12/06/14


ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံ ခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေ က အဲ့ဒီပြစ်မှုကို လက်ရှိ ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန် ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်း ခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိ ချက်တွေ ပေးအပ်ခဲ့ ပါတယ်။

သက်သေ အထောက်အထားတွေအရ စက်တင်ဘာလ က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီလူသတ်မှုကို မြန်မာနိုင်ငံသား ကိုဇော် လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန် ခဲ့ကြောင်းပေါ်လွင် ထင်ရှားပါတယ်လို့ မိသားစုဝင်တွေက သောကြာနေ့ မနေ့က ပြောပါတယ်။ ဒါပေမယ့်မိသားစုဝင်တစ်ဦး ကတော့ နှစ်ဖက်သက်သေ ထွက်ချက်တွေကို စောင့် ကြည့်လေ့လာသင့်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံသား ၂ ဦးက အဲဒီ လူသတ်မှုကိုသူတို့ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညှင်းပမ်းနှိပ်စက်ပြီးအဓ္ဓမ ဝန်ခံခိုင်းခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဒီအမှုကို တနင်္လာနေ့ မှာထိုင်းနိုင်ငံတရားရုံးက စတင်ကြားနာစစ်ဆေးမှာဖြစ် ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

မြန်မာပြည်ကို အလည်အပတ် ရောက်ရှိနေတဲ့ နော်ဝေးဘုရင် Harald နော်ဝေးဘုရင်မ Sonja။
မြန်မာနိုင်ငံကို အလည် ရောက်ရှိ လာတဲ့ နော်ဝေးဘုရင် Harald နဲ့ မိဖရားကြီး Sonja တို့ မြန်မာနိုင်ငံ မန္တလေး သွားမှာဖြစ်တာကြောင့် မန္တလေး ဂေါ်ဝိန် ဆိပ်ကမ်းမှာရှိတဲ့ ဆင်းရဲသားတွေ နေထိုင်ရာနေရာ နေရာတွေကို အစိုးရ အာဏာပိုင်တွေက အတင်းအဓမ္မ ဖျက်ဆီး ပစ်လိုက်တာပါ။ ဒီ့အတွက် မန္တလေး ဒေသခံတွေကြားမှာလည်း မကျေနပ်မူတွေနဲ့ ဂယက်ရိုက်ခတ်မူတွေ ရှိနေပါတယ်။ အစိုးရ အနေနဲ့ စီမံခန့်ခွဲမူတွေ အားနည်းပြီး ဆင်းရဲမွဲတေမူတွေ ကို ဖြေရှင်းတာဟာ နည်းလမ်းမမှန်ပဲ လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ် ။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်အဖြစ်ရောက်ရှိလာတဲ့ နော်ဝေဘုရင် ဟာရယ်နဲ့ မိဘုရား မလာရောက်ခင် ၃ရက်ခန့်ကပဲ မန္တလေးဂေါ်ဝင်ဆိပ်ကို အမှီပြုပြီး နေထိုင် စားသောက်နေရတဲ့ အိမ်ထောင်စုတွေနေထိုင်ရာ ကျုးကျော် အိမ်ယာတွေကို အာဏာပိုင်တွေက အတင်းအကြပ် ဖယ်ရှားပစ်ခဲ့တာပါ။ ဒီ့အတွက် နေထိုင်စရာ မရှိလို့ ပြည်သူတွေအတွက် အခက်အခဲတွေရှိနေတဲ့ အကြောင်း မြို့ခံလူထု ကတော့ဒီဖြစ်ရပ်ဟာ ရုပ်ပျက်ဆင်းပျက် လုပ်ရပ် အဖြစ် မကျေမနပ်ဖြစ်နေကြောင်း မြို့ခံတဦးက ဆိုပါတယ်။

"အဲ့ဒီ့နားက သူတွေကတော့ ကစဥ့်ကလျားဖြစ်ကုန်တာပေါ့ နေရထိုင်ရတာတွေ အဆင်မပြေပဲ ဖြစ်ကုန်ကြတယ်လေ။ မြေယာတွေက သင်္ဘောဆိပ်ပေါ့။ ဂေါဝိန် သင်္ဘောဆိပ်ဆိုတာ ရှေးတုန်းကလည်း ရှိတာပါ။ ရှေးတုန်းက ရှိပေမဲ့ သင်္ဘောဆိပ်မှာက သူတို့တတွေက ကုတ်ကပ်ပြီး အလုပ်လုပ်နေကြတာလေ။ ဟို.. နော်ဝေဘုရင်ကြီးတွေ လာမယ်ဆိုတဲ့အခါကျတော့ ဇွတ်အတင်းဖျက်ခိုင်း တာလေ။ အဲ့ဒီ့နေရာတွေက သူတို့ ခွင့်ပေးထားတုန်း ကတော့ ပေးထားတယ်။ တဲအိုတဲပျက်ကလေးတွေနဲ့ လတ်တလောမှာတော့ သူတို့ ဘာမှလဲ ဆောင်ရွက်မပေးတဲ့အခါကျတော့ သူတို့အတွက်က တော်တော်လေးကို သနားစရာပဲ။ အင်း ဖျက်တဲ့အချိန်မှာ လူတွေက ငိုကြ၊ ယိုကြပေါ့။ အဲ့လို ဒုက္ခတွေ ခံစားနေရတယ်။ ပြည်သူလူထုအနေနဲ့ က ဒါတွေက အတင်းအဓမ္မကြီး ဖျက်ခိုင်းတယ်ဆိုတာအပေါ်မှာတော့ မကျေနပ်ကြဘူးပေါ့။"

မန္တလေးမှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို အတင်းဖယ်ရှားပစ်ခဲ့တာနဲ့ ပတ်သက်လို့ နော်ဝေးနိုင်ငံခြားရေး ဌာနက မြန်မာအာဏာပိုင်တွေကို ကန့်ကွက်စာပေးပို့တယ် လို့ နော်ဝေးနိုင်ငံရဲ့ NRK ဆိုတဲ့ သတင်းတရပ် မှာ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်းသတင်းမှာ ရေးသားပါတယ်။

မန္တလေးမြိုခံ နောက်တဦးကတော့ ဒီလိုဖြစ်ရပ်ဟာ အထက်နဲ့အောက် အဆင့်ဆင့် တာဝန်ရှိသူတွေဟာ ဆင်းရဲသားတွေရဲ့  ပြဿနာကို သေချာလေ့လာခြင်း မရှိကြောင့် အောက်ခြေအဆင့် အာဏာပိုင်တွေက ကျုးကျော် တဲတွေနေထိုင်သူတွေ ကို လိုသလို ငွေကြေးကောက်ခံပြီး နေထိုင်ခိုင်းရာကနေ အခုလို ပြဿ နာတွေ ဖြစ်လာရတယ်လို့ ပြောဆိုပါတယ်။

"ကျနော်တို့ အုပ်ချုပ်သူတွေ၊ ဝန်ကြီးချုပ်တွေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာက ဆင်းရဲမွဲတေမှုတွေက အများကြီးရှိနေတယ်။ ရှိနေတဲ့အတွက် ဒါတွေက ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဝန်ကြီးချုပ်တွေကလည်း အောက်ခြေက လူတွေ ပုံစံတွေ လုပ်နေတာတွေကို သူက မသိဘူး။ အောက်ခြေဆိုရင် လောလောဆယ် နံပတ်တစ်က စည်ပင်ပေါ့ဗျာ။ စည်ပင်က ငွေရေးကြေးရေးတွေ ကောက်တယ်။ ကောက်ပြီးတော့ အထက်ကို တင်တာတွေ မရှိဘူး။ အဲ့တာကြောင့် ကျနော်တို့ အောက်ခြေမှာ ဖြစ်နေတာတွေက စည်ပင်နဲ့ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်ပေါ့။ "

မန္တလေးမြို့မှာတော့ အခုလိုမျိုး ဆင်းရဲသား ကျုးကျာ်နေထိုင်သူတွေကို နေရာထိုင်ခင်း စီစဉ်ပေးတာမျိုး မရှိပဲ ဖယ်ရှားခိုင်းချင်တဲ့အခါ ဖယ်ရှားခိုင်းနေတဲ့အတွက် လူအခွင့်ရေး ချိုးဖောက်မှု အဖြစ် မြို့ခံတချို့ကလည်းဆိုပါတယ်။

" အစိုးရ စီမံခန့်ခွဲမှုတွေကလည်း ဒီလို ဇွတ်အတင်းလုပ်တာတွေက မြန်မာပြည်က လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘာမှကို စောင့်ရှောက်တာမျိုး ကြည့်တာမျိုးကို မရှိသလောက်ပဲ။ အဲ့တော့ ပြောမယ်ဆိုရင်ဒီလိုလုပ်တာမျိုးတွေကို အန်ကယ်လ်တို့အမြင်နဲ့ကတော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ လုပ်တယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်တယ်လို့ပဲ မြင်တာပေါ့။ မန္တလေးမြို့မှာလည်း ဒီလို အခြေအနေမဲ့တွေက ဆင်းရဲသားလူတန်းစားတွေ မြို့ပတ်လည်မှာ အများကြီးရှိတာပဲ။ အများကြီးရှိတယ်။ အများကြီးရှိတယ်။ တချို့တော်တော်များများ ဆိုရင်လည်း ဒီလိုအဖျက်ခံရလို့ ငိုကြ ။ ယိုကြဆိုတာတွေရှိတယ်။ ဘာမှ နောက်ကနေ ကယ်ဆယ်စောင့်ရှောက်တယ် ဆိုတာမျိုး သိပ်မရှိဘူး။ ဆင်းရဲသားတွေကို နေစရာထိုင်စရာပေး သူတို့အတွက် အားလုံး အဆင်ပြေလောက်အောင် ဆောင်ရွက်ပြီးမှသာလျင် အခုလိုဖျက်တယ်ဆိုတာ ကောင်းတာပေါ့။ အခုကျတော့ လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် တော်တော်ဆုံးရှုံးခံရတဲ့သဘောရှိတယ်။ "

မြန်မာတနိုင်ငံလုံးမှာ သိန်းနဲ့ချီရှိတဲ့လူတွေဟာ အခုလိုပဲ ကျုးကျော်နေထိုင်တယ်လို့ ဆိုပြီး ဖယ်ရှားခံနေရတာပါ။ သူတို့ရဲ့ ဆင်းရဲမွဲတေမူပြသနာတွေ ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့ အရင်းအမြစ်ကို တော့အစိုးရက ဖြေရှင်းနိုင်မူ အားနည်းနေပါတယ်။ နော်ဝေနိုင်ငံရဲ့ သတင်းတွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း သတင်းတွေ မှာ ရေးသားနေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2547743.html


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဟာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ၈ လကျော်ကြာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ သင်္ဃန်းကျွန်း မိကျောင်းကန်ရပ်ကွက်က ဒေသခံ တွေကို ဒီဇင်ဘာလ ၄ ရက်နေ့က သွားရောက်အားပေးခဲ့ကြပါတယ်။

