12/09/14

န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန် ပစ်သတ်ခံရသည်ဆိုသော အမှုအတွက် အမှန်တရား ဖော်ထုတ်ပေးရန် တောင်းဆိုသည့် ဖခင်ဖြစ်သူကို မြန်မာ့တပ်မတော်က တရားစွဲထားခြင်းကို (၈၈)မျိုးဆက်ပွင့်လင်းလူ့အဖွဲအစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေးက စနေနေ့တွင် ကန့်ကွက်လိုက်သည်။

စစ်အာဏာရှင်စနစ်ကြီးစိုးသောတိုင်းပြည်တွင် ဥပဒေပြဋ္ဌာန်းချက်များက အုပ်ချုပ်သူအာဏာပိုင်တို့ကို ကာကွယ်ပေးထားကြောင်း သူက ပြောသည်။

"မြန်မာနိုင်ငံကြီးက သာယာနေပြီး ပြုပြင်ပြောင်းလဲရေးထဲကို ရောက်နေတယ်ဆိုပြီးတော့ ပြောနေသူတွေက အခုကိစ္စကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တိုနိုင်ငံရဲ့ ဥပဒေဟာ ဘယ်ဘက်မှာရှိနေလဲ ဆိုတာ ဒီဖြစ်ရပ် တစ်ခုတည်းနဲ့ ပြောလို့ရပါတယ်" ဟု မဂျာဆိုင်းအိန် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးမြအေးက ပြောသည်။

ဥပဒေစိုးမိုးမှု မရှိပါက မတည်ငြိမ်မှုသာ ဖြစ်ပေါ်လာမည်ဟု သူက ဆိုသည်။

အသက် ၁၄ နှစ်အရွယ် မဂျာဆိုင်းအိန်သည် ကချင်ပြည်နယ် ဖားကန့်မြို ဆွတ်ငိုင်ယန်ကျေးရွာတွင် ၂၀၁၂ခုနှစ် စက်တင်ဘာလက ပစ်ခတ်ခံရသည် ဆိုသော အမှုအတွက်
ဖခင် ဦးဘရန်ရှောင်က သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်ရေးကော်မရှင်တို့ကို တိုင်ကြားခဲ့ရာ ခြေမြန်တပ်ရင်း(၃၈၉)မှ ဗိုလ်မှုးဇာနည်မင်းပိုက်က ဦးဘရန်ရှောင်ကို မမှန်မကန်လိမ်လည်တိုင်ကြားမှုဖြင့် တရားစွဲခဲ့သည်။

ဦးဘရန်ရှောင်၏ ရှေ့နေ ဦးခွန်နောင်က ၂၀၁၃ မတ်လက စတင်ပြီး ရုံးချိန်းပေါင်း ၄၇ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ကြောင်း၊ တရားလို စစ်အရာရှိ တရားခွင်သို့ ရောက်မလာသည်မှာ ရုံးချိန်း (၁၀)ချိန်းခန့် ရှိပြီ ဖြစ်ကြောင်း ပြောကြားသည်။

"သူတပ်ရင်းကို သွားမေးတော့ သူဘယ်ရောက်နေလဲ၊ ဘယ်ကိုပြောင်းသွားပြီလဲ ဆိုတာ မသိဘူး တဲ့၊ ၃၈၉ ခြေမြန်တပ်ရင်းက ဗိုလ်မှုးကြီးကပြောတယ်။ သူဘယ်မှာရှိနေလဲ ဆိုတာ မသိတော့ ဆင့်ခေါ်စာလည်း ပေးလို့ မရဘူး ဖြစ်နေတယ်" ဟု ၎င်းက ပြောဆိုသည်။

စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ရှိနေသော ဦးဘရန်ရှောင်က သမီးဖြစ်သူ သေဆုံးရပုံကို ရှင်းပြခဲ့သည်။

"အဲဒီနေ့ကကျောင်းကနေ တူတူပြန် လာတဲ့ ဆရာမနဲ့ သမီးလေးရဲ့ သူငယ်ချင်းတွေ ဘေးမှာ ရှိပါတယ်။
အဲဒီအချိန်မှာ ကချင်နဲ့စစ်ဖြစ်နေတာ မဟုတ်ဘူး။ ဗုံးပေါက်ကွဲပြီး အချင်းချင်း ပစ်ခတ်နေတာပါ။ တစ်ရွာလုံး သိပါတယ်။
ကျွန်တော်သမီးကို မတရားပစ်သတ်ပြီး အခု ကျွန်တော့်ကိုပါ တရားထပ်စွဲထားတယ်။
ကျွန်တော်ရဲ့ဘ၀ကို နားလည်ပြီး အမှုမှန်ပေါ် ပေါက်ဖို့ ကူညီပေးကြပါ" ဟု ဦးဘရန်ရှောင်က ပြောကြားသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရယူရန် မြန်မာ့တပ်မတော် ပြောခွင့်ရ အရာရှိများကို ဆက်သွယ်၍ မရသေးပေ။

စစ်သည်တော်များအနေဖြင့် ကျင့်ဝတ်နှင့်အညီ နေထိုင်ပြီး ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံသွားရန် သောကြာနေ့က ပြင်ဦးလွင်မြို့နယ်တွင် ပြုလုပ်သော ဗိုလ်သင်တန်းဆင်းပွဲတွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်သည်။

"တစ်ဦးတစ်ယောက်၏ စည်းကမ်းမဲ့မှု၊ အကျင့်စာရိတ္တ ချို့ယွင်းမှုကြောင့် တပ်မတော်တစ်ခုလုံးကို ထိခိုက်စေနိုင်သည့်၊ စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်များ မဖြစ်ပွားရအောင် အထူး အလေးထား ဆောင်ရွက်သွားကြရန်" လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

စစ်တပ်က ပစ်ခတ်ခဲ့သည်ဆိုသော ဖြစ်ရပ်များအနက် လတ်တလော ထင်ရှားသည့် အခြားအမှုတစ်ခုမှာ မွန်ပြည်နယ် တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားစဉ် သေဆုံးသော ကိုပါကြီး သေဆုံးမှု ဖြစ်သည်။
ကိုပါကြီး၏ ရုပ်အလောင်းကို မကြာသေးမီက တူးဖော် စစ်ဆေးရာ ကျည်ဆံရာအများအပြား ထိမှန်ထားသည်ကို တွေ့ရကြောင်း မှုခင်းဆရာဝန်က ပြောသည်။

မဂျာဆိုင်းအိန်အမှုတွင် သက်ဆိုင်ရာ ဆရာဝန်ထံမှ စစ်ဆေး တွေ့ရှိမှု အထောက်အထားများကို တောင်းယူ၍ မရခဲ့ကြောင်း၊ ထိုဆရာဝန်လည်း တခြားနယ်သို့ ပြောင်းသွားသည်ဟု စုံစမ်းသိရှိရကြောင်း ဦးဘရန်ရှောင်က ပြောသည်။

# #

န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်အကြောင်း ရှင်းလင်းပွဲတွင် တွေ့ရသည့်
(၈၈)မျိုးဆက်ပွင့်လင်းလူ့အဖွဲအစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြအေး (ဓာတ်ပုံ - ရဲကိုကို / The Yangon Globe)

http://ygnglobe.com/mm
https://www.facebook.com/TheYangonGlobe

ဗိုလ်သင်တန်းဆင်းပွဲတစ်ခုအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်သို့ ရောက်ရှိနေသည့်နေ့တွင် ထိုမြို့ရှိ
နာမည်ကျော် အကျဉ်းသား စစ်အရာရှိတစ်ဦးကို စစ်ခုံရုံးက ထောင် ၂ နှစ် ချလိုက်သည်။

ထိုအရာရှိမှာ ဗိုလ်မှူးကျော်စွာဝင်းဖြစ်ပြီး သူ ကျူးလွန်ခဲ့သောအမှုမှာ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံကြောင်း လက်မှတ်ထိုးခဲ့မှုဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ကောက်ယူစဉ် စစ်ယူနီဖောင်းဝတ်ဆင်ထားသော
ဗိုလ်မှူးကျော်စွာဝင်း လက်မှတ်ထိုးပေးနေပုံသည် ထင်ရှားသည့် ဓာတ်ပုံတစ်ပုံ ဖြစ်လာသည်။ စစ်တပ်က သူ့ကို ထိုနေ့တွင်ပင် ထိန်းသိမ်းလိုက်ပြီး ၅ လ အကြာတွင် ထောင်ချလိုက်ခြင်းဖြစ်သည်။

မန္တလေးထောင်ရောက် ဗိုလ်မှူးကျော်စွာဝင်းကို အကူအညီပေးမည်ဟု NLD ကိုယ်စားပြု လွှတ်တော်အမတ်တချို့က The Yangon Globe သတင်းဌာနကို တနင်္လာနေ့တွင် ပြောကြသည်။

