12/21/14

လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်း ရန် ပါဝင် ခဲ့ခြင်းဖြစ်သော်လည်း တိုင်း ပြည်မတည်ငြိမ်၊ မအေးချမ်းပါက စစ် တပ်က အာဏာသိမ်းရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင် အေးပြောစကားမှာ ပညာရှိနည်းဖြင့် လူအများ ဆင်ခြင်နိုင် ရန်ပြောဆိုခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က အမျိုးသား လွှတ်တော်အမတ် ဦးဖုန်း မြင့်အောင်က The Ladies သို့ပြော သည်။

ရန်ကုန်မြို့၊ မီကာဆာဟိုတယ် ၌ ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင်နှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ ၌ဦးတင်အေးက ထိုသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

အခုလိုမျိုး လွှတ်တော်ထဲမှာ စစ် တပ်က ၂၅ ရာခိုင်နှုန်းပါကြတော့ သူတို့မကြိုက်တာတွေ လွှတ်တော်ထဲ ပြချင်တာကိုး။ လွှတ်တော်ကိုယ်စား လှယ်တွေလည်း ကြိုက်ရာပြင်လို့ရ တယ်။ ဒါပေမဲ့ တပ်က မကြိုက်ရင် အာဏာသိမ်းမှာပဲ။ မြန်မာပြည်မှာ ထိုင်းလိုမျိုး စစ်တပ်က အာဏာသိမ်း သလိုမျိုး သိမ်းရင် မထူးဆန်းတော့ ပါဘူး။ စစ်တပ်ကလည်း ဖွံ့ဖြိုးတိုး တက်ရေးကို မင်းတို့လုပ်၊ တို့နဲ့ပတ် သက်တာကို မင်းတို့မထိနဲ့ဆိုတဲ့ သ ဘောမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောထားတာရှိပါတယ် ဟု ဦးဖုန်း မြင့်အောင် က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၁၉၆၂ ခုနှစ် တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် အာဏာသိမ်းရသည် ဆိုသည့် ခိုင်လုံသည့်အကြောင်းပြ ချက် ရှိနေကြောင်း၊ ၎င်းအကြောင်း ပြချက်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေတွင် လွတ်လပ်ရေးရပြီး နောက် ခွဲထွက်ရမည်ဆိုသည့်အချက် ပါဝင်နေကြောင်း၊ ခွဲထွက်မည်ကို စိုး ရိမ်သဖြင့် တပ်မတော်က အာဏာ သိမ်း လိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် ဟုသာပြော၍ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက ပြောကြားထားသည်။

အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့မလိုချင်တော့ဘူး။ စစ် တပ်က စစ်တပ် မှာ သူ့ဘာသာသူနေ တာပဲ။တည်ငြိမ်းအေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာမလိုဘူး။ သူ့နေရာသူနေမှာပဲ။ မတည်ငြိမ်၊ မ အေးချမ်း လာရင် စစ်တပ်က အာဏာ သိမ်းရမှာပဲ။ အဲဒါ ကျွန်တော်တို့တည် ငြိမ်အေးချမ်း မှုအတွက် လုပ်ရမယ် ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောစကားနှင့် ပတ်သက်၍ ]ဒီအချိန်ဟာ ဒီမိုကရေ စီအရ နုသေးတယ်လို့ သုံးသပ်တယ်။ ပါတီ အားလုံးလည်း စုစုစည်းစည်း ရှိသေးတာလည်း မဟုတ်သေးဘူး။ တိုင်းရင်းသား ဘက်ကို ကြည့်ပြန်ရင် လည်း စုစုစည်းစည်းရှိတာ မတွေ့ရ သေးဘူး။ အဲဒီလို မတွေ့သေးတဲ့အ ချိန်မှာ တအားဖွင့်ပေးလိုက်ရင် မြန် မာနိုင်ငံ လွတ်လပ်ရေး ရသလို ရပြီး ချက်ချင်းအကွဲအပြဲတွေဖြစ်ပြီးတော့ တိုင်းပြည်ပြဿနာအကြီးအကျယ် တက်ခဲ့သလိုပဲ ဖြစ်သွားမှာကို သူတို့ စိုးရိမ်နေတဲ့အတွက် အဲဒီစိုးရိမ်စိတ် နဲ့ လုပ်နေတာပါ ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း က သုံးသပ်ပြောဆိုထားသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ပြောစကားမှာ ပညာရှိနည်းဖြင့် ပြော ဆိုခြင်းဖြစ်ပြီး လူအများဆင်ခြင်နိုင်ရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊၎င်းတို့မှာ တိုင်းပြည်တွင် ဒီမိုကရေစီဖြစ်အောင် လုပ်ဆောင်မည်ဟုပြောကြားထားခြင်း မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရန် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မည် ဟုသာပြောကြားထားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သာလုပ်ဆောင်နေပါက ယခုကဲ့ သို့ပဋိပက္ခဆန်မှုပြဿနာများရှိနေဦး မည်ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင် ကပြောသည်။

ရာစုသစ်
The Ladies News Journal

ဓာတ်ပုံ – NLD Chairperson
လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားစွာ လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ဝ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် (ဗဟို) က ကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာပါ။

လူငယ်တွေအနေနဲ့ ဒီမိုကရေစီလမ်းပေါ်ကို ခိုင်ခိုင်မာမာ ရောက်ရှိအောင် လူကြီးလူငယ်အားလုံး လက်တွဲလုပ်ဆောင်ရမယ့် အချိန်ကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

