12/28/14


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနဲ့ အိမ်မဲမြို့တွေမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြောင်းမြမြို့ဟာ ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ဖြစ်ပြီး ဒေါ်ခင်ကြည်သေဆုံးတဲ့ ၂၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပမယ်လို့ သိရသလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့်အကြိုအတွက် ဒေသခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ဆွေးနွေးမယ်လို့ သိရပါတယ်။

ရိုက်ကူး- ကျော်ထွန်းနိုင်၊ ကျော်ဇောဝင်း
RFA
https://www.facebook.com/pages/RFA-Burmese/39218993127


ရုပ်/သံ ကြည့်ရှုရန် ပုံကို နှိပ်ပါ


Photo : Kyaw Zaw Win /RFA

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ စင်္ကြာသီဟ၊ စင်္ကြာနန္ဒာ စေတီဝန်းမှာ ဒီနေ့ ညနေမှာ ကျင်းပမယ့် ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မြောင်းမြမြို့ကို ဒီနေ့နေ့လည်က ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ကို မရောက်ခင် အိမ်မဲမြို့မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူတွေကို တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနဲ့ အိမ်မဲမြို့တွေမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြောင်းမြမြို့ဟာ ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ဖြစ်ပြီး ဒေါ်ခင်ကြည်သေဆုံးတဲ့ ၂၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပမယ်လို့ သိရသလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့်အကြိုအတွက် ဒေသခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ဆွေးနွေးမယ်လို့ သိရပါတယ်။

ရိုက်ကူး- ကျော်ထွန်းနိုင်၊ ကျော်ဇောဝင်း
RFA

Neto
ဓာတ်ပုံ - သက်ကို
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲတွင် တေးဂီတဆုကို ကြယ်စင်မော်ကွန်း ဇာတ်ကားနှင့် စန္ဒရားတင် ဝင်းလှိုင်ရရှိသွားခဲ့သော်လည်း ပရိသတ်များခန့်မှန်းသူသည် နင်စေရင်ဇာတ်ကားနှင့် စေတန်ရဲ့ ကချေသည်ဇာတ်ကားတို့ကို ဂီတမှူးအဖြစ် တာဝန်ယူထားသည့် ဓိရာမိုရ်နှင့် အဖြူရောင်ရဲတိုက် ဇာတ်ကားကို ဂီတမှူးအဖြစ် တာဝန်ယူထားသည့် ခင်မောင်ကြီးတို့သည် ပရိသတ်ခန့်မှန်းသည့် အကယ်ဒမီနှင့် လွဲချော်ခဲ့ရသည်။

အမျိုးသမီ်းဇာတ်ပို့ဆုကို စုန်းပြူး ဇာတ်ကားနှင့် ခိုင်သင်းကြည်က ရရှိသွားခဲ့သော်လည်း စုန်းပြူးဇာတ်ကားနှင့် ပရိသတ်များ ထင်ကြေးပေးခဲ့သည့် သိင်္ဂီထွန်းနှင့် ကြယ်စင်မော်ကွန်း ဇာတ်ကားနှင့် တင့်တင့်ထွန်းတို့သည်လည်း အကယ်ဒမီနှင့် လွဲချော်ခဲ့သည်။ အမျိုးသားဇာတ်ပို့ဆုကို မင်းဦးက နင်စေရင် ဇာတ်ကားနှင့် ရရှိခဲ့ပြီး ယင်းဇာတ်ပို့ဆုကို ထင်ကြေးနှင့် လွဲခဲ့ရသူများသည် ကိုယ့်အထာနှင့် ကိုယ် ဇာတ်ကားမှ ကျော်ကျော်ဗိုနှင့် ထွန်းထွန်းတို့ဖြစ်သည်။

ဒါရိုက်တာဆုများအဖြစ် ပရိသတ်များက စုန်းပြူးဇာတ်ကားနှင့် ဒါရိုက်တာ ဝင်းထွန်းထွန်း၊ ကြယ်စင်မော်ကွန်းဇာတ်ကားနှင့် ပန်းချီစိုးမိုးတို့ကို အကယ်ဒမီမှန်းခဲ့ကြသော်လည်းယင်း အကယ်ဒမီနှင့် လွဲချော်ခဲ့ပြီး "စေတန်ရဲ့ကချေသည်" ဇာတ်ကားနှင့် ဒါရိုက်တာဝိုင်းက ရရှိခဲ့သည်။ အမျိုးသမီး ဇာတ်ဆောင်ဆုကို "နင်စေရင် "ဇာတ်ကားနှင့် ဝတ်မှုန်ရွှေရည်က ရရှိခဲ့ပြီး "စုန်းပြူးဇာတ်ကား"နှင့် "စေတန်ရဲ့ကချေသည်"ဇာတ်ကားတို့တွင် သရုပ်ဆောင်ခဲ့သည့် သက်မွန်မြင့်နှင့် "အဖြူရောင်ရဲတိုက်"ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အိန္ဒြာကျော်ဇင်တို့သည် အကယ်ဒမီနှင့် လွဲချော်သူများဖြစ်ခဲ့သည်။

အမျိုးသားဇာတ်ဆောင်ဆုကို ကြယ်စင်မော်ကွန်းဇာတ်ကားနှင့် လူမင်း၊ စေတန်ရဲ့ကချေသည်၊ ကြယ်စင်မော်ကွန်း၊ စုန်းပြူး၊ အဖြူရောင်ရဲတိုက် ဇာတ်ကားလေးကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် နေတိုးတို့က လွဲချော်ခဲ့ပြီး ပြေတီဦးသည် "နင်စေရင်" ဇာတ်ကားနှင့် ရရှိခဲ့သည်။

၂၀၁၃ ခုနှစ် အကယ်ဒမီတွင် ချီးမြင့်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေါင်း ၆ ဆုတွင် တစ်ကြိမ်တစ်ခါမှ အကယ်ဒမီရရှိခြင်း မရှိသေးသူ ငါးဦးအား အကယ်ဒမီထူးချွန်ဆုများချီးမြင့်ခဲ့ခြင်းဖြစ်ပြီး ပြေတီဦး တစ်ယောက်သာ အကယ်ဒမီ ထူးချွန်ဆု ရရှိပြီးသူဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက်ချီးမြင့်သည့် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု၊ တည်းဖြတ်ဆု၊ အသံဆု၊ ဓါတ်ပုံဆု၊ ဇာတ်ညွှန်းဆုနှင့် ကလေးသရုပ်ဆောင်ဆုတို့ကိုမူ ချီးမြင့်ခဲ့ခြင်း မရှိခဲ့ပေ။

http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/35819-2014-12-28-10-09-13

အိမ်တွေဖျက်ခံရ၊ မြေတွေသိမ်းခံရ စတဲ့ မတရားမှု သတင်းတွေ ကြားရတိုင်း ကလေး ဘ၀က စွဲလမ်းခဲ့ရတဲ့ ‘ရှိန်း’ ကို သတိရတယ်။ ငယ်စဉ်က နှစ်နှစ်ခြိုက်ခြိုက် ကြည့်လေ့ရှိ တဲ့ သေနတ် ပစ်ကားတွေထဲမှာ Cowboy (ကောင်းဗွုင်) နွားကျောင်းသား ရုပ်ရှင်တွေလို အသတ်အ ဖြတ်တွေ တင်းကျမ်းပြည့်မနေတဲ့ သဘာဝ ကျကျရုပ်ရှင်ကား ‘ရှိန်း ၁၉၅၃’ ထဲက ဇာတ် ကောင် ‘ရှိန်း’ ဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ စွန့်စားခန်း ဝတ္ထုတွေထဲက မဟုတ်မခံ စိတ် အပြည့်နဲ့ တရားမျှတမှု ကို မြတ်နိုးကြောင်း အမြဲပြတတ်တဲ့ ဇာတ်လိုက်တွေလိုပဲ ကလေး ဘ၀မှာ အားကျ အတုယူ စရာ ဖြစ်ခဲ့တယ်။

‘ရှိန်း’ ဇာတ်ကားမှာ ၁၉ ရာစု အမေရိကန် အနောက်ပိုင်း နယ်ခြားဒေသတွေက ဓားမ ဦးချ လုပ်ကိုင်စားသောက်ခဲ့သူ မိသားစုတွေနဲ့ ကျွဲ၊ နွား၊ ခြံမြေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ထိပ်တိုက်တွေ့မှုကို ဇာတ်ကွက်ယူထားတယ်။ ရေကြည်ရာမြက်နုရာ စားကျက်မြေတွေမှာ အခြေချနေထိုင် တနိုင်ဝမ်းကျောင်းနေသူ သာ မန်မိသားစုတွေကို စီးပွားလုပ်ငန်းရှင်ကြီးများ က ကြေးစားသေနတ်သမားတွေငှား ခြိမ်း ခြောက် မြေနေရာတွေက ဖယ်ခိုင်းတတ်တဲ့ အင်အားကြီးသူနိုင်စတမ်း တောရိုင်းဥပဒေ သာကြီးစိုးရာ ‘ကြမ်းတမ်းတဲ့ အမေရိကန် အနောက်ပိုင်းဒေသ’ ကို ပုံဖော်ထားတယ်။

