12/12/14

အမေရိကန် ပန်းပုပညာရှင် ဂျင်မက်နယ်လိစ် (Jim McNalis) က သူထုလုပ်ခဲ့တဲ့ ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင် ရဲ့ ပုံတူရုပ်ထုကို PEN Myanmar အဖွဲ့ထံ ဒီကနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ PEN Myanmar ရုံးမှာပြုလုပ်တဲ့ လွှဲပြောင်းပေးအပ်ပွဲမှာ Mr. McNalis က ဆရာဦးဝင်းတင်ဟာ ပြည်သူတွေကို စိတ်ခွန်အားပေး နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဦးဝင်းတင်ဟာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းထောင်ထဲမှာနေခဲ့ရပေမဲ့ သူ့ယုံကြည်ချက် ပျက်မသွားဘဲ နိုင်ငံရေးကို အသက်ထက်ဆုံး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အားလုံး အပေါ်မှာ စိတ်ဓါတ်ရေးရာအရ အားပေးနိုင်ခဲ့ သူဖြစ်သလို ဘယ်လိုဖိအားတွေကိုမှ ဒူးမထောက် ခဲ့ပါဘူး” လို့ ပန်းပုဆရာ ဂျင်မက်နယ်လိစ် Jim McNalis က ပြောသွားခဲ့တာပါ။

ဂျင်မက်နယ်လိစ် ဟာ ၁၉၉ဂ ခုနှစ်လောက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူကို ထုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ရုပ်ထုလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဆရာဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး သမားတွေနဲ့ သတင်းစာဆရာတွေ တက်ရောက်ခဲ့ ကြပါတယ်။

စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်ဟာ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

RFA

(၁)

လူပေါင်းသန်း၆၀ကို ..
ဘဝလှအောင်မထားနိုင်ပေမယ့်..

အောက်ခြေစစ်သားတွေကို...
ဘ၀ "န" အောင် ထားခဲ့ပေမဲ့..

ကျနော်တို့ကိုတော့...
ဆယ်သက်စားမကုန်အောင်
ထားပေးခဲ့လို့ ..

လေးစားတယ်အဖေ...

------------------

(၂)

လူပေါင်းများစွာရဲ့ကလေးတွေ ..
"ဝ"လုံးကို လောက်စာလုံးလို..
အသည်းအသန်လုံးနေရချိန်မှာ..

အောက်ခြေစစ်သား ကလေးတွေ..
ကျဆုံးစစ်သည်တွေရဲ့ ကလေးလေးတွေ...
ကျောင်းစရိတ် မရှိလို့ လေလွင့်နေချိန်မှာ..

ကျနော်တို့သားသမီးတွေဟာ..
စင်ကာပူအပါဝင်..

အဖေသိပ်မုန်းတယ်ဆိုတဲ့ ..
ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ..
ကျောင်းတက်ခွင့်ရလို့..

လေးစားတယ်အဖေ..

--------------------

(၃)

ပြည်ထောင်စုတိုင်းရင်းသားကလေးငယ်တွေကို
ကျည်ဆံတွေဝေပေးခဲ့ပေမယ့် ..

စစ်မြေပြင်တွေမှာ..
ကလေးလေးတွေ ခိုးကိုးရာမဲ့..
ဘ၀ပျက်နေပေမဲ့...၊

တိုင်းပြည်ရဲ့..
အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို
သေနတ်အစစ်တွေ အတင်းကိုင်ခိုင်းနေပေမဲ့..

ကျနော်တို့သားသမီးတွေကို...
အေးအေးလူလူ သေနတ်ပစ်ဖို့အတွက်..
နောက်ဆုံးပေါ် ဂိမ်းစက်တွေကို..
ဝယ်ပေးခွင့်ရလို့..

လေးစားတယ်အဖေ..

----------------------

(၄)

ရေနံဆီမလောက်တဲ့အတွက်...
ဖယောင်းတိုင်မလောက်တဲ့အတွက်..
ကျူရှင်လခ မတတ်နိုင်တဲ့အတွက်..

"စာရသွားပီ" လို့..