သန့်ရှင်းတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ကြဖို့၊ နိုင်ငံအပေါ် တကယ်စေတနာထား လုပ်ဆောင်ကြဖို့ အပြင် လူငယ်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီပစ္စည်းတွေနဲ့ပဲ အာရုံစိုက်မနေဘဲ နိုင်ငံရေးကို လေ့လာအာရုံစိုက်ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီရောက်ရှိနိုင်ဖို့အတွက် လူတဦးတယောက်ချင်းစီ ၀ိုင်းဝန်းကြိုးစားရင် မုချအောင်မြင်နိုင်မယ်လို့လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြိုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ ကျရောက်မယ့် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဖျော်ဖြေပွဲတွေကို ရန်ကုန် အပါအ၀င် မြို့တချို့မှာ ကျင်းပနေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74492

ကျူးဘားသမ္မတ Raul Castro 

အမေရိကန်နဲ့ ကျူးဘားအစိုးရတို့အကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်တည်ဆောက်နိုင်မှုအပေါ် အမေရိကန်သမ္မတ Barak Obama ကို ကျူးဘား ခေါင်းဆောင်က ချီးကျူးလိုက်ပါတယ်။

ဒါပေမဲ့ ကျူးဘားသမ္မတ Rual Castrol က ဆက်ပြီး ခုလို သံတမန်ဆက်ဆံရေးပြန်တည်ဆောက်မှုကြောင့် ကျူးဘားနိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီလို့ မဆိုလိုဘူးလို့ သူ့နိုင်ငံကို စနေနေ့မှာ မိန်းခွန်းပြောခဲ့ပါတယ်။

သမ္မတ Rual Castrol အနေနဲ့ ကျူးဘား အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောရာမှာ မြို့တော် Havana ကို နောက်လ လာလည်မယ့် အမေရိကန် အရာရှိတွေနဲ့ ကိစ္စရပ်ပေါင်းများစွာကို ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒီမိန့်ခွန်းကို နိုင်ငံတဝှမ်း ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

ဒါ့အပြင် Rual Castrol က ဧပြီလကျရင် Panama မှာ ကျင်းပမဲ့ အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို သူကိုယ်တိုင်တက်ရောက်ပြီး၊ သမ္မတ Obama နဲ့ တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ခုလို သံတမန်ဆက်ဆံရေးပြန်တည်ဆောက်မှုအကြောင်း သမ္မတ Obama ကို ဝါရှင်တန်မြို့တော်မှာ သောကြာနေ့က မေးမြန်းခဲ့ရာမှာ Obama က ကျူးဘားမှာ ရုတ်တရက် ကြီးကြီးမားမားပြောင်းလဲမှုတွေ့ရဖို့ သူမမျှော်လင်ထားဘူး၊ ဒါပေမဲ့ အခုအခါမှာ အမေရိကန်အနေနဲ့ ကျူးဘားအစိုးရနဲ့ ပြည်သူတွေနဲ့ ဆွေးနွေးလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ပိုရလာပြီလို့ ဆိုခဲ့ပါတယ်။

ခုလို ဆက်ဆံရေးပုံမှန် ပြန်တည်ဆောက်အပြီး ပထမဆုံးပြောတဲ့ သမ္မတ Rual Castrol မိန့်ခွန်းထဲမှာ ကျူးဘားအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တိုးမြှင့်လုပ်ဆောင်သွားမယ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ကွန်မြူနစ်နိုင်ငံ ဖော်ဆောင်သွားမယ်၊ ဒါပေမဲ့ ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်သွားမှဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တ၀က်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ နှစ်နိုင်ငံစလုံးက ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/cuba-lauds-us-outreach-/2567699.html


ဓာတ်လိုက်ပြီး သတိလစ်နေတဲ့ မျောက်တကောင်ကို တခြားအဖော် မျောက်တကောင်က အသက်ပြန်ရှင်လာအောင် ပြုစုနေပုံဟာ အသိဉာဏ်ရှိတဲ့ လူတယောက်အလား အောက်မေ့ရပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ကန်ပါးဆိုတဲ့မြို့မှာ ရထားဘူတာမှာ တွေ့ရတဲ့ ဒီမြင်ကွင်းကို လူတွေ မင်သက်အံ့သြသွားကြပါတယ်၊၊

ပထမ မျောက်က ရထားဘူတာအနီးက ဓာတ်အားမြင့်တဲ့ ၀ါယာပေါ်မှာ လမ်းလျှောက်မိလို့ ဓာတ်လိုက်ပြီး သတိလစ်သွားခဲ့တယ်။

မေ့မြောပြီး ရထားလမ်းပြေးလမ်းပေါ် လဲကျနေတဲ့ မျောက်ကို နောက်မျောက်တကောင်က သွားကယ်ပါတယ်။ မေ့မြောနေတဲ့ မျောက်ကို ပြန် သတိလည်လာအောင် ရိုက်လိုက်၊ ကိုက်လိုက်၊ ရေနစ်လိုက်နဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားလိုက်တာ မိနစ် ၂၀ အကြာမှာတော့ ပထမ မျောက်ဟာ သတိပြန်လည်လာပြီး စတင်လှုပ်ရှားလာပါတယ်။

ပထမ မျောက်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို လူတွေ အံ့အားသင့်ကြပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ယူကြပါတယ်။

ဓာတ်လိုက်တဲ့ မျောက် သတိပြန်လည်လာပြီး ထထိုင်တဲ့အချိန်မှာတော့ ၀ိုင်းကြည့်နေသူတွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ တချို့ မြို့တွမှာ ဒီလို မျောက်တွေကို တွေ့ရလေ့ ရှိပါတယ်။ တချို့က ဒါကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ မျောက်တွေ ရောက်နေတာဟာ လူဦးရေများတဲ့ အိန္ဒိယမှာ မြို့တွေ၊ ရွာတွေ တိုးချဲ့တာကြောင့်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74458


ဒမတ်စကတ် ၊ ၂၁-၁၂-၂၀၁၄

ISIS စစ်သွေးကြွ များသည် ဆီရီးယားနိုင်ငံ အတွင်းရှိ ဌာနချုပ်စခန်း များမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဦးရေ ၁ဝဝ ကို ကွပ်မျက် ခဲ့ကြောင်း သိရသည်။