“လူမှုကူညီမှုအနေနဲ့ ဥပဒေပိုင်းဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေကိုတော့ ပြင်ဦးလွင်က လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟ ကိုယ်တိုင် ဆောင်ရွက်နေပါတယ်။
ပြီးတော့ မန္တလေးတိုင်းက လူမှုအထောက်အကူအပြုအဖွဲ့က ဒေါ်ဝင်းမြမြတို့က ... အကျဉ်းသားအခွင့်အရေးတွေရဖို့ ဆောင်ရွက်ပေးနေပါတယ်” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

ပြင်ဦးလွင်လွှတ်တော်ကိုယ်စားလှယ်ကလည်း လိုအပ်သလို အကူအညီ ပေးနိုင်ရန် ဗိုလ်မှူးကျော်စွာဝင်း၏ မိသားစုနှင့် အဆက်အသွယ်လုပ်ထားသည်ဟု ဆိုသည်။

စစ်တပ်မိသားစု၊ အစိုးရပိုင်းမိသားစုများ နေထိုင်ရာ မင်္ဂလာဒုံ၊ မှော်ဘီ၊ နေပြည်တော် စသည့် ဒေသများသည် ရွေးကောက်ပွဲများတွင် ဒီမိုကရေစီအင်အားစု ပါတီများကို မဲပေးလေ့ရှိကြသော်လည်း
ဗိုလ်မှူးကျော်စွာဝင်းကဲ့သို့ လူမြင်ကွင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ခြင်း မရှိကြသေးပေ။

၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု အရှိန်တက်လာချိန်တွင် လွှတ်တော်အတွင်းသို့ အလိုအလျောက် ရောက်ရိနေသော စစ်တပ်ကိုယ်စားလှယ်များကလည်း ပုဒ်မ ၄၃၆ မပြင်ဆင်ရန် လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုခဲ့ကြသည်။

ထိုတောင်းဆိုချက်မှာ NLD က ပြည်သူလူထုထံမှ ရရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ပေါင်း ငါးသန်းနီးပါး ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ သြဂုတ်လတွင် ပေးပို့အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ထိုအရေအတွက်နှင့် ပတ်သက်ပြီး သံသယ ဖြစ်သည့်သဘော သူ၏ ပထမဆုံးသော စာနယ်ဇင်းအင်တာဗျူးတွင် ပြောခဲ့သည်။
ထို ၅ သန်း၏ ဆန္ဒကို အလေးထားရန် လိုအပ်သလို ကျန် ၄၆ သန်းထဲမှ ၁၈ နှစ် ပြည့်ပြီးသူတို့၏ ဆန္ဒကိုလည်း ကြည့်ရမည်ဟု ဆိုသည်။

"ရှေ့လူကြီး ခေါင်းဆောင်တွေ အသီးသီးက တွက်ဆပြီးတော့မှ ဒီဥပဒေခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးထားတာ" ဟု သူက VOA အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

တပ်ချုပ်သည် သူ၏ရှေ့မှ ဗိုလ်ချုပ်ကြီးများကဲ့သို့ပင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပုံကို မိန့်ခွန်းပြောသည့်အခါတိုင်း ထည့်သွင်း ပြောဆိုလေ့ရှိသည်။

စစ်ခေါင်းဆောင်တို့၏ အခြေခံဥပဒေအကဲဆတ်မှုပြင်းထန်ပုံကို ယခု လတ်တလော ဗိုလ်မှူးကျော်စွာဝင်း ထောင်ချခံရခြင်းက ပြသနေသည်။

ဗိုလ်မှူးကျော်စွာဝင်းကို ထောင်ချခြင်းမှာ နိုင်ငံသားအခွင့်အရေးကို ဖောက်ဖျက်ရာရောက်နေသည်ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ဆိုသည်။

နိုင်ငံသားတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ချက်ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဟု အခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားကြောင်း သူက ထောက်ပြသည်။

“ တပ်မတော်သားတွေဟာလည်း နိုင်ငံသားတွေဖြစ်တဲ့အတွက် လွတ်လပ်စွာ ဖော်ပြခွင့်ရှိသင့်ပါတယ် “ ဟု ဦးကိုနီက ဆိုသည်။

ကာယကံရှင် စစ်အရာရှိက သူ့ကို ပုဒ်မ ၄၁(င) အမိန့်မနာခံမှုဖြင့် ထောင်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"၄၃၆ မထိုးရဆိုပြီး စစ်တပ်မှာ အမိန့်ထုတ်ထားတာရှိတယ်" ဟု သူက မန္တလေးထောင်တွင်းသို့ မဝင်မီ RFA အသံလွှင့်ဌာန သတင်းထောက်ကို ပြောပြသည်။

# #

http://ygnglobe.com/mm
https://www.facebook.com/TheYangonGlobe

(၁)

သမိုင်းဝင် ထူးဆန်းအံ့သြဖွယ်ဖြစ်စဉ်ဟုပင်
ပြောရပေမည်..၊

"သူရဲကောင်းစစ်သည်များအား အလေးပြုသည့်ပွဲ"..ဟု
နာမည်တပ်ထားသော
နိုင်ငံရေးအကြပ်အတည်းဖြစ်မှ ..
အိပ်ရာကနိုးသလို
ထပြီး လုပ်သည့် ပွဲတွင်...

တပ်မတော်ကို အမှန်တကယ်ဖြိုခွဲသူများက..
ရေ့ဆုံးမှ အားကြိုးမာန်တက် ပါဝင်ဦးဆောင်ကာ
နည်းပေါင်းစုံဖြင့်အလေးပြုနေသည်မှာ..
အလွန်ပင် စိတ်ဝင်စားဖွယ်ဖြစ်သည်..၊

ကျားဥပုပ်စောင့်တာက ယုံချင်ယုံအုံးမည်..၊

စစ်တပ်ကို နှစ်ပိုင်းကွဲသွားအောင်ကျူးလွန်သောသူများကား
အဘယ်ကြောင့် ထိုပွဲတွင်ရှေ့တန်းမှပါဝင်နေရသနည်း..၊

စစ်တပ်ကိုဖြိုခွဲ..သူများကတော့

"ဦးနေ၀င်း၏မြေးများ" ပင်ဖြစ်ပါသည်...

-------------------------------------

(၂)

လွန်ခဲ့သော၂၀၀၂ ခုနှစ်ကာလကဖြစ်သည်.
စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်တွင်..
ဦးနေ၀င်း၏မြေးများအား မြှောက်စားထားခဲ့ပေသည်
ထိုသူများသည် အာဏာရှင်မြေးများပီပီ မိုက်ရိုင်းခဲ့ကြပေသည်..

Scorpian အမည်ဖြင့် ဂိုဏ်းစတားဖွဲ့ပြီး
အနိုင်ကျင့်အင်အားပြသည်..

GSM ဖုန်းတင်သွင်းသည့်
ကုမ္မဏီဖြစ်သော ( Sky Link) နာမည်ခံပြီး.
ပြည်သူပြည်သားများအား မညှာမတာ..
ဖုန်းတစ်လုံး သိန်း (၄၀)ဖြစ်အောင်အမြတ်ထုတ်သည်..၊

ထို့နောက် ( Goldern Crown) ကုမ္မဏီနာမည်ဖြင့်
တိုင်းပြည်စီးပွားရေးလုပ်ငန်းများကိုရနိုင်သလောက်
အမြတ်ထုတ်ပါတော့သည်.၊

ထိုအမှုများကို...
ဦးနေ၀င်း၏ သားတပည့်လိုဖြစ်ခဲ့သော
ဦးခင်ညွန့်မှ အကာအကွယ်ပေးပြီး..
စစ်အာဏာရှင်များကလဲ..
သိသိကြီးနဲ့လိုက်လျောခဲ့သဖြင့်
ထိုသူများသည် အာဏာပါရူးလာပါတော့သည်..၊

ထိုစဉ်ကတိုင်းမှုးများဖြစ်ကြသော...
ဗိုလ်ချုပ်ချစ်သန်း၊ ဗိုလ်ချုပ်အေးကြွေ ၊စသော
တိုင်းမှုးများ...၊ ရဲတပ်ဖွဲ့၏အကြီးအကဲ ရဲချုပ်အပါဝင်
တပ်မတော်နေ့တွင်လုံခြုံရေးယူရသော
တပ်မ တစ်ခု၏ တပ်မမှုးတစ်ယောက်ကိုပါစည်းရုံးပြီး
ထိုတိုင်းမှုးတပ်မမှုးများ၏ လက်အောက်ခံစစ်သည်အင်အားကို
အသုံးပြုကာ..တပ်မတော်နေ့တစ်ခုတွင် အာဏာသိမ်းရန်
ကြံစည်ပါလေတော့သည်..၊

----------------------------------

(၃)

ဘယ်လောက်အထိအာဏာရူးသနည်းဆိုသော်
သူတို့အာဏာရပါက အသုံးပြုမည့် အဆောင်တံဆိပ်များကအစ
တီထွင်ဖန်တီးထားပြီးဖြစ်သလို သူတို့အိမ်ကိုလုံခြုံရေးယူပေးရသော
တပ်ကိုလဲ ခါးပိုက်ဆောင်တပ်အသွင်စည်းရုံးခဲ့ပါသည်..၊