သူများသားသမီးတွေက
သူတို့ မိဘတွေမျက်နှာညိုမှာစိုးလို့..
လိမ်ပြောနေရချိန်မှာ..

ကျနော်တို့သားသမီးတွေဟာ..
မုသာဝါဒကံကို မကျူးလွန်ခဲ့ရလို့..

လေးစားတယ်အဖေ..

-----------------------

(၅)

တခြားကလေးတွေက..
ပညာကို..
နေပူကျဲတဲလမ်းလျှောက်ရှာတဲ့အချိန်မှာ...

ချို့တဲ့တဲ့..စစ်သားတွေရဲ့သမီးငယ်လေးတွေက..
ညဘက်မာဆပ်မှာအလုပ်လုပ်..
နေ့ဘက် အဝေးသင်တက်ပြီး..
ပညာကို ဘ၀နဲ့ရင်းနှီးရှာနေချိန်မှာ..

ကျနော်တို့ကလေးတွေဟာ...
ညဘက် မာဆပ်ကိုသွားဖြုန်း..
နေ့ဘက်ကျရင်လဲ....
သိန်းထောင်ကျော်တန်ကားကြီးတွေမောင်းပြီး...

ကျောင်းစာကိုတက်ကြိတ်ခွင့်ရတဲ့အတွက်..၊

လေးစားတယ်အဖေ..

------------------------

(၆)

သူများကလေးတွေက...
မုန့်ဖိုးဆိုတာ..
ပိုက်ဆံ တစ်ဆယ် နှစ်ဆယ်လို့
သိတဲ့ ခေတ်မှာ..

ကျနော်တို့ကလေးတွေက ..
သိန်းတစ်ဆယ် နှစ်ဆယ်ကို ..
မိုနိုပိုလီလိုဆော့နေခွင့်ရအောင်
လုပ်ပေးတာကို..
လေးစားတယ်အဖေ..

-------------------------

(၇)

သူများကလေးအဖေတွေ..
သူတို့သားသမီးတွေအတွက်..
စားဝတ်နေရေးကြပ်တည်းတဲ့အတွက်
ရရာအလုပ်တွေလုပ်နေချိန်မှာ..

ကျွန်တော်တို့တွေဟာ..
အနောက်နိုင်ငံတွေကိုမုန်းတယ်လို့ပြောပြီး..
အနောက်နိုင်ငံဖြစ်ပစ္စည်းတွေသုံး..၊
အနောက်နိုင်ငံဖြစ်ကားတွေစီး..၊
အနောက်နိုင်ငံအမှတ်တံဆိပ်တွေကို
ကိုးကွယ်ခွင့်ရအောင် လုပ်ပေးတဲ့အတွက်...

အရမ်း လေးစားတယ်အဖေ..

-------------------------------

(၈)

သူများအဖေတွေရဲ့ပုခုံးထက် ...
ကျွဲပုခုံးထနေချိန်မှာ..

ကျနော်တို့ပုခုံးထက်...
ရွှေရောင့်အပွင့်တွေအပြည့်လက်ခွင့် ရလို့...
လေးစားတယ်အဖေ..

------------------------

(၉)

နိုင်ငံတကာကလူငယ်တွေ..
ပညာအမျှော်အမြင်တွေပြည့်နေချိန်မှာ..

မြန်မာနိုင်ငံမှာတော့...
အဖေနဲ့...ကျွန်တော်တို့ကိုကာကွယ်ဖို့အတွက်...
နလပိန်းတုံးတွေအများကြီး ...
မွေးထုတ်ပေးခဲ့တဲ့အတွက်..

အရမ်းကို လေးစားကျေးဇူးတင်တယ်အဖေ...၊

----------------------

(၁၀)

အဖေ့ရုပ်စူပုပ်ပုပ်ကြီး..
မလှပပေမယ့် ....

အဖေဟာအဖေပါပဲအဖေရယ်

အဖေမရှိတော့ပေမယ့်....

အဖေခေါ်ဖို့..
အဖေတစ်ယောက်ထပ်ပေးခဲ့လို့...

စောက်ရမ်း ကျေးဇူးတင်ပါတယ်အဖေ..