ကွပ်မျက်ခံ ရသည့် စစ်သွေးကြွ အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် စစ်သွေးကြွများ ဖြစ်ပြီး ၄င်းတို့ကို စစ်သွေးကြွ များက ရက်ကာမြို့ တွင် ကွပ်မျက် ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ကို ဌာနချုပ် အား သတင်းပို့ခြင်း မရှိသည့် စစ်သွေးကြွ အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးရန် ဖွဲ့စည်းထားသည့် စစ်ရဲအဖွဲ့က တစ်အိမ်တက် - ဆင်း လိုက်လံ ရှာဖွေခဲ့ပြီး ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ အဖွဲ့တွင် ဗြိတိန် နိုင်ငံသား ငါးဦး၊ ပြင်သစ်နိုင်ငံမှ သုံးဦးနှင့် ဂျာမနီနိုင်ငံမှ နှစ်ဦးတို့ ပါဝင် တိုက်ခိုက်လျက် ရှိသည်ဟု ဗြိတိန် မီဒီယာတစ်ခု က အောက်တိုဘာ လအတွင်းက ထုတ်ပြန် ခဲ့သည်။ သို့ရာတွင် ၄င်း စစ်သွေးကြွ များသည် ၄င်းတို့၏ နေရပ်သို့ ပြန်ရန် ဆန္ဒရှိနေ သော်လည်း ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့ကို ဖမ်းဆီးထား ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက် များအရ ဆီးရီးယားနှင့် အီရတ် နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များနှင့် သွားရောက် ပူးပေါင်းခဲ့သည့် ပြည်ပ နိုင်ငံသား ဦးရေမှာ ပျမ်းမျှအားဖြင့် ၁၅ဝဝဝ ခန့် ရှိကြောင်းနှင့် ၄င်းတို့ အနက် ၈ဝ ရာခိုင်နှုန်းမှာ ယခင်က အကြမ်းဖက် တိုက်ခိုက်မှု များတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ သည် ပြည်တွင်းစစ်ဒဏ် ကို ၂ဝ၁၁ ခုနှစ် မတ်လအတွင်း မှ စတင်ကြုံတွေ့ ခဲ့ရပြီး သမ္မတ ဘာရှာအာဆတ် ကို တိုက်ခိုက်လျက် ရှိသည့် အတိုက်အခံ တပ်ဖွဲ့များကို ကာတာ၊ ဆော်ဒီအာရေဗျ နှင့် တူရကီ စသည့်နိုင်ငံ တို့က အထူးသဖြင့် ထောက်ခံလျက် ရှိကြောင်း သိရသည်။ (ဝဲပုံ)

#PyiChitThar
http://www.pyichitthar.com/2014/12/isis_85.html


၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက် လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယခေါင်းဆောင်နေရာေ၀၀ါးနေမှုကြောင့် သမ္မတေ နရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေကြမှာ ဧကန်မလွဲပါ . . .

~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်အလို မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ ၂၀၁၅ ဘယ်သူ သမ္မတဖြစ်မှာ လဲဆိုတဲ့ မေးခွန်းက အလွန်ကို ရေပန်းစားနေပါတယ်။ လက်ရှိ အခြေအနေမှာ သမ္မတ ဖြစ်နိုင်ခြေရှိတယ်လို့ တစ်ပြေး နေတဲ့ ၄ ဦးကတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယကသူရ ဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း အတိအလင်း ပြောကြားခဲ့ကြပေမယ့် ဦးသိန်းစိန်နဲ့ ကာချုပ်ကတော့ မတင်မကျ၊ မယုတ်မလွန် သာ ပြောကြားထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၆၀ အရဆို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အစုအဖွဲ့တို့က သမ္မတဖြစ်မယ့် ဒုသမ္မတ ၃ ဦးကို ရွေးချယ် တင်မြှောက်ရပါတယ်။ ပြီးမှ သမ္မတ ရွေးချယ်ရေး အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့မဲနဲ့ သမ္မတကို ရွေးချယ်ရပါတယ်။

သမ္မတလောင်း (ဒုသမ္မတ) ရွေးချယ်ရာမှာ တပ်မတော်အစုအဖွဲ့က တစ်ပန်းသာ နေတာ ကို တွေ့ရပါ တယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ခြင်းမဟုတ်ဘဲ နေရာရတဲ့ တပ်မတော် အစုအဖွဲ့က ဘာမဲမှခွဲပြီး ဆုံးဖြတ်စရာ မလိုဘဲ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် ရှိနေလို့ပါပဲ။ တပ်မတော် အစုအဖွဲ့က ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မလဲဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ စိတ်ဝင် စား နေကြတဲ့အတွက် လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းဖြစ် နိုင်ခြေရှိ၊ မရှိကို ပထမဦးစွာ သုံးသပ် ကြည့်ရအောင်ပါ။

ကာချုပ်သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) စစ်အာဏာရှင်စနစ်နှစ် ၅၀ ကျော် လွှမ်းမိုးနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကာချုပ်က ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာနဲ့ ပြည်သူ့အမြင်မှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးမှု မကွယ်ေ ပျာက် သေးဘူး ဆိုတဲ့ ပုံရိပ်ဆိုးတစ်ခု ဖြစ်လာနိုင်ခြေရှိလို့ လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သမ္မတလောင်း အဖြစ် တင်မြှောက်ဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

