12/30/14


ဒီနေ့ မနက်လက်ပံတောင်းတောင်သို့ အသွားကိုနေမျိုးဇင်နှင့်အတူ ကားပေါ်တွင် မိမိအပါအဝင် ဒီမိုမင်း အပါဝင်ကားပေါ်ပါစုစုပေါင်း ၅ ဦးအား
ရွာသားကြီးစိတ်ကျန်ူးမာရေးလမ်းစုံအရောက်၌ ရဲအင်အားများစွာဖြင့်စောင့်ဆိုင်းဖမ်းဆီးကာ ဒဂုံမြို့ နယ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

Nyan Linn

(၁)

တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာထင်ရှားခဲ့ပါတယ်...

အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊
ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်
ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War)
(၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ
အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို
စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့
မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းဟာ လက်ဝဲဝင်းမှူး
နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။
တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို
အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။

ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့
တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊
တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး
မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊
အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊
မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း
ကျဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရတဲ့အတွက် ယူနန်ဘုရင်ခံ
လျူစောက်ဟာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာ
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊

ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးမှာ
ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော
မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ
မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊
ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာ
ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ
လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။

ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်
ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား
စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်
နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊
ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်
ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်
တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။

နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်
သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး
ကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ
နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ
တိုက်ခိုက်ပါတယ်၊

တရုတ်တို့က "သူတို့ဟာ မြန်မာတို့၏ ထောင်ချောက်တွင်းသို့
ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်"
ဆိုပြီး မှတ်တမ်းများမှာ ဝန်ခံထားကြပါတယ်၊

တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို
ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာတဲ့ မြန်မာ
တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီး...
ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေတဲ့
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊

မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း
နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏
စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊

နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်တွေကို မြန်မာ စစ်တပ်ကြီးတွေက
သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊

တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့
တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။

တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ တရုတ်တွေစစ်ရေးအသာ
ရှိနေတယ် လိမ်လည်လှည့်ဖျားပြီးအစီရင်ခံတဲ့အတွက်
တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို
ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊

တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..

၁၇၆၇ ခုနှစ်မှာ တရုတ်တပ်တွေဟာ တတိယအကြိမ် ချီလာပြန်ပါတယ်၊
တရုတ်ဧကရာဇ်ဟာ ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်တဲ့
မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို
ခန့်အပ်ပြီး စစ်သည် ၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊

မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီး
သိန္တီ ကိုချီတက်ပါတယ်၊

မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်
နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့
ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊
တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..

သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ..
မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို
ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊

မင်းကြီး မဟာ သီဟသူရ စစ်တပ်ကြီးဟာ ရွှေစာရံကနေ မြစ်ငယ်မြစ်ကို
ဆန်တက်ပြီး တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊
နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ
တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲတဲ့ တရုတ်တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့
ချီတက်ခဲ့ပါတယ်၊

ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီး
တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊

အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းက
ယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလို
အင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊
အရမ်းကိုနီးကပ်တဲ့အနေအထားပါ...

ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ
တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊

သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်
ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊

အဲဒီအချိန်က..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ။

မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ
ရင်ဆိုင်ခဲ့ရတာပါ..၊

တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိး
တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ
ကျရောက်မဲ့အနေအထားပါ၊

ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို..
တုန်လှုပ်မှုမရှိပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည်
စုစည်းခဲ့ပါတယ်။

တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်
ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို
သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့
တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်
အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီး တရုတ်စစ်ကူတပ်နဲ့
ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊

မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများ
အရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့
အပြင်း ချီတက် ထိုးဖောက်လာတဲ့ တရုတ် ရိက္ခာထောက်စစ်ကူတပ်တွေဟာ
မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်ခွာသွားပြီး အဲဒီကနေမှ
လားရှိုး၊ သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊

မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာ
မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို
ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊

ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့
ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ ပြတ်သားစွာ
အမိန့်ပေးခဲ့တဲ့အတွက် မြန်မာတပ်တွေဟာ စုစည်းမိသွားပါတယ်၊

စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့်
လာရောက် ပူးပေါင်းပါတယ်၊
ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ
အခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး
မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...

အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊
မြန်မာတွေအဖို့ တစ်ရန် အေးသွားတဲ့အတွက် မင်းယွီဘက်သို့ ဦးလှည့် နိုင်ပါတော့တယ်၊

မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ
စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊

မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော
မြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်
ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊

ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..
မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို
ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊

မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး
အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံး
များလာခဲ့ပါတယ်၊

လက်ရှိ ပြင်ဦးလွင်ရှိရာဒေသမှာ..
မြန်မာတပ်တွေဟာ တရုတ်စစ်သည်အင်အား ၃၀၀၀၀ ကို ၃ ရက်လုံးလုံး
အပြင်းအထန်ရေကုန်ရေခမ်း ၀ိုင်းတိုက်ကြတဲ့အတွက် တရုတ်
မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိတဲ့အထိဖြစ်လာပါတယ်၊

အဲဒီတိုက်ပွဲမှာ မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့
လက်တွေမှာစေးကပ်ပြီး ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာ
ရေးသားခဲ့ကြပါတယ်၊

မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာ
ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်
မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..

မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ
သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီး
သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ
ရေးသားခဲ့ကြပါတယ်၊

နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို
ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့
တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ
၆၀,၀၀၀ ထက် မနည်းတဲ့ စစ်သည်များကို စုရုံးပြီး ပြန်လည်
ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့
လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊

ဖူဟင်း၏ တပ်ဟာ စထွက်ကတည်းက မှားယွင်းခဲ့ပါတယ်၊
ငှက်ဖျားရောဂါ ထူထပ်လှတဲ့ မိုးကောင်း နယ်မြေမှာ အလဟဿ
လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုန်းခဲ့သလိုဖြစ်ခဲ့ပါတယ်၊

မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်တဲ့ အခါ တရုတ်တို့ဟာ
ရာဝတီ မြစ်ဘက်သို့ ပြန်၍လှည့်ကြပါတယ်၊

ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ
စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊
ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏
ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊
သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ခဲ့ပါ၊

ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော
ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်
စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို
လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊

အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော
မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့်
ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊

မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက်
စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီး
တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...

ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း
တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို
ခံကြရပါတယ်..
မြန်မာ့ရေတပ်ကိုလည်း တရုတ်ရေတပ်ဟာ မမှီခဲ့ပါဘူး၊

ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်
ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသွားတဲ့အခါ
တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊

မြန်မာတို့၏ ခံတပ် အခြေမှာ တရုတ်စစ်တပ်ဟာ အတုံးအရုံး
စုပုံ ကျဆုံးကြပါတယ်၊

တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက
ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊

----------------------------------

(၂)
ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...

တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို ....
ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊

ဆင်ဖြူရှင်ဘုရင်ရဲက အမိန့်ကို မခံယူတော့ဘဲ လက်ခံမိခဲ့တာပါ၊

တရုတ်တွေကမ်းလှမ်းလာတဲ့လက်ဆောင်ပဏ္ဍာတွေကို
ဆင်ဖြူရှင်ဆီကို ပို့ပေးခဲ့ကြပါတယ်၊

အဲဒီ သတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ
အမျက်တော်ရှသွားပါတယ်...

ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..
လက်ဆောင်ပဏ္ဍာတွေကို အဲဒီ မဟာသီဟသူရစစ်တပ်ကြီးက
အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့ဇနီးနဲ့ မိသားစုတွေကိုရွက်စေပြီး
သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့....ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊

အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့
သူရဲကောင်းတွေကိုတောင် စစ်ပြေငြိမ်းရေးလက်ခံပြီး လက်ဆောင်ပဏ္ဍာယူတာနဲ့
ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင်..

အခုလိုတရုတ်ကိုတိုင်းပြည်
ထိုးအပ်နေတဲ့မန်မာစစ်ဗိုလ်ချုပ်တွေကိုဆိုရင်..
ဆင်ဖြူရှင်ဟာ အနည်းဆုံး သေဒဏ် ပေးနိုင်ပါတယ်၊

-------------------------------------------

(၃)

နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ
ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..
ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း
မရှိတာကိုလဲ လေ့လာမိပါတယ်၊

ပြီးတော့ စစ်ထွက်တွေ နဲ့ လော်ဘီတွေကလဲ...
ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ တရုတ်မြန်မာစစ်ပွဲတွေနဲ့ပတ်သက်ပြီး
အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေ
မရှိတာကလဲ ထူးခြားပါတယ်..၊

ပိုဆိုးတာက....

မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ...

မြန်မာတပ်တွေဟာ...

ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...
အသုံးချပြီး...ခံတပ်တွေဆောက်၊
ရေတပ်တွေထုတ်ပြီး..
တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..

တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..
မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..
ရှမ်းပြည်နယ်အရှေ့ပိုင်းက..
သစ်တောကြီးတွေကို အသုံးချပြီး..

တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...
ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..

အဲဒီတော့..

မေးစရာဖြစ်လာတာက..
အဲဒီဧရာဝတီမြစ်ကြီး နဲ့...အဲဒီသစ်တောကြီးတွေကို...
တရုတ်က....အခု...
ဘာလုပ်နေပါသလဲ..?
ဘာလုပ်ဖို့ကြိုးစားနေပါသလဲ ? ဆိုတာကိုပါ၊

ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက်
အခုခေတ်မှာ ရာဇ၀င်ကြွေးပြန်ဆပ်နေတယ်ဆိုတဲ့သဘောလို့..
ယူဆစရာတောင်ရှိပါတယ်၊

တရုတ်ဟာ သူတို့တွေ ပိုးစိုးပက်စက်ရှုံးနိမ့်ခဲ့တဲ့ ရာဇ၀င်ကြွေးကို
ပြန်ဆပ်ချင်တဲ့အတွက်....မြန်မာပြည်ကို ပညာပါပါနဲ့ ၀ါးမြိုပြီး..
မြန်မာနိုင်ငံမြောက်ဖျားက ရေမြေတောတောင်တွေ
နဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား..ဆိုတာကို..