ထိုလက်ကိုင်တုတ်တပ်ကို အာဏာရှင်မြေးများကိုယ်တိုင်..
သူတို့စိတ်ကြိုက် ယူနီဖေါင်းဆင်ထားသည်.၊

နောက်ပိုင်းတွင် သူတို့အကြံအစည်ကို ဦးသန်းရွှေမှသိရှိပြီး
သူတို့ကို သေဒဏ် တစ်သက်တစ်ကျွန်းဒဏ်များချခဲ့ပါတော့သည်၊
ဦးခင်ညွန့်မှာလဲ နီးရာဒါး ကြောက်ရသဖြင့်..
သူကိုယ်တိုင်ဖေါ်ထုတ်ပြရပါတော့သည်..၊

အကယ်၍ သာ ဦနေ၀င်းတို့၏မြေးများ အာဏာသိမ်းမှု
အကောင်ထည်ပေါ်ခဲ့ပါက..၊

- စည်းရုံးခံထားရသော..စစ်တိုင်းမှုးများသည်
သူတို့၏တပ်များကိုအသုံးပြုကာ
ကာချုပ်အောက်ကတပ်များအား ပြန်တိုက်ခိုက်မည်ဖြစ်သည်...

- စစ်တပ်သည် နှစ်ပိုင်းကွဲပြီး ပြည်တွင်းစစ်ဖြစ်လာမည်ဖြစ်သည်..

- ပြည်သူများ ဒုက္ခရောက်သွားနိုင်ပါသည်.....

- အာဏာရူသူများအချင်းချင်း တိုက်ပွဲများဆက်ပြီး
တိုင်းပြည်မီးဟုန်းဟုန်းတောက်နိုင်ပါသည်..

- တပ်မတော်သည် အာဏာလုသူများကြားတွင်
တစ်စစီ ကွဲသွားနိုင်ပေသည်....

- တိုင်းပြည်တစ်ခုလုံးမငြိမ်မသက်ဖြစ်ပြီး
စုတ်ပြတ်သတ်သွားမည်ဖြစ်သည်....

ပြည်သူများစွာ သေကြေပျက်စီးမည့်ကိန်းပင်ဖြစ်သည်.၊

အဲဒီအနေအထားကိုကြည့်ပါက..
တပ်မတော်ကိုဖြိုခွဲသူ ဘယ်သူလဲဆိုတာကို
ရှင်းပြစရာလိုမည်မထင်ချေ..၊

------------------------------------

(၄)

သို့သော်....ထူးခြားမှုက....
သမ္မတဦးသိန်းစိန်လက်ထက်တွင်...
ဖြစ်ပေါ်ခဲ့ပါသည်..၊

ဦးနေ၀င်းမြေးများပြန်လည်လွတ်မြောက်လာခဲ့ပါသည်၊

လွတ်မြောက်လာသည်ကလဲထူးခြားပါသည်..
အာဏာသိမ်းရန်နှင့် တပ်မတော်ဖြိုခွဲရန်ကြံစည်မှုဖြင့်..
သေဒဏ်နှင့်တစ်ကျွန်းဒဏ်များစွာကို
စုပေါင်းကျခံခဲ့ရသော ဦးနေ၀င်းမြေးများသည်..

ဟော်တယ်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးမှ
လွတ်မြောက်လာသလို..ဆူဖြိုးစိုပြေစွာဖြင့်
လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်..

ထိုသို့ အကြံပက်စက်သူများကို..
အဘယ့်ကြောင်း ထိုသို့လွှတ်ပေးလိုက်သနည်း..?
ပြည်သူများထဲတွင် မေးခွန်းများစွာဖြစ်ပေါ်ခဲ့ပါသည်..၊

ထိုသူများသည် ထောင်မင်းသားဘ၀မှလွတ်မြောက်သည်နှင့်
"စစ်တပ်အတွက် ဘာမဆိုလုပ်ပေးမည်" ဟု
အဓိပ္ပါယ်ရှိစွာ ကြွေးကျော်ခဲ့သည်...၊

ပွဲများ အခမ်းအနားများသို့တက်ရောက်ပြီး..
ချက်ချင်း လူဝင်ဆံ့အောင်လုပ်ခဲ့သည်..၊

ဘယ်တုန်းကတည်းက သိုဝှက်ထားခဲ့သည်မသိသော
ဒေါ်လာ ၅ ဘီလီယံခန့်ကိုအသုံးပြုကာ တရုတ်ချေးငွေနာမည်ခံပြီး
နာမည်ကျော်ဘဏ်တစ်ခု၏ အစုရှယ်ယာများစွာကို
ဝယ်ယူလိုက်ပေသည်..၊

အလွန်ပင်ထူးခြားပေစွ...၊

ထောင်ထဲတွင်..
အစိုးရနှင့် ဦးနေ၀င်းမြေးတို့..
မည်သို့အပေးအယူများရှိမည်လဲဆိုသည်ကို
ခန့်မှန်းလို့ရမည်ဖြစ်ပေသည်..၊

----------------------

(၅)

အခုလဲ ဇာတ်လမ်းစလာပြန်သည်..

အေးနေ၀င်းကျော်နေ၀င်းတို့နှင့် ရင်းနှီးသော..
ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့်၏
တပည့်ဟောင်းများမှစီစဉ်သော...

သူရဲကောင်းစစ်သည်ဗိမာန်အလေးပြုပွဲတွင်..၊
ဦးနေ၀င်းမြေးများကို ...
အဓိကပုဂ္ဂိုလ်များအသွင် တွေ့မြင်ရသည်.၊

ထိုဇာတ်ညွန်းကိုရေးသူ၏..
အကွက်ကရှင်းပါသည်..

ဒေါ်စုကို နိုင်ငံရေးအရအပုတ်ချရန်ဖြစ်သည်..၊

"ဦးနေ၀င်းမြေးတွေတောင်လာတယ်..၊
ဗိုလ်ချုပ်အောင်ဆန်းသမီးက မလာဘူး.. "

ဆိုသည့်သဘောမျိုး အပုတ်ချရန်ဖြစ်သည်..၊

ဒါပေမဲ့ ဇာတ်ညွှန်းရေးသူအကြီးအကျယ်မှားယွင်းနေခဲ့သော
အချက်တစ်ချက်ရှိနေပါသည်..၊

"အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေးများသည်...၊
တပ်မတော်ကို သွေးခွဲစည်းရုံးပြီး..
တိုင်းပြည်ကို ပြည်တွင်းစစ်ဖြစ်အောင်..
အမှန်တကယ်...လုပ်ခဲ့ကြသူများ... "

ဆိုတာကို..မေ့လျော့နေခြင်းပင်တည်း...၊

---------------------------------

(၆)

ဗိုလ်ချုပ်ရာပြည့်ပွဲကို..
ဖုံးလွှမ်းစေချင်သောစိတ်.များဖြင့်..
ကျင်းပလိုက်ကြသော..

တပ်မတော်အဆက်ဆက်မှ
ကျဆုံးခဲ့ကြသော..
သူရဲကောင်း စစ်သည်ဗိမာန်ကို
အလေးပြုသည့် ပွဲသည်..

"တပ်မတော်ဖြိုခွဲသူများ" ကို ..
ရှေ့ဆုံးမှ ဦးဆောင်စေခဲ့သဖြင့်

အကျည်း တန်စွာပင် ပြီးဆုံးသွားပြီဖြစ်သည်..၊

ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါသည်..၊

( Pa Yit)


လာမယ့် ၂ဝ၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် မွေးနေ့အကြို လှုံ့ဆော်တဲ့အနေနဲ့ “ပန်းရဲ့လမ်း” ဂီတအဖွဲ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဂုဏ်ပြုဖျော်ဖြေခဲ့ပါတယ်။
RFA

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်အမတ် တစ်ဦး၏ အရေးဆိုမှုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်က လက်ခံလိုက်သည်။
Yangon-Parliament-1 (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသော အနှိပ်သမများအနေဖြင့် ဥပဒေ၏ အကာကွယ်မရဘဲ လူ့အခွင့်အရေး ချိုးဖောက် ခံနေရသောကြောင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးရန် ရန်ကင်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးသောင်းကျော်က ဒီဇင်ဘာ ၈ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အထူး အစည်းအဝေးတွင် အရေးဆိုခဲ့ခြင်း ဖြစ်သည်။
“သူတို့ဟာ တစ်ညလုံးအလုပ်လုပ်ရတယ်။ အိပ်ချိန်က မနက်ပိုင်းလေးပဲရှိတယ်။ အလုပ်ချိန်နဲ့ပတ်သက်လို့ လည်း သူတို့ကို အကာအကွယ် မပေးနိုင်ဘူး။ သောက်စားမူး ယစ်လာတဲ့ အမျိုးသားတွေနဲ့ တွေ့တဲ့အခါမှာလည်း ထိကပါး၊ ရိကပါး စော်ကားခံရတာတွေ ရှိတယ်” ဟု ဦးသောင်းကျော်က လွှတ်တော်တွင်ပြောသည်။