RFA


နော်ဝေဘုရင် မန္တလေးကို ရောက်မလာခင်မှာ ဧရာဝတီမြစ်ကမ်းတလျှောက် ဂေါဝန်ဆိပ်ကမ်းမှာရှိတဲ့ ကျုးကျော်အိမ်ခြေတွေနဲ့ ဆင်းရဲသားတွေကို မြန်မာအာဏာပိုင်တွေက ရွှေ့ပြောင်းလိုက်တဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြောင်းလဲမှုဟာ အတော်လိုအပ်နေသေးတယ်လို့ ယုံကြည်ကြောင်း နော်ဝေဘုရင် ဟာရယ်က ပြောကြားလိုက်ပါတယ်။
.
Credit : DVB TV - 05.12.2014

KIO ဌာနချုပ်အနီးရှိ ခရာဘွမ် တောင်ကြောတစ်လျှောက်ရှိ အစိုးရတပ် မတော်မှ ချထားသော စစ်စခန်းများကို ရုပ်သိမ်းမိန့် ထုတ်ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံသို့ အရပ်ဘက်အဖွဲ့အစည်း တစ် ရာကျော်က နိုဝင်ဘာ ၂၇ ရက် နှင့် ၂၉ ရက်တို့တွင် နှစ်ကြိမ် စာ ပေးပို့တောင်း ဆိုထားကြောင်း သိရသည်။

အစိုးရတပ်မတော်သည် နိုဝင်ဘာ ၁၉ ရက်က KIO ဌာနချုပ်အနီးရှိ KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းကြောင့် အရာရှိလောင်း ၂၃ ဦး သေဆုံးခဲ့ပြီး သင် တန်းသားနှင့် နည်းပြ စုစုပေါင်း ၂ဝ ဦး တို့ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ခရာဘွမ် တောင်ကြောတစ်လျှောက်ရှိ အစိုးရတပ် မတော်၏ စစ်စခန်းများကို ရုပ်သိမ်းပေး ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အဖွဲ့အစည်းအား လုံးက ငြိမ်းချမ်းရေးအတွက်ပဲ တောင်း ဆိုတာပါ။ ဘယ်သူ့ဘက်မှ ပါပြီးတော့ တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လဲ ကျွန် တော်တို့ အဖွဲ့အစည်းတွေရဲ့ တောင်း ဆိုမှုကို လက်ခံပေးမယ်လို့ မျှော်လင့်ပါ တယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့မှ ဦးဒေးဗစ်လှမြင့်က ပြောသည်။

အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက် ပြီး ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၅၄ ဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်က ကာ ကွယ်ရေးဦးစီးချုပ်ထံသို့ စာပေးပို့တောင်း ဆိုခဲ့ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၁၂ ဖွဲ့ကတော့ နိုဝင်ဘာ ၂၇ ရက်တွင် ပေးပို့တောင်းဆိုထားကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းများမှ ပေးပို့ တောင်းဆိုထားသော အချက်များမှာ အ မြောက်ဖြင့် ပစ်ခတ်ခဲ့သောဖြစ်စဉ် ဖြစ် ရပ်အမှန် ပေါ်ပေါက်ရေးအတွက် နိုင်ငံ တကာ အဖွဲ့အစည်းများအပါအဝင် လွတ် လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းစစ်ဆေးပြီး တိုင်းပြည် သို့ ထုတ်ပြန်ပေးရန်၊ တပ်မတော်အနေ ဖြင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန် ကာလအတွင်း အလစ်အငိုက် တိုက် ခိုက်သော စစ်ရေးလုပ်ဆောင်မှုများ မ ဖြစ်ပေါ်စေရေး တာဝန်ယူရန်၊ အစိုးရစစ် တပ်၏ ထိုးစစ်၊ တိုက်စစ်များရပ်ဆိုင်း၍ သိမ်းပိုက်ထားသော စစ်စခန်းများမှ ဆုတ်ခွာပေးရန်၊ တပ်မတော်မှ တစ် ဖက်သတ် စစ်ရပ်စဲရေးကို ဦးစွာကြေ ညာပေးရန်၊ စစ်ရပ်စဲပြီးပါက အစိုးရနှင့် လူမျိုးစုံ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ ပါဝင်သင့် ပါဝင်ထိုက် သော ဒီမိုကရေစီ ပါတီအဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ အမြန်ဆုံးတွေ့ ဆုံပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အ မျိုးသား သွေးစည်းညီညွတ်ရေးနှင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံ သော နိုင်ငံရေး တွေ့ဆုံညှိနှိုင်းပွဲကြီး တစ်ရပ် ကျင်းပရန်ဆိုသော အချက်များ ကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၄ ဖွဲ့က တောင်းဆိုထားပြီး ကျန်ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းပေါင်း ၁၁၂ ဖွဲ့ ကတော့ ခရာဘွမ် တောင်ကြောတစ် လျှောက်တွင် စစ်ဘေးဒုက္ခသည် တစ် သောင်းခုနစ်ထောင်ရှိသောကြောင့် အ စိုးရ တပ်မတော်မှ နေရာယူ ချမှတ်ထား သော စစ်စခန်းများနှင့် လက်နက်ကြီး များကို ပြန်လည်ရုပ်သိမ်းပေးရန်၊ ယင်း ရုပ်သိမ်းမိန့်အား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေ ဖြင့် ထုတ်ပြန်ပေးရန် တောင်းဆိုထား သည်။


ချစ်မင်းထွန်း
Yangon media group


ဒီကနေ့ ကျရောက်တဲ့ ထိုင်း ဘုရင်ကြီး ဖူမိဖွန် အဒူယာဒတ် ရဲ့ ၈၇ နှစ်မြောက် မွေးနေ့မှာ အထိမ်း အမှတ် ပြုဖို့ လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို သူ့ ဆရာဝန်တွေရဲ့ အကြံပေးချက်ကြောင့် ပယ်ဖျက်ခဲ့ရပါတယ်။

ဘုရင်ကြီး လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို နောက်ဆုံး အချိန်ရောက်မှ ကျန်းမာရေးကြောင့် ဖျက်သိမ်း လိုက်ရတဲ့ အတွက် နက်နဲတဲ့ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေကြောင့် နှစ်ခြမ်း ကွဲနေတဲ့ ထိုင်းနိုင်ငံ အတွင်းမှာ စိုးရိမ်မှုတွေ တိုးပွားစေခဲ့ပါတယ်။

ထိုင်း ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက သည်းခြေအိတ် ခွဲစိတ် ကုသမှု ခံယူပြီးတဲ့နောက် ဆေးရုံမှာပဲ ရှိနေခဲ့ပါတယ်။

ထိုင်း ဘုရင်ကြီးရဲ့ မွေးနေ့မှာ ထောင်နဲ့ချီတဲ့ ထိုင်း လူမျိုးတွေက သူတို့ ဘုရင်ကြီး တက်ရောက် နေတဲ့ Siriraj ဆေးရုံ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/12/141205_thai_king_drops_birthday_appearance

‘ရွှေသည် တန်ဖိုးကြီး၏။ သို့သော် ကျောက်စိမ်းသည် အဖိုးဖြတ် ၍မရ။’ တရုတ်စကားပုံတခုဖြစ်သည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းကို ဂမ်္ဘီရအစွမ်းထက်သည့် မင်းစိုးတန်ဆာအဖြစ် မှတ်ယူကြသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ ယနေ့ တရုတ်ပြည်တွင် ကျောက်စိမ်းကို အဆင့်အတန်းသတ်မှတ်ချက်တခုအဖြစ်၊ စုဆောင်းသိုမှီးရသည့် ရတနာတခုအဖြစ်၊ ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် မက်မောလျက်ရှိကြသည်။

တရုတ်သူကြွယ်များထံမှ ၀ယ်ယူလိုမှုမြင့်တက်လာခြင်းကြောင့် ကျောက်စိမ်းဈေးနှုန်းသည် ခေါင်ခိုက်လျက်ရှိသည်။ ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော ရှန်ဟိုင်းကျောက်မျက်ပြပွဲ၌ ထိပ်တန်းကျောက်စိမ်းများကို လေလံတင်သူက ၁ ဂရမ်လျှင် ဒေါ်လာ ၁၆၀ ဖြင့် ဈေးစဖွင့်ရာ ၎င်းမှာ ရွှေဈေးထက် ၄ ဆ ပိုသည်။

သိပ္ဗံနည်းကျ တန်ဖိုးဖြတ်ခြင်းမရှိသော်လည်း အနုစိတ်ခြယ်မှုန်း ထားသည့် ထိပ်တန်းအရည်အသွေး Jadeite ကျောက်စိမ်းထည်အား ၀ယ်ယူသိမ်းဆည်းထားသင့်သော ရတနာအဖြစ် ရှုမြင်ကြသည်။ ယခုနှစ် များအတွင်း Jadeite သည် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံခြင်းထက်ပင် အမြတ်အစွန်းပိုရပါသည်။

သို့သော် တရုတ်တို့က မင်းစိုးရာဇာအဆင်တန်ဆာအဖြစ်မှတ်ယူသော ယင်းကျောက်မျက်ရတနာသည် မြန်မာကျောက်တူးသမားများ အတွက် သေဒဏ်ကို ဆောင်ကြဉ်းပေးနေသည်။

မြန်မာ့ကျောက်စိမ်းအရိုင်းတုံးများသည် မှောင်ခိုဈေးကွက်သို့ ရောက်ရှိသည်က များပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တရားဝင်ကျောက်စိမ်းတင်ပို့မှုမှ ၁ ဒသမ ၃ ဘီလီယံဒေါ်လာရရှိသည်။ ဟားဗတ်တက္ကသိုလ် Ash Centre ၏ ခန့်မှန်းချက်အရ ၂၀၁၁ ခုနှစ် ၁ နှစ်တည်းမှာပင် မြန်မာ့ကျောက်စိမ်းရောင်းချငွေသည် ၈ ဘီလီယံ ဒေါ်လာခန့်ရှိသည်ဟုဆိုရာ ကျောက်စိမ်းရောင်းချရငွေ အများစုသည် အစိုးရဘဏ္ဍာတိုက်ထဲသို့ မရောက်ရှိချေ။

မြန်မာအစိုးရဘက်မှ ကျွန်ုပ်တို့နှင့် ကင်မရာအရှေ့ ၌ စကားပြော မည်မဟုတ်ပါ။ သို့သော် ကိုယ်ပိုင်စုံစမ်းထောက်လှမ်းမှုမှ တွေ့ရှိချက်များအရ အခွန်စာရွက်စာတမ်းအတုပြုလုပ်ခြင်းအပါအ၀င် ကျောက်စိမ်း ရိုင်းမှောင်ခိုဈေးကွက်တွင်းမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် အကျင့်ပျက်ထိပ်တန်းအစိုးရအရာရှိတဦးရှိနေသည်ကို တွေ့ရသည်။

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ် မြောက်ပိုင်းဖားကန့်ဒေသသို့ မှောင်ခိုသမားတဦးနှင့် ကျွန်တော်တို့ လိုက်ပါသွားခဲ့သည်။ ၎င်းမှောင်ခိုသမားများသည် အစိုးရ၏နယ်ခြားစောင့် တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။ တာဝန်ကျအရာရှိတဦးက တရုတ်ပြည်သွားရာ မှောင်ခိုလမ်းကြောင်းတလျှောက် တပ်မှူးများ၊ ရဲမှူးများကို ပေးရကမ်းရ ပုံများကို ဖောက်သည်ချပါသည်။

