12/18/14

လင်းသစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

သာသနာညှိုးနွမ်းစေမှုဖြင့် အမှုရင်ဆိုင်နေရသော စာရေးဆရာ ဦးထင်လင်းဦးကို ဗုဒ္ဓဟူးနေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးပြီးနောက် အာမခံ မပေးဘဲ ထိန်းသိမ်းလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးထင်လင်းဦး၏ အမှုကို အကူအညီ ပေးသွားမည်ဟု ဆိုသည်။

“ပါတီအနေနဲ့က ဥပဒေ အကာအကွယ်က လုပ်နိုင်သလောက် လုပ်ပေးမှာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးထင်လင်းဦး၏ အောက်တိုဘာ ၂၃ ရက်နေ့ ချောင်းဦးမြို့၊ သုံးပန်လှ ကျေးရွာ စာပေဟောပြောပွဲ ပြောကြားချက်များမှာ သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ သာသနာရေးဦးစီးဌာနက တရားစွဲခဲ့သည်။

သူ၏ အငြင်းပွားဖွယ် ဟောပြောချက်ထဲတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို မုဆိုးက သင်္ကန်းအကာအကွယ်ဖြင့် လုပ်ကြံခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း သင်္ကန်းအကာအကွယ်ဖြင့် ဗုဒ္ဓဘာသာကို ဖျက်ဆီးမှုများ ရှိနေသည်ဟူသော အချက်လည်း ပါဝင်သည်။

ဟောပြောချက်ဗွီဒီယိုဖိုင်မှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများသို့ ချက်ချင်း ရောက်ရှိကာ ဝေဖန်သံများ ကြုံတွေ့ခဲ့ရသည်။

ဟောပြောချက်နှင့် ပတ်သက်ပြီး တောင်းပန်ရန် အများအပြားက တောင်းဆိုနေချိန်တွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည့် ချောင်းဦးမြို့နယ် သံဃာတော်များက ဦးထင်လင်းဦး တောင်းပန်ခြင်း မပြုလျှင် ကံဆောင် သပိတ်မှောက်မည်ဟု ကြေညာခဲ့သည်။

ဦးထင်လင်းဦးကလည်း အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆရာတော်များထံသို့ သွားရောက်တောင်းပန်ခဲ့သည်။

ထိုဖြစ်ရပ်နောက်ပိုင်း NLD က ဦးထင်လင်းဦးကို ဗဟိုပြန်ကြားရေးအဖွဲ့ဝင် တာဝန်မှ ရုပ်သိမ်းလိုက်ပြီး ဟောပြောပွဲတွင် ဘာသာရေးအကြောင်းအရာများ ထည့်သွင်း ဟောပြောခြင်းမပြုရန်လည်း တားမြစ်လိုက်သည်။

ရန်ကုန်တွင် နေထိုင်သော ဦးထင်လင်းဦးကို ဗုဒ္ဓဟူးနေ့ ရုံးချိန်းအတွက် အမှုရင်ဆိုင်ရန် ဆင့်ခေါ်ခဲ့သည့် ချောင်းဦးမြို့နယ် တရားရုံးက တရားခွင်ကို အများပြည်သူ လွတ်လွတ်လပ်လပ် ဝင်ရောက် လေ့လာခွင့် ပြုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အာမခံပေးရန် တင်ပြသည့် အထောက်အထားများ ခိုင်လုံမှုမရှိဟု တရားရုံးက ဆုံးဖြတ်အပြီး ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု အာမခံသက်သေခံတစ်ဦးဖြစ်သူ မုံရွေးမြို့နယ် NLD မှ ကိုဇော်ဖုန်းမြင့်က ဆိုသည်။

တင်သွင်းသည့် အာမခံကို တရားရုံးက ပယ်ချပြီးနောက် သူ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့် ခေါ်သွားပြီး မုံရွာထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