အမျိုးကို ချစ်ပါတယ်...ဆိုပြီး..
စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး...

ဘာမှနကန်းတစ်လုံးမှမသိတဲ့...
သောက်ကြီးသောက်ကျယ်ပြောနေတဲ့
နလပိန်းတုန်း လဒူတွေအနေနဲ့

စဉ်းစားကြစေလိုပါတယ်...၊

( Pa Yit)

လက်ပတောင်းတောင်ဆန္ဒပြသူများ တရုတ်သံရုံးလမ်းသို့ ထိုးဖောက်ဝင်ရောက်ရန်ပြင်ဆင်ရာ ရဲများက တားဆီးနေ သည်ကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
လင်းသစ်

လက်ပတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်နှင့်လူများကို အစိုးရကအကြမ်းဖက်နှိမ်နှင်းခဲ့သည့် ၂ နှစ်မြောက်နေ့တွင် ရာနှင့်ချီသောလူများက ရန်ကုန်မြို.တော်ခန်းမရှေ.မှ တရုတ်သံရုံးရှေ.သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

သံဃာတော်အချို.နှင့် နိုင်ငံရေးတက်ကြွသူတစ်ချို.ဦးဆောင်သော ဆန္ဒပြအဖွဲ.သည် ရန်ကုန်မြို.တော်ခန်းမရှေ.တွင် ယနေ့နေ့လည် ၃ နာရီ၌ စုရုံးခဲ့ကြပြီး၊ ထိုမှတဆင့် ဒဂုံမြို.နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးသို့ချီတက်ရာ လမ်းတစ်လျှောက်တွင် ဆန္ဒပြသူများက စစ်တပ်ပိုင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည့်အပြင် “သိန်းစိန် အစိုးရဖြုတ်ချရေး” “ လူသတ်အစိုးရ ဖြုတ်ချရေး” စသည့်ကြွေးကြော်သံများကိုပါ သံပြိုင်အော်ဟစ်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၂ ရက်နေ့က တစ်ကျော့ပြန်ဖြစ်လာသော လက်ပတောင်းပဋိပက္ခတွင် မြေယာသိမ်းဆည်းခံရသည်ကို မကျေနပ်၍ဆန္ဒပြနေသော ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ရဲတပ်ဖွဲ.၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ကိုညွှန်းဆိုသောအားဖြင့် ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ အစိုးရအား လူသတ်အစိုးရဟု ဆန္ဒပြသူများက သမုတ်ခဲ့ကြခြင်းဖြစ်သည်။

သေနတ်ကျည်ဆန်ဖြင့် ဦးခေါင်းပွင့်ထွက်ပြီး သွေးအိုင်ထဲတွင် လဲလျက်သေဆုံးနေသည့် ဒေါ်ခင်ဝင်း ပုံပါရှိသည့်ပိုစတာများ၊ စစ်ကိုင်းတိုင်းမုံရွာခရိုင်ရှိကြေးနီစီမံကိန်းလုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီ မြန်မာပြည်မှထွက်သွား၊ မြန်မာပြည်သည် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဟု အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာတမ်းများပါရှိသည့် ပိုစတာများကို ကိုင်ဆွဲထားသည့် ဆန္ဒပြလူအုပ်အား လမ်းတစ်လျှောက်တွင် ရန်ကုန်မြို့ခံများက လက်ခုပ်တီး အားပေး ကြိုဆိုခဲ့ကြပြီး၊ ရပ်ကွက်နေပြည်သူတစ်ချို့လည်း ဆန္ဒပြသူများနှင့်ပူးပေါင်း၍ တရုတ်သံရုံးသို့ချီတက်ခဲ့ကြသည်။

ရာနှင့်ချီသောရဲတပ်ဖွဲ.များက တရုတ်သံရုံးတည်ရှိရာ ပြည်ထောင်စုရိပ်သာလမ်းမတ၀ိုက်အား သံဆူးကြိုးများချ၍ ပိတ်ဆို့ထားရာ ဆန္ဒပြသူတစ်ချို.မှ ထိုပိတ်ဆို့မှုအားကျော်ဖြတ်ပြီး တရုတ်သံရုံးရှေ.သို့ ရောက်ရှိရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဒိုင်းများ၊နံပတ်တုတ်များ ကိုင်ဆောင်ထားသည့် ရဲများက လူတံတိုင်း သုံးထပ်အပြင် ရဲကားများဖြင့်ပါ လမ်းကိုပိတ်ဆို့ထားလိုက်သည်။

နိုင်ငံရေးတက်ကြွသူ ဒေါ်နော်အုန်းလှနှင့် ဆန္ဒပြသမားများက တရုတ်သံရုံးရှေ့သို့ သွားရောက်ဆန္ဒပြခွင့်ရရန် ထပ်မံတောင်းဆိုကြရာ ခွင့်ပြုချက်မရသဖြင့် ည ၇နာရီ ခန့်တွင် သေဆုံးသူ ဒေါ်ခင်ဝင်း အမှတ်တရ လွမ်းသူ့ပန်းခွေကို ရဲတပ်ဖွဲ့ဝင်များ ရှေ့တွင်ချိတ်ဆွဲ၍ ကမ္ဘာမကြေနိုင်ငံတော်သီချင်းကို ဖွင့်ကာ ငြိမ်သက်ဂုဏ်ပြုပြီး ဆန္ဒပြပွဲအခမ်းအနားကို အဆုံးသတ်ခဲ့ကြသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် တရုတ်နိုင်ငံပိုင်ဝမ်ပေါင်ကုမ္ဗဏီတို့ မုံရွာကြေးနီ သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်ရန် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဖြစ်သူဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်တို့ ၂၀၁၀ ဇွန်လတွင် စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၁၂ ခုနှစ်တွင်စ၍ လုပ်ငန်းများစတင်လုပ်ကိုင်ရာ စီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားသူများ၊ စီမံကိန်းတိုးချဲ.ရန် အစီအစဉ်ကြောင့် မြေယာဆုံးရှုံးမည့်အရေးကြုံနေရသော စီမံကိန်းအနီးရှိရွာများမှ ဒေသခံများက ဆန္ဒပြပွဲများပြုလုပ်ခဲ့ရာ အစိုးရက ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုဖြိုခွင်းမှုတွင် သံဃာတော် ၉၉ ပါးနှင့် လူ ၉ ဦးမီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုအချိန်မှစ၍ ဆန္ဒပြမှုများ လက်ပတောင်းဒေသတွင် အဆက်မပြတ်ဖြစ်ပေါ်နေရာ လွန်ခဲ့သည့်အပတ်က စီမံကိန်းတိုးချဲ.မှုကြောင့်မြေယာဆုံးရှုံးသူဒေသခံများနှင့် လုံခြုံရေးယူသော ရဲတပ်ဖွဲ.တို့ ထပ်မံပဋိပက္ခဖြစ်ပြီး ဒေါ်ခင်ဝင်းသေဆုံးကာ လူ ၁၀ ဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်စပ်ဆက်၍ ဆန္ဒပြမှုများလွန်ခဲ့သည့် အပတ်မှစ၍ မန္တလေး၊ ရန်ကုန်မြို.ကြီးများတွင် ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

===

(ဓာတ်ပုံများ-လင်းသစ်/Yangon Globe)
The Yangon Globe

ဟိုတုန်းက ‘မောင်မည်း’ ဆိုတဲ့ လူတစ် ယောက် ဗျိုင်းတစ်ကောင်ကို အရှင်မိလာသ တဲ့။ ဗျိုင်းပျိမက လွတ်မြောက်ရေးအတွက် သူ့လက်မောင်းကို ဆိတ်တော့ လက်မောင်း က ပေါက်ပြဲကုန်လို့ သွေးစိမ်းထွက်တယ်။

အိမ်ရောက်လို့ ချက်စားကြဖို့ အတွက် မောင်ဖြူက သတ်ဖို့ လုပ်တော့ မောင်မည်းက ‘ဒီဗျိုင်းမက ကျုပ်လက်မောင်းကို ဆိတ်ခဲ့တယ်၊ ဒီဗျိုင်းမ လုပ်တဲ့ မကောင်းမှုကံကို ဒီဗျိုင်းမ အရင်ခံစားသင့်တယ်’ လို့ ပြောပြီး အရှင် လတ်လတ် အမွေးကို တစ်တောင်ပြီးတစ် တောင် နုတ်ပစ်တယ်။ မောင်ဖြူက ဗျိုင်းရဲ့ ဒုက္ခကို မကြည့်ရက်တော့လို့ မောင်မည်းလက် ထဲကနေ လုယူပြီး သတ်လိုက်တယ်။

ဒီနေရာမှာ ဗျိုင်းမက မောင်မည်းရဲ့ လက် မောင်းကို ကိုက်တဲ့ အခန်းကနေ စပြောလို့ ဗျိုင်းပျိုမက ရန်စလို့ မောင်းမည်းက လက် တုံ့ပြန်ရတဲ့အခြေအနေပါလို့ ထင်မြင်စရာ ဖြစ် သွားတယ်။ မောင်မည်းက ဗျိုင်းပျိုမကို အ မွေးနုတ်ပစ်တာ လုပ်သင့်တယ်လို့ ယူဆသွား တယ်၊ ဗျိုင်းဆိုတာ လူတွေ စားရတဲ့ တိရစ္ဆာန် မို့ ဗျိုင်းကို သတ်စားတာ တရားမျှတတယ်လို့ ယူဆလို့ ရသွားတယ်။

အခု ကြေးနီစီမံကိန်းမှာ ရဲပစ်လို့ တောင် သူတစ်ယောက် ကျသွားတယ်။ ဒီတော့ တစ် နိုင်ငံလုံး ယူကျုံးမရ ဖြစ်ကုန်ကြတယ်။ ဒါပေ မဲ့ အချို့က ရဲအရိုက်ခံရပုံကို ပြပြီး ရဲက ခုခံ ရင်းနဲ့ တောင်သူတွေ ထိခိုက်မိကုန်ရတယ်လို့ ဆိုလိုပုံရတယ်။ တရုတ်နဲ့ဦးပိုင်က ခြံစည်းရိုး ကို ကာတဲ့အကြောင်း၊ ကျူးကျော်နေတဲ့အ ကြောင်းကို သူတို့ မပြောကြဘူး။ နောက်ပြီး ရဲကို စစ်တပ်က ကိုင်ထားတာကိုလည်း သူ တို့ မပြောကြဘူး။