ပုံ /

( အဖေချစ်သောစားဖါး သားများ..)

=============

( ကို သံလွင်ရရစ် ရဲ့ ပို့စ်တစ်ခုကို
Modified လုပ်ထားတာပါ...)

(Pa Yit)

ဒီဇင်ဘာလ ၈ရက် တနလာင်္နေ့ ညနေပိုင်း ၆ နာရီခန့် အလုပ်ပြန်ချိန်တွင် Royal Express အမြန်ချောပို့ လုပ်ငန်းမှ ၀န်ထမ်းတစ်ဦးဖြစ်သူ မအေးစန္ဒာသိန်းသည် သိမ်ဖြူ လမ်း ကို ဖြတ်ကူး စဉ် ဦးပိုင်လုပ်ငန်းမှ ပိုင်ဆိုင်သည့် အဓိပတိ(အနီ) ယာဉ်က တိုက်ပြေးသွားခဲ့ပါသည်။ မအေးစန္ဒာသိန်းမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်တွင် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။

အဆိုပါ အဓိပတိ ခရီးသည်တင်ယာဉ် ဘက်စ်ကား၏ ယာဉ်မောင်းသည်
စည်းကမ်းမဲ့ ၄င်း၏ ယာဉ်ကြောမှ ကျော်လွန်ကာ ပြောင်းပြန်မောင်းနှင် မှုကြောင့် တဖက်လမ်းကြောတွင် လမ်းဖြတ် ကူးနေသော မအေးစန္ဒာသိန်းအား အရှိန်မထိန်းပဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မောင်းမှာ ပါရမီ အဓိပတိ ယာဉ်လိုင်းတို့မှ ယာဉ်မောင်းအများစု၏ လုပ်ရိုးလုပ်စဉ်အတိုင်း ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း မအေးစန္ဒာသိန်း ၏ ညီမဖြစ်သူ သန္တာ က The Ladies သို့ ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု တရားခံ ယာဉ်မောင်းအမည် - ကျော်ဇင်လတ် ၊ လိုင်စင်အမှတ် ( ခ/ ၀၁၁၀၁/၁၂)၊ မှတ်ပုံတင်အမှတ် - ၁၂/ ကမရ (နိုင်) ၁၄၅၁၄၅ ၏ အဓိပတိ ယာဉ်လိုင်းနှင့် မထသ (ဗဟို) မှ လုပ် ကိုင်ခွင့်လက်မှတ်( နံပါတ်) ကို
တာဝန်ရှိသူများမှ ပြသရန် ငြင်းဆိုခဲ့ကြောင်း မသန္တာ က ဆက်လက်ပြောကြားခဲ့သည်။

တရားခံ ကျော်ဇင်လတ် ကိုင်ဆောင်သော (ခ) လိုင်စင် သည် ကားကြီး မောင်းနှင်ခွင့် မရှိ။ ခရီးသည်တင် ကားမောင်းရန် တရားဝင်မောင်းနှင်ခွင့်လိုင်စင် မိတ္တူကို ပါရမီ-အဓိပတိ ယာဉ်လိုင်း မှာ တာဝန်ရှိသူများက မပြသနိုင်သော်လည်း ထိုသူများကို ၄င်းတို့ပိုင် ပြည်သူစီး ယာဉ်လိုင်းများအား မောင်းနှင်ခွင့်ပေးထားခြင်းမှာ လူသတ်ခွင့် လိုင်စင်ချထားပေး သကဲ့သို့ ဖြစ်နေကြောင်း မသန္တာက ပြောကြားခဲ့သည်။