ဖားကန့်ဒေသသည် နိုင်ငံခြားသားများဝင်ထွက်သွားလာ၍ ရသည့် နေရာမဟုတ်ပါ။ မည်သည့်နိုင်ငံခြားစာနယ်ဇင်းသမားတဦးတလေသော်မှ ဖားကန့်သို့မရောက်သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲနေခဲ့ရာမှ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရစစ်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၁ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် ဓာတ်သတ္တုတူးဖော်ရေးကုမ္ပဏီကြီးများက ၎င်းတို့၏ လုပ်ငန်းများကိုရပ်ဆိုင်းခဲ့ရသည်။ ယနေ့တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသေးရာ တူးဖော်ရေးကုမ္ပဏီအများစု လုပ်ငန်းပြန်လည် မစတင်နိုင်သေးပါ။

အခြေအနေတင်းမာနေသော်လည်း ထောင်နှင့်ချီသော အသေးစားကျောက်တူးသမားများသည် ခက်ခဲကြမ်းတမ်းသည့်လုပ်ငန်းခွင်အခြေအနေကြောင့် အသက်နှင့်ခန္ဓာကိုစွန့်စား၍ ဆုထူးပန်ရနိုး မျှော်လင့် ချက်များဖြင့် ဖားကန့်ဒေသသို့ ၀င်လာမစဲတသဲသဲ ရှိနေသည်။ အချို့က ကိုယ်တိုင်တူးဖော်ကြပြီး အချို့မှာ သူဌေးများ၏ အထောက်အပံ့ဖြင့် အဖွဲ့လိုက် လုပ်ကိုင်ကြသည်။ ၎င်းတို့တူးဖော်တွေ့ရှိသမျှ မှောင်ခိုဈေး ကွက်ထဲသို့တန်းဝင်သွားရာ ယနေ့ဖြစ်ပေါ်နေသော သယံဇာတတူးဖော် ရေးလုပ်ငန်း၏ အခြေခံအုတ်မြစ် စည်းကြပ်မှုမဲ့နေရခြင်းမှာ ယင်းအကြောင်းကြောင့်ပင် ဖြစ်သည်။

၎င်းတို့၏လုပ်သားဘ၀ကို အမှောင်တွန်းအားတခုက မောင်းနှင်လို့နေသည်။ ကျောက်တွင်းလုပ်သား ၇၅ ရာခိုင်နှုန်းသည် ဆေးစွဲနေသူ များဖြစ်သည်ဟု ကျောက်တူးသမားအိုက်စံက ခန့်မှန်းပြောဆိုသည်။ ၎င်းတို့သည် မြို့ထဲရှိ မူးယစ်ခန်းများမှ ဘိန်း (သို့)ယာဘခေါ် မက်သာဖတ်တမင်း တမျိုးမျိုးကို နေ့စဉ်သုံးစွဲကြသည်။ အဆိုပါ မူယစ်ဆေးများသည် ထုံကျင်စေသည့်အတွက် ခါးကျိုးမတတ်ပင်ပန်းသည့် အလုပ်အတွက် ခံနိုင်ရည်ပေးပြီး ခက်ထန်သည့် ရာသီဥတုအောက်မှာပင် အချိန်နာရီ ကြာရှည်စွာလုပ်ကိုင်နိုင်ရန် အထောက်အပံ့ဖြစ်သည်။ မြန်မာ့ကျောက် စိမ်းလုပ်ငန်းကိုအောက်ခြေမှနေ၍ လှိုက်စားနေသော မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှု၏ ကြောက်မက်ဖွယ်ရာအခြေအနေကို လျှို့ဝှက်ကင်မရာ ဖြင့် ခိုးရိုက်ခဲ့သည့်ဗီဒီယိုမှတ်တမ်းရရှိခဲ့သည်။
ကျောက်တွင်းများရှိရာမြို့ မှ မူးယစ်ဆေးစွဲသူ ၅၀ ဦးခန့် ရောက်ရှိနေသော ကချင်ပြည်နယ်ထဲက ဆေးဖြတ်စခန်းတခုအားလည်း တွေ့မြင်ခဲ့ရသည်။ ထိုအထဲမှ အောင်ကျော်မိုးဆိုသူကို အလုပ်ရှင်ဖြစ်သူက သူနှင့်လုပ်ဖော်ကိုင်ဖက်များအား မူးယစ်ဆေးစွဲစေရန်လုပ်ခအဖြစ် ဘိန်းဖြူပေးပုံ၊ သို့မှသာနောက်တကြိမ် ဘိန်းစားဖို့အတွက် အလုပ်ပိုကြိုးစားကြမည့်အကြောင်းများကို နာကြည်းစွာရင် ဖွင့်သည်။

တရုတ်ပြည်မြို့ကြီးများ၌ ပြိုးပြက်တောက်ပသည့် ကျောက်စိမ်းထည်များအား စံချိန်တင်ဈေးများဖြင့် လေလံအပြိုင်ဆွဲကြရာ တူ တချက် ချတိုင်း အဖိုးတန်ကျောက်မျက်တခု ထပ်မံပိုင်ဆိုင်လိုက်နိုင်သည့်အတွက် သူဌေးကြီးများအောင်ပွဲခံနေလေသည်။ ဝေးကွာသောမြေမှ ကျောက်စိမ်းကုန် စီးဆင်းမှု၏အစဖြစ်သော ကျောက်တူးသမားတို့၏ စိတ်ပျက်ဖွယ် ရာဘ၀များနှင့်တော့ မိုးနှင့်မြေကဲ့သို့ ကွာခြားလို့နေပါတော့သည်။

[Myanmar Jade’s Curse(Al Jazeera) ကို ဥက္ကာဦး ပြန်ဆိုသည်။]

News Watch(စောင့်ကြည့်သတင်းဂျာနယ်)'

သရဖူအသိမ်း ခံရသောကိစ္စနှင့် ပတ်သက်ပြီး မေ မြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှ အနိုင်ပေးလိုက်ပြီဖြစ်ကြောင်း မေ မြတ်နိုး၏ေ ပြောကြားချက်အရ သိရ သည်။

''အခုတော့ မြတ်နိုးနိုင်သွားပါ ပြီ။ မြတ်နိုးဘက်က သတင်းစာရှင်း လင်းပွဲမှာ အမှန်တရားတွေပဲပြောခဲ့ တယ်ဆိုတာကိုလဲJ (Miss Asia Pac- ific World Super Talent Organi- zation rS CEO ) Choi Young Chul က ဝန်ခံလိုက်ပြီ။ ကိုရီးယား နိုင်ငံမှာလဲ အဲဒီသတင်းက တော် တော်ကို ဟော့ဖြစ်နေပါတယ်''ဟု မေမြတ်နိုးက ဆိုသည်။

မစ္စတာ Choi Young Chul မှာ သရဖူကိစ္စအပါအဝင် တခြားကိစ္စ ရပ်များနှင့်ပတ်သက်ပြီး မေမြတ်နိုး ကို တရားစွဲဆိုရန် ပြင်ဆင်နေသူဖြစ် ပြီး လက်ရှိတွင် ယင်းကိစ္စများနှင့် Organization တွင် ငွေကြေးအလွဲ သုံးစားပြုလုပ်မှုများကြောင့်လည်း တောင်ကိုရီးယားနိုင်ငံရှိFact-Finding Mission မှ စစ်ဆေးမေး မြန်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

''သူ့ကို ဘယ်နေ့ကစပြီးတော့ ခေါ်စစ်ဆေးတယ်ဆိုတာကိုတော့ မြတ်နိုး မသိပါဘူး။ မြတ်နိုးက ဒီဇင် ဘာ ၃ရက်နေ့ကမှ သိရတာပါ''ဟု မေမြတ်နိုးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Miss Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှ Winner ဆုရှင် အလှမယ်မေမြတ် နိုးကို တောင်ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization မှ သြဂုတ် ၂၇ရက် တွင် သရဖူပြန်လည်သိမ်းခဲ့ခြင်းဖြစ် သည်။

သရဖူ ပြန်သိမ်းခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး မေမြတ်နိုးသည် စက် တင်ဘာ ၂ရက်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် မေမြတ်နိုးအားMiss Asia Pacific World Super Talent Organization မှ ဂုဏ်သိက္ခာ ကျဆင်းစေသည့်စကားများ ပြောဆို ခြင်း၊ အသက်မပြည့်သေးသည့် မိန်း ကလေးတစ်ယောက်အား စော်ကား ခြင်း၊ Miss Asia Pacific World သရဖူကို ခိုးယူထွက်ပြေးသည်ဟု စွပ်စွဲခြင်း၊ ဒေါ်လာ ၁၈ဝဝကုန်ကျခံ ပြီး ရင်သားခွဲစိတ်ပြုပြင်ထားသည်ဟု ပြောဆိုထားခြင်း အစရှိသည့် စွပ်စွဲ ချက်များအား အကျယ်တဝင့် ရှင်း လင်းပြောပြခဲ့ပြီး အဆိုပါပြောဆို ချက်များမှာလည်း မှန်ကန်သည်ဟု Choi Young Chul မှ တာဝန်ရှိသူ များစစ်ဆေးရာတွင် ဝန်ခံခဲ့ကြောင်း မေမြတ်နိုးက ပြောပြခဲ့သည်။

CEO Choi Young Chul သည် News Networks Korea ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အလှ မယ်ဆုရရှိသူများအတွက် စပွန်ဆာ ရရှိစေရေး၊ စီးပွားရေး၊ လုပ်ငန်းတချို့ နှင့် နိုင်ငံတကာမှ စပွန်ဆာများကို ခေါ်ယူခဲ့ခြင်းကြောင့် CEO Choi Young Chul ၏ News Networks Korea လုပ်ငန်းအား Fact-Finding Mission မှ ပိတ်ပင်ခဲ့သော်လည်း Choi Young Chul သည် ဝန်ထမ်း မရှိ၊ ရုံးခန်းမရှိဘဲ နိုင်ငံတကာမှ အ လှမယ်များအား လိမ်ညာပြီး စာချုပ် ချုပ်ဆိုရန်အတွက် အင်တာနက် က ဖေးများ၊ မိုတယ်များတွင် ပြောင်းရွှေ့ ၍ လုပ်ငန်းများအား ဆက်လက်လုပ် ကိုင်နေသူ ဖြစ်ကြောင်းကိုလည်း Miss Asia Pacific Super Talent of the World မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားသည်။