ထို့ကြောင့် တိုင်းအစိုးရအနေဖြင့် လေးလေးနက်နက်စဉ်းစားပြီး စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ကာ တရားဝင်ဖွင့်ခွင့် ပေးသင့်သည်ဟု ၎င်းက တောင်းဆိုသည်။
“ဥပဒေမဲ့လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီကလေးတွေဟာ အပြင်တောင်ထွက်လို့ မရဘူး။ ကျွန်လိုပဲ သူတို့လုပ်နေ ရတာ။ ညလုံးပေါက် အလုပ်လုပ်ရတယ်။ သတ်မှတ်တဲ့ ရှစ်နာရီ အလုပ်ချိန်ရယ်လို့လည်း မရှိဘူး” ဟုလည်း ဦးသောင်းကျော်က ပြောသည်။

၎င်း၏ အရေးဆိုမှုကို ဆက်လက်ဆွေးနွေးရန် လွှတ်တော်အမတ်အားလုံးက သဘောတူသည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြရန် လွှတ်တော်ဥက္ကဌဖြစ်သူ ဦးစိန်တင်ဝင်းက ညွှန်ကြားထားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါက်တာ စောလှထွန်းကလည်း “စည်းမျဉ်း၊ စည်းကမ်းနဲ့ ခွင့်ပြုပေးမယ် ဆိုလို့ရှိရင်
တိုင်းပြည်အတွက်လည်း အကျိုးရှိတဲ့အတွက်ကြောင့် တရားဝင် ခွင့်ပြုပေးသင့်တယ်ဆိုတဲ့ ဒီအဆိုကို ထောက်ခံပါတယ်” ဟု ဦးသောင်းကျော်၏ အဆိုအပေါ် ထောက်ခံခဲ့သည်။

ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများမှာ တစ်နာရီလျှင် အနိမ့်ဆုံး ကျပ်ငွေ သုံးထောင်မှ သောင်းဂဏန်း ထိပေးရသည်။

မကြာမီက လွှတ်တော်တွင် အရေးတကြီး အဆိုတစ်ရပ်ကိုတင်သွင်းခဲ့သည်။ ယင်းအ ဆိုမှာ တိုင်းပြည်တွင် လူထုရင်ဆိုင်နေရသည့် အခက်အခဲပြဿနာများ မှ ပြေလည်စေရန် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပါဟူ ၍ ဖြစ်သည်။

သမ္မတ၊ လွှတ်တော်နာယကနှစ်ဦး၊ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တို့ပါဝင်ပြီး ခြောက်ပွင့်ဆိုင်တွေ့ ဆုံကြရန်ဟု ထိုအဆိုကတင်ပြသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုထား သည့် ]လေးပွင့်ဆိုင်တွေ့ဆုံရေးကို ဘောင် ကျဉ်း သည်ဟု အင်တင်တင် လုပ်နေကြသည့် သမ္မတ၊ ကာချုပ်တို့အတွက် ]ကြား} ကျသည့် တင်ပြချက်တစ်ခုဟု ဆိုနိုင်ပါသည်။

]ခြောက်ပွင့်ဆိုင်} တွေ့ဆုံရန် အရေးတ ကြီးအဆိုကို လွှတ်တော်က တညီတည်း အ တည်ပြုလိုက်သည်။ မြန်မာ့နိုင်ငံရေး လိပ်ခဲ တည်းလည်းအနေအထားမှ တစ်ခုတည်း သောထွက်ပေါက်မှာ နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဖြစ်သည်။ ထို့ကြောင့် လေးပွင့်ဆိုင်ရမှမဟုတ်။ ခြောက် ပွင့်ဆိုင် ဆိုလျှင်လည်း စစ်မှန်သည့်တွေ့ဆုံ ပွဲဖြစ်ပါက တိုင်းပြည်အနေဖြင့် လက်သင့် ခံ နိုင်သည်။ ထို့ကြောင့် လွှတ်တော်ဘက်က တင်လာ သည့် ခြောက်ပွင့် ဆိုင် အပေါ်မှာ လည်း လူထုကစိတ်ဝင်စားမှုရှိသည်။

သို့သော် ]ခြောက်ပွင့်ဆိုင်}ကိစ္စနှင့်ပတ် သက်ပြီး သမ္မတဘက်က အရင်ဆုံးအသံ ထွက်လာသည်။ သူ့အနေဖြင့် ]ခြောက်ပွင့်ဆိုင်} တွေ့ဆုံရေးမှာ မဖြစ်နိုင်သေးဟု တုံ့ပြန်သည်။ တုံ့ပြန်ပုံမှာလည်း ယခင် လေးပွင့်ဆိုင်တွေ့ ဆုံ ရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က တင် ပြစဉ် ]ဘောင်ကျဉ်းလွန်းသည်} ဆိုသော အ ကြောင်းပြချက်ထက် ပို၍လေးနက်သော အကြောင်းမရှိချေ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကလည်း အလားတူ။ လေးပွင့် ဆိုင်လို ခြောက်ပွင့်ဆိုင်သည်လည်း ဘောင် ကျဉ်းနေမြဲကျဉ်းနေသေးသည်။ အားလုံးပါ ဝင်ရမည်ဟုဆိုသည်။ သမ္မတပြောရေးဆိုခွင့် ရှိသူ၏ အပြောအရတော့ ယခုလို ]ခြောက်ပွင့် ဆိုင်}တွေ့ရန် လွှတ်တော်၏အဆိုကြောင့် မကြာမီကတွေ့ခဲ့သည့် ]၁၄ ပွင့်ဆိုင်} ကိစ္စ သည်ပင် နှောင့်နှေးစရာရှိသည်ဟူ၏။

လွန်ခဲ့သည့် အောက်တိုဘာလကုန်ပိုင်း က အစိုးရဘက်က နိုင်ငံရေး ထိပ်သီးခေါင်း ဆောင်များတွေ့ဆုံရန် နေပြည်တော်တွင် နိုင်ငံ ရေးအင်အားစုအချို့မှ ပုဂ္ဂိုလ်များတွေ့ဆုံ သည်။ သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် စုစုပေါင်း ၁၄ ဦး။ ထို့ကြောင့် ၁၄ ပွင့်ဆိုင်ဟု တိုင်းပြည်က သုံးနှုန်းပြောဆို သည်။ အစိုးရကမူ နိုင်ငံရေးထိပ်သီးများတွေ့ ဆုံပွဲ ဟု ခေါင်းစဉ်တပ်သည်။

မည်သို့ဖြစ်စေ ဒါက ကောင်းသောလက္ခဏာ ဟု ရုတ်တရက် ယူဆ စရာ ဖြစ် လာခဲ့သည်။ ထို့ ကြောင့်လည်း တိုင်းပြည်က အဆိုပါတွေ့ဆုံပွဲ ကို အလွန်မှ အလေးအနက်ထားသည်။ စောင့် ကြည့်သည့်။ သို့သော် တွေ့ဆုံပွဲအပြီးမှာ ထွက် လာသည့်ရလဒ်များက အားရစရာမရှိလှ။ ကိုယ်တိုင် ပါဝင်သူ ခေါင်းဆောင် အချို့၏ အ ပြောအရ တွေ့ဆုံ ထမင်းစားပွဲမျှ သာဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအဖြစ် ပီပီပြင်ပြင်မရှိ။ တစ်ဦးကို ၁၀ မိနစ် ခန့်သာပြောရန် အချိန် ပေးသဖြင့် အရေးကြီးကိစ္စတွေကို ခြုံငုံမဆွေး နိုင်။ သို့အကြောင်းများကြောင့် နိုင်ငံရေးထိပ် သီးများတွေ့ဆုံပွဲခေါ် ၁၄ ပွင့်ဆိုင်မှာ လူထု ၏မှန်းချေနှင့်မကိုက်ခဲ့။

ဒါတွေအပြီးမှာ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးဘက်သို့ ပြည်သူနှင့်နိုင်ငံရေး အင်အားစုများ ပြန်လည်ခေါင်းတည်လာ သည်။ လေးပွင့်ဆိုင်တွေ့ဆုံရေး အတွက် တစ် ကိုယ်တော်ဆန္ဒပြသည်။ အစုအဖွဲ့ဖြင့် ဆန္ဒ ပြသူတွေလည်း ရှိလာသည်။ ထိုအခြေအ နေမှာ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ]လေးပွင့်ဆိုင်}မှာ ဘောင်ကျဉ်းလွန်းသည်။ ပုဂ္ဂိုလ်ရေးဆန်နေသည်။ တွေ့လျှင် ကျန်ရှိ သည့် တိုင်းရင်းသားအပါအဝင် နိုင်ငံရေးအင် အားစု များနှင့်တွေ့မှ ဖြစ် မည်ဟု တွင်တွင် ပြောသည်။ ပြောသည့်အတိုင်း မကြာလှသေး ခင် သမ္မတ သည် နိုင်ငံရေးပါတီများနှင့် တွေ့ ဆုံသည်။ သို့သော် တိုင်းပြည်အတွက် အ ရေးကြီးသည့်ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်း စဉ်များ ထွက်ပေါ်မလာ ။ တွေ့ပွဲသည် တွေ့ပွဲ သက်သက်မျှသာ ဖြစ်ခဲ့ရသည်။