ဓါတ်ပုံ - သန္တာ

The Ladies News Journal


ရန်ကုန်-ထားဝယ် အောင်ရတနာ အဝေးပြေးယာဉ်တစီး ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ထားဝယ်မှ ရန်ကုန်သို့ ဦးတည်မောင်းနှင်လာသော ခရီးသည် ၄၀ ကျော်ပါ အောင်ရတနာ မှန်လုံအဝေးပြေးယာဉ် (၄စ/ ၇၄၉၆) သည် ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ အနီး ၇၉ မိုင် ၄ ဖာလုံခန့်အရောက် တွင် ပြောက်ကျားအင်္ကျီများဝတ်ဆင်ထားသော ဓားပြအဖွဲ့က ကားကိုတား၍ ခရီး သည်များအား ကားပေါ်မှဆင်းစေပြီး မြေ ပြင်ပေါ် ထိုင်ခိုင်းကာ ကိုယ်ပေါ်ဝတ်ဆင် လာသော လက်ဝတ်ရတနာများအား ချွတ်ခိုင်းခဲ့သည်။ ၎င်းင်းဖြစ်စဉ်ကိုမသိဘဲ KNU/KNLA တပ်မဟာ (၄) တပ်ရင်း (၁၀) တပ်ခွဲ ၂ မှ တပ်စုမှူးဗိုလ်ခင်ဝင်း နှင့်တပည့် ယာဉ်မောင်းစောမောင်အေး မောင်းနှင်လာသော ဏနြေမသ ယာဉ်အား ၎င်းင်းဓားပြအဖွဲ့မှ တားဆီးရာ ယာဉ်မှ မရပ်ဘဲ မောင်းနှင်အရှိန်ပြုလိုက်ခြင်းကို ၎င်းင်းအဖွဲ့မှလက်နက်ငယ်ဖြင့် တိုက်ခိုက် ပစ်ခတ်ခဲ့သည်။ အခင်းဖြစ်ပွားရာနေရာ သည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် နယ်မြေနှင့် KNU/KNLA တပ်မဟာ (၄)နယ်မြေအတွင်း၌ဖြစ်ကြောင်း သိရ သည်။

အဆိုပါအဝေးပြေးယာဉ်သည် မလွှဲ တောင်လုံခြုံရေးစခန်းအရောက်ဖြစ်စဉ် အား သတင်းပို့ခဲ့ရာ ဒေသခံစစ်တပ်နှင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးရာ ဏနြေမသ ကားပေါ်ပါ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) အဖွဲ့မှ ယာဉ်မောင်းတပ်သား ပွဲချင်းပြီး သေဆုံးပြီး ဒုတပ်စုမှူးမှာ ဒဏ်ရာဖြင့် သတိလစ်နေ သည်ကို တွေ့ရသည်။ ဒဏ်ရာရ ဒုတပ်စု မှူးအား ရေးမြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းပေါ်၌ပင် သေဆုံးခဲ့ကြောင်းသိရ သည်။

““ဓားပြတွေက ပြောက်ကျားအင်္ကျီ တွေ ၀တ်ထားပြီး မွန်စကားပြောတယ်လို့ သိရတဲ့အတွက် မွန်သူပုန်လို့ပဲ ယူဆပါ တယ်။ အတိအကျတော့ မသိရသေးပါ ဘူး။ အဖွဲ့အစည်းတွေ ပါဝင်နေတဲ့အတွက် အမှု ကိစ်္စကို စုံစမ်းနေဆဲဖြစ်ပါတယ်””ဟု ကလိန်အောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ထမ်းတဦးက ၿနတ် ၽႊေအခ့ သို့ ပြော သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

                                 Ear Phone ကို ရုပ်ပွားတော် နားမှာ တပ်ဆင်


ဗုဒ္ဓရုပ်ပွားပုံတော်ပေါ်၌ VGastro.bar, Buddha bar ဟုရေးသားကာEar Phone အား ရုပ်ပွားတော်၏နားတော်တွင် တပ်ဆင်ထားသည့်သဏ္ဍာန် ဒီဇိုင်းပြုလုပ်ရေးဆွဲ၍ဖော်ပြခဲ့သဖြင့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ရွှေတောင်ကြားလမ်းရှိ VGastro Bar ဆိုင်အား အရေးယူ ပြီး ဒီကနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့ ၁၂ နာရီ အချိန် တွင် ဗဟန်း တရား ရုံးတွင် အဆိုပါVGastro Bar ၏ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

အဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ဖြစ်ကြောင်း သိရှိရပါတယ်။သူတို့(၃)ဦးကိုသာသနာအကြည်ညိုပျက်အောင်လုပ်မှု သာသနာညိုးနွမ်းစေမှု နဲ့ ရုံးထုတ်စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကိုပို့လိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ဒီအမှုကို ဆက်လက်
စစ်ဆေးမယ်လို့ သိရပါတယ်။