အဲဒီလို မတရားမှုတွေ ကြီးစိုးနေရာ ဝိုင်အိုမီပြည်နယ် တောင်ကြားဒေသတခုကို ]ရှိန်း} ဆိုတဲ့ မြင်းစီးသေနတ်သမား လူစိမ်းတယောက် ရောက်လာတယ်။ သူဟာ ယာတောအိမ်လေး တခုမှာ ရေဝင်သောက်ရင်းကနေ အိမ်ရှင် မိသားစုနဲ့ ရင်းနှီးသွားပြီး အကူအလုပ်သမား အဖြစ် ခေတ္တ ဝင်လုပ်ဖို့အထိ ဖြစ်သွားတယ်။ အိမ်ရှင်ရဲ့သားငယ် ‘ဂျိုဝီ’ ကလေးဟာ တစိမ်း သေနတ်သမားရဲ့ ယောက်ျား ပီသတဲ့အမူအ ရာနဲ့ သေနတ်ပစ်ဟန်ကို သိပ်သဘောကျ တယ်။ ရိုးရိုးတောင်ယာလုပ်ကိုင် ဝမ်းကျောင်း နေရတဲ့ ဖခင်ရဲ့ဟန်ပန်ကို ‘ရှိန်း’ နဲ့ ယှဉ်ကြည့် ပြီး ကလေးဟာ ဖခင်အရင်းကိုတောင် အား မလိုအားမရ ဖြစ်လာတယ် ၊‘ရှိန်း’ ကိုလည်း ပို သံယောဇဉ် တွယ်လာတယ်။ ‘ရှိန်း’ က လည်း မိသားစုနဲ့ တဖြည်းဖြည်း ရင်းနှီး လာပြီး ဒေသ တဝိုက် ယာသမားတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကိုပါ သိလာတယ်။

နောက်ဆုံး ဇာတ်သိမ်းမှာ လုပ်ငန်းရှင်ကြီး ငှားထားတဲ့ ကြေးစားလူသတ်သမားတွေကို ရင်ဆိုင် ဖို့ ယာသမား ဖခင်က သွားမယ်လုပ် တော့ ‘ရှိန်း’ က မသွားနိုင်အောင် နောက် ကောက် အလဲထိုးလိုက်တယ်။ သူက ကိုယ် စားသွားပြီး သေနတ်သမားတွေကို ရင်ဆိုင် အနိုင်ယူခဲ့တယ်။

ဒီဇာတ်လမ်းမှာ ယောက်ျားပီသမှုဆိုတာ သေနတ်တလက် ခါးချိတ်ပြီး တဒိုင်းဒိုင်း ပစ် နေမှ မဟုတ်၊ ဇနီး၊ သားသမီးတာဝန်ကို ပခုံး ထမ်းယူနေတဲ့ ဖခင်တယောက်ရဲ့သတ္တိဟာ သူ့လို တကိုယ်တော်သေနတ်သမားထက် အ များကြီးသာကြောင်း၊ မိသားစု တာဝန်ကို ယူ ရဲ၊ တာဝန်ခံရဲတဲ့ သတ္တိရှင် သာမန်ဖခင်များ ဟာ ယောက်ျားအပီသဆုံးသူတွေ ဖြစ်ကြောင်း ကို ‘ရှိန်း’ က ‘ဂျိုဝီ’ ကလေးကို မပြောဘဲနဲ့ သိစေခဲ့တယ်။ ဝမ်းရေးအတွက် ရိုးသား အေး ဆေးစွာ ငြိမ်းငြိမ်းချမ်းချမ်း သမ္မာ အာဇီဝ လုပ် ကိုင်စားသောက်နေသူ အားနည်းသူ လူတန်းစားတွေ ဘက်က ရပ်တည်ရမယ်၊ မတရားမှု ကို ဆန့်ကျင်ရမယ်၊ အင်အားမဲ့သူကို ဖေးကူရ မယ်၊ အားကြီးသူ အနိုင်ရတဲ့ တောရိုင်းဥပဒေ ကို တိုက်ဖျက်ရမယ်ဆိုတာတွေကို ‘ရှိန်း’ က လမ်းပြ ခဲ့တယ်။

မျက်မှောက်ခေတ်သစ်ရဲ့ ကမ္ဘာလုံးဆိုင် ရာဖြန့်ကြက် စီးပွားလုပ်မှုသဘောမှာလည်း လုပ်ငန်း အရင်းရှင်ကြီးများဟာ ကမ္ဘာအနှံ့မှာ အုပ်စိုးသူအာဏာရအစိုးရများနဲ့ ပူးပေါင်းပြီး ဒေသခံတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို စက်မှု လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် အမျိုးမျိုးအောက်မှာ အဓမ္မ သိမ်း နေကြတယ်။ ပုဂ္ဂလိကအကျိုးစီးပွား ‘ငါ့ဘို့(ဖို့)’ တခုတည်း အတွက် မျက်နှာမွဲနင်းပြားများရဲ့ မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေ စတေးခံနေရတယ်။ ရိုးရာ ထုံးတမ်းစဉ် လာ ဓလေ့တွေပျက်စီးရတယ်။ အခြေခံ လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ စီးပွား လုပ်ငန်းကြီးများရဲ့ စက်ရုံအလုပ်ရုံများ၊ သယံ ဇာတတူးဖော်ရာ မိုင်းတွင်းများက အန္တရာယ် ရှိ ဓာတုစွန့်ပစ် ဓာတ်ပစ္စည်းများကြောင့် ကျန်း မာရေးတွေ ထိခိုက်ရတယ်။ သဘာဝပတ်ဝန်း ကျင်လည်း ပျက်စီး၊ ဂေဟစနစ် ပျက်ယွင်း ရာသီဥတုတွေ ဖောက်ပြန်ကုန်တယ်။ ဒေသခံ လူအများရဲ့ လူမှုစီးပွားကျန်းမာ အရာရာ ဆုံး ရှုံးနစ်နာကြရတယ်။

ဒီလိုနဲ့ ညစ်ညမ်းနေတဲ့ လေထု၊ ခဲဆိပ် သင့်နေတဲ့ ရေ၊ အဆိပ်ဓာတ်မြင့်မားနေတဲ့ ငါး၊ ခန်းခြောက်နေတဲ့မြစ်၊ ပြုန်းနေတဲ့တော၊ တုံးနေတဲ့တောင်နဲ့ ဆင်းရဲနုံချာ လူစဉ်မမီ ဖြစ်နေတဲ့ လူအများစုဆိုတဲ့ တဖက်စောင်းနင်း လူမှုလောကရှုခင်းဟာ အားကြီးသူသာ အရာ ရာ အောင်နိုင် အနိုင့်အထက်ပြုရာပဲ ဖြစ်နေ သေးတဲ့ ခေတ်သစ် အရင်းရှင်စီးပွားရေးစနစ် ဆိုးနဲ့အတူ ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတယ်။ အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကူအညီနဲ့ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ပြည်သူ များဟာ လှိမ့်ခံနေရတယ်။

ဗမာပြည်အနေနဲ့ မြင်သာတဲ့ ဥပမာ တခု ကတော့ လတ်တလောမှာ အာဏာပိုင်ရဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ယာသိမ်းခံ တောင်သူတဦး သေဆုံး၊ အများအပြား ဒဏ် ရာရတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ် ကလည်း ဒီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ သ ပိတ်စခန်းကို လုံထိန်းတပ်က အကြမ်းဖက် ဝင်ရောက် မီးဗုံးပစ် ဖြိုခွင်းခဲ့လို့ ရဟန်းရှင်လူ လူအများ ဒဏ်ရာ အနာတရ အကြီးအကျယ် ရခဲ့သေးတယ်။ အခုတော့ လူပါသေခဲ့ရပြီ။

ဒီစီမံကိန်းကို အားလုံးသိကြတဲ့ အတိုင်း တရုတ်နိုင်ငံပိုင် “China North Industries Corporation” လက်နက်ကုမ္ပဏီကြီးတခုရဲ့ လက်အောက်ခံ ဝမ်ပေါင်သတ္တုတွင်းတူးမိုင်း ကုမ္ပဏီနဲ့ ဗမာပြည်က စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်းလုပ် ငန်းဖော်ဆောင်နေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ် အကြမ်းဖက်မှုအပြီးမှာ အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ ဒီ စီမံကိန်း ရှေ့ဆက်သင့်/မသင့် လေ့လာသုံး သပ်စေတယ်။ ကော်မတီက ဒေသခံတွေရဲ့ အကျောက်အကန် ကန့်ကွက်မှုတွေကို လျစ် လျူရှုပြီး ထိုက်သင့်တဲ့ တာဝန်ယူမှု၊ လျော် ကြေးပေးမှုတွေ ပြုလုပ်ပေးရမယ်ဆိုတဲ့ သတ် မှတ်ချက် တချို့နဲ့အတူ စီမံကိန်းဆက်ဖို့ ဆုံး ဖြတ် အစီရင်ခံစာ ထုတ်ခဲ့တယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ဒီကော်မရှင် ဟာ အသုံးချခံသက်သက်သာ ဖြစ်သွား ခဲ့ပြီး ဒေသ ခံတွေ ဘာသာရေးအရ အလေးထားတဲ့ လယ်တီသိမ်နဲ့ တောင်ကြား စေတီ အဖျက်ခံရခြင်းလို ကိစ္စတွေအပါအဝင် အဓမ္မအမှုတွေဟာ ပိုသာ တိုးလာခဲ့တယ်။ ဒေ သခံရွာသားတွေရဲ့ မကျေနပ်မှု ခံစားချက်တွေ လည်း ပိုမိုပြင်းထန်လာခဲ့ပြီး ဆန္ဒပြကန့်ကွက် မှုတွေ ဆက်တိုက် မပြတ်ဖြစ်နေတယ်။ လျော် ကြေးငွေ မယူဘဲ အခု အသေခံတဲ့အထိ ကိုယ့် မြေအတွက် ဆက်လက်တောင့်ခံနေသူတွေလည်း အများအပြား ရှိနေတယ်။