ထိုအခြေအနေမှာ လွှတ်တော်က ]ခြောက် ပွင့်ဆိုင်}ကို တင်ခဲ့ခြင်းဖြစ် သည်။ လေးပွင့်ဆိုင် ကိုငြင်းနေသည့် သမ္မတနှင့်ကာချုပ်တို့အတွက် လက်ခံ စဉ်းစားစရာ ဒုတိယနည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ဒါကိုလည်း ]ဟင့်အင်း} လုပ်လိုက်ကြပြန်သည်။ ထို့ထက် သူတို့ဘက် က စတွေ့ဖို့လုပ် ခဲ့ သည့် ၁၄ ပွင့်ဆိုင်ပင်လျှင် ယခုခြောက်ပွင့်ဆိုင်ကြောင့် အနှောင့်အ ယှက်ဖြစ် ရသည်ဟုဆိုနေသဖြင့် ခက်လှသည်။

သို့ဖြင့် ယနေ့မြန်မာ့နိုင်ငံရေးမှာ ]ထိုး သော် ထိုးသော် ကြိုးချော်လို့သွား အပ်ရွှေနဖား} ဆိုသည့် ဆရာဇော်ဂျီ၏ကဗျာနှင့် သဏ္ဌာန် တူနေသည်။ လေးပွင့်မဆိုင်သော်ငြား ခြောက် ပွင့်တော့ဆိုင်ကောင်းရဲ့ဟု အကောင်းမြင် သောလူထုမှာ သူတို့၏ မထူးခြားလှသည့် ငြင်းပယ်ခြင်းများ၏နောက်တွင် အားမလို အားမရဖြစ်ရသည်။ စိတ်တိုစိတ်ပျက်သည်။

တကယ်တော့ ပြည်သူများအနေဖြင့် နိုင်ငံ၏ပြဿနာများကို ခေါင်းဆောင်များအ ချင်းချင်း တွေ့ဆုံအဖြေရှာသည့် နည်းလမ်း ဖြင့်သာ ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြ သည်။ ထို့ကြောင့် အပွင့်တွေဘယ်နှပွင့်ဆိုင် သည်ဆိုစေ မျှော်လင့်ချက် ထားကြသည်သာ။ လူထုအနေဖြင့် လေးပွင့်၊ ခြောက်ပွင့်မဟုတ် ဘဲ အစိုးရဘက်ကစလုပ်သည့် ၁၄ ပွင့်ဆိုင် ကိုလည်း တကယ်စစ်မှန်သည့် နိုင်ငံရေးသ ဘောထားနှင့် တွေ့ဆုံကြသည်ဆိုပါက ဘာ မှ လက်မခံနိုင်စရာမရှိချေ။ ဒေါ်အောင်ဆန်းစု ကြည်ခေါင်းဆောင်သည့် အတိုက်အခံဘက် က လေးပွင့်ဆိုင်ကို အစဉ်တစိုက်တောင်းဆို နေသော်လည်း ယခုခြောက်ပွင့်ဆိုင်ကိုလည်း ကောင်း၊ ၁၄ ပွင့်ဆိုင်ကိုလည်းကောင်း မငြင်း ချေ။ တကယ့်စိတ်ရင်းနှင့်တွေ့ဆုံမည်ဆိုလျှင် သူတို့ လက်ခံမည်ဟု ပြောထားပြီးသား။

ထိုအနေအထားမှာ သမ္မတနှင့်ကာချုပ် တို့ဘက်က လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကိစ္စ ကို တူးတူးခါးခါးငြင်းနေသည်မှာ ဘာကြောင့် လဲ။ သူတို့ပြောသလို ဘောင်ကျဉ်းနေလို့လား။ တိုင်းပြည်၏ အထွေးလိုက်ရှုပ်ပွေနေသည့် ပြဿနာအသီးသီးကို ဤလူလေးဦး တွေ့ဆုံ ရုံနှင့် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အားလုံး၏ သဘောထားများ စုပေါင်းပါဝင်ရမည်မှာ အမှန်ပင်။ သို့သော် လက်ရှိမြန်မာ့နိုင်ငံရေး အနေအထားတွင် အရေးကြီးဆုံးလူလေးဦး မှာ သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြစ်သည်။ သူတို့ သည် တိုင်းပြည်၏ ကြီးလေးကြီးဖြစ်သည်။

သူတို့ချင်း ရှေ့ဦးဆုံးတွေ့ဆုံရမည်။ နိုင် ငံရေးပြဿနာများပြေလည်ရေးအတွက် နား လည်မှုတည်ဆောက်ရမည်။ မည်သည့် မူ ဘောင်များအပေါ်မှာအခြေခံ၍ ဒီမိုကရေစီကို တည်ဆောက်မည် စသဖြင့် အရေးကြီးပြီး အခြေခံကျသည့် နားလည်သဘောတူညီမူ များ ကြီးလေးကြီးတို့အကြားတွင် ညှိနှိုင်း သဘောတူညီမှုရှိရမည်။ ပြီးမှ ကျန်ရှိသည့် နိုင်ငံရေးအင်အားစုတွေကလည်း ဆွေးနွေးပွဲ ထဲမှာ ဆွဲခေါ်ရမည်။ ဒီလိုနှင့် နိုင်ငံရေးတွေ့ဆုံ ပွဲတွေ မြိုင်လာမည်။ နားလည်မှုတွေ ပိုရှိလာ ပြီး တိုင်းပြည်အတွက် အလုပ်ဖြစ်မည့် ဆုံး ဖြတ်ချက်တွေကို ချနိုင်လာမည်။ အစိုးရဘက် က ပြောတတ်သည့်စကားနှင့်ဆိုရလျှင် ]အား လုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်တစ်ရပ်} ပေါ် ပေါက်လာမည်။

ထို့အတွက် လေးပွင့်ဆိုင် သို့တည်းမ ဟုတ် ခြောက်ပွင့်ဆိုင် သို့တည်းမဟုတ် ၁၄ ပွင့်ဆိုင်သည် အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရှေ့ပြေးဖြစ်သည်။ အစော က ပြောခဲ့သည့် ကြီးလေးကြီးတို့အကြား နား လည်မှု၊ အပေးအယူ အလျှော့အတင်းလုပ်မှု တို့မှ ထွက်လာသည့်ရလဒ်က ဆိုခဲ့ပါ နိုင်ငံ ရေးဆွေးနွေးပွဲများ၏ အုတ်မြစ်ဖြစ်သင့် သည်။ ဖြစ်လည်းဖြစ်လာရမည်။ လေးပွင့်ဆိုင်၊ခြောက် ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်စကားပြောရုံလောက်မှာ တင် ရပ်နေရမည့် အနေအထားမျိုးမဟုတ်။

သို့ဖြစ်ရာ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲများဖြစ်ပေါ်ရန်မှာ တိုင်းပြည်၏အ နာဂတ်ကံကြမ္မာအတွက် အရေးကြီးသည်။ ပြည်သူတွေကလည်း တောင်းဆိုနေကြသည်။ ဘာကြောင့်များ သမ္မတ၊ ကာချုပ်တို့ဘက်က လေးပွင့်၊ ခြောက်ပွင့်တို့အပေါ်မှာ ငြင်းဆန်နေ ကြသနည်း။ ငြင်းဆန်ဦးတော့ သူတို့စတင် ထားသည် ၁၄ ပွင့်ဆိုင်ကို အထက်ပါနိုင်ငံရေး အနှစ်သာရပြည့်ဝသည့် တွေ့ဆုံပွဲများအဖြစ် အသွင်ပြောင်းလို့ရသေးသည်။ ဒါကျတော့ လည်း သူတို့က စိတ်ပါလက်ပါမလုပ်ကြ။

ဒီလိုဆို တွေ့ဆုံဆွေးနွေးရေးတွေက လည်း ဟန်ပြသက်သက်ပဲလား။ မတူတာခွဲ တူတာတွဲမည်ဆိုသည့် သမ္မတ၏ လက်သုံး စကားမှာလည်း လေချည်းသက်သက်ပဲလား။ နောက်ဆုံး အစိုးရဘက်က တွင်တွင်ပြောခဲ့ သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ် ငန်းစဉ်ကြီးတစ်ခုလုံးကပင်လျှင် အတုအယောင် လား။ တကယ် ဒီမိုကရေစီကိုသွားဖို့ဆိုလျှင် မတူညီသည့်သဘောထားရှိသူ နိုင်ငံရေးအင် အားစုများနှင့် စာပွဲဝိုင်းမှာ မျက်နှာချင်ဆိုင်ပြီး ညီညွတ်မှုနှင့်နားလည်မှုကို တည်ဆောက်နိုင် ရမည်။ နားလည်မှုမရှိဘဲ၊ အပေးအယူအ တင်းအလျှော့မလုပ်ဘဲနှင့် ဒီမိုကရေစီကိုလည်း ကောင်း၊ ညီညွတ်သည့် ပြည်ထောင်စုကို လည်းကောင်း တည်ဆောက်နိုင်မည်မဟုတ် ပါ။ အရေးကြီးဆုံးမှာ နိုင်ငံရေးလက်ဝါးကြီး အုပ်လိုသည့် စိတ်ကိုချိုးနှိမ်မှရမည်။