သတင်းဓါတ်ပုံ- BBC


၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်လာတာကို မြင်တွေ့ ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လို့ နိုင်ငံမှာ စစ်တပ်ရဲ့အာဏာ လွှမ်းမိုးမှုကတော့ မပြောင်းလဲဘဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲကို ကျင်းပဖို့ မြန်မာနိုင်ငံမှာ ပြင်ဆင်နေချိန် ပြုပြင်ပြောင်းလဲရေးတွေက စိုးရိမ်ရလောက်အောင် တန့်နေတာကို တွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Gabrielle Paluch ဘန်ကောက်ကနေ ပေးပို့ထားတဲ့သတင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တချိန်က ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့နေရပါပြီ။ စီးပွားရေးအပေါ် အစိုးရရဲ့ ထိန်းချုပ်မှုကို လျှော့ချပေးတဲ့အပြင် ဘဏ်စနစ်သစ်၊ မြေယာပိုင်ဆိုင်မှု ပေါ်လစီသစ်တွေအပြင် ငွေလဲလှယ်မှုတန်ဖိုးကို အစိုးရက မသတ်မှတ်ဘဲ ဈေးကွက်ကနေ သတ်မှတ်ပေးတဲ့အခြေအနေ ရောက်နေပါပြီ။ အခုလို ခြေလှမ်းတွေကြောင့်လည်း ၂၀၁၁ ကစလို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဟာ ခန့်မှန်းခြေဒေါ်လာ ၉ ဘီလီယံရှိခဲ့ပါတယ်။

ဒါပေမဲ့လို့ အခုလို အပြောင်းအလဲတွေကြောင့် စီးပွားရေးလုပ်ကိုင်ဖို့ လွယ်ကူပေမဲ့လို့လည်း စီးပွားရေးမှာရော၊ နိုင်ငံရေးမြင်ကွင်းမှာပါ စစ်တပ်ရဲ့လွှမ်းမိုးတဲ့ အခန်းကဏ္ဍကို ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ စီးပွားရေးပညာရှင် Sean Turnell က ပြောပါတယ်။

“၂၀၁၅ နောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်ဆိုရင် အဓိကကျတာက စစ်တပ်နဲ့ စစ်တပ်ရဲ့ လွှမ်းမိုးတဲ့ အခန်းကဏ္ဍကို ပြောင်းလဲဖို့ ပြုလုပ်မှာလားလို့ မေးစရာရှိပါတယ်။ တကယ်ဖြစ်သင့်တဲ့အတိုင်း စစ်တပ်ရဲ့ချုပ်ကိုင်မှုကို လျှော့မှာလား ဆိုတာကတော့ အရေးကြီးတဲ့ မေးခွန်းထုတ်စရာအချက် ဖြစ်ပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဦးပိုင်လီမိတက်လို အကြီးဆုံး စီးပွားရေးလုပ်ငန်းတွေနဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မျက်ရတနာတူးဖော်တဲ့ ၀င်ငွေအကောင်းဆုံး စီးပွားရေးကဏ္ဍအများစုဟာ စစ်တပ်က ချုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု ကြီးမားသလို နိုင်ငံရဲ့အာဏာ ချုပ်ကိုင်မှုကလည်း အလားတူ အနေအထားမှာ ရှိတာကို တွေ့ရပါတယ်။ လွှတ်တော်မှာ စစ်တပ်က ခန့်အပ်တဲ့ ၁ မတ်သား ကိုယ်စားလှယ်ပါရှိတဲ့အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အားလုံးကို ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အနေအထားမျိုးကို ရောက်စေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်ကြတဲ့ စစ်မှုထမ်းတွေကို အရေးယူနိုင်ဖို့က ခက်ခဲတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Howard နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို အပါအ၀င် စစ်တပ်ထိပ်တန်းအရာရှိ ၄ ဦးတို့ဟာ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်ကြတဲ့အကြောင်း စွပ်စွဲထားပါတယ်။