Choi Young Chul ၏ ငွေ အလွဲသုံးစားလုပ်ခြင်းများ၊ Miss Myanmar ၏ သရဖူကိစ္စနှင့် လိင် ပိုင်းဆိုင်ရာ ဖျော်ဖြေစေခိုင်းခြင်းတို့ ကြောင့် Supertalent of the World ၏ Organization Committee ၏ ဥက္ကဋ္ဌမှ News Networks Korea ၏ CEO Choi Young Chul အား ထိခိုက်နစ်နာသူများ၏ကိုယ်စား တ ရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အ ဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေမြတ်နိုးကို တာဝန်ယူပို့ဆောင်ပေး ခဲ့သည့်ြMiss Global Myanmar Organization မှ National Director မလှနုထွန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ် ထားခြင်းကြောင့် မေးမြန်းခွင့် မရရှိ ခဲ့ပါ။

NN

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

4.12.2014- မိုးညင်း
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့မှာ ရဲစခန်းနှင့် တရားရုံး တရားသူကြီးအိမ်ကို ပြည်သူများ ဝိုင်းအုံ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
သက်ငယ်မုဒိမ်းမှုကို စီရင်ချက်ချရာမှာ ပြစ်ဒဏ်နည်းလို့ ဝိုင်းအုံ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
-
24.10.2014 ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြင့်မြတ်သဇင်တည်းခိုခန်းပိုင်ရှင် ဟာဂျီစံသိန်း ကျူးလွန်တဲ့ မုဒိမ်းမှုကို စီရင်ချက်ချခဲ့ရာ ပုဒ်မ နှစ်ခုပေါင်းမှ ၁၅ နှစ်ပဲချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။

ပဲခူးမြို့မှာ သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့သလို အခုလည်း ပြင်းပြင်းထန်ထန် ချစေချင်လို့ အတန်တန် သတိပေးထားပါလျက် ၁၅ နှစ်ပဲ ချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။

မိုးကောင်း မဘသ ဆရာတော်သံဃာတော်များနှင့် အမျိုးသား အမျိုးသမီး တစ်ရာကျော် အမိန့်ချပုံကို လာရောက်နားထောင်ခဲ့ကြပါတယ်။
မိုးညှင်းမြို့သူ/သားတင်မကဘဲ ကျေးရွာမှ ပြည်သူများပါ ချီတက်လာကာ ရဲစခန်းကို ဝိုင်းကြပါတယ်။ ဒီကနေ့ 4.12.2014 မွန်းလွဲ 1:00 ခန့်မှာ အမိန့်ချအပြီး ရဲစခန်းကို ဝိုင်းခဲ့ကြတာဖြစ်ပါတယ်။
ရဲစခန်းက “တရားရုံးနှင့်ပဲဆိုင်တယ်။ ရဲစခန်းနှင့် မဆိုင်ဘူး။ ဆန္ဒပြချင်ရင် တရားရုံးကို သွားပြ” လို့ ပြောလိုက်တဲ့အခါ လူထုကြီးက တရားရုံးကို သွားပြကြပါတယ်။
တရားသူကြီး ဖြုတ်ပေးဖို့ အော်သူကအော်
မကျေနပ်ဖူးအော်သူကအော် ဆန္ဒပြတောင်းဆိုနေကြတာပါ။

သံဃာတော်တွေတားမြစ်ခဲ့ကြပေမယ့် သံဃာက ဆယ်ပါးခန့်သာရှိပြီး လူအင်အားက တစ်ထောင်ခန့် ရှိတာကြောင့် တားမရဖြစ်ခဲ့တာပါ။
တရားသူကြီးက အိမ်ကိုထွက်ပြေးသွားတဲ့အခါ အိမ်ကိုဝိုင်းပြီး ဆန္ဒပြခဲ့ကြပြန်ပါတယ်။ ခဲတွေနှင့်လည်း ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ရဲတွေရောက်လာပြီး လူထုကြီးကို ရိုက်နှက်ဖြိုခွင်းကြပါတော့တယ်။

လူထုကြီးက တရားသူကြီး ခြံစည်းရိုးကာ သစ်သားချောင်းတွေကို ဖြုတ်ယူပြီး ရဲတွေကိုပြန်ရိုက်ကြပါတယ်။ ရဲအင်အားနည်းတော့ ရဲတွေ ထွက်ပြေးကြပါတယ်။ ရဲတွေက သေနတ်သုံးချက်ပစ်ဖောက် ခြောက်လှန့် ကြပါတယ်။

ဒီကနေ့ ညနေ 3:00 ခန့်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲကားတစ်စီး ပျက်စီးသွားပါတယ်။
ပြည်သူတွေက ရဲနှင့်တရားရုံးကို မကျေနပ်နေတာကြာပါပြီ။ မူးယဇ်သုံးစွဲသူတွေကိုကျတော့ ၁၇ နှစ်တို့ ၂၁ နှစ်တို့ မိုင်ကုန်ချခဲ့ကြလို့ပါပဲ။
တရားရုံး တရားသူကြီးနှင့် ရဲစခန်းကိုသာ ဝိုင်းတာမဟုတ်ဘဲ မူးယဇ်ရုံးကိုလည်း သွားဝိုင်းကြပါသေးတယ်။
နောက်ဆုံးမှာ လူငယ်လေးယောက်ကို ရဲကဖမ်းဆီးပစ်လိုက်ပါတယ်။

မိုးကောင်း မဘသ ဒုဥက္ကဋ္ဌဆရာတော် ဦးထေရာသဘ အတွင်းရေးမှူးဆရာတော်ဦးနန္ဒိယ အပါအဝင် မိုးကောင်းမဘသ ဆရာတော်(၇)ပါးနှင့် မိုးညှင်းမြို့ မဘသ ဆရာတော်များက ရဲစခန်းသို့ သွားရောက် ညှိနှိုင်းခဲ့ရာမှာ လူငယ်တစ်ယောက် ပြန်လွှတ်ပေးလိုက်ပါပြီ။ ည 6:00 နာရီခန့်မှာ အားလုံး ပြန်လည်တည်ငြိမ် အေးဆေးသွားတာဖြစ်ပါတယ်။
===============
Credit. ကောင်းထက်

ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်တချို့ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက် အတွင်းရှိ ပြည်သူလူထုအပေါ် အနိုင် ကျင့် ဗိုလ်ကျမှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညို သင်းက လွှတ်တော်အတွင်း ပြောကြား ခဲ့သည်။

နိုဝင်ဘာ ၃ရက်တွင် ကျင်းပ သည့်ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် အထူးအစည်းအဝေးတွင် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်တစ်ခုမှ ရပ် ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ် ဆောင်ချက်နှင့်ပတ်သက်ပြီး လွှတ် တော်အတွင်း အရေးယူရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (--)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ပြည် သူလူထုအား အနိုင်ကျင့်သည့် ဖြစ် ရပ်များကို အကြိမ်ကြိမ်ကြားသိနေ ရသဖြင့် မည်သို့အရေးယူရန် စီစဉ် ထားကြောင်း ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုး ကို အများပြည်သူလေးစားယုံကြည် သူဟု အစိုးရအဖွဲ့မှ မှတ်ယူခြင်းရှိ၊ မရှိ တာဝန်ခံခြင်း ရှိ၊ မရှိ လွှတ်တော် အတွင်း မေးမြန်းခဲ့သည်။

''ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ တချို့တချို့သော မြို့နယ်များ မှာရှိတဲ့ တချို့တချို့သော ရပ်ကွက် အုပ်ချုပ်ရေးမှူးများဟာ ပြည်သူလူ ထုအပေါ်မှာ မကြာခဏ အနိုင်ကျင့် ဗိုလ်ကျမှုတွေဖြစ်နေပါတယ်။ လွှတ် တော်ထဲမှာလဲ ကျွန်မအနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မကြာခဏမေးမြန်းခဲ့ပါ တယ်။ ဒီလိုမျိုးမေးမြန်းတဲ့အခါတိုင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရဲ့ ပြန်လည်ဖြေကြား ချက်များအရ အဖြေလွှာတစ်ခုနဲ့တစ် ခု သက်ဆိုင်ရာအထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက် တွေဟာ ရှေ့နောက်မညီညွတ်မှုများ ရှိနေပါတယ်''ဟု လွှတ်တော်အတွင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်ပတ်သက်ပြီး ရပ်ကွက်နေပြည် သူများမှ ဆန္ဒထုတ်ဖော်မှုများရှိနေ ကြောင်း၊ ယခုမိမိပြောကြားသည့် ရပ် ကွက်အုပ်ချုပ်ရေးမှူးမှာ ရပ်ကွက်နေ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ရပ်ကွက်နေ ပြည်သူတစ်ဦးအား ထိုးကြိတ်ခြင်း၊ ယင်း၏ထိုကဲ့သို့လုပ် ရပ်များအပေါ် စာရေးသားဖော်ပြ သည့် စာရေးဆရာအား ထိုးကြိတ်မှု များပြုလုပ်ခဲ့သည်ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောသည်။

ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ကို အလိုမရှိကြောင်း ရပ်ကွက်နေ ပြည်သူတချို့မှ ဆန္ဒနှစ်ကြိမ်ထုတ် ဖော်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဒေါက်တာဒေါ်ညိုညို သင်း၏ လွှတ်တော်အတွင်း မေးမြန်း ပြောကြားမှုအပေါ် ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရပ် ကွက်အုပ်ချုပ်ရေးမှူးကို ဖယ်ရှားပေး ရန် ဆန္ဒပြခွင့်ကို ရပ်ကွက်နေပြည် သူများအား နှစ်ကြိမ်ပေးခဲ့ကြောင်း၊ ပထမအကြိမ် ဆန္ဒပြရာတွင် ဆန္ဒပြ ပွဲတွင်ပါဝင်မည့် ဦးရေ ၂ဝဝဟုတင် သော်လည်း ဆန္ဒပြသည့်အချိန်တွင် ၂ဝဦးသာပါဝင်ခဲ့ပြီး ဒုတိယအကြိမ် ဆန္ဒပြခဲ့ရာတွင်လည်း ယင်းကဲ့သို့ပင် ဖြစ်ကြောင်း၊ ယင်းလူဦးရေကိုကြည့် ပါက လူအများစု၏ ဆန္ဒမဟုတ်သ ဖြင့် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေး မှူးကို အများလက်ခံလေးစားသည့် အုပ်ချုပ်ရေးမှူးအဖြစ် သတ်မှတ် ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက လွှတ်တော်အတွင်း ပြောသည်။

ယင်းသို့ ဖြေကြားမှုအပေါ် ဒေါက်တာဒေါ်ညိုညိုသင်းက အဆို ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရပ် ကွက်နေပြည်သူများအား ဆန္ဒပြပွဲ တွင်မပါဝင်ရန် ခြိမ်းခြောက်ခြင်း ကြောင့်ဖြစ်သည်ကို သိရှိခြင်း ရှိ၊ မရှိ ဆက်လက်မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးတင်ဝင်က''ကျွန်တော်တို့ ကခွင့်ပြုချက်နဲ့ ဆန္ဒပြခွင့်ပေးထား ပြီးသားဖြစ်ပါတယ်။ ရပ်ကွက်လူကြီး က ခြိမ်းခြောက်တယ်ဆိုလဲ ထွက်လာ မှာပါ။ ဆန္ဒပြနိုင်ဖို့ ခွင့်ပြုပြီးသားဖြစ် တဲ့အတွက် သူတို့ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့က တကယ်ဆန္ဒပြတဲ့ အပေါ်မှာပဲ မှတ်ချက်ပြုရတာဖြစ် ပါတယ်''ဟု လွှတ်တော်အတွင်း ပြော ကြားခဲ့သည်။