လက်ပတောင်းစီမံကိန်းကို လုံခြုံရေးယူ ပေးနေတာက မုံရွာ-ယင်းမာပင်မှာ အခြေ စိုက်တဲ့ ရဲတပ်ရင်း ၂၈ ၊ ခုတော့ ရဲတပ်ရင်း တွေကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲလို့ နာမည်ပြောင်း ထားတယ်လို့ ဆိုပါတယ်။

ဒီတော့ ရဲဆိုပေမယ့် စစ်တပ်ပါပဲ။ ဒီစီမံ ကိန်းကိုလည်း တရုတ်နဲ့ ဦးပိုင်တို့က ပိုင်ဆိုင် ပါတယ်။ ဦးပိုင်ပိုင်တယ်ဆိုရင် စစ်တပ်ပိုင် တာပဲ။ စစ်တပ်က သူ့အကျိုးစီးပွားကိုပဲ ကာ ကွယ်နေတာ ဖြစ်တယ်။ သူ့အကျိုးစီးပွားကို ထိရင် သည်းမခံဘူးဆိုတာ ကိုပါကြီးကိစ္စ၊ အခုဒေါ်ခင်ဝင်းကိစ္စတို့က သက်သေပါပဲ။ နိုင် ငံတော်ဟာ နိုင်ငံတော်ရှိရေလေမြေထု အား လုံးကို ပိုင်စိုးတယ်လို့ စစ်တပ်အရာရှိတစ်ဦး က ပြောဖူးတယ်။ မယကဥက္ကဋ္ဌတစ်ဦးက ‘ခင် ဗျားတို့လယ်ကို ခင်ဗျားတို့ မပိုင်ဘူး၊ နိုင်ငံ တော်က ပိုင်တာ၊ ခင်ဗျားတို့က နိုင်ငံတော် ကနေ ခဏငှားပြီး လုပ်ရတာ၊ ခင်ဗျားတို့လယ် ကို အချိန်မရွေး ကျုပ်တို့ သိမ်းပစ်လို့ရတယ်’ လို့ လယ်သမားတစ်ဦးကို ပြောဖူးတယ်။

စစ်တပ်က အမှန်တကယ်လည်း သိမ်းပါ တယ်။ တောင်သူလယ်သမားတွေဟာ မိမိ တို့မှာ ရှိစုမဲ့စုမြေယာကလေးကို ကာကွယ်ဖို့ အသက်နဲ့ ရင်းပြီး ဆန္ဒပြကြရတယ်။ ဒါပေမဲ့ ဒီအချက်ကို စစ်အုပ်စုမီဒီယာတွေက အမှောင် ချထားတယ်။ ပြည်သူတို့က သူတို့ကို လေးခွ နဲ့ပစ်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စက်သေနတ်နဲ့ နဖူးတည့်တည့်ပစ်ရတာပါလို့ ဆင်ခြေပေးသလို ဖြစ်တယ်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်တိုက်ပွဲများကို လေ့လာကြည့်ရင် လည်း အရင်က မဲလစခန်းကို တက်သိမ်းတဲ့ တိုက်ပွဲတစ်ခုမှာ တပ်မတော်အရာရှိတစ်ဦးက ‘KNU က တပ်မတော်ကို ရန်စကျူးကျော် နေလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ အဲဒီစခန်းကို သိမ်းပိုက်ရကြောင်း ရေးပါတယ်။ တစ်ခါ မဲတဝေါကို သိမ်းတော့ လည်း သွေးနဲ့ ရင်းတဲ့မြေဆိုပြီး သူတို့အချင်းချင်း အမွှမ်းတင် နေကြတာပေါ့။ သူတစ်ပါး အိမ်ပေါ်ရောက် နေတဲ့ သူခိုးက ‘ငါ့ကို အနိုင်ကျင့်လို့ အိမ်ကို သိမ်းလိုက်ရတာပါ’လို့ ပြောသလိုဖြစ်နေပြီ။ အခု ကချင်ဘက်မှာ တပ်မတော်က ကိုယ့် ကိုယ်ကိုယ် ခုခံရုံပဲ ခုခံရတာဖြစ်ပြီး ကချင်က အနှောင့်အယှက်ပေးနေလို့ ဗိုလ်သင်တန်း ကျောင်းကို ခြောက်လှန့်ပစ်ရတာ ဖြစ်ကြောင်း ကြေညာပါတယ်။ စစ်တပ်မီဒီယာမှာ တာဝန် ထမ်း ဆောင်နေကြတဲ့ စစ် တပ်အရာရှိတွေဟာ မိုးလုံးပြည့်မုသားဝါဒကို နေ့စဉ်နဲ့အမျှ ရွာချပေး နေပါတယ်။

လူတစ်ယောက်က ဖက်ဒရယ်မူနဲ့ ဖက်ဒ ရယ်တပ်မတော်အကြောင်း မငြင်းနိုင်တဲ့အခါ ကျတော့ ‘ဖက်ဒရယ်မူ ကောင်းပါတယ်၊ တိုင်း ရင်းသားတွေ ခွဲထွက်ခဲ့ရင်လည်း ကောင်း မှာပဲ၊ ဒါပေမဲ့ တိုက်ယူပါလေ’ လို့ ပြောပါ တော့တယ်။ ‘ဒီစခန်းကို ငါတို့က အသက် သွေးချွေးနဲ့ တိုက်ယူထားကြရတာ ဖြစ်တယ်၊ ဒီစခန်းကို ငါတို့ ဆုံးရှုံးခံလို့ မဖြစ်ဘူး၊ ငါမ သေ ငါ့စခန်းမကျစေရ၊ ငါမသေ ငါ့လက်နက်မပါစေရ’ ဆိုပြီး ဆိုင်းပုဒ်ထောင်ကြတယ်။ ဒါပေမဲ့ ‘ငါ ဓားပြတိုက်ယူထားတာပဲ၊ ငါ ပြန် မပေးနိုင်ဘူး၊ မင်းတို့ရချင်ရင် ငါ့ကိုလာတိုက်ကြ’ လို့ မပြောပေမယ့် ပြောသကဲ့သို့ပါပဲ။

အင်အားကြီးသူ နိုင်စတမ်းဆိုတဲ့ ဝါဒ ဟာ တိရစ္ဆာန်ဝါဒသာ ဖြစ်တယ်။ အမျိုးသား ရေးအတွက် ဘာပဲလုပ်လုပ် တရားမျှတတယ် လို့ ပြောရင်လည်း ဒါဟာ ဖက်ဆစ်ဝါဒပါပဲ။ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို အဟန့်အတား ဖြစ်စေခဲ့ရင် အရေးယူဆောင်ရွက်ရမယ်လို့ သူရဦးရွှေမန်းက ပူပူနွေးနွေး ပြောထားပါတယ်။ ရွာတစ်ရွာမှာ ဓားပြတွေ ခဏခဏဝင်တိုက် နေရင် အဲဒီရွာက ဘယ်နည်းနဲ့ တည်ငြိမ်နိုင် မှာလဲ။ အသံတိတ်လေ ဓားပြတွေက ကြိုက် လေပဲပေါ့။ ဒါပေမဲ့ ရွာသားတွေက ဓားပြ တိုက်တယ်ဆိုရင် ဓားပြဗျို့၊ ဓားပြပါရှင့်လို့ အကူအညီ ရလိုရငြား အော်ကြရမှာပေါ့။ ဒီ လိုအော်လို့ ရွာသားတွေက တည်ငြိမ်ရေးကို ခြိမ်းခြောက်တယ်လို့ ပြောလို့ ရမလား။ ရွာ လယ်က ဓားပြအိမ်ကပဲ ဟီးလို့၊ ဒီ့ပြင်အိမ် တွေက စုတ်ပြတ်သတ်လို့ ဒါဟာ ဖွံ့ဖြိုးရေး မဟုတ်ဘူး။ တိုက်လို့ရသမျှ၊ ခိုးလို့ရသမျှကို ငွေဖြူလုပ်ပြီး ဓားပြစီးပွားရေး မအောင်မမြင် ဖြစ်မှာစိုးလို့ ဖွံ့ဖြိုးရေးကို အနှောင့်အယှက် လုပ်ရင် အရေးယူမယ်ဆိုခဲ့ရင် ဒီရပ်ဒီရွာဟာ ခိုးသားငါးရာတို့ ကြီးစိုးရာဒေသပဲ ဖြစ်ပါ တော့တယ်။ စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်းရေး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုး တက်ရေးလည်း ဘယ်တော့မှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး။

မကြာခင်က ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုတွေကို ညှာ ဖို့ ပြောရုံလေး ပဲရှိတယ်။ တကယ့်ကို အပြစ်ကြီးသလို ဖြစ်သွားတယ်။ စစ်တပ်နဲ့ ရဲက ကာချုပ်ရဲ့ ထိန်းချုပ်မှုအောက် မှာ ရှိနေတယ်။ စစ်တပ်နဲ့ ရဲက ဘာပဲလုပ်လုပ် ကာချုပ်မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ ဒါကို မပြောဝံ့ကြဘူး။ အင်အားကြီးလို့ ဘယ်သူ့ကို မှ ဂရုစိုက်စရာမလိုပါဘူးလို့ သဘောထားပြီး ကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့ ဒီနိုင်ငံမှာ ကြီး သူကိုလေးစား ငယ်သူကို သနားစေလိုတဲ့ ပုဂ္ဂိုလ်များ အတွက်တော့ မဟာအပြစ်တစ်ခု ကို ကျူးလွန်မိသလို ဖြစ်သွားတယ်။ ဒီလို သဘောထားခံရတယ်ဆိုကတည်းက ဒီဒေ သဟာ ဗုဒ္ဓသာသနာတော် အမှန် တကယ် မထွန်းကားဘူးလို့ ဆိုနိုင်ပါတယ်။ ဗြဟ္မစိုရ် တရား ခေါင်းပါးနေ တယ်လို့ ဆိုနိုင်ပါတယ်။