တရားခွင်သို့ ရန်ကုန်နှင့်မန္တလေးမြို့များမှ အမျိုးဘာသာ သာသနာ စောက်ရှောက်ရေး (မဘသ) သံဃာတော်အပါး ၃၀ ကျော် တက်ရောက်ခဲ့ပြီး၊ ၄င်းတို့ထဲမှ ဦးဆောင်ဆရာတော် ဦးပါမောက္ခမှ အစိုးရဥပဒေအရာရှိအား ဖိအားပေးခဲ့မှုများ ရှိကြောင်း သိရှိရသည်။

ချောက်မြို့နယ် ရဟန်းပျိုများသမဂ္ဂမှ ဦးနန္ဒသာရက ဆရာတော်ဦးပါမောက္ခသည် အစိုးရရှေ့နေအား ကိုထင်လင်းဦးအမှုကို အာမခံမပေးရန် တိုက်တွန်းမိန့်ကြားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်သည်မှာ ရဟန်းတော်များအနေဖြင့် တရားစွဲတရားပြိုင်မပြုလုပ်ရဟုဆိုသော ၀ိနည်းသိက္ခာပုဒ်ကို ကျုးလွန်ရာရောက်သည်ဟု မိန့်ကြားသည်။

“ကိုထင်လင်းဦးပြောတာကို မကျေနပ်လို့ ဒီမှာရှိတဲ့ ချောင်းဦးကိုယ်တော်တွေက ပတ္တနိက္ကုဇနကံပြုထားပြီးပြီ။ ဒါပြုတယ်ဆိုတာလည်း ပြုခံရသူက လာတောင်းပန်ရင် ကျေနပ်ရမှာ။ခုက ကိုထင်လင်းဦးလည်း မဘသဆရာတော် ဦးတိလောကကို တောင်းပန်ပြီးသွားပြီ။ ခု ဒီမနက်လည်း ဦးဇင်းနဲ့ တွေ့တော့ အရှင်ဘုရား
တပည့်တော် ဘယ်ကို သွားတောင်းပန်ရဦးမလဲဘုရားလို့ ပြောသွားတယ်” ဟု ဆရာတော်ဦးနန္ဒသာရက ဆိုသည်။

ဤအမှု၏ နောက်ကွယ်တွင် တခြားသော ရည်ရွယ်ချက်များလည်း ရှိနိုင်သည်ဟု သူက သုံးသပ်သည်။

“ဒီကိစ္စမှာ လူဆိုတာထက် NLD ပါတီကို တိုက်ခိုက်ချင်လို့ လုပ်တာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးပြီလေ။ ကိုထင်းလင်းဦးလည်း မြန်မာလူမျိုးပဲ။
ဒီကိစ္စကို အကျယ်မဖြစ်စေချင်ဘူး။ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ရဟန်းနဲ့ပြည်သူ တစ်သားတည်း ဖြစ်စေချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဦးထင်လင်းဦး၏ အမှုကို ဆက်လက် စစ်ဆေးမည်ဟု သိရသည်။
##

ဓာတ်ပုံ--(Soe Moe/Facebook)

The Yangon Globe


မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာတွေကို သတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးရာမှာ အကူအညီပေးဖို့ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာ ၂ ဦး ထွက်ပြေးသွားပါတယ်။

ဓာတ်ပုံတွေကို သတင်းစာတွေမှာ ဖော်ပြပြီးတဲ့နောက် အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်မြန်မာ ၂ ဦး ထွက်ပြေးသွားတယ်လို့ ပီနန် ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒူရာဟင်ဟန်နာဖီကို ကိုးကားပြီး မလေးရှား သတင်းတွေက ရေးပါတယ်။

“ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးချက်အရ လူ ၂ ဦးက ပီနန်ကနေ ထွက်ပြေးသွားပါတယ်၊ ဒါပေမယ့် သူတို့တွေက မလေးရှားမှာ ရှိနေတုန်း ဖြစ်သလို သူနောက်ကို လိုက်နေပါတယ်၊ သူတို့ကို သိတဲ့ မြင်တဲ့ သူတွေက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး စုံစမ်း စစ်ဆေးမှုကို ပူးပေါင်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ သူက ပြောပါတယ်။