YM

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

|─────----------------Yangon Media Group ----------──

Ref - BBC

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလား သော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲ တပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြကြမည့် ကျောင်းသားသုံးဦးမှာ အသက် ၁၈ နှစ် အ ရွယ် ဒီမိုကရေစီလိုလားသော ဆန္ဒပြကျောင်း သားခေါင်းဆောင် ဂျိုရှာဝေါင်နှင့် ၄င်း၏ Scholarism အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် ဆန္ဒပြခေါင်း ဆောင် ဂျိုရှာဝေါင်သည် ၄င်းဖွဲ့စည်းထား သော Scholarism အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦး နှင့် အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသူတို့သည် ရက်အကန့်အသတ် မရှိ အစာငတ်ခံ ဆန္ဒပြမှုကို ချက်ချင်းစတင် မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြားခဲ့ပြီး ယင်းအစာငတ်ခံ ဆန္ဒပြမှုတွင် ရေကိုသာ သောက်သုံးသွားမည်ဟု နိုင်ငံ ပိုင် ရုပ်သံဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်နှင့် မိမိတို့၏ တောင်းဆို မှုများကို ဟောင်ကောင်အစိုးရက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြ မှုကို စတင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကျောင်းသားသုံးဦးတို့က အစိုး ရနှင့် ကျောင်းသားတို့ကြား တွေ့ဆုံဆွေး နွေးမှု ရပ်တန့်ခြင်းကို ပြန်လည်လုပ်ဆောင် ပေးရန်၊ အုပ်ချုပ်ရေး ကိုယ်စားလှယ် လောင်းများ၏ အဆိုပြုချက်ကို တရုတ်၏ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန်နှင့် လာ မည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် လည်း လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် အစိုးရဌာနချုပ်ရုံးများသို့ ဝင်ရောက်စီးနင်း ခဲ့ကြပြီး အစိုးရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့နှင့် ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ¤င်းဒီမိုကရေ စီလိုလားသော ဆန္ဒပြသူများသည် အစိုးရ ၏ အဓိကနေရာများသို့ ဝင်ရောက်ခဲ့ပြီး လမ်း များပေါ်တွင်လည်း ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြ သည်။

http://www.yangonmedia.com/

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေးရည်ရွယ်ရေးဆွဲထားသည်ဟု အများက ယူဆနေကြသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၅၉ (စ)-
“မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးတဦး ဦးသော်လည်းကောင်း၊ ထိုတရားဝင်သား သမီးတဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု ဆိုထားသည်။

အာဏာရှိသူ အသိုင်းအ၀ိုင်း၊ အာဏာရှင်အလွှာကတော့ ဤဥပဒေကိုအလွန်လေးစားလိုက်နာကြသည်ကို တွေ့ ရပါသည်။ တချိန်က ဗိုလ်ချုပ်ခင်ညွန့် လျှမ်းလျှမ်းတောက် အာဏာထက်စဉ်တုန်းက သူ၏သားတယောက် စင်ကာပူနိုင်ငံသူ လေယာဉ်မယ်နှင့် ယူလိုက်သဖြင့် သတင်းစာမှာဗိုလ်ချုပ်ခင်ညွန့်တို့က သား အဖြစ်မှ အမွေပြတ်စွန့်လွှတ်သည်ဟု ကြေညာလိုက်သည်ကို တွေ့ကြရသည်။

ထို့နောက် ဗိုလ်ချုပ်မြင့်ဆွေမှာလည်း သူ၏သားမက်က သြစတြေးလျနိုင်ငံသားဖြစ်၍ ဒုသမ္မတဖြစ်ရေးတို့နှင့် ဝေးခဲ့ရသည်။
ဤသည်တို့မှာ သူတို့ကိုယ်တိုင် ဥပဒေကို လေးစားသည့်သဘောကို ပြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး လုပ်သွားသည့် ဗိုလ်ချုပ်နေ၀င်းကတော့ နိုင်ငံခြားသူ ရတနာနတ်မယ်ကိုပင် လက်ထပ်ယူခဲ့သေးသည်။

ဆိုရလျှင်တော့ ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၊ ဒု သမ္မတ မဖြစ်နိုင်ပါ။ ဤဖွဲ့စည်းပုံဥပဒေကိုလည်း အမြော်အမြင်ရှိရှိ ရေးဆွဲထားခဲ့ကြသည်ဟု ဆိုပါသည်။ ၂၀၀၈၊ နာဂစ်မုန်တိုင်းတွင် မြစ်ဝကျွန်းပေါ်တလျှောက် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့သည်ကိုပင် ဂရုမထားနိုင်ဘဲ ဆန္ဒခံယူပွဲ လုပ်ခဲ့သည့် ဖွဲ့စည်းပုံဥပဒေပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့၍ သားနှစ် ယောက်မှာလည်း နိုင်ငံခြားသားဖြစ်နေ၍ မည်သည့်နည်းနှင့်မျှ သမ္မတဖြစ်ခွင့်မရှိ တော့ပါ။

ဒီတော့ ၅၉ (စ)ကို ပြန်လည်မပြင်နိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေနှင့် မငြိစွန်းအောင်ပြင်၍ရသည်ကတော့ သားနှစ်ယောက်ကိုအမွေပြတ် စွန့်လွှတ်လိုက်ရခြင်းပါပဲ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် က သမ္မတဖြစ်ရေးကို ငမ်းငမ်းတက် မက်မောသည့်အနေနှင့် ဤသို့ မရမက ပြုလုပ်မည်မဟုတ်။ သမ္မတဖြစ်ရလျှင်ပြီး ရောဆိုပြီး မရသည့်နည်းနှင့် မကြိုးစားပါ။ အမှန်အကန်နေ၍ အမှန်အကန်ပြောဆို ပြုမူခြင်းကိုသာ ကိုင်စွဲထားသူ ဖြစ်သည်။ သူသမ္မတဖြစ်ချင်သည်မှာလည်း ကိုယ်ကျိုး ရှာလို၍မဟုတ်။ တိုင်းပြည်ကောင်းရေး အတွက်သာ ပြောနေခြင်းဖြစ်သည်။ အာဏာသည် ပြည်သူတွေလက်ထဲ မရောက် မချင်း။ ပြည်သူ့ကိုယ်စားလှယ်ထံ မရောက် မချင်းဘယ်သောအခါမှ တိုင်းပြည်လွတ် လပ်မည်၊ ငြိမ်းချမ်းမည်တိုးတက်မည် မဟုတ်ပါ။

တကယ်တော့ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် သားနှစ်ယောက်ကို အမွေပြတ်စွန့်လွှတ်စရာလည်း မလိုပါ။ သူမ ၁၉၈၈၊ မြန်မာနိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဦးဆောင်လာကတည်းက စွန့်လွှတ်ပြီးသားဖြစ်နေခဲ့သည် မဟုတ်ပါလား။ သူမ၏ ခင်ပွန်း မမာမကျန်းဖြစ်နေဆဲအချိန်မှာပင် သွားရောက်မတွေ့ဆုံနိုင်ခဲ့ပါ။

ပြီးတော့ ပြည်ပနိုင်ငံများမှာ သား သမီးများသည် အသက် ၁၈ နှစ်ပြည့်ပြီဆို လျှင်ပင် မိဘအရိပ်အ၀ါသအောက်မှာ မိဘလုပ်စာထိုင်စားမနေကြတော့ဘဲ ကိုယ့်အားကိုယ်ကိုး နေထိုင်ကြရသည်။ မြန်မာပြည်မှာလို မိဘအရှိန်အ၀ါကိုယူ၍ ဓနဥစ္စာ ရှာနေခြင်းမရှိပါ။ မိဘအာဏာရှိ၍ သား သမီးများ လုပ်ချင်ရာလုပ်၊ မတရားယူချင် တိုင်းယူ၍ မရပါ။ ဤသို့ မတရားသိမ်းပိုက် စီးပွားရှာခြင်းများက အာဏာရှင်နိုင်ငံ များမှာသာ ရှိပါသည်။ ဒီမိုကရေစီဟုခေါ်သော ပြည်သူကစိုးမိုးသော နိုင်ငံများမှာ မတရားစီးပွားရှာ၍မရပါ။ ဥပဒေနှင့် ကာကွယ်ထားပြီးသား ဖြစ်သည်။

ပြည်ပအားကိုးသူ၊ ပြည်ပနိုင်ငံ၏ လက်အောက်ခံ ပြည်ပနိုင်ငံ၏ကျေးဇူးသစ္စာကို ခံစားသူဟုဆိုရာတွင်လည်း လက်ရှိအနေအထားအရ အငြင်းပွားစရာ များစွာရှိနေသည်။ မြန်မာနိုင်ငံသည် တကယ်လွတ်လပ်သော မည်သူ့ကိုမျှအား မကိုးသောနိုင်ငံတနိုင်ငံအဖြစ် ရပ်တည် နေနိုင်ပြီလော။ အစိုးရအဖွဲ့ဝင်ဝန်ကြီး တဦးကတော့ ပြောသွားသည်။ “တရုတ်သည် ကျေးဇူးများစွာရှိသည်။ တရုတ်သည် ၎င်းတို့၏ ကျေးဇူးရှင်” ဟု ပြောသွားပါ သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေနှင့်ငြိစွန်းမည်စိုး၍ ဟုဆိုကာ သမ္မတဖြစ်ချင်လွန်းအားကြီး၍ သားနှစ်ယောက်ကို အမွေပြတ်စွန့်လွှတ်မည် မဟုတ်ပါ။
သို့သော် ယခင့်ယခင်ကတည်းက စွန့်လွှတ်ပြီးသား ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ထံမှ သားနှစ်ယောက်က မည်သည့်အကျိုးစီးပွားမှ မရရှိခဲ့ပါ။ ထို့ကြောင့် သတင်းစာတွင် ကြေညာနေစရာလည်း မလို။

သတင်းစာမှာထည့်ကြေညာသည့်တိုင် တကယ်အမွေပြတ်သည် မပြတ်သည်ကတော့ ကာယကံရှင်များသာ သိ မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမကိုယ်ကျိုးအတွက် ဟန်ပြ အမွေပြတ်စွန့်လွှတ်ခြင်းကို ဘယ်သောအ ခါမျှကြေညာမည်မဟုတ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် က ဥပဒေနှင့်မငြိစွန်းအောင်အတင်းအဓမ္မ လုပ်ယူမည်မဟုတ်။
အတင်းအဓမ္မပိတ်ဆို့ထားသည့် ဥပဒေကိုသာ ပြန်ပြင်ရပါလိမ့်မည်။