ဗြဟ္မစိုရ်တရား ၄ ပါးဆိုတာ အများသိပြီး ဖြစ်တဲ့အတိုင်း မြတ်သော နေခြင်းပါ။
- မေတ္တာ - ချစ်ခြင်း၊
- ကရုဏာ - သနားခြင်း၊
- မုဒိတာ - ဝမ်းမြောက်ခြင်း၊
- ဥပေက္ခာ - လျစ်လျူရှုခြင်း တို့ပါပဲ။

ပါဠိလို

၁။ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။ (မေတ္တာ)

၂။ ဒုက္ခာ မုစ္စန္တု။ (ကရုဏာ)

၃။ ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု။(မုဒိတာ)

၎။ကမ္မဿကာ။ (ဥပေက္ခာ) တို့ဖြစ်တယ်။

ပါဠိကို မြန်မာပြန်ရင်

၁။ ဘေးရန် ကင်းကြပါစေ၊ ဒေါမနဿ ကင်းကွာ စိတ်ချမ်းသာကြပါစေ၊ ဒုက္ခကင်း ကွာ ကိုယ် ချမ်းသာကြပါစေ၊ ချမ်းသာခြင်းရှိ၍ မိမိကိုယ်ကို အသက်ရှည်အောင် ဆောင်ရွက် နိုင်ကြ ပါစေ။ (တောင်မြို့ဆရာတော်ထံမှယူ)

၂။ ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။

၃။ ရရှိနေသော စည်းစိမ်ချမ်းသာမှ လက် မလွတ်ရဘဲ ဆတက်ထမ်းပိုး တိုး၍ ကြီးပွား ကြပါစေ။

၎။ ကောင်းလည်း သူ့ကံ၊ ဆိုးလည်း သူ့ ကံ သူ့ကံအလျောက် လျှောက်လှမ်းနိုင်ကြ ပါစေလို့ အဓိပ္ပာယ်ရပါတယ်။

လက်ရှိ အခြေအနေမှာ -

၁။ တိုင်းပြည်တစ်ခုမှာ အစိုးရကို ပြည်သူ တို့ ချစ်မယ်၊ အစိုးရကလည်း ပြည်သူတို့ကို ချစ်မယ်ဆိုရင် ဒါဟာ မေတ္တာထွန်းကားတဲ့ တိုင်းပြည်ပဲပေါ့။ တိုင်းပြည်ခေါင်းဆောင် တစ် ယောက်ဆိုတာ အာဏာကို ရထားလို့ ခေါ်ရ မှာ မဟုတ်ဘဲ ပြည်သူတို့ရဲ့ ချစ်ခြင်းကို ရရှိမှ ပဲ တိုင်းပြည်ခေါင်းဆောင်လို့ ပြောရမှာပါ။ ပြည်သူအများစု ချစ်ခင်ကြတဲ့ ခေါင်းဆောင် တစ်ယောက် က တိုင်းပြည်ခေါင်းဆောင် ဖြစ် လာတဲ့အခါမှာ ပြည်သူတို့ကို ဦးဆောင်နိုင်သူ မို့ ပြည်သူအချင်းချင်းကြားမှာ ချစ်ခြင်းတရား တိုးပွားပြီသား ဖြစ်မှာပါ။

၂။ မေတ္တာတရား လွှမ်းမိုးတဲ့နေရာမှာ ကရုဏာတရား ထွန်းကားဖို့ မခက်ပါဘူး။ ဥပမာပေါ့။ အစိုးရကောင်းတစ်ရပ်ဆိုရင် ပြည် သူတို့ရဲ့အသက်ကို ရန်ရှာဖို့မပြောနဲ့၊ စစ်တပ် နှိပ်စက် ခဲ့လို့ ကျောမွဲနေတဲ့ ပြည်သူတို့ဆီက လယ်မြေ၊ ယာမြေကို သိမ်းယူဖို့ မပြောနဲ့၊ ကျေးရွာများကို ဖျက်ဆီးပြီး နေစရာမရှိအောင် လုပ်မှာကို မပြောနဲ့။ တောင်းစားနေတဲ့ မိမိ ပြည်သူ တစ်ယောက် ကို မြင်ရရင်တောင် ထ မင်းစားဝင်မှာ မဟုတ်ဘူး။ ကရုဏာတရား ကြီးလွန်းလို့ပေါ့။

၃။ မေတ္တာတရားလည်း ထွန်းကားတယ်၊ ကရုဏာတရားလည်း ထွန်းကားတယ်ဆိုရင် လူ တစ်ယောက် ကြီးပွားတိုးတက်လာတဲ့အခါ မနာလိုစရာ မရှိပါဘူး။ အချို့ကျတော့ ဒီစိတ် မျိုး မထားနိုင်ပါဘူး။ လူ တစ်ဦးချင်းအရလည်း မနာလို ဖြစ်တတ်ကြပါ တယ်။ ဆင်းရဲဖူးသူကို အမြဲတမ်း ဆင်းရဲနေ စေချင်တယ်။ ကိုယ့်ထက် သာသွားမှာကို အ ရမ်းကြောက်ပါတယ်။ ဒါဟာ မုဒိတာတရား ခေါင်းပါးနေလို့ပေါ့။ သူ့ကို ထောက်ခံလို့ မနာလိုဖြစ်ပြီး သူ နာမည် ပျက်အောင် ပြော မယ်၊ ဝါဒဖြန့်မယ်၊ လုပ်ကြံမယ်ဆိုရင် ဒါဟာ မုဒိတာ မရှိတာပဲ။ အဆင့်မြင့်မြင့် စိတ်ထား မရှိလို့ပါပဲ။ ဗြဟ္မစိုရ်တရား အဆင့်မြတ်တဲ့ တရားက ကိုယ့်မှာမရှိတာပဲ။

(၄) မေတ္တာ၊ ကရုဏာ၊ မုဒိတာ အား ကောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဥပေက္ခာ ပါရမီ ကို ဖြည့် ကျင့်ဖို့ လည်း ဘယ်ခက်ပါ့မလဲ။ ဆရာဝန်ဆို ရင် လူနာတစ်ယောက် ကို ချစ်တဲ့ စိတ်နဲ့၊ သ နားတဲ့ စိတ်နဲ့ ကုသပေးမယ်၊ သူ သက်သာ လာတာ ကို မြင် ရလို့ ဝမ်းသာမယ်၊ တကယ် လို့ ဘယ်နည်းနဲ့မျှ ကုလို့ မရတော့ဘူး ဆိုခဲ့ရင် မရတော့ကြောင်း အသိပေးမယ်။ နောက် လူနာတွေ ကို ဆက်ပြီး ဝတ္တရား မပျက် ဆောင် ရွက်ပေးမှာ ဖြစ်တယ်။ လူတစ်ယောက်ကို မုန်း တီးလို့ ဒီကောင် ကို ဥပေက္ခာပြုလိုက်ပြီဆိုခဲ့ ရင် ဥပေက္ခာမဟုတ်ဘူး။ မုံရွာက ဆေးရုံဝန်ထမ်းတွေ က ရဲက သေနတ်နဲ့ ပစ်လို့ ဒဏ်ရာ နဲ့ရောက်လာ သူကို လက်မခံဘူးဆိုပဲ။ ဒါဟာ စိတ်ထားက အင်မတန်မှ နိမ့်ကျပါတယ်။

၁။ ပြည်သူတို့ကို သတ်တယ်ဆိုတာ ပြည် သူတို့ကို မချစ်လို့ပေါ့။

၂။ ပြည်သူတို့မြေကို သိမ်း၊ စစ်ပွဲတွေကို ဖန်တီး၊ ဒဏ်ရာရလို့ ဆေးရုံတက်ခွင့်မရအောင် လုပ်တာဟာ ကရုဏာမရှိလို့ပေါ့။

၃။ နိုင်ငံမှာ ဘယ်သူနဲ့မှ အာဏာကို မခွဲ ပေးဘူး၊ စစ်တပ်မှာပဲ ထားမယ်၊ စစ်တပ်စကား ကိုပဲ နားထောင်ရမယ်ဆိုရင် မုဒိတာမဲ့နေတာ ပဲပေါ့။

၎။ ပါတီတွေကိုလည်း ချုပ်ချယ်ချင်တယ်၊ တိုင်းရင်းသားတွေကိုလည်း ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် မပေးချင်ဘူးဆိုရင် ဒါဟာ ဥပေက္ခာ မပြု နိုင်လို့ပဲပေါ့။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဗြဟ္မစိုရ်တရား ခေါင်းပါးနေတယ်လို့ပြောချင်တယ်။ ဗြဟ္မစိုရ် တရားခေါင်းပါးအောင် လုပ်နေတာက ဘယ် သူတွေလဲ ဆိုတာ မေး စရာမလိုပါဘူး။ ဗြဟ္မစိုရ် တရား ကင်းမဲ့နေလို့ လူမပြောနဲ့ ဗျိုင်းတစ် ကောင်တောင် တရားမျှတမှုကို ရမသွားရှာ ပါဘူး။ ဗြဟ္မစိုရ်တရား မထွန်းကားအောင် လုပ်နေတဲ့ အဖွဲ့အစည်းမှာ ဗုဒ္ဓသာသနာ လည်း မထွန်း ကားနိုင် ပါဘူး။ ဗုဒ္ဓသာသနာ မထွန်းကားအောင် လုပ်နေတဲ့ အဖွဲ့အစည်းနဲ့ ပေါင်းရင် ဗုဒ္ဓသာသနာကို တည်တံ့ထွန်းကား အောင် ဘယ်နည်း နဲ့မျှ လုပ်နိုင်မှာမဟုတ်ဘူး။ ကိုယ်ကျင့် တရားအရ ချွတ်ခြုံကျနေပါပြီ။