(၂) ကာချုပ်သာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားတယ်ဆိုရင် လက်ရှိအတိုက်အခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ကို တွေ့ဆုံသင့်ပါတယ်။ ကာချုပ်သမ္မတ ဖြစ်ပြီဆိုပါစို့။ ၂၀၁၅ အလွန်နိုင်ငံ ရေးရပ်ဝန်းမှာ ခိုင်ခိုင် မာမာ ရပ်တည်နေဦးမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တင်ကြိုယူ ထားရမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ရှောင်ဖယ်နေတာက ကာချုပ် သမ္မတဖြစ်လာဖို့အတွက် အလားအလာ မကောင်းတဲ့ အချက်ပါ။ နောက်ပြီး သမ္မတအဖြစ်သာ ကာချုပ် ရည်မှန်း ထားတယ်ဆိုရင် နိုင်ငံရေး ရပ်ဝန်းက အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ နောက်အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုအပ်သလို အခြေခံ ပြည်သူတွေနဲ့လည်း တင်ကြိုတွေ့ဆုံမှုတွေ လိုအပ်ပြီး ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး ရပ်ဝန်းနဲ့ မကင်းကွာအောင် ဗျူဟာတစ်ရပ် ချမှတ်ပြီး နိုင်ငံရေးရပ်ဝန်းထဲ အခုလက်ရှိ အချိန်က တည်းက ၀င်ဆံ့နိုင်အောင် တင်ကြိုပြင်ဆင် ထားသင့်ပါတယ်။ ခုလက်ရှိ အနေအထားအရတော့ ကာချုပ်ဟာ နိုင်ငံရေး နယ်ပယ်နဲ့ ထိတွေ့မှု နည်းပါးတာကို တွေ့ရတဲ့အတွက် ကာချုပ်ဟာ သမ္မတ ဖြစ်လာရင်တောင် နိုင်ငံရေး နယ်ပယ်မှာ တစ်က ပြန်စရမယ့် သဘော ရှိတဲ့အတွက် ကာချုပ် သမ္မတမဖြစ်နိုင်ပါဘူး။

(၃) ကာချုပ်သမ္မတ မဖြစ်နိုင်ခြေ နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းလာခြင်းပါ။ သမ္မတရွေးချယ်ပွဲမှာ တိုင်းရင်းသား အမတ်တွေရဲ့ ထောက်ခံမှုမရဘဲ သမ္မတဖြစ်ဖို့ ခဲယဉ်းမှာပါ။ ၂၀၁၅ မတိုင်ခင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်ရင်တော့ ကာချုပ်ဟာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရမှာ ဖြစ်ပေမယ့် လက်ရှိအနေ အထားအရ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးထိုးဖို့ နှောင့်နှေးနေတာတွေကြောင့် တိုင်းရင်းသား ထောက်ခံမှု မရနိုင်တဲ့ ကာချုပ်သမ္မတ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

(၄) နောက် သမ္မတတစ်ယောက် အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံရေးတွေ၊ အရပ်သား သမ္မတတစ်ယောက်အတွက် လိုအပ်မယ့် အရပ်သား အတွေးအခေါ်နဲ့ ဦးဆောင်ဖို့ တပ်မတော်သား တစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား ဆိုတာလည်း ကာချုပ် သမ္မတ ဖြစ်ရေးအတွက် အလွန်အရေးပါတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ နှိုင်းယှဉ် ပြောရရင် ဦးသိန်းစိန်ဟာ အရင် အာဏာပိုင် အကြီးအကဲရဲ့ လက်သပ် စီမံ မွေးထုတ်ထားတဲ့ သမ္မတလို့ ပြောလို့ရပါတယ်။ အမျိုးသား ညီလာခံဥက္ကဋ္ဌ အဖြစ်နဲ့ နှစ်ရှည် တာဝန်ယူခဲ့ပြီး လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကြီး ပေါ်ပေါက်အောင် စွမ်းစွမ်းတမံ အားစိုက်ထုတ် အကောင်အထည် ဖော်ခဲ့သူ တစ်ဦးပါ။ ဒါကြောင့် ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို တစ်ဖက်ကမ်းခတ် နားလည်နိုင်သလို ဥပဒေပြုရေး ကဏ္ဍကိုလည်း နားလည်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ နောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် မှာလည်း နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ နောက်တစ်ချက်က တပ်မတော်အတွင်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အသံ သိပ်မထွက်ခဲ့ ပါဘူး။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ရုပ်ထွက်ကောင်းမွန်သူမို့ အရင်အာဏာပိုင် အကြီးအကဲက သမ္မတ အဖြစ် လျာထားခဲ့တယ်လို့ ယူဆပါတယ်။ အရင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချရသူ လို့လည်း တပ်မတော်ရပ်ဝန်းက သုံးသပ်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်လို နှစ်ရှည်ဗျူဟာကျကျ စီမံအားထုတ်ထားတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ရင် ကာချုပ်သမ္မတဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။

ကာချုပ် သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ၂၀၁ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်း ပုဒ်မမှာ““နိုင်ငံတော် သမ္မတဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်””ဆိုတဲ့ စကားရပ်သာပါပြီး ကာ/လုံကို သမ္မတက ဖွဲ့စည်းပေးရမယ်ဆိုတာ မပါပါဘူး။ ဒါဆို လက်ရှိ ကာ/လုံမှာ အဓိက အရေးအပါဆုံး နေရာယူထားတဲ့ ကာချုပ်ကို ၂၀၁၀ ကာလမှာ ဘယ်သူ ခန့်အပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ပုဒ်မ ၃၄၂ မှာ သမ္မတက ကာလုံရဲ့ ထောက်ခံချက်နဲ့ ကာချုပ်ကို ခန့်အပ်ရမယ် ဆိုတာပါရှိပေမယ့် လက်ရှိကာချုပ်ကိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်က ခန့်အပ်တာ မဟုတ်ဘဲ အရင်အာဏာပိုင် အကြီးအကဲက ခန့်အပ်ခဲ့တယ်လို့ နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ပါတယ်။ ကာ/ချုပ် ဟာ ယခင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချခံရသူ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အရင်အာဏာပိုင် အကြီးအကဲရဲ့လမ်းညွှန်မှု သြဇာဟာ လက်ရှိအာဏာပိုင်တွေ အပေါ်မှာလွှမ်းမိုးမှု ရှိနေ သေးတယ် ဆိုတဲ့ ယူဆချက် ရှုထောင့်က ကြည့်ရင်တော့ အရင်အာဏာပိုင် အကြီးအကဲဟာ လက်ရှိကာချုပ်ကို သမ္မတလောင်းအဖြစ် ထောက်ခံမှု အပြည့်အ၀ ပေးနိုင်ပါတယ်။