ထို့ကြောင့် ၅၉(စ) ပြန်ပြင်ရေး သည် ဒေါ်အောင်ဆန်းစုကြည်တယောက် တည်းအတွက်မဟုတ်၊ ပြည်သူတရပ်လုံး ကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စား လှယ်အတွက်ဖြစ်၍ ပြည်သူအတွက်ပါ အရေးအကြီးဆုံးဖြစ်နေပါသတည်း။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒီဇင်ဘာ ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်ခဲ့သော တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တရားဝင်လက်ထပ် ထိမ်းမြားပြီးသူသည် မပြတ်စဲရသေးဘဲ ထပ်မံလက်ထပ်ပါက ထိုသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၄ ကျူးလွန်ကြောင်း မှတ်ယူရမည်ဟု ဖော်ပြထားခြင်းသည် နိုင်ငံရေးအရ အာရုံလွှဲခြင်းဖြစ်ပြီး မြန်မာ့ထုံးတမ်းအစဉ်အလာအရ တလင်တမယားစနစ်သာ ကျင့်သုံးရမည် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ရှေ့နေများက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက “ဒီဥပဒေမူကြမ်းဟာ တလင်တမယားစနစ် ကျင့်သုံးတဲ့ဘာသာနဲ့ပဲဆိုင်တာ၊ တလင်တမယားကျင့်သုံးတဲ့ ဘာသာမှာ ဒါကိုဖျောက်ဖျက်ရင် အပြစ်ရှိတယ်လို့ဆိုတယ်။ ဒီအခြေအနေမှာတော့ နိုင်ငံရေးသမားတွေ ပြောဆိုဝေဖန်သလိုပဲ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးနေတဲ့ အချိန်မှာ အာရုံပြောင်းဖို့ကိစ္စလုပ်နေတာ၊ အာရုံများသွားရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ လွဲချော်သွားမယ်” ဟု ၎င်းက ပြောသည်။

“ခရစ်ယာန်မှာ တလင်တမယားစနစ်ကျင့်သုံးတာ သီးသန့်ရှိပြီးသားပါ။ မယားအများယူစနစ်ကို ဓလေ့ထုံးတမ်း အစဉ်အလာအရတော့ မရှိပါဘူး။ သီးခြားကြီးမရှိပါဘူး။ ကျွန်တော်တို့ ထုံးတမ်းနဲ့ လူ့သဘာဝနဲ့ မကိုက်ညီတဲ့ ပြဋ္ဌာန်းချက်မျိုးရှိခဲ့မယ်ဆိုရင် ပြည်သူတွေကြားထဲမှာ တရားဝင်အာဏာသက်ဝင်ကျင့်သုံးမယ့် ဥပဒေဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် မြန်မာပြည်မှာ အမျိုးသမီးက အမျိုးသားထက် ၂ ဆများနေတာ။ မယားအများယူစနစ်ကို ဖျက်သိမ်းပြီး တလင်တမယားစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် အမျိုးကောင်းသားယောက်ျားတွေ တာဝန်ယူနိုင်မယ့် ယောက်ျားတွေဟာ ဇနီးမယားတယောက်အပြင် တခြားဇနီးမယားတယောက်ကို တာဝန်ယူဖို့အတွက် အခက်အခဲဖြစ်သွားနိုင်တယ်။ ကျန်းမာရေးအရ သဘာဝအရေးလိုအပ်ချက်တွေအရ တခြားဇနီးမယားတယောက်ကို လက်ထပ်ဖို့ လိုအပ်တဲ့အခါမှာ ဒီဥပဒေအတားအဆီးကြောင့်မို့လို့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေဟာ အငယ်အနှောင်းတွေ ဖြစ်သွားနိုင်ပါတယ်။ တရားဝင်အဆင့်အတန်းတခုကို မရဘဲ ဖြစ်သွားနိုင်တယ်။ ဥပဒေကြောင့် တိတ်တိတ်ပုန်းဘ၀ကို ရောက်သွားမယ်။ တရားမ၀င်ဖြစ်သွားရင် ဆက်ခံခွင့်အကျိုးခံစားခွင့်တွေ၊ ကလေးတွေရဲ့အကျိုးခံစားခွင့်တွေပါ ဆုံးရှုံးသွားစေပါတယ်။ တကယ်အစစ်အမှန်မှာ မယားကြီး မယားငယ်လို သဘောထားတာမျိုး မယားပြိုင်အဖြစ်တဲ့ သဘောထားတာမျိုးမဟုတ်ဘဲနဲ့ အတူပြိုင်ပြီးယူတဲ့ မယားပြိုင်လို့ သဘောထားတာ ဖြစ်ခြင်းကြောင့် အကျိုးခံစားခွင့်တွေကို အစဉ်အဆက်ဆက်ခံပြီးတော့ ဝေငှပြီး ခံစားခွင့်ရှိအောင် ဓလေ့ထုံးတမ်းက ပြဋ္ဌာန်းထားပါတယ်” ဟု ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

ထို့ပြင် အထူးဥပဒေတရပ်အရ မယားများယူစနစ်ကို ဖျက်သိမ်းပြီး တလင်တမယားစနစ်ကိုပဲ ကျင့်သုံးမည်ဆိုလျှင် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ပထမ၊ ဒုတိယ၊ တတိယ မယားခွဲဝေရမည့် ဓလေ့ထုံးဆိုင်ရာနည်းစနစ် ကျင့်သုံးထားကြောင်း၊ အစိုးရသည် ခေါင်းစဉ်တခုအကြောင်းအရာတခု၊ ခေါင်းစီး တခုအပေါ်တွင်လိုက်ပြီး အာရုံပြောင်းစေရန် ဥပဒေမူကြမ်းများကို လက်နက်ကိရိယာတခုလို အသုံးပြုနေကြောင်း၊ နိုင်ငံရေးရည်ရွယ်ချက်များဖြင့် အဆိုတင်ခြင်း၊ သဘောမတူခြင်း၊ ကန့်ကွက်ခြင်းများဖြင့် အာရုံလွှဲနေခြင်းသာဖြစ်ကြောင်း ယင်းက ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ရေးဆွဲ၍ လွှတ်တော်သို့တင်သွင်းထားပြီး အမျိုးသားများ မိန်းမအများအပြားယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေးမှုခင်းကို တားဆီးနိုင်ရန်နှင့် အမျိုးသမီးများမယားပြိုင်အဖြစ်ရောက်ရှိခြင်းမှ ကာကွယ်ရန်ဟုဆိုကာ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းဖြစ်သည်။

ကိုဗညား

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိလာပါတယ်။

နော်ဝေဘုရင် မန္တလေးရောက်စဉ် သတင်းမီဒီယာတစ်ချို့ကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုတဲ့အတွက် မန္တလေး အခြေစိုက် သတင်းသမားတွေက ကန့်ကွက်ကြကြောင်း အီးပီအေသတင်းဌာနက ကိုပြည့်စုံအောင်က ပြောပါတယ်။

"ဒီပွဲကို သတင်းယူဖို့အတွက်ကို ကျနော်တို့ မီဒီယာသမားတွေအားလုံးကို သူတို့ပြန်ဆက်ဆိုလို့လည်း ပြန်ဆက်ကိုသွားခဲ့တယ်၊ လုံခြုံရေးဆိုလည်း လုံခြုံရေးဆီကိုသွားခဲ့တယ်၊ စရဖ ဆိုလည်း စရဖ ကိုသွားခဲ့တယ် မနက်က ကျနော်ကိုယ်တိုင် SB ရုံးကိုသွားခဲ့တယ်၊ SB ရုံးမှာစာရင်းပေးခဲ့တယ်၊ မနက် ၈ နာရီကို ကဒ်ပေးမယ်လို့ပြောတယ်၊ ဘာကဒ်မှမရခဲ့ဘူး၊ ကျနော်တို့ ဒီနေ့မနက်ကြားတယ်၊ မီဒီယာ ၆ ခုကိုတာဝန်ပေးထားတယ်၊ မီဒီယာ ၆ ခုမှာဘာဖြစ်နေလဲဆိုတော့ Sky Net ဆိုတဲ့ ပုဂ္ဂလိက မီယီယာပါနေတယ်၊ ကျနော်တို့မှာ သတင်းယူခွင့်မရှိဘူးလား၊ သတင်းကိုဘာကြောင့် ပိတ်ပင်တာလည်း နော်ဝေနိုင်ငံဆိုတာက သတင်းလွတ်လပ်ခွင့်ကို အရမ်းမြတ်နိုးတဲ့နိုင်ငံ ဘာကြောင့်မို့ ဒီသမ္မတလာတာကို မြန်မာပြည် မန္တလေးတိုင်းက ပိတ်ထားတာလဲ"

နော်ဝေဘုရင်ခရီးစဉ်မတိုင်ခင် ဂေါဝိန်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်သူတွေရဲ့ နေအိမ် ၃၀၀ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရက ဖယ်ရှားခဲ့ပါတယ်။ အဲဒီအတွက် ၀မ်းနည်းမိကြောင်း နော်ဝေအစိုးရ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ အဓမ္မ ဖယ်ရှားတယ်ဆိုတာ မဟုတ်မှတ်ကြောင်း RFA ကို ပြောပါတယ်။

"နော်ဝေဘုရင်ရဲ့ ခရီးစဉ်ကြောင့်ဆိုတာထက် မန္တလေးကို နော်ဝေဘုရင်ကြီး ဆိုက်ကပ်မယ်ဆိုတော့ ကျနော်တို့ လျော်ညီအောင်ပေါ့၊ သင့်တင့်လျောက်ပက်အောင် လုပ်တဲ့အနေအထားပါ၊ ဖျက်တာမဟုတ်ပါဘူး၊ ဖယ်တာလည်း မဟုတ်ပါဘူး၊ ဒီကမ်းနားမှာရှိတဲ့အဖွဲ့တွေကို အများကြီးပေါ့၊ ကမ်းနားမှာတော့ အများကြီးရှိပါတယ်၊ ကမ်းနားမှာပဲ အလုပ်လုပ်နေတဲ့အဖွဲ့ကို မိုဘိုင်ဝါကာဆီခေါ်တာပေါ့ ကျနော်တို့ကတော့၊ ကျနော်တို့ကတော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာပါ၊ ကျနော်တို့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တယ်လို့ပဲ ကျနော်ကတော့ အဲ့ဒီလိုပြောချင်ပါတယ်"

နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ မြနန်းစံကျော်(နန်းတွင်း)၊ ကုသိုလ်တော်ဘုရား စတဲ့နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး မြင်းခြံခရိုင်မှာရှိတဲ့ ရန္တပိုကျေးရွာ က အိုးလုပ်ငန်းရှင် ဦးဘချစ်ရဲ့ အလုပ်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ရောက်ရှိလာတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားဟာ ဒီနေ့ မန္တလေးမြို့မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ညနေပိုင်းမှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သူ ဗိုလ်မှူး ကျော်စွာဝင်းကို ပြင်ဦးလွင် စစ်တရားရုံးက ဒီကနေ့ ထောင်ဒဏ်၂ နှစ် ချမှတ်လိုက်ပါတယ်။

ဒီနေ့ ပြင်ဦးလွင်ကနေ မန္တလေးအိုးဘိုထောင်ရှေ့အရောက်မှာ RFA ကမေးမြန်းစဉ်သူဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ကြောင်း အတည်ပြု ပြောပါတယ်။