ကာလုံ၊ သမ္မတတစ်နေရာ၊ ဝန်ကြီး ၃ နေရာ၊ တစ်မတ်သားကို ရယူထားပြီး စစ် တပ်ချစ်ရင် မင်းတို့ သက်သာမယ်၊ စစ်တပ် မုန်းရင် မင်းတို့ ခံရမယ်စိတ်ထား မျိုးကို ထား ရှိနေတယ်။ ပုဒ်မ ၄၃၆ ကို ပြင်၊ ပုဒ်မ ၅၉ (စ)ကို ပြင်။ ဒါတွေ ကို ပြင်ပြီး လွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲကို မလုပ်ဝံ့တာလည်းဥပေက္ခာ တရား မရှိလို့ပေါ့။ ပင်လုံစာချုပ်အရ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိသင့်တဲ့ တိုင်းရင်းသားတွေကို ပြည်နယ်ပေးလည်း အာဏာမရှိ၊ အခု ဖက်ဒရယ်ပေး မယ်ဆိုလည်း အတုဖြစ်ဖို့များဆိုတော့ ဒါဟာလည်း တိုင်းရင်းသားတွေကို ရန်သူလို့ သတ်မှတ်ပြီး ဥပေက္ခာ မထားနိုင်လို့ပေါ့။

ဒါကြောင့်လည်း ပြည်သူတို့က အတိဒုက္ခ ရောက်နေကြ ရရှာ ပါတယ်။ ဗြဟ္မစိုရ်တရား မထွန်းကားခဲ့ရင် ဒီပြည်ထောင်စုကြီးက ဘယ် နည်းနဲ့ မျှ တိုးတက်မှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေးပါတီ များနဲ့ အဖွဲ့အစည်းများ ဟာ ကြေးနီစီမံကိန်း ကို ဆန့်ကျင်ပြီး ပြည်သူ တို့ဘက် ကနေ ရပ်တည်ကြောင်း အတိအလည်း ကြေညာသင့် ပါတယ်။ အဖိနှိပ်ခံပြည်သူတို့ ဘက်ကနေ ဗြဟ္မ စိုရ်တရား လက်ကိုင်ထားတဲ့ ခေါင်းဆောင် တွေ၊ အဖွဲ့အစည်းတွေ ရှိသေးကြောင်း ပြသ ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဝိက(မုဒုံ)

The Ladies News Journal


မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူ အများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ်ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရ တာဖြစ်တယ်လို့ ၀မ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ကွယ်က စည်းရုံးသွေးထိုးပေးနေသူတွေဟာ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြသူတွေ အတွက် နေ့တွက်စရိတ် ငွေ ၈ ထောင် ထုတ်ပေး တာတွေလည်းရှိတယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမန်နေဂျာ မစ္စတာ ၀မ်ရင်ဖီးက RFA ကို ပြောပါတယ်။

"အဓိကအကြောင်းရင်းကျတော့ သူတို့နောက်မှာ စည်းရုံးတဲ့လူရှိတယ်၊ နိုင်ငံရေးသမားတွေ အဖွဲ့အစည်းတွေလာပြီးတော့ စည်းရုံးတယ်၊ သွေးထိုးတယ်၊ အဲ့ဒါကြောင့် သူတို့အမြဲတမ်း ဆန္ဒလာပြတာ၊ အများစုက ကျနော်တို့ စီမံကိန်းကိုလက်ခံတယ်၊ ကျနော်တို့လည်း ပေးထားတဲ့ ဒီပေါ်လစီတွေကို သူတို့က အကုန်လုံးသဘောကျတယ်လေ၊ မြေယာထောက်ပံ့ကြေးတို့ အလုပ်အကိုင်ထောက်ပံ့ကြေးတို့၊ အဓိက အကြောင်းရင်းက သူတို့က ဒီဟာနောက်က ကြိုးဆွဲတဲ့လူရှိလို့၊ စည်းရုံးတဲ့လူရှိလို့ အဲ့လိုဖြစ်တာပါ၊ သူတို့က ဆန္ဒပြတဲ့အခါကျရင် ဓါတ်ပုံရိုက်ထားတယ်လေ၊ အစိုးရလည်း ဓါတ်ပုံရိုက်ထားတာပဲ၊ ပဋိပက္ခဖြစ်တဲ့အခါ ကျလို့ရှိရင်လည်း သူတို့ပိုက်ဆံပေးတယ်လို့ပြောတယ်၊ ဝမ်ပေါင်ဝန်ထမ်း ခြံစည်းရိုးခတ်တဲ့အခါကျလို့ရှိရင် သူတို့ဝိုင်းပြီးတော့ ဆန္ဒပြမယ်ဆိုရင် ကျနော်တို့သတင်းရတာ တစ်ယောက်ကို ရှစ်ထောင်ပေးမယ်တဲ့၊ အဲ့လိုမျိုးတွေလုပ်တာရှိတယ်"

လက်ပံတောင်းဒေသ ဆည်တဲကျေးရွာသူ မ၀င်းဝင်းဌေးကတော့ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြတာဟာ လယ်ယာမြေတွေကို ကာကွယ်ဖို့သာဖြစ်ပြီး၊ နေ့တွက်စားရိတ်မရရှိဘူးကြောင်း ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းရုပ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိပေမဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် စီမံကိန်းရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လျော်ကြေးမယူတဲ့ လယ်ယာမြေတွေပေါ်မှာ ခြံစည်းရိုးခတ်နေတာဟာလည်း ငှားရမ်းထားတဲ့ ဧက ၆၇၀၀ ပေါ်မှာ တရားဝင်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာသာဖြစ်ကြောင်း၊ ဖျက်ဆီးခံရတဲ့ သီးနှံတွေအတွက်လည်း လျော်ကြေးပေးအပ်သွားမှာဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးချင်တာကြောင့် ခြံစည်းရိုးကိုဖြိုဖျက်တာလို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"တုံ တို့၊ ဆည်တည်းတို့၊ မိုးကြိုးပြင်ရွာဒေသခံတွေက အဓိက ညီမတို့လျော်ကြေးလုံးဝယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေကို ညီမတို့ပြန်လည်ထွန်ချင်တယ်၊ ကိုယ့်လယ်ယာမြေမှာကိုယ် ပြန်လိုချင်တယ်ပေါ့၊ အဲ့ဒီအတွက် သွပ်ဆူးကြိုးတွေချပြီးတော့ ညီမတို့ဘာသာညီမတို့ တုတ်၊ ဓါးလက်နတ်မပါဘူး ညီမဘာသာညီမတို့ရအောင်ဖြိုတယ်၊ ရဲအင်အား ၂ဝဝ၊ ၃ဝဝ လောက်က မြေစာပုံကို အကာအကွယ်ယူပြီးတော့ ဒေသခံတွေကိုလောလောဆယ် သေနတ်တွေနဲ့ချိန်ထားတယ်ပေါ့၊ အခုလက်ရှိအခြေအနေမှာ ညီမတို့က ကိုယ့်လယ်ယာမြေမှာကိုယ်ရရှိဖို့အတွက် သပိတ်စခန်းချပြီးတော့ ညအထိ ကျမတို့ သပိတ်စခန်းဖွင့်ဖို့ အစီအစဉ်ရှိပါတယ်"

ဆည်တဲ၊ တုံရွာ နဲ့ မိုးကြိုးပြင်ရွာက ဒေသခံတွေက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့၊ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဖော်ထုတ်အရေးယူပေးဖို့၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြကြ တာဖြစ်ပါတယ်။ ဆည်တဲရွာမြောက်ဘက် လယ်ကွင်းထဲမှာ သပိတ်စခန်းဖွင့်ဘို့ ဆုံးဖြတ် လိုက်တယ်လို့ လက်ပံတောင်းတောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီကျော်မကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း နေရာသုံးခုမှာ ဆန္ဒပြကြရာမှာ ဆည်တဲရွာမြောက်ဘက် ၀မ်ပေါင်ကုမ္ပဏီကကာထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဆွဲခွာပြီး အတွင်းကိုဝင်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ခဲ့ပါတယ်။ သေနတ်သံကြားရတဲ့ အတွက် တခြားနေရာတွေမှာ ဆန္ဒပြသူတွေပါ ဆည်တဲရွာအနီးကို စုရုံးရောက်ရှိလာပြီး ခြံစည်းရိုးအတွင်းဝင်ပြီး ထိုင်သပိတ်မှောက်ကြတယ်လို့ ဆည်တဲရွာက ကျောင်းထိုင်ဆရာတော် ဦးအာလောက ကမိန့်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သပိတ်မှောက်သူတွေနဲ့ ပေ ၃၀ အကွာလောက်မှာပဲရှိနေကြပြီး ဒိုင်းကာရဲတစ်ယောက် သေနတ်ကိုင်ရဲတစ်ဦး စသဖြင့် ၂ ဦးတစ်တွဲစီနေရာယူထားတယ်လို့ ဆိုပါတယ်။ စုစုပေါင်း လုံထိန်း တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိပြီး သပိတ်မှောက်သူအင်အား ၄၀၀ ကျော်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ညနေပိုင်းမှာ လုံထိန်တပ်ဖွဲ့တွေအပြင် ၀မ်ပေါင်ကုမ္ပဏီ လုံခြုံရေးတွေ ထပ်မံရောက်ရှိလာပြီး ဆန္ဒပြသူတွေကို ၀ိုင်းတဲ့ပုံစံမျိုး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့မှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

RFA Burmese



ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ လက်ပံတောင်းအရေး ဆန္ဒပြသူတွေက အတားအဆီးတွေကို ဖြတ်ကျော်စဉ် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံ 29/12/2014
(ရိုက်ကူး - ကျော်ဇေယျာဝင်း) DVB TV News

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခဧရိယာမှာ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတူးဖော်ကာရံထားတဲ့မြင်ကွင်း

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီကနေ လက်ပံတောင်းတောင် ကြေနီးစီမံကိန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခြံစည်းရိုးခတ်ခဲ့တာကို ဆန့်ကျင်ပြီး ဒေသခံတွေက အဲဒီ သံဆူးကြိုးတွေကို ဒီကနေ့ ဖယ်ရှားခဲ့တာကြောင့် လက်ပံတောင်းတောင်မှာ တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။ တချိန်တည်းမှာ လက်ပံတောင်းတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရန်ကုန်မှာလည်းဖြစ်နေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းမှာ ဒေသခံတွေက နစ်နာကြေးယူမထားတဲ့လယ်ယာမြေတွေကို သိမ်းယူပြီး ခြံစည်းရိုးခတ်နေတာကြောင့် အခြေအနေ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ရက်ကတော့ အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်ခတ်မှုအတွင်း လူတစ်ဦးသေဆုံးပြီး နှစ်ဘက်စလုံးမှာ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့တာပါ။