တကယ်တော့ မြေကိုရင်း လုပ်ကိုင်စား သောက်နေရသူ တောင်ယာသမား အတွက် လျော်ကြေးငွေ အလျှံပယ်ပေးရင်တောင်မှ ရေ ရှည် ဝမ်းရေးအတွက် ထည့်သွင်း စဉ်းစားစရာ အခြားအချက်အလက်များ အများအပြားရှိ တာပါ။ အခုသူတို့ခမျာ အများစု ရတဲ့ ငွေက ၁ ဧကကို (၇၀၀-၁၂၀၀) ဒေါ်လာပဲရှိတယ်။ ခိုင်းနွားကောင်းကောင်း တရှဉ်း ကို မြန်မာငွေ သိန်းအစိတ်၊ သုံးဆယ် ပေးနေရတဲ့ခေတ်မှာ ပေးတဲ့ မြေတန်ဖိုးက ဘာမှမပြောပလောက် တဲ့အပြင် တသက်လုံး ရင်းနှီးလုပ်ကိုင် စရာ မြေမဲ့ဘ၀ အဖြစ်က တွေးကြည့်ဝံ့စရာမရှိပါ။

ဒါမျိုး ဖြစ်စဉ်တွေဟာ ဗမာပြည်မှာ အဲဒီ ဒေသတခုတည်း၊ တရုတ် ကုမ္ပဏီ တခုတည်း၊ စစ်တပ်ဦးပိုင် တခုတည်း ထင်တိုင်းကြဲခွင့်ရ နေတာမျိုးလည်း မဟုတ်ပါ။ အရင် န၀တ၊ နအဖ စစ်အစိုးရ ခေတ်ကတည်းက အစဉ်အ ဆက် အစိုးရနဲ့ ပုလင်းတူဘူးဆို့ ပေါင်းစားနေသူ ခရို နီကြီးများ အားလုံး လုပ်ပိုင်ခွင့်တွေရ၊ တော ခုတ်၊ တောင်ဖြို၊ ကျောက်တူး၊ မြေသိမ်း၊ ယာသိမ်း ရင်းနဲ့ သဘာဝကို မုဒိမ်းကျင့်၊ ]လူ အများ} မျက်ရည်တွေ စတေးကာ ‘လူတစု’ ဓနအင်အားကို တည်ဆောက်လာခဲ့ကြတာပါ။

နိုင်ငံခြားကုမ္ပဏီဆိုလည်း စစ်အစိုးရ အ ဆက်ဆက်နဲ့ အကြောင်းအပေါင်းသင့်တဲ့ တ ရုတ်နိုင်ငံ စီးပွားများ လွှမ်းမိုးနေတာမှန်ပေ သည့်၊ အခြား ကိုရီးယား၊ ထိုင်းလို ဒေသတွင်း နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းမှာ ဒေသခံလူအများ နစ်နာရမှုတွေ အပြည့်ပါပဲ။ လူ့အခွင့်အရေး ကို မြတ်နိုးလှ၊ ဒီမိုကရေစီ ရှိလှဆိုတဲ့ အမေရိကန်၊ ပြင်သစ်လိုနိုင်ငံကြီး တွေက Unocal, Chevro, Total လို ရေနံ နဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းစုကြီးတွေရဲ့ ဗမာ ပြည်က စီးပွား လုပ်ကွက်တွေနဲ့ အကျိုးအမြတ် တွေမှာပါ အငြင်းပွားဖွယ်ရာ မတရားမှု ဖြစ် စဉ်တွေ ရှိခဲ့ဖူးတာပါပဲ။

ဒါတွေအားလုံးရဲ့ လက်သည်တရားခံက တော့ ‘အစိုးမရတဲ့ အစိုးရ’၊ ‘အကျင့်ပျက်ခြ စားနေတဲ့ အစိုးရယန္တရား’၊ ‘လူတစုအကျိုး စီးပွားကိုသာ ကာကွယ်တဲ့ စနစ်အဖွဲ့အစည်း’ ကြောင့်လို့ တိုတိုဆိုနိုင်ပါတယ်။

အခု ဝမ်ပေါင် က ပြန်လည်ဖြေရှင်းရာမှာ အဓိကအကြောင်း ပြတာကိုက အစိုးရခွင့်ပြုလို့ ယာမြေတွေကို ကုမ္ပဏီပိုင်အဖြစ် ခြံစည်းရိုးခတ်တယ်၊ ကြေးနီတူး ဖော်ရေးစီမံကိန်းလည်း ဆက်လုပ်မယ်ဆိုထား တာပါ။ ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ကလည်း သူတို့ တင်ပြ ချက်တွေ အပြည့်အဝ ဖော်ဆောင်မပေးတဲ့ အစိုးရနဲ့ ကော်မတီရဲ့ ချို့ ယွင်းပျက်ကွက်မှု ကိုပဲ ထောက်ပြခဲ့တယ်။

ရင်းမြစ် ပြဿနာကတော့ ပြည်တွင်း ပြည်ပ ဘယ်လုပ်ငန်းကြီးများမဆိုဟာ အစိုးရ နဲ့ လုပ်ပိုင်ခွင့် ချပေးနိုင်သူ လူတစုကိုသာ နား လည်မှုယူ အကျိုးအမြတ်ခွဲပေးနိုင်ရင် မြေနေ ရာ အပါအဝင် စီးပွားရေး ထင်တိုင်းကြဲ လုပ် နိုင်ခွင့်ကို အလွယ်တကူ ရနေတယ်။ ဆန္ဒ ထုတ်ဖော်ခွင့် မရှိ၊ သတင်း လွတ်လပ်ခွင့်မဲ့၊ သတင်းစီးဆင်းမှု နှေးကွေးတဲ့ အရင်ခေတ် ကဆို ပိုသာ ဆိုးခဲ့တယ်။ ပြည်သူခမျာ ပြား ပြားဝပ် နင်းခံခဲ့ရတယ်။ မျက်မှောက်မှာလည်း အထိုက်အလျောက် မကျေနပ်ချက်တွေ၊ မတ ရားမှုတွေ ထုတ်ဖော်ခွင့်ရနေပေမယ့် အဆုံး သတ်ရလဒ် လှိမ့်ခံနေရမှုကတော့ မပြောင်း လဲသေးပါဘူး။

လွှတ်တော်၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါ တီ အပေါ်ယံ အမည်ခံတွေနဲ့ ဒီမိုကရေစီစနစ် ကြွေးကြော်နေပေမယ့် လုပ်နည်း၊ လုပ်ဟန်၊ အကျင့်၊ စရိုက်၊ အတွေးအခေါ် အပုပ်အဆွေး အဟောင်းတွေက အရင် စစ်အာဏာရှင်စနစ် အတိုင်း မပြောင်းလဲသေးပါ။ ‘တရားမျှတမှု အမှန်တရားသည်သာ အင်အား -- Right is Might ” မဖြစ်၊ ‘အင်အားသည်သာ အမှန်တရား -- Might is Right” ဖြစ်နေဆဲပါပဲ။ ကြီးနိုင်ငယ်ညှဉ်း အင်အားကြီးသူသာ အမြဲတမ်းအသာရတဲ့ “The Law of the Jungle-- တောတွင်း ဥပဒေသ တိရစ္ဆာန်ဝါဒ” သာ ကြီးစိုးနေဆဲပါ။ အာဏာရှိသူနဲ့ အပေါင်းအပါ လူတန်းစားတခုသာ အခွင့်ထူးခံ မင်းမူနေ ဆဲပါ။ အာဏာ စီးပွား ကိုယ်ကျိုး အတွက် လိုအပ်တဲ့ အခါတိုင်းလည်း လက်နက်ထုတ် သုံး၊ သေနတ်ပစ်ပြ၊ မီးဗုံးခွဲ၊ အမြောက်ထု လူ သတ်၊ အကြမ်းဖက်၊ ဘုရားဖျက်၊ ကျောင်းဖျက်၊ သိမ်ဖျက်၊ အိမ်ဖျက်ဘူဒိုဇာထိုးနည်းနဲ့ ပြဿနာ အစုံစုံကို ဖြေရှင်းလိုဆဲပါပဲ။