"၄၁(င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်းစနစ်တကျရှိမှုကို ထိခိုက်စေခြင်းပေါ့၊ ကျနော်ကတော့ ငြင်းတာပေါ့ ၄၁(င)ကို၊ ငြင်းတာလည်း အပြစ်ရှိတယ်ဆိုပြီးတော့ ဆုံးဖြတ်တယ် ထောင် ၂ နှစ်ချလိုက်တယ်၊ ၄၃၆ မထိုးရဆိုပြီး စစ်တပ်မှာ အမိန့်ထုတ်ထားတာရှိတယ်"

သူ့ကို လွန်ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က စတင်ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပြီး ၅ လကျော်အကြာမှာ ဒီနေ့ တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

ချုပ်နှောင်ထားစဉ်အတွင်း မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။ ဗိုလ်မှူးကျော်စွာဝင်းက သူ့ကို ချုပ်နှောင်ထားစဉ်မှာ နိုင်ငံရေးအကျဉ်းသားလိုမျိုး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့အပြင် တိုက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာအုပ် စာတမ်းဖတ်ရှုခွင့်ကိုလည်း ပိတ်ပင်ထားခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့စဉ်က ပြင်ဦးလွင်မြို့မှာ DSTA အပတ်စဉ် ၂ ဆင်း ဗိုလ်မှူးကျော်စွာဝင်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

RFA


ရန်ကုန်၊ ဒီဇင်ဘာ ၎

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် သည့် ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး အဖွဲ့ တို့အကြား အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင် ရွက်ရင်း ကွယ်လွန် ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအား ဂုဏ်ပြုသည့် အနေဖြင့် နော်ဝေအစိုး ရရန်ပုံငွေဖြင့် ““ဒေး ဗစ် ထော”” ပညာသင် ဆု ပေးအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက် ရှိနေ သည့် နော်ဝေဟာ ရယ်ဘုရင်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြော ကြားသည်။

““ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားခဲ့သူကရင်အမျိုးသား David Taw (ဒေးဗစ်ထော)ကို အစွဲပြုပြီး ဒေးဗစ်ထောပညာသင်ဆု ရန်ပုံငွေ တစ်ခုကိုမတည် ထားကြောင်းလည်း ယနေ့မိန့် ခွန်းနဲ့ တစ်ပါတည်း ကြေ ညာခဲ့ပါတယ်””ဟု နော်ဝေပဉ္စမ မြောက်ဟာရယ်ဘုရင်က မိန့်ခွန်း ပြောကြားစဉ် ထည့် သွင်းပြောကြားသည်။ ၁၉၄၈ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ သစ်ဖြူ ချောင်းအရပ်တွင် မွေးဖွားခဲ့ သူ ပဒိုဒေးဗစ်ထောမှာ ၁၉၇၉ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)သို့ ၀င်ရောက်ခဲ့ကာ KNN တရားရေးဌာန တာဝန်ခံအဖြစ် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။…

ယင်းနောက် အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၁၂ ခုနှစ် စက် တင်ဘာလ ၂၉ ရက်နေ့က ဆက်ဆံရေးရုံးဖွင့်လှစ်ကာ ငြိမ်းချမ်းရေး ကိစ္စများဆောင်ရွက်ရာတွင် KNU ကိုယ်စားလှယ် ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ သို့ရောက်ရှိလာစဉ် ကျန်းမာရေး မကောင်းသည့်အတွက် SSC ဆေးရုံသို့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တက်ရောက်ကုသခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၁၂ရက်တွင် မင်္ဂလာစစ်ဆေးရုံ သို့ ပြောင်းလဲကုသမှု ခံယူနေစဉ် အတွင်း အောက်တိုဘာ ၁၄ ရက် ညပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း များနှင့် ပတ်သက်၍ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ေ ရး ကော်မတီအဖွဲ့ နှင့် မတွေ့ဆုံခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB)နှင့် တွေ့ဆုံေ မး မြန်းခန်းတွင် မိမိတို့အနေဖြင့် ပြည်သူတို့အကျိုးရှိမည့် ကိစ္စရပ်များကိုသာ ရည်ရွယ်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း ပဒိုဒေးဗစ်ထောက ပြောဆိုခဲ့ဖူးသည်။

““တစ်ခါမှ အပစ်အခတ်ရပ်စဲ ရေးမလုပ်ခဲ့တဲ့ KNU ကို သတိပေးတာတွေ စိုးရိမ်မှုရှိတာတွေတော့ ရှိပါတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့ အကြံပြုချက်တွေကို အရေးတယူ သဘောထားပြီးတော့ သူတို့ အကြံပေးချက် အတိုင်းပဲ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါ တယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင် အမျိုး သားတွေပဲဖြစ်ဖြစ်၊ ပြည်တွင်း မှာရှိနေတဲ့ ကရင်အမျိုးသား တွေပဲဖြစ်ဖြစ်၊ ဒီပဋိပက္ခဖြစ်တဲ့ နယ်မြေမှာရှိတဲ့ ကရင် အမျိုးသားတွေပဲဖြစ်ဖြစ် သူတို့ရဲ့စိုးရိမ်မှုတွေကို ကျွန်တော်တို့ အလေးထားပါတယ်။သူတို့ရဲ့ကိစ္စက ကျွန်တော် တို့ရဲ့ ကိစ္စပါပဲ။

ကျွန်တော်တို့ အဖွဲ့အစည်းက ပြည်သူလူထု အတွက် ရပ်တည်တဲ့အဖွဲ့အ စည်း ဖြစ်တဲ့အတွက် ကြောင့် ပြည်သူလူထု အကျိုးမရှိတဲ့ အလုပ်ကိုတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန် တော်တို့အနေနဲ့ ပြည်သူ တွေအကျိုး ရှိမယ့်ဟာကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ်ဆိုတာကိုသတင်း စကားပါးချင်ပါတယ်”” ဟု ပဒိုဒေးဗစ်ထောက DVB နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ထည့်သွင်းပြောကြားခဲ့ သည်။ ““အဲဒီ ရန်ပုံငွေကို ဒေးဗစ် ထော ပညာသင်ဆုလို့ အမည်ပေး ချင်ပါတယ်။ ဒေးဗစ်ထောဟာ ဒီတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ထင်ရှားကျော် ကြားတဲ့ ကျောင်းသား တစ်ဦး ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးရရှိရေးအတွက် ဆုံးဖြတ်ချက်ချပြီး မယိမ်းမယိုင် ကြိုး စားခဲ့သူ ဖြစ်ပါတယ်”” ဟုလည်း ဒေးဗစ်ထော ပညာသင်ဆုပေးရန် ကိစ္စနှင့်ပတ်သက်၍ နော်ဝေ ဟာရယ်ဘုရင် က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နော်ဝေနိုင်ငံ အစိုးရရန်ပုံငွေဖြင့် ထောက်ပံ့မည့် ဒေးဗစ်ထော (David Taw) ပညာသင်ဆုကို ငြိမ်းချမ်းရေး အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ရန် ဆုံးဖြတ်ချက်ချထားသည့် မည်သည့်ကျောင်းသူ၊ ကျောင်းသား များမဆို လျှောက် ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်းပညာသင်ဆုကို အသုံးပြု၍ သမိုင်းနှင့် လူမှုရေးဘာသာ ရပ်တွင် ထူးချွန်သည့်ကျောင်းသား ကျောင်း သူများအနေဖြင့် ၀ိဇ္ဇာနှင့် မဟာဝိဇ္ဇာတန်းများ တက်ရောက်သင် ကြားနိုင်မည် ဖြစ်ကြောင်း လည်း နော်ဝေ ဟာ ရယ်ဘုရင်က ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ထိုင်းနိုင်ငံ ချင်းမိုင်မြို့က   အသားကင် စားသောက်ဆိုင်မှာ စားပွဲထိုး ၀င်လုပ်ရာက  မော်ဒယ်လ်ဖြစ်သွားတဲ့ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ နန်းနွတ်ဟာ  လက်ရှိ ထိုင်းနိုင်ငံနဲ့ လာအို နိုင်ငံက ရုပ်ရှင်ရုံတွေမှာ   ရုံတင်ပြသနေတဲ့ သဲထိပ်ရင်ဖို သရဲကားမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။

The Return ထိုင်းဘာသာနဲ့ ဖီထုန်းခင်း လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ  သူရဲဖြစ်သွားတဲ့ ခင်ပွန်းသည်ကို စောင့်မျှော်နေတဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ခဲ့ရတယ်လို့ နန်းနွတ်က ဒီဗွီဘီကို ပြောပြပါတယ်။

“ထိုင်းနိုင်ငံက ဒါရိုက်တာပေါ့နော် သူတို့က ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ပြချင်တယ်ပေါ့။ ရုပ်ရှင်ရိုက်မယ်၊ ဗမာစကား လည်းတတ်ရမယ်၊ ထိုင်းစကားလည်း ပြောတတ်ရမယ် ဆိုပြီး ဖုန်းဆက်လာပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂ လလောက်က သွားရိုက်ဖြစ်တယ်။ တာချီလိတ်မြို့နယ် မုံးကိုးရွာဘက်မှာ   ယောကျာ်းက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး အသတ်ခံရတယ်၊ သရဲဖြစ်သွားတယ်။  ကျမက ယောက်ျားပြန်လာတာကို မျှော်လင့် စောင့်ဆိုင်းရင်း ၀မ်းနည်းရတာ ငိုရတာတွေကို သရုပ်ဆောင်ရပါတယ်ရှင့်။”