စနေနေ့ကစပြီး လယ်ယာမြေ ပြန်ရရေးအတွက် ခြံစည်းရိုးကာရံထားတဲ့နဘေးမှာ ဆန္ဒပြခဲ့ပြီး တနင်္လာနေ့မှာတော့ ခြံစည်းရိုးတွေဖျက်ပြီး လယ်ယာမြေတွေ ရှိရာကို ပြန်သွားနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့အကြောင်း တောင်သူတစ်ဦးက ပြောပါတယ်။

“သူတို့ကတော့ ရဲတွေကို ကာဗာယူပြီးတော့ ဂျောက်တွေရော တူးထားပါတယ်။ ဟုတ်ကဲ့၊ အတွင်းထဲကကျတော့ တိရစ္ဆာန်တွေကူးလို့မရအောင် မြောင်းကြီးတွေ ဂျောက်ကြီးတွေ တူးထားတာပါ။ ဝင်လို့မရအောင် ခြံစည်းရိုးကတထပ်၊ ခြံစည်းရိုးအတွင်းထဲမှာ ဂျောက်ကတထပ်၊ အဲဒီအပေါ်မှာ မြေစာကိုမှ အဲလိုမျိုး--ပုံစံတထပ်တင်ထားတာကတထပ်။ သုံးထပ်ကာထားတာ။ ကျမတို့က အခုလောလောဆယ် ခြံစည်းရိုးကိုပဲ ဖြုတ်လို့ရသေးတာ။ သေနတ်သုံးချက်ဖောက်ပါတယ်။ ရဲတွေရော၊ လုံခြုံရေးတွေရော အင်အားကတော့ အများကြီးပဲ၊ သူတို့က ဒိုင်းကာသေးတယ်။ နောက်ပြီးတော့ သူတို့က မြေစာပုံတွေဘက်ကနေ ကာထားတာဆိုတော့ အဲဒီဘက်မှာလုံခြုံရေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်လို့မရပါဘူး။ ရွာမှာရှိတဲ့သူတွေအားလုံးက ထွက်လာလိုက်တော့ အင်အားက တော်တော်လေးများတယ်။”

တောင်သူတွေအနေနဲ့ အခုလို မြေယာတွေပြန်လည်ရရှိရေး ကြိုးစားနေတာ သိပ်တော့ လွယ်ကူမှုမရှိကြောင်း သိရပါတယ်။ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားရာမှာ သံဆူးကြိုးနောက်မှာလည်း ကတုတ်ကျင်းလိုမျိုး မြောင်းတွေ တူးထားပြီး မြေကြီးတွေကိုလည်း မြောင်းတွေရှေ့မှာ စုံပုံထားပါတယ်။ ဒါကြောင့် ရဲအင်အားနဲ့လက်နက်ကိုင်တွေ ဘယ်လောက်အထိ ရှိနေသလဲ၊ ဘယ်နေရာကနေ သေနတ်နဲ့ပစ်နေသလဲဆိုတာ ခန့်မှန်းဖို့ခက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သူတို့ရဲ့ ဒီကနေ့ ဆန္ဒပြတောင်းဆိုချက်က ကြေးနီစီမံကိန်းဖျက်သိမ်းရေးအပါအဝင် မြေယာတွေ ပြန်ရရေး ဖြစ်တဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောပြပါတယ်။

“ဒီနေ့တောင်းဆိုချက်က - လက်ပံတောင်းတောင်း ကြေးနီ စီမံကိန်းလုံးဝဖျက်သိမ်းရေး၊ လျော်ကြေးမယူသောလယ်ယာမြေများပေါ်မှာ ခြံစည်းရိုးများ ဖယ်ရှားပေးရေး၊ ဒေသခံများကို ဥပဒေမဲ့သတ်ဖြတ်နေတဲ့ ဦးပိုင်-ဝမ်ပေါင် ကုမ္ပဏီ ငါတို့နေရာက ထွက်သွားဖို့အရေး။ ဒေသခံများကို ဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်နေသော တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးဖို့အရေး၊ လူသတ်တရားခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သာအေး နုတ်ထွက်ပေးဖို့အရေး။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့အရေး…”

ဝမ်ပေါင်ကုမ္ပဏီခြံစည်းရိုးခတ်ထားတဲ့နေရာမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့သီးနှံတွေရှိနေတာကြောင့် ခြံစည်းရိုးတွေကို ဖယ်ရှားနေရတာဖြစ်တယ်လို့ လက်ပံတောင်းတောင်က ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“ဒီဒေသမှာ မတရားခြံစည်းရိုးအခတ်ခံရတဲ့ လူထုက - အဲဒီအတွက်မို့လို့ ဒီ ဒေသခံတောင်သူတွေကနေပြီး ပဲစင်းငုံတွေ၊ ပြောင်းတွေ ရိတ်ဖို့ရာအတွက် ခြံစည်းရိုးတွေဖျက်ပြီးတော့ လုပ်ကြတယ်ပေါ့နော်၊ အဲဒီအတွက်မို့လို့ အခု သေနတ်တွေဖောက်ပြီးတော့ သူတို့ကနေပြီးတော့ ပစ်ခတ်တဲ့အဆင့်အထိ ပြန်ပြီးတော့ ဖြစ်လာခဲ့တာ။”

ဆက်ပြီး အခြေအနေတင်းမာနေတဲ့ လက်ပံတောင်းအခြေအနေနဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင် ရဲစခန်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာ အဲဒီသတင်း ရောက်မလာသေးဘူးလို့ ပြောပါတယ်။

“ယင်းမာပင်ခရိုင်၊ ခရိုင်တော့ ဟုတ်တယ်ခင်ဗျ။ မြို့နယ်ကျတော့ ဆားလင်းကြီးမြို့နယ်ဘက်ရောက်သွားတယ်။ အဲဒီသတင်းက ကျနော်တို့ အပိုင်နယ်လည်း မဟုတ်တော့ ဒီမှာတော့ ချက်ခြင်းရောက်မလာဘူးခင်ဗျ။”

ရန်ကုန်မြို့မှာောတ့ အင်အား ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေက မြို့တော်ခန်းမရှေ့မှာစုရုံးပြီး ကြေးနီးစီမံကိန်းဖျက်သိမ်းပေးဖို့နဲ့ လူထုကို အကြမ်းဖက်နေတာတွေရပ်ဖို့ ဆန္ဒပြတောင်းဆိုနေသလို မကြာခင်မှာပဲ တရုတ်သံရုံးဘက်ကို ချီတက်ဆန္ဒပြမယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ဆန္ဒပြတဲ့အကြောင်းရင်းကတော့ ကျနော်တို့ ပြည်သူပေါ့ဗျာ။ ပြည်သူအသတ်ခံရလို့ ပြည်သူတွေကနေပြီးတော့ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ လုပ်ကြတယ်လို့ ပြောရမှာပေါ့နော်။ အင်အားကတော့ ၈၀၀ လောက်တော့ ရှိမယ်ထင်တယ်ခင်ဗျ။ လူသတ်စီမံကိန်း ချက်ခြင်းရပ် - ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးဆိုပြီးတော့လည်း Slogan တွေတင်ထားပါတယ်ခင်ဗျ။”

သုံးနှစ်ဝန်းကျင် ကြာလာတဲ့အထိ မကြာခနဆိုသလို တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ အစိုးရက တိတိကျကျ တာဝန်ယူ ဖြေရှင်းမပေးတဲ့အပေါ်မှာ ပြီးခဲ့တဲ့ရက်ကပဲ အရပ်ဖက်အဖွဲ့အစည်း (၄၀၀) ကျော်ပါဝင်တဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မဟာမိတ်အဖွဲ့ က ဝေဖန်ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ တရုတ်နိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာစစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာအစိုးရတို့က အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခတွေကို အကြမ်းဖက် ဖြေရှင်းခဲ့မှုအပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စိုးရိမ်တဲ့အကြောင်းနဲ့ အမေရိကန်နိုင်ငံ ကတော့ သေဆုံးမှုအထိ ဖြစ်ရတဲ့ လက်ပံတောင်းပစ်ခတ်မှုနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ ပြောထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဝေဖန်နေကြတာပါ။

မြန်မာအစိုးရကတော့ ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်တာကို နှောင့်ယှက်တားဆီးမှုတွေကြောင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်တဲ့ ၁၂ ဗို့နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်တဝှမ်းမှာ လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ မန္တလေး၊ မြင်းခြံ၊ ရန်ကုန်၊ ပြည် စတဲ့နေရာတွေမှာ ဆန္ဒပြခဲ့ကြသလို ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတကာမှာလည်း ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြ ကန့်ကွက်နေကြပါတယ်။

VOA


အဲအေးရှား လေယာဉ် ပျောက်ရှာဖွေရေး အင်ဒိုနီးရှား အဖွဲ့ ခေါင်းဆောင်က လေယာဉ်ဟာ ပျောက်ဆုံး သွားတဲ့ နေရာရဲ့ ပင်လယ်ကြမ်းပြင်အောက် ရောက်နေဖို့ များတယ်လို့ ဒီနေ့ မနက်ပိုင်းက ထုတ်ဖော် ပြောဆိုပါတယ်။

လေယာဉ်ရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ရေဒါအချက်အလက်တွေ၊ လေယာဉ်ပျံသန်းတဲ့ လမ်းကြောင်းနဲ့ အချိန်တွေကို တွက်ချက်မှုတွေအရ လေယာဉ်ဟာ ပင်လယ်ကြမ်းပြင်မှာ ရောက်ရှိနေတာ ဖြစ်နိုင်တယ်။