ဆိုတော့ ဆရာကြီး ဒဂုန်တာရာ မျှော်လင့် ရည်မှန်းခဲ့တဲ့ သာတူညီမျှ ‘လောကအမွန်’ (၁၉၃၉ အိုးဝေ မဂ္ဂဇင်း ကဗျာ) ဟာ စိန်ရတု တိုင်ခဲ့၊ ကိုယ့်မင်းကိုယ့်ချင်း ဖြစ်တာ လည်း နှစ် ၆၀ ကျော်ခဲ့ပေမယ့် လက်ရှိ တိုင် ‘အားပြည့်သူက အားငယ်သူကို နိုင်ရာ စားတယ်၊ ဖားမျိုသည့် မြွေပမာ’ ဖြစ်နေဆဲပါပဲ။ ကိုယ့်လူမျိုးအချင်းချင်း မတရားကျွန်ပြုခံ ဖြစ်လျက်၊ လူမျိုးခြားနိုင်ငံများရဲ့ ခေတ်သစ် စီးပွားနယ်ချဲ့ခံလည်း ဖြစ်လျက်ပါပဲ။

ဗိုလ်ချုပ် အမြော်အမြင်ကြီးကြီး ကြိုမြင်ထောက်ပြခဲ့တဲ့ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့အောက်ကျို့ ရတဲ့ နိုင်ငံလည်း ရေတဖြန်းဖြန်း ဆေးရင်း ဖြစ်နေခဲ့တာ ကြာပါပြီ။ ကိုယ့် နိုင်ငံသားများလည်း လူသတ်၊ မုဒိမ်း ရာဇဝတ်သမားများ အဖြစ် မတရား ယိုးစွပ်ခံရင်း အိမ်နီးချင်းနိုင်ငံ တွေမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံနေရတာ အတော်တောင် အသားကျနေရရှာပါပြီ။

တိုင်းပြည်ရဲ့ နိုင်ငံရေး စနစ်ဆိုး၊ အစိုးရ အုပ်ချုပ်ပုံ ညံ့ဖျင်းမှုနဲ့ အကျင့်ပျက်မှု ဆိုးကျိုး ဆက်ဟာ ဆိုရှယ်လစ်၊ ဒီမိုကရေစီ မျက်နှာ ဖုံး အမျိုးမျိုး၊ နာမည်အဖုံဖုံ၊ အသုံးတော်ခံ အစုံစုံနဲ့ ရာစု ဝက်ကျော် သက်ဆိုးရှည် လည် ပတ်နေတယ်။ လူသတ်၊ အကြမ်းဖက်မတရား မှုတခုဖြစ်လိုက် အသုံးချခံ စုံစမ်းရေးကော်မ ရှင်ဖွဲ့လိုက်၊ အချည်းအနှီး အစီရင်ခံစာတွေ ထုတ်လိုက် သံသရာကလည်း မဆုံးနိုင်ဖြစ်နေ တယ်။ စီးပွားရေးလုပ်ငန်းကြီးများရဲ့ CSR (Corporate Social Responsibility) ဆိုတဲ့ လူမှုရေးလုပ်ငန်းများကလည်း စားကောင်း သောက်ကောင်း ပါးပါးလှီးခေါင်းပုံဖြတ်ကောင်း အောင် ဟန် ပြလုပ်ပြရုံသက်သက်ဖြစ်နေတယ်။ အခု ဗမာပြည်က ခရိုနီတိုင်းမှာ လူမှုရေးရန်ပုံ ငွေဖောင်ဒေးရှင်းတွေရှိတယ်၊ လူမှုလုပ်ငန်း တွေ၊ အလှူတွေ အားတက်သရောလုပ်နေကြ တယ်။ ဒါပေမဲ့ နိုင်ငံရေးစနစ် မပြောင်းဘဲ ဒီမိုး ဒီလေ ဒီလူတွေ အခွင့်သာနေသမျှ တိုင်း ပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟာမှု ပြဿနက ပျောက် သွားမှာ မဟုတ်၊ လူအများစုဆင်းရဲ တွင်း နက်သထက်နက်ဦးမှာသာ ဖြစ်တယ်။

ဒီအတွက် လူသတ်ကောင်တွေကို သုတ် သင်ခြင်း၊ သူခိုးဓားပြ အကြီးစားတွေဆီက ပြန်လည် လုယူခြင်း၊ ဖိနှိပ်သူ အာဏာရှင်တွေ ကို တော်လှန်ခြင်း ဆိုတဲ့ ‘လူမှုတရားမျှတ ရှာမှု’ တန်ပြန် အလုပ်တွေ လိုနေပါတယ်။ ဒါပေမဲ့ ‘ရှိန်း’လို အဖိ နှိပ်ခံ လယ်သမား၊ ယာသမားတွေ ဘက်က ရပ်တည် လူဆိုးတွေကို ‘ဓား’ ‘ဓား’ ချင်း၊ ‘လှံ’ ‘လှံ’ ချင်း စိန်ခေါ်အန်တုလို့တော့ မရ တော့ပါ။ အဖိနှိပ်ခံပြည်သူအများရဲ့ ပဋာမြေ လူး ဒုက္ခ ငိုကြွေးသံတွေကို စာနာနားလည် ခံစားတတ်ကာ တရားမျှတမှုကို ဦးထိပ်ထား တဲ့ ‘ရှိန်း စိတ်ဓာတ်’ ကိုသာ လူအများကြားမှာ တိုးပွားစေပြီး အားကြီးသူ အဓမ္မပြုခွင့်သာနေ တဲ့ စနစ်ဆိုးကြီးကို ‘အကြမ်းမဖက်’ လူထု အားနဲ့ တိုက်ဖျက်ရမှာပါ။

ဒါကြောင့် လက်ပံတောင်း အကြမ်းဖက် လူသတ်မှု အပါအဝင် တရားမဲ့မှုအစုစုကို မီး မောင်း ထိုးပြမယ့် ‘ရှိန်း’ စာနယ်ဇင်းတွေလည်း များများ ပိုလိုနေပါတယ်။ တရားမှုဘက်က ရပ်တည်မယ့် ဥပဒေသမား ‘ရှိန်း’တွေ အများ ကြီးလိုနေပါတယ်။ ကြီးနိုင်ငယ်ညှဉ်းမှုကို အသံထွက်မယ့် တက်ကြွလှုပ်ရှားသူ ‘ရှိန်း’ လူမှုရေး သမားတွေလည်း များများလိုနေပါတယ်။

နိုင် ငံရေးသမားတွေ နိုင်ငံရေးပီပီပြင်ပြင် လုပ်ဖို့က တော့ မရှိမဖြစ် အလိုအပ်ဆုံး အချက် ပါပဲ။ ပြည် သူ့ဘ၀ ဆင်းရဲတွင်းကျွတ်၊ မင်းအပါအဝင် ရန်သူမျိုးငါးပါးဘေးက လွတ်ဖို့ ရာ နိုင်ငံရေးကုထုံးမှလွဲလို့ လူမှုရေးအပါအဝင် အခြားဆေး မြီးတိုများ ဆေးမတိုး၊ ဆေးမမီတော့ ပါ။

အထူး သဖြင့် အို၊ နာ၊ သေ လက္ခဏာရေး သုံးပါး မကြား၊ မမြင်ရတဲ့ ကျတ်ပြေးအရပ်က ဆင် စွယ်နန်းတော် စင်မြင့်နိုင်ငံရေးထက်မှာ ဒီမို ကရေစီ ပေါက္ခရဝဿမိုးရွာကာ လူတစုအတွက် သက်သက် လောကနိဗ္ဗာန် တည်ဆောက်သာယာ မိန်းမောနေကြတဲ့ လွှတ်တော်နိုင်ငံရေး သမားများ ‘ရှိန်းစိတ်ဓာတ်’ ကို အတုယူအ လုပ်ကောင်းတွေလုပ်ပြဖို့ အရေးတကြီးလိုနေ ပါတယ်။

နိဂုံးချုပ်ရရင် ‘ရှိန်း’ဇာတ်ကား အဆုံးမှာ ဂျိုဝီ ကလေးက မြင်းစီးထွက်သွားတဲ့ ‘ရှိန်း’ကို ပြန်လာပါ ‘ရှိန်း’ ရေတကြော်ကြော် အော်သလိုပဲ အခု အော်ချင်ပါတယ်။ ၂၀၁၅ နှစ်သစ်မှာ ဗမာပြည်က ‘ရှိန်းများ’ လူထုရင် ခွင်ဆီ များများ မြန်မြန်ပြန်လာစေချင်ကြောင်း အသံကုန်အော်လိုက်ကြောင်းပါခင်ဗျာ။