(၂) အခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော် အခန်းကဏ္ဍ တိုးမြှင့်တဲ့ အချက်တွေ အတည်ပြုဖြစ်ခဲ့ရင် တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ပါတယ်။ ဒီတစ်ခါ နောက်တက်မယ့် သမ္မတဟာ တပ်မတော်၊ လွှတ်တော်တို့ကို အပြန်အလှန် ထိန်းကျောင်းပြီး အာဏာမျှခြေညီဖို့ တပ်မတော်ကို ကွပ်ကဲခဲ့တဲ့ တပ်မတော်သားဟောင်း ကာချုပ်ဟာ ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) စစ်တပ်ပုံရိပ်လွှမ်းမိုးမှုကို ဖျောက်ပြီး ကာချုပ်ဟာ အရပ်ဝတ်လဲပြီး ပြည်ခိုင်ဖြိုး ပါတီကို ဦးဆောင်ပြီး ပါတီက တစ်ဆင့် သမ္မတလောင်း ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ယူဆချက် တစ်ရပ်လည်း ရှိပါတယ်။

သူရဦးရွှေမန်း သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) အရင်အာဏာပိုင် အကြီးအကဲရဲ့ သမ္မတ လျာထားချက်ထဲမှာ သူရဦးရွှေမန်း မပါဘူးလို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ပါတယ်။ အရင်အာဏာပိုင် အကြီးအကဲဟာ ဦးသိန်းစိန်နဲ့ ကာချုပ် အပေါ်မှာ ယုံကြည် စိတ်ချမှု အပြည့်ရှိပေမယ့် သူရဦးရွှေမန်း အပေါ်မှာတော့ ယုံကြည်မှု အားနည်းတယ်လို့လည်း နိုင်ငံရေး သုတေသီတွေရဲ့ သုံးသပ်မှုတွေအရ လေ့လာ သိရှိရပါတယ်။ သမ္မတ လျာထားချက်ထဲမှာ ဦးရွှေမန်း မပါဝင်ခဲ့ ဘူးဆိုရင် ကိုယ်တိုင် အားထုတ်မှု နည်းလမ်းကလွဲရင် ဦးရွှေမန်း သမ္မတလောင်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။

(၂) လက်ရှိ သမ္မတဦးသိန်းစိန်နဲ့ မတူတဲ့ တစ်ချက်က သူရဦးရွှေမန်းရဲ့ မိသားစုဟာ မြန်မာ့စီးပွားရေး ဗျူရို ကရေစီ ယန္တရားကြီးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး နိုင်ငံတကာမှာ မျက်နှာပြဖို့ ရုပ်ထွက် သိပ်မလှဘူးလို့ ယူဆချက်အရဆို သူရဦးရွှေမန်းအတွက် သမ္မတဖြစ်နိုင်ခြေ အလားအလာဟာ မှေးမှိန်တယ်လို့ ဆိုရမှာပါ။

(၃) သူရဦးရွှေမန်းဟာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားလွန်းတာကြောင့် အရင်အာဏာပိုင် အကြီးအကဲက မနှစ်မြို့ဘူးလို့ နိုင်ငံရေး သုတေသီတချို့က သုံးသပ်ထားပါတယ်။ အာဏာရ အသိုင်းအ၀ိုင်းမှာတော့ ဦးရွှေမန်း ဟာ ရေပန်းမစားဘူးလို့လည်း ဆိုကြပါတယ်။ မြန်မာ့အရေး လေ့လာသူ ဘာတီးလင့်တနာက သူရဦးရွှေမန်းကို ရည်မှန်းချက်ကြီးသူ၊ power hungry လို့ သုံးသပ်ထားပါတယ်။

သူရဦးရွှေမန်း သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) ပုဒ်မ ၅၉(စ)မပြင်ဖြစ်ဘဲ NLD ပါတီ မဲအများစုရရင် NLD အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဦးရွှေမန်း သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိပါတယ်။

(၂) သူရဦးရွှေမန်းမှာ မဟာဗျူဟာကျကျ နိုင်ငံရေး ရည်မှန်းချက်ရှိထားတဲ့ တစ်ချက်ကလည်း သမ္မတလောင်း ဖြစ်ဖို့ရာ အားသာနိုင်ခြေ ရှိတဲ့တစ်ချက်ပါ။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သူရဦးရွှေမန်းရဲ့ နိုင်ငံရေး စည်းရုံးမှုတွေကလည်း သိသာ ထင်ရှားလာပါတယ်။ အောက်ခြေလူထုနဲ့ ထိတွေ့ ဆက်ဆံမှုတွေ များလာပြီး တိုင်းရင်းသားတွေအကြိုက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးစားရမယ် ဆိုတာမျိုး တွင်တွင် ပြောလာတာကို တွေ့ရပါတယ်။ လစာတိုးမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ၀န်ထမ်းတွေကို စည်းရုံးထားသလို ၂၀၁၅ လွှတ်တော်ထဲ အမတ်အများစု ပြန်ဝင်လာရင် ထောက်ခံမှုရအောင် လွှတ်တော် ကိုယ်စားလှယ် လစာတွေကို ၁၀ သိန်းကျော်အထိ တိုးမြှင့် ပေးလိုက်ပါတယ်။ အနိမ့်ဆုံးလစာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းမှုနဲ့အတူ အလုပ် သမားထုကိုလည်း စည်းရုံးပြီးသား ဖြစ်သွားပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ယုံကြည်မှု တည်ဆောက်တဲ့ ဗျူဟာကို အခိုင်အမာ ဖြစ်အောင် ကြိုးပမ်း နေတာ တွေ့ရပါတယ်။ ၆ ပွင့်ဆိုင် တွေ့ ဆုံရေး တောင်းဆိုမှုနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် တစ်ရပ်လုံးရဲ့ ထောက်ခံမှု ရရှိထားသူဖြစ်ပါတယ်။ သူရဦးရွှေမန်း ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ နိုင်ငံရေး ဗျူဟာ တွေကြောင့် ၂၀၁၅ မှာ NLD လွှတ်တော်အမတ် အများစု အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်တော့ရင် NLD ရဲ့ ထောက်ခံမှုနဲ့ သူရဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆ သုံးသပ် မှုများလည်း ရှိပါတယ်။ NLD မှာ Second Leader မရွေးရသေးဘူးဆိုတဲ့အတွက် ဒီယူဆချက် ခိုင်မာလာတယ် လို့ ဆိုရမှာပါ။