ထို့ကြောင့် တိုင်းပြည်မှာ လက်တွေ့ကျ သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပေါ် လာဖို့တိုက်တွန်းပါသည်။ တွေ့ဆုံဆွေးနွေး ရေးနည်းလမ်းကသာ တိုင်းပြည်၏ တစ်ခု တည်းသောပြဿနာရှင်း နည်းလမ်းဖြစ်ပါ သည်။ ယခုအချိန်သည် တပ်မတော်နှင့် တပ် မတော်သားဟောင်းများဦးဆောင်သည့် အာ ဏာပိုင်တို့အနေဖြင့် မိမိတို့၏ ဆုပ်ထားသော လက်များ တကယ်ဖြေထားသည့်အကြောင်း တိုင်းပြည်ကိုဖော်ပြရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ထိုအချိန်ကို အမိအရယူတတ် လျှင် သမိုင်းက သင်တို့ကို ဘယ်တော့မှမေ့ထား လိမ့်မည်မဟုတ်ပါ။

ဝင်းဇော်လတ်
The Ladies News Journal

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ အာဏာရပါတီသည် ဒီဇင်ဘာ ၁၄ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ အပြတ်အသတ်အ နိုင်ရဖွယ်ရှိသည်ဟု လူထုသဘော ထားစစ်တမ်းများတွင် ဖော်ပြသည်။ ဝန်ကြီးချုပ်၏ လစ်ဘရယ် ဒီမိုကရက် တစ်ပါတီ (LDP)က လွှတ်တော်အ မတ်နေရာ ၄၇၅ နေရာတွင် ၃၀၀ ကျော်အထိ အနိုင်ရနိုင်သည်ဟု အ ဆာဟိရှင်ဘွန်းနှင့် ကျိုဒိုသတင်းဌာ နတို့က ပြုလုပ်သည့် စစ်တမ်းတွင် ဖော်ပြသည်။

LOP နှင့် မဟာမိတ် ပါတီငယ် ကိုမီအီတိုတို့က လွှတ်တော် တွင် ၃ ပုံ ၂ ပုံ အထိ နေရာရနိုင်ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်၏ အောင်မြင် မှုရနိုင်သည့် အခွင့်အလမ်းကောင်း နေခြင်းမှာ သူ၏စီးပွားရေးအစီအစဉ် များထက် ပြိုင်ဘက် အတိုက်အခံများ ၏ အင်အားနည်းမှုနှင့် ရွေးချယ်စရာ နည်းပါးမှုတို့ကြောင့်ဖြစ်သည်။

အ တိုက်အခံ ဂျပန်ဒီမိုကရက်တစ်ပါတီ DPJ မှာ အမတ်နေရာ ၇၀ သာ ရဖွယ်ရှိသည်ဟု စစ်တမ်းကဆိုသည်။ DPJ သည် ၂၀၀၉ မှ အာဘေးအာ ဏာရသည့် ၂၀၁၂ အထိ ဂျပန်အား အုပ်ချုပ်ခဲ့သည်။

ဂျပန်နိုင်ငံတွင် အရောင်းခွန်များ အား ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ဧပြီလ တွင် မြှင့်တင်ခဲ့ခြင်းကြောင့် စီး ပွားရေးတိုးတက်မှုကို ထိခိုက်စေပြီး ဇူလိုင်၊ စက်တင်ဘာ ၃ လပတ်တွင် စီးပွားရေးကျဆင်းမှု ဖြစ်ပေးစေခဲ့ သည်။ နိုင်ငံ၏ အလွန်မြင့်မားနေ သည့် အကြွေးပမာဏနှင့် လူမှုဖူလုံ ရေး စရိတ်များ အား ဖြေရှင်းရန် အ ခွန်တိုးမြှင့်ကောက်ခံခြင်းက စီးပွား ရေးဖွံ့ဖြိုးမှု ကျဆင်းစေ သည့် ငွေကျုံ့ ခြင်းအား တိုက်ဖျက်မည့် ဝန်ကြီး ချုပ်၏ အစီအစဉ် အပေါ် ထိုးနက်ချက် ဖြစ်ခဲ့သည်။

KHTun

The Ladies News Journal


မြန်မာနိုင်ငံမှာ လူမျိုး-ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ မတူကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှု မပြုသင့်သလို အမျိုးသမီး အခွင့်အရေးတွေကို ဥပဒေတွေနဲ့ တရားဝင် ဖိနှိပ် ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုလိုက် ပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှု ပဋိပက္ခတွေ မဖြစ်ပွားရအောင် ဘာသာမတူ၊ လူမျိုးကွဲနေတဲ့ နိုင်ငံသား အချင်းချင်း လေးစားမှုနဲ့ နားလည်ပေးပြီး ဆက်ဆံသင့်တယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး လူ့အခွင့်အရေးရှု့ထောင့်ကနေ လှုပ်ရှားသူတွေရဲ့ သုံးသပ်တင်ပြချက် အပြည့်အစုံ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း လူမျိုးရေး-ဘာသာရေးဆန်တဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေ ဒီနှစ်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းက လှုပ်ရှားသူတွေဘက်က မြန်မာနိုင်ငံတွင်း လူမျိုး-ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး လမ်းစတွေ အဖြေရှာနေကြတာဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်မှု မဖြစ်ပွားရဖို့က အုပ်ချုပ်သူတွေကိုယ်တိုင်က အမျိုးသမီးတွေအခွင့်အရေးတွေကို တရားဝင်ဥပဒေပြဋ္ဌာန်းပြီး ဖိနှိပ်မှု မလုပ်သင့်ဘူး အမျိုးသမီးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းသင့်တယ်ဆိုတာကို Triangle Women အဖွဲ့က မခင်လေးက ထောက်ပြပါတယ်။

“ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုရင် အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ မရှိသင့်ဘူးပေါ့နော်- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာဆိုပြီး အရင်တုန်းက ငါးမျိုးရှိခဲ့တယ်။ ဒါပေမယ့် အခု ခေတ်သစ်တခု ထပ်တိုးရမလိုဖြစ်တယ်ပေါ့၊ ဥပဒေ တွေနဲ့ပါ အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ သို့မဟုတ်ရင် ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာမျိုး ဖြစ်လာမယ့်အနေအထားမျိုး ဖြစ်နေတာမျိုးတွေလည်း မဖြစ်သင့်ဘူးပေါ့နော်၊ အမျိုးသမီးတွေကို နိုင်ငံရေးအရ အသုံးမချပါနဲ့၊ တခုခုဆို အမျိုးသမီးတွေကြောင့်ဖြစ်တယ်ဆိုပြီး အမျိုးသမီးတွေကိုပဲ တားဆီး ပိတ်ပင်တဲ့၊ ရှေးကတည်းက လုပ်လာတဲ့ အစွဲတွေကိုလည်း ဖျောက်ပါ။ အဲလိုမျိုးလုပ်ချင်တဲ့ အမူအကျင့်တွေကိုလည်း ဖျောက်ဖို့ လိုပါတယ်။ အမျိုးသမီးတွေကို တကယ်လေးစားပြီးတော့ ခွဲခြားဆက်ဆံမှုမရှိတဲ့၊ မေတ္တာတရားရှိတဲ့နိုင်ငံဖြစ်ရင်တော့ ဘယ်သူ့ဘယ်သူမှ မခွဲခြားဘဲနဲ့ ညီညီမျှမျှနဲ့ မေတ္တာတရားနဲ့၊ ကိုယ်ချင်းစာစိတ်နဲ့၊ တာဝန်ရှိတဲ့သူတွေကလည်း ဥပဒေကို တကယ် ပီပီပြင်ပြင်လိုက်နာပြီးတော့ အကြမ်းဖက်မှုကို ကာကွယ်နိုင်မယ့် ဥပဒေမျိုးတွေလည်း ပေါ်ထွက်လာအောင် ကြိုးစားပေးပါလို့ပဲ ပြောချင်ပါတယ်။”