ဒီ ၂ ဦးအပြင် သူတို့ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တခြား သံသယရှိ မြန်မာ ၂ ဦးကိုလည်း ရှာဖွေနေသလို သူတို့ ဓာတ်ပုံတွေကို သတင်းတွေမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက မလေးရှား ပီနန်မှာ မြန်မာနိုင်ငံသားတွေ အပါအ၀င် လူ ၁၈ ဦး အသတ်ခံခဲ့ရပါတယ်။

ကနဦးကတော့ သတ်ထားတဲ့ အလောင်းတွေကို အ၀တ်ဖြူတွေနဲ့ ထုတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသတ်ခံရတဲသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တနေရာစီမှာ ခွဲပြီး စွန့်ပစ်ထားပါတယ်။

ဒီအတွက် မြန်မာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလူသတ်မှုမှာ သံသယရှိတဲ့ တခြား မြန်မာနိုင်ငံသား အုပ်စုတွေကိုလည်း လိုက်လံရှာဖွေနေပါတယ်။

ဒါအပြင် မလေးရှားမှာ နေထိုင်ခွင့် လက်မှတ်မရှိတဲ့ နေထိုင်သူတွေကို ရှာဖွေဖမ်းဆီးရေး လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတဲ့ အတွက် တရားဝင် လက်မှတ်မရှိတဲ့ မြန်မာ နိုင်ငံသားတွေ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်နဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74046


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညိုးနွမ်းစေမှုနဲ့ ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ်ရုံးတင် စစ်ဆေးခဲ့ရာ တရားသူကြီး က အာမခံမပေးပဲ ပယ်ချလိုက်ပြီး မုံရွာအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် ရဲအချုပ်ခန်းမှာမထားပဲ မုံရွာထောင်ကိုခေါ်သွားတယ်လို့ ဒီကနေ့ ရုံးချိန်း သွားရောက်ခဲ့တဲ့ ညီအကို ၀မ်းကွဲတော်သူ ဦးဆန်းထွန်းက ပြောပါတယ်။

ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးက အမှုကို ဖြေရှင်း ပေးဖို့ဆိုပြီး ဆင့်ခေါ်စာထုတ် ခေါ်ယူ ခဲ့ပေမယ့် ဒီကနေ့ တရားသူကြီးက အာမခံမပေးပဲ ရဲအချုပ်ခန်းမှာ မထားပဲ မုံရွာထောင်ကို ပို့လိုက်တာဟာ မတရားဘူးလို့ မိသားစု ဝင်တွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိန်တိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ကော်စမွီခရိုင် တရားရုံး အနေနဲ့ နိုင်ငံခြားသား ၂ ဦးကို သက်သေအဖြစ် ခေါ်ဆောင်ပေးဖို့ စွပ်စွဲဖမ်းဆီးခံ တရားခံတွေ ဘက်က တောင်းဆို ထားပါတယ်။

အခင်းဖြစ်ပွားစဉ်က ကော်တောင်ကျွန်း (လိပ်ကျွန်း) ပေါ်မှာ ရှိနေခဲ့တဲ့ ခရစ်စ္စတိုဖာ နဲ့ ရှောင်ဆိုသူ ဗြိတိသျှနိုင်ငံခြားသား ၂ ဦးကို ကော်စမွီခရိုင် တရားရုံးအနေနဲ့ ဆင့်ခေါ်စာပို့ပေးဖို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တောင်းဆိုခဲ့တယ်လို့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ခွန်အမ်းဖွန်း ဆွန်ထောင်းန်က ဒီဗွီဘီကို ပြောပါတယ်။

“တရားခံ ၂ ဦးရဲ့ ကိုယ်စား ကျမတို့ရှေ့နေများကောင်စီအဖွဲ့ဝင်တဦးက မနေ့က တရားရုံးမှာ သွားပြီး လျှောက်ထားတောင်းဆိုထားပါတယ်။ ရမရတော့ မသိရသေးပါဘူး။ မနက်ဖြန် သွားကြည့်ရပါဦးမယ်။ တရားရုံးက သက်သေဆင့်ခေါ်စာ ထုတ်ပြီးရင် ကျမတို့ဘက်ကလည်း အဲဒီစာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သွားရောက် ဆက်သွယ်ရဦးမှာပါ။”