သမ္မတဦးသိန်းစိန် သမ္မတဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ ရှုထောင့်များ

လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ နောက်သက်တမ်း သမ္မတ မလုပ်တော့ဘူးလို့ ပြောဆိုဖူးသလို ပြည်သူဆန္ဒရှိရင် သမ္မတ ထပ်လုပ်ပါ့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ဆန္ဒအရတော့ ““ကျွန်တော် ကတော့ အေးအေးဆေးဆေး နားချင်ပြီပေါ့ဗျာ””လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ပြည်သူတွေ ဆန္ဒရှိရင် သမ္မတ ဆက်လုပ်ပါမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်တကယ် ဦးသိန်းစိန်ကို နောက် သက်တမ်း သမ္မတ ဆက်လုပ်ဖို့ ဆန္ဒပြင်းပြသူတွေဟာ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အ၀န်းအ၀ိုင်းက ဦးသိန်းစိန်နဲ့ နီးစပ်မှုရှိတဲ့ လက်အောက်ငယ်သား ၀န်ကြီးတွေသာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ရာထူး သက်တမ်း တစ်နှစ်သာ ကျန်တဲ့ အခြေအနေမှာ ဦးသိန်းစိန် သမ္မတ သက်တမ်းကုန်ရင် သမ္မတရဲ့ နောက်လိုက် အပေါင်း အပါတွေလည်း မြန်မာ့နိုင်ငံရေး ရပ်ဝန်းက ပျောက်ကွယ်ကုန်မှာမို့ သမ္မတနဲ့ နီးစပ်တဲ့ ၀န်ကြီးတွေ၊ အကြံပေးတွေက ဦးသိန်းစိန်ကို နောက်ထပ် သက်တမ်း ၀င်ရွေးဖို့ တိုက်တွန်းမှုတွေ ရှိတယ်လို့လည်း ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ သမ္မတ သက်တမ်းမှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးမူဝါဒ မအောင်မြင်မှုတွေ၊ အခြေခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀တွေ နိမ့်ကျနေမှုကို မမြှင့်တင် နိုင်တာတွေ၊ လယ်သိမ်း၊ ယာသိမ်း ပြဿ နာ တွေကို မဖြေရှင်းနိုင်တာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထစ်ငေါ့နေတာ၊ အခွင့်ထူးခံ လူတစ် စုကြောင့် မြေဈေးတွေ ကြီးမြင့်နေမှုကို မထိန်းချုပ်နိုင်တာတွေ၊ အကျိုးဆက် အနေနဲ့ သက်တမ်း ၄ နှစ်ရောက် တဲ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာတာတွေ၊ ဆင်းရဲသား၂၆ ရာခိုင်နှုန်း ရှိတယ်လို့ပြောပြီး အခြေခံ ပြည်သူတွေရဲ့ တစ်နေ့တာ ၀င်ငွေတိုးပွားအောင် မဆောင်ရွက်နိုင်တာတွေ၊ ကျူးကျော် ရှင်းလင်းမှု ပြဿနာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ထိရောက်စွာ မကိုင်တွယ် နိုင်တာတွေကြောင့် လူထု ထောက်ခံမှု ကျဆင်းနေတဲ့ ပြဿနာကတော့ ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေတာ အမှန်ပါပဲ။

ဖွဲ့စည်းပုံကြောင့် ကာချုပ် လက်အောက်ခံ ကာကွယ်ရေးဆိုင်ရာ၊ ပြည်ထဲရေးဆိုင်ရာ၊ နယ်စပ်၊ စည်ပင် ဆိုင်ရာ ပြဿနာတွေကို ကာချုပ်ကိုကျော်ပြီး ထိန်းချုပ် မဆောင်ရွက်နိုင်တာတွေက သမ္မတ ဦးသိန်းစိန်အတွက် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်စေပြီး လူထုထောက်ခံမှု ကျဆင်းရတဲ့ အချက်တစ်ချက် ဆိုရင်လည်း မမှားပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် နိုင်ခြေ ရှိ/မရှိ

(၁) ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ တောင်ပြိုကမ်းပြို နိုင်စေဦးတော့ ဖွဲ့စည်းပုံ ပုဒ်မ၅၉(စ)ကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။

(၂) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၀ ရာခိုင်နှုန်း အနိုင်ရဖို့ လိုအပ်ပါတယ်။ (တိတိကျကျဆိုရရင် ၆၇ ရာခိုင်နှုန်း)