ဘာသာ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးက မတူကွဲပြားမှုကို ခွဲခြားမှု မပြုပဲ အပြန်အလှန် လေးစားမှုနဲ့ အသိအမှတ်ပြုဖို့ အရေးတကြီးလိုအပ်တယ်လို့ Equality Myanmar က ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“တယောက်နဲ့တယောက် အတူယှဉ်တွဲနေထိုင်ဖို့က ပထမဆုံး အရေးကြီးဆုံးကတော့ မတူကွဲပြားမှုကို အသိအမှတ်ပြုခြင်းက အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူတွေမှာ တယောက်နဲ့တယောက် ဘာသာမတူတာ ရှိနိုင်တယ်။ လူမျိုး၊ ယုံကြည်မှု၊ အသားအရောင်မတူတာ ရှိနိုင်တယ်၊ အဲဒါတွေအားလုံးကို တူညီဖို့အတွက်က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ကျနော်တို့ အကောင်းဆုံးကတော့ မတူကွဲပြားမှုကို အသိအမှတ်ပြုပြီးတော့ မတူကွဲပြားတဲ့ကြားထဲကမှ တယောက်ကိုတယောက် လေးစားမှုနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတဲ့စိတ်ဓာတ်က အရေးကြီးဆုံးပါ။ လူသားတိုင်းဟာ လူ့ရဲ့ဂုဏ်သိက္ခာအတိုင်း နေချင်သလို သူတို့မှာ ခွဲခြားခံရမှုကို မကြိုက်တဲ့ လူ့အခွင့်အရေးကို ခံစားမှုလည်းရှိတဲ့အတွက် အဲဒီအချက်က ပထမဦးဆုံး အရေးအကြီးဆုံးပါ။ နောက်တခုကတော့ မတူလို့ရှိရင် ငါနဲ့တူအောင် လုပ်ဆောင်မယ်၊ အဲဒီလူတွေကို ငါကနေ အနိုင်ယူချင်တဲ့စိတ်တွေ၊ ဒါတွေကို ကျနော်တို့ ရှောင်ရှားဖို့ လိုအပ်ပါမယ်။ မတူညီမှုက ကွဲပြားမှုသာဖြစ်တယ်။ မတူညီမှုက ခွဲခြားစရာမလိုဘူးဆိုတဲ့အရာမျိုး ဖြစ်ဖို့အတွက်ရယ်၊ ကိုယ့်ရဲ့ဆန္ဒအတိုင်း ကိုယ့်ဘက်ကကိုယ်ပဲ အင်အားကြီးအောင်လုပ်ဆောင်ပုံကိုလည်း မတူညီတဲ့ကြားထဲက ယှဉ်တွဲနေထိုင်မယ့် စိတ်ဓာတ်တွေက အရေးအကြီးဆုံးပါ။”

မြန်မာနိုင်ငံတွင်း ပြည်သူလူထုအကြား မတူညီမှုတွေအပေါ် အခြေခံပြီး အမုန်းမပွားရအောင် စကားပြောဆွေးနွေးမှုတွေ၊ အမြင်ချင်းဖလှယ် သုံးသပ်တင်ပြမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံသားတွေကြား ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့လည်း မခင်လေးက အကြံပြုပါတယ်။

“ဘာသာ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မတူတဲ့အမြင်တွေကို ကျမတို့က တဖြည်းဖြည်းနဲ့ သိသာလာတဲ့အခါမှာ သူ့ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင်တွေနဲ့ ပြန်ပြီးဆွေးနွေးလို့ရတဲ့ဟာမျိုးကတော့ များများပေါ်လာလေ၊ ပိုကောင်းလေပါပဲ။ ကျမတို့ပြဿနာက တယောက်နဲ့တယောက် မတူဘူးဆိုရင် ရန်သူလို့ သတ်မှတ်လိုက်တာရယ်၊ ကျမတို့နိုင်ငံမှာ အယူအဆ သဘောထားမတူတာထဲကမှ တူတာလေးတွေ တွဲပြီး ဘယ်လိုလုပ်မလဲ၊ မတူတဲ့ထဲကမှ အကောင်းဆုံးလေးကို ရှာပြီးတော့ ဘယ်လို ပူးပေါင်းလုပ်မလဲဆိုတဲ့ အလှတရားကို ကျမတို့တိုင်းပြည်ကလူတွေက မရှာတတ်ဘူးဖြစ်နေတဲ့အတွက် အဲဒီပြဿနာတွေကို ကျမတို့ အခုချိန်အထိ ခံစားနေရတာဖြစ်တဲ့အတွက် ကျမတို့တွေ့ဆုံမယ်၊ စကားပြောမယ်၊ တယောက်နဲ့တယောက် ညှိနှိုင်းမယ်ဆိုရင်တော့ ဒီပြဿနာကြီး တော်တော်များများ ပြေလည်နိုင်မယ်လို့တော့ ကျမယုံကြည်ပါတယ်။”

အစွမ်းရောက်မုန်းတီးရေး အမုန်းစကားဖြန့်ဖြူးမှုနဲ့ လူထုအကြား သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာနေတာတွေ ရှိလာနေတဲ့ အတွက်လည်း အခုလို နှစ်ပေါင်းရှည်ကြာ အတူတကွ နေထိုင်လာသူ မတူကွဲပြားသူတွေကြား တင်းမာမှုတွေ ဖြစ်လာရတဲ့အပေါ် အားလုံးက ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဖြေရှင်းကြဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“အမှန်တော့ ကျနော်တို့ကြားထဲမှာက တယောက်နဲ့တယောက် အတူတကွ ယှဉ်တွဲနေထိုင်လာကြတဲ့အစဉ်အလာ ရှိပြီးသားပါ။ ဒါပေမယ့် အဲဒီအပေါ်မှာ ဖျက်လိုဖျက်ဆီးနဲ့ မတူကွဲပြားမှုကို အခြေခံပြီးတော့ ပဋိပက္ခဖြစ်လာအောင် သွေးထိုးလှုံ့ဆော်မှုတွေက အရမ်းများလာတဲ့အတွက် လူတွေရဲ့ နဂိုရ်ကရှိပြီးသား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလိုတဲ့စိတ် တဖြည်းဖြည်း ပျောက်ကွယ်ကုန်ပြီး အကြမ်းဖမ်းမှု ဖြစ်စေပါတယ်။ အဲဒီတော့ လူထုအနေနဲ့ ဒီဟာတွေက ကောင်းကျိုးအတွက် မဖြစ်ထွန်းဘူး၊ သွေးထိုးလှုံ့ဆော်မှုဖြစ်တယ်ဆိုတဲ့အကြောင်းအရာကို နားလည်သဘောပေါက်ပြီးတော့ သတိနဲ့ယှဉ်တယ်၊ ကျနော်တို့ အသိဉာဏ်နဲ့စဉ်းစားပြီးတော့ အကောင်းဆုံးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ဆိုပြီးတော့ အခုနကလို ပညာပေးမှုတွေ၊ သတင်းစကားဖြန့်ချိမှုတွေ၊ စိတ်ဓာတ်တွေ၊ အသိတရားတွေယှဉ်ပြီးတော့ ဒီအပေါ်မှာ နားမယောင်ဖို့ လုပ်ဖို့ လိုအပ်ပါတယ်ခင်ဗျ။”

မြန်မာ့ လူအဖွဲ့အစည်းအတွင်း ခွဲခြား ဆက်ဆံမှုတွေ မရှိဖို့နဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ­်း အတူယှဉ်တွဲနေထိုင်ရေး ရည်ရွယ­်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က လူထုအကြား ဆွေးနွေးပညာပေးမှုတွေနဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ဆုတောင်းပွဲတွေ၊ စကားဝိုင်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/not-to-discriminate-by-law-on-women-/2549211.html

(ဓါတ်ပုံ ဘန်ကောက်ပို့ စ်)
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံး အကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ထိုင်းအစိုးရက သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ တရားမ၀င်နေထိုင်မှု စတဲ့ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။ ဒီနေ့ တရားရုံးမှာ လူငယ် ၂ ဦးက အဲ့ဒီအမှုတွေကို မကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးကိုတက်ရောက် ခဲ့တဲ့ မြန်မာ သံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြော ပါတယ်။

"ပုဒ်မ ၇ ခုနဲ့ စွပ်စွဲတယ်၊ ဒါကိုဖြေရှင်းဖို့ဆိုပြီးတော့ တရားရုံးကနေပြီးတော့ ဒီနေ့ အမိန့်ချပေးတာပါ၊ တရားရုံးကနေပြီးတော့ အစွပ်စွဲခံရတဲ့ ကလေး ၂ ယောက်ပေါ်မှာ ပုဒ်မ ၇ ခုနဲ့စွဲတယ်ဆိုတဲ့ အကြောင်းကို ပုဒ်မကိုရှင်းပြတယ်၊ ပြီးလို့ရှိရင် ဒီပုဒ်မနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခြင်း ရှိ၊ မရှိမေးတယ်၊ ညနေပိုင်းမှာတော့ သေဆုံးသူ မိဘတွေရဲ့ရေးတဲ့စာကိုဖတ်ပြတယ်၊ ဒီလောက်ပါပဲ"

သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦးရဲ့ မိဘတွေက သူတို့သားသမီး ၂ ဦးရဲ့ ကိုယ်ရေးအကျဉ်းကို တရားရုံးကို ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို စွဲချက် ၇ ခု နဲ့ Koh Samui ခရိုင်တရား ရုံးမှာ ဒီဇင်ဘာလ ၄ ရက်နေ့က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစွပ်စွဲချက်တွေကို ချေပနိုင်မယ့်သက်သေတွေနဲ့ တရားရုံးမှာတင်ပြ သွားမှာဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး အာမခံ ရရှိအောင် ကြိုးစားသွားမှာဖြစ်တယ် လို့ မြန်မာသံရုံးတာဝန်ရှိသူတွေ ပြောပါတယ်။

ဒီလ ၂၆ ရက်နေ့မှာ တရားလိုနဲ့ တရားခံဘက်က သက်သေတွေကို စစ်ဆေး မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ပြည့်မွေးနေ့အကြို လှုံ့ဆော်ဖျော်ဖြေပွဲကို တက်္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့တွင် စုတိုင်းပြည်(ယုံကြည်ခြင်း တွဲလက်များ)နှင့် ပန်းရဲ့လမ်းအဖွဲ့တို့က ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုံ့ဆော် ဖျော်ဖြေပွဲကို“ပြည်သူ့ထံမှ ပြည်သူ့ထံသို့”ဟူသော ဆောင်ပုဒ်ဖြင့် လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဦးရဲလွင်၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ ၇ ရက် မနက် ၁၀ နာရီ မိနစ်၃၀ ခန့်က စတင်သီဆိုခဲ့ကြခြင်းဖြစ်သည်။
““ကျွန်တော်တို့တစ်တွေ ဒီဇင်ဘာ ၁ရက်ကစပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန်္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ လမ်းဟောင်းအတိုင်း သွားပြီးတော့ ဗလာစာအုပ်တွေဝေမယ်။ ၂၀၁၅ မှာ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်
မွေးနေ့ အထိမ်းအမှတ်အဖြစ် အနာဂတ်ကလေးငယ်တွေ ပိုမိုသိရှိနား လည်လာဖို့ ရည်ရွယ်ပြီးပြုလုပ်တာပါ””ဟုပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက ပြောသည်။

၎င်းင်းပွဲတွင် အမေ့အိမ် ပညာဒါနကျောင်းမှ ကျောင်းသားလေးများက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ မိန့်ဆိုခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များကို ပြန်လည် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သီချင်း၊ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က နေ့လယ် ၁၁ နာရီခန့်ထိ ကြည့်ရှုအားပေးခဲ့သည်။
“ NLD က စီစဉ်ပြီး လာဖျော်ဖြေတာပါ။ ကျွန်တော်တို့တော့ လာပြီးပူးပေါင်း အဆင့်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မတိုင်မီ လှုံ့ဆော်မှုတွေ တစ်နိုင်ငံလုံးအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ””ဟု မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်းမှ ဦးနေမျိုးဇင်ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်မွေးနေ့လှုံ့ဆော် လှည့်လည်ဖျော်ဖြေမှုကို ပရိတ်သတ် ၂၀၀ ခန့် လာရောက်အားပေးခဲ့ကြပြီး ““စုတိုင်းပြည်””အလှပန်းခင်း၏ အခမဲ့ပညာရေး၊ အခမဲ့ ကျန်းမာရေးတို့ကို နိုင်ငံအနှံ့ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်နှင့် ကလေးများရဲ့ အနာဂတ် ထွန်းလင်း တောက်ပနိုင်စေရန် တတ်နိုင်
သမျှ ကူညီထောက်ပံ့ ကြပါစို့ဟူသည့် ဆောင်ပုဒ်ပါ ဗီနိုင်းများ ကပ်ထားသည့် ယာဉ်များဖြင့် လှုံ့ဆော် ဖျော်ဖြေခဲ့သည်။

အောင်ကျော်ဟိန်း၊ သော်တာ (မြစ်မခ)
(၈-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)
https://www.facebook.com/pyimyanmarnews


လန်ဒန်၊ ဒီဇင်ဘာ ၈

ဗြိတိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ခဲ့ရသူဦးရေမှာ ၁၁ သန်း ထက်မနည်း ရှိလာသည်ဟု အစိုးရ အကြံပေး ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ကလေးများအပါအ၀င် အသက်အရွယ်စုံ ရာနှင့်ချီသော လူပေါင်းများစွာ အပေါ် ရုပ်သံတင်ဆက်သူ ဂျင်မီဆာဗီလ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြီး အဖြစ်မှန် ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ အမျိုးသားအဆင့် ကျန်းမာရေး ကပ်ဘေးတစ်ရပ်သဖွယ် သဘောထားလျက် ထောက်ပံ့ကူညီ လှုပ်ရှားမှု လှိုင်းတံပိုးတို့လည်း တလိပ်လိပ် မြင့်တက်လာသည်ဟု ပညာရှင်များက သုံးသပ်သည်။

နာမည်ကြီးသူ အချို့လည်း လိင်အကြမ်းဖက်မှု ကျူးလွန်သူများစာရင်း ပါဝင်နေခြင်း ဖြစ်သည်။ ကျူးလွန်သူအများစုမှာ အကြမ်းဖက်ခံရသူများနှင့် နီးစပ် သိကျွမ်းသူများသာ ဖြစ်ကြသည်။

မာဆေးဆိုက်တွင် Lantern စီမံချက်ကို အကောင်အထည်ဖော်ခဲ့သည့် ဂရေဟမ်ဝီလ်မာက “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ စုစုပေါင်းကို စာရင်းကောက်ယူကြည့်တဲ့အခါ ၁၁ သန်းကျော် ရှိနေတယ်” ဟု ဆိုသည်။

အစိုးရသည် မစ္စတာဝီလ်မာကို မကြာသေးမီက ကလေးသူငယ် လိင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ခန့်အပ်ခဲ့သည်။ အဆိုပါ အဖွဲ့၏ စစ်တမ်းများအရ အသက် ၁၆ နှစ်အောက် ယောက်ျားလေး ၆ ဦးနှင့် မိန်းကလေး ၄ ဦးတို့တွင် တစ်ဦးနှုန်းစီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရခြင်း ဖြစ်သည်။

“ဒီပြဿနာဟာ ပိုပိုပြီး ကြီးထွားလာနေတယ်၊ အကြမ်းဖက် ခံရသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထောက်အပံ့တွေ ပေးဖို့ လိုနေတယ်။ ဒီအကြမ်းဖက်မှုတွေက လူ့အဖွဲ့အစည်းကို တိုက်ရိုက် ထိခိုက်စေတယ်” ဟု ၎င်းက ဆိုသည်။

“ကလေးသူငယ် လိင်အကြမ်းဖက်မှုဟာ အမျိုးသားအဆင့် ကပ်ဘေးတစ်ခု ဖြစ်လာနေပါပြီ” ဟု ၎င်းက ထပ်လောင်း သတိပေးလိုက်သည်။

The Survivors Trust ဟူသော အဖွဲ့အစည်း အောက်ရှိ အဖွဲ့ပေါင်း ၁၃၀ ခန့်သည် နိုင်ငံတစ်ဝန်းမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ် ခံရသူများကို အကူအညီပေးလျက် ရှိသော်လည်း အချို့ဒေသများတွင် ထောက်ပံ့ကူညီမှုများ မရရှိကြသေးပေ။

မျှော်လင့်ချက်မဲ့နေသည့် လိင်အကြမ်းဖက် ခံရသူများအတွက် ဘ၀ ပြန်လည်ရပ်တည် အသက်မွေးနိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးရန် အကူအညီများ လိုအပ်နေကြောင်း ၎င်းကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရဖူးသည့် စိတ်ကျန်းမာရေးပညာရှင် ဘရိန်းမိုင်နော့တ်က ပြောကြားသည်။

“ကျွန်တော့်ရဲ့ အဖြစ်ကို ထုတ်ပြောဖို့ မရှက်ပါဘူး၊ စေတနာဝန်ထမ်းတွေရဲ့ အကူအညီတွေနဲ့ပဲ ဒီကိစ္စကို အဆုံးမသတ်နိုင်ဘူးလေ” ဟု ၎င်းက ဆိုသည်။

၎င်းသည် Leeds Trinity တက္ကသိုလ်နှင့်အတူတွဲဖက်၍ ကျောင်းသားများ၏ အကူအညီဖြင့် လိင်အကြမ်းဖက်မှု ခံရသူများကို ပြန်လည် ပြုစုပျိုးထောင်ရေးများ လုပ်ကိုင်လျက်ရှိသည်။

“ဥပဒေပြဋ္ဌာန်းရေးပိုင်းရယ်၊ ထောက်ပံ့ကူညီရေးပိုင်းရယ်မှာ မြှင့်တင် ဆောင်ရွက်လာတယ်၊ ဒါပေမဲ့ ကိန်းဂဏန်းတွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အဆမတန် များနေတဲ့အတွက် ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဖို့ လိုအပ်လာနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကျော်လင်းထွန်း

__Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.