ရန်ကုန်ရောက် Matthew Bugher ဟာ Harvard ရဲ့ Global Justice သုတေသီတဦးဖြစ်ပါတယ်။ ဖမ်းဝရမ်းတွေထုတ်ဖို့ သက်သေအထောက်အထား အလုံအလောက်ရှိပေမဲ့ အရေးယူခြင်းမရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

“စစ်တပ်က ပြတ်ပြတ်သားသား ပြောခဲ့ပြီးပါပြီ။ စစ်တပ်က ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကို အရေးယူဖို့ ငြင်းဆိုနေပြီး အရေးယူဖို့ တောင်းဆိုခဲ့ကြသူတွေကိုလည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။ အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး လိုလားကြသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းအရေးယူနိုင်ဖို့အတွက် အခိုင်အမာ ရပ်တည် တောင်းဆိုပေးခဲ့တာမျိုး ကျနော်တို့ မတွေ့ရပါဘူး။ တချိန်တည်းမှာပဲ တပ်တွင်း လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရာထူးတိုးပေးပြီးတော့ အရေးပါတဲ့ နေရာတွေမှာ တာဝန်ပေးထားတာကို တွေ့ရပါတယ်။”

ဒါကြောင့်လည်း အရပ်ဘက်က ကြီးစိုးတဲ့ တရားရေးစနစ် မကျင့်သုံးနိုင်သ၍တော့ စစ်တပ်ထိပ်တန်းအရာရှိတွေကို သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူနိုင်မှာ မဟုတ်သလို စစ်တပ်ကလည်း ဆက်ပြီး ဒီလိုပြစ်မှုတွေကို ကျူးလွန်နေမှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ကျနော်တို့ မြင်တွေ့နေရတာကတော့ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေဖြစ်တဲ့ တွင်းထွက်သယံဇာတတွေ ရှိတဲ့နေရာမှာ ဒေသအုပ်ချုပ်ရေးကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဥပမာ - ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ စစ်တပ်က ဒေသခံအစိုးရကိုရော တရားရေးစနစ်ကိုပါ ထိန်းချုပ်ထားတာ တွေ့ရပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး ပီပြင်ဖို့ဆိုတာထက် သူတို့ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ကို ပိုပြီးတော့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။”

၁၀ စုနှစ်ပေါင်းများစွာ နှိပ်ကွပ်ခံခဲ့ရတဲ့ မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်မှာ အမတ်နေရာတွေ အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ရဲ့လွှမ်းမိုးမှုကို လျော့ကျသွားအောင် လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ အထူးသဖြင့် စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူနိုင်ဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀ိုင်းဝန်းတောင်းဆိုကြပေမဲ့လို့လည်း သူမအနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အခုလို စစ်တပ်အပေါ် ဝေဖန်မှုတွေကို တုံ့ပြန်ရာမှာ မြန်မာစစ်ဗိုလ်ချုပ်တွေက နိုင်ငံ့ရဲ့တချို့ဒေသတွေမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့အတွက် စစ်တပ်အနေနဲ့ စစ်တပ်အနေနဲ့ ဆက် အာဏာရှိဖို့ လိုအပ်တယ်လို့ ခုခံပြောဆိုကြပါတယ်။ လွှတ်တော်မှာ စစ်တပ်ရဲ့လွှမ်းမိုးမှု ကြီးမားတဲ့အတွက်လည်း မြန်မာနိုင်ငံရဲ့ အသုံးစရိတ် ၂၃ ဒဿမ ၂ ရာခိုင်နှုန်းကို စစ်အသုံးစရိတ်အတွက် လျာထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးစရိတ်ဟာ ဒေသန္တရမှာ အမြင့်ဆုံးဖြစ်ပြီး၊ စစ်တပ်က တိုင်းရင်းသားတွေနဲ့ ဆက်လက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အခုလို စစ်အသုံးစရိတ် လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကို နိုင်ငံရဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အုပ်ချုပ်ပြီး ဘတ်ဂျက်ကိုလည်း သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း ပြည်ပရှိ အကဲခတ်တွေကတော့ လက်ရှိ တိုင်းရင်းဒေသတွေမှာ ဆူပူမှုတွေ ဆက်ဖြစ်နေတာဟာ စစ်တပ်ရဲ့ စီးပွားရေုးလုပ်ငန်းကြီးတွေကြောင့် တစိတ်တပိုင်းဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သဘာဝသယံဇာတတွေ ရှိတဲ့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကြန့်ကြာနေပြီး အစိုးရရော စစ်တပ်အပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာတယ်လို့ Harvard သုတေသီ Matthew Bugher က ပြောပါတယ်။

ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြီး တရက်အကြာမှာပဲ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် လိုင်ဇာမှာ တိုင်းရင်းလက်နက်ကိုင်တပ်သား ၂၇ ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်သဘောတူညီမှု ရရှိလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လွှတ်တော်အစည်းအဝေးပွဲမှာတော့ ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း စစ်တပ်ကိုယ်စားလှယ်တွေက သဘောထား ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2554495.html

ဒဏ်ရာရရှိသွားသည့် တောင်ကိုရီးယားနိုင်ငံသား

မလေးရှားနိုင်ငံ မာရန် အရှေ့ဘက် ၆ ကီလိုမီတာကွာ ပုလောကားပတ် ကျွန်းအနီးမှာ တောင်ကိုရီးယား သင်္ဘောဓာတ်ငွေ့ ယိုစိမ့်ရာကနေ ဖြစ်ပွားခဲ့တဲ့ ပေါက် ကွဲမှုကြောင့် မြန်မာ သင်္ဘောသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ကိုရီးယားနိုင်ငံ သားနဲ့ မြန်မာနိုင်ငံက အသက် ၂၃ နှစ်အ ရွယ် မောင်ဇော်မျိုးထွဋ်တို့ မီးလောင် သေဆုံး သွားပါတယ်။

ဒါ့အပြင် ကိုရီးယားနိုင်ငံသားတဦး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ကိုခိုင်ဇင်လင်း ညာဘက်ခြေထောက် ကျိုးသွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

မလေးရှား ရေတပ်က တောင်ကိုးရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ကနေ ကိုရီးယား သင်္ဘော မီးလောင် နေတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သလို မိနစ် ၄၀ ကြာချိန်မှာတော့ မီးငြိမ်းသွားပြီလို့ ဆိုပါတယ်။

လူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရရသလို ဒဏ်ရာရသူတွေကို ဆေးရုံကို ည ၁၀ နာရီခွဲမှာ တင်ပို့ခဲ့ပြီး ထိုင်းကို သွားမယ့် ကိုးရီးယား သင်္ဘောမှာ သင်္ဘောသား ၂၃ ဦး လိုက်ပါလာတယ်လို့ သူက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73551


မကွေးတိုင်းအတွင်းရှိ ကံမမြို့နယ်အတွင်းရှိ မီးသွေးဖုတ်သော မိသားစုတစုမှ လသားအရွယ် သားယောက်ျား လေးတဦးကို ငွေကျပ် ၃ သောင်းဖြင့် ရောင်းချမှု ရှိခဲ့ကြောင်း ကံမမြို့နယ်အတွင်းရှိ ၀ါကုန်သည်တဦးက ကိုယ် တွေ့ကြုံတွေ့ခဲ့ရကြောင်း ပြောကြားသည်။