လူသတ်မှုဘက်ကနေ တရားလိုလုပ်တဲ့ အစိုးရရှေ့နေများကောင်စီနဲ့ တရားခံလူငယ်တွေ ဘက်က ပြောဆိုချေပပေးမယ့် ရှေ့နေအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့ကျရင် ကော်စမွီခရိုင်တရားရုံးမှာ နှစ်ဦးနှစ်ဘက် ရရှိထားတဲ့ သက်သေတွေ လာရောက်ဖလှယ်ရမှာ ဖြစ်တဲ့အတွက် သူတို့ဘက်က သက်သေအမည်စာရင်းတွေ အချိန် မီတင်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တရားခံတွေဘက်ကနေ ချေပပေးမယ့် ရှေ့နေတွေမှာ အမှုမှန်ပေါ်ထွက်ရေး သက်သေပြပေး နိုင်မယ့် လူ ၁၀ ဦးရှိပြီး ၈ ဦးမှာ မြန်မာအလုပ်သမားများဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့တွေဟာ ခြိမ်းခြောက်ခံခဲ့ရတာတွေရှိနေတဲ့အတွက် မြန်မာသံရုံးက ကူညီစောင့်ရှောက်ပေးမယ်လို့ ပြောထားတဲ့အကြောင်း ရှေနေက ဆက်ပြောပါတယ်။

အမှန်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ မျက်မြင်သက်သေတွေ နောက်ထပ်ရှိနေသေးကြောင်း၊ ဒီအမှုမှန်ပေါ်ပေါက်ရေးမှာ မျက်မြင်သက်သေတွေဟာ အဓိကကျတဲ့အတွက် နောက်ထပ် သက်သေတွေ ဆက်သွယ်လာဖို့ ထိုင်းရှေ့နေများကောင်စီက ကြိုဆိုကြောင်း ခွန်အမ်းဖွန်း ဆွန်ထောင်းန်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းအစိုးရရှေ့နေများကောင်စီဘက်ကတော့ လူသက်သေ စုစုပေါင်း ၄၀ ကျော် ရှာဖွေ ထားပါတယ်။

တရားခံဘက်က သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့ တောင်းဆိုထားတဲ့ ဗြိတိန်နိုင်ငံ သား ၂ ဦးမှာ ခရစ်တိုဖာ ဆိုသူက ဒေးဗစ်ရဲ့ သူငယ်ချင်းဖြစ်ပြီး ရှောင်ဆိုသူကတော့ အေစီဘား ဖျော်ဖြေရေးဘက်မှာ ဂီတာတီးတဲ့သူ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ လူသတ်မှုဖြစ်ပွားပြီးနောက် မကြာမီအချိန်မှာပဲ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရပြီး တရားရင်ဆိုင်နေရတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74058

ထိုင်းအိမ်ရှေ့မင်းသား ၀ဇီရာလောင်တွန်းသည် ဇနီးဖြစ်သူနှင့် တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ထိုင်းနန်းတော်ရုံးက လွန်ခဲ့သည့် ရက်ပိုင်း က ကြေညာခဲ့သည်။ အိမ်ရှေ့မင်းသား၏ ကွာရှင်းမှုက ထိုင်းနိုင်ငံ၏ ထီးနန်း ဆက်ခံရေးတွင် အကျပ်အတည်းများ ကြုံတွေ့လာနိုင်သည်ဟု လေ့လာသူများက ရှုမြင်ကြသည်။

ထိုင်းဘုရင် ဘူမိသောအဒူလ်ယာဒတ်၏ သားဖြစ်သူ အိမ်ရှေ့မင်းသား ၀ဇီရာလောင်တွန်းသည် ယခုကွားရှင်းလိုက်သည့် ဇနီး သီရိရာသမီနှင့် အိမ်ထောင်သက် ၁၃ နှစ်ရှိပြီဖြစ်သည်။ ၄င်းတို့ ၂ ဦးတွင် ၉ နှစ်အရွယ် သားတစ်ဦးရှိပြီး ဖခင်၏ နန်းအရိုက်အရာကို ဆက်ခံရမည် ဖြစ်သည်။