0 copyသူ့အနေနဲ့ ရုပ်ရှင်သရုပ်ဆောင် မလုပ်ဖူးတဲ့အတွက် အစပိုင်းမှာ အခက်အခဲရှိပေမယ့် ဒါရိုက်တာတွေရဲ့ သင်ကြားပေးမှုတွေကြောင့် လုပ်နိုင်ခဲ့ကြောင်း၊  အနုပညာလုပ်ငန်းကိုလည်း ၀ါသနာပါပြီး ကမ်းလှမ်းသူရှိရင် ဆက်လုပ်မယ့်အကြောင်းနဲ့ လောလောဆယ် R-Siam တေးထုတ်လုပ်ရေးကုမ္ပဏီကလည်း ရှမ်းသီချင်းဆိုဖို့ ကမ်းလှမ်းထားတဲ့အတွက် အဆိုပိုင်းမှာ လေ့ကျင့်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဒီဇာတ်ကားမှာ ထိုင်းနာမည်ကြီးမင်းသား အွမ် အခဖမ်း နမတ် နဲ့ လာအို နိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ၂ ဦး၊ ကမ္ဘောဒီးယား နိုင်ငံက သရုပ်ဆောင် ၁ ဦးတို့လည်း ပါဝင်သရုပ်ဆောင်းထားပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မစ္စတာ ပွေ ဆတ်က်ချိုင်းဒီးနန်းက  “ကျနော်တို့ ထိုင်းနိုင်ငံမှာ လာပြီးအလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ကြုံရတဲ့ အခက်အခဲနဲ့ သူတို့ နေရင်းနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ အခြေအနေတွေ မျှော်လင့်ချက်တွေကို လူတွေ သိစေချင်တဲ့ သဘောပေါ့နော်။ ဒါက ကျနော်ရဲ့ ၆ ကြိမ်မြောက် ဇာတ်ကားဖြစ်ပါတယ်။ အရင်ကတော့ အချစ်ဇာတ်လမ်းတွေ၊ လူမှုရေးဇာတ်လမ်းတွေရိုက်ခဲ့တယ်။ ဘ၀ပညာပေးဇာတ်လမ်းကတော့ ဒါ ပထမဆုံးပါ။ မြန်မာအလုပ်သမားရဲ့ ဇနီးနေရာမှာ အစက မြန်မာသရုပ်ဆောင်ကို ရွေးချယ်မလို့ပါဘဲ။ ဒါပေမယ့် ဘာသာစကား နဲ့ ဆက်သွယ်ရေး အခက်အခဲရှိလို့  နန်းနွတ် ကို ရွေးခဲ့တာပါ” လို့ ထိုင်းဘာသာနဲ့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်း၊ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား လေးပွင့်ဆိုင် ဇာတ်ကားရိုက်ကူးဖို့  ၁ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ရပေမယ့်  ဒီဇာတ်ကားကို ကြည့်ရှုအားပေးသူ နည်းပါးနေသေးပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ သွားရောက်ပြသဖို့လည်း ဆက်သွယ်ထားတယ်လို့ ဒါရိုက်တာ က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာအလုပ်သမားအကြောင်း ပါဝင်တဲ့    Myanmar in love in Bangkok – ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကို ရိုက်ကူးပြသခဲ့ပြီး  အဲဒီရုပ်ရှင်မှာ အဓိက သရုပ်ဆောင်အဖြစ်  မြစ်ကြီးနားမြို့ကနေ ထိုင်းမှာ အလုပ်လာလုပ်တဲ့ အသက် ၁၉ နှစ်ရွယ် မောင်အောင်နိုင်စိုးကို  ရွေးချယ်ရိုက်ကူးခဲ့ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/72914


ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဟာ တဖက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင် တက်ရောက် နေပေမယ့် တခြားတဖက်မှာ အတင်းအဓမ္မ လူသစ်စုဆောင်း စစ်သင်တန်းပေး ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်နေ တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကေအိုင်အေက ပယ်ချလိုက်ပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ် သက်လို့  ကေအိုင်အေ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကတော့  အစိုးရက  ဘယ်လို  အချက်အလက်တွေနဲ့  ခုလို သတင်းထုတ်ပြန်လဲ ဆိုတာကို မသိရသေးဘူး လို့ ပြောပါတယ်။

“ကျနော်တို့ သိရ တာတော့ မြ၀တီ သတင်းဌာနက ထုတ်တာဆိုတော့ တပ်မတော်ရဲ့ အာဘော်ဖြစ်နိုင်ပါ တယ်။ ဘာကြောင့် ဒီလို ထုတ်တယ်ဆိုတာကို အခု ကျနော်တို့ လေ့ လာနေဆဲဖြစ်ပါတယ်။”

ကေအိုင်အေဟာ တိုင်းရင်းသားလူငယ်တွေကို  အတင်းအကျပ် ခြိမ်းခြောက်ချုပ် နှောင်ဖမ်းဆီးပြီး ကေအိုင်အေ ရဲ့ တပ်စခန်းတွေမှာ ဗိုလ်လောင်း၊ အကြပ်နဲ့ တပ်သားသစ်သင်တန်းတွေ တက်ရောက်စေတဲ့အကြောင်း  စစ်တပ်ပိုင် မြ၀တီသတင်းရင်းမြစ်ကို ကိုးကားပြီး  ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွမှာ စွပ်စွဲရေးသားထားတာပါ။

ဒါ့ပြင် သင်တန်းတွေမှာ  အစာဝအောင်မကျွေးတာ၊  ညှဉ်းပန်းနှိပ်စက် လူမျိုးရေးခွဲခြား ဖိနှိပ်ဆက်ဆံတာကြောင့် အသက်အန္တရာယ်ကြားက ထွက်ပြေးလာသူတွေ ရှိနေတယ်လို့ ရခိုင်၊ ရှမ်း၊ ဗမာ၊ ပလောင်လူငယ်တွေက ပြောတယ်လို့လည်း ဆိုပါတယ်။

ကေအိုင်အေဘက်ကတော့ တပ်သားသစ်အဖြစ် တခြား တိုင်းရင်းသားတွေကို စုဆောင်း တာမရှိဘူးလို့  ကေအိုင်အေ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

“ကေအိုင်အေကတော့ ကချင်လူငယ်များကို စုဆောင်းတာရှိပါတယ်။ တခြားတိုင်းရင်းသားလူငယ် များကို အတင်း အဓမ္မစုဆောင်းတာတော့မရှိပါဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို  အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခိုက်ခိုက်ခဲ့တာကြောင့်  မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စေလွှတ်ထားတဲ့  ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဆီ ပေးပို့ထားပေမယ့် အစိုးရဘက်က တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့လည်း ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/72943

မေမြတ်နိုး (ဓာတ်ပုံ - http://news.naver.com)
၂၀၁၄ အာရှပစိဖိတ် ဝေါလ် အလှမယ်ဆုကို ရရှိခဲ့တဲ့ မြန်မာ အလှမယ် မေမြတ်နိုး ပြောဆိုတာတွေ မှန်ကန် တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အာရှပစိဖိတ် ဝေါလ်အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် မဟုတ်ဘူးလို့ မီဒီယာ ညွန်ကြားရေးမှူး ဒေးဗစ်ကင်က ဒီဗွီဘီကို ပြောပါတယ်။

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ လိုအပ်တဲ့စရိတ်အတွက် အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ အတူနေဖို့ စေခိုင်းတာဟာ မှန်ကန်တဲ့အကြောင်း အာရှ ပစိဖိတ် ဝေါလ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဂျောင်ဝမ်ယောင်က ထုတ်ပြန်ခဲ့တာကို တောင်ကိုးရီးယား သတင်းဌာနတချို့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ဖုန်းနံပါတ်တွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းကိုင် ဖြေကြားခြင်း မရှိပါဘူး။

ထုတ်ပြန်ချက်မှာပါရှိတဲ့ ဂျောင်ဝမ်ယောင်ဟာ အာရှပစိတ်ဖိတ်ဝေါလ်ရဲ့ စည်းရုံးရေး ကော်မတီဝင် ဖြစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်က အရှုပ်အရှင်းကိစ္စတခုကြောင့် အဖွဲ့ဝင်မဟုတ်တော့တဲ့ အကြောင်း ဒေးဗစ်ကင်က ပြောပါတယ်။

“ဒီသတင်းနဲ့ပတ်သက်ပြီး အဓိက ဆက်သွယ်ရမယ့် မစ္စတာ ယောင်ကို ကျနော်တို့ တရားစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါက မနေ့က ဖြစ်သွားတာပါ။ ဒီနေ့မှာတော့ ကိုရီးယား သတင်းဌာနတွေက တိတ်ဆိတ်သွားပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တရားစွဲလိုက်လို့ပါ” လို့ ဒေးဗစ်ကင်က ပြောပါတယ်။

အာရှပစိဖိတ်ဝေါလ်အဖွဲ့က ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားတာ ရှိသလားလို့ မေးမြန်းရာမှာတော့ ဒီသတင်းကို အင်တာနက်ပေါ်ကနေ တဆင့်သိရှိရတာ ဖြစ်သလို ဒီအဖွဲ့နဲ့ ပြိုင်ပွဲက ပြန်လာကတည်းက အဆက်အသွယ်မရှိတော့ဘူးလို့ မေမြတ်နိုးက ပြောပါတယ်။

“အခုဟာက ၀မ်းသာနေတာ၊ ဘာလို့လဲဆိုတော့ အမှန်တရားက တဖြည်းဖြည်းနဲ့ ပေါ်လာတယ်ဆိုတော့လေ” လို့ မေမြတ်နိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် အလှမယ် ပြိုင်ပွဲမှာ မေမြတ်နိုးဟာ အလှမယ်သရဖူဆုရရှိခဲ့တာဖြစ်ပါတယ်။ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း အာရှ ပစိဖိတ် ဝေါလ် အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် ၂ ဖက် အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/72902


နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ မန္တလေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ မြစ်ကမ်းဘေး ဂေါဝိန်ဆိပ်အနီးက ဆင်းရဲသား နေအိမ်တွေ အဓမ္မ ဖျက်သိမ်း ဖယ်ရှားခံ ခဲ့ရကြောင်း ကြားသိရတဲ့ အတွက် အလွန် အံ့အားသင့်မိပြီး၊ ဒီလုပ်ရပ်အပေါ် စိတ်ပျက် ၀မ်းနည်းရကြောင်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ပြောဆိုလိုက်ပါတယ်။

နော်ဝေ လွှတ်တော် နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် Halleraker ကတိုင်းပြည်ဆင်းရဲတာကို ဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ လူတွေနေထိုင်ရာ နေရာတစ်ခုကို ဖယ်ရှားပစ်တဲ့ မြန်မာအာဏာပိုင်တွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး၊ မြန်မာနိုင်ငံ ဆင်းရဲတယ်၊ အဲ့ဒီဆင်းရဲတဲ့ကိစ္စကိုက နော်ဝေက ကူညီဖြေရှင်းချင်နေတဲ့ကိစ္စပါ ၊ မြန်မာဟာ နားလည်မှုလွဲနေတယ်လို့ နော်ဝေအသံလွှင့်ဌာန NRK ကို ပြောဆိုခဲ့တာပါ။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ Frode Angersen ကလည်း ဆင်းရဲတဲ့ကိစ္စဟာ ဖုံးကွယ်ထားရမယ့်အရာ မဟုတ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာသာဖြစ်ကြောင်းဒါကြောင့် လည်းနော်ဝေဟာ မြန်မာနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံနေတာဖြစ်ကြောင်း ပြောဆိုပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ ရေလမ်းခရီးနဲ့ မန္တလေးကိုမရောက်ရှိခင် မန္တလေး ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်နဲ့ ရှမ်းကလေးကျွန်းကြားက ကျူးကျော်အိမ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မန္တလေး စည်ပင်သာယာက မြေထိုးစက်ဘူဒိုဇာတွေနဲ့ထိုးပြီး ဖယ်ရှားခဲ့ကြောင်း၊ ဂေါဝိန်ဆိပ်တစ်ခုတည်းမှာပဲ အိမ်ခြေ ၇ဝ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂ဝဝ ဝန်းကျင် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်တွင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ ရေယာဉ်ဆိုက်ကပ်ချိန်မှာတော့ လူနေရပ်ကွက်ဟာ ကွင်းပြင်ကြီးဖြစ်နေပြီး၊ အမြန်လာစိုက်ထားတဲ့ ပန်းပွင့်တွေ၊ မြန်မာနဲ့ နော်ဝေအလံတွေ တလွင့်လွင့်ဖြစ်နေကြောင်း နော်ဝေသတင်းစာ တစ်စောင်က ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို စုံစမ်းမေးမြန်းမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127