AirAsiaဒါကြောင့် ရေအောက်ရှာဖွေရေး လုပ်ငန်းတွေ အတွက် တခြားနိုင်ငံတွေရဲ့ အကူအညီတွေ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။ အခုချိန်အထိတော့ လေယာဉ်ဟာ ဘယ်ရောက်နေ တယ်ဆိုတာကို ရှာဖွေရေးတွေ မသိကြသေးပါဘူး။

ပျောက်ဆုံးနေတဲ့ အဲအေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အစောဆုံး ပြန်စခဲ့ကြပါတယ်။

လေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ရာသီဥတု ဆိုးဝါးလို့ လေယာဉ်လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့အပြီးမှာပဲ လေယာဉ်က ရေဒါက ပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ညက လေယာဉ်ရှာဖွေမှု လုပ်ငန်းအများစုကို ရပ်ဆိုင်းခဲ့ပေမယ့် သင်္ဘောတချို့တော့ ဆက်လက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး အာဏာပိုင်ကတော့ လေယာဉ်ပျောက်ရှာဖွေရေး အတွက် တတ်နိုင်သမျှ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရှာဖွေရေးသင်္ဘော ၁၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ လေတပ်လေယာဉ် ၅ စီးနဲ့ ရှာဖွေနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။

စင်ကာပူနဲ့ မလေးရှားနိုင်ငံကလည်း C-130 လေယာဉ်တစီးစီ၊ သင်္ဘော ၃ စီးနဲ့ ကူညီ ရှာဖွေဖို့ ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75389


စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်ရွာ တွေက လယ်သိမ်းခံ တောင်သူတွေ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လည်က ဆန္ဒ ထုတ်ဖော်နေကြပါတယ်။

ဆည်တည်းကျေးရွာမှာ ဒီဇင်ဘာ ၂၂၊ ၂၃နဲ့ ၂၄ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံ ထားတာတွေကို ဒီနေ့မှာ ပြန်လည်ချိုးဖျက်ခဲ့တဲ့ အတွက် နှစ်ဖက်တင်းမာမှုတွေ ရှိနေပါတယ်။

ဆည်တည်းကျေးရွာမှာတော့ ရွာသူရွာသား အင်အား ၁၀၀ ဝန်းကျင် ဆန္ဒ ထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။

လုံခြုံရေးဘက်ကနေ သတိပေး မိုးပေါ်ထောင် ၃ ချက် ပစ်ခတ်မှု ရှိခဲ့ပါတယ်။ ဆည်တည်းရွာ မြောက်ဘက်ရှိ ခြံစည်းရိုး ပေ ၅၀၀ ခန့်ကို ဒေသခံတွေက ဖယ်ရှားပြီး အဲဒီ့နရာမှာ သပိတ်စခန်းဖွင့်လှစ်လိုက်ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75442


၂၀၁၄ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က သာကေတမြို့နယ် ၂- ရပ်ကွက်၊ ဇင်ကမ္မလမ်းရှိ အထွေထွေ ရောဂါကု ဆရာဝန်တဦး နေအိမ်၌အသတ် ခံရသည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

အဆိုပါရပ်ကွက်နေ ဆယ်အိမ်မှူး ဖြစ်သူ ဦးအောင်စိုးက ''ဆေးခန်းနဲ့ အိမ် တခုတည်းဖွင့်ရင်း ၁၀ နာရီကျော်ထိ မဖွင့် သေးလို့ မသင်္ကာလို့ ၀င်ကြည့်ရင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရတာပါ။ ဦးခေါင်းတခြမ်းကြေမွပြီး မျက်လုံးတဖက်ပျက်စီးနေတာ တွေ့ရတယ်''ဟု News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

နေအိမ်တွင် အသတ်ခံရသူ ဒေါက်တာဦးကြည်ဝင်းသည် အသက် ၅၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ပတ်ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်သူဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
''သူက အထွေထွေရောဂါကု ဆရာဝန်ဖြစ်ပေမယ့် ကာလသားရောဂါကတော့ စပါယ်ရှယ်လစ်ပဲ။ သူနေပုံထိုင်ပုံက နည်းနည်းတော့နွဲ့တယ်''ဟု ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

အဆိုပါ ဆရာဝန်သည် ကူးစက်ရောဂါ ပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်နေသူဖြစ်ပြီး ၎င်းနှင့်ခင်မင်ရင်းနှီးသူအများစုသည် အသက် ၁၆ နှစ်အောက် လူငယ်များသာဖြစ်သည်ဟု ဆိုသည်။
ရုပ်အလောင်းအား တွေ့ရှိချိန်၌ ခန္ဓာကိုယ်မမှာ ပူနွေးလျက်ရှိဆဲဖြစ်ပြီး မီးပူနှင့် ထုသတ်ခံရဖွယ်ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
''သူ့ရုပ်အလောင်းကိုတွေ့တော့ လက်စွပ်တွေ ဘာတွေ ရှိသေးတယ်။ ပစ္စည်းလုတာ မဖြစ်နိုင်ဘူး။ သေဆုံးနေတဲ့အချိန် ကိုယ်ပေါ်မှာ အ၀တ်အစားတွေ မရှိဘူး''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆရာဝန်၏ နေအိမ်ဆေးခန်းသည် လာရောက်ပြသသည့် လူများဖြင့် စည်ကားနေလေ့ရှိပြီး တံခါးအား အပြင်ထွက်ချိန်မှလွဲ၍ သောခတ်ထားမှုမရှိဟု ဒေသခံများက ပြောသည်။ အခင်းဖြစ်ပွားသည့်အချိန်က တံခါးကစေ့ထားပြီး ဆေးခန်းဖွင့်ချိန်တိုင်သည်ထိ မဖွင့်သောကြောင့် ရပ်ကွက်နေပြည်သူအချို့က စိုးရိမ်၍ ၀င်ကြည့်ရင်း တွေ့ရှိသည်ဟုဆိုသည်။
''သတ်တဲ့သူက ကြိုတင်ကြံစည်မှု ရှိပုံမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးပူနဲ့ ခေါင်းကိုရိုက်ခွဲတဲ့ပုံစံမျိုးဖြစ်ပြီး ပစ္စည်းတွေလည်း ယူမသွားဘူး''ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သာကေတမြို့နယ်မှ အသေးစိတ် အချက်အလက်အား စုံစမ်းစစ်ဆေးဆောင်ရွက် နေကြောင်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပျောက်ဆုံးနေတဲ့ အဲအေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အစောဆုံး ပြန်စခဲ့ကြပါတယ်။

လေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ရာသီဥတု ဆိုးဝါးလို့ လေယာဉ်လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့အပြီးမှာပဲ လေယာဉ်က ရေဒါက ပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ညက လေယာဉ်ရှာဖွေမှု လုပ်ငန်းအများစုကို ရပ်ဆိုင်းခဲ့ပေမယ့် သင်္ဘောတချို့တော့ ဆက်လက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး အာဏာပိုင်ကတော့ လေယာဉ်ပျောက်ရှာဖွေရေး အတွက် တတ်နိုင်သမျှ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရှာဖွေရေးသင်္ဘော ၁၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ လေတပ်လေယာဉ် ၅ စီးနဲ့ ရှာဖွေနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။

စင်ကာပူနဲ့ မလေးရှားနိုင်ငံကလည်း C-130 လေယာဉ်တစီးစီ၊ သင်္ဘော ၃ စီးနဲ့ ကူညီ ရှာဖွေဖို့ ရှိပါတယ်။

လေယာဉ်လမ်းတ၀က်အရောက်မှာ မုန်တိုင်းမိုးတိမ်တွေနဲ့ ရင်ဆိုင်မိတာကြောင့် အမြင့်ပေ ၃ သောင်း ၈ ထောင်အထိ တက်ပြီး လမ်းကြောင်းပြောင်းဖို့ လေယာဉ်မှူးတွေက တောင်းဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် လမ်းကြောင်းအခက်အခဲကြောင့် လေယာဉ်လမ်းကြောင်းမြှင့်ပျံသန်းဖို့ ချက်ချင်း ခွင့်ပြုချက် မပေးနိုင်ခင်မှာပဲ လေယာဉ်က ရေဒါက ပျောက်သွားခဲ့တာပါ။

ပင်လယ်သမုဒ္ဒရာကျွမ်းကျင်သူတွေကတော့ လေယာဉ်ပျောက်သွားတဲ့နေရာက ပင်လယ်မှာ အနက်ပေသိပ်မရှိတာကြောင့် တကယ်ပင်လယ်ထဲ ပျက်ကျသွားတယ်ဆိုရင် ရှာဖွေဖို့ သိပ်မခက်နိုင်ဘူးလို့ ပြောဆိုပါတယ်။ ဒါကြောင့် အဲဒါသာ ဖြစ်ခဲ့ရင် မကြာခင်ရှာတွေ့မယ်လို့ ပြောဆိုပါတယ်။

ဒီပျောက်ဆုံးနေတဲ့လေယာဉ်ဟာ ၂၀၀၈ ခုနှစ် က အဲအေရှားရဲ့ အင်ဒိုနီးရှားလိုင်းမှာ စတင်ပျံသန်းတာ ဖြစ်ပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့က နောက်ဆုံး လေယာဉ်ကြံ့ခိုင်ရေးလုပ်ခဲ့တာပါ။

အဲအေရှားလေကြောင်းလိုင်းဟာ စတင်ပျံသန်းချိန်ကတည်းက ဒီဖြစ်ရပ်မတိုင်ခင်အထိ ခရီးသည် ထိခိုက်သေဆုံးတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖူးသေးပါဘူး။

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျွမ်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ အရေးပေါ်ဌာနတွေ ဖွင့်လှစ်ပေးထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၅၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါ သွားကြတာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75383


MH370 လေယာဉ်ကြီး ထူးဆန်းစွာ ပျောက်ဆုံးနေမှုကို လေယာဉ်အမှုထမ်းများ က ယခုထက်ထိ အဖြေရှာနေစဉ်မှာဘဲ နောက်ထပ် လေယာဉ်အမှတ်စဉ် QZ8501 ထပ်မံပျောက်ဆုံးခဲ့တဲ့ တူညီတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့မှ စင်ကာပူနိုင်ငံသို့ ဦးတည်ပျံသန်းလာတဲ့ Air Asia လေကြောင်းလိုင်း ခရီးစဉ်အမှတ် QZ 8501 ဟာ လေကြောင်းထိန်းချုပ်ရေး စင်တာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး MH370 လိုဘဲ ရုတ်တရက် ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်။