ယခုကွာရှင်းမှုမှာ အိမ်ရှေ့မင်းသား၏ ၃ ကြိမ်မြောက် အိမ်ထောင်ကွာရှင်း မှုဖြစ်သည်။ မင်းသမီး သီရိရာသမီသည် ကွာရှင်းချိန်တွင် တော်ဝင်ဘွဲ့အမည်ပါ ရုပ်သိမ်းခံခဲ့ရသည်။ သီရိရာအား သူမနှင့် သူမ၏ မိသားစုအတွက် ရပိုင်ခွင့် ရှိ ငွေကြေးအဆောင်အယောင်များကို တလုံးတခဲတည်း ပေးအပ် လိုက်ကြောင်း ထိုင်းနန်းတော်ရုံးမှ ယနေ့ ကြေငှာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံး သက်ရှိထင်ရှား ပဒေသရာဇ်ဖြစ်သည့် အသက် ၈၈ နှစ်အရွယ် ဘုရင်ဘူမိ သောသည် ကျန်းမာရေးအခြေအနေကြောင့် လူထုရှေ့သို့ ထွက်ရှိခြင်းမရှိပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဘုရင်၏မွေးနေ့ပွဲ ရှိသော်လည်း ဆရာဝန်များ၏ အကြံပေးချက်အရ တက်ရောက်ခြင်း မရှိ ခဲ့ပေ။ မွေးနေ့ပွဲတက် ရောက်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံသားအများအပြားက နတ်ဘုရားတစ်ပါးသဖွယ် သဘောထားကာ တိုင်းပြည်၏ မငြိမ်သက်မှုများကြား စုစည်းမှုပေးသည့် အင်အားတစ်ခုအဖြစ် မှတ်ယူခံထားရသည့် ဘုရင် ဘူမိသော ၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

မင်းသားဝဇီရာလောင်ကွန်းမှာ ထီးနန်းဆက်ခံမည့်သူအဖြစ် မှတ်ယူခံထား ရသော်လည်း ယခုနှစ်ဆန်းက အာဏာသိမ်းခဲ့သည့် ထိုင်းစစ်တပ်အတွင်း လူကြိုက်နည်းလျက်ရှိသည်။ သို့သော် တော်ဝင်မိသားစုအား ဝေဖန်မှုကို ပိတ်ပင်ထားသည့်ဥပဒေကြောင့် တော်ဝင်မိသားစုဝင်များအား ထင်ထင်ပေါ် ရန် ဝေဖန်မှုများ ထွက်ပေါ်လာဖွယ် မရှိပေ။

စာရေးဆရာ အန်ဒရူးမက်ဂရီဂေါက သူ၏ စာအုပ်သစ် ‘Kingdom in Crisis’ တွင် “အစဉ်အလာသမား တွေက ထီးနန်းဆက်ခံသူအဖြစ် ဘုရင့်သမီးတော် မင်းသမီးမဟာချက်ကရီ သီရိဒုံအား တင်မြှောက်နိုင်ရန် မျှော် လင့်နေသည်” ဟု ရေးသားထားကြောင်း သည်ဒီပလိုမတ်မဂ္ဂဇင်းက ဖော်ပြသည်။

အိမ်ရှေ့မင်းသားအတွက် ယခုကွာရှင်းမှုမှာ ထီးနန်းဆက်ခံနိုင်ရေး အတွက် ပြု လုပ် ခဲ့သည့် လှုပ်ရှားမှု တစ်ခုအဖြစ် ရှုမြင်ကြသည်။ မင်းသား ၀ဇီရာလောင် တွန်းနှင့် မင်းသမီး သီရိဒုံတို့၏ အားပြိုင်မှုမှာ ထိုင်းနိုင်ငံရေး နှင့် စစ်တပ်အုပ်ချုပ် မှုများနှင့်ပါ ဆက်စပ်လျက်ရှိသည်။