ငြိမ်းချမ်းအေး
The Ladies News Journal

အဲအေးရှ လေကြောင်းလိုင်း၏ အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆက်အသွယ်
ပြတ်တောက် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
Air-Aisar
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့မြင်ရသည့် အဲအေးရှလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့မြင့်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ခရီးစဉ်အမှတ် QZ8501 လေယာဉ်သည် ယနေနံနက် ဒေသံတော်ချိန် ၇ နာရီ ၂၄ မိနစ်ခန့်တွင် လေ ကြောင်း ထိန်းချုပ်ရေးဌာနနှင့် အဆက်အသွယ်ပျောက်တောက်သွားခြင်းဖြစ်ကြောင်း လေကြောင်း လိုင်းက အတည်ပြုခဲ့သည်။
"အဆက်အသွယ်ပြတ်တောက်နေသောလေယာဉ်သည် မှတ်ပုံတွင်အမှတ် PK-AXC အဲဘတ်စ် A320-200 အမျိုးအစား ခရီးသည်တင်လေယာဉ်ဖြစ်ကြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တွင် လေကြောင်းလိုင်းက အပြည့်အ၀ပူးပေါင်းဆောင်ရွက်နေကြောင်း" ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသော လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦးပါသွားပြီး အင်ဒိုနီးရှားနိုင်ငံသား ၁၄၉ ဦး၊ စင်ကာပူနိုင်ငံသားတစ်ဦးနှင့် အခြား နိုင်ငံ ခြားသား ငါးဦးတို့ ပါဝင်ကြောင်း သိရသည်။ 

နိုင်ငံခြားသား ငါးဦးတွင် ဗြိတိန်တစ်ဦး၊ မလေးရှားတစ်ဦးနှင့် ကိုရီးယားသုံးဦးတို့ဖြစ်ကာ ကိုရီးယားတစ်ဦးသည် ကလေးငယ်ဖြစ်သည်။
အရွယ်အားဖြင့် အရွယ်ရောက်ပြီးသူ ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ကလေးငယ် တစ်ဦးတို့ဖြစ်ကာ လေယာဉ်မှူးနှစ်ဦး၊ လေယာဉ်အမှုထမ်းတစ်ဦး အင်ဂျင်နီယာတစ်ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ QZ8501 ခရီးစဉ်လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘယ မြို့မှ စင်ကာပူသို့ ပျံသန်းလာစဉ် ဆက်သွယ်မှု ပျက်တောက်ပျောက်ဆုံးနေခြင်းဖြစ်သည်။

လေယာဉ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အရေးပေါ်ဌာနသို့ ဆက်သွယ်ရေ ဖုန်းနံပါတ်ကိုလည်း ထုတ်ပြန်ထားပြီး နောက်ဆုံးရသတင်းများကို လေကြောင်းလိုင်း၏ www.airasia.com ၀က်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/35798-2014-12-28-04-41-46


''ပါးပါးလေး တီးသွားတဲ့ အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်''
အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုရ စန္ဒရားတင်ဝင်းလှိုင်၏ (ကြယ်စင်မော်ကွန်း) ကျေးဇူးတင်စကား

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၃ ရက်နေ့ ပဲခူး မြို့ရွှေမော်ဓေါဘုရားကွင်းမှာကျင်းပမယ့် ဗိုလ်ချုပ် အောင် ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ် အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦးက ပြောပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား ရှိတယ်လေ၊ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ချီးမြှင့်မယ်ပေါ့နော်၊ အစီအစဉ် ကတော့ ဖျော်ဖြေပွဲတွေပါမယ်၊ ကလေး လူငယ်တွေ ရဲ့ဖျော်ဖြေပွဲတွေပါမယ်ပေါ့နော်၊ ပြီးရင် ဒေါ်အောင် ဆန်းစုကြည်နှုတ်ခွန်းဆက် အမှာ စကားပြောကြား မယ်ပေါ့၊ ဆက်တိုက် ဆက်တိုက် ကတော့ဗျာ အားကစားလှုပ်ရှားမှုတို့၊ စာပေလှုပ်ရှားမှုတို့ ဒါတွေ ဟာ တဖြေးဖြေးလုပ်သွားမှာပါ "

အဲ့ဒီအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွေပါ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီပွဲကို ပဲခူးမြို့ရွှေမော်ဓေါဘုရားကွင်းမှာ ကျင်းပဖို့ ခွင့်ပြုမိန့်တောင်းခံထားဆဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွေကို ၂၀၁၅ ခုနှစ်မှာ တစ်နှစ်ပတ်လုံး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

RFA


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကို သရော် ရိုက်ကူးထားတဲ့ The Interview ရုပ်ရှင် ရုံတင်ပြသ လိုက်အပြီး မြောက်ကိုရီးယား နိုင်ငံက အမေရိကန်သမ္မတ အိုဘားမားကို “မျောက်” ဆိုပြီး ခိုင်းနှိုင်း ပုတ်ခတ်လိုက်ပါတယ်။

The Interview ရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီကွန်ပြူတာစနစ် ထိုးဖောက်ခံရပြီး နောက်ပိုင်း အပြန်အလှန်စွပ်စွဲကြရင်းနဲ့ မြောက်ကိုရီးယားနိုင်ငံက အခုလို နောက်ဆုံး ပုတ်ခတ်လိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံ အမျိုးသားစစ်ကော်မရှင်က ကြေညာချက်ထုတ် ပုတ်ခတ်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ပြသဖြစ်လာရတာက သမ္မတအိုဘားမားကြောင့်လို့လည်း စွပ်စွဲထားပါတယ်။                    ကင်ဂျုံအန်း ကို လုပ်ကြံဖို့ ဇာတ်လမ်းနဲ့ ဒီ Interview ဆိုတဲ့ရုပ်ရှင်ဟာ အဓိပ္ပါယ်လည်းမရှိ၊ ဖောက်ပြန်ရေးရုပ်ရှင်ဆိုပြီးတော့လည်း ပါရှိပါတယ်။

အိုဘားမားရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေဟာ တောထဲက မျောက်တကောင်နဲ့ တပုံထဲပဲလို့ နိုင်ငံပိုင်သတင်းဌာနက ဖတ်ပြခဲ့တာပါ။ ဒီတပတ်ထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်ကွန်ရက်တွေ အကုန်လိုင်းကျခဲ့ပြီး ဒါဟာ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ငြင်းပယ်ခဲ့ပေမယ့် ဆိုနီကွန်ပြူတာစနစ်ထိုးဖောက်ခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ ပြောဆိုအပြီးမှာ အခုလို မြောက်ကိုရီးယားအင်တာနက်လိုင်းတွေ ကျခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်သမ္မတနဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပုတ်ခတ်ပြောဆိုတာ အခုမှမဟုတ်ပါဘူး။ ဒီနှစ်ဆန်းပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ကြောက်စရာ မေးရိုးကြီးနဲ့ မြေခွေးလို့ ပြောဆိုခဲ့သလို တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ကိုလည်း ပြည့်တန်ဆာမ ဆိုပြီး ပုတ်ခတ်ခဲ့တာပါ။ အခုနောက်ဆုံး ပုတ်ခတ်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က တုံ့ပြန်ပြောဆိုမှု မရှိသေးပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75290


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ဘက်ကနေ တရုတ်ပြည်ကို တရားမဝင်သယ်ပို့မယ့် သစ်တန်ချိန် ၁၈ တန်နဲ့ ကား ၆စီးကို မြစ်ကြီးနားမြို့အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်းမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့က သစ်တောနဲ့ ရဲဝန်ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မနေ့က အမှုဖွင့်အရေးယူခဲ့ပြီးဒီနေ့မှာ ဖမ်းမိတဲ့သစ်တွေကို သစ်တောဋ္ဌာနကို လွှဲပြောင်းပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က RFA ကိုပြောပါတယ်။

"သစ်ကား ၆ စီးနဲ့ တရားခံ ၇ ဦးကို ဖမ်းဆီးရမိတယ်၊ သစ်ခန့်မှန်းတန်ချိန် ၁၈ တန်ခန့် ကာလတန်ဖိုးက သိန်း ၃၆ဝ နီးပါးရှိပါတယ်၊ ဖမ်းဆီးရတဲ့သူတွေကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားပါတယ်၊ ဖမ်းမိတဲ့သူတွေကတော့ ယာဉ်မောင်းတွေပေါ့၊ ပိုင်ရှင်တွေမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရ သစ်တောကို လွှဲလိုက်တာပေါ့၊ နယ်မြေအခြေအနေကြည့်ရတာတော့ တရုတ်ပြည်ဘက်ပဲ ပို့တာများပါတယ်၊ တရားမဝင်သစ်တွေ သတင်းရရင်တော့ ဆက်ပြီးတော့ ကျနော်တို့က ဖော်ထုတ်ဖမ်းဆီးသွားဖို့ရှိပါမယ်"

တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် ကား ၆ စီးကို မြစ်ကြီးနားမြို့အဝင် နန်းကွေ့၊ မောင်ဖောင်းကျေးရွာတွေနားမှာ ဖမ်းမိခဲ့တာပါ။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက သစ်မျိုးစုံနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအဝင် တောရိုင်းတိရိစ္ဆာန်တွေကို တရုတ်ကုန်သည်တွေက ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်လေ့ရှိပါတယ်။

ဒါ့အပြင် အင်းတော်ကြီးနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဝိုင်းမော်၊ မန်စီ၊ မိုးမောက်စတဲ့ ကချင်ပြည်နယ်အတွင်းက မြို့ရွာတွေမှာလည်း တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် သစ်နဲ့တောရိုင်းတိရိစ္ဆာန် ဈေးကွက်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာရဲ့ အရှေ့ဘက်အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား သစ်ခိုးဂိုဏ်းတွေကို ထိထိရောက်ရောက်အရေးယူဖို့ ဒေသခံ ငါးရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