၅၉(စ) ပြင်ဆင်ပေးပေမယ့် အမတ်နေရာ ၇၀ ရာခိုင်နှုန်း အောက်ရခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး ဆိုရာမှာ သမ္မတ ရွေးချယ်ပွဲမှာ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး မိတ်ဖက်ပါတီ အမတ်တွေ ၃၄ ရာခိုင်နှုန်း (တပ်၂၅ ရာခိုင်နှုန်းမပါ) အနိုင်ရခဲ့ရင် တပ် ၂၅ ရာခိုင်နှုန်း အကူနဲ့ ပြည်ခိုင်ဖြိုး (သို့) တပ်က တစ်ယောက် သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်မယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၇၀ ရာခိုင်နှုန်း အနိုင်ရထားမယ် ဆိုရင်တော့ သမ္မတ ရွေးချယ်ပွဲမှာ NLD အမတ်တွေ မဲသက်သက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် လာနိုင်ပါတယ်။ ၆၇ ရာခိုင်နှုန်းအောက်သာ အနိုင်ရခဲ့မယ် ဆိုရင်တော့ သမ္မတရွေးချယ်ပွဲမှာ NLD မိတ်ဖက်ပါတီ အမတ်တွေရဲ့ အကူမဲများ ထောက်ခံမှုနဲ့သာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ပါလိမ့်မယ်။

အနှစ်ချုပ် သုံးသပ်ရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရရဲ့ သမ္မတဟာ ဘယ်သူ ဖြစ်နိုင်မ လဲဆိုတဲ့ မေးခွန်းက မရေရာမှုတွေများစွာနဲ့ ပြည်သူကြားမှာေ၀၀ါးနေတုန်းပါပဲ။ ၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက်လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယ ခေါင်းဆောင်ေ နရာေ၀၀ါးနေမှုကြောင့် သမ္မတနေရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေ ကြမှာ ဧကန်မလွဲပါပဲ။

ပုဒ်မ၅၉(စ)သာ မပြင်နိုင်ခဲ့ရင် ၂၀၁၅ အလွန် အစိုးရရဲ့သမ္မတဟာ ဘယ်သူမှ ထင်မထားသူ တစ်ယောက် လည်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

၆ပွင့်ဆိုင်တွေ့ဆုံရေး၊၄၃၆ပြင်ဆင်ရေး အပါအ၀င် အခြေခံဥပဒေပြင်ဆင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်တွင်ဒီဇင်ဘာ၂၀ရက်ကအင်္ကျီချွတ်ဆန္ဒဖော်ပြကြောင်းသိရသည်။

ဆန္ဒဖော်ပြတောင်းဆိုသူတစ်ဦးက"အခြေခံဥပဒေကိုပြင်ဆင်သင့်တာ မပြင်ရင်နောက်ပိုင်း ကျွန်တော်တို့အ၀တ်ဗလာဖြစ်နိုင်တာကိုပြသတဲ့အနေနဲ့အခုလို အင်္ကျီချွတ်ဆန္ဒဖော်ထုတ်တာဖြစ်တယ်"ဟုပြောသည်။

ယင်းတို့အားမူလကဟစ်တိုင်တွင်ဆန္ဒပြရန်ခွင့်ပြုချက်ပေးထားသော်လည်း ယခုကဲ့သို့လမ်းမပေါ်ထွက်ဆန္ဒပြခြင်းအတွက် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ဖြင့်ငြိစွန်းနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ရဲမှူးက အသိပေး လာရောက်ပြောကြားကြောင်း သိရသည်။

ယင်းက "ဆက်ပြဖို့မပြဖို့လာတားတာမဟုတ်ပါဘူး။ မူလခွင့်ပြုထားတဲ့နေရာမှာ မပြရင် ဥပဒေအရ အရေးယူခံရနိုင် တဲ့အကြောင်းလာ အသိပေးတာပါ" ဟုပြော သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က"ကျွန်တော် မြို့ထဲက ဆိုတော့ ပြည်သူဘာကို ဆန္ဒပြတောင်းဆိုလည်းဆိုတာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့လာရောက်ကြည့်ရူနားထောင်တာဖြစ်ပါတယ်"ဟု ယင်းနေရာသို့ရောက်လာစဉ် မေးမြန်းချက်အားပြောသည်။

သတင်း + ဓါတ်ပုံ - စိုင်းဟန်

The Ladies News Journal

(ဓာတ်ပုံ-ကိုထင်လင်းဦး၏ တရားရုံးကြားနာမှုအားလာရောက်ခဲ့သည့် မဘသဆရာတော်တစ်ချို.အားတွေ.ရစဉ်။ Credit: Soe Moe/Facebook)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း ကိုထင်လင်းဦး၏ ချောင်းဦးမြို့ ဟောပြောချက်များသည် ဘာသာ သာသနာကို စော်ကားခြင်း မရှိကြောင်း၊ သူ့ကို ထိန်းသိမ်းလိုက်ခြင်းသည် လက်ရှိဒီမိုကရေစီလမ်းကြောင်း အတွက်လည်း ကောင်းမွန်သည့်လက္ခဏာ မဟုတ်ကြောင်း စာရေးဆရာတချို့က ဝေဖန်လိုက်သည်။

သူနှင့် အတူ ချောင်းဦးစာပေဟော ပြောပွဲတွင် ပါဝင်ဟောပြောခဲ့သော စာရေးဆရာမောင်သာချိုက ကိုထင်လင်းဦးသည် ဘာသာ သာသနာကို ဆန့်ကျင်ပြီး ပြောဆိုခဲ့ခြင်း မရှိဟု The Yangon Globe သတင်းဌာနကို ပြောသည်။

“ကျနော်တို့က ဟစ်တလာကိုမုန်းတယ်ဆိုတာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုမုန်းတာ၊ ဂျာမန်လူမျိုးကိုမုန်းတာ မဟုတ်ဘူး။ဗုဒ္ဓကို ကိုးကွယ်တယ်ဆိုတဲ့နေရာမှာ ဓမ္မကို မြတ်နိုးတာ၊ အဓမ္မကို မုန်းတီးတာ၊ တရားရှိတာကို ချစ်တာ၊ တရား မရှိတာကို မုန်းတာ။ ကိုထင်လင်ဦးလည်း ဒီလိုသဘောမျိုး ပြောချင်တာ။ ဒါပေမယ့် သူပြောတဲ့စကားက လိပ်ပတ်မလည်သလိုဖြစ်သွားတာ၊ နည်းနည်း လေသံပြင်းသွားတာမျိုးဖြစ်တာ” ဟု မောင်သာချိုက ဆိုသည်။