တိုင်းပြည်ကိုထိန်းချုပ်ရန် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်နေ သည့်အဖွဲ့ ၂ ဖွဲ့က ၎င်းတို့ ၁ ဦးစီ၏ မဟာမိတ်အဖြစ် မှတ်ယူခံထားရသည်။ စစ်တပ်၏ အာဏာသိမ်းခြင်း ခံခဲ့ ရသည့် ၀န်ကြီးချုပ်ဟောင်းများဖြစ်သော သက်ဆင်နှင့်ညီမဖြစ်သူ ယင်လတ် တို့မှာ အိမ်ရှေ့မင်းသားဝဇီရာ လောင်လွန်းနှင့် နီးစပ်သူများဖြစ်သည်။ မင်းသမီး သီရိဒုံမှာ သက်ဆင်မိသားစုအား ဆန့်ကျင်သည့် ရှပ်ဝါများနှင့် နီးစပ်သူဖြစ် သည်ဟု ဆိုသည်။

KHTun

The Ladies News Journal

မလေးရှားနိုင်ငံ ပီနန်ဒေသတွင် မြန်မာနိုင်ငံသား ၂၃ ဦးထက်မနည်းအား အဖွဲ့ ၂ ဖွဲ့က ဆက်တိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျွန်းတောင်ပိုင်း တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် ညပိုင်း အပြင်ထွက်ခြင်းကို ရှောင်လာကြသည်။

ယခင်အပတ်က ပီနန်ရဲတပ်ဖွဲ့မှ ဖြန့်ဝေခဲ့သည့် လူသတ်တရားခံအဖြစ် သံသယ ရှိသူ ဘင်္ဂါလီ ၂ ဦးမှာလည်း ပီနန်မှ ထွက်ပြေးသွားပြီဟု ယူဆရကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ ထိုနည်းတူစွာ တင်္နလာနေ့က မြန်မာများကို သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံခဲ့ထားသူ ၁၂ ဦးထဲမှ ၃ ဦးက ပီနန်ရဲမှ ရမာန် ထုတ်ခဲ့သည်။ ရဲများက ၄င်းတို့အား ခေါင်းစွပ်မစွပ်ထားသော်လည်း ၄င်းတို့က မျက်နှာများကို အင်္ကျီဖြင့် ကွယ်ထားသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။

လူသတ်မှုများမှာ ယခုနှစ်အစောပိုင်းကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် လများတွင် ပိုမိုများပြားလာခဲ့သည်။ လူသတ်သမားများ လွတ်နေသေးကြောင်း ရဲတပ် ဖွဲ့ကပြောကြားပြီးနောက် မြန်မာနိုင်ငံသား များကြားတွင် ထိတ်လန့်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ လူသတ်သမားများအား လိုက်လံဖမ်းဆီးနေပြီး အခြေအနေအား ထိန်းချုပ်ထားနိုင်သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားသော်လည်း လူအများက စိုးရိမ်လျက်ရှိသည်။

စက်ရုံနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သားအများစုမှာ ညနေပိုင်း၊ ညပိုင်း တွင် အပြင်ထွက်ခြင်းမပြုတော့ဘဲ မဖြစ် မနေသွားရမည့် ကိစ္စရှိလျှင် အဖွဲ့လိုက်သာသွားလာကြသည်။

ဘေယန် လီလက်စ်ရှိ ပရိဘောဂစက်ရုံ ၁ ခုတွင် လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် ဦးမောင်မြင့်က “ကျွန်တော် တို့ ၀ယ်စရာရှိရင် အနီးဆုံး စူပါ မားကတ်ကို သွားပြီး ၀ယ်ပြီးတဲ့အခါ အိမ်ကိုတန်းပြန်ပါတယ်” ဟု ပြောကြား သည်။

ဗီယက်နမ်အလုပ်သမား ၂ ဦးအပါအ၀င် သူငယ်ချင်း ၅ ဦးနှင့် အတူနေထိုင် သည့် ဦးမောင်မြင့်က မြန်မာနိုင်ငံ သားများ အသတ်ခံရသည့် သတင်းကြား ရသည့် အခါ တုန်လှုပ်မိသည်ဟုဆိုသည်။