RFA Burmese

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ မန္တလေးမြို့တွင် နိုင်ငံရေးအင်အားစုများ၊ ရဟန်းရှင်လူများနှင့် ကျောင်းသားများစုပေါင်း၍ ဒီဇင်ဘာ ၂၇ ရက်က တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဆန္ဒပြတောင်းဆိုမှုများပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုကို ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်မှစတင်ခဲ့ပြီး လမ်း ၃၀ အတိုင်း ၃၅ လမ်းအထိ၊ ထို့နောက် တရုတ်ကောင်စစ်ဝန် ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်တွင် ဒေါ်ခင်ခင်ဝင်း အသတ် ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြပြီး ဦးပိုင်၊ ၀မ်ပေါင်တို့ကို အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။
ကောင်စစ်ဝန်ရုံးလမ်းအတွင်း၌ ရဲတပ် ဖွဲ့ဝင်များက သံဆူးကြိုးအကာအရံများဖြင့် တားဆီးခဲ့မှုကြောင့် ကောင်စစ်ဝန်ရုံးရှေ့မှ ဖြတ်လျှောက်ဆန္ဒပြခွင့်မရရှိဘဲ အနီး၌သာ ဟောပြောတောင်းဆိုမှုများကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဒေါ်ခင်ဝင်းကိုပစ်လိုက်တာဟာ ကျွန် တော်တို့ပြည်သူတွေရဲ့ရင်ဘတ်ကို ပစ်လိုက် တာပါပဲ။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံချစ် ကြည်ရေးဟာအရေးကြီးလား၊ လက်ပံတောင်း စီမံကိန်းက အရေးကြီးလားဆိုတာ မေးခွန်း ထုတ်ချင်ပါတယ်။ ကျွန်တော်တို့ တရုတ်ဆန့် ကျင်ရေးလုပ်နေတာ မဟုတ်ပါဘူး။ တရုတ် နိုင်ငံက ၀မ်ပေါင်ကုမ္ပဏီရဲ့ နှိပ်စက်မှုတွေ ကြောင့် တောင်သူတွေ သေကြေဒဏ်ရာရတဲ့ အထိဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဖြေရှင်းပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုနေခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်မြင့်က ပြော ကြားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် ပွင့်လင်းမြင်သာမှုမရှိခဲ့သော စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ အဆင်အခြင်မဲ့သောအစိုးရ၏ ညွှန်ကြားချက်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ကာ ပြည်သူတစ်ဦးဖြစ်သော ဒေါ်ခင် ၀င်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများအတွက် ဦးသိန်းစိန်အစိုးရတွင်သာ လုံးဝတာဝန်ရှိကြောင်း၊ ၄၃၆ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေးတို့ကဲ့သို့ ကြေး နီစီမံကိန်းအရေးသည်လည်း တိုင်းရင်းသား တစ်ရပ်လုံးနှင့်သက်ဆိုင်သည့်အရေးဖြစ်ကြောင်း၊ လက်ပံတောင်းတောင်သတင်းများကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေးပဋိ ပက္ခများဖြစ်ပေါ်နေသယောင် မြန်မာ့ဒီမိုကရေစီအရေးကိုေ၀၀ါးလမ်းလွဲအောင် အကောက် ကြံမှုများကိုလည်း သတိရှိရန်နှိုးဆော်ကြောင်း ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာ ပြည်)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကို ဆန္ဒပြသူများ က တရုတ်ကောင်စစ်ဝန်ရုံးသို့ပေးရန် ရဲတပ် ဖွဲ့ဝင်များမှတစ်ဆင့် ကမ်းလှမ်းခဲ့သော်လည်း ကောင်စစ်ဝန်ရုံးက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဘ၀အလင်းဆရာတော် ဦးသောဘိတက “တိုင်းပြည်ကို သစ္စာဖောက်နေတဲ့သူတွေ က လက်နက်မဲ့ပြည်သူတွေလား၊ လက်နက်ကိုင်တွေလား၊ အာဏာမဲ့တဲ့သူတွေလား၊ အာဏာရှိတဲ့သူတွေလားဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

ထိုသို့ဆန္ဒပြမှုကို တရားဝင်လျှောက် ထားကာ ပြုလုပ်ခဲ့ခြင်းမဟုတ်သော်လည်း ၎င်းင်းတို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စည် တန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် တရား စွဲဆိုသွားမည်မဟုတ်ကြောင်း မန္တလေးခရိုင် ဒုရဲမှူးကြီး ဦးစိန်ထွန်းက ပြောကြားသည်။

“တရားစွဲဖို့မရှိပါဘူး။ လက်ရှိအနေအထားမှာ ပြည်သူတွေရဲ့ရင်ထဲမှာဖြစ်နေတဲ့ ဆန္ဒအနေအထားအရ လတ်တလောမှာတော့ သူတို့လမ်းလျှောက်တဲ့အချိန်မှာ တားတာဆီးတာ မလုပ်ဘူး။ ဒီနေရာကတော့ ကန့်သတ် နယ်မြေဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ပတ်သက်လာလို့ရှိရင် ကိုယ့်မြန်မာပြည်ကို ပြော တာဆိုတာရှိလာမှာစိုးတဲ့အတွက် လုံခြုံရေးတာဝန်ယူဆောင်ရွက်တာပါ” ဟု မန္တလေး ခရိုင်ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
.
Credit : EMG

ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်
က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက် ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်
ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့ ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ လိုလိုဘာလိုလိုနဲ့ မိုက်မိုက်ရိုင်းရိုင်း
ကိုပြောတယ်။
ရန်ကုန်တိုင်းစည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်း မြို့နယ်နေတွင်ထိုင်သူ အနုပညာရှင် တေးသံရှင် ရင်ဂိုက ဆန္ဒမဲပေးရန် ယနေ့ညနေ ၂နာရီ၄၅ မိနစ်တွင် သွားရောက်ပေး ဆောင် သော်လဲမဲပေးခွင့်မရရှိခဲ့ ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရင်ဂိုကို ပေါ်ပြူလာနယူးမှဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး- ဦးရင်ဂိုမဲပေးခွင့်မရဘူးဆိုတာ ဟုတ်ပါသလား။

ဖြေ- ဟုတ်တယ်။ ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက် ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့ ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ လိုလိုဘာလိုလိုနဲ့ ပြောတယ်။ ရှင်းပြနေတာနားမလည် ဘူး လားပြောတယ် ။ ဒါတွေထားပါ သူ့ဟာသူဘာပြောပြောပါ။

မေး- ဦးရင်ဂိုက မဲကိုဘာကြောင့်ပေးခွင့်မရတဲ့အကြောင်းကိုရော မေးခဲ့သ လား။

ဖြေ- ကျွန်တော်ဘက်က ဘာကြောင့်ပေးခွင့်မရတာလဲ ဖြေရှင်းခိုင်းတော့ ဦးတို့က ရက်ကွက်ထဲမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဒီရပ်ကွက် ဒီနားက လူတွေ စိတ်မ၀င်စားမှုမရှိလို့ပြောတယ်။ ကျွန်တော်က ပြည်သူတစ်ယောက်ပဲ။ ကျွန်တော်တိုင်းပြည်ကောင်းဖို့ လုပ်မယ့် လူတစ်ယောက်ကို ကြိုက်တဲ့လူကို ရွေးထည့်နိုင်တယ်။ ဘာလို့ပေးမထည့်တာလဲမေးတော့ သူကပြောတယ် “ကျွန်တော်က ၂ လလောက် ကတည်းက လုပ်နေရပါတယ် စည်ပင်သာယာက စာရွက်ကိုရမှ” ဘာညာတွေ ပြောတယ်။ဦးက မီဒီယာတွေ ကိုခေါ်လိုက်တော့ရောက်လာကြတယ် ။ အဲဒီရပ်ကွက်အုပ် ချုပ်ရေးမှူးကိုဖြေခိုင်းတော့လဲ အလုံးလုံးအထွေးထွေးတွေပဲပြောတယ်။ သူ့နာမည်တော့ကျွန်တော်မသိဘူး ။ လူကတော့ ၀၀တုပ်တုပ်ပုံစံပါ။ တစ်အိမ်မှာ တစ်ယောက်ဆိုလို့ ဦးတစ်ယောက်တည်းသွားတာပဲ။

မေး- ယခုကိစ္စနဲ့နိုင်းယှဉ်ပြီး ခုလိုဒီမိုကရေစီလမ်းကြောင်း သွားနေတဲ့အခါမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု နည်းနေသေးတဲ့အပေါ်ကိုရော ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ- တခြားရပ်ကွက်၊ တခြားလူတွေကို ပြောတာမဟုတ်ပါဘူး။ ဦးနဲ့ထိပ် တိုက် တွေ့တဲ့ သူတစ်ယောက်ထဲကိုပဲပြောတာပါ။ ဒီလိုပုံနဲ့ တိုင်းပြည်တိုးတက်ဖို့မလွယ်ဘူး။ ကျွန်တော်က ဘယ်သူ့အကျိုးကျေးဇူးကြောင့်မှမဟုတ်ဘူး တိုင်းပြည်ကောင်းဖို့ မဲသွားထည့်တာ ဒါကိုလက်မခံဘူး။