ကိုထင်လင်းဦး၏ အောက်တိုဘာလ မုံရွာခရိုင် ချောင်းဦးမြို့၊ သုံးပန်လှ ကျေးရွာ စာပေဟောပြောပွဲ ပြောကြားချက်များမှာ သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ သာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။တရားရုံးက သူ့ကို အာမခံမပေးသဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မုံရွာ အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

သူ၏ အငြင်းပွားဖွယ် ဟောပြောချက်ထဲတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို မုဆိုးက သင်္ကန်းအကာအကွယ်ဖြင့် လုပ်ကြံခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း သင်္ကန်းအကာအကွယ်ဖြင့် ဗုဒ္ဓဘာသာကို ဖျက်ဆီးမှုများ ရှိနေသည်ဟူသော အချက်လည်း ပါဝင်သည်။

ကိုထင်လင်းဦး၏ ဖြစ်စဉ်သည် မြန်မာနိုင်ငံအတွက် အလားအလာမကောင်းကြောင်း၊ သမ္မတဦးသိန်းစိန်၏ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အုပ်ချုပ်ရေးဆိုသော မူဝါဒများအတွက် အဟန့်တားတစ်ခုဖြစ်နေကြောင်း စာပေဟောပြောပွဲများတွင် ပါဝင်ဟောပြောနေသူ ဝါရင့် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က ပြောသည်။

“ဒီကိစ္စက ဗုဒ္ဓအလိုတော်မဟုတ်တဲ့ကိစ္စမျိုးဗျ။ ဗမာမှာ မေတ္တာဓာတ်တွေ ပျောက်ကွယ်သွားမှာတောင် စိုးရတယ်။ တိုင်းပြည်အနာဂတ်အတွက် လက္ခဏာ မကောင်းဘူး” ဟု သူက ဆိုသည်။

မွတ်ဆလင်ဆန့်ကျင်ရေးအခြေခံဖြင့် ဖြစ်ပေါ်လာသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ယမန်နှစ်က ပေါ်ပေါက်လာသည့်အချိန်မှစ၍ ထိုအဖွဲ့မှ သံဃာတော်တချို့က စာရေးဆရာ အနည်းဆုံး ၄ ဦးကို ဟောပြောပွဲများတွင် မပါဝင်နိုင်ရန် ဖိအားပေးပိတ်ပင်ခဲ့သည်။

ဟန့်တားခံရသူတို့မှာ ၈၈ မျိုးဆက်ပွင့်လင့်လူ့အဖွဲ့အစည်းမှ ကိုမြအေး၊ NLD ဥပဒေအကြံပေး ဦးကိုနီ၊ စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ စာရေးဆရာ ညီမင်းညိုတို့ ဖြစ်သည်။

ဦးကိုနီနှင့် ကိုမြအေးတို့အား ယခုနှစ်ဖေဖေဝါရီလ ပြည်ထောင်စုနေ့က ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့တွင်ကျင်းပသည့် စာပေဟောပြောပွဲတွင် မပါဝင်နိုင်ရန် ကားများဖြင့် စုဝေးရောက်ရှိလာသည့် သံဃာတော်အပါး ၅ဝ ခန့်က ဟန့်တားခဲ့သည်။ဟောပြောမည့်သူ ၂ ဦးမှာ မွတ်ဆလင်ဘာသာဝင်များ ဖြစ်သောကြောင့် ပိတ်ပင်ရမည်ဟု ဆိုသဖြင့် ဟောပြောသူများ၊ ဟောပြောပွဲ စီစဉ်သူများက ပဋိပက္ခမဖြစ်စေရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ယခုကဲ့သို့ပြုလုပ်နေမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ စာနင်းဇင်းလွတ်လပ်ခွင့်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ထိုပိတ်ပင်မှုများကို အုပ်ချုပ်ရေးပိုင်းက မည်သို့မျှအရေးမယူသဖြင့် အခြေအနေမှာပို၍ ဆိုးလာနေကြောင်း ဦးကိုနီကဆိုသည်။

“ကျနော်လည်း အဲဒီ (မြောက်ဥက္ကလာပ) အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်းမှာ ခန်းမထဲမှာ ပြုလုပ်တဲ့ပွဲတွေကလွဲလို့ တခြားမှာ မဟောပြောဖြစ်တော့ဘူး။
ခု ကိုထင်လင်းဦးကိစ္စမှာလည်း ကိုထင်လင်းဦးက ဗုဒ္ဓဘာသာအပေါ်သံယောဇဉ်ကြီးလို့ ဗုဒ္ဓဘာသာကိုနိုင်ငံတကာက အထင်အမြင်သေးမှာစိုးလို့ တစ်ချို့ဟာတွေ ထောက်ပြပြောဆိုတာလို့ပဲ မြင်တယ်။ စကားလုံးတွေဘာတွေ ရင့်တာကတော့ တစ်ပိုင်းပေါ့လေ” ဟု ဦးကိုနီက ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ သာစည်မြို့တွင် စာရေးဆရာ ညီမင်းညို ဟောပြောမည့် အစီအစဉ်ကိုလည်း အမျိုးဘာသာ သာသနာစောက်ရှောက်ရေးအဖွဲ့မှ သံဃာတော်အချို့က ဖိအားပေးပိတ်ပင်ခဲ့သည်ဟု သိရသည်။ ဖိအားပေးခဲ့သည့် အကြောင်းရင်းမှာ ညီမင်းညိုသည် ချောင်းဦးပွဲတွင် ကိုထင်လင်းဦး ဟောပြောစဉ် လက်ခုပ်တီး အားပေးခဲ့သူဖြစ်သောကြောင့် ဖြစ်သည်ဟု သိရသည်။

The Yangon Globe

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.