“ညနေပိုင်းတွေမှာ ဟိုဟိုဒီဒီ သွားဖို့၊ စက်ဘီး စီးဖို့ အန္တရာယ် မကင်းတော့ ပါဘူး”ဟု ပီနန်တွင် ၃ နှစ်ကြာနေထိုင် ခဲ့သည့် ဦးမောင်မြင့်ကဆို သည်။ ၎င်းနှင့် အခန်းဖော်များမှာ လူသတ်မှု သတင်းကြားပြီးချိန်မှစ၍ အလုပ်ပြီးချိန် တွင် ဘယ်မှမသွားဘဲ အိမ် သို့ပြန် ကြသည်ဟု ဆိုသည်။

ရာလူးရှိကော်ဖီဆိုင် ၁ ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ရှမ်း အမျိုးသမီးနော်စောဘွာက “မြို့ထဲမှာ လျှောက်မသွားဖို့ အလုပ်ရှင်က သတိပေး ထားပါတယ်။ သွားစရာရှိရင် အဖွဲ့လိုက်ပဲသွားကြပါတယ်” ဟု ဆိုသည်။ အသတ်ခံရသည့် မြန်မာနိုင်ငံသားများ၏ ဓါတ်ပုံအား ဒေသခံ တရုတ် သတင်းစာများတွင် တွေ့မြင်ခဲ့ ရပြီး ရက်ရက်စက်စက်အသတ်ခံရခြင်းအတွက် စိတ်မကောင်းဖြစ်မိသည်ဟု နော်စောဘွာကဆိုသည်။

“အလုပ် ပြီးရင် အပြင် သွားလေ့ရှိပေမယ့် ရာလူးမှာ လူသတ်မှုတွေဖြစ် လာပြီးတော့ မထွက်တော့ ပါဘူး။ လူသတ်မှုတွေက မြန်မာနိုင်ငံသားတွေကို ဦးတည်တဲ့ အတွက် အခု အရမ်းအန္တရာယ်များပါတယ်”ဟု ၎င်းကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသားများအား သတ်ဖြတ်သည့် အဖွဲ့သစ်တစ်ဖွဲ့ရှိနေကြောင်း ပီနန် ရဲတပ်ဖွဲ့က ပြောကြားသည်။ ရာလူးရှိ ဘုရားကျောင်း ၁ ခု ၏ ရှေ့ တွင် မြန်မာနိုင်ငံသား ၁ ဦး လည်ပင်းလှီးဖြတ်အသတ်ခံရပြီး နောက် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါဝင်သူများအား ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် ထိုအဖွဲ့သစ်မှာ ပီနန် ကျွန်းပေါ် တွင် လှုပ်ရှားသည်ဟုယုံကြည်ရကြောင်း ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ဆိုသည်။ လူသတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ သားများအား စစ်ဆေးရာတွင် တိုးတက်မှုများရှိနေပြီး မြန်မာနိုင်ငံ သား ၃ ဦး အား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟုဆိုသည်။ ၎င်းတို့မှာ တမန်တွန် ဆာဒွန်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မိုယာယာခန်ရာဖီ၊ အသက် ၂၀ ကျော်အရွယ် လော့မန်းနှင့်ဂီမက်ဟု သိထားသူတစ်ဦး တို့ဖြစ် သည်။ ရဲ တပ်ဖွဲ့က အခြေအနေအား ထိန်းချုပ်ထားနိုင်သဖြင့် စိုးရိမ်ခြင်းမရှိဟု ရဲမှူးက ဆိုသည်။

ပီနန်တွင် မြန်မာရွှေ့ ပြောင်းလုပ်သား ၆၀,၀၀၀ ကျော်ရှိပြီး ခိုလှုံခွင့်တောင်းခံ သူနှင့် ဒုက္ခသည်အများအပြားပါဝင်သည်။ မြန်မာနိုင်ငံ တွင် ၂၀၁၂ ပဋိပက္ခ များဖြစ်ပွားပြီးနောက်ပိုင်း နေရပ်မှစွန့်ခွာလာသည့် နိုင်ငံမဲ့ဘင်္ဂါလီ ၁၀၀,၀၀၀ ကျော်အတွက် ပီနန်ပြည်နယ်မှာ အဓိက ဦးတည်ရာနေရာ တစ်ခုဖြစ် သည် ဟု ဆိုသည်။

KHTun

The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.