပြီး မကြာမတင်ပင် အော့အန်မှုစ၍ ဝမ်းလျှောမှုဆက်ကာ ခွေကုန်ကြလေသည်။ လူတစ်ရာခန့်ပါသည်ဖြစ်ရာ ကျွန်တော်လည်း ဆေးကု၍ မနိုင်။ သမိန်ထောကျေးလက်ကျန်းမာရေးဌာနရှိ ဆေး များလည်း ကုန်လေတော့၏။ ဆေးကုန်သည်ထက် ဆိုးရွား သော နောက်ဆက်တွဲမှာ လေကုန်ကြသည့်ကိစ္စဖြစ်၏။

လေမှုတ်တူရိယာပညာရှင်များဖြစ်သော ကိုတင်သိန်းတို့ အဖွဲ့သည် တူရိယာမှုတ်စရာလေအားမရှိ၍ အခက်တွေ့ လေ၏။ ညဘက်တွင်ဖျော်ဖြေရန် စီစဉ်ထားသည့် ဖျာပုံ မြို့ပေါ်ဖျော်ဖြေပွဲမှာ ပြဿနာဖြစ်လေတော့၏။

မြန်မာ့ကမ်းရိုးတန်းသည် ရှည်လျားလှ၏။ ကျွန်တော် တို့ပင်လယ်သည် အပြောကျယ်၏။ ကျွန်တော်တို့မှာ မြစ်ကြီးငါးသွယ် မြစ်ငယ်ထောင်ချီရှိ၏။ ရှိသမျှရေထဲ တွင် ရေသတ္တဝါတွေရှိနေသးသရွေ့က ကောင်းနေမည်သာ ဖြစ်၏။ ရေသတ္တဝါတွေမှာလည်း နေစရာစားစရာ အလွန် ပေါသေး၏။ (ဒီရေတောနေ သတ္တဝါတွေအတွက်မူ ထို အချက်သည်မမှန်)မှန်သောအချက်ကား ရေသတ္တဝါတို့၏ စားစရာများထဲတွင် လူတို့မစင်များ တစ်ပုံတစ်ပင်ကြီး ပါဝင်နေခြင်းပင် ဖြစ်တော့၏။

မနှစ်က ကျွန်တော်တို့ကောင်စီသည် (Water Supply and Sanitation Collaboration Council) ယူဂန္ဓာရွာတွေမှာ မြန်မာနိုင်ငံကရွာတွေအတိုင်း ထူးမခြား နား၊ သည်နှစ်ထဲတွင် မာဒါဂါစကာကျွန်းနိုင်ငံကိုထောက် ပံ့ကြ၏။
ကျွန်တော်သည် WSSCC ၏ဦးစီးကော်မတီဝင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ နိုင်ငံပေါင်းရာချီ သည့်ဒေသကိုယ်စားလှယ်များ၏ ရွေးကောက်တင်မြှောက် မှုကြောင့် သုံးနှစ်သက်တမ်းထမ်းဆောင်ခွင့်ရခဲ့၏။

ယခု နှစ်တွင် ပထမသက်တမ်းကုန်ဆုံးပြီဖြစ်၍ ဒုတိယသက် တမ်း(နောက်ဆုံး) အဖြစ် အရွေးခံရန်စဉ်းစားနေဆဲဖြစ် ပါသည်။ မိမိအတွက် စဉ်းစားချင့်ချိန်သော်လည်း မိမိ နိုင်ငံအတွက် အထောက်အပံ့ရရန် အကြိမ်ကြိမ်ကြိုးစား ခဲ့ပါ၏။

သို့သော်၊ သို့သော်....

၂ဝ၁၂ခုနှစ်စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ရေနှင့်အိမ်သာအဆင့်အတန်းမှာ ကမ္ဘာ့ထိပ်တန်းရောက် သွားခဲ့လေပြီ။

ထောင်စုနှစ်ရည်မှန်းချက်ကို သုံးနှစ်စော၍ ပြည့်မီခဲ့လေပြီ။ နယ်သာလန်တို့၊ နော်ဝေတို့နှင့်မြန်မာ တန်းတူဖြစ်နေ၍ မည်သူက ကူညီပါဦးမည်နည်း။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.