Airbus 320 လေယာဉ်မှုးဟာ ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကြောင့် လေယာဉ်ကို လမ်းကြောင်း ပြောင်းပြီး ပြန်လည်ဆင်းသက်ဖို့နဲ့ message ပေးခဲ့ပေမယ့်လည်း ထိုစဉ်က အဆက်အသွယ်များ ပြတ်တောက်ခဲ့တယ်လို့ သိရှိရပါတယ်။ MH370 နဲ့ မတူတဲ့ အချက်ကတော့ A320-200 အမျိုးအစား လေယာဉ်ဟာ အင်ဒိုနီးရှား လေပိုင်နက် အတွင်းမှာ ရှိနေခဲ့ခြင်း ဖြစ်ကြောင်း လေယာဉ် အမှုထမ်း ကျွမ်းကျင်သူ နေး ဟန်ဆော့က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

A320-200 အမျိုးအစား လေယာဉ်မှာ ခရီးသည်ပေါင်း ၁၅၅ ဦးပါဝင်ပြီး ယင်းခရီးသည်များမှာ စင်္ကာပူလူမျိုး တစ်ဦး၊ မလေးရှားလူမျိုး တစ်ဦး၊ တောင်ကိုရီးယား နိုင်ငံသား သုံးဦး၊ ဗြိတိန် နိုင်ငံသားတစ်ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား ၁၄၉ ဦးတို့ပါဝင်ပြီး လေယာဉ်အမှုထမ်း များ မှာတော့ ပြင်သစ်လူမျိုး တစ်ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား ၆ ဦးတို့ ပါဝင်တယ်လို့ သိရှိရပါတယ်။

Source : news.com.au
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဘောင်းဘီမှာ သွေးစွန်းပေနေတာတွေ့ခဲ့ရသူ ခရစ္စတိုဖာ
ကော့တောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုမှာ တရားလိုဘက်က သက်သေ ၆၀ ကျော်ထဲမှာ ထိုင်းရဲတွေက ၄၀ ကျော်ပါနေတဲ့အတွက် တရားလိုဘက်က တင်ပြချက်တွေကို လက်မခံနိုင်ကြောင်းနဲ့ အမှုကို အစကနေ ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံး ကိုယ်စားပြု ရှေ့နေတွေက တောင်းဆို ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေနဲ့ ကျွန်းသူကျွန်းသားတွေအတူပူးပေါင်းပြီး ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရသူ ဗြိတိန်နိုင်ငံသားနှစ်ဦးအတွက် ရက် ၁၀၀ ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်ပွဲတခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတာ ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။ သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စွပ်စွဲခံထား ရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံထားရတာလည်း ၃ လနီးပါး ရှိနေပြီဖြစ်ပါတယ်။ ကော့စ်မွေတရားရုံးက ပြီးခဲ့တဲ့ရုံးချိန်းမှာတော့ တရားလိုဘက်က သက်သေတွေအဖြစ် ထိုင်းရဲတပ်ဖွဲ့ဝင်အများအပြားကို တင်ပြလာတဲ့အတွက် အမှုကို အစကနေ ပြန်စစ်ဆေးနိုင်ဖို့ တင်ပြခဲ့တဲ့အကြောင်း လိပ်ကျွန်းအမှု စုံစမ်းရေးကော်မတီက ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေ ဦးအောင်မျိုးသိန့်က ဆိုပါတယ်။

“၆၅ ယောက်မှာ ရဲတွေက ၄၀ ကျော်ပါတယ်။ အမှန်ကတော့ အစိုးရရှေ့နေဘက်ကနေပြီးတော့ သူတို့တင်လာတဲ့အချက်တွေကို လက်ခံပြီးတော့ စစ်ဆေးစေချင်တဲ့သဘောပါပါတယ်။ အဲဒီလိုစစ်ဆေးမယ်ဆိုရင် တလ နှစ်လအတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် ကျနော်တို့ဘက်က သူတို့တင်ထားတဲ့ အချက်တွေ ဘယ်အချက်မှ လက်မခံဘူးဆိုတဲ့သဘော ပြောလိုက်ပါတယ်။ ပြောတဲ့အခါကျတော့ သူတို့သက်သေတွေကို အစကနေပြန်ပြီး တရားခွင် တင်ပြီး စစ်ရမှာမို့လို့ အားလုံး ရက်ချိန်းကို (၇) လပိုင်းအထိ ပြောင်းရွှေ့ချိန်းပေးလိုက်တာပါ။ ကျနော်တို့မြင်တာက ဥပဒေအရကတော့ တရားခွင်မှာ တင်လာရမှာက သေဆုံးသူနဲ့ပတ်သက်တဲ့ မိသားစုတယောက်ယောက်ဖြစ်သင့်တာပါ။ ဒါမှသာလျှင် တရားမျှတမှုရှိမယ်။ အခုဟာက သေဆုံးသူဘက်က တဦးတယောက်မှမပါဘဲ ရဲကသာတရားစွဲဆိုပြီးတော့ ရဲတွေချည့်ပဲ သက်သေလိုက်နေကြတော့ ‘ငါ့မယုံရင် ငါ့မိန်းမ မေး’ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီဟာကို ယုံကြည်ရ တော်တော်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တင်ပြတဲ့ လူ လေးဆယ်ကျော်ကလည်း စွပ်စွဲခံရတဲ့သူနှစ်ယောက် သတ်ပါတယ်လို့ မျက်မြင်သက်သေတွေ မဟုတ်ပါဘူး။ သက်သေခံပစ္စည်းသိမ်းတာတို့၊ အလောင်းသိမ်းတဲ့အချိန်မှာ ပါတဲ့လူတို့၊ ကလေးတွေကို စစ်ဆေးတဲ့အခါမှာ ပါတဲ့လူတွေဖြစ်တဲ့အတွက် ဒါဟာ ခိုင်လုံတဲ့အထောက်အထား သက်သေတွေ မဟုတ်ပါဘူး။”

တရားလိုဘက်က အများဆုံးသက်သေထွက်မှာက ထိုင်းရဲတွေဖြစ်နေပြီး မြန်မာလူမျိုးတွေဘက်ကလည်း သက်သေထဲမှာပါဝင်သလို နိုင်ငံခြားသား တချို့ကိုလည်း တရားလိုဘက်က ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ တရားခံအဖြစ် စွပ်စွဲခံရတဲ့ မြန်မာလူငယ်တွေအတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မတီဘက်က အင်္ဂလန်နိုင်ငံသားတစ်ဦးနဲ့ စကော့တလန်နိုင်ငံသားတစ်ဦးတို့ကို သက်သေအဖြစ် စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီနိုင်ငံခြားသားနှစ်ဦးဟာ လူသတ်မှုဖြစ်ပြီး နောက်တနေ့ ကော့တောင်ကျွန်းက ထွက်ခွာသွားခဲ့ကြပြီး တစ်ဦးက သူ့ရဲ့အဝတ်အစားတွေမှာ သွေးစွန်း နေတာတွေ့ရသလို ‘ရှောင်’ လို့အမည်ရတဲ့ နောက်တဦးကတော့ သေဆုံးသူရဲ့ခန္ဓာကိုယ်မှာတွေ့ရတဲ့ အလားတူ ဒဏ်ရာဒဏ်ချက်တွေ ရှိနေခဲ့တာပါ။ သူတို့နှစ်ဦးကို သံရုံးကနေ တောင်းဆိုရင် လာရောက်သက်သေခံနိုင်ဖွယ်ရှိကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“လက်မှာ ဒဏ်ရာရသွားတယ်ဆိုတဲ့ဟာက ရှောင် - ဖြစ်ပါတယ်။ နောက် ဘောင်းဘီမှာ သွေးပေတယ်ဆိုတာ ခရစ္စတိုဖာ ဖြစ်ပါတယ်။ ဒီလူတွေကိုပါ ကျနော်တို့တောင်းဆိုထားတာပါ။ တရားရုံးတော်က --- ၊ သံရုံးအနေနဲ့ခေါ်ရင် လာရမယ်လို့ ထင်ပါတယ်။”

ကော့တောင်ကျွန်းမှာ သေဆုံးသွားကြတဲ့ ဗြိတိန်လူငယ်နှစ်ဦးအတွက် ရက် ၁၀၀ ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတခုကို တနင်္ဂနွေနေ့ညက ကျင်းပပေးခဲ့ကြပါတယ်။ လိပ်ကျွန်းလူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ရက်အတော်ကြာတဲ့အထိ တရားခံတွေကို ဖမ်းဆီးရမိခြင်းမရှိတာကြောင့် အများဝေဖန်ခံရတဲ့အထိ ထိုင်းအာဏာပိုင်တွေ အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက် အခင်းဖြစ်ပြီး သီတင်းနှစ်ပတ်အကြာမှာ တရားခံတွေအဖြစ် မြန်မာလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ အဖမ်းခံရသူ မြန်မာလူငယ်နှစ်ဦးက အစပိုင်းမှာ သူတို့သတ်တယ်လို့ ဝန်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလူသတ်မှုဟာ သူတို့နဲ့မပတ်သက်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ကို ကော့စ်မွေ အကျဉ်းထောင်မှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ ရှေ့နေ ၁၂ ဦးပါတဲ့အဖွဲ့နဲ့ ခုခံချေပနိုင်ဖို့ မြန်မာသံရုံးက စီစဉ်ပေးနေပါတယ်။ သူတို့ကို အမှု (၇) မှုနဲ့ တရားလိုဘက်က စွပ်စွဲထားပြီး ပထမဆုံးအာမခံရဖို့ ကြိုးစားချက်ကတော့ ငြင်းပယ်ခံထားရပါတယ်။ မကြာခင်မှာ သူတို့အတွက်အာမခံရရေး ဆက်ပြီးကြိုးစားသွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/myanmar-request-to-retrial-on-thai-murder-/2577083.html