“သူတို့တွေက တောထဲမှာလျှောက်သွားပြီး မီးသွေးဖုတ်တဲ့သူတွေပါ။ အမျိုးသမီးက ပထမယောက်ျားက ပစ်သွားတော့ နောက်ယောက်ျားယူတယ်လေ။ နောက်ယောက်ျားက အရင်ယောက်ျားနဲ့ရတဲ့ ၃ လအရွယ် သားယောက်ျားလေးကို မလိုချင်လို့ အမျိုးသမီးက ကျွန်တော်တို့ရွာတွေမှာ ကျပ် ၃ သောင်းနဲ့ ပတ်ရောင်းတာပါ။ ကလေးလေးက ချစ်စရာလေး၊ လိုချင်တဲ့သူတွေက အများကြီးပါ။ ဒါနဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးက ဥသျှစ်ပင်နဲ့ ကံမမြို့အစပ်က ကျေးရွာက ကလေးမထွန်းကားတဲ့ လင်မယားက လိုလိုလားလားပဲ ၀ယ်ယူခဲ့ပါ တယ်”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ဖြစ်စဉ်များအပြင် မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြောင်းရွှေ့နေထိုင်သူများအနေနှင့် ယင်းတို့၏ ကလေးများကို တောင်းရမ်းစားသောက်ခိုင်းခြင်း၊ ကလေးတယောက် တရက်လျှင် ကျပ် ၁၆၀၀ ပြန်လည် အပ်ခိုင်းခြင်းများ၊ မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် မိုးခေါင်မှုနှင့် စီမံကိန်းအချို့ကြောင့် အလွန်ဆင်းရဲသွား ပြီး ကလေးငယ်များမှာ ကျောင်းမနေနိုင်ဘဲ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ ဖြေရှင်းရမှုများဖြစ်ပေါ် လျက်ရှိကြောင်း စေတုတ္တရာမြို့နယ်အတွင်း ဒေသစုံမှ သိရသည်။

အဆိုပါဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေး ပညာရေးဌာနများက ဆောင်ရွက်နေပြီး ဆရာမများကိုယ်တိုင် ကျေးရွာများ၌ ပညာသင်ကြားရန် မိဘများကို အိမ်တိုင်ရာရောက် စည်းရုံးမှုများ လုပ်ဆောင်သော်လည်း ဆင်းရဲလွန်းသော မိသားစုများမှာ ကလေးတယောက်၏ လုပ်အားတန်ဖိုးအတွက် ငွေကြေးရလိုကြောင်း ပြန်လည်ပြောဆိုမှု များရှိကြောင်း ပညာရေးဝန်ထမ်းဆရာမ တဦးက သူ၏အတွေ့ အကြုံကို ပြောဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မရှင်းလင်းမီ ဆန္ဒပြသူတွေ ထွက်ခွာဖို့ နာရီဝက် အချိန်ပေးခဲ့
ဟောင်ကောင်မှာ ၂ လကျော် ကြာအောင် စခန်းချ ဆန္ဒပြနေခဲ့တဲ့ Admiralty အရပ်က အဓိက သပိတ်စခန်းကို တရားရုံးရဲ့ အမိန့်နဲ့ ရဲတွေက စတင် ရှင်းလင်းနေပြီး ဆန္ဒပြ သမားတွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။

သပိတ်စခန်းကို ရဲတွေ မရှင်းလင်းမီ ဆန္ဒပြသူတွေ ထွက်ခွာဖို့ နာရီဝက် အချိန်ပေးရာမှာ အများအပြားက ထွက်ခွာ ခဲ့ကြပေမယ့် အချို့ကတော့ ထွက်ခွာဖို့ ငြင်းဆန်ကြတဲ့ အတွက် အဖမ်း ခံခဲ့ကြရပါတယ်။

ကြာသပတေးနေ့ မနက် အစောပိုင်းမှာ စတင်ခဲ့တဲ့ အခုလို သပိတ်စခန်း ရှင်းလင်းမှုဟာ ၂ လကျော်ကြာ ရှိနေခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ နိဂုံးအဖြစ် လူအများက ယူဆ ကြပါတယ်။

စက်တင်ဘာလက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေမှာ အစောပိုင်းက လူ သိန်းနဲ့ချီ ပါဝင် ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အရေအတွက် တဖြည်းဖြည်း လျော့နည်း လာခဲ့ပါတယ်။

၂၀၁၇ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရာမှာ အပြည့်အဝ လွတ်လပ်မှုရဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

တရုတ် အစိုးရကတော့ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ လူတိုင်း မဲပေးခွင့် ရှိပေမယ့် ရွေးကောက်ခံမယ့် အုပ်ချုပ်ရေးမှူး လောင်းတွေကိုတော့ ဘေဂျင်းမှာရှိတဲ့ ကော်မတီက ဆန်ခါတင် ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141211_hong_kong_admiralty_site_cleared

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.