ထူးထူး
PopularNewsJournal

ပင်နီကိုစင်ပေါ်ရောက်အောင်လုပ်ပေးတဲ့ရွေးချယ်ပေးတဲ့ရုပ်ရှင်အစည်းအရုံးမှ အနု
ပညာရှင်များနဲ့ ဝတ်ဆင်သူ အကယ်ဒမီ ဝိုင်း

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု တွေကို ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ ရရှိသွားပါတယ်။

၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ Myanmar Event Part (MEP) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ နင်စေရင် ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာ ဆုကိုတော့ ဒါရိုက်တာဝိုင်းက စေတန်ရဲ့ ကချေသည်ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

အမျိုးသားဇာတ်ပို့ဆုကို ရုပ်ရှင်သရုပ်ဆောင် မင်းဦးက နင်စေရင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး အမျိုးသမီးဇာတ်ပို့ဆုကို ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က စုန်းပြူး ဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ နောက်ခံတေးဂီတဆုကိုတော့ စန္ဒယားတင်ဝင်းလှိုင်က ကြယ်စင်မော်ကွန်း ရုပ်ရှင်းကား နဲ့ ရရှိခဲ့ပါတယ်။

ထူးခြားချက်ကတော့ ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ ဆုပေးမယ်လို့ ပွဲမတိုင်ခင် ကြေညာထားပေမယ့် အကောင်းဆုံး ဇာတ်ကားဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်အသံဆုနဲ့ ရုပ်ရှင်တည်းဖြတ်ဆုတို့ကိုတော့ ပေးအပ်ခဲ့ခြင်း မရှိပေ။

အကယ်ဒမီဆု ၁၁ ဆုထဲမှာ ဆု ၆ ဆုကိုတာ ပေးခဲ့ပြီး ဘာကြောင့် ဒီဆု ၅ ဆုကို မပေးလည်းဆိုတာတော့ မသိရသေးပါဘူး။ ဒါ့အပြင် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ ဆုရဲ့ စာရင်းတွေဟာ ဆုပေးပွဲမတိုင်ခင် တရက်လောက်အလိုမှာကတည်းက ဆုရရှိမယ့်စာရင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်းအနားမှာ ၂၀၁၃ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကျော်ထဲကမှ အကယ်ဒမီ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရွေးချယ်ပြီး ဆုတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီဆုပေးပွဲအခမ်းအနားကို ဒုသမ္မတ စိုင်းမောက်ခမ်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း၊ ရုပ်ရှင်နဲ့ အနုပညာရှင်အသိုင်းအ၀ိုင်းက လူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင် ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အရင်က ပြန်ကြားရေး ၀န်ကြီးဌာနက ဦးစီးပြီး ရန်ကုန်၊ နေပြည်တော် စတဲ့ နေရာတွေက အားကစားရုံတွေနဲ့ အစိုးရပိုင် အဆောက်အဦတွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်မြို့ ရှင်စောပုလမ်းက မြန်မာအီးဗတ်ပတ်မှာ ပထမဦးဆုံးအကြိမ်  ကျင်းပပြုလုပ်တာဖြစ်ပြီး ဒါဟာ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ထူးခြားမှုလည်း ဖြစ်ပါတယ်။

ရုပ်ရှင်လောက တိုးတက်နဲ့ ရုပ်ရှင်ကားတွေ အဆင့်အတန်းမြင့်လာစေဖို့ ရည်ရွယ်ပြီး  မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်း ခဲ့တာပါ။ ၁၉၅၂ ခုနှစ် နဲ့ ၁၉၅၃ ခုနှစ်တွေမှာ ၁၊ ရုပ်ရှင်ဇာတ်ကားဆု၊ အမျိုးသားဇာတ်ဆောင်ဆု နဲ့ အမျိုးသမီးဇာတ်ဆောင်ဆု  ရုပ်ရှင် ထူးချွန်ဆု ၃ မျိုးကိုသာ ပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာမှ ဆုတွေကို တိုးချဲ့ ချီးမြှင့်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ ရုပ်ရှင်ထူးချွန်ဆုကို ၁၁ မျိုးထိ ပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75286

ဒလမြို့နယ်အတွင်း စည်ပင်သာယာရွေးကောက်ပွဲ လာရောက်မဲပေးသူ မဲဆန္ဒရှင်ပြည်သူတစ်ဦး။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ လာရောက်မဲပေးသူဦးရေ နည်းတာ၊ မဲစာရင်းမှာ အမည်မပါလို့ မဲမပေးရတဲ့သူတွေ ရှိတာတွေအတွက် အငြင်းပွားစရာ ဖြစ်ရတယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေ နဲ့ မဲဆန္ဒရှင် ပြည်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ စည်ပင်ရွေးကောက်ပွဲကျင်းပရာမှာ ကိုယ်တိုင် သွားရောက်သတင်းရယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၆၅ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ပြန်လည်ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီကနေ့ ရန်ကုန်တိုင်းအတွင်းက (၄) ခရိုင်မှာ မနက် ၉ နာရီက စပြီးညနေ ၅ နာရီအထိ မဲပေးနိုင်အောင် စီစဉ်ကျင်းပပေးခဲ့တာပါ။

ဒါပေမဲ့ အစောပိုင်းကတည်းက စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူထုကြားမှာ အတွေ့အကြုံနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အကျိုးသက်ရောက်မှုတွေပျံနှံမှု အားနည်းသလို၊ စိတ်ဝင်စားမှုလည်း သိပ်မရှိတဲ့အတွက် ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးသူ သိသိသာသာနည်းနေတယ်လို့ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဒေါ်မေအုန်းညွန့်ဝေက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ လာပေးတဲ့သူနည်းတယ်၊ အန်တီမြင်တာတော့ပေါ့နော်- အန်တီဝင်လာတဲ့နေရာတွေမှာတော့၊ စမ်းချောင်းမှာတော့ လာပေးတဲ့သူများတယ်။ တခြားမြို့နယ်တွေကတော့ နည်းတယ်။ နောက်တခုကတော့ တချို့တွေကတော့ ပေးရပေမယ့်လည်း စိတ်မဝင်စားတာတွေ ရှိတယ်။ အဲဒါကလည်း သူတို့အခွင့်အရေး နစ်နာသွားတာပေါ့နော်၊ သူတို့အတွက် တကယ် လုပ်ကိုင်ပေးနိုင်မယ့်သူမျိုးကို ရွေးပြီးတော့ မဲပေးနိုင်မယ်ဆိုရင် သူတို့အတွက်လည်း အကျိုးရှိတာပေါ့။ အဲဒီသဘောပါပဲ။”

နောက်ထပ် ပြဿနာတစ်ခုကတော့ အိမ်ထောင်စုစာရင်းရှိပြီး မဲပေးခွင့်ရှိသူ မဲစာရင်းထဲမှာ နာမည်ပါမလာလို့ မဲမပေးကြရတာဖြစ်ပါတယ်တယ်။ ဒလမြို့နယ်ထဲမှာ မဲပေးခွင့်ရှိသူ အတော်များများဟာ မဲဆန္ဒရှင်တွေရဲ့နာမည်စာရင်းမှာမပါလာတဲ့အတွက် ပြည်သူတွေရဲ့အခွင့်အရေး နစ်နာတယ်ဆိုပြီး ဒီကနေ့ နေ့လည် ၃ နာရီမှာပဲ အဲဒီမြို့နယ်မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒလမြို့နယ် မဲဆန္ဒရှင် ဒေါ်ခင်လှလှက ပြောပါတယ်။

“ဒီနေ့ဖြစ်ရတာကတော့ အန်တီတို့က စည်ပင်ရွေးချယ်ပွဲကို မဲပေးဖို့သွားတယ်။ အန်တီ့နာမည်က မဲစာရင်းမှာမပါဘူး။ အဲဒါနဲ့ အန်တီတို့က မဲစာရင်းကို ရှာတယ်။ အဲလိုပဲ အန်တီထိုင်နေတဲ့အချိန်မှာ နာမည်မပါတဲ့သူတွေက များနေတယ်။ တယောက်ပြီးတယောက်ပေါ့နော်၊ ဟိုလူလည်း နာမည်မပါလာ၊ အများက နာမည်မပါလာကြဘူး။ အဲလိုဖြစ်နေတဲ့အတွက် အန်တီတို့က စည်ပင်သာယာရုံးကို သွားမေးတော့ စည်ပင်သာယာရုံးမှာ တချို့က စာရင်းတွေ မပြည့်စုံလို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း စည်ပင်သာယာရုံးကချပေးတာဆိုပြီး သူတို့နှစ်ယောက်က ဘောလုံးပုတ်နေတယ်။ လောလောဆယ်တော့ ကိုယ်စားလှယ်တွေနဲ့ မဲပေးခွင့်မရှိတဲ့ပြည်သူတွေရဲ့ လူ့အခွင့်အရေးက အရမ်းနစ်နာနေတယ်။ အဲဒါကြောင့် အန်တီတို့က ဒီမမှန်မကန်ရွေးချယ်ပွဲကို ဆန္ဒပြမှာဖြစ်ပါတယ်။”

စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ဒီကနေ့ စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှု အနည်းငယ် ရှိခဲ့ပေမဲ့လည်း အောင်မြင်တယ်လို့ ပြောပါတယ်။

“များသောအားဖြင့်တော့ အဆင်ပြေပါတယ်ဗျ။ တချို့နေရာတွေမှာ နည်းနည်းလေးတော့ (အဆင်မပြေတာ) ရှိပါတယ်။ ကျနော်တို့ ဆင်းပြီး ဖြေရှင်းပေးနေပါတယ်။ သိပ်တော့ ကြီးကြီးကျယ်ကျယ်ပြဿနာ မရှိပါဘူးဗျ။ အဓိက-ကတော့ မဲစာရင်းကျန်ခဲ့တဲ့သူတွေရဲ့ ပြဿနာပါပဲ။ တခြားတော့ သိပ်ကြီးကြီးကျယ်ကျယ် မရှိပါဘူးဗျ။”

ဒီစည်ပင်ရွေးကောက်ပွဲ ကို မကျင်းပခင်ကတည်းက ပြည်သူတွေအကြား ပျံ့နှံ့မှုနဲ့အာရုံစိုက်မှုပိုင်း သိပ်မရှိဘူးလို့ အများက ထောက်ပြနေကြတာပါ။ ဒါ့အပြင် မဲစာရင်းပိုင်းမှာလည်း မဲပေးခွင့်ရှိတဲ့သူတွေ နည်းနေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

စည်ပင်ရွေးကောက်ပွဲမှာ ခရိုင်တွေအလိုက် ရွေးချယ်ခံရမယ့်သူတွေကို ရွေးကောက်ပွဲကျင်းပပြီး ၄၈ နာရီအတွင်း ထုတ်ပြန်ပေးမယ်လို့ ကော်မရှင်က ပြောထားပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင် ၂၉၃ ဦး ရှိခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ စည်ပင်ရွေးကောက်ပွဲမှာ ထင်ရှားတဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေထဲက ဦးဝင်းချို၊ ဒေါ်စူဆန်နာလှလှစိုး တို့လည်း ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သလို ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ အစိုးရအငြိမ်းစား အရာရှိအချို့လည်း ဝင်ရောက်အရွေးခံကြပါတယ်။

အခုရွေးကောက်ပွဲကနေ ရန်ကုန် စည်ပင်သာယာရေးကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီ ကော်မတီမှာပါဝင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်တာလည်းဖြစ်ပါတယ်။

မြို့တော်ဝန်ကိုတော့ နို်င်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်မှာဖြစ်ပြီး အခုရွေးကောက်ပွဲကနေ ပြည်သူရွေးချယ်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် လေးဦး၊ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ရွေးချယ်ပေးမယ့်သူ လေးဦးနဲ့ ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်ခင်ဗျာ။
VOA
http://burmese.voanews.com/content/yangon-municipal-election-dispute-over-ballot-list-2014-/2575726.html

Photo: Nay Thwae/RFA
ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် အရေးအခင်းမှာ ရဲတပ်ဖွဲ့ ရဲ့ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းသေဆုံးပြီး လယ်သမား ၄ဝ လောက် ဒဏ်ရာ ရခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့  မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ၇၃ လမ်းမကြီးဘေးမှာ ရှိတဲ့ မင်္ဂလာဈေးကနေပြီး တရုတ်ကောင် စစ်ဝန်ရုံးကို ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။

တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကိုဆန္ဒပြဖို့ မူလကအစီအစဉ်ရှိခဲ့ပေမဲ့ ကောင်စစ်ဝန်ရုံး အဝင်လမ်းထိပ်မှာ လုံခြုံရေးအင်အား တစ်ရာကျော်လောက်က သံဆူးကြိုးတွေနဲ့ ကာရန်ပိတ်ဆို့ခဲ့တဲ့အတွက် ရုံးဝင်းထဲကို ဝင်ခွင့်မရခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ကောင်စစ်ဝန်ရုံးကနေ လူစည်ကားတဲ ၆၆ လမ်းမကြီးနဲ့လမ်း ၃၀ ဘူတာကြီး စတဲ့နေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကို မန္တလေးသံဃာတော်တွေ၊ နိုင်ငံရေးတက်ရှားလှုပ်ရှားသူများအဖွဲ့ ၊ ဗကသနဲ့ မြို့ခံလူထုတစ်ထောင်ကျော် ပါဝင်ဆန္ဒပြခဲ့ကြတာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်က ရန်ကုန်တမြို့လုံးမှာ တပြိုင်နက်ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့လူထု လာရောက်မဲပေးမှု နည်းခဲ့ပါတယ်။ မဲပေးသူ နည်းရတဲ့အထဲ မဲလာပေးသူ အတော်များများလည်း မဲစာရင်းမှာ နာမည် မပါလို့ မဲမပေးကြရဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တချို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

12မြို့တော်စည်ပင်သာယာအဆင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးက “လူတွေက မဲ သိပ်လာမပေးကြဘူး။ မဲလာပေးကြတာ တော်တော်လေး နည်းတယ်။ မဲရုံမှာ မဲပေးနိုင်တဲ့လူ ၅၀၀ လောက်ရှိတာ မဲလာပေးတာ ၅၀ တောင်မပြည့်ဘူး။ နောက်တခုက မဲပေးဖို့လာပြီး အိမ်ထောင်ဦးစီး မဟုတ်လို့ဆိုပြီး ငြင်းပယ်ခံရလို့ မဲမပေးရတဲ့သူတွေလည်း အများကြီးရှိတယ်။ နောက်တခါ တချို့ကော်မတီဝင်လောင်းတွေက သူတို့ရဲ့စာရွက်တွေကို မဲပေးတဲ့နေရာအထိ သွားပြီး လူထုလက်ထဲ ထည့်နေတာတွေမြင်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေက အစ အဲ့ဒီစာရွက်တွေကို မဲရုံထဲဝင်ပြီး လူထုလက်ထဲ အတင်းထည့်နေတာတွေ ရှိတယ် လို့ ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တို့မှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတချို့ကလည်း မဲလာပေးတဲ့သူနည်းပါးကြောင်း တညီတညွတ်ထဲ ပြောကြပါတယ်။

ရန်ကုန်တဘက်ကမ်း ဒလမြို့မှာတော့ မဲစာရင်းမှာမပါဘဲ မဲပေးခွင့်မရသူ မြို့နေပြည်သူ ၅၀ လောက်စုပေါင်းပြီး ဒီနေ့ မွန်းလွဲပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ မဲမပေးခဲ့ရတဲ့ ဒလ ပြည်သူတို့ဟာ မြို့နယ်စည်ပင်ရုံးရှေ့မှာ စုရုံးပြီး ဟောပြောဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတယောက်ဖြစ်တဲ့ ဒေါ်ခင်လှလှက ပြောပါတယ်။

သင်္ကန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သူတို့ပါတီအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိတဲ့ စည်ပင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ သင်္ကန်းကျွန်းမှာ လူထုကပေးတဲ့ သတင်းစကားတွေအရ ပါတီတံဆိပ်တွေတပ်ပြီး မဲရုံထဲအထိ စည်းရုံးရေးဆင်းလို့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ရန်ကုန်က သတင်းစာဆရာ အယ်ဒီတာ ချစ်ဝင်းမောင်ကတော့ စည်ပင်ရွေးကောက်ပွဲ လုပ်နေတယ်လို့ မထင်ရအောင် မြို့ခံတွေ စိတ်မ၀င်စားကြတာ တွေ့ရပြီး သက်ဆိုင်ရာ ကော်မရှင်က လှုံ့ဆော် ဆော်သြရေးအပိုင်းလုပ်တာ အားနည်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ရွေးကောက်ပွဲလုပ်ပြီးတဲ့နောက် တနှစ်သက်တမ်းလောက်ပဲ အလုပ်လုပ်ရမယ့် ကိုယ်စားလှယ် ရွေးကောက်ပွဲ ဟာ ရိုးသားမှု မရှိဘဲ နောက်ကွယ်မှာ အကြောင်းတစုံတရာ ရှိနိုင်တယ်လို့ ခန့်မှန်း သုံးသပ်သူတွေလည်း ရှိပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ပြည်သူက မဲပေးရွေးချယ်လိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်လို့ မဲပေးသူနည်းတာ ဖြစ်နိုင်တယ်။ မြို့တော်စည်ပင်မှာ မြို့တော်ဝန်ကအစ ပြည်သူက မဲပေးရွေးချယ်မှ အပြောင်းအလဲဖြစ်လာနိုင်မယ်လို့ သုံးသပ်တဲ့ မဲဆန္ဒရှင်တွေလည်း ရှိပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာမှ ဒုတိယအကြိမ်ပြုလုပ်တဲ့ စည်ပင်ရွေးကောက်ပွဲဟာ ကြိုတင်ခန့်မှန်း တွက်ဆချက်တွေအတိုင်း အများပြည်သူစိတ်မ၀င်စားတဲ့ ရွေးကောက်ပွဲတခု ဖြစ်ခဲ့ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75277

Author Name

Contact Form

Name

Email *

Message *